You are on page 1of 60

ရုပ်ပုံလွှာ

ဒဂုန်တာရာ

ဇော်ဂျီ၏ အမှာ
စာရေးသူ၏ အမှာ
သခင်ကိုယ်တော်မှိုင်း၊ (သို့မဟုတ်) ငြိမ်းချမ်းရေး ပိသုကာ
အောင်ဆန်း (သို့မဟုတ်) အရိုင်း
ကိုဘဟိန်း (သို့မဟုတ်) ကဗျာ
သခင်နု ---- မုန်တိုင်းထဲက သစ်ရွက်တရွက်
သခင်သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်
ကိုဗဆွေ - လျှို့ဝှက်သော အပြုံး

ဂျာနယ်ကျော် မမလေး စာပေဖြန့်ချိရေး


၁၃၆၊ ဘီဂင်ဒက်လမ်း၊ ရန်ကုန်မြို့
၁၉၅၅

နိဒါန်း

ဇော်ဂျီ အမှာရေးသည်

စာဖတ်ပရိသတ်အချို့သည် ဤစာအုပ်၌ပါရှိသော ရုပ်ပုံလွှာဆောင်းပါးများကို (၀ါ) စာတန်းများကို အချို့


ချို့သော ဂျာနယ်မဂ္ဂဇင်းတို့၌ ၁၉၄၆ ခုနှစ်မှစ၍ ထုံ့ပိုင်းထုံ့ပိုင်း ဖတ်ရှုခဲ့ပြီးဖြစ်မည်ဟု ထင်ပါသည်။

ဒဂုန်တာရာသည် ဤစာအုပ်ကို `ရုပ်ပုံလွှာ´ဟု အမည်မှည့်ထားရာ၊ ထိုသို့ပင် အမည်မှည့်ထိုက်သည်ဟု ယူ


ဆပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆောင်းပါးများတွင် ဒဂုန်တာရာသည် မိမိ တက္ကသိုလ်ကျောင်းသား
ဘ၀က သိကျွမ်းခင်မင်ခဲ့သော ပုဂ္ဂိုလ်များ အကြောင်းကို ထိုပုဂ္ဂိုလ်တ၏
ို့ ကိုယ်၊ နှုတ်၊ နှလုံး အမူအယာများ
မှ၎င်း၊ တစိတစောင်း အကွက်အကောင်းယူ၍ ရေးစီရင်ထားသောကြောင့် ဖြစ်ပေသည်။

ထိုပုဂ္ဂိုလ်တို့အပေါ်၌ ထားရှိခဲ့သော ဒဂုန်တာရာ၏ အချို့အချို့သော အယူအဆ အကြားအမြင်တို့နှင့် စပ်


လျဉ်း၍ စာဖတ်ပရိသတ်သည် ဒဂုန်တာရာနှင့် သဘောချင်းတိုက်ဆိုင်ခြင်း ရှိချင်မှရှိပေလိမ့်မည်။ သို့ရာတွင်
ဒဂုန်တာရာ၏ စေတနာနှင့် ကလောင်သွေးဆောင်မှုတို့ကိုကား လေးစားကြရမည်သာ ဖြစ်လေသည်။ စင်
စစ်မှာ ဒဂုန်တာရာ၏ ဆောင်းပါးများကြောင့် မြန်မာစာပေတွင် လူ့သမိုင်းရေးပုံရေးနည်း အသစ်တမျိုး တိုး
လာပြီဟုပင် ဆိုနိုင်လေသည်။

စာဆိုဥာဏ်ရှိသူတို့သည် လူ့သဘာဝ၌၄င်း၊ လောကအဖြစ်အပျက်၌၄င်း၊ ၀မ်းမြောက်ဖွယ်အကွက်၊ ကျေကွဲ


ဖွယ်အကွက် စသောအကွက်များကို မြင်တတ်ကြသူများလည်းဖြစ်၍ နှစ်သက်ဖွယ်ဖြစ်အောင် တင်ပြတတ်
သူများလည်း ဖြစ်ပေသည်။ ထိုသို့ မြင်တတ်၍ ထိုသို့ တင်ပြတတ်သောသူများ၏ စာပေမျိုးသည် ပြည်သူ
လူထု၏ ဥာဏ်ပညာတိုးတက်ရေးတွင် ရှေ့ဆောင်ရှေ့ရွက်သဖွယ်ဖြစ်လေသည်။ ထိုစာပေမျိုးသည်
ပတ်ဝန်းကျင်ကို သတိမမူနေတတ်သူတို့အား သတိမူချင်လာအောင်ပြုပေးတတ်လေသည်။ နားမျက်စိကို
ဖွင့်ပေးတတ်လေသည်။ စေတနာကို နှိုးဆော်ပေးတတ်လေသည်။

အကြင်နိုင်ငံတခုတွင် ပတ်ဝန်းကျင်ကို သတိမမူခြင်း၊ နား၊ မျက်စိ မသုံးခြင်း၊ စေတနာ ထုံထိုင်းခြင်းတို့ ရှိ ၏၊။
ထိုနိုင်ငံတွင် တိုးတက်ခြင်းမရှိဖြစ်တတ်သည်။ ရှိစေကာမူ နှေးကွေးတတ်သည်။ ဤသို့ပင်ထင် မိလေသည်။
ဤစာအုပ်တွင် စာခံပုဂ္ဂိုလ်တို့သည် နိုင်ငံကသိသောပုဂ္ဂိုလ်များလည်းဖြစ်သည်။ ထိုပုဂ္ဂိုလ်တ၏
ို့ အတိတ်ကို
ဆောင်ပြထားပုံမှာလည်း နှစ်သက်ဖွယ်ရာ ဖြစ်လေရာ ဤစာအုပ်သည် စာရေးဆရာလောက ၌၄င်း၊
စာဖတ်ပရိသတ် လောက၌၄င်း၊ ပတ်ဝန်းကျင် သတိမမူခြင်း၊ နားမျက်စိ မသုံးခြင်း၊ စေတနာ
ထုံထိုင်းခြင်းတို့ကို ဖယ်ရှား၍ ဥာဏ်ပညာကို ပွင့်လန်းအောင်ပြုရာတွင် အားကောင်းတခုဖြစ်မည်ဟု ယူဆ
ပါသတည်း။

ဇော်ဂျီ
၂၂၊ ၅၊ ၅၅

---------------------------------------------------------------------------------------------------------

စာရေးသူ၏ အမှာ

စာရေးသူသည် ၁၉၄၆ က `လူကို လေ့လာခြင်း´ ဟု ခေါင်းစဉ်တပ်၍ `အောင်ဆန်း သို့မဟုတ် အရိုင်း´ ဟူ


သော စာတပုဒ်ရေးလိုက်၏။ ထိုအခါက ဖဆပလမှာ အင်အားကောင်းချိန်၊ ဗိုလ်ချုပ်အောင်ဆန်းမှာ တပြည်
လုံးက တသက်သက်ကြည်ညိုခြင်းခံနေရသောအချိန်ဖြစ်ရာ၊ အချို့က `အရိုင်း´ ဟု ဆိုရပါမည်လောဟူ၍
မကျေနပ်ကြ။ ဗိုလ်ချုပ်အောင်ဆန်းကမူ `ဌေးမြိုင်ကတော့ ကိုယ့်ကိုအရိုင်းလို့ရေးတယ်။ ကိုယ်ဒီလောက် မ
ရိုင်းသေးပါဘူးကွာ´ ဟုပြောသည်ဟု ကြားရ၏။ ဘဟိန်းသို့မဟုတ် ကဗျာ `လူကိုလေ့လာခြင်း´ ကိုဖတ်ပြီး
ဗိုလ်ချုပ်အောင်ဆန်းက `ဘဟိန်းကတော့ ဘဟိန်းသို့မဟုတ် Romance လို့ဆိုရင်ပိုမှန်မယ်´ ဟုပြုံးရယ်
ကာ ပြောလေသည်။

စာရေးသူကား ဗိုလ်ချုပ်အောင်ဆန်းကိုအရိုင်းဟူ၍ ပုတ်ခတ်မည်၊ ဘာမည်၊ ညာမည်စသည့် စေတနာထား ၍


ရေးခြင်းမဟုတ်။ သူ၏စိတ်၌ ရေးချင်စိတ်ပေါ်လာ၍ ရေးလိုက်ခြင်းသာဖြစ်သည်။ ကိုဘဟိန်း ကွယ်လွန်
သောအခါ စိတ်၌ထိခိုက်၍ ရေးလိုက်မိသည်။ ကွန်မြူနစ်များတောခိုစက သခင်သန်းထွန်းကိုရေးသည်။
ကိုဗဆွေနှင့် ပြည်သူ့စာပေတိုက်၌တွေ့ပြီး ပြန်လာသောအခါလျှို့ဝှက်သောအပြုံးရှင် အကြောင်းရေးလေ
သည်။
စာရေးသူသည် စီကာစဉ်ကာ ဇာတ်အိမ်ဖွဲ့ဆင်ကြံစည်၍ ရေးသည်မဟုတ်။ သူ၏စိတ်၌ သတိရပေါ်ပေါက်
လာသည်ကို စာလုံးများဖြင့်ကုံးသီလိုက်သည်သာဖြစ်၏။ ကိုဗဆွေကိုရေးမည်ဟု စားပွဲ၌ထိုင်လိုက်သောအ ခါ
အတိတ်မှ အခင်းအကွက်လေးများသည် မှတဉ
်ာဏ်မှ ဖြတ်ကနဲ ဖြတ်ကနဲ ထွက်ကာ စာပေစိတ်ကူး
တံခါးဝသို့ ၀င်လာကြလေ၏။ သူသည် ထိုဝင်လာသမျှကို ဆေးစက်တို့၍ ပုံကားကို ခြယ်သည်။

ထိုသို့ ခြယ်ရေးရာ၌ အဝေးကား၊ အနီးကား ဟူ၍ကားရှိပေမည်။ နီး၍ မမြင်တာလည်းရှိမည်။ ဝေး၍ပိုမြင်


တာလည်း ရှိချင်ရှိမည်။ သူသည် သူ့စိတ်စေတနာ၌ လာ၍တိုးမိ တိုက်မိသောအခါမှသာ ရေးလိုက်သည် ကား
ဖြစ်သည်။ ထို့ကြောင့် ခေတ်အခါနှင့် စိတ်အခြေအနေ၏ အချင်းအရာများလည်း ပါမည်။

သူသည် အထ္တုပ္ပတ္တိကို ရေးနေခြင်းမဟုတ်။ သူသတိရသော အခင်း၊ သူသိသောအကွက်၊ သူမြင်တွေ့


ရသောပုံပန်းတို့ကို ဖွဲ့စည်း ၍သာ ခြယ်ရေးခြင်းဖြစ်သည်။ အတိတ် ရာဇ၀င်ကို သူ၏တွေ့ကြုံရချက်များမှ
ကောက်နှုတ်၍ နောက်ကားခံထားသည်။

သူသည် သူ၏ `လူကိုလေ့လာခြင်း´များကိုပေါင်းချုပ်၍ စာတအုပ် ထုတ်ဝေရကောင်းမှန်းမသိ။ ဇော်ဂျီက


စာအုပ်တအုပ်အဖြစ် ပေါင်းချုပ်၍ ထုတ်ဝေအပ်သည်ဟု အကြံပေး၍သာ ယခုကဲ့သို့ ရုပ်ပုံလွှာစာအုပ် ပေါ်
လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဇော်ဂျီအား ကျေးဇူးတင်သည်။

`လူကိုလေ့လာခြင်း´ စာအချို့မှာ တာရာ၊ ရှုမ၀၊ ဂန္ထ၀င်ဂျာနယ်တို့၌ ပါပြီးသားများဖြစ်၍ အချို့မှာ အသစ်


ရေးထားထားသော စာများဖြစ်သည်။ ပုံနှိပ်သောအခါ ပုံနှိပ်ပြီးသားစာများတွင် ရေးသည့်ရက်စွဲပါသည်။
ရက်စွဲကိုကြည့်၍ ခေတ်ကာလကို သိရာသည်။ သခင်ကိုယ်တော်မှိုင်းဆိုလျှင် စတာလင်ဆုမရမှီက ရေးခြင်း
ဖြစ်သည်။ ထို့ကြောင့် စာဖတ်သူများသည် ရေးသောခေတ်ကို မမေ့ရန် မှာကြားလိုသည်။

သူ့၌ ရည်ရွယ်ချက် ရှိသေးသည်။ ယနေ့ခေတ်၌ အမျိုးသားညီညွတ်ရေးသည် ကွဲပြိုနေသည်။ အမျိုးသား


ညီညွတ်ရေးမရှိသဖြင့် ငြိမ်းချမ်းရေးမရှိ။ တခါက အမျိုးသားလွတ်လပ်ရေး တိုက်ပွဲ၌ ညီညွတ်စုပေါင်းသော
တပ်ပေါင်းစု အင်အားဖြင့် ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်တို့အား လက်တွဲ၍ တိုက်ခဲ့ကြသူများ ဖြစ်ကြသည်။
ဤကား ဖျက်၍မရသောရာဇ၀င် ကမ္ပည်းကျောက်စာဖြစ်သည်။ ဤရာဇ၀င်ကို သူသည် ပြန်၍ဖေါ်လိုသည်။

အကယ်၍ ဤစာအုပ်သည် အမျိုးသားညီညွတ်ရေးကို အားဖြည့်ပေးသော အမျှင်တမျှင်မျှ လူတို့၏စေတနာ


ကို သစ်လန်းလာအောင် လှုံ့ ဆော်ပေးမည်ဆိုပါက သူ၏ နိုင်ငံရေးရည်ရွယ်ချက်သည် တစိပ်တဒေသ
ပြည့်မည်ဟု ကျေနပ်ရပေမည်။ ။

ဒဂုန် တာရာ
၁- ၆- ၅၅
သခင်ကယ
ို ေ
် တ်ာမိင
ှုး၊ (သို့မဟုတ)် ငြိမ်း ချမ်းရေး ပိသက
ုာ
ဒဂုန် တာရာ

(၁)

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အမျိုးသားကဗျာဆရာကြီးအဖြစ် စာပေမှစတင်သိသော်လည်း ငြိမ်းချမ်း


ရေးပိသုကာ ဆရာကြီးအဖြစ်နှင့် ချစ်ကျွမ်းခင်မင်ရခြင်းဖြစ်ပေသည်။

ဒေါင်းဋ္ဋီကာ၊ မျောက်ဋ္ဋီကာ၊ စသော စာအုပ်များကို ကျောင်းနေစဉ်က ဖတ်ခဲ့ရ၍ သွက်လက်သော ကာရန် ဖြင့်


စကားရွှန်းရွှန်း၊ ဇ၀နဥာဏ်ရွှင်ရွှင် ရေးသားသည့် ဆရာကြီး၏ ဟန်တို့၌ စွဲငြိခဲ့၏။

မစ္စတာမောင်မှိုင်း မှာတော်ပုံ ၀တ္ထု၌ ကိုပေါ ညည်းပုံကို…

`တမယားသေလျှင် တမယားနေစမြဲပေမဲ့၊ စံလျားအခြေ နှစ်ပါးဂဟေမြဲမယ့်သူရဲ့၊ (အမယ်မင်း) မယားအ


နေရဲရမလားတဲ့လို့၊ အလကား အမေကမဲမဲပြီး (ခင်အုံရယ်) အဖွားအေက ဆဲမှာက တမှုပါ၊´ စသော လူ့
သဘာဝသရုပ်ကို လေးချိုးကြီးဖြင့် ခပ်ရွှင်ရွှင် ရေးသားခဲ့၏။

လူချင်း စတင်ဆုံတွေ့ဖူးသည်ကား စစ်မဖြစ်မှီခေတ် တက္ကသလ


ိုသမဂ္ဂ၌ ၀ါဒဖြန့်ချိရေးမှူးအဖြစ်ဆောင်ရွက်
ခဲ့စဉ်ကဖြစ်ပေ၏။ အမျိုးသားနေ့၌ ညဘက်တွင် တရားပွဲများချပေးရာ တက္ကသလ
ိုသမဂ္ဂတွင် ဆရာကြီး
ဟောပြောပြီးနောက် မြေနီကုန်းတွင် ဆက်စရာရှိသဖြင့် ကျွန်တော်ပင် လိုက်ပို့ပေးရ၏။

ဆရာကြီးမှာ ထုံးခြောက်ရောင် ခပ်ဖျော့ဖျော့ပုဝါကို လျော့တိလျော့ရဲ ရစ်ပတ်ထားသည်။ ဆရာကြီးသည်


ဘယ်တော့မှ မပေါင်း၊ လက်နှင့် ကဗျာကရာ ရစ်ပတ်လိုက်သည်သာ ဖြစ်၏။

ငွေရောင်ကဲ့သို့ ဖြူဖွေးသော ဆံစများမှာ ထုံးခြောက်ရောင်ထက်မှ သွယ်ရရယ်ကျနေ၏။ နှုတ်ခမ်းမွေးဖြူဖြူ


မှာဇရာ၏ အမှတ်အသားဖြစ်သော်လည်း ပြုံးကြည်ရွှင်ပြသော မျက်လုံးအကြည့်မှာ ခိုင်မာလေးနက်ခြင်း
အရောင်ဖြင့် တောက်ပနေသည်။ စကားပြောလိုက်သောအခါ ခေတ်မှီသောသဘောများကို ကြားရလိမ့် မည်။
လူငယ်ကဲ့သို့ တက်ကြွပျိုလွင်ခြင်းကို တွေ့ရှိရလိမ့်မည်။
ကားပေါ်တွင် ဗဟန်းကောလိပ်ခေတ်ကို တတွတ်တွတ်ပြောပြရာ နားထောင်၍ကောင်းလှ၏။ ထိုအခါက
ကျွန်တော်တို့မှာ မွေးစသာရှိသေး၏။ ဆရာကြီး၏ ရှေးဖြစ်ဟောင်းကို ပြန်ပြောနေသည်မှာ အားရစရာ
ကောင်းလှသည်။

တချက်တချက် ကွမ်းသွေးထွေးလိုက်ပြီးနောက်စကားကိုဆက်ပြန်၏။

`ဒီတုန်းကဆိုတာ ဆရာ့စိတ်ထဲမှာ တခါထဲ လူမျိုးခြားအနှောင်အဖွဲ့ကလွတ်ပြီး ကိုယ့်မင်းကိုယ်ချင်း ဘ၀ကို


သာ ရောက်တော့မလို စိတ်မာန်က တက်နေတုန်းပေါ့…´

ကျွန်တော်က ၁၉၂၀ သပိတ်အရေးတော်ပုံမှ ပေါက်ဖွားလူးလွန့်လာသော အမျိုးသားကောလိပ်ကြီးကို


စိတ်ကူးနှင့် မှန်းကြည့်နေခဲ့ရ၏။ အမ်-အေ မောင်ကြီးတို့ အကြောင်းရောက်ကာ အမျိုးသားကောလိပ်ကြီး
ပျက်ရပုံကို ပြေပြနေပြန်၏။

`ဒို့လွတ်လပ်ရေးဟာ မင်းတို့လူငယ် ကျောင်းသားတွေ လက်ထဲမှာရှိတယ်။ မောင်အောင်ဆန်းဟာလဲ လူ


တော်ကလေးကွဲ့´ ဟုကျွန်တော်တို့ဘက်သို့ လှည့်ကာ ပြောနေသည်။

မော်တော်ကားသည် မြေနီကုန်း အ၀ိုင်းကြီးကို ပတ်လိုက်လေပြီ။

ဓာတ်မီးတိုင်မှ အလင်းရောင်များကြောင့် ဆရာကြီး၏ မျက်နှာမှာလင်းနေသည်။ ဆရာကြီး၏ မျက်လုံးတို့မှာ


အသက်အရွယ်ကြောင့် မီးခိုးရောင်ရှိသော်လည်း အကြည့်၌ကား ထက်မြက်လျက်ပင်ရှိသေး၏။ ပင်နီအပေါ်
ဖုံး အဖြူထက်မှ ကွမ်းရိုးစင်း ပန်းရောင်နုလုံချည် စသော ဗမာဆန်သောအသွေးမှာ ဆရာကြီး၏ဟန်ပန်နှင့်
ပဏ္ဏာရနေ၏။ ယခုခေတ်တွင် နိုင်ငံခြားအငွေ့အသက်မပါ၊ ဗမာဆန်ဆန် အမျိုးသားကြီးတဦးကို ပြပါဆို လျှင်
ဆရာကြီးကို ပြရပေမည်။

စကားပြောရာ၌ လက်ညှိုးကိုထောင်ကာ ခေါင်းကိုငဲ့လျက် ဖြေးညင်းညင်သာစွာ ပြောသည်။ အသံမှာ သိမ်


မွေ့သည်။ လူငယ်များကို ရင်းနှီးချစ်ခင်စွာဆက်ဆံသည်။ ဟာသရွှင်ရွှင်နှင့် ဝေဖန်ပြောလေ့ရှိသည်။ ဆရာ
ကြီးပြောလျှင် ကျွန်တော်တို့မှာ အမြဲ ရယ်မောကာ နေကြရသည်။

သူ၏ လေးချိုးကဗျာကဲ့သို့ အမြီးအမောက် မတည့်သော လူနေမှုစနစ်၊ မမှန်ကန်သော လူ့သဘာဝတို့ကို


ဟာသဖြင့် ပြက်ရယ် ပြုတတ်သည်။

မြေနီကုန်း တရားပွဲလုပ်နေရာ၌ ကားသည်ရပ်လိုက်သည်။ လက်ဦးပြောသူများကား ပြောလျက်ပင်ရှိသည်။


ထိုညတွင် ဆရာကြီးသည် တရား(၃) ပွဲ (၃) နေရာ၌ ဟောရမည်ဖြစ်သည်။
ဆရာကြီးသည် ကားပေါ်မှဆင်းပြီး `အေး အေး ကြိုးစားကြကွယ်။ မကြာခင် လွတ်လပ်ရမှာပေါ့´ ဟုဆိုကာ
ခေါင်းတငြိမ့်ငြိမ့်နှင့် နှုတ်ဆက်ကာ ထွက်သွားသည်။

ဓာတ်ခွက်မှ ဒေါမာန်ပါပါနှင့်ပြောနေသော အမျိုးသားနေ့လူထုတရားပွဲ ပရိသတ်ကြီးထဲသို့ တိုးဝင်သွား သော


ဆရာကြီးကို လှမ်းမြင် လိုက်ရသည်။

ထုံးခြောက်ရောင် လျော့ရဲရဲ ပ၀ါ၊ ပင်နီ၊ ပန်းနုနှင့် အ.. ကွမ်းရိုးစင်း၊ နှုတ်ခမ်းမွေးဖြူဖြူ၊ ကိုယ်နေ မတ်မတ်
ဖိုင့်ဖိုင့်၊ ဤသဏ္ဌာန်မှာ ပဌမဦးဆုံး တွေ့ဖူးသော ဆရာကြီး၏ ရုပ်သွင်ဖြစ်ပေသည်။

ကျွန်တော့မှာ လူထုကြီးထဲသို့ တိုးဝင်သွားသော ဆရာကြီးအား အမျိုးသား လွတ်လပ်ရေး၏ အမှတ်တံဆိပ်


အဖြစ် ရင်တွင်း၌ စွဲလမ်း မှတသ
်ား ထားခဲ့ပေသည်။

(၂)

ဂျပန်ခေတ်၌ ရွှေတောင်ကြားတွင် ဆရာကြီးနှင့် နီးကပ်စွာ တွေ့ဆုံရပြန်သည်။

ထိုအခါက ဆရာကြီးမှာ ရွှေတောင်ကြားလမ်းနှင့် ချင်းချောင်းရိပ်သာ လမ်းဒေါင့်ရှိ ကုန်းမြင့်ပေါ်ထက် ထင်း


ရူးပင်များနှင့်တိုက်ဝယ် နေထိုင်လျက်ရှိသည်။ ကျွန်တော်မှာ တအိမ်ကြားရှိ ဗိုလ်ဇေယျနှင့်အတူ နေခိုက်ဖြစ်
သည်။ ဆရာကြီးထံသို့ ဒို့ဗမာအစည်းအရုံးဥက္ကဋ္ဌ သခင်တင်မောင် (ယခု ကွယ်လွန်ပြီ) နှင့် သွားတတ်ကြ
သည်။ သခင်တင်မောင်မှာ ကျွန်တော့်ကို မကြာခဏ လာခေါ်လေ့ရှိသည်။

ဆရာကြီးမှာ အမျိုးသားနေ့တရားပွဲတုန်းက ရုပ်သွင်ကဲ့သို့ပင် ခပ်ရွှင်ရွှင်အမူအယာနှင့်။ ပင်နီရှပ်အင်္ကျီအဖြူ


ခံပေါ်မှအနက်ကွက် ပလေကပ်လုံချည်နှင့် တွေ့ရတတ်သည်။ ပင်နီရှပ်မှာ ရင်ခွဲဖြစ်၍ လုံချည်အပြင် ထုတ်
ဝတ်ထားသည်။ လမ်းလျှောက်သည့်အခါ လက်တဘက်က လုံချည်ကိုခပ်ဆတ်ဆတ် ကြွ၍ကြွ၍ သွားလေ့
ရှိသည်။

လဘက်ကို တွင်တွင်စားသည်။ နှမ်းဆီဖြင့် ရွှဲနေသောလဘက်ခွက်ကို တိုးပေးကာ `စားကွ´ ဟု ကျွန်တော်


တို့ဘက်သို့ လှည့်ပြောလေ့ရှိသည်။

လဘက်ခွက်ထဲရှိ ဆီထဲ၌ကား ပုဇွန်ခြောက်နှင့် ကြက်သွန်ကြော်တို့မှာ နန်းချင်းဖြစ်ပေ၏။ ဧည့်သည်များ


ကား ဥဒဟို ၀င်ထွက်သွားလာလျက် ရှိကြသည်။ အများအားဖြင့် တပည့်တပန်းများ ဖြစ်ကုန်သော သခင် များ
ဖြစ်ပေကြသည်။

ဆရာကြီးသည် နိုင်ငံရေးနှင့်ပတ်သက်၍ ပြောဆိုသည့်အခါ ဘယ်သူ့ကိုမှမညှာ။ ရှင်းရှင်းဘွင်းဘွင်းပင်


ပြောသည်။ စောစောပိုင်းကပင် ဂျပန်ဆန့်ကျင်ရေးသမားဖြစ်ကာ သခင်အောင်ဆန်းတို့အား `မင်းတို့ပင့်
လာတဲ့ဘုရား နှင်ချလို့မရဘူးလား´ဟု ပြောင်ပြောလေသည်။ တနေ့လုံး နိုင်ငံရေးစကား ပြောလေသည်။

နိုင်ငံရေးစကား ပြောလျှင် မောပန်းသည်မရှိ။ ထမင်းစား လာခေါ်မှ ထစားသည်။

တခါတရံ ဂျပန်သတင်းစာ ဆရာများ ပေါက်လာတတ်၏။ ထိုအခါမျိုးတွင် သခင်တင်မောင်က စကားပြန်


လုပ်ရ၏။

ဂျပန်များရှေ့တွင်ပင် ဗမာများသည် ရာဇ၀င်အစဉ်အလာအရ ဘယ်သူ့ကျွန်အဖြစ်မှမခံဘဲ နေလာခဲ့ပုံများကို


အခြေခံကာ အမျိုးသားဇာတိမာန်ကို ဖေါ်လေ့ရှိ၏။ ဂျပန်များကား လေးလေးစားစားပင် နားထောင်နေကြရ
၏။

ဆရာကြီးသည် ဗုံးရန်ကိုလည်း အမှုမထားတတ်။

တည၊ သခင်တင်မောင်က အတင်းဆွဲထားသဖြင့် ဆရာကြီး၏ အိမ်တွင် အိပ်ရပေသည်။ လေယျာဉ်ပျံလာ၍


အောက်ထပ်သို့ ဆင်းကာ ခြံထောင့်ရှိ ဗုံးကျင်းထဲ ပြေးဆင်းကြ၏။ ဆရာကြီးမှာ ဘယ်သူခေါ်၍မှ မရဘဲ
စိတ်ပုတီးကိုင်ကာ လသာသာ၌ ခြံထဲရှိ လမ်းကလေးတွင် လမ်းလျှောက် မပျက်၊ ပုတီးစိပ် မပျက်….။

ဗုံးကား တဝေါဝေါ ကြဲချလျက်ရှိရာ သမီးဖြစ်သူ ဆရာယော(ဇေယျ)၏ ဇနီးက

`ဖေဖေ.. လူရိပ်မြင်မယ်။ ဖေဖေက ကိစ္စမရှိဘူး။ ဂျပန်တွေက တမျိုးထင်နေအုံးမယ်။ အိမ်ထဲဝင်နေပါ´ ဟု


စိုးရိမ်ကြီးစွာလှမ်းပြောလိုက်မှ `ဟင်´ ဟုတချက်ဆိုကာ မှောင်ရိပ်ရှိသောတံခါးဝ၌ အသာ ကပ်လိုက်လေ
သည်။

ကျွန်တော်နှင့် သခင်တင်မောင်မှာ ဥသြ အရှည်ဆွဲလိုက်မှ ဗုံးကျင်းထဲမှထွက်လာကြသည်။ ဆရာကြီးကား


သူ့အခန်းထဲ၌ အေးဆေးစွာပင်ထိုင်နေကာ `အင်း … ဘယ်နေရာတွေများ ချပြန်ပလဲမသိဘူး။ သတ္တ၀ါတွေ
သေကြကျေကြအုံးတော့မှာပဲ။ စစ်ကြီးပြီးမှ ဖြစ်မယ်ဟေ့´ဟု တည်ငြိမ်စွာ ပြောနေလေသည်။

(၃)

သည့်နောက်၌ကား ဆရာကြီးနှင့် တော်တော်ကြာ မဆုံတွေ့ဘဲ နေခဲ့ကြသည်။ အမှန်အားဖြင့် ဆရာကြီးမှာ


ကျွန်တော့ကို ဖြတ်ကနဲ ဖြတ်ကနဲုသာတွေ့လိုက်ရ၍ မှတ်မှတ်ရရ ရှိချင်မှလည်းရှိပေမည်။ နိုင်ငံရေးသမား
များနှင့်သာ အတူတွေ့သည်ဖြစ်၍ နိုင်ငံရေး နယ်ပယ်ထဲကဟုသာ သာမန်မှတ်ထင်မည်ဖြစ်၏။ စာအ ကြောင်း
ပေအကြောင်းလည်း တခါမျှ မယ်မယ်ရရ မဆွေးနွေးဖူးဖြစ်။
၁၉၅၀ ခုက၊ ကျွန်တော် စာရေးဆရာအသင်း ဥက္ကဋ္ဌဖြစ်စဉ်က စာဆိုတော်နေ့ လူထုအစည်းအဝေး၌ ဆရာ
ကြီးနှင့် စကားပြောလိုက်ရပြီး နောက် တရုတ်ပြည်သွားကြတော့မှ လက်ပွန်းတတီးနေခွင့်ရကာ ခင်မင်
ရင်းနှီးလာလေ၏။

ထိုအခါကား သခင်ကိုယ်တော်မှိုင်းမှာ ငြိမ်းချမ်းရေးပိသုကာဆရာကြီး ဖြစ်နေပေပြီ။

လေးကန်ဖင့်နွဲခြင်း မရှိ။ လူငယ်များထက်ပင် ဖျတ်လတ်တက်ကြွနေသည်ကို အံ့သြစွာတွေ့ရ၏။ တရုတ်


ပြည်တွင် လည်စရာကြည့်စရာ အစီအစဉ်များရှိရာ ဘယ်အစီအစဉ်မှ မလိုကဟ
်ူ၍ ချန်နေရစ်သည်မရှိ။
`ဆရာကြီး ပန်းနေမယ်။ နေချင် နေရစ်ခဲ့ပါလား´ ဟု အလိုက်တသိ ပြောသည့်အခါ လက်ကာလိုက်ကာ
`လိုက် တာပေါ့။ ကိစ္စမရှိပါဘူး။ ဆရာလိုက်နိုင်ပါတယ်´ ဟုပြောကာ ပန်းရောင်ပ၀ါကို အသာခွေပတ်လိုက်
သည်။

ဟန်ချောင်၌ ဥယျာဉ်ကြီးတခုသို့ သွားလည်ရာ တောင်ပေါ်သို့တက်သည့်နေရာ တနေရာရှိ၏။ တချို့ မိန်းမ


ကိုယ်စားလှယ်တော်များမှာ တောင်အောက်ရှိ သစ်ပင်အောက်၌ အပန်းဖြေရင်း နေရစ်ခဲ့ကြ၏။ ဆရာကြီးမှာ
မမောမပန်း တက်လိုက်သွား၍ တရုတ်ရဲဘော်များမှာ အံ့သြနေကြရသည်။

`လိုက်တာပေါ့ကွ´ဟု အစီအစဉ်တိုင်းကို လွယ်လွယ်ကူကူပင် လက်ခံသည်။ ကျွန်တော်တို့မှာ အသက် (၇၆)


နှစ် အရွယ်နှင့် သည်လောက် ဖျတ်လတ်ပျိုလွင် နေခြင်းရှိသည်ကို အံ့သြနေကြရသည်။

ခရီးလမ်း တလျှောက်လုံးလည်း ဆရာကြီးကြောင့် စိုပြေနေခဲ့သည်။

ကောလုံမှ ဟောင်ကောင်ဘက်သို့အကူး ကူးတို့ဆိပ်တွင် ကူးတို့ကြေးထုတ်ပေးသည်ကို မြင်ရသောအခါ


`ဂိတ်ကြေးလားကွ´ ဟု ဆရာကြီးကပြော၍ ကျွန်တော်တို့မှာ မရယ်ဘဲမနေနိုင်ကြ။ မော်စီတုန်း၏ ဧည့်ခံပွဲ
တွင်လည်း လက်၌ပတ်ထားသော ပုတီးကိုကဗျာကရာဖြုတ်ကာ အိတ်ထဲထည့်ပြီး `သခင်နုနဲ့ မှားနေပါအုံး
မယ်ကွာ´ ဟု ပြောရာ ကျနော်တို့မှာ ရယ်မောနေရပေ၏။

ဆရာကြီးသည် ကွမ်းနှင့်လဘက်ကိုကား ကြိုက်သည်။ တရုတ်ပြည်သွားသောအခါ ကွမ်းရွက်များ ယူသွား


သည်။ တရုတ်သံရုံးမှ ဂရုတစိုက် ထည့်ပေးလိုက်သည်။ သို့သော် (၁၀) ရက်ခန့်အကြာ ပီကင်းကအထွက်
ထိအောင်ကားမခံတော့။ နွမ်းခြောက်ကုန်ပေပြီ။ ဆရာကြီးမှာ ညည်းညူသည်မရှိဘဲ ကွမ်းသီးကိုဝါး၍နေ၏။

စကားပြောလျှင် ကွမ်းစားမပျက် ပြောလေ့ရှိ၏။

အစားအသောက်၌ ဇီစာမကြောင်။ အအေးကို မခံနိုင်မရှိ။ မြောက်ပိုင်း မုကဒင်ဘက်သို့ ရောက်ရာ အတော်


အေးနေ၍ `ဆရာကြီး အေးသလား´ ဟုမေးလျှင် `မအေးပါဘူး´ ဟု ဖြေလေ့ရှိ၏။
သခင်ဘဦးက ဆရာကြီးအတွက်စိုးရိမ်၍ အခန်းပြင်သို့မထွက်ဘဲနေစေရာ သခင်ဘဦးကွယ်ရာတွင် `သခင်
ဘဦးလုပ်တာနဲ့ ဆရာ့မလဲ လူမမာကြီးကျနေတာဘဲ ဆရာဘာမှ မဖြစ်ပါဘူး´ ဟု ကျွန်တော်တို့အားပြော၏။
တကယ်လည်း ဆရာကြီးမှာ ဘာမှမဖြစ်။

စိတ်ဓာတ်ကလည်း ထက်သန်လှ၏။

ပီကင်းတွင် ရောက်ရှိနေသော ဗမာကိုယ်စားလှယ်တော်များထဲတွင် ဆရာကြီး မှာအသက်အကြီးဆုံးဖြစ်၍


အားလုံးက ဆရာကြီးကို ကိုင်းရှိုင်းလေးစားကြသည်။ အံ့လည်း အံ့သြကြသည်။ လူကြီးချင်းဖြစ်သော ဘူလ်
ဂေးရီးယားမှ အသက် (၆၀) ခန့် ဆံပင်ဖြူဖြူနှင့် ကဗျာဆရာကြီးနှင့်ကား အလွမ်းသင့်နေ၏။ နှစ်ယောက်
သားတွေ့လျှင် ဖက်လဲတကင်း နေကြ၏။

ဆရာကြီးမှာ အသက်အရွယ် ကြီးပြီဆို၍ ထူထထ


ဲူထဲ မဟုတ်။ စူးရှ၏။ သိမြင်တတ်၏။ အင်မတန်လည်း
ပါးသည်။

တခါက ကျွန်တော့်အား နိုင်ငံရေးသမား ပုဂ္ဂိုလ်နှစ်ဦးနှင့် ပတ်သက်၍

`ဟေ့ တာရာ၊ သူတို့က ဆရာ့ကို အာဏာရရင်ပေါ့လေ၊ သမတမြှောက်ရမယ် ဘာမယ်နဲ့ လာပြောတယ်ကွ။


ဆရာ့ကို အထင်သေးတာ။ ဆရာက ဘာလာဘ်လာဘ၊ ဘာရာထူး ဋ္ဌာနန္တရမှမျှော်ကိုးပြီး ခုလိုနိုင်ငံရေး
လုပ်နေတာမဟုတ်ဘူး။ ဒို့ဗမာပြည်ကြီး ကောင်းစားတာ မြင်ချင်တဲ့ စေတနာနဲ့ သွားလာလုပ်ကိုင်နေတာ။
ရာထူးနဲ့မျှားလို့ ရတယ်များ အောင်းမေ့နေသလားမသိဘူး´ ဟု ကွမ်းဝါးရင်းက ရယ်ကာပြောနေ၏။ ကျွန်
တော်က `ဆရာကြီးကိုကြည်ညိုတဲ့ စေတနာနဲ့လည်း ပြောတာပါဆရာကြီးရယ်´ ဟု ပြန်ပြောသောအခါ
`ဆရာက ဒီလောက် မအပါဘူး။ လူထုက တင်မြှောက်မှ ရတာ´ဟု ပြောနေ၏။

အမှန်အားဖြင့် ဆရာကြီးမှာ နိုင်ငံချစ်စိတ်သက်သက်နှင့် ရိုးသားဖြူစင်စွာ သွားလာလုပ်ကိုင်နေခြင်း ဖြစ်၏။


ထို့ကြောင့်လည်း တတိုင်းပြည်လုံးက ကြည်ညို ချစ်ခင်ကြပေသည်။

(၄)

ငြိမ်းချမ်းရေး ပိသုကာ ဆရာကြီးအဖြစ်ကား မြင့်မြတ်လေသည်။ လူအများ၏ ကောင်းကျိုးချမ်းသာမှုကို


ရှေ့ရှုသည်။ ယနေ့ ဖြစ်ပျက်နေသော ပြည်တွင်းစစ်ကို ရပ်စဲစေချင်သော ဆန္ဒရှိသည်။ တဘက်နှင့်တဘက်
အတိုက်အခိုက် ရပ်ကာ အမျိုးသား အချင်းချင်း စည်းလုံးစွာ ရှိကြဖို့ စေတနာမှာ ပြင်းပြသည်။

`ဆရာ့ သဘောကတော့ အားလုံး ညီညီညွတ်ညွတ်ဖြစ်တာသာ မြင်ချင်တာပါပဲကွာ။ တယောက်နဲ့ တ


ယောက် သီးညီးခံပြီးစေ့စပ်ရင်တော့ အောင်မြင်မှာပဲလို့ ဆရာယုံကြည်နေတာပဲ´ဟု ဆရာကြီးသည် မနှစ်
တနှစ်ကတည်းက ပြောနေခဲ့၏။

ဆရာကြီးစေတနာကို ကျွန်တော်တို့ အကြွင်းမဲ့လည်း ယုံကြည်လေးစားသည်။ ထို့ကြောင့်လည်း ၁၉၅၂ ခု၊


မေလကကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးညီလာခံကြီး၌ နိုင်ငံလုံးဆိုင်ရာကော်မတီကို ရွေးသော
အခါ ဥက္ကဋ္ဌအဖြစ် ဆရာကြီးကို တင်မြှောက်ရန် မရရအောင် တိုက်တွန်းကြိုးပမ်းခဲ့ကြ၏။

အသက်အရွယ်ကြီးပြီ၊ ဘာပြီစသည်ဖြင့် တချို့ကစဉ်းစားကြရာ၌ `ဒီနေရာဟာ ဆရာကြီးနဲ့ အသင့်လျော်


ဆုံးပဲ။ ဘယ်ပါတီ သံယောဇဉ်မှလည်းမရှိ။ တပြည်လုံးက ကြည်ညိုတဲ့ပုဂ္ဂိုလ်၊ စေတနာကလည်း အင်မတန်
မှဖြူစင်တယ်´ဟု ဆရာကြီးကိုပင် အားလုံး၏သဘောတူချက်ဖြင့် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြလေသည်။

ယနေ့ပြည်တွင်းစစ်ကြီး၌ တဘက်နှင့်တဘက် တိုက်ခိုက်နေသူများမှာ ဒို့ဗမာအစည်းအရုံး၊ ကျောင်းသား


သမဂ္ဂများ၌ အတူလုပ်လာခဲ့ကြသော ရဲဘော်ရဲဘက်များဖြစ်၍ ဆရာကြီး၏ တပည့်တပန်းများ ဖြစ်ကြ သည်။

ဤတပည့်များ ညီညွတ်စည်းလုံးစွာ ရှိစေချင်သောစေတနာနှင့် တပြည်လုံးလူအများ အေးချမ်းစွာ ဖြစ်စေ


ချင်သော အာသီသတို့ ဖြင့်ထားရှိသော ငြိမ်းချမ်းရေး သဘောထားမှာ ဆရာကြီး၏ ပြည်တွင်းညီညွတ်ရေး
ယုံကြည်ချက်ပင် ဖြစ်သည်။

`ချိုးတို့၊ ခါတို့၊ ဇရက်တို့ဆိုတဲ့ ကျေးငှက် ကလေးများတောင် သူ့အသိုက်နဲ့သူ အေးချမ်းစွာနေချင်ကြတယ်။


အခြားတိရိစ္ဆာန်များက ကျူးကျော်တာကို မခံချင်ကြဘူး။ လူသားတွေမှာ ဘယ်မှာပြောစရာ ရှိပါ့မလဲ။
နယ်ချဲ့ခြင်းကို ဆရာတို့က မကြိုက်ဘူး´ဟု ပီကင်းမြို့ အပြည်ပြည်မှ ပြည်သူ့ကိုယ်စားလှယ်များ၏ ထမင်း
စားပွဲ၌ ပြောကြားသောအခါ ကျွန်တော်တို့စားပွဲရှိ ဟန်ဂေရီမှစာရေးဆရာများမှာ ဆရာကြီး၏ ကမ္ဘာ့
ငြိမ်းချမ်းရေး စကားရပ်များကို နှစ်သက်အားရခြင်း ဖြစ်ရသည်။

ကျွန်တော်နှင့် အေးအေးဆေးဆေး ကြုံတိုင်း `ဟေ့ တာရာရ … အာဏာ လက်ရှိသူတွေရော၊ တောထဲက


လူတွေရောဟာ ဆရာ့တပည့်တွေပဲကွ။ သန်းထွန်းဆိုတာ အင်မတန် အလုပ်လုပ်တဲ့အကောင်။ သခင်နုဆို
တာလဲ ပုတီးနဲ့နေတာပဲ။ အားလုံး တလုံးတစည်းထဲရှိရင် တို့ပြည်ဟာ သိပ်ကောင်းမှာပဲ´ ဟုပြောလေ့ရှိ
သည်။

အာရှငြိမ်းချမ်းရေး ညီလာခံကိစ္စနှင့် ပီကင်းရောက်သည့်အခါ သံအမတ်ဦးလှမောင်ကိုသာ တမေးထဲမေးနေ


သည်။ `လှမောင်ဟာ ဆရာ့တပည့်ပဲကွ´ ဟု တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့သူ ကိုလှမောင်အား ခင်မင်ရင်းစွဲ
ရှိလေသည်။

`ငြိမ်းချမ်းရေးဆိုတာ လူတိုင်းကြိုက်ရမယ်ကွ။ အားလုံးပါဝင်နိုင်ရမယ်´ ပြောလေသည်။ ဆရာကြီး၏ ကျယ်


ပြန့်စွာထားရှိသည့် ငြိမ်းချမ်းရေး သဘောထားမှာ မှန်ကန်လှပေသည်။
ဆရာကြီးနှင့် ကျွန်တော်တို့မှာ တသဘောတည်း ဖြစ်ကြသည်။

အစည်းအဝေး သဘာပတိလုပ်စရာ၊ တရားဟောစရာ စသော အသင်းအဖွဲ့ရေးရာနှင့်ပါတ်သက်၍ ငြင်းဆန်


သည်မရှိ။ သွားခေါ်လျင် ခေါင်းပေါင်းကလေး အသာရစ်ကာ လိုက်ပါလာ၏။ အများအကျိုးဟုဆိုလျင် ပင်
ပန်းသည်မရှိ။ ဘယ်တော့မှ မညည်းညူ။

အာရှနှင့်ပစိဖိတ် ငြိမ်းချမ်းရေးညီလာခံကြီးအတွက် ဒုတိယအကြိမ်ပီကင်းသို့ သွားရမည်ရှိသောအခါ ရှော


ရှောရှူရှူပင် ထလိုက်လာခဲ့၏။

နမော်နမဲ့ နေသည်မဟုတ်။ အခြေအနေကို အမြဲတမ်း လေ့လာအကဲခတ်လေ့ရှိသည်။ ဆရာကြီး မသိဟူ၍


ထင်ထား၍မဖြစ်။ ပါးလည်းပါး၍ သိတတ်မြင်တတ်သည်။ မကြာခဏ ကျွန်တော့်ကိုခေါ်ကာ မေးမြန်းတိုင်
ပင်လေ့ရှိသည်။

`ဆရာ့စေတနာက အားလုံးကောင်းဖို့၊ အေးချမ်းဖို့လုပ်နေတာ။ ကမ္ဘာကြီး ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒအမြဲရှိ


တယ်။ တပါတီ၊ တဖွဲ့ကောင်းစားဖို့၊ ဘယ်သူတွေဝန်ကြီးဖြစ်ဖို့ လုပ်နေတာမဟုတ်ဘူး တာရာရ´ဟု ကွမ်းဝါး
ရင်း ပိုးခန်းဆီးပါးကလေးအကြား မြင်ရသောနောက်တွင် တရိပ်ရိပ် ဖြတ်သန်းကျန်ရစ်ခဲ့သည့် တရုတ်ပြည်
ဂန္ဓာရတောရွာ ကျေးလက်များကို ငေးကာပြောတတ်လေသည်။

ဆရာကြီးသည် မည်သူ၏ သြဇာမှမခံဘဲ ကင်းကင်းရှင်းရှင်း၊ ရိုးရိုးသန့်သန့်ဆောင်ရွက်သော နိုင်ငံရေးကို


လုပ်သည်။ ကျွန်တော့်ကိုလည်း `ဟေ့ ...တာရာ ကျွန်ဝယ်ရာ အဆစ်မပါစေနဲ့ ´ဟု သတိပေးလေ့ရှိ၏။

ဆရာကြီးမှာ ဘယ်အဖွဲ့စည်းမှာဖြစ်ဖြစ် ရိုးသားစွာ လုပ်ကိုင်ဆောင်ရွက်ခြင်းကို အမြဲလိုလားသည်။

ဆရာကြီးသည် ဤ ဖြူစင်သန့်ရှင်းသော စေတနာကြောင့်ပင် အေးသည့်ရာသီတွင် တိုင်းတပါးရပ်ခြားသို့


သွားခြင်း၊ အစည်းအဝေး များ၊ တရားပွဲများသို့ စိတ်အားထက်သန်စွာ တက်ခြင်းဖြစ်ပေ၏။

ဆရာကြီး၏ အမူအယာမှာ အိုမင်းရင့်ရော်ခြင်း၊ နွမ်းနယ်ခြင်းတို့ မရှိဘဲ လန်းလန်းရွှင်ရွှင်၊ ဖျတ်လတ်မြန်


ဆန်နေသည်မှာ သူ၏ ပြင်းပြသော စိတ်မာန်ကြောင့် ဖြစ်ပေသည်။

(၅)

ပီကင်းရောက်သည့်ညက ဧည့်ခံပွဲတခုရှိရာ ဆရာကြီးသည် ပင်နီရင်ဖုံး၊ ရွှေဖလားရောင်တွင် ပန်းဖျော့သွေး


အစင်းကြီးများဖြင့် စင်းထားသော တောင်ရှည်ပုဆိုးနှင့် ၀တ်ထားသည်ကို မြင်ရရာ မြင့်မားထွားခိုင်သော
ကိုယ်ဟန် အသွေးအမွေးနှင့် ကြည့်ကောင်းနေသည်။ ဗမာပြီပြီ ခံ့ခံ့ညားညားနှင့် ကြက်သရေရှိသော
ရုပ်သွင်ဖြစ်သည်။

ကျွန်တော်နှင့် သခင်လွင်က `ဆရာကြီးက ဖိုးစိန်ကြီးကြနေတာပဲ´ဟု ပြောလိုက်သောအခါ ဆရာကြီးသည်


ခါးပုံစကို သိမ်းရင်း `အေး…အေး´ ဟု ရယ်မောနေသည်။ ရယ်ပုံမှာ စိတ်ကြည်လန်းစရာ ကောင်းနေသည်။

အသားအရောင်မှာ ၀ါညံ့ညံ့၊ ဖြူဖွေးသော ငွေရောင်နှုတ်ခမ်းမွေးမှာ အသက်အရွယ်ကို ပြသည်မှန်သော်


လည်း ရင့်ကျက်ကြည်လင်သော ဣနြေ္ဒကို လေးနက်အောင် ဖြည့်စွမ်းလျက်ရှိပေသည်။ ပညာရှိ က၀ိတို့၏
ဟန်ပန်ပေါ်နေ၏။

ငြိမ်းချမ်းရေး လုပ်ငန်းကြီးကို အစိုးရ၏ အတိုက်အခံသဘော ဘယ်တော့မှ မထားရှိခဲ့ပေ။

ချီလီကဗျာဆရာကြီး နီရူဒါဇနီးမောင်နှံဆိုလျှင် ဆရာကြီးကို များစွာလေးစားကြသည်။ နိုင်ငံခြား ကိယ


ုစား
လှယ်များမှာ ဆရာကြီး၏ တည်ငြိမ်ကြည်လင်သော ရုပ်သွင်ကိုကြည့်ကာ ချစ်ခင်လေးမြတ်ခြင်း ရှိကြသည်။
ကဗျာဆရာကြီးဟု ပြောပြသောအခါ `ဆရာကြီး၏ ကဗျာတပုဒ်လောက် ရွတ်ပြပါ´ ဟု တောင်းပန်တတ်
ကြသည်။

ဆရာကြီးနှင့် ခရီးသွားရသည်မှာ လူကြီးတဦးနှင့် သွားရသည်နှင့်မတူ ရွယ်တူလူငယ်များနှင့် သွားရသလို


ပျော်စရာကောင်းသည်။

ဆရာကြီး၏ ဟာသကြောင့် ရယ်မောကာပင် နေရလေ၏။

နိုင်ငံရေး အတွေ့အကြုံများသူဖြစ်၍ ၀ံသာနုခေတ်မှ ဖဆပလခေတ်အထိ အဖြစ်အပျက် ဇာတ်ကြောင်း


များကို ပြောပြသည်ကို နားထောင်ရသည်မှာ အသိအမြင် တိုးပွားမှတ်သားလောက်ပါပေ၏။ အအိပ်အနေ၌
ဇီစာမကြောင်။ ပူသည်၊ အေးသည် ဘယ်တော့မှမညည်း။ လူငယ်များရှေ့ကပင် ဖျတ်လတ်စွာသွားလာနိုင်
၏။

မျက်စိမှာ အရွယ်နှင့်စာသော် မမှုန်သေးသည်ကို တွေ့ရသည်။ စာရေးရာ၌ တွေဝေဖင့်နှေးခြင်းမရှိ။ တောက်


လျှောက် ဖြူးဖြောင့်စွာ ရေးချသွားနိုင်သည်။ လေးချိုးကို တခါတည်း စပ်သွားနိုင်သည်။

တရုတ်-မြန်မာ မိတ်ဆွေဖြစ်အသင်းမှ သ၀ဏ်လွှာကို ကျွန်တော့်ရှေ့၌ပင် ရေးချသည်။ ဧည့်ခံစားပွဲကလေး


တွင် ရေးချသည်။ ရှင်မဟာ သီလ၀ံသ၏ `က၀ိမဏ္ဌပါလ´ ကျမ်းမှ အကိုးအကားပင် ထည့်သွင်းသွားသည်။

ခေါင်းရင်းဘက်စားပွဲမှ ကော်ပီစာအုပ်နှင့်ကူးထားသော `မူ´ တခုကိုယူလာကာ စာရွက်များကို ကြာကြာ


မလှန်ရဘဲ သုံးလိုသည့် အပိုဒ်ကိုတွေ့သဖြင့် `တာရာရေ…ဖတ်စမ်း´ဟု ကျွန်တော့်လက်သို့ ကမ်းသည်။
ကျနော်က ( မျက်စိမှုန်လှသူဖြစ်၍ ) သေးသော စာလုံးများကို မနည်းကြည့်ယူရ၏။

`တရုတ်ပြည်တွင်၊ သုံးမည်လွှမ့်ကျော်၊ လောင်းရှင်တော်လျှင်၊ မဟောသဓာ…လား ဘာလဲမသိဘူး ဆရာ


ကြီး၊ ဖတ်လို့ မရဘူး၊ သဓာတော့ မဟုတ်ဘူး´

ဆရာကြီးက မျက်မှန်မပါ၊ စာအုပ်ကို အနားယူကြည့်ကာ `မဟော်မည်သာ´ ဟု ဖတ်နေလေသည်။

ထို့နောက် ဆရာကြီးက ပုဂံခေတ် ဒိသာပါမောက္ခဆရာတော် တရုတ်ပြည်သို့ သံတမန်ကိစ္စနှင့်သွားပုံကို


ရှေးကဗျာ၊လင်္ကာ ဂန္ထ၀င်များမှ ထုတ်နှုတ်ကာ ပြောနေသည်။

`တပြည်နဲ့တပြည်ဟာ ကူးလူးဆက်ဆံခြင်း ရှိရမယ်ကွ။ ဒါမှ ယဉ်ကျေးမှုရင်းနှီးမှုရှိမှာ။ ရင်းနှီးမှုရှိမှ မုန်းစိတ်


ဘာစိတ်မရှိဘဲနီးစပ်ပြီး တပြည်နဲ့တပြည် စစ်ဖြစ်နိုင်ဖို့ဆိုတာ ဝေးမှာပဲ´

ပြောရင်း သ၀ဏ်လွှာကို ရေးနေသည်။ လက်သန်း၊ လက်သူကြွယ်များကို စာရွက်နှင့်ထိရှပ်ကာ ရှေးမူရာနှင့်


ကာရန်သွားကိုဟပ်နေသည်။

`နဘေတွေ ပါလား ဆရာကြီး´

ဆရာကြီးက ရေးနေလျက်က `နဘေဆိုတာ စာပေါ့တာပေါ့ကွ´

သ၀ဏ်လွှာရေးပြီးလျှင် ရောက်တတ်ရာရာ စကားစမြည်ပြောရင်းက ၁၉၅၃ - ခုနှစ်တွင် အလင်္ကာကျော်စွာ


ဘွဲ့ထူးများပေးသည့်အကြောင်း ရောက်သွားရာ `ပုလွေမှုတ်တဲ့ လူတွေတောင် အလင်္ကာကျော်စွာ ရကုန်ကြ
ပြီကွ´ ဟု ကွမ်းသွေးများနှင့် ရယ်မော ပြောနေသည်။

ဆရာကြီးသည် ကွမ်းဝါးနေပြန်သည်။ ကျွန်တာ့်အား ငြိမ်းချမ်းရေး အခြေအနေများကို မေးမြန်း၍ပြောပြ


နေရ၏။ အသက် (၈၀) သို့ ချဉ်းကပ်နေပြီ ဖြစ်သော်လည်း ဆရာကြီးသည် ငြိမ်းချမ်းရေးကိစ္စ၌ စိတ်ပျက်
အားလျော့သည် ဟူ၍ မရှိဘဲ စိတ်အားထက်သန်လျက် ရှိပေသသည်။

`အေး… ပြည်တွင်းမှာ အေးချမ်းအောင် လုပ်ကြရမှာပဲကွ´

ကျွန်တော့်မှာငြိမ်းချမ်းရေး ပိသုကာ ဆရာကြီးအဖြစ် တိုး၍ ခင်မင်လာပေသည်။ ။

ဒဂုန်တာရာ
မတ်လ၊ ၁၉၅၅

အောင်ဆန်း (သိမ
ု့ ဟုတ)် အရိင
ုး

(၁)

သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေ၀ပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထု


ကြီးသည် စူးစိုက်ခြင်းမရှိ။ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိပ်အပိုင်း တခုကား အချင်းချင်း
ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည် အားလုံး၌
တညီတညွတ်တည်း ရှ၏
ိ ။

အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကိုနောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင်


မှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပါယ်ကိုမျှ
ထူးထူးထွေထွေ မဖေါ်ပြ။ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာဆောင်၍ နေသည်။

သူသည် စိမ်းညိုသောကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာ


ပထ၀ီမြေကြီးမှ ဗမာ ၀ါဂွမ်းဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ၀တ်ထား၏။ လုံချည်မှာ နီရဲသော
ရွှေတောင် ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာ အသွင်အပြင်မှာ အပူပိုင်း
ဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ်
တောင်ပေါ် ချင်းတယောက်နှင့်လည်း တူ၏။

တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သောထည်ဝါခြင်း ယဉ်ကျေးသိမ်မွေ့ခြင်းတို့


သည် သူ့တွင် လုံးဝမခိုအောင်း။ လမ်ပေါ်တွင် နေရာတကာတွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တဦးနှင့်
သာတူ၏။ လူထုထဲမှ သူတဦး၏ အသွင်အပြင်မျိုးသာ ဖြစ်၏။

သူသည်လက်နှစ်ဖက်ကို ဘေးသို့ကား၍လှုပ်ကာလှုပ်ကာ စကားပြော၏။ သူ၏စကားလုံးများကား ပြေပြစ်


ခြင်းမရှိ။ ချောမွေ့ခြင်းမရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။
သင်ပဋ္ဌမဦးဆုံး တွေ့မြင်သောအောင်ဆန်း၏ ပုံပန်းကိုရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကိုရေးပြ မည်
ဖြစ်ပေသည်။

ထိုအခါကား ၁၉၃၆ - ခု၊ ပဋ္ဌမဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို


ရန်ကုန်မြို့ ဂျူဗလီဟောခန်းမတွင် ဆင်ယင်သောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်း
ကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသား ကိုယ်စားလှယ်များအဖြစ် ကျောင်းသား
ညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်း စကားပြောသည်ကို တွေ့မြင်ရခြင်းဖြစ်ပေသည်။

၁၉၃၆ - ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးရောင်အူနေသည့်အခိုက်၊


`အောင်ဆန်း´ အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။
ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ
ဖြစ်၏။ ကျွန်တော်မှာ စာပေ၀ါသနာပါသူဖြစ်ရာ အောင်ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာ အဖြစ်
စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဖူးချင်၏။

သို့သော် ဂျူဗလီဟော ကျောင်းသားများညီလာခံတွင် သူ၏ ရုပ်သွင်နှင့် သူ စကားပြောသည်ကို တွေ့မြင်


ကြားနာရသောအခါ အထင်နှင့်အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ်
ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်းဟု ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော်
အထင်ကြီးထားလေ၏။

တွေ့ရသောအခါ ရုပ်ကလည်း မဖြောင့်။ စကားပြောကလည်း မပြေပြစ်။ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။

ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊


စကားပြော ကောင်းစေချင် နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။
(၂)

နောက် ၁ - နှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျနော် တက္ကသလ


ို
ရောက်သည့် ၁၉၃၇ - ၃၈ ခုနှစ်က၊ ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌ၊ ဗမာနိုင်ငံ
လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ဥက္ကဋ္ဌဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့်
အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည် မရင်းနှီးခဲ့ပေ။

သူနှင့်ကား ရင်းနှီး၍မဖြစ်။ သူသည် ရင်းနှီး၍ရသောလူစားမျိုးမဟုတ်။ နိုင်ငံရေး အတူတူတွဲဖက်လုပ်လျှင်


သာ သူနှင့်ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တဘက်သတ်
မလိုက်။ စာပေ၊ ကဗျာလည်း ရေးချင်၏။ ဂီတကိလ
ု ည်း လိုက်စား၏။ သည်လိုအစုံ လုပ်ချင်သဖြင့် သူနှင့်
မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက်ဖြစ်သည်။

ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဘဟိန်းက အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေး


သမားသက်သက် မဟုတ်သဖြင့် သူ၏ အသိထက် လွန်မြောက်၍ ရင်းနှီးသောအဖြစ်သို့ မရောက်သွားခဲ့ပေ။

သခင်ဘဟိန်းကား သည်လိုမဟုတ်။ သခင်ဘဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူဖြစ်၏။ စာပေကဗျာလင်္ကာ


ကိုနှစ်သက်၏။ ဂီတကိုချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့်ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ်ဖြစ်နေ
သည့် ဘ၀အထိပင် ရင်းနှီးချစ်ခင်ခြင်းမပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်းမဟုတ်။ သို့သော် ချစ်
ခင်ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့မဟုတ်။ ကျွန်တော်စာရေးဝါသနာ ပါသည်ကို
ကိုအောင်ဆန်းသိသည်။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှရတုပိုဒ်စုံ စသောကဗျာများ၊ ၀တ္ထုတို၊
ဆောင်းပါး စသည့် စာပေများကို သူအကုန် ဖတ်ဖူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့် လူမျိုးလည်းမဟုတ်။

သို့သော် တခါက ကိုဗဟိန်းနှင့်အတူ သမဂ္ဂအမှုဆောင် ကော်မတီခန်းတွင် ပင်းယ မဂ္ဂဇင်း၌ ပုံနှိပ်ထားသော


ကျွန်တော်၏ ဆောင်းပါး တခုကိုကား ကျွန်တော့်ရှေ့တွင် ဖတ်သည်ကိုတွေ့ရဖူး၏။ ဖတ်ပြီးလျှင်ဝေဖန်ချက်
ပေး၏။

ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ် - ဗမာ ဆောင်းပါးရှင်တဦး ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေး


သားသော သူ၏ ဆောင်းပါးများကို ဂန္ထလောက မဂ္ဂဇင်းတွင် ဖတ်ဖူးရသည်။ သူသည် ဗုဒ္ဓဘာသာ
တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အ၀တ်အစား ၀တ်ဆင်ရေး
ပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့်နှင့် အပြန်အလှန် ရေးသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ သမဂ္ဂအသင်း၏ ကြွေးကြော်သံ `မျိုးညွှန´
့် မဂ္ဂဇင်းတွင် ပါသော သူ၏ `လောက၀ိဟာ´
အမည်ရှိ ဆောင်းပါးတို ကလေးကိုကား သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ပညာ ဗဟုသုတ
အမြင်တို့ကိုပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် ဗမာစာ
အရေးညံ့သူ မဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာ သုံး၏။

တခါတရံ ဟာသဥာဏ် ပါ၏။

ပုသိန်မြို့တွင်ကျင်းပသော ကျောင်းသားများညီလာခံ၌ သူ၏ ဥက္ကဋ္ဌမိန့်ခွန်းတွင် ကင်းဘဲလ်အစီရင်ခံစာကို


`ပညာရေးပူရာဏ် ကျမ်းကြီးပေတကား…´ ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက်ပါပေသည်။

ကျောင်းမှထွက်ပြီး ဒို့ဗမာအစည်းအရုံးသို့ ၀င်သောအခါ ငတ်ပြတ်၍လား မပြောတတ် ဒဂုန်မဂ္ဂဇင်းတွင်


ရေးလိုကြောင်း ကျွန်တော့်ကိုပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့်စီစဉ်၍ လစဉ်ကိုအောင်ဆန်း
ဆောင်းပါးများပါစေသည်။
ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသောဆောင်းပါးကား
`နိုင်ငံရေးအမျိုးမျိုး´ ဟူသောဆောင်းပါးဖြစ်သည်။ ဂရိတ်နိုင်ငံရေးကအစချီ၍ မျက်မှောက်ဗမာနိုင်ငံရေး
အခြေအနေအထိ ရေး၏။ စာပြောင်၏။ ဖတ်၍ ကောင်း၏။

သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍


သွား၏။ အစိုးရကလည်း ငြိုးထား၍လားမပြောတတ် ဒဂုန်မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်းခံရရှာလေ သည်။
(၃)

သမဂ္ဂဥက္ကဋ္ဌဖြစ်သော ၁၉၃၈ - ၃၉ ခုနှစ်ကသူသည် ဘီ-အယ်လ်တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ်


ထပ်တွင်နေသည်။ သူ၏အခန်းသည် သပ်ယပ်ခြင်းကင်းမဲ့၏။ အခန်းတွင် စာအုပ်များပြည့်နှက်နေ၏။ စာ
အုပ်များသည် စားပွဲပေါ်တချို့၊ ဗီဒိုပေါ်တချို့၊ ကြမ်းပြင်ပေါ်တွင် တချို့ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ် ဖြစ်နေ
ကြ၏။ သူသည် အင်မတန် စာဖတ်သူတယောက် ဖြစ်၏။

သူသည် ဒေါသကြီးသူတဦးဖြစ်၏။ သည်လို အများကထင်၏။ ကျွန်တော့်အဖို့ကား ဒေါသကြီးသည် မကြီး


သည်ကို မသိ။ သူတ
ွ့င် စိတ်လိုက်မာန်ပါ စိတ်တွေရှိသည်ဟု ကျွန်တော်ထင်၏။

နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည်အထိမ်းအမှတ်ပွဲတခု တက္ကသိုလ်သမဂ္ဂ


တွင် ကျင်းပ၏။ ပရိသတ်ထဲကထ၍ ဝေဖန်စကားများ ပြောကြ၏။ ထိုသို့ ပြောကြသည့်အထဲတွင် စစ်ကိုင်း
ကျောင်းဆောင်မှ ကုလားကျောင်းသားတဦးက ဥက္ကဋ္ဌဟောင်း မစ္စတာရာရှစ်ကိုဝေဖန်ရာ၌ အတော်ထိခိုက်
သော အပြစ်တွေကို ထုတ်ဖေါ်ပြောလေသည်။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင်
သည် မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာရှာရှစ်အတွက် ဒေါပွကာထိုကုလား
ကို ကြိမ်းမောင်း၍ `ရဲရင်ထွက်´ စသော စသော အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍
သွား၏။ ဘေးက ကျောင်းသားများက ၀ိုင်း၍ ဆွဲထားရလေ၏။

သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေသည်။

ကုလား-ဗမာ အဓိကရုဏ်းအပြီး ဒေါက်တာဗမော်၏ တက္ကသိုလ်ဥပဒေ ပြင်ဆင်ရေးအဆိုကြမ်းကို သမဂ္ဂက


ငြင်းပယ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ညိုမြအမှူးရှိသော ကျောင်းသားတစုကမကျေနပ်သဖြင့် သမဂ္ဂကို
အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းသည် ညိုမြကိုဒေါပွကာ ဥက္ကဋ္ဌ
ကုလားထိုင်မှနေ၍ ညိုမြအတင်းကို အတော်ပြောလိုက်လေသည်။

သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တပါတ်လောက် ကြာသောအခါ၊ ထိုနေ့က အောင်ဆန်းက ညိုမြ


အားရှုံ့ချသော စကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ်ကျောင်းဆောင် အသီးသီး
တွင် ထွက်ပေါ်၍ လာလေသည်။

တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထားကို ထားခဲ၏။

သူ၏မျက်နှာထားသည် သုန်မှုန်၏။ တခါတွေ့ဖူးသောသူကို နောက်တခါတွေ့လျင် နှုတ်ဆက်ချင်မှဆက်၏။


သူ့ကိုသိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ပြုံးချင်မှပြုံး၏။ ဥက္ကဋ္ဌဖြစ်သဖြင့်သူ့ကက
ိုား ကျောင်းသား
တိုင်းကသိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည်၏ လွတ်လပ်ရေး
အတွက် စိတ်ပူပုံရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက် ရှိနေသည်။

သူစကားပြောလျင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နား


ထောင်နေရသည်။ ဘေးကလူများ၏ စကားကိုသူမကြား။ သူပြောချင်တာတွေကိုသာ စွပ်၍ပြောနေတတ်
သည်။
(၄)

တခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စ အချိန်။

ဝိတိုရိယရိပ်သာရှိ အိမ်တအိမ်တွင် သခင်မြနှင့်ရဲဘော်များ နေထိုင်လျက်ရှိကြသည်။ ကျွန်တော်မှာလည်း


တောကရောက်ကာစဖြစ်သည်။ ဧည့်ခန်းရှိစန္ဒယားတွင် ကျွန်တော်က ထိုင်ကာတီးနေ၏။ ဘေးမှသခင်စံဝေ
နှင့် တက္ကသိုလ်ကျောင်းသား အချို့က၀ိုင်း၍ သီချင်းလိုက်ဆိုလျက်ရ၏
ှိ ။ ဘီ-အိုင်-အေ သမားများမှာ ဂီတ
အင်မတန် ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေပျက်
နေ၏။

ချစ်ခင်မှာလား၊ ကြင်မှာလား ခင်ခင်ရယ်။

ချစ်သဲနွယ်၊

အဟုတ်ကို ချစ်တော့မယ်

ခင်ရယ် ကြင်မယ်…

ဝိုင်း၍ဆိုနေကြရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက် - ဂေါက် - ဂေါက် -


ဂေါက်နှင့် တဘက်က လျှောက်လာကာ စန္ဒယားအပါးတွင် လက်ထောက်ကာ ရပ်လျက်…

`ဟေ့…ရပ်ကြ။ ခုလိုအခါမျိုးမှာ ရဲစိတ်ရဲမာန် တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျ။ ဒီချစ်မယ် ကြင်


မယ် သီချင်းမျိုးက မဟန်ဘူး …´။

ရုတ်တရက်ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက၏


် ။

သူသည် သူပြောချင်တာ ပြောပြီး၍ ထွက်သွားလေသည်။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ


ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လိုလူစားမျိုး။

သမဂ္ဂဥက္ကဋ္ဌ ကိုလှမောင် (ယခုသံအမတ်)၏ လက်ထပ်ပွဲသည် ဘီ-အိုင်-အေခေတ်၌ ရွှေတောင်ကြားတွင်


ကျင်းပသည်။ သူ၏လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင် ပဋ္ဌမဦးဆုံးဖြစ်၏။ လက်ထပ်ပွဲပြီးသောအ ခါ
ဧည့်ခန်းဆောင်တွင် မိတ်ဆွေများစုရုံးကာနေကြ၏။ စန္ဒယားဆရာတဦးကတီးကာ ဖျော်ဖြေလျက်ရှိ သည်။

သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကိုရပ်စေကာ ကျွန်တော့်ကိုလူကြားထဲမှ အတင်းဆွဲခေါ်၍


သီချင်းတပုဒ်ကိုတီးစေ၏။ သူသည် စန္ဒရားကိုလက်ထောက်ကာ မရတရဖြင့်လိုက်ဆိုနေ၏။ တီးသော
သီချင်းမှာ `ကဉ္စန´သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တပုဒ် တီးခိုင်းပြန်၏။

တခါက ဂျပန်ခေတ် ၀န်ကြီးတဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ သူ့ကို စစ်


သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့ သူက
ို့ အရင်ဝင်စေ၏။ ဧည့်
သည်များကား အ၀တွင်ရပ်၍ သူ့အ၀င်ကို စောင့်လျက်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ၀င်လာကာ
ရုတ်တရက်၊ စားပွဲထိပ် ကုလားထိုင်တွင် ၀င်ထိုင်လိုက်ပြီး ဇတ်ကနဲ ဘယာကြော်တတုံးကို ယူစားလိုက်
လေ၏။

သူ ထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာဧည့်ဝတ်ထုံးစံအရ ထမင်းစားပါအုံးလားဟု ခေါ်ချင်မှ


ခေါ်သောလူစားမျိုးဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက `ကြောင်သည်´ ဟု အမှတ်ထား
ကြလေ၏။
(၅)

သူ့တွင် သိမ်မွေ့ခြင်းမရှိ။ အလှအပကို သူမမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်း


သင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကိုသူသည် လုံးဝဂရုမစိုက်။ ဂီတ၊ ပန်းချီ၊
သဘင် စသော အနုပညာရပ်များကို မလိုက်စား။ သူ့ကိုသူ အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုရ်
အတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲနေ၏။

သူ့တွင် နိုင်ငံရေးဝိညာဉ်ကား ပြင်းထန်လှချေသည်၏။ သူသည် နိုင်ငံရေး တခုတည်းကိုသာ လုပ်သောလူ


တဦးဖြစ်၏။
သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ သို့သော် ကိစ္စမရှိ။ သူသည် ဧည့်ခံခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီး
လူကောင်း မဟုတ်။ တခုတည်းသော ယြုံ ကည်ချက်နှင့် တခုတည်းကိုသာ မဲ၍လုပ်သော နိုင်ငံရေးသတ္တ၀ါ
ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။

၁၉၄၂ - ၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာအကြောင်းကို ပြောပြ၏။

`အနုပညာဆိုတာ ရှိတာပဲ။ လင်မယားဘ၀မှာလဲ အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့။ ဒီလိုပဲတော်လှန်ရေး


မှာလဲ အနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလဲ တကယ့်တော်လှန်ရေး အစစ်ပဲ …။´

ဆရာမဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစလက်မထပ်ခင် ၃ - ၄ ရက်အလိုက ကိုဘဟိန်းကိုလာရှာရင်း ကျွန်တော်


နှင့်သွားတွေ့၏။

သူသည်ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ `ဒီမယ် … အိမ်ထောင်ပြုတယ်ဆို


တာ သိပ် … စဉ်းစားတွေဝေနေလို့မရဘူး။ တခါတည်း ဇွတ်လုပ်လိုက်ရတယ် ….´ဟု မမေးဘဲ သူ့ဘာသာ
သူ သူပြောနေ၏။

လက်ထပ်ပြီးစက ကျွန်တော်ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပန်းမှုစာအုပ်နှင့် ပတ်သက်၍ အင်းယား


ကန်စောင်းရှိ သူ့အိမ်သို့ ရောက်သွား၏။

ဧည့်ခမ်းတွင် ခေတ္တစောင့်နေရ၏။ ထွက်လာသောအခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကိုတွေ့ရ၍ မပြုံးမိ အောင်


ဟန်ဆောင်နေရ၏။

သည့်နောက် သူနှင့်ကျွန်တော်မတွေ့တော့။ တွေ့ဆုံဖို့လည်း အကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီသွား


လည်ကလည်း ဖေါ်ဖေါ်ရွေရွေ လောကွတ်ပြူငှာ ခေါ်မည့်လူစားမျိုးလဲ မဟုတ်။

တခါက ဗိုလ်ချုပ်ဘ၀တွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့် တပြုံကြီးကို မြင်လိုက၏


် ။ အော်
…. သားနဲ့၊ မယားနဲ့မို့ လူစိတ် တော်တော်ပေါက်လာပြီ။ အရင်ကလို ကြောင်တော့မည်မဟုတ်။
အကြမ်းအရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု အောင့်မေ့လိုက်၏။ မှန်၊ မမှန်ကား မပြောတတ်။

ဖ ဆ ပ လ ဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင်၊ ဦးအောင်ဆန်းကိုကား ကျွန်တော်မသိ။ သူ၏ နိုင်ငံရေးကို ဝေ


ဖန်ခြင်း မဟုတ်။ သူ၏ အဖြစ်သာ။ ကျွန်တော်သိသည့်အထိ ပြောပြခြင်း ဖြစ်ပေသည်။

တခုတော့ ထင်သည်။ သူသည် လူထုထဲမှလူတဦးဖြစ်၍၊ လူထုနှင့်ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်


လာသည် ဖြစ်လိမ့်မည်။။ ။
ဒဂုန်တာရာ
ဒီဇင်ဘာလ၊ ၁၉၄၆

ကိဘ
ု ဟိန်း (သို့မဟုတ)် ကဗျာ

(၁)

ယခုခေတ် ဗမာပြည်၌ကွန်မြူနစ်တို့သည် ရုပ်ဝါဒကိုမျိုးစေ့ကြဲ၍ နေကြပေပြီ။ ရုပ်ဝါဒဆိုသည်မှာ စိတ်ဝါဒ


မဟုတ် စိတ်ကူး စိတ်သန်းမဟုတ်။ အကောင်အထည်ကိုမာကြောကြမ်းတမ်းကြီး လက်တွေ့ကိုင်စမ်းမိသော
ရုပ်ဝါဒ။ သည်လို လူအများက ယေဘုယျ မှတ်ထင်ကြပေသည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူ
နစ်ပါတီ၏ ခေါင်းဆောင် သခင်ဗဟိန်းအား ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့်
ရုပ်ဝါဒ နိုင်ငံရေးသမားဟာ မနီးစပ်ပါကလားဟုထင်မှတ်ကြပေလိမ့်မည်။ သည်လို မှတ်ထင်လျှင် ဘဟိန်း ကို
နိုင်ငံရေးသမားအဖြစ် တွေ့မြင်၍ လူအဖြစ် မသိသေးသောကြောင့် ဖြစ်တန်ရာပေသည်။ ကဗျာ …. ။
ဟုတ်သလား။

၁၉၃၈ ….

သရက်ထည် ပန်းပွင့်ရိုက် အနားကွပ် ခန်းဆီးပြာသည် ပိန်လိုက် ဖေါင်းလိုက်နှင့် ရွက်တိုက်လျက်ရှိသည်။


အပြင်ဘက်တွင်ကား မှောင်၍ နေသည်။ တချက် တချက် တက္ကသိုလ် ရိပ်သာလမ်းမှ အဓိပတိလမ်းသို့
ကွေ့ကာ မောင်းဝင်လာသော မော်တော်ကား ရှေ့မီးရောင် သည် ၀င်းကနဲ လက်လိုက်ရာ တက္ကသိုလ်သမဂ္ဂ
အသင်းတိုက်ရှေ့ရှိ ဇော်မွှားပန်း၊ ဗုဒ္ဓံသရဏံပန်းများကို လျှပ်စစ်ပြက်လိုက်သလို ရိပ်ကနဲ တွေ့မြင်လိုက်
ရပေသည်။

လူများချိန် (၈)နာရီခန့် ဖြစ်သဖြင့် သမဂ္ဂပျော်ပွဲစားရုံသည် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံတို့ဖြင့် ညံ၍


နေ၏။ မြို့ထဲတွင် လည်ပတ်ရာမှ နောက်ကျသော ကျောင်းသားများသည် သမဂ္ဂတွင် ၀င်၍ ညစာ စားလေ့
ရှိကြ၏။ ပျော်ပွဲစားရုံ၏ ဒေါင့်ရှိ စားပွဲရှည်တွင်ကား သမဂ္ဂခေါင်းဆောင် ကျောင်းသားတစုသည် ၀ိုင်းဖွဲ့ကာ
စကားပြောသူကပြော၊ အစား စားသူကစားလျက် ရှိကြသည်။

သည်အထဲမှ ကျောင်းသားတဦးသည် ၀ိုင်းဖွဲ့စကားပြောထဲတွင် မပါဝင်ဘဲ စီးကရက်ကို တွင်တွင်ဖွာလျက်


စားပွဲစွန်းရှိ ဓာတ်စက်ကို ဓါတ်ပြား တချပ်ပြီးတချပ်လဲကာ ဖွင့်လျက်ရှိသည်။

သူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင်


အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်းကဲ့သို့ လန်းရွင်သည်။ သူ၏ ချစ်ဖွယ်ကောင်းသော
အပြုံးကလေးများသည် နီရဲသော ပါးပြင်နှင့် နှုတ်ခမ်းပေါ်တွင် ထာဝစဉ် နားလျက်ရှိသည်။ ကြက်သရေဖြင့်
လျှမ်းသောအပြုံး၊ မေတ္တာ၏ အထိမ်းအမှတ် အပြုံး။

ကျွန်တော်သည် ရုပ်ရှင်ကြည့်ရာမှအပြန် နောက်ကျနေသဖြင့် ကျောင်းထမင်းစားရုံသို့မသွားတော့ဘဲ သမဂ္ဂ


ပျော်ပွဲ စားရုံတွင်ပင် ညစာကို မှာစားလျက်ရှိသည်။

သူတို့ဝိုင်းထဲမှ ကိုဗဆွေ (ယခု ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူး)က ကျွန်တော့်ကို ကိဘ


ု ဟိန်း နှင့်
အသိဖွဲ့ပေးလေသည်။ ကိုဗဆွေကား စစ်ကိုင်းကျောင်းဆောင်တွင် ကျွန်တော်နှင့် အခန်းခြင်းကပ်နေ၍
တယောက်ကို တယောက် ဆဲမနာ၊ ဆိုမနာ ခင်မင်သူ ဖြစ်သည်။

`ဒါ ကိုယ်တို့စစ်ကိုင်းကျောင်းဆောင်ကလေ။ ဒဂုန် မဂ္ဂဇင်းမှာစာတွေ ဘာတွေ ရေးတာပေါ့ကွ´ဟု ကိုဗဆွေ


က မိတ်ဖွဲ့ပေးသောအခါ ကိုဘဟိန်းသည် ဓါတ်စက်မှသော့ကိုလှည့်ရင်း သူ၏ကြာပွင့်ချပ်ကလေးထဲမှ
ဝတ်ဆံကို ဖွင့်လှပ်လိုက်သော ကဗျာဆန်သည့် အပြုံးဖြင့် တုံ့ပြန်ကာ …

`သြ … ဟုတလ
်ား။ ရတုပိုဒ်စုံတွေ ဘာတွေ ဒဂုန်မှာဖတ်ဖူးပါတယ်။ မန္တလေးမှာ နေကထဲက တွေ့ဖူး ပါတယ်
´

ကိုဘဟိန်းသည် လူဖတ်နည်းလှသော ကျွန်တော်၏ရတုပိုဒ်စုံများကို ဖတ်ဖူးသဖြင့်အံ့သြ၍သွား၏။ သူသည်


ကဗျာကို မြတ်နိုးသူ တယောက်ဖြစ်သည်။

`ကျွန်တော်တော့ မေရှင်ကို အတော်ကြိုက်တယ်။ ခင်ဗျားကော ဘယ့်နှယ့်လဲ´ဟု ပြောကာ သူသည်


`ချစ်၍ခေါ်ရာ၊ ချစ်၍ခေါ်သည်´ကို ဒုတိယအကြိမ် ထပ်၍ ဖွင့်ပြန်၏။ ပြီးလျှင် `သော်တာငွေမင်း´ကို ဖွင့်၏။
သူသည် ဂီတကို ချစ်သည်။ သူနှင့် ကျွန်တော်သည် ခဏနှင့်ပင် စကားလက်ဆုံကျလျက်ရှိကြသည်။
ကာလပေါ် ဗမာဂီတ အခြေအနေကို သူသည် ဝေဖန်လျက်ရှိသည်။

`တချို့က အင်္ဂလိပ်တီးလုံးသွား သီချင်းတွေကို မကြားနိုင်ကြဘူး။ နားပိတ်ထားချင်သတဲ့ဗျ။ သာယာတဲ့


တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ။ ဂီတဆိုတာ လူတမျိုးတည်း ကန့်သတ်ထားတာ မဟုတ်ဘူး။
ကျွန်တော့်အဖို့တော့ သာယာလှပတဲ့ တေးဂီတဆိုရင် နိုင်ငံခြား ဂျပန်ပဲဖြစ်ဖြစ်၊ ကုလားပဲဖြစ်ဖြစ်၊ ဣတာလျံ
ပဲဖြစ်ဖြစ် နားထောင်တာပဲ။ တချို့က အင်္ဂလိပ်သံဆိုရင် အသံသေး အသံကြောင်ဆိုပြီး နားမထောင်နိုင်ကြ
တာ အံ့သြဆရာပဲ´ စသည်ဖြင့် သူက ပြောလေသည်။

တဘက်စားပွဲစွန်းတွင် သမဂ္ဂအမှုဆောင်တစုနှင့် နိုင်ငံရေးအကြောင်း ငြင်းခုံစကားကောင်းလျက်ရှိသော


ကိုဗဆွေက ဂီတနှင့်ပတ်သက်၍ ဆွေးနွေးလျက်ရှိသော ကိုဘဟိန်းနှင့်ကျွန်တော်တို့ဘက်သို့ လှည့်ကာ
`အေး … မင်းတို့နှစ်ယောက်ကတော့ ကိုက်မှာပဲ။ ဘဟိန်းကလဲ ၀တ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတ လိုက်စား
ချင်နဲ့တော့။ မင်းတို့ နှစ်ယောက်က စိတ်ကူးယဉ် သမားတွေကိုး´ဟု ပြောကာ ရယ်မော၍ နေသည်။

`လူဆိုတာ အလှအပကို မက်တာပဲ။ ကဗျာဂီတရဲ့ အလှအပကို မကြည်နူးဘဲမနေနိုင်ဘူး။ လူဟာမင်းပြော


တဲ့ စိတ်ကူးယဉ်ပဲ ဆိုပါတော့။ ကဗျာဂီတကို နားလည်မွေ့လျော်တာဟာ ယဉ်ကျေးလာတာကွ´ဟု ရယ်မော
ရင်း ကိုဘဟိန်းက ပြန်ပြောလေသည်။

ကိုဗဆွေပြောသလိုပင် သူနှင့်ကျွန်တော်သည် မကြာမီပင် ခင်မင်ရင်းနှီးကာ ကျောင်းတွင် တတွဲထဲတွဲလျက်


ရှိပေသည်။ သူသည် မန္တလေး ကောလိပ်မှလာစ ဘီအေ ပဋ္ဌမနှစ်။ ကျွန်တော်ကားကျောင်းရောက်စ ဥပစာ
ပဋ္ဌမနှစ် ဖြစ်ပေသည်။

(၂)

အကယ်၍ ကိုဘဟိန်းသည်နိုင်ငံရေးသမား မဖြစ်လျှင် ဧကန်စာရေးဆရာတယောက် ဖြစ်မည်ဟုကျွန်တော်


ထင်သည်။

သူသည် စာပေကိုလည်း အင်မတန် ၀ါသနာပါသည်။ ကားလ်မတ်စ်၏ကွန်မြူနစ်စာပေ ပရိယတ္တိကသ


ိုာ
မဟုတ် အနုစာပေကိုလည်း ဖတ်သူဖြစ်သည်။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။

တခါက သူသည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း၌ တက္ကသိုလသ


် မဂ္ဂတွင်ရှိစဉ် ဂေါ်ကီ၏ ၀တ္ထုတိုတပုဒ်
ကို ဗမာလို ဆီလျော်အောင် ဘာသာပြန်ဖူးသည်။ သူသည် ကျွန်တော့်ရှေ့တွင်ပင် ၀တ္ထုတိုကို ရေးပေသည်။

သူ၏၀တ္ထုသည် ထိုအခါက နာမည်ထွက်စပြုလျက်ရှိသော လက်ရွေးစဉ်မဂ္ဂဇင်းတွင် ပါစေသည် (လက်ရွေး


စဉ် မဂ္ဂဇင်းကို စတင်တည်ထောင်သူအယ်ဒီတာမှာ ဂျာနယ်ကျော်တွင် မကြာခဏ ရေးလေ့ရှိသော
ကွယ်လွန်သူ အဆန်းဆရာကြီးဖြစ်သည်။) ကိုဘဟိန်း ရေးသော ) ၀တ္ထုတို၏ အမည်မှာ `လေလွင့်သူ´
ဖြစ်၍ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသောဘ၀အကွေ့၌ တွေ့ဆုံကာ ရင်းနှီးခင်မင်ပုံ သဘာဝကို ပြထား သော
ငတ်မွတ်ခြင်းဘွဲ့ တပုဒ်ဖြစ်သည်။

ဒဂုန်မဂ္ဂဇင်းတွင်ပါဝင်သော သူ၏ `ဘ၀ခရီး´ အမည်ရှိ ၀တ္ထုတိက


ုားဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှ သည်။
ကုလား ဗမာ အဓိကရုဏ်းကို နောက်ကားခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာသူငယ်ချင်း နှစ်ယောက်၏
မေတ္တာနှင့်ငတ်မွတ်ခြင်း အကြောင်းကို ပေါင်းစပ်ကာ ရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏
စာရိတ္တကိုလည်း သိမ်မွေ့စွာ ထည့်သွင်းထားသေးသည်။

ထွန်းအေးစာအုပ် ဖြန့်ချိရးဋ္ဌာနမှထုတ်ဝေသော `ဓနရှင် လောက´ ကား ဗမာစာနယ်ဇင်းလောကတွင်


ထင်ရှားသည်။`ဓနရှင် လောက´သည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစေ့ ဖြစ်သည်။
ရှင်းလင်းပြတ်သား၍ လှသည်။ ဤစာအုပ်တွင် ကိုဘဟိန်းသည် အရေးအသား၌ နိုင်နင်း ကျွမ်းကျင်ကြောင်း
ဖေါ်ကြွားထားပေ၏။ သုသည် စာရေးကောင်းသူတယောက် ဖြစ်သည်။

အင်္ဂလိပ် ပြေးခါနီး သူထောင်မကျခင်က ချားလ်ဒစ်ကင်း၏ နာမည်ကျော် `မျှော်တလင့်လင့်´ ၀တ္ထုကြီးကို


`လူ့အလို´ အမည်ဖြင့် ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့် ကြုံသဖြင့် စာမျက်နှာ(၆၀)ကျော်သာ
ပုံနှိပ်ပြီးစီးရသေးသည်။ အကယ်၍ သည်ဝတ္ထုသာ ထွက်လာလျှင် ဗမာ စာပေလောကတွင် ကျော်စော
ထင်ရှားဦးမည့် ၀တ္ထုကောင်းတပုဒ် ဖြစ်ပေမည်။ သူသည် နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေရာ တဖေါင်
ရိုက်နေစဉ် နောက်တဖေါင် ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေး စာအုပ်ဖြန့်ချိရေးဋ္ဌာန အလုပ်ခန်းတွင်
ထိုင်ကာ ရေးပေးသော ၀တ္ထုဖြစ်သည်။ သူ့မှာ ၀တ္ထုရေးဆရာကြီး တယောက်ဖြစ်နိုင်သော လက္ခဏာတွေ
အများကြီးရှိသည်။ သို့သော် ဗမာပြည်ကို လွတ်လပ်ချင်သောစိတ်၊ ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်လို
သော စိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘ၀ ကတည်းကပင် ထောင်ကျဆင်းရဲ အနစ်နာ
ခံကာ နိုင်ငံရေးသမား ဖြစ်လာရခြင်း ဖြစ်ပေသည်။

`ဇမ္ဗူကျွန်းလုံး` သီချင်းခံကို ဂီတ၌အတန် ၀ါရင့်သူများသာ ရပေသည်။ ကိုဘဟိန်းသည် ဇမ္ဗူကျွန်းလုံး


သီချင်းခံကို အစအဆုံး ပင် ဆိုနိုင်သည်မှာ အံ့သြဖွယ် ကောင်းပေသည်။ ဇမ္ဗူကျွန်းလုံးသည် ဂီတ၀ိသော
ဓနိကျမ်း၌ တမျက်နှာကျော် ရှည်လျားသည်။

အေ၀မ်း ဓာတ်ပြားများကို သူသည် နှစ်သက်သည်။ ပြည်လှဘေ ဆိုသော `နတ်ရှင်နောင်´ သီချင်းကို


တူရိယာ တီးမှုတ်သူ တွေ့တိုင်း တီးခိုင်းလေ့ရှိသည်။ နတ်ရှင်နောင်ထဲမှ `ပေါ်နွေလလျင်´ရတုကို မရတရဖြင့်
ညည်းသည်။ ဒိုရာသန်းအေး၏ `လှေကလေး´ ကိုလည်း သူအတော် သဘောကျသည်။

တက္ကသိုလ် ရာဇ၀င်ကထိက ဦးဘညွှန့် သီဆိုဓာတ်ပြားသွင်းသော ဆုထူးရွယ် သီချင်းကို သူသည်


ဓာတ်ပြားမထွက်ခင်ကတည်း က ရနေသည်။ ဦးဘညွှန့်မှာ ကိုဘဟိန်းနှင့်ခင်ရာ ဦးဘညွှန့် တယောလေးနှင့်
ဆိုလေ့ရှိသည်ကို နားဖြင့် မှတ်ကြားကာ ရနေဟန် တူလေသည်။ ကိုဘဟိန်းကား
အခြားနိုင်ငံရေးသမားများလို မဟုတ်။ နိုင်ငံရေးသမားများနှင့်သာမဟုတ်၊ အနုပညာသမားတွေနှင့်လည်း
ခင်မင်ပေါင်းသင်းသူ ဖြစ်ပေသည်။

ကိုဘဟိန်းသည် လူအဖြစ် ကုန်လုံပြည့်စုံသူ တယောက်ဖြစ်သည်။ လူတွင် ချစ်စိတ်ကြိုက်စိတ် ရှိသည်။


ဆန့်ကျင်ဘက် လိင်ကို ကြိုက်တတ်သည်။ ကိုဘဟိန်းသည်လည်း ချစ်စိတ် ကြိုက်စိတ် ရှိသည်။
တက္ကသိုလ်တွင် ရှိစဉ်က လှပသည့် ကျောင်းသူတဦးကို ကော်ရစ်ဒါ အကွေ့တွင်
စကားလိုက်ပြောသည်ဆိုသော သတင်းထူးသည် တက္ကသိုလ်နယ်တွင် ပျံ့နှံ့သွား၏။ ကိုဘဟိန်းသည်
လူဖြစ်သည်။ သူတယောက်တည်းသာမဟုတ် ပုတုဇဉ် အားလုံးသည် ဥမ္မာတကော မဟုတ်လား။

ဘီအေ အထက်တန်းတွင်ရှိသော ၁၉၃၉ ခုနှစ်က သူသည် သထုံကျောင်းဆောင်တွင် မနေဘဲ မြေနီကုန်းရှိ


ပြည်လမ်းမကြီးမှ အရှေ့ဘက်သို့ ချိုးဝင်ရသော မြေနုလမ်းတွင် နေကာ နေ့ကျောင်းသားအဖြစ်
ကျောင်းတက်လျက်ရှိသည်။ သူနှင့်အတူ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) နှင့် သူ၏ညီ မောင်သန်းနိုင်တို့ နေသည်။
ကျွန်တော်သည် အတန်းအားချိန်တွင် သူ၏နေအိမ်သို့ မကြာခဏ သွားလည်လေ့ ရှိသည်။သူ၏ အိမ်တွင်
ဓါတ်စက်တလုံး ရှ၏
ိ ။

ကိုဘဟိန်းတွင် လူတွေကို ချစ်ခင်တတ်သော မေတ္တာဓါတ် ကြွယ်ဝသည်။ အထူးသဖြင့် သူသည်


ကလေးများကို အင်မတန် ချစ်ခင်တတ်သည်။ တနေ့ ကျောင်းအားချိန်တွင် မြေနုလမ်းအိမ်သို့ သွားလည်ရာ
သူသည်(၄)နှစ်သား အရွယ် ကလေးလေးကို ဒူးနှစ်ဖက်ကြား တွင် ပွေ့ဖက်ကာ`သည်ဆောင်းဟေမန်´
ဓါတ်ပြားကို ဖွင့်လျက်ရှိသည်ကို တွေ့ရသည်။ ကလေးလေး၏ နှပ်ချေးများကို သူကိုယ်တိုင် လက်ဖြင့်
သုတ်သင်ပေးသည်။ သူသည် သည်ကလေးလေးကို အင်မတန် အလိုလိုက်သည်။

ကျွန်တော်က မသင်္ကာ၍ ကိုထွန်းရှိန်ဘက်သို့လှည့်ကာ `ဘယ့်နှယ့်လဲ ကိုထွန်းရှိန် သူ့မှာ နှမချော၊


အဒေါ်ချောမှ ရှိရဲ့လား´ဟု ကလေးကို မေးငေါ့ပြရင်း ရယ်မောကာ မေးလိုက်၏။ ကိုဗဟိန်းကား ဓါတ်စက်မှ
သော့ကိုသာ အတွင်လှည့်နေသည်။

ကိုထွန်းရှိန်သည် အိမ်ဘက် လမ်းရှေ့ဆီသို့ ငေးကြည့်ကာ `မသိတော့လားဗျာ´ ဟု ခပ်ပြုံးပြုံး ဖြေလေသည်။

သူ၏ အိမ်ရှေ့တွင်ကား ဆရာဖြစ်သင် ကောလိပ်ကျောင်းသူ မခင်ကြီး ရှိသည်။ ကိုဘဟိန်းသည်


မခင်ကြီးအား ချစ်သူဘ၀ ကတည်းကပင် အတော်ချစ်၏။ ၁၉၃၉ ခုနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက်
အတွင်းက သူနှင့်ကျွန်တော် ရှမ်းပြည်သို့ မန္တလေးမှ ဖြတ်သန်း သွားခဲ့၏။ ထိုစဉ်က မန္တလေးသို့ မင်းလတ်
သင်္ဘေဖြင့် ဆန်တက်လျက်ရှိရာ သင်္ဘောပေါ်တွင် ကိုဘဟိန်းသည် မခင်ကြီးအကြောင်းကို တတွတ်တွတ်
ပြောလျက်ရှိ၏။ မခင်ကြီးထံသို့ တနေ့ တစောင်ကျ စာထည့်၏။ သင်္ဘေဆိပ်ကမ်းမြို့ တမြို့သို့
ဆိုက်ကပ်လျှင် ကျွန်တော်က စာတက်၍ ထည့်ရ၏။ ကျွန်တော့် အမေထံသို့ စာထည့်ရန် ရန်ကုန်က
ဝယ်လာခဲ့သော ဒစ်ကင်ဆန် စာရေးစက္ကူကပ် အပြာနုမှာ သူ့ မခင်ကြီး ထံသို့ စာရေးသဖြင့် ရှမ်းပြည်
နမ်းမတူ ရောက်အောင် မခံဘဲ အကုန်ချောတော့၏။

(၃)

ကိုဘဟိန်းကို သူ့မိဘများက ကြေးမှုံသဖွယ် အရိပ်တကြည့်ကြည့်နေအောင် ချစ်၏။ သူ ရန်ကုန်


တက္ကသိုလ်သို့ လာသောအခါ မိဘများက သူ၏ သေတ္တာကို ချိပ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့်
ကြပ်နေအောင် သိပ်ပေးခဲ့၏။ ကိုဘဟိန်းမှာ သပ်သပ်ရပ်ရပ် နေတတ်၏။

ရှမ်းပြည်အသွားတွင် ကျွန်တော်သည် လက်ဆည်ကန်ရှိ ကိဘ


ု ဟိန်း၏ မိဘများအိမ်တွင် ရက်သတ္တ
တပတ်ခန့် တည်းခိုရ လေသည်။ ထိုအခါ သူ၏ ဖခင် ဦးမှင်က သူ့ကို စကားမပြော။ မခေါ်ဘဲ နေသောအခိုက်
ဖြစ်၏။ သို့သော် ရှမ်းပြည်တွင် လည်ပတ်သောအခါ အချမ်းလုံအောင်ဆို၍ သားအတွက် ရှူးဖိနပ်ကို
ကိုယ်တိုင် ဆေးသုတ်ပေးရှာ၏။ ဤမျှ သားကို ယုယ၏။

တည ကျွန်တော်တို့ ရှိစဉ် သခင်အောင်ဆန်းသည် မန္တလေးသို့ နိုင်ငံရေးကိစ္စနှင့် လာခိုက်ဖြစ်၍


ကိုဘဟိန်းထံသို့ အလည် လာ၏။ ကိုဘဟိန်း အပြင်သို့ ထွက်နေသဖြင့် သခင်အောင်ဆန်းသည် ဦးမှင်နှင့်
စကားပြောလျက် ရှ၏
ိ ။ ကိုဘဟိန်းအကြောင်း ရောက်သွားသောအခါ ဖခင် ဦးမှင်က `သူ့ကို ကျုပ်တက
ို့
ဘယ်လောက် အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပေမယ့် သူက မိဘကို နိုင်ငံရေးလောက် ချစ်တာ မဟုတ်ဘူး´ ဟု
ပြောလေသည်။

သခင်အောင်ဆန်း နှုတ်ဆက်၍ ပြန်သွားသောအခါ ဦးမှင်သည် ကျွန်တော့်ဘက်သို့ လှည့်၍


`ကိုအောင်ဆန်းနဲ့ ဘဟိန်းဟာ အတူတူပဲ။ သူတို့က နိုင်ငံရေးကို မိဘထက် အပုံကြီး ချစ်တယ်´ ဟု
ပြောလေသည်။

မိခင်နှင့် အစ်မများကလည်း သူ့ကို`ကိုဟိန်း-ကိုဟိန်း´ နှင့် ပါးစပ်ဖျားလေးတွင်၊ ကိုဘဟိန်းသည် သူ့မိခင်၏


ပေါင်ကို ခေါင်းအုံးကာ မိခင်၏ ယုယစွာ ဆံပင်သပ်ပေးခြင်းကို ကျေနပ်စွာ ခံလျက်ရှိသည်။
အစ်မလုပ်သူများက ဘေးတွင် ထိုင်စကားပြောလျက်ရှိကြ၏။

မိဘများက သူ့ကို ဘယ်လောက်ပင်ချစ်ချစ် သူသည် နိုင်ငံရေးအတွက် အတွယ်အတာများကို စွန့်ပယ်ကာ


မိဘ၏ အေးချမ်း ရိပ်ငြိမ်သော အရိပ်တွင် မနေနိုင်ဘဲ ကြမ်းတမ်းခက်ထရော်၍ မာကြောလှသော
အကျဉ်းထောင် နံရံလေးဘက် အတွင်း၌သာ ဆင်းရဲခြင်း ဒုက္ဒ ကို တွေ့ကြုံရလေသည်။

သူသည် အ၀တ်အစားကို သပ်သပ်ယပ်ယပ် ၀တ်ဆင်တတ်၏။ သန့်ရှင်းစွာ နေတတ်၏။ ဘန်ကောက်လုံချည်


အပြာကို ကြိုက်၏။ ဂီတကို ချစ်၏။ သူ့ကို အဝေးက ကြည့်လိုကလ
်ျင် ပေါ်လွင်၍ ကြက်သရေဖြင့်
ရွမ်းရွမ်းမြသော သူ၏အပြုံးသည် ကြာပန်းမှ ၀တ်ဆံကို ဖွင့်လှပ် တင့်ကြွားလိုက်သလို မြင်လိုက်ရ၏။ သူ၏
ရုပ်သည် ယဉ်ကျေးသိမ်မွေ့သော လူလတ်တန်းစား ဟန်သွင်ဖြစ်၏။ သို့သော် ကျောင်းသားဘ၀ ကတည်းက
မကွေးထောင်၊ အင်းစိန်ထောင်တို့တွင် နေရ၏။ တိုက်ပိတ်ခံရ၏။ အင်္ဂလိပ် ပြေးခါနီး အဖမ်းခံရ၍
ထောင်အမျိုးမျိုးပြောင်းကာ ဒုက္ဒကို တွေ့ကြုံ၏။ ဆင်းရဲခြင်းနှင့် နဘမ်းလုံး၏။

(၄)

ရှမ်းကုန်မြေမြင့်ဒေသကား လွင်ပြင်မှာထက် စော၍ နေ၀င်သည်။ နေ၀င်သော်လည်း အမှောင်ထုသည်


မင်းမမူ။ လသည် ငြိမ့်ငြိမ့်ကြီး ထွက်လာလေတော့သည်။

ငွေလရောင်သည် တောနှင့် တောင်ကို ပွေ့ဖက်ကာ မြူလိုက်လေသည်။ တဘက်တွင်


မှိုင်းညို့သောသစ်တောနှင့် စောက်မတ်သော မြေထရံကြီး။ တဘက်တွင်း ရေတံခွန်တို့ဖြင့် ပြွမ်းကာ
တသွင်သွင်စီးဆင်းနေသော ဒုဋ္ဌာဝတီမြစ်။

မြစ်ကမ်းရှိ သစ်ပင်တို့သည် ငွေသရဖူ-ငွေမကိုဋ်ကို ဆောင်းကာ သူတို့၏အလှကို ၀င့်ကြွားလိုက်သည်။


မြစ်ယံမှ ရေတံခွန်တို့သည် ငွေလရောင်ဦးဝယ် တလက်လက် ကွန့်မြူး၍ နေသည်။

လားရှိုးသို့တက်သော မီးရထားသည် မန်ဆန်ဘူတာရုံကို ကျော်လေပြီ။

ကိုဘဟိန်းသည် ငွေလရောင်၏ အလှတွင် ယစ်မူးကာ မေရှင်၏ ကျောင်းပိတ်ရက် သီချင်းကို တအေးအေး


ညည်းလျက် ရှိလေသည်။

ရေတံခွန် သွယ်ဖြာစီးလို့ရယ်

တောင်ခြေ နှင်းမြူတွေဝိုင်းတယ်

အလျှိုလျှိုတောင်ညို တန်းလို့ကွယ်

ပျိုပျို လွမ်းပါလှတယ်…..

ရှမ်းပြည်သို့ လည်ပတ်စဉ်က ကိုဘဟိန်းနှင့် ကျွန်တော်တို့တွင် နောက်ခံနိုင်ငံရေး ရည်ရွယ်ချက် ရှိသေးသည်။


အကယ်၍ လမ်းပန်း သာမည်ဆိုလျှင် နယ်ခြားကို ဖြတ်သန်း၍ တရုတ်-ဗမာ လမ်းမကြီးတလျှောက်
တရုတ်ပြည်တွင်းသို့ သွားရန်ဖြစ်၏။ တရုတ်ပြည်သို့ ရောက်မိလျှင် နိုင်ငံခြား အဆက်အသွယ်
ရနိုင်မည်ဖြစ်၏။ သို့သော် အကြောင်း မသင့်သဖြင့် သိန္နီသို့ ရောက်သောအခါ ရှမ်းပြည်ပုဒ်မ (၁၀) ကြောင့်
ဆက်မသွားနိုင်တော့ဘဲ ပြန်ခဲ့ရ၏။

လွယ်ယိုးသည် ငွေလရောင်နှင့် မှောင်ရိပ်ကြားဝယ် ငြိမ်ဝတ်စွာရှိသည်။ ယူနန်-ဗမာ လမ်းမကြီးသည် ငွေပြာ


ဖဲပြားကို ဖြန့်ထားဘိသကဲ့သို့ မှတ်ထင်ရ၏။

တရုတ်ပြည်သို့ သွားကြသော မော်တော်ကားတန်းကြီးသည် လမ်းဘေးတွင် အိပ်စက်လျက်ရ၏


ှိ ။
မလှမ်းမကမ်းတွင်ကား ဒမ်းစတေရှင် ခေါ်သော လက်နက်စက်ရုံကြီးသည် ကုန်းမြင့် အစွန်းဝယ် ပေါ်နေ၏။
တဘက်တွင်ကား မှိုင်းညို့သော လားရှိုး လေယျာဉ်ပျံကွင်း ကြီးသည် ငွေလရောင်ဝယ် ၀မ်းလျားမှောက်၍
နေသည်။

တောတောင်ရေမြေသာမဟုတ် လေသည်လည်း ငွေရောင်ဖြင့် ပြွမ်းသည်။ ကိဘ


ု ဟိန်းနှင့် ကျွန်တော်သည်
ယူနန်-ဗမာ လမ်းမကြီး ပေါ်တွင် လမ်းလျှောက်နေကြစဉ် သူက စတင်၍ `လသာတယ်ဗျာ၊ တယ်ပြီး
ကြည်နူးစရာကောင်းတာပဲ။ ဒီငွေလရောင်က ကျွန်တော့ရဲ့ အတွင်းစိတ် တခုကို ထကြွရွင်လန်းအောင်
လှုံဆော်ပေးတယ်။

ကျွန်တော်က သူသည် ရန်ကုန်တွင်ရှိသော မခင်ကြီးကို တမ်းတလွမ်းဆွတ်လိမ့်မည် ဟု အောက်မေ့လျက်


ရှိသည်။

`ကဲ ဆိုစမ်းပါဦး´ဟု ကျွန်တော်က ၀င်ထောက်၏။

`အဲဒီတော့၊ ဒီလိုငွေလရောင် မြူးခိုက်မှာ စိတ်ဟာ ကြည်လင်ရွင်လန်းပြီး လီနင်ရေးတဲ့ နိုင်ငံတော်၊ အစိုးရနှင့်


တော်လှန်ရေး အကြောင်းကို ဆွေးနွေးရအောင်….´

ကျွန်တော်ထင်သည်မှာ တက်တက်စင် လွဲလေပြီ။ လသာသဖြင့် သူယုံကြည်သော ကွန်မြူနစ်ဝါဒကို


ပြောချင်သည်။ ကျွန်တော်လည်း စိတ်မပါလှဘဲ သူ၏ လီနင်ဝါဒများကို နားထောင်၍ နေရလေသည်။
ကိုဘဟိန်း၏ ရုပ်ဝါဒတရားသည် လှပတင့်ထူးသော ငွေလရောင်ဝယ် ပြန့်လွင့်ကာ ပဲ့တင်ထပ်လျက်
ရှိလေသည်။

(၅)

ကျွန်တော်ကား နိုင်ငံရေးသမား မဟုတ်၊ ကွန်မြူနစ်လည်း မဟုတ်။ သို့သော် ကိုဘဟိန်းနှင့် ကျွန်တော့်ကို


မေတ္တာကြိုး သွယ်ထား၏။ တခါက သူ၏ဓါတ်ပုံကို ကျွန်တော့်အား အထိမ်းအမှတ်
လက်ဆောင်ပေးသောအခါ ဓါတ်ပုံ၏ နောက်ကျော၌ `ကိုယ်တို့နှစ်ဦးကို တွယ်တာချစ်ခင်ခြင်းသည်
ဂဟေဆက်စေ သတည်း´ ဟု စာထိုးလိုက်၏။

တခုသွား၍ သတိရ၏။ ဂျပန်ခေတ်က နိုင်ငံခြားရေးဋ္ဌာနသည် အင်းလျားကန်စွန်းရှိ `အိမ်ဖြူ´ တွင်


ရုံးလုပ်ထား၏။ ကိုဘဟိန်း သည် နိုင်ငံခြားရေး ဒုတိယ အတွင်းဝန်ဖြစ်နေ၏။ ကျွန်တော်သည် ရန်ကုန်သို့
ခေတ္တလာလည်စဉ် နေ့တိုင်း သူ၏ ရုံးခန်းတွင် အချိန်ဖြုန်း၏။ သူသည် အက်ဂါစနိုးရေးသော
`တရုပ်ပြည်ပေါ်က ကြယ်နီ´ စာအုပ်ကို ဖတ်လျက်ရှိသည်။

ကျွန်တော်မှာ ရန်ကုန်သို့ ၂-ရက် ၃-ရက်ဆိုပြီး တောမှအလာ (၃)လခန့် ကြာပြီး သောင်တင်လျက်ရှိရာ


လဲစရာ လုံချည်ပိုမရှိ။ ဘန်ကောက်လုံချည် အပြာတထည်ကိုသာ မချွတ်တန်း ၀တ်နေရ၏။ သို့ဖြစ်ရာ
ကိုဘဟိန်း ၀တ်ထားသော မန္တလေးလုံချည် အစိမ်းနှင့် လဲရန် အတင်းပူဆာ၏။ ကျွန်တော်တို့သည် သူ၏
နိုင်ငံခြားရေးဋ္ဌာန အတွင်းဝန်ရုံးခန်း တံခါးကိုပိတ်ကာ ဘောင်းဘီတို ကလေးတွေနှင့် တယောက် လုံချည်
တယောက်လဲကြ၏။ ပြီးလျှင် နှစ်ယောက်သား အူတက်မတတ် ရယ်မောလျက် ရှိကြလေသည်။
သည်အကြောင်းကို မခင်ကြီးအား ပြောပြသောအခါ `ရှင်တို့ဟာ ခလေးတွေလိုပဲနော်၊ အရှက်လဲ မရှိဘူး´ဟု
ရယ်ကာကြိမ်း၏။

သူကား ကျွန်တော့်ကို အခွင့်သင့်တိုင်း နိုင်ငံရေးလောကသို့ သွေးဆောင်၏။ အင်္ဂလိပ် တော်လှန်ခါနီးက


ဒို့ဗမာ အစည်းအရုံး ၀င်ရန် ဖျားယောင်း၏။ နောက် ကွန်မြူနစ်ဖြစ်သောအခါ သူ ဥက္ကဋ္ဌ လုပ်သော
အလုပ်သမားသမဂ္ဂတွင် ပါဝင်ရန် တိုက်တွန်း၏။ သို့သော် ကျွန်တော်ကား နိုင်ငံရေးသမား မဖြစ်၊
စာပေလောကတွင်သာ မွေ့လျော်၏။

ကဗျာကိုတွေ့လျှင် လူတွေ ချစ်သလို ကိုဗဟိန်းကိုလည်း တွေ့လျှင် မချစ်ဘဲမနေနိုင်။ သူ၏ အပြုံးသည်


အင်မတန် ချစ်ဘွယ် ကောင်းသည်။ အပြုံးမှာ ကဗျာလေးတပုဒ်နှင့် တူနေ၏။ အင်္ဂလိပ်စာ ပါမောက္ခ ရုတ်စ်
ကပင် ကိုဘဟိန်းအား `နှစ်လိုဖွယ် ကောင်းသော သူငယ်ပဲ´ဟု ပြော၏။ ဒါကြောင့် သူ့ကို ကဗျာဟု
ကျွန်တော်က ခေါ်၏။ ကျွန်တော့်အထင်ဖြင့် သူ့အမူအယာ၊ သူ့အပြုံးကလေးများသည် ကဗျာဆန်လှ၏။

ကိုဘဟိန်းကား ကျွန်တော့်ကို နိုင်ငံရေးသမား ဖြစ်စေချင်၏။ သို့သော် မဖြစ်။ ကျွန်တ်ေက ကိုဘဟိန်းကို


စာရေးဆရာ ဖြစ်စေချင်၏။ သို့သော် မဖြစ်။ ကိုဘဟိန်း မကျမ်းမာ၍ မန္တလေးတွင် ဆေးကုလျက်ရှိစဉ်
တနေ့သ၌ သုဓမ္မ၀တီ ပုံနှိပ်တိုက်တွင် သခင်ဘကိုးနှင့် သွားတွေ့၏။

`ဘယ့်နှယ့်လဲ ကိုဘဟိန်း ဘယ်လိုနေသေးသလဲ´ဟု ကျွန်တော်က မေး၏။

`ဒီလိုပဲ…ရောဂါက တန်းနေတာပဲဗျာ၊ မန္တလေး ဆေးရုံမှာ တက်နေတယ်။ ခင်ဗျားတောင် ကိုဘဟိန်းက


မေးလိုက်တယ်´
နောက် ၁၀-ရက်ခန့်ကြာသောအခါ ကျွန်တော်လည်း နေမကောင်း၍ အိပ်ယာထဲတွင် မှိန်းနေစဉ်၊ တည၌
သမာဓိ သတင်းစာတိုက် မှ မိတ်ဆွေ အယ်ဒီတာတဦးက `ကိုဘဟိန်းတယောက် မန္တလေး ဆေးရုံမှာ ဆုံးပြီ´
ဟု လာရောက်ပြော၏။ ကျွန်တော်သည် အံ့အားသင့်ကာ ထိတလ
် န့်တုန်လှုပ် သွားသည်။

ကိုဘဟိန်း၊ ကိုဘဟိန်း၊ ချစ်လှစွာသော သူငယ်ချင်း ကိုဘဟိန်းကား မရှိတော့ပြီ။ ။

ဒဂုန် တာရာ
ဇန်န၀ါရီလ၊ ၁ ၉ ၄ ၇

သခင်နု ---- မုနတ


် င
ိုး ထဲက သစ်ရွကတ
် ရွက်

(၁)

သခင်နု- ကျောင်းသား သပိတ်၊ ကျောင်းသား သပိတ် - သခင်နု။

ကျွန်တော့်အဖို့ရာကား သခင်နုနှင့် ၁၉၃၆ ကျောင်းသားသပိတ်သည် ခွဲခွါ၍မရအောင် ဆက်စပ်၍ နေသည်။

ဗမာပြည် နိုင်ငံရေး ရာဇ၀င်တွင် ၁၉၃၆ ခု ကျောင်းသားသပိတ်သည် မှတတ


ိုင် တတိုင်ဖြစ်သည်ဟု
ထင်သည်။ ၁၉၃၆ ခု ကျောင်းသားသပိတ်သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ အသင်းချုပ်
ကြီးကို မွေးဖွားပေးလိုက်သည်။ ကျောင်းသားများသမဂ္ဂ၏ ကြွေးကြော်သံဝယ် လူထုကြီးသည် မျက်စေ့ကို
ပွတ်ကာ ထလိုက်ကြသည်။

ကျွန်ပညာ အလိုမရှိ။

သခင်ပညာ ပေးလော့။
ပညာရေး ပြုပြင်ပေး။

ကျောင်းသားများ သမဂ္ဂသည် လူထု၏ အသဲစွဲ ဖြစ်လာသည်။

၁၉၃၆ ခု ကျောင်းသားသပိတ်မှ ပေါ်ပေါက်လာသော ကျောင်းသားများသမဂ္ဂသည် ၁၉၃၈ ခု ရေနံမြေ


အလုပ်သမား အရေးတော်ပုံကြီးဝယ် နယ်ချဲ့စနစ် တိုက်ခိုက်ရေး တပ်ဦးသို့ ဘွားကနဲ ရောက်လာလေပြီ။
သမဂ္ဂသည် အလုပ်သမား၊ လယ်သမားတို့နှင့် အတူလက်တွဲကာ အရှင်းရှင်စနစ် ဆန့်ကျင်ရေး အလံတော်
ကို လွှင့်ထူခဲ့ကြပေပြီ။

အရင်းရှင်စနစ် ပျက်စီးပါစေ။

မီးတုတ်… မီးတုတ်… ရှို့ရှို့။

သူပုန်…. သူပုန်.... ထထ။

အရေးတော်ပုံ အောင်ပါစေ။

ကျောင်းသားများသမဂ္ဂသည် နယ်ချဲ့တိုက်ခိုက်ရေး အင်အားစုကို ရှေ့ဆောင်လာလေပြီ။ ဤ ၁၉၃၈


အထွေထွေသပိတ် အရေးတော်ပုံ၏ သားသ္မီးများ ဖြစ်ကုန်သော သခင်များ၊ ကျောင်းသားများသည် ဟိုင်နံ
ကျွန်းသို့ လျှို့ဝှက်စွာ စစ်ပညာသင် သွားပြီး ၁၉၄၁ က အင်္ဂလိပ် မောင်းထုတ်ရေးကို ရှေ့ဆောင်ပြု
ကြလေပြီ။

၁၉၄၁ - ၁၉၄၅။ ဖက်ဆစ်မုန်တိုင်းကြီး။

ဤ ဖက်ဆစ်တော်လှန်ရေးကြီးကို ဤ ၁၉၃၆၊ ၁၉၃၈၊ ၁၉၄၁ ခု အရေးတော်ပုံများ၏ တိုးတက်သော


အစိတ်အပိုင်းကပင် ပြုခဲ့ပေပြီ။ ဤ ဖက်ဆစ်တော်လှန်ရေးကပင် အမျိုးသားတပ်ပေါင်းချုပ်ကြီးဖြစ်သော
ဖဆပလ ကိုမွေးဖွားလိုက်လေပြီ။

ယခုကား လွတ်လပ်ရေး အောင်ပွဲကို ဆင်နွဲကာ ပြည်ထောင်စုမြန်မာ သမ္မတနိုင်ငံတော် ဟု ကြေညာခဲ့ ပေပြီ။

၁၉၃၆ ကျောင်းသားသပိတ်၏ အမှတ်အသား သခင်နု။


၁၉၃၈ ၊ အထွေအထွေ သပိတ်အရးတော်ပုံ၏ အမှတ်အသား - သခင်ဘဟိန်း၊ ဒေါက်တာလှရွှေ။

၁၉၄၁ ၊ အင်္ဂလိပ်မောင်းထုတ်ရေး အမှတ်အသား သခင်အောင်ဆန်း။

၁၉၄၅ ၊ ဖက်ဆစ်တော်လှန်ရေး အမှတ်အသား သခင်စိုး။ သခင်သန်းထွန်း။ ဗိုလ်ချုပ်အောင်ဆန်း။

၁၉၄၆ ၊ ၁၉၄၇၊ ဖ ဆ ပ လ အမှတ်အသား ဗိုလ်ချုပ်အောင်ဆန်း။

ယခု ဖဆပလ ဥက္ကဋ္ဌ နှင့် နိုင်ငံတော်ဝန်ကြီးချုပ် သခင်နု။

(၂)

၁၉၃၆ ကျောင်းသားသပိတ်။

ကျွန်တော်သည် ကျိုက်လတ် အမျိုးသားကျောင်းတွင် ပညာသင်လျက်ရှိသည်။ သပိတ် မမှောက်ခင်ကပင်


သခင်နု အကြာင်းများ ကို သတင်းစာတွင် ဖတ်ရ၏။ သမဂ္ဂတရားပွဲ တပွဲတွင် သမဂ္ဂဥက္ကဋ္ဌ သခင်နုက
`ဦးဥတ္ထမကြီး ကုလားပြည်ပြန်လော့´ ဟု ကြွေးကြော်လိုက်ပုံ ကို ဖတ်ရသောအခါ သု၏ ရဲရင့်ခြင်းအတွက်
တက်ကြွ၍ နေခဲ့၏။ နောက် ကျောင်းအုပ်ကြီး မစ္စတာ စလောစ်နှင့် သခင်နု အပြန်အလှန် စာပေးသည့်
သတင်းများကို ဖတ်ရ၏။ လူငယ်များက သခင်နုကို ချီးကျူးကြသည်။ ဘီအေဘွဲ့ကို ပြန်အပ်ကြောင်း
ကြားရသောအခါ၊ လက်ခုပ်တီးကာ သြဘာပေးလိုက်ကြသည်။

ဇ၀န၏ ကောလိပ်ကျောင်းသားကိုဖတ်၍ တက္ကသိုလက


ို အထင်ကြီးနေစဉ် တက္ကသိုလ်၏ `ငွေလရောင် နှင့်
အရိပ်´ဇာတ်လမ်းများ ကို အိပ်မက် မက်နေစဉ် သခင်နုက ဘီအေဘွဲ့ကို ပြန်အပ်လိုက်ကြောင်း ကြား
ရသောအခါ သခင်နုကို နှစ်သက်စွဲလမ်းမိသည်။

ဖေဖေါ်ဝါရီလ(၂၅) ရက်နေ့တွင် တက္ကသိုလ်မှ ခေါင်းဆောင်၍ သပိတ် မှောက်လိုက်သည့် သတင်းကို


ကြားရသောအခါ ရင် တလှပ်လှပ် ဖြစ်လာ၏။ သပိတ်ကြီးကို မော်တော်ကားအမိုးတွင် လှန်တင်ကာ ကားကို
တ၀ုန်းဝုန်း ထုပြီး `ဘာစီတီ ဘာစီတီ ဘွိုက်ကောက် ဘွိုက်ကောက်´ ဟု အော်ကြသော အသံ သည်
ရန်ကုန် ဘုရားလမ်းမှ ကျော်ကာ နယ်သို့ တဝေ့ဝေ့ ပဲ့တင် ထင်ရိုက်လာသည်။

ကျွန်တော်တို့ ဆယ်တန်းကျောင်းသားများမှာ စာမေးပွဲ နီးကပ်၍ အိမ်တွင် စာကျက်ရန် အခွင့်ပေးထား သော


ကျောင်းအားရက် အတွင်းဖြစ်လေရာ သပိတ်သတင်းကိုသာ နားတစွင့်စွင့် ရှိနေကြ၏။
ထိုအခိုက် ဖျာပုံကျောင်းသားများနှင့် ဆက်သွယ်ကြ၏။

တညနေတွင် ဖျာပုံမှ `ဖျာပုံမှောက်ပြီ။ အဆွေတို့လည်း မှောက်ပါ´ ဟူသော သံကြိုးစာကို ရ၏။ ဆယ်တန်း


ကျောင်းသားများ စုဝေးကာ သပိတ်မှောက်ရန် ဆုံးဖြတ်ကြပြီး သပိတ်မှေက် ကြေညာစာတမ်းကို လက်မှတ်
ထိုး၍ ရန်ကုန်သပိတ်စခန်းသို့ ပို့လိုက်ကြ၏။

ထိုညတွင်ကျောင်းသားတဦး၏ အိမ်တွင်မအိပ်ဘဲ တညလုံး တရုတ်မှင်တောင့်များကိုဖျော်ကာ ကြွေးကြော်


သံများကို ရေးပြီး ဈေးဆိုင်များ၊ ကုက္ကိုလ်ပင်များတွင် ကပ်ကြသည်။

သပိတ်မှောက်ပြီ။

ကျွန်ပညာကို မီးရှို့လော့။

စုတ်ချာသော ပညာရေးကို အမြန်ပြုပြင်။

နောက်တနေ့တွင် လူများသည် မိုးပေါ်ကကျလာသလို ဗြုန်းကနဲ တွေ့ရသော ကြွေးကြော်သံများကို အံ့သြ စွာ


ဖတ်ကြရသည်။ ရှုတ်ချမည့်သူကား မရှိ။ မြို့မ စုံထောက်သည် ကျောင်းသားများကို လိုက်၍ မေးမြန်း ၏။

သို့နှင့် သပိတ်သည် တောမီးလောင်သလို တပြည်လုံး ကူးစက် တောက်လောင်၍ သွားလေပြီ။

(၃)

သပိတ်မှောက် ခေါင်းဆောင်များသည် အနယ်နယ်သို့ ၀ါဒ ဖြန့်ဖြူးရေး တရားဟော ထွက်လာကြ လေသည်။


ကျွန်တော်တို့မြို့ကိုကား သခင်နု၊ သခင်ဗိုလ်(ဂျပန်ခေတ်က ကွန်မြူနစ် ပြောက်ကျား ကိုယ်စားလှယ်၊
လေယာဉ်ပျံပျက်ကျ၍ဆုံးသူ) ကိုထွန်းတင် (ယခု ဗိုလ်မှူးထွန်းတင်)တို့ လာကြသည်။ ကွယ်လွန်သူ ဖေဘီယံ
အဖွဲ့ဝင် သတင်းစာဆရာ ဦးဘခိုင်လည်း သခင်နုတို့နှင့်အတူ ပါလာသည်။

သတင်းစာထဲမှ မျက်နှာမဲ စာလုံးများဖြင့် ကော်လံဦးမှ ဖေါ်ပြသော သခင်န၏


ု ဓါတ်ပုံရိပ်ကို ယခု ကိုယ်တိုင်
တွေ့ရပေပြီ။ သင်္ဘေဆိပ်မှ ဆင်းလာပြီး သင်္ဘောဆိပ်အနီး ကျွန်တော်တို့အိမ်တွင် ခေတ္တနားသည်။

အိမ်တွင် လဘက်ရည်ပွဲဖြင့် တည်ခင်းကာ သခင်နုကို မြို့ပေါ်ရှိ လူများနှင့် မိတ်ဖွဲ့ပေးသည်။ အမျိုးသား


ကျောင်းအုပ်ကြီးနှင့် သခင်နုမှာ ဖေါ်ရွေပြုံးရယ်ကာ စကားပြောနေကြသည်။
သခင်နုသည် မီးခိုးရောင် သက္ကလပ် အပေါ်ဖုံး၊ အစိမ်းရင့် မန္တလေးလုံချည်ကို သပ်ယပ်စွာ ၀တ်ထားသည်။
ဆံပင်၏ အတွန့်အလိပ် များမှာ လှိုင်းထလျက်ရှိသည်။ သူ၏ မျက်နှာမှာ ကြည်လင်၍ ဖြူစင်ခြင်း လက္ခဏာ
သည် တောက်ပ၍ နေသည်။

အထူးခြား အပေါ်လွင်ဆုံးကား တဖိတ်ဖိတ် ရွမ်းမြသော မျက်လုံးများဖြစ်သည်။ သူ၏ မျက်လုံးများမှာ


ကောင်းကင်ပြာမှ ကြယ်ပွင့် ကဲ့သို့ ချစ်ဖွယ်ကောင်းသည်။ ပရိဿတ်ကို ဆွဲငင်စွဲလန်းအောင် လုပ်သော
စိတ်တန်ခိုး နဂါးငွေ့များသည် ဤကြယ်ပွင့်မှ ဖိတ်ကျရစ်သန်း လျက် ရှိပေသည်။

သခင်နုသည် လဘက်ရည်စားပွဲတွင် စကားပြောနေရာမှ ဧည့်ခန်းထောင့်ရှိ စန္ဒယားကို သွားမြင်၍ `သြ …


စန္ဒယားနဲ့ ပါကလား၊ ဘယ်သူတီးသလဲ´ ဟု ပြုံးကာ မေးသည်။ သူသည် လူ့ဘ၀၏ လူမှုရေးရာ
မြောက်မြားစွာထဲတွင် သီချင်းဂီတကိုလည်း မမေ့ပေ။

သခင်နုသည် ကျိုက်လတ်တွင် နှစ်ရက်ခန့်နေစဉ် ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီးအား


သွားရောက် ကန်တော့သေး သည်။ တနေ့လုံး အချိန်ယူ၍ ကုသိနာရုံ စသော ဘုရားပုထိုးများကို လှည့်လည်
ဖူးမြှော်သည်။ ကျွန်တော်တို့ ကျောင်းသားတတွေကား သူ၏ နောက်မှ တကောက်ကောက်
လိုက်၍နေကြသည်။

တိလောက မာရဇိန် ဘုရားအထွက်တွင် အ၀တ်အစား စုတ်စုတ်နွမ်းနွမ်းနှင့် လူတယောက်ကို သခင်နုက


နှုတ်ဆက်စကား ပြောသည်ကို တွေ့ရသည်။ သူသည် ပြုံးရယ်ကာ ဖေါ်ရွေစွာ နှုတ်ဆက်ပြောဆိုသည်။
ကျွန်တော်တို့ စိတ်ထဲတွင်ကား သူ၏ မေတ္တာဓါတ်ကို ချီးမွမ်း၍ နေမိသည်။

သပိတ်လှန်ကာနီး ဂျူဗလီဟောလ် တွင် ကျင်းပသော ပဋ္ဌမနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံသို့


တက်ရောက်သောအခါ ကျောင်းသားများ၏ ပါးစပ်ဖျား၌ `ကိုကြီးနု´ ဟူသော အသံသည် ဒေါင့်နေရာ
တိုင်းတွင် ကျူးရင့်မြည်ဟီးလျက် ရှိသည်ကို ကြားရလေသည်။

(၄)

အမှန်အားဖြင့် ကျွန်တော်သည် သခင်နုနှင့် တခါမှ လက်ပွန်းတတီး မနေခဲ့ရဘူးပေ။ ကျွန်တော် တက္ကသိုလ်


သမဂ္ဂတွင် ရှိသောအခါ သခင်နုသည် ဒို့ဗမာ အစည်းအရုံးတွင် ရောက်နေပေပြီ။ သို့သော် နိုင်ငံရေးရာ၊
စာပေရးရာတို့တွင် သခင်န၏
ု ပုံကားချပ် တစေ့တစောင်းကလေးများကား ရံဖန်ရံခါ ဆိုသလိုပင် ဆုံတွေ့နေ
ရပေသည်။

တခါက ကိုအောင်ဆန်း ဥက္ကဋ္ဌဖြစ်သောနှစ် သမဂ္ဂက ဒေါက်တာဘမော်၏ တက္ကသိုလ်ပြင်ဆင်ရေး


ဥပဒေကြမ်းကို ပယ်သည့် ကိစ္စနှင့် ပတ်သက်၍ ကျောင်းသားအချို့ မကျေနပ်၍ အယုံအကြည်မရှိ
အဆိုတင်သွင်းရန် စိုင်းပြင်းလျက် ရှိ၏။ သမဂ္ဂက လူထုအစည်းအဝေး ကို ခေါ်ပေးရ၏။

သမဂ္ဂစည်းမျဉ်းတွင် ပါတီနိုင်ငံရေး၌ မစွက်ဖက်ရဟူသော စာပိုဒ် ပါရှိရာ ထိုစာပိုဒ်ကို ကိုးကား၍


အတိုက်အခံဘက်က ဆူပူလျက် ရှိသည်။ ကျောင်းသားများမှာ အတိုက်အခံဘက်သို့ ယိမ်းလျက်ရှိရာ လက်ရှိ
သမဂ္ဂအမှုဆောင်များ၏ အခြေအနေမှာ စိုးရိမ်စရာ ဖြစ်နေသည်။

သို့သော် လူထုအစည်းအဝေးပွဲတွင် သခင်နုကို စကားပြောခွင့်ပေးလေသည်။ ကိုအောင်ဆန်းတို့က သခင်နု


ကို ဒို့ဗမာ အစည်းအရုံးမှ ခေါ်လာရသည်။ သခင်နု ထ စကားပြောသောအခါ ဝေါဝေါ အော်နေသော
ပရိဿတ်သည် ငြိမ်သက်သွားလေသည်။

သခင်နု၏ သတ္ထုသံပါသော အသံသည် ခန်းမကြီးတခုလုံးတွင် တလွင်လွင်ပြည့်လျက် ရှိသည်။


သတ္ထုသံသည် တဒေါင့်မှ တဒေါင့်သို့ ဝေ့ရိုက်လျက် ရှိသည်။ သူ၏ ကုလား-ဗမာ အဓိကရုဏ်းအတွက်
စိတ်ထိခိုက်ပုံကို စပြောသောအခါ ပရိဿတ်သည်လည်း သူနှင့် အတူ လိုက်၍ စိတ်ထိခိုက်နေပုံ ရသည်။

နောက် အဓိကရုဏ်းတွင် ညွန့်ပေါင်းအစိုးရ တာဝန်မကျေပုံမှ စပြီး လက်ရှိသမဂ္ဂ အမှုဆောင်၏


ကိုယ်ရေးကိုယ်တာကို စွန့်ကာ ဆောင်ရွက်ကြပုံကို ချီးကျူးပြောသည်။ ပရိဿတ်ကား သခင်နုခေါ်ရာသို့
လိုက်ပါကြလေပြီ။ နောက်ဆုံး မဲခွဲသောအခါ သမဂ္ဂ အပြတ်အသတ် အနိုင်ရလေသည်။

သည်ကတဲက ကျွန်တော်သည် သခင်နု၏ ဆွဲငင်နိုင်သော သံလိုက်ဓါတ်ကို ယုံကြည်မိသည်။

သခင်နု၏ တစေ့တစောင်း ကားချပ်များထဲတွင် စကော့ဈေးနားရှိ နဂါးနီစာအုပ်တိုက်သည် နောက်ခံကား


အဖြစ် ပေါ်လာတတ် ပေသည်။ … လက်နှိပ်စက် ရိုက်သံ၊ … သခင်စိုး၊ သခင်သန်းထွန်း တို့နှင့်အတူ
သခင်နုကို စာအုပ်များကြားထဲမှ တွေ့မြင်ရတတ်သည်။ သူတို့သည် နဂါးနီ စာအုပ်အသင်းကို စတင်
တည်ထောင်သူများ ဖြစ်ကြသည်။

၁၉၃၉ ခုက ကျွန်တော်သည် သခင်ထိန်ဝင်းနှင့် ကိုဗဆွေတို့၏ တိုက်တွန်းချက်အရ ဖိလစ်ပိုင် မျိုးချစ်


ဒေါက်သာ ဂျိုဆေရီဇော် ရေးသားခဲ့သော ( အထိမခံ ) ၀တ္ထုကြီးကို ဘာသာပြန်ခဲ့ရာ ပြီးဆုံး၍ စကော့ဈေးရှိ
နဂါးနီတိုက်သို့ သွားပေးသည်။ ( ထိုစာမျက်နှာ ၃၀၀ ရှိ ဘာသာပြန် လက်ရေးမူမှာ ဂျပန်အတက်
သခင်ဗိုလ်၏အိမ် မီးလောင်ရာတွင် ပါသွားပြီ။)

နဂါးနီ အခန်းတွင် သခင်နုကို တွေ့ရသည်။ ကျွန်တော်သည် စာအုပ် ဘီဒိုထဲရှိ ရောင်းသော စာအုပ်များကို


ကြည့်ရှုနေရာ သခင်နုသည် အပါးတွင် လာရပ်၍ `အခု ဘာစာအုပ်တွေ ဖတ်နေသလဲ၊ ဒါတွေ
ဖတ်ကြည့်ပါလား´ဟု ပြောကာ ဘီဒိုထဲရှိ လက်ဝဲစာအုပ် အသင်းမှ ကွန်မြူနစ်စာပေများကို
လက်ညိုးထိုးပြသည်။ ကျွန်တော်လည်း သူညွှန်ပြသော လီနင်စာပေစဉ်မှ မာ့ကစ် စာပေ စာအုပ် နှစ်အုပ်ကို
ဝယ်ခဲ့သည်။ သည်က စ၍ မာ့ကစ်ဝါဒနှင့် ပတ်သက်သော စာအုပ်များကို ပဋ္ဌမအကြိမ် ဖတ်ဖူးလေသည်။

(၅)

နဂါးနီစာအုပ်တိုက်မှ သခင်စိုး၏ `ဆိုရှယ်လစ် ၀ါဒ´ ကျမ်းသည် ဗမာပြည်တွင် ကွန်မြူနစ်ဝါဒ မျိုးစေ့ဦး တစေ့


ဖြစ်ပေ၏။ သခင်နု သည်လည်း ကွန်မြူနစ်ဝါဒ ခေတ်စားလာအောင် လုပ်သူတဦး ဖြစ်ခဲ့၏။ သူ၏
ဆောင်းပါးများကို နဂါးနီ သတင်းစဉ်တွင် ဖတ်ရ၏။

သူ၏`ခေတ်မှီ ပြဇာတ်များ´ ကိုကား အတော်ကို စွဲလမ်းခဲ့၏။ လူ့ အတ္ထုပ်ပတ် လူ့ဇာတ်ကို သရုပ်ဖေါ် ပြသော
လူ့ ဘ၀ကြေးမုံများ ဖြစ်၏။ ပြဇာတ်ထဲရှိ ပြောသော စကားများမှာ တကဲ့လူဆန်၏။ မြေကြီးနှင့် နီးကပ်၏။

`မယားဆိုးလင်´နှင့် `လင်ဆိုးမယား´မှာ သဘာဝ ကျလှ၏။ မယားဆိုးလင်ထဲရှိ မိန်းမကြီး၏ လေသံမှာ


ဖတ်နေရင်း နားထဲတွင် စူးဝင်လာ၏။ ဖေါင်သမားတဦး၏မယား လင်ငယ်နေပုံ ပြဇာတ်တခုမှာ လွမ်းစရာ
လည်းကောင်း၏။ သံဝေဂ ရဖွယ်လည်း ကောင်း၏။ `နောင်တော် ချွတ်ခဏ်း´ ပြဇာတ်ကား ထိုအခါက
သခင်နု၏ လူက
ျ့င့်တရားနှင့် နိုင်ငံရေးအမြင်ကို ဖွင့်ဟလိုက်ခြင်းဟု ထင်သည်။

လူမွဲတို့၏ ထွက်ရပ်လမ်း၊ လူပေါ် လူဇော် စသောဘာသာပြန် စာအုပ်ကြီးများလည်း ရေးခဲ့သေး၏။ လူပေါ်


လူဇော်မှာ အထူးသဖြင့် ကုန်သည်များအဖို့ အသုံးဝင်လှ၏။ ဂျပန်ခေတ်ကလည်း သူ၏ `ပုတုဇ္ဇနော
ဥမ္မတကော´ မှာ ကြွ၍ ဖျတ်လတ်၏။ `နွားသိုး ကြိုးပြတ်´ကား လိင် ပြဿနာကို မကွယ် မထောက်
ပြောပြထား၏။ သူသည် လူများကို အိမ်ထောင်မှု၊ လိင်မှု စသည်တို့ကို နားလည်စေချင်၏။

ယခုခေတ်တွင် ထွက်သော `မာ့(ခ်)ဆဇ္ဇင်း(မ်)´ကိုကား နာမများ အမှတ်ရ ခက်သဖြင့် မဖတ်ဖြစ်ခဲ့ပေ။


`လေးရာသီ ဗမာပြည်´ မှာ ဖွင့်ဟ ၀န်ခံချက်များ ဖြစ်ပေသည်။

သူ၏ `ရက်စက်ပါပေ့ကွယ်´ ၀တ္ထုကိုကား အကြိုက်ဆုံးပင်။ ယခုခေတ် စာပေလောကတွင် ထူးခြားသော


ရတနာ တခုပင် ဖြစ်၏။ ပဋ္ဌမ အရှင်းရှင် စနစ်၏ စာရိတ္တများကို ဖေါ်ကာ ၀တ္ထုကို ဖွင့်လိုက်၏။ (သို့သော်
ဖေါ်ပုံမှာ အကြမ်းပြေးနိုင်သည်ဟု ထင်၏။) နောက် တဖြည်း ဖြည်း တောင်ကို တက်ရဘိသကဲ့သို့ မြင့်၍
မြင့်၍ လာ၏။ မြင့်လာလေ မြေကြီးရှိ လှုပ်လှုပ်ရွရွ သနစ်တွေကို မြင်လာ၏။ အကျဉ်းသား ဘ၀ကို
မီးမောင်းထိုးပြသည်မှာ ပေါ်လွင်လှ၏။ ဖတ်ရင်း ဆင်းရဲ ပင်ပန်းလာ၏။ ပင်ပန်းလာ၏ ….နောက်,
ဆုံးသောအခါမှ သက်ပြင်းကို ရှုထုတ်နိုင်တော့၏။ ဆုံးသည်အထိ သိမ်မွေ့လှပစွာ ခေါ်ဆောင်သွားပေ၏။

စင်စစ်အားဖြင့် ဤ၀တ္ထုသည် ရာဇ၀တ်မှု ပပျောက်ရေးကို ရည်ညွှန်းထားသော ပြုပြင်ရေးဝတ္ထု ဖြစ်၏။


အကျဉ်းထောင်၏ ဒုက္ခကို အရိပ်ထင်ပြထား၏။

ဂျပန်ခေတ်က ကိုဘဟိန်း၏ နိုင်ငံခြားရေး အတွင်းဝန်ရုံးခန်းတွင် လက်နှိပ်စက်ဖြင့် ရိုကထ


်ားသော
`ညချမ်းချိန်ခါဝယ်´ပြဇာတ်ကို ဖတ်ခဲ့ဖူးသည်။သခင်နုတွင် မရိုက်ထုတ်ရသေးသော ပြဇာတ်၊ ၀တ္ထုများ
ရှိသေးသည်ဟု သိရ၏။ ဘယ်တော့မှ ထုတ်မည်မသိ။

သခင်နုကား ဖြဇာတ် ဘာသာပြန်ကျမ်း၊ ၀တ္ထုများကို ရေးခဲ့ရာ စာရေးဆရာ တဦးဟု ဆိုလောက်ပေသည်။

(၆)

လူအဖြစ်ကား သူသည် ကျယ်ဝန်းများပြားသော လူ့ဘ၀၏ အသွေးအသားတို့ကို ထိတွေ့ ဆုံမိသူ ဖြစ်၏။


လူ့ဘ၀သည်ကား သွေးသားတို့၏ အရာအားဖြင့်သာ ပြွမ်းတီးသည် ဖြစ်ကုန်၏။ သည်အထဲမှ
တယောက်တလေသာ ထူးချွန်၍ သွေးသားထဲမှ ရုန်းထွက်ကာ ဟိမ၀န္တာတောသို့ သွားပြီး ဘုရားဖြစ်ရန်
ကျင့်၏။ တခုတည်းသော ရည်မှန်းချက်ကို တမ်းတပြီး သဲသဲမဲမဲ လုပ်သူ၊ သခင်အောင်ဆန်း သည်လည်း
နိုင်ငံရေး တခုတည်းကိုသာစွဲပြီး ဒိုင်နမိုစက်လို မရပ်မနား ရှေ့သို့တိုးကာ အတင်းလုပ်သူ ဖြစ်၏။

သည်နေရာ၌ သခင်အောင်ဆန်းနှင့် သခင်နုမှာ မတူဟုထင်သည်။ အောင်ဆန်းမှာ တနေ့လုံး နေပူ


ကြီးထဲတွင် တကုတ်ကုတ် နိုင်ငံရေး တိုက်ပွဲများကို လုပ်ပြီးနောက် ညတွင် နိုင်ငံရေးနှင့် ပတ်သက်သော
ထမင်းလုံးတစ္ဆေ အိပ်မက်များနှင့် နပန်းလုံးနေခိုက်… သခင်နု ကား နိုင်ငံရေးမှ အားလပ်သည့်အခါ
နိုင်ငံရေးဖိုင်တွဲကြီးကို ခေါင်းအုံးရင်း ရေဒီယိုမှ မေရှင်၏ `မြပန်းဝတ်ကြည်´ တေးသံလေးတွင် ငြိမ့်၍
နေချင်ပေမည်၊ ဒါမှမဟုတ် ကဗျာတေးတပုဒ် ကာရန်တခုကို စိတ်ကူးချင် ကူးနေပေမည်။

လူ့ဘ၀တွင် အရေးကြီးဆုံး အရေး(၃)ခုကား အစာအာဟာရ၊ အ၀တ်အိုးအိမ်၊ လိင်ကိစ္စဖြစ်သည်ဟု


ဆိုသည်မှာ ဟုတ်သည်။ စင်စစ် နိုင်ငံရေးဆိုတာလဲ ဒါပဲ ဖြစ်၏။ အောင်ဆန်းလိုလူကား တခါက လိင်ကိစ္စကို
နောက်ထားချင် ထားခဲ့ပေမည်။ ဒါတွေအားလုံး၏ ပြွမ်းတီး ရောယှက်မှု အထွေထွေကို မပယ်နိုင်သည်ကို
တွေ့မြင်၍ ပုတုဇ္ဇနော ဥမ္မတကော ဟု ကျူးရင့်ကြပေမည်။ သခင်နုသည်လည်း ပုတုဇ္ဇနော ဥမ္မတကော
သဘောကို တွေ့မြင်ပေသည်။ တခါက ဂျပန်ခေတ်တွင် ကုက္ကိုင်းရှိ သခင်နု၏ နိုင်ငံခြားရေးဝန်ကြီးအိမ်တွင်
နေသော သခင်ဘဟိန်း ထံသို့ သွားလည်၏။

သခင်ဘဟိန်း ဇနီး မခင်းကြီး၏ မှန်တင်ခုံတွင် သခင်နုငယ်စဉ်က ဓါတ်ပုံကို ယိုးဒယားပန်းတွန့် မှန်ဘောင်


နှင့် အလှတင်ထားသည် ကို တွေ့ရသည်။

ရုပ်ပုံလွှာ၏ ကျောတွင် `ရီနဲ့ မောင်နု´ဟု လက်မှတ် ထိုးထားသည်ကို ဖတ်ရ၏။ သခင်ဘဟိန်းကား


သခင်နု၏ ကလေးကို ပွေ့ချီရင်း ကျွန်တော့်အားပြုံး၍ ကြည့်ကာ `မမရီကို ပေးတဲ့ပုံပေါ့ဗျ´ဟု ပြောလေ
သည်။

သခင်နုဧည့်ခန်ကား စန္ဒယားသံဖြင့် ငြိမ့်နေတတ်၏။ သူ၏၀င်းထဲတွင် ဦးညာဏ၊ မောင်ထင်တို့ကို ဗမာသစ်


ပြဇာတ်အတွက် သက်သက် ခေါ်ထားသည်ကို တွေ့ရ၏။ အဓိပတိ ရုံးခန်းတွင် ဒေါက်တာဘမော်နှင့်
ပြဇာတ်အကြောင်း၊ စာပေအကြောင်း နှစ်နှစ်ခြိုက်ခြိုက် ဆွေးနွေးပြောဆိုနေသည်ကို မကြာခဏ တစေ့
တစောင်း တွေ့ခဲ့ရဖူး၏။

ဂီတ၊ ပြဇာတ် စသော ယဉ်ကျေးမှု၊ လူ့ဘ၀ရေးရာတို့တွင် ခံစားမှု၌ သခင်အောင်ဆန်းနှင့် မတူသော်လည်း


နယ်ချဲ့စနစ်မှ လွတ်မြောက်ရေးကိုကား အတူယုံကြည် ကြ၏။ ထို့ကြောင့်ပင် သခင်အောင်ဆန်း အစိုးရ
အဖွဲ့ထဲဝင်သောအခါ သခင်နုကိုခေါ်ကာ ဖဆပလ ဒုတိယ ဥက္ကဋ္ဌ နေရာကို ခေါ်ပေးခဲ့ပေသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရသည့်ညက သခင်နုခေါင်းဆောင်၍ အစိုးရ အဖွဲ့သစ် ဖွဲ့သည်ဟု


သိရသောအခါ အနည်းငယ် စိတ်သက်သာရာ ရမိသည်။ တပါတီက ဦးစီး၍ တပါတီအစိုးရ တက်လျှင်
အာဏာရှင် ဆန်သွားပေမည်။ပါတီများက မပယ်နိုင်သော ကြားနေသူ တယောက်လည်း ဖြစ်သည်။
တခါကလည်း `ကွန်မြူနစ်ဝါဒ အောင်မြင်ပါစေ´ဟု ကြွေးကြော်ခဲ့သည်။

မုန်တိုင်းတိုက်သော်

လွင့်ဝိုက်လေပါ၊

ဝေ့လည်ချာနှင့်၊

မျောကာ သစ်ရွက် တရွက်တည်း။

သခင်နု၏ ဘ၀ကို ရှုကြည့်ရင်း အဆုံးမသတ်သော ကဗျာလေးကို ရေးစပ်မိ၏။ သစ်ရွက် တရွက်ကား


မုန်တိုင်းတွေ ပြင်းထန်စွာ တိုက်သည့်ကြားထဲမှပင် လွင့်ပျောက်၍ မသွားဘဲ ချာလည် ချာလည်နှင့် ဝေ့ကာ
မျောနေသည်။

အင်္ဂလိပ်ကို မောင်းထုတ်သည့် ဘီအိုင်အေ စစ်တပ် ချီလာစဉ် သခင်နုမှာ ထောင်ထဲတွင် ရောက်နေ၏။


ဂျပန်ခေတ်က ဖက်ဆစ် ဆန့်ကျင်ရေး မြေအောင်းလုပ်ငန်းများ လုပ်နေစဉ် သခင်နုသည် ပြဇာတ်ကို
လုံးပမ်းလျက် ရှိနေသည်။ ကွန်မြူနစ်ခေါင်းဆောင် သခင်ဘဟိန်း သည် သခင်နုအိမ်မှပင် မြေလျှိုးသွား ခဲ့၏။
နောက် ဂျပန် အပြေးဝယ် သူသည် အဓိပတိနှင့်အတူ မုဒုံသို့ ပါသွား၏။
၁၉၃၆ သပိတ် စသောလှုပ်ရှားမှုများတွင် သူသည် ခေါင်းဆောင်ခဲ့ပြီး၊ လက်နက်ကိုင် တော်လှန် ပုန်ကန်
ထကြွသည့် အရေးတော်ပုံ များတွင်ကား သူသည် မုန်တိုင်းထဲတွင် မျော၍နေပေသည်။

ပြန်လည် ထူထောင်ရေး ခေတ်တွင် သခင်နုသည် ၀န်ကြီးချုပ် ဖြစ်နေ၏။ လူမှုရေးရာကို လျစ်လျူမရှု။


တေးသီချင်း၊ ပြဇာတ်၊ စာပေစသည့် ယဉ်ကျေးမှုများကို မမေ့။ မျှမျှတတနှင့် အလယ်ကနေ၏။

သူ၏ နိုင်ငံရေး အမြင်ကား ခေတ်မှီချင်မှ မှီပေမည်။ သူ၏ နိုင်ငံရေး လုပ်ငန်းစဉ်ကား ခေတ်ပြောင်း


တော်လှန်ရေး မဟုတ်ဘဲ ပျော့ချင် ပျော့ပေမည်။ ကျွန်တော် မသိပေ။ ယခုစာသည် နု-အက်တလီ စာချုပ်ကို
ဝေဖန်ခြင်း မဟုတ်။ လူအဖြစ် သူ၏ ဘ၀ကို တစေ့ တစောင်း ကြည့်ရှုခြင်းသာ ဖြစ်ပေသည်။

သူ့ဘ၀နှင့် ယှဉ်လျှင် မဆုံးသော ကဗျာကိုပင် ထပ်၍ ဆိုပြချင်ပေသည်။

မုန်တိုင်းတိုက်သော်

လွင့်ဝိုက်လေပါ၊

ဝေ့လည်ချာနှင့်၊

မျောကာ သစ်ရွက် တရွက်တည်း။

ဒဂုန် တာရာ
မတ်လ ၁ ၉ ၄ ၈

သခင်သန်းထွန်း - အနီကို လေ့လာကြည်ရ


့ ခ
ျှုက်

(၁)
လူငယ်လည်း ဖြစ်ရမည်။ အ၀တ်အစား ခပ်စုတ်စုတ်၊ ခပ်နွမ်းနွမ်းနှင့် (ဒါမှ ပစ္စည်းမဲ့ သရုပ်ပေါ်ပေမည်ကိုး)။
မော်တော်ကား ခန့်ခန့်၊ ဆိုဖါ၊ အိုက်စကရင်နှင့် ကိတ်မုန့် စန္ဒယား စသည်တို့နှင့် မနီးစပ်ရ။ (တောအောင်း
နေနိုင်က ပိုကောင်းမည်။) အကြမ်းအတမ်း လက်နက်ကိုင် ထကြွမှုကို လိုလားသူ။ ယေဘုယျ လူအများက
ကွန်မြူနစ်ဆိုလျှင် ဤသို့ပဲဟု အောက်မေ့လျက် ရှိကြသည်။

ကွန်မြူနစ် ဆိုသူမှာလည်း စင်စစ် သွေးနှင့်သားနှင့် ပြုလုပ်ထားသော သတ္တဗေဒ အကောင်အထည် လူပင်


ဖြစ်ပါသည်။ လူဆိုသည်မှာ တဏှာပေမကို မပယ်နိုင်သူ၊ ဆန့်ကျင်ဘက်လိင်ကို တောင့်တသော သွေးစိတ်
သားစိတ်၊ မိမိသာလျင် တွင်ကျယ်ချင်သော အတ္တစိတ်၊ အခါတရံ အမှောင်ကဲ့သို့ မိုက်မဲတတ်သော မောဟ
စိတ် စသည်တို့နှင့် ပြည့်စုံသောလူပင် ဖြစ်သည်။ အဘိဓမ္မာ ဆရာကြီး ဒေါက်တာဂျုတ် ပြောသကဲ့သို့
`လူသည် မိမိသာ လူတွင်ကျယ်ဖြစ်ကြောင်း ပြလိုသည်´ ဆိုသော လူပင်ဖြစ်သည်။ လူဆိုသည်မှာ ဘယ်သူ
ပဲ ဖြစ်ဖြစ် အတူတူချည်းပဲ ဖြစ်သည်။

သို့သော်၊ သို့သော် … လူတွေထဲမှာပဲ လူညံ့၊ လူတော်၊ ပညာတတ်၊ ပညာမဲ့ စသောအသွေးအရောင် ကွဲပြား


ခြားနားတာတွေကား ရောထွေးယှက်လိမ်လျက် ရှိနေပေသည်။

ကျွန်တော့် အဖို့ရာကား မိုက်မဲတတ်၊ လိမ္မာတတ်၊ ညံ့တတ်၊ တော်တတ်သော လူများကိုသာ တွေ့မြင်နေ


သည်။ သည်အထဲ ကွန်မြူနစ် ဆိုသလ
ူ ည်းလူ၊ အခြားသူတွေလည်း လူပင် မဟုတ်လော။ ဒါကိုပဲမြင်သည်။

သို့ရာတွင် ကွန်မြူနစ် ဆိုသူကား တခုကို ယုံကြည်ကိုးကွယ်သူ ဖြစ်သည်။ ကွန်မြူနစ်ဝါဒကို ယုံကြည်


ကိုးကွယ်နိုင်ရန် လူ့ အတ္ထုပ္ပတ္တိ ရာဇ၀င်၊ လူ့ အတွေးအခေါ် အဘိဓမ္မာ၊ လူ့ နေမှုထိုင်မှု၊ နိုင်ငံရေး ဘောဂ ဗေဒ
စသည်တို့ကို ကမ္ဘာဦးရာဇ၀င်ပေါ်စမှ ယနေ့ အနုမြူခေတ်အထိ အဖြစ်အပျက်များကို သိရှိနားလည်
ရပေမည်။

ကွန်မြူနစ်ဝါဒကို ကားလ်မာက်စ်က ဖေါ်စပ်ခဲ့၏။ ကားလ်မာက်စ် သည် အင်္ဂလိပ်နိုင်ငံရေး ဘောဂဗေဒ ပညာ၊


ပြင်သစ်တော်လှန်ရေး နိသျပညာ၊ ဂျာမန်ရုပ်ပိုင်း အဘိဓမ္မာ စသည်များကို သူ့အမြင်နှင့် ပေါင်းစပ်၍
ကွန်မြူနစ်ဝါဒ ဆိုတာကို ဖေါ်ပေးလိုက်ခြင်း ဖြစ်သည်။ သူ့ အရင် ခေတ်ကလည်း လူ့အဖြစ်အပျက်များကို
မှီး၍ အတွေးအမြင်များ ရှိခဲ့ပေမည်။ သို့သော် သူက အားလုံးကို ရှာဖွေစူးစမ်းကာ ယထာဘူတ စနစ်တကျ
သိပ္ပံပညာ တရပ်အဖြစ် ပြုလုပ်လိုက်ခြင်းပင် ဖြစ်လေသည်။

နောက် လီနင်က မာက်စ်၏ ၀ါဒကို လေ့လာကာ တဖန် စူးစမ်းပြီး လက်တွေ့လုပ်လိုက်၏။ ရုရှပြည်ကြီးကို


ဆိုရှယ်လစ် နိုင်ငံတော်အဖြစ် တည်ထောင်လိုက်၏။ သူ၏ နိသျကို ကြည့်ရှုဆင်ခြင်ပြီး လီနင်ဝါဒဟု
ခေါ်ကြ၏။ နောက်တဖန် စတာလင်က ဆိုရှယ်လစ် နိုင်ငံတော် တည်တံ့ခိုင်မြဲအောင် လက်တွေ့လုပ်ကိုင်၏။
ထိုနည်းကိုပင်`စတာလင်ဝါဒ´ဟု ခေါ်စပြုပေပြီ။
ကမ္ဘာဦး သမတခေတ်က အနုမြူခေတ်အထိ လူ့ နေထိုင်မှုစနစ်များ ပြောင်းလဲလားခြင်းများကိုစနစ်ကျကျ၊
မှန်ကန်စွာ လေ့လာရှုကြည့်ပြီးမှ ရှေ့ကို ဘယ်လိုနည်းဖြင့် ဘယ်လိုလုပ်လျင် ဘယ်လိုခေတ်ကို ရောက်မည်
ဟု ကြံဆတွေးခေါ်ကာ ယုံကြည်ချက်အတိုင်း လုပ်ခြင်းသည် ကွန်မြူနစ် ဖြစ်လေသည်။

လောကတွင် ထမင်းရက်ချန် စားနေရသူနှင့် ဧည့်သည်များဖိတ်၍ နေ့လည်စားပွဲဖြင့် တည်ခင်းကျွေးမွေး


နေနိုင်သူ၊ လက်ထဲတွင်-၂-ပြားမျှ ပြည့်အောင်မရှိသူနှင့် အပို ရွှေဒင်္ဂါး ကုဋေ တရာကို ဘဏ်တွင် အပ်ထား
သူ စသည်ဖြင့် ကွာလှမ်းလှသော အဆင့်အတန်းကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လောကဓါတ်
ပညာထွန်းကားနေသည့် အကျိုးကို လူတိုင်းခံစားနိုင်အောင် အဘယ်ပုံ လုပ်မည်လဲ စသော လူ့လောက
ကြီးဝယ် မညီမျှမှု၊ အလွန်တရာ ကွာလှမ်းမှုတို့ကို ဖြေစွမ်းနိုင်မည့် အဖြေကို ရှာသူတို့သည် ကွန်မြူနစ်နိသျ
နှင့် သွားတွေ့ကြ ပေသည်။

ဥပမာ - တိုင်းပြည်တွင် လူ - ၁၀၀ ရှိသည် ဆိုကြပါစို့၊ ထိုပြည်၏ တနေ့ဝင်ငွေသည် - ၁၀၀ - ကျပ် ဆိုကြပါစို့။
လူ - ၁၀ - ယောက်မှာ ဓနရှင်များ ဖြစ်၍ သူ၏ အလုပ်သမား၊ လယ်သမားများကို လုပ်ခိုင်းရာမှ - ၈၀ - ကျပ်
ရ၏။ (ဖျမ်းမျှကြေး တဦးလျှင် - ၈ - ကျပ်) ကျန်လူ - ၉၀ -၏ ၀င်ငွေမှာ -၂၀ - ကျပ် ဖြစ်ပေမည်။ (ဖျမ်းမျှကြေး
- ၄ ပဲဖြစ်၏။) ဤကဲ့သို့ မညီမျှသော - ၈ - ကျပ်နှင့် - ၄ - ပဲကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လူ -
၁၀၀ - စလုံး အလုပ်လုပ်၍ ၀င်ငွေ - ၁၀၀ - ရသည်ဆိုလျှင် တဦးလျှင် ဖျမ်းမျှကြေး - ၁ - ကျပ် ရကြပေမည်။
အကြမ်းအားဖြင့် ဤသဘောသို့ ရောက်အောင် ကျိုးစားသူသည် ဆိုရှယ်လစ် ဘောဂဗေဒသဘောကို
ယုံကြည်နိုင်ပေမည်။

ဆိုရှယ်လစ်နှင့် ကွန်မြူနစ်မှာ ပဋ္ဌမအဆင့် နှင့် ဒုတိယအဆင့် ဖြစ်လေသည်။ ဖူးပြီးမှ သီးပွင့်ရသကဲ့ သို့၊ ၁ -


ပြီးမှ ၂ - လာရ သကဲ့သို့ ဆိုရှယ်လစ်ခေတ်မှ ကွန်မြူနစ်ခေတ်သို့ ကူးမြောက်ရပေမည်။

တန်းတူညီမျှခြင်းကား မဖြစ်နိုင်ပေ၊ လီနင်ကလည်း ဤသို့ ပြောခဲ့ပေသည်။ တခါက အင်္ဂလိပ်အဘိဓမ္မာ


ဆရာကြီး တဦးက ပြော၏။ `ဆိုရှယ်လစ် လုပ်ခြင်းဆိုသည်မှာ မညီမညာ ရှိနေတဲ့ မြေပြင်ကို ညှိပေးရ တာပဲ။
တောင်ကမူစာကလေးကို နည်းနည်းနှိမ့်၊ ဖြိုချ၊ ချိုင့်ဝှမ်းကို မြေနဲ့ဖို့တင်၊ အဲဒါပါပဲ။ တပြေးတည်း ညီနေအောင်
လုပ်တာ မဟုတ်ပါဘူး။´ သူပြောသကဲ့သို့ပင် ကမ္ဘာရှိ လူ့နေမှု ထိုင်မှု စနစ်ကြီးကို သမအောင်၊ ညီအောင်
ညှိပေးခြင်းသည် ဆိုရှယ်လစ် လုပ်ခြင်းပင်ဖြစ်သည်။

ဆိုဗီယက်ရှိ ကွန်မြူနစ် ဆောင်ပုဒ် တခုမှာ `သူ့ထံမှ သူ့ အရည်အချင်းအလျောက် အလုပ်ကိုရ၍၊ သူလတ


ိုာ
(နေမှု၊ ထိုင်မှု)ကို သူ့အား ပေးရမည်´ဟု ဖြစ်သည်။ စာချုပ်မှာ လူတိုင်း အလုပ်လုပ်ရ၍၊ လုပ်သလောက်
စားရပေမည်။ တံမြက်စည်း လှဲသူကလည်း လမ်းအမှိုက် ရှင်းလင်းပေး၍ ဆရာဝန်ကလည်း ပြည်သူ အတွက်
ဆေးစပ်ပေးပြီး နှစ်ယောက်စလုံး ၀၀လင်လင်စားနိုင်၊နေနိုင်သော နေမှု၊ ထိုင်မှုကို ရရှိကြပေ သည်။

ဤကား အကြမ်းအားဖြင့် ဆိုရှယ်လစ်၊ ကွန်မြူနစ် သဘောများဖြစ်၏။ ကွန်မြူနစ်ဝါဒ၏ အနုပဋိလောမ၊


ရုပ်ပိုင်းရာဇ၀င်၊ ရုပ်ဝါဒ စသော သဘောတရားများ ရှိသေး၏။ ဤ အတွေးအခေါ်များကို သိရှိနားလည်ကာ
ယုံကြည်နိုင်ရန် လူ့ရာဇ၀င်၊ အဘိဓမ္မာ၊ ဘောဂဗေဒ စသော ပညာ အခြေခံများ ရှိရပေမည်။ ဤအခြေခံ ရဖို့
တော်တော်တတ်သိနားလည် ရပေမည်။

ထို့ကြောင့်ပင် အထက်တန်းပညာ တတ်သူများသည် အများအားဖြင့် ကွန်မြူနစ်ဆန်ကြပေ၏။ တက္ကသိုလ်မှ


ကမ္ဘာကျော် ပါမောက္ခ များ၊ စာရေးဆရာကြီးများသည် ကွန်မြူနစ် ဆန်ကြပေ၏။

ကျွန်တော်အဖို့ရာကား ကွန်မြူနစ်ဆိုလျှင် အစက ဖေါ်ပြသကဲ့သို့ သူများကို မမြင်ဘဲ။ တကယ့် ပညာတတ်


များကို မြင်နေ၏။ သခင်သန်းထွန်းဆိုလျှင် ပညာတတ် အဖြစ်သာ မြင်နေမိ၏။
(၂)

သခင်သန်းထွန်းကို လူချင်း မသိမှီကတည်းက အမည်ကို ကြားဖူးနေ၏။ ကိုဘဟိန်းက သခင်သန်းထွန်း၏


အကြောင်းကို မကြာခဏ ကျွန်တော့်အား ပြောပြ၏။

ထိုအခါက ကိုဘဟိန်းသည် တက္ကသိုလ် ရိပ်သာရှိ သထုံကျောင်းဆောင်တွင် မရှိဘဲ မြို့ထဲ ၃၈ လမ်းရှိ


ဇ၀နတို့ စုဝေးနေကြသော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင်သန်းထွန်းလည်း နေ၏။

`သခင်သန်းထွန်းဆိုတာ တော်တော်စာဖတ်တယ်ဗျ။ မာက်စ် စာပေလည်း အတော်ဖတ်တယ်။ စာရေး


လည်းကောင်းတယ်´ဟု ကျောင်းဆောင်သို့ ပြန် အရောက်တျွင် ကိဘ
ု ဟိန်းက ကျွန်တော့်အား ပြောပြလေ့
ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စ တဦးပဲဟုသာ အောက့်မေ့လိုက်၏။

တနေ့တွင် သခင်ဗဟိန်းနှင့်အတူ ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဋ္ဌာနသို့ ရောက်သွားရာ သခင်


သန်းထွန်းနှင့် သွားတွေ့၏။ ကိုဘဟိန်းက ကျွန်တော့်ကို သခင်သန်းထွန်းနှင့် အသိဖွဲ့ပေး၏။

`သြ … သြ…ခင်ဗျား အကြောင်းလဲ သခင်ဘဟိန်းက ခဏခဏ ပြောပြပါတယ်ဗျာ …´ဟု သခင်သန်းထွန်း


က ပြုံးကာ ပြောလေသည်။

သူသည် မန္တလေး ပိုးအပေါ်ဖုံး၊ ပိုးလုံချည် ၀တ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး အရုပ်ဆိုးသည်ဟု ခေါ်ရ


ပေမည်။ အသားက ၀ါလဲ့လဲ့ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်း ဖြစ်၏။ အမူအရာမှာ
ပျော့ပျောင်း၏။ စကားပြောသောအခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာ ပြော၏။

အစက ထင်ထားသကဲ့သို့ အာပေါင်အာရင်းသန်သန် ဟစ်အော်သူမဟုတ်။ ညှင်းညှင်းညံ့ညံ့ လေသံနှင့်၊


ကဗျာဆရာ မီလတန်၊ လီနင်ဝါဒ၊ ကိုလိုနီခေတ်တော်လှန်ရေး၊ ဘားနတ်ရှောပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏
ဝတ္ထု၊ ဗြိတိလျှပါလီမန်၊ ဦးကုလား ရာဇ၀င်၊ သိပ္ပံမောင်ဝ၏ ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော
အကြောင်းအရာများကို ပြော၏။

နောက်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှ ထွက်ကြောင်း။ သူသည်(၁၀)တန်းတွင် အင်္ဂလိပ် စာ၊


ရာဇ၀င်၊ ဗမာစာ စသည့် ဂုဏ်ထူးများဖြင့် အောင်ခဲ့သည်ဟု သိရ၏။ ကျောင်းနေစဉ်က စာတော်သူ တဦး
ဖြစ်ခဲ့၏။ ထိုစဉ် အခါက သူသည် ရန်ကုန် အရှေ့ပိုင်း ကုလားကျောင်း တကျောင်းတွင် အင်္ဂလိပ်စာပြ ဆရာ
လုပ်လျက် ရှိလေသည်။

တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါးတစောင်ကို တက္ကသိုလ် သမဂ္ဂ မဂ္ဂဇင်းဟောင်း


တစောင်တွင် ဖတ်ရဖူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာရေးနိုင်သူ တဦးဖြစ်၏။ ဂျပန်ခေတ်သူဝန်ကြီး
ဖြစ်စဉ်က သူရေးထားသော အင်္ဂလိပ်စာကို ဖတ်၍ ယခု ဆိုရှယလ
် စ်ဝန်ကြီး ကိုကျော်ငြိမ်းက `အင်္ဂလိပ်စာ
ရေးတာ မြန်သလောက် ကောင်းတာပါပဲ´ဟု ချီးကျူးသည်ကို ကြားရဖူး၏။

၁၉၃၉ က၊ ဒို့ဗမာ အစည်းအရုံးမှ ကိုယ်စားလှယ် အဖွဲ့သည် ကွန်ဂရက်၏ ဖိတ်ကြားချက်အရ အိန္ဒိယပြည်


ရမ်းဂါးသို့ သွားကြ၏။ သခင်အောင်ဆန်း၊ ကိုဘဟိန်း၊ သခင်သန်းထွန်းတို့ ပါသွားကြ၏။ တက္ကသိုလ်
ကျောင်းသားသမဂ္ဂများက သခင်အောင်ဆန်း၊ သခင်သန်းထွန်း တို့ကို မကြာခဏ ဖိတ်၍ စကားပြောစေ
သည်ဟု သိရ၏။ သခင်သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။

ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ဖြစ်စဉ်က သူ့ဋ္ဌာနတွင် လုပ်သော အတွင်းဝန်များသည် သူ့ကို


လေးစားကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လယ်ယာစိုက်ပျိုးရေးကို လေ့လာနားလည်ပြီး ညာဝါး
ဖြန်းသန်းကာ မဆိုင်သည်ကို ၀င်ရောက်စွက်ဖက်ခြင်း မလုပ်သောကြောင့် ဖြစ်သည်။

သခင်စိုး၏ `ဆိုရှယ်လစ်ဝါဒ´ ကျမ်းစာအုပ်၏ အမှာကို သခင်သန်းထွန်းက ရေးသည်။ သူ့ဗမာစာမှာ တိုတို၊


လိုရင်းနှင့်အဓိပ္ပါယ်ပေါ်၏။ သတင်းစာဆန်၏။ ဖတ်သူစွဲပြီး အနက်ပေါ်လွယ်၏။ အဖြတ်အတောက် ကလေး
များမှာ ခေတ်ဆန်၏။ ရှင်းလင်းပြီး လှပ၏။ သတင်းစာ ဆရာလုပ်လျှင် သတင်းစာဆရာကောင်း တယောက်
ဖြစ်မည်ဟု ထင်၏။

သူသည် နဂါးနီစာအုပ် အသင်းကို တည်ထောင်သူ တဦးဖြစ်သည်။ သခင်စိုးနှင့် သူသည် ဗမာပြည်တွင်


မာက်စ်ဝါဒ၊ ကွန်မြူနစ် ၀ါဒကို ပဋ္ဌမဖြန့်ချိသူများ ဖြစ်ကြ၏။ သခင်စိုးက စကားလုံးအသစ် တည်ထွင်၍
ခံ့ညားသော စာကြီးပေကြီး၊ ပိဋကတ်စာပေ ဖြစ်အောင် လုပ်ပေး၏။ သခင်သန်းထွန်းကား ဆိုရှယ်လစ် ၀ါဒ
နှင့် ဗမာပြည်၊ ကမ္ဘာ စသည်တို့နှင့် ယှဉ်ကာ လူအများ နားလည်အောင် ပြောပြသူ ဖြစ်၏။ အဓိပ္ပါယ်ကို
ဖွင့်ပြကာ ရှင်းလင်း၏။

ယခုခေတ် ကွန်မြူနစ်ဝါဒကို လေ့လာသူတိုင်း သခင်စိုး၊ သခင်သန်းထွန်းတို့ ပြုစုစိုက်ပျိုးခဲ့သော အသီး


အပွင့်နှင့် မကင်းနိုင်ကြ။ သူတ၏
ို့ ကွန်မြူနစ် စာပေများကို ဖတ်ပြီး လူများသည် ကွန်မြူနစ်ကို သိလာကြ၏။
သူတို့ စကားလုံတွေကိုပင် သင်အံပြီး ဖေါက်ပြန်ရေး၊ ကလာပ်စည်း၊ လူမှုဆက်ဆံရေး စသည်ဖြင့် ကြွေး
ကြော်နေကြ၏။

ခက်သည်မှာ အတုအယောင်များက နိုင်နိုင် နေတတ်၏။ အတုအယောင်တို့က လွှမ်းမိုးတွင်ကျယ်သဖြင့်


လင်ဦးစွန့်၍ တီထွင်သူ အစစ်တို့မှာ ဖုံးကွယ်ခြင်း ခံနေရတတ်၏။ လူထုမှာ အတုအယောင်များက ကာထား
သဖြင့် အစစ်ကို မမြင်ကြရပေ။

သခင်စိုး၊ သခင်သန်းထွန်းတို့ စွန့်ကာ စလိက


ုသော ကွန်မြူနစ်လမ်းစဉ် စာတမ်းများကို ဖတ်ပြီး နိုင်ငံရေး
ဇာတ်ခုံပေါ် ရောက်လာကြ၏။ အာဏာတွေ ရလာကြ၏။

ကွန်မြူနစ် နိုင်ငံရေးစာပေတွင် ဝေါဟာရကို ကြွယ်ဝစေသော သခင်စိုးကား ထောင်နံရံထဲတွင် တိမ်မြုပ်


နေ၏။ လူအများ ရှင်းလင်း နားလည်အောင် အဓိပ္ပါယ် ကောက်ပြသော သခင်သန်းထွန်းကား ချုံနွယ်ပိတ်
ပေါင်းများ အကြားတွင် ရောက်နေရလေပြီ။
(၃)

တက္ကသိုလ် သမဂ္ဂ အမှုဆောင် အခန်းတွင် သခင်သန်းထွန်းကို မကြာခဏ တွေ့ရတတ်၏။ သခင်


အောင်ဆန်း ပင်းယဆောင်တွင် ရှိစဉ် သူသည် မကြာခဏ လာလည်ကာ နိုင်ငံရေးများကို ဆွေနွေးလေ့ ရှိ၏။
သူ့ကိုတွေ့တိုင်း မန္တလေး အပေါ်ဖုံး၊ မန္တလေး လုံချည်နှင့်ပြောင်ပြောင်လက်လက် တွေ့ရတတ်၏။ စကားကို
ညှင်းညှင်းညံ့ညံ့ ပြော၏။

ကိုဘဟိန်း အယ်ဒီတာချုပ်လုပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၏ ကြွေးကြော်သံ


`မျိုးညွှန့်´ မဂ္ဂဇင်း (၁၉၃၈) တွင် သခင်သန်းထွန်း၏ အရင်းရှင် ဆန့်ကျင်ရေး ဆောင်းပါးများကို ဖတ်မိ၏။
သူသည် ကိုလိုနီတော်လှန်ရေးကို လှုံဆော်ခဲ့၏။ ကျောင်းသားပိုင်းသည် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဝင်စား
လာကြလေပြီ။

သူသည် ကိုဘဟိန်းကို အတော်ခင်၏။ ခလေးလို အလိုလည်း လိက


ု၏။ ကိုဘဟိန်း၏ ဓနရှင်လောက
စာအုပ်အမှာတွင် သူသည် ကိုဘဟိန်း အကြောင်းပါ ရောဖက်ကာ ရေးထားရာ အတော်ဖတ်၍ ကောင်း၏။
သူသည် အမှာစာ ရေးကောင်းသူဖြစ်၏။

အိုးဝေ မဂ္ဂဇင်းတွင် ကျွန်တော် အယ်ဒီတာ ဖြစ်စဉ်က သခင်သန်းထွန်း၊ သခင်စိုးတို့ထံမှ ဆောင်းပါးများ


တောင်းဖူး၏။ သခင်စိုး၏ `လွတ်လပ်ရေးတိုက်ပွဲ´မှာ မထုတ်မီ ပြည်ထဲရေးဋ္ဌာနက ဆင်ဆာ လုပ်ရာတွင်
ပါသွား၏။ သခင်သန်းထွန်း၏ `နိုင်ငံရေး လက်တွေ့လုပ်လိုသူ များအဖို့ စကားလက်ဆောင်´ကား
ပုံနှိပ်ဖြစ်၏။
ထိုဆောင်းပါးကား ထိုခေတ်က ၀ါဒဖြန့်ပြီး အသိုင်းအ၀ိုင်းနှင့် နာမည်ကြီးအောင် လုပ်ကာ နိုင်ငံရေးလိုက်
စားကြသော ပေါ်ပင် နိုင်ငံရေးသမားများကို ပြောင်လှေင်၍ ထားသည်။ သရော်ချက်ပါ၏။ ဖတ်ရင်းရယ် မော
မိသည်။

ထိုဆောင်းပါး အိုးဝေ မဂ္ဂဇင်းတွင် ပါလာသောအခါ သခင်သန်းထွန်းမှာ နဂါးနီစာအုပ်အသင်း လူကြီး။ ဒို့ဗမာ


အစည်းအရုံး အမှုဆောင် အဖြစ်တွင် ထောင်ထဲ ရောက်နေပေပြီ။

နောက် ဂျပန်အ၀င် ဒိုင်အိုကျောင်း စစ်ဆေးရုံ၌ သူနှင့်တွေ့သောအခါ အိုးဝေမဂ္ဂဇင်းအကြောင်း စကားစပ်


မိရာ ….

`အဲဒီ ဆောင်းပါးထည့်တာ ခင်ဗျားကို ကျေးဇူးတင်တယ်´ ဟု ကျွန်တော့်အား ပြောသည်။

`ကျွန်တော်လည်း အဲဒီတုန်းက မထည့်ဘူးလို့ နေသေးတာ။ သခင်သန်းထွန်း ဆောင်းပါးဖတ်ပြီး သခင်


တွေဟာ ဒီလိုပဲ နိုင်ငံရေး သမားလုပ်နေတာလို့ ထင်မှာစိုးလို့ပဲ။ နောက်တော့ ဟာသ ပါတာ၊ စာပြောင်တာနဲ့
ထည့်လိုက်တာပဲ´ဟု ကျွန်တော်က ပြော၏။

သခင်သန်းထွန်းကား ပြုံးနေပေသည်။

သခင်သန်းထွန်းသည် တက္ကသိုလ်ကျောင်းသားများကို နိုင်ငံရေးဘက်ပါအောင်၊ နယ်ချဲ့ဆန့်ကျင်ရေးကို


ပြုအောင် ဆွဲဆောင်ခဲ့သည်ဟု ထင်၏။ ၁၉၃၉ ခု လောက်က မြေနီကုန်းရှိ ကိုဘဟိန်း၏ အိမ်တွင် သူက
ို့
မကြာခဏ တွေ့ရတတ်၏။ သခင်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်သန်းထွန်းနှင့် ဂိုရှယ်(ထိုအခါက ဘောဂ
ဗေဒ ဂုဏ်ထူးတန်းကျောင်းသား)တို့ကို တွေ့ရတတ်၏။

သခင်သန်းထွန်းတို့သည် ၁၉၃၉-ခုလောက် ကတည်းက ဗမာပြည် ကွန်မြူနစ်ပါတီကို ဖွဲ့စည်းနေကြသည်။


ကိုဘဟိန်းက ကျွန်တော့်ကို မာ့က်စ်ကျမ်းစာအုပ်များကို ပေးဖတ်စေပြီး ကွန်မြူနစ်ဘက်ပါရန် မကြာခဏ
ပြော၏။ သို့သော် ကျွန်တော်ကား စာပေကို ပို၍ ချစ်၏။ ကဗျာကို ပိုစပ်ချင်နေ၏။

လျှို့ဝှက်၍ထုတ်သော အရေးတော်ပုံ အမည်ရှိ စာတမ်းကို ၁၉၃၉-လောက်က ဖတ်လိုက်ရလေ၏။ ထို


`အရေးတော်ပုံ´ကား ပဋ္ဌမဆုံးသော ကွန်မြူနစ်ဂျာနယ် ဖြစ်ပေ၏။
(၄)

ဂျပန်ခေတ်က ရွှေတောင်ကြားလမ်းရှိ စိမ်းညို့မှိုင်းမှုန်သော တောရိပ်မြိုင်ခြေကလေးသည် တရေးရေးထင်


လာ၏။
ရွှေတောင်ကြားလမ်းနှင့် လောင်းဝစ်လမ်း အဆုံတွင် ပိန်းပင်၊ ရေမြက်ရှည်ပင်၊ မှော်ပင်များဖြင့် နောက်
ကျိသော ရေအိုင် တအိုင်ရှိ ၏။ ရေအိုင်မှာ ရေညှိများ လွှမ်းနေသဖြင့် ထိုပတ်ဝန်းကျင်မှ ဘာအရောင်မျှ
လာမထင်၊ မှုန်ညို့ညို့၊ စိမ်းဝါ၀ါ သာလဲ့လဲ့ ပေါ်နေသည်။

ထိုရေအိုင်ရှိ ကုန်းမြင့်ကလေးတွင် ခေတ်ဆန်သော တိုက်တတိုက်သည် မော်ကြွားနေ၏။ ခရမ်းပွင့်များ


တွဲလွဲခိုနေသော ဆင်ဝင်ရှေ့တွင် အမြောက်ကလေး နှစ်လက်ဆင်ထား၏။ အိမ်ရှေ့ မျက်နှာစာရှိ မြက်ခင်း
ကား အနီအ၀ါ အဖြူစသော ပန်းမာလာတို့ဖြင့် ပြောက်ကျားနေသည်။

ဂျပန်ခေတ်က ထိုနေရာ တ၀ိုက်တွင် ဘီအိုင်အေ သခင်များနေထိုင်ကြ၏။ ဗိုလ်စကြာ၊ ကိုလှမောင်(ယခု


သံအမတ်)၊ ဗိုလ်လက်ျာ၊ သခင်တင်၊ ကိုကျော်ငြိမ်း၊ သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင်လင်း၊ သခင်
ကိုယ်တော်မှိုင်း စသူတို့သည် ဤ ပတ်ဝန်းကျင်တွင် တိုက်များနှင့် နေကြ၏။ ထို အမြောက်နှင့် အိမ်တွင်
ပထမ ဗိုလ်ချုပ်အောင်ဆန်း နေ၏။ နောက် ဗိုလ်ချုပ်အောင်ဆန်း ဒေါ်ခင်ကြည်နှင့်လက်ထပ်၍ ပြည်လမ်း
ပြောင်းသွားသောအခါ သခင်သန်းထွန်း လာနေ၏။ သခင်သန်းထွန်းမှာ ထိုအခါက လူပျိုဖြစ်လေသည်။

ယခင်က အင်္ဂလိပ် အထက်တန်း အရာရှိကြီးများ နေသော တိုက်ဖြစ်၍ ခမ်းနားထည်ဝါသော ဓနရှင်


အဆောင်အယောင်များဖြင့် တောက်ပလျက်ရှိသည်။ ဖက်ဖူးရောင်ခံတွင် သရက်ထည်ပွင့် ပန်းနွယ် ပန်းခက်
တို့ဖြင့် ယှက်လိန်သော ဆိုဖါများသည် အ၀ါနုနံရံနှင့် အသွေးခြင်း အပြန်အလှန် တုံ့ပြန်နေကြ၏။

ဆိုဖါ ဆက်တီ၏ အလယ်မှာ မဟော်ဂနီရောင် ထနေသော ပန်းအိုးတင် စာပွဲသည် တူရကီကော်ဇော


ပေါ်တွင် အ၀င့်သား ထင်နေ၏။ မှန်ပြူတင်းမှ အစိမ်းပုပ်ရောင် ဇာခန်းဆီးသည် အပြင်ဘက် ကောင်းကင် ပြာ
သစ်စိမ်းရွက်ညိုတို့ကို မှုန်ရေးရေး မြင်ရအောင် ကာရင်း လေအဝှေ့တွင် ဆွေ့ဆွေ့ခုန်လျက်ရှိ၏။

သခင်သန်းမြိုင် သယ်လာသော ဂျာမန်စန္ဒယားကြီးကား အခန်းထောင့်တွင် ရှိပေသည်။ အပေါ်မှ ပဒေသာ


မီးပွင့်သည် လရောင်ကဲ့သို့ ကြည်အေးမြစိမ်းသော ရောင်ခြည်ဖြင့် သပေးနေသည်။ စိမ်းစိမ်းလဲ့လဲ့
ဧည့်ခန်းဆောင်။

ဤ စိမ်းစိမ်းလဲ့လဲ့ဧည့်ခန်းဆောင်မှာပင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်းသည် မာ့က်စ်၏


`အရင်း´စာအုပ်ကို ဖတ်နေ၏။ သခင်တင်သည် ညနေဆိုလျှင် ရောက်လာကာ စန္ဒယားခုံတွင် ၀င်ထိုင်ပြီး
ထူးမခြားနား အစပိုဒ်ကို စမ်းပြီး မပီကလာ တီးကြည့်တတ်၏။ တီးရင်း အသံပျောက်နေသဖြင့် `လုပ်ပါဦးဗျ…
တီးစမ်းပါအုန်း´ဟုဆိုကာ ကျွန်တော့်ဘက်သို့ လှည့်၍ ပြောတတ်၏။

သခင်လင်းကား ဆိုဖါပေါ်တွင် ကိုယ်တခြမ်းမြှုပ်ကာ ရယ်စရာပြောနေ၏။ ဗိုလ်စကြာ၏ ကြွယ်ဝသော


စကားသံသည် ပဲ့တင်ထပ်လျက် ရှိ၏။ ဗိုလ်ချုပ်အောင်ဆန်းကား ကားနှင့်ရုတ်တရက် ရောက်လာသည်
လည်းရှိ၏။
သခင်သန်းထွန်းသည် မာ့က်စ် စာအုပ်ကို ချလိုက်ပြီး `လုပ်ပါဦးဗျ၊ သီချင်းတပုဒ် လောက် …
သက်ဝေဆိုတာလေ…´ဟုပြောကာ ကျွန်တော့်ကို မေးငေါ့ပြ၏။ သူသည် `သက်ဝေ´သီချင်းကို အလွန်
နှစ်သက်၏။

ဘယ်တော့မှ မညှိသဖြင့် အသံကြောင်နေသော စန္ဒယားကြီးမှာ ဂီတသံ ထွက်လာရ၏။ သခင်သန်းမြိုင် သည်


ဘေးမှရပ်ကာ လိုကဆ
ိုနေ၏။ သူသည် ဘင်ဂျို အတီးကောင်းသူလည်း ဖြစ်သည်။

လှသထက် လှမယ်ဆိုယင်

ဆေးဘက်ဝင်ပါသလားလို့

မောင့်အသဲတွေ မောင့်အသွေးတွေ

မောင့်နှလုံးတွေ

အသုံးပြုပါလေ…….

သခင်တင်သည် ဂီတသံဝယ် ငေးမောနေလေပြီ။ ညအမှောင်ကူးစတွင် ကိုကျော်ငြိမ်း ရောက်လာကာ


သခင်သန်းထွန်းနှင့် စကားပြောကြပြီး မကြာမီ ကားနှင့်အတူ အပြင်ဘက် အမှောင်ထဲသို့ ထွက်သွားကြ၏။

ကျွန်တော်သည် ကပ်လျက်ရှိသော တဘက်အိမ်တွင် ကိုဘဟိန်းနှင့် အတူနေရာ လူစုံတတ်သော သခင်


သန်းထွန်းတို့ ဧည့်ခန်းသို့ ကူးကာ လည်ပတ်နေတတ်၏။

ဤ စိမ်းလဲ့လဲ့ ဓနရှင်ဆန်သော ဧည့်ခန်းဆောင်မှာပင် ဖက်ဆစ်ဆန့်ကျင်ရေး လှုံဆော်စာတန်းများကို


ရေးကြသည်။ ဤ ဧည့်ခန်းဆောင်မှ ထွက်လာသော ကွန်မြူနစ် တယောက်သည် `ပုန်ကန် ထကြွ လော့
´ဟူသော စာတမ်းများကို လွယ်အိတ်နှင့်ထည့်ကာ အိမ်ရှေ့ လမ်းပေါ်တွင် လမ်းသလားနေသော
ဂျပန်စစ်သားကလေး တဦးကို တိုးမိမတတ် ဖြတ်ကျော်လွန်သွားခဲ့လေသည်။

ဤအခန်းဆောင်တွင် အတူဆုံကြ၊ တွေ့ကြ၊ ရယ်စရာ မောစရာ ပြောခဲ့ကြသော သူများသည် ဖဆပလကို


ဖွဲ့စည်းကာ တော်လှန်ရေး ပြုခဲ့ကြသည်။

ဤ စိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှပင် အနီထဲမှ ကြယ်ဖြူပွင့် ပေါ်နေသော ဖဆပလ အလံကို နွေလယ်အခါ


အိပ်မက်နေကြသည်။
(၅)

ဤ စိမ်းလဲ့လဲ့ဧည့်ခန်းဆောင်တွင် ဆုံခဲ့ကြသော သူများသည်ပင် အချင်းချင်း ဆန့်ကျင်ကုန်လျက်


သွေစည်းနှင့် ကိုင်ကာ စိုက်ခဲ့ကြသော ဖဆပလ အလံကို နှဲ့နေကြပေပြီ။

သူတို့အားလုံးသည် လူပင်ဖြစ်သည်။ လူတို့၏ မိုက်မဲခြင်း၊ လိမ်မာခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ တိုင်းပြည်


အကျိုးကြည့်ခြင်း၊ ယုတ်မာခြင်း၊ သန့်ရှင်းဖြူစင်ခြင်းတို့ဖြင့် ရောပြွမ်းကာ နေပေမည်။

သခင်သန်းထွန်းသည်လည်း သည်လူအများအလယ်မှ လူပင်ဖြစ်လေသည်။

ဂျပန်ခေတ်က ကျွန်တော်၏ ငရှင့်သွေးကတ္တီပါ ဂျာကင်အင်္ကျီကို ကိုဘဟိန်းက ကြိုက်သည်ဆို၍ ယူထား၏။


နောက် သခင်သန်းထွန်းက ကိုဘဟိန်းထံမှ ယူကာဝတ်၏။

သခင်သန်းထွန်းသည် ထိုငရှင့်သွေး ဂျာကင်အင်္ကျီကို အတော်နှစ်သက်၏။ ချမ်းသည့် အခါတိုင်း ငရှင့်သွေး


အင်္ကျီကို ၀တ်ကာ နေတတ်၏။ သူနှင့် အတူနေကြသော သခင်တင်ထွန်း၊ သခင်လှကွန်း တို့ကား
သခင်သန်းထွန်း ရုံးမှအပြန် ကားဆိုက်လျှင် ဆိုက်ခြင်း အ၀မှ ကြိုကာ ငရှင့်သွေးဂျာကင်ကို ဆီးပေးပြီး…

`သခင်သန်းထွန်း ဒီဟာလေးဝတ်ထားပါ´ဟု စလေ့ရှိ၏။ လူဆိုတာ အလှအပကို ချစ်တတ်ကြပေသည်။

ဒိုင်အိုကျောင်းရှိ ပြည်သူ့ဆေးရုံ အပေါ်ထပ် အခန်းတွင် သခင်သန်းထွန်းသည် မကျမ်းမာသဖြင့် ဆေးဝါး မှီဝဲ


နေသည်။ နေ့လည် ဆိုလျင် ဧည့်သည်များသည် သူ့ အခန်းတွင် ဆုံလ၏
ှ ။

ဆရာမ ဒေါ်ခင်ကြီး (ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ အစ်မ) သည် သူ့ကို ပြုစုနေ၏။ ဧည့်သည်ကား မစဲ။
ထိုအခိုက် ကျွန်တော်လည်း ၀င်မေးရာ မကြာမှီ ဆရာမ ဒေါ်ခင်ကြီးသည် ကာဖီယူလာ၏။

`သောက်ပါအုံး´

ကျွန်တော်က ´ဟာ…ဒုက္ခရှာလို့´ဟု ဆိုကာ အားနာဟန် ပြုနေ၏။

`သခင်သန်းထွန်းဧည့်သည်ဆိုရင် ကော်ဖီနဲ့ ဧည့်ခံတယ်´ဟု ဗိုလ်စကြာက ပြောကာ နောက်နေ၏။ သခင်


သန်းထွန်းကမူ ရှက်နေ၏။

နောက် တလခန့်ကြာသောအခါ သခင်သန်းထွန်းနှင့် ဒေါ်ခင်ကြီးတို့သည် လက်ထပ်လိုက်ကြသည်။ လူတို့၏


ဘ၀ဇာတ်လမ်းသည် သည်လိုပဲ ဖြစ်ကြပေမည်။
ဂျပန်တော်လှန်ရေးပြီးစက ကျွန်တော်သည် တောတွင်ရောက်နေရာ ဖဆပလ၏ သတင်းများကိုသာ နား
ထောင်နေရသည်။ ကွန်မြူနစ်ပါတီမှ ပြည်သူ့အာဏာ ဂျာနယ်ကို ဖတ်ရသည်။ ဖဆပလ၏ အမည်မှာ
ကမ္ဘာ့သတင်းစာကော်လံထိပ်တွင် မျက်နှာမဲဖြင့် ပါနေလေပြီ။ သခင်သန်းထွန်းအမည်ကို နိုင်ငံခြားသတင်း
စာများတွင် မကြာခဏ တွေ့ရ၏။ ထိုအခါက သူသည် ဖဆပလ အထွေထွေ အတွင်းရေးမှူး ဖြစ်လေ၏။

သူ ဖဆပလ မှ ထွက်သောအခါ သူ့နေရာတွင် တွဲဘက် အတွင်းရေးမှူး ကိုကျော်ငြိမ်း ရောက်လာ၏။

တာရာမဂ္ဂဇင်း ထွက်ခါစက သခင်သန်းထွန်းထံ ဆောင်းပါး တောင်းဖူး၏။ သို့သော် သူလည်း မရေးဖြစ်။


ကျွန်တော်လည်း မရောက်တော့။

နောက်ဆုံး ဘုန်းကြီးလမ်း ကွန်မြူနစ် တရားပွဲတွင် တူတံဇင် အလံနီကို နောက်ကျောခံလျက် ဓါတ်စက်


ရှေ့တွင် တရားဟောနေ သော သခင်သန်းထွန်းကို ပရိသတ်အလယ်မှ မြင်လိုက်ရ၏။ သခင်သန်းထွန်း၏
တရားကား ပဋ္ဌမတော့ ခြောက်သွေ့ပြီး နောက် … တဖြေးဖြေး အချက်အလက်များ ပါလာကာ ဆုံးကာ နီးတွင်
သွေးကြွလာစေသည်။ ဒါပဲ သိလိုက်သည်။

သူသည် (၃)နာရီမျှ မရပ်မနား စမ်းရေယဉ်မှ ရေများ စီးသွန်ကျသလို ပြော၏။ သူ၏ စကားများထဲတွင်


လူအများ ရုတတ
် ရက် အသိခက်သော စာအုပ်ဆန်ဆန် စကားကြီး၊ စကားကျယ်များ မပါ။ ရိုးရိုးနှင့် လူတိုင်း
နားလည်သော၊ ရှင်းလင်း ပြတ်သားသော စကားလုံးများ နှင့်သာပြော၏။ ဗမာ့ လက်ရှိနိုင်ငံရေး အခြေ
အနေကို ကမ္ဘာ့ အခြေအနေများနှင့် ယှဉ်ကာ နောက်ခံကား ပေးလိုက်ပြီးနောက် အကိုးအကား နှင့် တကွ
ပြော၏။

လူအများသည် စိုက်ကာ နားထောင်နေကြ၏။ ဂျစ်ကားနှင့် အထက်တန်း အရာရှိဟု ထင်ရသောသူ တဦးက


`တယ်တော်တဲ့လူပဲ။ အချက်အလက်တွေချည်းပဲ …. ကျုပ် အစက လက်သီးလက်မောင်း တန်းပြီး
ကြိမ်းမယ်၊မောင်းမယ် ထင်နေတာ´ဟု ခပ်တိုးတိုး သူ့ဖေါ်အား ပြောနေလေသည်။

ဓါတ်ခွက်မှ သခင်သန်းထွန်း၏ အသံသည် ညိုမှောင် မှိုင်းမြသော ညဥ့်ဝယ် ပဲ့တင်ထပ်လျက် ရှိသည်။

ယခု ပြည်တွင်းစစ် ပြဿနာကိုကား ကျွန်တော် ဘာမျှ ထင်မြင်ချက် မပေးလိုသေး။ ဘာပဲပြောကြ၊ အော်ကြ၊


နောက်ဆုံး သည်လူတွေဟာ အတူတူလူချည်းပါပဲ။

ကျွန်တော့် အဖို့ရာကား တော်သူတွေ နေရာကောင်းတွင် ရောက်နေစေချင်၏။ လက်တွဲ၍ တော်လှန်ရေး


လုပ်လာသူတွေ ယခုလည်း လက်တွဲကာ အုတ်သစ်ကလေးများကို သယ်စေချင်နေ၏။ နောက်ပြီး လူအများ
ဆန္ဒအရ လုပ်စေချင်၏။ မလိုတာကို အတင်းအကြပ် ပေးတာလည်း မကြိုက်။ ဒီမိုကရေစီ စင်မြင့်တွင်
လွတ်လပ်မှု အခွင့်အရေးသည် ပျံဝဲ နေစေချင်၏။

တကယ့် အမြုတေများ ပါဝင်သော အမျိုးသား တပ်ပေါင်းချုပ် ပြည်သူ့ အစိုးရကို လိုချင်၏။ ။

ဒဂုန်တာရာ
၁၉၄၈ ဇွန်လ

ကိဗ
ု ဆွေ - လျှို့ဝှကေ
် သာ အပြုံး

(၁)

တလောက ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုဗဆွေနှင့်ကုန်သည်လမ်းရှိ ပြည်သူ့စာပေ


စာအုပ်ဆိုင်တွင် မတော်တဆ သွား၍တွေ့လေသည်။

ကွဲကွာနေသည်မှာ ကြာပြီဖြစ်သဖြင့် ရှေးဟောင်းနှောင်းဖြစ် ထွေရာလေးပါး လျှောက်၍ ပြောကြရင်းက


တာရာတွင်ပါသော လူကိုလေ့လာခြင်း ဆောင်းပါးများအကြောင်းရောက်သွားရာ ကိုဗဆွေက `ကိုယ့်
အကြောင်းရေးရင်တော့ ဗဆွေ သို့မဟုတ် ဂျပိုး လို့ ရေးပေါ့ ကွာ၊ မဟုတ်ဘူးလား။ ကိုယ်က စင်စစ် ဂျပိုး ပဲကွ
…´ဟု ပြောကာ သူ့ဘာသာသူ သဘောကျပြီး ရယ်မောလျက် ရှိလေသည်။

ကျွန်တော်က ပြုံးနေစဉ် အပါးရှိ ဗိုလ်ခင်မောင်ကလေးက`အောင်ဆန်းကိုတော့ ခင်ဗျားက အရိုင်းလို့


ဆိုတယ်။ သူကတော့ မယဉ်၊ မရိုင်းဗျ´ဟု ပြောကာ ရယ်နေပါလေသည်။

ကိုဗဆွေသည် ကျွန်တော့်ရှေ့ရှိ စာပွဲတွင် တင်ပလွှဲထိုင်ကာ သခင်စိုး၊ သခင်သန်းထွန်း၊ လက်ဝဲ ညီညွှတ်ရေး၊


စာပေနှင့် မာ့က်စ်ဝါဒ၊ ကာလပေါ်ဝတ္ထု၊ အိမ်ထောင်ရေး စသည်များကို ပြောပြလျက် ရှိစဉ် ကျွန်တော်၏
နားထဲတွင်ကား တဖြည်းဖြည်း ၀ါးဝါးလာပြီး သဲ့သဲ့သာ ကြားရတော့၏။

ပုံသဏ္ဌာန်တို့သည် မှုန်မှုန်မှေးမှေးလာကာ အသံသည် တိုးတိုးလာပြီး…အထပ်ထပ် ယှက်လိမ်ရက်ဖေါက်


ထားသော ဖုံအလိမ်းလိမ်းနှင့် ပင့်ကူအိမ်ကြီးကို ထွင်းဖေါက်လျက် အဝေးရှိ စိမ်းစိုသော ကမ္ဘာသစ် တခုသို့
ဟုတ်ကနဲ ရောက်သွားလေ၏။ လွင့်ပါးနေသော မြမြမောင်းသည့် သစ်ရွက်ယော်ကလေးများ၏ ရှပ်တိုက်
သံများ … ၀ါတာတာ နီတီတီနှင့် တွဲလွဲဆိုင်းကာ တင့်နေကြသော စိန်ပန်းပွင့်ရောင် … တက္ကသိုလ်
သမဂ္ဂရှေ့မှ ဗုဒ္ဓံသရဏံပင်များ … ၁၉၃၈။
(၂)

၁၉၃၈ …..

စင်စစ် ကိုဗဆွေကို ဆယ်တန်းတွင် ကျောင်းတက်လျက်ရှိစဉ် (၁၉၃၆-၃၇)ကတည်းက သိခဲ့ပေပေ၏။


ထိုအခါက စစ်ကိုင်းကျောင်း ဆောင်ရှိ မောင်စည်သူထံသို့ သွားလည်ရင်း တဆောင်တည်းနေသူ ကိုဗဆွေ
နှင့် သွားတွေ့၏။

ဒဂုန်မဂ္ဂဇင်းတွင် ပါသော ကျွန်တော်၏ ရတုပိုဒ်စုံ လူးတား၊ အေးချင်း၊ တေးထပ်စသော ကဗျာများကို


သူသည် ဖတ်ဖူးနေ၏။ သူ့ကိုလည်း ကဗျာလင်္ကာ စာပေ၀ါသနာပါသော တက္ကသိုလ် ကျောင်းသားအဖြစ်
သိ၏။ သူသည် ဟိုက်စကူးတွင် ရှိစဉ်က ကျောင်းမဂ္ဂဇင်းများ တွင် အယ်ဒီတာ ဖြစ်ခဲ့ကြောင်း၊ တေးထပ်များ
စပ်ကြောင်းလည်း သိရ၏။

သူသည် သခင်နုခေါင်းဆောင်သော ၁၉၃၆ သပိတ်က ထားဝယ်ရှိ ကျောင်းသားများကို ကိုထွန်းအေး


(နဂါးနီ)နှင့် အတူ ခေါင်းဆောင်ခဲ့၏။ ပဋ္ဌမ ကျောင်းသားများညီလာခံသို့ ကိုယ်စားလှယ်အဖြစ် တက်ခဲ့၏။

နောက်နှစ်တွင် ကျွန်တော်သည် တက္ကသိုလသ


ို့ ရောက်ကာ၊ စစ်ကိုင်းဆောင်တွင် ကိုဗဆွေနှင့် အခန်ခြင်း
ကပ်လျက် နေရ၏။ သူနှင့် ခင်မင်ကာ ရင်းနှီးလာ၏။ ရုပ်ရှင်သွားအတူ၊ မြို့ထဲသွားအတူနှင့် တတွဲတွဲနေခဲ့၏။

ထမင်းစားရာ၌လည်း သူနှင့်တစားပွဲတည်း ဖြစ်၏။ ကျောင်းဖွင့်စ နာမည် (၄)ဦးတွဲ ပေးရသောအခါ သူနှင့်


အတူတွဲပေးရ၏။ သို့သော်လည်း သူက ကျွန်တော်တို့ကို ချာတိတ်ကလေးတွေဟု သဘောထား၏။
စင်စစ်လည်း ကျွန်တော်က သူ့ထက် အတော်ငယ်၏။

တွေ့စက ကျွန်တော့်ကို `ခင်ဗျား ကဗျာတွေ ရေးနိုင်သားပဲ´ဟု ခင်ဗျားနှင့်ကျွန်တော်နှင့် ပြောပြီးနောက်


ရင်းနှီးလာသောအခါ သူက ကျွန်တော့်ကို မင်းနှင့် ငါနှင့် ပြောလာ၏။ သူက လူကြီးအနေနှင့် စကား ပြောလေ့
ရှိ၏။ ကျွန်တော့်ကို သူက အမြဲနိုင်တတ်၏။ တခါ တခါ နေ့လည် စားချိန်တွင် ကျွန်တော့်အတွက် ကိတ်မုန့်ကို
သူက ယူစားပြီး ရယ်မောကာ ထွက်သွားတတ်၏။

သူနှင့်ကား ဆဲမနာ၊ဆိုမနာ ခင်မင်ရင်းနှီးသည်ဟု ဆိုနိုင်၏။ သို့သော် ကျွန်တော်တို့ကသာ အဆဲခံရ၏။


ကျွန်တော်၏ နာမည်ကို မခေါ်၊ `ဟေ့ - ခွေးသား´ဟု နှုတ်ဆက်လေ့ ရှ၏
ိ ။ သို့သော် သူ့ကွယ်ရာတွင်မူ
ကျွန်တော်တို့က `ဗဆွေကြီး´က ဘယ်သို့ ဘယ်ညာ စသည်ဖြင့် သူ့ အတင်းကို ပြောလျက်ရှိကြလေသည်။

ကျွန်တော်နှင့်အတူ ပဋ္ဌမနှစ် ဥပစာတန်းသားများရှိ၏။ သူ့ကို အမြဲနောက်လေ့ရှိ၏။ နေ့လည် သူအိပ် နေလျင်


တံခါးကိုပုတ်ကာ ထွက်ပြေးကြ၏။ သူမရှိခိုက် သူ့အခန်းမှ ဘရိုမို စက္ကူခွေများကို ဆွဲထုတ်ကာ
ကော်ရစ်ဒါတွင် အရှည်ကြီး ပတ်ထား၏။ ဒါမှမဟုတ်လည်း သွားတိုက်ဆေးကို အကုန်ညစ်ထားခဲ့၏။ သူကား
ကျွန်တော်တို့ကို တဆဲတည်း ဆဲလျက်ရှိ၏။

ကိုဗဆွေသည် ပိုကာကစားလေ့ ရှိသည်။ မြို့ထဲမှ သူ့ ရိုသေလေးစားသော နိုင်ငံရေးသမား သခင်များ


လာမေးလျှင် ကျွန်တော်တို့က သူ့ကို ခေါ်မပေးဘဲ သူဖဲရိုက်နေသည့် အခန်းသို့ တိုက်ရိုက်ခေါ်ဆောင်
သွားတတ်ကြ၏။ သူကား မျက်စောင်း တခဲခဲနှင့်ရှိနေ၏။ ကျွန်တော်တို့ကား ပျော်နေကြ၏။

ကိုဗဆွေသည် သူ့အခန်းတွင် နိုင်ငံရေးသမားများနှင့် ဆွေးနွေးလျက်ရှိစဉ် ကျွန်တော်တို့က သူ့အခန်းဝသို့


လာကာ `ကိုဗဆွေကြီး ကျွန်တော်တို့ အကြွေး ဆပ်ဦးဗျာ´ဟု မရှိသော အကြွေးကိုတောင်းလေ့ရှိ၏။ ဒါနှင့်
နောက်လွန်း ပြောင်လွန်းသဖြင့် စိတ်ညစ်လာသလားမသိ၊ တညနေတွင် ကျွန်တော်တို့ထံသို့လာကာ `ငါ
စကားကောင်းကောင်း ပြောချင်တယ်ကွာ၊ လာကြပါအုံး´ ဟု ခေါ်၏။ ကျွန်တော်တို့က ပြုံးဖြီးဖြီး နေရင်းက
သူ၏မျက်နှာပျက်နေပုံကို မြင်မှအရှိန်သတ်ကြ၏။

`ငါ တည်တည်ပြောချင်တယ်။ မင်းတို့တတွေ နောက်တာ ပြောင်တာဟာ တဆိတ် လွန်နေပြီကွ…´

ကျွန်တော်တို့ကား သူ၏ တောင်းပန်စကားများကို မနဲအောင့်ကာ နားထောင်နေကြရ၏။ စိတ်ထဲမှာကား


ရယ်ချင်နေ၏။ ဒါနှင့်(၂) ရက်လောက် ခပ်တန်းတန်း ဖြစ်သွားကြ၏။

နောက် တနေ့တွင်ကား ကိုဗဆွေသည် စုဝေးလျက်ရှိသော ကျွန်တော်၏ အခန်းသို့ ဘွားကနဲ ပေါ်လာကာ


ပြုံးလျက် `ဟေ့ ခွေးသားတွေ ကိယ
ု ဆာတယ်ကွာ၊ သမဂ္ဂပျော်ပွဲစားရုံမှာ ခေါက်ဆွဲကြော် ကျွေးကြစမ်း ….
´ဟု ပြောနေလေသည်။

စင်စစ် သူသည် ကျွန်တော်တို့နှင့်ကြာရှည်မခေါ်ဘဲ မနေနိုင်ပေ။ ကျွန်တော်တို့နှင့်မှပဲ သူပျော်သည်။


ကျွန်တော်တို့မရှိလျှင် သူမနေတတ်။
(၃)

ထိုနှစ်က သူသည် တက္ကသိုလ် သမဂ္ဂတွင် ခေါင်းဆောင် ဖြစ်နေပေသည်။ သမဂ္ဂဥက္ကဋ္ဌ မှာ ယခု တရားရေး
ဌာန ၀န်ကြီး ဦးဘဂျမ်း ဖြစ်၏။

သူသည် ဥပစာတန်းများကို မကြာခဏ လစ်ကာ သမဂ္ဂ အသင်းတိုက်တွင်သာ အနေများ၏။ သမဂ္ဂ


လုပ်ငန်းများနှင့် ပတ်သက်၍ ကျွန်တော်တို့ထံ မကြာခဏ အပူကပ်၏။ အလှူငွေ ကောက်ခံစရာ၊ အမျိုး
သားနေ့အတွက် လူစုစရာ ရှိလျှင် ကျွန်တော့်ထံလာ၍ `လုပ်ပါဦးကွ´ဟု ဆိုလေ့ရ၏
ှိ ။

ကိုဗဆွေသည် ကော်ရစ်ဒါတွင် ပက်လက် ကုလားထိုင် တလုံးနှင့်ထိုင်ကာ အင်္ဂလန် လက်ဝဲ စာအုပ်အသင်း


မှ စာအုပ်ထူထူများကို ဖတ်နေသောအခါ ကျွန်တော်က အပါးကပ်ပြီး `ခင်ဗျားစာအုပ်ထူလှချေ့ကလား။
ခင်ဗျားပြီးအောင် ဖတ်ရဲ့လားဗျ´ဟု ပြောင်လေ့ရှိ၏။ သူ၏ အခန်းထဲတွင် မာ့က်စ် စာပေများ တွေ့ရ၏။ စာအုပ်
အပေါ်ဆင့်တွင် ခေတ်ဆန်းကဗျာ စာအုပ်လည်းရှိ၏။

သူသည် သပ်သပ်ယပ်ယပ် နေတတ်သူမဟုတ်။ သူ၏ အခန်းကား အပေါစား ပြည့်တန်စာမ၏အိပ်ခန်း ကဲ့သို့


ဗလပွ၊ အရာအားလုံး တို့သည် ပြန့်ကြဲကာ မသဲမကွဲ ဖြစ်နေကြ၏။

ဆေးလိပ်ပြာ တို့သည် ငွေရောင်ယှက်သန်းလျက် ရှိ၏။ ရှုပ်ပွေ ညစ်ပတ်ပုံ၌ ညိုမြနှင့် ပြိုင်နေ၏။

စင်စစ် သူ၏ မိဘများသည် သတ္ထုတွင်းများ ပိုင်သော မြေပိုင်နှင့် သူဌေးများဖြစ်သည်ဟု သိရ၏။ သို့သော်


လူလတ်တန်းစား၏ ပြောင်လက် တောက်ပခြင်း မရှိ။ ဧည့်ခန်းဆောင်ရှိ လူဂုဏ်တန်ဟန်မျိုး မဟုတ်။
ခပ်ကြမ်းကြမ်း။ သူ၏ တောင့်တင်း မြင့်မားသော ကိုယ်လုံး ကိယ
ုထည်မှာ ယောက်ျားပြီသ၍ ကြည့်ကောင်း
သူ တယောက်ဖြစ်၏။ ကျမ္မာ သန်စွမ်းခြင်းမှာ ပေါ်လွင်လျက် ရှိ၏။ ဖျဉ်အင်္ကျီနှင့် ထားဝယ် လုံချည်အနီ
ကြူထရံကွက်ကို ၀တ်လေ့ရှိသည်။

သူသည် ခေတ်စမ်းကဗျာစာအုပ်ကို စွဲလမ်းစွာ ဖတ်သူဖြစ်၏။ တိုတိုနှင့် လိုရင်းကို အဓိပ္ပါယ် ပေါ်လွင်စွာ


ရေးသော ခေတ်စမ်းစာပေ ကို သူသည် နှစ်သက်၏။ ကဗျာနှင့် ပတ်သက်၍ စကားစပ်တိုင်း မင်းသုဝဏ်နှင့်
ဇော်ဂျီ၏ ကဗျာများကို ထောက်ပြလေ့ ရှိ၏။ မင်းသုဝဏ်၏ `တရားဦး ဟောလှည့်ပါ´ကို သူ အတော်ကြိုက်
ပုံရ၏။

ကာမဘောင် အရှုပ်အထွေးကိုလှ

ပျိုလေးမယ် မခင်လို့

ရုန်းချင်ပြီ ဆုပန်ကြားသူရဲ့

တားမြစ်ဖို့ ခွင့်မသာ…..

သူကိုယ်တိုင်လည်း ဘားမားဂျာနယ်၌ ဆောင်းပါးများ ရေးဖူး၏။ နာမည် အမျိုးမျိုးနှင့် ပြောင်းလဲ ရေးသဖြင့်


မေ့နေပြီ။
၁၉၃၇ တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း၌ `ဘိုထူး´အမည်ရှိသော တောဝတ္ထု တပုဒ်ကို ဖတ်ရဖူး၏။
သူသည် တက္ကသလ
ို မဂ္ဂဇင်း ကော်မတီ အဖွဲ့ဝင်၊ အိုးဝေ မဂ္ဂဇင်း မန်နေဂျာ လုပ်ခဲ့ဖူး၏။ သူသည် အရင်းရှင်
လူမှုဆက်ဆံရေး စနစ်ကို ပြက်ရယ်ပြုသော စာပြောင်များ ရေးလေ့ရှိသည်။

ညိုမြ အယ်ဒီတာလုပ်သောနှစ်က အိုးဝေ မဂ္ဂဇင်းတွင် `သူတို့ဝါဒ´အမည်ရှိ စာပြောင် ၀တ္ထုတခု ပါလာ၏။

သူ့ဝတ္ထုထဲတွင် အင်္ဂလိပ် အလိုတော်ရိ `ကက်သရင်း ဂွက်ထော်´သည် အိုင်စီအက် ဖြေနေသူ ကျောင်းသား


တဦးကို အမိဖမ်းကာ နောက်ဆုံး ထိုသူမှာ အိုင်စီအက် မအောင်ဘဲ သူမမှာသာလျှင် ထိသ
ုထံမှ ရသော
တက်ခေတ်နတ်ဆိုးရောဂါအမွေရကာ ဆွေးကျန်ရစ်လေသည်။ ညစ်တော့ ညစ်ညမ်း၏။ ကျောင်းတွင်
ခပ်ပျံပျံနေသော ရှေ့က အင်္ဂလိပ်နာမည်နှင့် ဗိုလ်ဆန်ဆန် ကလေးများကို ပြောင်လှောင်ထားလေသည်။
သူသည် အမျိုးသားယဉ်ကျေးမှုကို မလေးစားဘဲ နိုင်ငံခြားကိုချည်း အားကိုးကာ အတုခိုးခြင်းကို မုန်းတီး ခဲ့၏။

နောက်သူသည် ဂျပန်ခေတ်တွင် မိန်းမရသောအခါ ကွန်ဗင့်ကျောင်းထွက် `နန်စီ´ အမည်ရှိ ခေတ်ဆန်ဆန်


ကလေးနှင့် ရလေသည်။ ကျောင်းတုန်းက သူရေးခဲ့သော စာပြောင်များကို ပြေး၍ သတိရလိုက်၏။
(၄)

နောက်နှစ်များ၌ကား ကိုဗဆွေနှင့် ကျွန်တော်သည် ဝေး၍ နေခဲ့၏။

ကျွန်တော် တက္ကသိုလ် သမဂ္ဂတွင် ရှိသောနှစ်က သူသည် ကျောင်းထွက်နေလေပြီ။ ကျွန်တော် ကျောင်းမှ


ထွက်သော ၁၉၄၁ - ခုနှစ်က သူသည် ကျောင်းသို့ပြန်လာကာ တက္ကသိုလ် သမဂ္ဂတွင် ဥက္ကဋ္ဌ ဖြစ်နေ
လေသည်။

စစ်ဖြစ်သည့်နှစ်က သူသည် နဂါးနီ အယ်ဒီတာ ကိုထွန်းရွှေနှင့်အတူ ဂျပန်ပြည်သို့ ကျောင်းသား သမဂ္ဂ


ဝင်များနှင့် သခင်များကို လျှို့ဝှက်၍ စေလွှတ်ရေးကို စီမံလျက် ရှိနေ၏။ သခင်မြနှင့် တွဲနေသည်ကို
တွေ့ရတတ်၏။

နောက်ကား သူနှင့် ကျွန်တော် အတော်ပြတ်နေကြ၏။ သူသည် ဂျပန် တခေတ်လုံးနှင့် တော်လှန်ရေးအထိ


ဆက်လက်ကာ နိုင်ငံရေး လုပ်လျက်ရ၏
ှိ ။ ကွန်မြူနစ်ပါတီကို ဖ ဆ ပ လ မှ ထုတ်ပယ်လိုက်သောအခါ
ဆိုရှယ်လစ်ပါတီသည် ထင်ပေါ်စ ပြုလာရ၏။ ထိုအခါ ကိုဗဆွေ၏ နာမည်သည်လည်း သတင်းစာ
ခေါင်းစဉ်များတွင် မျက်နှာမဲနှင့် ပါလာလေပြီ။

သူသည် ဆိုရှယ်လစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးသာမဟုတ်၊ ဖ ဆ ပ လ အထွေထွေ အတွင်း


ရေးမှူးလည်း ဖြစ်ကာ ယခုလက်ရှိ အရေးပါသော နေရာတွင် ရောက်နေ၏။ သူ့ကို အထင်ကြီးသူတွေ
ပေါများလာ၏။`ဦးဗဆွေ´ဟုခေါ်ကာ လေးစားသူတွေ ရှိလာ၏။

ကျွန်တော့် အဖို့ရာကား အတော်ခက်နေ၏။ သူက


ို့ ဘယ်လိုမှ အထင်ကြီး၍ မရ။ မာ့က်စ် လီနင်ဝါဒ သဘော
တရားတွေ အဘိဓမ္မာ၊ ဘောဂဗေဒ ပါ အကုန် အရေကျိုသောက်ထားသူ ပညာကျော် တဦးအနေဖြင့် မမြင်။
တော်တော်ခက်နေ၏။

တည ဂလုပ်ရုံတွင် သူနှင့် မမျှော်လင့်ဘဲ သွားတွေ့၏။ သူသည် လူကြားထဲမှ ကျွန်တော့်ကို လှမ်း၍ နှုတ်


ဆက်လိုက်၏။

ကျောင်းတုန်းက ကဲ့သို့ပင် ရွင်လန်းသော အပြုံးဖြင့် တောက်ပ၏။ ကျောင်းတုန်းကကဲ့သို့ပင် ကြူထရံ


အကွက် ထားဝယ်လုံချည်နှင့်၊ သို့သော် ပြာပြာသလဲမရှိ၊ အမူအယာမှာ ဂမူးရှူးထိုး မဟုတ်ဘဲ အေးအေး
ဆေးဆေးနှင့် တည်ငြိမ်နေ၏။ နိုင်ငံရေး ဇာတ်ခုံ၏ ဖုထစ်ချိုင့်ဝှမ်းများဝယ် ဒရွတ်တိုက်ကာ ကျော်လွန်
လာခဲ့ပြီးနောက် အနယ်ထိုင်၍ ထုသား ပေသားကျနေဟန် ရှိ၏။

သူ၏ အပြုံးကား ကျောင်းတုန်းက ကဲ့သို့ပင် လွယ်ကူလျော့ရဲခြင်း မရှိတော့ဘဲ လေးနက်လာ၏။ နက်ရှိုင်း


လာသည်ဟု ထင်မှတ်ရ၏။

သူ၏ အပြုံးနောက်၌ ဘာရှိလိမ့်မည်ကို မှန်းဆရန်ခက်၏။ နိုင်ငံရေး ပရိယာယ်လား၊ ဖုံးကွယ်ခြင်း မရှိသော


နှလုံးသားလား၊ သို့မဟုတ် ဒိုင်းနမိုက် စနက်တံလား၊ ဒါကို မြင်ရန် ခက်၏။

သူ၏ အပြုံးသည် အချိုင့် အဖေါင်း မရှိ။ တပြေးတည်း ညီကာနေသဖြင့် အကဲခတ်ရန် ခက်လှ၏။

နိုင်ငံရေးလောက၌ သူ့ကို `ကျားကြီး ဗဆွေ´ဟု ခေါ်ဝေါ်လေ့ ရှိကြ၏။ ကျွန်တော်ကား ကိုဗဆွေကို


ဘာကြောင့် ကျားကြီးဟု ခေါ်ရသည်ကို အစဉ်းစားရကြပ်နေ၏။

ထက်မြက်သော သတ္တိအဟုန်ကြောင့်လား။ ဒါမှမဟုတ် ကျားကဲ့သို့ ရန်သူကို တိုက်ခိုက်ရာ၌ ဟုတ်ကနဲ


ပေါ်ကာ အုပ်တတ်၍လား။ လေးစားစရာကောင်း၍လား။ ကြောက်စရာကောင်း၍လား။

လွန်ခဲ့သော (၅)လခန့်က တာရာအမှတ်(၄)တွင် ပါသော သခင်သန်းထွန်း ဆောင်းပါးကို ဖတ်ပြီးစ စာပေ


သမားတဦးက `နောက်အပတ် ဘယ်သူ့ အကြောင်း ရေးဦးမလဲ´ဟု ကျွန်တော့်ကို မေးဖူး၏။

`ဆိုရှယ်လစ်ပါတီက ကိုဗဆွေအကြောင်း ရေးမလားလို့ စိတ်ကူးမိတယ်´


`ကျုပ် အရင်ဆုံး ပြေးဝယ်မယ်ဗျာ၊ သိပ်သိချင်နေတာ´

မနေ့ တနေ့က ထိုသူနှင့်ပင် သွားတွေ့၍ တာရာ မဂ္ဂဇင်းအကြောင်း ရောက်သွားရင်းက ယခင်ကဲ့သို့ပင်


မေးရင်း `ကိုဗဆွေ အကြောင်း ရေးရမယ်´ဟု ဖြေသောအခါမူ သူ၏ လေသံမှာ ပြောင်းသွားလေပြီ။

`ဆိုရှယ်လစ်ပါတီက ကိုဗဆွေလား။ ဆိုရှယ်လစ် ဆိုရင်တော့ မဖတ်ချင်တော့ဘူးဗျာ၊ အမြင်ကပ်တယ်´

သူ၏ မျက်နှာသည် ရှုံ့မဲ့သဖြင့် တွန့်နေ၏။

`ခင်ဗျား အရင်တခါ ပြောတော့ ကိုဗဆွေအကြောင်း ရေးရင် ပြေးဝယ် ဖတ်မယ်ဆိုဗျ´

`ဟုတ်လား….ကျွန်တော် ပြောမိသလား …. ဟုတ်မယ် မထင်ပါဘူးဗျာ´

သူသည် နဖူးရေတွန့်ကာ တွေဝေနေစဉ် ကျွန်တော်ကား ရယ်မောမိလေသည်။

ကိုဗဆွေသည် ငေးနေသော ကျွန်တော့်ကို ပခုံးပုတ်ပြီး `တာရာလဲ ငါမဖတ်ရတာ(၂) လလောက် ရှိသွားပြီ


ထင်တယ်။ ပေးစမ်းပါဦး´ ဆိုကာ ပြုံးနေလေသည်။

ကျွန်တော်လည်း သူနှင့်အတူ ဂလုပ်ရုံမှ အပြင်သို့ ထွက်ခဲ့ကြသည်။

သူ၏ နောက်နားတွင်ကား ခေတ်ဆံဆံ အရပ်မြင့်မြင့် တောင့်တင်းသော သူ၏ ဇနီးသည်ကလေး၏


အပြာနုရောင်သည် ကပ်ပါလာ၏။
(၅)

ကိုဗဆွေကို ဘယ်လိုမှ အထင်မကြီးသော စိတ်နှင့်ပင် ပြည်သူ့စာပေတိုက်၌ သူနှင့် စကားပြောနေစဉ် နယ်မှ


ပါတီ ခေါင်းဆောင် များ ရောက်လာ၏။ သူ့ကို အရိုအသေပေးကာ တွေ့ဆ၏
ုံ ။ ကိုဗဆွေသည် သူတို့ နှင့်
အတော်ကြာ စကားပြောနေသည်။

သူ၏ လေသံမှာ တည်ငြိမ်ပြီး လေးနက်သည်။ နယ်မှ အခက်အခဲများကို သူက ခွဲခြမ်းစိတ်ဖြာကာ ရှင်းလင်း


ပေးလိုက်သည်။ ပြဿနာ တရပ်သည် ကျွန်တော့်ရှေ့မှာပင် ပြေလည်သွားပေပြီ။ သူ၏ ရှိုက်ဖွာနေသော
စီးကရက် မီးခိုးများသည် တဖြေးဖြေး ယှက်လိမ် ကွေ့ကောက်နေရာမှ ဆန့်ကားပြေသွားလေပြီ။

လူအများက သူ့ကို လေးစားခြင်းကို တွေ့ရတော့မှ ကျွန်တော် သူ့အား အထင်မကြီးနိုင်သည့် အချက်ကို


သိမြင်လာ၏။ လွန်ခဲ့သော (၁၀)နှစ်ခန့်က သူနှင့် ခင်မင်တုန်းက သူသည် ဥပစာ အထက်တန်းကျောင်း
ကျောင်းသား၊ နိုင်ငံရေးသမား ပေါက်စ၊ သမဂ္ဂခေါင်း ဆောင်မျှသာ ရှိသေးသည်။ ကျွန်တော်တို့နှင့်
နောက်ဘက် ပြောင်ဘက်၊ ထို့ကြောင့် သူ့ကို အမှတ်တမဲ့ နေခြင်းဖြစ်သည်။

သို့သော် သူ၏ နိုင်ငံရေး သက်တန်းကား (၁၀)နှစ် အတွင်း ကြီးရင့်လာခဲ့ပေပြီ။ စစ်ဖြစ်စက တက္ကသိုလ်သမဂ္ဂ


ဥက္ကဋ္ဌ အဖြစ် ကျောင်းသားများကို စည်းရုံးခဲ့၏။ ဂျပန်သို့ လျှို့ဝှက် စစ်ပညာသင် လွှတ်ရေးအတွက်
ရှေ့ဆောင်ခဲ့၏။ ထိုနောက် မြေအောင်း တော်လှန်ရေး တွင် ပါဝင်ခဲ့၏။ ဂျပန်ခေတ်ကလည်း ကေဘိုတိုင်
ဗိုလ်ချုပ်အဖြစ် တွေ့ရ၏။ မတ်လတော်လှန်ရေးတွင် ဖ၊ ဆ၊ ပ၊ လ အလံတော်အောက်ဝယ်
ဖက်ဆစ်ဆန့်ကျင်ရေးကို ပြုခဲ့သည်။

ယခုခေတ်တွင် ပြည်သူက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဗမာပြည်ကြီးကို ဖန်တီးလျက်ရှိ


နေသော ဖ၊ ဆ၊ ပ၊ လ အဖွဲ့ချုပ်ကြီး၏ အထွေထွေအတွင်းရေးမှူး ဖြစ်နေလေပြီ။ ဖ၊ ဆ၊ ပ၊ လ ၏ မဏ္ဍိုင်
ဆိုရှယ်လစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်ပေ သေးသည်။ သို့သော် ကျောင်းမှာတုန်းက
ကဲ့သို့ပင် ထယ်ဝါခြင်း၊ ပလွှားခြင်းကို သူ့၌ မတွေ့ရ။ ကျောင်းမှာတုန်းက ကဲ့သို့ပင် မထေမဲ့မြင် မထီ လေးစား
နေတတ်သည်။

မီးထွန်းပွဲ ညတညက သူနှင့် ဗိုလ်မှူးအောင်သည် လမ်းထဲရှိ အငြိမ့်ပွဲသို့ လာသည်ကို တွေ့လိုက်ရသည်။


အိမ်ရှေ့မှ ဖြတ်သွားစဉ် သူ၏ မေ့ပြစ်၍ မရသော မြင့်မားတောင့်တင်းသည့် ကိုယ်လုံးကိုယ်ထည်ကြီးကို
အတူနေသူ မောင်စည်သူက လှမ်းမြင်လိုက်သည်။

“ဗဆွေကြီးနဲ့ တူတယ်ကွ။ ပခုံးစောင်းပုံကတော့ သူ့ဟန်ပဲ”

ကျွန်တော်တို့လည်း ကပျာကယာ ထလိုက်ကြရာ အငြိမ့်စင်နားတွင် သွားတွေ့သည်။ ကိုဗဆွေမှာ အံ့အား


သင့်နေသည်။ သူတို့ နှင့်ယောက်စလုံး လက်တို ရှပ်အင်္ကျီနှင့် ချည်လုံချီနှင့်။ သာမန် ပွဲကြည့် ပရိသတ်
ထဲတွင် ရောနှောလျက် ရှိနေသည်။

ဗိုလ်မှူးအောင်က ပြုံးကာ“ကျုပ်တို့လဲ တခါတခါ လူနဲ့သူနဲ့ ကြားထဲမှာ နေချင်တာပဲ” ဟုဆိုသည်။

စာပုံနှိပ်စက်တွေ တက်ဖျက် ကတည်းက တိုင်းပြည်က မေတ္တာထားနေသော ဆိုရှယ်လစ်ပါတီခေါင်းဆောင်


တဦးသည် လက်နက်ကိုင် အစောင့်မပါဘဲ သွားရဲသည်ကို အံ့သြမိ၏။

ကိုဗဆွေသည် ကျောင်းမှာတုန်းက အမ်းစထရွန်းရေးသော (၀ံပုလွေ) စာအုပ်ကို စွဲစွဲလမ်းလမ်း ဖတ်သည် ကို


သတိရမိ၏။ သူသည် ထိုစာအုပ်ကို အတော် နှစ်သက်သည်။

ထိုစာအုပ်ကား တူရကီ အာဏာရှင် အတာတပ်၏ အတ္ထုပ္ပတ္တိဖြစ်သည်။ ရေးပုံမှာ ခေတ်ဆန်၍ အတာတပ်၏


မထေမဲ့မြင် သဘောကလေးများ၊ ဘာကိုမှ ဂရုမစိုက်ဘဲ လုပ်ချင်လျှင် တဇွတ်ထိုး လုပ်တတ်သည့် အဖြစ်
အပျက်များကို ဖေါ်ပြထားသည်။

အတာတပ်သည် အပေါစား ပြည့်တန်ဆာမအိမ်များတွင် အိပ်ခဲ့သည်။ ညကြီးသန်းကောင် ထပြီး သေနတ်


ဆွဲကာ စစ်တိုက်ချင်လျင် တိုက်သည်။ အတော် သူရဲကောင်း ဇာတ်လိုက်ဆန်သော ဘ၀ဖြစ်သည်။ အတာ
တပ်သည် အနောက်တိုင်းဆံဆံ ပညာတတ်မကလေးနှင့် တွေ့ပုံလည်း ပါသည်။

ကိုဗဆွေကား သူအိပ်မက် မက်ချင်လည်း မက်ခဲ့မည်ဖြစ်သော၊ သူ အင်မတန် စွဲလမ်းသည့် အတာတပ်


အတ္ထုပ္ပတ္တိစာအုပ်ထဲမှ “၀ံပုလွေ” ကား ဖြစ်မလာ။ ကျားကြီးကား ဖြစ်လာပေပြီ။ ၀ံပုလွေသည် ခေတ်သစ်
တူရကီပြည်ကြီးကို ထူထောင်ခဲ့၏။ ကျားကြီးကား … ကျားကြီးကား ….
(၆)

ပြည်သူ့စာပေ ဗဟိဋ္ဌ
ုာနတွင် တွေ့စဉ်က၊ ကျွန်တော်က ပြည်တွင်းစစ် ရပ်စဲရေး၊ ကွန်မြူနစ်ပါတီနှင့်
ပူးပေါင်းရေး၊ တကယ့် အမျိုးသားတပ်ပေါင်းချုပ် ဖွဲ့စည်းရေးတို့ကို တတွတ်တွတ်ပြောနေစဉ် ကိုဗဆွေကား
စီးကရက်ကို ဖွာကာ ပြုံးလျက်ရှိသည်။

“လက်ဝဲညီညွှတ်ရေးကို ဒို့လဲ ကျိုးစားခဲ့တာပဲကွ။ မလွယ်ဘူး”

“ဘာဖြစ်လို့ မလွယ်ရမှာလဲဗျာ၊ ဖက်ဆစ် တော်လှန်းရေးကြီးကို အတူလက်တွဲပြီး ပြုခဲ့တဲ့ ဗမာ့တပ်မတော်


(ယခု ပြည်သူ့ရဲဘော်)၊ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ ဖြစ်လာမဲ့အရေးတော်ပုံပါတီ၏ အမြုတေတို့ဟာ
ဘာဖြစ်လို့ မပေါင်းနိုင်ရမှာလဲ။ ဖက်ဆစ် တော်လှန်ရေးကို လုပ်ပြီး လွတ်လပ်ရေး ရလာမှ တယောက်နဲ့
တယောက် မုန်းတီး၊ တိုကြ် ကခိုက်ကြဆိုတာ သိပ်ဝမ်းနည်းဖို့ကောင်းနေတယ်…” စသည်ဖြင့် ကျွန်တော် က
လျှောက်ပြော၏။

“သခင်စိုးတို့၊ သခင်သန်းထွန်းတို့ဟာ ညစ်ပတ်တယ်ကွ”

“ဒါကတော့ ထင်မြင်ချက်မျှသာ ဖြစ်တာပဲ။ သူတို့မှာရှိတဲ့ အရည်အချင်းမျိုး ခင်ဗျားတို့မှာ မရှိ၊ ခင်ဗျားတို့


လုပ်နိုင်တာ သူတို့ မလုပ်နိုင်၊ အဲဒီလို ဖြစ်နေတာ။ တကယ့်အရေးမှာ အရည်အချင်းတွေ စုပေါင်းပြီး
တိုင်းပြည်ကို ထူထောင်စေချင်တာပဲ။ အဲဒါဟာ လက်ဝဲညီညွှတ်ရေးပဲ။ နို့မဟုတ်ရင် တိုင်းပြည်ဟာ
မျောမှာပဲဗျ …..”

စင်စစ်တော့ကွာ … သခင်စိုးတို့သခင်သန်းထွန်းတို့ဟာ ငါတို့ဘုရားတွေပါပဲကွ။ ငါ့ဆရာတွေပါပဲ။ နဂါးနီ


စာအုပ်အသင်းကို အတူထောင်ခဲ့ကြတာပါ။ဒါပေမဲ့ …” ဟု ကိုဗဆွေသည် စာရေးစားပွဲပေါ်တွင်
တင်ပလွဲထိုင်နေရာမှ အနည်းငယ် ရွှေ့ကာ ပြောသည်။
“နောက်ပြီး … ပါတီသန့်ရှင်းရေးဟာလဲ အရေးကြီးတယ်ဗျ”

ခက်တာက ပါတီလူစုခြင်းသည် အစိမ်းသူရဲမွေးတာနဲ့ တူနေသည်။ ကိုယ့်ပါတီ အားရှိရင် ပြီးရော ဆိုကာ


တွေ့ကရာလူတွေ လက်ခံခဲ့ကြ၏။ အာဏာ ရလာတော့ ရာထူးလိုချင်သူ များလာ၏။ ဂျပန် အဓိပတိခေတ်
ကကဲ့သို့ ဆိုက်ကားသမားက မြို့အုပ် တက်ဖြစ်ချင် ဖြစ်နေသည်။ နောက်, အထက်က မကောင်းမှန်း၊
ဆိုးမှန်းသိလာတော့လည်း ကိယ
ု့်လူတွေ ဖြုတ်ချပစ်ဖို့ ခက်နေသည်။ သည်လူတွေပင် ကိုယ့်ကို မဲပေးနေ
သကော။ ကြာတော့ အပုပ်နံ့ လှိုင်လာကာ ပြည်သူက နှာခေါင်းရှုံ့လာတော့သည်။

“ပြောတော့ လွယ်တယ်ကွ။ ငါလဲ ပါတီသန့်ရှင်းရေးကို ကြိုးစားတာပါပဲ။”

“ကျွန်တော်တော့ ကွန်မြူနစ်တွေဟာ ခင်ဗျားတို့ထက် သန့်တယ်လို့ ထင်တာပဲ”

“မင်းက သန်းထွန်းလူလား” လို့ ပြုံးကာ နောက်လိုက်ပြီးမှ “ငါတို့က အာဏာရတဲ့ ပါတီဆိုတော့ ၀င်ချင်တဲ့


လူချည်းပဲကွ။ သန့်လို့ မရဘူး။ ကွန်မြူနစ်ပါတီဟာ တိုက်ပွဲကိုလုပ်နေတဲ့ ပါတီဆိုတော့ သန့်ပြီးသား
ဖြစ်နေပြီ။ တိုက်ပွဲလုပ်နေတာကိုက သန့်နေတာပဲ။ တကယ် မယုံဘဲနဲ့ ၀င်မတိုက်ဘူး …”

နောက် ကျွန်တော်က ပြန်လည်ထူထောင်ရေးကို ဆက်လက်ပြောပြန်သည်။

“ခက်တာပဲဗျာ ခင်ဗျားတို့တတွေ တိုက်ကြ ခိုက်ကြ လုပ်နေကြတာနဲ့ပဲ ပြန်လည်ထူထောင်ရေးကို ဘာမျှ


မလုပ်နိုင်ဘူး။ အမျိုးသား ပြတိုက်တို့၊ ပန်းချီပြခန်းတို့ ဘယ်မှာရှိသလဲ။ ယဉ်ကျေးမှုမှာ ဘာများ အာရုံ
စိုက်စရာ ရှိသလဲ။ စက်မှု၊လက်မှု လုပ်ငန်းတွေ ဘာများလုပ်နိုင် သလဲ။”

“လုပ်ကြပါကွာ။ ငါတို့အားပေးချင်တယ်”

ထိုအခိုက် သူဖတ်ပြီးခဲ့သော မာက်စ်စာအုပ် တထပ်ကြီးကို ပြည်သူ့စာပေသို့ ပြန်ပေးရန်အတွက် စာပွဲ ပေါ်သို့


တင်လိုက်သည်။ မာက်စ်၊လီနင်၊စတာလင် တို့ ရေးသော စာအုပ်များဖြစ်သည်။ ကျောင်းတုန်းက ဆိုလျှင်
“ခင်ဗျား ကုန်အောင်ဖတ်ရဲ့လား”ဟု နောက်မိမည် ဖြစ်၏။

“အင်တီဒူးရင်းစာအုပ်ဟာ အတော်ကောင်းတာပဲ၊ အကိုးအကားတွေနဲ့ တခါထဲ ချေပထားပုံတွေဟာ”

ထိုနောက် ခေတ်ပေါ် ဗမာစာပေအကြောင်း ရောက်သွားပြန်သည်။ တိုးတက်စာပေ၊ ဂေါ်ကီ၏ ၀တ္ထုများ၊


ဘော်လဇက်၏ နင်နာဝတ္ထု၏ လူမှုဆက်ဆံရေး ….. နောက်ဆုံးဝယ် ဖက်ဆစ် တော်လှန်ရေးကို လုပ်ခဲ့သူ
များပါဝင်သော ညီညွှတ်ရေး တပ်ပေါင်းချုပ်။
ကိုဗဆွေကား နောက်တွင် ဘာရှိမည်ကို မမှန်းဆတတ်နိုင်သော သူ၏ အပြုံးဖြင့်သာ နားထောင်နေ
ပေသည်။

ဒဂုန်တာရာ
ဒီဇင်ဘာလ၊ ၁၉၄၈

You might also like