You are on page 1of 181

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...

” အပိုင်း(၁)

| ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၇ ရက် ၂၀၀၉ ခုနှစ် ၂၂ နာရီ ၂၆ မိန စ် ဆောင်းပါး

(၁)

၁၉၄၅ ခုနှစ် နှစ်ဦးမှစ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်တော်လှန်ရေးလုပ်င န်းတာဝန်များနှင့် ပိလျှက်ရှိသည်။ တပ်မတော်အတွင်းရှိ ပြည်သူ့အရေးတော်ပုံပါတီ (နောင်တွင်ဆိုရှယ်လစ်ပါတီဝင်)မှ
ဗိုလ်ေ အာင်ကြီး ၊ ဗိုလ်မောင်မောင်တို့အစု၏ ဂျပန်ဖက်ဆစ်တို့အား လက်နက်ကိုင်ထကြွမည့်အစီအစဉ်အား အချိန်မှီ တားရ၊ဆီးရသေး၏။ ဖက်ဆစ်ေ တ်ာလှန်ေ ရးက တစုတဖွဲ့လေးနှင့်
ထ၍၊တော်လှန်၍မရ…..။ လူထုအားစည်းရုံးရမည်။ ပြင်ဆင်ရ မည်။ကျယ်ပြန့်သောအင်အားစုကြီးပါဝင်ရန်လိုသည်။ ပြီးလျှင် ….. အချိန်နှင့်အခြေအနေ…။ ပကတိဘဝက ရင့်မှည့်ဖို့လိုသည်။ ဤအတွက်ပင်
ဗိုလ်ချုပ်က ဗိုလ်အောင်ကြီးတို့အားခေါ်၍ တားဆီးခဲ့ရခြင်းဖြစ်သည်။ တဖက်တွင်လည်းကျယ်ပြန့်သည့်ဖက်ဆစ်ေ တ်ာလှန်ေ ရး တပ်ေ ပါင်းစုကြီးပေါ်ပေါက်ရေးအတွက် ပြင်ဆင်လုပ်ကိုင်နေရ၏။
ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ပဲခူးစံပြတပ်ရင်း၌ သခင်စိုး၊ ကိုဗဟိန်း၊သခင်သန်း ထွန်းတို့နှင့်ဗိုလ်ချုပ်တွေ့ခဲ့ပြီး “ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်” အား ဖွဲ့စည်း ရန် ဆွေးနွေးခဲ့ကြသည်။ ထိုစဉ်က
…..သခင်စိုးသည် ဖက်ဆစ်တော်လှန်ရေးအား မြေအောက်တွင်ဆင်း၍လုပ်ေ နရသည့်အချိန်ြ ဖစ်သည်။ တွေ့ဆုံပွဲက လျှို့ဝှက်တွေ့ဆုံပွဲ……။ ဗိုလ်ချုပ်သည် ပဲခူးသို့ ဂျပန်ကင်ေ ပတိုင်တို့
မရိပ်မိစေရန်အတွက် မိသားစုပါခေါ်၍ အလည်အပါတ်သဘောသွားခဲ့၏။ ထိုစဉ်က ဗိုလ်ချုပ်တွင် သားကြီးအောင်ဆန်း ဦးနှင့် သားငယ် အောင်ဆန်း လင်းတို့ ရှိနေပြီဖြစ်သည်။

ပဲခူးစံပြတပ်ရ င်းဆွေးနွေးပွဲမှ ဖက်ဆစ်တိုက်ဖျက်ေ ရးပြည်သူ့အဖွဲ့ချုပ်ကြီးအား တပ်မ တော်၊ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့နှင့် ဖွဲ့စည်းသွားရန် သဘောတူကြ၏။


ဗိုလ်ချုပ်၏အစီအမံနှင့် တပ်တွင်း၌ ဖက်ဆစ်တော်လှန်ရေးအတွက် သဘောတရားရေးသင်တန်း များပေး၏။ ဖက်ဆစ်တော်လှန်ရေးမြေအောက်ကလပ်စ ည်းများ ဖွဲ့၏။ အားလုံးက
လျှို့လျှို့ဝှက်ဝှက်နှင့်လှုပ်ရှားလုပ်ကိုင်ြ ကရခြင်းဖြစ်သည်။ ဗိုလ်ချုပ်၏ စစ်သေနာပတိချုပ် ၊စစ်ဝန်ကြီးအရှိန်အဝါနှင့် လုပ်ရ သဖြင့် လုပ်ကိုင်ကြရသည်မှာ ထိရောက်၏။ ၁၉၄၅ခုနှစ် မတ်လ (၁) ရက်နေ့တွင်
ကန်ေ တ်ာကြီးစောင်းရှိ ဗိုလ်ချုပ်၏နေအိမ်တွင်ပင် ဖက်ဆစ်တိုက်ဖျက်ေ ရး ပြည်သူ့အဖွဲ့ချုပ် အစည်းအဝေးအားပြုလုပ်၏။ တပ်မ တော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊
ဗိုလ်ေ စာကြာဒိုး၊ ဗိုလ်ေ အာင်အောင်၊ ဗိုလ်ရ န်အောင်၊ ဗိုလ်ရဲထွဋ္ဋ် ၊ ဗိုလ်ဖိုးကွန်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ေ မာင်မောင်၊ ဗိုလ်စိန်မှန်နှင့် ဗိုလ်ခင်မောင်လေးတို့တက်ကြသည်။ ပြည်သူ့အရေးတော်ပုံပါတီက
ဦး ဘဆွေ၊ သခင်ချစ်၊ ဦးကျော်ငြိမ်းနှင့်ဦး လှမောင်တို့တတ်ရောက်ကြပြီး ကွန်မြူနစ်ပါတီမှမူ …..သခင်စိုး၊ သခင်သန်းထွန်းနှင့် သခင်တင်မြတို့ပါဝင်သည်။

အစည်းအဝေးက ညဦးယံမှ စခဲ့သည်မှာ ….သန်း ခေါင်ယံကျော်မှပ င်ပြီး၏။ ဧည့်သည်များပြန်သွားကြပြီးသည့်နောက် အိမ်သည် တိတ်ဆိတ်၍သွားသည်။ တာဝါလိမ်း လမ်းဖက်ဆီက
မော်တ်ာကားသံအားသဲ့သဲ့ကြားရ၏။ ဒေါ်ခင်ကြည်သည် မအိပ်ဘဲ ဗိုလ်ချုပ်အားစောင့်နေ၏။ ဒေါ်ခင်ကြည်က မပေါ့မပါး….။ တတိယမြောက်ကိုယ်ဝန်နှင့်….။ ၅-လရှိသည့်ကိုယ်ဝန်က မို့မို့ဝန်းဝန်း….။

(၂)

ဂျပန်စစ်ဌာနချုပ်က ဗမာ့တပ်မ တော်အား ထိုးစစ်ဆင်လာသည့်ဗြိတိသျှစစ်တပ်အား စစ်မျက်နှာ တခုဖွင့်၍တိုက်ခိုက်ရ န် စစ်ထွက်မိန့်ပေးလိုက်၏။ ဂျပန်တို့၏စစ်ထွက်မိန့်က …ဗိုလ်ချုပ်တို့အဖို့
“ရောင်တော်ပြန်နှင့် ရောလွှတ်” ရန် အခွင့်အရေးရသွား၏။ တပ်များအား ဖက်ဆစ်တော်လှန်ရေးအတွက် တာဝန်ကျရာ စစ်တိုင်း များသို့ ပုန်း လျှို၊ကွယ်လျှိုပြောင်းရွှေ့ရန်မလိုေ တာ့….။ ၁၉၄၅ ခုနှစ်
မတ်လ(၁၇)ရက်နေ့တွင် ဦး ဝိစာရလမ်းနှင့် ဝင်ဆာလမ်းထောင့်ရှိ မြက်ခ င်းပြင်၌ ဗမာ့တပ်မ တော် တပ်ရ င်း၊ တပ်ခွဲများအား စစ်သေနာပတိချုပ် ဗိုလ်ချုပ်က စစ်ထွက်မိန့်ခွန်း ပေး၏။

“အနီးကပ်ဆုံး ရန်သူကို ရှာတိုက်ကြ…..”

(၂၂)ရက်နေ့တွင် ဗိုလ်ချုပ်ကိုယ်တိုင် ရန်ကုန်မှ စစ်ထွက်၏။ ဒေါ်ခင်ကြည်က သားငယ်နှစ်ဦး….။ ပြီးလျှင် …. ရင့်မာစပြုနေသည့် ကိုယ်ဝန်နှင့်ကျန်ရစ်၏။ ဗိုလ်ချုပ်၏ စစ်ဌာနချုပ်က သရက်၊
မင်းတုန်း ဘက်တင
ွ် အခြေပြု၍လှုပ်ရှားမည်။ ၁၉၄၅ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် စစ်တိုင်းများအားလုံးက ဖက်ဆစ်ဂျပန်တို့အား တပြိုင်တည်းစ၍ တိုက်ကြ၏။

၁၉၄၅ခုနှစ် မေ (၂)ရက်နေ့တွင် ရန်ကုန်အား ဂျပန်လက်အောက်မှပြန်၍ သိမ်း ပိုက်နိုင်ခဲ့၏။ ရန်ကုန်အားဗမာ့တပ်မ တော်နှင့် ဗြိတိသျှတပ်များက သိမ်း ထားပြီးဖြစ်သော်လည်း….. ဂျပန်တပ်များက
စစ်တောင်းမြစ်၊ အရှေ့ဖက်ခြမ်းနှင့် တနင်္သာရီဒေသများအား ထိန်း သိမ်းထားဆဲဖြစ်၏။

ရန်ကုန်မြို့အား သိမ်း ပိုက်ရရှိပြီးနောက် ဗြိတိသျှတို့က ရန်ကုန်အား စစ်အုပ်ချုပ်ရေးနှင့်အုပ်ချုပ်၏။ စစ်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စပီးယားက.. ဗိုလ်ချုပ်အောင်ဆန်းအား ဖမ်းဆီးမည်။
ဖဆပလအား မတရားအသင်းကြေညာမည်…..ဤသို့ခြေလှမ်း များ လှမ်းလာ၏။ ဗိုလ်ချုပ်စပီးယား၏ခြေလှမ်းအား လန်ဒန်ရှိအာဏာပိုင်တို့က ခွင့်မပြု….။ စပီးယားအား ရန်ကုန်မှပြန်ခေါ်ပြီး ဗိုလ်ချုပ်
ဟူးဘတ်ရန့်စ်အား လွှတ်၏။

၁၉၄၅ ခုနှစ်ဇွန်လ (၄)ရက်ေ န့တွင် ဖဆပလဌာနချုပ်၌ မြန်မာပြည်ရှိ နိုင်ငံရေးခေါင်းဆောင်များ၏ အစည်းဝေးအားပြုလုပ်၏။ ဗိုလ်ချုပ်က ဖဆပလ၏ မူဝါဒနှင့်လုပ်င န်းများအား အစည်းအဝေးတွင်
ရှင်းပြ၏။ ဗမာတပ်မတော်၏အနာဂတ်ကိစ္စအား ဆွေးနွေး၏။

၁၉၄၅ခုနှစ် ဇွန်လ (၁၆)ရက်နေ့တွင် ဗြိတိသျှတပ်များ၏ စစ်သေနာပတိချုပ် မောင့်ဘတ်တန်နှင့် ဗိုလ်ချုပ်အောင်ဆန်း၊သခင်သန်း ထွန်းတို့ ရန်ကုန်တွင်ပ င်တွေ့ပြီး ဆွေးနွေးကြ၏။
ဗမာ့လက်နက်ကိုင်တပ်များ၏အရေးအား အဓိကထားဆွေးနွေးကြ၏။ အလုပ်တာဝန်များအကြား၌ဗိုလ်ချုပ်သည် ပိ၍နေသည်။
၁၉၄၅ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် ဒေါ်ခင်ကြည်သည် တတိယမြောက်ကိုယ်ဝန်အားမွေးဖွားခဲ့၏။ သမီးလေး….။ မိခ င်နှင့်ကလေးပါ ကျန်းမာရေးကောင်းကြ၏။ ဗိုလ်ချုပ်က ဇနီးသည်နှင့်
သမီး ငယ်တို့အနား၌ ကြာကြာမနေနိုင်….။ အချိန်မ ပေးနိုင်။ မနက်ဖြန်တွင် ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် တွေ့ဆုံဖို့အရေးကရှိသည်။ ပြင်ဆင်စ ရာရှိသည်များအား ပြင်ဆင်ရ မည်။
ဖဆပလခေါင်းဆောင်များနှင့်တိုင်ပင်ဆွေးနွေးစရာများ လည်းရှိ၏။ သိပ့်သိပ့်သည်းသည်း ထုတ်ပိုးထားသည့် ဖြူဖွေးသော အနှီအတွင်း မှ သမီး ငယ်လေးမျက်နှာ က နီတာရဲရဲ…..။

(၃)

၁၉၄၅ခုနှစ် မတ်လ (၂၇)ရက်နေ့ ဖက်ဆစ်တော်လှန်ေ ရးအားဆင်နွှဲရာတွင် “ဗမာ့ကာကွယ်ရေးတပ်မတော်” (BDA) အား “ပြည်သူ့လွတ်လပ်ေ ရးတပ်မတော်”ဟု အမည်ေ ပြာင်း၍ တော်လှန်ခဲ့ကြသည်။
တော်လှန်ေ ရးက ပြီး ပြီ။ ဗြိတိသျှမဟာမိတ်တပ်များက ဗိုလ်ချုပ်ဦးဆောင်သည့် “ပြည်သူ့လွတ်လပ်ေ ရးတပ်မတော်”အား “ဗမာ့အမျိုး သားတပ်မတော်” (BNA)ဟူ၍သာ သုံးနေ၏။
“ပြည်သူ့လွတ်လပ်ေ ရးတပ်မတော်”သားများကလည်း “ ပြည်သူ့လွတ်လပ်ေ ရးတပ်မတော်“ဟူ၍သာလက်ခံကြ၏။ “ဝေါဟာရ” အငြင်းအခုန်ကရှိနေသည်။ ဝေါဟာရ၏နောက်တွင်
အနှစ်သာရအသွင်ကဆောင်လာမည်။ ၁၉၄၅ခုနှစ် ဇွန်လ (၂၉)ရက်နေ့တွင် ဗိုလ်ချုပ်သည် ဘုရင်ခံ ဒေါ်မန်စမစ်နှင့် တွေ့ပြန်သည်။ ဒေါ်မန်စမစ်က တပ်မ တော်၏အမည်သတ်မှတ်ရေးအား
“ဗမာ့မျိုးချစ်တပ်မတော်”ဟူ၍ခေါ်ရန် ဗိုလ်ချုပ်အားအကြံပေး၏။ ဗိုလ်ချုပ်မှလည်း သဘောတူလိုက်၏။ ဗိုလ်ချုပ်အတွက် သူထူထောင်ခဲ့သည့် တပ်မ တော်ကြီး၏အမည်ကိစ္စကပြီး ပြီ….။ တဖက်တွင်
က….ရှိသေး၏။ အမည်ကိစ္စပ င်….။ လွန်ခဲ့သည့် ဆယ်ရက်က ဖွားမြင်ခဲ့သည့် သူ၏ရင်သွေးသမီးငယ်လေးအား ယခုအထိ အမည်မပေးရသေး…။ သားဦးယောက်ျားလေးမွေးစဉ်က ….အောင်ဆန်းဦးဟု
ပေးခဲ့၏။ ယခုသမီး ငယ်အတွက် ….။ ဗိုလ်ချုပ်စိတ်အတွင်း ၌ အမည်တခုအားပေးကြည့်၏။ အိမ်ပြန်ရောက်သည့်အခါ၌ ဇနီးသည်အား ဗိုလ်ချုပ်ကစိတ်ထဲမှေ ပးထားသည့်အမည်အားပြောပြသည်။
ဒေါ်ခင်ကြည်မှလည်းသဘောကျ၏။ သို့နှင့်… ဗိုလ်ချုပ်က သူ၏သမီးလေး၏အမည်အား မှည့်ေ ခ်ါလိုက်သည်။

“ အောင်ဆန်း စုကြည်……”

ကိုးကား ………

-အောင်သန်း၏အောင်ဆန်း

-ကြေးမုံဦး သောင်း၏ ဗမာ့ခေတ်မှကြေးမုံသို့

-ဒဂုန်တာရာ၏ ဦး အောင်ဆန်း ၏နောက်ဆုံးနေ့(တာရာမဂ္ဂဇင်း အတွ-ဲ ၁၊ အမှတ်-၆)

-မြတ်ထန်၏ တိုင်းပြုကနုနု ၊မုန်တိုင်းကထန်ထန်

- မြဟန်၏ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ

- ဒေါ်အောင်ဆန်းစုကြည်၏ကြောက်ရွံ့ခြင်းမှလတ
ွ်ကင်းရေးနှင့်အခြားစာတမ်းများ

- ဝီလျှံလန်ဂ လေ၏ ကျနော့်မေမေ နိုင်ငံေ ရးအကျဉ်းသား

- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင်မိန့်ခွန်းများ

-နွေဦး အိုးဝေ ဂျာနယ်များ

- ရွှေခ မောက်ဂျာနယ်များ

-သခင်အုန်း မြင့်နှင့်ဒီဗွီဘီဆက်သွယ်မေးမြန်းချက်

-ဒေါမာန်ဟုန်

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၂)

| ကြာသပတေးနေ့၊ ဇွန်လ ၁၈ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၂၃ မိန စ် ဆောင်းပါး

(၄)

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရှင်သန်ေ နထိုင်ခဲ့ရသည့်ကာလက …. တိုတိုကျဉ်းကျဉ်းလေးသာဖြစ်သည်။ တိတိပပတွက်စစ်ပါမူ ….. စုစုေ ပါင်း ၂၅
လမျှသာ….။ ဤမျှတိုေ တာင်းသော အချိန်ေ လးများကိုပင် ပြည့်ပြည့်ဝ ဝ အတူနေခဲ့ကြရခြင်း မဟုတ်ခဲ့…။ ဗမာ့တပ်မတော်အား အသစ် ပြန်လည်ဖွဲ့စည်းရန်အတွက် ဗိုလ်ချုပ်ကြီးမောင့်ဘတ်တန်နှင့်
ဆွေးနွေးရန် ဗိုလ်ချုပ်သည် သီရီလင်္ကာနိုင်ငံသို့ သွားရ၏။ ရန်ကုန်မှ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁ ရက်ေ န့တွင် ထွက်၏။ ဗိုလ်ချုပ်၏ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် တပ်မ တော်မှ ဗိုလ်လကျာ်၊
ဗိုလ်ေ ဇယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ေ ဇာ ပါကြ၏။ နိုင်ငံေ ရးခေါင်းဆောင်များမှ သခင်သန်းထွန်း ၊ ဦးဘဘေ၊ ဦးညိုထွန်း နှင့် စောဘဦးကြီး ပါဝင်၏။
ခရီးစဉ်က….ရန်ကုန်မှ ကာလက္တား….။ ကာလက္တားမှတဆင့် သီရိလင်္ကာနိုင်ငံ ကန္ဒီသို့  သွားရန် ဖြစ်သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် ဗိုလ်ချုပ်တို့အဖွဲ့ ရန်ကုန်မှ ထွက်သည်။ ၆ ရက်နေ့တွင်
ကန္ဒီမြို့၌ “မောင့်ဘတ်တန်” ဦးဆောင်သော မဟာမိတ် စစ်ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်တို့  ဆွေးနွေးကြသည်။ တပ်မတော်သစ် ဖွဲ့စ ည်းရေးဆိုင်ရာ “ကန္ဒီစာချုပ်” အား ချုပ်ဆိုကြ၏။ ကန္ဒီမှ
ပြန်ရောက်ပြီးသည့်ေ နာက်….ဗိုလ်ချုပ်သည် တပ်မှ နုတ်ထွက်၍ ဖဆပလတွင်ပင် ဥက္ကဋ္ဌအဖြစ်နှင့် နိုင်ငံရေးတာဝန်များအား အချိန်ပြည့် ထမ်းဆောင်၏။ ဖဆပလဥက္ကဋ္ဌ အနေဖြင့်လည်း ဗိုလ်ချုပ်သည်
အမှတ် ၂၅ တာဝါးလိန်း နေအိမ်၌ နေရသည့်ေ နများက နည်းသည်။ တပြည်လုံးအနှံ့ ခရီးထွက်၍ လူထုနှင့်တွေ့ဆုံပြီး ရှင်း လင်းပြောကြားနေခဲ့ရသည်က များ၏။ မြစ်ကြီးနားသို့ သွား၏။ ဒူးဝါးကြီးများနှင့်
ဆွေးနွေး၏။ ကချင်လူထုနှင့် တွေ့၏။ အိမ်တွင်ရှိသည့် အချိန်များတွင်လည်း ဗိုလ်ချုပ်သည် နေ့နေ့ညည အလုပ်များနှင့်ပိ၍ နေခဲ့သည်။

၁၉၄၆ ခုနှစ် ဇွန်လတွင် ဘုရင်ခံ ဒေါ်မန်စမစ်သည် ကျန်းမာရေးကြောင့် အင်္ဂလန်သို့ ပြန်သွားခဲ့၏။ ဒေါ်မန်စမစ်နေရာတွင် ဆာဟူဘတ်ရန့်စ်သည် ဘုရင်ခံသစ်အဖြစ်နှင့် ရောက်လာ၏။ ဘုရင်ခံသစ်က
ရန်ကုန်သို့ေ ရာက်ပြီး မကြာ…. ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့၏။ ဖဆပလနှင့် ဆွေးနွေး၏။ နှစ်ဖက် …. အလျှော့အတင်းနှင့် ဘုရင်ခံ၏ အမှုေ ဆာင်ကောင်စီတွင် ဖဆပလမှ ပါဝင်ရန် ဗိုလ်ချုပ်တို့ 
သဘောတူလိုက်၏။

၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် အမှုေ ဆာင်ကောင်စီသစ်အား ဖွဲ့စည်း ၏။ ဆာဟူးဘတ်ရ န့်စ်က ကောင်စီ၏ ဥက္ကဋ္ဌ …. ဗိုလ်ချုပ်အောင်ဆန်းက ဒု -ဥက္ကဋ္ဌ။ ကောင်စီဝင် ၁၁ ဦး ရှိသည်။ ဖဆပလက
ကောင်စီတွင် ၆ ဦး ပါရှိ၏။ ပြီးလျှင် …. ဗိုလ်ချုပ်က …. ဝန်ကြီးအဖွဲ့တွင် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကိုလည်း ယူရ၏။ သို့သော် … လွတ်လပ်ေ ရးခရီးက …..အဆုံးတိုင်သို့
မရောက်သေး…..။ ဗိုလ်ချုပ်၏ ဦး ဆောင်မှုေ အာက်၌ ဆက်၍ချီဆဲ …။

၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် ဒေါင်း နင်းလမ်းက ဗိုလ်ချုပ်တို့အား အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံ တည်ထောင်ရေးအတွက် ဆွေးနွေး ရန် ကမ်းလှမ်း၏။ ဖဆပလက “ဝှိုက်ဟော”၏ ကမ်း လှမ်း ချက်ကို
လက်ခံ၍ ဗိုလ်ချုပ် ဦး ဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တဖွဲ့ လန်ဒန်သို့ သွား၏။

၁၉၄၇ ခုနှစ် ဇန်နဝါရီလ တလလုံးနီးနီး လန်ဒန်တွင် နေပြီး ဒေါင်းနင်းလမ်းနေအိမ်၌ အက်တလီအစိုးရအဖွဲ့နှင့် ဗိုလ်ချုပ်တို့  ဆွေးနွေးကြသည်။ အဆုံး၌ သဘောတူညီမှု ရခဲ့ကြ၏။ ဗိုလ်ချုပ်အောင်ဆန်းနှင့်
ဗြိတိသျှနန်းရင်းဝန် မစ္စတာအက်တလီတို့  သဘောတူစာချုပ်အား လက်မှတ်ေ ရးထိုးကြ၏။

“အောင်ဆန်း-အက်တလီစာချုပ်”

တနှစ်အတွင်း လွတ်လပ်ေ ရး ရ….ရမည်….။ ဗိုလ်ချုပ်၏ အင်္ဂလန်ပြန် လက်ဆောင်က မြန်မာပြည်သူများအတွက်…. တနှစ်အတွင်း လွတ်လပ်ေ ရး ရ….ရမည်ဖြစ်၏။ သူ၏ ကလေးများအတွက်လည်း
လက်ဆောင်များ ပါခဲ့၏။ သမီး ငယ်အတွက်က အရုပ်ကြီးတရုပ်….။ ထိုအရုပ်ကြီးက လန်ဒန်တွင် ဒိုရာသန်းအေး (ဘိလပ်ပြန်သန်း) အား သမီးအတွက် ဗိုလ်ချုပ်က အဝယ်ခိုင်း၍ ဒိုရာသန်းအေးက
ဝယ်ေ ပးလိုက်သည့် လက်ဆောင်ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်က ထိုလက်ဆောင်အရုပ်ကြီးအား နှစ်ေ ပါင်းများစွာ ကြာသည့်အထိ မပျက်မစီး ထိန်း သိမ်း ထားခဲ့၏။

(၅)

မိုး သောက်ယံကတည်းက .. ကောင်း ကင်သည် အုံ့အုံ့မှိုင်းမှိုင်း …. ညို့ညို့ဆိုင်းဆိုင်း ….၊ ကြည်ကြည်လင်လင် မရှိ။ မြင်ရသည်မှာ မြူသန်းနေသည့် ပင်လယ်ပြင်ကြီးအလား….။ အရပ်ရပ်သည်
ဝိုး ဝိုးဝါးဝါး…..။ မိုး သည် လွတ်လွတ်ကင်း ကင်း စဲသည်ဟူ၍ မရှိ။ ဖွဲလိုက်….။ သည်းလိုက်…..။ တဖြိုင်ဖြိုင် ရွာချလိုက်နှင့် စွေနေသည်။ သနပ်ခါးရောင် ပိုးပျော့ရင်ဖုံး၊ ဘန်ေ ကာက်လုံချည်၊
ပန်းနုရောင်ခေါင်းပေါင်းနှင့် ရုံးသွားရန် ပြင်ဆင်ေ နသော ဖခင်အားမြင်ရသည်မှာ ဒေါ်အောင်ဆန်းစုကြည် စိတ်ထဲ၌ “ဆန်း ”၍ နေသည်။ ယခင်ကမူ….. ဖေဖေ့အား စစ်ဝတ်စုံနှင့်သာ အမြဲလိုလို တွေ့ရမြဲ….။
မိုး ကမစဲ…..။ ဖွဲလိုက်၊ သည်းလိုက်နှင့်…..။ မိုးရေထဲမှာ ပင် ဗိုလ်ချုပ်သည် အပါးတော်မြဲ ဗိုလ်ထွန်းလှနှင့်အတူ ကားပေါ်သို့ တက်ပြီး ရုံးသို့ ထွက်သွား၏။ မိုး သည်းနေသဖြင့် အိမ်အဝ အထိပင်
ဖခင်ဖြစ်သူအား ဒေါ်အောင်ဆန်း စုကြည်တို့  လိုက်ပို့နိုင်ကြ၏။ ဤလိုက်ပို့ခြင်းက ဖခင်ဖြစ်သူအား နောက်ဆုံးလိုက်ပို့ခဲ့သည့် နောက်ဆုံး ခရီးဟု ထိုစဉ်က …. ဒေါ်အောင်ဆန်း စုကြည်နှင့် သူမ ၏ အကိုများ
မတွေးမိ၊ မထင်မှတ်မိခဲ့…..။

ထိုနေ့က …… ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်……။

(၆)

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ေ ရးရခဲ့၏။ လွတ်လပ်ေ သာနိုင်ငံသစ်တွင် ပထမဦးဆုံး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်က သခင်နု ဖြစ်လာခဲ့သည်။ လွတ်လပ်ေ သာ နိုင်ငံသစ်၌
ဒေါ်ခင်ကြည်သည်လည်း နိုင်ငံ့တာဝန်အား ထမ်းဆောင်၏။ အရွယ်မရောက်သေးသည့် သားသမီး ၃ ယောက်အား ထိန်းကျောင်းရင်း……။ တဖက်တွင် မိခင်နှင့် ကလေးစောင့်ရှောက်ေ ရးဌာန၊
လူမှုဝ န်ထမ်းဌာနတို့တွင် တာဝန်ကြီးကြီးယူ၍ ထမ်းဆောင်ရ၏။ ထူထောင်ကာစ တိုင်းပြည်သစ်တွင် ဒေါ်ခင်ကြည်သည်လည်း အလုပ်တာဝန်များနှင့် မအားမလပ်…..ပိ၍နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ငယ်စ ဉ်ကလေးဘဝက ….. တပ်မတော်သား ရဲဘော်ရဲဘက်များ၏ ထိန်း ကျောင်း၊ စောင့်ရှောက်မှု လက်ပေါ်၌သာ ကြီးပြင်းခဲ့ရသည်ဟု ဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည်တို့
မောင်နှမ များအပေါ် အနွံအတာ အခံရ ဆုံးက …… ဗိုလ်ချုပ်၏ ကားအား မောင်းရသည့် ရဲေ ဘ်ာဖြစ်၏။ မပီ့တပီနှင့် ထိုရဲေ ဘာ်၏ အမည်အား ဒေါ်အောင်ဆန်း စုကြည်က ခေါ်တတ်၏။
ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှမ များက မိခ င်၏ အုပ်ထိန်းမှု တပ်မ တော်သား ရဲေ ဘ်ာရဲဘက်များ၏ ထိန်း ကျောင်းမှုအောက်၌ ကြီးပြင်းခဲ့ရသည်ဟု ဆိုရ မည်ဖြစ်သော်လည်း စင်စစ်တွင်မူ ဗိုလ်ချုပ်၏ …
“ကလေးတွေကို ဘာကိုမှ မကြောက်စေနဲ့။ သူတို့ ကြောက်ဖို့ဟာ နှစ်ခုပဲရှိတယ်။ မတရားတဲ့ ကိစ္စကို လုပ်ဖို့ ကြောက်ရမယ်။ မမှန်တဲ့ ကိစ္စကို လုပ်ဖို့ ကြောက်ရမယ်။ လောကမှာ ကြောက်ဖို့ဆိုတာ
ဒီနှစ်ခုပဲရှိပါတယ်။” ဟူသည့် သွန်သင်မှု၊ သင်ကြားမှုများအတွင်း၌သာ အသားကျ၊ အရိုးစွဲရှင်သန်ကြီးပြင်းခဲ့သည်ဟု ဆိုရမည်….။

(၇)

၁၉၄၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ကျောင်းစ၍ နေရသည်။ ရန်ကုန်ရှိ “စိန့်ဖရန့်စစ်” ကွန်ဗင့်ကျောင်းတွင် ဖြစ်သည်။ အင်းစိန်၌ သေနတ်သံတို့က စဲစပြုပြီ….။ ယမ်းငွေ့ကမူ ဝေဆဲ…..။ KNDO
တို့က အင်းစိန်အား ၁ဝ၁ ရက်တိုင်တိုင် သိမ်းပိုက်ထားခဲ့ရာမှ စွန့်၍ မြစ်ဝကျွန်းပေါ်ဘက်သို့ တဖြေးဖြေး ဆုတ်ခွာသွားကြ၏။ ည ၉ နာရီကျော်လျှင် ….. အပြင်မထွက်ရ….။ နေဝင်မီးငြိမ်းအမိန့်အား
ရန်ကုန်မြို့တွင် ထုတ်ပြန်၍ထားဆဲ….။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မ တော်နှင့် KNDO တပ်များက မြန်မာပြည်မြို့ကြီး အများအပြားအား သိမ်းပိုက်ထား၏။ ပုသိမ်၊ မြောင်းမြ၊ ဓနုဖြူ၊
ညောင်တုန်းတို့က KNDO တို့၏ လက်အောက်၌ ရှိနေ၏။ ဒေါ်အောင်ဆန်း စုကြည်၏ အမေဘက်မှ အဖိုးအဖွားနှင့် ဆွေမျိုး များက …..ပုသိမ်၊ မြောင်းမြဘက်၌ ရှိကြ၏။ ပြည်သူ့ရဲဘော်တို့
တောခိုသွားကြ၏။ တိုင်းပြည်က မီးလျှံအတွင်း၌…..။

“စိန့်ဖ ရန့်စစ်” ကွန်ဗ င့်ကျောင်းတွင် ဒေါ်အောင်ဆန်း စုကြည်သည် ၁၉၅၇ ခုနှစ်အထိ နေခဲ့၏။ အလယ်တန်း ပညာအား “စိန့်ဖ ရန့်စစ်” ကွန်ဗ င့်ကျောင်းမှပင် ပြီးဆုံးအောင်မြင်ခဲ့၏။ ထိုစဉ်က
မြန်မာပြည်ပညာရေး၌ အစိုး ရကျောင်းများနှင့် သာသနာပြုကျောင်းများဟူ၍ ၂ မျိုး ရှိ၏။ ဝန်ကြီးချုပ်ဦးနု အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားလုံးလိုလိုက သူတို့၏ သားသမီးများအား
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုး ရကျောင်းများ၌ မထား….။ သာသနာပြုကျောင်းများတွင်ပ င် ထားကြ၏။

၁၉၅၆ ခုနှစ်….။

ဒေါ်အောင်ဆန်းစုကြည် “စိန့်ဖ ရန့်စစ်” ကွန်ဗ င့်ကျောင်း၌ အလယ်တန်း ပညာအား သင်ယူနေစဉ်… ၇ တန်း စာမေးပွဲ မေးခွန်းပေါက်ကြားမှုမှစ ၍ ကျောင်းသားတဦး သေဆုံးခဲ့ရသည့် အရေးအခင်း တခု
ဖြစ်ခဲ့၏။ မေးခွန်း ပေါက်ကြားမှုအား အထောက်အထားနှင့်တကွ ဗမာ့ခေတ် သတင်းစာက ရေးသည်။ ဗမာ့ခေတ်တွင် ဖော်ပြပါရှိသည့် မေးခွန်း နှင့် စာမေးပွဲ စာစစ်ခန်းမှ မေးခွန်းက ထပ်တူဖြစ်နေသည်။
ဤတွင် …. ပညာရေးအာဏာပိုင်တို့က စာမေးပွဲအား ရက်အကန့်အသတ်မရှိ ရွှေ့လိုက်ကြောင်း …. စာမေးပွဲဖြေရန် ရောက်လာကြသည့် ကျောင်းသားများအား ရှင်းကြ၏။ နောက်ဆုံး …..
ကျောင်းသားများက သတင်းဖော်ပြခဲ့သည့် ဗမာ့ခေတ်သတင်းစာတိုက်သို့ ချီတက်၍ ဝိုင်း ကြ၏။ သတင်းစာတိုက်အား ဖျက်ဆီးရန် ကြိုးစားကြ၏။ ဤတွင် ပစ်ခတ်မှုဖြစ်ပြီး ကျောင်းသားတဦး ဒဏ်ရာရ၏။
နောက်ပိုင်း …. သွေးလွန်၍ ထိုကျောင်းသား ကွယ်လွန်ခဲ့၏။ ကွယ်လွန်ခဲ့သည့် ကျောင်း သားအမည်က ….“ဟယ်ရီတန်…”…..။ ထိုအရေးအခင်းအား ….“ဟယ်ရီတန်” အရေးအခင်း” ဟု ဆိုကြ၏။
ထိုနှစ်က …. အစိုးရကျောင်းများ အားလုံးရှိ ၇ တန်း ကျောင်းသား အားလုံးအား အတန်း အအောင်ပေးခဲ့၏။

(၈)

၁၉၅၇-၅၈ ပညာသင်နှစ်တွင် ဒေါ်အောင်ဆန်း စုကြည်သည် မက်သဒစ်အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့၍နေသည်။ ထိုစဉ်က ဒေါ်အောင်ဆန်း စုကြည် အသက်သည် ၁၃ နှစ်မျှ ရှိပြီ။ ပြည်တွင်း စစ်နှင့်
စခဲ့ရသည့် လွတ်လပ်ေ ရးနှင့် ဒီမိုကရေစီသည် ၁ဝ နှစ်ခ ရီး လျှောက်လှမ်း ပြီးသည့်အချိန်၌ ….ဖဆပလ၏ အာဏာရပ်ဝန်း အကွအ
ဲ ပြဲတို့ေ ကြာင့် နိဂုံးချုပ်ရတော့မည့်အလား ဖြစ်နေ၏။ ဦးနုက
ဖဆပလအတွင်း သန့်ရှင်းရမည်ဟု ကြွေးကြော်၏။ တဖန် “ဆွေ-ငြိမ်း ” တို့ကလည်း ဖဆပလ တည်မြဲရမည်ဟု ဟစ်ေ အ်ာပြန်၏။ ကြွေးကြော်ရင်း ….. ဟစ်အော်ရင်းနှင့် ၁၉၅၈ ခုနှစ် ကမ္ဘာအေး ဖဆပလ
ညီလာခံကြီးတွင် နှစ်ခြမ်းကွဲသွားတော့၏။ သန့်ရှင်းနှင့် တည်မြဲဟူ၍ ……။ ဦးနုနှင့် မင်းလှ ဗိုလ်တဲသခင်တင်တို့က သန့်ရှင်းအား ဦးဆောင်၏။ ဦး ဗဆွေ၊ ဦးကျော်ငြိမ်း တို့က တည်မြဲအား ခေါင်းဆောင်ကြ၏။
ညီလာခံအကွဲက …. လွှတ်တော်ထဲအထိ သယ်လာကြသည်။ ၁၉၅၈ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပါလီမန်လွှတ်တော်၌ တည်မြဲတို့က ဦး နု၏ အစိုး ရအဖွဲ့အား အယုံအကြည်မ ရှိ အဆိုတင်၏။
သန့်ရှင်းအစိုးရအား ပမညတ တို့က လွှတ်ေ တ်ာအတွင်း မဲတင်းပေးလိုက်ကြသဖြင့် တည်မြဲတို့၏ အဆိုက မအောင်…..။ ရှုံးနိမ့်ခဲ့ရ၏။ အာဏာရပ်ဝန်း၏ အလှုပ်အရမ်းအား ကြည့်ပြီး စစ်တပ်က
တစခန်းထလာပြန်သည်။ တည်မြဲစစ်ဗိုလ်တို့က သန့်ရှင်းဦး နုအား အကျပ်ကိုင်၏။ အာဏာသိမ်းရန်အထိ ခြေလှမ်း ပြင်လာကြသည်။ သန့်ရှင်းအစိုး ရက …. တည်မြဲနှင့် စစ်တပ်။ စစ်မျက်နှာ နှစ်ဖက်အား
ရင်ဆိုင်ေ နရ၏။

၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂ ရက်ေ န့တွင် ဝန်ဒါမီယာရှိ ဝန်ကြီးချုပ်ဦးနု၏ အိမ်တွင် တပ်မှူး အချို့နှင့် ဦးနု ဆွေးနွေး၏။ တပ်မှူး များက ဗိုလ်မှူးချုပ်တင်ေ ဖ၊ ဗိုလ်မှူးကြီးအောင်ကြီးနှင့် ဗိုလ်မှူးကြီးမောင်မောင်
ဖြစ်သည်။ တပ်သို့ အာဏာလွှဲေ ပြာင်းပေးရန် သေနတ်ပြ၍ တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲက ၄ နာရီခန့် ကြာသည်။

နောက်ဆုံး ဦးနုလိုက်လျောလိုက်ရ၏။ စစ်တပ်၏ ကတ္တီပါ အာဏာသိမ်း ပွဲ…..။ ထိုထိုေ သာ အခြေအနေများအား ဒေါ်အောင်ဆန်း စုကြည်သည် မက်သဒစ်ကျောင်းတွင် ကျောင်းတက်ရင်း သိခွင့်၊ ကြားခွင့်
ရခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခဲ့ပြီး သည့်နောက်တွင်လည်း ဗိုလ်ချုပ်၏ ကျောင်းနေဘက် သူငယ်ချင်းများ၊ နိုင်ငံရေးလုပ်ေ ဖ်ာကိုင်ဖက်များ ….. တပ်မတော်အတွင်းမှ ဗိုလ်ချုပ်၏
ရဲေ ဘ်ာရဲဘက်များက ဒေါ်အောင်ဆန်း စုကြည်တို့၏ နေအိမ်သို့ ဝင်ထွက်မြဲ၊ စောင့်ရှောက်မြဲ၊ ကူညီမြဲ ….. ဝန်းရံကြဆဲပင်…..။ ထိုအထဲ၌ …. ဦးအုန်း ၊ သခင်အုန်းမြင့်၊ အိုးဝေ ဦးညိုမြ၊ တရားသူကြီးချုပ်
ဦး မြင့်သိန်း တို့က နီး နီးကပ်ကပ် ပို၍ရှိကြသည်။ နွေးနွေးထွေးထွေး ဆက်ဆံကြ၏။ မိခင်ဒေါ်ခင်ကြည်နှင့် ထိုပုဂ္ဂိုလ်များ၏ စကားဝိုင်းများတွင် ဒေါ်အောင်ဆန်းစုကြည်သည် အနားမှ နားထောင်ခွင့်ရခဲ့၏။
သူတို့၏ အသိ၊ သူတို့၏ အတွေးအမြင်၊ အယူအဆများအား ဒေါ်အောင်ဆန်း စုကြည်သည် နီးနီးကပ်ကပ် သိရှိခွင့်ရခဲ့၏။ ထိုစ ဉ်က …. စစ်တပ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်က
….. ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ မွန်ပြည်န ယ် စည်းရုံးရေးခရီးစဉ်အတွင်း မော်လမြိုင်မြို့ NLD ရုံး၌ အတိတ်အား ပြန်ပြောင်း၍ အမှတ်တရ ထုတ်ဖော်ပြောဆိုခဲ့၏။

“၁၉၅၈ ခုနှစ် ပထမအကြိမ် စစ်အာဏာသိမ်း ကတည်းက ကျမ သဘောမကျခဲ့ဘူး။ သဘောမကျရတဲ့ အကြောင်းအရင်းကတော့ တပ်မ တော်ဟာ နိုင်ငံရေးအာဏာသိမ်းဖို့ ဖေဖေက တည်ထောင်ထားတာ
မဟုတ်ပါဘူး။ ဒါ့ေ ကြာင့် ဖေဖေကိုယ်တိုင် နိုင်ငံေ ရးလုပ်တဲ့အခါ တပ်မတော်ထဲက ထွက်ပြီး မှ လုပ်ပါတယ်။ ဒီလိုတပ်မ တော်ထဲက ထွက်ပြီးမှ နိုင်ငံေ ရးလုပ်ခဲ့ရ တဲ့ အကြောင်းကတော့ အစဉ်အလာ
ကောင်းစေချင်လို့ပဲ။ တိုင်းပြည်တပြည်ကို လက်နက်အားကိုးပြီးတော့ အုပ်ချုပ်တယ်ဆိုတဲ့ အစဉ်အလာ မဖြစ်စေချင်လို့ ။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်များဟာ ပြည်သူလူထုထောက်ခံမှု
အင်အားနဲ့ပဲ အုပ်ချုပ်တာ ဖြစ်ရမယ်။ လက်နက်အင်အားနဲ့ အုပ်ချုပ်တာ မဖြစ်ရဘူး ဆိုတာ ကျမကို မွေးကတည်းက သင်ထားခဲ့တဲ့ ကျမသိခဲ့တဲ့ သင်ခ န်းစာပါ။ ဒါ့ေ ကြာင့် ၁၉၅၈ ပထမအကြိမ်
စစ်တပ်အာဏာ သိမ်းတုန်းကလည်း ကျမ မထောက်ခံခဲ့ဘူး။ အဲဒီတုန်းက ကျမ ငယ်ငယ်ပဲ ရှိပါသေးတယ်။ အသက် ၁၃ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်လည်း ကျမတို့အသိုင်း အဝိုင်း က လူကြီးတွေက
ဒီဟာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမ ဟုတ်ဘူးဆိုတာ သင်ထားခဲ့လို့ ကျမ အဲဒီကတည်းက နားလည်ခဲ့ပါတယ်”

ကိုးကား ………

- အောင်သန်း ၏ အောင်ဆန်း

- ကြေးမုံဦးသောင်း၏ ဗမာ့ခေတ်မှေ ကြးမုံသို့

- ဒဂုန်တာရာ၏ ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (တာရာမဂ္ဂဇင်း အတွဲ - ၁၊ အမှတ် - ၆)

- မြတ်ထန်၏ တိုင်း ပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်


- မြဟန်၏ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ

- ဝီလျံလန်ဂ လေ၏ ကျနော့်မေမေ နိုင်ငံေ ရးအကျဉ်းသား

- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ

- နွေဦးအိုးဝေ ဂျာနယ်များ

- ရွှေခ မောက် ဂျာနယ်များ

- သခင်အုန်းမြင့်နှင့် ဒီဗီဘီ ဆက်သွယ်မေးမြန်းချက်

- ဒေါမာန်ဟုန်

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၃)

| ကြာသပတေးနေ့၊ ဇွန်လ ၁၈ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၃၂ မိန စ် ဆောင်းပါး

(၉)

၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဦးနုက ပြည်ထောင်စုပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်သည်။ “ဆွေ၊ ငြိမ်း” တို့ကမူ ဖဆပလအနေနှင့်ပ င် ရွေးကောက်ပွဲ ဝင်ကြ၏။ “ဆွေ၊ ငြိမ်း ” တို့၏ ကြွေး ကြော်သံက
….“ရှုံးရင်လည်း နိုင်ရ မည်” ဟူ၍ ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲကား ….. မသမာမှုများ၊ ဘက်လိုက်မှုများ၊ အကြမ်းဖက် ခြိမ်းခြောက်မှုများ …. လုပ်ကြံသတ်ဖြတ်မှုများ အတွင်းမှာပင်
ကျင်း ပပြီးစီးခဲ့သည်။ ရွေးကောက်ပွဲပြီး သည့်နောက် အာဏာရရှိခဲ့သည့် ဦး နု၏ ပထစ အစိုးရက ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်၏။ ဒေါ်အောင်ဆန်းစုကြည်
သည်လည်း မိခ င်နှင့်အတူပ င် အိန္ဒိယသို့ လိုက်ပါသွားမည်ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်တို့ မိသားစု အိန္ဒိယသို့  ပြောင်းရွှေ့ရေးအတွက် ပြင်ဆင်ကြရ၏။ ယူသွားကြမည့်ပစ္စည်းများ ထုပ်ပိုးကြ၏။
အချို့ပစ္စည်းများက သဘောင်္နှင့် ပို့ရ မည့် ပစ္စည်းများဖြစ်သည်။ ပစ္စည်းအများစုက စာအုပ်၊ စာတမ်းများ ဖြစ်၏။

ထိုစဉ်က ဒေါ်အောင်ဆန်း စုကြည်၏ အသက်သည် ၁၅ နှစ်မျှသာ ရှိေ သးသော်လည်း ကျောင်းစာအပြင် အခြားပြင်ပမှ စာအုပ်စာတမ်းများအား ဖတ်ရှုနေပြီဖြစ်သည်။ စာဖတ်ဝါသနာက ထိုစဉ်ကတည်းက
ဒေါ်အောင်ဆန်းစုကြည်တွင် အမြစ်တွယ်နေလေပြီ။ ဒေါ်အောင်ဆန်း စုကြည်၏ အဓိက ဝါသနာက စာဖတ်ခြင်းဟုပ င် ဆိုရမည်။ ပြင်ပစာပေများအား အထူး နှစ်သက်မ က်မောစွာ ဖတ်၏။ နှစ်သက်သည့်
စာအုပ်များကိုလည်း တခုတ်တရ သိမ်းဆည်းတတ်၏။ ဒေါ်အောင်ဆန်း စုကြည်အဖို့ ဤသို့ စာပေဝါသနာ ထက်သန်ရင့်မာလာစေရန်အတွက် နည်းပေး၊ လမ်းညွှန်ခဲ့သည့် ပုဂ္ဂိုလ်များက ရှိ၏။ တဦးက …..
ဦး အုန်းဖြစ်သည်။ ဦးအုန်းက တက္ကသိုလ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းနေဘက် … ဖဆပလအတွင်း၌လည်း တွဲ၍လုပ်ကိုင်ခဲ့ဖူး သည့် လုပ်ေ ဖ်ာကိုင်ဖက်တဦး..။
နောင်တွင်မူ …. သတင်းစာဆရာ၊ ဆိုဗီယက်ပြည်ေ ထာင်စု သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး….။ ဦး အုန်းက ဒေါ်အောင်ဆန်း စုကြည်အား ဖတ်သင့်ဖ တ်ထိုက်သည့် စာအုပ်များအား ညွှန်း၏။

ဦး အုန်းကဲ့သို့ပင် ဒေါ်အောင်ဆန်း စုကြည်အား စာအုပ်လမ်း ညွှန်များပေးခဲ့သူ နောက်တဦး ကား …. အိုးဝေဦးညိုမြ ဖြစ်သည်။ ဦးညိုမြက ဒေါ်အောင်ဆန်းစုကြည်အား “ဟားဗက်ဂန္တဝင်” (Harvard
Classics) စာအုပ်တွဲ တစုံလုံးအား လက်ဆောင်ပေး၏။ ဒေါ်အောင်ဆန်း စုကြည် နှစ်သက်သည့် စာအုပ်များစာရင်းတွင် “ဟားဗတ်ဂန္တဝင်” စာအုပ်တွဲလည်း ပါ၏။ မကြာခဏ ပြန်ပြန်ဖတ်သည်။
နယူး ဒေလီသို့ ဒေါ်အောင်ဆန်း စုကြည် သယ်ယူသွားမည့် ပစ္စည်းအများစုက စာအုပ်များ ဖြစ်သည်။

နယူး ဒေလီတွင် ဒေါ်အောင်ဆန်း စုကြည်တို့ နေရသည့်အိမ်က …. အက္ကဘာလမ်း (Akbar Road) တွင် ရှိသည်။ အိမ်နံပါတ်က ၂၄ ဖြစ်သည်။ ခြံက ကျယ်ဝန်း၏။ ပန်းပင်များနှင့် ဥယျာဉ်ကြီးတခုအလား
….။ အိမ်မှာလည်း ကြီးမားခန့်ငြား တင့်တယ်လွန်း လှ၏။ ဒေလီရှိ ဒေါ်အောင်ဆန်းစုကြည်တို့ နေအိမ်လမ်း ထိပ်တွင် သပြေပင်များရှိသည်။ သပြေသီး သီးချိန်၌ ခရမ်းရောင်ရင့်ရင့် ရှည်မျောမျော
သပြေသီးတို့က လမ်းဘေးတွင် ပြောင်ပြောင်လက်လက်နှင့် ဖွေးနေသည်။ သပြေသီးအား ဒေလီတွင်က “ဇမ္ဖု” ဟု ခေါ်ကြသည်။ သပြေပင်များအကြား ဖြတ်လျှောက်သွားမိသည့် အချိန်များတွင်
ဒေါ်အောင်ဆန်းစုကြည်သည် ကဗျာဆရာကြီး မင်းသုဝဏ်၏ ကဗျာတိုေ လးအား သတိရမိ၏။

“ဝါဆို ….. ဝါခေါင်

ရေတွေကြီးလို့ …..

သပြေသီးမှည့် ကောက်စို့ကွယ် …..”

(၁ဝ)

နယူး ဒေလီ၌ ဒေါ်အောင်ဆန်းစုကြည်သည် “ဂျိုးဇက်နှင့် မေရီ ကွန်ဗ င့်ကျောင်း” (Convent of Jesus and Mary) တွင် ပညာဆက်သင်ရသည်။ ကျစ်ဆံမြီး တုတ်တုတ်ရှည်ရှည်ကြီးနှင့် ၁၅
နှစ်သမီးအရွယ် ဒေါ်အောင်ဆန်း စုကြည်သည် ကျောင်း သစ်၊ အတန်းသစ်၊ မိတ်ေ ဆွအသစ်များအကြား၌ ထူးဆန်း နေသည်။ “ဂျိုးဇက်နှင့် မေရီ ကွန်ဗင့်ကျောင်း” တွင် တနှစ်ခန့် ပညာသင်ပြီးသည့်ေ နာက်
…. ဒေါ်အောင်ဆန်းစြု ကည်သည် ဒေလီတက္ကသိုလ်၊ လေဒီရှယ်ရီရမ် ကောလိပ် (Lady Shri Ram College) သို့ ဝင်ခွင့်ရ၏။

၁၉၆၂ ခုနှစ် ……။

လေဒီရှယ်ရီရ မ် ကောလိပ်တွင် ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံရေးသိပံ္ပဘာသာရပ်အား အဓိကဘာသာအဖြစ် ယူခဲ့၏။ ဒေလီတက္ကသိုလ်တွင် တတ်ရောက်နေစဉ် … ရန်ကုန်မှ စိတ်မချမ်းမြေ့ဖွယ်
သတင်းများအား ဆက်တိုက်ဆိုသလိုပင် ကြားနေရ၏။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်းဦးဆောင်သည့် စစ်တပ်က တိုင်းပြည်အာဏာအား သိမ်း ယူလိုက်၏။ ၆၂ ခုနှစ် အာဏာသိမ်း ပွဲက
၅၈ ကဲ့သို့  ကတ္တီပါအာဏာသိမ်းပွဲမျိုး မဟုတ်….။ ပစ်ခတ်မှု ပါ၏။ သမ္မတ၏ အိမ်တော်အား ဝင်ရောက်စီးနင်ရာတွင် ပစ်ခတ်ဝင်ရောက်၏။ သမ္မတ စပ်ရွှေသိုက်၏ သားတဦး သေဆုံးခဲ့ရ၏။ သွေးနှင့်စသော
ခရီးအစ…..။ မြန်မာပြည်က အမှောင်နက်န က်အတွင်း သို့ တိုးဝင်ကာ သွားနေလေပြီဟု ဒေါ်အောင်ဆန်း စုကြည် တွေးထင်မိခဲ့၏။

ဒေါ်အောင်ဆန်းစုကြည် ဒေလီတက္ကသိုလ်တွင် ကျောင်းတက်နေစဉ်အတွင်း ဗိုလ်နေဝင်း၏ အာဏာသိမ်း တပ်မ တော်အဖွဲ့အပေါ် ရန်ကုန်တက္ကသိုလ် ကျောင်း သားတို့က ဆန့်ကျင်ဆန္ဒပြကြသည့်
သတင်းများ ကြားရ၏။ စိုးရိမ်ထိတ်လန့်စွာနှင့်ပင် နားစွင့်ေ နမိသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ တောင်းဆိုချက်ကိုမူ ဒေါ်အောင်ဆန်း စုကြည် သဘောတူ၏။ ကျောင်းသားတို့၏
ရပ်တည်ချက်နှင့် ရဲဝံ့မှုအား သဘောကျနှစ်သက်၏။ မိမိသည်လည်း ဒေလီတက္ကသိုလ် ၌ ပညာသင်နေသည့် ကောလိပ်ကျောင်းသူတဦး….။ “ကျောင်းသား” ဟူသော “သွေး” က “ဝေး” သော်လည်း “နီး”
စေ၏။ ရင်ခုန်သံချင်းက …. “ဟာမီုနီ” ဖြစ်၏။ ဤသို့ပင် ….. ဒေါ်အောင်ဆန်းစုကြည် ခံစားမိ၏။ ပြီးလျှင် ….. မိမိကိုယ်တိုင်က “အရပ်ဖ က် အုပ်ချုပ်ရေးတွင် တပ်မ တော်မှ လက်နက်နှင့်
ပါဝင်ပတ်သတ်သည်ကို မနှစ်သက်…..။ စစ်တပ်အာဏာသိမ်း မှုအား နင့်နင့်သည်းသည်း ဆန့်ကျင်၏။”

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် …..။

မိခ င်မှတဆင့် ရန်ကုန်၏ သတင်း ဆိုးကြီးအား ကြားရ၏။

“ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံကြီးကို ဗိုလ်နေဝင်းက ယမ်းဘီးလူးနဲ့ ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီ……”

ဒေါ်ခင်ကြည်၏ စကားသံက …. တိုး၍ တိမ်ဝ င်သွား၏။ စကားလုံးတို့က လည်ေ ချာင်းအတွင်း တစ်ခံေ နသည့် အလား….။ ပြီးမှ …. ဒေါ်ခင်ကြည်၏ လည်ေ ချာင်းဝမှ စကားလုံး တို့သည် ထစ်ထစ်ငေါ့ငေါ့နှင့်
အားယူ၍ ထွက်လာသည်။

“အထဲမှာ ရှိနေတဲ့ …. ကျောင်းသားတွေအားလုံးလည်း ….. ကျဆုံးကုန်ကြတယ် ……”

“အို …”

ဒေါ်အောင်ဆန်းစုကြည် တကိုယ်လုံး တောင့်တင်းသွား၏။ တဒင်္ဂအတွင်း သွေးတို့ လှည့်လည်မှု ရပ်တန့်ပြီး အေးခဲသွားသည့် အလား…..။

နာကြည်းမှု….. ကြေကွဲမှု….. အံ့သြမှု….. ထိတ်လန့်မှု….. ဝမ်းနည်းမှု…. ဒေါသ…။ ဤခံစားမှုဝေဒနာတို့က တဒင်္ဂအတွင်း တပြိုင်တည်း စုပြုံ၍ ဖြစ်ပေါ်ခဲ့သည်လား……။ ဒါမှမ ဟုတ်….. တခုပြီးတခု ….
ပဉ္စလက်ဆန်စွာနှင့် ဖြစ်ပေါ်ခံစားခဲ့ရသည်လား…..။ ဒေါ်အောင်ဆန်းစုကြည် မဝေခွဲတတ် ……။ ခဏငယ်ပေါင်းများစွာအား လွန်ေ သာ် …. အသိတရားသည် ခန္ဓာနှင့် ပြန်၍ကပ်မိ၏။ ဤတွင်မှ ….
သတိထားမိသည်မှာ …. မောပမ်းမှုကြီးစွာ နှင့် အသက်ရှူနေရခြင်း…..။ ရင်ထဲတွင် မောနေ၏။ အမောက ….. ဖော်ပြ၍ မတတ်စွမ်းသာ။ တကိုယ်လုံး နုံးချိနေသည်။

မိခ င်ဒေါ်ခင်ကြည်သည်လည်း မိမိကဲ့သို့ပ င် ဖြစ်၍နေမည်ဟု ဒေါ်အောင်ဆန်း စုကြည် ထင်မိ၏။ ဗိုလ်ေ နဝင်းက ဖေဖေ ထူထောင်ခဲ့သည့် တပ်မ တော်အား ပထမဖျက်ဆီး၏။ ပြီးလျှင်….
မြန်မာ့လွတ်လပ်ေ ရးအတွက် ဖေဖေတို့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည့် ကျောင်းသားသမဂ္ဂအား ဖြိုဖျက်ပြန်သည်။ ဗိုလ်နေဝင်းသည် ဖေဖေလက်နှင့် လုပ်ခ့သ
ဲ မျှအား ခြေနှင့်လိုက်၍ ဖျက်နေလေ၏။
ဤသို့ပင်…. ဒေါ်အောင်ဆန်း စုကြည် မြင်မိ၏။ ဤ အမြင်အား အကိုဖြစ်သူ ကိုအောင်ဆန်းဦးအား ပြောပြလျှင်…. သူ မည်သို့ဆိုလေမည်န ည်း။ အကိုဖြစ်သူ ကိုအောင်ဆန်း ဦးက ကိစ္စအတော်များများတွင်
သူနှင့် အမြင်မတူ…..။ တခုခုဆိုလျှင် ….. ကိုအောင်ဆန်းဦးက တဖက်…..။ သူတို့  သားအမိက တဖက် ….အမြဲပင် အမြင်မတူကြ….။

(၁၁)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်နှင့် နယူးဒေလီသို့ ဒေါ်ခင်ကြည် တာဝန်ကျသည့်အချိန်တွင် “နေရူး” သည် အိန္ဒိယတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ဆဲဖြစ်သည်။ ပန်ဒစ်ေ နရူးက
သခင်အောင်ဆန်းအား….လေးစား၏။ တူသားညီေ နာင်သဖွယ်လည်း ချစ်ခင်၏။ ငယ်ရွယ်ပျိုမြစ်သည့် သခင်အောင်ဆန်း အား အရှေ့အာရှအတွက်ပါ မျှော်လင့်ပြီး အားထားခဲ့၏။ မျှော်မှန်းခဲ့၏။
ဤအတွက်ပင်….. သခင်အောင်ဆန်း ၏ ဇနီးနှင့် မိသားစု ဒေလီသို့  ရောက်လာသည့်အခါတွင် ပန်ဒစ်ေ နရူးက ဒေါ်ခင်ကြည်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့အပေါ်၌ ဂရုစိုက်၊ အလေးထား
ဆက်ဆံခြင်းဖြစ်မည်။

ကျောင်းအားရက်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် “အက္ကဘာ”လမ်း နေအိမ်မှာ ပင် “ပီယာနို” သင်၏။ ဂျပန်ပန်းအလှပြင်နည်းကိုလည်း သင်ရ ၏။ မိခင်ဖြစ်သူက စီစ ဉ်ပေးခြင်းဖြစ်သည်။
ဒေါ်ခင်ကြည်က သမီး ဖြစ်သူအား ဂီတ၊ အလှ၊ အနုပညာတွင်လည်း ခံစားသက်ဝင်စေလိုဟန် တူ၏။

ဒေါ်အောင်ဆန်းစုကြည်က ငယ်စ ဉ်ကပင်…. စနစ်တကျ လေ့ကျင့်ပျိုးထောင်မှုအောက်၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ မိခ င်ဒေါ်ခင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်အား ကြံ့ခိုင်၊ ဖြတ်လတ်စေရန်လည်း
မြင်းစီးအတတ်အား သင်စေပြန်သည်။ ဒေါ်အောင်ဆန်း စုကြည် မြင်းစီးလေ့ကျင့်သင်ကြားရသည့် မြင်ကွင်း က…. အိန္ဒိယနိုင်ငံသမ္မတကြီး၏ ကိုယ်ရံေ တ်ာတပ်ဖွဲ့ မြင်းစီးလေ့ကျင့်ရာ မြင်းကွင်းဖြစ်သည်။
ထိုမြင်းကွင်း ၌ပင် ပန်ဒစ်ေ နရူး၏ မြေးများဖြစ်သည့် ရာဂျစ်ဂန္ဒီ၊ ဆန်ဂျေးဂန္ဒီတို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် မြင်းစီးလေ့ကျင့်ခဲ့၏။

ဒေလီ၏ ဆင်ခြေဖုံးဘက်တွင် “မေရော်လီ ” (Mehrauli) အမည်ရှိ ရပ်ကွက်တခု ရှိသည်။ ထိုရပ်ကွက်တွင် “အသောက ဝိဟာရ” အမည်ရှိ ဗုဒ္ဒသာသနိက အဆောက်အအုံတခု ရှိ၏။ “အသောက ဝိဟာရ”
က ပြုပြင်ထိန်း သိမ်းသူ မရှိသဖြင့် ယိုယွင်းပျက်စီး နေ၏။ ဒေါ်ခင်ကြည်သည် ဗုဒ္ဒဘာသာကိုးကွယ်သည့် သံတမန်တို့၏ ပံ့ပိုးကူညီမှုအား ရယူ၍ “အာသောက ဝိဟာရ” အား ပြုပြင်ထိန်းသိမ်းခဲ့သည်။
နောင်တွင်….. “အာသောကဝိဟာရ” က ဒေလီရှိ ဗုဒ္ဒဘာသာဝင်တို့၏ ဗုဒ္ဒဘာသာပွဲတော်ကြီးများ ကျင်းပရာ…. ဝတ်ပြုရာ…..။ ကမ္မဌာန်းဘာဝနာ တရားစီးဖြန်းရာ….. သာသနိကအဆောက်အ အုံကြီးတခု
ဖြစ်လာခဲ့၏။ မိခင်ကြီး၏ ဘာသာရေးရာဆောင်ရွက်မှု အဝဝတွင် ဒေါ်အောင်ဆန်း စုကြည်သည်လည်း အတူတွဲ၍ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်ပင်….။

(၁၂)

၁၉၆၃ ခုနှစ်တွင် ဒေလီတက္ကသိုလ် (Lady Shri Ram College) မှ နိုင်ငံရေးသိပ္ပံအဓိကနှင့် ဒေါ်အောင်ဆန်းစုကြည် ကျောင်းပြီးခဲ့၏။ ထိုစဉ်က….. ဒေါ်အောင်ဆန်း စုကြည်၏ အသက်မှာ ….. ၁၈
နှစ်စွန်းရုံမျှသာ ရှိေ သး၏။ ပညာရေးအား ဆက်လက်သင်ကြားရန်အတွက် နည်းလမ်းရှာ ကြ၏။ ထိုစဉ်က….. အကိုဖြစ်သူ ကိုအောင်ဆန်းဦးသည် အင်္ဂလန်တွင် ကျောင်းတက်နေ၏။ ဒေါ်ခင်ကြည်က
သမီး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အင်္ဂလန်တွင်ပင် ပညာဆက်၍ သင်နိုင်ရ န် စီစ ဉ်၏။

ဗြိတိန်နိုင်ငံသား လော(ဒ် )ဂိုးဘု( သ်) (Lord Gore Booth)နှင့် ဇနီးဖြစ်သူ ပက်တြိရှာ (Patric ia) တို့က …. ဒေါ်ခင်ကြည်၏ မိတ်ေ ဆွဟောင်းများ ဖြစ်ကြသည်။ ရန်ကုန်တွင် နေစဉ်ကတည်းက
ဒေါ်ခင်ကြည်နှင့် သိကျွမ်းခင်မင်ခဲ့သည့် မိတ်ဆွေများ ဖြစ်သည်။ ထိုစဉ်က …. လော့(ဒ် )ဂိုးဘု( သ်)သည် ရန်ကုန်တွင် ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်နှင့် ရောက်ရှိေ နခဲ့၏။ ယခု….. ဒေလီတွင်
လော့(ဒ်)ဂိုးဘု(သ်) ဇနီးမောင်နှံနှင့် ဒေါ်ခင်ကြည်တို့ ပြန်လည်ဆုံတွေ့ကြခြင်း ဖြစ်သည်။ လော့( ဒ်)ဂိုး ဘု(သ်)က ဒေလီသို့ ဗြိတိသျှမဟာမင်းကြီး တာဝန်နှင့် ရောက်လာခြင်း ဖြစ်သည်။
မိတ်ေ ဆွဟောင်းများ ပြန်လည်ဆုံတွေ့မှုကား ……. ချစ်ကြည်ရင်းနှီးမှုအား တိုး၍ …..ခိုင်မြဲစေ၏။

၁၉၆၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်၊ ဟူးချိေ ကာလိပ်၌ ဒေါ်အောင်ဆန်း စုကြည် ကျောင်းဝင်ခွင့် ရ၏။ အောက်စဖို့၌ ပညာသင်စဉ် တလျှောက်လုံး လော့(ဒ်)ဂိုးဘု(သ်) နှင့်
ပက်တြိရှာသည် မိသားစုအရင်းအခြာကဲ့သို့ပင် ဒေါ်အောင်ဆန်း စုကြည်အား စောင့်ရှောက်၏။ ပက်တြိရှာတို့၏ အိမ်သည် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုအိမ်ကဲ့သို့….။
ဒေါ်အောင်ဆန်းစုကြည်က..ပက်တြိရှာတို့၏ မိသားစုဝင် သမီး တစ်ဦး ကဲ့သို့…..။ လော့( ဒ်)ဂိုး ဘု(သ်)နှင့် ပက်တြိရှာတို့တွင် သား ၂ ဦးနှင့် သမီး၂ ဦး ရှိ၏။ သူတို့နှင့် ဒေါ်အောင်ဆန်း စုကြည်သည်လည်း
မောင်နှမ ရင်းခြာများသဖွယ်….ရင်းနှီးနွေးထွေးခဲ့ကြ၏။ ဤအိမ်မှပ င် ….ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်ရှိ နိုင်ငံေ ရးသမားကြီးများ၊ တော်ဝင်အစိုး ရ အမှုထမ်း ကြီးများနှင့် သိကျွမ်းခွင့် ရခဲ့၏။

(၁၃)

အောက်စဖို့တက္ကသိုလ်တင
ွ် တက်နေစဉ်အတွင်း နွေရာသီကျောင်းပိတ်ရက်များ၌ ဒေါ်အောင်ဆန်းစုကြည်သည် မိခ င်ရှိရာ နယူးဒေလီသို့ နှစ်စ ဉ်ပြန်မြဲ…..။ တနှစ်တွင်မူ ….ဒေါ်အောင်ဆန်းစုကြည်သည်
မိခ င်ရှိရာ ဒေလီသို့ မပြန်ဘဲ …. မိခ င်ထံတွင် ခွင့်တောင်းပြီး ဒေါ်သန်းအေးရှိရာ အယ် (လ်) ဂျီးရီးယားနိုင်ငံသို့ သွားရောက်၏။ ဒေါ်သန်း အေးအား ရင်းနှီးသူများက “ဒိုရာသန်းအေး” ဟုသာ ခေါ်ကြ၏။
အများကမူ ….“လှေကလေး” သီချင်းနှင့်အတူတ၍
ွဲ အဆိုတော် “ဘိလပ်ပြန်သန်း” ဟု သိကြ၏။ ဒေါ်သန်းအေးက …. ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးလှသည့် မိန်းခလေးမိတ်ဆွေများထဲမှ ရှားရှားပါးပါး
မိတ်ေ ဆွတဦး…။

၁၉၄၇ ခုနှစ်တွင် မြန်မာ့လွတ်လပ်ေ ရးအတွက် ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် ဆွေးနွေးရန် ဗိုလ်ချုပ်တို့ လန်ဒန်သို့ သွားစဉ်က …. ဒိုရာသန်းအေးသည် လန်ဒန်တွင် ရှိနေ၏။ လန်ဒန်ေ ဆွးနွေး ပွဲက
တလမျှ ကြာ၏။ ထိုကာလများတွင် ဒိုရာသန်းအေးသည် ဗိုလ်ချုပ်တို့အား အစစအရာရာ ကူညီခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်တို့  သားအမိ ဒေလီတွင်ရှိစ ဉ် ဒိုရာသန်းအေးသည် ကုလသမဂ္ဂ
ပြန်ကြားရေးဌာန ဝန်ထမ်းအဖြစ်နှင့် နယူးဒေလီသို့ တာဝန်ကျ၏။ ဒေလီတွင် ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်း စုကြည်တို့နှင့် ဒိုရာသန်းအေးတို့ ပိုမိုရ င်းနှီးခဲ့၊ ခင်မင်ခဲ့ကြ၏။ ဒိုရာသန်းအေးက အိန္ဒိယမှ
အယ်(လ်)ဂျီးရီးယားသို့ ကုလသမဂ္ဂ ဝန်ထမ်း တာဝန်နှင့်ပင် ရွှေ့ေ ပြာင်းတာဝန်ထမ်းရ၏။ ဤတွင် …. ဒေါ်အောင်ဆန်း စုကြည်က မိခင်ထံ ခွင့်ေ တာင်းပြီး ဒိုရာသန်းအေးနှင့် သွားနေခြင်းဖြစ်သည်။

၁၉၅၆ ခုနှစ် ဇွန်လတွင် ဗိုလ်မှူး ကြီး ဟွာရီဘူမီဒီယန် (Houari Bou Medienne) က သမ္မတ အာမတ်ဘင်ဘဲလားအား ဖြုတ်ချပြီး အာဏာသိမ်း ၏။ အယ်ဂျီးရီးယား အာဏာသိမ်း မှုက သွေးထွက် သံယိုမှု
မရှိခဲ့….။ အယ်ဂျီး ရီး ယားက ၁၈၆၅ မှ စပြီး ပြင်သစ်၏ ကိုလိုနီဖြစ်ခဲ့၏။ ကိုလိုနီသက်ရှည်၏။ ၁၉၅၄ ခုနှစ်တွင် အယ်ဂျီးရီးယား အမျိုး သား လွတ်မြောက်ရေး တပ်ဦးက ပြင်သစ်ကိုလိုနီအစိုး ရအား
လက်နက်ကိုင်၍ တော်လှန်သည်။ ဖိနှိပ်သူနှင့် လွတ်မြောက်ရေးလှုပ်ရှားမှု ပဋိပ က္ခက ကြီးမား၏။ နောက်ဆုံး ….. ပြင်သစ်သမ္မတ ဒီဂေါလက်ထက်တွင် “အေဗီယန်စာချုပ်” (Treaty of Evian) အား
ချုပ်ဆိုပြီး အယ်ဂျီး ရီးယား လွတ်လပ်ေ ရး ရခဲ့၏။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်…..။ လွတ်လပ်ေ ရး ရပြီးနောက်….. အယ်ဂျီး ရီး ယား အမျိုးသားခေါင်းဆောင် အာမက်ဘင်ဘဲလား (Ahmed Ben Bella)
သမ္မတ ဖြစ်လာ၏။

၆၅ အာဏာသိမ်း မှုက လွတ်လပ်ပြီး ၃ နှစ်အကြာ ဖြစ်ပွားခဲ့သည့် အာဏာသိမ်း မှု ဖြစ်၏။ ဒေါ်အောင်ဆန်း စုကြည် အယ်ဂျီးရီးယားသို့ ရောက်သည့်အချိန်၌ အာဏာသိမ်းမှုက ဖြစ်ပွားပြီးစ…..။
ရက်ပိုင်းမျှသာ ရှိဦးမည်။ မြို့တော် …. အယ်ဂျီးရီးယားက …. နာလန်ထစ မြို့တော်….။ ၈ နှစ်ကြာ လက်နက်ကိုင်တိုက်ပွဲများနှင့် ကြုံခဲ့ရသည့် မြို့တော် ….. အပျက်အဆီးများနှင့်….။ သံရုံး များ၊
ကုလသမဂ္ဂရုံးများက ယခုမှ အခြေပြုစ….။ အဆောက်အအုံ ရှားပါးမှုက အဓိက အခက်အခဲ ဖြစ်နေသည်။ ရေပေးဝေယူရေး၊ လျှပ်စစ်မီး ….. အားလုံးသည် အစမှ ပြန်စရမည့် အခြေ။ ကိုလိုနီ
ပြင်သစ်အာဏာပိုင်တို့ ထွက်ခွာသွားခဲ့ကြပြီးနောက်…. ပြန်လည်ထူထောင်ရေး လုပ်င န်းများအား လုပ်ေ ဆာင်ကြရန် စေတနာ့ဝန်ထမ်း လူငယ်များ အယ်ဂျီးရီးယားမြို့ပျက်ကြီးသို့ တဖွဲဖွဲဝ င်လာနေကြ၏။

ဒေါ်အောင်ဆန်းစုကြည်သည် အယ်ဂျီးရီးယားတွင် ဖိတ်ကြားခံရ သည့် ဧည့်ခံပွဲများထက်….. လမ်းပေါ်မှ အယ်ဂျီး ရီးယား လူမျိုးများနှင့်တွေ့၍ အယ်ဂျီးရီးယားတွင် ဖြစ်ထွန်းနေသည့် အခြေအနေများအား
မေးမြန်းလေ့လာရန်သာ စိတ်ထက်သန်လျက် ရှိသည်။ အယ်ဂျီး ရီး ယားတွင် NGO (အစိုးရမဟုတ်သောအဖွဲ့) တဖွဲ့နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ ဆက်သွယ်သည်။ ထို NGO က နှစ်ေ ပါင်းများစွာ
လွတ်လပ်ေ ရးတိုက်ပွဲ ဆင်နွှဲခဲ့ရသည့်ဒဏ်မှ လွတ်မြောက်ကာစ လူထုအား ကူညီထောက်ပံ့သည့် လုပ်င န်းများ လုပ်ကိုင်သည့် အဖွဲ့ဖြစ်သည်။ လတ်တလောလုပ်ငန်းက ….. လွတ်လပ်ေ ရး တိုက်ပွဲအတွင်း
ကျဆုံးခဲ့သည့် တော်လှန်ေ ရးသမားများ၏ မိသားစုများအတွက် နေအိမ်အဆောက်အအုံများ ဆောက်လုပ်ေ နကြ၏။ စီမံကိန်းက ကြီး ၏။ အယ်ဂျီး ရီးယား လူမျိုးများအပြင် နိုင်ငံစုံမှ စေတနာ့ဝန်ထမ်း
လူငယ်များလည်း ပါ၏။ ရုရှား၊ ပြင်သစ်၊ ဟော်လန်၊ လက်ဗနွန်၊ ဂျာမဏီမှ လူငယ်များ….။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထိုလုပ်င န်းတွင် ဝင်၍ လုပ်အားပေး၏။ မြန်မာပြည်မှ တဦးတည်းသော
စေတနာ့ဝန်ထမ်း….။ ရက်သတ္တပတ်ပေါင်းများစွာ လုပ်ခဲ့၏။ ပူပြင်းသော ရာသီဥတုအတွင်း ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း ဒေါ်အောင်ဆန်း စုကြည် ….။ ကျောင်းများ ပြန်ဖွင့်မှပ င် အယ်ဂျီး ရီးယားမှ
အောက်စဖို့သို့ ပြန်သွားခဲ့တော့၏။

ကိုးကား ………

- အောင်သန်း ၏ အောင်ဆန်း
- ကြေးမုံဦးသောင်း၏ ဗမာ့ခေတ်မှေ ကြးမုံသို့

- ဒဂုန်တာရာ၏ ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (တာရာမဂ္ဂဇင်း အတွဲ - ၁၊ အမှတ် - ၆)

- မြတ်ထန်၏ တိုင်း ပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်

- မြဟန်၏ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ

- ဝီလျံလန်ဂ လေ၏ ကျနော့်မေမေ နိုင်ငံေ ရးအကျဉ်းသား

- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ

- နွေဦးအိုးဝေ ဂျာနယ်များ

- ရွှေခ မောက် ဂျာနယ်များ

- သခင်အုန်းမြင့်နှင့် ဒီဗီဘီ ဆက်သွယ်မေးမြန်းချက်

- ဒေါမာန်ဟုန်

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၄)

| ကြာသပတေးနေ့၊ ဇွန်လ ၁၈ ရက် ၂၀၀၉ ခုနှစ် ၂၂ နာရီ ၂၈ မိန စ် ဆောင်းပါး

(၁၄)

၁၉၆၇ ခုနှစ်တွင် အောက်စ ဖို့တက္ကသိုလ် ဟူးခ်ျကောလိပ်မှ ဒဿနိကဗေဒ၊ နိုင်ငံေ ရးသိပ္ဖံ၊ စီးပွားရေး ဘောဂဗေဒ ဘာသာရပ်တို့နှင့် ဝိဇ္ဇာ (ဂုဏ်ထူး) ဘွဲ့  ရရှိခဲ့၏။ ထိုစဉ်က…. ဒေါ်အောင်ဆန်း စုကြည်
အသက်သည် ၂၂ နှစ် ရှိပြီ။ ဘွဲ့ရပြီးနောက်….. ဒေါ်အောင်ဆန်း စုကြည်သည် လန်ဒန်တက္ကသိုလ် အရှေ့တိုင်း နှင့် အာဖရိကလေ့လာရေးဌာန လက်အောက်ရှိ နိုင်ငံေ ရးသိပ္ပံဌာနတွင်
သုတေသနလက်ေ ထာက်အဖြစ် အလုပ်ဝ င်၏။ သမိုင်းပါမောက္ခ ဟယူးတင်ကာ (Hugh Tinker) ၏ လက်ထောက်အဖြစ် ဝင်လုပ်ခြင်းဖြစ်၏။ ၂ နှစ်ခန့် လုပ်ပြီးနောက်….. သုတေသန
လက်ထောက်အဖြစ်မှ ဒေါ်အောင်ဆန်းစုကြည် နုတ်ထွက်ခဲ့၏။ အလုပ်မှထွက်ပြီးနောက်….. အမေရိကန်ပြည်ထောင်စု နယူးယောက်သို့သွားရန် ဆုံးဖြတ်လိုက်၏။

နယူး ယောက်တွင်က…. ဒိုရာသန်းအေး ရှိ၏။ ဒိုရာသန်းအေးက အယ်ဂျီးရီးယားတွင် ကုလသမဂ္ဂပြန်ကြားရေး အရာရှိအဖြစ် ၄ နှစ်ခန့် တာဝန်ထမ်းခဲ့ပြီးနောက်….. နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်သို့
ပြန်ရောက်နေသည်။ မိခ င်ဒေါ်ခင်ကြည်မှာ လည်း အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးရာထူးမှ အငြိမ်းစားယူခဲ့ပြီး ရန်ကုန်ရှိ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ပြန်ရောက်နေပြီ။ ရန်ကုန်သို့ ပြန်ပြီး
တော်လှန်ေ ရးကောင်စီ လက်အောက်၌ ဒေါ်အောင်ဆန်း စုကြည် ပြန်၍မနေလို…။ သူ့အတွက် အလုပ်လည်းရှိမည်ဟု ဒေါ်အောင်ဆန်း စုကြည် မထင်မှတ်….။ ပြီး လျှင် …. ဗိုလ်နေဝင်းမှလည်း ဗိုလ်ချုပ်၏
မျိုးဆက်အား မြန်မာပြည်အတွင်း၌ နေထိုင်အခြေချစေလိုဟန် မရှိ…..။ ဤအတွက်ပင် ….. နယူး ယောက်သို့သွားရန် ဒေါ်အောင်ဆန်း စုကြည် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

နယူး ယောက်သို့ ရောက်ပြီးနောက် …. ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုးံဖြတ်ရသည်မှာ …. နယူးယောက် တက္ကသိုလ်တွင် ဘွဲ့လွန်ဆက်၍ တက်မည်လား…။ ကုလသမဂ္ဂဌာနချုပ်တွင်
အလုပ်ဝ င်မည်လား….။ နယူး ယောက် တက္ကသိုလ်တွင် ဘွဲ့လွန်ဆက်တက်နိုင်ေ ရးအတွက်က …. နယူးယောက်တက္ကသိုလ်တွင် အပြည်ပြည်ဆိုင်ရာရေးရာ ပါမောက္ခအဖြစ် ဆောင်ရွက်နေသည့် ပါမောက္ခ
ဖရင့်ထရေဂါ (Dr Frank Trager) က ကူညီပေးနိုင်၏။ ပြဿနာက နေ့စဉ်ကျောင်းသို့ သွားလားရေးအခက်အခဲ ဖြစ်သည်။ ဒိုရာသန်းအေးနှင့် ဒေါ်အောင်ဆန်း စုကြည်တို့  နေထိုင်သည့် “မန်ဟတ်တင်”
(Midtown Manhatten) က မြို့လယ်တွင် ရှိ၏။ “မန်ဟတ်တင်” မှ နယူးယောက်တက္ကသိုလ်သို့  ဘတ် (စ်)ကားနှင့် သွားရမည်။ ခရီးက ဝေး၏။ ကားမူးတတ်သည့် ဒေါ်အောင်ဆန်းစုကြည်အဖို့
အခက်ေ တွ့နေ၏။ ပြီးလျှင် …. ဘတ် (စ်)ကားမှတ်တိုင်မှတဆင့် နယူးယောက်တက္ကသိုလ်သို့ လမ်းလျှောက်၍ ဆက်သွားရမည်။ ပန်းခြံတခုအား ဖြတ်ရမည်။ ထိုပန်းခြံတွင်က ….. လမ်းသရဲလူကြမ်းများ
ကျက်စား၏။ ထိုခရီးက ….တနေ့တရက် ခရီးမဟုတ်…။ တခါတရံ ခရီးမဟုတ်….။ နေ့စဉ် အချိန်မှန်သွားရမည့် ခရီးဖြစ်သည်။ မလွယ်…..။ နောက်ဆုံး …. ဘွဲ့လွန်သင်တန်း ဆက်တက်ရေးအား
လောလောဆယ်ဆယ်တင
ွ် ဆိုင်း ငံ့ထားရန် ဆုံးဖြတ်လိုက်၏။ ပြီးနောက်….ကုလသမဂ္ဂတွင် အလုပ်ဝ င်လျှောက်၏။ နယူး ယောက်မြို့  ကုလသမဂ္ဂ အထွေေ ထွအတွင်း ရေးမှူးရုံး အုပ်ချုပ်ရေးနှင့်
ဘဏ္ဍရေးဆိုင်ရာ အကြံပေးကော်မီတီတွင် လက်ထောက်အတွင်း ရေးမှူးအဖြစ်နှင့် အလုပ်ဝင်ရ၏။

ကုလသမဂ္ဂ ဝန်ထမ်း များက ညနေရုံးဆင်းပြီး အချိန်များနှင့် စနေ၊တနင်္ဂနွေ ရုံး ပိတ်ရက်များ၌ ပရဟိတလုပ်ငန်းများတွင် လုပ်အားပေးကြရ၏။ ဒေါ်အောင်ဆန်း စုကြည် နေထိုင်သည့် “မန်ဟတ် တင်”
နေအိမ်အနီးတွင် ဘဲ (လ်) ဗယူး (Belleview) အမည်ရှိ ဆေးရုံတရုံ ရှိ၏။ ဆေးရုံက နယူးယောက်ဆေးရုံကြီး၏ အခွဲတခုဟု ဆိုရမည်။ ဆေးရုံရှိ လူနာများက ….. အမေရိကန်ရှိ
ဆင်း ရဲမွဲေ တဆုံးလူနာများ….။ ကင်ဆာကဲ့သို့ ကုသ၍ မပျောက်ကင်း နိုင်တော့သည့် ဝေဒနာသည်များ၊ ခိုကိုးရာမဲ့များနှင့် ဘဝအား ရင်မဆိုင်နိုင်ေ တာ့သည့် လူမမာများဖြစ်၏။ ထိုဆေးရုံတွင်
ဒေါ်အောင်ဆန်းစုကြည်သည် အပတ်တိုင်း အားလပ်ရက်များတွင် နာရီပေါင်းများစွာ သွားရောက်၍ လူနာများအား ပြုစု၏။ ပြုစုသည်ဆိုရာ၌ လူမမာများအား စိတ်ပိုင်းဆိုင်ရာ ဖေးမပေးခြင်း….။
သူတို့အားစာဖတ်ပြခြင်း၊ သူတို့ ၏ အခက်အခဲများအား စာနာမှုပေးခြင်းတို့ ဖြစ်၏။
(၁၅)

ကုလသမဂ္ဂဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် အလုပ်ဝ င်နေသည့်အချိန်၌ ကုလ အထွေေ ထွအတွင်း ရေးမှူးချုပ်က ဦးသန့် ဖြစ်သည်။ ဦးသန့်၏ နေအိမ်က “ရီးဗားဒေး(လ် )” (Riverdale)တွင် ရှိ၏။
ဒေါ်အောင်ဆန်းစုကြည်တို့၏ နေအိမ်နှင့်မူ ကားနှင့် တနာရီခန့် သွားရမည်။ “ရီးဗားဒေး(လ်) တွင်ပင် ….. တော်လှန်ေ ရးကောင်စီ၏ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးစိုးတင်၏ နေအိမ်လည်း ရှိ၏။
ဦး စိုးတင်က အမေရိကန်ရှိ မြန်မာများအား “သိုးများ၊ ဆိတ်များ” ဟူ၍ မခွဲခြား….။ အားလုံးအား တန်း တူပင် ဆက်ဆံ၏။ “သိုးများ၊ ဆိတ်များ” ဟူသည်က ….. ဗိုလ်နေဝင်း၏ တော်လှန်ရေးကောင်စီအား
ထောက်ခံပြီး တော်လှန်ေ ရးကောင်စီ၏ အောက်တွင် ငြိမ်ဝပ်နေသူများအား “သိုးများ” ဟု ခေါ်ပြီး၊ တော်လှန်ရေးကောင်စီအား ဆန့်ကျင်ေ ဝဖန်သူများကိုမူ ….ဆိတ်များဟု ခေါ်ကြ၏။

ဦး စိုးတင်၏ အိမ်တွင်က …..သိုးများဖြစ်ဖြစ်၊ ဆိတ်များဖြစ်ဖြစ် ဝင်ထွက်၍ ပွင့်ပွင့်လင်းလင်း ငြင်းခုန်၍ ရ၏။ အခြေအတင် ဆွေးနွေး၍ ရ၏။ တခါတရံတွင် ပြင်း ပြင်းထန်ထန်အထိ ဖြစ်၏။ သို့သော်….
ပြဿနာမရှိ။ ဗွေမယူ…..။ အခင်အမင်မပျက်ကြ……။ ဦးစိုးတင်က တော်လှန်ေ ရးကော်စီနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်ချက်များက “ရဲလွန်း” သည်ဟု ဆိုသည့်အခါများတွင်၊
ဒေါ်အောင်ဆန်းစုကြည်က…

“ယုံကြည်ချက်အရ သတ္တိရှိရုံမ က …. အဆက်အနွယ်အရလည်း သတ္တိရှိတာကိုး” ဟု နောက်ေ ပြာင်ပြီး ပြန်ပြောလေ့ရှိ၏။

(၁၆)

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးသည့်နောက်တွင် ဗိုလ်နေဝင်းသည် စစ်ဗိုလ် ၁၇ ဦးနှင့် တော်လှန်ေ ရးကောင်စီအား ဖွဲ့၏။ တော်လှန်ရေးကောင်စီဝ င်များ အတွင်းမှ သူ့အား ခြေရာတိုင်း လာမည့်သူ…..။
သူ့အား ဆန့်ကျင်ရ န် အလားအလာရှိသည့် သူများအား ဗိုလ်နေဝင်းသည် တယောက်ပြီးတယောက် ဖယ်ရှားပစ်ခဲ့၏။ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးကြည်မောင်၊ ဗိုလ်မှူး ကြီးစောမြင့်၊
ဗိုလ်မှူးကြီးတင်ယုဆိုင် …. စသဖြင့် တယောက်ပြီးတယောက် ဖြုတ်၊ ထုတ်ပစ်ခဲ့၏။ နောက်ဆုံး ဖြုတ်ထုတ်ပစ်ခြင်းခံရ သည်က ….. ဗိုလ်မှူးချုပ်တင်ေ ဖဟု ဆိုရမည်။ ဖြုတ်၊ ထုတ်ပစ်ခဲ့သည့် တော်လှန်ေ ရး
ကောင်စီဝင်များ၏ နေရာများတွင် ….ဗိုလ်မှူးကြီးလွန်း တင်၊ ဗိုလ်မှူးကြီးသောင်းဒန်(လေ)၊ ဗိုလ်မှူးကြီးမောင်လွင်၊ ဗိုလ်မှူး ကြီး တင်ဦး ….. စသည့်တပ်မှူး များနှင့် အစားထိုး၏။ တစ်ဖ က်တွင်လည်း
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မ.ဆ.လ)အား “အမြုတေပါတီမှ ပြည်သူ့ပါတီသို့” ဟူ၍ ကြွေး ကြော်သံအား အော်ဟစ်ရင်း ကူးပြောင်းနိုင်ရ န် လုံ့လထုတ်၍ နေသည်။ တော်လှန်ေ ရးကောင်စီ ဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီးနေဝင်းမှသည်….. မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းသို့….။

၁၉၇၁ ခုနှစ် ဇွန်လ ၂၁ ရက်ေ န့တွင် မ.ဆ.လ ပါတီ၏ ပထမဆုံးအကြိမ် ပါတီညီလာခံအား ကျင်းပ၏။ မ.ဆ.လ ညီလာခံက စီးပွားရေးစီမံကိန်းများအား ချ၏။ နှစ်တို ….နှစ်ရှည် စီမံကိန်း များ ဖြစ်သည်။
ထိုထိုသော စီမံကိန်းများအား ဗိုလ်မှူး ကြီးမောင်လွင်က တာဝန်ယူဆောင်ရွက်ရ ၏။ ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် “နိုင်ငံတော် ဖွဲ့စ ည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် (မူကြမ်း )
ရေးဆွဲရေးကော်မရှင်” ကို ဖွဲ့စ ည်း၏။ ဗိုလ်မှူး ချုပ်စန်းယုအား ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြန်သည်။ စစ်ဗိုလ်ကြီးများ ဘောင်းဘီချွတ်ချရန် တဖြည်းဖြည်း ပြင်ဆင်ေ နကြ၏။ ဗိုလ်မှူး ကြီးမောင်လွင်သည်
ကုလ အထွေထွေညီလာခံသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့အား ခေါင်းဆောင်၍ နယူးယောက်တွင် ရောက်ရှိနေသည်။ နယူးယောက်ရှိ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးစိုးတင်၏
နေအိမ်က နှစ်စဉ် …. စက်တင်ဘာလမှ ဒီဇင်ဘာလလယ် ရက်များတွင် ဧည့်ခံပွဲများနှင့် လူစည်မြဲဖြစ်သည်။ ထိုရက်များက …. ကုလသမဂ္ဂ၏ အထွေေ ထွညီလာခံကြီးအား ကျင်းပသည့် ရက်များဖြစ်၍ ….
မြန်မာပြည်မှ အထွေထွေညီလာခံသို့ လာရောက်၍ တက်ရောက်ကြသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် စည်ကား၍ နေတတ်သည်။

တနေ့…. ။

ဦး စိုးတင်က ဒေါ်အောင်ဆန်း စုကြည်နှင့် ဒိုရာသန်းအေးတို့အား သူ၏အိမ်သို့ ထမင်းစားကြွရ န် ဖိတ်၏။ ထိုစဉ်က…. နယူးယောက်တွင် ကုလသမဂ္ဂ အထွေေ ထွညီလာခံကြီးအား ကျင်း ပနေစဉ်ကာလ
ဖြစ်သည်။ ဗိုလ်မှူးကြီးမောင်လွင်တို့ အဖွဲ့ရောက်နေကြောင်းလည်း သိရ၏။ မြန်မာကိုယ်စားလှယ်အဖွဲ့က တွေ့လိုေ ကြာင်းလည်း ဦးစိုးတင်က ပြော၏။

တခုခုတော့….တခုခုပဲဟု ဒေါ်အောင်ဆန်း စုကြည်နှင့် ဒိုရာသန်းအေးတို့ စိတ်မှ တွေးထင်ထားလိုက်၏။

ဦး စိုးတင်၏ နေအိမ်သို့ ဒေါ်အောင်ဆန်း စုကြည်နှင့် ဒိုရာသန်း အေးတို့ နေ့လည်ခ င်း အချိန်ခ န့်တွင် ရောက်သွားကြ၏။ ပန်းများ၊ ရွက်လှပင်များ…။ အနက်နှင့် ရွှေအိုေ ရာင် မြန်မာ့ယွန်းထည်များနှင့် အမြဲတမ်း
ကိုယ်စားလှယ်သံတမန်ကြီး ၏ အိမ်ဧည့်ခန်းသည် ခန့်ငြား၍ နေသည်။ လေးထောင့်စပ်စပ် ဧည့်ခန်းအတွင်း …. အထွေထွေညီလာခံကြီးသို့ တက်ေ ရာက်ရန် ရောက်နေကြသည့်
မြန်မာသံအမတ်ကြီးများအား တွေ့ရ၏။ ဒေါ်အောင်ဆန်းစုကြည်အား အခန်းတဖက်စန
ွ်း ရှိ ထိုင်ခုံပေါ်တွင် နေရာချပေး၏။ ဒေါ်အောင်ဆန်း စုကြည်၏ တဖက်စွန်းတွင်က …. ကိုယ်စားလှယ်အဖွဲ့၏
ခေါင်းဆောင် … ဗိုလ်မှူးကြီးမောင်လွင်….။ ဗိုလ်မှူးကြီးမောင်လွင်နှင့် ဒေါ်အောင်ဆန်း စုကြည်က မျက်နှာ ချင်းဆိုင်….၊ ဆိုင်လျက် အနေအထား….။

အိမ်ရှင်ဦးစိုး တင်သည် ယဉ်ကျေးစွာ ပြုံးရင်း ဧည့်ခံနေရသော်လည်း…. ကြိုတင်သိရှိပြီးသည့် အရေးကြောင့် အနေခက်သည့်ဟန် ပေါက်နေသည်။ အခင်းအကျင်းက…. မြန်မာအာဏာပိုင်
သံတမန်ကြီးများက ဒေါ်အောင်ဆန်း စုကြည်နှင့် ပတ်သက်၍ တစုံတခုသော စီရင်ချက်အား ချမှတ်ရန်စိုင်းပြင်းနေသည်ဟု ထင်မှတ်စရာ….။

ဘယ်လိုစီရင်ချက်မျိုးလဲ….။ တွေးမရ…..။ ဒေါ်အောင်ဆန်း စုကြည်ကမူ သူ၏ ဆိုဖာထိုင်ခုံပေါ်၌ သက်တောင့်သက်သာပင် ထိုင်ေ န၏။

အလ္လာပ၊သလ္လာပ ....စကားများက ခဏပင်….။ အရေးတော်ပုံအား စ၏။ ဗိုလ်မှူးကြီးမောင်လွင်က ဒေါ်အောင်ဆန်း စုကြည်အား…..

“မည်သည့် နိုင်ငံကူးလက်မှတ်အား ကိုင်ေ ဆာင်ထားပါသနည်း….” ဟူ၍ စ…စချင်းမေး၏။ ပြီးလျှင် … “မိခင်ဒေါ်ခင်ကြည်သည် သံအမတ်ကြီးတဦး မဟုတ်တော့သည့်အတွက်
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သံတမန်ဆိုင်ရာ နိုင်ငံကူးလက်မှတ်အား ပြန်အပ်ရမည်” ဟု ဆိုသည်။ “ယခုအထိ ပြန်မအပ်ရ သေးသည်မှာ မှန်ပါသလား….” ဟူ၍ တရားသူကြီးတဦး ၏ လေသံနှင့်
တရားခံ မေး….မေးနေပြန်သည်။

“သံတမန်များဆိုင်ရာ နိုင်ငံကူးလက်မှတ်အား ဆက်ပြီးကိုင်ထားခြင်းမှာ ဥပဒေနှင့်မ ညီ …. နည်းလမ်းမကျသည့် ကိစ္စဖြစ်သဖြင့် အမြန်ပြန်အပ်ရ န် လိုသည် ” ဟု ပြောရင်း စကားအား အဆုံးသတ်လိုက်၏။
ဧည့်ခန်း ဆောင်အတွင်း အရာရာသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ဒေါ်အောင်ဆန်း စုကြည်က …. တည်တည်ငြိမ်ငြိမ်ပ င်….။ အားလုံးက ဒေါ်အောင်ဆန်း စုကြည်အား အာရုံစိုက်နေကြ၏။
မည်သို့ပြန်ပြောမည်နည်း….။ ဒေါ်အောင်ဆန်း စုကြည်က အေးဆေးတည်ငြိမ်သော လေသံနှင့် စကားစ၏။

“နိုင်ငံကူးလက်မှတ် အသစ်ရ ရန် … လန်ဒန်ရှိ မြန်မာသံရုံးတွင် လျှောက်ထားခဲ့သည်မှာ ကြာပါပြီ။ ယခုထိ သံရုံးမှ အကြောင်းမပြန်သေးပါ။ ….. မည်သည့်အတွက် ဤမျှ ကြန့်ကြာနေသည်ကို မသိရပါ။
ဤအတွက် နယူးယောက်သို့ လာခဲ့ရာတွင် ရှိလက်စ နိုင်ငံကူးလက်မှတ်ကိုပင် ကိုင်ေ ဆာင်ခဲ့ရခြင်း ဖြစ်ပါတယ်။ ကုလသမဂ္ဂတွင် အလုပ်ဝင်ရာတွင် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြရန်
နိုင်ငံကူးလက်မှတ်တခု လိုအပ်ပါတယ်။ လပေါင်းများစွာကပင် လန်ဒန်သံရုံးမှ ပေးပို့လာမည်ကို စောင့်နေခဲ့ပါတယ်။ နိုင်ငံကူး လက်မှတ်အသစ် ရရှိသည့်နှင့် အဟောင်းကို ဝမ်းသာစွာနဲ့ ပြန်ပြီး
အပ်နှံပေးသွားပါမယ်။ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ေ နထိုင်ရ န်မှာ သံတမန်ဆိုင်ရာ နိုင်ငံကူးလက်မှတ်ပဲဖြစ်ဖြစ်၊ ရိုးရိုးနိုင်ငံကူးလက်မှတ်ပဲဖြစ်ဖြစ် ….. တခုခုေ တာ့ လိုအပ်ပါတယ်။ ဒါကိုလည်း
ဒီမှာ ရှိကြသူ “အန်ကယ်” တို့ အားလုံး သိပြီး ဖြစ်ပါလိမ့်မယ်….” ဟူ၍ ဒေါ်အောင်ဆန်း စုကြည်က သူမ ၏ စကားအား ယဉ်ယဉ်ကျေးကျေးနှင့် အဆုံးသတ်လိုက်၏။

ဒေါ်အောင်ဆန်းစုကြည်၏ စကားအဆုံးတွင် လန်ဒန်သံရုံးမှ သံအမတ်ကလည်း …. ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခဲ့သည်မှာ ကြာပြီ။ ရန်ကုန်သို့လည်း
ပို့ထားခဲ့ပြီးဖြစ်သည်။ ရန်ကုန်မှ မည်သို့မျှ အကြောင်းမပြန်သေးခြင်းသာ ဖြစ်သည်ဟု ဆို၏။

ဗိုလ်မှူးကြီးမောင်လွင်၏ မျက်နှာ ၌ ဇဝေဇဝါ၊ မတင်မကျ ဖြစ်နေသည့်ဟန်မှာ အထင်းသားပေါ်နေသည်။ ပြီး လျှင် …. ဒေါ်အောင်ဆန်း စုကြည်အား တောင်းပန်သည့်အသွင်နှင့် ….. အရင်က အခြေအနေကို
လုံးစေ့ပတ်ေ စ့ မသိရှိခဲ့ရ…..၊ ယခုမူ သဘောပေါက်ပြီဖြစ်၍ ရန်ကုန်ြ ပန်ရောက်လျှင် …. ဤကိစ္စအား အမြန်ဆုံးဖြစ်အောင် စီစ ဉ်ပေးမည်ဟု ဆို၏။

ဧည့်ခန်း ဆောင်အတွင်း…..လွတ်လပ်ပွင့်လင်း မှုများ ပြန်ရလာ၏။ ဦးစိုးတင်၏ မျက်နှာက ရွှင်ရွှင်ပြပြနှင့် ပြုံးနေ၏။

ကိုးကား ………

- အောင်သန်း ၏ အောင်ဆန်း

- ကြေးမုံဦးသောင်း၏ ဗမာ့ခေတ်မှေ ကြးမုံသို့

- ဒဂုန်တာရာ၏ ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (တာရာမဂ္ဂဇင်း အတွဲ - ၁၊ အမှတ် - ၆)

- မြတ်ထန်၏ တိုင်း ပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်

- မြဟန်၏ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ

- ဝီလျံလန်ဂ လေ၏ ကျနော့်မေမေ နိုင်ငံေ ရးအကျဉ်းသား

- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ

- နွေဦးအိုးဝေ ဂျာနယ်များ

- ရွှေခ မောက် ဂျာနယ်များ

- သခင်အုန်းမြင့်နှင့် ဒီဗီဘီ ဆက်သွယ်မေးမြန်းချက်

- ဒေါမာန်ဟုန်

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၅)

| သောကြာနေ့၊ ဇွန်လ ၁၉ ရက် ၂၀၀၉ ခုနှစ် ၁၃ နာရီ ၄၃ မိနစ် ဆောင်းပါး

(၁၇)

၁၉၇၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒေါက်တာ မိုက်ကယ်အဲရစ်နှင့် လက်ထပ်ထိမ်း မြားလိုက်၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ မိုက်ကယ်အဲရစ်၏ အိမ်ေ ထာင်ရေးက …..“သဘောတူညီမှု”
တခုနှင့် ဖြစ်သည်။ ဒေါက်တာ မိုက်ကယ်အဲရစ်က ဒေါ်အောင်ဆန်း စုကြည်အား လက်ထပ်ခွင့်၊ ခွင့်ပန်၏။ ဒေါ်အောင်ဆန်း စုကြည်က ဒေါက်တာ မိုက်ကယ်အဲရစ်အား …..

“ကျမရဲ့ ပြည်သူတွေက…. ကျမကို လိုအပ်လာတဲ့အခါမှာ…. တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်ဖို့ …. ခွင့်ပြုပေးနိုင်မ လား…..”


ဟူ၍ ကြိုတင်သဘောတူညီချက် ရယူခဲ့ပြီး၊ လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။ ၁၉၇ဝ ဝန်းကျင်က ဖြစ်သည်။ ဒေါက်တာ မိုက်ကယ်အဲရစ်က ဗြိတိသျှလူမျိုး ဖြစ်သည်။ အောက်စဖို့ တက္ကသိုလ် ပညာရပ်ဝန်းမှ
သုတေသီ ပညာရှင်တဦး….။ ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်ပြီး၊ မြောက်ပိုင်း ဗုဒ္ဓဘာသာဟုေ ခ်ါသည့် မဟာယနဗုဒ္ဒဘာသာနှင့် လူမှုေ ရး…၊ ယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်းအား
အထူးပြုလေ့လာနေသည့် သုတေသနပညာရှင်…..။ ဒေါက်တာ မိုက်ကယ်အဲရစ်က သူ၏ တွေ့ရှိချက်များကိုလည်း စာအုပ်စာတမ်းများ ရေးသား၍ ထုတ်ဝေခဲ့သည်။ အိမ်ထောင်ကျပြီး သည့်နောက်
ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်းရှိရာ “ဘူတန်” သို့ လိုက်သွား၏။ ဒေါက်တာ မိုက်ကယ်အဲရစ်က ဘူတန်တွင် ဘူတန်ဘုရင်၏ သားတော်၊ သမီး တော်များအား စာသင်ပေးသည့် ကျောင်းဆရာ……။
ပြီးလျှင် ဘူတန်အစိုးရ၏ ဘာသာပြန် ဌာနတွင်လည်း အကြီးတန်းအရာရှိအဖြစ် အလုပ်ဝ င်၏။ ဒေါ်အောင်ဆန်းစုကြည် ဘူတန်သို့ ရောက်ပြီး၊ မကြာ……။ ဘူတန်နိုင်ငံခြားရေးရုံးတွင် ကုလသမဂ္ဂရေးရာ
အကြံပေးအရာရှိအဖြစ် အလုပ်ရ ၏။ ထိုစဉ်က….. ဘူတန်ဘုရ င်မှာ “ဂျင်မီဆင်ရီဝမ်ချွတ်” ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်ထက် ၁ဝ နှစ်မျှငယ်သည်။ သက်တော် ၁၇ နှစ်သာ ရှိေ သးသည့်
မင်းပျိုမင်းလွင်ေ လး…..။

ဘူတန်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ ဇနီးမောင်နှံ ၁ နှစ်မျှနေခဲ့ပြီး အင်္ဂလန်သို့ ပြန်ခဲ့ကြ၏။ ဒေါ်အောင်ဆန်းစုကြည်က သားဦးကိုယ်ဝန်နှင့်…။ အင်္ဂလန်သို့  ပြန်ရောက်ပြီးမကြာ …. သားဦးအား
ဖွားမြင်၏။ ၁၉၇၃ ခု…..။ သားအား…. “မြင့်ဆန်းအောင်” ဟူ၍ ဒေါ်အောင်ဆန်း စုကြည်က မြန်မာလို အမည်ပေး၏။ ဒုတိယမြောက်သားငယ်အား ၁၉၇၇ ခုနှစ်တွင် မွေးဖွားသည်။ အင်္ဂလန်မှာ ပင် မွေး၏။
ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်ကပင် ရေနစ်၍ သေဆုံးခဲ့သည့် သူ့အကို ကိုေ အာင်ဆန်း လင်းအား တမ်း တသတိရနေဆဲဖြစ်မည်။ ထို့အတွက် သူ၏သားငယ်အား ဗမာလို အမည်ပေးရာတွင် အကို၏
အမည်ကိုပ င် ပေးခဲ့၏။ “အောင်ဆန်းလင်း”…..။

အောက်စဖို့ဒ်ရှိ ဒေါ်အောင်ဆန်း စုကြည်နေအိမ်က ….စာအုပ်စာတမ်းများနှင့် ပြည့်ေ နသည်။ စာအုပ်များက စင်များပေါ်၌ …. သပ်သပ်ရ ပ်ရပ်၊ စီစီရီရီ…..။ အင်္ဂလန်ရှိ နေ့ရက်များတွင်
ဒေါ်အောင်ဆန်းစုကြည်သည် မိခ င်တဦး၏ တာဝန်၊ ဇနီးသည်တယောက်၏ ဝတ္တရားတို့အား ကျေပွန်စွာ ထိန်းသိမ်းရင်း….. အောက်စဖို့တက္ကသိုလ် “ဘော့ဒျလီယန်” စာကြည့်တိုက်တွင် မြန်မာစာအုပ်၊
စာတမ်းများ၊ ပေပုရပိုက်များအား ကတ်တလောက် ပြုစုသူပညာရှင်တဦး အဖြစ် လုပ်ကိုင်ခဲ့သေး၏။

ဒေါ်အောင်ဆန်းစုကြည်မည်မျှ ပင် မိသားစုတာဝန်၊ အလုပ်တာဝန်များနှင့် များစေကာမူ နှစ်စ ဉ်လိုလိုပင် သူ့မိသားစုနှင့်အတူ ရန်ကုန်သို့ ပြန်၏။ ရသမျှအချိန်အား ရန်ကုန်တွင် မိခ င်နှင့်အတူ
ပြန်၍နေသည်။

(၁၈)

၁၉၇၉ ခုနှစ်….။

ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုနှင့်အတူ ရန်ကုန်သို့  အလည်ရောက်နေကြ၏။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်က အင်းယားကန်နှင့် ထိဆက်နေသည်။ အင်းယားကန်အား
ဖြတ်တိုက်လာသည့် လေတွင်က ရေငွေ့နှင့် နှင်း မှုန့်တို့နှင့်….။ အေးမြမြ။ ထိုနေ့က ….. မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က ဒေါ်အောင်ဆန်း စုကြည်အား မိတ်ေ ဆွတယောက်နှင့် မိတ်ဆက်ပေးမည်ဟု ဆိုထား၏။
ဧည့်သည်အလာအား ဒေါ်အောင်ဆန်း စုကြည်တို့  သားအမိ …. ဧည့်ခန်းအတွင်းမှာပင် ထိုင်စောင့်နေကြ၏။ မကြာ…..။ အသက် ၆ဝ ကျော်ခန့်ရှိမ ည့် အမျိုးသားကြီးတဦး အိမ်ေ ရှ့တံခါးဝသို့
ရောက်လာသည်။ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က ထိုင်ေ နရာမှထပြီး ဧည့်သည်အား ခရီးဦးကြို၏။ ပြုံး၍ နှုတ်ဆက်၏။

“စုစု …. ဒါ ဦးအုန်း မြင့်။ သမီးဖေဖေ သူငယ်ချင်း မိတ်ေ ဟာင်းတွေေ ပါ့…..”

ဒေါ်ခင်ကြည်က ဧည့်သည်နှင့် ဒေါ်အောင်ဆန်းစုကြည်အား မိတ်ဆက်ပေး၏။ ဒေါ်အောင်ဆန်း စုကြည်က ….ပြုံး၍……

“တွေ့ရတာ ဝမ်းသာပါတယ်….အန်ကယ်”

အားလုံး ဧည့်ခ န်းအတွင်း ထိုင်လိုက်ကြသည်။ ဒေါ်အောင်ဆန်း စုကြည်အတွက် …. ဖခင် ဦးအောင်ဆန်း ၏ မိတ်ေ ဆွရင်းတဦးနှင့် သိကျွမ်းခွင့် ရခဲ့ပြီ။

သခင်အုန်းမြင့် (သို့မ ဟုတ် ) သတင်းစာဆရာကြီး တိုးတက်ရေး ဦးအုန်းမြင့်….။ အခန်းအတွင်း တိတ်ဆိတ်နေသည်။ စကား မဆက်ကြ….။ သခင်အုန်းမြင့်က ဒေါ်အောင်ဆန်း စုကြည်အား အကဲ ခတ်ေ န၏။

ပိန်၍သေးသွယ်သော ခန္ဓာကိုယ်တွင် ….ဗမာအမျိုးသမီး အဝတ်အစားအား ချပ်ချပ်ရပ်ရပ်၊ သေသေသပ်သပ် ဝတ်ထား၏။ လက်ဝတ်ရ တနာ ပြိုးပြိုးပြက်ပြက်နှင့်မဟုတ်….. သရေကြိုးပတ်
လက်ပတ်နာရီလေးနှင့် ရိုးရိုးရှင်းရှင်း ဖြစ်နေသည့် ဒေါ်အောင်ဆန်း စုကြည်အား သခင်အုန်းမြင့်၏ အမြင်တွင် အံ့သြနေသည့်ဟန်က အထင်း သား…..။

(၁၉)

၁၉၈ဝ ခုနှစ်အတွင်း သခင်အုန်း မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမှတ် ၅၄ နေအိမ်၌ ထပ်မံ၍ ဆုံေ တွ့၏။ တွေ့ေ တွ့ချင်းမှာပင် ဒေါ်အောင်ဆန်း စုကြည်က သူမသိလိုသည့် သူမဖခင်အကြောင်းများအား
မေး၏။ ဒေါ်အောင်ဆန်း စုကြည် သိလိုသည်များက အကြောင်းအရာစုံသည်။

ကိုအောင်ဆန်း၏ ကျောင်းသားဘဝ…။

ကျောင်းသားဘဝက အပေါင်းအသင်း များ….။ ကိုနု၊ ကိုလှဖေ( ဗိုလ်လက်ျာ)၊ ကိုအုန်း၊ ကိုကျော်ငြိမ်း….တို့ အကြောင်း။ တဦး ချင်းစီ သဘောသဘာဝနှင့် စိတ်နေစိတ်ထားများ….။ ပြီးလျှင် ….
ကိုယ်ကျင့်တရား၊ စာရိတ္တကအစ …. နှိုက်နှိုက်ချွတ်ချွတ် မေး၏။ အသေးစိတ်၏။ စေ့စေ့စပ်စပ်မေးသည်။ ပြီးလျှင်…. ကျောင်းသားသမဂ္ဂမှ ဒို့ဗမာအစည်းအရုံးသို့ မေးခွန်းများက ကူးခဲ့၏။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မေး၏။ သခင်အုန်းမြင့်ကလည်း စိတ်ရှည်ရှည်နှင့်ဖြေ၏။ ဖြတ်သန်း ခဲ့သည့် သမိုင်းခေတ်များ…..။ ဒေါ်အောင်ဆန်း စုကြည်၏ဖခင် ကျောင်းသားကိုအောင်ဆန်း နှင့်
ပတ်သက်၍မူ သခင်အုန်း မြင့်က သူမြင်ခဲ့သည့် ကိုေ အာင်ဆန်း အား ဤသို့  မှတ်ချက်ပြု၏။
“တက္ကသိုလ် ကျောင်းတော်သားပင် ဖြစ်သော်လည်း ကော့စ မစ်တစ် ဟဲရားကရင်မ် တို့နှင့်ေ ဝးစွ၊ အုန်း ဆီပင် တွေ့ဖူးဟန်မတူသော စုတ်ဖွားဖွားဆံပင်၊ ကြမ်းပေ့ဆိုသော ကော်လာမပါသည့် ပင်နီေ ရာင်မွဲမွဲ
ရှပ်လက်တို အရောင်မပြောင်းသော ကြေးနီရောင် ဘန်ေ ကာက်လုံချည်ကို တိုတိုဝ တ်ဆင်လျက် အမြီး ပိုင်း ပါးလျက်ရှိသော လေယာဉ်ပုံဖိနပ်နှင့် သခင်ပေါက်စ ကိုအောင်ဆန်းကို ပြန်၍မြင်ယောင်မိသည်။
မျက်နှာထားမှာမူ ရှုသိုးသိုး။ တက္ကသိုလ် ကျောင်း သားဆို၍ ယုံနိုင်စရာမရှိသော ကိုအောင်ဆန်း ကို တက္ကသိုလ် ပဲခူးကျောင်းဆောင်တွင် စ၍တွေ့ရပေသည်။ ထိုအချိန်မှစ ၍ သခင်အောင်ဆန်းနှင့်
မကြာခဏ တွေ့ရသည်။ ဒို့ဗမာအစည်းအရုံး သို့ မကြာမကြာ ပေါက်ချလာသည်။ သခင်သန်းထွန်း၊ သခင်စိုး နှင့် ကျနော်တို့ သုံးဦး နေသော အိမ်သို့လည်း လှည့်၍လှည့်၍ လာတတ်လေသည်။
ကျနော်တို့နှင့် တွေ့ဆုံတိုင်း တခြားစကားမပြော၊ လွတ်လပ်ေ ရးအကြောင်းကိုသာ ပြောသည်။ အချိန်နာရီရှိသမျှ လွတ်လပ်ေ ရးအတွက် အမြဲတမ်း အလုပ်လုပ်ဖို့ စိတ်စောနေသည်”

(၂၀)

၁၉၈၄ ခုနှစ် ရန်ကုန်သို့ ဒေါ်အောင်ဆန်း စုကြည် ပြန်ရောက်သည့်ရက်များက ဒေါ်အောင်ဆန်းစုကြည်အဖို့ မိခင်နှင့်ပင် အတူမ နေအား….။ နေ့စဉ်လိုလိုပင် တပ်မ တော် မော်ကွန်းတိုက်သို့သွားပြီး
“ဂျပန်ခေတ် Statement” များအား လက်ရေးနှင့် ကူးယူနေခဲ့ရ သည်။ သခင်အုန်း မြင့်နှင့်ပင် အေးအေးလူလူ တွေ့ပြီး စကားမပြောဖြစ်သေး….။ ထိုနေ့က သခင်အုန်းမြင့် ၅၄ နေအိမ်သို့  လာမည်ဟု
သိရသဖြင့် ….မော်ကွန်းတိုက်သို့  မသွားဘဲ ….အိမ်မှာပင် စာဖတ်ပြီး သခင်အုန်းမြင့်အား စောင့်မျှော်နေခဲ့၏။ ဧည့်ခ န်း၌ ထိုင်မိသည်နှင့် …..သခင်အုန်းမြင့်က ဒေါ်အောင်ဆန်း စုကြည်အား
သတင်းစာဖြတ်ပိုင်းလေးတခု ပေး၏။ နှစ်ကာလ မည်မျှကြာခဲ့ပြီမသိ…..။ ဖြတ်ပိုင်း စာရွက်လေးက ဝါကျင်ကျင်နှင့် ဖျော့၍နေပြီ။

၁၉၃ဝ ခုနှစ်တွင် ကိုအောင်ဆန်း ရေနံချောင်း အမျိုးသားကျောင်းမှ ၇ တန်းတွင် စကောလားရှစ် ရရှိသည့်အခါ ရွှေတံဆိပ် ချီးမြှင့်သည့် သတင်းဖြတ်ပိုင်း လေး ဖြစ်သည်။ ထိုစဉ်က အမျိုး သား
ပညာရေးမဂ္ဂဇင်းတွင် ဖော်ပြပါရှိထားခဲ့သည်။ သူမ ဖခင်၏ ရွှေတံဆိပ်ဆု ရရှိသည့် သတင်းဖြတ်ပိုင်းလေးအား ကိုင်ပြီး ဒေါ်အောင်ဆန်း စုကြည်မှ သခင်အုန်းမြင့်ကို ပြောသည်။

“ အန်ကယ် စုလည်း ပြောမယ်ေ ပြာမယ်နဲ့ မေ့နေတာ….မပြောဖြစ်ဘူး….။ စု ဆုံးဖြတ်ချက် ချထားပြီးပြီ။ ဗမာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း (Educational Foundat ion) ဆိုပြီးတော့ မတည်မယ်။
ပညာထူးချွန်ရဲ့သားနဲ့ ငွေရေးကြေးရေးကြောင့် အထက်တန်း ပညာ မသင်နိုင်တဲ့ ကျောင်းသားတွေ၊ နိုင်ငံခြားမှာသွားပြီး ပညာမသင်နိုင်တဲ့ ကျောင်းသားတွေကို အထောက်အကူပေးဖို့ စု… လုပ်မယ်။
မေမေသဘောတူရင် အဲဒီ (Foundation) ကို ဒီအိမ်မှာ၊ ဒီနေရာမှာ ဒီခြံထဲမှာပဲ ထားပြီးတော့ ရုံးဖွင့်ပြီး တော့ လုပ်မ ယ်”

ဒေါ်အောင်ဆန်းစုကြည်က မိခ င်ဖြစ်သူဘက်သို့ လှည့်ပြီး စကားအား အဆုံးသတ်လိုက်၏။ ဒေါ်ခင်ကြည်က စိတ်အားထက်သန်စွာ ပြောနေသည့် သမီးဖြစ်သူ၏ စကားအား ငြိမ်၍နားထောင်နေ၏။
ဒေါ်ခင်ကြည်သည် တစုံတရာအား လေးလေးနက်နက် တွေးနေသည်။ ပြီးလျှင် ….ဒေါ်ခင်ကြည်က သခင်အုန်းမြင့်အား…..

“သခင်အုန်းမြင့်ရေ …. ကျမစဉ်းစားထားတဲ့ အစီအစဉ်လေးကို ပြောချင်လို့ …. တိုင်ပင်တာလဲပါတာပေါ့”

သခင်အုန်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောလာမည့် ဒေါ်ခင်ကြည်၏ စကားအား…..ငြိမ်၍နားစွင့်ေ နကြသည်။

“ကျမတို့နိုင်ငံရဲ့ အခြေအနေဟာလည်း တနှစ်ြ ပီးတနှစ် ကျပ်တည်းပြီးရင်း ကျပ်တည်းလာတယ်လေ။ အဲ့ဒါ ကျမကို လစဉ် နိုင်ငံတော်က ထောက်ပံ့နေတဲ့ ထောက်ပံ့ေ ငွ ၅ဝဝဝ ကို တဝက်ပဲ ယူတော့မယ်
….. သခင်အုန်းမြင့်ရေ….. ကျန်တဝက်ကိုတော့ နိုင်ငံတော်ကိုပဲ ပြန်လှူလိုက်တော့မ ယ်လို့  ကျမစဉ်းစားထားတယ်။

သခင်အုန်းမြင့်က မည်သို့မျှ ပြန်၍မပြော….။ သခင်အောင်ဆန်း၏ကတော် ဒေါ်ခင်ကြည်ကိုသာ ငေး၍ကြည့်နေမိသည်။ သူမိခ င်ဖြစ်သူ၏ ဘေးတွင် ထိုင်ေ နသည့် ဒေါ်အောင်ဆန်း စုကြည်သည်လည်း
မည်သို့မျှ စကားမဆို၊ ငြိမ်၍နေသည်။ တခုခုအား လေးလေးနက်နက် ငြိမ်၍ တွေးတောနေသည်။ ဧည့်ခန်းအတွင်း တိတ်ဆိတ်၍ နေသည်။ ပြီးလျှင် ပြန်လည်၍ သက်ဝ င်လာကြသည်။ သမိုင်းခေတ်
တခေတ်၏ စာမျက်နှာအစ…..။

အိမ်အမှတ် ၅၄ ဧည့်ခန်းဆောင် ဆွေးနွေးပွဲက တစ…..တစနှင့် အနှစ်သာရ ပြည့်ဝ၍လာသည်။ ချုပ်ရလျှင်မူ …. “တိုင်း ပြည်အခြေအနေက တနေ့ထက်တနေ့ တိုး…တိုးပြီး ဆိုးလာပြီ။ တိုင်းပြည်ငြိမ်းချမ်းမှ
…..သာယာဝပြောမည်။ တိုင်းပြည်ရော … တိုင်း ပြည်ထဲက လူတွေပါ သာယာဝပြောဖို့ လိုမည်။ အားလုံးသာယာဝပြောဖို့ရာက …. အခြေခံသည် ငြိမ်းချမ်းရေး….။ ငြိမ်းချမ်းရေးရဖို့အတွက် ….တနေ့နေ့ …
တချိန်ချိန်တွင် သမိုင်းက တောင်းဆိုလာမည်။ ထိုအခါတွင်…. စိတ်ကောင်း၊ စေတနာကောင်း ရှိတဲ့သူတွေ၊ တိုင်းပြည်ကောင်းကျိုး သယ်ပိုးချင်တဲ့သူတွေ၊ တိုင်းပြည်ကို ချစ်တဲ့သူတွေ၊ တကယ့်
မျိုးချစ်စိတ်ရှိတဲ့ သူတွေ …..။ ထိုထိုေ သာ သူတို့ဟာ နိုင်ငံရေးထဲမှာ ပါဝင်လာကြရမယ်”

ဤသို့ ၅၄ ၏ ဧည့်ခန်းဆောင် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သခင်အုန်းမြင့်အကြား Understand ing ရခဲ့၏။ သုံးဦးစလုံးက သိနေကြ၏။ မလုပ်ရင်မဖြစ်တော့…..။ ဝင်၍ တခုခု
လုပ်ကြရတော့မည်ဟူ၍ ……။

ကိုးကား ………

- အောင်သန်း ၏ အောင်ဆန်း

- ကြေးမုံဦးသောင်း၏ ဗမာ့ခေတ်မှေ ကြးမုံသို့

- ဒဂုန်တာရာ၏ ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (တာရာမဂ္ဂဇင်း အတွဲ - ၁၊ အမှတ် - ၆)

- မြတ်ထန်၏ တိုင်း ပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်

- မြဟန်၏ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ


- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ

- ဝီလျံလန်ဂ လေ၏ ကျနော့်မေမေ နိုင်ငံေ ရးအကျဉ်းသား

- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ

- နွေဦးအိုးဝေ ဂျာနယ်များ

- ရွှေခ မောက် ဂျာနယ်များ

- သခင်အုန်းမြင့်နှင့် ဒီဗီဘီ ဆက်သွယ်မေးမြန်းချက်

- ဒေါမာန်ဟုန်

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၆)

| သောကြာနေ့၊ ဇွန်လ ၁၉ ရက် ၂၀၀၉ ခုနှစ် ၁၇ နာရီ ၂၀ မိနစ် ဆောင်းပါး

(၂၁)

ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်အောင်ဆန်း၏ အတ္ထုပတ္တိစာအုပ်အား ရေးသားပြုစုရန် စိတ်ထက်သန်လျက်ရှိသည်။ ၁၉၈၄ ခုနှစ် ရန်ကုန်သို့ ရောက်စဉ်ကလည်း …. နေ့စဉ်လိုလိုပင်
တပ်မ တော်မော်ကွန်းတိုက်သို့သွားပြီး ဂျပန်ခေတ် Statement များအား လက်ရေးနှင့် ကူးယူခဲ့၏။ ပြင်ဆင်ခဲ့၏။ သခင်အောင်ဆန်း၏ BIA သန္ဓေတည်ရာက ဂျပန်တွင် ဖြစ်သည်။ သခင်ေ အာင်ဆန်း နှင့်
ထိတွေ့ဆက်ဆံခဲ့ကြသည့် ဂျပန်လူမျိုး များနှင့် တွေ့ရန်လိုကြောင်း ဒေါ်အောင်ဆန်း စုကြည် သိ၏။ ဤအတွက်ပင် အင်္ဂလန်၌နေစဉ် ဂျပန်ဘာသာစကားအား ဇွဲကြီးစွာနှင့် သင်ယူခဲ့သည်။

၁၉၈၅ ခုနှစ်တွင်မူ ဒေါ်အောင်ဆန်း စုကြည်အတွက် …. အခွင့်အလမ်း တခုက ဝင်လာ၏။ ဗိုလ်ချုပ်အောင်ဆန်း၏ ဂျပန်နှင့် ဆက်စပ်သည့် ဘဝအစိတ်အပိုင်းအား သုတေသနပြုနိုင်ရန် ကျိုတိုတက္ကသိုလ်က
ဒေါ်အောင်ဆန်းစုကြည်အား ကျိုတိုတက္ကသိုလ်သို့  လာရောက်ရန် ဖိတ်ခေါ်၏။

ဒေါ်အောင်ဆန်းစုကြည်အတွက် …… “ရေဆာစဉ် ရေချမ်းစင်အား တွေ့ခြင်း…..”။ ဂျပန်သို့  သွားရန် ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်ရ သည်။ ထိုစဉ်က …. ဒေါက်တာ မိုက်ကယ်အဲရစ်က
အိန္ဒိယပြည်မြောက်ပိုင်း “ဆင်း မလား” တွင် ရောက်ေ နသည်။ “ဆင်းမလားမြို့” အဆင့်မြင့် စာပေလေ့လာရေးဌာနစု၌ သုတေသနပညာရှင်အဖြစ် အမှုထမ်းနေရ၏။ သားအကြီး မြင့်ဆန်း အောင်က …၁၂
နှစ်အရွယ်….။ သားငယ် အောင်ဆန်း လင်း က ၈ နှစ်သား….။ သားကြီး မြင့်ဆန်း အောင်အား အောက်စဖို့တွင်ပ င် ကျောင်းအိပ်ေ ကျာင်းစားထားခဲ့ပြီး သားငယ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သို့သွားရန်
ဆုံးဖြတ်ရ၏။ စီစဉ်ကြရ၏။ ကျိုတိုသို့  ရောက်သည်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ရှိ “ဂျပန်-မြန်မာ” အသင်း ဝင်များနှင့် တွေ့၏။ “ဂျပန်-မြန်မာ” အသင်း မှတဆင့် ဖခင်ဗိုလ်ချုပ်အောင်ဆန်း နှင့်
သိကျွမ်းရင်းနှီးခဲ့သော …. ဂျပန်အမျိုးသားကြီးများနှင့် တွေ့ရ၏။ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့ရသည့် ဂျပန်အမျိုးသားကြီးများက ဖခင်ဗိုလ်ချုပ်၏ အကြောင်းအား စိတ်အားထက်သန်စွာ
ပြောပြကြ၏။

(၂၂)

ကျိုတိုတွင် တနှစ်ခန့် နေပြီးသည့်ေ နာက် ဒေါ်အောင်ဆန်း စုကြည်သည် “ဆင်းမလား” ရှိ ခင်ပွန်းရှိသူထံသို့  သွားရောက်ခဲ့၏။ မြင့်ဆန်းအောင်သည်လည်း ကျောင်းအားရက်ဖြစ်သဖြင့် …
မြင့်ဆန်း အောင်ကိုလည်း ဆင်း မလားသို့ ခေါ်ခဲ့၏။ ထိုကာလလေးက …. ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစု စုစုဝေးဝေး ဆုံဆည်းခွင့်ရ ခဲ့သည့် ရက်များဟု ဆိုရမည်။ “ဆင်းမလား” တွင်ပင်
ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်းသည် လုပ်ကိုင်ေ နသည့် သုတေသနဌာန၌ သုတေသီပညာရှင်အဖြစ် အလုပ်ရ ၏။ “ဆင်းမလား” ရှိ မိသားစု သိုက်သိုက်မြုံ မြုံ နေထိုင်ရ သည့် ကာလက
တိုတောင်းလွန်း လှသည်။

၁၉၈၇ ခုနှစ်တွင် “ဆင်းမလား” မှ လန်ဒန်သို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ခဲ့ရ ပြန်သည်။ လန်ဒန်တွင် မျက်စိအား ခွဲစိတ်ကုသမည့် မိခင်အားပြုစုရန် လန်ဒန်သို့ ပြန်ခဲ့ခြင်းဖြစ်သည်။ ဒေါ်ခင်ကြည်၏
မျက်စိခွဲစိတ်မှုက ချောချောမောမောနှင့် အောင်မြင်ခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ ဦး အောင်ဆန်း ဦးသည်လည်း လန်ဒန်သို့ လာရောက်၍ ၁ဝ ရက်ခ န့် မိခ င်နှင့် အတူနေ၏။

၁၉၈၇ ခုနှစ် …. ဇွန်လလယ်လောက်တွင် ဒေါ်ခင်ကြည် လန်ဒန်မှ ရန်ကုန်သို့ ပြန်သွား၏။ ဒေါ်အောင်ဆန်း စုကြည်သည်လည်း မိသားစုရှိရာ “ဆင်း မလား” သို့  ပြန်၏။ ၁၉၈၇ ခုနှစ် စက်တင်ဘာလတွင်မူ
ဒေါ်အောင်ဆန်းစုကြည်တို့ တမိသားစုလုံး ….. “ဆင်း မလား” မှ “အောက်စဖို့ဒ်” သို့ အပြီးပြောင်းရွှေ့ခဲ့ကြသည်။ အောက်စဖို့ဒ် ပညာရပ်ဝန်းအတွင်း ပြန်၍ အခြေချကြ၏။

အောက်စဖို့ဒ် နေအိမ်တွင် နေထိုင်ရ င်း ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္တိအား စတင်၍ ရေးသားသည်။ အတ္ထုပတ္တိ၏ အစအား အမှာစာသဘောမျိုးနှင့် စ၏။

“ကျမ မှတ်မိနိုင်ေ သာ အရွယ်မရောက်မီကပင် ကျမ၏ ဖခင် ကွယ်လွန်သွားပါသည်။ ထိုကြောင့် `ဖေဖေဟာ ဘယ်လို လူစားမျိုးပါလိမ့်` ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ ဘဝလုပ်ဆောင်ချက်များနှင့်
ပတ်သက်သော စာပေ အထောက်အထားများကို ကျမ စတင်စုဆောင်း လေ့လာဖတ်ရှုခြင်း ဖြစ်ပါသည်။ အောက်တွင်ဖော်ပြပါ အတ္ထုပတ္တိ စာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေပြီး
အထောက်အထားများကို အဓိက အခြေခံထားပါသည်။ အကြောင်းနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့ မိသားစုနှင့် ဖေဖေ့အား ကောင်းစွာ သိကျွမ်း ခဲ့သူများထံမှ သိရှိရ သော အချက်အလက်များ
အပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။ သွေးသားနီးစပ်စွာ တော်စ ပ်သူတဦး၏ အတ္ထုပတ္တိကို ရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဋ္ဌာန်ကျကျ ရေးနိုင်မ ည်မဟုတ်ဟု အစွပ်စွဲခံရတတ်ပါသည်။
တကယ်တမ်း တွင်လည်း အတ္ထုပတ္တိ ရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်ကို ပုံသွင်းပေးခဲ့သော အဖြစ်အပျက် အတွေ့အကြုံများ၏
သြဇာသက်ရောက်မှုမှ ကင်း လွတ်နိုင်မ ည် မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာ ကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာ ပေါ်လွင်စေရန် ကြိုးပမ်းရေးသားထားပါသည်ဟုသာ ပြောနိုင်ပါသည်။

(၂၃)

၁၉၈၈ ခုနှစ် မတ်လ ၃၁ ရက် ….။

အောက်စဖို့ဒ် နေအိမ် ….။

အောက်စဖို့ဒ် ညနေခင်းက …. တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်ငြိမ်သက်သက်ပင်…။ ဆိတ်ငြိမ်အေးချမ်းမှုက …. ပညာရပ်ဝန်း၏ အငွေ့အသက် အဆောင်အယောင်လေလားဟုပင် ထင်မှတ်စရာ…..။

ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်ပွန်းက ဧည့်ခန်းတွင်ပ င် စာဖတ်၍ နေကြသည်။ သား ၂ ယောက်မှာမူ သူတို့ ၏ အိပ်ခ န်းအတွင်း၌ ရှိနေကြ၏။ တယ်လီဖုန်း လူခေါ်ဘဲလ်သံက …. ဝေဝေစီစီ …. ။
ဒေါ်အောင်ဆန်းစုကြည်ပင် ထ၍ တယ်လီဖုန်းအား ကိုင်လိုက်၏။

ရန်ကုန်မှ ဖုန်း ဖြစ်သည်။ မိခင်ဒေါ်ခင်ကြည်ထံမှ ….။ ၁ဝ မိန စ်ခန့် စကားပြောပြီး တယ်လီဖုန်းအား ချလိုက်သည်။ ပြီးလျှင် …. ဒေါ်အောင်ဆန်း စုကြည်သည် ခင်ပွန်း ဖြစ်သူထံသို့  သွားပြီး…..။

“မေမေ လေဖြတ်သွားလို့တဲ့ …. ဆေးရုံတင်ထားရတယ် …. အဲဒါ ကျမ ရန်ကုန်ကို ချက်ချင်း သွားရမယ်….”

ခင်ပွန်းသည်ကလည်း ကြည်ဖြူစွာနှင့်ပင် ခွင့်ပြု၏။ ချက်ချင်းပင် ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန်ခရီးအတွက် ထုပ်ပိုးပြင်ဆင်ေ တာ့၏။

ဤခရီးက ….. သူတို့၏ ဘဝများအား ထာဝရ ပြောင်းလဲသွားစေတော့မည် ဟူသည်အား ထိုညနေခင်းက ခင်ပွန်း သည်နှင့် ဒေါ်အောင်ဆန်းစုကြည်ပါ မတွေးထင်မိခဲ့……။

(၂၄)

၁၉၈၈ ခုနှစ်၊ ဧပြီလ ၂ ရက်။

ရန်ကုန်မြို့၊ ဂျပန်ဆေးရုံကြီး။

ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်း မှ တက္ကသိုလ်ရိပ်သာလမ်း အိမ်သို့ မဝင်တော့ ----။ ဂျပန်ဆေးရုံသို့ တန်း ပြီး လာခဲ့တော့သည်။ အဝတ်အစားထည့်သည့် လက်ဆွဲသေတ္တာ ၂ ခုသာ ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ဆေးရုံသို့ ရောက်သည့်အချိန်၌ မိခင် (ဒေါ်ခင်ကြည် ) ၏ ကျန်းမာရေး အခြေအနေက ဆိုးဝါး၍ နေပြီဖြစ်သည်။ ရောဂါက ၃-၄ မျိုး ရှိေ နသည်။ အဆိုးဆုံးက ဆီးချိုဖြစ်သည်။
ဧပြီလ ၇ ရက်နေ့တွင် ဆရာဝန်ကြီးများနှင့် တိုင်ပ င်ပြီး ပြင်ဆင်စ ရာ ရှိသည်များကို ပြင်ဆင်၍ မိခင် ဒေါ်ခင်ကြည်အား တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ပြောင်းရွှေ့ခဲ့ေ တာ့သည်။ မိခ င်ကြီးအား
အချိန်မလပ် ပြုစုစောင့်ရှောက်ေ နရင်း ---- တဖက်မှ တိုင်းပြည် အခြေအနေများကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်၍နေသည်။

မတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား အရေးတော်ပုံကြီးက တိုင်းပြည်၏ အခြေအနေအား ဖော်ပြ၍နေသည်။

(၂၅)

အင်းယားကန်ဘောင်နှင့် ပြည်လမ်းမအကြားတွင် “တံတားဖြူ“ ဟူ၍ လူသိများသည့် မြောင်းကူးတံတားရှိသည်။ တံတားဖြူအား ကျော်ပြီးသည်နှင့် ဆန္ဒပြသည့် ကျောင်းသားထု လူတန်းကြီးသည်
ဖြုန်းစားကြီး တန့်ရ ပ်သွားသည်။ သံဆူးကြိုးခွေများကို ဆန္ဒြ ပ လူတန်းကြီး၏ အရှေ့တွင် ဖြတ်သန်းပိတ်ပြီး ကာထားသည်။ သံဆူးကြိုးများ၏ နောက်တွင်မူ မောင်းပြန်သေနတ်များ ကိုင်ထားသည့်
စစ်သားများက လူတန်း ကြီးအား အသင့်ချိန်၍ ရပ်နေကြ၏။ စစ်သားများ၏ နောက်တွင်ေ တာ့ ဘရင်းကယ်ရီယာများ၊ လူတန်းကြီးအနောက်တွင်ေ တာ့ ----- ဒုတ်များ၊ ကြိမ်ဒိုင်များနှင့် လုံထိန်းများက
ကန်ေ ဘာင်ရိုးပေါ်သို့လည်း တက်လာကြသည်။ ဆန္ဒပြသည့် ကျောင်းသားတို့အား စစ်သားများနှင့် လုံထိန်း တို့က သုံးဘက်မှ ပိတ်ဆို့ထားလိုက်ကြပြီ ဖြစ်သည်။ ကျန်သည့် တဖက်မှာလည်း
ခြံဝင်းမြင့်မြင့်ကြီးများက ပိတ်၍ ကာထားပြန်သည်။

အမိန့်ပေးသံများ ထွက်လာသည်။ လုံထိန်း များက ကျောင်းသားများကို ဝင်ရိုက်တော့သည်။ နံပါတ်ဒုတ်များ၊ အရိုးတွင်းတွင် ကျိုးအက်သံများ၊ သွေးများ အလူးလူးအလိပ်နှင့် အလဲလဲအပြိုပြို ကမ္ဘာ ပျက်၍
နေလေပြီ။

ဒေါ်ခင်ကြည် အား နေအိမ်သို့ ပြန်လည်ကြိုယူခဲ့ပြီး သည့် နောက်ပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ နေ့စဉ်လိုလိုပင် သခင်အုန်းမြင့် ရောက်ခဲ့သည်။ ၁၉၈၈ ခု၊ မတ်လ ကျောင်း သား
အရေးအခင်းများ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်မှ မေးသည်။ သခင်အုန်းမြင့် ပြောပြသည်များကို နားထောင်ပြီး ဒေါ်အောင်ဆန်းစုကြည်က လေးလေးနက်နက် တွေး၍ နေသည်။ ပြီး နောက် ------
-

“----- အခု တိုင်းပြည်အခြေအနေက သိပ်ဆိုးသထက်ဆိုးလာတော့ အန်ကယ်နဲ့ စုနဲ့ ၁၉၈၄ တုန်း က ပြောခဲ့တဲ့ အတိုင်း မျိုးပေါ့။ ငြိမ်းချမ်းရေးကို ရမှဖြစ်မယ်။ ငြိမ်းချမ်းရေးမရရင် တိုင်းပြည်ေ တာ့
တော်တော်ကို ဒုက္ခရောက်ကုန်မယ်။ လူတွေ ဒုက္ခရောက်ကုန်မှာ။ ဒါကို ဘယ်လိုလုပ်ရရင် ကောင်းမလဲဆိုတာကိုလည်း စဉ်းစားကြရတော့မယ်။ အန်ကယ်လည်း စဉ်းစားပါ။ စုလည်း စဉ်းစားမယ်။
ဘယ်ပုံဘယ်နည်း စရမယ်ဆိုတာ -----“
(၂၅)

မတ်လနှင့် ဇွန်လများမှာ ဖြစ်ပျက်ခဲ့တဲ့ သွေးထွက်သံယို အရေးအခင်းများက အစိုး ရအဖွဲနဲ့ ထိုအဖွဲ့ကို ဦးဆောင်နေတဲ့ ပါတီကို အယုံအကြည် ကင်းမဲ့နေတာကို ဆန္ဒပြရာတွင် ကိုယ်တိုင်ပါဝင်သူများနဲ့
နောက်မှ အားပေးသူများက ဖော်ပြလိုက်ပါတယ်။ ကျနော်ဟာ မတ်လနဲ့ ဇွန်လအတွင်းက စိတ်မချမ်းမြေ့စရာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေေ ကြာင့် သွယ်ဝိုက်သော နည်းဖြင့် တာဝန်မကင်းသူဟု ယူဆတာက
တကြောင်း၊ အသက်အရွယ်လည်း ထောက်လာတာက တကြောင်းတို့ကြောင့် ပါတီဥက္ကဋ္ဌနှင့် ပါတီဝင်အဖြစ်မှ ထွက်ခွင့်ပေးကြပါလို့ ပါတီဝင်တွေကို မေတ္တာရပ်ခံအပ်ပါတယ်။

နေဝင်း

အရေးပေါ်ပါတီ ညီလာခံ

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ

၁၉၈၈၊ ဇူလိုင်လ ၂၃ ရက်

ဦး နေဝင်းက အရှင်ထွက် ထွက်ပြီး ကားလိပ်ကြားသို့ တိုးဝင်သွား၏။ ဇူလိုင်လ တတိယအပတ်အတွင်း မှာ ဖြစ်သည်၊ အမြောက်နှင့် ယန္တရားတပ်မှ ဗိုလ်မှူး လှမြင့် ဒေါ်အောင်ဆန်း စုကြည်ထံသို့
တယ်လီဖုန်း ဆက်၍ လာသည်။ မည်သည့် အကြောင်းကိစ္စေ ကြာင့် ဆက်လာသည်ဟူ၍မူ မသိ။ ဒေါ်စုမှ ဦးနေဝင်းနဲ့ တွေ့ချင်တယ်၊ စီစဉ်ပေးပါလို့ ပြောတော့ သူ အကြောင်းပြန်ပါမည်ဟု ပြောသည်။
ဦး နေဝင်း ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သွားခဲ့ပြီးနောက်တွင် ပါတီဥ က္ကဋ္ဌနှင့် နိုင်ငံေ တ်ာသမ္မတ နေရာများအား ဦးစိန်လွင်မှ ဝင်ေ ရာက်၍ တာဝန်ယူခဲ့သည်။ တက်လာသည်နှင့် လက်စွမ်း ပြတော့သည်။
ဦး အောင်ကြီး၊ ဦိး အောင်ရွှေ စသည့် အငြိမ်းစား စစ်ဗိုလ်ကြီးများအား ထောင်ထဲသို့  သွင်း တော့သည်။ ဒုတိယအကြိမ် ဗိုလ်မှူး လှမြင့်ထံမှ ဖုန်း ဆက်လာသည်။ ဦးနေဝင်းနှင့် တွေ့နိုင်မည့် အကြောင်းကိုမူ
မပြော။ ဒေါ်အောင်ဆန်း စုကြည်အား နိုင်ငံေ ရး မလုပ်ဘူးဆိုဟု ပြောမေး မေးသည်။ ဒေါ်အောင်ဆန်း စုကြည်က ကျမ နိုင်ငံရေးမလုပ်ဘူး ဆိုတာက နိုင်ငံခြားမှာ နေပြီးတော့ နိုင်ငံေ ရးမလုပ်မှာ ကို
ပြောတာပါဟု ပြန်၍ ပြောလိုက်သည်။ တဖက်မှ မည်သို့မျှ ပြန်၍မပြော၊ တယ်လီဖုန်းလည်း ချ၍ သွားတော့သည်။

(၂၆)

''ဒီမိုကရေစီ ချက်ချင်းပေး''

''မဆလ အစိုးရ ကျဆုံးပါစေ''

''စိန်လွင် အလိုမရှိ''

''ဦးအောင်ကြီးနှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေး''

ကြွေး ကြော်သံများက ရန်ကုန်ြ မို့  တမြို့ လုံး ကျယ်လောင်စွာ မြည်ဟိန်း နေသည်။ ရန်ကုန်မြို့တွင်သာမက ပဲခူး ၊ သနပ်ပင်၊ ရေနံချောင်း၊ ပြည်၊ တောင်ကြီး၊ မြို့များတွင်လည်း ''စိန်လွင် အလိုမရှိ'' ဟူသည့်
အသံများက ကျယ်လောင်နေလေပြီ။ ည ၈ နာရီတွင် မြန်မာ့အသံမှ ဦးစိန်လွင်နှင့် ဗိုလ်ချုပ်ကြီးစောမောင်တို့ ၂ ဦး လက်မှတ်ထိုးထုတ်ပြန်သည့် ကြေညာချက်များအား ဖတ်ကြားကြေညာသွားသည်။
ရန်ကုန်မြို့တွင် မာရှယ်လော (စစ်ဥပဒေ) ထုတ်ပြန်ကြောင်း ကြေညာချက်ပင် ဖြစ်သည်။ ထိုနေ့က ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ ဖြစ်သည်။

တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ သခင်အုန်းမြင့်၊ ဦးထွေးမြင့် ရဲေ ဘ်ာသုံးကျိပ်ဝ င် ဗိုလ်စင်္ကြာတို့နှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ကြသည်။ ဆွေးနွေးကြသည်။ တိုင်းပြည်၏ အခြေအနေက သိပ်ဆိုး ၍
နေပြီ၊ မည်သို့လုပ်ကြမည်န ည်း၊ မည်သို့စ၍ လုပ်ကိုင်ကြမည်န ည်း၊ အပြင်တွင် ရာသီဥတုက အုံ့မှိုင်း နေသည်။

''တိုင်း ပြည်အခြေအနေက သိပ်ဆိုးနေပြီ၊ လူတွေကလည်း ဒုက္ခသိပ်ေ ရာက်ေ နပြီ ---ငြိမ်းချမ်းရေးအတွက် အတိုင်ပ င်ခံ ကော်မတီတခုဖွဲ့ပြီး လုပ်ဖို့တောင်းဆိုရ င်တော့ ကောင်း မယ် ထင်တယ်'' ဦးထွေးမြင့်မှ
တွေးတွေးဆဆနှင့် ဆွေးနွေးသည်။

''ကောင်းပါတယ်။ ဒီက `စ`ရင်ကောင်းပါတယ်။ ကော်မတီထဲမှာ ဘယ်သူဘယ်ဝါ ပါရမယ်။ ဘာမယ်တော့ မတောင်းဆိုဘဲနဲ့ ကော်မ တီဖွဲ့ဖို့ပဲ တောင်း ဆိုရင် ကောင်းမယ်'' သခင်အုန်းမြင့်က ဦးထွေးမြင့်၏
ဆွေးနွေးချက်ကို ထပ်၍ ဖြည့်စွက်သည်။

''ကျမ သဘောတူပါတယ်။ ဒီကပဲ `စ` ပြီး လုပ်ကြတာပေါ့။ ပြီး တော့ ကျမတို့ ဒီလုပ်ငန်းတွေ စလုပ်တာနဲ့ လုံးဝ အကြမ်း မဖက်ရေးဘဲ။ အကြမ်း မဖက်ဝါဒ၊ ဂန္ဒီဝါဒပေါ့။ ဒါကို ကျမတို့ရဲ့ `မူ` အနေနဲ့
ထားလိုက်မ ယ်။ နောက်ပြီး ဥပဒေ ဘောင်အတွင်းကပဲ လုပ်မ ယ်။ မြေအောက်တို့ တောခိုတာတို့ လက်နက်ကိုင်တိုက်တာတို့ လုံးဝ မလုပ်ဘူး။ ဒါ ကျမတို့ရဲ့ နိုင်ငံရေးလမ်းစဉ်ပဲ'' ဒေါ်အောင်ဆန်း စြု ကည်၏
စကားအဆုံးတွင် အားလုံးက သဘောတူကြသည်။ အပြင်ဘက်ဆီမှ သေနတ်သံများအား သဲ့သဲ့ကြားကြရသည်။ အားလုံး စိတ်မသက်သာစွာဖြင့် သက်ပြင်းချလိုက်ကြသည်။

ကိုးကား ………

- အောင်သန်း ၏ အောင်ဆန်း

- ကြေးမုံဦးသောင်း၏ ဗမာ့ခေတ်မှေ ကြးမုံသို့


- ဒဂုန်တာရာ၏ ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (တာရာမဂ္ဂဇင်း အတွဲ - ၁၊ အမှတ် - ၆)

- မြတ်ထန်၏ တိုင်း ပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်

- မြဟန်၏ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ

- ဝီလျံလန်ဂ လေ၏ ကျနော့်မေမေ နိုင်ငံေ ရးအကျဉ်းသား

- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ

- နွေဦးအိုးဝေ ဂျာနယ်များ

- ရွှေခ မောက် ဂျာနယ်များ

- သခင်အုန်းမြင့်နှင့် ဒီဗီဘီ ဆက်သွယ်မေးမြန်းချက်

- ဒေါမာန်ဟုန်

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ …" အပိုင်း (၇)

မင်းဟန် | စနေနေ့၊ ဇွန်လ ၂၀ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၃၄ မိနစ် ဆောင်းပါး

(၂၇)

“စစ်ကားတွေဟာ ရန်ကုန်တဝိုက်က လူသေတွေရော၊ ဒဏ်ရာရသူတွေကိုပါ သယ်ယူလာပြီး ဆေးရုံကြီးမှာ ပစ်ချလိုက်သည်။ တချို့ကျောင်းသားလေးတွေဆိုရင် ခြေတွေ၊ လက်တွေမှာ သေနတ်ဒဏ်ရာ၊
ရင်ဘတ်နဲ့ လည်ပင်းတွေမှာ လှံစွပ်ဒဏ်ရာတွေနဲ့ ပွင့်ထွက်ေ နကြတယ်။ အချို့ဆို ပုံပျက်ပန်းပျက်ကို ဖြစ်နေပြီ၊ ရုပ်မ ပေါ်တော့ဘူး။ အလောင်း အများအပြားက ကိုယ်တုံးလုံးနှင့် ယောက်ျားတွေ ပြီးတော့
ဘုန်း ကြီးအလောင်းတွေ၊ စစ်သားတွေက ဘုန်းကြီးအလောင်းတွေကို ဆေးရုံကြီး မှာ လာမပုံခင် သင်္ဃန်းတွေကို ချွတ်ပ စ်ခဲ့ကြတယ်။ ကျနော် ရေကြည့်တော့ အလောင်း ၁၆ဝ လောက် ရှိတယ်။
ဒဏ်ရာရသူတွေက ရာနဲ့ချီပြီးတော့ကို များတယ်။ ဒါက ဆေးရုံကြီး တခုပဲ ရှိသေးတယ်။ ရန်ကုန်မှာရှိတဲ့ အခြားဆေးရုံတွေ မပါသေးဘူး။ ဒီသြဂုတ်လ ၁ဝ ရက်နဲ့ ၁၂ ရက်ကြားမှာ စစ်တပ်က ပစ်လို့ သေတဲ့
လူပေါင်းဟာ ၁ဝဝဝ ထက် မနဲဘူး “

စာမျက်နှာ - ၁၃၄ ၊ ၁၃၅

(ဒေါမာန်ဟုန်)

စောကြာဒိုး၊ ဗိုလ်မှူး အောင်၊ ဦးနုတို့နှင့် ဦးထွေးမြင့် တွေ့သည်။ အတိုင်ပ င်ခံေ က်ာမတီဖွဲ့ဖို့ တောင်းဆိုမည့် အကြောင်းအား ပြောပြသည်။ ဒေါ်အောင်ဆန်း စုကြည် ဆွေးနွေးခဲ့သည့် ဥပဒေဘောင်အတွင်း
ဖြစ်ရမယ်၊ မြေအောက်တို့ တောခိုတာတို့ လက်နက်ကိုင်တာတို့ မလုပ်ဘူးဆိုတဲ့ အခြေခံ သဘာထားကို ရှင်းပြသည်။ အားလုံးက သဘောတူကြသည်။ ပြီးနောက် ရန်ကုန်မှာ ရှိကြသည့်
ကျောင်းသားသမဂ္ဂ အမှုေ ဆာင်ဝင်ဟောင်းများ၊ ဥက္ကဋ္ဌဟောင်းများ အားလုံးနှင့် ဆက်သယ
ွ်ချဉ်းကပ်ကြသည်။ သူတို့က တကယ်လုပ်ကြမည့် သူများဖြစ်သည်။ ဦးထွေးမြင့်နှင့် သခင်အုန်းမြင့်တို့က
တနေ့လုံး အပြင်ထွက်၍ တွေ့မည့်သူများနှင့် တွေ့ကြသည်။ ဆွေးနွေးကြသည်။ သူတို့  တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ပြန်ရောက်ေ တာ့ ညနေ ၅ နာရီိခန့် ရှိပြီ။ ဒေါ်အောင်ဆန်း စုကြည်
ပြင်ဆင်ေ ရးသားထားသည့် အတိုင်ပ င်ခံေ က်ာမတီ ဖွဲ့စ ည်းရေး တောင်းဆိုချက် စာကြမ်း (Draft) အား ပြသည်။ ပြင်ဆင်စ ရာမရှိ။ အားလုံး သဘောတူကြသည်။ ဦးထွေးမြင့်မှ ယူလာသော (Typewriter)
အဟောင်းကြီးနှင့် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင်ပင် ဦးထွေးမြင့် (Type) ရိုက်သည်။ ၁၉၈၈ ခု၊ သြဂုတ်လ ၁၈ ရက်ေ န့တွင် မဆလ ဗဟိုကော်မတီအစည်းအဝေးနှင့် အစိုး ရအဖွဲ့ အစည်းအဝေး
ကျင်း ပမည့်အကြောင်း မြန်မာ့အသံမှ သတင်းကြေညာသည်။ ထိုနေ့ကား သြဂုတ်လ ၁၂ ရက်နေ့။

(၂၈)

“ဦးစိန်လွင်သည် နိုင်ငံေ တာ်ဥက္ကဋ္ဌ ရာထူးမှလည်းကောင်း၊ နိုင်ငံေ တာ် သမ္မတ ရာထူးမှလည်းကောင်း၊ မွန်ပြည်န ယ် မဲဆန္ဒန ယ်အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း
နုတ်ထွက်ခွင့်ပြုပါရန် တင်သွင်းခဲ့သည်။ ရာထူးမှနုတ်ထွက်ခြင်း၊ အစားထိုးခြင်း၊ ရွေးချယ်တင်ေ မြှာက်ခြင်းဆိုင်ရာ အခန်း ၄ ၏ စည်းမျဉ်းများအရ ဦးစိန်လွင်အား နိုင်ငံတော်သမ္မတ ရာထူးမှလည်းကောင်း၊
နိုင်ငံေ တ်ာကောင်စီ ဥက္ကဋ္ဌ ရာထူးမှလည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း ယနေ့ ၁၉၈၈ ခု၊ သြဂုတ်လ ၁၂ ရက်နေ့မှစ ၍ နုတ်ထွက်ခွင့် ပြုလိုက်သည်“

(၂ဝး ဝဝ) နာရီသတင်း

မြန်မာ့အသံ
၁၉၈၈၊ သြဂုတ်လ ၁၂ ရက်

ဦး ထွေးမြင့် (Type) ရိုက်ပြီးသည့်အချိန်တွင်မှ ဦးစိန်လွင် သမ္မတအဖြစ် နုတ်ထွက်ကြောင်းအား မြန်မာ့အသံမှ ကြေညာသည်။

လိပ်မူထားသည်ကား ဦးစိန်လွင် နိုင်ငံေ တာ် သမ္မတကြီးထံသို့ ။ မည်သို့လုပ်ေ ဆာင် ကြမည်န ည်း။ ဦးစိန်လွင်က သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ပြီးနေ၏။ အခြားတယောက်ယောက်ကိုလည်း
သမ္မတအသစ်အဖြစ် အစားထိုး ရွေးချယ်ခန့်အပ်သည်ဟူ၍ မြန်မာ့အသံမှ မကြေညာခဲ့။ ရွိေ စေတာ့ ----။ ဦး စိန်လွင်ထံသို့ လိပ်မူထားသည်ကိုတော့ ပြင်မှရတော့မယ်။ ပြင်ပြီးလျှင် မည်သူထံသို့ လိပ်မူ၍
ပေးပို့မည်နည်း။ ဦးနေဝင်းသည်လည်း တာဝန်များအားလုံးမှ နုတ်ထွက်ထားပြီး ဖြစ်သည်။ တရားဝင်မှုအရ သူ့တင
ွ် တာဝန်မရှိ။ သူ့ထံသို့ပင် လိပ်မြူ ပီး ပို၍မရနိုင်။ မိတ္တူတော့ ပို၍ရမည်။ အားလုံး စဉ်းစားရ
ကျပ်ေ နကြသည်။

“ကဲ ---- အန်ကယ်ဦး ထွေးမြင့်ရော၊ အန်ကယ်ဦးအုန်း မြင့်ရော ကျမတို့ လုပ်ရ မှာတွေကလည်း ကပ်နေပြီ။ ဒီတော့ နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးကျောင်ထင်ဆီပဲ လိပ်မူပြီး ပို့တာပေါ့“

ဒေါ်အောင်ဆန်းစုကြည်က ဝင်ပြောသည်။ နောက်ဆုံး ဦးကျော်ထင်ထံသို့ လိပ်မူပြီး ပို့ရ န် ဆုံးဖြတ်ချက်ချလိုက်သည်။ ဦး ထွေးမြင့်က (Typewriter) အဟောင်းကြီးနှင့် ပြန်၍ အလုပ်များနေပြန်တော့သည်။
ဒီနေ့ည အပြီးရိုက်ရ မည်။ ဒီနေ့ညပြီး မှ မနက်ဖြန် ၁၃ ရက်နေ့နဲ့ ၁၄ ရက်ေ န့များတွင် တောင်းဆိုကြသည့် သူများထံတွင် လိုက်ပြီး လက်မှတ်ထိုးခိုင်းကြရမည်။

(၂၉)

၁၉၈၈ ၊ သြဂုတ်လ ၁၃ ၊ ၁၄ ရက်။

(Type) ရိုက်ထားပြီးသည့် စာပေါ်တွင် သဘောတူထောက်ခံကြသည့် သူများ၏ လက်မှတ်များရအောင် ၂ ရက်လုံးလုံး လက်မှတ်လိုက်ထိုးခိုင်း ကြရသည်။ ရန်ကုန်တမြို့လုံး ဆန္ဒြ ပလူတန်း ကြီးများနှင့်
သွားလာရသည်မှာ မလွယ်ကူ။ စစ်သားများအား မြို့တွင်းမှ ပြန်၍ရုပ်သိမ်းသွားပြီးဖြစ်တဲ့အတွက် ယခင်ရက်များမှာကဲ့သို့ သေနတ်များအသင့်နှင့် ပစ်ရန်စောင့်နေသည့် စစ်သားများအား
လမ်း ဆုံလမ်းဂွများတွင် မတွေ့မြင်ရတော့ ----။

စောကြာဒိုး၊ သမ္မတဟောင်း မန်းဝင်းမောင်၊ ဗိုလ်မှူး အောင် ဖဆပလ ဝန်ကြီးဟောင်း ဦးညိုထွန်း၊ ဗိုလ်စန္ဒာကျော်၊ သခင် ခင်အောင်၊ သခင်သိန်းဖေ၊ ဗိုလ်ရန်နိုင်တို့ ၏ လက်မှတ်များရသည်။ ပြီးလျှင်
ကျောင်းသားသမဂ္ဂ အမှုေ ဆာင်ဟောင်းများနှင့် ဥက္ကဋ္ဌဟောင်းများ၏ လက်မှတ်များ ရသည်။ ဦးနုကမူ သီးခြားစာရွက်ဖြင့် သဘောတူထောက်ခံေ ကြာင်း သီးသန့် စာရေးပေးသည်။

(၃ဝ)

၁၉၈၈ ခု၊ သြဂုတ်လ ၁၅ ရက်

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း ။

နံန က် ၈း ၃ဝ) နာရီခန့်စပြီး တယ်လီဖုန်းတလုံးနှင့် ဒေါ်အောင်ဆန်းစုကြည် အလုပ်ရှုပ်နေသည်။ ဗိုလ်ချုပ်ကျော်ထင်၏ နေအိမ်သို့ တယ်လီဖုန်းဆက်သည်။ မရှိ။ ရုံးသို့ထွက်သွားပြီဟု ပြောသည်။
နိုင်ငံေ တာ် ကောင်စီရုံးသို့ ဆက်သည်။ မရှိ။ မဆလ ပါတီဌာနချုပ်သို့ ဆက်သည်။ မရှိ။ မွန်း လွဲ ၂ နာရီိခန့် ရှိပြီ။ ဗိုလ်ချုပ်ကျော်ထင်အား ဆက်သွယ်၍ မရသေး။ ဗိုလ်ချုပ်ကျော်ထင်နှင့် အဆက် အသွယ်ရမှ
ဖြစ်မည်။ ဒီနေ့မှာပင် သူထံသို့  စာပို့နိုင်မှ ဖြစ်မည်။ ၁၈ ရက်နေ့၌ သူတို့ ၏ အရေးပေါ် လွှတ်တော် အစည်းအဝေးနှင့် နိုင်ငံတော်ကောင်စီ အစည်းအဝေးများ ရှိသည်။ ဤအစည်းအဝေးများအမီ စာအား
ပေးပို့နိုင်မှ ဖြစ်မည်။ နိုင်ငံတော်ကောင်စီရုံး သို့ နောက်ထပ်တကြိမ် ဖုန်း ခေါ်ပြန်သည်။

“ဟဲလို ---- ကျမ အောင်ဆန်း စုကြည်ပါ။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးပါ။ ဦးကျော်ထင်နဲ့ တွေ့ချင်လို့ပါ။ အရမ်းအရေးကြီးလို့ပါ။ သူ ရှိနိုင်မယ့် နေရာကို ပြောပြပေးပါလား“

ခဏစကားပြောပြီး ဒေါ်အောင်ဆန်း စုကြည် ဖုန်း ချလိုက်သည်။ ဖုန်း နံပါတ်အသစ်တခုကို ဆက်ပြန်သည်။ မဆလ ပါတီဗဟို ဌာနချုပ်ရုံး။

“ဟဲလို ----- ကျမ အောင်ဆန်း စုကြည်ပါ “

စကားပြောပြီး၍ တယ်လီဖုန်းအား ချလိုက်ပြန်သည်။

“အန်ကယ် အုန်း မြင့်ရေ --- ဦးကျော်ထင်နဲ့တော့ စကားပြောလိုက်ရတယ်။ သူက အခုေ လာလောဆယ်ဆယ်တော့ ဘယ်လိုမှ တွေ့နိုင်မှာ မဟုတ်ဘူးလို့  ပြောတယ်။ ပါတီဌာနချုပ်မှာ အရေးကြီးတဲ့
အစည်းအဝေး ပြုလုပ်နေလို့ပါတဲ့။ သူ အကြောင်းပြန်ပါ့မယ်လို့ ပြောတယ်“

“ကျမတို့ ညနေအထိ စောင့်ကြတာပေါ့“

ဦး ကျော်ထင်နှင့် တယ်လီဖုန်း အဆက်အသွ ယ်ရခဲ့သည့်အတွက် အလုပ်အတွက် ရင်ထဲ၌ နည်းနည်း ပေါ့သွားသည်။ ထိုအခါမှ ….. ယခုအထိ နှစ်ေ ယာက်စလုံး နံန က်စာ မစားရသေးသည်ကို
သတိရတော့သည်။ အပြင်ဘက်တင
ွ်ေ တာ့ မိုးက တဖွဲဖွဲနှင့် စဲေ တာ့မည့်ဟန် မပေါ်။

ညနေ ၄ နာရီ ထိုးပြီ။ ဦးကျော်ထင်မှ အကြောင်းပြန်ကြားခြင်း မရှိသေး။ စောင့်ရသည်မှာ စိတ်မရှည်ချင်စရာ ကောင်းလှသည်။ အန်ကယ် ကျမ ဦးကျော်ထင်ဆီ ဖုန်းထပ်ဆက်လိုက်ဦး မယ်ဟု
ပြောပြောဆိုဆိုဖြင့်ပင် ဒေါ်အောင်ဆန်းစုကြည်သည် မဆလပါတီ ဌာနချုပ်ရုံးသို့ တယ်လီဖုန်း ဆက်ပြန်ပါသည်။

“အန်ကယ် ဦးကျော်ထင်ဆီက အကြောင်းမပြန်သေးလို့ ကျမ ထပ်ဆက်တာပါ“

“ဟုတ်ကဲ့ရှင့်၊ ကျမတို့ဆီမှာ ရေးထားပြီးသား အဆင်သင့်ရှိပါတယ်။ ဖြစ်နိုင်လို့ရှိရင် အန်ကယ် ဦး ကျော်ထင်တို့ဆီကပဲ လူလွှတ်ပြီး လာယူခိုင်းပေးဖို့ မေတ္တာရပ်ခံပါတယ်“ ဒေါ်အောင်ဆန်းစုကြည်တို့
ဖုန်းပြောပြီး၍ မိန စ် ၂ဝ ခန့်ကြာသည့်အခါ၌ တက္ကသိုလ် ရိပ်သာလမ်းခြံဝင်းအတွင်း သို့ စစ်တပ်အမှတ်တံဆိပ် တပ်ဆင်ထားသည့် မာစတာဂျစ် တစင်း ဝင်လာသည်။ ကားပေါ်မှ ဗိုလ်မှူး အဆင့်နှင့်
သူတယောက် ဆင်းလာသည်။

“ကျနော်တို့  စာလာယူတာပါ“

(၃၁)

၁၉၈၈ ခု၊ သြဂုတ်လ ၁၆ ရက်။

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း ။

နံန က် ၉ နာရီခန့်မှာ ပင် သခင်အုန်းမြင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရောက်သည်။ “အန်ကယ် အုန်း မြင့် - အခုပဲ ဘားကောင်စီက ဒေါ်မြင့်မြင့်ခင် တယ်လီဖုန်းဆက်တယ်။ သူတို့ ဘားကောင်စီက
လူတွေ `စု` နဲ့ တွေ့ချင်တယ်။ အိမ်လာခဲ့မယ်လို့  ပြောတယ်။ `စု` ကလည်း ရပါတယ်။ လာခဲ့ပါလို့“ ဒေါ်အောင်ဆန်းစုကြည်မှ သူမထံသို့  ဘားကောင်စီမှ ဖုန်း ဆက်၍ လာတွေ့မည့် အကြောင်းအာား
အိမ်ေ ပ်ါသို့ ရောက်ရောက်ချင်း သခင်အုန်း မြင့်အား ပြောပြနေသည်။

၁ဝ နာရီခန့်တွင် တယ်လီဖုန်းသံ မြည်လာသည်။ ဒေါ်အောင်ဆန်း စုကြည်မှ တယ်လီဖုန်း စကား ပြောပြီး ဖုန်းချလိုက်သည်။ ပြီး လျှင် တယ်လီဖုန်းဆက်လာသည့် အကြောင်းအား ပြောပြသည်။

“ဘားကောင်စီက ဆက်တာ၊ သူတို့က လူများတော့ ကားအခက်အခဲရှိလို့ ဖြစ်နိုင်ရ င် ဒေါ်စု သူတို့ဆီကို လာခဲ့စေလိုပါတယ်တ့“ဲ

“ ဘယ်လိုလုပ်မ လဲ“

သခင်အုန်းမြင့် က ---

“သွားတာပေါ့၊ ဘားလမ်း ကိုသွားကြတာပေါ့“

ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းသာ ဘားကောင်စီရုံးရှိရာသို့ ထွက်သွားသည်။ နေ့လည် ၁ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်လာသည်။ ဘားကောင်စီမှာ ကားဖြင့် ပြန်ပိြု့ ခင်း
ဖြစ်သည်။ ဧည့်ခ န်းအတွင်း ထိုင်မိသည်နှင့် ဒေါ်အောင်ဆန်း စုကြည်မှ သခင်အုန်းမြင့်အား ပြောသည်။

“အန်ကယ် --- လာပါဆိုပြီး ပြောတုန်းကတော့ ဒေါ်မြင့်မြင့်ခင်နဲ့ ဦးကိုယုတဲ့။ ဟိုကျတော့ စကားပြောတာက ဒေါက်တာမောင်မောင်ကျော် ဆိုတဲ့သူက ပြောတာ။ တခါတည်း သူပဲ ဒိုင်ခံပြီး
ပြောနေတော့တာပဲ။ သူတို့ ဘားကောင်စီက ကြားဖြတ်အစိုးရအဖွဲ့ ဖွဲ့ဖို့ကို မနေ့က စာတင်ထားပြီပြီး တဲ့၊ နိုင်ငံတော်ကောင်စီကို တင်ထားတာပေါ့။ အဲဒါကို ထောက်ခံပါလို့ ကျမကို ပြောတယ်“

“ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံမယ်လို့ ပြောခဲ့လား“

သခင်အုန်းမြင့် က ဒေါ်အောင်ဆန်း စုကြည် အားမေးသည်။

“မပြောခဲ့ပါဘူး “

“ဒါပေမယ့် ကျမတို့ မနေ့က တောင်းဆိုတဲ့စာနဲ့ သဘောထားချင်း သိပ်မကွာ ပါဘူးလို့ေ တာ့ ပြောခဲ့တယ် “

ရန်ကုန်မိုးက ဖွဲရာမှ သည်းလာသည်။ အင်း ယားကန်အားဖြတ်၍ တိုက်ခတ်လာသောလေကြောင့် ခန်းဆီးများက တဖျတ်ဖျတ်နှင့် လူးလွန့်ေ နသည်။ ညနေစောင်းသည့်တိုင် မိုးက သည်းတုန်းပင်။ ညနေ ၅
နာရီိခန့် ရှိမ ယ်ထင်သည်။ ဘားကောင်စီမှ လွှတ်လိုက်သည့်ရှေ့နေ ကိုသိန်းဟန် ရောက်လာသည်။ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးပေးရန် ဘားကောင်စီမှ ရေးပေးလိုက်သည့် စာအား
လာပို့ခြင်းဖြစ်သည်။ စာကား ဘားကောင်စီမှ နိုင်ငံတော် ကောင်စီသို့ ရေးပို့ထားသည့် စာအား ထောက်ခံပါသည်ဟူ၍ သက်ရောက်နေသည်။

“အန်ကယ် ဖတ်ကြည့်ပါအုံး“

သခင်အုန်းမြင့် စာဖတ်နေသည့်အချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည်က ကျမ နေ့လည်က ပြောခဲ့တာ ဒီသဘောမျိုး မဟုတ်ပါဘူးလို့ ကိုသိန်းဟန်ကို ပြောနေသည်။

“ဒေါ်အောင်ဆန်း စုကြည် ပြင်စရာရှိရင် ပြင်ပေးလိုက်ပါ။ ကျနော် ပြန်ယူသွားပါ့မ ယ်။ ဟိုမှာ ပြန်တင်ပြပြီးတော့ သူ ဖယောင်းစက္ကူနဲ့ ရိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးဖို့ ပြန်ယူလာခဲ့ပါမယ်“
နိုင်ငံတော်ကောင်စီ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်သို့ တင်ပြသည့် ၁၅-၈-၈၈ နေ့စွဲဖြင့် ဗဟိုတရားရုံး ရှေ့နေများ၊ ကောင်စီဝင်လူကြီးများနှင့် ရှေ့နေများ၏
တင်ပြတောင်းဆိုချက်များတွင်လည်းကောင်း၊ ၁၆-၈-၈၈ နေ့စွဲဖြင့် ရန်ကုန်ေ ရှ့နေအသင်းမှ တင်ပြတောင်းဆိုချက်များသည်လည်းကောင်း၊ တခြားသော အဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလ များစွာတို့၏
တင်ပြတောင်းဆိုချက်များသည်လည်းကောင်း တူညီသောဆန္ဒ၊ တူညီသော တောင်းဆိုချက်များမှာ မြန်မာနိုင်ငံက တပါတီစနစ်ကို ဖျက်သိမ်း ပြီး ပါတီစုံစနစ်ဖြင့် ပြန်လည်တည်ထောင်ပေးရန်
ဆန္ဒပြုထားသည်ကို တွေ့ရှိရပါသည်။ အထက်ပါ အဖွဲ့အစည်းများနှင့် ပြည်သူတို့၏ ဆန္ဒပြု တောင်းဆိုချက်များသည် မှန်ကန်တရားမျှတသော တောင်းဆိုချက်၊ ဆန္ဒပြုချက်ဖြစ်ကြောင်း ကျမ ရိုးသားစွာ
ယုံကြည်ပါသည်။ သို့ပါ၍ ပြည်သူတို့၏ ဆန္ဒပြငြိမ်းချမ်းစွာ ဖြစ်မြောက် အကောင်အထည် ဖော်ဆောင်လာစေရန် စေတနာဖြင့် အမြန်ဆုံးဆောင်ရွက်ပေးပါရန် တောင်းဆိုဆန္ဒပြု တင်ပြအပ်ပါသည်။

အောင်ဆန်း စုကြည်

အမှတ် ၅၄-၅၆ တက္ကသိုလ်ရိပ်သာလမ်း

ရန်ကုန်မြို့

ဖုန်း ၃ဝ၃၆၅။

၁၉၈၈၊ သြဂုတ်လ ၁၇ ရက်။

မှတ်ချက်။ ။ ကျမ ၁၅-၈-၈၈ နေ့စွဲတွင် တင်ပြခဲ့သော တင်ြ ပချက်နှင့် ၁၅-၈-၈၈ ရက်စွဲဖြင့် ထုတ်ပြန်သော ဗဟိုတရားရုံး ရှေ့နေများကောင်စီ တင်ပြချက်များသည် ပြည်သူလူထု ဆန္ဒနှင့် ကိုက်ညီသည့်
ပြောင်းလဲမှုများကို လိုလားရာတွင် ကွဲလွဲမှု မရှိပါ။

ကိုးကား ………

- အောင်သန်း ၏ အောင်ဆန်း

- ကြေးမုံဦးသောင်း၏ ဗမာ့ခေတ်မှေ ကြးမုံသို့

- ဒဂုန်တာရာ၏ ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (တာရာမဂ္ဂဇင်း အတွဲ - ၁၊ အမှတ် - ၆)

- မြတ်ထန်၏ တိုင်း ပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်

- မြဟန်၏ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ

- ဝီလျံလန်ဂ လေ၏ ကျနော့်မေမေ နိုင်ငံေ ရးအကျဉ်းသား

- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ

- နွေဦးအိုးဝေ ဂျာနယ်များ

- ရွှေခ မောက် ဂျာနယ်များ

- သခင်အုန်းမြင့်နှင့် ဒီဗီဘီ ဆက်သွယ်မေးမြန်းချက်

- ဒေါမာန်ဟုန်

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၈)

မင်းဟန် | စနေနေ့၊ ဇွန်လ ၂၀ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၄၁ မိနစ် ဆောင်းပါး

(၃၂)

၁၉၈၈ ခု၊ သြဂုတ်လ (၁၈)ရက်။


အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း…..။

ဆရာပါရဂူ၊ မောင်ကိုယု၊ တင်ေ ဆွမိုး နှင့် ကဗျာဆရာ ကိုခေးတို့ ရောက်၍လာကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်ေ ဆွးနွေးကြသည်။ ဆရာပါရဂူနှင့်မောင်ကိုယုတို့က Signature Campaign
ကိစ္စအားရှင်းပြသည်။ စာရေးဆရာများ၊ ပန်းချီ၊ ပန်းပု၊ ကာတွန်းနှင့် သတင်း စာဆရာများအားလုံးက နိုင်ငံတော်ကောင်စီကိုပေးပို့မည့် စာအကြောင်းပြောပြသည်။ ဒေါ်အောင်ဆန်းစုကြည်မှလည်း
လက်မှတ်ထိုးပါရန် ပြောကြသည်။ စုစုေ ပါင်း (၇ဝဝ)ခန့်ရှိမည်။ ဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်တို့လည်းပါသည်။ ဒေါ်အောင်ဆန်း စုကြည်လည်း လက်မှတ်ထိုး၍ပေးလိုက်သည်။

သို့

နိုင်ငံတော်ကောင်စီ

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ

မှ

မြန်မာနိုင်ငံ စာပေပညာရှင်များ အနုပညာရှင်များ

အကြောင်းအရာ။ ။ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများအပေါ် တင်ပြတောင်းဆိုခြင်း။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြမှုများကို အခြေခံတဲ့ ဖြစ်ပေါ်လာသည့် မလိုလားအပ်သော ဆိုးကျိုးများအပေါ် အောက်ပါအတိုင်း သုံးသပ် တင်ပြပါသည်။

ယခုကဲ့သို့ တင်ပြရခြင်းမှာ မိမိဆန္ဒကို တရားဥပဒေဘောင်အတွင်းမှ တင်ပြစေလိုေ ကြာင်း သံဃာ့မဟာနာယကအဖွဲ့မှ မေတ္တာရပ်ခံနဲ့အညီ တင်ပြရခြင်းဖြစ်ပါါသည်၊ ၁၉၈၈ ခု မတ်လ ၊ ဇွန်လ ၊
သြဂုတ်လအတွင်းတွင် ကျောင်း သားထု၊ ပြည်သူလူထုဆန္ဒပြမှုများအပေါ် လိုအပ်သည်ထက် ပိုမိုးကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်း ခဲ့သည်ဟု ယုံကြည်ပါသည်။ ယခုကဲ့သို့  ဆန္ဒြ ပမှုမျိုး
ဆက်လက်ပြုလုပ်ေ နခဲ့လျှင် တိုင်းပြည်တွင် သွေးချောင်းစီးကာ မင်းမဲ့စ ရိုက်ဝါဒ လွှမ်းမိုးလျက် ပြည်သူအားလုံး အတိဒုက္ခ ရောက်ကြမည်မှာ မလွဲမ သွေဖြစ်ပါသည်။

ယခုကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ လတ်တလော ဖြစ်ပေါ်ရခြင်းမျိုးမဟုတ်ပါ။ (၂၆)နှစ်ကာလပတ်လုံး ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးဒဏ်ကို အလူးအလဲခံရ ခြင်း နိုင်ငံရေးအကျပ်အတည်း ၊ စီးပွားရေး
အကျပ်အတည်းတို့၏ ဝေဒနာကို ပြင်းထန်စွာ ခံစားရခြင်း လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ပိတ်ပ င်းထားခြင်းတို့မှ အံကြွပေါက်ကွဲလာခြင်းဖြစ်ပါသည်။ ဤသို့ အုံကြွပေါက်ကွဲခြင်းကို
အကြမ်းဖက်လက်နက်ကိုင်ေ ဖြရှင်းမည့်အစား တိုင်းပြည်တွင်ေ လးစားထိုက်သော နယကဂုဏ် နှင့် ပြည့်စုံသည့် အုပ်ချုပ်မှုအတတ်ပညာရှင်များ ဦးသျှောင်ကွပ်ကဲနိုင်သည့် ပုဂ္ဂိုလ်များနှင့်
တွေ့ဆုံေ ဆွးနွေးဖြေရှင်းခြင်း အကူအညီတောင်းခံခြင်း အုပ်ချုပ်မှုပုံစံပြောင်းလဲခြင်းသည်သာ လျှင် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ဟု ယုံကြည်ပါသည်။ မြန်မာနိုင်ငံတဝှမ်းလုံး တွင်
အမြန်ဆုံးငြိမ်းချမ်းလျက် ကသောင်းကနင်းဖြစ်နေသော အခြေအနေများသည်လည်း ကင်း ဝေးစေကာလုပ်ရန်ရှိေ သာ စီးပွားရေးစီမံကိန်းများနှင့် ပြည်သူလူထုတရပ်လုံး ၏စိတ်တူကိုယ် တူ
ဝိုင်းဝန်ကူညီဆောင်ရွက်မှုဖြင့် အောင်မြင်စေရန်အတွက် တိုင်းပြည်တပြည်လုံးက လိုလား တောင့်တနေသော နိုင်ငံရေးပုံသဏ္ဍာန်ပြောင်းလဲမှုကို အဓိကထားလျက် မင်းကျင့်တရား ဆယ်ပါးနှင့်အညီ
ဆောင်ရွက်ပါရန် အလေးအနက်ထား တောင်းဆိုတင်ပြပါသည်း။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့။

(၃၃)

၁၉၈၈ ခု၊ သြဂုတ်လ (၂၁)ရက်

အမှတ် ၈၈၊ ဗိုလ်သူရလမ်း ၊ ကြည့်မြင်တိုင်

ဒေါ်အောင်ဆန်းစုကြည်ရောက်သည်နှင့် ဆွေးနွေးပွဲအားစတင်ကြသည်။ လူအရေ အတွက် မများလှပေမယ့် အလွှာအသီးသီးအား ကိုယ်စားပြုသည့် ပုဂ္ဂိုလ်များပါဝင်ကြသည်။

ဦး ဘထွန်း၊ သခင်ချစ်၊ မောင်ကိုယု၊ ဦိး ထွန်းတင်၊ ဒေါ်မြင့်မြင့်ခင်စသည့် ရှေ့နေကြီးများပါဝင်ကြသည်။ တို့ဗမာအစည်းအရုံး ဝင်သခင်များမှ သခင်ခင်အောင် ၊ သခင်ထွန်းခင်၊ သခင် ချစ်မောင်တို့
တတ်ရောက်ခဲ့သည်။ စာနယ်ဇင်းနှင့်အသိပညာရှင်၊ အတတ်ပညာရှင်များမှ မောင်သောက( ဗိုလ်မှူး ဘသော်) ၊ ဦးလှဝင်း (လေသူရဲတဦး) ၊ မောင်မိုးသူ၊ မောင်ဝံသ၊ ဦးဝင်းတင်၊ ဦးတိုးလှိုင်၊ ဦးလှတင်၊
သခင်တင်မြ ၊ ကိုရဲလင်း….။ ပြည်သူ့ရဲေ ဘ်ာမှ ဗိုလ်သာထွန်း၊ ဗိုလ်စန္ဒာကျော်၊ ဗိုလ်မိုး ညို တို့ တတ်ရောက်ခဲ့သည်။ အားလုံးက ဒေါ်အောင်ဆန်း စုကြည်အား လူထုနှင့်တွေ့ဆုံပြီး ဟောပြောရန်
ဆွေးနွေးကြသည်။ ဒေါ်အောင်ဆန်း စုကြည်မှလည်း သဘောတူသည်။ လူထုနှင့်တွေ့မ ည့် လူထုအား ရှင်းပြမည်။ နေရာရွေးကြ၏။ မည်သည့်ေ နရာတွင် လူထုဟောပြောပွဲ ပြုလုပ်မည်နည်း။ ပထမ
သိမ်ဖြုကွင်း ----။ မိုးတွင်းဖြစ်၍ သိမ်ြ ဖူကွင်း အတွင်း မဖြစ်နိုင်။ ရေများ၊ ဗွက်များနှင့် လူထုအတွက် အခက်အခဲရှိမည်။ ဤသို့ဖြင့် ----။ ရွှေတိဂုံဘုရား၏ အနောက်ဖ က်ပမုဒ်ဦးနေရာသို့
သတ်မှတ်လိုက်ကြတော့သည်။ ဒေါ်အောင်ဆန်းစုကြည် လူထုနှင့် ပထမဦးဆုံးတွေ့ဆုံခြင်းဖြစ်သည်။

(၃၄)

၁၉၈၈ ခုနှစ် ၊ သြဂုတ်လ ၂၆ ရက်။


ရွှေတိဂုံဘုရားအနောက်ဖက်မုဒ်…..။

“ ကျမဒီကနေ့ကစပြီးတော့ ပြည်သူလူထုနဲ့ ပွင့်ပွင့်လင်းလင်းဆက်ဆံပါရစေ။ ကျမနိုင်ငံခြားမှာ နေခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ နိုင်ငံခြားသားနဲ့ အိမ်ေ ထာင်ကျခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။
ဒါပေမယ့် ဒါလေးတွေအတွက်ကြောင့် ကျမတိုင်း ပြည်ပေါ်မှာထားတဲ့ မေတ္တာဟာ ဘယ်လိုမှ ကျဆင်းမသွားနိုင်ပါဘူး။ “

“ နောက်တခုက ကျမဟာ ဗမာပြည်နိုင်ငံေ ရးအကြောင်း ဘာမှနားမလည်ပါဘူးတဲ့ ---။ တကယ်တော့နားလည်းလွန်း လို့ ခက်ေ နတာပါ“

“ ဗမာပြည်နိုင်ငံေ ရးဟာ ဘယ်လောက်ရှုပ်ေ ထွးတယ် ဒီရှုပ်ထွေးမှုဒဏ်ကို ဖေဖေ ဘယ်လောက်ခံခဲ့ရ တယ်ဆိုတာ ကျမတို့ အသိဆုံးပါပဲ“

“ ဒါကြောင့်မို့လို့လဲ လွတ်လပ်ေ ရးရပြီးတဲ့အခါကျလို့ရှိရ င် ထပ်ြ ပီးတော့ အာဏာလုတဲ့ နိုင်ငံရေးမျိုးကို ဆက်မလုပ်ချင်ဘူးဆိုတာ ဖေဖေ အတိအလင်း ပြောသွားပါတယ်။ “

“ အဲဒီလိုပြောသွားတာမျိုးကြောင့်မို့လို့  ကျမလည်း နိုင်ငံရေးလောကနဲ့ ဝေးဝေးကင်းကင်း နေခဲ့ချင်ပါတယ်။ ဒီလို ဝေးဝေးကင်းကင်း နေချင်ခဲ့လျက်သားနဲ့ အခုမှ ဘာဖြစ်လို့ ဒီအရေးအခင်းထဲမှာ
ဝင်ပါနေသလဲလို့ မေးစရာလည်း ရှိပါတယ်။ “

“ အဲဒီဟာကတော့ ဒီအရေးအခင်းဟာ တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့အရေးအခင်း ဖြစ်နေပါတယ်။ ကျမမှာလည်း ဖေဖေရဲ့သမီးလုပ်ပြီး ခေါင်းရှောင်နေလို့ မဖြစ်တော့ပါဘူး။ ဒီအရေးအခင်းဟာ တကယ်တော့
ဒုတိယလွတ်မြောက်ေ ရးတိုက်ပွဲကြီးလို့  ခေါ်ရင်လည်း ဖြစ်ပါတယ်“

လက်ခုပ်သံသြဘာသံများက တော်လည်းသကဲ့သို့ မြေကမ္ဘာအတွင်း မြည်းဟီး၍ နေသည်။ အတော်မ သတ်တော့ ---။

“ ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ ---။“

“ ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ ---။“

“ ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ ---။“

လူထုကြီးအား ဖြေးဖြေးခြင်းကျော်ဖြတ်ရ င်း ဒေါ်အောင်ဆန်း စုကြည်တို့  စီးနင်းလာသည့် ကားငယ်သည် မြေပဒေသာကျွန်းအနီးသို့ ရောက်ရှိလာသည်။ လူထုကြီး၏ ကြွေးကျော်သံများက
ကြား၍နေရဆဲပ င် ----။ ဒေါ်အောင်ဆန်း စုကြည်၏မျက်နှာ သည် သူမချစ်သော ပြည်သူလူထုကြီးနှင့် ထိတွေ့ခဲ့ရသဖြင့် ကျေနပ်နှစ်သိမ့်၍နေသည်။ သူမ၏မျက်ဝန်းများက ကြည်လင်၍
အရောင်တောက်ပနေသည်။

“အန်ကယ် `စု`တော့ မြန်မာ့နိုင်ငံအရေးမှာ အရိုး ကျေကျေ အရေခမ်းခမ်း ဆုံးခန်းတိုင်အောင် လုပ်ဖို့ ခြေစုံပစ်ပြီး ဝင်ခဲ့ပြီ --- ။“

သခင်အုန်းမြင့်က ဒေါ်အောင်ဆန်း စုကြည်ဆက်၍ပြောလာမည့် စကားအား စောင့်မျှော်၍ ငံ့လင့်ေ နသည်။ ဒေါ်အောင်ဆန်း စုကြည်က ဆက်၍မပြော ---။ သခင်အုန်းမြင့်၏လက်ထဲသို့သာ
သူမလက်ရေးနှင့် ရေးထားသည့် ကြေညာစာတမ်းတစ်စောင်အားပေးသည်။

“အန်ကယ် `စု` အကြောင်းတခုခုဖြစ်လို့ရှိရ င် အန်ကယ်စီစ ဉ်သင့်တာကို စီစ ဉ်ပါ “

နိုင်ငံရေးနယ်ပယ်အတွင်း ဝင်ရခြင်းအကြောင်း

(တိုင်း ပြည်နှင့်အဖေ့ကျေးဇူးကို၊ ဖခင်ကျေးဇူးကို ဆပ်လို၍ )

နိုင်ငံေ ရးအသိုင်းအဝိုင်းအတွင်းတွင် မွေးလာ၊ ကြီးပြင်းလာသူတစ်ဦး အနေနှင့် နိုင်ငံေ ရးလောကတွင် စိတ်ဝင်စားလာခြင်းသည် အထူးရှင်း ပြရန် လိုမည့်အကြောင်းအရာတခု မဟုတ်ပါ။
ကျမသိတတ်စအရွယ်ကပင် မြန်မာ့နိုင်ငံေ ရးလှုပ်ရှားမှုများ၊ အထူးသဖြင့် ကျမဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်း ပြည်အတွက် ကြိုးပမ်းမှုများနှင့် နိုင်ငံအတွက်ထားရှိခဲ့ေ သာ မျှော်မှန်းချက်များနှင့်
ပတ်သတ်သော ဆွေးနွေးစကားများကို နေ့စဉ်မပြတ်ဆိုသလို ကြားနေခဲ့ရပါသည်။ ထိုသို့ကြားခဲ့ရ ခြင်းဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတတ်ရေးသည် ပြည်သူလူထု၏ညီညွှတ်မှု၊ အကျင့်စာရိတ္တကောင်းမွန်မှုနှင့်
စီး ပွားရေးခိုင်လုံမှုတို့အပေါ်တွင် တည်ရှိေ ကြာင်း သဘောပေါက်ခဲ့ပါသည်။ ၄င်းအပြင်လည်း ဖေဖေသည် တိုင်း သူပြည်သားအချင်းချင်း၊ သတ်ဖြတ်တိုက်ခိုက်သည့်အာဏာလုနိုင်ငံေ ရးမျိုးကို
လုံးဝမနှစ်သက်၊ မကြိုက်ခဲ့ေ ကြာင်း လွတ်လပ်ေ ရးရပြီး ကာလ၌ နိုင်ငံရေးလောကတွင် ကျောခိုင်း၍ သတင်း စာဆရာ၊ စာရေးဆရာတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းရှာဖို့ ရည်ရွယ်ခဲ့ကြောင်း၊
နိုင်ငံအရပ်ရပ်သို့ သွားရောက်၍ မြန်မာပြည်သူအတွက် ပညာရစေ၊ အမြင်ကျယ်စေမည့် ဗဟုသုတများရှာဖွေရန် မှန်း ဆခဲ့ကြောင်းများကို သိရှိခဲ့သည်။ ဖေဖေ၏မဖြစ်မြောက်နိုင်ခဲ့သော
ရည်ရွယ်ချက်များကို စိတ်ဝယ်ထား၍ ကျမလည်း မြန်မာတိုင်း သူပြည်သားအချင်းချင်းအကြား အာဏာလုပွဲဖြစ်ပွားစေမည့် နိုင်ငံရေးမျိုးတွင် မပါဝင်ဘဲ နိုင်ငံတကာ အသိအမှတ်ပြုခြင်းခံရသည့်
စာပေလောကအတွင်း မှ မြန်မာကို ကမ္ဘာက သိစေရေး။ မြန်မာ့ပြည်သူလူထုအတွက် အသုံးဝင်နိုင်မ ည့် စာအုပ်စာတမ်းးများ ပြုစုရေးတို့နှင့် တိုင်းပြည်အကျိုးဆောင်ဖို့ရန် ခန့်မှန်း ရည်ရွယ်ထားခဲ့သည်။
ထိုခန့်မှန်းချက်များနှင့်အညီ မြန်မာ့လွတ်လပ်ေ ရးလှုပ်ရှားမှုနဲ့ ဆက်စပ်သောစာပေ၊ အထွေထွေနှင့် ဖေဖေ့ဘဝ ဖေဖေ့နိုင်ငံေ ရးလုပ်ဆောင်ချက်များနှင့် သက်ဆိုင်ေ သာ စာအုပ်စာတမ်းတို့ကို လေ့လာ၍
သုံးသပ်ချက်များရေးသားခဲ့ပါသည်။ ထိုကဲ့သို့ စာပေလောက၌ အေးချမ်းပြည့်ဝစွာ နေခွင့်ရခဲ့ပါသော်လည်း မြန်မာနိုင်ငံမှာ ဖေဖေမျှော်မှန်း ခဲ့သလို ညီညွှတ်ခိုင်ခ န့်သည့် ပြည်ေ ထာင်စုကြီး
တိုးတတ်သာယာသည့် တိုင်း ပြည်ကြီးအဖြစ်သို့ မရောက်လာခဲ့ခြင်းကြောင့် စိတ်ကျေနပ်မှု မရနိုင်ခဲ့ပါ။ အမှန်စင်စစ် ကျမစိတ်ထဲတွင် တိုင်းပြည်နှင့်ဖခင်ကို ကွဲ၍ မစဉ်းစားနိုင်ပါ။ မြန်မာနိုင်ငံအတွက်
စိတ်မ ချမ်းမြေ့ဖွယ်ရာ အရေးအခင်းများ ပေါ်ပေါက်နေလျှင် ဖေဖေ့ကိုပင် ထိခိုက်နေသကဲ့သို့ ခံစားရပါသည်။ အထူးသဖြင့် ဖေဖေ့ပြုစုပျိုးထောင်ခဲ့ေ သာ တပ်မ တော်နှင့်ေ ဖဖေ့အပေါ် အင်မတန်မှ
မေတ္တာထားခဲ့သော လူထုအကြားတွင် စိတ်ဝ မ်းကွဲစေနိုင်မ ည့် အခြေအနေမျိုးဖြစ်ထွန်းလာသည်ကို မြင်ရသောအခါ ပိုမို၍ စိုး ရိမ်ပူပင်မိပါသည်။ တိုင်းသူပြည်သားအားလုံးတို့သည် မိမိတို့ ၏ စွမ်းအားရှိသ၍
တိုင်း ပြည်အကျိုးထမ်း ဆောင်ဖို့ရ န် တာဝန်ရှိပါသည်။ ထိုကြောင့် မြန်မာပြည်၌ စိတ်မချမ်းမြေ့ဖွယ်ရာ အရေးအခင်းများပေါ်ပေါက်နေသည်ကို သုံးသပ်ဆင်ခြင်ရပါတော့သည်။ တိုင်းသူပြည်သား
အချင်းချင်းအာဏာလုပွဲကဲ့သို့ ဖြစ်မည့်နိုင်ငံေ ရးမျိုးကို ရှောင်ကြဉ်ချင်လှပါသော်လည်း ကြီးမားလှစွာ သော တိုင်းပြည်ေ ကျးဇူး ၊ ဖခင်ကျေးဇူးတို့ကို ဆပ်သည့်အနေနှင့် အများပြည်သူလူထုအတွ က်
အကျိုးဖြစ်စေမည့် နိုင်ငံေ ရးစနစ် အမြစ်တွယ်စေဖို့ ကြိုးပမ်းတော့မည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါသည်။

အောင်ဆန်း စုကြည်

၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက် ။

ကိုးကား ………

-အောင်သန်း၏အောင်ဆန်း

-ကြေးမုံဦး သောင်း၏ ဗမာ့ခေတ်မှကြေးမုံသို့

-ဒဂုန်တာရာ၏ ဦး အောင်ဆန်း ၏နောက်ဆုံးနေ့(တာရာမဂ္ဂဇင်း အတွ-ဲ ၁၊ အမှတ်-၆)

-မြတ်ထန်၏ တိုင်းပြုကနုနု ၊မုန်တိုင်းကထန်ထန်

- မြဟန်၏ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ

- ဒေါ်အောင်ဆန်းစုကြည်၏ကြောက်ရွံ့ခြင်းမှလတ
ွ်ကင်းရေးနှင့်အခြားစာတမ်းများ

- ဝီလျှံလန်ဂ လေ၏ ကျနော့်မေမေ နိုင်ငံေ ရးအကျဉ်းသား

- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင်မိန့်ခွန်းများ

-နွေဦး အိုးဝေ ဂျာနယ်များ

- ရွှေခ မောက်ဂျာနယ်များ

-သခင်အုန်း မြင့်နှင့်ဒီဗွီဘီဆက်သွယ်မေးမြန်းချက်

-ဒေါမာန်ဟုန်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း - ၉)

| ကြာသပတေးနေ့၊ ဇူလိုင်လ ၁၆ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၅၉ မိနစ်

(၃၅)

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်က မဆလပါတီ၏ အရေးပေါ် ညီလာခံအား ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်ေ န့တွင် ကျင်းပပြုလုပ်ရန် ခေါ်ယူလိုက်၏။
စားသောက်ဆိုင်နှင့် အဖျော်ယမကာ ကုန်သွယ်ရေးကော်ပရေးရှင်း အလုပ်သမားသမဂ္ဂက ကျင်း ပမည့် မဆလ အရေးပေါ် ညီလာခံတွင် ဧည့်ခံေ ကျွးမွေးရေးအား လုပ်ေ ဆာင်ပေးမည်မဟုတ်ကြောင်း
ကြေညာချက်ထုတ်ပြန်၏။ အစိုးရယန္တယားများက ရပ်တန့်၍ နေလေပြီ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်တို့ကား မဆလ၏ လက်ထတ
ွဲင် မတည်ရှိတော့……။ တပ်မတော်သည်သာလျှင် …..
မဆလ၏ သစ္စာအား နာခံလျက်…၊ ဦးနေဝင်း၏ အရှေ့၌ ရိုကျိုးစွာ ဒူးတုတ်၍ အခစားဝင်နေဆဲ…။

မဆလ၏ အမှောင်သန်းသည့်ေ နာက်ဆုံးနေ့များ….။


အရေးပေါ်ညီလာခံအား ၁၂ ရက်နေ့တွင် ကျင်းပရန် ခေါ်ယူထားသော်လည်း ၁၂ ရက်နေ့အထိပင် စောင့်မနေနိုင်တော့….။ ၂ ရက်ကြို၍ စက်တင်ဘာ ၁ဝ ရက်နေ့တွင်ပ င် မဆလ၏
အရေးပေါ်ညီလာခံအား ကျင်းပ၏။ လက်နက်ကိုင် အစောင့်အကြပ် ထူထပ်စွာ နှင့် သံဆူးကြိုးအကာအရံများအတွင်း ပြုလုပ်သော ပါတီညီလာခံ ဖြစ်သည်။ သိန်းနှင့်ချီသော လူထုက ပြည်သူ့လွှ တ်တော်
အဆောက်အအုံအား ဝန်းရံ၍ ဆန္ဒပြကြ၏။

`ပြည်သူ့ဆန္ဒခံယူပွဲ ….အလိုမရှိ´
`ကြားဖြတ်အစိုးရ …..ဖွဲ့စည်းရေး´
မဆလ၏ အရေးပေါ် ပါတီညီလာခံက….မတ်တပ်ရ ပ်၍ လုပ်ကြရသော အစည်း အဝေးဟု ခေါ်ရမည်။ အရေးပေါ်ညီလာခံနှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးက …. လွတ်လပ်၍ တရားမျှတသော
ပါတီစုံ အထွေထွေရွေးကောက်ပွဲအား ကျင်းပပြုလုပ်ပေးမည်ဟု ဆုံးဖြတ်လိုက်ရသည်။ ပြီးလျှင် … စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပါတီစုံ အထွေထွေေ ရွးကောက်ပွဲ ကော်မ ရှင်အား ဖွဲ့စည်း ၏။ ဥက္ကဋ္ဌက
ဦး ဘဌေး…..။

နောက်တရက် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပင် ဒေါ်အောင်ဆန်း စုကြည်က ဦးတင်ဦး၊ ဦး အောင်ကြီးတို့နှင့် ပေါင်း၍ ဒေါက်တာမောင်မောင်ထံသို့  အိတ်ဖွင့်ပေးစာတစောင် ရေးပို့ခဲ့သည်။ စာကား ….
ပြည်သူလူထုတရပ်လုံး လက်ခံနိုင်သည့် ကြားဖြတ်အစိုးရအား အမြန်ဆုံးဖွဲ့စည်း ပေးရန် ပါတီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတအား အကြံပြုထားသည့် စာဖြစ်သည်။

(၃၆)
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။
တနင်္ဂနွေနေ့ …..။
မြို့တော်ခန်းမအရှေ့နှင့် ရန်ကုန်ေ ဆးရုံကြီး အရှေ့တို့တွင်က အစာငတ်ခံတိုက်ပွဲအား ဆက်လက်၍ တိုက်ပွဲဝ င်နေကြဆဲ။ လူထု ၅ သိန်းခန့်က ရန်ကုန်မြို့၏ လမ်းများပေါ်၌ ကြွေးကြော်သံများ
ဟစ်ေ ကြွး၍ လှည့်လည်ဆန္ဒပြနေကြသည်။ ဒေါက်တာမောင်မောင် အုပ်ချုပ်ရေးအဖွဲ့က ကြားဖြတ်အစိုးရဖွဲ့စည်း ရေးအား ခေါင်းမာစွာနှင့် ငြင်းဆန်လျက်ရှိသည်။

မဆလ ဘက်၌ ရပ်တည်ေ နသည့် တခုတည်းသော မီဒီယာက `မြန်မာ့အသံ ´ ….။ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာသည်ပင်လျှင် လူထုဘက်မှရ ပ်သည့် လူထုသတင်းစာ ဖြစ်၍နေပြီ။ ပြည်သူ့ရဲနှင့်
တပ်မ တော် ကြည်း၊ ရေ၊ လေမှ စစ်သည်များ လူထုနှင့် ပူးပေါင်း၍ ဆန္ဒပြသည့်သတင်းအား လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာက….` ဒီမိုကရေစီရရှိရေးအတွက် ပြည်သူ့ရင်ခွင်သို့  ခိုဝ င်လာကြသည်´
ဟူ၍ စာလုံးမည်းကြီးနှင့် ဖော်ပြသည်။ မြန်မာ့အသံကမူ …. ပြည်သူလူထုကြီးနှင့် ပူးပေါင်းသွားကြသည့် တပ်မ တော်သားများအား စိတ်ဝေဒနာရှင်များဟူ၍ သတင်း တွင် ကြေညာသွားခဲ့၏။
တပ်မ တော်သားများ ပြည်သူလူထုနှင့် ပူးပေါင်းသွားခြင်းက …. နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ …. ကန့်လန့်ကာကြားတွင် ရှိနေသည့် ဗိုလ်နေဝင်းအတွက်မူ စိုးရိမ်ဖွယ်ရာပင်….။

စက်တင်ဘာ ၁၈ ရက် …. ညနေခင်း မြန်မာ့အသံ၏ အစီအစဉ်က မြန်မာစံတော်ချိန် ၄ နာရီ၌ စတင်၍ ထုတ်လွှင့်၏။ သီချင်းပဒေသာ အစီအစဉ်နှင့် စသည်။ သီချင်းပဒေသာက တပိုင်း တစနှင့်
ရပ်သွား၏။ ပြီး လျှင် ….. သတင်းကြေညာသူ အမျိုးသားတဦး၏ အသံက ဝင်လာ၏။ တည်ငြိမ်ေ လးနက်အောင် ကြိုးစားထားသည့် အသံနှင့်….။

“နိုင်ငံ၏ အဖက်ဖက်က ယိုယွင်း နေသော အခြေအနေများကို အချိန်မီတားဆီးနိုင်ရန် အများပြည်သူအကျိုးအတွက် တပ်မတော်က နိုင်ငံေ တာ် အာဏာအဝဝကို ယနေ့မှစ၍ လွှဲပြောင်းယူလိုက်ပါသည်။

ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်သည့်အနေဖြင့် ငြိမ်ဝပ်ပိပြားမှုရှိစေရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင် ခေါင်းဆောင်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့အား ဖွဲ့စည်းလိုက်သည်”

ဗိုလ်ေ နဝင်း၏ ကကြိုးက …. လူထုတောင်းဆိုသည့် `ကြားဖြတ်အစိုးရ´ ဟူသည်အား စစ်တပ်မှ အာဏာသိမ်း ခြင်းဖြင့် တုံ့ပြန်လိုက်တော့သည်။ အာဏာသိမ်း စစ်ခေါင်းဆောင် ၁၉ ဦး၏
အမည်စာရင်းအား ကြေညာ၏။ ည ၈ နာရီမှ မနက် ၄ နာရီအတွင်း အပြင်မထွက်ရ အမိန့်အား ထုတ်ပြန်၏။ လမ်းများပေါ်၌ လူ ၅ ဦးထက်ပို၍ မစုဝေးရအမိန့်အား ထပ်မံ၍ ထုတ်ပြန်လေ၏။
အာဏာသိမ်းစစ်အုပ်စုသည် အမိန့်ကြေညာချက်များအား တခြု ပီးတခု မြန်မာ့အသံမှတဆင့် ထုတ်ပြန်နေသည်။ ရေဒီယိုမှတဆင့် အာဏာသိမ်းနေ၏။ အာဏာသိမ်းတပ်များကမူ မြို့တော်အတွင်းသို့
ဝင်မလာသေး….။ မြို့တော်ရှိ လူထုသည် ချက်ချင်းပင် အာဏာသိမ်းစစ်တပ်နှင့် ရင်ဆိုင်ရ န် လမ်း များပေါ်သို့ ထွက်လာကြ၏။

ဓား .. ဓားချင်း၊ လှံ .. လှံချင်း …. တွေ့ရ န်မှ လွဲ၍ အခြားရွေးလမ်းမရှိတော့….။


ကောင်းကင်တခွင်တပြင်လုံးက မှောင်မဲသော မိုးတိမ်တို့ဖြင့် ထူထူပိန်းပိန်း….။ မိုး က ဖွဲဖွဲ…။ လူထုက ရန်ကုန်မြို့ ၏ လမ်း ငယ်၊ လမ်းသွယ်၊ လမ်းကျယ်ကြီးများ အားလုံးအား ပိတ်ဆို့လိုက်ကြ၏။
မြို့တော်သို့ စစ်သားများအား အဝင်မခံလို…။ လျှပ်စ စ်ဓာတ်အားလိုင်းများကိုလည်း ဖြတ်တောက်လိုက်ကြ၏။ သစ်ပ င်ကြီးများအား လှဲ၍ လမ်း အား ဆို့၏။

လူထုထံတွင်ရှိသည့် လက်နက်က`ဂျင်ကလိ´နှင့် ယုံကြည်ချက်။

“စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး ၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား ၊ မကိုးစားလျှင်
ဓားသွားလည်း ကြွေ၊ လှံလည်း ခွေအံ့။”
(လက်ဝဲသုန္ဒရ၊ နန္ဒိသေနပျို့မှ)
(၃၇)
ညဦးယံမှာပင် အာဏာသိမ်းတပ်သည် စစ်ကားများ၊ ဘရင်းကယ်ရီယာများဖြင့် မြို့တော်၏ လမ်းများပေါ်သို့ ဝင်လာ၏။ အသံချဲ့စက်များဖြင့် ၂/၈၈ အား ကြေညာ၏။ ပိတ်ဆို့ထားသည်များအား
ဖယ်ရှားရှင်းလင်းပေးရန်လည်း အမိန့်ပေး၏။ မြင်မြင်သမျှ …. မဲမဲ၊ ဖြူဖြူ အကုန်ပ စ်ခတ်ေ တာ့သည်။ အာဏာသိမ်းည ရန်ကုန်က …. သေနတ်သံ၊ ယမ်းငွေ၊ လူသေအလောင်း ….. သွေးပင်လယ်တို့နှင့်
ကုန်လွန်ခဲ့ရ၏။

စက်တင်ဘာ ၁၉….၂ဝ…၂၁ ….။ `ဒေါင်းအလံနှင့် မောင်းပြန်´ တိုက်ပွဲများက ပြင်းထန်ဆဲ ….။ အမိေ မြက ယမ်းငွေ့၊ သွေးညှီနံ့တို့နှင့် ဖုံးလွှမ်း နေလျက်ပင် …..။

စက်တင်ဘာ ၂၁ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်က ကုလသမဂ္ဂသို့ တိုက်တန


ွ်း စာတစောင် ရေးသား၍ ပေးပို့ခဲ့၏။ စာတွင် ….

`ကမ္ဘာ့နိုင်ငံတိုင်းက ဗမာပြည်သူတွေ အဓိပ္ပာယ်မ ယ့် ပစ်သတ်ခံခဲ့ရတယ်ဆိုတဲ့ အချက်ကို ကမ္ဘာက အသိအမှတ် ပြုစေချင်ပါတယ်´ ဟူ၍ ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြခဲ့၏။ မြန်မာ့အရေးက
ကုလသမဂ္ဂ အထွေေ ထွ ညီလာခံကြီးတွင် ကျယ်ကျယ်လောင်လောင် ဆွေးနွေးစရာအရေး ဖြစ်၍လာခံ၏။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Sir Geoffery Howe က ……


“ဗမာပြည်မှာ လက်နက်မဲ့ ဆန္ဒပြသူတွေ၊ အမျိုးသမီးနဲ့ ကလေးသူင ယ်တွေ၊ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့အတွက် ကျနော်တို့ ထိတ်လန့်တုန်လှုပ်မိပါတယ်။ ပြည်တွင်းရေး ပြဿနာများကို ဖြေရှင်းရန်
တခုတည်းသော နည်းလမ်းနဲ့ ကြာရှည်စွာ တည်တံ့ခိုင်မြဲမ ယ့် ဖြေရှင်း ချက်ဟာ လွတ်လပ်မှုနဲ့ ပါတီစုံ ဒီမိုကရေစီလိုလားနေကြတဲ့ ပြည်သူတွေရဲ့ဆန္ဒ ဖြည့်ဆည်းပေးရန်သာ ဖြစ်တယ်ဆိုတာကို
မြန်မာအာဏာပိုင်တို့အနေနဲ့ လုံးဝ လက်ခံရ လိမ့်မ ယ်”

(၃၈)
အာဏာသိမ်း စစ်အုပ်စုသည် အာဏာသိမ်းပြီး နောက်တနေ့တွင်ပင် ကာကွယ်ရေးဝန်ကြီးဌာန ဒဂုံရိပ်သာ၌ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲေ က်ာမရှင်နှင့် တွေ့ဆုံ၏။ ထိုကော်မ ရှင်က …. မ ဆလ၏
ပြည်သူ့လွှတ်တော်မှ စက်တင်ဘာ ၁၁ ရက်နေ့တွင် ဖွဲ့စ ည်းပေးခဲ့သော ကော်မရှင် ဖြစ်သည်။ ထိုကော်မရှင်ကိုပ င် အာဏာသိမ်း စစ်အုပ်စုက တာဝန်ထပ်ေ ပး၏။ စက်တင်ဘာလ ၂၁ ရက်ေ န့တွင် ပါတီစုံ
ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်း ပရေးကော်မရှင် ဥပဒေအား စစ်အုပ်စုက ပြဋ္ဌာန်း၏။ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဥပဒေ အမှတ် ၄/၈၈ အား ထပ်မံ၍ ထုတ်ပြန်သည်။ ၄/၈၈ က …
နိုင်ငံေ ရးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ဖြစ်သည်။ ပြီးလျှင် ….. ကော်မရှင် ဥက္ကဋ္ဌမှလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ အမှတ် (၁) ပြဋ္ဌာန်းချက်အား ကြေညာ၏။

အာဏာသိမ်းစစ်တပ်က လမ်းမထက် ပစ်ခတ်၊ သတ်ဖြတ်မှုများအား အဆုံးသတ်၊ သတ်ဖြတ်ပြီးသည့်နောက် ….. သပိတ်စခန်းများသို့ ဝင်ရောက်စီးနင်းပြန်သည်။ တဖက်မှလည်း စစ်ထောက်လှမ်း ရေးက
…. တနိုင်ငံလုံးအနှံ့ လူဖမ်းပွဲကြီးအား ဆင်နွှဲနေလေ၏။

အရေးတော်ပုံကြီး က သွေးနှင့်စ ပြီး သွေးနှင့်ပ င် နိဂုံးချုပ်သွား၍ မဖြစ်….။ ဒေါ်အောင်ဆန်း စုကြည် စဉ်းစားရပြီ။

နံပါတ် ၁ ….. အကြမ်းမဖက်သည့် နှလုံးရည်တိုက်ပွဲအား Under Ground အသွင်နှင့် ဆက်၍ လှုပ်ရှားမည်လား…..။

နှစ်ပါတ် ၂ …. နယ်စ ပ်သို့ ထွက်ခွာ၍ လက်နက်ကိုင် တော်လှန်ရေးအား ဆင်နွှဲမ ည်လား…..။

နံပါတ် ၃ …. နိုင်ငံရေးပါတီတခု တရားဝင်ဖွဲ့စည်း ပြီး ဒီမိုကရေစီခရီးအား ပန်းတိုင်သို့ ရောက်သည်အထိ ချီတက်မည်လား….။

ရွေးလမ်း က ၃ သွယ်ရှိ၏။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရွေးလမ်းအား ရွေးချယ်ထားပြီး ဖြစ်၏။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့၊ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ သခင်အုန်း မြင့်၊ ဦးထွေးမြင့်၊
ရဲေ ဘ်ာသုံးကျိပ်ဝ င် ဗိုလ်စင်္ကြာတို့နှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံခဲ့စ ဉ်ကတည်းက သူမ ၏ နိုင်ငံေ ရးလမ်းစဉ်အား ချပြထားခဲ့ပြီး ဖြစ်သည်…။

`ကျမတို့ …. ဒီလုပ်င န်းတွေ စလုပ်တာနဲ့ လုံးဝ အကြမ်းမဖက်ရေးပဲ။ အကြမ်းမဖက်ဝါဒ၊ ဂန္ဒီဝါဒပေါ့။ ဒါကို ကျမတို့ရဲ့ (မူ) အနေနဲ့ ထားလိုက်မယ်။ နောက်ပြီး …. ဥပဒေဘောင်အတွင်းကပဲ လုပ်မယ်။
မြေအောက်တို့၊ တောခိုတာတို့၊ လက်နက်ကိုင် တိုက်တာတို့ လုံးဝ မလုပ်ဘူး ။ ဒါ ကျမတို့ရဲ့ နိုင်ငံရေးလမ်းစဉ်ပဲ…..´

ကိုးကား …

- NLD ၏ ဖွဲ့စ ည်းပုံစည်းမျဉ်း ယာယီနှင့် ရည်ရွယ်ချက်များ


- NLD ၏ ထုတ်ပြန်ကြေညာချက် အမှတ် - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြား စာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- မောင်မိုးသူနှင့် ဧရာဝတီမဂ္ဂဇင်း တွေ့ဆုံမေးမြန်းမှု
- ဦးအောင်ကြီးမှ ဒေါ်အောင်ဆန်း စုကြည်ထံသို့  အိတ်ဖွင့်ပေးစာများ
- ဒေါ်အောင်ဆန်းစုကြည် ရေးသည့် ဒါမှ ငါ့သမီး ကဗျာ
- နိုင်ြ မန်မာ၏ ကမ္ဘာ မကြေဘူး သီချင်း
- ဤဆောင်းပါး ဖြစ်မြောက်ရေးအတွက် ကိုယ်ေ တွ့ တွေ့ကြုံခဲ့သည်တို့အား ပြန်လည် ပြောပြပေးကြသည့် လွတ်မြောက်နယ်ေ မြရောက် NLD အဖွဲ့ဝ င်များအား ကျေးဇူးတင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၀)

| သောကြာနေ့၊ ဇူလိုင်လ ၁၇ ရက် ၂၀၀၉ ခုနှစ် ၁၆ နာရီ ၂၁ မိနစ် ဆောင်းပါး

(၃၉)

စက်တင်ဘာ ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်သည် ဦးအောင်ကြီး၊ ဦး တင်ဦး တို့နှင့် ပူးပေါင်း၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ဖွဲ့စည်းထူထောင်လိုက်၏။ NLD အား ဖွဲ့စည်းပြီးဖြစ်သော်လည်း
တိုင်း ပြည်သို့ ထုတ်ပြန်ကြေညာခြင်းကိုမူ မပြုလုပ်ရ သေး…။ နိုင်ငံေ ရးပါတီများ ဖွဲ့စ ည်းခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ကော်မရှင်သို့လည်း တင်သွင်းရဦးမည်။ လက်င င်းလုပ်ငန်းများက … အဖွဲ့ချုပ်၏
ရည်ရွယ်ချက်လုပ်င န်းစဉ်နှင့် ဖွဲ့စည်း ပုံ အခြေခံစည်းမျဉ်း (ယာယီ) တို့အား ရေးဆွဲရမည်။ ဆွေးနွေးညှိနှိုင်းပွဲများက နေ့စဉ်လိုလိုပင် ……။

အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အား ဖွဲ့စည်း ရေး…။ နိုင်ငံလုံးဆိုင်ရာ ဦးစီးအဖွဲ့၊ ဖွဲ့ေ ရးတို့အတွက် ရွေးချယ်ညှိနှိုင်းကြရ၏။ NLD ၏ ဗဟိုေ ခါင်းဆောင်မှုအား ဦးအောင်ကြီးအစုမှ
၁၄ ဦး ။ ဦးတင်ဦး၊ ဦး အောင်ရွှေတို့၏ တပ်မှူး ဟောင်းများမှ ၁၄ ဦး ။ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် တတ်သိပညာရှင်များမှ ၁၄ ဦး…..။ စုစုေ ပါင်း ၄၂ ဦးနှင့် ဖွဲ့စည်း ကြရန် သဘောတူညီခဲ့ကြသည်။

(၄ဝ)
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့၊ နေ့စွဲနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းကြေညာချက် အမှတ် (၁) အား ထုတ်ပြန်၏။ ဒေါ်အောင်ဆန်းစုကြည်မှ အထွေထွေ အတွင်းရေးမှူးအနေဖြင့်
လက်မှတ်ထိုး၍ ထုတ်ပြန်ခြင်းဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ဖြစ်သည်။ ကြေညာချက် အပိုဒ် (၁) တွင် …

`ကျောင်းသားပြည်သူ ရဟန်းရှင်လူ ပြည်သူလူထုကြီးတရပ်လုံး အုံကြွပါဝင်ဆင်နွှဲခဲ့ကြသည့် ဒီမိုကရေစီ တိုက်ပွဲကြီးကို အောင်ပွဲခံ၊ အောင်လံလွှင့်နိုင်သည်အထိ အရှိန်အဟုန်


တိုးမြှင့်ဆင်နွှဲသွားနိုင်ရ န်အတွက် ကျောင်းသားပြည်သူ ရဟန်းရှင်လူ ပြည်သူလူထုကြီးအတွင်းမှ အလွှာအသီးသီး ပါဝင်စုစည်းသော နိုင်ငံေ ရး အဖွဲ့အစည်းတရပ်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါသည်´ ဟူ ၍
လူထုအား အသိပေးလိုက်၏။ ပြီး လျှင် ဗဟိုအလုပ်အမှုေ ဆာင် အဖွဲ့ဝ င် ၁၂ ဦး၏ အမည်စာရင်းအား ဖော်ပြသည်။ ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့ ၏ ဥက္ကဋ္ဌက … ဦးအောင်ကြီး၊ ဒု-ဥက္ကဋ္ဌမှာမူ ဦးတင်ဦး
ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က … အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး…..။

၁၉၈၈ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် ကြေညာချက် အမှတ် (၂) အား ထပ်မံ၍ ထုတ်ပြန်သည်။ အဖွဲ့ဝင် ၃ဝ ဦး ပါရှိသည့် နိုင်ငံလုံးဆိုင်ရာ ဦးစီးအဖွဲ့ဝ င်များ၏ စာရင်းဖြစ်သည်။ ပြီးလျှင် …..
အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (ယာယီ) အား လူထုထံသို့ ချပြ၏။ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (ယာယီ) ၏ အခန်း ၂ တွင် အဖွဲ့ချုပ်၏ ရည်ရွယ်ချက်အား ဖော်ပြထား၏။
ရည်ရွယ်ချက်က … ၅ ရပ်…။
(က) အများပြည်သူဆန္ဒနှင့် ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်လာစေရန်။
(ခ) ရည်ရွယ်ချက် (က) ကို ဖြစ်မြောက်စေရန် အဖွဲ့ချုပ်၏ ခေါင်းဆောင်မှုဖြင့် ပြည်သူလူထု ညီညွှတ်မှုအင်အားကို အခြေခံ၍ စည်းကမ်းစနစ်ကျသော ဒီမိုကရေစီလှုပ်ရှားမှုကြီး ဖြစ်ပေါ်စေရန်။
(ဂ) နောင်ခေတ်အဆက်ဆက်၌လည်း မြန်မာနိုင်ငံသည် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ဒီမိုကရေစီ နိုင်ငံေ ရးစနစ် ထွန်းကားသော တည်တန့်ခိုင်မြဲသည့် ပြည်ေ ထာင်စုကြီးအဖြစ် တည်ရှိရေးအတွက်
အုတ်မြစ်ချရန်။
(ဃ) အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီး နှိပ်စက်မ ည့် နိုင်ငံရေးစနစ်မျိုး ပြန်လည်မထွန်း ကားစေရေးအတွက် ကြိုးပမ်းရန်။
(င) ကမ္ဘာတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီထွန်းကားလာစေရေးအတွက် နိုင်ငံတကာရှိ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန်။

(၄၁)
အောက်တိုဘာ တစ်လလုံးလုံးက ဌာနချုပ်တွင်ပ င် အဖွဲ့ချုပ်စတင်တည်ထောင်ရေး လုပ်င န်းများနှင့် ဒေါ်အောင်ဆန်းစုကြည် အလုပ်များ၍နေသည်။ အတွင်း ရေးမှူးအဖွဲ့ အစည်းအဝေးက နေ့စဉ်လိုလို ရှိ၏။
အတွင်းရေးမှူးအဖွဲ့တွင် ဒေါ်အောင်ဆန်း စုကြည်က အထွေေ ထွအတွင်း ရေးမှူး။ ပြီးလျှင် … အဖွဲ့ဝ င်များက … ဦး ဝင်းတင် (ဟံသာဝတီ ဦးဝင်းတင်)၊ ဦးချစ်ခိုင် (ယခုကွယ်လွန်၊ ဗိုလ်မှူးကြီးဟောင်း) နှင့်
ဦး ကြည်ဟန် (ဗိုလ်မှူး ကြီးဟောင်း၊ ဦးအောင်ကြီးနှင့်အတူ ခွဲထွက်ရာတွင် ပါဝင်သွားသူ) တို့ ဖြစ်သည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် နိုင်ငံလုံးဆိုင်ရာ ဦးစီးအဖွဲ့တို့အား ဖွဲ့စ ည်း၍ ပြီးသည့်နောက် ….. ပြည်န ယ်၊ တိုင်း ၊ မြို့နယ်၊ ရပ်/ကျေး စသည့် အဆင့်ဆင့်သော စည်းရုံးရေးတာဝန်ခံများအား
ရွေးချယ်တာဝန်ပေးရ၏။ ပြည်နယ်၊ တိုင်းဦးစီး အဖွဲ့များထံသို့ စည်းရုံးရေးမှူးများ လိုက်နာရမည့် `စည်းရုံးရေးမူ´များအား ရေးသားပေးပို့ရသည်။ စာကြမ်းများရေး၊ ပြင်ဆင်၊ ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့သို့ 
တင်ပြ၊ ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့ အစည်းအဝေးက အတည်ပြုလျှင် ….. စာချောအား ပြည်နယ်နှင့်တိုင်း အသီးသီးသို့ အထွေထွေ အတွင်းရေးမှူးမှ လက်မှတ်ေ ရးထိုး၍ ပေးပို့ရသည်။

`အဖွ့ခ
ျဲုပ်စည်းရုံးရေး ကိုယ်စားလှယ်များ သတိပြုရန်´ ဟူသည့် ကြေညာချက်အား ထုတ်ပြန်၍ ပြည်န ယ်၊ တိုင်း ဦးစီး မှူးများထံသို့ ပို့ရ ၏။ ကြေညာချက်တွင်က …..
(၁) လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပပေးမည့်ဟု နိုင်ငံတော် ငြိမ်ဝ ပ်ပိပြားမှု တည်ဆောက်ေ ရးအဖွဲ့မှ ဂတိပြုထားပြီးဖြစ်သည်။
(၂) ထိုဂ တိပြုထားသည့်အတိုင်း ယခုအခါ ပါတီအသီးသီးသည် စည်းရုံးလှုပ်ရှားမှုများကို စတင်ဆောင်ရွက်ေ နပြီဖြစ်သည်။
(၃) ထိုသို့ စည်းရုံးလှုပ်ရှားရာ၌ ပေးထားသော မူဘောင်အတွင်း မှသာ ဖြစ်ရမည်ဖြစ်သဖြင့် အောက်ပါအချက်များကို အထူးသတိပြု ရှောင်ရှားရမည်ဖြစ်သည်။
(က) အကြမ်း ဖက်ဆူပူလှုပ်ရှားမှု၊ စီတန်း လှည့်လည်ဆန္ဒပြမှုများကို ဖြစ်စေမည့်အပြုအမူ၊ အပြောအဆိုများ။
(ခ) အကြမ်း ဖက် ဆူပူလှုပ်ရှားမှု၊ လူထုအုံကြွမှုကို ဖြစ်စေမည့် သွေးထိုး လှုံ့ဆော်မှုများ။
(ဂ) အစိုးရနှင့် တပ်မ တော်၏ ဂုဏ်သိက္ခာကို ထိပါးစေမည့် အပြုအမူ၊ အပြောအဆိုများ။
(ဃ) တိုင်းရင်းသား စည်းလုံးညီညွှတ်ေ ရးကို ပြိုကွဲစေမည့် အပြုအမူ၊ အပြောအဆိုများ။
(င) ငြိမ်း ချမ်းသောနည်းဖြင့် ဒီမိုကရေစီရရှိရေးဟူသော အဖွဲ့ချုပ်၏ မူဘောင်မှ ကျော်လွန်သော လုပ်ေ ဆာင်ချက်များ။

စည်းရုံးရေးကိုယ်စားလှယ်များသည် မိမိတို့ မြို့နယ်အသီးသီးရှိ (ငြိမ်ဝ ပ်ပိပြားမှု တည်ဆောက်ေ ရး) အဖွဲ့များနှင့် ဦးစွာဆက်သွယ်ရန်။

ပြည်နယ်/တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီး ဖြစ်ကြောင်း တင်ပြပြီးမှ စတင်လှုပ်ရှားရန် သတိပေးအပ်ပါသည်။

အောက်တွင်မူ ဒေါ်အောင်ဆန်းစုကြည်မှ လက်မှတ်ထိုး၏။ အဖွဲ့ချုပ်၏ ခြေလှမ်းအစအား သတိထား၍ လှမ်းနေခြင်း…..။

(၄၂)

အဖွဲ့ချုပ်ရုံးများက ပြည်နယ်တိုင်းအသီးသီး၌ မှိုေ ပါက်သကဲ့သို့ တရုံးပြီးတရုံး ဖွင့်လှစ်လာခဲ့သည်။ အထွေထွေ အတွင်းရေးမှူးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် အဆင့်ဆင့်ေ သာ
အဖွဲ့ချုပ်စည်းရုံးရေးမှူးများ၊ အဖွဲ့ဝင်များနှင့် တွေ့ရမည်။ စည်းရုံးရေး ကော်မတီဝ င်များနှင့် ဆွေးနွေးရမည်။

ပြီးလျှင် …… လူထုနှင့် တွေ့ရမည်။ လူထုအား ရှင်းပြစရာများအား ဆွေးနွေးရှင်းလင်းရမည်။ ရန်ကုန်လူထုနှင့်က အရေးတော်ပုံကြီး အတွင်း ၂ ကြိမ် တွေ့ပြီး ဖြစ်သည်။ ဤအတွက် နယ်လူထုနှင့် ပထမဦးစွာ
တွေ့ရ န် စိတ်ကူးထား၏။ အထွေထွေ အတွင်းရေးမှူး၏ ပထမဦးဆုံး ခရီးစဉ်အတွက် ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့အတွင်း ဆွေးနွေးကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ဖခင်၏ ဇာတိဖြစ်သည့်
`နတ်မောက်´ ဘက်သို့  ဦးစွာသွားရန် သဘောထားပေး၏။ အားလုံးမှ သဘောတူကြ၏။ ဤတွင် ….. အထွေေ ထွ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်၍သွားမည့်
အထက်မြန်မာပြည်ခရီးအတွက် ……. ပြင်ဆင်ကြရ၏။ ခရီးစဉ်တွင် လိုက်ပါကြမည့်သူများအား ရွေးချယ်ကြ၏။ ဗဟိုဦးစီးအဖွဲ့ဝ င်များမှ ဦးဘသော် (ယခုကယ
ွ်လွန်၊ စာရေးဆရာ မောင်သော်က) နှင့်
ဦး မိုးသူ (စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ) တို့ ပါမည်။ လူငယ်များနှင့် ပြန်ကြားရေးအဖွဲ့တို့လည်း လိုက်ပါကြရမည်။ ခရီးစဉ်က ….. ပထမ ကြို့ပင်ကောက်၊ ပြီးလျှင် …..ပြည်၊ ချောက်၊ နတ်ေ မာက်…..။
ထိုမှတဆင့် ….ပုဂံ၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ စစ်ကိုင်း၊ မြင်းမူ၊ ရွာသစ်ကြီး၊ ရွှေဘို၊ မန္တလေး…..။

၁၉၈၈ ခုနှစ်၊ နိုဝ င်ဘာ ၁ ရက်နေ့တွင် နတ်မောက်သို့  ရောက်ကြ၏။ နတ်ေ မာက်ခရီးက ဒေါ်အောင်ဆန်း စုကြည်အဖို့ အိမ်အပြန်ခရီးကဲ့သို့ ခံစားရ၏။ ဝေးနေခဲ့သော နတ်ေ မာက်မြေက
ဒေါ်အောင်ဆန်းစုကြည်နှင့် မစိမ်း….။ စိမ်းနေဦးမည့် ဇာတိေ မြမဟုတ်…..။ နတ်မောက်မြို့ အဖွဲ့ချုပ်ရုံးတွင်ပ င် …. အဖွဲ့ဝင်များနှင့် တွေ့၏။ နတ်မောက်လူထုနှင့် တွေ့၏။

`အစိုးရဆိုတာ၊ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီမယ့်၊ တိုင်း ပြည်အကျိုးကို ဆောင်ရွက်ဖို့ အချိန်ကန့်သတ်စေခိုင်းထားတဲ့ သစ္စာ အရှိဆုံး ပြည်သူ့ဝန်ထမ်းပဲ ဖြစ်ရမယ်´

ဒေါ်အောင်ဆန်းစုကြည်၏ အသံက အသံချဲ့စက်မှတဆင့် ….. နတ်မောက်တမြို့လုံးသို့ လွှမ်း၏။ နတ်မောက် သားကောင်းကြီး၏ သမီး က ဒုတိယလွတ်မြောက်ေ ရး တိုက်ပွဲအား ဝင်ရန် နတ်မောက်သို့
ရောက်ခဲ့လေပြီ။

(၄၃)
ဒေါ်အောင်ဆန်းစုကြည်တို့က နတ်ေ မာက်တွင် ညမအိပ်။ ချောက်သို့ပြန်၍ ညအိပ်ကြမည်ဖြစ်သည်။ နတ်မောက် ဆွေးနွေးပွဲပြီးသည်နှင့် ချောက်သို့ ပြန်ကြ၏။ ချောက်မြို့အဝင်တွင်က မှောင်၍ပင်နေပြီ။
ညမထွက်ရ အမိန့်က တည်ဆဲ….။ ခရီးဆက်၍ မရတော့….။ တည်းခိုမည့် အိမ်သို့ပ င် တန်း ၍သွားကြရန် ဆုံးဖြတ်လိုက်ကြ၏။ တည်းခိုမည့်အိမ်က ကျယ်၏။ အပေါ်ထပ်၊ အောက်ထပ်နှင့် ဖြစ်သည်။
တည်းခိုသည့် အိမ်ေ အာက်ထပ်၌ပင် ချောက်မြို့နယ် စည်းရုံးရေးမှူးများ၊ အဖွဲ့ဝ င်များနှင့် တွေ့ဆုံပြီး ဆွေးနွေးကြ၏။ ည ၈ နာရီ ထိုးသည်အထိ ဆွေးနွေးပွဲက မပြတ်….။ ဒေါ်အောင်ဆန်း စုကြည်က
တနေ့လုံး ဟောရ၊ ပြောရ၊ ဆွေးနွေးရနှင့် ပန်းနေပြီ။ နတ်ေ မာက်လမ်း ကလည်း ဆိုး၏။ ကားမူးသည့် ဒဏ်ကလည်း မသက်သာလှ ….။ မရတော့….။ ဆွေးနွေးပွဲအား ဦးမိုးသူနှင့် လွှဲအပ်ခဲ့ပြီး
အဖွဲ့ဝ င်များအား ခွင့်တောင်းကာ အပေါ်ထပ်သို့တက်၍ အနားယူရ၏။ မကြာ….။ ဆရာဦးမိုးသူက ဘီဘီစီသတင်း တပုဒ်အား ပြောပြစရာရှိလို့ပါဟူ၍ မသင်္ဂီက လာပြောသဖြင့်…. ဒေါ်အောင်ဆန်းစုကြည်
အနားယူရာမှ အိမ်အောက်ထပ်သို့ ဆင်း လာရပြန်သည်။

ဦး မိုးသူက …. ဒေါက်တာမိုက်ကယ်အဲရစ်ကို တိုင်း ပြည်က ချက်ချင်း ထွက်သွားရန် စစ်အုပ်စုမှ နှင်ထုတ်သည့် သတင်းအား ပြောပြ၏ ။

အထက်မြန်မာပြည်ခရီးစဉ်အား မထွက်ခွာ မီကတည်းက ဒေါက်တာမိုက်ကယ်အဲရစ်သည် တရားဝင်ဗီဇာနှင့် ရန်ကုန်တွင် ရောက်နေ၏။ ဒေါ်အောင်ဆန်း စုကြည်က ဦးမိုးသူ ပြောပြသည်အား
နားထောင်ရင်း …..

`အေးလေ၊ ဘယ်တတ်နိုင်မှာတုန်း၊ နှင်ထုတ်ေ တာ့လဲ ဘာဖြစ်တုန်း´ ဟူ၍ အေးအေးဆေးဆေးပင် ပြန်ပြောသည်။ အားလုံးက ဒေါ်အောင်ဆန်း စုကြည်အား ရန်ကုန်ရှိ ခင်ပွန်းသည်ထံသို့ ဖုန်းဆက်၍
အကျိုးအကြောင်း မေးမြန်းရန် တိုက်တွန်းကြ၏။ တည်းခိုသည့် အိမ်တွင်လည်း တယ်လီဖုန်း က ရှိ၏။

`အင်းလေ၊ အဲဒါဆိုလည်း ဆက်တာပေါ့´ ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောပြီး ခင်ပွန်းသည်ထံသို့  ဖုန်း ဆက်၏။ မကြာ….။ ဒေါ်အောင်ဆန်း စုကြည်မှ ဖုန်းအား ချလိုက်ပြီး ….

`သူက မထွက်ဘူးလို့ ပြောတယ်။ ဖမ်းချင်လည်း ဖမ်းပလေ့စေလို့ ပြောတယ်။ ကျမကတော့ အင်း ….သဘောပဲ။ မတတ်နိုင်ဘူးလေ၊ ထွက်ရင်လည်းထွက်….။ နေမယ်ဆိုရင်လည်း
…..အဖမ်းခံမ ယ်ဆိုရင်လည်း ခံပေါ့လို့ ပြောလိုက်တယ်´ ဟူ၍ ဒေါ်အောင်ဆန်း စုကြည်က ခင်ပွန်းသည်နှင့် ဖုန်း ဆက်သည့် အကြောင်းအား ဦး မိုးသူတို့ကို ပြန်ပြောပြ၏။ အားလုံးက စစ်အုပ်စု၏
လုပ်ရ ပ်ကြောင့် စိတ်မ သက်မသာ ဖြစ်နေကြရ၏။ ပြီးလျှင် …. ခရီးစဉ်က ဘယ်လိုလဲ….။ ဆက်မည်လား…။ ဖျက်၍ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်သို့ ပြန်လှည့်မည်လား…..။ မဝေခွဲတတ်။ စနိုးစနောင့်
ဖြစ်နေကြသည်။ ဒေါ်အောင်ဆန်း စုကြည်အား ထုတ်၍မေးရန်မှာလည်း အားနာနေကြ၏။ မတတ်နိုင်….။ ဦး မိုးသူအား မေးခိုင်း ကြ၏။

`ဟာ…. ကျမတို့ ခရီးစဉ် ဆက်မှာ ပေါ့….။ ဆက်ရမှာပေါ့….။ ကိစ္စမ ရှိပါဘူး။ အားလုံးကို ပြောပြလိုက်ပါ´

ဒေါ်အောင်ဆန်းစုကြည်က ဦး မိုးသူအား ပြန်ပြောရင်း…. တွေးတွေးဆဆနှင့် ဦးမိုးသူအား ဆက်၍ … `ဆရာရေ …. ကျမတော့ ခင်ပွန်းသည်အပေါ်ကို သိပ်မတရားလှဘူး ထင်တယ်နော်´

(၄၄)
ဒေါ်အောင်ဆန်းစုကြည်၏ ၁၃ ရက်ကြာသည့် ပထမဦးဆုံး အထက်မြန်မာပြည်ခရီးက အောင်အောင်မြင်မြင်နှင့်ပင် ပြီးဆုံးခဲ့ရသည်ဟု ဆိုရမည်။ ပဲခူး တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့်
ရှမ်းပြည်နယ်အတွင်း ရှိ မြို့ရွာ ၅ဝ ကျော်သို့ လှည့်လည်ခဲ့သည့်ခရီး…..။ ခရီးစဉ်အတွင်း …. စစ်အုပ်စုမှလည်း ကြီးမားသည့် နှောင့်ယှက်ဟန့်တားမှုမျိုးကိုမူ တပ်ကုန်းမြို့မှလွှဲ၍ မပြုလုပ်ခဲ့ဟု ဆိုရမည်။
တပ်ကုန်းတွင်မူ တပ်ကုန်း မြို့ မဝတ ဥက္ကဋ္ဌ ဗိုလ်မှူး လှထွန်းကိုယ်တိုင် ဦးဆောင်ပြီး ဒေါ်အောင်ဆန်း စုကြည်တို့အား နှောင့်ယှက်ခဲ့၏။ ဗိုလ်မှူးလှထွန်း၏ နှောင့်ယှက်မှုေ ကြာင့် ဒေါ်အောင်ဆန်း စုကြည်တို့
စိတ်ကသိကအောက် ဖြစ်ခဲ့ရ သည်။

ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်း တပ်ကုန်း မြို့အဝင်တွင် မဝတဥက္ကဋ္ဌ ဗိုလ်မှူးလှထွန်းနှင့် စစ်ကားတစီး ရောက်လာပြီး၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်း အား တား၏။ ပြီးလျှင် ….
ဗိုလ်မှူးလှထွန်းက ဒေါ်အောင်ဆန်းစုကြည်အား တပ်ကုန်းမြို့အတွင်း ၌ ယာဉ်တန်း အား မရပ်ရန် ပြော၏။

ဒေါ်အောင်ဆန်းစုကြည်က ….. “မြို့ ထဲမှာ ခဏဖြစ်ဖြစ် ရပ်နားမယ်။ မြို့ထဲမှာ လူထုက သိပ်ေ ကြာက်နေကြတယ်။ အဲဒီအတွက် ရပ်မှကို ဖြစ်မယ် ….” ဟူ၍ ဗိုလ်မှူး လှထွန်းဆိုသူအား ပြန်၍ပြောသည်။
ဗိုလ်မှူးလှထွန်းဆိုသူကလည်း ….. မြို့ထဲမှာ ဘယ်မှ သွားစရာနေရာ မရှိဘူး…..။ အဖွဲ့ချုပ် ဆိုင်း ဘုတ်တင်ဖို့ကိုလည်း တိုင်းက ခွင့်ပြုချက် မရသေးဘူး။ အဲ့ဒီအတွက် မြို့ထဲမှာ မရပ်ပါနဲ့ဟု ဆိုပြီး …..
ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်း အား သူ၏ စစ်ကားများနှင့် ရှေ့နောက်ညှပ်ကာ တပ်ကုန်းမြို့အား ဖြတ်ေ စ၏။

နောင်တွင် ပြန်၍ကြားသိရသည်က ….. ဒေါ်အောင်ဆန်း စုကြည်တို့အား ဧည့်ခံကျွေးမွေးရန် စီစဉ်နေသည့် အိမ်ကိုလည်း သေနတ်ပြခြိမ်းခြောက်ကာ ဧည့်ခံကျွေးမွေးမည့် အစီအစဉ်အား ဖျက်ခိုင်းသည်ဟု
ဆို၏။

ရန်ကုန်သို့ ပြန်ရောက်ပြီးနောက် …. ဒေါ်အောင်ဆန်း စုကြည်သည် ဗဟိုလူငယ်လုပ်င န်းအဖွဲ့အား စနစ်တကျနှင့် ရှင်သန်ကြီး ထွားလာစေရန် လုံ့လပြု၏။ ဗဟိုလူငယ်လုပ်င န်းအဖွဲ့ စည်း ရုံးရေးတာဝန်ခံများ
ပြည်နယ်နှင့် တိုင်းအသီးသီးသို့ စည်းရုံးရေးခရီး သွားရောက်နိုင်ေ ရးအတွက် စီစဉ်၏။ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်ေ န့တွင် ဗဟိုလူင ယ်လုပ်ငန်းအဖွဲ့ဝ င် လူငယ်များ ဒေသအသီးသီးသို့
စည်းရုံးရေးခရီးမထွက်ခွာမီ နှုတ်ဆက်သြဝါဒ ပေးပွဲတခုအား အဖွဲ့ချုပ် ဗဟိုရုံး ချုပ်၌ပင် ပြုလုပ်၏။ ဒေါ်အောင်ဆန်းစုကြည်က လူငယ်စ ည်းရုံးရေးမှူးများအား မိန့်ခွန်း ပေး၏။ အဖွဲ့ချုပ်၏ စည်းရုံးရေးမှူးများ
လက်စွဲထားရမည့် စည်းရုံးရေးမူများအား ရှင်း ပြ၏။ ထိုမူများနှင့် ကွဲလွဲပြီး မပြုလုပ်မိေ စရန်လည်း သတိပေး၏။ အနာဂတ်အား ဖန်တီးထုဆစ်ကြမည့် လူငယ်များအပေါ် ယုံကြည်အားထားကြောင်း လည်း
ထုတ်၍ပြောသည်။ ပြီး လျှင် ….. မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲက နှလုံးရည်တိုက်ပွဲ ….။ စိတ်ဓာတ်ရေးရာကို အရင်းခံသည့် တိုက်ပွဲ….။ စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို
မွေးမြူတည်ဆောက်ကြရန်လည်း မှာ ၏။ အဆုံးတွင် ….. `ရုတ်ယဒ်ကက်ပ်လိမ်း´ ၏ `အကယ်၍ ´ ကဗျာအား ဒေါ်အောင်ဆန်းစုကြည်မှ ရွတ်ဖတ်ပြ၏။

အကယ်၍
မင်းအသိုင်းအဝိုင်းက တုန်လှုပ်ေ ခြာက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါမှာ
မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရ င်

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်း မိုးစေဘဲ စိတ်ကူးနိုင်မ ယ်ဆိုရင်

ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မ ယ်ဆိုရင်

အကယ်၍
အောင်မြင်မှုသုခ နဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရ င်

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်း မှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ေ ခြာက်ဆယ်အဖြစ်
အသုံးချနိုင်မ ယ်ဆိုရင်

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့
ကမ္ဘာ ကြီးကို ဆုပ်ကိုင်လို့
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီေ ပါ့
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်း တယောက်ေ ပါ့။

ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာရွက်သံက ကြည်လင်၍ ရွှင်ပြနေသည်။ အားလုံးက ငြိမ်သက်စွာ နှင့် …၊ အနာဂတ် ခရီးအား မျှော်ရည်ရင်း….။

ကိုးကား …

- NLD ၏ ဖွဲ့စ ည်းပုံစည်းမျဉ်း ယာယီနှင့် ရည်ရွယ်ချက်များ


- NLD ၏ ထုတ်ပြန်ကြေညာချက် အမှတ် - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြား စာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- မောင်မိုးသူနှင့် ဧရာဝတီမဂ္ဂဇင်း တွေ့ဆုံမေးမြန်းမှု
- ဦးအောင်ကြီးမှ ဒေါ်အောင်ဆန်း စုကြည်ထံသို့  အိတ်ဖွင့်ပေးစာများ
- ဒေါ်အောင်ဆန်းစုကြည် ရေးသည့် ဒါမှ ငါ့သမီး ကဗျာ
- နိုင်ြ မန်မာ၏ ကမ္ဘာ မကြေဘူး သီချင်း
- ဤဆောင်းပါး ဖြစ်မြောက်ရေးအတွက် ကိုယ်ေ တွ့ တွေ့ကြုံခဲ့သည်တို့အား ပြန်လည်ပြောပြပေးကြသည့် လွတ်မြောက်န ယ်မြေရောက် NLD အဖွဲ့ဝ င်များအား ကျေးဇူးတင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၁)

| တနင်္လာနေ့၊ ဇူလိုင်လ ၂၀ ရက် ၂၀၀၉ ခုနှစ် ၁၆ နာရီ ၂၂ မိန စ် ဆောင်းပါး

(၄၅)

၁၃ ရက်ကြာသည့် အထက် မြန်မာပြည်ခရီးစဉ်မှ ပြန်ရောက်ပြီးစ, ရက်များမှာပင် အဖွဲ့ချုပ်အတွင်း၌ ပြဿနာအချို့ ရှိနေပြီဟူသည်အား ဒေါ်အောင်ဆန်း စုကြည် သိထားခဲ့၏။ ပြဿာနာက အတွင်းစည်း
ပြဿနာ။ ပထမတွင်မူ…တိုးတိုးတိတ်တိတ် ….။ သိုးသိုးသန့်သန့်နှင့်….။

ဒေါ်အောင်ဆန်းစုကြည်တို့ အထက်မြန်မာပြည် ခရီးထွက်ခဲ့သည့် ဝန်းကျင်ရက်များမှာပင် ဦးအောင်ကြီးသည်လည်း ရှမ်းပြည်နယ်သို့ စည်းရုံးရေးခရီး ထွက်၏။ ထိုခရီးစဉ်အတွင်း …. ဦးအောင်ကြီးက
အဖွဲ့ချုပ်ဗဟိုတွင် ကွန်မြူနစ်များ ကြီးစိုးနေပြီဟု စွပ်စွဲရာမှ စသည်။ စွပ်စွဲချက်က … တိုးတိုးမှသည် ကျယ်လာ၏။ အမည်များတပ်၍ပင် စွပ်စွဲလာ၏။ ဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဦးကိုယု၊
ဦး ချမ်းအေး (မောင်စူးစမ်း)၊ ဦးမိုးသူ၊ ဦးထွန်းတင်၊ ဦး တင်ရွှေ (မုံရွာတင်ရွှေ) ….။

စုစုပေါင်း ၈ ဦး…။
ဦး ဝင်းတင်၊ ဦးအောင်လွင်နှင့် ဒေါ်မြင့်မြင့်ခင်တို့က အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုေ ဆာင် အဖွဲ့ဝ င်များဖြစ်ပြီး ကျန်သည့် ပုဂ္ဂို လ် ၅ ဦးက …. နိုင်ငံလုံး ဆိုင်ရာ ဗဟိုဦး စီးအဖွဲ့ဝ င်များ….။ အားလုံးသော
ပုဂ္ဂိုလ်များက အဖွဲ့ချုပ်အား စတင်ဖွဲ့စည်း ရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ အမည်တင်သွင်းထားသည့် တတ်သိပညာရှင် ၁၃ ဦးထဲမှ ၈ ဦး ဖြစ်နေ၏။

ဦး အောင်ကြီးက ထို ၈ ဦးအား ကွန်မြူနစ်များဟု ပုတ်ခတ်စွပ်စွဲရုံနှင့် ရပ်၍မနေ….။ တဆင့်တက်၍ တောင်း ဆိုလာ၏။ ဥက္ကဋ္ဌအနေနှင့် ထို ၈ ဦးအား အဖွဲ့ချုပ်မှ ထုတ်ပေးပါရန် တောင်းဆိုလာပြန်သည်။
မရတော့….။ ပြဿနာက ကြီးလာပြီ။ မကိုင်တွယ်၍ မရတော့….။ အပ်နှင့် ထွင်း၊ ထွင်း ….. ဆောက်နှင့် ထွင်း ၊ ထွင်း …. ထွင်းမှရတော့မည့် ပြဿနာဖြစ်၍ လာပြီ။ မည်သို့  ကိုင်တွယ်ေ ဖြရှင်းမည်နည်း။
အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ဗဟိုဦး စီးအဖွဲ့ အစည်းအဝေး ခေါ်မည်။ အစည်းအဝေးတွင် စွပ်စွဲခံရသူများက တဦး ချင်းစီ ဖြေရှင်း ချက်ပေးကြမည်။ ဗဟိုဦးစီးအဖွဲ့ဝင်များက ကြားနာပြီး ဆန္ဒပေးကြရမည်။
ဦး အောင်ကြီး စွပ်စွဲချက်အတိုင်း ကွန်မြူနစ်များဖြစ်သည်ဟု ဗဟိုဦး စီးအဖွဲ့ဝ င်များက ဆုံးဖြတ်လျှင် … ထိုပုဂ္ဂိုလ်များအား အဖွဲ့ချုပ်မှ ထုတ်ပယ်မ ည်။ စွပ်စွဲချက်က ကြောင်းကျိုးမခိုင်ခံ့ဟု
ဗဟိုဦးစီး အဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့လျှင်မူ ….. စွပ်စွဲသူဦးအောင်ကြီးသည် အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပေးရမည်။ ပြီးလျှင် … အဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်မှလည်း ထုတ်ပယ်မည်။ ဤသို့ ….
ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ သဘောထားချ၏။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၃ ရက်ေ န့တွင် အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦး စီးအဖွဲ့ အစည်းအဝေး ခေါ်ယူ၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့က ၆၈ နှစ်ေ မြာက် အမျိုး သားအောင်ပွဲေ န့ ဖြစ်၏။ စွပ်စွဲခံရ သူများက ဦးအောင်ကြီး၏ စွပ်စွဲချက်အား တိုတိုကျဉ်းကျဉ်းပင် ဖြေရှင်း ချက်ပေးကြ၏။ ပြီးလျှင်
….ဗဟိုဦး စီးအဖွဲ့ဝ င်များက တဦး ချင်းစီ ဆန္ဒေ ပးကြသည်။ အဖွဲ့ချုပ် စတင်ဖွဲ့စည်း စဉ်က ဦး အောင်ကြီး အမည်စာရင်း ထည့်သွင်းခဲ့သည့် ဦးအောင်ကြီး၏ အစုမှ ပါဝင်ခဲ့သော ဦးကြည်ေ မာင်သည်ပင်လျှင် ….
ဦး အောင်ကြီး၏ စွပ်စွဲချက်သည် အခြေအမြစ် မရှိကြောင်း ဆန္ဒပေးခဲ့၏။ အဆုံးတွင်မူ ….ဦးအောင်ကြီး၏ စွပ်စွဲချက်သည် မခိုင်လုံကြောင်း….. ဗဟိုဦးစီး အဖွဲ့က ဆုံးဖြတ်လိုက်ကြ၏။

ဦး အောင်ကြီး၏ အဖွဲ့ချုပ် ဥက္ကဋ္ဌသက်တမ်း က ၆၈ ရက်နှင့်ပ င် ဆုံးခန်းတိုင်သွားခဲ့တော့သည်။ ဦး အောင်ကြီး၏ ဓမ္မန္တရ ယ်အရေးကတော့ ပြီးပြီ။

အစည်းအဝေးပြီးသည်နှင့် ဒေါ်အောင်ဆန်း စုကြည်သည် ၆၈ နှစ်ေ မြာက် အမျိုးသားအောင်ပွဲေ န့ အထိမ်း အမှတ် သြဝါဒခံယူပွဲသို့ တက်ရောက်ရပြန်သည်။ မိန့်ခွန်း ပြောရပြန်သည်။ ဦးအောင်ကြီး၏
ဓမ္မန္တရာယ်အရေးက ဖြေရှင်း ၍ ပြီး သည်မှာ ပူပူလောင်လောင်ပင် ရှိေ နသေး၏။ အဖွဲ့ဝ င်ထုအား၊ မဟာမိတ်များအား၊ လူထုအား ရှင်းပြသင့်သည်တို့ကို ထုတ်၍ပြောပြရန်လိုမည်။ အရိပ်အမြွက်မျှဖြစ်ဖြစ်
ကြိုတင်ချပြထားဖို့ လိုမည်။ ဤသို့ …. ဒေါ်အောင်ဆန်း စုကြည် တွေးထင်မိ၏။ ထိုအတွက်ပင် …. ၆၈ ကြိမ်ေ မြာက် အမျိုးသားအောင်ပွဲေ န့ မိန့်ခွန်း၌ …..

“ဒီလို ဒီမိုကရေစီရရှိရေးအတွက် လက်တွဲလုပ်ေ နတဲ့ လူမှန်သမျှကို ကျမတို့က လက်တြွဲ ပီး တော့ ခေါ်သွားချင်ပါတယ်။ လက်တွဲတယ်ဆိုတာလည်း မတွဲချင်၊ တွဲချင် တွဲနည်း မျိုးကို ပြောတာ မဟုတ်ပါဘူး။
ကိုယ်ပေါင်းစိတ်ခွာ မဟုတ်ပါဘူး။ စိတ်တူသဘောတူ လက်တွဲပြီး ချီတက်သွားတဲ့ နည်းမျိုးကို ကျမတို့ ပြောလိုပါတယ်။ ဒီလိုအမျိုးသားရေးကို လုပ်တဲ့အခါကျလို့ရှိရင် ဒီပုဂ္ဂိုလ်စွဲတို့၊ ဆန္ဒစွဲတို့ မရှိဖို့ဆိုတာ
ကျမတို့ရဲ့ အခြေခံ စည်းမျဉ်းဥပဒေထဲမှာလည်း ပါပါတယ်။ အဲ့ဒီတော့ ပုဂ္ဂိုလ်စွဲတွေ မထားကြပါနဲ့၊ ဒါ ကောင်းတဲ့ အစဉ်အလာတွေ မဟုတ်ပါဘူး”

(၄၆)
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်၊ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့မှ ဦးအောင်ကြီးအား NLD ၏ ဥက္ကဋ္ဌအဖြစ်မှ ထုတ်ပယ်ပ စ်ခဲ့ေ သ်ာလည်း ဦးအောင်ကြီးမှာမူ သူသာလျှင် …. ဥက္ကဋ္ဌဟု
ပြောနေသေး၏။ ပြီးလျှင် ….. ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်း စာတို၊ စာရှည်များရေး၍ အိတ်ဖွင့်ပေးစာများ ပို့ေ နပြန်၏။ ဒေါ်အောင်ဆန်းစုကြည်ကမူ ….ဦး အောင်ကြီး၏ အရေးတော်ပုံနှင့်
ပတ်သက်၍ ပြတ်ပြတ်ရှင်းရှင်း ပင်….။

“ကျမတို့ အဖွဲ့ချုပ်ကနေပြီးတော့ ဦးအောင်ကြီးကို တရားဝင် ထုတ်ပစ်လိုက်ပြီးပါပြီ။ ထုတ်ပစ်လိုက်ပြီးတဲ့သူကို ဘယ်တော့မှလည်း ပြန်ပြီးတော့ လက်ခံမှာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ဦး အောင်ကြီးအနေနဲ့
မိမိရဲ့ ဂုဏ်သိက္ခာကို မထိန်းသိမ်းဘဲ ငါသာ ဥက္ကဋ္ဌလို့  ပြောနေတာတော့ မတတ်နိုင်ပါဘူး ။ ကျမတို့ အဖွဲ့ချုပ်အနေနဲ့တော့ ရှင်းရှင်းပါပဲ။ ဦး အောင်ကြီး အဖွဲ့ချုပ်ကနေ ထွက်သွားတာ ဘာမှ
အကျိုးမယုတ်ဘူးလို့ ယုံကြည်တယ်။ ဦးတင်ဦးလို အင်မ တန်မှ သမာသမတ်ရှိတဲ့ ပုဂ္ဂိုလ်တယောက် ဥက္ကဋ္ဌ ဖြစ်လာတဲ့အချိန်မှာ ကျမတို့ အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကလည်း တက်လာတယ်။
စည်းရုံးရေးဟာလည်း များစွာ ပိုပြီးတော့ အောင်မြင်လာပါတယ်။ လူတဦးတယောက်ရဲ့ အာဏာရရှိရေး၊ နေရာရရေးအတွက် လုပ်တာဟာ ဒီမိုကရေစီရရှိရေးအတွက် လုပ်တာ မဟုတ်ပါဘူး”

ဤသို့ပင် ဒေါ်အောင်ဆန်း စုကြည်က မှတ်ယူထား၏။ ပြီးလျှင် …. ဦးအောင်ကြီးနှင့် ပတ်သက်၍ အကဲဖြတ်စဉ်းစားထားချက်က … “ဦးအောင်ကြီးဆိုတာ အမှန်တရားကို သိပ်ပြီးတော့ နားလည်တဲ့သူ
မဟုတ်ဘူး” ဟူ၍ …..။

(၄၇)

အာဏာသိမ်းစစ်အုပ်စုတင
ွ် ရင်ဆိုင်ေ နရသော အကျပ်အတည်းပေါင်းများစွာအနက် …. နိုင်ငံခြားငွေပြတ်လပ်မှုက စစ်အုပ်စု၏ အာဏာအခြေအား နဲ့၍ ယိုင်ေ စ၏။ အာဏာသိမ်း ပြီး၍ ရက်ပေါင်း ၆ဝ
အကြာတွင် စစ်အုပ်စုလက်ထ၌
ဲ နိုင်ငံခြားငွေ ၁ဝ သန်း မျှသာ ရှိေ တာ့သည်ဟု သတင်း များက ဆိုသည်။

နိုင်ငံခြားငွေ ရရှိရေးအတွက် စစ်အုပ်စုသည် အပူတပြင်း ကြိုးစား၏။ နည်းလမ်းများအား တခုပြီးတခု ရှာကြ၏။ အပြေးအလွှားနှင့် ဉာဏ်ေ ရာင်စုံထုတ်ကြ၏။ ဂျပန်၊ ဂျာမဏီ၊ ဗြိတိန်စသည့်
နိုင်ငံများကလည်း ယခင်ပေးနေခဲ့သည့် အကူအညီများအားလုံးကို ရပ်စဲလိုက်ကြသဖြင့် …. စစ်အုပ်စုအတွက် အပူေ ပါ် အပူဆင့်နေ၏။
၁၉၈၈ ခုနှစ် နိုဝ င်ဘာလ ၃ဝ ရက်နေ့ ရက်စွဲနှင့် စစ်အုပ်စုမှ ကြေညာချက်တစောင် ထုတ်ပြန်သည်။

“လွတ်လပ်ေ သာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေ” ထုတ်ပြန်ကြေညာသည်။ ဥပဒေက …. နိုင်ငြံ ခားကုမ္ပဏီများအား မြန်မာနိုင်ငံတွင် လာရောက်၍ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြု၍ ဖိတ်ေ ခ်ါသည်။
ဖက်စ ပ်လုပ်ငန်းကြီးများတွင်လည်း ၃၅ ရာခိုင်နှုန်း အထိ ပါဝင်မြှုပ်နှံခွင့်ပြုကြောင်း ဆို၏။ နိုင်ငံခြားပိုင် လုပ်င န်းများကိုလည်း ပြည်သူပိုင်သိမ်း မည် မဟုတ်ေ ကြာင်း ကတိပေးပြီး၊ နိုင်ငံခြားလုပ်င န်းရှင်များက
အမြတ်အစွန်းများကိုလည်း ပြန်ပို့ချင်သည့် တိုင်းပြည်များသို့ ပို့ဆောင်ခွင့်ပြုမည်ဟု ဆို၏။ ပြီး လျှင် …. အခွန်ကင်းလွတ်ခွင့်အား ၃ နှစ်ေ ပးထား၏။

စစ်အုပ်စုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ထုတ်ပြန်ခဲ့ပြီး၊ မျှော်လင့်ခြင်းကြီးစွာနှင့် ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများအား မျှော်၏။

နိုင်ငံတကာရှိ လုပ်င န်းရှင်များက စစ်အုပ်စု၏ ကြေညာချက်အား သတိထား၍ ဖတ်၏။ စစ်အုပ်စု၏ လက်ကား… စေးပျစ်နေသော သွေးတို့နှင့် မခြောက်သေး…..။ တိုးတက်သော ကမ္ဘာ့အသိုင်း အဝိုင်းက
လက်ခံနိုင်သည့် အုပ်ချုပ်ရေးနှင့် အုပ်ချုပ်နေသည့် အစိုးရမျိုးမဟုတ်….။ ဤသို့သော …. အုပ်ချုပ်ရေးအဖွဲ့နှင့် တွဲဖက်၍ ရင်းနှီးမြှုပ်နှံမှုလုပ်င န်းများ ပြုလုပ်ပါက ရေရှည်တွင် ဆိုးကျိုးများသာ
ပေါ်ပေါက်လာပေလိမ့်မ ည်။

ဤသို့ …. နိုင်ငံတကာမှ လုပ်င န်းရှင်များက ယုံကြည်ထား၏။ ဤအတွက် …. မည်သည့် နိုင်ငံခြားလုပ်င န်းရှင်မှ မြန်မာပြည်သို့ ခြေမလှမ်း….။ အဝေးကသာ သတိကြီးကြီးထား၍ စောင့်ကြည့်နေကြမြဲ….။

ဤတွင် ….. စစ်အုပ်စု၏ ရွှေဉာဏ်တော်က …. တိုင်းပြည်၏ သဘာဝ သယံဇာတများအား အိမ်နီးချင်း နိုင်ငံများသို့ ဈေးပေါပေါနှင့် ထုတ်ရောင်းရန် အကြံပေါက်၏။

အိမ်နီးချင်းကောင်း ပီသစွာ နှင့် ချောင်းနေသည့် နိုင်ငံများကလည်း အသင့်…။

ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး “ပရာပတ်စ်လင်ပါဖန်” က ရန်ကုန်သို့ သွားရန် အထုပ်အပိုး တပြင်ပြင်နှင့်…။ ထိုင်းကျောင်းသားများနှင့် ထိုင်း လူအခွင့်အရေး လှုပ်ရှားသူများက
ကန့်ကွက်နေကြသည့်အတွက် ရန်ကုန်ခ ရီးအား ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖျက်သိမ်း ထားရ၏။

မလေးရှားနိုင်ငံ သံအမတ်က သူ၏ သံအမတ်ခန့်အပ်လွှာအား ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အာဏာသိမ်း ခေါင်းဆောင်ထံသို့  ပေးအပ်ခဲ့ပြီး … စစ်အုပ်စုနှင့် ပထမဆုံး
သံတမန်ဆက်သွယ်လိုက်သည်။ မဟာသီယာက ဗိုလ်စောမောင်နှင့် ရွှေလမ်းငွေလမ်း ဖောက်လိုက်ပြီ။

ထိုင်း တို့နောက်တွင် ကျန်နေခဲ့၍မဖြစ်။ မလေးရှားတို့ထက် လက်ဦးမှုရဖို့ လိုမည်။ ထိုင်း လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ကန့်ကွက်နေမှုအား ဂရုစိုက်နေ၍ မဖြစ်….။ ထိုင်း အမျိုးသားအကျိုးစီးပွားကိုသာ
ကြည့်ရမည်။

“GONE WITH THE WIND” ဝတ္ထုရှည်ကြီးထဲမှ ဇာတ်ကောင် ရောဘတ်တေလာ ပြောသကဲ့သို့ …. စီး ပွားရှာရန် ကောင်းသော အချိန်က နှစ်ချိန်သာရှိ၏။ တိုင်း ပြည်ပျက်နေသည့်အချိန်နှင့်
တိုင်း ပြည်ထူထောင်သည့်အချိန်….။

မြန်မာနိုင်ငံ၏ အခြေအနေက တိုင်းပြည်ပျက်နေသည့်အချိန် …. ဤအချိန်မျိုးတွင် စီးပွားရှာရမည်။

ဤသို့ … ထိုင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး “ချာဗလစ် ယောင်ချာယွတ်” စဉ်းစားမိဟန်တူ၏။ ရန်ကုန်သို့ သွားရမည်။ ဗိုလ်ချုပ်ကြီးစောမောင်နှင့် တွေ့မည်။ စီးပွားရေးကိစ္စများ ဆွေးနွေးမည်။

ဗိုလ်ချုပ်ကြီး ချာဗလစ် ဆုံးဖြတ်လိုက်၏။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်ေ န့တွင် ရန်ကုန်သို့ တရားဝင်ခရီးအဖြစ် သွားမည်။

(၄၈)
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်ေ န့တွင် စတင်မည့် ခရီးစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ဆင်စ ရာများအား ပြင်ဆင်ေ နရသည်။ ဦး ချမ်းအေး (စာရေးဆရာ မောင်စူးစမ်း)၊ ဦးလွန်းတင် (ယခု
NLD ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့ဝ င်)၊ ဦးအေးမင်း၊ ဦးရဲထွဋ် (NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်ထို မဲဆန္ဒနယ်) တို့နှင့် အစီအစဉ်များ ရေးဆွဲ၏။ ခရီးစဉ်က…. ဒေါ်အောင်ဆန်း စုကြည်
ဦး ဆောင်သည့် NLD ၏ ဒုတိယမြောက် စည်းရုံးရေးခရီးစဉ် ဖြစ်သည်။ မွန်ပြည်န ယ် ၁ဝ မြို့နယ်သို့ သွားမည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စ၍ထွက်မည်။

ခရီးစဉ်တွင် …. ဦးလွင်လည်း ပါမည်။ ပြန်ကြားရေး၊ လုံခြုံ ရေး၊ အဖွဲ့များလည်း ပါမည်။ စုစုေ ပါင်း ၃၂ ယောက်….။
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်ေ န့ နံနက်ေ စာစောပင် ရန်ကုန်မှ စ၍ထွက်ကြ၏။ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး၊ အင်းတကော် …. တမြို့ပြီးတမြို့ ဖြတ်ကျော်ခဲ့၏။ နံန က်စောစောဖြစ်၍လားမသိ၊ ပဲခူး-
ရန်ကုန်ကားလမ်းက ရှင်း၍နေသည်။ နှင်း က ပိန်းပိတ်အောင် သိပ်သည်း ၍မနေ….။ ပါးပါးကျဲကျဲသာ ရှိ၏။ လမ်း ဘေးဝဲယာအား မြင်ရ၏။ မင်္ဂလာဒုံမှ အင်း တကော်အကြားတွင်မူ လမ်း ဘေးဝဲယာ၌
တပ်စ ခန်းအသီးသီးကို တွေ့ရ၏။ မင်္ဂလာဒုံနှင့် အင်း တကော်အကြားက တပ်န ယ်ဟုပင် ပြော၍ရမည်။ တပ်န ယ်မြေဖြစ်၍လားမသိ လမ်းဘေးဝဲယာတွင်…

“ဘယ်သူခွဲခွဲ ဒို့မ ခွဲ အမြဲစ ည်းလုံးမည်” ၊ “ဒို့တာဝန် အရေးသုံးပါး …..” “တပ်မ တော်သည် အမျိုးသားရေးအား ဘယ်တော့မှ သစ္စာ မဖောက်”…. “ တပ်မ တော်ဖြိုခွဲသူ ဒို့ရန်သူ” ၊ “တပ်မတော်သာ အမိ၊
တပ်မ တော်သာ အဖ” …. စသည့်… ဆိုင်း ဘုတ်ကြီးများအား အရွယ်အစားအမျိုးမျိုးနှင့် ပြူးပြူးပြဲပြဲ ထောင်ထားသည်ကို တွေ့ရ ၏။

၈၈ ၏ ဒီဇင်ဘာနံနက်ဦး က စိမ့်၍အေးစက်မနေ….။ ဖွဖွလေး အေး၏။ ပဲခူးကောလိပ်သည် နံန က်ခင်း နေရောင်ခြည်အောက်၌ အထီးကျန်စွာနှင့် ထီးထီးကြီး ရှိနေ၏။ ပဲခူး လိပ်ပြာကန်အရပ်ရှိ NLD
ရုံး တွင်ပ င် အဖွဲ့ချုပ် စည်းရုံးေးရးမှူးများ၊ အဖွဲ့ဝ င်များနှင့် ဒေါ်အောင်ဆန်း စုကြည် ဆွေးနွေး၏။ ပဲခူးလူထုအား ဟောပြော၏။

ဘုရားကြီးလမ်းခွဲအား လွန်သည်နှင့် လမ်း သည် ကျဉ်း၍သွားသည်။ ယာဉ် ၂ စီး လွတ်ရုံမျှသာ…။ ယာဉ်ကြီးများနှင့် တိုးလျှင် …လမ်း ဘေးသို့ ဘီးတခြမ်း ဆင်းပေးရ၏။ ချိုင့်ခွက်များနှင့် လမ်းသည်
ကြမ်း ၏။ ဝေါ၊ သိမ်ြ ဖူဇရပ်၊ မုပ္ပလင်၊ ကျွန်းတောရွာတို့အား အစဉ်လိုက် ဖြတ်ကျော်ခဲ့၏။ ဖြတ်ခဲ့သည့် နေရာများ၌ လူထုက လမ်းဘေးမှ ထွက်ရပ်၍ ကြိုကြ၏။ လှိုက်လှိုက်လလ
ှဲ …..။

“ဒေါ်အောင်ဆန်း စုကြည် ကျန်းမာပါစေ”

ဒေါ်အောင်ဆန်းစုကြည်က လူထုအား ကားပေါ်မှပင် နှုတ်ဆက်စကားဆိုရ၏။ အချိန်ကမရ….။ ကျိုက်ထို၊ သထုံ၊ ပေါင်၊ မုတ္တမ တို့၌ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ဆက်တိုက်ကျင်းပသွားရန် ရှိ၏။
နံန က်စာကိုမူ သထုံတွင်စားရန် စီစဉ်ထားကြ၏။

ကိုးကား …

- NLD ၏ ဖွဲ့စ ည်းပုံစည်းမျဉ်း ယာယီနှင့် ရည်ရွယ်ချက်များ


- NLD ၏ ထုတ်ပြန်ကြေညာချက် အမှတ် - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြား စာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- မောင်မိုးသူနှင့် ဧရာဝတီမဂ္ဂဇင်း တွေ့ဆုံမေးမြန်းမှု
- ဦးအောင်ကြီးမှ ဒေါ်အောင်ဆန်း စုကြည်ထံသို့  အိတ်ဖွင့်ပေးစာများ
- ဒေါ်အောင်ဆန်းစုကြည် ရေးသည့် ဒါမှ ငါ့သမီး ကဗျာ
- နိုင်ြ မန်မာ၏ ကမ္ဘာ မကြေဘူး သီချင်း
- ဤဆောင်းပါး ဖြစ်မြောက်ရေးအတွက် ကိုယ်ေ တွ့ တွေ့ကြုံခဲ့သည်တို့အား ပြန်လည်ပြောပြပေးကြသည့် လွတ်မြောက်န ယ်မြေရောက် NLD အဖွဲ့ဝ င်များအား ကျေးဇူးတင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၂)

| အင်္ဂါနေ့၊ ဇူလိုင်လ ၂၁ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၁၇ မိန စ် ဆောင်းပါး

(၄၉)

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်ေ န့ …. နံနက်ေ စာစောပင် မော်လမြိုင်မြို့ တောင်လေးလုံး ကျောင်းတိုက်၌ ဒေါ်အောင်ဆန်း စုကြည်နှင့် အဖွဲ့ဝ င်များက အာရုံဆွမ်း ဆက်ကပ်လှူဒါန်း၏။

အရုဏ်ဆွမ်း လှူဒါန်း ပြီး မှ … ကျိုက်မရောသို့ သွားကြ၏။

ကျိုက်မရောနှင့် မော်လမြိုင်ကမဝေး….။

လမ်း ဘေး ဝဲယာတလျှောက်တွင် ထန်းပင်များက စီတန်း ၍ အုပ်အုပ်ဆိုင်းဆိုင်း….။ နှင်းရည်ဆွတ်ဖြန်းထားသဖြင့် ထန်း ရွက်များက စိုအိ၍ နေသည်။ မော်လမြိုင်နှင့် ကျိုက်မ ရောအကြား ရွာဆက်များက
စိတ်၏။ လမ်းတလျှောက်လုံး လူထုက လမ်း ဘေးမှထွက်၍ ဒေါ်အောင်ဆန်း စုကြည်အား ကြိုဆိုကြ၏။ နှုတ်ဆက်ကြ၏။ ထောက်ခံအားပေးကြ၏။

ကျိုက်မရောတွင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ဒေါ်အောင်ဆန်း စုကြည်တို့  မော်လမြိုင်သို့ ပြန်ခဲ့ကြသည်။

မော်လမြိုင်တွင်က NLD ၏ ရုံး ခန်းဖွင့်ပွဲ နှစ်ခုတွင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် တက်ရောက်ပြီး ဆိုင်းဘုတ်တင်ေ ပးရမည်။ ပြီး လျှင် … မဟာမိတ်အဖွဲ့အစည်းများနှင့် တွေ့ဆုံရမည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ် တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသားဟောင်းများအဖွဲ့၊ ဗမာနိုင်ငံလုံး ဆိုင်ရာ
မဟာမိတ်လူငယ်များ အစည်းအရုံး၊ ပြည်သူ့ဒီမိုကရေစီပါတီ ….. ရုံးများသို့ သွားရောက်၍ တွေ့ရ ဆုံမည်။

မော်လမြိုင်သို့ ပြန်ရောက်ပြီး ….. စစ်ကဲကုန်းရပ်ရှိ NLD ရုံး ၌ အဖွဲ့ဝ င်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့၏။ အဖွဲ့ဝင်များက ဦးအောင်ကြီးကိစ္စအား မေးမြန်းကြ၏။ ဒေါ်အောင်ဆန်းစုကြည်က ….

“ဒီကိစ္စနဲ့ ပတ်သက်လို့ လုံးလုံး စိတ်ဓာတ်မကျပါနဲ့။ နောင်လည်း ဒီလို ဥက္ကဋ္ဌမျိုး ကျမတို့ အဖွဲ့ချုပ်မှာ မရှိရအောင်၊ မပေါ်လာရအောင် အားလုံး ကူညီကြပါ။ ကျမတို့ အဖွဲ့ချုပ်မှာ မရှိရအောင်၊
မပေါ်လာရအောင် အားလုံးကူညီကြပါ။ ဒီလို အားလုံးကူညီကြပါလို့ ကျမ ဘာဖြစ်လို့ပြောလဲဆိုတော့ ကျမတို့အဖွဲ့ချုပ်ဟာ ဒီမိုကရေစီနည်းကျကျ ဖွဲ့ထားတဲ့ အဖွဲ့ချုပ်ပါ။ အခုဆိုရ င်
နေရာတော်တော်များများမှာ ရပ်ကွက်ညီလာခံတွေ စတော့မယ်။ ဒီရပ်ကွက်ညီလာခံတွေမှာ ဆိုလို့ရှိရ င် ကိုယ်စားလှယ်တွေ ရွေးထုတ်ရမယ်။ အဲဒီတော့ ရပ်ကွက်ကိုယ်စားလှယ်တွေ ရွေးထုတ်တဲ့
အဆင့်ကစပြီးတော့ ဒီမိုကရေစီ လုပ်ထုံး လုပ်န ည်းကို လေးစားမယ့် သူများကိုသာ ရွေးချယ်ပါ”

မွန်းလွဲ ၂ နာရီခန့်တွင် ဒေါ်အောင်ဆန်း စုကြည်တို့အဖွဲ့သည် မော်လမြိုင်မြို့ပေါ်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရုံး သို့ ရောက်ရှိခဲ့ကြ၏။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင် လူငယ်ရဲဘော်များနှင့်
တွေ့၏။ ဆွေးနွေး၏။ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က …..

“ကျမငယ်ငယ်တုန်းက သင်ခဲ့ရ တဲ့ ကဗျာလေးတပုဒ် ရှိပါတယ်။ ဒီကဗျာကတော့ အင်္ဂလိပ်ဘာသာက ပြန်ထားတဲ့ကဗျာပဲ။ လူငယ်များနဲ့လည်း အင်မ တန်မှ စပ်ဟပ်တယ်လို့ ကျမထင်ပါတယ်”
“ကျွန်ုပ်ကို ယုံသောသူများကြောင့် ဖြောင့်မတ်မ ည်။
ဂရုစိုက်ေ သာသူများကြောင့် သန့်ရှင်းမည်။
ဆောင်ရွက်ရန်များသောကြောင့် ခွန်အားနှင့်ပြည့်မည်။
ပင်ပန်းခံရများသောကြောင့် ရဲရ င့်မည်။
မိတ်ေ ဆွမဲ့သူနှင့် ရန်သူကို မိတ်ဖွဲ့မည်။
ပေးကမ်းကြောင်းမေ့လျက် စွန့်ကြဲေ ပးကမ်းမည်။
ခွန်အားနည်းကြောင်းသိလျက် စိတ်နှိမ့်ချမည်။
ရွှင်လန်းချစ်ခင်မော်ကြည့်လျက် ထူးပင့်မည်” တဲ့ …။

“ပြောတဲ့ကိစ္စအားလုံးဟာ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မ တ် ဖြစ်ရမယ်။ ဒီလိုလုပ်မှပဲ ကိုယ့်အပေါ်မှာ ယုံကြည်တဲ့ သူေ တွရဲ့ ယုံကြည်ချက်ဟာ မပျက်သွားဘူး”
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင် ရဲဘော်များနှင့် ဆွေးနွေးပြီးနောက် …. လူ့ေ ဘာင်သစ် ဒီမိုကရက်တစ် ပါတီရုံး ပေါ်မှပင် ရုံးရှေ့၌ စုရုံးရောက်ရှိေ နကြသည့် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်က
နှုတ်ခွန်းဆက်စ ကားပြော၏။

“ဒီလို ကျမတို့ကို လာပြီးကြိုဆိုတာ အများကြီး ကျေးဇူးတင်ပါတယ်။ ကျမတို့ လူထုနဲ့ တွေ့ဆုံရတယ်ဆိုရင် အမြဲပဲ ဝမ်းသာတယ်။ ဒါကြောင့်မို့လို့ လူထုနဲ့ မတွေ့ဆုံချင်တဲ့ အစိုး ရများကို ကျမတို့
နားမလည်နိုင်ဘူး ။ လူထုကို အားမကိုးတာဟာ အင်မ တန်မှ ဉာဏ်နည်းတဲ့ အစိုးရပဲလို့ ကျမ ထင်တယ်။ ဒီလို ပြည်သူလူထုကို အားကိုးမှ ကျမတို့ တိုးတက်နိုင်မှာပါ။ ကျမ ပြည်သူလူထုကို
အတန်တန်မှာချင်တာကတော့ ညီညွှတ်ကြပါ၊ ညီညွှတ်ကြပါ။ ဇွဲသတ္တိနဲ့ ကိုယ်လိုချင်တာကို ရအောင်ယူကြပါ။ ဒီမိုကရေစီရမလား၊ ရမလားလို့ မေးနေမယ့်အစား ရတဲ့အထိ အားလုံး ဝိုင်း ပြီးတော့
ကူညီမယ်ဆိုတဲ့ ဇွဲနဲ့ ကျမတို့ကို ကူညီကြပါ။ ကျမတို့အနေနဲ့လည်း ပြည်သူလူထုအနောက်ကနေပြီးတော့ ထောက်ပံ့နိုင်တဲ့အခါကျရင် ထောက်ခံသင့်တဲ့နေရာမှာ ထောက်ခံေ ပးမယ်။ ပံ့ပိုးပေးမယ်။
အရှေ့ကနေပြီးတော့ ကာကွယ်သင့်တဲ့နေရာမှာ အရှေ့ကနေပြီးတော့ ကာကွယ်ပေးပါ့မယ်။ ပြည်သူလူထု အင်အားမရှိဘဲနဲ့ေ တာ့ ကျမတို့ ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။ အဲ့ဒီတော့ ကျမတို့ အဖွဲ့ချုပ်ရဲ့
လုပ်င န်း၊ ဒီမိုကရေစီလှုပ်ရှားမှုကြီးကို အောင်ြ မင်စေချင်တယ်ဆိုလို့ရှိရ င် ပြည်သူလူထုအားလုံးကနေပြီးတော့ ထောက်ခံကြပါ။ အားပေးကြပါ။ ကျမတို့က အားကိုးနေရတဲ့ သူတွေပါလို့” …

သောင်းနှင့်ချီသော လူထုကြီးက၊ ဒေါ်အောင်ဆန်းစုကြည်အား သြဘာပေးကြ၏။

“ဒေါ်အောင်ဆန်း စုကြည်…ကျန်းမာပါစေ..”

လူထုကြီးက ဒေါ်အောင်ဆန်း စုကြည်အမည်အား ဟစ်ေ ကြွးရင်း လှိုက်လှိုက်လှဲလှဲ ထောက်ခံေ ကြာင်း ပြသနေကြ၏။

အချိန်ကမရ….။ ရှေ့ဆက်ရမည့် တနေ့တာ အစီအစဉ်များက ရှိေ သး၏။ တိုတိုနှင့်ပင် လူထုအား နှုတ်ခွန်းဆက် ဟောပြောရင်း အဆုံးသတ်လိုက်၏။ ဒေါ်အောင်ဆန်း စုကြည်တို့အဖွဲ့ လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီရုံးမှ ပြန်၍ထွက်ခဲ့ကြသည်။ NLD ရပ်ကွက်ရုံးတရုံး၏ ဆိုင်းဘုတ်တင်ပွဲသို့ သွားကြ၏။ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ပ င် ဆိုင်း ဘုတ်တင်ေ ပးရသည်။
ဆိုင်း ဘုတ်တင်ပွဲပြီးသည့်နောက် …. မော်လမြိုင်မြို့နယ် NLD ရုံးသို့ ချီတက်ကြပြန်သည်။ မော်လမြိုင်မြို့နယ် NLD ရုံးက … မော်လမြိုင်မြို့ အောက်လမ်းမကြီးပေါ်တွင် ရှိသည်။ အချိန်က ညနေ … ၎
နာရီ ကျော်စပြုပြီ။

တနေကုန်မ ရပ်မနား လှုပ်ရှားသွားလာနေခဲ့ရ၏။ မော်လမြိုင်မြို့နယ် NLD ရုံး၌ အဖွဲ့ဝင်များ၊ စည်းရုံးရေးမှူးများနှင့်ေ တွ့၍ တပ်မတော်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည် ဆွေးနွေး၏။

“တပ်မတော်ဆိုတာ ပြည်သူလူထုရဲ့ အစေခံဖြစ်ဖို့ဆိုတာ ဖေဖေ ပြောခဲ့ပါတယ်။ ပြည်သူလူထုဟာ တပ်မ တော်ရဲ့ အစေခံမဖြစ်စေရဘူး။ တပ်မတော်ဟာ ပြည်သူလူထုရဲ့ အစေခံဖြစ်ရမယ်ဆိုပြီး တော့
ဒီလိုရည်မှန်းချက်နဲ့ တည်ထောင်ခဲ့တဲ့ တပ်မ တော်ဖြစ်ပါတယ်။ ဖေဖေ့ရည်ရွယ်ချက်အတိုင်း ပြည်သူလူထုတို့ အားကိုးရာ၊ လဲလျောင်းရာ၊ ကိုးကွယ်ရာ တပ်မတော်ကြီး ဖြစ်စေချင်တယ်။

ဒါနဲ့ပ တ်သက်လို့  လွန်ခဲ့တဲ့ တပတ်ေ လာက်တုန်း က မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ဆိုင်း ဘုတ်တင်ပွဲတခုမှာ ပြောခဲ့ပါတယ်”
“စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး ၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား ၊ မကိုးစားလျှင်
ဓားသွားလည်း ကြွေ၊ လှံလည်းခွေအံ့” …. တဲ့။

“အဓိပ္ပာယ်ကတော့ တပ်မတော်တခုဟာ ဘယ်လောက်ပဲ လက်နက်အင်အား ကောင်းကောင်း၊ ပြည်သူလူထုရဲ့ ထောက်ခံမှုမ ရှိရင် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်တခု မဖြစ်နိုင်ဘူး။ သူတို့ရဲ့
ဓားသွားများဟာလည်း ထက်သင့်သလောက် မထက်နိုင်ဘူး။ လှံများဟာလည်း စွမ်း သင့်သလောက် မစွမ်းနိုင်ဘူး။ တပ်မ တော်ရဲ့ အင်အားဟာ စွမ်းရည်ရှိဖို့ဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံမှု လိုပါတယ်။
ကျမတို့ကလည်း ဒီလိုတပ်မ တော်ကြီး ဖြစ်စေချင်ပါတယ်။ အခုဆိုလို့ရှိရင် ဘယ်ပဲသွားသွား ဆောင်ပုဒ်ကလေးတွေ မြင်ရတယ်။ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်း လုံးမည်တဲ့။ ကျမကလည်း
မေးလိုက်ချင်ပါတယ်။ ဘယ်သူတွေက ခွဲနေလို့လဲ။ ကျမတို့ေ တာ့ ကွဲစေချင်တဲ့စိတ် လုံးလုံး မရှိပါဘူး…”

ဆွေးနွေးပွဲက …. နေညိုမှပင် ပြီး ပြတ်တော့၏။ ရုံးပေါ်မှကြည့်လျှင် သံလွင်မြစ်ပြင်အား မြင်ရ၏။ သံလွင်က နီညိုညို …. ညိုညစ်ည စ်။ သံလွင်သည် မိုင်ထောင်ချီခရီးအား နှင်ေ လရင်း …..
မုတ္တမ ပင်လယ်ဝသို့ ဆိုက်ရောက်၏။ မြစ်တို့က …. အဆုံး၌ ပင်လယ်အတွင်း သို့သာ ဝင်ကြလေ၏။ အချိန်ေ တာ့ ပေးရမည်။ ပြီးလျှင် ….. “အား” လို၏။ “ဇွဲမာန်” တို့ လို၏။ မြစ်လယ်မှ
ခေါင်းဆေးကျွန်းငယ်သည် … မှောင်ရည်ယှက်သန်းမှုအောက်၌ တဖြည်းဖြည်း ဝါး၍ဝါး၍ ….၊ အမြင်တွင် ကွယ်ပျောက်လုလု ….။

ပြန်ကြားရေးအဖွဲ့ဝင်တဦးက ဒေါ်အောင်ဆန်း စုကြည်အား ဒီနေ့ထုတ် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာအား ပြ၏။ ရှေ့မျက်နှာဖုံးတွင်က စာလုံးမည်းကြီးနှင့် မနေ့က ရန်ကုန်သို့
အလည်အပတ်ေ ရာက်ခဲ့သည့် ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗလစ် ယောင်ချာယွတ်၏ သတင်းအား ဖော်ပြထား၏။

ချာဗလစ်က အာဏာသိမ်း စစ်အုပ်စုနှင့် ပထမဦးဆုံး လာပြီး လက်ဆဲန


ွှုတ်ဆက်သည့် နိုင်ငံတကာမှ ခေါင်းဆောင်တဦး….။ ဗိုလ်ချုပ်ကြီး ချာဗလစ်က ဗိုလ်ချုပ်မှူးကြီးစောမောင်အား အလေးပြုနေသည့်
ဓာတ်ပုံကို ရှေ့မျက်နှာဖုံးတွင်ပင် ခြောက်ေ က်ာလံအပြည့် ဖော်ပြထား၏။

ဗိုလ်ချုပ်ကြီး ချာဗလစ်အား အာဏာသိမ်းစစ်အုပ်စုက ကာကွယ်ရေးဝန်ကြီးဌာန၊ ဒဂုံရိပ်သာတွင် ဧည့်ခံ၍ တွေ့ဆုံကြသည်။ ဗိုလ်ချုပ်ကြီး ချာဗလစ်က …..

“လေးစားအပ်သော အကိုကြီးခင်ဗျား …. ပထဆုံးအနေနဲ့ နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံေ တာ် ဝန်ကြီးချုပ်လို့ ခေါ်ရမလား၊ ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးလို့ ခေါ်ဆိုရမလားဆိုတာ
ကျနော် မသိပါဘူး ။ ဒါပေမဲ့ ကျနော့်ကို ရင်းနှီးတဲ့အနေနဲ့ ညီငယ်လို့ ခေါ်စေချင်ပါတယ်။ အကိုကြီးနှင့်တကွ မြန်မာညီအကိုများ အားလုံးဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေးနှင့်
တိုးတက်ဖွံ့ဖြိုးရေးအတွက် အစွမ်းကုန် အလုပ်လုပ်နေကြပါတယ်။ ကျနော်တို့ကို အခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး ပျုပျူငှာငှာ ဧည့်ဝ တ်ပြုတဲ့အတွက် အကိုကြီးနဲ့ ညီအကိုများကို
ကျေးဇူးတင်ခွင့်ပြုပါခင်ဗျာ။ ထိုင်း-မြန်မာနယ်စပ်မှာ ကျောင်းသားများရှိနေတဲ့အတွက် ကျနော်တို့ များစွာ စိုးရိမ်ပူပ န်မိပါတယ်။ ကျောင်းသားအားလုံး ပြန်လာပြီး အနာဂတ် မြန်မာနိုင်ငံအတွက်
ပညာဆက်လက်သင်ကြားဖို့ဆိုတာကို ကျနော်တို့ ထောက်ခံပါတယ်။ ဒါ့ကြောင့် ကျောင်း သားများ ပြန်လာရေးအတွက် ကျနော်တို့ အစွမ်းကုန်ကြိုးစားပေးပါမယ်။ လေးစားအပ်တဲ့ အကိုကြီးအတွက်
ဆုမွန်ကောင်း တောင်းပေးဖို့ ညီအကိုများ မိတ်ေ ဆွများ လူကြီးလူကောင်းများကို ဖိတ်ခေါ်ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင် သက်တော်ရာကျော် ရှည်ပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ”

ဗိုလ်ချုပ်ကြီး ချာဗလစ်၏ ဘန်ေ ကာက်ပြန် ခရီးတွင်မူ …. ကျွန်း သစ်တန်ချိန် တသိန်းခြောက်သောင်း၊ သစ်မာတန်ချိန် ငါးသိန်း ခုတ်လှဲထုတ်ယူခွင့်နှင့် မြန်မာ့ရေပိုင်န က်အတွင်း နှစ်စ ဉ် ငါးတန်ချိန်
နှစ်သိန်းခွဲ ဖမ်းယူခွင့်တို့ ရရှိသွားခဲ့၏။

(၅ဝ)
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်ေ န့ နံနက်ေ စာစောမှာပင် … ဒေါ်အောင်ဆန်း စုကြည်တို့  မော်လမြိုင်မှ မုဒုံသို့  စည်းရုံးရေးခရီး ဆက်ကြ၏။ ၁၆ ရက်နေ့ ခရီးစဉ်၌ ဖားအောက်၊ ကမာဝက်၊ မုဒုံ၊ သံဖြူဇရပ်၊
ကျုံကဒက်၊ ကျိုက်ခမီတို့၌ ဆွေးနွေးပွဲများ ပြုလုပ်မည်။ လူထုဟောပြောပွဲများ ကျင်း ပမည်။ မော်လမြိုင်မှစ၍ ထွက်ကတည်းက ဒေါ်အောင်ဆန်း စုကြည်သည် ရွှင်ပြ၍နေသည်။ စိတ်အားထက်သန်ေ နမှုက
ဒေါ်အောင်ဆန်းစုကြည်၏ မျက်ဝန်း၌ ပေါ်၍နေသည်။ ဒေါ်အောင်ဆန်းစုကြည် မျက်ဝန်းနှစ်စုံက ကြယ်စ င်များအလား …. အရောင်တဖျက်ဖျက်နှင့် …. လျှပ်ပြတ်တောက်ပ၍နေသည်။

ဤနေ့၊ ဤခရီး၌ မွန်လူမျိုး များ၏ ယဉ်ေ ကျးမှုနယ်ပယ်သို့ ဝင်ရမည်။ မွန်စာပေ၊ မွန်ဘာသာစကား၊ မွန်ယဉ်ကျေးမှုတို့နှင့် ထဲထဲဝင်ဝင် တွေ့ထိဆက်ဆံခွင့်ရမည်။ ဤအတွက်ပင် …. ဖြစ်မ ည်။
ဒေါ်အောင်ဆန်းစုကြည်၏ မျက်ဝန်းက ရွှန်းလဲ့တောက်ပ၍နေခြင်း…..။ ဖားအောက်သို့လွန်ေ သာ် … ယိုးကိုးဘုရားသို့ဝင်၍ ဒေါ်အောင်ဆန်း စုကြည် ဖူးမျှော်ကြည်ညို၏။ မွန်လူထုက ယိုးကိုးဘုရားရင်ပြင်၌
ပြည့်ပြည့်သိပ်သိပ် ….။ ဒေါ်အောင်ဆန်း စုကြည်က … ယိုးကိုးဘုရားရင်ပြင်မှာ ပင် စကားပြော၏။

“မွန်လို အခုမ ပြောနိုင်တာကိုလည်း တောင်းပန်ပါတယ်။ မွန်လိုပြောနိုင်ရင်တော့ ပိုပြီးတော့ ကောင်းမှာ ပေါ့လေ။ ဒါပေမဲ့ အခုေ တာ့ ဗမာလိုပဲ ပြောပါရစေ။ ကျမတို့ စည်းရုံးရေးခရီး ထွက်တယ်ဆို တာ
တတိုင်းပြည်လုံးက ပြည်သူလူထုက ထောက်ခံမှ ဒီမိုကရေစီလှုပ်ရှားမှုဟာ အောင်မြင်နိုင်မ ယ်ဆိုတာ ယုံကြည်လို့၊ ပြည်သူလူထုအပေါင်းက ဒီလှုပ်ရှားမှုကြီးကို ထောက်ခံစေချင်လို့  ကျမတို့ စည်းရုံးရေးခရီး
ထွက်ခဲ့တာပဲ။ တော်ေ တ်ာများများက ဒီမိုကရေစီကို လိုချင်ကြတယ်။ ဒါပေမဲ့ ဒီမိုကရေစီရအောင်လို့  ဘယ်လိုလုပ်ရမယ် ဆိုတာကို မသိကြဘူး။ တကယ်တော့ ဒီမိုကရေစီရအောင်
ဘယ်လိုလုပ်ရ မလဲဆိုတာ ရှင်း ရှင်း လေးပါ။ အားလုံးကနေ ညီညီညွှတ်ညွှတ်နဲ့ မရမနေလုပ်မယ်။

အထူးသဖြင့် ကျေးလက်တောရွာ ပြည်သူလူထုက ကြောက်နေကြတယ်။ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံလို့ရှိရ င် သူတို့အတွက် အန္တရာယ်ရှိမလား ဆိုပြီးတော့ ကြောက်ေ နကြတယ်ဆိုတာ ကျမ
နားလည်ပါတယ်။ အခုချိန်မှာ ကျမတို့ဟာ ကြောက်ဖို့ မလိုတော့ပါဘူး။ ကျမ အမြဲပဲ သတိပေးတယ်။ သတ္တိရှိတယ် ဆိုတာဟာ ကြောက်စိတ်မရှိဘူးလို့ ပြောလိုတာ မဟုတ်ပါဘူး။ ကြောက်စိတ် ရှိလျက်နဲ့
မှန်တာကို လုပ်ရဲတာဟာ သတ္တိပါပဲ။ အဲ့ဒီတော့ ကြောက်ကြောက်နဲ့ပဲ အများအကျိုးအတွက် လုပ်သင့်တဲ့ ကိစ္စများကို လုပ်သွားကြပါ”

ယိုးကိုးရင်ပြင်မှ နံနက် ၉ နာရီကျော်ကျော်ေ လာက်တွင် ခရီးစဉ်အား ဆက်၍ထွက်ကြ၏။ မုဒုံမြို့အား ဖြတ်ကနဲ …. ဖြတ်၍သွား၏။ ဦးတည်ချက်က သံဖြူဇရပ်၊ ကျိုက္ခမီ … ပြီးမှ ပြန်လှည့်၍ မုဒုံသို့ ဝင်မည်။
ကမာဝက်ရွာ ဆရာတော်အား သင်္ကန်း၊ ထီး၊ ဖိနပ် …. အစရှိသည့် လှူဖွယ်အစုစုတို့အား လှူမည်။ ဖူးမျှော်မ ည်။
မုဒုံနှင့် သံဖြူဇရပ်အကြား ကားလမ်း က ကြက်ပေါင်စေးခြံများ၏ အလယ်မှဖြတ်၍ ဖောက်ထား၏။ ကြက်ပေါင်စေးပင်များက နှင်းတို့နှင့် စိုစိုလွင်လွင် ….။ ပင်စည်၏ အရင်းအထက်နားမှ ပင်စည်အား
ဝိုက်၍ ရစ်ထားသော အရာနှင့် ရာဘာစေးခံသည့် စဥ့်ခွက်ငယ်ေ လးများအား တွေ့ရ၏။ ရာဘာစေးခြစ်သည့် လုပ်သားတို့က …. ကားလမ်းဘေးသို့ထွက်၍ ဒေါ်အောင်ဆန်းစုကြည်တို့အား
လက်များဝှေ့ယမ်း ၍ နှုတ်ဆက်ကြသည်။ ကြက်ပေါင်စေးခြံများက ပင်ရင်းတွင် ရှင်း၍ပြောင်နေသည်။ ခြုံနွယ်ပိတ်ေ ပါင်း မရှိ…..။ မြက်ခင်းစိမ်းစိမ်းပါးပါးနှင့်…..။

အပင်များက အစိတ်အကျဲ အကွာအဝေးညီပြီး အပင်တန်းတို့က ဖြောင့်တန်း ၍ ညီသည်။ အမြင်ရှုထောင့်အသွင် ပြောင်းသော်လည်း ကြက်ပေါင်းစေးပင်တို့ က ဖြောင့်ဖြောင့်တန်းတန်း စီစီရီရီနှင့်ပင်
တွေ့ရ ၏။

သံဖြူဇရပ်မြို့အဝင်၌ ဟင်္သာအရုပ်ြ ကီးနှင့် မြို့အဝင်ဆိုင်းဘုတ်အား တွေ့ရ ၏။ သံဖြူဇရပ်လူထုက … ဒေါ်အောင်ဆန်း စုကြည်တို့အား လမ်း ဘေးဝဲယာမှ ကြိုဆိုကြ၏၊ နှုတ်ခွန်းဆက်ကြ၏။
ဒေါ်အောင်ဆန်းစုကြည်တို့က ယာဉ်တန်းအား ဖြေးဖြေးမောင်းနှင်ကာ …. ကားပေါ်မှပင် လူထုအား ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်၏။

“စိတ်ချမ်းသာ …ကိုယ်ကျန်းမာစေကြောင်း” ဆုတောင်းပေး၏။


အစီအစဉ်က …. ကျိုက္ခမီသို့  အရင်သွားမည်။ ကျိုက္ခမီက အပြန်တွင်မှ …. သံဖြူဇရပ်အဖွဲ့ချုပ်ရုံးသို့ ဝင်ကြမည်။ ဒေါ်အောင်ဆန်း စုကြည်တို့၏ မော်တော်ယာဉ်တန်း က သံဖြူဇရပ်စစ်သင်္ချိုင်း၏
အရှေ့မှကပ်၍ ဖြတ်ေ မာင်းသွားသည်။ သံဖြူဇရပ်စစ်သင်္ချိုင်းက သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်ရာတွင် ကွယ်လွန်ခဲ့သည့် သူများအား မြှုပ်နှံရာသချိုင်္င်း…..။ ဖက်ဆစ်တို့၏ ပြတိုက် ….။
ရက်စ က်မှု၊ လူသားချင်း စာနာမှုကင်းမဲ့ရာတို့၏ နိမိတ်ပုံ…..။

ကျိုက္ခမီသို့ … နံန က် ၁၁ နာရီမထိုးမီတွင် ရောက်၏။ ကျိုက္ခမီ ရေလယ်ဘုရားသို့ ဦးစွာသွားရောက်၍ ရှိခိုးပူဇော်မည်။ ပြီးလျှင် ….. ကျိုက္ခမီအဖွဲ့ချုပ်ရုံးသို့ သွားမည်။ ထိုမှ ….. ကျုံကဒက်ရွာသို့ ဆက်မည်။

ကျိုက္ခမီေ ရလယ်ဘုရားသို့ ဒေါ်အောင်ဆန်း စုကြည်တို့  သွားရောက်၍ ဖူး မြော်၏။ ရေလယ်ဘုရားတွင် ဒေါ်အောင်ဆန်းစုကြည်က တည်ကြည်လေးနက်စွာနှင့် သစ္စာ ဆို၏။

“မိမိတို့၏ အခွင့်အရေးများ ချောချောမောမောနှင့် အောင်မြင်ပါစေကြောင်း၊ တပည့်ေ တ်ာမ မှန်ကန်ေ သာ သစ္စာ စကားကြောင့်…၊ တပည့်တော်မ ဆောင်ရွက်ေ နသော ဒီမိုကရေစီအခွင့်အရေး
အောင်မြင်ပါစေကြောင်း၊ တပည့်ေ တ်ာမ သစ္စာ ပြုသည့်အတိုင်း တပည့်ေ တ်ာမ ဆောင်ရွက်နေသော ဒီမိုကရေစီအခွင့်အရေး အောင်မြင်ပါစေသား…”

ကိုးကား …

- NLD ၏ ဖွဲ့စ ည်းပုံစည်းမျဉ်း ယာယီနှင့် ရည်ရွယ်ချက်များ


- NLD ၏ ထုတ်ပြန်ကြေညာချက် အမှတ် - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြား စာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- မောင်မိုးသူနှင့် ဧရာဝတီမဂ္ဂဇင်း တွေ့ဆုံမေးမြန်းမှု
- ဦးအောင်ကြီးမှ ဒေါ်အောင်ဆန်း စုကြည်ထံသို့  အိတ်ဖွင့်ပေးစာများ
- ဒေါ်အောင်ဆန်းစုကြည် ရေးသည့် ဒါမှ ငါ့သမီး ကဗျာ
- နိုင်ြ မန်မာ၏ ကမ္ဘာ မကြေဘူး သီချင်း
- ဤဆောင်းပါး ဖြစ်မြောက်ရေးအတွက် ကိုယ်ေ တွ့ တွေ့ကြုံခဲ့သည်တို့အား ပြန်လည်ပြောပြပေးကြသည့် လွတ်မြောက်န ယ်မြေရောက် NLD အဖွဲ့ဝ င်များအား ကျေးဇူးတင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၃)

| ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၀၉ ခုနှစ် ၁၂ နာရီ ၀၂ မိန စ် ဆောင်းပါး

(၅၁)

မွန်ပြည်န ယ် စည်းရုံးရေးခရီးက ဒီဇင်ဘာလ ၁၈ ရက်ေ န့တွင် ပြီး ဆုံးခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ဒီဇင်ဘာလ ၁၈ ရက်ေ န့ည ၇ နာရီခန့်တွင် ရန်ကုန်သို့ ပြန်ရောက်ခဲ့ကြ၏။ ၅ ရက်ကြာ ခရီးစဉ်က
ချောချောမောမောနှင့် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု ဆိုရမည်။

၁၈ ရက်ေ န့အပြန်ခရီး၌ သထုံနှင့် ဘီးလင်းအကြား “ကမာစိုင်” ရွာ လေးအား ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်း ဖြတ်ရာတွင် …. လမ်းလုံခြုံရေးယူထားသည့် ခြေလျင်တပ်ခွဲရုံးမှ
ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်း အဖြတ်တွင် မိုး ပေါ်သို့ထောင်၍ သေနတ်ပစ်ဖောက်သည်တော့ ရှိ၏။ ထားတော့။

ဤမျှသော နှောင့်ယှက်မှုကိုမူ …. စစ်အုပ်စု၏ အုပ်ချုပ်မှုအောက်တွင်က ….. နှောင့်ယှက်မှုဟု ယူဆ၍မရ…..။ ဤအတွက်ပင် …. ဒေါ်အောင်ဆန်း စုကြည်၏ မွန်ပြည်နယ်ခ ရီးစဉ်အား
အောင်မြင်ချောမွေ့စွာနှင့် ပြီးဆုံးခဲ့သည်ဟု ဆိုရခြင်းဖြစ်သည်။ သို့သော် …..
သို့သော်က ….. ဒေါ်အောင်ဆန်း စုကြည်၏ မွန်းခရီးစဉ်ပြီး ဆုံးမှ စသည်။ ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်အတွင်း တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည့် ဒေသခံအဖွဲ့ချုပ် စည်းရုံးရေးမှူးများအား
စစ်အုပ်စုက ခရီးစဉ်ပြီးသည်နှင့် ဖမ်းတော့၏။

၂/၈၈ အား ဖောက်ဖျက်ကျူးလွန်သည်ဟူ၍ ဖမ်းခြင်း ဖြစ်သည်။ စစ်အုပ်စု၏ ၂/၈၈ က ….


“ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ ၅ ယောက်နှင့်အထက်ပို၍ လမ်းများပေါ်တွင် စုဝေးခြင်း၊ လမ်း လျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ အော်ဟစ်ေ ကြွးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊
ရုန်းရင်းဆန်ခတ်ပြုခြင်း၊ မပြုလုပ်ရ …” … ဟူ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်များတွင်က လူထုသည် ထောင်နှင့် သောင်း နှင့်ချီ၍ လမ်းပေါ်သို့ထွက်၍ ဒေါ်အောင်ဆန်းစုကြည်အား
ကြိုဆိုကြ၏။ ၅ ယောက်ထက်တော့ ပို၏။ သို့သော် …. ဆူပူလှုံ့ဆော်လိုသော ရည်ရယ
ွ်ချက်နှင့် မဟုတ် ….။ ရုန်း ရင်းဆန်ခတ်ဖြစ်ခြင်းမျိုးလည်း မရှိ…..။ စည်းကမ်းရှိရှိ ….. သေသေဝပ်ဝပ်နှင့်ပင် ဖြစ်၏။
အော်ဟစ်ေ ကြွးကြော်ခြင်းတော့ ရှိ၏။ “ ဒေါ်အောင်ဆန်းစုကြည် ….ကျန်း မာပါစေ” ဤမျှပင်….။ သို့သော် …. စစ်အုပ်စုက မရ…။ ၂/၈၈ အား ကျူးလွန်ပါသည်ဟူ၍ စွပ်စွဲပြီး …. ဖမ်းတော့၏။

ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်များမှ ရပ်ကျေးနှင့် မြို့နယ်အဆင့်ရှိ အဖွဲ့ချုပ်၏ စည်းရုံးရေးမှူးများအား ဖမ်းခြင်းဖြစ်သည်။ ကျိုက်ထိုမှ …. ဒေါက်တာ အေးဇံ (ယခု ကျိုက်ထိုမြို့နယ်အမှတ် ၂ -
NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦး တိုးကျော် (ကျူရှင်ဆရာ)၊ ဘီးလင်း မှ ဦးတင်အေး (ဗဟိုတရားရုံးရှေ့နေ)၊ ကိုရဲလင်းထွန်း (လူငယ်)၊ ဦးစိုး (ဆန်စ က်ပိုင်ရှင်)၊ ဦးကြီးမင်း (ယခင် မဆလခေတ်
ဘီးလင်း မြို့နယ် လုပ်င န်းစစ်ဆေးရေး ဥက္ကဋ္ဌဟောင်း) တို့ အပါအဝင် စုစုေ ပါင်း ၁၃ ယောက် အဖမ်းခံကြရ၏။ သထုံမြို့ ထောင်ကြီးချုပ်၌ ချုပ်နှောင်ထားပြီး သထုံခရိုင် တရားရုံး၌ တရားစွဲဆို၏။

အဖွဲ့ချုပ်၏ မွန်ပြည်နယ်စ ည်းရုံးရေး ခရီးစဉ်တွင် အဖွဲ့ချုပ်၏ တာဝန်အရှိဆုံးဖြစ်သည့် ဗဟိုခေါင်းဆောင်များ၊ ပြည်နယ်ခေါင်းဆောင်များအား ဖမ်းဆီးခြင်းမပြုဘဲ …. မြို့နယ်နှင့် ရပ်ကျေးအဆင့်
အဖွဲ့ချုပ်စည်းရုံးရေးမှူးများအား ရွေးချယ်၍ ဖမ်းခြင်းက …… စစ်အုပ်စု၏ သေနင်္ဂဗျူဟာသည် ….. “ကျေးလက်ကို အခြေခံ …. မြို့တော်ကို သိမ်း ” ဟူ၍ ဖြစ်သည်ဟု ဆိုရမည်။

(၅၂)

မွန်ပြည်န ယ် စည်းရုံးရေးခရီးမှ ပြန်ရောက်သည်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် မိခ င်ဖြစ်သူ ဒေါ်ခင်ကြည် လဲလျောင်း နေသည့် အိပ်ခ န်းဆီသို့ ဦးစွာသွား၍ မိခ င်ကြီး၏ ဝေဒနာအခြေအနေအား ကြည့်၏။

ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်နှင့် လေသင်တုန်းဖြတ်ထားသည့် ဒဏ်ရာဒဏ်ချက်တို့ကြောင့် ဒေါ်ခင်ကြည်၏ ကိုယ်လက်အဂါင်္အချို့က လှုပ်ရှား၍မရတော့ ….။ အိပ်ယာထက်တွင်ပ င်
လဲလျောင်း၍နေရ၏။

၁၉၈၈ ခုနှစ် ဧပြီလအစတွင် အရေးပေါ်ဆေးရုံသို့  တင်ခဲ့ရပြီးသည်မှစ ၍ ဒေါ်ခင်ကြည်၏ ကျန်းမာရေးက ပြန်၍မကောင်းတော့…။ အိမ်နှင့် ဆေးရုံ ကူးချီသန်းချီနှင့်ပင် ရှင်သန်ေ နခဲ့ရ၏။

ရန်ကုန်ေ ဆာင်း၏ အအေးဒဏ်ေ ကြာင့်လား မသိ ….. ဒေါ်ခင်ြ ကည်၏ ကျန်းမာရေးသည် ပို၍ဆိုးဝါးလာ၏။ မိသားစုဆရာဝန်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ပြီး မိခင်၏ အခြေအနေအား မေးမြန်း၏။
တိုင်ပ င်၏။ အခြေအနေက မရနိုင်တော့….။ သမားတော်ကြီးများက ဒေါ်ခင်ကြည်အား ညင်သာစွာနှင့် ဘဝကူးပြောင်းနိုင်ေ ရးအတွက်ကိုပင် အာရုံစိုက်၍ ပြုစုကုသပေးကြ၏။

ဒေါ်အောင်ဆန်းစုကြည်က ရသမျှ အချိန်များတွင် မိခင်၏ အနား၌နေ၍ မိခင်ကြီးအား ပြုစု၏။ နေ့ …. နေ့ ….။ ည …. ည ….။

တက္ကသိုလ်ရိပ်သာ လမ်းဘက်ဆီမှ ခရစ်စမတ်ဓမ္မတေးသံအား သဲ့သြဲ့ ကားရ၏။ ညသည် တစ္ဆေတကောင်အလား အေးစက်စက်နှင့် ညဥ့်ဦးယံအား ဖြတ်ေ ကျာ်ခဲ့၏။ ဒေါ်အောင်ဆန်း စုကြည်က
ဒေါ်ခင်ကြည်၏ အခန်းရှိ ခန်းစီးလိုက်ကာများအား စေ့စေ့ …. ချလိုက်၏။ မိခ င်ကြီးက အိပ်ယာထက်၌ မိန်းမော၍နေ၏။ ငြိမ်ငြိမ်သက်သက် ….။ တိတ်ဆိတ်သောည ….။ အေးစက်သောည ….။

ဒေါ်အောင်ဆန်းစုကြည်က ….. မိခင်အား ကြည့်ရှုေ စာင့်ရှောက်ရ င်း …. ဒေါ်ခင်ကြည်၏ အခန်းအတွင်း ၌ပင် ကဗျာတပုဒ်အား ရေး၏။

မိခ င်လူမမာ၏အနားတွင် ရေးဖွဲ့သော ကဗျာ….။


ကဗျာက …. မိခင်ဖြစ်သူအား တိုင်တည်၍ သစ္စာ ပြုသော ကဗျာဟု ဆိုရမည်။ ပထမဦးစွာ ကဗျာ၏ ပထမအပိုဒ်အား ဒေါ်အောင်ဆန်း စုကြည် ချု၍ရေး၏။ ခေါင်းစဉ်ကိုမူ မပေးရသေး….။

“မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့၊


သည်းစွာသော အနာအား ကုပါအံ့၊
သမီး ၏ လုံ့လ ဝီရိယဖြင့်
နာလန်ထူပါစေအံ့”

စကားလုံးများက ရှောရှောရှူရှူ …. ကျစ်ကျစ်လျစ်လျစ်နှင့်ပင် ကလောင်ဖျားမှ အံကျလာ၏။ ဒေါ်အောင်ဆန်းစုကြည်မှ ရေး၍ ပြီးသွားသော ကဗျာပိုဒ်အား ပြန်၍ ဖတ်ကြည့်၏။ ပြင်စ ရာမရှိ…။ ဝေါဟာရမှ
အစ …. တို့ထိစ ရာမလို ….။ တခေါက်ပြန်ဖတ်ပြီး … ဒုတိယအပိုဒ်အား ဆက်၍ရေးပြန်သည်။

“မွေးကျေးဇူးကို မသိတတ်သော
ထိုထိုသော သူတို့အား
သိနားလည်အောင်
ဆွဲဆောင်နိုင်စွမ်းကို
သမီး အား ပေးပါလော့”

“တွေ့ရသော ဘေးရန်တို့ကို
သမီး ထီမည်မဟုတ်”

တက္ကသိုလ်ရိပ်သာ လမ်းမဆီမှ မော်တော်ကားသံ ကြားရ၏။ ပြည်လမ်း မဘက်ဆီသို့  မောင်းသွားးသည့် ကားသံဖြစ်မည်။ အသံက TE.11 ၏ အသံ ….။ စစ်သားတို့ ကင်း လှည့်ေ နခြင်း ဖြစ်မည်။

ညမထွက်ရအမိန့်ေ ကြာင့် ….. ရန်ကုန်၏ ညများတွင် လမ်းများပေါ်၌က စစ်သားတို့သည်သာ မင်းမူ၊ စိုးမိုး၍နေကြ၏။

“တ ဘဝ တခါ သေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရမည်ဖြစ်စေ
သမီး ၌ မထူး ခြား”

“သမီး၏ စိတ်ကူးသည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်”

မိခ င်ကြီးဆီမှ လူးလွန့်သံကြားရသဖြင့် ရေးလက်စ ကဗျာအား ရပ်၍ မိခ င်၏ ကုတင်ရှိရာဆီသို့ ဒေါ်အောင်ဆန်း စုကြည် ထ၍သွားသည်။ ပြေလျော့ကျနေသည့် စောင်အား ရင်ဘတ်ပေါ်သို့ ပြန်၍
ဆွဲတင်ေ ပး၏။ စောင်အတွင်းရှိ မိခ င်ကြီး ခြေဖျားများအား ဒေါ်အောင်ဆန်းစုကြည် စမ်းကြည့်၏။

အေးစက်စက် အတွေ့အား ခံစားရ၏။ မိခင်၏ ခြေဖျားများ အေးစက်ေ နသည်ကို ဒေါ်အောင်ဆန်း စုကြည် သဘောမကျ ….။ နွေးနွေးထွေးထွေး ဖြစ်လာစေရန် ဘာလုပ်ပေးရင် ကောင်းမည်နည်း ….။
စဉ်းစားရပြီ။

ပထမ ခြေစွပ်အား ယူ၍ မိခင်၏ ခြေထောက်နှစ်ဖက်အား ခြေစွပ် စွပ်ေ ပးကြည့်၏။ ချက်ချင်း နွေးထွေး၍ မလာသေး။ ရေနွေးအိပ်ကပ်ပေးလျှင် ကောင်းမည်။ ရေနွေးအိတ်ကပ်ေ ပးရန်
ဒေါ်အောင်ဆန်းစုကြည် ပြင်၏။ ရေနွေးအိတ်နှင့် …၊ ခြေစွပ်နှင့် ထားလိုက်တော့ …. ခြေဖျားများ ပြန်နွေးလာသည်။ ဒေါ်ခင်ကြည်က …. အိပ်ယာထက်၌ ပက်လက်အနေအထားနှင့် ငြိမ်သက်စွာ
လဲလျောင်းနေသည်။
အသက်ရှူသည်မှာ ….. ညှင်းညှင်း သွဲ့သွဲ့နှင့် ညင်သာလွန်းလှ၏။ အခန်းသည် တိတ်ဆိတ်နေသည်။ အုပ်ကြွပ်မိုးပေါ်သို့ နှင်း ပေါက်များ ကျသံကိုပင် အခန်းတွင်းမှ ကြားနေရ၏။

ရေးလက်စကဗျာအား ဆက်၍ရေးရန် ဒေါ်အောင်ဆန်းစုကြည် စာရေးစားပွဲတွင် ပြန်ထိုင်သည်။ ရေးပြီးသည့် ကဗျာပုဒ်များအား ပြန်ဖတ်၏။ ပြီး လျှင် … ဆက်ရေးပြန်သည်။

“အခြား၊ အခြားသော သူတို့၏


ရှုတ်ချခြင်း၊ ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း၊ နာမည်ဖျက်ခြင်းကို
သမီး အလျဉ်းဂရုမပြု”

“မိခင်ထံမှ
ဒါမှ ငါ့သမီး ဟူသော
ကျူးရင့်သံကိုသာ တောင့်တပါ”

“လောကတွင်
မိခ င်၏ ကျေးဇူးကို အသိရဆုံး ဖြစ်ရပါလို၏”

ဒေါ်အောင်ဆန်းစုကြည်က … ကဗျာအား အဆုံးသတ်လိုက် ၏။ အစအဆုံး တပိုဒ်ချင်း ပြန်၍ ဖတ်ကြည့်၏။ မကြိုက်သည့် စကားလုံးအား ပြန်၍ပြင်၏။ တခေါက် … နှစ်ေ ခါက် …. ပြန်၍ …. ထပ်၍
ဖတ်ကြည့်၏။ ရပြီ ….။ ကဗျာတော့ ပြီး ပြီ။ ခေါင်းစဉ်အား ဘာပေးမည်နည်း စဉ်းစား၏။ ပြီးလျှင် ….. ကဗျာခေါင်းစဉ်အား ချရေးလိုက်၏။
“ဒါမှ ငါ့သမီး ”

(၅၃)
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်ေ န့တွင် ဒေါ်ခင်ကြည် ကွယ်လွန်၏။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ပင် ကွယ်လွန်ခဲ့၏။ ချက်ချင်းပင် ဒေါ်အောင်ဆန်း စုကြည်၏ မိခင် ဒေါ်ခင်ကြည်
ကွယ်လွန်သည့် သတင်းကား ရန်ကုန်ြ မို့အတွင်း ပျံ့နှံ့သွားသည်။ တောမီးပမာ….။

ပြည်သူချစ်ေ သာ ဗိုလ်ချုပ်၏ ဇနီး ….။ ပြည်သူချစ်သော ဒေါ်အောင်ဆန်းစုကြည်၏ မိခ င် …..။

နာရေးသတင်းကြောင့် ရန်ကုန်လူထုသည် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၏ အပြင်ဘက်တွင် စုရုံး လာကြသည်။ လူထုနှင့် တက္ကသိုလ်ရိပ်သာလမ်း တခုလုံး ပြည့်၍သွားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပထမဦးစွာ စဉ်းစားရသည်က …. မိခင်၏ ရုပ်ကလာပ်အား မည်သည့်ေ နရာတွင် ဂူသွင်းသင်္ဂြိုဟ်မည်နည်း ….။ တိုင်ပ င်သင့်သည့်သူများနှင့် ဤအရေးအား
ဆွေးနွေးတိုင်ပင်၏။ ပြီးလျှင် …. အာဏာသိမ်း စစ်အုပ်စုနှင့်လည်း ညှိနှိုင်းရမည်။ နောက်ဆုံး ….. အားလုံးက ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ခြေတော်ရင်းရှိ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေအ တွင်းရေးမှူး
ဦး သန့်၏ အုတ်ဂူအနီးတွင် ဒေါ်ခင်ကြည်၏ ရုပ်ကလာပ်အား ဂူဗိမာန်ပြုလုပ်၍ ဂူသွင်းသင်္ဂြိုဟ်ရန် သဘောတူကြ၏။

ကိစ္စတစ်ရပ်တော့ပြီးပြီ။

ဒုတိယပြဿနာက မိခင်ကြီး၏ ဈာပနအား ရက်မည်မျှ ထားမည်နည်း….။ ဒေါ်ခင်ကြည်နှင့် ပတ်သက်၍ သားသမီးဟူ၍ သားကြီး ဦးအောင်ဆန်းဦးက အမေရိကန် ပြည်ေ ထာင်စု ကယ်လီးဖိုးနီးယားတွင်
ရှိ၏။ ဦးအောင်ဆန်းဦး လာနိုင်မည့်ရက်အား မေးမြန်းရသည်။ ပြီးလျှင် …. ဗိုလ်ချုပ်ကတော်၏ ဈာပနအား လူထုကလည်း တတ်ရောက်၍ ဂါဝရပြုလိုကြမည်။ ဤအတွက် အချိန်ပေးရန်လိုသည်။
အဖက်ဖ က်က စဉ်းစားပြီးသည့်ေ နာက် …. မိခင်ကြီး၏ ဈာပနအား အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင်ပ င် ပြည်သူလူထုကြီးမှ လာရောက်၍ အသုဘရှု ဂါဝရပြုနိုင်ရ န် ၇ ရက်ထားမည်ဟု
ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်လိုက်သည်။

ပထမဦးစွာ စစ်အုပ်စု၏ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြင့် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့၏။ ဒေါ်ခင်ကြည် ဈာပန
ချောချောမောမော ဖြစ်ရေးအတွက် ညှိနှိုင်းတိုင်ပင်ကြ၏။ အကူအညီများလည်း ပေးသည်။ တပ်မ တော်အရာရှိကြီးများ၊ တပ်မတော်သားများအား လွှတ်ပြီး ဈာပနတွင် ကူညီစေ၏။
ဒေါ်အောင်ဆန်းစုကြည်၏ စိတ်တွင်း၌လည်း …. “ဒီအရေးဟာ အားလုံး လက်တွဲပြီး လုပ်ရမယ့်ကိစ္စ၊ နဝတနဲ့၊ တပ်မ တော်နဲ့၊ အဖွဲ့ချုပ်နဲ့ အခြား ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထုနဲ့ အားလုံး
စုေ ပါင်းပြီး အဆင်ေ ပြအောင် လုပ်ရမယ့်ကိစ္စ ဖြစ်တယ်” ဟူ၍ သဘောပေါက် နားလည်ထား၏။

အချို့ အင်အားစုများက … ဦး သန့်ဈာပနကဲ့သို့ … အလောင်းထမ်း၍ ဆန္ဒပြချင်ကြ၏။ ဤသည်ကိုလည်း ဒေါ်အောင်ဆန်း စုကြည်ကပင် ဖျောင်းဖျောင်းဖျဖျနှင့် ထိန်း ထားခဲ့ရသည်။ ၁၉၈၉ ခုနှစ် ဇန်နဝါရီလ
၁ ရက်နေ့တွင် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်မှူးချုပ်ခင်ညွန့်နှင့် ဗိုလ်ချုပ်ဖုန်း မြင့်တို့ ၃ ဦး လာရောက်ကြ၏။ ဒေါ်ခင်ကြည်၏ ရုပ်ကလာပ်အား ဂါဝရပြု၏။
ဝမ်းနည်းကြောင်း မှတ်တမ်းတွင် လက်မှတ်ေ ရးထိုးကြ၏။

ဒေါ်အောင်ဆန်းစုကြည်က …. အာဏာသိမ်း စစ်ခေါင်းဆောင် ၃ ဦးအား လက်ဖက်ရ ည်ပဲန


ွှင့် တည်းခင်းဧည့်ခံ၏။ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်မှူးချုပ်ခင်ညွန့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး
ဆုံတွေ့မှု ဖြစ်သည်။

လက်ဖက်ရည် သုံးဆောင်ရင်း …. ဒေါ်အောင်ဆန်းစြု ကည်တို့ စကားစမြည်ပြောကြ၏။ ဒေါ်အောင်ဆန်း စုကြည်က …. ဗိုလ်ချုပ်မှူး ကြီးစောမောင်အား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ
ကျင်း ပရန်နှင့် ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ရန်အတွက် စစ်တပ်မှ ကတိပေးထားသည်တို့အား တိုက်တွန်းသတိေ ပးခဲ့၏။

(၅၄)
၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ …..။

ဒေါ်ခင်ကြည်၏ ဈာပနအခမ်းအနားအား စတင်၏။ ဒေါ်ခင်ကြည်၏ ရုပ်ကလာပ်အား အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း မှစ၍ သယ်ဆောင်ကြသည်။ ဂူသွင်းမြှုပ်နှံမည့် ရွှေတိဂုံေ ခြတော်ရင်းဆီသို့ ….။
လွမ်းသူ့ပ န်းခွေများ၊ ဆိုင်းဘုတ်များနှင့် …..။ အဖွဲ့ချုပ်အလံတော်၊ သုံးရောင်ခြယ်အလံ၊ တိုက်ပွဲဝ င် ခွပ်ေ ဒါင်းအလံတို့က လေတွင် ယိမ်းယိမ်းနွဲ့နွဲ့၊ မြင့်မြင့်မားမားနှင့် လွှင့်ထူရ င်း ချီတက်ကြ၏။ လူထုက ၅
သိန်း ခန့် ရှိမည်။ အားလုံးက စည်းကမ်းစနစ်ကျစွာ နှင့် ချီတက်နေကြ၏။ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအား အဖွဲ့ချုပ်မှပင် တာဝန်ယူ၏။ စစ်သားများက အဝေးမှ သေနတ်များ ကိုင်ေ ဆာင်ရ င်း
စောင့်နေကြ၏။
“ကမ္ဘာမကြေဘူး” သီချင်းကို ချီတက်ရင်း သီဆိုကြ၏။
သီချင်းသံက ….. ရန်ကုန်မြို့၏ မြေဝသုန်အား လှုပ်ခါ၍ တုန်ဟီးစေ၏။ တော်လဲသည့်အလား ….။

“ကမ္ဘာမကြေဘူး …. ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ….”


“တော်လှန်ေ ရး … ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော ….”
“သူရဲကောင်းတို့ရေ …. အာဇာနည်တွေ နေတဲ့ တိုင်း ပြည် …..”
“ရဲရဲေ တာက် တို့ဗမာတွေ …..”
“သခင်အောင်ဆန်း….ရာဇဝင်တွေလည်း ရိုင်း ခဲ့ရပြီ အဖရေ့ …..”

ကိုးကား …
- NLD ၏ ဖွဲ့စ ည်းပုံစည်းမျဉ်း ယာယီနှင့် ရည်ရွယ်ချက်များ
- NLD ၏ ထုတ်ပြန်ကြေညာချက် အမှတ် - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြား စာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- မောင်မိုးသူနှင့် ဧရာဝတီမဂ္ဂဇင်း တွေ့ဆုံမေးမြန်းမှု
- ဦးအောင်ကြီးမှ ဒေါ်အောင်ဆန်း စုကြည်ထံသို့  အိတ်ဖွင့်ပေးစာများ
- ဒေါ်အောင်ဆန်းစုကြည် ရေးသည့် ဒါမှ ငါ့သမီး ကဗျာ
- နိုင်ြ မန်မာ၏ ကမ္ဘာ မကြေဘူး သီချင်း
- ဤဆောင်းပါး ဖြစ်မြောက်ရေးအတွက် ကိုယ်ေ တွ့ တွေ့ကြုံခဲ့သည်တို့အား ပြန်လည်ပြောပြပေးကြသည့် လွတ်မြောက်န ယ်မြေရောက် NLD အဖွဲ့ဝ င်များအား ကျေးဇူးတင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၄)

| ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၀၉ ခုနှစ် ၂၃ နာရီ ၃၈ မိန စ် ဆောင်းပါး

(၅၅)
မိခ င်ကြီး၏ ဈာပနကိစ္စပြီးမြောက်၍ ၁၂ ရက်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်အား စတင်ရပြန်သည်။ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် အနောက်ဖက်ခြမ်းဆီသို့ ….။
ထိုစဉ်က …. စစ်အုပ်စုအတွင်း `ဗိုလ်ကျော်ဘ၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်မြင့်အောင်´ စသည့် တိုင်းမှူး ၃ ယောက်တို့ `ဓား´ထက်ေ နသည့်ကာလ …..။ ဗိုလ်မြင့်အောင်က …. ဧရာဝတီတိုင်း ၏ တိုင်းမှူး …..။
ဗိုလ်ထွန်းကြည်က … မန္တလေးတိုင်း ၊ ဗိုလ်ကျော်ဘက ကချင်ပြည်နယ်၊ အနောက်မြောက်တိုင်း ၏ တိုင်း မှူး….။

`အောင်၊ ဘ၊ ကြည်´ ဂိုဏ်းက နဝတ ၏ ထိပ်ပိုင်းခေါင်းဆောင်များကိုပင် …. `ထီ´ထင်ြ ကသည့်သူများ မဟုတ်….။ တနယ်တမင်းဆန်နိုင်ရန် ၃ ယောက်ေ ပါင်းပြီး လုံ့လထုတ်နေကြသည့်ကာလ….။

ဧရာဝတီတိုင်း ၊ မြစ်ဝကျွန်းပေါ် အနောက်ဘက်ခြမ်းသို့ ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် စတင်၍ ခရီးထွက်နိုင်ရန် ဒေါ်အောင်ဆန်း စုကြည်တို့ ပြင်ဆင်ကြ၏။ သွားရမည့်ခရီးက ရေလမ်းခရီး…..။
သင်္ဘောနှင့် သွားကြရမည်။ `မြတ်မေတ္တာ´ သင်္ဘော က ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တလျှောက်လုံးအတွက် တာဝန်ယူ၍ ပို့ဆောင်ပေးမည်။ လုံခြုံရေးအတွက် လူငယ်များပါမည်။ ပြန်ကြားရေးနှင့်
မှတ်တမ်းအဖွဲ့များလည်း ပါကြမည်။ လူကြီးပိုင်းမှမူ …. ဦးကြည်ေ မာင်၊ ဦးဝင်းထိန် (ဗိုလ်ကြီးဟောင်း)တို့ လိုက်ပါကြမည်။ ခရီးစဉ်အား ဒေါက်တာသက်မင်းတို့နှင့် ညှိနှိုင်းကြ၏။ ခရီးစဉ်က …. မအူပင်၊
ကျုံမငေး၊ ဝါးခယ်မ ၊ မြောင်းမြ၊ ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ပြီးလျှင် …. ပုသိမ်သို့ ဒုတိယအကြိမ် ပြန်ဝင်မည်။ ပုသိမ်မှတဆင့် ….. ကျောင်း ကုန်း ၊ အိမ်မဲ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပြော၊ ဟင်္သာတ၊
ဇလွန်၊ မြန်အောင်၊ ကြံခင်း …..။ ကြံခ င်းတွင်ပ င် ဧရာဝတီတိုင်း ခရီးစဉ်အား အဆုံးသတ်ပြီး ပဲခူး တိုင်းမှတဆင့် ရန်ကုန်သို့ ပြန်ဝင်မည်။ ဒေါ်အောင်ဆန်း စုကြည်၏ ဧရာဝတီတိုင်း ခရီးက မြို့နယ် ၁၇
မြို့နယ်နှင့် ကျေးရွာပေါင်း …. ၂၂ ရွာသို့ သွားရောက်မည့် ခရီးဖြစ်သည်။ ဗိုလ်ချုပ်မြင့်အောင်၏ နယ်သို့ သွားရောက်ရမည့်ခရီးက တိုင်း မှူးဗိုလ်ချုပ်ဉာဏ်လင်း၏ မွန်ပြည်နယ်ခ ရီးထက် ပိုမို၍
တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရ မည်ကိုမူ ဒေါ်အောင်ဆန်း စုကြည်တို့ နားလည်ထား၏။ အနှောင့်အယှက်၊ အဟန့်အတားများက မည်မျှအထိ ကြီးမားမည်နည်း….။

စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရ မည့် မြစ်ဝကျွန်းပေါ်ခရီး….။

(၅၆)
၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်။
`မြတ်မေတ္တာ´ သင်္ဘော ဦးက ရေပြင်အား ထိုးခွဲ၍ အရှေ့သို့  ခုတ်မောင်း၏။ လှိုင်း တို့က သင်္ဘောအားခွ၍ ပြန့်ကားခါ ကမ်း နှစ်ဖ က်ဆီသို့  လှိမ့်၍ ….လှိမ့်၍ ကပ်၏။ လှိုင်း နှင့်အတူ ဗေဒါတို့သည်လည်း
မြစ်လယ်မှသည် ကမ်း ခြေဆီသို့ ….။ ဗေဒါပွင့်ပြာရင့်ရင့်တို့က ရေပြင်တွင် နိမ့်လိုက်၊ မြင့်လိုက်နှင့် ….။ သင်္ဘောက တွံတေးတူးမြောင်းအား လွန်၍ မအူပင်မြို့နယ်အတွင်း သို့ ဝင်လာလေပြီ….။ အရှေ့တွင်
…. `ထနီး´ သို့ ရောက်မ ည်။ `ထနီး´က တိုက်နယ်မြို့လေး…..။

မအူပ င် မဝတ မြို့နယ်ေ ကာင်စီက မအူပင်မြို့နယ်အတွင်း ရှိ လူထုအား အမိန့်အမျိုးမျိုး ထုတ်ပြန်၍ ချုပ်ချယ်ထား၏။ ဒေါ်အောင်ဆန်းစုကြည်တို့အား ….. `` မကြိုဆိုရ၊ လက်မပြရ၊ ပန်းစည်းမဆက်ရ၊
လက်ခုပ်မတီးရ၊ အိမ်ခြံဝင်းအတွင်းမှ မထွက်ရ ….´´

မဝတ ၏ အမိန့်များက အမျိုးမျိုး၊ သခင်ကိုယ်တော်မှိုင်း သာ သက်ရှိ၊ ရှိေ နသေးလျှင် …. မည်သို့များ စာချိုးလေမည်နည်း ….. မသိ။

ဒေါ်အောင်ဆန်းစုကြည်တို့၏ သင်္ဘော `ထနီး´ သို့ ရောက်၏။ `ထနီး´လူထုက ပထမတွင် ရွံ့နေသည့်ဟန်ရှိ၏။ ဒေါ်အောင်ဆန်း စုကြည်တို့  `ထနီး´အဖွဲ့ချုပ်ရုံး သို့ သွားသည်။ ရုံးအတွင်း၌ပင်
အဖွဲ့ဝ င်များနှင့် တွေ့၏။ အဖွဲ့ဝ င်များအား အားပေးသည်။ ပြည်သူလူထုအား သတ္တိရှိကြရန် တိုက်တွန်း ၏။ `ထနီး ´အဖွဲ့ချုပ်ရုံးမှ ဒေါ်အောင်ဆန်း စုကြည်တို့ ပြန်ထွက်လာသည့်အခါတွင်မူ
`ထနီး´လူထုသည် အိမ်ခြံဝ န်းအတွင်းမှ လမ်း များပေါ်သို့ ထွက်လာကြ၏။ ဒေါ်အောင်ဆန်း စုကြည်အား ပန်းစည်းများကမ်းကာ ကြိုဆိုကြတော့၏။ အကြောက်တရားစည်းအား ကျော်လွန်နိုင်ခဲ့ကြပြီ။
မတရားသည့် အမိန့်အမျိုးမျိုးအား ဖီဆန်ရဲ၍ လာကြပြီ။ လူထုက ဒေါ်အောင်ဆန်းစြု ကည်တို့နှင့်အတူ ထနီဆိပ်ကမ်းဆီသို့ လိုက်ပါချီတက်၏။ မြတ်ေ မတ္တာ သင်္ဘော ပေါ်မှပင် ဒေါ်အောင်ဆန်းစုကြည်က
`ထနီး´လူထုအား နှုတ်ခွန်းဆက်စကားဆို၏။
``ဖမ်းဆီးတယ်။ အမျိုးမျိုးချုပ်ချယ်တယ်ဆိုတာ ကျမတို့ ကြားရပါတယ်။ ဒီလောက်လုပ်ေ နတဲ့ ကြားထဲက ဒီလောက်အထိ သတ္တိရှိရှိနဲ့ လာပြီးတော့ ကြိုဆိုအားပေးတာ အများကြီး ကျေးဇူးတင်ပါတယ်။
ကျမတို့ စိတ်ထဲမှာ ဧရာဝတီတိုင်း မှာ လူတယောက်ဟာ တခြားတိုင်း တွေမှာ လူတထောင်နဲ့ မျှတယ်လို့ ကျမ ထင်ပါတယ်။ အဲဒီတော့ ဒီလောက်လူများတယ်ဆိုရင် တခြားတိုင်း တွေမှာ သောင်းနဲ့ သိန်း နဲ့
ချီလောက်ကို အဖိုးတန်တယ်လို့ ကျမ စိတ်ထဲမှာ ထားပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အများကြီး ကျေးဇူးတင်ပါတယ်။ အားလည်း အားကိုးပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုဆိုတာ
ပြည်သူလူထုကို အားကိုးပြီးလုပ်ရတဲ့ လှုပ်ရှားမှုပါ´´

`ထနီး´ လူထုက ကမ်း လုံးပြည့်….။ ဒေါ်အောင်ဆန်း စုကြည်၏ နှုတ်ခွန်းဆက် စကားဆုံးသည်နှင့် လူထု၏ လက်ခုပ်သြဘာသံများက `ထနီး ´ကမ်း ပါးမှသည် ဧရာဝတီမြစ်ပြင်အတွင်းသို့
စီး မျော၍သွားတော့သည်။

(၅၇)

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် စည်းရုံးရေးခရီး၏ ပထမနေ့ခရီးစဉ်က ပြီး ပြီ။ စိန်ေ ခ်ါမှုများ၊ ဟန့်တားနှောင့်ယှက်မှုများကမူ ထိပ်တိုက်ေ တွ့သည့်အဆင့်ထိ မဖြစ်ခဲ့သေး။ သံပုရာချောင်း၊ ကျွဲဒုံး၊ ရွှေဒင်္ဂါး၊
ရွှေလောင်းရွာများတွင် အာဏာပိုင်များ၏ ဟန့်တားနှောင့်ယှက်မှုများ မရှိ၍ ချောချောမွေ့မွေ့နှင့်ပင် ပြီးဆုံးခဲ့၏။ မအူပ င်တွင်က မအူပင်အာဏာပိုင်တို့သည် ဒေါ်အောင်ဆန်းစုကြည်တို့  သွားမည့်
လမ်း များအား `လမ်း ပိတ်ထားသည်´ ဟူသည့် ဆိုင်းဘုတ်များကပ်၍ ပိတ်ဆို့ ၏။ လူထုကိုလည်း အမိန့်အမျိုး မျိုးထုတ်၍ လမ်းပေါ်သို့ မထွက်ရန် တားဆီး၏။ မရ….။ လူထုက မတရားသည့်
အမိန့်အာဏာဟူသမျှအား ဖီဆန်၍ လမ်းများပေါ်သို့ ထွက်၏။ ဒေါ်အောင်ဆန်းစုကြည် …. ကျန်းမာပါစေဟူ၍ ကြွေးကြော်ကြ၏။ သောင်းနှင့်ချီသော မအူပ င်လူထုအား မအူပ င်အဖွဲ့ချုပ်ရုံး ရှေ့၌
ဒေါ်အောင်ဆန်းစုကြည်က စကားပြော၏။ မကြောက်တရားဟောရ၏။ ဒေါ်အောင်ဆန်းစုကြည်လူထုနှင့် စကားပြောနေစဉ် အာဏာပိုင်တို့က မိုးပေါ်သို့ ထောင်၍ သေနတ်များ ပစ်ဖောက်ပြီး လူ ထုအား
ခြောက်၏။ လူထုက မကြောက်….။ လူထုက လူစုပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲအား ပြီး ဆုံးသည်အထိ နာယူခဲ့ကြ၏။

ဤမျှဆိုလျှင် ….. ဧရာဝတီခရီးစဉ်အစက ထင်ထားသလောက် မဆိုးသေးဟု ဒေါ်အောင်ဆန်း စုကြည် တွေးထင်ထားလိုက်၏။

(၅၈)
ဒေါ်အောင်ဆန်းစုကြည်တို့၏ ဧရာဝတီတိုင်း ခရီးစဉ် ဒုတိယနေ့ခရီးက ကျုံမငေးသို့ ….။ မြတ်ေ မတ္တာသင်္ဘော ကျုံမငေးဆိပ်ကမ်း သို့ နံန က်စောစောပင် ရောက်၏။ ဆိပ်ကမ်း တွင် ကပ်ခွင့်ရ သော်လည်း
ကမ်း တက်ရန်အတွက် အာဏာပိုင်များနှင့် ညှိရ သည်။ ကမ်းတတ်ခွင့်ပြုရန် အသံချဲ့စက်နှင့် ခွင့်တောင်းရသည်။ မေတ္တာရပ်ခံရ၏။ နောက်ဆုံး ကမ်းတက်ခွင့်ရ၍ ဒေါ်အောင်ဆန်း စုကြည်တို့အားလုံး
မြတ်ေ မတ္တာ သင်္ဘောပေါ်မှ ကျုံမငေးဆိပ်ကမ်း သို့ တက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည်က အရှေ့ဆုံးမှ ….။ အနားတွင်မူ ဦးဝင်းထိန် (ဗိုလ်ကြီးဟောင်း) နှင့် ဦးကြည်ေ မာင် (NLD
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝ င်) တို့ ပါ၏။

ကျုံမငေးကမ်းသို့ရောက်ပြီး ကျုံမငေးမြို့ ဈေးရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းရှေ့သို့ ဒေါ်အောင်ဆန်း စုကြည်တို့အဖွဲ့ ရောက်သည့်အခါတွင်မူ …. တပ်ကြပ်တဦး ဦး ဆောင်သည့်
တပ်စိတ်တစိတ်နှင့် ထိပ်တိုက်တိုး၏။ တပ်စိတ်က လက်နက်အသင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အရှေ့ ….. လမ်းမထက်မှ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့အား သေနတ်နှင့်ချိန်၍ …

`ကျည်ထိုး´
`နောက်ကအဖွဲ့ေ တွ ရပ်ထားဖို့ တောင်းပန်ပါတယ်´
`နောက်ကအဖွဲ့ေ တွ ရပ်ထားဖို့ တောင်းပန်ပါတယ်´
`နောက်ကအဖွဲ့ေ တွ တက်ဖို့အတွက် ကျနော်တို့မှာ အမိန့်ပေးထားတာ မရှိပါဘူး´
`မိမိရဲ့ နေရာဌာနကို ပြန်လည်ချီတက်ဖို့ မေတ္တာရပ်ခံပါတယ်´
`ရှေ့က ချီတတ်လာတဲ့သူ ခဏရပ်ထားပါ´
`ရပ်ထားပါ´
`ရပ်ထားပါ´
`ရပ်ထားဖို့ တောင်းပန်နေပါတယ်´

တပ်ကြပ်က ဒေါ်အောင်ဆန်း စုကြည်တို့အား သေနတ်နှင့်ချိန်ပြီး အမိန့်ပေးနေသည်။ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား သေနတ်နှင့် ချိန်၍ ထိပ်တိုက်တွေ့လာ၏။ ထိပ်တိုက်ရင်ဆိုင်မှုက ….
အမြင့်ဆုံးသို့ ….။ ဒေါ်အောင်ဆန်း စုကြည်က ချိန်ထားသည့် သေနတ်ေ ပြာင်းဝများရှေ့၌ တည်ငြိမ်စွာနှင့်ပ င် တစ်လှမ်းချင်း လှမ်းလျက်….။ စက္ကန့်ငယ်ေ ပါင်းများစွာက …. သမိုင်းရေး၍ နေကြ၏။
``အို …. မြစ်ဝကျွန်းပေါ် တိုက်ပွဲေ ခ်ါလေ။ အရေးတော်ပုံ အောင်ရမည်´´

ကိုးကား ……
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင်မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- NLD ဗဟိုလူငယ်လုပ်င န်းအဖွဲ့ဝင်၊ ဧရာဝတီတိုင်း လူငယ်တာဝန်ခံ ကိုထွန်းအောင်ကျော်နှင့် တွေ့ဆုံမေးမြန်းချက်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၅)

| ကြာသပတေးနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၀၉ ခုနှစ် ၁၃ နာရီ ၄၆ မိနစ် ဆောင်းပါး

(၅၉)

၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်….။


အင်္ဂါနေ့….။

မြောင်းမြမြစ်နှင့် ငဝန်မြစ်တို့၏ဆုံရာ မြစ်ဆုံရှိ၊ ရေပြင်သည် ပင်လယ်ငယ်လေး တခုပ မာအလား….။ အပြောကျယ်၏။ ရေ၏အရောင်က `ရေကြည်ပြာ´ ….။ ပြာလဲ့လဲ့ကောင်းကင်နှင့် ငဝန်မြစ်
ရေကြည်ပြာရောင်အဆင်းက `သမူဟ´ ဖြစ်၍နေသည်။ မြတ်မေတ္တာသင်္ဘောက မြောင်းမြမြစ်အတွင်းမှ အံကျလာပြီး ငဝန်မြစ်အတွင်းသို့ အလိုက်သင့်၊ စီးမျော၍ ဝင်ရောက်သွားပြန်၏။ ရေယာဉ်ကြောက
….. မြောင်းမြမြစ်ယံမှသည် ငဝန်မြစ်ပြင်ဆီသို့ ကူးခဲ့ပြီ။ မြစ်ဆုံမှ ပုသိမ်သို့ ငဝန်မြစ်ကြောင်းခရီးက အဆန်ခ ရီးဖြစ်သော်လည်း ….. ငဝန်သည် ပဉ္စလက်ဆန်စွာနှင့် မှန်သာပြင်ကဲ့သို့ ငြိမ်ေ န၏။
ကန်ေ ရပြင်အလား …..။ ရေစီးရေလာဟူ၍မရှိ….။ ငဝန်မြစ်ရေက `အီ ´၍ နေသည်။ အောက်ေ ရတိုးမည့် ဟန်အား တွေ့ရ ၏။ အနောက်တောင်လေအနှော့တွင် လှိုင်း ကြက်ခွပ်ေ လးများက
သော့၍…သော့၍။ `လတာ´ပြင်ထက်မှ `လမုပ င်´များအား တွေ့ရ၏။ လတာပင်တို့က ညိုညိုမှိုင်း မှိုင်း အုပ်အုပ်ဆိုင်းဆိုင်း….။ ဆပ်သဖူးပင်၊ မဒမပင်၊ ဓနိတော၊ ဗျိုက်တောတို့နှင့် ငဝန်သည် သူ၏
အနားသတ်အား စိမ်း ၍စိုလွင်ေ သာ အသွေးနှင့် လှပစွာ `ကွပ်´ထား၏။

ပင်လယ်ဝမှ တိုးရေကြောင့် မြစ်ရေသည် မြစ်ညာဆီသို့လွန်၍ စီး၏။ ပထမတွင် ညှင်းညှင်း သွဲ့သွဲ့ ….။

မကြာ …. ငဝန်သည် ပြေးလမ်းဝ၌ ဦး မော့ရန် အသင့်ဖြစ်နေသည့် လေယာဉ်တစင်းအလား၊ …… အရှိန်နှင့် စီးတော့၏။ ငဝန်က ဇက်ကြိုးလွှတ်ထားသော မြင်းရိုင်း တကောက်ကဲ့သို့ ကဆုန်ေ ပါက်လေပြီ။
ရေစီးကြောင့် မြတ်မေတ္တာသည် သွက်လက်စွာ နှင့် ပုသိမ်သို့ အသော့နှင်လေပြီ။

မြောင်းမြမှ မထွက်ခွာမီကတည်းက …. ပုသိမ်၏ အခြေအနေများအား ဒေါ်အောင်ဆန်း စုကြည်တို့ ကြားသိထားခဲ့ပြီး ဖြစ်သည်။ ပုသိမ်အခြေအနေက မကောင်း….။ ကျုံမငေးထက်ဆိုးသည့်
အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရ နိုင်သည်။

ဧရာဝတီတိုင်း (တ.ဝ.တ) ဥက္ကဋ္ဌ၊ တိုင်း မှူး ဗိုလ်မှူးချုပ်မြင့်အောင်က ပုသိမ်မြို့အား `နေ့မထွက်ရ ၊ အမိန့်´ ထုတ်ပြန်ထား၏။ အမိန့်က …. `နေဝင်မီး ငြိမ်း´ အမိန့်မဟုတ်….။ `နေထွက် မီး ငြိမ်း ´ အမိန့်။
ရယ်စ ရာလည်း ကောင်း၏။ လုပ်ချင်ရာ လုပ်ေ နကြသည့် ခေတ်ကြီး….။ ပုသိမ်ရှိေ ဈးများအား ပိတ်စေ၏။ ရေယာဉ်များ၊ မော်တော်ယာဉ်များအား သွားလာမှု မပြုရဟူ၍ အမိန့်ထုတ်၏။
စာသင်ကျောင်းများကမူ ၁၉၈၈ ခုနှစ်ကတည်းက ပိတ်ထားခြင်းဖြစ်၍ ထပ်၍ပိတ်ရန် အမိန့်ထုတ်စရာမလို….။ သို့သော် … ကျောင်းဆရာ၊ ဆရာမများနှင့် အစိုး ရဝန်ထမ်း များကိုမူ အစည်းဝေးဟုဆိုပြီး
ခန်းမအတွင်း၌ စုရုံး ထား၏။ ဝန်ထမ်းများအား ခန်းမအတွင်းခေါ်၍ အကျယ်ချုပ် ချုပ်ထားသည်ကဲ့သို့  ….။

ပုသိမ်အား ရှင်းထားခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့ ပုသိမ်သို့ရောက်လျှင် … လူထုမရှိစေရန် လူထုနှင့် မထိတွေ့နိုင်စေရန် တိုင်း မှူးက ရွှေဉာဏ်တော်စူးထားခြင်းဖြစ်၏။

ပြီးလျှင် …. ဒေါ်အောင်ဆန်း စုကြည်တို့၏ သင်္ဘောပုသိမ်ဆိပ်ကမ်း တွင် ဆိုက်ကပ်ပါကလည်း ….. ကမ်းပေါ်သို့ မတတ်ရောက်နိုင်ရ န် ဆိပ်ခံဘောတံတားများအား ပြုပြင်ရန်ဟူ၍ အကြောင်းပြပြီး
ဆိပ်ခံတံတားအခင်း ပျဉ်များအား ခွာထားကြပြန်သည်။

ထိုမျှ နှောင့်ယှက်ဟန့်တားသည့် အစီအစဉ်နှင့် တိုင်း မှူးမြင့်အောင်က မကျေနပ်သေး….။ လက်ဖြောင့်တပ်သားများကိုလည်း အသံတိတ် မောင်းပြန်ရိုင်ဖယ်များ တပ်ဆင်ပြီး (တ.ဝ.တ) ရုံး နှင့်
အရေးကြီးသည့် နေရာများတွင် လျှို့ဝှက်၍ နေရာချထားသေး၏။ ပုသိမ်မြို့၏ လမ်း များကိုလည်း သံဆူးကြိုးခွေများနှင့် ပိတ်ထား၏။ လက်နက်ကိုင် စစ်သားများ တင်ေ ဆာင်ထားသည့် စစ်ကားများ၊
အပေါ့စားတင့်ကားများ၊ အသံချဲ့စက် တင်ဆောင်ထားသည့် ကားများသည်သာ ပုသိမ်၏ လမ်း များပေါ်၌ နေရာယူထားကြ၏။ မြို့က ရှင်း၍ … တစပြင်အလား…..။ လူထုသည် `ငြိမ်´နေ၏။ ငြိမ်သက်မှုက
…. ကြောက်ရွံ့၍ ငြိမ်ဝ ပ်နေခြင်းမျိုးက မဟုတ်….။ မုန်တိုင်းမထန်မီ …. ငြိမ်သက်မှုမျိုး…..။

`မြတ်မေတ္တာ´သည် ဤရေစီး၊ ဤမောင်းနှင်အားနှင့်ဆိုလျှင် …. နောက်ထပ် ၂ နာရီအတွင်း ပုသိမ်သို့ ရောက်မ ည်။ ပုသိမ်အဝင်အထွက် ပြင်ဆင်ညှိနှိုင်းစရာများအား ဒေါ်အောင်ဆန်းစုကြည်သည်
ဦး ကြည်မောင်၊ ဦးဝင်းထိန်တို့နှင့် ဆွေးနွေး၏။ လူငယ်များကိုလည်း ရှင်းပြ၏။

ပထမ အရေးကြီးဆုံးအချက်က …. ပုသိမ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ခွင့်ရပြီး ပုသိမ်ဆိပ်ကမ်းပေါ်သို့ တက်ခွင့်ရရေး….။ ပုသိမ်အာဏာပိုင်တို့က အစရှာ၍မရအောင် မိမိတို့ဘက်မှ စည်း ကမ်းရှိဖို့
တည်ငြိမ်မှုရှိဖို့ လိုမည်။

အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ရ နိုင်မ ည်။ အကြမ်းဖက်မှုအား အကြမ်း ဖက်မှုနှင့် ပြန်၍ မတုံ့ပြန်မိရန် အားလုံးက ထိန်းသိမ်းကြရမည်။ ပုသိမ်မြို့အဝင် နံန က်က မည်သို့စိန်ေ ခ်ါမှုများနှင့် ရင်ဆိုင်ရမည်နည်း
….။ မသိနိုင်သေး….။ လူငယ်များက `ကမ္ဘာမကြေဘူး´ သီချင်းအား သံပြိုင်သီဆိုရင်း …. သတ္တိမွေးနေကြ၏။

``တော်လှန်ရေး…..ငါတို့သွေးနဲ့
ရေးခဲ့ကြတဲ့ မော်ကွန်းတွေ …..
ကမ္ဘာ မကြေဘူး …..´´

(၆၀)

``ဧရာဝတီ….
အောင်စည်ဆော်ေ လာ့
ပြည်တော်ဝ င်ခန်း ရောက်ချေပြီ ….´´
`မြတ်မေတ္တာ´က နံန က် ၁၁းဝဝ နာရီခန့်တွင် ပုသိမ်သို့ ဆိုက်၏။ ပုသိမ်မြို့ …. ကိုယ့်မင်းကိုယ်ချင်း တံတားတွင် `မြတ်မေတ္တာ´ အား ဆိုက်ကပ်ခဲ့၏။ ပုသိမ်ကမ်းပေါ်သို့ တက်ရေးက
အနှောင့်အယှက်မရှိ။ ဒေါ်အောင်ဆန်း စုကြည်တို့ အားလုံး ပုသိမ်ဆိပ်ကမ်း ပေါ်သို့ တက်ခဲ့ကြ၏။ ပုသိမ်လမ်းများအား ရှင်းထားသည့် ကြားမှပင် ပုသိမ်လူထုသည် ဒေါ်အောင်ဆန်း စုကြည်တို့အား ထွက်၍
ကြိုဆိုကြ၏။ မကြောက်မရွံ့….။

အာဏာပိုင်တို့ ၏ `နေ့မထွက်ရ … အမိန့်´ က … လူထု၏ ရဲရ င့်မှုအောက်၌ ကြေပျက်၍ သွားလေပြီ။ လမ်းတလျှောက်၌ …. စစ်သားများက လမ်းဘေးဝဲယာ၌ ပစ်ခတ်ရန်အသင့်နှင့် စောင့်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ပုသိမ်မြို့ ရွှေဝါလမ်းသို့အရောက်တွင် ၁၂ နှစ်အရွယ်မျှရှိမည့် ကျောင်းသားလူငယ်နှစ်ဦးက ဒေါ်အောင်ဆန်း စုကြည်တို့အား လက်ခုပ်တီး၍ ကြိုဆိုသြဘာပေး၏။ မွန်းလွဲ
၁၂း၁၅ နာရီခန့်တွင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်း ၊ တိုင်းရုံးသို့ ရောက်ကြ၏။ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ချုပ်တိုင်း ရုံးသို့ေ ရာက်မှ …. ရွှေဝါလမ်းတွင် လက်ခုပ်တီး သြဘာပေးခဲ့သည့်
လူငယ်ေ လးနှစ်ဦး အား လမ်းမထက်တင
ွ်ပ င် စစ်သားများက ဝိုင်း၍ရိုက်ကြကြောင်း သတင်း အား စိတ်မောစွာနှင့်ပ င် ဒေါ်အောင်ဆန်းစုကြည် နားထောင်ရသည်။

ခတ္တအနားယူပြီး သည်နှင့် အဖွဲ့ချုပ်တိုင်းရုံးတွင်ပင် အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ပြီး စကားပြော၏။

``အမျိုးများရဲ့နယ်ကို လာတယ်လို့ ကျမစိတ်ထမ


ှဲာ ထားပါတယ်။ တောင်တင
ွ်းကြီး၊ နတ်မောက်၊ ရေနံချောင်းဟာ ဖေဖေ့နယ်ဖြစ်သလို ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတဆိုတာ မေမေ့ရဲ့ နယ်ဖြစ်ပါတယ်။
ဖိုး ဖိုးကဆိုရင် ဟင်္သာတက လာတယ်။ ဒါပေမဲ့ မြောင်းမြမှာ နေသွားတယ်။ ကျမအဖွားများရဲ့ အမျိုးများဟာ ပုသိမ်က ဖြစ်ပါတယ်။ ပုသိမ်၊ မြောင်းမြ၊ ဟင်္သတဟာ ကျမတို့ရဲ့ ဆွေမျိုးများနယ်မြေဖြစ်လို့
ကျမ ဒီကိုလာရတာ တခါမှမလာဖူးပေမယ့်လည်း ကိုယ့်အိမ် ပြန်လာရသလိုပဲ ကျမ စိတ်ထဲမှာ ထားပါတယ်။ ဧရာဝတီတိုင်း ခရီးကို လာတဲ့အခါကျတော့ လမ်းတလမ်းလုံးမှာ မြင်ခဲ့ရတာဟာ
အဖွဲ့ချုပ်ဝင်များဟာ ဘယ်လောက်သတ္တိရှိရှိနဲ့ လုပ်ေ နတယ်ဆိုတာ မြင်ခဲ့ရလို့ အများကြီး အားတက်ပါတယ်။ အခက်အခဲရှိတယ်လို့ ပြောပေမယ့် တွေ့ရတာ မျက်နှာတွေကြည့်တော့ ပြုံးပြုံးရွှင်ရွှင်ပဲ၊
ဖမ်းဆီးတဲ့အကြောင်း ပြောရင်လည်း ပြုံးပြုံးရွှင်ရွှင်ပဲ။ ဒီလောက်ေ တာင်မှ စိတ်အားတက်ကြွစွာနဲ့ လုပ်ေ နတဲ့ ပြည်သူလူထုကြီးဟာ မုချအောင်မြင်ရမယ်လို့ ကျမယုံကြည်ပါတယ်။ အခု ဒီမိုကရေစီလိုချင်တဲ့
စိတ်ဆန္ဒများဟာ မြစ်ကြီးသဖွယ် စီးဆင်း နေပါတယ်။ ဒီမြစ်ရေတွေကို ဘယ်သူမှ တားနိုင်မှ မဟုတ်ပါဘူး။ အဲ့ဒီတော့ ကျမတို့အဖွဲ့ချုပ်ဟာ ဒီမြစ်ရေတွေကို မှန်တဲ့ကန်တဲ့ လမ်းကနေပြီးတော့
သွားနိုင်ေ အာင်လို့ မြစ်ရေတွေဟာ လျှံပြီးတော့ အန္တရာယ်မ ဖြစ်နိုင်အောင်ဆိုတဲ့ တာဝန်တွေ ရှိပါတယ်။

ပြည်သူလူထုရဲ့ အင်မ တန်မှ တတ်ကြွတဲ့ စိတ်ဆန္ဒေ တွကို ထိန်း ထိန်း သိမ်းသိမ်း လုပ်ဖို့လိုပါတယ်။ ဒါကြောင့်မို့လို့  ဒီလှုပ်ရှားမှုထဲမှာ ညီညွှတ်မှုနဲ့ ထပ်တူအရေးကြီးတာကတော့ စည်းကမ်းရှိမှုပဲလို့
အတန်တန် ပြောနေတာဖြစ်ပါတယ်´´
(၆၁)
``နံန က် ၁ဝးဝဝ နာရီမှ ညနေ ၁၆းဝဝ နာရီအတွင်း မည်သူမျှ အိမ်ပြင်မထွက်ရ´´
``မော်တော်ကား၊ ဆိုက်ကား၊ မြင်းလှည်း၊ လှေ၊ သမ္မာ န်၊ မော်တော်၊ သင်္ဘော …. မည်သည့်ယာဉ်မျှ သွားလာခြင်းမပြုရ´´
``၂/၈၈ အား မည်သူမဆို တိတိကျကျ လိုက်နာရမည်´´

ပုံ

မြင့်အောင်
(ဗိုလ်မှူး ချုပ်)
ဥက္ကဋ္ဌ
ဧရာဝတီတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့

ပုသိမ်တွင်က …. တိုင်းမှူးမြင့်အောင်၏ အမိန့်ကြောင့် ယာဉ်အသွားအလာအားလုံး ရပ်ဆိုင်း နေ၏။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်က …. ၁၈ ရက်နေ့တွင် ငပုတော …. ဟိုင်း ကြီးကျွန်းဘက်သို့
သွားရန်ရှိ၏။ သို့သော် ….. မည်သည့်ေ ရယာဉ်မျှ ငှား၍မရ။ အမိန့်ကြောင့် လုပ်ငန်းရှင်များက ကြောက်ကြသည်။ လူလတ်တန်း စား ဓနရှင်ေ ပါက်စတို့၏ ဉာဉ်အတိုင်း မိမိအကျိုးစီးပွားအား
အထိခိုက်မခံရဲကြ။ အကျိုးကိုကြည့်၍ အကြောင်းအား လုပ်၏။ ဤတွင် …. ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရပြီ။ နံပါတ်တစ် …။ ဗိုလ်မှူး ချုပ်မြင့်အောင်အနေနှင့် ပုသိမ်အား မည်မျှ အထိ ဆက်သွယ်ရေး
လမ်း ကြောင်းများ အားလုံးအား ဖြတ်တောက်ထားမည်နည်း ….။ တပတ်လား … တလလား….။

နံပါတ်နှစ်….။ နေ့မထွက်ရဟူသည့် အမိန့်အား ပုသိမ်တွင် မည်မျှ ကြာရှည် ထုတ်ပြန်ထားနိုင်မည်နည်း။ အချိန်ကြာလာသည်နှင့်အမျှ ပြဿနာအရပ်ရပ်၏ အကျိုးတရားသည်
ဗိုလ်မှူးချုပ်မြင့်အောင်ထံသို့သာ စုပြုံ၍ ဝင်လာပေလိမ့်မ ည်။

ဤအတွက် …. ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ စည်းရုံးရေးခရီးစဉ် အစီအစဉ်များ အားလုံးကို ပြောင်းလဲပစ်လိုက်၏။

ဘယ်ဆီမျှ သွား၍မရလျှင် ….. ပုသိမ်မှာပင် အခြေပြုပြီး နေမည်။ ပုသိမ်မှ ခြေလျင်သွား၍ရသည့် ရပ်ကွက်၊ ကျေးရွာ များသို့ သွားမည်။ ပုသိမ်တွင်ပ င် ရက်ရှည်ေ န၍ စည်းရုံးရေးအား ပြုလုပ်မ ည်။
လူထုဘဝအား လေ့လာမည်။ ဤသို့ ဒေါ်အောင်ဆန်း စုကြည် ဆုံးဖြတ်လိုက်၏။

ပြောင်းလဲလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးနည်းဗျူဟာသစ်က တိုင်း မှူးဗိုလ်မှူးချုပ်မြင့်အောင်အား ထိတ်လန့်တုန်လှုပ်သွားစေသည်ဟု ဆိုရမည်။ ချက်ချင်းပင် ဗိုလ်မှူးချုပ်မြင့်အောင်
အေလွ်ာ့ေ ပးရ၏။ ဒေါ်အောင်ဆန်း စုကြည်၏ ဟိုင်းကြီးကျွန်း ခရီးစဉ်အတွက် …… ဗိုလ်မှူးချုပ်မြင့်အောင်သည် မော်တော်တစင်း ရှာပေး၏။ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်တို့အဖွဲ့သည်
မူလအစီအစဉ်အတိုင်းပင် ဧရာဝတီစည်းရုံးရေးခရီးအား ဆက်ကြ၏။
ပုသိမ် …. မှသည် …. ဟိုင်းကြီးသို့ ….။

(၆၂)
ဟိုင်း ကြီးမှအပြန် ဒုတိယမြောက် ပုသိမ်အဝင်ခရီးက မုန်တိုင်း မထန်မီ ငြိမ်သက်သည့် ငြိမ်သက်မှုမျိုးဟု ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အတွင်း၌ ထင်မိ၏။ ပုသိမ်အဝင် မှန်စက်ရုံအနီးတွင်
ပုသိမ်ရေတပ်ဌာနချုပ်မှ စစ်ရေယာဉ်နှစ်စီးအား တွေ့ရ၏။ ပြီးလျှင် …. စစ်တပ်စ က်လှေငယ်ေ လးများက ငဝန်မြစ်အတွင်း နေရာအနှံ့၌။ ငဝန်မြစ်ပြင်ထက်တွင်ကား …. ဒေါ်အောင်ဆန်း စုကြည် တို့၏
မော်တော်နှင့် စစ်ရေယာဉ်များသာ ရှိကြ၏။ အခြား မည်သည့်ေ ရယာဉ်မျှမရှိ ….။ ရှင်း နေသည်။ ကမ်းနားတလျှောက်တွင်လည်း လူသူမရှိ။ အရာရာက ရှင်း၍ ငြိမ်သက်နေ၏။ ဒေါ်အောင်ဆန်း စုကြည်တို့၏
ခရီးစဉ်တိုင်း ၌ အမြဲလိုလိုပင် စီစဉ်မှုတခုက ရှိ၏။ မြို့တမြို့ ….. ရွာတရွာသို့ ဆိုက်ရောက်လေသည့် အခါတိုင်း ….. ဒေသခံစည်းရုံးရေးမှူးများက ဆတ်သားအဖြစ် အရင်ဆက်သယ
ွ်လာကြပြီး
ဆိုက်ရောက်မည့် ဒေသ၊ အခြေအနေအား ကြို၍ ရှင်းပြမိတ်ဆက်ပေး၏။ ယခုလည်း ဟိုင်း ကြီးမှအပြန် ပုသိမ်အဝင်တွင် ပုသိမ်၌ ကျန်ရ စ်ခဲ့သည့် အဖွဲ့ချုပ်ရဲဘော်များက စက်လှေငယ်များနှင့် လာရောက်၍
အခြေအနေအား ပြောပြရန် စီစ ဉ်ထားခဲ့ပြီး ဖြစ်သည်။ ယခုမူ …. ပုသိမ်မှ အဖွဲ့ချုပ်ရဲဘော်တို့၏ အရိပ်အယောင်ကိုမျှ မတွေ့ရ …… စစ်သားများနှင့် စက်လှေများကိုသာ ငဝန်အတွင်း တွေ့ေ နရ၏။ တခုခု
….။ တခုခုေ တာ့ ထူးခြားနေပြီဟု ဒေါ်အောင်ဆန်း စုကြည် တွေးထင်မိ၏။

စစ်ရေယာဉ်ကြီး နှစ်စ င်းပေါ်မှ စစ်ချီတေးများအား ဖွင့်လိုက်၏။ စစ်ချီေ တးသံသည်သာ ငဝန်မြစ်ပြင်ဝယ် ညံစီေ န၏။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် အာဏာသိမ်း သည့် နေ့ကဲ့သို့  …..။
ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲ့ဝင်များ အားလုံးအား ပုသိမ်ကမ်းအတက်တွင် ပို၍ သတိထားကြရန် မှာ၏။ ပုသိမ်ကမ်း သို့ ရောက်သည်နှင့် အဖမ်းအဆီး သတင်း များအား ဒေါ်အောင်ဆန်းစုကြည်
ကြားရ၏။ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦး စီးအဖွဲ့ဝ င်၊ ဧရာဝတီတိုင်း စည်းရုံးရေးတာဝန်ခံ ဒေါက်တာသက်မင်းနှင့် စည်းရုံးရေးမှူး ၁၃ ဦး အဖမ်းခံကြရပြီ။

ဒေါ်အောင်ဆန်းစုကြည်တို့ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသသို့ စည်းရုံးရေးခရီးထွက်ခဲ့ကြသည်မှာ ၇ ရက်ရှိပြီ။ ထို ၇ ရက်အတွင်း ဖမ်းဆီးခံခဲ့ကြရသည့် အဖွဲ့ချုပ်အဖွဲ့ဝင်များက ၁၉ ဦး ရှိခဲ့ပြီ။
ဗိုလ်မှူးချုပ်မြင့်အောင်က လက်ရဲဇ က်ရဲ နိုင်လွန်းလှသည်။ ဤသို့ တရားမဲ့ဖမ်းဆီးမှု၊ ဖိနှိပ်မှု၊ ပိတ်ပင်ဟန့်တားမှုများအောက်၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟူသည် မည်သို့မျှ
ဖြစ်ပေါ်မလာနိုင်။ ဤသို့ပင် ဒေါ်အောင်ဆန်းစုကြည် သုံးသပ်မိ၏။ ဧရာဝတီတိုင်း အတွင်း ဖြစ်ရှိနေသည့် အခြေအနေများအား လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေေ ထွ
ရွေးကောက်ပွဲကြီးအား ကျင်းပပေးရန် လုံ့လထုတ်နေကြသည့် `ကော်မီရှင်´ မှ လူကြီးမင်းများ သိရန်လိုမည်။ ဤအတွက် …. ဒေါ်အောင်ဆန်း စုကြည်သည် စည်းရုံးရေးခရီး ၇ ရက်အတွင်း
ကြုံတွေ့ေ နရသည့် ဟန့်တားနှောင့်ယှက်မှုအမျိုးမျိုးအား အဖွဲ့ချုပ်ဗဟိုသို့ သတင်းပို့သည်။ ဗဟိုမှ အတွင်းရေးမှူးအဖွဲ့ဝ င် ဦးဝင်းတင် (ဟံသာဝတီဦး ဝင်းတင်) နှင့် ဦး ချစ်ခိုင် (ယခုကွယ်လန
ွ်၊
ဗိုလ်မှူးကြီးဟောင်း) တို့ ၂ ဦး ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်သို့ သွားရောက်ပြီး ဧရာဝတီတိုင်း၏ အခြေအနေများအား တင်ပြ၏။ မထူးခြား….။ ကော်မီရှင်ကိုယ်တိုင်က
စစ်ဖိန ပ်အောက် ရောက်ေ နရသည့် အခြေအနေ ….။ သေနတ်နှင့် အချိန်ခံထားရသည့်ဘဝ….။

ကိုးကား ……
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင်မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- NLD ဗဟိုလူငယ်လုပ်င န်းအဖွဲ့ဝင်၊ ဧရာဝတီတိုင်း လူငယ်တာဝန်ခံ ကိုထွန်းအောင်ကျော်နှင့် တွေ့ဆုံမေးမြန်းချက်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၆)

| အင်္ဂါနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၂၄ မိန စ်

(၆၃)

မနက်ဖြန်ခရီးစဉ်အတွက် မော်ေ တ်ာယာဉ်များ ရှာ၍ငှားကြရမည်။ မနက်ဖြန်ခရီးက ရေလမ်းခရီးမဟုတ်….။ မော်တော်ကားများနှင့် ကျောင်းကုန်း၊ အိမ်မဲ…. သို့ သွားကြရမည့်ခရီး….။
ပုသိမ်တွင်ရှိသည့်ကားများ အားလုံးအား ဒေါ်အောင်ဆန်းစုကြည်တို့ ငှား၍မရရန် (တ.ဝ.တ)က မော်ေ တ်ာယာဉ်များ အားလုံးအား ချောအဖြစ် ဆွဲထား၏။ မည်သည့်ကားမျှမအား….။ (တ.ဝ.တ)ချော၊
(မ.ဝ.တ)ချော၊ စစ်ဌာနချုပ်ချော….။ ပြဿနာမရှိ…. ကားငှားမရလျှင်လည်း ….. ခရီးစဉ်အား ရပ်နားထားရုံပင်၊ ပုသိမ်တွင်ပ င်နေပြီး ပုသိမ်၌ စည်းရုံးရေး၊ လေ့လာရေးများ ပြုလုပ်မည်။ ဤသို့
ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ရပြန်၏။

ဇန်နဝါရီလ ၂၁ ရက်….။
ပုသိမ်ရှိ ဝေဋုဝန်ကျောင်းတိုက်သို့  နံနက်ေ စာစောပင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ထွက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ ဦးကြည်ေ မာင်၊ ဦးဝင်းထိန်နှင့် လူငယ်များ ပါလာကြ၏။
ပုသိမ်တိုင်းရုံးမှ ထွက်သည်နှင့် လက်နက်ကိုင် စစ်သားများက တား၏။

`ခြေလျင်သော်လည်းကောင်း၊ ယာဉ်တခုခုနှင့်သော်လည်းကောင်း၊ သွားလာခွင့်မ ပြုကြောင်း…. အမိန့်ေ ပးထားသည်´ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ….. `ကျမတို့ဟာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားများ မဟုတ်ပါဘူး၊ လွတ်လပ်တဲ့ နိုင်ငံသားတွေပါ။ လွတ်လပ်တဲ့ နိုင်ငံသားများဟာ လွတ်လပ်တဲ့ နိုင်ငံအတွင်း မှာ …..
လွတ်လပ်စွာ သွားလာပိုင်ခွင့် ရှိပါတယ်´

တားမြစ်နေသည့် လှံစွပ်တပ် သေနတ်များ အကြားမှပင် တည်ငြိမ်အေးဆေးစွာနှင့် ဒေါ်အောင်ဆန်း စုကြည်သည် ဆက်၍လျှောက်သည်။ ဒေါ်အောင်ဆန်းစုကြည်အား သေနတ်ပြခြိမ်း ခြောက်ပြီး
တား၍မရမှန်း သိသည့် အခါတွင်မှ ဗိုလ်မြင့်အောင်သည် လမ်း လျှောက်၍မူ မသွားပါနှင့်…. မော်ေ တ်ာကားနှင့် သွားပါဟူ၍ ချောဆွဲထားသော မော်တော်ယာဉ်အား ထုတ်ပေး၏။ မလွယ်….။

(၆၄)
ဧရာဝတီတိုင်း ခရီးစဉ်တစ်ေ လျှာက်လုံး အဖွဲ့ချုပ်ဗဟိုနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ အဆက်အသွယ်မပြတ်….။ တယ်လီဖုန်းဆက်သွယ်မှုက နေ့စဉ်လိုလိုရှိကြ၏။ ခရီးစဉ်အခြေအနေအား နေ့စဉ်ပ င်
ဗဟိုသို့ အစီရင်ခံ၏။ ဗဟိုမှ ဆက်၍လုပ်ေ ဆာင်သင့်သည်တို့အား ဆောင်ရွက်၏။ ယခုလည်း ရန်ကုန်မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ တယ်လီဖုန်း ဝင်လာသည်။ ခရီးစဉ်အခြေအနေနှင့် ပတ်သက်၍
နိုင်ငံခြားသတင်းဌာနတခုမှ သတင်းထောက်က မေးမြန်းလို၍ဟု ဆိုသည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံခြားသတင်းထောက်တို့ တယ်လီဖုန်း လိုင်းပေါ်မှပင် အင်တာဗျူး၏။

ဒေါ်အောင်ဆန်းစုကြည်…… ``ဧရာဝတီတိုင်းဟာဆိုလို့ရှိရ င် အခု ကျမစည်းရုံးရေးခရီး ထွက်လာကတည်းက အဖွဲ့ချုပ်ဝင်များ၊ စည်းရုံးရေးတာဝန်ခံများ၊ တိုင်း တာဝန်ခံများကို ဖမ်းတာဟာ ၁၉
ယောက်ရှိသွားပါပြီ။ တပတ်အတွင်းမှာ ၁၉ ဦး ဖမ်းလိုက်ပါတယ်။ ဒီ ဖမ်းတဲ့ကိစ္စဟာလည်း ဘာမှ ဥပဒေမဲ့လုပ်ခဲ့လို့ မဟုတ်ဘူး။ ပြည်သူလူထုဘက်က ရပ်တည်ခဲ့လို့။ ဒါမှမ ဟုတ် ပြည်သူလူထု က
ကျမတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့လို့ဆိုပြီးတော့ ဖမ်းတဲ့ကိစ္စေ တွ ဖြစ်ပါတယ်။ ဗိုလ်မှူး ချုပ်မြင့်အောင် လုပ်ေ နတဲ့ပုံနဲ့ ဧရာဝတီတိုင်းမှာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မဖြစ်နိုင်ဘူး။
အဲ့ဒီတော့ နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ေ ရး အစိုးရက တကယ်စစ်မှန်တဲ့ စေတနာနဲ့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်စေချင်တယ်ဆိုလိုရှိရ င် ဗိုလ်မှူးချုပ်မြင့်အောင်
လုပ်ပုံလုပ်န ည်းတွေကို နှာ စေးနေလို့ မဖြစ်ဘူး။ လျစ်လျူရှုေ နလို့ မဖြစ်ဘူး။ အရေးယူသင့်ပါတယ်။

ကျမဟာ လူတယောက်ကို နာမည်တပ်ပြီးတော့ ဒီလိုတိုက်ခိုက်ပြီးတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ ဧရာဝတီတိုင်း မှာ လုပ်ပုံကိုင်ပုံေ တွက တရားလွန်လွန်းလို့ ပြောရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့
နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရဟာ စစ်မှန်တဲ့စေတနာ ပြည်သူလူထုအပေါ်မှာ ရှိတယ်ဆိုရင် ဗိုလ်မှူးချုပ်မြင့်အောင်လို တိုင်းမှူးမျိုးကိုေ တာ့ အရေးယူရမှာပဲ။

ခရီးလမ်း တလျှောက်လုံးမှာ လုံခြုံ ရေး၊ ငြိမ်ဝပ်ပိပြားရေးဆိုတဲ့ ဆင်ေ ခြတွေပြပြီးတော့ ပြည်သူလူထုကို အမျိုးမျိုး ခြိမ်းခြောက်နေတယ်၊ ဟန့်တားနေတယ်ဆိုတာ ကျမတို့ တွေ့ခဲ့ရပါတယ်။ ဒါတွေကို ကျမတို့
လက်မခံနိုင်ပါဘူး။ ကလေးလူင ယ်များက ကျမကို လက်ပြလိုက်လို့၊ လက်ခုပ်တီးလိုက်လို့ ရိုက်တယ်၊ နှက်တယ်ဆိုတာဟာ ငြိမ်ဝပ်ပိပြားရေးနဲ့ ဘာမှမဆိုင်ဘူး ။ လုံခြုံရေးနဲ့လည်း ဘာမှမ ဆိုင်း ဘူး´´

(၆၅)
ပုသိမ်တွင် အာဏာပိုင်များ၏ဖိနှိပ်မှုများက တန့်၍မနေ…. တိုး၍ပင်လာ၏။ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ငဝန်မြစ် အနောက်ဘက်ကမ်းရှိ သင်္ဘော ကျင်းရပ်ကွက် အဖွဲ့ချုပ်ရုံးသို့ ဒေါ်အောင်ဆန်း စုကြည်တို့
သွားရန်ပြင်ဆင်၏။ စက်ေ လှအခက်အခဲေ ကြာင့် ကြန့်ကြာမှုများ ရှိခဲ့၏။ သင်္ဘောကျင်းရပ်ကွက်အဖွဲ့ချုပ်မှ စည်းရုံးရေးမှူးများက ဒေါ်အောင်ဆန်း စုကြည်တို့အား ကြိုဆိုရန် ပြင်ဆင်ေ နကြ၏။ ဤသည်ကို
ရေတပ်မှ စစ်ဗိုလ်တယောက်မှ အဖွဲ့ချုပ်စည်းရုံးရေးမှူးများအား ဆဲဆိုရိုက်နှက်၏။ ဒဏ်ရာအနာတရ ရခဲ့ကြ၏။ ပြီးလျှင် …. စည်းရုံးရေးမှူး နှစ်ဦးကိုလည်း ဖမ်းဆီးသွားပြန်သည်။ ဒီနေ့အထိဆိုလျှ င် …..
မတရားဖမ်းဆီးခံနေရသည့် အဖွဲ့ချုပ် အဖွဲ့ဝ င်ပေါင်းက …. ၃ဝ ကျော်ပြီ။ မည်သို့ လုပ်မ ည်နည်း….။ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရှေ့ဆက်မည့် စည်းရုံးရေးခရီးစဉ်များအား ဖျက်ပြီး ပုသိမ်တွင်ပ င်
ဆက်၍ဖိနှိပ်မှုများ၊ မတရား ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာတို့နှင့် တွေ့ဆုံပြီး ရင်ဆိုင်ေ ဖြရှင်မည်လား…..။
ရန်ကုန်နှင့် တိုင်ပ င်ကြရသည်။
ရခိုင်ပြည်နယ် စည်း ရုံးရေးခရီးစဉ်မှ ဥက္ကဋ္ဌ ဦးတင်ဦးသည် ၂၂ ရက်နေ့တွင် ရန်ကုန်သို့  အရောက်ပြန်ခဲ့မ ည်။ ပြီး လျှင် ….. ၂၅-၂၆ ရက်များထက် နောက်မ ကျစေဘဲ ပုသိမ်သို့ လိုက်လာမည်။ ပုသိမ်တွင်
မတရားဖမ်းဆီးမှုများ၊ ဖိနှိပ်မှုများနှင့်ပတ်သက်၍ ဥက္ကဋ္ဌ ဦး တင်ဦး ကိုယ်တိုင် ဖြေရှင်း မည်။ ဒေါ်အောင်ဆန်း စုကြည်တို့အဖွဲ့က မူလအစီအစဉ်အတိုင်း ဧရာဝတီတိုင်း မြစ်ဝကျွန်း ပေါ် စည်းရုံးရေးခရီးစဉ်အား
ဆက်၍လုပ်ေ ဆာင်ရန် ဟူ၍ ဆုံးဖြတ်ကြ၏။

ဤအတွက် …. ၂၃ ရက်နေ့ မနက်စောစောပင် ဒေါ်အောင်ဆန်း စုကြည်တို့အဖွဲ့  ပုသိမ်မှ ထွက်ကြ၏။ ကျောင်း ကုန်း၊ ထောက်ရှာ၊ အိမ်မဲ၊တံခွန်တိုင်၊ အသုတ်၊ ရေကြည်….။

ရေကြည်အဖွဲ့ချုပ်ရုံး၌ အဖွဲ့ဝ င်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးပွဲက ညသန်း ခေါင်ယံတိုင်သည်အထိ ကြာ၏။ ဆွေးနွေးပွဲသို့ လာရောက်ကြသည့် အဖွဲ့ဝ င်များက ငဝန်မြစ်
အနောက်ဘက်ကမ်းမှ လာခဲ့ကြရသည့်သူများ …. လှေ၊ သဗ္ဗန်များ အားလုံးအား အာဏာပိုင်များက သိမ်းဆည်းထားသည့်အတွက် ရေအိုးအတွင်း အဝတ်အထည်များထည့်ပြီး ငဝန်မြစ်အား ရေအိုးပိုက်၍
ကူးခတ်ကာ လာခဲ့ကြရသည့် အဖွဲ့ချုပ်အဖွဲ့ဝ င်များ ဖြစ်သည်။

``အို
ဧရာဝတီ
ဒို့၏ ဇွဲနှင့်
အောင်စည်ယွန်း ချိန် နီးပြီလော….´´

(၆၆)

၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်….။


ဒီနေ့ခရီးစဉ်က ဒေါ်အောင်ဆန်း စုကြည်၏ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် စည်းရုံးရေးခရီးစဉ်၏ နောက်ဆုံးနေ့ ခရီးဖြစ်သည်။ ဇလွန်၊ မဲဇာလီကုန်း၊ ထူးကြီး၊ ကနောင်၊ မြန်အောင်၊ ကြံခင်း….။ ဧရာဝတီတိုင်း
ကြံခင်းမြို့တွင်ပ င် အဆုံးသတ်ပြီး ပဲခူး တိုင်းမှတဆင့် ရန်ကုန်သို့ ပြန်မည်။

ဇလွန်သို့ နံနက်စောစောပင် ရောက်၏။ ဇလွန်က ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်း ဆိုင်ရာ အချိုးအကွေ့များ ဖြစ်ပေါ်စေခဲ့သည့်မြို့ ….။

လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝ ခန့်က ဒို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းသည်လည်း ပထမ အမျိုး သားလွတ်မြောက်ရေး တိုက်ပွဲအား ဆင်နွှဲရင်း …. လူထုအား စည်းရုံးရန်
ဧရာဝတီတိုင်း ဇလွန်မြို့လေးသို့ ရောက်ခဲ့၏။ လူထုအား ဇလွန်တွင် တရားဟော၏။ သခင်အောင်ဆန်း တရားဟောနေစဉ်…. ရာဇဝတ်အုပ်တယောက် ရောက်လာပြီး သခင်အောင်ဆန်းအား
စာတစောင်ပေး၏။ လူထုကြီးက အံ့သြစွာနှင့် ကြည့်နေကြ၏။ ဘာစာလဲ…. ။ ဘာလဲ….။
သခင်အောင်ဆန်းက မိန့်ခွန်းပြောနေသည်အားရပ်ပြီး စာကို ဖောက်၍ဖတ်ကြည့်၏။ ပြီးလျှင်…. သခင်ေ အာင်ဆန်းက လူထုကြီးအား….

``ဟောဒီမှာ ဟင်္သာတ ရာဇဝတ်ဝန်က စာတစောင်ပေးလာတယ်။ သူ့စာကတော့ …. ချင်းတောင်ကိစ္စကို မဟောရဘူး လို့ ပိတ်ပင်တားမြစ်တာပါပဲ။ ချင်းတောင်ကိစ္စကို ကြားချင်ကြပါသလား´´ ဟူ၍
သခင်အောင်ဆန်းက ဗြိတိသျှအာဏာပိုင် ရာဇဝတ်ဝန်၏ တားမြစ်သည့် မတရားသည့် အမိန့်အား ဖီဆန်ရ င်း … လူထုအားမေး၏။

လူထုက ….
``ကြားချင်ပါတယ်´´
``ကြားချင်ပါတယ်´´
``ကြားချင်ပါတယ်…´´

သခင်အောင်ဆန်းက …. ကြားချင်ရင် ပြောချင်နေတာနဲ့ အတော်ပဲဟုဆိုကာ …. ချင်းတောင်တွင် ဗြိတိသျှ အုပ်စိုး သူတို့၏ ဖိနှိပ်မှုများအား ဟောတော့၏။ သခင်အောင်ဆန်း ဟောပြောပွဲပြီးသည်နှင့်
ဟင်္သာတ ရာဇဝတ်ဝန်က သခင်အောင်ဆန်းအား ပုဒ်မ ၁၂၄ (က) နှင့် အလိုရှိေ ကြာင်း ဝရမ်းထုတ်၏။ ဝရမ်းက …..

``ဟင်္သာတစီရင်စု၊ ဇလွန်မြို့တွင် ၁၉၄ဝ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့ည၊ အစိုး ရ အကြည်ညိုပျက်ေ လာက်အောင် တရားဟောသဖြင့် ရာဇသတ်ပုဒ်မ ၁၂၄ (က) အရ အလိုရှိေ သာ ဗမာနိုင်ငံလုံး ဆိုင်ရာ
တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်း ရေးမှူး မောင်အောင်ဆန်း (ခေါ်) သခင်အောင်ဆန်းအား ဖမ်းဆီးပေးသူကိုဖြစ်စေ၊ ဖမ်းဆီးရမိရန်ကိုဖြစ်စေ၊ ဟသာင်္တမြို့ ရာဇဝတ်ဝ န်မင်းက ဆုတော်ငွေ ၅ိ/-
(ငါးကျပ်တိတိ) ပေးသနားတော်မူလိမ့်မ ည်။´´

သခင်အောင်ဆန်းအား အလိုရှိေ ကြာင်း ကြေညာသည့် ရာဇဝတ်ဝန်က မစ္စတာဇေဗီယာ….။ ထိုနေ့မှစပြီး သခင်အောင်ဆန်း၊ မန်းဘခိုင် (အာဇာနည်ခေါင်းဆောင်ကြီး)၊ မန်းဘဆိုင်တို့၏ အကူအညီနှင့် ….
မြစ်ဝကျွန်းပေါ်တွင်ပ င် မြေအောက်သို့ လျှိုသွားခဲ့၏။ ထိုမှတဆင့် …. ဂျပန်သို့  စွန့်စွန့်စားစား သွားရောက်ရန် အခြေအနေများအထိ ရောက်ခဲ့၏။ ပြီးလျှင် …. ခေတ်မီ မြန်မာ့တပ်မတော်သစ်အား
ထူထောင်နိုင်ခဲ့သည်အထိ …. သခင်အောင်ဆန်း၏ သမိုင်းအချိုး အကွေ့များက ဇလွန်မှ စခဲ့သည်ဟု ဆိုရ မည်။

ဒေါ်အောင်ဆန်းစုကြည်တို့ သခင်အောင်ဆန်း ၁၉၄ဝ ခုနှစ် ဇွန်လ ၁ ရက်နေ့က တရားဟောခဲ့သည့်ေ နရာသို့ သွားရောက်၍ ကြည့်ရှုကြ၏။ ပြီးလျှင် …. ဇလွန်မြို့ ပေါ်၌ အင်္ဂပူဘုရားသို့
သွားရောက်ဖူးမျှော်ကြ၏။ အင်္ဂပူ ဘုရားတန်ဆောင်း နေရာသည်လည်း ၁၉၄၆ ခုနှစ်က နာမည်ကြီး ဇလွန်ညီလာခံကြီးအား ကျင်းပခဲ့သည့် သမိုင်းဝင် အဆောက်အဦး ….။ ဇလွန်က ရာဇဝင်များနှင့်….။
ဒေါ်အောင်ဆန်းစုကြည်တို့ ဇလွန်မှ မဲဇ လီကုန်းသို့ ဆက်ကြပြန်၏။ အာဏာပိုင်တို့၏ အနှောင့်အယှက်များကမူ ကြီးကြီးမားမား ပေါ်မလာသေး….။

မဲဇ လီကုန်း ….။


မဲဇ လီကုန်း က အာဇာနည်ဗိုလ်အောင်ကျော်၏ ဇာတိမြေ…။ ရာဇဝင်ထွန်းပြောင်သည့် သမိုင်း ၏ ထွေးပွေ့မှု အငွေ့အသက်များကြောင့် ဒေါ်အောင်ဆန်း စုကြည်၏ စိတ်အစဉ်၌ ပို၍
တက်ကြွထက်သန်နေသည်ဟု ခံစားရ၏။

မဲဇ လီကုန်း သို့ ရောက်သည်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ ဗိုလ်အောင်ကျော် ကျောက်တိုင်သို့  သွားရောက်၍ အလေးပြုကြ၏။ ဒေါ်အောင်ဆန်း စုကြည်၏ လက်ဝဲဘက်ဘေးတွင်က ဦး ကြည်မောင်….။
ဦး ကြည်မောင်သည် ရဲေ ဘ်ာအောင်ကျော်အား တည်ငြိမ်ေ လးနက်စွာနှင့် ဦးညွှတ်၏။ အလေးပြု၏။ ဦးကြည်ေ မာင်က အာဇာနည် ဗိုလ်အောင်ကျော်၏ ရဲဘော်….ရဲဘက်တဦး ။

လွန်ခဲ့သည့် …. နှစ်ေ ပါင်း ၅၂ နှစ်….။


သမိုင်း၏ အရိပ်က ဦးကြည်ေ မာင်၏ ခန္ဓာနှင့် ရုပ်နာမ်အစုံအား လွှမ်းခြုံထားသကဲ့သို့ …။ တည်ငြိမ်ေ လးနက်စွာနှင့်ပင် ဦးကြည်ေ မာင်သည် အာဇာနည်ဗိုလ်အောင်ကျော်၏ ကျောက်တိုင်အရှေ့၌
မတ်တပ်ရပ်၍ နေသည်။ အတွေးက လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝ အလွန်ဆီသို့ …..။

ထိုစဉ်က ကိုေ အာင်ကျော်နှင့် ကိုကြည်မောင်တို့က ဒုတိယကျောင်းသားသပိတ်၏ သပိတ်ေ မှာက်ေ ကျာင်းသား ခေါင်းဆောင်များ….။ အတွင်းဝန်ရုံး ကြီးအား ဝိုင်း ၍သပိတ်တားကြ၏။ တတ်တတ်ကြွကြွ….၊
ထက်ထက်သန်သန်၊ ရဲရဲဝံ့ဝံ့….။ အောင်မြင်စွာ သပိတ်တားနိုင်ခဲ့ပြီမို့ …. သပိတ်အား ရုတ်ရ န် ပြင်ကြ၏။

ထိုစဉ်ခဏမှာပင် …. အာဏာပိုင်တို့က၊ မြင်းနှင့်တိုက်၏။ နံပါတ်တုတ်များနှင့်ဝင်၍ ကျောင်း သားထုအား ရိုက်၏။ အားလုံးက အပြိုပြိုအလဲလဲ ….။ ကိုအောင်ကျော် အရိုက်ခံရ၏။ ကိုကြည်မောင်လည်း
အရိုက်ခံရ၏။ ကိုကြည်မောင်က ဒဏ်ရာမပြင်းထန်….။ ကိုအောင်ကျော်က ထိုအရိုက်ခံရသည့် ဒဏ်ရာနှင့်ပင် တက္ကသိုလ်များ ဆေးရုံပေါ်၌ ကွယ်လွန်ခဲ့၏။

ဗိုလ်ေ အာင်ကျော်က …. မြန်မာ့လွတ်လပ်ေ ရး သမိုင်းစဉ်တွင် သူ၏သမိုင်းအား အာဇာနည်ပီသစွာ နှင့် ရေးထိုး၍ သွားခဲ့လေပြီ။ ကျန်သူတို့ ကား …. သမိုင်း ခရီးရှည်ကြီးအတွင်း ချီတက်၍
ရေးထိုးနေကြဆဲ….။

``ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်
ကတ္တတရာလမ်းကိုခွာ
ရာဇဝင်အရုပ်အရေးအရ
သုတေသနလုပ်ရင်
ရဲဘော်ရဲ့ နီမြန်းတဲ့ ဇာတ်ရုပ်ကို
တွေ့ရတယ်။

ဗိုလ်အောင်ကျော်ရဲေ ဘာ်
ဒို့တတွေဟာ ဒီနေရာမှာ
စာရွက်တွေ အတူဝေခဲ့ဖူးတယ်။

ဗိုလ်အောင်ကျော်ရဲေ ဘာ်
ဒီနေရာမှာ ဒို့တတွေဟာ
ရဲဘော်ကို အကြိမ်ကြိမ်
ဂုဏ်ပြုခဲ့တယ်။

ပြည်သူချစ်တဲ့ အာဇာနည် အနှစ်ဟာ


ဘယ်ခေတ်မှာ မဆို
နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်´´
(မောင်လေးအောင်)

ကိုးကား ……
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင်မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- ဦးခင်ကျော်ဟန်၏ ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေေ ထွ ရွေးကောက်ပွဲမှတ်တမ်း
- ဒို့ ဗမာအစည်းအရုံး သမိုင်း (ပထမတွဲ၊ ဒုတိယတွဲ )
- နဝတအတွင်း ရေးမှူး (၁) ဗိုလ်မှူး ချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်ေ န့တွင် ပြုလုပ်သည့် သတင်း စာရှင်း လင်းပွဲ
- NLD ဗဟိုလူငယ်လုပ်င န်းအဖွဲ့ဝင်၊ ဧရာဝတီတိုင်း လူငယ်တာဝန်ခံ ကိုထွန်းအောင်ကျော်နှင့် တွေ့ဆုံမေးမြန်းချက်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၇)

| အင်္ဂါနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၀၉ ခုနှစ် ၁၇ နာရီ ၂၀ မိန စ်

(၆၇)

ဒေါ်အောင်ဆန်းစုကြည်တို့ ကြံခင်းသို့ ရောက်သည့်အချိန်၌ ကောင်းကင်သည် ပုဇွန်ဆီရောင်အသွေးမှ ဖျော့၍…ဖျော့၍။

စုတ်ချက်ကြမ်း ကြမ်းနှင့် အလင်းနှင့်အမှောင်အား တို့ထားသည့် မပြီးသေးသည့် ပန်းချီကား တချပ်ပမာ….။

မြန်အောင်သို့ ရောက်ကတည်းက ညနေစာ စားချိန် တိုင်ခဲ့ပြီ။ မြန်အောင်ရှိ အဖွဲ့ဝ င်များက မြန်အောင်တွင်ပ င်၊ ညစာ ထမင်းစားရန်၊ … အိပ်ရ န် ဝိုင်း၍ပြောကြ၏။ တားကြ၏။ သူတို့မြို့၌
ဒေါ်အောင်ဆန်းစုကြည်အား တညတာ အိပ်စ က်နားနေလိုကြသည်။ အစီအစဉ်များက ရှိသေးသဖြင့် … မြန်အောင်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ မအိပ်ဖြစ်….။ ညစာလည်း မစားဖြစ်ခဲ့….။
မြန်အောင်အဖွဲ့ချုပ်ရုံးတွင်ပ င် …. အဖွဲ့ဝင်များနှင့် တွေ့သည်။ လူထုအား စကားပြောသည်။

“ဧရာဝတီတိုင်း စည်းရုံးရေးခရီးတလျှောက်မှာဆိုရ င် အင်မတန်မှ ဆင်း ရဲနေတဲ့ ကျေးလက်တောရွာ ပြည်သူလူထုကို ကျမ တွေ့ခဲ့ရ ပါတယ်။ တချို့တောင်သူလယ်သမားများဟာ စပါးစိုက်ပြီးတော့ ဆန်ကို
ဝအောင်မစားနိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အဲ့ဒီတော့ ကျမတို့ အဖွဲ့ချုပ်ဝင်များဟာ ဒီလိုချို့တဲ့ေ နတဲ့ တောင်သူလယ်သမားများ၊ ကျေးလက်တောရွာ ပြည်သူလူထုများကို ကြည့်ရှုတယ်၊
ကာကွယ်ပေးတယ်၊ ကျွေးမွေးတယ်၊ ကူညီတယ်ဆိုတာ ကြားရလို့ရှိရ င် ကျမ သိပ်ပြီးတော့ ဂုဏ်ယူတာပဲ။ ကျမတို့ကို ထမင်းဆယ်နပ် ကျွေးတာထက် ဒီလို တောင်သူလယ်သမားထဲက၊
ကျေးလက်တောရွာ ပြည်သူလူထုထဲက ချို့တဲ့နေတဲ့ သူတယောက်ကို ထမင်းတနပ် ဝအောင်ကျွေးလိုက်တယ်ဆိုရင်၊ ကျမ ပိုပြီး တော့ ကျေးဇူးတင်တယ်။ ပိုပြီးတော့ ဂုဏ်ယူတယ်။ ပိုပြီးတော့
ဝမ်းသာတယ်။ အဲ့ဒီတော့ ကျမတို့ မြန်အောင်မှာ ရပ်နားပြီးတော့ ထမင်းမစားနိုင်တာကို၊ ည မအိပ်နိုင်တာကို စိတ်ထဲမှာ ဘယ်လိုမှ မရှိပါနဲ့။ ကျမအစား ပြည်သူလူထုကြီးကို ပြုစုပါ။”

ကြံခင်းသို့ရောက်မှ ညစာထမင်း ဒေါ်အောင်ဆန်း စုကြည်တို့ စားကြ၏။ ဒေါ်အောင်ဆန်းစုကြည်က နည်းနည်းပင် စား၏။ လူငယ်များကမူ စိတ်ပန်းလူပန်းသည့် ကြားမှပ င် ခေါင်းမဖော်တမ်း စားနိုင်ကြ၏။
ဦး ကြည်မောင်က အသက်အရွယ်ကြောင့် … အစားအသောက်အား ဆင်ဆင်ခြင်ခြင်နှင့် စား၏။

ဒေါ်အောင်ဆန်းစုကြည်တို့၏ မြစ်ဝကျွန်း ပေါ်ခရီးက ကြံခင်းတွင်ပင် ဆုံး၏။ ၁၁ ရက်ကြာ ခရီးစဉ်အတွင်း အာဏာပိုင်အဆင့်ဆင့်၏ နှောင့်ယှက်ဟန့်တားမှုအမျိုးမျိုးက တရားမဲ့စွာနှင့်….။
ထိပ်တိုက်ရင်ဆိုင်လာသည်တို့က အမြင့်ဆုံးအထိပင် ရင်ဆိုင်လာခဲ့ရသည်။ လှံစွပ်များအကြားမှ ဖြတ်ေ လျှာက်ခဲ့ရ သည့် လမ်း များကလည်း တကြိမ်မ က …။ ယခုေ နာက်ဆုံးနေ့ နောက်ဆုံးခရီးဖြစ်သည့်
ကြံခင်းတွင်လည်း တရားမဲ့ နှောင့်ယှက်မှုတခုခုတော့ လုပ်မှ (မ.ဝ.တ) ပီသလေသည်ဟု ကြံခင်း (မ.ဝ.တ) ဥက္ကဋ္ဌ ဗိုလ်မှူးဖုန်း မြင့်က စွဲထင်ထားလေသည်လားမသိ…။ ဒေါ်အောင်ဆန်း စုကြည်တို့အား
နှောင့်ယှက်ရန် ကြံပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့ စည်းဝေးဆွေးနွေးသည့် ကြံခင်း NLD ရုံးအတွင်းသို့ ဓာတ်ပုံဆရာတဦးအား ကြံခင်း (မ.ဝ.တ) ဥက္ကဋ္ဌ ဗိုလ်မှူး ဖုန်း မြင့်က လွှတ်ပြီး ဓာတ်ပုံရိုက်ခိုင်း၏။ ပြီးလျှင် ….
ဓာတ်ပုံထဲပါသည့်သူများ အားလုံး ဖမ်းမည်ဟုလည်း ဆို၏။ ဒေါ်အောင်ဆန်း စုကြည်က ဓာတ်ပုံဆရာအား ရုံး အတွင်းသို့ အဝင်မခံ …. ဓာတ်ပုံရိုက်ခွင့်လည်း မပြုခဲ့….။ ထိုထိုသော … နှောင့်ယှက်မှု
ကြီးကြီးသေးသေးများအား ရင်ဆိုင်ကျော်လွှားရင်းနှင့် မြစ်ဝကျွန်း ပေါ် စည်းရုံးရေးခရီးက အဆုံးသတ်နိုင်ခဲ့၏။ ဆုံးရှုံး မှုများက ကြီးမားသည်ဟု ဆိုရမည်။ ဧရာဝတီတိုင်း တာဝန်ခံ ဗဟိုဦးစီး အဖွဲ့ဝင်
ဒေါက်တာသက်မင်းအပါအဝင် အဖွဲ့ဝ င် ၃ဝ ကျော် အဖမ်းခံခဲ့ရ ၏။ မလွယ် ….။ ဧရာဝတီတိုင်း ခရီးက မီးပင်လယ်အား ကူးဖြတ်ခဲ့ရ သကဲ့သို့ပင် ….။ ခရီးစဉ်အတွင်း ကျေနပ်အားရဖွယ်ရာများက …
လူထုသည် မကြောက်။ ရဲရဲဝံ့ဝံ့ပင် မတရားမှုများအား အံ့တုကြ၏။

ပြီးလျှင် … ဒေါ်အောင်ဆန်းစြု ကည်အနေနှင့် …. ကျေးလတ်နေ လူထုဘဝအား နီးနီး ကပ်ကပ်၊ ထဲထဲဝင်ဝင် တွေ့ထိသိရှိခွင့် ရခဲ့၏။ ကျေးလက်နေ တောင်သူဦး ကြီးများ …. သူတို့အားလုံးက ဆင်း ဆင်းရဲရဲ
ငတ်င တ်ပြတ်ပြတ်နှင့် ….။ ဒေါ်အောင်ဆန်း စုကြည်၏ စိတ်အတွင်း တစ်ေ လျှာက်လုံးစဉ်းစားမရသည်က … `ဘာလို့ ဒီလောက်တောင် ဆင်း ရဲနေကြရတာလဲ´….။ ဘာကြောင့်နည်း….။ ဧရာဝတီတိုင်း သို့
မလာခဲ့မီက …. မွန်ပြည်န ယ်နှင့် အထက်အညာဒေသများသို့ ဒေါ်အောင်ဆန်း စုကြည် ရောက်ခဲ့ဖူး၏။ ထိုဒေသမှ လူထုသည် ဤမျှ ဆင်း ရဲချို့တဲ့လွန်းသည်ကို မတွေ့ခဲ့၊ မမြင်ခဲ့ရ။ ယခုမူ …. မြစ်ဝကျွန်းပေါ်
လူထုကျမှ ဤမျှအထိ ဆင်းရဲတွင်း နက်လွန်းနေကြရတာလဲ….။ စဉ်းစားမရ…။ အမှန်တွင် …. မြစ်ဝကျွန်းပေါ်သည် စိုက်ပျိုး မြေအကောင်းဆုံး….။ စပါးအထွက်နှုန်း အကောင်းဆုံး …. ဒေသ။ ဤမျှ
စပါးအထွက်ကောင်းသည့် ဒေသမှ လယ်သမားလူထုသည် ဤမျှ ဆင်းရဲင တ်မွတ်ေ နရသည်မှာ ပဟေဠိဆန်လွန်းလှသည့် ပုစ္ဆာ ကဲ့သို့ …. ဖြစ်၍နေသည်။ လယ်သမားက စပါးစိုက်ပြီး ထမင်းကိုမျှ
`ဝ´အောင် မစားနိုင်သည့်ဘဝ….။
ဤကိစ္စအား ဦးကြည်မောင်နှင့်လည်း ဒေါ်အောင်ဆန်း စုကြည် ဆွေးနွေး၍ အဖြေရှာကြ၏။ အဖြေကတော့ …. ရိုးရိုးနှင့် ရှင်းရှင်းပင်….။

(၆၈)

ရန်ကုန်သို့ ပြန်ရောက်သည်နှင့် ဧရာဝတီတိုင်း အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်အား တက္ကသိုလ်ရိပ်သာလမ်း ၌ ဒေါ်အောင်ဆန်း စုကြည် ပြုလုပ်၏။ ထိုစဉ်က NLD
ဌာနချုပ်သည် အနောက်ရွှေဂုံတိုင်လမ်းသို့ မပြောင်းရွှေ့ရသေး….။ တက္ကသိုလ်ရိပ်သာလမ်း တွင်ပင် ရှိသေး၏။ သတင်း စာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှပင်စပြီး အဖွင့်မိတ်ဆက်စကားဆို၏။

``စည်းရုံးရေးခရီးစဉ်မှာ မြင်ခဲ့ရ တာက ဧရာဝတီတိုင်း မှာတော့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မ ယ့် အခြေအနေ မရှိဘူးလို့ ကျမ မြင်ခဲ့ရ ပါတယ်။ ဒီလိုမရှိတာကလည်း
တိုင်း မှူးအနေနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို လွန်လန
ွ်ကျူးကျူး တိုက်ဖျက်နေလို့ပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ တပ်မ တော်ဟာ `ကြား´ နေရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့က ပြောင်း ပြန်ပဲ။
လုပ်ေ နတာက တပ်မ တော်ဟာ ဒီမိုကရေစီ အင်အားစုတွေကို တိုက်ဖျက်ဖို့ သုံးစွဲနေတာ တွေ့ရပါတယ်။ ပြီးတော့ …. တပ်မ တော်နဲ့ ပြည်သူလူထုကြားမှာ ပဋိပက္ခဖြစ်အောင် စိတ်ဝမ်းကွဲအောင် လုပ်နေတဲ့
အသွင်ဆောင်နေပါတယ်´´

``ဒီလိုအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် ဧရာဝတီတိုင်း မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲေ တွ မဖြစ်နိုင်ပါဘူး။ ဧရာဝတီတိုင်းမှာ လွတ်လပ်ြ ပီး တရားမျှတတဲ့ ရွေးကောက်ပွဲေ တွ
ဖြစ်စေချင်တယ်ဆိုရင် ဒီကိစ္စကို အရေးယူသင့်ပါတယ်ဆိုတာ ကျမတို့ `နဝတ´ကို တရားဝင်တင်ပြဖို့ အစီအစဉ် ရှိပါတယ်။ ဧရာဝတီတိုင်း ခရီးနဲ့ ပတ်သက်လို့  သတင်း ထုတ်ပြန်ချက်တွေ ထုတ်ထားတာ
ရှိပါတယ်။ အများလည်း သိပြီး ဖြစ်ပါလိမ့်မယ်။ ထပ်ြ ပီးမေးချင်းတာရှိရင် သိချင်တာတွေရှိရ င် မေးကြပါ။ ကျမ ဖြေဖို့ အဆင်သင့်ပါပဲ။´´

ဒေါ်အောင်ဆန်းစုကြည်မှ မိတ်ဆက် အဖွင့်စကားပြောပြီးနောက် သတင်းစာရှင်း လင်းပွဲပြုလုပ်သည့် ခန်းမငယ်အတွင်း၌ ခေတ္တတိတ်ဆိတ်၍ သွားသည်။ ပြီးလျှင် …. နိုင်ငံခြားသတင်းဌာနတခုမှ
သတင်းထောက်တဦး မှ စ၍ …. မေး၏။

“What is your assessment of the po litical climate at th is point?”

ဒေါ်အောင်ဆန်းစုကြည်မှ ပထမဦးဆုံးသော မေးခွန်း အား ပထမဦးစွာ ပြန်၍ဖြေသည်။

``Political climate ဆိုတာ ဟိုဘက်ဒီဘက် ရှိတယ်။ Political climate ဆိုတာ ပြည်သူလူထုကြားထဲက climate လည်း ရှိတယ်။ အစိုးရဘက်က climate လည်း ရှိတယ်။ ပြည်သူလူထုကြားက
climate ကတော့ သူတို့ဟာ ဒီမိုကရေစီကို အမြန်ဆုံး လိုချင်တာပဲ။ ပြည်သူလူထုဘက်က ကြည့်လိုက်မယ်ဆိုလို့ရှိရ င်၊ ဒီမိုကရေစီ အဖွဲ့အစည်းတွေဘက်က ကြည့်လိုက်မ ယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲများ
အမြန်ဆုံး ဖြစ်သင့်တယ်လို့  ထင်ပါတယ်။ ဒီလိုဖြစ်သင့်တယ်ဆိုတဲ့ စိတ်ရှိပါတယ်။ တဖက်က ရွေးကောက်ပွဲတွေ အမြန်ဆုံး ဖြတ်စေချင်တယ်။ နောက်တဖက်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့
ရွေးကောက်ပွဲေ တွ ဖြစ်နိုင်ပါ့မ လားဆိုတဲ့ သံသယတွေ အများကြီး ရှိပါတယ်။

ဒီသံသယတွေ ရှိတာကတော့ ဟိုဘက်ကနေပြီးတော့ တီထွင်လိုက်တဲ့ Political climate ခေါ်ရမှာပဲ။ အထူးသဖြင့် ဧရာဝတီတိုင်း မှာ တိုင်းမှူးကနေပြီးတော့ ဒီလောက်တောင်မှ
ဒီမိုကရေစီအခွင့်အရေးတွေကို ဆန့်ကျင်ဘက် လုပ်ေ နလို့ရှိရ င် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲေ တွ လုပ်ေ ပးချင်တဲ့ ဆန္ဒရှိရဲ့လားဆိုတဲ့ သံသယတွေ အများကြီး တွေ့ရ ပါတယ်။ အဲဒီတော့
ခြုံပြီးပြောရမယ်ဆိုရင် နိုင်ငံေ ရးအခြေအနေပေါ့လေ၊ နိုင်ငံေ ရးမိုးလေဝသကတော့ အုံ့မှိုင်းမှိုင်းပဲလို့ ဆိုရမှာပဲ။ ပြည်သူလူထုဘက်ကလည်း `နဝတ´ကို ယုံကြည်မှု မရှိဘူး´´

``အဖမ်းခံရတဲ့ လူတွေရဲ့ အခြေအနေရော ဘယ်လိုလဲ လွတ်ပြီလား…´´ ဟု သတင်းထောက်တယောက် ထ၍ မေးသည်။

``မလွတ်သေးပါဘူး၊ ၃၄ ယောက် ရှိသွားပြီ။ အခု နည်းနည်း ပိုများရင် များနေမယ်။ ကြံခင်းမှာ ထပ်ဖမ်းတယ်။ ကြံခင်းက အခြေအနေကတော့ အတော်ဆိုးတာပဲ။ ကိုယ့်ရဲ့ ရုံးထဲမှာ တောင်
လက်ခုပ်မတီးရဘူး ပြောထားတယ်။ လက်ခုပ်မတီးရဘူး ပြောထားတော့ ကျမတို့ စည်းရုံးရေးမှူးတွေက လက်ခုပ်မတီးရဲဘူး။ အဲဒီတော့ စဉ်းစားကြည့်တော့ပေါ့။ လက်ခုပ်တီးတာနဲ့ အဖမ်းခံရတယ်ဆိုတာ
အဓိပ္ပာယ်မရှိပါဘူး။ ဒီေ လာက်တောင်မှ ဒီမိုကရေစီ အခွင့်အရေးတွေကို တိုက်ဖျက်နေတာကို `နဝတ´ က လျစ်လျူရှု မထားသင့်ဘူးလို့ ကျမ ထင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျမတို့ကို ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ေ ရးဘက်ကနေ ပြန်ပြောတာက ၂/၈၈ ဆိုပြီး ပြန်ပြောပါတယ်။ ၂/၈၈ အကြောင်းပြတဲ့အခါ ၂/၈၈ ရဲ့ အဓိကရည်ရွယ်ချက်နဲ့ အနှစ်သာရကို ကြည့်ရ ပါမယ်။ အခုဟာက They rule by the
letter of the law. Spirit of the law ဆိုတာကို လုံးလုံး မကြည့်ဘူး။''
''တကယ်ဆိုရင် အရေးကြီးတာက Spirit of the law ၊ ၂/၈၈ ရဲ့ အဓိကရည်ရွယ်ချက်က ဆူပူေ သာင်းကျန်းမှု မဖြစ်ဖို့ ရုန်းရင်းဆန်ခတ် မဖြစ်ဖို့။ ခရီးတလျှောက်မှာ ရုန်း ရင်းဆန်ခတ် ဖြစ်နိုင်ဖွယ်
အခြေအနေ ၃-၄ ခါ ဖြစ်ခဲ့တယ်။ အဲ့ဒီဟာတွေဟာဆိုရ င် ငြိမ်ဝ ပ်ပိပြားမှုဘက်က စတဲ့ကိစ္စပဲ။ ဥပမာဆိုရင် ကျုံမငေးမှာဆိုရင် စောင့်နေတဲ့ တပ်သားတဦးက လူထုထဲကို ဝါးရင်းတုတ်နဲ့ထိေ အာင်
ပစ်ပြီး တော့ ခြိမ်းခြောက်တယ်။ အဲ့ဒီဟာဆိုရင် ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်တယ်။ လပွတ္တာမှာဆိုရ င်လည်း လူတစ်ေ ယာက်ကို ဓာတ်တိုင်မှာ ချည်ပြီး ရိုက်တယ်လို့  ပြောတယ်။ အနောက်မှာ ပဲ နေရမယ်။
အရှေ့မသွားရဘူး ပြောတဲ့အခါမှာ လူတယောက်က အရှေ့နည်း နည်း ရောက်လာလို့တဲ့။ အဲ့ဒီလိုကိစ္စမျိုးတွေမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်တယ်။ ၂/၈၈ ရဲ့ ရည်ရွယ်ချက်ကို ကြည့်လိုက်မယ် ဆိုရင်
ကျမတို့ ပြည်သူလူထုဘက်က ၂/၈၈ ရဲ့ ရည်ရွယ်ချက်ကို ချိုးဖောက်တယ်ဆိုတာ လုံးလုံး မရှိခဲ့ဘူး။´´

သတင်းစာရှင်း လင်းပွဲ ပြီးသည်နှင့် ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ထံသို့ ပေးပို့မည့် ဧရာဝတီတိုင်း ခရီးစဉ်တလျှောက်တွင်
ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအား စာကြမ်း ရေး၏။

ပြီးလျှင် ….. အတွင်းရေးမှူးအဖွဲ့အတွင်း ပြင်ဆင်ပြီး ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့သို့ တင်ပြ၍ အတည်ပြုချက် ရယူ၏။ စာတွင်က ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဥက္ကဋ္ဌ၊ နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ေ ရးအဖွဲ့ဟူ၍ လိပ်မူထားပြီး မိတ္တူကိုမူ …. ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ ကျင်း ပရေးကော်မရှင် ဥက္ကဋ္ဌ ဦးဘဋ္ဌေးအား ပေး၏။ စာ၏ အောက်တွင် ….. အောင်ဆန်းစုကြည်၊
အထွေထွေအတွင်းရေးမှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဟူ၍ ဒေါ်အောင်ဆန်း စုကြည်မှ လက်မှတ်ထိုးထားသည်။

ကိုးကား ……
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- ဦးခင်ကျော်ဟန်၏ ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ မှတ်တမ်း
- ဒို့ဗမာအစည်းအရုံး သမိုင်း (ပထမတွဲ၊ ဒုတိယတွဲ )
- နဝတ အတွင်း ရေးမှူး (၁) ဗိုလ်မှူး ချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ
- NLD ဗဟိုလူငယ်လုပ်င န်းအဖွဲ့ဝင်၊ ဧရာဝတီတိုင်း လူငယ်တာဝန်ခံ ကိုထွန်းအောင်ကျော်နှင့် တွေ့ဆုံမေးမြန်းချက်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၈)

| ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၀၉ ခုနှစ် ၁၇ နာရီ ၅၁ မိနစ်

(၆၉)

၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဗဟိုဦးစီးအဖွဲ့ဝ င် ဦးကိုယုမှ ဗဟိုဦး စီးအဖွဲ့သို့ စာတမ်းတစောင် တင်သွင်း၏။

``လက်ရှိအခြေအနေနှင့် နောင်အနာဂတ် အလားအလာအတွက် သုံးသပ်တင်ပြချက်´´ ဟူသည့် စာတမ်းဖြစ်သည်။ ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့က ဦး ကိုယု၏ စာတမ်းအား ဆွေးနွေးအတည်ပြုခဲ့ခြင်း
မရှိသော်လည်း (ဦး)ကိုယု စစ်တမ်း က အဖွဲ့ချုပ်အတွင်း ပျံ့နှံ့နေလေပြီ။ အဖွဲ့ချုပ်အတွင်း ကယက်ရိုက်ခတ်မှုများကား ရှိခဲ့၏။

တက်ကြွသည့်လူငယ်များက (ဦး)ကိုယုစစ်တမ်း အား သဘောကျကြ၏။ ထောက်ခံကြ၏။ ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့ကမူ အဖွဲ့ချုပ်အတွင်း လက်ဝဲေ သွးဖီမှုအန္တရာယ်ကို သတိနှင့်ထိန်းပြီး
လျှောက်နေကြရသည်။

စစ်တမ်းက….
နဝတ ၏ လက်တလော ဆောင်ရွက်ေ နမှုများအပေါ် လေ့လာအကဲဖြတ်ချက်အရ…. စစ်အစိုးရသည် ပြည်တွင်းပြည်ပမှ ဖိအားပေးမှုများနှင့် လူထု၏ တောင်းဆိုတိုက်ပွဲဝင်မှုများ မရှိပါက ပါတီစုံ
ဒီမိုကရေစီ ရွေးကောက်ပွဲအား လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန်၊ လိုက်လိုက်လျောလျော၊ မျှမျှတတ ကျင်းပပေးလိမ့်မည်မဟုတ်ဟု သုံးသပ်တင်ပြ၏။ ပြီးလျှင်….

ဤအတွက် အဖွဲ့ချုပ်မှ လူထုနှင့်အတူ လူထုအား ဦးဆောင်၍ နိုင်ငံေ ရး အသွင်သဏ္ဍာန်ဆောင်သည့် လှုပ်ရှားမှုများ ပြုလုပ်သွားရန်နှင့် ထိုလှုပ်ရှားမှုများအား မဟာမိတ်ပါတီ အဖွဲ့အစည်းများနှင့် ပူး ပေါင်း၍
လက္တဲေ
ွ ဆာင်ရွက်ရ န် ဟူ၍ သေနင်္ဂဗျူဟာအား ဖော်၏။

နိုင်ငံေ ရးတောင်းဆိုမှုများအား တထစ်ပြီးတထစ် တက်ခါ တောင်းဆိုပြီး တိုက်ပွဲသဏ္ဍာန်အား တဆင့်ပြီးတဆင့် တိုးမြှင့်လှုပ်ရှားရန်၊ အသေးစိတ်နည်း နာများ…ကိုလည်း စစ်တမ်းတွင် ရေးသားဖော်ပြ၏။

(တစ်) အဖွဲ့ချုပ်၏ ပြည်န ယ်၊ တိုင်း၊ မြို့ နယ်၊ ရပ်ကွက်၊ ကျေးရွာ အဆင့်ဆင့်သော အဖွဲ့ချုပ် စည်းကော်မ တီများ၊ အဖွဲ့ဝ င်များဖြင့် တိုက်ပွဲဆင်ရန်
(နှစ်) မဟာမိတ်ပါတီများနှင့် ဟန်ချက်ညီညီတိုက်ပွဲဆင်ရ န်
(သုံး) ရန်ကုန်မြို့လယ်ရှိ လူစည်း ကားရာ အရပ်များ၌ နှစ်ယောက်တစုတွဲ၍ ပိုစတာများကိုင်ေ ဆာင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြရန်
(လေး) အဆင့်ဆင့်ေ သာ အဖွဲ့ချုပ်ရုံးများ၏ အရှေ့တွင် ကြီးမားသည့် ပိုစတာများရေးဆွဲ၍ တောင်း ဆိုချက်များအား တောင်းဆိုရန်
(ငါး) ဒီ…ဒေး၊ န…နာရီတို့အား မဟာမိတ်အင်အားစုများနှင့် ညှိနှိုင်းခါ တချိန်တည်း အင်အားစုစည်း၍ ဆန္ဒပြရန်
(ခြောက်) ဗုဒ္ဒဘာသာ၊ ခရစ်ယာန်၊ မဟာမေဒင်…စသည့် ဘာသာအလိုက် လူထုဆုတောင်းပွဲများ တပြိုင်တည်း ကျင်းပရန်

စသဖြင့် စာတမ်းတွင် အသေးစိတ် ရေးသားထား၏။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့်မူ ဦးကိုယု၏ စာတမ်းအား မူအရ သဘောတူ၏။ သို့သော်…. လက်ဝဲသွေဖ ယ်မှု အန္တရာယ်ကိုလည်း စိုး ရိမ်ပြန်၏။
ပြီးလျှင် ….. NLD အား စုစည်းဖွဲ့စည်းထားသည်ပင်လျှင် ….. တနှစ်မ ပြည့်သေး….။ NLD ၏ ဖွဲ့စည်း မှုက ကေဒါပါတီ ဖွဲ့စည်း မှုမျိုး မဟုတ်….။ ရှင်းရှင်းမြင်ရလျှင်…..`သပိတ်စခန်း´ စုဖွဲ့မှုထက် ပိုရုံမျှသာ
ရွိေ သး၏။ ဤအတွက်….. ဦးကိုယု၏ လမ်းစဉ်နှင့် တိုက်ပွဲဆင်ရန် အဖွဲ့ချုပ်သည် အဆင်သင့်ဖြစ်ပြီလား….။ စဉ်းစားစရာများက အပြည့်….။ ဒေါင့်စုံမှ ကြည့်ရမည်။ ပြည်နယ်နှင့် တိုင်းများသို့
စည်းရုံးရေးခရီး ထွက်နေခြင်းက NLD အတွက် အဖွဲ့ဝ င်အင်အား တိုးများအောင် စုစည်းစည်းရုံးနေခြင်းမဟုတ် ….။ အနယ်နယ်အရပ်ရပ်မှ လူထု၏ ဘဝအစစ်အမှန်နှင့် လူထု၏ဆန္ဒ…. အလေး၊ အပေါ့အား
သိရှိရ န် ခရီးစဉ်များဆွဲ၍ သွားနေခြင်းဖြစ်သည်ဟူ၍ ဒေါ်အောင်ဆန်းစုကြည်မှ ဆင်ခြင်မိ၏။ ဤအတွက်….. လတ်တလော လုပ်ငန်းစဉ်အဖြစ်…. စည်းရုံးရေးခရီးစဉ်များ ဆက်၍ထွက်ရန်
ဆုံးဖြတ်ထားခဲ့၏။

(၇ဝ)
၄၂နှစ်မြောက် ပြည်ေ ထာင်စုနေ့….။
ပြည်ထောင်စုေ န့က ….အဖွဲ့ချုပ်အား ဖွဲ့စ ည်းပြီးသည့်နောက် ပထမဦးစွာ ကျင်းပရမည့် ပြည်ထောင်စုေ န့ဖြစ်သည်။ နိုင်ငံေ ရး အဖွဲ့အစည်း တရပ်အနေနှင့် ပထမဆုံးကျင်းပပြုလုပ်ခွင့်ရမည့် ပြည်ထောင်စုေ န့
အခမ်းအနားသည် အနှစ်သာရ ရှိရမည်။ အဓိပ္ပာယ်ပြည့်ဝရမည်။ အဖွဲ့ချုပ်၏ ပြည်ေ ထာင်စု တည်ေ ဆာက်ရေးဆိုင်ရာ မူဝါဒသဘောထားများ ပါရှိရမည်။

ပထမဦးစွာ နေရာအား စဉ်းစားကြ၏။ ဒေါ်အောင်ဆန်း စုကြည်က ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်
ပြည်ထောင်စုစာချုပ် ချုပ်ဆိုခဲ့ကြသည့် `ပင်လုံ ´တွင်ပ င် ကျင်းပရန် သဘောဆန္ဒရှိ၏။ အားလုံးမှလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တဘောထားတည်းပင် ရှိကြ၏။

NLD မှ ပထမဦးစွာ ကျင်းပမည့် ၄၂ နှစ်မြောက် ပြည်ေ ထာင်စုေ န့ အခမ်းအနားအား ပင်လုံမြို့ရှိ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် နေရာတွင်ပ င် ကျင်းပသွားရန် ဆုံးဖြတ်ကြ၏။ ပြီးလျှင် …..ပြည်ေ ထာင်စုေ န့
အခမ်းအနားတွင် ထုတ်ပြန်ကြေညာမည့် NLD ၏ ပြည်ေ ထာင်စု တည်ဆောက်ေ ရးဆိုင်ရာ သဘောထား ကြေညာစာတမ်းအတွက် ဗဟိုအလုပ်အမှုဆောင်အတွင်း ဆွေးနွေးကြ၏။ ပြည်ေ ထာင်စု
တည်ဆောက်ေ ရးဆိုင်ရာ အမြင်သဘောထားက အရေးကြီး၏။ ပြည်ေ ထာင်စုအရေးက ပြည်တွင်း စစ်အား နှစ်ေ ပါင်း ၅ဝ ကြာအောင် လောင်စေခဲ့ပြီးပြီ။ နိုင်ငံရှိ ပြဿနာပေါင်းများစွာအနက် ပြည်ေ ထာင်စု
တည်ဆောက်ေ ရးဆိုင်ရာ ပြဿနာက နှစ်ေ ပါင်း ၅ဝ ကြာ သွေးမတိတ်သော ပြဿနာတရပ်အဖြစ် ရှိခဲ့၏။ ဤအတွက်…. ပြည်ေ ထာင်စု တည်ဆောက်ေ ရးဆိုင်ရာ အရေးအား ရှုမြင်ကိုင်တွယ်ရာတွင်
….အမြင်မှန်ရ န် လို၏။ စေတနာပြည့်ဝဖို့ လို၏။ အစွဲကင်းရန် လိုသည်။ တရားမျှတစွာ ချဉ်းကပ်နိုင်ရ န် လိုမည်။ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးအား ၃ ရက်ခန့် အစည်းအဝေး
ဆက်တိုက်ထိုင်လိုက်ကြရသည်။ ဗဟိုအလုပ်အမှုေ ဆာင် အဖွဲ့အစည်း အဝေး၌ ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အမြင်အား ရိုးရိုးရှင်း ရှင်းပင်
ဆွေးနွေး၏။

``ဒီမိုကရေစီ စနစ်အောက်မှာ ပြည်ထောင်စြု ကီးကို ပြည်လည်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် …. ဒီမိုကရေစီရရေးဟာ ပထမပါ။ ဒီတော့…. ဒီမိုကရေစီ ရရှိရေးအတွက် တိုင်းရင်းသား
လူမျိုး စုအားလုံးဟာ လက်တြွဲ ပီး ဆောင်ရွက်ကြရမယ်။ ပြီးလို့ ….ဒီမိုကရေစီရတဲ့အခါကျလို့ရှိရင်`ပင်လုံ´ ကဲ့သို့သော ညီလာခံကြီးတခုခေါ်ပြီး တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ သဘောတူညီချက်အရ
ပြည်ထောင်စုရဲ့ ပုံသဏ္ဍာန်အသစ်တခုကို ဖော်ဖို့ကြိုးစားရမယ်။ အဲဒီပုံသဏ္ဍာန်ပေါ်မှာ မူတည်ပြီး တော့ နိုင်ငံရဲ့ ဖွဲ့စ ည်းပုံအခြေခံ စည်းမျဉ်းဥပဒေအသစ်တခုကို ရေးဆွဲသွားဖို့ လိုတယ် ….´´

ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ပြည်ေ ထာင်စု တည်ဆောက်ရေးဆိုင်ရာ အဖွဲ့ချုပ်၏ မူဝါဒသဘောထား မူကြမ်းအား အတည်ပြုချမှတ်ခဲ့၏။ ပြီးလျှင်…. အတွင်း ရေးမှူးအဖွဲ့က ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့မှ
ချပေးသည့် ပြည်ေ ထာင်စု တည်ဆောက်ေ ရးဆိုင်ရာ မူဝါဒများအား ကြေညာစာတမ်းတစောင်အဖြစ် ပြန်၍ရေးကြ၏။ စာကြမ်းမှသည် စာချောအဖြစ် ရောက်လာခဲ့သည်။ စာတမ်း၏ ခေါင်းစဉ်က ….

``အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒသဘောထား၊ ယေဘုယျလုပ်င န်းစဉ်များကို ကြေညာခြင်းနှင့် …. ဒီမိုကရေစီပြည်ေ ထာင်စုသစ် ကြေညာစာတမ်း´´ (သို့မဟုတ်) ``အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်
ကြေညာချက် အမှတ် ၉´´

(၇၁)
ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်ေ တာင်ပိုင်း နှင့် ကယားပြည်နယ်ခ ရီးစဉ်၏ အဓိကရည်ရယ
ွ်ချက်က …. ၄၂ နှစ်မြောက် ပြည်ေ ထာင်စုနေ့ အခမ်းအနားအား ပင်လုံတွင် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂
ရက်ေ န့၌ ကျင်း ပသွားရန် ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်၏ ရှမ်းပြည်နယ်ခ ရီးစဉ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝ င် ဦးအောင်လွင် (ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား) ပါမည်။ ပြီးလျှင် …. သုံးရောင်ခြယ်
လူငယ်များနှင့် အဖွဲ့ချုပ် ဗဟိုလူင ယ် လုပ်င န်းအဖွဲ့မှ လူင ယ်များလည်း လိုက်ပါကြမည်။ ခရီးစဉ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပင်လုံသို့ အရောက်သွားကြမည်။ ဖေဖော်ဝါရီလ ၁၂ ရက်
ပြည်ထောင်စုေ န့တွင် ပြည်ထောင်စုေ န့ အခမ်းအနားအား ပင်လုံရှိ ပင်လုံကျောက်တိုင်အရှေ့တွင် ၄၂ နှစ်မြောက် ပြည်ေ ထာင်စုနေ့ အခမ်းအနားအား ကျင်းပကြမည်။
၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ နံန က်စောစောပင် ပင်လုံမြေသို့ ပြည်ေ ထာင်စုသစ်ခ ရီးစဉ်အား ဒေါ်အောင်ဆန်း စုကြည်တို့အဖွဲ့ စ၍ထွက်ကြသည်။ ပဲခူး၊ တောင်ငူ၊ ရေတာရှည်၊ ပျဉ်းမနား၊
ပျော်ဘွယ်၊ ဘုရားသုံးဆူ …. ထိုမှ ယင်း မာပင်လမ်းခွဲ …. ယင်းမာပင်လမ်းခွဲမှ ကလောသို့ …..။

တနေကုန် တောက်လျှောက် ခရီးဆက်ခဲ့ကြ၏။ ကလောမြို့အဝင်က မှောင်ရီသန်း၍ နေချေပြီ။ မြူနှင်း မှုန်များအောက်၌ ကလောမြို့သည် အေးခဲ၍ ဆိတ်ငြိမ်ေ န၏။ မြို့အဝင်နှောင်းသဖြင့်…..
ကလောတွင် လူထုနှင့်ေ တွ့ဆုံ၍ ဆွေးနွေးပွဲပင် မပြုလုပ်နိုင်ေ တာ့….။ နောက်ေ န့ ခရီးစဉ်များအတွက် ဒေသခံအဖွဲ့ချုပ် စည်းရုံးရေးမှူးများနှင့် ညှိနှိုင်းစီစဉ်ကြရသည်။

မနက်ဖြန်ခရီးစဉ်က…. တောင်ြ ကီးနှင့် လွိုင်လင်….။ တောင်ကြီးသို့ နံနက်စောစောပင် ရောက်ကြ၏။ ဒေါ်အောင်ဆန်း စုကြည်တို့၏ ခရီးစဉ်အရ တောင်ကြီးတွင် ခေတ္တပင်နားမည်။ တောင်ကြီးလူထု၊
တောင်ကြီးရှိ အဖွဲ့ဝ င်များနှင့် တွေ့ဆုံရေးက …. ပင်လုံအပြန်ခရီးတွင်မှ တွေ့ဆုံကြရန် စီစဉ်ထား၏။ ယခု ပင်လုံသို့  အသွားခရီးစဉ်တွင်က တောင်ကြီးသို့ ခေတ္တမျှဝင်၍….၊ ခရီးဆက်ကြ၏။

တောင်ကြီးနှင့် လွိုင်လင်ခရီးက မဝေး….။ နံန က် ၁ဝ နာရီခန့်မှာပင် လွိုင်လင်သို့ ဒေါ်အောင်ဆန်း စုကြည်တို့အဖွဲ့ ရောက်ကြ၏။ လွိုင်လင် အဖွဲ့ချုပ်ရုံး တွင်ပင် လွိုင်လင်၊ ပင်လုံ၊ ဟိုပုံး ၊ မိုင်း ပွန်၊
တောင်ကြီးတို့မှ အဖွဲ့ချုပ် စည်းရုံးရေးမှူးများ၊ တာဝန်ရှိသူများနှင့် တွေ့ ၏။ မနက်ဖြန်ပြုလုပ်မည့် ပြည်ေ ထာင်စုနေ့ အစီအစဉ်အား ဆွေးနွေးကြ၏။ ရေးဆွဲကြ၏။ ပြီးလျှင် …. လွိုင်လင်အဖွဲ့ချုပ်ရုံး၌ပင်
လွိုင်လင်မြို့နယ်အဖွဲ့ချုပ် အဖွဲ့ဝ င်များနှင့် တွေ့ဆုံပြီး ဒေါ်အောင်ဆန်း စုကြည်မှ စကားအနည်းငယ်ပြော၏။

``အခု ကျမတို့ ရှမ်း ပြည်နယ် စည်းရုံးရေးခရီးဟာ အင်မ တန်မှ ထူးခြားပါတယ်။ မနက်ဖြန်ဟာ ပြည်ေ ထာင်စုနေ့ ဖြစ်တာကြောင့် ပင်လုံကို မနက်ဖြန်အရောက်ဆိုပြီး ချီတက်ခဲ့တာဖြစ်ပါတယ်။ ဘာဖြစ်လို့
ပင်လုံကို ပြည်ထောင်စုေ န့မှာ ရောက်ချင်လဲဆိုတော့ ကျမတို့ရဲ့ ပြည်ေ ထာင်စုစိတ်ထားများကို ပြန်လည်ရှင်သန်စေချင်လို့ပဲ´´

ဒေါ်အောင်ဆန်းစုကြည်တို့ ပင်လုံသို့  ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီလောက်တွင်ပ င် ရောက်ကြ၏။ ခရီးက တို၍ မနေ့ကကဲ့သို့ ခရီးမပန်း…။ ပင်လုံတင
ွ်ပ င် ရှမ်း ပြည်နယ် တိုင်း ရင်းသားလူမျိုးများ
ဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက တဦးဖြစ်သည့် (ဦး ) ခွန်ထီး၏ နေအိမ်သို့ သွားရောက်ပြီး ပြည်ထောင်စုသစ် တည်ေ ဆာက်ရေးဆိုင်ရာတို့အား ဒေါ်အောင်ဆန်း စုကြည် ဆွေးနွေး၏။ မနက်ဖြန်တွင်
ကျင်း ပမည့် ပြည်ထောင်စုေ န့ အခမ်းအနားအတွက်ကိုမူ…. အဖွဲ့ချုပ် ဗဟိုသတင်းနှင့် ပြန်ကြားရေးမှ အဖွဲ့ဝ င်များနှင့် ပင်လုံရှိ အဖွဲ့ချုပ်အဖွဲ့ဝ င်များက ပြင်ဆင်၍နေကြ၏။ အခမ်းအနား ကျင်းပမည့်ေ နရာက
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပင်လုံစာချုပ်အား ချုပ်ဆိုခဲ့ကြသည့် ပင်လုံကျောက်တိုင်အရှေ့ရှိ ပြည်ေ ထာင်စုရ င်ပြင်တွင် ဖြစ်သည်။

တညတာက…. အေးခဲစွာ နှင့်ပ င် ကုန်လွန်ခဲ့၏။


၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်….။ အရုဏ်ဦးသည် နှင်း မှုန်များအကြားမှ ဖြာ၍ရောင်နီပျိုးခဲ့၏။ ပင်လုံ၏ ဆောင်း နံနက်ခ င်းက အေးအေးခဲခဲ….။ မြူတို့က နှင်းတို့၏ အကာအရံနှင့် အရာရာအား
ဝိုး တဝါးနှင့် ကာရံထားဆဲ….။ ညိုမောင်းသော သစ်ပင်အုပ်အုပ်တို့က နှင်း ပက်ရည်ကြောင့် စိုစိုလွင်လွင်….။ ရိုး ရာတိုင်းရင်းသား ဝတ်စုံအပြည့်နှင့် ရှမ်း၊ ပလောင်၊ ဓနုတိုင်းရင်းသူ၊ တိုင်းရင်းသားများ၏
မျက်ဝန်းများက နှင်း ရည်နှင့်အပြိုင် ရွှန်း လဲ့၍ ကြည်လင်တောက်ပနေကြ၏။ အနာဂတ်သို့ ရည်မျှော်ေ သာ မျက်ဝန်းများ….။

ပြည်ထောင်စု ဓနုအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပလောင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဂေါ်ရခါး စည်းရုံးရေးအဖွဲ့၊ ရှမ်းပြည်တိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်…. စသည့်တိုင်းရင်းသား
နိုင်ငံေ ရးပါတီများက …. မိခင်အဖွဲ့အစည်း များအား ကိုယ်စားပြု၍ ပြည်ထောင်စုေ န့ အခမ်းအနားသို့ တက်ရောက်ကြ၏။ နမ့်ဆမ်၊ မောက်မယ်၊ ဟိုပုံးနှင့် မိုးနဲမြို့နယ်များမှ အဖွဲ့ချုပ်အဖွဲ့ဝ င်များသည်လည်း
ပင်လုံအခမ်း အနားသို့ ခက်ခက်ခဲခဲနှင့် လာရောက်ကြ၏။

ပင်လုံရင်ပြင်အတွင်း၌ လူထုသည် နှင်းမှုန်များအောက်၌ အေးခဲ၍မနေ…. နိုးကြား၍ ထက်သန်နေကြ၏။ ဒေါ်အောင်ဆန်း စုကြည်က အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏
မူဝါဒသဘောထားနှင့် ယေဘုယျလုပ်င န်းစဉ်များအား ရေးသားဖော်ပြထားသည့် ``ဒီမိုကရေစီ ပြည်ေ ထာင်စုသစ် ကြေညာစာတမ်း´´ အား ဖတ်ကြား၏။

``ပြည်ထောင်စုတခုလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုေ ရးကဏ္ဍ နယ်ပ ယ်အားလုံး၌ အပြည့်ဝ ဆုံးသော ဒီမိုကရေစီ အခြေအနေများ ဖော်ထုတ်ရေးနှင့် အစစ်မှန်ဆုံးသော ဒီမိုကရေစီ နိုင်ငံတော်သစ်
တည်ဆောက်ေ ရးကို ဦးတည်ရှေးရှုခြင်း။

တိုင်း ရင်းသား လူမျိုး အားလုံး လက်တဲမ


ွ ဖြုတ်စတမ်း သွေးစည်းညီညွှတ်မှုဖြင့် ပြည်ေ ထာင်စုကြီး တည်တံ့ခိုင်ြ မဲရေး၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ေ ထာင်စုကြီး ငြိမ်းချမ်းသာယာရေးကို
ဦး တည်ရှေးရှုခြင်း။

ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေး တန်းတူညီတူမှုကို လက်ခံလျက် မည်သည့်လူမျိုးကိုမျှ အထူးအခွင့်အရေး မပေးရေးနှင့် လူမျိုးနွယ်၊ လူမျိုးစုအားလုံး၏ ခံစားထိုက်၊
ခံစားအပ်သော မည်သည့်အခွင့်အရေးကိုမျှ ချုပ်ချယ်ကန့်သတ်မှု မပြုရေးကို ဦးတည်ေ ရှးရှုခြင်း။

တိုင်း ရင်းသား လူမျိုး အားလုံးကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုေ ရးကဏ္ဍနယ်ပယ် အသီးသီး၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရေးကို ဦးတည်ေ ရှးရှုခြင်း။

နယ်ပ ယ်ဒေသအသီးသီးမှ တိုင်း ရင်းသား လူမျိုးအချင်းချင်း ပူး ပေါင်းဆောင်ရွက်မှု၊ ကူညီရိုင်းပင်းမှု၊ ဝိုင်း ဝန်းပံ့ပိုးမှုဖြင့် ပြည်ထောင်စုကြီး တခုလုံး နှင့် ပြည်ေ ထာင်စြု ကီး၏ ပြည်န ယ်ဒေသ
အစိတ်အပိုင်းအသီးသီး၏ ကြီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ေ ရှးရှုနေခြင်း။

အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်သည် အထက်ပါ မူဝါဒသဘောထားများကို အခြေခံလျက် တိုင်း ရင်းသား လူမျိုးများ၏ အရေးနှင့်စပ်လျဉ်း သော ယေဘုယျလုပ်င န်းစဉ်များကို အောက်ပါအတိုင်း
ချမှတ်ဆောင်ရွက်သွားမည် ဖြစ်သည်။´´
ဒေါ်အောင်ဆန်းစုကြည်၏ အသံက ပင်လုံမြေမှသည် ပြည်ေ ထာင်စု တဝှန်း လုံးသို့ နှင်းနှင့်အတူ လွင့်ပျံ့၍ ….။ ပြီးလျှင် …. ဒေါ်အောင်ဆန်း စုကြည်က ပြည်ထောင်စုသစ်သို့ သွားရာလမ်းပြမြေပုံအား
ဆက်၍လူထုအား ရှင်းပြ၏။ NLD ၏ ပြည်ေ ထာင်စုသို့  သွားရာလမ်းက အဆင့် ၇ ဆင့်ရှိ၏။……

အဆင့် ၃ တွင်က …..


``တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတွင် တိုင်း ရင်းသား လူမျိုး အားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တိုင်း ရင်းသားလူမျိုး အားလုံး၏ အခွင့်အရေး တန်းတူရ ည်တူခွင့်၊
လူမျိုး စုကြီးတခု၏ နယ်ပယ်ေ ဒသအတွင်း မှီတင်း နေထိုင်လျက် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်နယ်မြေဒေသရှိသော လူမျိုးစုငယ်များ၏ သီးခြားနယ်မြေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်မှု စသည့်
အရေးကိစ္စများနှင့် စပ်လျဉ်း ၍ အများသဘောတူညီမျှသော ပြဋ္ဌာန်းချက်များကို ချမှတ်မည်´´ ဟူ၍ ပါရှိပြီး …. အဆင့် ၆ နှင့် ၇ တွင်က ….

``တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီး၏ ပြဋ္ဌာန်းချက်များအား အခြေခံလမ်း ညွှန် ဇယားများအဖြစ် လက်ကိုင်ပြုလျက် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအတွက်
လူမှုေ ရးရာ၌ လည်းကောင်း၊ စီးပွားရေးရာ၌ လည်းကောင်း၊ နိုင်ငံရေးရာ၌ လည်းကောင်း တရားမျှတမှု ဖြစ်ထွန်း စေကာ အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေသက်ရောက်မှုတို့တွင်
ပကတိတူညီေ စသည့်အပြင် လူ့အခွင့်အရေးနှင့် လူမှုလွတ်လပ်ခွင့်များကို အပြည့်အဝ ခံစားစေနိုင်သည့် ပြဋ္ဌာန်းချက်များ၊ အာမခံချက်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ စသော နိုင်ငံေ တာ်၏ ပုံသ ဏ္ဍာန်နှင့်
ရည်မှန်း ချက်များအား အခိုင်အမာ အတိအကျ သတ်မှတ်ေ ဖ်ာထုတ်သော နိုင်ငံေ တ်ာဖွဲ့စ ည်းပုံ အခြေခံဥပဒေသစ်တရပ်ကို ဒီမိုကရေစီ တိုင်းပြည်ပြုလွှတ်တော်တွင် ညှိနှိုင်း ရေးဆွဲမည်။

အခြေခံဥပဒေသစ်သည် တိုင်းရင်းသားလူမျိုးများအားလုံး သွေးစည်းညီညွှတ်ေ ရး၊ တန်း တူရည်တူ အခွင့်အရေး ခံစားရရှိရေး၊ အပြန်အလှန် ဝိုင်းဝန်းကူညီပူးပေါင်းရေး စိတ်ဓာတ်တို့ဖြင့် ဒီမိုကရေစီ
ပြည်ထောင်စုကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲေ ရးအတွက် တိုင်းရင်းသားလူမျိုးအားလုံး တသွေးတသံ တစိတ်တဝမ်း လက်တဲမ
ွ ဖြုတ်စတမ်း ပူးပေါင်းရပ်တည်နိုင်ရေးကို အာမခံရန် ကြိုးပမ်းမည်။´´

ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်စာတမ်း ဖတ်ကြားသံ၏ အောက်၌ ပင်လုံသည် အေးငြိမ်စွာနှင့် လှပ၍ နေသည်။

ပင်လုံ….။ ဆောင်ကြွင်း ….. မှုံရည်ရည် နံနက်ဦး….။ ပါးလွှလွှမြူ….။ အသော့ကြွေေ နသည့် နှင်း နှင့် ပတ္တမြားအသွေးရောင် ကောင်းကင်တို့က…. ၄၂ နှစ်မြောက် ပြည်ေ ထာင်စုနေ့၊ ပင်လုံရင်ပြင်တွင်
အနာဂတ်သစ် ပန်းချီကားတချပ်ပမာ…..။ ဒေါ်အောင်ဆန်းစုကြည်မှ `ဒီမိုကရေစီ ပြည်ေ ထာင်စုသစ်´ စာတမ်းအား ဖတ်ကြားခြင်းက ပြီးပြီ။ အခမ်းအနား အစီအစဉ်အရ၊ အခမ်းအနားအား `၄၂
နှစ်မြောက် ပြည်ေ ထာင်စုနေ့ အဓိဋ္ဌာန်´ အား အဓိဋ္ဌာန်ပြုရန် ဖြစ်သည်။ ပြည်ထောင်စုေ န့ အဓိဋ္ဌာန်အား ဦးအောင်လွင် (ဒါရိုက်တာ၊ ရုပ်ရှင်မ င်းသား၊ NLD ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့ဝ င်) က တိုင်ပေး၏။
တတ်ရောက်လာကြသည့် တိုင်းရင်းသား လူမျိုးစုံ ပရိသတ်တို့ က လိုက်၍ဆိုကြ၏။

``ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ေ ခါင်းဆောင်ကြီးများ ပြုစုပျိုးထောင်ခဲ့ေ သာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ထွန်း ကားရန် အခြေခံအုတ်မြစ်ဖြစ်သည့် ပင်လုံစိတ်ဓာတ်
ရှင်သန်ဖွံ့ဖြိုးရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီအရေးအခင်းတွင် သွေးမြေကျခဲ့ရသော ကျောင်းသားလူငယ်၊ ရဟန်းရှင် လူများ၏ သစ္စာကို စောင့်သိသောအားဖြင့် လူ့အခွင့်အရေးများကို
အာမခံသည့် စစ်မှန်ေ သာ ဒီမိုကရေစီရရှိသည်အထိ လည်းကောင်း ဇွဲ၊ သတ္တိတို့ဖြင့် ညီညီညွှတ်ညွှတ် ကြိုးပမ်းသွားကြမည်ဟု အလေးအနက် အဓိဋ္ဌာန်ပြုပါ၏။´´

`အလေးအနက် အဓိဋ္ဌာန်ပြုပါ၏´ ….. ` အလေးအနက် အဓိဋ္ဌာန်ပြုပါ၏´။

အဓိဋ္ဌာန်ပြုသံက ….. ပင်လုံမြေအား တုန်ဟီး ၍ သွားလေ၏။ အရှေ့ကောင်းကင်တွင်က ပတ္တမြားသွေးရည်တို့နှင့် ရဲရဲနီ၍….။

ကိုးကား ……
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- ဦးခင်ကျော်ဟန်၏ ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ မှတ်တမ်း
- ဒို့ဗမာအစည်းအရုံး သမိုင်း (ပထမတွဲ၊ ဒုတိယတွဲ )
- နဝတအတွင်း ရေးမှူး (၁) ဗိုလ်မှူး ချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်ေ န့တွင် ပြုလုပ်သည့် သတင်း စာရှင်း လင်းပွဲ
- NLD ဗဟိုလူငယ်လုပ်င န်းအဖွဲ့ဝင်၊ ဧရာဝတီတိုင်း လူငယ်တာဝန်ခံ ကိုထွန်းအောင်ကျော်နှင့် တွေ့ဆုံမေးမြန်းချက်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၉)

| ကြာသပတေးနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၀၉ ခုနှစ် ၁၃ နာရီ ၃၆ မိန စ်

(၇၃)

၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်တို့ တောင်ကြီးသို့ ပြန်၍ရောက်သည်။ ၁၃ ရက်ေ န့ တနေ့လုံးက တောင်ကြီးတွင်ပ င် ဒေါ်အောင်ဆန်းစုကြည်တို့ နေ၏။ ရှမ်း ပြည်နယ်
တိုင်း ရင်းသား လူမျိုး စုများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့် တွေ့၏။ အဖွဲ့ချုပ်၏ ဒီမိုကရေစီ ပြည်ေ ထာင်စုသစ် သဘောထားအား ရှင်း ပြ၏။ တောင်ကြီးမြို့ ရပ်မိ၊ ရပ်ဖများ၏ မေးမြန်းမှုများက
ဖြေကြား၏။ ရင်းရင်းနှီးနှီးနှင့်ပင် ပြောဆိုဆက်ဆံကြ၏။ တောင်ြ ကီးမြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံး ၄ ရုံး သို့ သွားရောက်၍ အဖွဲ့ဝ င်များနှင့် တွေ့သည်။ ဦးအောင်ကြီးအား ဥက္ကဋ္ဌရာထူးမှ
ဖယ်ရှားခဲ့ရသည့် အကြောင်းအား အဖွဲ့ဝ င်အချို့က မေး၍ ဒေါ်အောင်ဆန်းစုကြည်မှပင် ပြန်ရှင်း ပြခဲ့၏။

ညနေပိုင်းတွင်မူ …. တောင်ြ ကီးမြို့ ရေအေးကွင်း ရပ်ရှိ မိဘမဲ့ ဂေဟာသို့ သွားရောက်ပြီး အလှူဒါနပြု၏။ မိဘမဲ့ေ ဂဟာမှ ခလေးများက ဒေါ်အောင်ဆန်းစုကြည်အား သီချင်းများ သံပြိုင်သီဆို၍
ကြိုဆိုကြ၏။ ကဗျာများ ရွက်ဆို၍ နုတ်ခွန်းဆက်ကြ၏။

``ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား
ဇာတိ နတ်မောက်
မကွေးခရိုင်… ….´´

ခလေးများ၏ ကဗျာရွက်သံအတွင်း၌ ဒေါ်အောင်ဆန်း စုကြည်သည် ကြည်နူး ၍နေ၏။ တောင်ကြီးမြို့သစ္စာ လမ်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့ ပြန်ရောက်တော့ …. ညနေ ၅ နာရီခန့်ပင် ရှိပြီ။

သစ္စာ လမ်းရှိ အဖွဲ့ချုပ်ရုံးတွင် …. တောင်ကြီးမြို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ လူငယ်များ၊ တောင်ကြီးမြို့ရှိ အဖွဲ့ချုပ်လူငယ် လုပ်င န်းအဖွဲ့ဝင်များ၊ ကျောင်းသားလူငယ်များနှင့်
ဒေါ်အောင်ဆန်းစုကြည် တွေ့၏။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လူငယ်များနှင့်တွေ့ပြီး စကားပြောရန် ဆန္ဒရှိနေ၏။ ရှင်း လင်းဆွေးနွေးသင့်သည်တို့အား ဆွေးနွေးရန်လိုမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် တွေးထင်ထား၏။
လူငယ်များအကြား လက်ဝဲစွန်းမကျွံမိေ စရန် ထိန်း သင့်သည်အား ထိန်းရမည်။ အရေးက ….. စာတမ်းနှစ်ေ စာင်၏ အရေးဖြစ်သည်။ ပထမစာတမ်းက ဒေါ်အောင်ဆန်း စုကြည် ရန်ကုန်တွင်
ရှိစ ဉ်ကတည်းက NLD ဗဟိုဦးစီးအဖွဲ့ဝင် ဦးကိုယု တင်သွင်းခဲ့သည့် ` လက်ရှိအခြေအနေနှင့် နောင်အနာဂတ် အလားအလာအတွက် သုံး သပ်တင်ပြချက်´ဟူသည့် စာတမ်းဖြစ်သည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ လက်ခံအတည်ပြုခြင်း မရှိသေးသော်လည်း ဖြန့်ဝေမှုက …. အဖွဲ့ချုပ်လူငယ်များအတွင်း နှင့် အခြားသော လူငယ်များအကြား ပြန့်နှံ့၍ နေလေပြီ။

ယခု …. ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခ ရီးထွက်ခဲ့ပြီး ပင်လုံတွင်ရှိစ ဉ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မိုးသီးဇွန်မှ ….. `အမျိုး သား နိုင်ငံရေးလှုပ်ရှားမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်
သုံးသပ်ချက်´´ ဟူသည့် စာတမ်းတစောင်အား ထုတ်ပြန်ခဲ့၏။ မျက်မှောက်အခြေအနေအပေါ် ရှုမြင်ရာ၌ မတူကွဲပြားမှုများ ရှိနိုင်မည်။ ကွဲပြားသည့် သုံးသပ်ရြှု မင်ခြင်းမှ ကွဲပြားသော တိုက်ပွဲလမ်းစဉ်အား
ရွေးချယ်ကြသည်သာ….။ ဤတွင် ပြဿနာက …. လက်ဝဲစွန်း၊ လက်ျာစွန်း သွေးဖီရေးကင်းရန် လိုမည်။ အစွန်းတခုခုရောက်သည့် ရွေး ချယ်မှု ဖြစ်ခဲ့ပါက …. ရလဒ်သည်လည်း အဖြေနှင့်နီးစပ်ရန်မှာ
ခက်ခဲပေလိမ့်မ ည်ပင်….။ ထိုသို့ပင် ဒေါ်အောင်ဆန်းစုကြည် တွေးထင်နားလည်ထား၏။

စာတမ်းနှစ်ေ စာင်က …. တိုက်ဆိုင်သည်ဟုပင် ဆိုရမည်လားမသိ….။ ၉ ရက်သာခြားပြီး ရှေ့ဆင့်နောက်ဆင့် ထွက်လာကြ၏။ ဤအတွက်ပင် ဒေါ်အောင်ဆန်းစုကြည်မှ တောင်ကြီးမြို့
သစ္စာ လမ်းအဖွဲ့ချုပ်ရုံး၌၊ တောင်ကြီးရှိ လူငယ်အင်အားစုများနှင့် တွေ့ဆုံပြီး စကားပြော၏။

``ကျမ မနေ့က ရန်ကုန်က သတင်းရပါတယ်။ လူ့ဘောင်သစ်က မနေ့က စာတမ်းတခု ထုတ်ပါတယ်တဲ့။ ဒီစာတမ်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အခုချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က
လုပ်ေ နတဲ့ လုပ်င န်းတွေကို အားမရဘူးဆိုတဲ့ သဘောမျိုး ပါပါတယ်။ အားမရဘူးဆိုတဲ့ သဘောမျိုးမှာ ကျမက စည်းရုံးရေးချည်းပဲ ထွက်နေတယ်ပေါ့လေ။ စည်းရုံးရေးချည်းပဲ ထွက်နေတဲ့အခါကျတော့
ရန်ကုန်မှာ ကျန်နေခဲ့တဲ့ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကလည်း တိုက်ပွဲဝင်နေတယ်ရယ်လို့  မရှိဘူးလို့ ဝေဖန်ထားတယ်လို့  ပါတယ်။ အဲဒီလို ပွင့်ပွင့်လင်း လင်း ဝေဖန်တာကို ကျမတို့က
လက်ခံပါတယ်။ ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ ဆိုလို့ရှိရ င် ကိုယ့်စိတ်ထဲမှာ မကျေနပ်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ ရှင်း လိုက်တာက အကောင်းဆုံးပဲ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ ရှင်းပြချင်တာကတော့ တိုက်ပွဲဆိုတာ ပုံသဏ္ဍာန်အမျိုး မျိုး ရှိပါတယ်။ တိုက်ပွဲဆိုတာ လမ်း ပေါ်ထွက်ပြီး ဆန္ဒြ ပမှ တိုက်ပွဲမ ဟုတ်ပါဘူး။ ကျမတို့ဟာ ၁၈ ရက်နေ့ စက်တင်ဘာမှာ
စစ်အစိုးရကနေ အာဏာအရပ်ရပ်ကို သိမ်း ပြီးနောက် တိုက်ပွဲပုံစံ ပြောင်းရမယ်ဆိုတာ ယုံကြည်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့ခဲ့တာပဲ။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့
အလေ့အထကို ကျမတို့ စပြီးတော့ ထူထောင်ရမယ်။ နိုင်ငံရေးနည်းနဲ့ မဟုတ်ဘဲနဲ့ လက်နက်န ည်း၊ အကြမ်းဖက်တဲ့ နည်းတွေနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်း တဲ့ အလေ့အထဆိုတာ နိုင်ငံတခုအတွက်
ကောင်းတဲ့ အလေ့အထ မဟုတ်ပါဘူး။ ဒီလို အလေ့အထတွေ မဖြစ်အောင်ဆိုပြီး တော့ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့ခဲ့တာပါ။´´

(၇၄)
၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်ပ င် ရှမ်းပြည်နယ်ခ ရီးစဉ်အား အဆုံးသတ်၍ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်သို့ ပြန်ရောက်ကြ၏။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်ပင် ပါတီစုံ ဒီမိုကရေစီ
အထွေထွေေ ရွးကောက်ပွဲ ကျင်း ပရေးကော်မရှင်မှ … ကြေညာချက်အမှတ် ၁၉၄ အား ထုတ်ပြန်၏။

“ကော်မရှင်သည် မိမိအား ပေးအပ်ထားသည့် တာဝန်ဖြစ်သော လွတ်လပ်၍ တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရ န်အလို့ငှာ နိုင်ငံတော်၏ လုံခြုံရေး၊
တရားဥပဒေ စိုးမိုးရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် အခြေအနေအရပ်အပေါ် အခြေခံလျက် လုပ်ငန်းအစီအစဉ် ၂၆ ခုနှင့် အချိန်ဇယားတို့ကို …… အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်´´
ဟူ၍ ဖော်ပြပါရှိပြီး …. ရွေးကောက်ပွဲ ကျင်း ပမည့် နေ့ရက်အား ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်ဟူ၍ သတ်မှတ်လိုက်၏။ ရွေးကောက်ပွဲ စည်းရုံးရေးကာလ (Elect ion Campaign) ကိုမူ ၃ လ ဟု
သတ်မှတ်၏….။

စစ်အုပ်စုက အမိန့်အမှတ် ၂/၈၈ ကိုမူ ပယ်ဖျက်ပေးခြင်းမရှိ …။ ပြဋ္ဌာန်းထားဆဲ…..။ ၂/၈၈ က လူ ၅ ယောက်ထက်ပို၍ မစုဝေးရဟူသည့် တားမြစ်မိန့် ဖြစ်သည်။ အမှန်တွင် ၂/၈၈ ၏ ဥပဒေရေးရာ
ရည်ရွယ်ချက်နှင့် အနှစ်သာရကား…..။ ဆူပူမှုမ ဖြစ်ဖို့။ မရည်ရွယ်ဖို့။ ရုန်းရင်းဆန်ခ တ် မဖြစ်ဖို့ …. ဖြစ်သည်။ သို့သော် …. စစ်အုပ်စုက … ဤသို့ ဥပဒေ၏ အနှစ်သာရအား မကြည့်….။ စာရွက်ပေါ်က
အတိုင်း လူ ၅ ယောက်ထက် ပိုမို၍ စုေ ဝးသည်နှင့် ၂/၈၈ အား ကျူးလွန်သည်ဟူ၍ ဖမ်းတော့၏။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ခရီးစဉ်များတလျှောက် ၂/၈၈ အား စာရွက်ပေါ်ကအတိုင်း အဓိပ္ပာယ်ဖွင့်၍ ဖမ်းဆီးခဲ့သည့် အဖွဲ့ချုပ် အဖွဲ့ဝ င်ပေါင်းက …. မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့်
ဧရာဝတီတိုင်း တို့တွင် ပေါင်းလိုက်ပါက ၆၁ ယောက် ရှိပြီ။

ဤ ၂/၈၈ ကြီးက ဥပဒေကဲ့သို့ အာဏာတည်နေသ၍ … လွတ်လပ်၍ တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဟူသည်က ….. မည်သို့ ဖြစ်နိုင်ပါမည်နည်း….။ Election Campaign
ဟူသည်က စည်းရုံးလှုပ်ရှားသူများအား ဖမ်းဆီးရန်အတွက် သတ်ကွင်းတခုဟု ဆိုရမည့်အလား…..။ `လား´ပေါင်းများစွာနှင့် မေးခွန်း များက ပြည့်ကျပ်၍ နေသည်။ ပါတီစံု ဒီမိုကေရစီ အေထြေ ထြ
ရွေးကောက်ပွဲေ က်ာမရှင်၏ ကြေညာချက် ၁၉၄ နှင့် ပတ်သက်၍ NLD ၏ ဗဟိုအလုပ်အမှုေ ဆာင် အဖွဲ့အတွင်း ဆွေးနွေးကြ၏။ ကော်မ ရှင်၏ ရွေးကောက်ပွဲပြုလုပ်မည့် အချိန်ဇယားကိစ္စ၊
ရွေးကောက်ပွဲကျင်းပမည့် နိုင်ငံရေးဝန်းကျင် အခြေအနေတို့အား အဓိကထား၍ ဆွေးနွေးကြသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကြီးက၊ အဖွဲ့ချုပ်၏ သဘောထားအား တိုင်း ပြည်သို့ …. အသိပေးသင့်သည်များအား အသိပေးရန် လိုမည်။ ဤအတွက် …. ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်
တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄/၅၆ ရှိ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအစည်းအဝေး ခန်းမတွင်ပင် သတင်းစာ ရှင်း လင်းပွဲတရပ်အား ဒေါ်အောင်ဆန်းစုကြည်မှ ပြုလုပ်ရ န်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်ပေး၏။

ကိုးကား ……

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ


- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- ဦးခင်ကျော်ဟန်၏ ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ မှတ်တမ်း
- ဒို့ဗမာအစည်းအရုံး သမိုင်း (ပထမတွဲ၊ ဒုတိယတွဲ )
- နဝတအတွင်း ရေးမှူး (၁) ဗိုလ်မှူး ချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်ေ န့တွင် ပြုလုပ်သည့် သတင်း စာရှင်း လင်းပွဲ
- NLD ဗဟိုလူငယ်လုပ်င န်းအဖွဲ့ဝင်၊ ဧရာဝတီတိုင်း လူငယ်တာဝန်ခံ ကိုထွန်းအောင်ကျော်နှင့် တွေ့ဆုံမေးမြန်းချက်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၀)

| ကြာသပတေးနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၀၉ ခုနှစ် ၁၇ နာရီ ၂၄ မိန စ် ဆောင်းပါး

(၇၅)

၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်။


အမှတ် ၅၄/၅၆ တက္ကသိုလ်ရိပ်သာလမ်း ……။
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအစည်းအဝေးခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းစာရှင်းလင်းပွဲ အမှတ် (၁) အား ဒေါ်အောင်ဆန်း စုကြည်မှ ဦး ဆောင်၍ပြုလုပ်၏။ ပြည်တွင်း…ပြည်ပ မှ
သတင်းစာဆရာများ ၃ဝ ခန့် တက်ရောက်ကြသည်။ ရန်ကုန်မြို့ရှိ သံရုံး များမှ သံတမန်ဝန်ထမ်းအချို့ကိုလည်း ခန်းမအတွင်း၌ တွေ့ရ ၏။

ဒေါ်အောင်ဆန်းစုကြည်က ပထမဦးစွာ အဖွင့်မိတ်ဆက် နိဒါန်းစကားဆို၏။


``ကျမတို့ အဓိကထားပြီး ပြောချင်တဲ့ကိစ္စကတော့ ကျမတို့အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲေ က်ာမရှင်က ထုတ်ပြန်လိုက်တဲ့ အချိန်ဇယားနဲ့ ပတ်သက်ပြီး ပြောချင်လို့ပါပဲ။ ဒီအချိန်ဇယားဟာ ပြန်ပြီး တော့
ကြည့်မယ်ဆိုလို့ရှိရ င် နောက် ၁၄-၅ လမှာ မှ ရွေးကောက်ပွဲများ ဖြစ်မယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။ တိုတိုပြောရမယ် ဆိုလို့ရှိရင် ပထမဦးဆုံးတော့ ဒီ ၁၄-၅ လဟာ အင်မ တန်
ကြာလွန်း တယ်လို့ ကျမတော့ ထင်ပါတယ်။ ဒီအချိန်ဇယားမှာ လုပ်မ ယ့်လုပ်ငန်းတွေ တကယ်ပဲ မြန်မြန်လုပ်ချင်တယ်ဆိုရင် ဒီအချိန်ကို ၉ လ၊ ၁ဝ လလောက်အထိ ကျုံ့လိုက်လို့ရမယ်လို့ ကျမတို့
ယုံကြည်ပါတယ်။ ဒါက နံပါတ်တစ်။ နံပါတ်နှစ် အချက်ကတော့ တကယ်အရေးကြီးနေတာဟာ ရွေးကောက်ပွဲများ လုပ်ေ ပးမယ်ဆိုတာ ပြောတာတော့ ဟုတ်ပါပြီ၊ ရွေးကောက်ပွဲများ
ဘယ်တော့လုပ်ပေးမယ်ဆိုတာ အချိန်သတ်မှတ်တာ ဟုတ်ပါပြီ။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများဖြစ်ရေးအတွက် ဘယ်လိုအခြေအနေတွေ ဖန်တီးနေတယ်ဆိုတာကို ကျမတို့
မေးခွန်း ထုတ်ဖို့ လိုမယ်ထင်ပါတယ်။´´

``ကျမတို့ စည်းရုံးရေးခရီးထွက်ခဲ့တဲ့အခါမှာ ဘာတွေေ တွ့ခဲ့သလဲဆိုတော့ ပြည်သူလူထုရဲ့ အခြေခံ လူ့အခွင့်အရေးများဆိုတာ မရှိသလောက် ဖြစ်နေပါတယ်။ အဲ့ဒီတော့ ဒီလိုလူ့အခွင့်အရေးများ
ဒီမိုကရေစီ အခွင့်အရေးများ မရှိတဲ့အခြေအနေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ ဘယ်လိုဖန်တီး မလဲဆိုတာ မေးစရာ ဖြစ်နေပါတယ်။´´

``နဝတ အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ တကယ်ပဲ လုပ်ေ ပးမယ်ဆိုလို့ရှိရ င် ဒီရွေးကောက်ပွဲတွေ ဖြစ်ရေးအတွက် အခြေအနေတွေစပြီး ဖန်တီးရပါမယ်။ ရွေးကောက်ပွဲဟာ ၄ လမှ
လုပ်လုပ်၊ ၁၄ လ အကြာမှ လုပ်လုပ်၊ ဘယ်အချိန် လုပ်လုပ် အခြေခံလူ့အခွင့်အရေးများနဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့်များ ဆိုတာတော့ အခုအချိန်ကစပြီး ဖော်ထုတ်သင့်ပြီလို့ ကျမတို့ထင်ပါတယ်။´´
``အဲ့ဒီတော့ အခုအချိန်မှာ ကျမတို့အဖွဲ့ချုပ်အနေနဲ့ လူ့အခွင့်အရေးများ၊ အခြေခံလူ့အခွင့်အရေးများ၊ ဒီမိုကရေစီအခွင့်အရေးများ ဖော်ထုတ်ရေးပဲ´´

``ကျမတို့အဖွဲ့ချုပ်အနေနဲ့ တတိုင်း တပြည်လုံးမှာ မြင်ရတဲ့အခြေအနေမှာ ပြည်သူလူထုဟာ တနေ့တခြား အခွင့်အရေးများ ပိုဆုံးရှုံးလာတယ်လို့ ကျမတို့ မြင်ရပါတယ်။ ဒီဆုံးရှုံးလာတဲ့ အခွင့်အရေးများကို
မဆုံး ရှုံးရအောင်လို့၊ ပိုပြီးရအောင်လို့ လုပ်ပေးဖို့လိုတယ်လို့ အဖွဲ့ချုပ်အနေနဲ့ သဘောထားပါတယ်။ ကျမတို့ စည်းရုံးရေးခရီးနဲ့ ပတ်သက်လို့ ကျမတို့အဖွဲ့ချုပ်ရဲ့လုပ်ငန်းတွေနဲ့ ပါတ်သတ်လို့ 
နောက်ဆုံးအခြေအနေ မေးချင်တာရှိရင်တော့ မေးကြပါ။ ကျမ ဖြေပါမယ်။´´

``အရင်တခါ သတင်းစာရှင်း လင်းပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို overcast လို့ ဆိုခဲ့ပါတယ်။ အခုအချိန်ကိုရော ဘယ်လိုဆိုပါမလဲ… ..´´

သတင်းထောက်တဦး က မေး၏။
ဒေါ်အောင်ဆန်းစုကြည်က ….. ``Overcast threatening rain လို့ ပြောရမလား မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာဆိုလို့ရှိရင် မကျေနပ်မှုေ တွကလည်း များလာပါတယ်။ မကျေနပ်မှုတွေ
များလာတယ်ဆိုရာမှာ ဒီလိုအခွင့်အရေးတွေ ချိုးဖောက်နေလို့ပါ။ နောက်ပြီးတော့လည်း မတ်လမှာ ဆိုလို့ရှိရ င်လည်း အရေးအခင်းများရဲ့ နှစ်ပတ်လည်လည်း ဖြစ်တယ်။ နှစ်ပ တ်လည်ဖြစ်တ့အ
ဲ ခါကျတော့
ကျောင်းသားလူငယ်များရဲ့ စိတ်ထဲမှာတော့ လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်ဆိုတာကတော့ ဒါလည်း သဘာဝကျပါတယ်။ ဒီလိုပဲ ဖြစ်နေမှာပဲလို့ ယုံကြည်ပါတယ်။ ဖြစ်နေတယ်လို့လည်း ကြားပါတယ်။´´

နောက်ထပ် သတင်းစာဆရာတဦးက ထ၍ မေးခွန်း ထုတ်ပြန်၏။


``လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကန့်ကွက်စာပေးတဲ့အခါ သက်ဆိုင်ရာက အမေရိကန်နိုင်ငံကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ အမျိုးသားရေးကို ဦးစားပေးနေရတဲ့အချိန်မှာ လူ့အခွင့်အရေးကို
ဦးစားမပေးနိုင်ဘူး ဆိုပြီးတော့ ဖြေတာကို ဘယ်လို သဘောရပါသလဲ။´´

``ကျမတို့ National Cause ဟာ ဘာလဲဆိုတာ မေးစရာပဲ။ အမျိုးသားရေးဆိုတာ ဘာလဲ။ အခု ကျမပြောနေတဲ့ အမျိုးသားရေးဆိုတာ ဒီမိုကရေစီရေးပဲ။ ဒီမိုကရေစီရရှိရေးအတွက် ဘာလိုသလဲ။
လူ့အခွင့်အရေးများ လိုတယ်။ ကျမ စည်းရုံးရေးခရီး ထွက်တဲ့အခါတိုင်းမှာ အတော်များများက မေးကြတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ အခြေခံ လူ့အခွင့်အရေးများကို အာမခံတဲ့စနစ်လို့
ယုံကြည်တယ်လို့  ကျမ ဖြေပါတယ်။ ဒါဟာလည်း ကျမ ယုံကြည်ချက် အမှန်ပါပဲ။ အဲဒီတော့ National Cause မို့လို့ လူ့အခွင့်အရေးအခြေခံ၊ လူ့အခွင့်အရေးများကို မစဉ်းစားနိုင်ဘူး ဆိုတာဟာ National
Cause ဟာ ဘာလဲဆိုတာ စဉ်းစားစရာ ဖြစ်သွားပြီ။ ဒီတိုင်း ပြည်ကို တည်တံ့ခိုင်မြဲေ အာင် လုပ်ဖို့ တာဝန်ရှိရင် ပထမဦးဆုံးအားဖြင့် ဒီ Disturbances ဘာကြောင့် ဖြစ်လာတယ်ဆိုတာ စုံစ မ်းရမှာပဲ။ ဒါ
ဘာကြောင့်ြ့ဖစ်လာသလဲဆိုတာ ကျမတို့အမြင်တော့ အခြေခံလူ့အခွင့်အရေးနဲ့ ဆိုင်တာပဲ။ အခြေခံ လူ့အခွင့်အရေးမရခဲ့လို့ ပြည်သူလူထုက မကျေမနပ်ဖြစ်ပြီးတော့ အုံကြွခဲ့လို့ ဒီလိုပြဿနာတွေ
ဖြစ်ခဲ့တယ်။ ဒီတော့ ဒီပြဿနာတွေ ပြေလည်ဖို့အတွက် ပြည်သူလူထု အုံကြွခဲ့တဲ့ အကြောင်းရင်းကို ရှာရမယ်။ ဒီအကြောင်းရင်းက အခြေခံ လူ့အခွင့်အရေးမရှိခဲ့လို့ ´´

AP သတင်း ထောက်တဦးမှ ထပ်၍ မေးပြန်သည်။


``ပါတီအတော်များများက ဗိုလ်ချုပ်ကြီးစောမောင် ကျင်းပပေးမယ့် ရွေးကောက်ပွဲကို တရားမျှတမှာ မဟုတ်ဘူးလို့ ထင်နေကြပါတယ်။ ကြားဖြတ်အစိုးရ လိုမယ်လို့လည်း ဆိုကြပါတယ်။ သူကလည်း သူဟာ
အကောင်းဆုံး ကြားဖြတ်အစိုးရပါလို့ ဆိုပါတယ်။ အဲ့ဒါ ဘယ်လိုမြင်ပါသလဲ´´

``ကျမတို့အဖွဲ့ချုပ်အနေနဲ့ တကယ်အရေးကြီးတာဟာ ဒီရွေးကောက်ပွဲ မဟုတ်ပါဘူး။ အရေးကြီးတာက လူ့အခွင့်အရေးများအတွက် တိုက်ရမှာ။ ကျမတို့ဟာ ဗိုလ်ချုပ်ကြီး စောမောင် အစိုး ရပဲဖြစ်ြ ဖစ်၊
ဘယ်အစိုး ရပဲဖြစ်ဖြစ် ရွေးကောက်ပွဲလုပ်ေ ပးရေး ဆိုတာကို ဦးတည်ေ နတာ မဟုတ်ပါဘူး။ အခွင့်အရေးများ ရရှိရေးအတွက်ပါ။ ဒီရွေးကောက်ပွဲများဆိုတာ ဒီမိုကရေစီအခွင့်အရေးထဲက
အခွင့်အရေးတခုပါ။ ကျမတို့ လိုချင်တာဟာ အခြေခံလူ့အခွင့်အရေးများနဲ့ ဒီမိုကရေစီအရေးများကို ပြည့်ပြည့်စုံစုံ လိုချင်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲရ ရှိရေးဆိုတာ
ဒီအခွင့်အရေးများထဲက တခုသာ ဖြစ်ပါတယ်။ ကျမတို့ဟာ ရွေးကောက်ပွဲများကို ဦးတည်ပြီးတော့ ရွေးကောက်ပွဲများ လုပ်ေ ပးဖို့ဆိုတဲ့ ဆန္ဒနဲ့ ဒီလို ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင်နေတာ မဟုတ်ပါဘူး။
ဒီမိုကရေစီရရှိရေးအတွက်ကို ရွေးကောက်ပွဲများလိုလို့ ရွေးကောက်ပွဲများ ရရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ပါဝင်နေပါတယ်။ ကျမတို့အနေနဲ့ ဗိုလ်ချုပ်ကြီးစောမောင် အစိုးရဟာ လွတ်လပ်ြ ပီး တရားမျှတတဲ့
ရွေးကောက်ပွဲများ လုပ်ေ ပးမလားဆိုတာကို မမေးဘဲနဲ့ အခု ပြည်သူလူထု ရသင့်ရ ထိုက်တဲ့ အခွင့်အရေးတွေ ပေးမှာလားဆိုတာကို မေးပါ။ ဒီဟာဟာ အရေးကြီးတဲ့ မေးခွန်း ပါ။ ပေးမှာပါဆိုတာတင်
မဟုတ်ဘူး။ ပေးပါလို့ တောင်းဆိုပါတယ်။ ပေးဖို့အချိန်လည်း ရောက်ပြီလို့ ကျမတို့ ထင်ပါတယ်။´´

AP သတင်း ထောက်၏ အမေးအား ဖြေပြီးသည့်ေ နာက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဆက်၍ … ``သတင်းစာဆရာတွေရှိတုန်း ကျမပြောချင်တာက ကျမတို့ သတင်းလွတ်လပ်ခွင့် လိုပါတယ်။
ကျမတို့အဖွဲ့ချုပ် အနေနဲ့ဆိုရင် သတင်းလွတ်လပ်ခွင့် လိုတယ်။ လွတ်လပ်စွာ ရေးသားပိုင်ခွင့် လိုတယ်။ ကျမတို့အဖွဲ့ချုပ်အနေနဲ့ သတင်း စာထုတ်ခွင့် တောင်း ပါတယ်။ မရပါဘူး။ ကျမတို့အနေနဲ့တော့
သတင်းစာတခု သပ်သပ်လိုနေပါတယ်။ လုပ်သားပြည်သူ့နေ့စဉ်တို့၊ မြန်မာ့အသံတို့ကနေပြီးတော့ သတင်းဆောင်းပါးတွေ ဘာတွေ ဆိုလို့ရှိရ င် သတင်းလွှင့်ပုံတွေဟာ တဖတ်သတ်နိုင်တယ်လို့ ကျမတို့
မြင်ပါတယ်။ အဲ့ဒီလို တဖက်သတ်နိုင်လို့ရှိရ င် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများဆိုတာ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ မေးစရာ ဖြစ်နေပါတယ်။ အဲ့ဒီတော့ သတင်း လွတ်လပ်ခွင့်ကိုတော့
အမြန်ဆုံးပေးဖို့ လိုတယ်။ သတင်းစာ ထုတ်ဝေခွင့်ကိုလည်း အမြန်ဆုံး ပေးဖို့လိုတယ်လို့ ကျမတို့ ထင်ပါတယ်။´´

ထိုနေ့က သတင်း စာရှင်း လင်းပွဲနှင့်ပင် ဒေါ်အောင်ဆန်းစုကြည် အချိန်ကုန်ခဲ့၏။ တပို့တွဲလဆုတ်ရက်ဆောင်းက ….. အေးစက်၍မနေ….။ နွေးနွေးသွေ့ေ သွ့….။ ရန်ကုန်၏ ဆောင်းနှောင်း နွေဦးရက်များက
…. အအေးနည်းပြီး အနွေးကဲသော နေ့ရက်များ….။ နွေဦး အဝင်စောမည့် နှစ်ေ လလား….။

(၇၆)

``ခရေပွင့်လျှင်
ကြွေရ င့်ဝါဝါ၊ မြေ၌မှာလျှင်
တဝက်ေ မာင်းနီ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး၊ နီဝါကူးသည်
နွေဦး ပေါက်မို့ ရော်ရွက်ေ ကြွ
ရင့်ကြွေေ ညာင်းသည်
ရွက်ေ ဟာင်းစွန့်ပစ် ဘဝသစ်သို့
သနစ်ပြောင်းမည် ဖူးသစ်မီသည်
အနီထဲမှ ကြယ်ဖြူပွင့်……´´
(ဒဂုန်တာရာ၏ မတ်လ တော်လှန်ေ ရးမှ)

နွေဦးတပေါင်း…….။
တပေါင်းလဆန်းသည်နှင့် ရန်ကုန်၏ နိုင်ငံရေးရာသီဥတုက …. ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်း လင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့်အတိုင်း ….. `Overcast
Threatening rain´ က ပို၍ ပီပြင်လာသည်ဟု ဆိုရမည်။

မြေအောက် ကျောင်းသားလှုပ်ရှားမှုများက လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။ မောင်းပြန်အား ရင်ဆိုင်ရန် ကျောင်းသားလူငယ်များက ဒေါင်းအလံအား တလူလူလွှင့်ဖို့ လုံ့လပြုလာကြ၏။

တပေါင်းက ….. ၈၈ ခုနှစ် အရေးတော်ပြုံ ကီး၏ သမိုင်းစဉ်တွင် ကဗ္ဗည်းကျောက်စာတိုင်များ စိုက်ထူထားခဲ့ကြသည့်လ ….။ ကိုဖုန်းမော်ကျဆုံးခဲ့သည့် … မတ်လ … ၁၃ ရက်။ တံတားနီအရေးတော်ပုံ၏
သွေးစွန်ေ သာ …. မတ်လ … ၁၆ ရက်။ …….။ …….။

မြန်မာ့သမိုင်းစဉ်တွင်က အာဏာပိုင်စစ်အုပ်စုသည် နိုင်ငံေ ရးပြဿနာများအား နိုင်ငံရေးနည်းဖြင့် ပြေပြေပြစ်ပြစ် အေးအေးချမ်းချမ်းနှင့် ဖြေရှင်း ခဲ့ခြင်းမျိုး မရှိခဲ့ …. လက်နက်နှင့်သာ အဓမ္မဖြေရှင်းခဲ့ကြ၏။
ဤသို့သော သွေးချောင်းစီး လူသတ်ပွဲများအား အများပြည်သူတို့မှ မမေ့မပျောက် အမှတ်ရနေရန် လိုသည်။ ပြီးလျှင် နောင်ကြုံတွေ့ရမည့် နိုင်ငံရေးပြဿနာများကိုလည်း နိုင်ငံရေးနည်း၊
ပြေလည်ချောမွေ့သော နည်းများနှင့် ဖြေရှင်းနိုင်ရန်မှာ သမိုင်းတွင်ရစ်သည့် အထိမ်း အမှတ် နေ့ထူးနေ့မြတ်များတွင် အထိမ်း အမှတ် အခမ်းအနားများအား ပြုလုပ်သွားရန်လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်
တွေးထင်ထား၏။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ပြုလုပ်ခဲ့သည့် NLD ၏ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ တွေးထင်ချက်များအား ဆွေးနွေးခဲ့ပြီးဖြစ်သည်။
NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှလည်း ကိုဖုန်းမော်ကျဆုံးခဲ့ရသည့် မတ်လ ၁၃ ရက်နေ့အား မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနားများ ကျင်းပပြုလုပ်သွားရန်
ဆုံးဖြတ်ချက်ချခဲ့ကြပြီးဖြစ်သည်။

၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်မှစ၍ …. သတင်းပတ် တပတ်လုံးလုံးကို ဖုန်းမော်နေ့ (သို့မဟုတ်) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ်နှင့် ရန်ကုန်မြို့ တွင် ကျင်းပကြရန် စီစဉ်၏။

ကိုးကား …

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ


- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင်မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခမောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲများ
- ဦးခင်ကျော်ဟန်၏ ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ မှတ်တမ်း
- ဒို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ၊ ဒုတိယတွဲ)
- နဝတ အတွင်းရေးမှူး (၁) ဗိုလ်မှူး ချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ
- NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ဝင်၊ ဧရာဝတီတိုင်း လူငယ်တာဝန်ခံ ကိုထွန်းအောင်ကျော်နှင့် တွေ့ဆုံမေးမြန်းချက်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၁)


| သောကြာနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၀၉ ခုနှစ် ၁၉ နာရီ ၀၃ မိန စ် ဆောင်းပါး

(၇၇)

၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်


ရန်ကုန်စ က်မှုတက္ကသိုလ် …..
လက်ခုပ်များတီး၍ `ကျောင်းသားသမဂ္ဂ´ သီချင်းအား သံပြိုင်သီဆိုနေကြသည့် အသံများက ရန်ကုန် စက်မှုတက္ကသိုလ် ဝင်းအတွင်း မှ ပျံ့လွင့်၍နေသည်။ အင်းစိန်လမ်း မပေါ်တွင်မူ
အပေါ့စားတင့်ကားများ၊ စစ်သားများ အပြည့် တင်ေ ဆာင်ထားသည့် ထရပ်ကားကြီးများက ဖြေးညင်းစွာ မောင်းနှင်ရ င်း ကင်းလှည့်၍နေကြ၏။ ရန်ကုန် စက်မှုတက္ကသိုလ်အရှေ့ အင်းစိန်လမ်း မကြီး၏
တဖက်လမ်း ၏ ညာဘက်တွင်မူ …. အသံချဲ့စက်များ တင်ဆောင်ထားသည့် လုံထိန်းကားများက အစီအရီရပ်၍ထား၏။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ဦးဆောင်၍ ကိုဖုန်း မော်နေ့ (သို့မဟုတ်) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အား ကိုဖုန်းမော် ကျဆုံးခဲ့သည့် ရန်ကုန် စက်မှုတက္ကသိုလ် မြက်ခ င်း ပြင်၌ပင် ကျင်းပရန်
စီစ ဉ်၍နေကြသည်။

ကိုဖုန်းမော် ကျဆုံးခဲ့သည့် နေရာတွင် လွမ်းသူ့ပ န်းခွေများ၊ လွမ်း သူပန်းခြင်းများချ၍ ဂုဏ်ပြုကြ၏။ အခမ်းအနား စင်မြင့်ထက်တွင်က စကားပြောစတိတ်ခုံအား တင်ထား၏။ စကားပြောစတိတ်ခုံ၏
အနောက်တွင် …. အလံနှစ်စင်းအား လွှင့်ထူထား၏။ တစင်းက အနီ၊ တစင်းက အနက်….။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့လည်း အခမ်းအနားသို့တတ်ရောက်ကြ၏။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုအောင်ဒင်၊ ကိုမိုးသီးဇွန်တို့ က အခမ်းအနားအစီအစဉ်များနှင့် အလုပ်များ၍နေကြ၏။
ယောပုဆိုး၊ ကော်လာကတုံးအဖြူ၊ ပင်နီအင်္ကျီဆင်တူနှင့် ကျောင်းသားခေါင်းဆောင်များက နိုးကြားထန်သန်စွာနှင့် လှုပ်ရှား၍နေကြသည်မှာ အထင်း သား….။

ဦး သာဘန်း၊ ဦးသုေ ဝ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးမောင်ကို (ထောင်အတွင်း၌ ကွယ်လွန် အန်အယ်ဒီ အဖွဲ့ဝ င်) တို့ကိုလည်း လူထုကြီးအတွင်း ၌ ဖျက်ကနဲ….ဖျက်ကနဲေ တွ့ရ၏။ လူထုပရိတ်သတ်က
ကျောင်းဝင်းအပြည့် ….ကွင်းလုံးအပြည့်….။ စစ်သားများနှင့်လုံထိန်းများက ကျောင်းအရှေ့အင်း စိန်လမ်း မကြီး ၏တစ်ဖက်တွင် ….။

ကြားတွင်က …. မဲနက်ေ သာ အင်း စိန်လမ်းမကြီးက မီးတားလမ်း သဖွယ် အနားသတ်ထားလေ၏။ အခမ်းအနားကို အဖွဲ့အသီးသီးက သဝဏ်လွှာများပေးပို့ကြ၏။ ဖတ်ကြားကြ၏။
မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှလည်း သဝဏ်လွှာပေးပို့၏။ အခမ်းအနားက အစီအစဉ်အတိုင်း အောင်မြင်စွာနှင့် ပြီး ဆုံးခဲ့၏။

သံပြိုင်သီကြွေးနေကြသည့် `ကမ္ဘာ မကြေဘူး´ သီချင်းသံက အားတတ်ဖွယ်….။ အားလုံးသော မျက်ဝန်းများက ရွန်းလဲ့လဲ့ ….. တောက်တောက်ပ ပ ….. အရောင်လက်၍နေကြသည်။ အနာဂတ်ခရီးသို့
ချီမည့် ကြယ်စင်များအလား…..။

ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းအတွင်း ကျင်း ပသည့် ကိုဖုန်းမော်နေ့ (သို့မဟုတ်) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားပြီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့  အဖွဲ့ချုပ်ရုံးသို့ ပြန်ခဲ့ကြ၏။
အဖွဲ့ချုပ်ရုံးတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကျင်းပမည့် `ကိုဖုန်းမော်နေ့ (သို့မဟုတ်) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့´ အခမ်းအနားသို့ တတ်ရောက်ရပြန်သည်။

အဖွဲ့ချုပ် ဗဟိုအစည်းအဝေးခန်းမက ကျဉ်း၍ ပရိသတ် ၅ဝဝ မျှ ပင် တက်ရောက်နိုင်ကြသည်။ အခမ်းအနားတွင် နာယက အဖွဲ့ဝ င်များအဖြစ် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးလွင်တို့က ဆောင်ရွက်ကြသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းကိုနိုင်လည်း တက်ရောက်၍ မိန့်ခွန်းစကားပြော၏။ အခမ်းအနား၌ ဒေါ်အောင်ဆန်း စုကြည်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး
အမှာ စကားလည်း ဆို၏။

``ဒီနေ့ဟာ မောင်ဖုန်းမော်ကျဆုံးသွားတာ တနှစ်ြ ပည့်တဲ့နေ့ ဖြစ်ပါတယ်။ မောင်ဖုန်း မော်ဟာဆိုရင် ကျဆုံးတဲ့ အချိန်တုန်းက လူငယ်တယောက် ဖြစ်ပါတယ်။ ဒီလိုလူငယ်တယောက် ကျဆုံးရတယ်ဆိုတာ
အင်မ တန်မှ နှမြောစရာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူငယ်ရဲ့ဘဝမှာ အများကြီး လုပ်စ ရာ၊ ကိုင်စ ရာတွေ ရှိသေးတယ်။ ဒီလုပ်စ ရာ၊ ကိုင်စရာတွေကို မလုပ်လိုက်ရဘဲနဲ့
ဆုံးရှုံးသွားရတယ်ဆိုတာ အင်မ တန်မှ နှမြောစရာ ဖြစ်ပါတယ်။ ဆုံးသွားတဲ့အခါကျတော့လည်း ဂုဏ်သိက္ခာနဲ့ မဆုံးရှုံးသွားရဘူး။ သူ့မိသားစုများဟာ အေးအေးဆေးဆေး၊ ငြိမ်း ငြိမ်း ချမ်းချမ်းနဲ့
လုပ်သင့်လုပ်ထိုက်တဲ့ ကိုယ်ထုံးတမ်းစဉ်လာအရ ကျဆုံးသွားတဲ့ လူတစ်ေ ယာက်အတွက် ကောင်းကောင်းမွန်မွန် လုပ်ချင်တာတွေတောင်မှ အေးအေးဆေးဆေး မလုပ်လိုက်ရ ဘူးဆိုတာ အားလုံးအသိပဲ
ဖြစ်ပါတယ်။ ဒီလိုမလုပ်လိုက်ရခြင်းဟာ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေလို့ပဲ။

ဒါ့ကြောင့်မို့လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ မောင်ဖုန်းမော် ကျဆုံးသွားတဲ့ နှစ်ပ တ်လည်အချိန်ဟာ အခြေခံ လူ့အခွင့်အရေးများနဲ့ ပတ်သက်လို့  ပြန်ပြီးတော့ စဉ်းစားရချိန်၊ ဒီအခွင့်အရေးများ
ရရှိဖို့အတွက် ပြန်ပြီးတော့ ကြိုးစားရချိန် ဆိုပြီး တော့ သတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။

အခု ဒီနေ့ မောင်ဖုန်းမော်ကို သတိရသောအားဖြင့် မောင်ဖုန်း မော် မလုပ်လိုက်ရ တဲ့ မထမ်းဆောင်လိုက်ရတဲ့ တိုင်းပြည်တာဝန်တွေကို အားလုံးက ဝိုင်း ဝန်းထမ်းဆောင်သွားမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချပြီးတော့
ဒီမိုကရေစီအောင်မြင်ဖို့အတွက် ချီတက်သွားကြပါစို့လို့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။´´
(၇၈)

ကိုဖုန်းမော်လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံရသူများက များသည်။ အများဆုံး ဖမ်းဆီးခံရသည်က လူင ယ်ကျောင်းသားများ…။ စာရွက်စာတမ်းဖြန့်ဝေစဉ် အဖမ်းခံရသည်။ လှုပ်ရှားမှုဖော်စဉ် အဖမ်းခံရသည်။
သို့သော် …. လူငယ်ေ ကျာင်းသားထု၏ လှုပ်ရှားတိုက်ပွဲဝင်မှုများက လျော့မသွား…..။ တန့်မ သွား….။

မတ်လ ၁၆ ရက် တံတားနီအခမ်းအနားအား ကျင်းပ၏။ အင်းယားကန်အတွင်း လွမ်းသူပန်းခွေများ၊ ပန်းခြင်းများ မျှော၍ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက် တံတားဖြူအနီး ကျဆုံးသွားခဲ့ကြသည့် အာဇာနည်
ကျောင်းသားရဲဘော်များအား အမှတ်တရ …. ဂုဏ်ပြုဦးညွှတ်ကြ၏။ စစ်သားများနှင့် လုံထိန်းများ၏ လှံစွပ်များ၊ ဝါးရင်းတုတ်များအကြားမှ ပြုလုပ်ကြရသည့် အထိမ်း အမှတ် အခမ်းအနားဖြစ်သ ည်။
ကျောင်းသားပြည်သူ ထောင်ကျော်၏။ ရန်ကုန်ြ မို့အနှံ့ …. ကျောင်း သားလူင ယ်တို့ ၏ ဆန္ဒပြလှုပ်ရှားမှုများက ဆက်တိုက်ပင် ဆင်နွှဲ၍နေကြ၏။ သွေးမြေကျသည့်အထိ ထိပ်တိုက်တွေ့မှုများက
မကြုံသေး….။ ဤသို့ ထိပ်တိုက်တွေ့သည့်အဆင့်ထိ မရောက်ရန်လည်း အန်အယ်ဒီမှ ဦးတင်ဦး၊ ဦး ဝင်းတင်၊ ဦးချစ်ခိုင်၊ ဦးအောင်ရွှေတို့က ကြားမှဝင်၍ ထိန်းသိမ်းဖြေရှင်း ပေးနေခဲ့ကြ၏။

ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသားလှုပ်ရှားမှုများက ပြောက်ကျားသဘောဆန်၏။ တနေရာရာတွင် ….. ကျောင်း သားများ ရုတ်ချည်း ရောက်လာခဲ့ကြ၏။ စုရုံး လိုက်ကြပြီး ကြွေးကြော်သံများ ဟစ်ေ ကြွးကြ၏။
ပိုစ တာများ ထောင်ကြ၏။ လက်ကမ်း စာစောင်များ ဝေ၏။ ဤသို့နှင့် လူထုအင်အားကြီးမားလာလျှင် …. ဆန္ဒပြပွဲအား တဆင့်တက်လှမ်း ၏။ စုရုံး ဆန္ဒပြနေစဉ်မှာ ပင် …. စစ်သားများ၊ လုံထိန်းများ
ရောက်လာခဲ့လျှင် …. ထိပ်တိုက်ရင်ဆိုင်ရ န် အင်အားမမျှပါက …. လူစုခွဲလိုက်ကြ၏။ ဤတိုက်ပွဲေ ဖ်ာစဉ်အတွင်း …. စွန့်စားမှုက ကြီးမား၏။ အဖမ်းခံရမည်။ အရိုက်ခံရ မည်။
ပစ်ခတ်သတ်ဖြတ်မှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နိုင်၏။

၁၉၈၉ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ကိုမင်းကိုနိုင် အဖမ်းခံရ၏။ ကိုမင်းကိုနိုင် မရှိသည့်နောက်တွင်လည်း ကျောင်းသားလှုပ်ရှားမှုများက ဆက်၍ဆက်၍ ရှိေ နခဲ့၏။ တိုက်ပွဲများက ဖော်ဆဲ….။
အာဏာစက်အား အံတုဆဲ ….။

ကိုမင်းကိုနိုင် ဖမ်းဆီးထိန်း သိမ်းခံရပြီးနောက် တနေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအတွင်း အစည်း အဝေးခန်းမ၌ ကျောင်းသားလူငယ်များ အစည်းအဝေး ပြုလုပ်ကြ၏။ အန်အယ်ဒီလူငယ်
လုပ်င န်းအဖွဲ့ဝင်များအပြင် အခြားလူငယ်ေ ကျာင်းသားများလည်း ပါ၏။ ကျောင်းသားလူငယ်များ အစည်းဝေးပြုလုပ်နေသည့် အဖွဲ့ချုပ်ရုံးအရှေ့ တက္ကသိုလ်ရိပ်သာလမ်းတွင် ကျောင်း သားအဖဲ့တ
ွ ဖွဲ့မှ
ဆန္ဒပြရန် စီစဉ်နေသည်ဟူသည့် သတင်း အား ရ၏။ သတင်းကြောင့် အဖွဲ့ချုပ်ရုံး၏ အဝင်ပေါက်ဝတံခါးအား သော့ခတ်၍ပိတ်ထား၏။

မည်သည့်အတွက် အဖွဲ့ချုပ်ရုံး ရှေ့တွင် ကျောင်းသားလူငယ်များမှ ဆန္ဒပြရန်နေရာ ရွေးချယ်ကြသနည်း။ ဒေါ်အောင်ဆန်း စုကြည် စဉ်းစားမရ….။ တက္ကသိုလ်ရိပ်သာလမ်း က လူစည်း ကားရာ
လမ်း လည်းမဟုတ်…..။ လမ်းအတွင်းရှိ အိမ်များက ဝင်းများခြံများနှင့် အိမ်များသာ….။ လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တိုးလျှင် …. ရှောင်ရ၊ တိမ်းရခက်သည့် နေရာ….။ ပြောက်ကျားဆန္ဒပြမှုများအား
ဖော်ထုတ်ရန်သင့်သည့် နေရာများက …. လုံထိန်းများ ရုတ်တရက် ရောက်လာခဲ့လျှင် ဖမ်းဆီးခြင်း မခံရလေရန် လူထုအကြား လူအုပ်အတွင်း ရော၍ ဖျောက်လို့ရမည့် နေရာ….။ ရှောင်တိမ်းရာတွင်လည်း
လမ်း ကြိုလမ်းကြားများ ရှိသည့်နေရာ …. ဤသို့သော နေရာမျိုးအား ရွေးသင့်၏။ ယခု အဖွဲ့ချုပ်ရုံးအရှေ့ တက္ကသိုလ်ရိပ်သာလမ်း ကဲ့သို့သော နေရာက … ပြောက်ကျားဆန္ဒပြရန်အတွက် ပထဝီအရမသင့်
…..။ မည်သည့်အတွက် … ဤနေရာမျိုးကို ဆန္ဒပြရန် ကျောင်းသားလူင ယ်အချို့က ရွေးချယ်ကြသနည်း….။ ဒေါ်အောင်ဆန်း စုကြည်နှင့် အန်အယ်ဒီ ခေါင်းဆောင်များ အတွေးကြပ်ရ၏။ သို့သော် ….
အခြေအနေကိုတော့ ထိန်း ထိန်း သိမ်းသိမ်းနှင့် ဆောင်ရွက်နိုင်ရန် အသင့်ပြင်၍တော့ ထားကြ၏။ မကြာ….။ ကျောင်းသားလူငယ်များ ရောက်လာပြီး အဖွဲ့ချုပ်ရုံးရှေ့၌ ဆန္ဒပြကြ၏။ ကြွေးကြော်သံများ
ဟစ်ေ ကြွး၍မျှ မဆုံးသေး …. စစ်ကားကြီးများနှင့် စစ်သားများ ရောက်လာ၏။ အချိန်ကိုက်ပ င်….။ ဇာတ်တိုက်ထားသည့်အလား….။

စစ်သားများက သံဆူးကြိုးများ ပတ်ထားသည့် ဒုတ်များနှင့် ဆန္ဒပြကျောင်းသားတို့အား ရိုက်ရန် လိုက်၏။ ကျောင်းသားလူင ယ်များက တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ြ ခံဝင်းများအတွင်း သို့
ဝင်၍ပြေးကြသည်။ ခြံအမှတ် ၅၄ အတွင်းသို့လည်း ဝင်ပြေးကြ၏။ အခြား၊ အခြားသော ခြံများအတွင်းသို့လည်း ဝင်ပြေးကြ၏။ ဦးဝင်းတင် (အန်အယ်ဒီ အတွင်းရေးမှူးအဖွဲ့ဝ င်)နှင့် ဦး လွင် (အန်အယ်ဒီ
ဗဟိုဘဏ္ဍာရေးမှူး၊ ဗဟိုအလုပ်အမှုေ ဆာင် အဖွဲ့ဝ င်) တို့မှ အဖွဲ့ချုပ်ဝင်းအတွင်းမှ ထွက်ပြီး စစ်သားများက ကျောင်းသားများအား သံဆူးကြိုးပတ် သစ်သားဒုတ်များနှင့် လိုက်လံရိုက်နှက်ေ နမှုအား
တားဆီးရန် ကြိုးစားကြ၏။ မရ….။ စစ်သားများက `နာလာဂီရီ´ ဆင်ရိုင်းကြီး များအလား …. တွေ့ရာ၊ မြင်ရာ အားလုံးအား သိမ်း ကြုံး၍ ရိုက်ေ န၏။ ဦးဝင်းတင်နှင့် ဦးလွင်တို့ အဖွဲ့ချုပ်ဝင်းအတွင်းသို့
ပြန်ဝင်ခဲ့ရ ၏။

စစ်သားများကလည်း အဖွဲ့ချုပ်ဝင်းအတွင်းသို့ ဝင်၍ ရိုက်ရန်အထိ ကြိုးစား၏။ ခြံဝ င်းတံခါးအား သော့ခတ်ထားသဖြင့် စစ်သားများ ဝင်၍မရ….။ ခြံတံခါးအား ရိုက်၍ဝင်ရန်အထိ လုံ့လပြုကြသေး၏။
နောက်ဆုံးမှ လက်လျှော့၍ ပြန်သွားကြ၏။ အခြေအနေက မကောင်း….။ အလွန် အလွန်ကိုပင် အန္တရာယ်ကြီးသည့် အခြေအနေ…။ နဝတ စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်လာမှုက …. အန်အယ်ဒီ၏
တံစက်မြိတ်သို့တိုင် ထိပါး၍လာချေပြီ။ မဖြစ်….။ ဤအတိုင်း ကြည့်ေ န၍မဖြစ်တော့…..။ ဤအခြေအနေအား တိုင်း ပြည်သို့ ရှင်း ပြရမည်။ နိုင်ငံတကာသို့ အသိပေးရမည်။ အမြန်ဆုံး
သတင်းစာရှင်း လင်းပွဲတခုအား ပြုလုပ်ရန်လိုပြီဟု ဒေါ်အောင်ဆန်း စုကြည်တို့  ဆုံးဖြတ်ကြ၏။ ယနေ့ ဖြစ်ပျက်ခဲ့သည့် အခြေအနေများအား ပြည်သူလူထုသို့ အသိပေးရန် သတင်း လွှာကိုမူ ချက်ချင်းပင်
အန်အယ်ဒီမှ ထုတ်ပြန်၏။ ပြီးလျှင် …
၁၉၈၉ ခုနှစ် မတ်လ ၂၆ ရက်နေ့၌ သတင်းစာရှင်းလင်းပွဲအား ပြုလုပ်ရန် စီစဉ်ကြ၏။

``ဒီသတင်း စာရှင်းလင်းပွဲလုပ်ရ တဲ့ အကြောင်းကတော့ …. မနေ့က ဖြစ်တဲ့ကိစ္စဟာ ကျမတို့ အဖွဲ့ချုပ်ဝင်းထဲမှာ ကျောင်းသားလူငယ်များ အစည်းအဝေး လုပ်ေ နတယ်။ အစည်းအဝေး လုပ်ေ နတုန်း မှာ
ပြင်ပက လူငယ်များ လာရောက်ပြီး ဆန္ဒပြဖို့ ရည်ရွယ်တယ်ဆိုတဲ့ သတင်း ကြားတယ်။ ကြားတာနဲ့ ကျမတို့ အဖွဲ့ချုပ်ရုံးကလည်း ဂိတ်ဝကို ပိတ်ထားတယ်။ ကျမတို့အိမ်ကလည်း ဂိတ်ဝ ကို ပိတ်ထားတယ်။
ဒါပေမဲ့လည်း ဝုန်းဝုန်း ဆိုပြီးတော့ လူစုလူေ ဝး ရောက်လာတယ်။ အပြင်က လူင ယ်ချည်းပဲ၊ လူစိမ်းတွေချည်းပဲ။ ဒီလိုဖြစ်လည်းဖြစ်ရော တပ်ကလည်း တဝုန်း ဝုန်း နဲ့ ရောက်လာတာပါ။ တပ်သားများက
ဝါးရင်းတုတ်များကို သံဆူးကြိုးများပတ်ပြီး တော့ ကိုင်ထားတယ်။ အဲ့ဒါလည်း အများကြီးမေးစရာပဲ။ ပြည်သူလူထုကို ဝါးရင်းတုတ် သံဆူးကြိုးပတ်ပြီးတော့ နှိမ်နင်းချင်တဲ့ စိတ်ေ တွ ဘာဖြစ်လို့
ရှိရ သလဲဆိုတာကို ကျမတို့ မေးစရာ မေးခွန်း တခု ဖြစ်နေပါတယ်။ ကျောင်းသားများဟာ ကျမရဲ့ အိမ်ဝ င်းထဲ ဝင်ပြေးလာတယ်ဆိုတာလည်း မှန်တယ်။ ဒါလည်း ကျမတို့ ဝန်ခံပါတယ်။

ဒါပေမဲ့ ကျမတို့ အိမ်ဝ င်းထဲတင် မဟုတ်ဘူး၊ အခြားအိမ်ဝင်းတွေထဲလည်း ဝင်ပြေးတယ်။ ဒါပေမဲ့ သတင်းစာထဲမှာ ဘယ်လိုရေးလိုက်သလဲဆိုတော့ ၄၄ တက္ကသိုလ်ရိပ်သာလမ်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ရုံးရှေ့မှာ ဖြစ်တယ်။ နောက်ပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည် အိမ်ဝ င်းထဲ ဝင်ပြေးတယ်လို့  ပြောပါတယ်။ အမှန်အားဖြင့်တော့ ဒီနားမှာရှိတဲ့ အိမ်ဝင်းတွေ အားလုံးထဲကို
ဝင်ပြေးကြတာချည်းပဲ။ ကျမတို့ အိမ်ဝ င်းအထဲတင် ဝင်ပြေးတာ မဟုတ်ပါဘူး။ ဟိုဘက်အိမ်ထဲလည်း ဝင်ပြေးပါတယ်။ အဖွဲ့ချုပ်ထဲလည်း ဝင်နိုင်တဲ့လူများက ဝင်ဖို့ ကြိုးစားကြပါတယ်။ ဒါကို ကျမတို့
အိမ်တအိမ်ထဲကိုပဲ ကွက်ပြီးတော့ ဝင်ပြေးတယ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်နဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောတာလဲ။ ကျမတို့လည်း အများကြီး မေးစရာဖြစ်ပါတယ်။

ဒီဆူပူမှုဖြစ်အောင် ကျမတို့အဖွဲ့ချုပ်က လုပ်တယ်ဆိုတဲ့ သဘောထားနဲ့ ရေးတာဟာ အင်မတန်မှ မရှင်းတဲ့ကိစ္စပဲလို့ ကျမတို့ ယူဆရမှာပဲ။ ဒါ တမင်သက်သက် အဖွဲ့ချုပ်ကို ရမယ်ရှာ ပြီးတော့
အပြစ်ယူချင်လို့ လုပ်ေ နသလို သဘောသက်ရောက်တယ်လို့  ကျမ မြင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ ကျမတို့အဖွဲ့ချုပ်က ဦး အောင်ရွှေနဲ့ ဦး ချစ်ခိုင်တို့မ နေ့က `တဝတ´ ရုံးကို သွားခဲ့ပါတယ်။ `တဝတ´ ရုံးမှာ တွေ့ခဲ့တဲ့ ဗိုလ်မှူး တင်မောင်ဝင်းကို စုံစမ်းချင်တာရှိရင် စုံစ မ်းပါ။ မေးစရာရှိရင်
မေးပါ။ ဆွေးနွေးစရာရှိရင် ဆွေးနွေးပါ။ အဖွဲ့ချုပ်နဲ့ လုံးလုံးသက်ဆိုင်တဲ့ ဆန္ဒပြမှု မဟုတ်ပါဘူးဆိုတာ ပြောခဲ့ပါတယ်။ ဒါကိုလည်း ဘာမှ စုံစမ်းခြင်းမရှိဘူး၊ ဘာမှ မေးမြန်းခြင်း မရှိဘူး။ ဘာမှဆွေးနွေးခြင်း
မရှိဘူး။ သူတို့သတင်း စာနဲ့ ရေဒီယိုမှာ ပြောချင်တာကို ပြောသွားတယ်။ ဒါဟာ သိပ်ပြီး တော့ မှန်ကန်တဲ့ လမ်းမဟုတ်ဘူးလို့ ကျမ ထင်ပါတယ်။

အဖွဲ့ချုပ်ရှေ့မှာ ဘာဖြစ်လို့  ဆန္ဒလာပြသလဲ။ ကျမတို့အဖွဲ့ချုပ်ကို အမှုပတ်ေ စချင်လို့ လုပ်တာလား၊ ဒါ မေးစရာဖြစ်နေပြီ။ နောက်ပြီးတော့လည်း အကွက်က သိပ်ပြီးတော့ သေသပ်လွန်းတယ်။
အကွက်ဆင်ထားတာ ကျနေတာပဲ။ တခုပြီး တခု တဆက်တည်း ဖြစ်သွားလိုက်တာ အားလုံး အဖွဲ့ချုပ်ရှေ့မှာချည်းပဲ။ စစ်ကားတွေက ရောက်လာတယ်။

ကျမတို့အဖွဲ့ချုပ်ဝင်းထဲကို ဝင်လာပြီးတော့ ရိုက်ဖို့ ကြိုးစားတယ်။ ဒါက ဘယ်လိုအဓိပ္ပာယ်လဲ။ ကျမတို့ အဖွဲ့ချုပ် တံခါးတွေကို ပိတ်ထားတယ်။ အထဲကလူလည်း အပြင်မထွက်ရ၊ အပြင်ကလူလ ည်း
အထဲမဝင်ရ ဆိုပြီး တော့ တားထားတယ်။ ကျမတို့နဲ့ ဘာမှမဆိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ပြောထားတဲ့အထဲက အဖွဲ့ချုပ်ဝင်းထဲ ဝင်ပြီးတော့ ရိုက်ဖို့ ကြိုးစားကြတယ်။

ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်ခိုက်တယ်ဆိုတာဟာ ပြည်သူလူထုရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကိုလည်း တိုက်ခိုက်တာနဲ့ အတူတူပါပဲ။ တကယ်ပဲ စစ်မှန်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ
ဖြစ်စေချင်တယ် ဆိုလို့ရှိရ င်တော့ ဒီလို မတော်မတရား တိုက်ခိုက်မှုေ တွကို ရပ်တန်း က ရပ်ဖို့လိုမယ်လို့ ကျမ ထင်ပါတယ်။ ကျမအနေနဲ့ ပြောချင်တာကတော့ ဒါပါပဲ၊ မေးစရာရှိရင် မေးကြပါ။´´

ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆက်စကားဆုံးသည်နှင့် သတင်း ထောက်တဦး မှ …. အဖွဲ့ချုပ်ရုံး ဝင်းအတွင်းသို့ ဝင်၍ ရိုက်နှက်ရန် စစ်သားများ၏ ကြိုးပမ်းမှုအား အသေးစိတ် ပြောပြရန်မေး၏။

``ကျမတို့အဖွဲ့ချုပ်ဝင်းထဲကို ဝင်ဖို့လည်း ကြိုးစားပါတယ်။ အဖွဲ့ချုပ်ဝင်းထဲကို လှမ်း ပြီးတော့လည်း ရိုက်ပါတယ်။ အဖွဲ့ချုပ်က ဝင်းတံခါးကို သော့ခ တ်ထားတာ၊ အဲဒီဟာကို ခြေထောက်နဲ့ကန်ပြီးတော့
ဖွင့်ဖို့ကြိုးစားတယ်။ အထဲဝင်ရိုက်ဖို့ ကြိုးစားတယ် ဆိုကတည်းက အင်မ တန်မှ အန္တရာယ်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ် ပေါ်နေပါတယ်။ ကျမတို့ အိမ်ဝ င်းထဲကိုလည်း တချို့က ဝင်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့
သူတို့အရာရှိက ပြန်ခေါ်သွားပါတယ်။ အဖွဲ့ချုပ်ထဲမှာ ဝင်ပြီးတော့ ရိုက်ဖို့ ကြိုးစားတဲ့အထဲမှာ အရာရှိပါတယ်။ ဗိုလ်ကြီးနဲ့ တူပါတယ်။ တံခါးမှာ ကျိုးပဲ့ေ နတာ သက်သေအနေနဲ့ ပြနိုင်ပါတယ်။
သွားပြီးကြည့်ချင်ရင် ကြည့်ပါ။ သိပ်မ ဝေးပါဘူး။´´

ကိုးကား ……

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ


- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- ဦးခင်ကျော်ဟန်၏ ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ မှတ်တမ်း
- ဒို့ဗမာအစည်းအရုံး သမိုင်း (ပထမတွဲ၊ ဒုတိယတွဲ )
- နဝတ အတွင်း ရေးမှူး (၁) ဗိုလ်မှူး ချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ
- အန်အယ်ဒီ ဗဟိုလူငယ်လုပ်ငန်း အဖွဲ့ဝင်၊ ဧရာဝတီတိုင်း လူငယ်တာဝန်ခံ ကိုထွန်းအောင်ကျော်နှင့် တွေ့ဆုံမေးမြန်းချက်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၂)


| တနင်္လာနေ့၊ သြဂုတ်လ ၂၄ ရက် ၂၀၀၉ ခုနှစ် ၁၆ နာရီ ၂၃ မိနစ် ဆောင်းပါး

(၇၉)

လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေေ ထွ ရွေးကောက်ပွဲများအား ကျင်းပပေးမည်ဟူ၍ စစ်အုပ်စုက …. နှုတ်ဖျားမှ ဆိုနေဆဲ ...။ လက်ေ တွ့ဘဝတွင်မူ….။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် နဝတ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၅ ကြိမ်ေ မြာက် သတင်း စာရှင်းလင်းပွဲ၌`ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ’ ကို
လိုက်နာကြရန် စတင်ပြီး ပြောဆိုခဲ့၏။

စလေပြီ….။
လွတ်လပ်စွာ ရေးသားခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်များအား ထိမ်းချုပ်ရန်အတွက် စစ်အုပ်စုက ခြေပြင်နေလေပြီ။ စစ်အုပ်စုပြောသည့် ‘ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ’ ဟူသည်ကား …. ၁၉၆၂
ခုနှစ်တွင် …. ဗိုလ်နေဝင်း ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ …. လက်ရှိအခြေအနေ၌ သတင်း စာလွတ်လပ်ခွင့်ရှိရန် လိုသည်။ လွတ်လပ်စွာ ရေးသားပိုင်ခွင့်၊ ထုတ်ဝေနိုင်ခွင့်များ ရှိရ မည်။ ဤအတွက်ပင် နဝတ အား NLD မှ
သတင်းစာထုတ်ဝေပိုင်ခွင့်ကို တောင်း ၏။ နဝတ ကမူ ခွင့်မ ပေး…..။ မတတ်နိုင်….။ NLD အနေနှင့် ပြော၊ ဆို၊ ရေးသား၊ ထုတ်ဝေသင့်သည်ကိုတော့ လွတ်လပ်စွာ ထုတ်ရမည်ပ င်…..။

၁၉၈၉ ခုနှစ် နှစ်ကူးသင်္ကြန်အား NLD ရုံးချုပ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်း၌ မဏ္ဍပ်ထိုး၏။ သံချပ်ထိုးကြ၏။ သံချပ်အဖွဲ့များက …. မန္တလေး၊ စစ်ကိုင်းတိုင်းတို့မှလည်း လာကြ၏။ တက္ကသိုလ်ရိပ်သာလမ်း ၌
သံချပ်ပြိုင်ပွဲအား ကျင်းပ၏။ သံချပ်ဟူသည်က …. ရိုးရာအစဉ်အဆက်၊ တိုင်း ပြည်အတွင်း ဖြစ်ပျက်နေသည်တို့အား အပြုသဘောဖြင့် ပြုပြင်သင့်သည်တို့အား ပြုပြင်ကြရန် အနုပ ညာနှင့် လူထု အား
လွတ်လပ်စွာ တင်ပြသည့် မြန်မာ့ရိုးရာအစဉ်အလာတရပ်….။ လွတ်လပ်စွာပင် …. သံချပ်များအား NLD ရုံးရှေ့မဏ္ဍပ်၌ ထိုးကြ၏။ လူထုက …… တက္ကသိုလ်ရိပ်သာလမ်း အပြည့်….။

သံချပ်အဖွဲ့တဖွဲ့က စင်ပေါ်သို့တက်လာပြီး …. သံချပ်အဖွဲ့ေ ခါင်းဆောင်က … ပရိသတ်ဘက်သို့လှည့်၍ လက်ညှိုးအား ကွေး၍ ….၊ ကွေး၍၊ ပြပြီး …. ပါးစပ်ကမူ ‘ဒါ .. သင့်မြို့တော်’ ဟူ၍ ပြော၏။
ပရိသတ်က …. သဘောပေါက်ပြီး လက်ခုပ်သံ တဖောင်းဖောင်း….။ လမ်း မထက်သွေးညှီနံ့ … မပျောက်သေးသည့် သင်္ကြန်သံချပ်များက အာဏာသိမ်း စစ်အုပ်စုအတွက်မူ …. မကြားဝံ့စရာများဖြစ်၍
နေလေသည်လား မပြောတတ်….။ သင်္ကြန်ပြီးသည်နှင့် သံချပ်အဖွဲ့များအား ဖမ်းတော့၏။ လွတ်လပ်မှုဟူသည်က …. ဘာလဲ။ ဘယ်လိုလဲ။ မေးစရာများနှင့်….။

(၈၀)
၁၉၈၉ ခုနှစ် ၊ ဧပြီလ ၂၄ ရက်…..။
မြန်မာပြည်မြောက်ပိုင်းခရီးအား ‘စ’ ၍ ထွက်သည်။ မန္တလေးအထိက … မော်တော်ယာဉ်များနှင့်….။ ဧပြီလ ၂၅ ရက်နေ့တွင် မန္တလေးမှ မြစ်ကြီးနားသို့ မီးရထားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့
ဆက်၍ထွက်ခွာကြသည်။

မန္တလေး …. မြစ်ကြီးနား ရထားခရီးကား….ရှည်၏။ လမ်း တွင် စစ်ကိုင်း၊ ရထောင်၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ကန့်ဘလူ၊ ဝင်းသို၊ ကောလင်း၊ ကာဒူ၊ မိုး ညှင်း၊ ဟိုပင်၊ မိုးကောင်းတို့အား တဘူတာပြီး
တဘူတာ ဖြတ်ခဲ့ရ ၏။ ဘူတာတခုသို့ရောက်တိုင်း လူထုက ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြ၏။ နှုတ်ဆက်ကြ၏။ ဒေါ်အောင်ဆန်းစုကြည်မှလည်း ရသမျှ အချိန်လေးအတွင်း လူထုအား
နှုတ်ဆက်စကားဆို၏။

ဧပြီလ ၂၆ ရက်နေ့တွင်မှ မြစ်ကြီးနားသို့ ရောက်၏။ မြစ်ကြီးနားသို့ ရထားဆိုက်သည့် အချိန်ကား …. မွန်း လွဲ၍ပင် နေပြီ။ မြစ်ကြီးနားအဖွဲ့ချုပ်ရုံးသို့ ခေတ္တဝင်ရောက်ပြီး အဖွဲ့ဝင်ထုနှင့် တွေ့၏။
မြစ်ကြီးနားလူထုနှင့် တွေ့၏။

“ကျမတို့ကို အခုလို လာရောက်ကြိုဆိုတဲ့ ပြည်သူလူထုကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ ကျမ မြစ်ကြီးနားကို ဒုတိယအကြိမ်ေ ရာက်ခြင်း ဖြစ်ပါတယ်။ ပထမအကြိမ် မေမေနဲ့ ငယ်ငယ်တုန်းက
ရောက်ဖူးပါတယ်။ ဒါပေမဲ့ မြစ်ကြီးနားမရောက်ခ င် ကျမ ငယ်ငယ်ကတည်းက အိမ်က ထမင်းစားခန်းထဲမှာ ဖေဖေ ကချင်ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို အမြဲပဲ မြင်နေရပါတယ်။ ဒါကြောင့်မို့လို့
ကချင်အမျိုးသားများဟာ ကျမတို့ရဲ့ ညီအရင်းအကိုများလို့ ငယ်ငယ်ကတည်းကပဲ စိတ်ထဲမှာ ထားခဲ့ပါတယ်”

(၈၁)
မြစ်ကြီးနားရှိ ‘အံတော်ရှင်’ ဘုရားက မြစ်ကြီးနားဘူတာအနီးတွင်ပ င် ရှိ၏။ ဧပြီလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်တို့  အံတော်ရှင် စေတီဆီသို့  သွားရောက်၍ ပူေ ဇ်ာကြ၏။ အံတော်ရှင်
စေတီရင်ပြင်၌ က …. မြစ်ကြီးနားလူထုသည် ပြည့်ပြည့်သိပ်သိပ်နှင့် ဒေါ်အောင်ဆန်း စုကြည်အား စောင့်၍ ကြိုဆိုနေကြ၏။ ဒေါ်အောင်ဆန်းစုကြည်က …. အံတော်ရှင်ေ စတီအား ဝတ်ပြုပြီး …. လူထုအား
နှုတ်ဆက်မိန့်ခွန်းပြော၏။ ဗိုလ်ချုပ်ကျော်ဘက …. ဗိုလ်ချုပ်မြင့်အောင်ကဲ့သို့ပင် နှောင့်ယှက်ချင်သော်လည်း အခြေအနေအရ မနှောင့်ယှက်ဝံ့ …..။ နဝတ ကလည်း ထိုသူတို့အား ပြင်းပြင်းထန်ထန်
သတိပေးထားဟန်တူ၏။ သတိပေးထားသည်က ….. ‘ရွာလူမိုက်ဟန်’ နှင့် မလုပ်ရန်ဟူ၍ ဖြစ်လိမ့်မ ည်။

အံတော်ရှင်ရ င်ပြင်၌ ဒေါ်အောင်ဆန်း စုကြည်က လူထုအား ပဏာမစကား ပြော၏။

“အခု ကချင်ပြည်နယ်ဘက်ကို လာတဲ့အခါမှာ စောစောက ဒေါ်ကြူကြူသန်း ပြောသွားတဲ့အတိုင်းပဲ ပြည်သူလူထုဟာ နိုင်ငံေ ရးလှုပ်ရှားမှုထမ
ှဲာ ပါဝင်ဖို့ ကြောက်နေတယ်ဆိုတာတော့ ကျမတို့ အများကြီး
ကြားရပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ကချင်ပြည်နယ်တခုလုံးမှာ မဟုတ်ပါဘူး။ တချို့ဒေသတွေမှာ အင်မ တန်မှ သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့၊ တက်တက်ကြွကြွနဲ့  လုပ်ေ နတာကို ကျမတို့ တွေ့ရပါတယ်။ အဲ့ဒီလို
သတ္တိရှိရှိနဲ့ လုပ်တဲ့နေရာတွေမှာ လူထုဟာ အခွင့်အရေး ပိုပြီးတော့ ရပါတယ်။ ကျမတို့ စည်းရုံးရေးခရီးထွက်ရင် ဘယ်လိုတွေ့ရသလဲဆိုတော့ ပြည်သူလူထုဟာ သတ္တိရှိရှိနဲ့ လုပ်မယ်ဆိုလို့ရှိရ င်
လုပ်မ ယ့်အတိုင်းအတာထိ ကြောက်သလိုပဲ ပိုပြီးတော့ ဖိကြတယ်။ ကြောက်သလိုပဲ ပိုပြီး တော့ ဖိတဲ့အခါကျတော့ အခွင့်အရေးတွေဟာ ပိုပြီးတော့ နည်းပါးသွားကြတယ်။ ဒါကြောင့်
ဒီမိုကရေစီလိုချင်တယ်ဆိုလို့ရှိရ င် သတ္တိရှိဖို့လိုတယ်ဆိုတာ ဒါကို ပြောတာပဲ”

“အခု ပရိသတ်ထက
ဲ မေးစရာရှိရင် မေးပါ။ စောစောက ဒေါ်ကြူကြူသန်း ပြောသလိုပဲ သတ္တိရှိရှိ မေးပါ။ မမေးရဲဘူး၊ မမေးဝံ့ဘူးဆိုတာတွေ မရှိကြပါနဲ့။ မေးတာဟာ ဒီမိုကရေစီအခွင့်အရေးလည်း
ဖြစ်ပါတယ်။ တာဝန်လည်း ဖြစ်တယ်။ ဒီလိုမေးရဲမှ ပြည်သူလူထုက နောင်ကျလို့ရှိရ င် တက်တဲ့အစိုး ရတွေကို ထိန်းသွားနိုင်မှာပဲ။ လူကြီးပြောတိုင်း နားထောင်၊ ခေါင်းညိတ်မယ်ဆိုရင် မဆလစနစ်အတိုင်း
ပြန်ဖြစ်မှာ ပဲ။ အဲ့ဒီတော့ မေးစရာရှိတာ မကျေနပ်တာ၊ စိတ်ထဲမှာ မရှင်း တာတွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့နဲ့ မေးကြပါလို့ ကျမ မေတ္တာရပ်ခံပါတယ်”

ဒေါ်အောင်ဆန်းစုကြည်၏ နှုက်ဆက်မိန့်ခွန်းစကား ဆုံးသည်နှင့် လူထုထဲမှ တဦးက ထ၍ မေး၏ .. “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ရည်ရွယ်ပါသလား”

“တရားမျှတပြီး တော့ ဖြစ်နိုင်တဲ့ ရွေးကောက်ပွဲေ တွ ကျမတို့ ဖန်တီးရအုံးမယ်။ ဒီအခြေအနေတွေက ဘာလဲဆိုတော့ ပြည်သူလူထုဟာ လွတ်လွတ်လပ်လပ်နဲ့ ပြောဆိုပိုင်ခွင့်ရှိရမယ်။ လွတ်လွတ်လပ်လပ်နဲ့
စည်းရုံးပိုင်ခွင့် ရှိရ မယ်။ လွတ်လွတ်လပ်လပ်နဲ့ ရေးသားပိုင်ခွင့် ရှိရမယ်။ မှန်ကန်တဲ့ သတင်း ဖြန့်ချိပိုင်ခွင့် ရှိရမယ်။ ဒီလိုအခွင့်အရေးတွေရှိမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ
ဖြစ်နိုင်မယ်ဆိုတာ ယုံကြည်နိုင်မှာပဲ။ အဲဒီအချိန်ကျမှပဲ ရွေးကောက်ပွဲေ တွ ဝင်မလား၊ မဝင်မလားဆိုတာ ကျမတို့ ဆုံးဖြတ်ရမယ်။ နောက်တခုရှိတဲ့ အကြောင်းကတော့ ရွေးကောက်ပွဲစ ည်းမျဉ်းတွေပဲ။
ရွေးကောက်ပွဲ စည်းမျဉ်းဥပဒေအရလည်း မှန်ကန်ရ မယ်။ မူကြမ်းဆိုပြီး ထုတ်ထားတဲ့ စည်းမျဉ်းဥပဒေဟာ ယေဘုယျအားဖြင့်ဆိုရင်တော့ ကျမတို့ လက်ခံနိုင်တဲ့ စည်းမျဉ်းဥပဒေဖြစ်ပါတယ်။ ဒါပေမဲ့
တချို့ကိစ္စလေးတွေကတော့ ပြောင်းလဲဖို့ လိုတယ်ဆိုပြီး တော့ ကျမတို့ တင်ပြထားပါတယ်။ ဒီတော့အခြေအနေကလည်း မှန်ကန်ရမယ်။ စည်းမျဉ်းဥပဒေတွေကလည်း မှန်ကန်ရမယ်။ ဒီလို
မှန်ကန်မှုရှိတယ်ဆိုရင်တော့ ကျမတို့အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲကို ဝင်မှာ ဖြစ်ပါတယ်။”

အံတော်ရှင် ရင်ပြင်အတွင်း ၌ မြစ်ြ ကီးနားလူထုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆွေးနွေးပွဲက ပထမတွင် ရွံ့ရွံ့နှင့်စ ခဲ့ပြီး နောက်ပိုင်းတွင်မူ အားလုံးက ရဲရဲတင်းတင်းပင် ပြောဆိုဆွေးနွေး၍ လာကြသည်။
အမေအိုကြီးများကလည်း မေးကြ၏။

“နယ်စပ်ရောက်နေတဲ့ လူငယ်ေ တွအပေါ် ဘယ်လိုသဘောထားပါလဲ”


“ကျမတို့အဖွဲ့ချုပ်ရဲ့ သဘောထားကို ကြေညာထားပြီးသားပါ။ ကျမတို့ ပြောပါတယ်။ ကျောင်းသားလူငယ်တွေ နယ်စ ပ်ရောက်သွားတာဟာ ၁၉၈၈ ခုနှစ်အတွင်း က အရေးအခင်းတွေကို အင်မ တန်မှ
ယုတ်ယုတ်မာမာ၊ ရက်ရက်စ က်စက် လုပ်လိုက်လို့ပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို့  ကျောင်းသားလူငယ်များ နယ်ခြားရောက်သွားရတာဟာ မဆလစနစ်ရဲ့၊ အာဏာရှင်စ နစ်ရဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီကျောင်းသားလူငယ်ေ တွကို ဘယ်တော့မှ မပစ်ပယ်ဘူးဆိုတာကို ကျမတို့ ပြောထားပြီးသားပါ။ ဒီကျောင်းသားလူငယ်တွေဟာ ကျမတို့နိုင်ငံရဲ့ ရင်သွေးတွေ ဖြစ်ပါတယ်။ ကျမတို့နိုင်ငံရဲ့
ရင်သွေးတွေကို ကျမတို့အဖွဲ့ချုပ်က ဘယ်တော့မှ မပစ်ပယ်ပါဘူး။ ကျမတို့ဟာ တရားဝင်လမ်း ကြောင်းကနေ လှုပ်ရှားနေပေမယ့်လည်း ဒီကျောင်းသားလူငယ်များဟာ မိမိတို့ခံယူချက်၊ ယုံကြည်ချက်အရ
မိမိတို့နည်း နဲ့ မိမိတို့ဟန် လှုပ်ရှားနေတာ ကျမတို့နဲ့ ဒီမိုကရေစီရဲဘော်ချင်း အတူတူချင်းပဲ ဆိုပြီး တော့ ဘယ်တော့မှ မပစ်ပယ်ဘူးဆိုတာ ပြောထားပြီးသား ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေစကားများအပေါ်၌ လူထုသည် “ရှင်းလင်း” ကျေနပ်နှစ်သက်ကြသည့်ဟန်က အထင်းသား….။ အားလုံးက ပြုံး ပြုံးရွှင်ရွှင်….။ ရှမ်းလူမျိုးတဦးက
ဒေါ်အောင်ဆန်းစုကြည်အား မေးခွန်း တခု ထုတ်၏။

“လူမျိုးစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးပါ့မလာဆိုပြီးမှ စိတ်ထဲမှာ သံသယအမျိုးမျိုးနဲ့ ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တကယ်လို့  ကျနော်တို့ ဒီမိုကရေစီအရေး
အောင်မြင်သွားတဲ့အခါကျရင် တောင်ပေါ်တိုင်း ရင်းသားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့လား၊ ဒါမှမ ဟုတ် အဖွဲ့အစည်းတခုအနေနဲ့ လုပ်မ လား ဆိုတာကို သံသယဖြစ်နေတဲ့ ကျနော်တို့ ပြည်သူလူထုကို
နည်းနည်း ရှင်း ပြပေးစေလိုပါတယ်”

“တိုင်းရင်းသား လူမျိုးတွေနဲ့ ပတ်သက်လို့ ကျမတို့ ကြေညာချက် ‘၉’ ဆိုတာ ထုတ်ထားပါတယ်။ အဲ့ဒီထဲမှာ တော်တော်ပဲ ကျမတို့ အသေးစိတ် ပြောထားပါတယ်။ ဒီမိုကရေစီအစိုးရတခု
တက်လာတဲ့အခါကျရင် ကျမတို့ ပင်လုံလို ညီလာခံကြီး ထပ်ပြီးတော့ ခေါ်ရမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ဒီလို ပင်လုံကဲ့သို့သော ညီလာခံကြီး ထပ်ပြီးတော့ ခေါ်ပြီးတော့ ကျမတို့
ပြည်ထောင်စုသစ်ကို ဘယ်ပုံဘယ်နည်းနဲ့ ထူထောင်မယ်ဆိုတာ ကျမတို့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးနဲ့ ဆွေးနွေးပြီးတော့ ကျမတို့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေရဲ့
မွေးရာပါ အခွင့်အရေးများနဲ့လည်း လျော်ညီရမယ်၊ ပြည်ထောင်စု တည်တံ့ခိုင်မြဲေ ရးနဲ့လည်း လျော်ညီရ မယ်။ ဒီနှစ်ခုအပေါ်မှာ မူတည်ပြီး တော့ ပြည်နယ်များကို တတ်နိုင်သမျှ ကိုယ်ပိုင်ပြဋ္ဌာန်းမှုကို
ဖော်ထုတ်ပေးမယ်ဆိုတာလည်း ကျမတို့ မူဝါဒထဲမှာ ဖော်ထားပြီးသား ဖြစ်ပါတယ်။ ဒီတော့ ကျမတို့ အဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်ဟာ ပထမအရေးကြီးဆုံးက ပြည်ေ ထာင်စုတည်တံ့ခိုင်မြဲရေးပဲ။
ပြည်ထောင်စုတခုလုံး တည်တံ့ခိုင်မြဲဘို့ ဆိုတာဟာ တိုင်းရင်းသား လူမျိုးစုများရဲ့ စိတ်ကျေနပ်မှု ရှိရမယ်။ ဒီတော့ တိုင်းရင်းသား လူမျိုးစုများရဲ့ စိတ်ကျေနပ်မှုကို ရှာ ပြီးတော့ ဒီပြည်ထောင်စုကို
ထူထောင်မယ်။ ဒီလိုထူထောင်ဖို့အတွက် အခြေခံ စည်းမျဉ်းဥပဒေ အသစ်လည်း ရေးဆွဲရမယ်။ ဒါတွေလုပ်တဲ့အခါမှာလည်း တိုင်းရင်းသား လူမျိုးများနဲ့ တိုင်ပ င်ပြီးတော့ လုပ်ရ မယ်ဆိုတာ ကျမတို့
ယုံကြည်ပြီးသားပါ”

မြစ်ကြီးနားရှိ အံတော်ရှင် စေတီရင်ပြင် လူထုအစည်း အဝေးက နေညိုမှပင် ပြီးဆုံးခဲ့၏။


ကိုးကား ……

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ


- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- ဦးခင်ကျော်ဟန်၏ ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ မှတ်တမ်း
- ဒို့ဗမာအစည်းအရုံး သမိုင်း (ပထမတွဲ၊ ဒုတိယတွဲ )
- နဝတ အတွင်း ရေးမှူး (၁) ဗိုလ်မှူး ချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၃

| ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၃၆ မိနစ် ဆောင်းပါး


(၈၂)

၁၉၈၉ ခုနှစ်၊ ဧပြီလ ၂၇-ရက်…။

မြစ်ကြီးနားမြို့ …..။

ညနေ… ၅ နာရီတွင် မြစ်ကြီးနားရှိ အဖွဲ့ချုပ်၊ အဖွဲ့ဝ င်လူငယ်များ အခြား နိုင်ငံေ ရး အဖွဲ့အစည်းများမှ လူငယ်၊ ကျောင်းသားများ နှင့်ေ တွ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် စီစဉ်ထား၏။ မြစ်ကြီးနားရှိ
တည်းခိုသည့် နေအိမ်၌ပင် တွေ့ဆုံရ န်ဖြစ်သည်။

ဤနေ့ခရီးက …. တတ်သုတ်ရိုက်၍ စည်းရုံးရေးခရီးပြင်းနှင်သကဲ့သို့ရှိ၏။ နံနက်မိုး သောက်သည်နှင့် မြစ်ကြီးနား အဖွဲ့ချုပ်ရုံးသို့သွားပြီး အဖွဲ့ချုပ်စည်းရုံးရေးမှူးများနှင့် တွေ့၏။ ပြီး လျှင် ….
အံတော်ရှင်ေ စတီရင်ပြင်၌ မြစ်ြ ကီးနားလူထုနှင့် တွေ့သည်။ လူထုအား နှုတ်ဆက်မိန့်ခွန်း ပြော၏။ လူထုကမေးသည့် မေးခွန်းများအား ဖြေကြား၏။ ထိုမှ …. ကချင်ပြည်နယ် အမျိုးသား
ဒီမိုကရေစီကွန်ကရက် KNDC ရုံးသို့သွားပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးကြ၏။ ပြည်ေ ထာင်စု တည်ဆောက်ေ ရးအတွက် အမြင်ဖလှယ်ကြ၏။ KNDC ရုံး၌ သူမ ဆွေးနွေးခဲ့သည့်
စကားအား ဒေါ်အောင်ဆန်း စုကြည်ပြန်၍ တွေးကြည့်၏။

“ကျမတို့အားလုံးဟာ စိတ်ဓာတ်လုံခြုံမှု ရနိုင်မယ့် စနစ်တခုကို ဦးတည်ဖို့ လိုပါတယ်။ စိတ်ဓာတ်လုံခြုံမှုရမှပဲ စီးပွားရေးလုံခြုံ မှုကို ကျမတို့ ရနိုင်မှာ ပါ။ ဝိုင်းပြီးတော့ နိုင်ငံရေးအရ ကြိုးစားကြပါ၊ ပံ့ပိုးကြပါ၊
ထောက်ခံကြပါ။ ကျမတို့ ပြည်ထောင်စုသစ်ကြီး ထူထောင်ဖို့ဆိုတာဟာ ပြည်ေ ထာင်စု တိုင်းရင်းသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်ေ အာင် ထမ်း ဆောင်ကြပါ”

“စိတ်ဓာတ်လုံခြုံမှု ရနိုင်မ ယ့် စနစ်တခုကို ဦးတည်ဖို့ လိုပါတယ်” …. ဟူသည့် အသုံးအနှုံးအား သုံးခဲ့၏။ ဤဝေါဟာရအဓိပ္ပာယ် ဆိုလိုရင်းအား အားလုံး သဘောပေါက်နိုင်ကြပါ့မ လား …. ပြန်တွေးမိရင်း
….. နောင်ဆွေးနွေးပွဲများတွင် လူထုနား၌ ရှင်း လင်းလွယ်ကူစွာ သဘောပေါက်နိုင်သည့် အသုံးအနှုံးမျိုးအား ရွေးချယ်၍ သုံးသွားရန်လိုမည်ဟု စိတ်၌ ဒေါ်အောင်ဆန်း စုကြည် တေးမှတ်ထားလိုက်၏။

မြစ်ကြီးနားမှ ‘မန်ခေး’၊ ‘ကရိန်ေ နာ်’ ခရီးက …. ဒေါ်အောင်ဆန်း စုကြည်အတွက် ဝမ်းမြောက်ဖွယ်၊ အားတက်ဖွယ်၊ စိတ်လှုပ်ရှားဖွယ်အတိနှင့် ခရီးဟု ဆိုရမည်။ ‘မန်ခေး’ နှင့် ‘ကရိန်ေ နာ်’ ရွာ များက ‘လီဆူး ’
တိုင်း ရင်းသားများ နေထိုင်ြ ကသည့် ရွာများဖြစ်သည်။ လီဆူးလူထုက ဗမာစကားအား ပြည့်ပြည့်စုံစုံ နားမလည်ကြ။ ဤအတွက် …. လီဆူးလူထုနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်း စုကြည်က
မြန်မာလိုပြောပြီး လီဆူးတိုင်းရင်းသူေ လးတဦးက လီဆူးဘာသာသို့ ပြန်ပေးရ၏။

“ကျမတို့ တိုင်းရင်းသားလူမျိုးအားလုံး ဟာ ဒီမိုကရေစီကို လိုလားကြတယ်လို့ ကျမထင်ပါတယ်။ ဒီလို လိုလားရတဲ့ အကြောင်း ကလည်း ဒီမိုကရေစီဆိုတာ အများအကျိုးကို ဖော်နိုင်တဲ့စနစ်လို့ ယုံကြည်လို့
လိုလားကြတယ်လို့ ကျမ ယုံကြည်ပါတယ်။ လူတိုင်း လူတိုင်းဟာ ဒီမိုကရေစီ လိုချင်တယ်ဆိုတာကတော့ လူ့အခွင့်အရေးများကို ပြည့်ပြည့်စုံစုံ ခံစားပိုင်ခွင့်ကို လိုချင်လို့ပဲလို့ ကျမတို့ ယုံကြည်ပါတယ်။
လူ့အခွင့်အရေးများ ပြည့်ပြည့်စုံစုံ ခံစားပိုင်ခွင့် ရှိမှသာ ကျမတို့ တိုင်းရင်းသားလူမျိုး အားလုံးဟာ ဘဝမှာ လုံလုံခြုံခြုံနဲ့ အေးအေးချမ်းချမ်း နေနိုင်ကြမှာ ဖြစ်ပါတယ်”

သူမ ပြောခဲ့သည့်စကားအား ‘လီဆူး’ ဘာသာသို့ပြန်ပေးနေသည့် လီဆူးပျိုဖြူလေး၏ ‘ဟန်’ နှင့် ‘အသံ’ က ဒေါ်အောင်ဆန်းစုကြည်၏ အမြင်တွင် မပျောက်…။ ယခုတိုင်စွဲထင်၍ နေဆဲ….။

မန်ခေးတွင် ‘ဒေါ်ကြာဘောက်’ ၏ နေအိမ်သို့ဝ င်၍ ဒေါ်ကြာဘောက်အား ဂါဝရပြုနှုတ်ဆက်ခဲ့၏။ ဒေါ်ကြာဘောက်က …. ဒေါ်အောင်ဆန်းစြု ကည်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်
လွတ်လပ်ေ ရးတိုက်ပွဲအတွင်း အတူတိုက်ပွဲဝ င်ခဲ့သည့် ရဲေ ဘ်ာရဲဘက်…။ လွတ်လပ်ေ ရးတိုက်ပွဲဝင် မျိုးချစ်ရဲဘော်ဟောင်းကြီး…..။ ‘ဒေါ်ကြာဘောက်’ က ဒေါ်အောင်ဆန်း စုကြည်အား ဖခင်ဗိုလ်ချုပ်အပေါ်
အမှတ်ရ ချက်များအား ပြန်ပြောပြနေ၏။ ဖခင်၏ သမိုင်းမှန်ကူကွက်အချို့….။

ဒေါ်အောင်ဆန်းစုကြည်အား သမိုင်း ဆိုင်ရာ နွေးထွေးမှုများနှင့် ထွေးပွေ့ထားခဲ့၏။

မြစ်ကြီးနားသို့ ဒေါ်အောင်ဆန်း စုကြည်တို့ ရောက်သည့်နေ့တွင်၊ ‘ဘင်ခရာ’ တီးဝိုင်းနှင့် ကြိုဆိုခဲ့၏။ ‘ဘင်ခရာ’ တီးသည့်သူများက အသက် ၇၀ အရွယ် သက်ကြီးရွယ်အိုများ….။ သူတို့က …. လွန်ခဲ့သည့်
၁၉၄၆ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း မြစ်ကြီးနားသို့ စည်းရုံးရေးခရီး လာရောက်ခဲ့စဉ်က ဗိုလ်ချုပ်အား ကြိုဆိုခဲ့ကြသည့် ‘ဘင်ခရာ’ တီးဝိုင်းမှ အသက်ရှင်သန်၍ ကျန်နေခဲ့ကြသည့် သူများ….။ ယခု
သမီး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား သူတို့ပင်…..‘ဘင်ခ ရာ’ တီး၍ ကြိုကြ၏။ လွမ်း မောဖွယ် ….. စိတ်လှုပ်ရှားဖွယ်…..။

မြစ်ကြီးနားတွင်ပ င် …. ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပင်လုံပြည်ထောင်စုသစ်၏ လမ်း ပြမြေပုံအား ရေးဆွဲခဲ့ကြသည့် …..‘ဒူးဝါးဇော်ရစ်’ နှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံခွင့်ရခဲ့၏။
ပင်လုံလမ်းပြမြေပုံသစ်အား ‘ဒူးဝါးဇော်ရစ်’ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြ၏။ ဒေါ်အောင်ဆန်းစုကြည်က NLD ၏ ကြေညာချက်အမှတ် ၉ အား ရှင်းပြ၏။

မြစ်ကြီးနားက ဗိုလ်ချုပ်အောင်ဆန်း၏ အတိတ်ခြေရာများနှင့်….။ မြစ်ကြီးနားသို့ ရောက်ရောက်ချင်း မြစ်ကြီးနားလူထုအား သူမပြောခဲ့သည့် စကားသံအား ဒေါ်အောင်ဆန်း စုကြည် ပြန်၍ကြားယောင်မိ၏။

“ကျမငယ်ငယ်ကတည်းက အိမ်က ထမင်းစားခန်းထဲမှာ ဖေဖေ ကချင်ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို အမြဲပဲ မြင်နေရပါတယ်။ ဒါကြောင့်မို့လို့ ကချင်အမျိုးသားများဟာ ကျမတို့ရဲ့ ညီအရင်းအကိုများလို့
ငယ်င ယ်ကတည်းကပဲ စိတ်ထဲမှာ သိထားခဲ့ပါတယ်”

မြစ်ကြီးနားတွင် ဒေါ်အောင်ဆန်းစုကြည် တည်းခိုသည့်အိမ်က ….. စီတာပူ၊ နောင်ရာရပ်အမှတ် ၂ဝ ရှိ ကချင်ြ ပည်နယ် အမျိုး သား ဒီမိုကရေစီကွန်ကရက် KNDC ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးဦးဗျစ်တူး (ယခု
ကွယ်လွန်၊ မြစ်ကြီးနား မြို့နယ် မဲဆန္ဒနယ်ေ မြအမှတ် (၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ၏ နေအိမ်တွင် ဖြစ်သည်။ ဦးဦးဗျစ်တူးက …. တပ်မှူးဟောင်းတဦး ဖြစ်သည်။ ၁၉၃၉ ခုနှစ် ကတည်းက
ဗြိတိသျှဘားမားရိုင်ဖယ် တပ်ရ င်းအမှတ် (၂) တွင် တပ်သားအဖြစ် စစ်မှုထမ်းခဲ့၏။ လွတ်လပ်ေ ရးရပြီးနောက် ….‘ကန္ဒီ’ စာချုပ်အရ …. လွတ်လပ်ေ သာ ဗမာ့တပ်မ တော်တွင် ပြန်တမ်း ဝင်အရာရှိ
ဖြစ်လာခဲ့ပြီး ၁၉၆၅ ခုနှစ်တွင်မှ တပ်ရင်းမှူးဘဝနှင့် တပ်မှ အငြိမ်းစားယူခဲ့သည့် တပ်မှူးဟောင်းတဦး ဖြစ်သည်။ ပြီးလျှင် ….. သူကား … ကချင်အမျိုးသား လွတ်လပ်ေ ရးအဖွဲ့ KIO မှ
ဗိုလ်ချုပ်ဇော်မှိုင်းနှင့်ကလည်း ညီအကိုတော်များဖြစ်သည်။

တည်းအိမ်ေ ပ်ါမှကြည့်လျှင် … ဧရာဝတီမြစ်အား မြင်ရ၏။ မြစ်ရေက ကြည်၍စိမ်းလဲ့နေသည်…။ စိမ်းလဲ့သော ရေသည်အေးစက်စက်….။ မြစ်ပြင်အား လျှောတိုက်၍ ဖြတ်သန်းလာသောလေသည်
အေးစိမ့်မှုကဲနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် ထင်မိ၏။ ဤရာသီက …. မေခနှင့် မလိခ မြစ်မွှာ ၏မြစ်ညှာတွင် ရေခဲတောင်ပြို ဆင်း၍ နေလေပြီလား….။ တည်းအိမ်၏ တဖက်တွင်မူ ‘မနောကွင်း’
ကြီးအား တွေ့ရ ၏။ ကချင်ရိုးရာ မနောပွဲတော်ကျင်းပသည့်ရက်များ မဟုတ်သည့်အတွက် ‘မနောကွင်း ’ သည် ဆိတ်ငြိမ်၍ ရှင်းနေသည်။ မနောပွဲက ကချင်လူမျိုး တို့၏ ရိုး ရာယဉ်ကျေးမှုပွဲေ တာ်….။ ဤမြေ၊
ဤရေက မတူကွဲပြားသည့် ယဉ်ေ ကျးမှုပေါင်းစုံတို့  စုရုံးရာ…. ပွားစည်းရာ….၊ ဖြစ်ထွန်းရာအရပ်….။

လွတ်လပ်ေ သာ မြေသစ်၊ ရေသစ်တွင် ဧရာဝတီသည် ယဉ်ေ ကျးမှုပေါင်းစုံ၏ ညီညွှတ်မှုနှင့် လှနေပေလိမ့်မ ည်။ ဤသို့ အတွေး၌ ဒေါ်အောင်ဆန်းစုကြည် ထင်မိ၏။

ပုဇွန်ဆီေ ရာင် အသွေးအောက်၌ မြစ်ပြင်ရှိ လှိုင်း ကြက်ခွပ်များက လင်းလက်၍ တောက်ပနေသည်။

ညနေ ၅ နာရီတွင် လူငယ်များနှင့်ေ တွ့ဆုံရန် အစီအစဉ်ရှိသည်ဟူေ သာ အသိက ဒေါ်အောင်ဆန်း စုကြည်၏ အတွေးအားလုံးကို ရပ်တန့်စေ၏။

တည်းခိုရာအိမ်၌ပင် မြစ်ကြီးနားလူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ၏။ လူငယ်ထုအား စကားဆို၏။

“လူင ယ်ဆိုတာဟာ တကယ်တော့ အနှောင်အဖွဲ့ အများကြီးနည်းပါတယ်။ လူကြီးတွေလို မဟုတ်ဘူး။ လူကြီးတွေဆိုတာဟာ မိသားစုတာဝန်ရှိတယ်။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းရှာဖို့
တာဝန်ရှိတယ်။ ကိုယ့်ရဲ့ သားသမီးများကို ပြုစုဖို့ တာဝန်ရှိတယ်။ လူငယ်များကျတော့ ပိုပြီးလွတ်လပ်တယ်။ ပိုပြီးလွတ်လပ်လို့ ကိုယ့်ရဲ့ဘဝကို ကိုယ့်တိုင်းပြည်အတွက်ဆိုပြီး တော့ စွန့်စားနိုင်မယ့်
အရည်အချင်းကို မွေးမြူရမယ်။ လူငယ်များဟာ ဒီလိုစွန့်စားရဲတဲ့ အရည်အချင်းတွေရှိမှ ဒီတိုင်းပြည်အတွက် မျှော်လင့်ချက်တွေ ရှိနိုင်မယ်။

အခုကနေစပြီးတော့ ပြည်ေ ထာင်စုအတွက်လုပ်တဲ့ လူငယ်များဟာ နောင်ကျလို့ရှိရင် ပြည်ေ ထာင်စုအတွက် ဆက်ပြီးတော့ လုပ်နိုင်တဲ့ လူကြီးများ ဖြစ်လာပါလိမ့်မ ယ်။ ငယ်င ယ်ရွယ်ရွယ်ကတည်းက
မှန်မှန်ကန်ကန် လုပ်သွားနိုင်မှ နောင်ကို ဆက်ပြီး မှန်ကန်မှာပါ။ လွတ်လပ်ေ ရးကြိုးပမ်းမှုတုန်းက ပါဝင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂက နိုင်ငံေ ရးခေါင်းဆောင်များ၊ ဒို့ဗမာအစည်းအရုံးက
နိုင်ငံေ ရးခေါင်းဆောင်များဆိုတာ အသက် ၁၈ နှစ်၊ ၁၉ နှစ် အရွယ်ကနေစပြီးတော့ လွတ်လပ်ေ ရးအတွက် ကြိုးပမ်းခဲ့တာပါ။ အမျိုးသားရေးထဲမှာ ငယ်င ယ်ရွယ်ရွယ်ကတည်းက စပြီးပါဝင်ခဲ့တာပါ။
ဖေဖေဆိုလို့ရှိရ င် ၁၈ နှစ်ေ လာက်ကစပြီး နိုင်ငံရေးကိုလုပ်တယ်။ အသက်ဆုံးသွားတဲ့ ၃၂ နှစ်အထိ နိုင်ငံေ ရးပဲ ဆက်ပြီးလုပ်သွားပါတယ်။ သူ့တသက်လုံးဟာ တိုင်း ပြည်အတွက် နိုင်ငံအတွက်ဆိုပြီး
အမျိုး သားရေးပဲ ဆက်ပြီးလုပ်သွားတာပါ။ ဒီလိုလုပ်သွားတော့ ဘယ်လောက်ပဲ အသက်ဟာတိုတို သေရကျိုး လည်း နပ်တယ်။ အသက်ရှင်ရကျိုးလည်း နပ်တယ်။ ဒီတော့ ကိုယ်အသက်ရှင်တုန်း
ဘာလုပ်နိုင်သလဲ။ ဘယ်သူတွေအတွက် အကျိုးပြုနိုင်သလဲဆိုတာ စဉ်းစားရမယ်။ ကိုယ်အသက်ရှင်နိုင်တုန်းသာ လုပ်နိုင်မယ်။ မသေချင်ဘူးဆိုလို့ မရဘူး။ ဒါပေမဲ့ ကိုယ့်အသက်ရှင်နေတုန်းတော့
ဘယ်လိုနေသွားမယ်ဆိုတာ ကိုယ်ရွေးလို့ရတယ်။ ကိုယ့်တိုင်း ပြည်အတွက် ကိုယ့်အသက်ကို စွန့်သွားမယ်။ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်ဘဝကို သုံးသွားမယ်ဆိုတာ ကိုယ့်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။

ဒီအချိန်ဟာ လူတိုင်းလူတိုင်း နိုင်ငံေ ရးလုပ်ရမယ့်အချိန်ပဲ။ လူတိုင်း လူတိုင်းနဲ့ သက်ဆိုင်ေ နတဲ့ အမျိုးသားရေးကြီး ထွက်ပေါ်နေတဲ့ အချိန်ဖြစ်တယ်။ ဒီအချိန်မှာ မလုပ်လို့ရှိရ င် နောင်ဘယ်တော့လုပ်မ လဲ။
သမိုင်းပေးတာဝန်ဆိုတာ သမိုင်းကပေးလာမှ ဒီတာဝန်ကို ထမ်း ဆောင်ပိုင်ခွင့်ရှိတာ။ ဒီတော့ ကိုယ့်မှာ ထမ်း ဆောင်ပိုင်ခွင့်ရှိတဲ့အချိန်မှာ ထမ်းဆောင်ကြစမ်းပါ။ နောင်ကျမှ တိုင်း ပြည်အတွက်
လုပ်ချင်ပါချည့်ရဲ့လို့ပြောလို့ လုပ်ချင်မှ လုပ်နိုင်မှာ။ အခွင့်အရေးဟာ ရချင်မှရ မှာ။ အခုအချိန်မှာပဲ တိုင်း ပြည်အတွက် လုပ်နိုင်တဲ့အခွင့်အရေး ရတယ်။ ဒီအခွင့်အရေးကို ယူပါ။ မှန်မှန်ကန်ကန် လုပ်ကြပါ။
ဒီလိုလုပ်နိုင်တယ်ဆိုရင် ကိုယ့်တသက်တာမှာ ပြန်ပြီးတော့ နောင်တရစရာ အကြောင်းမရှိပါဘူး။ ကိုယ့်သမိုင်းပေးတာဝန်ကို ထမ်း ဆောင်တဲ့သူများဟာ အသက်သေရင်တောင်မှ သေပျော်ပါတယ်။

လက်တင်အဆိုတခု ရှိပါတယ်။ ‘ကိုယ်တိုင်းပြည်အတွက် အသက်စွန့်လွှတ်တယ်ဆိုတာ အင်မတန်မှ ကြည်နူးဖွယ် ကောင်းပါတယ်။ အင်မတန်မှပဲ သင့်ေ တ်ာပါတယ်’ တဲ့”

ဒေါ်အောင်ဆန်းစုကြည်သည် ရှည်လျှားစွာပြောပြီး သူ၏စကားအား အဆုံးသတ်လိုက်၏။

မြစ်ကြီးနား၏ ညဥ့်ဦးယံက အမှောင်ကဲလာသည်နှင့် အအေးက သည်း၍လာ၏။ မနက်ဖြန်သွားရောက်မည့် ဒေါ်အောင်ဆန်း စုကြည်၏ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်၏ နောက်ဆုံးနေ့ခရီးက
….ဝိုင်းမော်၊ ခပ်ချိုသို့….။
ဝိုင်းမော်၊ ခပ်ချိုခရီးက မော်တော်ယာဉ်များနှင့် သွားမည်ဖြစ်၍ မြစ်ကြီးနားသို့အလာ၊ မြစ်ကြီးနားဘူတာရုံအတွင်း ကြုံခဲ့ရ သည့် အနှောင့်အယှက်မျိုးကိုမူ ကြုံရလိမ့်မ ည်မဟုတ်ဟု
ဒေါ်အောင်ဆန်းစုကြည်စိတ်၌ ထင်မိ၏။

၂၆ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည်တို့ စီးလာသည့် မီးရထားသည် မြစ်ကြီးနားဘူတာအတွင်းသို့ ဆိုက်ရောက်သည်နှင့် မြစ်ကြီးနားအာဏာပိုင်များက မြစ်ကြီးနားဘူတာရုံအား ပိတ်ထားလိုက်ကြ၏။
မီး ရထားပေါ်မှ ခရီးသည်များလည်း ရထားပေါ်မှဆင်း ၍ ဘူတာအပြင်သို့  ထွက်၍မရ….။ အပြင်မှလူများလည်း ဘူတာအတွင်းသို့ ဝင်၍မရ….။

ဤအတိုင်း မီးရထားပေါ်၌ ဒေါ်အောင်ဆန်း စုကြည်တို့ နေ၊နေကြရသည်။ နောက်ဆုံး….. မြစ်ကြီး နားဘူတာရုံရှိ ရုံပိုင်အရာရှိငယ်တဦးမှ အာဏာပိုင်တို့၏ ပိတ်ဆို့ထားမှုအား အံတု၍ ဘူတာရုံတံ ခါးအား
ဖွင့်ပေးခဲ့မှသာလျှင် ….. ဒေါ်အောင်ဆန်းစုကြည်တို့ ရထားပေါ်မှ ဆင်း ခွင့်ရကြ၏။ ဗိုလ်ကျော်ဘ၏ ကလေးဆန်ဆန် နှောင့်ယှက်မှုက ရယ်မောစရာ….။ မနက်ဖြန် ဝိုင်းမော်ခရီးတွင်လည်း ဗိုလ်ကျော်ဘ
မည်သို့များ နှောင့်ယှက်လေဦး မည်နည်း….။ အခြား ကချင်ပြည်နယ်အတွင်း ခရီးစဉ်များကဲ့သို့ပင်……။ ဝိုင်းမော်တွင်လည်း စစ်တပ်မှ လက်ကမ်းစာစောင်များအား ဖြန့်ဝေ၍ထားလေမည်ပင်….။
လက်ကမ်းစာစောင်များက သူမအား ပုတ်ခတ်၍ ရေးသားထားသည့်စာများ….။ လုပ်သားပြည်သူ့  နေ့စဉ်သတင်း စာများတွင် ရေးသည့် ‘ဒိုးကလေး’ ၊ ‘ဒိုးလုံး’ ၊ ‘သာဂဒိုး’ တို့၏ အာဘော်များအတိုင်း….။
ပို၍ဆိုးသည်က ….. ယုတ်ညံ့လွန်းသည့် အသုံးအနှုံးအား မရှက်မရွံ့ သုံးရဲခြင်းပင်ဖြစ်၏။ ‘ကုလားမယား’၊ ‘အနောက်မယ်ေ တ်ာကြီး’ စသည့် အမည်များတပ်၍ စစ်တပ်က ဖြန်သည့်လက်ကမ်း စာစောင်တွင်
ဒေါ်အောင်ဆန်းစုကြည်အား ဝိဂြို ဟ်ပြု၍ ရေးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း ကချင်လူထုကြီးကမူ ….. ဒေါ်အောင်ဆန်းစုကြည်အား ‘အောင်ဆန်းဂျာမွန်း’ ဟူ၍ အမည်ေ ပး ကမ္ဗည်း ထိုးကြ၏။ ‘ဂျာမွန်း’
ဟူသည်က …. ကချင်ဘာသာနှင့် ‘ရွှေဝတ်မှုန်’ ဟူ၍ ဖြစ်သည်။

‘အောင်ဆန်း ဂျာမွန်း’ က …. ‘အောင်ဆန်း ရွှေဝတ်မှုန်’….။

ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်က မနက်ဖြန်ဆိုလျှင် ပြီး ပြီ…..။ ပြီးလျှင် …. မြစ်ကြီးနားမှ ရန်ကုန်သို့ ပြန်ကြရမည်။

ကချင်လူထု၏ နှလုံးသည်းပွတ်အတွင်း၌က …. ‘အောင်ဆန်း ဂျာမွန်း’ ဟူ၍ ဒေါ်အောင်ဆန်း စုကြည်သည် နင့်နင့်သည်းသည်း နေရာယူထားလျက် …..။

‘အောင်ဆန်း ဂျာမွန်း’

ကိုးကား ……

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ

- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင်မိန့်ခွန်းများ

- နွေဦးအိုးဝေ ဂျာနယ်များ

- ရွှေခ မောက် ဂျာနယ်များ

- ဒေါမာန်ဟုန်

- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ

- ဦးခင်ကျော်ဟန်၏ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှတ်တမ်း

- ဒို့ဗမာအစည်းအရုံး သမိုင်း (ပထမတွဲ၊ ဒုတိယတွဲ )

- နဝတ အတွင်း ရေးမှူး (၁) ဗိုလ်မှူး ချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ

- ကချင်ပြည်နယ် ပြည်န ယ်စည်းရုံးရေး ကော်မတီဝ င် ဦးရန်နောင်မြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၄

| သောကြာနေ့၊ စက်တင်ဘာလ ၁၁ ရက် ၂၀၀၉ ခုနှစ် ၁၃ နာရီ ၂၉ မိနစ် ဆောင်းပါး


(၈၄)

၁၉၈၉ ခုနှစ် မေလ ၁၂ ရက်ေ န့တွင် ရန်ကုန်မြို့ ၃၇ လမ်း ၊ အမှတ် ၂၄၅ ရှိ ‘ မဟာနန္ဒာ’ ပုံနှိပ်တိုက်အား စစ်ထောက်လှမ်း ရေးများက ဝင်ရောက်ရှာ ဖွေ၏။ အမျိုး သားဒီိမိုကရေစီ အဖွဲ့ချုပ်မှ ရိုက်နှိပ်နေသည့်
စာစောင်များအား ‘တရားမဝင်’ စာစောင်များဟူ၍ စစ်ထောက်လှမ်း ရေးက သိမ်း ၏။ ပုံနှိပ်တိုက်ကိုလည်း ‘တရားမဝင်’ စာရွက်စာတမ်းများ ရိုက်နှိပ်မှုနှင့် ချိပ်ပိတ်၏။ အဖွဲ့ချုပ်၏ စာစောင်များအား
‘တရားမဝင်’ စာစောင်များဟူ၍ အာဏာပိုင်များက သိမ်း ဆည်းခြင်းအား ဒေါ်အောင်ဆန်း စုကြည်အနေနှင့် လုံးဝနားမလည်နိုင်….။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ကော်မရှင်တွင်
တရားဝင်မှတ်ပုံတင်ပြီး နိုင်ငံရေးအသင်းအဖွဲ့အဖြစ် ဥပဒေအတွင်း၌ ရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ဤသို့သော နိုင်ငံရေးအဖွဲ့အစည်းသည် မိမိအဖွဲ့အစည်း၏ နိုင်ငံေ ရးသဘောထား၊ မူဝါဒ၊
လုပ်င န်းစဉ်တို့အား ပြည်သူလူထုသို့ ပုံနှိပ်ထုတ်ဝေ၍ ဖြန့်ချိကြရမည်ပင်….။

‘၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ’ အရလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လွတ်လွတ်လပ်လပ် ထုတ်ဝေပိုင်ခွင့်ရှိသည့် နိုင်ငံရေးအဖွဲ့အစည်းတခု ဖြစ်သည်။
နိုင်ငံေ ရးပါတီများ ပုံနှိပ်ထုတ်ေ ဝခွင့်အား ထပ်၍ သီးခြားမှတ်ပုံတင်လျှောက်ရ န် မလိုအပ်ဟု ….. ဒေါ်အောင်ဆန်း စုကြည် နားလည်မိ၏။

သဘာဝအရလည်း …. နိုင်ငံရေးအဖွဲ့အစည်းအဖြစ် တရားဝင်မှတ်ပုံတင်ထားပြီး တရားဝင်တည်ရှိနေသည့် နိုင်ငံရေးအဖွဲ့အစည်းများသည် ၎င်းတို့၏ မူဝါဒဖြန့်ချိေ ရး၊ သတင်းထုတ်ပြန်ရေး၊ သဘောထား
ကြေညာရေးတို့အတွက် ပုံနှိပ်ထုတ်ဝေခြင်းအား မလွဲဧကန်လုပ်ေ ဆာင်ကြရမည့် လုပ်င န်းဆောင်တာသာဖြစ်၏။ မထူးဆန်း….။ လုပ်ရိုးလုပ်စ ဉ်ပင်…။ လုပ်ဆောင်ပိုင်ခွင့်သည်လည်း အဖွဲ့အစည်းတိုင်း၏
အခွင့်အရေးတရပ်ပင် ဖြစ်၏။

သို့သော် ….. စစ်အုပ်စုကမူ ဤသို့မဟုတ်….။ ဤသို့ ….မရ….။ ပုံနှိပ်ထုတ်ဝေခွင့်အား မှတ်ပုံတင်လျှောက်ရမည်။ စာပေစိစစ်ရေးက ခွင့်ပြုမှ ပုံနှိပ်ထုတ်ဝေခွင့်ရှိမ ည်။

စင်စစ်….။ စစ်အုပ်စုမှ နိုင်ငံေ ရးအဖွဲ့အစည်းများ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် အခွင့်အရေးမျက်နှာ စာအား ပိတ်ဆို့သည့်ခြေလှမ်းအား စခြင်းပင်ဖြစ်၏။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ၌လည်း
အဖွဲ့ချုပ်မှ ‘ကျောင်းများ ပြန်ဖွင့်ေ ရးနှင့် ပတ်သက်၍’ ထုတ်ပြန်သည့် ကြေညာချက် ၁၆ အား ဖြန့်ဝေမှုနှင့် ပခုက္ကူမှ ဒေါက်တာမျိုးညွှန့်အား ဖမ်း၏။

လွတ်လပ်ပြီး တရာမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲအား ကျင်းပပေးပါမည်ဟု စစ်အုပ်စုမှ အသံဟစ်ေ နရင်းနှင့်ပင် …. နိုင်ငံရေးအဖွဲ့အစည်းများ၏ လွတ်လပ်ခွင့်၊
အခွင့်အရေးများအား တဆင့်ပြီးတဆင့် တိုး၍ ပိတ်ပ င်နေလေပြီ။

လွတ်လပ်စွာစည်းရုံးလှုံ့ဆော်ခွင့်၊ စုရုံး ခွင့်၊ ဟောပြောခွင့်တို့အား အမိန့်ကြေညာချက် ၂/၈၈ ၊ ၈/၈၈ တို့နှင့် တားဆီး ထားပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကိုမူ …. ‘ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ
မှတ်ပုံတင်ခွင့် ဥပဒေ’ နှင့် ဟန့်တားပြန်၏။

(၈၅)

၁၉၈၉ ခုနှစ် မေလ ၂၆ ရက်ေ န့တွင် နဝတမှ အကြိမ် ၄ဝ မြောက် သတင်း စာရှင်းလင်းပွဲအား ပြုလုပ်ပြန်၏။ ‘ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ’ ကို လိုက်နာရန် ထပ်၍ပြော၏။
မလိုက်နာပါက မည်သို့ အရေးယူမည်ဖြစ်ကြောင်းနှင့်လည်း ခြိမ်းခြောက်၏။ နဝတက အဓမ္မပင် လွတ်လပ်စွာ ရေးသားခွင့်အား တားဆီးရန် လုံ့လထုတ်၍နေလေပြီ။ နဝတ၏
ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများက တရစ်ပြီး တရစ် ဆင့်၍….ဆင့်၍ ကဲလာပြီ။ ဤအတိုင်း လိုက်နာကြမည်လား….။ နာခံကြမည်လား….။ သို့မဟုတ် အံတုဆန့်ကျင်ကြမည်လား….။ ဖီဆန်ကြမည်လား….။
လားပေါင်းများစွာနှင့် အမေးတို့က ဒေါ်အောင်ဆန်း စုကြည်အား ဖြေခိုင်း၍နေလေပြီ။ ဒေါ်အောင်ဆန်း စုကြည် စဉ်းစားရလေပြီ။

“အခုဆိုရင်…. လွတ်လပ်စွာ ရေးသားဖြန့်ချိပိုင်ခွင့်ဆိုတာ မရှိတော့ဘူး။ ဒီလို လွတ်လပ်စွာ ရေးသားဖြန့်ချိပိုင်ခွင့် မရှိဘူးဆိုတာဟာ ….နိုင်ငံသူ၊ နိုင်ငံသားတွေကို လွတ်လပ်စွာ တွေးတောပိုင်ခွင့်
မပေးချင်လို့ပဲ။ လွတ်လပ်စွာ တွေးတောပိုင်ခွင့် မရှိသူများဟာ ကျွန်များပဲ။ ကျွန်ဘဝပဲ။ ဒီတော့….ဒီအတိုင်း ကိုယ်တိုင်းပြည်ထဲနေပြီး၊ ကိုယ်လူမျိုးအကြားမှာနေပြီး ကျွန်ဖြစ်နေလို့ မဖြစ်ဘူး။ လွတ်လပ်စွာ
တွေးတောပိုင်ခွင့် ရှိချင်ရင် …. လွတ်လပ်စွာ ရေးသားဖြန့်ချိပိုင်ခွင့် ရှိရမယ်။ အခု နဝတဟာ ပုံနှိပ်ဥပဒေကို အလွသ
ဲုံးစားလုပ်ပြီးတော့ …. နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေကို လွတ်လပ်စွာ ဖြန့်ချိပိုင်ခွင့်
မရှိဘူးလို့ ဆိုေ နတယ်။ တားမြစ်နေတယ်။ တကယ်ဆိုရင်….. ဥပဒေအရ တရားဝင် အသင်းအဖွဲ့များဟာ လွတ်လပ်စွာ ရေးသားဖြန့်ချိပိုင်ခွင့် ရှိတယ်။ ပြီးတော့ …. သတင်းစာရှင်းလင်းပွဲမှာ နဝတက ….
နိုင်ငံေ ရးပါတီများဟာ တရားဝင်အသင်းအဖွဲ့များ မဟုတ်ဘူးလို့ ပြောနေပြန်တယ်။ ဒါဟာ ဘယ်လိုမှ အဓိပ္ပာ ယ်မရှိတဲ့ စကားပဲ။ ဒီတော့…. ဒီဟာက တရားမျှတတဲ့ ဥပဒေမဟုတ်ဘူး။
အမိန့်အာဏာဆိုးတခုသာ ဖြစ်တယ်။ အမိန့်အာဏာဆိုး တခုဖြစ်လို့  ဖီဆန်ရ မှာပဲ ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဆက်ပြီး စာရွက်စာတမ်းတွေကို ပုံနှိပ်မ ယ်။ ထုတ်ဝေဖြန့်ချိသွားမယ်။
ပြီးရင် ….ဒီမိုကရေစီလိုလားတဲ့ ရဲဘော်ရဲဘက်များနဲ့ ပြည်သူလူထုကြီးတရပ်လုံး ကို အာဏာဖီဆန်ေ ရးလှုပ်ရှားမှုကြီးမှာ ပါဝင်လာအောင် လုပ်ရ မယ်” ဤသို့ပင် ဒေါ်အောင်ဆန်း စုကြည် တွေး၍ရ၏..။

ဒေါ်အောင်ဆန်းစုကြည်က …လားပေါင်းစွာသော မေးခွန်းတို့အား ဖြေရှင်း ပြီးဖြစ်၏။

(၈၆)

၁၉၈၉ ခုနှစ် မေလ ၂၈ ရက်ေ န့တွင် တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ တာမွေ အဖွဲ့ဝ င်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ၍ ဟောပြောပွဲတခုအား ပြုလုပ်၏။
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးဝင်းတင်၊ သာယာဝတီ (ဒေါ်) စမ်းစမ်းနွဲ့ (စာရေးဆရာမ) တို့လည်း ပါ၏။ ဦးဝင်းတင်က အမေရိကန် တွေးခေါ်ပညာရှင်၊ စာရေးဆရာ ‘ဟင်နရီဒေးဗစ်သော်ရို (၁၈၄ဝ)
(Henry David Thorean) ၏ အတွေး အခေါ်များ၊ ရေးသားချက်များအား ကောက်နှုတ်၍ ဟောပြောပွဲတင
ွ် ဆွေးနွေးသည်။ မတရားသည့် အမိန့်ဆိုးများအား ဖီဆန်ရေးအယူအဆကို ရှင်းပြ၏။
ဒေါ်အောင်ဆန်းစုကြည်မှလည်း ….. ‘မဟတ္တမ ဂန္ဓီကြီး’ ၏ အာဏာဖီဆန်ေ ရး တိုက်ပွဲအကြောင်းအား ဟောပြော၏။

တာမွေဟောပြောပွဲပြီးသည့်ေ နာက်…. ဦး ဝင်းတင်၊ ဦးဘသော် (စာရေးဆရာ မောင်သော်က) ၊ ဒေါ်မြင့်မြင့်ခင်၊ သာယာဝတီ (ေ ဒါ်) စမ်းစမ်းနွဲ့၊ ဦးကိုယု၊ ဦးစိုးသိမ်း (စာရေးဆရာ မောင်ဝံသ) ၊
မောင်ခက်ပ န်၊ ဦးဘဂျမ်း (ကဗျာဆရာ တင်မိုး) တို့နှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံပြီး ‘အာဏာဖီဆန်ေ ရး’ နှင့် ပတ်သက်၍ ဆွေးနွေး ၏။
“ကျမတို့ဟာ မတရားတဲ့အမိန့်အာဏာများကို ဖီဆန်ရ မယ်။ အာဏာဖီဆန်ေ ရး လှုပ်ရှားမှုကြီးတခုကို စရတော့မယ်လို့  ကျမတို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့ ဒီလိုယုံကြည်သလဲဆိုတော့ (နဝတ)
အစိုးရဟာ ဘယ်လိုပဲ ‘ကြား’ နေမယ် ပြောပြော၊ ဘယ်လိုပဲ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးမယ် ပြောပြော ဒီမိုကရေစီဘက်ကို ဖိနှိပ်တဲ့၊ ချုပ်ချယ်တဲ့၊ ဟန့်တားတဲ့
အမိန့်အာဏာတွေ အမျိုး မျိုးပဲ ထုတ်နေတယ်ဆိုတာ ကျမတို့ မြင်ရပါတယ်။ ဒီလိုထုတ်နေတဲ့ အမိန့်အာဏာတွေကို ကျမတို့ မဖီဆန်နိုင်ရင်တော့ ကိုယ်လိုချင်တဲ့ အခြေအနေကို ကျမတို့ ဖန်တီးနိုင်မှာ
မဟုတ်ပါဘူး။ ဒီတော့ ကျမတို့အားလုံးမှာ ဒီအမိန့်အာဏာတွေကို ဖီဆန်ဖို့ တာဝန်ရှိပါတယ်။

အာဏာဖီဆန်ေ ရးဆိုတာကလည်း မတရားတဲ့ အမိန့်အာဏာများ ဖီဆန်ရေးဖြစ်ပါတယ်။ ဆူပူေ အာင်လှုံ့ဆော်ခြင်း မရှိဘဲနဲ့ အေးအေးချမ်းချမ်းနဲ့ မတရားတဲ့ အမိန့်အာဏာများကို ဖီဆန်ဖို့ ဖြစ်ပါတယ်”

အာဏာဖီဆန်ေ ရးလမ်းစဉ်အား အဖွဲ့ချုပ်အနေနှင့် ချမှတ်သွားရန် အားလုံးက သဘောတူကြ၏။ အာဏာဖီဆန်ေ ရးအတွက် ‘ကြွေးကြော်သံ’ အား ရွေးကြ၏။ အားလုံးက စာရေးဆရာများ၊
ကဗျာဆရာများ….။ ကြွေးကြော်သံက တိုတိုရှင်းရှင်းနှင့် ထိရောက်ရမည်။ အားမာန်ပါရမည်။

နောက်ဆုံး…. ဆရာမောင်သော်က….က ‘ဟင်န ရီဒေးဗစ်သော်ရို’ ၏ စာကြောင်းတကြောင်းအား ထုတ်နှုတ်၍ ရွတ်ပြ၏။ မြန်မာဘာသာသို့ ပြန်လျှင်မူ …..“အများပြည်သူ သဘောမတူတဲ့
အမိန့်အာဏာဟူသမျှ…. ဖီဆန်ကြ” ဟူ၍ရ၏။

အားလုံးက အဖွဲ့ချုပ်၏ အာဏာဖီဆန်ရေး ကြွေးကြော်သံအဖြစ် သဘောတူကြ၏။ ဒေါ်အောင်ဆန်း စုကြည်က …. ကြွေးကြော်သံတွင် …. “အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ” နှင့်
“ဖီဆန်ကြ” ဟူသည့် စာပိုဒ်အကြား၌ …“တာဝန်အရ” ဟူသည့် စာပိုဒ်အား ဖြည့်စွက်၍ ထည့်လိုသည်ဟု ဆို၏။

ဒေါ်အောင်ဆန်းစုကြည်မှ “တာဝန်အရ” ဟူသည့် စာပိုဒ်အား ထပ်ဖြည့်လိုက်သည့်အတွက် “ ကြွေးကြော်သံ” က ပို၍ လေးနက်သွားသည်။ အဓိပ္ပာ ယ် ပိုမို၍ပြည့်စုံသွား၏။

“အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ၊ တာဝန်အရ ….ဖီဆန်ကြ”

(၈၇)

အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးတွင် အတွင်းရေးမှူးအဖွဲ့ဝ င် ဦးဝင်းတင်က ‘အာဏာဖီဆန်ရေး’ လမ်းစဉ်အား တင်သွင်း ၏။ ဆွေးနွေး၏။
ဒေါ်အောင်ဆန်းစုကြည်ကမူ သူမ၏ သဘောထားအား မဆွေးနွေးသေး….။ အားလုံး၏ သဘောထားအား စောင့်၍ နားထောင်လိုသေး၏။ ဗဟိုအလုပ်အမှုဆောင် လူကြီးများက ….
အာဏာဖီဆန်ေ ရးတိုက်ပွဲအတွက် အဖွဲ့ချုပ်အနေဖြင့် အဆင်သင့်ဖြစ်ရဲ့လား….။ မြန်မာ့လူ့အဖွဲ့အစည်း၊ မြန်မာလူမျိုး၏ စိတ်ဓာတ်နှင့် အကြမ်းမဖက်သည့် နှလုံးရည်တိုက်ပွဲ၏ ‘အာဏာဖီဆန်ေ ရး’
လမ်း စဉ်နှင့် သင့်ေ တ်ာပါ၏လား…။ မြန်မာတို့က သွေးဆူလွယ်၏။ ချင့်ချိန်၍နေကြသည်။

အာဏာဖီဆန်ေ ရး တိုက်ပွဲလမ်းစဉ်ဟူသည်က မြန်မာ့နိုင်ငံေ ရး သမိုင်းစဉ်အတွင်း အသစ်အဆန်း လမ်း စဉ်ဟူ၍ကား မဟုတ်….။ လွန်ခဲ့သည့် နှစ်ေ ပါင်း ၆ဝ ကျော် …. မြန်မာ့လွတ်လပ်ေ ရး ကြိုးပမ်းမှု
တိုက်ပွဲအတွင်း၌လည်း ဖဆပလသည် ချမှတ်ခဲ့ပြီး၊ တိုက်ပွဲဆင်ခဲ့ဖူး ၏။

ထိုစဉ်ကလည်း ယခုကဲ့သို့ပင်….။

၁၉၄၆ ခုနှစ် …. နိုဝင်ဘာလ….။

အမှတ် ၂၅ ၊ တာဝါလိမ်လမ်းနေအိမ်၌ ဖဆပလ ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့၊ အစည်းအဝေးအား ကျင်းပနေ၏။

“သခင်နုသည် ဖဆပလ ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့သို့ အဆိုတရပ်တင်၍ ဆွေးနွေးသည်။ ဗြိတိသျှအစိုးရအနေနှင့် မြန်မာပြည်၏ လွတ်လပ်ေ ရးကို တနှစ်အတွင်း ပေးပါမည်ဟု ၁၉၄၇ ခုနှစ် ဇန်န ဝါရီလ
၃၁ ရက်ေ န့မတိုင်မီ လန်ဒန်ရှိ လေဘာအစိုးရက ကြေညာပေးရန်။ ဗြိတိသျှအစိုး ရမှ မကြေညာပေးပါက ဘုရင်ခံ၏ အမှုေ ဆာင်ကောင်စီ အစိုး ရအဖွဲ့မှ ဖဆပလ ကိုယ်စားလှယ်များ နုတ်ထွက်မည်။ ပြီး လျှင်
မြန်မာ့လွတ်လပ်ေ ရးအတွက် အနုန ည်းဖြင့် အာဏာဖီဆန်ေ ရးတိုက်ပွဲများ ဆင်နွှဲသွားမည်။

သခင်နု၏ ဆွေးနွေးချက်များအား ဆိုရှယ်လစ်ပါတီမှ ဦးကျော်ငြိမ်းမှ ထောက်ခံသည်။ လက်ယာနိုင်ငံေ ရးသမားကြီးများဖြစ်သည့် ဦး ဘဖေတို့မှ ကန့်ကွက်၏။ ကျန်သူများမှာမူ မည်သည့်သဘောထားမှ
မပေးသေး။ ဗိုလ်ချုပ်၏ သဘောထားအား သိချင်ကြပုံရ၏။ ဗိုလ်ချုပ်က ထောက်ခံပါက သဘောမတူေ သ်ာလည်း သူတို့ ထောက်ခံကြမည်။ ဗိုလ်ချုပ်က ကန့်ကွက်ပါက ထောက်ခံချင်သော်လည်း သူတို့
ကန့်ကွက်ကြမည်။ ဤသို့နှင့် အစည်းအဝေးသည် ညဥ့်န က်သန်းခေါင်ကျော်ခဲ့၏။ ဆုံးဖြတ်ချက်ဟူ၍ မချနိုင်ခဲ့။

ဒုတိယည ဗဟိုအလုပ်မှုေ ဆာင်အဖွဲ့ အစည်းအဝေး စသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းမှစ၍ ဆွေးနွေးတော့သည်။

‘လွတ်လပ်ရေးဟာ အရေးအကြီးဆုံး ပြဿနာဖြစ်တယ်။ အဲဒီတော့ ဒီပြဿနာကို ဦးစားပေးပြီး ဆောင်ရွက်ရမယ်။ ဒီလိုဦးစားပေးပြီး မဆောင်ရွက်ရ င် လွတ်လပ်ေ ရးကို ကျနော်တို့ မျက်ခြေပြတ်သွားမယ်။
ဒီလွတ်လပ်ေ ရး ပေးပါမယ်လို့  ဗြိတိသျှအစိုး ရကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်မီ ကြေညာခိုင်းရုံနဲ့ မလုံလောက်ဘူး။ မကြေညာရင် ကျနော်တို့က ဘာလုပ်မယ်ဆိုတာ ပါရမယ်။ အဲ့ဒါမပါရင်
ကျနော့်တို့ရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိသျှအစိုး ရက ဖိုင်တွဲချင်လည်း တွဲထားလိုက်မယ်။ စက္ကူစုတ်ထည့်တဲ့ ခြင်းထဲကို စုတ်ပ စ်ပြီး ထည့်ချင်ထည့်ထားလိုက်လိမ့်မ ယ်။ အဲ့ဒါကြောင့် ဗြိတိသျှအစိုး ရက
မကြေညာရင် ကျနော်တို့ ဘာလုပ်မယ်ဆိုတာကို ထည့်ရမယ်။ မထည့်လို့  မဖြစ်ဘူး။ အာဏာဖီဆန်တယ်ဆိုတာ မလုပ်ရင်မဖြစ်လို့ လုပ်ရ တာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အိန္ဒိယမှာ မဟတ္တမဂန္ဒီဟာ
အနုန ည်းနဲ့ အာဏာဖီဆန်ဖို့ သူ့လူတွေကို ညွှန်ကြားတယ်။ လူတချို့သာ နားထောင်တယ်။ တချို့က နားမထောင်ဘူး။ ကျနော်တို့  ဗမာတွေဟာ သိပ်စိတ်ဆတ်တယ်။ အနုနည်းနဲ့ ဘယ်လောက်အထိ
အာဏာဖီဆန်နိုင်မ လဲဆိုတာကို စောင့်ကြည့်ရမှာပဲ။ အိန္ဒိယမှာ တချို့လူတွေဟာ အကြမ်း ဖက်လာတဲ့အခါ မဟတ္တမဂန္ဒီဟာ အာဏာဖီဆန်ေ ရးကို ရုပ်သိမ်း ပစ်လိုက်ရတယ်။ ကျနော်တို့လူတွေက
ကျနော်တို့စကားကို နားမထောင်ဘဲ အကြမ်း ဖက်လာရင် အာဏာဖီဆန်ေ ရးကို ချက်ချင်း ရပ်ပစ်ရမှာပဲ’
ဗိုလ်ချုပ်အောင်ဆန်း ဆွေးနွေးပြီးနောက် ဖဆပလ အလုပ်အမှုဆောင်အဖွဲ့မှ အာဏာဖီဆန်ေ ရး အဆိုအား မကန့်ကွက်ကြတော့။ အားလုံးမှ ထောက်ခံလိုက်ကြသည်။

ယခုလည်း အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေးတွင် ‘အာဏာဖီဆန်ရေး နှလုံးရည်တိုက်ပွဲ’ လမ်းစဉ်အား ဆွေးနွေး၍နေကြ၏။

ဒေါ်အောင်ဆန်းစုကြည်က ဦး ဝင်းတင်၏ အဆိုနှင့်ပတ်သက်၍ ဆွေးနွေး၏။

“တရားဥပဒေနဲ့ မကိုက်ညီတဲ့ အမိန့်အာဏာတွေ မထုတ်ပြန်ရင် ကျမတို့ ဘယ်အမိန့်အာဏာမှလည်း ကျမတို့ ဖီဆန်ဖို့လိုမှာ မဟုတ်ဘူး။ အခုအချိန်မှာ တော့ တရားဥပဒေနဲ့ မကိုက်ညီတဲ့
အမိန့်အာဏာတွေ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ထိုးနှက်နေတဲ့ အမိန့်အာဏာတွေ ထုတ်ထားလို့ ကျမတို့မှာ ဖီဆန်ဖို့တာဝန် ရှိတယ်။ ဒီတာဝန်ကို မကျေပွန်လို့ရှိရ င်တော့ ကျမတို့ ဆက်ပြီးတော့
တတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီအောင်ပန်းကို ဆက်ပြီး တော့ ကျမတို့ ပန်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အာဏာဖီဆန်ရေးဆိုတာဟာ စည်း ကမ်းရှိရှိနဲ့ အေးအေးချမ်းချမ်း အာဏာဖီဆန်ေ ရးဆိုတာ
ကျမတို့ ပြည်သူလူထု နားလည်ဖို့ လိုပါတယ်။ တချို့ဆိုရ င် ဖီဆန်တယ်ဆိုတဲ့ စကားလုံးကိုပဲ နည်းနည်းလန့်နေတယ်လို့ ကျမထင်တယ်။ ဒါဟာ ကြောက်စရာ မဟုတ်ပါဘူး။ ဖီဆန်တယ်ဆိုတာ
လက်မခံခြင်းကို ပြောတာပါ။ မလိုက်နာခြင်း၊ လက်မခံခြင်း၊ ကျမတို့ အေးအေးချမ်းချမ်း စည်း ကမ်းရှိရှိနဲ့ မတရားတဲ့ အမိန့်အာဏာတွေကို မလိုက်နာဘူးဆိုတာကို ပြရမယ်။ အာဏာဖီဆန်တယ် ဆိုတာဟာ
ဆန္ဒပြတာနဲ့ မတူပါဘူး။ စီတန်းလမ်းလျှောက်တာနဲ့လည်း မတူပါဘူး။ ကျမတို့ အာဏာကို နည်း အမျိုးမျိုးနဲ့ ဖီဆန်နိုင်ပါတယ်။ ဥပမာအားဖြင့်ဆိုလို့ရှိရ င် ပုံနှိပ်ထုတ်ဝေပိုင်ခွင့်မပေးတဲ့ မတရားတဲ့
အမိန့်အာဏာကို ကျမတို့ ဖီဆန်တယ်။ ဘယ်လိုနည်းနဲ့ ဖီဆန်သလဲ။ စာရွက်စာတမ်းတွေ ကျမတို့ပုံနှိပ်တယ်။ ထုတ်ဝေတယ်။ ပြည်သူလူထုအနေနဲ့ ဒီစာရွက်စာတမ်းေးတွကို လိုလိုချင်ချင်ဖတ်တယ်။
တဆင့်ထပ်ပြီးတော့ ထုတ်ဝေပေးတယ်။ ဖြန့်ချိေ ပးတယ်ဆိုရင် ဒါ ကျမတို့အားလုံး အာဏာကို ဖီဆန်ေ နတာပဲ။ ကျမတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ဖီဆန်ေ နတာ ဖြစ်ပါတယ်။ ဒီတော့
စည်းကမ်းရှိရှိနဲ့ အမိန့်အာဏာကို ဖီဆန်နိုင်တဲ့ ပြည်သူလူထု ဖြစ်ဖို့ေ တာ့ ကျမတို့ ထိန်းရပါမယ်”

ကိုးကား ……

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ

- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ

- နွေဦးအိုးဝေ ဂျာနယ်များ

- ရွှေခ မောက် ဂျာနယ်များ

- ဒေါမာန်ဟုန်

- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ

- ဦးနု၏ တာတေစနေသား

- နဝတ၏ ၂၅ ကြိမ်မြောက် သတင်းစာရှင်း လင်းပွဲ

- နဝတ၏ အကြိမ် ၄၀ မြောက် သတင်း စာရှင်းလင်းပွဲ

- နဝတ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် ၃၈

- နဝတအတွင်း ရေးမှူး (၁) ဗိုလ်မှူး ချုပ်ခင်ညွန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်ေ န့တွင် ပြုလုပ်သည့် သတင်း စာရှင်း လင်းပွဲ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၅

မင်းဟန် | တနင်္လာနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၁၅ မိန စ် ဆောင်းပါး

(၈၈)

၁၉၈၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဗိုလ်ချုပ်ဖုန်းမြင့်၏ လက်မှတ်နှင့် နဝတ က ကြေညာချက်အမှတ် ၃၈ အား ထုတ်ပြန်၏။ ကြေညာချက် ၃၈ က ….
နိုင်ငံေ ရးပါတီများအနေနှင့် ပုံနှိပ်ထုတ်ဝေရန်အတွက် ဗဟိုမှတ်ပုံတင်အဖွဲ့တွင် မှတ်ပုံတင်ခွင့်ပြုချက် တင်ရမည်။ ဗဟိုမှတ်ပုံတင်အဖွဲ့မှ ခွင့်ပြုမှ …. စာပေစိစစ်ရေးက ခွင့်ပြုမှ ထုတ်ဝေဖြန့်ချိခွင့်ရမည်။
ထားတော့….။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက်မူ ကြေညာချက် ၃၈ ပါ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ပြဿနာမရှိတော့….။ အဖွဲ့ချုပ်တွင်က ပိုင်းဖြတ်ချက် ရှိနှင့်ပြီးဖြစ်သည်။ အာဏာဖီဆန်ေ ရး
လမ်း စဉ်အား အဖွဲ့ချုပ် ဗဟိုအလုပ်အမှုေ ဆာင်အတွင်း ချမှတ်ခဲ့ပြီးဖြစ်သည်။ ဤအတွက် ….. မတရားသည့် အမိန့်အာဏာမှန်သမျှအား အဖွဲ့ချုပ်က တာဝန်အရ ဖီဆန်၍သွားတော့မည်။ ပြီး လျှင် …
(Mov ement) ရှိေ သာ နိုင်ငံရေးလှုပ်ရှားမှုများအား ဆက်တိုက်ဖော်ဆောင်သွားရန်လည်း အဖွဲ့ချုပ်၏ အလုပ်အမှုဆောင် အစည်းဝေးက ဆုံးဖြတ်ထား၏။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံေ ရးပြဿာနာများကို နိုင်ငံေ ရးနည်းအရ ပြေပြစ်သော နည်းလမ်းဖြင့် မဖြေရှင်း ဘဲ လက်နက်နည်းနှင့် ဖြေရှင်း ခဲ့မှုအပေါ် အများပြည်သူများ အမှတ်တရဖြစ်စေရန်နှင့်
နောင်တွင်လည်း နိုင်ငံေ ရးပြဿနာများကို နိုင်ငံရေးနည်းအရ ပြေပြစ်စွာ တွေ့ဆုံဆွေးနွေး အဖြေရှာဖြေရှင်းရေးသို့ ဦးတည်လာစေရန် ရည်ရွယ်ပြီး နှစ်ပ တ်လည် အထိမ်းအမှတ်ေ န့များတွင်
နိုင်ငံေ ရးလှုပ်ရှားမှုပွဲများ ပြုလုပ်သွားရန် အဖွဲ့ချုပ် အလုပ်အမှုေ ဆာင်အဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးခဲ့၏။

ဤအတွက်ပင် …. ဇွန်လ ၂၁ ရက်၊ မြေနီကုန်း ဒီမိုကရေစီလူထုတိုက်ပွဲ တနှစ်ပြည့် နှစ်ပ တ်လည် အခမ်းအနားများအား ရန်ကုန်ရှိ အဖွဲ့ချုပ်ရုံးများ၌ ကျင်းပပြုလုပ်သွားကြမည်ဖြစ်သည်။

၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်ေ န့ မြေနီကုန်း လူထုတိုက်ပွဲက …. စစ်သားများ၊ လုံထိန်း များအား လူထုက ဓား-ဓားချင်း၊ လှံ-လှံချင်း ရင်ဆိုင်သည့်တိုက်ပွဲ ဖြစ်သည်။ အောက်မေ့အမှတ်ရဖွယ်ရာ
ဂုဏ်ရောင်ပြောင်သည့် သမိုင်း….။

၁၉၈၈ ခုနှစ် ဇွန်လ ၂ဝ ရက်ေ န့တွင် မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) အာဏာပိုင်တို့ က ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်လက်အောက်ရှိ တက္ကသိုလ် ၄ ခုအား ပိတ်လိုက်၏။ ဤတွင် ….
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျင်းပနေသည့် လူထုစည်းဝေးပွဲများအား၊ နောက်တနေ့တွင် ရန်ကုန်ေ ဆးတက္ကသိုလ် (၁) သို့ ပြောင်းရွှေ့လိုက်ကြ၏။ ရန်ကုန်ေ ဆးတက္ကသိုလ် (၁) က နှစ်နေရာ ရှိသည်။
ပထမနှစ်နှင့် ဒုတိယနှစ် ဆေးပညာသင်တန်း သားများ၏ ကျောင်းဆောင်က မြန်မာ့အသံနှင့် မျက်နှာ ချင်းဆိုင် ပြည်လမ်း မပေါ်တွင်ရှိပြီး ၊ တတိယနှစ်နှင့် နောက်ဆုံးနှစ် ဆေးပညာသင်တန်း သားများ၏
ကျောင်းဆောင်က …. ရန်ကုန် ပြည်သူ့ေ ဆးရုံကြီးအနီးတွင် ရှိ၏။

၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်…..။


ပြည်လမ်း ရှိ ဆေး (၁) ဝင်းအတွင်း ထောင်သောင်းချီသော ကျောင်းသားတို့ စုရုံး မိကြပြီး လူထုစည်း ဝေးပွဲများ ပြုလုပ်ကြ၏။ ငြိမ်း ငြိမ်းချမ်းချမ်းပင်…..။

ပြည်လမ်း ရှိ ကျောင်းသားဟောပြောပွဲကြီးအား ဦးဆောင်သူတို့က …. ရန်ကုန်ေ ဆးရုံကြီးအနီးရှိ ဆေးတက္ကသိုလ် (၁) တွင် ပြုလုပ်နေသည့် လူထုစည်းဝေးပွဲနှင့် ပူးပေါင်းရန်အတွက် ဆေး (၁) သို့
ချီတက်ကြရန် စီစ ဉ်ကြ၏။ မွန်းလွဲ ၁ နာရီတွင် လိပ်ခုံး ဆေး (၁) ဝင်းအတွင်းမှ ထွက်ခဲ့ကြ၏။ ပြည်လမ်းမတလျှောက် ….. ဆန္ဒပြကျောင်းသားထုကြီးက ပြည့်လျှံ၍သွား၏။ ပြည်လမ်း မထက်
ဆန္ဒပြလူတန်း ရှည်ကြီးသည် ငြိမ်းချမ်းစွာနှင့် ချီတက်၍လာကြသည်။ ပြည်လမ်းမ၏ ညာဘက် မြန်မာ့အသံအနီးတလျှောက်တွင်မူ ‘ဘရင်းကယ်ရီယာကား’ များနှင့် စစ်သားများ….။ ‘ဟံသာဝတီ’
အဝိုင်းကြီးတွင်လည်း စစ်သားများက မဲမလ
ှဲုပ်မျှ နေရာယူထားကြ၏။ သေနတ်ပြောင်းဝများက ဆန္ဒပြချီတက်၍ လာနေကြသည့် ကျောင်းသားတို့အား ချိန်ရွယ်၍ထား၏။ ပြီး လျှင် ရှေ့တွင် …..
ချီတက်လာသည့် ကျောင်း သားထုကြီးဆက်၍ မချီတက်နိုင်ရန် လမ်း မအား သံဆူးကြိုးခွေများနှင့် ပိတ်ထား၏။ စစ်သားများနှင့် လုံထိန်း များကလည်း လမ်းအား ပိတ်၍တားထားကြ၏။

ထိုသူတို့က …. မောင်းပြန်သေနတ်များနှင့် ပစ်ရန် အသင့်….။ နံပါတ်တုတ်များနှင့် ရိုက်ရန် အသင့်…..။ ဆန္ဒပြလူထုကြီးက ရှေ့တိုး၍မရ…. နောက်ဆုတ်၍မရနှင့် ပြည်လမ်းမထက်၌ ပိတ်မိ၍နေသည်။
အနားတွင်မူ မြေနီကုန်း ဈေးနှင့် ရပ်ကွက်အိမ်ယာများရှိ၏။ မကြာ….. TE 11 စစ်ကားကြီးများ အရှိန်ပြင်းစွာနှင့် မောင်းနှင်လာပြီး လူထုကြီးအား ဝင်၍တိုက်၏။ မောင်းပြန်သေနတ်များနှင့်လည်း
ကားပေါ်မှနေ၍ ပစ်၏။ ဆန္ဒြ ပလူထုကြီးသည် မြေနီကုန်းဈေးအတွင်း သို့ ဝင်ပြေးကြ၏။ မြေနီကုန်း ရပ်ကွက်လေးအတွင်းသို့ တိုးဝင်၍ ပြေးကြရ၏။ ဝရုန်းသုန်းကား….။ ဖရိုဖရဲ။ အပြိုပြိုအလဲလဲနှင့်….။ ၁၃
နှစ်အရွယ် အထက်တန်းကျောင်းသားလေး ၂ ဦး TE-11 စစ်ကားကြီးများ၏ တိုက်ကြိတ်ခြင်းအား ခံလိုက်ရ၏။ တယောက်က ပွဲချင်းပြီး သေဆုံးသွား၏။ တယောက်ကမူ သွေးအိုင်ထဲတွင် ….
သေလောက်သည့် ဒဏ်ရာနှင့်…..။

မြေနီကုန်းရပ်ကွက်အတွင်းမှ လူထုသည် လမ်းများပေါ်သို့ ထွက်လာပြီး စစ်သားများနှင့် လုံထိန်းတို့အား ရင်ဆိုင်၍ တိုက်ခိုက်ေ တာ့၏။ ရရာလက်နက်များနှင့် ပစ်ခတ်တိုက်ခိုက်၏။
အုတ်ခဲပိုင်းများနှင့်လည်း ပစ်၏။ ‘ဂျင်ကလိ ’ များနှင့် ပစ်၏။ လုံထိန်များလည်း သေ၏။ လူထုအချို့လည်း ကျဆုံး၏။

ဇွန်လ ၂၁ ရက်၊ မြေနီကုန်း တိုက်ပွဲက …. လူထု ၈ဝ ခန့်နှင့် လုံထိန်း ၂ဝ ခန့် သေဆုံးခဲ့သည့် တိုက်ပွဲဖြစ်၏။

သွေးနှင့် ကဗ္ဗည်း ထိုးခဲ့ကြသည့်….မြေနီကုန်း ၊ ဇွန် -၂၁ သမိုင်း…..။

(၈၉)
၁၉၈၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်ေ န့ …..။
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်ရှိ အဖွဲ့ချုပ်ရုံး များ၌ မြေနီကုန်း ဒီမိုကရေစီလူထုတိုက်ပွဲ တနှစ်ပြည့် နှစ်ပ တ်လည် အခမ်းအနားများအား ပြုလုပ်၏။ ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်
ဗဟန်းအဖွဲ့ချုပ်ရုံး အခမ်းအနားသို့ သွား၏။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဥက္ကဋ္ဌ ဦး တင်ဦး လည်း ပါ၏။ ဗဟန်းအဖွဲ့ချုပ်ရုံး၌ ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းပြော၏။

“၂၁ ဇွန်လရဲ့ အရေးအခင်းအခမ်းအနားကို ကျမတို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝ င်များသာမက ဒီမိုကရေစီတိုက်ပွဲဝ င်နေကြတဲ့ အဖွဲ့အစည်း တွေကနေ လာရောက်အားပေးတဲ့အတွက် အများကြီး
အားတက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ တိုက်ပွဲဟာ အဖွဲ့အစည်းတခုတည်းရဲ့ တိုက်ပွဲ မဟုတ်ပါဘူး။ အမျိုးသားအားလုံးရဲ့ တိုက်ပွဲဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ ရှိတဲ့ ဒီမိုကရေစီလိုလားတဲ့
ပြည်သူလူထုရဲ့ တိုက်ပွဲကြီး ဖြစ်ပါတယ်။

အခုအချိန်မှာ ကျမတို့ သတ္တိရှိရ မယ်။ မတရားတဲ့ အမိန့်အာဏာများကို ကျမတို့ ဖီဆန်ရ မယ်။ ဒါ ကျမတို့အားလုံးမှာ တာဝန်ရှိပါတယ်။ တာဝန်အရ ဖီဆန်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မတရားတဲ့
အမိန့်အာဏာများကို တာဝန်အရ ဖီဆန်ကြပါလို့ ကျမ တောင်းပန်ချင်ပါတယ်။ ကျမတို့ ဒီလိုပဲ ဆက်ပြီးတော့ ကြောက်လို့၊ အားနာလို့၊ စိုးရိမ်လို့ ကိုယ့်တာဝန်ကို မထမ်းဆောင်နိုင်ဘူး ဆိုရင် လိုချင်တဲ့
ဒီမိုကရေစီ ပြည်ေ ထာင်စုသစ်ကို ထူထောင်ဖို့ အင်မ တန်မှ ခဲယဉ်းပါလိမ့်မ ယ်။

အမိန့်အာဏာဖီဆန်ေ ရးဆိုတဲ့ လှုပ်ရှားမှုကြီးကို ကျမတို့ အဖွဲ့ချုပ်အနေနဲ့ ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ အမိန့်အာဏာဖီဆန်ေ ရးထဲမှာ ပြည်သူလူထုအားလုံးက တက်တက်ကြွကြွ ပါဝင်ကြပါ။ ဒီလို
အမိန့်အာဏာတွေကို အခုအချိန်မှာ ထိထိရောက်ရောက် ဖီဆန်နိုင်မှ တကယ်ပဲ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲများ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလို လွတ်လပ်ပြီး တရားမျှတတဲ့
ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီလမ်းမှာ မလွှဲမရှောင်သာ ဖြတ်ကျော်ရမယ့်ကိစ္စတခု ဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများမှတဆင့် ပြည်သူလူထုလိုချင်တဲ့
အုပ်ချုပ်မှုစနစ်တခုကို ဖော်ထုတ်ရမယ်။ ပြည်သူလူထုကို လေးစားမယ့်၊ ကြင်နာမယ့်၊ စေတနာနဲ့ အုပ်ချုပ်မယ့် အစိုးရတခုကို ဖော်ထုတ်ရမယ်။ ဒီလိုလုပ်ဖို့အတွက် အားလုံး ကြိုးစားကြပါ။ ကျမတို့
အဖွဲ့ချုပ်နဲ့ လက်တြွဲ ပီး တော့ မတရားတဲ့ အမိန့်အာဏာ မှန်သမျှကို ဝိုင်း ဝန်းပြီးတော့ တာဝန်အရ ဖီဆန်ကြပါလို့ တိုက်တန
ွ်း ရင်းနဲ့ ကျမ နိဂုံးချုပ်ပါတယ်”

ဗဟန်းမြို့နယ်ရုံး အခမ်းအနားပြီးသည့်ေ နာက် စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဒေါ်အောင်ဆန်း စုကြည်တို့ ဆက်ကြပြန်သည်။ စမ်းချောင်းမြို့နယ် အဖွဲ့ချုပ်ရုံး ၏ မြေနီကုန်း ဇွန်လ
၂၁ ရက် အခမ်းအနားသို့ လူထု ၅ဝဝဝ ကျော်ခ န့် တက်ရောက်ကြ၏။ လုံခြုံ ရေးတပ်သားတို့ကလည်း ပြည့်ပြည့်သိပ်သိပ်ပင်……။ ဒေါ်အောင်ဆန်း စုကြည်က လူထုအား စကားပြော၏။ သူမ၏ အသံက
အသံချဲ့စက်မှတဆင့် …. ကြည်ကြည်လင်လင်၊ ရှင်းရှင်းလင်းလင်း…..။

“ကျမတို့ လူထုဟာ စည်းကမ်းရှိရ မယ်။ ကျမ ပထမဦးဆုံး ဒီတိုက်ပွဲဝ င်လာကတည်းက ပြောပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုဟာ စည်းကမ်းရှိရှိနဲ့လုပ်မှ ဖြစ်ပါလိမ့်မ ယ်။ အဲ့ဒီတော့
ကျမတို့အားလုံး စည်းကမ်းရှိရှိနဲ့ နေကြပါ။ နောက်ပြီး တော့လည်း တပ်မ တော်သားများကို ရန်မစပါနဲ့။ တပ်မ တော်သားများဟာလည်း သူတို့ရဲ့ တာဝန်အရ တာဝန်သိသိနဲ့ လုပ်စရာရှိတာ
လုပ်သွားကြမယ်လို့ မျှော်လင့်ရ မှာပဲ။ တပ်မ တော်သားများ ရှိေ နတယ်ဆိုတော့ တပ်မတော်သားများကို ရည်ညွှန်းပြီး တော့ ကျမ ပြောစရာရှိတာ ပြောလိုက်ရမှာပဲ။ ဗိုလ်ချုပ်ကြီးစောမောင်ကိုယ် တိုင်
ပြောခဲ့ပါတယ်။ တပ်မ တော်သားများဟာလည်း ရွေးကောက်ပွဲမှာ မဲေ ပးရမှာပဲတဲ့။ အဲ့ဒီတော့ တပ်မ တော်သားများအနေနဲ့ ရွေးကောက်ပွဲမှာ မဲေ ပးရမယ့် နိုင်ငံသူ၊ နိုင်ငံသားများဆိုတော့
ဘယ်အဖွဲ့အစည်းများကို မဲေ ပးသင့်တယ်ဆိုတာ ဆုံးဖြတ်ဖို့ လိုတယ်။ တပ်မ တော်ဆိုတာဟာ တိုင်းပြည်အပေါ်မှာ သစ္စာ ရှိရမယ်။ ကိုယ့်ရဲ့ နိုင်ငံသူ၊ နိုင်ငံသားများအပေါ်မှာ သစ္စာ ရှိရမယ်။ ဖေဖေဟာ
တပ်မ တော်ကို ထူထောင်ကတည်းက လူတယောက်အတွက် မဟုတ်ဘူး၊ အဖွဲ့အစည်းတခုအတွက် မဟုတ်ဘူး။ နိုင်ငံတနိုင်ငံလုံး အတွက် ထူထောင်ခဲ့တယ်ဆိုတာ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။
ဒီလိုစိတ်ထားမျိုးနဲ့ ထူေ ထာင်ခဲ့တဲ့ တပ်မ တော်ပါ။ ပထမဦးဆုံး ဘီအိုင်ေ အခေတ်က တပ်မ တော် စတင်ပေါ်ပေါက်လာတာ ဘယ်လိုပေါ်ပေါက်လာတာလဲ။ ကျောင်းသားပြည်သူ၊ ရဟန်း ရှင်လူများက
ဝင်ပြီး တော့ တပ်မ တော်ကို ထူထောင်ခဲ့တာပဲ။

ကျောင်းသားပြည်သူ၊ ရဟန်းရှင်လူများနဲ့ စပြီးတော့ ထူထောင်ခဲ့တဲ့ တပ်မ တော်ဖြစ်ပါတယ်။ အခုလည်း တပ်မ တော်ထဲမှာ ရှိတဲ့ တပ်မတော်သားများဟာ ကျမတို့ ပြည်သူလူထုကြားက ပေါက်ဖွားလာတဲ့
သားများ ဖြစ်ပါတယ်”

(၉ဝ)
ဒေါ်အောင်ဆန်းစုကြည်တို့၏ အစီအစဉ်က …. စမ်းချောင်းမြို့နယ် အဖွဲ့ချုပ်ရုံး မှ အခမ်းအနားပြီးလျှင် … မနှစ်က ဇွန်လ ၂၁ ရက်နေ့၊ မြေနီကုန်းအရေးအခင်းတွင် ကျောင်းသားလူင ယ်များ သွေးမြေကျ၊
ကျဆုံးခဲ့ရ သည့်နေရာသို့ သွားရောက်၍ အောက်မေ့ဖွယ်ပ န်းခြင်းချ အလေးပြုရန် ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်တို့၏ မော်တော်ယာဉ်များ ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က သွေးမြေကျခဲ့ကြသည့် နေရာသို့ ရောက်သည့်အချိန်၌ ကျောင်းသားလူငယ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝ င်တို့က
တဖက်နှင့်တဖက် တင်းတင်းမာမာနှင့် စောင်၍နေကြသည်။ ထိပ်တိုက်ရင်ဆိုင်တိုးကြသည့် အဆင့်သို့မူ မရောက်သေး…..။ အခြေအနေက အချိန်မရွေး တင်းမာလာပြီး ရုန်းရင်းဆန်ခ တ်များ
ဖြစ်သွားနိုင်မ ည့် အခြေအနေ….။ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က ၁၅ ယောက်ခန့် ရှိ၏။ မော်တော်ယာဉ်အား လမ်း ဘေးပလက်ဖောင်းတွင်ကပ်၍ ရပ်လိုက်၏။ ပြီးလျှင် ….. ဒေါ်အောင်ဆန်း စုကြည်
ကားပေါ်မှဆင်း ၍ သွေးမြေကျခဲ့သည့်နေရာသို့ သွားပြီး၊ ပန်းစည်း ချ၏။ အလေးပြု၏။ ခဏငယ်အတွင်း မြေနီကုန်း တနှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားက ပြီးခဲ့၏။ ဒေါ်အောင်ဆန်း စုကြည်
ပန်းစည်းချပြီး မော်တော်ယာဉ်ဆီသို့ ပြန်အလာတွင် ….. အရင်ကရှိနှင့်ပြီး၊ အခြေအနေအား အကဲခတ်ေ နကြသည့် ကျောင်းသားလူငယ်များကလည်း သူတို့ ၏ လွမ်းသူ့ပ န်းခြင်း၊ ပန်းခွေများအား
ဒေါ်အောင်ဆန်းစုကြည် လွမ်း သူပန်းခြင်းချခဲ့သည့် နေရာတွင် လိုက်၍ ချကြ၏။ အလေးပြုကြ၏။

ဤတွင် လုံခြုံရေးတပ်ဖွဲ့ဝ င်များက လွမ်း သူပန်းခြင်းချ အလေးပြုကြသည့် ကျောင်းသားများအား လိုက်၍ဖမ်း၏။ နံပါတ်တုတ်နှင့် ရိုက်၏။ အခြေအနေက ချက်ချင်းပင် ရုတ်ရုတ်သဲသဲနှင့်
ရုန်းရင်းဆန်ခတ်ဖြစ်၍ သွားသည်။ ပြေးပြေးလွှားလွှားနှင့်….။ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အတူပါလာသည့် အဖွဲ့ချုပ်ဗဟိုလူင ယ်အဖွဲ့ဝင် တစ်ေ ယာက်ကိုလည်း လုံခြုံရေးတပ်သားတို့က ဖမ်းဆီး၍
ခေါ်ဆောင်သွား၏။ ပန်းစည်းချသည့် လူငယ်အချို့လည်း ဖမ်းဆီးခြင်း ခံကြရ၏။ မတတ်နိုင်….။ ဒေါ်အောင်ဆန်းစုကြည်တို့ ကားများပေါ်သို့တက်ပြီး ထိုနေရာမှ ထွက်ခွာ ခဲ့၏။

ဒေါ်အောင်ဆန်းစုကြည်တို့၏ မော်တော်ယာဉ်များ ဘီးလိမ့်၍ထွက်ခွာရုံပင် ရှိသေး၏။ သေနတ်သံများအား ကြားရသည်။ သေနတ်သံများက ဆက်တိုက်ပင် …. ပစ်ခတ်ေ န၏။
ကျောင်းသားလူထုအတွင်း သို့ ပစ်ခတ်ေ နသည့် သေနတ်သံလား ….. မိုးပေါ်ထောင်ဖောက်ပြီး ခြောက်လှန့်ပ စ်ခတ်၍ လူစုခွဲသည့် သေနတ်သံလေလား … မခွဲခြားတတ်….။ မဖြစ်….။ လူထုအား
သေနတ်နှင့်ပစ်၍ ခြိမ်းခြောက်နေသည့် အခြေအနေအား မျက်နှာလွှဲထားခဲ့ပြီး ဆက်၍ထွက်သွားရန် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မည်သို့မျှမဖြစ်…။ မထွက်နိုင်….။ ကားအား ပြန်လှည့်ခိုင်း၏။ ပြီး လျှင်
… ပစ်ခတ်ေ နသည့် နေရာဆီသို့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လာခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်တို့၏ကား ရပ်လိုက်သည်နှင့် ရဲအရာရှိဝတ်စုံနှင့်သူများ ဒေါ်အောင်ဆန်းစုကြည်၏ ကားအား
ဝိုင်းရံလိုက်ကြ၏။ ရဲအရာရှိတဦးက ….

“ မပြေးနဲ့ … မောင်းမပြေးနဲ့ …. ပစ်လိုက်မယ်…”


“ဒေါ်အောင်ဆန်း စုကြည်ကိုဖမ်း …. ဒေါ်အောင်ဆန်း စုကြည်ကိုဖမ်း ” ဟူ၍ ရိုင်းစိုင်းကြမ်းတမ်းစွာ အော်ဟစ်၍ပြော၏။ လက်ထဲမှ သေနတ်ကလည်း တရမ်းရမ်း….။ ဟိုချိန်လိုက်၊ သည်ချိန်လိုက်နှင့်….။

ဒေါ်အောင်ဆန်းစုကြည်က …. ကားပေါ်မှဆင်း ရင်း ….


“ဘယ်သူမှ မောင်းမပြေးဘူး….၊ သေနတ်သံကြားလို့ တမင်ပြန်လှည့်လာတာ” ဟု ဆိုသည်ကိုပင် … ထိုရဲအရာရှိက … “စကားမရှည်နဲ့ … ငြိမ်ငြိမ်ေ န…” ဟု ကြိမ်းမောင်း၍နေ၏။

ဒေါ်အောင်ဆန်းစုကြည်တို့အားလုံးအား မြေနီကုန်း ရဲစခန်းအရှေ့သို့ ခေါ်ဆောင်လာခဲ့ကြ၏။ ရဲစ ခန်းအရှေ့တွင်ပ င် ခေတ္တမတ်တပ်ရ ပ်နေစေပြန်၏။ ပြီးလျှင် …. TE-11 စစ်ကားပေါ်သို့ တက်ခိုင်း၏။
ဒေါ်အောင်ဆန်းစုကြည်တို့အားလုံး TE-11 စစ်ကားကြီးပေါ်သို့ တက်လိုက်ကြသည်။ ဒေါ်အောင်ဆန်း စုကြည်အား စစ်ဖက်မှ ဗိုလ်မှူးကြီးတဦးက လာတွေ့ပြီး မဝတ (မြို့နယ်ေ ကာင်စီ) ရုံး ကို
ခေတ္တလိုက်ခဲ့ရ န် …. လူကြီးလူကောင်းပီပီ ယဉ်ယဉ်ကျေးကျေး စကားဆို၏။ မဝတ ရုံး၌ ဒေါ်အောင်ဆန်း စုကြည်နှင့် TE-11 ပေါ်တွင် ဒေါ်အောင်ဆန်း စုကြည်အား လာရောက်၍ စကားပြောခဲ့သည့်
ဗိုလ်မှူးကြီးတို့ စကားပြောကြ၏။ ဆွေးနွေးကြ၏။

ဒေါ်အောင်ဆန်းစုကြည်က ….
“ဒီ ၂/၈၈ ကိုတော့ ကျမတို့ လိုက်နာဖို့ မဖြစ်ပါဘူး။ လူ ၅ ယောက်နဲ့ နိုင်ငံရေးလုပ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ ကျမတို့ဟာ ဘာမှ ဆူဆူပူပူလည်း လုပ်မှာမဟုတ်ပါဘူး။ အေးအေးချမ်းချမ်း၊
ငြိမ်ြ ငိမ်သက်သက်နဲ့ပဲ လုပ်စ ရာရှိတဲ့ နိုင်ငံရေးကို လုပ်သွားမှာပါ။ အာဏာဖီဆန်ရေးနဲ့ ပတ်သက်လို့ကတော့ …. ကျမတို့ဟာ မတရားတဲ့ အမိန့်ဆိုး တွေဆိုရင်တော့ ဖီဆန်သွားရမှာပါပဲ။ အခု
အာဏာဖီဆန်တာဟာလည်း ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများ မှတ်ပုံတင်ေ ရး အမိန့်အာဏာကို ဖီဆန်နေတာဖြစ်ပါတယ်။ အခုလည်း …. ကျောင်းသားလေးတွေကို ဖမ်းဆီးနေတာဖြစ်လို့
ပစ်ခတ်သံေ တွကြားလို့ ကျမပြန်လှည့်လာခဲ့တာပါ”

မဝတ ရုံးအတွင်း ၃ နာရီခန့် ဆွေးနွေးကြပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်တို့အား ပြန်နိုင်ပါပြီဟူ၍ ဗိုလ်မှူး ကြီးက ယဉ်ယဉ်ကျေးကျေးပင် ပြောဆိုပြီး ပြန်ခွင့်ပြုခဲ့သည်။

ထိုနေ့က မြေနီကုန်း တနှစ်ပြည့် အောက်မေ့ဖွယ်အခမ်း အနား ပစ်ခတ်မှုတွင် တဦးကျဆုံးခဲ့ရ၏။ သူက … တစည (တိုင်း ရင်းသား စည်းလုံးညီညွတ်ေ ရးပါတီ) မှ စည်းရုံးရေးမှူးတဦး ဖြစ်၏။ ဒဏ်ရာနှင့်
လဲနေသည့် ဦးသိန်းမိုးအား ကျောင်းသားများက ပစ်ခတ်နေသည့်ကြားမှ အရဆွဲပြီး ဆေးရုံသို့ ပို့၏။ မသေဆုံးမီ ဦးသိန်းမိုးက သူသည် တစည မှ ဖြစ်ကြောင်း ပြောသွား၏။ တစည အဖွဲ့ဝ င်ကဒ်ကိုလည်း
ထုတ်၍ပြခဲ့၏။ ဆေးရုံသို့မရောက်မီမှာပင် ဦးသိန်းမိုး ကွယ်လွန်ခဲ့၏။

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်တွင်မူ အတွေးများက ဖြန့်ကျက်၍ တွေးနေမိ၏။ “ကျောင်းသားလူငယ်ေ တွဟာ အကြမ်း ဖက်ချင်တဲ့ လူတွေဆိုလို့ရှိရ င် ဦးသိန်း မိုးကြီးကို တစညကြီးဟဲ့ .. ဆိုပြီး ပစ်ခဲ့မှာ ပေါ့။
ဒီလိုစိတ်တွေ မရှိပါဘူး။ ကျမတို့ ပြည်သူလူထုအချင်း ချင်းပဲ၊ ကျမတို့ စိတ်မကောင်းဘူး။ ဦးသိန်းမိုး တယောက် ကျသွားတယ်။ ဦးသိန်းမိုးဆိုတာဟာ တစညတို့၊ အလုပ်သမားစည်းလုံးညီညွှတ်ေ ရးပါတီတို့
ဆိုတာဟာ ကျမတို့စိတ်ထဲမှာ မထားပါဘူး။ ပြည်သူထဲက တယောက်ကျသွားတယ်။ ဒီလောက်ေ တာင်မှ ကျမတို့မှာ အသက်လုံခြုံမှု မရှိဘူးလား၊ ဒါဟာအင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့
အခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေခံအခွင့်အရေးတွေ လိုချင်လို့ ကျမတို့ ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင်နေတာပဲ။ ဒီလိုရည်ရွယ်ချက်တွေနဲ့ ကျမတို့ ဆက်ပြီးတော့ လုပ်သွားမှာပဲ”

ကိုးကား ……

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ


- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင်မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- ဝင်း တင့်ထွန်း၏ အမှောင်းကြားက မြန်မာပြည်
- နဝတ ၏ ၂၅ ကြိမ်ေ မြာက် သတင်း စာရှင်း လင်းပွဲ
- နဝတ ၏ အကြိမ် ၄ဝ မြောက် သတင်းစာရှင်း လင်းပွဲ
- နဝတ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် ၃၈
- နဝတ အတွင်း ရေးမှူး (၁) ဗိုလ်မှူး ချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ- အပိုင်း - ၂၆

| အင်္ဂါနေ့၊ စက်တင်ဘာလ ၂၂ ရက် ၂၀၀၉ ခုနှစ် ၁၃ နာရီ ၃၃ မိန စ် ဆောင်းပါး

(၉၁)

၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ ကော်မရှင်က “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ” အား ထုတ်ပြန်လိုက်သည်။ ကော်မ ရှင်၏
နည်းဥပဒေအမှတ် (၁/၈၉) ဖြစ်သည်။ “ရွေးကောက်ပွဲဥပဒေ” ကိုမူ လွန်ခဲ့သည့် မေလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ န၀တ မှ ဥပဒေအမှတ် ၁၄/၈၉ ဟူ၍ ပြဋ္ဌာန်းေးပးခဲ့ခြင်း ဖြစ်သည်။ ဥပဒေ၊
နည်းဥပဒေများအား ထုတ်ပြန်ပြဋ္ဌာန်းမှုများမှာလည်း စိတ်ပျက်ဖွယ်ရာပင်…..။ ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ ကော်မ ရှင်က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥ ပဒေ (မူကြမ်း) အား မူ ၃
ရပ်ထား၍ ရေးဆွဲခဲ့သည်ဟု ဆို၏။ မူ ၃ ရပ်က …. စာရွက်ပေါ်တွင်မူ လှ၍နေ၏။

၁။ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲကို စည်းကမ်း၊ နည်းလမ်းတကျ ကျင်းပနိုင်ရေး။

၂။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံသားများအတွက် ဒီမိုကရေစီအခွင့်အရေးများ အပြည့်အ၀ ရှိေ စရေး။

၃။ နောင်တခေတ်တွင် နိုင်ငံေ ခါင်းဆောင်များဖြစ်ကြမည့် ကျောင်းသားလူငယ်များအား ဒီမိုကရေစီ အလေ့အကျင့်များ ပြုစုပျိုးထောင်ပေးရေး။

ထိုမူ ၃ ရပ်ကို အခြေခံပြီး …. ၁၉၄၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ‘ပါလီမ န် အထွေေ ထွရွေးကောက်ပွဲ’ အက်ဥပဒေနှင့် နည်း ဥပဒေများ။ ၁၉၇၆ က ပြဋ္ဌာန်းခဲ့သည့် …. ‘ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ’
အဆင့်ဆင့် ရွေးချယ်တင်ေ မြှာက်ခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများမှ သင့်ေ တ်ာသည်တို့အား ယူ၍ ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ ကော်မရှင်က၊ ရွေးကောက်ပွဲဥ ပဒေ (မူကြမ်း) အား
ရေးဆွဲခဲ့သည်ဟု ဆို၏။
ပြီးလျှင် …. ကော်မရှင်သည် ကြေညာချက်အမှတ် ၂၄၂ ကို ထုတ်ပြန်ပြီး၊ နိုင်ငံေ ရးပါတီများနှင့် ပြည်သူလူထုများထံမှ အကြံပြုချက်များအား ဖိတ်ခေါ်၏။ နိုင်ငံေ ရးအဖွဲ့အစည်းများမှလည်း အကြံ ပုချက်များ
ရေး၍ ကော်မရှင်သို့ ပေးပို့ခဲ့ကြ၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း အကြံပြုချက်များ ပေးပို့ခဲ့သည်။ အထူးသဖြင့် အကြံပြုသည်က ….. ‘အာဏာလွဲပြောင်းခြင်းဆိုင်ရာ’ ပြဋ္ဌာန်းချက်စည်းမျဉ်းများ
ထည့်သွင်းပါရှိရန် ဖြစ်၏။

သို့သော် ….

ကော်မရှင်က …. အကြံပြုချက်များအား လုပ်ဟန်အရ တောင်းခံခြင်းသာ ဖြစ်၏။ အကြံပြုချက်များကို ရယူရန် မဟုတ်….။ နောက်ဆုံးတွင်မူ ….. ကော်မ ရှင်က န၀တ မှ ချပေးသည့်
ပြဋ္ဌာန်းချက်အတိုင်းကိုသာ ကော်မ ရှင် အမည်ခံ၍ ထုတ်ပြန်ပေးခဲ့ရ ခြင်း ဖြစ်သည်။ ကော်မ ရှင်မှ ရွေးကောက်ပွဲ နည်းဥပဒေအား ထုတ်ပြန်ခဲ့ပြီးသည့် နောက်တနေ့တွင်ပင် …. ဒေါ်အောင်ဆန်း စုကြည်အား
Asia Week မဂ္ဂဇင်းမှ Dominic faulder က အင်တာဗျူးလုပ်၏။

“ရွေးကောက်ပွဲစ ည်းမျဉ်းသစ်ကို လေ့လာပြီးပြီလား”

“ဟုတ်ကဲ့။ ကျမ သေသေချာချာ ဖတ်ကြည့်ပြီး ပါပြီ။ အကြံဉဏ်ေ တွ တပုံတခေါင်း ၀ိုင်းပေးထားတာတွေကို နည်းနည်းလေးတောင် ဂရုစိုက်တာ မဟုတ်ပါဘူး။ ကျမတို့က အကြံတွေအများကြီး
ပေးထားပေမယ့် အားလုံးကို လျစ်လျူရှုထားတာ တွေ့ရပါတယ်။ အာဏာလွှဲပြောင်းရေးနဲ့ဆိုင်တဲ့ အထူးစည်းမျဉ်းတွေ ထည့်သွင်း ပေးဖို့ ကျမတို့ ပြောထားတာတွေကို လုံးလုံး မဖော်ပြထားပါဘူး”

“ရွေးကောက်ပွဲ ကျင်း ပဖြစ်တယ်ဆိုရင် ရွေးကောက်ပွဲပြီးရင် ဘာဖြစ်မယ်ထင်ပါသလဲ။ ”

“ကျမတို့လဲမသိပါဘူး။ ဒါက ပြဿနာပါပဲ။ ဘယ်သူပဲ အရွေးခံရ ခံရ အာဏာအလွှဲအပြောင်းမလုပ်ခ င် ပထမဆုံး ဖွ့စ
ဲ ည်းပုံ အခြေခံဥပဒေရေးဆွဲပြီး အတည်ပြုရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်း ပုံ အခြေခံဥ ပဒေကို
ဘယ်လိုအတည်ပြုရမယ် ဆိုတာကိုလည်း ပြောသေးတာ မဟုတ်ပါဘူး။ လူထုဆန္ဒေ ကာက်ယူပွဲ လုပ်ြ ပီး တော့ အတည်ပြုရမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီနည်း ကတော့ နှစ်နဲ့မဟုတ်ေ တာင် လနဲ့ချီပြီး
ကြာနိုင်ပါတယ်။ ဒါကြောင့်မို့ အာဏာလွှဲေ ပြာင်းရေးဆိုင်ရာ စည်းမျဉ်းတွေဟာ သိပ်အရေးကြီးပါတယ်။ အာဏာကို ဘယ်လိုလွှဲပြောင်းပေးမယ် ဆိုတာကို ကျမတို့ မသိမ ချင်း န၀တ က
ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖွဲ့စ ည်းပေးမယ်လို့ ဆိုတာကို ကျမတို့ ယုံကြည်လို့ မဖြစ်ေ သးပါဘူး”

(၉၂)

န၀တ က ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အရေးကြီးသည့် ဥပဒေနှင့် နည်းဥပဒေတို့အား ‘ဇွတ်’ ပြဋ္ဌာန်းခဲ့ပြီး ရွေးကောက်ပွဲလမ်းအား ဒရွတ်ဆွဲ၍ သွားရန်ပြင်နေ၏။

နိုင်ငံေ ရးအဖွဲ့အစည်းများအတွင်း ၌လည်း …. အတွေးအခေါ်နှစ်ရပ်၊ လမ်းစဉ်နှစ်ရ ပ် ပြဿနာက မုန်တိုင်း ဆင်ဆဲ…..။ မုန်တိုင်း ဆင်ဆဲဟု ဆိုသော်လည်း … ပြင်းပြင်းထန်ထန်ဟူ၍ မဟုတ်… ..။
သော့ရမ်းသော လေရူးကဲ့သို့ …. ဝှေ့တိုက်နေခြင်းမျိုးသာ….။

န၀တ စစ်အစိုးရသည် လူထုအား စီးပွားရေးအရ ဖိနှိပ်၏။ နိုင်ငံရေးအရ ဖိနှိပ်၏။ ဖိနှိပ်မှုများအောက်၌ ဒီမိုကရေစီသည် ကွယ်ပျောက်၍နေသည်။ ဒီမိုကရေစီမရှိဘဲ တရားမျှတသည့်
ရွေးကောက်ပွဲဟူသည် မဖြစ်နိုင်….။ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ဒီမိုကရေစီရှိသည့် ကြားဖြတ်အစိုးရလိုသည်။ ကြားဖြတ်အစိုးရ ဖွဲ့စည်း ရေး တောင်းဆိုရ မည်။ ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်ေ ရး
လူထုတိုက်ပွဲ ဆင်နွှဲရမည်။

ဤအတွက် …. လတ် တလော လမ်း စဉ်သည် ….

“ကြားဖြတ်အစိုးရ ဖွဲ့စည်းရေ….”

ဤသည်ကား …. အတွေးအခေါ်တရပ်နှင့် လမ်း စဉ်တရပ်…။

အခြားစင်ပြို င်အတွေးအခေါ်နှင့် လမ်း စဉ်ကမူ …..

“လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်မြောက်ရေး” ဟူ၍ ဖြစ်သည်။ ဤတွင် ….. အတွေးအခေါ်က …. ‘ရွေးကောက်ပွဲများ’ ကျင်းပပြုလုပ်ခြင်း စနစ်သည် ‘ဒီမိုကရေစီ အခွင့်အ ရေး’
များထဲမှ တခုေ သာ အခွင့်အရေးဖြစ်သည်။ ဒီမိုကရေစီရရှိရေးအတွက် ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် ‘ရွေးကောက်ပွဲများ’ အား ကျင်းပရမည်။ ဖြတ်သန်းကြရမည်။ ရွေးကောက်ပွဲများအား
ဝင်ရမည်။ သို့သော်…. ‘လွတ်လပ်ပြီး တရားမျှတမှု’ အတွက်မူ တောင်းဆိုတိုက်ပွဲဝင်ကြရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ၏ အတွေးအခေါ်နှင့် လမ်း စဉ်က…..“လွတ်လပ်ပြီး
တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်မြောက်ရေး” ဟု ဆိုရမည်။

၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် သတင်း စာရှင်း လင်းပွဲတခုတွင် ….

“ပါတီအတော်ေ တ်ာများများက ဗိုလ်ချုပ်ကြီးစောမောင်ကျင်း ပပေးမယ့် ရွေးကောက်ပွဲကို တရားမျှတမှာ မဟုတ်ဘူးလို့ ထင်ေ နကြပါတယ်။ ကြားဖြတ်အစိုးရ လိုမယ်လို့လည်း ဆိုကြပါတယ်။ သူကလည်း
သူဟာ အကောင်း ဆုံး ကြားဖြတ်အစိုးရပါလို့ ဆိုပါတယ်။ အဲဒါ ဘယ်လိုမြင်ပါသလဲ” ဟု သတင်းထောက်တဦး၏ အမေးကို ဒေါ်အောင်ဆန်း စုကြည်က …..

“ကျမတို့အဖွဲ့ချုပ်အနေနဲ့ တကယ်အရေးကြီးတာဟာ ဒီရွေးကောက်ပွဲ မဟုတ်ပါဘူး။ အရေးကြီးတာဟာ လူ့အခွင့်အရေးများအတွက် တိုက်ရမှာ၊ အခြေခံ လူ့အခွင့်အရေးများအတွက် တိုက်ရမှာ။
ကျမတို့ဟာ ဗိုလ်ချုပ်ကြီးစောမောင် အစိုး ရပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲဖြစ်ဖြစ် ရွေးကောက်ပွဲလုပ်ေ ပးရေး ဆိုတာကို ဦးတည်ေ နတာ မဟုတ်ပါဘူး။ အခွင့်အရေးများ ရရှိရေးအတွက်ပါ။
ဒီရွေးကောက်ပွဲများဆိုတာဟာ ဒီမိုကရေစီအခွင့်အရေးထဲက အခွင့်အရေးတခုပါ။ ကျမတို့လိုချင်တာဟာ အခြေခံ လူ့အခွင့်အရေးများနဲ့ ဒီမိုကရေစီအရေးများကို ပြည့်ပြည့်စုံစုံ လိုချင်ပါတယ်။ လွတ်လပ်ပြီး
တရားမျှတတဲ့ ရွေးကောက်ပွဲများ ရရှိရေးဆိုတာ ဒီအခွင့်အရေးများထဲက တခုသာဖြစ်ပါတယ်။ ကျမတို့ဟာ ရွေးကောက်ပွဲများကို ဦးတည်ပြီးတော့ ရွေးကောက်ပွဲများ လုပ်ေ ပးဖို့ဆိုတဲ့ ဆန္ဒနဲ့ ဒီလို
ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင်နေတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ရရှိရေးအတွက်ကို ရွေးကောက်ပွဲများလိုလို့ ရွေးကောက်ပွဲများ ၀င်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ပါဝင်နေပါတယ်။ ကျမတို့အနေနဲ့
ဗိုလ်ချုပ်ကြီးစောမောင်အစိုးရဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ လုပ်ေ ပးမလားဆိုတာကို မမေးဘဲနဲ့ အခု ပြည်သူလူထု ရသင့်ရ ထိုက်တဲ့ အခွင့်အရေးတွေ ပေးမှာလားဆိုတာကို မေးပါ။
ဒီဟာဟာ အရေးကြီးတဲ့ မေးခွန်းပါ။ ပေးမှာပါ ဆိုတာတင် မဟုတ်ဘူး။ ပေးပါလို့ တောင်းဆိုပါတယ်။ ပေးဖို့အချိ န်လည်း ရောက်ပြီလို့ ကျမတို့ထင်ပါတယ်” ဟု ဖြေဆိုခဲ့၏။
ပြည်သူ့တိုးတတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ (ဒမဖ) တို့ကမူ “ကြားဖြတ်အစိုးရ ဖွဲ့စ ည်းရေး” လမ်းစဉ်အား ချ၏။

န၀တ မှ ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေတို့အား ထုတ်ပြန်ခဲ့ပြီးသည့် နောက်တွင်မူ ‘ကြားဖြတ်အစိုးရ ဖွဲ့စည်း ရေး’ အသံက တိုး၍မှိန်သွား၏။

“လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး” ဟူသည့် လမ်း ကိုသာ ဘုံလမ်း စဉ်အဖြစ် ကျင့်သုံးလာကြ၏။

‘လွတ်လပ်၍ တရားမျှတမှု’ အတွက် တို က်ပွဲက ‘အာဏာဖီဆန်ရေး တိုက်ပွဲ…..’ ။

“အများပြည်သူ သဘောမတူသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဟူသည့် ကြွေး ကြော်သံက ဒီမိုကရေစီရေး လှုပ်ရှားမှုကြီး၏ ကြွေးကြော်သံအဖြစ် ကိုင်စွဲ၍လာကြ၏။

အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသည့် စာရွက်၊ စာတမ်း ၊ စာစောင်များတွင် …. “အများပြည်သူ သဘောမတူသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဟူသည့် စာကြောင်းအား
ထည့်သွင်းဖော်ပြ၏။ ပြီးလျှင် …. “အာဏာကို ဖီဆန်၍ ထုတ်ဝေသည်” ဟူ၍ပါရှိ၏။ နိုင်ငံေ ရးပါတီများ၏ အခမ်းအနားများအား ကျင်းပရာတွင်လည်း ‘အာဏာကို ဖီဆန်၍ ကျင်း ပသည်’ ဟူ၍
ဆိုင်း ဘုတ်တင်ကြ၏။

န၀တ ၏ အမိန့်ကြေညာချက် ၂/၈၈၊ ၈/၈၈ အား ဖီဆန်၏။ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်အား ကန့်သတ်ချုပ်ချယ်သည့် ဥပဒေအား ဖီဆန်၏။

(၉၃)

အာဏာဖီဆန်ေ ရး တိုက်ပွဲကြောင့် န၀တ နှင့် ထိပ်တိုက်ရ င်ဆိုင် တွေ့ေ နရစေကာမူ …. ဒေါ်အောင်ဆန်း စုကြည်သည် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးရန် န၀တ အား ကမ်းလှမ်းဆဲ…..။
တောင်းဆိုဆဲပင်….။

တဖက်တွင် အာဏာဖီဆန်ေ ရး တိုက်ပွဲအား ဆင်နွှဲပြီး၊ တဖက်တွင်မူ တွေ့ဆုံဆွေးနွေးရေး တံခါးအား ဖွင့်ထား၏။ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် ကမ်း လှမ်း ၏။

၁၉၈၉ ခုနှစ်….

ဇူလိုင်လ ၃ ရက်….။

အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ပင် …. န၀တ နှင့် တွေ့ဆုံဆွေးနွေးရန် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ် ရွေးချယ်ရေး အစည်းအဝေးအား ကျင်းပ၏။ နိုင်ငံရေးအဖွဲ့အစည်းပေါင်း ၁၀၄ ဖွဲ့
တက်ရောက်ကြ၏။

လွန်ခဲ့သည့် ဧပြီလ ၁၈ ရက်နေ့တွင်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံး ၌ပင် နိုင်ငံရေးပါတီ အဖွဲ့အစည်း ပေါင်း ၄၁ ပါတီ၏ စည်းဝေးပွဲအား ကျင်းပခဲ့ပြီး ၊ ၄၁ ပါတီ ပူးပေါင်းဆောင်ရွက်ရေး
ကော်မတီက ဖွဲ့စ ည်းခဲ့ပြီး ဖြစ်သည်။ ၄၁ ပါတီ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် ……

အဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဦးဝင်းတင်….၊ ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ် (ဒမဖ) မှ ဦးလှေ ရွှ၊ ပြည်သူ့ရဲေ ဘ်ာမှ ဗိုလ်အောင်နိုင်၊ မြန်မာနိုင်ငံ ညီညွှတ်ရေး ဒီမိုကရက်တစ်ပါတီမှ ဦးကြီးမြင့်၊ ဗမာနိုင်ငံလုံးဆိုင်ရာ
လူငယ်များ အစည်းအရုံးမှ ဦးစိုးမြင့်၊ တိုင်းရင်းသား လူမျိုးစုပါတီများမှ ခွန်တင်ရွှေ၊ ဆရာဒွန်းနှင့် ဦးအေးသာအောင်တို့ ပါဝင်ကြ၏။

ယခုအစည်းဝေးကမူ န၀တ နှင့် တွေ့ဆုံဆွေးနွေးရေးအတွက် နိုင်ငံေ ရးပါတီ ၁၀၄ ဖွ့၏


ဲ ကိုယ်စားတဦးတည်း ကိုယ်စားလှယ်အား ရွေးချယ်တာဝန်ပေးအပ်ရန် ဖြစ်၏။

အစည်းအဝေးက ရှည်ရှည်ဝေးဝေးပင် ညှိနှိုင်းဆွေးနွေးရန်မလို ….. အားလုံးကပင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးပါတီပေါင်း ၁၀၄ ပါတီ၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ကြ၏။

ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးတွင် …..

“ကျမကို ဒီမိုကရေစီအင်အားစုများရဲ့ ကိုယ်စားလှယ်လို့ သတ်မှတ်လိုက်တဲ့ အခါကျတော့ ဒါကို ဂုဏ်ယူပါတယ်လို့ ပြောရမလားလို့ ကျမ စဉ်းစားပါတယ်။ ဒါပေမဲ့ တကယ်စဉ်းစားလိုက်တဲ့ အခါကျတော့
ဒါ ကျမအတွက် ဂုဏ်ယူစရာ မဟုတ်ပါဘူး။ ကျမကို ရွေးထုတ်လိုက်တဲ့ အင်အားစုများအတွက် ဂုဏ်ယူစရာလို့ ကျမ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမကို ရွေးထုတ်လိုက်တဲ့ အင်အားစုများဟာ
ညီညီညွှတ်ညွှတ်နဲ့ ကိုယ့်အဖွဲ့အစည်း အတွက်ရယ်လို့ မစဉ်း စားဘဲနဲ့ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်ရေးအတွက် ပိုပြီးတော့ ကောင်းဖို့အတွက် လူတယောက်ကို ကိုယ်စားလှယ်ရွေးလိုက်မယ် ဆိုပြီးတော့
လုပ်နိုင်တဲ့ အခြေအနေ ရောက်လာတာဟာ အင်မ တန်မှ ဂုဏ်ယူစရာပဲလို့ ကျမ မြင်ပါတယ်။ ကျမရယ်လို့ မဟုတ်ပါဘူး။ ဘယ်သူကိုပဲဖြစ်ဖြစ် ဒီလိုအင်အားစုကြီးများဟာ
ကိုယ်စားလှယ်တယောက်အနေနဲ့ ရွေးထုတ်လိုက်နိုင်တယ် ဆိုတာဟာ အင်မ တန်မှ ကောင်းတဲ့ လက္ခဏာပါ”

“အခုအချိန်မှာ ခြိမ်းခြောက်မှုအမျိုး မျိုး ရှိပါတယ်။ ခြိမ်း ခြောက်မှုအမျိုးမျိုး ကြားထဲကနေပြီးတော့ ကျမတို့ သတ္တိနဲ့ လုပ်သွားလို့ရှိရင် အောင်မြင်မယ်လို့ ထင်ပါတယ်။ တနေ့နဲ့တနေ့
ညီညွှတ်မှုအင်အားဟာလည်း များလာတာ ကျမ တွေ့ရပါတယ်။ စည်း ကမ်းဟာလည်း ပိုပြီးတော့ ကြီးလာတာ တွေ့ရပါတယ်။ ကျမတို့ဘက်က ညီညွှတ်မှု အင်အားဟာ ကြီးလာလေလေ၊
စည်းကမ်းကြီးလာလေလေ၊ ဒီမိုကရေစီ မလိုလားတဲ့ဘက်က ကြောက်လေလေ ဆိုတာပဲ ဖြစ်ပါလိမ့်မ ယ်။ ကြောက်လို့လည်း ကျမတို့ကို ဖျက်ဆီးဖို့၊ ထိုးနှက်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါကြောင့် ကျမတို့ဟာ
သတိဝိရိယနဲ့ စူးစူးစမ်းစမ်း၊ ဆင်ဆင်ခြင်ခြင် တယောက်နဲ့တယောက် တိုင်ပ င်ပြီးတော့ လုပ်သွားဖို့ လိုပါတယ်။ အဆက်မပြတ် အဆက်အသွယ် လုပ်ကြပါ။ တယောက်နဲ့တယောက် အထင်အမြင်
မလွဲကြပါနဲ့။ အင်အားတွေကို စုကြပါ။ ကျမတို့အနေနဲ့လည်း ဒီလိုအင်အားတွေကို စြု ပီး တော့ တိုင်း ပြည်ကောင်းကျိုးအတွက်၊ ပြည်သူ့ေ ကာင်းကျိုးအတွက် လုပ်ချင်တဲ့ ဆန္ဒေ တွ ရှိပါတယ်။”

“ကျမကို ဒီမိုကရေစီအင်အားစုတွေရဲ့ ကိုယ်စားလှယ်အနေနဲ့ တင်ေ မြှာ က်လိုက်တ့အ


ဲ ထဲမှာ ဖေဖေ့သမီး ဖြစ်လို့ဆိုတဲ့ အကြောင်း ဟာ အဓိကပဲဆိုတာ ကျမ နားလည်ပါတယ်။ ဒါဟာ ကျမ အင်မတန်မှ
ဂုဏ်ယူစရာကိစ္စပဲလို့ ထင်ပါတယ်။ ဒါကြောင့် ဖေဖေလိုချင်တဲ့ ပြည်ထောင်စုကြီး ထူထောင်ဖို့ဆိုပြီး တော့ ကျမ အင်မ တန်မှ စိတ်သန်ပါတယ်။ ဖေဖေဟာ ညီညီညွှတ်ညွှတ်နဲ့ ပြည်ေ ထာင်စုတခုကို
ထူထောင်သွားစေချင်တယ်။ ဒီအတိုင်းပဲ ကျမလည်း လုပ်သွားချင်တယ်။ ဒါကြောင့် ဒီမိုကရေစီအင်အားစုတွေကို ကျမ ကတိပေးနိုင်ပါတယ်။ ဖေဖေရဲ့ စိတ်ဓာတ်အပေါ်တော့ ကျမ ဘယ်တော့မှ
သစ္စာ မဖောက်ပါဘူး။ ဖေဖေလိုချင်တဲ့ ဒီလိုသစ္စာရှိရှိနဲ့ ဒီမိုကရေစီ အင်အားစုတွေပေးတဲ့ တာဝန်မှန်သမျှကို ကျမဆက်လက်ပြီးတော့ ထမ်းဆောင်သွားပါ့မယ်။ ယုံယုံကြည်ကြည်နဲ့ ကျမအပေါ်မှာ
တာဝန်ပေးလို့ရှိရင် ကျမ တတ်နိုင်သ၍ သစ္စာ ရှိရှိနဲ့ ထမ်း ဆောင်သွားပါ့မယ်။ တိုင်းပြည်ရဲ့ တာဝန်၊ ပြည်သူ့ရဲ့ တာဝန်၊ ဒီမိုကရေစီ အင်အားစုများရဲ့ တာဝန်ကို အစဉ်အမြဲပဲ ထမ်း ဆောင်သွားရင်းနဲ့
ကျမတို့အားလုံးဟာ ဒီမိုကရေစီပန်းတိုင်ဆီကို ရောက်မယ်လို့ ကျမ ယုံကြည်ပါတယ်။”

ကိုးကား ……

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်း ရေးနှင့် အခြားစာတမ်းများ

- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်း များ

- နွေဦးအိုးဝေ ဂျာနယ်များ

- ရွှေခ မောက် ဂျာနယ်များ

- ဒေါမာန်ဟုန်

- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲများ

- ၀င်း တင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်

-န၀တ ၏ ၂၅ ကြိမ်မြောက် သတင်း စာရှင်း လင်းပွဲ

- န၀တ၏ အကြိမ် ၄၀ မြောက် သတင်း စာရှင်းလင်းပွဲ

- န၀တ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် ၃၈

- န၀တအတွင်း ရေးမှူး (၁) ဗိုလ်မှူးချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်ေ န့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ

- ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သုတေသနဌာနခွဲ၏ တပ်မ တော်အား ဖြိုခွဲရေးလုပ်ရပ်များ စာအုပ်

- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁၀ နှစ်မြောက် အထိမ်း အမှတ်စာစောင်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၇

| ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၄ ရက် ၂၀၀၉ ခုနှစ် ၁၂ နာရီ ၁၄ မိနစ် ဆောင်းပါး

(၉၄)
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။
ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၂) ဧည့်ရိပ်သာ။

နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်သည် ပြည်တွင်း ပြည်ပရှိ သတင်းစာ ဆရာကြီးများနှင့် တွေ့ဆုံပြီး မိန့်ခွန်းရှည်ကြီးအား ပေး၍နေသည်။

“ကျနော် ဒီနေ့ နိုင်ငံတော်အာဏာကို ယူတဲ့အခါမှာ ကျနော်လုပ်ချင်တာကို လုပ်သွားတယ်ဆိုတာကို မဖြစ်စေရဘူး။ ကျနော် စည်းနဲ့စနစ်နဲ့ လုပ်သွားတယ်ဆိုတာကို လွှတ်တော်ပေါ်ပေါက်လာရင်၊
ရွေးကောက်ပွဲပြီးရင် ကျနော် လွှတ်တော်ကို တင်ပြမယ်။ ကျနော့်မှာ တာဝန်ရှိတယ်။ ဘာတခုမှ တိုင်းပြည်ကို မလိမ်ဘူး။ အရင်တုန်းကလည်း လိမ်တဲ့အကျင့် မရှိဘူး။ တပ်မတော်ဟာ လိမ်တဲ့အကျင့်
မရှိဘူး။ တပ်မ တော်ဟာ တော်လှန်ေ ရးကောင်စီနဲ့လည်း မတူဘူး။ မတူပါဘူး။ ဘယ်လို မတူသလဲ။ တော်လှန်ေ ရးကောင်စီက နောက်က လမ်း စဉ်ပါတီထောင်တယ်။ ကျနော့်မှာ (Party Back) ပါတီ
မရှိဘူး။”

“ကျနော် အာဏာကို ဥပဒေနဲ့အညီ လွှဲမယ်။ (Majority vote government form up) လုပ်နိုင်ရ င် လွှဲပေါ့ဗျာ။ ကျနော် သဘောတူပါတယ်။ ကျနော် ဘာငြင်းစရာ ရှိသလဲဗျာ။ ကျနော် ဒီမှာ
လွှဲပေးရမှာပေါ့၊ ဖွဲ့ေ လ၊ ဖွဲ့လို့ရရင် လွှဲရုံေ ပါ့။ ဘယ် (Constitution) ကို ယူမလဲ။ နိုင်ငံတခုရှိရ င် အစိုး ရတခု ရှိရ မယ်။ သူ့မှာ အခြေခံ (Constitution) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိရမယ်။ ဘယ်ဟာကို
(recognize) လုပ်မ လဲ။ (amendment) လုပ်မလား၊ဘာညာ … ဒါတွေကတော့ပါတီတွေ စဉ်းစားရမယ့် ကိစ္စဗျ” ပြောရင်းနှင့် အနီး ရှိ စာအုပ်များကိုလည်း ဆွယ
ဲူပြီး ထောင်၍ ပြ၏။
ပြရင်းနှင့်……. “ဒီထဲမှာပါတယ်။ …ရှာ ဖတ်ကြည့်….” ဟူ၍လည်း စာအုပ် အရောင်းမြှင့်တင်ေ ရး ကိုယ်စားလှယ်က့သ
ဲို့ အမူအရာနှင့် သတင်းစာဆရာကြီးများမှတဆင့် ပြည်သူလူထုကြီးသို့ ပြော၍နေ၏။
စကားများက ဟိုရောက်၊ ဒီရောက် ….။ ဆက်စပ်ပြီးနားလည်ရန် အတော်ကြိုးစားရ၏။ ပြီးလျှင် ….. ‘တပ်မ တော်သည် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ပါတီ၏ သြဇာခံမဟုတ်’ ကြောင်းနှင့်
ကိုယ့်လုပ်ငန်းတာဝန်အား ထမ်း ဆောင်နေသည့် အဖွဲ့ဖြစ်သည်ဟုလည်း ရှင်းပြနေပြန်၏။

ဒီမိုကရေစီ တည်ဆောက်ချင်ရင် (Confrontation) နည်းနဲ့လုပ်ရ င် သိပ်မှားသွားမှာပေါ့…..ဟူ၍လည်း ခနဲ့တဲ့တဲ့နှင့် မိန့်ခွန်းချွေ၏။ ထိပ်တိုက်ရ င်ဆိုင်ခြင်း၊ အာဏာဖီဆန်ခြင်း ဆိုသည်မှာလည်း
မလုပ်အပ်ကြောင်း တားမြစ်နေပြန်သည်။ အဆုံးတွင် …..NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အား ‘မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ’ ဆိုသည့် အာဏာဖီဆန်ေ ရးလမ်စဉ်မှာ
သိပ်မှား၍ ဆက်မလုပ်ရန်နှင့် ဆက်ပြီးလုပ်ပါက အာဏာစက်နှင့် အရေးယူ ရမည်ဖြစ်သည်ဟုလည်း ပြောသည်။

နောက်တနေ့…ပုဇွန်တောင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် ဟောပြောပွဲတွင်မူ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ကြီး စောမောင်၏ မိန့်ခွန်းရှည်ကြီးနှင့် ပတ်သက် ၍ သူမ ၏
အမြင်အား ထုတ်ပြော၏။

“နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ေ ဆာက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်က မိန့်ခွန်း တော်ေ တာ် ရှည်ရှည်ပဲ ပြောသွားပါတယ်။ ဒီမိန့်ခွန်းကို ကျမပြန်ပြီးတော့ သုံးသပ်လိုက်တဲ့ အခါကျတော့
ဘာတွေပေါ်လာသလဲဆိုတော့…။
နံပါတ် (၁) ကတော့ ဗိုလ်ချုပ်ကြီး စောမောင်တို့ အနေနဲ့ ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပ င်ခြင်းကို မယုံကြည်ဘူးဆိုတာ ပြပါတယ်။ ဒါကိုတော့ ကျမတို့ ကန့်ကွက်ပါတယ်။

နိုင်ငံေ ရး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုတာ ညှိနှိုင်း ရမယ်။ ဆွေးနွေး ရမယ်။ တိုင်ပင် ရမယ်။ ဒါမှလည်း ပြည်သူလူထု မနာဘူးပေါ့။ နောက်တခုကလည်း ကျမတွေ့ခဲ့ ရတာကတော့
ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ မိန့်ခွန်းထဲမှာ ပြည်သူလူထုကို ခြိမ်းခြောက်တာ ပါတယ်လို့ ကျမ မြင်ပါတယ်။ ဒီလို ခြိမ်း ခြောက်တယ်ဆိုတာ နည်း နည်းမှ မသင့်တော်ပါဘူး။ ဒို့ဘက်မှာ လက်န က်ရှိလို့ 
သုံးချင်တိုင်း သုံးနိုင်တယ်လို့ ပြောတဲ့သဘောဟာ နည်းနည်းမှ မသင့်တော်ပါဘူး။ ဒါဟာ အစိုး ရအနေနဲ့ သုံးသင့် သုံးထိုက်တဲ့ စကားလုံး များလည်း မဟုတ်ပါဘူး။ ပြောသင့် ပြောထိုက်တဲ့ ကိစ္စများလည်း
မဟုတ်ပါဘူး။ ထားသင့် ထားထိုက်တဲ့ သဘောထားများလည်း မဟုတ်ပါဘူး”

“ဒုတိယ ကိစ္စကတော့ ကျမတို့ အဖွဲ့ချုပ်ဟာ ထိပ်တိုက် တွေ့ချင်တယ်။ Confrontation ဆိုတဲ့ စကားလုံးကို ဗိုလ်ချုပ်ကြီး စောမောင်က သုံးသွားပါတယ်။ ဒါလည်း ကျမ ရှင်း ပြ ရပါလိမ့်မယ်။
Confrontation ဆိုတာ ထိပ်တိုက် တွေ့ချင်တယ်ဆိုတဲ့ သဘောနဲ့ ဗိုလ်ချုပ်ကြီး စောမောင်က ရှင်း ပြ သွားပါတယ်။ ကျမတို့အနေနဲ့ ဒီလိုမမြင်ပါဘူး။ ကျမတို့ဟာ ထိပ်တိုက် တွေ့ချင်တာ မဟုတ်ပါဘူး။
ကျမတို့ဟာ ပြဿနာများကို ရင်ဆိုင် ပြီး တော့သာ ဖြေရှင်းချင် တာပါလို့ ကျမ ပြောပါတယ်”

“အာဏာဖီဆန်ရေးနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ကြီး စောမောင်က ကျမကို မလုပ်ပါနဲ့လို့  ပြောပါတယ်။ ကျမ ဒီကနေ ပြန်ဖြေ ရပါမယ်။ ကျမတို့ကို အာဏာဖီဆန်ရေး မလုပ်ေ စချင်လို့ရှိရ င် တရားဥပဒေနဲ့
မကိုက်ညီတဲ့ အမိန့်အာဏာတွေ မထုတ်ပြန်ပါနဲ့။ တရားဥပဒေနဲ့ မကိုက်ညီတဲ့ အမိန့်အာဏာတွေ မထုတ်ပြန်ရင် ကျမတို့ ဘယ်အမိန့်အာဏာမှလည်း ကျမတို့ ဖီဆန်ဖို့လိုမှာ မဟုတ်ပါဘူး။
အခုအချိန်မှာ တော့ တရားဥပဒေနဲ့ မကိုက်ညီတဲ့ အမိန့်အာဏာတွေ၊ ပြည်သူ လူထုရဲ့ အခွင့်အရေးတွေကို ထိုးနှက်နေတဲ့ အမိန့်အာဏာတွေ ထုတ်ထားလို့ ကျမတို့ ဖီဆန်ဖို့ တာဝန် ရှိပါတယ်”

“ဗိုလ်ချုပ်ကြီး စောမောင်ကတော့ ရွေးကောက်ပွဲများကို လုပ်ပေးချင်တယ်လို့  ကျမ ထင်ပါတယ်။ ဒါပေမဲ့ ဦးနေဝင်းရဲ့ သြဇာအာဏာကို မလွန်ဆန် နိုင်လို့သာ အခုအခြေအနေဟာ တိုးတက်မှု မရှိတာလို့
ထင်ပါတယ်လို့  ကျမ ပြောခဲ့ပါ တယ်။ ဒါ ကျမ ထင်တဲ့အတိုင်း မှန်မှန်ကန်ကန် ပြောတာပါ။ ဒီတော့ ဗိုလ်ချုပ်ကြီး စောမောင်ကို ကျမ စော်ကားတာ လည်း မဟုတ်ပါဘူး ။ ကျမ နားလည် ပါတယ်။
ဗိုလ်ချုပ်ကြီး စောမောင်တို့အတွက် ဦးနေဝင်း ဆိုတာကတော့ ငယ်ကြောက် သဘောမျိုး ဖြစ်နေတယ် ဆိုတာ ကျမ နားလည်ပါတယ်”

(၉၅)

တိုက်ဆိုင်မှုက စနစ်တကျ စီစ ဉ်ထားသည့်အလား…..။

ဗိုလ်ချုပ်ကြီး စောမောင်မှ မိန့်ခွန်း ရှည်ကြီး ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်အား အာဏာဖီဆန်ေ ရး မလုပ်ရန်၊ ထိပ်တိုက် ရင်ဆိုင်မှုများအား ရှောင်ကြဉ်ရန် သတိပေး
ခြိမ်း ခြောက်ခဲ့သည့် နေ့တွင်ပင် ….. သခင်စိုး (ကွယ်လွန်၊ ယခင် အလံနီ ကွန်မြူနစ်ပါတီ) ၏ ‘ ညီညွှတ်ေ ရးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ’ မှ ဦးတင်ဦး နှင့် ဒေါ်အောင်ဆန်း စုကြည် တို့ထံသို့ အိတ်ဖွင့်
ပေးစာတစောင် ရေးသား ပေးပို့လိုက်၏။

“၎င်းတို့ ပါတီအနေဖြင့် (၁၉၄၇-၇၀) ကာလအတွင်း ပါတီ၏ မဟာအမှားတော်ပုံေ ကြာင့် နိုင်ငံေ တ်ာအပေါ်တင်ရှိခဲ့သည့် အမှားကြွေး” အား ပြန်လည် ပေးဆပ်ရန် တာဝန်ရှိကြောင်း ၎င်းတို့ပါတီသည်
အမြဲတမ်း ထိပ်တိုက် ရင်ဆိုင် ဆန့်ကျင် ခဲ့ရာတွင် အတွေးအခေါ်၊ သဘောတရား၊ စည်းရုံးရေး၊ လက်တွေ့ပိုင်းများအရ ဘက်ပေါင်းစုံမှ လူထုအတွင်း ချခင်း ဆန့်ကျင် ခဲ့ေ ကြာင်း၊ ၎င်းတို့ပါတီ၏ “အယူဝါဒ
အမှားနှင့် လက်တွေ့ လုပ်င န်းစဉ် အမှား” များ။

ကာယကံ၊ ဝစီကံ၊ မနောကံမြောက် ထိပ်တိုက် ရင်ဆိုင်၊ အကြမ်းဖက် ဆောင်ရွက်ခဲ့ပုံများကို ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့်
သင်ခ န်းစာယူစေလိုကြောင်း၊ ၎င်းတို့၏ (၁၉၄၆-၄၈) ကာလ၏ အမှားမျိုးများကို ယနေ့ ဒေါ်အောင်ဆန်း စုကြည်တို့ ဆောင်ရွက် မိမည်ကို အထူးစိုးရိမ်မိကြောင်း ဖော်ပြ ပါရှိ၏။ နဝတ က ရောင်စုံ
နည်းလမ်းများဖြင့် အဖွဲ့ချုပ်၏ အာဏာဖီဆန်ရေး လမ်း စဉ်အား တားဆီးနိုင်ရ န် လုံ့လထုတ်၍ နေလေသည်။

(၉၆)
ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အထိမ်း အမှတ် အခမ်းအနားများ ကျင်း ပရေးနှင့် ပတ်သက်၍ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ကိုေ အာင်ဇေယျ၊ ကိုကျော်ကျော် (ကဗျာဆရာ မောင်လွမ်းဏီ)
တို့နှင့် ဒေါ်အောင် ဆန်းစုကြည် တွေ့၏။ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်တွင်ပင် တွေ့ဆုံ၍ ဆွေးနွေး ကြခြင်း ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကျင်းပမည့် ဇူလိုင်
၇ ရက်နေ့ အခမ်းအနားများအား ၁၉၈၉ ခုနှစ် ဇူလိုင်လ ၇ ရက်ေ န့တွင်ပ င် ပြုလုပ်ကျင်း ပ သွားရန်ဖြစ်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ဦးစီးကျင်းပမည့် ဇူလိုင်လ ၇ ရက်ေ န့ အထိမ်းအမှတ်
အခမ်းအနားများကိုမူ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားရန် သဘောတူကြ၏။
NLD ရုံး ချုပ်တွင် ကျင်းပမည့် အခမ်းအနားသို့ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ခေါင်းဆောင်တဦး လာရောက်၍ ဟောပြောပေးရန် ဒေါ်အောင်ဆန်းစုကြည်က ကိုအောင်ဇေယျအား ပြောသည်။
ကိုအောင်ဇေယျမှလည်း လာရောက်၍ ဟောပြောပေးမည့်အကြောင်း ကတိပေး၏။ ပြီးလျှင် ….. ဒေါ်အောင်ဆန်း စုကြည်အား လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဌာနချုပ်၌ ပြုလုပ်မ ည့် ဇူလိုင် ၇ ရက်
အထိမ်းအမှတ် အခမ်းအနားသို့ လာရောက်၍ ဟောပြောပေးပါရန် ဖိတ်ခေါ် ၏။ ဒေါ်အောင်ဆန်း စုကြည်မှ အားရ ရွှင်လန်းစွာ နှင့် လာရောက်မည့် အကြောင်း ပြောသည်။

ထိုစဉ်က ….. လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတွင် ….. ကိုအောင်ဇေယျက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီနှင့် ကိုရဲနိုင်ေ အာင် ဦး ဆောင်သည့်
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဟူ၍ နှစ်ဖွဲ့၊ နှစ်ခြမ်း ကွဲ၍နေသည့် အချိန်ဖြစ်သည်။

“အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သုံးသပ်ချက်” စာတမ်းနှင့် “ကြိုးမဲ့လေတံခွန်” စာတမ်းတို့မှ စခဲ့သည့် “အမြင်၊ အတွေး” ကွဲပြားမှုများက …. လူငယ်မျိုးဆက်သ စ်
အင်အားသစ်အတွင်း ညီညွှတ်မှု ပြိုကွဲရေးဆီသို့ ရှေးရှုလာခဲ့ပြီး အဆုံး၌မူ ….. DPNS (အောင်) DPNS (ရဲ) ဟူ၍ …ဖြစ်လာ၏။ ထားတော့…..။

အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်က ဇူလိုင် ၇ ရက် အထိမ်းအမှတ် အခမ်းအနားများအား ….. တက္ကသိုလ် ရိပ်သာလမ်းရှိ ဌာနချုပ်ရုံးတွင်လည်း ကျင်းပ၏။ ပြီးလျှင် ….. ရွှေဂုံတိုင်လမ်းရှိ အမျိုး သား
ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်းရုံးနှင့် မြို့နယ်ခွဲရုံးများတွင်လည်း ကျင်းပ၏။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၇ ရက်၊ တရက်တည်းမှာပင် အချိန်ခွဲ၍ ကျင်းပ၏။
အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှိ ဟောပြောပွဲ ခန်းမက ရုံး ဘေး ကွက်လပ်တွင်ပင် ‘ဓနိမိုး၊ ဝါးထရံကာ’ နှင့် တဲဝိုင်း ကြီးထိုးပြီး ခန်းမ ပြုလုပ်ထားခြင်း ဖြစ်၏။

တဲဝိုင်း ခန်းမကြီးအတွင်း ၌က အခမ်းအနား တက်ရောက်ကြသည့် သူများနှင့် ပြည့်ပြည့်သိပ်သိပ်…..။ အဖွဲ့ချုပ်ရုံး ရှေ့တဖက် ပလက်ဖောင်းထက်နှင့် တက္ကသိုလ်ရိပ်သာ လမ်းတလျှောက်တွင်လည်း
စစ်သားများက မဲမလ
ှဲုပ်လှုပ်….။ မောင်းပြန် သေနတ်တို့နှင့် အသင့်…..။ ဘက်နက်ရောင်က နေရောင်နှင့် တလက်လက် ….။ စစ်သားများ တင်ဆောင် ထားသည့် TE -11 စစ်ကားကြီးများကလည်း
ရန်ကုန်မြို့၏ လမ်း မများအထက်၌ ဟိုမှ …သည်သို့ …လှည့်ပတ်၍ မောင်းနေကြ၏။

အခမ်းအနားမှူးက အခမ်းအနား အစီအစဉ်များအား ဖတ်ကြား၍ နေသည်။ သဘာပတိအဖွဲ့ဝ င်များ အသီးသီးနေရာ ယူကြ၏။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးတော်ပုံတွင် ကိုယ်တိုင် ပါဝင်တိုက်ပွဲ
ဝင်ခဲ့သည့် ဆရာဦးလေးမြင့်၊ ဦးတင်မောင်ဝင်း (ကွယ်လွန်၊ ခရမ်းမြို့နယ် မဲဆန္ဒ နယ်ေ မြ အမှတ် ၂ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)၊ ကိုသိန်းဇော် (DPNS) တို့ သဘာပတိ အဖွဲ့ဝင်များအတွက်
သတ်မှတ်ထားသော နေရာများ၌ အသီးသီး နေရာယူကြ၏။

နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ခန်းမအတွင်းသို့ ဝင်လာ၏။ သူမအတွက် သတ်မှတ်ထားသည့် သဘာပတိ နေရာသို့ ရှေးရှု၍ လျှောက်လှမ်း လာခဲ့၏။ ဒေါ်အောင်ဆန်း စုကြည် ခန်းမအတွင်း သို့
ဝင်လာသည်နှင့်လက်ခုပ်သံများက တဲဝိုင်းကြီးအတွင်း ကျယ်ကျယ် လောင်ေ လာင် မြည်ဟီး၍ သွား၏။ ဒေါ်အောင်ဆန်း စုကြည်က ပရိသတ်များအား လက်ဝှေ့ယမ်း၍ နှုတ်ဆက်သည်။

အခမ်းအနား အစီအစဉ်များအတိုင်း အခမ်းအနားအား ကျင်းပ၏။ အခမ်းအနားမှူးက ဒေါ်အောင်ဆန်း စုကြည်အား မိန့်ခွန်း စကား ပြောကြားပေးပါရန် ဖိတ်ခေါ်ကြေညာ၏။လက်ခုပ်သံများက ဝေါကနဲစီ၍
ဆူညံသွား၏။ ဒေါ်အောင်ဆန်း စုကြည်က.......

“၁၉၆၂ ကျောင်းသားများကို ပစ်သတ်ခြင်း၊ ကျောင်းသားသမဂ္ဂကို ဖြို ခွဲခြင်း၊ မဖြစ်ခင်မှာ ကျောင်းသားများဟာ အဲ့ဒီတုန်းက စစ်အာဏာပိုင်များနဲ့ ဆွေးနွေးပါ။ ညှိနှိုင်းပါဆိုပြီး တော့ တောင်းဆိုခဲ့တယ်။
ဒါကိုလည်း ငြင်း ခဲ့တယ်။ ဒီစစ်အာဏာပိုင်များဟာ ကျောင်းသားများနဲ့ ကျောင်းသားသမဂ္ဂအရေးကို ဖြေရှင်း တဲ့နေရာမှာ Aid to Civil Power လုပ်သင့်လုပ်ထိုက်တဲ့ စည်းမျဉ်းများကို မလိုက်နာဘဲ
ရက်ရ က်စက်စ က် သတ်ဖြတ်ခဲ့တယ်။ အဲ့ဒီတော့ ဖြေရှင်းတဲ့နည်း၊ ညှိနှိုင်းတိုင်ပင်တဲ့နည်း ကို ငြင်းဆန်ခဲ့တာ Aid to Civ il Power ဆိုတဲ့ တပ်မ တော်တခုအနေနဲ့ ထိန်း သင့်ထိန်း ထိုက်တဲ့ စည်းကမ်းတွေကို
မထိန်းခဲ့တာကတော့ ဦးနေဝင်းပဲ။

ကျမ ဒီလိုပြောနေရခြင်း အကြောင်းဟာ ဦးနေဝင်းကို သက်သက်ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ အခု ပစ္စုပ္ပန်မှာဖြစ်နေတဲ့ ကိစ္စေ တွနဲ့ ဆက်နွယ်နေလို့ပါ။ တနေ့တုန်းက
ဗိုလ်ချုပ်ကြီးစောမောင်ဟာ မိန့်ခွန်း ပြောသွားပါ တယ်။ အဲ့ဒီမိန့်ခွန်းထဲမှာ Aid to Civil Power ဆိုတာ သူအယုံအကြည်မရှိဘူး ဆိုတာကိုလည်း ပြောသွားပါတယ်။ ဒီ့အပြင် ညှိနှိုင်း
ဆွေးနွေးတိုင်ပင်ခြင်းကို မလိုလားဘူးဆိုတဲ့ သဘောထားကိုလည်း ဖော်ပြသွားပါတယ်။ အဲ့ဒီတော့ အဲ့ဒီသဘောထားတွေဟာ ဦးနေဝင်း သဘောထားတွေနဲ့ တထပ်ထဲပါပဲ။

အခုအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဘယ်လိုပဲ ဦးနေဝင်းဟာ အငြိမ်းစားသွားပြီလို့ပြောပြော ဦး နေဝင်းလုပ်မယ့် အတိုင်း ဆက်ပြီး လုပ်မ ယ်ဆိုလို့ရှိရ င် ဦးနေဝင်းရဲ့ အာဏာအောက်မှာ ရှိတယ်လို့ပဲ
ကျမတို့ သတ်မှတ်ရ မှာပဲ။ ပြည်သူ လူထုနဲ့ ကျောင်းသားလူငယ်များကို လက်နက်န ည်းနဲ့ ဆက်ပြီးတော့ ချေမှုန်းဦးမယ်။

ထိခိုက်ဦးမယ် ဆိုလို့ရှိရ င်တော့ လည်း ဦး နေဝင်းရဲ့ အမိန့်အရ လုပ်တယ်လို့ပဲ ကျမတို့ သတ်မှတ်ရ မှာပဲ။ ဒီတော့ နဝတ အစိုးရအနေနဲ့ တကယ်ပဲ ဦးနေဝင်းရဲ့ သြဇာအာဏာ အောက်ကနေပြီးတော့
လွတ်ကင်း တယ်ဆိုတာ ပြချင်လို့ရှိရ င် ဦးနေဝင်းနည်းတွေကို ဆက်ပြီး တော့ မသုံးပါနဲ့တော့။ သမဂ္ဂကို ဖြို ခွဲခဲ့တဲ့ ဦးနေဝင်း၊ ကျောင်းသားများကို သတ်ဖြတ် ခဲ့တဲ့ ဦးနေဝင်းရဲ့ နည်းတွေကို
လုံးလုံးဆက်ပြီး တော့ မသုံး ပါနဲ့တော့ဆိုပြီး တော့ ကျမတို့ ဒီကနေ ဆက်ပြီး တော့ တောင်းဆိုရ မှာပဲ။

ဒါ နိုင်ငံရေးအရ ဖြစ်ပါတယ်။ နိုင်ငံရေးအရ နိုင်ငံရေး ပြဿနာများကို နိုင်ငံေ ရးနည်းနဲ့ ဖြေရှင်း တယ်ဆိုတာ ညှိနှိုင်း ဆွေးနွေးတိုင်ပ င်တဲ့ နည်းပါ။ ညှိနှိုင်း တယ်၊ ဆွေးနွေးတယ်၊ တိုင်ပ င်တယ်ဆိုတာ
စကားရည်လုပွဲ မဟုတ်ပါဘူး။ အရှုံး အနိုင်ရှာ တဲ့ ပွဲမ ဟုတ်ပါဘူး။ ပြည်သူလူထုအတွ က် အကောင်းဆုံး အဖြေရှာတဲ့ပွဲ ဖြစ်ပါတယ်။”

(၉၇)

၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်….။


အမှတ် ၁၆၃ ၊ အနော်ရထာလမ်း ၊ ပန်းပဲတန်း မြို့နယ်….။
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဌာနချုပ်….။
ဇူလိုင် ၇ ရက် အထိမ်းအမှတ် အခမ်းအနားကျင်းပရန် ပြင်ဆင်၍ နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် လူဘောင် သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုေ အာင်ဇေယျတို့ ဆွေးနွေး တိုင်ပင်ထားမှုအရ ….
ဇူလိုင်လ ၇ ရက် အောက်မေ့ဖွယ် အခမ်း အနားများအား NLD မှ ဇူလိုင် ၇ ရက်နေ့မှာ ပင် ပြုလုပ် ကျင်း ပမည်ဖြစ်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကမူ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ရ န်
ဖြစ်သည်။

အခမ်းအနား ကျင်းပမည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရုံး တည်ရှိရာသို့ လူထုက အစုလိုက်၊ အစုလိုက်….. အုပ်ဖွဲ့၍ လာနေကြသည်။ အချို့ကား ….. အနော်ရထာလမ်းမထက်တွင် …. အချို့က
ဆူးလေလမ်းမထက်၌….။ လူထုကြီးနှင့်အပြို င် ….. စစ်သားများ တင်ေ ဆာင်ထားသည့် TE-11 စစ်ကားကြီးများကလည်း အုပ်စုဖွဲ့၍ တစီးပြီးတစီး ဆူးလေလမ်းမတလျှောက် …. နေရာယူထားကြ၏။

လူထုကလည်း လိမ့်၍ လိမ့်၍ လှိုင်းလုံးများအလား ချီတက်၍ လာနေကြ၏။ အားလုံးက ငြိမ်ငြိမ်သက်သက်နှင့် အေးဆေးတည်ငြိမ်စွာ နှင့် လုပ်ေ ဆာင်သင့်သည့် သမိုင်း တာဝန် တရပ်အား ထမ်းဆောင်
နေကြသကဲ့သို့… မျက်ဝန်း များက … ပူပင်မှုလည်း မရှိ….. စိုးရိမ်မှုလည်း မရှိ…… ရန်လိုမှု လည်း မရှိ…. တည်ငြိမ်ရင့်ကျက်စွာနှင့် ချီတက်၍ စုဝေးနေကြ၏။ စစ်သားများကမူ …… စစ်ကားကြီးများပေါ်မှ
ပစ်ခတ်ရ န် အသင့်နှင့် လူထုကြီးအား ရင်ဆိုင်ေ နကြ၏။

အနော်ရထာလမ်းနှင့် ဆူးလေလမ်း မကြီးက ခဏငယ်အတွင်း လူပင်လယ်ကြီးသဖွယ်…။ လူထုက လမ်း မများထက်၌ ဖွေးဖွေးလှုပ်လှုပ်…။ မကြာ….။

“ဟေး …..”

ဟူသည့် ကြွေးကြော်သံကြီးက …ရန်ကုန်မြို့လယ် ဆူးလေဘုရား လမ်းမထက်မှနေ၍ တော်လည်းသံကြီးအလား တုန်ဟီး၍ ထွက်ပေါ်လာ၏။ ပြီးလျှင် ……

‘အရေးတော်ပုံ…..အောင်ရမည်’
‘အရေးတော်ပုံ…..အောင်ရမည်’
‘အရေးတော်ပုံ…..အောင်ရမည်’

ကြွေး ကြော်သံများအား ဟစ်ေ ကြွးကြ၏။ လက်ခုပ်တီး သြဘာပေးသံများမှာလည်း မုန်တိုင်း တိုက်ခတ်နေသကဲ့သို့ မြည်မြည်ဟီးဟီး…..။

ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား ကြိုဆိုကြသည့် လူထုကြီး၏ အသံများက အတောမသတ်ေ တာ့….။ ဒေါ်အောင် ဆန်း စုကြည်တို့၏ ကားအား ဆူးလေ ဘုရားလမ်းဘေး၌ပင် ရပ်ခဲ့ပြီး…..
လူထုကြီးအတွင်းမှ တလှမ်းချင်းဖြတ်ခါ …. လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ရုံး ရှိရာသို့ လျှောက်ခဲ့ကြ၏။ ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ ….သားကြီးဖြစ်သူ (ကို) မြင့်ဆန်း အောင်လည်း ပါ၏။

အခမ်းအနားအား စ၏။ လူထုနှင့်ကျင်းပသည့် အခမ်းအနား….။ နှစ်ပေါင်း ၂၇ နှစ်အတွင်း ပထမဦးဆုံးသောလွတ်လွတ် လပ်လပ် ကျင်းပနိုင်သည့် ဇူလိုင် ၇ ရက် အထိမ်းအမှတ်အခမ်းအနား…..။

ဒီမိုကရေစီ မဟာမိတ်များအဖွဲ့မှ ဗိုလ်အောင်နိုင်….၊ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ကိုအောင်ဇေယျ၊ ကိုဂျင်မီ (ကျော်မ င်းယု) တို့  အသီးသီး လူထုအား စကားပြော၏။ သစ္စာ ပြုကြ၏။

ကိုအောင်ဇေယျက …..‘ မောင်းပြန်ကို ၊ ဒေါင်းအလံနှင့်တိုက်မည်’ ဟု အဓိဋ္ဌာန်၏။

နောက်ဆုံး ….. ဒေါ်အောင်ဆန်း စုကြည်မှ လူထုအား စကားပြောသည်။ တက်ကြွရွှင်လန်းမှု၊ ဒီမိုကရေစီ တော်လှန်ေ ရး အတွက် ပိုင်းဖြတ်ချက် ခိုင်ခိုင်ခ န့်ခန့် ရှိေ နမှုတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏
အသံသည် ကြည်လင်၍ ပြတ်သား နေ၏။

အခုဆိုလို့ရှိရ င် တပ်မ တော်ကရော၊ နဝတ ကရော ထပ်တလဲလဲ ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မ တော်ရဲ့ ဖခင်ပါ။ အမျိုး သား ခေါင်းဆောင်ကြီးပါ။ အဲ့ဒီတော့ အခု ကျမတို့ ပြန်ပြီးတော့
စဉ်းစားရမယ်။ ဇူလိုင်လ ၁၉ ရက်နေ့ ဆိုလို့ရှိရ င် ဖေဖေဆုံးသွားတာ ၄၂ နှစ် ပြည့်ေ တာ့မယ်။ အဲ့ဒီတော့ ဒီလို ၄၂ နှစ်ပြည့်တဲ့ အခမ်းအနား မတိုင်ခင် ကျမတို့ စဉ်းစားရမယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ
တပ်မ တော်ရဲ့ ဖခင်လို့ ဆိုလို့ရှိရင် တပ်မ တော်ဟာ ဖေဖေလိုချင်တဲ့အတိုင်း လုပ်ေ နရဲ့လား။ တပ်မ တော်ရဲ့ ဖခင်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်လိုက်တဲ့ လမ်းစဉ်အတိုင်း ဒီတပ်မတော်ဟာ
ဆက်ပြီးတော့ လုပ်ေ နရဲ့လားဆိုတာ ကျမတို့ မေးရလိမ့်မ ယ်။

ဒီလိုမေးတဲ့အခါကျတော့မှ ကျမ ဘယ်လို မြင်ရလဲဆိုေ တာ့ ဖေဖေဟာ တပ်မ တော် လမ်း မှားသွားမှာ အင်မ တန်မှ စိုးရိမ် ခဲ့တယ်။ ထပ်လဲလဲပြောခဲ့တယ်။ မင်းတို့လက်ထဲမှာ လက်နက်ရှိလို့ လုပ်ချင်တိုင်း
လုပ်လို့ရ မယ်မထင်နဲ့။ ပြည်သူလူထု ကို ခြိမ်း ခြောက်တာ၊ နှိပ်စက်တာ၊ ဖမ်းဆီးတာ၊ ဒါတွေမလုပ်နဲ့ဆိုတာ ထပ်တလဲလဲပြောခဲ့တယ်။

ဒီတပ်မ တော်ဟာလည်း လူတယောက်တည်း အတွက် မဟုတ်ဘူး။ အဖွဲ့အစည်းတခုအတွက် မဟုတ်ဘူးဆိုတာလည်း ထပ်တလဲလဲ ပြောခဲ့တယ်။ တပ်မ တော် လမ်း မှားသွားမှာကို ဖေဖေ အင်မ တန်မှ
စိုး ရိမ်ခဲ့တယ်။ ဒီလောက်ေ တာင်မှ စိုးရိမ် နေလျက်နဲ့ ဘာဖြစ်လို့ လမ်း မှား သွားရသလဲ။ ဦးနေဝင်းဟာ တပ်မ တော်ကို လမ်း မှားပေါ် တင်ေ ပးလိုက်တယ်။

အခု ဒီမှာ တပ်မ တော်ထဲမှာ ရှိေ နတဲ့ တပ်မ တော်သားများ၊ အရာရှိများ စဉ်းစားပါ။ တပ်မတော်ရဲ့ ဖခင်ဆိုတာ ဗိုလ်ချုပ် အောင်ဆန်း ဆိုပြီးတော့ အတိအလင်း ကြေညာထားပြီး ဗိုလ်ချုပ်အောင်ဆန်းဟာ
တပ်မ တော်ကို ဘယ်လိုအနေအထား ရှိေ စချင်သလဲဆိုတာ ပြန်ပြီးတော့ သုံးသပ်ပါ။

ဗိုလ်ချုပ်အောင်ဆန်း တပ်မ တော်လား၊ ဗိုလ်နေဝင်း တပ်မ တော်လားဆိုတာ ဆုံးဖြတ်ရ တော့မယ်။ ဗိုလ်ချုပ်အောင်ဆန်း လမ်း စဉ်ကို လိုက်မယ့် တပ်မတော်လား၊ ဗိုလ်နေဝင်းရဲ့ မဆလ လမ်းစဉ်ကို
လိုက်မယ့် တပ်မ တော်လား။

ကျမတို့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်း စဉ်ကို လိုက်မယ့် တပ်မတော်ဆိုလို့ရှိရ င် ပြည်သူလူထုနဲ့ တသွေးတည်း တသားတည်း ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့လည်း
ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသား ခေါင်းဆောင်ကြီး ဆိုလို့ရှိရင် အမျိုးသား ခေါင်းဆောင်ကြီးရဲ့ လမ်း စဉ်ကိုလိုက်ရမယ်။ အမျိုးသားခေါင်းဆောင်ကြီးရဲ့ လမ်းစဉ်ဟာ ဒီမိုကရေစီ လမ်း စဉ်ပါပဲ”
ကိုးကား ……

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ


- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- နဝတ ၏ ၂၅ ကြိမ်ေ မြာက် သတင်း စာရှင်း လင်းပွဲ
- နဝတ ၏ အကြိမ် ၄ဝ မြောက် သတင်းစာရှင်း လင်းပွဲ
- နဝတ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် ၃၈
- နဝတအတွင်း ရေးမှူး (၁) ဗိုလ်မှူး ချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်ေ န့တွင် ပြုလုပ်သည့် သတင်း စာရှင်း လင်းပွဲ
- ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သုေ တသနဌာနခွဲ၏ တပ်မ တော်အား ဖြိုခွဲရေးလုပ်ရ ပ်များ စာအုပ်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ်စာစောင်
- ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်ေ န့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ သတင်း စာရှင်း လင်းပွဲ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၈

| တနင်္လာနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၀၉ ခုနှစ် ၁၂ နာရီ ၁၄ မိန စ် ဆောင်းပါး

(၉၈)
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အတိုက်အခံ နိုင်ငံေ ရး အင်အားစုများက ‘အာဏာဖီဆန်ေ ရး’ တိုက်ပွဲအား ဆင်နွှဲရင်း…. အမိန့်အမှတ် ၂/၈၈၊ ၈/၈၈ အား
ရုပ်သိမ်းပေးရန် စစ်အုပ်စုအား တောင်းဆို၏။ ဖိအားပေး၏။ စစ်အုပ်စုက မလျော့….။ မတရားသည့် အမိန့်တို့အား ရုပ်သိမ်း မပေး….။ ရုပ်သိမ်း၍ မပေး သည့်အပြင် ‘ကန့်သတ်’ မှုများက တိုး၍ပင်
ကန့်သတ်ချုပ်ချယ်လာ၏။ နဝတ က ‘ဇူလိုင် ၁၉ ရက်နေ့တွင် ကျင်းပသည့် ၄၂ နှစ်မြောက် အာဇာနည်နေ့’ အခမ်းအနားနှင့် ပတ်သက်၍ နိုင်ငံေ ရးပါတီ အဖွဲ့အစည်းများအား ညွှန်ကြားချက် ထုတ် ပြန်၏။
ညွှန်ကြားချက်အမိန့်က …. ကန့်သတ်ချုပ်ချယ်မှုများနှင့်….။

“နိုင်ငံရေးပါတီ အဖွဲ့အစည်း များအနေဖြင့် နိုင်ငံတော်မှ ကြီးမှူးကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ရန် ပါတီအဖွဲ့အစည်း တဖွဲ့လျှင် ၁၀ ဦး သာလျှင် တက်ရောက်ခွင့်ပြုမည်။
တက်ရောက်ကြမည့် ပုဂ္ဂိုလ် ၁၀ ဦး၏ အမည် စာရင်းများအား ကြိုတင်၍ စာရင်းပေး ပို့ကြရမည်” …. ဟူ၍ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့လည်း အာဇာနည်နေ့ အခမ်းအနားသို့
တက်ရောက်မည့် သူ၏ အမည်စာရင်း အား တောင်းခံသည့်စာ ပို့၏။

နဝတ ၏ အာဇာနည်နေ့ အခမ်းအနားသို့ တပါတီလျှင် ၁၀ ဦး သာ တတ်ရောက် ‘ဂါဝရ’ ပြုရန် ခွင့်ပြုသည် ဆိုသည့် အပေါ် ဒေါ်အောင်ဆန်း စုကြည် အနေနှင့် လုံးဝ လက်မခံနိုင်ချေ….။ အာဇာနည်နေ့က
အများပြည်သူ အားလုံးနှင့် သက်ဆိုင်သည့်ေ န့ ဖြစ်သည်။ အများပြည်သူ အားလုံး လွတ်လပ်စွာ တက်ရောက်၍ ချီတက်အလေးပြုနိုင်ကြရမည်။ ယခုကဲ့သို့ ၁ဝ ဦးသာ တက်ရောက်ခွင့် ပြုမည်ဟူသည့်
နဝတ ၏ ကန့်သတ်ချက်သည် မတရားသော ကန့်သတ်သည့် အမိန့် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်မှ သဘောပေါက်မိ၏။ ယခင် ပါလီမန်ဒီမိုကရေစီခေတ်က ….. အာဇာနည် နေ့တွင် နိုင်ငံတော်
သမ္မတကြီးကိုယ်တိုင် တက်ရောက်၍ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါဝရပြု၏၊ အလေးပြု ကြ၏။ မဆလ ခေတ်မှစ၍ တဖြည်းဖြည်း အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် အလေးထား
လေးစားမှု လျော့န ည်း လာခဲ့ရာ ….. အာဇာနည်နေ့ အခမ်းအနားများတွင် သာမန်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးတဦးက သာလျှင် ကြီးမှူး၍ တက် ရောက်အလေးပြုကြတော့၏။ ယခုတွင်မူ …. လူထုပရိသတ်မှ
တက်ရောက်အလေးပြုရေးကိုပင် …. ၁၀ ဦးဟူ၍ ကန့် သတ်လာလေပြီ။

ဤကား….. အာဇာနည် ခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍအား မှေးမှိန်ေ အာင် အစီအစဉ်တကျ လုပ်ေ ဆာင်နေခြင်း ဖြစ်၏။ အာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းအား ဖျောက်ပစ်ရန် တစတစ
ကြိုးစားနေကြခြင်းသာ ဖြစ်၏။ ဤသို့  ပင်…. ဒေါ်အောင်ဆန်း စုကြည် ခံစားရ၏၊ တွေးမြင်မိ၏။ မဖြစ်…..။ ဤအတိုင်း ….စစ်အုပ်စုမှ လုပ်ေ ဆာင်နေခြင်းအား ငြိမ်၍ ကြည့်နေ၍ မဖြစ်….။

(၉၉)
၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင်အဖွဲ့ အစည်းအဝေး အား ခေါ်ယူပြီး နဝတ ၏ အာဇာနည်နေ့ အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေး၏။
ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဦးဝင်းတင် (အတွင်းရေးမှူးအဖွဲ့ဝ င်၊ ဗဟို အလုပ်မှုဆောင် အဖွဲ့) မှလွဲ၍ အားလုံး စုံညီစွာ တက်ရောက်ကြ၏။ ဦး ဝင်းတင် က လွန်ခဲ့သည့် ဇူလိုင်လ ၎
ရက်ေ န့မှစ၍ နဝတ ၏ ဖမ်းဆီး ထိန်း သိမ်း ထားခြင်းအား ခံနေရ၏။ အမှုဆင်၍ ဖမ်းဆီး ထိန်းသိမ်း ထားခြင်း ဖြစ်သည်။ သာမန် အာမခံပေး၍ရသည့် ပုဒ်မဖြစ်သော်လည်း စစ်အုပ်စုက ညစ်ပြီး
ဦး ဝင်းတင်အား အာမခံ မပေးဘဲ ဖမ်းဆီးထားခြင်း ဖြစ်သည်။

အလုပ်အမှုေ ဆာင်အဖွဲ့ အစည်းအဝေးက စစ်အုပ်စု၏ အာဇာနည်နေ့ အစီအစဉ်နှင့် ပတ်သက်၍ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားအား ဆွေးနွေး ဆုံးဖြတ် ကြ၏။ ဆုံးဖြတ်ချက်က….

- နဝတ ၏ အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားသို့ ပါတီအဖွဲ့အစည်း တဖွဲ့လျှင် ၁၀ ဦးသာ တတ်ရောက်ခွင့် ပြုမည် ဟူသည့် ကန့်သတ်ချက် အမိန့်သည် မတရားသော အမိန့်အာဏာ ဖြစ်သ ည့် အတွက်
အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် လိုက်နာ နိုင်မည် မဟုတ်။ နဝတ မှ ဦးစီးပြုလုပ်မည့် အာဇာနည်နေ့ အခမ်းအနားသို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် တက်ရောက် မည်လည်း
မဟုတ်….။

- မိမိတို့အဖွဲ့ချုပ်၏ အစီအစဉ်နှင့် မိမိတို့ ပြည်သူလူထုကြီးနှင့်အတူ လက်တွဲ၍ လွတ်လပ်စွာ ချီတက်၍ အာဇာနည်နေ့ အခမ်းအနားအား အာဇာနည်ကုန်း တွင် ပြုလုပ်မည်…ဟူ၍ ဖြစ်သည်။

ပြီးလျှင် …… အဖွဲ့ချုပ်၏ သဘောထားအား နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်ထံသို့ ဒေါ်အောင်ဆန်း စုကြည်မှ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးအနေဖြင့် စာရေးသား၍ ပေးပို့သွားရန် ဆုံးဖြတ်၏။
အစည်းအဝေး ပြီးသည့်နှင့် နဝတ ဥက္ကဋ္ဌထံသို့  ပေးပို့မည့် စာကြမ်းအား ဒေါ်အောင်ဆန်းစုကြည် ရေး၏။

သို့

ဗိုလ်ချုပ်ကြီးစောမောင်
ဥက္ကဋ္ဌ
နိုင်ငံေ တ်ာငြိမ်ဝပ်ပိပြားမှုတည်ဆောက်ေ ရးအဖွဲ့။

ရက်စွဲ။ ။ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။

အကြောင်းအရာ။ ။ အစိုးရမှ ဦးစီးပြုလုပ်မည့် ၄၂ နှစ်ေ မြာက် အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားအား ပေးပို့ခြင်း။

၁။ နိုင်ငံတော် ငြိမ်ဝ ပ်ပိပြားမှု တည်ဆောက်ေ ရးအဖွဲ့မှ ဦးစီး၍ ကျင်းပပြုလုပ်မ ည့် ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ မိမိတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် တက်ရောက်မည်
မဟုတ်ေ ကြာင်း ကြိုတင်၍ အသိပေး အပ်ပါသည်။
၂။ မိမိတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထုကြီးနှင့်အတူ လက်တွဲ၍ မိမိတို့၏ အစီအစဉ်နှင့် မိမိတို့ ဘာသာ အာဇာနည်ဂူဗိမာန်သို့ ချီတက်၍ အာဇာနည် ခေါင်းဆောင်ကြီးများအား
အလေးအနက် ဂါဝရပြုကြမည် ဖြစ် သည်။
၃။ ပြည်သူလူထုကြီးသည် အာဇာနည် ဂူဗိမာန်သို့ ချီတက် အလေးပြု ကြရာတွင် ဆူပူအုံကြွမှု မဖြစ်ရန် မိမိတို့အနေနှင့် အပြည့်အဝ တာဝန်ယူသွားမည် ဖြစ်သည်။
၎။အာဏာပိုင်များအနေနှင့် ချီတက် အလေးပြုကြမည့် ပြည်သူလူထုကြီးအား စစ်သားများ စေလွှတ်၍ နှောင့်ယှက် ခြင်း၊ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်းများ မပြုလုပ်ပါရန်လည်း အလေးအနက်
အသိပေးအပ် ပါသည်။

ဗဟို အလုပ်အမှုေ ဆာင် အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ …..

ပုံ

အောင်ဆန်း စုကြည်
အထွေထွေ အတွင်း ရေးမှူး
အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်။

(၁ဝဝ)
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၄-၁၅-၁၆-၁၇…. ရက်နေ့များက ဒေါ်အောင်ဆန်း စုကြည်အတွက် နားချိန်ပင် မရှိ ….။ တနေ့ တာအလုပ် Time Table တွင် အစီအစဉ်များက ဆက်၍နေသည်။

ရန်ကုန်တိုင်း အတွင်း ရှိ အဖွဲ့ချုပ်မြို့နယ်ရုံး များသို့ သွားရောက်၍ အဖွဲ့ဝ င်များနှင့်တွေ့၏။ ပြည်သူလူထုကြီးနှင့် တွေ့၏။ စစ်အစိုးရမှ ကျင်းပမည့် ၄၂ နှစ်ေ မြာက် အာဇာနည်နေ့အစီအစဉ်…
‘ကန့်သတ်မိန့်များ ဖီဆန်ေ ရး’ တရားဟောရ၏။ အဖွဲ့ချုပ်၏ သီးသန့်အစီအစဉ်အား ဆွေးနွေးရ၏။

အဖွဲ့ဝ င်ထုနှင့် ပြည်သူလူထုကြီးက ‘မတရားသည့် အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ရေး’ အလံတော်အောက်၌ ….တတ်တတ်ကြွကြွ၊ ထက်ထက်သန်သန်….။ ကျောက်တံတား….၊ ပန်းပဲတန်း….၊
တာမွေ….၊ စမ်းချောင်း….၊ ဗိုလ်တထောင်။ တရုံးပြီး တရုံးကူး၍ ဟောပြောရသည်။ အင်းစိန်မြို့နယ် အဖွဲ့ချုပ်ရုံး ၌ ဒေါ်အောင်ဆန်း စုကြည်က ….. ဗိုလ်ချုပ်ကြီးစောမောင်အား ပြင်းပြင်းထန်ထန်ပင်
ဝေဖန်ခဲ့၏။

“ကျမအနေနဲ့ နိုင်ငံတော် ငြိမ်ဝ ပ်ပိပြားမှု တည်ဆောက်ေ ရးအဖွဲ့က ကျင်း ပမယ့် အာဇာနည်နေ့ အခမ်းအနားကို မတက် ဘဲ ပြည်သူလူထုနဲ့အတူ အလေးပြုဖို့ စီစ ဉ်ထားပါတယ်။ နဝတ အနေနဲ့
လက်နက်ကိုင် တပ်များကို ရုပ်ပေးပါ။ မချထား ပါနဲ့။ လက်နက်ကိုင် တပ်များကို ချထားခြင်းအားဖြင့် ဆူပူေ အာင် လှုံ့ဆော်တယ်လို့ ကျမတို့သတ်မှတ်ရမှာဖြစ်တယ်။ နဝတကို အသိပေးချင်ပါတယ်။
လက်နက်ကိုင် တပ်များနဲ့ ခြိမ်းခြောက်တာ မသင့်တော်ပါဘူး။ ဗိုလ်ချုပ်ကြီးစောမောင် နောက်ဆုံးပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ စိတ်မချမ်းသာစရာ ကိစ္စကတော့ ဒါပါပဲ။ ဗိုလ်ချုပ်ကြီး စောမောင်ဟာ ကျမတို့ကို
ခြိမ်း ခြောက်ခဲ့တာပဲ။ ပြည်သူလူထုကို ခြိမ်းခြောက်တာပါ။ ငါတို့လက်ထဲမှာ သေနတ်ရှိတယ်၊ သုံးချင်ရင်သုံးနိုင်တဲ့ အနေ အထားနဲ့ ပြောသွားတာပါ။ အင်မ တန်မှ ဂုဏ်သိက္ခာ မရှိတဲ့ စကားမျိုး ဖြစ်ပါတယ်။

အခုအချိန်မှာ ဆိုရင် အန္တရာယ်ဟာ အင်မ တန်မှ များပါတယ်။ ကျမတို့က သတိထားရမယ်။ ကြောက်စိတ်ရှိတာ၊ မရှိတာ အရေးမကြီးဘူး။ ကြောက်စိတ် ရှိရှိ၊ မရှိရှိ လုပ်သင့်လုပ်ထိုက်တာကို
မှန်မှန်ကန်ကန်နဲ့ ဆက်ပြီး လုပ်သွားရမှာပဲ”
ဟောပြောပွဲများ၊ ဆွေးနွေးပွဲများအား ဇယ်ဆက်သကဲ့သို့ ပြုလုပ်ရ င်း….. အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်၌ အခြားသော နိုင်ငံေ ရး ပါတီအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး
အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်နှင့် ပတ်သက်ပြီး ရှင်းပြ၏။
“ကျမတို့အနေနဲ့ စစ်အစိုးရရဲ့ ၄၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ပါတီအဖွဲ့အစည်း တဖွဲ့ကို ဘယ်လောက်စီ တက်ရောက်ခွင့်ပြုမယ်ဆိုတဲ့ အစီအစဉ်ကို သဘောမတူပါဘူး….။ ဒီအတွက်လည်း
စစ်အစိုးရဆီကို NLD မှ တက် ရောက်မယ့် ကိုယ်စားလှယ် အမည်စာရင်းကို မပေးပါဘူး။ ဒါဟာ …. မတရားတဲ့ အမိန့်အာဏာပါပဲ။ မတရားတဲ့ ကန့်သတ်အမိန့်ပါပဲ။ ဒီအတွက် …. တာဝန်အရ ကျမတို့
ဖီဆန်သွားရမှာ ဖြစ်ပါတယ်။ တက်ရောက် လာကြတဲ့ နိုင်ငံေ ရး ပါတီများအနေနဲ့လည်း စစ်အစိုးရရဲ့ အစီအစဉ်အတိုင်း အာဇာနည်နေ့ အခမ်းအနားကို မတက်ေ ရာက်ဘဲ အာဏာ ဖီဆန် ကြစေလိုပါတယ်။
အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ကတော့ မိမိတို့ရဲ့ သီးခြားအစီအစဉ်နဲ့ အာဇာနည်ဂူ ဗိမာန်သို့ ချီတက်ပြီး ပန်းခွေချ၊ အလေးပြုသွားမှာ ဖြစ်ပါတယ်။ အခြားပါတီအဖွဲ့အစည်း များအနေနဲ့လည်း
မိမိတို့ အဖွဲ့ချုပ်နဲ့အတူ ပူးပေါင်းပြီး အာဇာနည်နေ့ အခမ်းအနားကို အတူတကွ လက်တွဲပြီး တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်”

ပါတီ၊အဖွဲ့အစည်း အသီးသီးမှလည်း … အဖွဲ့ချုပ်၏ အစီအစဉ်၊ ဒေါ်အောင်ဆန်း စုကြည်၏ ဦးဆောင်မှု အောက်၌ အတူ လက်တြွဲ ပီး ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား ချီတက်ကြရန်
သဘောထား ပေးကြ၏။

အာဏာ ဖီဆန်ေ ရးတိုက်ပွဲက တစ်ထစ်ပြီး တစ်ထစ် တက်လှမ်းကာ ဒီရေမြင့်၍ လာလေပြီ……။

ကိုးကား ……

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ


- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- နဝတ ၏ ၂၅ ကြိမ်ေ မြာက် သတင်း စာရှင်း လင်းပွဲ
- နဝတ ၏ အကြိမ် ၄ဝ မြောက် သတင်းစာရှင်း လင်းပွဲ
- နဝတ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် ၃၈
- နဝတ အတွင်း ရေးမှူး (၁) ဗိုလ်မှူး ချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ
- ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သုတေသနဌာနခွဲ၏ တပ်မ တော်အား ဖြိုခွဲေ ရး လုပ်ရ ပ်များ စာအုပ်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်ေ န့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ သတင်းစာရှင်းလင်းပွဲ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၉

| အင်္ဂါနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၄၉ မိန စ် ဆောင်းပါး

(၁၀၁)

ညီေ နာင် မဟာမိတ် နိုင်ငံေ ရး ပါတီများနှင့် ဆွေးနွေး ညှိနှိုင်းရန် သဘောတူညီမှု ရရှိပြီးနောက် ….. အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးအား ထိုင်၏။ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုေ ဆာင် အစည်းအဝေးမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ‘အာဇာနည်နေ့ ကျင်းပရေး ကော်မတီ’ အား ဖွဲ့စ ည်းပြီး တာဝန် ပေးအပ်၏။

ပြီးလျှင် …. အာဇာနည်နေ့ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးအား ဆက်၍ပြုလုပ်ကြ၏။ အစည်းအဝေးတွင် အာဇာနည်နေ့ အခမ်းအနား ချီတက်မည့် အစီအစဉ်အား အသေးစိတ် ဆွေးနွေးကြ၏။
အထူးသဖြင့် အဓိကထား ဆွေးနွေး ကြရသည်က …. ပြည်သူလူထုကြီးနှင့် စစ်သားများ အကြားတွင် ထိပ်တိုက် ရင်ဆိုင်မှုများ မဖြစ်ရေးအတွက် ရှောင်ရှားရန် နည်းလမ်းများ ရှာကြံ ကြရခြင်း ဖြစ်သည်။

အာဏာပိုင်များမှ အကြမ်း ဖက် တိုက်ခိုက် လာလျှင် …. မည်သို့ တုံ့ပြန် မည်နည်း။ အကြမ်းမဖက်ေ သာ အာဏာဖီဆန် ရေး တိုက်ပွဲအတွက် အစီအမံများအား ဆွေးနွေး ကြ၏။ ဆွေးနွေးမှုများက မပြီးပြတ်
နိုင်ကြ။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ မေးမြန်းရန် ချိန်းဆိုထားသည့် အစီအစဉ်ရှိ၍သာ … အစည်းအဝေးအား ရပ်နား လိုက်ကြရ၏။

ဘီဘီစီက ဒေါ်အောင်ဆန်း စုကြည်အား …. အဖွဲ့ချုပ်နှင့် နဝတ အကြား တင်း မာနေမှု အခြေအနေနှင့် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်အား မေးသည်။

ဒေါ်အောင်ဆန်းစုကြည်က …..

“ကျမတို့ဟာ မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်ေ နကြတာပါ။ အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ တွေကို ဖီဆန် နေတာပါ။ အဲဒီလို အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ တွေကို
ဖီဆန်တာဟာ ဗိုလ်ချုပ် အောင်ဆန်း လမ်း စဉ် ဖြစ်ပါတယ်။ ကျမတို့ ဒီလိုမတရားတဲ့ အမိန့်အာဏာ တွေကို ဖီဆန်နေရာမှာ အကြမ်းဖက် ပြီးတော့ နှိမ်န င်းမယ်၊ ကျမတို့ကို တိုက်မယ်၊ ဖိနှိပ်မ ယ်
ဆိုလို့ရှိရ င်တော့ ဒါ ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်ကို ဖိနှိပ် တိုက်ခိုက်တာပဲလို့ ကျမတို့ မြင်ပါတယ်။ ဒီလိုအကြမ်း ဖက် ပြီး တော့ နှိမ်နင်းတဲ့ လူများကသာလျှင် ဆူပူလှုံ့ေ ဆ်ာမှု လုပ်တာကို
သတ်မှတ်ရပါမယ်။ ကျမတို့ကို နှိမ်နင်းမယ် ဆိုလို့ရှိရ င်တော့ ဗိုလ်ချုပ်အောင်ဆန်း လမ်း စဉ်ကို ပစ်ပယ် တာနဲ့ အတူတူပဲလို့ ကျမ ယူဆထင်မြင် ပါတယ်”
(၁၀၂)

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက် ….။

နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့မှ ‘စစ်ဥပဒေ အမှတ် ၂/၈၉ အား ထုတ်ပြန် လိုက်၏။ စစ်အုပ်စုက ထိပ်တိုက် ရင်ဆိုင်ပြီး အကြမ်း ဖက် တိုက်ခိုက်မည်ဟူသည့် သဘောထားအား
ပြခြင်းဖြစ်၏။ ရန်ကုန်မြို့ ၏ လမ်းများ အနှံ့ စစ် ထရပ်ကားကြီးများပေါ်မှ အသံချဲ့စက်များဖြင့် ၂/၈၉ အား ကြေညာ၏။

၂/၈၉ က …. အာဇာနည်နေ့ တွင် အာဇာနည်ကုန်း သို့ ချီတက် အလေးပြုရန်၊ စည်းရုံး ခေါ်ယူသောကြောင့် ဖြစ်စေ၊ မိမိ၏ ဆန္ဒနှင့်ဖြစ်စေ ချီတက်ခြင်း မပြုရန် တားမြစ်သည်။ ဤတားမြစ်ချက်အား
ဖောက်ဖျက် ကျူးလွန်ပါက …. ပြစ်မှု ထင်ရှားသူများအား …..

အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် …. ထောင်ဒဏ် တသက်တကျွန်း ….။


သို့မဟုတ် သေဒဏ်။ စသည့် ပြစ်ဒဏ်တခုခု ကျခံစေရမည်။

အရေးယူရန် စစ်ခုံရုံး များကိုလည်း ဖွဲ့စည်း ၏။ အကြမ်း ဖက် တိုက်ခိုက် ချေမှုန်းရန် ရန်ကုန်မြို့ အား စစ်ဒေသများခွဲ၍ တာဝန်ပေး၏။ ယခင် သီတင်းပတ်များ အတွင်းက ရန်ကုန်မြို့ရှိ လူမြင်ကွင်းများတွင်ပင်
လူထုအား ခြိမ်းခြောက်သည့် သဘောနှင့် ‘အဓိကရုန်း’ နှိမ်နှင်း ရေး သင်တန်း ပေးခဲ့သည့် သင်တန်းသား စစ်သည်တို့အား ရန်ကုန်မြို့၏ အချက် အခြာ ကျသည့် လမ်း များ၌ နေရာချထား လိုက်ကြ၏။
စစ်သားများ အပြည့် တင်ေ ဆာင် ထားသည့် စစ်ကားကြီးများ ကလည်း ရန်ကုန်မြို့ ၏ လမ်း များပေါ်၌ လှည့်၍နေကြသည်။ ရန်ကုန်၏ အချက်အခြာ ကျသည့် နေရာအားလုံးတွင် လမ်း များအား
ပိတ်လိုက်ပြီး စစ်သားများအား နေရာချ ထားလိုက်၏။ ဘန်ကာကတုတ်ကျင်းများအတွင်း၌ လက်န က် အသင့်နှင့် နေရာယူထားကြသည့် စစ်သည်တို့က မည်သည့်အရပ်မှ ချီတက် လာမည်ဟူ၍
မသိသည့် ရန်သူအား ရှာဖွေ စောင့်စားရင်း ကတုတ်ကျင်းများ အတွင်းမှ ပစ်ခတ်ရန် အသင့် အနေအထားနှင့် ….။

ရန်ကုန်မြို့ရှိ ဆေးရုံများ အားလုံးသို့လည်း ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှု များရှိမည် အသင့် ပြင်ဆင်ထားရန် အရေး ပေါ် ညွှန်ကြား ထား၏။ ပြီးလျှင် ….. နိုင်ငံခြားသို့ ဆက်သွယ်သည့်
တယ်လီဖုန်း လိုင်း နှင့် ကြေးနန်း ဆက်သယ
ွ်ရေး စနစ် အားလုံး အား၊ အာဏာပိုင်တို့က ဖြတ်ေ တာက် ပစ်လိုက်ပြီး …. ရန်ကုန်အား ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ပစ် လိုက်၏။

ရန်ကုန်မြို့အတွင်း ရောက်ရှိ နေကြသည့် နိုင်ငံခြား သတင်းထောက်များ ကိုလည်း တည်းခိုရာ ဟိုတယ်အခန်းများ အတွင်းမှ အတင်း ဆွဲခေါ်ပြီး ရန်ကုန်မြို့မှ ပထမဆုံး ထွက်မည့် လေယာဉ်ပေါ် တင်ေ ပး၍
ရန်ကုန်မှ မောင်းထုတ်လိုက် ကြ၏။ ပြီး လျှင် …. ရန်ကုန်မြို့ တွင်းသို့ အသစ်ဖဲ့စ
ွ ည်း လိုက်သည့် တပ်မ ၁၁ တပ်မ တခုလုံးအား လက်နက်ကြီးငယ် အပြည့်အစုံနှင့် ရန်ကုန်မြို့တွင်းသို့ ထပ်မံ၍
အင်အားဖြည့်တင်း လိုက်ပြန်သည်။ စစ်အုပ်စုက ရန်ကုန်အား ပြင်ပကမ္ဘာ နှင့် ဖြတ်တောက် ပိတ်ဆို့ ၍ … ဇူလိုင် ၁၉ တွင် လက်နက်မဲ့ ပြည်သူလူထုကြီးအား အပြတ်အသတ် ချေမှုန်း ရှင်းလင်း ရန်
ပြင်ဆင်လျက် …..။

(၁၀၃)
အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ‘အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟို ကော်မ တီ’ မှ အစီအစဉ် အသေးစိတ် အား ရေးဆွဲ ချမှတ်ထား ပြီဖြစ်သည်။

- မဟာမိတ် နိုင်ငံရေး ပါတီ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရေး။


- အဖွဲ့ချုပ် မြို့နယ်အသီးသီးနှင့် ရန်ကုန်တိုင်းရုံး၊ ဌာနချုပ်ရုံးတို့၏ တာဝန်နှင့် လုပ်င န်း ဆောင်ရွက်ဖွယ်ရာ ခွဲေ ဝ သတ်မှတ်မှု….။
- ပူးပေါင်းလာမည့် လူထုတို့နှင့် ပေါင်းဆုံမည့် ဆုံရပ်များ။
- ချီတက်မည့် လမ်းကြောင်းများနှင့် ….
အစုလိုက်၊ အဖွဲ့လိုက် ထိန်း သိမ်း တာဝန်ယူကြရမည့် တာဝန်ခံများ လုပ်င န်း လမ်းညွှန်ချက်နှင့် စောင့်ထိန်းရမည့် စည်းရုံးရေး လက်စွဲမူ…။
ကျင်း ပမည့် အခမ်းအနား အစီအစဉ်များ … အားလုံးက အသေးစိတ် ရေးဆွဲ ထားပြီး ဖြစ်သည်။
အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီက အသင့် ….။
မဟာမိတ် ညီေ နာင်ပါတီ များကလည်း အသင့် …..။
လူထုကလည်း ချီတက်ရန် အသင့် ….။
အားလုံးက အသင့် ….။
ထိုနည်း တူစွာပင် …. လူထုအား နှိမ်န င်း ပစ်ခတ်၊ သတ်ဖြတ် ဖြိုခွဲရန် စစ်အုပ်စုကလည်း သေနတ်ကျည် ထိုးပြီး အသင့် ….။

စစ်အုပ်စုမှ …. ‘အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်’ သည် မိမိတို့၏ အစီအစဉ် အကန့်အသတ် အတွင်းမှ အာဇာနည်နေ့ အခမ်းအနားသို့ မတက်ရောက်ဘဲ …. ၎င်းတို့ ၏ သီးသန့် အစီအစဉ်ဖြင့် လူထုကြီးနှင့်
အာဇာနည်နေ့ အခမ်းအနားအား ကျင်းပ ပြုလုပ် နိုင်ခဲ့ပါက မိမိတို့၏ အာဏာစက်သည် လျော့ကျ၍ သွားမည်။ ထိုမှတဆင့် …. တထစ်ပြီး တထစ် လူထုကြီး နှင့်အတူ မိမိတို့မှ ထုတ်ပြန်သည့်
အမိန့်အာဏာများအား တခုပြီး တခု ဖီဆန်၍ လာခဲ့လျှင် …. နောက်ဆုံး …. ‘ကြားဖြတ် အစိုး ရ’ ဖွဲ့စည်း ပေးရမည့် အခြေအနေ သို့ ရောက်သွားလိမ့်မည်။ ဤအတွက် … ယခု အာဇာနည်နေ့
အရေးအခင်းအား မိမိတို့မှ ပြတ်ပြတ် သားသား ဦးနှိမ် ထားနိုင်အောင် ချေမှုန်း ပစ် ရမည်။ ဤအရေးအား မချေမှုန်း နိုင် ပါက နဝတ ၏ အနာဂတ်သည် … မရေရာ။ ကျဆုံး သွားရန်သာ ရှိတော့မည်။
ဤအတွက် …. ဤအရေးတော်ပုံအား ရက်ရ က် စက်စ က်ပင် ချေမှုန်း သတ်ဖြတ်နိုင် ရမည်။

ဤသို့ …. စစ်အုပ်စုမှ ယုံကြည် ထား၏။ ယုံကြည် ထားသည့် အတိုင်း လည်း …. တိုက်ခိုက် ချေမှုန်းရေး အတွက် ပြင်ဆင် ထား၏။

ထိပ်တိုက် ရင်ဆိုင်မှုက အပြင်းထန်ဆုံး အခြေအနေ တရပ်ဆီသို့  တည့်တည့်ကြီး ဦးတည်၍ နေသည်။

သွေးချောင်း စီးသော သတ်ဖြတ်မှုများနှင့် အာဇာနည်နေ့ …..။


စစ်အုပ်စုကလည်း လျှော့ေ ပးမည့်ဟန် လုံးဝမပေါ် ….။

သူ၏ အာဏာ တည်တံ့ ခိုင်မြဲရေး အတွက် ‘ကတုတ်ကျင်း’ အတွင်းမှ မဆုတ်ဘဲ ဇွတ်မှိတ်၍ ပစ်မည့်ဟန်က …. အထင်းသား ….။

ဒေါ်အောင်ဆန်းစုကြည်တို့ စဉ်းစားရပြီ။ မနက်ဖြန် …. အာဇာနည်ဗိမာန်သို့ ချီတက် အလေးပြုမည့် အခမ်းအနားကား … ပြည်သူလူထု၏ အသက်သွေး ထောင်သောင်းရင်း၍ ပေးဆပ်ရမည့် အခမ်းအနား
….။ မိမိတို့ဘက်မှ အလျှော့ေ ပး၍ အစီအစဉ်အား ဖျက်သိမ်း ခဲ့ပါလျှင်လည်း …. စစ်အုပ်က နောက်ထပ် တရစ်ပြီးတရစ် တင်း ကျပ်သော အမိန့်ဆိုး၊ အာဏာဆိုး များကို ထုတ်ပြန်ပြီး ဒီမိုကရေစီအား
လည်မျို ညှစ်၍ သတ်ဖြတ်လာ ပေလိမ့်မ ည်။

ညဥ့်ဦးယံ တိုင်ခဲ့ပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးအတွင်း …. မနက်ဖြန် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်အား …. ယခင် ဆုံးဖြတ်ချက် အတိုင်း ဆက်၍
ပြုလုပ်မည်လား ….။ ဒါမှမ ဟုတ် …. ယခင်အစီအစဉ်အား ဖျက်သိမ်း ၍ အစီအစဉ် ပြောင်းမည်လား ဟူသည်ကို ဆုံးဖြတ်၍ မရနိုင်ေ သး ….။

မြန်မာ့လွတ်လပ်ေ ရး ….။ ဒုတိယ လွတ်လပ်ေ ရး သမိုင်းသစ်၏ ကံကြမ္မာဆိုင်ရာ အဆုံးအဖြတ် ဖြစ်၍ …. လွယ်လွယ် ကူကူ ဆုံးဖြတ်ချက် မချနိုင်ကြ။ သန်းခေါင်ယံ တိုင်ခဲ့ပြီ။

ဆုံးဖြတ်ချက် တခုခုကိုမူ သဲသဲကွဲကွဲ ချရတော့မည်။ အချိန်က …. မိုးမသောက်မီ အထိသာ ရ၏။ နံနက်လင်း၍ ဆုံးဖြတ်ချက် တခုခုအား မချမှတ်နိုင်ပါက …. လူထုကြီးသည် ယခင် ဆုံးဖြတ်ချက် အတိုင်း
…. လမ်း မများပေါ်သို့ ထွက်ကာ …. အာဇာနည် ဗိမာန်ဆီသို့  ချီတက် ကြပေလိမ့်မည်။ ဤတွင် ….။

နောက်ဆုံး …. ဗဟို အလုပ်မှုဆောင်အဖွဲ့က …. ဤအဆုံးအဖြတ် ကိစ္စအတွက် …. ဒေါ်အောင်ဆန်းစုကြည်အား တာဝန် လွှဲအပ်လိုက်ကြ၏။ ဒေါ်အောင်ဆန်း စုကြည်၏ အဆုံးအဖြတ်အား ဗဟို
အလုပ်မှုဆောင်အဖွဲ့က လိုက်နာမည်။ ယခင် အစီအစဉ်အတိုင်း ချီတက်မည်ဟု ဒေါ်အောင်ဆန်း စုကြည်က ဆုံးဖြတ်လျှင်လည်း …. မနက်ဖြန်တွင် NLD အနေနှင့် အာဇာနည် ဗိမာန်သို့ ချီတက်ကြမည်။
ရင်ဆိုင် ကြုံတွေ့မ ည့် အရေး အားလုံးအား ရင်ဆိုင်မ ည်။ ဒါမှမ ဟုတ် …. အစီအစဉ်များအား ဖျက်သိမ်း ၍ အစီအစဉ်သစ်အား ရွေးချယ်ခဲ့လျှင်လည်း ထိုအစီအစဉ် အသစ်အတိုင်း ဆက်၍
ဆောင်ရွက်ကြမည်။

အဆုံးအဖြတ်က …. ဒေါ်အောင်ဆန်း စုကြည် အပေါ်တွင် တည်၍ နေတော့၏။

ဇူလိုင်လ …. ၁၉ ရက်။

နေ့ကူးပြီ။ နေ့သစ်က …. အမှောင် အတွင်း၌ပင် ကူးပြောင်းခဲ့၏။ အုံ့မှိုင်း နေသော ကောင်းကင်သည် ပို၍ အုံ့မှိုင်း လာသည်။ ပြီးလျှင် …. မိုးရည်စက်များ အဖြစ် ပြို၍ ဆင်းလာကြသည်။ မိုး က
သည်းသည်းမဲမဲ ပြိုဆင်းလာခြင်း မဟုတ် ….။ တဖွဲဖွဲနှင့် မစဲဘဲ စွေနေ၏။

ရန်ကုန်သည် …. အိပ်မောကျ နေသည့်လား …။ နိုးကြွနေသည့်လား …။ မခွဲခြားနိုင် …။ အရုဏ်ကျင်း၍ နံနက်ဦးတွင် …. ရန်ကုန်သည် မည်သည့် သမိုင်း အား ရေးထိုး လေမည်နည်း ….။

စက္ကန့်မလပ် …. အချိန်သည် ရှေ့သို့သာ ချီေ န၏။ ရပ်တန်း မနေ … ရွေ့လျား၍သာ သွားနေ၏။


အမှောင်ထုသည် အနက်ရှိုင်းဆုံး ဆီသို့ တိုးဝင်၍သွား၏။

အလုံးစုံဆုံးသော မဲေ မှာင်မှု …. ပြီးလျှင်မူ …. တဖက်တွင် တောက်ပ သော အလင်းသစ်၏ အရုဏ်ဦး ဆီသို့….။
အမှောင်နှင့် အလင်းက တလှည့်စီ …။

ဤကား …. သဘာဝ၏ ဓမ္မတရား …..။


သန်း ကာင်ယံအား ကျော်လွန်၍ မိုးသောက်ယံသို့ပင် ဝင်လုပြီ။

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် ချလိုက်၏။

မိခ င်အရင်း ဖြစ်သော်လည်း ဘီးလူးမနှင့်ယှဉ်ပြီး သားအား မလု ….။ သားငယ်၌ နာကျင်မှု ဝေဒနာအား မခံစားစေလို ….။

သမိုင်းသည် မဟော်သဓာ ပညာရှိ ကဲ့သို့ပင် တနေ့၌ အဆုံးအဖြတ် အမှန်အား ကဗ္ဗည်းထိုး လိမ့်မ ည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဆုံးဖြတ်ချက်အား စာရွက်လွတ် တရွက်တွင် ချ၍ရေး၏။

၁။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မိမိအစီအစဉ်နှင့် အာဇာနည် ဗိမာန်သို့  ပြည်သူလူထုကြီးနှင့် အတူ လက်တွဲ၍ အာဇာနည် ခေါင်းဆောင်ကြီးများအား ချီတက် အလေးပြုမည့် အစီအစဉ်အား
ဖျက်သိမ်းလိုက်သည်။
၂။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နဝတ မှ ဦးစီးပြုလုပ်မည့် ၄၂ နှစ်ေ မြာက် အာဇာနည်နေ့ အခမ်းအနား သို့လည်း လုံးဝ (လုံးဝ) တက်ရောက် လိမ့်မ ည် မဟုတ်ကြောင်း၊ ပြည်သူလူထုကြီးအား
အသိပေးအပ် ပါသည်။
၃။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို၊ တိုင်း နှင့် မြို့နယ် အသီးသီးတို့သည် မိမိတို့၏ ရုံးအဆောက်အဦး အတွင်း၌ သာ ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား များအား ကျင်းပ ပြုလုပ်သွားကြမည်
ဖြစ်သည်။
၎။ ပြည်သူလူထု တရပ်လုံး အနေနှင့် စစ်အစိုးရ၏ မတရားသည့် အမိန့်ဆိုး များအား ဆန့်ကျင် ကန့်ကွက် သပိတ် မှောက်သည့် အနေနှင့် မိမိတို့၏ နေအိမ်အတွင်း မှ မထွက်ကြဘဲ နေအိမ် အတွင်း၌ပင်
အာဇာနည် ခေါင်းဆောင် ကြီးများအား အလေးအနက် ဂါဝရပြု ကြပါရန် တိုက်တွန်း ပါသည်။

မှတ်ချက်။ ။ ဤကြေညာချက်အား အာဇာည်နေ့ ကျင်းပရေး ဗဟိုေ က်ာမတီမှ ပြည်သူလူထုထံသို့  ထုတ်ပြန် ကြေညာ သွားပါရန်။

အောင်ဆန်း စုကြည်
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်

(၁၀၄)

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။

အာဇာနည်နေ့ ……။

နံန က်ဦး က … တဖွဲဖွဲ စွေနေသည့် မိုးရေများ အကြားမှပင် ‘သစ်’ ခဲ့ပြီ။ မိုးငွေ့ များကြောင့် နေဝန်းနီအား မမြင်တွေ့ရ ….။ အလင်း ရောင်ကမူ ရှိ၏။ ဘောငွေအိုရောင် ….။

တက္ကသိုလ် ရိပ်သာလမ်း တလျှောက် …. အသွားအလာ အားလုံး ကင်းရှင်း၍ နေ၏။ ယာဉ်သွား ယာဉ်လာ မရှိ ….။ လူသွား လူလာ မရှိ။ မိုးရေစက်များ၏ အောက်၌ တက္ကသိုလ် ရိပ်သာ လမ်းမကြီးသည်
ရှင်း၍ စင်း စင်းကြီး …. ငြိမ်သက်စွာနှင့် လဲလျောင်း ၍ နေသည်။

အမှတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်း၏ အိမ်ခြံဝင်း တံခါးအား စစ်သားများက ပိတ်ဆို့  ထားလိုက်၏။ မောင်းပြန် သေနတ် များ ကိုင်ေ ဆာင် ထားကြသည့် စစ်သားများက ဒေါ်အောင်ဆန်း စုကြည်
ခြံတံခါးအား ပိတ်ဆို့၍ ဒေါ်အောင်ဆန်း စုကြည်နှင့် ပြည်သူ လူထုကြီးအား အဆက်ဖြတ် ပစ်လိုက်၏။ ဒေါ်အောင်ဆန်း စုကြည်၏ စိတ်အတွင်း ၌မူ လွန်ခဲ့သည့် ၄၂ နှစ်ဆီသို့ ….။ ပျံ့လွှင့်ကာ လွင့်ေ မျာ၏။
အတိတ်၏ အရိပ်က မှုန်မှုန် ….။ ထိုနေ့နံနက်ခ င်းသည် လည်း ယခုကဲ့သို့ပင် တဖွဲဖွဲေ စွနေသော မိုး နံနက်ခ င်း ….။

ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗန်ကောက်လုံချည်၊ ပိုးပျော့ရင်းဖုံး၊ ပန်းနုေ ရာင် ခေါင်းပေါင်းတို့ကို ပေါင်းကာ ….. ဘုရ င်ခံ၏ အမှုေ ဆာင် အစည်းအဝေးသို့ သွားရန် အမှတ် ၂၅ တာဝါလိမ်း လမ်း နေအိမ်မှ
စွေနေသော မိုးရေစက်များ အောက်၌ပင် ထွက်သွားခဲ့၏။ ထိုစဉ်က …. အိမ်တံခါးဝအထိ ဖခင်အား သူမတို့ မောင်နှမ တသိုက် လိုက်၍ ပို့ခဲ့ကြ၏။ မိုးရေထဲ၌ပင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည်
သူ၏ အပါးတော်မြဲ ဗိုလ်ထွန်းလှနှင့်အတူ ကားပေါ်သို့တက်ကာ အတွင်း ဝန်များ ရုံးသို့ သွားခဲ့၏။ ထိုနေ့နံနက်က ဖခင်နှင့် အပြီးအပိုင် ခွဲခွာ ရလိမ့်မ ည်ဟု မည်သို့မျှ မသိခဲ့ ….။

ထိုနေ့က … အာဏာအား လက်နက် အားကိုး၍ အကြမ်း ဖက် ရယူလိုသည့် အကြမ်း ဖက်သမားတို့က သူမ နှင့် သူမချစ်သည့် ဖခင်အား အပြီးအဆုံးတိုင် ခွဲခွာ ပစ်လိုက်ကြ၏။

ယခုလည်း …. အာဏာအား မတရားသဖြင့် ဆုပ်ကိုင် ထားလိုသည့် လက်နက်ကိုင် စစ်အာဏာရှင် တစုက …. သူမ နှင့် သူမချစ်သည့် ပြည်သူ လူထုကြီးအား ခွဲခွာ ၍ ခြားထားလိုက်လေပြီ …..။

မုတ်သုန်မိုးက …. စွေဆဲ ……။

ကိုးကား ……

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ


- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်း လင်းပွဲများ
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- နဝတ ၏ ၂၅ ကြိမ်ေ မြာက် သတင်း စာရှင်း လင်းပွဲ
- နဝတ၏ အကြိမ် ၄ဝ မြောက် သတင်း စာရှင်းလင်းပွဲ
- နဝတ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် ၃၈
- နဝတ အတွင်း ရေးမှူး (၁) ဗိုလ်မှူး ချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ
- ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သုေ တသနဌာနခွဲ၏ တပ်မ တော်အား ဖြိုခွဲရေးလုပ်ရ ပ်များ စာအုပ်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်ေ န့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ သတင်း စာရှင်းလင်းပွဲ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃ဝ

| အင်္ဂါနေ့၊ အောက်တိုဘာလ ၀၆ ရက် ၂၀၀၉ ခုနှစ် ၁၂ နာရီ ၄၀ မိနစ် ဆောင်းပါး


(၁ဝ၅)

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် ….။


အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း ….။

တက္ကသိုလ်ရိပ်သာလမ်းကို စစ်အုပ်စုအာဏာပိုင်များမှ ပိတ်ဆို့ထားလိုက်သည့်အတွက် …. လမ်းမကြီးသည် ရှင်း၍ နေသည်။ လမ်းမထက်၌ …. လူသူယာဉ်ရ ထားတို့က ကင်း ၍နေ၏။

စစ်သားများနှင့် အရပ်ဝတ် ထောက်လှမ်း ရေး အရာရှိများ အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အတွင်းသို့ ဝင်လာကြသည်။ နေအိမ်အတွင်း ရှိနေကြသည့် အဖွဲ့ချုပ်ဝင်များ၊
လူငယ်ေ ကျာင်းသားများ၊ အားလုံးကို … မြင်မြင်သမျှ ဖမ်းဆီးထိန်း သိမ်းကြ၏။

ပြီးလျှင် ….. ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်အနှံ့ …. ပိုက်စိတ်တိုက်၍ ရှာဖွေလေသည်။ လိုချင်သည့် စာရွက်စာတမ်းများအား သိမ်းယူ၏။ စိတ်တိုင်းကျ ထင်တိုင်း ကြဲ ပြီးသည့်နောက် …
ထိန်း သိမ်းထားသူများ အားလုံးအား အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်သွား၏။ နေအိမ်တွင်မူ ….. ဒေါ်အောင်ဆန်း စုကြည် တဦးတည်းသာ …. ထီးထီးကျန်ခဲ့လေ၏။

မကြာ …. အာဏာပိုင်များက ဒေါ်အောင်ဆန်း စုကြည်ထံသို့  အကြောင်းကြားစာ တစောင်လာ၍ ပေးသည်။

“နိုင်ငံတော်အား ဘေးအန္တရာယ် ကျရောက်ခြင်းမှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ …. ပုဒ်မ ၁၀ (ခ) နှင့် ဒေါ်အောင်ဆန်း စုကြည်အား နေအိမ်တွင် အကျယ်ချုပ်နှင့်
ထိန်း သိမ်းလိုက်ပြီဖြစ်သည့်အကြောင်း ……” အကြောင်းကြားသည့်စာ ဖြစ်၏။

တပြိုင်တည်းတွင်ပ င် …. အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦးကိုလည်း အလားတူစွာ ပင် အကြောင်းကြားစာ ပေးပို့၍ လုံခြုံရေးများချကာ ဦးတင်ဦးအား နေအိမ်အကျယ်ချုပ်နှင့် ထိန်း သိမ်းလိုက်တော့၏။

စစ်အုပ်စု၏ လက်ရဲ ဇက်ရဲနိုင်လွန်းလှသည့် ဖမ်းဆီးထိန်းသိမ်းမှုများက ထိုကာလများအတွင်း အတောမသတ်….။ မည်းမည်းမြင်၍၊ သည်းသည်းလှုပ်တိုင်း ဖမ်းတော့၏။

၁၉၈၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ကျောင်းသားခေါင်းဆောင် (ကို)မင်းကိုနိုင်တို့အား ဖမ်း၏။

စစ်အုပ်စု၏ ဖမ်းဆီးမှုများက … ဇူလိုင်လဆန်း သည်နှင့် ပိုမို၍ ရမ်းလာ၏။ ကြမ်းလာ၏။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင်၊ ဦးဘသော် (စာရေးဆရာ မောင်သောက) ၊ ဦး ထွန်းတင် (NLD
ဗဟိုဦးစီး အဖွဲ့ဝင်၊ ရန်ကုန်တိုင်း၊ စည်းရုံးရေးတာဝန်ခံ) တို့အား ဖမ်း၏။

ပြည်သူ့တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ တွဲဖက်အတွင်း ရေးမှူး ဦးညိုဝင်း၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးလှေ ရွှတို့ကို ဖမ်းပြန်၏။

ပြီးလျှင် …. ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက်တော်လှန်ေ ရးတွင် ပါဝင်လှုပ်ရှားကြသည့် ပုဂ္ဂိုလ်များဟု ဆိုပြီး ကိုသက်ခိုင်၊ ဦးတင်ေ အာင်၊ ဒေါ်ကြည်ကြည် (သခင်ဇင်၏ ဇနီး) ဒေါ်စန်း ကျော်ေ ဇာ
(ရဲေ ဘ်ာသုံးကျိပ်ဝ င် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ သမီး ) ၊ ကိုတင်ေ အးကြူ၊ ဒေါက်တာဇော်မင်း၊ ဒေါက်တာမောင်ဇင်တို့အား ဖမ်း၏။ နီနီမြင်တိုင်းဖမ်း၊ ရဲရဲလှုပ်တိုင်းဖမ်းနှင့် …. သဲသဲမည်း မည်း ….
ဇွဲန ပဲနှင့် ဖမ်းနေတော့၏။

ဇူလိုင်၊ သြဂုတ်၊ ၂ လအတွင်း၌ နိုင်ငံေ ရး တက်ကြွလှုပ်ရှားသူေ ပါင်း ….. ၆၆ ယောက်အား ဖမ်းဆီးလိုက်၏။ နောက်တိုး ထပ်မံ၍ ဖမ်းဆီးသည့် စာရင်း၌ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင် အဖွဲ့ဝ င်များဖြစ်သည့်
ဒေါ်မြင့်မြင့်ခင်နှင့် ဦးအောင်လွင် (ရုပ်ရှင်သရုပ်ဆောင်) တို့လည်း ထပ်၍ပါသွားခဲ့ပြန်သည်။

အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုေ ခါင်းဆောင်မှု အပိုင်းအား ကြည့်လျှင် ….. ဥက္ကဋ္ဌ၊ အထွေထွေအတွင်း ရေးမှူး၊ အတွင်းရေးမှူးတဦးနှင့် ဗဟိုအလုပ်အမှုေ ဆာင် အဖွဲ့ဝ င် ၂ ဦးတို့က စစ်အုပ်စု၏
ဖမ်းဆီးထိန်းသိမ်းထားခြင်းအား ခံနေရပြီး …… အပြင်၌ ကျန်ရှိနေသည်က … ဗဟို အလုပ်အမှုေ ဆာင် အဖွဲ့ဝ င်များဖြစ်သည့် ဦး ကြည်မောင်၊ ဦး ချစ်ခိုင်၊ ဦးအောင်ရွှေ၊ ဦးလွင်တို့ ၄ ဦး …..။

စိန်ခေါ်မှုများက ကြီးမား၏။ လုပ်င န်းစဉ်များက အထွေေ ထွအပြားပြား ….။ နိုင်ငံေ ရးမုန်တိုင်းက ကြမ်းကြမ်း ရမ်းရမ်း ….။ အဖွဲ့ချုပ်က နုနုန ယ်နယ် ….။ ပဲ့ကိုင်လှေသူကြီးက လေဦးတည် ….။ မဖြစ်….။
အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား တိုးချဲ့ရ၏။ အဖွဲ့ချုပ်၏ ဦးဆောင်မှုအခန်းကဏ္ဍအား အသစ်ဖြည့်၍ မွမ်းမံရ၏။

ဦး ကြည်မောင်အား (ယာယီ) ဥက္ကဋ္ဌအဖြစ်နှင့် ဝန်းရံပြီး ဗဟိုအလုပ်အမှုေ ဆာင်အား ဦးစိုးသိမ်း (စာရေးဆရာ မောင်ဝံသ )၊ ဦး ခင်မောင်ဆွေ၊ ဦးရွှေ (ဗိုလ်မှူးကြီးဟောင်း) ၊ ဦး ကျော်မင်း (ဗိသုကာ ကျော်မင်း)
၊ ဦးချမ်းအေး (စာရေးဆရာ မောင်စူးစမ်း) တို့နှင့် အားဖြည့်၏။

(၁၀၆)
စစ်အုပ်စု၏ မတရားဖမ်းဆီးထိန်းသိမ်းမှုကြောင့် “အာဏာဖီဆန်ရေးတိုက်ပွဲ” က “တန့်” ၍ သွား၏။ လှုပ်ရှားတက်ကြွသည့် ခေါင်းဆောင်များအားလုံးလိုလိုက စစ်အုပ်စု၏ အကျဉ်း ထောင်အတွင်း၌
အဓမ္မထိန်းသိမ်းထားခြင်း ခံေ နကြရသည်။

၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မ ရှင်က ကြေညာချက်အမှတ် ၃၁၄၊ ၃၁၅၊ ၃၁၆ တို့အား ဆက်တိုက်ထုတ်ပြန်ပြီး …..

- အမျိုးသားနိုင်ငံရေး တပ်ေ ပါင်းစု (မနတ)


- ပြည်သူ့တိုးတက်ရေးပါတီ
- အမြဲစိမ်းလူင ယ်များအဖွဲ့တို့အား တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံေ ရးပါတီ အဖွဲ့အစည်းများ အဖြစ်မှ ဖျက်ပယ်ပ စ်ပြန်၏။
စစ်အုပ်စုက အာဏာစက်ကို အဓမ္မသုံးပြီး နိုင်ငံေ ရးလှုပ်ရှားတက်ကြွသူများအား ဖမ်း၏။ နိုင်ငံေ ရးပါတီ အဖွဲ့အစည်းများအား ဖျက်သိမ်း ၏။

“မတရားသော အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ရေး ….” လူထုလှုပ်ရှားမှု တိုက်ပွဲက ခေါင်းဖြတ်ခံ လိုက်ရသကဲ့သို့  …..။ လှုပ်မရ … ရှားမရ …. ဖြစ်၍နေသည်။

ဤသို့သော အခြေအနေများအောက်၌ အားဖြည့်ဝန်းရံ ဖွဲ့စည်းထားခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလှုပ်မှုဆောင် အဖွဲ့သည် ဒေါ်အောင်ဆန်း စုကြည်တို့ လွှင့်ထူခဲ့သည့် အာဏာဖီဆန်ရေး
အလံအား ဆက်၍ဆုပ်ကိုင်ပြီး ….. ဒီမိုကရေစီခရီးသို့ ဆက်၍ ချီတက်မည်လား …..။

သို့တည်းမဟုတ် ….။
တဖက်တွင်က စစ်အုပ်စုသည် သူ၏ ရွေးကောက်ပွဲ ကကွက်အား ကရန် ….. ကကြိုးအား ဆင်၍နေသည်။ “ခွက်ခွင်း” သံအားပေး၍ နေ၏။ စစ်အုပ်စု၏ ရွေးကောက်ပွဲေ တးက မချိုမြ …။ ရှ၍ ….
ခါးသက်သက် ….။

အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်မှုသစ်သည် မော်ကွန်းသစ်အား စိုက်ထူရန်အတွက် မဝံ့မရဲနှင့် ရွံ့နေဟန်ရှိ၏။ တွေတွေေ ဝဝေ၊ ငေးငေးမောမောနှင့် “အာဏာဖီဆန်ေ ရး” လူထုတိုက်ပွဲ
အလံတော်အား ဖြေလျှော့လိုက်၏။ ပြီးလျှင် ….. စစ်အုပ်စု၏ ရွေးကောက်ပွဲ “ခွက်ခွင်း” သံအား နားစွင့်၍ နေပြန်သည်။

(၁ဝ၇)
အတွေးမရှင်း၍ …. အမြင်သည် မှုန်းမှုန်းဝါးဝါး ….။ မကြည်လင်သည့်အမြင်မှ တိကျသည့် အလုပ်သည် ထွက်ပေါ်၍ မလာတတ် …..။ မနောကံ ….။ ဝစီကံ ….။ ကာယကံ …။ ကံသုံးပါးစလုံး၌
ပြတ်ပြတ်ရှင်းရှင်း မရှိ ….။ စစ်အုပ်စုမှ ကျင်းပပြုလုပ်မ ည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအား …. ဝင်ရောက်ယှဉ်ပြိုင်မည်လား …..။ သို့တည်းမဟုတ် ….။

မဝင်ဘဲ ဆန့်ကျင်မည်လား….။
ဤမေးခွန်း ၂ ရပ်က ….. နိုင်ငံရေးပါတီ အဖွဲ့အစည်းအတိုင်း ….. နိုင်ငံေ ရးလှုပ်ရှားသူတိုင်း အတွက် …. မဖြစ်မနေ ဖြေဆိုရ မည့် မေးခွန်းဖြစ်၍ နေ၏။ ရှောင်လွဲ၍မရ ….။ ပြေးတွေ့ရန်သာ ရှိ၏။

စစ်အုပ်စုမှ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲဟူသည်ကလည်း စစ်အုပ်စုမှ ရေးဆွဲထားသည့် ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများအတွင်းမှ ဝင်ရောက်ရမည့် ရွေးကောက်ပွဲဖြစ်သည်။


ရွေးကောက်ပွဲပြီးပါက ….. ပြည်သူ့လွှတ်တော် ခေါ်ယူကျင်း ပပေးမည့် အစီအစဉ်နှင့် နေ့ရက်ဟူ၍က မပါရှိ ….။ အနိုင်ရသည့် နိုင်ငံေ ရးအင်အားစုသို့ … မည်သို့ ၊ အာဏာလွှဲပြောင်းပေးမည်ဟူသည့်
အစီအမံများကလည်း ပြဋ္ဌာန်း၍ မထား ….။

ရွေးကောက်ပွဲကိုသာ ကျင်း ပပေးမည့်ဟူသည့် သဘောဖြစ်၍ နေသည်။ ပြီးလျှင် …. လွတ်လပ်မှု၊ တရားမျှတမှု ဝန်းကျင် အခြေအနေက ရွေး ကောက်ပွဲကာလအတွင်း မည်သို့မျှ ဖြစ်ပေါ်လာမည့်
အခြေအနေက မတွေ့ရ…။ ၂/၈၈ …. ၈/၈၈ က တည်မြဲဆဲ …။ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဥပဒေက အသက်ဝင်ဆဲ ….။ ပြီလျှင် … အာဏာစက်နှင့် ကြမ်း ကြမ်းတမ်းတမ်း လက်ရဇ
ဲ က်ရဲ
လုပ်မ ည့်ဟန်က အထင်း သား ….။

သားသတ်သမား၏ လက်က သွေးစွန်းမည်ကို ထီမထင်တော့ ….။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းတွင်ကား …. အတွေးအမျိုးမျိုး၊ အမြင်အမျိုးမျိုးနှင့် အရောင်အသွေးစုံ၍ နေသည်။

အချို့က ….. လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရမည်။ အာဏာလွှဲေ ပြာင်းရေး အစီအမံတို့  ပါရှိရမည်။ ဤသို့သော အခြေအနေများရှိရန် ဖန်တီးရမည်။ ဤသို့သော
အခြေအနေများအောက်တွင် ရှိမှသာ ရွေးကောက်ပွဲအား ဝင်မည် ….။

အချို့ကား …. ရွေးကောက်ပွဲအား စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲ၏ လုပ်ငန်းစဉ်တရပ်အနေနှင့် ကျော်ဖြတ်ရ န် အတွက် ဝင်မည်။ ရရှိလာမည့် ရွေးကောက်ပွဲရ လဒ်အား အခြေခံ၍
တိုက်ပွဲအလံတခုအဖြစ် ဆက်လက်လွှင့်ထူပြီး ဒီမိုကရေစီတိုက်ပွဲအား ဆက်၍တိုက်ပွဲဝ င်မ ည်။

အချို့ကား ….. ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား ပါဝင်ခွင့်ပြုပါက ရွေးကောက်ပွဲအား ဝင်မည်။

အချို့ကား …. အခြားရွေးလမ်း မရှိ ….။ ရရှိသည့် အခြေအနေအောက်မှပ င် ရွေးကောက်ပွဲအား ဝင်ရမည် … ဟူ၍ ကွဲပြား၍နေသည်။

အထူအပါး အမျိုးမျိုးနှင့် ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးပြဿနာအား အဖြေရှာ၍ နေကြ၏။

၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်ေ န့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီး အဖွဲ့ အစည်းအဝေးက စစ်အုပ်စုမှ ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ
အထွေထွေေ ရွးကောက်ပွဲကြီးအား ဝင်ရောက်ယှဉ်ပြို င်မည့်အကြောင်း ဆုံးဖြတ်ချက်ချ၏။ ပြီးလျှင် ….. သဘောထားကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်၏။ ကြေညာချက်တွင်က …..

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ….. ဒီမိုကရေစီစနစ်ကို ယုံကြည်သည့် အားလျော်စွာ မြေပေါ်မြေအောက် လှုပ်ရှားမှု လမ်းစဉ်များနှင့် လက်နက်စွဲကိုင် လမ်းစဉ်များသည် မိမိတို့နိုင်ငံတွင်
ဒီမိုကရေစီစနစ် တည်ေ ဆာက်သည့် နည်းလမ်းများ မဟုတ်ဟု အခိုင်အမာ ယုံကြည်သည်။

ဒီမိုကရေစီစနစ် ထူထောင်ရန် နည်းလမ်းမှာ ဒီမိုကရေစီကို ယုံကြည်ကြသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်ဟု ခံယူကြသော အခြားနိုင်ငံေ ရးပါတီများ အဖွဲ့အစည်းများနှင့် အထွေေ ထွ
ရွေးကောက်ပွဲတွင် ယှဉ်ြ ပိုင်အရွေးခံပြီး ဒီမိုကရေစီ အနှစ်သာရဖြစ်သော လူထုဆန္ဒကို ခံယူမည်ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု၏ ဆန္ဒကို ခြွင်းချက်မ ရှိ ယုံယုံကြည်ကြည်
လက်ခံရ ယူမည်ဖြစ်သည်။ ပြည်သူများ၌ တည်သည်ဟူသော ဒီမိုကရေစီ အခြေခံမူအရ ပြည်သူလူထု၏ ဆန္ဒသည်သာလျှင် အဆုံးအဖြတ် ဖြစ်ရပါမည်။

ဤသို့ အထက်ပါ သဘောခံယူချက်များကို လက်ခံထားသည့်အတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝ ပြည့်နှစ် မေလတွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲတွင်
ဒီမိုကရေစီစနစ်ကို တည်ေ ဆာက်ရေးအတွက် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိကြသည့် တိုင်းသူပြည်သားလူထု၏ ဆန္ဒကို အထူးလေးစားစွာ
ခံယူမ ည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်”

(၁ဝ၈)
အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်မှုသစ်သည် “မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ … ဖီဆန်ကြ” ဟူသည့် ဒေါ်အောင်ဆန်းစုကြည်တို့  စွဲကိုင်ခဲ့သည့် အလံတော်အား ပစ်ချ၍
မည်သည့် အခြေအနေ အောက်တွင်ပင် ဖြစ်ပါစေ ရွေးကောက်ပွဲဝ င်ရေး ဟူသည့် အလံတော်အား မြင့်မြင့်မားမား လွှင့်ထူရင်း စစ်အုပ်စု၏ ရွေးကောက်ပွဲမုခ်ဦးဆီသို့  အသော့နှင်လျက်ရှိ၏။

၁၉၈၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကြေညာချက်အမှတ် ၃၁ အား ထုတ်ပြန်၏။ “ပါတီစုံ ဒီမိုကရေစီ
အထွေထွေေ ရွးကောက်ပွဲနှင့် စပ်လျဉ်းသည့် သဘောထားနှင့် အခြေခံမူ” များအား လူထုအတွင်း သို့ ချပြ၏။ ကြေညာချက်အမှတ် ၃၁ တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲဆိုင်ရာ
မဟာဗျူဟာအား အတိအလင်း ဖော်ပြ၏။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မိမိ၏ အကျိုးတခုတည်းကိုသာ မကြည့်ဘဲ ကျယ်ပြန့်သော ပြည်သူတရပ်လုံး၏ အကျိုးကို ရှေးရှုလျက်၊ ရိုးသားသည့် ဦးဆောင်မြှု ဖင့် ဒီမိုကရေစီလိုလားသူ
အင်အားစုအားလုံးကို အခြေခံရန်။

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နိုင်ငံေ ရးညီညွှတ်မှုသည် သော့ချက်ဖြစ်သည်။ ထိုကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒလုပ်င န်းစဉ်များကို လက်ခံယုံကြည်ေ သာ အဖွဲ့များအားလုံးနှင့်
(အထူးသဖြင့်) တိုင်း ရင်းသား လူမျိုးစုအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းပြီး၊ စည်းလုံး ညီညွှတ်မှုကို တည်ေ ဆာက်၍ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းလှုပ်ရှား ဖော်ဆောင်ရန်…။” ဟူ၍ မဟာဗျုဟာအား
လူထုသို့ အသိပေး၏။

အဖွဲ့ချုပ်၏ ရွေးလမ်းက …. ရွေးကောက်ပွဲဝင်ရေး …..။ သို့သော် …. အဖွဲ့ချုပ်အတွင်း အဖွဲ့ဝင်ထုတရပ်လုံးက နှစ်ခြိုက်ကျေနပ်စွာ လက်ခံနေသည့် ရွေးလမ်းဟူ၍က မဟုတ် ….။ မတူကွဲပြားသော
အမြင်များနှင့် ရွေးကောက်ပွဲဝ င်ရေး၊ မဝင်ရေးပြဿနာက ရှိမြဲ ….။ ဆွေးနွေးကြဆဲ ….။ ငြင်းခုန်ကြဆဲ …။ အယူအဆရေးရာ စီးချင်းထိုးမှုများက အဖွဲ့ချုပ်အတွင်း ၌ အားကောင်းစွာနှင့်ပ င် ရှိနေ၏။

အဖွဲ့ချုပ်၏ ခေါင်းဆောင်မှုအပိုင်းကမူ …. မျက်မှောက်ဖြစ်ရှိေ နသော အခြေအနေများအရ …. အဖွဲ့ချုပ်အနေနှင့် ရွေးကောက်ပွဲဝ င်ရေးမှတပါး …. အခြားမရှိ …. ဟူ၍ သန္နိဋ္ဌာန် ချထားဟန်ရှိ၏။
ရွေးကောက်ပွဲ ခရီးသို့သာ တလှမ်းပြီးတလှမ်း တက်လှမ်း ၍ တိုးနေ၏။

၁၉၈၉ ခုနှစ် နိုဝ င်ဘာလ ၆ ရက်နေ့တွင် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့က ….

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ ကြေညာစာတမ်း” အား ထုတ်ပြန်၏။ ကြေညာစာတမ်း၏ ရှေ့မျက်နှာဖုံး၌ပင် ….. စာလုံးမဲကြီးနှင့် …..

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထုတရပ်လုံး၏ တခဲနက်သော သဘောထားကို အစဉ်ရှေးရှုလျက် ရွေးကောက်ပွဲေ အာင်နိုင်ေ ရး လုပ်င န်းစဉ်များကို ဦးလည်မသုန် ဆောင်ရွက် သွားမည်ဟု
သန္နိဋ္ဌာန်ပြုပါသည် … ”

“ပြည်သူလူထု၏ ဆန္ဒကို အချုပ်အခြာအဖြစ် ခံယူပါသည်” … ဟူ၍ ဖော်ပြပြီး …. နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ….. စသည့် ကဏ္ဍအလိုက် ချမှတ်ထားရှိသည့်
အဖွဲ့ချုပ်၏ မူဝါဒ သဘောထားများအား ထုတ်ပြန်ကြေညာ၏။

ကိုးကား …..
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ စစ်ဦး စီးတက္ကသိုလ် သင်တန်း ဆင်း ပွဲတွင် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ပြောကြားသည့် မိန့်ခွန်း
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ မှတ်တမ်း
- ပြည်ေ ထာင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ေ ပါင်းအစိုး ရ ဖွဲ့စည်းတည်ထောင်ခြင်း ၁ဝ နှစ်ေ မြာက် အထိမ်းအမှတ် စာစောင်
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်အမှတ် ၃၁
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကြေညာစာတမ်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၁

| ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၇ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၃၄ မိနစ် ဆောင်းပါး


(၁ဝ၉)
၁၉၈၉ ခုနှစ် နိုဝ င်ဘာလ ၁ဝ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်း ပရေးကော်မရှင်က ကြေညာချက်အမှတ် ၃၂၆ ထုတ်ပြန်၏။

ကြေညာချက်တွင် ….. ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲကြီး ကျင်း ပမည့်နေ့ရက် အတိအကျ သတ်မှတ်ေ ဖ်ာပြပြီး၊ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း ၊
ရုပ်သိမ်းလိုပါက ပြည်လည်ရုပ်သိမ်းနိုင်သည့် နေ့ရက်တို့ ဖော်ပြထား၏။

ကြေညာချက် ၃၂၆ အရ …..

ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲအား ကျင်းပမည့် နေ့ရက်ကား …..၁၃၅၂ ခုနှစ် ၊ နယုန်လဆန်း ၄ ရက်နေ့ ဖြစ်သည်။ ခရစ်သက္ကရာဇ်အရမူ …. ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့ …..
တနင်္ဂနွေနေ့ ဖြစ်၏။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းအား ကော်မ ရှင်သို့ တင်သွင်းရမည့် နေ့ရက်က …. ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၁၉၉၀ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ဖြစ်သည်။

ကော်မရှင်မှ ကြေညာချက်ထုတ်ပြန်ပြီး နောက်ရက်တွင် ….. စစ်အုပ်စု၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က ….. စစ်ဦးစီးတက္ကသိုလ် သင်တန်းဆင်းပွဲတွင် မိန့်ခွန်း ပေး၏။

စစ်အုပ်စုမှ ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတို့တွင် ဖော်ပြရေးဆွဲထားခြင်း မရှိသည့် အာဏာလွှဲပြောင်းရေး အစီအစဉ်နှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီးစောမောင်က နှုတ်ဖြင့် တိုင်း ပြည်သို့
ပြော၏။

“….. လာမယ့် ပြည်သူ့လွှတ်တော်က …. ဖွဲ့စည်း ပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်းမယ်။ ရေးဆွဲပြဋ္ဌာန်းပြီး အဲဒီအခြေခံဥ ပဒေနဲ့အညီ ဖွဲ့စည်း လိုက်တဲ့ အစိုး ရကို အာဏာလွှဲေ ပြာင်းပေးသွားမယ် …..”

ဗိုလ်ချုပ်ကြီးစောမောင်၏ မိန့်ခွန်းများက အပြောတွင် ….“ရွှေမ န်း” ၊ အက … “ချိုမှိုင်မှိုင်” ဆိုသကဲ့သို့  …။ ပြီး လျှင် ……
“ဒေါက်တာမောင်မောင် လက်ထက်ကတည်းက ….. တပ်မတော်သားတွေ၊ လက်နက်ကိုင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံ့ဘဏ္ဍာက လစာယူစားတဲ့ အရပ်ဘက်ဝန်ထမ်းတွေ အားလုံးဟာ ဘယ်ပါတီဝ င်မှ
မဖြစ်စေရ …. ဆိုတဲ့ အမိန့်ထုတ်ပြန်လိုက်တဲ့ အချိန်ကစလို့ ကျနော်အပါအဝင် တပ်မတော်သား အားလုံးဟာ ဘယ်ပါတီဝ င်မှ မဟုတ်တော့ဘူး …. လာမယ့်ေ ရွးကောက်ပွဲမှာ လွတ်လွတ်လပ်လပ်
ဆန္ဒမဲပေးနိုင်ကြတယ် …..”

ရွေးကောက်ပွဲ ဘီးကြီးကမူ တပါတ်ချင်း လိမ့်၍နေ၏။

(၁၁ဝ)
အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ၊ တတိယပတ် သို့မဟုတ် …. စတုတ္ထပတ်အတွင်း၌ ဗဟိုဌာနချုပ်တွင် နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးကြီး တရပ်အား ခေါ်ယူကျင်း ပမည့်
အကြောင်းအား ပြည်နယ်/တိုင်း အသီးသီးသို့  အကြောင်းကြားထား၏။

အထူးအစည်းအဝေးတွင် အဖွဲ့ဝ င်ထု၏ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမြင်သဘောထားများကို တင်ပြကြရန်လည်း ပြည်န ယ်/ တိုင်းအသီးသီးသို့ အကြောင်းကြားစာနှင့်အတူ ပေးပို့ထား၏။

မြို့နယ်အလိုက် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေး ကြ၏။ အမြင်သဘောထားများအား စုစည်းကြ၏။ လိုင်းက ၂ လိုင်းဖြစ်၍ နေသည်။

တလိုင်းက …. ရွေးကောက်ပွဲအား ဝင်မည်။

နောက်တလိုင်းကမူ ….. ဦးတင်ဦး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အခြားသော အဖွဲ့ချုပ်ခေါင်းဆောင်များ မပါဝင်ဘဲ ဝင်ကြရမည့် ရွေးကောက်ပွဲအပေါ် ပြန်လည်၍သုံးသပ်ရ န် …. ဟူ၍ ဖြစ်သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဖွဲ့ချုပ်အတွင်း အမြင်သဘောထားများက ကွဲလွဲမြဲ ….။

၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်ေ န့တွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦးအား နေအိမ်အကျယ်ချုပ်နှင့် ၅ လမျှ ထိန်းသိမ်းထားရာမှ အင်းစိန်ေ ထာင်သို့ အာဏာပိုင်များက ခေါ်ယူပြီး အင်းစိန်ေ ထာင်အ တွင်း
အထူးတရားရုံးတွင် ပုဒ်မတပ်၍ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့၏။

အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးတင်ဦးက ထောင်ဒဏ်ြ ပစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားတဦးအဖြစ်သို့ ရောက်သွား၏။ စစ်အုပ်စု၏ ရွေးကောက်ပွဲဥပဒေ ၁ဝ (ဂ) အရ …. ပြစ်ဒဏ်ကျခံနေရသည့်
အကျဉ်းသားတဦးသည် ရွေးကောက်ပွဲတင
ွ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ခွင့်မရှိ …..။

စစ်အုပ်စုက ….. ဦးတင်ဦးအား ဝင်ရောက်နိုင်ခြင်း မရှိစေရန် ….. ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်း ရမည့် ရက်မ တိုင်မီ ….. ၅ ရက်အလိုတွင် စံန စ်တကျနှင့် ဖယ်ရှားလိုက်ခြင်း ဖြစ်၏။

ထိုနေ့တွင်ပ င် …. နေအိမ်၌ အကျယ်ချုပ်နှင့် ထိန်းသိမ်း ထားခြင်း ခံနေရသည့် အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့
လိပ်မူ၍ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သူမ ၏ သဘောထားအား စာနှင့်ေ ရး၍ ပေးပို့ခဲ့၏။
“၁၉၈၉ ခုနှစ် မြန်မာနိုင်ငံ ပြည်သူလူထု၏ ဒီမိုကရေစီရေး ကြိုးပမ်းလှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့ပြီး ၂၇၊ ၉၊ ၈၈ နေ့တွင် ဖွဲ့စည်း ခဲ့သော အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူးအဖြစ်
တာဝန်ထမ်း ဆောင်ခဲ့ပါသည်။

နိုင်ငံေ ရးကြိုးပမ်းမှုများကြောင့် ၂၀၊ ၇၊ ၈၉ နေ့မှစ၍ ထိန်းသိမ်းခံခဲ့ရ ပါသည်။ အထိန်း သိမ်း ခံနေရလျက်နှင့်ပ င် မိမိအဖွဲ့ချုပ်၏ ဒီမိုကရေစီနည်းလမ်းအရ ဆုံးဖြတ်ချက်ကို
လေးစားသောအားဖြင့်လည်းကောင်း၊ တိုင်း သူပြည်သား တို့ ၏ အမှန်တရားနှင့် ကိုက်ညီသော လိုအပ်ချက်များကို တတ်စွမ်းသရွှေ့ ကူညီဖြည့်စက
ွ်လိုသောကြောင့် လည်းကောင်း၊
ဒီမိုကရေစီကိုလိုလားသော ပြည်သူလူထုကြီး၏ ဇွဲသတ္တိကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလအတွင်း ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာ၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူတဦးအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပါသည်။

အောင်ဆန်း စုကြည် ၂၂၊ ၁၂၊ ၈၉

ဒေါ်အောင်ဆန်းစုကြည်၏ စာက ….. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ရွေးကောက်ပွဲဝင်ရေး လမ်းစဉ်ပေါ်သို့ အခိုင်အမာ တင်ပေးလိုက်ခြင်း ဖြစ်၏။

အဖွဲ့အတွင်း အမြင် ၂ ရပ် ပြဿနာသည်လည်း ကျေလည်၍ ရှင်းသွား၏။ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ အထူးအစည်း အဝေးတွင်လည်း ရွေးကောက်ပွဲဝ င်ရေးအပေါ်၌သာ ဆွေးနွေးကြတော့၏။ အားလုံးက
ရွေးကောက်ပွဲလမ်းစဉ် အလံအား ဆွက
ဲိုင်၍ လွှင့်ထူခဲ့ကြ၏။

၁၉၉ဝ ခုနှစ် မေလ ၂၇ ရက် ရွေးကောက်ပွဲက …. ရက်ပေါင်း ၁၅၇ ရက်သာ လိုတော့၏။ ရွေးကောက်ပွဲ ခရီးပြင်းသို့ …. အသော့နှင်ရန်သာ ရှိလေ၏။

(၁၁၁)
၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ….။

ရန်ကုန်မြို့ မြို့နယ်စုကော်မ ရှင် အဖွဲ့ခွဲရုံးတွင် …၊ ဗဟန်းမြို့နယ် မဲဆန္ဒန ယ်မြေအမှတ် ၁ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်အောင်ဆန်း စုကြည်မှ အမည်စာရင်း
တင်သွင်း၏။

ဒေါ်အောင်ဆန်းစုကြည်မှ အမည်စာရင်းတင်သွင်းသည်ဟု ဆိုသော်လည်း …… သူမကိုယ်တိုင် တင်သွင်း ခဲ့ခြင်း မဟုတ် … ၊ ဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်စားလှယ်မှ တင်သွင်းခဲ့ရခြင်း ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာ တွင် ….. ရွေးကောက်ပွဲဝင်ရခြင်း အကြောင်းအား ……

“တိုင်းသူပြည်သားတို့၏ အမှန်တရားနှင့် ကိုက်ညီေ သာ လိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်စွမ်းလိုသောကြောင့် လည်းကောင်း၊ ဒီမိုကရေစီလိုလားသော ပြည်သူလူထုကြီး၏ ဇွဲ၊ သတ္တိကို
ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူတဦး အဖြစ် အမည်စာရင်း တင်သွင်းပါသည်” ဟူ၍ ရေးသားထား၏။

ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ တင်သွင်းလွှာအား တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) ၊ ဗဟန်းမြို့နယ် မဲဆန္ဒန ယ်မြေအမှတ် ၁
မှ ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်းတင်သွင်းထားသည့် (ဦး)လဘန်ဂ ရောင်နှင့် ဦးမြင့်သန်းတို့ ၂ ဦးမှ မြို့နယ်စု ကော်မရှင်အဖွဲ့ခွဲရုံး တွင် ကန့်ကွက်လွှာ တင်သွင်း ကြပြန်၏။

ကန့်ကွက်လွှာတွင် …. ဒေါ်အောင်ဆန်းစြု ကည်သည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥ ပဒေ ပုဒ်မ ၈ (ခ) ၊ ပုဒ်မ ၁ဝ (င) ၊ ၁၀ (ဇ) တို့နှင့် ငြိစွန်းနေသည်ဟု စွပ်စွဲပြီး ကိုယ်စားလှယ်လောင်းအဖြစ်မှ
ပယ်ဖျက်ပေးပါရန် ကန့်ကွက်ကြ၏။

ရွေးကောက်ပွဲ ဥပဒေ၊ ပုဒ်မ ၈ တွင် … “အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသည့် နိုင်ငံသားများသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး၊ ရွေးကောက်ပွဲတွင် ရွေးကောက်တင်ေ မြှာက်ခံပိုင်ခင
ွ့်
ရှိသည်” ဟူ၍ ဖော်ပြပါရှိပြီး …. ပုဒ်မခွဲ ၈ (ခ) တွင်က …..

“ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ” ဟူ၍ ပါရှိ၏။ ပြီးလျှင် ….. ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀ တွင်က …….
“အောက်ပါပုဂ္ဂို လ်များသည် ရွေးကောက်ပွဲတွင် ရွေး ကောက်တင်ေ မြှာက်ပိုင်ခွင့် မရှိစေရ ….” ဟူ၍ ပြဋ္ဌာန်းပြီး …. ပုဒ်မခွဲ ၁၀ (င) …. နှင့် ၁၀ (ဇ) တို့တွင်က …..

“နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူများ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူများ (သို့မ ဟုတ်) ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူများ (သို့မ ဟုတ်)
ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်း ကောင်း၊ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ”

“နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်းဝင်များ၊ တော်လှန်ပုန်ကန်ရန် ယင်းအဖွဲ့အစည်းများ၊ သို့မဟုတ် အဖွဲ့အစည်းဝင်များနှင့် ဆက်သယ
ွ်ကြောင်း
ခိုင်လုံသော အထောက်အထားရှိသည့် ပုဂ္ဂိုလ်များ” ဟု သတ်မှတ်ေ ဖ်ာပြထား၏။

ရန်ကုန်တိုင်း မြို့နယ်ေ က်ာမရှင်အဖွဲ့ခွဲက …. (ဦး)လဘန်ဂ ရောင်နှင့် ဦးမြင့်သန်း တို့၏ ဒေါ်အောင်ဆန်း စုကြည်အပေါ် စွပ်စွဲကန့်ကွက်မှုအား ကြားနာပြီး နောက်ဆုံးတွင် ….. ကန့်ကွက်လွှာအား ပယ်ချခဲ့၏။

(ဦး)လဘန်ဂ ရောင်က …. မြို့နယ်စုေ က်ာမရှင် အဖွဲ့ခွဲရုံး၏ ပယ်ချခဲ့မှုအား မကျေနပ်၍ ရန်ကုန်တိုင်း ကော်မ ရှင်အဖွဲ့ခွဲရုံးသို့ ထပ်မံ၍ လျှောက်ထားပြန်၏။

ကန့်ကွက်လွှာတင်ပြန်၏။ (ဦး )လဘန်ဂ ရောင်၏ ဒေါ်အောင်ဆန်း စုကြည်အား ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ပေးရေး ကန့်ကွက်လွှာကိစ္စက …. ကော်မရှင်အတွင်း
လှိုက်လှိုက်သည်းသည်း ဂယက်ရိုက်စေ၏။ ထောက်ခံသူ၊ ကန့်ကွက်သူဟူ၍ အမြင်ကွဲကြ၏။
ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ ကျင်း ပရေးကော်မရှင်အတွင်း၌ …. ကော်မရှင်ဥ က္ကဋ္ဌ - ဦး ဘဌေး (အငြိမ်းစား ဘဏ္ဍာတော်မင်းကြီး) နှင့် (ဦး)စောကြာဒိုး (အဖွဲ့ဝင်၊ ယခင်ဗိုလ်မှူးချုပ်ဟောင်း)
တို့က (ဦး)လဘန်ဂ ရောင်၏ ကန့်ကွက်လွှာအား ပယ်ချပြီး ….. ကျန်ကော်မရှင် အဖွဲ့ဝ င်များဖြစ်သည့် ဦး ကျော်ညွန့်၊ ဦးစန်းမောင်နှင့် ဆရာချယ်တို့ကမူ ကန့်ကွက်လွှာအား လက်ခံ၍
ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်း တင်သွင်း ထားမှုမှ ပယ်ဖျက်ရန် ဆန္ဒေ ပးကြ၏။

အဆုံးတွင်မူ …. ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခွဲက …. (ဦး)လဘန်ဂရောင်၏ ကန့်ကွက်လွှာအား လက်ခံခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုအား
ပယ်ဖျက်ခဲ့၏။

ထိုနေ့က …..
၁၉၉ဝ ခုနှစ် …. ဇန်န ဝါရီလ ၁၅ ရက် …..။
ရွေးကောက်ပွဲခ ရီးက ၁၃၁ ရက်သာ ကျန်ေ တာ့၏။
တရားမျှတမှုဟူသည်ကား ရှာမတွေ့သေး ……။

ကိုးကား ….

- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်နေ့၊ စစ်ဦး စီးတက္ကသိုလ် သင်တန်း ဆင်း ပွဲတွင် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ပြောကြားသည့် မိန့်ခွန်း
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ မှတ်တမ်း
- ပြည်ေ ထာင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ေ ပါင်းအစိုး ရ ဖွဲ့စည်းတည်ထောင်ခြင်း ၁ဝ နှစ်ေ မြာက် အထိမ်းအမှတ် စာစောင်
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်အမှတ် ၃၁
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကြေညာစာတမ်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၂

| ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၈ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၃၁ မိန စ် ဆောင်းပါး

(၁၁၂)

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း ထားမှုအား ရန်ကုန်တိုင်း ကော်မ ရှင် အဖွဲ့ခွဲရုံးက ပယ်ချခဲ့သည့် အပေါ်တွင် ဒေါ်အောင်ဆန်း စုကြည်အနေနှင့် အံ့သြခြင်းလည်း မဖြစ်မိ။
ဤသို့ပင် ပယ်ဖျက် ကြလိမ့်မ ည်ဟု မျှော်လင့်ထားပြီး ဖြစ်၏။

ဥက္ကဋ္ဌ ဦးတင်ဦးအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း မတင်သွင်း နိုင်ရန် ….. စစ်အုပ်စုမှ နေအိမ် အကျယ်ချုပ်မှနေ၍ အင်းစိန်ေ ထာင်အတွင်းရှိ အထူးတရားရုံးတွင် အမှုတင်၍
တရားစွဲ ပြစ်ဒဏ်ချခြင်းအား လုပ်ဆောင်ခဲ့ကတည်းက သူမကိုလည်း တနည်းနည်းနှင့် ရွေးကောက်ပွဲ မဝင်နိုင်ရန် ဟန့်တားလိမ့်မည်ဟု တွေးထင်ခဲ့ပြီးသား ဖြစ်၏။

သို့သော် ….. အဖွဲ့ချုပ်အနေနှင့်က ညီညီညွှတ်ညွှတ်နှင့် ရွေးကောက်ပွဲဝင်ရေး လမ်းပေါ်သို့ ရောက်သွားရန်လို၏။ လျှောက်လှမ်းနိုင်ရ န်လို၏။

အဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ရာတွင် အဖွဲ့ချုပ်ဗဟိုမှ အခြေခံမူများအား ချမှတ်ပေး၏။ ဦးတည်ချက်၊ ပါဝင်သင့်သော အမျိုးအစား၊ မပါဝင်သင့်ေ သာ အမျိုးအစား၊
ဦး စားပေးရွေးချယ်မှု အဆင့်ဆင့်တို့အား သတ်မှတ်ပေး၏။

အထူးညွှန်ကြားချက်က …. ကိုယ်စားလှယ်လောင်းများအား စိစစ်လျာထားရာတွင် မဲခွဲ၍ဆုံးဖြတ်သည့် စနစ်ကို လုံး ဝ(လုံးဝ) မကျင့်သုံးရန်နှင့် အားလုံးမှ လက်ခံသဘောတူသည့် ပုဂ္ဂို လ်များ
ဖြစ်စေရန်အတွက် ညှိနှိုင်းလုပ်ေ ဆာင်ရန်။

ညှိနှိုင်းသည့်တိုင်ေ အာင် သဘောတူညီမှု မရရှိပါက ….. မှတ်တမ်းတင်၍ အဖွဲ့ချုပ်ဗဟိုသို့ အသေးစိတ် အခြေအနေအား တင်ပြရန် …၊ ဟူ၍ ဖြစ်သည်။

အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒန ယ်မြေပေါင်း ၄၄၇ နေရာတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်းများအား တင်သွင်း၏။

(၁၁၃)
စစ်အုပ်စုက …. ဥပဒေအမှတ် ၃/၉ဝ အား ထုတ်ပြန်သည်။ ၃/၉ဝ အရ….. ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းဝေးခြင်း၊ လူထုဟောပြောပွဲများ ကျင်းပခြင်းတို့အား
လုပ်ကိုင်ဆောင်ရွက်နိုင်သည်ဟု ဆို၏။
သို့သော် …. ဥပဒေကား … တပြေးညီမဟုတ်။ သက်ဆိုင်ရာ အာဏာပိုင်တို့ ၏ ခွင့်ပြုမှု၊ မပြုမှုအပေါ်၌ တည်နေ၏။ အချို့အာဏာပိုင်တို့က ဥပဒေအား မျှ တစွာ ကျင့်သုံး၏။ အချို့ကမူ …. “ဥပဒေက
မည်သို့ပင်ဆိုစေကာမူ” ဟု ဆိုသည့်အတိုင်း စိတ်ထင်တိုင်း ပြုကျင့်၏။

၎င်းတို့၏ ပြုမူမှုက ဥပဒေဖြစ်၍ နေသည်။ မြန်မာ့အသံနှင့် မြန်မာ့ရုပ်ြ မင်သံကြားတို့မှ နိုင်ငံရေး အဖွဲ့အစည်းတဖွဲ့လျှင် ….. ၁၅ မိန စ်နှင့် ၁ဝ မိနစ်စီ ဟောပြောခွင့်ပေး၏။ ဟောပြောမည့်
အကြောင်းအရာအား စာရေး၍ တင်ပြပြီးမှ ဟောပြောကြရခြင်း ဖြစ်သည်။ မလွတ်လပ် …..။

အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်က ….. အတိုက်အခိုက် ၂ ခုအကြားမှ ရွေးကောက်ပွဲခ ရီးအား လျှောက်လှမ်း နေရ၏။ တခုက …. အာဏာပိုင်များဖြစ်ပြီး၊ တခုကမူ ….. တိုင်းရင်းသား စည်းလုံးညီညွှတ်ေ ရး
ပါတီ(တစည) ဖြစ်သည်။

အာဏာပိုင်တို့ က ….. “မဲမ ပေးလည်း ရပါတယ်” ဟု ….. မဲဆန္ဒရှင် ပြည်သူလူထုကြီး၏ ဆန္ဒအား ရင်မဆိုင်ရဲသည့်အတွက် မဲမ ပေးကြရန် လမ်းကြောင်း၏။ အချို့အာဏာပိုင်များက ….. “နိုင်ရင်လည်း
အာဏာလွှဲမပေးဘူး” ဟု …. တိုးတိုးအော်၏။ တစည ကလည်း …..

“ငါတို့နောက်မှာ စစ်တပ်ရှိတယ်”
“ဒို့က နိုင်ရင်လည်း …. နိုင်ရ မည်။ ရှုံးရင်လည်း နိုင်ရမယ်” …. ဟု ကြွေးကြော်ကြ၏။ ပြီးလျှင် ….. အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်အား “ခမောက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ …. ခေါင်းမရှိဘူး” ဟု
ဆိုပြန်သည်။

တစည ၏ မဲဆယ
ွ်စည်း ရုံးရေးက …. အဖွဲ့ချုပ်အား ဝေဖန်တိုက်ခိုက်ခြင်းနှင့် စစ်တပ်အား အားကိုးအားထားပြုခြင်းပင် ဖြစ်၏။ လူထုလမ်းစဉ်မပါ။ လူထုအတွက် ဖော်ေ ဆာင်ပေးမည့် လုပ်င န်းစဉ်နှင့်
မူဝါဒဟူ၍ မရှိ ….။

ချ၍လည်း မပြကြ။ ချပြ …..၊ ရှင်း ပြပြန်လျှင်လည်း …. လူထုက ယုံကြည်မည် မဟုတ်။ ဤသည်ကို တစညတို့က သိထားကြ၍လည်း …. မချပြခြင်း ဖြစ်မည်။

ထားတော့ ….။

အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခြံ ကမည့် ကိုယ်စားလှယ်များကမူ …. လူထုအား ကတိကဝတ်များ ပေး၏။

ခရမ်းမြို့နယ် မဲဆန္ဒန ယ်မြေ အမှတ် ၂ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း …. ဦးတင်မောင်ဝင်း (စစ်အုပ်စု၏ အကျဉ်းထောင်အတွင်း၌ ကျဆုံး) က ….

“ပြည်သူလူထု၏ ဆန္ဒကို အချုပ်အခြာအဖြစ် ခံယူပါတယ်။ ပြည်သူတို့ရဲ့ ဒီမိုကရေစီရေးနှင့် အခြေခံ လူ့အခွင့်အရေးများအတွက် ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်း စုကြည်တို့
ဦး ဆောင်ချမှတ်ထားသော လမ်းစဉ်အတိုင်း မသွေမဖယ် လှုပ်ရှားဆောင်ရွက်လျက် ရှိပါတယ်” … ဟူ၍ ရွေးကောက်ပွဲ လက်ကမ်းစာစောင်တွင် ထည့်သွင်း၍ ရေးသားဖော်ပြ၏။

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ….. ဦးတင်စိုး (စံပယ်ဦး ၊ ဦးတင်စိုး) ကလည်း သူ၏ ရွေးကောက်ပွဲ လက်ကမ်းစာစောင်တွင် ….

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့်လည်းကောင်း၊ ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး အနေဖြင့်လည်းကောင်း မဲဆန္ဒရှင် မိဘပြည်သူများ


လိုလားတောင့်တလျက်ရှိေ သာ ဒီမိုကရေစီ နိုင်ငံတော်သစ် ပြန်လည်ထူထောင်ရေးအတွက် ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှဖြင့် စွမ်းစွမ်းတမံ ပြည်သူ့အကျိုး၊ တိုင်း ပြည်အကျိုးကို
သယ်ပိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုပါသည်။

ပြည်သူဆန္ဒနှင့် ဆန့်ကျင်မှု မရှိစေဘဲ အမျိုးသားနိုင်ငံရေးအဖြစ် ခံယူလုပ်ေ ဆာင်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့၏ တနိုင်ငံလုံးမှ
ပြည်သူ့ကိုယ်စားလှယ်များနှင့်အတူ မဲဆန္ဒရှင် ပြည်သူလူထုကို အစဉ်လေးစား ဦး ထိပ်ထား၍ …. ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင် အဖ …. ဟု ခံယူချက်အပြည့်ဖြင့် လုပ်ေ ဆာင်သွားမည်ဖြစ်ကြောင်း
လေးနက်စွာ ဆန္ဒပြုပါသည်” ……ဟူ၍ဖော်ပြကြ၏။

အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်မည်ဟု မဆုံးဖြတ်ရမီကတည်းမှပင် ဒေါ်အောင်ဆန်း စုကြည်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်နှင့် ကျင့်ကြံရ မည့် ခံယူချက်အား ညွှန်ပြခဲ့၏။

“ဒီမိုကရေစီစနစ်မှာ အမတ်လုပ်ချင်တဲ့သူတွေဟာ အပင်ပန်းအဆင်းရဲခံနိုင်ရမယ်။ အစွမ်းကုန် အလုပ်လုပ်နိုင်ရမယ်။ ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးကို ပီပီပြင်ပြင် ကျေကျေပွန်ပွန် ထမ်း ဆောင်နိုင်ရမယ်”

(၁၁၄)

“စု … နိုင်မှ ချမ်းသာမည် …..”


“စု …. နိုင်မှ ကြီးပွားမည် ……”
“စု….နိုင်မှ တိုးတတ်မည် ….”
“စု…..နိုင်မှ ငြိမ်းချမ်းမည် …..”
“ယုံယုံကြည်ကြည် …. စုံစုံညီညီ၊ ဒို့အားလုံး ယုံသည် …..”
“ဘေးပြောတာကို ဒို့မယုံပြီ …..”
“သွေးပြောတာကို ဒို့ယုံသည် …..”
“အောင်ဆန်းသွေးကို ဒို့ယုံသည် ….”
“အောင်ဆန်းသမီးမို့ ဒို့ယုံကြည် ….”

အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအောင်နိုင်ရေး တေးသီချင်းသံများက …. မေဦးမုတ်သုန် မိုးပွင့်များအကြား၌ ဝေဝေစီစီ …..။ ချိုချို …. လွင်လွင် …..။

နွေနှောင်းရက်ကြွင်း ….. နေ့ရက်များ၏ မြို့တော်သည် တိုက်ပွဲသစ်အတွက် နိုးထ၍နေ၏။ တိုက်ပွဲပုံသဏ္ဍာန်သစ်က လက်ရုန်းများ ဆန့်တန်း ရမည့် တိုက်ပွဲမ ဟုတ် ….။ အသည်းနှလုံးချင်းထပ်၍
စီး ချင်းထိုးရမည့် ….. ပွဲ …..။

အနောက်ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်၏ ရုံး ချုပ်အရှေ့မျက်နှာစာ၌က …. ဦးတင်ဦး၊ ဒေါ်အောင်ဆန်း စုကြည်တို့၏ ပုံတူပန်းချီကားချပ်ကြီးများနှင့် ထည်ထည်ဝါဝါ ….။

“ငုနဲ့ ပိတောက် ….. နွေမှာ လှိုင်သည်”


“စုနဲ့ ခမောက် ….. မေမှာ နိုင်မည်”
“တယောက်ကောင်းက ….. တသောင်းဗိုလ်ခြေ ညက်ညက်ကြေ၊
ခမောက်ဆောင်း၍ ခေတ်ဟောင်းဖြိုလေ ထက်မြက်စေ”

နဖူးစီး ဆိုင်း ဘုတ်ကြီးများနှင့် အဖွဲ့ချုပ်သည် အကန့်အသတ်၊ အပိတ်အဆို့  …. အတားအဆီးများကြားမှ ရှင်သန်၊ နိုးကြားစွာနှင့် …..။

၁၉၉၀ ခုနှစ် …. မေ ၂၇ ရက်။


ဒေါ်အောင်ဆန်းစုကြည်က သူမကိုယ်တိုင် မဲရုံသို့သွားပြီး မဲဆန္ဒေ ပးခဲ့ရခြင်း မဟုတ် ….။ ကြိုတင်ဆန္ဒမဲပြားနှင့် မဲဆန္ဒပြုခဲ့ရခြင်း ဖြစ်၏။

ထိုနေ့က … ဧရာဝတီသည် ရင်ခုန်သံတို့အား ထွေးပွေ့ရင်း ….. ပင်လယ်ဆီသို့ နရီမှန်စွာနှင့် စီးမျောခဲ့၏။

ညနေခင်း …. မြန်မာ့အသံ၏ ထုတ်လွှင့်မှုအစီအစဉ်အား လှိုင်းတိုေ ရဒီယိုဖွင့်၍ ဒေါ်အောင်ဆန်းစြု ကည် နားထောင်၏။

မြန်မာ့အသံမှ ရွေးကောက်ပွဲ မဲစာရင်းများအား ကြေညာ၍နေသည်။ ဆက်တိုက်ကြေညာနေခြင်းက မဟုတ် ….။ သတင်းဝင်ရောက်လာမှုအရ …. ပုံမှန်ထုတ်လွှင့်ေ နသည့် အစီအစဉ်အား ရပ်နား၍
ကြားဖြတ်သတင်း ကြေညာ ပေးနေခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် မဲဆန္ဒန ယ်မှ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်အရွေးချယ်ခံသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်း အနိုင်ရရှိကြောင်း
သတင်းအား ပထမဦးစွာ ကြေညာ၏။

ဆိပ်ကမ်းမြို့နယ် မဲဆန္ဒန ယ်မြေတွင် ဆန္ဒမဲေ ပးပိုင်ခွင့်ရှိသူ ဦးရေက ၁,၃၄၄ ဦးသာရှိ၏။ မဲရုံသို့ ဆန္ဒမဲ လာရောက် ပေးခဲ့ကြသည့်သူများက…. ၁,၁၀၃ ဦး ….။ ထိုအထဲမှ ဒေါ်စန်းစန်းက ၆၁၅ မဲနှင့်
အနိုင်ရခဲ့ခြင်း ဖြစ်၏။

ပထမဦးစွာ အဖွဲ့ချုပ်၏ အောင်နိုင်ေ ရးသတင်းအား ဒေါ်အောင်ဆန်းစုကြည် ကြားရခြင်း ဖြစ်၏။ ပြီးလျှင် …. ဆက်တိုက်ပင် ရန်ကုန်တိုင်းအတွင်းရှိ မဲဆန္ဒနယ်ေ မြများမှ အဖွဲ့ချုပ်၏
အောင်နိုင်ရေးသတင်းများအား ကြားရ၏။

လသာမြို့ နယ် …. အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် …. ဦးကြည်မြင့် …..။


ပုဇွန်ေ တာင်မြို့နယ် ….. အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် …. ဦးနိုင်းနိုင်း ….။

တက္ကသိုလ်ရိပ်သာလမ်းမပေါ်၌ ရွေးကောက်ပွဲအောင်နိုင်ရေး မော်တော်ယာဉ်တစီး ဖြေးညှင်း စွာနှင့် ဖြတ်မောင်းသွားသည်ကို အိမ်ေ ရှ့ဝရံတာမှေ န၍ ဒေါ်အောင်ဆန်း စုကြည် မြင်လိုက်ရ၏။ ယာဉ်၏
ဘေး၌ သူမ၏ ရုပ်ပုံ၊ ပုံတူပန်းချီကားနှင့် ဆိုင်းဘုတ်ကြီး တွေ့ရ ၏။

“ပြည်သူအပေါင်း၊ ခမောက်ဆောင်း၊ တခေတ်ပြောင်းရမည်”

(၁၁၅)
ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ အပြီးသတ် အစီရင်ခံစာအပေါ် အခြေခံ၍ မြန်မာ့အသံမှ သတင်းထုတ်လွှင့်၏။ သတင်းများအရ ….. ရွေးကောက်ပွဲ
အခြေအနေအား ဒေါ်အောင်ဆန်း စုကြည် သိရ၏။

မဲဆန္ဒနယ်ေ မြပေါင်း ၄၈၅ နေရာတွင် အဖွဲ့ချုပ်မှ ၄၄၇ နေရာ၌ ဝင်ရောက်၍ အရွေးချယ်ခံခဲ့၏။ မဲဆန္ဒနယ်မြေ ၄၄၇ နေရာတွင် အဖွဲ့ချုပ်အနေဖြင့် ၃၉၂ နေရာ၌ အနိုင်ရ ခဲ့၏။

မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့မှ ၁ နေရာနှင့် အမျိုး သား ဒီမိုကရေစီပါတီမှ ၃ နေရာနှင့်ေ ပါင်းလျှင် …. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ် အင်အားက ၃၉၆ နေရာရှိ၏။

လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၄၈၅ ဦး တွင် အဖွဲ့ချုပ်က …. ၃၉၆ ဦးရှိရာ …. လွှတ်တော်အတွင်း ၉ဝ ရာခိုင်နှုန်းအကျော်တွင် ရှိနေ၏။
၁၉၈၉ ခုနှစ် မေလ ၃၁ ရက်ေ န့က ထုတ်ပြန်ခဲ့သည့် (နဝတ) ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥ ပဒေ အခန်း ၂ ၊ ပုဒ်မ ၃ အရ ……

“လွှတ်ေ တ်ာကို မဲဆန္ဒန ယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ် စားလှယ်များနှင့် ဖွဲ့စည်းရမည်” ဟူ၍ ပါရှိရာ ….. ပြည်သူ့လွှတ်တော် ဖွဲ့စ ည်းရေးသည်
အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အရေးကြီးသော အဓိကလုပ်ငန်းစဉ် တရပ်ဟု ဒေါ်အောင်ဆန်း စုကြည်မှ သတ်မှတ်ထားလိုက်၏။

သို့သော် …. လွှတ်တော်ဖွဲ့စည်းရေးအဆင့်သို့ တက်လှမ်း ရမည့်အရေးက လွယ်ကူချောမွေ့မည့် အရေးဟူ၍မူ မထင်ထား ….။ အခက်အခဲပေါင်းစုံနှင့် အဖွဲ့ချုပ်သည် ရင်ဆိုင်ရ လိမ့်မ ည်သာ …..။ စိန်ခေါ်မှု၊
ပိတ်ဆို့မှုများစွာနှင့် ဆုံတွေ့ရမည့်လမ်း ဟု မျှော်လင့်ထားခဲ့၏။

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ကူးမျှော်မှန်း ချက်များက တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် - ၅၄ အတွင်းမှ မကျော်လွန်နိုင် ….။

အားလုံးဖြတ်စနစ်နှင့် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်နှင့် လူထု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် သတင်း မီဒီယာ ….
အရာရာအား ဖြတ်တောက်ထား၏။

သို့သော် …. ဒေါ်အောင်ဆန်းစြု ကည်၏ တွေးခေါ်မျှော်မြင်မှုများကိုမူ စစ်အုပ်စုသည် မည်သို့မျှ ချုပ်နှောင်၍မရ….။

၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက် …၊ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဦး ဆောင်သည့် ဖဆပလ အဖွဲ့ချုပ်ကြီးသည် မဲဆန္ဒနယ်ေ မြ ၂၅၅
နေရာတွင် ၂၄၈ နေရာ၌ အနိုင်ရရှိခဲ့၏။

၉၅.၃၂ ရာခိုင်နှုန်းနှင့် အနိုင်ရ ခဲ့ခြင်းဖြစ်၏။ ယခု သူမဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ခဲ့ခြင်းမျိုးပင် ….။

နိုင်ငံေ ရးအခြေအနေချင်းက အားလုံးတထပ်တည်း မဟုတ်သော်လည်း ….. အချို့သော အခြေခံ အကြောင်း အရာများ ကမူ တူညီမှုများ ရှိ၏။

- ပထမလွတ်လပ်ေ ရး တိုက်ပွဲခ ရီး …. ရွေးကောက်ပွဲနှင့် လုံးဝလွတ်လပ်ေ ရးသို့ ….။


- ဒုတိယလွတ်လပ်ေ ရး တိုက်ပွဲခ ရီး …. ရွေးကောက်ပွဲနှင့် လုံး ဝလွတ်လပ်ေ ရးသို့ ….။

ထိုစဉ်က …. ဖခင်ဗိုလ်ချုပ်အောင်ဆန်း သည် သူ၏ လွတ်လပ်ေ ရးတိုက်ပွဲ၊ သေနင်္ဂဗျူဟာနှင့် ပတ်သက်ပြီး ပွင့်ပွင့်ရှင်းရှင်းပင် ပြောဆိုခဲ့၏။

“အခုလွှတ်တော်က အရေးကြီးတယ်။ တကယ်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲပြီးလို့ လွတ်လပ်ရေး မပေးဘူးလို့ အင်္ဂလိပ်ကငြင်းရင် ဒီလွှတ်တော်ကနေပြီး လွတ်လပ်ရေး ကြေညာမယ်။ ဒီအခါမှာ လွှတ်တော်ဟာ
သူပုန်လွှတ်တော် ဖြစ်သွားမယ်။ လွှတ်တော်အမတ်တွေကလည်း သူပုန်အမတ်တွေ ဖြစ်လိမ့်မယ်။ အခြေအနေအရ အမတ်ေ တွဟာ အဲ့ဒီအခါမှာ စစ်ထွက်တိုက်ရမယ်။ အဲ့လိုအလုပ်မျိုးတွေ မင်းတို့လုပ်ရမယ်။
တောင်ရှည်ပုဆိုးဝတ်ပြီး ခေါင်းပေါင်းကြီးစွပ်လာတဲ့ လူကြီးတွေက အဲ့လိုမျိုးအလုပ်မျိုးတွေ ထလုပ်ချင်ဦး ။ လုပ်ချင်ဦးတော့လည်း သူတို့မလုပ်တတ်ဘူး။ မင်းတို့က စစ်တိုက်ဖို့ အရေးကြုံလာရင် စစ်တိုက်ဖို့ပဲ။
လွှတ်တော်မှာ ဥပဒေကျွမ်းကျင်သူ ၇ဝ-၈ဝ ပါရင် လုံလောက်တယ်။ ဥပဒေတွေ လွှတ်တော်ထဲဝင်လာတဲ့အခါမှာ သဘောတူသလားလို့ လွှတ်တော်ဥက္ကဋ္ဌက မေးရင် တူပါတယ်လို့ အော်ရုံပဲ။ တခါတရံမှာ
တူတဲ့လူ လက်ညှိုးထောင်ပါဆိုရင် လက်ညှိုးထောင်ရုံပဲ။ မင်းတို့လက်ညှိုးမှ မထောင်တတ်ဘူးလား …..”။

ကိုးကား ……
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ မှတ်တမ်း
- ပြည်ေ ထာင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ေ ပါင်းအစိုး ရ ဖွဲ့စည်းတည်ထောင်ခြင်း ၁ဝ နှစ်ေ မြာက် အထိမ်းအမှတ် စာစောင်
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်အမှတ် ၃၁
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကြေညာစာတမ်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၃

| သောကြာနေ့၊ အောက်တိုဘာလ ၁၆ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၃၀ မိန စ် ဆောင်းပါး

“နိုင်ငံတော် အာဏာနဲ့ပတ်သက်လို့လည်း တို့  အကြိမ်ကြိမ် ပြောပြီးပြီပဲဖြစ်တယ်။ ရွေးကောက်ပွဲပြီး တာနဲ့ ဥပဒေနဲ့အညီ အစိုး ရဖွဲ့ကြ၊ ယူကြပေါ့။ အဲ့ဒီအစိုး ရ ဖြစ်လာအောင် ရွေးကောက်ပွဲက
လုပ်ေ ပးရမှာပဲ။ ဒါက တို့တာဝန်ပဲ။ ရွေးကောက်ပွဲပြီး ရင် တရားဥပဒေအရ အစိုး ရတခု ဖြစ်လာဖို့ကတော့ တို့တပ်မ တော်တာဝန် မဟုတ်ဘူး။ ဒါ အတိအလင်း ပွင့်ပွင့်လင်းလင်း အခုကတည်းက
ပြောထားတာဖြစ်တယ် ”

“အခုတမျိုး၊ အခုတမျိုးဆိုရ င် ကတိမတည်၊ ကတိမတည်လို့ရှိရင်၊ သံသယစိတ်တွေဖြစ်တယ် ဆိုတာမျိုးတော့ တပ်မ တော်အနေနဲ့ အဖြစ်မခံနိုင်ဘူး”
ဗိုလ်ချုပ်ကြီးစောမောင်
(ဥက္ကဋ္ဌ)
နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့
၁၉၉ဝ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်။

(၁၁၆)
ရွေးကောက်ပွဲပြီးသည့်နောက် ….. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်း ပြည်သို့ ကြေညာချက်တစောင် ထုတ်ပြန်၏။

“….. အလုံးစုံေ သာ နိုင်ငံေ ရးလုပ်ပိုင်ခွင့်များကို ပြည်သူလူထုက ယုံကြည်စွာ အပ်နှံခြင်းကိုခံရသော အဖွဲ့ချုပ်က ပြည်သူလူထု၏ ဆန္ဒကို အစဉ်နာခံ၍ ပြည်သူပြည်သားတို့ ပေးအပ်သည့် တာဝန်ကို
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း…..” အဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထား၏။

ရွှေဂုံတိုင်လမ်း …. အဖွဲ့ချုပ်ရုံးက ….. သံတမန်များနှင့် စည်းကား၍နေသည်။ ရန်ကုန်မြို့ရှိ သံရုံးများက အဖွဲ့ချုပ်၏ အောင်မြင်မှုအပေါ် ဝမ်းသာဂုဏ်ပြုကြောင်း သဝဏ်လွှာများ ပေးပို့ကြ၏။
သံအမတ်ကြီးများက အဖွဲ့ချုပ်ရုံးသို့လာပြီး အဖွဲ့ချုပ်၏ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံကာ ဂုဏ်ပြုကြ၏။ ဝမ်းမြောက်ကြောင်း စကားဆိုကြ၏။ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးက အဖွဲ့ ချုပ်၏
ယာယီဥက္ကဋ္ဌ ဦးကြည်ေ မာင်၊ ဦးအောင်ရွှေတို့နှင့် တနာရီကျော်မျှ လာရောက်တွေ့ဆုံပြီး ဆွေးနွေး၏။

၁၉၉၀ ခုနှစ် ဇွန်လ ၂၁ ရက်ေ န့ ရက်စွဲနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော် ငြိမ်ဝ ပ်ပိပြားမှု တည်ဆောက်ေ ရးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်ထံသို့ အကြောင်းကြားစာတစောင်
ရေးသားပေးပို့ခဲ့၏။ စာတွင် ….. “အမျိုး သားအကျိုးစီးပွားအတွက် ရှေ့ဆက်လုပ်ေ ဆာင်ရမည့် နိုင်ငံရေးလုပ်င န်းများနှင့် သက်ဆိုင်ေ သာ ကိစ္စရ ပ်များအား ဆွေးနွေးရန်၊ တွေ့ဆုံကြဖို့” တောင်းဆိုထား၏။

အဖွဲ့ချုပ်မှ တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် ….. ဦးစွာကမ်းလှမ်းချက်ဟု ဆိုရ မည်။ နဝတ က မည်သို့မျှ မတုံ့ပြန် ….။ အဖွဲ့ချုပ်၏ တွေ့ဆုံဆွေးနွေးကြရန် အဆိုပြုချက်အား ဆိတ်ဆိတ်နေခြင်းနှင့်
ငြင်းပယ်နေ၏။

၁၉၉၀ ခုနှစ် ဇွန်လ ၂၈-၂၉ ရက်များ၌ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦး စီးအဖွဲ့  အစည်းအဝေး ကျင်း ပ၏။ အစည်းအဝေးအမှတ် ၂/၉၀ ဖြစ်၏။

၂/၉၀ မှ ဆုံးဖြတ်ချက် ၃ ရပ်အား အတည်ပြုချမှတ်ခဲ့ကြ၏။


(၁) ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး
(၂) ပြည်သူလူထုဆန္ဒနှင့်အညီ အေးချမ်းချောမွေ့စွာ အာဏာလွဲပြောင်းရေး
(၃) အဝေးရောက် ကျောင်းသားလူငယ်များ မိဘရင်ခွင် ပြန်လည်ေ ရာက်ရှိပြီး တက္ကသိုလ်ကောလိပ်များ ပြန်လည်ဖင
ွ့်လှစ်ရေး ဟူ၍ ဖြစ်၏။ ပြီးလျှင် …. လုပ်င န်းစဉ် ၃ ရပ်အား တပြိုင်တည်း၊
တပေါင်းတည်း ကြိုးပမ်းရန် လက်ငင်းအရေးအကြီးဆုံးသော တာဝန်တရပ်အဖြစ် ကြိုးပမ်းလုပ်ေ ဆာင်သွားရန် ဆုံးဖြတ်ကြ၏။

၁၉၉၀ ခုနှစ် ဇူလိုင်လ ၉ ရက်ေ န့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံတော် ငြိမ်ဝ ပ်ပိပြားမှု တည်ဆောက်ေ ရးအဖွဲ့ ဥက္ကဋ္ဌထံသို့ ထပ်မံ၍ တွေ့ဆုံေ ဆွးနွေးရေးအတွက် အကြံပြုချက်စာအား
ရေးသားပေးပို့ပြန်သည်။

“….. ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥ ပဒေပုဒ်မ ၃ နှင့်အညီ လွှတ်တော်ဖွဲ့စည်းမှုဆိုင်ရာ အစီအစဉ်နှင့် ပတ်သက်၍ ….. ဆွေးနွေး ညှိနှိုင်းရန်အတွက်” …. တွေ့ဆုံဆွေးနွေး ရန် တောင်းဆိုထား၏။

နဝတ က …. အဖွဲ့ချုပ်၏ တွေ့ဆုံဆွေးနွေးရန် ဒုတိယအကြိမ်ေ မြာက် ကမ်း လှမ်းချက်အား မသိကျိုးကျွံပြုနေပြန်သည်။ စစ်အုပ်စုက …. ကနဦးကတည်းကပင် …. ဆွေးနွေးညှိနှိုင်းရေးလမ်းစဉ်ဟူ၍
မရှိလေရော့သလား ….. မသိ။ မည်သို့မျှ မတုံ့ပြန် …..။

(၁၁၇)
၁၉၉၀ ခုနှစ် ဇူလိုင်လ ၂၈-၂၉ ရက်များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၊ အမျိုးသား ဒီမိုကရေစီပါတီတို့မှ ရွေးကောက်တင်ေ မြာက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များနှင့် အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့တို့ တွေ့ဆုံေ ဆွးနွေးကြရန် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့မှ ဆုံး ဖြတ်ထား၏။

၁၉၉၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ ရက်စွဲနှင့် ပြည်နယ်/တိုင်း အသီးသီးရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့မှ စည်းဝေးပွဲဖိတ်စာအား ပို့၏။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦး စီးအဖွဲ့ဝ င်များနှင့် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်များ (ပထစ) အကြိမ် ပဏာမညှိနှိုင်း အစည်းအဝေး” ဟူ၍ ခေါင်းစဉ်တပ်ပြီး
အစည်းအဝေး ဖိတ်စာအား ဖိတ်၏။

နေရာက …. ရန်ကုန်မြို့၊ ဗိုလ်ေ အာင်ကျော်လမ်း ၊ မဟတ္တမဂန္ဒီခန်းမ ….။


နေ့ရက်က …. ၁၉၉၀ ခုနှစ်၊ ဇူလိုင်လ ၂၈-၂၉ ရက် …..။

“အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ (ပထမ) အကြိမ် ပဏာမညှိနှိုင်း မှု အစည်းအဝေး” က ….. ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ဦး ဆောင်၍ ကျင်းပခဲ့သည့် “(ဖဆပလ) ပဏာမ
ပြင်ဆင်မှုညီလာခံ …..” ကဲ့သို့ …..။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၈ဝ ရာခိုင်နှုန်းကျော် တတ်ရောက်သည့်အတွက် ….. ပြည်သူ့လွှတ်တော် အစည်းအဝေးကြီး တရပ်ပမာအလား …..။

အစည်းအဝေး ကျင်း ပမည့်ရက်များက ….. ဇူလိုင်လ ၂၈-၂၉ ရက်များ ဖြစ်သော်လည်း ပြည်နယ်အလိုက်၊ တိုင်းများအလိုက် အကြိုညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ရ န်ရှိသည့်အတွက် …. ရန်ကုန်သို့
ဇူလိုင်လ ၂၇ ရက်နေ့တွင်၊ ရောက်ရှိနေရန်လည်း အစည်းအဝေးဖိတ်စာတွင် မှတ်ချက်အနေနှင့် ထည့်ထား၏။
ဇူလိုင်၏ မိုးရေစက်များနှင့်အတူ …. အနယ်န ယ် … အရပ်ရပ်မှ … လွှတ်တော်ကိုယ်စားလှယ်များ …. ဖွဲဖွဲသည်းသည်းနှင့် မြို့တော်၏ ရင်ခွင်သို့  တိုးဝင်လာခဲ့ကြ၏။

(၁၁၈)
မဟတ္တမ ဂန္ဒီခန်းမ၊ ဗိုလ်ေ အာင်ကျော်လမ်း ၊ ရန်ကုန်မြို့  ….။

ရန်ကုန်၏ ကောင်းကင်သည် ကြည်လင်ြ ပီး ဝင်းပ၍လည်းမနေ။ မိုးတိမ်စိုင်ခဲများနှင့် အုံ့မှိုင်းပြီး ဆိုင်းဆိုင်းညို၍မနေ ….။ ရန်ကုန်မြစ်ပြင်အား ဖြတ်သန်း တိုက်ခတ်လာသောလေတွင် ရေးခိုးရေငွေ့တို့၏
အငွေ့အသက်ကိုမရ …..။ မြစ်ပြင်မှ လေရည်ေ သွးက သော့၍၊ ရမ်း၍ ….. မြို့တော်၏ လမ်း များဆီသို့  တိုးဝင်၏။

ဗိုလ်ေ အာင်ကျော်လမ်း နှင့် ကုန်သည်လမ်း ဂန္ဒီခန်းမရှိရာဘက် …. ပလက်ေ ဖာင်းထက်တွင်က …… အဖွဲ့ချုပ် လူငယ်အဖွဲ့ဝ င်များက လူချင်းထပ် ….။ လက်ချင်းဆက်၍ လုံခြုံရေးတာဝန်အား
ထမ်း ဆောင်နေကြ၏။ လမ်း ၏ တဖက် …. ပလက်ဖောင်းထက်တွင်က ….. လူထု ….။ လမ်းမ၏ အလယ်စည်းပေါ်တွင်က ….. မောင်းပြန်ရိုင်ဖ ယ် သေနတ်များ၊ ဒိုင်း များ၊ ဒုတ်များနှင့်
သံဆူးကြိုးအကာအကွယ်များချရန် စောင့်နေကြသည့် နဝတ ၏ လုံခြုံရေးတပ်သားများ …..။

ဤလုံခြုံရေးတပ်သားများက မျက်ကွယ်မဲ့ …. ကျည်ကွယ်မဲ့တွင် ချထားသည့် ဟန်ပြလုံခြုံ ရေး စစ်သည်တို့ဖြစ်၏။ ကုန်သည်လမ်း ၏တဖက် ကမ်း နားလမ်းဘက်ခြမ်းရှိ အဆောက်အဦး တခု၏
အမိုးပေါ်တွင်က …. မောင်းပြန်ရိုင်ဖ ယ်များနှင့် လုံခြုံရေးစစ်သည်တို့အား လိုအပ်ပါက ချေမှုန်း ပစ်ရန် ချေမှုန်းရေးတပ်သားတို့အား ကင်း ပုန်း ဝပ်၍ ချထား၏။

လူထုက …. လမ်း၏တဖက် ပလက်ဖောင်းထက်မှ လမ်း မပေါ်သို့ပြို ၍ … ပြို၍ ဆင်း လာ၏။ လမ်းအလယ်စည်းရှိ လုံခြုံ ရေးတပ်သားတို့နှင့် လူထုသည် လက်တကမ်းပင် မကွာတော့ ….။ အားလုံးက
ငြိမ်း ငြိမ်းချမ်းချမ်း ….. ငြိမ်ငြိမ်သက်သက်ပင် ……။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တဦး ပြီးတစ်ဦး ရောက်လာကြ၏။ လူထုကြားမှ ဖြတ်ကာ …. ဂန္ဒီခန်းမဆီသို့ သွားကြ၏။

လူထုကြီးက …. ဖြစ်လျှောက်သွားနေကြသည့် လွှတ်တော်ကိုယ်စားလှယ်များအား …. နှုတ်ခွန်း ဆက်၏။ ကြိုဆို၏။ လူထုကြီးက …. အားမာန်အပြည့်နှင့် ထောက်ခံ၏။ ဇွဲသတ္တိအပြည့်နှင့် ဝန်းရံ၏။
စိတ်ဓာတ်ကြံ့ခိုင်စွာနှင့် ပံ့ပိုး၏။

ကောင်းကင်သည် …. ငွေအိုရောင်အဆင်းတလှည့် …. ကြည်ပြာရောင်အဆင်းတလှည့် ...၊ ပြောင်းနေ၏။

အိန္ဒိယအမျိုး သားခေါင်းဆောင်ကြီး။ အာရှ၏ သားကောင်းရတနာ …။ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ၏ ကြီးမားသော အဆင်းနှင့် သင်္ကေတ ….။ မဟတ္တဂ န္ဒီ ….။ ဤအမည်ကပင်
နိုင်ငံေ ရးအနှစ်သာရများ လွှမ်း ခြုံ၍ ထုံမွှန်း၍ နေပြီ။

မဟတ္တဂ န္ဒီခန်းမ ….။

စင်မြင့်၏ နောက်ခံအရောင်များ အားလုံးက အနီ ….။ ရဲ၍ …. ရဲလျက် ….။ အလယ်တွင် အဖွဲ့ချုပ်၏ အလံတော်အား ချိပ်ထား၏။ အနီရောင်အောက်ခံ၊ ကြယ်ဖြူကြီး နှင့် ရွှေဝါရောင်ခွပ်ေ ဒါင်း …..။
အလံတော်၏ အထက်တွင်မူ ….. ဖခင်ဗိုလ်ချုပ်၏ ဓာတ်ပုံ …..။ ဂျပန်ခေတ် စစ်အဝတ်အစားနှင့် ဗိုလ်ချုပ်သည် ခန်းမ၏ စင်မြင့်နံရံထက်မှ ခန်းမတခုလုံးအား ဆီး၍မိုးထား၏။

စင်မြင့်၏ ဘေး၊ ဝဲ၊ ယာတွင်မူ ပြည်ထောင်စုအလံနှင့် အဖွဲ့ချုပ်အလံတို့အား တိုင်ထူ၍ လွှင့်ထား၏။ အလံနှစ်ခု၏ တဖက်စီတွင်က …. ဥက္က ဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်း ရေးမှူး
ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ပန်းချီကားချပ်ကြီးများအား ချိပ်ထား၏။ စကားပြောစင်မြင့်၊ သဘာပတိ၏ နေရာ၊ အခမ်းအနားမှူးတို့၏ နေရာနှင့် ခန်းမ၏ စင်မြင့်သည် အနည်းငယ် ကျပ်သိပ်ေ နသည်ဟု
ထင်ရ ၏။ အသံချဲ့စက်ကြီးများက ပြူတင်းတံခါးမှတဆင့် လမ်းမထက်ပရိသတ်ဆီသို့  လှည့်ထားပေးရ၏။

၁၉၉၀ ခုနှစ် …. ဇူလိုင်လ ၂၈ ရက် ….။


ပထမနေ့ အစည်းဝေး၏ သဘာပတိက …. ဦးကြည်မောင် (ယခုကွယ်လွန်) ဖြစ်၏။ ဝ
အခမ်းအနားမှူးကမူ …. ဦးစိန်လှဦး (ယခု၊ အကျဉ်းထောင်အတွင်း ထိန်း သိမ်း ခံထားရဆဲ)
၀၉း၀၀ နာရီ ….။

ဦး စိန်လှဦး က …. “အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ဝင်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ (ပထမ) အကြိမ် ပဏာမညှိနှိုင်း အစည်းဝေး” ….
စတင်သည့်အကြောင်း ကြေညာ၏။

ဦး ကြည်မောင်က …. သဘာပတိမိန့်ခွန်းအား ချွေ၏။

“….. အော် … သူတို့ပါ၊ ဒီအစည်းဝေးကြီးမှာ ရှိနေရင်၊ ဘယ်လောက်ကောင်းလိုက်မလဲ …..”


သဘာပတိ၏ အသံသည် တိမ်၍ …. တိုးသွား၏။ အားလုံးက ငြိမ်သက်၍ နေသည်။ အပြင်တွင်မူ …. ကြည်ပြာရောင်အဆင်းနှင့် ကောင်းကင်သည် မှိုင်း ညို့၍ …..။ ငြိမ်သက်ေ နသော ပရိသတ်သည် …
ခဏငယ်မျှ ပင် …..။ ပြီးလျှင် …. ကျယ်ေ လာင်သော သြဘာသံတို့က မြည်ဟီး၍လာ၏ …။ လက်ခုပ်သံတို့က မစဲတော့ …..။

ဦး ကြည်မောင်က ပဘာပတိမိန့်ခွန်းအား ဆက်၍ပြော၏။ ကြည်၍ …. ရွှင်နူးသော ဦးကြည်ေ မာင်၏ အသံသည် ရွန်းရွန်းလက်လက် ….။

“ကျနော်တို့အားလုံး မြန်မာပြည်ရဲ့ နိုင်ငံေ ရးသမိုင်း မှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတခုကို စတင် ဆောင်ရွက်နေကြပါတယ်။ လွန်ခဲ့တဲ့လ ၂၀ လောက်က နဝတ အစိုးရက
တာဝန်ယူဆောင်ရွက်ခဲ့တဲ့ တာဝန်တရပ်ကို ဝိုင်းဝန်းကူညီပြီး အပြီးသတ်ေ နတာလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူး ကြီး စောမောင်ရဲ့ ကျနော် ရွေးကောက်ပွဲ ကျင်းပပေးပါမယ်၊ မယုံမရှိကြပါနဲ့။
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြို င်ကြပါ။ အင်အား အများစုအနိုင်ရ တဲ့ အဖွဲ့ကို အာဏာလွှဲေ ပးမှာပါ။ ပြီးရင် ကိုယ်တို့  တာဝန်ပြီးလို့ တပ်စခန်း ပြန်ရုံေ ပါ့ဆိုတဲ့ တာဝန်ကို ကျနော်တို့ ဝိုင်းဝန်းကူညီ
အပြီးသတ်ေ ပးတာပါ။ ဒါ အဓိက အနှစ်သာရပါ”

လက်ခုပ်သြဘာသံများကြောင့် သဘာပတိသည် စကားအားရပ်၍ သြဘာသံအစဲအား စောင့်၏။ သြဘာသံများက …. ပထမ …. ခန်းမအတွင်း မှ ဆူဆူညံညံ …. ပြီးလျှင် …. လမ်း မထက်လူထုကြီးထံမှ
သြဘာသံက မြည်မြည်ဟီးဟီး ….။ ခဏငယ်ပေါင်းများစွာကြာမှ …. သဘာပတိသည် သူ၏ မိန့်ခွန်း အား ဆက်ရပြန်သည်။

“ကျနော်တို့နဲ့ နဝတ အကြား ဘာပြသနာ ရှိသလဲ။ ကျနော် ရှာကြည့်တယ်။ ဘာ ပြဿနာမှ မရှိပါဘူး။ နဝတ က ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်း ပပေးတာဟာ ဒီမိုကရေစီ
တည်ဆောက်ချင်လို့ပါပဲ။ ကျနော်တို့ကလည်း ဒီမိုကရေစီ ပြည်ေ ထာင်စု တည်ေ ဆာက်မယ်လို့ မူဝါဒ ချထားတယ်။ အတူတူပါပဲ” နဝတ က တို့တာဝန် အရေးသုံးပါးလို့ ဆိုတယ်။

ကျနော်တို့လည်း" ပြည်ထောင်စြု ကီး မပြိုကွဲရေးပါပဲ။ တိုင်းရင်းသား အားလုံး သွေးစည်းညီညွတ်ေ ရးပါပဲ။ ပြည်သူ့ အချုပ်အခြာအာဏာ တည်မြဲရေးပါပဲ …..” သြဘာသံများ စဲသည်အထိ
စောင့်ရပြန်သည်။ ပြီးလျှင် …..

“ကျနော်တို့ က ဒီမိုကရေစီ ထူထောင်ရေးမှာ မပါမဖြစ်တဲ့ ပြည်သူတို့ရဲ့ လွတ်လပ်ခွင့်ကိုပါ ထည့်ထားပါသေးတယ် …။ ပြည်သူတွေရဲ့ အချုပ်အခြာအာဏာကို တည်မြဲအောင်က ပြည်သူတွေလက်ထဲကို
ဒီအာဏာ ပြန်ပေးပြီး၊ ပြည်သူက ရွေးချယ်တဲ့သူတွေကို အလှည့်ကျ အာဏာအပ်တဲ့နည်းပါ။ ဒါ ဒီမိုကရေစီ ရွေးကောက်ပွဲန ည်းပါ။ ဒီ ရွေးကောက်ပွဲမှာ ပြည်သူက အာဏာအပ်ချင်သူကို တခဲတနက်
ရွေးချယ်ခဲ့ပြီးပါပြီ။ ဒါ ဆက်လုပ်ဖို့မှာ ပြည်သူလူထုရဲ့ အထင်က တိုးတက်မှု နှေးကွေးနေတယ်။ အင်မ တန်မှ နှေးကွေးလွန်းတဲ့အပြင် ပြသနေတဲ့ အရိပ်အယောင်ေ တွကြောင့် ပြည်သူလူထုက အလွန်
စိတ်ပူလာပါတယ်။ ကျနော်တို့ကိုလည်း အားမလို အားမရ ဖြစ်နေကြပါတယ်” ။

ကိုးကား …..

- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- ၄၄ နှစ်ေ မြာက် ဖက်ဆစ်ေ တ်ာလှန်ေ ရးနေ့ (တပ်မတော်နေ့) အခမ်းအနားတွင် ပြောကြားသည့် ဗိုလ်ချုပ်ကြီးစောမောင်၏ မိန့်ခွန်း
- ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်ေ န့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်ကြီးစောမောင်၏ သတင်း စာရှင်း လင်းပွဲ
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ မှတ်တမ်း
- ပြည်ေ ထာင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ေ ပါင်းအစိုး ရ ဖွဲ့စည်းတည်ထောင်ခြင်း ၁ဝ နှစ်ေ မြာက် အထိမ်းအမှတ် စာစောင်
- နဝတ ၏ ကြေညာချက်အမှတ် ၁/၉ဝ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဂန္ဒီခမ်းမ ကြေညာစာတမ်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၄

| သောကြာနေ့၊ အောက်တိုဘာလ ၁၆ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၃၁ မိန စ် ဆောင်းပါး

(၁၁၉)
အဖွဲ့ချုပ်၏ ဂန္ဒီညီလာခံက နဝတ ၏ ၁/၉၀ ကြောင့် ကသိကအောက်တော့ ဖြစ်ရ၏။ နဝတ က အဖွဲ့ချုပ်၏ ဂန္ဒီညီလာခံမစမီ …. တရက်ကြို၍ ဇူလိုင်လ ၂၇ ရက်နေ့တွင် ကြေညာချက်အမှတ် ၁/၉၀ အား
ထုတ်ပြန်၏။

ဂန္ဒီညီလာခံအား ကြို၍ဟန့်တား၊ ခြိမ်းခြောက်လိုက်ခြင်းဖြစ်၏။ ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့ ရွေးကောက်ပွဲအပြီး ရက်ေ ပါင်း ၆၀ အတွင်း ပထမဦးစွာ စစ်အုပ်စုမှ ၎င်းတို့၏ သဘောထားအား တရားဝင်
ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။

နဝတ ၏ ကြေညာချက်အမှတ် ၁/၉၀ ၏ အနှစ်သာရက …..

“….. ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥ ပဒေ ပုဒ်မ ၃ တွင် …. လွှတ်ေ တ်ာကို မဲဆန္ဒန ယ်မှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်ေ မြှာက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ရမည်” ဟူ၍
ပြဋ္ဌာန်းပါရှိသည်။ ယင်း ပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ေ ခ်ါယူဖွဲ့စည်း ခြင်းကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဆောင်ရွက်ေ ပးမည်။”

“…. နိုင်ငံတော် ငြိမ်ဝ ပ်ပိပြားမှု တည်ေ ဆာက်ရေးအဖွဲ့သည် စစ်အစိုးရတရပ် ဖြစ်သည်နှင့်အညီ မာရှယ်လော (Martial Law) ဥပဒေကို ကိုင်စွဲကျင့်သုံးနေသည့် အစိုးရ ဖြစ်သည်။ ဥပဒေပြုမှု အာဏာ၊
စီမံခန့်ခွဲမှု အာဏာ နှင့် တရားစီရင်မှု အာဏာ…..။ အာဏာသုံးရပ်အား ကိုင်စွဲကျင့်သုံးသည့် အစိုးရဖြစ်သည်”

“ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက်တင်ေ မြှာက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် ဖွဲ့စ ည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များ
ဖြစ်သည်။
နိုင်ငံေ တာ် အာဏာရယူရေးအတွက် ယာယီဖွဲ့စ ည်းပုံ အခြေခံဥပဒေ ရေးဆွဲ၍ အစိုးရဖွဲ့စည်း ခြင်းကို မည်သည့် နည်းနှင့်အမျှ လက်ခံနိုင်မည် မဟုတ်သည့်အပြင် ထိုသို့ဆောင်ရွက်ပါက ဥပဒေနှင့်အညီ
ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်းနှင့် ပြည်သူ့ဆန္ဒနှင့်အညီ ခိုင်မာသော ဖွဲ့စည်း ပုံ အခြေခံ ဥပဒေသစ်အရ ပေါ်ပေါက်လာမည့် အစိုး ရတရပ် မဖွဲ့စည်းမီ ကြားကာလတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ေ ရး အဖွဲ့အနေဖြင့် …. နိုင်ငံတော်အာဏာအား ရယူထားမည်ဖြစ်သည်”… ဟူ၍ အဓိပ္ပာယ်ရ ၏။

၁/၉၀ ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း ကိုယ်စားလှယ်များက ဂန္ဒီတွင် ၎င်းတို့၏ အယူအဆ၊ အမြင်သဘောထားနှင့် လုပ်ေ ဆာင်ဖွယ်ရာ ရှေ့လုပ်င န်းစဉ်များအား ပွင့်ပွင့်လင်းလင်း ….။
ရဲရဲတင်းတင်း ….၊ ဖြောင့်ဖြောင့်မတ်မတ် …. နှင့်ပ င် ဆွေးနွေးကြ၏။ ၁/၉၀ အား စောင်းငဲ့၍မျှ မကြည့်ကြ။

၂ ရက်ကြာ ဆွေးနွေးခဲ့ပြပြီးသည့်ေ နာက် …. အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အမည်နှင့်ပင် “ဂန္ဒီခန်းမ ကြေညာစာတမ်း” အား ထုတ်ပြန်၏။ ဂန္ဒီခန်းမ
ကြေညာစာတမ်း၏ အရေးကြီးသည့် အချက်တို့အား ကောက်နုတ်ကြည့်ပါက ….

“ယနေ့ ပြည်သူတို့ ရင်ဆိုင်ေ နရသော နိုင်ငံေ ရး၊ စီးပွားရေး၊ လူမှုေ ရး စသော အကျပ်အတည်းများသည် ပြည်သူတို့ က ယုံကြည်ကိုးစားစွာ ရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော ပြည်သူ့လွှတ်တော်ကသာ ဦး ဆောင်၍ ပြည်သူ့ဆန္ဒနှင့်အညီ ဖြေရှင်းအပ်ေ ပသည်။

သို့ဖြစ်ရာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၂ ၊ ပုဒ်မ ၃ ၌ ပြဋ္ဌာန်းထားသော … လွှတ်တော်ကို မဲဆန္ဒန ယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်ေ မြှာက်လိုက်သော
လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ရမည် ….. ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူ့လွှတ်တော်ကို အမြန်ဆုံး ခေါ်ယူဖွဲ့စည်း ပေးရန် အရေးတကြီး လိုအပ်ေ နပေသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥ ပဒေ အခန်း ၁ ၊ ပုဒ်မ ၂ (က) တွင် …. လွှတ်ေ တ်ာဆိုသည်မှာ ပြည်သူ့လွှတ်တော်ကို ဆိုသည်ဟု ပြဋ္ဌာန်း ထားချက်အရ ယခုပေါ်ပေါက်လာမည့်
ပြည်သူ့လွှတ်တော်သည် တိုင်းပြုပြည်ပြု လွှတ်တော်မ ဟုတ်ကြောင်းကိုလည်း ကျွန်ုပ်တို့ အလေးအနက် ခံယူထားပေသည်။

ဥပဒေနှင့်အညီ ဖြစ်အပ်ေ သာ အာဏာ (သို့တည်းမဟုတ်) ဥပဒေနှင့်အညီ ဖြစ်အပ်ေ သာ အာဏာလွှဲပြောင်းရေး ကိစ္စတို့နှင့် ပတ်သက်၍ ဖွဲ့စ ည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ်ကို အမျိုး သား
ဒီမိုကရေစီအဖွဲ့ချုပ်မှ အသင့်ေ ရးဆွဲထားရှိပြီးဖြစ်ကြောင်း သိရှိရ၍ ကျွန်ုပ်တို့က ကြိုဆိုပေသည်။

အဆိုပါ ၁၉၉၀ ပြည့်နှစ်၊ ယာယီဖွဲ့စ ည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မြူ ကမ်း) ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အခြားအဖွဲ့အစည်း အသီးသီးနှင့် ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ်ကိုလည်း
ကျွန်ုပ်တို့က ထောက်ခံေ ပသည်။

ဤယာယီဖွဲ့စ ည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအားဖြင့် ဥပဒေနှင့်အညီ အာဏာလွှဲပြောင်းရေးကို ဖြစ်မြောက်အပ်သည်ဟု ကျွန်ုပ်တို့က တညီတညွှတ်တည်း ယူဆကြပေသည်”

“ပြည်သူ့ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်း သည့် ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စ ည်းပေးရန် တောင်းဆိုပိုင်ခွင့်မှာ ပြည်သူလူထု၏ အခြေခံမူအကျဆုံးသော တရားဝင် ပိုင်ခွင့်တရပ် ဖြစ်ပေသည်။

သို့ဖြစ်ရကား ပြည်သူလူထုကြီး၏ ဆန္ဒနှင့်အညီ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၂ ၊ ပုဒ်မ (၃) အရလည်းကောင်း၊ ဒီမိုကရေစီစနစ်၏ အနှစ်သာရများအရလည်းကောင်း၊ နိုင်ငံတကာ
ကျင့်ထုံးကျင့်နည်း များနှင့် လျော်ညီစွာလည်းကောင်း၊ ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စည်း ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များဖြစ်ကြကုန်သော ကျွန်ုပ်တို့ က နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အား ဤနေ့ဤရက်မှစ၍ တညီတညွှတ်တည်း တောင်းဆိုလိုက်ပြီဖြစ်ကြောင်း ကြေညာအပ်ပေသည်။”

ပြီးလျှင် …. ဂန္ဒီကြေညာစာတမ်းက …. တွေ့ဆုံေ ဆွးနွေး အဖြေရှာရေးကိုလည်း …. လမ်းဖွင့်၏။ အဖွဲ့ချုပ်က …. တွေ့ဆုံဆွေးနွေးရေး တံခါးအား ဖွင့်ကာ ကြိုဆို၏။

“လောလောဆယ်ဆယ် အခြေအနေအရ ကျွန်ုပ်တို့နိုင်ငံတွင် တပါတီစ နစ်မှ ပါတီစုံ ဒီိမိုကရေစီစနစ်သို့ ကူးပြောင်းရမည်ဖြစ်သဖြင့် ဖြေရှင်းဆောင်ရွက်ကြရမည့် အကျပ်အတည်း၊ အခက်အခဲ
ပြဿနာများရှိမည်ကို ကျွန်ုပ်တို့ ကောင်း စွာ သတိမူမိကြပေသည်။ ယင်းပြဿနာများ၊ အခက်အခဲ အကျပ်အတည်းများကိုလည်း ဒီမိုကရေစီ အခြေခံတရားများကို မထိပါးမပျက်ယွင်းစေဘဲ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ေ ဆာက်ရေးအဖွဲ့တို့သည် တမျိုး သားလုံး ပြန်လည်သင့်မြတ်ရေး ဦးတည်ချက်ဖြင့် တွေ့ဆုံဆွေးနွေးမှု အဖြေရှာခြင်းအားဖြင့် မုချဖြေရှင်းနိုင်ရမည်ဟု
ကျွန်ုပ်တို့ မျှော်လင့်ကြပေသည်။ ယင်းသို့ တွေ့ဆုံရာတွင် …..

၁။ ပွင့်လင်းရိုး သားမှုနှင့် အပြန်အလှန် လေးစားလိုက်နာရေးမူ


၂။ တမျိုးသားလုံး ပြန်လည်သင့်မြတ်ရေးမူ
၃။ ငြိမ်း ချမ်းချောမွေ့သော နည်းကို အသုံးချရေးမူ
၎။ အာဃာတကင်းစင်သော အထွေထွေသဟဇာတဖြစ်မှုကို ရှေးရှုရေးမူ စသည့်တို့ကို ကိုင်ဆွဲရမည်ဟုလည်း ကျွန်ုပ်တို့ ခံယူပေသည်။

(၁၂ဝ)
ရွေးကောက်ပွဲလွန် မြန်မာ့နိုင်ငံေ ရး အခြေအနေများအား ဒေါ်အောင်ဆန်း စုကြည်သည် လှိုင်း တိုလေဒီယိုမှ တဆင့်သာ သိရ …. ကြားရ၏။

အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဂန္ဒီခန်းမကြီးတွင် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့တို့ အစည်းဝေးကြီးတရပ် ပြုလုပ်မ ည်ကိုမူ ….. ဂန္ဒီညီလာခံကြီး မကျင်းပမီ
တပတ်ခ န့်ကတည်းက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်၏ သတင်းကြေညာချက်တပုဒ်အရ သိထားခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲ ပြီးစီးခဲ့သည်က …. ရက်ပေါင်း ၆၀ အတွင်းသို့ပ င် ဝင်ရောက်ခဲ့ပြီ။ နဝတ
စစ်အုပ်စုက ရွေးကောက်ပွဲ ပြီးသည့်ေ နာက်တွင် လုပ်ဆောင်မည့် လုပ်င န်းစဉ်နှင့် သဘောထားအား မည်သို့မျှ မဖော်ပြသေး….။ ရေငုံ၍နေ၏။ နှုတ်ပိတ်၍ထား၏။

လွှတ်တော်ေ ခ်ါယူရေး ….။


အာဏာလွှဲပြောင်းရေး ….။
အစီအမံတို့အား မည်သို့မျှ ထုတ်ဖော်မပြော။ ရွေးကောက်ပွဲမ တိုင်မီ ပြောခဲ့သည့် စစ်ခေါင်းဆောင်များ၏ ပြောကြားခဲ့သည့် မိန့်ခွန်း များမှ သဘောထားအတိုင်း ပင်လား ….။

သို့တည်းမဟုတ် …. အစီအစဉ်အသစ်အတွက် ရွှေဥာဏ်တော် ထုတ်နေကြဆဲဖြစ်၍ …. ဆိတ်ဆိတ်ငြိမ်နေခြင်းလား ….။

၄၄ ကြိမ်ေ မြာက် ဖက်ဆစ်ေ တ်ာလှန်ေ ရးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် အာဏာသိမ်းစစ်ခေါင်းဆောင်၊ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ဗိုလ်ချုပ်ကြီးစောမောင် ပြောကြားခဲ့သည့်
မိန့်ခွန်းထဲမှ ရွေးကောက်ပွဲအလွန် အခြေအနေအား ညွှန်းဆိုခဲ့သည့် စကားအချို့အား သတိရမိပြန်၏။

“ရွေးကောက်ပွဲေ တွပြီး ရင် လိုအပ်တာတွေ ဆောင်ရွက်ပြီး တဲ့နောက် ပြည်သူဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ရွေးချယ်တင်ေ မြှာက်တဲ့ အစိုး ရသစ်
ပေါ်ပေါက်လာမှာ ဖြစ်တယ်။ အဲဒီအစိုး ရအသစ်အနေနဲ့ နိုင်ငံတော်ကို ဆက်လက်ဦး ဆောင်သွားရမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အစွမ်းဆောင်နိုင်ဆုံး ဖော်ဆောင်သွား နိုင်လိမ့်မ ယ်လို့
မျှော်မှန်းထားတယ်။ တို့တပ်မတော်သားတွေ အဖို့ကတော့ စစ်တန်းလျားကို ပြန်သွားပြီး တို့ရဲ့ မူလတာဝန်ကြီးတွေကို ဦးလည်မ သုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်တယ်” ပြီးလျှင် …

သူမအား နေအိမ်အကျယ်ချုပ်နှင့် ယခုကဲ့သို့  ထိန်း သိမ်းလိုက်ခြင်းမပြုမီ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ….. နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ေ ရးအဖွဲ့ ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်
ပြောခဲ့သည့် မိန့်ခွန်း စကားအား ပြန်၍ ဒေါ်အောင်ဆန်း စုကြည် အမှတ်ရ၏။

“…… ရွေးကောက်ပွဲပြီးရင် …. ကျနော် လွှတ်တော်ကို တင်ပြမယ်။ ကျနော့်မှာ တာဝန်ရှိတယ်။ ကျနော် အာဏာကို ဥပဒေနဲ့အညီ လွှမ
ဲ ယ်။ (Majority Vote Government Form Up) လုပ်နိုင်ရင်
လွှဲပေါ့ဗျာ။ ကျနော် သဘောတူပါတယ်။ Constitution အသစ်ဆွဲချင်သလား၊ ဆွဲလို့လည်း ကျနော်တို့ ပြောတယ်။ ကျနော် ဘာငြင်းစရာ ရှိသလဲဗျာ။ ဘယ် Constitution ကို ယူမလဲ။ ဘယ်ဟာကို
Recognize လုပ်မ လဲ။ Amendment လုပ်မ လား။ ဒါတွေကတော့ ပါတီတွေ စဉ်းစားရမယ့် ကိစ္စဗျ ….။”

နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင် ယမန်နှစ်က ပြောခဲ့သည့် စကားနှင့် ယခု … ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ေ ရးအဖွဲ့၏ ကြေညာချက် ၁/၉၀ က …… တလမ်း စီ …. လမ်း လွဲ၍နေပြီဟု ဒေါ်အောင်ဆန်းစုကြည် ထင်မိ၏။ နဝတ က ရှေ့စကားနှင့် နောက်ကြေညာချက် … မညီ၊ ဖြစ်၍နေလေပြီ။

၁/၉၀ ၏ အပိုဒ် ၂၀ နှင့် ၂၁ တို့တွင်က …..


“ပြည်သူများက ရွေးကောက်တင်ေ မြှာက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်။နိုင်ငံတော်
အာဏာရယူရေးအတွက် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ၍ အစိုး ရဖွဲ့စည်းခြင်းကို မည်သည့်န ည်းနှင့်မျှ လက်ခံမ ည် မဟုတ်သည့်အပြင် ထိုသို့ဆောင်ရွက်ပါက ဥပဒေနှင့်အညီ ထိရောက်စွာ
အရေးယူမည်ဖြစ်ကြောင်း” ဟူ၍ ပါရှိပြီး ….

ဗိုလ်ချုပ်ကြီးစောမောင်ကမူ …

“ဘယ် Constitution ကို ယူမလဲ။ နိုင်ငံတခုရှိရင် အစိုး ရတခု ရှိရ မယ်။ သူ့မှာ အခြေခံ Constitution ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိရမယ်။ ဘယ်ဟာကို recognize လုပ်မ လဲ။ amendment လုပ်မလား။
ဘာညာ။ ဒါတွေကတော့ ပါတီတွေ စဉ်းစားရမယ့်ကိစ္စဗျ ……”

ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်မိ၏။ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်မြင်မှုက စစ်အုပ်စုအတွက် လုံးဝ မမျှော်လင့်ထားသည့် ရလဒ်ဖြစ်နေ၏။ ဤတွင် စစ်ခေါင်းဆောင်တို့ အရင်စကားကို
မေ့ပစ်ပြီး ….. ၁/၉၀ အား ထုတ်လိုက်ကြခြင်း ဖြစ်သည်။ ၁/၉၀က …. စစ်အုပ်စုအတွက် … နောက်ထပ်ေ သာ “ဂျော့ခ်ျအိုဝဲလ်” ၏ ခေါင်းစဉ်လှလှတခုပင် …..။

(၁၂၁)
ဂန္ဒီကြေညာစာတမ်းအား မြန်မာပိုင်း အသံလွှင့်ချက်များမှတဆင့် ဒေါ်အောင်ဆန်းစုကြည် ကြားသိရ၏။
ဂန္ဒီကြေညာချက်အရ …. အဖွဲ့ချုပ်၏ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များအား တွေ့ရ၏။

“ဥပဒေနှင့်အညီ ဖြစ်အပ်သော အာဏာလွှဲပြောင်းရေးကိစ္စတို့နှင့် ပတ်သက်ပြီး အဖွဲ့ချုပ်မှ ၁၉၉ဝ ခုနှစ် ယာယီဖွဲ့စ ည်းပုံအခြေခံဥပဒေ (မူကြမ်း) အား ရေးဆွဲထားပြီးဖြစ်၏။ ရေးဆွဲပြီး ဖွဲ့စည်း ပုံ
အခြေခံဥပဒေ ယာယီ (မူကြမ်း ) အား အခြား၊ အခြားသော တိုင်း ရင်းသား နိုင်ငံေ ရးအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ ပြင်ဆင်မှုများ ပြုလုပ်မ ည်။ ပြီး လျှင်မူ …. ဥပဒေကြောင်းအရ ….
ယာယီဖွဲ့စ ည်းပုံ အခြေခံဥပဒေနှင့် အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်အား တက်လှမ်းမည် …..”

“ဤအတွက် …. အာဏာသိမ်း စစ်အုပ်စုအား …. ၁၉၉၀ ခုနှစ် စက်တင်ဘာလအတွင်း နောက်ဆုံးထား၍ လွှတ်တော်အား ရွေးကောက်ပွဲဥ ပဒေ အခန်း ၂ ၊ ပုဒ်မ - ၃ နှင့်အညီ ခေါ်ပေးရန်
တောင်းဆိုထား၏”

ပြီးလျှင် …. စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရေး လမ်းကိုလည်း ဖွင့်ထား၏။ ကမ်းလှမ်းထား၏။ တွေ့ဆုံဆွေးနွေးရာတွင် ထားရှိအပ်ေ သာ အဖွဲ့ချုပ်၏ မူများကိုလည်း ဒေါ်အောင်ဆန်းစုကြည်
သဘောကျနှစ်သက်၏။

- ပွင့်လင်းရိုး သားမှုနှင့် အပြန်အလှန် လေးစားလိုက်နာရေးမူ


- တမျိုးသားလုံး ပြန်လည်သင့်မြတ်ရေးမူ
- ငြိမ်းချမ်းချောမွေ့သော နည်းကို အသုံးချရေးမူ
- အာဃာတကင်းစင်သော အထွေေ ထွ သဟဇာတဖြစ်မှုကို ရှေးရှုရေးမူ ….။

ကိုးကား …..
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခ မောက် ဂျာနယ်များ
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- ၄၄ နှစ်ေ မြာက် ဖက်ဆစ်ေ တ်ာလှန်ေ ရးနေ့ (တပ်မတော်နေ့) အခမ်းအနားတွင် ပြောကြားသည့် ဗိုလ်ချုပ်ကြီးစောမောင်၏ မိန့်ခွန်း
- ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်ေ န့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်ကြီးစောမောင်၏ သတင်း စာရှင်း လင်းပွဲ
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ မှတ်တမ်း
- ပြည်ေ ထာင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ေ ပါင်းအစိုး ရ ဖွဲ့စည်း တည်ထောင်ခြင်း ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- နဝတ၏ ကြေညာချက်အမှတ် ၁/၉ဝ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဂန္ဒီခမ်းမ ကြေညာစာတမ်း
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦး စီးအဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားသည့် ယာယီဥ က္ကဋ္ဌ
ဦး ကြည်မောင်၏ မိန့်ခွန်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၅

| သောကြာနေ့၊ အောက်တိုဘာလ ၃၀ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၂၇ မိန စ် ဆောင်းပါး

(၁၂၂)

ဂန္ဒီတောင်းဆိုချက်အတိုင်း စစ်အုပ်စုက စက်တင်ဘာလအတွင်း လွှတ်တော် မခေါ်ပေးခဲ့လျှင်….၊ မည်သို့ ဆက်လုပ်မည်နည်း….။

ဤမေးခွန်းက …. အဖွဲ့ချုပ်၏ ခေါင်းဆောင်များအတွင်း၊ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွင်း….၊ အဖွဲ့ချုပ်အဖွဲ့ဝ င်များအတွင်း ….၊ ညီနောင် ဒီမိုကရေစီလိုလားသည့် နိုင်ငံရေး
အင်အားစုများအတွင်း ….၊ ပြည်သူလူထုကြီးအတွင်း …၊ ဖြေရှင်းကြရမည့် ပုစ္ဆာတပုဒ်…..။

စစ်ခေါင်းဆောင်များက …. အာဃာတကင်းစင်သော အထွေေ ထွ သဟဇာတဖြစ်မှုဆီသို့  ရှေးရှုလိုဟန်မ ရှိ၊ တမျိုးသားလုံး ပြန်လည်သင့်မြတ် စေရေးအတွက် ငြိမ်းချမ်းချောမွေ့သော နည်းလမ်းကို
ရွေးလိုသည့် ဆန္ဒမ တွေ့ရ…..။ သူတို့၏ ကြေညာချက်အမှတ် ၁/၉ဝ ကိုသာ အသေဆုပ်ကိုင်ပြီး အရာရာကို အာဏာစက်နှင့် ရှင်း မည့်ဟန်….။
၁/၉ဝ တွင် …

“ ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်း ခြင်းအား လုပ်ေ ဆာင်ပေးမည်”။

ရက်ေ ပါင်း ၆ဝ အတွင်းတော့မဟုတ်….။ ဘယ်နေ့ဟူ၍လည်း အတိအကျမပြော….။ မဆလ ၏ နောက်ဆုံးမင်းဆက် ဒေါက်တာမောင်မောင် ပြောသကဲ့သို့ မိုးလေသာသည့် နေ့တနေ့….။

“ယာယီ ဖွဲ့စ ည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီး အစိုးရဖွဲ့စည်း ခြင်းကို မည်သည့်န ည်းနှင့်မျှ လက်ခံမ ည်မ ဟုတ် ….၊ ပြင်းပြင်းထန်ထန် အရေးယူမည်။ အာဏာစက်သုံး၍ အရေးယူမည်”။ ၁/၉ဝ ကို နိုင်ငံေ ရးပါတီ
အဖွဲ့အစည်း များကလည်း လိုက်နာကြရန် အမျိုး မျိုး ဖိအားပေး၏။ အဓမ္မ အကျပ်ကိုင်နေ၏။

ရက် ၆၀ က တရွေ့ရွေ့နှင့် နီးကပ်၍လာပြီ။

(၁၂၃)
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နှင့် ထိန်း သိမ်းခဲ့ပြီးသည့်ေ နာက်တွင် …. စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ လှုပ်ရှားမှုများက ရန်ကုန်တွင် အနည်းငယ်ငြိမ်၍သွား၏။
ရန်ကုန်လှုပ်ရှားမှု ဖော်ဆောင်ရာတွင် အနည်း ငယ် အေးနေခဲ့သော်လည်း အထက်ဗမာပြည်၊ မန္တလေးတွင်မူ …. ဆရာတော် ဦးရေဝတ ဦးဆောင်သည့် “သံဃာသမဂ္ဂီ” က NISC ကို လျှို့ဝှက်ဖွဲ့စည်းခဲ့၏။
NISC တွင် (ဗကသ) အထက်ဗမာပြည်၊ ဖျက်သိမ်းခြင်း ခံခဲ့ရသည့် အမျိုးသား နိုင်ငံေ ရးတပ်ပေါင်းစု (မနတ) ၊ ပြည်သူ့တိုးတက်ရေးပါတီ၊ အမြဲစိမ်းလူငယ်များအဖွဲ့၊ ကျောင်း ဆရာများသမဂ္ဂ၊
ရှေ့နေများသမဂ္ဂ၊ ဈေးချိုတော်သမဂ္ဂ၊ လယ်သမားသမဂ္ဂ တို့ပါဝင်ပြီး ၊ ရှစ်ေ လးလုံး ၂ နှစ်ပြည့် တိုက်ပွဲမှသည် …. ရက် ၆ဝ ပြည့် ပြည်သူ့လွှတ်တော် ဖွဲ့စ ည်းရေးတိုက်ပွဲဆီသို့ … လူထုလှုပ်ရှားမှု
ဖော်ဆောင်ရန် ကြိုးပမ်းလှုပ်ရှားလျက်ရှိ၏။

၁၉၉၀ ခုနှစ် သြဂုတ်လ ၅-၆-၇ ရက်များတွင် … မန္တလေးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်း ကျောင်း … အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၅)၊ အမှတ် (၉)၊ အမှတ် (၁၅)၊ အမှတ် (၁၆)
တို့တွင် ကျောင်းသားဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့၏။

၁၉၉၀ ခုနှစ် သြဂုတ်လ ၈ ရက်၊ ရှစ်ေ လးလုံး ၂ နှစ်မြောက် … နံန က်တွင် မန္တလေးမြို့ရှိ လေးပြင်လေးရပ်မှ သံဃာအပါး ၁ဝဝဝ ကျော်ခ န့်က မြို့ပြရှိ လမ်းများထက် စီးတန်း၍ “ရှစ်ေ လးလုံး ၂ နှစ်မြောက်”
အထိမ်းအမှတ် ဆွမ်း ခံထွက်ကြ၏။ လူထုကလည်း လမ်းလုံးပြည့် ဆွမ်း ထွက်လောင်းကြ၏။ လုံခြုံေ ရးတပ်သားတို့ကလည်း လမ်း များပေါ်တွင် ပစ်ခတ်ရန်အသင့်…။ အခြေအနေက တင်း တင်းမာမာ….။
အဆုံးတော့ သွေး စွန်း ခဲ့ရသည်။

(၁၂၄)
၁၉၉ဝ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်….။

အမှတ် (၃၉၃)၊ ဗိုလ်အောင်ကျော်လမ်း….။

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဌာနချုပ်ရုံး ခန်းတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့် ပြည်ေ ထာင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်
ကိုယ်စားလှယ်များ တွေ့ဆုံ၍ မျက်မှောက်ဖြစ်ရှိေ နသော နိုင်ငံေ ရးအခြေအနေများ ဆွေးနွေးကြ၏။

၁၉၉ဝ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၇ဝ ကို ကိုယ်စားပြုသည့် ဆွေးနွေးပွဲဟု ဆိုရမည်။ အဖွဲ့ချုပ်မှ
ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝ င်များအားလုံး တက်ရောက်ကြပြီး၊ ပြည်နယ် ၇ ပြည်န ယ်မှ ဗဟိုဦး စီးအဖွဲ့ဝ င် ၇ ဦးလည်း တက်ရောက်သည်။

အဖွဲ့ချုပ်နှင့် ပြည်ေ ထာင်စု တိုင်း ရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်တို့  ဗိုလ်အောင်ကျော်လမ်း တွေ့ဆုံမှုက …. ယခုအကြိမ်သည် ဒုတိယအကြိမ် တွေ့ဆုံခြင်းဟု ဆိုရ မည်။ ဒေါ်အောင်ဆန်းစုကြည်
ဖမ်းဆီးထိန်းသိမ်းခြင်း မခံရမီ ရက်ပိုင်းခန့်က ….. အမှတ် (၃၉၃) ၊ ဗိုလ်အောင်ကျော်လမ်း ရှိ ပြည်ေ ထာင်စု တိုင်း ရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံး ၌ ဦး တင်ဦး ၊ ဒေါ်အောင်ဆန်း စုကြည်တို့ 
ဦး ဆောင်သည့် အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် တိုင်း ရင်းသား ခေါင်းဆောင်များ တွေ့ဆုံေ ဆွးနွေးခဲ့ကြ၏။ ထိုစဉ်က ….. အဓိကဆွေးနွေးခဲ့ကြသည်က …. “ ပြည်ေ ထာင်စု တည်ဆောက်ရေး” …..။

အဖွဲ့ချုပ်က ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ေ ကြညာခဲ့သည့် အဖွဲ့ချုပ်၏ ကြေညာချက် အမှတ် ၉ ကို ရှင်းပြ၍ “ပြည်ထောင်စုသစ် တည်ဆောက်ေ ရး” လုပ်ငန်းစဉ်ကို ဆွေးနွေး၏။
ဖက်ဒရယ်နှင့် ပတ်သက်၍ မူ…. ထိုဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစြု ကည်က သူ၏ အမြင်ကို ရိုးရိုးရှင်းရှင်းပင် ဆွေးနွေးခဲ့၏။

“(Federal) ဆိုတာကလည်း စောစောက သဘာပတိကြီး ရှင်းပြသွားတဲ့အတိုင်း ပဲ (Federal) ဆိုတာကတော့ အင်္ဂလိပ်စကားလုံး တခုပဲဖြစ်ပါတယ်။ (Federal) ဆိုတာဟာ ခွဲထွက်ရေးမဟုတ်ပါဘူး။
ကျမတို့ အားလုံးသိပြီးသားပါ။ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာ ကျမတို့ လက်ခံပါတယ်။ ဒါပေမဲ့ (Federal) ဆိုတာ အမျိုးမျိုးရှိပါတယ်။ (Federal) ဆိုတော့ (Central Government) နဲ့ (Local
Government) တို့ကြားထဲမှာ ဘယ်လို အာဏာခွဲရလဲ။ ဒါဟာ (Federal) ရဲ့ အဓိကပြဿနာပဲ၊ ဒါကို ဆုံးဖြတ်ရမှာပဲ” ယခု ဒုတိယအကြိမ် တွေ့ဆုံေ ဆွးနွေးပွဲက ….. ပြည်ေ ထာင်စုသစ် တည်ဆောက်ရေး
မူပိုင်း ဆိုင်ရာ မျှော်မှန်းချက်များကို ဆွေးနွေးကြခြင်းမဟုတ်….။ လျှောက်လှမ်းမည့် လမ်းအတွက် လမ်း ညွှန်မြေပုံကို ဆွေးနွေးခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ ၉၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့်
ဆွေးနွေးပွဲ…။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအရ၊ ပြည်သူလူထု ၉၇ ရာခိုင်နှုန်း ကို ကိုယ်စားပြုသူတို့၏ ဆွေးနွေးပွဲ….။
ဆွေးနွေးပွဲပြီးသည်နှင့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်၏။

“ဗိုလ်အောင်ကျော်လမ်း ပူး တွဲကြေညာချက် …. အမှတ် (၁)” ဟူ၍ ဖြစ်သည်။ ကြေညာချက်၏ အဓိက အနှစ်သာရက ….

“ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအခန်း (၂)၊ ပုဒ်မ (၃) အရ ပြည်သူ့လွှတ်တော်ကို ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလအတွင်း ခေါ်ယူဖွဲ့စ ည်းရေးအတွက် နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ေ ရးအဖွဲ့သို့ တောင်း ဆိုကြောင်းနှင့် ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာပြီးလျှင် ပြည်သူ့လွှတ်တော်က တင်ေ မြှာက်သော အစိုးရဖွဲ့စည်း ပြီး အလျင်အမြန်ဆုံးသော ကာလအတွင်း
ပြည်သူ့လွှတ်တော်၏ ဦးဆောင်မှုဖြင့် တိုင်း ရင်းသား လူမျိုး များနှင့် ပါဝင်သင့်၊ ပါဝင်ထိုက်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂို လ်များပါဝင်သည့် အမျိုး သား ညှိနှိုင်းမှု ညီလာခံကြီးတရပ် ကျင်း ပ၍ ပြည်ထောင်စု
ထူထောင်ရေးအတွက် လမ်းညွှန်မှုများ ချမှတ်မည်။

ယင်း လမ်းညွှန်မှုများနှင့်အညီ ပြည်သူ့လွှတ်တော်က ရေရှည်တည်တံ့ခိုင်မြဲမ ည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲပြဋ္ဌာန်းအတည်ပြုရမည်ဟု ပြည်ေ ထာင်စု တိုင်း ရင်းသားလူမျိုးများ
ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ က တညီတညွှတ်တည်း သဘောတူကြသည် ” ဟူ၍ ဖြစ်သည်။ ပြီးလျှင် …..

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အာဏာပိုင် ကိုယ်စားလှယ်အဖွဲ့နှင့် (နဝတ) အာဏာပိုင် ကိုယ်စားလှယ်အဖွဲ့တို့  အမြန်ဆုံး တွေ့ဆုံညှိနှိုင်းရေးအတွက် တိုက်တန
ွ်း ၏”

စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စ ည်းရေး တောင်းဆိုမှုတိုက်ပွဲက ပိုမို၍ကျယ်ပြန့်ပြီး အင်နှင့်အားနှင့်…..။

(၁၂၅)
၁၉၉ဝ ခုနှစ် စက်တင်ဘာလအတွင်း စစ်အုပ်စုမှ လွှတ်တော် ခေါ်ယူဖွဲ့စ ည်းပေးခြင်း မရှိလျှင် …. အဖွဲ့ချုပ်အနေနှင့် မည်သို့ လုပ်ေ ဆာင်မည်နည်း….။ အဖွဲ့ချုပ်ခေါင်းဆောင်မှုအတွင်း အုပ်စု ၃ စုဖွဲ့၍
နည်းလမ်း ၃ သွယ်ကို စဉ်းစားကြ၏။ အပျော့… အမာ၊ အထူ ….အပါး၊ အရင့်….အဖျော့၊ အလိုက် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် နည်းလမ်း ၃ သွယ်….။

အဖွဲ့ချုပ် လျှောက်လှမ်းမည့် ရွေးလမ်း ၃ ခု…။ မည်သည့်ရွေးလမ်း ကို ရွေးချယ်၍ လျှောက်လှမ်းမည်ကိုမူ …. မသတ်မှတ်ကြရသေး….။ မဆုံး ဖြတ်ကြရသေး….။ စစ်ဗိုလ်ချုပ်ကြီးများကမူ …. အဖွဲ့ချုပ်ကို
၁/၉ဝ မှလွဲ၍ မည်သည့် ရွေးချယ်ခွင့်ကိုမျှ ခွင့်မပြု….။ အဖမ်းအဆီးများ စတော့၏။ ၁၉၉ဝ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အဖွဲ့ချုပ် ယာယီဥက္ကဋ္ဌ ဦးကြည်ေ မာင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင်
ဦး ချစ်ခိုင်တို့ကို ဖမ်း၏။ အဖွဲ့ချုပ်၏ အလံကိုင်သူများကို ပစ်ချခြင်း….။ ပြီးလျှင် …. အဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုဦး စီးအဖွဲ့ဝ င်များကို ဆက်၍ ဆက်၍ … ဖမ်းဆီး၏။

စက်တင်ဘာလ ဒုတိယပတ်အတွင်း ၌ အဖွဲ့ချုပ်မှတ်တမ်းလွှာ ၁၃/၉ဝ နှင့် ပတ်သက်၍ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေနှင့် ဗဟိုဦး စီးအဖွဲ့ဝ င် ဦးစိန်လှဦး တို့ကို အာဏာပိုင်တို့က
ထိန်း သိမ်းထားလိုက်၏။ ဗဟိုအလုပ်မှုဆောင်အဖွဲ့အတွင်း …. မျိုးချစ်ရဲဘော်ဟောင်းများမှ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးရွှေတို့ ၃ ဦး ကျန်ရှိပြီး၊ တတ်သိပညာရှင်များမှ …. ဒေါ်မြင့်မြင့်ခင်၊ ဦးကျော်မင်း
(ဗိသုကာ ကျော်မ င်း)၊ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးစိုးသိမ်း (မောင်ဝံသ) တို့ ၄ ဦး ရှိကြ၏။

၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦး စီးအဖွဲ့အစည်းအဝေး ကျင်းပ၏။ အစည်းဝေးအတွင်း အယူအဆရေးရာ ငြင်းခုန်မှုများက ပြင်းပြင်းထန်ထန်….။
ဗဟိုအလုပ်မှုဆောင် အဖွဲ့အတွင်း မှာ ပင်….. အယူအဆရေးရာက တသဘောတည်းမကျ….။ ဒေါ်မြင့်မြင့်ခင်၊ ဦးကျော်မ င်း (ဗိသုကာကျော်မင်း) တို့ က … ဂန္ဒီလမ်း ကြောင်းအတိုင်း ဆက်၍
ချီတက်ရန်ဖြစ်ပြီး၊ ဦး ချမ်းအေး (မောင်စူးစမ်း)၊ ဦးစိုးသိမ်း (မောင်ဝံသ) တို့က ဂန္ဒီလမ်း ကြောင်းကို သွေဖယ်၍ စဉ်းစားလာကြ၏။ စစ်အုပ်စု၏ ၁/၉ဝ စီးကြောင်းအတွင်းသို့ မျှော၍ ဝင်လိုနေကြသည်။
နိုင်ငံလုံးဆိုင်ရာ ဗဟိုဦး စီးအစည်း အဝေးက အများသဘောတူညီမှုဖြင့် ဆုံးဖြတ်ချက်များ ချ၏။ ကြေညာချက် ထုတ်ပြန်၏။ အဖွဲ့ချုပ်၏ ကြေညာချက် အမှတ် ၅/၉ဝ ….။

၅/၉ဝ တွင်က …. စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်း ပေးရေး မတောင်းဆို….။ ဂန္ဒီတွင် ချမှတ်ခဲ့သည့် …. အဖွဲ့ချုပ်မှ ရေးဆွဲထားပြီးဖြစ်သည့် ၁၉၉ဝ ခုနှစ် ယာယီဖွဲ့စည်း ပုံ
အခြေခံဥပဒေ (မြူ ကမ်း) ဖြင့် ဥပဒေနှင့်အညီ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်ကို ကြောခိုင်းလိုက်၏။ ပြီးလျှင် ….
“ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ကျနော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ရေးဆွဲရမည်ဖြစ်သည်” ဟူ၍ အနှစ်ချုပ်သည်။

ထိုအတွင်း …. ဦးချမ်းအေး (မောင်စူးစမ်း) ၏ “အားလုံးပြီးစီးနေသော အခြေအနေများမှ ရလဒ်ကောင်းများ ထွက်ပါစေ” စာတမ်းတစောင် ထွက်လာ၏။

ထိုနေ့က …. ဒေါ်အောင်ဆန်း စုကြည် နေအိမ်အတွင်း မတရား ထိန်း သိမ်း ခံနေခဲ့ရသည့် ရက်ေ ပါင်း ၄၂၄ ရက်ေ မြာက်သည့်နေ့ ……။

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ မှတ်တမ်း
- ပြည်ေ ထာင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ေ ပါင်းအစိုး ရ ဖွဲ့စည်း တည်ထောင်ခြင်း ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- နဝတ၏ ကြေညာချက်အမှတ် ၁/၉ဝ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဂန္ဒီခမ်းမ ကြေညာစာတမ်း
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသား လူမျိုးများအရေးနှင့် စပ်လျဉ်း ၍ ထားရှိသော သဘောထားများ
- ဗိုလ်အောင်ကျော်လမ်း ပူးတွဲေ ကြညာစာတမ်း အမှတ် ၁

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၆

| တနင်္လာနေ့၊ နိုဝင်ဘာလ ၀၉ ရက် ၂၀၀၉ ခုနှစ် ၁၂ နာရီ ၂၃ မိန စ် ဆောင်းပါး

(၁၂၆)

၁၉၉ဝ ခုနှစ် စက်တင်ဘာ ၂ဝ ရက်ေ န့ ….။

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နှင့် မတရား ထိန်း သိမ်း ခံနေရသည်မှာ ရက်ပေါင်း ၄၂၆ ရက်ရှိပြီ။ လွန်ခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်း စုကြည်ကို
နေအိမ်အကျယ်ချုပ် သက်တမ်း၊ ထပ်မံ၍ ၃ နှစ် တိုး မြှင့်လိုက်သည့်အကြောင်း ထောက်လှမ်း ရေး ဗိုလ်မှူး ကြီးမှတဆင့် အကြောင်းကြားလာ၏။ ၁၉၉၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ နေအိမ်အကျယ်ချုပ်
သက်တမ်း တိုးမြှင့်ကြောင်း၊ အကြောင်းကြားစာ လာပေးပြီးနောက် ….. ထူးခြားသည်က …. ဒေါ်အောင်ဆန်းစုကြည် မိသားစုထံမှ ပေးပို့နေကျဖြစ်သည့် စာ၊ အစားအစာနှင့် စာအုပ်စာတမ်းများကို
အာဏာပိုင်တို့ က ပိတ်ပ င်တားဆီးလိုက်ခြင်းဖြစ်သည်။ ယခင်ကမူ မိသားစုနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် မပြုသော်လည်း မိသားစုထံမှ ပေးပို့သည့် ပစ္စည်းများကို အာဏာပိုင်တို့က
ကြည့်ရှုေ မွှနှောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံ ထပ်ဆင့်၍ ပေးပို့ခဲ့သည်။

ထိန်း သိမ်းထားသည့် နေအိမ်အကျယ်ချုပ် ဥပဒေအရတွင် …… ဒေါ်အောင်ဆန်း စုကြည်အနေနှင့် သူမ၏ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ကို ခွင့်ပြုထား၏။ ဥပဒေအရ… တားမြစ်မှုတွင် နိုင်ငံေ ရးပါတီ
အဖွဲ့အစည်း များနှင့် သံတမန်များသာ ဖြစ်သည်။ ယခုမူ…. မိသားစုထံမှ ပေးပို့နေကျ ပစ္စည်းများကိုပင် ပိတ်ဆို့တားမြစ်လိုက်သဖြင့် အခြေအနေသည် တင်း မာမှုဆီသို့  ရွေ့လျားနေလေပြီ။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံလိုက်ရသည့်ေ န့မှစ ၍ ဒေါ်အောင်ဆန်း စုကြည်သည် သူမကိုယ်သူမ တင်း ကျပ်သော စည်းကမ်းအတွင်း အသားကျစွာ နေထိုင်နိုင်ရန် လုံ့လထုတ်ခဲ့၏။ နံန က် ၎
နာရီခွဲလျှင် အိပ်ယာမှထ၏။ တရားထိုင်၏။ တရားထိုင်ရသည်မှာ အစပထမတွင်မူ အခက်အခဲအနှောင့်အယှက်များစွာနှင့် ကြုံရသည်။

ပြီးလျှင် …. ခင်ပွန်းသည် မိုက်ကယ် ပေးပို့လိုက်သည့် Gsatadaw Y Oabdata Teachings of the Buddha စာအုပ်ကို အကြိမ်ကြိမ်ဖတ်၏။ “ဘဝသံသရာမှ လွတ်မြောက်၍ ဗုဒ္ဓ၏
ဟောကြားဆုံးမချက်များ” ကို သေချာစွာ လေ့လာပြီး တရားထိုင်သည့် အချိန်တွင် တွေ့ကြုံရမည့် အခက်အခဲများကို မည်သို့ကျော်လွှားရမည်။ အကျိုးကျေးဇူးများက မည်သို့ ….. စသဖြင့်၊ စသဖြင့်
သိလာခဲ့၏။

(၁၂၇)
နံန က်စောစော တရားထိုင်ြ ပီးသည်နှင့် BBC ၊ VOA အသံလွှင့်ဌာနများ၏ နံနက်ပိုင်း အစီအစဉ်များကို နားထောင်သည်။ ရေဒီယိုနားထောင်သည်ကပင် တနာရီမျှ ကြာ၏။ ပြီးလျှင် ….
ကိုယ်လက်ကျန်း မာရေးအတွက် လေ့ကျင့်ခန်းလုပ်၏။ ပြီးလျှင်မူ …. ဗုဒ္ဓစာပေများ ဖတ်သည်။ နံနက် ၁ဝ နာရီခန့်တွင်မူ ရေချိုး၏။ ကိုယ်လက်သန့်စင် ရေမိုးချိုးပြီးသည်နှင့် စာပြန်ဖတ်သည်။ ဂန္ဒီကြီး၏
စာများကို ပြန်ဖတ်ဖြစ်၏။ ပြီးလျှင် ….. ဒဿနိက၊ နိုင်ငံရေးနှင့် အတ္ထုပတ္တိစာပေများ ဖတ်ဖြစ်သည်။ တခါတရံတင
ွ်လည်း အိမ်မှုကိစ္စေ လးများကို အညောင်းပြေလုပ်၏။ နေ့စဉ် နံန က် ၁၁ နာရီနှင့် ၁၂
နာရီကြားတွင်မူ … နေ့လယ်စာ ပုံမှန်စား၏။ ပြီးလျှင် ….. ဒုတိယအကြိမ် တရားပြန်ထိုင် …. စာဖတ်၊ တေးဂီတ နားထောင်နှင့် အချိန်ဇယားအတိုင်း ပုံမှန်လှုပ်ရှား၏။ BBC အသံလွှင့်ဌာန၏ အင်္ဂလိပ်ပိုင်း
အစီအစဉ်များကိုမူ၊ ထုတ်လွှင့်သည့် အချိန်တိုင်းတွင် ရေဒီယိုကို ဖွင့်၍ ဒေါ်အောင်ဆန်းစုကြည် နားထောင်၏။ ညပိုင်း ….. BBC မြန်မာပိုင်းအစီအစဉ် ပြီးဆုံးသည်အထိ ရေဒီယိုကို နားထောင်ပြီးမှ
အိပ်ယာသို့ ဝင်၏။

အထိန်းသိမ်းခံေ နခဲ့ရသည့် တနှစ်ကျော်ကျော်အတွင်း ဒေါ်အောင်ဆန်း စုကြည်သည် သူမကိုယ်သူမ စည်း ကမ်းကန့်သတ်မှုအတွင်း၌ အသားကျစွာ လှုပ်ရှားရင်းနှင့် နေ့စဉ်ဘဝကို ဖြတ်သန်း၍ နေခဲ့၏။

(၁၂၈)
ရွေးကောက်ပွဲပြီးသည့်နောက်ပိုင်း …. နိုင်ငံရေးဖြစ်ထွန်းမှုများက မှန်မှန်ကန်ကန်နှင့် သဘာဝကျစွာ ဖြစ်ထွန်းတိုးတက်မှုဆီသို့ မရွေ့လျား….။

ရွေးကောက်ပွဲအပြီး ….. လွှတ်တော်ဖွဲ့စည်း ရေး၊ အာဏာလွှဲပြောင်းရေး အစီအစဉ်များနှင့်ပ တ်သက်၍ စစ်ဗိုလ်ချုပ်များသည် လုံးဝလျစ်လျူရှု….၊ ထိုးသိပ်ထားလိုဟန် ရှိသည်။ ရွေးကောက်ပွဲရလဒ်နှင့်
ပြည်သူလူထုကြီး၏ ဆန္ဒကို အသိအမှတ်ပြု၍ လေးစားလိုက်နာလိုသည့်ဟန်က အလျဉ်းမရှိ….။ ၎င်းတို့သည်သာ အာဏာကို ဆက်၍ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်သွားမည့်ဟန်သာ ပေါ်နေ၏။
သဘောထားက တင်းတင်းမာမာ…..။

ပထမသတိထားမိသည်က …. သူမ နှင့် တိုက်ရိုက်သက်ဆိုင်သည့်အပိုင်း….။ ၁၉၉ဝ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့တွင် နေအိမ်အကျယ်ချုပ် ထိန်း သိမ်း ထားသည့် သက်တမ်းပြည့်၏။ ဆက်၍
ထိန်း သိမ်းထားမည်လား….။ လွှတ်ပေးမည်လား….။

ဤနေရာတွင် စစ်အုပ်စုအနေဖြင့် စဉ်းစားရမည်က …. ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲပြီးပြီ၊ ရွေးကောက်ပွဲရလဒ်များအရ …. ဒေါ်အောင်ဆန်း စုကြည်သည် ပြည်သူလူထု ထောက်ခံမှု ၈၂ ရာခိုင်နှုန်း ကျော်
အနိုင်ရထားသည့် နိုင်ငံရေးအဖွဲ့အစည်း၏ ခေါင်းဆောင်….။ ရွေးကောက်ပွဲအပြီး “အာဏာလွှဲပြောင်းရေး” ကိစ္စရ ပ်ကို ငြိမ်း ချမ်းချောမွေ့စွာ နှင့် အသွင်ကူးပြောင်းမည်ဟု သဘောထားရှိလျှင် …..
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်သည့်နေ့တွင် လွှတ်ပေးရမည်….။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းထပ်မံ၍ တိုး လိုက်၏။ ၃ နှစ်….။
ပြီးလျှင် …. ရွေးကောက်ပွဲမတိုင်မီက မိသားစုနှင့် ဆက်သွယ်ခွင့် ရရှိမှုများကိုလည်း ပိတ်ပစ်လိုက်၏။

ဒုတိယတွေ့ရ သည်က …. ၁၉၉ဝ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် နဝတ၏ ကြေညာချက်အမှတ် ၁/၉ဝ ….။ ပြီးလျှင် …. ၁/၉ဝ အတိုင်း လိုက်နာကြရန်လည်း စစ်အုပ်စုက
နိုင်ငံေ ရးအဖွဲ့အစည်းများကို အတင်း အကျပ် ဖိအားပေးနေ၏။

တတိယအချက်က …. လွန်ခဲ့သည့် စက်တင်ဘာလ ပထမအပတ်အတွင်း၌ အဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌ ဦးကြည်မောင်နှင့် အတွင်းရေးမှူး ဦး ချစ်ခိုင်တို့ကို ဖမ်းဆီးထိန်း သိမ်းလိုက်ခြင်း ဖြစ်၏။

ဤ ၃ ချက်အရ …. စစ်အုပ်စုသည် ရွေးကောက်ပွဲရ လဒ်ကို လွယ်လွယ်ကူကူနှင့် အသိအမှတ်ပြုပြီး အကောင်အထည် ဖော်ပေးလိမ့်မ ည် မဟုတ်ဟု ဒေါ်အောင်ဆန်း စုကြည် နားလည်လိုက်၏။

ရွေးကောက်ပွဲ ပြီးမြောက်ခဲ့သည်မှာ …. ၄ လရှိခဲ့ပြီ …။ ထိုကာလအတွင်း အဖွဲ့ချုပ်၏ လုပ်ေ ဆာင်ခဲ့သည်တို့ကို ဒေါ်အောင်ဆန်းစုကြည် ပြန်၍သုံးသပ်ကြည့်မိ၏။

ရွေးကောက်ပွဲရ လဒ်က အဖွဲ့ချုပ်အတွင်း ညီညွှတ်မှုကို တည်ဆောက်ေ ပးနိုင်ခဲ့သည်။ ပြီးလျှင် …. လူထုေ ထာက်ခံမှုက အဖွဲ့ချုပ်ကို ရှေ့သို့တိုး၍ ချီတက်ရန် တွန်း အားတရပ် ဖြစ်စေခဲ့သည်ဟု
ဒေါ်အောင်ဆန်းစုကြည် ယူဆမိ၏။

ဤအတွက်ပင် … အဖွဲ့ချုပ်သည် … ဂန္ဒီကြေညာစာတမ်းကို ထုတ်ပြန်၍ … စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်း ပေးရေး တောင်းဆို၏။ ပြီးလျှင် …. သြဂုတ်လ ၂၉ ရက်နေ့၌
အဖွဲ့ချုပ်၏ ဗဟိုကိုယ်စားလှယ်အဖွဲ့သည် ပြည်ေ ထာင်စု တိုင်း ရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွေ့ဆုံေ ဆွးနွေးပြီး ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက် အမှတ် ၁ ကို ထုတ်ပြန်ပြီး ….
စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စ ည်းပေးရေး ထပ်မံ၍ တောင်း ဆိုသည်။

ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ….. တဆင့်ပြီးတဆင့် ….။ တလှမ်းပြီး တလှမ်း ငြိမ်းအေးချမ်းမြေ့စွာ အာဏာလွှဲေ ပြာင်းရေးအတွက် အသွင်ကူးပြောင်းနိုင်ရန်
ပြည်သူ့လွှတ်တော် ဖွဲ့စည်း ရေးကို ခြေလှမ်း မှန်မှန် လျှောက်လှမ်း ရင်း တောင်းဆို၍နေခဲ့၏။ အဖွဲ့ချုပ်က …. ခြေလှမ်း လည်း မှန်၍၊ လျှောက်ေ သာ လမ်းလည်း မှန်၏။ ဤသို့ပင် …. ဒေါ်အောင်ဆန်း စုကြည်
နားလည်ခံယူမိသည်။

(၁၂၉)
၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၊ ရက်စွဲနှင့် အဖွဲ့ချုပ်မှ ကြေညာချက်အမှတ် ၅/၉ဝ ထုတ်ပြန်သည့် သတင်းကို BBC မြန်မာပိုင်း အစီအစဉ်မှတဆင့် ဒေါ်အောင်ဆန်းစုကြည် သိရသည်။
သတင်းအရမူ …. ၅/၉ဝ က ….. ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်းခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရန် တာဝန်ရှိသည် … ဟူ၍ ဖြစ်သည်။ ဤသို့ပင်
သတင်းများအရ ဒေါ်အောင်ဆန်း စုကြည် နားလည်မိ၏။ ဤတွင် မေးခွန်း ထုတ်ရန် ရှိလာ၏။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရ လဒ်အရ ပေါ်ပေါက်လာမည့် “လွှတ်တော်” သည် မည်သို့ေ သာ လွှတ်တော်န ည်း
….။ ဥပဒေပြုရေးအာဏာသာ ရှိသည့် တိုင်း ပြုပြည်ပြု လွှတ်တော်လား ….။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာ ၃ ရပ်ကို ပိုင်စိုး သည့် “ပြည်သူ့လွှတ်တော်” လား …. ဟူ၍
မေးစရာများနှင့်။

မေးခွန်း ၂ ရပ်၊ အဖြေ ၂ ရပ်၊ အယူအဆ ၂ ရပ် ပြဿနာများက … အဖွဲ့ချုပ်အတွင်း ကြီးမားလာနိုင်သည်ဟု ဒေါ်အောင်ဆန်း စုကြည် တွေးပူမိ၏။ သတင်းများအရလည်း ပြဿနာသည် အဖွဲ့ချုပ်အတွင်း
ဗဟိုမှသည် အောက်ခြေအထိ ပေါ်ပေါက်၍နေပြီဟု သိရသည်။ ဒေါ်အောင်ဆန်း စုကြည်အနေနှင့် ရှင်း လင်းပြတ်သားစွာ ခံယူထားသည်က …. ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၂၊ ပုဒ်မ ခွဲ
(က) တွင်က ….“ လွှတ်တော်ဆိုသည်မှာ ပြည်သူ့လွှတ်တော်ကို ဆိုလိုသည်” ဟူ၍ ရေးသားပြဋ္ဌာန်းထား၏။ ဤအချက်ေ ကြာင့်ပင် ….. ၁၉၉ဝ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စ ည်းရမည့် လွှတ်တော်သည်
“တိုင်းပြုပြည်ပြုလွှတ်တော် မဟုတ်…။ ပြည်သူ့လွှတ်တော်” သာ ဖြစ်ရမည်။ ပြီး လျှင် ….. ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်း နိုင်ေ ရးကို လက်လွှတ်၍ မဖြစ်…..။
စစ်မှန်သော ဒီမိုကရေစီနိုင်ငံများ၏ ကျောရိုးသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှတဆင့် တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော် ဖြစ်ပါသည်။ ထိုကြောင့် ပြည်သူ့လွှတ်တော်
ပေါ်ပေါက်ရေးနှင့် ဒီမိုကရေစီအရေးကို မည်ကဲ့သို့ခွဲခြား၍မရ….။
ဤသို့ ဒေါ်အောင်ဆန်း စုကြည် မြင်၏။ ဤအတွက်ပင် ….. လက်ငင်း နိုင်ငံေ ရးတောင်းဆိုမှုသည် …. ပြည်သူ့လွှတ်တော် အမြန်ဖွဲ့စ ည်းရေးပင် ဖြစ်၏။

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ မှတ်တမ်း
- ပြည်ေ ထာင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ေ ပါင်းအစိုး ရ ဖွဲ့စည်း တည်ထောင်ခြင်း ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- နဝတ၏ ကြေညာချက်အမှတ် ၁/၉ဝ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဂန္ဒီခမ်းမ ကြေညာစာတမ်း
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသား လူမျိုးများအရေးနှင့် စပ်လျဉ်း ၍ ထားရှိသော သဘောထားများ
- ဗိုလ်အောင်ကျော်လမ်း ပူးတွဲေ ကြညာစာတမ်း အမှတ် ၁
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်က လာတဲ့စာအတွဲ ၂
- Nation News Talk, Channel 9 တွင် ထုတ်လွှင့်ခဲ့သည့် နေရှင်းသတင်း စာအယ်ဒီတာချုပ် ဆူသီချိုင်း ယွန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံေ မးမြန်းခန်း
- အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချဒ်ဆန်၊ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ ဂျေဟန်ရာဟင်မ်နှင့် New York Times (NYT) သတင်းထောက် ဖီးလစ်ပ်ရှယ်နွန်တို့ ၃ ဦးနှင့်
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၇

| အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၀၉ ခုနှစ် ၁၃ နာရီ ၃၈ မိနစ် ဆောင်းပါး

(၁၃ဝ)
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ၅/၉ဝ နှင့် ပတ်သက်၍ ရှင်းလင်း ပွဲများကို ဗဟိုနှင့် ပြည်န ယ်၊ တိုင်း များသို့ ဆင်း၍ ပြုလုပ်၏။ ပဲခူးတိုင်း သို့ ဦး စိုးသိမ်း (စာရေးဆရာ မောင်ဝံသ၊
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝ င်) နှင့် ဦးမြလေး (ဗဟိုဦး စီးအဖွဲ့ဝ င်) တို့ သွားရောက်ရှင်း လင်း၏။ ဦးချမ်းအေး (စာရေးဆရာ မောင်စူးစမ်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝ င်) က မန္တလေးတိုင်းသို့
သွားရောက်ရှင်းလင်းသည်။ ရှင်းလင်းပွဲများက အဖွဲ့ဝ င်ထု၏ ၅/၉ဝ ကန့်ကွက်သည့် အသံများနှင့်ပင် ပြီးဆုံးခဲ့၏။

သိသာစွာ ပင် အဖွဲ့ချုပ်အတွင်း၌ လိုင်း ၂ လိုင်းကွဲ၍ သွား၏။ ၅/၉ဝ ထောက်ခံသူနှင့် ကန့်ကွက်သူ…..။ ကန့်ကွက်သူများက ၅/၉ဝ ကို အဖွဲ့ချုပ်၏ လမ်း စဉ်အဖြစ်နှင့် ကျမလာစေရေးနှင့် ဂန္ဒီခန်းမ
လမ်း ကြောင်းအတိုင်း ချီတက်နိုင်ရေးအတွက် ကြိုးစားကြ၏။

၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘဘွား၏ ဗီဒီယိုရုံအတွင်း၌ အစည်းဝေးတရပ် ပြုလုပ်၏။ အစည်းအဝေး
တက်ရောက်သူ ၁ဝဝ ခန့် ရှိမ ည်။ ရန်ကုန်တိုင်း ၊ ပဲခူး တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ…။ ပြည်နယ်၊ တိုင်း ၊
မြို့နယ်အဆင့် အဖွဲ့ချုပ် ခေါင်းဆောင်များ ဖြစ်၏။ အစည်းအဝေးက …. အဖွဲ့ချုပ်၏ ၅/၉ဝ နှင့် နဝတ ၏ ၁/၉ဝ ကို လုံးဝ လက်မခံကြောင်း ဆုံးဖြတ်ကြ၏။ ပြီးလျှင် …. ပြည်န ယ်၊ တိုင်း အလိုက်
ကန့်ကွက်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ လက်မှတ်ရေးထိုး၍ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့သို့ ပေးပို့သွားရန်…..။

(၁၃၁)
၁၉၉၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ဂန္ဒီကြေညာချက်အရ …. ပြည်သူ့လွှတ်တော် ဖွဲ့စည်း ပေးရေး တောင်းဆိုထားသည့် ရက်အကန့်အသတ်က ကုန်လွန်ခဲ့လေပြီ။ စစ်အုပ်စုက မည်သို့မျှ မလိုက်လျော….။ သူ၏ ရွေးလမ်းအတိုင်းသာ
လျှောက်၍နေ၏။

ကချင်ပြည်န ယ်နှင့် တိုင်း ၆ တိုင်း (တနင်္သာရီတိုင်းမှ တက်ရောက်နိုင်ခြင်းမရှိ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၉ ဦးတို့ မန္တလေးတွင်ပ င် ထပ်မံတွေ့ဆုံပြီး “နိုင်ငံလုံးဆိုင်ရာ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လှုပ်ရှားမှု ကော်မ တီ” ဖွဲ့စည်း ရေး လျှို့ဝှက်စ ည်းဝေးကြ၏။ ဖွဲ့စည်းပုံ သဏ္ဍာန်ကို ပြည်န ယ်၊ တိုင်း တခုစီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃
ဦး နှင့် ၄၂ ဦး ပါဝင်သည့် နိုင်ငံလုံးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ကော်မတီကို ဖွဲ့စည်း ရန်။ ပြီးလျှင် …. တိုင်း၊ ပြည်နယ်တခုစီမှ ၁ ဦးစီ ပါဝင်သည့် အထူးဦးဆောင်ကော်မတီ ဖွဲ့စ ည်းရန်ဟူ၍
သဘောတူညီခဲ့ကြ၏။

သို့သော် …. လက်ရှိ အခြေအနေတွင်မူ ပြည်န ယ်နှင့် တိုင်း အားလုံး မှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ခြင်း မရှိ၍ …. တက်ရောက်ခဲ့သည့် တိုင်းနှင့် ပြည်န ယ် ၇ ခုနှင့်ပ င် ယာယီဦးဆောင်ကော်မတီနှင့်
လှုပ်ရှားမှုကော်မ တီ ဖွဲ့စည်း ခဲ့ရ၏။ တရားဝင် နိုင်ငံရေးအဖွဲ့အစည်းဝင်များ၏ တွေ့ဆုံစ ည်းဝေးပွဲက မြေအောက်သဏ္ဍာန်ဆန်ေ နရ၏။ မလွယ်…..။

အောက်တိုဘာလ ၁ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လှုပ်ရှားမှု ကော်မတီနှင့် ဦးဆောင်ကော်မတီ အစည်းအဝေးကို မေမြို့နှင့် မန္တလေး ကားလမ်း ဘေးရှိ
ဆန်စ က်တခု၏ ဝင်းအတွင်း၌ ပြုလုပ်ကြ၏။ လျှိုလျှိုဝှက်ဝှက် ….။ ဆုံးဖြတ်ချက်များ ချမှတ်ကြ၏။ လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ကြ၏။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထု၏ အနည်းဆုံး ၅ဝ ရာခိုင်နှုန်းက ထောက်ခံမှုပေးခဲ့လျှင် မန္တလေး သို့မဟုတ် ပြည်တွင်း တနေရာရာတွင် ပြည်သူ့လွှတ်တော်တရပ်
ခေါ်ယူပြီး အစိုးရ ဖွဲ့စ ည်းရန်။

အကယ်၍ ပြည်တွင်းနိုင်ငံေ ရး အနေအထားများက ခွင့်မ ပြုလျှင် တိုင်းနဲ့ ပြည်န ယ်တခုစီမှ ရွေးချယ်ပေးသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦးကျစီ ပါဝင်သည့် စုစုပေါင်း ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ၂၈ ဦး ပါဝင်သော ယာယီအစိုးရတရပ်ကို လွတ်မြောက်နယ်ေ မြတွင် သွားရောက်ဖွဲ့စည်း ရန်။

ယင်း သို့ လွတ်မြောက်နယ်ေ မြတွင် ယာယီအစိုးရတရပ် ဖွဲ့စည်း ဆောင်ရွက်နိုင်ရန်အတွက် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့်တကွ အခြားသော တော်လှန်ေ ရး အင်အားစုများနှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားရန်” ဟူ၍ ဆုံးဖြတ်ကြ၏။

ထိုစဉ်ကာလက …. မန္တလေးသည် သံဃာအင်အား၊ ကျောင်းသားအင်အား၊ လူထုအင်အား တောင့်၏။ တတ်ကြွထက်သန်၏။ National Interest Safeguard Committee ကို လျှို့ဝှက်၍
တပ်ေ ပါင်းစုသဏ္ဍာန် ဖွဲ့စ ည်းထားနိုင်သည်ဖြစ်၍ နိုင်ငံေ ရးလှုပ်ရှားမှု အားကောင်း၏။

အဖွဲ့ချုပ်မှ ဂန္ဒီကဲ့သို့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး ကျင်းပပြီး လွှတ်တော်ဖွဲ့မည်၊ အစိုး ရဖွဲ့စည်း မည်ဆိုပါက …. သံဃာအပါး ၃ဝဝဝ နှင့် ကျောင်းသားလူငယ် ၂ဝဝဝ
မှ လုံခြုံရေးအတွက် အသက်အသေခံ၍ အစည်းအဝေးကို စောင့်ရှောက်ေ ပးမည်ဟု ဆိုသည်။ လက်ငင်းအမျိုးသားရေး တာဝန်က ….. ပြည်သူ့လွှတ်တော် ဖွဲ့စ ည်းရေး …..။ အစိုးရဖွဲ့စည်းရေး …. ဟု
ဆိုရမည်။ ခေတ်သမိုင်းက လူ့တန်ဖိုးပီသသူများ၏ ပခုံးထက်သို့ သမိုင်းတာဝန်တရပ် ထမ်းပိုး ရန် အပ်နှင်း၍ နေလေပြီ။

(၁၃၂)
၁၉၉ဝ ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်း၌ပင် …. တနိုင်ငံလုံး ရှိ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ဝ ကျော်က လက်မှတ်ေ ရးထိုးကြပြီး ဂန္ဒီခန်းမ ဆုံးဖြတ်ချက်များအတိုင်း
အဖွဲ့ချုပ်အနေနှင့် လျှောက်လှမ်း ရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ တောင်းဆိုကြ၏။

တဖက်တွင်လည်း စစ်အုပ်စုအာဏာပိုင်များက ၁/၉ဝ ကို မလိုက်နာပါက …. (၁) …. ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့ တဖွဲ့လုံးကို ဖမ်းဆီးထိန်း သိမ်းမည်။ (၂) …. အဖွဲ့ချုပ်ကို ဖျက်သိမ်း မည်။ ခက်ပြီ။ အဖွဲ့ချုပ်
ဗဟိုအလုပ်အမှုဆောင်များက အကျဉ်းအကျပ်အတွင်း၌….။ ဆုံးဖြတ်ရခက်နေ၏။ ဖောင်ဖျက်၍ နောင်ရိုးတိုက်ပွဲလမ်း စဉ်ကို လိုက်မ ည်လား….။ ဤသို့ဆုံးဖြတ်ပါက …. လက်ဝဲသွေဖ ယ်ရေး
ဖြစ်မည်လား….။ ဝေခွဲမရ…. ။ ဆုံးဖြတ်ချက်ချမရ….။

၁၉၉ဝ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီအဖွဲ့ အစည်းအဝေး ကျင်း ပပြီး “ပြည်သူ့လွှတ်တော်ဆိုင်ရာ အဖွဲ့” ဖွဲ့စည်း ရေးကို ဆွေးနွေးကြ၏။ ဖွဲ့စည်း မှု စည်းမျဉ်းမူကြမ်း
ရေးဆွဲကြ၏။ “ပြည်သူ့လွှတ်တော်ဆိုင်ရာ အဖွဲ့” ဖွဲ့စည်း ပုံစည်းမျဉ်းကို အတည်ပြု၍ …. ပြည်သူ့လွှတ်တော်ဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်း၏။ ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒန ယ်မြေအမှတ် ၁
မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ရွှေကို ရွေးချယ်တင်ေ မြှာက်၏။ ပြီးလျှင် …. ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေရေးရာ လေ့လာရေးအဖွဲ့၊ စီးပွားရေးရာ လေ့လာရေးအဖွဲ့၊ ပညာရေးရာ
လေ့လာရေးအဖွဲ့၊ ကျန်းမာရေးရာ လေ့လာရေးအဖွဲ့၊ နိုင်ငံတကာ ဆက်ဆံရေးရာ လေ့လာရေးအဖွဲ့များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း၏။ အဖွဲ့ချုပ် ဗဟိုဦး စီးအဖွဲ့၏
“ပြည်သူ့လွှတ်တော်ဆိုင်ရာ အဖွဲ့” လှုပ်ရှားမှုကား …. စင်စစ်တွင် ဂန္ဒီကို ချွေးသိပ်ြ ခင်း ဖြစ်၏။

(၁၃၃)
ဖြစ်ရှိေ နသော နိုင်ငံေ ရးအခြေအနေများအပေါ် သံဃာထုသည် အားမရ။ လူထုကြီးသည် ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်ေ န့တွင် သူတို့ ၏ နှလုံး သွေးမှ စီးဖြာကျလာသည့် ဆန္ဒကို ထုတ်ဖော်၍
ပြသခဲ့ပြီးဖြစ်၏။ လူထုက သူတို့ပိုင်သည့် အချုပ်အခြာအာဏာကို ပြည်သူ့ကိုယ်စားလှယ်များထံသို့ အပ်နှင်း ပေးခဲ့ပြီး ဖြစ်သည်။ သို့သော် …. ရွေးကောက်ပွဲ ပြီးမြောက်ခဲ့သည်မှ ရက်ပေါင်း ၁၂ဝ ပင်
ကျော်လွန်၍ လာခဲ့ပြီ။ ပြည်သူလူထုကြီး၏ ဆန္ဒက ကောက်ေ ကြာင်းအဖြစ်နှင့်ပ င် မတွေ့ရသေး ….။ မရ ….။ လူထုဆန္ဒအတွက် ….. တိုက်ပွဲဆင်နွှဲကြရပေလိမ့်မ ည်။ ဤသို့  မန္တလေး၊ လေးပြင်လေးရပ်ရှိ
သံဃာထုက မြင်၏။ ပြီးလျှင် …. ၁၉၈၈ ခုနှစ် ရှစ်ေ လးလုံး လူထုအရေးတော်ပုံကြီး ကို ကျောင်းသားလူငယ်ထုက ဦး ဆောင်၍ တိုက်ပွဲဆင်ခဲ့၏။ ယခု ဒုတိယအကြိမ် လူထုတိုက်ပွဲကြီးကို …. သံဃာထုက
ဦး ဆောင်၍ တိုက်ပွဲဆင်ရမည်။ အထက်ဗမာပြည်၊ အောက်ဗမာပြည် သံဃာထုအတွင်း ညှိနှိုင်း ကြ၏။ ပြင်ဆင်ကြ၏။ တိုက်ပွဲဝင်ရန် သဘောတူညီကြ၏။

မြန်မာသက္ကရစ် ၁၃၅၂ ခုနှစ် ဝါကျွတ်သည်နှင့် တိုက်ပွဲစ တင်ရန် ပြင်ဆင်ထားကြ၏။ ဝါကျွတ်သည်နှင့် မန္တလေး၊ လေးပြင်လေးရပ် “သံဃာသမဂ္ဂီ” အဖွဲ့ကြီးမှ ဦးဆောင်ပြီး သံဃာတော်များ၏
“ပတ္တနိက္ကုဇ္ဇန” ကံဆောင်သပိတ်ကို စတင်လိုက်၏။

သံဃာထု၏ ကံဆောင်သပိတ်က …. နဝတ စစ်အုပ်စု၏ အလှူအတန်း များကို သပိတ်မှောက်မည်။ နဝတ အာဏာပိုင် အဖွဲ့အစည်း ဝင်များ၏ သာရေး၊ နာရေး ကိစ္စများအားလုံးတွင် သံဃာထုအ နေနှင့်
ဆောင်ရွက်ပေးမည်မဟုတ် ….။ ဗုဒ္ဓဘာသာဝင် စစ်အုပ်စုအတွက် အကျပ်ေ တွ့၏။ စစ်သားသေလျှင် ….. သရဏဂုံတင်ရန် သံဃာကို ပင့်ဖိတ်၍မရ ….။ ဆွမ်းသွတ်၍မရ ….။ ရန်ကုန်ရှိ သံဃာများမှလည်း
မန္တလေး၊ လေးပြင်လေးရပ်ရှိ “သံဃာသမဂ္ဂီ” တို့နှင့်အတူ လက်တဲ၍
ွ “ပတ္တနိက္ကုဇ္ဇန ” ကံဆောင်သပိတ်ကို ဆင်နွှဲကြ၏။

၁၉၉ဝ ခုနှစ် အောက်တိုဘာလလ ၂ဝ ရက်နေ့တွင် စစ်အုပ်စုက ကြေညာချက်အမှတ် ၆/၉ဝ ထုတ်ပြန်ပြီး သံဃာထု၏ ပတ္တနိက္ကုဇ္ဇန ကံဆောင်နေခြင်း ရပ်ဆိုင်းရန် သတိပေး၏။ မလိုက်နာပါက …..
“သမူတိသံဃာ” အဖြစ်မှ ရပ်စဲပစ်မည်ဟု ခြိမ်းခြောက်၏။
ပိဋိကတ်သုံးပုံေ ဆာင် ဆရာတော် ဦး သုမင်္ဂလ အပါအဝင် ဆရာတော်ကြီး ၉ ပါးက ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုသည် ဝိန ည်းတော်နှင့် အညီအညွှတ်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆို၍ သံဃာထု၏
ကံဆောင်သပိတ်ကြီးကို ထောက်ခံကြ၏။

တိုင်း ပြည်က ယိုယွင်းပျက်စီးမှုများများ …..။ မုန်တိုင်းက ထန်ထန် ….။

(၁၃၄)
စစ်အုပ်စုမှ ပထမဦးစွာ ဖြိုခွင်းချေမှုန်း ရန် ရွေးချယ်လိုက်သည်က ….. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်…။ ၁၉၉ဝ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် အဖွဲ့ချုပ်၏ ရုံးချုပ်ကို စစ်အုပ်စုက ဝင်၍ စီးနှင်း၏။
ရုံး ရှိ စာရွက်စာတမ်းများကို မွှေနှောက်၍ ရှာသည်။ လိုချင်သည့် File များကို အဓမ္မပင် သိမ်းယူ၏။ အဖွဲ့ချုပ်ရှိ ဗဟိုလူငယ်လုပ်င န်းအဖွဲ့ဝင် အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ ညပိုင်းတွင်မူ
စစ်အုပ်စုက ….. အဖွဲ့ချုပ်၏ ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ နေအိမ်များသို့ ဝင်ပြီး ဖမ်းဆီးပြန်သည်။
ဦး ချမ်းအေး၊ ဦးစိုးသိမ်း၊ ဦးခင်မောင်ဆွေ၊ ဦးကျော်မင်း (ဗိသုကာကျော်မင်း) ၊ ဦးစိန်လှဦး ၊ ဦးနိုင်းနိုင်း (ပုဇွန်ေ တာင်မြို့နယ် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) စသဖြင့် …..။ အဖွဲ့ချုပ်မှန်လျှင်
ရဲရဲမြင်တိုင်း ဖမ်းတော့၏။ ဖမ်းဆီးမှုက ဗဟို၊ပြည်နယ်၊တိုင်း ၊ မြို့နယ်….နေရာတိုင်း ၌ ဖမ်းခြင်းဖြစ်သည်။ အဖွဲ့ဝင်အချို့က မြေအောက်လျှို၍ ရှောင်တိမ်းနေကြရသည်။ အဖွဲ့ချုပ်၏ ရုံးများကို
ဝင်ချင်တိုင်းဝင်၊ မွှေချင်တိုင်း မွှေနှောက်၍ စာရွက်စာတမ်းများ ရှာ ၏။ သိမ်း ဆည်း၏။

တဖက်တွင်မူ ….. အပြင်တွင် ကျန်ရှိနေသည့် အဖွဲ့ချုပ်၏ ခေါင်းဆောင် ဦးအောင်ရွှေနှင့် ဦးလွင်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၆ဝ နှင့် ဆင့်ခေါ်ပြီး ၁/၉ဝ လိုက်နာရန် အကျပ်ကိုင်၏။ ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေပုဒ်မ ၁၆ဝ ဟူသည်က …. “သက်သေများ ရောက်ရှိစေရန် ရဲအရာရှိက ဆင့်ဆိုနိုင်သည့် အာဏာ” ဖြစ်သည်။ အဓိပ္ပာ ယ်က ….

“ဤအမိန့်အရ စုံစ မ်းထောက်လှမ်း ခြင်းပြုသော မည်သည့် ရဲအရာရှိမဆို၊ ပေးထားသော သတင်း အရ ဖြစ်စေ၊ အခြားနည်းအရ ဖြစ်စေ၊ အမှုအဖြစ်အပျက် အကြောင်း အရာများကို သိကျွမ်း ပုံပေါ်သော
မိမိရဲ့ စခန်းနယ်မြေအတွင်း (သို့မ ဟုတ် ) ဆက်စပ်နေသော ရဲစ ခန်းနယ်မြေအတွင်းရှိ မည်သူ့ကိုမဆို မိမိေ ရှ့သို့ ရောက်ရှိေ စရန် အမိန့်စာဖြင့် ဆင့်ဆိုနိုင်သည်” ဟူ၍ ဖြစ်သည်။

ဤသို့ ဆင့်ခေါ်ပြီး …
“(က) ကြေညာချက် ၁/၉ဝ ကို သေချာစွာ ဖတ်ရှုေ လ့လာသိရှိပြီး ဖြစ်ပါသည်။
(ခ) ကြေညာချက် ၁/၉ဝ ကို လိုက်နာမည်၊ မလိုက်နာမည်။
(ဂ) ကြေညာချက် ၁/၉ဝ ကို မလိုက်နာပါက ပုဂ္ဂို လ်အရ အရေးယူခံရ မည်ကို သိရှိပါသည်။
(ဃ) ကြေညာချက် ၁/၉ဝ ကို မလိုက်နာပါက ပါတီအဖွဲ့အစည်း များ ဖျက်သိမ်း ခံရမည်ကို သိရှိပါသည်” ဆိုပြီး … ဝန်ခံလက်မှတ်ရေးထိုးစေ၏။ အဖွဲ့ချုပ်ကြီး တရားဝင်တည်ရှိမှ အဖွဲ့ချုပ်ဝင်များ တရားဝင်
နိုင်ငံေ ရးလှုပ်ရှားမှုများကို ဆောင်ရွက်ပိုင်ခွင့် ရှိမ ည်။ အဖွဲ့ချုပ်ကြီး ဆက်လက်တည်ရှိေ နမှသာလျှင် …. ဒေါ်အောင်ဆန်းစြု ကည် အပါအဝင် ထောင်အတွင်း အကျဉ်းကျခံနေရသည့် အဖွဲ့ချုပ်ဝင်များ
ဂုဏ်သိက္ခာရှိစွာနှင့် နိုင်ငံရေးအရ ရပ်တည်နိုင်ကြမည်။ အဆုံး၌ …. ၁/၉ဝ ကို လိုက်နာပါမည်ဟု ဝန်ခံကတိလက်မှတ်ကို ဦးအောင်ရွှေ ထိုးပေးလိုက်ရ၏။
ကြယ်ဖြူကြီးနှင့် အနီေ ရာင်နောက်ခံနှင့် ရွေှ့ဝါရောင်ခွပ်ေ ဒါင်းက လေတွင် ယိမ်းနွဲ့လျက်….။

(၁၃၅)
အဖွဲ့ချုပ်စစ်မျက်နှာတွင် ရက်စက်စွာ ချေမှုန်း သုတ်သင်နိုင်ပြီဟု ယူဆခဲ့ပြီးသည့်ေ နာက် …. စစ်အုပ်စုသည် မန္တလေးသို့ ထိုးစစ်ဆင်ရ န် လှည့်ပြန်သည်။ အဝီစိကျချင်၊ ကျပါစေ ….
အာဏာတည်မြဲရေးအတွက် လုပ်ရ မည်ပင်ဟု … သဘောပိုက်ပြီး ….. “ပတ္တနိက္ကုဇ္ဇန” ကံဆောင်နေကြသည့် သံဃာတော် ရှင်သူမြတ်များကို တိုက်ခိုက်ချေမှုန်း ရန် ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင်
မန္တလေးသို့ သွားရောက်၍ သံဃာတော်များကို နှိမ်နင်းရေးတိုက်ပွဲ အနီးကပ်ကြီးကြပ်လေ၏။

ပထမဦးစွာ ….. သံဃာတော်တို့၏ ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းကို ဝိန ည်းနှင့်အညီ ဖြစ်ပါသည်ဟူ၍ မိန့်ဆိုခဲ့ကြသည့် ပိဋိကတ်သုံးပုံ အာဂုံဆောင်ဆရာတော် ဦး သုမင်္ဂလ၊ ရွာ မ ပရိယတ္တိ စာသင်တိုက်မှ
ဆရာတော် ဦး တီလောက၊ မေဒိနီဆရာတော်၊ မဂ္ဂင်ဆရာတော်၊ မဟာဗောဓိဆရာတော်တို့ အပါအဝင် သြဝါဒစရိယ ဆရာတော်ကြီး ၉ ပါးကို ဖမ်းဆီး၏။ ထောင်သွင်းအကျဉ်း ချ၏။

သင်္ယန်းတော်များကို အဓမ္မချွတ်၍ ပိတ်ဖြူပတ်စေသည်။ ပြီး လျှင် …. မန္တေ လး၊ လေးပြင်လေးရပ်ရှိ ဘုန်း တော်ကြီးကျောင်းပေါင်း ၃၅ဝ ကျော်ကို စစ်တပ်နှင့် ဝိုင်း၏။ သံဃာနှင့် တကာကို ဖြတ်၏။
ဖြတ်ေ လးဖြတ်ခြင်း…။ အဆုံး၌ ….. ကျောင်း တိုက်များအတွင်းသို့ စစ်အင်အား အလုံးအရင်းနှင့် ဝင်၍ စီးနင်းသိမ်းပိုက်လေ၏။ မန္တလေး၊ လေးပြင်လေးရပ် သံဃာသမဂ္ဂီ ဥက္ကဋ္ဌ ဦး ရေဝတ၊ ဦးကဝိန္ဒ….၊
ဂဌုန်နီဆရာတော် ဦး ကာဝိယ၊ ဦးကလျာဏကို ဖမ်းဆီပြီး စစ်ခုံရုံးမှ သေဒဏ်အမိန့် ချမှတ်၏။ ပြီးလျှင် …. ရာနှင့်ချီသော သံဃာတော်တို့ကိုလည်း ထောင်အတွင်း အကျဉ်း ချ၏။

လှိုင်း တိုလေဒီယိုမှတဆင့် ကြားသိေ နရသမျှ၊ လတ်တလော မြန်မာ့ရေးရာ သတင်းများက ဒေါ်အောင်ဆန်း စုကြည်ကို တုန်လှုပ်ခြောက်ခြားစေသည်။ အံ့သြထိတ်လန့်ေ စ၏။ ထေရဝါဒ ထွန်း ကားသည့်
အရပ်ဒေသမှ ဟုတ်ပါရဲ့လားဟူ၍ ယုံမှားသံသယ ဖြစ်မိ၏။ ပြီးလျှင် ….. ဝမ်းနည်းကြေကွဲဖြစ်၍ မဆုံး….။ ဒေါ်အောင်ဆန်း စုကြည်အနေနှင့် ထိရှကြေကွဲမှု ဖြစ်ရသည်က …. ဖေဖေ ထူထောင်ခဲ့သည့်
တပ်မ တော်က ….. ဤမျှ အခြေအထိ ဖြစ်နေရလေ၏ ဟူ၍….။

အနားတွင်က မည်သူမျှ မရှိ….။ ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ အဖော်အဖြစ် အိမ်မှုလုပ်င န်းများကို လုပ်ကိုင်ဆောင်ရွက်ပေးသည့် “မေရီယာ” က …. စနေ၊ တနင်္ဂနွေ ရက်များတွင် သူမ၏ အိ မ်သို့ပြန်၏။
“မေရီယာ” က တနလာင်္မှ သောကြာအထိသာ ဒေါ်အောင်ဆန်း စုကြည်နှင့် အတူနေပြီး အိမ်မှုကိစ္စအဝဝကို လုပ်ကိုင်ဆောင်ရွက်ပေး၏။

ယခုမူ … မည်သူမျှမရှိ….။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အတွင်း၌က …. ဒေါ်အောင်ဆန်းစုကြည် တဦး တည်း …..။

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ မှတ်တမ်း
- ပြည်ေ ထာင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ေ ပါင်းအစိုး ရ ဖွဲ့စည်း တည်ထောင်ခြင်း ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- နဝတ ၏ ကြေညာချက်အမှတ် ၁/၉ဝ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဂန္ဒီခမ်းမ ကြေညာစာတမ်း
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသား လူမျိုးများအရေးနှင့် စပ်လျဉ်း ၍ ထားရှိသော သဘောထားများ
- ဗိုလ်အောင်ကျော်လမ်း ပူးတွဲေ ကြညာစာတမ်း အမှတ် ၁
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်က လာတဲ့ စာ အတွဲ - ၂
- Nation News Talk, Channel 9 တွင်ထုတ်လွှင့်ခဲ့သည့် နေရှင်း သတင်းစာအယ်ဒီတာချုပ် ဆူသီချိုင်းယွန်နှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမေးမြန်းခန်း
- အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချဒ်ဆန်၊ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ ဂျေဟန်ရာဟင်မ်နှင့် New York Times (NYT) သတင်းထောက် ဖီးလစ်ပ်ရှယ်နွန်တို့ ၃ ဦးနှင့်
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၈

| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၀၉ ခုနှစ် ၁၃ နာရီ ၃၉ မိန စ် ဆောင်းပါး

(၁၃၅)

“သစ်ပင်၏ အရိပ်သည် အေးမြေပေသည်


ထိုထက် မိဘ၏ အရိပ်သည် ပိုအေးမြ၏။
ထိုထက် ဆရာသမား၏ အရိပ်သည် ပို၍ပင် အေးမြ၏
ထိုထက် မင်း၏ အရိပ်မှာ ပို၍ပင်သာ အေးမြပေသည်
သို့သော် အအေးမြဆုံးမှာ ဗုဒ္ဓမြတ်စွာဘုရား၏ အရိပ်ပင် ဖြစ်ပေသည်”

“ထိုေ ကြာင့် ပြည်သူလူထုကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟူသည့် အေးမြသော အရိပ်အာဝါသ ပေးနိုင်ရန်အတွက် အုပ်ချုပ်သူတို့သည် ဗုဒ္ဓရှင်တော်၏ အဆုံးအမသြဝါဒများကို လိုက်နာရမည်ဖြစ်ပါသည်။
ယင်း သြဝါဒများထဲတွင် သစ္စာရှိခြင်း၊ ဂရုဏာထားခြင်းနှင့် တရားဓမ္မ စောင့်ရှောက်ခြင်းတို့သည် အဓိကဖြစ်ပါသည်။ ဤသို့သော အရည်အချင်းများပေါ်တွင် အခြေပြုသော အစိုးရကို ရရှိရန် ရည်ရွယ်၍
မြန်မာပြည်သားတို့က ဒီမိုကရေစီ တိုက်ပွဲဝ င်နေကြခြင်းပင် ဖြစ်ပါသည်….”

ဒေါ်အောင်ဆန်းစုကြည်သည် သူမ ရေးသားထားသည့် “ဒီမိုကရေစီရှာပုံတော်” စာတမ်းကို ပြန်၍ဖတ်ရြှု ပီး ဖြည့်စွက်ပြင်ဆင်ရ န် ရှိသည်တို့ကို ပြန်လည်၍ တည်းဖြတ်၏။ “အောင်ဆန်း”၊
“ဒီမိုကရေစီရှာ ပုံတော်”၊ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်း ရေး”၊ “ဗိုလ်-၏ အဓိပ္ပာယ်အစစ်အမှန်” ၊ “တော်လှန်ရေး၏ အလယ်ဗဟိုတွင်” …… စသည့် စာတမ်းများကို ၁၉၉၁ ခုနှစ်အတွင်း၌ အင်္ဂလန်တွင်
အင်္ဂလိပ်ဘာသာနှင့် ပုံနှိပ်ထုတ်ဝေရန်ရှိ၏။ “အောင်ဆန်း”၊ “ဗိုလ်-၏ အဓိပ္ပာ ယ်အစစ်အမှန်” စာတမ်းများက ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်မီ ၁၉၈၄-၈၅-၈၆ ခုနှစ်များကတည်းက သူမ
ရေးခဲ့သည့် စာတမ်းများဖြစ်သည်။ ဤစာတမ်းများကို တစုတစည်းတည်းပေါင်း၍ စာအုပ်တအုပ်အဖြစ် ထုတ်ဝေသွားမည်ဖြစ်သဖြင့် ….. စာတမ်းများကို ဒေါ်အောင်ဆန်းစုကြည် ပြန်လှန်၍ ဖတ်ရှုပြီး
တည်းဖြတ်ခြင်းဖြစ်သည်။

“အစိုးရ၏ အခြေခံအုတ်မြစ်သည် အကြွင်းမဲ့အာဏာဖြစ်သည် ….” ဟူသည့် အယူအဆကို ….


“အယုံအကြည်ရှိခြင်းသည် နိုင်ငံေ ရးအာဏာ၏ အရင်းခံအင်အားဖြစ်သည် ….” ဟူသော အယူအဆဖြင့် …. အစားထိုးမှသာလျှင် အာဏာရှင်စနစ်၏ စိတ်မချမ်းမြေ့စရာ အမွေအနှစ်များကို
ဖယ်ရှားနိုင်မ ည် ဖြစ်ပါသည်။ တိုင်းပြည်၏ ကံကြမ္မာ ကို အဆုံးအဖြတ်ပေးနိုင်ေ သာ ပြည်သူတို့၏ အခွင့်အရေးနှင့် စွမ်း ရည်များအပေါ်တွင် အယုံအကြည်ရှိခြင်း၊ အစိုးရနှင့် ပြည်သူအကြား
အပြန်အလှန်ယုံကြည်ခြင်း၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေး သဘောတရား မူဝါဒများအပေါ်တွင် အယုံအကြည်ရှိခြင်း ……”

နေအိမ်အကျယ်ချုပ်နှင့် ထိန်းသိမ်းခံခဲ့ရ ပြီးသည့်ေ နာက်တွင် ဒေါ်အောင်ဆန်း စုကြည် ရင်ဆိုင်ကြုံတွေ့ရ သည့် ရောဂါက …. “ကျောရိုး ကျည်း ပေါင်းတက် အကြောညှပ်နာ” (Spondylosis) ရောဂါ
ဖြစ်သည်။ စစ်အုပ်စုက ဆရာဝန်တဦးကို ခေါ်လာပြီး ကျန်းမာရေး စစ်ဆေးကုသမှု ပြုလုပ်ပေးသော်လည်း (Spondylosis) က ပျောက်ကင်းသက်သာခြင်း မရှိ။ စာဖတ်ခြင်း၊ စာရေးခြင်းများလျှင် …..
ပခုံးနှင့် ကျောရိုးတလျှောက် နာကျင်မှုက မခံမရပ်နိုင်လောက်အောင် နာကျင်၏။ ထိုအခါမျိုးတွင် …. မွှေ့ယာနှင့် အိပ်၍မရ….။ ဖျာခင်း၍ ပြန့်ပြူးသည့် ကြမ်း ပြင်တွင်ပ င် အိပ်စ က်ရ၏။

(၁၃၆)

“Freedom From Fear” ကို ဒေါ်အောင်ဆန်း စုကြည် အကြိမ်ကြိမ် ပြန်၍ဖတ်၏။ ဤစာတမ်းက သူမ ထုတ်ဝေမည့် စာအုပ်တွင် ခေါင်းစီးအမည် ပေးထားသည့် စာတမ်းဖြစ်၏။ ပြီးလျှင် …..
ဒေါ်အောင်ဆန်းစုကြည်၏ ဒဿနရေးရာ အယူအဆတို့  ရေးထားသည့် စာတမ်းလည်းဖြစ်သည်။ ဒဿနရေးရာ ဟူသည်က …. လက်ေ တွ့ဘဝ၌ ဖြစ်ပျက်နေသည့် တိုးတက်ဖြစ်ထွန်းမှုများနှင့်လည်း
ပြန်လှန်၍ စစ်ကြောမှု ပြုလုပ်ရ သည်ပင်…။ အယူအဆတရပ်၏ အမှန်တရားက …. လက်တွေ့ဘဝ၏ ဖြစ်ထွန်း မှုများနှင့် အကြိမ်ကြိမ် စစ်ဆေးစမ်းသပ်ပြီးမှသာလျှင် ….“တရား” အဖြစ်
မှတ်တိုင်ထူနိုင်ပေမည်။

၁၉၈၉-၉ဝ-၉၁ ခုနှစ်များက နိုင်ငံတကာတွင် ပြောင်းလဲမှုများစွာနှင့် ဖြတ်သန်းခဲ့သည့် နှစ်များဟု ဆိုရမည်။ ၁၉၈၉ တွင် ဘာလင်တံတိုင်း ကြီး ပြိုကျ၏။ ကွန်မြူနစ်ဂျာမဏီက …. ဒီမိုကရက်တစ်ဂျာမဏီနှင့်
ပေါင်းစည်း၍ ဂျာမဏီတနိုင်ငံတည်း ဖြစ်သွားခဲ့၏။ ထို့အတူပင် …. ပိုလန်၊ ဟန်ဂေရီ၊ ရိုေ မးနီးယား၊ ချက်ကိုစလိုဗ က်နှင့် ယူဂိုဆလားဗီးယားရှိ ပြည်သူတို့သည်လည်း ကွန်မြူနစ် အာဏာရှင်စ နစ်ကို
တွန်းလှန်၍ ဖြိုချပစ်ခဲ့ကြ၏။ ၁၉၉၁ ခုနှစ် ဇူလိုင်၊ သြဂုတ်လ၏ ရက်များက …. ကရင်မလင်၏ နောက်ဆုံးနေ့များ …..။ “ဂေါ်ဘာဂျော့” “ကရင်မလင်” မှ ထွက်ခွာ ပေးခဲ့ရ၏။ ပြီးလျှင် ….. ဆိုဗီယက်
ပြည်ထောင်စုကြီးသည်လည်း …. သီးခြားနိုင်ငံ ၁၅ နိုင်ငံအဖြစ်သို့ ….။ ကမ္ဘာ့အင်အားချိန်ခွင်လျှာက …. တဖက်စောင်းနင်းဖြစ်၍ သွား၏။ အပြောင်းအလဲများက မယုံနိုင်စရာ….။ အာဏာ၏
ဗဟိုအလယ်တွင် ဆုပ်ကိုင်ရယူထားခဲ့ကြသည့် တပါတီနှင့် အာဏာရှင်ကြီးတို့အသီးသီး …. လက်လွှတ်ဖယ်ရှားပေးခဲ့ကြရ၏။ ပန်းစင်္ကြာမှန်ပြောင်းအလား…..။

ဒေါ်အောင်ဆန်းစုကြည်က …. Freedom From Fear စာတမ်း၏ အစတွင် …. ဤသို့ နိဒါန်းနှင့် ဖွင့်၏။


“လူတို့အား အဂတိလိုက်စား ဖောက်ပြားစေသည်မှာ အာဏာမဟုတ်၊ စိုးရိမ်ကြောက်ရွံ့ခြင်းပင် ဖြစ်ပါသည်။ အာဏာလက်လွှတ်ရမည်ကို ကြောက်ရွံ့ခြင်းသည် အာဏာလက်ကိုင်ထားသူတို့ကို
ဖောက်ပြန်စေပြီး အာဏာ၏ ဒဏ်ချက်ကို ကြောက်ရွံ့ခြင်းသည် အာဏာလက်အောက်ခံတို့ကို ဖောက်ပြားစေသည်” ….. ပြီးလျှင် ….. အဂတိတရား ၄ ပါး၏ အနှစ်သာရကို ရှင်းပြ၏။

“အလိုဆန္ဒေ ကြာင့် ဖောက်ပြန်မှု (ဆန္ဒာဂတိ) ….”


“မိမိမုန်း တီးသူများကို ရန်ငြိုးလုပ်လိုသည့် (ဒေါသဂတိ ) ….”
“မသိနားမလည်မှုကြောင့် ဖောက်ပြန်သွားသည့် (မောဟဂတိ) ….”
“ဤဂတိတရား ၄ ပါးအနက် အဆိုးဝါးဆုံးက …. (ဘယာဂတိ) …” ဖြစ်သည်ဟု ထောက်ပြ၏။ ကြောက်ရွံ့မှု (ဘယာ) သည် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သည့် စွမ်း ရည်များ အားလုံးကို နစ်မွန်း အောင်
ပြုလုပ်၍ တဖြည်းဖြည်း ပျက်စီး စေသည့်အပြင် အခြား အဂတိတရား ၃ ပါး၏ မူလအရင်းခံ အကြောင်းတရားလည်း ဖြစ်တတ်ပါသည် ….“
နိဂုံးချုပ်အနေနှင့်မူ …..

“လူတဦး သို့မ ဟုတ် တိုင်း ပြည်တပြည်အဖို့ ကြီးကျယ်မြင့်မြတ်ဆုံးသော ပါရမီသည် အဘယ ခေါ် ကြောက်ရွံ့မှု မရှိခြင်းဖြစ်၏။ ကာယသတ္တိသာမဟုတ် စိတ်ထဲမှာပင် ကြောက်ရွံ့မှု ကင်းခြင်း ဖြစ်ပါသည်”
ပြန်၍ ဖတ်ရင်းနှင့် စာတမ်းတွင် ဆရာမောင်သာယာ၏ “တော်လှန်ေ ရးဆိုတာ” ကဗျာမှ ကဗျာပိုဒ်တပိုဒ်ကို ကောက်နုတ်၍ ထည့်ထားသည့်အပေါ် ပြန်တွေးမိ၏။ ကဗျာပိုဒ်က စာတမ်း၏ ဒဿနဆိုင်ရာ
လေးနက်မှုကို ထောက်ပံ့မှု ဖြစ်စေသလား….။ ဒါမှမဟုတ် ဒဿနစာတမ်းတွင် ရသစွက်သဖြင့် ….. အံ့ချောမှုများ ဖြစ်နေသည်လားဟူ၍ အထပ်ထပ် ဆင်ခြင်ကြည့်မိ၏။

စိုး ရိမ်ကြောက်ရွံ့နေကြရသည့် လူ့အဖွဲ့အစည်း၏ မလုံခြုံသော ဘဝကို ဖော်ညွှန်းလိုသဖြင့် ကဗျာပိုဒ်ကို ထည့်ထားလိုက်ရန် ဆုံး ဖြတ်လိုက်၏။
“လက်ခုပ်ထဲက
ရေဘဝမို့
ငါတို့အေးမြရသော်လည်း ….
လက်ခုပ်ထဲက
ဖန်ကွဲစတွေ
ငါတို့ဖြစ်လိုက်ချင်ပါဘိ”

(၁၃၇)
၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်ေ န့ နေ့စွဲနှင့် နဝတ မှ ဥပဒေအမှတ် ၁ဝ/၉၁ ထုတ်ပြန်၏။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ၁၄/၈၉ ကို ပြင်ဆင်သည့် ဥပဒေဟု ဆိုရမည်။ တဆက်တ ည်းပင် ….
အမိန့်အမှတ် ၄/၉၁ ကိုလည်း ထုတ်ပြန်၏။ ဥပဒေအမှတ် ၁ဝ/၉၁ နှင့် အမိန့်အမှတ် ၄/၉၁ တို့ကို ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့ နေ့စွဲနှင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း ယခင် ပြည်သူ့လွှတ်တော်
ရွေးကောက်ပွဲဥ ပဒေ ပြဋ္ဌာန်းခဲ့သည့် ၁၉၈၉ ခုနှစ် မေလ ၃၁ ရက်ေ န့မှစ ၍ အာဏာတည်စေရမည်ဟု ဆို၏။

ဥပဒေက နောက်ကြောင်းပြန် အာဏာသက်ရောက်ထားသည့် ဥပဒေ ဖြစ်နေသည်။ လုံးဝ မဖြစ်သင့် ….။ ဥပဒေအရ မည်သို့မျှ မညီညွှတ်သည့်ကိစ္စ ဖြစ်နေသည်။ ဥပဒေ၏ ရည်ရွယ်ချက်ကလည်း
သိသာလွန်းလှ၏။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်နိုင်ေ ရးအတွက် ပုဒ်ထီး၊ ပုဒ်မတပ်၍ စစ်ဆင်ခြင်းပင်….။ စစ်အုပ်စု၏ သေနင်္ဂဗျူဟာဖြစ်သည့် “၁၉၉ဝ ခုနှစ်
ရွေးကောက်ပွဲရ လဒ် ဖျက်သိမ်းရေး” အောက်မှ ဥပဒေမျက်နှာ ဖုံးစွပ်၍ တိုက်စစ်ဆင်လာသည့် နည်းဗျူဟာတရပ်ပင် ဖြစ်၏။ ဖြည့်စွက်ချက် … ပုဒ်မ ၈ဝ (က) နှင့် ပုဒ်မ ၈ဝ (ခ) တို့ကို ကြည့်လျှင် ……

“၈ဝ (က) နိုင်ငံေ တာ် သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့်ဖြစ်စေ၊ သေဒဏ် (သို့မ ဟုတ်) တသက်တကျွန်း ဒဏ်ထိုက်သော ပြစ်မြှု ဖင့်ဖြစ်စေ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရ သဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိကြောင်း၊

၈ဝ (ခ) တွင်က … ပုဒ်မ ၈ဝ (က) ပါ ပြစ်မှုများမှအပ အခြားပြစ်မှုတခုခုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိကြောင်း ကော်မရှင်က
ကြေညာခံရသူသည် ကြေညာသည့်နေ့မှ ၁ဝ နှစ်အတွင်း ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရ”

စစ်အုပ်စု၏ ရည်ရွယ်ချက်က ကြီး၏။ ယခုရွေးကောက်ပွဲရလဒ်ကို ဖျက်ရန်တခုတည်းနှင့် အားမရ….။ နောက်နောင် ရွေးကောက်ပွဲများတွင်လည်း လူထုထောက်ခံသည့် ပုဂ္ဂိုလ်များ ….
လူထုကိုယ်စားလှယ်များ ပါဝင်နိုင်ခွင့် မရှိရေးအထိ ဦးတည်ထား၏။ ပြစ်မှုအမျိုးအစားများကိုလည်း ဖော်ပြထား၏။

“(၁) နိုင်ငံေ တာ် သစ္စာဖောက်ဖျက် ပုန်ကန်မှု


(၂) နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်မှု
(၃) နိုင်ငံတော် သစ္စာ ဖောက်ဖျက် ပုန်ကန်မှုကြီးနှင့် စပ်လျဉ်း၍ ထိမ်ချိန်ခြင်း
(၄) ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ
(၅) အစိုးရလျှို့ဝှက်ချက် အက်ဥ ပဒေအရ ပြစ်မှုများ
(၆) လက်န က်မှုများ
(၇) ပြည်ပသို့ တရားမဝင် ထွက်ခွာမှု၊ ပြည်ပ မှာ တရားမဝင် ဝင်ရောက်မှု”
(၈) ခိုးမှု
(၉) လုယက်မှု
(၁ဝ) ဓားပြမှု
(၁၁) လိမ်လည်မှု
(၁၂) အလွသ
ဲုံးစားမှု
(၁၃) မယားခိုးမှု
(၁၄) မုဒိန်းမု
(၁၅) လူခိုး မှု
(၁၆) အမျိုး သမီး ကာယအိနြေ္ဒပျက်စီး စေရန် အကြံနှင့် လက်ရောက်မှု (သို့မဟုတ်) အနိုင့်အထက်ပြုမှု
(၁၇) ပဋိသန္ဓေဆိုင်ရာ ပြစ်မှုများ
(၁၈) ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ပြစ်မှု
(၁၉) ၁၉၇၄ ခုနှစ် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများ ဥပဒေအရ ပြစ်မှုများ
(၂ဝ) လောင်ကစားဥပဒေအရ ပြစ်မှုများ
(၂၁) အဂတိလိုက်စားမှု
(၂၂) ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ဥပဒေအရ ပြစ်မှုများ
(၂၃) အများပိုင်ပစ္စည်း ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ
(၂၄) နိုင်ငံခြားငွေ လဲလှယ်မှုဆိုင်ရာ ပြစ်မှုများ
(၂၅) နိုင်ငံေ တာ် အလံဥပဒေအရ ပြစ်မှုများ
(၂၆) ပုံနှိပ်သူနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥ ပဒေအရ ပြစ်မှုများ
(၂၇) ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥ ပဒေအရ ပြစ်မှုများ။

မလွယ်……။

(၁၃၈)

၁၉၉၁ ခုနှစ် ကမ္ဘာ့ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် သူမ၏ အမည်ကို စာရင်းတင်သွင်းထားကြောင်း ဒေါ်အောင်ဆန်း စုကြည် ကြားသိရ၏။ အောက်တိုဘာလ ပထမပတ်အတွင်း၌ ရေဒီယိုသတင်း များအရ
…. သူမ၏ အမည်က ကမ္ဘာ့နိုဘယ်ငြိမ်း ချမ်းရေးဆုအတွက် ရှေ့ဆုံးတွင် ရောက်ရှိေ နသည်ဟု ဒေါ်အောင်ဆန်း စုကြည် ကြားသိ၍နေ၏။ နေအိမ်အတွင်း တဦးတည်း တည်ရှိေ နခြင်းက ….
စိတ်လှုပ်ရှားမှုကို ပို၍ လှုပ်ခတ်ေ စသည်ဟု ထင်မိ၏။ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အတွင်း အကျယ်ချုပ်နှင့် ထိန်း သိမ်းခြင်း ခံလိုက်ရပြီးသည့်ေ နာက် ….. နိုင်ငံတကာမှ သူမကို ဂုဏ်ပြုဆုများ
ချီးမြှင့်ခဲ့၏။ ၁၉၉ဝ ခုနှစ်တွင် သူမ တက်ရောက်ပ ညာသင်ကြားခဲ့သည့် အောက်စဖို့ဒ်တက္ကသိုလ်၊ စိန့်ဟု(ခ်ျ)ကောလိပ်က ပထမဦးစွာ ဂုဏ်ထူးဆောင်ပညာရှင်ဆု ချီးမြှင့်ခဲ့၏။

နော်ဝေးနိုင်ငံမှပ င် တိုရို့(ဖ်)ရပ်ဖတို လူ့အခွင့်အရေးဆုကို ချီးမြှင့်၏။ ပြီးလျှင် …. တတိယအနေနှင့် ၁၉၉၁ ခုနှစ်အတွင်း ၌ …. ဥရောပပါလီမ န်က လွတ်လပ်စွာ တွေးခေါ်မှုဆိုင်ရာ “ဆာခရော့(ဖ်)” ဆု
ချီးမြှင့်ပြန်၏။
ထိုစဉ်က ဆုရ ရှိကြောင်း ကြားသိရ သည့်အချိန်၌ ခံစားရသည့် စိတ်လှုပ်ရှားမှုမျိုးနှင့် ယခု ခံစားနေရသည့် ခံစားမှုများက …. တထပ်တည်းတော့မ ဟုတ် ….။ ၁၉၉၁ ခုနှစ် အောက်တိုဘာလ ၁၅
ရက်ေ န့တွင် နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက …. ဒေါ်အောင်ဆန်းစြု ကည်ကို ၁၉၉၁ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း ကြေညာ၏။ ဒေါ်အောင်ဆန်းစုကြည်ကို
နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်သည့်အကြောင်းကို နိုဘယ်ကော်မတီ ဥက္ကဋ္ဌ … ပါမောက္ခ ဖရန်စစ်စီဂျာစတက် (Franc is Sejersted) က သတင်းမီဒီယာများသို့ ထုတ်ဖော်၍ ပြောဆို၏။

“ငြိမ်း ချမ်းရေးနှင့် စေ့စပ်ဖျန်ဖြေရေးကို ရယူရန် တိုက်ပွဲဝ င်ကြိုးပမ်းရာတွင် ကျနော်တို့ စံန မူနာအဖြစ် ထားရမည့် ပုဂ္ဂို လ်များသည် ကျနော်တို့ ရယူရန် ကြိုးပမ်းနေသည့် အရာများ၏ သင်္ကေတအဖြစ်
ရပ်တည်ပြီး ကျနော်တို့တွင် ရှိသမျှ အကောင်း ဆုံးစွမ်းရည်ကို လှုပ်ရှားတက်ကြွစေသော ပုဂ္ဂိုလ်မျိုး တို့ကို အားထားကြရပါသည်။ အောင်ဆန်းစုကြည်သည် ဤသို့သော ပုဂ္ဂိုလ်ပင် ဖြစ်ပါသည်။ သူမသည်
လေးနက်စွာ တာဝန်ယူမှုနှင့် ဇွဲသတ္တိခိုင်မြဲမှုတို့ကို ဦးတည်ချက်နှင့် နည်းလမ်းတို့ တသားတည်းဖြစ်သော စိတ်ကူးအမြင်ဖြင့် ပေါင်းစပ်ပေးထားပါသည်။ ယင်းအမြင်၏ အရေးကြီးဆုံးသော
အင်္ဂါအစိတ်အပိုင်းများမှာ ဒီမိုကရေစီနှင့် လူအခွင့်အရေးများကို ရိုေ သလေးစားမှု၊ အုပ်စုများအကြား စေ့စပ်ဖျန်ဖြေမှု၊ အကြမ်း မဖက်မှုနှင့် တဦး ချင်းအနေဖြင့်လည်းကောင်း၊ စုေ ပါင်း၍လည်းကောင်း
စည်းကမ်းကျနမှု စသည်တို့ကြောင့်ဖြစ်ကြောင်း…။” BBC အင်္ဂလိပ်ပိုင်း ရေဒီယိုအစီအစဉ်၌ မှတ်ချက်ပြု ပြောဆိုခဲ့၏။

BBC ၏ ရေဒီယိုအစီအစဉ်များက တခုပြီးတခု ပြောင်းလဲ၍ လွှင့်ထုတ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အသိအာရုံက …. BBC ၏ အသံလွှင့်အစီအစဉ်များတွင် မရှိ ….။ စိတ်အစဉ်က
လှုပ်လှုပ်ခတ်ခတ်နှင့်….။ မည်မျှ ကြာမြင့်နေခဲ့သည်မသိ…။ BBC ၏ အသံလွှင့်အစီအစဉ်များက ပြီးဆုံး၍သွားပြီ။ ဒေါ်အောင်ဆန်း စုကြည် လေဒီယို ပိတ်လိုက်၏။ ပြီး လျှင် ….. စာရေးစားပွဲသို့သွားပြီး
မှတ်တမ်းစာအုပ်ကို ဖွင့်၍ မှတ်တမ်း ရေး၏။ မှတ်မှတ်ရ ရ …. နေ့စွဲ …..။

“၁၉၉၁ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ကျမကို ပေးအပ်ရန် ဆုံးဖြတ်လိုက်ကြောင်း ကျမ ပထမ ကြားသိရ သောအခါတွင် ချက်ချင်းဖြစ်ပေါ်လာသော ခံစားချက်များမှာ လေးနက်သော နိဝါတစိတ်နှင့်
အထူးကျေးဇူးတင်စိတ်တို့ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရန် ကြိုးပမ်းအားထုတ် တိုက်ပွဲဝ င်နေကြသူများ၏ အနစ်နာခံမှုနှင့် ဆင်း ရဲဒုက္ခခံမှုများကြောင့်သာ ကျမကို ဤသို့
ဂုဏ်ပြုခြင်းဖြစ်သည်ကို ကျမ သိရှိရ သဖြင့် နိဝါတတရားပွားများရခြင်း ဖြစ်ပါသည်။ ဤသို့ ကြိုးပမ်းအားထုတ် တိုက်ပွဲဝ င်နေကြသည်ကို လူကြီးမင်းများက အသိအမှတ်ပြုခြင်းဖြင့် ဒီမိုကရေစီတိုက်ပွဲကို
အလွန်အဖိုးတန်လှသော အထောက်အကူ ပေးလိုက်သည့်အတွက် ကျေးဇူး တင်စိတ် ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။”
၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ မှတ်တမ်း
- နဝတ ၏ ကြေညာချက်အမှတ် ၁/၉ဝ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဂန္ဒီခမ်းမ ကြေညာစာတမ်း
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့စာ အတွဲ - ၂
- Nation News Talk, Channel 9 တွင် ထုတ်လွှင့်ခဲ့သည့် နေရှင်းသတင်း စာ အယ်ဒီတာချုပ် ဆူသီချိုင်းယွန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း
- အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချဒ်ဆန်၊ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ ဂျေဟန်ရာဟင်မ်နှင့် New York Times (NYT) သတင်းထောက် ဖီးလစ်ပ်ရှယ်နွန်တို့ ၃ ဦးနှင့်
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၉

| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၀၉ ခုနှစ် ၁၂ နာရီ ၂၇ မိန စ် ဆောင်းပါး

(၁၃၉)
နဝတ က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥ ပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်းခဲ့ပြီးသည့်ေ နာက် …. ပုဒ်မအမျိုးမျိုးတပ်ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများအပြားကို
ဖမ်းဆီးထိန်းသိမ်းသည်။ ထို့အပြင် လက်နက်ကိုင် တော်လှန်ရေးနယ်မြေသို့ ထွက်ခွာခဲ့ကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ
ပယ်ဖျက်ကြောင်း ကော်မရှင်မှတဆင့် ထုတ်ပြန်၍နေ၏။

ဦး ချမ်းအေး၊ ဦးစိုးသိမ်း၊ စသည့် … အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝ င်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှသည် မာနယ်ပလောရှိ ဒေါက်တာစိန်ဝ င်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ
ညွန့်ေ ပါင်းအစိုး ရအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်စာရင်းမှ ပယ်ဖျက်၏။ ပြီးလျှင် …. အဖွဲ့ချုပ် အဖွဲ့ဝ င်များအဖြစ်မှလည်း ထုတ်ပယ်ပ စ်ရန်
အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို အကျပ်ကိုင်၏။
ဖိအားပေး၏။ ခြိမ်းခြောက်၏။ အဖွဲ့ချုပ်ဥက္ကဋ္ဌက ဦးအောင်ရွှေက အဖွဲ့ချုပ် ရပ်တည်ရှင်သန်ေ ရးဟူသည့် လမ်း စဉ်အတိုင်း လျှောက်လှမ်း ရင်း ….။ အဖွဲ့ချုပ်အလံတော်ကို လွှင့်ထူထားနိုင်ေ ရးဟူသည့်
ရပ်တည်ချက်ကို ဆုပ်ကိုင်ရင်း ….. အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ကော်မရှင်နှင့်အပြိုင် အဖွ့ခ
ျဲုပ်အဖွဲ့ဝ င်များကို အဖွဲ့ချုပ်မှ ထုတ်ပယ်၍နေရ၏။

ဦး အောင်လွင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးစိုးသိမ်း၊ ဦး ချမ်းအေး၊ ဦးကိုယု စသည့် ….. ဗဟိုအဆင့် ခေါင်းဆောင်များမှသည် …. စစ်အုပ်စုမှ ချပေးသည့် အမည်စာရင်းများအတိုင်း ထုတ်ပယ်၍နေရ၏။ ခေတ်သစ်
မဟော်သဓာသားလုခန်းက … အရင်းအနှီးများလှ၏။

ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ရွေးချယ်ကြောင်း နိုဘယ်ဆုကော်မ တီမှ ထုတ်ပြန်ခဲ့ပြီး သည့်နောက်တွင် စစ်အုပ်စုသည် အဖွဲ့ချုပ်ကို ပိုမို၍ ဖိအားပေးလာ၏။
ဗိုလ်ကျစိုးမိုး သည့် အပြုအမူများက လက်ရဲဇ က်ရဲနိုင်စွာ လုပ်ဆောင်လာ၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် …. ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆုအတွက် ရွေးချယ်ကြောင်း ကြေညာခဲ့ပြီး နောက်တနေ့တွင် ….. စစ်အုပ်စု၏ အာဏာပါးကွက်သားတို့က ရွှေဂုံတိုင်လမ်းရှိ
အဖွဲ့ချုပ်ရုံးအတွင်းသို့ ဝင်ရောက်၍ တရုံး လုံးဗြောင်းဆန်အောင် မွှေနှောက်ရှာ ဖွေ၏။ ပြီး လျှင် …. လိုချင်သည့် စာရွက်စာတမ်းများကို သိမ်း ယူ၏။ ဥပဒေမဲ့လွန်းလှသည့် လုပ်ရပ် …..။

ပြီးလျှင် …. စစ်အုပ်စုက အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝ င်များကို သေနတ်နှင့်တေ့၍ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်း စုကြည်ကို အဖွ့ခ
ျဲုပ်မှ ထုတ်ပယ်ပ စ်ရန်
စေခိုင်းနေပြန်သည်။ စစ်အုပ်စုက အဖွဲ့ချုပ်ကို ပြန်ပေးဆွဲပြီး …. ဥက္ကဋ္ဌနှင့် အထွေထွေအတွင်း ရေးမှူးကို ထုတ်ပစ်ရန် တောင်းဆိုေ နသကဲ့သို့ ….။ အဆုံး၌ ပြန်ပေးသမားများ၏ တောင်းဆိုချက်ကို
ဦး အောင်ရွှေ လိုက်လျောလိုက်ရ၏။

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်ေ န့၊ နေ့စွဲနှင့် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေက လက်မှတ်ေ ရးထိုးပြီး ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်၏ အထွေေ ထွအတွင်း ရေးမှူး တာဝန်နှင့် အဖွဲ့ဝ င်ဖြစ်မှုမှ
ထုတ်ပယ်ကြောင်း ထုတ်ပြန်ကြေညာပေးရ၏။

ဒီဇင်ဘာလ ၁ဝ ရက် … မနေ့ကပင်၊ နော်ဝေးနိုင်ငံ အော်စလိုမြို့၌ ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုကြီး ချီးမြှင့်ခဲ့၏။

“သူမ ၏ အတွေးအခေါ်တွင် လူ့အခွင့်အရေးကို အလယ်ဗဟို၌ နေရာပေးထားသည်မှာ လူ့ဂုဏ်သိက္ခာကို ကာကွယ်ရန် တကယ်တမ်း လိုအပ်သည့်သဘောကို ရောင်ပြန်ဟပ်ေ နပုံရပါသည်။ လူသားသည်
လွတ်လပ်ေ သာ လူ့အဖွဲ့အစည်းတွင် နေထိုင်ခွင့်ရှိသည်သာမကဘဲ ရိုသေလေးစားခံပိုင်ခွင့်လည်း ရှိရမည်ဖြစ်ပါသည်။

ဤအယူအဆအပေါ်တွင် အမြင့်ဆုံး မျှော်မှန်း ချက်စိတ်ကူးအမြင်နှင့် တည်ငြိမ်သော လက်တွေ့ဝါဒတို့ကို ထူးခြားစွာ ပေါင်းစပ်ထားသော လမ်းစဉ်တရပ်ကို သူမက ချမှတ်တည်ေ ထာင်ထားပါသည်”
နိုဘယ်ဆုချီးမြှင့်သည့် အခမ်းအနားကျင်းပရာ ခန်းမဆောင်အတွင်းမှ နိုဘယ်ကော်မ တီ ဥက္ကဋ္ဌ Dr Francis Sejersted ၏ ပြောကြားသော မိန့်ခွန်း စကားသံများက ကမ္ဘာ ကြီးအနှံ့ ခြေဆန့်၍
ပဲ့တင္ထပ္လ်က္ပင္ရွိေ နဆဲ …..။ ရန်ကုန်တွင်မူ စစ်အုပ်စုသည် ကြောက်ရွံ့ခြင်းကြီးစွာနှင့် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နိုင်ငံရေးအဖွဲ့အစည်းနှင့် ကင်း သွားစေရန် ကျင့်ကြံနေလေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် …. နိုင်ငံ၏ အမျိုးသားနိုင်ငံရေး အစဉ်အလာကြီးမားလှသည့် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းကြီးအတွင်း ၌ ကျောင်းသားများက …. စစ်အုပ်စုဆန့်ကျင်ရေး တိုက်ပွဲကို
အကြမ်းမဖက် နှလုံးရည်သက်သက်နှင့် တိုက်ပွဲဆင်၍နေသည်။
“ဒေါ်အောင်ဆန်း စုကြည် … ချက်ချင်းလွှတ် …. ချက်ချင်းလွှတ် ….”
ကြွေး ကြော်သံတို့က ….. အင်လျားရေပြင်ကို ဖြတ်၍ ….။
ကမ္ဘာ ကြီးက ပဉ္စလက်ဆန်လွန်းလှ၏။

(၁၄ဝ)
နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်၏ မိန့်ခွန်းများက ….. စိတ်ပျက်ဖွယ်ရာ ကောင်းလှ၏။ ရှေ့စကားနှင့် နောက်စကားမညီ ….။ ပါးစပ်တခုတည်း၊ ရင်ဘတ်တချပ်တည်းမှ ထွက်လာသည့် စကားများမှ
ဖြစ်ပါလေရဲ့လား …. ဟူ၍ပင် တွေးထင်ဖွယ်ရာမရှိ …..။

“ကျနော်အာဏာကို ဥပဒေနှင့်အညီ လွှဲမ ယ်။ (Majority vote government form up) လုပ်နိုင်ရ င်ပေါ့ဗျာ။ ကျနော် သဘောတူပါတယ်။ (Constitution) အသစ်ဆွဲချင်သလား၊ ဆွဲလို့လည်း ကျနော်တို့
ပြောတယ်။ ကျနော် ဘာငြင်းစရာ ရှိသလဲဗျာ။ ဘယ် (Constitution) ကို ယူမလဲ။ ဘယ်ဟာကို (recognize) လုပ်မ လဲ။ (amendment) လုပ်မလား”
ရွေးကောက်ပွဲမ တိုင်မီက ပြောခဲ့သည့် ဗိုလ်ချုပ်မှူးကြီး၏ စကားဖြစ်၏။ ယခုမူ …. ဗိုလ်ချုပ်မှူး ကြီး၏ နှုတ်မှပင် တိုင်း ပြည်သို့ လူသိရှင်ကြား မိန့်ခွန်း ပေးနေပြန်၏။

“NLD ကို ဘာလို့ အာဏာလွှဲရမှာလဲ။ လွှဲချင်းလွှဲရင် ဒေါက်တာမောင်မောင်ကို လွှဲမှာပေါ့။ သူ့ဆီက အာဏာရယူထားတာပဲဟာ …”


ရှေ့နောက်မညီသော စကားကြောင့် စိတ်ပျက်ရ သည်ထက် မြန်မာနိုင်ငံ၏ အမြင့်ဆုံးအာဏာကို ရယူထားသည့် ပုဂ္ဂို လ်တဦး ….။ ပြီးလျှင် …. မြန်မာ့တပ်မ တော်တွင် အကြီးမားဆုံးတာဝန်ကို
ထမ်း ဆောင်နေသည့် စစ်ဗိုလ်ချုပ်ကြီးတဦး၏ တွေးခေါ်မြော်မြင်မှု။
မကြာ ….။

၁၉၉၂ ခုနှစ် ဧပြီလ ၂၄ ရက်ေ န့တွင် ဗိုလ်ချုပ်မှူးကြီးစောမောင် ကျန်းမရေးကြောင့်ဟု အကြောင်းပြပြီး နဝတ ဥက္ကဋ္ဌ အဖြစ်မှ အနားယူသွားခဲ့ရ၏။ ကတ္တီပါအာဏာသိမ်းမှု ….။ စစ်ခေါင်းဆောင်သစ်က
ဗိုလ်ချုပ်ကြီးသန်းရွှေ ….။ စစ်ခေါင်းဆောင်သစ်က ….. ၆ လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် အမျိုးသားညီလာခံကို ခေါ်ယူကျင်း ပပေးမည်ဟု ကြေညာချက်အမှတ် ၁၁/၉၂ ထုတ်ပြန်၍ …
ကြွေး ကြော်၏။
ပြီးလျှင် ….. အကျဉ်းသားများကို လွှတ်ပေးသည်။ လွတ်မြောက်လာသူများအတွင်း ၌ ယုံကြည်ချက်ေ ကြာင့် အကျဉ်းကျခံနေကြရသည့် သူများက အနည်းအကျဉ်း ….။ စစ်အုပ်စုက …. အရာရာကို
ထုံးသုတ်သည့် လုပ်ဟန်အတိုင်းပ င် လုပ်ေ န၏။ မပြောင်းလဲ ….။ ရင်ဘတ်မဲ့၍ နေဆဲ ….။

(၁၄၁)
၁၉၉၂ ခုနှစ် မေလ ၂၈ ရက်ေ န့တွင် နဝတ က …. အမိန့်ကြေညာစာအမှတ် ၃၅/၉၂ ကို ထုတ်ပြန်၏။ အမျိုးသားညီလာခံ ကျင်း ပနိုင်ရေးအတွက် အမျိုး သားညီလာခံ ကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ
ဦး ဆောင်ကျင်း ပရေး ကော်မတီ ဖွဲ့စည်း သည့် ကြေညာချက်ဖြစ်သည်။ ကော်မ တီအဖွဲ့ဝ င် ၁၅ ဦး ပါဝင်ပြီး ကော်မတီဥ က္ကဋ္ဌက … နဝတအဖွဲ့ဝင် ဗိုလ်ချုပ်မျိုး ညွန့် ဖြစ်သည်။

တဆက်တည်းပင် …. နဝတ က အမိန့်အမှတ် ၉/၉၂ ထုတ်ပြန်၏။ ၉/၉၂ အရ …. အမျိုးသားညီလာခံ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ၁၉၉၂ ခုနှစ် ဇွန်လ ၂၃ ရက်ေ န့တွင် သမ္မတ
အိမ်ေ တ်ာဝင်းအတွင်း၌ ကျင်းပပြုလုပ်ရ န် ရက်သတ်မှတ်ပြီး ၊ နိုင်ငံေ ရးအဖွဲ့အစည်းများမှ တက်ရောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုလည်း သတ်မှတ်ထား၏။ ညှိနှိုင်းဆွေးနွေးပွဲ၏ တခုတည်းသော
အစီအစဉ်က …. “အမျိုးသားညီလာခံတရပ် ခေါ်ယူကျင်း ပရေး” ….။ အခြားဆွေးနွေးစရာများကိုက အကြံပြုဆွေးနွေး၍ မရ ….။ “စ” မည် ဆိုကတည်းက ကန့်သတ်ချက်နှင့် ….။
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့  အကြောင်းကြားလာ၏။ အဖွဲ့ချုပ်အနေနှင့် အမျိုး သားညီလာခံ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး အမျိုးသားညီလာခံ၏ လုပ်င န်းစဉ်အတွင်း
လိုက်ပါဆောင်ရွက်မည်ဆိုပါက ….. အဖွဲ့ချုပ်မှ ၁၉၉ဝ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်း ထားခဲ့သည့် “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဆိုင်ရာ အဖွဲ့” ကို ဖျက်သိမ်း ပေးရမည်။
တဖက်သတ်တောင်းဆိုမှုများနှင့် “စ”၏။

၁၉၉၂ ခုနှစ် ဇွန်လ ၂ ရက်နှင့် ၄ ရက်နေ့များတွင် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို ထိုင်ပြီး နဝတ ၏ အမျိုး သားညီလာခံ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန်
ဆုံးဖြတ်၏။ တက်ရောက်ကြမည့် အဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝ င် ၁၅ ဦး ပါဝင်မည်။ အဖွဲ့ေ ခါင်းဆောင်နှင့် ဒု-အဖွဲ့ေ ခါင်းဆောင်များက ….. ဦးအောင်ရွှေ (မရမ်းကုန်းမြို့နယ်၊ အမှတ် ၁
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) နှင့် ဦးလွင် (သုံးခွမြို့နယ်၊ အမှတ် ၁ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ) တို့ ဖြစ်သည်။ ပြီး လျှင် …. အစည်းအဝေးက …. ၁၉၉ဝ ခုနှစ် အောက်တိုဘာလ ၉
ရက်ေ န့က ဖွဲ့စ ည်းခဲ့သည့် ….. “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆိုင်ရာ အဖွဲ့” ကို ဖျက်သိမ်းလိုက်သည်။

(၁၄၂)
ကတ္တီပါအာဏာသိမ်း ပွဲအပြီး၊ စစ်ခေါင်းဆောင်သစ် ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးသန်းရွှေက …. “ဂျော့ခ်ျအိုဝဲလ်” ၏ ခေါင်းစဉ်လှလှလေးများကို တခုပြီးတခု ပေး၍နေသည့်အလား။ အကျဉ်းသားများ
လွှတ်ပြ၏။ ဖွဲ့စ ည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ေ ရးအတွက် အခြေခံမူများ ချမှတ်နိုင်ရန် အမျိုးသားညီလာခံ ကျင်းပမည်ဟု ဆို၏။

ပြီးလျှင် …. ဒေါ်အောင်ဆန်း စုကြည်ကိုလည်း မိသားစုနှင့် တွေ့ဆုံနိုင်ရန် ခင်ပွန်း သည်နှင့် သားနှစ်ေ ယာက်ကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမည့်အကြောင်း ဒေါ်အောင်ဆန်း စုကြည်ကို အနီးကပ်တာဝန်ယူ
ထိန်း သိမ်းထားသည့် ထောက်လှမ်းရေး ဗိုလ်မှူးကြီးသန်း ထွန်းမှတဆင့် ကမ်းလှမ်းလာ၏။ အခွင့်အရေးပေးသည့် ဟန်နှင့် ကမ်းလှမ်းလာခြင်းမျိုး ….။ စစ်ခေါင်းဆောင်သစ်က သဘောထားကြီးလေဟန်နှင့်
….။ အမှန်စင်စစ်တွင်မူ ….. ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နှင့် ထိန်း သိမ်းချုပ်နှောင်ထားသည့် ဥပဒေအရက ….. နေအိမ်အကျယ်ချုပ် အထိန်း သိမ်း ခံထားရသူသည် သူ၏
မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ရှိ၏။ ကန့်သတ်တားမြစ်ထားသည်က ….. နိုင်ငံရေးအဖွဲ့အစည်းဝင်များနှင့် သံတမန်များသာ ဖြစ်သည်။ ဤသည်ကိုပင် ….. သဘောထားပျော့ပြောင်းလာသည့်
အမူအရာနှင့် ဇာတ်ခင်းချင်သေး၏။

ဒေါ်အောင်ဆန်းစုကြည်မှ မိသားစုနှင့် တွေ့ဆုံမ ည်ဟု ထောက်လှမ်းရေးဗိုလ်မှူးကြီးမှတဆင့် အကြောင်းပြန်လိုက်၏။


ကဆုန်မိုးပြေးက …. သင်္ကြန်အလွန် တန်ခူး လေကြောင့် ဟိုဟိုသည်သည် ဖြန်းပက်၏။ ပင်ရံထံမှ အုပ်အုပ်ဆိုင်းဆိုင်းနှင့် သစ်ရွက်စိမ်းစိမ်းတို့က မိုးရေကြောင့် စိုစိုလွင်လွင် ….။ ယခင်က ဆိတ်ငြိမ်စွာ နှင့်
ရှိေ နခဲ့သည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ နေအိမ်က ….. မိသားစုဝင်များ ရောက်ရှိ၍နေသည့်အတွက် ဝေဝေစီစီ ….။ လှုပ်လှုပ်ခ တ်ခတ် ….။ သက်ဝင်မှုက ဆန်းသစ်၍ နေ၏။ သားငယ်
မောင်ထိန်လင်းက သူမထက်ပင် ခေါင်းတလုံးခန့်မြင့်၍ နေသည်ကို ဒေါ်အောင်ဆန်းစုကြည် မြင်ရ၏။ အံ့သြစရာပင် ….။ လွန်ခဲ့သည့် ၄ နှစ်ခန့်က တကယ့်ကလေးငယ် ပီဘိ ….။ သားကြီး
မြင့်ဆန်း အောင်ကမူ …. လူကြီးဆန်လာပြီး တည်ငြိမ်မှု ပို၍ ရှိလာသည်ဟု ဒေါ်အောင်ဆန်းစုကြည် သတိထားမိ၏။ သားငယ်နှစ်ဦး အပေါ်တွင် ဒေါ်အောင်ဆန်း စုကြည်အနေနှင့် မိခင်တဦး၏
စောင့်ရှောက်မှု မပေးစွမ်းနိုင်ခဲ့သည်မှာ …. ၅ နှစ်ေ ကျာ်ခဲ့ပြီ။

သားငယ်က …. သူမ ကို သူ၏ Walk Man ကက်ဆက်လေးနှင့် Greatful Dead ၏ သီချင်းများ နားထောင်ခိုင်း၏။ မဆိုး ….။ သူမ နှစ်သက်ခံစား၍ ရသည်။ Bob Marley ၏ သီချင်းများကိုမူ
ဒေါ်အောင်ဆန်းစုကြည် ပိုမို၍ နှစ်သက်၏။ Bob Marley ၏ သီချင်းများက “လွတ်လပ်ခွင့်” အကြောင်း ဖွဲ့သည့် တေးသီချင်းများ ဖြစ်သည်။ “Stand Up for Your Right” ကိုမူ သူမ အနှစ်သက် ဆုံးဟု
ဆိုရမည်။ “သင်တို့အခွင့်အရေးအတွက် နိုး ထကြလော့” ဟု အဓိပ္ပာယ်ရ မည်။

လှုံ့ဆော်မှုပါသည့် အနုပ ညာ၏ စွမ်း ပကားက ကြီးမားလှ၏။ မိသားစုနှင့်အတူ နေထိုင်ခဲ့ရသည့် ကာလက ခဏငယ်မျှ ပင် ….။ တိုတောင်းလွန်းလှ၏ဟု ဆိုရမည်။ ၁၉၉၂ -ခုနှစ် မေလ ….
ဒုတိယပတ်အတွင်း ၌ သားငယ်တို့ ရန်ကုန်မှ ပြန်၍ ထွက်ခွာ ကြရမည်။ သူမနှင့် ပတ်သက်သည့် လုပ်င န်းဆောင်တာအချို့ကို သားကြီးက ဆောင်ရွက်ရန်ရှိ၏။

၁၉၉၂ ခုနှစ် မေလ ၁၄ ရက်ေ န့တွင် ဒေါ်အောင်ဆန်း စုကြည်ကို “အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး အဖွဲ့” မှ ချီးမြှင့်မည့်ဆုကို ဝါရှင်တန်မြို့တော်တွင် သူမ ၏ ကိုယ်စား သားကြီး မြင့်ဆန်းအောင်က
လက်ခံရ ယူရမည်။ သူမကိုယ်စား ဂုဏ်ပြုစကား ပြောဆိုရမည်။ ပြီး လျှင် …. ဇွန်လ ၁၃ ရက်နေ့တွင်လည်း စပိန်နိုင်ငံ၌ အိုလံပစ် မီးရှူးတန်ဆောင် ကြိုဆိုသည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်း စြု ကည်၏
မိန့်ခွန်းကို သားကြီး မောင်မြင့်ဆန်းအောင်က ဖတ်ကြားရန် ရှိ၏။
ဒေါ်အောင်ဆန်းစုကြည်က …. သားတို့နှင့်အတူ …. စာတစောင်နှင့် မိန့်ခွန်းနှစ်ေ စာင်ကို ရေး၍ ပေးလိုက်၏။ စာက …. “နိုဘယ်ေ က်ာမတီသို့” ပေးပို့သည့် စာဖြစ်သည်။ မနှစ်က သူမ ကို ချီးမြှင့်ခဲ့သည့်
နိုဘယ်ငြိမ်းချမ်းရေး ဆုေ ပးပွဲအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ ….။ ထိုစဉ်က ပြင်ပနှင့် အဆက်အသွယ်များ အားလုံးသည်လည်း ဖြတ်တောက်ထားခြင်း
ခံေ နခဲ့ရသည်။ ယခု မိသားစု လာခွင့်ရ သည့်အတွက် ပြင်ပနှင့် ဆက်သွယ်၍ ရသည်။ ဤအတွက် ….. ဒေါ်အောင်ဆန်းစုကြည်မှ နိုဘယ်ဆုကော်မ တီသို့ ကျေးဇူးတင်ကြောင်း စာရေသား၍ပေးပို့၏။

သို့ ….
ပါမောက္ခ လွန်ဒီစတတ်ရှင့် …..
ကျမတို့၏ စုေ ပါင်းကြိုးပမ်းမှုတွင် ပါဝင်သူများအားလုံး ကိုယ်စား ဤဆုကြီးကို လက်ခံရယူကြောင်း ကျမသားကြီး မြင့်ဆန်းအောင်က ပြောကြားခဲ့သည်မှာ ကျမ၏ ခံစားချက်ကို တိတိကျကျ ဖော်ပြခြင်းပင်
ဖြစ်ပါသည်။ ကျမတို့ မြန်မာပြည်သူ ပြည်သားများ၏ အရေးကို ဂရုပြုကြောင်း ပြသသည့်အတွက် ကျမ လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။

ဆုပေးပွဲ အခမ်းအနားကို ကြည်နူးဖွယ်ရာ၊ မမေ့နိုင်ဖွယ်ရာ၊ ဖြစ်ရပ်အနေဖြင့် အထူးသဖြင့် တက်ေ ရာက်ကြသော မြန်မာများအတွက် ပြုလုပ်ေ ပးရန် ကြိုးစားဆောင်ရွက်ေ ပးကြသူများကို
ကြားရသောအခါတွင်လည်း ကျမ စိတ်လှုပ်ရှားရသည်အထိ ကြည်နူးရမိပါသည်။

ကျမကိုယ်တိုင် တနေ့တွင် လာရောက်၍ နိုဘယ်ငြိမ်းချမ်းရေး ဟောပြောပွဲကို ပြုလုပ်နိုင်မ ည့် အချိန်အခါကို စိတ်အားထက်သန်စွာ စောင့်မျှော်ေ နပါသည်။

အောင်ဆန်း စုကြည်
၅၄၊ တက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်။
၁၄၊ မေ၊ ၁၉၉၂ ။

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်
- နဝတ၏ အမိန့်ကြေညာချက် အမှတ် ၁၁/၉၂
- နဝတ၏ ကြေညာချက် အမှတ် ၃၅/၉၂
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့စာ အတွဲ - ၂
- Nation News Talk, Channel 9 တွင် ထုတ်လွှင့်ခဲ့သည့် နေရှင်းသတင်း စာ အယ်ဒီတာချုပ် ဆူသီချိုင်းယွန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း
- အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချဒ်ဆန်၊ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ ဂျေဟန်ရာဟင်မ်နှင့် New York Times (NYT) သတင်းထောက် ဖီးလစ်ပ်ရှယ်နွန်တို့ ၃ ဦးနှင့်
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - အပိုင်း - ၄ဝ

| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၉ ရက် ၂၀၀၉ ခုနှစ် ၁၅ နာရီ ၀၄ မိနစ် ဆောင်းပါး

(၁၄၃)

၁၉၉၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

အလုံလမ်း ၊ သမ္မတအိမ်ေ တာ်။

စစ်အုပ်စုမှ ဦးစီးပြီး အမျိုး သားညီလာခံ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ၏။ စစ်အုပ်စုက ဖွဲ့စည်း ပေးထားသည့် အမျိုးသားညီလာခံ ကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ ဦး ဆောင်ကျင်းပရေး ကော်မတီဝ င် ၁၅
ဦး နှင့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများမှ ဖိတ်ကြားခြင်းခံရသည့် ကိုယ်စားလှယ် ၂၉ ဦး တက်ရောက်ကြ၏။ အဖွဲ့ချုပ်မှ ဦးအောင်ရွှေနှင့် ဦးလွင်တို့ ခေါင်းဆောင်၍ အစည်းအဝေး တက်၏။
ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ေ ရးပါတီ (တစည) မှ ဦးအမ်(မ်)ဆင်ဆားရ်နှင့် တသီးပုဂ္ဂလ လွှတ်ေ တ်ာကိုယ်စားလှယ် ဒေါက်တာမူထန်တို့
တက်ရောက်ကြ၏။ ညှိနှိုင်း ဆွေးနွေးပွဲ၏ အဖွင့်မိန့်ခွန်း ကို အမျိုး သားညီလာခံ ကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ ဦးဆောင်ကျင်း ပရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မျိုး ညွန့်က ပြော၏။ မိန့်ခွန်း ကို ချုပ်ကြည့်လျှင်မူ
….

“ယခု ညှိနှိုင်း ဆွေးနွေးပွဲမှာ အမျိုးသားညီလာခံကို မည်သူများ တက်ရောက်စေသင့်သည်။ မည်သို့ ဦးရေသတ်မှတ် တက်ရောက်စေသင့်သည်။ အမျိုးသားညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားရာမှ
နိုင်ငံေ ရးပါတီ အဖွဲ့အစည်းများ၊ ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်များ၊ တိုင်း ရင်းသားလူမျိုးများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊
အခြားဖိတ်ကြားသင့်သူများကို မည်သို့ ဦးရေသတ်မှတ် ဖိတ်ကြားသင့်သည် စသည့် အချက်များအပေါ် အခြေခံပြီး အကြံပြုဆွေးနွေး တင်ပြကြရန် ဖြစ်ပါသည်” ဟူ၍ ဖြစ်သည်။ မည်သူများ
တက်ရောက်စေသင့်သည်ဟူ၍ ဆွေးနွေးမည်ဟု ဆိုသော်လည်း ….. ဦးဆောင်ကျင်း ပရေး ကော်မတီ ဥက္ကဋ္ဌ မိန့်ခွန်း ထဲ၌က …. တက်ရောက်စေမည့် အလွှာများ ခွဲခြားသတ်မှတ်ထားပြီး ဖြစ်နေသည်။
နိုင်ငံေ ရးအဖွဲ့အစည်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းရင်းသားလူမျိုးများ၊ အလုပ်သမား၊ တောင်သူလယ်သမား၊ နိုင်ငံ့ဝ န်ထမ်း ….. စသဖြင့် လိုင်း ချထားပြီး ဖြစ်နေ၏။ အစည်းအဝေး
တက်ရောက်ခဲ့ကြသည့် နိုင်ငံေ ရးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ….. အလွှာအစု တစုလျှင် ….. မည်၍မည်မျှ တက်ရောက်သင့်ေ ကြာင်း ဆွေးနွေးရန်သာရှိသည့်ဟန် ….။

(၁၄၄)

အမျိုး သားညီလာခံကျင်းပရေး အကြိုညှိနှိုင်း အစည်းဝေးက …. ၃ ကြိမ်ဆက်၍ ကျင်း ပခဲ့ရ၏။ ဇွန်လ ၂၃ ရက်၊ ၃ဝ ရက်နှင့် ဇူလိုင်လ ၁ဝ ရက်နေ့များတွင် ခွဲ၍ ပြုလုပ်ခဲ့ရ သည်။

အဖွဲ့ချုပ်ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင် ဦးအောင်ရွှေက …. ဇွန်လ ၃ဝ ရက်နေ့ အစည်းအဝေး၌ ဆွေးနွေးတင်ပြ၏။ အနှစ်ချုပ်က …

“အမျိုးသားညီလာခံကို တက်ရာက်မယ့် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ အစစအရာရာ အဆင်ေ ပြချောမောဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် တိုင်း ပြည်ရဲ့ အနာဂတ်ခရီးကို ဖြောင့်ဖြောင့်ဖြူးဖြူး
လျှောက်လှမ်း နိုင်ြ ကဖို့ဆိုတဲ့ ကောင်းမြတ်တဲ့ စိတ်စေတနာထားကြဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာအားလုံး နိုင်ငံအဖွဲ့အစည်းများပါ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်း နှိုင်း အပြုသဘော
ဆွေးနွေးကြဖို့ အကြံပြုတင်ပြအပ်ပါတယ်။ အဖြေတခုခုကို ရှာ ကြရာမှာ အဖြေမှန်ေ ပ်ါထွက်လာရေးဆိုတဲ့ ခိုင်မာတဲ့ ဆန္ဒရှိပြီး အချင်းချင်း မိမိရဲ့ အစိတ်အပိုင်းကို မထိခိုက်ေ စရုံသာမက သူ့တပါးရဲ့
အစိတ်အပိုင်းကိုလည်း မထိခိုက်ေ စသည့်အပြင် တဦးနှင့်တဦးလည်း မထိခိုက်ေ စဘဲ တဦးရဲ့ အကျိုးကို မထိပါးစေဘဲ မေတ္တာထားကြဖို့၊ နားလည်မှုရှိကြဖို့၊ လေးစားကြဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်
မိမိတို့ဟာ တိုင်း ပြည်တပြည်အတွင်းမှာ မွေးဖွားကြတဲ့ လူမျိုးနွယ်စု တိုင်း ရင်းသားတွေ ဖြစ်ကြတယ်လို့ အခိုင်အမာ ခံယူပြီး တတိုင်းတပြည်လုံးရဲ့ အကျိုးအတွက် မှန်ကန်စွာ ရှေးရှုပြီး
ဆွေးနွေးကြမယ်ဆိုရင် အဖြေမှန် မုချပေါ်ထွက်လာမှာ ဖြစ်ပါတယ်”

ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်ခေါင်းဆောင် ဦး ခွန်ထွန်းဦး ၏ ဆွေးနွေးမှုက ပိုမို၍ ပွင့်လင်း၏။ စစ်အုပ်စုအပေါ် ယုံမှားသံသယရှိသည်များကို ရှင်း ရှင်း လင်းလင်းပင် မေး၏။

“အခုကျင်းပမယ့် အမျိုးသားညီလာခံမှာ လွတ်လပ်စွာ ဆွေးနွေးခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ပြန်ခွင့် ရှိကြောင်း ထုတ်ပြန်ေ ပးပါ့မလား၊ အမျိုးသားညီလာခံမှာ ဆွေးနွေးဝေဖန်
ရေးသားထုတ်ပြန်တာတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုခြင်း၊ အရေးယူခြင်း၊ စစ်ဆေးမေးမြန်းခြင်း မပြုကြောင်း ကြေညာချက် ထုတ်ပြန်ပေးပါ့မလား။ ညီလာခံကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်အပေါ်
ကောက်နုတ်ပြီး အဖြေဖြစ်တဲ့ သဘောတူညီချက်ကို ဘယ်နည်းဘယ်ပုံများနဲ့ ဆုံးဖြတ်ရယူမ ယ်ဆိုတာ ကျနော်တို့ သိလိုပါတယ်”

ချင်းပြည်နယ်၊ ထန်တလန်မဲဆန္ဒန ယ်မှ … တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမူထန်ကလည်း …..

“အမျိုးသားညီလာခံဟာ အနှောင်အဖွဲ့ကင်းတဲ့၊ စွက်ဖက်မှုကင်း တဲ့၊ မျှတပြီး လွတ်လပ်တဲ့ ညီလာခံဖြစ်ဖို့ လိုအပ်ပါတယ်။ အမျိုးသားညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာလည်း၊ မဲခွဲဆုံးဖြတ်ခြင်းမျိုးမဟုတ်ဘဲ
တက်ရောက်လာတဲ့ အားလုံးသော ပုဂ္ဂိုလ်တွေရဲ့ တူညီဆန္ဒအရသာ ဖြစ်သင့်ပါတယ်။ အမျိုးသားညီလာခံဟာ မြန်မာနိုင်ငံရဲ့ သမိုင်းတကွေ့မှာ အလွန်ပဲ အရေးကြီးတဲ့အတွက်၊ အခု ညှိနှိုင်းဆွေးနွေးပွဲ
တက်ရောက်နေကြတဲ့ ပုဂ္ဂို လ်အားလုံး နောင်တချိန်မှာ သမိုင်းတရားခံတွေ မဖြစ်ကြဖို့ လွန်စွာ အရေးကြီးပါတယ်”

(၁၄၅)

၁၉၉၂ ခုနှစ် မေလအတွင်း ၌ ခင်ပွန်းသည်နှင့် သားများ ပြန်သွားခဲ့ပြီးသည့် နောက်ပိုင်းတွင် …. ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ကို ယူထားသည့် တပ်မတော်
ထောက်လှမ်းရေးမှ ဗိုလ်မှူး ကြီးသည် မိသားစုနှင့် ပျော်ပျော်ရွှင်ရွှင်၊ သိုက်သိုက်ဝန်း ဝန်း နေထိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို စကားစလာခဲ့၏။ ဗိုလ်မှူးကြီးပြောသည့် မိသားစုနှင့် သိုက်သိုက်ဝန်းဝန်း
နေထိုင်ရ န်ဟူသည်က …. အင်္ဂလန်တွင် ပြန်လည်၍ သွားရောက်ေ နထိုင်ရန် ဖြစ်သည်။ ပထမတွင်မူ …. ဗိုလ်မှူး ကြီးအနေနှင့် “အလာပတ်၊ သလာပတ်” စကားရှာ၍ ပြောခြင်းဖြစ်သည်ဟု
ဒေါ်အောင်ဆန်းစုကြည် ယူဆ၍ ဗိုလ်မှူးကြီးကို သူမကို ထိန်းသိမ်းထားသည့် နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁ဝ (ခ) ကို
ရည်ညွှန်းပြီး “ဟာသ” လုပ်၍ပင် …. မဖြစ်နိုင်ေ သးကြောင်း ရယ်ရ ယ်မောမောနှင့်ပင် ပြန်ပြောခဲ့သေး၏။ သို့သော် …. နောက်ပိုင်းတွင်မူ ဗိုလ်မှူးကြီး၏ စကားက စစ်အုပ်စု၏ သဘောထားမှန်း သိလာရ၏။

သူမကို မြန်မာ့နိုင်ငံရေးအတွင်း ပါဝင်ဆောင်ရွက်ခွင့် မရှိစေရေး သေနင်္ဂဗျူဟာကို စစ်အုပ်စုမှ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် နားလည်လိုက်၏။

ပထမခြေလှမ်း က … ၁၉၉ဝ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သူမ မပါဝင်နိုင်ေ ရးအတွက် ….. ကော်မ ရှင်ကတဆင့် ဆောင်ရွက်ခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်၏ ဗဟန်းမြို့နယ်
မဲဆန္ဒနယ်ေ မြအမှတ် (၁) တွင် အဖွဲ့ချုပ်ကိုယ်စား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်း ခဲ့သည်ကို ….. (တစည) က ကန့်ကွက်စေပြီး …. ကော်မ ရှင်က
ကန့်ကွက်လွှာကို လက်ခံလိုက်၏။

ဒုတိယခြေလှမ်းက ….. အဖွဲ့ချုပ်ကို ပြန်ပေးဆွဲသကဲ့သို့ ပြုမူပြီး ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့ကို အဖွဲ့ချုပ်၏ အထွေေ ထွအတွင်း ရေးမှူး တာဝန်နှင့် အဖွဲ့ဝ င်အဖြစ်မှပါ ထုတ်ပယ်ပစ်ရန် တောင်းဆိုခဲ့သဖြင့်
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်ေ န့တွင် သူမကို အဖွဲ့ချုပ်မှ ထုတ်ပယ်ခဲ့ရ၏။

ယခု….။

တတိယခြေလှမ်းက …. မြန်မာနိုင်ငံအတွင်း မှ သူမကို ထွက်ခွာ သွားရန်အတွက် တောင်းဆိုလာ၏။

စစ်အုပ်စု၏ ခြေလှမ်း က ရိုး ရိုးရှင်းရှင်း ကြီးပင် ဖြစ်၏။ သို့သော် …. တလှမ်းချင်း လှမ်းလာသည့် ခြေလှမ်းကို ဤအတိုင်း ကြည့်ေ နရန် မဖြစ်တော့ ….။ ပြတ်ပြတ်သားသား ရှင်းရန် လိုပြီ။ ဤသို့ပင်
ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ထားလိုက်၏။ ဗိုလ်မှူး ကြီးမှတဆင့် သူမအနေနှင့် မည်မျှ ပင် ဖိအားပေး အကျပ်ကိုင်သည်ဖြစ်စေ၊ မည်သို့သော အခြေအနေမျိုးသို့ပ င် ရောက်ပါစေ ….
မြန်မာနိုင်ငံအတွင်း မှ ထွက်ခွာ သွားလိမ့်မည် မဟုတ်ကြောင်း စစ်ခေါင်းဆောင်များကို ပြတ်ပြတ်ရှင်းရှင်းပင် ဒေါ်အောင်ဆန်း စုကြည် ပြောလိုက်၏။

ပြီးလျှင် …. ဤကိစ္စနှင့်ပတ်သက်လျှင်လည်း မည်သို့မျှတွေ့ဆုံပြီး လက်ခံေ ဆွးနွေးလိမ့်မ ည် မဟုတ်ဟု တိတိလင်းလင်းပင် ပြောဆိုလိုက်၏။ အခြေအနေက …. တင်းတင်းမာမာ …..။
(၁၄၆)

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ ခြံဝ င်းအတွင်း ထားရှိသည့် လက်နက်ကိုင် အစောင့်တပ်သားများက …. တပ်စိတ် ၂ စိတ်မျှ ရှိမည်။ စစ်သားများက အလှည့်နှင့်
အမြဲတမ်း အချိန်း အပြောင်း ရှိ၏။

အိမ်အတွင်းသို့မူ …. ဒေါ်အောင်ဆန်း စုကြည်၏ ခွင့်ပြုချက်မရဘဲ မည်သည့်လုံခြုံရေး စစ်သားမျှ ဝင်ခွင့်မ ရ ….။ တင်း တင်းကျပ်ကျပ်ပင် စည်းကမ်းကို ဒေါ်အောင်ဆန်း စုကြည် ချမှတ်ထား၏။
အိမ်အတွင်း၌က ….. ဒေါ်အောင်ဆန်း စုကြည်နှင့်အဖော် အမျိုးသမီး “မာရီယာ” သာ ရှိ၏။ “မာရီယာ” က အပြင်ထွက်၍ ဈေးဝယ်ရ၏။ အစားအသောက်အတွက် … ချက်ပြုတ်ရ၏။ အိမ်သန့်ရှင်းရေး
ပြုလုပ်ရ၏။ မာရီယာကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမြဲတမ်း အတူနေထိုင်ပြီး ရှိသည်မဟုတ်….။ တပတ်လျှင် …. တနင်္လာနေ့မှ သောကြာနေ့အထိသာ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေပြီး၊
စနေ၊ တနင်္ဂနွေနေ့များတွင်မူ …. သူမ၏ နေအိမ်သို့ ပြန်၏။ ထိုရက်များတွင် အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည် တဦး တည်းသာ ကျန်၏။

ဒေါ်အောင်ဆန်းစုကြည်က သူမကို မြန်မာနိုင်ငံအတွင်း မှ ထွက်ခွာသွားရေးနှင့် ပတ်သက်၍ ဆွေးနွေး မည်ဆိုပါက မည်သည့်စစ်ခေါင်းဆောင်နှင့်မျှ လက်ခံေ တွ့ဆုံနိုင်မည် မဟုတ်ဟု …. ပြတ်ပြတ်ရှင်းရှင်း
ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် …. အခြေအနေက တင်းမာ၍ ခက်ထန်နေခဲ့၏။

တနေ့….။

ဒေါ်အောင်ဆန်းစုကြည်ထံတွင် ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ စစ်သားများ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်အတွင်းသို့ ဝင်လာ၏။ ဒေါ်အောင်ဆန်းစုကြည် သိသည်နှင့် ချက်ချင်းပင် အိမ်အတွင်းမှ
ထွက်ခိုင်း၏။ ပြီးလျှင် …. ဒေါ်အောင်ဆန်းစုကြည်မှ အိမ်တံခါးကို သော့ခ တ်၍ ပိတ်ထားလိုက်၏။

တင်း တင်းမာမာ….။

စစ်သားများက တံခါးကို ဖျက်ဆီး၏။ သော့ကို ရိုက်ချိုး၏။ စစ်သားတို့၏ လုပ်ရပ်က …. လူရမ်းကားတစု၏ လုပ်ရ ပ် ….။ အကြမ်းဖက်သောင်းကျန်းသူတို့၏ အပြုအမူအကျင့်အကြံ ….။
မင်းမဲ့စရိုက်ဆန်လွန်းလှသည့် ဖြစ်ရပ် ….။

ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းပင် ….. ဗိုလ်မှူး ကြီးသန်းထွန်းမှတဆင့် နဝတ ခေါင်းဆောင်များထံသို့ တိုင်ကြား၏။ နောက်ပိုင်း တွင်မူ …. စစ်အုပ်စု၏ ခေါင်းဆောင်များမှ ထိုနေ့က ဖြစ်ပျက်ခဲ့သည့်
စစ်သားများ၏ အပြုအမူနှင့် ပတ်သက်၍ လာရောက်ပြီး တောင်းပန်ကြ၏။

(၁၄၇)

၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်။

ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်း၌ အမျိုးသားညီလာခံ စတင်ကျင်းပ၏။ ညီလာခံကိုယ်စားလှယ်ပေါင်း ၇ဝ၂ ဦး တက်ရောက်ကြ၏။ ကိုယ်စားလှယ်များ အစုအဖွဲ့ ၈ စု ခွဲ၏။

နိုင်ငံေ ရးပါတီများမှ ကိုယ်စားလှယ်၊ ရွေးကောက်ပွဲတွင် အရွေးချယ်ခံထားရသော ကိုယ်စားလှယ်၊ တိုင်း ရင်းသားလူမျိုး ကိုယ်စားလှယ်၊ တောင်သူလယ်သမား ကိုယ်စားလှယ်၊ အလုပ်သမား
ကိုယ်စားလှယ်၊ အသိပညာရှင် အတတ်ပညာရှင်များ ကိုယ်စားလှယ်၊ နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ်များနှင့် အခြား ဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များဟူ၍ ဖြစ်သည်။ ညီလာခံကိုယ်စားလှယ် ၇ဝ၂ ဦးတွင်
လူထုကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်ဟု သတ်မှတ်၍ရသည့် ဦးရေက …. ၁၅၆ ဦး ရှိသည်ဟု ဆိုရမည်။ ရာခိုင်နှုန်း အရ ကြည့်ပါက …. ၁၅.၂၄ ရာခိုင်နှုန်း မျှသာ ပါရှိ၏။ ကျန်သည့် ကိုယ်စားလှယ်များ
အားလုံးက နဝတ က ရွေးချယ်ခန့်အပ်ခ့သ
ဲ ည့် ကိုယ်စားလှယ်များသာ ဖြစ်၏။

ညီလာခံ၏ ဦး တည်ချက် ၆ ရပ်အနက် …. နံပါတ် ၆ တွင် ပါရှိသည်က …. “အနာဂတ် မြန်မာ့နိုင်ငံေ ရးတွင် တပ်မ တော်သည် အမြဲတမ်း ဦးဆောင်မှု အခန်းကဏ္ဍ၌ ပါရှိစေရမည်” ဟူ၍ ဖြစ်ရာ ….
စစ်မှန်သော ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ကျောခိုင်း လျက် ရှိေ န၏။

တရက်ပြီးတရက် ….။ ညီလာခံကျင်းပသည့်ရက်များ ရလာသည်နှင့် နဝတ ၏ အမျိုးသားညီလာခံဟူသည်၏ အတွင်းသရုပ်နှင့် လားရာတို့ကို ရှင်း ရှင်း ပင် တွေ့လာရသည်။

“(က) ညီလာခံ၏ ဦးတည်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို အမျိုးသားညီလာခံကျင်းပရေး ညှိနှိုင်း ဆွေးနွေးပွဲတွင်လည်းကောင်း၊ ညီလာခံတွင်လည်းကောင်း၊ ကိုယ်စားလှယ်များနှင့် ညှိနှိုင်း ပြီး မှ
ပြုစုခြင်း မရှိ။

(ခ) ညီလာခံကိုယ်စားလှယ် အချိုးအစားကို ကြည့်ပြန်သောအခါ ပြည်သူက ရွေးကောက်တင်ေ မြာက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များသည် ညီလာခံကိုယ်စားလှယ် အားလုံး၏ ၁၅.၂၄
ရာခိုင်နှုန်းသာ ပါရှိသောကြောင့် အမျိုးသားညီလာခံတွင် အမြဲထာဝစဉ် “အနည်းစု” သာ ဖြစ်နေသည်။

(ဂ) စာတမ်းများကို ပြုစုတင်ပြရာ၌ လွတ်လပ်မှုမရှိဘဲ အာဏာပိုင်များက စိစ စ်ပြီး ပြင်ဆင်ေ ပးစေလိုသည်များကို ပြင်ဆင်ပေးရသည်။

(ဃ) ညီလာခံအတွင်း ဆွေးနွေးရာ၌ အချင်းချင်း အပြန်အလှန်ဖ လှယ်ခွင့် တင်ပြချက်များအပေါ် စိစ စ်သုံးသပ်လျက် အသင့်မြတ်ဆုံးကို ညှိနှိုင်း ရွေးချယ်ပိုင်ခွင့်မရှိ။

(င) ကိုယ်စားလှယ်များ၏ စိစစ်တင်ပြချက် အများအပြားကို ဥပေက္ခာပြုခဲ့သည်။


(စ) ဆွေးနွေးချမှတ်ရာ၌ အခြေခံမူများသာမက အသေးစိတ်များပါ ပါဝင်နေသည်။

(ဆ) အလှည့်ကျ သဘာပတိအဖွဲ့က စာတမ်းများကို ခြုံငုံသုံးသပ်ပြီး ထောက်ခံတင်ပြပေးရသည်။

(ဇ) ဘာသာရပ်တခုအပေါ် အပြည့်စုံ ဆွေးနွေးခြင်း မပြုရသေးသည်များကိုပါ တပါတည်း ဆုံးဖြတ်ချက် ချမှတ်သည်များကို တွေ့ရှိရသည်။

(ဈ) ညီလာခံကျင်း ပရာ၌ ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေများ ရေးဆွဲစဉ်ကကဲ့သို့  အချိန်ဇယား သတ်မှတ်ချက် မရှိ”

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး

- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်း အမှတ် စာစောင်


- နဝတ ၏ အမိန့်ကြေညာချက်အမှတ် ၁၁/၉၂

- နဝတ ၏ ကြေညာချက်အမှတ် ၃၅/၉၂

- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂

- Nation News Talk, Channel 9 တွင် ထုတ်လွှင့်ခဲ့သည့် နေရှင်းသတင်း စာ အယ်ဒီတာချုပ် ဆူသီချိုင်းယွန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း

- အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချဒ်ဆန်၊ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ ဂျေဟန်ရာဟင်မ်နှင့် New York Times (NYT) သတင်းထောက် ဖီးလစ်ပ်ရှယ်နွန်တို့ ၃ ဦးနှင့်
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း

- အမျိုးသားညီလာခံ ကျင်း ပရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ဦးဆောင်ကျင်း ပရေး ကော်မတီ ဥက္ကဋ္ဌ ပြောကြားသည့် မိန့်ခွန်းများ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၄၁)

| သောကြာနေ့၊ ဒီဇင်ဘာလ ၁၁ ရက် ၂၀၀၉ ခုနှစ် ၁၅ နာရီ ၃၈ မိနစ် ဆောင်းပါး

(၁၄၈)
၁၉၉၃ ခုနှစ် …. နှစ်ဆန်းကတည်းက ငွေကြေးအခက်အခဲကို ဒေါ်အောင်ဆန်း စုကြည် ကြီးကြီးမားမား ရင်ဆိုင်လာရပြီ။ သူမထံရှိ ငွေကြေးက ၁၉၈၉ ဇူလိုင်လ အထိန်းသိမ်းခံခဲ့ရစဉ် …. အိမ်တွင်ရှိသည့်
ငွေပင်ဖြစ်ရာ …. ၃ နှစ်အတွင်း ပြတ်လပ်လေပြီ။ ဤသည်ပ င်လျှင် …. ၃ နှစ်အတွင်း ခြိုးခြံချွေတာ သုံးစွဲခဲ့၍ ဤမျှအထိ ခံခြင်းဖြစ်၏။ ကြက်ဥကိုပင်လျှင် ….. လုံေ လာက်စွာ မဝယ်နိုင် …..။ နံနက်နှင့်
ညစာပေါင်း၍ စားခဲ့ရသည့် ရက်များလည်း ရှိခဲ့ပြီ။ တခါ … တခါ အိမ်တွင် စားစရာဟူ၍ ဘာမျှမရှိသည့်အတွက် မစားမသောက်ဘဲ နေခဲ့ရသည့် ရက်များလည်း ဆက်၍ …. စိတ်လာ၏။ ၄၈ နှစ်အတွင်း
ဝင်ခဲ့ပြီးဖြစ်သည့် အသက်က …. ငယ်ရွယ်နုပျိုစ ဉ်ကကဲ့သို့ ကြံ့ခိုင်မှုနှင့် ခံနိုင်ရ ည်တွင် စိတ်ေ ရာကိုယ်ပါ မဖြစ်ချင်တော့ ….။

ဗီတာမင်နှင့် ပရိုတိန်းချို့တဲ့မှုေ ကြာင့် …. ဆံနွယ်တို့က ဖီး သင်လေတိုင်း ကျွတ်၏။ ဆံပင်များကျွတ်ကျမှုက …. ဖီးသင်၍ပင် မဝံ့လောက်အောင် ဖြစ်ရ၏။ အာဟာရချို့တဲ့မှုဒဏ် တိုး၍ …၊ တိုး၍ …၊
ဆိုးဝါးစွာ ခံစားလာရ၏။ မျက်လုံးများက ပြာဝေ၍နေသည်။ လှုပ်ရှားလေတိုင်း …. မူးမိုက်လဲပြိုသွားလေမည်လား ထင်ရ၏။ တခုခုကို ဖေးမ၍ ကိုင်ထားရသည်။ မျက်စိမှိတ်၍ ငြိမ်သက်စွာ
လဲလျောင်းနေလျှင်မူ သက်သာသကဲ့သို့  ရှိ၏။ ကိုယ်လက်လှုပ်ရှားမှုများကိုလည်း ယခင်ကကဲ့သို့ မလုပ်နိုင်ေ တာ့….။ တရားထိုင်ခြင်းကိုမူ အချိန်တိုး ယူ၍ ထိုင်၏။ တရားထိုင်ခြင်းက
ဒေါ်အောင်ဆန်းစုကြည်ကို စိတ်၏ ချမ်းသာမှုနှင့် ကိုယ်၏ ကျန်း မာမှုကို ရစေ၏။ ခံစားနေရသော ဝေဒနာတို့ ငြိမ်းစေ၏။ နောက်ပိုင်း ရက်များတွင်မူ …. ရင်ဘတ်အတွင်းမှ စူးနစ်စွာ ထိုးအောင့်နေမှုက ….
ဆိုးဝါးလာ၏။ တရားမှတ်နေသော်လည်း ဝေဒနာက မငြိမ်း ….။ နှလုံး သားကို မီး ကျီးခဲနှင့် ထိုးသကဲ့သို့  ခံစားရ၏။ အာဟာရပြတ်လပ်မှုကြောင့် နှလုံးသည်းပွတ်တို့ ပျက်ပြုန်းလေပြီလားဟု
ထင်မှတ်မှားလောက်အောင်ပင် ရင်ဝမှ စူးရှစွာ အောင့်လေ၏။

စစ်အုပ်စုက သူမ၏ ကျန်းမာရေးအတွက် စစ်ဆေးမှုပြုလုပ်ရ န် ဆရာဝန်တဦး စီစဉ်ပေးထားသော်လည်း သူမ၏ ဝေဒနာများက ဆရာဝန်နှင့်ပ င် ကျန်းမာရေး စစ်ဆေးရန်မလို ….။ အာဟာရချို့တဲ့လွန်းရာမှ
ဝင်လာသည့် ဝေဒနာများ …..။ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရပြီ။ သူမ ဆက်လက်အသက်ရှင်သန် နေထိုင်ရေးအတွက် မည်သို့  ကြံဆောင်ရမည်နည်း။ ခင်ပွန်းသည်ထံမှ ငွေကြေးကိုလည်း ယူ၍မဖြစ်
….။ နိုင်ငံခြားသား၏ အထောက်အပံ့ ရယူသည့်သူ ….. ဟူ၍ သူမအပေါ် စစ်အုပ်စုက ဝါဒဖြန့်စွပ်စွဲမှုများ ပြုလုပ်လာလိမ့်မ ည်။ ဤအကြောင်းပြချက်နှင့်ပ င် သူမကို မြန်မာ့နိုင်ငံရေးမှ ဖယ်ကျဉ်ရန်
စစ်အုပ်စုက လုံ့လထုတ်လာကြလိမ့်မ ည်။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ခွင့်မရရန် ကြံစည်မှုမျိုးက ရှိခဲ့ပြီးလေပြီ။ စစ်အုပ်စုမှ သူမ၏ စားသောက်ရေးအတွက် တာဝန်ယူခြင်းမျိုးကိုလည်း
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လုံးဝလက်မခံနိုင် ….။ မတတ်နိုင်။ နောက်ဆုံး ….. အိမ်တွင်းရှိ သူမပိုင်သည့် ပစ္စည်းများကို ရောင်းချ၍ စားရေးသောက်ရေး အခက်အခဲကို ဖြေရှင်း ရန် ဆုံးဖြတ်လိုက်၏။
ပထမ …. ရေချိုးကန် ဇလားကြီး ရောင်း၏။ ပြီးလျှင် ….. လေအေးပေးစက် ….။ စားပွဲ၊ ကုလားထိုင်၊ စသည့် ပရိဘောဂများ …။ မလိုအပ်သည့် အိမ်အသုံးအဆောင် ပစ္စည်းများကို တခြု ပီးတခု
ထုတ်ရောင်း၏။ ဗိုလ်မှူး ကြီး သန်းထွန်းကလည်း တခုပြီးတခု ရောင်းပေး၏။ စန္ဒယားကြီးကိုမူ မည်သို့သော အခြေအနေရောက်ရောက် ….. မရောင်းချရန် ဒေါ်အောင်ဆန်းစုကြည် သံဓိဋ္ဌာန်ချထား၏။
စန္ဒယားက …. မိခင် ဒေါ်ခင်ကြည်၏ စန္ဒရား ….။ မေမေ့ပစ္စည်းကို အမှတ်တရအဖြစ် ထိန်း သိမ်း ထားရန် ဒေါ်အောင်ဆန်း စုကြည် ဆုံးဖြတ်ထား၏။

ဒေါ်အောင်ဆန်းစုကြည်က …. သူမ၏ အခြေအနေကို ပြန်တွေးကြည့်ရ င်း …. အဋ္ဌမမြောက် ‘ဂျွိုက်စ်ပီအာ(စ်) ’ အထိမ်းအမှတ် ဟောပြောပွဲသို့ ပေးပို့ရန် သူမ ရေးထားသည့် ‘စစ်မှန်ေ သာ လုံခြုံ ရာသို့’
စာတမ်းမှ စာတပုဒ်ကို အမှတ်ရ မိ၍ ပြုံးမိသေးသည်။ ဆိုင်ေ တာ့ မဆိုင် ….။

“ဖြစ်မြောက်ေ အာင်မြင်မှု မှန်သမျှ ကို ရုပ်ပိုင်း ဆိုင်ရာ အမြင်ဖြင့်သာ တန်ဖိုးဖြတ်ခြင်းသည် လူ့အဖွဲ့အစည်းကို ကျဉ်းမြောင်းစေရန် ကန့်သတ်ထားသော အမြင်ပင်ဖြစ်ပါသည်။ ဤအမြင်အရသာ ဆိုပါက
လူ့အဖွဲ့အစည်း ဆိုသည်မှာ အသက်ရှင်သန်လိုေ သာ စိတ်လောက်ကိုသာ သိရှိခဲ့ကြသော သမိုင်း မတိုင်မီခေတ် လူသတ္တဝါများထက် အနည်းငယ်မျှသာ တိုးတတ်သည့် အတ္တပြင်းသော
စားသုံးကုန်စုဆောင်းသည့် အဖွဲ့အစည်းတရပ်ပင် ဖြစ်နေပါတော့သည်။ ထို့ထက် သာလွန်မြင့်မြတ်သော အရည်အသွေးများ ရှိေ စရန်မှာ စိတ်ပိုင်ဆိုင်ရာများကိုလည်း တန်ဖိုးထားရမည်ဖြစ်ပါသည်။
လူသားအနေနှင့် သောကကင်း ဝေး လုံခြုံရေးကို လိုချင်တောင့်တကြသည်မှာ လုံးဝသဘာဝကျလှပါသည်။ အလျှံပယ်ကြွယ်ဝသော ရုပ်ဝတ္ထုပစ္စည်းများဖြင့် မိမိကိုယ်မိမိ ပတ်ဝိုင်း ၍ အားဖြည့်ထားခြင်းဖြင့်
လုံခြုံမှုရရှိမည် မဟုတ်သည်မှာ ခိုင်မာသော သက်သေသာဓကများ ရှိပါသည်။ သို့သော်လည်း လူပေါင်းများစွာတို့သည် ရုပ်ဝ တ္ထုပစ္စည်းများ စုဆောင်းနိုင်မှသာလျှင် လုံခြုံမှုကို အာမခံပေးနိုင်မ ည့်အလား
ပြုမူနေကြသည်မှာ ဝမ်းနည်းစရာပင် ဖြစ်ပါသည်”

(၁၄၉)
၁၉၉၃ ခုနှစ် သြဂုတ်လအတွင်း စစ်အစိုးရမှ ဗီဇာထုတ်ပေးသဖြင့် ခင်ပွန်းသည်နှင့် သားများ ဒေါ်အောင်ဆန်း စုကြည်ထံသို့ လာရောက်ခွင့်ရ၏။ ဒုတိယအကြိမ်ေ မြာက် လာရောက်လည်ပတ်ခွင့်
ရခြင်းဖြစ်သည်။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သည် ယခင် …. တဦးတည်း တည်ရှိေ နခဲ့သည်မှ မိသားစုနှင့် စိုစိုေ ပြပြေ၊ ဝေဝေစီစီ …။ ငွေကြေးအတွက်ကိုမူ
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပူပင်ရန် သိပ်မ ရှိတော့ဟု ထင်မှတ်ရသည်။

၁၉၉၁ ခုနှစ်က အင်္ဂလန်တွင် ထုတ်ဝေခဲ့သည့် သူမ ၏ FREEDOM FROM FEAR စာအုပ်မှ ရောင်းချ၍ရသည့် အမြတ်ေ ငွကို ထုတ်ဝေသူမှ ရာခိုင်နှုန်း ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပေး၏။

နိုင်ငံခြားငွေကို FEC နှင့် လဲပြီး သုံးရ၏။ ဒေါ်အောင်ဆန်း စုကြည်နှင့် အတူနေသည့် ‘မာရီယာ’ကပင် FEC နှင့် လိုအပ်သည်များ ဝယ်ခြမ်းပေးသည်။ လိုအပ်သည်များ ဝယ်ခြမ်းရာတွင်က ….. FEC နှင့်
ဝယ်၍ရသည့် ဆိုင်အချို့တွင်သာ ဝယ်ရ ခြင်းဖြစ်သည်။ အစားအသောက်အတွက်ကိုမူ …. ‘မွေးမြူရေးနှင့် စိုက်ပျိုး ရေးဌာန’ က ဖွင့်လှစ်သည့် ဆိုင်တွင် ဝယ်ရ၏။ ဤမှသာလျှင် ….. အမေရိကန်
တဒေါ်လာကို ကျပ်ေ ငွ ၉ဝ နှုန်း နှင့် တန်ဖိုးထား၍ ဝယ်ယူနိုင်မည်။ ကျပ်ငွေနှင့်ကိုင်ပြီး ဝယ်ခြမ်းလျှင်က …. တဒေါ်လာကို ၆ ကျပ်နှင့် တန်ဖိုးလဲ၍ ဝယ်ရ မည်။ အမှန်စင်စစ် ထိုစ ဉ်ကာလ အပြင်၌
ပေါက်နေသည့် ငွေလဲမှုနှုန်းက …. အမေရိကန် တဒေါ်လာလျှင် ၁၄ဝ ကျပ် ဖြစ်၏။ မတတ်နိုင်….။

ယခုအခေါက် သားများ ရောက်နေသည့်အချိန်တွင် သားနှစ်ေ ယာက်ကို ရဟန်းခံရှင်ပြုပေးရန် ဒေါ်အောင်ဆန်း စုကြည် ဆန္ဒ ရှိ၏။ သားနှစ်ယောက်ကို လွန်ခဲ့သည့် ၁၉၈၇ ခုနှစ်က မိခင်ကြီး
မကွယ်လွန်မီတွင် …. ရွှေကြက်ယက် ဆရာတော်၏ ကျောင်း၌ ရှင်သာမဏေများ ဝတ်ေ ပးခဲ့ဖူး ၏။ ထိုစဉ်က …. သားတို့က ငယ်လွန်းအားကြီး သည်ဟု ဒေါ်အောင်ဆန်း စုကြည် ထင်မိ၏။
ငယ်ရွယ်လွန်း သဖြင့် ရှင်သာမဏေဘဝ၊ ရဟန်းဘဝကို လေးနက်မှု နည်းပါးခဲ့လေမည်။ ထိုစဉ်က …. သားကြီးမြင့်ဆန်း အောင်သည်ပင်လျှင် …. အသက် ၁၄ နှစ်နှင့် သားငယ် အောင်ဆန်း လင်း (ခေါ်)
ထိန်လင်းက ….. ၁ဝ နှစ်ပင် မပြည့်တတ်သေး ….။ ယခုမူ …. သားကြီးမြင့်ဆန်း အောင်က နှစ် ၂ဝ ပြည့်ပြီဖြစ်၍ ရဟန်းဘောင်သို့ ဝင်၍ရပြီ၊ သားငယ်ကမူ …. ၁၆ နှစ်သာ ရှိေ သးသည်ဖြစ်၍
ရှင်သာမဏေအဖြစ်သာ ဝတ်ရမည်။

သား ၂ ယောက်ကို ပဉ္စဇင်းခံရှင်ပြုလိုသည့် အကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဗိုလ်မှူး ကြီးသန်း ထွန်း ကို ပြော၏။ ဗိုလ်မှူး ကြီးသန်းထွန်းမှတဆင့် စစ်ခေါင်းဆောင်များထံ တင်ပြလိမ့်မ ည်။ မကြာ ….။
စစ်အုပ်စုက မကန့်ကွက်ကြောင်း သိရ၍ …. သားနှစ်ေ ယာက်ကို ဒေါ်အောင်ဆန်း စုကြည် FREEDOM FROM FEAR စာအုပ်ေ ရး၍ ရသည့် ငွေကြေးဖြင့် ရဟန်းခံရှင်ပြုနိုင်ခဲ့၏။

(၁၅၀)
ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် တာဝန်ယူထိန်းသိမ်း နေသည့် ဗိုလ်မှူးကြီးသန်းထွန်းက … ၁၉၉၄ ခုနှစ် …. နှစ်ဦးတွင်ပ င် ဒေါ်အောင်ဆန်း စုကြည်ကို မေးလာ၏။ အမေရိကန်
အောက်လွှတ်တော်အမတ် မစ္စတာ ဘီရစ်ချက်ဆန် အပါအဝင် အခြားသူအချို့နှင့် တွေ့ဆုံရ န် ဆန္ဒ ရှိ၊ မရှိ မေးမြန်းခြင်းဖြစ်သည်။ သူမကို ထိန်း သိမ်းထားသည့် ပုဒ်မ ၁ဝ (ခ) အရဆိုပါလျှင် ….
နိုင်ငံေ ရးသမားများ၊ သံတမန်များ၊ သတင်း စာဆရာများနှင့် လုံးဝတွေ့ဆုံခွင့် မရှိ။ ကန့်သတ်ထား၏။ မိသားစုဝင်များမှလဲ၍
ွ တွေ့ခွင့်မ ရှိ …။ ဤသည်ကို ယခုစ စ်အုပ်စုက သံသမန်များ၊
သတင်းစာဆရာများနှင့် တွေ့ရန် စီစဉ်ပေးမည်ဟု ဆိုလာ၏။

ပြီးခဲ့သည့် နိုဝ င်ဘာလအတွင်းတွင်လည်း အမေရိကန် အောက်လွှတ်တော်အမတ် …. မစ္စတာ ရန်ဂလ်နှင့် အခြား ၂ ဦး ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံမည့်အကြောင်း စစ်အုပ်စုက
ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့ဖူး၏။ လာရောက်မည့်သူများ၏ အမည်နှင့် အလုပ်တာဝန်များကိုလည်း ပြောပြ၏။ ဒေါ်အောင်ဆန်း စုကြည်က သူမ နှင့် တွေ့ဆုံရေးအတွက် သူမ သတ်မှတ်ထားသည့်
စည်းမျဉ်း၊ စည်းကမ်းချက်အချို့ကို လာရောက်ေ တွ့ဆုံမည့် သူများထံ အသိပေးအကြောင်းကြားစာ ရေးသား၍ ပေးပို့မည်ဟု ဒေါ်အောင်ဆန်း စုကြည်က ဗိုလ်မှူးကြီးသန်းထွန်းမှတဆင့် နဝတ
အာဏာပိုင်များကို တောင်းဆိုခ့၏
ဲ ။

ကာယကံရှင်များထံသို့ သက်ဆိုင်ရာသံရုံး မှတဆင့် ပေးပို့မည်။ သို့တည်းမဟုတ် …. ခင်ပွန်း သည် မိုက်ကယ်အဲရစ်မှတဆင့် ပေးပို့မည်။ မိတ္တူကိုမူ …. နဝတကို ပေးမည်။ ဒေါ်အောင်ဆန်း စုကြည်
တင်ပြအဆိုပြုချက်ကို စစ်အုပ်စုက လက်မခံ …။ ငြင်းပယ်၏။ နောက်ဆုံး …. မည်သည့်အကြောင်းကြောင့်ဟူ၍ မသိရ … လာရောက်တွေ့ဆုံကြမည့် မစ္စတာ ရန်ဂလ်၏ ခရီးစဉ်က ပျက်ပြယ်၍သွား၏။

တဆက်တည်းပင် …. ကုလသမဂ္ဂမှ ပါမောက္ခယိုကိုတာ ရန်ကုန်သို့ လာ၏။ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ခွင့်ေ တာင်းခံခဲ့၏။ မရ …။ စစ်အုပ်စုက ငြင်းပယ်လိုက်သည်ပင် ….။ ကုလသမဂ္ဂမှ ပါမောက္ခ
ယိုကိုတာကဲ့သို့သော တာဝန်ရှိသည့် ပုဂ္ဂိုလ်တဦးကို သူမနှင့် တွေ့ဆုံခွင့် မပြုခဲ့သည့်အတွက်မူ …. စစ်အုပ်စုအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ပျက်မိ၏။ ဤအတွက်ပင် …. ယခု မစ္စတာ
ဘီရစ်ချက်ဆန်နှင့်အတူ လာရောက်တွေ့ဆုံကြမည့်သူ ၂ ဦးအနက် …. တဦးသည် ကုလသမဂ္ဂမှ အရာရှိတဦး ပါဝင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က သူမနှင့် တွေ့ဆုံရေး စည်းမျည်းသတ်မှတ်ချက် ၃
ချက်တွင် တချက်အဖြစ် ထည့်သွင်း တောင်းဆိုခ့၏
ဲ ။ ဤအတွက် …. ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ မစ္စတာ ဂျေဟန်ရာဟင်မ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
မစ္စတာ ဘီရစ်ချက်ဆန်အနေနှင့်မူ ရန်ကုန်ခ ရီးစဉ်က ယခုခ ရီးသည် ဒုတိယအကြိမ်ေ မြာက် ခရီးစဉ်ဖြစ်၏။ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း ပထမအကြိမ်အဖြစ် ရန်ကုန်သို့ ရောက်ရှိခဲ့ဖူးသည်။ ထိုစဉ်က
…. ဒေါ်အောင်ဆန်းစြု ကည်နှင့် တွေ့ဆုံခွင့်ပြုရန် စစ်ခေါင်းဆောင်များထံ၌ တောင်း ဆိုခဲ့သော်လည်း … ခွင့်မ ပြု။ မရေရာသည့် အကြောင်းပြချက်နှင့် ငြင်းပယ်ခဲ့၏။

ယခုအကြိမ်တွင်က …. စစ်အုပ်စုမှပ င် ရန်ကုန်သို့ လာရောက်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပါရန် …၊ ပြီး ခဲ့သည့် ဇန်နဝါရီလအတွင်း အမေရိကန်ရှိ မြန်မာသံအမတ် ဦးသောင်းမှတဆင့် မစ္စတာ
ဘီလ်ရစ်ချက်ဆန်ကို ဆက်သွယ်၍ ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။

ထူးတော့ ထူး၏။ သို့သော် … မဆန်း။ ဤသို့ပင် ဆိုရ မည်ပင် …။


နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် စစ်အုပ်စုသည် ရည်ရွယ်ချက်တခုအတွက် မျက်နှာကောင်းတခုခုရ ရန် စီစဉ်နေပုံရ၏။ သူမကို နေအိမ်အကျယ်ချုပ်နှင့် ထိန်းသိမ်းထားခြင်းကပင် …. စစ်အုပ်စုအား
နိုင်ငံတကာတွင် ပြောစရာ၊ ဝေဖန်စရာ ဖြစ်နေသည်။

၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ခဲ့သည့် စစ်အုပ်စု၏ အမျိုး သား ညီလာခံသည်လည်း IMAGE က မလှ …။ ညီလာခံအတွင်း လွတ်လပ်စွာ သဘောထား တင်ြ ပသည့်အတွက်
ဒေါက်တာအောင်ခင်ဆင့် အဖမ်းအဆီးခံရ၏။ လွိုင်ကော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ချို အထိန်းသိမ်းခံရ ၏။ ပြီးလျှင် …. ညီလာခံ တက်ရောက်နေသည့် … ဖယ်ခုံ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခွန်း မာရ်ကိုဘန်းနှင့် ညီလာခံ သဘာပတိအဖွဲ့ဝင်တဦးဖြစ်သည့် လားဟူ အမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဦးဒယ်နီရယ်ေ အာင်တို့က ….. မာနယ်ပလောသို့
ထွက်ခွာခဲ့ကြပြီး ညီလာခံ၏ အတွင်း သရုပ်ကို ဖွင့်ချပြကြ၏။

လက်ငင်းအခြေအနေများအရ … စစ်အုပ်စု၏ ပြည်တွင်းနိုင်ငံရေးပုံရိပ်က မကောင်း ….။ မလှပ …။ ဤအခြေအနေနှင့် … အာဆီယံသို့ ဝင်ခွင့်ရရေးဟူသည်က အခက်အခဲများ ရှိနိုင်မည်။
လေ့လာသူေ နရာစားပွဲမှ အမြဲတမ်း အဖွဲ့ဝင်နေရာသို့ ကူးပြောင်းနိုင်ေ ရးအတွက် တခုခု … လုပ်ပြရမည်။ ပြီး လျှင် …

စစ်အုပ်စု၏ ရွေးချယ်မှုက ဂျီနီဗာတွင် ကျင်း ပပြုလုပ်မ ည့် လူ့အခွင့်အရေးဆွေးနွေးပွဲ မတိုင်မီ မစ္စတာ ဘီလ်ရစ်ချက်ဆန်၏ ခရီးစဉ် ဖြစ်မြောက်လာစေပြီး …. စစ်အုပ်စုက သဘောထားပျော့ပြောင်းကြောင်း
ကမ္ဘာ ကို ပြလိုကြခြင်းဖြစ်သည်။

(၁၅၁)

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း


၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။
အမှန်တကယ်ပင် …. အမေရိကန် ကွန်ဂ ရက်အမတ် မစ္စတာ ဘီလ်ရစ်ချက်ဆန်၊ နေယူးယောက်တိုင်း သတင်း စာမှ ဖီးလစ်ပ်ရှယ်နွန်နှင့် ကုလသမဂ္ဂမှ ဂျေဟန်ရာဟင်မ်တို့ ဒေါ်အောင်ဆန်း စုကြည်၏
နေအိမ်ခြံဝင်းအတွင်းသို့ ရောက်ရှိလာခဲ့ကြ၏။ ဒေါ်အောင်ဆန်း စုကြည်က … ဧည့်သည် ၃ ဦးကို နေအိမ်၏ ဧည့်ခ န်းအတွင်း၌ပင် လက်ခံ၍ တွေ့ဆုံ၏။ ဖေဖော်ဝါရီလ ၁၃ ရက်ေ န့တွင်
ဗိုလ်မှူးကြီးသန်း ထွန်းက … ၁၅ ရက်နေ့ နံနက် ၁ဝ နာရီတွင် အမေရိကန် ကွန်ဂ ရက်အမတ် မစ္စတာ ဘီလ်ရစ်ချက်ဆန်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်တွေ့ဆုံမ ည့်အကြောင်း ပြော၏။ ပြီး လျှင်
…. ဧည့်သည်များနှင့် ဧည့်ခံစ ကားပြောနိုင်ရ န် စားပွဲ၊ ကုလားထိုင်များကိုလည်း ယူလာပေး၏။ ဒေါ်အောင်ဆန်း စုကြည်၏ ဧည့်ခန်းတွင်က …. ပရိဘောဂဟူ၍ မရှိတော့ ….။ ပြီးခဲ့သည့်နှစ်များက
ငွေပြတ်လပ်၍ ပရိဘောဂများ ထုတ်၍ရောင်းချခဲ့ရလေပြီ …။

ဧည့်သည် ၃ ဦးက ၅ နှစ်နီးပါး ကာလအတွင်း အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ဧ ည့်ခန်းသို့ ပထမဦးဆုံး ရောက်ရှိကြသည့် လူသားများဖြစ်၏။

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ခွန်း ရ်မားကိုဘန်း နှင့် ဦးဒယ်နီရယ်ေ အာင်တို့၏ အမျိုးသားညီလာခံနှင့် ပတ်သက်၍ မာနယ်ပလောတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ
- Nation News Talk, Channel 9 တွင် ထုတ်လွှင့်ခဲ့သည့် နေရှင်းသတင်း စာ အယ်ဒီတာချုပ် ဆူသီချိုင်းယွန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း
- အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချဒ်ဆန်၊ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ ဂျေဟန်ရာဟင်မ်နှင့် New York Times (NYT) သတင်းထောက် ဖီးလစ်ပ်ရှယ်နွန်တို့ ၃ ဦးနှင့်
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၄၂

မင်းဟန် | အင်္ဂါနေ့၊ ဒီဇ င်ဘာလ ၁၅ ရက် ၂၀၀၉ ခုနှစ် ၁၃ နာရီ ၃၃ မိန စ်

(၁၅၂)

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း။


၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် …။
ဧည့်ခန်း ဆောင်အတွင်းသို့ ဧည့်သည်များ ရောက်လာခဲ့ကြ၏။ အမေရိကန် အောက်လွှတ်တော်အမတ် မစ္စတာဘီလ်ရစ်ချက်ဆန်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ မစ္စတာဂျေဟမ်ရာဟင်( မ်) နှင့်
နယူး ယောက်တိုင်း သတင်း စာမှ သတင်းထောက် မစ္စတာ ဖီး လစ်ရှယ်နွန် …. တို့ ၃ ဦး။ ဒေါ်အောင်ဆန်း စုကြည်က တယောက်ချင်းစီနှင့် မိတ်ဆက်၏။

မစ္စတာ ဘီလ်ရစ်ချက်ဆန်က …. သူ အင်းစိန်ေ ထာင်သို့ တခေါက်သွားရောက်ရန် ရှိသည့်အကြောင်း ဒေါ်အောင်ဆန်း စုကြည်အားပြောသဖြင့်…. အကြောင်းအရာက အကျဉ်းထောင်အတွင်း
အကျဉ်းကျနေကြသည့် ….. ဦးတင်ဦး၊ ဦး ဝင်းတင်၊ ဦးဝင်းထိန်၊ ဒေါက်တာ အောင်ခင်ဆင့်၊ ကိုမင်းကိုနိုင်၊ မသီတာ (စမ်းချောင်း) တို့၏ အခြေအနေများဆီသို့ ရောက်သွား၏။ ဒေါ်အောင်ဆန်း စုကြည်က
ဘီလ်ရစ်ချက်ဆန်ကို အင်း စိန်ေ ထာင်သို့ သွားရောက်ခဲ့ပြီး ပါက …. သူမထံသို့ ပြန်လာပြီး အကျိုးအကြောင်း ပြောပြပေးပါရန် မေတ္တာရပ်ခံသည်။

မစ္စတာ ဘီလ်ရစ်ချက်ဆန်က ….. ဒေါ်အောင်ဆန်း စုကြည်ထံသို့  ပါးလိုက်သည့် စာများ ပေးသည်။ စာများက …. အမေရိကန်သမ္မတ ဘီကလင်တန်နှင့် သမ္မတကတော်တို့ထံမှ ရေးလိုက်သည့်စာ ….။
ဂျော့(ခ်ျ)တောင်း တက္ကသိုလ်ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်၊ အောက်စဖို့တက္ကသိုလ်၊ စိန်ဂျွန်ေ ကာလိပ်ဝါဒင်ထံမှနှင့် ဒေါ်အောင်ဆန်း စုကြည်၏ ခင်ပွန်း နှင့် မိသားစုထံမှ စာများ ဖြစ်သည်။
ဆောင်းနှောင်းရက်ကြွင်း ရာသီက ရန်ကုန်ကို အပူ၊အအေးမျှတစွာနှင့် ပွေ့ပိုက်၍ထားသည်။ အင်းလျားရေပြင်အား ပွတ်တိုက်၍ ဖြတ်သန်းလာသည့် လေက …. ဧည့်ခန်းအတွင်းသို့ မွှေနှောက်ပြီး
တက္ကသိုလ်ရိပ်သာ လမ်းမဘက်ဆီသို့ ထွက်သွားကြပြန်သည်။

အာဏာပိုင်များက …. ခြံအရှေ့နှင့် ခြံဝင်းအတွင်းရှိ၊ လုံခြုံ ရေးတပ်သားများကို ခြံအနောက်သို့ ရွှေ့ထားသဖြင့် ခြံဝင်းအတွင်း၌ လက်နက်ကိုင် စစ်သားများ ကင်းနေသည့်ဟန် ….။

ဒေါ်အောင်ဆန်းစုကြည်က … UNDP ဌာနေကိုယ်စားလှယ် မစ္စတာရာဟင်မ်ဘက်သို့လှည့်ကာ … “ပါမောက္ခယိုကိုတာ မလာနိုင်မှန်း ကျမ သိပေမယ့် ကုလသမဂ္ဂ ကိုယ်စားလှယ် တဦး ဦးကို ဒီတွေ့ဆုံပွဲမှာ
ပါဝင်စေချင်ခဲ့တာပါ။ ကျမကို ထိန်းသိမ်းထားတဲ့ ဥပဒေအရ ကျမဟာ သံတမန်များ၊ နိုင်ငံေ ရးပါတီများနဲ့ ပတ်သက်သူများမှအပ ကျန်ဘယ်ပုဂ္ဂိုလ်မျိုးနဲ့မဆို တွေ့ဆုံခွင့် ရှိရ ပါ့မယ်။ အခု ရောက်ရှိလာကြတဲ့
လူကြီးမင်းတို့ သုံးယောက်ဟာ တကယ်တော့ အဲဒီဥပဒေအရ တွေ့ဆုံဖို့တားမြစ်ထားခံရသူေ တွ ဖြစ်ပါတယ်” … ဟူ၍ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မစ္စတာရာဟင်မ်က ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးလိုက်သည့် အတွင်းရေး မှာကြားချက်များ သူ့ထံတွင် ပါလာကြောင်း ဆို၏။

မစ္စတာရစ်ချဒ်ဆန်က …
“ကျနော် ကုလသမဂ္ဂ ဌာနချုပ်ကို ရောက်ေ နတုန်း အမေရိကန်သံအမတ်ကြီး အောလ်ဘရိုက်က နေ့လယ်စာ တည်ခ င်း ပြီး ဧည့်ခံပွဲ ကျင်း ပပေးပါတယ်။ အဲဒီပွဲကို တက်ရောက်လာတဲ့ သံအမတ်
အတော်များများကိုလည်း ကျနော့်ရဲ့ အခု ဒီလာမယ့်ခရီးစဉ် အကြောင်းကို ကြိုတင်ေ ပြာပြခဲ့ပါတယ်။ အဲဒီပွဲမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်မ င်းကြီးအသစ်ဖြစ်တဲ့ အာယာလာလာဆိုကို
ဒေါ်အောင်ဆန်းစုကြည်ထံ သဝဏ်လွှာတရပ် ပါးပေးလိုက်ဖို့လည်း ကျနော် မေတ္တာရပ်ခံခဲ့ပါတယ်” တွေ့ဆုံခြင်းက စကားဝိုင်း သဖွယ် ဖြစ်လာ၏။ ပွင့်ပွင့်လင်း လင်း … ပေါ့ေ ပါ့ပါးပါး …။

မစ္စတာရစ်ချဒ်ဆန်သည်က အောက်လွှတ်တော်ရှိ ဒီမိုကရက်ပါတီ၏ အမတ်အများစုအတွင်းတွင် ဒုတိယ ခေါင်းဆောင်ဟု ဆို၍ရသည့်သူ ဖြစ်သည်။

“ကျနော် ဒီကို လာခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး … အမေရိကန် ပြည်သူလူထု၊ အမေရိကန် ကွန်ဂ ရက် လွှတ်တော်တရပ်လုံးနဲ့ သမ္မတကြီး ကလင်တန်တို့ အားလုံးက၊
မြန်မာနိုင်ငံ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့ကို ထောက်ခံအားပေးနေပါတယ်ဆိုတအ
ဲ့ ကြောင်း ထုတ်ဖော်ပြောကြားဖို့ပဲ ဖြစ်ပါတယ် …”

ပြီးလျှင် … မစ္စတာရစ်ချဒ်ဆန်က ဆက်၍ …


“လက်ရှိအခြေအနေအပေါ် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် မည်သို့သုံးသပ်ပါသလဲ …။ အခြေအနေ တိုးတက်လာရန် မည်သည့်လမ်းမျိုး တွေ့ထားလဲ …” ဟူသည့် မေးခွန်းကို ထုတ်၏။

ဆိုလိုသည်က စစ်အုပ်စုမှ ပြုလုပ်နေသည့် အမျိုး သားညီလာခံနှင့်ပတ်သကတ်၍၊ ဒေါ်အောင်ဆန်းစုကြည်၏ ကို အမြင်မေးခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က … “ကျမရဲ့ သဘောထားအမြင်ကို ပြောမပြခင် ဒီအမျိုး သား ညီလာခံဆိုတာအပေါ် ရှင်တို့အနေနဲ့ ဘယ်လိုယူဆတယ် ဆိုတာလေး ကျမကို ပြောပြပါလား …”

“… လေးနက်မှု မရှိတဲ့ လုပ်ရ ပ်ပါ။ အမေရိကန် ပြည်ေ ထာင်စုရဲ့ အနေအထားကတော့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို လေးစားရမယ် ဆိုတာပဲ ဖြစ်တယ်။ အမျိုးသားညီလာခံလို့ ခေါ်ပြီး
ဖော်ဆောင်နေမှုဟာ အရေးပါတယ်ဆိုပြီး ကျနော်တို့ လက်မခံနိုင်၊ မယုံကြည်နိုင်ပါဘူး။ ကျနော်တို့ကတော့ ‘ဒီမိုကရေစီ အုပ်ချုပ်ရေး’ ဆီကို ပြောင်းလဲပေးဖို့ တိကျတဲ့ အချိန်ဇယား
သတ်မှတ်ပေးရေးအတွက်ပဲ တွန်းအားပေးနေရပါတယ်” ဟု … မစ္စတာရစ်ချဒ်ဆန်က ပြောသည်။

မစ္စဟာရာဟင်မ်ကလည်း … “ကျနော် မြင်တာကတော့ အမျိုးသားညီလာခံရဲ့ တချို့အစိတ်အပိုင်းတွေကိုတော့ အတွေးရခက်ပါတယ်။ အချေအတင် အပြန်အလှန် တင်ပြဆွေးနွေးမှုဆိုတာ အလွန့်အလွန်
ဆိတ်သုန်းနေတာ တွေ့ရပါတယ်”

နယူး ယောက်တိုင်း မ် သတင်း ထောက် မစ္စတာဖိလစ်ပ်ရှယ်နွန်က … “ကျနော် ဒီညီလာခံကို ဝင်ကြည့်ခွင့် တချက် ရလိုက်ပါတယ်။ အဲဒီမှာ တကယ့် အချေအတင် တင်ပြပြောဆို ဆွေးနွေးမှုဆိုတာ
မရှိပါဘူး”
“… ဒီကိစ္စကြီးက ဟန်ပြလုပ်ရ ပ်ကြီးပါ …” ဟူ၍ ဒေါ်အောင်ဆန်း စုကြည်က၊ စစ်အုပ်စု၏ အမျိုးသားညီလာခံကို မှတ်ချက်ပြု၏။

(၁၅၃)
မစ္စတာ ဘီလ်ရစ်ချက်ဆန်က အမေရိကန်သမ္မတကြီး ဘီလ်ကလင်တန် ပေးလိုက်သည့် လက်ဆောင်ကို ဒေါ်အောင်ဆန်း စုကြည်သို့ ထုတ်ေ ပး၏။ ဖောင်တိန်တချောင်း ….။

ဒေါ်အောင်ဆန်းစုကြည်က …. သူမသည် ယနေ့ထိ ဘောပင်အားမသုံးဘဲ မင်ရည်ထည့်၍ ရေးရသည့် ဖောင်တိန်မျိုးကိုသာလျှင် …. တခုတ်တရ စွဲစွဲမ က်မက် ကိုင်တွယ်နေသေးကြောင်း ပြောသည်။
ပြီးလျှင် …. သမ္မတကြီး လက်ဆောင်ပေးလိုက်သည့် ဖောင်တိန်ကို ယူ၍ ဖွင့်ကြည့်သည်။

ဖောင်တိန်က … မင်ရည်ထည့်ေ ရးရသည့် … ဖောင်တိန်မ ဟုတ် …။ ဖောင်တိန်သဏ္ဍာန် ပြုလုပ်ထားသည့် ဘောပင်တချောင်းပင် ….။


အားလုံး …. ရယ်မောလိုက်ကြ၏။ အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၏ ဧည့်ခ န်းဆောင်အတွင်းမှ ရယ်မောသံများက …. ဝေဝေစီစီ။ စိုစိုရည်ရ ည် …။ မြောက်ပြန်လေနှင့်အတူ
ရယ်ေ မာသံများက အင်လျားရေပြင်ကျယ်ကို လျှပ်တိုက်၍ ဖြတ်ကျော်လေ၏။

အားလုံးက ပေါ့ပေါ့ပါးပါး …. လွတ်လွတ်လပ်လပ်။ ရွှင်ရွှင်ပြပြနှင့် ….။


မစ္စတာရစ်ချဒ်ဆန်မှ အမျိုး သား ပြန်လည်သင့်မြတ်ေ ရး အလားအလာနှင့် ပတ်သက်၍၊ ဒေါ်အောင်ဆန်း စုကြည်၏ အမြင်ကို မေးသည်။

“ဆွေးနွေးပွဲလုပ်ဖို့ တချိန်လုံး ကျမ တိုက်တန


ွ်း နေတာ ဒီအတွက်ပါပဲ။ အဲဒီလို ဆွေးနွေးပွဲ ဖြစ်မြောက်လာရေးအတွက် ကျမတို့ ကြိုးပမ်းကြရပါလိမ့်မယ်။ ဒါပေမဲ့ နဝတက ဆွေးနွေးဖို့ ငြင်းနေတော့ ကျမတို့
ဘာတတ်နိုင်မှာ လဲရှင်။ အခြေခံတရပ်အနေနဲ့ လိုအပ်ေ နတာကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စိတ်ဓာတ်ရှိဖို့၊ စေတနာရှိဖို့ပဲ ဖြစ်ပါတယ်။ ကျမကတော့ သူတို့ကို စကားပြောလိုကြောင်း
အမြဲပဲ ကမ်းလှမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာအတွက် တခုတည်း သော အဖြေဟာ တွေ့ဆုံစကားပြောခြင်းပဲ ဖြစ်ပါတယ်။ ကျမကတော့ အချိန်မရွေး အဆင်သင့်ပါပဲ။ သူတို့က စိတ်ထက် သန်ပုံ
မရပါဘူး။ အဲဒါ ဘယ်လိုကြောင့်မှန်း ဆိုတာ ကျမ နားမလည်နိုင်ပါဘူး။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ စကား အချေအတင်ပြောပွဲ မဟုတ်ဘူးနော် …၊ သဘောမတူတာတွေ၊ ငြင်းခုံတာတွေ ရှိမှာ ပဲ။
စကားရည်လုပွဲလိုတော့ …၊ ရှုံးသူနိုင်သူရယ်လို့ မရှိပါဘူး။ မျက်နှာ ပျက်စရာ၊ မျက်နှာ နာစရာ ဆိုလို့လည်း မရှိပါဘူး။ ဒီဆောင်ရွက်မှုရဲ့ ရည်ရွယ်ချက်က တိုင်းပြည်အတွက် အကောင်းဆုံး ဖြေရှင်းချက်
ပေါ်လာအောင် ရှာကြံဖို့ပဲ ဖြစ်ပါတယ်”

စကားဝိုင်းသည် ခဏငယ်မျှ ဆိတ်ငြိမ်၍ သွား၏၊ ပြီးလျှင် … မစ္စတာရစ်ချဒ်ဆန်က သူ၏ အမြင်ကို ပြောသည်။

“ဒီနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆီကို ပြောင်းလဲရေးကိစ္စမှာ အဓိက သော့ချက်ကတော့ ခင်ဗျားနဲ့ (နဝတ) တို့  တွေ့ဆုံဆွေးနွေးကြဖို့ပဲလို့  ကျနော် မြင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က မစ္စတာရစ်ချဒ်ဆန်၏။ စကားဆုံးသည်နှင့် တွေ့ဆုံဆွေးနွေးပွဲအပေါ် အမြင်ရှင်းစေရန် သူမ၏ သဘောထားကို ထပ်မံ၍ပြောသည်။

“… နဝတ နဲ့ အဖွဲ့ချုပ်၊ နဝတနဲ့ ဒီမိုကရေစီ အင်အားစုများအကြား ဆွေးနွေးပွဲပေါ့ရှင်။ ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှု အသစ်တမျိုး … ထပ်ဖြစ်ထွန်းလာတာကို ကျမ မတွေ့ချင်ပါဘူး။ ကျမတို့ ဒီမှာ ဒီမိုကရေစီကို
တည်ထောင်ကြမယ်ဆိုရင် ကျမတို့ဟာ လူပုဂ္ဂိုလ်တွေအပေါ် အခြေမတည်ကြဘဲ ခိုင်မာတဲ့ အခြေခံမူများပေါ်မှာပဲ အခြေပြုကြဖို့ လိုအပ်ပါမယ်။ အာရှတခွင်လုံးမှာ ပုဂ္ဂိုလ်အလေးပေးတဲ့ ပုံစံတွေကိုပဲ
တွေ့ေ နရပါတယ်။ ဒါကို ကျမတို့ ပြောင်းလဲပစ်သင့်ပါပြီ။ ကျမကို နက်ဖြန် ပြန်လွှတ်လိုက်ပေမယ့် နဝတ က၊ တကယ်လိုအပ်တဲ့ လုပ်င န်းစဉ်တွေကို မလုပ်ဘူး ဆိုရင်တော့ … တိုင်းပြည်အတွက် ဘာမှ
အထောက်အကူ ဖြစ်လာမှာ …၊ သိပ်ထူးခြားလာမှာ မဟုတ်ပါဘူး။ အခုကိစ္စဟာ လူနှစ်ဦးကြားမှာ ဖြစ်နေတဲ့ ရိုး ရိုးကိစ္စလေး မဟုတ်ပါဘူး …။ သူတို့အနေနဲ့ နားလည်ထားသင့်တာက …၊ ပျော့ပြောင်းမှု
ရှိတာဟာ အားနည်းချက် မဟုတ်သလို တင်း မာကြောင်း ပြသနေတာဟာလည်း အင်အားရှိတဲ့သဘော မဟုတ်ဘူး … ဆိုတဲ့ အချက်ပါပဲ ...” ဟူ၍ သူမ၏ စကားကို အဆုံးသတ်လိုက်သည်။

“… ကနဦး တွေ့ဆုံဆွေးနွေးပွဲကို ဘယ်လိုပုံစံ ဘယ်လိုသဏ္ဍာန်မျိုး ဖြစ်သင့်တယ်လို့ အကြံပြုချင်သလဲ။ နှစ်ဦးနှစ်ဖက် ပုံစံလား ဒါမှမဟုတ် ကြားခံတဦးခံပြီး သုံးပွင့်ဆိုင် ပုံစံလား …”

မစ္စတာရစ်ချဒ်ဆန်က၊ဒေါ်အောင်ဆန်း စုကြည်အားထပ်၍မေးပြန်၏။

ဒေါ်အောင်ဆန်းစုကြည်က … “… ကျမအနေနဲ့ မြင်တာကတော့ … ကနဦး ကျမတို့ ပထမ အကြိုဆွေးနွေးပွဲ တခုနဲ့ စဖို့ လိုအပ်ပါလိမ့်မ ယ်။ တကယ့်ဆွေးနွေးပွဲဟာ
ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတ့အ
ဲ ပေါ် သဘောတူညီချက် ယူကြရလိမ့်မယ်။ ဒီနည်းနဲ့ ကျမတို့ တဦးပေါ်တဦး ယုံကြည်စိတ်ချရမှုကို တည်ေ ဆာက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီမှတဆင့် ကျမတို့ဟာ
အနှစ်သာရရှိတဲ့ အဓိက ဆွေးနွေးမှုအဆင့်ကို တက်လှမ်း နိုင်ကြပါမယ် …။ တကယ်လို့ သူတို့ဟာ တခုခုကို ကြောက်ရွံ့စိုးရိမ်နေကြမယ်။ ကျမရဲ့ နောက်နားမှာ ကိုလိုနီလက်သစ် တစ္ဆေေ ကာင်ကြီး ကပ်ပြီး
ရှိေ နတယ်လို့ သူတို့  တကယ့်ကို လေးလေးနက်န က် ထင်မြင် ယုံကြည်နေကြရင် ကျမနဲ့ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးသင့်တာပေါ့။ ကျမဟာ မြန်မာနိုင်ငံကိုပဲ သစ္စာ စောင့်သိသူ
ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူထုကလည်း သူတို့အကျိုးကို သယ်ပိုးမယ့် ပုဂ္ဂိုလ်ကိုပဲ ထောက်ခံကြမှာပါ။ နိုင်ငံခြားအကျိုးကို လိုလားတယ်ဆိုတဲ့ ဘယ်ပုဂ္ဂို လ်မျိုး ကိုမှ ထောက်ခံအားပေးကြမှာ မဟုတ်ဘူး
ဆိုတာကို သူတို့ ထည့်မစဉ်းစားမိကြဘူးနဲ့ တူပါတယ်။

သူတို့ အခုတလော ရေးဆွဲနေကြတဲ့ အခြေခံဥပဒေသစ်ထဲက သမ္မတရဲ့ အရည်အချင်း သတ်မှတ်ပုံတွေကို ကျမ သိပ်အံ့သြပါတယ်။ ဒါဟာ ဘာကို ရောင်ပြန်ဟပ်ပြနေသလဲဆိုတော့ သူတို့ဟာ
ဒီမိုကရေစီစနစ်ကို နားလည်မှု လွဲနေတာရယ်၊ မြန်မာပြည်သူလူထုကို နားလည်မှု လွဲနေတာရယ်ကို ဖော်ပြနေတာပါပဲ။ တချို့က ကျမကို ခေါင်းမာတယ်လို့ ဆိုကြပါတယ်။ ကျမ ဆွေးနွေးဖို့ ခေါင်း မာစွာနဲ့
ငြင်းဆန်တဲ့ အကြောင်းအရာက တခုပဲ ရှိပါတယ်။ ကျမ နိုင်ငံထဲကနေ ထွက်ခွာ သွားဖို့ ကိစ္စကိုပါပဲ။ မြန်မာနိုင်ငံ အမျိုးသား ညွန့်ေ ပါင်းအစိုး ရအဖွဲ့နဲ့ အခြားအဖွဲ့အစည်းတွေဟာ သူတို့ တတ်နိုင်သလောက်
လုပ်ေ နကြပါတယ်။ ဒါပေမဲ့ ပြည်တွင်း ကနေပြီး ဒီမိုကရေစီ ရရှိရေးအတွက် လုပ်မ ယ့်လူတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်။ ကျမဟာ ဒီနိုင်ငံထဲမှာ ရှိဖို့ကို လိုအပ်ပါတယ်။ အမှန်တကယ်မှာ တော့ …
ကျမတို့ဟာ အင်မ တန်ကို ကြိုတွက်ရခက်တဲ့ အစိုးရနဲ့ ဆက်ဆံနေရပါတယ်။ နဝတ ဟာ စိုးရိမ်စိတ်တွေရဲ့ လမ်းညွှန်တဲ့အတိုင်း ဆောင်ရွက်နေတာပါ” ရှည်လျားစွာ ပြောဆိုပြီး …
ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကားကို အဆုံးသတ်လိုက်သည်။ ဧည့်ခ န်းအတွင်း ခဏငယ်မျှ တိတ်ဆိတ်၍ နေ၏။ မြောက်ပြန်လေအသော့ကြောင့် ခန်ဆစီးစများက တဖျပ်ဖျပ် လူးလွန့်လျက် …..။

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ခွန်း ရ်မားကိုဘန်း နှင့် ဦးဒယ်နီရယ်ေ အာင်တို့၏ အမျိုးသားညီလာခံနှင့် ပတ်သက်၍ မာနယ်ပလောတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ
- Nation News Talk, Channel 9 တွင် ထုတ်လွှင့်ခဲ့သည့် နေရှင်းသတင်း စာ အယ်ဒီတာချုပ် ဆူသီချိုင်းယွန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း
- အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချဒ်ဆန်၊ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ ဂျေဟန်ရာဟင်မ်နှင့် New York Times (NYT) သတင်းထောက် ဖီးလစ်ပ်ရှယ်နွန်တို့ ၃ ဦးနှင့်
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၄၃)

မင်းဟန် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၀၀ မိန စ်

(၁၅၄)

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း။


၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။
မစ္စတာ ဘီလ်ရစ်ချက်ဆန်၊ မစ္စတာဂျေဟမ်ရာဟင်မ်၊ မစ္စတာဖီး လစ်( လ်)ရှယ်နွန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့၏ စကားဝိုင်းက …. အချိန်ကြာမြင့်လာသည်နှင့်အမျှ ဆွေးနွေးသည့်
အကြောင်းအရာများက လေးနက်၍လာသည်။ မြန်မာ့အရေးအပေါ် နက်နက်ရှိုင်းရှိုင်းပင် ဝေဖန်ကြ၏။ ရှုမြင်ကြ၏။ အဖြေရှာကြ၏။ အာရုံဝင်စားနေမှုက … အချိန်၏ တိုက်စားခြင်းကိုပ င် သတိမထားမိကြ
…။ နေ့လည်စာ စားချိန်သို့ပင် တိုင်ခဲ့ပြီ။ အကျဉ်း ကျနေရသည့် အိမ်ရှင်ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က …. ဧည့်သည်များကို၊ နေ့လည်စာဖြင့် တည်းခင်း၍ ဧည့်ဝ တ်မကျေနိုင်သည့်အပေါ်
အားနာစွာ နှင့်ပင် တောင်းပန်ရ၏။ အိမ်တွင်က …. ကြက်ဥတမျိုးတည်းပဲ ရှိ၏။ ကြက်ဥပင်လျှင် …. ၆ လုံးသာ ရှိ၏။ ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ ရှိပြီး ဝယ်ချမ်းချက်ပြုတ်ပေးသည့် ‘မာရီယာ’ က
မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင်မှ အပြင်ထွက်၍ ဈေးဝယ်မည်ဖြစ်သဖြင့် …. အိမ်တွင် ဧည့်သည်များကို နေ့လည်စားနှင့် ဧည့်ခံရန်အတွက် အစားအသောက်များက မရှိ…။ မတတ်နိုင်။ ကော်ဖီနှင့်ပင် ဧည့်ခံရင်း
…. တောင်းပန်ရသည်။

ဆွေးနွေးမှုက နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် အရေးယူေ ဆာင်ရွက်မှုများဆီသို့ ရောက်ရှိသွား၏။

ဒေါ်အောင်ဆန်းစုကြည်က …
“… မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ေ ထာင်စုရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ကို ကျမ မြင်တွေ့ချင်ပါတယ်။ အဘက်ဘက်က တိုက်ခိုက်တာခံနေရတဲ့ ‘ဒီမိုကရေစီလှုပ်ရှားမှု’ တခုကို
ထောက်ခံအားပေးမယ်ဆိုရင် အင်မတန် ပြတ်သားမှု ရှိရ ပါ့မယ်။ ကျမအနေနဲ့ မကြာခင်က အမေရိကန် အထက်လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့ စပ်လျဉ်း ပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်မှာ ပါတဲ့
အချက်အလက် အသုံးအနှုန်းတွေကို သိပ်သဘောကျပြီး အလွန်ပဲ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံအားပေးတဲ့ ထုတ်ပြန်ချက်မှန်သမျှကို အားတက်သရော
ကြိုဆိုပါတယ်…။”

မစ္စတာရစ်ချဒ်ဆန်က ဒေါ်အောင်ဆန်း စုကြည်ထံသို့  ပေးလိုက်သည့် သမ္မတကြီး ကလင်တန်၏ စာတွင် ထိုသို့  အားပေးထောက်ခံချက်များ ရေးသားထားကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ရာဟင်မ်ဘက်သို့ လှည့်၍ … “ ကုလသမဂ္ဂက ၁၉၈၈ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရ င်ခံစာထဲက ‘မြန်မာနိုင်ငံ တည်ဆောက်ရေး ကဏ္ဍ’ မှာ
‘ပြန်လည်ညှိနှိုင်းယူခြင်းနှင့် ပြုပြင်ရေးတို့အကြောင်း’ ကို ကျမ လေ့လာကြည့်ပြီးပါပြီ။ အဲဒီ အစီရ င်ခံစာဟာ အင်မ တန် တိကျမှန်ကန်စွာ ပဲ ‘တိုးတက်မှုနှုန်း’ နဲ့ ‘ဖွံ့ဖြိုးမှု’ တို့ရဲ့ ကွာဟချက်ကို အလေးထား
ခွဲခြားပြီး ဖော်ပြထားပါတယ်။ တိုးတက်မှုနှုန်းဟာ ဖွံ့ဖြိုးမှုကိုတောင် အန္တရာယ်ပေးနိုင်ေ ကြာင်းလည်း ရှင်းလင်း ပြထားပါတယ်။ စီးပွားရေး ပူး ပေါင်းဆောင်ရွက်တဲ့ နည်းနဲ့ မြန်မာနိုင်ငံကို တနည်းတလမ်း က
ကူညီလိုကြတယ်လို့  ပြောနေကြတဲ့ နိုင်ငံတွေဟာ ဒီအချက်ကို လေ့လာသင့်ကြတာပေါ့။”

မစ္စတာရာဟင်မ်က ဒေါ်အောင်ဆန်း စုကြည်၏ စကားကို သဘောတူေ ကြာင်း ပြော၏။ ပြီးလျှင် … “နိုင်ငံတခုရဲ့ အင်အားဟာ သူ့နိုင်ငံသားများ အတွင်းမှာသာ ရှိတယ်လို့  ကျနော်တို့
နားလည်ထားပါတယ်။ အိမ်ထောင်စု တခုဟာ လူတွေအတွက် လုံခြုံစိတ်ချမှု မရှိဘူးဆိုရင် ဒီနိုင်ငံအတွက် ရှေ့နိုင်ငံေ ရး အလားအလာ သိမ်မ ရှိတော့ပါဘူး။” ဟု သူ၏ စကားကို အဆုံးသတ်၏။

ဒေါ်အောင်ဆန်းစုကြည်က မစ္စတာရာဟင်မ်ကို … “ဟိုတုန်းကတည်းက ရှင်တို့ရဲ့ ဆောင်ရွက်ချက်ေ တွဟာ မှန်တယ်လို့  ကျမ ထင်ခဲ့တာပါ။ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်း တွေကို ကျမ အမှာစကား
ပါးခွင့်ရမယ်ဆိုရင် ကျမ အဲဒီနိုင်ငံတွေကို အလေးပေး၊ ဇောင်းပေးပြီး ပြောချင်တာကတော့ စီးပွားရေးစနစ်တခုရဲ့ အောင်မြင်မှုဆိုတာဟာ တဦးအပေါ်တဦး ယုံကြည်စိတ်ချနိုင်မှုအပေါ်မှာ
တည်ပါတယ်လို့…။ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတို့ဟာ တဦးအပေါ်တဦး ဘယ်လောက် ယုံကြည်နိုင်သလဲ ဆိုတာမျိုးပေါ့။ ဘယ်သူမှ ယုံကြည်ကိုးစားမှု မရှိတဲ့ အမျိုးသားညီလာခံကို
ကျင်း ပနေတာဟာလည်း ဘာမှ အသုံးကျလာမှာ မဟုတ်ပါဘူး။ ပြည်သူလူထု ယုံကြည်စိတ်ချမှု မရှိတဲ့ စီးပွားရေး လုပ်ေ ဆာင်ချက်တွေဟာ အောင်မြင်ဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။ ပြည်သူလူ ထုရဲ့
ယုံကြည်စိတ်ချမှု မပါတဲ့ ကုန်သွယ်မှုလုပ်င န်းဟာလည်း တကယ့်တိုးတက်မှုဆီကို ဦးတည်မှာ မဟုတ်ပါဘူး။ နောက်ဆုံး တွက်ချက်လိုက်ရင် ဒီမိုကရေစီလိုချင်သူများနဲ့ မလိုချင်သူများအကြားမှာ
ယုံကြည်စိတ်ချနိုင်မှု ရှိဖို့တော့ လိုအပ်ပါတယ်။ ဒီဟာလည်း တိုင်းပြည်အတွက် ထောက်ထားပြီး ကျမတို့ လိုအပ်ခြင်း ဖြစ်ပါတယ်…။”

(၁၅၅)
နယူး ယောက်တိုင်း သတင်း ထောက် မစ္စတာ ဖီးလစ်ရှယ်နွန်က …. ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အောက်လွှတ်တော်အမတ် မစ္စတာ ဘီလ်ရစ်ချက်ဆန်တို့ နှစ်ဦးကို စားပွဲတွင်တွဲထိုင်၍
စကားပြောနေသည့်ပုံ ဓာတ်ပုံတွဲရိုက်၏။ အနောက်ဘက်နံရံတွင်က ဗိုလ်ချုပ်အောင်ဆန်း၏ ဆီဆေးရုပ်ပုံ ပန်းချီကားချပ်ကြီး….။

မစ္စတာ ဖီးလစ်ရှယ်နွန်က …. ခြံဝင်းအတွင်းလိုက်လံ၍ ကြည့်ရှုလို့ရမလားဟု ဒေါ်အောင်ဆန်း စုကြည်ထံတွင် ခွင့်ေ တာင်း၏။ ဒေါ်အောင်ဆန်း စုကြည်မှ ရယ်ေ မာ၍ ကျမကို စောင့်ထိန်းထားရတဲ့ ဗိုလ်မှူးကြီး
သွေးတက်ေ နပါဦးမယ်ဟု ဆိုသည်။

ခြံဝင်းအတွင်းရှိ ဥယျာဉ်ကို …. မပြုပြင်နိုင်ခဲ့သည်မှာ ကြာပြီ။ ဒေါ်အောင်ဆန်းစုကြည်၏ မိခ င်ရှိစ ဉ်ကမူ …. ခြံလုပ်သားတဦး ငှားရမ်းပြီး စနစ်တကျ ပြုပြင်ခဲ့၏။ ယခုမူ …. ဒေါ်အောင်ဆန်းစုကြည်
နေအိမ်အကျယ်ချုပ် ဘဝနှင့် အထိန်းသိမ်းခံခဲ့ရ သည်မှစ၍ မပြုပြင်နိုင်ခဲ့….။ ဧည့်သည်များလာမည်ဖြစ်၍ …. စစ်အုပ်စုမှပင် လွန်ခဲ့သည့် ၂ ရက်က …. စစ်သားများနှင့် ခြံဝင်းကို
ရှင်းလင်း ပြုပြင်ပေးထားသဖြင့် …. ခြံဝင်းက အနည်းငယ် ရှင်း၍ …. သပ်ရပ်နေ၏။

နယူး ယောက်တိုင်း သတင်း ထောက် မစ္စတာရှယ်နွန်က အားလုံးသို့ ရည်ရွယ်၍ မေးခွန်းတခုထုတ်၏။ “ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို အခု ဘယ်လိုဆက်ဆံနိုင်မယ်လို့  ထင်သလဲ။
ကုန်သွယ်ရေးကိစ္စမှာ ကန့်သတ်ထားသလား။”

မစ္စတာရာဟင်မ်က … မစ္စတာရှယ်နွန်၏ အမေးအပေါ် သူ၏ အမြင်ကို ဦး စွာဆွေးနွေး သည်။


“ကုန်သယ
ွ်ရေးကတော့ ဒီနိုင်ငံကို ပိုမိုပွင့်လင်းလာစေတဲ့ အသွင်ဆောင်ပါတယ်။ နိုင်ငံတကာနဲ့ ပိုမိုဆက်ဆံလာတဲ့ ကိစ္စမှာ ကုန်သွယ်ရေးဟာ တန်ဖိုးရှိတဲ့ ကိရိယာတခုလို့ ထင်ရ ပါတယ်…။”

မစ္စတာရာဟင်မ်၏ စကားအဆုံးတွင် ဒေါ်အောင်ဆန်း စုကြည်က …

“ရှင်တို့ ကုန်သွယ်ရေး ကန့်သတ်မှုအတွက် ပြောနေကြတယ်လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတွေးအခေါ် နှစ်မျိုးနှစ်စား ရှိပါတယ်။ အဲဒီနှစ်မျိုးအပေါ် အငြင်းပွားမှုဟာလည်း ဘယ်တော့မှ
အဖြေပေါ်မယ့်ပုံ မပေါ်ပါဘူး။ ရိုးရိုး အရပ်သားတွေကို ထိခိုက်မ ယ့် လုပ်ရပ်တွေကို လူေ တွက မလုပ်ချင်ကြပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ တည်ဆဲကုန်သွယ်မှု လုပ်င န်းတွေဟာ တကယ်ပဲ လူထုကို
အထောက်အကူ ပြုနေသလား၊ ဒါမှမဟုတ် အစိုး ရကို တည်မြဲနေစေဖို့ အခွင့်အရေး ပေးနေသလား၊ ဒီမိုကရေစီစနစ် မဖွံ့ဖြိုးလာခင် စီးပွားရေး ဖွံ့ဖြိုးလာတဲ့ ဥပမာအနေနဲ့ လူတွေက ဘယ်နိုင်ငံတွေကို
ဥပမာ ပေးသလဲ၊ လူတွေက အာဆီယံနိုင်ငံတွေရဲ့ ဖြစ်ပေါ်တိုးတက်မှု ပုံသဏ္ဍာန်ဟာ မြန်မာနိုင်ငံရဲ့ အခြေခံနဲ့ ကွာခြားလှပါတယ်။ ဥပမာ … အင်ဒိုနီးရှားကို ကြည့်ပါ။ ဆူဟာတို
အာဏာရယူလာတဲ့နောက် ပုံစံကလည်း အလွန်ကွာခြားလှတဲ့ အခြေအနေမျိုးမှာပါ။ မြန်မာနိုင်ငံကို ယုံကြည်စိတ်ချရမှု နည်းရတာကလည်း ရွေးကောက်ပွဲရလဒ်ကို မလေးစားခဲ့လို့ပါပဲ။ အဲဒီလို လုပ်ရ ပ်က
ယုံကြည်စိတ်ချရမှုကို ကိုင်လှုပ်ပစ်လိုက်ပါတယ်။ အလားတူ ကိစ္စမျိုး အာဆီယံနိုင်ငံတွေမှာ မဖြစ်ပါဘူး။ အဲဒီနိုင်ငံတွေမှာ အစိုးရအပေါ် ယုံကြည်စိတ်ချရမှု တည်ရှိနေပါတယ်။ ဆူဟာတိုက စစ်တပ်
အသုံးစရိတ်ကိုတောင် လျှော့ချနိုင်ခဲ့တယ် …။”

မစ္စတာရစ်ချဒ်ဆန်ကလည်း ဂျပန်နှင့် စင်္ကာပူတို့၏ ချဉ်းကပ်ပုံအကြောင်း ပြောပြသည်။ နဝတနှင့် ပိုပြီး နီးနီးကပ်ကပ် ဆက်သွယ်သည့်ပုံစံ …။ ထောက်ပ့ံကူညီမှုများကို ခြွင်း ချက်မထားဘဲ
တိုးပေးသင့်သည်ဟု ယုံကြည်နေမှု…။

“… ဂျပန်နဲ့ စင်္ကာပူတို့ ဆိုလိုချင်တာကတော့ အမေရိကန် ပြည်ေ ထာင်စုရဲ့ မူဝါဒဟာ မြန်မာနိုင်ငံအပေါ်မှာ သိပ်ပြင်းထန်လွန်း တယ်၊ နဝတကို လူ့အခွင့်အရေး ကိစ္စေ တွမှာ ပိုပြီး တိုးတက်လာဖို့ဆိုရင်
သူတိုနဲ့ အပြုသဘော ဆက်သယ
ွ်သင့်တယ် ပေါ့ …” ဟူ၍
မစ္စတာရစ်ချဒ်ဆန်က သူ၏ စကားကို အဆုံးသတ်လိုက်သည်။

မစ္စတာရစ်ချဒ်ဆန်၏ စကားဆုံးသည်နှင့် ဒေါ်အောင်ဆန်း စုကြည်က သူမ ၏ အမြင်ကို ပွင့်ပွင့်လင်း လင်းပင် ပြော၏။

“ရှင်ေ ပြာတဲ့ အကြောင်းအချက်တွေကို ကျမ ကောင်းကောင်း သဘောမတူနိုင်ေ သးပါဘူး။ ရှင်ဆိုလိုချင်တဲ့ပုံကို ကျမ နားလည်သလောက်ကတော့ နဝတဟာ စီးပွားရေး အထောက်အပံ့ေ တွရလို့ အခုလို
မူေ ပြာင်းဆောင်ရွက်ေ အာင်ပေါ့။ ဒါပေမဲ့ ရှင် … အခု ပြောနေပုံအရ စီး ပွားရေး အကူအညီရ ဖို့ မျှော်လင့်ချက်နဲ့ သူတို့ ဒီလို ပြုမူေ ဆာင်ရွက်နေသလို ဖြစ်နေပြန်တယ်။ နဝတ မူပြောင်းပြီး လိုက်လျောမှုတချို့
ရှိလာတာဟာ အပြုသဘောဆက်ဆံရေးတွေ၊ စီးပွားရေး ဆက်ဆံမှုတွေေ ကြာင့်လား။ ဒါမှမဟုတ် အကူအညီ အထောက်အပံ့ေ တွ ရလာဖို့ မျှော်လင့်ချက်တွေနဲ့ ပြုလုပ်နေတာလား ဆိုတာပါပဲ။”

“… အမေရိကန် ပြည်ေ ထာင်စုထဲက လူတချို့ရဲ့ အဆိုအရတော့ ‘မုန့်တဖက်၊ တုတ်တဖက်’ မူဝါဒကို ကျင့်သုံးသင့်တယ်လို့  ဆိုပါတယ်။ တချို့လူတွေက အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံနဲ့
ကင်း ကွာနေပြီလို့ ဆိုကြပါတယ်။ မြန်မာပြည်အပေါ်မှာ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒ ဘယ်လို ထားသင့်သလဲ …” ဟူ၍ မစ္စတာရစ်ချဒ်ဆန်က ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းထုတ်၍ သူ၏
စကားကို အဆုံးသတ်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အပေါ် အပြုသဘော ဆက်ဆံလိုသူတွေ၏ အမြင်သည် ကြည်လင်သလား၊ မကြည်လင်ဘူးလားဆိုသည်ကို သူမအနေဖြင့်မူ ရေရေရာရာ


မဆုံး ဖြတ်နိုင်သေးကြောင်း ပြော၏။ ပြီးလျှင် … သူမက …

“မုန့်တဖက်၊ တုတ်တဖက် ဆက်ဆံရေးမှာ တုတ်က ဘာကို ဆိုလိုတာလဲ …” ဟု မစ္စတာရစ်ချဒ်ဆန်ကို ပြန်၍မေး၏။

“… တုတ်ဆိုတာက ထောက်ပံ့ကူညီမှုတွေပဲလေ။ ကမ္ဘာ့ဘဏ် အကူအညီေ တွကို ဆိုင်းငံ့ထားမယ်၊ ကုလသမဂ္ဂ အကူအညီနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်ထားမယ်၊ အာရှဘဏ်
ချေးငှားတာတွေကို ငြင်း ပယ်ထားမယ်၊ ဂျပန်ရဲ့ အဆိုအရတော့ အကူအညီတွေ ပေးခြင်းဟာ ဆက်ဆံရေးတွေ ပိုတိုးတက်လာစေတယ်ပေါ့။ တချို့က ပြောကြတယ်၊ အမေရိကန်ကတော့ တုတ် ပဲ
ပြနေတယ်တဲ့။ တကယ်တမ်းကျတော့ ရန်ကုန်မှာ အမေရိကန်သံအမတ်ကြီးတောင် မထားဘူး၊ နောက်ပြီး နဝတကို ကျနော်တို့  တချိန်လုံး ရှုတ်ချဝေဖန်နေပါတယ်…” မစ္စတာရစ်ချဒ်ဆန်၏
စကားအဆုံးတွင်၊ မစ္စတာရာဟင်မ်က …

“အခု ကျနော်တို့ အခြေအတင် ပြောဆိုေ နကြတဲ့ အကြောင်းအချက်တွေကို ဝါကျပုံစံ ပြောင်းဖွဲ့ပြီး ကြည့်ဖို့ လိုပါလိမ့်မ ယ်။ ကျနော်တို့ ပြောဆိုနေကြတာက ‘အထောက်အပံ့ေ ပးခြင်းဖြင့်
ပြုပြင်ပြောင်းလဲရေး’ ဆိုတဲ့ သဘောပါပဲ။ အယူအဆ သဘောကတော့ ပြုပြင်ပြောင်းလဲလာစေဖို့ တန်ဖိုးတခု ပေးဆပ်ရမယ့် သဘောပါ။ ပြုပြင်ပြောင်းလဲလာဖို့ တိုက်တွန်းရင် ပြုပြင်ပြောင်းလဲလာစေမယ့်
ကျွမ်း ကျင်မှု အထောက်အကူတွေပါ ပေးဖို့ အဆင်သင့်ရှိရ မှာ ဖြစ်ပါတယ်…”

စကားဝိုင်းက အခြေအတင်သဘော ဆန်လာသည်။ မြန်မာအရေးအတွက်၊ နိုင်ငံတကာမှ အရေးကြီးသည့် သဘောထားဆုံးဖြတ်ချက်များ ချနိုင်ရ န် … ဆွေးနွေး နေကြသည့် စကားဝိုင်းက
ထက်သန်တက်ကြွဖွယ်…။ ဒေါ်အောင်ဆန်း စုကြည်မှ …

“အခု ပြောနေကြတာက စီးပွားရေး ပြုပြင်ပြောင်းလဲမှု တခုတည်း ကိုလား။ ဒါမှမဟုတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုရော ပါပါသလား။ အဲဒီလိုပါတယ် ဆိုရင်တော့ …ထောက်ပံ့ကူညီမှုတွေမှာ
ခြွင်းချက်တွေပါ ပူးတွဲ ထည့်ပေးရပါလိမ့်မ ယ်။ ခြွင်းချက်နဲ့ ထောက်ပံ့ကူညီတာမျိုး ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဓိပ္ပာယ်ရှိတဲ့ ခြွင်းချက်မျိုးတော့ ဖြစ်ရပါ့မယ်။ ကျမအနေနဲ့ကတော့
တွေ့ဆုံေ ဆွးနွေးကြရမယ်ဆိုတဲ့ ခြွင်းချက်မျိုးပေါ့။ တွေ့ဆုံေ ဆွးနွေး မှုဟာ ကိစ္စေ မြာက်မြားစွာဆီကို ဦးတည်သွားနိုင်ပါတယ်။ ကျမကို ‘ထိပ်တိုက်ရင်ဆိုင်ချင်သူ’ လို့ ဝေဖန်ကြပါတယ်။ ဒါပေမဲ့
စားပွဲတဖက်တချက်မှာ ထိုင်ရ င်း ထိပ်တိုက်ရင်ဆိုင်ပြီး တွေ့လိုတာပါ …”

“နိုင်ငံတကာကို ခင်ဗျားရဲ့ အဓိကမှာကြားလိုချက်က ဘာများပါလိမ့်…” ဟူ၍ မစ္စတာရစ်ချဒ်ဆန်က ဒေါ်အောင်ဆန်း စုကြည်ကို မေးသည်။

“… ကျေးဇူးပြုပြီး နဝတကို ဆက်လက်တောင်းဆိုေ ပးကြပါ။ အပြည်ပြည်ဆိုင်ရာရဲ့ ဖိအားပေးမှုဟာ ထိရောက်မှု ရှိပါတယ်။ နဝတဟာ စိတ်လှုပ်ရှားမှုကို အခြေပြုပြီး ဆောင်ရွက်ေ နတာသာ ဖြစ်ပါတယ်။
ဆင်ခြင်တုံ ဉာဏ်ရည်နဲ့ ဆောင်ရွက်နေတာ မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာရဲ့ ဖိအားပေးမှုဟာ အင်မ တန် အထောက်အကူ ရနေပါတယ်။ နဝတအဖွဲ့ဝင်တွေဟာ နိုင်ငံတကာ စာနယ်ဇင်းတွေမှာ
သူတို့အကြောင်း ဘယ်လိုတွေ ဆိုကြရေးကြတယ်ဆိုတဲ့အပေါ် အင်မတန် ဆတ်ဆတ်ထိမခံ လှုပ်ရှားလွယ်တတ်ကြပါတယ်…၊ ကျမ ဒီလို မှတ်ချက်ပြုတာကိုတော့ အများတကာကို မပြောပြစေချင်ဘူး…”

ဒေါ်အောင်ဆန်းစုကြည်၏ စကားဆုံးသည်နှင့် ဧည့်ခန်းအတွင်း တိတ်ဆိတ်လျက် … အားလုံးက လေးလေးနက်နက် တွေးတော၍ နေကြသည်။ မစ္စတာရစ်ချဒ်ဆန်တို့က … ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံေ ဆွးနွေး၍ ပြီးလျှင်၊ နဝတ၏ အတွင်းရေးမှူး(၁)နှင့် ထပ်မံ၍ တွေ့ရ န် ရှိ၏။ ပြီးလျှင် … အင်း စိန်ထောင်သို့သွား၍ နိုင်ငံရေးအကျဉ်းသားများနှင့် တွေ့ရန် ရှိ၏။ အချိန်က … ကျပ်ကျပ်သိပ်သိပ်ပ င် …။
မစ္စတာရစ်ချဒ်ဆန်က ပြည်ပ မှာရှိနေကြသည့် မြန်မာအတိုက်အခံများကို ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ဘာများမှာချင်တာရှိလဲဟူ၍ မေးသည်။

“… ကျမ မှာချင်တာကတော့ ‘ညီညွတ်ကြပါ’ လို့  ဆိုတာတခုပါပဲ။ သူတို့ အချင်းချင်း ကတောက်ကဆတွေ ဖြစ်မနေကြပါနဲ့ …။ သူတို့ကိုတော့ ရှင်း ရှင်းပဲ ပြောလိုက်မယ်၊ ကွဲပြဲတာမျိုး မလုပ်ပြကြနဲ့ …။
အကြောင်းအရာ တခုခုအပေါ်မှာ သဘောတူညီမှု မရကြဘူးဆိုရင် အဲဒီအရာကို ချွေးသိပ်ထားလိုက်ကြပါ။ လုပ်ငန်းစဉ်တခုကို ဆုံးဖြတ်ေ တာ့မယ်ဆိုရ င် ပုဂ္ဂို လ်စွဲတွေ ဘေးဖယ်ပြီး အခြေခံမူေ ပ်ါမှာ သာ
အခြေပြုဆုံးဖြတ်ကြပါလို့ … ဒီလောက်ပါပဲရှင်။”

ဧည့်သည်များနှင့် တွေ့ဆုံမှုက ပြီးပြည့်စုံလေပြီ…။ ဆွေးနွေးရန်ဟူ၍က မကျန်တော့…။ ပြန်ရန် ထိုင်ရာမှ ထကြ၏။ အပြန်အလှန် နှုတ်ဆက်သံတို့ဖြင့် ဧည့်ခ န်းသည် စိုလွင်လျက် …။ မစ္စတာရစ်ချဒ်ဆန်က
နောက်ဆုံး နှုတ်ဆက်ရင်း … သားငယ်များအပေါ် စွန့်ခွာထားရစ်ရသည့် မိခ င်တဦး၏ ခံစားချက်ကို မေး၏။

“…သူတို့လေးတွေနဲ့အတူ ကျမအတူ ရှိမ နေတဲ့အတွက် ကျမ လိပ်ပြာမှာ အပြစ်မကင်း ဖြစ်နေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မိုက်ကယ်လ်အနေနဲ့ ကြိုးစားဖြည့်ဆည်း ပေးနေတယ်ဆိုတာ ကျမ
သိနေပါတယ်။ သူတို့တတွေ အားလုံးက ကျမအပေါ် နားလည်မှု ရှိကြပါတယ်ရှင်…။” ဒေါ်အောင်ဆန်း စုကြည်၏ စကားသံသည်သာ ဧည့်ခန်းအတွင်း … ရိုက်ခတ်လျက် …။ အမှတ် (၅၄)
တက္ကသိုလ်ရိပ်သာလမ်း၊ နေအိမ်ဧည့်ခန်းက တိုးတိတ်၍ ဆိတ်ငြိမ်စွာနှင့် …။

ကိုးကား …

- ရွှေခ မောက်မှတ်တမ်းလွှာ
- ဝီလျံဟန်ဂ လေ၏ ကျနော့်မေမေ နိုင်ငံေ ရးအကျဉ်းသား
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
- Nation News Talk, Channel 9 တွင် ထုတ်လွှင့်ခဲ့သည့် နေရှင်းသတင်း စာ အယ်ဒီတာချုပ် ဆူသီချိုင်းယွန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း
- အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချဒ်ဆန်၊ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ ဂျေဟန်ရာဟင်မ်နှင့် New York Times (NYT) သတင်းထောက် ဖီးလစ်ပ်ရှယ်နွန်တို့ ၃ ဦးနှင့်
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၄၄

| တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၀၉ ခုနှစ် ၁၃ နာရီ ၅၆ မိန စ် ဆောင်းပါး

(၁၅၆)
၁၉၉၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို ထိန်းသိမ်းထားသည့် နေအိမ်အကျယ်ချုပ် သက်တမ်းကာလ …. ၅ နှစ် ပြည့်ပြီ။ စစ်အုပ်စုက ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်မပေး…။
နေအိမ်အကျယ်ချုပ် သက်တမ်းကို တနှစ်ထပ်မံပြီး တိုးလိုက်ပြန်သည်။ စစ်အုပ်စု၏ အကြောင်းပြချက်က …. ပထမဖမ်းဆီးထိန်းသိမ်းခဲ့သည့် တနှစ်တာကာလသည်၊ နဝတအဖွဲ့ ၏ အမိန့်အာဏာစက်နှင့်
ထိန်း သိမ်းခဲ့ခြင်း ဖြစ်သည်။ ထိုတနှစ်ထိန်းသိမ်းထားမှု နောက်ပိုင်းကာလသည်သာ …. ဥပဒေအရ ပုဒ်မ ၁ဝ (ခ) ၏ သက်ရောက်မှုကာလ။ သို့ကြောင့် … ၅ နှစ် မပြည့်သေး…။ ထို့အတွက် …..
နောက်ထပ်တနှစ် ထိန်းသိမ်းခြင်း ကာလ တိုးမြှင့်၍ ချုပ်နှောင်ထားခြင်းဖြစ်သည်။ မည်သို့များ တတ်နိုင်ပါသေးသနည်း….။ ဤသို့သော စစ်အုပ်စု၏ ‘သားပိုက်ကောင်’ တရားဥပဒေဟူ၍သာ ….
ဒေါ်အောင်ဆန်းစုကြည် ညည်းမိတော့၏။

ဇူလိုင်လအတွင်း၌ အရှေ့တောင်အာရှနိုင်ငံများအသင်း …. ‘အာဆီယံ’ အစည်းအဝေးသို့ နဝတ ကိုယ်စားလှယ်အဖွဲ့၊ လေ့လာသူအဖြစ်နှင့် တက်ရောက်ခွင့်ရ ၏။ ထိုစဉ်က …. အာဆီယံတင
ွ် ထိုင်း ၊
စင်္ကာ ပူ၊ မလေးရှား၊ အင်ဒိုး နီး ရှား၊ ဖိလစ်ပိုင်၊ ဘရူး နိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့သည်သာ အဖွဲ့ဝင်နိုင်ငံများအဖြစ် ရှိ၏။ စစ်အးလွန် ကမ္ဘာ့အခင်းအကျင်းအသစ်၌ ဒေသဆိုင်ရာ အဖွဲ့အစည်းများအတွင်း
အာဆီယံသည် အရေးပါသည့် အင်အားစုတခုအဖြစ် တိုးတက်ဖြစ်ထွန်းလာနေ၏။ အာဆီယံ အစည်းအဝေးများက …. အာဆီယံ၏ ဆွေးနွေး ဘက် နိုင်ငံများနှင့်လည်း တဆက်တည်း ဆွေးနွေးကြသည့်
အစည်းအဝေးဖြစ်သည်။ အာဆီယံ၏ ဆွေးနွေးဘက် နိုင်ငံများတွင် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တရုတ်တို့  ပါဝင်ကြသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံအတွင်း၌ကား ….. သဘောထားတခုတည်း ရှိမနေ…။ ညှိနှိုင်း၍ နေကြရဆဲ….။ စင်္ကာပူက မြန်မာနိုင်ငံအပေါ် အထီးကျန်မ ထားသင့်၊ အကူအညီေ ပးရမည်၊
ပူး ပေါင်းဆောင်ရွက်ရမည်။ ဖိလစ်ပိုင်ကမူ …. စင်္ကာပူ၏ အယူအဆအပေါ်၌ တထပ်တည်း လက်မခံနိုင် …. ။ ညှိကြရ၏။ ဆွေးနွေးဖော် နိုင်ငံများတွင်လည်း …. ဂျပန်က စင်္ကာ ပူနှင့် တသဘောတည်း
ရှိေ နပြီး၊ အမေရိကန် ပြည်ထောင်စုကမူ ဆန့်ကျင်၏။ အဆုံး၌မူ …. အာဆီယံအစည်းအဝေးက မြန်မာနိုင်ငံနှင့် ပတ်သက်၍ မူဝါဒတရပ် ချမှတ်ခဲ့ကြ၏။

‘အပြုသဘောဆောင်သည့် ဆက်ဆံရေးမူဝါဒ’
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍မူ …. အာဆီယံက အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။

(၁၅၇)
၁၉၉၄ ခုနှစ် သြဂုတ်လအတွင်း မိသားစုမဟုတ်သည့် … ဧည့်သည် နောက်ထပ်တဦးနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ခွင့်ထပ်မံရ ရှိ၏။ ဧည့်သည်က …. ဗုဒ္ဓဘာသာရဟန်းတော်တပါး ဖြစ်၏။
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ‘ဘာမင်ဟမ်’ ကျောင်းတွင် ကျောင်းထိုင်သည့် ဆရာတော် ‘ဦးရေဝတ’ ကိုယ်တော်…..။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ကြွချီလာခဲ့ခြင်းဖြစ်သည်။
ဆရာတော်က …. ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ရောက်ရှိစ ဉ် …. ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် တွေ့ဆုံခဲ့ပြီး ၊ ရန်ကုန်တွင် ဗိုလ်ချုပ်မှူး ကြီးသန်း ရွှေ၊
ဗိုလ်ချုပ်ခင်ညွန့်တို့နှင့်လည်း တွေ့ဆုံ၏။ ဘာမင်ဟမ် ကျောင်းဆရာတော်က …. မြန်မာ့အရေး၏ ငြိမ်းချမ်းရေးသံတမန်တပါးဟု ဆိုရမည်။ အမျိုး သားရင်ကြားစေ့ရေး၊ ငြိမ်း ချမ်းရေး …. တို့အတွ က်
ဝါတွင်းကာလကြီးအတွင်းမှာပင် …. ဘာမင်ဟမ်ေ ကျာင်း၌ သီတင်းသုံးပြီး မနေနိုင်အား….၊ ခရီးထွက်လာရ၏။ ပထမဦးဆုံးသော စစ်အုပ်စုမှ ခွင့်ပြုလက်ခံသည့် ‘သံဃာ့သံတမန်ကြီး’…..။

ဒေါ်အောင်ဆန်းစုကြည်က …. ဘာမင်ဟမ်ေ ကျာင်း ဆရာတော်ကို နေ့လယ်ဆွမ်း ဆက်ကပ်၍ဒါနပြု၏။ တွေ့ဆုံစကားပြော၏။ ဆရာတော်၏ မိန့်မှာချက်များကို နာယူ၏။ လျှောက်တင်စ ရာ ….
အရေးကိစ္စများကို လျှောက်ထား၏။ ဘာမင်ဟမ်ကျောင်း ဆရာတော်က … ဒကာမကြီး ဒေါ်အောင်ဆန်း စုကြည်နှင့် နဝတ စစ်ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးပွဲများ မကြာမီ
ဖြစ်ပေါ်လာလိမ့်မည်ဟု …. ဒေါ်အောင်ဆန်း စုကြည်ကို မြွက်ကြား၏။

(၁၅၈)
၁၉၉၄ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း၌ ဗိုလ်မှူး ကြီးသန်းထွန်း က နဝတစစ်ခေါင်းဆောင်များမှ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရ န် ဆန္ဒရှိကြောင်း ပြောလာသည်။ သူမကို
မြန်မာနိုင်ငံအတွင်း မှ ထွက်ခွာ သွားရန် အကြောင်းကိစ္စရ ပ် ဆွေးနွေးမည်မဟုတ်ပါက .... တွေ့ဆုံရ န်ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဗိုလ်မှူးကြီးသန်းထွန်းမှတဆင့် အကြောင်းပြန်လိုက်သည်။
မကြာ …. စက်တင်ဘာလ ၂ဝ ရက်နေ့တွင် နဝတဥက္ကဋ္ဌ ဗိုလ်မှူးကြီးသန်းရွှေ၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်တို့မှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့်အကြောင်း ဗိုလ်မှူး ကြီးသန်းထွန်း က
အကြောင်းကြားလာ၏။

၁၉၉၄ ခုနှစ် စက်တင်ဘာလ ၂ဝ ရက် …။

ဒဂုံရိပ်သာရှိ အစိုးရဧည့်ဂေဟာတွင် တွေ့ဆုံကြသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုက ပထမဦးဆုံးအကြိမ် တွေ့ဆုံကြခြင်းဖြစ်သည်။ ဗိုလ်ချုပ်ခင်ညွန့်နှင့်ကမူ … ၁၉၈၉
ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပထမအကြိမ် တွေ့ဆုံခဲ့ဖူးပြီးဖြစ်သည်။ ထိုစဉ်က …. ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်၏ ဈာပနသို့ ဗိုလ်ချုပ်မှူး ကြီးစောမောင်နှင့်အတူ လာရောက်ခဲ့ကြစဉ်က
အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ပင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ နာရေးကိစ္စနှင့် လာခဲ့ကြခြင်းဖြစ်သော်လည်း …. ဒေါ်အောင်ဆန်း စုကြည်က ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် ဗိုလ်ချုပ်ခင်ညွန့်တို့ကို
လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်း ပရန်နှင့် ဒီမိုကရေစီစနစ် ပြန်လည်ေ ဖ်ာဆောင်ရေးအတွက် …. စစ်တပ်က ပေးထားသည့် ကတိကဝတ်များအတိုင်း လုပ်ေ ဆာင်သွားပါရန်လည်း
သတိပေးတိုက်တွန်းခဲ့၏။

ယခုေ တွ့ဆုံမှုက မည်သို့သော ဆွေးနွေးမှုဆီသို့ ဦးတည်ေ လမည်နည်း…။ ဒေါ်အောင်ဆန်းစုကြည်ကမူ …. ကနဦး တွေ့ဆုံဆွေးနွေးမှုအဆင့် ….။ ယုံကြည်မှုတည်ေ ဆာက်မှုအဆင့် ….။
ဤအဆင့်များအထိ ဆွေးနွေးပွဲကို တက်လှမ်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ရည်ရွယ်ထား၏။

ပြီးလျှင် …. တဖက်တွင်လည်း ….. အခြေခံတရပ်အနေနှင့် လိုအပ်ေ နသည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စိတ်ဓာတ်ရှိရန် …၊ စေတနာရှိရန်ပင် ဖြစ်၏။

(၁၅၉)

၁၉၉၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်ခေါင်းဆောင်များ ဒုတိယအကြိမ်ေ မြာက် ထပ်မံ၍တွေ့ဆုံကြပြန်သည်။ တပ်မ တော်ဧည့်ဂေဟာ၌ တွေ့ဆုံကြခြင်းဖြစ်သည်။
ဗိုလ်မှူးကြီးသန်း ရွှေ မပါတော့…..။ စစ်ခေါင်းဆောင်များဘက်မှ ဗိုလ်ချုပ်ခင်ညွန့်က ဦးဆောင်၏။ စစ်ဥပဒေချုပ် ဗိုလ်မှူးချုပ်သန်း ဦး၊ တပ်မ တော် စစ်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ်တင်ေ အးတို့ ပါဝင်ကြ၏။

စစ်အုပ်စုက … ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်မှ အကျယ်ချုပ်နှင့် လွှတ်ပေးရေးကိစ္စရပ်ကို စိတ်အားထက်သန်စွာ ဆွေးနွေးလို၏။ ဒေါ်အောင်ဆန်း စုကြည်မှမူ …. စိတ်မဝင်စား….။ သူမကို
ထိန်း သိမ်းထားခြင်း၊ မထားခြင်းထက် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ရှိနေသော အကျပ်အတည်းများစွာမှ လွတ်မြောက်ေ ရးအပေါ် ဆွေးနွေးရန်သာ ဆန္ဒရှိ၏။

မည်သို့….. ယုံကြည်မှု တည်ေ ဆာက်ကြမည်နည်း။


မည်သို့…. အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်မည်နည်း။
မည်သို့…. တည်တံ့ခိုင်ြ မဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်မ ည်နည်း။
မည်သို့…. စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ထုဆစ်ကြမည်န ည်း…..။
ထိုထိုသော မေးခွန်း များ၏ အဖြေများကို ရှာလို၏။ စစ်အုပ်စုက …. မလေးနက်။ စိတ်ဝင်စားပုံမပြ။ တွေ့ဆုံဆွေးနွေးမှုက …. ၃ နာရီသာ ကြာမြင့်ခဲ့၏။ ရေရာသောလမ်းဟူ၍ မဖော်နိုင်…။ ဓာတ်ပုံများ
ရိုက်ပြီး ‘ပြ’ လိုသည့်ဟန်က …. စစ်အုပ်စုတွင် အထင်း သားတွေ့နေရ၏။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ခင်ညွန့်ကို ပွင့်ပွင့်ရှင်းရှင်းပင် မေးခွန်းထုတ်၏။

“……We have to choose between dialogue or utter devastation…..” ဟူ၍ …။


မည်သည့်လမ်း ကို စစ်အုပ်စုေ ရွးမည်နည်း…။

(၁၆ဝ)
၁၉၉၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က …. ဖက်ဆစ်တော်လှန်ေ ရး နှစ် ၅ဝ ပြည့် အထိမ်းအမှတ်နေ့..။ ထိုနေ့ကို စစ်ခေါင်းဆောင်များက တပ်မ တော်နေ့ နှစ် ၅ဝ မြောက် ရွှေရတုအထိမ်းအမှတ်ဟူ၍
ကျင်း ပ၏။ ရွှေရတုအထိမ်း အမှတ်အဖြစ်နှင့် တပ်မ တော်သား မျိုးချစ်စစ်သည်ဟောင်းများကို အကျဉ်းထောင်အတွင်းမှ လွှတ်ပေး၏။ စုစုပေါင်း ၃ဝ ခန့် ရှိမည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး၊ ဦး ကြည်မောင်တို့ လွတ်လာခဲ့ကြသည်။ ဦးတင်ဦး၊ ဦးကြည်ေ မာင်တို့  လွတ်မြောက်လာခဲ့သည့်အတွက် ….. အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်မှုအတွင်း
ပြန်လည်၍ အင်အားခိုင်မာလာခဲ့၏။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦး တင်ဦး နှင့် ဦးကြည်မောင်တို့ လွတ်မြောက်လာခဲ့ပြီးနောက် ….. ရက်ပေါင်း ၁ဝ၅ ရက်အကြာတွင် …. ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်နှင့် ထိန်းသိမ်းထားရာမှ
လွှတ်ပေးလိုက်၏။

၁၉၉၅ ခုနှစ် ဇူလိုင်လ ၁ဝ ရက်၊ တနင်္လာနေ့….။


၁၃၅၇ ခုနှစ် ဝါဆိုလဆန်း ၁၄ ရက်…။ မနက်ဖြန်က …. ဝါဆိုလပြည့်ေ န့…..။
ညနေခင်း ….. ရန်ကုန်မြို့၏ ညနေခင်းက မိုးသားကင်းစင် ကောင်းကင်သည် ဝင်း၍….၊ လက်၍ ….။ ပုဇွန်ဆီရောင် အသွေးရင့်ရင့်က …. အင်းလျားရေပြင်တွင် လိမ္မော်ရောင်ဖျော့ဖျော့ ….။
လိမ္မော်နုရောင်ဖျော့သော အဆင်း နှင့် အင်း လျားရေပြင်က လှိုင်း ကြက်ခွက်လေးများဖြင့် လွန့်လူး၍နေသည်။
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ဦး အောင်ရွှေ၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့ ၃ ဦး ရောက်လာခဲ့ကြ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကြ၏။ ၆ နှစ်တာ ကွဲကွာနေခဲ့ကြရသည့်
လုပ်ေ ဖ်ာကိုင်ဖ က်များ၏ ပြန်လည်တွေ့ဆုံမှုက …. ကြည်နူးရွှင်ပြဖွယ်ပင် ….။ တိတ်ဆိတ်ငြိမ်သက်မှုများစွာနှင့် ဖြတ်သန်းခဲ့ရသည့် ဧည့်ခ န်းသည် သက်ဝင်၍လှုပ်ရှားလာပြီ။

တွေ့ဆုံေ ဆွးနွေးမှုက …. ရိုး ရိုးရှင်းရှင်း ပင်။ ဒေါ်အောင်ဆန်း စုကြည်က …. “ ကျမတို့ရဲ့ အလုပ်ေ တွကို ဆက်လက်လုပ်ကိုင်ကြမယ်” ဟူ၍ …. သန္နိဋ္ဌာန်စ ကား ဆို၏။ အားလုံးက သဘောတူကြ၏။
ဆုံးဖြတ်ချက်ချလိုက်ကြသည်။

နေကွယ်လုပြီ။ နောက်တနေ့၌ နေ့သစ်၏ နံန က်ဦးတွင် ရောင်နီသည် ပြို အံ၍ ထွက်လာလေမည်ပင်….။ မနက်ဖြန်နှင့် နေ့သစ်သည်က အမှန်တကယ်ပင် ရှိေ န၏။

ပုတ်ညက်ပ န်းရနံ့က …. သင်း ပျံ့၍ ရီဝေဝေ….။

(၁၆၁)
၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့၌ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ပင် ဒေါ်အောင်ဆန်း စုကြည် သတင်းစာရှင်း လင်းပွဲ ပြုလုပ်၏။ အထိန်း အသိမ်းခံနေရစဉ် ကာလအတွင်း သူမနှင့် နဝတ ၂
ကြိမ် တွေ့ဆုံေ ဆွးနွေးခဲ့မှုအပေါ် အဓိကရှင်းလင်းပြောကြား၏။ တွေ့ဆုံဆွေးနွေးမှုက ….. ယုံကြည်မှုတည်ဆောက်ေ ရး အဆင့်သို့ပင် မရောက်သေးကြောင်း ဆို၏။ နိုင်ငံေ ရးအရ သဘောတူညီမှု ဟူ၍က
…. မည်သည့်အဆင့်ကိုမျှ ဆွေးနွေးနိုင်ခဲ့ခြင်း မရှိဟု ပြော၏။ ပြီးလျှင် …. ဗိုလ်ချုပ်ခင်ညွန့်နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး စဉ်က …. ပြောခဲ့သည့် စကားကို သတင်း စာရှင်းလင်းပွဲ၌ ထည့်သွင်း၍
အလေးအနက်ေ ပြာဆို၏။

“……We have to choose between dialogue or utter devastation. ….. တွေ့ဆုံေ ဆွးနွေးညှိနှိုင်းခြင်းနှင့် အလုံးစုံ ပျက်သုဉ်း ခြင်းတည်းဟူသော လမ်း နှစ်သွယ်အနက် တခုခုကို
ရွေးချယ်ကြရမယ်”….. ဟူ၍…ပြောဆို၏။

နဝတ ၏ အမျိုး သားညီလာခံနှင့် ပတ်သက်၍မူ …..“ပြုပြင်ပြောင်းလဲစရာ များစွာရှိကြောင်း” ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တနေ့တာက …. သတင်းမီဒီယာများနှင့် တွေ့ဆုံနေရသည့် အချိန်က
များ၏။

ထိုင်း နိုင်ငံ ‘နေရှင်းသတင်း စာ’ မှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း ခွင့်တောင်း၏။ အားမည့်ရက်နှင့် အချိန်ကို ဒေါ်အောင်ဆန်း စုကြည်က အကြောင်းပြန်ပေးရ၏။ ဇူလိုင်လ
တတိယအပတ်….။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းကို ထိုင်းနိုင်ငံရှိ ရုပ်မြင်သံကြား….“Nation News Talk, Channel 9” မှ ထုတ်လွှင့်မ ည်ဖြစ်သည်။ နေရှင်း သတင်းစာမှ အယ် ဒီတာချုပ်
ဆူသီချိုင်းယွန်နှင့် အယ်ဒီတာသက်ချို င်း ယုံတို့ လာရောက်၍ ဒေါ်အောင်ဆန်း စုကြည်နှင့် အင်းတာဗျူး၏။

“မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အပေါ် အာဆီယံနိုင်ငံတနိုင်ငံက ဝေဖန်ရေးစပြီးလုပ်လာရင် အဲဒါကို စွက်ဖက်မှုအဖြစ် စဉ်းစားမှာလား” ….. ဟူ၍ နေရှင်း သတင်းစာမှ အယ်ဒီတာချုပ်
ဆူသီချိုင်းယွန်က ပထမဦးဆုံး မေးခွန်း ထုတ်၏။

“ကျမကတော့ အဲဒီလို မယူဆဘူး။ ကမ္ဘာကြီးက တနေ့တခြား သးငယ်လာနေပြီလေ။ အတိုင်းအတာ တခုအထိ နိုင်ငံတကာအမြင်၊ နိုင်ငံတကာ သဇာသက်ရောက်မှုကနေ လွတ်ကင်း တဲို့င်ငံရယ်လို့
မရှိနိုင်ဘူးဆိုတဲ့ အချက်ကို ကျမတို့ က်ခံရ လိမ့်မယ်။ တယ်တော့ နိုင်ငံတခုရဲ့ ပြည်တွင်းရေးမှာ ဘယ်အတိုင်း အတာအထိ ဝင်ရောက်စက
ွ်ဖက်ခွင့် ပြုတယ်ဆိုတဲ့ ကန့်သတ်ချက်က ရှိပြီးသား ဖြစ်ပါတယ်။
အာဆီယံအဖွဲ့ဝ င် နိုင်ငံတွေအနေနဲ့ ပြည်တွင်းရေးစွက်ဖက်ဖို့ ဒါမှမဟုတ် အချုပ်အခြာအာဏာကို ထိပါးဖို့ ဆိုတာမျိုးတော့ ဘယ်သူမှ မမျှော်လင့်ကောင်းပါဘူး ။ ဒါပေမဲ့ ကျမတို့အနေနဲ့ ဒေသတည်ငြိမ်ရေးနဲ့
ငြိမ်း ချမ်းရေးကို ဂရုစိုက်တယ်ဆိုရင် ဒေသတွင်း နိုင်ငံေ တွမှာ ဘယ်လိုအစိုးရအမျိုးအစားတွေ ရှိနေတယ်ဆိုတာကိုတော့ ကျမတို့ ဂရုစိုက်သင့်ပါတယ်”

အယ်ဒီတာချုပ်က….
“ဒဏ်ခ တ်အရေးယူမှုတွေကို သဘောတူပါသလား” …. ဟု ထပ်၍မေးခွန်းထုတ်၏။

“ဒဏ်ခ တ်အရေးယူမှုနဲ့ ပတ်သက်လာရင် ကျမလက်ခံထားတဲ့ သဘောထားတရပ် ရှိပါတယ်။ အဲဒါက ဒီဒဏ်ခတ်မှုဟာ သာမန်ပြည်သူများကို ထိခိုက်နစ်နာမှုမရှိစေဘဲ ဖြစ်ပါတယ်။ ဒဏ်ခတ်အ ရေးယူဖို့
စဉ်းစားတဲ့အခါ ဘယ်လိုဒဏ်ခတ်မှုမျိုးကို အကောင်အထည်ေ ဖ်ာဖို့ဖြစ်ဖြစ် စေ့စေ့စပ်စပ်သေသေချာချာ လေ့လာပြီးမှ လုပ်သင့်ပါတယ်။ ကျမ နားလည်သဘောပေါက်တဲ့အတိုင်း ပြောရရင် လွန်ခဲ့တဲ့ ၆
နှစ်အတွင်း စီးပွားရေးပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုဟာ အခြေခံလူထုဆီအထိ မရောက်ခဲ့ပါဘူး။ ဒီတော့ ဒဏ်ခတ်အရေးယူမှုဟာလည်း လူထုကို ထိခိုက်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး ။”

“စစ်မှန်တဲ့ ပြည်ေ ထာင်စု မြန်မာနိုင်ငံကို အမှတ်တကယ် ထူေ ထာင်မယ်ဆိုရင် ဘယ်လိုလျော်ကန်သင့်မြတ်တဲ့ မူေ ဘာင်ချရမှာလဲ” …. ဟူ၍ မစ္စတာဆူသီချိုင်းယွန်က နောက်ဆုံးအနေနှင့်
ဒေါ်အောင်ဆန်းစုကြည်ကို မေး၏။

“ပထမဦးဆုံး ‘ယုံကြည်မှုပ တ်ဝန်းကျင်’ တခု တည်ဆောက်ကြရမှာပါ။ ဒီယုံကြည်မှုဟာ မြန်မာနိုင်ငံမှာ ကွယ်ပျောက်ေ နတဲ့အရာ ဖြစ်ပါတယ်။ ယုံကြည်မှု ပတ်ဝန်းကျင်တခု မတည်ဆောက်နိုင်သေးသမျှ
ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲမျိုး ကျမတို့ စတင်နိုင်မှာ မဟုတ်ပါဘူး။ ဆွေးနွေးရေးစားပွဲမှာ ဝိုင်း ထိုင်လိုက်ဖို့ဆိုတာကတော့ လွယ်ပါတယ်။ ဒါပေမဲ့ လူတိုင်းက တဦးအပေါ်တဦး သံသယတွေပွားနေကြရင်
အများလက်ခံနိုင်တဲ့ သဘောတူညီမှုတခု ရရှိအောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေ ယုံကြည်စိတ်ချနိုင်တဲ့ အစိုးရတရပ် ရှိတယ်ဆိုတာ ကျမတို့အနေနဲ့ ပြသဖို့ လိုပါတယ်။
အဲဒီအစိုး ရဟာ တိုင်းရင်းသားများရဲ့ မျှော်မှန်းချက်ေ တွနဲ့ ပြဿနာတွေကို စာနာတောက်ထားကြောင်းလည်း ပြသရပါလိမ့်မယ်။ ပြဿနာကို အဲဒီကနေစပြီး ကိုင်တွယ်ရမယ် ထင်ပါတယ်။
တချို့တိုင်းရင်းသား အင်အားစုတွေအနေနဲ့ ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲတွေ မစတင်မီ သူတို့ဖြစ်စေချင်တဲ့ မူေ ဘာင်ဆိုင်ရာ အကြံပြုစရာတွေ ရှိပြီး ဖြစ်နိုင်ပါတယ်။ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မူဘောင်တခု
ရရှိဖို့အတွက် ညှိနှိုင်း ဆွေးနွေးကြမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။”
T.V ထုတ်လွှင့်ချိန် ၄ဝ မိနစ်စာ အမေးအဖြေ ပြုလုပ်ခဲ့ရသည့်အတွက် ဒေါ်အောင်ဆန်းစြု ကည် …. အတော်ပ င် နွမ်းသွား၏။ သို့သော် …. မပမ်း….။ လန်း၍တက်တက်ကြွကြွနှင့်…..။

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
- မြန်မာ့အလင်း သတင်းစာ (၂ဝဝ၃ ခုနှစ်၊ ဇူလိုင်လ၊ ၇ရက်)
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- Nation News Talk, Channel 9 တွင် ထုတ်လွှင့်ခဲ့သည့် နေရှင်းသတင်း စာ အယ်ဒီတာချုပ် ဆူသီချိုင်းယွန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း
- အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချဒ်ဆန်၊ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ ဂျေဟန်ရာဟင်မ်နှင့် New York Times (NYT) သတင်းထောက် ဖီးလစ်ပ်ရှယ်နွန်တို့ ၃ ဦးနှင့်
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၄၅

| အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၁၇ မိန စ် ဆောင်းပါး

(၁၆၂)
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ပြီးသည့်ေ နာက်…. နေ့စဉ် လုပ်ကိုင် ဆောင်ရွက်နေရသည့် လုပ်င န်းများအတွင်း၌ နေအိမ်ခြံရှေ့တွင် သူမကို
လာရောက်နှုတ်ဆက်ကြသည့် လူထုကို ခြံေ ရှ့ထွက်၍ နှုတ်ခွန်းဆက်ရခြင်းသည်လည်း တခုအပါအဝင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှ ခြံရှေ့သို့ထွက်၍ နှုတ်ဆက်စကားမဆိုမချြင်း လူထုသည်မပြန်၊ စောင့်၍နေကြသည်။ တစ…တစ လူထုက များလာသည်။ လေးငါးခြောက်ဆယ် တရာအထိ ဖြစ်လာသည်။
တနာရီကြာလည်းမပြန်၊ နှစ်နှာရီကြာလည်း… ဆက်၍စောင့်နေကြဆဲ….။ ရန်ကုန်မိုး က အစိုးမရ…။ ရေအိုးမှောက်သကဲ့သို့ …။ မညို့မမှိုင်း…မအုံ့မဆိုင်းဘဲ …ဖြုန်းကနဲရွာချတတ်၏။ မိုး ရွာလျှင်လည်း
လူထုက မိုးရေထဲ၌ ထီးဆောင်း၍စောင့်၏။ ဤတွင် ဒေါ်အောင်ဆန်း စုကြည်က …. လုပ်ကိုင်လက်စလုပ်င န်းများ ခေတ္တရပ်ပြီး … ခြံေ ရှ့သို့ထွက်၍ လူထုကို နှုတ်ခွန်း ဆက်ရ၏။

“ကျန်းမာပါစေ…ချမ်းသာပါစေ….”

စသည်မျှ …ထွက်၍စကားပြောရသည်။ ပြန်ကြပါရန် တိုက်တွန်းရသည်။ ဤသို့ ဒေါ်စုမှ ထွက် …၊ ထွက်ပြီး နှုတ်ခွန်းဆက်မှပ င် ခြံေ ရှ့လူထုသည် ကျေကျေနပ်နပ်နှင့် ပြန်သွားကြ၏။ သို့သော်….မကြာ….
နောက်ထပ်လူစုက ထပ်၍ရောက်လာကြသည်ပင်…။ တနေ့…တနေ့… ၂ ကြိမ်၊ ၃ ကြိမ်မျှ ခြံအရှေ့သို့ ထွက်ပြီး လူထုကို နှုတ်ခွန်းဆက်နေရ၏။ မလွယ်….။

အိမ်အတွင်း အစည်း ဝေးထိုင်ေ နလျှင်လည်း…. အစည်းအဝေးမှ ခေတ္တခွင့်တောင်းပြီး ….လူထုကို ထွက်၍ နှုတ်ခွန်း ဆက်ရ၏။ သတင်း မီဒီယားများနှင့် တွေ့ဆုံနေလျှင်လည်း …
ဤသို့ပင်…ခွင့်ေ တာင်းရပြန်၏။ ခက်ပြီ။ လူထုကလည်း ဇွဲကြီးကြီးနှင့် စောင့်၏။ လေထဲ၊ ရေထဲ မိုး ထဲမရှောင်….။ နေပူ…ပူ။ မြူနှင်းကျ…ကျ။ အသက်အရွယ် ကြီးရင့်သည့်သူများလည်း ပါ၏။ မဖြစ်…။
ဤအတွက် တခုခုတော့ နည်းလမ်းရှာရမည်။ နောက်ဆုံး … လူထုနှင့် တွေ့ဆုံမ ည့်အချိန် သတ်သတ်မှတ်မှတ်ထားရှိရန် ဒေါ်အောင်ဆန်း စုကြည် ဆုံးဖြတ်ရ၏။ ဘဘဦးတင်ဦး၊ ဘဘဦးကြည်မောင်တို့နှင့်
တိုင်ပ င်ဆွေးနွေး၏။ အားလုံးကလည်း လူထုနှင့် သတ်သတ်မှတ်မှတ် အချိန်ေ ပး၍ တွေ့ဆုံရန်လိုကြောင်း သဘောထားပေးကြ၏။

သို့နှင့် …၁၉၉၅ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့၊ စနေနေ့မှစ ၍ တက္ကသိုလ်ရိပ်သာ လမ်းအမှတ် ၅၄ ခြံဝင်းအရှေ့၌ အပတ်စ ဉ် …. စနေ၊ တနင်္ဂနွေရက်များတွင် လူထုနှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်း စြု ကည်
ဆုံးဖြတ်လိုက်၏။

ရန်ကုန်မြို့၏ နေညိုညနေခင်း လူထုဆွေးနွေးပွဲ…. သို့မ ဟုတ်…. လူထု၏ ဘဝဟစ်တိုင် လှုပ်ရှားမှုသစ်….။

(၁၆၃)
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း ။

၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ…။

အမေရိကန်ပြည်ထောင်စု၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်ကြီး Mrs. Medeleine K. Albright ရန်ကုန်သို့ လာပြီး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့၏။

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ဧ ည့်ခန်းအတွင်း အမျိုး သမီးနှစ်ဦး တွေ့ဆုံမှုက သီးသန့်ဆန်၏။


လွန်ခဲ့သည့် ၁ဝ ရက်ခန့်ကလည်း ဤဧည့်ခ န်းအတွင်း၌ပင် … ကုလသမဂ္ဂမှ အထူးအရာရှိ ‘အယ်ဗာရိုဒီဆိုတို ’နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ေ သး၏။ ယခု … မစ္စမက်ဒလင်း အောဘရိုက်နှင့်
တွေ့ဆုံခြင်းက လွတ်မြောက်လာခဲ့ပြီးသည့်ေ နာက်တွင် ဒုတိယမြောက် နိုင်ငံခြားသံတမန် ဧည့်သည်နှင့် တွေ့ဆုံခြင်းဖြစ်သည်။ အိမ်ဖြူတော်မှလာသည့် ပုဂ္ဂို လ်များနှင့်မူ … ဒေါ်အောင်ဆန်းစုကြည်
နေအိမ်အကျယ်ချုပ်ကျခံေ နရစဉ် … လွန်ခဲ့သည့် ၁၈ လက တကြိမ်တွေ့ဆုံခဲ့ဖူးပြီး ဖြစ်သည်။
ထိုစဉ်က …. အမေရိကန်ကွန်ကရက်မှ လွှတ်တော်ကိုယ်စားလှယ် မစ္စတာ ဘီလ်ရစ်ချက်ဆန်၊ ကုလသမဂ္ဂမှ ပုဂ္ဂိုလ်တဦး၊ နယူးယောက်တိုင်း သတင်း စာမှ သတင်းထောက်တဦးတို့နှင့်
တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယခု …. တွေ့ဆုံသည့် မစ္စမက်ဒလင်းအောဘရိုက်က ဝါရှင်တန်မှ ဒုတိယ၊ အဆင့်မြင့်ကိုယ်စားလှယ်တဦးဖြစ်၏။
ဆွေးနွေးမှုက ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ်….။

ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုမှကျင်း ပပြုလုပ်နေသည့် အမျိုးသား ညီလာခံနှင့် ပတ်သက်၍ သူမ၏ အမြင်ကို ဆွေးနွေးသည်။

“အမျိုးသားညီလာခံကို ယခုအတိုင်း ဆက်ပြီးကျင်းပသွားမည်ဆိုရင်… အမျိုး သားပြန်လည်သင့်မြတ်ရေး၊ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီ နိုင်ငံသစ်ဖြစ်ပေါ်လာရေး၊ အများပြည်သူတို့ လက်ခံယုံကြည်တဲ့
ဖွဲ့စ ည်းပုံ အခြေခံဥပဒေတရပ် ပေါ်ထွန်း လာရေး ဆိုတဲ့ ဦးတည်ချက် ၃ ရပ်ကို ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ပါဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ … ဒီ ဦး တည်ချက် ၃ ရပ်
ဖြစ်ပေါ်လာရေးအတွက်ဆိုရင် …. အမျိုး သား ညီလာခံအတွင်းမှာ အဖြေရှာလို့ မရနိုင်ဘူးလို့ ခံယူထားပါတယ်။ စစ်အုပ်စုခေါင်းဆောင်များနဲ့ တွေ့ဆုံညှိနှိုင်းဖို့ လိုပါတယ်။ ကျမတို့ အဖွဲ့ချုပ်အနေနဲ့က ….
တွေ့ဆုံေ ဆွးနွေးမှုတွေ ဖြစ်ထွန်းလာတဲ့အထိ အမျိုးသား ညီလာခံကို မတက်ရောက်ဘဲ စောင့်ဆိုင်းသွားဖို့ ရည်ရွယ်ထားပါတယ်…” ဟူ၍ ပြောသည်။

အိမ်ဖြူတော်အနေနှင့်လည်း စစ်အုပ်စုက ပြုလုပ်နေသည့် အမျိုးသားညီလာခံနှင့် ပတ်သက် ၍ စိတ်မ ဝင်စားကြောင်း…၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တသဘောထားတည်းရှိသည့် အကြောင်း Mrs
Albright က ဆိုသည်။

စစ်အုပ်စုအနေဖြင့် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းဆီသို့ ရောက်ရှိလာစေရန် နိုင်ငံတကာမှ မည်သည့် ဝိုင်း ရံပံ့ပိုးမှုများ လိုအပ်သည်ကို Mrs Albright က ဒေါ်အောင်ဆန်းစုကြည်ကို မေး၏။

ဒေါ်အောင်ဆန်းစုကြည်က …. ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များ၏ ‘ယဉ်ေ ကျးမှုနှင့် စီးပွားရေး
တိုးတက်ဆက်ဆံရေး၊ နိုင်ငံတကာ စူးစမ်းလေ့လာမှု’ ဆွေးနွေးပွဲသို့ သူမ ရေးသားပေးပို့ခဲ့သည့် စာတမ်းပါ အယူအဆများကို ရှင်းပြ၏။ ဖိလစ်ပိုင် ဆွေးနွေးပွဲ၌မူ… သမ္မတဟောင်း ‘မဒမ်အကွီနို’
ဖတ်ကြားခဲ့သည့် စာတမ်းဖြစ်၏။

စာတမ်းက …. ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပတ်သက်ပြီး …. “စီးပွားရေးဖွံ့ဖြိုးတိုးတတ်အောင် အရင်ဆောင်ရွက်၊ ဒီမိုကရေစီအရေးကို နောက်မှ ဖြည်းဖြည်းဆောင်ရွက်” ဟူသည့် အတွေးအမြင်ကို
ထက်ထက်မြက်မြက် ချေပထားခြင်းဖြစ်သည်။

ပြီးလျှင် …. အာဏာကို လက်ရှိဆုပ်ကိုင်ထားကြသည့် ဖွံ့ဖြိုး ဆဲနိုင်ငံများမှ ခေါင်းဆောင်သည် အမှန်တကယ် ဖြစ်ပျက်နေသည့် ဖြစ်ရပ်မှန်ကို မခွဲခြားနိုင်ကြဘဲ …. ဒီမိုကရေစီလှုပ်ရှားမှုနှင့် လူ့အခွင့်အရေး
ဖော်ဆောင်ရေး ပြဿနာအားလုံးသည် အနောက်တိုင်း တွေးခေါ်ယူဆမှု၏ သြဇာသက်ရောက်မှုများ ဖြစ်သည်ဟူ၍ လျစ်လျူရှုေ နကြခြင်းအပေါ်လည်း ပြစ်တင်ေ ဝဖန်ထား၏။

စာတမ်း၏ နိဂုံးချုပ်တွင်မူ … ကုလသမဂ္ဂကို ဖွံ့ဖြိုးဆဲနိုင်ငံများ … အထူးသဖြင့် ဆင်း ရဲမွဲပြာကျပြီး အောက်တန်း ၊ နောက်တန်း ကျနေသည့် နိုင်ငံများ၏ ဒီမိုကရေစီလှုပ်ရှားမှုနှင့် လူ့အခွင့်အရေး
ပြဿနာများအပေါ် အလေးအနက်ဂ ရုပြု၍ ထောက်ခံကူညီပါရန်လည်း စာတမ်း၌ မေတ္တာရပ်ခံ အကြံပြုတင်ပြထား၏။

ဒေါ်အောင်ဆန်းစုကြည်က စာတမ်းကို ရှင်းပြရင်း…. မြန်မာစစ်အစိုး ရအပေါ် နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ လိုအပ်သည့်အကြောင်းကိုကား အထူးအလေးအနက်ထား၍ ဆွေးနွးသည်။

Mrs Albright က ဒီမိုကရက်တစ်ပါတီတွင် အရေးပါသည့် အမျိုးသမီးတဦး ဖြစ်သကဲ့သို့ အိမ်ဖြူတော်နှင့်လည်း နီးစပ်သူဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရေပန်းစားနာမည်ထွက်နေသူ တဦး လည်း
ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးလျှင် … စစ်အုပ်စုနှင့်လည်း တွေ့ရန်ရှိ၏။ စစ်အုပ်စုနှင့် တွေ့လျှင်မူ … အိမ်ဖြူတော်၏ သဘောထား ပြတ်ပြတ်ရှင်း ရှင်းပင် ပြောဆိုမ ည်ဟု ဆိုသည်။

(၁၆၄)
ကရင်ပြည်န ယ်၊ ဖားအံမြို့နယ်အတွင်း ရှိ ‘သာမည’ ဆရာတော်ကို ဖူးမြော်ရန် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပြီးသည့်ေ နာက် …. အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို
တရားဝင် ပြန်လည်၍ဖွဲ့စည်း၏။ စစ်အုပ်စု၏ အကြပ်ကိုင်ဖိအားပေးမှုများကြောင့် ၁၉၉၁ ခုနှစ်အတွင်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဖွဲ့ချုပ်မှ ဦးအောင်ရွှေ၊ လက်မှတ်ရေးထိုး၍
ထုတ်ပယ်ခဲ့ရ ၏။

ထိုစဉ်က …. ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ နှစ်ဦးလုံးက စစ်အုပ်စု၏ ထိန်းသိမ်း ခြင်းကို ခံနေကြရ၏။ အကျဉ်း ထောင်နှင့် နေအိမ်အတွင်း၌…။ ယခုမူ … ၂ ဦး လုံး ပြန်လည်၍
လွှတ်မြောက်လာခဲ့ကြလေပြီ။ ဤအတွက် …. အဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းကြခြင်းဖြစ်သည်။

ဥက္ကဋ္ဌ ဦးအောင်ရွှေ့၊ ဒု-ဥက္ကဋ္ဌများက …. ဦးတင်ဦးနှင့် ဦးကြည်ေ မာင်၊ အထွေေ ထွအတွင်း ရေးမှူးက ဒေါ်အောင်ဆန်း စုကြည် ဖြစ်၏။ ဦးလွင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီး ဗဟိုအလုပ်မှုဆောင်
အဖွဲ့ဝ င်များတွင် … ဦးသန်းထွန်း၊ ဦးညွှန့်ဝေ၊ ဦးစိုးမြင့်၊ ဦးလွန်းတင်၊ ဦးလှေ ဖ၊ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ ဖြစ်သည်။ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ က စစ်အုပ်စု၏ အကျဉ်းထောင်အတွင်း၌
အထိန်းသိမ်းခံေ နကြရဆဲ…။

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ဧ ည့်ခန်းတွင်ပ င် အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင် အဖွဲ့အစည်းအဝေး ထိုင်၏။ အလုပ်အမှုေ ဆာင်အဖွဲ့သစ်၏ ပထမအကြိမ်ေ မြာက် အစည်းအဝေး…။ ၁၉၉၅ ခုနှစ်
အောက်တိုဘာလ ၉ ရက် … ၊ တနင်္လာနေ့…။

လတ်တလော အရေးတကြီး ဆွေးနွေးရမည့် အကြောင်းအရာက … စစ်အုပ်စု၏ အမျိုး သားညီလာခံနှင့် ပတ်သက်၍ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်ေ န့မှ
စတင်၍ အမျိုး သားညီလာခံ တက်ရောက်ခဲ့၏။

၁၉၉၅ ခုနှစ် နိုဝ င်ဘာလ ၂၉ ရက်နေ့တွင် စစ်အုပ်စုက သူ၏ မျိုးသားညီလာခံ ပြန်၍ စတင်မည်ဖြစ်သည်။ ၂၉ ရက်နေ့တွင် ပြန်လည်စတင်မည့် အမျိုးသားညီလာခံနှင့် ပတ်သက်၍ အဖွဲ့ချုပ်အနေဖြင့်
မည်သို့ ဆုံးဖြတ်မည်နည်း။ သဘောထားအပြင်၊ လက်တွေ့လုပ်ဆောင်ရမည့် လုပ်င န်းစဉ်ကိုပါ စဉ်းစား ဆုံးဖြတ် ကြရပေမည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦး ကြည်မောင် စသည့်
ခေါင်းဆောင်များအားလုံး စုံညီကြသည့်အတွက် အဖွဲ့ချုပ်၏ ဗဟိုခေါင်းဆောင်မှုက ခိုင်ခန့်၏။ ဆုံးဖြတ်ချက်တခုခုကို ချမှတ်ရာတွင် ‘အား’ ရှိ၏။

(၁၆၅)
အမှတ် ၉၇/ခ၊ အနောက်ေ ရွှဂုံတိုင်….။

၁၉၉၅ ခုနှစ်၊ နိုဝ င်ဘာလ ၂၂ ရက်…။

အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့က … “ အမျိုး သား ညီလာခံအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထား” ဟူသည့် စာတမ်းကို ထုတ်ပြန်လိုက်၏။ စာတမ်းတွင်
‘အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်မှန်းချက်များ’ ၊ ‘အာဏာပိုင် အဖွဲ့အစည်းများ၏ ပြောကြားချက်’ ၊ ‘အမျိုး သား ညီလာခံအတွင်း ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများ’ နှင့် ‘အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်၏ အကြံပြုချက်များ’ ဟူ၍ အခန်းငယ်များခွဲကာ ရေးသားထား၏။

စာတမ်း၏ အနှစ်ချုပ်ကမူ ….. လက်ရှိကျင်းပပြုလုပ်ေ နသည့် အမျိုးသားညီလာခံသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်ရေး၊ အများလက်ခံ သဘော
တူညီနိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တရပ် ဖြစ်ပေါ်လာရေးတို့ကို ဖြစ်ထွန်းစေလိမ့်မ ည်မဟုတ်….။

ဤအတွက် ….. စစ်ခေါင်းဆောင်များ၊ ဒီမိုကရေစီနိုင်ငံေ ရးအင်အားစုများ၊ တိုင်း ရင်းသား အင်အားစုများ အားလုံး တွေ့ဆုံဆွေးနွေးကြရန် လိုအပ်သည်… ဟူ၍ဖြစ်သည်။

ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ စာတမ်းထုတ်ပြန်ပြီးသည့်ေ နာက် …. အဖွဲ့ချုပ်ရုံး တွင်ပင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားညီလာခံနှင့် ပတ်သက်၍၊ သတင်း စာရှင်းလင်းပွဲ ပြုလုပ်၏။ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် အကဲဖြတ်ချက်ကို ပထမဦးစွာ ရှင်းလင်း ပြောဆို၏။

“နိုင်ငံရေးပါတီတွေဟာ ယခုထက်တိုင် တရားဝင်ဖြစ်သေးတဲ့ အမိန့်ထုတ်ပြန်ကြေညာချက် ၁/၉ဝ မှာ၊ အရွေးချယ်ခံရ တဲ့ ပြည်သူ့  ကိုယ်စားလှယ်တွေရဲ့ တာဝန်ဟာ နိုင်ငံေ တာ် ဖွဲ့စည်း အုပ်ချုပ်ပုံ
အခြေခံဥပဒေကို ရေးဆွဲဖို့ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်…။ အမျိုးသား ညီလာခံရဲ့ ပဏာမဆွေးနွေးပွဲမှာ အမျိုးသား ညီလာခံ ကျင်းပရေး ကော်မတီဥ က္ကဋ္ဌကလည်း ရွေးချယ်တင်မြှောက်ခြင်း ခံကြရတဲ့
ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲဖို့ တာဝန်ရှိမှာဖြစ်ပြီး ၊ ဒီမိုကရေစီကျင့်စ ဉ်အရ ဒီကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေကနေ ဆုံးဖြတ်ချက်တွေအဖြစ်
ရောက်ရှိလာကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ … အခု အမျိုးသားညီလာခံကို ကျင်းပတဲ့အခါမှာ … အထက်က ထုတ်ပြန်ကြေညာထားတဲ့ အကြောင်းအရာတွေနှင့် အညီ လုပ်ေ ဆာင်ခဲ့တာ
မဟုတ်ပါဘူး…။ ကြေညာချက်ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ နိုင်ငံရေး ပါတီတွေရဲ့ အခန်းကိုလည်း သေးသိမ်ရှုပ်ေ ထွးသွားအောင် အလုပ်ခံခဲ့ရတယ်။ အမျိုး သား ညီလာခံအတွင်း
ဖြစ်ပျက်လျက်ရှိနေတဲ့ တကယ့်အခြေအနေကို လေ့လာတဲ့အခါ ဒီညီလာခံဟာ သူ့ရဲ့ မူလ ရည်ရွယ်ချက် ကနေ သွေဖယ်သွားတာကို တွေ့ရတယ်။ အောက်ပါတို့ဟာ လက်ရှိညီလာခံမှာ ပေါ်လွင်ေ နတဲ့
သွင်ပြင် လက္ခဏာတချို့ ဖြစ်တယ်။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေဟာ ညီလာခံမှာ တက်ရောက်ကြတဲ့ ကိုယ်စားလှယ်အားလုံး ဦးရေရဲ့ ၁၅.၂၄ % သာ ရှိတဲ့အတွက် ညီလာခံမှာ သူတို့ဟာ အမြဲပဲ
လူနည်း စု ဖြစ်နေပါတယ်။ ညီလာခံရဲ့ ရည်မှန်းချက်ပဲဖြစ်ဖြစ်၊ လုပ်ငန်းအစီအစဉ်ပဲဖြစ်ဖြစ်၊ တက်ရောက်လာကြတဲ့ ညီလာခံကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းတိုင်ပ င်ပြီး ရေးဆွဲတာ မဟုတ်ပါ။ ညီလာခံသို့
တင်ပြမယ့် စာတမ်း တွေဟာ စိစ စ်တာခံကြရပြီး၊ အာဏာပိုင်ေ တွရဲ့ သဘောဆန္ဒနဲ့အညီ ပြင်ဆင်တာ ခံကြရတယ်။ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို အဆိုပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့
ကျယ်ပြန့်တဲ့ မူတွေအပေါ်မှာသာ ပြုလုပ်တာ မဟုတ်ပါ။ အသေးစိတ် လုပ်င န်းတွေကိုလည်း လိုက်လုပ်ေ နတာ ဖြစ်တယ်။ဒါကြောင့် ကျမတို့ဟာ သက်ဆိုင်ရာအားလုံးသို့ ပြည်သူတွေက လက်ခံနိုင်တဲ့
ခိုင်မြဲတဲ့ ဒီမိုကရက်တစ် ပြည်ထောင်စု သမ္မတနိုင်ငံတခုရဲ့ ဖွဲ့စ ည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဖန်တီးမယ့် အမျိုးသားညီလာခံတရပ်ကို ဖော်ထုတ်ရေးအတွက် ဆွေးနွေးကြဖို့ တင်ပြပါတယ်”

ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောဆို၍ ပြီးဆုံးသည်နှင့် … သတင်းထောက်တဦးက ဒေါ်အောင်ဆန်း စုကြည်ကို မေး၏။

“နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြန်လည်စတင်မယ့် … အမျိုးသားညီလာခံကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဆက်လက်ပြီး တက်ရောက်မှာလား…။ ဒါမှမ ဟုတ် မတက်ေ ရာက်ဘဲ သပိတ်မှောက်ဖို့
အစီအစဉ်များ ရှိပါသလား…” သတင်းထောက်၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေသည်။

“အမျိုးသားညီလာခံကို ကျမတို့ သပိတ်မှောက်မှာ မဟုတ်ပါဘူး။ ဆွေးနွေးပွဲတရပ် အောင်မြင်စွာနဲ့ ဖြစ်မြောက်လာဖို့အတွက် …. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အဖွဲ့ချုပ်ရဲ့
ညီလာခံကိုယ်စားလှယ်တွေဟာ ညီလာခံကို မတတ်ဘဲ စောင့်ဆိုင်း နေမှာသာ ဖြစ်ပါတယ်။ သပိတ်ေ မှာက်တာ မဟုတ်ပါဘူး…။” ၁၉၉ဝ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲတွင် ၈၂
ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ခြင်းမရှိသော အမျိုး သားညီလာခံက …. အပြုံးမဲ့သော မိုနာလီဇာ ပန်းချီကားတချပ်ပမာ….။

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ

- မြန်မာ့အလင်း သတင်းစာ (၂ဝဝ၃ခုနှစ်၊ ဇူလိုင်လ ၇ ရက်)

- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၁

- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂


- အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချဒ်ဆန်၊ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ ဂျေဟန်ရာဟင်မ်နှင့် New York Times (NYT) သတင်းထောက် ဖီးလစ်ပ်ရှယ်နွန်တို့ ၃ ဦးနှင့်
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၄၆)

| တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၀၃ ရက် ၂၀၁၀ ခုနှစ် ၀၄ နာရီ ၃၁ မိန စ် ဆောင်းပါး

(၁၆၆)
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့ပြီးသည့် နောက်တွင် … နိုင်ငံခြား သတင်းစာ အယ်ဒီတာများ၊ အခက်အခဲ များစွာကြားမှ ရန်ကုန်သို့ လာရောက်၍ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံ
မေးမြန်းမှုများ ပြုလုပ်ခဲ့၏။ ပထမဦးစွာ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ရောက်လာခဲ့သည့် သတင်း စာက …. ထိုင်းနိုင်ငံမှ The Nation သတင်း စာဖြစ်သည်။ အယ်ဒီတာချုပ် မစ္စတာ
ဆူသီချိုင်းယွန် ကိုယ်တိုင်ပ င် လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။ ဒုတိယရောက်လာသည်က ….. ဂျပန်နိုင်ငံမှ Mainichi သတင်းစာ ဖြစ်သည်။ အယ်ဒီ တာချုပ် Mr.
Hiroshi Nagai ရန်ကုန်သို့ လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့၏။ Mainichi အတွက် အင်တာဗျူး လုပ်၏။ ပြီးလျှင် ….. Mr. Hiroshi Nagai က ဒေါ်အောင်ဆန်း စုကြည်ကို Mainichi
သတင်းစာတွင် အပတ်စ ဉ် တနင်္လာ နေ့တိုင်း မြန်မာပြည်အကြောင်း ဆောင်းပါးရေးပေးပါရန် ပန်ကြား၏။ ဒေါ်အောင်ဆန်းစုကြည်မှ … Letter From Burma အမည်နှင့် အခန်းဆက်ရေးပေးမည်ဟု
ကတိပေးလိုက်သည်။

မအားမလပ်လောက်အောင် … များပြားလှသည့် နိုင်ငံရေးတာဝန်များ အကြားမှပင် …. Mainichi သတင်းစာအတွက် ဒေါ်အောင်ဆန်း စုကြည်သည် ဆောင်းပါးရေးရန် ပြင်ဆင်ရ၏။ Letter From Burma
‘မြန်မာပြည်က လာသည့်စာ’ …။ ဤခေါင်းစဉ်နှင့် မည်သည့်စာမျိုး ဂျပန်ပြည်သို့  ရေးမည်နည်း….။ ဒေါ်အောင်ဆန်း စုကြည် စဉ်းစားရ၏။ အကြောင်းအရာများကမူ …. မြန်မာပြည်တွင် အပြည့်အသိပ်…။
သူမ ထိတွေ့ဖြတ်သန်းသွားလာနေရသည့် ဝန်းကျင်တွင်ပ င် ရေးစရာများက များပြားစွာရှိ၏။

အကျဉ်းထောင်အတွင်း ကျဆုံးသွားခဲ့ကြရသည့် သူမ၏ လုပ်ေ ဖ်ာကိုင်ဘက် ရဲေ ဘ်ာများအကြောင်း …..၊ တရားမဲ့ အဖမ်းအဆီးတွေအကြောင်း ….၊ ဖက်ဆစ်မြေမှ လူထု၏ ဘဝအထွေထွေ…၊
အကြောင်းအရာများက အတွေးတွင် စီကာစဉ်ကာနှင့် ပေါ်လာ၏။ ထိုထိုသော အကြောင်းအရာများအတွင်း မှ၊ စ၍ … ချရေးမည့် အကြောင်းအရာကို ရွေးချယ်ရသည်မှာက ခက်ခဲသလို ရှိေ န၏။

အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ရသည့် NLD မှ ဦး လှသန်း၊ ဦးတင်မောင်ဝင်း၊ မောင်သော်က (ဦးဘသော်) တို့ အကြောင်း ရေးမည်လား…။ ဝေခွဲရခက်လာ၏။ နောက်ဆုံး …. လွန်ခဲ့သည့် ၂
ပတ်ေ ကျာ်ကျော်ခန့်က သွားရောက်ခဲ့သည့် ‘သာမည’ ခရီးကိုပင် ဦးစွာစ၍ ရေးမည်ဟု ဆုံးဖြတ်လိုက်တော့၏။ မြန်မာပြည်ကလာတဲ့စာ … အပိုင်းတစ်ကို ဒေါ်အောင်ဆန်း စုကြည် စ၍ … ချရေး၏။

“…. ကျမတို့အဖွဲ့ဟာ ကား ၃ စီးနဲ့ မနက် ၄ နာရီလောက်မှာ ပဲခူးမြို့ကို သွားတဲ့လမ်းအတိုင်း ထွက်လာခဲ့ပါတယ်။ သာမညတောင် ဆရာတော်ရဲ့ ဆုံးမတရားကို နာယူဖို့အတွက် သာမညတောင်ကို
ဦးတည်ထွက်လာတာ ဖြစ်ပါတယ်။

ပူပြင်းတဲ့ဒေသရဲ့ မနက်အရုဏ်မတတ်ခင် ခရီးထွက်ရတာ အင်မတန် စိတ်ကြည်နူး စရာ ကောင်းလှပါတယ်။ ညအမှောင်မြူထုကြားထဲက နိုး ထလာတဲ့ အရုဏ်သစ်ဝိုးတဝါးရှုခင်းနဲ့ လေနုအေးတွေဟာ စိတ်ကို
လန်းဆန်းသွားစေခဲ့ပါတယ်။

ကျမတို့ကားဟာ ရန်ကုန်မြို့ပြင်ကို ရောက်ရှိလာပါတယ်။ ကျယ်ပြန့်တဲ့ လမ်း ဘေးတလျှောက်မှာ သစ်ပင်တွေ၊ လယ်ကွင်းတွေက တမျှော်တခေါ်ကြီးပါပဲ။ ရေမှုန်သီး နေတဲ့ ကားပြတင်းပေါက်ကနေတဆင့်
ရွှေရောင်ထီးတော်နဲ့ ထုံးစေတီတဆူကို ပြူထွက်စ နေရောင်နောက်ခံနဲ့ မြန်မာဘုရင်တဦးဖြစ်တဲ့ ဘုရင့်နောင်ထီးနန်းစိုက်ခဲ့တဲ့ တောင်ပိုင်းဒေသက ဒီမြို့ဟာ ကမ္ဘာက စိတ်ဝင်စားမှု နည်းလှပါတယ် …” ဟူ၍
ပထမအပိုဒ် စ၍ရေးသည်။ ရေးရင်းနှင့် စာက ရှည်သွား၏။ အပိုင်းတပိုင်း စာမျှ မကတော့…။ လေးပိုင်း စာမျှ ရှိသွား၏။ မတတ်နိုင်…။ ဤအတိုင်း ပင် Mainichi သတင်းစာသို့ ပေးပို့လိုက်သည်။

(၁၆၇)
မြန်မာ့အမျိုးသား နိုင်ငံရေးပြဿနာများကို အမျိုးသားညီလာခံအတွင်း အဖြေရှာ၍မရ …. တွေ့ဆုံေ ဆွးနွေးရန် အဖွဲ့ချုပ်က တောင်း ဆို၏။ စစ်အုပ်စုက လက်မခံ…။ ငြင်းဆန်၏။ နိုင်ငံတကာမှ ….
စစ်အုပ်စုကို အဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးပါရန် တိုက်တွန်း၏။ စစ်အုပ်စုက နားမဝင်…။ ငြင်းပယ်၏။

၁၉၉၅ ခုနှစ် နိုဝ င်ဘာလ ၂၄ ရက်နေ့၊ နေ့စွဲဖြင့် ဗိုလ်မှူး အောင်၊ ဝိဓူရသခင်ချစ်မောင်၊ သခင်သိန်း ဖေ စသည့် … လွတ်လပ်ေ ရးကြိုးပမ်းမှု တိုက်ပွဲအဆက်ဆက်တွင် ပါဝင်ခဲ့ကြသည့် နိုင်ငံေ ရး၊ စစ်ရေး၊
ခေါင်းဆောင်ကြီးများ ၂၃ ဦးက လက်ရှိဖြစ်ရှိနေသည့် နိုင်ငံရေးပြဿနာများကို (နအဖ) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေးကြပါရန် တိုက်တွန်းထားသည့် စာတစောင်ကို (နအဖ)
ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေထံသို့ ပေးပို့၏။ စစ်အုပ်စုက သဘောမတူ…။ ငြင်းဆန်ပြန်၏။ ပြီးလျှင် …. ဗိုလ်မှူးအောင်တို့ကို ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြည်ထဲေ ရးဝန်ကြီးရုံးခန်းသို့
ခေါ်ယူ၍ … စစ်လား၊ မေးလား၊ စွပ်စွဲလား … လုပ်၏။

ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူး ကြီးတင်လှိုင်က … “ဘဘတို့ လိုလားချက်ဟာ အမေရိကန်ငပွကြီးနဲ့ တထပ်တည်း ဖြစ်နေပါတယ်။ အမေရိကန်သံရုံး က ဒေါ်အောင်ဆန်းစုကြည်အိမ် နေ့စဉ်အဝင်အထွက်
ရှိနေတယ်။ အောဘရိုက်ကလည်း တင်းတင်းမားမား ပြောသွားတယ်။ အမေရိကန်ခိုင်း သမျှ လုပ်ပေးရမယ့်သဘော ဖြစ်နေတယ်။ အမေရိကန် လက်ကိုင်ဒုတ်အဖြစ် မခံနိုင်ဘူး ….” ဟူ၍ … စွပ်စွဲ၏။

ဗိုလ်မှူး အောင်က …. “ဘဘတို့ဟာ ဘယ်သူ့လက်ကိုင်ဒုတ်မှ မဟုတ်ဘူး။ ဘယ်သူမြှောက်ေ ပးလို့မှလည်း မဟုတ်ဘူး။ ဒီစာကို အရိုးသားဆုံးရေးတာ ဖြစ်တယ်။ တိုင်းပြည်အပေါ်မှာ
တာဝန်ရှိနေသေးတယ်ထင်လို့ ပန်ကြားတာ ဖြစ်တယ်။ ဘာပယောဂမှ မပါဘူး။ ပယောဂကိုလည်း လက်မခံဘူး” …. ဟု ပြတ်ပြတ်ရှင်း ရှင်း ပင် ပြန်၍ပြောသည်။

အခြေအနေက … တင်း တင်းမာမာ ပြောဆို၍မရသည်ကို သဘောပေါက်သွား၍ ဖြစ်မည်။ ဗိုလ်မှူးကြီးတင်လှိုင်က လေပြေထိုး ကာ ပန်ကြားသလိုနှင့် ချော့၍ ခြောက်ပြန်၏။

“လုပ်ေ ဆာင်ချက်ဟာ အမေရိကန်ပြောတာနဲ့ တထပ်တည်းဖြစ်နေတယ်။ ပယောဂပါသယောင် ဖြစ်နေတယ်။ အန်အယ်ဒီက ဆွဲခေါ်သွားသလို ဖြစ်နေတယ်။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို
တကယ်လိုလားတယ်။ ဘယ်အစိုးရမှ မလုပ်ခဲ့တာတွေ လုပ်နေတယ်။ တိုင်းရင်းသားညီညွှတ်ရေးကို လုပ်နေတယ်။ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာရင် မပါအောင် ပြောတာပါ ….” ဟု … ဗိုလ်မှူး ကြီးတင်လှိုင်က
ပြော၍ တွေ့ဆုံပွဲကို အဆုံးသတ်လိုက်၏။

၁၉၉၅ ခုနှစ် နိုဝ င်ဘာ ၂၇ ရက်နေ့တွင် … ရှမ်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များကို ပြည်ထဲရေးဝန်ကြီးဌာနမှ ခေါ်ယူ၍ တွေ့ဆုံပြန်သည်။ အမေရိကန်နောက်လိုက် မလုပ်ဖို့ …. NLD
နောက်လိုက်မလုပ်ဖို့ ခေါ်ပြီး ပန်ကြားသလိုနှင့် ချော့၍ ခြောက်ပြန်သည်။ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း NLD နှင့် စစ်အုပ်စုတို့ တွေ့ဆုံေ ဆွးနွေးကြပါရန် ပန်ကြားစာထုတ်ပြန်ခဲ့၏။

(၁၆၈)
အားလုံးမှ တွေ့ဆုံေ ဆွးနွေးကြပါရန် တိုက်တန
ွ်း ကြ၊ တောင်းဆိုကြ၊ ပန်ကြားကြ … ဖိအားပေးကြသော်လည်း စစ်အုပ်စုကမူ … တွေ့ဆုံဆွေးနွေး ရေး စားပွဲဝိုင်းဆီသို့ မျက်နှာ မပြု။ ဦးမလှည့်….။
အမျိုး သားနိုင်ငံေ ရး ပြဿနာများကို မျက်နှာ ချင်းဆိုင် တွေ့ဆုံေ ဆွးနွေး၍ အဖြေရှာရန် စစ်အုပ်စုသည် စိုးစဉ်မျှ ဆန္ဒမ ရှိ…။ သဘောထား တင်း မာလွန်း လှ၏။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွ င်
ထုတ်ဝေသည့် မြန်မာ့အလင်း သတင်းစာမှ …

“နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အစုအဖွဲ့တွင် ပါဝင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ညီလာခံကိုယ်စားလှယ် ၅ ဦးနှင့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသော ကိုယ်စားလှယ်များ အစုအဖွဲ့တွင်
ပါဝင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ညီလာခံကိုယ်စားလှယ် ၈၁ ဦး တို့သည် ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် ကျင်းပသော အမျိုးသားညီလာခံ အစည်းအဝေးသို့
သဘာပတိအဖွဲ့၏ ခွင့်ပြုချက်မယူဘဲ နှစ်ရ က်ဆက်တိုက် တက်ရောက်ရန် ပျက်ကွက်သဖြင့် အဆိုပါ ညီလာခံကိုယ်စားလှယ် ၈၆ ဦးကို အမျိုးသားညီလာခံ ကိုယ်စားလှယ်များအဖြစ်မှ ရုပ်သိမ်းကြောင်း”
ဖော်ပြခဲ့သည်။ ပြီးလျှင် …

အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါဝင်တက်ရောက်ခြင်း မရှိတော့သည့် ညီလာခံကို စစ်အုပ်စုသည် ဒီဇ င်ဘာလ ၁ ရက်နေ့မှစ ၍ အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တော့၏။ စစ်အုပ်စုက ….
တွေ့ဆုံေ ဆွးနွေးရေးလမ်းကို မဖွင့်…။ ပြီးလျှင် … သူ၏ အမျိုးသားညီလာခံ တံခါးကိုလည်း ပိတ်ပစ်လိုက်ပြန်၏။ စစ်အုပ်စုက မျက်မမြင်တဦး ကဲ့သို့ …။ အာဏာကို လက်လတ
ွ်ဆုံးရှုံး ရမည်ကို
စိုး ရိမ်ကြောက်ရွံ့သည့် ဘယာ၏ ဖုံးလွှမ်း မှုကြောင့် စစ်အုပ်စု၏ အမြင်အာရုံဟူသည်က ပိတ်မှောင်၍နေသည်။

ခရစ်စမတ်ရက် နီးပြီဖြစ်၍ … ဓမ္မတေးသံများ ဟိုမှ၊ သည်မှ ကြားနေရ၏။ ငြိမ်း ချမ်းရေးအတွက် ဆုတောင်းဝတ်ပြုသံတို့က စစ်ဖိနပ်သံများအောက်၌ တိုးတိတ်၍နေဆဲ ….။

ဒေါ်အောင်ဆန်းစုကြည်၏ မိခ င် ဒေါ်ခင်ကြည် ရှိစဉ်ကတည်းက နှစ်စ ဉ် ခရစ္စမတ်ရောက်သည့် အချိန်အခါတိုင်း ရန်ကုန်ရှိ မျက်မမြင် ဒုက္ခိတ ရိပ်သာတခုကို ထောက်ပံ့ကူညီေ နသည့်
ခရစ်ယာန်အသင်း အဖွဲ့တခုမှ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ လာရောက်ပြီး ဓမ္မတေးများအား သီဆိုကြ၏။ ငြိမ်း ချမ်းရေးအတွက် ဆုတောင်းကြ၏။ ဤအစဉ်အလာက … သူမ
ထိန်း သိမ်းခံနေရစဉ် … ၆ နှစ်တာအတွင်းတွင်မူ … ရပ်ဆိုင်းခဲ့ရ၏။ ယခုနှစ် …. ခရစ္စမတ်တွင်မှ၊ မျက်မ မြင်များ လာရောက်၍ သီဆိုကြပေလိမ့်မည်။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ …
မွန်းလွဲပိုင်းတွင် အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ သူတို့အဖွဲ့ ရောက်လာကြ၏။ ခရစ္စမတ်ေ တး သီဆိုကြ၏။

ဓမ္မတေးများကို တီးခတ်ကြသည့်သူများ၊ သီဆိုကြသည့်သူများ အားလုံးက မျက်မမြင်များပင် …။ သူတို့အဖွဲ့တွင် မျက်စိမြင်သူက ၂ ဦး ၊ ၃ ဦးသာ ပါ၏။ သူတို့က လမ်းပြကြရန်အတွက် ဖြစ်သည်။
ဓမ္မတေးများ သီဆို၍ ပြီးသည်နှင့် သူတို့အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ကော်ဖီနှင့် မုန့်များ တိုက်ကြွေး၍ ဧည့်ခံ၏။ မျက်မမြင်များနှင့် စကားပြော၏။ သူတို့၏ မျက်မမြင်ဘဝများကို
ဒေါ်အောင်ဆန်းစုကြည်မှ နားထောင်၏။ မျက်မမြင်များ စု၍နေထိုင်ကြသည့် ဘုံရိပ်သာက သူတို့၏ လူ့အဖွဲ့အစည်းလေးတခုပင် ….။ မျက်မမြင်များ၏ အဖိုး၊ အဖွားများကမူ မျက်မမြင်များ မဟုတ်ခဲ့ကြ…။
မိဘမျိုးဆက်တွင်သာ မျက်မ မြင်များ ဖြစ်လာကြ၏။ မျက်မ မြင်မိဘများမှ ပေါက်ဖွားလာသည့် သူတို့မျိုး ဆက်သည်လည်း မိဘများကဲ့သို့ပင် မျက်စိမမြင်ကြ…။ ပြီး လျှင် …. မျက်မမြင်အချင်းချင်းပင်
အိမ်ေ ထာင်ပြုကြ၏။ သားသမီးများ ပွားစည်းကြ၏။ သူတို့၏ သားသမီးများကမူ … အမြင်အာရုံမ ချို့ယွင်း … ကောင်းမွန်ကြသည်ဟု ဆိုသည်။ မျိုး ဆက်နှစ်ဆက်လွန်ေ သာ် တတိယမျိုးဆက်သ စ်က …
မမြင်မကန်းများ မဟုတ်ေ တာ့ …. အမြင်အာရုံကောင်းမွန်သူများ ဖြစ်ကြလေပြီ။

မျက်မမြင်များ ပြောပြသည့် သူတို့ဘဝအကြောင်းကို တွေးရင်း … ဒေါ်အောင်ဆန်းစြု ကည်၏ အတွေးက မြန်မာ့တပ်မ တော်ဆီသို့ ရောက်ပြန်လေသည်။ တပ်မ တော်သည် မည်သည့်မျိုးဆက်တွင်
ကန်း သွားခဲ့လေသနည်း … ဖခင်ဗိုလ်ချုပ်၏ လက်ထက်တွင်မူ မကန်းသေး …။ ပြီး လျှင် …. တပ်မတော်ကို မျိုးဆက်တွက်ကြည့်၏။ မျိုးဆက် မည်မျှကန်းခဲ့ပြီးလေပြီနည်း ….။

(၁၆၉)
၁၉၉၆ ခုနှစ် နှစ်ဦးသို့ … စစ်အုပ်စုသည် ဓား၊ မြား၊ လေးတို့ တပြင်ပြင်နှင့် ကူးဝင်ခဲ့၏။ ဓား၊ မြားတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်၌ တဝဲဝဲ…။ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ၄၈ ကြိမ်ေ မြာက် လွတ်လပ်ေ ရးအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ၏။ အခမ်းအနားတွင် မန္တလေးမှ လူရွှင်တော် ဦးပါပါလေးတို့ အငြိမ့်အဖွဲ့က
ဂုဏ်ပြုဖျော်ဖြေ၏။ လူရွှင်တော်တို့ ၏ ပြက်လုံးများက ခေတ်ကို ဖော်ပြကြ၏။ ခေတ်က သရော်စရာများနှင့် … ခေတ်ပျက်။

လူရွှင်တော် ဦးပါပါလေးတို့ အဖွဲ့ချုပ်၏ လွတ်လပ်ေ ရးသဘင်ပြီး ၍ မန္တလေးသို့ပြန်ရောက်သည်နှင့် ဦး ပါပါလေး၊ ဦးလူေ ဇာ်၊ ဦးထွေး၊ ဦးအောင်စိုးတို့ကို စစ်အုပ်စုက ဖမ်းဆီး၏။ ရုံး တင်၍ တရားစွဲဆိုသည်။
လူရွှင်တော် ဦးပါပါလေးတို့၏ အမှုတွဲကို သက်သေအဖြစ် တရားရုံးတွင် ထွက်ဆိုရန် … အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးကြည်ေ မာင်၊ အထွေေ ထွအတွင်း ရေးမှူး ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးဝင်းထိန်တို့ ၎
ဦး မန္တလေးသို့ သွား၏။ ရန်ကုန်ဘူတာကြီးမှ မီး ရထားနှင့်သွားရန် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့ စီး နင်းသည့်ရ ထားတွဲကို အာဏာပိုင်တို့က ဖြုတ်ချ၍ ချန်ထားခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်တို့
မန္တလေးသို့ မသွားနိုင်ရန် လုပ်ကြံခြင်းဖြစ်၏။ ပြီးလျှင် …. အာဏာပိုင်များက အတင်း အကျပ်ပ င် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်ပို့၏။

အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကို စစ်အုပ်စုမှ ဤသို့ ပြန်လည်၍ ထိပ်တိုက်ရ င်ဆိုင်လိုက်ခြင်း ဖြစ်၏။

ကိုးကား …

- ရွှေခ မောက်မှတ်တမ်းလွှာ
- မြန်မာ့အလင်း သတင်းစာ (၂ဝဝ၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်)
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အထူးသံအမတ် မစ္စအောဘရိုက်နှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမေးမြန်းမှု မှတ်တမ်း
- ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာအယ်ဒီတာချုပ် Mr. Hiroshi Nagai နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခြင်း
- ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ
- မောင်ရင်မှိုင်း ၏ ဒေါ်စုကြည်၊ အန်အယ်ဒီပါတီနှင့် ကျနော်တို့၏ မျှော်လင့်ချက်ရောင်နီ ဆောင်းပါးပေါင်းချုပ်မှ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၄၇

| ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၄၄ မိနစ်

(၁၇ဝ)

အမှတ် (၉၇) ခ၊ အနောက်ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်တွင် ၄၉ နှစ်ေ မြာက် ပြည်ေ ထာင်စုနေ့အခမ်းအနား ကျင်းပ၏။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြည်လည်လွတ်မြောက်ခဲ့ပြီးသည့်ေ နာက်….
ပထမဆုံးအကြိမ် ကျင်းပသည့် အဖွဲ့ချုပ်၏ ပြည်ေ ထာင်စုနေ့အခမ်းအနား ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့်မူ …. အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်း ပြီးခဲ့သည့်ေ နာက်…. ကျင်းပသည့်
ပြည်ထောင်စုေ န့အခမ်းအနားသို့ ဒုတိယအကြိမ်အဖြစ် တက်ေ ရာက်ခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ် ပြည်ေ ထာင်စုေ န့ကို ပင်လုံတွင် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည်တို့
ကျင်း ပခဲ့ကြ၏။

ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသည့် ပြည်ထောင်စုေ မြ၌ ကျင်းပခဲ့ကြသည့် ပြည်ထောင်စုေ န့အခမ်းအနား….။

ပင်လုံမြေအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ‘ဒီမိုကရေစီပြည်ထောင်စုသစ်’ စာတမ်းကို ကြေညာချက်အမှတ် ၉ အဖြစ်နှင့် ထုတ်ပြန်ကြေညာခဲ့၏။ ‘တိုင်းရင်းသားလူမျိုးများ အားလုံး၏
နိုင်ငံေ ရး၊ အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍ နယ်ပ ယ်အသီးသီး၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးကို ဦးတည်ေ ရှးရှုမည်’…. ဟူ၍ မူဝါဒသဘောထား ချမှတ်ထားရှိပြီး…. တိုင်းရင်းသားလူမျိုးများ၏ အရေးနှင့်
စပ်လျဉ်း ၍ ရှေ့ဆက်ဆောင်ရွက်မည့် ယေဘူယျလုပ်င န်းစဉ် ၇ ချက် ထုတ်ပြန်ခဲ့၏။ အဖွဲ့ချုပ်၏ ဒီမိုကရေစီ ပြည်ေ ထာင်စုသစ်ဆီသို့ သွားမည့်လမ်း ညွှန်ေ မြပုံ ၇ ဆင့်….။

ယခု ၄၉ နှစ်မြောက် ပြည်ေ ထာင်စုေ န့ အခမ်းအနားကိုမူ …ရန်ကုန်၌ပင် ဒေါ်အောင်ဆန်း စုကြည်တို့ ကျင်းပ၏။ ကန့်သတ်ဟန့်တားမှုများကြားမှပင်….. ပြည်နယ်၊ တိုင်း၊ မြို့ နယ်အသီးသီးမှ
အဖွဲ့ချုပ်အဖွဲ့ဝ င်များ တတ်ရောက်ခဲ့ကြ၏။ စာတမ်းတစောင်ကို ထုတ်ပြန်၏။

‘အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း၍ ထားရှိသော သဘောထား’ ဟူသည့် စာတမ်းဖြစ်သည်။

စာတမ်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လူမျိုးနှင့်ပ တ်သက်၍ အဓိပ္ပာ ယ်ဖွင့်ဆိုချက်ကို ကိုးကား၍ ဖော်ပြ၏။

“လူမျိုးဆိုသည်မှာ သုခ ၊ ဒုက္ခ အတူခံစားကြ၍ နီး နီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒရှည်လျားစွာ တမျိုးတစားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။
အမျိုး အနွယ်၊ ကိုးကွယ်သည့် ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာအေးအတူ၊ ပူအမျှ ကောင်းတူဆိုးဘက် ပူး ပေါင်းလျက်နေလိုသော
အစဉ်အလာ ဆန္ဒအပေါ်တွင် ဝံသာနုရက္ခိတတရားသည် တည်ေ နပေ၏”

…….. ပြီးလျှင် …. ပင်လုံစာချုပ်၏ အနှစ်သာရကို ကောက်နုတ်ပြီး …..


“တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုလက်ရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့်ေ ဒသတွင်မ ဆို လုံးဝပြုမူလိမ့်မ ည်မ ဟုတ်၊ တောင်တန်းဒေသများအတွက်
နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံသည်။

တောင်တန်း ဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်” … ဟူ၍
စာတမ်း၏ နိဒါန်း တွင် ဖော်ပြ၏။

စာတမ်းက ဆက်၍ …. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း (ယာယီ) နှင့် မူဝါဒသဘောထားများ (မူကြမ်း )၊ ကြေညာချက်အမှတ် (၉) ရွေးကောက်ပွဲ ကြေညာစာတမ်း၊
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဆွေးနွေးညှိနှိုင်းချက်များမှ …. တိုင်းရင်းသားလူမျိုးစုများအရေးနှင့် ပတ်သက်သည့် အဖွဲ့ချုပ်၏ ထားရှိခဲ့သော မူဝါဒသဘောထားများကို
ပြန်လည်၍ ထုတ်နုတ်ေ ဖ်ာပြသည်။ စာတမ်း၏ ဝိညာဉ်မှာ မူ…
“နိုင်ငံတော်သည် တန်းတူရ ည်တူဖြစ်ကြသော ကချင်၊ ကယား၊ ကရင်၊ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသော တိုင်း ရင်းသား လူမျိုးနွယ်စုများနှင့် ပေါင်းစပ်ဖွဲ့စည်း ထားသော နိုင်ငံဖြစ်သည် ”

“အမိမြန်မာနိုင်ငံတော်ကို ‘ပြည်ေ ထာင်စု နိုင်ငံေ တာ်’ အဖြစ် တည်ဆောင်ရန်၊ ပြည်ေ ထာင်စု နိုင်ငံတော်ကို ဖွဲ့စ ည်းသည့်အခါ ဗဟိုတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော်တို့ ပါဝင်သော
ပြည်ထောင်စု လွှတ်တော်ကို ဖွဲ့စ ည်းရန်၊ တန်းတူရ ည်တူဖြစ်ကြသော ပြည်နယ်နှင့်တိုင်းများတွင် သက်ဆိုင်ရာပြည်နယ် (သို့မဟုတ်) တိုင်း လွှတ်တော်တရပ်စီ ဖွဲ့စည်း ရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာများရှိသည့် အာဏာပိုင်အဖွဲ့များ ဖွဲ့စည်းထားရှိရန်၊ အဆင့်ဆင့်ေ သာ အာဏာပိုင်အဖွဲ့များကို ပြည်သူက လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများတွင်
မိမိတို့ကိုယ်တိုင် ရွေးကောက်တင်ေ မြှာက် အာဏာအပ်နှင်းလိုက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ရန်” … ဟူ၍ ဖြစ်၏။

အခမ်းအနားတွင် ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းစကားပြော၏။ ဒေါ်အောင်ဆန်း စုကြည်က … သူမ၏ မိန့်ခွန်း တွင် စာတမ်းနှင့် ပတ်သက်ပြီး ထည့်သွင်း၍ ပြောဆို၏။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်း ရင်းသားအရေးနဲ့ စပ်လျဉ်း တဲ့ သဘောထားကို အများသိနိုင်ဖို့ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ သဘောထား ကြေညာစာတမ်းထဲမှာ ပြည်ေ ထာင်စုသားအားလုံး
စည်းလုံးညီညွှတ်ရေးအတွက် မဖြစ်မနေ နိုင်ငံတော်ဖွဲ့စည်း ပုံ အခြေခံဥပဒေမှာ ပါသင့်တယ်လို့ ယူဆရတဲ့ အချက်အလက်တွေကို ထည့်သွင်းထားပါတယ်။ ဒီအချက်အလက်တွေဟာ ပြည်ေ ထာင်စု
တည်တံ့ခိုင်မြဲေ ရးအတွက် လိုအပ်တဲ့ အနည်းဆုံး အာမခံချက်တွေလို့ဆိုရင် မှားမယ် မထင်ပါဘူး”

“ဒီေ နရာမှာ အလေးအနက်ထားပြီး ပြောချင်တာကတော့ အမှန်စင်စစ် ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုတာ အဖွဲ့အစည်းတခုတည်းက ကြိုက်သလို ရေးဆွဲအပ်တာ မဟုတ်ပါဘူး”

၄၉ နှစ်မြောက် ပြည်ေ ထာင်စုေ န့အခမ်းအနားက အနှစ်သာရများစွာနှင့် …။ ရွှေဂုံတိုင်က ပြည်ေ ထာင်စုေ တး သီကျူရင်း…၊ ပင်လုံအလံတော် လွှင့်ထူလျက်…။ ဆောင်းနှောင်းလေက
နွေးနွေးထွေးထွေး……။

(၁၇၁)

၁၉၉၆ ခုနှစ်၊ မတ်လ ၂၅ ရက်၊ တနလာင်္နေ့….။


ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြည်လည်လွတ်မြောက်လာခဲ့သည်မှာ ရက်ေ ပါင်း ၂၅၉ ရက်ရှိပြီ။ ၂၅၉ ရက်အတွင်း စစ်အုပ်စုကို တွေ့ဆုံေ ဆွးနွေးရန် အဖွဲ့ချုပ်အနေနှင့်
ကမ်း လှမ်းခဲ့သည်မှာ ၃ ကြိမ်ရှိပြီ။ မည်သို့မျှ မတုံ့ပြန်….။ ငြိမ်ဝပ်၍နေသည်။ ကမ်းလှမ်းမှု ၃ ကြိမ်လုံးက တရားဝင်စာထုတ်၍ တောင်း ဆိုတင်ပြခဲ့ခြင်း ဖြစ်၏။

ပထမအကြိမ်က ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ဖြစ်၏။


“ဆွေးနွေးပွဲတရပ် အောင်မြင်စွာ ဖြစ်မြောက်သည်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံကိုယ်စားလှယ်များအနေဖြင့် အမျိုးသားညီလာခံသို့ ဆက်လက်တက်ရောက်ခြင်း မပြုသေးဘဲ
စောင့်ဆိုင်း နေမည်ဖြစ်ကြောင်း…” အာဏာပိုင်များထံသို့ စာပို့၍တောင်းဆို၏။ သို့ေ သာ် တုံ့ပြန်မှုကား ဆွေးနွေးပွဲခန်းမဆောင်၏ တံခါး ဖွင့်ခြင်းမဟုတ်…. အမျိုး သားညီလာခံသို့ တက်ရောက်နေကြသည့်
အဖွဲ့ချုပ်၏ ညီလာခံကိုယ်စားလှယ်များ အားလုံးကို ထုတ်ပယ်ခြင်းနှင့် တုံ့ပြန်လိုက်၏။

၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေက (နဝတ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေထံ တရားဝင် စာရေးသားပေးပို့ပြန်၏။

“အမျိုးသားပြည်လည်ရင်ကြားစေ့ရေး၊ စစ်မှန်သော ပါတီစုံဒီမိုကရေစီ နိုင်ငံတော် ဖြစ်ပေါ်လာနိုင်ေ ရး၊ အများပြည်သူတို့ လက်ခံလာနိုင်သော ဖွဲ့စည်း ပုံအခြေခံဥပဒေတရပ် ပေါ်ထွန်းရေး၊ အနာဂတ်ခရီး
ချောမောပြေပြစ်ရေးအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်ပါရန် ထပ်လောင်း၍ မေတ္တာရပ်ခံအပ်ပါသည်” ….. ဟူ၍ အဖွဲ့ချုပ်၏ စာတွင် မျက်နှာ ချင်းဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက်
စစ်အုပ်စုကို မေတ္တာရပ်ခံ၏။ သို့သော် …. စစ်အုပ်စုက ငြိမ်၍နေမြဲ…။ အဖွဲ့ချုပ်က မလျှော့သော ဇွဲနှင့် …. ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့…၊ နေ့စွဲနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက
အာဏာရှင်ဥက္ကဋ္ဌထံ တတိယအကြိမ်ေ မြာက် စာရေးသား၍ ‘မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရေး’ ကို မေတ္တာရပ်ခံပြန်သည်။

“မိမိတို့နိုင်ငံတွင် အမျိုး သား ပြန်လည်ရင်ကြားစေ့နိုင်ေ ရး၊ ပြည်သူတို့ ၏ စီး ပွားရေး၊ လူမှုရေး၊ အစရှိသည်များ တိုးတက်ဖွံ့ဖြိုးပြီး ပြည်သူတို့ ၏ ကာယ၊ ဥာဏ၊ လုံ့လ၊ ဝိရိယ၊ စွမ်း အားတို့အရ ခံစားနိုင်ရေး၊
အများပြည်သူတို့ ယုံယုံကြည်ကြည်ဖြင့် လက်ခံနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်း လာနိုင်ရေး၊ စစ်မှန်ေ သာ ပါတီစုံဒီမိုကရေစီ နိုင်ငံေ တ်ာသစ် ဖြစ်ပေါ်လာနိုင်ရေး အစရှိသည့် ပြဿနာရပ်များနှင့်
ပတ်သက်၍ နိုင်ငံတော် ငြိမ်ဝ ပ်ပြိ ပားမှု တည်ေ ဆာက်ရေးအဖွဲ့သည် တဦး နှင့်တဦး သို့မဟုတ် တဖွဲ့နှင့်တဖွဲ့ တွေ့ဆုံေ ဆွးနွေးရန် အထူးလိုအပ်ေ နသည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က
ရိုး သားပွင့်လင်းစွာ ယုံကြည်လက်ခံထားကြောင်း” ဖော်ပြ၏။ စစ်အုပ်စုက … နေမြဲပင်။

သို့သော် … လွန်ခဲ့သည့်နှစ် မတ်လ ၂၇ ရက်နေ့ အခမ်းအနားတွင်မူ စစ်အုပ်စု ဥက္ကဋ္ဌက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် တိုင်းပြည်သို့ မိန့်ခွန်းချွေရာ၌ …..
“နိုင်ငံတော်ရဲ့ အေးချမ်းသာယာရေးကို မထိခိုက်ဘူး။ နိုင်ငံေ တ်ာရဲ့ အကျိုးစီး ပွားကို မထိခိုက်ဘူးဆိုရ င် တပ်မ တော်အနေနဲ့ အာဃာတထားစရာအကြောင်း မရှိဘူးလို့ ပြောချင်တယ်။ တပ်မ တော်ရဲ့
အမျိုး သား ပြန်လည်စည်း လုံးရေး လုပ်င န်းစဉ်မှာ မြေပေါ်နိုင်ငံေ ရးအင်အားစုတွေလည်း အကျုံးဝင်ပါတယ်။ တပ်မ တော်ဟာ နိုင်ငံေ ရးအင်အားစု အားလုံးနဲ့ ပူးပေါင်းပြီး နိုင်ငံတော်အကျိုးအတွက်
ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားနိုင်ဖို့ အမြဲတမ်း ကြိုးစားနေပါတယ်” ….. ဟူ၍ ဆို၏။ လက်တွေ့တွင်က …. တွေ့ဆုံေ ဆွးနွေးရေး ခရီးသို့ မျက်နှာ မပြု၊ ခြေလှမ်းမပြင်…။

(၁၇၂)

၁၉၉၆ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်ရှိ ရွှေဂုံတိုင် ရုံး ချုပ်၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ကျင်းပ၏။ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦး ကြည်မောင်၊
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ အားလုံး တက်ရောက်ကြ၏။ ဆုံး ဖြတ်ချက်က တခုတည်း….။

“ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပမည့်ရက် သတ်မှတ်ပေးရန်” စစ်အုပ်စုသို့  တောင်းဆိုသွားရေးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းနိုင်ရ န်အတွက်
စီစ ဉ်ဆောင်ရွက်ေ ပးပါရန် ဖြစ်၏။

ရွေးကောက်ပွဲ ပြီးစီးခဲ့သည်မှာ ၆ နှစ် ရှိလေပြီ။ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ကော်မရှင်၏ လုပ်ငန်းဆောင်တာများသည်လည်း ပြီးပြတ်ခဲ့ပြီ။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥ ပဒေ အခန်း ၂ ၊ ပုဒ်မ
၃ အရ …

“လွှတ်ေ တ်ာကို မဲဆန္ဒန ယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော၊ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ရမည်” ဟူ၍ ပါရှိ၏။ ပုဒ်မ ၂ ၊ ပုဒ်မ ခွဲ (က) ပါ ဖော်ပြချက်အရ
“လွှတ်ေ တ်ာဆိုသည်မှာ ပြည်သူ့လွှတ်တော်ကို ဆိုလိုသည်” ဟု တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုထားလေရာ…. တိုင်းပြုပြည်ပြု လွှတ်တော်ဟူ၍ အငြင်းပွားစရာမရှိ….။ ထားတော့….။ စစ်အုပ်စုမှ
ထုတ်ပြန်ခဲ့သည့် ကြေညာချက် အမှတ် (၁/၉ဝ) အပိုဒ် ၁၂ တွင်က …..

“ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃ တွင် လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်ေ မြှာက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” …. ဟူ၍
တိတိကျကျပင် ပြဋ္ဌာန်းကြေညာထား၏။ ပြီးလျှင် ….

သတင်းထုတ်ပြန်ရေးအဖွဲ့မှ အကြိမ် ၉ဝ မြောက် သတင်း စာရှင်းလင်းပွဲတွင် သတင်းထောက်တဦး ၏ ပြည်သူ့လွှတ်တော် အစည်းအဝေးခေါ်ယူမည့်ရက် သတ်မှတ်ထားရှိမှုနှင့် ပတ်သက်ပြီး မေးမြန်းမှုကို
ဖြေကြားရာတွင် “ရွေးကောက်ပွဲပြီးလျှင် အရွေးခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဟူ၍ အတိအလင်း ရှင်း လင်းဖြေကြားခဲ့သည်”

ဤအတွက်ပင် …. အဖွဲ့ချုပ်ဗဟိုဦးစီး အဖွဲ့ အစည်းအဝေးက…. ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပမည့်ရက် သတ်မှတ်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ
ညှိနှိုင်းဆောင်ရွက်ရေးအတွက် စီစ ဉ်ပေးရန် စစ်အုပ်စုကို တောင်း ဆို၏။

‘စည်မောင်း’ သံ ကြားရ၏။ တံခွန်၊ အလံတို့ က …. ရွှေဂုံတိုင်တွင် တလွင့်လွင့်…..။

ကိုးကား ……
- ရွှေခ မောက်မှတ်တမ်းလွှာ
- အာဏာရှင်သို့ေ ပးစာ၊ အတွဲ (၁)
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အထူးသံအမတ် မစ္စအောဘရိုက်နှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမေးမြန်းမှု မှတ်တမ်း
- မောင်ရင်မှိုင်း ၏ ဒေါ်စုကြည်၊ အင်န်အယ်လ်ဒီပါတီနှင့် ကျနော်တို့၏ မျှော်လင့်ချက်ရောင်နီ ဆောင်းပါးပေါင်းချုပ်မှ
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၄၉

| အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၁၂ မိနစ်

(၁၇၆)

၁၉၉၆ ခုနှစ် မေလ ၂၇ ရက်ေ န့တွင် ကျရောက်မည့် ၆ နှစ်မြောက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ…၊ နှစ်ပတ်လည်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အထူးအစည်းအဝေးတရပ်
ပြုလုပ်ရန် အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့  ကြိုတင်၍ အကြောင်းကြားထားသည်။
ဖိတ်စာကိုမူ… ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ပ င် အထွေထွေအတွင်းရေးမှူးအနေဖြင့် လက်မှတ်ထိုး၍ ဖိတ်ကြား၏။ အစည်းအဝေး ကျင်းပပြုလုပ်မည့်ရက်များက …. မေလ ၂၆ ရက်မှ ၂၈
ရက်ေ န့အထိ ဖြစ်သည်။ မပြီးပြတ်ပါကမူ ၂၉ ရက်နေ့အထိ… ဆက်၍ကျင်းပပြုလုပ်သွားမည့်အကြောင်း အစည်းအဝေးဖိတ်စာတွင် ထည့်သွင်း၍ ရေးသားခဲ့၏။ အထူးအစည်း အဝေးပြုလုပ်မည့်
အကြောင်းကိုလည်း အာဏာပိုင်များထံသို့ အသိပေးအကြောင်းကြားထားခဲ့သည်။

နွေနှောင်းရက်ကြွင်း ရာသီက အပူကဲလွန်းလှ၏။ ရန်ကုန်သည် ဆူပွတ်နေသည့် ဘွိုင်လာအိုးအတွင်း ရောက်နေသကဲ့သို့….။ ကာလငယ်အတွင်းမှာပင် ရာသီသည် ရုတ်ချည်း ပြောင်းလဲသွားပြန်သည်။
မုတ်သုန်သည် ဝုန်း ဒိုင်းကြဲ၍ ဗြုန်း စားကြီးပင် ရန်ကုန်သို့ ဝင်ရောက်၍ သိမ်း ပိုက်လိုက်၏။ မေလယ်မိုးက … ရန်ကုန်ကို ရွဲရွဲစိုေ စ၏။ ရေထဲ၌ ရန်ကုန်ကို ဆွဲနှစ်ထားသကဲ့သို့….။

အထူးအစည်းအဝေး ကျင်းပပြုလုပ်မည့် ရက်က တဖြည်း ဖြည်းနှင့် နီးကပ်၍လာပြီ။ ရန်ကုန်က သဘာဝ ရာသီဥ တု ဆိုးဝါးသည့်အောက်တွင် ကြံ့ကြံ့ခံလျက် …။ ပြီး လျှင်… ရန်ကုန်၏
နိုင်ငံေ ရးရာသီသည်လည်း သုန်သုန်မှုန်မှုန်နှင့် မှိုင်းအုံ့နေရာမှ ပြင်းထန်ဆိုးဝါးလာသည်။

၁၉၉၆ ခုနှစ် မေလ ၁၉ ရက်ေ န့တွင် တနိုင်ငံလုံးရှိ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို လိုက်လံ၍ ဖမ်းဆီးလေ၏။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၂၆၃ ဦး ဖမ်းဆီး
ထိန်း သိမ်းခြင်း ခံခဲ့ရ၏။ ပြီး လျှင် …. အထူးအစည်း အဝေးသို့ တက်ရောက်ကြမည့် အဖွဲ့ချုပ်၏ အဆင့်ဆင့်သော စည်းရုံးရေးမှူးများ၊ ဗဟိုဌာနချုပ်ရှိ ရုံးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့်
အဖွဲ့ဝ င်များကိုလည်း ဖမ်း၏။ စစ်အုပ်စုမှ …. လူဖမ်းပွဲကြီး ကျင်းပလေပြီ။ အချို့အား… အိမ်တံခါးခေါက်၍ ခေါ်သွား၏။ အချို့ကို… မီရထားဘူတာရုံတွင်ပ င် ဖမ်း၏။ အချို့ကို … ခရီးသွားနေစဉ်
မော်တော်ယာဉ်ပေါ်မှ ဆွဲချ၍ဖမ်း၏။ အဖမ်းအဆီးများကြားမှပင် …. အချို့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လွတ်မြောက်၍ သွားကြ၏။ ဤတွင် လွတ်မြောက်သွားသည့်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ဇနီးကို ဖမ်း၏။ မိခ င်၊ ဖခင်တို့ကို ဖမ်း၏။

ဖမ်းဆီး ထိန်းသိမ်းမှုများနှင့်ပ တ်သက်၍ ဥက္ကဋ္ဌ ဦးအောင်ရွှေမှ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေထံသို့  မေလ ၂၁ ရက်နေ့စွဲနှင့် စာရေးသားပေးပို့ပြီး… ပြင်းပြင်းထန်ထန် ကန့်ကွက်၏။ မထူးခြား…..။ ဖမ်းဆီးခြင်း
ခံထားရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြန်လည်လွှတ်မြောက်လာရန် ဟူသည့်လမ်းက မမြင်ရ…။ ဤတွင် အစည်းအဝေးနှင့်ပါတ်သတ်၍ ဒေါ်အောင်ဆန်း စုကြည်တို့ စဉ်းစားရပြီ။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ထိုင်၏။ အထူးအစည်းအဝေးကို မည်သို့ဆက်၍ အောင်အောင်မြင်မြင်နှင့် ဖြစ်မြောက်ရန် ကျင်းပမည်နည်း…။ ဤမေးခွန်းအပေါ် အဖြေရှာကြသည်။
''ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး'' မှသည် ''ပထမအကြိမ် အဖွဲ့ချုပ်ညီလာခံ'' အဖြစ်သို့  ပြောင်းလဲ၍ ကျင်းပရန် ဆုံးဖြတ်လိုက်ကြ၏။

(၁၇၇)
ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရ သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့ကို … ရဲစ ခန်းတွင် ချုပ်၏။ အချို့ကိုမူ … ထောက်လှမ်း ရေးတပ်ဆွယ် စခန်းများတွင် ချုပ်၏။ ပြီး လျှင် ….
စစ်ကြောမှုများပြုလုပ်သည်။ စစ်ကြောမေးမြန်းမှုများကို၊ ချုပ်လိုက်လျှင်ကား ….. အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့ လွှတ်တော်တရပ် ခေါ်ယူဖွဲ့စ ည်းရန် အစီအစဉ်ရှိလား….။ ပြည်သူ့လွှတ်တော်
ဖွဲ့စ ည်းပြီး စင်ပြိုင်အစိုးရ ဖွဲ့မည်လား…။ ကျောင်းသားများကို နောက်ကွယ်မှ မြှောက်ပင့်ပေး၍ လူထုကြီးကို လမ်း ပေါ်သို့ ထွက်စေကာ လူထုတိုက်ပွဲများဆင်ရန် အစီအစဉ်မျိုး ရှိလား…။ တပ်မ တော်ကို
ထိပ်တိုက်ရင်ဆိုင်၍ တိုင်း ပြည် မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်မည့် အစီအစဉ်များရှိလား…… ဟူ၍ ဖြစ်သည်။

ပြီးလျှင် …. ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ခြိမ်းခြောက်ပြန်၏။ ခြိမ်းခြောက်မှုက အမျိုးမျိုးပင်… ၁၉၅ဝ ခုနှစ် အရေးပေါ်စီမံမှုအက် ဥပဒေ ပုဒ်မ - ၅ (ည) နှင့် တရားစွဲဆို၍ ထောင်ချမည်။
ဝန်ထမ်း အိမ်ယာတွင် နေထိုင်သူဖြစ်ပါက …. နေအိမ်မှ ဆင်း ပေးရမည်… စသည်ဖြင့်… စသည်ဖြင့်….။ ခြောက်၍ မရလျှင်…. ချော့ပြန်၏။ သွေးဆောင်စည်းရုံးပြန်သည်။ စီးပွားရေးလုပ်င န်းများ
လုပ်ခွင့်ေ ပးမည်။ ကုမဏ္ဍီေ ထာင်မည်လား…. ခွင့်ပြုမည်။ မတည်ငွေလိုလျှင် …. ဘဏ်များတွင် ချေးယူခွင့်ပြုမည်…. စသည်ဖြင့်…. စသည်ဖြင့်…။

ချော့ချီတခါ၊ ခြောက်ချီတလှည့်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို …. ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် ဖိအားပေးလေ၏။

(၁၇၈)
အမှတ် (၉၇/ခ) ၊ အနောက်ရွှေဂုံတိုင်….။

၁၉၉၆ ခုနှစ်၊ မေလ ၂၆ ရက်….။

ရွှေဂုံတိုင်ရုံးချုပ်၌ ပထမအကြိမ် အဖွဲ့ချုပ်ညီလာခံကို ကျင်း ပ၏။ အဖမ်းအဆီးများအကြားမှပင် အဖွဲ့ချုပ်အဖွဲ့ဝင် ကိုယ်စားလှယ်ပေါင်း ၅ဝဝ မျှ တက်ရောက်ခဲ့ကြသည်။ အဖွဲ့ချုပ်အဖွဲ့ဝ င်များက ထုလေ၊
မာလေ ဖြစ်၍နေလေပြီ။ ညီလာခံမှ ဆုံးဖြတ်ချက်ပေါင်း ၂ဝ ချမှတ်ခဲ့ကြ၏။ ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့မှ တင်သွင်းသည့် ‘တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှင့် ပတ်သက်၍ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏
ကြိုးပမ်းချက်များ’ ဟူသည့် စာတမ်းကို ညီလာခံမှ အတည်ပြု၏။

စာတမ်း၏ အနှစ်သာရက….


“…..နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် အများအပြားသော ပြဿနာအပေါင်းတို့ကို ဖြေရှင်းရန် နည်းလမ်းမှာ လည်း တွေ့ဆုံဆွေးနွေးရေး လမ်း စဉ်မှတပါး အခြားနည်းလမ်း မရှိကြောင်းကိုလည်း စွဲမြဲစွာ
ခံယူခဲ့ပါသည်။
…. တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည်သာလျှင် စစ်မှန်ေ သာ ဒီမိုကရေစီရရှိရေးအတွက် တခုတည်းသော လမ်း စဉ်ဖြစ်ကြောင်း ဦးတည်ေ ဟာပြောခဲ့ပါသည်။

…. သို့ဖြစ်ရကား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေးရေး ပြဿနာများကို ဖြေရှင်းနိုင်ရ န် အစဉ်ကြိုးပမ်းဆောင်ရွက်ေ နမည် ဖြစ်ပါသည်။ ထိုလမ်းစဉ်အတွက်လည်း အစဉ်အမြဲ
တံခါးဖွင့်ထားမည်သာ ဖြစ်ပါကြောင်း…” ဟူ၍ ဖြစ်သည်။ အဖွဲ့ချုပ်က တွေ့ဆုံေ ဆွးနွေး အဖြေရှာရေးအတွက် …. အစဉ်အမြဲ တံခါးဖွင့်ထား၏။ သို့သော်…. စစ်အုပ်စုကမူ တွေ့ဆုံဆွေးနွေးရေးလမ်း သို့
ယနေ့အထိ မလှမ်းသေး….။ ဖွင့်ထားသော တံခါးသို့ ဝင်မလား….။ ဒေါ်အောင်ဆန်း စုကြည်က ညီလာခံ၏ ဒုတိယနေ့တွင် မိန့်ခွန်း စကားပြော၏။

“…. ဒီေ နရာမှာ တွေ့ဆုံဆွေးနွေးရေး မလိုလားသူတွေ၊ တွေ့ဆုံဆွေးနွေးရေး မဖြစ်မြောက်သေးလို့ စိတ်ပျက်နေတဲ့သူတွေကို ဦးတည်ပြီး ပြောချင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို ဘယ်လိုပဲရှောင်ချင်
ရှောင်ချင် ရှောင်လို့ရမှာ မဟုတ်ပါဘူး။ သမိုင်း ရေစီးကြောင်းအရ တိုင်းသူပြည်သားတွေရဲ့ ပြင်းပြတဲ့ ဆန္ဒအရ နိုင်ငံရဲ့ လိုအပ်ချက်အရ ဖြစ်ကိုဖြစ်ရမယ့် ကိစ္စပါ။ ဖြစ်ရမယ့်ကိစ္စတခုကို အမြန်ဆုံး
ဖြစ်အောင်လုပ်တာဟာ ပညာရှိတဲ့အလုပ်လည်း ဖြစ်တယ်။ သတ္တရှိတဲ့အလုပ်လည်း ဖြစ်တာမို့ အမြန်ဆုံးလုပ်ဖို့ အာဏာပိုင်ေ တွကို တိုက်တွန်း လိုက်ပါတယ်”

(၁၇၉)
အဖွဲ့ချုပ်၏ ပထမအကြိမ် ညီလာခံက မေလ ၂၈ ရက်နေ့တွင်ပင် အောင်အောင်မြင်မြင်နှင့် ပြီးမြောက်ခဲ့၏။ ချောချောမွေ့မွေ့မူ မဟုတ်….။ ဖမ်းဆီးမှု၊ ခြိမ်း ခြောက်မှု၊ နှောင့်ယှက်မှု အကျပ်အတည်း
မျိုးစုံကြားမှ အောင်မြင်ပြီး မြောက်ခဲ့ခြင်း ဖြစ်သည်။ မောပမ်းနွမ်းနယ်စွာ နှင့် ညီလာခံကာလကို ဖြတ်သန်းခဲ့ကြရသည်။ ပြီး မြောက်ခဲ့ပြီဖြစ်၍ …. ပြန်ပေးဆွဲထားသကဲ့သို့  ဖမ်းဆီးထားသည့်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အချို့ကို မေလ ၃ဝ ရက်နေ့မှစ၍ ပြန်လွှတ်ပေးလာ၏။ အချို့ကိုမူ …. ပုဒ်မ ၅ (ည) နှင့် တရားစွဲဆို၍ ရုံးတင်လိုက်၏။

စစ်အုပ်စု၏ တရားမဲ့ အစုအပြုံလိုက် ဖမ်းဆီးမှုများကြောင့် နိုင်ငံတကာမှ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ် အာရုံစူးစိုက်မှုက …. တိုး၍လာ၏။ နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များက ….
အမှတ် (၉၇) ခ၊ ရွှေဂုံတိုင်နှင့် အမှတ် (၅၄) ၊ တက္ကသိုလ်ရိပ်သာလမ်း သို့ အခက်အခဲ၊ အတားအဆီးများအကြားမှပင် တဖွဲဖွဲနှင့် ရောက်လာကြ၏။ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကြ၏။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦး ကြည်မောင်တို့ ၃ ဦးက သတင်း ထောက်များနှင့် ဒိုင်ခံ၍ တွေ့ဆုံပြီး ဖြေနေကြရသည်။ သတင်းထောက်များက ဒေါ်အောင်ဆန်း စုကြည်တို့ကို တွေ့မြင်ကြရသည်မှာ
ထူးဆန်း အံ့သြ၍ နေကြ၏။ အဖမ်းအဆီး၊ အတိုက်အခိုက်များကြားမှပင် စိတ်ပျက်အားငယ်ခြင်း မရှိဘဲ တတ်ကြွရွှင်လန်းနေကြသည်ကို တွေ့မြင်ကြရ၍ ဖြစ်သည်။ နိုင်ငံခြားသတင်းထောက်တဦးက
…..“ဦးတင်ဦးဆိုလျှင် ….အားရပါးရပြုံးနေတာပဲ၊ ဦးကြည်ေ မာင်ဆိုလျှင်လည်း ရယ်ေ မာဖွယ်ရာ ဟာသများကို ထုတ်နေတာပဲ” ဟူ၍ မှတ်ချက်ပြု၏။ သူတို့ ၏ မေးခွန်းများစွာအနက် ….
တူညီသည့်မေးခွန်းများက
“ခင်ဗျားတို့တတွေ ဘာလို့ စိုး ရိမ်ပ န်ပန်မှုတွေမ ဖြစ်တာလဲ…”
“ဒါဟာ စိတ်မ ချမ်းသာစရာ အခြေအနေ မဟုတ်ဘူးလား….” ဟူ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဤသို့မေးလာသည့် သတင်းထောက်များကို ရိုးသားပွင့်လင်း စွာပင် ပြန်၍ဖြေ၏။

“တချို့သူတွေအတွက်ကတော့ ဒီအခြေအနေဟာ စိတ်မချမ်းသာစရာလို့ မြင်ကြပေမယ့် ကျမတို့အတွက်ကတော့ နောက်ထပ် စိန်ခေါ်မှုတခုလို့ပဲ မြင်ပါတယ်။ ဒီစိန်ခေါ်မှုကို ကျမတို့ရဲ့ စစ်မှန်တဲ့
မိတ်ေ ဆွတွေနဲ့အတူ စုေ ပါင်းရင်ဆိုင်နိုင်ဖို့အတွက် ကောင်းစွာအားပေးမယ့် အကြောင်းအရင်းတွေ ရှိပါတယ်”

(၁၈ဝ)

၁၉၉၆ ခုနှစ်၊ ဇွန်လ ၄ ရက်။

ဝန်ကြီးများရုံး … ရန်ကုန်မြို့…။

အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝ င် ဦးသန်းထွန်း၊ ဦး လှဖေတို့ကို အမျိုး သားထောက်လှမ်းရေးအဖွဲ့မှ တွေ့ဆုံရန် ဆင့်ဆို၏။ ဇွန်လ ၄ ရက်နေ့၊ ညနေ ၎
နာရီအချိန်တွင် ဝန်ကြီးများရုံး အဆောက်အဦးတခု၌ တွေ့ဆုံကြ၏။ အမျိုး သားထောက်လှမ်း ရေးတပ်ဖွဲ့မှ…. တပ်မတော် ဒုတိယထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူး ကြီးကျော်ဝင်း၊ ရဲချုပ်စိုးဝင်း၊
သတင်းထောက်လှမ်း ရေးတပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဗဟိန်း၊ တပ်မ တော်ထောက်လှမ်း ရေး စစ်ဦးစီးပထမတန်း၊ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းတို့နှင့် တွေ့ဆုံကြခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးကျော်ဝင်းက … (နဝတ) အနေနှင့် မဖြစ်သင့်၊ မဖြစ်ထိုက်သည်များကို မဖြစ်အောင် ယခုကဲ့သို့ ခေါ်ယူ၍ ပြောကြားရခြင်းဖြစ်သည်ဟု … တွေ့ဆုံရ ခြင်း နှင့်ပ တ်သက်၍ နိဒါန်းစကားဆို၏။

‘မဖြစ်သင့်၊ မဖြစ်ထိုက်သည်များ မဖြစ်အောင်’ ဟူသည်က ….မည်သို့နည်း…။ ပြည်သူလူထုကြီး၏ ဆန္ဒနှင့် ရွေးကောက်တင်ေ မြာက်ခဲ့ကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ….
ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်း ပေးရန် လုံ့လထုတ်ခြင်းသည် ‘မဖြစ်သင့်၊ မဖြစ်ထိုက်’ သည့် ကိစ္စလေလား….။ သို့တည်း မဟုတ် …. မြန်မာပြည်၏ ဖြစ်ရှိနေသည့် အမျိုးသားရေး ပြဿနာများကို
နိုင်ငံေ ရးအရ ဖြေရှင်း နိုင်ရန် တွေ့ဆုံဆွေးနွေးရေး ကမ်း လှမ်းချက်သည် ‘မဖြစ်သင့်၊ မဖြစ်ထိုက် ’ သည့် ကိစ္စေ လလား….။ (နဝတ) နှင့်တော့ ခက်လေပြီ။ ပြီးလျှင် …. အသင့်ယူဆောင်လာသည့်
စာတမ်းတစောင်အား ဗိုလ်မှူးကြီး ကျော်ဝ င်းက ဖတ်ကြားပြ၏။ စာတမ်းအား ချုပ်ကြည့်လျှင်မူ…. အဓိကအချက်က ၂ ချက်သာ ရှိ၏။

ပထမအချက်က …အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်ေ ရှ့ လူထုဟောပြောပွဲများ ကျင်းပနေခြင်းအား ၁၉၉၆ ခုနှစ် ဇွန်လ ၈ ရက် (စနေနေ့) မှစ၍
လုံးဝခွင့်မ ပြု…။ ခြံအတွင်းသို့ပြောင်း၍ ပြုလုပ်ရမည်။

ဒုတိယအချက်မှာမူ … နိုင်ငံေ တာ် ဖွဲ့စည်း ပုံ အခြေခံဥပဒေနှင့် ပတ်သက်၏။

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲလျှင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် စင်ပြိုင်လုပ်ခြင်း ဖြစ်သည်။


၂။ ရေးဆွဲလိုလျှင် တောထဲသွား ရေးဆွဲရန်သာ ရှိကြောင်း
၃။ ရေးဆွဲက အဖွဲ့ချုပ်ကို မတရားအသင်းအဖြစ် ကြေညာမည်ဖြစ်ကြောင်း
၎။ စစ်တပ်မှ အာဏာသိမ်းထားသော အစိုးရဖြစ်ကြောင်း၊ ဘယ်သူ့ကိုမှ မကြောက်၊ နိုင်ငံခြားကိုလည်း မကြောက် ဟူ၍ ဖြစ်သည်။
ပါလာသည်ကို ဖတ်၍ပြီးသွားသည့်နောက်တွင်မူ ဗိုလ်မှူးကြီးကျော်ဝင်းသည် ဦးအောင်ရွှေတို့မှ ပြန်၍ဆွေးနွေးကြသည်များကို မှတ်၏။ ‘အဖတ်၊အမှတ် ’ နှင့်ပ င် တပ်မ တော် ဒုတိယထောက်လှမ်းရေး
ညွှန်ကြားရေးမှူးကြီးသည် အလုပ်များ၍ နေသည်။

အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေမှ ဖတ်ပြခဲ့သည့်အတွင်း မှ ပထမအချက်ကို အရင်ဆွေးနွေး၏။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ြ ခံဝင်းရှေ့ အပတ်စ ဉ် စနေ၊ တနင်္ဂနွေ ဟောပြောပွဲများသည် နံပါတ် (တစ်)
လူထုနှင့် ဆက်သွယ်ရေးလမ်းကြောင်းမရှိ၍ ဟောပြောနေရခြင်း ဖြစ်သည်။ နံပါတ် (နှစ်) (နအဖ) နှင့် တွေ့ဆုံဆွေးနွေးရေး မဖြစ်မြောက်သေးသည့် အခြေအနေများကို လူထုထံသို့  ရှင်းပြ၊
ချပြသည့်အနေဖြင့် လူထုဟောပြောပွဲများ ပြုလုပ်နေကြရခြင်းဖြစ်သည်။ ဤအခြေခံနှစ်ချက် ပြီးပြည့်စုံနေလျှင် …. ခြံဝင်းရှေ့ လူထုဟောပြောပွဲများကို ပြုလုပ်ေ နရန် လိုမည်မဟုတ် …။ ပြီးလျှင်…. ဖွဲ့စည်း ပုံ
အခြေခံဥပဒေ ရေးဆွဲခြင်းနှင့် ပတ်သက်၍ ဦးအောင်ရွှေက ဆက်၍ပြော၏။

အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ရေးဆွဲမည်ဆိုသည့် အခြေခံဥပဒေသည် မူကြမ်း မျှသာ ဖြစ်သည်။ (နဝတ) မှ ထုတ်ပြန်ထားသည့် ကြေညာချက်အမှတ် (၁/၉ဝ) အပိုဒ် (၂ဝ) တွင် …

“ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက်တင်ေ မြှာက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်”
ဟူသည့် ဖော်ပြထားမှုအရ ရေးဆွဲနေခြင်း ဖြစ်သည်။

ထို့ကြောင့်… ရွေးကောက်ပွဲ၌ (၈၂ %) ကျော် အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း တရပ် ရေးဆွဲရန် တာဝန်ရှိ၏။ ရေးဆွဲပိုင်ခွင့်လည်း ရှိ၏။

အဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ပြောဆိုဆွေးနွေးချက်များအပေါ် ဗိုလ်မှူးကြီးကျော်ဝ င်းသည် မည်သို့မျှ ပြန်လည်၍ မဆွေးနွေး….။ အထက်သို့ တင်ပြပါမည်ဟု ….. တခွန်းတည်းသော စကားကို ဆိုပြီး ဆွေးနွေး ပွဲ
ရပ်လိုက်၏။

အမျိုး သားထောက်လှမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး ကြီးကျော်ဝင်းက အထက်သို့  တင်ပြသည်ဖြစ်စေ၊ မတင်ပြသည်ဖြစ်စေ …. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေကမူ …
ထိုနေ့ ဆွေးနွေးပွဲနှင့်ပ တ်သက်၍ (နဝတ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့  စာရေးသား၍ ပေးပို့လိုက်၏။ စာတွင်က …. ပြည့်ပြည့်စုံစုံပ င် ရေးသားဖော်ပြ၏။

‘အာဏာရှင်သို့  ပေးစာ’…..။
“စနေ၊ တနင်္ဂနွေနေ့များတွင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်နှင့် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးတင်ဦး၊ ဦးကြည်ေ မာင်တို့  ဟောပြောခဲ့သည်မှာ ယခုအခါ ၁၁
လအတွင်း သို့ပင် ရောက်ရှိေ နပါပြီ။ ဤကာလတလျှောက်လုံးတွင် စည်းကမ်းဖောက်ဖျက်မှု၊ ဆူပူရုန်းရင်းဆန်ခတ်မှုများ မရှိခဲ့ပါ။ ယာဉ်ထိန်း ရဲများနှင့် အဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ
ပူး ပေါင်း ဆောင်ရွက်နေခြင်း အားဖြင့် လမ်း အန္တရာယ်၊ ယာဉ်အန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်ခဲ့ခြင်း မရှိပါ။

ယခုအခါတွင် တနိုင်ငံလုံးရှိ အများပြည်သူနှင့် သက်ဆိုင်ေ သာ နေရာရပ်များတွင် လူထု အစည်းအဝေး ပွဲများကို အာဏာပိုင်များက ကြီးမှူး၍ ကျင်းပနေကြပါသည်။ ထိုကြောင့် ပြည်သူများကို
ကိုယ်စားပြုသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အေးချမ်းသော လူထုစည်း ဝေးပွဲများ ကျင်း ပပိုင်ခွင့် ရှိရပါမည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲလိုလျှင် ‘တောထဲသွား ရေးဆွဲရန်သာ ရှိကြောင်း’ ဟူ၍ ဗိုလ်မှူးကြီး ကျော်ဝင်းက ဖတ်ပြသည့် စာတမ်းပါ အကြောင်းအရာသည် အစိုး ရတရပ်အနေနှင့် လုံးဝမထားသင့်၊
မထားထိုက်သော တာဝန်မဲ့သည့် သဘောထား ဖြစ်ပါသည်။ မိမိ၏ နိုင်ငံသူ၊ နိုင်ငံသားများကို တရားဥပဒေ ဘောင်အတွင်း မှ ထွက်ခွာ၍ သူပုန်အဖြစ် ဆောင်ရွက်ရန် ဆော်သြခြင်းသည် ‘ပြည်ထောင်စု
မပြိုကွဲရေး၊ တိုင်း ရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး’ စသော ဦးတည်ချက်များကို ချေမှုန်းဖျက်ဆီးရာ ရောက်ပါသည်။

အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်း ပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲပါက တရားဝင် အဖွဲ့အစည်းအဖြစ်မှ ဖျက်သိမ်းမည်ဟု ခြိမ်း ခြောက်ခဲ့သည်။ ဤသည်မှာ နိုင်ငံေ တာ် ငြိမ်ဝ ပ်ပိပြားမှု တည်ေ ဆာက်ရေးအဖွဲ့မှ၊
အပိုဒ် ၅ တွင် ဖော်ညွှန်းထားသည့် မိမိတို့၏ ပြောဆိုကြေညာချက်များကို ဆန့်ကျင်ေ ဖာက်ဖျက်ရာ ရောက်ပါသည်။

နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဦးတည်ချက်ဖြစ်သော စစ်မှန်ေ သာ ပါတီစုံ ‘ဒီမိုကရေစီစနစ် ထွန်း ကားရေး’ အောင်မြင်လိုပါက မတူညီသည့် သဘောထားအဖုံဖုံကို လေးစားစွာ
လက်ခံအသိအမှတ်ပြုရမည် ဖြစ်ပါသည်။ ထိုေ ကြာင့် မည်သူမဆို တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ယုံကြည်သော မိမိတို့ကြိုက်နှစ်သက်ရာ ဖွဲ့စည်း ပုံ အခြေခံစည်းမျဉ်းဥပဒေ မူကြမ်း ကို ရေးဆွဲပိုင်ခွင့်
ရှိရ ပါမည်။ ဤသို့ ပြုလုပ်ခြင်းသည်၊ အစိုးရနှင့် စင်ပြိုင်လုပ်ခြင်း မဟုတ်ပါ။”

စာအား … အာဏာရှင် ဥက္ကဋ္ဌထံသို့ … ၁၉၉၆ ခုနှစ် ဇွန်လ ၆ ရက်နေ့ ရက်စွဲနှင့် ပေးပို့လိုက်၏။

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- အာဏာရှင်သို့ေ ပးစာ အတွ-ဲ ၁
- အာဏာရှင်သို့ေ ပးစာ အတွ-ဲ ၂
- ဦးခင်ကျော်ဟန်၏ ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှတ်တမ်း
- (နဝတ) ၏ ထုတ်ပြန်ကြေညာချက် ဥပဒေအမှတ် ၅/၉၆
- ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာအယ်ဒီတာချုပ် Mr. Hiroshi Nagai နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခြင်း
- ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ ဟောပြောပွဲမှတ်တမ်း တိပ်ခွေများ
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅ဝ

| ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၃၆ မိနစ်

(၁၈၁)

အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌမှ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေထံသို့  ၁၉၉၆ ခုနှစ် ဇွန်လ ၆ ရက်နေ့၊ ရက်စွဲနှင့် ပေးစာတစောင် ပေးပို့ခဲ့ပြီး သည့် နောက်တနေ့တွင်ပ င် ဥပဒေအမှတ် ၅/၉၆ ကို နဝတက
ထုတ်ပြန်လိုက်၏။ အမည်အပြည့်အစုံက ….

“နိုင်ငံတော်၏ တာဝန်ကို တည်ငြိမ်ေ အးချမ်းစွာ၊ စနစ်တကျ လွှဲေ ပြာင်းပေးရေးနှင့် အမျိုး သားညီလာခံ လုပ်င န်းများ အောင်မြင်စွာ ဆောင်ရွက်ေ ရးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သ ည့်
ဥပဒေအမှတ် ၅/၉၆” ဟူ၍ ဖြစ်သည်။ ဥပဒေအမှတ် ၅/၉၆ အရ …. စစ်အုပ်စု၏ အမျိုးသားညီလာခံအား နှောင့်ယှက် ဟန့်တားလျှင် …. ပြည်သူ့လွှတ်တော်တရပ်အား ခေါ်ယူဖွဲ့စ ည်းလျှင်….၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေတရပ်အား ရေးဆွဲခဲ့လျှင် …. ထိုထိုသော နိုင်ငံရေးအဖွဲ့အစည်းများအား မတရားအသင်းအဖြစ် ကြေညာမည်။ လူပုဂ္ဂိုလ်များအား… နှစ်ရှည်ထောင်ဒဏ်များ ချမှတ်၍
အပြစ်ပေးအရေးယူမည်။ နှစ်ရှည်ထောင်ဒဏ် ဟူသည်က ၁၅ နှစ်မှ နှစ် ၂ဝ အထိ ဖြစ်သည်။ ဆိတ်သုန်းနေပြီးဖြစ်သည့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့်အရေးများအား စစ်အုပ်စုက ၅/၉၆ နှင့်
ထပ်မံ၍ ထိန်း ချုပ်နေပြန်လေသည်။
အဖွဲ့ချုပ်က ၅/၉၆ နှင့် ပတ်သက်ပြီး ကန့်ကွက်သည့် စာတစောင်အား ထုတ်ပြန်သည်။ စာတွင် ….
“နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုး သား ပြန်လည် စည်းလုံးညီညွှတ်ရေးတို့ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန် ဥပဒေများ ပြဋ္ဌာန်းခြင်းဖြင့်
မဖြစ်နိုင်ပါ” ဟူ၍ ရေးသားဖော်ပြပြီး ……
“နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ေ ဆာက်ရေးအဖွဲ့၏ ဥပဒေအမှတ် ၅/၉၆ ပါ ပြဋ္ဌာန်းချက်များသည် စစ်မှန်ေ သာ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးကို တားမြစ်ပိတ်ပ င်သည်သာမက၊ မြန်မာ့ဗုဒ္ဓဘာသာ
ယဉ်ေ ကျးမှု၏ အခြေခံတရပ်ဖြစ်သော အပရိဟာနိယတရားများကိုလည်း မျက်ကွယ်ပြုရာ ရောက်နေသည်” ဟု စာအား နိဂုံးချုပ်ထား၏။

(၁၈၂)
၁၉၉၆ ခုနှစ်၊ ဇွန်လ ၈ ရက်။

စနေနေ့ ….။

လူထုက …. မွန်း လွဲချိန်လွန်ခဲ့သည်နှင့် တဖွဲဖွဲနှင့် အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်းရှေ့သို့ စုရုံး၍ ရောက်ရှိလာခဲ့ကြ၏။

အာဏာပိုက်များက မနေ့ကပင် …. ဒေါ်အောင်ဆန်း စုကြည်၏ ခြံေ ရှ့ဟောပြောပွဲ မပြုလုပ်ရ န် စာထုတ်၍ ပိတ်ပင်ထားခဲ့၏။ ပိတ်ပ င်ထားသည့်အကြားမှပင် လူထုသည် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။
အာဏာပိုင်များက တက္ကသိုလ်ရိပ်သာလမ်းကိုမူ သံဆူးကြိုးခွေများ ကာရံ၍ မပိတ်သေး….။ အမှတ် ၅၄ တဝိုက်တွင်က လုံခြုံရေးတပ်သားများဖြင့် ပြည့်ပြည့်သိပ်သိပ် …။ အချုပ်ကားများသည်လည်း
တက္ကသိုလ် ရိပ်သာ လမ်းအတွင်း အသင့်ရ ပ်၍ထား၏။ အခြေအနေက …. တင်းတင်းမာမာ…။ လူထုသည် ဤအခြေအနေ အတွင်း၌ပင် ….. ရဲရဲဝံ့ဝံ့ … ရွံ့ရွံ့စားစား လာရောက်၍နေကြသည်။ အချို့က ….
ဖမ်းဆီးခြင်း ခံရပါက ….. အသင့်ဖြစ်စေရန် အနွေးထည်၊ အင်္ကျီ၊ လုံချည်အပိုများပင် ယူလာခဲ့ကြ၏။
လူထုနှင့် ဒေါ်အောင်ဆန်စုကြည် တွေ့ဆုံမှုက …. သေနတ်ပြောင်းဝများ၏ အရှေ့၌ပင်၊ အောင်အောင်မြင်မြင်နှင့် ပြီးမြောက်၍နေခဲ့၏။ သေနတ်ေ ပြာင်းဝရှေ့မှ ဒီမိုကရေစီ တရားပွဲ…။
တက္ကသိုလ်ရိပ်သာလမ်းအား စစ်အုပ်စုမှ ပိတ်ဆို့ခြင်း မပြုလုပ်ေ သးသဖြင့်၊ အပတ်စ ဉ် စနေ၊ တနင်္ဂနွေ ညနေတိုင်း လူထုနှင့် ဒေါ်စု တွေ့ဆုံကြ၏။ ဒေါ်စုနှင့် လူထုကား … မတရားသည့် အမိန့်အာဏာအား
ဖီဆန်၍နေကြခြင်း…။

မြို့နယ်များမှ ပေးပို့လာသည့် အစီရ င်ခံစာများအရ …. နယ်များရှိ အဖွဲ့ချုပ်၏ အခြေအနေများအား ဒေါ်အောင်ဆန်းစုကြည်သည် စဉ်ဆက်မပြတ် သိရှိေ နရ၏။ စစ်အုပ်စုက အဖွဲ့ချုပ်ခြေလက်များအား
ဖြတ်ေ တာက်ပစ်ရန် ချေမှုန်း ရေးစစ်အား နယ်များတွင် စတင်၍လုပ်လာသည်။ စစ်ကိုင်းမြို့နယ် အာဏာပိုင်များက ၁၉၉၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ….. စစ်ကိုင်း မြို့နယ်အတွင်း ရှိ ရပ်ကွက်၊
ကျေးရွာအသီးသီးသို့…၊ စာအမှတ် … ၁၅ဝ/၁-၅၈/မဝတ (စက) ကို ထုတ်ပြန်၍ … အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းများအား ပိတ်ရန်နှင့် ဆိုင်း ဘုတ်များအား ဖြုတ်ချရန် အကြောင်းကြား၏။
စစ်ကိုင်းမြို့နယ် အဖွဲ့ချုပ်က လက်မခံ…။ လက်မခံကြောင်းကိုလည်း အာဏာပိုင်များထံသို့ စာပြန်ပို့၍ အကြောင်းပြန်ကြားလိုက်၏။

ဧရာဝတီတိုင်း အတွင်းရှိ ဟင်္သာတ၊ မအူပ င်၊ ဓနုဖြူ၊ ဘိုကလေး မြို့နယ်များတွင်က …. သက်ဆိုင်ရာ အာဏာပိုင်များသည် အဖွဲ့ချုပ်အဖွဲ့ဝင်များအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွင်း မှ နုတ်ထွက်ရန်
ဖိအားပေးနေ၏။ မဝတ ဥက္ကဋ္ဌများက ခေါ်၍ ပြောဆိုနေခြင်း ဖြစ်သည်။

“ကျနော်ပြောလိုတာက … အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မတရားအသင်း ကြေညာမယ်လို့ သိရတယ်။ အခုလိုမ ဖြစ်ခင် အကိုတို့အနေနဲ့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝ င်အဖြစ်မှ
နုတ်ထွက်လိုက်ပါ။ နုတ်ထွက်မယ်ဆိုရင် လက်မှတ်ထိုးပြီး ကျနော့်ဆီပို့ပါ။ သက်ဆိုင်ရာကို ကျနော် ပို့ပေးပါ့မယ်။ ဒါမှ ကျနော် ကူညီဆောင်ရွက်လို့  ရမှာဖြစ်ပါတယ်။ အဲဒီလိုမှ မနုတ်ထွက်ဘူးဆို ရင်
အဖမ်းအဆီးတွေ ဖြစ်လာမယ်” ဟူ၍ ပွဲစားလေနှင့် ဆိုသည်။

ပြီးလျှင် …. အဖွဲ့ဝင်များအနေနှင့် ခရီးသွားလာခွင့်ကိုလည်း ကန့်သတ်လိုက်၏။ မြို့နယ်အတွင်း မှ အခြား မြို့နယ်သို့ကူးလျှင် …. သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များထံသို့ ခွင့်ပြုချက် တောင်းခံရမည်။
ခွင့်ပြုချက် ရမှသာလျှင် ခရီးသွား၍ရမည်။

အစီရ င်ခံစာများက မြို့နယ်အသီးသီးမှ အထွေထွေအတွင်းရေးမှူးထံသို့ တက်လာ၏။ နယ်ေ မြဒေသ အသီးသီးတွင်က အဖွဲ့ချုပ်သည် ထိုးနှက်တိုက်ခိုက်ခြင်းများအား ခံေ နရ၏။

(၁၈၃)
၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်ေ န့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်း ထူထောင်ခြင်း ၈ နှစ်ပြည့်မြောက်သည့် နေ့ဖြစ်သည်။ ထိုနေ့တွင် အဖွဲ့ချုပ်ဖွဲ့စည်းထူေ ထာင်ခြင်း ၈ နှစ်ေ မြာက်
နှစ်ပတ်လည် အခမ်းအနားနှင့် အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ အထူးအစည်း အဝေးတရပ်အား ကျင်းပပြုလုပ်သွားရန် အဖွဲ့ချုပ်ဗဟိုမှ ပြင်ဆင်လျက်ရှိ၏။ မြို့နယ်အသီးသီးရှိ အဖွဲ့ချုပ်စည်းရုံးရေးမှူးများထံသို့
အစည်းအဝေး တက်ရောက်ရန် ဖိတ်စာများပို့၏။ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးထံသို့လည်း ဖိတ်စာများ ပို့၏။ စစ်အုပ်စုမှ မည်မျှအထိ
နှောင့်ယှက်ဟန့်တားလာလေဦးမည်နည်း…။ အဆိုးဆုံးအတွက်မူ ပြင်ဆင်ထားကြပြီးဖြစ်၏။ အခြေအနေက …. အကောင်းဆုံးကို မျှော်လင့်စရာဟူ၍ မရှိသည့် အခြေအနေပင်….။

၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ အထူး အစည်းအဝေးပွဲအား အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း ရှိ နေအိမ်ြ ခံဝ င်းအတွင်း၌ပင် မဏ္ဍပ်ကြီးထိုး၍
ကျင်း ပရန် စီစ ဉ်ထား၏။

အစီအစဉ်က … အစည်း အဝေး မစတင်မီ နံနက်စောစောတွင် သံဃာတော် အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း ဆက်ကပ်မ ည်။ သံဃာတော်များထံမှ ငါးပါးသီလ ခံယူကြမည်။
ဆွမ်းဆက်ကပ်လှူဒါန်း၍ပြီးမှ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ အထူးအစည်း အဝေးကြီး စတင်ကြမည်ဖြစ်သည်။

အဆိုးဆုံးများက လာလေပြီ။ ထင်မှတ်ထားသည့်အတိုင်း ပင် အာဏာပိုင်တို့ က အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို ထိန်း သိမ်းလိုက်ကြပြန်၏။ ပြီးလျှင် …. အထူးအစည်း အဝေးသို့
တက်ရောက်မည့် အဖွဲ့ချုပ်စည်းရုံးရေးမှူးများကိုလည်း ထိန်းသိမ်းပြန်သည်။ စက်တင်ဘာ ၂၆ ရက်နေ့ ညနေအထိ ရရှိသည့် အထိန်း သိမ်း ခံလိုက်ကြရသည့် သူများ၏ စာရင်းအရမူ …. မနက်ဖြန်
ကျင်း ပမည့် အစည်း ဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသူများ၏ ၈ဝ % မျှ ရှိေ နသည်။ မလွယ်…။ စိန်ေ ခ်ါမှုများက ….. အသစ်၊ အသစ်များဖြင့်….။

ည….သည် အမှောင်ထုအတွင်း ပျော်ဝင်၍နေသည်။ အမှောင်ထုက … အရုဏ်ဦးဆီသို့ တရွေ့ရွေ့နှင့် ချဉ်းကပ်တိုးဝင်လျက်ရှိ၏။

ရောင်နီပျို့ပြီ။

တက္ကသိုလ်ရိပ်သာလမ်းက အသွားအလာမရှိ။ တိတ်ဆိတ်ငြိမ်သက်စွာနှင့်…။ သိလိုက်ရပြီ။ အာဏာပိုင် တို့ကား ….. တက္ကသိုလ်ရိပ်သာလမ်း အား ပိတ်ဆို့လိုက်ကြပြန်လေပြီ။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အံ့သြမှုဟူ၍မဖြစ်…။ သို့ေ သာ် …. အာဏာပိုင်များအနေဖြင့် နိုင်ငံရေးအဖွဲ့အစည်းတခု၏ ပြုလုပ်မြဲဖြစ်သည့် နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်ကျင်း ပမည်ကို
မည်သည့်အတွက် ဤမျှအထိ ထိတ်လန့်ေ ကြာက်ရွံ့၍ နေကြရလေသည်ကိုမူ တွေးမရဖြစ်မိ၏။

နံန က် ၈ နာရီခန့်တွင် အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ အဖွဲ့ချုပ်၏ ဒု-ဥက္ကဋ္ဌ တဦးဖြစ်သူ ဦးတင်ဦး ရောက်လာ၏။ ဦးတင်ဦးအား လုံခြုံရေးများက ဝင်ခွင့်ပြုခဲ့သဖြင့် ရောက်လာခြင်းဖြစ်၏။
မကြာ… ဦး အောင်ရွှေနှင့် ဦးကြည်မောင်တို့လည်း ရောက်လာခဲ့ကြပြန်သည်။ လမ်းအား ပိတ်ဆို့ထားသည့် လုံခြုံ ရေးများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌများအား
ဝင်ခွင့်ပြုကြသော်လည်း အစည်းအဝေးသို့ တက်ရောက်ကြမည့် အဖွဲ့ဝင်များကိုမူ ဝင်ခွင့်မ ပြု…။ ဝင်ခွင့်မရသဖြင့် လမ်း ပိတ်ထားသည့် နေရာတွင်ပင် ရှိနေကြ၏။ ဒေါ်အောင်ဆန်း စုကြည်၊ ဦးအောင်ရွှေ၊
ဦး တင်ဦး နှင့် ဦးကြည်ေ မာင်တို့ လမ်းပိတ်ထားသည့် နေရာတွင် ရှိေ နကြသည့် အဖွဲ့ဝင်များ ရှိရာသို့ သွားကြ၏။ တက္ကသိုလ်ရိပ်သာ လမ်းမကြီးအတွင်း ဒေါ်အောင်ဆန်းစုကြည်တို့ ၄ ဦးနှင့်
လုံခြုံရေးတပ်သားများသာ….။ အရာရာသည် ရှင်း၍တိတ်ဆိတ်နေ၏။

ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲ့ဝင်များအား အမှတ် ၉၇/ခ ၊ ရွှေဂုံတိုင်သို့သွားရန် ပြော၏။ သူမတို့လည်း အမှတ် ၉၇/ခ ၊ ရွှေဂုံတိုင်သို့ သွားကြမည်။ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ အထူးအစည်း ဝေးအား
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း တွင် လုပ်ခွင့်မရလျှင် …. အမှတ် ၉၇/ခ ရွှေဂုံတိုင်တွင် လုပ်မည်။

သို့သော်…

အာဏာပိုင်များက …. အနောက်ရွှေဂုံတိုင်လမ်းကိုလည်း ပိတ်ဆို့ထားလိုက်၏။ လက်နက်ကိုင် တပ်သား တို့က မည်သူ့ကိုမျှ ဖြတ်သန်း သွားလာခွင့်မပြု…..။

(၁၈၄)
အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်နှင့် ရန်ကုန်တိုင်း တိုင်း ရုံး တည်ရှိရာ အမှတ် ၉၇/ခ အနောက် ရွှေ့ဂုံတိုင်လမ်း အဆောက်အဦးက …. ပိုင်ရှင်တဦးထံမှ စာချုပ်စာတမ်းများနှင့်
နှစ်ချုပ်ငှားရမ်းထားသည့် အဆောက်အဦးဖြစ်သည်။ ပိုင်ရှင်က ဦး ထွန်းကြိုင်ဖြစ်၏။

လမ်း ပိတ်ဆို့ထားသဖြင့် ရွှေဂုံတိုင်သည်လည်း ဆိတ်ငြိမ်၍နေသည်။ စက်တင်ဘာမိုးက …. အမှောင်ထုအတွင်း ၌ စဲလိုက်၊ သည်းလိုက်နှင့် ရွာနေ၏။ မိုးရေများအောက်၌ ရွှေဂုံတိုင်သည် အေးခဲစွာ နှင့်ပ င်
ကာလငယ်ေ ပါင်းများစွာ ဖြတ်သန်း ၍နေသည်။

ည ၉ နာရီခွဲခ န့်တွင် ဗဟန်းမြို့နယ် အာဏာပိုင်အဖွဲ့မှ ပုဂ္ဂို လ်များ အမှတ် ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်းသို့ ရောက်လာခဲ့ကြ၏။ အဆောက်အဦး ပိုင်ရှင်ဖြစ်သူ ဦး ထွန်းကြိုင်နှင့်ေ တွ့ပြီး ငြိမ်ဝ ပ်ပိပြားရေးနှင့်
ငြိစွန်းသည့်အတွက် …. အဆောက်အဦးအား ပိတ်ရမည်ဟု ဆိုသည်။ ဆိုလိုသည်က …. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဌာနချုပ်နှင့် ရန်ကုန်တိုင်း ရုံးအား လာရောက်၍ ပိတ်ခြင်း…။ ဦးထွန်း ကြိုင်က
… အာဏာပိုင်တို့ကိုယ်တိုင် ပိတ်ဆို့မည်အား လက်မခံ…။ မိမိဘာသာပင် သော့ခ တ်၍ ပိတ်ပေးပါမည်ဟုဆိုပြီး အမှတ် ၉၇/ခ အား သော့ခ တ်ပေးလိုက်၏။ အာဏာပိုင်များက …. ဗီဒီယိုများ၊
ဓာတ်ပုံများနှင့်ရိုက်၍ မှတ်တမ်းယူေ န၏။ ပြီးလျှင် …. ဦးထွန်းကြိုင်အား အာဏာပိုင်များမှ ‘တိုင်’ ပေးသည့်အတိုင်း ‘စာ’ အား ရေးခိုင်း ၏။ လက်မှတ်ထိုးခိုင်း၏။ သေနတ်ပြ၍ ရေးခိုင်းသည့် စာ…။ မကြာ….။
ည … ၁၁ နာရီခွဲခ န့်တွင် …. စစ်ဒေသမှူး၊ ဗျူဟာမှူးတဦးနှင့် စစ်ဗိုလ် ၃ ဦးတို့ အမှတ် ၉၇/ခ ရွှေဂုံတိုင်သို့ ထပ်မံရောက်ရှိလာကြပြန်သည်။ ဦးထွန်းကြိုင်အား ခေါ်ပြီး ….. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏
ဆိုင်း ဘုတ် ဖြုတ်ချခိုင်းပြန်သည်။ ဖြုတ်ချပေးရပြန်၏။ ပြီးလျှင် …. အမှတ် ၉၇/ခ အနောက်ရွှေဂုံတိုင်လမ်း အဆောက်အဦး၏ ရှေ့၌ …. စစ်ဒေသမှူးကြီးက ဆိုင်းဘုတ်တခုအား ရေးပြီးထောင်လို က်၏။

“ ဤနေရာတွင် NLD ရုံး မရှိတော့ပါ”

ဓာတ်ပုံများ ရိုက်ကြ၏။ ဗီဒီယိုများ ရိုက်ကြ၏။ စစ်အုပ်စုက … ညကြီးမင်းကြီး … မိုး ထဲရေထဲ၌ … အဖွဲ့ချုပ်အား သဲသဲမဲမဲ တိုက်ခိုက်ချေမှုန်းလျက်နေ၏။
ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၁
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- (နဝတ) ၏ ထုတ်ပြန်ကြေညာချက် ဥပဒေအမှတ် ၅/၉၆
- ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာအယ်ဒီတာချုပ် Mr. Hiroshi Nagai နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခြင်း
- ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ ဟောပြောပွဲမှတ်တမ်း တိပ်ခွေများ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၁

| တနင်္လာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၅၁ မိနစ်

(၁၈၅)

စက်တင်ဘာလ ၂၆ ရက်နေ့မှစ၍ အာဏာပိုင်များက …. တက္ကသိုလ်ရိပ်သာလမ်း အား ပိတ်ထားလိုက်၏။ လမ်း ပိတ်ထားသော်လည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးတင်ဦး၊
ဦး ကြည်မောင်တို့ ၃ ဦးကိုမူ …. ၀င်ခွင့်၊ ထွက်ခွင့်ပြု၏။ ၀င်ခွင့်၊ ထွက်ခွင့်ရသည့်အတွက် …နေ့စဉ်ပင် ဒေါ်အောင်ဆန်း စုကြည် နေအိမ်၌ တွေ့ဆုံကြပြီး…. အဖွဲ့ချုပ်၏ လက်ငင်း၊ အကျပ်အတည်းမှ
ဖောက်ထွက်ရေးကိစ္စရ ပ်များအား ဆွေးနွေးကြ၏။ ပထမအရေးက…. အမှတ် (၉၇/ခ) ၊ အနောက်ေ ရွှ့ဂုံတိုင်ရှိ အဖွဲ့ချုပ်၏ ရုံးအား ပြန်ဖွင့်ရန် ဖြစ်သည်။

ဒုတိယအရေးက ….. စက်တင်ဘာ ၂၆ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံေ နရသည့် အဖွဲ့ချုပ် အဖွဲ့ဝ င်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံးတို့ကို ခြွင်း ချက်မရှိ ပြန်လွှတ်လာစေရန်
ဖြစ်သည်။ တတိယအရေးက …. စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ဖြစ်သည်။ အနောက်ရွှေဂုံတိုင်လမ်းအား အာဏာပိုင်များက ပြန်လည်ပြီး ဖွင့်လှစ်ပေးသည်နှင့် အဖွဲ့ချုပ်ဗဟိုနှင့်
ရန်ကုန်တိုင်းရုံးတို့အား ပြန်လည်၍ ဖွင့်သွားရန်နှင့် အဓမ္မဖြုတ်ချခဲ့သည့် ဆိုင်း ဘုတ်အား ပြန်တင်ရ န် ဆုံးဖြတ်ထားကြ၏။ ဆုံးဖြတ်ချက်ကိုလည်း အာဏာပိုင်များ သိစေရန်လည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဦး အောင်ရွှေမှ ဗိုလ်ချုပ်မှူးကြီး သန်း ရွှေထံသို့ စာရေးသားပေးပို့မည်။ မိတ္တူကိုမူ ….. ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ ဥက္ကဋ္ဌ ဦးဘဌေးထံသို့ ပေး၏။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပေးပို့မည့်
စာကိုက ဒေါ်အောင်ဆန်းစုကြည်ပင် စာကြမ်းရေး၏။ ပြီးမှ စာကြမ်းအား ဥက္ကဋ္ဌများအား ပြ၍ ပြင်ဆင်ဖြည့်စွက်၍ အချောသတ်လိုက်ကြ၏။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဌာနချုပ် ဆိုင်း ဘုတ်နှင့် ရန်ကုန်တိုင်းရုံး ဆိုင်းဘုတ်များကို မူလအဆောက်အဦးတွင် ပြန်လည်တင်မ ည့်အကြောင်း အကြောင်း ကြားခြင်း။

အထက်ပါ အကြောင်း အရာကိစ္စနှင့် ပတ်သက်၍ အထက်ပါ ရည်ညွှန်းချက်စာပါ တင်ပြပြီးဖြစ်သည့်အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနရုံး ချုပ်နှင့် ရန်ကုန်တိုင်းရုံး ဆိုင်း ဘုတ်များကို
မူလတည်ေ နရာ၌ ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လည်တင်မည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်” ဟူ၍ အဆုံးသတ်ထား၏။

အာဏာပိုင်များက လမ်း ပိတ်ထားခဲ့သည်မှာ … ၄ ရက်ရြှိ ပီ။ တက္ကသိုလ်ရိပ်သာလမ်း အား ပိတ်ဆို့ထားသဖြင့် စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းရှေ့
လူထုဟောပြောပွဲများအား မပြုလုပ်နိုင်ခဲ့….။ မတတ်နိုင်။

ဤသို့သော အတွေ့အကြုံမျိုးက ၈ နှစ်တာကာလအတွင်း မထူးဆန်း…။ အာဏာပိုင်များမှ နေအိမ်ခြံဝင်းအား ပိတ်ဆို့ထားခဲ့၍ နေအိမ်အတွင်း … အကျယ်ချုပ်နှင့် နေခဲ့ရသည့် ကာလများထက်စာလျှင်
ယခု လမ်းပိတ်ထားသည်က ခံသာသေးသည်ဟုပင် ဆိုရမည်။ မိမိဆန္ဒနှင့် ပိတ်ထားသည့်လမ်းအား ဖြတ်ကျော်၍ ထွက်ခွင့်ရှိသည်။ ၀င်ခွင့်ရှိေ နသည်။ အခြားသူများသာလျှင် ၀င်ခွင့်၊ ထွက်ခွင့် မရခြင်း…။
အဖွဲ့ချုပ်၏ နိုင်ငံရေး ဆောင်ရွက်ဖွယ်ရာများက ပိတ်ဆို့ထားသဖြင့် ချက်ချင်း ထလုပ်၍မရ….။ ဤအတွက် …. နေအိမ်ရှေ့ ၀ရံတာတွင်ပင် ထိုင်ပြီး စာဖတ်၏။ ‘မီနာမီချီ’ သတင်း စာတွင်
အပတ်စ ဉ်ရေးပေးရမည့် ဆောင်းပါးများအား ရေး၏။ အေးအေးလူလူနှင့် စာရေးရန် အချိန်ရ သကဲ့သို့…..။ စာမူ ၃ ပုဒ် ရေး၍ ပြီးသွား၏။

‘အဖမ်းအဆီးကို ကျော်လွှား၍’၊ ‘အဆက်မပြတ်ပါဘဲ’ နှင့် ‘ပေးဆပ်ခြင်း’ ဆောင်းပါး ၃ ပုဒ် ပြီး သွား၏။ ‘အဖမ်းအဆီးကို ကျော်လွှား၍’ နှင့် ‘အဆက်မပြတ်ပါဘဲ’ ၂ ပုဒ်က …. လတ်တလော သူမနှင့်
အဖွဲ့ချုပ် ရင်ဆိုင်ေ နရသည့် စိန်ခေါ်မှုများအကြောင်းအား ရေးထားခြင်းဖြစ်ပြီး…. ‘ပေးဆပ်ခြင်း’ တွင်က သူမ၏ နေအိမ်ခြံဝင်းရှေ့ လူထုဟောပြောပွဲ အတွေ့အကြုံများအပေါ် ပြန်လည်၍
ရေးထားခြင်းဖြစ်သည်။

(၁၈၆)

စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းမှစတင်ပြီး ပိတ်ဆို့ထားခဲ့သည့် တက္ကသိုလ်ရပိသာလမ်း အား အောက်တိုဘာ ၇ ရက်နေ့ နံနက်တွင်မူ ပြန်လည်၍ ဖွင့်ပေးလိုက်၏။ ၁၁ ရက်ကြာသည့် ပိတ်ဆို့မှု….။

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်က …. သတင်းထောက်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည့်လျှံ၍ နေ၏။ စကားသံတို့နှင့် ဝေေ၀စီစီ။ ရယ်မောသံများနှင့် လွင်လွင်ရီရီ….။ နှုတ်ခွန်းဆက်သံတို့ဖြင့်
စိုစိုပြေပြေ….။ ဆွေးနွေးသံများဖြင့် ဆူဆူညံညံ …..။

စိန်ခေါ်မှုတခုအလွန် …. စိန်ေ ခ်ါမှုသစ်၏ အစ ….။


အဖွဲ့ချုပ်ဗဟိုနှင့်၊ ရန်ကုန်တိုင်းရုံးအား ဆိုင်း ဘုတ်ပြန်တင်ေ ရး၊ ရုံးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို ပထမဦး စွာ လုပ်ေ ဆာင်ကြ၏။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့လည်း ၁၉၉၆ ခုနှစ် အောက်တိုဘာလ
၁၂ ရက်နေ့တွင်၊ အဖွဲ့ချုပ်ရုံးအား အမှတ် ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်း၌ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်းနှင့် အဖွဲ့ချုပ်ဆိုင်း ဘုတ်အား ပြန်၍တင်မ ည့် အကြောင်းအား စာပို့၍
အသိပေးအကြောင်းကြားလိုက်၏။ မိတ္တူစာကိုမူ ….. ရွေးကောက်ပွဲေ က်ာမရှင် ဥက္ကဋ္ဌ ဦးဘဋ္ဌေးထံသို့ ပို့သည်။ စစ်အုပ်စု၏ တုံ့ပြန်မှုက …. အောက်တိုဘာလ ၁၁ ရက်နေ့ ညနက်နက်၌
တက္ကသိုလ်ရိပ်သာလမ်းနှင့် အနောက်ေ ရွှဂုံတိုင်လမ်းတို့အား ပြန်၍ ပိတ်လိုက်ခြင်းပင်…..။

စစ်အုပ်စုက ပူပ န်ကြောင့်ကြမှုကြီးစွာနှင့် တက္ကသိုလ်ရိပ်သာလမ်း နှင့် အနောက်ရွှေဂုံတိုင်လမ်းများအား အောက်တိုဘာလအတွင်း ဖွင့်လိုက်၊ ပိတ်လိုက် လုပ်ေ ဆာင်နေ၏။ ရှုံ့ချည်၊ နှပ်ချည်နိုင်လှသည့်
စစ်အုပ်စုပင်…..။

အောက်တိုဘာလ ၁၁ ရက်နေ့မှစ ၍ ပိတ်ထားခဲ့သည့်လမ်း ၂ လမ်းအား အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ဖွင့်ပေးလိုက်၏။ မကြာ ….. ထိုနေ့ည ၉ နာရီခွဲတွင်ပ င်
ပြန်၍ပိတ်လိုက်ပြန်သည်။ ပြီး လျှင် …. အောက်တိုဘာလ ၂၂ ရက်နေ့ နံန က် ၃ နာရီခန့်တွင်မူ လမ်း များအား ပြန်လည်၍ ဖွင့်ပေးလိုက်ပြန်သည်။ လမ်း များအား ပြန်၍ဖွင့်ေ ပးမှုက …. ၂၄ နာရီပင်မကြာ ….
ထိုညပိုင်းတွင်ပ င် ပြန်၍ပိတ်လိုက်လေ၏။

ထူးခြားသည်က …. ယခင်လမ်းပိတ်ထားသည့် ရက်များအတွင်း ဒေါ်အောင်ဆန်း စုကြည်သည် ပိတ်ထားသည့် လမ်း မှ ထွက်၍ ရန်ကုန်မြို့အတွင်း လှည့်လည်သွားလာနိုင်ခဲ့၏။ ယခုမူ… နေအိမ်လုံခြုံရေး
တာဝန်ယူထားသည့် ထောက်လှမ်းရေးအရာရှိက ဒေါ်အောင်ဆန်း စုကြည်အား အပြင်သို့မ ထွက်ရန် မေတ္တာရပ်ခံ၍ နေသည်။ လွန်ခဲ့သည့် ၂ ရက်က …. ဖြစ်ပွားခဲ့သည့် ရန်ကုန် စက်မှုတက္ကသိုလ်
ကျောင်းသားများ ဆန္ဒပြပွဲနှင့် ပတ်သက်၍ စစ်အုပ်စုအနေနှင့် စိုးရိမ်ပူပန်နေရဟန်ရှိ၏။ ဤအတွက် …. ဒေါ်အောင်ဆန်း စုကြည်အား အပြင်မ ထွက်ပါရန် မေတ္တာရပ်ခံနေခြင်း ဖြစ်မည်။

ဒေါ်အောင်ဆန်းစုကြည်မှ သူမအနေဖြင့် အပြင်ထွက်ခွင့်မရလျှင် ….. သူမထံသို့ အဖွဲ့ချုပ်ခေါင်းဆောင်များအား လာခွင့်ပြုရန် တောင်းဆိုလိုက်၏။ ဤသည်ကိုမူ …. စစ်အုပ်စုက လိုက်လျော၏။ မကြာ …..
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦး အောင်ရွှေ၊ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးတို့ ရောက်လာခဲ့ကြ၏။ ဦး ကြည်မောင်မှာမူ ရောက်မလာနိုင်ခဲ့….။ ထိုနေ့ နံန က်စောစောမှာပင် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်း သားများ ဆန္ဒပြမှုနှင့်
ပတ်သက်ပြီး ဆက်နွယ်မှု ရှိသည်ဟူ၍ … အာဏာပိုင်များက ဖမ်းဆီးထိန်းသိန်းခဲ့လေပြီ။

(၁၈၇)

၁၉၉၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦး ကြည်မောင်အား အာဏာပိုင်များက ပြန်၍လွှတ်ပေးလိုက်သည်။ လမ်းပိတ်ဆို့ထားသည်များကိုလည်း ဖွင့်ေ ပးလိုက်၏။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်အတွက်မူ … မုန်တိုင်းတခု စဲသွားသကဲ့သို့ …။ သို့သော်…. မုန်တိုင်းပေါင်း မြောက်မြားစွာအား ဖြစ်ပေါ်စေနိုင်မည့် လေဖိအားနည်း ရပ်ဝန်းကမူ အားကောင်း၍
နေဆဲ….။ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့တွင် တက္ကသိုလ်ရိပ်သာလမ်းအား ပြန်ဖွင့်ပေးခဲ့သော်လည်း …. စနေ၊ တနင်္ဂနွေ ရက်များတွင်မူ အာဏာပိုင်တို့သည် တက္ကသိုလ်ရိပ်သာလမ်းအား
ပြန်ပိတ်ပြန်သည်။ ရည်ရွယ်ချက်က …. အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းတွင် လူထုနှင့် ဒေါ်စု မတွေ့ဆုံနိုင်ရ န် ဖြစ်၏။

လူထုသည် တနေရာရာတွင် စုံရုံးကြ၏။

၁၉၉၆ ခုနှစ် … နိုဝင်ဘာလ ၉ ရက်၊ စနေနေ့ ….။

လူထုသည် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံ၍ လူထုေ ဟာပြောပွဲ ပြုလုပ်နိုင်ရ န် ဦးချစ်မောင်လမ်းအတွင်း စုေ ၀း၍နေကြ၏။ ဒေါ်အောင်ဆန်း စုကြည်တို့ အလာအား စောင့်စား၍နေကြ၏။
ဇွဲေ ကာင်းကောင်းနှင့်….။ ဒေါ်အောင်ဆန်း စုကြည်မှ စောင့်စားနေကြသည့် လူထုထံသို့သွားရန် ပြင်ဆင်၏။ ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ ဒေါ်အောင်ဆန်း စုကြည် အပြင်သို့ထွက်လျှင်
…. စစ်ထောက်လှမ်းရေးမှာ မော်တော်ကားတစီး၊ ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦး ပါသည့် ကားတစီးတို့ အစောင့်အဖြစ် လိုက်ပါကြ၏။

ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်က …. ပထမ ဦးကြည်ေ မာင်၏ နေအိမ်သို့ သွားမည်။ ဦး ကြည်မောင်၏ နေအိမ်တွင်ပ င် ဦးတင်ဦးနှင့်ဆုံရန် ချိန်းဆိုထား၏။ ပြီးလျှင် ….. လူထုကြီးရှိရာသို့
ပေါင်း၍သွားကြမည်။ လူထုအား ဟောပြောရှင်းလင်းကြမည်။ ညနေ ၃ နာရီခန့်တွင် ဒေါ်အောင်ဆန်း စုကြည်တို့ နေအိမ်မှ ထွက်ကြ၏။ ဒေါ်အောင်ဆန်း စုကြည်မှ ကားတစီး၊ အဖွဲ့ချုပ်လူငယ်များမှ
ကားတစီး၊ ထောက်လှမ်း ရေး ကားတစီး၊ ရဲအရာရှိ ကားတစီး …. စုစုပေါင်း မော်တော်ယာဉ် ၄ စီးနှင့်….။

ကမ္ဘာ အေး ဘုရားလမ်းအတိုင်း မောင်းနှင်လာကြ၏။ ဦးကြည်ေ မာင်၏ နေအိမ်က ကမ္ဘောဇ၀င်းအတွင်း၌ ရှိ၏။ ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းက ကမ္ဘာအေးဘုရားလမ်းမှ
ကမ္ဘောဇ၀င်းအတွင်းသို့ တိုးဝင်သည့် လမ်း သွယ်လေးအတွင်းသို့ ချိုး၍၀င်လိုက်ကြ၏။ ကမ္ဘောဇတံတား အပြင်ဘက်တင
ွ်က …. လုံထိန်းများ၊ ထောက်လှမ်းရေးများနှင့် ယာဉ်ထိန်းရဲများ၊ ပြီးလျှင် ….
ကမ္ဘောဇ၀င်းအတွင်းဘက် အခြမ်းတွင်လည်း လုံထိန်း များနှင့် ယာဉ်ထိန်း ရဲများက …. အင်နှင့်အားနှင့် နေရာယူထားကြ၏။ ကမ္ဘာအေးဘုရားလမ်း၏ အခြားတဖက်တွင်မူ ….. ထောက်လှမ်း ရေးများ၊
စစ်ဖက်မှ အရာရှိများက ဆိုင်ခ န်းငယ်များအတွင်းမှ အခြေအနေအား စောင့်ကြည့်၍နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်တို့ ဦး ကြည်မောင်၏ နေအိမ်သို့ ညနေ ၃ နာရီခွဲခန့်တွင် ရောက်ကြ၏။ ဦးကြည်မောင်၏ နေအိမ်၌ ဦး တင်ဦးလည်း ရောက်ရှိ၍နေပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့
ဆွေးနွေးကြ၏။ လူထုထံသို့ သွား၍ လူ ထုနှင့် တွေ့ဆုံရန် အစီအစဉ်များအား ဆွဲကြသည်။ မကြာ….။ ၁၅ မိနစ်အတွင်း မှာပင် ဆွေးနွေးပွဲက ပြီးလေ၏။ ဒေါ်အောင်ဆန်း စုကြည်တို့
ယာဉ်တန်း ဦးကြည်ေ မာင်၏ နေအိမ်မှ ပြန်ထွက်လာခဲ့ကြသည်။ ယာဉ်တန်း ၏ ရှေ့ဆုံးတွင်က …. အဖွဲ့ချုပ်လူငယ်များ၏ မော်တော်ယာဉ် … ပြီးလျှင် … ဒေါ်အောင်ဆန်းစုကြည်၏ ကား…။
ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်အနောက်တွင်က ဦးတင်ဦးနှင့် ဦးကြည်ေ မာင်တို့၏ မော်တော်ကား …. ။ ရဲအရာရှိ၏ ကားနှင့် ထောက်လှမ်း အရာရှိတို့၏ ကားများက အနောက်ဆုံးမှ….။

ထူးဆန်း စွာပင် ….. လမ်း ထိပ်တွင် အရပ်ဝတ်နှင့် လူအုပ်ကြီး အား တွေ့ရ ၏။ လူအုပ်ကြီးက ၂၀၀ ခန့် ရှိမ ည်။ ကမ္ဘာ အေးဘုရားလမ်း၏ ၀ဲ၊ ယာ၌ …..။ ဒေါ်အောင်ဆန်းစုကြည်တို့ ယာဉ်တန်းလွန်ခဲ့သည့် ၁၅
မိန စ်ခန့်က ဤလမ်းမှပင် ၀င်ခဲ့ကြ၏။ ထိုစဉ်က …. ထိုလူစုကြီးသည် မရှိ ….။ လုံထိန်းများ၊ ယာဉ်ထိန်း ရဲများနှင့် ထောက်လှမ်း ရေး တပ်ဖွဲ့ဝ င်များသာလျှင် ရှိနေခဲ့ကြ၏။ ယခုချက်ချင်း ထိုလူစြု ကီးသည်
မည်သည့်ေ နရာမှ ရောက်လာခဲ့ကြသနည်း…။ သူတို့၏ လက် ထဲတွင်က … သံဒုတ်များ၊ ချိန်းကြိုးများ၊ အုတ်ခဲပိုင်းများဖြင့်….။ အစုအပြုံလိုက် အကြမ်း ဖက် တိုက်ခိုက်မည့်ဟန်က အထင်းသားပင်…..။
အချို့က…. လမ်း လျှောက် စကားပြောစက် (I.Com) များအား ကိုင်ဆောင်၍ သတင်းပို့နေ၏။ အမိန့်နာခံ၍ နေ၏။ လမ်း လျှောက် စကားပြောစက်နှင့် သူတဦး က…..

“ထွက်လာပြီ … ထွက်လာပြီ” ဟု ဒေါ်အောင်ဆန်း စုကြည်တို့၏ ယာဉ်တန်း ကမ္ဘောဇ၀င်းအတွင်း မှ မောင်းထွက်လာသည်အား သတင်းပို့၏။ ယာဉ်တန်းက …. လမ်းသွယ်အတွင်း မှ ထွက်ပြီး
ကမ္ဘာ အေးဘုရားလမ်းဆီသို့ တက်၏။ ဖြည်းဖြည်းမှန်မှန်နှင့် ….။ လူစုကြီးအတွင်းမှ ဦးဆောင်သူတဦး က ဒေါ်အောင်ဆန်း စုကြည်၏ ကားအတွင်း သို့ သေချာစွာ ကြည့်ရှုပြီး ….. လူအုပ်ကြီးအား
အမိန့်ပေး၏။

“ချ၊ ချ”
ယာဉ်တန်း ၏ ရှေ့ဆုံးမှ အဖွဲ့ချုပ်လူငယ်များပါသည့် မော်တော်ယာဉ်မှာမူ …. တိုက်ခိုက်မှုအတွင်းမှ လွတ်သွား၏။ လူအုပ်ကြီး က သံဒုတ်များ၊ အုတ်ခဲပိုင်းများ၊ ချိန်းကြိုးများနှင့် ဒေါ်အောင်ဆန်းစုကြည်၏
ကားအား တိုက်ခိုက်ကြ၏။ ဦးတင်ဦး၊ ဦးကြည်မောင်တို့၏ မော်ေ တ်ာယာဉ်ကိုလည်း တိုက်ခိုက်၏။ အကြမ်း ဖက် တိုက်ခိုက်မှုများအတွင်း မှ …. ဒေါ်အောင်ဆန်း စုကြည်တို့လွတ်ရန် မော်တော်ယာဉ်များအား
မောင်းထွက်ခဲ့ကြရ၏။ ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယဉ်အနောက်ဘက် လေကာမှန်က …. ကွဲေ ကြ၍ သွား၏။ ဦး တင်ဦး၊ ဦးကြည်ေ မာင်တို့၏ မော်ေ တ်ာယာဉ်သည်လည်း ဘေးမှန်များ၊
အနောက်မှန်များ အားလုံးကွဲကြေကုန်၏။ မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်းက မရှိ….။

လုံထိန်းများ၊ ထောက်လှမ်း ရေးများ၊ ယာဉ်ထိန်း ရဲများက …. ငြိမ်သက်စွာ နှင့် ငေးမော၍ ကြည့်နေကြ၏။ ရပ်ရွာအေးချမ်းသာယာရေး တာဝန်အား မထမ်းဆောင် …။ တရားဥပဒေစိုးမိုးရေးအား လျစ်လျူရှု၍
နေ… နေကြ၏။ မြို့ တော်ရန်ကုန်အတွင်း ….. နေ့ခ င်းအချိန်အခါ၌ အုပ်စုလိုက် အကြမ်း ဖက် တိုက်ခိုက်မှုကြီး….။

ပြီးလျှင် ….. အကြမ်းဖက် တိုက်ခိုက်သူများက စနစ်တကျနှင့်ပ င် … ကမ္ဘာ အေးဘုရားလမ်းရှိ ယဉ်ေ ကျးမှု တက္ကသိုလ်ဝင်းအတွင်းသို့ အောင်မြင်စွာ ဖြင့် … ဆုတ်ခွာ၍ ၀င်ရောက်သွားကြ၏။
သတ်ကင
ွ်း အတွင်းမှ လွတ်မြောက်ခဲ့ပြီးသည့်ေ နာက် …. ဒေါ်အောင်ဆန်းစုကြည်တို့ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းသို့ပ င် ပြန်ရန် ဆုံးဖြတ်လိုက်၏။

သံလွင်လမ်း နှင့် တက္ကသိုလ်ရိပ်သာလမ်း ဆုံရာတွင်ကား ….. အာဏာပိုင်တို့မှ လမ်း အားပိတ်ထား၏။ ပိတ်ထားသည့် သံဆူးကြိုးခွေများအတွင်း၌မူ …. အရပ်ဝတ်နှင့် လူစုလူေ ၀းကြီး ….။
လမ်း ပိတ်ဆို့မှုအား တာဝန်ယူထားသည့် စစ်ဖက်မှ အရာရှိ၊ ရဲမှူးကြီးနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက သံဆူးကြိုးခွေ၏ အပြင်ဘက်တင
ွ် နေရာယူထားကြ၏။ သူတို့၏ အနီး တွင်လည်း အရပ်ဝတ်များက
ရွိေ နၾက၏။

“ဒုတိယ …. သတ္ကင
ွ်း”

ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်း က …. သံလွင်လမ်းမှ တက္ကသိုလ်ရိပ်သာလမ်းသို့ ချိုးကွေ့လိုက်၏။ လုံခြုံ ရေး တာဝန်ယူထားသည့် အရာရှိများအနီးမှပင် …. အရပ်ဝတ်နှင့် လူ ၂ ဦး
ပြေးထွက်လာ၏။ ဒေါ်အောင်ဆန်းစုကြည်၏ ကားအား ခဲများဖြင့် ပစ်ပေါက်ကြ၏။ ပြီး လျှင် ….. နောက်ဖ က်ဘေးမှန်များ ကွဲနေသည့် ဦးတင်ဦး၊ ဦး ကြည်မောင်တို့၏ ကားအတွင်း သို့ ဓားနှင့် ထိုး၏။ ကား၏
အရှိန်ကြောင့် ဟန်ချက်မမှန်သည့်အတွက် ထိရောက်မှုကား …. မရှိ။ မြို့လယ်ေ ခါင် လူသတ်ပွဲ …..။

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ

- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၁

- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂

- အာဏာရှင်သို့ေ ပးစာ အတွဲ - ၁

- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂

- (န၀တ) ၏ ထုတ်ပြန်ကြေညာချက် ဥပဒေအမှတ် ၅/၉၆

- ၂၀၀၃ ခုနှစ် ဒီပဲယင်း အစီရ င်ခံစာ (NCUB+BLC)

- ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ ဟောပြောပွဲမှတ်တမ်း တိပ်ခွေများ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၂

| သောကြာနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၀၃ မိန စ်

(၁၈၈)

‘ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း’ အား စစ်အုပ်စုသည် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖွဲ့စည်းခဲ့၏။ စစ်အုပ်စု၏ ပုဆိန်ရိုးအသင်း…။ ဗိုလ်မှူး ကြီးသန်းရွှေကိုယ်တိုင်က အသင်းတွင်
(နယက) အဖြစ် တာဝန်ယူ၏။ အလုပ်မှုဆောင်များအားလုံးကမူ စစ်အုပ်စုမှ ထိပ်သီးစစ်ခေါင်းဆောင်ကြီးများပင်….။ အင်ဒိုနီးရှားမှ ‘ဆူဟာတို’ ၏ ‘ဂိုကာ’ ကဲ့သို့ဖွဲ့ခြင်း ဖြစ်၏။ သို့သော် …. ‘ကြံ့ /ဖွံ့’ က
‘ဂိုကာ’ ထက်ပင် လက်ရဲ၊ ဇက်ရဲ နိုင်လွန်း လှ၏။ ‘ဂိုကာ’ ထက် ‘ကြံ့/ဖွံ့’က တလကြီးနေ၏။

၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်းဦးနု ကွယ်လွန်ခြင်း (၁) နှစ်ေ မြာက် နှစ်ပ တ်လည်နေ့ အခမ်းအနားအား သင်္ယန်းကျွန်း မြို့နယ်ရှိ၊ ဇာလီတောင်ဘုန်း တော်ကြီးကျောင်းတွင်
ကျင်း ပ၏။ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု အာဏာပိုင်များက သိရြှိ ပီး …. ‘ကြံ့/ဖွံ့’များအား ဒေါ်အောင်ဆန်း စုကြည်တို့  လာရောက်ပါက ခရမ်းချဉ်သီးများနှင့် ပစ်ပေါက်ကြရန်
ညွှန်ကြားစေခိုင်းထား၏။ သို့သော် …. အခြေအနေ အကြောင်းကြောင်းကြောင့် မဖြစ်ခဲ့….။
၁၉၉၆ ခုနှစ် … သင်္ကြန်၏ နှစ်ဆန်း ၁ ရက်နေ့တွင်လည်း ‘ကြံ့/ဖွံ့’ များကို၊ အသုံးပြုပြီး အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့အား အကြမ်း ဖက်တိုက်ခိုက်ရ န် အာဏာပိုင်များမှ
ကြံကြပြန်၏။ ထိုစဉ်ကလည်း … အာဏာပိုင်များ၏ အကြံအား … ‘ကြံ့/ဖွံ့’ တို့မှ မစွမ်း ဆောင်နိုင်ခဲ့ကြပြန်။ ထိုနောက်တွင်မူ …. (နအဖ) ခေါင်းဆောင်တို့သည် ‘ကြံ့/ဖွံ့’ တို့ကို၊ ဒေါ်အောင်ဆန်းစုကြည်နှင့်
အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်အား အကြမ်းဖက်တိုက်ခိုက်ချေမှုန်းရန် ပြောင်ပြောင်တင်း တင်း ညွှန်ကြားလာကြ၏။ အမိန့်ေ ပးစေခိုင်း လာခဲ့ကြ၏။ ဆော်သြ၍လာခဲ့ကြ၏။

၁၉၉၆ ခုနှစ် နိုဝ င်ဘာလ ၁ ရက်နေ့မှစ ၍ ‘ကြံ့/ဖွံ့’အတွင်း ရေးမှူး ဦးဝင်းစိန် (စစ်အုပ်စု၏ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနမှဝန်ကြီး) သည် ကသာခရိုင်အတွင်း ‘ကြံ့/ဖွံ့’ အဖွဲ့ဝ င်အင်အား စုဆောင်းရေးခရီး
ဆင်း ၏။ အဖွဲ့ဝ င်အင်အား စုဆောင်းခြင်းဟူသည်မှာလည်း စစ်အုပ်စု၏ အာဏာစက်နှင့် လူထုအား ‘ကြံ့ /ဖွံ့’ အတွင်း မဝင်မနေရ …. ဝင်ခိုင်းခြင်းပင်။ ပြီးလျှင် …. အဖွဲ့ဝင်အဆိုပြုလွှာ ပေးအပ်ခြင်း
အခမ်းအနားအား ပြုလုပ်ြ က၏။ ရွာ သားများကား …. ရွာသူကြီး၏ အမိန့်နှင့် အခမ်းအနားသို့ တက်ရောက်ကြရသည်။

၁၉၉၆ ခုနှစ် နိုဝ င်ဘာလ ၁ ရက်နေ့တွင် အင်းတော်မြို့ နယ်၊ လယ်ပြင်ကျေးရွာ မူလတန်းကျောင်း၌ ‘ကြံ့/ဖွံ့’ အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားအား ဦးဝင်းစိန် ပြုလုပ်၏။ အခမ်းအနားတွင် ဦးဝင်းစိန်က
မိန့်ခွန်းပေး၏။ သူ၏ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းအား ထည့်၍ပြောသည်။ ဒေါနှင့်ေ မာနှင့်ဟော၏။ ပြော၏။ အကြောင်း အရာများက လူထုပင် နားနှင့်မနာဝံ့သည့်
စစ်အုပ်စုဝန်ကြီးတဦး၏ စကားများ…..။

“ဒေါ်အောင်ဆန်း စုကြည်သည် မိခင်ဒေါ်ခင်ကြည်နှင့်အတူ အိန္ဒိယပြည်၌ နေထိုင်စ ဉ် ကုလားတယောက်နှင့် သမီး ရည်းစားဖြစ်ခဲ့ကြောင်း၊ မိခ င်ကြီး မြန်မာပြည်သို့ ပြန်လာသည့်အခါ သူမ
လိုက်ပါလာခြင်းမရှိကြောင်း၊ အင်္ဂလန် ‘ဘူး’ ကြီး တယောက်က သနား၍ မွေးစားခဲ့ကြောင်း၊ ကျောင်းပြေးပြီး တက္ကသိုလ်ရောက်ခဲ့ကြောင်း၊ ထို့နောက် ကုလသမဂ္ဂတွင် စာရေးသာသာအဆင့်နှင့်
အလုပ်လုပ်ခဲ့ရကြောင်း … ၎င်းအချိန်မှာ လက်ရှိခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်နှင့် အိမ်ေ ထာင်ကျကြောင်း၊ မိုက်ကယ်အဲရစ်မှာ အာမေးနီးယန်းတယောက်နှင့် ကုလားမတယောက်မှမွေးသော သားဖြစ်၍
အင်္ဂလန်ေ သွးသားမစစ်သော ကုလားကပြားဖြစ်ကြောင်း … ၎င်းနှင့် ကလေးနှစ်ေ ယာက်ရခဲ့ကြောင်း၊ ဆင်း ရဲမွဲေ တ၍ ကလေးများကို ကျောင်းပင် မထားနိုင်ခဲ့ကြောင်း၊ မိခ င်ဒေါ်ခင်ကြည် နာမကျန်း၍
အသဲအသန်ဖြစ်နေကြောင်းကို အင်္ဂလန်နိုင်ငံရှိ မြန်မာသံအမတ်ကြီးမှ ၂ ကြိမ် ခေါ်ယူအသိပေးမှ မြန်မာပြည်သို့ ပြန်လာကြောင်း … ၎င်းကိစ္စနှင့်ပ တ်သက်၍ ပြဿနာဖြစ်ပွားခဲ့ဖူး ရာ ဦး နေဝင်းကိုယ်တိုင်
သွားရောက်ေ ဖြရှင်း ပေးခဲ့ရကြောင်း၊ သူမ မြန်မာပြည်ပြန်လာစဉ် တိုင်း ပြည် ချောက်ထဲကျလုနီးချိန် ဖြစ်နေကြောင်း၊ နဝတမှ အချိန်မီ ကယ်တင်ပြီး တိုင်းပြည်အေးချမ်းအောင် ဆောင်ရွက်ပြီး ကာမှ သူမ
ခေါင်းဆောင်ဝင်လုပ်ချင်ကြောင်း…။

‘စဉ်းစားကြည့်စမ်းပါ’ သွေးမစစ်တဲ့ နိုင်ငံခြားသားကို ယူထားတဲ့ မိန်းမတယောက်ဟာ တိုင်းပြည်တိုးတက်အောင် ဘယ်လိုလုပ်နိုင်မှာ လဲ” ဟူ၍ လူထုအား မေးခွန်းထုတ်နေပြန်၏။ ပြီးလျှင်…..

“သူမ ဆင်းရဲမွဲတေချိန်မှာ နိုင်ငံခြားတိုင်း ပြည်များက နိုလ်ဘယ်လ်ဆုအပါအဝင် အခြားဆုများလည်း ပေးခဲ့ကြောင်း၊ ယခုအချိန်တွင် သူမသည် သန်း ကြွယ်သူဋ္ဌေးမကြီး ဖြစ်နေပြီဖြစ်ကြောင်း ၎င်းငွေတွေနဲ့
အင်္ဂလန်မှာ သုံးထပ်တိုက်တွေ ဆောက်၊ သားတွေကို အကောင်းဆုံးသော ကျောင်းတွေမှာ ကျောင်းထားပေးနေပြီဖြစ်ကြောင်း … ပြောဆို၍ ဒါကြောင့် သူမကို တိုင်းပြည်မှ ဖယ်ရှားပစ်ရမယ်၊
သုတ်သင်ပစ်ရမယ်”
“သူမ ကို တိုင်း ပြည်က ဖယ်ရှားပစ်ရမယ်….. သုတ်သင်ပ စ်ရ မယ်”
“သုတ်သင်ပ စ်ရမယ်”
“သုတ်သင်ပ စ်ရမယ်”

စစ်အုပ်စုခေါင်းဆောင် ဦးဝင်းစိန်သည် တယောက်ထဲ လူထုေ ရှ့ထွက်၍ ကြုံးဝါး၍နေသည်။ ကြိမ်းမောင်း၍နေ၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူလူချင်း၊ တုတ်တုတ်ချင်း၊ ဓါးဓါးချင်း ရိုက်သင့်ရ င်
ရိုက်ရ မည်ဖြစ်ကြောင်းလည်း ဆို၏။ ပြီး လျှင်…..
“အောင်ဆန်းစုကြည်ကို သတ်ရဲလား”
“ အောင်ဆန်း စုကြည်ကို သတ်ရလ
ဲား”
“အောင်ဆန်းစုကြည်ကို သတ်ရဲလား” ဟူ၍ လေးငါးကြိမ်မျှ … ထပ်ခါ၊ထပ်ခါ မေးမြန်း၍နေပြန်သည်။ သုံးထောင်ခန့်ရှိသည့် လူထုကြီးကမူ …. တုပ်တုပ်မျှမလှုပ်…..။ ပြန်၍ဖြေကြားသံက မကြားရ….။
ငြိမ်၍နေ၏။ အံ့သြစွာနှင့် စစ်အုပ်စုခေါင်းဆောင် ဝန်ကြီးဆိုသူအား ကြောင်၍ကြည့်နေကြ၏။

စစ်အုပ်စုကမူ စကားတွင်းမှ ဇာတိပြ၍နေလေပြီ။

(၁၈၉)
၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်….။
လှည်းတန်း….။
စစ်အုပ်စုအပေါ် မကျေမနပ်ဖြစ်မှုများက ရန်ကုန်ရှိ တက္ကသိုလ် ကျောင်းသားထုအတွင်း ၌ တိုးပွား၍လာနေ၏။ အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်ေ စ်ာဘွားကြီးကုန်းရှိ စားသောက်ဆိုင်တခုအတွင်း
ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်း သားတဦးအား ရဲမှ လက်ထိပ်ခ တ်၍ ရိုက်နှက်ခဲ့သည့် အမှုအခင်းနှင့် ဥပဒေမဲ့ ပြုကျင့်ခဲ့သည့် ထိုရဲဝ န်ထမ်း အား ဥပဒေအတိုင်း အရေးယူပေးရန် ကျောင်းသားများက
တောင်းဆိုထားခဲ့၏။ အာဏာပိုင်များက မည်သို့မျှ အရေးမယူ….။ ဤအရေးအပေါ် ကျောင်းသားများက မကျေနပ်ကြ….။
ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းအတွင်း၌ ကျောင်းသားများ ဆန္ဒပြကြ၏။ ရန်ကုန် စက်မှုတက္ကသိုလ်ဆန္ဒပြမှုက ကြိမ်မီးအုံကဲ့သို့နှင့်…။ ရန်ကုန်၊ ဝိဇ္ဇာ ၊ သိပ္ပံတက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်လှိုင်န ယ်မြေ၊
ရန်ကုန် တက္ကသိုလ် ဗိုလ်တထောင်နယ်ေ မြ၊ ရန်ကုန် တက္ကသိုလ် ကြည့်မြင်တိုင်န ယ်မြေရှိ ကျောင်းသားထုအတွင်းသို့ပ င် ပျံ့၏။ ကျောင်းသားအရေးဖြစ်၍ ကျောင်း သားများအားလုံး ပါဝင်လာကြသည်။

၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ …. ညတွင် လှည်းတန်းလမ်းဆုံ၌ … ကျောင်းသားများအားလုံး စုရုံး ကြရန် စီစ ဉ်ကြ၏။ အောက်တိုဘာလက စော်ဘွားကြီး စားသောက်ဆိုင်အတွင်း
ကျောင်းသားတဦးအား ရဲဝန်ထမ်းတဦးမှ ဥပဒေမဲ့ ပြုမူရမ်းကားခြင်းအား ကျောင်းသားတို့ ယခုကဲ့သို့ ခံေ နကြရခြင်းသည် အမှန်စင်စစ် တခုတည်းသော အဖြေက …. ကျောင်းသားထုအား
အကာအကွယ်ပေးမည့် အဖွဲ့အစည်းဟူ၍ မရှိသောကြောင့် ဖြစ်သည်။ ဤအတွက် ကျောင်းသားထု၏ တောင်း ဆိုချက်က … တချက်တည်းပင် … ကျောင်းသားသမဂ္ဂ ဖွဲ့စ ည်းရေး….။

ည (၈းဝဝ) နာရီခန့်မှစ၍ လှည်းတန်းလမ်းဆုံသို့ … ကျောင်းသားများ တဖွဲဖွဲနှင့် စုရုံး ရောက်ရှိလာကြ၏။ ခဏငယ်အတွင်းမှာပင် ကျောင်းသားထုက သုံးထောင်ခန့် ရှိ၍လာသည်။ လူထုပရိသတ် နှင့်
ရဟန်းပရိသတ်များက လှည်းတန်းလမ်းဆုံရှိ ပလက်ဖောင်းများပေါ်မှ ကျောင်းသားတို့အား ရပ်ကြည့်၍ အားပေးကြ၏။ လူပရိသတ်၊ ရဟန်းပရိသတ်သည်လည်း အင်အား ခုနှစ်ေ ထာင်မျှ ရှိမ ည်။
ခွပ်ဒေါင်းအလံက ရန်ကုန်မြို့၏ ညဦးယံတွင်… လေ၌လွှင့်၍ဝဲလျက် ….။ စစ်အုပ်စု၏ ဝန်ကြီးဦးပန်းအောင် လှည်းတန်း လမ်းဆုံသို့ ရောက်လာပြီး … ကျောင်းသားများနှင့် တွေ့၏။ ကျောင်းသားထုအား
လူစုခွဲပေးပါရန် အချိုသတ်၏။ ပြီး လျှင် …. လူစုမခွဲပါက စစ်အင်အားနှင့် ဖြိုခွင်းကြလိမ့်မ ည်ဟုလည်း ဆို၏။ ကျောင်းသားထုက ဦး ပန်းအောင်အား တောင်းဆိုချက် ၂ ရပ်အား တောင်းဆိုလိုက်၏။

“ဥပဒေမဲ့ ကျူးလွန်ခဲ့သည့် ရဲဝန်ထမ်းအား ဥပဒေနှင့်အညီ အရေးယူေ ပးရန်”


“ကျောင်းသားသမဂ္ဂ တရားဝင် ဖွဲ့စည်းပေးရန်”…. ။
ဦး ပန်းအောင်အနေနှင့်က ကျောင်း သားထုကြီး၏ တောင်း ဆိုချက် ၂ ရပ်စလုံးအား မည်သို့မျှ မစွမ်းဆောင်နိုင်…။ လှည့်ပြန်သွားခဲ့၏။

မကြာ…။
တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်း မကြီးများဆီမှ စစ်သားများအပြည့်နှင့် စစ်ကားကြီးများ မောင်းနှင်၍ ချီတက်လာခဲ့၏။
ငါးမိနစ်အတွင်း ကျောင်းသားထုအား လူစုခွဲပေးရန်လည်း အသံချဲ့စက်များဖြင့် အမိန့်ပေးနေ၏။ အဆက်မပြတ် …. ။ လူစုကြီးသည် အနည်းငယ် ရှဲ၍ကျဲသွား၏။ စက္ကန့်င ယ်ပေါင်း သုံးရာ့ငါးဆယ်သည်
မကြာ…။ ပထမ… မီးများအားလုံးအား ဖြတ်လိုက်သည်။ လှည်းတန်း သည် ချက်ချင်း အမှောင်ထုအတွင်း ရောက်သွား၏။ ဒုတိယ … မီးသတ်ကားများ အရှေ့သို့ တက်လာ၏။ ဝဲယာတွင်က
လုံခြုံရေးတပ်သားများ ဝန်းရံလျက် …။ မီး သတ်ပိုက်များနှင့် ကျောင်းသားထုအား ထိုးခွဲ၏။ မကွဲ…။ လမ်းမပေါ်ရှိ ကျောင်းသားထုအား စစ်သားများက ဝိုင်းတားလိုက်ကြ၏။

ပလက်ေ ဖာင်းတလျှောက်တွင်မူ လုံခြုံရေးတပ်သားတို့က မဲမဲမြင်သမျှ လိုက်လံ၍ရိုက်၏။ ဖမ်းဆီး၏။ အပြိုပြိုအလဲလဲ …။ အကွဲကွဲအပြဲပြဲ …။ သန်း ခေါင်းယံ လူသတ်ပွဲကြီးတစ်ရပ်အား
အာဏာသိမ်းအစိုး ရသည် ဆင်နွှဲ၍နေသည်။ လှည်းတန်း က … အရုပ်ဆိုးအကျည်းတန်နေ၏။

ညက… မှောင်မှောင်မဲမဲ…။ အေးစိမ့်မှု့က… နက်န က်ရှိုင်း ရှိုင်း….။ ကျောင်းသားတရာကျော်အား အာဏာပိုင်များက ဖမ်းဆီးလိုက်၏။ T.E.11 ကားကြီးများဖြင့် ကျိုက္ကဆံကွင်း သို့ ခေါ်ဆောင်သွားကြ၏။

အာဏာပိုင်များက …. တက္ကသိုလ်ရိပ်သာလမ်းအား ပိတ်ထားလိုက်ပြန်သည်။

“Fascist Disneyland Night”

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၁
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- (နဝတ) ၏ ထုတ်ပြန်ကြေညာချက် ဥပဒေအမှတ် ၅/၉၆
- ၂ဝဝ၃ ခုနှစ် ဒီပဲယင်း အစီရ င်ခံစာ (NCUB+BLC)
- ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ ဟောပြောပွဲမှတ်တမ်း တိပ်ခွေများ
- ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာ ကျောင်းသားအရေးတော်ပုံတွင် ပါဝင်ခဲ့သည့် စက်မှုတက္ကသိုလ်ကျောင်းသား အောင်မြတ်သူ (ကဗျာဆရာ AMT) နှင့် တွေ့ဆုံမေးမြန်းခြင်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၃

| တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၁၆ မိနစ်

(၁၉ဝ)

၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်။


မဲသရောထာ…။
၁၉၉၅ ခုနှစ် မာနယ်ပလောကျဆုံးခဲ့ပြီးသည့်ေ နာက် ကရင့်အမျိုးသားအစည်းအရုံး KNU ဗဟိုနှင့် တပ်ေ ပါင်းစုသည် KNU တပ်မဟာ ၆ နယ်မြေအတွင်း ရှိ ‘ထီးခယ်ဖ လှယ် ’ နှင့် ‘စခန်းသစ်’ သို့ရွှေ့၏။ KNU
ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဘိုမြက ‘ထီးခယ်ဖလှယ် ’ တွင် နေ၍ အထွေထွေအတွင်း ရေးမှူးဖြစ်သည့် ပဒိုမ န်းရှာလားဖန်က ‘စခန်းသစ်’ တွင် ရှိ၏။ စစ်ရေး၊ နိုင်ငံေ ရး လုပ်င န်းများဖြင့် အချိန်ပြည့်ပ င်
အလုပ်များ၍ နေကြသည်။

၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှစ ၍ တိုင်းရင်းသားလူမျိုးများ နှီး နှောဖလှယ်ပွဲတရပ်အား KNU မှ ကမကထပြု၍ ‘မဲသရောထာ’ တွင် ပြုလုပ်၏။ မဲသရောထာက KNU တပ်မဟာ ၆ စစ်ဒေသအတွင်း ရှိပြီး
KNU တို့ စိုးမိုးထားသည့် နေရာဖြစ်သည်။ အဇင်းရွာကြီးနှင့် နီး၏။ မဲသရောထာချောင်းဘေးတွင် ရှိသည့် KNU ၏ အခြေခံဒေသတခု….။

တိုင်း ရင်းသားလူမျိုးစု အဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့နှင့် ပုဂ္ဂလိက လူမျိုးစုကိုယ်စားလှယ်များ စုစုပေါင်း ၁၁၁ ဦး တက်ရောက်နှီးနှောကြသည့် တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကြီး ဖြစ်သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ကယန်းပြည်သစ်ပါတီ KNLP စသည့် နအဖနှင့် အပစ်အခတ်ရပ်စဲထားကြသည့် ‘ငြိမ်း’ အဖွဲ့များလည်း တက်ရောက်ကြ၏။
မာနယ်ပလောလွန်ကာလ၏ အကြီးမားဆုံးသော တိုင်း ရင်းသား နှီး နှောဖလှယ်ပွဲကြီးဟု ဆိုရမည်။ ၈ ရက်ကြာ… နှီးနှောဖလှယ်ပွဲကြီးက… အဆုံး၌ …. ရလဒ်ေ ကာင်းများအား ထုပ်ပိုးနိုင်ခဲ့ကြ၏။
၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ‘မဲသရောထာ’ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲ၏ ထုတ်ပြန်ကြေညာချက်အား ထုတ်ပြန်သည်။ ထုတ်ပြန်ကြေညာချက်တွင်က … ဆုံးဖြတ်ချက် ၇
ချက်နှင့် သဘောတူညီချက် ၁ဝ ချက်တို့အား ဖော်ပြထား၏။ သဘောတူညီချက်များအား ချုပ်ကြည့်လျှင်…..

“ - စစ်အာဏာရှင်စ နစ် ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်း ချမ်းရေး တည်ဆောက်ရ န်၊


- ဒီမိုကရေစီစနစ် နိုင်ငံရေးတည်ဆောက်ရန်၊
- လူမျိုးတိုင်း တန်းတူေ ရးနှင့် ကိုယ်ပိုင်ြ ပဋ္ဌာန်းခွင့် အခွင့်အရေးရရှိရန်၊
- ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရ န်…ဟူ၍ ဖြစ်သည်။ ” ပြီးလျှင်…

“လက်ရှိ နဝတဦးစီးကျင်းပနေသော အတုအယောင် အမျိုး သားညီလာခံသည် စစ်အာဏာရှင်စ နစ် ဆက်လက်တည်မြဲေ ရးအတွက် ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအတွက် အခွင့်အရေး လုံးဝရနိုင်မည်
မဟုတ်သည့်အတွက် ၎င်း နဝတအမျိုးသားညီလာခံကို ကျွန်ုပ်တို့ တိုင်း ရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက ‘လုံးဝ’ အသိအမှတ်မ ပြုကြောင်းနှင့် ၎င်းညီလာခံကို ဆန့်ကျင်တိုက်ပွဲဝင်သွားကြမည်”

တွေ့ဆုံေ ဆွးနွေးရေးနှင့်ပတ်သက်၍ ….“ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဆုံးဖြတ်ထောက်ခံထားသည်သာမက၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း


သဘောတူထားသော သုံးပွင့်ဆိုင် တွေ့ဆုံေ ဆွးနွေးပွဲကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူလက်ခံသည်”

“အာဆီယံနှင့်ပ တ်သက်၍မူ …..“နဝတ အုပ်ချုပ်နေသော ကာလအတွင်း၊ မြန်မာပြည်သား အာဆီယံအဖွဲ့ဝ င်အဖြစ် လက်ခံခြင်းကို အတတ်နိုင်ဆုံး ဆိုင်းငံ့ထားပေးပါရန် အာဆီယံသို့ ပန်ကြားလွှာ
ပေးပို့သွားမည်”

အဆုံးတွင်မူ …..“ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် စစ်အာဏာရှင်ကြီး စိုးမှု ဖျက်သိမ်း ရေး၊ ဒီမိုကရေစီအရေး လူထုတိုက်ပွဲကို လေးနက်စွာ ထောက်ခံသည်”

သဘောတူညီချက်များအား လူမျိုးစုတိုင်းရင်းသားခေါင်းဆောင် အသီးသီးက လက်မှတ်ရေးထိုးကြ၍ ထုတ်ပြန်ခြင်း ဖြစ်၏။ KIO မှ ဗိုလ်မှူး ကြီး ဇော်ဆိုင်း ၊ KNU မှ ဗိုလ်ချုပ်ကြီးစောဘိုမြ၊
မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာ၊ KNPP မှ ဗိုလ်ချုပ်အောင်သန်း လေးတို့ကိုယ်တိုင် သဘောတူညီချက်တွင် လက်မှတ်ေ ရးထိုးကြ၏။

မဲသရောထာ နှီးနှောဖလှယ်ပွဲသတင်း အား BBC, VOA, DVB သတင်း ဌာနများက ပြည့်ပြည့်စုံစုံပ င် ထုတ်လွှင့်ေ ပးကြ၏။ ဒေါ်အောင်ဆန်း စုကြည်က …. မဲသရောထာ တိုင်း ရင်းသား လူမျိုးများ
နှီး နှောဖလှယ်ပွဲသတင်းအား လှိုင်း တိုလေဒီယိုလေးမှတဆင့် သိရ၏။ သတင်းနားထောင်ရင်း…. ဒေါ်အောင်ဆန်း စုကြည်၏ ရင်အတွင်း၌မူ ….. နွေးထွေးကြည်မောစွာနှင့် လှုပ်လှုပ်ခတ်ခ တ်….။
ပြည်ထောင်စုသစ်ဆီသို့ ချီရာခရီးလမ်းက တလမ်းတည်းဖြစ်၍ သွားလေပြီ။

(၁၉၁)
ဒေါ်အောင်ဆန်းစုကြည်၏ နေ့စဉ်ဘဝအတွင်း နိုင်ငံေ ရးအလုပ်များဖြင့် ပြည့်သိပ်၍ နေသကဲ့သို့…. သတင်းစာဆရာများ၊ စာရေးဆရာများအား လက်ခံေ တွ့ဆုံ၍ မေးသမျှကို ဖြေပေးနေရသည်မှာ လည်း
အလုပ်တခုပ င် ဖြစ်၍နေသည်။ အမေရိကန်သတင်း စာဆရာ …စာရေးဆရာ မစ္စတာ Alan C lement က သူရေးမည့် “Aung San Suu Kyi Winner of the 1991 Nobel Prize The Voice of Hope ”
စာအုပ်အတွက်၊ ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်ဖြင့် ပြန်လွတ်ခဲ့ပြီးသည့်နောက် … အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ အကြိမ်ကြိမ်လာရောက်၍ ဒေါ်အောင်ဆန်း စုကြည်နှင့်
တွေ့ဆုံေ မးမြန်းနေခဲ့သည့် သတင်းစာဆရာ၊ စာရေးဆရာ ဖြစ်သည်။ သူ၏ The Voice of Hope အား ၁၉၉၇ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်နိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း မစ္စတာ Alan
Clement က ဒေါ်အောင်ဆန်းစုကြည်အား ရှင်းပြ၏။

နှစ် ၅ဝ ပြည့် …ရွှေရတု ပြည်ေ ထာင်စုနေ့ အခမ်းအနားအတွက် ပြင်ဆင်ေ နသည့်အကြားမှပင် ဒေါ်အောင်ဆန်း စုကြည်က မစ္စတာ Alan C lement အား အချိန်ဖဲ့ပေး၍ လက်ခံေ တွ့ဆုံလိုက်သည် ။

မစ္စတာ Alan C lement က တောင်အာဖရိကမှ သမ္မတ နယ်ဆင်မင်ဒဲလား၏ ‘ လွတ်မြောက်ေ ရးသို့ ခရီးရှည်’ စာအုပ်မှ …. “၁၉၆၁ မှာ အကြမ်းမဖက်၊ နှလုံးရည်လှုပ်ရှားမှုရဲ့ နေ့ရက်များဟာ
ကုန်ဆုံးခဲ့ပြီဖြစ်တယ်။ ကျနော်တို့မှာ အကြမ်းဖက်တိုက်ပွဲကလွဲလို့  …..တခြားရွေးချယ်စရာလမ်း မရှိတော့ဘူး…” ဟူသည့် စာပိုဒ်အား ကောက်နုတ်၍ ထောက်ပြပြီး…

“မယ်ဒဲလ်လားက အတိုက်အခံလုပ်ဖို့ ကျနော် တကယ့်ကို ယုံကြည်တာဖြစ်တယ်။ အကြမ်း မဖက်လှုပ်ရှားမှုဟာ အမှန်တကယ် အလုပ်မ ဖြစ်တော့တဲ့အခါမှာ စွန့်ပယ်သင့်တဲ့ နည်းဗျူဟာတခုဖြစ်ပြီး
ကျွန်ုပ်တို့ ပြည်သူလူထုကို တခြားနည်းလမ်းများ မညွှန်ပြဘဲနဲ့ အစိုးရရဲ့ လက်နက်နဲ့ တိုက်ခိုက်နှိမ်န င်းမှုကို ခံရစေခြင်းဟာ မှားယွင်း ပြီး ယုတ်မာကောက်ကျစ်တာ ဖြစ်တယ်လို့  သူက ပြောဆိုခဲ့တယ်။
ဒါပေမဲ့ ခင်ဗျားအမြင်မှာ ကျနော့်အထင် မှန်ခဲ့ရ င်ပေါ့လေ၊ အကြမ်းမဖက် နိုင်ငံေ ရးလှုပ်ရှားမှုများဟာ ကိုယ်ကျင့်တရားနဲ့ ဝိဥာဉ်ဆိုင်ရာ အခြေခံမူများဖြစ်ပြီး နိုင်ငံေ ရးဆိုင်ရာ နည်းဗျူဟာတရပ်
မဟုတ်ဘူးလို့ ခင်ဗျား မြင်နေပါသလား”….ဟူ၍ မစ္စတာ Alan Clement က… ပထဆုံးမေးခွန်း မေး၏။

မစ္စတာ Alan C lement ၏ စကားဆုံးသည်နှင့် ဒေါ်အောင်ဆန်း စုကြည်က ချက်ချင်းပင် ပြန်၍ဖြေသည်။

“မဟုတ်ပါဘူး။ လုံးဝကို မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံရေးဆိုင်ရာ နည်းဗျူဟာတရပ်ပဲ ဖြစ်တယ်။ မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်း မှုများဟာ အကြမ်း ဖက်မှုများနဲ့ အခြေအနေတွေကို
ပြောင်းလဲကြတာ ဖြစ်တယ်။ ကျမကတော့ ဒါမျိုးကို အားမပေးချင်ဘူး။ အကြမ်းဖက်မှုနဲ့ အပြောင်းအလဲတွေကို အကောင်အထည်ေ ဖ်ာတဲ့ ဒီလိုအစဉ်အလာမျိုးကို မကျူးလွန်ချင်ဘူး။
ဘာကြောင့်လဲဆိုတော့ ကျမစိုးရိမ်တာက ကျမတို့ဟာ ဒီလိုနည်း မျိုးနဲ့ ဒီမိုကရေစီကို တည်ေ ဆာက်ခဲ့ရင် အကြမ်းဖက်တဲ့နည်းနဲ့ လိုအပ်တဲ့ အပြောင်းအလဲတွေကို အကောင်အထည် ဖော်နိုင်တဲ့ စိတ်ကူးကို
ကျမတို့ ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့ရတော့မှာ မဟုတ်ဘူး။ ဒီနည်းလမ်းက ကျမတို့ကို အချိန်တိုင်း ခြောက်လှန့်နေလိမ့်မ ယ်။ ဒီမိုကရေစီစနစ်ကို သဘောမကျတဲ့သူတွေလည်း ရှိနေကြတာပဲ။
တကယ်လို့ အကြမ်း ဖက်တဲ့ နည်းလမ်းနဲ့ ဒီမိုကရေစီကို ကျမတို့ တည်ဆောက်ခဲ့မ ယ်ဆိုရင် သူတို့ဟာ အကြမ်း ဖက်တဲ့ နည်းနဲ့ စနစ်တခုကို ပြောင်းလဲသွားတာပဲ၊ ငါတို့သာ သူတို့ကို အပေါ်စီးရနိုင်တဲ့
အကြမ်းဖက် နည်းမျိုးကို ပိုပြီး ကောင်းအောင် လုပ်နိုင်ခဲ့ရ င် ငါတို့ပြန်ပြီး အာဏာရမှာပဲ…လို့ တွေးမိတဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အမြဲတစေ ဆန့်ကျင်နေတဲ့ သဘောထားတင်းမာသူများ ရှိလာလိမ့်မယ်။
ဒါဆိုရင် ကျမတို့အားလုံးဟာ မကောင်းကျိုး၊ ကြမ္မာဆိုး သံသရာဝဲသြဂထဲမှာ တဝဲလည်လည်ဖြစ်နေရဦးမှာ ဖြစ်တယ်။ ကျမအတွက်တော့ အကြမ်း ဖက်မှုဟာ မှန်ကန်တဲ့ နည်း လမ်းမဟုတ်ဘူးဆို တဲ့
အချက်က ဝိဥာဉ်ပိုင်း ဆိုင်ရာ ယုံကြည်မှုဖြစ်သလို နိုင်ငံေ ရးနည်းဗျူဟာလည်း ဖြစ်ပါတယ်။”
ဧည့်ခန်း သည် တိတ်ဆိတ်၍နေသည်။ မစ္စတာ Alan C lement က သူ၏ Note Book အတွင်း တစုံတရာ ရေးခြစ်၍နေ၏။ နှင်းငွေ့ကင်း သည့်လေသည် ခန်းဆီးစအား ပွတ်တိုက်ကျော်ဖြတ်ရင်း
ဧည့်ခန်း အတွင်းသို့ တိုးဝင်လာ၏။ ခရီးနှင်လာသည့် လေနှင့်အတူ ရီဝေဝေငုပန်းရနံ့က ကပ်၍ပါလာ၏။

သတင်းစာဆရာက ဒေါ်အောင်ဆန်း စုကြည်အား ထပ်ဆင့်၍ မေးခွန်းထုတ်ပြန်သည်။ မစ္စတာ Alan C lement က သူလိုချင်သည့် အဖြေတခုကို မရမက လှည့်ပတ်၍ မေးမည့်ဟန်နှင့်…..။

“ဒါပေမဲ့ အကြမ်းမဖက် လှုပ်ရှားမှုနည်းလမ်းဟာ အကျိုးမဖြစ်ထွန်းတော့ဘူးလို့ ခင်ဗျား သိမြင်လာတဲ့အခါမှာ ခေါင်းဆောင်တယောက်အနေနဲ့ ခင်ဗျားရဲ့ နှလုံးရည်တိုက်ပွဲန ည်းနာကို ပြောင်းဖို့ ခင်ဗျားမှာ
တာဝန်ရှိတယ် မဟုတ်လား။ ဒါမှမဟုတ် ဘာပဲဖြစ်လာလာ ကိုယ်ကျင့်တရားဆိုင်ရာ စွဲလမ်း မှုကြောင့် အကြမ်းမဖက်တဲ့ နှလုံးရည်တိုက်ပွဲကို ထိန်း သိမ်းသွားမယ့် သဘောထားကိုပဲ ချမှတ်သွားမှာလား”

မစ္စတာ Alan C lement ၏ အမေးအား ဒေါ်အောင်ဆန်း စုကြည်သည် တလုံးချင်း ဖြည်းဖြည်းမှန်မှန်ပင် ပြန်၍ဖြေ၏။


“ကျမတို့ဟာ အမြဲတမ်း စုပေါင်းဆုံးဖြတ်ကြတယ်ဆိုတာ ရှင်သိပါတယ်။ ကျမဟာ ဒီမိုကရေစီ အဖွဲ့အစည်းတရပ်ရဲ့ အစိတ်အပိုင်းတရပ် ဖြစ်နေသ၍ ဆုံးဖြတ်ချက်များကို လိုက်နာမှာပါ”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အဖြေစကားအား ခေတ္တခဏမျှ ရပ်နားလိုက်၏။ ပြီး လျှင် …. ပိုမို၍ လေးနက်တည်ငြိမ်စွာနှင့်…

“အကြမ်း ဖက်တိုက်ပွဲဝ င်မှုကို အကောင်အထည်ဖော်နေတဲ့ ကျောင်းသားများနဲ့ အခြားသူများကို ကျမနဲ့ မဆိုင်ဘူးရယ်လို့ ဘယ်တုန်း ကမှ မငြင်းဆိုခဲ့ဘူးဆိုတာ ကျမ အမြဲပြောခဲ့ပါတယ်။ သူတို့ရဲ့
ရည်မှန်း ချက်များဟာ ကျမတို့နဲ့ တထပ်တည်းဖြစ်ကြောင်း ကျမတို့ သိပါတယ်။ သူတို့ဟာ ဒီမိုကရေစီကို လိုချင်တယ်။ အဲဒါရဖို့ အကောင်းဆုံးနည်းလမ်းက လက်နက်ကိုင်လမ်း စဉ်ဖြစ်တယ်လို့ သူတို့
ထင်မြင်ကြတယ်။ ကျမတို့လိုချင်တာကို တည်ဆောက်တဲ့ မှန်ကန်တ့န
ဲ ည်းလမ်းကို ကျမတို့ လက်ဝါးကြီးအုပ်ထားမယ်လို့ ကျမတို့ မပြောပါဘူး။ အလားတူပဲ ကျမတို့က သူတို့ရဲ့ လုံခြုံမှုကို
အာမမခံနိုင်ပါဘူး။ အကြမ်း မဖက် လှုပ်ရှားမှုလမ်းကြောင်းမှာ ကျမတို့ေ နာက်က လိုက်ပါ။ မင်းတို့ အကာအကွယ် ရပါလိမ့်မယ်လို့ ဒါမှမဟုတ် ငါတို့မှာ ဆုံးရှုံးမှုမရှိဘဲ အောင်မြင်ပါလိမ့်မယ်လို့ ကျမတို့
မပြောနိုင်ပါဘူး။ ဒါဟာ ကျမတို့ ဆောင်ကြဉ်း မပေးနိုင်တဲ့ ကတိစ ကားတွေပါ။ ကျမတို့ဟာ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ နည်းလမ်းကို ရွေးချယ်ခဲ့တာ ဘာကြောင့်လဲဆိုတော့ လက်နက်ကို
အသုံးမပြုဘဲ အပြောင်းအလဲများကို ဆောင်ကြဉ်းနိုင်မယ့် အရာကို တည်ဆောက်ဖို့ရာ အကြွင်းမဲ့ နှလုံးရည်တိုက်ပွဲနည်းနာဟာ ရေရှည်မှာ တိုင်း ပြည်အတွက် နိုင်ငံေ ရးအရ ပိုမိုသင့်တော်မယ်လို့ ကျမတို့
ယူဆလို့ပါပဲ။ အစဦးကတည်းက အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေဟာ ရှင်း ရှင်း လင်းလင်းပဲ ဖြစ်ပါတယ်။ ဒီမှာ ကျမတို့ဟာ စိတ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အနည်းငယ်မျှ မစဉ်းစားပါဘူး။
ဒီအသိတရားမှာတော့ အကြမ်း မဖက်တဲ့ နည်းလမ်းမဟုတ်တဲ့ လှုပ်ရှားမှုအားလုံးကို ပြစ်တင်ရှုတ်ချကောင်း ရှုတ်ချလိမ့်မယ်ဖြစ်တဲ့ မဟတ္တဂန္ဒီနဲ့တော့ ကျမတို့ ထပ်တူထပ်မျှ ရှိချင်မှ ရှိပေလိမ့်မယ်။
ကျမကတော့ မသေချာဘူး။ ဒါပေမဲ့ တချိန်မှာ သူက အကယ်၍ အကြမ်း မဖက်မှုနဲ့ သူရဲေ ဘာကြောင်မှု နှစ်ခုအနက် တခုခုကို ရွေးရမယ်ဆိုရင် အကြမ်းဖက်မှုကို ရွေးမယ်လို့ ပြောခဲ့တယ်။ ဒါကြောင့်
အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ နည်းလမ်းရဲ့ မဟာရှေ့ဆောင် ပုဂ္ဂို လ်ကြီးအဖြစ် ယူဆခံရ တဲ့ ဂန္ဒီတောင်မှ မည်သည့် ခြွင်းချက်ကိုမှ မထားဘဲ လုပ်ဆောင်ခဲ့သူတယောက် မဟုတ်ပါဘူး။

မြန်မာပြည်ရဲ့ ယနေ့အခြေအနေ ဖြစ်ပျက်မှုတွေထဲမှာတော့ အကြမ်း မဲ့ နှလုံးရည်တိုက်ပွဲဟာ ကျမတို့ရဲ့ ရည်မှန်း ချက်ပန်းတိုင်ကို ရောက်ရှိေ စရေးအတွက် အမှန်ကန်ဆုံး နည်းလမ်းလို့ ကျမ ထင်ပါတယ်။
ဒါပေမဲ့ တရားတဲ့ တိုက်ပွဲကို ဆင်နွှဲနေသူများကိုတော့ ကျမ တကယ့်ကို အပြစ်မတင်ပါဘူး။ မရှုတ်ချပါဘူး။ ကျမ ဖေဖေကိုယ်၌လည်း တိုက်ပွဲဝ င်ခဲ့တာပါ။ ဒီအတွက်လည်း ကျမ ဖေဖေ့ကို
ချီးကျူးအားကျမိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်၏ ရှည်လျားသည့် အဖြေစကားအဆုံးတွင်မူ မစ္စတာ Alan Clement သည် မေးခွန်း ဆက်၍ မထုတ်တော့…။

(၁၉၂)
အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း၊
၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်။
ပင်လုံစာချုပ်အား ချုပ်ဆိုခဲ့သည်မှာ နှစ်ေ ပါင်း ၅ဝ ပြည့်ခဲ့ပြီ။ နှစ် ၅ဝ မြောက် ရွှေရတု ပြည်ေ ထာင်စုေ န့ အထိမ်း အမှတ် အခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမှတ် ၅၄
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်ခြံဝင်းအတွင်းမှာပင် ပြုလုပ်၏။ ဗိုလ်မှူး အောင်၊ သခင်ချန်ထွန်း၊ သခင်သိန်းဖေ…. စသည့် လွတ်လပ်ေ ရးကြိုပမ်းမှု တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည့်
မျိုးချစ်နိုင်ငံေ ရး ခေါင်းဆောင်ကြီးများလည်း တက်ရောက်ကြသည်။ အာဏာပိုင်များ၏ တင်း ကျပ်သော စောင့်ကြည့်မှုများ ကြားမှပင် …ရွှေရတု ပြည်ေ ထာင်စုေ န့ အခမ်းအနားသို့ အဖွဲ့ချုပ်အဖွဲ့ဝင် ၇ဝဝ ခန့်
တက်ရောက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ရွှေရတု ပြည်ေ ထာင်စုနေ့ အခမ်းအနား၌ မိန့်ခွန်း စကားဆို၏။

“ဒီေ န့ဆိုလို့ရှိရ င် ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ အနှစ် ၅ဝ တင်း တင်းပြည့်ပါပြီ။ ဒီစာချုပ်ကို သဘောတူပြီး ချုပ်ဆိုခဲ့တဲ့ ကျမတို့ေ ခါင်းဆောင်ကြီးများ၊ တိုင်း ရင်းသား ခေါင်းဆောင်ကြီးများရဲ့ စာချုပ်ဟာ
စက္ကူပေါ်မှာ ရေးထိုးထားတဲ့ စာချုပ်မျှ သာ မဟုတ်ပါဘူး။ ပြည်ေ ထာင်စုကို လိုလားယုံကြည်တဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးက သွေးစည်းညီညွှတ်မှုကို ယုံကြည်ပါတယ်ဆိုပြီးတော့ နှလုံးသားပေါ်မှာ
ထိုးထားတဲ့ ကတိကဝတ် ဖြစ်ပါတယ်”

မဏ္ဍပ်ကြီးအတွင်း၌ အားလုံးသည် ငြိမ်သက်စွာ နှင့် နားထောင်၍နေကြသည်။ နေအိမ်ခြံဝင်း၏ အဝင်ဝရှိ လုံခြုံရေးတပ်သားနှင့် တက္ကသိုလ်ရိပ်သာလမ်း ၏ ဝဲယာတလျှောက် နေရာယူထားကြသည့်
တပ်သားများက အသံချဲ့စက်မှတဆင့် ထွက်ပေါ်လာသည့် ဒေါ်အောင်ဆန်း စုကြည်၏ မိန့်ခွန်းစကားအား နာယူ၍နေကြ၏။ ဒေါ်အောင်ဆန်း စုကြည်၏ စကားသံက အသဲချဲ့စက်မှတဆင့်
ကြည်ကြည့်လင်လင်၊ ပီပီသသ…။

“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကတော့ ပြည်ေ ထာင်စု မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးကြား ပြည့်ဝတဲ့ ယုံကြည်မှု ဖြစ်ပေါ်လာနိုင်အောင်လို့ စေတနာသန့်သန့်နဲ့ ကြိုးစားသွားမယ်ဆိုတာ
ကျမကတော့ ကတိကဝတ် ပြုပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်၏ စကားအဆုံးတွင် လက်ခုပ်သြဘာသံများက ခန်းမအတွင်း ဝေစီ၍သွား၏။


ဒေါ်အောင်ဆန်းစုကြည်က လက်ခုပ်သံများစဲသွားသည်အထိ စောင့်ပြီးစကားအား ဆက်သည်။

“ပြီးခဲ့တဲ့… ဇန်နဝါရီလ ၇ ရက်နေ့ကနေပြီးတော့ ၁၄ ရက်နေ့အထိ မဲသရောထာမှာ ကျင်းပခဲ့တဲ့ တိုင်း ရင်းသားလူမျိုး အဖွဲ့အစည်း ၁၅ ဖွဲ့နဲ့ အခြားတိုင်း ရင်းသားလူမျိုး ကိုယ်စားလှယ်တွေ ပါဝင်တဲ့
နှီး နှောဖလှယ်ပွဲကြီးက ကြေညာချက်စာတမ်းတခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာစာတမ်းမှာ ဘာလဲဆိုတော့…. မြန်မာပြည် လွတ်လပ်ေ ရး ရရှိပြီး နောက် ပင်လုံစာချုပ်တွင် ဖော်ပြထားသည့်
နိုင်ငံသားတိုင်း လူမျိုးရေးသာ တူညီမျှရှိရမည်ဟူသော အချက်ကို အာဏာလက်ကိုင်ထားသူ အဆက်ဆက် က မဟာလူမျိုးကြီးဝါဒကို လက်ကိုင်ထားပြီး တိုင်းရင်းသားလူမျိုးများအား ရက်စက်စွာ
စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းများကြောင့် တိုင်း ရင်းသားလူမျိုးများအနေဖြင့် သမိုင်းတွင် မကြုံစဖူးအောင် အတိဒုက္ခရောက်ခဲ့ရကြောင်း … ဆိုပြီးတော့ ပါပါတယ်။

ဒီလို တိုင်းရင်းသားလူမျိုးများရဲ့ ခါးသီးလှတဲ့ ခံစားမှုတွေကြောင့် ကျမတို့ ပြည်ထောင်စုအပေါ်မှာ အယုံအကြည် ကင်းမဲ့လာတယ်ဆိုတာ အင်မ တန်မှ ဝမ်းနည်းစရာကိစ္စတခု ဖြစ်ပါတယ်။ ဒီအတိတ်က
အမှားတွေကို ပြန်ပြီးပြုပြင်ဖို့ ဆိုတာကလည်း ကျမတို့အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ အားလုံးဆိုတာ ကျမတို့ တိုင်းရင်းသားအားလုံး အပါအဝင် ကျမတို့ လူမျိုးစုဖြစ်တဲ့ ဗမာများရဲ့ တာဝန်လည်း
ဖြစ်ပါတယ်။ တိုင်း ရင်းသား လူမျိုးများရဲ့ မျှော်မှန်းချက်တွေကို ကျမတို့ ကြည့်ရမယ်။

ဒီမျှော်မှန်းချက်တွေဟာ ဘာလဲဆိုလို့ရှိရ င် မဲသရောထာ နှီးနှောပွဲက သဘောတူညီချက် စာတမ်းထဲမှာ ပါတာကတော့….

(က) စစ်အာဏာရှင်စ နစ် ဖျက်သိမ်း ပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ေ ဆာက်ရန်၊


(ခ) ဒီမိုကရေစီနိုင်ငံေ ရးစနစ် ကျင့်သုံးရန်
(ဂ) လူမျိုးတိုင်း တန်းတူေ ရးနှင့် ကိုယ်ပိုင်ြ ပဋ္ဌာန်းခွင့် အခွင့်အရေးရရှိရန်
(ဃ) ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရ န်တို့ ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏စကားအား ရပ်၍ ခန်းမအတွင်းရှိသူများကို ကြည့်လိုက်၏။ အားလုံးက စိတ်ဝင်စားစွာနှင့် နားထောင်၍နေကြသည်။ ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းစကား
ဆက်ပြန်၏။

“မဲသရောထာ နှီးနှောဖလှယ်ပွဲရဲ့ သဘောတူညီချက်မှာ ဘယ်လိုရေးထားသလဲဆိုတော့….

- ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သော ဒီမိုကရေစီ အင်အားစုများနှင့် တန်းတူရ ည်တူလက်တွဲ၍ အမျိုးသား အခွင့်အရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီ အခွင့်အရေးအတွက်လည်းကောင်း
တပြိုင်နက်တည်း စည်း လုံးညီညွှတ်စွာ တိုက်ပွဲဝင်သွားကြရန်ကိုလည်း ကျွန်ုပ်တို့  တိုင်း ရင်းသားလူမျိုးများ နှီး နှောဖလှယ်ပွဲကြီးက တညီတညွှတ်တည်း သဘောတူလိုက်ပါတယ်။

ခြုံငုံပြီး ပြောရမယ်ဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုးများ အားလုံးတို့ရဲ့ တန်း တူညီတူရေးကို အခြေခံတဲ့ စစ်မှန်တဲ့ ပြည်ေ ထာင်စု နိုင်ငံတော်တခု ပေါ်ပေါက်ဖို့ရာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်
ကြိုးပမ်းနေတဲ့ ကျမတို့ အင်းအားစုတွေနဲ့ တိုင်း ရင်းသား အဖွဲ့အစည်းများအားလုံး ခိုင်ခိုင်မာမာ၊ ကျစ်ကျစ်လစ်လစ် ပူးပေါင်းဆောင်ရွက်သွားဖို့ လိုတယ်ဆိုတာ ထင်ရှားပါတယ်။

အခု အနှစ် ၅ဝ မြောက် ပြည်ေ ထာင်စုနေ့ အထိမ်းအမှတ်တရပ်အနေနဲ့ အနာဂတ်မှာ ဖော်ထုတ်ရမယ့် ပင်လုံစိတ်ဓာတ်ကို ပြန်လည်ရှင်သန်ေ စပြီး ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုမယ့်
ညီလာခံကြီးရဲ့ အကြိုနှီး နှောဖလှယ်ပွဲတခုအနေနဲ့ ကျမတို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အတူဆောင်ရွက်ကြဖို့၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ၊ မြေပေါ်နိုင်ငံေ ရး အခြေခံရှိသူများ၊
တရားဝင် ရပ်တည်ခွင့်ရှိတဲ့ ပါတီအဖွဲ့အစည်းများနဲ့ လက်နက်ကိုင် ငြိမ်း ချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းများ အားလုံးကို ဒီနေရာကနေ ဖိတ်ခေါ်လိုက်ပါတယ်။

တကယ့်ကို ပြည်သူလူထုအားလုံးကို ကိုယ်စာပြုမယ့် ညီလာခံကြီးရဲ့ အကြိုနှီး နှောဖလှယ်ပွဲအနေနဲ့ တိုင်းရင်းသား လူမျိုးစုအားလုံး ကျမတို့နဲ့ လာပြီးတော့ ဆွေးနွေးပွဲတခု ကျင်း ပကြပါလို့ ကျမ
လေးလေးနက်နက် ဖိတ်ခေါ်လိုက်ပါတယ်။

ပင်လုံစိတ်ဓာတ် ရှင်သန်နိုင်ပါစေ။


စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ေ ထာင်စုကြီး အမြန်ဆုံး ပေါ်ထွန်း နိုင်ပါစေ။”
ရွှေရတု ပြည်ေ ထာင်စုေ န့ အခမ်းအနားက ….အနာဂတ်အတွက် ရွှေရောင်လွှမ်း လျက်…..။

ကိုးကား ……

- ရွှေခ မောက်မှတ်တမ်းလွှာ
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၁
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- (နဝတ) ၏ ထုတ်ပြန်ကြေညာချက် ဥပဒေအမှတ် ၅/၉၆
- ၂ဝဝ၃ ခုနှစ် ဒီပဲယင်း အစီရ င်ခံစာ (NCUB+BLC)
- ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ ဟောပြောပွဲမှတ်တမ်း တိပ်ခွေများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း ၍ ထားရှိသော သဘောထားများ
- Mr Alan Clement ၏ ‘The Voice of Hope’
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၄

| အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၆ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၃၈ မိန စ်

(၁၉၃)

၁၉၉၇ ခုနှစ်၊ မတ်လ ၁ဝ ရက်….။


တနင်္လာနေ့…။
ပါတီစုံဒီမိုကရေစီ အထွေေ ထွ ရွေးကောက်ပွဲေ က်ာမရှင်ရုံး၏ ဧည့်ခန်းမတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦး အောင်ရွှေ၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝ င် ဦးသန်းထွန်းနှင့် ကော်မ ရှင်မှ ပုဂ္ဂို လ်များ
တွေ့ဆုံကြ၏။ အဖွဲ့ချုပ်ခေါင်းဆောင်များ ကော်မရှင်နှင့် လာရောက်၍ တွေ့ဆုံရ သည့် အကြောင်း က…. အဆင့်ဆင့်ေ သာ အဖွဲ့ချုပ်၏ ရုံးများအား ဒေသဆိုင်ရာ အာဏာပိုင်တို့သည် ပိတ်ပစ်ခြင်း၊
ဆိုင်း ဘုတ်ဖြုတ်ချခြင်း၊ အမှုေ ဆာင်အဖွဲ့များအား ဖျက်သိမ်း နေခြင်းနှင့် ပတ်သက်၍ ကော်မရှင်သည် မည်သို့သော ဆောင်ရွက်မှုများအား ပြုလုပ်ေ ပးနိုင်မည်နည်း ဟူ၍ ….သိရှိရ န် ဖြစ်သည်။
ဤကိစ္စရ ပ်များနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ရက်စွဲနှင့် ကော်မရှင် ဥက္ကဋ္ဌ ဦးဘဋ္ဌေးထံသို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေမှ ‘တရားဝင် ရပ်တည်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်
အာဏာပိုင်များက နည်းမျိုး စုံဖြင့် ကန့်သတ်ချုပ်ချယ်မှုများ’ ခေါင်းစဉ်ဖြင့် စာတမ်းတစောင် ပေးပို့ခဲ့၏။ ကော်မရှင်က မည်သို့မျှ မတုံ့ပြန်…..။ အရေးယူဆောင်ရွက်ခြင်းလည်း မရှိ….။

ဤအတွက် …. အဖွဲ့ချုပ်ဥက္ကဋ္ဌမှ ကော်မီရှင်ဥက္ကဋ္ဌနှင့် နဝတ ဥက္ကဋ္ဌထံသို့  ထပ်မံ၍ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ ရက်စွဲဖြင့် စာပို့ပြန်၏။ အကြောင်းအရာက ….‘အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိနှိပ်ေ နမှုများ’
ဟူ၍ ဖြစ်သည်။ မည်သူမျှ… မည်သို့မျှ …၊ အကြောင်းမပြန်….။ သို့ဖြစ်၍ ယခုကဲ့သို့  ကော်မ ရှင်နှင့် လာရောက်တွေ့ဆုံကြရခြင်း ဖြစ်သည်။

ရွေးကောက်ပွဲေ က်ာမရှင်မှ ကော်မီရှင်အဖွဲ့ဝင် ဦး စန်းမောင် (အငြိမ်းစား၊ ချွေတာစုဆောင်းရေးနှင့် အာမခံ စာချုပ်များ မင်းကြီး)၊ ဦးကျော်ညွန့် (အငြိမ်းစား၊ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး) နှင့်
ကော်မရှင် အတွင်းရေးမှူး ဦးအေးမောင် (ကော်မရှင်ရုံး ၊ ညွှန်ကြားရေးမှူးချူပ်) တို့ တက်ရောက်ကြသည်။

ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ ကော်မရှင်က … ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ၁၉၇၄ ဖွဲ့စ ည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည့် စတုတ္ထအကြိမ်
ပြည်သူ့လွှတ်တော်၊ ပဉ္စမမြောက် အစည်းအဝေးမှ ဖွဲ့စည်း ပေးခဲ့သည့် ကော်မရှင် ဖြစ်သည်။ အဖွဲ့ဝင် ၅ ဦး ပါဝင်ပြီး …. ဥက္ကဋ္ဌက … အငြိမ်းစား ဘဏ္ဍာတော်မင်းကြီင်္း ဦးဘဋ္ဌေး ဖြစ်၏။ အတွင်းရေးမှူး မှာမူ ….
ကော်မရှင်ရုံး ညွှန်ကြားရေးမှူးဖြစ်သူ ဦး အေးမောင်အား တာဝန်ပေး၏။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်…. အာဏာသိမ်းခဲ့ပြီးသည့်ေ နာက် အာဏာသိမ်းစစ်အုပ်စုသည် (မဆလ) ၏ အမွေအနှစ်… ထိုကော်မရှင်ကိုပင် ဆက်၍၊ ဆက်ခံရ င်း…. ပါတီစုံဒီမိုကရေစီ
အထွေထွေေ ရွးကောက်ပွဲ ကော်မရှင်အဖြစ် တာဝန်ဆက်ပေး၏။

နံန က်… ၁ဝး၁၅ နာရီ…။


ဆွေးနွေးပွဲအား စ၏။ ကော်မရှင်အဖွဲ့ဝင် ဦး ကျော်ညွန့်က …..
“ဗိုလ်ချုပ်တို့ပြောတာကို ကျနော်တို့  နားထောင်မှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ ပြောစရာရှိတာကို ပြောပါ”

ဦး ကျော်ညွန့် ပြောသည့် ဗိုလ်ချုပ်ဟူသည်က …. အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦး အောင်ရွှေအား ရည်ညွှန်း၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ဦးအောင်ရွှေက …. တပ်မ တော်တွင် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃
ရက်ေ န့အထိ…. တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ဗိုလ်မှူးချုပ်အဆင့်နှင့် တိုင်းမှူးတာဝန်အား ထမ်ေ ဆာင်ခဲ့၏။ ထိုစဉ်က … တပ်မ တော်တွင် စစ်တိုင်း နှစ်တိုင်း သာရှိပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်
အထက်ဗမာပြည်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အောက်ဗမာပြည်ဟူ၍ ဖြစ်၏။

ဦး ကျော်ညွန့်၏ “ဗိုလ်ချုပ်တို့ပြောတာ ကျနော်တို့ နားထောင်မည်” ဟူသည့် စကားအပေါ် ဦးအောင်ရွှေ ဘဝင်မကျ….။ ဤအတွက် ဦးအောင်ရွှေက ကော်မရှင်အဖွဲ့ဝင်များအား ….

“ဒီလိုေ တာ့ ဘယ္ဟုတ္မလဲ။ ကျနော်တို့ ကော်မရှင်ကို စာတွေပို့ထားပါတယ်။ အဲ့ဒီစာတွေနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့ ဖြေကြားချက် သဘောထားကို သိလိုလို့  …. လာခဲ့ကြတာ ဖြစ်ပါတယ်” ဟူ၍
ဆွေးနွေးသည်။ ဤတွင် …. ကော်မ ရှင် အတွင်းရေးမှူး ဦး အေးမောင်က …

“အမှုဆောင်အဖွဲ့ဝ င် ၅ ယောက် မပြည့်ရင်…. အမှုေ ဆာင်အဖွဲ့အား ဖျက်သိမ်းမယ်ဆိုတ့က


ဲိစ္စ။ ၁၉၉၁ ခုနှစ် ဧပြီလ ၂၆ ရက်ေ န့က ရှိခဲ့တဲ့အတိုင်း တိုးချဲ့ဖွဲ့စ ည်းခြင်း မပြုရ… ဆိုတဲ့ ကိစ္စများက
တည်ဆဲဖြစ်ပါတယ်။ အရင်က… ကော်မ ရှင်နဲ့ သဘောတူညီခဲ့ပြီးဖြစ်တဲ့…. ပြည်နယ်၊ တိုင်း ၊ မြို့နယ်၊ ရပ်ကျေးများမှာတော့ … ဆိုင်းဘုတ်တင်နိုင်ပါတယ်။ နောက်ပြီး…. ဆိုင်းဘုတ်ဖြုတ်ချခံရတဲ့ ရုံးများနဲ့
ပတ်သတ်လို့ကတော့…. တိတိကျကျ အကြောင်းကြားလာရင်… ကော်မရှင်အနေနဲ့ စုံစမ်းဆောင်ရွက်ေ ပးသွားပါ့မယ်….”

ဦး အေးမောင်၏ စကားအဆုံးတွင် ဦးအောင်ရွှေက ….


“ရွေးကောက်ပွဲေ က်ာမရှင်ရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရဆိုရင်… နိုင်ငံရေးပါတီေ တွကို ဘယ်လိုဖွဲ့စ ည်းရမယ်၊ အမှုဆောင်ဦး ရေ ဘယ်လောက်ထားရှိရမယ်ဆိုတဲ့ …ကန့်သတ်ချက်တွေ
မပါရှိပါဘူး။ ဒါကြောင့်…. အမှုဆောင်အဖွဲ့ဝ င် ၅ ယောက် မပြည့်ရင် ဖျက်ရမည်ဆိုတာဟာ တရားမဝင်ပါဘူး။ ပြီးတော့…. ကော်မ ရှင်ရဲ့ ကြေညာချက် ၂၄၅ အရလည်း အကျုံးမဝင်ပါဘူး။ ကြေညာချက်
၂၄၅ ကို ကြည့်ရင်…. နိုင်ငံရေးပါတီများ ဖွဲ့စ ည်းခြင်းနဲ့ ပတ်သက်လို့ … ကော်မရှင်နဲ့ မသက်ဆိုင်ဘဲ၊ သက်ဆိုင်ရာ နိုင်ငံေ ရး အဖွဲ့အစည်းများက ပေးလာတဲ့စာမှာပါရှိတဲ့ အမှုဆောင်များရဲ့
အမည်စာရင်းများကို ကြေညာပေးရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။ ဒီတော့…. ကျနော်ပြောလိုတာက …. ၁၉၉၁ ခုနှစ် ဧပြီလ ၂၆ ရက်ေ န့က ရှိခဲ့တဲ့ အမှုဆောင်များအတိုင်း ထားရှိရမယ်။ တိုးချဲ့ဖွဲ့စ ည်းလို့
မရဘူး။ အဲဒီအတွက် အမှုဆောင် ၅ ယောက် မပြည့်ရင် … မပြည့်တဲ့ အမှုေ ဆာင်အဖွဲ့ကို ဖျက်မ ယ်ဆိုတဲ့ ကန့်သတ်ချက်ဟာ တရားမဝင်ပါဘူးလို့ ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ …. General Clauses
Act မှာ ပြဋ္ဌာန်း ထားတဲ့အတိုင်း …. ဥပဒေသည်သာ အဓိကဖြစ်တယ်။ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ ကြေညာစာ၊ အမိန့်တို့ဆိုတာဟာ ဥပဒေရဲ့ လက်အောက်ခံ ဖြစ်တယ်လို့ ဆိုထားတဲ့
အတွက်ကြောင့်ပါ”

ဦး အောင်ရွှေက General Clauses Act မှ အပိုဒ် - D အား ဖတ်ပြ၏။ ရှင်း ပြ၏။ မရ…။ ကော်မရှင်က ‘ဥပဒေအရ လုပ်သည့် အမိန့်သည် ဥပဒေပင်ဖြစ်သည်’ ဟူ၍ ခြေကန်၍ ကပ်ေ န၏။
အလုပ်မှုဆောင်အဖွဲ့ ၅ ဦး မပြည့်သည့် အမှုဆောင်အဖွဲ့အား ဖျက်သိမ်းမည်။ အမှုေ ဆာင်အဖွဲ့အား ၁၉၉၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က ရှိခဲ့သည့်အတိုင်း သာ ရှိရ မည်။ တိုးချဲ့ဖွဲ့စ ည်း၍ မရ… ဟူသည့်
ကော်မရှင်၏ ညွှန်ကြားချက်အား ကော်မ ရှင်အနေနှင့် ပြန်လည်၍ ပြင်မရကြောင်း၊ ထိုညွှန်ကြားချက်အမိန့်သည်လည်း ဥပဒေကဲ့သို့ပင် ဖြစ်သည်ဟု ဆိုနေ၏။

ဤတွင် …. အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝ င်တဦးဖြစ်သည့် ဦးသန်းထွန်းက … ပွင့်ပွင့်လင်းလင်းပင် ကော်မ ရှင်အဖွဲ့ဝင်များအား မေး၏။

“ဒီေ တာ့ ကျနော်တို့  အဖွဲ့ချုပ်ရဲ့ အဆင့်ဆင့်သော အဖွဲ့အစည်းတွေမှာ အမှုဆောင်အဖွဲ့ ၅ ဦး မပြည့်ရင်၊ ထပ်မံတိုး ချဲ့ဖွဲ့စ ည်းနိုင်ဖို့ …ပြင်ဆင်ဖွဲ့စ ည်းဖို့ … ပြီးတော့ အဖွဲ့ဝ င်တွေကို ဖမ်းဆီးနေတာတွေ၊
ကန့်သတ်ပိတ်ဆို့ေ နတာတွေ… ဆိုင်း ဘုတ်ဖြုတ်ချခြင်း ခံေ နရတာတွေနဲ့ ပတ်သက်လို့ … ကော်မရှင်အနေနဲ့ ဘယ်လိုမှ လုပ်ပေးနိုင်ခြင်း မရှိဘူးလို့ Conalusion ချရမှာပဲ ဖြစ်ပါတယ်။…”

ဤအရေးနှင့် ပတ်သက်၍ ဆက်ဆွေးနွေးစရာ မရှိတော့….။ ကော်မ ရှင်အနေနှင့် မည်သို့မျှ လုပ်မ ပေးနိုင်…။ ကော်မရှင်သည်ပ င်လျှင် …. (နဝတ) ၏ အမိန့်အောက်၌ ရှိနေရသည့် အခြေအနေ…။
လွတ်လပ်သည့် ကော်မရှင်ဟူ၍ကား မဟုတ်…။ တွေ့ဆုံဆွေး နွေးပွဲက အကြောင်းအရာမဲ့ပြီး ငြိမ်သက်၍နေသည်။ ခဏငယ်ပေါင်းများစွာ…။ ညင်သာစွာ လည်ပတ်နေသည့် မျက်နှာ ကြက်မှ ပန်ကာ၏
လည်သံက အခန်းအတွင်း စိုး မိုးထား၏။ ကော်မရှင် အတွင်းအရေးမှူး ဦး အေးမောင်က အကြောင်းအရာသစ်အား မေးမြန်းဆွေးနွေး လာ၏။

“လူကြီးတွေကိုလည်း ပြေလည်ေ စချင်ပါတယ်။ ပြီးတော့…. သိလိုတာလေးတွေလည်း ရှိလို့ မေးမြန်းချင်ပါတယ်။ ဒေါ်စုကြည်အနေနဲ့ မဲသရောထာ ကြေညာချက်အပေါ် ထောက်ခံတာနဲ့ ပတ်သက်ပြီး
သိလိုပါတယ်…”

ဦး အေးမောင်၏ အမေးစကားဆုံးသည်နှင့် ဦးအောင်ရွှေက…

“ဒေါ်စုကြည်ကို မသိပါ” ဟု ဆိုသည်။ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝ င် ဦးသန်းထွန်းကလည်း… တဆက်တည်းပင်…

“ဒေါ်စုကြည် မဟုတ်ပါဘူး…ဒေါ်အောင်ဆန်း စုကြည်ပါ၊ ဒေါ်အောင်ဆန်း စုကြည်လို့ ပြောပါ”

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပါ။ လူကြီးတွေက ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ မဲသရောထာ ကြေညာချက်ကို ထောက်ခံတယ်ဆိုတာ ဘယ်လိုပါလဲဆိုတာ သိချင်လို့ပါ…”

ဦး အေးမောင်က စကားအား ပြန်ပြင်ရင်း မဲသရောထာကိစ္စအား မေးလာ၏။ ဦးအောင်ရွှေ၊ ဦးသန်းထွန်းတို့က ရှင်း ရှင်း ပင် ပြော၏။

“ကျနော်တို့  ကော်မရှင်နဲ့ လာတွေ့တာက နိုင်ငံရေးဆွေးနွေးဖို့ လာတွေ့တာ မဟုတ်ပါဘူး…. ဒီေ တာ့ မပြောနိုင်ပါဘူး…။ နိုင်ငံရေးကိစ္စကို (နဝတ) နဲ့ ဆွေးနွေးပါမယ်။ ဆွေးနွေးဖို့လည်း အဖွဲ့ချုပ်က (နဝတ)
ကို အကြိမ်ကြိမ် ကမ်း လှမ်း နေခဲ့ပါတယ်။ (နဝတ) နဲ့ တွေ့ဆုံမှသာ နိုင်ငံရေးကိစ္စ ဆွေးနွေးမှာ ဖြစ်ပါတယ်”

ကော်မရှင်နှင့် အဖွဲ့ချုပ်ခေါင်းဆောင် နှစ်ဦး တွေ့ဆုံမှုက ရှေ့ဆက်ရန် မရှိတော့….။ ဤအတွက် ဦးအောင်ရွှေက ….


“ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မ ရှင်ဟာ နိုင်ငံရေးအဖွဲ့အစည်းများရဲ့ အကျပ်အတည်း အခက်အခဲတွေ့နဲ့ ပတ်သက်လို့  ဘယ်လိုမျှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ြ ခင်း မရှိဘူးလို့
ယူဆမိတဲ့အတွက် ဆက်ဆွေးနွေးစရာ မရှိတော့ပါဘူး…. ဒီအတွက် ပြန်ခွင့်ပြုပါ”

ကော်မရှင်နှင့် အဖွဲ့ချုပ် တွေ့ဆုံမှုက တနာရီပင်မပြည့်…။

(၁၉၄)
၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။
ဒဂုံဧ ည့်ရိပ်သာ။
၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်ေ န့တွင် အကြိမ် ၃ဝ မြောက် အာဆီယံအစည်းအဝေးအား မလေးရှားနိုင်ငံ ‘ဆူဗန်ဂျာဟားမြို့’ ၌ ကျင်းပရန် ရှိ၏။ မြန်မာနိုင်ငံက အာဆီယံအတွင်း အဖွဲ့ဝင်နိုင်ငံအဖြစ်
ဝင်ခွင့်ရရန် ၁၉၉၆ ခုနှစ် သြဂုတ်လအတွင်းက လျှောက်ထားခဲ့၏။ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ အကြိမ် ၃ဝ မြောက် အာဆီယံ အစည်းအဝေးတွင်မူ … ဝင်ခွင့်ပြုမည်၊ မပြုမည်ကို အဖွဲ့ဝ င် ၇ နိုင်ငံ
တက်ရောက်မည့် အာဆီယံအစည်းအဝေးက ဆုံးဖြတ်ပေး… ပေလိမ့်မည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ဖိနှိပ်မှု၊ လူ့အခွင့်အရေး ဆိုးဝါးစွာ ချိုးဖောက်နေမှုများကြောင့်…. အာဏာသိမ်း စစ်အစိုးရအား အာဆီယံအတွင်း ဝင်ခွင့်ပြုရေးနှင့် ပတ်သက်၍
အာဆီယံ၏ ဆွေးနွေး ဘက်နိုင်ငံများဖြစ်သည့် EU နိုင်ငံများနှင့် အမေရိကန် ပြည်ေ ထာင်စုတို့က အာဆီယံအား ဝင်ခွင့်မပြုသေးဘဲ ဆိုင်း ငံ့ထားရန် ဖျောင်းဖျ၍ နေကြ၏။ နားချ၍ နေကြသည်။
စစ်အုပ်စုအတွက်မူ ရင်ခုန်စ ရာ…။

စစ်အုပ်စု၏ အာဆီယံဝင်နိုင်ရေး ကြိုးပမ်းမှုခရီးက အာဏာသိမ်းယူခဲ့ပြီးကတည်းကဟု ဆိုရ မည်။

၁၉၉၄ ခုနှစ် ထိုင်း နိုင်ငံ ဘန်ေ ကာက်တွင် ကျင်းပသည့် ၂၇ ကြိမ်ေ မြာက် အာဆီယံ အစည်းအဝေးတွင်မှ စစ်အုပ်စုသည် အိမ်ရှင်ထိုင်းနိုင်ငံ၏ ဧည့်သည်ေ တ်ာအဖြစ်နှင့် အာဆီယံ အစည်းအဝေး
ခန်းမအတွင်းသို့ ဝင်ခွင့်ရ ခဲ့၏။ ၁၉၉၅ ခုနှစ် ဘရူးနိုင်း အစည်းအဝေးတွင်လည်း အိမ်ရှင်နိုင်ငံ၏ ဧည့်သည်တော်အဖြစ်နှင့်သာ ၂၈ ကြိမ်ေ မြာက် အာဆီယံ အစည်းအဝေးသို့ တက်ခွင့်ရ ခဲ့ပြန်၏။ ၁၉၉၆ ခုနှစ်
၂၉ ကြိမ်ေ မြာက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ အစည်းအဝေးတွင်မူ စစ်အုပ်စုသည် မြန်မာနိုင်ငံအား ကိုယ်စားပြုပြီး အာဆီယံအစည်းအဝေးတွင် လေ့လာသူနိုင်ငံအဖြစ်နှင့် တက်ခွင့်ရခဲ့၏။

ယခု…. ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် အကြိမ် ၃ဝ မြောက် အာဆီယံအစည်းအဝေးက စစ်အုပ်စုအတွက် အရေးကြီး၏။ နိုင်ငံတကာ အသိုင်းအဝိုင်း တွင် အားလုံးမှ ဝိုင်း၍
ကျဉ်ထားသည့် အခြေအနေ၌…. အာဆီယံသည်သာ စစ်အုပ်စုအတွက် ကောက်ရိုးတမျှင်….။
၁၉၉၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝ င် ၂ ဦးနှင့် တွေ့ဆုံေ ဆွးနွေးရန် နဝတ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့်က
ကမ်း လှမ်းလာ၏။ မည်သို့န ည်း….။ စစ်အုပ်စု၏ တွေ့ဆုံဆွေးနွေးရေး ကမ်း လှမ်းချက်တွင်က …. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်အဖွဲ့နှင့် နဝတ မှ တွေ့ဆုံမည်ဟူ၍
ကမ်း လှမ်းခြင်းမျိုးမဟုတ်….။ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုေ ဆာင် အဖွဲ့ဝ င် ၂ ဦးဟု သတ်မှတ်၍ ကန့်သတ်ထား၏။ အဓိပ္ပာယ်က …. အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်အား
မတွေ့နိုင်။ အသိအမှတ်မ ပြု….။ ဖယ်ချန်ထားခဲ့ခြင်း ဖြစ်၏။
နဝတ ၏ တွေ့ဆုံေ ဆွးနွေးရန် ကမ်း လှမ်းလာမှုအား အဖွဲ့ချုပ်အနေနှင့် မည်သို့တုံ့ပြန်မည်နည်း။ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးထိုင်၍ ထိုကိစ္စအား ဆွေးနွေးကြ၏။ ပဏာမ
အကြိုတွေ့ဆုံဆွေးနွေးမှု အနေဖြင့်…. တွေ့မည်။ ဤတွေ့ဆုံမှုအား…. စစ်အုပ်စုနှင့် အဖွဲ့ချုပ် တွေ့ဆုံမှု၏ ပထမခြေလှမ်းအဖြစ် ပုံပေါ်လာစေရန် ကြိုးပမ်းမည်။ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က …
နဝတ ၏ တွေ့ဆုံေ ဆွးနွေးရန် ဖိတ်ခေါ်မှုအား လက်ခံလိုက်၏။

၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်….။


ဒဂုံရိပ်သာ၏ ဧည့်ခ န်းမတွင် နဝတ အတွင်း ရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ရွှေ၊ ဦးသန်းထွန်း၊ ဦးလှေ ဖတို့ တွေ့ဆုံကြ၏။ နဝတ အတွင်းရေးမှူး ၁
ဗိုလ်ချုပ်ခင်ညွန့်က…. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ထိပ်တိုက်ရ င်ဆိုင်ေ ရးလမ်းစဉ်ကို ကျင့်သုံးနေသည်ဟု စွပ်စွဲသည်။ ဦးအောင်ရွှေ့က ဗိုလ်ချုပ်ခင်ညွန့်၏ စွပ်စွဲချက်အား ငြင်းဆို၏။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ၈၂ % ကျော် အနိုင်ရ ရှိခဲ့သည့် ရလဒ်အား စစ်အုပ်စုမှ အသိအမှတ်ပြုခြင်း မရှိဘဲ …. ဖိနှိပ်မှုများအား ပြင်းပြင်းထန်ထန် ပြုလုပ်နေ၏။ ဤအတွက် …..
ထိပ်တိုက်ရင်ဆိုင်ေ ရး ဟူသည်ကား စစ်အုပ်စုသည်သာ ပြုလုပ်ေ နခြင်းဖြစ်သည်ဟု …. အဖွဲ့ချုပ် ဗဟိုအလုပ်အမှုေ ဆာင် အဖွဲ့ဝ င် ဦးသန်းထွန်းက ပြော၏။ နဝတ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်
ဗိုလ်ချုပ်ခင်ညွန့်မှ မငြင်းသာ…။ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် မော်ကျွန်းဦးလှေ ဖမှလည်း… အဖွဲ့ချုပ်၏ မြို့နယ်၊ ရပ်ကျေးအဆင့် အဖွဲ့အစည်းများကို သက်ဆိုင်ရာ အာဏာပိုင်တို့က…
ဆိုးဆိုးဝါးဝါးပင် ဖိနှိပ်ချုပ်ချယ်နေသည်ဟု ဆို၏။ အချို့မြို့နယ်တွင် အဖွဲ့ချုပ်၏ ဆိုင်းဘုတ်အား အဓမ္မဖြုတ်ချ၏။ အဖွဲ့ဝ င်များအား ဥပဒေမဲ့ ဖမ်းဆီးနေသည်ဟု ဆိုသည်။

နဝတ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့်က … အဖွဲ့ချုပ်ရုံးများ၏ ဆိုင်း ဘုတ်များအား သက်ဆိုင်ရာ အာဏာပိုင်များမှ ဖြုတ်ချနေခြင်း။ အဖွဲ့ဝ င်များအား ဖမ်းဆီးဖိနှိပ်နေခြင်းများအား မဖြစ်အောင် နဝတ
အနေနဲ့ ပြုလုပ်ပေးမည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့်လည်း ထိပ်တိုက်ရင်ဆိုင်ေ ရး လမ်း စဉ်… လုပ်င န်းစဉ်အား ပြင်ပါ၊ ပြောင်းပါဟု ဆို၏။ အဖွဲ့ချုပ်နှင့် နဝတ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁၇
ရက်ေ န့ တွေ့ဆုံဆွေးနွေးမှုဟူသည်က နိုင်ငံရေးပြဿနာများအား ဆွေးနွေးကြခြင်းမဟုတ်…။ အဖွဲ့ချုပ်မှ မျှော်မှန်း ထားခဲ့သည့် စစ်အုပ်စုနှင့် အဖွဲ့ချုပ် တွေ့ဆုံေ ဆွးနွေးရေး လုပ်ငန်းစဉ်၏ ပထမခြေလှမ်း..
ပဏာမ ဆွေးနွေးမှုဟူသည့် အခြေအနေမျိုးမျှပင် မရှိခဲ့…။ တွေ့ဆုံရှင်းလင်းကြခြင်းမျှသာ…။

ဆွေးနွေးရှင်းလင်းပွဲဟူသည်က … ပြီး လေပြီ။


သို့သော်….။
နိုင်ငံတကာတွင်မူ နဝတ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွေ့ဆုံေ ဆွးနွေးပြီဟူ၍ ….။
အာဆီယံအဖွဲ့ဝ င်နိုင်ငံများမှ စစ်အုပ်စုကို မြန်မာနိုင်ငံအား ကိုယ်စားပြု၍ ဝင်ရောက်စေလိုသည့် နိုင်ငံများအတွက်မူ ဇူလိုင်လ ၁၇ ရက်နေ့ တွေ့ဆုံမှုကား… ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင်
စစ်အုပ်စုအား အာဆီယံတွင် တင်း ပြည့်အဖွဲ့ဝ င်အဖြစ် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ဝင်ခွင့်ပြုရန် ခိုင်လုံသည့် အကြောင်းပြချက်တခု ဖြစ်ခဲ့၏။

အမှန်စင်စစ် ….ဗိုလ်ချုပ်ခင်ညွန့်၏ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဇူလိုင်လ ၁၇ တွေ့ဆုံဆွေးနွေးသည် ဟူသည်ကား….။

ထိုကြောင့်…. ဤသို့ပင်…။

ကိုးကား ……

- ရွှေခ မောက် မှတ်တမ်းလွှာ


- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၁
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- (နဝတ) ၏ ထုတ်ပြန်ကြေညာချက် ဥပဒေအမှတ် ၅/၉၆
- ကော်မ ရှင်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် တွေ့ဆုံမှုမှတ်တမ်း
- ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ ဟောပြောပွဲမှတ်တမ်း တိပ်ခွေများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း ၍ ထားရှိသော သဘောထားများ
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ မှတ်တမ်း
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၅

| ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၂၃ မိန စ်

(၁၉၅)
အမှတ် ၁၈ ၊ ဝင်္ကပါလမ်း၊ ဗဟန်းမြို့နယ်။
၁၉၉၇ ခုနှစ်၊ သြဂုတ်လ ၅ ရက်။
မြန်မာ့လွတ်လပ်ေ ရး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြသည့် မျိုး ချစ်နိုင်ငံရေးသမားကြီးများ ၂၃ ဦးအား ကိုယ်စားပြု၍ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူး အောင်မှ လက်မှတ်ေ ရးထိုးပြီး ‘ပန်ကြားလွှာ’ တစောင်အား
နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး သန်းရွှေ့ထံသို့ ပေးပို့၏။ တိုင်းပြည်၏ အကျပ်အတည်း၊ အခက်အခဲများနှင့် တွေ့ကြုံရလေတိုင်း မျိုး ချစ်နိုင်ငံရေးသမားကြီးများက ….. သူတို့ဖြတ်သန်းခဲ့ရသည့်
အတွေ့အကြုံများအရ ကျော်လွှားဖြေရှင်းနိုင်မည့် နည်းလမ်းအကြံဥာဏ်များအား စစ်အုပ်စုသို့ ရိုး သားဖြူစင်စွာနှင့် ပေးပို့မြဲဖြစ်သည်။ ထိုသို့ပေးပို့သည့် အကြိမ်တိုင်း တွင်လည်း
စစ်အုပ်စုအာဏာပိုင်များသည် မျိုးချစ်နိုင်ငံရေးသမားကြီးများအား ခေါ်ယူ၍ ခြိမ်း ခြောက်မြဲ၊ သတိပေးမြဲ….။ စွပ်စွဲပုတ်ခ တ်မြဲပင်ဖြစ်သည်။ သို့သော်…. မျိုးချစ်နိုင်ငံေ ရးသမားကြီးများကမူ အမျိုးသား
အကျိုးစီး ပွားကိုသာကြည့်၍ သူတို့၏ အမြင်အယူအဆ၊ အကြံဥာဏ်များအား မရွံ့၊ မတွန့်ဘဲ ထုတ်ဖော်၍ ရေးသားခဲ့သည်ပင်….။

ဗိုလ်မှူးအောင်၏ ပန်ကြားလွှာတွင် ….လက်ရှိဖြစ်တည်နေသော မြန်မာနိုင်ငံ၏ နိုင်ငံေ ရး အကျပ်အတည်းများအား ထောက်ပြထား၏။

ပြီးလျှင် …
“၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းတွင် နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ေ ရးအဖွဲ့ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် ခေါင်းဆောင်သော ကိုယ်စားလှယ်များနှင့်
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ ခေါင်းဆောင်သော ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြကြောင်းနှင့် နှစ်ဦးနှစ်ဖ က်တို့အနေနှင့် မိမိတို့  သဘောထားအမြင်အချို့ကို အပြန်အလှန်
ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရှိရ ပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးတို့သည် မည်သည့်ရ ည်ရွယ်ချက် အကြောင်းပြချက်များနှင့် တွေ့ဆုံခဲ့ကြသည်ဖြစ်စေ ဤကဲ့သို့ မျက်နှာ ချင်းဆိုင်
တွေ့ဆုံခြင်းသည်ပ င်လျှင် နှစ်ရှည်လများ ပြည်သူလူထုက တောင့်တခဲ့ကြသည့် နိုင်ငံရေးပြဿနာများကို မျက်နှာစုံညီ တွေ့ဆုံဖြေရှင်း ရေး၏ ပဏာမဖြစ်သည်ဟု ယူဆကာ ကျွန်ုပ်တို့ ဝမ်းမြောက်ဝမ်းသာ
ကြိုဆိုပါသည်။

ဤကဲ့သို့ ပဏာမ တွေ့ဆုံရှင်းလင်းပြောဆိုမှုများမှတဆင့် မိမိတို့၏ ပုဂ္ဂို လ်ရေးနှင့် အဖွဲ့အစည်း အရေးများသည် အထက်ဖော်ပြပါ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုေ ရးအကျပ်အတည်းများကို
ကျော်လွှားလွန်ေ မြာက်စေနိုင်မ ည့် တတိုင်းတပြည်လုံး အကျိုးရှိစေမည့် ပြဿနာအရပ်ရပ်ကို နိုင်ငံချစ်စိတ်နှင့် ပြည်သူလူထုအကျိုးကို ဆောင်ရွက်လိုသည့် စိတ်ဓာတ်အရင်းခံဖြင့် နိုင်ငံတော်
ငြိမ်ဝ ပ်ပြိ ပားမှု တည်ေ ဆာက်ရေးအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါဝင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တို့ ဆက်လက်၍ နှစ်ဦးနှစ်ဖက် တွေ့ဆုံေ ဆွးနွေးကြပါရန်
အနူးအညွတ် ပန်ကြားအပ်ပါသည်” ဟူ၍ … ပန်ကြားလွှာအား အဆုံးသပ်၏။

(၁၉၆)
၁၉၉၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်ေ န့တွင် (နဝတ) အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်က …. အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦး အောင်ရွှေ၊ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝ င် ဦးစိုးမြင့် (သခင်စိုး မြင့်) ၊ ဦးလွန်းတင်တို့အား
ဆက်သယ
ွ်လာပြီး ၊ စက်တင်ဘာလ ၁၆ ရက်နေ့ နံန က်တွင် တွေ့ဆုံရန် အကြောင်းကြား၏။

(နဝတ) မှ အဖွဲ့ချုပ်နှင့် တွေ့ဆုံေ ဆွးနွေးရန် အစီအမံက…. အဖွဲ့ချုပ်မှ ငါတွေ့ချင်သည့်သူအား ခေါ်မည်။ ငါခေါ်သည့်သူသာ လာခဲ့.. ဟူ၍ ဖြစ်နေ၏။ ခက်ပြီ….။ အဖွဲ့ချုပ်မှ ၁၉၉၇ ခုနှစ် မေလ ၂၇
ရက်ေ န့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၇ ကြိမ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်အထိမ်းအမှတ် အစည်းအဝေးတွင်က …. စစ်အုပ်စုနှင့် တွေ့ဆုံေ ဆွးနွေးရေး အပါအဝင် အဖွဲ့ချုပ်၏ အရေးကြီးသည့် မူဝါဒ၊
လုပ်င န်းစဉ်ဆိုင်ရာ ကိစ္စရပ်များအား ဆုံးဖြတ်လုပ်ေ ဆာင်ရာတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦး အောင်ရွှေနှင့် အထွေေ ထွအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးအား MANDATE ပေးထား၏။ ဤအတွက် …
(နဝတ) နှင့် တွေ့ဆုံေ ဆွးနွေးရေးတွင် ဒေါ်အောင်ဆန်း စုကြည် မပါဝင်သည့် ဆွေးနွေးပွဲအား ဥက္ကဋ္ဌ ဦးအောင်ရွှေ တဦးတည်း သွားရောက်ရန် မဖြစ်နိုင်….။ ဗဟိုအလုပ်အမှုေ ဆာင်
အဖွဲ့အစည်း အဝေးမှလည်း ဤသို့ပင် ဆုံးဖြတ်ချက်ပေး၏။ ဗဟိုအလုပ်အမှုေ ဆာင်အဖွဲ့၏ ဆုံးဖြတ်ချက်အား (နဝတ) အတွင်းရေးမှူး (၁) ထံသို့ ပေးပို့ရန် ဆက်သယ
ွ်၏။ မရ…။

၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် (နဝတ) မှ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝ င် ၂ ဦးတို့အား လာရောက်၍ ခေါ်၏။ လာရောက်၍ ခေါ်ကြသည့် စစ်အရာရှိများအား…..

“ဥက္ကဋ္ဌ ဦးအောင်ရွှေက အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အရ အထွေထွေအတွင်းရေးမှူး မပါဘဲ ဖိတ်ကြားသည်ကို မလိုင်နိုင်ကြောင်းနှင့် အဖွဲ့ချုပ်၏ တွေ့ဆုံေ ဆွးနွေးရေးကို အစဉ်လမ်းဖွင့်ထားသည့် မူအရ
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝ င် ဦးစိုးမြင့်နှင့် ဦးလွန်းတင်တို့ ၂ ဦးသည်သာလျှင် အဖွဲ့ချုပ်ကိုယ်စားလှယ်များအဖြစ်နှင့် ဗိုလ်ချုပ်ခင်ညွန့်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ရှင်း ပြ၏။ (နဝတ) က
လက်မခံ…။ ငြင်းပယ်ပြီး တွေ့ဆုံဆွေးနွေးပွဲအား ပယ်ဖျက်လိုက်သည်။ မတတ်နိုင်…။

(နဝတ) ၏ အဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးရေး အစီအမံ၏ ရည်ရွယ်ချက်က ရှင်းသည်။

“တွေ့ဆုံဆွေးနွေးရာတွင် အထွေေ ထွအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည် မပါဝင်စေရန် တားဆီးပိတ်ဆို့ထားမည်။ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များနှင့် ကျန်အဖွဲ့ဝ င်များအကြား ညီညွှတ်ရေးကို
ပျက်ပြားအောင် ကြံရွယ်လုပ်ဆောင်မည်။ အာဏာပိုင်များအနေနှင့် တွေ့ဆုံလိုသည့်အချိန်တွင် တွေ့ဆုံလိုသည့် အရေအတွက်ကို အမည်တပ်ေ ခ်ါတွေ့ခြင်းဖြင့် အဖွဲ့ချုပ်အပေါ် တန်း တူရည်တူ
သဘောမထားဘဲ ဆွေးနွေးပွဲ မစမီကပင် အပေါ်စီးရယူထားမည်။ တဖက်တွင် အာဏာပိုင်များက အဖွဲ့ချုပ်အား အချိန်မရွေး ဆက်သွယ်လိုသည့် အချိန်တွင် ဆက်သွယ်နိုင်သည်ဟု
သဘောထားသော်လည်း အဖွဲ့ချုပ်က အရေးကြီးသည့် ကိစ္စများ ဆက်သွယ်ပြောကြားရန် ကြိုးစားသည့်အခါတွင် လျစ်လျူရှု၍နေမည်။ တွေ့ဆုံမှုတခုတွင် တဖက်အဖွဲ့အစည်းမှ မည်သူမပါဝင်ရ၊
မည်သူပါဝင်ရမည်ဟု သတ်မှတ်ခြင်းသည် ယင်း အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့်ကို ထိပါး၍ ဝင်ရောက်စွက်ဖက်မ ည်။ တွေ့ဆုံလိုမှုမှာ လည်း အဓိပ္ပာယ်ရှိသည့် နိုင်ငံေ ရးအရ ဆွေးနွေးမှုမဟုတ်။
အာဏာပိုင်များ၏ လုပ်ေ ဆာင်ချက်သည် မိမိတို့အစီအမံအတိုင်း၊ အဖွဲ့ချုပ်က တသွေမ တိမ်း နာခံလျှင်နာခံ၊ မနာခံလျှင် အဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေးမှုကို ပျက်ပြားအောင်လုပ်သည်ဟု ချက်ချင်း
စွပ်စွဲနိုင်ရ န် ကြိုတင်အကွက်ချ စီမံထားမည်….” ဟူ၍ တွေ့ရ ၏။ မလွယ် ….။

(၁၉၇)
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်၏ ဗဟိုဌာနချုပ်ရှိ ၉ နှစ်မြောက် အဖွဲ့ချုပ် ဖွဲ့စည်းထူေ ထာင်ခြင်း အခမ်းအနားနှင့် နှစ်ပတ်လည် ညီလာခံအား ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့နှင့်
၂၇ ရက်ေ န့များတွင် ပြုလုပ်ကျင်း ပ၏။ စာတမ်းနှစ်စောင်အား အဖွဲ့ချုပ်၏ နှစ်ပါတ်လည်ညီလာခံတွင် ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ တင်သွင်း၏။ ညီလာခံကအတည်ပြုပေး၏။ စာတမ်း ၂ စောင်က ….
နိုင်ငံေ ရးစာတမ်းနှင့် စီးပွားရေးစာတမ်း ဖြစ်သည်။ စီးပွားရေးစာတမ်း၏ အမည်က …. ‘မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးလမ်းစဉ်’ ဟူ၍ ဖြစ်သည်။
စာတမ်းတွင် ၂ ပိုင်း ခွဲ၍ ဖော်ပြထားသည်။
ပထမပိုင်းတွင် မျက်မှောက်ခေတ်လူမှုေ ရး၊ စီးပွားရေးအခြေအနေများအား သုံးသပ်ဆန်း စစ်ထားပြီး၊ ထိုအခြေအနေများမှ မည်သို့ပြုပြင်မည့် နည်းလမ်းကိုလည်း ရေးထား၏။ ဒုတိယပိုင်းတွင်က…
မြန်မာ့စီးပွားရေး ပြန်လည်၍ နလန်ထူထောင်လာပြီးသည့်ေ နာက် …. လူတန်းစေ့နေနိုင်ရေးအတွက် အဖွဲ့ချုပ်မှ ချမှတ်ထားသည့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား တင်ပြထား၏။
အနှစ်သာရအား ချုပ်ရပါမူ…. အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးလမ်းစဉ် (သို့မဟုတ်) Makro ဘောဂဗေဒဆိုင်ရာ မူဝါဒ သဘောထားက …

“၁။ တိုင်း ပြည်တွင် ဈေးနှုန်း၊ ငွေကြေးနှင့် အလုပ်အကိုင်များ တည်ငြိမ်ပြီး ၊ ကျပ်ငွေစက္ကူအား တိုင်းသူပြည်သားများ အယုံအကြည်ရှိေ စရန် ဆောင်ရွက်မည်။
၂။ သင့်တော်သည့်ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ လမ်း စဉ်ချမှတ်၍ အစိုးရအသုံးစရိတ် ပိုင်နိုင်ထိေ ရာက်စွာ ချုပ်ကိုင်ရ န်။
၃။ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း ပြည်လည်ဆန်းစစ်လျက် ကျပ်ငွေတန်ဖိုး ယုတ္တိရှိစွာ သတ်မှတ်ရန်။
၎။ ပြည်တွင်း ကုန်ဈေးနှုန်းများ ကျဆင်းစေရန် နိုင်ငံခြားမှ သင့်တော်သည့် ကုန်ပ စ္စည်းများ တင်သွင်းရန်။
၅။ ပို့ကုန်အမျိုးမျိုး တိုးချဲ့ထုတ်လုပ်နိုင်ရေး ဦးစားပေးဆောင်ရွက်ရန်။
၆။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာစေရန် လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေများ ပြင်ဆင်ေ ရးဆွဲရန်
၇။ နိုင်ငံခြားကြွေးမြီများ လျော့ပါးသွားရေးနှင့် နိုင်ငံခြားအကူအညီများ ပြန်လည်ရရှိစေရန်
၈။ စီးပွားရေးလုပ်ငန်းများ ချုပ်ချယ်ကန့်သတ်ထားသည့် အမိန့်၊ ကြေညာချက်များနှင့် ဥပဒေစည်းမျဉ်းများအား ပြန်လည်ဆန်းစစ်ပြင်ဆင်ရန်
၉။ ပုဂ္ဂလိက လုပ်င န်းများ အကျိုးအမြတ် ပိုမိုရ ရှိလာစေရန် လက်ရှိအခွန်စနစ် ပြန်လည်ဆန်း စစ်ပြင်ဆင်ရန်။
၁ဝ။ စီး ပွားရေး အခန်းကဏ္ဍအားလုံး လွတ်လပ်ပြီး တရားမျှတသည့် ဈေးကွက်စီးပွားရေးစနစ်ကို အခြေခံ၍ ပုဂ္ဂလိက လုပ်င န်းများ လျင်မြန်စွာ တိုးတက်ရှင်သန်လာစေရန်
၁၁။ တိုင်း ပြည်အား ထိရောက်စွာ အကူအညီပေးနိုင်မည့် ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်း မြှင်တင်ရ န် စသည်တို့ ဖြစ်ပါသည်။ တိုင်းပြည်တွင် လူမှုစီးပွားရေး တည်ငြိမ်မှုရှိေ စရန်အတွက်
ယျေဘုယျအခြေအနေများကို ထည့်တွက်ရမှာ ဖြစ်ပါတယ်။ အလောတကြီး ဆောင်ရွက်မှုများကို ရှောင်ရှားလျက် အနည်းဆုံးလိုအပ်ချက်များကို ထည့်တွက်ထားရန်။”…. ဟူ၍ ဖြစ်၏။

နှစ်ပတ်လည် အခမ်းအနားတွင် …. ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းစကားပြော၏။ ဒေါ်အောင်ဆန်းစုကြည်က … ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ … (နဝတ) အတွင်းရေးမှူး (၁) နှင့် အဖွဲ့ချုပ်အကြား
တွေ့ဆုံခဲ့မှု အခြေအနေနှင့် စက်တင်ဘာလ ၁၆ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ ပျက်ပယ်ခဲ့ရသည့် အကြောင်းတို့အား ရှင်း လင်းပြောဆိုပြီး အဆုံး၌…..

“အာဃာတကင်းစင်ရေးဆိုတာ ဒါပါပဲ။ အဖွဲ့ချုပ်ဟာ ပြည်သူပြည်သားတွေ ပေးအပ်ခဲ့တဲ့တာဝန်ကို ထမ်း ဆောင်ခွင့် ရလာတဲ့အခါ အတိုက်အခံလုပ်သူတွေရဲ့ အခွင့်အရေးတွေပါ ပြည့်ပြည့်ဝ ဝ
စောင့်ရှောက်ရ မှာပါ။ ကိုယ့်စိတ်သဘောနဲ့ ကွဲလွဲတ့သ
ဲူများနဲ့ ပြေလည်မှုရလိုတာဟာ ဒီမိုကရေစီ လုပ်ထုံး လုပ်နည်းတရပ် ဖြစ်ပါတယ်။ ဒီလိုနည်းအရ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ စစ်မှန်တဲ့
ဒီမိုကရေစီနိုင်ငံေ တာ် ထူထောင်ရေးနဲ့ အများပြည်သူ လက်ခံယုံကြည်တဲ့ ဖွဲ့စ ည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေးတို့ကို ရှေးရှုပြီး အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
အစဉ်တစိုက် ခိုင်ခိုင်မာမာ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အနှစ်သာရရှိတဲ့ တွေ့ဆုံေ ဆွးနွေးပွဲရဲ့ သဘောသဘာဝနဲ့ ပတ်သက်လို့  ပွင့်လင်း ရိုးသားမှု၊ အပြန်အလှန် လေးစားမှုနဲ့ အများပြည်သူအကျိုးအတွက် ဦးတည်ဆောင်ရွက်မှုတို့အပေါ်မှာ ဆောင်ရွက်ရမှာ
ဖြစ်ပါတယ်။ ပွင့်လင်း ရိုးသားမှု၊ အပြန်အလှန်လေးစားမှု သဘောများအရ တွေ့ဆုံဆွေးနွေးပွဲတက်ဖို့ ဖိတ်ကြားတဲ့အခါမှာ ဆွေးနွေးမယ့် အကြောင်းအရာကို ဖော်ပြပြီး နှစ်ဦးနှစ်ဖ က် အဆင်ေ ပြမယ့်
အစီအစဉ်ကို ချမှတ်ရမှာ ဖြစ်ပါတယ်။ မိမိတို့ ကိုယ်စားလှယ်များကို သက်ဆိုင်ရာ အဖွဲ့အစည်း ကသာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။

တနိုင်ငံလုံးအတွက် အောင်ပွဲဖြစ်ရမယ့် တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အာမခံပါတယ်။ အဲဒါဟာ
ကျမတို့ရဲ့ အဓိကကျတဲ့ လုပ်င န်းစဉ်တရပ်ပါပဲ” ဟူ၍ မိန့်ခွန်းအား အဆုံးသပ်လိုက်၏။

(၁၉၈)
၁၉၉၇ ခုနှစ်၊ နိုဝ င်ဘာလ ၁၅ ရက်…၊ ၁၃၅၉ ခုနှစ်၊ တန်ေ ဆာင်မုန်း လပြည့်ကျော် ၁ ရက်နေ့ရက်စွဲနှင့် (နဝတ) သည် အမိန့်ကြေညာချက်များအား တခုပြီးတခု ထုတ်ပြန်နေ၏။
ပထမအမိန့်ေ ကြညာချက်က ‘နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့’ အား ‘နိုင်ငံေ တာ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ’ ဟု အမည်ပြောင်းခြင်း ဖြစ်၏။ (နဝတ) မှ (နအဖ) ဟူ၍…။
၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက် အာဏာသိမ်း မှုအပြီး ၉ နှစ် တလနှင့် ၂၈ ရက်အကြာတွင်…. အာဏာသိမ်းစစ်အုပ်စုက …. နိုင်ငံတော်အား ငြိမ်ဝ ပ်ပိပြားအောင် တည်ဆောက်၍ပြီးပြီဟု
ဆိုလို၍လား မသိ….။ ငြိမ်ဝပ်ပိပြားမှု တည်ေ ဆာက်ရေး အမည်အား စွန့်လိုက်၏။

ပြီးလျှင် …. ၁၉၈၈ အာဏာသိမ်း အဖွဲ့တွင် ပါဝင်ခဲ့ကြသည့် ဗိုလ်ချုပ် ၁၄ ဦးကိုလည်း ဖြုတ်၍၊ ထုတ်၍၊ ဖမ်းပြီး … အရေးယူလိုက်၏။ ထုတ်ပစ်ခြင်းခံရသည့် ဗိုလ်ချုပ် ၁၄ ဦး တွင် …. ဗိုလ်ချုပ်ကျော်ဘ၊
ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်အေးသောင်…. စသည့် တဗိုလ်တမင်း မင်းမူနေကြသည့် တပ်မတော်အတွင်းမှ စစ်ဘုရင်ကြီးများလည်း ပါသွားကြ၏။ လာဘ်စားမှု၊
အကျင့်ပျက်ဖောက်ပြားမှုများကြောင့်ဟူ၍ အကြောင်းပြပြီး ပိုင်ဆိုင်မှုများ အားလုံးကိုလည်း အသာစီးရသွားသည့် စစ်အုပ်စုက သိမ်း ၏။ တိုက်များ၊ ကားများ၊ ရတနာများ၊ လုပ်င န်းများ….။
အရပ်ရပ်တန်ဖိုးက အံ့သြလောက်ဖယ
ွ်ရာ ကိန်း ဂဏန်းများဖြစ်၏။ နာမည်ပြောင်း၍ လူသစ်အချို့နှင့် ပြောင်းလဲဖွဲ့စ ည်းခဲ့သည့် စစ်ကောင်စီသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပတ်သက်လျှင်မူ
သဘောထားမပြောင်း…။

၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်ေ န့တွင် (နအဖ) ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူး ကြီး တင်လှိုင်က … အဖွဲ့ချုပ် ခေါင်းဆောင်များအား တွေ့ဆုံရ န် ကြိုတင်၍ အကြောင်းကြားစာပေးပို့ပြီး ဆင့်ေ ခါ်၏။ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်က (နအဖ) နှင့် ဆက်သွယ်ရေးလမ်းကြောင်းအား ဖွင့်ထားမည်။ တွေ့ဆုံဆွေး နွေးရေးအား မည်သို့ပင်ဖြစ်စေ မိမိဘက်မှ ပိတ်မ ပစ်ဟူသည့် မူအရ …. ပြည်ထဲရေးဝန်ကြီး၏
ဆင့်စာအတိုင်း သွားရောက်၍ တွေ့ဆုံကြရန် သဘောထားချထား၏။ သို့သော်…. အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ၊ ဒု- ဥက္ကဋ္ဌများ၊ အထွေထွေအတွင်း ရေးမှူနှင့် အတွင်းရေးမှူးတို့မှမူ တွေ့ဆုံမည်မ ဟုတ်…။
ဗဟိုအလုပ်အမှုဆောင်များသည်သာ ပြန်ထဲရေးဝန်ကြီးဆိုသူနှင့် တွေ့ဆုံမည်။

တွေ့ဆုံမှုက … ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီတွင် တွေ့ဆုံကြ၏။

ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူး ကြီးတင်လှိုင်က (နအဖ) အာဏာပိုင်များ ပြောခိုင်း လိုက်သည့် စကားများအား ကြက်တူရွေးတကောင်ကဲ့သို့ ရွတ်ပြ၏။ အဓိကဆိုလိုရင်းကား….. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
ထုတ်ပြန်သည့် ကြေညာချက်၊ သတင်း လွှာများ၊ ပေးစာများအား မထုတ်ပြန်ရန် ပိတ်ပင်ခြင်းဖြစ်သည်။
ဗိုလ်မှူးကြီးတင်လှိုင်၏ ရွတ်ဖ တ်မှုက … “အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ….. ဆင်ခြင်သင့်ပြီဖြစ်ကြောင်း၊ ဒီလိုသာ ဆက်ပြီးလုပ်နေပါက အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုေ နတဲ့၊
တွေ့ဆုံေ ဆွးနွေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ဆိုတာတွေဟာ ဝေးသထက်ဝေးသွားနိုင်ေ ကြာင်း၊ ဒီလိုဝေးသွားတာဟာလည်း နိုင်ငံတော်အစိုးရက လုပ်တာမဟုတ်ကြောင်း၊
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးများအနေဖြင့် ပြန်လည်ဆင်ခြင်သုံးသပ်နိုင်အောင် သတိရှိဖို့ ရှိပြီဖြစ်ကြောင်း….”

နိုင်ငံေ တာ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကား…. အမည်သာပြောင်း၏။ မူဝါဒကား… မပြောင်း။

ကိုးကား ……

- ရွှေခ မောက် မှတ်တမ်းလွှာ


- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၁
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- ဗိုလ်မှူး အောင်၏ ပန်ကြားလွှာ - ၁၉၉၇၊ သြဂုတ်လ ၅ ရက်
- ကော်မ ရှင်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် တွေ့ဆုံမှုမှတ်တမ်း
- ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ ဟောပြောပွဲမှတ်တမ်း တိပ်ခွေများ
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ မှတ်တမ်း
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၆

| သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၅၆ မိနစ်

(၁၉၉)

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ တရားဝင် မှတ်ပုံတင်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် အမျိုးမျိုးအဖုံဖုံ၊ ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်၊ ပိတ်ပင်၊ တားမြစ်နေမှုများ…”
အမည်ဖြင့် စာတမ်းတစောင်အား ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှစ၍ ဒေါ်အောန်ဆန်း စုကြည် ပြုစုရေးသားနေခဲ့၏။ စာတမ်းက ….အချောသတ်အဆင့်သို့ပင် ရောက်၍နေပြီ။ ၁၉၉၆… ၁၉၉၇ ၂
နှစ်တာကာလအတွင်း… အာဏာပိုင်စ စ်အုပ်စုနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မ ရှင်တို့မှ အဖွဲ့ချုပ်အပေါ် ဥပဒေမဲ့ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်မှုများအား ပြုစုရေးသားထားခြင်း
ဖြစ်သည်။

စာတမ်းတွင်ပါရှိသည့် အကြောင်းအရာ၊ အချက်အလက်များနှင့်ပ တ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ ကျင်း ပရေးကော်မရှင်နှင့် ဆွေးနွေးရန်
ကော်မရှင်သို့ စာတမ်းမိတ္တူအား ပေးပို့၍ အကြောင်းကြားကမ်းလှမ်းခဲ့သည်မှာ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကတည်းက ဖြစ်သည်။ ကော်မရှင်က မည်သို့မျှ အကြောင်းမပြန်….။ ငြိပ်ဝပ်နေ၏။
ကော်မရှင်မှ အကြောင်းမပြန်သော်လည်း …. ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်ေ န့တွင်မူ ….စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး၊ ဗိုလ်မှူးကြီး တင်လှိုင်က အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်များအား
ခေါ်ယူတွေ့ဆုံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေနေသည့် စာရွက်စာတမ်းမှန်သမျှအား မထုတ်ဝေရန် ပိတ်ပင်တားမြစ်၏။ အဖွဲ့ချုပ်အနေဖြင့် ပြည်ထဲရေးဝန်ကြီး၏ တားမြစ်ချက်အား မည်သို့မျှ
မလိုက်နာနိုင်။ လက်ခံ၍မရ…။ ဖီဆန်ရ ပေမည်။

ပါတီစုံဒီမိုကရေစီစနစ်အား ဖော်ဆောင်မည့် နိုင်ငံရေး အဖွဲ့အစည်းတရပ်အနေနှင့်…. လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်၊ သတင်း ပြန်ကြားခွင့်၊ ဝါဒသဘောထားများအား ထုတ်ပြန်ဖြန့်ချိခွင့်၊ လွတ်လပ်စွာ
စည်းရုံးလှုပ်ရှားခွင့်များ ရှိရပေမည်။ ဤသည်တို့မှ မရှိလျှင်….။ ပိတ်ပ င်ခြင်းခံနေရလျှင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆီသို့  ဦးတည်ခြင်းသည်လည်း… ဦးတည်ရာ လမ်း လွဲ၍ နေပေလိမ့်မည်။

ပြီးလျှင် ….. နိုင်ငံရေးပါတီတရပ်၏ အခြေခံလွတ်လပ်ခွင့်မျှ မရှိလျှင် … ထိုနိုင်ငံေ ရးအဖွဲ့အစည်းသည်လည်း သေဆုံးခြင်းနှင့် မည်သို့မျှ မထူးခြားတော့…။

စစ်အုပ်စုက ၁၉၈၉ ခုနှစ်တွင် နိုင်ငံေ ရးအဖွဲ့အစည်းများအား ၁၉၅ဝ ခုနှစ် ပုံနှိပ်ထုတ်ေ ဝသူများ ဥပဒေအရ ပုံနှိပ်ထုတ်ဝေခွင့်အား တင်ခိုင်း၏။ ပုံနှိပ်ထုတ်ဝေခွင့် (န/သ) ရရှိမှသာ ပုံနှိပ်ထုတ်ဝေခွင့်ရှိမည်ဟု
ဆို၏။ ဤအတွက် နိုင်ငံရေးပါတီများက အာဏာပိုင်များထံတွင် ပုံနှိပ်ထုတ်ဝေခွင့် (န/သ) အား လျှောက်ကြရသည်။

အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ထိုစဉ်က… အတွင်းရေးမှူးအဖွဲ့ဝ င်တဦးဖြစ်သည့် ဦးချစ်ခိုင်မှ ပုံနှိပ်ထုတ်ဝေခွင့်အား လျှောက်၏။ ကင်းလွတ်ခွင့်အမှတ် န/သ-ဝ၅၂ ဖြင့် အဖွဲ့ချုပ်သည်
‘မှတ်တမ်း လွှာ’ များ၊ စာအုပ်စာတမ်းများ၊ ကြေညာချက်များအား ပုံနှိပ်ထုတ်ဝေခဲ့၏။ နောက်ပိုင်းတွင်မူ စစ်အုပ်စုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကင်း လွတ်ခွင့်အမှတ် န/သ-ဝ၅၂ ကိုပင်
ပြန်လည်သိမ်းယူလိုက်ပြီး အဖွဲ့ချုပ်၏ ပုံနှိပ်ထုတ်ဝေခွင့်အား ပိတ်ပ စ်လိုက်သည်။ ဤအတွက် အဖွ့ခ
ျဲုပ်သည် (နဝတ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးထံသို့ အိပ်ဖွင့်ပေးစာ၊ ကော်မရှင် ဥက္ကဋ္ဌ ဦးဘဋ္ဌေးထံသို့
ပေးစာများနှင့် အဖွဲ့ဝ င်များအတွက်သာ ဖြန့်ဝေသည့် ကြေညာချက်များကိုသာ ထုတ်ဝေခဲ့ရ၏။

ယခု….။
ပြည်ထဲရေးဝန်ကြီးက ဤသို့သော ပေးစာများနှင့်၊ ကြေညာချက်များကိုပင် မထုတ်ဝေရန် ပိတ်ပင်လာပြန်၏။ ဤကန့်သတ်ပိတ်ပ င်မှုအား လက်ခံ၍က မည်သို့မျှမဖြစ်…။ မတရားသော
အမိန့်အာဏာဖြစ်၍… ဖီဆန်ရ ပေမည်။ ဤအတွက် ဒေါ်အောင်ဆန်း စုကြည်မှ ….

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အမျိုးမျိုးအဖုံဖုံ၊ ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်၊ ပိတ်ပင်၊ တားမြစ်နေမှုများ” စာတမ်းအား ရေး၏။ ပြီးလျှင် …. ပြန်နယ်၊ တိုင်း စည်းရုံးရေးအဖွဲ့ဝင်များ၊ မြို့နယ်၊
ရပ်ကျေးစည်းရုံးရေး အဖွဲ့ဝ င်များနှင့် ဗဟိုဌာနချုပ်ရှိ ဌာနများ၊ လုပ်င န်းအဖွဲ့များအားလုံးသို့ ဖြန့်မည်။

(၂ဝဝ)
စာတမ်းတွင် အပိုဒ်ပေါင်း ၂၄ ပိုဒ် ပါရှိ၏။ စာတမ်းအား ပထမဦးစွာ ….အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် (နဝတ) ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (ဥပဒေအမှတ် - ၄/၈၈) နှင့် အညီ ၁၉၈၈
ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မ ရှင်တွင် နိုင်ငံရေး အဖွဲ့အစည်း တရပ်အဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ကြောင်း ဖော်ပြ၏။ ပြီးလျှင် ….
‘နိုင်ငံေ ရးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအခန်း (၁) ပုဒ်မ - ၂ (က) ’ ၊ ‘အသင်းအဖွဲ့များ ဖွဲ့စည်း ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၂ (ခ) ’ ၁၉၈၉ ခုနှစ် မတ်လ ၂၂ ရက်ေ န့၊ ရက်စွဲနှင့် ထုတ်ပြန်ခဲ့သည့်
ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ ကော်မရှင်၏ ‘ထုတ်ပြန်ကြေညာချက်အမှတ် (၂၄၅) အပိုဒ် - ၃ နှင့် အပိုဒ် - ၄ တို့တွင် ပါရှိသည့် ပြဋ္ဌာန်းချက်များအား ကောက်နုတ်ဖော်ပြ၏။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၁) ၊ ပုဒ်မ - ၂ (က) တွင်… နိုင်ငံေ ရးပါတီ ဆိုသည်မှာ စစ်မှန်ေ သာ ပါတီစုံဒီမိုကရေစီကို လက်ခံကျင့်သုံးသော အဖွဲ့အစည်းကို ဆိုသည်” ဟူ၍
သတ်မှတ်ပြဋ္ဌာန်းပြီး…..

“အသင်း အဖွဲ့များ ဖွဲ့စည်း ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂ (ခ) တွင်က… နိုင်ငံေ ရးအသင်းအဖွဲ့ ဆိုသည်မှာ နိုင်ငံေ ရးအယူဝါဒ တခုခုပေါ်တွင် အခြေခံ၍ နိုင်ငံရေးစည်းရုံးလှုပ်ရှားမှုကို တနည်း နည်းပြုသော
အသင်းအဖွဲ့ကို ဆိုသည်”…. ဟု ဖော်ပြထားသည်။ ပြီးလျှင်…..

“ကြေညာချက်အမှတ် - (၂၄၅) အပိုဒ် - ၃ တွင် ‘ယခုမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ အဖွဲ့အစည်းများသည် ဤကော်မရှင်က ကြီးကြပ်ဖွဲ့စ ည်းပေးသော အဖွဲ့အစည်းများ မဟုတ်ဘဲ မိမိတို့၏
ဆန္ဒအလျောက် ပါတီဖွဲ့စ ည်းပုံများ၊ စည်းမျဉ်းများ၊ ရည်ရွယ်ချက်နှင့် လုပ်င န်းစဉ်များကို ရေးဆွဲပြီး၊ နာယကနှင့် အလုပ်အမှုေ ဆာင် အဖွဲ့ဝ င်များကို ရွေးချယ်ဖ့စ
ွဲ ည်းထားခြင်း ဖြစ်ပါသည်”…. ဟူ၍
ပြဋ္ဌာန်းထား၏။

“ကြေညာချက်အမှတ် -(၂၄၅) ၏ အပိုဒ် - ၄ တွင်မူ… ထိုသို့မှတ်ပုံတင်စဉ်က တင်ြ ပသော သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံစည်းမျဉ်းများ၊ ရည်ရွယ်ချက်နှင့် လုပ်င န်းစဉ်များ၊ နာယကနှင့်
အလုပ်အမှုေ ဆာင် အဖွဲ့ဝ င်များ စာရင်းကိုမူ ကော်မ ရှင်က မှတ်တမ်းတင်ထားပါသည်။ ထို့ပြင်… အလုပ်အမှုေ ဆာင်အဖွဲ့နှင့် ဖွဲ့စည်း ပုံစည်းမျဉ်းများ ပြုပြင်ပြောင်းလဲမှုရှိ၍ ကော်မရှင်သို့
ထပ်မံတင်ပြလာသည့် အခါတွင်လည်း ကော်မ ရှင်က ဆက်လက်မှတ်တမ်းတင်ထားလျက် ရှိပါသည်” ….ဟု ဖော်ပြထားသည်။

ကောက်နုတ်ချက်များအရမူ ….ကော်မ ရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်…။ နိုင်ငံရေးအဖွဲ့အစည်းများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဟူသည်က ရှင်းလင်းလျက်ရှိသည်။ သို့သော် ….လက်ငင်းဖြစ်ပျက်နေသည့်
အခြေအနေများက ဤသို့မဟုတ် ….ဤသို့သော် အခြေအနေများအား ဒေါ်အောင်ဆန်းစုကြည်သည် စာတမ်းအပိုဒ် ၁၅ တွင် ပြည့်ပြည့်စုံစုံပင် ထည့်သွင်း ၍ ဖော်ပြ၏ …..

“ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်၏ ရွေးကောက်ပွဲ ကျင်း ပပြီးစီးသည့် နောက်ပိုင်း လုပ်ဆောင်ချက်များသည် ပါတီတွင်း ဒီမိုကရေစီကျင့်သုံးခြင်းကို
ပယ်ဖျက်သလိုဖြစ်နေပြီး၊ ပါတီစုံ ဒီမိုကရေစီနိုင်ငံေ တာ် တည်ေ ဆာက်ရေးကိုပင် ထိခိုက်နေပါသည်” ဟူ၍ ကောက်ချက်အား ဆွဲပြရင်း… အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အမျိုးမျိုး အဖုံဖုံ ဖိနှိပ်၊
ချုပ်ချယ်၊ ကန့်သတ်၊ ပိတ်ပင်၊ တားမြစ်နေမှုများကို အပိုဒ်ခွဲ၍ တချက်ခြင်း ဖော်ပြသည်။

(က) နိုင်ငံေ ရးပါတီ အဖွဲ့အစည်းများ၏ အဆင့်ဆင့်သော ဦးဆောင်အဖွဲ့များကို ၂၆၊ ၄၊ ၉၁ နေ့တွင် တည်ရှိေ သာ အင်အားအတိုင်း ထားရှိရန်နှင့် တိုးချဲ့ဖွဲ့စ ည်းခြင်း မပြုရန်ဟု ၂၈၊ ၈၊ ၉၁ ရက်ေ န့တွင်မှ ၎
လခွာ ၍ နောက်ကြောင်းပြန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

(ခ) ဦးဆောင်အဖွဲ့ဝ င် ၅ ဦးထက် လျှော့နည်းသွားပါက ယင်း အဖွဲ့အစည်းများသည် ပျက်ပြယ်ရ မည်ဟု ဆိုကာ… အာဏာပိုင်တို့၏ တမင်သက်သက် နည်းအမျိုးမျိုးဖြင့် ဖိအားပေးအကျပ်ကိုင်မှုတို့ကြောင့်
ဦး ဆောင်အဖွဲ့ဝ င် ၅ ဦး မပြည့်တော့သော ပြည်န ယ်၊ တိုင်း၊ မြို့ နယ်၊ ရပ်/ကျေးတို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဌာနချုပ်) ကိုပ င် အသိမပေးတော့ဘဲ ဖျက်သိမ်းခဲ့ခြင်း။

(ဂ) အပြစ်ရှာပြီး တရားစွဲဆိုခြင်းခံရသော ပြစ်ဒဏ်ကျခံရ သည့် ပါတီဝင်များအား ပါတီမှ ထုတ်ပယ်ရ န် ညွှန်ကြားစာထုတ်ပြန်ခဲ့ခြင်း။

(ဃ) အဖွဲ့ချုပ်အတွင်း ဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်း၊ တာဝန်မှ ရပ်စဲခြင်း စသည့် အဖွဲ့ချုပ်၏ တရားဝင် လုပ်င န်းများအပေါ် ကန့်သတ်ခြင်း။

(င) အဖွ့ဝ
ဲ င်များ စည်းရုံးစုဆောင်းခြင်းကို တားမြစ်ခြင်း။

(စ) အဖွ့ခ
ျဲုပ်အစည်းအဝေးများ ကျင်း ပခြင်းကို ပိတ်ပင်ခြင်း။

(ဆ) အဖွဲ့ချုပ်ရုံးများဖွင့်ခြင်း၊ ဆိုင်း ဘုတ်တင်ခြင်းများကို ခွင့်မပြုခြင်း၊ ဆိုင်း ဘုတ်များကို အတင်း အဓမ္မ ဖြုတ်ချခြင်း။

(ဇ) နေ့ထူးနေ့မြတ်များ၌ အခမ်းအနားများ ကျင်းပခြင်းကို တားဆီးခြင်း။

(ဈ) စာရွက်စာတမ်းများ ပုံနှိပ်ထုတ်ဝေခွင့် မပြုခြင်း။

(ည) အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား အမျိုးမျိုးအပြစ်ရှာ၍လည်းကောင်း၊ ခြိမ်းခြောက်၍လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်စေခြင်း။


(ဋ) ပြစ်မှုကျူးလွန်ခြင်း မရှိပါဘဲလျက်၊ အဖွဲ့ချုပ်အဖွဲ့ဝင် ခရီးသွားလာခြင်းကို သက်ဆိုင်ရာ မြို့ နယ်အာဏာပိုင်များ၏ ခွင့်ပြုချက်ရမှသာ သွားလာနိုင်ခြင်း၊ ကာယကံရှင် အဖွဲ့ချုပ်အဖွဲ့ဝ င်များ ခရီးသွားလျှင်
၎င်းတို့၏ ဇနီးများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း။

(ဌ) မိသားစုများ၏ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်ခြင်း။

(ဍ) နိုင်ငံေ ရး၊ စီးပွားရေး၊ လူမှုေ ရး၊ မိသားစုအရေးများတွင် အပြစ်ကို မတွေ့တွေ့ေ အာင် ပိုက်စိတ်တိုက်ရှာ ပြီး တရားစွဲဆိုမည်ဟု အကျပ်ကိုင်ခြင်း။

(ဎ) မိသားစုများ၏ စီးပွားရေး၊ လူမှုေ ရး၊ ဘာသာရေး၊ ပညာရေး၊ ကျန်း မာရေး စသည်တို့၏ အခွင့်အရေးများကို ကန့်သတ်ခြင်း၊ ယင်း ကိစ္စများနှင့် သက်ဆိုင်သော သွားလာခွင့်များကိုပင် ကန့်သ တ်ခြင်း။
အဖွဲ့ချုပ်အဖွဲ့ဝ င် ဆရာဝန်များ၏ ဆ/မ လက်မှတ်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင် ရှေ့နေများ၏ မှတ်ပုံတင်ကဒ်ပြားနှင့် လိုင်စ င်များကို ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်း၊ သက်ဆိုင်ရာ ဆရာဝန်များ၏
အကျင့်စာရိတ္တပျက်ပြားခြင်း၊ ဆရာဝန် တာဝန်လစ်ဟင်းခြင်း၊ ရှေ့နေများတွင် ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာပျက်ပြားခြင်းတို့ မရှိပါဘဲလျက် ၎င်းတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစ မ်းစစ်ဆေးမှုများ
မပြုလုပ်ဘဲ တဖက်သတ် ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်းများ မပြုလုပ်နိုင်ပါဘဲလျက် လုပ်ဆောင်နေခြင်း။

(ဏ) အဖွဲ့ဝ င်အချို့ထံ လိုက်လံ၍ အသင့်ပါလာသော ပုံစံတွင် အဖွဲ့ဝ င်အဖြစ်မှ နုတ်ထွက်ကြောင်း အတင်းအဓမ္မ လက်မှတ်ေ ရးထိုးစေခြင်း။

(တ) အဖွဲ့ဝ င်များ ခရီးသွားလာရာတွင် မော်တော်ကား၊ မီးရထား၊ ရေယာဉ်နှင့် လေယာဉ်လက်မှတ်များ ရောင်းချခြင်း မပြုရန် တားမြစ်ခြင်း။

(ထ) အချို့မြို့ နယ်များတွင် အာဏာပိုင်အဖွဲ့အစည်းများက အဖွဲ့ချုပ်ရုံး အဖြစ် ငှားရမ်းထားသည့် အိမ်ခ န်းပိုင်ရှင်များအား ဆင့်ေ ခ်ါပြီး အဖွဲ့ချုပ်ကို ပြစ်မှုတစုံတရာဖြင့် အရေးယူခဲ့လျှင် အိမ်ရှင်ကိုပါ
အရေးယူခံရ မည်ဟု ခြိမ်းခြောက်၍ အကျပ်ကိုင်ပြီး သိရှိကြောင်း ဝန်ခံချက် ရေးထိုးစေခြင်း။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ထိုကဲ့သို့  အရေးယူနိုင်ကြောင်း မည်သို့မျှ ပြဋ္ဌာန်းထားခြင်း မရှိပါ။
ဤသို့သော လုပ်ေ ဆာင်ချက်သည် ဥပဒေကို ကျော်လွန်၍ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေးဟူသော ဦး တည်ချက်နှင့် ဆန့်ကျင်နေပါသည်။

(ဒ) အဖွဲ့ချုပ်သည် တည်ဆဲဥပဒေများကို ကျူးလွန်၍ အရေးယူခံရပါက အဖွဲ့ချုပ်ရုံး ခန်းအဖြစ် ငှားရမ်းထားသော အခန်းကိုပါ ပိတ်သိမ်းမည်ကို သိရှိကြောင်းအား အချို့မြို့နယ်များ၏ အာဏာပိုင်တို့က
အိမ်ရှင်အား လက်မှတ်ရေးထိုးစေခြင်း။

(ဓ) အချို့မြို့နယ်များတွင် အဖွဲ့ချုပ်၏ အစည်းအဝေးသို့ အာဏာပိုင်များ၏ ကိုယ်စားလှယ်များ စေလွှတ်၍ တတ်ရောက်နားထောင်စေခြင်း၊ သတင်းအချက်အလက်ရယူခြင်း။

(န) အဖွ့ခ
ျဲုပ်အဖွဲ့ဝ င်များအား ပြစ်မှုကျူးလွန်လေ့ရှိသူများကဲ့သို့ ကိုယ်ေ ရးရာဇဝင်ယူခြင်း၊ ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်ပြီး ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အပ်ဥ ပဒေအရ
လက်မှတ်ရေးထိုးစေခြင်းတို့ ဖြစ်ပါသည်။ အကယ်စင်စစ် ဤလုပ်ပိုင်ခွင့်အာဏာကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မ ရှင်နှင့် အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်တို့အား ဥပဒေ၊
နည်းဥပဒေတို့ဖြင့် အပ်နှင်းထားခြင်း မရှိပါ။” ….ဟူ၍ ပြည့်ပြည့်စုံစုံပ င် ထည့်သွင်း ရေးသားပြီး …စာတမ်း၏ နောက်ဆက်တဲအ
ွ နေနှင့်မူ…. အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် အာဏာပိုင်
အဖွဲ့အစည်း အသီးသီးမှ တရားဥပဒေမဲ့ လုပ်ေ ဆာင်ခဲ့သည့် ဖြစ်ရပ်များအား ဗဟိုဌာနချုပ်နှင့် ပြည်န ယ်တိုင်း ၁၄ ခုအလိုက် ဖော်ပြထား၏။

အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ…. “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ တရားဝင် မှတ်ပုံတင်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အမျိုးမျိုး ဖိနှိပ်၊ ချုပ်ချယ်၊
ကန့်သတ်ပိတ်ပ င်၊ တားမြစ်နေမှုများ” စာတမ်းအား ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်ေ န့တွင် အဖွဲ့ဝင်များအတွင်း ဖြန့်ဝေလိုက်၏။

စစ်အုပ်စုပြည်ထဲရေးဝန်ကြီး၏ အမိန့်အား… ဖီဆန်ခြင်း…။

ကိုးကား ……

- ရွှေခ မောက် မှတ်တမ်းလွှာ


- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၁
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- ကော်မ ရှင်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် တွေ့ဆုံမှုမှတ်တမ်း
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ မှတ်တမ်း
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း - ၅၇)

| ကြာသပတေးနေ့၊ မတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၀၈ မိန စ်

(၂ဝ၁)
ထိုင်း နိုင်ငံတွင် အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေသည့် The Nation သတင်းစာက …. ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်း စုကြည် ပြန်လည်
လွတ်မြောက်လာခဲ့ပြီးသည့်ေ နာက် ပထမဆုံး အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ အယ်ဒီတာချုပ် ကိုယ်တိုင် လာရောက်၍ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့သည့် သတင်းစာတစောင်
ဖြစ်သည်။
ယခုလည်း …. The Nation က ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တွေ့ဆုံခွင့် ရနိုင်မ ယ့် နေ့ရက်နှင့် အချိန်အား ချိန်းဆို၍ နေသည်။ ဒေါ်အောင်ဆန်း စုကြည်မှ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊
ပြည်ထောင်စုေ န့အလွန်…. ၁၃၊ ၁၄၊ ၁၅ တရက်ရ က်တွင် လာရောက်၍ တွေ့ဆုံနိုင်ပါကြောင်း .. အကြောင်းပြန်လိုက်သည်။ ဤအတွက် …. The Nation သတင်းစာမှ အယ်ဒီတာတဦး ၊ အကြီးတန်း
သတင်းထောက်တဦး နှင့် ဓာတ်ပုံဆရာတို့ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာခဲ့ကြသည်။

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း….။


၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်….။
တနင်္ဂနွေနေ့…။
The Nation သတင်းစာမှ သတင်းစာဆရာများအား နေအိမ်၏ ဧည့်ခန်းအတွင်း၌ပင် ဒေါ်အောင်ဆန်း စုကြည် လက်ခံေ တွ့ဆုံ၏။ နှုတ်ဆက်ကြ၏။ တဦး နှင့်တဦး …မိတ်ဆက်ကြ၏။ ပြုံးပြုံးရွှင်ရွှင်နှင့်…။

Nation သတင်း စာ အယ်ဒီတာက … ဒေါ်အောင်ဆန်း စုကြည်အား ပထမဦးစွာ မေးခွန်းတခု ထုတ်၏။ မေးခွန်းက မြန်မာပြည်၏ လက်ငင်းဖြစ်ရှိေ နသည့် စီးပွားရေး၊ လူမှုေ ရး အခြေအနေနှင့် ပတ်သက်၏။

“အချိန်ေ တွ ကြာလာတာနဲ့အမျှ မြန်မာပြည်သူတွေဟာ ပိုပြီး ဆင်းရဲကျပ်တည်းလို့ လာကြတယ်။ အခုလို …. ခက်ခဲကျပ်တည်းနေတဲ့ အချိန်မှာ နောက်တကြိမ် ဆန္ဒပြမှုတွေ ဖြစ်လာနိုင်ပါသလား…”

Nation သတင်း စာ အယ်ဒီတာ၏ အမေးအား ဒေါ်အောင်ဆန်းစုကြည်က ….. “ရှင်းရှင်းပြောရရင် ကျမလည်း မသိဘူး။ တနေ့မှာ အပြောင်းအလဲ ရှိမယ်ဆိုတာကို ကျမ အပြည့်အဝ ယုံကြည်ပါတယ်။
ဒါပေမဲ့ အပြောင်းအလဲ ဘယ်လို ပေါ်ပေါက်လာမယ်ဆိုတာကိုတော့ အတိအကျ၊ ကျမလည်း မသိဘူး။ ဒါပေမဲ့ … သေချာတာကတော့ ပြည်သူတွေရဲ့ မကျေနပ်မှုဟာ အင်မ တန်မှ အရေးပါမှာ
ဖြစ်ပါတယ်…”

ဒေါ်အောင်ဆန်းစုကြည်သည် စကားအား ခဏငယ်မျှ ရပ်ပြီး လေးလေးနက်နက် ဆက်၍ ဆို၏။

“အချိန်ေ တွ ကြာလာတာနဲ့အမျှ လက်ရှိအခြေအနေတွေဟာ ပိုပြီး ဆိုးဝါးလာမယ်ဆိုတာကို ပြည်သူတွေက ပိုမိုနားလည် သိမြင်လာကြမှာပါ။ ပြီးခဲ့တဲ့ နှစ်ကာလများအတွင်း မှာ စီး ပွားရေးဟာ
သိသိသာသာ ဆိုးဝါးလာခဲ့ပါတယ်။ တကယ်တော့ ကျမ အကျယ်ချုပ်က လွတ်မြောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်ကစလို့ စီးပွားရေး အခြေအနေ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျမ ပြောခဲ့ပါတယ်…”

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေစကား အဆုံးတွင် Nation သတင်း စာ၏ သတင်း ထောက်ချုပ်မှ မေးခွန်းတခု ထပ်၍ မေးသည်။

“အာဏာဖီဆန်မှုေ တွ ပေါ်ပေါက်လာအောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စည်းရုံးလှုံ့ဆော်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေများ ရှိပါသလား” Nation သတင်းစာ သတင်း ထောက်ချုပ်၏ အမေးအား

“ဆန္ဒပြပွဲများလို … အာဏာဖီဆန်မှုမျိုးကို ဆိုလိုတာလား” …. ဟူ၍ ရှင်းလင်းစေရန် ဒေါ်အောင်ဆန်းစုကြည်က ပြန်မေး၏။ ပြီးမှ … အမေးအား ပြန်၍ ဖြေသည်။

“ဒီလိုမျိုး ကျမတို့ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူး ပါဘူး။ ဒီလိုလုပ်ရ ပ်မျိုးကို စဉ်းစားဖို့ အချိန်ကိုလည်း မကြုံခဲ့ရပါဘူး။ ပြည်သူ့လှုပ်ရှားမှုတွေက… မဖန်တီးဘဲ အလိုအလျောက် ဖြစ်ပေါ်ရလိမ့်မ ယ်လို့  ကျမတို့
ထင်ပါတယ်။ ဒီမိုကရေစီအတွက် ကျမတို့အနေနဲ့ ဘာတွေ ဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ် ဆိုတာကိုသာ ကျမတို့က ပြည်သူတွေကို ပြသဖို့ပဲ ရှိပါတယ်။ ကျမတို့ရဲ့ လူတွေဟာ အတတ်နိုင်ဆုံး
လုပ်ကိုင်ကြဖို့ အဆင်သင့် ရှိတယ်ဆိုတာ ရှင်း နေပါတယ်။ ဒါပေမဲ့ ဒီလူတွေဟာ တချိန်လုံး ပဲ ထောင်ချခံနေကြရပါတယ်။ ထောင်ကျခံပြီး လုပ်နေကြတာဟာ အချည်းအနှီး တော့ မဟုတ်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည်၏ စကားမဆုံးမီမှာပင် Nation သတင်း စာ သတင်းထောက်ချုပ်က ထပ်၍ မေးခွန်းဆင့်ထုတ်၏။

“ဒေါ်အောင်ဆန်း စုကြည်တို့အနေနဲ့ ဖန်တီးစီစဉ်ခြင်း မရှိဘဲ …. အလိုအလျောက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာခဲ့ရင် … NLD အနေနဲ့ ဘယ်ဘိုတုံ့ပြန်မလဲ…”

“ကျမတို့ဟာ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ရဲ့ လူတွေကို စည်းရုံးရင် စည်းကမ်းတကျ ရှိစေခြင်းတို့ကို ခွင့်ပြုနိုင်တဲ့ အနေအထားမှာ ရှိပါတယ်…”

ဒေါ်အောင်ဆန်းစုကြည်က တိုတိုရှင်းရှင်းပင် အဖြေပေးလိုက်၏။ အဖြေစကားဆုံးသည်နှင့် တဆက်တည်းမှာ ပင် … ဒေါ်အောင်ဆန်းစြု ကည်က …. ဧည့်သည်များအား …..

“နေ့လည်စာနဲ့ တည်ခ င်းဖို့ စီစဉ်ပါသေးတယ်။ ဒါပေမဲ့ …. အခြေအနေ မပေးခဲ့လို့ … ကော်ဖီနဲ့ပဲ ဧည့်ခံပါရစေ။ ကော်ဖီသုံး ဆောင်ကြပါ” …. ဟူ၍ ဧည့်သည်များအား ဒေါ်အောင်ဆန်း စုကြည်မှ
ကော်ဖီနှင့်ပ င် ဧည့်ခံ၏။

သတင်းစာဆရာများနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံမှုက ဟိတ်ဟန်မ ပါ။ တင်းတင်းတောင့်တောင့်ကြီး ဖြစ်၍မနေ…။ ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ်ပင် ….။ မေးသူက မေး၏။ ဖြေသူက
အဖြေပေး၏။

“ကျနော်တို့  မေးခွန်း လေး တခု၊ နှစ်ခုေ လာက် ထပ်ြ ပီး မေးပါရစေ …. တကယ်လို့ … စစ်အုပ်စုအနေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ တွေ့ဆုံဆွေးနွေးတဲ့ NLD ဘက်က ကိုယ်စားလှယ်အဖွဲ့ထဲမှာ
ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရဘူး လို့ ကန့်သတ်ချက် ထားခဲ့မယ်ဆိုရင် … ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို သဘောထားမလဲ”

“ကြိုတင်စည်းကမ်းသတ်မှတ်ချက်ကင်းတဲ့ စစ်မှန်တဲ့ နိုင်ငံေ ရးဆွေးနွေးမှုကို ကျမတို့ လိုလားပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုမှာ တန်းတူရ ည်တူဆိုတာ ပါဝင်ပါတယ်။ အဓိပ္ပာ ယ်က သူတို့ က
သူတို့ကိုယ်စားလှယ် ရွေးချယ်သလို ကျမတို့က ကျမတို့ကိုယ်စားလှယ်ကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က သူတို့ရဲ့ ကိုယ်စားလှယ်ရော ကျမတို့ရဲ့ ကိုယ်စားလှယ်တွေကိုပါ ရွေးချယ်ခဲ့ရင်တော့ …
ဒါဟာ တူညီတဲ့ အခြေခံပေါ်မှာ ဆွေးနွေးခြင်း မဟုတ်ပါဘူး။ အဲဒီအကြောင်းရပ်ကြောင့် ကျမတို့က လက်မခံတာ ဖြစ်ပါတယ်။ ကျမတယောက်ထဲ ကိစ္စကိုသာ ပြောတာမဟုတ်ပါဘူး။ သူတို့တွေအနေနဲ့
NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ ပါဝင်ခြင်း မရှိစေရဘူးလို့လည်း မပြောနိုင်ပါဘူး။ နောက်ပြီး NLD ရဲ့ ပြဋ္ဌာန်းချက်အရ ဦး အောင်ရွှေနဲ့ ကျမတို့ဟာ ဒီကိစ္စကို အတူတကွ ရင်ဆိုင်ေ ဖြရှင်း ကြရမှာ ဖြစ်ပါတယ်…”

“တကယ်လို့ …. စစ်အုပ်စုက NLD နဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့လိုတယ်လို့ ပြောလာရင် …. ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ သဘောတူ လက်ခံနိုင်ပါသလား….” ဟု Nation သတင်း ထောက်ချုပ်က
ဝင်၍မေး၏။

“ကျမတို့ကတော့ ရွေးပိုင်ခွင့်အားလုံးကို ဖွင့်ထားပါတယ်။ နိုင်ငံေ ရးမှာ ဘယ်တော့မှ မလုပ်ဘူး လို့ ဘယ်တော့မှ မပြောဖို့ အင်မ တန်မှ အရေးကြီးလှပါတယ်။ ကျမတို့ကတော့ ရွေးပိုင်ခွင့် အမျိုးမျိုးကို
စဉ်းစားဖို့ အမြဲပဲ အဆင်သင့်ရှိပါတယ်”

ဒေါ်အောင်ဆန်းစုကြည် အဖြေစကားအဆုံးတွင် … Nation သတင်းစာ အယ်ဒီတာက ဒေါ်အောင်ဆန်းစုကြည်အား ဓာတ်ပုံရိုက်ခွင့် တောင်း၏။ Nation သတင်း စာ ဓာတ်ပုံဆရာက
ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံေ မးမြန်းနေကြသည့်ပုံအား ရိုက်၏။ ပြီးလျှင် …. ဧည့်ခန်း မအတွင်း ရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်လုံးအပြည့်ပုံကြီး၏ အရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား
ရပ်စေပြီး ဓာတ်ပုံရိုက်ပြန်သည်။ အားလုံးက ရွှင်ရွှင်ပြပြ…။ ဒေါ်အောင်ဆန်း စုကြည်၏ ပြက်လုံးများကြောင့် Nation သတင်းစာဆရာများ ရယ်မော၍ နေကြ၏။

အားလုံး စားပွဲတွင် ပြန်ထိုင်ကြပြီး … တွေ့ဆုံမေးမြန်းမှုအား ပြန်၍ စပြန်၏။ Nation သတင်းစာ အယ်ဒီတာက နောက်ဆုံးအနေနဲ့ …

“အာဆီယံအဖွဲ့ဝ င် နိုင်ငံေ တွရဲ့ အစိုးရတွေကို ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ပြောကြားလိုတာ ရှိပါသလား”

“ကျမအနေနဲ့ သူတို့ကို ပန်ကြားလိုတာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စိုးမိုးနိုင်ေ ရးအတွက် အတတ်နိုင်ဆုံး အကူအညီပေးဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း မှာ ပွင့်လင်းပြီး ပြည်သူ့အတွက်
တာဝန်ရှိတဲ့ အစိုး ရမျိုး ရရှိတာနဲ့ ကျမတို့ စီးပွားရေးအခြေအနေကို ပိုမိုေ ကာင်းမွန်လာအောင် ဆောင်ရွက်နိုင်သလို အာရှဒေသ အကျိုးအတွက်လည်း ကျမကိုက အထောက်အကူ ပြုနိုင်လိမ့်မ ယ်လို့
ယုံကြည်ပါတယ်။ ဒီတော့ ဒေသအတွင်းမှာ ဘာပြဿနာပဲ ပေါ်ခဲ့ပေါ်ခဲ့ မြန်မာနိုင်ငံက ပြဿနာသာ မဟုတ်ဘဲ အကူအညီေ ပးနိုင်တဲ့ အနေအထားရှိမှာ ဖြစ်ပါတယ်။ လောလောဆယ်ဆယ်မှာတော့
ကျမတို့က အကူအညီ လိုအပ်ေ နပါတယ်။ ဒါပေမဲ့ အာရှဒေသအတွင်းမှာ တိုးတက်မှုနဲ့ ငြိမ်း ချမ်းမှုတို့ကို တနေ့မှာ အထောက်အကူ ပြုနိုင်မယ့် အခြေအနေ ကျမတို့ အားလုံးက မျှော်လင့်ထားပါတယ်”

တွေ့ဆုံေ မးမြန်းခြင်းက ပြီးပြီ။ Nation သတင်းစာဆရာများက၊ ဒေါ်အောင်ဆန်း စုကြည်အား နှုတ်ဆက်၍ ပြန်သွားကြ၏။

ဧည့်ခန်း စားပွဲပေါ်ရှိ နာရီက … မွန်းလွဲ ၁ နာရီနှင့် ၃ဝ မိန စ်အား ညွှန်ပြ၍ နေသည်။ တနင်္ဂနွေလို နေ့များတွင်လည်း ဒေါ်အောင်ဆန်း စုကြည်သည် အနားယူချိန်ကားမရ….။

(၂ဝ၂)
အမှတ် ၉၇/ခ၊ အနောက်ေ ရွှဂုံတိုင်လမ်း…။
၁၉၉၈ ခုနှစ်၊ မတ်လ ၁၂ ရက်….။
အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်ရုံး ၌ပင် ပြည်တွင်းပြည်ပ သတင်းစာဆရာများအား ဖိတ်ကြားပြီး သတင်းစာ ရှင်း လင်းပွဲတရပ်အား ဒေါ်အောင်ဆန်းစုကြည် ပြုလုပ်၏။ AP ၊ AFP ၊ ရိုက်တာ၊
NHK စသည့် နိုင်ငြံ ခား သတင်း ဌာနများမှ မြန်မာနိုင်ငံရှိ ဌာနေကိုယ်စားလှယ်များ တက်ရောက်ကြ၏။ သတင်းစာ ရှင်းလင်းပွဲအား စသည်နှင့် ဒေါ်အောင်ဆန်းစုကြည်က ပဏာမနိဒါန်း စကား ဆို၏။

“သတင်းလောကက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြောကြားတယ် ဆိုတာဟာ ကျမအတွက် ပုံမှန် လုပ်ငန်းတာဝန်တခုလို ဖြစ်နေပါပြီ။ မကြာသေးမီ သတင်းပတ်တွေအတွင်း သတင်း စာဆရာအများက
မေးလာကြတဲ့ အကြောင်း တရပ်ကတော့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေးမူဝါဒတွေ အကြောင်းပါပဲ။ တယောက်နှစ်ယောက်ကဆိုရင် ကျမတို့အနေနဲ့ ဈေးကွက်စီးပွားရေးဆိုတာကို
အယုံအကြည်ရော ရှိရဲ့လားလို့ မေးမြန်းခဲ့ကြပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျမတို့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲေ တွအတွက် ထုတ်ပြန်ခဲ့တဲ့
ကြေညာချက်တွေအကြောင်း သိရှိသူ နိုင်ငံခြားသား အနည်းအကျဉ်း ပဲ ရှိမယ်ဆိုတာ တွက်လို့ ရနိုင်ပါတယ်။ ဒီကြေညာချက်ကို အင်္ဂလိပ်လို ဘာသာပြန်ထားတာလည်း မရှိတဲ့အတွက် ကြေညာချက်
ရှိခဲ့ကြောင်းသိတဲ့ နိုင်ငံခြားသားတွေအတွက်တောင် ကြေညာချက်ထဲမှာ ဘာတွေပါလဲဆိုတာကို အတိအကျ သိကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် လောလောဆယ်အားဖြင့်တော့ သတင်း လောကက
သိချင်နေတာတွေလည်း ပြောကြားသွားပြီးဖြစ်အောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီး ပွားရေးမူဝါဒနဲ့ ပတ်သက်ပြီး အချက် ၁၁ ချက်နဲ့ သဘောထား ကြေညာစာတမ်း ထုတ်ပြန်ထားခဲ့တာကို ပြန်ပြီး
ဖော်ပြလိုပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က မူဝါဒ ၁၁ ချက်အား တချက်ချင်း ရှင်း ပြ၏။

ပြီးလျှင် …. “စီးပွားရေးဆိုင်ရာ ရည်မှန်းချက်တွေကို ဒီလိုချပြလိုက်ဖို့က လွယ်ပါတယ်။ လုပ်င န်းစဉ်တွေကို ဘယ်လို အကောင်အထည်ဖော်ယူနိုင်မလဲ ဆိုတာပဲ မေးစရာပြဿနာတခုပါ။ အဲဒီမှာ UNDP
ခေါ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ကို မြန်မာ့စီးပွာေးရးနဲ့ ပတ်သက်ပြီး အစီရ င်ခံစာ တင်သွင်းခဲ့တဲ့ ဟားဗတ်စ် တက္ကသိုလ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနရဲ့ သုတေသနပညာရှင် ဒေါက်တာ
ဒေးဗစ်ဒါပိစ်ရဲ့ အယူအဆတွေဟာ NLD ရဲ့ သဘောထားနဲ့ အတော်ဆင်တူတာကို သွားတွေ့ရပါတယ်။ Prospects for Sustainable Growth in Myanmar ဆိုတဲ့ စာတမ်းမှာ ဒေါက်တာဒါပိစ်က
စီး ပွားရေး ပြုပြင်ပြောင်းလဲရေးဆိုတာဟာ အတိုးနှုန်း တွေ သတ်မှတ်ရုံ၊ ငွေကြေးလဲလှယ်နှုန်းတွေ သတ်မှတ်လိုက်ရုံတင် မဟုတ်ပါဘူး။ ဒီမူဝါဒတွေဟာ ဘယ်ဆီကို ဦးတည်ေ နသလဲဆိုတာနဲ့အတူ
အားကိုးအားထား ပြုနိုင်ေ လာက်အောင် ခိုင်ခိုင်မာမာရှိမှု၊ အယုံအကြည်ရှိမှု၊ ဒီအချက်တွေ ခြုံငုံပြီး ပါဝင်ရမှာ ဖြစ်တဲ့အပြင် လုပ်င န်းစဉ်တိုင်းလိုလိုဟာ မှန်ကန်တဲ့ ဦးတည်မှုလမ်းကြောင်းမှာ ရှိေ နရမှာ
ဖြစ်တယ်လို့ သုံးသပ်တင်ပြထားပါတယ်။ အားကိုးအားထား ပြုနိုင်လောက်အောင် ခိုင်ခိုင်မာမာရှိမှုနဲ့ အယုံအကြည် ရနိုင်မှုဆိုတာဟာ ကောင်းမွန်တဲ့ စီး ပွားရေးလုပ်ငန်းတိုင်းအတွက် အခြေခံပါတယ်။
ဒါကြောင့် အောင်မြင်တဲ့ ဈေးကွက်စီး ပွားရေး လုပ်ငန်းစဉ်တရပ်ကို တည်ေ ဆာက်ဖို့ လိုတယ်ဆိုရင် ဒီအချက်ကိုပဲ ပထမဆုံး အခြေခံ ထူထောင်သွားရမှာ ဖြစ်ပါတယ်။ စီး ပွားရေးဖွံ့ဖြိုးမှုအတွက်
အရေးအပါဆုံးဟာ ဥပဒေစိုးမိုးမှုအပေါ်မှာ အခြေခံ အမြစ်တည်ဖို့ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယုံကြည်ထားတာဟာလည်း ဒီအကြောင်းကြောင့် ဖြစ်ပါတယ်''

''မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုေ တွအပေါ် ဘယ်လို သဘောထားရှိသလဲလို့ ကျမကို မေးလာကြတဲ့ အခါမှာတော့ ဒီအချိန်ဟာ ရင်းနှီးမြှုပ်နှံမှုေ တွလုပ်ဖို့ အချိန်မဟုတ်ေ သးဘူးလို့ပဲ ပြောကြားခဲ့ပါတယ်။
ဒါဆိုရင် အခု ရင်းနှီးမြှုပ်နှံကြစို့ဆိုတဲ့အစား တခြားနည်းလမ်း ဘာများရှိလဲလို့ ပြန်လည် မေးခွန်းထုတ်လာကြသူတွေကိုတော့ အနာဂတ် အရေးအတွက် ရင်းနှီးမြှုပ်နှံေ ရးဖြစ်တယ်လို့ ကျမ ဖြေခဲ့ပါတယ်။
သဘောကတော့ ကိုယ်ကျိုးတခုထဲ ကြည့်မယ်ဆိုရ င်တောင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးအတွက် အရင်းအနှီး စိုက်ထုတ်ပေးကြပါလို့ ဆိုလိုတာပါ။ ဒီမိုကရေစီစနစ် ထွန်း ကားလာတဲ့ မြန်မာနိုင်ငံဟာ
စီး ပွားရေးအရ နိုးကြားတတ်ကြွပြီး တည်ငြိမ်တဲ့ မြန်မာနိုင်ငံလည်း ဖြစ်မှာ အမှန်ပါပဲ”
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ စကားကို ခဏမျှ ရပ်နားပြီး သတင်း စာဆရာကြီးများအား ဝေ့ဝိုက်၍ ကြည့်လိုက်၏။ ပြီး မှ စကားကို ပြန်၍ ဆက်သည်။

“အခု စီးပွားရေးအကျပ်အတည်း ဖြစ်နေတာကတော့ ဘာမှ မထူးဆန်းပါဘူး။ ကျမ ၁၉၉၅ ခုနှစ် အကျယ်ချုပ်ကနေ လွတ်လာကတည်းကနေပြီးတော့ တချို့ စီးပွားရေးသမားများ၊ စီးပွားရေးပညာရှင်များနဲ့
ဆွေးနွေးပြီးတဲ့အခါမှာ စီး ပွားရေးအခြေအနေဟာ မကောင်းဘူး။ ကြာရင် ပိုပြီး တော့ ဆိုးလာမယ်ဆိုတာကို သိပါတယ်။ ဒီကိစ္စကို ကျမတို့ ပြောခဲ့ပါတယ်။ ပြောပေမယ့် မယုံကြဘူး။ တချို့ကတော့ သူတို့ရဲ့
စီး ပွားရေးလေးတွေက အဲဒီအချိန်မှာ အဆင်ေ ပြနေလို့ ဆက်ပြီးတော့ အဆင်ေ ပြမယ်။ ဆက်ပြီး ဖွံ့ဖြိုးမယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အခြေခံအဆောက်အအုံမှာ မခိုင်မြဲဘူးဆိုရင် ဘယ်လိုမှ ဆက်ပြီးတော့
တိုးတက်ဖွံ့ဖြိုးမှုဆိုတာ ရှိမှာ မဟုတ်ဘူး''

''ကျမတို့ရဲ့ စီးပွားရေးပြဿနာတွေဟာ နိုင်ငံေ ရးပြဿနာနဲ့ ဒွန်တွဲနေပါတယ်။ နိုင်ငံေ ရးပြဿနာတွေကို မဖြေရှင်း ဘဲနဲ့တော့ စီးပွားရေး ဖွံ့ဖြိုးမှုရမယ်ဆိုတာ ကျမတို့ ဘယ်လိုမှ မျှော်လင့်လို့  မရပါဘူး။
စီး ပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ မြန်မာပြည်သူလူထု ဘယ်လောက်များများက နေပြီးတော့ ဘယ်လောက်များများ လေ့လာထားတယ် ဆိုတာကိုေ တာ့ ပြောရခက်ပါတယ်။ အားလုံးသိတဲ့အတိုင်း
ကျမတို့က သတင်း လွတ်လပ်ခွင့်လည်း ရှိတာမဟုတ်ဘူး။ ပြည်သူလူထုအနေနဲ့လည်း လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့် ရှိတာမဟုတ်ဘူး။ ဒါပေမဲ့လည်း အများပြည်သူ နားလည်စေချင်တာကတော့
စီး ပွားရေးပိတ်ဆို့မှုဟာ တကယ်ကျတော့ အများပြည်သူကို လုံးလုံးမထိပါဘူး။ ထိတာဟာ အင်မတန်မှာ ချမ်းသာနေတဲ့ စီးပွားရေးသမား အုပ်စုလေး၊ အသေးစုလေးတခုပဲ ထိတာဖြစ်ပါတယ်''

''ဒီလို စီးပွားရေးပိတ်ဆို့မှုဟာတော့ တနည်းအားဖြင့် အခုလက်ရှိ အခြေအနေကို လက်မခံနိုင်ဘူး ဆိုတာကို ဆန္ဒပြတဲ့အနေနဲ့ လုပ်တာဖြစ်တဲ့အခါကျတော့ ကျမတို့ ဒီမိုကရေစီလှုပ်ရှားမှုအတွက် တော့
အများကြီး အထောက်အကူ ဖြစ်တယ်လို့  ကျမ ယုံကြည်ပါတယ်။ ပြည်သူလူထုအတွ က်လည်း အထောက်အကူ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီရမှ၊ နိုင်ငံေ ရးအပြောင်းအလဲရမှ
အခုလက်ရှိ စီး ပွားရေးပြဿနာတွေ ကျော်လွှားနိုင်မှာပါ။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှုဟာ ရေရှည်မှာသာမက အခု ရေတိုမှာတောင်မှ ကျမတို့ တိုင်းပြည်အတွက် အကျိုးဖြစ်နိုင်တယ်လို့
ကျမထင်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်က ပဏာမနိဒါန်း စကားအား ရှင်း လင်းပြောဆိုပြီး သည့်နောက်တွင် …. တက်ရောက်လာခဲ့ကြသည့် သတင်းစာဆရာကြီးများအား မေးခွန်း များ မေးနိုင်ပါကြောင်း… ဖွင့်ေ ပး၏။
နိုင်ငံခြား သတင်းဌာနတခုမှ သတင်းထောက်တဦး က ထ၍ မေးခွန်းမေး၏။

“တချို့က ပြောကြတယ်။ စီး ပွားရေးပိတ်ဆို့မှုဟာ ပြည်သူတွေကိုသာ နစ်နာစေတယ်လို့ ဆိုပါတယ်…၊ အဲဒါနဲ့ ပတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ပြောလိုပါသလဲ…။”

ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်၏ အမေးအား ပြန်၍ အဖြေပေး၏။

“ကျမကတော့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ မှု လုပ်တာကို ထောက်ခံခြင်းပါပဲ။ ဘာဖြစ်လို့လဲဆိုရင် စီးပွားရေးပိတ်ဆို့မှုဟာ အချမ်းသာဆုံး လူမျိုး များကလွဲပြီး ဘယ်သူ့ကိုမှ မနစ်နာစေခဲ့ပါဘူး။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းများမှာ ချမ်းသာလာကြတဲ့ အဲဒီလူတွေေ ကြာင့်လည်း စစ်မှန်တဲ့ တိုးတက်မှုကို ကျမတို့ မရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဘာ့ေ ကြာင့်လဲဆိုရင် မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့
စီး ပွားရေးပိတ်ဆို့မှုဟာ ပြည်သူများကို ထိခိုက်ခြင်း မရှိဘဲ အချမ်းသာဆုံးသူေ တွကိုသာ ထိခိုက်စေလို့ ဖြစ်ပါတယ်။ ဆင်း ရဲတဲ့ လူတန်းစားနဲ့ ချမ်းသားတဲ့ လူတန်း စားအကြား ကွာဟမှုဟာ ပိုပြီး ကြီးထွားလို့
လာခဲ့ရာက စီးပွားရေး ပိတ်ဆို့မှုေ ကြာင့် ကွာဟမှုကို ရင်ကြားစေ့ပေးလာနိုင်မှာ ဖြစ်ပါတယ်…”

ဒေါ်အောင်ဆန်းစုကြည်က သတင်းစာဆရာကြီးများ၏ အမေးအား ဖြေကြားပြီး …. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းစာရှင်း လင်းပွဲအား ရုပ်သိမ်းလိုက်၏။

တပေါင်းနွေက ပူပြင်းလှ၏။ တံလျှပ်တို့နှင့် အနောက်ရွှေဂုံတိုင် လမ်းမကြီးသည် ပဉ္စလက်ဆန်၍ နေ၏။ ဥသြငှက်၏ တွန့်ကျူးသံအား ကြားရ၏။ သဲ့သဲ့….။

ကိုးကား …

- ရွှေခ မောက် မှတ်တမ်းလွှာ


- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၁
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- ဒေါ်အောင်ဆန်းစုကြည်၏ အောင်ြ မင်သော ဈေးကွက်စီးပွားရေးစနစ်ဆီသို့  ဦးတည်ေ စမည့် အဓိက သော့ချက်များ ဆောင်းပါး
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ မှတ်တမ်း
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၈

| သောကြာနေ့၊ မတ်လ ၁၂ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၃၅ မိန စ်

(၂ဝ၃)

၁၉၉၈ ခုနှစ်၊ ဇွန်လ ၂၃ ရက်ေ န့၊ ရက်စွဲဖြင့်…. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေမှ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေထံသို့ စာတစောင် ရေးသားပေးပို့၏။ အကြောင်းအရာက….“
ပြည်သူ့လွှတ်တော် ဖွဲ့စည်း ရန်” ဖြစ်သည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥ ပဒေ… အခန်း ၂ ၊ ပုဒ်မ - ၃ အရ…
“လွှတ်ေ တ်ာကို မဲဆန္ဒန ယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ရမည်” ဟူသည့် ရှင်းလင်း ပြတ်သားသော ပြဋ္ဌာန်းချက်အရ မဲဆန္ဒနယ်
အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များကို အာဏာပိုင်များက လွှတ်တော်ခေါ်ယူ ဖွဲ့စည်း ပေးပါရန် တာဝန်ရှိ၍ ယနေ့မှစ၍ ရက်ေ ပါင်း ၆ဝ ပြည့်ေ မြာက်မည့် ၁၉၉၈ သြဂုတ်လ ၂၁ ရက်နေ့မတိုင်မီ
လွှတ်တော်ကို ခေါ်ယူဖွဲ့စ ည်းပေးပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈ နှစ်ေ မြာက် ပါတီညီလာခံ၏ ဆုံးဖြတ်ချက်နှင့်အညီ အာဏာပိုင်များအား တောင်းဆိုတိုက်တွန်း လိုက်ပါသည်…ဟူ၍ စာတွင်
ရေးသားထား၏။

လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ကလည်း အဖွဲ့ချုပ်အနေဖြင့် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေထံသို့ …. “ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပမည့်ရက်၊ သတ်မှတ်ရ န်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ညှိနှိုင်းဆောင်ရွက်ေ ရးအတွက် စီစဉ်ပေးရန်” ဟူသည့် စာကိုပေးပို့၍ … အကြောင်းကြား တောင်းဆိုခဲ့ဖူး ၏။

သို့သော်…. စစ်အုပ်စုက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို ထိန်း သိမ်းလိုက်သည်။ ၁၉၉၆ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆ ကြိမ်ေ မြာက် ပါတီစုံဒီမိုကရေစီ
အထွေထွေေ ရွးကောက်ပွဲ၊ နှစ်ပ တ်လည် အစည်းဝေးကိုပ င် ဖမ်းဆီးမှုများကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ မတက်ေ ရာက်နိုင်ခဲ့ကြ…။
ယခု….။
ပြည်သူ့လွှတ်တော်တရပ်အား ရက်ပေါင်း ၆ဝ အတွင်း ခေါ်ယူကျင်းပပေးရန် ထပ်မံ၍ အကြောင်းကြား တောင်းဆိုလိုက်ပြန်၏။

(၂ဝ၄)
အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်မှ ‘ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စ ည်းရေး’ ဟူသည့် အသံထွက်သည်နှင့် စစ်အုပ်စုသည် ဗုဒ္ဓ၏ ပရိတ်တရားဒေသနာသံအား မကြားဝံ့၊ မနာခံလိုသည့် သူများကဲ့သို့
တွန့်တွန့်လူးဖြစ်၍ သွားသည်ပ င်…။

၁၉၉၈ ခုနှစ် ဇွန်လမှစတင်၍၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား တရားဥပဒေမဲ့ဖမ်းဆီး၊ ထိန်းသိမ်းခြင်းအမှုအား စလေ၏။
အချို့ကိုယ်စားလှယ်များအား …. ခြေချုပ်…။
အချို့ကိုယ်စားလှယ်များအား …. ရဲစခန်း၌….။
အချို့ကိုယ်စားလှယ်များအား….. ထောက်လှမ်းရေး တပ်ဆွယ်များတွင်….။
အချို့ကိုယ်စားလှယ်များအား….. ပုဒ်မရှာတပ်ပြီး တရားရုံးတင်၍ ထောင်သွင်းအကျဉ်းချ၏။
ဤသို့…. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား တရားမဲ့၊ ဥပဒေမဲ့၊ .. ဖမ်းဆီးထိန်းသိမ်း နေသည့် အမှုအတွက် …. အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေမှ ဗဟန်းမြို့နယ်
တရားရုံး၌ (နအဖ) ၏ ပြည်ထဲေ ရးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်အား တရားစွဲဆိုရန် ရုံးတော်သို့ ဦးတိုက်၍ လျှောက်လွှာတင်သည်။

တရားရုံးတော်က အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူး ကြီးတင်လှိုင်အား အမှုဖွင့် တိုင်ကြားချက်အား လက်မခံ…။ ငြင်းဆို၍ ပယ်ချ၏။ မည်သို့သော… တရားရုံးတော်နည်း။

နိုင်ငံသားအားလုံးက …ဥပဒေ၏ အောက်တွင် နစ်နာမှု၊ တရားမဲ့ ပြုကျင့်ခံရ မှု၊ ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းအောင် ပြုမူခြင်း ခံရမှုများအတွက် တရားဥပဒေအတွင်းမှ တရားရုံးတော်သို့
ဦးတိုက်လျှောက်ထားပြီး အရေးယူေ ပးပါရန် အမှုဖွင့်ခွင့်ရှိ၏။ ရုံး တော်မှလည်း တရားဥပဒေနှင့်အညီ လက်ခံ၍ ကြားနားစစ်ဆေးပြီး စီရ င်ရပေမည်။
သို့သော်… ယခုကား …။

၁၉၉၆ ခုနှစ်၊ နိုဝ င်ဘာလ ၉ ရက်နေ့တွင်လည်း အဖွဲ့ချုပ် ဒု¬-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးကြည်ေ မာင်၊ အထွေေ ထွ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်တို့၏ ယာဉ်တန်း အား ရန်ကုန်မြို့လယ်တွင်ပ င်
အကြမ်းဖက်သမား လူပေါင်း ၂ဝဝ ခန့်က တိုက်ခိုက်ခဲ့ကြ၏။ ဤသို့သော…. အကြမ်းဖက် တိုက်ခိုက်ခံရမှု… ၊ အမှုအား ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်း၌ ပထမ သတင်း ပေးတိုက်ချက်ဖွင့်ခဲ့၏။

ဤတွင်လည်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိများက …. တရားခံများအား မိအောင် စုံစမ်းဖော်ထုတ်၍ တရားရုံးတော်သို့  တင်ပို့ပြီး တရားစွဲဆိုကြရမည့်အစား …. ပထမ သတင်းပေး
တိုင်ချက်ဖွင့်ထားမှုအား ပျက်ပြယ်ရ န် တရားလိုများကိုပင် ဆင့်ေ ခါ်၍ မေးခွန်းများ ထုတ်နေခဲ့၏။ ရဲအရာရှိဟူသည်က…. တရားလိုများဘက်မှရ ပ်၍ အမှုမှန်အား ဖော်ထုတ်ရမည်ဖြစ်သော်လည်း….
ဗဟန်းရဲတပ်ဖွဲ့မှ ရဲအရာရှိများကမူ … တရားခံ၏ အကျိုးဆောင်များကဲ့သို့ ပြုမူနေ၏။ ဤအတွက်…. အမှုအား တိုက်ချက်ဖွင့် တိုင်ကြားခဲ့သည့် အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးမှ … ဗဟန်းမြို့နယ်
ရဲတပ်ဖွဲ့မှူးထံသို့… စာပို့၍၊ အကြောင်းကြားခဲ့၏။

“ကျန်ရှိေ သာ တရားလိုပြသက်သေများကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ေ ရးအဖွဲ့ ဥက္ကဋ္ဌထံသို့  ၁၂၊ ၁၁၊ ၉၆ ရက်စွဲပါ စာအမှတ်၊ ၁၆၄/စည်း (ငြိမ်) ၉၆
ဖြင့် ပေးပို့ခဲ့သည့် စာပါအတိုင်း နှစ်ဦးနှစ်ဖ က် သဘောတူညီချက်ဖြင့် ပြည်သူတို့ လေးစားယုံကြည်သည့် ပုဂ္ဂိုလ်များ ပါဝင်သော ခုံရုံးတခုကို အမြန်ဆုံး ဖွဲ့စ ည်းပြီး လွတ်လပ်စွာ စစ်ဆေးသည့်
အခါကျမှသာလျှင် ဆက်လက်၍ ထွက်ဆိုချက်များကို ပေးနိုင်မ ည်ဖြစ်ကြောင်း…။”
သို့သော်… ပြည်သူတို့ လေးစားယုံကြည်သည့် ပုဂ္ဂိုလ်များ ပါဝင်သော ခုံရုံးဟူသည်ကား …. ယနေ့ တိုင်ေ ပ်ါမလာခဲ့…။

(၂ဝ၅)
၁၉၉၈ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်ေ န့တွင် ဒေါ်အောင်ဆန်း စုကြည်မှ ပြည်သူများအား ပန်ကြားချက်တစောင် ထုတ်ပြန်၏။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ရက်ပေါင်း ၆ဝ
အတွင်း ပြည်သူ့လွှတ်တော် ဖွဲ့စည်းပေးရန် တောင်းဆိုခဲ့ပြီး …. ၃၅ ရက် အကြာတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူသို့  ပန်ကြားချက်အား စကားပြောသကဲ့သို့ပင် ရေး၏။

“မေလ ၂၇ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲရဲ့ ၈ နှစ်မြောက် အခမ်းအနား ညီလာခံကို ကျင်းပခဲ့ပါတယ်။ ဒီညီလာခံ ကျင်းပပြီးတဲ့နောက်မှာ ကျမတို့ အမျိုး သား
ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို အာဏာပိုင်များက ထိန်း သိမ်း တယ်။ ခြေချုပ်နဲ့ တခြားနေရာကို မသွားနိုင်အောင် ထိန်းသိမ်းတယ်။
ဒီလိုထိန်း သိမ်းတဲ့ နေရာမှာ တချို့ ကိုယ်စားလှယ်တွေကို အင်မတန်မှ ကြမ်း ကြမ်း တမ်းတမ်းနဲ့ မချေမငံ ဆက်ဆံတယ်။ တချို့ကို ရိုက်တယ်နှက်တယ်။

ဒီလို ကျမတို့ရဲ့ ကိုယ်စားလှယ်တွေ ကျမတို့ အဖွဲ့ချုပ်ဝင်တွေကို မတရားသဖြင့် ဆက်ဆံတာ၊ မတရားသဖြင့် ထိန်းသိမ်းတာ၊ ကန့်သတ်တာ၊ ချုပ်ချယ်တာ၊ မတရားသဖြင့် နှိပ်စက်တာ၊ ညှဉ်း ပမ်းတာ၊
ဒါမျိုး တွေကိုတော့ ကျမတို့က ထိုင်ပြီးတော့၊ လက်ပိုက်ပြီးတော့ ကြည့်နေမှာ မဟုတ်ဘူး။ ပြည်သူလူထုအနေနဲ့လည်း ထိုင်ပြီး တော့ လက်ပိုက်ကြည့်မနေသင့်ဘူးလို့  ကျမတို့ ထင်ပါတယ်။
ပြည်သူလူထုလည်း ဒီလို မတရားလုပ်နေတာတွေကို မတရားလုပ်ေ နပါလားဆိုပြီး သိပြီးတော့၊ မြင်ပြီးတော့ မိမိတို့ရဲ့ နားလည်မှုအရ မိမိတို့ရဲ့ မှန်ကန်တဲ့ ဘက်ကနေပြီးတော့ ရပ်တည်ချင်တဲ့
စိတ်ထားအရ ဒါတွေကို ကန့်ကွက်သင့်တယ်လို့ ကျမတို့ ထင်ပါတယ်။

ကျမတို့ အဖွဲ့ချုပ်ဟာ ပြည်သူလူထု ဒီမိုကရေစီရရှိရေးအတွက် လုပ်မယ်ဆိုပြီး တော့ ပေးထားတဲ့ကတိအတိုင်း ဒီလိုပဲ ဆက်ပြီးတော့ လုပ်သွားမှာပဲ။ ကျမတို့ရဲ့ အဖွဲ့ဝ င်များ၊ ကိုယ်စားလှယ်များကနေ
အနစ်နာခံပြီး တော့ လုပ်သွားမှာပဲ။ ဒီလိုအနစ်နာခံပြီး လုပ်သွားတဲ့ နေရာမှာတော့ ပြည်သူလူထုကို အားကိုးတယ်ဆိုတာကို ကျမတို့ ထပ်တလဲလဲ ပြောပါရစေ။

ဒါကြောင့်မို့လို့ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝ င်များ၊ ကိုယ်စားလှယ်များ ဒီလိုမတရား လုပ်ခံနေရတာကို ကျမတို့ ပြည်သူပြည်သားများနဲ့ ကမ္ဘာ သူ၊ ကမ္ဘာ သားများက ဝိုင်း ဝန်းပြီးတော့
ကရုဏာမေတ္တာ အပြည့်နဲ့ ကာကွယ်ပေးကြဖို့ကို ကျမ မေတ္တာရပ်ခံချင်ပါတယ်”
ပြည်သူ့လွှတ်တော်ဟူသည်ကား … လူထုမှ ရွေးချယ်တင်ေ မြှာက်ထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းမည့်…. ပြည်သူ့လွှတ်တော်… သို့မ ဟုတ်… လူထုလွှတ်တော်။
လူထုလွှတ်တော် ခေါ်ယူဖွဲ့စ ည်းရေးအတွက် …. လူထုက ပါဝင်ကြရမည်ပင်….။

(၂ဝ၆)
ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်း ပေးရန် တိုင်း ရင်းသား အင်အားစုများကလည်း ဗိုလ်ချုပ်မှူး ကြီးသန်းရွှေထံသို့ စာပို့၍ တောင်းဆိုကြ၏။ တိုင်းရင်းသား လူမျိုးစုတို့ ၏ သဘောထားများအား ဖော်ပြကြ၏။
တိုင်း ရင်းသား အင်အားစုများ ဟူသည်တွင်…. ၁၉၉ဝ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ၌ ဝင်ရောက်၍ ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ကြရသည့် တိုင်းရင်းသား နိုင်ငံရေးပါတီ
အဖွဲ့အစည်း များနှင့်…. စစ်အုပ်စုနှင့် အပစ်အခတ် ရပ်စဲထားကြသည့် လက်နက်ကိုင်တော်လှန်ရေး တိုင်းရင်းသားအဖွဲ့အစည်းများ ဖြစ်ကြ၏။

၁၉၉၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့၊ နေ့စွဲနှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦး (သီေ ပါမြို့နယ်၊ မဲဆန္ဒနယ်ေ မြအမှတ် - ၁၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) မွန်အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုင်ထွန်းသိန်း (သံဖြူဇရပ်မြို့နယ်၊ မဲဆန္ဒန ယ်မြေအမှတ် - ၂၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ စောမြအောင် (မြောက်ဦးမြို့နယ်၊
မဲဆန္ဒနယ်ေ မြ အမှတ် - ၁၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဇိုမီး အမျိုးသားကွန်ကရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန် (တီးတိန်မြို့နယ်၊ မဲဆန္ဒနယ်မြေ အမှတ် - ၁၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့က
လက်မှတ်ရေးထိုးကြပြီး ပြည်သူ့လွှတ်တော် ခေါ်ယူပေးပါရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့  စာပို့၏။

မိတ္တူကိုမူ… အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ပေး၏။ စာတွင်ကား ….


“တပ်မတော်သည် နိုင်ငံတော် အာဏာကို ထိန်းသိမ်းပြီးနောက် နိုင်ငံေ ရးပါတီများကို ဖွဲ့စ ည်းခွင့်ေ ပးခြင်း၊ တရားမျှတပြီး လွတ်လပ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေ့းကောက်ပွဲကို
ကျင်း ပပေးခြင်းသည် ဒီမိုကရေစီအရေးကို ရှေးရှုသော ကောင်းမြတ်သည့် ဆောင်ရွက်ချက်များ ဖြစ်ပါသည်။ သို့ရာတွင် ရွေးကောက်ပွဲရ လဒ်ကို ဆက်လက်အကောင်အထည်
မဖော်ဆောင်နိုင်သေးခြင်းသည် မြန်မာ့သမိုင်းတွင် အမဲစ က်ကြီး ဖြစ်နေပါသည်။ ထိုအမဲစက်ကြီးကို ချေဖျက်နိုင်ရန်မှာ ရွေးကောက်ပွဲ၏ ရလဒ်ကို အမြန်ဆုံး အကောင်အထည် ဖော်ေ ပးရန်
ပြည်သူ့လွှတ်တော် ခေါ်ပေးရန်မှအပ အခြားနည်းလမ်းမရှိပေ…။” ဟူ၍ ပါရှိ၏။

၁၉၉၃-၉၄ ခုနှစ်များမှစ၍ စစ်အုပ်စုနှင့် အပစ်အခတ်ရ ပ်စဲထားခဲ့ကြသည့် ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ကယန်းပြည်သစ်ပါတီ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ
ပြည်သူ့လွတ်မြောက်ေ ရးတစ်ဦး (ကလလတ) တို့မှလည်း ပြည်သူ့လွှတ်တော် ခေါ်ယူပေးပါရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးပို့၍ တိုက်တွန်း ကြ၏။

၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့စွဲနှင့် ပေးပို့ခဲ့ကြခြင်း ဖြစ်သည်။ (ရလလဖ) ဥက္ကဋ္ဌ ဦးတာကလယ်၊ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ငိန်းကယန်း ထန်၊ (ကလလတ) ဥက္ကဋ္ဌ ဗိုလ်စန္ဒာတို့ကိုယ်တို င်
လက်မှတ်ရေးထိုး၍ တိုက်တွန်းတောင်းဆိုထားခြင်း ဖြစ်သည်။

“အမျိုးသား ပြန်လည်စ ည်းလုံးညီညွှတ်ရေးအတွက် အကြံပြုတင်ပြခြင်း” ဟူ၍ စာအား ခေါင်းစဉ်တပ်ထားပြီး ….


“နိုင်ငံတော် အစိုးရအနေဖြင့် ကမကထပြု၍ ၁၉၉ဝ ခုနှစ်၊ မေလတွင် လွတ်လပ်ပြီး ၊ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲကြီးအား ကျင်းပပေးခဲ့ခြင်းသည် ကမ္ဘာ့အလယ် တွင်
ဂုဏ်သိက္ခာရှိသည့် သမိုင်းမှတ်တမ်း တရပ်အဖြစ် မိမိတို့အနေဖြင့် အလေးအနက် မှတ်တမ်း တင်အပ်ပါသည်။ သို့သော် ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ေ ပးရန်
လိုအပ်ေ နသေးပြီး လက်ရှိ အချိန်အခါသည် အသင့်ေ လျာ်ဆုံး အချိန်အခါသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရိုးသားစွာ ယုံကြည်မိပါသည်။

နိုင်ငံေ တ်ာအစိုးရမှ ဥပဒေနှင့်အညီ ဖွဲ့စ ည်းထားသော ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲေ က်ာမရှင်၏ ဥပဒေပုဒ်မ (အခန်း - ၂၊ ပုဒ်မ - ၃) အရ ဤလွှတ်တော်ကို မဲဆန္ဒန ယ်များမှ ဥပဒေနှင့်အညီ
ရွေးကောက်တင်ေ မြှာက်ထားသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဟု တိကျစွာ ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် ၎င်းဥပဒေပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်အများစု ရွေးချယ်တင်ေ မြှာက်ထားခြင်း ခံခဲ့ရ သော အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လက်ရှိ အခြေအနေအချိန်အခါတွင်
တင်ပြတောင်းဆိုထားသော ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေး တောင်းဆိုချက်သည် ဥပဒေအကြောင်းအရာ တရားမျှတသည်ဟု ရိုးသားစွာ ယုံကြည်မိပါသည်…။”
မွန်ပြည်သစ်ပါတီကမူ… ၁၉၉၈ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့စွဲနှင့် ‘လက်ငင်းနိုင်ငံေ ရး အခြေအနေအပေါ် မွန်ပြည်သစ်ပါတီ၏ အမြင်’ ဟူ၍ ဗဟိုအလုပ်အမှုေ ဆာင် ကော်မတီမှ ပြည်သူ့လွှတ်တော်
ခေါ်ယူရေးနှင့် ပတ်သက်သည့် မွန်ပြည်သစ်ပါတီ၏ သဘောထားအား သီးခြားထုတ်ပြန်၍ စစ်အုပ်စုအား တိုက်တွန်း ၏။ မွန်ပြည်သစ်ပါတီ၏ ‘လက်ငင်းနိုင်ငံရေး အခြေအနေအပေါ်အမြင်’ တွင်က …..
“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်ဦးရေ အများဆုံးရသည့် နိုင်ငံေ ရးပါတီ တပါတီဖြစ်သည်။ ရွေးကောက်ပွဲမှာလည်း အစိုးရက တရားဝင် ကျင်းပပေးသည့်
အထွေထွေ ရွေးကောက်ပွဲကြီးဖြစ်ပြီး နိုင်ငံတကာမှလည်း တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ် ပြုထားပါသည်။ သို့သော် နိုင်ငံရေးပြဿနာနှင့် ပတ်သက်၍ ယနေ့ထိ ထိုက်ထိုက်တန်တန်၊
သိက္ခာရှိရှိ၊ နည်းစနစ်ကျကျ၊ ဖြေရှင်း ပေးမှုများ မရှိသေးချေ။ နိုင်ငံရေးပြဿနာကို နိုင်ငံေ ရးနည်းအရ ဖြေရှင်း ခြင်းသည် အကောင်းဆုံးသော နည်းလမ်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တွေ့ဆုံေ ဆွးနွေး၍
နိုင်ငံေ ရးပြဿနာကို ဖြေရှင်းရေးသည် အခြေအနေကလည်း တောင်းဆို၊ ငြင်းပယ်၍လည်း မရသည့်အပြင်၊ တခုတည်းသော နည်းလမ်းဖြစ်နေသည်မှာ အမှန်ပင်ဖြစ်ပါသည်” … ဟူ၍ ဖော်ပြထား၏။

အားလုံးကမူ… နိုင်ငံေ ရးပြဿနာများအား နိုင်ငံေ ရးနည်းအရ ဖြေရှင်း ကြရန် တောင်းဆို၍နေသည်။ နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းနှင့် ဖြေရှင်း ခြင်း ဟူသည်ကား… ပြည်သူ့လွှတ်တော်အား
ဖွဲ့စ ည်း၍ ပြည်သူ့လွှတ်တော်အတွင်း ဆွေးနွေး အဖြေရှာရန် ဖြစ်သည်။
ကိုးကား ……
- ရွှေခ မောက် မှတ်တမ်းလွှာ
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၁
- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- ကော်မ ရှင်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် တွေ့ဆုံမှုမှတ်တမ်း
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ မှတ်တမ်း
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- တိုင်း ရင်းသား နိုင်ငံရေးပါတီများမှ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေထံသို့ ပေးပို့သည့်စာ (၆၊ ၆၊ ၁၉၉၈)
- ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများအား ပန်ကြားချက် (၂၈၊ ၇၊ ၁၉၉၈)
- အပစ်အခတ်ရ ပ်စဲထားသော အဖွဲ့အစည်းများမှ ပြည်သူ့လွှတ်တော်ေ ခ်ါယူပေးရန် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေထံသို့ ပေးပို့သည့်စာ (၁၄၊ ၈၊ ၁၉၉၈)
- မွန်ပြည်သစ်ပါတီ၏ ‘လက်ငင်းနိုင်ငံေ ရး အခြေအနေအပေါ် သဘောထားအမြင်’ (၁၈၊ ၈၊ ၁၉၉၈)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၉

| ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၅ မိန စ်

(၂ဝ၇)

၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်။


အညာစုရွာအနီး…။
၁၃ ရက် ရှိေ လပြီ…။ ကြိုတင်သယ်ဆောင်လာခဲ့သည့် အစားအစာများက ပျက်ပြီ။ အဓိကမှာ …သောက်သုံးရေ ဖြစ်သည်။ ရေပြတ်လပ်မှုက အကြီးမားဆုံးအခက်အခဲ…။ သို့ေ သာ်… အနီး ရှိ
ချောင်းရိုးအတွင်းမှ ရေကို ကြိုချက်၍ သောက်လျှင်မူ ရနိုင်၏။ ချောင်းရေက … ကော်ဖီဖျော့ဖျော့ အရောင်သန်းနေ၏။ မိုးရွာချလိုက်လျှင်မူ… ချောင်းရေသည် ပိုမို၍ နောက်ကျိသွား၏။ ညဦး ယံမှစ၍
ရွာ နေခဲ့သော မိုးသည် မိုး သောက်ယံတိုင်သည်အထိ စွေနေဆဲ…။ မြားအစင်းပေါင်းများစွာ ပစ်လွှတ်လိုက်သည်ကဲ့သို့ …မိုးစက်တို့က ထိုးဆင်း လာပြီး ဆလွန်းကားငယ်၏ နောက်ကာမှန်သားပြင်အား
ဝင်၍ဆောင့်၏။ ပြီးလျှင် … ရေစီးကြောင်းလေးများအဖြစ်နှင့် မှန်သားပြင်အထက်၌ စီးဆင်း၏။ အုံ့ဆိုင်းသော တိမ်ဆိုင်တို့ကြောင့် နေဝန်းအား မမြင်တွေ့ရ။ ကောင်းကင်သည် မှိုင်း ပျော့ပျော့…။ အပြင်တွင်
အေးစိမ့်၍နေပေလိမ်မ ည်။ ဆလွန်းကားအတွင်း၌က … နွေး နွေးထွေးထွေး…။ အနေကျဉ်းကျပ်သော်လည်း ကားအတွင်း၌က သဘာဝရာသီဥတု၏ ဒဏ်အား အကာအကွယ်ရစေ၏။

လွန်ခဲ့သည့် ၁၂ ရက်အတွင်း တဖြည်းဖြည်းနှင့် အစာအဟာရ ချို့တဲ့လာမှုေ ကြာင့် အားအင်တို့ က သိသိသာသာပင် ဆုတ်ယုတ်၍ လာသည်။ မျက်ဝန်းများက …ဝေဝေဝါးဝါး၊ မှုန်မှုန်မှိုင်းမှိုင်း…။
ဦး ခေါင်းအတွင်း၌ မူးနောက်၍နေသည်။ နား ၂ ဖက်တွင်က … ပုဇဉ်းရင်ကွဲအကောင်ေ ပါင်းများစွာ အော်မြည်နေသကဲ့သို့ ဆူညံေ န၏။ ရင်ဝတွင်မူ ….ရေနွေးအိတ်ပူပူကြီးအား ဖိကပ်ထားသကဲ့သို့
ပူေ လာင်နေသည်။ ခြေလက်များက မလှုပ်ချင်…။ ဦး ခေါင်းအား တနေရာမှ တနေရာသို့ လှည့်လိုက်လျှင်က… မူး ဝေမှုအား ပြင်းပြင်းထန်ထန် ခံစားရ၏။ နေအိမ်အကျယ်ချုပ်နှင့် ချုပ်နှောင်ခံခဲ့ရ စဉ်က …
ဖြစ်ပေါ်ခဲ့ဖူးသည့် ကြောရိုးနှင့် ပတ်သက်သည့်ေ ရာဂါက … အရိယာပုဒ်မမျှတသည့် အနေအထိုင်ကြောင့် ပြန်၍ ဖြစ်ချင်လာသည်။

အန်ကယ်ဦး လှဖေသည်လည်း သူ၏ ဗင်ကားအတွင်း၌ပင် မိုးခို၍နေသည်။ မိုး ကမစဲသေး…။

သစ်သားတံတားငယ်၏အောက်၌ ချောင်းရေတို့က စဉ်ဆက်မပြတ် စီး ဆင်း၍ နေသည်။ ချောင်းမှသည်မြစ်…။ မြစ်မှသည် ပင်လယ်ဆီသို့  …။ တံတားအောက်မှ ရေအလျင်သည် တချိန်တွင်မူ ပင်လယ်သို့
ရောက်မည်ပင်…။

လွတ်လပ်သည့်နိုင်ငံတွင် လွတ်လပ်သည့် နိုင်ငံသားများက … အဘယ်ကြောင့်များ လွတ်လွတ်လပ်လပ် သွားလာခွင့်မ ရ..၊ ဖြစ်နေရပါသနည်း…။ ဤမျှသော အခြေခံလွတ်လပ်ခွင့်
အခွင့်အရေးသည်ပ င်လျှင် ဤနိုင်ငံ၌ ဆုံးရှုံးနေ၏။ ဆိပ်သုဉ်း ၍နေ၏။ အာဏာပိုင်တို့က … ဤမျှသော အခြေခံအခွင့်အရေးကိုပင် မည်သည့်အတွက်ကြောင့် ပိတ်ပင်ချိုးဖောက်၍ နေကြရသနည်း…။

အတွေးတို့ဖြင့် ဒေါ်အောင်ဆန်း စုကြည်သည် ဆလွန်းကားငယ်လေးအတွင်း၌ ငြိမ်သက်စွာ လဲလျောင်း၍ နေသည်။


လွန်ခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၁ဝ နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မှ ထွက်ခဲ့၏။ ခရီးစဉ်က ပုသိမ်သို့သွားရန် ဖြစ်သည်။ ဧရာဝတီတိုင်း တာဝန်ခံ၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်
ဦး လှဖေ (မော်ကျွန်း) လည်း ပါ၏။ ခရီးစဉ်၏ ရည်ရွယ်ချက်က လူထုစည်းရုံးရေး ခရီးစဉ်မဟုတ်…။ အဖွဲ့ချုပ်အဖွဲ့ဝ င်များနှင့် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား သက်ဆိုင်ရာ
အာဏာပိုင်တို့ က …‘ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ’ နှင့် မတရား အရေးယူဆောင်ရွက်နေသည့် အရေးအား သွားရောက်၍ ဖြေရှင်းရန် ထွက်ခဲ့သည့် ခရီးဖြစ်သည်။ ဆလွန်းကားတစီး၊ ဗင်ကားတစီးဖြင့်
ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်၊ ပုသိမ်ကားလမ်း အတိုင်း ထွက်ခဲ့ကြ၏။ ထန်း တပင်မြို့နယ်၊ ပန်တိုင်ရွာ (အညာစု) အနီးသို့ အရောက်တွင် ချောင်းကူးတံတားငယ်၏ တဖက်ထိပ်မှ
လုံခြုံရေးတပ်သားတို့က သံဆူးကြိုးခွေများနှင့် လမ်း အား ပိတ်ထားလိုက်ကြ၏။ ရှေ့ဆက်သွားခွင့် မပြုတော့…။

ဤသို့ ဟန့်တားပိတ်ဆို့မှုမျိုးက …လွန်ခဲ့သည့် ဇူလိုင်လ ၂၄ ရက်ေ န့က … ရန်ကုန်မှ ပုသိမ်သို့ သွားရောက်သည့် ခရီးစဉ်တွင်လည်း ယခုကဲ့သို့ပင် အညာစုရွာအနီး ၊ အာဏာပိုင်တို့၏ ပိတ်ဆို့ခြင်းအား
ခံခဲ့ရဖူး၏။ ၆ ရက်အကြာ ပိတ်ဆို့ထားပြီး အာဏာပိုင်များက ဒေါ်အောင်ဆန်း စုကြည်တို့အား အတင်း အဓမ္မ ဖမ်းဆီးချုပ်နှောင်၍ ရန်ကုန်သို့ ပြန်ပို့ခဲ့သဖြင့် ပုသိမ်မြို့သို့ သွားရောက်သည့် ခရီးစဉ်က
ပျက်ခဲ့ရသည်။

ပုသိမ်ခရီးစဉ် မတိုင်မီ ယခင်က သွားရောက်ခဲ့သည့် ပဲခူး တိုင်း၊ မင်းလှခရီးစဉ်နှင့် ဧရာဝတီတိုင်း ၊ ပန်းတနော် ခရီးစဉ်များတွင်လည်း …လမ်းခုလပ်၌ ယခုကဲ့သို့ပင် အာဏာပိုင်တို့ က
ဟန့်တားပိတ်ဆို့ထားခဲ့ကြ၏။ သို့သော်… ဒေါ်အောင်ဆန်း စုကြည် သွားရောက်တွေ့ဆုံမ ည့် မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှမိုးနှင့် ပန်းတနော်မြို့နယ် ပြည်သူ့လွှတ် တော်
ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်တို့အား အာဏာပိုင်တို့ က ဒေါ်အောင်ဆန်း စုကြည်ထံသို့ ခေါ်ဆောင်လာ၍ တွေ့ဆုံခွင့်ပေးခဲ့သဖြင့် ခရီးစဉ်အား ဖျက်၍ ရန်ကုန်သို့ ပြန်ခဲ့ကြ၏။

ယခုခ ရီးစဉ်တွင်လည်း အာဏာပိုက်တို့ က လမ်း ပိတ်၍ ထားပြန်လေပြီ။ မည်သို့  အဆုံးသတ်မည်န ည်း။

စွေသောမိုးက စဲ၍သွားပြီ။ မိုးရေဝသဖြင့် စပါးပင်တို့က စိုစိုလွင်လွင်…။ တခွင်တပြင်လုံးက မြသားရောင်အသွေးနှင့် …ပြန့်ပြန့်ဖြူးဖြူး…။

အာဏာပိုင်တို့မှ ခွင့်ပြုသဖြင့် ဒေါ်အောင်ဆန်း စုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း ရောက်လာ၏။ သြဂုတ်လ ၂၁ ရက်ကလည်း၊ ပထမအကြိမ် ဒေါက်တာတင်မျိုးဝင်း လာရောက်၍
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်း မာရေးအား စမ်းသပ်စစ်ဆေးခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးက မကောင်း…။ အနားယူရန် လိုသည်။ အာဟာရဖြစ်စေမည့် အစားအသောက်များအား
စာသောက်ရန် လို၏။ သို့သော်… အခြေအနေက မပေး…။ လွတ်လပ်စွာ သွားလာခွင့်ဟူသည့် အခြေခံလူ့အခွင့်အရေးအတွက် တိုက်ပွဲဆင်ေ နရသည်။

ဒေါက်တာတင်မျိုးဝင်းက ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေး စစ်ဆေး၏။ လွန်ခဲ့သည့် ၃ ရက်က အခြေအနေထက် များစွာ ဆိုးဝါးနေ၏။ သွေးပေါင်က အလွန်အမင်း ကျဆင်းနေသည်။
နှလုံး မှာလည်း အားနည်းလွန်း လှ၏။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်း မာရေးအခြေအနေက အထူးစိုးရိမ်ဖွယ်ရာ အခြေအနေ…။ မဖြစ်…။ ဒေါ်အောင်ဆန်းစုကြည် လက်ရှိကျန်းမာရေးအခြေအနေနှင့်
ဤနေရာတွင်ရပ်၍ ဆက်လက်တိုက်ပွဲဝ င်ရန် မသင့်…။ ရှေ့သို့ချီလှမ်း ရမည့် ဒီမိုကရေစီခရီးက ရှိသေး၏။ အားလုံးက ဝိုင်း ၍ တိုက်တန
ွ်း ကြ၏။ တောင်းပန်ကြ၏။ နေအိမ်သို့ပြန်၍ ကျန်း မာရေးကုသမှုအား
စနစ်တကျခံယူရန် ဒေါ်အောင်ဆန်းစုကြည်အား တောင်းဆိုကြ၏။ အဆုံးတွင် နေအိမ်သို့ပြန်ရန် ဒေါ်အောင်ဆန်းစုကြည် သဘောတူလိုက်၏။ ရှေ့ခရီးအတွက် နောက်တလှမ်း ဆုတ်ခြင်းမျှသာ….။ ၁၃
ရက်ေ မြာက် ညနေ…။

“လွင်တီးခေါင်ကြီး နေပူထီးထီး
သံထည်တွေချည်း ကျဉ်းကျဉ်းထဲမှာ
ဒီလိုမျိုးညှဉ်းဆဲတဲ့ဒဏ်
ဘယ်သူဘယ်တုန်းက
ဘယ်လောက်ကြာကြာ ခံစားဖူးပါသလဲ။

ကွင်းထီး ထီးမှာ
မှောင်ကြီးကျလည်း အမေနေရတယ်။

ကွင်းထီး ထီးမှာ
မိုး ကြမ်းကြီးရွာချလည်း
အမေနေရတယ်။”

(အဝေးလူ၏ ၁၂ ရက်မြောက် ညနေမှ)

(၂ဝ၈)

အမှတ် (၉၇/ခ) ၊ အနောက်ရွှေဂုံတိုင်လမ်း။


၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
ရွှေဂုံတိုင်ရှိ ဌာနချုပ် အစည်းအဝေးခန်းမအတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီအမျိုးသားကွန်ကရက်မှ ကိုယ်စားလှယ်များနှင့်
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝ င်များ တွေ့ဆုံ၍ ဆွေးနွေးကြ၏။ အကြောင်း အရာက … ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိစ္စပင် ဖြစ်၏။

အဖွဲ့ချုပ်မှ ၁၉၉၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့စွဲနှင့် ရက်ပေါင်း ၆ဝ အတွင်း ပြည်သူ့လွှတ်တော်အား ခေါ်ယူပေးရန် အာဏာပိုင်များထံသို့ တောင်း ဆိုထားခဲ့၏။ ရက်ေ ပါင်း ၆ဝ ဟူသည်ကား…. ၁၉၉၈ ခုနှစ်၊
သြဂုတ်လ ၂၁ ရက်နေ့တွင် ပြည့်ခဲ့ပြီဖြစ်၏။ စစ်အုပ်စုက လွှတ်တော်အား ခေါ်ယူပေးခြင်းမရှိ…။ သို့ေ သာ် …. လွှတ်ေ တ်ာကိုယ်စားလှယ်များကိုမူ တပ်စခန်းအသီးသီး၌ ခေါ်ယူ၍ ထိန်း သိမ်း ထားလိုက်၏။

ယနေ့ထိ…. လွှတ်ေ တ်ာကိုယ်စားလှယ် ၁၉၅ ဦး နှင့် အဖွဲ့ဝ င် ၆ဝ၇ ဦး တို့အား စစ်အုပ်စုက ထိန်းသိမ်းထားလိုက်၏။ ထိန်းသိမ်းခြင်း ခံနေကြရသည့် သူများမှာလည်း အကျဉ်းစခန်းအတွင်း စစ်အုပ်စုမှ
မေးသည့် မေးခွန်းများအား ဖြေနေကြရသည်။

(၁) NLD ဗဟို၏ လက်ရှိအခြေအနေနှင့် လျှောက်လှမ်းနေသည့် နိုင်ငံရေးလမ်းကြောင်းအပေါ် သဘောထား၊


(၂) NLD အနေနှင့် လွှတ်တော်ခေါ်ယူသည့်အပေါ် သဘောထား
(၃) လွှတ်ေ တ်ာခေါ်ယူမပေးပါက ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံေ ရးအခြေအနေများအပေါ် အမြင်
(၄) လွှတ်ေ တ်ာခေါ်ယူပေးပါက ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးအခြေအနေများအပေါ် အမြင်၊
(၅) ဒေါ်အောင်ဆန်း စုကြည်၊ ဦးအောင်ရွှေ၊ ဦးတင်ဦးနှင့် အခြားဗဟိုအလုပ်မှုဆောင်များအပေါ် သဘောထား၊
(၆) နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအပေါ် သဘောထား၊
(၇) ထိန်းသိမ်းခံထားရမှုနှင့်ပ တ်သက်၍ အာဏာပိုင်တို့အပေါ် သဘောထား၊
(၈) NLD က ပြည်သူ့လွှတ်တော်ေ ခ်ါယူရေးသည် တရားဝင်/ မဝင်၊
(၉) NLD က ပြည်သူ့လွှတ်တော်ေ ခ်ါယူလျှင် တက်ရောက်မည်/ မတက်ေ ရာက်မည်၊
(၁ဝ) NLD က ပြည်သူ့လွှတ်တော်ေ ခ်ါယူနိုင်ရန် လုပ်ပိုင်ခွင့်အာဏာ (Mandate) ပေး/မပေး…။ စသည့် အာဏာရှင်၏ မေးခွန်းကြီး ၁ဝ ခွန်းအား ရေးဖြေ၊ ဖြေနေကြရ၏။ ဤအခြေအနေတွင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပါဝင်နိုင်မ ည့် အစည်းအဝေးတရပ်အား ခေါ်ယူရန်မှာမလွယ်…. မဖြစ်နိုင်။ သို့ဖြစ်၍… ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊
မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီအမျိုးသားကွန်ကရက်မှ ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝ င်များ တွေ့ဆုံ၍ ဆွေးနွေး ကြရခြင်း ဖြစ်သည်။

နောက်ဆုံးတွင်မူ… အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီအမျိုးသားကွန်ကရက်တို့ ၏
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ကိုယ်စားပြုသည့် ‘ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ’ အား ဖွဲ့စ ည်းရန် ဆုံးဖြတ်ခဲ့ကြ၏။

၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ ရက်စွဲနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ကြေညာချက်တစောင်အား ထုတ်ပြန်လိုက်၏။

“၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၈၅ ဦး ရွေးကောက်တင်မြှောက်ခံကြရသည်။ ၎င်းတို့အနက် ၂၆ ဦး ကွယ်လွန်သွားကြသဖြင့်
၄၅၉ ဦး ကျန်ရှိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မိတ်ဆွေပါတီများ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ ဆောင်ရွက်နိုင်ခွင့် ပေးထားသည့် အရေအတွက်မှာ ၂၅၁ ဦး ဖြစ်ပါသဖြင့်
ပြည်သူ့လွှတ်တော်ကိုယ်စား တရားဝင် ဆုံးဖြတ်လုပ်ကိုင်နိုင်ခွင့် ရှိပါသည်။”

ပြီးလျှင်….
“၁၉၉ဝ ပြည့်နှစ် ပါတီစုံအထွေေ ထွရွေးကောက်ပွဲမှ တင်မြှောက်လိုက်သော ပြည်သူ့လွှတ်တော် ကိုယ်စားပြုသည့် ကော်မ တီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်”

ဥက္ကဋ္ဌက ဦးအောင်ရွှေ၊ အတွင်းရေးမှူးများမှာ ဦးသန်းထွန်း၊ ဦး အေးသာအောင်တို့ ဖြစ်ကြပြီး ၊ အဖွဲ့ဝ င်များက… ဦးတင်ဦး၊ ဒေါ်အောင်ဆန်း စုကြည်၊ ဦးလွင်၊ ဦး လှဖေ၊ ဦးစိုးမြင့်၊ ဦးလွန်း တင်နှင့် ဦးညွန့်ဝေတို့
ဖြစ်သည်။

ကိုးကား ……

- ရွှေခ မောက် မှတ်တမ်းလွှာ


- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ မှတ်တမ်း
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများအား ပန်ကြားချက်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ကြေညာချက်များ
- ဒီပဲယင်း အစီရ င်ခံစာ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၆ဝ

| သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၁၈ မိနစ်

(၂ဝ၉)

၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖွဲ့စ ည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ကိုယ်စားပြုသည့် မဲဆန္ဒန ယ်မြေပေါင်းက ၄၃၇ နေရာ ရှိသည်။ တနိုင်ငံလုံး၏ မဲဆန္ဒနယ်ေ မြ
၄၈၅ နေရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ကိုယ်စားပြုသည့် မဲဆန္ဒန ယ်မြေက ၄၃၇ နေရာဖြစ်၍ ရာခိုင်နှုန်း အရ ၉ဝ.၁ဝ ရာခိုင်နှုန်း ရှိနေသည်။

၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်မှ မြန်မာပြည်သူလူထုကြီးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီနှင့် ပတ်သက်၍ ပန်ကြားလွှာတစောင် ထုတ်ပြန်၏။
ပန်ကြားလွှာက ရိုး ရိုးရှင်းရှင်းနှင့် ပြည်သူအား ပွင့်ပွင့်လင်းလင်း တင်ပြအစီရင်ခံထားခြင်း ဖြစ်၏။

“ဒီလိုေ က်ာမတီကို ဖွဲ့ရတာကတော့ ကျမတို့ လွှတ်ေ တ်ာခေါ်ယူရေးကိစ္စကို မဖြစ်မြောက်အောင်လို့ အာဏာပိုင်ေ တွကနေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထိန်း သိမ်းလိုက်လို့  ဖြစ်ပါတယ်။ ဒီလို
လွှတ်တော် ကိုယ်စားလှယ်တွေကို ထိန်း သိမ်းထားတဲ့အခါကျတော့ လွှတ်တော်ရဲ့ လုပ်င န်းတွေကို လုပ်နိုင်ဖို့ ဒီကော်မ တီကို ဖွဲ့လိုက်တာပါ။ MANDATE ပေးထားတာ ၅ဝ % ကျော်တာကြောင့်မို့လို့
လွှတ်တော်ကိုယ်စား အလုပ်လုပ်ပိုင်ခွင့် ရှိတယ်လို့ ကျမ ပြောချင်ပါတယ်။ ဒီတော့… လွှတ်တော်ကိုယ်စား ကျမတို့ကနေပြီးတော့ ဆက်ပြီး တော့ လုပ်သွားမှာပါ။ ၁၉၉ဝ ခုနှစ်က
ရွေးချယ်တင်ေ မြှာက်လိုက်တဲ့ လွှတ်တော်ဟာ ပြည်သူလူထုရဲ့ သဘောထားနဲ့ ကိုက်ညီပြီးတော့ ဒီမိုကရေစီမူတွေနဲ့လည်း ကိုက်ညီတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတခုကို အတည်ပြုပြီးတော့မှ
ဒီလွှတ်တော်ရဲ့ သက်တမ်းဟာ ကုန်မှာပါ။ ဒီလွှတ်တော်က ဖွဲ့စည်း ပုံအခြေခံဥပဒေကို အတည်ပြုရမှာ ဖြစ်ပါတယ်။ ဒီလွှတ်တော်က အတည်မပြုတဲ့ ဥပဒေတွေဟာ တရားမဝင်ဘူးဆိုတာကို ကျမတို့
ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ကျမတို့ တာဝန်အရ … အခု လွှတ်တော်ကိုယ်စားပြု ကော်မတီကို ဖွဲ့ပြီး တော့ လုပ်င န်းများကို စတင်ပြီး လုပ်ေ ဆာင်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနဲ့တကွ
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလက်ခံတဲ့ ကမ္ဘြာ့ ပည်သူပြည်သားများ အားလုံးအား ကျမတို့ကို ထောက်ခံအားပေးကြမယ်လို့ မျှော်လင့်ပါတယ်”

ပန်ကြားလွှာ၏ အဆုံးတွင်မူ… ဒေါ်အောင်ဆန်း စုကြည်မှ လက်မှတ်ထိုးထား၏။

(၂၁ဝ)
၁၉၉၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဒုတိယအကြိမ်ေ မြာက် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေးအား ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ပင် ကျင်းပ၏။ နိုင်ငံေ တာ် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ေ ရးအဖွဲ့မှ ပြဋ္ဌာန်းထားသည့် ဥပဒေအမှတ် ၄/၈၈ …“ နိုင်ငံေ ရးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” ၊ ဥပဒေအမှတ် ၆/၈၈ …“ အသင်း အဖွဲ့များ ဖွဲ့စည်း ခြင်းဆိုင်ရာ ဥပဒေ” နှင့် ဥပဒေအမှတ်
၁၄/၈၉…“ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥ ပဒေ” တို့မှ ဒီမိုကရေစီကျင့်ထုံး၊ ကျင့်နည်းများနှင့် မကိုက်ညီသည်တို့ကို ပြင်ဆင်၍… ပြည်သူ့လွှတ်တော်တွင် အတည်ပြုရန်၊ ပြည်သူ့လွှတ်တော်
ကိုယ်စားပြုကော်မတီ အစည်းအဝေးမှ သဘောတူညီေ ကြာင်း ဆုံးဖြတ်ချက်ချ၏။ ပြီးလျှင်…

၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥ ပဒေ၊ ပုဒ်မ ၅ နှင့် နိုင်ငံေ တ်ာအား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ပုဒ်မ ၁ဝ တို့အား ပြည်သူ့လွှတ်တော်တွင်
ပယ်ဖျက်ရန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေးက ဆုံးဖြတ်၏။ ရွှေဂုံတိုင်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေးက…
ပြည်သူ့လွှတ်တော်ဥ ပဒေနှင့် နည်းဥပဒေများ၊ ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေး ဥပဒေများ၊ နိုင်ငံသားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ေ ပးသည့် ဥပဒေ၊ တက္ကသိုလ်များ အက်ဥပဒေ၊
အများပြည်သူများအား အတင်းအကျပ် လုပ်အားပေးစေခိုင်းခြင်းနှင့် ပတ်သက်သည့် ကျေးရွာ အက်ဥပဒေပုဒ်မ ၈ နှင့် ၁၂ တို့အား ပြန်လည်၍ သုံးသပ်ပြီး ပြင်ဆင်သွားရန်အတွက် ပြည်သူ့လွှတ်တော်သို့ 
တင်ပြမည်ဟု ဆုံးဖြတ်ကြသည်။ ရွှေဂုံတိုင်လွှတ်တော်က လူထုမှ ပေးအပ်ထားသည့် အာဏာနှင့် ဥပဒေပြု၍နေသည်။ ရွှေဂုံတိုင်အာဏာက … သေနတ်ေ ပြာင်းဝမှလာသော အာဏာမဟုတ်… လူထု၏
နှလုံး သည်းပွတ်မှ စီးဆင်းလာသည့် လူထုအာဏာ…။

(၂၁၁)
စစ်အုပ်စုမှ လယ်ယာကဏ္ဍနှင့်ပတ်သက်၍ တမျိုးထွက်ပြန်၏။ လယ်မြေဧကပေါင်း ၄၇၁,၃၂၃ ဧကအား စီးပွားရေးလုပ်ငန်းရှင်ကြီးများကို နှစ် ၃ဝ ငှားရမ်းခွင့်ပြုပြီး၊ လယ်ယာလုပ်ငန်းအား လုပ်ကိုင်စေ၏။
အချို့သော ဓားမဦးချ လုပ်ကိုင်နေကြသည့် လယ်သမားများ ပိုင်ဆိုင်သည့် လယ်မြေများသည်လည်း လုပ်င န်းရှင်ကြီးများအား လုပ်ခွင့်ပေးသည့် မြေယာအတွင်း ပါသွားကြ၏။ လယ်သမားတို့က လယ်မဲ့၊
မြေမဲ့ ဖြစ်သွားကြရ၏။ စစ်အုပ်စု၏ မြေယာဥပဒေသစ်အရ … ဧကထောင်နှင့်ချီ၍ လုပ်ကိုင်ခွင့်ရကြသည့် လုပ်င န်းရှင်ကြီးများက ထွက်ရှိလာသည့် စပါး၏ ၅ဝ % အား ပြည်ပ သို့ တင်သွင်းခွင့်
ပေးထားသဖြင့် ပြည်တွင်းဆန်စပါး ဈေးကွက်တွင် ဆန်းစပါး ပြတ်လပ်မှုများ ရှိလာ၏။

ဆန်ေ ဈးက ထိုး၍တက်နေ၏။ အထူးသဖြင့်… မြို့ပြရှိ လက်လုပ်လက်စားလူထုမှာ ဆန်ေ ဈးကြီးမြင့်သည့် ဒဏ်အား ခါးစည်း၍ ခံေ နရသည်။ အချို့က … ထမင်းမစားနိုင်…။ ဆန်ပြုတ်
ပြုတ်သောက်ကြရ၏။ ‘ ထမင်းရည်’ သည် ရောင်းကုန်ပစ္စည်းတမျိုးအဖြစ်နှင့် မြို့ပြ၏ ဈေးကွက်သို့ ဝင်လာ၏။

ဤသို့ ဖြစ်ရှိနေသည့် ဆန်ပြဿနာအား အုတ်တချပ်၊ သဲတပွင့်မျှဖြစ်စေ ဝင်ရောက်၍ ဖြည့်စွမ်းပေးရန် ဒေါ်အောင်ဆန်း စုကြည် စဉ်းစားမိ၏။ မည်သို့လုပ်ဆောင်မည်နည်း။ ဒေါ်အောင်ဆန်းစုကြည်တွေး၏။
လက်တွေ့လုပ်နိုင်သည်က စမည်။ ဤအတွက် ရန်ကုန်မြို့ လူထုအား တတ်နိုင်သ၍ ဆန်ေ ဝသွားရန် ဒေါ်အောင်ဆန်း စုကြည် ဆုံးဖြတ်၏။

၁၉၉၈ ခုနှစ် နိုဝ င်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်ရှိ ဆင်း ရဲသည့်လူထုအား ဒေါ်အောင်ဆန်း စုကြည်မှ ဆန်ေ ဝ၏။ အမှတ် ၉၇/ခ အနောက်ရွှေဂုံတိုင်လမ်းမှပင် ဝေ၏။ ပြဿနာမရှိခဲ့…။
အေးအေးချမ်းချမ်းနှင့်ပ င် ပြီးမြောက်ခဲ့၏။ ၁၉၉၈ ခုနှစ် နိုဝင်လာလ ၃ဝ ရက်နေ့တွင် ဒုတိယအကြိမ်ေ မြာက် ဒေါ်အောင်ဆန်း စုကြည်မှ ဆန်လှူဒါန်း ၏။ ဤတွင် …အာဏာပိုင်တို့က …
အနောက်ရွှေဂုံတိုင်လမ်းအား ပိတ်လိုက်ကြ၏။ ဆန်ပေးဝေလှူဒါန်း နေသည့် နေရာသို့ လူထုကြီးအား သွားလာခွင့်မ ပေး…။

ပြီးလျှင်… အမှတ် ၉၇/ခ ပိုင်ရှင်အား ဗဟန်းမြို့နယ် အာဏာပိုင်ဥ က္ကဋ္ဌက ခေါ်တွေ့ပြီး အမှတ် ၉၇/ခ အနောက်ရွှေဂုံတိုင်လမ်း နေအိမ်အရှေ့တွင် အများပြည်သူများအား ဆန်ေ ပးဝေလှူဒါန်း ခြင်း မပြုပါ…
ဟူ၍ အတင်းအကျပ် လက်မှတ်ထိုးခိုင်း၏။ စစ်အုပ်စုက ဒေါ်အောင်ဆန်း စုကြည်နှင့် အဖွဲ့ချုပ်… ပြုမူဆောင်ရွက်သည့် လုပ်ဆောင်မှု မှန်သမျှအား ကန့်သတ်ပိတ်ဆို့၍နေသည်။

(၂၁၂)
၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်…။
နိုင်ငံတကာ လူ့အခွင့်အရေးနေ့…။
ရန်ကုန်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဒီဇင်ဘာလ ၁ဝ ရက် နံနက်ပိုင်းတွင်၊ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၅ဝ ပြည့် အထိမ်း အမှတ် အခမ်းအနားအား ပြုလုပ်၏။ ဒေါ်အောင်ဆန်းစုကြည်နှင့်
အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များအားလုံး အခမ်းအနားသို့ သွားရောက်ကြ၏။

ပြီးလျှင်… အဖွဲ့ချုပ်ရုံး၌လည်း နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်း အမှတ် ဟောပြောပွဲအား နေ့ခင်းပိုင်းတွင် ကျင်း ပ၏။ လူ့အခွင့်အရေး ဆိတ်သုဉ်းမြေမှ လူ့အခွင့်အရေးအခမ်းအနားပွဲများဟု့ ဆိုရမည်။
အဖွဲ့ချုပ်ရုံး၏ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က စကားပြောသည်။

“…. မနက်က ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း တွေက ပြုလုပ်တဲ့ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၅ဝ ပြည့် အထိမ်း အမှတ်အခမ်းအနားကို ကျမတို့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ေ တွ
အားလုံးသွားပြီးတော့ တတ်ပါတယ်။ အဲ့ဒီအခမ်းအနားမှာ… သီရိလင်္ကာနိုင်ငံက စီး ပွားရေး နိုဘယ်ဆုရထားတဲ့ စီးပွားရေးပညာရှင် ဒေါက်တာ အမာသီယာဆန်း ပြောသွားတာနဲ့ပတ်သက်ပြီး ကျမ ပြန်ပြီး
ပြောပြချင်ပါတယ်။ ဒေါက်တာဆန်း ပြောသွားတာက … လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဟာ ခွဲခြားလို့ မရဘူး။ တဆက်တစပ်တည်း တည်ရှိနေတဲ့ အကြောင်းကို အဓိကပြောသွားတာပါ။

တာဝန်သိတဲ့ အစိုးရများနဲ့ လွတ်လပ်တဲ့ သတင်းစာလောက၊ သတင်းဖြန့်ချိရေးရှိတဲ့ နိုင်ငံတွေမှာ ဆိုလို့ရှိရ င် ငတ်မွတ်ခေါင်းပါးခြင်းဆိုတာ မရှိဘူးလို့ ဒေါက်တာဆန်းက ပြောသွားပါတယ်။
နိုင်ငံတနိုင်ငံဟာ ဆင်းရဲလို့၊ ချမ်းသာလို့ရ ယ် မဟုတ်ပါဘူး။ တာဝန်သိတဲ့ အစိုး ရဟာ အဓိကပဲဆိုတာ ရှင်း ပြသွားပါတယ်။ ဒါကို သူက ဘယ်လိုရှင်းပြလဲဆိုတော့… အစိုး ရတခုက
တာဝန်သိတယ်ဆိုလို့ရှိရ င် သူ့နိုင်ငံမှာ ဘာဖြစ်နေလဲဆိုတာ သိရမယ်။ ဥပမာဆိုလို့ရှိရ င် ဒီနှစ်တော့ …ဆန်ေ ရစပါး အထွက်ဟာ မကောင်းဘူးဆိုတာ တွက်နိုင်ရမယ်။ ရေကြီးလို့ပြဲ ဖစ်ဖြစ်၊
မိုး ခေါင်လို့ပဲဖြစ်ဖြစ်၊ ပိုးမွှားတွေက ဖျက်ဆီးလို့ပဲဖြစ်ဖြစ် အကြောင်းတခုခုကြောင့် ဖြစ်တာဆိုလို့ရှိရ င် လွတ်လပ်တဲ့ သတင်းဌာနတွေ၊ လွတ်လပ်တဲ့ သတင်းဖြန့်ချိရေး လုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံေ တွမှာ ဆိုရင်
အတိုက်အခံဘက်ကရော၊ သတင်းဌာနတွေကရော၊ ဒါကိုစပြီးတော့ ရေးတော့မယ်။ ဒီနှစ်တော့ ဆန်း၊ စပါး ရှားတော့မယ်။ အဲဒါကြောင့်မို့လို့  ငတ်မွတ်ခေါင်ပါးခြင်းဘေးနှင့် ရင်ဆိုင်ရ တော့မယ်ဆိုပြီးတော့
အတိုက်အခံကလည်း တဖွဖွေ ပြာမယ်။ လွှတ်တော်ထဲမှာ လည်း ထပြီးတော့မေးမယ်။ သတင်းစာလောက၊ကလည်း ဒီသတင်း တွေကို တခါတည်းရေးပြီး သတင်း ဖြန့်တော့မယ်။ ဒီမှာ
ငတ်မွတ်ခေါင်ပါးခြင်းဘေးနဲ့တော့ ရင်ဆိုင်ရမှာပဲ။ တနိုင်ငံလုံး မဟုတ်ရ င်တောင်မှ ဘယ်တိုင်း၊ ဘယ်ပြည်နယ်ေ တွမှာတော့ ဆန်ပြတ်လပ်မှုတွေ ဖြစ်လာမယ်။ ဒီလိုရေးလာကြ၊ ပြောလာကြရင်၊
တာဝန်သိတဲ့ အစိုးရက ငြိမ်နေလို့ မရဘူး။ ချက်ချင်း အရေးယူဆောင်ရွက်ပေးရတယ်။

ပြည်တွင်း ထဲမှာ ဆိုရင်လည်းပဲ ပိုေ နတဲ့ ပြည်န ယ်က ဆန်ေ တွကို လိုနေတဲ့ ပြည်နယ်ကို ပို့ပေးတာတို့တွေ လုပ်ရ တယ်။ နိုင်ငံတခုလုံးရဲ့ အငတ်ဘေးနဲ့ ရင်ဆိုင်ရ မယ်ဆိုရင်လည်း နိုင်ငံတကာမှ
အကူအညီေ တာင်းနိုင်တယ်။ အဲလိုတောင်းတဲ့အခါမှာလည်း ပြည်သူ့လူထုရဲ့ ဆန္ဒနဲ့အညီ တင်ေ မြှာက်ထားတဲ့ အစိုးရ၊ တာဝန်သိတဲ့ အစိုး ရဆိုရင် နိုင်ငံတကာကလည်း အထောက်အကူပေးဖို့
ဝန်မလေးဘူး။ ဒါကြောင့်မို့ ဒီလိုငတ်မွတ်ခေါင်ပါးခြင်းဘေးနဲ့ မရင်ဆိုင်ရ ဘူး။ ဒေါက်တာဆန်း ဟာဆိုလို့ရှိရင် အာဖရိကရော၊ အာရှရော ဆင်း ရဲတဲ့ နိုင်ငံေ လးတွေကို သွားရောက်ပြီး လေ့လာခဲ့တယ်။
ဒီနိုင်ငံေ လးတွေဟာ ဆင်းရဲပေမယ့် တာဝန်သိတဲ့ အစိုး ရ ရှိတယ်။ လွတ်လပ်တဲ့ အတိုက်အခံရှိတယ်။ လွတ်လပ်တဲ့ သတင်းဖြန့်ချိရေးရှိတယ်။ နောက်ပြီး… မှန်မှန်ကန်ကန် ရွေးကောက်တင်မြှော က်တဲ့
စနစ်ရှိတယ်။ အဲဒါကြောင့်မို့လို့ အဲဒီနိုင်ငံေ လးတွေဟာ ငတ်မွတ်ေ ခါင်းပါးခြင်း ဘေးအန္တရာယ်နဲ့ ရင်မဆိုင်ရဘူး။ ဒီနှစ်မှာ ဒေါက်တာဆန်း ကို စီး ပွားရေးနိုဘယ်ဆု ချီးမြှင့်ခဲ့တယ်။ အဲဒါဟာ ဒေါက် တာဆန်း ရဲ့
… ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေး ခွဲခြားမရနိုင်ဘူး ဆိုတဲ့ အယူအဆ၊ အတွေးအခေါ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ စီးပွားရေးနိုဘယ်ဆုကို ချီးမြှင့်လိုက်တာဖြစ်တယ်”

ဒေါ်အောင်ဆန်းစုကြည်က ရှည်လျားစွာ ဟောပြောပြီးသည့်ေ နာက် သူမ၏ စကားအား အဆုံးသတ်လိုက်၏။ အားလုံးက တိတ်ဆိတ်ငြိမ်သက်စွာနှင့်။ မြို့တော်ရန်ကုန်၏ ဒီဇင်ဘာက …
သဇင်ရနံ့မသင်းပျံ့…။ မြို့တော်၏ ဆင်း ရဲသားများ ဈေကွက်တွင်မူ …ထမင်းရည် တပုလင်းဈေးက အတတ်အကျ မည်မျှ ရှိနေမည်နည်း….။

ကိုးကား ……

- ရွှေခ မောက် မှတ်တမ်းလွှာ


- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ မှတ်တမ်း
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများအား ပန်ကြားချက်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ကြေညာချက်များ
- ဒီပဲယင်းအစီရင်ခံစာ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၆၁

မင်းဟန် | တနင်္လာနေ့၊ မေလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၁၉ မိနစ်

(၂၁၃)

အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ဝဝ ကျော်အား စစ်အုပ်စုမှ အဓမ္မ ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သည်မှာ ၆ လကျော်ခဲ့ပြီ။ အချို့ကိုမူ … ပုဒ်မရှာတပ်၍ ရုံးတင်တရားစွဲပြီး
ထောင်အသီးသီး ချလိုက်ကြ၏။ အချို့ကိုက … စစ်အုပ်စုမှ ဝိဂြို ဟ်ပြုထားသည့် ဧည့်ဂေဟာတွင်ပ င် ဧည့်ဆန်းများအဖြစ် ထိန်းသိမ်းထားဆဲ…။

စစ်အုပ်စု၏ စစ်ဦး က …. အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံမှ၊ အဖွဲ့ချုပ်၏ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ပြည်နယ်၊ တိုင်း အဖွဲ့အစည်းများဆီသို့  စစ်မျက်နှာပြောင်း၏။ ရည်မှန်းချက်က ….
အဖွဲ့ချုပ်၏ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ပြည်န ယ်။ တိုင်းရုံးများအား ဖျက်သိမ်း ပစ်ရေးနှင့် …. ရပ်ကွက်ကျေးရွာအဆင့်မှသည် ပြည်နယ်၊ တိုင်း အဆင့်အထိ အဖွဲ့ချုပ်၏ ဖွဲ့စ ည်းတည်ရှိမှုအား
တိုက်ဖျက်ပ စ်ရေးဖြစ်၏။

စစ်အုပ်စု၏ အဖွဲ့ချုပ်ဖျက်သိမ်းရေး စစ်ဆင်ေ ရးမှူးကြီးများက …. တပ်ဆွယ်အသီးသီးမှ အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များဖြစ်ပြီး ၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲေ က်ာမရှင် အဖွဲ့ခွဲများကမူ …
အကူလက်ရုံး တပ်များအဖြစ်နှင့် အားဖြည့်၏။

အဆင့်ဆင့်ေ သာ အဖွဲ့ချုပ်၏ စည်းရုံးရေးကော်မီတီဝင်များအား၊ အာဏာပိုင်များက အဓမ္မဖမ်းဆီး၏။ ထောက်လှမ်း ရေး တပ်ဆွယ်များတွင် ထိန်း သိမ်းထားပြီး …. ‘စည်းရုံးရေးကော်မတီ’ အား
ဖျက်သိမ်းရန် ဖိအားပေး၏။ ဖိအားပေးမှုက ရောင်စုံပ င်….။ လူမဆန်သည့် နည်းလမ်းပေါင်းစုံကိုလည်း သုံး၏။

၁၉၉၈ ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း မိတ္ထီလာမြို့နယ် ဒု-ဥက္ကဋ္ဌ ဦးသိန်း အောင်၊ တွဲဖက်အတွင်းရေးမှူး ဦးအေးသိန်း နှင့် မြို့နယ်စ ည်းရုံးရေး
ကော်မတီဝင်များ အားလုံးကို ထောက်လှမ်းရေးတပ်ဆွယ် အမှတ် ၁၅ မှ ဖမ်းဆီးထိန်းသိမ်းလိုက်၏။ မိတ္ထီလာမြို့ နယ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင် (ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် )နှင့် အတွင်းရေးမှူးဖြစ်သည့် ဒေါ်မြင့်မြင့်အေး တို့ကိုမူ လွန်ခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်း ထားခဲ့ကြပြီးဖြစ်၏။

ဖမ်းဆီးထားသည့် မိတ္ထီလာမြို့ နယ် စည်းရုံးရေးကော်မတီများအား၊ ထောက်လှမ်း ရေးတပ်ဆွယ်မှူးဆိုသူက … မိတ္ထီလာမြို့နယ် စည်း ရုံးရေးကော်မတီအား ဖျက်သိမ်း ရန် ဖိအားပေး၏။ ခြောက်၏။ ချော့၏။
မရ….။

အဆုံး၌ အာဏာပိုင်များက မိတ္ထီလာမြို့ နယ်စည်း အဖွဲ့ဝ င်များအား မည်သည့်ေ ဆးမှန်း မသိသည့် ဆေးပြား ၅ ပြားစီအား အတင်း တိုက်၏။ ဆေးသောက်ပြီး မကြာ … မိတ္ထီလာမြို့နယ်စည်း
အဖွဲ့ဝ င်တဦး ဖြစ်သည့် ဦးသန်းအောင်သည် စိတ်ဖောက်ပြန်လာ၏။ အကြောများ ဆွဲလာ၏။ နောက်ဆုံးတွင် မိတ္ထီလာဆေးရုံသို့ ပို့လိုက်ကြရသည်။ ကျန်သည့် မိတ္ထီလာမြို့နယ်
စည်းရုံးရေးကော်မတီဝင်များ အားလုံးကိုမူ … ထောင်သွင်းအကျဉ်း ချလိုက်ကြ၏။ မလွယ် ….။

ဤအတွက် … အချို့ … အချို့သော မြို့နယ်၊ ရပ်ကျေးစည်းရုံးရေး ကော်မတီများ ပျော့သွားကြသည်။


ပင့်သက်ရှိုက်လိုက်ကြရခြင်း….။
စစ်အုပ်စု၏ ထိုးစစ်အောက်၌ သံဖြူဇရပ်မြို့နယ်၊ ဘီးလင်း မြို့နယ်၊ စစ်တွေမြို့နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ မြောက်ဦး မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မိုင်း ခတ်မြို့နယ်၊ မိုင်း ယန်းမြို့နယ်၊
တောင်ကြီးမြို့နယ်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ ဖျာပုံမြို့နယ်၊ သနပ်ပင်မြို့နယ် … စသည့် အဖွဲ့ချုပ် စည်းရုံးရေးကော်မတီတို့က ….. ဖျက်သိမ်း ချေမှုန်း ခြင်းအား ခံခဲ့ကြ၏။
ပြီးလျှင် ….. ဖျက်သိမ်း လိုက်ကြသည့် မြို့နယ်အဖွဲ့ချုပ်ရုံးများမှ ဆိုင်းဘုတ်များ၊ အလံများ၊ စာရွက်စာတမ်းများ၊ အမှတ်အသား တံဆိပ်တုံးများနှင့် အဖွဲ့ချုပ်ပိုင် ပရိဘောဂများအား မြို့နယ် ပါတီစုံ
ဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ ကော်မ ရှင်က သိမ်းယူလိုက်ကြသည်။

(၂၁၄)
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆင့်ဆင့်သော ရုံး များနှင့် အဖွဲ့အစည်း များအား စစ်အုပ်စုမှ လိုက်လံ၍ ချေမှုန်းဖျက်သိမ်း နေသည့် သတင်း များအား စစ်အုပ်စုပိုင် မြန်မာ့အလင်း သတင်းစာကလည်း
စာလုံးအမဲကြီးများနှင့် ပြူးပြူးပြဲပြဲနှင့် အလုအယက်၊ အငန်းမရ ရေးသားဖော်ပြ၍နေသည်။ ဖော်ပြချင်သည့် ဇောကြောင့် သတင်းများက အလွလ
ွဲအမှားမှားများ ဖြစ်၍နေသည်။

၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ဝေသည့် မြန်မာ့အလင်း သတင်းစာ၌ ….

“မော်လမြိုင်ကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖျက်သိမ်း” ဟူ၍ ခေါင်းစဉ်အား စာလုံးမဲကြီးနှင့် ဖော်ပြ၏။ ပါရှိသည့် သတင်း တွင်က … မော်လမြိုင်ကျွန်းမြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝ င်အချို့
နုတ်ထွက်သည့် သတင်းသာဖြစ်၏။ နုတ်ထွက်သည့် အဖွဲ့ချုပ်၊ အဖွဲ့ဝ င်များသည်လည်း၊ မြို့နယ်စည်းရုံးရေး ကော်မတီဝ င်များ မဟုတ်ကြ…။ သာမန်ရိုးရိုးအဖွဲ့ဝင်များသာ ဖြစ်၏။

စစ်အုပ်စု၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖျက်သိမ်း ရေး ‘အော်ပရေးရှင်း ’ က ရယ်မောဖွယ်ရာလည်း ကောင်း၏။

“စစ်ကိုင်တိုင်း ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖျက်သိမ်းပြီး၊ အဖွဲ့ဝင်များ နုတ်ထွက်” ဟူသည့် သတင်းအား စာလုံးမဲကြီးနှင့် ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ်
မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ၏။ ချောင်းဦးမြို့နယ် အဖွဲ့ချုပ် ဆိုင်းဘုတ်၏ အရှေ့တွင် လူ ၁ဝ ဦး ခန့် မတ်တပ်ရ ပ်နေကြသည့် သတင်း ဓာတ်ပုံကြီး နှင့် ဖော်ပြခြင်း ဖြစ်သည်။

အမှန်က … ဤသို့မဟုတ် ….။


နိုဝ င်ဘာလလယ်လောက်မှစ ၍ ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် စည်း ရုံးရေး ကော်မတီဝ င်များကို၊ မြို့နယ်အာဏာပိုင်များက အဖွဲ့ချုပ်အား ဖျက်သိမ်း ရန် ဖိအားပေး၏။ အမျိုး မျိုး
အကျပ်ကိုင်၏။ အကြိမ်ကြိမ် ဖိအားပေးသည့်တိုင် မြို့နယ် စည်းရုံးရေး ကော်မတီဝ င် အားလုံးက ….

“မိမိတို့ မြို့နယ် အဖွဲ့အစည်းအား မည်သို့သော ဖိအားပေးခြင်းမျိုး ခံရ သည်ဖြစ်စေ နုတ်ထွက်ကြမည်မ ဟုတ်၊ ဖျက်သိမ်းပေးမည် မဟုတ်ဘဲ ဆက်လက်ရပ်တည်ကြမည်” ဟူ၍ ဆုံးဖြတ်ချက်ချထားကြ၏။

ဤတွင် ချောင်းဦးမြို့နယ် … မြို့နယ်အာဏာပိုင် ဥက္ကဋ္ဌက ချောင်းဦးမြို့နယ် အဖွဲ့ချုပ် ဥက္ကဋ္ဌအား


“ခင်ဗျားတို့ကလည်း ပါတီဆိုင်းဘုတ်နဲ့ လုပ်တာပဲ၊ ကျုပ်တို့ကလည်း အာဏာပိုင်တို့ရဲ့ နည်းဟန်အတိုင်းလုပ်မှာပဲ” ဟူ၍ ကြိမ်းဝါး၏။

အာဏာပိုင်တို့ ၏ နည်းဟန်အတိုင်း လုပ်မ ည်ဟူသည်ကား …. မည်သို့နည်း။

နိုဝ င်ဘာလ ၂၇ ရက်ေ န့ ညတွင် … ချောင်းဦးမြို့နယ် အဖွဲ့ချုပ်ရုံး၌ ထောင်ထားသည့် အဖွဲ့ချုပ်၏ ဆိုင်းဘုတ် ပျောက်ဆုံးသွား၏။ အခိုးခံရခြင်း ဖြစ်သည်။ နောက်တနေ့ ၂၈ ရက်ေ န့
မြန်မာ့အလင်း သတင်းစာတွင် ချောင်းဦးမြို့နယ် အဖွဲ့ချုပ်သတင်း ပါလာမှပင် …. ဆိုင်း ဘုတ်ခိုးသူများအား သိရတော့၏။ ဆိုင်းဘုတ်အရှေ့တွင် ဓာတ်ပုံအရိုက်ခံနေကြသည့် သူများက ချောင်းဦးမြို့နယ်၏
အဖွဲ့ချုပ် မြို့နယ်စည်း ရုံးရေး အဖွဲ့ဝ င်များ မဟုတ်ကြ…။ အဖွဲ့နှင့် ကာလများစွာ ကင်းကွာနေခဲ့ကြသည့် အဖွဲ့ချုပ်အဖွဲ့ဝ င်ဟောင်းများ ဖြစ်၏။

ချောင်းဦးမြို့နယ် အာဏာပိုင် ဥက္ကဋ္ဌ ပြောသည့် ‘အာဏာပိုင်တို့ရဲ့ နည်းဟန်အတိုင်း လုပ်မ ည်’ ဟူသည်ကား…. ဤသို့တည်း …။

(၂၁၅)
၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်၊
အမှတ် (၉၇/ခ) ၊ အနောက်ရွှေဂုံတိုင်လမ်း။
စစ်အုပ်စု၏ သတင်းမီဒီယာများက အဖွဲ့ချုပ်ဖျက်သိမ်း သည့် သတင်း နှင့် အဖွဲ့ဝ င်များ နုတ်ထွက်ကြသည့် သတင်း များအား အသားပေး၍ ဖော်ပြနေ၏။ နေ့စဉ်ရက်ဆက်….၊ ပျက်သည်ဟူ၍ မရှိ…။
ဆောင်းပါးရှင်များကလည်း … အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အား မတရားအသင်း ကြေညာမည်။ ဒေါ်အောင်ဆန်း စုကြည်အား ပြည်နှင်ဒဏ်ပေးမည်။

စသဖြင့် … အသံဟစ်ေ နကြ၏။


ဤအတွက် ဒေါ်အောင်ဆန်းစုကြည်က … အဖွဲ့ချုပ် ရွှေဂုံတိုင်ရုံး၌ပင် အဖွဲ့ဝင်များအား တွေ့ဆုံ၍ ဆွေးနွေး ပွဲတရပ် ကျင်းပပြီး၊ မိန့်ခွန်းစကား ဆိုရ၏။

“… ဒီပြည်နှင်ဒဏ်ပေးမယ့် ကိစ္စက ဘယ်ကို ကျမကို သွားပြီးတော့ ပြည်နှင်ဒဏ်ပေးမှာလဲ။ လူတယောက်ကို ပြည်နှင်ဒဏ်ပေးတယ်ဆိုတာဟာ ကိုယ့်တိုင်းပြည်ကနေပြီးတော့ တခြားတိုင်းပြည်ကို
သွားပြီးတော့ ပို့ရမှာပဲ။ အဲဒီ တခြားတိုင်းပြည်ကလည်း လက်ခံမှ ဖြစ်မှာ။

အဲဒီတော့ … ဘယ်လိုအခြေအနေမှာ ပြည်နှင်ဒဏ်ပေးခဲ့လည်းဆိုရ င် ဆိုဗီယက် ပြည်ေ ထာင်စုက ကွန်မြူနစ် ပြည်ထောင်စု လက်ထက်တုန်း က ဆိုဗီယက် ပြည်ေ ထာင်စုမှာ နိုင်ငံေ လးတွေ ရှိတယ်။
ဆိုဗီယက် ပြည်ေ ထာင်စုရဲ့ သြဇာအာဏာလွှမ်း မိုးတဲ့ နိုင်ငံေ တွ။ စာရေးဆရာကြီး ဆိုဇင်နစ်ဇင်ကို ဆိုဗီယက် ပြည်ေ ထာင်စုကနေပြီးတော့ ပြည်နှင်ဒဏ်ပေးချင်တဲ့ အခါကျတော့ ဘယ်လိုလုပ်လဲ ဆိုတော့
ဆိုဗီယက် ပြည်ေ ထာင်စုကနေပြီးတော့ အရှေ့ဂျာမဏီကို ပို့လိုက်တယ်။ ဆိုဗီယက် ပြည်ေ ထာင်စုရဲ့ သြဇာကို …. မလွန်ဆန်နိုင်တဲ့ နိုင်ငံဆိုတော့ လက်ခံရတာပေါ့။ လက်ခံတော့ စာရေးဆရာကြီးကို
အရှေ့ဂျာမဏီကို ပို့လိုက်ေ ရာ၊ ပို့လိုက်တဲ့အခါကျတော့ … ရုရှစာရေးဆရာ၊ သွားနေရတာက ဂျာမဏီမှာ သွားနေရတာ၊ သူ့နိုင်ငံလည်း မဟုတ်ဘူး။ သွားနေရတဲ့ နိုင်ငံကလည်း သူ့နိုင်ငံန ည်းတူ ကွန်မြူနစ်
အာဏာရှင်စနစ်။ အဲဒီတော့ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံကနေပြီးတော့ သူ့ကို ခိုလှုံခွင့်ေ ပးပါ့မယ်၊ လာမလားဆိုတော့ သူက လာမယ်ဆိုပြီး တော့ လက်ခံပြီးတော့ ထွက်သွားတာဖြစ်တယ်။

ကျမအနေနဲ့ဆိုရ င် ကျမက ဒီမြန်မာနိုင်ငံမှာ ပဲ ကျမက နေမှာပဲ။ ကျမက ဘယ်နိုင်ငံမှာမှ နိုင်ငံသားအဖြစ်လည်း တခါမှ ခံယူထားတာ မဟုတ်ဘူး။ ကျမ ထွက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း
လုံးလုံးမရှိဘူး။ ဒီတော့ သူတို့က ကျမကို ဒီတိုင်းပြည်တွင်းကနေ ထွက်သွားစေချင်ရင် အတင်းအကျပ် ပို့ဖို့ဆိုတာက သူတို့ နိုင်ငံတနိုင်ငံ ရှာရမယ်။ ဘယ်မှ သူတို့ သွားပို့လို့  မရဘူး။ အဲဒီတော့
ဘယ်လိုလုပ်မှာလဲ။ ဒါတွေဟာ စဉ်းစားနေစရာကိစ္စ မရှိပါဘူး ။ စိတ္ပူေ နစရာကိစၥ မဟုတ္ပါဘူး…”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကားအား ခဏရပ်ပြီး အဖွဲ့ဝင်များအား ဝေ့၍ကြည့်၏။ အားလုံးက စိတ်အားထက်သန်စွာနှင့် နားထောင်၍ နေကြသည်။ ဒေါ်အောင်ဆန်း စုကြည်က သူမ၏ စကားအား
ပြန်၍ဆက်၏။

“…အန်အယ်ဒီကို ဖျက်သိမ်းမယ်ဆိုတဲ့ ကိစ္စကတော့ လက်တွေ့ကျကျ သူတို့လုပ်ချင်ရင် လုပ်နိုင်တယ်။ လုပ်လို့ရှိရင် ကျမတို့နိုင်ငံအတွက်လည်း မကောင်းဘူး။ လက်ရှိ အာဏာပိုင်တွေအတွက်လည်း
လုံးလုံး မကောင်းဘူး။ အခု ကျမတို့ အန်အယ်ဒီကို ဒီနေ့ ဖျက်သိမ်ရ င် မနက်ဖြန် ကျမတို့က ဒီရုံးမှာ လာပြီးတော့…၊ ဆက်ပြီးတော့ လာပြီးတော့ လုပ်မှာပဲ။ လုပ်လို့သာ တရားမဝင်ဘူးဆိုပြီး
ဖမ်းရင်လည်းဖမ်း။ အားလုံးဖမ်း။

ကျမတို့ အန်အယ်ဒီကို ဖျက်သိမ်းလို့ရှိရင် ဒီနိုင်ငံထဲမှာ အေထြေ ထြ မေက်နပ္မႈေ တြဟာ ပေါက်ကွဲမယ်လို့ ကျမတို့ ဒီလိုပဲ ထင်တယ်။ ကျမတို့ဟာ ဒီလိုပေါက်ကွဲမှုေ တွကို အားပေးတဲ့ အဖွဲ့အစည်း
မဟုတ်ဘူး။ ကျမတို့က ထိန်းထားတာ။ ပြည်သူလူထုရဲ့ မကျေနပ်မှုေ တွကို ထိန်း ထားတာ။ ပြည်သူလူထုအစား ကျမတို့က တင်ပြပေးနေတာ။ ပြည်သူလူထုကို ဆွပေးနေတာ မဟုတ်ဘူး။
လမ်း ပေါ်မှာတက်ပြီး အော်လို့ ပြောနေတာ မဟုတ်ဘူး။ ကျမတို့ကနေပြီး တင်ပြနေတာ။

ရေးသင့်ရေးထိုက်တဲ့ စာတွေ ရေးတယ်။ ကန့်ကွက်သင့်တာတွေကိုလည်း ကန့်ကွက်တယ်။ ကျမတို့ ကြေညာစာတမ်းတွေကို ထုတ်သင့်တာတွေကို ထုတ်တယ်။ ကျမတို့ တရားဥပဒေဘောင်အတွင်း က
ပြည်သူလူထုရဲ့ အထွေထွေ အကျပ်အတည်းတွေကနေပြီးတော့ လွတ်မြောက်ဖို့အတွက် တတ်နိုင်သမျှ ကျမတို့ အကြမ်း မဖက်တဲ့ နည်းနဲ့ လုပ်တယ်။ ကျမတို့ အန်အယ်ဒီကို ဖျက်သိမ်းလိုက်လို့ ရှိရ င် ဒီလို
ကျမတို့လို အကြမ်း မဖက်တဲ့နည်း နဲ့ လုပ်မယ့်အဖွဲ့တင် မဟုတ်ဘဲနဲ့ အကြမ်းဖက်တဲ့နည်း နဲ့ ဒီအထွေထွေ အကျပ်အတည်းတွေကနေပြီးတော့ လွတ်မြောက်အောင် လုပ်မ ယ်ဆိုတဲ့ … အဖွဲ့ေ တွ
မပေါ်လာနိုင်ဘူးဆိုတာ ကျမတို့ မပြောနိုင်ဘူး။

အဲဒီတော့ ကျမတို့ကတော့ ကျမတို့ေ ပြာထားတဲ့အတိုင်း ဆက်လုပ်မှာပဲ။ အဲ .. မတရားအသင်း ကြေညာလည်း ဆက်လုပ်မှာပဲ။ ဒါကြောင့်မို့ ထောင်ချလည်း ခံလိုက်မှာ ပဲ။ ကျမတို့ကတော့ ဒါ
အားလုံးတွက်ထားပြီးသားပါ…”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကားအား အဆုံးသတ်လိုက်၏။ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းစကားသံက အဆုံးသတ်၍ သွားခဲ့သော်လည်း …. ပဲ့တင်သံများက မြည်ဟီးလျက် …။
ရွှေဂုံတိုင်မှသည် မြန်မာနိုင်ငံ တနံတလျားအနှံ့ …။
“… မတရားအသင်း ကြေညာလည်း ဆက်လုပ်မှာပဲ။ ဒါကြောင့်မို့ ထောင်ချလည်း ခံလိုက်မှာပဲ။ ကျမတို့ကတော့ ဒါ အားလုံးတွက်ထားပြီးသားပါ…….”

ကိုးကား ……

- ရွှေခ မောက် မှတ်တမ်းလွှာ


- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ မှတ်တမ်း
- ဝင်း တင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခန
ွ်း များ
- ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ကြေညာချက်များ
- ဒီပဲယင်းအစီရင်ခံစာ
- မြန်မာ့အလင်း သတင်းစာ (၂၈၊ ၁၁၊ ၉၈ / ၂၊ ၁၂၊ ဝ၉)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၆၂

မင်းဟန် | အင်္ဂါနေ့၊ မေလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၁၅ မိန စ်

(၂၁၆)

၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်။


ရန်ကုန်မြို့။

မြန်မာ့လွတ်လပ်ေ ရး ကြိုးပမ်းမှုတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည့် သခင်သိန်းဖေ၊ သခင်ချစ်မောင်၊ ဗိုလ်ေ အာင်နိုင် စသော မျိုးချစ်၊ပြည်ချစ်ပုဂ္ဂို လ်ကြီး ၁၅ ဦးက …

“အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမျိုးသားညွှန့်ေ ပါင်းအစိုး ရ ဖွဲ့စည်းရန်” ဟူသည့် စာတမ်းတစောင်အား ရေးသားပြီး ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲဖြင့် … နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ လိပ်မူ၍ အကြံပြုစာတမ်းအား ပေးပို့၏။

မျိုးချစ်၊ ပြည်ချစ်နိုင်ငံရေးသမားကြီးများက … မျက်မှောက်ဖြစ်ရှိေ နသော တိုင်းပြည်၏ အခြေအနေသည် ‘အထွေေ ထွ အကျပ်အတည်းကြီး’ နှင့် ရင်ဆိုင်ေ နရပြီး အဖက်ဖ က်မှ ယိုယွင်း၍၊ ကျဆုံးနိုင်ငံဆီသို့
ဦး တည်နေပြီဟု မြင်ကြ၏။
၁၉၉ဝ ခုနှစ်မှစ ၍ ပြည်သူ့ကဏ္ဍ၌ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး G.D.P ၏ ၅-၆ ရာခိုင်နှုန်း လိုငွေပြ၍ နေခဲ့၏။ နှစ်စဉ်ပင်… ပြနေသော လိုငွေအား ဗဟိုဘဏ်မှ ငွေစက္ကူများအား
ရိုက်နှိပ်ထုတ်လုပ်ပြီး ဖြည့်ဆည်းနေခဲ့၏။ အကျိုးဆက်က ပြည်တွင်း လှည့်လည်သုံးစွဲနေသည့် ငွေကြေးပမာဏာ.. တနှစ်လျှင် ပျမ်းမျှ ၂၈ % တိုးများ၍ လာခြင်းဖြစ်၏။ ဤအတွက် …
ငွေကြေးဖောင်းပွမှုနှုန်း က ၂၇.၂ % အထိ မြင့်တက်လာ၏။

စားသုံးသူေ ဈးဆနှုန်းသည်လည်း ၁၉၉၇ ခုနှစ်အား အခြေခံနှစ်အဖြစ် ထားရှိပြီး ၁၉၉၇ ခုနှစ်တွင် ၁ဝဝ ဟု သတ်မှတ်ပါက … ၁၉၉၈ ခုနှစ်တွင် ၁၃၃.၅၁ ရှိပြီး ၁၉၉၉ ခုနှစ် နှစ်ဦး တွင်ပင် ၁၅၄.၄ဝ
ဖြစ်လာ၏။ စာသုံး သူဈေးဆနှုန်းက တနှစ်လျှင် … ၁၅.၆၆ % တိုးမြှင့်ေ နခြင်း ဖြစ်၏။

တိုင်း ပြည်၏ အခြေအနေက မကောင်း….။ အရှိန်အဟုန်နှင့် ကျဆင်း ၍နေသည်။ ထိုထိုသော … အထွေထွေ အကျပ်အတည်းကြီးအား လွတ်မြောက်ရ န် …၊ ကျော်လွှားနိုင်ေ ရးနည်းလမ်းက ….
တမျိုး သားလုံးအင်အားဖြင့် ညီညီညွှတ်ညွှတ် ဖြေရှင်းနိုင်မှသာလျှင် ရမည်ဖြစ်သည်ဟု … မျိုးချစ်ပြည်ချစ်ပုဂ္ဂို လ်ကြီးများက ဘဝဖြတ်သန်းးမှုအသိ၊ တွေးခေါ်မျှော်မြင်နိုင်မှုအသိတို့အရ … သဘောပေါက်၏။
ဤအတွက် … အကြံပြုစာတမ်းအား ရေးသားပေးပို့ခဲ့ကြခြင်း ဖြစ်သည်။

စာတမ်း၏ အဓိကအနှစ်သာရက ….

ကြုံတွေ့ေ နရသည့် အထွေထွေအကျပ်အတည်းအား ဖြေရှင်း နိုင်ရ န် … အမျိုး သားပြန်လည်သင့်မြတ်ရေး ညွန့်ပေါင်းအစိုးရ (National Reconciliation Coalition Gov ernment) ဖွဲ့စ ည်းရေးအတွက်
(နအဖ) နှင့် အဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းဖြေရှင်း ရန် ဖြစ်သည်။

စစ်အုပ်စုနှင့် အဖွဲ့ချုပ်တို့ ဆွေးနွေးညှိနှိုင်းရာမှ အမျိုး သားပြည်လည်သင့်မြတ်ရေး ညွန့်ပေါင်းအစိုးရအတွက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မ ည့် ဘုံလုပ်ငန်းစဉ် (Common Programme)
များကိုလည်း ချမှတ်ပေးသွားရန် ဖြစ်သည်။

ပြီးလျှင် …. “အမျိုး သားပြန်လည်သင့်မြတ်ရေး ညွန့်ပေါင်းအစိုးရသည် အမျိုးသားရေးအသွင်၊ အမျိုးသားရေးလက္ခဏာ ရှိေ ရးအတွက် တပ်မတော်မှ ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ
ကိုယ်စားလှယ်များ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်၊ မွန်၊ ချင်း၊ ကရင်၊ ကချင်၊ ကယား အစရှိသော လူမျိုးစု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်း ရင်းသား
စည်းလုံးညီညွှတ်ရေးပါတီမှ ကိုယ်စားလှယ်များနှင့် အခြားသင့်တော်သော ပုဂ္ဂိုလ်များကိုပါ ထည့်သွင်း ဖွဲ့စည်းသွားရန်လည်း စာတမ်းတွင် အကြံပြုထား၏။

ပြည်သူ့ဆန္ဒနှင့်အညီ ဖွဲ့စည်း ထားသော အစိုး ရဖြစ်ရေးအတွက် ၁၉၉ဝ ပြည့်နှစ် အထွေေ ထွ ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုလျက် ပြည်သူ့လွှတ်တော်ကို ခေါ်ယူပြီး
ထိုအမျိုးသားပြန်လည်သင့်မြတ်ရေး ညွန့်ပေါင်းအစိုး ရကို အတည်ပြုပေးရန် ဖြစ်ပါသည်။

ထိုအမျိုးသားပြန်လည်သင့်မြတ်ရေး ညွန့်ပေါင်းအစိုး ရသည် -

(၁) အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရေးအတွက် ဆောင်ရွက်ရန်


(၂) နိုင်ငံရေးအကျဉ်းသားများကို ချွင်း ချက်မရှိ လွှတ်ပေးရန်
(၃) ဘုံလုပ်ငန်း စဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်သည်။

၁၉၉ဝ ပြည့်နှစ် ပြည်သူ့လွှတ်တော်က ….

(၁) အမျိုးသားပြည်လည်သင့်မြတ်ရေးကို ပိုမိုခိုင်မာစေရန်အတွက် အထွေေ ထွ လွတ်ငြိမ်းချမ်းသားခွင့် အက်ဥပဒေ ( Comprehensive General Amnesty and Indemnity Act) ကို ပြဋ္ဌာန်းပေးရန်
ဖြစ်ပါသည်။

(၂) ဘုံလုပ်ငန်း စဉ်နှင့်ပတ်သက်၍ လိုအပ်ေ သာ ဥပဒေများ၊ ဆုံးဖြတ်ချက်များကို ပြဋ္ဌာန်းခြင်း၊ ချမှတ်ပေးခြင်းများကို ပြုလုပ်ရ န် ဖြစ်ပါသည်”

မျိုးချစ်ပြည်ချစ်ပုဂ္ဂို လ်ကြီးများ၏ ‘အမျိုးသားပြန်လည်သင့်မြတ်ရေး ညွန့်ေ ပါင်းအစိုး ရ ဖွဲ့စည်းရန်’ အကြံပြုထားသည့် အကြံပြုချက်က ‘သားရွှေအိုးထမ်းသည့် စာတမ်း’ ဖြစ်၏။ တိုင်းပြည်၏ အထွေထွေ
အကျပ်အတည်းကြီးမှ လွတ်မြောက်ရာလမ်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့က … အမှတ် ၉၇/ခ ရွှေဂုံတိုင်လမ်း၌ သခင်သိန်းဖေ၊ သခင်ချစ်မောင်တို့နှင့် တွေ့ဆုံပြီး မျိုး ချစ်ပြည်ချစ် ပုဂ္ဂိုလ်ကြီးများ၏
အကြံပြုစာတမ်းအား ကန့်ကွက်စရာ မရှိကြောင်း … သဘောတူထောက်ခံပါကြောင်း ပြောဆို၏။

သို့သော် … စစ်အုပ်စုကမူ …

၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် … သခင်သိန်းဖေ၊ သခင်ချစ်မောင်၊ ဗိုလ်အောင်နိုင်တို့အား စစ်အုပ်စု၏ ဒုတိယပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးချုပ်သူရမြင့်မောင်၊ တပ်မ တော်ထောက်လှမ်းရေး
ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ကျော်ဝင်း၊ မဟာဗျူဟာလေ့လာရေးရုံးမှ ဗိုလ်မှူး ကြီးသန်းထွန်း တို့က ပြည်ထဲရေးဝန်ကြီးဌာန၌ တွေ့ဆုံပြီး …
“လူကြီးများက စာတမ်းကို အလေးထားလေ့လာကြောင်း၊ အခြေအနေအချိန်အခါအရ ကြည့်ပြီး လုပ်ရသည့်အတွက် လောလောဆယ် လုပ်၍မရသေးဟု ထင်မြင်ကြောင်း အကြောင်းပြန်၏။”

စစ်အုပ်စုက ညင်ညင်သာသာနှင့် ငြင်းပယ်လိုက်၏။ စစ်အုပ်စုက …. ‘သားရွှေအိုးထမ်းသည့်’ လမ်းစဉ်အား မလိုက်လို။


(၂၁၇)

စစ်အုပ်စုက …. မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်ကြီးများ၏ အကြံပြုတင်ပြသည့် ‘သားရွှေအိုးထမ်း’ လမ်း စဉ်အား လက်မခံ၊ ငြင်းပယ်လိုက်ပြီး၊ ဂုဏ်သိက္ခာမဲ့စွာသော နည်းလမ်းများဖြင့်၊
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အား ထိုးနှက်တိုက်ခိုက်ေ န၏။ ထိုးနှက်တိုက်ခိုက်သည့်နည်း နာက … သာမန်တွေးခေါ်နိုင်သည့် ဥာဏ်စွမ်း ရှိသူတို့အဖို့၊ မည်သို့မျှ ပြုမူဆောင်ရွက်မည် မဟုတ်သည့်
နည်းနာဖြစ်သည်။

သို့သော် …. အာဏာသိမ်း တပ်မ တော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများကမူ ထိုထိုသော နည်းနာအား တိုင်းပြည်အတွင်း ကျင့်ကြံ၍ အဖွဲ့ချုပ်အား တိုက်ခိုက်၏။ စစ်အုပ်စုမှ ဦးတည်၍
ပစ်မှတ်ထားတိုက်ခိုက်နေသည်က …. အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ဖြစ်သည်။

နအဖ ခေါင်းဆောင်များက … သူတို့ ၏ မြို့ နယ်အဆင့် ဥက္ကဋ္ဌများနှင့် ထောက်လှမ်းရေး တပ်ဆွယ်မှူး များထံသို့ ညွှန်ကြားလွှာ ပို့၏။ ညွှန်ကြားလွှာက … ‘အဖွဲ့ချုပ်ချေမှုန်းရေး အထူးစီမံချက်’ ဖြစ်သည်။

- အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရကို ဆန့်ကျင်နေသည့်အဖွဲ့ ဖြစ်သည်။


- အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အား မပျက်၊ပျက်အောင် ဖျက်ရမည် ဖြစ်သည်။
- အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ မိသားစုဝင်နှင့် ဆွေမျိုးညာတိများထဲမှ အစိုးရဝန်ထမ်း ရှိပါက အလုပ်မှ ထုတ်ပယ်ပ စ်ရမည်။ ကျောင်းသူ၊
ကျောင်းသားများရှိပါက ကျောင်းမှ ထုတ်ပယ်ပစ်ရမည်။ စီး ပွားရေးလုပ်ငန်းတခု လုပ်ကိုင်နေပါက …. လုပ်ငန်းပျက်ရန် နှောင့်ယှက်ပိတ်ပ င်ပစ်ရမည်။ ဘဏ်တွင် ချေးငွေရှိပါက အရေးယူရမည်။
ဘဏ်များမှလည်း နောက်ထပ်ထုတ်၍ ချေးခြင်းမပြုရ …. ဟူ၍ဖြစ်သည်။

ညွှန်ကြားလွှာအတိုင်း …. အောက်ခြေအာဏာပိုင်များကလည်း လုပ်ကိုင်ေ ဆာင်ရွက်ရန် ကြိုးစား၏။ လုံ့လပြုကြ၏။

အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစုက …. စစ်အုပ်စု၏ ‘အထူးစီမံချက်’ ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်၍ မသွားကြ။ မားမားမတ်မတ်ပ င်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ်နှင့် ရပ်ခံ၍ နေကြ၏။

ဤတွင် … စစ်အုပ်စုက ရွှေဥာဏ်တော်စူးရှစွာ နှင့် ချေမှုန်းရေးနည်းသစ်တမျိုးအား ကျင့်သုံး၍ လာပြန်၏။ နည်းလမ်းသစ်က …. အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား မဲဆန္ဒရှင်
ပြည်သူများက ‘အယုံအကြည်မရှိ’ အဆိုတင်သွင်း ရေး လှုပ်ရှားမှု ဖြစ်သည်။ လှုပ်ရှားမှုအရ … မဲဆန္ဒနယ် နယ်ေ မြအသီးသီးရှိ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အသီးသီးအား
မဲဆန္ဒနယ်ေ မြများအလိုက် …. ‘အယုံအကြည်မရှိ’ အဆိုတင်သွင်း ကြရမည် ဖြစ်သည်။

“အယုံအကြည်မရှိ” အဆိုတင်သွင်း နိုင်ရေးအတွက် ရပ်ကွက်အာဏာပိုင်များနှင့် ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ ပူး ပေါင်းပြီး တအိမ်တက် တအိမ်ဆင်းလိုက်၍ အသက် ၁၈ နှစ် ပြည့်ပြီး သူတိုင်းကို
လက်မှတ်ရေးထိုးခိုင်းရမည်။

အယုံအကြည်မရှိကြောင်း လက်မှတ်ရေးထိုးထားသည့် ပုံစံ နှစ်စောင်ကို သတ်မှတ်ထားသည့်ရက်တွင် မြို့နယ်အာဏာပိုင်ရုံး သို့ ပေးပို့ရမည်။

၎င်းပုံစံများကို ပါတီစုံဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရုံး သို့ တင်ပြပြီး ကော်မရှင်က သတ်မှတ်ပေးသည့် ရက်တွင် အယုံအကြည်မရှိ အဆိုတင်သွင်းသည့် လူစုပွဲ ကျင်းပရမည်။

ဤကား … ‘အယုံအကြည်မရှိ’ အဆိုတင်သွင်း ရေး လှုပ်ရှားမှု၏ လုပ်ငန်းစဉ်အဆင့်ဆင့် ဖြစ်သည်။

အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား အယုံအကြည်မရှိ၊ မထောက်ခံတော့ေ ကြာင်း မဲဆန္ဒရှင် ပြည်သူများအား ဆန္ဒပြုလက်မှတ် ရေးထိုးစေခိုင်းကြရာတွင်လည်း လိမ်ညာလှည့်ဖြားမှုများ၊
ခြိမ်း ခြောက်အကျပ်ကိုင်မှုများ စသည့် မတရားမှုပေါင်းစုံနှင့် …။ အချို့နေရာများတွင်က …. ရပ်ကွက်ကျေးရွာ အာဏာပိုင်များနှင့် ကြံ/ဖွတ်အဖွဲ့ဝင်များက ဧည့်စာရင်းစစ်မည်ဟု ဆိုပြီး
တအိမ်တက်ဆင်းဝင်၏။ အိမ်ေ ထာင်စု စာရင်းအား တောင်းယူ၍ အသက် ၁၈ နှစ်ပြည့်သည့် အိမ်သားများ၏ စာရင်းအား ၎င်းတို့တွင် ပါလာသည့် ပုံစံစာရွက်တွင် အမည်စာရင်းများအား ဖြည့်၏။ ပြီးလျှင်
…. အိမ်ေ ထာင်ဦးစီးအား ဧည့်စာရင်း စစ်ဆေးပြီးသည့်အကြောင်း လက်မှတ်ေ ရးထိုးပါဟု ဆိုပြီး လက်မှတ်ထိုးခိုင်း၏။ လက်မှတ်ရေးထိုးပေးလိုက်သည့် အိမ်ထောင်ဦးစီးက သူထိုးပေးလိုက်သ ည့်
စာရွက်သည် မိမိတို့မဲဆန္ဒနယ်ေ မြမှ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အား ‘အယုံအကြည်မရှိ၊ မထောက်ခံေ ကြာင်း’ ပုံစံစာရွက်ဟူ၍ပင် မသိလိုက်။ ကြံ/ဖွတ်များနှင့် ရပ်ကွက်အာဏာပိုင်များက
သူတို့၏ ပုံစံစာရွက်၌ လက်မှတ်များရပြီဖြစ်၍ နောက်တအိမ်သို့ ကူးပြန်၏။

အချို့နေရာများတွင်က … ‘နိုင်ငံေ ရးနှင့်ပတ်သက်မှု မရှိကြောင်းနှင့် အေးချမ်းစွာ လုပ်ကိုင်စားသောက်သူ တဦးဖြစ်ကြောင်း’ လက်မှတ်ရေးထိုးပါဆို၍ … အချို့က လက်မှတ်ရေးထိုးပေးခဲ့ကြ၏။
အချို့နေရာများတွင်က … လက်မှတ်မထိုး ပါက ….. ၃ ရက် လုပ်အားပေးလိုက်ရမည်ဟု ဆို၏။ ပေါ်တာလိုက်ရမည်ဟု ခြိမ်းခြောက်၏။

(၂၁၈)

အမှတ် (၉၇/ခ) ၊ အနောက်ရွှေဂုံတိုင်လမ်း။


စစ်အုပ်စုမှ .. အဓမ္မလိုက်လံ ၍ ပြုလုပ်ေ နသည့် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား မဲဆန္ဒရှင် ပြည်သူများမှ အယုံအကြည်မ ရှိ၊ အဆိုတင်သွင်း ရေး စီမံချက်နှင့်ပတ်သက်၍ မဲဆန္ဒရှင်
ပြည်သူများ၏ တိုင်ကြားစာများက အဖွဲ့ချုပ်ဗဟိုသို့ နေ့စဉ်ပင် ရောက်ရှိ၍ နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မဲဆန္ဒရှင်ပြည်သူများထံမှ ပေးပို့လာသည့် တိုင်ကြားစာများအား အချိန်ေ ပး၍ သေသေချာချာ ဖတ်၏။

“လူကြီးမင်းသိေ စရန် အကြောင်းကြားအပ်ပါသည်။ ကျနော်သည် မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြောက်တောကျေးရွာမှ ဖြစ်ပါသည်။ ကျနော်တို့ရွာ တွင် ၁၅၊ ၂၊ ၉၉ ရက်က
အဖြစ်အပျက်များကို တင်ပြလိုပါသည်။

၁၅၊ ၂၊ ၉၉ ရက်ေ န့ နေ့လည် ၁၂ နာရီခန့်တွင် ကျနော်တို့ရွာ ၏ ရွာ သူကြီးဖြစ်သူ ဦး အောင်မြင့်သည် ကျေးရွာနေ ပြည်သူလူထုအပေါင်းအား ၁၆၊ ၂၊ ၉၉ ရက်ေ န့တွင် ပြည်သူ့ဆန္ဒေ ဖ်ာထုတ်ပွဲသို့ အသက်
၁၈ နှစ်ပြည့်သူတိုင်း မပျက်မကွက် တက်ရောက်ကြရန်နှင့် ဆန္ဒေ ဖ်ာထုတ်ပွဲသို့  မတတ်ရောက်ပါက… မိမိ၏တာဝန်၊ မိမိ၏ အပြစ်သာဖြစ်ကြောင်း အသံချဲ့စက်ဖြင့် ပြောဆိုအသိပေးခဲ့ပါသည်။ ၎င်းနောက်
ညနေ ၆ နာရီခန့်တွင် ကြံ/ဖွတ် စည်းရုံးရေးမှူးဖြစ်သူ ခင်မောင်ဋ္ဌေးကလည်း အသံချဲ့စက်ဖြင့် ကြေညာအသိပေးပြန်ပါသည်။ ၁၆၊ ၂၊ ၉၉ ရက်ေ န့ နံန က် ၆ နာရီခန့်တွင် ကြံ/ဖွတ်အမှုဆောင်
ရွှေသိန်းကလည်း ယနေ့နံန က် ၈ နာရီတွင် အသက် ၁၈ နှစ်ြ ပည့်သူတိုင်း အန်အယ်လ်ဒီ ရှုတ်ချပွဲသို့ အားလုံး တက်ရောက်ကြပါရန်နှင့် မတတ်ေ ရာက်ပါက မိမိ၏ အပြစ်သာဖြစ်ကြောင်း ထပ်မံ၍
အသံချဲ့စက်ဖြင့် ကြေညာပြန်ပါသည်။

အန်အယ်လ်ဒီ ရှုတ်ချပွဲသို့ မတက်ေ ရာက်ပါက တဦး လျှင် ဒဏ်ေ ငွ ၅ဝ ကျပ် ပေးဆောင်ရမည်ဟုလည်း ကြေညာပါသည်။ ဒဏ်ငွေအား ချက်ချင်း လာရောက်ပေးဆောင်ရမည်ဟုလည်း
ကျေးရွာဥက္ကဋ္ဌဖြစ်သူ ဦး အောင်မြင့်က အသံချဲ့စက်ဖြင့် ကြေညာပါသည်။ ဤသို့ ၃ ကြိမ်တိုင်တိုင် အသံချဲ့စက်ဖြင့် ကြေညာပါသည်။ ငွေကြေးအဆင်ေ ပြ၍ ဒဏ်ေ ငွဆောင်နိုင်သူ ၁၁၅ ဦး ရှိပြီး၊ ချက်ချင်း
ဒဏ်ငွေမဆောင်နိုင်သူ ၃၅ ဦး ရှိပါသည်။ ဤသို့  ရှုတ်ချပွဲ မတက်ေ ရာက်၍ ဒဏ်ေ ငွဆောင် နောက်ကျနေသူ ၃၅ ဦးအား ပုပ္ပားရဲစခန်းသို့ နယ်ထိန်း ရာညွှန့်နှင့် ရဲသားများက ခေါ်ယူဖမ်းဆီးသွားကြပါသည်”

ဒေါ်အောင်ဆန်းစုကြည်က နောက်ထပ် မဲဆန္ဒရှင်တဦး ထံမှ ပေးပို့သည့်တိုင်ကြားစာ တစောင်အား ထပ်၍ ဖတ်ပြန်သည်။

“မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒန ယ်အမှတ် ၁ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး လွန်းတင်အပေါ် ၇၊ ၂၊ ၉၉ ရက်ေ န့တွင် အာဏာပိုင်များက
ပြည်သူ့လူထုအချို့အား မတရား စုဝေးစေ၍ ဆောင်ရွက်ခဲ့သည်များနှင့် ပတ်သက်၍ အစီရ င်ခံအပ်ပါသည်။

(၁) ပြည်သူ့အခြေအနေမှာ အတင်း အဓမ္မ တက်ရောက်ခိုင်း၍ တက်ရောက်ကြခြင်း ဖြစ်၏။ စိတ်ဓာတ် လုံးဝမပါရှိသည်ကို တွေ့ရ သည်။ အများအားဖြင့် မြို့နေလူထုသည် တက်ရောက်ခြင်း မရှိ။
ကျေးရွာလူထုအား ခြိမ်းခြောက်၍ တတ်ရောက်လာကြခြင်း ဖြစ်၏။

(၂) ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ မဝတ်ဆင်စေဘဲ တက်ရောက်စေသည်။ ကျောင်းဆရာ၊ ဆရာမများအား မတက်ရောက်လျှင် အလုပ်က ဖြုတ်ပစ်မည်ဟု
ဆိုသည်။

(၃) ဦးလွန်း တင်အား မဲေ ပးခဲ့စဉ်က အနှောင်အဖွဲ့ကင်းပြီး လွတ်လွတ်လပ်လပ် မိမိဆန္ဒသဘောထားအရ မဲပေးခဲ့ကြခြင်း ဖြစ်၏။ ၇၊ ၂၊ ၉၉ ရက်ေ န့က ဖြစ်ပျက်ပုံမှာ လုပ်ကြံမှုတရပ်သာ ဖြစ်ပါသည်”

ဒေါ်အောင်ဆန်းစုကြည်က တိုင်ကြားစာများအား ဖတ်ပြီး သက်ပြင်းချမိ၏။ ပြီးလျှင် … တပ်မတော် ခေါင်းဆောင်ကြီးများက … အရှက်သိက္ခာကင်း မဲ့စွာ နှင့် လိမ်ညာမှုကြီးအား လူထုအတွင်း၌ ပြုလုပ်၍
နေကြလေခြင်း ဟူ၍လည်း တပ်မတော်အပေါ် ယူကြုံးမရ ဖြစ်မိ၏။

ကိုးကား ……

- ရွှေခ မောက် မှတ်တမ်းလွှာ


- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ မှတ်တမ်း
- ဝါရင့်နိုင်ငံေ ရးသမားဟောင်းကြီးများ၏ အကြံပြုစာတမ်း
- ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခန
ွ်း များ
- ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ကြေညာချက် ၆ (၂-၉၉)၊ ၈ (၂-၉၉)၊ ၁ဝ (၂-၉၉)
- မြန်မာ့အလင်း သတင်းစာ (၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၆၃

မင်းဟန် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၆ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၃၀ မိန စ်

(၂၁၉)

ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းဖြစ်သူ၊ ဒေါက်တာမိုက်ကယ်အဲရစ် … သူ့ထံတင


ွ် ဆီးကျိတ်ကင်ဆာရောဂါဝေဒနာခံစားရခြင်းကို ၁၉၉၉ ခုနှစ်၊ နှစ်ဦး တွင် သိလိုက်ရ၏။
ခင်ပွန်းသည်အတွက် ရှင်သန်ချိန်သည် အကန့်အသတ်နှင့်…၊ တိုးတောင်းလွန်း၍နေလေပြီကို ဒေါ်အောင်ဆန်း စုကြည်လည်း သိ၏။ ဒေါက်တာမိုက်ကယ်အဲရစ်လည်း သိ၏။

သူ၏ နောက်ဆုံးအချိန်အတွင်း ဇနီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံနိုင်ရေးအတွက် ရန်ကုန်သို့သွားရန် ဒေါက်တာမိုက်ကယ်အဲရစ် ဆုံးဖြတ်၏။ လန်ဒန်ရှိ စစ်အုပ်စု၏ သံရုံး တွင် မြန်မာပြည်သို့
ပြည်ဝင်ခွင့်ဗီဇာ လျှောက်သည်။ သံရုံး က ဒေါက်တာမိုက်ကယ်အဲရစ်၏ ပြည်ဝင်ခွင့်ဗီဇာအား ငြင်းပယ်လိုက်၏။

အကြောင်းပြချက်က …. မြန်မာပြည်ရှိ ကျန်းမာရေးစောင့်ရှောက်ကုသမှုများက ခေတ်မမီ …၊ မိုက်ကယ်အဲရစ်၏ ဆီးကျိတ်ကင်ဆာရောဂါအား သက်သာစေလိမ့်မည်မဟုတ်… သို့အတွက် အင်္ဂလန်တွင်ပင်
ဆေးဝါးကုသခြင်းက ပိုမို၍ကောင်းမွန်မည်ဖြစ်သည်။ ဤအတွက်…ပြည်ဝင်ခွင့်ဗီဇာအား ငြင်းဆန်ရခြင်း ဖြစ်ပါသည်ဟု ဆို၏။
စင်စစ်တွင်က…. ဒေါ်အောင်ဆန်းစြု ကည်အား စစ်မျက်နှာ သစ်ဖွင့်၍ ဖိအားပေးထိုးစစ်ဆင်လာခြင်းသာ ဖြစ်၏။

ပထမတွင် ဒေါက်တာမိုက်ကယ်အဲရစ်၏ ပြည်ဝင်ခွင့်ဗီဇာအား ငြင်းဆန်၏။

ပြီးလျှင်… ဒေါက်တာမိုက်ကယ်အဲရစ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တယ်လီဖုန်းဆက်သွယ်မှုများအား ဖြတ်တောက်၏။ ကင်ဆာဝေဒနာသည် ခင်ပွန်း သည်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား
ဆက်သယ
ွ်မှု့များအားလုံးကို ဖြတ်တောက်ပစ်ခြင်းဖြစ်၏။ ခင်ပွန်း သည်၏ နောက်ဆုံးနေ့ရက်များအတွင်း ခင်ပွန်းသည်နှင့် တွေ့ဆုံနိုင်ရေးက … ဒေါ်အောင်ဆန်း စုကြည်အနေနှင့် ခင်ပွန်းသည်ရှိရာ
အင်္ဂလန်သို့ သွားရောက်ရ န်မှတပါး… အခြားနည်းလမ်းဟူ၍ မရှိ…။

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံအတွင်း မှ ထွက်ခွာ သွားစေလိုနေသည့် စစ်အုပ်စုကမူ …. တခုတည်းသော နည်းလမ်းသို့ ဒေါ်အောင်ဆန်း စုကြည် လျှောက်လှမ်းရန် ဆန္ဒစော၍နေ၏။
ဤအတွက်ပင် …. ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်ပွန်းသည်အကြား ဆက်သယ
ွ်နိုင်မည့် နည်း လမ်းမှန်သမျှ အား ဖိအားပေးသည့်အနေဖြင့် ပိတ်ဆို့ထားခြင်း ဖြစ်၏။ ဒေါ်အောင်ဆန်း စုကြည်ကမူ
…ဝေဒနာသည် ခင်ပွန်း ဖြစ်သူနှင့် တွေ့ဆုံနိုင်မ ည့် တခုတည်းသော နည်းလမ်းအား ငြင်းပယ်၏။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများအရ …. ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာ့မြေပေါ်မှ ခဏငယ်မျှပင် ထွက်ခွာသွားရန်မဖြစ်…။ တဖဝါးမျှပင် စွန့်ခွာ သွား၍မဖြစ်….။

၁၉၉၈ ခုနှစ်ကတည်းမှ ထိန်း သိမ်းထားခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်ပေါင်း ၇ဝဝ ကျော်ခ န့်က ထိန်း သိမ်းရေးစခန်းများနှင့် အကျဉ်းထောင်အသီးသီးတို့၌
ချုပ်နှောင်ခံထားရဆဲ…။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP သည်လည်း ခက်ခဲကျပ်တည်းမှုများအကြားမှပင် …. ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် ပြည်သူ့လွှတ်တော်တရပ်၏ ကိုယ်စား
‘လွှတ်တော်’ ရေးရာ လုပ်င န်းများအား အကောင်အထည်ဖော် ဆောင်ရွက်နေရ၏။

စစ်အုပ်စု၏ တရားမဲ့ပြုမှုဆောင်ရွက်မှုများကြောင့် ပြည်သူလူထု၏ ဘဝအထွေထွေက၊ ဆိုးဆိုးဝါးဝါး….။


စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း၌ တောရိုင်းမြေဧက ၁ဝဝဝ ကျော်အား ကျေးရွာအုပ်စု ၃၃ စုမှ လူထုသည် ခုတ်ထွင်ရှင်းလင်း၍… နေကြာ၊ ပဲ၊ မြေပဲ တို့အား ထွန်ယက်စိုက်ပျိုးပေးနေကြရ၏။
လုပ်ခ ဟူ၍က … မရ။

စစ်ကိုင်းတိုင်း စစ်ကိုင်း မြို့နယ်အတွင်း ရှိ ချောင်းပေါက်ရွာ၊ တောင်ရိုး တိုက်ရွာ၊ ရေခါးရွာ၊ ကျောက်ကာရွာများမှ တောင်သူဦးကြီးများ၏ ဓားမဦးချလယ်မြေဧက ၇ဝဝ ကျော်အား အာဏာပိုင်များက
‘အဏုဇီဝ’ စက်ရုံတည်ေ ဆာက်ရန်အတွက်ဟုဆိုကာ သိမ်း ယူ၍နေကြပြန်သည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ ပေကြီး၊ စအုံးဗာ၊ ငှက်ပျောတိုင်၊ နတ်ကုန်း ၊ ထောင်ရှားအိုင်ရွာများမှ လယ်မြေဧက ၆၃ဝဝ ကျော်ကိုလည်း မန္တလေး၊ မြစ်ကြီးနား
ဗျူဟာလမ်းဖောက်ရန်အတွက်ဟူ၍ အာဏာပိုင်များက သိမ်း ယူပြန်သည်။ စစ်အုပ်စု၏ အဓမ္မမှုေ အာက်၌ လူထုကြီးသည် ခါးစည်း၍ခံနေကြရသည်။

ဤအခြေအနေတွင်… ဒေါ်အောင်ဆန်း စုကြည်အနေနှင့် မည်သို့ဆုံးဖြတ်ရမည်နည်း…။


မိသားစုအရေးနှင့် တိုင်း ပြည်အရေး…။
အမျိုး သားအရေးနှင့် ကိုယ်ရေးကိုယ်တာကိစ္စ….။

(၂၂ဝ)

ဒေါက်တာမိုက်ကယ်အဲရစ်၏ နောက်ဆုံးရက်များမှ…၊ နောက်ဆုံးအချိန်…။


ဒေါ်အောင်ဆန်းစုကြည်၏ ဖုန်းလိုင်း များအား အာဏာပိုင်များက ဖြတ်တောက်ထားသဖြင့်…. သူမ၏ မိတ်ဆွေသံတမန်တဦး ၏ နေအိမ်မှတဆင့် …. ခင်ပွန်း သည်နှင့် နောက်ဆုံး နှုတ်ဆက်စကားပြောရန်
ဒေါ်အောင်ဆန်းစုကြည် စီစဉ်၏။ ခင်ပွန်းသည်က … ဆေးရုံေ ပ်ါမှ ဝေဒနာအား အံတုရင်း ဇနီးသည်နှင့် တယ်လီဖုန်း စကားပြောရန် စောင့်နေ၏။ သံတမန်တဦး၏ နေအိမ်ဖြစ်၍ စစ်အုပ်စုမှ
တယ်လီဖုန်း လိုင်း များအား ဖြတ်တောက်၍မထား…။ ခင်ပွန်းသည်နှင့် ဒေါ်အောင်ဆန်းစုကြည် တယ်လီဖုန်း အဆက်အသွယ်လုပ်၏။ ရသည်။
‘ဟဲလို…’
‘ဟဲလို..’
‘… … ’
တယ်လီဖုန်း လိုင်း က ပြတ်တောက်သွားလေပြီ…။
ခင်ပွန်းသည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စကားပြောဆိုေ နသည်ကို အာဏာပိုင်များကသိပြီး သံတမန်၏ နေအိမ်တယ်လီဖုန်းလိုင်းအား ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်။

‘ဟဲလို…’ ဟူသည့် တယ်လီဖုန်းအတွင်းမှ မိုက်ကယ်အဲရစ်၏ အသံကား… ဒေါ်အောင်ဆန်း စုကြည် နောက်ဆုံးကြားလိုက်ရ သည့် ခင်ပွန်းသည်၏ အသံ…။ မိုက်ကယ်အဲရစ်၏
နောက်ဆုံးနှုတ်ဆက်စကား…။ ပြီး ပြီ။

စစ်အုပ်စုက …. အငြိုးကြီးလေစွ…။
၁၉၉၉ ခုနှစ်၊ မတ်လ (၂၇) ရက်…။
စနေနေ့…။

ခင်ပွန်းသည်ဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်၏ ၅၃ နှစ်ြ ပည့်မြောက်သည့်မွေးနေ့…။ ၅၃ နှစ်မြောက် ခင်ပွန်းသည်၏ မွေးနေ့က …. မွေးနေ့၊ မွေးရက်၊ မွေးလ တထပ်တည်းကျသည့် မွေးနေ့ဖြစ်သည်။
ထိုနေ့နံန က်တွင်ပ င် လန်ဒန်ရှိ နေအိမ်၌ ခင်ပွန်းသည် ဒေါက်တာမိုက်ကယ်အဲရစ် ကွယ်လွန်အနိစ္စရောက်သည့် သတင်း အား ဒေါ်အောင်ဆန်း စုကြည် ကြားသိရ၏။
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦး အောင်ရွှေ၊ ဦးတင်ဦး၊ ဦး လွင်တို့ အသီးသီး ရောက်လာခဲ့ကြသည်။ ဒေါက်တာမိုက်ကယ်အဲရစ်၏ နာရေးအစီအစဉ်အား ဆွေးနွေးကြ၏။
အမှတ် ၅၄ တက္ကသိုလမ်ရိပ်သာလမ်း နေအိမ်ခြံဝ င်းအတွင်း၌ပင် မဏ္ဍပ်ထိုး၍ နာရေးသို့ လာရောက်ကြမည့်… လူပရိသတ်၊ ရဟန်းပရိသတ်များအား ဧည့်ခံမည်။

ဧပြီလ ၂ ရက်နေ့တွင်မူ… ဒေါက်တာမိုက်ကယ်အဲရစ်အား ရည်စူး၍ ပရိတ်တရားနာယူကြမည်။


သတင်းဌာနအသီးသီးက ဒေါက်တာမိုက်ကယ်အဲရစ်၏ နာရေးသတင်းအား ကြေညာပေး၏။

နာရေးလာကြသည့် သူများဖြင့် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ြ ခံဝင်းအတွင်းရှိ မဏ္ဍပ်ကြီးသည် အစဉ်အမြဲလိုလိုပ င် ပြည့်သိပ်၍နေ၏။ ဒေါ်အောင်ဆန်း စုကြည်က … မဏ္ဍပ်အတွင်းရှိ
နာရေးလာကြသည့် သူများအား နံနက် ၁၁ နာရီတွင်က တကြိမ်…၊ မွန်းလွဲ ၃ နာရီတွင် တကြိမ်….၊ တွေ့ဆုံ၍စကားပြောဆိုသည်။

သားငယ်မောင်ထိန်လင်း က ရန်ကုန်တွင် ရောက်နေသည့်အတွက် ဒေါ်အောင်ဆန်းစြု ကည်နှင့်အတူ ရှိနေ၏။


အာဏာပိုင်များက …တက္ကသိုလ်ရိပ်သာလမ်း တွင် စစ်ဆေးရေးဂိတ်ဖွင့်၍ နာရေးသို့ လာရောက်သြည့်သူများအား မှတ်ပုံတင်စစ်၏။ ဓာတ်ပုံရိုက်၏။ ဗီဒီယိုရိုက်၍လည်း မှတ်တမ်းယူကြ၏။

(၂၂၁)
ခင်ပွန်းသည်၏ ဈာပနကိစ္စြ ပီးသည်နှင့် အဖွဲ့ချုပ်အတွင်း၌ စိန်ေ ခ်ါမှုအသစ်က ဒေါ်အောင်ဆန်းစုကြည်အား အသင့်ေ စာင့်ကြို၍နေသည်။ စိန်ခေါ်မှုသစ်က ကြီးမားသော စိန်ေ ခ်ါမှုကြီး မဟုတ်စေကာမူ …
စနစ်တကျ ကိုင်တွယ်၍ ဖြေရှင်း ရမည်ပင်…။ ပြဿနာက မွေးထား၍မရ…။ ကြည့်နေ၍မရ…။

ဦး သန်းထွန်း (ဒေးဒရဲမြို့နယ်၊ မဲဆန္ဒန ယ်မြေအမှတ် ၂၊ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးသိမ်းကြည် (တောင်တွင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်ေ မြအမှတ် ၁၊ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် )၊ ဦး တင်ထွန်းမောင် (မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ်ေ မြအမှတ် ၂၊ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦး ကြည်ဝင်း (မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒန ယ်မြေ အမှတ် ၁၊ အဖွဲ့ချုပ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့က … နိုင်ငံရေးစာတမ်းတစောင်အား ရေးသား၍ ဖြန့်ဝေ၏။

စာတမ်းက… အဖွဲ့ချုပ်၏ မူဝါဒလမ်းစဉ်နှင့် သွေဖယ်ဆန့်ကျင်သည့် စာတမ်းဖြစ်သည်။ စာတမ်း၏ အနှစ်သာရက…


အာဏာပိုင်များမှ ပြည်သူ့လွှတ်တော်ေ ခ်ါယူပေးမည့် အချိန်အား အဖွဲ့ချုပ်သည် စိတ်ရှည်ရှည်နှင့် စောင့်ရမည်ဖြစ်သည်။

အဖွဲ့ချုပ်မှ မိမိအစီအစဉ်နှင့် ပြည်သူ့လွှတ်တော် ခေါ်ယူရန် ကြေညာခြင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အား ဖွဲ့စည်းခြင်းသည် မှားယွင်းသော လုပ်ေ ဆာင်ချက်ဖြစ်သည်။
ဤအတွက် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နုတ်ထွက်နေကြသည်။ အဖွဲ့ဝ င်များ နုတ်ထွက်နေကြသည်။ အဖွဲ့ချုပ်၏ မြို့နယ်စည်းရုံးရေးအဖွဲ့များ ဖျက်သိမ်း ခြင်း ခံေ နကြရသည်။

အဖွဲ့ချုပ်နှင့် နအဖ တွေ့ဆုံဆွေးနွေးရေးတွင် အဖွဲ့ချုပ်ခေါင်းဆောင်များသည် အမှန်တကယ် တွေ့ဆုံဆွေးနွေး အဖြေရှာလိုသည့် စိတ်ဆန္ဒမ ရှိသည့်အတွက် တွေ့ဆုံေ ဆွးနွေးရေးသည် မဖြစ်ထွန်းရခြင်း
ဖြစ်သည်။
ထိုအခြေအနေများကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် ဟန့်တားနှောင့်ယှက်မှုများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်… ဟူ၍ ဆို၏။

စာတမ်းပါ အကြောင်းအရာများက … စစ်အုပ်စုမှ အဖွဲ့ချုပ်အပေါ် စွပ်စွဲဝါဒဖြန့်နေသည့် အာဘော်များနှင့် တထပ်တည်း တူညီနေသည်။

အဖွဲ့ချုပ် ပြင်ပမှ ပုဂ္ဂို လ်များ၊ နိုင်ငံေ ရးအဖွဲ့အစည်းများနှင့် တပ်မ တော်ထောက်လှမ်း ရေးအဖွဲ့များသို့ ပေးပို့၏။
ဦး သန်းထွန်းတို့အုပ်စု၏ စာတမ်းးရေးသားဖြန့်ဝေပုံက … အဖွဲ့ချုပ်၏ ဗဟိုဦး ဆောင်မှု၊ အဖွဲ့ချုပ်တွင်း ဒီမိုကရေစီအား ထိပါးဖောက်ဖျက်ရာကျပြီး၊ အဖွဲ့ချုပ်အတွင်း မူဝါဒလမ်းစဉ် ညီညွတ်ရေးအား
ပျက်ပြားစေ၏။

ဤအတွက် …. ဦးသန်းထွန်းတို့အား အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ ခေါ်ယူတွေ့ဆုံရ ၏။ ဦးသန်းထွန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သကဲ့သို့  အဖွဲ့ချုပ်၏ ဗဟိုဦး စီးအဖွဲ့တွင်လည်း
အဖွဲ့ဝ င်တဦး ဖြစ်သည်။ သို့ဖြစ်၍ ဦး သန်းထွန်း က ၎င်းတို့၏ ၄ ဦးဂိုဏ်းတွင် ပို၍ တာဝန်ရှိသည့်သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့သည် ဦးသန်းထွန်းတို့အား အချိန်ပေး၍ စိတ်ရှည်ရှည်နှင့် ဆွေးနွေး၏။ စာတမ်းတွင် ပါရှိသည့် လွဲမှားနေသည့် အမြင်များအား ထောက်ပြ၏။ ရှင်းပြ၏။
မရ…။

နောက်ဆုံးတွင်မူ …အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့သည် ဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး စည်းကမ်းများအရ… ဦး သန်းထွန်း နှင့် ဦးသိန်းကြည်တို့ ၂ ဦးအား အဖွဲ့ချုပ်မှ ထုတ်ပယ်လိုက်ရ၏။
မတတ်နိုင်…။

ကိုးကား ……

- ရွှေခ မောက် မှတ်တမ်းလွှာ


- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ မှတ်တမ်း
- ဝါရင့်နိုင်ငံေ ရးသမားဟောင်းကြီးများ၏ အကြံပြုစာတမ်း
- ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခန
ွ်း များ
- ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ကြေညာချက် ၃၇ (၆-၉၉)၊ ၂၃ (၄-၉၉)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၆၄

မင်းဟန် | ကြာသပတေးနေ့၊ ဇွန်လ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၀ မိန စ်

(၂၂၂)

“ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကြိုးပမ်းမှုတင
ွ် အမျိုး သမီး များက ရှေ့တန်းထွက်၍ တက်ကြွစွာ လှုပ်ရှားနေသည်ကို များစွာမှ ဂုဏ်ယူမိပါသည်။ မိမိတို့ကိုလည်းကောင်း၊ မိမိတို့၏
မိသားစုများကိုလည်းကောင်း ခြိမ်း ခြောက်၍တမျိုး၊ မက်လုံးပေး၍တဖုံ၊ နည်းပေါင်းစုံနှင့် အာဏာပိုင်များက ဖိအားပေးနေသော်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီသော ဒီမိုကရေစီလမ်း စဉ်မှ
မတိမ်းမစောင်း၊ တည့်မတ်ရဲရင့်စွာဖြင့် အမျိုး သမီးများ လျှောက်လှမ်းနေကြသည်မှာ နှစ်ေ ထာင်းအားရဖွယ် ဖြစ်ပါသည်။

၁ဝ နှစ်ကျော်ကာလကို ဖြတ်သန်းလာရာ၌ နိုင်ငံေ ရး၊ လူမႈေ ရးအရ တုိးတက္ရင့္က်က္မႈ ရရွိခဲ့ေ သာ အမျိုးသမီးများသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော်
ခေါ်ယူရေးသည် ဒီမိုကရေစီလမ်းစ ဖော်ထုတ်ရေးပင်ဖြစ်ကြောင်း ကောင်းစွာနားလည်ကြပါသည်။ အမျိုးသမီးများ၏ ဆောင်ရွက်ချက်များသည် ကျမတို့နိုင်ငံတွင်သာမက ကမ္ဘာ တဝှန်း တွင် ကောင်းသော
ပြောင်းလဲချက်များ ဖြစ်ပေါ်လာစေမည်ဟု ကျမ လေးနက်စွာ ယုံကြည်ပါသည်။ နိုင်ငံရေး ခံယူချက်အတွက် အကျဉ်း ကျခံနေရသော အမျိုး သမီး များ၊ နိုင်ငံရေးအကျဉ်းသမား မိသားစုဝင် အမျိုး သမီး များနှင့်
ပေးရာတာဝန်ကို နေရာမမက်၊ အကျိုးအမြတ်မ ရှာ စိတ်အားထက်သန်စွာ ထမ်းဆောင်နေကြသော အမျိုးသမီးများကို ကျေးဇူးတင်စွာ နှင့် ဂုဏ်ပြုလိုက်ပါသည်”

၁၉၉၉ ခုနှစ် ဇွန်လ ၁၉ ရက်ေ န့တွင် ကျရောက်မည့် မြန်မာနိုင်ငံ အမျိုး သမီးများနေ့သို့ ပေးပို့မည့် သဝဏ်လွှာအား ဒေါ်အောင်ဆန်း စုကြည်က အဆုံးသတ်လိုက်၏။

၁၉၉၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အဖွဲ့ချုပ်မှ ‘မြန်မာနိုင်ငံအမျိုးသမီးများနေ့’ အခမ်းအနားအား ကျင်းပပြုလုပ်ကြမည်ဖြစ်သည်။ အခမ်းအနားသို့ ပေးပို့ရန်အတွက် အဖွဲ့ချုပ်
အထွေထွေအတွင်းရေးမှူးအနေနှင့် သဝဏ်လွှာတစောင် ရေးသားနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်ေ န့တွင်လည်း အဖွဲ့ချုပ်ဗဟို၌ ‘နိုင်ငံတကာအမျိုးသမီးများနေ့’ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုနေ့က အခမ်းအနားတွင် သူမပြောခဲ့သည့် စကားများအား
ဒေါ်အောင်ဆန်းစုကြည် ပြန်၍ အမှတ်ရမိ၏။

“ကျမတို့နိုင်ငံမှာ အမျိုးသမီးများနေ့ နည်းနည်းများနေတယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံတကာ အမျိုးသမီးများနေ့ကတော့ ဒီနေ့ မတ်လ ၈ ရက်နေ့ဆိုပြီး သတ်မှတ်ထားတယ်။ ဒါ နိုင်ငံတကာ
အမျိုး သမီးများနေ့၊ နောက်ပြီးတော့ ပြင်ပမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေက ကျမမွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့ကို မြန်မာနိုင်ငံ အမျိုး သမီးများနေ့ဆိုပြီး သတ်မှတ်ပြန်တယ်။ အဲဒီလို
သတ်မှတ်လိုက်တော့ အာဏာပိုင်ေ တွဘက်ကလည်း မြန်မာအမျိုးသမီးများနေ့ဆိုပြီး နောက်ထပ် ရက်တရက်ကို သတ်မှတ်ကြပြန်တယ်။ ဒီတော့ ကျမတို့ မြန်မာနိုင်ငံမှာ ဆိုရင် အမျိုး သမီးများနေ့က ၃
ရက်ေ တာင် ဖြစ်နေတယ်။ ဒီလို ၃ ရက် ဖြစ်နေလို့ ကျမတို့ မြန်မာနိုင်ငံရဲ့ အမျိုးသမီး အခွင့်အရေးတွေဟာ တခြားနိုင်ငံက အမျိုးသမီးအခွင့်အရေးတွေထက် ၃ ဆပိုသလားလို့ မေးစရာဖြစ်နေတယ်။
တချို့ကပြောကြတာပဲ မြန်မာနိုင်ငံမှာ ဆိုလို့ရှိရင် အမျိုးသမီးတွေဟာ အမျိုးသားတွေနည်း တူ တန်း တူညီတူအခွင့်အရေးရတယ်၊ စသဖြင့်ပြောနေတယ်၊ ဒါ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း သိပါတယ်၊
အမျိုး သမီးတွေလည်း သိပါတယ်။ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လို့ ကျမဘယ်လိုမြင်သလဲ။ ကျမတို့မြန်မာနိုင်ငံမှာ အခု အဓိကကျနေတာက အခြေခံလူ့အခွင့်အရေးပဲ။ အမျိုးသမီးအခွင့်အရေး၊
အမျိုး သားအခွင့်အရေး ဆိုပြီးတော့ ဒီဟာကိုခွဲပြီးတော့ တွေးနိုင်တဲ့အခြေအနေ မရောက်သေးပါဘူး။ အခြေခံ လူ့အခွင့်အရေးတွေ အားလုံးရပြီဆိုရင်တော့ ကျမတို့ ဒါတွေ စဉ်းစားရတော့မှာပါ။ ဒါကြောင့်
ဒီနေ့ နိုင်ငံတကာ အမျိုး သမီးများနေ့မှာ ကျမ အမျိုးသမီးများကို ဘာမှမပြောလိုပါဘူး၊ အမျိုးသားများကိုတော့ ပြောလိုတယ်။ ဒီနေ့ဟာ အမျိုးသမီးများနေ့ဖြစ်တဲ့အတွက် အမျိုးသားတွေဟာ
အမျိုး သမီးတွေကို ဘယ်လိုပိုပြီး တော့ ညှာတာရမလဲ၊ ကူညီရမလဲ၊ အမျိုးသမီးတွေ တိုးတက်ရေး၊ အခွင့်အရေး ပြည့်ပြည့်ဝဝ ရရှိရေးအတွက် ဘယ်လိုပိုပြီး လုပ်ပေးနိုင်မလဲဆိုတာ ဒီနေ့မှာ
အမျိုး သားတွေက စဉ်းစားပေးပါလို့ ကျမ ဆိုချင်တယ်”

အတွေးက ဖျတ်ကနဲ ခင်ပွန်းသည်ဆီသို့ ရောက်၏၊ မိုက်ကယ်အဲရစ် ကွယ်လွန်ခဲ့သည်ပင် ရက်ေ ပါင်း ၈ဝ ကျော်ပေပြီ၊ မုန်သုန်မိုးက အားကောင်း၍နေ၏၊ လေပါသောမိုးကြောင့် ခြံအတွင်းရှိ သစ်ပ င်များက
ယိမ်း နွဲ့၍နေကြသည်။

(၂၂၃)

၁၉၉၉ ခုနှစ်၊ ဇူလိုင်လ ၁၆ရက်၊ အမှတ် ၉၇/ခ အနောက်ရွှေဂုံတိုင်လမ်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အစည်းအဝေးအား အနောက်ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး ၌ပင် ကျင်း ပကြ၏။
ဦး အောင်ရွှေ၊ ဦးအေးသာအောင်၊ ဦးလွင်၊ ဦးသန်းထွန်း၊ ဦးလှေ ဖ၊ ဦးလွန်း တင်၊ ဦးစိုးမြင့်၊ ဦးညွှန့်ဝေ၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ တက်ရောက်ကြသည်။ CRPP အဖွဲ့ဝ င် ၁ဝ ဦးလုံး စုံညီစွာ
တက်ရောက်ကြသည့် အစည်းအဝေး၊ CRPP အား ဖွဲ့စည်းခဲ့သည်မှာ ၁ဝ လ ရှိလေပြီ၊ လာမည့် စက်တင်ဘာ ၁၆ ရက်ေ န့တွင်မူ တနှစ်တင်း တင်း ပြည့်မ ည်။ CRPP ၏ နှစ်ပ တ်လည် အစီရ င်ခံစာများအား
ဆွေးနွေးကြသည့် အစည်းအဝေးဖြစ်သည်။

၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့ကြသည့် CRPP အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လွှတ်တော်၏ လုပ်င န်းတာဝန်များအား ဆောင်ရွက်နိုင်ရန် လွှတ်တော်ေ ရးရာ
ကော်မတီများအား ဖွဲ့စည်း၍ တာဝန်များ ပေးအပ်ခဲ့၏။

‘တိုင်း ရင်းသားရေးရာ ကော်မတီ’ တွင် ဦးအေးသာအောင်မှ ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်း စုကြည်က အတွင်း ရေးမှူးအဖြစ် တာဝန်ယူပြီး ‘ပညာရေးရာကော်မတီ’ တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်း စုကြည်မှ
တာဝန်ယူ၏။ ‘ဥပဒေရေးရာ ကော်မတီ’ နှင့် ‘ ကာကွယ်ရေးရာ ကော်မတီ’ များတွင် ဦးတင်ဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၏။

‘ဘဏ္ဍာ၊ စီးပွား၊ ကုန်သွယ်ေ ရးကော်မတီ’ တွင် ဥက္ကဋ္ဌ ဦးညွန့်ေ ဝ၊ ‘ကျန်း မာရေး၊ လူမှုေ ရး ကော်မတီ’ တွင် ဥက္ကဋ္ဌ ဦးလွင်၊ ‘နိုင်ငံတကာ ဆက်ဆံရေးရာ ကော်မတီ’ တွင် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊
‘တောင်သူလယ်သမားရေးရာ ကော်မတီ’ တွင် ဥက္ကဋ္ဌ ဦးစိုးမြင့်၊ ‘အလုပ်သမားရေးရာ ကော်မတီ’ တွင် ဥက္ကဋ္ဌ ဦးသန်းထွန်း၊ ‘လွှတ်တော်ေ ရးရာ ကော်မတီ’ တွင် ဥက္ကဋ္ဌအဖြစ် ဦးလှဖေတို့မှ
တာဝန်အသီးသီး ယူခဲ့ကြ၏။
‘လွှတ်တော်ေ ရးရာကော်မတီ’ အသီးသီးက အစည်းဝေးတွင် အစီရ င်ခံစာ စာတမ်းများအား တင်သွင်းကြ၏၊ ဆွေးနွေးကြ၏။ ဒေါ်အောင်ဆန်း စုကြည်က သူမ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့်
‘ပညာရေးရာ ကော်မတီ၏ အစီရ င်ခံစာအား အစည်းအဝေးတွင် တင်သွင်း၏။ ပညာရေးကော်မတီ၏ အစီရ င်ခံစာ၊ စာတမ်းအား ‘မြန်မာ့ကလေးများနှင့် ပညာရေး’ ဟူ၍ ခေါင်းစဉ်ပေးထားသည်။

‘မြန်မာ့ကလေးများနှင့် ပညာရေး’ စာတမ်းတွင် နိဒါန်းပိုင်း၊ အပိုင်း ၁၊ အပိုင်း ၂၊ အပိုင်း ၃ နှင့် နိဂုံးပိုင်းဟူ၍ အပိုင်း ၅ ပိုင်းခွဲ၍ ရေးသားထားသည်။ စာတမ်း၏ နိဒါန်းတွင် ‘ဂျမ်တီယံ’ (Jomtien) ညီလာခံ၏
ဦး တည်ချက်များမှာ …

(က) ဆင်းရဲနွမ်းပါးသော မိသားစု၊ အခြေအနေ နိမ့်ကျသူများ၊ မသန်မ စွမ်းသူ ကလေးသူငယ်များ အပါအဝင် နုနယ်င ယ်ရွယ်စဉ် ကလေးများအား ပိုမိုကျယ်ပြန့်သော စောင့်ရှောက်မှုပေးရန်။
(ခ) သက္ကရာဇ် ၂ဝဝဝ တွင် တကမ္ဘာလုံးရှိ ကျောင်းသားအရွယ်လူငယ်များ အနည်းဆုံး အခြေခံမူလတန်းပညာ တတ်မြောက်ပြီးစီးရန်။
(ဂ) သက္ကရာဇ် ၂ဝဝဝ တွင် စာမတတ်သူဦးရေကို ၁၉၉ဝ ခုနှစ်ရှိ သက်ကြီးစာမတတ်သူ ဦး ရေ၏ ထက်ဝက်သို့  လျှော့ချရန်။
(ဃ) အမျိုးသမီး စာမတတ်သူနှုန်း လျှော့ချရန် ပညာသင်ကြားရေး၌ ကျား၊ မ မခွဲခြားရန်။” တို့အား ကောက်နှုတ်၍ဖော်ပြထားသည်။ ပြီးလျှင် …

“Basic Education in Myanmar, September, 1999. Report on working children and women in Myanmar’s Urban informal sector. Dept of labour & UNICEF report on working
children. တို့၏ ဖော်ပြပါအချက်များအပေါ် အခြေခံ၍ …

“၂၇ ရာခိုင်နှုန်းသော မြန်မာကလေးငယ်များသည်သာ မူလတန်းပညာပြီးဆုံးကြပြီး၊ ၃၄ ရာခိုင်နှုန်း က မူလတန်းပညာ မပြီးဆုံးဘဲ ကျောင်းမှထက


ွ်သွားခဲ့ကြ၍ ၃၉ ရာခိုင်နှုန်းမှာ မူလတန်းပညာကိုပင်
မသင်ကြားနိုင်သည့် သူများဖြစ်ကြသည် ’ ဟု ကိုးကားဖော်ပြသည်။

ဤတွင်လည်း “မူလတန်း ကျောင်းသား ၁ဝဝ လျှင် အလယ်တန်း သို့  ဆက်လက်ပညာသင်သူမှာ ၄.၉၅ ယောက် (သို့မဟုတ်) ၂၅ ယောက် ဖြစ်ပြီး အလယ်တန်း သို့  အကြောင်းကြောင်းကြောင့် ဆက်လက်
ပညာမသင်ကြားသူ (သို့မ ဟုတ်) ကျောင်းထွက်လိုက်ရသူမှာ ၇၅.၄၁ ယောက် (သို့မ ဟုတ်) ၇၅ ယောက်ဖြစ်သည်ဟု အကြမ်းအားဖြင့် မှတ်သားနိုင်သည်”

ကျောင်းထွက်ရသည့် အဓိကအကြောင်းအရင်းနှင့်ပ တ်သက်၍ စာတမ်း၌ ဖော်ပြထားသည်မှာ ပညာသင်ကြားစရိတ် မတတ်နိုင်၍ ဖြစ်ကြောင်း ဖော်ပြထား၏။

“ကျောင်းစရိတ်မတတ်နိုင်၍ ကျောင်း မတတ်နိုင်ရခြင်းမှာ ကျောင်းသုံးပုံနှိပ် TEXTBOOK ၊ ဗလာစာအုပ်- EXERCISE BOOK ၊ စာရေးကိရိယာများ၊ ဈေးကြီးသောကြောင့်လည်းကောင်း၊
ဆရာမိဘအသင်း ရန်ပုံငွေ၊ ကျောင်းဆောင်နှင့် ကျောင်းပရိဘောဂများ ကောင်းမွန်တိုးတက်ရေးအတွက် ရန်ပုံေ ငွထည့်ဝင်ရခြင်းတို့ အတွက်ကြောင့်လည်းကောင်း ဖြစ်သည် ” ဟု ထောက်ပြသည်။

ပြီးလျှင် “လူတိုင်းအတွက် မူလတန်းပညာကို အခမဲ့သင်ကြားနိုင်ရ န် ပြဋ္ဌာန်းထားသော်လည်း ကျောင်းသားအသစ် ကျောင်းဝင်လျှင် သို့မဟုတ် ကျောင်းတကျောင်းမှ တကျောင်းသို့ပြောင်းလျှင်
ကျောင်းထွက်ကြေးပေးရပြီး၊ ကျောင်းဝင်ကြေးလည်း ပေးရ၏။ ကျောင်းဝင်ကြေးမှာ မြို့ကြီးများ၏ နာမည်ကြီးကျောင်းများတွင် သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ပေးဆောင်ရပြီး မြို့ဆင်ခြေဖုံး
ရပ်ကွက်ကျောင်းများနှင့် ကျေးလက်ဒေသရှိ ကျောင်းများတွင် တကျောင်းနှင့်တကျောင်း ကျောင်းဝင်ကြေး အနည်းအများအလိုက် ကွာ ခြားကြသည်။ ကျောင်းဝင်လျှင် မိမိကလေးထိုင်ဖို့ စားပွဲ၊
ကုလားထိုင်များကိုလည်း ဝယ်ယူလှူဒါန်းကြရသည်။ ကျောင်းသုံးပစ္စည်း၊ မီးချောင်း၊ ကျောင်းပြင်ဆင်စ ရိတ် စသည်တို့ကိုလည်း ပါဝင်လှူဒါန်းကြရသည်”

ထိုသို့ ကျောင်း သားမိဘများဘက်မှ ပညာရေးစာရိတ်များ မြင့်မားနေရသည်နှင့် ပတ်သက်၍ စာတမ်း၌ အစိုးရ၏ နိုင်ငံတော် ဘဏ္ဍာငွေ ခွဲဝေမှုအချိုး မညီမျှမှုေ ကြာင့် ဖြစ်ပေါ်နေရကြောင်း
ထောက်ပြထား၏။

“၁၉၉၉ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအသုံးဆိုင်ရာ ဥပဒေကို ၁၉၉၉ ခု၊ မတ်လ ၃ဝ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းလိုက်သည်။ ထိုဥပဒေပြဋ္ဌာန်းချက်အရ နိုင်ငံတော်၏ ဘဏ္ဍာငွေအသုံးများကို
ဝန်ကြီးဌာနအလိုက် လေ့လာသုံး သပ်နိုင်သည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများအားလုံး၏ သာမန်သုံးငွေ၏ ၄ဝ % ကို သုံးထားကြောင်း တွေ့ရ ပြီး၊ ဝန်ကြီးဌာနများ ဦး စီးဌာနများအားလုံးပေါင်း ငွေလုံးငွေရင်းသုံးငွေ၏ ၄၁.၁
%ကို သုံးကြောင်း တွေ့ရ သည်။ ပညာရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ အားလုံးပေါင်း သာမန်သုံးငွေ၏ ၇.၇ % ကိုသာ သုံးကြောင်း တွေ့ရှိရသည်”

“တိုင်းပြည်တပြည် တိုးတက်ဖွံ့ဖြိုးစေရန်လည်း ပညာရှင်များရှိဖို့လိုသည်။ ပညာမြင့်မှ လူမျိုးတင့်မည်ဟူ၍ ဟစ်ကြွေးနေရုံမျှဖြင့် မပြီးသေး။ ယခုခေတ်ပညာရေးစနစ်မှာ ရွှေအိုးရှိမှ ပညာရဟူသော
ပညာရေးစနစ်ဖြစ်သည်၊ ပညာတန်ဖိုးကား ကြီးမားလှပေသည်။ စီး ပွားရေး ကျပ်တည်းနေမှု၊ ကုန်ေ ဈးနှုန်း ကြီးမားနေမှုများသည် ကျောင်းသားအရွယ် ကလေးသူင ယ်တို့ ကျောင်းနှင့် ဝေးခဲ့ရသော
အကြောင်းအရင်းများဖြစ်ကြောင်း သိရှိပြီး ဖြစ်သည်။

နိုင်ငံေ ရးတည်ငြိမ်မှုမရှိဘဲ စစ်မှန်ေ သာ ပြည်တွင်းငြိမ်းချမ်းရေးမရှိဘဲ ပညာရေးကဏ္ဍ၌ ဘဏ္ဍာငွေများ သုံးစွဲနိုင်ကြဦးမည်မ ဟုတ်။ နိုင်ငံရေးတည်ငြိမ်မှု ရရှိစေရန် စစ်မှန်ေ သာ ပြည်တွင်းငြိမ်းချမ်းရေး
ရှိေ စရန်မှာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီသည် မရှိမဖြစ် လိုအပ်ေ ကြာင်းနှင့် အမြန်ဆုံးရရှိရန် လိုအပ်ေ ကြာင်း တင်ပြအပ်ပါသည်”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပညာရေးကော်မတီ၏ ‘မြန်မာကလေးများနှင့် ပညာရေး’ စာတမ်းအား နိဂုံး ချုပ်၏။ လွှတ်တော်ေ ရးရာ ကော်မတီအားလုံးမှ တင်သွင်း ကြသည့် စာတမ်းများအား
ဆွေးနွေးအကြံပြုကြပြီး၊ အပြီးသတ်စာတမ်းများကိုမူ CRPP တနှစ်မြောက် နှစ်ပါတ်လည်နေ့တွင် ပြည်သူလူထုသို့  ထုတ်ပြန်မည်ဖြစ်၏။ ထိုနေ့ တနေ့လုံးက ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ
အစည်းဝေးနှင့်ပင် အချိန်ကုန်ခ့၏
ဲ ။

ကိုးကား ……

- ရွှေခ မောက် မှတ်တမ်းလွှာ


- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲ မှတ်တမ်း
- ဝါရင့်နိုင်ငံေ ရးသမားဟောင်းကြီးများ၏ အကြံပြုစာတမ်း
- ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခန
ွ်း များ
- မြန်မာနိုင်ငံ အမျိုးသမီးများနေ့သို့ ပေးပို့သည့် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာ (၁၉၉၉ ၊ ဇွန်လ ၁၉)
- ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ နှစ်ပတ်လည်အစီရ င်ခံစာ
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ တနှစ်မြောက် ကြေညာစာတမ်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၆၅

မင်းဟန် | သောကြာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၀၉ မိနစ်

၂၂၄

အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေကြရသည့် နိုင်ငံေ ရးအကျဉ်းသမားများထံမှ ပေးပို့လိုက်သည့် စာတမ်းငယ်တစောင်အား ဒေါ်အောင်ဆန်း စုကြည် လက်ခံရ ရှိ၏။ စာတမ်းငယ်၏ ခေါင်းစဉ်က၊
“နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (စစ်အစိုးရ) အား ဖျက်သိမ်း၍ ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုးရနှင့် စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး” ဟူ၍ဖြစ်ပြီး၊ စာတမ်း၏
အောက်ခြေတွင်မူ “အကျဉ်းကျခံ အမျိုးသား နိုင်ငံေ ရးအင်အားစု” ဟု အမည်တပ်ထား၏။

စာတမ်းငယ်၏ နိဒါန်းတွင်

“လွန်ခဲ့ေ သာ ၉ နှစ်၊ ၁၉၉ဝ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့အချိန်တွင် မြန်မာနိုင်ငံတဝှန်းလုံးရှိ ပြည်သူအပေါင်းတို့သည် အာဏာရှင်စ နစ် ချုပ်ငြိမ်း ၍ အခြေခံလူ့အခွင့်အရေးများကို အာမခံသော
ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီအစိုးရ ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်း လာရေးအတွက် စစ်အစိုး ရ ကြီးမှူးကျင်းပသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကြီးတွင် မိမိနှင့် မိမိတို့နယ်မြေဒေသ အသီးသီးအား
ကိုယ်စားပြုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ေ ပးခဲ့ကြသည်။ ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်းတွင် ပြည်သူလူထုကြီးမှာ ၎င်းတို့ ရွေးချယ်တင်ေ မြှာက်ေ ပးထားသည့်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသော ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုး ရတရပ် ပေါ်ထွန်းလာရေးကို မျှော်လင့်ေ နခဲ့ကြသည်။ သို့သော် ပြည်သူများ မျှော်လင့်သည့်
ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုးရ ပေါ်ထွန်းမလာဘဲ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီးတို့မှ
ပြည်သူတို့ ၏ လိုလားချက်များကို မျက်ကွယ်ပြုထားသည်မှာ ၉ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။”

စာတမ်းအားဖတ်ပြီး တိုင်းပြည်သို့ အသိပေး တင်ပြသင့်သည်ဟု


ဒေါ်အောင်ဆန်းစုကြည် မြင်မိ၏။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနှင့်
ပြီးလျှင် လက်ရှိတိုင်းပြည်၏ စီးပွားရေးဘဝ၊ လူမှုရေးဘဝနှင့် ပညာရေး၊ ကျန်းမာရေး အခြေအနေများအား မှန်ကန်စွာ
ထုတ်ပြန်မည်လား။
ထောက်ပြဝေဖန်ထားပြီး တပ်မတော်နှင့်ပတ်သက်၍ ရှုမြင်ချက်အား စာတမ်းတွင် ပွင့်လင်းစွာ ရေးသားဖော်ပြထား၏။
သို့တည်းမဟုတ် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP အနေဖြင့်
ထုတ်ပြန်မည်လား။
“တပ်မတော်သည် နိုင်ငံကို ကာကွယ်စောင့်ရှောက်ရ န် နိုင်ငံ့ဝန်ထမ်းအနေဖြင့် ရှိေ နရမည်ဖြစ်သည်။ ဖွဲ့စ ည်းပုံ
အခြေခံဥပဒေကို လေးစားလိုက်နာသော တပ်မ တော်ဖြစ်ရမည်။ ဒီကနေ့ တပ်မ တော်သည် လုံးဝပျက်စီး နေပြီဖြစ်သည်။
တပ်မ တော်သားများသည် ယူနီဖောင်းအရောင်အသွေး တူညီကြသော်လည်း စိတ်ဓာတ်များ မတူညီကြတော့ပါ။ စစ်တပ်အတွင်း နိုင်ငံကို ကာကွယ်စောင့်ရှောက်လိုသော စစ်သားစစ်စစ် တပ်မ တော်သား
အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများ ရှိသကဲ့သို့ မိမိတို့ ကိုယ်ကျိုးစီးပွား တခုထဲကို ကြည့်သည့် တပ်မ တော်သား အရာရှိကြီးငယ်အပေါင်း များစွာ ရှိနေကြပြီဖြစ်သည်။ ပြည်သူေ တွကို နှိပ်စက်သော
စစ်သား စစ်ထောက်လှမ်းရေးတွေကလည်း နေရာအနှံ့ပင် ရှိနေကြသည်။”

“ထိုအခြေအနေမျိုးသို့ ရောက်နေသော တပ်မတော်၏ အနာဂတ်သည် ကောင်းနိုင်မည် မဟုတ်တော့ပါ။ ပြည်သူချစ်သော လေးစားသော၊ အားကြီးသော တပ်မ တော် ဖြစ်လာမည် မဟုတ်သကဲ့ သို့
တပ်မ တော်သားများ ချစ်ခင်လေးစား၊ ကြည်ညိုအားကိုးသော ဗိုလ်ချုပ်ကြီးများ၊ ဦးစီးချုပ်များ ပေါ်ထွန်း လာမည် မဟုတ်ချေ။ အထက်ဖော်ပြပါ ဖြစ်ရပ်ဆိုးများသည် အာဏာရှင်စ နစ်ကြောင့်ပင် ဖြစ်သည်။
အာဏာရှင်စနစ်၏ ဆိုးကျိုးသည် ပြည်သူပြည်သားများနှင့်အတူ တပ်မတော်သားတွေပါ ခံရ၏။ နိုင်ငံအတွက်လည်း ထိခိုက်န စ်နာဆုံးရှုံး၏ ကမ္ဘာ့ အလယ်တွင် အရှက်ရ၏။ အာဏာရှင်စ နစ်ကို
ဖျက်သိမ်းပြီး ပြည်သူ့ဆန္ဒနှင့်အညီ စစ်မှန်ေ သာ ဒီမိုကရေစီစနစ်သာ ပေါ်ထွန်းလာလျှင် ယခုလို အခြေအနေဆိုးများ ချုပ်ငြိမ်းပြီး တိုင်း သူပြည်သားများ ငြိမ်းချမ်းစွာ နေရမည်ဖြစ်သည်။ နိုင်ငံလည်း
တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်သည်။ တိုင်းသူပြည်သားဆိုသည့် အထဲတွင် တပ်မတော်သားများလည်း ပါ၏။ တပ်မ တော်သားများ၏ မိဘဆွေမျိုး၊ ညီအကိုမောင်နှမ တွေလည်း ပါ၏။ ငြိမ်းချမ်းသာယာပြီး
ခေတ်မီတိုး တက်သော ဒီမိုကရေစီနိုင်ငံေ တာ် ပေါ်ထွန်းလာနိုင်ဖို့အတွက် ယခုအချိန်တွင် အမှန်တကယ် လုပ်ဆောင်ရမည်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (အစိုး ရ) အား
ဖျက်သိမ်း၍ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ေ ပးလိုက်သော ပြည်သူ့လွှတ်တော်ကိုယ်စားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော်နှင့် ပြည်သူအစိုးရတရပ် တည်ရှိေ နဖို့ပင်ဖြစ်သည်”

စာတမ်းအားဖတ်ပြီး တိုင်းပြည်သို့ အသိပေးတင်ပြသင့်သည်ဟု ဒေါ်အောင်ဆန်း စုကြည် မြင်မိ၏။ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ထုတ်ပြန်မည်လား။ သို့တည်းမဟုတ် ပြည်သူ့လွှတ်တော်
ကိုယ်စားပြုကော်မတီ CRPP အနေဖြင့် ထုတ်ပြန်မည်လား။

စာတမ်းကား ပြည်သူ့လွှတ်တော်ဖွဲ့စည်းရေး၊ ပြည်သူ့အစိုးရဖွဲ့စည်း ရေးအား ဦးတည်ထားသည်ဖြစ်၍ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် ထုတ်ပြန်သင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်
ဆုံးဖြတ်လိုက်၏။ ပြီး လျှင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဝ င်များကို တင်ပြပြီး ထုတ်ပြန်မ ည်။
၂၂၅

အကျဉ်းထောင်အတွင်း၌ အခက်အခဲ၊ အကျပ်အတည်းများစွာအား ရင်ဆိုင်အံတုရင်းမှ သူတို့ ၏ နိုင်ငံေ ရးအမြင် ရပ်တည်ချက်အား ရဲဝံ့စွာ ထုတ်ဖော်တင်ပြဝံ့ကြသည့် ‘အကျဉ်းကျခံ အမျိုးသား အင်အားစု’
အပေါ် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် လေးစား၏။ အားရကျေနပ်မိ၏။ ဤအတွက် ကြည်နူးဝမ်းမြောက်ရသည်။

သို့သော်လည်း တဖက်တွင်က အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးကြောင့်၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စိတ်ကသိကအောက် ဖြစ်ရပြန်၏။

ထိုအခါမျိုးတွင် ထိုသူများသည် အမျိုးသား နိုင်ငံေ ရး လမ်း စဉ်ဟူသည်အား မသိ၊


ထိုသူ ၁၈ ဦးတွင် နိုင်ငံရေး ယုံကြည်ချက်ဟူ၍ ခိုင်ခိုင်မာမာမရှိ၊ နိုင်ငံရေးအမြင် မကြည်လင်။ ယုံကြည်ချက်မဲ့ပြီး၊
လူထုအားမျက်နှာမမူ။ ဒီမိုကရေစီ၏ ကျင့်စဉ်၊ ကျင့်ထုံးများ မလိုက်နာ။
အမြင်မရှိသည့်အတွက် ထိုသို့သော သူများသည် အခက်အခဲ၊ အကျပ်အတည်းနှင့် အခွင့်အလမ်း ဟူ၍
အဖွဲ့အစည်း အတွင်း လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ
ရွေးချယ်ရသည့်အချိန်တွင် အခွင့်အလမ်းအား ကြည့်တတ်ကြ၏။ ကိုယ်ကျိုးအတ္တကို ရှာကြ၏။ ဤသဘာဝသည်
မလေးစားကြတော့ဘဲ၊ ငါတကော ကောလာ ကြလေ၏။
အလှည့်အပြောင်းကာလများတွင် တွေ့ရတတ်၏။ စိန်ေ ခ်ါမှုကြီးမားလျှင်၊ တိုက်ပွဲပြင်းထန်လျှင် ထိုသူများက
ပေါ်လာကြမြဲ။

ထိုအခါမျိုးတွင် ထိုသူများသည် အမျိုးသားနိုင်ငံေ ရး လမ်းစဉ်ဟူသည်အား မသိ၊ လူထုအားမျက်နှာ မမူ။ ဒီမိုကရေစီ၏ ကျင့်စဉ်၊ ကျင့်ထုံးများ မလိုက်နာ။ အဖွဲ့အစည်းအတွင်း လိုက်နာရမည့် စည်းမျဉ်း၊
စည်းကမ်းများ မလေးစားကြတော့ဘဲ၊ ငါတကော ကောလာကြလေ၏။

သက်ဆိုင်သည့်မြို့နယ် စည်းရုံးရေးကော်မတီများမှ ထိုသူများနှင့်ပတ်သက်၍ ပေးပို့လာကြသည့် စာများအား အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးအနေဖြင့် ဒေါ်အောင်ဆန်း စုကြည် လက်ခံ၍
ဖတ်ရှုရသည်။ ပြီးလျှင် ရှေ့ဆက်၍ လုပ်ေ ဆာင်သင့်သည်များကို ဆက်၍ဆောင်ရွက်ရ၏။

စာများက ရန်ကုန်တိုင်း ၊ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်အေးမြင့်၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး ကြည်ဝင်း၊ ဦးတင်ထွန်းမောင်၊
တွံ့တေးမြို့နယ်အမှတ်၂ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး မြလှိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်စိန်၊ ဦးစံတင်၊ ပဲခူးတိုင်း မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးထွန်း ရွှေ၊ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး စိုးမင်း၊ ကျိုက်လတ်မြို့နယ် အမှတ် ၁ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း ၊
မကွေးတိုင်း မင်းဘူးမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှစိုး တို့နှင့်ပ တ်သတ်၍ သက်ဆိုင်ရာအဖွဲ့ချုပ်၊ အဖွဲ့ဝ င်များ မြို့ နယ်စည်းရုံးရေး ကော်မတီများမှ သဘောထား
ပေးပို့သည့်စာများဖြစ်သည်။

စာများအားချုပ်ကြည့်ပါက …

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ၁၉၉ဝခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျင်းပသော ပါတီစုံ ဒီမိုကရေစီ အထွေေ ထွရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ရသည်။ သို့သော်
၎င်းသည် အဖွဲ့ချုပ်၏ စည်းရုံးညီညွှတ်မှုကို ပျက်ပြားစေရန် လုပ်ဆောင်သည့် အဖွဲ့ချုပ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ဒေးဒရဲမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦး သန်းထွန်းနှင့် မင်္ဂလာဒုံမြို့နယ် အမှတ် ၁ ဦးကြည်ဝ င်း၊ အမှတ် ၂ ဦးတင်ထွန်းမောင် စသည့် သစ္စာ ဖောက်အုပ်စုနှင့် ပူးပေါင်းပြီး အဖွဲ့ချုပ်ကို ဆန့်ကျင်ခဲ့ေ ပသည်။ ယင်းလုပ်ရပ်သည် တကိုယ်တော်
လုပ်ရ ပ်ဖြစ်ပြီး အဖွဲ့ချုပ်၏ စည်းလုံးညီညွှတ်မှုကို ပြို ကွဲအောင် ဂိုဏ်းဂဏစု၍ တမင်ရည်ရွယ် ကျူးလွန်သည့်လုပ်ရ ပ် ဖြစ်ပေသည်။

၎င်းသည် အဖွဲ့ချုပ်၊ အဖွဲ့ဝင်ဖြစ်ပါလျက်နှင့် ပါတီဝင်ထုနှင့်သော်လည်းကောင်း၊ မြို့နယ်စ ည်းရုံး ရေး အဖွဲ့နှင့်သော်လည်းကောင်း၊ တိုင်းပင်ညှိနှိုင်းခြင်း၊ သဘောထားရယူထားခြင်း မရှိ၊ ၎င်း၏
ဆန္ဒအလျောက် ပြုမူဆောင်ရွက်ခြင်း ဖြစ်သဖြင့် မြို့ နယ်အနေနှင့် ၎င်း၏ လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပါသည်။ ၎င်းလုပ်ရ ပ်နှင့် ပတ်သက်၍ ဤမြို့နယ်နှင့် လုံးဝပတ်သက်ခြင်း
မရှိကြောင်းကိုလည်း မှတ်တမ်းတင်အပ်ပါသည်။

အဖွဲ့ချုပ် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရုံသာမက ပြည်သူလူထုအတွင်း၌ပါ အထင်အမြင် လွဲမှားမှုမျိုး ဖြစ်ပေါ်စေနိုင်သည့်အပြင် အဖွဲ့ချုပ်၏ အကျိုးကို လိုလားသယောင်နှင့် သပ်လျှို၍
စည်းလုံးညီညွှတ်ရေးကို ဖြိုခွဲသည့် လုပ်ရ ပ်ဖြစ်သဖြင့် မြို့ နယ်ပါတီဝင်ထု ကိုယ်စားအရလည်းကောင်း၊ မြို့နယ်စ ည်းရုံးရေး အဖွဲ့ကိုယ်စားအရလည်းကောင်း ကန့်ကွက်ရှုတ်ချကြောင်းကိုလည်း
မှတ်တမ်တင်ပါသည်” ဟူ၍ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ချုပ် မြို့ နယ်စ ည်းရုံးရေး ကော်မတီများမှ ပေးပို့လာသည့် စာများကို ဖတ်ပြီး ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအနေနှင့် တိုင်း ပြည်သို့တဆင့်
အသိပေးထုတ်ပြန်ရန် ဆုံးဖြတ်လိုက်၏။

၂၂၆

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်နှင့် အမှတ် ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်တို့၌ အဖွဲ့ဝ င်များ၊ မြို့တော်ရှိ လူထုများနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံပြီး၊
ဟောပြောဆွေးနွေးပွဲများအား ရက်သတ္တတပတ်လျှင် အနည်းဆုံး တကြိမ်၊ နှစ်ကြိမ်မျှ ပြုလုပ်၏။

အကြောင်းအရာ ခေါင်းစဉ်အလိုက် ဆွေးနွေး ဟောပြောသည့် တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်သည်။ ပြီး လျှင် တက်ရောက်သူများ၏ မေးခွန်းများကို ဒေါ်အောင်ဆန်း စုကြည်က ဖြေ၏။ ၁၉၉၅ - ၉၆ ခုနှစ်များက
ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့ ဟောပြောပွဲများကဲ့သို့  ဖြစ်သည်။

၁၉၉၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင်မူ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း ရှိ နေအိမ်ဝင်းအတွင်း၌ပင် လူင ယ်ပညာပေး ဟောပြောပွဲတခုကို ဒေါ်အောင်ဆန်းစုကြည်က ပြုလုပ်၏။ အာဏာပိုင်များက
ပိတ်ဆို့ဟန့်တားနှောင့်ယှက်မှုများကို အဓမ္မ မပြုလုပ်သော်လည်း ခြံဝင်းအတွင်းသို့ လာရောက်ကြသည့် လူင ယ်များကိုမူ နိုင်ငံသားမှတ်ပုံတင်ကဒ်များ တောင်းယူ၍ စစ်ဆေး၏။ ပြီးလျှင် ဗီဒီယိုမှတ်တမ်း
ရိုက်၍ယူ၏။
ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်ပ ညာပေး ဟောပြောပွဲက အဖွဲ့ချုပ်လူငယ် ၃ဝဝ ကျော်မျှ တက်ရောက်ကြသည့် ဟောပြောပွဲလေး ဖြစ်သည်။

ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်က အေသင်မြို့၏ ဒီမိုကရေစီကို ရှင်းပြ၏။

“နိုင်ငံသူနိုင်ငံသားလို့ သတ်မှတ်ခံထားရသူများဟာ နိုင်ငံသူနိုင်ငံသားများရဲ့ တာဝန်ကို အင်မ တန်မှ သိရတယ်။ အဲဒီတာဝန်ထဲမှာ အားလုံးဟာ နိုင်ငံရဲ့ အုပ်ချုပ်ရေးထဲမှာ ပါဝင်ပြီးတော့
ဆုံးဖြတ်ချက်ချတာ၊ နိုင်ငံနဲ့ပ တ်သက်တဲ့ ကိစ္စေ တွမှာ ဆုံးဖြတ်ချက်ချရုံတင် မကဘူး၊ ဒီဆုံးဖြတ်ချက်တွေနဲ့အညီ လိုက်ပြီးတော့ လုပ်ရ တဲ့ တာဝန်လည်း ရှိပါတယ်။ ဥပမာဆိုရင် ဒီအေသင်နိုင်ငံဟာ
တခြားနိုင်ငံတခုနဲ့ စစ်တိုက်မလား၊ စစ်မတိုက်ဘူးလား ဒီလိုဆုံးဖြတ်ချက်ချတဲ့အခါမှာ တိုက်ရိုက်ဒီမိုကရေစီအနေနဲ့ နိုင်ငံသူနိုင်ငံသားများဟာ စုပြီးတော့ ဒါကို ဆုံးဖြတ်ချက် ချလိုက်တယ်။ မဲပေးတဲ့စနစ်နဲ့
ဆုံးဖြတ်ချက် ချတယ်။ ဆုံးဖြတ်ချက် ချလိုက်တော့ တိုက်မယ်လို့ ဆုံးဖြတ်ရင် မတိုက်တဲ့ဘက်က မဲပေးတဲ့ သူတွေလည်း ဝင်ပြီး တော့ တိုက်ရတယ်။ အဲဒီတုန်းကဆိုရင် အေသင်ရဲ့ စစ်တပ်၊
စစ်တပ်အင်အား ဆိုတာလည်း ပြည်သူလူထုထဲကပဲ ဝင်ပြီးတော့ စစ်သားတွေအနေနဲ့ပဲ တိုက်တာပဲ။ ပြည်သူလူထုထက
ဲ လူေ တွပဲ ဗိုလ်ချုပ်တွေအနေနဲ့ ဒီမိုကရေစီနည်းအရ ခန့်အပ်ခြင်း ခံရ လို့
ဝင်ပြီး တော့ လုပ်ရ ပါတယ်။ အဲဒီတော့ နိုင်ငံသူနိုင်ငံသားများဟာ မိမိတို့ရဲ့ အခွင့်အရေးရှိသလို တာဝန်ရှိတယ်ဆိုတာ ဒီမိုကရေစီ စပြီးတော့ ပေါက်ဖွားလာစဉ်ကတည်းက ဒီမူဟာ အခြေခံမူတခုပါပဲ။”

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဟောပြောချက်ကို ခေတ္တရပ်ပြီး ၊ လူငယ်များကို ဝေ့၍ကြည့်၏။ အားလုံးက စိတ်အားထက်သန်စွာနှင့် ငြိမ်၍နားထောင်နေကြသည်။ ဒေါ်အောင်ဆန်း စုကြည်က သူမ ၏
စကားကို ဆက်၏။

“စောစောက ကျမပြောသွားတဲ့ ပဲရီးဖလီး စ် မိန့်ခွန်း ထဲမှာ အရေးကြီးဆုံးတခုက ဘာလဲဆိုတော့ သူက ဘယ်လိုပြောသလဲဆိုတော့ သူတို့နိုင်ငံမှာ ဆိုရင် နိုင်ငံေ ရးမှာ ဝင်မပါတဲ့လူကို နိုင်ငံသား
မဖြစ်သင့်ဘူးလို့ သူက ဒီလိုသတ်မှတ်တယ်။ ‘နိုင်ငံေ ရးဟာ တို့ကိစ္စမ ဟုတ်ဘူးလို့ ဘယ်သူမှ ပြောလို့မရဘူး။ နိုင်ငံေ ရးဟာ တို့ကိစ္စ မဟုတ်ဘူးလို့ ယူဆထားတဲ့ လူများဟာ နိုင်ငံသားတောင်မှ
မဖြစ်သင့်ဘူး။ နိုင်ငံသားဖြစ်သင့်တဲ့ အရည်အချင်း မရှိဘူး’ လို့ သူတို့ မြင်တယ်။ ဒါကြောင့်မို့ ဒီမိုကရေစီမှာ နိုင်ငံသူနိုင်ငံသား အားလုံးဟာ နိုင်ငံရေးမှာပါဝင်ရမယ်၊ နားလည်ရမယ်။ နိုင်ငံရေးဟာ
နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အရေးဖြစ်တယ်ဆိုတာ အဲဒီတုန်း ကတည်းက သူတို့  လက်ခံထားတာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ဟောပြောပွဲအား ခေတ္တရပ်နား၍ အနားပေး၏။ ဟောပြောပွဲ ပြန်စသည့် အခါ၌ ဒေါ်အောင်ဆန်းစုကြည်က လူငယ်ထုကို ခေတ်သစ် ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍
မိတ်ဆက်ပေး၏။

“အခုခေတ်မှာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ ခွဲခြားလို့မရဘူး။ ဒီမိုကရေစီအကြောင်း နားလည်ချင်ရင် အခြေခံလူ့အခွင့်အရေးတွေဟာ ဘာလဲဆိုတာကို နားလည်ဖို့ လိုလိမ့်မ ယ်။
တချိန်တည်းမှာ ပဲ လစ်ဘရယ် ဒီမိုကရေစီအကြောင်း ပြောနေတဲ့အခါမှာ GUIDED DEMOCRACY တို့  အရင်တုန်းကရှိခဲ့တဲ့ DIRECTED DEMOCRACY တို့အကြောင်းကို ကျမ နည်း နည်းပြောချင်တယ်။
DIRECTED DEMOCRACY ရော၊ GUIDED DEMOCRACY ရောဟာ တကယ်တော့ ပါကစ္စတန်နိုင်ငံမှာ အုပ်ချုပ်သွားတဲ့ စစ်အာဏာရှင် အာယုခန်၊ ၊ ဗိုလ်ချုပ် အာယုခန်လက်ထက်တုန်းက ပါကစ္စတန်
စစ်အာဏာရှင်စ နစ်နဲ့ အုပ်ချုပ်သွားတဲ့အချိန်မှာ သူက DIRECTED DEMOCRACY ဆိုတဲ့ အသုံးအနှုန်းကို သူသုံးသွားတယ်၊ လမ်း ပြဒီမိုကရေစီပေါ့။ လမ်းညွှန်ထားတဲ့ ဒီမိုကရေစီသဘောမျိုး။

အဲဒီဟာကို အင်ဒိုး နီးရှားက သမ္မတ ဆူကာနိုကျတော့ သူကနေ GUIDED DEMOCRACY ဆိုတဲ့ အသုံးအနှုန်းကို သူသုံးခဲ့တယ်။ အဓိပ္ပာ ယ်ကတော့ အတူတူပါပဲ။ သူတို့ က လမ်း ညွှန်ဒီမိုကရေစီဆိုတာ
အစိုးရကနေ ပြည်သူလူထုကို လမ်း ပြသွားမယ်။ အမှန်ပြောရလို့ရှိရ င်တော့ ဒီမိုကရေစီ အယောင်ဆောင်တဲ့ အာဏာရှင်စနစ်လို့ ဒီလိုပဲ ပြောရမှာပဲ။ အခု န-ဝ-တ ခေတ်ကျတော့ DISCIPLINED
DEMORACY စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဆိုတာကလည်း ဒီအတိုင်းပါပဲ။ ဒီ GUIDED တို့၊ DIRECTED တို့နဲ့ ဘာမှမထူးဘူး။ ဒီမိုကရေစီ အယောင်ဆောင်နေတဲ့ အာဏာရှင်စနစ်မျိုးကို ဆိုလိုတာပဲ။

ဒီတော့ စည်းကမ်းရှိတ့ဒ
ဲီမိုကရေစီ၊ စည်းကမ်းမရှိတဲ့ ဒီမိုကရေစီဆိုတာဟာ ဒါ အဓိပ္ပာ ယ်မရှိဘူး။ စနစ်တိုင်း ၊ စနစ်တိုင်းဟာ သူ့စည်း နဲ့သူတော့ လာတာပဲ။ သူ့စည်းနဲ့သူ ရှိပြီးသားအပေါ်မှာ ထပ်ပြီးတော့
စည်းမျဉ်းတွေ ထည့်လိုက်လို့ရှိရ င် သူ့ရဲ့ အခြေခံစည်းကမ်းတွေကို ချိုးဖောက်ချင်တဲ့ သဘောတရားကို ပေါ်လွင်စေပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဟောပြောချက်ကို ခေတ္တရပ်ပြီး လူငယ်များကို ဝေ့၍ကြည့်၏။ အားလုံးက စိတ်အားထက်သန်စွာ နှင့် ငြိမ်၍နားထောင်နေကြသည်။ ဒေါ်အောင်ဆန်း စုကြည်က သူမ ၏
စကားကို ဆက်၏။

“နိဂုံး အားဖြင့် ပြောရမယ်ဆိုရင် ဒီမိုကရေစီက ဘာလဲလို့ မေးမယ်ဆိုရင် နိုင်ငံရေးပညာရှင်တယောက်က ပြောသွားတာကို ကျမ သိပ်ပြီးတော့ သဘောကျတယ်။ ဘာလဲဆိုတော့ ဒီမိုကရေစီဆို တာဟာ
နိုင်ငံအတွင်း မှာ ရှိတဲ့ ပြဿာနာတွေကို၊ မကျေနပ်ချက်တွေကို တဦးနဲ့တဦး ကြားတဲ့မှာ ရှိတဲ့ ပဋိပ က္ခတွေကို သွေးထွက်သံယိုမှု မရှိဘဲနဲ့ ဖြေရှင်းနိုင်တဲ့ စနစ်ကို ဒီမိုကရေစီလို့  ဆိုလိုတယ်လို့
ပြောထားပါတယ်။ ဘာအဓိပ္ပာယ်လဲဆိုတော့ ဒီမိုကရေစီဆိုတာဟာ နိုင်ငံရဲ့ ပြဿနာတွေကို သွေးထွက်သံယိုမှုမ ပါတဲ့ နိုင်ငံရေးနည်းလမ်းများနဲ့ ဖြေရှင်း ခွင့် ပေးထားတဲ့ စနစ်လို့  ဆိုလိုပါတယ်။ အဲဒီလို
ခြုံငုံပြီး ပြောလိုက်မယ်ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရကို နားလည်နိုင်မ ယ်လို့  ထင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ လူငယ်ပညာပေး ဟောပြောပွဲကို နိဂုံးချုပ်လိုက်သည်။ သြဂုတ်လ ညနေခင်း ရန်ကုန်သည် မှိုင်းပြပြ၊ မှောင်ရီရီ။ ကောင်းကင်သည် ကြည်လင်ဝ င်းပ၍မနေ။ တိမ်တို့က
အစုလိုက်ရစ်ဖွဲ့၍ ပင်လယ်ဝဆီသို့  ရွေ့လျား၍နေကြ၏။ မှိုင်းပြမှုန်ရီသော ကောင်းကင်သည် ရုတ်ချည်းပင် ညိုမှောင်၍ မိုးဖွဲလေးများ ရွာသွန်းအံချလာ၏။ မိုးဖွဲများအောက်၌ လွန်ခဲ့သည့် ၁၁ နှစ်၏
အရေးတော်ပုံ ပုံရိပ်များသည် ထင်၍လာ၏။ ကြွေးကြော်သံများ ကြားလာရ၏။ ယမ်း နံ့၊ သွေးညှီနံ့များ ရှုရှိုက်ေ နမိသကဲ့သို့။

၂၂၇

NHK သတင်းဌာနမှ သတင်း ထောက်များကို နေအိမ်တွင်ပင် ဒေါ်အောင်ဆန်းစုကြည် လက်ခံ၍ တွေ့ဆုံသည်။ ၉ ရက်၊ ၉ လ၊ ၁၉၉၉ ‘ကိုးလေးလုံး’ နေ့ရက်ေ ကြာင့် နိုင်ငံတကာ သတင်းဌာနများသည်
ရန်ကုန်ကို စိတ်ဝ င်စားနေကြသည့်ဟန် ရှိ၏။

NHK ၏ သတင်းထောက်က ရန်ကုန်၏ နိုင်ငံရေးအခြေအနေကို ပထမဦးစွာ မေးမြန်း၏။ NHK သတင်းထောက်၏ အမေးကို ဒေါ်အောင်ဆန်း စုကြည်က …
“ဒီမိုကရေစီ ကြိုးပမ်းမှုကာလမှာကတော့ ၂ ပိုင်း ရှိတာပေါ့။ ဒီမိုကရေစီကိုလိုလားတဲ့ သူတွေရဲ့ အပိုင်းနဲ့ ဒီမိုကရေစီကို မလိုလားတဲ့သူတွေ အပိုင်း၊ အဲဒီတော့ ဒီမိုကရေစီကို မလိုလားတဲ့ သူတွေကတော့
အားလုံးကို ကောင်းကောင်း ချိုးဖောက်နေတာပဲ။ မတရားတဲ့ လက်နက်အင်အား သုံးပြီးတော့ စိုးမိုးနေတာ။ အဲဒီတော့ အဲဒီလို လုပ်ေ နတဲ့ သူတွေကတော့ သူတို့လုပ်ချင်တာ လျှောက်လုပ်မှာပဲ။
အာဏာတည်မြဲရင် ပြီးရောဆိုပြီးတော့ လုပ်ကြမှာ ပဲ။ ဒီဟာကို ကျမတို့က မကောင်းမှန်း လည်း သိတယ်၊ မလိုလားအပ်မှန်းလည်း သိတယ်။ ဒါကြောင့်မို့လို့  ကျမတို့က ဒီမိုကရေစီစနစ်ကိုသာလျှင်
ထွန်းကားအောင် လုပ်မယ်။ အာဏာရှင်စနစ်ကို ကျမတို့ အတိုက်အခံ လုပ်တယ်ဆိုတာဟာ အာဏာရှင် လုပ်နေတဲ့ သူတွေကို ပုဂ္ဂိုလ်ရေးအရ ကျမတို့ မကြိုက်လို့မှ မဟုတ်ဘဲ။ ဒါ ကျမတို့
ပုဂ္ဂိုလ်ရေးစိတ်ဓာတ်နဲ့ လုပ်ေ နတာမှ မဟုတ်ဘဲ။ ဒီလို သူတို့ရဲ့ လုပ်ပုံလုပ်နည်း တွေကို ကျမတို့ မကြိုက်လို့ ဒီလိုအဂတိတရား လိုက်စားတာတွေ၊ နောက်ပြီး တော့ ပြည်သူလူထုအပေါ်မှာ မှန်မှန်ကန်ကန်
မဆက်ဆံတာတွေ၊ အချင်းချင်းအပေါ်မှာ မှန်မှန်ကန်ကန် မဆက်ဆံတာတွေ၊ ဒါတွေမကြိုက်လို့၊ ကျမတို့ အတိုက်အခံ လုပ်ေ နတာပဲ။ အဲဒါလည်း ကျမတို့ သိပ်ထူးထူးထွေထွေ ပြောဖို့လိုမယ် မထင်ဘူး။”

သတင်းထောက်က ဒေါ်အောင်ဆန်း စုကြည်ကို အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို (နအဖ) က ခေါ်ယူထိန်းသိမ်း ထားမှု အခြေအနေနှင့် ပတ်သက်၍ မေး၏။

“ဒီ ကျမတို့ (န.အ.ဖ) အောက်ဆုံးအဆင့်နဲ့ ကျမတို့ အမျိုးသားဒီမိုကရေစီ အောက်ဆုံးအဆင့်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ဘာတွေရှိသလဲဆိုတော့ ကျမတို့လူတွေကို ဆွဲသွားတုန်းက ညှိနှိုင်းဆွေးနွေးဖို့
ဆိုပြီး တော့ အဲလိုသူတို့ကတော့ တရားဝင် အကြောင်း ကြားတာပဲ။ တကယ်တော့လည်း ညှိနှိုင်းဆွေးနွေးတာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့သိသလောက်ကတော့
ညှိနှိုင်းဆွေးနွေးတာ မဟုတ်ပါဘူး။ ဟို ဆွဲဆောင်တဲ့ သဘောမျိုးပေါ့။ အခုလက်ရှိ စစ်အာဏာပိုင်များ လုပ်ရပ်တွေကို ထောက်ခံဖို့ ဆွဲဆောင်ဖို့ သဘောမျိုးလည်း လုပ်ခဲ့တယ်ဆိုတာ ကျမတို့
တွေ့ရ ပါတယ်။ နောက်ပြီး တော့ ကျမတို့ အဖွဲ့ချုပ်ရဲ့ လုပ်ရ ပ်တွေကို ရှုတ်ချဖို့ ကျမတို့အချင်းချင်း သွေးကွဲအောင်လုပ်ဖို့ ဒီလိုဟာတွေ ပြောခဲ့တယ်၊ ဆိုခဲ့တယ်။ ဒီအတိုင်း ဆက်ဆံခဲ့တယ်လို့ ကျမတို့
နားလည်ပါတယ်။ အဲဒီတော့ နောက်ဆုံးအဆင့်မှာ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ အာဏာပိုင်ေ တွရဲ့ ထိတွေ့မှုဟာ ဘယ်လိုလဲဆိုတော့ အဖမ်းခံရတဲ့ လူနဲ့ ဖမ်းထားတဲ့ လူနဲ့ ထိတွေ့မှုမျိုး
ဖြစ်နေပါတယ်။ အဲဒီတော့ အကျဉ်း သားနဲ့ အကျဉ်းထောင်ဦးစီးဌာနနဲ့ ထိတွေ့မှုမျိုးပေါ့။ အများအားဖြင့်တော့ ထောက်လှမ်းရေးပေါ့။ စစ်ထောက်လှမ်းရေးက လူတွေနဲ့ ထိတွေ့ရတာ၊
စစ်ထောက်လှမ်းရေးက လူတွေကဆိုရင် ကျမတို့ အဖွဲ့ချုပ်ဝင်တွေကို အဖွဲ့ချုပ်ထဲက ထွက်ေ စချင်တယ်။ ကျမတို့ အဖွဲ့ချုပ်ဝင်တွေထဲမှာ ကွဲအောင်ပြဲေ အာင်လို့ လုပ်ချင်တယ်။ နောက်ပြီး တော့ အခုလက်ရှိ
စစ်အာဏာပိုင်များ လုပ်ေ နတဲ့ ကိစ္စများကို ထောက်ခံစေချင်တယ်။ ဒါတွေချည်းပဲ ထပ်တလဲလဲ ပြောတယ်ဆိုတာကို ကျမတို့သိရပါတယ်။ ဆက်ဆံမှုလည်း တချို့နေရာတွေမှာ အင်မတန် ကြမ်း ပါတယ်”

ပြီးလျှင် ဒေါ်အောင်ဆန်း စုကြည်က ဖမ်းဆီးထိန်းသိမ်းခြင်း ခံေ နကြရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အခြေအနေနှင့်ပ တ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ
ထုတ်ပြန်ကြေညာသည့် ကြေညာချက် အမှတ် ၄၈ (၈/၉၉) ကို သတင်း ထောက်သို့ ပေးပြီး ဖတ်ပြ၏။

“ဖမ်းဆီးထားခြင်းကို ဖမ်းဆီးထားသည်ဟု ဝန်မခံဘဲ ‘ဧည့်ရိပ်သာများတွင် ထား၍ ဆွေးနွေးပွဲများ ပြုလုပ်နေသည်’ ဟု အာဏာပိုင်များက လိမ်လည်၍ ကြေညာနေပါသည်။ ဆွေးနွေးမှု လုံးဝမဟုတ်ပါဘဲ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း၊ အဖွဲ့ချုပ်အဖွဲ့ဝ င် အဖြစ်မှလည်းကောင်း နုတ်ထွက်နေစေပါသည်။ ဖမ်းဆီးထားပြီး ဤသို့လုပ်ေ ဆာင်ခြင်းသည် ရာဇသတ်ကြီး ပုဒ်မကို
ကျူးလွန်ေ နခြင်း ဖြစ်ပါသည်”

NHK သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းခြင်းက ဤမျှပင်။

၉ လေးလုံး တစ္ဆေကြောင့် စစ်အုပ်စုသည် အိပ်မ က်ဆိုးများ မက်၍နေသည်လေလား မသိ။ စစ်ကားကြီးများကို ရန်ကုန်မြို့၏ လမ်း များအနှံ့ ကင်း လှည့်ေ နစေ၏။

ကိုးကား …

- ရွှေခ မောက် မှတ်တမ်းလွှာ


- အာဏာရှင်သို့ေ ပးစာ အတွဲ - ၂
- ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခန
ွ်း များ
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ကြေညာချက်အမှတ် (၄ဝ-၇/၉၉)၊ (၄၂-၇/၉၉)၊ (၄၉-၈/၉၉)၊ (၅၆-၉/၉၉)
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ တနှစ်မြောက် ကြေညာစာတမ်း
- ဒေါ်အောင်ဆန်းစုကြည်နှင့် NHK သတင်းဌာန တွေ့ဆုံမေးမြန်းခြင်း
- ၅၊ ဝ၈၊ ၁၉၉၉ တွင် ပြုလုပ်သည့် ဒေါ်အောင်ဆန်း စုကြည်၏ လူငယ်ပ ညာပေး ဟောပြောပွဲမှတ်တမ်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၆၆

မင်းဟန် | အင်္ဂါနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၁၇ မိန စ်

၂၂၈

အမှတ် ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်း၊ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။

အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်ရုံး၌ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ တနှစ်ပြည့်ေ မြာက်သည့် အခမ်းအနားကျင်းပသည်။

အာဏာပိုင်များက အနောက်ရွှေဂုံတိုင်လမ်းကို ပိတ်ထားလိုက်ကြ၏။ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝ င်လူကြီးများကို ဝင်ခွင့်ေ ပးသော်လည်း အဖွဲ့ဝ င်များနှင့် အခြားပုဂ္ဂို လ်များကို ဝင်ခွင့်မပြု၊
စိစ စ်ဟန့်တား၍ နေသည်။ နိုင်ငံသား စိစ စ်ရေးကဒ်ပြားများအား ပြခိုင်း ၏။ နေရပ်လိပ်စာများ မေးမြန်း၏။ တဦးချင်းစီကို ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုမှတ်တမ်းများ ရိုက်ယူ၏။ နောက်ဆုံးတွင်မူ
ဝင်ခွင့်ပြုလိုက်၏။

ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီအမျိုးသား ကွန်ကရက်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝ င်ပေါင်း ၅ဝဝ ကျော်
တက်ရောက်ကြ၏။ အခက်အခဲ အကျပ်အတည်း အမျိုးမျိုးကြားမှ တက်ရောက်နိုင်ခဲ့ကြခြင်းဖြစ်သည်။ အချို့က နိုင်ငံသားစိစစ်ရေး ကဒ်ပြားမပြနိုင်သဖြင့် အာဏာပိုင်များက ဝင်ခွင့်မ ပေးဘဲ
ပြန်သွားခဲ့ကြရသည်များလည်း ရှိ၏။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ တနှစ်ေ မြာက် ကြေညာစာတမ်း တစောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ လွှတ်တော်ရေးရာ ကော်မတီများဖြစ်သည့်
တိုင်း ရင်းသားရေးရာ ကော်မတီ၊ ဘဏ္ဍာ၊ စီးပွား၊ ကုန်သွယ်ရေးရာ ကော်မတီ၊ ပညာရေးရာ ကော်မတီ၊ ကျန်းမာရေးရာ ကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ၊ အလုပ်သမားရေးရာ
ကော်မတီများမှ နှစ်ပ တ်လည် အစီရ င်ခံစာများ ထုတ်ပြန်၏။ လူထုအတွင်းသို့ ဖြန့်ဝေ၏။ အဖွဲ့ချုပ်မှ တာဝန်ခံ၍ ဖြန့်ဝေခြင်း ဖြစ်သည်။

ကြေညာစာတမ်းတွင် အာဏာပိုင်များမှ အတင်း အဓမ္မ စုဝေးထားသည့် လူစုလူေ ဝးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ‘အယုံအကြည်မ ရှိ၊ လုံးဝမထောက်ခံကြောင်း’ အော်ဟစ်ဆူပူပွဲများနှင့်
ပတ်သက်၍ ပြတ်ပြတ်သားသားပင် ဝေဖန်ထောက်ပြထား၏။ ထိုလုပ်ရ ပ်များသည် အဓိပ္ပာယ်ကင်း မဲ့သည့် လုပ်ရပ်များဖြစ်သည်ဟု ဖော်ပြပြီး -

- စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်း ရေးကို မလိုလားကြောင်း၊


- ပြည်သူလူထုက လုံးဝအလိုမရှိသည့် အာဏာရှင်စ နစ် သက်တမ်းရှည်စေလိုခြင်း၊
- တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေခြင်း၊
- ပြည်သူလူထုကို တရားဥပဒေအပေါ် ယုံကြည်လေးစားမှု၊ လိုက်နာမှုပျက်ပြားစေခြင်း၊
- ပြည်သူလူထုကို လမ်း လွဲသို့ ပို့ေ ပးနေခြင်း၊
- ဥပဒေရေးရာတွင် မကျွမ်း ကျင်သော ပြည်သူလူထုကို အာဏာပိုင်များက မိမိတို့ကိုယ်ကျိုးအတွက် ခုတုံးလုပ် အသုံးချနေခြင်း၊
- မိမိကိုယ်တိုင်ပြဋ္ဌာန်းထားသော ဥပဒေများကိုပ င် မလေးစား မလိုက်နာခြင်း
- ယဉ်ေ ကျးသော ကမ္ဘာ့ နိုင်ငံများထဲတွင် အမျိုးသားရေး ဂုဏ်သိက္ခာကျဆင်း စေခြင်း၊
- ရွေး ကောက်ပွဲရလဒ်ကို ဖျက်ဆီးနေခြင်း၊
- ပြည်သူလူထုအား တရားဥပဒေကို လိုက်နာကျင့်သုံးစေရန်အစား သွေဖီချိုးဖောက်နည်းကို လေ့ကျင့် ပေးနေခြင်းများဖြစ်ခြင်းကြောင့် အာဏာပိုင်များ၏လုပ်ရ ပ်များကို ပြင်းထန်စွာ
ကန့်ကွက်ရှုတ်ချလိုက်သည်။

ပြီးလျှင် ကြေညာစာတမ်း၏ နိဂုံး ၌ -

အထက်တွင် ဖော်ပြထားသည့် အကြောင်းများကြောင့် ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိစ္စကို မည်သို့မျှ ရုပ်သိမ်းပေးမည် မဟုတ်သည့်အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကိုလည်း မည်သို့မျှ
ဖျက်ဆီးပေးမည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီက ခိုင်မာပြတ်သား အလေးအနက်ထား ဆုံးဖြတ်လိုက်ကြောင်း ကြေညာအပ်ပါသည်ဟူ၍ နိဂုံးချုပ်ဖေါ်ပြထား၏။

အခမ်းအနားတွင် ဒေါ်အောင်ဆန်း စုကြည်မှ မိန့်ခွန်းပြောသည်။

“ဒီေ န့ ကျမတို့ အခမ်းအနားကိုဖြစ်အောင်လို့ တက်ရောက်လာတဲ့ ကျမတို့ရဲ့အဖွဲ့ဝ င်များနဲ့ ကျမတို့ကို ထောက်ခံတဲ့ သူများအားလုံးကို ကျေးဇူးတင်ေ ကြာင်း ပြောလိုပါတယ်။ အခုလို ကျမတို့
လွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ ၁ နှစ်ေ မြာက် အခမ်းအနားကို အများပြည်သူများ မလာနိုင်ေ အာင်လို့ ပိတ်ဆို့တယ်ဆိုတာ ဘာကိုပြသလဲဆိုတော့ ကျမတို့ရဲ့ ပြည်သူ့လွှတ်တော်
ကိုယ်စားပြုကော်မတီကို ထောက်ခံမှု ပြည်သူလူထုကြားထဲမှာ ရှိတယ်ဆိုတာကို ပြတာပဲဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုကို စိုးရိမ်ကြောင့်ကြကြောက်ရွံ့လို့ ဒါပိတ်ဆို့ထားတယ်လို့  ကျမတို့ ဒီလိုပဲ
မြင်ပါတယ်။ ဘယ်လိုပဲ အာဏာပိုင်ေ တွက လုပ်လုပ် ပြည်သူလူထုရဲ့ ထောက်ခံမှုဟာ ကျမတို့နဲ့ အစဉ်ရှိသွားမယ်လို့  ကျမယုံကြည်ပါတယ်။ အခုဆိုလိုရှိရ င် ကျမတို့ရဲ့ ကော်မတီကို ဖွဲ့လိုက်တာ ၁ နှစ်
ရှိသွားပါပြီ။ ဒီ ၁ နှစ်မှာ အခြေအနေတွေဟာ ဘယ်လိုပြောင်းခဲ့သလဲ။ ကျမတို့ရဲ့ အခြေအနေ ဘယ်လိုရှိသလဲ။ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ အခြေအနေက ဘယ်လိုရှိသလဲဆိုတာ ကျမတို့
သုံးသပ်နိုင်ပါတယ်။

ကျမတို့ရဲ့ လွှတ်တော်ကိုယ်စားပြု ကော်မတီထဲမှာ တိုင်း ရင်းသားအဖွဲ့အစည်း ၄ ခုနဲ့ ကိုယ်စားလှယ် ပါတာဟာ အင်မ တန်မှ ကျမတို့အတွက် တတပ်တအား ဖြစ်ပါတယ်။ ဒါဟာ ကျမတို့နိုင်ငံအ တွက်
အင်မ တန်မှ ကောင်းတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအနေနဲ့ ဥပဒေဘောင်အတွင်းကနေပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စေ တွကို ကျမ ဆက်လက်ပြီး တော့ လုပ်သွားမှာ ဖြစ်ပါတယ်။ ကျမတို့ကို
ခြိမ်း ခြောက်လို့လည်း ကျမတို့ နောက်ဆုတ်မှာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ ကိုယ်စားလှယ်များကို တန်ဆာခံများသဖွယ် ခေါ်ထားပြီးတော့ အမျိုးမျိုး ကျမတို့ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မ တီကို
ဖျက်သိမ်းဖို့ရာအတွက် စည်းရုံးလို့လည်း ကျမတို့ဟာ ဖျက်သိမ်း ပေးမှာ မဟုတ်ဘူး။

ကျမတို့ ခဏခဏပြောခဲ့ပါတယ်၊ ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိစ္စကို ကျမတို့ဘယ်တော့မှ လက်မလွတ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဒီကိစ္စကို လက်လတ


ွ်လိုက်လို့ရှိရ င် ကျမတို့ဟာ
ပြည်သူလူထုရဲ့ ဆန္ဒကို ချိုး ဖောက်နိုင်တယ်ဆိုတဲ့ မကောင်းတဲ့ အစဉ်အလာကြီးကို ကျမတို့ လက်ခံရာ ရောက်မယ်လို့ ကျမတို့ ပြောခဲ့ပါတယ်။

ဒါကြောင့်ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ အခြားပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီထဲမှာ ပါဝင်ကြတဲ့ ရှမ်း၊ ရခိုင်၊ မွန်၊ ဇိုမီး အမျိုး သားပါတီများနဲ့ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီကို
လိုလားတဲ့ သူအားလုံးဟာ ကျမတို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ လုပ်ရ ပ်များကို တခဲနက် ဒီနေ့ကစပြီးတော့ ဆထက်ထမ်းပိုး ထောက်ခံကြပါလို့ ကျမ မေတ္တာရပ်ခံရ င်းနဲ့ နိဂုံးချုပ်ပါတယ်”

၂၂၉
၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ သောကြာနေ့။

ဒေါ်အောင်ဆန်းစုကြည်၏ တနေ့တာ အလုပ်အချိန်ဇ ယားတွင် မနက်ပိုင်း၌ အမှတ် ၉၇/ခ ရွှေဂုံတိုင်လမ်း ရုံးချုပ်တွင် ဟောပြောပွဲရှိ၏။ ဟောပြောပွဲက အပတ်စ ဉ် ပြုလုပ်နေကျဖြစ်သည့် လူထုနှင့်
တွေ့ဆုံသည့် ဟောပြောပွဲ၊ ဆွေးနွေးပွဲဖြစ်သည်။ ဟောပြောပွဲပြီး လျှင်၊ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ဂျာမဏီသံရုံး မှ သံရုံးအရာရှိများနှင့် တွေ့ဆုံရန် ရှိ၏။ မွန်း လွဲပိုင်း တွင်မူ
အဖွဲ့ချုပ်ရုံးချုပ်တွင်ပ င် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များ၊ ရန်ကုန်ရှိ ဗဟိုဦး စီးအဖွဲ့ဝင်များ၊ ဗဟိုလူငယ်လုပ်င န်းအဖွဲ့၊ ဗဟိုအမျိုးသမီး လုပ်င န်းအဖွဲ့များမှ ခေါင်းဆောင်များနှင့် နိုင်ငံရေးဆွေးနွေးပွဲ ရှိ၏။
ပြည်တွင်း နှင့် နိုင်ငံတကာရေးရာ အခြေအနေများအပေါ် သုံးသပ်ေ ဆွးနွေးကြသည့် ဆွေးနွေးပွဲ ဖြစ်သည်။ ဤနိုင်ငံရေးဆွေးနွေးပွဲမျိုးကိုက အဖွဲ့ချုပ်ဗဟိုတွင် တပတ်လျှင် တကြိမ်၊ သို့တည်းမဟုတ်
နှစ်ပတ်လျှင် တကြိမ်မျှ ပြုလုပ်ကြ၏။ အမြင်ဖလှယ်ကြပြီး မူဝါဒဆိုင်ရာ စဉ်းစားသုံးသပ်သည့် ဆွေးနွေးပွဲဖြစ်သည်။

ယခုအပတ်ဆွေးနွေးပွဲတွင်က ၁၉၉၉ ခုနှစ် ကုလသမဂ္ဂ အထွေေ ထွညီလာခံ၌ မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှ လုပ်ဆောင်ဖွယ်ရာရှိသည့် ဖြစ်နိုင်ခြေများအပေါ် သုံးသပ်ဆွေးနွေးကြမည်
ဖြစ်သည်။

အဖွဲ့ချုပ်ဗဟိုအလုပ်မှုေ ဆာင် အဖွဲ့အတွင်း၌ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်း စုကြည်၊ အတွင်းရေးမှူး ဦးလွင် စသည့် ခေါင်းဆောင်များက နိုင်ငံတကာဆက်ဆံရေး
အတွေ့အကြုံရှိကြသည့်သူများ ဖြစ်သကဲ့သို့၊ ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍လည်း နားလည်သိကျွမ်းကြသည့် သူများ ဖြစ်ကြ၏။

ဥက္ကဋ္ဌ ဦးအောင်ရွှေက ကုလသမဂ္ဂ အထွေေ ထွညီလာခံနှင့်ပတ်သက်၍ အစည်းအဝေးတွင် ပဏာမ မိတ်ဆက်ပေး၏။ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဖွင့်ပွဲေ န့၌ ပြောဆိုခဲ့သည့် ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူး မစ္စတာ ကိုဖီအာနန်၏ အဖွင့်မိန့်ခွန်းအပေါ် ညွှန်း၍ထောက်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ဆွေးနွေးပွဲတွင် ကိုဖီအာနန်၏ မိန့်ခွန်းနှင့်ပ တ်သက်၍ -

“ကမ္ဘာ့ကုလသမဂ္ဂ အထွေေ ထွအတွင်း ရေးမှူးချုပ်ရဲ့ အထွေထွေညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောတဲ့ကိစ္စနဲ့ ပတ်သတ်လို့ရှိရ င် ဒီဟာ,ဟာ အထွေထွေညီလာခံက မဲခွဲဆုံးဖြတ်မယ်လို့ ဒီလိုချည်းလည်း
မဟုတ်ပါဘူး။ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်က သူရဲ့ အထွေထွေညီလာခံ တခုမှာပြောလိုက်တဲ့ မိန့်ခွန်းဟာ ဒီနှစ်လုပ်တဲ့ အထွေထွေညီလာခံနဲ့ ပတ်သက်လို့ အရေးပါတဲ့ကိစ္စ
ဆိုပြီး တော့ သူ့ရဲ့ ထင်မြင်ချက်အရ ပြောတာပါပဲ။

ဒီဟာကို အထွေထွေညီလာခံကနေပြီးတော့ ဒီလိုပြောလိုက်တဲ့ ကိစ္စကို အခြေအတင် ဆွေးနွေးပြီးတော့ ဒီဟာကို သူတို့ မဲခွဲပြီး တော့ ဆုံးဖြတ်မယ်ဆိုပြီး အားလုံးက ဒီလိုလုပ်ချင်ရင်တော့ လုပ်နိုင်တာပေါ့။
ဒါပေမဲ့ ဒီလိုလုပ်ရိုးလုပ်စဉ်တော့ မရှိပါဘူး။ အဲဒီလို အဖွင့်ပြောလိုက်တဲ့ မိန့်ခွန်းဟာ ကုလသမဂ္ဂ ဘယ်လိုလမ်းကြောင်း သွားသင့်တယ်ဆိုတာ အကြံပြုလိုက်တဲ့ သဘောထား အနေနဲ့သာ
အတွင်းရေးမှူးချုပ်က ပြောလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာ ကလည်း သိမှာပဲလေ၊ အတွင်းရေးမှူးချုပ်ရဲ့ မိန့်ခွန်း ဟာ တော်တော်ပဲ ဂယက်ရိုက်ပါတယ်။ နိုင်ငံတကာကတော့ တယောက်တမျိုးစီ မြင်ကြတာပေါ့လေ။ အထူးသဖြင့် မိမိတို့နိုင်ငံရဲ့ အတွ င်း ရေးမှာ
ဝင်ပြီး တော့ စွက်ဖ က်မယ်လို့ စိုးရိမ်တကြီးနဲ့ရှိတဲ့ နိုင်ငံတွေကတော့ သိပ်ပြီးတော့ မကြိုက်ချင်ကြဘူးပေါ့။ အခြေအနေတွေ သိပ်မ ဆိုးခင် လုပ်သင့်လုပ်ထိုက်တာကို ဝင်ပြီးတော့ လုပ်ပိုင်ခွင့်ရှိလို့ရှိရင်
တကမ္ဘာလုံး အတွက် ပိုပြီးတော့ ကောင်းမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ပြောသွားတာပါ။

အဲဒီအပေါ်မှာလည်း ကျမတို့ သဘောတူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သိပ်မ တရားသဖြင့် လုပ်ေ နတာကို ပြည်တွင်းရေး၊ ပြည်တွင်းရေးဆိုပြီးတော့ ကြည့်နေတာဟာ ဒါမသင့်ေ တ်ာဘူးလို့
ကျမတို့ထင်တယ်။ အဲဒီလို ကျမတို့ ယူဆချက်တူတဲ့ လူေ တွလည်း ရှိမယ်။ မတူတဲ့ လူတွေလည်း ရှိတယ်ပေါ့။ အထွေထွေညီလာခံမှာ တော့ ဒီကိစ္စကို တချို့နိုင်ငံတွေက ကိုယ်စားလှယ်တွေကတော့ ထပြီး
ဆွေးနွေးကြမှာပါ။ ကျမအထင်မှာတော့ မဲခွဲပြီးဆုံးဖြတ်တဲ့ အထိတော့ ရောက်မယ်လို့ မထင်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည်က သူ၏ ဆွေးနွေး မှု အဆုံးသတ်လိုက်၏။

ဗဟိုဦးစီး အဖွဲ့ဝင်တဦးမှ နိုင်ငံတကာ တရားရုံးနှင့် ပတ်သက်၍ မေးမြန်းလာသည်။ ဒေါ်အောင်ဆန်း စုကြည်မှပ င် နိုင်ငံတကာတရားရုံးနှင့် ပတ်သက်ပြီး ဆက်၍ရှင်းပြ၏။

“နိုင်ငံတကာတရားရုံး ဆိုတာကတော့ အကြမ်း ဖျင်းအားဖြင့် ၂ ခုလို့ ပြောရမှာပေါ့။ ဟိုတုန်းကရှိခဲ့တဲ့ International Court က၊ ရိုးရိုးနိုင်ငံတကာတရားရုံးပေါ့။ အခုစ ပြီးတော့ ထူထောင်ဖို့ ပြင်ဆင်ေ နတဲ့
International Criminal Court က၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာတရားရုံး၊ အဲဒီတော့ International Court အပြည်ပြည်ဆိုင်ရာ တရားရုံးကတော့ ဒီပုဂ္ဂိုလ်တဦး ချင်းကနေ သွားပြီးတော့
အမှုတင်ဖို့ဆိုတာ ဒါ မဖြစ်နိုင်သလောက်ပါဘဲ။ အကောင်အထည်ဖော်ဖို့ စီစဉ်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးကတော့ ဘယ်သူမဆို အထောက်အထား ခိုင်လုံလို့ရှိရင်၊ အသေးအဖွဲ
ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ သူတို့အနေနဲ့ အထောက်အထား ခိုင်လုံပြီးတော့ လက်ခံသင့်တဲ့ အမှုဆိုလို့ရှိရင် ဘယ်သူမဆို တင်တာကို လက်ခံနိုင်တယ်ဆိုတဲ့ အခြေအနေမျိုး ရှိပါတယ်။ ဒီတရားရုံး
ထူထောင်ဖို့ကိုေ တာ့ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်ပါတယ်”

နိုင်ငံတကာရေးရာများ၌ အရှေ့တီမောပြဿနာနှင့် မြန်မာ့အရေးတို့က ပြည်တွင်းရေး ပြဿနာလား။ ဒေသတွင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ထိပါးလာနေသည့် ပြဿများလေလား ဟူ၍ ကုလသမဂ္ဂ၏
စင်မြင့်ထက်တွင် ဆွေးနွေးငြင်းခုန်ကြရမည့် အခြေအနေသို့ ရောက်၍နေသည်။

၂၃ဝ

နိုင်ငံေ ရးအရ အရေးကြီးပြီး ထူးခြားသည့် လုပ်ဆောင်ဖွယ်ရာများ မရှိလျှင် တနင်္ဂနွေကဲ့သို့သော နေ့များ၌ ဒေါ်အောင်ဆန်း စုကြည်သည် နေအိမ်တွင်ပင်နေပြီး၊ အိမ်မှုကိစ္စလေးများ လုပ်ဆောင်ရင်း၊
စာဖတ်ရင်းနှင့်ပ င် အချိန်ကုန်လွန်စေ၏။
အိမ်မှုကိစ္စလေးများ ဟူသည်ကလည်း ထွေေ ထွထူးထူး၊ ပင်ပင်ပန်းပန်း အလုပ်များမဟုတ် ခန်းဆီးစများ လဲမည်၊ စာအုပ်စ င်လေး သန့်ရှင်းရေးလုပ်မ ည်၊ သိုးမွေးထိုးမည်၊ ချုပ်စရာ ရှိသည်တို့အား
လက်အပ်ေ လးနှင့် ချုပ်မည်၊ သီမည်၊ နံန က်စာအတွက် ကိုယ်တိုင်ပ င် ပြင်ဆင်၍ စီမံချက်ပြုတ်မည်။ ပြီးလျှင်၊ နေ့လယ်နေ့ခင်းတွင်မူ အိမ်ေ ရှ့ဝရံတာ၌ထွက်ပြီး စာဖတ်မ ည်။ ဖတ်ရ န်စာကြွေးများက
ရွိေ န၏။ သားကြီး မြင့်ဆန်းအောင် ပို့ပေးထားသည့် စာအုပ်များက မဖတ်ရသေး။ လွန်ခဲ့သည့် အပတ် စက်တင်ဘာ ၂၆ ရက်နေ့၊ တနင်္ဂနွေနေ့ကလည်း အဖွဲ့ချုပ် မိသားစုဝင်တဦး၏ နာရေးကြောင့်အပြင်
ထွက်ခဲ့ရ ပြန်သည်။

ယခုအပတ် တနင်္ဂနွေနေ့တွင်လည်း အလုပ်တခုက ရှိနေသေး၏။ သဝဏ်လွှာတစောင် ရေးရန် ဖြစ်သည်။ ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဂျာမဏီနိုင်ငံ၌ကျင်းပမည့် ၁ဝ၂ ကြိမ်ေ မြာက်
နိုင်ငံတကာပါလီမန်များ သမဂ္ဂအစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေေ ထွအတွင်း ရေးမှူးအနေနှင့် သဝဏ်လွှာတစောင် ရေးသား၍ ပေးပို့ရန် ရှိ၏။ နံနက်ပိုင်း အိမ်မှုကိစ္စလေးများ
ဆောင်ရွက်ပြီး မှပင် သဝဏ်လွှာရေးရန် ဒေါ်အောင်ဆန်း စုကြည် စိတ်ကူးထားလိုက်၏။

ကိုးကား

- ရွှေခ မောက် မှတ်တမ်းလွှာ


- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ အစီရင်ခံစာ
- ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခန
ွ်း များ
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ကြေညာချက်အမှတ် ၆ဝ-၁၁/၉၉၊ ၆၂-၁၁/၉၉၊ ၆၉-၁၁/၉၉၊ ၇ဝ-၁၂/၉၉
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ တနှစ်မြောက် ကြေညာစာတမ်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း (၆၇)

မင်းဟန် | ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၇ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၉ မိနစ်

(၂၃၁)

၁၉၉၈ မေမှ စ၍ NLD လွှတ်တော်ကိုယ်စားလှယ်များအား ဖမ်းဆီးထားခဲ့သည်မှာ (၁၅)လ ကျော်ပြီ ဖြစ်သည်။ ရဲမွန်တပ်န ယ်၊ မင်္ဂလာဒုံတပ်န ယ်နှင့်သက်ဆိုင်ရာ ဒေသအလိုက်
ထောက်လှမ်းရေးတပ်စခန်း အသီးသီး၌ လွှတ်တော်ကိုယ်စားလှယ်များကို အသီးသီးခွဲ၍ ထိန်း သိမ်းထား၏။

၁၉၉၉ ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်။

ရန်ကုန်တိုင်း အတွင်း တပ်မတော်ရေ ထောက်လှမ်း ရေး တပ်ဆွယ်စ ခန်း၌ ထိန်း သိမ်းထားသည့် ပြည်သူ့လွှတ်တော် ယနေ့အခြေအနေသည် ထွက်ပေါက်ပိတ် နေသည့် အခြေအနေ မဟုတ်။
ကိုယ်စားလှယ်များထံ တပ်မတော်ရေ၊ ထောက်လှမ်း ရေး အမှတ်(၁)မှ တပ်မှူး၊ ဗိုလ်မှူးသောင်းကျော်ရှိန်ဆိုသူ နိုင်ငံခြားသား များ မြင်သကဲ့သို့ ‘ရှေ့မတိုးသာ၊ နောက်မ ဆုတ်သာ’
လာရောက် ဆွေးနွေး၏။ စစ်အုပ်စု စကားအရ… ‘ဧည့်ရိပ်သာများတွင် ထားရှိ၍ ဆွေးနွေးနေသည်’ ဟူသည့် အခြေအနေတွင် ရောက်ေ နခြင်း မရှိ။ ပြဿနာက မြန်မာနိုင်ငံတွင် နိုင်ငံရေး
ဆွေးနွေးပွဲ ဖြစ်သည်။ လှုပ်ရှားမှုများ စဉ်ဆက်မပြတ် ရှိေ နသော် လည်း နိုင်ငံခြားသား
ဆန်း စစ်လေ့လာသူများ လုံးဝနားမလည်နိုင်ြ ခင်း...
ထိန်း သိမ်းခံ ထားကြရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လက်ရှိ နိုင်ငံရေး အခြေအနေနှင့်
ပတ်သက်သည့် သဘောထားအမြင်(၄)ရပ်ကို ပွင့်ပွင့်လင်းလင်းပင် ပြောဆို၏။

“လက်ရှိအခြေအနေသည် …
(က) နိုင်ငံေ ရးအကျပ်အတည်းဖြစ်နေကြောင်း ၊သို့ကြောင့်စီးပွားရေးအကျပ်အတည်းနှင့်ေ တွ့ကြုံရကာ လူမှုေ ရးပါပျက်စီး နေပြီး ပြည်သူလူထုဒုက္ခ အမျိုး မျိုးနှင့်ရ င်ဆိုင်ေ နရကြောင်း။
မည်မျှဒုက္ခရောက်နေရသည်ကို စာရင်းကောက်ယူရန်မလိုပဲ လူနေရပ်ကွက်များထဲသွားကြည့်လျှင်သိနိုင်သည်။

(ခ) ထိုေ ကြာင့်ဖြစ်ပေါ်နေသော နိုင်ငံေ ရးပြဿနာကို အဓိကဦးစားပေး၍ ဖြေရှင်း ပေးရန်လိုကြောင်း၊ ဖြေရှင်းနည်းမှာကမ္ဘာပေါ်တွင်န ည်းလမ်းနှစ်ခုသာရှိကြောင်း။ တနည်းမှာ လက်နက်ကိုင်န ည်းလမ်းဖြင့်
ဖြေရှင်းမည်လား၊ သို့မဟုတ် အနုနည်းဖြစ်သော နိုင်ငံေ ရး ပြဿနာကို နိုင်ငံေ ရးနည်းဖြင့် ဖြေရှင်းမည်လားဟူ၍ ဖြစ်ကြောင်း။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးပြဿနာများကို
အနုန ည်းဖြင့်သာ နိုင်ငံေ ရးနည်းဖြင့်သာဖြေရှင်း သွားမည်ဖြစ်သည်။

(ဂ) နိုင်ငံရေးနည်းလမ်းဆိုသည်မှာ တွေ့ဆုံဆွေးနွေးရေးမှအပ အခြားမရှိကြောင်း။ သို့သော်တွေ့ဆုံေ ဆွးနွေးရေးပေါ်ပေါက်လာနိုးနှင့်စောင့်စားနေ၍ မဖြစ်နိုင်ေ ကြာင်း။ နိုင်ငံရေးနည်းလမ်းအရဆက်လက်၍
လျှောက်လှမ်း ရမည်ဖြစ်သည်။

(ဃ) လူပုဂ္ဂိုလ်တဦးချင်းအနေနှင့်မူ ယခုလက်ရှိအခြေအနေအရလည်းကောင်း၊ ဂုဏ်သိက္ခာအရလည်းကောင်း၊ အဖွဲ့ချုပ်မှ နုတ်ထွက်မည်မဟုတ်ေ ကြာင်း။ ကြောက်၍လည်းကောင်း၊
အခွင့်အရေးရ၍လည်းကောင်း အဖွဲ့ချုပ်အပေါ် သစ္စာဖောက်သွားသူများထဲတွင် ၎င်းတို့ပါမည်မဟုတ် ဟူ၍ ဆွေးနွေး ကြ၏။

ဗိုလ်မှူးသောင်းကျော်ရှိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးမှုအပေါ်အလေးအနက်မ ထား။ နားသာထောင်၏။ ပြီးလျှင် ဗိုလ်မှူးသောင်းကျော်ရှိန်က နအဖ၏ အာဘော်များကိုသာ ရွတ်ပြ
ဆွေးနွေးနေပြန်သည်။
“ အာဏာပိုင်တို့ က ဆွေးနွေးလိုသော်လည်း အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့မူမှာ သူတို့နှင့်ကွဲလွဲနေသည်။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်အာဏာပိုင်တို့အပေါ်
အစဉ်ထိပ်တိုက် တွေ့ေ နကြောင်းနှင့် အာဏာပိုင်တို့က လက်မခံနိုင်သည်မှာလည်း ဒေါ်အောင်ဆန်း စုကြည်သာ ဖြစ်သည်”….ဟူ၍ စစ်အုပ်စု သဘောထားကို ပြောဆို၏။ ဆွေးနွေးပွဲဟူသည်က ဤမျှ ပင်၊
သဘောထားမကျ။ ထပ်ဆင့် ဆွေးနွေးရန်လည်းလမ်း မရှိ။ ဤသည်ပင် စစ်အုပ်စု၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနေပါသည်ဟူသည့် ‘ဧည့်ရိပ်သာဆွေးနွေးပွဲ’ ဖြစ်သည်။

အမှန်စင်စစ် ‘ဧည့်ရိပ်သာဆွေးနွေးပွဲ’ဟူသည်များအား ချုပ်ကြည့်လျှင် …


“ဗဟိုအလုပ်မှုဆောင်အဖွဲ့၊ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်များအကြား၊ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝ င်များအကြားသွေးခွဲရေး”ပင်ဖြစ်သည်။
စစ်အုပ်စု၏ရည်မှန်းချက်အနှစ်သာရက အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစု
ကြည်ကိုဖယ်ရှားရေးပင်ဖြစ်သည်။

(၂၃၂)

ရဲမွန်တပ်ရင်းအမှတ်(၂၁၄)တွင်ထိန်းသိမ်းခံေ နရသည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့်သံလျင်ေ ထာက်လှမ်း ရေးတပ်ဆွယ်၌ထိန်း သိမ်း ခံေ နရသော


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဆက်အသွယ်ရခဲ့ကြပြီး အစာငတ်ခံဆန္ဒပြရန်
သဘောတူဆုံးဖြတ်လိုက်ကြ၏။
အစည်းအဝေးများ ကျင်းပပြီး လူထုကို အဓမ္မ တက်ခိုင်းခြင်း၊
ရွေးချယ်တင်ေ မြှာက်ခံ ကိုယ်စားလှယ်များ နှုတ်ထွက်ပေးရန် အဓမ္မ
စမည့်နေ့က ၂ဝဝဝပြည့်နှစ် မတ်လ (၂၂)ရက်ဖြစ်သည်။ အကြောင်းမဲ့ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်က (၁၉)လရှိပြီ။ တောင်းဆိုခိုင်းခြင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်း ပေးရန်
အစာငတ်ခံ တောင်းဆိုမှုက ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် ဖြစ်သည်။ တောင်းဆို ခိုင်းခြင်းများ.....

လျှို့ဝှက်ညှိနှိုင်းထားကြသည့်အတိုင်း ၂ဝဝဝ ပြည့်ုနှစ် မတ်လ (၂၂)ရက်နံနက်က စ အစာငတ်ခံဆန္ဒပြကြ၏။


စစ်အုပ်စုက မလိုက်လျော။ (၂)ရက်ေ မြာက်သည့်နေ့တွင်မူ ရဲမွန်တပ်ရ င်း (၂၁၄) ရှိ အစာငတ်ခံနေသည့် လွှတ်တော်ကိုယ်စားလှယ်များမှ ‘မာ’သည်ထင်ရ သူများအား ခေါ်ထုတ်သွားပြီး
တိုက်ပိတ်ထားလိုက်၏။

‘ပျော့’ မည် ထင်သူများကို အိမ်ြ ပန်ပို့မည် ဆိုပြီး တပ်ရ င်းမှ ခေါ်ထုတ်သွားကြ၏။ အမှန်စင်စစ် အိမ်ပြန်ပို့မပေးပဲ အခြားထိန်းသိမ်းရေးစခန်းတခု ခေါ်သွားခြင်းဖြစ်၏။ စစ်အုပ်စုန ည်းနာက
အစာငတ်ခံလွှတ်ေ တ်ာကိုယ်စားလှယ်အချင်းချင်း နားလည်မှုလွဲေ အာင် သွေးခွဲခြင်းသာဖြစ်၏။
အိမ်ပြန်ပို့ခြင်းခံရသည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟူသည် စစ်အုပ်စုနှင့်နားလည်မှုယူသွားသူ၊ အပေးအယူလုပ်သွားသူဟု အဓိပ္ပာ ယ်သက်စေ၏။

အစာငတ်ခံဆန္ဒပြတိုက်ပွဲမှာ စစ်အုပ်စု နည်းပရိယာယ်အောက်၌ ဤသို့ ပြီး ဆုံးခဲ့ရသည်။

(၂၃၃)

နိုင်ငံခြားဧည့်သည်များ၊ သံတမန်များ၊ သတင်းစာဆရာများနှင့် တွေ့သည့်အချိန်တိုင်း ဒေါ်အောင်ဆန်း စုကြည် ကြုံနေကျ မေးခွန်း က “ ယနေ့မြန်မာနိုင်ငံမှာ ရင်ဆိုင်ေ နရသည့် ‘ရှေ့မတိုးသာ၊
နောက်မဆုတ်သာ’ နိုင်ငံရေးအခြေအနေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် မည်သို့သဘောထားသနည်း” ဆိုသည့် အမေးပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နားလည်သည်က ယနေ့အခြေအနေသည် ထွက်ပေါက်ပိတ်နေသည့် အခြေအနေ မဟုတ်။ ဤအတွက် နိုင်ငံခြားသားများမြင်သကဲ့သို့ ‘ရှေ့မတိုးသာ၊ နောက်မဆုတ်သာ’
အခြေအနေတွင် ရောက်ေ နခြင်းမရှိ။ ပြဿနာက မြန်မာနိုင်ငံတွင်နိုင်ငံေ ရးလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ရှိနေသော်လည်း နိုင်ငံခြားသား ဆန်း စစ်လေ့လာသူများ လုံးဝနားမလည်နိုင်ခြင်းဟု
ဒေါ်အောင်ဆန်းစုကြည်တွေးမိ၏။

ဤအတွက် ဆောင်း ပါးတပုဒ်ရေးရန် ဒေါ်အောင်ဆန်းစုကြည် စိတ်ကူး၏။ ရေးမည် စိတ်ကူးသည်နှင့် ရေးမည့် အကြောင်းအရာများ စီကာစဉ်ကာပင် အန်ကျလာ၏။ ဆောင်းပါးခေါင်းစဉ်အား
‘မြန်မာနိုင်ငံအတွက် စိတ်ရှည်ရ န်လိုသည်၊ တိုက်ကက
ွ်ဆင်ရ န်မ လို’ ဟုပေးလိုက်၏။ လက်ရှိနိုင်ငံရေးအခြေအနေနှင့် စစ်အုပ်စုဆောင်ရွက်နေမှုအားပထမရှင်းပြ၏။

“ ကျမတို့၏ အဓိက ရည်ရွယ်ချက်သည် ကျမတို့နိုင်ငံမှ အဓိက နိုင်ငံရေး အင်အားစုများ လက်ခံနိုင်ေ လာက်သည့် နိုင်ငံရေးဆန်သော ဖြေရှင်း မှုတရပ်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ထွက်ေ ပါက်ပိတ်ေ အာင်
ပြုမူဆောင်ရွက်ခြင်းမည်သည် ပဲ့ကိုင်တယောက်၏ လက်ကို ရိုက်ချိုးပစ်ခြင်း သို့တည်းမဟုတ် အသက်ရှင် ရပ်တည်ခွင့် မပေးခြင်းဟု ပြန်ဆိုနိုင်ပေမည်။

“ဤနည်းဖြင့် ငြိမ်းချမ်းရေးလမ်းစကို မဖော်ထုတ်နိုင်ရာ။ စစ်အုပ်စု ထုတ်ပြန်သည့် ကြေညာချက်များအရ သူတို့ပြောဆိုနေသော ငြိမ်းချမ်းရေးဟူသည် ဒီမိုကရေစီ အတိုက်အခံများ ကွယ်ပျောက်
သွားစေရေးပင်ဖြစ်ပါသည်။

အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ထံဦးတည်ပ စ်မှတ်ထားသော စစ်အုပ်စု၏သရုပ်သဏ္ဌာန်သည် ‘သဆောရပ်(စ်)’ အဘိဓာန်က အနက်အဓိပ္ပာယ်နှင့်ဖွင့်ဆိုထားသော အပြီးသတ်သုတ်သင်ေ ချမှုန်းမှု၊
အမှုန့်ကြိတ်ချေခြင်း၊ ပွဲသိမ်းဖျာလိပ်ြ ခင်းတို့နှင့် ထပ်တူထပ်မျှပင်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် အဖွဲ့ချုပ်ထောက်ခံသူများ နအဖစစ်အုပ်စု၏ အကြမ်း ပတမ်း ခေါ်စစ်ခြင်း၊ မတရား ဖမ်းဆီးထောင်ချခြင်းများ နေ့စဉ် ခံနေရသည်။ ထို့ပြင် စစ်အာဏာပိုင်တို့က
အစည်းအဝေးများ ကျင်းပပြီး လူထုကို အဓမ္မ တက်ခိုင်းခြင်း၊ ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်များ နှုတ်ထွက်ပေးရန် အဓမ္မ တောင်းဆိုခိုင်း ခြင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်း ပေးရန်
တောင်းဆိုခိုင်းခြင်းများ ပြုလုပ်ေ နကြပါသည်”
ပြီးလျှင်… လက်ရှိမြန်မာ့နိုင်ငံရေးမှာ လိုနေသည့် အခြေအနေများနှင့် ဖြစ်လာနိုင်ဖွယ် လားရာတို့အား ဆက်ပြီး ထောက်ပြသည်။

“ စစ်အုပ်စုက ပုဂ္ဂလိက လုပ်ငန်းများ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ခွင့်ပြုခဲ့သော်လည်း ကျန်းမာသန်စွမ်း သည့် လူ့အဖွဲ့အစည်း တရပ် ပေါ်ထွန်း လာစေနိုင်သည့်အုပ်ချုပ်ရေးစနစ်၊ နိုင်ငံေ ရး စနစ်များကို
မဖော်ဆောင်နိုင်ခဲ့ေ ပ။ ကမ္ဘာ့ဘဏ်အစီရ င်ခံစာနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၊ ကမ္ဘာ့ကျန်း မာရေး အဖွဲ့တို့၏ သုတေသနများအရ ကျမတို့၏ အဓိက ပြဿနာ အခြေအမြစ်သည်
ကောင်းမွန်ေ သာ အစိုးရစနစ် ချို့တဲ့ခြင်းဟု သိရ သည်။

နိုင်ငံေ ရး ပြောင်းလဲမှုများကို စနစ်တကျ တဆင့်ပြီး တဆင့် မလုပ်ပါက၊ အုပ်ချုပ်ရေး ကိစ္စများ အထူးသဖြင့် အစိုးရ သုတေသနများအရ ကျမတို့၏ အဓိက ပြဿနာအခြေအမြစ်သည်
ကောင်းတခု၏ အခြေခံ လိုအပ်ချက်များကို မဖော်ဆောင်နိုင်ပါက အနာဂတ်လူမှုရေး၊ စီးပွားရေး ကိစ္စများ ကောင်းမွန်ေ သာ အစိုးရစနစ်ချို့တဲ့ခြင်းဟု သိရသည်။ နိုင်ငံေ ရး
ပြေလည်သွားမည်မဟုတ်ေ ပ။ တခုေ တာ့ရှိပါသည်။ အုပ်ချုပ်ရေး လုပ်င န်း မကျွမ်းကျင်မှု၊ လူမှုရေး မတည်ငြိမ်မှုတို့ကို ပြောင်းလဲမှုများကို စနစ်တကျ တဆင့်ပြီး တဆင့် မလုပ်ပါက၊
အခြေခံ၍ ယနေ့အုပ်ချုပ်နေသော အာဏာပိုင်များကို ခြေကုန်လက်ပ န်း ကျသွားစေရန် ထိုမှတဆင့် ဖယ်ရှားပစ်နိုင်ရန် အစိုးရကောင်းတခု၏ အခြေခံ လိုအပ်ချက်များကို မ ဖော်ဆောင် နိုင်ပါက
ဆောင်ရွက်နိုင်ပါလိမ့်မ ည်” အနာဂတ်လူမှုေ ရး၊ စီးပွားရေး ကိစ္စများ ပြေလည်သွားမည်မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည် သူ့ဆောင်းပါးအား ဤနေရာတွင် အဆုံးသတ်လိုက်ပြီး ဝါရှင်တန်ပို့(စ်) သတင်းစာသို့ ပို့ရန်


ဆုံးဖြတ်လိုက်သည်။

ဥသြငှက်ငယ်၏ တွန်ကျူးသံက အမှတ် (၅၄)၊တက္ကသိုလ်ရိပ်သာ လမ်းခြံဝင်းအတွင်း၌ ပျံ့လွင့်၍နေသည်။


နွေတေး။

တပေါင်းနွေက ဥတုမျှတ၍နေသည်။ မနက်ဖြန် မတ်လ (၂၇)ရက်။ ဖက်ဆစ်ေ တ်ာလှန်ေ ရး (၅၅) နှစ်မြောက် နှစ်ပတ်လည်နေ့။

ဥသြတွန်သံက နွဲ့နွဲ့နှောင်းနှောင်းနှင့်ပ င်။

ကိုးကား

- ရွှေခ မောက် မှတ်တမ်းလွှာ


- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ အစီရင်ခံစာ
- ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခန
ွ်း များ
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ကြေညာချက်အမှတ် ၇၇-၁၂/၉၉
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ တနှစ်မြောက် ကြေညာစာတမ်း
- ဒေါ်အောင်ဆန်းစုကြည်၏ ဝါရှင်တန်ပို့(စ်) သတင်း စာတွင်ပါရှိသည့်ေ ဆာင်းပါး
-ဒေါက်တာမျိုးဝင်း၏ဧည့်ဆန်းဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်)သဇင်နီ အပိုင်း(၆၈)

မင်းဟန် | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၁၉ မိနစ်

(၂၃၄)

အမှတ် (၉၇/ခ)အနောက်ရွှေဂုံတိုင်လမ်း။
၂ဝဝဝ ပြည့်နှစ် မေလ (၂၇)

ပါတီစုံ ဒီမိုကရေစီ အထွေေ ထွ ရွေးကောက်ပွဲ (၁ဝ)နှစ်ေ မြာက် နှစ်ပ တ်လည် အခမ်းအနား အနောက်ရွှေဂုံတိုင်လမ်းရှိ အဖဲ့ခ
ျွုပ်ရုံးချုပ်တွင် ကျင်းပ၏။ ၂ဝဝဝပြည့်နှစ် နှစ်ဦး မှစ၍ အဖွဲ့ချုပ်ရုံး၌ပင်
ကျင်း ပခဲ့သည့် လွတ်လပ်ေ ရးနေ့၊ ပြည်ထောင်စုေ န့၊ တော်လှန်ရေးနေ့စသည့်အခမ်းအနားများ၌ အာဏာပိုင်တို့က ကန့်သတ်ဟန့်တားမှုများမရှိ လွတ်လပ်စွာစုဝေးကျင်းပနိုင်ခွင့်ပြုခဲ့၏။
ယခု ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အခမ်းအနားကိုမူ အာဏာပိုင်တို့ က လွတ်လပ်စွာကျင်းပခွင့်မပြုပဲ စောင့်ကြပ် ဟန့်တားလာပြန်၏။

အခမ်းအနားတွင် နှစ်ပတ်လည်အထိမ်း အမှတ်စာအုပ်ကိုလည်း ထုတ်၏။ တိုင်း ရင်းသား လူမျိုး စု ခေါင်းဆောင်များရေးသည့် ဆောင်းပါးများအားစု၍ စာအုပ်အဖြစ် ထုတ်ဝေသည်။ ဆောင်းပါးရှင်များ၏
အာဘော်ကိုကြည့်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တိုင်းရင်းသားများအကြား ဆက်ဆံရေးသည် ပိုပြီး ကောင်းလာသည်၊ ပို ယုံကြည်မှုရှိလာသည်၊ တဦး ကိုတဦး လေးစားမှု ပိုရှိလာသည်၊
အပြန်အလှန် အားကိုးယုံကြည်မှုများ ပိုခိုင်မြဲလာသည်ကိုတွေ့ရ၏။ ဆယ်စုနှစ်တစုအတွင်း အခက်အခဲအကြပ်အတည်းများ အတူ ဖြတ်သန်းရင်းရခဲ့ကြသည့်
အမျိုး သားသွေးစည်းညီညွှတ်ေ ရးပင်ဖြစ်သည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်း စုကြည် က မိန့်ခွန်းစကားဆို၏။ နိုင်ငံရေးသုံးပါးသီလအားစောင့်ထိန်း ကြရန် တိုက်တန
ွ်း ၏။

“ ကျမတို့ အဖွဲ့ချုပ် အဖွဲ့ဝ င်များအနေနဲ့

ကိုယ့်ရဲ့ယုံကြည်ချက်အပေါ်မှာ သစ္စာမဖောက်ပါဘူး၊
နိုင်ငံေ ရး သီလများ စောင့်ထိန်းဖို့လိုပါတယ်။ နိုင်ငံရေးသီလ ဆိုတာကတော့ နံပါတ်တစ်ကတော့ ကိုယ်ရဲ့ ကိုယ့်ရဲ့ရဲဘော်ရဲဘက်အပေါ်မှာသစ္စာမဖောက်ဘူးဆိုရင် အလိုလိုကို
ယုံကြည်မှုအပေါ်မှာ သစ္စာရှိပါ။ နံပါတ်နှစ် ကိုယ်ရဲ့ရဲေ ဘ်ာရဲဘက်ေ တွအပေါ်မှာ သစ္စာရှိပါ။ နံပ တ်သုံး ရန်သူအပေါ်မှာ ကိုယ့်နိုင်ငံအပေါ်မှာ သစ္စာမဖောက်ဘူး။
သဘောထားကြီးပါ။ ဒါဟာ အရေးအကြီးဆုံး နိုင်ငံရေးသီလသုံးချက်ပဲလို့  ကျမဒီလိုပဲ ယူဆပါတယ်။ ကျမတို့
ဒီသီလသုံးခုကို ခိုင်ခိုင်ြ မဲမြဲ စောင့်နိုင်မယ်ဆိုလို့ရှိရ င် ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်မ ယ်။ ကိုယ်လိုချင်တဲ့
ပန်းတိုင်ေ ရာက်တဲ့ အခါကျတော့လဲ ကိုယ်ေ မျှာ်မှန်း တဲ့အတိုင်း ဖြစ်ရ၊ မြင်ရပါမယ်။ တချို့က ထင်မယ်၊ ပြည်သူလူထုအကြောင်း ကျမတို့မပြောဘူးလားဆိုပြီးတော့ ကျမတို့ကိုယ်တိုင်က
ပြည်သူလူထုတွေပဲ။ ကိုယ့်ရဲ့ယုံကြည်ချက်အပေါ်မှာ သစ္စာမဖောက်ပါဘူး၊ ကိုယ့်ရဲ့ရဲဘော်ရဲဘက်အပေါ်မှာသစ္စာမဖောက်ဘူးဆိုရင် အလိုလိုကို ကိုယ့်နိုင်ငံအပေါ်မှာ သစ္စာ မဖောက်ဘူး။ ကိုယ့်နိုင်ငံသူ၊
နိုင်ငံသားတွေအပေါ်မှာ သစ္စာမဖောက်ဘူးဆိုတာ ပါပြီးသားဖြစ်ပါလိမ့်မယ်”
ဒေါ်အောင်ဆန်းစုကြည်ကား မိန့်ခွန်း အား ဤသို့ နိဂုံးချုပ်လိုက်သည်။ နောက် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ရွေးကောက်ပွဲ ဆယ်နှစ်မြောက် ကြေညာချက်အား အခမ်းအနားမှူးမှပင်
ဖတ်ကြား၏။

“ယနေ့ ပါတီစုံရွေးကောက်ပွဲဥပဒေအရ ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲ ဆယ်နှစ်တင်း တင်း ပြည့်ေ မြာက်ပြီ ဖြစ်ပေသည်။ ဤဥပဒေ၏ အဓိကအရေးကြီးသည့်ပြဋ္ဌာန်းချက်မှာ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်တရပ် ဖွဲ့စည်းရန်ဖြစ်ပေသည်။ ဒီမိုကရေစီ၏အခြေခံဖြစ်သော ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာမှသာလျှင်
ပါတီစုံဒီမိုကရေစီလည်းပေါ်ထွန်းလာမည်ဖြစ်သည်။ ဆယ်နှစ်ကြာပြီဖြစ်သော်လည်း စစ်အာဏာရှင်များသည် ပြည်သူ့လွှတ်တော်ေ ခ်ါယူဖွဲ့စ ည်းပေးခြင်းနှင့်ပ တ်သက်၍ ယင်း တို့ ထုတ်ပြန်ထားသည့်
ဥပဒေကို ယင်း တို့ကိုယ်တိုင် သိက္ခာမဲ့စွာ ချိုး ဖောက်ေ နသည်” ဌာန်ကရိုဏ်းကျအောင် ရွတ်ဖ တ်နေသည့် အခမ်းအနားမှူးက ကြည်လင်ပြတ်သားစွာနှင့် လေးလေးမှန်မှန် ဖတ်ကြား၍နေသည်။

“၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲသည် ပြည်သူလူထု၏ တရားသော တောင်းဆိုချက်များကို ရှောင်လ၍


ွဲ မရသောကြောင့်သာ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ သို့အတွက် ရွေးကောက်ပွဲ၏ရလဒ်ဖြစ်သော
ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးသည် ပြည်သူ့ဆန္ဒနှင့်အညီ မလွဲမသွေအကောင်အထည် ပေါ်လာရမည် ဖြစ်ပါသည်။ အကယ်၍ ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာရခြင်း မရှိပါက
ပြည်သူလူထု၏ဆန္ဒကို ဆန့်ကျင်ခြင်းသာ ဖြစ်ပါသည်။ ယင်းသို့ ပြည်သူ့ဆန္ဒကို အချိန်အခါ၊ အခြေအနေများနှင့် ကိုက်ညီစွာ ဖြည့်ဆည်းမပေးဘဲ အချိန်ြ ကာမြင့်စွာ ဆန့်ကျင်ထားလျှင် ပြည်သူလူထု၏
ဆန့်ကျင်တုန့်ပြန်မှုသည်လည်း အချိန်ကြာမြင့်သည်နှင့်အမျှ ပို၍ ပြင်းထန်လာနိုင်ေ ပသည်။ မဲဆန္ဒရှင် ပြည်သူလူထု အပေါင်းတို့သည်လည်း မိမိတို့၏ မူလမျှော်မှန်းချက်ဖြစ်သော ပါတီစုံ ဒီမိုကရေစီ
နိုင်ငံေ ပ်ါထွန်းရေးအတွက် ပြည်သူ့လွှတ်တော်တရပ် ပေါ်ပေါက်ရေးတွင် မိမိတို့ကိုယ်တိုင် တာဝန်ရှိကြပေသည်။ ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူတို့၏ အသက်ထောင်ပေါင်းများစွာ စတေးခဲ့ရ ပြီးမှ
ပေါ်ပေါက်လာသည့် ၁၉၉ဝပြည့်နှစ်က ကျင်းပပေးခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေေ ရွးကောက်ပွဲ၏ ရလဒ်ကို မျက်ဝါးထင်ထင် ပီပီပြင်ပြင်အကောင်အထည်ေ ဖာ် မပေးမချင်း
နောက်ရွေးကောက်ပွဲဆိုသည်ကို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လုံးဝဥဿုံလက်ခံမ ည်မ ဟုတ်ကြောင်း သန္နိဋ္ဌာန်ချထားသည်ကို ကြေညာလိုက်သည်။”

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ

ရန်ကုန်မြို့ ပြည်သူ့ဆန္ဒကို အချိန်အခါ၊ အခြေအနေများနှင့်ကိုက်ညီစွာဖြည့်ဆည်း မပေးဘဲ


၁၃၆၂ ခုနှစ်၊ ကဆုန်လပြည့်ေ ကျာ် (၁ဝ)ရက်။ အချိန်ကြာမြင့်စွာ ဆန့်ကျင်ထားလျှင်
၂ဝဝဝပြည့်နှစ် မေလ (၂၇)ရက်။ ပြည်သူလူထု၏ဆန့်ကျင်တုန့်ပြန်မှုသည်လည်း အချိန်ကြာမြင့်သည်နှင့်အမျှ ပို၍
ပြင်းထန်လာနိုင်ပေသည်။
(၂၃၅)

၂ဝဝဝ ပြည့်နှစ် ဇွန်လ (၂၆) (၂၇) ရက်ေ န့များတွင် ပိုလန်အစိုးရကဦးဆောင်၍ ကမကထပြုလုပ်ပြီး ဝါဆောမြို့တွင် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီညီလာခံကြီးတရပ်အား ကျင်းပပြုလုပ်မည်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံေ ပါင်း (၁ဝဝ) ကျော်မှ နိုင်ငံခြားဝန်ကြီးများတတ်ရောက်ဆွေးနွေးကြမည့် ညီလာခံဖြစ်သည်။ ဝါဆောညီလာခံ၏ရည်ရွယ်ချက်က ကမ္ဘာ ပေါ်တွင် ဒီမိုကရေစီစနစ်အခြေခိုင်မာပြီး ဒီမိုကရေစီဝါဒ
ပိုမိုထွန်းကားလာစေရန်ဖြစ်သည်။

ပိုလန်အစိုးရ၏ကိုယ်စား ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်း စုကြည်အား ဝါဆောညီလာခံကြီးသို့တတ်ရောက်၍ မိန့်ခွန်းစကားပြောကြားပေးပါရန် ဖိတ်ကြားထား၏။ ပြဿနာက


ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာ့ေ မြမှ ထွက်ခွာသွား၍မဖြစ်။ ဤအတွက် ပိုလန်နိုင်ငံခြားရေးဝန်ကြီးနှင့် ညှိနှိုင်းရသည်။ သူမအနေဖြင့် လူကိုယ်တိုင်မှာမူ ညီလာခံကြီးသို့
လာရောက်နိုင်မ ည်မဟုတ်။ သို့သော် သူမပြောကြားမည့် မိန့်ခွန်းကိုမူ ညီလာခံကြီးသို့ ပေးပို့ပါမည်ဟူ၍ အကြောင်းပြန်ရ၏။ ပိုလန်နိုင်ငံခြားရေးဝန်ကြီးက စာနာစွာနှင့် သဘောတူလက်ခံ၏။

(၂၃၆)
၂ဝဝဝပြည့်နှစ်၊ သြဂုတ်လ (၂၄)ရက်။
၁၉၉၈ ခုနှစ် သြဂုတ်လ (၁၂)ရက် ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်အတွင်း ထန်းတပင်မြို့ နယ် အညာစုရွာ အနီးတွင် အာဏာပိုင်များမှ ပိတ်ဆို့ဟန့်တားထားခဲ့ပြီး နေအိမ်သို့ အဓမ္မ ပြန်ပို့ခြင်း
ခံခဲ့ရပြီးသည်မှစ ၍ ဒေါ်အောင်ဆန်း စုကြည် စည်းရုံးရေးခရီးစဉ်များ ရပ်ဆိုင်းထားခဲ့သည်မှာ ၂-နှစ်မျှရှိပြီ။

အခုသွားမည့်စည်းရုံးရေးခရီးစဉ်က ၂-နှစ်အတွင်း ပထမဆုံး ပြန်သွားမည့်ခရီးစဉ်ဖြစ်သည်။ ရန်ကုန်တိုင်း တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များသို့ သွားရောက်မည့်ခရီးစဉ်ဖြစ်သည်။

မြို့နယ်စ ည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ အဖွဲ့ချုပ် စည်းရုံးရေးကိစ္စရ ပ်များ ဆွေးနွေးမည်။ မြို့နယ်လူငယ်လုပ်င န်းအဖွဲ့များ ဖွဲ့စည်း သွားမည် စသည့်အဖွဲ့ချုပ် စည်းရုံးရေးခရီးစဉ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်၊ တိုင်း စည်းရုံးရေးကော်မတီဝင် ဒေါက်တာမျိုး အောင်နှင့်အဖွဲ့ချုပ် လူငယ် (၁၆)ဦးတို့
လိုက်ပါကြသည်။
၂ဝဝဝ ပြည့်ုနှစ်၊ သြဂုတ်လ (၂၄) ရက် မနက် ရှစ်နာရီခွဲခ န့်မှာပင် ဒေါ်အောင်ဆန်း စုကြည်တို့အဖွဲ့ ပန်းဆိုးတန်း၊ နန်းသီတာဆိပ်ခံေ ဘာတံတားသို့ေ ရာက်၏။ စီးလာသည့် မက်တူးနှင့်ေ တာင်းအေ့စ်
ကား(၂)စီးအား နန်းသီတာဆိပ်ကမ်းတွင်ရ ပ်ထားခဲ့ပြီး ကူးတို့သင်္ဘောဖြင့် ဒလသို့ ကူးမည်။ ဒလတွင်ေ စာင့်ကြိုနေမည့် ကား (၂)စီးနှင့်တွံတေး၊ ကွမ်း ခြံကုန်း ၊ ကော့မှူး မြို့နယ်များသို့ ဆက်မည်။
နေ့ချင်းပြန်သွားမည့် ခရီးဖြစ်၍ စောစောပင် ထွက်ခဲ့ကြသည်။ သို့သော်….ပြဿနာက နန်းသီတာဆိပ်ခံဘောတံတားတွင် အာဏာပိုင်များက ဒေါ်အောင်ဆန်း စုကြည်တို့အဖွဲ့အား ပိတ်ဆို့ထား၏။
ဒလသို့ကူးခွင့်မ ပေး၊ အာဏာပိုင်များနှင့်ညှိနှိုင်း နေရ၏။ တနာရီခွဲခ န့်ကြာသည်။ နောက်ဆုံးမှ အာဏာပိုင်များက ဒေါ်အောင်ဆန်း စုကြည်တို့အား ဒလသို့ ကူးခွင့်ပြုလိုက်၏။
ဒလဆိပ်ကမ်း၌ စောင့်ကြိုနေသည့် ဆလွန်းကားအဖြူတစီး၊ ဟိုင်းလက်ပစ်ကပ်တစီး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးဆက်ကြ၏။ ဒလမြို့ နာရီစင်အား ကျော်လာခဲ့၏။ မြို့တွင်းမှ မြို့ပြင်သို့…။
လယ်ကင
ွ်း နှင့်ေ တာအုပ်ညို့ညို့တို့ကို လမ်းဘေးဝဲယာတွင် ဖြတ်ကနဲ ဖြတ်ကနဲနှင့် ကျိုးကျဲကျဲတွေ့နေရ၏။ ဒလမြို့ကို ၃-မိုင်ခ န့်လွန်ခဲ့ပြီ။ အရှေ့တွင် လမ်းဝဲဘက်၌ ဓာတ်ဆီဆိုင်တခု၊
ဓာတ်ဆီဆိုင်အရှေ့၌ ကား လမ်း အားပိတ်ဆို့ထား၏။ သံဆူးကြိုးများနှင့် လမ်းကို ကာရံထား၏။ သံဆူးကြိုးခွေများ၏ တဖက်တွင် ရဲ၊ စစ်ထောက်လှမ်း ရေး၊ ကြက်ခြေနီ၊ မီးသတ်များနှင့်
အရပ်ဝတ်ကြံ့ဖွတ်တို့ လူစုလူေ ဝးနှင့် ပိတ်ဆို့ထား၏။ ရဲတပ်ဖွဲ့ ရဲမှူး ချုပ်အောင်နွယ်နှင့် ဒုရဲမှူး ကြီး မျိုးလွင်က “ ခရီးဆက်၍သွားခွင့်မပြုကြောင်းနှင့် ရန်ကုန်သို့ ပြန်လှည့်ပါရန်” ဦး တင်ဦး နှင့်
ဒေါ်အောင်ဆန်းစုကြည်အား ပြော၏။

ဒေါ်အောင်ဆန်းစုကြည်တို့က လက်မခံ။ နိုင်ငံအတွင်း လွတ်လပ်သည့်နိုင်ငံသားများအနေနှင့် လွတ်လပ်စွာခရီးသွားလာခွင့်ရှိရ မည်။ ပိတ်ပင်ခွင့်မ ရှိ ခွင့်ပြုရမည်ပင်။ ဤအတွက် တွံေ တး၊ ကွမ်းခြံကုန်း၊
ကော့မှူးခရီးစဉ်အား ဆက်၍ထွက်မည်။ ရန်ကုန်သို့ပြန်လှည့်မည်မ ဟုတ်။ ဤသို့ပင် သန္နိဋ္ဌာန်ချထားကြ၏။ အာဏာပိုင်တို့ကလည်း လမ်းအားပိတ်ထားမြဲ။ မဖယ်ပေး။ ဖြတ်သန်း သွားလာခွင့်မပြု။
မွန်းတိမ်း ၍လာခဲ့ပြီ။ အခြေအနေက ရှေ့တိုးမရ။

ဒလ-တွံတေး လမ်း ပိုင်း အား အာဏာပိုင်များက ပိတ်ဆို့၍ထားဆဲ။ ယာဉ်အသွားအလာများ ပြတ်တောက်နေသည်။ မိုး က ဖွဲလိုက်၊ စဲလိုက်၊ သည်းလိုက်နှင့်။ ညနေ သုံးနာရီခန့်တွင်မူ အာဏာပိုင်များ
လမ်း ပိတ်ဆို့ထားရာမှ တဆင့်တက်လာသည်။

ဒေါ်အောင်ဆန်းစုကြည်တို့ စီး လာခဲ့ကြသည့် ယာဉ် (၂)စီးဘီးများကို လေလျှော့ပစ်လိုက်ကြ၏။ ပြီးလျှင် ကားများကို ဒလ -တွံတေး လမ်းမပေါ်မှ ဝဲဘက်ရှိ မြေနီလမ်း သွယ်လေးအတိုင်း မီတာ (၂ဝဝ)ခန့်
တွန်း၍ ရွှေ့လိုက်ကြသည်။ မြေနီလမ်း က လှည်းလမ်း မျှသာကျယ်၏။ လမ်းဘေးဝဲယာတွင် ခင်တန်းငယ်အုပ်အုပ်နှင့် လယ်ကွင်း ပြင်၊ မုတ်သုန်မိုးကြောင့် မြက်ရိုင်း ပင်များကသန်၏။

ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးဆက်ထွက်နိုင်သည်အထိ ထိုနေရာ၌ပင် စောင့်နေရန်ဆုံးဖြတ်လိုက်ကြသည်။ ကားနှစ်စီး အား တွဲ၍ ရွက်ဖျင်တဲငယ်တခု ထိုးလိုက်ကြသည်။ အကာက မရှိ၊ အမိုး က
သွန်းဖြိုးရွာနေသည့် မိုးဒဏ်ကိုမူ အထိုက်အသင့်ကာကွယ်ေ ပးနိုင်၏။

အစားအသောက်အတွက် ကြိုတင်စီစဉ်ခဲ့သည့်အတွက်

လတ်တလော အခက်အခဲမရှိ၊ ဒေါ်အောင်ဆန်း စုကြည်တို့အဖွဲ့ ရောက်ရှိေ နသည့်နေရာမှ တမိုင်ပတ်လည်တွင် အမျိုး သမီးသတင်း တပ်ဖွဲ့မှ ရဲမေများက ဒေါ်အောင်ဆန်း စုကြည်အား ဝင်၍ ဖမ်း၏။
ထောက်လှမ်းရေး၊ ရဲ၊ မီးသတ်၊ မယက၊ ရယက အဖွဲ့ဝင်များ အနှံ့အပြား ချထား၏။ ဒလ-တွံတေး လမ်းပိုင်းနှင့် လက်ထိပ်ခတ်၏။ ပြီး လျှင် ကားပေါ်သို့ အဓမ္မတွန်းတင်ကာ ရန်ကုန်ခေါ်ခဲ့ကြ၏။
မြေနီလမ်းဆုံရာ ဓါတ်ဆီဆိုင်အနီး တွင် ဆေးရုံကားတစီးနှင့် မီးသတ်ကား တစီး အသင့်။ တရက်၊ နှစ်ရ က်၊ သုံးရက်…။
ပိတ်ဆို့ခံနေရသည်မှာ (၉)ရက်ပြည့်မြောက်ခဲ့ပြီ။

၂ဝဝဝ ပြည့်နှစ် ၊ စက်တင်ဘာလ (၁)ရက်။


ည (၁၁း ၃ဝ )နာရီ…။

တပ်မ တော်ထောက်လှမ်း ရေး ဒု-ညွှန်ကြားရေးမှူး ဗိုလ်မှူး ချုပ်ကျော်ဝင်းမှ တပ်မတော်ထောက်လှမ်းရေး အမှတ် (၁၂)၏တပ်မှူး ဗိုလ်မှူး လှသက်မော်ထံ ညွှန်ကြားချက်ပေးပို့၏။

“ဒလ -တွံတေးလမ်းပိုင်းတွင် ရှိေ နကြသည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တဖွဲ့လုံးအား ဖမ်းဆီး၍( …. ……) နေရာသို့ ခေါ်ဆောင်ခဲ့ရန်” ဟူ၍ဖြစ်သည်။

ဝင်ရောက်ဖမ်းဆီးရန်အတွက် မရမ်းကုန်း (၉)မိုင် အောင်သပြေစခန်း BSI မှ အမျိုး သမီးသတင်း တပ်ဖွဲ့နှင့် ရဲမှူးချုပ်အောင်နွယ်၊ ရဲမှူးမျိုးလွင်၊ တပ်မ တော်ထောက်လှမ်း ရေးမှ ဗိုလ်မှူး သူရ၊ ဗိုလ်မှူး တေဇ၊
ဗိုလ်မှူးသန်း ထွန်း (DDSI and OSS) တို့ ဦး ဆောင်စေပြီး တပ်ဖွဲ့အင်အား ၃ဝဝ-ခန့် အသုံးပြုရန် တာဝန်ပေး၏။
အမျိုး သမီးသတင်း တပ်ဖွဲ့မှ ရဲမေများက ဒေါ်အောင်ဆန်း စုကြည်အား ဝင်၍ ဖမ်း၏။ လက်ထိပ်ခတ်၏။ ပြီးလျှင် ကားပေါ်သို့ အဓမ္မတွန်းတင်ကာ ရန်ကုန်ခေါ်ခဲ့ကြ၏။ ညသည် ပိန်း ပိတ်စွာ နှင့် မှောင်မဲနေ၏။
မိုး နှောင်းကဲသော ညတွင် အာဏာပိုင်များက ဒလမြို့အား မီးမှောင်ချထား၏။

ကိုးကား ...

- ရွှေခ မောက် မှတ်တမ်းလွှာ


- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏အစီရ င်ခံစာ
- ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခန
ွ်း များ
- ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏ကြေညာချက်အမှတ် (၆-၁၁/ဝဝ)၊ (၆၂-၈/ဝဝ)၊ (၉-၉/ဝဝ)၊ (၇ဝ-၉/ဝဝ)
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ တစ်နှစ်မြောက် ကြေညာစာတမ်း
-ဒီပဲယင်း အစီရင်ခံစာ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်)သဇင်နီ (နိဂုံးပိုင်း)

မင်းဟန် | တနင်္လာနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၃ မိနစ်

(၂၃၇)
အမှတ် (၉၇/ခ)အနောက်ရွှေဂုံတိုင်လမ်း။
၂ဝဝဝ ပြည့်နှစ် စက်တင်ဘာလ (၂)ရက်။

အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝ င် အားလုံးအား အာဏာပိုင်များက နေအိမ်အကျယ်ချုပ်နှင့် ထိန်း သိမ်း လိုက်ကြ၏။ ပြီးလျှင်…
တပ်မ တော်ထောက်လှမ်း ရေးမှ ဗိုလ်မှူးကြီး သန်းထွန်း ဦးဆောင်သည့် လုံခြုံရေးတပ်ဖွဲ့ဝ င်များ T-E -11 ကားနှစ်စီး နှင့်အဖွဲ့ချုပ် ရုံးချုပ်ကို သိမ်းပိုက်လိုက်၏။ ရုံးခန်းတံခါးများ ရိုက်ချိုးဖွင့်၏။ ရုံးရှိ
ဖိုင်တွဲစာရွက်စာတမ်းများ အားလုံးမွှေနှောက် ရှာ၏။ လိုချင်သည့်ရုံးပိုင်ပစ္စည်းများ၊ စာရွက်စာတမ်းဖိုင်တွဲများအား သိမ်း ယူကြ၏။ ပြီးလျှင် …. တာဝန်ကျ ရုံး အဖွဲ့ဝင် (၄)ဦး ကို ဖမ်းသွားကြသည်။

စစ်အုပ်စု၏အကြမ်းဖက်တိုက်ခိုက်မှုများအောက်၌ အဖွဲ့ချုပ်သည် မလူးသာ၊ မလွန့်သာနှင့် ကြံ့ကြံ့ခိုင်ခိုင် ရပ်ခံ၍နေဆဲ။ ဗဟိုအလုပ်မှုဆောင်အဖွဲ့တဖွဲ့လုံးထိန်းသိမ်းထားသဖြင့် အဖွဲ့ချုပ်၏
ဗဟိုေ ခါင်းဆောင်မှု ယာယီမဲ့သွားသည်။ ရွှေဂုံတိုင်လမ်းဌာနချုပ် ဖျက်ဆီးသိမ်း ပိုက်ခံရ သဖြင့် ဗဟိုဌာနချုပ်ပျောက်၍နေ၏။

စက်တင်ဘာ (၁၂)ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝ င်များအမည်ဖြင့် ကြေညာချက်တစောင် ထုတ်ပြန်၏။ ကြေညာချက်တွင် အခြေခံအချက် (၂)ချက်ကို တောင်း ဆိုထား၏။
‘အဖွဲ့ချုပ်ခေါင်းဆောင်များ အားလုံး လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေး အတွက်ဟန့်  တား ပိတ်ဆို့မှုများအားလုံး ချက်ချင်း ရုတ်သိမ်းပေးရန်၊ အဖွဲ့ချုပ်ရုံးချုပ် ပြန်လည်ဖွင့်လှစ်ေ ပးပြီး တရားဝင်
နိုင်ငံေ ရးပါတီတခု၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်များကို အပြည့်အဝပေးရန်’ဟူ၍ ဖြစ်သည်။

ကြေညာချက်ထုတ်ပြန်အပြီး နောက်တနေ့တွင်ပ င် ကြေညာချက်ထုတ်ပြန်ခဲ့ကြသည့်သူများဟုယူဆပြီး…


အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပုဇွန်ေ တာင်မြိုနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးစောနိုင်းနိုင်း၊ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲဝင်ဦးစိုးဟန်၊
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုရုံးအဖွဲ့ဝင်ဦး ထွန်းမြင့်၊ဗဟန်းမြို့နယ်စည်းရုံးရေးကော်မတီဥ က္ကဋ္ဌဦးအောင်မြင့်(ကဗျာဆရာဖျာပုံနီလုံဦး )အပါအဝင် အဖွဲ့ဝ င် (၈)ဦးကိုဖ မ်းဆီးလိုက်ကြပြန်၏။

၂ဝဝဝ ပြည့်ုနှစ် စက်တင်ဘာလ (၁၄)ရက် မနက်တွင် စစ်ကောင်စီအတွင်း ရေးမှူး (၁)ဗိုလ်ချုပ်ခင်ညွှန့်က အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေအား အစိုးရဧည့်ဂေဟာတွင် ခေါ်ယူတွေ့ဆုံ၍
အဖွဲ့ချုပ်ခေါင်းဆောင်များအား နေအိမ်အကျယ်ချုပ်နှင့် ထိန်း သိမ်း ထားသည်ကို ရုပ်သိမ်း လိုက်ပြီးဖြစ်ကြောင်းနှင့် အဖွဲ့ချုပ် ဗဟိုဌာနချုပ် ပြန်လည် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်းပြော၏။

၁၄-ရက်ကြာ ဖြတ်သန်းခဲ့ရသည့် ခရီးက အဖွဲ့ချုပ်အတွက် မီးပင်လယ်နှင့် ဓားတောင်များအား ဖြတ်ေ ကျာ်ရသည့်ခ ရီးအစဟုပင် ဆိုရမလားမပြောတတ်။

(၂၃၈)

၂ဝဝဝ ပြည့်ုနှစ် စက်တင်ဘာ (၂၁)ရက်တွင် မန္တလေးသို့ မီးရထားဖြင့် သွားရောက်ကြရန် ဒေါ်အောင်ဆန်း စုကြည်တို့ ပြင်ဆင်ထားခဲ့ကြ၏။ ရန်ကုန်ဌာနချုပ်ရုံး အား အာဏာပိုင်များမှ ဝင်ရောက်
ဖျက်ဆီးသကဲ့သို့် မန္တလေးအဖွဲ့ချုပ်ရုံးများကိုလည်း အာဏာပိုင်များ အကြမ်းဖက် ဖျက်ဆီးခဲ့ကြ၏။ အဖွဲ့ချုပ်အလံနှင့် ဆိုင်း ဘုတ်များ ဖြုတ်ချကြ၏။ ရုံး ခန်းများ ပိတ်ပ စ်ကြ၏။ မန္တလေး အခြေအနေ
မည်သို့ရှိမ ည်န ည်း။ စက်တင်ဘာ (၂၁)ရက်တွင် ညရထားနှင့် မန္တလေးသို့ ဒေါ်အောင်ဆန်း စုကြည်တို့ သွားမည်။

ဒုဥက္ကဋ္ဌဦးတင်ဦးနှင့်လူင ယ်အချို့ပါကြမည်။မော်တော်ယာဉ်ခရီးစဉ်များအားလုံး အာဏာပိုင်တို့ နှောက်ယှက် ဟန့်တားမှုများကြောင့်မအောင်မြင်ခဲ့။ ယခုအခါတွင်မူ မီးရထား ဖြင့်သွားမည်။ မွန်းလွဲ၂နာရီ
ကတည်းက ဒေါ်အောင်ဆန်း စုကြည်တို့ကို နှုတ်ဆက်ရန် အဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်အချို့နှင့် အမျိုးသမီးအဖွဲ့ဝင် အချို့ ရန်ကုန်ဘူတာကြီးတွင် ရောက်ရှိေ နကြ၏။ ပင်နီတိုက်ပုံ ကချင်ပုဆိုး ဝတ်မ ထားကြ၊
ရိုး ရိုးအဝတ်အစားများသာ ဝတ်ဆင်ထားပြီး ဒေါ်အောင်ဆန်း စုကြည်ကို လိုက်ပို့ရန် ရန်ကုန်ဘူတာကြီး တွင်း ရောက်နေကြသည်။ မကြာ…။ တပ်မတော်ထောက်လှမ်းရေးများ သိသွားကြပြီး
လုံထိန်းရဲများအားခေါ်၍ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ် အမျိုးသမီးများအား ရန်ကုန်ဘူတာကြီး အတွင်းက မောင်းထုတ်၏။ ရုန့်ရ င်းကြမ်းတမ်းသော စကားများသုံး၍ မောင်းထုတ်၏။ နောက်ဆုံးတွင်
လုံထိန်းများက သံပိုက်လုံးများဖြင့်ရိုက်၏။ သံလက်သီးများနှင့်ထိုး၏။ ရုန်း ရင်းဆန်ခတ်ဖြစ်ပြီး အချို့ အဖမ်းခံကြရ၏။
မွန်းလွဲ၃နာရီခန့်တွင်ရ န်ကုန်ဘူတာကြီးသို့ဒုဥက္ကဋ္ဌဦး တင်ဦး ရောက်လာ၏။ဦးတင်ဦးရောက်လာသည့်အချိန်တွင်လုံထိန်းများအကြမ်းဖက်တိုက်ခိုက်မှုကပြီးသွားလေပြီ။ညနေ၄နာရီခန့်တင
ွ်ရ န်ကုန်ဘူတာကြီး
သို့ဒေါ်အောင်ဆန်းစုကြည်ရောက်လာ၏။မီးရထားလက်မှတ်ကဝယ်၍မရသေး။ည၉နာရီထိုးသည်အထိလက်မှတ်ဝ ယ်၍မရ။အာဏာပိုင်များကတမင်ရောင်းမပေးခြင်းဖြစ်သည်။ယခုညထွက်သ ည့်မီးရထား
လက်မှတ်မရလျှင်နောက်ေ န့ထွက်မည့်မီး ရထားလက်မှတ်အားစောင့်ပြီးဝယ်မည်။ထိုသို့ပင် စိတ်ပိုင်းဖြတ်ထားကြ၏။

ည(၉း၄၅)နာရီ…။
ရန်ကုန်ဘူတာကြီးအတွင်း ဒေါ်အောင်ဆန်းစုကြည်တို့စောင့်နေသည့်နေရာကို
လုံထိန်းရဲများရောက်လာကြပြီး ဝိုင်းလိုက်ကြ၏။ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးတင်ဦးကိုလုံထိန်း ရဲများကအတင်းဝင်၍ဖမ်း၏။ပြီးလျှင်ကားတစီးစီခွဲတင်ပြီး
ခေါ်သွားကြ၏။ဒေါ်အောင်ဆန်း စုကြည်ကိုတက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄)နေအိမ်သို့ပြန်ပို့၏။ အိမ်လုံခြုံရေးကို တင်းတင်းချထားလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နှင့်
ထိန်း သိမ်းလိုက်၏။

၂ဝဝဝပြည့်နှစ်၊ စက်တင်ဘာလ(၂၂)ရက်။
ည(၁ဝး၃ဝ)နာရီ…။

ကိုးကား ……

- ရွှေခ မောက် မှတ်တမ်းလွှာ


- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏အစီရ င်ခံစာ
- ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခန
ွ်း များ
- ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏ကြေညာချက်အမှတ် ၊ (၉-၉/ဝဝ)၊ (၇ဝ-၉/ဝဝ)
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ တစ်နှစ်မြောက် ကြေညာစာတမ်း
-ဒီပဲယင်း အစီရင်ခံစာ
-မောင်ရင်မှိုင်း၏ဆောင်းပါးများ

You might also like