You are on page 1of 23

ဒုတိယပင်လုံညီလာခံကျင်းပရေး ဒေါ်စု ဦးဆောင်မည်

By မိုးဇော် စနေ, 20 နိုဝင်ဘာ 2010

ဓာတ်ပုံ ASSOCIATED PRESS


သက်ကြီးနိုင်ငံရေးသမားများ ပူဇော်တဲ့ပွဲတွင် ၀ါရင့်နိုင်ငံရေးသမားတဦးကို ဒေါ်အောင်ဆန်းစုကြည် လက်ဆောင်ပေးနေပုံ (နိုဝင်ဘာလ ၂၀၊၂၀၁၀)
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဒုတိယပင်လုံညီလာခံ ကျင်းပရေးတာဝန်ကို
မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ထံကို ဒီကနေ့ တာဝန်လွှဲအပ် လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီလို
တာဝန်လွှဲပြောင်းပေးအပ်တာကို လက်ခံလိုက်ပြီး အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည် ပန်ကြားခဲ့ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက်
သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီလို ဒုတိယပင်လုံညီလာခံ ဖြစ်မြောက် အကောင်အထည်ဖော်ရေး တာဝန်ကို ၀ါရင့်နိုင်ငံရေးသမား သခင်သိန်းဖေရဲ့နေအိမ်မှာ ဒီကနေ့ မနက်က ကျင်းပတဲ့
သက်ကြီးနိုင်ငံရေးသမားကြီးတွေကို ပူဇော်တဲ့ပွဲမှာ လွှဲအပ်တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုယ်တိုင် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သူ ဇိုမီး အမျိုးသားများ
ကွန်ဂရက်ရဲ့ ဥက္ကဌ ပူးကျင်ရှင်းထန်က အခုလို ပြောပါတယ်။
“အဓိက ကတော့လေ ဒီနိုင်ငံရေးခေါင်းဆောင်တွေ၊ နည်းနည်းအသက်ကြီးတဲ့ လူတွေကို ဂါရ၀ပြုတာ တခုရယ်။ နောက်ပြီးတော့ အောက်တိုဘာ ၂၄ ရက်နေ့မှာ
ကလေးမြို့ ဆုံးဖြတ်ချက် မှတ်တမ်းကို အခု ဒေါ်စု လွတ်လာတဲ့အခါမှာ ဒီဥစ္စာကို ဆုံးခန်းတိုင်ဖြစ်ဖို့ အမျိုးသားခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်က
လုပ်မှဖြစ်မယ်ဆိုပြီးတော့ ကျနော်တို့က သူ့ကို လွှဲအပ်တာ။ ဒီ ၂ ချက်ပါပဲ။”
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီးအမျိုးသားများ ကွန်ဂရက် တည်ထောင်တာ ၂၂ နှစ်ပြည့်တဲ့ အခမ်းအနားမှာ ကလေးမြို့
ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်ဖို့နဲ့
ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် ဒုတိယပင်လုံညီလာခံ ကျင်းပရေးဆိုတဲ့
အချက်တွေ ပါဝင်ပါတယ်။
ဒုတိယပင်လုံညီလာခံ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် တာဝန်လွှဲအပ်တာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံခဲ့တယ်လို့ ပူးကျင်ရှင်းထန်က
ပြောပါတယ်။
“ကျနော်တို့က တိုင်းပြည် အခြေအနေကြည့်ပြီးတော့ ပင်လုံကဲ့သို့သော ညီလာခံ ဒုတိယပင်လုံ လိုအပ်နေတယ်။ အဲဒါကို လုပ်ရအောင်ဆိုပြီးလုပ်တော့ အဖွဲ့အစည်း
၅၀ ကျော်ကနေပြီးတော့ ဒါ မှန်ကန်တဲ့အကြောင်း တုံ့ပြန်ကြတယ်။ နောက် ကလေးမြို့ ဆုံးဖြတ်ချက်ကို အားလုံး ဆုံးခန်းတိုင် အကောင်အထည်ဖော်တဲ့အထိ
ကျနော်တို့ ဆက်လက် ဆောင်ရွက်ပါမယ် ဆိုပြီးတော့ သံန္နိဌာန်ချပြီး လက်မှတ်ထိုးတဲ့ လူက ၁၀၉ ယောက်လောက် ရှိတယ်။ အဲဒါတွေကို အခု ဒေါ်စု
လွတ်လာတဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့မှ ဆုံးခန်းတိုင် အကောင်အထည်ဖော်နိုင်ဖို့ လွှဲအပ်တဲ့အခါမှာ သူက ပြောတာက ၀မ်းသာစွာ လက်ခံပါတယ်။
ဒါပေမဲ့ ကျမ တယောက်တည်းတော့ ဘယ်ဖြစ်မလဲ။ အားလုံး ဆက်ပြီးတော့ ၀ိုင်းပြီးတော့ ကူညီကြပါ၊ - ဆိုပြီးတော့ သူက ပြောပါတယ်။”
ဒီလို လက်မှတ်ရေးထိုးရာမှာ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင်တွေ ပါဝင်တာဖြစ်ပါတယ်။ အခု တာဝန်လွှဲအပ်တာကလည်း ဒီလို ပါဝင်လက်မှတ် ရေးထိုးသူများကိုယ်စား သူက လွှဲပြောင်းပေးတာဖြစ်တယ်လို့
ပူးကျင်ရှင်ထန်းက ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့အခမ်းအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အသက် ၈၀ ကျော် အရွယ်ရှိ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေး
ခေါင်းဆောင် ၂၀ ကျော်ကို ဂါရ၀ပြု ပူဇော်ကန်တော့ခဲ့ပါတယ်။
ဒီပွဲကို နိုင်ငံရေးလှုပ်ရှားမှု အဆက်ဆက်မှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေ၊ တိုင်းရင်းသားလူငယ်တွေနဲ့ မျိုးဆက်သစ် နိုင်ငံရေးလှုပ်ရှားသူတွေက ပူးပေါင်း
စီစဉ်ခဲ့တာဖြစ်ပြီး လူ ၁,၀၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

စစ်အစိုးရနဲ့ဆက်ဆံရေး အမေရိကန် သတိထားသင့်


သောကြာ, 19 နိုဝင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ရဲ့ ထိတွေ့ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပေမဲ့ လက်တွေ့ကျဖို့လည်း အမေရိကန်ကို တိုက်တွန်းလိုက်ပါတယ်။
စစ်အစိုးရနဲ့ ဆက်ဆံဖို့ ဆုံးဖြတ်လိုက်ပြီး အမေရိကန်က ကျမတို့ကို ကျောခိုင်းသွားပြီလို့ ပြောကြတဲ့ လူတော်တော်များများ ရှိပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က
ဆိုပါတယ်။ ဒါပေမဲ့ သူကတော့ အဲဒီလို မတွေးပါဘူးတဲ့။ နှစ်နိုင်ငံ ဆက်ဆံကြတယ်ဆိုတာ ကောင်းတယ်လို့ သူက ထင်ပေမဲ့ လက်တွေ့လည်း
ကျစေချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အရှေ့အာရှရေးရာ လက်ထောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကာ့(တ်) ကမ်းဘဲလ် (Kurt Campbell) က စစ်အစိုးရနဲ့ စကားပြောရာမှာ ဦးဆောင်ခဲ့ပေမဲ့
ခုအထိတော့ ရလဒ်က စိတ်ပျက်စရာ ဖြစ်ပါတယ်လို့ စက်တင်ဘာလ က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စစ်အစိုးရတာဝန်


သောကြာ, 19 နိုဝင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ဆီကို ပုဂ္ဂိုလ်ရေး စာတစောင် မကြာမီ ရက်တွေအတွင်းက ပို့ခဲ့တယ်လို့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီဂျေ ခရိုလီ (P.J. Crowley) က သောကြာနေ့က သတင်းစာ ဆရာတွေနဲ့ တွေ့ဆုံရာမှာ
ပြောကြားပါတယ်။ စာကို အမေရိကန် သံရုံး ယာယီ တာဝန်ခံ လယ်ရီ ဒင်းဂါး က ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တာ ဖြစ်ပါတယ်။
တချိန်ချိန်မှာတော့ မစ္စ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းခေါ်လိမ့်မယ်လို့ သူ မျှော်လင့်ကြောင်း ခရိုလီက ဆိုပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်
လွတ်လာပြီ ဖြစ်တဲ့အတွက် သူ သင့်မယ်ထင်သလို ဆက်သွယ်နိုင်သလို သူ သင့်မယ်ထင်တဲ့ အကြံပေးသူတွေနဲ့လည်း တွေ့ဆုံနိုင်ပါတယ်။ သူ သင့်မယ်ထင်သလို
ပါတီကို ပြန်လည် တည်ဆောက်နိုင်ပါတယ်လို့ မစ္စတာ ခရိုလီ က ပြောပါတယ်။
အဲဒီ အလုပ်တွေကို လုပ်ဆောင်တဲ့အခါမှာ သူမရဲ့ လုံခြုံရေးအတွက် မြန်မာအစိုးရမှာ အထူးတာဝန်ရှိတယ်လို့ အမေရိကန်က ယူဆကြောင်းလည်း သူက
ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံဟာ နောက်ဆုံးတော့ ပြောင်းလဲရမှာ ဖြစ်ပြီး နိုင်ငံရေး လွတ်လပ်ခွင့်ကို ဖွင့်ပေးပြီး တိုင်းရင်းသား အုပ်စုတွေနဲ့ အဓိပ္ပါယ်ရှိရှိ တွေ့ဆုံဆွေးနွေး
ရပါလိမ့်မယ်လို့ သူက ဆိုပါတယ်။ ဒါဟာ လက်ရှိ အထီးကျန်ဘ၀ကနေ ထွက်နိုင်မယ့် တစ်ခုတည်းသောလမ်း ဖြစ်တယ်လို့ မစ္စတာ ခရိုလီ က ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗမာစစ်အုပ်စု
By ဦးအောင်ခင် & ညိုညိုလွင် စနေ, 20 နိုဝင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာဟာ ဒီမိုကရေစီ လိုလားသူတွေအတွက် မျှော်လင့်ချက် ရောင်ခြည်ဖြစ်သလို ဗမာစစ်အစိုးရလည်း အကျိုးခံစားရတာ
တွေ့ရပါတယ်။ ရွေးကောက်ပွဲ မဲလိမ်မှုနဲ့ မသမာတွေကို အပြည်ပြည်ဆိုင်ရာက ပြစ်တင်ရှုတ်ချနေတုန်းမှာ ဒေါ်စုကို လွှတ်ပေးတဲ့အတွက် မသမာတဲ့
ရွေးကောက်ပွဲကနေ ချက်ချင်းအာရုံ ပြောင်းသွားတာ တွေ့ရပါတယ်။ ဒေါ်စု လွတ်မြောက်တဲ့ သတင်းဟာ မသမာတဲ့ ရွေးကောက်ပွဲသတင်းကို လွှမ်းမိုးသွားပါတယ်။
သရုပ်ပျက် ရွေးကောက်ပွဲကို ကမ္ဘာ့က အာရုံမစိုက်တောဘဲ ဒေါ်စု လွတ်မြောက်တဲ့သတင်းနဲ့ ဒေါ်စုနဲ့ ပြောဆိုချက်တွေကိုသာ အာရုံစိုက်လာတာဟာ
စစ်အုပ်စုအတွက် အမြတ်ထွက်တဲ့သဘော ဖြစ်နေပါတယ်။
ဒီလိုနဲ့ပဲ မသမာတဲ့ ရွေးကောက်ပွဲကို ကမ္ဘာက လက်ခံရတဲ့အဖြစ် ရောက်သွားတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့ဒီမိုကရေစီအရေးဟာ
ကမ္ဘာ့အရေးလို ဖြစ်သွားရတာလို့ စစ်အုပ်စုက သုံးသပ်ပုံရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ကြီးစိုးတဲ့ မဆလခေတ် (၂၆) နှစ်မှာ အရပ်သားတွေကို ရာနဲ့ချီပြီး
သတ်ဖြတ်တာတွေ ရှိခဲ့ပေမယ့် နိုင်ငံခြားက အရေးမယူတဲ့အပြင် ကူညီထောက်ပံ့ခဲ့ပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ လက်ထက်ရောက်မှ အမေရိကန်နဲ့ ဥပဒေက
ဒဏ်ခတ်အရေးယူနေတာဟာ ဒေါ်စုရဲ့  စနက်ဖြစ်တယ်လို့ စစ်အုပ်စုက ယူဆထားပုံရပါတယ်။
ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံခြား အလိုတော်ရိလို့ စွပ်စွဲပြီး ဒေါ်စုမပါတဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မပါမှ စိတ်ကြိုက်နိုင်ငံရေးလုပ်နိုင်မယ်လို့ စစ်အုပ်စုက ယုံကြည်နေပုံ ရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း မသေမီ
ဗိုလ်ချုပ်မှုးကြီးစောမောင်လက်ထက်ကလည်း အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦး ကို NLD ပါတီက ထုတ်ပယ်ပေးရတဲ့အထိ
အကြပ်ကိုင်ခဲ့ဖူးပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် မပါရင် မဆလခေတ်အတိုင်း စစ်ဗိုလ်၊ စစ်ဗိုလ် လူထွက် နဲ့ လက်ပါးစေ အရပ်သား ပူးပေါင်းပြီး
စိတ်ကြိုက် အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ နောက်လိုက်တွေက ယူဆထားပုံရပါတယ်။
အသိဥာဏ်ပညာ၊ ကိုယ်ကျင့်တရား၊ သီလသမာဓိရှိပြီး လူထုထောက်ခံမှုရရှိတဲ့ ဒေါ်စုဟာ ကမ္ဘာ့ခေါင်းဆောင်အဆင့်ကို ရောက်နေတဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ
ဒေါ်စုပါဝင်နိုင်မယ့် အခန်းကဏ္ဍကို ပိတ်ပင်ထားတာဟာ တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့ အပြည်ပြည်ဆိုင်ရာက
ဖိအားပေးတာကို တုံ့ပြန်တဲ့အနေနဲ့ ဆက်သွယ်ရေး ဝန်ကြီးခန့်ထားတာဟာ သဘာဝမကျတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အရင်ကလည်း ဒေါ်စုကို လွှတ်ပေးပြီး
တွေ့ဆုံဆွေးနွေးတာ မဟုတ်တဲ့အတွက် ဒီတခါလည်း တွေ့ဆုံဆွေးနွေးဖို့ အလားအလာ မရှိဘူးလို့ သုံးသပ်ကြပါတယ်။ စစ်အုပ်စုဟာ မိမိအာဏာတည်မြဲမှာကို
ယုံကြည်စိတ်ချတဲ့အတွက် ဒေါ်စုကို လွှတ်ပေးလိုက်တာ ဖြစ်ပုံရပါတယ်။ သူတို့ရဲ့  အာဏာ တည်မြဲရေးကို အန္တရာယ်ပေးနိုင်တယ်လို့ ယုံကြည်လာတဲ့အချိန်မှာ
ဒေါ်စုကို ဖမ်းဆီးထိန်းသိမ်းဦးမှာ ဖြစ်တယ်လို့ အစဉ်အလာကိုကြည့်ပြီး သုံးသပ်ကြပါတယ်။
လက်နက်ကိုင်တော်လှန်ရေးမလုပ်ဘဲ အနုနည်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းလိုသူဟာ စစ်အုပ်စုနဲ့ လက်တွဲလုပ်ကိုင်နိုင်ရပါလိမ့်မယ်။ တိုင်းပြည်အတွက်
ဘယ်သူနဲ့မဆို လက်တွဲလုပ်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။ ဒါပေမဲ့ လက်နက်အားကိုးပြီး လူထုကို ဖိနှိပ်တဲ့နည်းနဲ့ စီးပွားရေး၊ နိုင်ငံရေး၊
ငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပိုင်း ယုံကြည်လာမှသာ အာဏာရှင်စနစ် နိဂုံးချုပ်နိုင်ပါလိမ့်မယ်။ နိုင်ငံရေးအရ
အဖြေမရှာနိုင်ရင် ပြဿနာကြီးမားလာမယ်လို့ စစ်ခေါင်းဆောင်ပိုင်းက နားလည်သဘောပေါက်မှသာ စစ်အာဏာရှင်စနစ်ကို စွန့်လွှတ်နိုင်ပါလိမ့်မယ်။ မကျေနပ်လို့
ဆန္ဒပြတဲ့ ပြည်သူလူထုကို ပစ်သတ်နေလို့ ပြဿနာပြေလည်မှာ မဟုတ်ဘူးဆိုတာကို စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်လာမှသာ အာဏာရှင်မှသာ
အာဏာရှင်စနစ် နိဂုံးချုပ်နိုင်ပါလိမ့်မယ်။
ဒီလို အခြေအနေ ရောက်လာနိုင်အောင် ကြိုးပမ်းတာကို လက်တွေ့နိုင်ငံရေး လှုပ်ရှားမှုတခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ အထက်က အမိန့်နဲ့ ဒီမိုကရေစီ
အသွင်ကူးပြောင်းတဲ့နေရာမှာ ဘရာဇီးနိုင်ငံဟာ ထင်ရှားပါတယ်။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတာတဲ့ ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီအစိုးရ
ဖွဲ့စည်းနိုင်တာတောင် အခွင့်ထူးခံလူတစု သြဇာအာဏာရှိနေတုန်းပဲလို့ ဘရာဇီး ပါမောက္ခ ပင်ညဲရိုး က ဆိုပါတယ်။ ဒီမိုကရေစီ အစိုးရ ကျင့်သုံးနေပေမယ့်
အာဏာရှင်စနစ်ဟောင်းရဲ့  လောင်းရိပ်အောက်က မထွက်နိုင်တဲ့နေရာတွေ အများကြီး ရှိနေတာကို ထောက်ပြထားပါတယ်။
ဘရားဇီးစစ်အစိုးရဟာ အာဏာကို နည်းနည်းလေးတောင် ခွဲဝေပေးဖို့ စိတ်မကူးတာကြောင့် တဖြည်းဖြည်း တရွေ့ ရွေ့ နဲ့ တိတ်တဆိတ် လုပ်နေရတဲ့ ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးလိုတောင် ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အရပ်သားအဖွဲ့အစည်း NGO တသီးပုဂ္ဂလ အဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ
ရှင်သန်လာတာဟာ ဘရာဇီး ဒီမိုကရေစီအတွက် ကောင်းမွန်တဲ့ လက္ခဏာပဲလို့ ပင်ညဲရိုး က သုံးသပ်ထားပါတယ်။ မြန်မာပြည်မှာလည်း ဒေါ်အောင်ဆန်းစုကြည်
ပြောသလို ပြည်သူ့ကွန်ဂရက် ပေါ်ထွက်လာပြီး အရပ်သားအဖွဲ့တွေ ရှင်သန်လာမယ်ဆိုရင်တော့ မျှော်လင့်ချက်တွေ ရှိသေးတယ်လို့ ပြောနိုင်ပါတယ်။
http://www.voanews.com/burmese

ဝါရင့်နိုင်ငံရေးသက်ကြီးပူဇော်ပွဲကျင်းပပြုလုပ်
Saturday, November 20, 2010

အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများက ၀ါရင့်နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲ တရပ်ကို ပါရမီလမ်းနှင့်


ဦးဘဟန်လမ်းထောင့်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေအိမ်တွင် ယနေ့(၂၀.၁၁.၂၀၁၀)စနေ့န့နက်(၉)နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ ကန်တော့ပွဲသို့ ကန်တော့ခံသက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ NLD ခေါင်းဆောင်များ၊
တိုင်းရင်းသားခေါင်းဆောင်များ၊ (၆၂)မျိုးဆက် (၇၄-၇၅-၇၆)မျိုးဆက် (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းများ၊ ဒီမိုကရေစီရေး
တက်ကြွလှုပ်ရှားသူများနှင့် အခြားနိုင်ငံရေးလှုပ်ရှားသူများ (၁၀၀)ကျော်ခန့်တက်ရောက်ကြသည်။
အဆိုပါကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့်သက်ကြီးနိုင်ငံရေး သမားကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး
လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း ကန်တော့သူ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ၏ ပန်ကြားလွှာကို ဖတ်ကြားခြင်း။
အပူဇော်ခံသက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့်
တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိန်းတို့က သြ၀ါဒအမှာစကားများ ပြောကြားခြင်းတို့အပြင် အထူးအစီအစဉ်အဖြစ် ဒုတိယပင်လုံသဘောတူညီချက်
ပေါ်ထွက်လာသည်အထိ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများက
တာဝန်လွှဲအပ်ပေးပြီး နောက်ဆုံးအစီအစဉ်အဖြစ် တာဝန်လွှဲအပ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။
ကန်တော့ပွဲသို့ ကန်တော့ခံပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားသည့် ၀ါရင့်သက်ကြီးနိုင်ငံရေးသမားကြီး(၂၈)ယောက်အနက် ရပ်ဝေးနေသူများနှင့် ကျန်းမာရေးချို့တဲ့၍
မလာရောက်နိုင်သူများမှ လွဲ၍ စုစုပေါင်း( ၂၀ )ဦး တက်ရောက်အပူဇော်ခံကြသည်။
ကန်တော့ပွဲသို့ တိုင်းရင်းသားခေါင်းဆောင်များနှင့် NLD ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအင်အားစု (၁၀၀)ကျော် တက်ရောက်ခဲ့ကြသည့်အပြင် သတင်း
ထောက်များနှင့် လာရောက်ကြည့်ရှုအားပေးသူ ရာနှင့်ချီရှိခဲ့ကြောင်း သိရှိရသည်။
ကန်တော့ပွဲပြီးနောက် ကျန်းမာရေးကြောင့် မလာရောက်နိုင်သူ ဆရာကြီးဒဂုန်တာရာနှင့်တကွ NLD ဥက္ကဌဦးအောင်ရွှေ၊ အတွင်းရေးမှူးဦးလွင်နှင့်
ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်တို့အားလည်း အိမ်တိုင်ရာရောက်သွားကန်တော့ခဲ့ကြောင်း သိရှိရသည်။

‘သက်ကြီးဝါရင့်နိုင်ငံရေးသမားများသို့ အကြံပေးတင်ပြမေတ္တာရပ်ခံချက်’

လေးစားအပ်ပါသော ဘဘတို့ခင်ဗျား...

လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ခန့် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲသွားပြီး နောက် ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေ၊


လက်နက်ကိုင်အဖွဲ့အစည်းတွေ မြန်မာ့နိုင်ငံရေးအင်အားစုတွေကြား၊ အမုန်းတရားတွေ၊ သံသယတွေ၊ အာဃာတတွေ တဖြည်းဖြည်းကြီးထွားလာခဲ့တာ ယနေ့ဆို
အမြင့်ဆုံးအချိန်ရောက်နေပါပြီ။ နိုင်ငံရေး ထိပ်တိုက်တွေ့ဆုံမှုတွေ၊ ပြည်တွင်းစစ်ကို အစပျိုးစေမယ့် စစ်ပွဲတွေကလည်း နယ်စပ်ဒေသတွေမှာ တစထက်တစ
ကျယ်ပြန့် ဖြစ်ပေါ်လာနေပါတယ်။ တဖက်မှာလည်း စီးပွားရေးက ကမ္ဘာ့အလယ်မှာ အဆင်းရဲဆုံး နိုင်ငံအဖြစ် လျော့ကျသွားခဲ့ရုံသာမက ပညာရေး၊ ကျန်းမာရေး၊
လူမှုရေး အစရှိတဲ့ နယ်ပယ်အသီးသီးမှာလည်း ကမ္ဘာ့အနိမ့်ဆုံးအဆင့်ကို သက်ဆင်းကျရောက် သွားခဲ့ရပါပြီ။
အဲဒီလို ဘက်စုံအကျပ်အတည်းကြီးကို တပ်မတော်အစိုးရရဲ့ မကြာမီက ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ဖြစ်ဖြစ် နောက်ဆက်တွဲပေါ်ပေါက်လာမယ့်
ပြည်သူ့လွှတ်တော်နဲ့ အရပ်သားအစိုးရဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ပဲဖြစ်ဖြစ် ဖြေရှင်းလို့ရနိုင်မှာမဟုတ်ပါ။ ဒီလိုဘက်စုံအကျပ်အတည်းတွေနဲ့ ပြည့်နှက်နေတဲ့
ကျနော်တို့နိုင်ငံအတွက် လက်ငင်း လိုအပ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစု
ခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ အတူတကွ လက်တွဲပူးပေါင်းကာ မြန်မာတနိုင်ငံလုံးအကျိုးအတွက် ပြည်သူလူထုကြီး အကျိုးအတွက်၊ သံသယတွေ
အာဃာတတွေ အမုန်းတရားနဲ့ မာန်မာနတွေ ဘေးဖယ်ပြီး ညီညီညွတ်ညွတ် စုပေါင်းဆွေးနွေး အဖြေရှာရေးပဲဖြစ်ပါတယ်။
လွတ်လပ်ရေးမရခင်ကာလ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ပင်လုံညီလာခံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ မြန်မာနိုင်ငံရေးခေါင်းဆောင်တွေနှင့်အတူ
တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ညှိနှိုင်းဆွေးနွေးသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့
သာဓကရှိခဲ့ပါတယ်။
ယခုလတ်တလော အခြေအနေအရ မြန်မာတနိုင်ငံလုံးရဲ့ ပြဿနာကို ဖြေရှင်းရမှာဖြစ်တဲ့အတွက် အဆိုပါ ပင်လုံညီလာခံကဲ့သို့သော အမျိုးသားညီလာခံစစ်စစ်တခု
ကျင်းပပြီး ကျွန်ုပ်တို့နိုင်ငံအတွင်းမှာ ကြီးထွားလာနေတဲ့ အာဃာတတွေ၊ သံသယတွေ၊ အမုန်းတရားတွေကိုလျော့ချပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊
နောင်ရင်ဆိုင် လာရမယ့် အခက်အခဲအကျပ်အတည်းတွေကို စုပေါင်းဖြေရှင်းဖို့ လိုအပိပါတယ်။
ညီလာခံဆိုတာ ကိုယ်နဲ့နီးစပ်ရာ အဆင်ပြေရာတွေစုခေါ်ပြီး ကိုယ့်အကျိုးအတွက်၊ ကိုယ်လိုချင်ရာ ကိုယ်ဆုံးဖြတ်တာမျိုးမဖြစ်စေရပါဘူး။ အဲဒီလိုလုပ်ခဲ့ရင်လဲ
သံသယတွေ အာဃာတတွေ အမုန်းတရားတွေတိုးပွား လာရုံသာမကပဲ ပိုမိုနက်ရှိုင်းတဲ့ အကျပ်အတည်း အခက်အခဲတွေကို ကြုံတွေ့ရမှာမို့
သက်ဆိုင်သူအာလုံးနဲ့တကွ အဲဒီအကြပ်အတည်းရဲ့ဒဏ်ကို ကိုယ်တိုင်တွေ့ကြုံခံစားနေရတဲ့ ပြည်သူတွေအနေနဲ့ကလည်း လက်ခံမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်
လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသားရေး အကျပ်အတည်းကြီးကို အမှန်တကယ်ဖြေရှင်းပေးနိုင်တဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကိုလည်း
အမှန်တကယ်ကိုယ်စားပြုနိုင်မယ့် အမျိုးသားညီလာခံစစ်စစ် တခုဖြစ်ဖို့တော့ လိုအပ်ပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာ(၂၄)ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇိုမီးအမျိုးသားကွန်ကရက် ၂၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားပြုလုပ်စဉ်
တမျိုးသားလုံးရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒုတိယ ပင်လုံညီလာခံခေါ်ဆိုဖို့ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ဒီမိုကရေစီအင်အားစုများ သဘောတူလက်မှတ်ရေးထိုး
တာတွေ့ရပါတယ်။ တိုင်းရင်းသားများအပါအ၀င် တနိုင်ငံလုံးမှာရင်ဆိုင်နေရတဲ့ အထွေထွေအကျပ်အတည်းကြီးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့
ဖိတ်ခေါ်တာလို့ယူဆပါတယ်။ ဒုတိယပင်လုံညီလာခံလို့ အမည်တပ်တာလဲ ပထမပင်လုံညီလာခံမှာလို စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ နယ်ချဲ့လက်အောက်က
လွတ်လပ်ရေးရယူပေးနိုင်ခဲ့သလိုမျိုး ဒုတိယပင်လုံညီလာခံ(ညီလာခံစစ်စစ်) ကျင်းပပြီး ပြည်တွင်းမှာလိုအပ်နေတဲ့ “ငြိမ်းချမ်းရေး”ကို
အဓိကထားစုပေါင်းအဖြေရှာပြီးရယူနိုင်ဖို့ ရည်ရွယ်တယ် လို့သိရပါတယ်။
ကချင်တိုင်ရင်းသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်ရဲ့ မိန့်ခွန်းတစ်ခုမှာ ‘နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်တယ်ဆိုတာ အဲဒီနိုင်ငံမှာရှိတဲ့
သယံဇာတပစ္စည်းတွေနဲ့ မဆိုင်ပါဘူး။ အဲဒီနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူ လူထုကြီးရဲ့ စည်းလုံးညီညွတ်မှုနှင့်ပဲ ဆိုင်ပါတယ်’ လို့ပြောခဲ့ပါတယ်။
အဲဒီစည်းလုံးညီညွတ်မှုသာ မရှိဘူးဆိုရင်ဖြင့် ဘယ်လောက်အားကြီးတဲ့ အစိုးရတက်တက်၊ ဘယ်လောက်ကောင်းတဲ့ ၀ါဒနဲ့ အုပ်ချုပ်အုပ်ချုပ် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့
လုံးဝလုပ်နိုင်မှာမဟုတ်သလို အေးချမ်းမှုလဲရှိမှာမဟုတ်ပါဘူး။
နိုဝင်ဘာ (၁၃)ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ တိုင်းရင်းသားအားလုံး ပြည်သူလူထုအားလုံးကသာမက တစ်ကမ္ဘာလုံးကပါ
တခဲနက်ထောက်ခံနေတဲ့ ၁၉၉၀ခုနှစ်အထွေထွေ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခဲ့ပါပြီ။
၎င်းလွတ်မြောက်လာချင်းချင်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မယ့် အကြောင်းနဲ့ အဲဒီလိုဖော်ဆောင်ရာမှာလည်း
ဒီမိုကရေစီကို အမှန်တကယ်လိုလားသူ မည်သည့်နိုင်ငံရေး အင်အားစုနဲ့မဆို လက်တွဲ ဆောင်ရွက်သွားပါ့မယ်လို့ ပြောကြားထားခဲ့တဲ့အလျောက်
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမျိုးသား ညီလာခံစစ်စစ်ဖြစ်တဲ့ ဒုတိယပင်လုံညီလာခံကြီး အကောင်အထည်ဖော် ပေါ်ပေါက်လာရေးမှာ
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးဆောင်ဦးရွက်ပြုနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။
တဆက်တည်းမှာပဲ ယနေ့နိုင်ငံအုပ်ချုပ်ရေးမှာ တာဝန်ယူနေကြတဲ့ တပ်မတော်ခေါင်းဆောင်ကြီးများကို ပန်ကြား လိုတာကတော့ -
ယနေ့နိုင်ငံတော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း
တည်ထောင်မွေးဖွားပေးခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ခေါင်းဆောင်ကြီးများအနေနဲ့ နိုင်ငံနဲ့ပြည်သူလူထုအပေါ်မှာ အမှန်တကယ်စေတနာရှိတယ်ဆိုရင်
ယခုကဲ့သို့တိုင်းပြည်နဲ့လူမျိုးအတွက် အမှန်တကယ် အရေးလည်းပါ လိုလည်းလိုအပ်တဲ့ အထက်ပါအမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကြီး လက်တွေ့
အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံနဲ့ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး အရေးပါတဲ့ အခန်းကဏ္ဍတခုကနေ တာဝန်သိသိသစ္စာရှိရှိ
ပါဝင်ဆောင်ရွက်ပေးပါရန် ကျနော်တို့အလေးအနက် တိုက်တွန်းပါတယ်။ ဖိတ်လည်း ဖိတ်ခေါ်ပါတယ်။ အမျိုးသားညီလာခံပေါ်ပေါက်လာရေး
ကြိုးပမ်းဆောင်ရွက်နေသူတွေကိုလည်း ကူညီပေးဖို့ တောင်းဆိုပါတယ်။
တပ်မတော်ခေါင်းဆောင်ကြီးများအနေနဲ့ အဆိုပါအမျိုးသားညီလာခံစစ်စစ် ပေါ်ပေါက်အောင် ပါဝင်ကူညီကြိုးပမ်း ဆောင်ရွက်မယ်ဆိုရင်ဖြင့် ကုလသမဂ္ဂအပါအ၀င်
နိုင်ငံတကာရဲ့ ထောက်ခံမှု၊ ယုံကြည်မှုကို ရမှာဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့လည်း အလွန်မင်္ဂလာရှိတဲ့ နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ထည်နိုင်မှာပါ။
လေးစားအပ်ပါတဲ့ ၀ါရင့်သက်ကြီးနိုင်ငံရေးခေါင်းဆောင်များခင်ဗျား…
အသက်အရွယ်ကြီးရင့်လို့ဖြစ်စေ ကျန်းမာရေးမကောင်းလို့ဖြစ်စေ၊ နိုင်ငံရေးတာဝန်တွေကို စွန့်လွှတ်ပြီး အနားမယူကြပါနဲ့ဦးလို့ မေတ္တာရပ်ခံပါရစေ။
နယ်ချဲ့ကိုတော်လှန်ခဲ့ကြတဲ့ လွတ်လပ်ရေးအရယူပေးနိုင်ခဲ့ကြတဲ့ ဖက်ဆစ်နဲ့ အာဏာရှင်စနစ်ကို အစဉ်အဆက် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ တာဝန်တွေကို
ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီစနစ်စစ်စစ် ပေါ်ပေါက်ရေးနဲ့ ထာဝစဉ် တည်တံ့ခိုင်မြဲမယ့်
ငြိမ်းချမ်းရေးမျိုးပေါ်ပေါက်သည်အထိ ကိုယ်တိုင်ပါဝင်၍ဖြစ်စေ အကြံဉာဏ်များပေး၍ဖြစ်စေ မိမိတို့တတ်နိုင်သလောက်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆက်လက်၍ လက်တွဲပါဝင်ဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
မြန်မာပြည်ငြိမ်းချမ်းပါစေ -
(အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ)

ဂါမဏိပေးပို့ပါသည်။၊

http://www.yeyintnge.com/2010/11/blog-post_8296.html

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှ စီးပွားရေး ဦးမော့နိုင်မည်


ဧရာဝတီ Saturday, 20 November 2010 13:30

ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး ပြဿနာများ အဖြေ ရှာမှသာ မြန်မာ့ စီးပွားရေး
တိုးတက်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုလိုက်သည်။
ဧရာဝတီက မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ငါး
လုပ်ငန်း အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊
မြန်မာနိုင်ငံ စက်မှုကုန်ထုတ် အသင်းများမှ စီးပွားရေး
လုပ်ငန်းရှင်များကို တွေ့ဆုံ မေးမြန်းရာ လက်ရှိအခြေအနေတွင်
မြန်မာ့စီးပွားရေးမှာ ထွက်ပေါက် မရှိ သော အခြေအနေမျိုးတွင်
ဆိုက်ရောက်နေကြောင်း ပြောဆိုကြသည်။

“စီးပွားရေး၊ နိုင်ငံရေးက ထွက်ပေါက်မရှိသလို ဖြစ်နေတယ်။


စီးပွားရေးသမားတွေကလည်း အနာဂတ်မဲ့ ပုံစံဖြစ်နေတယ်။
လက် ရှိ အခြေအနေ အတိုင်းဆက်သွားမယ်ဆိုရင်
စီးပွားရေးပိုကျဖို့ ရှိတယ်”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ
အသင်းဝင် တဦးက ပြောသည်။

ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏
( - AP) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)က
မဲမသမာမှုများဖြင့် အနိုင်ရရှိပြီး ကြံ့ဖွံ့အရပ်သားအစိုးရ ပေါ်ပေါက်လာမည်ဖြစ်ရာ အမေရိကန် နှင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု
များလည်း ဖယ်ရှားမည် မဟုတ်ကြောင်း၊ ထို့အပြင် စစ်ယူနီဖောင်းချွတ်အရပ်သားအစိုးရက ပုံစံပြောင်း အုပ်ချုပ်မည်ဖြစ်သော ကြောင့် ပွင့်လင်းမြင်သာသော
ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်လာဦးမည် မဟုတ်ဘဲ အစိုးရ နှင့်နီးစပ်သူ စီးပွားရေးသမားများ သာ လုပ်ပိုင်ခွင့်ရသော စီးပွားရေးစနစ်က
နေရာယူထားဦးမည်ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေး အသိုင်းအ၀ိုင်းတွင် ပြော ဆို နေကြသည်။

“မြန်မာ့စီးပွားရေးကို ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်းတို့လို စစ်အစိုးရ ကျောထောက် နောက်ခံ စီးပွားရေး သမားကြီး တွေ ကပဲ ဆက်ပြီး လက်ဝါးကြီး
အုပ်ထားဦးမယ်။ အကြမ်းဖျင်း ပြောမယ်ဆိုရင် စီးပွားရေးလုပ်ချင်ရင် အစိုးရနဲ့ပေါင်းဆိုတဲ့ စီးပွားရေးစနစ်ပဲ ဆက်ဖြစ်သွားမယ်။ တကယ့် ဈေးကွက် စီးပွားရေးစနစ်
ပေါ်လာစရာ အခွင့်အလမ်းနည်းပါတယ်”ဟု UMFCCI အသင်းဝင် စီးပွားရေးသမား တဦးက ဆိုသည်။
ပြည်တွင်း စီးပွားရေးသမား တချို့က လွှတ်တော်များ ပေါ်ပေါက်လာပြီး မြန်မာ့စီးပွားရေးအတွက် အကျိုးရှိသော မူဝါဒ ဥပေဒ များချမှတ်ပေါ်ပေါက်လာကာ
မြန်မာ့စီးပွားရေး တရှိန်ထိုးဖွံ့ဖြိုးတိုးတက်မည်ဟု ယူဆကြကြောင်း၊ ထိုယူဆချက်မှာ ရာနှုန်းပြည့် မမှန်နိုင်ကြောင်း ဂဏန်းမွေးမြူ ရေးလုပ်ငန်းရှင်တဦးကလည်း
ပြောသည်။

“ဥပဒေတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ မူဝါဒတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ စစ်တပ် အုပ်ချုပ်တဲ့ အစိုးရ လက်ထက် ကတည်းက အကျင့်ပါနေတဲ့
လာဘ်ပေးလာဘ်ယူမှုက ပပျောက်ဖို့ ခဲယာဉ်းတယ်။ နောင် တက်လာမယ့် အစိုးရ သစ် ကလည်း အခုစစ်အစိုးရမှာ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ အရင်က
ပြောခဲ့ကြတယ်။ မူပြောင်း လူမပြောင်းစနစ် ဖြစ်မယ် ပေါ့။ အခုတော့ မူလည်းမပြောင်းဘူး လူလည်း မပြောင်းဘူး။ မူမပြောင်း လူမပြောင်းတဲ့အတွက်
စီးပွားရေးလည်း ပြောင်းဖို့ မမြင်ဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင် တဦးက ဆိုသည်။

မြန်မာ့စီးပွားရေးတိုးတက်ရန်မှာ အမေရိကန်၊ ဥရောပစသည့် အနောက်နိုင်ငံများနှင့် ချိတ်ဆက်ထားသော စီးပွားရေး စနစ် ဖြစ်ပေါ် လာမှသာဖြစ်နိုင်ကြောင်း၊


စီးပွားရေးပိတ်ဆို့မှုရှိနေသမျှ ပြည်တွင်းစီးပွားရေးမှာ အိမ်နီးချင်းနိုင်ငံများ၏ ဂုတ် သွေးစုပ် ရင်းနှီးမြုပ်နှံမှုကိုသာ ရရှိမည်ဖြစ်ပြီး အဆိုပါရင်းနှီးမြုပ်နှံမှုများသည်
အစိုးရအတွက် ၀င်ငွေရရှိစေကာ အသက်ရှုချောင် စေမည် ဖြစ်သော်လည်း တိုင်းပြည်နှင့် လူမျိုးကိုဆင်းရဲတွင်းမှ ဆွဲမထုတ်နိုင်ကြောင်း ပြည်တွင်း စီးပွားရေး
ပညာရှင် တဦးက သုံးသပ် သည်။

“စီးပွားရေးတိုးတက်လာတဲ့ တရုတ်နိုင်ငံကိုပဲကြည့်ကြည့်၊ ဗီယက်နမ်နိုင်ငံကိုပဲကြည့်ကြည့် အမေရိကန်၊ ဥရောပနဲ့ အနောက် နိုင်ငံကြီးတွေနဲ့


စီးပွားရေးဆက်ဆံမှုတွေလုပ်ရင်း ဖွံ့ဖြိုးတိုးတက်သွားတာ။ ဗီယက်နမ်ဆိုရင် အမေရိကန် စီးပွားရေးပိတ်ဆို့မှု ဖယ်လိုက်တော့မှ စီးပွားရေး ဖွံ့ဖြိုးလာတာ။
မြန်မာနိုင်ငံက သဘာဝသယံဇာတထွက်နေလို့ အိမ်နီးချင်းနိုင်ငံတွေက လာရင်းနှီး မြုပ်နှံရင်တောင် ဒီရင်းနှီးမြုပ်နှံမှုက အစိုးရကိုပဲ အသက်ရှုချောင်စေမှာ၊ တိုင်းပြည်
စီးပွားရေးအရှိန်အဟုန်နဲ့ ဖွံ့ဖြိုးစေတဲ့ အထိ မဖြစ်နိုင်ပါဘူး”ဟု အထည်ချုပ် လုပ်ငန်းရှင်တဦးကလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားပေးရန် ပြည်သူက တောင်းဆိုလျှင် ဖယ်ရှားရေး ဆောင်ရွက်မည် ဖြစ် ကြောင်း၊ သို့သော်လည်းစီးပွားရေး
ပိတ်ဆို့မှုများက ပြည်သူကို မည်သို့မည်ပုံ ထိခိုက်စေသည်ဆိုသော ခိုင်လုံတိကျသည့် အထောက် အထားများ ပြသရန် လိုအပ်ကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် တောင်းဆိုမည် မဟုတ်ဘဲ တောင်းဆို လျှင်လည်း အမေရိကန်နှင့်
အနောက်နိုင်ငံများက ရုပ်သိမ်းပေး မည်မဟုတ်ကြောင်း၊ မြန်မာ့စီးပွားရေးကို အိမ်နီး ချင်း နိုင်ငံများနှင့် ကူးလူးဆက်ဆံ၍ ရှေ့ဆက်သွားမည်ဖြစ်ကြောင်း
ပြည်တွင်းသတင်းထောက် များနှင့်တွေ့ဆုံသော သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောဆိုထားသည်။

မြန်မာနိုင်ငံစက်မှုကုန်ထုတ်အသင်းမှ ကုမ္ပဏီပိုင်ရှင် တဦးက နိုင်ငံနှင့် ပြည်သူအကျိုး အတွက် တွေ့ဆုံဆွေးနွေးသည့် နည်းဖြင့် အဖြေရှာခြင်းမှာ


အကောင်းဆုံးဖြစ်ကြောင်း ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားပြောနိုင်တယ် ပြောနေပြီ။ အစိုးရဘက်ကလည်း ဒီ အခွင့်အရေးကို အသုံးချပြီး စကားပြောကြရင်၊


တွေ့ဆုံနွေးကြရင် မြန်မာနိုင်ငံ ငါးနှစ်အတွင်း စီးပွားရေးတိုးတက်မှုတွေ သိသိသာသာ မြင်ရ မယ်၊ စကားပြောကြပါ၊ တွေ့ဆုံနွေးကြပါလို့ပဲ အကုန်လုံးကို
တိုက်တွန်းချင်တယ်”ဟု ၎င်းက ဆိုသည်။

စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသူ အမျိုးသမီးများအပေါ် အဓမ္မကျင့်မှု၊ နေအိမ်များ အတင်းအကျပ် ရွှေ့ ပြောင်းမှု၊ နိုင်ငံရေး လှုပ်ရှားသူများကို
ထောင်သွင်း အကျဉ်းချထားမှု အပါအ၀င် အာဏာ အလွဲသုံးစားပြု၍ ဖိနှိပ်မှုများ ကျူး လွန် နေခြင်းကြောင့် အမေရိကန်၊ ဥရောပ စသည့် အနောက်နိုင်ငံများက
မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ မှုများ ချမှတ် ထား ခြင်း ဖြစ်သည်။

ကမ္ဘာ့ ကလေးများနေ့ ချင်းမိုင်တွင် ကျင်းပ


စိုင်းဇွမ်ဆိုင်း Saturday, 20 November 2010 18:20

ကလေးများကို မိသားစုနှင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လုံခြုံမှု အပြည့်အဝပေးရန် လိုအပ်သည်ဟု နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့်
ကမ္ဘာ့ကလေးများနေ့ (Universal Children’s Day) အထိမ်းအမှတ
်အခမ်းအနားတွင် ကလေး အခွင့်အရေး လှုပ်ရှားနေသည့်
အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ


ချင်းမိုင်တက္ကသိုလ်ရှိ အနုပညာခန်းမတွင် “သံဆူးကြိုးများနောက်
မှ ပျံသန်းခြင်း”ဟု အမည်ပေးထားသည့် အထိမ်းအမှတ်ပွဲတခုကို
နိုဝင်ဘာလ ၁၉ နှင့် ၂၀ ရက်တို့တွင် ကျင်းပကြသည်။

၎င်းအထိမ်းအမှတ်ပွဲကို ကလေး ကူးသန်းရောင်းဝယ်မှု


တားဆီးရေး လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများဖြစ်သော
United ACT, Anti- Trafficking Coordination Unit Northern
Thailand (TRAFCORD), လူ့အခွင့်အရေး ပညာပေး
ရေးဌာန(မြန်မာနိုင်င)ံ (HREIB) တို့မှ ဦးဆောင်
စီစဉ်ခဲ့ခြင်းဖြစ်သည်။

HREIB မှ ဒါရိုက်တာဖြစ်သူ ကိုအောင်မျိုးမင်းက ကလေးများ၏


“” (- ) မိဘများအနေဖြင့် ကလေးများအပေါ် ဂရုစိုက်မှု အပြည့် အဝ
မပေးနိုင်ပါက ကလေးများ၏ ဘဝရှေ့ရေးအခြေအနေ ဆိုးဝါးသွားနိုင်ကြောင်း၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း လုံလောက်သည့်
စောင့်ရှောက်မှုမျိုးမပေးနိုင်ပါက ကလေးများအပေါ်တွင် များစွာ ထိခိုက်စေနိုင်ကြောင်း ပြောဆိုသည်။

“ကျနော်တို့နိုင်ငံက ကလေးတွေအတွက် တာဝန်အရှိဆုံးကတော့ အစိုးရ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်၊ နိုင်ငံတကာအသိုင်းအ ဝိုင်း ကြားမှာ ကလေးတွေရဲ့
အခွင့်အရေးကို လေးစားပါ့မယ်ဆိုပြီးတော့မှ ကလေးအခွင့်အရေးစာချုပ်မှာ လက်မှတ်ထိုး ခဲ့တယ်၊ ဒါပေမယ့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိလို့
မြန်မာနိုင်ငံမှာ ကလေးကူးသန်းရောင်းဝယ်မှုတွေ ဖြစ်နေ သလို ကလေးသေဆုံးမှုကလည်း တနှစ်ထက်တနှစ် မြင့်တက်နေပါတယ်”ဟု ကိုအောင်မျိုးမင်းက
ပြောသည်။
ကမ္ဘာ့ကလေးများနေ့အဖြစ် ကျင်းပသည့် အခမ်းအနားတွင် အဓိကအစီအစဉ်တရပ်အဖြစ် “ကြွေလွင့်ပန်းကလေးများ”ဟု အမည်ပေးထားသည့် ပြဇာတ်တပုဒ်ကို
မဲဆောက်မြို့ရှိ ဆာသူးလေ၊ SAW စသည့်ကျောင်းများတွင် ပညာသင်ကြားနေ သည့် မြန်မာရွှေ့ပြောင်းကလေးများက တင်ဆက်ခဲ့ကြသည်။

ယင်းပြဇာတ်တွင် ကလေးငယ်များ ကူးသန်းရောင်းဝယ်ခံရပြီးနောက် ဘဝပျက်ကြရပုံ၊ အမျိုးသမီးငယ်များကိုလည်း လိင်ဖျော်ဖြေရေး ရုံသို့ ရောင်းလိုက်သဖြင့်


ဘဝပျက်ကြရပုံ၊ မိသားစုနှင့် တကွဲတပြားဖြစ်ပြီး အသက်ဆုံးရှူံးကြသည်အထိ ဆိုးဝါးပုံ တို့ကို ပီပီပြင်ပြင် သရုပ်ဆောင် ခဲ့ကြသည်။

“ကိုယ် ကိုယ်တိုင်က ကလေးတယောက် ဖြစ်နေပေမယ့်လည်း တခြားကလေးတွေ လူကုန်ကူးမှု မခံရအောင် ပညာပေးတဲ့ သဘောမျိုး


လုပ်ဆောင်နေရတယ်ဆိုတော့ အရမ်း ကျေနပ်ပါတယ်”ဟု ပါဝင်ဖျော်ဖြေခဲ့သည့် မောင်ထက်ဝေယံကျော် က ဆိုသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့်
မြန်မာရွှေ့ပြောင်းကလေးများကို လိမ်လည်၍
ငါးဖမ်းလုပ်ငန်းများ၊ အသက်အရွယ် ငယ်ရွယ်သူများကို
သူတောင်းစားအဖြစ် ခိုင်းစေ၍ စီးပွားရှာနေမှုများသည်
အဖြစ်အများဆုံးဖြစ်သည်ဟု TRAFCORD အဖွဲ့မှ မစ္စ ဒွမ်ဝန်ဆာ
က ဧရာဝတီသို့ပြောသည်။

“အသက်မပြည့်သေးတဲ့ ကလေးတွေကို လိင်ဖျော်ဖြေရေး


ရုံတွေမှာ ရောင်းစားနေတာက ပြီးခဲ့တဲ့ သုံးလလောက်ကတည်း
စပြီး အဖြစ်များလာတယ်၊ အဓိကကတော့ ထိုင်း-
မလေးရှားနယ်စပ်မှာ အဖြစ်များနေတယ်”ဟု မစ္စ ဒွမ်ဝန်ဆာ က
ဆိုသည်။

ကလေးကူးသန်းရောင်းဝယ်ရေးကို တိုက်ဖျက်ရန်အတွက်
ကလေးအခွင့်အရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများ၊ ထိုင်း ရဲ
တပ်ဖွဲ့၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့၊
အခြားအာဏာပိုင်အဖွဲ့များနှင့် (- )
ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း သိရှိရသည်။

ကမ္ဘာ့ကလေးများနေ့ကို ၁၉၅၄ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေ ညီလာခံမှ သတ်မှတ်ပေးခဲ့သည်။

အင်တာနက်ဆိုင်များ CCTV ကင်မရာ တပ်ရန် ညွှန်ကြား


မျိုးမောင် Saturday, 20 November 2010 14:30

ရန်ကုန် မြို့တော်ခန်းမ အနီးရှိ အင်တာနက်ဆိုင် တခုတွင် ဗုံးများတွေ့ရှိ ပြီးနောက် အင်တာနက် ဆိုင်များတွင် CCTV ကင်မရာများ တပ်ဆင်ရန် အာဏာပိုင်များက
ညွန်ကြား ထားကြောင်း အင်တာနက်ဆိုင်များက ပြောသည်။
ပြီးခဲ့သောရက်ပိုင်းအတွင်းမှ စတင်၍
ထိုသို့ညွန်ကြားထားခြင်းဖြစ်ပြီး တပ်ဆင်ထားခြင်းရှိမရှိ
လာရောက်စစ်ဆေးမည်ဟု သက် ဆိုင်ရာမြို့နယ်
အာဏာပိုင်များက ပြောထားကြောင်း ရန်ကုန်မြို့တွင်းနှင့်
အလုံမြို့နယ်ရှိ အင်တာနက် ဆိုင်ပိုင်ရှင်များ က ပြောဆို သည်။

“ဗုံးတွေ့လို့ဆိုပြီးတော့ CCTV တပ်ဖို့လာပြောထားတယ်။


လာစစ်မယ်လို့ပြောထားတော့ တပ်ရမှာပေါ့။ အခုထိတော့
မတပ်သေး ဘူး”ဟု ရန်ကုန်မြို့တွင်း ပန်းဆိုးတန်းလမ်းရှိ
အင်တာနက်ဆိုင် တာဝန်ခံတဦးက ပြောသည်။

ထိုသို့အင်တာနက်ဆိုင်များတွင် CCTV တပ်ဆင်ရန်


ညွန်ကြားမှုကြောင့် အင်တာနက်ဆိုင်ဝန်ထမ်းများက
လာရောက်သုံးစွဲသူများ ကို အင်တာနက် စာမျက်နှာများမှ
ကူးယူခြင်း(Downloading)၊
စာမျက်နှာပေါ်သို့တင်ခြင်း(Uploading)များကို သတိထားကြရန်
( - arterimalaysia.com) ပြောဆိုမှုများရှိကြောင်း အင်တာနက်သုံးစွဲသူများက
ပြောပြသည်။

“အခု CCTV ကင်မရာ တပ်ခိုင်းထားတယ်။ ဒါကြောင့် Download၊ Upload လုပ်ရင် သတိထားဖို့၊ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ မလုပ်ဖို့ သတိလာပေးတယ်”ဟု
အလုံမြို့နယ်ရှိ အင်တာနက်ဆိုင် တဆိုင်တွင် သုံးစွဲခဲ့သူတဦးက ဆိုသည်။

တချို့ဆိုင်များတွင် ထိုကဲ့သို့သတိပေးမှုများရှိသော်လည်း ဆိုင်အများစုတွင်မှု ထူးခြားမှုများ မတွေ့ရကြောင်း၊ တချို့ဆိုင်များတွင် လုံခြုံရေးအတွက်ဟုဆိုကာ


မူလကတည်းကပင် CCTV ကင်မရာများ တပ်ဆင်ထားမှု ရှိကြောင်း သိရသည်။

အင်တာနက် သုံးစွဲရာတွင် ပုဂ္ဂိုလ်ရေးလုံခြုံမှုသည် အရေးပါရာ လုံခြုံရေးအတွက် CCTV ကင်မရာတပ်ဆင်သော်လည်း ပုဂ္ဂိုလ်ရေး လုံခြုံမှုကို ထိခိုက်သော
စောင့်ကြည့်မှုမျိုးကိုမူ လက်ခံနိုင်ဖွယ်ရာမရှိကြောင်း အင်တာနက်သုံးစွဲသူတချို့ကပြောသည်။

“လုံခြုံရေးအတွက် ကင်မရာတပ်တယ်ဆိုပေမယ့် လိုအပ်သလောက်ပဲ တပ်ခိုင်းစေချင်တယ်။ တချို့ဆိုင်တွေဆို မလိုအပ်ဘဲ အများကြီး တပ်ထားတယ်။


သုံးစွဲသူတွေ အတွက်စိတ်ထဲမှာ မလုံခြုံဘူး”ဟု အင်တာနက် ပုံမှန်သုံးစွဲလေ့ရှိသော တက္ကသိုလ် ကျောင်းသား တဦးက ဆိုသည်။

ရန်ုကုန်မြို့တော်ခန်းမ အနီးရှိ အင်တာနက်ဆိုင် တဆိုင်တွင် ဗုံးတွေ့ရှိခဲ့ကြောင်း ပြည်ပ သတင်း မီဒီယာ များတွင် ပြီးခဲ့သော ရက်ပိုင်းက ဖော်ပြခဲ့သည်။
ယမန်နေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်း သတင်းစာတွင်လည်း နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ City Star ဟိုတယ်
အောက်ထပ်ရှိ Star Net အင်တာနက် ဆိုင်၌ ချိန်ကိုက်မိုင်း ၄ လုံး တွေ့ရှိကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်း ရန်အချိန်မီ ဖယ်ရှား နိုင်ခဲ့ကြောင်း၊
မသကာင်္ဖွယ်တွေ့ရှိပါက တာဝန်ရှိသူများထံသတင်းပို့ရန် နှိုးဆော်ကြောင်း ဖော်ပြ ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များတွေ့


ဝင့်နဒီ Saturday, 20 November 2010 16:29

၂၀၁၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းများအနေဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသူ ၁၁ ဦးခန့်က ယမန်နေ့ နံနက် ၁၀ နာရီ ၀န်းကျင်တွင် ရန်ကုန်
ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည် ကို လာရောက် တွေ့ဆုံ ဆွေးနွေးကြောင်း သတင်းရရှိသည်။
ယင်းသို့ ဆွေးနွေးရာ၌ ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့နှင့် မြန်မာနိုင်ငံ
ဒီမိုကရေစီရေးအတွက် ပူးပေါင်း ဆောင်ရွက် သွား မည်ဟု ပြောဆိုကြောင်း
ကမာရွတ်မြို့နယ် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်
ယှဉ်ပြိုင်ခဲ့သော ဒေါက်တာ ဖုန်းဝင်းက ပြောသည်။

“တွေ့ချင်ပါတယ်လို့ ကျနော်တို့က ကမ်းလှမ်းထားလို့ အချိန်ပေးတာပါ။ တွေ့ဆုံပြီးတော့


ရော မတွေ့ဆုံခင်ကရော ကျနော့်ရဲ့ ခံယူချက်ကတော့ အတူတူပါပဲ၊ ကျနော်တို့ကတော့
လောလောဆယ်တော့ ကျနော်တို့ တသီးပုဂ္ဂလ အနေနဲ့ ဆက်လက် ရပ် တည်သွားမှာပါ၊
ကျနော်တို့က ပြောထားတဲ့အတိုင်းပေါ့၊ ဒီမိုကရေစီ အလုပ်တွေကို လုပ်ခြင်းအားဖြင့်
အားလုံး ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ဒေါက်တာဖုန်းဝင်း၏ ဇနီး လှိုင်မြို့နယ်မှ တသီးပုဂ္ဂလ


( - BBC) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော
ဒေါ်ယူဇာမော်ထွန်းကလည်း “ကျပ်တည်းနေတဲ့ အကူအညီ၊ ပြည်သူတွေရဲ့ အားကိုးရာ ဒီလိုဖြေရှင်းပေးရမှာတွေ အများကြီးပေါ့ အခုဆိုရင် ကျမတို့
ရှေ့လျှောက်ပြီးတော့ လူမှုရေးလုပ်ငန်းတွေ တက်တက်ကြွကြွ ရရင်ရသလို ရနိုင်သမျှ ကူညီသွားမှာပါ၊ နိုင်ငံ ရေးမို့လို့ ဒီမိုကရေစီမို့လို့ မဟုတ်ပါဘူး၊
အားလုံးရဲ့အကျိုးစီးပွားကို အကုန်အတူတူ လုပ်မယ်လို့ ပြောသွားပါတယ်”ဟု ပြော သည်။

အများပြည်သူ ကောင်းကျိုး ရည်ရွယ်ပြီး တွေ့ဆုံဆောင်ရွက်ခြင်းသာ ဖြစ်ပြီး ဥပဒေ ဘောင်အတွင်းမှ ပြည်သူ့အတွက် အကျိုးပြု သွားမှာဖြစ်ကြောင်း
ဒေါ်ယူဇာမော်ထွန်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံခဲ့ကြသော တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများမှာ ကိုသိန်းတန်၊ ကိုစိုးကြည် ၊ ကိုဝင်းကို ၊ကိုရန်ကျော်၊


ကိုဝင်းချို၊ ကိုလှမျိုးမြင့်၊ ကိုသန့်ဇော်၊ ဒေါက်တာ စောလွင်၊ ဒေါက်တာ ဖုန်းဝင်းနှင့် ဒေါ်ယူဇာမော်ထွန်း စသည်တို့ ဖြစ်ကြောင်း သိရှိရသည်။

“ပြည်တွင်းမှာ ရှိတဲ့အင်အားစုတွေရော ပြည်ပမှာရှိတဲ့ အင်အားစုတွေရော ဘယ်လိုလုပ်ရမယ်ဆိုတာကို ညှိနှိုင်း တိုင်ပင်ပြီး လုပ်ကြမှာပါ၊ အဲ့ဒါကိုလည်း


ဥပဒေဘောင် အတွင်းကနေပြီးတော့ပဲ လုပ်မှာပါ”ဟု တသီးပုဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ စောလွင် ကလည်း ပြောသည်။

ဒီမိုကရေစီအင်အားစုများ အားလုံးပေါင်းစည်းမိပါက ပြည်သူလူထုအတွက် အင်အားဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

NLD စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင် ၅၀ ပြောင်းရွှေ့ရမည်


စိုင်းဇွမ်ဆိုင်း Saturday, 20 November 2010 17:02

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့မှ စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင်များကို ရန်ကုန်တိုင်း သာကေတ ဆေးရုံသို့
လွှဲပေးရန် သက်ဆိုင်ရာ ဆရာဝန်များက ယနေ့ထပ်မံ ခေါ်ယူပြောဆိုကြောင်း သတင်း ရရှိသည်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ ၎င်းဝေဒနာရှင်များကို ထားရှိသည့် ဂေဟာ၏ တာဝန်ခံ NLD အဖွဲ့ဝင် ကိုရာဇာက ဂေဟာ ရှိ လူနာများမှာ များလွန်းသောကြောင့်
အခြားကူးစက် ရောဂါများ ထပ်မံဖြစ်ပွားပါက ကူးစက်ရန် အခွင့်အလမ်းများသဖြင့် သက်ဆိုင်ရာမှ စီစဉ်ထားသည့် သာကေတ ဆေးရုံသို့ ဝေဒနာရှင် ၅၀ ကို
လွှဲပြောင်းပေးရန် ဆရာဝန်ကြီးများက ခေါ်ယူ ပြောဆိုကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ကတော့ ဒီအတိုင်းတော့ မလွှဲပေးနိုင်ဘူး၊ သူတို့ပြောတဲ့နေရာကို ကျနော်တို့ အရင်ဆုံးလေ့လာမယ်၊ ပြီးတော့မှ လွှဲသင့် လွှဲထိုက်တဲ့သူ၊


သူတို့ပြောသလိုမျိုး တီဘီရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့သူတွေကိုပဲ လွှဲပေးမယ်လို့တော့ သူတို့ ကို အကြောင်း ပြန်ထားတယ်”ဟု ကိုရာဇာက ပြောပြသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့က HIV/ AIDS ဝေဒနာရှင်များ ထားရှိရာဂေဟာသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး ခဲ့ပြီးနောက် ရပ်ကွက်အာဏာပိုင်များက
ဝေဒနာရှင်များကို နောက်ထပ် ဧည့်စာရင်း တိုင်ခွင့်ပေးတော့မည် မဟုတ်ကြောင်း၊ လက်ရှိတိုင်ထားသည့် ဧည့်စာရင်းသက်တမ်းပြည့်ပြီး ၂၅ ရက်နေ့နောက်ပိုင်း
ဆက်လက်နေထိုင်သူများကို ဖမ်းဆီးမည် ဖြစ် ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က အကြောင်းကြားခဲ့သည်။

“ရယက လူကြီးကလည်း ဧည့်စာရင်း ထပ်ပေးဖို့၊ မပေးဖို့ကိုတော့ သူလည်း ဘာမှမတတ်နိုင်ဘူး၊ မယက လူကြီးပေါ်မှာပဲ မူတည်တယ်၊ ဒီနေ့ နေ့လယ် အထိတော့
ဧည့်စာရင်းထပ်ရဖို့ အခြေအနေမရှိဘူးလို့ ရယက လူကြီးက ကျနော်တို့ကို ပြော တယ်၊ ကျနော်တို့ကတော့ ဧည့်စာရင်း ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ
ဆက်နေဦးမှာပဲလို့တော့ ပြန်ပြောခဲ့တယ်”ဟု ကိုရာဇာက ဆိုသည်။

ယနေ့ ပြောဆိုသည့် ဆရာဝန်ကြီးများကမူ မယက လူကြီး ဦးကိုကိုလှိုင် နှင့်မတူဘဲ နွေးနွေးထွေးထွေး ပြောဆိုဆက်ဆံ သည်ဟုလည်း ၎င်းက ပြောသည်။

“ဒီနေရာက တခြား NGO တွေ လုပ်နေသလို သာမန်နေရာမဟုတ်ဘူး၊ ဒီနေရာက ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နဲ့ လူမျိုး အပေါ်ရှိတဲ့
သူ့ရဲ့အမြော်အမြင်ကြီးမှုကို ဖော်ကျူးတဲ့နေရာ ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာနဲ့ ကရုဏာ တရားတွေကို အကောင်အထည်ဖော်ပေးနေတဲ့နေရာ၊
ငိုညည်းသံတွေနဲ့ မျက်ရည်တွေကို သွေ့ခြောက်စေနိုင်တဲ့ ကွန်းခိုရာ၊ ကရုဏာ မေတ္တာတရားတွေကို ဆေးသားတင်ထားတဲ့နေရာ၊ အဲဒါကြောင့် မယက
လူကြီးပြောတဲ့ တချက်ကြောင့် ဒီနေရာ ကို ကျနော်တို့ မဖျက်ဆီးနိုင်ဘူး”ဟုလည်း ကိုရာဇာက ဆက်လက် ပြောဆိုသည်။
HIV/AIDS ဝေဒနာရှင်များကို သာကေတ ဆေးရုံသို့ လွှဲပြောင်းပေးရန် ပြောဆိုကြသူများမှာ တိုင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာ လှမြင့်၊ ဒေါက်တာ မျိုးသန့်၊
ဝေဘာဂီ ဆေးရုံအုပ် ဒေါက်တာ ဦးခင်အောင်စော၊ တိုင်းကျန်းမာရေး ဒု ဦးစီးမှူး ဒေါက်တာ ဒေါ်စန္ဒာဝင်း၊ တီဘီအထူးကု ဒေါက်တာ မြမြဝင်းနှင့်
မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ တင်မိမိခိုင် တို့ ဖြစ်ကြောင်း သိရှိရသည်။

အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားတချို့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်


ဇာနည်မာန် Saturday, 20 November 2010 15:56

အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား တချို့ ကျန်းမာရေး ချို့ယွင်းမှုများရှိနေပြီး ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေသည်ဟု
ထောင်ဝင်စာတွေ့သူ မိသားစုဝင်များက ပြောသည်။

တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်၊ တက်ကြွလှုပ်ရှားသူလူငယ် ကိုညီညီထွန်းနှင့် ရခိုင်လူငယ် တဦးတို့သည်


ခန္ဓာကိုယ် ချည့်နဲ့ဝေဒနာများခံစားနေရပြီး ပြင်ပဆေးရုံများသို့ ဆေးကုသခွင့် ရရန် လိုအပ်နေသည်ဟု မိသားစု ၀င်များက ပြောဆိုသည်။

“လေဖြန်းသလိုမျိုး ခြေထောက်တွေက ချည့်နေတယ်။ လူကလည်း တအားပိန်ပြီးတော့ မည်းခြောက်နေတယ်။ ဒီ ရက်ပိုင်း လေးအတွင်း ဖြစ်သွားတာ။ အရင် ၂
ပတ်လောက်က ဒီလို မဟုတ်ဘူး။ ဘာကြောင့်မှန်းဆိုတာ မသိဘူး။ ထောင်ဆေးရုံက အကြောဆေးပဲ ပေးထားတာ မသက်သာလို့ အပြင်ဆေးရုံ ပြဖို့ပြောထားတာ
ခုထိခွင့်မရသေးဘူး”ဟု ကိုရဲထွဋ်ခေါင်၏ ဇနီး မမေမျိုးစု က ပြောသည်။

ကိုရဲထွဋ်ခေါင်သည် တွံတေးမြို့နယ်တွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး ဆု တောင်းပွဲများတွင် ပါဝင်ခဲ့ခြင်းကြောင့်


ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃ နှစ် ကျခံနေရခြင်းဖြစ်သည်။

ထို့အတူ နာဂစ်ဒုက္ခသည်များ ကူညီရေး စေတနာ့ဝန်ထမ်းလူငယ်တဦးဖြစ်သည့် တောင်ဥက္ကလာပမှ ကိုညီညီထွန်းနှင့် ရခိုင်လူငယ်တဦးသည်လည်း အလားတူ


ကိုယ်ခန္ဓာချည့်နဲ့ ဝေဒနာများ ခံစားနေရ၍ ထောင်အာဏာပိုင်များထံသို့ ထိရောက်သော ကုသမှုများပေးရန် မိသားစုဝင်များက ထပ်မံ တောင်းဆိုမည်ဟု သိရသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်ချခံထားရသူပေါင်း ၂၂၀၃ ဦး ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး
အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ထုတ်ပြန်ထားသည်။

မန္တလေး အိမ်တော်ရာ ဘုရားဝင်း ဗုံးကွဲ၊ နှစ်ဦး ဒဏ်ရာရ


စိုင်းဇွမ်ဆိုင်း Saturday, 20 November 2010 15:38

ယနေ့နံနက် ၇ နာရီခန့်တွင် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အိမ်တော်ရာ ဘုရားဝင်းအတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော ကြောင့် အမျိုးသားနှစ်ဦး
ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ယင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အတည်ပြုပေးသော်လည်း အသေးစိတ်အချက်အလက်များ ဖြေဆို ရန်ငြင်းဆန်သည်။


သောင်းကျန်းသူ အဖွဲ့အစည်းများက လေ့ကျင့်ပေးထားသည့် ယူဂျီများက နိုင်ငံတော် မငြိမ်မသက် ဖြစ်စေရန် ရည်ရွယ်၍ ခွဲခြင်းဖြစ်သည်ဟု ယူဆရကြောင်းလည်း
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရုံးက ဧရာဝတီသို့ ပြောသည်။

ပေါက်ကွဲသည့်ဗုံးကြောင့် ဘုရားဝေယျာဝစ္စ ပြုလုပ်နေသူ ဂေါပကအဖွဲ့ဝင် တဦးနှင့် တခြားအမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရရှိ ကြောင်း အိမ်တော်ရာဘုရား
ဂေါပကအဖွဲ့ဝင် လူကြီးတဦးက ပြောဆိုသည်။

“ဘုရား ဝေယျာဝစ္စလုပ်နေရင်း ဖြစ်သွားတာဆိုတော့ မျက်နှာနဲ့ လက်ကိုထိသွားတယ်၊ လက်က အရိုးပေါ်သွားတယ်။ မန္တလေး ဆေးရုံကြီးကို ပို့ထားတယ်။
ပေါက်ကွဲမှု ဖြစ်ပြီးချင်းတော့ ဘုရားဝင်းကို ပိတ်ထားတယ်။ အခုတော့ ပုံမှန်အတိုင်း ဝင်ထွက်လို့ ရနေပါပြီ”ဟု ဘုရားဂေါပက တဦးက ပြောသည်။

အိမ်တော်ရာ ဘုရားဝင်းအနီးတွင် နေထိုင်သူတဦးက“ဒေါ်အောင်ဆန်းစုကြည် မန္တလေးကိုလာမယ်ဆိုတဲ့ သတင်းလည်း ထွက်နေ တော့ လူတွေကို လူစု လူဝေး
မဖြစ်အောင်ကြိုတင်ပြီး ခြောက်လန့် ဟန့်တားလိုက်တာလို့ ကျနော်မြင်တယ်”ဟု ဆိုသည်။

မန္တလေးမြို့တွင်း၌လည်း လွန်ခဲ့သော ၃ ရက်ဝန်းကျင်ခန့်မှစပြီး ဗုံးလန့်ခြင်း၊ ဗုံးပေါက်ကွဲမည်ဆိုသော သတင်းများ လူထုအတွင်း ပျံ့နှံ့လျက်ရှိခြင်းများ


ဖြစ်ပေါ်နေကြောင်း အိမ်တော်ရာ ဘုရားအနီးနေထိုင်သူက ပြောဆိုသည်။

ယမန်နေ့ထုတ် အစိုးရသတင်းစာတွင် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်း၌ တာဝန်သိပြည်သူတဦး၏ သတင်းပေးမှုကြောင့် ရန်ကုန်မြို့ City Star ဟိုတယ်
အောက်ထပ်ရှိ Star Net အင်တာနက်ဆိုင်အတွင်း အကြမ်းဖက်အဖျက်သမားများ ထောင်ထား သည့် ချိန်ကိုက်မိုင်းလေးလုံးကို သက်ဆိုင်ရာမှ အချိန်မီ
ရှင်းလင်းဖယ်ရှားနိုင်ခဲ့သည်ဟု ရေးသားထားသည်။

ဧရာဝတီသတင်းထောက် ဇာနည်မာန်နှင့် မြတ်ကျော်တို့ ပူးပေါင်းရေးသားသည်။


http://www.irrawaddy.org/bur/

ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွား


Saturday, November 20, 2010
ဗုံးပေါက်ကွဲပြီးနောက် ဘုရားဝင်းအတွင်း ရှာဖွေမှုများ ပြုလုပ်နေစဉ် ဘုရားဖူးများ မ၀င်ရောက်စေရန် ကြိုးတားထားစဉ်

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ့မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
''နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူလည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက
ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့မှ ဘုရား သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးက
သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ အခုတော့
သက်ဆိုင်ရာက ရှာဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး ဧည့်သည်တွေ ၀င်ခွင့်မရှိပါဘူး''ဟု
ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပါသည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာသည် အိမ်တော်ရာဘုရားဝင်း အတွင်းရှိ တောင်ဘက်မုခ် နဂါးရုံဘုရား အနီးတွင် ဖြစ်ကြောင်း သိရသည်။
(မည်သည့် ပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်း ဆက်လက် စုံစမ်းဆဲဖြစ်ပါသည်။)
http://www.news-eleven.com/index.php?option=com_content&view=article&id=5957:mandalay-bomb&catid=44:2009-11-10-07-31-
38&Itemid=113

ကြက်ပျံ မကျ စည်ကားတဲ့ တောင်ကြီး တန်ဆောင်တိုင်


November 20, 2010 freedom news group Leave a comment Go to comments
နှစ်စဉ်ကျင်းပသည့် တောင်ကြီး တန်ဆောင်တိုင်တွင် Grand Royal ဖျော်ဖြေစင် ဉ် စတားမော်ဒယ် မှာအကပညာ ရှင် မလေး တစ်ဦး ဖျော်ဖြေနေစဉ်
ကျန် ရှိနေသည့် ပုံများ ကို ထပ်မံ တင်ဆက်ပေးပါမည် စောင့်မျှော်ကြည့် ရှုပါ ကျေးဇူး တင်ပါသည်။
• Be the first of share your friends

• Object 1

• Object 2


မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်း အပါအ၀င် လေး နေရာဗုံးပေါက်ကွဲ
November 20, 2010 freedom news group Leave a comment Go to comments

3
2

မဲပေးပါ

Bomb Blasts in Upper Burma four wounded


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း
Freedom News Group မှ သတင်းရရှိသည်။မန္တလေးမြို့လယ်အချက်ကျသော အိမ်တော်ရာဘုရားအတွင်း
ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ဦးထိခိုက်ဒါဏ်ရာရရှိပြီး သေဆုံးမှုမရှိကြေင်း မျက်မြင်ကြုံတွေ့သူတဦးက ပြောပြပါသည်။
”နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူ လည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက
ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့
ဘုရား မှာ ဝေယျာ ၀စ္စ လုပ်တဲ့ အမျိုးသမီးကြီးက သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ
ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ အခုတော့ သက်ဆိုင်ရာက ရှာ
ဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး
ဧည့်သည်တွေ ၀င်ခွင့်မရှိပါဘူး”ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောသည် ဟု Eleven Media ၏ အင်တာနက် စာမျက်နှာ
တွင် ဖော်ပြထားသည်
၇၃ လမ်းနှင့် လမ်း ၈၀ ရ၀တရုံး အနီးရှိ ထရန်စဖေါ်မာနေရာ တွင် လည်း ဗုံး နှစ် လုံးကွဲ သည် ဟု သတင်းရရှိသည်။
ဗုံးပေါက်ကွဲမှု ကြောင့် လူလေးဦး ထိခိုက် ဒဏ်ရာရရှိသည် ဟု သိရသည်။အသေးစိတ် ကို FNG မှ ထပ်မံ စုံစမ်း ဆဲ ဖြစ်သည်။

ကာတွန်းစောငို - ဒါတော့ မထိနဲ့လေ …


နိုဝင်ဘာ ၂၀၊ ၂၀၁၀

နိုဝင်ဘာ ၂၀၊ ပြည်တွင်းဂျာနယ်ဒိုင်ဂျက်


ဂျာနယ်ဂြိုဟ်သာဂိ
နိုဝင်ဘာ ၂၀၊ ၂၀၁၀
နိုင်ငံရေးဒသန - ဒေါက်တာခင်မောင်ဝင်းသချာင်္
ရွေးကောက်ပွဲအပြီးမှာ တသီးပုဂ္ဂလများ ပါတီထောင်မည်။ ၂၀၁၅ မှာ အနိုင်ရစေဖို့ ရည်ရွယ်တယ်
(၂၀၁၀ ရွေးကောက်ပွဲတောင် အတော်ဆန့်ကျင်ခဲ့ရသူတွေ အမောတောင် မပြေသေးဘူးဗျာ။)
ရှုံးနိမ့်ပါတီတွေ ဘာလုပ်ကြမလဲ။ ဦးစိုးမောင်၊ ဦးဘိုမောင်၊ ဦးထွန်းရွှေ၊ ဦးသိန်းတင်အောင် …
အနိုင်ရသူတွေကော ဘာလုပ်မှာလဲ။ ဦးနိုင်ငွေသိန်း၊ ဒေါ်တင်တင်မာ …
မြန်မာနိုင်ငံအနာဂတ် ဘာလဲ၊ ဘယ်လဲ။ နေ၀င်းမောင်၊ ဦးခင်မောင်ဆွေ၊ ဦးသုဝေ၊ ဦးအေးနိုင်၊ ဦးကျော်သန်း၊ ဦးအေးနိုင်၊
ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ
အရွေးခံသူတို့ရဲ့ အသံ - ဦးအေးမောင် (ရခိုင်ပါတီ)၊ ဦးစောခင်မောင်မြင့် (ဖလုံ၊ စဝေါ်ပါတီ)
ပါတီများ ရှုံးသော်လည်း ဆက်လက်ရှင်သန်မည်
နိုင်ငံပိုင် ၁၉ ကွင်းကို ပုဂ္ဂလိကကို ငှားလိုက်ပြီ
ရန်ကုန်လမ်းဘေးဆိုင် တလအခွန် ၃ သောင်း ပေးရ
၅ သိန်းတန်ဖုန်း ၂၃ မြို့နယ် ခြေဆန့်မည်
အလိုတော်ပြည့်ဆရာတော် အင်းစိန်အကျဉ်းသားများအား ဒါနပြု
ကန်တော်ကြီးကရ၀ိတ်ဥယျာဉ်တွင် ၀ိုင်ဖိုင် သုံးနိုင်ပြီ
- သည်နေရာမှာ ဖတ်နိုင်ပြီ -

ရွေးကောက်ပွဲဝင်သူ အမတ်လောင်းများက ၂၀၁၅ ကို မျက်စကြိုပစ်နေပြီ


မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၂၀၊ ၂၀၁၀
၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်က စစ်အစိုးရ၏ ကြံ့ဖွံ့ပါတီက မဲ အပြတ်အသတ်ဖြင့် နိုင်ကြောင်း ထုတ်ပြန်လိုက်သည်။
မကျေနပ်က တိုင်ကြားနိုင်ကြောင်းလဲ ထုတ်ပြန်ထားသည်။ သို့ဖြစ်၍ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့နဲ့ စစ်အစိုးရရဲ့ မသမာမှုများကို ရင်ဆိုင်ခဲ့ရသူ ပါတီများ၊
တသီးပုဂ္ဂလများက အမျိုးမျိုးသော တုန့်ပြန်ချက်များ ထုတ်နေကြချိန်တွင် တသီးပုဂ္ဂလအမတ်လောင်းအဖြစ် ၀င်ပြိုင်ခဲ့ကြသူ ၁၅ ဦးက ၂၀၁၅ ရွေးကောက်ပွဲတွင်
အနိုင်ရစေဖို့ ယခုကတည်းက ပါတီထူထောင်ရန် ပြင်ဆင်နေပြီဟု ပြည်တွင်းဂျာနယ်တခုတွင် ပြောကြားလိုက်သည်။
၎င်းတို့မှာ - ဦးရန်ကျော်၊ ဦးလှရှိန်၊ ဒေါက်တာသန်းမြင့်၊ ဦးကြည်ဦးသိန်း၊ ဦးဘတင့်ဆွေ၊ ဒေါက်တာစောနိုင်၊ ဦးဝင်းချို၊ ဦးဝင်းကိုကိုဝင်း၊ ဦးဇော်မင်းသိန်း၊
ဒေါက်တာစိုးလွင်၊ ဦးသိန်းဌေး၊ ဦးမြမောင်၊ ဦးခင်လှိုင်၊ ဦးတင်အေး နဲ့ ဦးကောင်းမြတ်ထွဋ် တို့ဖြစ်သည်ဟု ဆိုသည်။
ထိုအုပ်စုထဲက တချို့နှင့် အခြား တသီးပုဂ္ဂလများက ယမန်နေ့တွင် ဒေါ်စုနှင့် တွေ့ဆုံပြီး ဒီမိုကရေစီကွန်ယက်တွင် ပါဝင်နိုင်ရန်၊ လူမှုရေးကူညီစောင့်ရှောက်မှုများ
(HIV AIDS) ကိစ္စများတွင် ကူညီစောင့်ရှောက်ကြရန် ဆွေးနွေးကြဟု သိရသည်။ ၎င်းတို့မှာ - ဒေါက်တာဖုန်းဝင်း၊ ဒေါ်ယူဇာမော်ထွန်း၊ ဦးတင်ဆန်း၊ ဦးစန်းမြင့်၊
ဦးသိန်းတင်၊ ဦးမိုးထွန်း၊ ဦးရန်ကျော်၊ ဦးဝင်းချို၊ ဦးလှရှိန်၊ ဦးဝင်းကိုကိုဝင်း၊ ဦးသန့်ဇော်ဦး၊ ရှေ့နေ ဦးလှမျိုးမြင့်၊ တို့ဖြစ်သည်ဟု သိရသည်။
ရွေးကောက်ပွဲကို သပိတ်မှောက်ထားသော အင်န်အယ်ဒီပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က ယခုရွေးကောက်ပွဲ၏ မတရားမှုများကို ဖော်ထုတ်
မှတ်တမ်းတင်ပြီး အစီရင်ခံစာ ထုတ်မည်ဟု သဘောထား အရိပ်အမြွက်ပြောနေချိန်၊ တသီးပုဂ္ဂလ ၀င်ပြိုင်သူ အမတ်လောင်းများနဲ့လည်း တွေ့ဆုံ
သဘောထားနာကြားလျှက်ရှိရာတွင် ယခုကဲ့သို့သော ဂျာနယ်သတင်း ထွက်ပေါ်လာရာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပြီး ရွေးကောက်ပွဲဝင်ကြသူများ၏
ရပ်တည်ချက်မှာ မေးခွန်းထုတ်ချင်စရာ ဖြစ်သည်ဟု ပြည်တွင်းရှိ လေ့လာသူတို့က ထောက်ပြသည်။
http://www.moemaka.com/

ကော့ဘဇားမြို့ ဘုံကထိန် စည်ကားသိုက်မြိုက်စွာ ကျင်းပ

11/19/2010
Adjust font size:

ကော့ဘဇားမြို့ (ဖလောင်းချိတ)် ဘုံကထိန်ကို ရခိုင်အမျိုးသမီး ညီညွတ်ရေး


အသင်းမှ နိုဝင်္ဘာလ ၁၉ ရက်နေ့က အထူးစည်ကား သိုက်မြိုက်စွာ
ကျင်းပခဲ့သည်။

ဘုံကထိန်ပွဲတော်အား သုံးရက်တိုင်တိုင် ကော့ဘဇားမြို့ရှိ ပိဋကတ်


ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြပြီး ရခိုင်ပြည်နယ်မှ ဆရာတော်များ အပါအ၀င်
ဆရာတော် အပါး ၄၀ ခန့်မှ တက်ရောက်ချီးမြှင့်ခဲ့သည်။

၎င်းပြင် နိုဝင်္ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက သိမ်တပတ်ဆွမ်းလောင်းလှူပွဲကို


ပြုလုပ်ခဲ့ပြီး ဆရာတော်များက မြို့ကို ပတ်ကာ မြို့သူ မြို့သားများမှ
လောင်းလှူသော ဆွမ်းတော်ကြီးကို လက်ခံ ရယူခဲ့သည်။

ကော့ဘဇားမြို့ခံ တစ်ဦးက “ ကိုယ်ရိုးရာ ကိုယ်ယဉ်ကျေးမူ ဖြစ်တဲ့


သိမ်တပတ်ဆွမ်း လောင်လှူပွဲကို ကျင်းပပြုလုပ်ရတာ ဗုဒ္ဓဘာသာဝင်တွေ အကုန်လုံး ကုသိုလ်ယူနိုင်ရန် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ လူမျိုးခြားတွေ အများအပြား
ရှိနေတဲ့ ဒီမြို့မှာ ခုလို သိမ်တပတ်ဆွမ်းလောင်လှူပွဲကို မပြုလုပ်နိုင်တာ နှစ်အတော်ကြာနေခဲ့ပြီ ဖြစ်ပါတယ်။ အခုလို လုပ်တော့ အကုန်လုံးက မမြင်ဘူးတာကို
မြင်ဘူးကြရပါတယ်” ဟု ပြောသည်။

နေ့လည် ၃ နာရီတွင် ပိဋကတ် ကျောင်းတော်ဝင်း အတွင်း တည်ဆောက်ထားသော မဏ္ဍပ်တွင် ကျင်းအပြုလုပ်ခဲ့ကြပြီး ရာနှင့် ချီသော မြို့သူ မြို့သားများက
တက်ရောက်ခဲ့ကြသည်။

ကထိန်ပွဲတော်ကို ဦးဆောင် ကျင်းပရာတွင် ပါဝင်သူ ဒေါ်ဘုံမ က “ ခုလို


ဘုံကထိန်ပွဲတော်ကို ကျင်းပနိုင်ခြင်းမှာ ကျွန်မတို့ အမျိုးသမီးတွေ
ညီညွတ်အားနဲ့ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အရင် ကထိန်ပွဲတော်ကို
ချမ်းသာတဲ့ သူတွေကသာ ကျင်းပခဲ့ကြပေမယ့် ဒီနှစ်မှာတော့ အမျိုးသမီးတွေ
စုပေါင်း ကထိန် သင်္ကန်းကို ကပ်လှူ နိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်နှစ်တွေမှာလည်း ခုလို စုပေါင်း ဘုံကထိန် ဖြစ်ပေါ်အောင် ကြိုးစား
သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့ဘဇားခရိုင်တွင် တည်ရှိသော ကယုချောင်း၊ မြစ်နားရွာ၊


ခြံချောင်း၊ ဖလောင်းချိတ်၊ ဟာရဘင်း၊ သော်ဒီဂျာ အထက်ရွာနှင့် မဟားဇိုးရွာကြီး
တို့တွင်လည်း ကထိန်ပွဲတော်ကို ကျင်းပခဲ့ကြသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇားခရိုင်တွင် ယခင်က ရခိုင်လူမျိုး သုံးသိန်းခန့်


နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ လွတ်လပ်ရေး စစ်ပွဲအတွင်း မြန်မာဘက်သို့ ပြောင်းရွှေ့ သွားကြသဖြင့် ယခုအခါ ရခိုင်လူုမျိုး
သုံးသောင်းခန့်သာ ကျန်ရှိခဲ့သည်။

အဆိုပါ ပြောင်းရွှေ့သွားကြသူ ရခိုင် အမျိုးသားများ ကိုးကွယ်ခဲ့သော ဗုဒ္ဓဘာသာ သာသနိက အဆောက်အဦးများမှာ ယခုထက်ထိ ပြုပြင်မယ့်သူ မရှိဘဲ
တည်ရှိနေသည်။
လေဘေးသင့် ရွှေညိုမနှင့် ချောင်းဖျားကြီးကျေးရွာ ပြိုပျက်မည့် အနေထားဖြင့် ရင်ဆိုင်နေရ

11/20/2010
Adjust font size:

-------------
ထွန်းထွန်း
-------------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အဝေးတွင်တည်ရှိသည့် ရွေညိုမ နှင့် ချောင်းဖျား ကျေးရွာ နှစ်ရွာမှာ လေဘေးဒဏ်ကို
ခံခဲ့ရပြီးနောက် ယခုအခါ ရွာပြိုပျက်သွားမည့် အနေအထားဖြင့် ရင်ဆိုင်နေရကြောင်း ကျောင်းထိုင်ဆရာတော်က နိရဉ္စရာသို့ မိန့်ကြားသည်။

ဆရာတော်က “ အခု ဒီမှာ ဆည်ထားတဲ့ တာတမံတွေ ကျိုးပေါက်သွားတဲ့ အတွက် စပါး စိုက်ထားတဲ့ လယ်ဧက ၁၇၀၀ စပါး တလုံး တစေ့မှ မရဘဲ
ပျက်စီးသွားခဲ့ပါတယ်။ အဲဒီ တာတမံ တုတ်ထားတဲ့ ဆည်ကို ပြန်မဆည်နိုင်ရင် လုပ်ကိုင် စားသောက်စရာ မရှိတဲ့ အတွက် ရွှေညိုမနဲ့ ချောင်းကြီးဖျားကျေးရွာက
ပြိုပျက် သွားနိုင်ပါတယ် တကာကြီး” ဟု ပြောသည်။

ယခုကဲ့သို့ မုန်တိုင်းကြောင့် ရွာသားများ မှီခိုအားထားရာ တာတမံ ဆည်ကြီး ပေါက်သွားသဖြင့် ဒီရေကြီးတိုင်း ရေများ လယ်ကွင်းသို့ ၀င်ရောက်နေပြီး
အချိန်ကြာလာပါက ပိုပြီး ပျက်စီး သွားနိုင်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ ဆည်ပေါက်သွားတဲ့ ကတည်းက မြို့နယ် မယကကို သွားတိုင်ထားပါတယ်။ ဒီနေ့ထိ ဘာမှ အကြောင်းပြန်ကြားတာ မရှိသေးဘူး။ လုပ်ပေးဖို့ နေနေသာသာ
သတင်းတောင် ဘာမှ မမေးဘူး။ ကျေးရွာသားတွေကလည်း စားစရာ ဆန်မရှိ နေစရာ အိမ်မရှိ ဖြစ်နေတဲ့ အချိန်မှာ ဒီဆည်ကြီးကို ပြန်လည် ဆည်ဖို့ ရေးကိုလ်ညး
မလုပ်နိုင် မကိုင်နိုင် ဖြစ်နေပါတယ်။ ဒါကြောင့် အကူအညီတွေ အများကြီး လိုအပ်နေပါတယ်” ဟု ဆရာတော်က ဆက်မိန့်ကြားသည်။

ယခုလက်ရှိ အခြေအနေတွင် ရွှေညိုမ ကျေးရွာတွင် WFP မှ ထောက်ပံ့ပေးသော ဆန်များကို ရရှိနေပြီး ကျေးရွာသားများမှာ အဆိုပါ ဆန်ကို အဓိက မှီခို
စားသောက်နေကြရသည်ဟု သိရသည်။ ကျန်းမာရေးမှာလည်း အဆိုပါ ကျေးရွာနှင့် ချောင်းဖျားကြီး ကျေးရွာတွင် ပြဿနာ မရှိကြောင်း ဆရာတော်က
မိန့်ကြားသည်။

တခြား ကျေးရွာ သား တစ်ဦးကလည်း “ ကျွန်တော်တို့ နေထိုင်တဲ့ ရွှေညိုမရွာနဲ့ အနီးနားတ၀ိုက်မှာ ချောင်းကြီးဖျား၊ ကွမ်းချောင်း နှင့် မြိုင်ချောင်းရွာဆိုပီး ရွာ ၄ ရွာ
ရှိပါတယ်။ အဲဒီ ရွာတွေမှာ ဆည်ကို မှီပီး လုပ်ကိုင် စားသောက်နေတဲ့ အိမ်ခြေပေါင်း ၄၀၀ ၀န်းကျင်ရှိတယ်။ ရွာအားလုံးက ဆည်မြောင်း တခုတည်းမှ ရေကိုမှီပြီး
လုပ်ကိုင် စားသောက်နေရတာ ဖြစ်ပါတယ်။ ဆည်က အကြီးအကျယ် ကျိုးပေါက်သွားတဲ့ အတွက် လူတွေ တော်တော် ဒုက္ခရောက်နေကြရပါတယ်။ အစိုးရက
မဆည်ရင် ရွာသားတွေ အနေနဲ့ ဒီတာတမံ ဆည်ကြီးကို ဆည်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ စပါး စိုက်ပျိုး ရနိုင်မယ့် အခြေအနေမရှိရင် ဘယ်သူကမှ
ဒီရွာတွေမှာ နေကြတော့မှာ မဟုတ်ပါဘူး။ အခုတောင် တချို့ မိသားစုတွေ ပြောင်းရွှေ့ဖို့ စီစဉ် နေကြပါပြီ“ ဟု ပြောသည်။

အဆိုပါ ဆည်တာတမံများမှ အစိုးရ ဆည်မြောင်း ဦးစီးဌာနမှ ဆည်ပေးထားသော ဆည်တာတမံများ ဖြစ်ကြသည်။

ယခု ပြောင်းရွှေ့ရမည့် အနေအထားသို့ ရောက်ရှိနေသော ရွှေညိုမကျေးရွာတွင် အိမ်ခြေပေါင်း ၂၈၃ အိမ်ရှိပြီး လူပေါင်း ၂၃၁၆ ဦးနေထိုင်ကြောင်းနှင့်
ချောင်းဖျားကြီးကျေးရွာတွင် အိမ်ခြေပေါင်း ၂၆၀ ကျော်ရှိကြောင်း သိရသည်။

စစ်တွေ တက္ကသိုလ် ကျောင်းသားများမှ ခေတ်လေးခေတ် ရိုးရာ အ၀တ်အစားများဖြင့် သင်ပုန်းဆွမ်း ကပ်လှူပွဲကို စစ်တွေတွင် ကျင်းပမည်

11/19/2010
Adjust font size:

၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ကျရောက်သော တန်ဆောင်းမုန်း လပြည့်နေ့တွင် စစ်တွေ တက္ကသိုလ် ကျောင်းသားများ ဖွဲ့စည်းထားသော AUSSAR
အသင်းမှ ဦးစီးပြီး ရခိုင် ခေတ် ၄ ခေတ် ရိုးရာ အ၀တ်အစားများကို ၀တ်ဆင်ပြီး သင်ပုန်းဆွမ်း ကပ်လှူပွဲကို စစ်တွေမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း
သတင်းရရှိသည်။

အဆိုပါ သင်ပုန်းဆွမ်း ကပ်လှူပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၂၁)ရက် တနင်္ဂနွေနေ့ တဆောင်မုန်းလပြည့်နေ့ နံနက် ၆း၀၀ နာရီတွင် စစ်တွေမြို့ လောက
မာရ်ဇိန်ပြည်လုံး ချမ်းသာဘုရားကြီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဟု တာဝန်ရှိသူများက ပြောသည်။

“ သင်ပုန်းဆွမ်း ကပ်လှူပွဲကို လောကမာရ်ဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးမှာ ရခိုင် မင်္ဂလာ စည်တော်ကိုတီးပြိး ရခိုင်ရိုးရာ အစဉ်အလာ အတိုင်း ကျင်းပ ပြုလုပ်
ဖြစ်ပါတယ်။ သင်ပုန်းဆွမ်း ကပ်လှူရာမှာလည်း ရခိုင် မင်္ဂလာစည်တော်က ရှေ့မှ ဦးဆောင်ပြီး နောက်မှ ကျောင်းသား ကျောင်းသူ အယောက် ၁၀၀ ကျော်ခန့်က
ဓညဝတီခေတ်၊ ဝေသာလီ ခေတ်၊ လေးမြို့ ခေတ်၊ မြောက်ဦးခေတ် စတဲ့ ခေတ်(၄) ခေတ်ရဲ့ ရခိုင်ရိုးရာ ဝတ်စုံများကို ဝတ်ဆင်ပြီး မြို့ကိုပတ်၍ ရခိုင်ရိုးရာ
ယဉ်ကျေးမှုကို ဖော်ထုတ် တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု အသင်းဝင် ကျောင်းသား တဦးက နိရဉ္စရာ သို့ ပြောကြားခဲ့သည်။

အဆိုပါ သင်ပုန်းဆွမ်းကပ်လှူပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ တက္ကသိုလ် ပေါင်းစုံမှ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူ များက ပျော်ပျော် ရွှင်ရွှင်
စည်စည်ကားကား ကပ်လှူပူဇော်မည်ဟုလည်း ပြောကြားသည်။

သင်ပုန်းဆွမ်းကပ်လှူပွဲကို ကျင်းပရခြင်း ရည်ရွယ်ချက်ကို သူက ယခုလို ရှင်းပြသည်။

“ ဒီပွဲကို ကျွန်တော်တို့ (AUSSAR) အသင်းက ဦးစီးပြီးတော့ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ (AUSSAR) ဆိုတာကတော့ (Association of University Social
and Stipen Affair Rakhine) တက္ကသိုလ် ပညာသင် ထောက်ပံ့ရေးနဲ့ သာရေး နာရေး အသင်း (ရခိုင)် ဖြစ်ပါတယ်။ ဒီအသင်းကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့
တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူ တွေနဲ့ ဖွဲ့စည်း ထားတာပါ။ ကျွန်တော်တို့ အသင်းကတော့ ကျောင်းသားတွေရဲ့ နာရေနဲ့ ပတ်သတ်လို့လည်း ကုညီ
ထောက်ပံ့ပေးသလို သာရေးနဲ့ ပတ်သတ်လာရင်တော့ ကျွန်တော်တို့က ရခိုင်ရိုးရာ အစဉ်အလာ ကို ဖော်ထုတ်မူ ပြုလုပ်ပါတယ်။ ဒီသင်ပုန်းဆွမ်း ကပ်ရတဲ့ အဓိက
အချက်လည်း ရခိုင်ရိုးရာကို ထိမ်းသိန်း စောင့်ရှောက်ရေးနဲ့ ဖော်ထုတ်ရေး အတွက် ဖြစ်ပါတယ်။”

http://www.narinjara.com/

သျှမ်းပြည် (မြောက်ပိုင်း) ၌ ယခုနှစ် ဘိန်းစိုက်ပျိုးရေး စတင်


Friday, 19 November 2010 21:17 သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသအတွင်း၌ ယခုနှစ်ဘိန်းစိုက်ရာသီအတွက် မြေပြုပြင်မှုများစတင် နေရာ ယခင်နှစ်ထက် စိုက်ဧက


ပိုမိုများပြားဖွယ်ရှိကြောင်း ဒေသတွင်း ခရီးသွားတစ်ဦး၏ အဆိုအရ သိရသည်။
“ဘိန်းစိုက်ဖို့ နေရာရှင်းနေတာပေါ့ အခုက ခြံကပေါက်ပြီပေါ့ ပြီးတဲ့နေရာတော့ စိုက်သွားပြီလေ ဧရိယာကများတယ် တော တွေ တောင်တွေ အားလုံးထူတယ်လေ
သူတို့က (ဒေသခံ) ဘာမှမစိုက်ဘူးလေ ဒါပဲစိုက်တယ်လေ ဒီနှစ်ကဘိန်းခြံပိုများ တယ် ဟိုနှစ်ထက်ပိုများတယ် နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသပဲလေ ” လို့ သူက
ဆိုသည်။

ဘိန်းစိုက်ရာသီတွင် ရင်းနှီးမတည်ငွေအဖြစ် ဘိန်းစိုက်တောင်သူများကို ငွေကြိုထုတ်ပေးသူများ ရှိကြောင်း ဘိန်းအကြောင်း နှံ့စပ်သူ ဒေသခံနောက်တစ်ဦးက


ပြောသည်။

“ လူပုဂ္ဂိုလ်ပေါ်မူတည်ပြီး နှစ်ဦးနှစ်ဘက် ယုံကြည်မှုနဲ့ ငွေကြိုထုတ်ပေးတာပေါ့ မြေသြဇာကောင်းပြီး ဘိန်းအထွက်များတဲ့ နေရာ နံမည်ကောင်းရှိတဲ့လူဆိုရင်


ငွေကိုကြိုတင်ထုတ်ပေးထားတယ် အကြောင်းအမျိုးမျိုးကြောင့် ဘိန်းမထွက်တာတို့ ဖျက်ဆီးခံရတာတို့ ဆိုရင် ယုံကြည်မှုနဲ့လုပ်တာဆိုတော့ နှစ်ဘက်ညှိနိုင်းပြီး
လုပ်ကြတယ် ” လို့ သူက ဆိုသည်။

ထို့အပြင် ဘိန်းမထွက်ခင် ကြိုတင်ရောင်းချသည့် စနစ်ဖြင့်လည်း ငွေကြိုယူကြပြီး ဘိန်းထွက်လာချိန်တွင် ပေါက်ဈေး၏ ထက်ဝက်ဈေးဖြင့် ငွေပေးချေကြောင်း


သိရသည်။

မြန်မာစစ်အစိုးရနှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇ၀တ်မှုဆိုင်ရာရုံး UNODC တို့ပူးပေါင်း၍ သျှမ်းပြည် (မြောက်ပိုင်း) အတွင်း


ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးစီမံကိန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သော်လည်း ဒေသခံများ အကျိုး မရှိသည့် အပြင် အဆိုပါ စီမံကိန်းကြောင့်
ဒေသခံများ၏ ခြံမြေ အသိမ်းခံရမှုများရှိကြောင်း သိရသည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး UNODC ၏ ယခုနှစ် ဇွန်လထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် ဒုတိယအများဆုံး


ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်းနှင့် ၂၀၀၉ ခုနှစ်က သျှမ်းပြည်(မြောက်ပိုင်း) အတွင်း ဘိန်းစိုက်ပျိုးမှုသည် ၁၀၀ ရာခိုင်နူန်းတိုးတက်လာကြောင်း
အစီရင်ခံထားသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကို သံလျင်မြို့နယ် NLD အဖွဲ့ဝင်များ ကြိုဆို


Posted by admin on November 20th, 2010

nld
ယနေ့ ၂၀ ရက် နိုဝင်ဘာလ ၂၀၁၀ (စနေ) နေ့မှာ ရန်ကုန်တိုင်း သန်လျင်မြို့နယ် အမျိုး သားဒီမိုကရေစီအ ဖွဲ့ချုပ် မြို့နယ်စည်း ရုံးရေးအဖွဲ့က ဦးစီပြီး
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ခြင်းကို ကြိုဆိုဝမ်းမြောက်ခြင်း အထိမ်းအမှတ်ပဒေသာပင် အလှူ တော်မင်္ဂလာတရပ် စည်ကား သိုက်မြိုက်စွာ
ကျင်းပခဲ့ပါတယ်။

ဒီကနေ့ နံနက်ပိုင်း ၉း၀၀ နာရီမှစတင်ကာ သန်လျင်မြို့နယ် ဘုရားကုန်းလမ်းဆုံနေ မြို့ နယ်စည်းအတွင်းရေးမှူးအဖွဲ့ချုပ် WEC အဖွဲ့ဝင် ဦးစိုးဟန် ရဲ့ နေအိမ်မှာ
အဖွဲ့ချုပ် အဖွဲ့ ၀င်တွေ သန်လျင် NLD လူငယ်တွေ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေတဲ့ ကျောင်း သား လူငယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်လာခြင်းကို ကြိုဆိုဝမ်း မြောက်ခြင်းအားဖြင့် ပဒေသာပင်သီကာ ကား ၆ စီးခန့် သန်လျင်မြို့တွင်း နေရာအနှံ့ လှည့်လည် ခဲ့ကြပါတယ်။
ပဒေသာပင်တင်တဲ့ ကားတွေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံများချိတ်ကာ လှည့်လည်ခဲ့ကြတယ်။
သန်လျင်မြို့အနှံ့လှည့်လည်ခဲ့ပြီး အဲဒီကမှတဆင့် ကျောက်တန်းမြို့ကို သွားရောက်ကာ မြို့တွင်းလှည့်လည်ခဲ့ကြပါတယ်။ ဒိနောက် သန်လျင်ကျိုက်ခေါက်စေတီ
တော်မြတ်ကြီး ရှိ တန်ဆောင်မုန်းလပြည့်နေ့ ပဒေသာပင် စာရေးတန်မဲအတွက် ပဒေသာပင်ကို ပို့ ဆောင်ခဲ့ကြောင်း၊ အဆိုပါအလှူတော်မင်္ဂလာတွင် သန်လျင်မြို့မှ
NLD လူငယ်များနှင့် ကျောင်းသားလူငယ်များက တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိ သည်။

တန်ဆောင်မုန်း လပြည့်နေ့တွင်လည်း သန်လျင်ကျိုက်ခေါက် စေတီတော်မြတ်ကြီးသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်


သွားရောက်မည်ဖြစ်ကြောင်း သ တင်းရရှိပါတယ်။

ပေးပို့သူ … လွင်မြင့်
ကိုရာကျော်တို့ အဖွဲ့
Posted by admin on November 20th, 2010
“အောင်ဆန်းစုကြည်၊ အိုမာ ဘာခရီ နှင့် လူ့အခွင့်အရေးနိုင်ငံရေး”
Posted by admin on November 20th, 2010

dassk
လူသားတယောက်ဖြစ်ရတဲ့ဘ၀ အကျိုးပေးကြောင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မကြာ ခင်လေးကလွတ်မြောက်လာမှုကို
မြင်တွေ့ခွင့်ရလိုက် တာပါတယ်။ ဒါပေမယ့် အဲဒါဟာ အိုမာဘာခရီ မိုဟာမက်ရဲ့ လွတ်မြောက်မှုမျိုးတော့ မ ဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က
မြန်မာစစ်အာဏာရှင်တွေကို ပွင့်ပွင့်လင်းပြော ဆိုမှုနဲ့သူမရဲ့နိုင်ငံရေးလှုပ်ရှားဆောင် ရွက်မှုတွေကြောင့်နှစ်ပေါင်းများစွာ နေအိမ်အ ကျယ်ချုပ်
အချုပ်ခံခဲ့ရတာဖြစ်ပါတယ်။ အိုမာဘာခရီ ကတော့ အကြမ်းဖက်မှု ကျူးလွန်ခံ တာတွေအတွက် အပြစ်မှုထင်ရှားတွေ့ရှိခဲ့ရလို့ ထောင်ဒဏ်တသက်ကျခံ ခဲ့ရတာဖြစ်ပါ
တယ်။ သူတို့က သူ့ကို ၂၀၀၇ ခုနှစ် နရားလ်ဘားရဒ် ပဋိပက္ခ မတိုင်ခင် လက်ဘနွန်
ကြည်းတပ် စစ်သားတွေကို စွန်နီတွေက အကြမ်းဖက် တိုက်ခိုက်မှုမှာ စေ့ဆော်ဆောင် ရွက်ခဲ့တယ်လို့လည်းစွတ်စွဲခဲ့ပါတယ်။
နောက်သူဟာ လက်ဘနွန်အာဏာပိုင်တွေကို လျှော့ပါး အားနည်းသွားအောင်လုပ်မှုနဲ့ လူသတ်မှုတွေအတွက်လည်း စွတ်စွဲခံခဲ့ရပါတယ်။ သူဟာ ဗြိတိန်အစိုးရရဲ့
ပိတ်ပင်တား မြစ်မှုနဲ့ နှစ်ပေါင်း ၂၀ ကြာနေထိုင်၊သူ့နေရပ် ထရီပိုလီမှာ စကားပြောဆို ခဲ့အပြီးမှာ တော့ သူဟာ မွတ်ဆလင်တယောက်ဖြစ်လို့ ဗြိတိန်မှာ အပြစ်ရှိခဲ့ပြီး
အခု မွတ်ဆလင်တ ယောက် ဖြစ်မှုကြောင့်ပဲ လက်ဘနွန်မှာ အပြစ်ရှိနေတာဖြစ်တယ်လို့ ယုံကြည်လိုက်ပါ တယ်။ အိုမာဘာခရီ ခုထိအဖမ်းခံနေရဆဲဖြစ်ပြီးသူ့မှာ
အပြစ်မရှိပါဘူးလို့ပြောဆိုနေရ ပါ တယ်။ သူဟာ တမင်ဖန်တည်းထားတဲ့ တရားရုံးတွေနဲ့ ဖက်ပြိုင်ရင်ဆိုင်နေရတာဖြစ် တယ်ဆိုတာကို သိနေခဲ့ပြီး
အကြမ်းဖက်မှုတွေကို ရှုံ့ချဆန့်ကျင်ကြောင်း ပြောဆိုခဲ့ပါ တယ်။ သူက သူ့ကိုဖမ်းဆီးထောင်ချတာကို လိုလားတဲ့သူတွေဟာ လူ့အခွင့်အရေးနဲ့
လွတ်လပ်စွာပြောဆိုခွင့်ကို ယုံကြည်မှုမရှိသူတွေလို့ယူဆပါတယ်။
လူ့အခွင့်အရေးဆိုတာကတော့ ဒီကနေ့ခေတ်မီ ဒီမိုကရေစီနိုင်ငံတွေရဲ့ ဖွံဖြိုးတိုးတက်မှု နဲ့ တသားတည်း တွယ်ဖွဲ့ထားတာဖြစ်ပါတယ်။ ဒီမိုကရေစီဟာ
လူများစုအုပ်ချုပ်ရေးဖြစ် ပြီး လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ အခွင့်အရေး အကာအကွယ်ပေးခြင်းလည်း ဖြစ်ပါတယ်။ ဒါ ပေမယ့် လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ လူ့အခွင့်အရေးဟာ
တချို့အခွင့်အရေးတွေကို ခြိမ်း ခြောက်မှုတခုအဖြစ် ဒါမှမဟုတ် တာဝန်ကို ငြင်းဆန်လက်မခံမှု တခုအဖြစ် သတ်မှတ် သဘောထားတဲ့ ခိုင်မာတဲ့ဒီမိုကရေစီစနစ်နဲ့
တခါတရံ ဆန့်ကျင်ကွဲလွဲကောင်း ကွဲလွဲနိုင် ပါတယ်။ ဒီကနေ့ခေတ်ဒီမိုကရေစီ နိုင်ငံတွေရဲ့ ပြသနာကြီးတခုကတော့ လူပုဂ္ဂိုလ်တဦး ချင်းရဲ့ အခွင့်အရေးဟာ
နိုင်ငံရေး စိုးမိုးတည်ငြိမ်မှုပေါ်မှာ မူတည်နေတာလား၊ ဒါမှမ ဟုတ် နိုင်ငံရေး စိုးမိုးတည်ငြိမ်မှု ဟာ လူပုဂ္ဂိုတဦးချင်းရဲ့ အခွင့်အရေးပေါ်မှာ မူတည်နေ တာလား
ဆိုတဲ့ပြသနာ ဖြစ်ပါတယ်။
တဘက်ကပြောမယ်ဆိုရင်လည်း ပုဂ္ဂိုလ်တဦးချင်းစီဟာ သဘာဝအရ ကိုလွတ်လပ်၊ ညီ မျှ၊ အမှီအခိုကင်းပါတယ်။ ဒါပေမယ့် လူသားရဲ့သဘာဝက
သူတို့ကိုကြမ်းတမ်းပြင်းထန် သွားအောင်လုပ်လိုက်တာပါ။ တကယ်လို့ သူတို့ဟာ လူမှုတာဝန်ယူ လုပ်ဆောင်မှုတခု ပေါ်မှာ သဘောတူညီကြပြီး နိုင်ငံတော်
ဒါမှမဟုတ် အချုပ်အခြာ အာဏာတခုအတွက် သူတို့ရဲ့အခွင့်အရေး တချို့ကို စွန့်လွှတ် နိုင်ကြရင် ဖရိုဖရဲဝရုန်းသုန်းကား ဖြစ်စဉ်ထဲက
နေလွတ်မြောက်နိုင်ပါတယ်။ တဘက်က ပြောမယ်ဆိုရင်တော့ တချို့သူတွေက လူသား တွေဟာ ရိုးသားလိုက်လျှောတတ်တဲ့ သဘာဝရှိကြပါတယ်လို့
ယုံကြည်ကြပါတယ်။ ပြည် သူလူထုက ဘ၀၊ လွတ်လပ်မှု၊ ဥစ္စာပစ္စည်းနဲ့ ပျော်ရွှင်ချမ်းမြေ့မှု စတာတွေ လိုသဘာဝ အရ သူတို့ခံစားထိုက်တဲ့ အခွင့်အရေးတွေကို
လုံခြုံစိတ်ချရအောင် အစိုးရအဖွဲ့တွေကို တည်ထောင်ကြတာဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့ လူမှုဘ၀ ဒါမှမဟုတ် အမျိုးးသားအကျိုးစီး ပွားကို ခြိမ်းခြောက်လာတဲ့
အခွင့်အရေးတွေနဲ့ လွတ်လပ်မှုတွေကိုသာ စွန့်လွှတ်အနစ်နာ ခံကြရမှာဖြစ်ပါတယ်။
အခွင့်အရေးတွေဟာ လွတ်လပ်စွာပြောဆိုခွင့်၊ ကိုယ်းကွယ်ယုံကြည်ခွင့်၊ ဆုတောင်းခွင့်၊ စုရုံးခွင့်နဲ့ဖော်ထုတ်ရေးသားတင်ပြခွင့်တွေထဲမှာ ပါဝင်လာအောင်
အဆင့်ဆင့်ဖွံဖြိုးတိုး တက်လာပါတယ်။ တချို့ ဒီမိုကရေစီစနစ်တွေမှာတော့ မဲပေးခွင့်ဆိုင်ရာ အထူးအခွင့်အ ရေးတွေ ခွင့်ပြုပေးထားပြီး တချို့ကတော့
လူမှုဘ၀လုံခြုံရေး၊ လူထုကျန်းမာရေး စောင့် ရှောက်မှု၊ အိုးအိမ်၊ အလုပ်အကိုင်နဲ့ ပညာရေးစတဲ့ အခွင့်အရေးတွေနဲ့ နိုင်ငံရေး စီးပွား ရေးအခွင့်အရေးတွေကိုပါ
ပေါင်းဖြည့်ပေးအပ်ကြပါတယ်။ တချို့တွေဆိုရင် ကြောက်ရွံ့မှု၊ လိုအပ်မှု၊ အရိုအသေတန်မှု၊ လူမဆန်မှုတွေလို စိတ်ခံစားမှုဆိုင်ရာ စိတ်ပိုင်းဆိုင်းရာ အ
ခွင့်အရေးတွေအပေါ် အလေးထားကြပါတယ်။ ခုထိလည်း တချို့ဒီမိုကရေစီ စနစ်တွေ က လူ့ဂုဏ်သိက္ခာနဲ့ လူတွေရဲ့ကိုယ်ရည်ကိုယ်သွေး
ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် မရှိ
မဖြစ်လိုအပ်နေတဲ့ လူမှုရေးနဲ့ယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေးတွေတိုးတက်မြင့်မား အောင်လုပ်ဆောင်နေကြပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူ အများစုကတော့ နိုင်ငံအခြေပြု၊ လူပုဂ္ဂိုလ်တဦးချင်းလွတ်လပ် မှု လွတ်လပ်ခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးဖို့
တရားဥပဒေ စိုးမိုးမှုတွေကို လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကနေ လူများစုအုပ်ချုပ်ရေးရရှိဖို့ အလုပ် လုပ်ကြပါတယ်။ ဒါပေမယ်လို့ အဲဒါတွေဟာ လူ့အခွင့်အရေးကို
အာမခံနိုင်ဖို့ အခြေခံ ဘောင်တွေသာ ဖြစ်ပါတယ်။ တခါတရံမှာ ဒီမိုကရေစီနိုင်ငံလို့ဆိုရမယ့် နိုင်ငံတခုက လူ ပုဂ္ဂိုလ်တဦးချင်းတွေအနေနဲ့ လူမှုရေးအရ
ပြုပြင်စီရင်တာ၊ စိတ်ဓာတ်ရေးရာနဲ့ စိတ်ခံစား မှုပိုင်းမှာပြုပြင်စီရင်တာ၊ အပြုအမူပိုင်းအရ ထိမ်းချုပ်ကိုင်တွယ်တာတွေကို ခံရနိုင်ပါ တယ်။
ချစ်ခြင်းမေတ္တာ၊ ရိုသေလေးစားမှု၊နားလည်မှု၊ စာနာမှုနဲ့ သည်းခံခြင်း စတာတွေရဲ့ ကျင့် ၀တ်ဆိုင်ရာအခြေခံတွေမရှိဘူး၊ အသိပညာဆိုင်ရာစူးစမ်းမှု၊ ယဉ်ကျးဖွယ်ရာ
စကားပြော ဆိုမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှာဖွေတွေ့ရှိမှု၊ လက်ခံမှု စတဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အ သွေး တွေမရှိဘူးဆိုရင် လူတယောက်ရဲ့ ဒီမိုကရေစီဟာ
တခြားလူတယောက်ရဲ့ အာ ဏာရှင်အုပ်စိုးမှု ဖြစ်လာနိုင်ပါတယ်။
တကယ်လို့သာ ငြိမ်းချမ်းလုံခြုံမှုရှိတဲ့ လူမှုဆိုင်ရာတာဝန်ယူမှု သဘောတူညီချက်နဲ့ ငြိမ် သက်အေးချမ်းမှုတွေအတွက် လိုအပ်တဲ့ ယုံကြည်မှု၊ ပိုင်ဆိုင်မှု၊ တဦးကိုတဦး
ယုံကြည်မှု စတဲ့ ပုဂ္ဂိုလ်တဦးချင်းဆိုင်ရာ လူ့အခွင့်အရေးတွေကို လေးစားတန်ဘိုးထားတဲ့ ကောင်း မွန်တဲ့ နိုင်ငံတော်တခု တည်ဆောက်နိုင်ပြီဆိုရင်တော့
အထက်က ကျင့်ဝတ်ဆိုင်ရာ ဒီမို ကရေစီ အခွင့်အရေးတွေကို မျှော်လင့်လို့ရနိုင်ပါတယ်။ စစ်တပ်ဒီမိုကရေစီဆိုတာ က တော့ အကြောက်တရား၊ သံသယ၊
မယုံကြည်မှု၊ စိမ်းကားမှုနဲ့ ၀ါဒဖြန့်ချိမှုတွေပေါ်မှာ တည်ဆောက်ထားတာပါ။ သဘောထားကွဲသူတွေကို နှိပ်ကွပ်ဖမ်းဆီးအကျဉ်းချ နေရင်း နဲ့ပဲ သူတို့တွေက
မျိုးချစ်စိတ်ကို သည်းညည်းမခံ အလွန်အကျွံ်တရားသေကျတဲ့ အတွေး အခေါ်တခုထဲက ယုံကြည်မှုတခုအဖြစ် ပြန်ပြီးအဓိပါယ်သတ်မှတ် ထားကြပါတယ်။ အ
ကြောက်တရားနဲ့ပဲဖြစ်ဖြစ် လူ မှု ထိမ်းချုပ်မှု နည်းလမ်းတခုနဲ့ပဲဖြစ်ဖြစ် စစ်မှန်တဲ့ အချုပ် အာဏာပိုင်စိုးမှုဟာ အစတေးခံလိုက်ရပါတယ်။ မဲဆန္ဒပေးတယ်ဆိုတာ
အတုအယောင် သာဖြစ်ပြီး ဒီမိုကရေစီကတော့ သူ့ရဲ့ အစေ့အိမ်ထဲမှာပဲ ပုပ်ယိပျက်စီးလာခဲ့ပါတယ်။
ထောင်သောင်းချီတဲ့ သူမကိုထောက်ထံသူတွေကို မိန့်ခွန်းပြောခဲ့ရာမှာ ဒီမိုကရေစီရဲ့ အ ခြေခံဟာ လွတ်လပ်စွာပြောဆိုမှုနဲ့ စည်းလုံးညီညွတ်မှု ဖြစ်တယ်လို့
အတိအလင်း ပြော ကြားခဲ့ပါတယ်။ သူမက လိုချင်တာကိုရအောင်ယူဖို့ရာမှာ နည်းမှန်လမ်းမှန်ဖြစ်ရမယ်လို့ လည်း ပြောကြားခဲ့ပါတယ်။
သူမကိုဖမ်းဆီးထိမ်းသိမ်းထားခဲ့သူတွေအပေါ် အာဃာတ မရှိတဲ့အကြောင်း ပြောဆိုရင်း ပြည်သူလူထုကို မျှော်လင့်ချက်ကို မစွန့်လွှတ်ဖို့နဲ့ စိတ်
ပျက်လက်ပျက်မဖြစ်ကြဖို့ အားပေးပြောကြားခဲ့ပါတယ်။
စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ချစ်ခြင်းမေတ္တာ၊ သနား ကရုဏာ၊ ခွင့် လွှတ်မှုနဲ့ သည်းခံခြင်းတရားတွေနဲ့ ပေါင်းဖွဲ့ထားတဲ့လွတ်လပ်စွာ
ပြောဆိုခွင့်ကိုရှေ့ရှုတဲ့ ကိုယ်ကျင့်တရားရှိတဲ့ ဒီမိုကရေစီ တိမ်းညွှတ်မှုကို ဘယ်လိုများတုန့်ပြန်မှာပါလဲ။ မြန်မာ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့
မြန်မာပြည်သူလူထုကြီးရဲ့ အများကြီး ပိုမို ကောင်းမွန်တဲ့ အနာဂတ်တခုကို မျှော်လင့်ခွင့် အိပ်မက်မက်ခွင့် ယုံကြည်ခွင့်ရှိတဲ့ လူတ ဦးချင်းစီရဲ့ အခွင့်အရေးတွေကို
ဘယ်လိုတုန့်ပြန်လာမလဲဆိုတာ လူတယောက်အနေနဲ့ စဉ်းစားရမှာပါပဲ။ ဒီအချိန်မှာတော့ ထောင်ထဲရောက်၊ စစ်ခုံရုံးနဲ့စီရင်မှုကို ရင်ဆိုင်နေရတဲ့ အိုမာ ဘာခရီ က
ဘာသာရေးနဲ့ ကင်းလွတ်တဲ့ ဒီမိုကရေစီနဲ့ သူတို့ချပြထားတဲ့ “ပလီတွေ နဲ့ နိုင်ငံတော်ခွဲခြားရေး” ဆိုတာအပေါ် မေးခွန်းထုတ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အိုမာဘာခရီ နှစ်ဦးစလုံးက ဘာဖြစ်လို့ တချို့နိုင်ငံတွေကလူ့ အခွင့်အရေးနဲ့ လူပုဂ္ဂိုလ်တဦးချင်းရဲ့လွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုအဖြစ်
မြင်နေပေမယ့် တချို့နိုင်ငံတွေက အဲဒီလိုမမြင်ကြသလဲ၊ ဒါမှမဟုတ် တချို့အမျိုးသားနိုင်ငံတွေက လူ့အ ခွင့်အရေးရဖို့တခြား သူတွေရဲ့ လူ့အခွင့်အရေးတွေနဲ့
ရင်းဖို့အပေါ် အလေးအနက်ထား နေရတာလဲဆိုတဲ့ အငြင်းပွားဆွေးနွေးမှုကို ဖြည့်ဆွက်ပေးကြလိမ့်မယ်ဆိုတာ ရှင်းပါ တယ်။
ခုချိန်ထိကတော့ အကျင့်ပျက်ချစားမှု ရုပ်ဝတ္ထုဆံလွန်းမှု၊ စစ်သွေးကြွမှု၊ အတုအယောင် ဖြစ်မှု ဒါမှမဟုတ် ဆတ်ဆတ်ထိမခံတဲ့ ဘာသာတရားအရ (သို့)
လောကီရေးသက် သက်အရ လူမှုရေးနဲ့ စိတ်ခံစားမှုအရ ပြုပြင်စီရင်ထားတဲ့ ဒီမိုကရေစီတွေ (တကယ့် ဒီမို ကရေစီ ဖြစ်သလားဆိုတဲ့မေးခွန်းကိုတောင်းနေတဲ)့
အပါအ၀င် ကနေ့ခေတ် ဒီမိုကရေစီ တွေရဲ့ လမ်းကြောင်းနဲ့ ကြံဆထုတ်လုပ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး လူတယောက်အနေနဲ့ စဉ်းစားတွေးဆလာရအောင်
သူတို့ရဲ့စကားလုံးတွေနဲ့လုပ်ရပ်တွေက လုပ်ဆောင်နေပါ တယ်။ နောက် လက်သင့်ခံနိုင်မှု၊ သနားကရုဏာ၊ သည်းခံမှု၊ ခွင့်လွှတ်မှု နဲ့ချစ်ခြင်း
မေတ္တာတရားလွှမ်းခြုံမှုတွေရဲ့ အခြေခံဥပဒေသတွေမပါဘူးဆိုရင် ဖရိုဖရဲ ၀ရုန်းသုန်း ကားဖြစ်မှု ဒါမှမဟုတ် ဖိနှိပ်မှုတွေက ဒီမိုကရေစီစနစ်တခုနဲ့
ဒီမိုကရေးစီစနစ်တွေရဲ့ ကြား မှာတောင်မှ ထိပ်ဆုံးကစုစည်း ကြိုးကိုင်သွားနိုင်ပါတယ်။ ဒီလိုနဲ့ပဲ လူတယောက်ရဲ့ လွတ် လပ်မှုဟာ
တခြားသူတယောက်ရဲ့လွတ်လပ်မှုအစမှာ နိဂုံးချုပ်သွားပြီး နိုင်ငံတနိုင်ငံရဲ့ လူ့ အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတဦးဟာ တခြားနိုင်ငံတခုအတွက်
အကြမ်းဖက်သ မားတဦး ဖြစ်နေပါတော့တယ်။ ။
စိုးနေလင်း
(Dallas Darling (World News ဆောင်းပါးရှင)် ရဲ့ “Suu Kyi,Omar Bakri and Politics of Human Rights”ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။)

စစ်အုပ်စုလှည့်စားမှုကို ဒေါ်အောင်ဆန်းစုကြည် သတိပေး


Posted by admin on November 20th, 2010

DASSK
ဝါရှင်တန်။ ။ အမေရိကန်က မြန်မာပြည်နဲ့ဆက်ဆံတာဟာ ကောင်းတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရနဲ့ စကားပြောတဲ့ အခါ လျှော့မတွက်ဖို့
အမေရိကန်အရာရှိတွေ ကို တောင်းဆိုလိုက်ပါတယ်။
“အမေရိကန်က စစ်အစိုးရနဲ့ဆက်ဆံဖို့ ဆုံးဖြတ်လိုက်ပြီ သူတို့ ကျမတို့ကို ကျောခိုင်း လိုက်ပြီလို့ အခုပြောနေတဲ့လူတွေ အများကြီးရှိတယ်။”
လို့ နှစ်ရှည်လများ အိမ်ချုပ်ကျ နေတာကနေလွတ်လာအပြီးမှာ ဒေါ်စုက စီအင်န်အင်န် သတင်းဌာနကို ပြောပါတယ်။
“ကျမကတော့ အဲလိုမထင်ပါဘူး၊ ဆက်ဆံတယ်ဆိုတာ ကောင်းတဲ့အရာပဲ လို့ ကျမထင်ပါတယ်။”
လို့ သောကြာနေ့က အမေရိကန်ရုပ်သံလိုင်းက ထုတ်လွှင့်သွားတဲ့ မှတ်ချက်တွေမှာ သူမ က ပြောဆိုသွားပါတယ်။ ဒါပေမဲ့ “သူတို့ကို လျှော့တွက် ဆက်ဆံတာမျိုး
မဖြစ်စေချင်ဘူး၊ ဒါနဲ့ပတ်သက်လို့ သူတို့ကို လက်တွေ့ကျကျ ဖြစ်စေ ချင်ပါတယ်” သူက သတိပေးလိုက် ပါတယ်။
ကာလကြာပြီဖြစ်တဲ့ စစ်အစိုးရအပေါ် အထီးကျန်စေတဲ့ အမေရိကန်ရဲ့မူ ၀ါဒဟာအချည်း နှီးပဲလို့ နိဂုံးချုပ်အပြီးမှာ ပြီးခဲ့တဲ့နှစ်က အမေရိကန်သမတ
အိုဘားမားရဲ့အစိုးရအဖွဲ့ဟာ မြန်မာပြည်နဲ့တွေ့ဆုံဆွေးနွေးဖို့ ခြေလှမ်း စတင်ခဲ့ပါတယ်။ ၀ါရှင်တန်အနေနဲ့ တကယ် ဘာတွေဆက်ဖြစ်နေသလဲ၊ ဆက်ဆံရေးက
ဘယ်ကိုဦးတည်သွားနေတာလဲ၊ တကယ်လို အပ်တဲ့အပြောင်းအလဲတွေက ဘာတွေလဲ။ ဆိုတာကို မျက်ခြေမပြတ်သတိနဲ့ စောင့် ကြည့်သင့်တယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုပါတယ်။
အရှေ့အာရှရေးရာ၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ကမ်းဘဲလ် ဟာ တွေ့ဆုံဆွေး နွေးရေးကို ဦးဆောင်လုပ်ဆောင်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ အခုထိ
ရလဒ်ကို စိတ်ပျက် မိကြောင်း စက်တင်ဘာလက ပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဟာ
“ကျနော့် ရဲ့သူရဲကောင်း”
ပါလို့ ဆိုတဲ့ အိုဘားမားရဲ့ ပြောစကားကို ဖော်ပြပြီး စနေနေ့က အိမ်ချုပ်ကလွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်က ချီမွမ်းပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့
အမေရိကန် အစိုးရက နိုင်ငံရေးအကျဉ်းသား ခန့်မှန်းခြေ ၂၁၀၀ ကို လွှတ်ပေးဖို့ မြန်မာအာဏာပိုင် တွေကို ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။ ဒေါ်စုလွတ်ပြီး
နောက်တနေ့မှာ (၇) နှစ် အတွင်း ပထမဆုံးမိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။ ထောက်ခံသူထောင်ပေါင်းများစွာကို ညီညွတ်ကြဖို့ ပန်ကြားလိုက်ပါတယ်။
ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်တိုင်း ခေါင်းဆောင်များက အတုအ ယောင်အနေနဲ့ အကြီးအကျယ် ဝေဖန်ပြောဆိုနေကြတဲ့ အာဏာကို
ရေရှည်ဆုပ်ကိုင် ထားဖို့လုပ်တဲ့ အငြင်းပွားစရာရွေးကောက်ပွဲအပြီး တပါတ်မပြည့်ခင်လေးမှာ ဒေါ်စုကို လွှတ်ပေးခဲ့ပါတယ်။ နောက်တကြိမ်
အဖမ်းခံရမှာမကြောက်ဖူးလားလို့ စီအင်န်အင်န် ရုပ် သံက မေးကြည့်တဲ့အခါ
“ဒီမေးခွန်းကို လူအများက ကျမကို မေးပါတယ်။ ကျမ ပြောနိုင်တာတခုကတော့ ကျမ, မသိပါဘူး၊ အမြဲတန်းး ဖြစ်နိုင်တာပဲ၊ ဟိုတုန်းကလည်း သူတို့ ကျမကို
အကြိမ်ကြိမ် ဖမ်း ဖူးတာပဲ၊ သူတို့ ကျမကို နောက်ထပ် မဖမ်းဘူးလို့ ကျမ မပြောပါဘူး”
လို့ ဒေါ်စုက ပြောပါတယ်။
စီအင်န်အင်န် ရုပ်သံဟာ ရွေးကောက်ပွဲကာလက မြန်မာပြည်ကို တရားဝင်လာခွင့် မရခဲ့ ပါဘူး။ ဒါပေမဲ့ သူ့သတင်းဌာနက သတင်းထောက်ဟာ ရန်ကုန်မှာ ၁၆
ရက်ကြာ လျှို့ ၀ှက် နေသွားပါတယ်။
နိုဝင်ဘာ ၂၀၊ ၂၀၁၀ (ဘန်ကောက်ပို့စ)်
http://www.naytthit.net/

ဝေါလေတွင် နအဖတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိ


ထိုင်း- မြန်မာနယ်စပ်ဒေသ ကရင်ပြည်နယ်၊ ဝေါလေဂွင်အတွင်း ဒီကေဘီအေတပ်များ ဝန်းရံထားသည့်အတွက် နအဖစစ်တပ်များ ရွာထဲမှနေ၍
လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိကာ ဒေသခံ ရွာသားများ ဆက်လက်တိမ်းရှောင်နေရသည်။
ဗိုလ်မှူးချုပ် စောလားပွယ်
ယနေ့ မနက် (၃) နာရီခန့်တွင် စစ်အစိုးရတပ်များက ဝေါလေဂွင်၊ ထိပလယ်ရွာအခြေစိုက် စခန်းကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း
ဒီကေဘီအေ တပ်မဟာ (၅) တပ်ရင်းမှူး ဗိုလ်မှူးချုပ် စောလားပွယ်က ပြောသည်။
“ကျနော်တို့ ထွက်ခွင့်မပေးတဲ့အတွက် သူတို့ ကြောက်ကြောက်နဲ့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ၊ ဝေါလေဂွင် ထိပလယ်ကနေ လှမ်းပစ်တာ၊ (၁၅)
လုံးလောက်ရှိတယ်၊ ရွာသားတွေကတော့ ထွက်ပြေးနေတယ်” ဟု ပြောသည်။
ဝေါလေဂွင်အတွင်း စစ်အစိုးရတပ် အင်အား (၅၀၀)ခန့်ရှိပြီး စကခ(၈) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒီကေဘီအေအနေဖြင့် ပြန်လည်ပစ်ခတ်ခြင်း မရှိသေးသော်လည်း အဆင့်သင့် ပြင်ဆင်ထားကြောင်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ ဘက်မှာတော့ ရွာထဲမှာတော့ ဘာမှမလုပ်သေးဘူး၊ ရွာပြင်ထွက်ရင်တော့ လုပ်ဖို့ကိုင်ဖို့ ပြင်ဆင်ထားတာရှိပါတယ်၊ သူတို့က ရွာထဲမှာဘဲ နေတယ်၊
စစ်တပ်က ကျတော်တို့နဲ့ တိုက်ပွဲမဖြစ်ဘဲ သူတို့ဘက်က လိုက်ပြီး ပစ်နေတာ၊ ဒီနှစ်ရက်အတွင်းမှာ တိုက်ပွဲမဖြစ်သေးဘူး” ဟု ပြောသည်။
ဝေါလေဂွင်အတွင်း ယခုလ ၁၄ ရက်နေ့ကလည်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံရွာသားများ ထိုင်းဘက်ကမ်းရှိ ဖုတ်ဖရမြို့နယ်အတွင်းသို့
ထွက်ပြေးတိမ်းရှောင်နေရသည်။
“ဒေသခံရွာသား သုံးထောင်လောက်ရှိတယ်၊ အိမ်ထောင်စု (၅၀၀) ကျော်ပေါ့၊ အခုရွာသားတွေက နီးစပ်ရာ ဝေါလေ၊ ဖုတ်ဖရ ဘက်ကို တိမ်းရှောင်သွားတယ်၊
ဒီနေ့ရော မနေ့ကရောဘဲသွားတာ” ဟု ဆက်ပြောသည်။
နအဖနှင့် ဒီကေဘီအေတပ်များ နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ဆက်တိုက်နီးပါး ဖြစ်ပွားနေလျှက်ရှိကာ ဒီကေဘီအေ တပ်ရင်းအချို့မှာ အင်အား ရာနှင့်ချီ၍
မကြာခင်ရက်ပိုင်းအတွင်းက ကရင့်အမျိုးသား အစည်းအရုံးလက်အောက်ခံ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သို့ လာရောက်ပူးပေါင်းခဲ့သည်။
http://www.yoma3.org/?p=1705

နအဖစစ်တပ် ကျေးရွာအနီးတ၀ိုက် နှစ်ညဆက်တိုက် လက်နက်ကြီးငယ် ဖြင့် လိုက်လံပစ်ခတ်


Submitted by Karen Information Center on Saturday, 20 November 2010No Comment
နိုဝင်ဘာလ ၂၀ရက်။ စောသိန်းမြင့် (ကေအိုင်စ)ီ
ဒီကေဘီအေ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျှက်ရှိသော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထီးတပလယ်ကျေးရွာ အနီးတ၀ိုက် တွင် နအဖစစ်တပ်က နိုဝင်ဘာလ
၁၈ရက်နေ့ညကတည်းက နှစ်ညဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်လျှက်ရှိသည်ဟု ဒီကေဘီအေတပ်ဖွဲ့က ပြောသည်။
ဒီကေဘီအေ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ်က “ဒီလိုလိုက်ပစ်တာ နှစ်ညရှိပြီ။ နအဖစစ်တပ်က အကြောက်လွန် အားကြီးလို့ ပစ်ခတ်တာပဲ။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာရှိတဲ့ ကျနော့်လူတွေက ပြန်လည်ပစ်ခတ်တာတို့ ဘာတို့ တခုမှလုပ် တာ မရှိဘူး။”ဟု ပြောသည်။
ထီးတပလယ်ကျေးရွာ တောင်ကုန်းတွင် လှုပ်ရှားနေသော နအဖစစ်တပ် စကခ(၈)လက်အောက်ခံ ခလရ(၉၇)တပ်ရင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ
(၁၈)ရက်နေ့ည ၉နာရီခန့်တွင် ဒီကေဘီအေ လှုပ်ရှားနိုင်သည့် နေရာများသို့ လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း ၄၀ခန့်ပစ်ခတ်ခဲ့သည့်အပြင် ယမန်နေ့ညနေ
၎နာရီခန့်ကလည်း လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း(၂၀)အ ထိ ပစ်ခတ်ခဲ့သည်ဟု သိရသည်။
သို့သော် ထိုပစ်ခတ်မှုကြောင့် မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း ဗိုလ်မှူးချုပ်စောလားပွယ်က ပြောသည်။
အင်အား (၂၀)ကျော်ရှိ အဆိုပါ နအဖတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့က ဒီကေဘီအေနှင့် နအဖစစ်တပ်တို့ကြား
နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီနောက်ပိုင်း ထီးတပယ်ကျေးရွာအတွင်းသို့ ၀င်ထွက်သွားလာမှုမရှိတော့ဘဲ ယနေ့အချိန်ထိ ၎င်းတို့ အခြေချရာ တပ်စခန်း၌သာ
ခိုအောင်းနေကြသည်။
အလားတူပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ရက်နေ့က အံဖကျေးရွာတွင် အခြေချသည့် နယ်ခြားစောင့်တပ် အမှတ(် ၁၀၁၅)မှ ဗိုလ် ကြီးအကြည် ဦးဆောင်သည့်အဖွဲ့သည်
အံဖကျေးရွာအတွင်းသို့ M-79 ၉လုံးနှင့် ၆၀-မမ ၁လုံးပစ်ခတ်ခဲ့သည့်အပြင် ၎င်းအဖွဲ့ သည် ညနေ ၂နာရီအချိန်တွင် နန်းရွှေမှုံကျေးရွာအတွင်းသို့ ၆၀-မမ ၃လုံး
ထပ်မံ ပစ်ခတ်ခဲ့ရာ အသက်(၇၀)အရွယ်ရှိ ရွာသား ဦးနိုင်ဦးကို ထိမှန်သွားခဲ့သည်ဟု သိရသည်။
ယနေ့မနက် (၆)နာရီတွင်လည်း နအဖ ခမရ(၄၀၉)နှင့် ဒီကေဘီအေ တပ်မဟာ(၅) တပ်ဖွဲ့တို့နှင့် အူးကလေ့ထာတွင် ချုံခို တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ရာ
နအဖဘက်က ၁ဦး ကျဆုံးသွားခဲ့သည်။
http://www.kicnews.org/?p=4377

စစ်အာဏာရှင်ခေါင်းဆောင်ကြီးသုံးဦး (A,B,C) ၏ ပိုင်ဆိုင်မှုစာရင်း အကြမ်းဖျဉ်း (အထင်မကြီးပါနဲ့ဗျာ..ကျွန်တော်တို့ ပိုင် ပစ္စည်းတွေ ခိုးထားတာပါ)


၂၀၁၀ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ တိုက်ရိုက်ခန့်ထားခံကြရမဲ့ သမတ၊ ဒုသမတတွေ၊ ကာကွယ်ရေးဦးစီး ချုပ်တွေရော၊ ပိုင်ဆိုင်မှု စာရင်း တင်ပြခြင်းမှ
ကင်းလွတ်ခွင့်ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လက်ရှိ စစ်အာဏာရှင်တွေနဲ့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှု (ခန့်မှန်း) စာရင်းကို ပြည်သူတွေ
သိထားသင့်ပါတယ်။ (ဒီစာရင်းကို ၎င်းတို့နဲ့ နီးစပ်တဲ့ စစ်အရာရှိကြီး တဦးမှ ခန့်မှန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ ။
သားသမီး(၈)ယောက်ရှိပါတယ်။ တယောက်ကိုအနည်းဆုံး အမေရိကန်ဒေါ် လာ(၁၀)သန်းခန့် ချမ်းသာနေကြပါတယ်။ မိသားစု(၁၀)ယောက်ဆိုတော့
အမေရိကန်ဒေါ်လာသန်း (၁၀၀)ခန့်ရှိနေပါတယ်။ ဥပမာ…..ရန်ကုန်ပြည်လမ်းမကြီးပေါ် မာလာဆောင်ရှေ့ရှိ ကမာရွတ်မယကရုံးဝင်း ကြီးကို သမီးအလတ်ဖြစ်တဲ့
မပြုံး(ခ)ပြုံးပြုံးရွှေကို နာမည်လွှဲပေးခဲ့ပါတယ်။ ကာလပေါက်ဈေးမြန်မာကျပ်ငွေ သိန်းပေါင်းတစ်သိန်းခန့် ( အမေရိကန်ဒေါ်လာ ၁၀သန်းခန့် ) တန်ကြေးရှိပါတယ်။
ဒါ့အပြင် IBC အဆောက် အဦးဘေးရှိ အစိုးရပိုင် ကန်သာယာဆေးရုံဝင်းနဲ့ အခြားအင်းယားကန်ဘေးရှိ တပ်မတော်ပိုင်မြေကွက်များ ကိုလည်းသမီး
မသြ(ခ)ကြည်ကြည်ရွှေ နာမည် ပေါက်များအဖြစ် လုပ်ဆောင်ပြောင်းလဲပေးခဲ့ရပါတယ်
။ Myanmar Infotech ရုံးဖွင့်ထားတဲ့ပြည်လမ်းကခြံကို သားလတ်ဖြစ်တဲ့ ထွန်းနိုင်ရွှေ ( စွန့်လွှတ်ဟန်ဆောင် ထားသူ ) ကပိုင်ဆိုင်ပါတယ်။
.
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး။ ။

သမီးတစ်ဦး မွေးစားထားပေမဲ့ တူ၊ တူမတွေ အလွန်များလှပါတယ်။ ဒီမိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကလည်း အမေရိကန်ဒေါ်လာ သန်း ပေါင်း(၁၀၀)ထက်
မလျော့ပါဘူး။ သမီး ဖြစ်သူ နန္ဒာအေး ဟာ၊ Queen Star ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီး Computer နဲ့ IT ပစ္စည်းများကို လိုင်စင်မဲ့ အခွန်မဲ့ တင်သွင်းခွင့်
ရရှိထားတာကြောင့် တနှစ်ကို ဒေါ်လာသန်း(၂၀)ခန့် အမြတ်အစွန်း ရရှိနေသူတဦးပါ။ ဒါအပြင် နန္ဒာအေးဟာ ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဗိုလ်မှူး ပြည်အောင်နဲ့
အိမ်ထောင်ပြုလိုက်တဲ့အတွက် ချမ်းသာကြွယ်ဝမှုကိုတော့ တွက်ချက်လို့ မရနိုင်အောင်ပါဘဲ။

ဗိုလ်ချုပ်ကြီးသူရရွှေမန်း။ ။

သား(၂)ယောက်ရှိပါတယ်။ အကြီးဖြစ်တဲ့ တိုးအောင်မန်းဟာ ဇေကမ္ဘာခင်ရွှေ ရဲ့သမီးနဲ့ လက်ထပ်ယူထားပြီး စီးပွားရေး သောင်းကျန်းမှု မှာတော့


ထိပ်ခေါင်စာရင်းဝင်ပါဘဲ။ နိုင်ငံတော်ပိုင် ကရဝိတ်ဟိုတယ်နဲ့ မြရိပ်ညို ဟိုတယ်တွေကို နိုင်ငံတော် အမည်ကနေ ကိုယ်ပိုင်အမည် ပြောင်းလဲပိုင်ဆိုင်ထား ပါတယ်။
အငယ်ဖြစ်သူ အောင်သက်မန်းကတော့ ပြည်သူ့ချဉ်ဖတ် တေဇနဲ့ ထူးကုမ္ပဏီမှာ အတူတကွ ပူး ပေါင်းပြီး သံယံဇာတ အားလုံးကို သိမ်းကျုံး ရယူ
ရောင်းစားနေသူတဦးပါ။ ကြွယ်ဝမှုတွေကတော့ အဲ့ဒီ့မိသားစု တွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာသန်း (၁၀၀၀) ခန့်ရှိပါတယ်။

ဒါ့ကြောင့် စစ်အာဏာသိမ်းအဖွဲ့ဝင် ဝန်ကြီး ဒုဝန်ကြီး တိုင်းမှူးနဲ့ ဗိုလ်ချုပ်ကြီးတွေ အရေအတွက်ဟာ (၃၀၀) ခန့်ရှိပါတယ်။ ပျမ်းမျှတစ်ဦးလျှင်
ဒေါ်လာ(၁၀)သန်းနဲ့တွက်ပါက စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀၀၀)ခန့်ရှိပါတယ်။ အဲဒီငွေပမာဏနဲ့ မြန်မာတစ်နိုင်ငံလုံးကို (၂၄)နာရီ မီးလင်းအောင်
လုပ်လို့ရပါတယ်။ လမ်းတွေပြင်လို့ရပါတယ်။ ဆေးရုံတွေပြင်လို့ရပါတယ်။ စာသင်ကျောင်းတွေ ပြင်ဆင် တိုးချဲ့ဆောက်လုပ် နိုင်ပါတယ်။

ရိုးရိုးသားသားနဲ့ ရှာဖွေထားတာမဟုတ်ဘဲ နိုင်ငံပိုင်ငွေကြေးတွေကို မတရားတဲ့နည်းလမ်းပေါင်းစုံသုံးပြီး လိမ်လည်ရယူထားတာကြောင့်


၂၀၁၀ရွေးကောက်ပွဲမတိုင်ခင် ပိုင်ဆိုင်မှုစာရင်းကို တိုင်းပြည်နဲ့ပြည်သူလူ ထုထံကြေငြာတင်ပြရန် အထူး ကြောက်ရွံ့နေကြခြင်းသာ ဖြစ်ပါကြောင်း
တင်ပြအပ်ပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။
စစ်အစိုးရ ပျော့ပျောင်းလာခြင်းမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2010-11-18 ၇ နှစ်ကြာ ဖမ်းဆီးထားရာက ပြန်လွှတ်ပေးတာဟာ စစ်အစိုးရအနေနဲ့ သဘောထား ပျော့ပျောင်းလာတဲ့ လက္ခဏာ ပြသတာ မဟုတ်ဘူးလို့ ဒီကနေ့
နိုဝင်ဘာ ၁၈ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo:
AFP)

ပြည်ပ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး သူ့ကို နေအိမ် အကျယ်ချုပ်နဲ့ ထပ်မံဖမ်းဆီး ချုပ်နှောင်ခဲ့တာဟာ တရားဝင်မှု
မရှိကြောင်း၊ အခုပြန်လွတ်လာတာဟာ လွတ်ရက်စေ့လို့သာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ NLD ရုံးချုပ်မှာ မနက် ၁၀ နာရီကတည်းက ညနေ ရုံးဆင်းချိန်အထိ နိုင်ငံတကာ သတင်းမီဒီယာတွေကို
လက်ခံတွေ့ဆုံနေခဲ့တယ်လို့ NLD ပါတီ သတင်း ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးလွင်ရဲ့ ဇနီး ရက်လည်ဆွမ်းကျွေး သွားခဲ့ပြီးတဲ့နောက် တနေကုန် မီဒီယာနဲ့ NLD ရုံးမှာ တွေ့ဆုံနေခဲ့တယ်လို့
သိရပါတယ်။

တချိန်တည်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ဝမ်းမြောက်ကြိုဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Ban Ki-Moon က ဒီကနေ့
နေ့ခင်းက တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် အကျဉ်းချခံရတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာက စိတ်ဝင်စားမှု အများဆုံး ခံရသူတဦး
ဖြစ်သလို၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး လှုပ်ရှားသူ ခေါင်းဆောင်တဦးအဖြစ်လည်း လေးစား အသိအမှတ်ပြု ခံထားရသူ ဖြစ်ပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာ သတင်းမီဒီယာတွေက ကိုယ်စားလှယ်တွေဟာ ဒီရက်ပိုင်းမှာ ရန်ကုန်မြို့ကို စုပြုံ ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဒီကနေ့
တနေ့တာအတွင်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တဲ့ သတင်းမီဒီယာ အဖွဲ့အစည်း စုစုပေါင်း ၁၄ ဖွဲ့ ရှိတယ်လို့ ပါတီပြောခွင့်ရသူတွေက ပြောပါတယ်။
http://arzarni.blogspot.com/
http://burmese.dvb.no/

You might also like