You are on page 1of 58

Tuesday, December 7, 2010

မြန်မာ ရေတပ် က တမီလ် အီလမ် များ ကို ခိုလှုံ ခွင့်ပေးခဲ့ပုံ

၂၀၀၉ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ တွင် ဇာဒက်ကြီး ကျွန်း ရှိ တနင်္သာရီ ရေတပ် စခန်း မှပင်လယ်ပြင် ထဲ တွင် စက်မဲ့ မော်တော်ဘုတ်ငယ်တစ်ခု ဖြင့် မျောနေသည့်
ကုလား ခြောက် ဦး ကို ရိုဟင်ဂျာ များ အထင်ဖြင့်ဗိုလ်မှုး ဥာဏ်ထွန်း (ယခု ဧရာဝတီစခန်း သင်တန်းမှုး) ရိုက်နှက် ခဲ့သည်။

ထိုကုလားများကလည်း အသေသာခံသွားမည့် ပုံရှိပြီး ၎င်းတို့ မှာ ဂျဖနာကျွန်းမှ စစ်ရှုံး တမီလ် ကုလားများ ဖြစ်ကြောင်းကို လုံးဝမပြောပါ။ ခြောက်ရက်မြောက်နေ
့တွင်တပ်တွင်း သို့ ရိက္ခာလာပို့ သော လင်မယား က တမီလ် ကုလား စကား နားလည်ရာမှ ထို သူများသည် ရိုဟင်ဂျာများ မဟုတ် ပဲ တမီလ် ကုလားများ ဖြစ်
ကြောင်း သိရသည်။(ထိုသို့ သိရ၍ ကုလား များ က ဖြောင့်ချက်ပေး ပုံ ကို နောင် အလျှဉ်း သင့်မှ ဖော်ပြ မည်ဖြစ်ပါသည်)စစ်ရှုံးတမီလ်ကုလားများဖြစ်ကြောင်း
သိရသောအခါ အဆင့်ဆင့်အကြောင်းကြားမှုပြီး လေးရက်ခန့်  အကြာ (ဇွန် ၂၇ ) ရက်နေ့ တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် ဥာဏ်ထွန်း
ဆီမှ တယ်လီဖုန်း အမိန့် ဖြင့် ကောင်းမွန် စွာ နှင့် လုံခြုံစွာ ထားရှိရန် ၎င်း တို့ အား အရပ်မျက်နှာ နှင့် အနီးဆုံး မြို့ များ မပြောရန် တိုက်ရိုက်အမိန့်ပေးပြီးနောက်
ကျွန်တော်တို့  အမှတ် ၅၈ ရေတပ်စခန်းမှနေ၍ ဆယ်ရက်ခန့် အကြာတွင် ၅၇ ရေတပ် လေ့ကျင့်ရေး စခန်းသစ် တို့ တပ်မတော် ရေယာဉ် ဖြင့်ပင်
ပြောင်းရွှေ့ပေးခဲ့ပါသည်။

ထိုသို့ ပြောင်းရွှေ့ ရာတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန မှ ကြည်းတပ် ဗိုလ်မှုး နှစ်ဦး ပါဝင် ပါသည်။

နောက်တွင်သိရသည်မှာ ထို တမီလ်ကုလားစစ်သားခြောက်ဦးမှာ မောရ၀တီ ရေတပ်ဌာနချုပ် (မော်လမြိုင်)၊ ဓည၀တီ ရေတပ်ဌာနချုပ်(စစ်တွေ) မှ တစ်ဆင့်


အိန္ဒိယ နိုင်ငံသို့ ကျွန်တော်တို့ ရေတပ် ဗိုလ်ချုပ် ရောက်ရှိ ချိန် တွင် လွှဲပြောင်း ပေးခဲ့သည် ဟု သိရပါသည်။

ကျွန်တော်တို့ ၅၇ နှင့် ၅၈ မှ ထိုကုလား ခြောက်ဦး ကို အရှင်လတ်လတ် တွေ့ လိုက်ရသော်လည်းထို စစ်ရှုံး တမီလ် ကုလား စစ်သား ခြောက်ဦးမှာ အိန္ဒိယ
နိုင်ငံရောက် မရောက် ၊ သေမသေ ၊ရှင်မရှင်ကို မသိရပါ။ သေချာ သည်က စခန်းမှုး ပြောသည်မှာ သီရိ လင်္ကာတော့ ပြန်မပို့ ဘူး ဟူ၍ ဖြစ်ပါသည်။

ရန်ကုန် အမေရိကန် သံရုံး ကြေးနန်း ပေါက်ကြားမှု

ကြေးနန်း ပေါက်ကြားမှု အား သတင်းဌာန များမှ မဖော်ပြမှီ သင်က ဤနေရာမှ တိုက်ရိုက် စောင့်၍ မူရင်း အတိုင်း ကြည့်ရှု နိုင်သည်။
http://213.251.145.96/origin/24_0.html

ဦးအောင်သောင်း ၏ အာဏာသိမ်းရန်ကြံစည်မှု (အပိုင်း ၂ )

ဒုဗိုလ် ချုပ်မှုးကြီး မောင်အေး ဟာ စစ်တပ် ကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လို နိုင်နိုင်နင်းနင်း အုပ်ချုပ် နိုင်ပေမယ့်နိုင်ငံကို အုပ်ချုပ်မှု ပိုင်းမှာ တော့ ဘယ်တော့ မှ
အစွမ်းရှိ မှာ မဟုတ်ကြောင်း တရုတ် သမ္မတ ကျန်ဇီမင်းက ၁၉၉၅ ခုနှစ် ကတည်းက သုံးသပ် ခဲ့သည်။ ဗိုလ်ချုပ်မှုးကြီး မောင်အေးက တစ်နေ့ ဗိုလ်သန်းရွှေ ကို
လုပ်ကြံလိမ့် မည် (သို့ မဟုတ)် အာဏာသိမ်းလိမ့် မည် ၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က လည်း ဗိုလ်ချုပ် မောင်အေး ကိုဖြုတ်ချ လိမ့် မည် စသဖြင့် ကောလ ဟာလ
များ သတင်းစကား များ ထွက် ရှိလာ ခဲ့သော်လည်း အတိုက်အခံနှင့် မြန်မာ ပြည်သူ တို့ ၏ ထို အိပ်မက်သည် ဘယ်တော့ မျှ ဖြစ်မလာခဲ့။
သို့ ဆိုလျှင် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို ရာနှုန်းပြည့် သစ္စာ စောင့်သိသူ တစ်ယောက် ဖြစ်ပါသလား……

၁၉၈၈ ခုနှစ် စစ်တပ် က အာဏာသိမ်းပြီးနောက် ပိုင်း နှစ်စဉ် သင်္ကြန် တိုင်း တွင် အရက်မူးနေ လေ့ရှိသည့် ဒုတိယ ဗိုလ်ချုပ် မှုးကြီးမှာ ဒီနှစ် သင်္ကြန်တွင် တော့
ထူးထူးခြားခြား ပင် ရန်ကုန် မှ ထူးခြား ဖြစ်စဉ် များ ကို သူ့ ဆီ စက္ကန့် နှင့် မလပ် သတင်း ပို့ နေရန် ရန်ကုန် တိုင်းမှုး ဗိုလ်မှုးချုပ် ၀င်းမြင့် အပါအ၀င် ၊ စစ်ဒေသ
မှုးများကို ဧပြီလဆန်း ထဲ မှ ညွှန်ကြားချက် ပေးထားသည်။ အရေးကြီးလျှင် ကြီး သလို သူ၏ ကိုယ်ရေး အရာရှိ ကိုကျော်၍ သူ့ ကိုယ် တိုက်ရိုက် ဆက်သွယ် နိုင်
အက္ခရာ ဂဏန်း သုံးလုံး ဖြင့် တည်ဆောက်ထားသည့် ဂဏန်း ကိုး လုံးပါ ဖုံးနံပါတ် ကို ပေးထားသည်။

သင်္ကြန် အကြတ်ရက် မနက် တွင် တော့ ရန်ကုန် တိုင်း တိုင်းမှုး နှင့် စစ်ဒေသ များ ကို သူက ထပ်မံပင် အမိန့် ပေးလိုက်သည် ၊ လုံခြုံရေး အထူး ဂရုပြုရန် ၊
သင်္ကြန်ကာလ လုံခြုံရေးတာဝန်ယူထား သည့် ရဲဘော်များ ကို ဒန်ပေါက် ထမင်း ၀ယ်ကျွေးရန် တို့ ဖြစ်သည်။ပထမ ရက်များ တွင်ထူးထူးခြားခြား မရှိ သော် လည်း၊
သင်္ကြန် အကြတ်နေ့ တွင် ညနေ လေးနာရီ ခန့် တွင်တော့ ခေါ်ဆိုမှု တစ်ခု ရှိနေကြာင်း အချက်ပေးသံ မည် လာပါသည်။ ဗိုလ်ချုပ်မှုး ကြီး မောင်အေးသည်
ရုတ်ချည်း ဆိုသလို ပင် ထိုဖုန်း ကို ကောက်ကိုင်လိုက် သည်။ ဖုန်းထဲ မှ အသံကား “အဘရေ ….ကျွန်တော်တော့ ထိသွားပြီ ….မနေရတော့ ဘူး ထင်တယ်” ဟူ ၍
ဖြစ်သည်။ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး တွေ ဝေ သွား သည် ။ ချက်ခြင်း ဆို သလို ပင်….

ထပ်မံ စောင့်မျှော် ဖတ်ရှုပါ။ ကျန်ရှိနေသည့် လက်ခံရရှိမှု များ ကိုလည်း ထပ်မံ ဖော်ပြသွား ပါမည်။

http://www.myanmarwikileaks.org/
သံဃာတော်များကို ဒေါ်အောင်ဆန်းစုကြည် သင်္ကန်းကပ်လှူ

ဧရာဝတီ Wednesday, 08 December 2010 14:01

ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ယနေ့နံနက် ၈ နာရီတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
NLD အဖွဲ့ဝင်များက သံဃာတော်များနှင့် သီလရှင်များကို သင်္ကန်းနှင့် ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းပွဲသို့ ပင့်ဖိတ်ထားသော သံဃာတော်များအပြင်


တခြားသော ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များစွာ
ကြွရောက် လာမှုကြောင့် စီစဉ်ထားသော သင်္ကန်း အရေအတွက်
မလောက်မင ဖြစ်ခဲ့ပြီး သံဃာတော် အပါး ၁၅၀ ကိုသာ
သင်္ကန်းများ ကပ်လှူနိုင် ခဲ့ကြောင်း၊ သင်္ကန်း မကပ်လှူနိုင်သော
သံဃာတော်များကို ဖိနပ်နှင့် ၀တ္ထုငွေများ ကပ်လှူခဲ့ ရကြောင်း
NLD လူငယ်အဖွဲ့ဝင် တဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သံဃာတော် ၁၅၀ ကို


သင်္ကန်းများကပ်လှူရန် NLD ရုံး အနီးအနားရှိ
ဘုန်းကြီးကျောင်းများကို လိုက်လံပင့်ဖိတ်ခဲ့သော်လည်း
ယနေ့တွင် ရန်ကုန်မြို့တမြို့လုံးရှိ ဘုန်းကြီးကျောင်းများမှ
သံဃာတော်များ၊ သာမဏေ များနှင့် သီလရှင်များစွာ
ကြွရောက်ခဲ့ကြောင်း NLD ဗဟိုကော်မတီဝင် တဦးဖြစ်သူ
ဦးဝင်းထိန်က ပြောသည်။

ယနေ့ လှူဒါန်းပွဲသို့ NLD ရုံးရှေ့တွင် အပတ်စဉ် အင်္ဂါနေ့တိုင်း ဆွမ်းခံကြွလေ့ ရှိသည့် သံဃာတော် ၇၈၅ ပါးနှင့် သီလရှင် ၁၁၉ ပါးကြွရောက်ခဲ့သည်ဟု သူက
ပြောသည်။

ယနေ့လှူဒါန်းမှု မပြုလုပ်မီ ၁ ပတ်အလိုကတည်းက NLD ရုံးချုပ်ရှေ့နှင့် ရွှေတိဂုံ စေတီတော် အနီးတဝိုက်တွင် သံဃာ တော်များကြွရောက်ပါရန် ပင့်ဖိတ်ထားသည့်
ကြော်ငြာစာရွက်များ လိုက်လံကပ်ခဲ့သည်ဟု သိရသည်။

အတိုက်အခံကို ပေးမည့် နိုဗဲလ်ဆုပေးပွဲ တရုတ်အစိုးရ မတက်

ရန်ပိုင် Wednesday, 08 December 2010 18:06

နိုဗဲလ်ငြိမ်းချမ်းရေးဆုရ တရုတ်အတိုက်အခံ လျိုရှောင်ပေါ (Liu Xiaobo) အား ဆုချီးမြင့်သည့် အခမ်းအနားကို တရုတ်နိုင်ငံနှင့် တခြားသော နိုင်ငံပေါင်း ၁၈ နိုင်ငံက
တက်ရောက်ရန် ငြင်းဆို ထားသည်ဟု နိုဗဲလ်ဆု ချီးမြှင့်ရေး ကော်မတီက ပြောဆိုခဲ့ကြောင်း အေပီ သတင်းတွင် ယနေ့ ဖော်ပြထားသည်။

လျိုရှောင်ပေါအား ထောက်ခံ သူများကို “ပြက်ရယ်ပြုစရာ


လုပ်နေသူတွေ” ဟု တရုတ်အစိုးရက တိုက်ခိုက် ပြောဆိုခဲ့ပြီး
ထိုသို့ ဆု ချီးမြှင့်၍ အသိအမှတ် ပြုခြင်းသည် တရုတ်နိုင်ငံ၏
နိုင်ငံရေးနှင့် တရားစီရင်ရေးကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊
ပြင်ပ အင်အားစု များကြောင့် တရုတ်နိုင်ငံ ၏ မူဝါဒ များသည်
ယိမ်းယိုင်သွားမည်မဟုတ်ကြောင်း တရုတ်အစိုးရက
ပြောဆိုသည်ဟုလည်း ရေးသား ထားသည်။

တရုတ်နိုင်ငံခြားရေး ၀န်းကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Jian Yu က


နိုဗဲလ်ဆု ရွေးချယ်ရေး ကော်မတီကိုလည်း တရုတ် ဆန့်ကျင်ရေး
ပူးပေါင်း ဆောင်ရွက်နေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

“ဒီလို ၀င်ရောက် စွက်ဖက်မှုတွေကြောင့် တရုတ်နိုင်ငံ အနေနဲ့


ပြောင်းလဲမှုတွေ ရှိမှာမဟုတ်ဘူး”ဟုလည်း Jian Yu က
ပြောသည်။

၂၂၂၂ ( - Getty Image) ထိုအခမ်းအနား တက်ရောက်ရန် နိုင်ငံပေါင်း ၆၅ နိုင်ငံမှ


သံရုံးများကို ဖိတ်ကြားခဲ့ရာ ၄၄ နိုင်ငံက ဖိတ်ကြားခြင်းကို လက်ခံခဲ့သည်။

ယင်းအခမ်းအနားသို့ တရုတ်နိုင်ငံနှင့် ရုရှား၊ ဆော်ဒီအာရေးဗီးရား ၊ ပါကစ္စတန်၊ အီရန်၊ အီရတ်၊ ကာဇက်စတန်၊ ကိုလံဘီယာ၊ တူနီးရှား၊ ဆားဘီးယား၊ ဗီယက်နမ်၊
အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ ဖိလစ်ပိုင်၊ ယူကရိန်း၊ အီဂျစ်၊ ဆူဒန်၊ မော်ရိုကို၊ကျူးဘား စသည့် နိုင်ငံများက တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

သီရိလင်္ကာနှင့် အယ်လ်ဂျီးရီးယားနိုင်ငံ တို့မှာမူ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘရာဇီးလ် နှင့် အင်ဒိုနီးရှားနိုင်ငံ တို့ကမူ
တက်ရောက်မည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေး လည်း ယင်းအခမ်းအနားသို့ တက်ရောက်မည်မဟုတ် ဟု သိရသည်။

အသက် ၅၄ နှစ် ရှိ ငြိမ်းရေးနိုဗဲလ်ဆုရရှိသူ လျိုရှောင်ပေါသည် ၁၉၈၉ ခုနှစ် တီယန်နန်မင် ရင်ပြင် ဆန္ဒပြမှုတွင် ကျောင်းသား ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး
တခြားသော ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင်လည်း ပါဝင်ခဲ့သည့်အတွက် တရုတ်အာဏာပိုင် များ၏ မကြာခဏ ဖမ်းဆီး ထောင်ချ ခံရသူဖြစ်သည်။

လျိုရှောင်ပေါသည် ၂၀၀၈ ခုနှစ်က ဘေဂျင်း အိုလံပစ်ပွဲတော်အချိန်၌ တရုတ်ကွန်မြူနစ်ပါတီ၏ တပါတီ အာဏာရှင်စနစ်ချုပ် ငြိမ်း ရေး အပါအ၀င်
အာဏာရှင်ဆန်သော အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရန်အတွက် တရုတ်ထိပ်တန်းပညာရှင် ၁၀၀၀၀ ကျော်က လက် မှတ်ရေးထိုး တောင်းဆိုခဲ့ရာတွင်
ခေါင်းဆောင်ခဲ့သောကြောင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရသည်။

လျိုရှောင်ပေါသည် ၂၀၀၄ ခုနှစ်တွင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ သတင်းလွတ်လပ်ခွင့် ကြိုးပမ်းမှုဆု ရရှိခဲ့သည်။

၁၉၅၅ ခုနှစ်တွင် မွေးဖွားခဲ့သော လျိုရှောင်ပေါသည် ရသစာပေနှင့် ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့များရရှိခဲ့ပြီး ဧည့်ပါမောက္ခ အနေ နှင့် တရုတ်နိုင်ငံ
တက္ကသိုလ်များအပြင် ကိုလံဘီယာ တက္ကသိုလ်၊ အော်စလို တက္ကသိုလ်၊ ဟာဝိုင်ယီ တက္ကသိုလ်များသို့ သွား ရောက်ခဲ့သည်။

ငြိမ်းချမ်းရေးနိုဗဲလ်ဆု ကြေညာပြီးကတည်းက လျိုရှောင်ပေါ၏ ဇနီး (Liu Xia)ကို တရုတ်အာဏာပိုင်တို့က နေအိမ် အကျယ်ချုပ် ချထားခဲ့ပြီး လျိုရှောင်ပေါ၏
မိတ်ဆွေများနှင့် ထောက်ခံသူများကိုလည်း တရုတ်နိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်ထားခဲ့သည်။

တရုတ်အာဏာပိုင်များက လျိုရှောင်ပေါအား နိုဗဲလ်ဆု ချီးမြှင့်ရေး ကော်မတီက ငြိမ်းချမ်းရေး နိုဗဲလ်ဆုပေးအပ်ခဲ့ခြင်းကို တုံ့ပြန် သည့် အနေဖြင့် “ကွန်ဖြူးရှပ်
ငြိမ်းချမ်းရေး ဆု”ဟု ဆုတမျိုး တီထွင်ပြီး ချီးမြှင့်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် တရုတ် ကွန်မြူနစ်ပါတီ စာစောင် တစောင်တွင် ရေးသားထားသည်။

“ကွန်ဖြူးရှပ် ငြိမ်းချမ်းရေး”ဆု ကော်မတီ ဥက္ကဋ္ဌ Tan Chang Liu ကမူ ယခုပေးအပ်မည့် ဆုမှာ အစိုးရနှင့် မပတ်သက်ကြောင်း သို့သော် တရုတ်နိုင်ငံ ယဉ်ကျေးမှု
ဝန်ကြီးဌာန နှင့် ပူးပေါင်း ဆောင်ရွက်မှု ရှိကြောင်းပြောသည်။

ထိုင်ဝမ် ဒု သမ္မတဟောင်း Lien Chan အား တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်နိုင်ငံအကြား ငြိမ်းချမ်းရေးတံတား တည်ဆောက်နိုင်ခဲ့ သည့် အတွက် အဆိုပါ
“ကွန်ဖြူးရှပ် ငြိမ်းချမ်းရေး”ဆုကို ပေးအပ်ခဲ့သည်ဟု သိရသည်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ တောင်အာဖရိက သမ္မတဟောင်း နဲလ်ဆင် မင်ဒဲလား၊ အမေရိကန် သန်းကြွယ်သူဌေး ဘီလ်ဂိတ်၊ ပါလက်စတိုင်း
သမ္မတ မာမွတ်အာဘတ်စ် နှင့် တရုတ်အစိုးရ သဘောကျ တင်မြှောက်ထားသည့် တိဘက် ဘာသာရေး ခေါင်းဆောင် ပန်ချန် လားမား တို့ကိုလည်း ဆုရွေးချယ်ရန်
ရာထားခဲ့သည်။

အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ တက္ကသိုလ်ရှိ တရုတ်ပညာရှင် စတိဗ်ဆန်(Steve Tsang) ကမူ တရုတ်အစိုးရအနေဖြင့် နိုဗဲလ်ဆု ချီးမြှင့် ရေးကော်မတီက
လျိုရှောင်ပေါအား ငြိမ်းချမ်းရေးနိုဗဲလ်ဆု ပေးအပ်ခဲ့မှုအပေါ်တွင် မကျေနပ်သည့်အတွက် “ကွန်ဖြူးရှပ် ငြိမ်းချမ်း ဆု”ဟု ဆိုကာ အလောတကြီး ဖန်တီးခဲ့ခြင်း
ဖြစ်ပုံရကြောင်း၊ ထို့ကြောင့် ကွန်ဖြူးရှပ် ၀ါဒ၏ အနှစ်သာရမှာ ပျက်စီးသွားကြောင်း ပြောဆိုသည်။

နိုဗဲလ်ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်၊ တောင်အာဖရိက သမ္မတဟောင်း နဲလ်ဆင်မင်ဒဲလား၊ ဘုန်းတော် ကြီး ဒက်စ်မွန် တူးတူး၊ တိဘက်
ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားတို့လည်း ရရှိထားသည

ထက်ထက်မိုးဦးအမှု တရားရုံး အချိန်ဆွဲနေသလား

မင်းနိုင်သူ Wednesday, 08 December 2010 16:17

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Day News ဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှု အတွက် တရားရုံးက
အမိန့်မချမှတ်နိုင် သေးကြောင်း သိရသည်။

ဆီဒိုးနား ဟိုတယ်တွင် ယခုနှစ် မေလ ၁၉ ရက်နေ့က


ပြုလုပ်သော ကုန်စည်ပြပွဲ တခု၌ ထက်ထက်မိုးဦးနှင့် 7 Day
News ဂျာနယ် သတင်းထောက် မအေးသူစံတို့ အင်တာဗျူးတခု
ပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို
ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်းမြို့နယ်
တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

“တရားလိုပြသက်သေအားလုံးကို စစ်မေးပြီးသွားပါပြီ။
ထက်ထက်မိုးဦးဘက်ကတော့ ဆေးခွင့်တင်တုန်းက တခါပဲ
ရုံးလာတယ်။ အခုအမှုက ကြာနေပြီ။ မပြတ်သေးဘူး။
တရားရုံးက ပြန်လည်စစ်ဆေးကြားနာနေတယ် ပြောတာပဲ"ဟု 7
Day News ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

အဆိုပါ နာကျင်စေမှုကို ရန်ကင်းတရားရုံးက မေလ၂၄


ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု
ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို
( - myanmarcelebrity.com) တရားစွဲတင်ခဲ့သည်။

ထက်ထက်မိုးဦးဘက်မှ ရှေ့နေဦးစိန်မြင့်က လိုက်ပါဆောင်ရွက်ပေးနေပြီး သတင်းထောက်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေဦးသန်းထွန်းအောင်မှာ


ကွယ်လွန်သွားသဖြင့် အမျိုးသမီးရှေ့နေတဦးက ဆက်လက်ဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

“အမှုရုံးချိန်းက ရှည်ကြာနေတော့ သတင်းသမားတွေတောင် မေ့သလောက်ရှိနေပြီ။ နောက်ထပ်ကို ကြာနေဦးမလား မသိပါဘူး။ ပြီးခဲ့တဲ့ ကြာသပတေးနေ့


ရုံးချိန်းပြီးတော့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ရုံးချိန်းထပ်ချိန်းထားတယ်"ဟု အယ်ဒီတာက ပြောသည်။

ထက်ထက်မိုးဦးအပေါ် စွဲဆိုထားသည့် ပုဒ်မ ၃၂၃ မှာ နာကျင်စေမှုဖြစ်ပြီး အများဆုံးထောင်ဒဏ် ၁ နှစ် သို့မဟုတ် အများဆုံး ငွေဒဏ် ၁၀၀၀ ကျပ် သို့မဟုတ်
ပြစ်ဒဏ် ၂ ရပ်စလုံးကို ကျခံစေနိုင်ကြောင်း၊ ပုဒ်မ ၅၀၆ မှာ ခြိမ်းခြောက်မှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ကန့်သတ် မထားသော ငွေဒဏ်
သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားသည်ဟု ရန်ကုန်မြို့မှ ရှေ့နေ တဦးက ဆိုသည်။

ရန်ကင်းမြို့နယ် တရားသူကြီးက ဇူလိုင် ၁၃ ရက် တရားခွင်တွင် ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း ၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်း တို့
ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှငွေကျပ် ၁၀ သိန်းဖြင့် အာမခံရယူထားသည်။
အဆိုပါအမှုကို တရားရုံးက အများပြည်သူ ကြားနာခွင့်မပြုခဲ့ဘဲ အမှုဖြစ်ပွားပုံကို ဖော်ပြခဲ့သော ဂျာနယ်တချို့ကိုလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့်
ရပ်ဆိုင်းခဲ့ဖူးသည်။

SSA-S နှင့် တခြား တိုင်းရင်းသားအဖွဲ့များ မဟာမိတ်ဖွဲ့မည်

ဧရာဝတီ Wednesday, 08 December 2010 18:20

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ဌာနချုပ်တည်ရှိရာ လွယ်တိုင်းလျန်းတွင် ကျင်းပသည့် ရှမ်းနှစ်သစ်ကူး ပွဲတော်သို့ တခြားတိုင်းရင်းသား


ခေါင်းဆောင်တချို့ တက်ရောက်ပြီး SSA-S ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် စစ်ရေးအခြေအနေများကို ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။

ယင်းဆွေးနွေးပွဲသို့ လားဟူ လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်နှင့် ကရင်နီ တိုင်းရင်းသား


တိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ပြီး စစ်ရေးကိစ္စများ၊
တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အရေးများ၊ ရှေ့လုပ်ငန်းစဉ်များကို
ဆွေးနွေးခဲ့ကြကြောင်း ၎င်းတို့နှင့် နီးစပ်သူတဦးထံမှ သိရှိရသည်။

“အဓိက ကတော့ စစ်ရေးအရ ဘာတွေကို ဘယ်လိုမျိုး ပူးပေါင်းပြီး လုပ်ဆောင်သွားမလဲ


ဆိုတာတွေ၊ အခု လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို ဝိုင်းပြီး
သုံးသပ်ကြပါတယ်။ ဌာနချုပ်ကို လမ်းပန်း ဆက်သွယ်ရေး အခြေအနေကြောင့်
မသွားနိုင်တဲ့ တခြားတိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း ရှမ်းနှစ်သစ်ကူးအတွက်ကို
သဝဏ်လွှာတွေ ပေးပို့ကြပါတယ်” ဟု အဆိုပါ နီးစပ်သူက ဧရာဝတီသို့ ပြောသည်။

လွယ်တိုင်းလျန်း ဌာနချုပ်တွင် ဆွေးနွေးရာ၌ တခြား တိုင်းရင်းသားအဖွဲ့များ ယခု


မဟာမိတ်အဖွဲ့၏ တစိတ်တပိုင်းအနေဖြင့် ပါဝင်လာရန် မကြာမီတွင် အစည်းအဝေးတရပ် ကျင်းပပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်
တပ်ဖွဲ့များနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်လည်း ထိုအစည်းအဝေးမှတဆင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် တနေရာ၌ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ စစ်ရေးအရ မဟာမိတ်ဖွဲ့ခဲ့ကြသော်လည်း
SSA-S ပါဝင်ခဲ့ခြင်း မရှိသေးပေ။

အဆိုပါ မဟာမိတ်အဖွဲ့တွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ် မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊
ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန် ပြည်သစ်ပါတီ (NMSP) နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) တို့ ပါဝင်ကြောင်း သိရှိရသည်။

ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ
၎င်းတို့၏ နိုင်ငံခြားရေးဌာနမှ ကိုယ်စားလှယ်များအတွက် ကျွမ်းကျင်သူများဖြင့် သံတမန်ရေးဆိုင်ရာ သင်တန်းတခု ပို့ချခဲ့ကြောင်းလည်း သိရှိရသည်။

စစ်အစိုးရ တပ်များနှင့် SSA-S တပ်များသည် နိုဝင်ဘာလနှောင်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

SSA-S တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အဓိက လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် မော်ထိုင်း တပ်မတော်(MTA) မှ ခွဲထွက်အဖွဲ့ဖြစ်သည့် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် (SURA) ကိုလည်း
ဦးဆောင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် SURA မှ SSA-S အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ SSA- S သည် အင်အား ၇ ထောင်ကျော် ရှိသည်ဟုလည်း
စစ်ရေးလေ့လာသူများက ခန့်မှန်းကြသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနှင့် နိုင်ငံရေးပါတီများတွေ့

ခင်ဦးသာ Wednesday, 08 December 2010 16:05

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျိုးဇက်ဝိုင်ယွန်းသည်
နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံ၏ ရှေ့လာမည့် နိုင်ငံရေး အခြေအနေများကို ယမန်နေ့က ဆွေးနွေးခဲ့ကြောင်း သိရသည်။

“သူက နားထောင်တဲ့ အနေအထားပဲရှိတယ်။ ဒီဘက်ကတော့


လက်ရှိအခြေအနေ၊ ဒုတိယပင်လုံကိစ္စ၊ တိုင်းရင်းသား
အရေးကိစ္စ၊ ရွေးကောက်ပွဲ မသမာမှုတွေနဲ့
အမျိုးသားရင်ကြားစေ့ရေး ကိစ္စတွေကို ပြောဆို
ဆွေးနွေးကြတယ်” ဟု ကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့သူ
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက
ဧရာဝတီကို ပြောသည်။

ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော


မစ္စတာဂျိုးဇက်ဝိုင်ယွန်းသည် ရန်ကုန် ပြည်လမ်းရှိ အမေရိကန်
သံတမန်တဦး၏ အိမ်၌ ရွေးကောက်ပွဲဝင်ခဲ့သည့် နိုင်ငံရေး
ပါတီခေါင်းဆောင်များနှင့် တွေ့ခဲ့ပြီး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်
နှင့်လည်း ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု
သိရသည်။
“အဓိက ဒီဘက်က ဆွေးနွေးတာကို အချက်အလက်မှတ်တဲ့ သဘောလောက်ပါ။ သူ့ဘက်ကတော့ အမေရိကန် အစိုးရဟာ အသစ်တက်လာမယ့် မြန်မာအစိုးရနဲ့
စကားပြောမယ်၊ စီးပွားရေးပိတ်ဆို့မှုကိုလည်း ဆက်လက် လုပ်ဆောင် သွားမယ်ဆိုတာ ပြောသွားပါတယ်” ဟု ဆွေးနွေးခဲ့သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏
အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ဧရာဝတီကို ပြောသည်။

နိုင်ငံရေးခေါင်းဆောင် အများစုသည် ရွေးကောက်ပွဲ မသမာမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပုံကို အဓိကထား ဆွေးနွေး ပြောဆိုခဲ့ကြပြီး တိုင်းရင်းသား
ခေါင်းဆောင်များက ၎င်းတို့ဒေသများ၌ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှု များကို ပြောဆိုဆွေးနွေး ခဲ့ကြကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ရှင်းပြသည်။

ထိုဆွေးနွေးပွဲသို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရက် တစ်ပါတီ (မြန်မာ)၊ မွန်ဒေသလုံးဆိုင်ရာ
ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ချင်းတိုးတက် ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ စသည့်ပါတီများ၏
ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကမူ ဖိတ်ကြားခံခဲ့ရသော်လည်း တက်ရောက်ခြင်း မရှိဟု
သိရသည်။

မစ္စတာ ဂျိုးဇက်ဝိုင်ယွန်းသည် မြန်မာနိုင်ငံ၌ ၄ ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ယနေ့တွင် နေပြည်တော်၌ စစ်အစိုးရ ခေါင်းဆောင် များနှင့်ဆွေးနွေးမည်ဟု သိရသည်။

စစ်အစိုးရ ဖမ်းထားသည့် ကရင်ငြိမ်း တပ်ဖွဲ့ဝင်များ အသတ်ခံရ

ဧရာဝတီ Wednesday, 08 December 2010 16:11

စစ်အစိုးရက ဖမ်းဆီးထားသော ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ၏ ရုပ်အလောင်းများကို မြ၀တီမြို့နယ်
ပလောတပို့ ရွာရှိ ပြောင်းခင်း တနေရာ၌ ယမန်နေ့တွင် ဒေသခံများက တွေ့ရှိ ခဲ့သည်။

ယင်း အသတ်ခံခဲ့ရသည့် အလောင်းများ လက်ကို နောက်ပြန် ကြိုးချည်၍ လှံစွပ်ဖြင့် ထိုးသတ်ထားသည့် ဒဏ်ရာ များ ဖြင့် ဒေသခံများက တွေ့ရှိခဲ့ကြောင်း
ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ စောတီမိုသီ (Timothy)က ဧရာဝတီ သို့ ပြောသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့က မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတ၀ိုက်တွင် အခြေစိုက်သည့် ကရင် ငြိမ်းချမ်းရေး ကောင်စီ တပ်ရင်း (၇၇၇)၏ ကင်းစခန်းတခုကို
စစ်အစိုးရ ခြေလျင်တပ်ရင်း (ခလရ) ၂၃၀ တပ်က ၀င်ရောက် ပစ်ခတ် ခဲ့သဖြင့် တပ်ဖွဲ့ဝင် တဦးသေဆုံး၍ ၆ ဦး ဖမ်းဆီးခံရပြီးနောက် ယခုကဲ့သို့ အသတ်ခံရခြင်း
ဖြစ်သည်။

သေဆုံးသူများမှာ စောနိုင်းနိုင်း၊ စောပီလင်း၊ စောအ၀င်း၊ စောရန်ကုန်၊ အ၀င်း၊ စောသံခဲ တို့ဖြစ်ပြီး အဖမ်းခံရသည့် နေ့ တွင်ပင် အသတ်ခံရခြင်း ဖြစ်နိုင်ကြောင်း
ကရင် ငြိမ်းချမ်းရေး ကောင်စီအဖွဲ့က ပြောဆိုသည်။

ကရင် ငြိမ်းချမ်းရေး ကောင်စီမှ စစ်ရေးချုပ် ဗိုလ်ချုပ် ယဉ်နုက“ကျနော်တို့ တပ်ဖွဲ့ဝင် ၆ ဦး ရက်ရက် စက်စက် အသတ်ခံ ခဲ့ ရတယ်၊ အလောင်းတွေလည်း ပြန်တွေ့ပြီ၊
ဒီလို ဥပဒေမဲ့ အသတ်ခံရတဲ့ လုပ်ရပ်ကို သူတို့ မလုပ်သင့်ဘူး၊ ဒီလိုလုပ် ခြင်း အားဖြင့် ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်"ဟု ၎င်းက ဆိုသည်။

ယင်းတပ်ဖွဲ့ဝင်များ အသတ်ခံရခြင်းနှင့် ပတ်သက်၍ ဖြေရှင်းချက်ပေးရန် အတွက် နအဖ စစ်အစိုးရထံ တောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်
ယဉ်နုက ဆက်လက်၍ ပြောသည်။

အပစ်အခတ် ရပ်စဲထားသော ကရင် ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များကို ၃ နှစ်တာကာလ အတွင်း စစ်အစိုးရက ပထမဆုံး အကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်း
ဖြစ်သည်။

ဗိုလ်မှူးချုပ် ထိန်မောင်(စောဌေးမောင်)သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့ သည်။ ထို့နောက် စစ်အစိုးရနှင့်
ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဟု အမည်ပေး ခဲ့သည်။

ဝီကီလိစ် တည်ထောင်သူ အဖမ်းခံရ

ဟိန်းသူ Wednesday, 08 December 2010 13:18

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများမှ အမေရိကန် သံတမန်ရေးရာ စာများကို ပေါက်ကြားစေသော ဝီကီလိစ် ဝက်ဘ်ဆိုဒ်ကို တည်ထောင်သူ တဦးဖြစ်သည့် ဂျူလီယန်
အက်စ်ဆန်းကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

သြစတြေးလျ နိုင်ငံသား မစ္စတာ အက်စ်ဆန်းကို လိင်ပိုင်းဆိုင်ရာ


အဓမ္မပြုမှု၊ ဖြားယောင်း သွေးဆောင် မှုများဖြင့် ဆွီဒင်အစိုးရက
အလိုရှိနေပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် ကလည်း
ဖမ်းဝရမ်း ထုတ်ထားခြင်း ဖြစ်သည်။

ဝီကီလိစ်ကို ၂၀၀၆ တွင် စတင် တည်ထောင်ခဲ့ပြီး အစိုးရများနှင့်


ကော်ပိုရေးရှင်း ကြီးများ၏ လျှို့ဝှက် စာရွက်စာတမ်းကို
တဖြည်းဖြည်းချင်း ဖွင့်ထုတ်လျက် ရှိသည်။ ဝီကီလိစ်၏
ဖွင့်ထုတ်မှုများ ကြောင့် နိုင်ငံများ၏ သံတမန်ရေးဆိုင်ရာ
လျှို့ဝှက် သတင်းပို့ချက်များ၊ ညွှန်ကြားချက်များ ပေါက်ကြားခဲ့ပြီး
အမေရိကန် ပြည်ထောင်စုက အမျိုးသား လုံခြုံရေးကို
ထိခိုက်စေသည်ဟုပင် ပြောဆိုခဲ့သည်။

ဝီကီလိစ်တွင်ရှိသည့် စာရွက်စာတမ်းများတွင် မြန်မာနိုင်ငံနှင့်


သက်ဆိုင်သည့် ပြောဆိုချက် တချို့လည်း ပါရှိရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီးအသင်း ဖြစ်သော မန်ချက်စတာ ယူနိုက်တက်
အသင်းအား ၀ယ်ယူရန် ပြင်ဆင်ခဲ့သည်ဟုသော အကြောင်းအရာများ ပါဝင်သည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပေါက်ကြားသော ရန်ကုန်မှ အမေရိကန် သံတမန်
လျှို့ဝှက်ပေးစာ ၂ စောင်လည်း အပါအဝင်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူ နေရွှေသွေးအောင် (ဖိုးလပြည့်) က မန်ယူအသင်းအား ၀ယ်ယူပေးရန် ပူဆာသည့်အတွက် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလက
အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ၀ယ်ယူရန် စဉ်းစားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုအချိန်က မန်ယူအသင်းမှာ ကြွေးမြီများ တင်ရှိနေမှုကြောင့် နာမည်ကျော် ကစားသမားများနှင့် အသင်းပိုင် အိုးထရက်ဖို့ဒ် ဘောလုံးကွင်းကို ရောင်းချရန်
ပြင်ဆင်နေသည့် အချိန်ဖြစ်သည့်အပြင် အမေရိကန်မှ အသင်းပိုင်ရှင် ဂလေဇာမိသားစုကိုလည်း မန်ယူအသင်း ပရိသတ်များက ဆန့်ကျင်မှုများ
ပြုလုပ်နေသည့်အချိန်ဖြစ်သည်။

၂၀၀၈ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်၍ လူပေါင်း ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ရခြင်းကြောင့် ငွေအများအပြား သုံးစွဲရန် မသင့်လျော်သဖြင့်
အဆိုပါအစီအစဉ် မဖြစ်ခဲ့ကြောင်း၊ ထိုအစီအစဉ်အစား မြန်မာ နေရှင်နယ်လိဂ် အမည်ဖြင့် ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံကာ ဘောလုံးအသင်းများ
တည်ထောင်သည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဗိုလ်ချုပ်မှူးကြီးက ဆုံးဖြတ်ခဲ့ကြောင်း သံတမန်ပေးစာများတွင် ဖော်ပြထားသည်။

မြန်မာနေရှင်နယ်လိဂ် အကောင်အထည် ဖော်ရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်အား တာဝန်ပေးအပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် ၈ ဦးဖြင့်
အသင်း ၈ သင်းပါဝင်သော ပြိုင်ပွဲတခု အကောင်အထည်ပေါ်လာခဲ့သည်။

ထိုစီးပွားရေးလုပ်ငန်းရှင်များမှာ ပုဂ္ဂလိက ဘောလုံးကလပ်အသင်း ပိုင်ရှင်များအဖြစ် မဟုတ်ဘဲ တိုင်းနှင့် ပြည်နယ် ကိုယ်စားပြု အသင်းများအဖြစ်


အကောင်အထည်ဖော်ရပြီး ဘောလုံးသမားလစာ၊ အားကစားဝတ်စုံ၊ အသင်းကြော်ငြာ၊ သယ်ယူပို့ဆောင်ခ စသော ကုန်ကျစရိတ်များကို မိမိတို့ဘာသာ
အကုန်ကျခံရကြောင်း သိရသည်။

၂၀၁၁ ခုနှစ်တွင် ထို စီးပွားရေးလုပ်ငန်းရှင် ၈ ဦးက မိမိတို့နှင့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ဒေါ်လာ ၁ သန်းတန် ဘောလုံးကွင်းများ
တည်ဆောက်ရမည်ဟုလည်း ပေါက်ကြားသည့် ပေးစာများတွင် ပါရှိသည်။

ဦးဇော်ဇော်သည် ဒယ်လ်တာယူနိုက်တက် အသင်းကို တည်ထောင်သည့်အတွက် Max Cement ဘိလပ်မြေစက်ရုံအား တည်ဆောက်ခွင့်နှင့် နေပြည်တော်တွင်


၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် ဘောလုံးကွင်းနှစ်ကွင်းကို တည်ဆောက်ခွင့်များ ရရှိခဲ့ကြောင်း သိရသည်။

စတင် အကောင်အထည်ဖော်စဉ်က ဦးဇော်ဇော်မှာ ဒယ်လ်တာအသင်းကို ပိုင်ဆိုင်သော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းအရ အဖွဲ့ချုပ်မှ


တာဝန်ရှိသူသည် မည်သည့်အသင်းနှင့်မျှ ပါဝင်ပတ်သက်မှုမရှိရ ဆိုသည့်အချက်ကြောင့် နောက်ပိုင်းတွင် ပရီးမီးယား ကော်ဖီကုမ္ပဏီပိုင်ရှင် ဦးထွန်းရင်အား
ကျပ်သိန်း ၃၀၀၀ တန်သည့် အသင်းကို အခမဲ့လွှဲပေးခဲ့သည်ဟု သိရသည်။

ဘောလုံးအသင်းပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ဘောလုံးအသင်း တည်ထောင်သည့် ကုန်ကျစရိတ်များအတွက် ဆောက်လုပ်ရေးလုပ်ငန်းများ၊


ကျောက်မျက်ရတနာနှင့် သတ္ထုတွင်းလုပ်ငန်းများ၊ သွင်းကုန်လိုင်စင်များကို အစိုးရထံမှ ရရှိကြသည်။

ဦးဇော်ဇော်သည် ဘောလုံးဝါသနာပါသော ဖိုးလပြည့်အား ဒယ်လ်တာယူနိုက်တက်အသင်းတွင် လာရောက်ကစားရန် ဖိတ်ခေါ်ခဲ့သည်ဟုလည်း


သံတမန်ပေးစာတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ အစောပိုင်းကလည်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အာဆီယံနိုင်ငံများအတွင်း၌ တရုတ်အစိုးရ၏ သူလျှိုအဖြစ် ဆောင်ရွက်ဖွယ်


ရှိသည်ဟု စင်္ကာပူအကြီးအကဲ မစ္စတာ လီကွမ်ယုက ပြောဆိုကြောင်း ဝီကီလိစ်က ထုတ်ဖော်ခဲ့သေးသည်။

Wednesday, December 8, 2010

မြန်မာဝီစကီလိခ်နှင့် ချိုကုပ်ဒူးကြီးကလုန်း

ထိုင်းနိုင်ငံအနှံ့ ထိုင်းဘုရင်ကြီး ဘူမိဘော၏ မွေးနေ့ပွဲကို အကြီးအကျယ် ခြိမ့်ခြိမ့်သည်းသည်း ကျင်းပနေသည်။ ချင်းမိုင်မြို့တွင်လည်း ဘုရင်ကြီး မွေးနေ့
အထိမ်းအမှတ် လက်မှုပွဲတော်တခုရှိနေရာ ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုး တို့မှာ ပွဲတော်လာ လူအုပ်ထဲတွင် ရောနှောပါဝင်လျက် တောင်ငေး မြောက်ငေးဖြင့်
အံ့သြတကြီး ဖြစ်နေကြသည်။

ဖိုးရှုပ်။ ။ သြော် … သူများနိုင်ငံမှာ … သူတို့ ဘုရင်ကြီးကို ပြည်သူလူထုက ချစ်လိုက်ကြတာနော်။ ကြည့်စမ်းပါဦး။


ဘုရင်ကြီးရဲ့ မွေးနေ့ကို ကျင်းပနေလိုက်တာများ ... တနိုင်ငံလုံး တပျော်တပါးနဲ့။
ရုက္ခစိုး။ ။ မင်းတို့လည်း အားကျမခံ … ချိုကုပ်ဒူးကြီးကို မွေးနေ့ ကျင်းပပေးလိုက်ပေါ့ကွာ။
ကြွက်စုတ်။ ။ အာ … ဦးရုက္ခစိုးကလည်း … ကျနော်တို့က ကျင်းပပေးချင်တာတောင် သူ့မွေးနေ့မှ မသိတာ။ ကြည့်ရတာ သူ့
အမေဗိုက်ထဲက မွေးတောင် မွေးရဲ့လား မသိဘူး။
ဖိုးရှုပ်။ ။ ကြွက်စုတ် ပြောတာ ဖြစ်နိုင်တယ်။ သူက အမေ ဆိုတဲ့ အသုံးအနှုန်းကို မကြိုက်ဘူးနော်။ ကဗျာဆရာတွေ
အမေဘွဲ့ ရေးရင်တောင် စိစစ်ရေးကနေ ဖြုတ်ပစ်တာ။ ပုံတူမျိုးပွားကြီးဖြစ်မယ်။
ထိုစဉ် “တယ်တော်ပါလား။ ဒီသတင်းကို အခုပဲ ရေးတင်လိုက်မယ်” ဟူသည့်အသံကို သူတို့ ၃ ဦးစလုံး ကြားမိသောကြောင့်
လှည့်ကြည့်လိုက်ရာ နာမည်ကြီးနေသော ဝီကီလိခ် ဝက်ဘ်ဆိုက်ကို တည်ထောက်သူ အက်ဆန်း ဖြစ်နေကြောင်း
တွေ့လိုက် ရသည်။
ကြွက်စုတ်။ ။ ဟာ … ခင်ဗျား မနေ့ကပဲ အဖမ်းခံလိုက်ရတယ်ဆို။ အခု ဘယ်က ဘယ်လို ချင်းမိုင် ရောက်နေတာလဲ။
အက်ဆန်း။ ။ ခုနက ခင်ဗျားတို့ ပြောတဲ့ထဲမှာ ပါသွားတယ်လေ။ ပုံတူမျိုးပွားဆိုတာ။ အခု အဖမ်းခံလိုက်တာက ကျုပ်ရဲ့
ကလုန်းဗျ ဟဲဟဲ။
ဖိုးရှုပ်။ ။ သြော် … အဲဒါကြောင့် အဖမ်းခံရပေမယ့် သတင်းတွေ ဆက်တင်နေမယ်လို့ ပြောတာကိုး ဟုတ်လား။
အက်ဆန်း။ ။ ဒါပေါ့ဗျ။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့သတင်းတွေ တင်ချင်လို့ … အခု ရန်ကုန်မသွားခင် ချင်းမိုင်ကို
ခဏဝင်တာ။ ပြောပါဦး ခုနက ခင်ဗျားတို့ ဆွေးနွေးနေတဲ့ ကိစ္စ။
ရုက္ခစိုး။ ။ ပုံတူမျိုးပွား ဆိုတာလား။ ဒါက အထင်ကို ပြောနေတာပါ အက်ဆန်းရယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။
ဒီကောင်တွေ ပေါက်ကရ လျှောက်ပြောနေတာ။
အက်ဆန်း။ ။ အရူးတွေပြောတာက တခါတလေ မှန်တတ်တယ်တဲ့။ ကျုပ်ကတော့ ချိုကုပ်ဒူးကြီးဟာ လူအစစ် မဟုတ်ဘူး၊ ပုံတူမျိုးပွား ဖြစ်တယ် ဆိုတာကို အခုပဲ
ဝီကီလိခ်မှာ ရေးတင်လိုက်တော့မယ်။
ပြောပြောဆိုဆိုဖြင့် အက်ဆန်းက သူ၏ အိုင်ပေါ့တွင် ရေးကာ တင်လိုက်လေသည်။ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က သူတို့ကို အရူးဟုပြောသော အက်ဆန်းကို
သိပ်မကြည်ကြ။ ဒါကိုသိသည့် ဦးရုက္ခစိုးက စကားလွှဲလိုက်သည်။
ရုက္ခစိုး။ ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက မန်ယူကို ဝယ်မယ် ဆိုတာကော တကယ်ပဲလား။
အက်ဆန်း။ ။ အခုလိုပဲပေါ့ဗျာ ...။ ဖြစ်နိုင်ခြေ တော်တော်များများရှိတယ်ပေါ့။ ဟုတ်မဟုတ်တော့ ဘယ်သိပါ့မလဲ။ ကျုပ်က ဗေဒင်ဆရာမှမဟုတ်ဘဲ။ အဲဒါထက်
စာရင် ချိုကုပ်ဒူးကြီး လူအစစ်မဟုတ်ဘူး ဆိုတာက ပိုဖြစ်နိုင်သေးတယ်။
ဖိုးရှုပ်။ ။ ဘာဖြစ်လို့လဲ။ ကျုပ်တို့က ထင်ရာ လျှောက်ပြောနေတာ။
အက်ဆန်း။ ။ သိပါတယ်။ အခုဟာက ခိုင်လုံတဲ့ အချက်တွေ ရှိတယ်။ ဥပမာ … ခင်ဗျားတို့ ချိုကုပ်ဒူးကြီးက အရှက် တစက်မှ မရှိဘူးလေ၊ သူသာ လူဆိုရင်
အရှက်ရှိရမှာပေါ့ မဟုတ်ဘူးလား။
ကြွက်စုတ်။ ။ အဲဒါတော့ ဟုတ်တယ်။ မြန်မာ့အမှောင် သတင်းစာမှာပါတဲ့ ပြည်သူသို့ ကျေးဇူးတင်လွှာကို ကြည့်ပြီး ပြောတာမဟုတ်လား။
အက်ဆန်း။ ။ ဟုတ်ပါ့။ ခင်ဗျားကမှ နည်းနည်းတော်သေးတယ်။ ကျုပ်တော့ ဒီလောက် အရှက်မရှိတဲ့ နိုင်ငံ့ခေါင်းဆောင်မျိုး သမိုင်းမှာ တခါမှကို မကြားဖူးဘူးဗျာ။
ကျုပ်အထင် မမှားဘူးဆိုရင် ဂင်းနစ် စံချိန် စာအုပ်ထဲတောင် ပါနိုင်တယ်။ ကမ္ဘာ့ အရှက်အမဲ့ဆုံး ခေါင်းဆောင် ဆိုပြီးတော့လေ။
ရုက္ခစိုး။ ။ ဒါနဲ့ ခင်ဗျားက ဘာဖြစ်လို့ မြန်မာနိုင်ငံရဲ့ လျှို့ဝှက်သတင်းတွေကို စိတ်ဝင်စားရတာလဲ။ မြန်မာနိုင်ငံက ဘာများ စိတ်ဝင်စားစရာ ကောင်းလို့လဲ။
အက်ဆန်း။ ။ ဟာ … ကမ္ဘာမှာ တော်တော်သေးတဲ့ နိုင်ငံဆိုပေမယ့် တော်တော်ချမ်းသာတဲ့ ချိုကုပ်တွေအများကြီး ရှိတယ်လေ။ တလ၊ တလ စိန်တွေ
ဝယ်စုနေကြတာများ … ကျုပ်ဖြင့် တခါမှကို မကြားဖူးဘူး။ အရမ်းကို အံ့သြတယ်။
ဖိုးရှုပ်။ ။ အဲဒီထဲမှာ ကျနော်တို့တော့ မပါဘူးနော်။
အက်ဆန်း။ ။ သိပါတယ်။ ခင်ဗျားတို့ကို စကားထဲတောင် ထည့်မပြောဘူး။ ကံမကောင်းရင် ဒိုနာက ပိုက်ဆံလျှော့ပေးလို့ နောက်နှစ်မှာ ခင်ဗျားတို့ အလုပ်လက်မဲ့
ဖြစ်ချင်ဖြစ်နေမှာ။
ကြွက်စုတ်။ ။ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ နိမိတ်မရှိ နမာမရှိဗျာ။
ရုက္ခစိုး။ ။ ကဲပါ … မြန်မာပြည် အကြောင်းပဲ ဆက်စမ်းပါဦး။ ဘာတွေကို စိတ်ဝင်စားတယ်ဆိုတာ။
အက်ဆန်း။ ။ ပြောမယ် … ပြောမယ်။ တကယ်တော့ ခင်ဗျားတို့ အရမ်းအံ့သြသွားမယ့် သတင်းတပုဒ် ကျုပ်မှာရှိတယ်ဗျ။
အက်ဆန်းက သူ့စကားကို မဆက်သေးဘဲ စိတ်ဝင်စားမှု ရှိမရှိ အကဲခတ်နေသည်။
ဖိုးရှုပ်။ ။ ပြောမှာ ပြောတာ မဟုတ်ဘူး။ အိုက်တင်က ခံနေသေးတယ်။
အက်ဆန်း။ ။ ဒီလိုဗျ။ ၂၀၁၀ အတွက် အထူးခြားဆုံး ဆုတဆုကို ခင်ဗျားတို့ ချိုကုပ်ဒူးကြီး ရလိမ့်မယ်။ ကမ္ဘာက ပေးမှာနော်။
ကြွက်စုတ်။ ။ ဘာလဲ … ကမ္ဘာ့ အဆိုးဆုံးဆုလား ...။ ဒါက အရင်နှစ်တွေကလည်း ကျုပ်တို့ ချိုကုပ်ဒူးကြီးက ရနေကျပါ။
အဆင့် ၃၊ ၄ လောက်ကနေ ဘယ်တုန်းကမှ ဆင်းတာမဟုတ်ဘူး။
အက်ဆန်း။ ။ လုံးဝ မဟုတ်ဘူး။ အခုဆုက ပထမဆု … မစ္စတာဘင်းန် ကိုယ်တိုင် မြန်မာပြည်လာပြီး ဆုချမှာ။
ဖိုးရှုပ်။ ။ ဘယ်လို …၊ မစ္စတာဘင်းန် ကိုယ်တိုင် ဟုတ်လား။ ဖြစ်နိုင်ပါ့မလားဗျာ။
အက်ဆန်း။ ။ မကြာခင် ကျုပ်ရဲ့ ဝီကီလိခ် ပေါ်မှာ တွေ့ရလိမ့်မယ်။ ၂၀၁၁ ဇန်နဝါရီထဲမှာ ချီးမြှင့်မှာ။ မစ္စဘင်းန်က သူရထားတဲ့ ဆုမှန်သမျှကို ချိုကုပ်ဒူးကြီးကို
လွှဲပေးတဲ့အပြင် နောက်ထပ် ကမ္ဘာ့ ဟာသအလုပ်နိုင်ဆုံးဆု ဆိုပြီး ချီးမြှင့်မှာ။ အဲဒီဆု ရရင်တော့ မန်ယူအသင်းကို သူ တကယ် ဝယ်နိုင်ပြီ။
ရုက္ခစိုး။ ။ ဟာသ အလုပ်နိုင်ဆုံးဆု … ဟုတ်လား။ တခါမှ မကြားဖူးဘူး။
အက်ဆန်း။ ။ ဟုတ်တယ် … ဒီနှစ်မှ စချီးမြှင့်တာ။ မစ္စတာဘင်းန် ဖောင်ဒေးရှင်းကနေပေါ့။ ၂၀၁၀ ရွေးဂေါက်ပွဲကြီးမှာ … ကြိုတင်မဲတွေနဲ့ အနိုင်ယူလိုက်တာရယ် ...၊
သတင်းစာထဲမှာ မဲအရေအတွက်တွေ၊ ရာခိုင်နှုန်းတွေ ခဏခဏ မှားလို့ အမှားပြင်ဆင်ရတာရယ် … နောက်ဆုံး ကလိုင်းမိတ်စ် ကတော့
ဘယ်ပြည်သူလူထုကမှလည်း မဲမပေးရဘဲနဲ့ ရုပ်တည်နဲ့ ကျေးဇူးတင်လွှာ ထည့်လိုက်တဲ့ ကိစ္စပဲ။
ဖိုးရှုပ်။ ။ အံ့မခန်းဘဲ နော်။ မစ္စတာဘင်းန် လေးစားသွားတဲ့ အချက်ကလေး ရှိရင် ပြောစမ်းပါဦးဗျာ။
အက်ဆန်း။ ။ ရှိတာပေါ့ ...။ ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုကြောင့် ကြံ့ဖွံ့ပါတီက အနိုင်ရရှိ သွားတဲ့အတွက် တိုင်းပြည်နဲ့ လူမျိုး ဖွံ့ဖြိုး တိုးတက်စည်ပင်
ဝပြောရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားပါမယ် ဆိုပြီး ကတိပေးတဲ့ အချက်ကို လေးစားသွားတာ။ အဲဒီမှာ မစ္စတာဘင်းန်လည်း သူရထားတဲ့ ဆုမှန်သမျှ
ချိုကုပ်ဒူးကြီးကို လွှဲပေးပါမယ်ဆိုပြီး ထိုင်ငိုတော့ တာပဲ။
ထိုစဉ် အက်ဆန်းထံသို့ ဖုန်း ဝင်လာသဖြင့် စကားပြတ်သွားသည်။ ဖုန်းပြောပြီးသည်နှင့် အက်ဆန်းက သူတို့ဘက် ပြန်လှည့်လာသည်။
အက်ဆန်း။ ။ မြန်မာနိုင်ငံ သံတမန် အသိုင်းအဝန်းကနေ နောက်ဆုံးသတင်းတပုဒ် တက်လာတယ်။ သိချင်ကြလား။ ကျုပ်လည်း ဝီကီလိခ်မှာ ချက်ချင်းတင်ပြီး
လစ်မှဖြစ်မယ်။
ကြွက်စုတ်။ ။ သိချင်တယ်၊ သိချင်တယ်။ ပြောပါဦး။
အက်ဆန်း။ ။ ချိုကုပ်ဒူးကြီးက သူ့အတွင်း သတင်းတွေ ပေါက်ကြားလို့ ကျုပ်ကို အသေရရ အရှင်ရရ လိုချင်နေတယ်တဲ့။ ကျုပ်တော့ မြန်မာပြည် မသွားရဲတော့ဘူး
… ကြောက်တယ်။ ပြန်ပြေးတော့မယ်။
ရုက္ခစိုး။ ။ မပြေးခင် နောက်ဆုံးသတင်းလေးတော့ ပြောခဲ့ဦးလေ။ ဦးဦးဖျားဖျား သိရအောင်။
အက်ဆန်း။ ။ ကျုပ်ရဲ့ ဝီကီလိခ်ကို တန်ပြန်တိုက်စစ်ဆင်ဖို့ ချိုကုပ်ဒူးကြီးက မြန်မာဝီကီလိခ် တခု လုပ်ဖို့ ဒုတိယ ချိုကုပ်ဒူးကြီး မောင်ကွေးကို
တာဝန်ပေးလိုက်တယ်တဲ့။
ဖိုးရှုပ်။ ။ သြော် … ဒါပဲလား။
အက်ဆန်း။ ။ ဒါပဲ မဟုတ်ဘူး။ မောင်ကွေးက မူးနေတော့ မြန်မာဝီကီလိခ်လို့ မကြားဘဲ မြန်မာ ဝီစကီလိခ် လို့ ကြားပြီး ဂရန်းရွိုင်ယယ် ဝီစကီ စက်ရုံက
အရက်စည်တွေအားလုံးကို ဖောက်ချခိုင်းလို့ မြန်မာပြည်မှာ အရက်ဈေးတွေ ရုတ်တရက် ထိုးတက်သွားတယ်တဲ့။
ကြွက်စုတ်။ ။ အရက်ဈေးတက်တာများဗျာ ...။ ဘာထူးဆန်းလို့လဲ။
အက်ဆန်း။ ။ ကျန်သေးတယ်လေ။ အဲဒီလို အရက်ဈေး တက်တာကို မကျေနပ်တဲ့ အရက်သမားတွေက ဆူပူမှုတွေ လုပ်နေပြီ။ ဒါ နိုင်ငံရေး အသွင်
ကူးပြောင်းသွားနိုင်တယ်ဆိုပြီး စိုးရိမ်နေကြတယ်လေ။ ချိုကုပ်ဒူးကြီးက ကျုပ်ကြောင့် ဖြစ်ရတာ ဆိုပြီး ကျုပ်ကို အမှုန့်ကြိတ်ဖို့ မြေလှန်ရှာမယ် ပြောတယ်။
ရုက္ခစိုး။ ။ စိုးရိမ်စရာ မရှိလောက်ပါဘူး။ စိတ်မပူပါနဲ့။
အက်ဆန်း။ ။ မလုပ်နဲ့ မလုပ်နဲ့ … တကမ္ဘာလုံးမှာ ကျုပ်ကြောက်တာဆိုလို့ သူတယောက်တည်း ရှိတာ။ ကျုပ်ရဲ့ ကလုန်းကို အပြင်ထုတ်ပြီး ကျုပ်ကိုယ်တိုင်ပဲ
ထောင်ထဲ သွားဝင်နေလိုက်တော့မယ်။ လစ်ပြီဗျို့။
ပြောပြောဆိုဆို ထွက်ပြေးပျောက်ကွယ်သွားသော အက်ဆန်းကို သူတို့ ၃ ဦးစလုံး မတားလိုက်နိုင်ကြပေ။
နောက်တနေ့ နိုင်ငံတကာ သတင်းစာများတွင် … “ဝီကီလိခ် ထူထောင်သူ အစစ်ကို ဖမ်းမိခဲ့သည်ဟု ထင်သော်လည်း ထိုသူမှာ ပုံတူမျိုးပွားထားသူသာ ဖြစ်ကြောင်း၊
၂ ရက်ခန့်အကြာမှ အစစ် ကိုယ်တိုင် လန်ဒန်ရဲစခန်းတွင် လာရောက် အဖမ်းခံသဖြင့် အတုကို လွှတ်ပေးလိုက်ရကြောင်း၊ ၎င်းကို လူအတုလုပ်မှုတမှု ထပ်တိုး စွဲချက်
တင်ထားကြောင်း” စာလုံးမည်းကြီးများဖြင့် ဖော်ပြထားသည်ကို တွေ့ကြရလေတော့သည်။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
ရန်ကုန်သားတာတေ
သံဃာတော်များကို NLD သင်္ကန်းကပ်
သံဃာတော်များနှင့် သီလရှင်များကို လှူဖွယ်ပစ္စည်းများ ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းနေစဉ် (ဓါတ်ပ-ုံ ဧရာဝတီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ ယနေ့ နံနက် ၈ နာရီခန့်က သံဃာတော်များကို သင်္ကန်းတစုံစီ ကပ်လှူခဲ့ကြောင်း သိရပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဝင်များက အပတ်စဉ်အင်္ဂါနေ့တိုင်း ပါတီရုံးချုပ်ရှေ့တွင် ဆွမ်းခံကြွခဲ့ကြတဲ့ သံဃာတော် ၇၈၅ ပါးကို


သင်္ကန်းတစုံစီ ကပ်လှူခဲ့ကြပြီး သီလရှင် ၁၁၉ ပါးကိုလည်း တဘက်တထည်စီ လှူဒါန်းခဲ့ကြောင်း ပါတီဝင် တဦးက ပြောပါတယ်။
http://www.irrawaddyblog.com/

ဒေါ်စုနောက်တွင် အိန္ဒိယပြည်သူများရှိဟုဆို

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၁၄ မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နောက်တွင် အိန္ဒိယပြည်သူများ ရှိနေသည်ဟု အိန္ဒိယလွှတ်တော်အမတ်များက ပြောဆိုလိုက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အထိမ်းအမှတ် အခမ်းအနားတရပ် ယမန်နေ့က မြို့တော်နယူးဒေလီ၌ ကျင်းပစဉ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်


ဒေါ်အောင်ဆန်းစုကြည်နောက်တွင် အိန္ဒိယပြည်သူများ အမြဲတမ်း ရှိနေကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“အိန္ဒိယနိုင်ငံသားတွေဟာ လွတ်လပ်မှုရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ စံနှုန်းတွေကို တန်ဖိုးထားတဲ့အတွက် သူ့ရဲ့ လုပ်ဆောင်ချက်တွေကို


လေးစားနှစ်သက်ကြတယ်။ သူ့နောက်မှာ ရှိတယ်။ လွတ်လွတ်လပ်လပ်၊ အေးအေးချမ်းချမ်းနဲ့ နေနိုင်ခွင့် ရပါစေလို့ ဆုတောင်းပါတယ်။ အရင်တုန်းက
လွတ်လာပေမယ့် ပြန်အဖမ်းခံရတယ်။ သူ့အနေနဲ့ အခုအတိုင်း လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့ နောက်တခါ ထပ်ပြီး မဖြစ်ဖို့ မျှော်လင့်ပါတယ်’’ ဟု
လက်ရှိအာဏာရ ကွန်ဂရက်ပါတီအမတ်နှင့် ဒု-နိုင်ငံခြားရေး ၀န်ကြီးဟောင်း မစ္စတာ Shashi Tharoor က ပြောသည်။

ဥပဒေရေးရာ ၀န်ကြီးဟောင်းနှင့် လွှတ်တော်အမတ် မစ္စတာ Ram Jathmalani ကလည်း “သူ့အနေနဲ့ ရှေ့မှာ တိုက်ပွဲတွေ အများကြီး ကျန်သေးတယ်။
အိန္ဒိယအစိုးရတခုကိုပဲ ကြည့်မနေပါနဲ့ အိန္ဒိယပြည်သူတွေ ခင်ဗျားတို့နောက်မှာ ရှိနေပါတယ်” ဟု ဆိုသည်။

အိန္ဒိယကွန်မြူနစ်ပါတီ CPI (M) ပေါလစ်ဗျူရိုအဖွဲ့ဝင်နှင့် လွှတ်တော်အမတ် မစ္စတာ Sitaram Yachuri ကလည်း မြန်မာ့နိုင်ငံအရေးကို အိန္ဒိယအစိုးရအနေဖြင့်
ပြန်လည်သုံးသပ်သင့်ကြောင်းနှင့် လာမည့် ပါလီမန် အစည်းအဝေး၌ မြန်မာ့အရေးကို ထည့်သွင်းတင်ပြသွားမည်ဟု ကတိပြုခဲ့သည်။

အခမ်းအနားကို အိန္ဒိယ သတင်း ထောက်များကလပ်၌ မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် အမျိုးသမီး လုံခြုံမှု စီမံရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ (WISCOMP) က
ဦးစီးကျင်းပရာ မြန်မာ့အရေး ထောက်ခံသူ အိန္ဒိယနိုင်ငံသားများနှင့် မြန်မာများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အခမ်းအနားသို့ ရုပ်သံဗီဒီယိုဖိုင် ပေးပို့ကာ ဒေသတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေး တိုးတက်လာရန်


အထောက်အကူဖြစ်စေသည့် မြန်မာ့ဒီမိုကရေစီရေးကို ပိုမိုကူညီရန် အိန္ဒိယခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

“ကျမ လွတ်မြောက်လာတာကို အခုလိုကြိုဆိုတဲ့အတွက် အလွန် ကျေးဇူးတင်ပါတယ်။ အခု လွတ်လာတာကို `နည်းနည်း ပိုလွတ်လပ်တဲ့ ဘ၀´ လို့များ
ပြောရမလား မသိပါဘူး။ `နှောင်ကြိုးမဲ့ဘ၀´ ဆိုတဲ့ စကားလုံးကိုတော့ ကျမ မသုံးချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျမ နေနေရတဲ့ ဘ၀၊ ကျမတို့ မြန်မာပြည်က
ဒီမိုကရေစီ လှုပ်ရှားမှု ဘ၀တွေက လုံလုံးကြီး မလွတ်မြောက်သေးလို့ပါ။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ကျော်ရှိ နေသေးတာကိုလဲ သိကြမယ်လို့
ကျမ ယုံကြည်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

ထို့ပြင် “ဒီလူတွေအားလုံး မလွတ်မြောက်သေးသမျှ၊ ကျမတို့ မြန်မာပြည်သူတွေ ကိုယ့်အခွင့်အရေးအတွက် လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် မရသေးသမျှ


လွတ်လပ်တဲ့ နိုင်ငံမှာ နေရတယ်လို့ မပြောနိုင်ပါဘူး။ ဒီလိုနေခွင့်ရဖို့ ကျမတို့အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြရပါမယ်။ ဒီလို နေခွင့်ရဖို့
အားပေးကူညီနိုင်မယ့် နိုင်ငံတနိုင်ငံအဖြစ်၊ ကျမတို့နဲ့အတူ ကြာရှည်လက်တွဲရပ်တည်ခဲ့တဲ့ မိတ်ဆွေနိုင်ငံကောင်းအဖြစ် အိန္ဒိယကို ကျမတို့ ရှုမြင်ပါတယ်။
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေနဲ့ အိန္ဒိယအစိုးရအကြား နီးနီးကပ်ကပ် ဆက်ဆံမှုတွေလဲ ရှိစေလိုပါတယ်” ဟု သူက ဆိုထားသည်။

မိခင်ဒေါ်ခင်ကြည် အိန္ဒိယဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ၁၉၆၀ တွင် ခန့်ထားခံရစဉ်က ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာပြီး နယူးဒေလီရှိ


လေဒီသျှရီရမ်ကောလိပ်၌ ပညာဆည်းပူးခဲ့သည်။

ယင်းကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မိနာရှီဂိုပီနတ်က ဒေါ်အောင်ဆန်းစုကြည်သည် မိမိတို့ကျောင်း၏ လမ်းပြကြယ်ဖြစ်သည့်အပြင်


စံနမူနာယူသင့်သည့် ကျောင်းသူဖြစ်ကြောင်း၊ သူလွတ်မြောက်လာသဖြင့် ၀မ်းမြောက်ကြောင်း ပြောဆိုသည်။

“ကျမတို့ကျောင်းရဲ့ ကောလိပ်ကျောင်းသူ ဖြစ်ခဲ့တာကို ဂုဏ်ယူလို့ မဆုံးပါဘူး။ သူဟာ ထောင်သောင်းချီတဲ့ ကျမတို့ ကျောင်းသူတွေအတွက် လမ်းပြကြယ်ပါ။
ကျောင်းကို ဒေါ်အောင်ဆန်းစုကြည် လာလည်ပြီး သူ့စိတ်ဓာတ်၊ သူ့အယူအဆတွေနဲ့ ကျမရဲ့ကျောင်းသူတွေကို ခွန်အားပေးမယ့်နေ့ကို စောင့်မျှော်နေပါတယ်” ဟု
သူက ဆိုသည်။

၁၉၈၈ မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ၁၉၉ဝ


နှစ်များအထိ အိန္ဒိယသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို တက်ကြွစွာ
ထောက်ခံအားပေးခဲ့သည်။ အိန္ဒိယဂုဏ်ဆောင် မဟတ္တမဂန္ဒီနှင့် နှိုင်းယှဉ်ဂုဏ်ပြုပြီး
ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်နည်း ကျင့်သုံးနေသူ ဒေါ်အောင်ဆန်းစုကြည်ကို
၁၉၉၅ တွင် အိန္ဒိယက ဂျဝါဟာလာနေရူးဆု ချီးမြှင့်ခဲ့သေးသည်။

သို့သော် ၁၉၉၅ အလွန် ကာလများမှစ၍ စီးပွားရေး အခွင့်အလမ်းများအတွက်


အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့် ဆက်ဆံရေး ပိုကောင်းရန် ဦးစားပေးသည်ဟု
ဒီမိုကရေစီရေး လိုလားသူများက အိန္ဒိယကို ဝေဖန်ခဲ့ကြသည်။

မနေ့က အခမ်းအနားသို့ တက်ရောက်လာသူ အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်များကမူ


အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် နိုင်ငံခြားရေး မူဝါဒ ရှုပ်ထွေးနေသော်လည်း
အိန္ဒိယပြည်သူများနှင့် ခေါင်းဆောင်များကမူ မြန်မာပြည် ဒီမိုကရေစီရေးရရှိရေးအတွက်
စိတ်အားထက်သန်မှုရှိကြောင်း ပြောဆိုခဲ့ကြသည်။
၂းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Shashi Tharoorးးးးးးးးးးးးးးးးးးးးးးးးးးး
“အိန္ဒိယအစိုးရမှာ ဘယ်လိုအကြောင်းပြချက်ပဲ ရှိပါစေ၊ မြန်မာပြည်သူတွေ ဘက်ကပဲ
ရပ်တည်သင့်တယ်။ စီးပွားရေး၊ နိုင်ငံရေးတွေကို ကြည့်နေရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်
အိန္ဒိယပြည်သူတွေဟာ မြန်မာပြည်သူတွေဘက်မှာ ရှိတဲ့အတွက် စိတ်ပူစရာ မလိုပါဘူး။ ( )
ဒီမိုကရေစီရေးအတွက် စစ်အစိုးရကို အိန္ဒိယက ဖိအားပေးဖို့ မျှော်လင့်ပါတယ်’’ ဟု လူမှုသုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Ranjana Kumari က
ဆိုသည်။

သူက ဆက်ပြီး ’’၂၁ ရာစုနှစ်ဟာ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီ ရာစုနှစ်ပါ။ ဒါကြောင့်မို့လို့ ရေရှည်နိုင်ငံရေး စံနှုန်းတွေ နိမ့်ကျနေဖို့ မဖြစ်နိုင်ပါဘူး။
မြန်မာနိုင်ငံသားတွေကို ဒီမိုကရေစီနဲ့ လွတ်လပ်မှုနဲ့ ဝေးကွာအောင် ကြာရှည်လုပ်ထားလို့ ရလိမ့်မယ်လို့ မထင်မိပါဘူး’’ ဟု ပြောဆိုခဲ့သည်။
၂၁ ရာစုပင်လုံကို အပေါစား နိုင်ငံရေးစတန့်ဟု သတင်းစာ ရေးသား

ဆလိုင်း ဟံသာစန်း | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒုတိယပင်လုံသည် အပေါစား နိုင်ငံရေး စတန့်ထွင်မှုသာ ဖြစ်သည်ဟု ရေးသားထားသော ဆောင်းပါးတပုဒ်အား စစ်အစိုးရပိုင် ယနေ့ထုတ်
မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာများတွင် ဖော်ပြပါရှိလာသည်။

ဆောင်းပါးရှင် ဗညားအောင် ရေးသည့် “နိုင်ငံ့အရေး အလွယ် မတွေးစေချင်ပါ” ဆောင်းပါးတွင် တပ်မတော်နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲနိုင် ပါတီများ မပါဘဲ
ပင်လုံညီလာခံ ကျင်းပမည် ဆိုခြင်းသည် အပေါစား နိုင်ငံရေး စတန့်ထွင်ခြင်းသာဖြစ်ကြောင်း စစ်အစိုးရ အာဘော် သတင်းစာများတွင် ရေးသားဖော်ပြထားခြင်း
ဖြစ်သည်။

ဤသည်မှာ နေအိမ် အထိန်းသိမ်းခံမှ ပြန်လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ဒုတိယပင်လုံညီလာခံ ပြုလုပ်ရမည်ဟု ပြောဆိုမှုအပြီး


ရက်ပိုင်းအကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

ဒုတိယပင်လုံ ကျင်းပရေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဇိုမီးအမျိုးသားကွန်ဂရက် ZNC က စစ်ကိုင်းတိုင်း ကလေးမြို့၌ “ကလေးမြို့
ဆုံးဖြတ်ချက် ကြေညာစာတမ်း” ဟူ၍ ထုတ်ပြန်ကာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်ကာ ကျင်းပရန်
အဆိုပြုခဲ့သည်။

ယင်းအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ကျောင်းသားခေါင်းဆောင်များ အပါအဝင်


လူဦးရေ ၅ဝ ကျော်က စုပေါင်းလက်မှတ်ရေးထိုးကာ ထောက်ခံခဲ့သည်။ ပြီးခဲ့သည့်လ ၂ဝ ရက်နေ့တွင် ZNC က ပင်လုံညီလာခံဖော်ဆောင်ရေးကို
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရန် တာဝန်လွှဲအပ်ခဲ့သည်။

စစ်အစိုးရ သတင်းစာက ပင်လုံကိစ္စအပေါ် ယနေ့ ဝေဖန်လိုက်သော်လည်း တိုင်းရင်းသား ခေါင်းဆောင်များကမူ မြန်မာနိုင်ငံ၌ အမျိုးသား ပြန်လည်သင့်မြတ်ရေး
လိုအပ်နေသဖြင့် ဒုတိယပင်လုံညီလာခံ မဖြစ်မနေလိုအပ်ကြောင်း တုံ့ပြန်ပြောဆိုကြသည်။

“ခေတ်မီနိုင်ငံတော် တည်ဆောက်ဖို့ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုတယ်။ ဒါကြောင့် ဒုတိယပင်လုံဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်


လုပ်ရမယ့်အလုပ်၊ လုပ်သင့်တဲ့အလုပ်၊ လုပ်ဖို့ လိုအပ်တဲ့ အလုပ်ပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က
ပြောသည်။

ဒုတိယပင်လုံခေါ်ယူရေး စတင်ဖော်ဆောင်ခဲ့သည့် ZNC ပါတီမှ ဥက္ကဋ္ဌဖြစ်သူ ပူးကျင့်ရှင်းထန်ကလည်း “ဒုတိယ ပင်လုံညီလာခံရဲ့ ရည်ရွယ်ချက်က အမျိုးသား
ပြန်လည်ရင်ကြားစေ့ဖို့ ရည်ရွယ်ထားတာပါ။ အဲဒီလို ရည်ရွယ်ထားတဲ့အတွက် တဖက်သတ် အစည်းအဝေးတို့၊ ညီလာခံတို့ လုပ်ဖို့မဟုတ်ဘဲ နအဖ စစ်အစိုးရ
အပါအဝင် အားလုံး ပါဝင်နိုင်ဖို့ကို ပြောနေတာပါ” ဟု ပြောသည်။

ဒုတိယ ပင်လုံညီလာခံ ကျင်းပရမည့် အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ကို မဇ္ဈိမသတင်းထောက်က ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် NLD ရုံးချုပ်၌
လူချင်းတွေ့ဆုံမေးမြန်းခွင့် ရရှိစဉ် သူက ’’ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ တတ်နိုင်သမျှ လူများများပါရေးဆိုတာ
ကျမတို့ ရည်မှန်းလုပ်ဆောင်နေတဲ့ အချက် ဖြစ်ပါတယ်။ အဓိက,က စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ မြန်မာနိုင်ငံအတွင်းက မတူကွဲပြားတဲ့
တိုင်းရင်းသား လူမျိုးစုတွေအကြားမှာ ညီညွတ်ရေးရအောင် လုပ်ဆောင်ဖို့ပါ’’ ဟု ပြောဆိုခဲ့သည်။

ဒုတိယ ပင်လုံညီလာခံ ကျင်းပပြီး ညီညွတ်ရေးရရန် ပြုလုပ်သည့်အခါ စစ်တပ်က ပါဝင်ဆောင်ရွက်မည်လားဟု အမေးကို သူက ’’ညီညွတ်ရေးအတွက်
ပထမခြေလှမ်းက သူများပြောတာ နားထောင်ဖို့ပါ။ မြန်မာပြည်လို တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံမျိုးမှာ အထူးသဖြင့် အာဏာရှိနေတဲ့
သူတွေအနေနဲ့ သူတို့အသံတွေကို နားထောင်ဖို့ လိုတယ်။ ဒီလိုနားထောင်မှ သူတို့ ဘာလိုချင်တယ်၊ သူတို့ မျှော်မှန်းချက်တွေက ဘာ၊ သူတို့မျှော်လင့်ချက်တွေက
ဘာ၊ သူတို့ ဘာကို စိုးရိမ်ကြတယ်ဆိုတာတွေ သိလာမှာ ဖြစ်ပါတယ်။ ဒီလိုနားလည်လာမှ မတူကွဲပြားခြင်းတွေရဲ့ ညီညွတ်ရေးဆိုတာအတွက် အခြေခံ အုတ်မြစ်ကို
ချနိုင်မှာ ဖြစ်ပါတယ်’’ ဟု ဖြေကြားခဲ့သည်။

စစ်အစိုးရအနေဖြင့် အမျိုးသားညီလာခံကျင်းပကာ နိုင်ငံရေးအင်အားစုတွေကြား အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ပြီး တိုင်းရင်းသား


လက်နက်ကိုင်အဖွဲ့များနှင့်လည်း အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေးနည်းဖြင့် ပြန်လည်ညီညွတ်ရေး တည်ဆောက်ခဲ့ကြောင်း သတင်းစာပါ ဆောင်းပါးက
ရေးထားသေးသည်။

လက်ရှိတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် တိုက်ပွဲဖြစ်နေပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် စစ်ရေးတင်းမာနေသဖြင့်
ယင်းသို့ ပြောဆိုမှုမှာ ဟန်ဆောင်ဖုံးကွယ်ခြင်းဟု ပူးကျင့်ရှင်းထန်က ချေပပြောဆိုသည်။

“သူတို့က ပြီးသွားပြီ၊ ကောင်းပြီလို့ ပြောနေပေမယ့် မကောင်းလို့မှ ကျနော်တို့တိုင်းပြည်မှာ အခု တိုက်ပွဲတွေ ဖြစ်နေတာ မျက်မြင်ကိုယ်တွေ့ပဲလေ” ဟု သူက
ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီဖြစ်သဖြင့် ပေါ်ပေါက်လာမည့် လွှတ်တော်အတွင်း ပါတီများ၊ တိုင်းရင်းသားများနှင့် တပ်မတော်တို့ သုံးပွင့်ဆိုင်


တွေ့ဆုံဆွေးနွေးနိုင်ပြီဖြစ်သဖြင့် ဒုတိယပင်လုံ ညီလာခံ မလိုအပ်ကြောင်း သတင်းစာက ဆိုထားပြန်သည်။

’’တိုင်းပြည်မှာ ပြန်လည်ထူထောင်ဖို့ဆိုရင် အပြောင်းအလဲဖြစ်ဖို့ လိုတယ်။ အပြောင်းအလဲ ဖြစ်ဖို့ဆိုရင် ဒီမိုကရေစီ အခြေခံ၊ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်၊
ဒီအချက်တွေအပေါ်မှာ အခြေခံယူပြီး လျှောက်ဖို့ လိုတယ်။ ဒုတိယ ပင်လုံညီလာခံမှာ ဆွေးနွေးကြမယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်က အကောင်းဆုံး ဖြစ်မှာပါ”
ဟု ဦးအေးသာအောင်က ပြောသည်။

အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို လွှတ်တော်အတွင်း ဆောင်ရွက်ခြင်း၊ မိမိတို့နယ်မှ ကိုယ်စားလှယ်များကို အကြံပြုခြင်း၊ နောက်တကြိမ်


ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး လွှတ်တော်တွင်း နိုင်ငံရေးကို လုပ်ဆောင်ရန် နည်းလမ်းရှိကြောင်းနှင့် ထိုနည်းကို မလုပ်ဘဲ စိတ်ကူးယာဉ်သက်သက်ဖြင့်
ဆောင်ရွက်ပါက အကျိုးထက် အပြစ်က ပိုများလိမ့်မည်ဖြစ်ကြောင်း သတိပြုရန် ဆောင်းပါးရှင်က ဆိုထားသည်။

ဦးအေးသာအောင်ကမူ ဒုတိယပင်လုံ ခေါ်ယူရေးဆိုသည်မှာ အစိုးရကို ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် တင်းမာအောင် ပြုလုပ်ခြင်း မဟုတ်ဘဲ တိုင်းပြည်၏


လိုအပ်ချက်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းပါမည်ဆိုသော သဘောတူညီချက်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက ၁၉၄၇ ခုနှစ်
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ စည်းဝေးခဲ့ရာမှ ပင်လုံညီလာခံ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရအပြီး
သဘောတူညီမှုပျက်ပြားကာ ပြည်တွင်းစစ် ဖြစ်လာခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ အပစ်ခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးရပြီဟု ပြောလေ့ရှိသော်လည်း တိုင်းရင်းသား အဖွဲ့များက
နိုင်ငံရေး သဘောတူညီချက် မပါကြောင်း ငြင်းဆိုခဲ့ကြသည်။

ခန့်မှန်းခြေ စုစုပေါင်း ၄ သောင်းဝန်းကျင်ရှိ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အင်အားကို ကာကွယ်ရေး ဦးစီးချုပ်အောက် သွတ်သွင်းမည့်


နယ်ခြားစောင့်တပ်အဖြစ် မပြောင်းလဲသေးနိုင်သလို၊ အပစ်ခတ်မရပ်ဘဲ ဆက်လက်တိုက်ခိုက်နေသော တိုင်းရင်းသားအဖွဲ့များလည်း ရှိနေသေးသည်။

ဇန်နဝါရီမှာ လွှတ်တော် ခေါ်မှာလား

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၁၉၈၈ နောက်ပိုင်း ပထမဆုံး ပြည်သူ့လွှတ်တော်ကို ဇန်နဝါရီလနှောင်းပိုင်းတွင် ခေါ်ယူဖွယ်ရှိသည်ဟု ဒုတိယ အမတ်နေရာအများဆုံး
အနိုင်ရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ခန့်မှန်း ပြောဆိုလိုက်သည်။

“လွှတ်တော်က ဇန်နဝါရီ တတိယ-စတုတ္ထပတ်လောက်မှာ ခေါ်ရမယ့် အနေအထား ရှိတယ်လေ။ ဒါကျနော်တို့ မှန်းတာပေါ့” ဟု တစညပါတီ ပြောခွင့်ရ ဦးဟန်ရွှေက
မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲ


ကျင်းပသည့် နိုဝင်ဘာ ၇ ရက်မှ စ၍ ရက်ပေါင်း ၉၀ အတွင်း စစ်အစိုးရက
ပြည်သူ့လွှတ်တော် အစည်းအဝေး ခေါ်ယူပေးရမှာ ဖြစ်သည်။

ထို့အပြင် ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်ပြီး f တပတ်အတွင်း


အမျိုးသားလွှတ်တော်ကို ခေါ်ယူရမည် ဖြစ်သည်။ ထို့နောက် ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း၍ ၁၅ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်ကို
ကျင်းပရမည်ဟု ပါရှိသည်။

လွှတ်တော် အစည်းအဝေးတွင် အဓိက ဆွေးနွေးမည့်အကြောင်းတခုမှာ “လက်နက်ကိုင်


အဖွဲ့အစည်း အားလုံး တပ်မတော် ကွပ်ကွဲမှုအောက်” သို့ ရောက်ရှိစေရေးကိစ္စဖြစ်သည်ဟု
နိုင်ငံရေးပါတီများနှင့် လေ့လာသူများက ခန့်မှန်းထားသည်။

စစ်အစိုးရ၏ “နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး” ကို လက်မခံသော အပစ်ခတ်ရပ်


တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့ရှိနေသည်။
၂၂ ၂
“နယ်ခြားစောင့်တပ်ပြောင်းရေးက လွှတ်တော်ထဲမှာ ဆွေးနွေးရင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ နည်းလမ်းနဲ့ပဲ သူတို့ဖြေရှင်း သွားရမယ့် သဘောရှိတယ်။ တိုင်းရင်းသား
ကိုယ်စားလှယ်တွေလဲ ပါလာမှာကိုး” ဟု ဦးဟန်ရွှေက ပြောသည်။

မဲလိမ် မဲခိုးမှုများဖြင့် အငြင်းပွားနေသည့် ရွေးကောက်ပွဲရလဒ်အရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက


အမတ် စုစုပေါင်း ၁၁၅၄ ဦးတွင် ၈၈၂ ဦးဖြင့် ၇၆ ရာခိုင်နှုန်းကျော်
အမတ်နေရာအများဆုံးရထားပြီး တစညက ငါးရာခိုင်နှုန်းကျော်ဖြင့် ဒုတိယလိုက်သည်။

ရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ တစညကိုယ်စားလှယ်များကလည်း


မကျေနပ်ကြပေ။ ပါတီအနေဖြင့် ဝင်အရွေးခံသည့် ကိုယ်စားလှယ်တဦးကို ၁ဝ
သိန်းစီပေးပြီး ကန့်ကွက်လွှာတင်သွင်းရန် စဉ်းစားလျက်ရှိကြောင်း တစည
သတင်းရပ်ကွက်တခုက ပြောသည်။ လောလောဆယ် ရွေးကောက်ပွဲ ဥပဒေနှင့်
မကိုက်ညီသည်များကို ကော်မရှင်သို့ အသိပေးထားသည်။

တစည တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီး မနေ့က အမေရိကန်အစိုးရ


အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ
ဂျိုးဇက် ဝိုင်ယွန်းနှင့် အရွေးခံပါတီ ကိုယ်စားလှယ်များ ရန်ကုန်တွင် တွေ့ဆုံရာ၌
ပါဝင်ဆွေးနွေးခဲ့သည်။
၂၂ ၂
ဖြစ်ပေါ်လာမည့် အစိုးရသစ်အခြေအနေ၊ အမေရိကန်- မြန်မာဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု ဦးဟန်ရွှေက ပြောသည်။

မရဏမောင်းလော အောင်စည်လော

သောမတ်စ် မောင်ရွှေ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာစစ်အစိုးရအကြား ၁၆
နှစ်ကျော် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် ယခုအခါ စစ်သည် လက်နက်ကိုင်အင်အား ၁၀,၀၀၀ ခန့်ရှိသည်ဆိုသော ကချင်တပ်မတော်အနေဖြင့်
စစ်ပွဲအတွက် ပြန်ပြင်ဆင်နေရပြီဟု ဆိုသည်။
ကချင်အဖွဲ့၏ မြို့တော် လိုင်ဇာမြို့ပြင်အနီးတွင်ပင် မဇ္ဈိမသတင်းဌာနက လက်နက်ငယ် သင်တန်း ဆင်းခါစ အသစ် စုဆောင်းထားသည့် တပ်သားများကို
မြင်တွေ့ရသည်။ အသက် ၂၅ နှစ်ရှိ သူနာပြု ကျောင်းသူတဦးကိုလည်း စစ်ယူနီဖောင်း အပြည့်အစုံနှင့် တွေ့ရပြီး ကချင်တပ်မတော် (KIA) စက်ပစ်ကွင်းတွင်
အခြားအမျိုးသမီး စစ်သည်များနှင့်အတူ လေ့ကျင့်နေသည်။ လက်က မောင်းပြန်သေနတ် ကိုင်ရင်း သူက အခုစစ်သားသစ် စုဆောင်းသည့်အထဲ ပါလာရခြင်း
အကြောင်းကို ပြောသည်။ "ကျမတို့ အမျိုးသမီး စစ်သည်တွေလဲ အမျိုးသားတွေနဲ့ လက်တွဲတိုက်ပွဲဝင်ရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးရဖို့ဆိုတာ
အမျိုးသားတွေနဲ့ချည်း မဖြစ်နိုင်ဘူး" ဟု ဆိုသည်။

မြန်မာစစ်အစိုးရနှင့် KIO အဖွဲ့အကြား ပြီးခဲ့သည့် အောက်တိုဘာလလယ်မှစ၍ ဆက်ဆံရေး ပျက်ယွင်းပြီး ပိုတင်းမာလာခဲ့သည်။ မြန်မာစစ်အစိုးရ၏


မြန်မာ့အလင်းသတင်းစာက သူတို့အဖွဲ့ကို "သောင်းကျန်းသူ" ဟူ၍ပင် ပြန်သုံးစွဲခဲ့သည်။ ပုံမှန်ဆိုလျှင် မြန်မာစစ်အစိုးရက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု
မရသေးဘဲ တိုက်ခိုက်နေရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကဲ့သို့ အဖွဲ့များကိုသာ သောင်းကျန်းသူဟု ခေါ်ဝေါ်နေခဲ့သည်။ ၁၉၉၄ အပစ်အခတ်
ရပ်စဲရေး သဘောတူညီချက် ရယူပြီးချိန်မှစ၍ ယခုတကြိမ် ပထမဆုံး KIO အပေါ် သောင်းကျန်းသူဟု ပြန်လည်သုံးစွဲလာခဲ့ခြင်း ဖြစ်သည်။

KIO အဖွဲ့ကို သောင်းကျန်းသူဟု ပြန်လည် ခေါ်ဝေါ်လာပြီးသည့်နောက်တွင် ဗိုလ်ချုပ်ကြီးသန်းရွှေ မြန်မာ စစ်အစိုးရက KIO ထိန်းချုပ်ထားသည့်
အကောက်ဂိတ်များကို ဖြတ်၍ လူနှင့် ကုန်ပစ္စည်းများ ဖြတ်သန်း သွားလာခွင့်ကို ပို၍ တင်းကျပ်လာခဲ့သည်။ ဤအကောက်ဂိတ်များမှနေ၍ KIO က ဝင်ငွေ
မြိုးမြိုးမြက်မြက် ရနေခဲ့ပြီး ပြီးခဲ့သည့် ၁၆ နှစ်တွင်း တရုတ-် မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ အရေးပါသည့် လမ်းကြောင်းတခုလည်း ဖြစ်ခဲ့သည်။

စစ်အစိုးရက ကချင်ပြည်နယ်တဝှမ်းနှင့် အိမ်နီးချင်း ရှမ်းပြည်နယ်တွင်းရှိ KIO ဆက်ဆံရေးရုံး အများစုကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့သေးသည်။ ဤရုံးများရှိရာ
အချို့ဒေသများကို စစ်အစိုးရ ထိန်းချုပ်ထားသော်လည်း KIO အဖွဲ့ကလည်း တစိတ်တပိုင်း အာဏာတည်သည့် ဒေသများလည်း ဖြစ်သည်။
၎င်းဆက်ဆံရေးရုံးများကို အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် စတင်တည်ထောင်ခဲ့ကြပြီး အပစ်ရပ် သဘောတူညီချက်ကို ချောမွေ့စွာ
ဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်ခွင့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

တချိန်က KIO အဖွဲ့ရော၊ မြန်မာစစ်အစိုးရပါ အကျိုးအမြတ်ရှိခဲ့ကြသည့် စီးပွားရေးလုပ်ငန်းများမှာလည်း အခုတော့ နိဂုံးချုပ်ရတော့မည့်ကိန်း ဆိုက်နေပြီ ဖြစ်သည်။
လေ့လာသူအများစုက ယူဆရာတွင် ယခုပြဿနာသည် ရေတိုမဟုတ်၊ မြန်မာ့စစ်အစိုးရ လက်နက်ကိုင် တပ်မတော်နှင့် KIO အဖွဲ့ကြား သေနတ်ပြန်ပေါက်၊
စစ်ပြန်ဖြစ်ရတော့မည့် အရေး နေ့လား ညလား ဖြစ်နေပြီဟု ဆိုကြသည်။

မဇ္ဈိမသတင်းဌာနက KIO ဌာနချုပ် လိုင်ဇာတွင် အဖွဲ့ အဆင့်မြင့်ခေါင်းဆောင်များကို တွေ့ဆုံ မေးမြန်းသည့်အခါ သူတို့က ဆက်ဆံရေး ပျက်ပြားရခြင်းအတွက်
မြန်မာစစ်အစိုးရ ခေါင်းဆောင်များအပေါ် အပြစ်ဖို့သည်။ နေပြည်တော်ရှိ စစ်အစိုးရက KIO လက်နက်ကိုင် အင်အားစု ကချင်တပ်မတော်ကို မြန်မာ့တပ်မတော်
ထိန်းချုပ်မှုအောက်၌ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိုသာ တစိုက်မတ်မတ် တောင်းဆိုနေခဲ့သည်ဟု ဆိုသည်။

KIO ထိန်းချုပ်ထားသည့် ဒေသများ၏ အုပ်ချုပ်ရေးမှူး လာနာ့ ဂမ်ဖန် (Lana Gumhpan) က မဇ္ဈိမသတင်းဌာနကို ပြောဆိုရာတွင် ကချင် လက်နက်ကိုင်တပ်ကို
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ " ကျနော်တို့ KIO က ဒီကိစ္စကို အလေးအနက် စဉ်းစားပါတယ်။ လူထုကို သေချာတိုင်ပင်
အကြံရယူပြီးတော့ ဗဟိုကော်မတီအထဲမှာလဲ အကျေအလည် စဉ်းစားကြပါတယ်။ နောက်ဆုံး ကျနော်တို့ လက်နက်ကိုင် တပ်တွေကို အသွင်ပြောင်းရုံ
သက်သက်နဲ့တော့ ရေရှည် ငြိမ်းချမ်းရေးမရနိုင်ဘူး ဆိုတာ သဘောတူကြတယ်" ဟု ပြောသည်။

တရုတ်နိုင်ငံ နယ်စပ်နှင့် ကပ်နေသည့် 'လိုင်ဇာ' မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရစဉ်က ရွာငယ်ဇနပုဒ်မျှသာ ဖြစ်သည်။ ယခုတော့ လူဦးရေ ၂၀,၀၀၀
ကျော်နေထိုင်သည့် စည်ကား လှုပ်ရှားနေသော မြို့ပြ ဖြစ်နေချေပြီ။ ရုတ်တရက် ကြည့်မည်ဆိုလျှင် KIO ထိန်းချုပ်ဒေသ မြို့တော် လိုင်ဇာမှာ အခြားမြန်မာနိုင်ငံ
နယ်စပ်မြို့များနှင့် ဆင်တူပြီး ထရပ်ကားကြီးများ၊ ဟိုတယ်များ၊ ကျောက်မျက် ရောင်းဆိုင်များနှင့် လူစည်ကားနေသည့် ဈေးများ၊ ကျောင်းများ၊ ခရစ်ယာန်
ဘုရားရှိခိုးကျောင်း ၄ ခုနှင့် နောက်ဆုံး ဂေါက်ကွင်းတခုပင် ရှိနေသေးသည်။ မကြာသေးခင်ကာလအထိ စီးပွားရေး တိုးတက်နေခဲ့ပြီး ရွှေ့ပြောင်း
အခြေချလာသူများအဖို့ အိမ်ခန်းရရန်ပင် ခက်ခဲလှသည်။ တရုတ်နိုင်ငံတွင် အိမ်ငှားခက လိုင်ဇာရှိ အိမ်ခန်းခများထက်ပင် ပိုဈေးချိုနေသေးသည် ဆိုကြသည်။

မကြာမီက ဖြစ်လာသည့် နိုင်ငံရေး တင်းမာမှုများကြောင့် လိုင်ဇာမြို့သားများ စိုးရိမ်ပူပန်ဖွယ် အခြေအနေနှင့် ကြုံတွေ့လာရသည်။ မိမိတို့ တွေ့ဆုံ မေးမြန်းနိုင်ခဲ့သမျှ
လိုင်ဇာမြို့နေ လူထုက ယခုစစ်မက်ပဋိပက္ခက ရှောင်လွှဲနိုင်ဖွယ် မရှိ၊ ဖြစ်လာတော့မည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။

နှစ် ၅ဝ ကျော် ကချင်သူပုန်ထမှု

ကချင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် လက်နက်ကိုင် အင်အားစု ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကို ရှမ်းပြည်နယ် ကချင်လူမျိုးစုများ
နေထိုင်ရာဒေသတွင် ၁၉၆၁ ဖေဖေါ်ဝါရီလက စတင် တည်ထောင်ခဲ့သည်။ ခဏခဏ စိတ်ပြောင်းတတ်သူ မြန်မာဝန်ကြီးချုပ် ဦးနု ဦးဆောင်သော ဗဟိုအစိုးရအပေါ်
ကချင် လူထု၏ မကျေနပ်မှုများကို အခြေခံ၍ စတင် ပုန်ကန်ခဲ့ကြခြင်းလည်း ဖြစ်သည်။ ၁၉၆ဝ ဧပြီလ ရွေးကောက်ပွဲတွင် ဦးနုက သူသာပြန်၍ ရွေးကောက်ခံရပါက
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ ကြေညာပေးမည်ဟူ၍ ပြောဆိုခဲ့သည့်အပေါ် ခရစ်ယာန် ကိုးကွယ်သူ အများစုဖြစ်သည့် ကချင်များက
ဒေါသထွက်ခဲ့ကြသည်။ သူ့ကတိအတိုင်း ဝန်ကြီးချုပ်ဦးနုက ၁၉၆၁ သြဂုတ်လတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြုခဲ့သည်။

ထို့အပြင် လွတ်လပ်ရေး တောင်းဆိုစဉ်ကာလက ဗိုလ်ချုပ်အောင်ဆန်း ကမကထပြု၍ တောင်တန်းဒေသများတွင် နေထိုင်ကြသော ကချင်၊ ရှမ်း၊ ချင်း
တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မြန်မာအစိုးရ ဖြည့်ဆည်းပေးရန် ပျက်ကွက်ခဲ့သည့်အတွက်လည်း ကချင်လူထု စိတ်ပျက်ဒေါသ ဖြစ်ခဲ့ကြရသည်။

၁၉၄၇ က တိုင်းရင်းသား ခေါင်းဆောင်များနှင့် သဘောတူညီ ချုပ်ဆိုနိုင်ခဲ့ကြသည့် ပင်လုံ သဘောတူညီချက် ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်
လှုပ်ရှားနေသော မြန်မာတနိုင်ငံလုံး လွတ်လပ်ရေးအတွက် အရေးပါသည့် လိုအပ်ချက်၊ ခြေလှမ်းတရပ်လည်း ဖြစ်ခဲ့သည်။ ဤသဘောတူညီချက် အပိုဒ် (၅) တွင်
ပါဝင် ကိုယ်စားပြုထားသည့် တိုင်းရင်းသား အုပ်စုများကို ဒေသအတွင်း ကိုယ်ပိုင်အစိုးရဖြင့် အုပ်ချုပ်နိုင်ခွင့် အခွင့်အရေးကို သဘောတူညီထားပြီး
မြန်မာအစိုးရအနေနှင့် "နယ်စပ်ဒေသများကို လေးစားသည့်အနေနှင့် ၎င်းဒေသများ ယခုခံစား ကျင့်သုံးနိုင်ကြသည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်စေမည့်
ကိစ္စများတွင် မည်သည့်နည်းနှင့်မျှ ပါဝင်ဆောင်ရွက်ခြင်း ပြုမည်မဟုတ်ပါ။ နယ်စပ်ဒေသများ၏ ပြည်တွင်း အုပ်ချုပ်ရေးကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိစေမည့်အကြောင်း
မူအရ သဘောတူညီပါသည်" ဟု ဖော်ပြထားသည်။

၁၉၄၇ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်ပိုင်း ဦးနုက ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ချုပ်ကို ဆက်
ဦးဆောင်ခဲ့ရသည်။ သို့သော်လည်း ၁၉၄၈ ဇန်နဝါရီလ လွတ်လပ် ရေးရပြီးချိန်တွင် ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို လက်တွေ့ အကောင်အထည်ဖော်ရန်
အနည်းအကျဉ်းမျှသာ ဆောင်ရွက်ခဲ့သည်။ ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည့် အတွက်ကြောင့်ပင်
ကချင်အပါအဝင် အခြားတိုင်းရင်းသား လူနည်းစုများက မြန်မာတို့သစ္စာဖောက်သည်ဟု ခံစားခဲ့ကြရသည်။

သူနှင့် တွေ့ဆုံချိန်၌ ဂမ်ဖန်က ဖုံမှုန့်များ ပေကျံနေသည့် ပင်လုံစာချုပ် မိတ္တူဟောင်းတခုကို ဆွဲထုတ် လာခဲ့သည်။ အကယ်၍ ဤစာချုပ်ပါ အပိုဒ-၅
် ကို လိုက်နာ
အကောင်အထည် ဖော်နိုင်ခဲ့ကြပါက မြန်မာနိုင်ငံအနေနှင့် နှစ်ပေါင်းကြာရှည် တိုက်ခိုက်ခဲ့ရသော ပြည်တွင်းစစ်ကို ရှောင်လွှဲနိုင်ခဲ့မည်ဟု သူတို့က
ယုံကြည်နေကြသည်။ "ပင်လုံ သဘောတူညီချက်နဲ့ ပြည်ထောင်စုကို တည်ဆောက်ခဲ့ကြပေမယ့်လဲ သဘောတူညီထားတဲ့ အတိုင်း၊ ကျနော်တို့
မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး။ ကျနော်တို့ကချင်တွေနဲ့ တခြားတောင်ပေါ်သားတွေ နိုင်ငံရေး အခွင့်အရေးရော၊ လူ့အခွင့်အရေးပါ ဆုံးရှုံးနေကြရတယ်။
နောက်ဆုံးတော့ လက်နက်ကိုင် တော်လှန်ရတော့တာပဲ" ဟု သူက ပြောသည်။

အငြင်းပွားဖွယ် ရေကာတာ ဆောက်လုပ်မှုအပေါ် ကချင်တို့ ကန့်ကွက်မှုကို လျစ်လျူရှုထားခြင်း

ဂမ်ဖန်က မဇ္ဈိမသတင်းဌာနကို ပြောဆိုရာ၌ မြန်မာစစ်အစိုးရက ကချင်ပြည်နယ်အတွင်း အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်မည့် ရေကာတာများ


တည်ဆောက်ရန် ရှိနေပြီး ကချင်ပြည်နယ် မြောက်ဖျားဒေသ မေခ-မေလိခမြစ်ဆုံ ဧရာဝတီမြစ်ဆုံ၌ ရေကာတာ ဆောက်လုပ်ရန် ရှေ့တိုးဆောင်ရွက်နေခြင်းမှာ
လူနည်းစု တိုင်းရင်းသားလူမျိုးများ၏ အမြင်ကို လျစ်လျူရှု ပစ်ပယ်ထားသည့် နောက်ဆုံး သာဓကတခုဖြစ်ကြောင်း ပြောဆိုသည်။ ဒေသခံလူထုက
ယခုစီမံကိန်းများကို အကြီးအကျယ် ဆန့်ကျင်ခဲ့ကြပြီး KIO ကလည်း ဖြစ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအတွက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်ဟု
ဂမ်ဖန်က ဆိုသည်။

သို့သော်လည်း မြန်မာစစ်အစိုးရက လျစ်လျူရှုထားခဲ့သည်သာ ဖြစ်သည်။ လူထောင်နှင့်ချီ၍ ဤစီမံကိန်းကြောင့် အိုးအိမ်အခြေပျက် ရွှေ့ပြောင်းကြရမည်


ဖြစ်သော်လည်း ဤစီမံကိန်းမှ ထွက်ရှိလာသည့် လျှပ်စစ်စွမ်းအင်များကို တရုတ်နိုင်ငံတင်ပို့ ရောင်းချမည် ဖြစ်သောကြောင့် ဒေသခံများ အကျိုးခံစားခွင့်
ရှိမည်ဆိုလျှင်သော်မှ အနည်းငယ်မျှသာ ခံစားနိုင်ကြမည့် အခြေအနေ ဖြစ်သည်။

ကချင်လူထု၏ ရွေးကောက်ပွဲ မျှော်လင့်စိတ်ကူးများကို ပိတ်ပင်ခဲ့ခြင်း

ပြီးခဲ့သည့် ဇူလိုင်လက ယခင် KIO ဒု-ဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာက နိုင်ငံရေးပါတီတခု ထူထောင်၍ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်နိုင်ရန် မှတ်ပုံတင်ခဲ့ရာ
မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်က ငြင်းပယ်ချခဲ့သည်။ဒေါက်တာတူးဂျာ အပါအဝင် ပါတီကို ဦးဆောင်ကြသူ အများစုမှာ ၂ဝဝ၉ ကတည်းက KIO မှ
နှုတ်ထွက်ထားခဲ့ကြသူများ ဖြစ်ပြီး "မြို့ပြနိုင်ငံရေး" ကို ခြေလှမ်းရန် ဦးတည်ခဲ့ကြသူများလည်း ဖြစ်သည်။

စစ်အစိုးရ ဦးဆောင် ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေး အမျိုးသားညီလာခံတွင် ဒေါက်တာတူးဂျာက KIO ကိုယ်စားပြု၍
တက်ရောက်ခဲ့သော်လည်း သူဦးဆောင်သည့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSPP) ကိုမူ မှတ်ပုံတင်ရန် ငြင်းပယ်ခဲ့သည်သာမက ၎င်းခေါင်းဆောင်များ
တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံမည့် အရေးကိုပင် KIO နှင့် ပတ်သက်ခဲ့မှုကို အကြောင်းပြ၍ ပိတ်ပင်ထားခဲ့သည်။

ဒေါက်တာတူးဂျာတို့ကို စစ်အစိုးရက ပိတ်ပင်ထားခဲ့ခြင်းမှာ KIO တပ်ဖွဲ့များကို စစ်အစိုးရ ထိန်းချုပ်မှုအောက်က နယ်ခြား စောင့်တပ် အသွင်ကူးပြောင်းရေးကို
ငြင်းခဲ့သည့်အတွက် လက်တုံ့ပြန်ခဲ့ခြင်းဟု လူအများက ယုံကြည်နေကြသည်။

ဒေါက်တာတူးဂျာက စစ်အစိုးရ ရွေးကောက်ပွဲ အစီအစဉ်များကို ပွင့်ပွင့်လင်းလင်း ထောက်ခံ ပြောဆိုခဲ့သူ ဖြစ်သော်လည်း ယခုအခါ သူတို့ပယ်ချခံရခြင်းအပေါ်
များစွာ စိတ်ပျက်နေသည်ဟု ဆိုသည်။ ရွေးကောက်ပွဲပြီး များမကြာမီက ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံခဲ့ရာတွင် သူက "အစိုးရနဲ့ KIO အဖွဲ့ အကြား တင်းမာမှုတွေ
မြင့်မားလာနေတယ်" ဟု သတိပေး ပြောကြားခဲ့သည်။ ထို့ပြင် သူက "ဒီပြဿနာတွေက စစ်ရေးနည်းနဲ့ ဆယ်စုနှစ်များစွာ ဖြေရှင်းခဲ့ကြပြီးပြီ။
အခုပြဿနာတွေအပေါ်မှာ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ နည်းလာတာနဲ့အမျှ သွေးထွက်သံယို ကိစ္စတွေ ဖြစ်လာကြတော့မယ်" ဟု သတိပေး ပြောဆိုခဲ့သည်။ ဤ
ခြိမ်းခြောက် နိမိတ်ဖတ်ချက်က ယခု တကယ် ဖြစ်လာတော့မည့် အခြေအနေ ရှိသည်။

Thomas Maung Shwe ရေးသည့် War looms for Burma’s Kachin as cease fire falls apart ကိုဆီလျော်အောင် ပြန်ဆိုသည်။

၂၁ ရာစု ပင်လုံကို အရွေးခံ မွန်ပါတီထောက်ခံ

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၇ မိနစ်

ချင်းမိုင(် မဇ္စျိမ) ။ ။ ၂၁ ရာစု ပင်လုံညီလာခံခေါ်ယူရေးကို ၂၀၁၀ အရွေးချယ်ခံ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ကြိုဆိုထောက်ခံကြောင်း ပါတီဥက္ကဋ္ဌ
နိုင်ငွေသိန်းက ပြောသည်။

“ဒုတိယပင်လုံက စစ်မှန်သော ပြည်ထောင်စုဆိုတာက တန်းတူရေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတာတွေ ပါတာကိုး၊ ဒါက တိုင်းရင်းသားတွေ မျှော်လင့်တဲ့ အရာတခုပါဘဲ
”ဟု ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ


ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝိုင်ယွန်းနှင့် အရွေးခံပါတီများမှ
ကိုယ်စားလှယ်များ တွေ့ဆုံရာတွင်လည်း မွန်ပါတီ၏ ပင်လုံညီလာခံ ခေါ်ယူရေး
ထောက်ခံသော သဘောထားကို တင်ပြခဲ့ကြသည်။

“ ကျနော်တို့ ပါတီမူထဲမှာလဲ ပါနေတော့ ကြိုဆိုပါတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ


ညီညီညွတ်ညွတ် ဆွေးနွေး ညှိနှိုင်းကြတာက အကောင်းဆုံးပေါ့။ အမျိုးသား
ပြန်လည်သင့်မြတ်ရေးမှာ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး တိုင်ပင်ကြမယ်ဆိုရင်
အပြည့်အဝ မဟုတ်တောင် အတိုင်းအတာ တရပ်အထိတော့ ဖြစ်လာမယ်လို့
တွက်တယ်”ဟု နိုင်ငွေသိန်းက မဇ္စျိမကို ပြောသည်။

သို့သော် ညီလာခံဖြစ်မြောက်ရေးအတွက် မည်သို့မည်ပုံ အကောင်အထည် ဖော်သွားရန်


ပါတီက မဆုံးဖြတ်ရသေးကြောင်း သူက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ရွေးကောက်ပွဲတွင် ၁၆ နေရာ


အနိုင်ရထားသည်။ ( :: IMNA)

“စစ်အစိုးရကို စိန်ခေါ်သလို ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ သူမကြိုက်ရင်လဲ သူလုပ်လို့ရတဲ့ အနေအထားမှာ ဆိုရင်တော့ လုပ်မှာပေါ့။ ပင်လုံဆိုတဲ့ စာချုပ်က
တော်တော်အဆင့်မြင့်တယ်။ အားလုံးအတွက် တန်းတူညီတူ တကယ့် ဒီမိုကရေစီပါ၊ ဒီမိုကရေစီလုပ်ချင်တဲ့ လူတွေ လက်မခံနိုင်စရာ အကြောင်းမရှိဘူး”ဟု
နိုင်ငွေသိန်းက မဇ္စျိမကို ပြောသည်။

ဒုတိယပင်လုံ ညီလာခံ ခေါ်ယူရေးမှာ ပြည်ထောင်စု တန်းတူရေးပါရှိနေသဖြင့် မူအားဖြင့် လက်ခံ ထားသော်လည်း ၎င်းကြွေးကြော်မှုက အချိန် စောနေသေးသည်ဟု
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

“ ဒုတိယအကြိမ် ပင်လုံလို့ ကြွေးကြော်ပြီးတော့ စာရွက်ပေါ်မှာဘဲ ပျောက်သွားမယ့်


ဝေါဟာရအဖြစ် မကျန်စေချင်ဘူး။ အခုကြွေးကြော်တာ မဖြစ်နိုင်သေးဘူး ”ဟု
ဒေါက်တာအေးမောင်က ပြောသည်။

အလားတူ ရွေးကောက်ပွဲတွင် ၅၉ နေရာ နိုင်ခဲ့သော ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသား


ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တဦးကလည်း ဒုတိယပင်လုံ ညီလာခံ ကျင်းပရန်
အချိန်စောသေးသည်ဟု ပြောဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိ အာဏာရ အစိုးရ ပါဝင်လာရန်


ဆွဲဆောင်နိုင်မှသာ အကောင်အထည် ဖော်နိုင်မည် ဖြစ်သလို ၁၉၉ဝနှင့် ၂ဝ၁ဝ
ရွေးကောက်ပွဲ အနိုင်ရ ပုဂ္ဂိုလ်များကြား ရန်တိုက်ပေးသလို ဖြစ်နေမည်ဟု
ဒေါက်တာအေးမောင်က ပြောသည်။

ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က တိုင်းရင်းသားလူမျိုးစုများ


တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ပို အာမခံသော ညီလာခံ ခေါ်ယူရေးတာဝန်ကို ဒေါ်အောင်ဆန်းစုကြည်အား အရင်လ ၂ဝ ရက်က လွှဲပြောင်းပေးခဲ့သည်။

အမေရိကန်သံတမန်နှင့်တွေ့ဆုံရာတွင် နိုဝင်ဘာ ၇ ရွေးကောက်ပွဲ တရားမျှတမှု မရှိကြောင်း ပါတီကိုယ်စားလှယ်များ အကြမ်းဖျင်း တင်ပြခဲ့ကြသည်ဟုလည်း


အမည်မဖော်လိုသော တက်ရောက်သူတဦးက ပြောသည်။

ရှမ်းနှစ်သစ်ကူးပွဲ ချင်းမိုင် ရွှေ့ပြောင်းလုပ်သားများ ဆင်နွှဲ

စိုင်းဝမ်မိုင်း | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရှမ်းနှစ်သစ်ကူး ပွဲတော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ ရှမ်းရွှေ့ပြောင်း လုပ်သားများဖြင့် စည်ကားသိုက်မြိုက်စွာ


ကျင်းပနေကြောင်း ပွဲစီစဉ်သူများ အဆိုအရ သိရသည်။

ရှမ်းသက္ကရာဇ် ၂၁၀၅ နှစ်ကူးပွဲကို ချင်းမိုင်အခြေစိုက် ရှမ်းယဉ်ကျေးမှုနှင့် စာပေအဖွဲ့က


ဦးဆောင်၍ ဝပ်ကူတောင်း ဘုန်းကြီးကျောင်း၌ ယခုလ ၆ ရက်နေ့မှ ယနေ့အထိ
ကျင်းပရာ ရှမ်းရိုးရာ တေးသီချင်းများ ဖျော်ဖြေ တင်ဆက်သလို၊ ကစားခုန်စားပွဲများပါ
ပြုလုပ်နေပြီး ရှမ်းရွှေ့ပြောင်းလုပ်သား ၄ ထောင်ခန့် ပါဝင်ဆင်နွှဲလျက် ရှိသည်။

“ ရှမ်းလူမျိုး အတော်များများက အလုပ်တွေ ရပ်ထားပြီး အတူတကွ ပါဝင်ဆင်နွှဲကြတာ။


ဒီနေ့မှာ ဘာတွေပဲဖြစ်ဖြစ် တယောက်နဲ့တယောက် ခွင့်လွှတ်ကြရတယ်၊ အပြစ်မယူရဘူး’’
ဟု ပွဲတော်ကို ကမကထပြုစီစဉ်သူ တဦးဖြစ်သည့် စိုင်းဆိုင်ရာက မဇ္ဈိမကို ပြောသည်။

ပွဲစီစဉ် ကျင်းပသူများ၏ အပြောအရ ရှမ်းရိုးရာ

()
ဓလေ့ထုံးတမ်းများနှင့် ရှမ်းရာဇဝင်တို့ကို သိမြင် နားလည်စေရန်နှင့် ချင်းမိုင်ရောက်
ရှမ်းရွှေ့ပြောင်း လုပ်သားများအတွက် သာမက ရှမ်းပြည်အကြောင်း စိတ်ဝင်စား
လေ့လာလိုကြသည့် နိုင်ငံခြားသားများ အတွက်ပါ ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း
သိရသည်။

ပွဲတော်တွင် ဓာတ်ပုံပြပွဲပါ ပြသရာ ရှမ်းစော်ဘွားများဖြစ်သော ညောင်ရွှေစော်ဘွား


(စဝ်ရွှေသိုက)် ၊ ကျိုင်းတုံစော်ဘွား၊ သီပေါစော်ဘွားတို့၏ ပုံများအပြင် မြန်မာစစ်အစိုးရက
လျစ်လျူရှုထားသော ကျိုင်းတုံဟော်နန်းနှင့် ညောင်ရွှေဟော်နန်း ဓာတ်ပုံများလည်း
ပါရှိသည်။

()
ချင်းမိုင်ကဲ့သို့ပင် မလေးရှား၊ စင်္ကာပူ၊ ဗြိတိန်နှင့် အမေရိကန်တွင်သာမက ရှမ်းပြည်နယ်ရှိ
မြို့ကြီးများဖြစ်သော လားရှိုး၊ နမ့်ခမ်း (ရှမ်းပြည်မြောက်ပိုင်း)၊ တောင်ကြီး၊ မိုင်းပန်၊ ပန်လုံ၊
လဲချား၊ မိုင်းကောင်၊ ကွန်ဟိန်း (တောင်ပိုင်းရှမ်းပြည်)၊ ကျိုင်းတုံ၊ တာချီလိတ်
(ရှမ်းပြည်အရှေ့ပိုင်း) တို့တွင် ရှမ်းနှစ်ကူးပွဲ ကျင်းပခဲ့သည်။

ထို့ပြင် တရုတ်နယ်စပ်ရှိ အပစ်ရပ် NDAA ခေါ် မိုင်းလားအဖွဲ့က မိုင်းလား၌


ပွဲတော်ကျင်းရာ ကိုယ်တိုင် သွားရောက်ခဲ့သူ တဦးက “ သူတို့ထိန်းချုပ်တဲ့ နေရာမှာ
ကျင်းပတဲ့ ပွဲကို တက်ရောက်လာတဲ့လူက တသောင်းလောက် ရှိတယ်။ မိုင်းယောင်း၊
မိုင်းယန်းက လူတွေလာပြီး ဆင်နွှဲကြတယ်’’ ဟု ပြောသည်။

တချိန်တည်းတွင် အပစ်ရပ်အဖွဲ့ မဟုတ်သော ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA-S


ကလည်း ဌာနချုပ် တည်ရှိရာ လွယ်တိုင်းလုံ၌ ပွဲတော် ကျင်းပခဲ့သည်။

()
တသီးပုဂ္ဂလများ လက်တွဲရန် ဒေါ်စု တိုက်တွန်း

ခိုင်စု | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၃၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် အတူတကွ လက်တွဲ ဆောင်ရွက်သွားကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ အမတ်လောင်း ၃ ဦးကို ယမန်နေ့က တွေ့ဆုံ တိုက်တွန်းခဲ့သည်။

ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သူ ဦးကောင်းမြင့်ထွဋ် (ပြည်သူ့လွှတ်တော်၊ ရန်ကုန် တောင်ဥက္ကလာပ)၊ ဒေါက်တာစောနိုင် (တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ) နှင့် ဇနီး၊
ဦးဇော်မင်းသိန်း (တိုင်းဒေသ၊ကြီး ဧရာဝတီ လေးမျက်နှာမြို့နယ်) တို့ကို ယနေ့နံနက်တွင် ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ တွေ့ဆုံကာ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပါတီက တစိုက်မတ်မတ် ဆောင်ရွက်မယ့်အကြောင်း၊ နိုင်ငံရေးကွန်ယက် ထူထောင်ရာမှာ တိုင်းရင်းသားတွေ


ပါဝင်ကြဖို့၊ တသီးပုဂ္ဂလတွေကလည်း ပြည်သူ့အကျိုးပြု လုပ်ငန်းတွေမှာ
လက်တွဲဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်” ဟု NLD
ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

သွားဆရာဝန် ဒေါက်တာစောနိုင်က အန်အယ်ဒီနှင့်ပူးပေါင်း၍ မတတ်နိုင်သူများ အခမဲ့


ကုသပေးနိုင်ရေးကို စိတ်ဝင်စားနေသလို ဦးကောင်းမြင့်ထွဋ်ကလည်း “တွဲလုပ်ဖို့
နီးစပ်ပါတယ်” ဟု ပြောသည်။

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ကွန်ယက်တွင် ၁၄ ဦး ရှိသည့်အနက်


ပြီးခဲ့သည့်လ ၁၉ ရက်နေ့တွင် ၎င်းတို့နှင့် တွေ့ဆုံခဲ့ပြီးနောက် ကျန်ရှိနေသည့် ၃ ဦးနှင့်
တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ပထမတခေါက် တွေ့ဆုံစဉ်က HIV/AIDS ဝေဒနာရှင်များကို
NLD နှင့်အတူ ကြည့်ရှုစောင့်ရှောက်ရန် သဘောတူညီခဲ့ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က တသီးပုဂ္ဂလ အမတ်လောင်းများသာမက


ပလောင်ပါတီတခုမှ ခေါင်းဆောင်နှစ်ဦးနှင့် တွေ့ဆုံခဲ့သေးသည်ဟု ဦးအုန်းကြိုင်က ပြောသည်။

သို့သော်လည်း အန်အယ်ဒီ မှ ခွဲထွက်ကာ ရွေးကောက်ပွဲဝင်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစု NDF ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် ၂


ကြိမ်တိုင် ကြိုးစားခဲ့သော်လည်း ယခုထိ တွေ့ခွင့်မရသေးဘဲ ဖြစ်နေသည်ဟု ဆိုသည်။

“အန်ကယ်တို့က ၂ ခါတောင် စာပို့ပြီး တွေ့ဖို့ တောင်းထားပြီး ဆက်သွယ်မေးမြန်းကြည့်တော့လည်း စာမရောက်ဘူး ပြောတယ်။ ဒီကြားထဲမှာ အန်ကယ်တို့နဲ့
ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့နိုင်အောင် ကဖျက်ယဖျက် လုပ်နေတဲ့ သူတွေ ရှိနေပြီ” ဟု ဦးခင်မောင်ဆွေက ပြောသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးသူ ဦးသိန်းဦးကမူ NDF ထံမှ မည်သည့်စာမျှ ရောက်မလာဟု တုံ့ပြန်ပြောဆိုသည်။
“အန်ကယ်တို့ဆီကို ဘာစာမှ မရောက်သေးပါဘူး။ ရောက်ခဲ့ရင် အများနည်းတူ တွေ့ခွင့်ရမှာပါ။ ကြားထဲမှာ စာဘယ်လို ဖြစ်သွားလဲ မသိဘူး” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ပိုလန်သတင်းစာဆရာများအဖွဲ့ကို ပါတီရုံးချုပ်၌၎င်း၊ ထို့နောက် ညနေပိုင်းတွင် နေအိမ်၌ ဒိန်းမတ်နှင့်


ထိုင်းနိုင်ငံသံတမန်များကို တွေ့ဆုံသည်။

ထိုင်းသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ်က ဖုန်းဖြင့် ဆက်သွယ်ကာ နှုတ်ဆက်စကား ပြောခဲ့သည်ဟု ဦးအုန်းကြိုင်က ဆိုသည်။

ရခိုင်တွင် ကဏန်းမဖမ်းရဇုန် သတ်မှတ်

သိန်းဇော် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၃၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် မြို့နယ် ၆ ခုမှ ဧက တထောင်ကျော်ကို ကဏန်းမဖမ်းရဇုန်အဖြစ် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက ပြီးခဲ့သည့်
လကုန်တွင် သတ်မှတ်ခဲ့ကြောင်း စစ်တွေမြို့ရှိ ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၏ ဒုတိယအကြီးဆုံး ရေထွက်ပို့ကုန် ဂဏန်းကောင်များကို စည်းကမ်းမဲ့ ဖမ်းဆီး ရောင်းချနေသဖြင့် စစ်တွေ၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊
အမ်းနှင့် ရမ်းဗြဲမြို့များမှ ဧကပေါင်း ၁၁၃၈.၄၈ ဧကကို ဂဏန်းမဖမ်းရဇုန် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
“ကဏန်းတွေကို မဖမ်းရဘူးဇုန် သတ်မှတ်တာက ယာယီမှာ ကုန်ထွက်နှုန်းတွေ နည်းနည်း ကျသွားနိုင်တယ်။ ဒါပေမဲ့ အနာဂတ်အတွက်
အဲလိုဇုန်သတ်မှတ်ထားတာ ပိုကောင်းတယ်။ မျိုးမပြုန်းရအောင် ထိန်းတာပါ။ ” ဟု စစ်တွေမြို့ ရေလုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။

ဂဏန်းမဖမ်းရဇုန်အဖြစ် စစ်တွေတွင် ၆ ဧက၊ ပုဏ္ဏားကျွန်းတွင် ၅၄.၇၃ ဧက၊ မြေပုံတွင် ဧက ၅ဝဝ၊ တောင်ကုတ်တွင် ၅၃၇ ဧက၊ အမ်းတွင် ၃၇.၅ဝ ဧကနှင့်
ရမ်းဗြဲတွင် ၃.၂၅ ဧကတို့ဖြစ်ကြောင်း စစ်တွေမြို့ရှိ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန စာရင်းတွင် ပါရှိသည်။

ရခိုင်ပြည်နယ် ကျေးလက်ဒေသများတွင် ဒေသခံများစုမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြပြီး၊ ဒုတိယ ဦးစားပေးအဖြစ် လုပ်ကိုင်နေသည်မှာ ငါး၊ ပုဇွန်နှင့်
ဂဏန်းဖမ်းသည့် ရေလုပ်ငန်း ဖြစ်သည်။ ယခုအခါ ကဏန်းရှာရန် အခွင့်အလမ်း နည်းလာသဖြင့် ပင်လယ်ပြင်၌ ငါးဖမ်းရန် ဦးတည်မှုများလည်း ရှိလာသည်ဟု
ဂဏန်းဒိုင် ပိုင်ရှင်က ဆိုသည်။

ကဏန်းအဝယ်ဒိုင်များက ရေလုပ်သားများထံမှ ဂရမ် ၁၀၀ အထက် တကောင်လျှင် ပျမ်းမျှ ကျပ်ငွေ ၅၀၀ ဖြင့် ဝယ်ယူလေ့ရှိသည်။

မြစ်ဝကျွန်းပေါ်ဒေသ ရခိုင်ပြည်နယ်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းတို့တွင် ကဏန်းများ ရှိသည်။ တရုတ-် မြန်မာနယ်စပ် မူဆယ်ဈေးကွက်၌ တတန်လျှင်
အမေရိကန်ဒေါ်လာ ၁,၅၀၀ ဈေးပေါက်သည်။

ရခိုင်ပြည်နယ်မှ မူဆယ်သို့ ကဏန်းတင်ပို့ရာ ဂရမ် ၁၀၀ အောက် ကဏန်းများ ပါဝင်သဖြင့် ငါးလုပ်ငန်းဌာနက ယခုလို မဖမ်းဆီးရန် ဇုန်သတ်မှတ်လိုက်သော်လည်း
နယ်ဒေသအချို့တွင် ကဏန်းဒိုင်များသို့ ဂရမ် ၁၀၀ အောက် ကဏန်းများ ပါဝင်လျက်ပင် ရှိသေးသည်။

ရခိုင်ပြည်နယ်တွင် ကဏန်းဈေးကွက်ကို ၂၀၀၀ ပြည့်နှစ်မှစ၍ တရုတ်ပြည်သို့ အဓိက တင်ပို့လာခဲ့ခြင်း ဖြစ်သည်။

“ထိုင်းဘုရင်နဲ့ ပြည်သူများ”

နှင်းပန်းအိမ် | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၀၇ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၄၅ မိနစ်

အေးစိမ့်လှတဲ့ ဆောင်းဦးလေနဲ့အတူ “ ဘယ်သူရေ့ ဘယ်ဝါရေ” ဆိုတဲ့ လူစုနေတဲ့ အသံက ဒုက္ခသည် စခန်းလေးကို လှုပ်နှိုးလိုက်တယ်။ ညထဲက
မုန့်ဖက်ထုပ်ရောင်းရင်း “ဗျို့” ဟစ်နေတဲ့ ကိုချစ်ဖေ အသံကို စခန်းတခုလုံးက အာရုံစိုက် နားထောင်ခဲ့ရတာ။ ကိုချစ်ဖေဆိုတာ နိုင်ငံမဲ့နေတဲ့ စစ်သားဟောင်းကြီးပေါ့။
ကျမတို့ကသူ့ကို ဝါရင့်ဒုက္ခသည်လို့ ခေါ်ကြတယ်။

ကိုချစ်ဖေ နှုတ်ဖျားကနေ ဒုက္ခသည်စခန်းနဲ့ ပတ်သက် ဆက်နွယ်တဲ့ သတင်းတွေ ထုတ်ပြန်ရသလို သူ့မိသားစုဘဝ ရပ်တည်နိုင်ဖို့ စားစရာ
းးးးးးးးးးးးး
မျိုးစုံကိုလဲ အော်ဟစ် ရောင်းချနေရသူ ဖြစ်ပါတယ်။ သူ့ပုခုံးမှာ ဈေးတောင်း မပြတ်ရှိသလို သူ့နှုတ်ဖျားမှာလဲ သတင်း ထုတ်ပြန်ချက်တွေ မပြတ်
ရှိနေတတ်တယ်။
းးးးးးးးးးးးးး
းးးးးးးးးးးးးး
“ဒီဇင်ဘာ ၅ ရက်နေ့သည် ထိုင်းဘုရင်မင်းမြတ်ကြီးရဲ့ မွေးနေ့ ဖြစ်ပါသည်။ ဘုရင်ကြီး မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သစ်ပင် စိုက်ပါမည်။ တအိမ် ရေတဗူးစီ
ယူဆောင်ပြီး လိုင်းမှူးအိမ်ရှေ့မှာ မနက် ၆နာရီ စုရုံးရောက်ရှိရန် နှိုးဆော်ရပါသည်။ မနက်စာကို ကျနော် ချစ်ဖေဆီမှ ပဲပြုတ်နံပြား ဝယ်စားကြပါလို့ မေတ္တာ
ရပ်ခံအပ်ပါသည် ခင်ဗျား” ဆိုတဲ့ အသံဆုံးမှ နားထောင်နေသူတွေ စကားပြန်ဆက်၊ အလုပ် ဆက်လုပ်ရတယ်။

ဒုက္ခသည် စခန်းထဲက ဒုက္ခသည်တွေ၊ NGO အဖွဲ့စည်းအားလုံး သစ်ပင်စိုက်မယ့် ဘုရင့်ဘေးမဲ့တောကို သွားခဲ့ကြပါတယ်။ ဒုက္ခသည်တွေကို ရင်ဝယ်သားကဲ့သို့
စောင့်ရှောက်တဲ့ ထိုင်းဘုရင်ကြီးကို ချစ်ခင်လေးစားစိတ်နဲ့ စိုက်ပျိုးကြတဲ့ သစ်ပင်တွေကို မြေသြဇာတင် မဟုတ်ဘဲ စေတနာ၊ မေတ္တာတွေပါ ထည့်ပြီး
စိုက်ပျိုးခဲ့ကြပါတယ်။ ဒုက္ခသည်တွေထဲက သက်ကြီးရွယ်အို အဘိုးတွေကို စခန်း အုပ်ချုပ်သူ ထိုင်းပလာက ထိုင်းဘုရင်ကြီး ကိုယ်စား မျက်နှာသုတ်ပုဝါ တထည်စီနဲ့
ဂါရဝပြုခဲ့ပါတယ်။

ထိုင်းဘုရင်ကြီး မွေးနေ့ကို ၃ ကြိမ်တိုင် ကျမကြုံခဲ့ရပါပြီ။ ဘုရင်ကြီးကို ထိုင်းပြည်သူ ပြည်သားတွေ ချစ်ကြတယ်ဆိုတာ မြန်မာပြည်မှာထဲက ကျမစာတွေထဲမှာ
ဖတ်ခဲ့ဘူးပါတယ်။ နို့ပေမဲ့ ခုလို လက်တွေ့ ကိုယ်တိုင်ကိုယ်ကျ သိမြင်ရမယ်လို့တော့ စိတ်ကူးထဲ တွေးတောင် မတွေးမိပါဘူး။ ၂ဝဝ၈ နိုဝင်ဘာမှာ ထိုင်းနိုင်ငံ
မဲဆောက်မြို့ကို ကျမရောက်တော့ ထိုင်းဘုရင်ရဲ့ မွေးနေ့အကြို မီးပန်း၊ မီးနွယ်၊ မီးပန်းဆိုင်း အသွယ်သွယ် ထွန်းညှိထားပုံဟာ ကြည့်လို့ မဝနိုင်အောင်ပါပဲ။

အဝေးပြေး လမ်းမကြီးတွေ၊ ကျောင်း၊ ရုံး၊ ဆေးရုံ ဘယ်နေရာကြည့်ကြည့် ဘုရင်နဲ့ မိဘုရား ဓာတ်ပုံတွေ ရှိတယ်။ ကြော်ငြာဘုတ်ကြီးတွေမှာ
ထိုင်းတောင်သူတွေနဲ့အတူ စိုက်ခင်းတွေကို လေ့လာနေတဲ့ ထိုင်းဘုရင်ကြီးကို သာမန် အရပ်ဝတ်နဲ့ ကြင်နာပျော်ရွှင်မှု၊ နားလည် ခံစားပေးမှုတွေနဲ့ မြင်ရတဲ့အခါ
မြင်ရသူတိုင်းကို ကြည်နူးစေပါတယ်။

ထိုင်းနိုင်ငံမှာ လယ်ထွန် မင်္ဂလာ ဆင်းတဲ့နေ့ဆိုပြီး သတ်မှတ်ရက် ရှိပါတယ်။ ဟိုတုန်းကတော့ ဘုရင်ကြီးကိုယ်တိုင် လယ်ထွန်မင်္ဂလာ


းးးးးးးးးးးးးးးးး
ဆင်းပါတယ်တဲ့။ ခုတော့ ဘုရင်ကြီးရဲ့ သားတော်က လယ်ထွန် မင်္ဂလာဆင်းပါတယ်။ မိုးခေါင်ရင် ကောင်းကင်ကနေ လေယာဉ်နဲ့ မိုးအတု
ရွာပေးတယ်။ ဒါကြောင့် ထိုင်းကျေးလက်နေ ပြည်သူတွေက ဘုရင်ကြီးကို ချစ်ခင်လေးစားကြတာ။ အိမ်တိုင်းမှာ ဘုရင်ပုံနဲ့
းးးးးးးးးးးးးးးးးး
းးးးးးးးးးးးးးးးး
ဘုရင့်မိသားစုပုံတွေကို ချိတ်ဆွဲထားကြတယ်။ ထိုင်းတောင်သူတွေက သူတို့ လူနေမှု အဆင့်အတန်းမြင့်အောင် ဘုရင်ကြီးကးးးးးးးးး
းးးးးးးးးးးးး
းးးး
လုပ်ပေးထားတာလို့ နက်နက်ရှိုင်းရှိုင်း ခံယူထားကြတယ်။ ထိုင်းဘုရင် နုပျိုစဉ်က ရဟန်းဝတ်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဘုရားစင်မှာ ချိတ်ပြီး
ကိုးကွယ်ကြတဲ့အထိ ကြည်ညို လေးစားကြတာပါ။
မြို့နေလူတန်းစားကလဲ ချစ်ကြတာပါပဲ။ မီတာခကို သတ်မှတ်ထားတဲ့ ယူနစ်ကို ကျော်ပြီးမသုံးရင် မီတာခွန်၊ ရေခွန် ပေးဆောင်စရာ မလိုပါဘူး။
ဒီတော့ ပြည်သူကလဲ စွမ်းအင်ကို ချွေတာသုံးပါတယ်။ မီးရေကို အဆင်သင့် သုံးရပေမယ့် ငွေပေးစရာ မလိုတော့ ပြည်သူတွေ ကျေနပ်ကြတယ်။ ကျမတို့
မြန်မာပြည် မှာတော့ မီးပြတ်နေတဲ့ကြားက ကိုယ့်အိမ်မှာ ထားတဲ့ မီတာစောင့်ရှောက်ခ၊ ထိန်းသိမ်းခဆိုပြီး ထောင်ချီပြီး ငွေပေးဆောင်ရပါတယ်။ ရေခွန်၊ မီးခွန်၊
သန့်ရှင်းရေးခွန် ဆိုတဲ့ အခွန်အခတွေကိုလဲ မပေးချင်ဘဲ ပေးဆောင်နေရပါတယ်။ အိုစာမရှိရင်နေ မင်းစာတော့ ရှိရမယ်ဆိုတဲ့ မြန်မာစကားပုံက စစ်အာဏာရှင်
စနစ်အတွက် ကွက်တိပါပဲ။

ထိုင်းဘုရင်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ကုန်သည်ကြီးတွေကလဲ လူသုံးကုန်ပစ္စည်းတွေကို ထက်ဝက်နီးပါး ဈေးလျှော့ရောင်းကြလို့ ဘုရင်ကြီး မွေးနေ့ရက်နီးရင်


ကြိတ်ကြိတ်တိုး ဝယ်လိုက်ကြတာ။ ကျမတို့ မြန်မာပြည်သားတွေ အများဆုံး ဝယ်ကြတာပေါ့။ ဘယ့်လောက် ဈေးသက်သာလဲဆို ဘုရင်ကြီးမွေးနေ့
ခဏခဏဖြစ်ပါစေလို့ ဆုတောင်းကြတဲ့အထိ။
ဘုရင်ကြီးမွေးနေ့မှာ ထိုင်းရုပ်မြင်သံကြားလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ပြသပါတယ်။ ဒီနှစ်မှာတော့ ထိုင်းဘုရင်ကြီးက ဝှီးချဲပေါ်ကနေ

မိန့်ခွန်းချွေပါတယ်။ ထိုင်းဘုရင်ကြီးကို ကြိုဆို နှုတ်ဆက်နေတဲ့ထိုင်း ပြည်သူတွေ နေရာအနှံ့ ကြိတ်ကြိတ်တိုး။ ကားပေါ်ကနေ ပြည်သူတွေကို
တောက်လျှောက် လက်ပြ နှုတ်ဆက်နေတဲ့ ထိုင်းဘုရင်နဲ့ မိဘုရားကို ကတ္တရာ လမ်းပေါ်က ပြည်သူတချို့ ထိခြင်းငါးပါးနဲ့ ကန်တော့ကြတယ်။
းးးးးးးးးးးးး
ပီတိမျက်ရည်နဲ့ အလံကို ဝှေ့ယမ်း သံကုန်အော်ပြီး ဆုတောင်းကြတယ်။
ဘုရင်ကြီး သွားရာလမ်းတလျှောက် ပြည်သူလူထုရဲ့ ကြိုဆိုတဲ့အသံက ရပ်သွားတယ်မှ မရှိတာ။ ထိုင်းပြည်သူတွေရဲ့ ပျော်ရွှင်ကြည်နူးမှုတွေကးးးးးးးးးးးးးး
းးးးးးးးးးးး
ကျမတို့ကိုပါ ကူးစက်ကုန်တယ်။ လမ်းတလျှောက် နဖူးစည်းစာတမ်းတွေ၊ ဘုရင်ကြီး ဓာတ်ပုံတွေကလဲ ပြည့်နှက်လို့။ ထိုင်းနိုင်ငံရဲ့
ဖွံ့ဖြိုးတိုးတက်မှု၊ ထိုင်းပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်မားမှုတွေက ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်ကြောင့်ပါပဲ။ ”
ကျမတို့ အိမ်နီးချင်း ထိုင်းနိုင်ငံက တရှိန်ထိုး ဖွံ့ဖြိုးတိုးတက်နေချိန်မှာ ကျမတို့ မြန်မာနိုင်ငံမှာ ခေတ်မီဖွံ့ ဖြိုးတိုးတက်သော
နိုင်ငံတော်သစ်ကြီးဆီသို့ ဆိုတာ ဆိုင်းဘုတ်ဘဲ စိုက်ထူနိုင်ပါသေးတယ်။ ထိုင်းဘုရင်ကြီးက ပတ်ဝန်းကျင် ထိမ်းသိမ်းရေးကို အစဉ်တစိုက် သူ့နိုင်ငံဝန်ထမ်းနဲ့
ပြည်သူတွေကို စနစ်တကျ ဆောင်ရွက်နေချိန်မှာ ကျမတို့ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးမရှိလို့ သစ်တော တွေ၊ မြစ်ချောင်း၊ အင်းအိုင်တွေ
ပျက်စီးကုန်ရပြီ။

သဘာဝ ပတ်ဝန်းကျင်မှ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ဟာ ကျမတို့ တိုင်းပြည်နဲ့၊ ပြည်သူတွေထဲမှာ နက်ရှိုင်းပြီး ကာလရှည်စွဲမြဲတဲ့ ဒဏ်ရာဒဏ်ချက်တွေကို
ဖန်တီးခဲ့တယ်။ ကျမတို့ မြန်မာပြည် ပြည်သူလူထုအားလုံး အဲဒီ့ နက်ရှိုင်းလှတဲ့ ထိခိုက်မှုကနေ နလန်ထနိုင်ဖို့ မျိုးဆက်ပေါင်းများစွာ မဟုတ်တောင် နှစ်ပေါင်းများစွာ
ကြာမြင့်ပါလိမ့်မယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ပြီး မကြာခင်မှာဘဲ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေကို မေတ္တာရပ်ခံတဲ့


စကားပြောခဲ့တာကို ရေဒီယိုကနေ ကျမ ကြားလိုက်ရချိန်မှာ ဒုက္ခသည် ကျမ မျက်ရည်စို့တဲ့အထိ ခံစားလိုက်ရပါတယ်။

“ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေကို ကျမမေ့မထားပါဘူး။ ကိုယ့်မြေကိုယ့်ရေကို ပြန်လာနိုင်ခွင့်ရအောင် ကျမ ကြိုးစားပါ့မယ်။
ထိုင်းပြည်သူပြည်သားတွေကလဲ လူသားချင်းစာနာစိတ်နဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် နားလည်ပေး ပါ”
လေးနက်ပြည့်စုံလှတဲ့ ဒီစကားက ကျမတို့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အကြောင်း အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။

.........................................

ထိုင်းဘုရင်ကြီးရဲ့ မွေးနေ့ ညဘက်မှာဆို မဲဆောက်မြို့မှာ မီးကျည်မီးပန်းတွေ သက်စေ့ ပစ်ဖောက်ပါတယ်။ ရွှီး….. ဖောင်း ဆိုတဲ့ မီးကျည်တွေ တက်သွားပြီး ဖွားခနဲ
မီးရောင်စုံ ဖြာထွက်လာတာများ လှလိုက်တာ။ ညအမှောင် ကောင်းကင်မှာ အရောင်မျိုးစုံ၊ ပုံသဏ္ဍာန်မျိုးစုံကို တအံ့တသြ ငေးမောကြည့်နေတဲ့သူတွေရဲ့ မျက်နှာမှာ
စိမ်းလိုက်၊ ဝါလိုက်နဲ့။ ကောင်းကင်တခုလုံး လင်းထိန်နေသလို မဲဆောက်မြို့ပေါ်မှာ ထိုင်း ပြည်သူတွေနဲ့အတူမြန်မာရွှေ့ပြောင်း အလုပ်သမားတွေ
ပျော်ရွှင်နေကြတယ်။

ဒုက္ခသည် စခန်းထဲမှာတော့ ထိုင်းဘုရင်ကြီး မွေးနေ့မှာ မီးရှုးမီးပန်းတွေ ပစ်ဖောက်ပြီး ဂုဏ်မပြုနိုင်ခဲ့ပါဘူး။ ဖယောင်းတိုင် မီးတိုင်လေးတွေ ထွန်းပြီး ဘုရင်ကြီး
ကျန်းမာစေဖို့ အသက်ရှည်စေဖို့ ဆုတောင်းကြတယ်။ ဖယောင်းတိုင် မီးလေးတွေက သနားစရာ ကောင်းအောင် သေးငယ်နေပေမယ့် ဒုက္ခသည်တွေရဲ့
ဘုရင်ကြီးအပေါ် ထားတဲ့ မေတ္တာအလင်းရောင်က ထိန်ထိန်ညီးအောင် တောက်ပနေပါတယ်။
ကမ္ဘာပေါ်မှာ အကြောင်းမဲ့ ချစ်တာ မရှိသလို အကြောင်းမဲ့ မုန်းတာ မရှိဘူးဆိုတာ ထိုင်းဘုရင်မွေးနေ့က သက်သေပြခဲ့ပါတယ်။

နှင်းပန်းအိမ်
http://www.mizzimaburmese.com/

အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ

By ဦးဇော်ဝင်းလှိုင် ဗုဒ္ဓဟူး, 08 ဒီဇင်ဘာ 2010

ဓာတ်ပုံ By Men Kimseng, VOA Khmer

အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း။


ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြန်မာနိုင်ငံကို ၄ ရက်ကြာ သွားရောက်တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) က
ဒီနေ့ ဒုတိယမြောက်နေ့မှာ နေပြည်တော်ကို ရောက်ရှိနေပါတယ်။ မစ္စတာ ဂျိုးဇက် ယွန်းက အမေရိကန် အစိုးရ အနေနဲ့ နောက်တက်လာမယ့် အစိုးရကို ထိတွေ့
ဆက်ဆံသွားမှာ ဖြစ်သလို လက်ရှိ ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကိုလည်း ဆက်လက် ကျင့်သုံးသွားမယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ မြန်မာစစ်အစိုးရ
အကြားက ထိတွေ့ ဆက်ဆံမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ မြန်မာနိုင်ငံကို ၄ ရက်ကြာ ရောက်ရှိနေတဲ့ မစ္စတာယွန်းက မနေ့က ခရီးရောက်မဆိုက်ဘဲ
ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၈ ခုနဲ့ တွေ့ဆုံတဲ့အချိန် အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့
ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရနဲ့ အမေရိကန် အစိုးရကြား ထိတွေ့ ဆက်ဆံမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ရော တိုင်းပြည်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး
အခြေအနေတွေကို လေ့လာဖို့ အတွက်ပါ မြန်မာနိုင်ငံကို ရောက်နေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး
ဂျိုးဇက် ယွန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၈ ခုက ခေါင်းဆောင်တွေနဲ့ မနေ့ နေ့လယ်ပိုင်းက
တနာရီကျော်ကြာ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တာပါ။

အဲဒီလို တွေ့ဆုံတဲ့နေရာမှာ အဓိကအားဖြင့်တော့ သူ့ဘက်က သိချင်တာတွေကို မေးမြန်းခဲ့ပေမဲ့ အမေရိကန် အစိုးရရဲ့ သဘောထား တချို့ကိုလည်း
ပြောပြခဲ့တဲ့အကြောင်း ဂျိုးဇက် ယွန်းနဲ့ တွေ့ဆုံခဲ့သူ တဦးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး တဦးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။

“သူတို့အစိုးရ အနေနဲ့ တက်လာတဲ့ အစိုးရကိုလည်း ဆက်ဆံမယ်။ ပြီးတော့ Sanction ကိုလည်း ဆက်ပြီးတော့ ကျင့်သုံးမယ်လို့ ပြောပါတယ်။ သူက အိုဘားမားကို
ပြန်ပြောပါ့မယ်တဲ့၊ လောလောဆယ် သူတို့ကလည်း Action တခုခု လုပ်ဖို့ဆိုတာ အကြီးအကျယ် ဆုံးဖြတ်ပြီးမှ လုပ်ရတဲ့အတွက် မလွယ်ဘူးလို့ ပြောပါတယ်။”

မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက လက်ရှိ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုဟာ ထိရောက်မှု မရှိတဲ့ အကြောင်းနဲ့ ဒီအပေါ် အခြေခံပြီး နှစ်ဘက်
အပြန်အလှန် အတိုးအလျှော့ လုပ်သင့်တာလုပ်ပြီး အမျိုးသား ရင်ကြားစေ့ရေး ကိစ္စအတွက် ပြောဆိုဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရင် ကောင်းမယ်ဆိုတာကို
အကြံပြုခဲ့တယ်လို့ ဒီတွေ့ဆုံမှုမှာ ပါဝင်သူ နောက်တဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။

“Sanction ကိစ္စပေါ့၊ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ကိစ္စနဲ့ ပတ်သက်လို့တော့ ဒါဟာ ကျနော်တို့ ဆွေးနွေးတာကတော့ အမေရိကန် အစိုးရပေါ့၊
အခုလောလောဆယ် လက်ရှိ အိုဘားမား အစိုးရ အနေနဲ့ တက်ခါစကတည်းက ပြောထားပြီးပြီ။ ဒီ Sanction ဟာ ထိရောက်မှုလည်း မရှိဘူးဆိုတာ သူတို့
ဝန်ခံပြီးသားပဲလို့။ အဲတော့ ဒီဟာရှိနေခြင်းအားဖြင့် ကျနော်တို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စမှာ အထောက်အကူ မဖြစ်တဲ့အပြင် အဟန့်အတားတောင်မှ
ဖြစ်နိုင်တယ်။

“နောက်တခုက တကယ်တမ်း ရေရှည်မှာ စီးပွားရေး ထိခိုက်တာကတော့ အောက်ခြေ လူထုပဲလို့။ အဲဒါကြောင့် ဒါကိုတော့ ပြန်ပြီး စဉ်းစားသင့်တယ်။ Sanction
ကိစ္စကို အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ နောက်ခံနဲ့ ပြန်စဉ်းစားသလိုပဲ လက်ရှိ အာဏာပိုင်တွေ အနေနဲ့ကလည်း နိုင်ငံရေး အကျဉ်းသားများ ဆက်ပြီးတော့
အခုလို ထိန်းသိမ်းထားခြင်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အဟန့်အတား ဖြစ်စေတဲ့ အတွက်ကြောင့် ဒါကိုလည်းပဲ ပြန်ပြီးတော့ စဉ်းစားသင့်တယ်။

“အဲဒီလို သူ့ဘက် ကိုယ့်ဘက် ပြန်စဉ်းစားပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်ကို အတူတူတက်မယ် ဆိုရင်တော့ ရှေ့ ကျနော်တို့နိုင်ငံရဲ့
အနာဂတ်ဟာ ဒီ့ထက်ပို ကောင်းမွန်လာနိုင်ပါတယ်လို့ ကျနော်ကတော့ အဲဒီလို ဆွေးနွေးပါတယ်။”

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကိစ္စ အပါအ၀င် မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ကိစ္စတွေကိုလည်း ဂျိုးဇက် ယွန်းနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဒေါက်တာ
သန်းငြိမ်းက ပြောပါတယ်။

ဒေါ်ချိုချိုကျော်ငြိမ်းကတော့ ဂျိုးဇက် ယွန်းဟာ မြန်မာနိုင်ငံအကြောင်း အတော်လေး သိထားပုံရတယ်လို့ သုံးသပ်ပါတယ်။ နောက် အမေရိကန်အစိုးရ အနေနဲ့
မြန်မာနိုင်ငံကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ အစီအစဉ် ရှိပေမဲ့ အကူအညီပေးမယ့်သူတွေ မြန်မာနိုင်ငံထဲလာဖို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်တဲ့နေရာမှာ
အခက်အခဲ ရှိတာတွေကိုလည်း ဂျိုးဇက် ယွန်းက ပြောပြခဲ့တယ်လို့ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။

“အမေရိကန်ကနေ မြန်မာပြည်ကို အကူအညီတွေလည်း ပေးဖို့ရှိတယ်။ ဒါပေမဲ့ အဲဒီမှာ ပြည်သူတွေကို ထပ်ကူဖို့၊ Humanity အကူအညီတွေ ပေးဖို့ သူက
ကြိုးစားတယ်။ ဒါပေမဲ့ အခုလောလောဆယ် မြန်မာပြည်မှာ ဗီဇာခက်တဲ့အတွက် နောက်ထပ်တိုးဖို့ လူတွေ ဗီဇာရဖို့ သူကြိုးစားရမယ်လို့ ပြောပါတယ်။ ဒါကို
သူတွေ့တဲ့ပုဂ္ဂိုလ်တွေ၊ ဘယ်ဝန်ကြီးနဲ့ပဲ တွေ့ရတွေ့ရ သူ ဒီဟာကို ဆွေးနွေးမယ်လို့ ပြောသွားပါတယ်။”

မနေ့က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး ဂျိုးဇက် ယွန်းဟာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အပါအ၀င် နေပြည်တော်မှာရှိတဲ့ စစ်အစိုးရ အရာရှိတွေနဲ့
တွေ့ဆုံဖို့ နေပြည်တော်ကို ခရီးဆက်သွားတယ်လို့ ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ရော စစ်အစိုးရ အရာရှိတွေနဲ့ပါ နောက်ဆုံး
တွေ့ဆုံခွင့်ရခဲ့တဲ့ အမေရိကန် အဆင့်မြင့် အရာရှိကတော့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell)
ဖြစ်ပါတယ်။

နေပြည်တော်မှာရှိတဲ့ စစ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံပြီးနောက်မှာတော့ ဂျိုးဇက် ယွန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပါအ၀င် CRPP ပြည်သူ့လွှတ်တော်
ကိုယ်စားပြု ကော်မတီဝင်တွေနဲ့လည်း အခုလ ၁၀ ရက်၊ သောကြာနေ့မှာ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

သတင်းသမား ဖမ်းဆီးခံရမှု အဆိုးဆုံးစာရင်းထဲ မြန်မာ စတုတ္ထမြောက်

By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 08 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon
• Yahoo! Buzz

• del.icio.us

နယူးယောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်ရေးအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ကမ္ဘာတလွှား နိုင်ငံတွေမှာ သတင်းထောက်တွေ
ဖမ်းဆီးထောင်ချခံရမှု ပိုများလာသလို သတင်းထောက်တွေ ဖမ်းဆီးခံရတဲ့ အထဲမှာတော့ မြန်မာနိုင်ငံဟာ အဆိုးဆုံးစာရင်း နံပါတ် ၄ မြောက်မှာ ရှိနေပါတယ်။
မြန်မာနိုင်ငံတွင်း ပြည်ပသတင်းဌာနတွေအတွက် သတင်းယူပေးနေသူတွေသာ မကဘဲ ပြည်တွင်း သတင်းဂျာနယ်တွေမှာ သတင်းယူနေသူတွေပါ ထောင်ကျ
တန်းကျ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

CPJ ရဲ့ ထုတ်ပြန်ချက်ထဲ သတင်းသမားတွေ အကျဉ်းချ ဖမ်းဆီးခံရမှု အဆိုးဆုံး နိုင်ငံတွေကတော့ အီရန်နဲ့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ သတင်းထောက်တွေကို
ဖမ်းဆီးထောင်ချတဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံထဲမှာတော့ အီရန်နဲ့ တရုတ်ပြီးရင် မြန်မာက ၄ နိုင်ငံမြောက် အဆိုးဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို
ဖိနှိပ်နေတဲ့ မြန်မာအစိုးရဟာ ဒီမိုကရေစီရေး လှုပ်ရှားမှု သတင်းတွေကို လိုက်လံသတင်းယူ ဖော်ပြဖို့ ကြိုးစားကြသူတွေကို ဖမ်းဆီး ထောင်ချခဲ့တယ်လို့
ဆိုထားပါတယ်။

CJP အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ ဘော့ဘ် ဒီးယက်ဇ် (Bob Dietz) က သူတို့စာရင်းအရ မြန်မာနိုင်ငံအတွင်း သတင်းထောက် ၁၃ ဦးဟာ လက်ရှိ
ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံ အခြေအနေက အရင်နှစ်တွေကလိုပဲ မပြောင်းလဲပါဘူး။ မကြာခင်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကြောင့်တော့ ပြောင်းလဲလာလိမ့်မယ် မမျှော်လင့်ပါဘူး။


အစိုးရ အာဏာပိုင်တွေ အနေနဲ့ သတင်းမီဒီယာတွေအပေါ် ဆန့်ကျင်တာမျိုးတွေ ပိုပြီးတော့ ရှိလာမယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံတွင်းကနေ ပြည်ပ သတင်းဌာနတွေအတွက် သတင်းရေးသား ပေးနေသူတွေဟာ ပိုပြီး အန္တရာယ်ဆိုးတွေနဲ့ ရင်ဆိုင်ရတယ်လို့ ဆိုရမှာပါ။


ထောင်ချခံရသူ အများစုက သူတို့ပါ။ ဒါပေမဲ့ ပြည်တွင်း ဂျာနယ်တွေအတွက် သတင်းရေးသားသူတွေမှာလည်း ခြိမ်းခြောက်ခံရတာမျိုးတွေ အပြင် ဖမ်းဆီးချုပ်နှောင်
ခံရတာမျိုးတွေ ရှိတယ်လို့ ရန်ကုန်မြို့က သတင်းသမား ကိုမြင့်ကျော်က ပြောပါတယ်။

“သတင်းသမားတွေက အမြဲတမ်း ကိုယ်သတင်းယူတဲ့ နေရာမှာလည်း သူများနိုင်ငံလို ယူခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးမျိုး၊ Right မျိုး မြန်မာပြည်မှာ အခုချိန်ထိကို
မရှိသေးဘူးဗျ။ အစိုးရဌာနတို့ ဘာတို့ဆို ကျနော်တို့က အောက်တဆင့်ကနေ သူတို့ကို၊ တန်းတူဆက်ဆံလို့ မရဘူးပေါ့ဗျာ။ ကျနော်တို့က အောက်ကျို့ရတဲ့
သဘောမျိုးလည်း ရှိတယ်။ ဒါ သူများနိုင်ငံတွေ သွားတဲ့အခါကျရင် အဲဒီဟာမျိုးနဲ့ အများကြီး ကွာတယ်ဆိုတာ တွေ့ရတယ်။ ဒါက ပြည်တွင်း သတင်းထောက်တွေ
အတွက်ပါ။

“တခါ ပြည်ပ သတင်းဌာနတွေအတွက် လုပ်ပေးနေတဲ့သူ၊ ဒါလည်း မီဒီယာပဲလေ၊ ပြည်ပ သတင်းဌာနကို အစိုးရက တရားမ၀င်ဘူး ဆိုလို့သာ ဒါ တရားမ၀င်
အန္တရာယ်ရှိတာပေါ့ဗျာ။ အဲဒါကတော့ အချိန်မရွေး သိရင်၊ ဘယ်အချိန်သိသိ၊ သိတဲ့အချိန်မှာ ချက်ချင်း ဖမ်းဆီးပြီး ထောင်ချ၊ အဲဒီလို ထောင်ချခံရတဲ့၊ အခုလက်ရှိ
ထောင်ထဲမှာ ရောက်နေတဲ့ သူတွေလည်း ရှိတာပဲ။ အဲဒီလို လူမျိုးကတော့ ပိုပြီး အန္တရာယ်ရှိတယ်။ သူတို့က နေ့စဉ်နဲ့အမျှ ဓာတ်ပုံရိုက်တာပဲဖြစ်စေ၊
သတင်းယူတာပဲဖြစ်စေ၊ မေးတာပဲဖြစ်စေ၊ ဗွီဒီယိုရိုက်ရင်တော့ ပိုဆိုးတာပေါ့ဗျာ၊ ဗွီဒီယိုဆိုရင် ပိုပြီးတော့ သူတို့ မျက်စိစူးတော့ အမြဲတမ်း အဲဒီလူတွေ အတွက်လည်း
အန္တရာယ်က နေ့စဉ်နဲ့အမျှ ရှိနေတာပါ။”

လက်ရှိ ပြည်တွင်း သတင်းဂျာနယ်တွေမှာ လုပ်နေတဲ့သူတွေ အတွက်ကရော ဘယ်လောက်အထိ အန္တရာယ်ကြီးလဲ၊ ထောင်ကျ တန်းကျ ခံရတဲ့ အခြေအနေထိပါ။

“အဲဒီမှာဆိုရင် ၂၀၀၈ ခုနှစ်မှာ ဖြစ်တဲ့ အဖြစ်အပျက် တခုကိုတောင် ပြောလို့ရတယ်။ ၂၀၀၈ ခုနှစ်မှာ ရန်ကုန်တိုင်းမ်က သတင်းထောက် တယောက်ပေါ့ဗျာ၊
သင်္ဃန်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး သူ သတင်းယူတယ်။ နောက် ရဲကပြောတဲ့ဟာကိုပဲ အပြည့်အစုံ ရေးရသလား ဆိုပြီးတော့ ခေါ်ပြီးကြိမ်းတယ်၊ ရန်ကုန်တိုင်း
ရဲရုံးက။ အဲဒီလိုကြိမ်းတဲ့ကိစ္စက ပြည်ပ၀က်ဘ်ဆိုက်မှာ တက်လို့ဆိုပြီးတော့ နောက်ဆုံး သူ့ကို ဖမ်းဆီးတဲ့အထိ ဖြစ်လာတယ်။ သူ အချုပ်ထဲမှာ တော်တော်ကြာကြာ
နေလိုက်ရတယ်ဗျ။ သီတင်း ၂ ပတ်၊ ၃ ပတ်လောက်တောင် နေလိုက်ရတယ်။

“အဲဒါမျိုးက သူ ပြည်ပအတွက် လုပ်တာလည်း မဟုတ်ဘူး။ သို့ပေမဲ့ ပြည်ပ ၀က်ဘ်ဆိုက်မှာ ထွက်တာနဲ့၊ ဘယ်ကထွက်တယ် ဆိုတာလည်း ဘယ်သူမှ
သက်သေမပြနိုင်ဘဲနဲ့ သူ့ကို ဖမ်းတာပဲ။ အဲဒါမျိုးလည်း ရှိတယ်။ သူလုပ်တာလည်း မဟုတ်ဘူး၊ ပြည်ပ ၀က်ဘ်ဆိုက်အတွက် သူလုပ်တာ မဟုတ်ဘဲနဲ့ကို
အဖမ်းခံရတဲ့ အဖြစ်အပျက်မျိုးလည်း ရှိပါတယ်။”

နိုင်ငံခြား သတင်းထောက်များ ကလပ်တို့ ဘာတို့လည်း မြန်မာနိုင်ငံထဲမှာ ရှိပါတယ်။ ရှိတော့ တချို့ သတင်းထောက် အဖွဲ့အစည်းတွေ ဘာတွေကရော အခုလို
အရေးယူခံရတဲ့ သတင်းထောက်တွေ အတွက် တစုံတရာ လုပ်ပေးနိုင်တာမျိုးရော ရှိလား၊ လုပ်ပေးရော လုပ်ပေးနိုင်ရဲ့လားခင်ဗျ။

“အခုချိန်ထိ သိရသလောက်ကတော့ အဲဒီလို အဖွဲ့အစည်းနဲ့ လုပ်ပေးတဲ့ဟာမျိုး မရှိဘူးဗျ။ ကျနော်တို့ ပြည်တွင်း သတင်းထောက်တွေဆို စာနယ်ဇင်း အဖွဲ့ဝင်
တချို့တလေတော့ ဖြစ်ကြတာပေါ့၊ အများစုက မဖြစ်ကြဘူး။ အဲဒီလို စာနယ်ဇင်း အဖွဲ့ဝင် မဖြစ်ရင် ကျန်တဲ့ အဖွဲ့အစည်းဆိုတာ ဘယ်အဖွဲ့အစည်းမှ
တရားမ၀င်ဘူးလေ။ သူ့ဂျာနယ်တိုက်ရဲ့ ပိုင်ရှင်ကသာ သူ့တိုက်ကလူအတွက် သူက သွားပြီးတော့ ပြောဆို လုပ်ဆောင်ပေးတာ၊ အဲဒါမျိုးပဲ ရှိတယ်။ အဖွဲ့အစည်း
အနေနဲ့တော့ ဘယ်အဖွဲ့အစည်းကမှ လောလောဆယ် အခြေအနေမှာ ကျနော်တို့ကို လုပ်ပေးတာ မရှိဘူးဗျ။”

မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်ကို အထိန်းချုပ်ဆုံး၊ သတင်းသမားတွေကို အန္တရာယ် အပေးဆုံး နိုင်ငံတခု အဖြစ်နဲ့ နှစ်အတန်ကြာ ကတည်းက
သတင်းမီဒီယာဆိုင်ရာ အစီရင်ခံစာတွေမှာ ရေးသား ဖော်ပြခံရပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းရေးသား ဖော်ပြမှုတွေမှာ အမှားအယွင်း
မခံပါဘူး။

ဒါကြောင့်လည်း ပြည်တွင်းမှာ သတင်းဂျာနယ်တွေ နောက်ပိုင်း အတော်များများ ထုတ်ဝေရေးသားခွင့်တွေ ရတယ်ဆိုပေမဲ့ မကြာခဏဆိုသလို ယာယီထုတ်ဝေခွင့်


ပိတ်ခံရတာ၊ သတင်းထောက်တွေ၊ အယ်ဒီတာတွေကို စာပေစိစစ်ရေးက ခေါ်ယူသတိပေး ခြိမ်းခြောက်တာမျိုးတွေ ရှိနေပါတယ်။

အစာငတ်ခံ ဆန္ဒပြမှုကြောင့် မနီလာသိန်း ထောင်ဝင်စာ ပိတ်ခံရ

By မသင်းသီရိ ဗုဒ္ဓဟူး, 08 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
သရက်ထောင်မှာ နှစ်ရှည် အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းဟာ ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့အတွက် မိသားစုနဲ့ တွေ့ဆုံခွင့်
ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ထောင်ဝင်စာ သွားအတွေ့မှာ ထောင်အာဏာပိုင်တွေက အခုလို ပြောလိုက်တာဖြစ်ပြီး ဘာကြောင့်
အစာငတ်ခံ ဆန္ဒပြသလဲဆိုတဲ့ အကြောင်းကိုတော့ မသိခဲ့ရဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက
တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက် တနင်္လာနေ့က မနီလာသိန်းရဲ့ ယောင်းမတော်စပ်သူ မသန္တာယုနဲ့အတူ ၃ နှစ်အရွယ် မနီလာသိန်းရဲ့ သမီးငယ်တို့ သရက်ထောင်မှာ
ထောင်ဝင်စာ သွားတွေ့တော့ တွေ့ခွင့်မရ ဖြစ်ခဲ့ကြတာပါ။ သမီးငယ်လေး ပါတဲ့အတွက် ခေတ္တခဏ မိခင်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့လည်း
အာဏာပိုင်တွေက တွေ့ခွင့်မပေးခဲ့သလို ယူသွားတဲ့ အစားအစာတွေသာ ပေးထားခဲ့ရပြီး ဘာကြောင့် မနီလာသိန်း ထောင်တွင်းမှာ ဆန္ဒပြနေလဲ ဆိုတာ မေးမြန်းလို့
မရခဲ့ဘူးလို့ မသန္တာယုက ပြောပါတယ်။

“ကျနော်တို့သွားတော့ ထောင်ဝင်စာ ပိတ်တယ်တဲ့၊ အစာငတ်ခံ ဆန္ဒပြလို့တဲ့၊ အဲဒီလိုပြောတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစားမစားဘူးပေါ့၊ အစာငတ်ခံ ဆန္ဒပြလို့
ပိတ်တယ်ပေါ့။ စားသောက်ဖို့ ယူသွားတဲ့ ပစ္စည်းတွေတော့ ပေးခဲ့ရတယ်။ လူတွေ့ခွင့် မရဘူး။ ကျနော်တို့က ကလေးလေးပါနေလို့ ၅ မိနစ်လောက်ပဲဖြစ်ဖြစ်
ပေးတွေ့ပါဆိုတာ ဘယ်လိုမှ မရဘူး။ ကလေးနဲ့သွားတော့ မလွယ်ဘူးပေါ့။ အများအားဖြင့်တော့ ကျနော်တို့က ၂ လတခါ ဆိုပေမဲ့ တော်ရုံတန်ရုံတော့
မသွားဖြစ်ဘူးပေါ့။ အခု ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက တခေါက်သွားထားတယ်။ ဒီဇင်ဘာက အခုလို ဖြစ်နေတယ်ဆိုတော့ အဆင်မပြေခဲ့ဘူးပေါ့။”

မနီလာသိန်းဟာ မျက်စိအတွက်နဲ့အတူ အမျိုးသမီးရောဂါတခု အတွက် ပုံမှန်ဆေးဝါးတွေ သောက်သုံးနေရသူ ဖြစ်တာမို့ မိသားစုတွေ အနေနဲ့ အခုလို ထောင်ဝင်စာ
တွေ့ခွင့်မရတဲ့အပေါ် ကျန်းမာရေးအတွက် စိုးရိမ်မိတယ်လို့လည်း ပြောပါတယ်။

“မျက်လုံးက မျက်သားတက်နေတာ၊ အဲဒါရှိတယ်၊ ပြီးတော့ အမျိုးသမီးရောဂါ ဖြစ်နေတယ်။ အမျိုးသမီးရောဂါ ဖြစ်တယ်ဆိုတော့ စိတ်ပူတယ်လေ။ အဲဒါတော့
ဆရာဝန်နဲ့ စောစောပြရင် ကောင်းတာပဲ။ အခုတော့ ဘာတွေမှန်း မသိဘူး ရောဂါတွေက အစုံဖြစ်နေတော့၊ ကိုယ်က သားအိမ်ခေါင်းကင်ဆာ ဖြစ်မှာ
ကြောက်တာလေ။ ပြီးခဲ့တဲ့လတုန်းကတော့ ဆေးပို့လိုက်တယ်။ တခြားတော့ ဘာမှ မလုပ်ရသေးဘူး၊ အဲဒါနဲ့ ပတ်သက်ပြီးတော့။”

မနီလာသိန်းကို ထောင်ဝင်စာ ပုံမှန်သွားတွေ့နေတဲ့ ယောင်းမတော်စပ်သူ မသန္တာယု ပြောပြခဲ့တာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသူတဦးဖြစ်တဲ့ မနီလာသိန်းဟာ ၂၀၀၇ လောင်စာဆီနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သလို ၈၈
မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ သူ့ကို ၂၀၀၈ ခုနှစ် သြဂုတ်လထဲ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလထဲမှာ ထောင်ဒဏ် ၆၅ နှစ်
ပြစ်ဒဏ်ချကာ သရက်ထောင်မှာ ချုပ်နှောင်ခံခဲ့ရတာပါ။ အဲဒီအချိန်က ခင်ပွန်း ကိုဂျင်မီဟာလည်း နှစ်ရည်ထောင်ဒဏ်နဲ့ပဲ တောင်ကြီးထောင်ကို အပို့ခံရတဲ့ အချိန်မှာ
သူတို့ ၂ ယောက်ရဲ့ သမီးကလေးဟာ ၄ လသား အရွယ်နဲ့ပဲ ကျန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတ၀န်းက အကျဉ်းထောင်တွေမှာ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့


ချိုးဖောက်ခံနေရတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ လတ်တလော
အတွင်းမှာကိုပဲ နိုင်ငံရေး အကျဉ်းသား တချို့ကို ထောင်တွေ နေရာအမျိုးမျိုး ရွှေ့ပြောင်းမှုတွေ ကြုံနေရတယ်လို့ AAPPB အဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင်က
ပြောပါတယ်။

“ပြီးခဲ့တဲ့လက ဦးအုန်းသန်းဆိုရင် ခန္တီးထောင်ကနေ မန္တလေးထောင်၊ မန္တလေးထောင်ကနေ မြစ်ကြီးနား၊ မြစ်ကြီးနားကနေ ပူတာအို ပြောင်းတာရှိတယ်။ နောက်တခါ
မစန္ဒာကို ပူတာအိုထောင် ပြောင်းသွားတာ ရှိတယ်။ နောက်တခါ ကိုထင်ကျော်ကို ပြောင်းသွားတာ ရှိတယ်။ အဲဒီလိုမျိုး ထောင်လှည့်တဲ့ ပုံစံမျိုးနဲ့
တထောင်ပြီးတထောင် လိုက်ပြောင်းနေတဲ့ အခြေအနေမျိုး ရှိပါတယ်။

“အဲဒါက တကယ်ကို ညှဉ်းပန်းနှိပ်စက်မှု တခုလို့ပဲ ကျနော်တို့ မြင်တယ်။ သူတို့သာမက အိမ်တွေက မိသားစုတွေပါ အတိဒုက္ခရောက်တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။
နောက်တခါ ဖျာပုံထောင်မှာဆိုရင် ဦးရွှေမောင်က အခု ဒုတိယအကြိမ် မျက်စိကုသမှု ခံယူရတယ်။ မျက်စိ ပြန်ကောင်းလာဖို့အတွက် အခြေအနေ
မကောင်းဘူးဆိုတာ ကျနော်တို့ သိရပါတယ်။ ဒါတွေက ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။”

AAPPB အဖွဲ့က ကိုတိတ်နိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

တခါ မြစ်ကြီးနားထောင်က နှစ်ရှည်ထောင်ဒဏ် ချခံထားရတဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာ ဆိုရင်လည်း သူ့ကို ထောင်ဝင်စာ ပုံမှန် သွားတွေ့နေတဲ့
ခယ်မဖြစ်သူကို တွေ့ဆုံခွင့် မပေးတော့ဘဲ နယ်မြေရပ်ခြားကို ရောက်နေတဲ့ မိသားစုဝင်တွေကိုပဲ ထောင်ဝင်စာ တွေ့ခွင့်ပေးမယ်လို့ အာဏာပိုင်တွေက
သတ်မှတ်လိုက်တာမို့ လွန်ခဲ့တဲ့ ၇ လကျော်လောက်ကတည်းက အစားအစာတွေကို လူကြုံနဲ့သာ ပို့နေရတဲ့ အခြေအနေမျိုးတွေလည်း ကြုံနေရပါတယ်။

မွန်ပြည်နယ်မှာ ဇေကမ္ဘာ ကုမ္ပဏီက လယ်ယာခြံမြေ မတရားသိမ်း

By နိုင်ကွန်းအိန် ဗုဒ္ဓဟူး, 08 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မွန်ပြည်နယ်အတွင်းမှာ ဇေကမ္ဘာ ကုမ္ပဏီကနေ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့အတွက် ဒေသခံ ရွာသားတွေ ပိုင်ဆိုင်တဲ့ လယ်ယာခြံမြေတွေကို ဈေးနှိမ်
လျော်ကြေးပေးပြီး အဓမ္မ သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇေကမ္ဘာ ကုမ္ပဏီ အနေနဲ့ ဘိလပ်မြေစက်ရုံ တည်ဆောက်တဲ့အခါမှာ ဒေသခံ
ရွာသားတွေအတွက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောဆိုပေမဲ့လည်း ရွာသားတွေက အယုံအကြည် မရှိဘူးလို့ ဆိုပါတယ်။ အခုလို လယ်ယာမြေ
သိမ်းဆည်းခံရတဲ့ ရွာသားတွေရဲ့ဘ၀ ဘယ်လောက်အထိ ထိခိုက် နစ်နာမှုတွေ ရှိနေပါသလဲ။ လယ်မြေ သိမ်းဆည်းခံခဲ့ရတဲ့ ရွာသားတွေနဲ့ ဆက်သွယ်
မေးမြန်းထားတဲ့ နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ဒေါက်တာခင်ရွှေ ပိုင်ဆိုင်တဲ့ ဇေကမ္ဘာ ကုမ္ပဏီကနေ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်းမှာရှိတဲ့ ပျားတောင်မှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ ဒေသခံ
ရွာသားတွေရဲ့ လယ်ယာခြံမြေဧက ၄၀၀ ကျော်ကို သိမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာ ဈေးနှိမ်ပြီး လျော်ကြေးတွေ ပေးနေတယ်လို့ ဒေသခံ ရွာသားတွေက
ပြောပါတယ်။ ကော့ပနော် ကျေးရွာနေ ရွာသားတဦးကတော့ လယ်ယာခြံမြေ အသိမ်းခံရတဲ့ ရွာသားတွေအတွက် လျော်ကြေး ပေးဆောင်နေမှု အပေါ်မှာ
အခုလိုပြောပါတယ်။

“ပိုက်ဆံယူတဲ့လူလည်း ရှိတယ်၊ မယူတဲ့လူလည်း ရှိတယ်။ ဧကက ၄၀ဝ ကျော်တယ်။ ရော်ဘာခြံက ၂၀ဝ ကျော်တယ်။ လယ်ကွက်လည်း ၂၀၀၊ ၃၀၀ လောက်
ရှိတယ်။ လက်မှတ်ထိုးလည်း သုံးပုံတပုံပဲရှိတယ်။ မထိုးတဲ့လက်မှတ်က နှစ်ပုံကျန်တယ်။ သူတို့ မခံဘူး၊ သူတို့ ပိုက်ဆံလည်း မယူဘူး။”
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ အပါအဝင် ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်လည်း ဒီဇင်ဘာလ ၇ ရက်နေ့မှာ နှီးတုန်ကျေးရွာကို ရောက်လာခဲ့ပါတယ်။ ဦးခင်ရွှေကနေ
လယ်ယာခြံမြေ သိမ်းဆည်းခံခဲ့ရတဲ့ နှီးတုန်ကျေးရွာသားတွေကို ဆင့်ခေါ်ပြီး လျော်ကြေးငွေယူဖို့ အတင်းအကျပ် တိုက်တွန်း ပြောဆိုခဲ့တယ်လို့ လယ်ယာမြေ
အသိမ်းခံ နှီးတုန်ကျေးရွာသား တဦးက အခုလို ပြောပါတယ်။

“ဦးခင်ရွှေလည်း ပါတယ်၊ သူ့သားလည်း ပါတယ်၊ နန္ဒာလှိုင်လည်း ပါတယ်။ သူတို့အဖွဲ့ကားနဲ့ မယကဥက္ကဋ္ဌလည်း လာတယ်ပေါ့။ နန္ဒာလှိုင်က သူ့အဖေ
(ယောက္ခမ) ဦးခင်ရွှေအတွက် ပြောတယ်။ ဦးခင်ရွှေ ပြောတာက ကျနော်တို့ပေးတဲ့ဈေးက ခင်ဗျားတို့ယူ၊ ခင်ဗျားတို့ တိုးတက်ဖို့ပဲ ကျနော်တို့ လာလုပ်တယ်၊
အစိုးရဈေးနဲ့ ပေးမယ်ဆိုရင် ၁၀,၀၀၀ လောက်ပဲ ခင်ဗျားတို့ရမယ်၊ ဒါပေမဲ့ ကျနော်တို့ပေးတဲ့ ၃၅၀,၀၀၀ ကို ခင်ဗျားတို့ ယူလိုက်။ ခင်ဗျားတို့ မယူလည်း
ကျနော်တို့က သိမ်းမှာပဲလို့ သူပြောတယ်။”

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေဟာ ချွေးမဖြစ်သူ ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်ကိုပါ ခေါ်လာတဲ့အတွက် ဒေသခံ ရွာသားတွေ အနေနဲ့ ထူးဆန်းနေပြီးတော့
စိတ်ဝင်စားမှု ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ တချို့ရွာသားတွေဟာ ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်ကြောင့် လယ်ယာမြေ အသိမ်းခံရသူ ရွာသား ၃၀ ကျော်
လျော်ကြေးယူ လက်မှတ်ထိုးခဲ့တယ်လို့လည်း ပြောပါတယ်။ ဦးခင်ရွှေဟာ ကျိုက်မရောမြို့နယ် မယကဥက္ကဋ္ဌနဲ့ ပူးပေါင်းထားပြီး လျော်ကြေးငွေ လက်ခံဖို့
ငြင်းဆန်နေတဲ့ ရွာသားတွေကို ခြိမ်းခြောက်မှု ပြုလုပ်နေတယ်လို့ နှီးတုန်ကျေးရွာသား တဦးက ပြောပါတယ်။

“တနင်္လာနေ့ကစပြီး သူတို့ သုံးလေးရက် အချိန်ပေးမယ်ပေါ့။ သူတို့ပြန်လာမယ်၊ ပိုက်ဆံပြန်လာပေးမယ်ပေါ့။ ပိုက်ဆံပေးတဲ့နေ့မှ မယူဘူးဆိုရင် သူတို့ မယကနဲ့
အပ်လိုက်မယ်ပေါ့၊ မယကနဲ့ ပေးရှင်းလိုက်မယ်ပေါ့။ မယက လုပ်တဲ့အတိုင်း နင်တို့ခံရမယ်ပေါ့၊ သူတို့ပြောတယ်။”

ကျိုက်မရောမြို့နယ် ကော့ဒွန်း၊ ကော့ပနော်၊ နှီးတုန် အစရှိတဲ့ ရွာတွေဟာ လယ်ယာခြံမြေတွေနဲ့သာ အသက်မွေးဝမ်းကြောင်း ပြုနေရပါတယ်။ အခုလို ဇေကမ္ဘာ
ကုမ္ပဏီကနေ လယ်ယာမြေ သိမ်းဆည်းခဲ့တဲ့အတွက် အသိမ်းဆည်းခံ ဒေသခံ ရွာသားတွေအတွက် ရှေ့ဆက်ဘဝ အခက်အခဲ ရှိသွားမယ်လို့လည်း ဒေသခံတွေက
ပြောပါတယ်။

“လယ်ကိုပဲ အားကိုးပြီး အသက်ရှင်နေကြတာ။ အခု ဒီလယ် မရှိဘူးဆိုရင် သူတို့အနေနဲ့ တော်တော်များများတော့ ထိခိုက်နိုင်တယ်ပေါ့။ ဒီလယ်ကို
အသိမ်းခံရပြီးတော့ တခြား စီးပွားရေးတခုခု ပြောင်းလုပ်ဖို့လည်း ကုမ္ပဏီကပေးတာ နည်းတယ်ဆိုတော့ ဘယ်လိုလုပ်ဖြစ်မလဲ။”

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဇေကမ္ဘာ ကုမ္ပဏီဟာ ကျိုက်မရောမြို့နယ် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကော့တုန်၊ ကော့ပနော်၊ နှီးတုန် အစရှိတဲ့
ကျေးရွာသားတွေ ပိုင်တဲ့ လယ်ယာမြေတွေကို တိုင်းတာပြီး သိမ်းဆည်းခဲ့ပါတယ်။ အဲဒီအပေါ်မှာ ဒေသခံ ကျေးရွာသားတွေနဲ့ သံဃာတော်တွေဟာ
နေပြည်တော်အထိ တက်ရောက် တိုင်ကြားခဲ့တာကြောင့် အခုလို လျော်ကြေးငွေတွေ ပေးနေရတယ်လို့ သံဃာတော်တပါးက ပြောပါတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ပျားတောင်ဟာ ဘိလပ်မြေထုတ်လုပ်ဖို့ အကောင်းဆုံးကျောက်တောင် ဖြစ်နေတယ်လို့လည်း ကွင်းဆင်းလေ့လာထားတဲ့


ဘူမိဗေဒ ပညာရှင်တွေက ပြောပါတယ်။ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ဘိလပ်မြေစက်ရုံ တည်ဆောက်တဲ့အခါမှာ ရွာသားတွေအတွက် ဖွံ့ဖြိုးတိုးတက်မှု
လုပ်ဆောင်ပေးမယ်လို့ ကတိတွေ ပေးထားပေမဲ့လည်း လယ်ယာခြံမြေ အသိမ်းဆည်းခံ ရွာသားတွေ အနေနဲ့ကတော့ ယုံကြည်မှု မရှိဘူးလို့ ပြောပါတယ်။

ဝီကီလိခ် ပေါက်ကြားမှု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အမေရိကန်ကို ပြစ်တင်

By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 08 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အမေရိကန် အစိုးရရဲ့ သံတမန်ရေးဆိုင်ရာ လျှို့ဝှက် စာရွက်စာတမ်းတွေကို ပေါက်ကြားစေခဲ့တဲ့ ကိစ္စအပေါ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ်
(Kevin Rudd) ကတော့ ၀ီကီလိခ် တည်ထောင်သူ ဂျူလီယန် အာဆန်းရှ် (Julian Assange) အစား အမေရိကန်နိုင်ငံကိုပဲ အပြစ်တင်ပါတယ်။

ဝီကီလိခ် ၀က်ဆိုဒ်ပေါ်မှာ အခုလို လျှို့ဝှက်သတင်းတွေကို ဖြန့်နိုင်အောင် မှတ်တမ်းမှတ်ရာတွေ အရင်ဆုံး ဖောက်ထုတ်ခဲ့သူတွေကို အရေးယူသင့်တယ်လို့ မစ္စတာ
ရပ်ဒ်က ပြောပါတယ်။ အခုလို လျှို့ဝှက် အချက်အလက်တွေ ပေါက်ကြားမှုဟာ အမေရိကန် လုံခြုံရေးဆိုင်ရာ ပြဿနာရပ်ပဲ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

ဝီကီလိခ် တည်ထောင်သူကို လန်ဒန်မှာ ဖမ်းဆီးထားနေတဲ့ တချိန်တည်းမှာပဲ ၀ီကီလိခ်ပေါ်မှာ နောက်ထပ် အမေရိကန် အစိုးရရဲ့ လျှို့ဝှက်မှတ်တမ်းတွေ
ထုတ်ပြန်ပါတယ်။ နောက်ဆုံး ပေါက်ကြားဖော်ပြတဲ့ သံတမန်ရေးဆိုင်ရာ လျှို့ဝှက်မှတ်တမ်းတွေမှာတော့ စကော့တလန် အကျဉ်းထောင် အတွင်းမှာ Lockerbie
ဗုံးခွဲသူ သေဆုံးခဲ့မယ်ဆိုရင် ဗြိတိန်ကို လစ်ဗျားနိုင်ငံဘက်က ချက်ချင်း အပြင်းအထန် တုံ့ပြန်လာမှာကို ဗြိတိသျှ အစိုးရဘက်က စိုးရိမ်ခဲ့တယ် ဆိုတာကို
ဖော်ပြထားပါတယ်။

လစ်ဗျားနိုင်ငံသား Abdel Baset al-Megrahi ဟာ ထောင်ထဲမှာ ဆက်ရှိနေမယ်ဆိုရင် လစ်ဗျားက ဗြိတိန်နဲ့ ကုန်သွယ်ရေးတွေကို ရပ်ပစ်မယ်၊
ဗြိတိန်နိုင်ငံသားတွေကို အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ၂၀၀၉ ခုနှစ်က အမေရိကန် သံတမန်ရေး လျှို့ဝှက်မှတ်တမ်းမှာ ရေးထားတာကို
ထုတ်ဖော်လိုက်တာပါ။ အဲဒီ လစ်ဗျားနိုင်ငံသားကို ဗြိတိန်က ပြီးခဲ့တဲ့နှစ်က ပြန်လွှတ်ပေးခဲ့တာကြောင့် ဗြိတိန်၊ အမေရိကန် တင်းမာမှု ရှိခဲ့ရပါတယ်။

နိုဘယ်လ်ဆုနဲ့အပြိုင် တရုတ်က ငြိမ်းချမ်းရေးဆု အသစ်ထွင်

By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 08 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon
• Yahoo! Buzz

• del.icio.us

တရုတ်နိုင်ငံအနေနဲ့ သူတို့ကိုယ်ပိုင်နဲ့ ငြိမ်းချမ်းရေး ဆုတဆုကို လာမယ့် ကြာသပတေးနေ့မှာ ချီးမြှင့်သွားမယ်လို့ အသစ်ဖွဲ့လိုက်တဲ့ တရုတ်အဖွဲ့တခုက


ကြေညာပါတယ်။ အကျဉ်းချခံထားရတဲ့ တရုတ် အတိုက်အခံ လျူရှောင်ဘို (Liu Xiaobo) ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်မယ့်နေ့ မတိုင်ခင် တနေ့မှာ
ပြုလုပ်ကြမှာပါ။

တရုတ် ရှေးတွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ရဲ့ နာမည်နဲ့ ကွန်ဖြူးရှပ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်သွားတော့မယ်လို့ တရုတ်သတင်းစာတစောင်က ရေးသားပြီး


သုံးပတ်အကြာမှာ အခုလို ကြေညာချက် ထွက်လာတာပါ။

အခုသောကြာနေ့ လုပ်မယ့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို အစိုးရတွေ သပိတ်မှောက် ကန့်ကွက်ကြဖို့ တရုတ်အစိုးရက ကြိုးပမ်းနေတဲ့ အချိန်မှာပဲ အခုလို
တရုတ်ကနေ သူ့ကိုယ်ပိုင် ငြိမ်းချမ်းရေး ဆုတဆု ပေးဖို့ ပြင်ဆင်ဆောင်ရွက်လာတာပါ။

ပထမဆုံးဆုကိုတော့ ထိုင်ဝမ်နဲ့ ပြည်မကြီးအကြား ငြိမ်းချမ်းရေး ပေါင်းကူးပေးခဲ့တဲ့ ထိုင်ဝမ် ဒုတိယ သမ္မတဟောင်း Lien Chen ကို ပေးအပ်မယ်လို့ ကွန်ဖြူးရှပ်
ဆုပေးရေးအဖွဲ့က ပြောပါတယ်။ Lien ဟာ ၂၀၀၅ ခုနှစ်မှာ ထိုင်ဝမ် အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ အနေနဲ့ တရုတ်နိုင်ငံကို သမိုင်းဝင် ခရီးထွက်ခဲ့သူ ဖြစ်ပါတယ်။
ဒီအတွက်လည်း နှစ်နိုင်ငံ အစိုးရအကြား တင်းမာမှုတွေ လျော့ကျခဲ့ပါတယ်။

ကွန်ဖြူးရှပ်ဆုပေးဖို့ အမည်စာရင်း တင်သွင်းခံရသူတွေထဲမှာ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela)၊ အမေရိကန်
သန်းကြွယ်သူဌေး ဘီလ်ဂိတ် (Bill Gates)၊ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် (Mahmoud Abbas) နဲ့ တရုတ်ကခန့်တဲ့ တိဘက်ဘုန်းတော်ကြီး ပန်ချန်း
လားမား (Panchen Lama) တို့ ပါဝင်ကြပါတယ်။

http://www.voanews.com/burmese/news

အင်္ဂလန် တစ်နိုင်ငံ လုံးမှ ကျောင်းသားများ အထွေထွေ သပိတ်စတင်

December 8, 2010 freedom news group Leave a comment

6
0

မဲပေးပါ

လက်ရှိအာဏာရ ပါတီ က အဆင့်မြင့် ပညာရေး ကျောင်းလခများ တိုးမြှင့် ကောက်ခံ သဖြင့် ယနေ့ မနက် လင်းအားကြီး အချိန်မှ စ၍ အင်္ဂလန် နိုင်ငံတ၀ှမ်းရှိ
တက္ကသိုလ် ကျောင်းများ ကဆန္ဒပြပွဲများ စတင်သည်။

အမေရိကန် သံရုံးနှင့် ဆက်စပ်မှု ရှိ နိုင် သော မြန်မာ စစ်အရာရှိ အချို့ပျောက်ဆုံးနေ

December 8, 2010 freedom news group Leave a comment Go to comments


20
1

မဲပေးပါ

ကြားဖြတ်သတင်း၊ ၊စစ်ဘက်နယ်ဘက် အရာရှိ များ ပြည်ပထွက်ခွာခွင့် ခေတ္တရပ်ဆိုင(နေပြည်


်း တော်)

တိုင်းမဂ္ဂဇင်း ၏ တစ်နှစ်တာ ထူးခြားမှု အရှိဆုံး ပုဂ္ဂိုလ် ဆုရွေးချယ်ခံရရန် တစ်ပြေးနေသည့် ၀ီကီလိခ် တည်ထောင်သူ ဂျူလီယန် အဆန်ငယ်(ယခု တစ်ပတ် ထုတ်
Time မျက်နှာဖုံး)

ဝီကီလိခ် က နိုင်ငံတကာရှိ အမေရိကန် သံရုံးကြေးနန်း စာများ သတင်း ပေါက်ကြားမှုတွင်


ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံးမှ ကြေးနန်း ၈၀၀၀ ကျော် ပါဝင်သည် ဖြစ်ရာ အမေရိကန်
သံရုံး နှင့် လှို့ ဝှက် ဆက်စပ် မှု ရှိသည့် မြန်မာ စစ်အရာရှိ အချို့ ပျောက် ဆုံးနေသည် ဟု
Freedom News Group မှ စုံစမ်းသိရှိရသည်။

Embassy of Phenom pen (ကမ္ဘောဒီးယား ) ကြေးနန်း ပေါက်ကြားမှု တွင် အမေရိကန်


သို့ တိတ်တဆိတ် သတင်းပေးသည့် ခမာ စစ်အရာရှိ အချို့ ကို ဖော်ပြထားသည်။

ထပ်မံ ပေါက်ကြား နိုင်သည့် Embassy of Rangoon ကြေးနန်း တွင် အမေရိကန် နိုင်ငံ


ဉ် နိုင်ငံရေး ခိုလှုံ ခွင့်ရရှိရန် ကြိုးစား ခဲ့ဖူးသည့် မြန်မာ စစ်ဘက် ၊နယ် ဘက်အရာရှိ
အချို့ အကြောင်း ပါဝင် နိုင်သည် ဟု မြန်မာ ၀ီကီလိခ် တွင် ဖော်ပြထားသည်။

ဝီကီလိခ် က မူ ကာယကံ အရှင် အချို့ ဒုက္ခရောက် နိုင်သည့် နာမည် များ ကို ဖျောက်
ဖျက် ပြီး မှ သာဖော်ပြသည်။ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အဆန်ငယ် သည်
TIME မဂ္ဂဇင်း က နှစ် စဉ် ရွေးချယ် သည့် Person of the Year ကို ရရှိ ရန် အလားအလာ
ကောင်းနေသည်။

http://freedomnewsgroup.com/

မေမေရယ် သမီးရယ် မောင်လေးရယ် … ပြီးတော့

ယမင်းဖြူဖြူ

ဒီဇင်ဘာ ၉၊ ၂၀၁၀

(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)

အိမ်က ကျွန်မအဖေသေတော့ TB နဲ့ သေတယ်လို့ထင်တယ်။ ဒါပေမဲ့ သေပြီး မေမေတို့ပြောနေကြတာတွေ ကြားပြီး TB နဲ့ မသေဘူးလို့သိရတာ။
HIV/AIDS နဲ့ သေတာတဲ့။ ရိုးရိုးမှတ်နေတာပေါ့။ ဒါပေမဲ့ မေမေတို့က ကိုယ့်သမီးလေး မကြားအောင် အိပ်ချိန်ကျမှ ပြောတယ်။

ဘယ်ရမလဲ အိပ်ချင်ယောင်ဆောင်ပြီး နားထောင် နေလိုက်တာ၊ ဖေဖေက မသေခင် ပြောသွားတာ ကြားမိတယ် ။

“ငါက လူသတ်သမားဖြစ်ပြီ” တဲ့။

“ ဘာလို့လဲ” လို့ မေမေက မေးတယ်။

“ဘာဖြစ်ရမလဲ၊ ငါတစ်ယောက်ကြောင့် ဘာမှ မဟုတ်တဲ့ ဖြူစင်တဲ့ မိသားစုကို သတ်လိုက်တာပဲ” တဲ့။


“ဒါကို ဂရုမစိုက်ဘူးလေ” လို့ ပြန်ပြောတယ်။

ဖေဖေ့ကို အရမ်းသနားမိတယ်။ ခြင်ထောင်တောင် ခွဲအိပ်ရှာတယ်။ နေမကောင်းလို့ ညအပေါ့အပါးသွားရင်လဲ မေမေ့ကို မခေါ်ဘူး။ တစ်ယောက်ထဲ


သွားတယ်လေ။ တစ်ရက် မဟုတ်ဘူးလို့ ပြောတယ်။

ဖေဖေ TB ရှိတယ် ဆိုကထဲက သွေးစစ်ကြည့်တယ်၊ မိသားစု ၄ ယောက်လုံးကိုလေ။ ဒါပေမဲ့ တားဖို့ အချိန်မရလိုက်ပါဘူး။ ဖေဖေ သေသွားတယ်။
အဲဒီတုန်းက ကျွန်မ ၁ တန်းဘဲ ရှိသေးတယ်။ မောင်လေးဆို တွေးကြည့်လေ သိတောင် မသိဘူး။

ဖေဖေကိုမမြင်တော့ မောင်လေးက ဘာမေးတယ် မှတ်လဲ …

“ဖေဖေ ဘယ်သွားတာလဲ”

မေမေက “ခရီး အကြာကြီး ထွက်သွားတယ်”တဲ့။

အဲဒါတွေ ပြန်တွေးလိုက်ရင် ပိတ်ကားပြင်ပေါ်မှာ ရုပ်ရှင်အကြာကြီး ကြည့်နေရတဲ့ အတိုင်းပဲ။

အိပ်ချင်ယောင်ဆောင်နေတဲ့ သမီးက ထငိုလိုက်တယ်။ အကုန်လုံး သိသွားပြီဆိုပြီး မေမေကြီးက အစအဆုံး ပြောပြတယ်။ ဖေဖေ သေသွားတော့
အရမ်း အားငယ်တယ်။ ပြီးတော့လဲ မေမေ့ကို မုဆိုးမလို့ အပြော မခံချင်ဘူးလေ။

ထားပါတော့၊ လူတွေက တချိန်သေရမှာဘဲလေ။ ဒါပေမဲ့ အဲဒီ ရောဂါနာမည်ကို မကြားချင်လောက်အောင် မုန်းတယ်။ ဘာ့ကြောင့် ငါတို့ကျမှ
ကူးရတာလဲလို့ တွေးမိတယ်။

ဖေဖေ သေသွားတော့ ကိုးကွယ်ရာတစ်ခု မဲ့သွားတာပေါ့။ ဖေဖေသေပြီး တစ်လကြာတော့ မေမေ့ဘက်က အဘွားတွေက လာခေါ်တယ်လေ။ ရွာမှာဘဲ
အခြေချမိတယ်။ အစက ….. မြို့မှာ နေတာ။ အဲဒီ အချိန်မှာဘဲ ပြဿနာတက်တယ်လို့ ထင်မိတယ်။ ရွာဆိုတော့လေ - ဗဟုသုတ မရှိကြဘူးလေ။

အိမ်နီးနားချင်းထဲက တစ်အိမ်ပေါ့၊ အဲဒီအိမ်မှာ ကျွန်မအတန်းဖေါ်လဲ ရှိတယ်။ HIV/AIDS ရှိတဲ့ လူက ၄ နှစ်လောက် ပကတိ အတိုင်းပဲတဲ့လေ။
မေမေက လျှောက်ပြောတယ်။ သူ့မှာလဲ ဒီရောဂါကြီး ရှိတယ်လို့။ အဲဒီအချိန်မှာ ကျွန်မ သူငယ်ချင်းက ဆက်ဆံရေးတွေ လျော့လာတယ်။ သူ့အမေကရော
မပေါင်းခံတော့ဘူးလေ။ အဲဒီအချိန်မှာ အရမ်းအထီးကျန်တယ်။

မေမေဟာ ဖေဖေ့ရဲ့ နောက်ဆုံးဆန္ဒအရ …… မြို့ကို စာပေးစာယူ နောက်ဆုံးနှစ်စာမေးပွဲ သွားဖြေချိန်မှာ မောင်လေးကိုပဲ ခေါ်သွားတယ်။ ကျွန်မက
အဘိုးအဘွားနဲ့ဘဲ နေခဲ့ရတယ်။ စဉ်းစားကြည့်ပါ၊ အားပေးမဲ့သူ တစ်ယောက်မှ မရှိဘူးလေ။

တစ်နေ့တော့လေ - ဘယ်ကမှန်း မသိဘူးလေ - HIV/AIDS လက်ကမ်းစာစောင်တစ်စောင် လေလွင့်ပြီး ပါလာ တာပေါ့။ အဲဒါ ကံကောင်းမှုတစ်ခု၊
ထွက်ပေါက်တစ်ခုလို့ ထင်မိပါရဲ့။ အဲဒီစာလေးကို ဖတ်ပြီး အရမ်းဝမ်းသာ မိတယ်။ အဲဒီမှာဘဲ လွယ်အိပ်ထဲကို အဲဒီစာစောင်လေးထည့်ပြီး အပြေးအလွှားပဲ
ကျောင်းကိုသွားပြီး သူငယ်ချင်းကို ပြတယ်။ စိတ်ဝင်စားစရာလေးလေ၊ ကာတွန်းပုံလေးနဲ့ ဆိုတော့။

ကျောင်းရောက်တော့ သူငယ်ချင်းကို ပြပြီး” ဖတ်ကြည့်ပါလား”လို့ပြောတယ်။ သူငယ်ချင်းကလဲ စိတ်ဝင်စားပြီး ဖတ်ကြည့်တယ်။ နောက်ဆုံးတော့


“အလကားပါတဲ့၊ ငါနဲ့ ပေါင်းချင်လို့ လျှောက်ပြီး ပြနေတာ” လို့ ဆိုပြီး မျက်နှာကို စာရွက်နဲ့ ပစ်လိုက်တာ။

ဒီလိုနဲ့ဘဲ နေလာတာ မေမေတောင် စာမေးပွဲဖြေပြီး ရွာပြန်ရောက်တော့ - အကြောင်းစုံ ညတွင်းချင်းပဲ ပြောလိုက်တယ်။

ဒါတွေ မစဉ်းစားနဲ့လို့ပဲပေါ့လေ ပြောလိုက်တယ်။ နှစ်တွေ လတွေတောင် မပြောင်းပါဘူး။ လတွင်းချင်းမှာဘဲ အဘွားသေပြီး တစ်လကြာပြီးနောက်


အဘိုးသေ။ နောက်ထပ် တစ်လခွဲကြာပြီးနောက် ဖေဖေ့ဘက်က အဘိုးသေ။

သြော် … သူများတွေပြောတာ ကြားမိလိုက်တယ်။

“ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ “ ဆိုတဲ့ စကားပုံလေ။

သုံးလလောက်ကြာတော့ ရွာတွေရဲ့ ဓလေ့အတိုင်း အမွေတောင်းကြပါလေရော။ စကားများကြပြီး မေမေက အငယ်ဆုံးညီမဖြစ်သူနဲ့ မခေါ်ဘူးလေ။


အခုထိ မခေါ်ပါဘူး။ အဲဒါနဲ့ မေမေက ရင်ဘတ်ကိုထုပြီး “ငါ့ရှိတာတွေ အကုန်ယူသွားတဲ့” ပြောတာ ၊ ဘုန်းကြီးပျံမှာ အငြိမ့်မင်းသမီး ငိုနေတဲ့ အတိုင်းဘဲ။

အဲဒီကစပြီး ဒဏ်ပေါ်တာ၊ အိပ်ယာထဲ လဲပါလေရော။

မေမေက ငိုပြီး “ငါ မထင်တော့ဘူး” တဲ့ ၊

“နင့် မေမေကြီးဆီ သွားပြီး ဖုန်းဆက်” တဲ့ ၊

“ငါ ရွာမှာ မသေဘူး၊ အဲဒီမှာဘဲ သေမှာလို့၊ အမြန်လာခေါ်လို့” ပြောပြီး သွားဆက်ခိုင်းတယ်။

လမ်းတလျှောက် လုံး ငိုသွားတာ၊ ဖုန်းဆိုင်ရောက်တော့ “ဘာဖြစ်လို့ ငိုတာတုန်း” မေးတော့ အစအဆုံး ပြောပြတယ်။

ဖုန်းခေါ်ပေးပြီး ဖုန်းဆိုင်က အဖွားကြီး လိုက်လာတယ်။ “အားမလျှော့နဲ့”လို့ အားပေးရှာတယ်။

နေ့တွင်းချင်းဘဲ ကားလာခေါ်လို့ × × × ကို လိုက်သွားတာ၊ မေမေရယ် အခန်းထဲ ပိတ်ပြီး ဘယ်သူ့ကိုမှ မတွေ့ခံဘူးလေ။ အဲဒါနဲ့ ဖေဖေရဲ့ညီက အဲဒီလို
မလုပ်ပါနဲ့လို့ နားဝင်အောင်ပြောပြီး ပြုစုရှာတယ်။

ဘုန်းကြီးဆေးက ကောင်းတယ်လို့ ကြားပြီး ဘွားဘွားကလဲ သူ့ချွေးမလေးကို ပျောက်စေချင်တာပေါ့၊ တစ်ထုပ် ကို တစ်သောင်းတဲ့၊


ဝယ်သောက်ရတယ်။ အဲဒီလိုနဲ့ နေကောင်းပြီး ရွာပြန်လာတယ်လေ။

လူဆိုတာ အဆိုးရှိရင် အကောင်းပေါ်တတ်တယ်လို့ ကြားဘူးတယ်။ မေမေ နေမကောင်းတဲ့လက ကျောင်း ပိတ်တယ်လေ။ ပြန်လာတော့ ကျောင်းဖွင့်ပြီ။
ကဲ့ရဲ့စကားတွေကလဲ ဆိုလာတယ်။ အဲဒီအချိန်မှာ ကျွန်မ ၄-တန်းလေ။ အိမ်နီးနားချင်းနဲ့လဲ ရန်ဖြစ်လာတယ်။ ပထမတော့ ခံနိုင်ရည် မရှိဘူးပေါ့။ ကျောင်းမှာ
ဖြစ်ပျက် လာတဲ့ အကြောင်းတွေ အကုန်ပြန်လျှောက်တင်ရတယ်လေ။

တစ်နေ့တော့ အခြားသူငယ်ချင်းတစ်ယောက်က အိမ်နီးနားချင်း သူငယ်ချင်းတစ်ယောက်ကို သွေးဆောင်တော့ ပါသွားလေရော။ ကျောင်းမှာ


တစ်တန်းလုံးကပြောတော့ ကိုယ်တစ်ယောက်ထဲဆိုတော့ ဘယ်ခံနိုင်ရည်ရှိမလဲ၊ ငိုတော့တာပေါ့။ ငိုတယ်ဆိုတော့ ဆရာမတစ်ယောက်ကခေါ်ပြီး
အကြောင်းစုံမေးတော့ အစအဆုံးဖြေလိုက် တယ်။ အဲဒီမှာ သူတို့ကို အပြစ်ပေးလိုက်တယ်။ အရမ်းပျော်သွားတယ်။

အိမ်အရောက်မှာဘဲ အပျော်မှုကြီးက အရမ်းရပ်တန့်သွားပြီ။ မေမေ စိတ်ဆင်းရဲမှာ စိုးလို့ မပြောဘူး။ လွယ်အိတ်ကလေးချိတ်တော့ အမေကခေါ်တယ်။

“ဘာ့လို့ ငိုတာလဲ၊ အကုန်ပြောပြ”လို့ ပြောတော့ ငိုပြီး ပြောပြလိုက်တယ်။

အဲဒီမှာဘဲ သမီးကို ပြောတဲ့ သူငယ်ချင်းဆီ ခေါ်ပြီး လက်ညှိုးထိုး ဆူတော့တာပဲ။

အပြန်မှာ မေမေက ပြောတယ်။

“ငါ့ သမီး ဘယ်သူ မပေါင်းလို့မှ ဂရုမစိုက်နဲ့၊ ကိုယ့်ထမင်း ကိုယ်စားတာ၊ ခစရာလဲ မလိုဘူး” လို့ မာန်အပြည့်နဲ့ ပြောလိုက်တယ်။ အဲဒီ ၀ါဒကြီး
အခုထိဘဲ ခံယူထားပါတယ်။

စဉ်းစားကြည့်ပါ။

“အိမ်နီးနားချင်း သူငယ်ချင်းတစ်ယောက်ရဲ့ အဖေက ဆေးမှူးဖြစ်ပြီး ဘာလို့ ဒီဗဟုသုတတွေ မရှိတာလဲ”

အဲဒီတုန်းမှာ မောင်လေးက ၄-နှစ်သားဘဲ ရှိသေးတယ်လေ။ အဲဒီအချိန်ကစပြီး ဘယ်သူ့မှ ဂရုမစိုက်တော့ဘူး။ တစ်ယောက်တည်းဘဲ နေတယ်။


နေသားကျလာတယ်။

နောက်နေ့မှာ မေမေ့ရဲ့ခဲအိုက တခြားမြို့မှာနေတဲ့ သူ့အစ်ကိုဆရာဝန်ရောက်လာတော့ သမီးတို့အကြောင်း ပြောပြလိုက်တယ်။ ညအလယ်သွားချိန်မှာ


ARV ဆေးသောက်ရန် နိုးဆော်တယ်။ ဆေးသောက်ရမှ အလုပ် လုပ်နိုင်မှာလို့ ပြောတယ်။ သားသမီးစိတ်နဲ့ပဲ သောက်လိုက်ရတယ်။

အဲဒီမှာဘဲ ရွှေခြင်္သေ့အဖွဲ့ မှာ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ အသိတစ်ယောက်က ခေါ်ပြီး အသင်းဝင်ခိုင်းလိုက် တယ်။ ဆေးတွေကုရ။


ထောက်ပံ့တာတွေရလို့ ၀ဖြိုးနေတဲ့ အမေ့ကိုအားကျပြီး တချို့က ရယ်စရာ ပြောကြတယ် “အဲဒီ အသင်းထဲ ၀င်ချင်လိုက်တာ”တဲ့။

အဲဒီအချိန်ဟာ မပွင့်နိုင်သေးတဲ့ပန်းကို လောကတခွင်က ပေးလိုက်တဲ့ နေမင်းကြီးကြောင့် ရနံ့တွေ မွှေးပျံ့လာကြတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ


သူငယ်ချင်းတွေကလဲ အရောတ၀င် လာကြတယ်။

ARV ဆေးက တစ်ကဒ်ကို နှစ်သောင်းခွဲ၊ သုံးသောင်းလောက်ရှိမယ်လို့ ထင်တယ်။ ကြာကြာ မခံနိုင်တော့ဘူး လို့ ထင်တာ။

အဆိုးတွေဘဲ ဖြတ်လာရတာ၊ အကောင်းတွေ ရှိနေတာဘဲလေ။ ဒီနှစ်ထဲမှာဘဲ ဆေးလှူသူ ပေါ်လာတယ်။ သမီးအတွက်ရောပေါ့။ နောက် ၄-၅
လကြာတော့ မန္တလေးဆေးရုံက ဆေးပေးမယ်တဲ့။ ဆေးရုံကမှ ရေရှည် ကောင်းမှာလို့ ဆိုတော့ ဆေးရုံသွားတိုးကြတော့ အရမ်းအံ့သြမိတယ်။

“ငါတို့ဘဲ ရှိတယ် ထင်မိတာ၊ ကမ္ဘာပေါ် မှာ တစ်ဝက်လောက်ရှိတယ်လို့ ထင်ပါရဲ့။ တစ်ဝက်ကနေ အနှံ့မပွားအောင် ထိန်းချုပ်မယ်လို့ စိတ်မှာတွေးပြီး
သမီးတို့လို ရောဂါမဖြစ်အောင်၊ ရွှေခြင်္သေ့လို ကူးစက်ရောဂါထိန်းသိမ်းရေးအသင်း များများရှိပါစေလို့ ဘုရားမှာ ဆုတောင်းမိပါတယ်။

မောင်လေးမှာလဲ သမီးလို အဖြစ်မျိုး ကြုံနေရပါတယ်။ မေမေနဲ့ သမီးက သမီးတုန်းက အဖြစ်အပျက်တွေ ပြော ပြတော့ ညှိုးနေတဲ့ ပန်းကလေး
ရေလောင်းပေးသလို ဖြစ်သွားပါတယ်။

(မြန်မာပြည်အနှံ့ရှိ HIV AIDS ဝေဒနာရှင်များအား စောင့်ရှောက်နေသည့် ပရဟိတအသင်းများက လူနာကလေးငယ်တို့၏ ပေးစာ၊ ရေးစာများ ကို ဖြော်ပခြင်း
ဖြစ်သည်။)

၂၀၁၀ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ကလည်း ကြေးမုံတွင် ကျေးဇူးတင်


မိုးမခအထောက်တော် ရန်ကုန်
ဒီဇင်ဘာ ၈၊ ၂၀၁၀
ယနေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၃ တွင် အဆိုပါပါတီခေါင်းဆောင် ဦးသုဝေက ၎င်းတို့ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား
“ဆန္ဒအမှန်မဲ” များ ပေးအပ်၍ ကျေးဇူးတင်ကြောင်း၊ မြန်မာပြည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
အစီရင်ခံလိုက်သည်ဟု ကြော်ငြာထည့်သွင်းထားသည်။
ထိုကြော်ငြာကို သတင်းစာတိုက်သို့ ပေးပို့ပြီး တလပြည့်ချိန်မှ ဖော်ပြပေးခြင်းဖြစ်သည်ဟု ဦးသုဝေက DVB သတင်းဌာနကို ပြောသည်။
ကြံ့ဖွံ့ပါတီကလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျေးဇူးတင်ကြေင်း ကြော်ငြာ ထည့်ခဲ့ရာ ဦးသုဝေတို့၏ စိတ်ကူးကို ကြံ့ဖွံ့ပါတီက ကူးယူသွားခြင်းဖြစ်သည်ဟု
နိုင်ငံရေးသမားအများအပြားက ယူဆနေကြသည်။
"ရွေးကောက်ပွဲ ၇ ရက်နေ့ ပြီးတယ်၊ ၈ ရက်နေ့မှာ ကျနော်တို့က ပြည်သူလူထုကို ကျေးဇူးတင်ပါတယ်ဆိုပြီး သတင်းစာထဲ သွားထည့်တယ်။
သတင်းစာတိုက်က အထက်ကို တင်ရဦးမယ်ဆိုပြီးတော့ ကျနော်တို့ကို မပေးဘူး။ သုံးလေးရက်နေတော့ ကျနော်တို့ကို အကြောင်းပြန်မယ်ဆိုပြီး အကြောင်းလည်း
မပြန်လာဘူး။ အခု တလလောက် ရှိတဲ့အခါမှ ကျနော်တို့ ဒီကိစ္စကို မေ့နေတယ်။ မေ့နေလောက်မှ ညပိုင်းမှာ သတင်းစာတိုက်က ဖုန်းဆက်တယ်။ ကျနော်တို့
လျှောက်ထားတဲ့ ကိစ္စ ထည့်ခွင့်ရပါပြီ။ အခုထည့်ပေးလိုက်ပါပြီလို့ ပြောတယ်။ ထည့်ခလည်း ပေးစရာ မလိုသေးဘူး၊ နောက်နေ့မှပဲ ပေးတာပေါ့တ"ဲ့ ဟု ဦးသုဝေ၏
ပြောကြားချက်ကို DVB ၀က်ဆိုက်တွင် တွေ့ရသည်။ြ
ပည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုကြီး တိုးတက်ရေးကို အစွမ်းကုန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုထားသော ဦးသုဝေသည် ဒေါ်စုနှင့်
တိုင်းရင်းသားအင်အားစုများ၊ အင်န်အယ်ဒီတို့၏ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကို အချိန်ယူ စဉ်းစားပြီး ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
အကျဉ်းကျနေသည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လျူရှောင်ဘိုအား ဂုဏ်ပြုဆန္ဒထုတ်ဖော်ပွဲ ဆန်ဖရန်ဘေးဧရိယာမြန်မာတို့ လက်တွဲဆင်နွှဲမည်
မိုးမခအထောက်တော် ၀၀၂
ဒီဇင်ဘာ ၈၊ ၂၀၁၀
လာမည့် ဒီဇင်ဘာ ၁၀၊ ၂၀၁၀ နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး နော်ဝေတွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ပွဲ အခမ်းအနား
ကျင်းပမည့် နေ့လည်း ဖြစ်သည်။ ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို တရုတ်ပြည်၏ လူ့အခွင့်အရေးလှုပ်ရှားသူ လျူရှောင်ဘိုအား ချီးမြှင့်ခဲ့ကြသည်။ ၎င်းမှာ
တရုတ်အစိုးရ၏ ထောင်သွင်းအကျဉ်းချခြင်း ခံထားရသည့်အပြင် ဇနီးသည်ကိုလည်း တရုတ်အစိုးရက တားမြစ်ထားသဖြင့် ဆုပေးပွဲသို့ တက်ရောက်နိုင်ကြမည်
မဟုတ်ပေ။

သို့ဖြစ်၍ အကျဉ်းခံ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အား ဂုဏ်ပြုခြင်း၊ တရုတ်အစိုးရ၏ လူ့အခွင့်အရေးလှုပ်ရှားမှုများအပေါ် ဖိနှိပ်ချူပ်ချယ်ခြင်းတို့ကို


ကန့်ကွက်ဆန္ဒပြခြင်းတို့ စုဝေးဆောင်ရွက်ကြရန် ဆန်ဖရန်ဘေးဧရိယာရှိ တရုတ်ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ တိဘက်ပြည် လွတ်မြောက်ရေး လှုပ်ရှားသူများက
အဆိုပါ ဒီဇင်ဘာ ၁၀၊ သောကြာနေ့၊ နေ့လည် ၁ နာရီမှ ၃ နာရီ အထိ ဆန်ဖရန်မြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ကျင်းပကြမည်ဖြစ်သည်။
မြန်မာပြည်၏ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အကျဉ်းကျနေချိန်တွင် ဆုချီးမြှင့်ခြင်းခံရသည် ဘ၀အဖြစ်ချင်း တူနေသည့်
တရုတ်ပြည်၏ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လျူရှောင်ဘိုအတွက် ဆန္ဒထုတ်ဖော် ဂုဏ်ပြုပွဲကို မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူ မြန်မာကွန်မြူနီတီကလည်း
သွားရောက် ပူးပေါင်း ဆင်နွှဲကြရန် နှိုးဆော်ပါကြောင်း၊ ဖိတ်ခေါ်ပါကြောင်း မြန်မာအရေး လှုပ်ရှားသူ (BADA) အဖွဲ့တာဝန်ခံ ကိုညွန့်သန်းက ပြောကြားလိုက်သည်။
ဖိတ်ကြားစာကို သည်နေရာမှာ ကြည့်နိုင်ပါသည်။
တရုတ်ပြည်နှင့် တိဘက်ပြည်၏ လူ့အခွင့်အရေးလှုပ်ရှားသူများက တရုတ်ပြည်အစိုးရသို့ တောင်းဆိုချက် ထုတ်ပြန်ရာတွင် ကုလသမဂ္ဂ၏
လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံတကာမိသားစုနှင့်အတူ လိုက်နာကြောင်း၊ တန်ဖိုးထားကြောင်း ပြသရန်၊ တရုတ်နှင့် တိဘက်
နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် နှင့် တရုတ်၊ တိဘက်နှင့် မြန်မာပြည်တို့၏ လူ့အခွင့်အရေးလှုပ်ရှားမှုများကို နိုင်ငံတကာမိသားစုများက ၀ိုင်းဝန်း
ထောက်ခံ အားပေးကြရန် တောင်းဆိုထားသည်။
(ဓာတ်ပုံ - ၂၀၁၀ ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘို၏ ဓာတ်ပုံကို ကိုင်ထားသည့် သူ၏ ဇနီးသည်၊ ( အင်တာနက်မှ )

ကရင်လူထုအတွက် စာမျက်နှာသစ်ဖွင့်ချိန်
ဆလိုင်းယောအောင်

ဒီဇင်ဘာ ၈၊ ၂၀၁၀

“---ဗိုလ်မှူးချုပ် စောလားပွယ်၏ လုပ်ရပ်ကို ဂုဏ်ပြု ကြိုဆို ကြသည်ကို တွေ့ရသော်လည်း KNU၏ တုန့်ပြန်ချက်နှင့် ပတ်သက်ပြီး အားမရမှုများ ရှိနေသည်---”

နအဖ သည် လမ်းပြမြေပုံ (၇)ချက်ကို ၂၀၀၃ ခုနှစ် သြဂုတ်လတွင် ချမှတ်ခဲ့သည်။ ထိုလမ်းပြမြေပုံပါ အ ချက်များကို ၂၀၀၄ ခုနှစ် မေလမှစတင်ကာ တဆင့်ခြင်း
အကောင်အထည် ဖော်ခဲ့ရာ ပဉ္စမအချက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားမျှတသော ရွေးကောက်ပွဲကျင်းပခြင်း ဆိုသည့် ရွေးကောက်ပွဲကို ၂၀၁၀
နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ နောက်တနေ့တွင် ၁၉၉၅ ခုနှစ်က အပစ်အခတ် ရပ်စဲထားခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် လက်မခံသော
ဗိုလ်မှူးချုပ် စောလားပွယ် ခေါင်းဆောင်သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတို့ မြ၀တီ၊ ဘုရားသုံးဆူ ဒေသများတွင်
တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထိုအခြေအနေသည် သံသယများဖြင့် (၁၅)နှစ်ကြာ တည်ဆောက်ထားသော အပစ်အခတ်ရပ်စဲရေး ပျက်ပြားခြင်း၊ တရားမျှတမှုမရှိသော ရွေးကောက်ပွဲ၏


ပထမဆုံးရလဒ်၊ သွေးခွဲစနစ်ဖြင့် အမျိုးသား အချင်းချင်း ရန်တိုက်ပေးရန် စီစဉ်ထားသော နယ်ခြားစောင့်တပ် အစီအစဉ်အား အာခံခြင်းဖြစ်သည်ဟု ရှုမြင်နိုင်မည်
ဖြစ်သည်။

ယခုဖြစ်စဉ်သည် ဗိုလ်မှူးချုပ် စောလား ပွယ် (ခေါ်) နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA နှင့် ဖြစ်ပွားခြင်းမျိုး သက်သက်မဟုတ်ဘဲ DKBA တခုလုံးနှင့်
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ဆိုလိုသည်မှာ အပစ်အခတ်ရပ်စဲရေးသည် ယုံကြည်မှုပေါ် အခြေခံထားခြင်း မဟုတ်ခြင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေး
မဟုတ်ခြင်း၊ သံသယအပေါ် အခြေခံထားခြင်း နှင့် သံသယများ ဆက်လက်ရှိနေသောကြောင့် ဖြစ်ပါသည်။

ထိုအခြေအနေအောက်မှာ နအဖသည် ကျန်ရှိနေသည့် နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံထားသော တနည်းအားဖြင့် ဗိုလ်ချစ်သူ ဦးဆောင်သော


DKBA ၊ ၁၉၉၅ ခုနှစ် က KNU မှ ခွဲထွက်သွားခဲ့သည့် စောသူမူဟဲ ဦးဆောင်သော KPF ၊ ၂၀၀၇ ခုနှစ်က KNU မှ ခွဲထွက် သွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး
လက်မခံသည့် ဗိုလ်ချုပ် ထိန်မောင်၏ KNU/KNLA ငြိမ်းချမ်းကောင်စီတို့ အား သံသယဖြင့် စောင့်ကြည့်ကာ အခါအခွင့် သင့်သည်နှင့် ချေမှုန်းနှိုင်ရေးပြင်ဆင်
ဆောင်ရွက်နေမည် ဆိုသည်မှာ သံသယဖြစ်စရာ မလိုပေ။

ဗိုလ်ချစ်သူ အပါအ၀င် DKBA ခေါင်းဆောင်များအားလုံး အနေဖြင့်လည်း ယခုဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေအချာ ပြန်လည်သုံးသပ်
ဆင်ခြင်ရန် လိုအပ်သော အချိန်ဖြစ်သည်။

မိမိကိုယ် မိမိ ခုခံကာကွယ်နိုင်ရေး နှင့် မိမိတို့ ရည်မှန်းချက်ဖြစ်သော အမျိုးသား ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များအတွက် ပြန်လည် တိုက်ပွဲဝင်ရန်
ပြင်ဆင်ချိန်ရောက်ပြီလား၊ မိခင် အဖွဲ့အစည်းဖြစ်သည့် KNU နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်သင့်ပြီလား၊ (၁၅) နှစ်တာ အပစ်အခတ်
ရပ်စဲရေးဟာ တကယ်ဘဲ လူထုအတွက် အကျိုးရှိခဲ့သလား၊ DKBA တခုလုံး အတွက် အကျိုး ရှိခဲ့သလား၊ ဘယ်လို ကန့်သတ်ချက်တွေ နှင့် DKBA ကို နအဖ က
ကိုင်တွယ်ခဲ့သလဲ စသည့် မေးခွန်းများကို လေးလေးနက်နက် စဉ်းစားရမည့်အချိန် ဖြစ်သလို KNU အနေဖြင့်လည်း ဦးဆောင်ပါတီဖြစ်သည့် အားလျော်စွာ
တခုလုံး၏ အကျိုးစီးပွားကို ကြည့်သင့်သော အချိန်အခါကောင်း ဖြစ်သည်ဟု မြင်ပါသည်။

ရရှိသည့်အခွင့်အရေးကို အပြည့်အ၀အသုံးချကာ KNU ၊ KPF ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ နှင့် DKBA သည် ကရင်လူထု အကျိုးအတွက်
ခြေလှမ်းသစ် စာမျက်နှာသစ် ဖွင့်လှစ်ကာ သမိုင်းတခေတ် တည်ဆောက်ရမည့် အချိန်ဖြစ်သည်။ ကျနော် တွေ့မိသော ကရင်လူထုကို ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး
သဘောထား မေးကြည့်ရာ အတော်များများက ဗိုလ်မှူးချုပ် စောလားပွယ်၏ လုပ်ရပ်ကို ဂုဏ်ပြု ကြိုဆို ကြသည်ကို တွေ့ရသော်လည်း KNU၏ တုန့်ပြန်ချက်နှင့်
ပတ်သက်ပြီး အားမရမှုများ ရှိနေသည်ကို တွေ့ရသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် KNU ရဲဘော် အချို့ပင်လျင် KNU ၏သဘောထားကို အားရကျေနပ်ခြင်း မရှိကြချေ။ “ဒီအချိန်ဟာ ငါ့တို့ အတွက်
အကောင်းဆုံးအချိန်ဘဲ DKBA နှင့် ပေါင်းပြီး မြ၀တီကို သိမ်းလိုက်ရင် ဘယ်လောက် ကောင်းမလဲ၊ တခါတည်း KNU နှင့် DKBA ပေါင်းပြီးသား ဖြစ်သွားပြီး
လူထုအတွက်လည်း အကျိုးရှိ တာပေါ့” ဟု KNU ရဲဘော်တယောက်က သူ့အမြင်ကို ပြောပြပါသည်။

ဗိုလ်မှူးချုပ် စေားလားပွယ်က သူ့၏ နိုင်ငံရေး အယူ အဆကို မီဒီယာများ နှင့်တွေ့ဆုံရာတွင် “ဒီကနေ့ ကျနော် လုပ်နေတာဟာ ကရင်လူမျိုးအတွက်
တခုတည်း မဟုတ်ပါဘူး၊ ဒီမိုကရေစီအတွက်၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ဖြစ်တယ်” လို့ ပြောခဲ့တာကိုတွေ့ရပါတယ်။ ထိုအချက်သည် ကျနော်တို့ အားလုံး
ကြိုဆိုလက်ခံ သင့်သော အချက် ဖြစ်ပါသည်။

ထို့ကြောင့် စောဘဦးကြီး၏ စကားအတိုင်း ပြောရလျှင် “ကရင့်ကံကြမ္မာ ကရင် ဖန်တီးနိုင်ရေး အတွက် KNU ၊ KPF ၊ KNU/KNLA ငြိမ်ချမ်းရေးကောင်စီ ၊
DKBA တို့နှင့် အတူ ကရင်လူထု တရပ်လုံးက ကရင့် စာမျက်နှာသစ် ဖွင့်လှစ်နိုင်ရေး ကြိုးစားကြပါစို့” ဟု တိုက်တွန်း နှိုးဆော်အပ်ပါသည်။

http://www.moemaka.com/

စစ်အစိုးရတပ်နှင့် ဒီကေဘီအေတိုက်ပွဲပိုပြင်းထန်လာ

နော်အဲဏီ၊ ကောင်းဝါ
နတ်တော်လဆန်း ၂ရက်။ဒီဇင်ဘာ ၈၊၂၀၁၀။
နော်အဲဏီ(ဒီဇင်ဘာ-၈)။ ။ကရင်ပြည်နယ် မြ၀တီမြို့နယ်ရှိ တပ်ခေါ်ကျိုးတောင်တန်းကိုရောက်နေသည့် စစ်အစိုးရစစ်ကြောင်း၏ ရှေ့ပြေးတပ်တစ်ချို့ကို
ဒီကေဘီအေဗျူဟာ (၁) မှူး ဗိုလ်မှူးကြီး စောကျော်သက်အဖွဲ့က ၀င်ရောက်ပစ်ခတ်ပြီး စစ်အစိုးရဘက်မ(ှ ၁၀) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု
ဗိုလ်မှူးကြီးစောကျော်သက်မှပြောပါသည်။

“ကျနော်တို့က သူတို့ကိုအနီးကပ်သွားပစ်တယ်လေ၊ သူတို့ထိတာကို ကျနော်တို့ မြင်နေရတယ်လေ၊ ဒါကြောင့် သူတို့ဘယ်လောက်ထိတာ


ကျနော်တို့ခန့်မှန်းပြောနိုင်တာပေါ့၊ အခုကျနော် တို့ဝိုင်းထားတဲ့ အဖွဲ့က သူတို့ဗျူဟာနဲ့ အခုထိ အဆက်အသွယ် မရသေးဘူး၊ ကျနော်တို့က ကြားကနေ
ဖြတ်တောက် လုပ်ထားလို့ ဖြစ်တယ် ”

တပ်ခေါ်ကျိုးတောင်ခြေတွင်ရောက်ရှိနေသော စစ်အစိုးရတပ် ခလရ (၆၁) ၊ ခမရ (၂၃၀)၊ ခမရ (၅၄၇) မှ ရှေ့ပြေး ထမင်းချက်အဖွဲ့ဖြစ်ပြီး အင်အားမှာ
(၃၀)ကျော်ရှိသည်ဟု ဗိုလ်မှူးကြီးစောကျော်သက်မှ ပြော ပါသည်။

အလားတူကလို့ထူးဘောအခြေချ ဗျူဟာ(၁)စစ်ဆင်ရေးမှူး ဂျီထူး ဗိုလ်မှူးဆန်းအောင် ဦးဆောင် သည့် ဒီကေဘီအေတပ်ဖွဲ့သည်လည်း စစ်အစိုးရ၏


ဗျူဟာအဖွဲ့ကိုထိန်းချုပ်ထားပြီး မနေ့မနက်(၁၀) နာရီက နေစပြီး တိုက်ပွဲကြိုကြား ဖြစ်နေသည်ဟု ဗိုလ်မှူး ဆန်းအောင်ပြောပါသည်။

“လက်ရှိအနေအထားက ဟိုးတောင်အောက်မှာ ထမင်းချက်တဲ့ အုပ်စုကတစ်အုပ်စု၊ ဟိုးတောင် ထိပ်မှာကတစ်အုပ် ၊ ထမင်းချက်တဲ့အုပ်နဲ့ ဒီအပေါ်မှာရှိတဲ့ဗျူဟာနဲ့


သူတို့ကြားထဲမှာ ကျနော်တို့ အဲဒီကြားထဲမှာ ဖြတ်ထားတယ်နော်။ အခုအချိန်အထိ သူတို့အချင်းချင်း အဆက်အသွယ်မရသေးဘူး”

မြ၀တီမြို့နယ်ဘက်တွင် မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေတပ်ဖွဲ့တို့အကြား တိုက်ပွဲအခြေအနေမှာ ဆက်လက်တင်းမာလာမည့် အနေအထားရှိနေမည်ဟု


ဒီကေဘီအေအရာရှိတစ်ဦးမှပြောပါသည်။

တိုက်ပွဲစဖြစ် ပွါးချိန်ကြာမြင့်ပြီးဖြစ်သော်လည်း စစ်အစိုးရ၏စစ်ကူတပ်များ အခုအချိန်အထိ ဝေါ်လေစခန်းကို ရောက်ရှိခြင်း မရှိသေးဟု


ဒေသခံတစ်ဦးမှပြောပါသည်။

တချိန်တည်းတွင် ဝေါ်လေစခန်းမှစစ်အစိုးရတပ်တွေကို ဒီကေဘီအေ တပ်ရင်း (၉၀၉) ဒုတပ်ရင်းမှူးဗိုလ်မှူးချမုစေး ဦးဆောင်သည့်အဖွဲ့က မကြာမကြာ


ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံများမှပြောပါသည်။

အဆိုပါတိုက်ပွဲအကျိုးဆက်ကြောင့် ဝေါ်လေရွာတွင်ရှိသော ဒီကေဘီအေ တပ်စုမှူး စောလှခိုင်၏အိမ်ကို ဒီဇင်ဘာလ (၆)ရက်နေ့ ည (၇) နာရီအချိန်မှာ


စစ်အစိုးရတပ်မှ မီးရှို့လိုက်သည်ဟု ဒီကေဘီအေ အရာရှိတစ်ဦးမှပြောပါသည်။

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့ဒုတိယအကြိမ်လက်နက်အပ်နှံ

ဆူးပန်း၊ ကောင်းဝါ
နတ်တော်လဆန်း ၂ရက်။ဒီဇင်ဘာ ၈၊၂၀၁၀။
ဆူးပန်း(ဒီဇင်ဘာ-၈)။ ။မွန်ပြည်သစ်ပါတီမှခွဲထွက်အဖွဲ့တစ်ခုဖြစ်သည့် မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့သည် ဒုတိယအကြိမ်
မြောက်လက်နက်အပ်နှံပွဲပြုလုပ်ခဲ့သည်ဟု ဒီကနေ့ထုတ်ဝေသည့် အစိုးရပိုင်သတင်းစာထဲတွင် ရေးသားဖေါ်ပြ ထားပါသည်။

မွန်ပြည်သစ်ပါတီမှခွဲထွက်လာသည့်တပ်ဖွဲ့ဝင်(၁၀၁)ဦး လက်နက်(၂၂)လက်နဲ့အတူ ထပ်မံပူးပေါင်း ၀င်ရောက်လာပြီး လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ဖို့


ဝင်ရောက်လာသည်ဟုဖေါ်ပြထားပါသည်။

အဆိုပါ လက်နက် အပ်နှံပွဲအခန်းအနားကို ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ပေါက်ရွာ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခန်းအနားကို


တပ်မတော်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ငွေသိန်းနှင့် ကရင်ပြည်နယ်ဥက္ကဌဗိုလ်မှူးချုပ်ဇော်မင်းတို့တက်ရောက်ခဲ့သည်ဟု
ဒေသခံများမှပြောပါသည်။

လက်နက်အပ်နှံပွဲ အခန်းအနားကိုတက်ရောက်ခဲ့သူ ကော့ပေါက်ရွာသားတစ်ဦးကိုဆက်သွယ်မေးမြန်းရာ၌ ယခုလိုပြောပြ ပါသည်။

“လက်နက်ချတဲ့အဖွဲ့အင်အားက နှစ်ဆယ် သုံးဆယ်ဘဲရှိတယ်။ အောက်ခြေကနေ ဗမာတွေရော ကုလားတွေရော ကောက်ပြီးအင်အားစုပြီးဒီပွဲကိုလုပ်သွားတာ။


ဒီအဖွဲ့ထဲဝင်ရင် စီးပွါးရေးလုပ်ခွင့် ရမယ် ဆိုပြီးစည်းရုံး ထားတယ်။ နယ်ခြားစောင့်တပ်လဲမပေးလုပ်ဘူး ပြည်သူ့စစ်လဲမပေးလုပ်ဘူး။ ဘာမှလုပ်လို့မရဘူး။
လက်နက်တွေလဲ အားလုံးသိမ်းလိုက်ပြီး။ တလက်နှစ်လက်လောက်ဘဲကျန်တယ်။”

မွန်ပြည်သစ်ပါတီမှ ထပ်မံခွဲထွက်လာသည်ဟု အစိုးရပိုင်မြန်မာ့အလင်းသတင်းစာမှ ရေးသားချက်အပေါ် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးနိုင်ဟံသာက


ယခုလိုပြောပါသည်။

“အဲဒီအဖွဲ့ဟာ ကျွန်တော်တို့နဲ့လုံးဝမသက်ဆိုင်ပါဘူးခင်ဗျာ့။ ကျွန်တော်တို့ရဲ့ ဒီစစ်ဦးစီးချုပ်ဟောင်း ဖြစ်တဲ့ဗိုလ်ချုပ်အောင်နိုင်က


ဖွဲ့စည်းထားတဲ့ပါတီထဲကအနားယူထားတဲ့ ပုဂ္ဂိုလ်တချို့နဲ့နောက်ကြားက၀င်လာတဲ့ ပုဂ္ဂိုလ်တချို့ စုပေါင်းပြီးတော့ပေါ့ဗျာ။ မွန်ငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့ဆိုပြီးမှ
အဲဒီလို။ အဲဒီအဖွဲ့တွေက ပါတီကအနားယူသွားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဗိုလ်မှူးရှောင်းဆိုတာလည်း အဲဒီလို ပုဂ္ဂိုလ်ပါဘဲ။ ကျွန်တော်တို့ အဖွဲ့ကနေပြီးသပ်သပ်နေ
ခွဲထွက်ပြီးတော့မှ အဲဒီလိုအဖွဲ့တွေမဟုတ်ပါဘူးခင်ဗျာ့။ သဘောတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးသိက္ခာကိုရိုက်ချပြီးတော့မှ
သူတို့အတွက်နိုင်ငံရေးအမြတ်ထုတ်တာဘဲလို့ အဲဒီလိုမြင်တယ်။ အမှန်ကတော့ ဒီသတင်းကသူရေးထားသလိုတော့မမှန်ဘူး။
အဲဒီမမှန်တဲ့သတင်းကိုလုပ်ကြံရေးသားပြီးတော့မှ နိုင်ငံရေးအရ အမြတ်ထုတ်ချင်တယ်လို့ဘဲ ကျွန်တော်တို့ ထင်မြင်ပါတယ်။”

ပြီးခဲ့တဲ့အောက်တိုဘာလ(၂၆)ရက်နေ့တွင် ဗိုလ်မှူးကြီးနိုင်ရှောင်ဦးဆောင်သည့် မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ် ရေးတပ်ဖွဲ့များသည်


အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ လက်နက်အပ်နှံပွဲပြုလုပ်ခဲ့သေးသည်။

ယခုဆိုလျှင် စုစုပေါင်း အင်အား(၂၆၈)ဦး၊လက်နက်(၇၀)လောက် လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာ ထဲတွင်


ရေးသားဖေါ်ပြထားသည်။

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ကို (၂၀၀၈)ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ အငြိမ်းစား စစ်ဦးစီးချုပ် ဟောင်း ဗိုလ်ချုပ်အောင်နိုင်မှ


စစ်အစိုးရနှင့်နားလည်မှုယူပြီးတည်ထောင်ထားပါသည်။ ဗိုလ်ချုပ်အောင်နိုင် ကွယ်လွန်သွားပြီးနောက်ပိုင်း စစ်အစိုးရထံမှာလက်နက်ချခဲ့သည့်
ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် မှ ဦးဆောင်ခဲ့ပါသည်။

နိုင်ရှောင်သည် မွန်ပြည်သစ်ပါတီထဲတွင် ဗိုလ်မှူးကြီးအဆင့်အထိတာဝန်ထမ်းဆောင် ခဲ့သူတစ်ဦးဖြစ်ပါသည်။

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့သည် စစ်အစိုးရတိုက်တွန်းထားသည့် ဌာနေ ပြည်သူ့စစ် အသွင်ကိုပြောင်းဖို့ လက်ခံထားပြီး


လက်နက်အပ်နှံပြီးသွားသော်လည်း ပြည်သူ့စစ်အသွင်ဖွဲ့ခွင့် မပြုသေးဘူးဟု အဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါသည်။

http://www.kaowao.org/

လေဘေး အကူအညီ မသမာမူကြောင့် ကျေးရွာသားများ စိတ်ဝမ်းကွဲပြား

12/8/2010

Adjust font size:

-------------
စောသူဝင်း
-------------
ကျောက်ဖြူမြို့နယ်အတွင်းရှိ လေဘေးသင့် ကျေးရွာများတွင် လှူဒါန်းကူညီသော လေဘေး အကူအညီများကို သက်ဆိုင်ရာ ကျေးရွာ ရယက ဥက္ကဌများမှ
အလွဲသုံးစား ပြုလုပ်နေသဖြင့် လေဘေးသင့် ပြည်သူများအကြား စိတ်ဝမ်းကွဲပြားမူများ ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့နယ် မင်းဂံ ကျေးရွာ အုပ်စုတွင် ပါဝင်သော မင်းဂံ၊ ကညင်တော ၊ မဇရိုင်း ၊ မောက်တောင်ကြီး ၊ လောဗျော့ ကျေးရွာရှိ ရွာသားများအတွက်
အန်ဂျီတစ်ခုမှ ပေးအပ်လှူဒါန်းခဲ့သော ငွေကို ကျေးရွာ ရယက တစ်ဦးတည်းမှ မောင်ပိုင်စီးပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေသဖြင့် ကျေးရွာသားများ အကြား
စိတ်ဝမ်း ကွဲပြားမူများ ပေါ်ပေါက်နေကြောင်း ကညင်တော ကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

“ NGO အဖွဲ့အစည်းက လူတွေ ကျွန်တော်တို့ရွာကို လာပြီး ပျက်စီးသွားတဲ့ စပါးခင်း အတွက် လူ တစ်ယောက်ကို ၂၀၀၀ ကျပ်ဖြင့် လူအယောက် ၄၀၀ အတွက်
ငွေ ၈ သိန်း ထုတ်ပေးခဲ့ပါတယ်။ အဲဒီငွေတွေဟာ အမှန်တကယ် ပျက်စီးဆုံးသွားသည့် လူတွေကိုသာ ပေးခဲ့တာဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးမှု
စာရင်းကိုကောက်ပြီးတော့ ရွာသားတွေက အန်ဂျီအို လက်မှတ် ရေးထိုးပေးလိုက်ရပါတယ်။ ရွာက လူကြီး မင်းဂံအုပ်စုအတွက် ငွေတွေကို ကိုယ်ကျိုး အတွက်
သုံးလိုက်တဲ့ အတွက် အခု ရွာသားတွေကြားမှာ ပတိပက္ခတွေ ပေါ်ပေါက်နေပါတယ်။”

အဆိုပါ လူကြီးမှာ ၎င်းပိုင် ပျက်စီးသွားသော ဆားကွင်းကို အဆိုပါ ငွေဖြင့် ဆည်ဖို့နေပြီး ကျန်ငွေများကို မိမိကိုယ်ကျိုး အတွက် သာ အသုံးပြုနေသည်ဟု သူက
ပြောကြားသည်။

အလားတူ ကျောက်ဖြူမြို့တွင်လည်း ထိုကဲ့သို့ လေဘေး အကူအညီများကို ကိုယ်ကျိုး အတွက် အသုံးပြုနေသူများကြောင့် အမှန်တကယ် လေဘေးသင့်
ပြည်သူများထံသို့ အကူအညီများ မရောက်ရှိနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။

နအဖ စစ်အစိုးရ လေဘေး ကူညီမူ အစီအစဉ်မှာ နိုင်ငံတော်သို့ အစိုးရထံသို့ ရောက်ရှိလာသော အကူအညီများကို ခရိုင်မှ တဆင့် မြို့နယ်၊ မြို့နယ်မှ တဆင့်
ကျေးရွာ ရယက၊ ရယကများမှ တဆင့် လေဘေးသင့် ပြည်သူများသို့ ဖြန့်ဖြူးသဖြင့် တာဝန်ရှိသူများ အထက်အဆင့်ဆင့် ဖြတ်စားထားပြီးမှ
လေဘေးသင့်ပြည်သူများထံသို့ ရောက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ် မယက ဥက္ကဌ ခင်မောင်လွှင်လည်း ရောက်ရှိလာသော လေဘေးအကူအညီများအား ကိုယ်ကျိုးအတွက် အသုံးပြုနေသဖြင့် နေ့ချင်း ညချင်း
အထူး ကြွယ်ဝ ချမ်းသာလာခဲ့သည်ဟု သတင်းများ ရရှိသည်။

အမည်မဖေါ်လိုသူ ပေါက်တောမြို့ခံ တစ်ဦးက “ ပေါက်တောမြို့နယ် လေဘေးသင့် ပြည်သူတွေကို နိုင်ငံ တ၀န်းက ကူညီတဲ့ အကူအညီတွေ မယက အဖွဲ့ဆီကို
သိန်းထောင်ချီပြီး ရောက်နေတယ်လို့ သိရပါတယ်။ သွားရောက် ကူညီတာက နည်းနည်းဘဲ ဖြစ်ပါတယ်။ ပေါက်တော မယကဥက္ကဌမှ အကုန်လုံးကို ကိုယ်ကျိုး
အတွက် ဘုန်းနေတယ်လို့ ကြားရ ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကိုယ်ကျိုးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက လေဘေး အကူအညီများကို ကိုယ်ကျိုး အတွက် အသုံးပြုနေသော်လည်း ပြည်နယ် အဆင့်
တာဝန်ရှိသူများက တစုံတစ်ရာ စစ်ဆေး မေးမြန်းမူများ မရှိကြောင်း သိရသည်။

http://www.narinjara.com/

၁၀ကြိမ်မြောက် တရုတ် - မြန်မာနယ်စပ် ကုန်စည်ပြပွဲ ရက်ရွေ့

Thursday, 09 December 2010 01:53 သျှမ်းသံတော်ဆင့်

ယခုနှစ် မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံတွင် ကျင်းပမည့် ၁၀ ကြိမ်မြောက် တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေး ကုန် စည်ပြပွဲကို ၂၀၁၁ ခုနှစ်
ဖေဖေါ်ဝါရီလပိုင်းအထိ ရက်ရွေ့လိုက်ကြောင်း နယ်စပ်ကုန်သည်များ အပြောအရ သိရသည်။

အဆိုပါကုန်စည်ပြပွဲကို ၂၀၀၁ ခုနှစ်မှစ၍ နှစ်စဉ် ဒီဇင်ဘာလဆန်းပိုင်း၌ တရုတ်နှင့်မြန်မာ နယ်စပ်မြို့များဖြစ်သော ကျယ် ဂေါင်နှင့်မူစယ်မြို့များတွင် တစ်လှည့်စီ
ကျင်းပလာခြင်းဖြစ်သည်။

ယခုနှစ်တွင် ကုန်စည်ပြပွဲရွေ့ဆိုင်းထားကြောင်း နယ်စပ်ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ခါတိုင်းနှစ်ဆို သိပ်နောက်ကျရင်တောင်မှ ဒီဇင်ဘာလလယ်ပိုင်းလောက်ဆို လုပ်ဖြစ်တာပဲ ဒီနှစ်က နောက်နှစ် ၂ လပိုင်း ကို ရွေ့လိုက်တယ် ၁၀၅ မိုင်မှာလုပ်မဲ့ပွဲ
ရွေးကောက်ပွဲကိစ္စတွေနဲ့အဲဒါရွေ့လိုက်တယ်ထင်တယ် ” လို့ သူက ဆိုသည်။
၉ ကြိမ်မြောက် တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ (Photo:Myo Gyi)

ပွဲကျင်းပမည့် မူစယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုံ၌လည်း ယနေ့အထိ ပြင်ဆင်မှုမတွေ့ရကြောင်း ၁၀၅ မိုင် ကုန်သွယ် ရေးဇုံရှိ ကုန်သည်တစ်ဦးကလည်း
ပြောသည်။

“ကျင်းပဖို့တော့ရှိမယ်နေမှာ လောလောဆယ်တော့မကျင်းပသေးဘူး အစီအစဉ်တော့ရှိမှာပါ အတိအကျတော့ မသိရသေး ဘူး ဘာမှလုပ်ထားတာလည်း


မရှိသေးဘူး ” ၁၀၅ မိုင် ကုန်သည်က ပြောသည်။

အဆိုပါကုန်စည်ပြပွဲတွင် မြန်မာဘက်မှ လယ်ယာထွက်ကုန် ၊ ရေထွက်ကုန်ပစ္စည်းများအပြင် ကျောက်စိမ်း ၊ ရိုးရာ လက်မှုအနုပညာပစ္စည်း ၊ တိုင်းရင်းဆေးဝါးနှင့်


ပရိဘောဂပစ္စည်းများ ခင်းကျင်းပြသလေ့ရှိကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ်က တရုတ်ဘက်ခြမ်း ကျယ်ဂေါင်မြို့ နိုင်ငံတကာကုန်သွယ်ရေးစင်တာတွင် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပခဲ့ရာ


ယူနန်ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် မြန်မာဘက်မှ စီးပွားကူးသန်း ဒုဝန်ကြီး ဗိုလ်မှူးချုပ် အောင်ထွန်းတို့ တက်ရောက်ခဲ့သည်။

၂၀၁၀ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ တရုတ်နိုင်ငံသို့ မြန်မာဘက်မှ သွင်းကုန/် ပို့ကုန် ပမာဏသည် အမေရိကန် ဒေါ်လာ ၆.၈ ဘီလျံအထိရှိခဲ့ပြီး သွင်းကုန်
၂.၇ ဘီလျံ နှင့် ပို့ကုန် ၄.၁ ဘီလျံရှိရာ ကုန်သွယ်ရေးပိုငွေ ၁.၄ ဘီလျံရှိကြောင်း ဆင်ဟွာသတင်း အရ သိရသည်။

ပြန်လည်သင့်မြတ်ပြီးရင်းနှီးစွာနေသွားရန် မိုင်းလားအား နအဖဖက်မှ တောင်းဆို

Wednesday, 08 December 2010 17:35 မွေခေါဝ်

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု-သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS မိုင်းလားအထူးဒေသ (၄) အား ပြန်လည်သင့်မြတ်ကာ ရင်းနှီးစွာနေသွားရန်


နအဖဖက်မှ တောင်းဆိုကြောင်း စုံစမ်းသိရှိရပါသည်။

“နှစ်ဖက်ဆက်ဆံရေး အေးတိအေးစက်မဖြစ်သင့်ဘူး။ ဒီလိုအေးတိအေးစက်နေသွားရင် မကောင်းဘူး။ အပြန်အလှန် ရင်းရင်းနှီးနှီးနေသွားဖို့။ ပြန်လည်သင့်မြတ်ဖို့


ဗိုလ်မှူးကြီး ခင်မောင်ထွေးက စိုင်းစိုးဝင်းကို ပြောတယ်။ စိုင်းစိုးဝင်းလဲ ရင်းရင်းနှီးနှီးနေသွားတာ ကောင်းပါတယ်လို့ ပြန်လည်ဖြေကြားတယ်” ဟု
ကျိုင်းတုံဒေသခံတစ်ဦးက ပြောပါသည်။

စရဖ ဂျီဝမ်း ဗိုလ်မှူးကြီး ခင်မောင်ထွေးက ကျိုင်းတုံရှိ မိုင်းလားဆက်ဆံရေးရုံးသို့ နိုဝင်ဘာလကုန်ပိုင်း၌ ဆက်ဆံရေး မှူး စိုင်းစိုးဝင်းနှင့်
သွားရောက်တွေ့ဆုံခဲ့သည်ဟုဆို၏။
မိုင်းလားမြို့

စိုင်းစိုးဝင်းက ကုန်ပစ္စည်းတင်သွင်းခွင့်ပိတ်ပင်ရသည့်အကြောင်းရင်းကို မေးမြန်ရာ ဗိုလ်မှူးကြီး ခင်မောင်ထွေးက အဓိ ကအကြောင်းရင်းနှစ်ရပ်ရှိကြောင်း၊


နံပါတ်တစ် တရုတ်ကုန်ပစ္စည်းမှာ လိုင်စင်မဲ့ဖြစ်သောကြောင့် တရားဝင်မဟုတ် ကြောင်း၊ နံပါတ်နှစ် အထက်ကညွှန်ကြားခြင်းကြောင့်ဖြစ်ကြောင်း
ပြန်လည်ဖြေကြားခဲ့သည်ဟု ၎င်းကဆက်လက်ပြော ပါသည်။

“နအဖဖက်က မိုင်းလားမှာရှိတဲ့ အကောက်ခွန်ဌါန၊ လူဝင်မှုကြီးကြပ်ရေးဌါနတွေကို ရုပ်သိမ်းလိုက်တော့ သူတို့ဘက်က အခွန်ကောက်မဲ့သူမရှိတော့


တရုတ်ကတင်သွင်းတဲ့ကုန်ပစ္စည်းတွေ တရားမ၀င်ဖြစ်သွားတာပေါ့” ဟု ၀ါရင့်နယ်စပ် နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက ပြောပါသည်။

တရုတ်ကုန်ပစ္စည်းများကိုသာမက တာချီလိတ-် မယ်ဆိုင်တံတားမှ တရားဝင်တင်သွင်းလာသော ထိုင်းကုန်ပစ္စည်းများ ကိုလဲ ပိတ်ပင်ထားကြောင်း၊ သို့သော်


ဗိုလ်မှူးကြီး ခင်မောင်ထွေးက ထိုအကြောင်းကိုမူ ပြောဆိုခြင်းမရှိကြောင်း သိရှိရ ပါသည်။

ထိုကဲ့သို့ နအဖဖက်မှ ကုန်ပစ္စည်းတင်သွင်းမှုပိတ်ပင်ထားသောကြောင့် ယခုအချိန်ထိခိုက်မှုပြောပလောက်အောင် မရှိသော်လည်း အချိန်ကြာမြင့်လာပါက


ထိခိုက်မှုများရှိလာနိုင်သည်ဟုဆို၏။

မိုင်းလားအထူးဒေသ(၄)နှင့် သျှမ်းအရှေ့မြို့တော်ကျိုင်းတုံသို့ ဆက်သွယ်ထားသော နမ့်လွေမြစ်တံတား နယ်ခြား တာ့ပင်းဂိတ်၌ နအဖဖက်မှ နိုဝင်ဘာ ၂၃


ရက်မှစ၍ ကုန်တင်ကားများသွားလာဖြတ်သန်းခွင့်ပိတ်ပင်ခဲ့သည်။

ဦးခွန်ဆာ ဦးဆောင်သော သျှမ်းပြည်တပ်မတော် ခေါ် MTA လည်း နအဖဖက်မှ ကုန်ပစ္စည်းတင်သွင်း ခွင့်ပိတ်ပင်သော်လည်း ထိခိုက်မှုမရှိခဲ့ပေ။ သို့သော်ထိုင်းဖက်မှ
ပိတ်ပင်လိုက်သောအခါ အကြီးအကျယ်ထိခိုက်ပြီး ၁၉၉၆ ခုနှစ်တွင် MTA ပြိုကွဲခဲ့ရသည်။

http://www.mongloi.org/burmese/

Venues Protection အကြောင်း သိကောင်းစရာ

Posted by admin on December 8th, 2010

အရေးပါ ပုဂ္ဂိုလ်တွေနဲ့ ခေါင်းဆောင်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့် ရှောက်ပေးတဲ့အခါ venues protection အကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။
venues ဆိုတာမှာ နေထိုင်ရာ အဆောက်အဦး၊ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ည စာစားပွဲ၊ လူထုအစည်းအဝေး၊ အခမ်းအနား စတာတွေ ပါဝင်ပါတယ်။
venues ပေါ်မှာ အခြေပြုပြီး သက်ရောက်လာနိုင်တဲ့ အန္တရာယ်တွေကတော့ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ ခြင်း၊ လူချင်းဝင်လုံးပြီး ဓားဖြင့်ထိုးခြင်း၊
စနိုက်ပါတပ်ဆင်ထားသော သေနတ်ဖြင့် တိုက် ခိုက်ခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ မီးရှို့ခြင်း၊ ဓာတုပစ္စည်းများဖြင့် တိုက်ခိုက်ခြင်း၊ ဇီဝပိုးမွှားများ ဖြင့် တိုက်ခိုက်ခြင်း၊
လူထုအစည်းအဝေးပွဲများတွင် အဓိကရုဏ်းဖြစ်အောင် ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဓိကရုဏ်းဖြစ်ပြီး ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေဆိုတာ ခေါင်း ဆောင်ရဲ့
အသက်ကို ရန်ရှာခံနိုင်ရမှု ရာခိုင်နှုန်း အမြင့်မားဆုံး အခြေအနေဖြစ်ပါတယ်။

ဒီအချိန်မှာ ခေါင်းဆောင်ရဲ့ close protection အဖွဲ့ဟာ ဘေးကင်းရာကို ခေါင်းဆောင် ကို အမြန်ဆုံးဆွဲထုတ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ
လူထုခေါင်းဆောင် တွေဟာ အခင်းဖြစ်ပွားရာ နေရာဒေသကို မစွန့်ခွာလိုကြပါဘူး။ ဒါကြောင့် close protection အဖွဲ့ခေါင်းဆောင်ဟာ ခေါင်းဆောင်ရဲ့ အမိန့်ကို
လိုက်နာဖို့ထက် ခေါင်း ဆောင်ရဲ့ အသက်အန္တရာယ်ကို ဦးစားပေးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ လိုအပ်ပါ တယ်။

venues protection ဆိုင်ရာ အခြေခံအချက်များ

စနစ်တကျ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရမည် သွားရောက်မည့် နေရာ၏ အနီးဝန်းကျင် လုံ ခြုံရေးကို လေ့လာစုံစမ်းရမည် လူထုအစည်းအဝေးများ၊ အဖွဲ့အစည်း
အခမ်းအနားများ တွင် ၀င်ပေါက်၊ ထွက်ပေါက်များကို စနစ်တကျ သတ်မှတ်ရမည် close protection အ ဖွဲ့ဝင်မဟုတ်သော မည်သူမဆို ခေါင်းဆောင်အနီးသို့
ကပ်လာပါက သတိထားရမည်။

close protection အဖွဲ့ဝင် အချင်းချင်းသာ သိနိုင်သော သင်္ကေတများ ထားရှိရမည်

သတ်မှတ်ဝတ်စုံဝတ်ထားသော close protection အဖွဲ့ဝင်များအပြင် undercover အ ဖွဲ့ဝင်များလဲ ထားရှိရမည် မည်သည့်နေရာသို့သွားသည်ဖြစ်စေ


အရေးပေါ်အခြေအနေ အတွက် ကြိုတင်စဉ်းစား ပြင်ဆင်ထားရမည် close protection အဖွဲ့ဝင်များ အချင်းချင်း အရေးပေါ်အခြေအနေ ထွက်ပေါက်ကို
သတ်မှတ်ထားရှိရမည် အရေးပါပုဂ္ဂိုလ်နှင့် ခေါင်း ဆောင်များအား ဖရိုဖရဲအခြေအနေများကြားမှ ဆွဲထုတ်ခေါ်သွားနိုင်မည့် safe haven သတ်မှတ်ချက် ရှိရမည်။

Outer perimeter protection

venues protection မှာ နေရာသတ်မှတ်ချက် နှစ်ခုရှိပါတယ်။ ပထမတခုက သက်ဆိုင် ရာ နေရာရဲ့ ပြင်ပ နဲ့ ၀င်ပေါက်နေရာ (outer perimeter) ဖြစ်ပြီး၊
ဒုတိယတခုက သက် ဆိုင်ရာ နေရာ၊ အဆောက်အဦးအတွင်း (inner perimeter) မှာ ဖြစ်ပါတယ်။

Outer perimeter protection ကို များသောအားဖြင့် advanced team ကို တာဝန်ယူ ခိုင်းလေ့ရှိပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်တဲ့ အဖွဲ့ဝင်များအနေနဲ့
အရေးပါပုဂ္ဂိုလ် သွားမယ့်နေရာကို ကြိုတင်ရောက်ရှိပြီး ၀န်းကျင်အနေအထားကို လေ့လာရပါမယ် ကား ရပ်မည့်နေရာကို သေချာကြည့်ရှုဖို့ လိုအပ်ပါတယ်
အရေးပါပုဂ္ဂိုလ်စီးနင်းလိုက်ပါတဲ့ ကား ရဲ့ ယာဉ်မောင်းကို ကားအနီးမှာ အချိန်ပြည့်ရှိစေရပါမယ်။ ယာဉ်မောင်းက တခြားတနေ ရာကို သွားဖို့ လိုလာရင်
တခြားအဖွဲ့ဝင်တယောက်ယောက်က ကားအနီးမှာ သွားနေရပါ မယ် လူအ၀င်အထွက်ကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုရပါမယ် စောင့်ကြည့်လေ့လာ တဲ့နေရာ
(observation posts) များ သတ်မှတ်ရပါမယ် အရေးပါပုဂ္ဂိုလ် ပြန်လည်ထွက် ခွာမယ့် ထွက်ပေါက်နဲ့ အနီးဝန်းကျင်လုံခြုံရေးကို သတိပြုရမယ် မီဒီယာ
သတင်းထောက် တွေရဲ့ သတင်းထောက် အိုင်ဒီကတ်တွေကို စစ်ဆေးရပါမယ် ကင်မင်ရာ၊ ဗွီဒီယိုစတဲ့ media equipment တွေကို လိုအပ်ရင်
ကြည့်ရှုစစ်ဆေးရပါမယ် အရေးကြီးတဲ့ strategic points တွေအားလုံးမှာ ကိုယ့်ဘက်တော်သားတွေပဲ ရှိနေဖို့ ပြင်ဆင်တာဝန် ပေးရပါမယ်။

Inner perimeter protection

Inner perimeter protection နဲ့ ပတ်သက်ပြီး personal escort အဖွဲ့ငယ်ကို တာဝန် ပေးလေ့ရှိပါတယ်။ တာဝန်ရှိသူများဟာ အိမ်၊ ရုံး အဆောက်အဦး
(သို့မဟုတ)် အခမ်း အနားကျင်းပရာ ကွင်းပြင်အတွင်းရဲ့ လုံခြုံရေးကို ဂရုစိုက်ရပါမယ် အရေးပါပုဂ္ဂိုလ် ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရပါမယ်။ သို့ပေမယ့်
တကောက်ကောက် ဘေးမှာ လိုက် နေရမှာကို ဆိုလိုတာ မဟုတ်ပါ။ အရေးပါပုဂ္ဂိုလ်နဲ့ မိတ်ဆွေများရဲ့ လွတ်လပ်စွာ လှုပ်ရှား မှုကို အနှောင့်အယှက်ပေးသည်အထိ
မပြုလုပ်ရပါ undercover (covert) လုံခြုံရေးတာ ၀န်ယူသူများကို တာဝန်ပေးဖို့ လိုအပ်ပါတယ် အဆောက်အဦးအတွင်းမှာ safe haven နေရာ သတ်မှတ်ချက်
ရှိရပါမယ်

အဆောက်အဦးအား ရှာဖွေခြင်း

လုံခြုံရေးအတွက် အဆောက်အဦးကို ရှာဖွေတဲ့အခါမှာ အပြင်မှ အတွင်းသို့ ရှာဖွေခြင်း၊ အောက်မှ အထက်သို့ ရှာဖွေခြင်း၊ ပုန်းအောင်နိုင်ဖွယ်ရာ နေရာများအား
ရှာဖွေခြင်းဆို ပြီး နည်းလမ်း သုံးမျိုး ရှိပါတယ်။ ဒီလိုရှာဖွေတဲ့အခါမှာ ရှာဖွေရေးအဖွဲ့ရဲ့ လူအင်အား လေးပုံတပုံက ပြင်ပမှာ ရှာဖွေရပါမယ်၊
လူအင်အားလေးပုံတပုံက အများပြည်သူတွေ ၀င်ထွက်သွားလာလေ့ရှိတဲ့ နေရာတွေကို ရှာဖွေပြီး၊ ကျန်အင်အားတ၀က်က အဆောက် အဦးမှာ ရှိတဲ့အခန်းများကို
ပတ်စိပ်တိုက်ရှာဖွေရပါမယ်။

ပြင်ပရှာဖွေခြင်း (external searching) ပြုလုပ်တဲ့အခါ အဆောက်အဦးရဲ့ ၂၅ မီတာဝန်း ကျင်ကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေတဲ့အခါ ground level အနေနဲ့
အမှိုက်စွန့်ပစ်ရာ နေ ရာများ၊ ပန်းအိုးများ၊ ရေပန်းများ၊ ရပိုက်များနဲ့ အနီးမှာ ရပ်ထားတဲ့ ကားများကိုပါ စောင့် ကြည့်ရပါမယ်။ ပြီးတဲ့အခါ ground to roof level
အနေနဲ့ ပြတင်းပေါက်ဘောင်များ၊ လေအေးပေးစက်များ၊ မီးကြိုးများနဲ့ ခေါင်းမိုးကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေပြီးတာနဲ့ အ ရေးကြီးနေရာများမှာ လူအ၀င်အထွက်
ထပ်မံပြုလုပ်ခြင်းကို တားဆီးခြင်း၊ အစောင့်ချ ထားခြင်း ပြုလုပ်ရပါမယ်။

အများပြည်သူဝင်ထွက်သွားလာမယ့်နေရာများအား ရှာဖွေခြင်း (searching for public places) ကို ပြုလုပ်တဲ့အခါ ဧည့်ခန်းဆောင်၊ လျှပ်စီးမီး၊ ပန်းအိုး၊
ကုလားထိုင်၊ စားပွဲ၊ မီးသတ်ဗူး၊ ဓာတ်လှေကား၊ ရေအိမ်များ၊ ဗွီဒိုများ၊ စတိုခန်းနဲ့ လျှပ်စစ်သုံးစက်ကိရိယာများ ကို ရှာဖွေရပါမယ်။

တခန်းဝင်တခန်းထွက် ရှာဖွေခြင်း (room to room searching) ကို ပြုလုပ်တဲ့အခါ ပထမဦးဆုံး အမြင်အာရုံကို အသုံးပြုပြီး လှည့်ပတ်ကြည့်ရပါမယ်။ ပြီးတဲ့အခါ
အခန်းထဲ မှာ လျှောက်ကြည့်ပြီး ခေတ္တခဏရပ်ခြင်းကို အခါခါပြုလုပ်ရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မူမှန်မဟုတ်တဲ့ အသံတွေကို ကြားရနိုင်ပါတယ်။ အခန်းကို
ရှာဖွေတဲ့အခါ searching level လေးဆင့်ရှိပါတယ်။ ပထမတဆင့်က floor to hip level ပါ။ ဒီအဆင့်မှာ ကော် ဇော၊ ကုလားထိုင်၊ စားပွဲ၊ ဗွီဒိုအသေး၊ မီးခလုတ်
စတာတွေ ပါဝင်ပါတယ်။

နောက်တဆင့်က hip to eye level ပါ။ ဒီအဆင့်မှာ ဗွီဒိုကြီး၊ မီးခလုတ်၊ လေအေးပေး စက်၊ မီးခလုတ်နဲ့ စာအုပ်စင်စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်ကတော့
eye level to the ceiling ဖြစ်ပါတယ်။ ဒီအဆင့်မှာ အမြင့်မှာတပ်ဆင်ထားတဲ့ လေအေးပေးစက်၊ အသံချဲ့စက်၊ ပန်ကာ၊ မီးကြိုးများ စတာတွေ ပါဝင်ပါတယ်။
နောက်ဆုံးတဆင့်ကတော့ ceiling ဖြစ်ပါတယ်။ ceiling မှာ ရေးထားတဲ့ စာတွေအပါအ၀င် ရှိသမျှကို ကြည့်ရှုစစ် ဆေးရပါမယ်။

ရုံးခန်းလုံခြုံရေး

venues protection မှာ အရေးပါပုဂ္ဂိုလ် ရုံးထိုင်တဲ့ ရုံးခန်းဟာလဲ အလွန်အရေးကြီးပါ တယ်။ ရုံးခန်းဟာ အောက်ဆုံးအထပ်မှာ မရှိသင့်ပါဘူး။
အရေးပါပုဂ္ဂိုလ်ရဲ့ရုံးခန်းကို သွား မယ်ဆိုရင် အခြားရုံးခန်းတွေရှေ့က (သို့မဟုတ)် ရုံးသူရုံးသားအများရှိနေသော စားပွဲ များရှေ့က ဖြတ်သွားမှသာ
ရောက်နိုင်ရပါမယ်။ ရုံးခန်းမှာ ပြတင်းပေါက်တွေရှိရင် ခန်း ဆီးများတပ်ရပါမယ်။ အရေးပါပုဂ္ဂိုလ် ရုံးထိုင်နေတာကို ပြင်ပကနေ အလွယ်တကူ မြင် နိုင်ခြင်း
မရှိစေရပါဘူး။

ဧည့်သည်များနဲ့ တွေ့ဆုံတဲ့အခါ ကြိုတင်ပြီး appointment ယူခိုင်းရပါမယ်။ အရေးပါ ပုဂ္ဂိုလ်ရဲ့ ရုံးခန်းအတွင်းကို ၀င်ရောက်စေတာထက် အများနဲ့ တွေ့ဆုံရမယ့်
outside office ဖန်တီးထားသင့်ပါတယ်။ အဲဒီမှာ အရေးပေါ်ခေါင်းလောင်း တပ်ဆင်ထားသင့်ပါ တယ်။ ရုံးအ၀င်အထွက် နေရာများနဲ့ ရုံးတွင်းက အရေးကြီးတဲ့
နေရာများ၊ အချိုးအကွေ့ နေရာများမှာ CCTV များ တပ်ဆင်ထားသင့်ပါတယ်။ ရုံးခန်းတံခါးတွေမှာ အမည်များ၊ ရာ ထူးများ သတ်မှတ်ရေးသားထားတာရှိရင်
ဖယ်ရှားပြီး နံပါတ်များနဲ့ အစားထိုးရပါမယ်။ စ တိုခန်းနဲ့ ရေအိမ်များမှာ လုံခြုံရေး ခလုတ်များနဲ့ ဖွင့်ရမယ့် တံခါးများ ရှိသင့်ပါတယ်။ ဧည့် သည်များနဲ့
အများပြည်သူသုံး ရေအိမ်ကို သီးခြားထားသင့်ပါတယ်။ ရုံးအတွင်းမှာ အရေး ပေါ်အချိန်မှာ နေထိုင်ရမယ့် safe room ထားရှိပြီး ဆက်သွယ်ရေးကိရိယာများ၊ အစား
အစာနဲ့ ဆေးဝါးများကို အဆင်သင့်ထားရှိပါမယ်။

နိဂုံး

ကမ္ဘာတ၀ှမ်းက အရေးပါပုဂ္ဂိုလ်တွေကို လုပ်ကြံခံရမှုတွေမှာ ရုံးခန်း၊ ဟိုတယ်၊ စား သောက်ဆိုင်၊ အစည်းအဝေးခန်းမ၊ လူထုအစည်းအဝေးတွေရဲ့


လုံခြုံရေးအခြေအနေ အားနည်းချက်တွေက အဓိက ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် venues protection ဆိုင်ရာ အခြေခံအချက်အလက်များကို အရေးပါပုဂ္ဂိုလ်ရဲ့
လုံခြုံရေးကို တာဝန်ယူရမယ့်သူများနဲ့ အခြေအနေက တောင်းဆိုလို့ အရေးပေါ်တာဝန် ယူလိုက်ရမယ့် သူများအနေနဲ့ သိရှိနား လည်ထားဖို့ လိုအပ်ပါကြောင်း
ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး

(၈၊ ၁၂၊ ၂၀၁၀)

တိုက်ပွဲဖြစ်နေတဲ့ ဖလူးဒေသက နအဖ တပ်များ ဦးတည်ရာမဲ့ပြေးနေကြ

Posted by admin on December 8th, 2010

ဖလူးကြီး ဖလူးလေးနေရာတွေက ဒီကေဘီအေနဲ့ နအဖ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မနေ့က ဒီဇင်ဘာ ၇ ရက်နေ့ တရက်လုံးနီးပါး ဖြစ်ခဲ့ပြီး
ဒီနေ့မနက်ပိုင်း မှာလည်း ထပ်မံဖြစ်ပွားနေပါတယ်။

တိုက်ပွဲအခြေအနေကို ဒီကေဘီအေ ဗိုလ်ဆန်းအောင် ပြောပြတာက….

မနေ့က မနက် ၁၀ က စတိုက်တာ ညနေစောင်း ၅ နာရီလောက်ထိ တိုက်လိုက်နား လိုက် တိုက်လိုက်နားလိုက်နဲ့ပေါ့။ အဲဒီနေ့ကြပြန်တော့လည်း မနက်ကနေ
နေ့လည် ၁၁ နာရီလောက်ကြာမယ်။ ခုတိုက်ပွဲမှာတော့ နအဖ ခမရ ၅၄၇ တပ်ရင်းက အရာ ရှိ ဒုတပ် ရင်းမှူး ဒါဏ်ရာပြင်းထန်ရပြီး သေဆုံးသွားတယ်လို့
ကြားတယ်။ နောက်တခုက သူတို့ အရာရှိကျတော့ နအဖတပ်တွေ ကစင့်ကလျားနဲ့ ဖြစ်သွားပုံရတယ်။ တယောက်တကွဲ တွေပြေးကြတယ်ဖြစ်မယ်။
ကရင်ငြိမ်းချမ်းရေးကောင်းစီက ဗိုလ်တဲ့ခီး ရှိတဲ့ နေရာကို နအဖ စစ်သားတွေပြေးတော့ ဗိုလ်တဲ့ခီးတို့အဖွဲ့ တိုက်လွှတ်လိုက်တာ နအဖ ဆီက လက် နက်ငယ် ၂
လက် ရလိုက်တယ်တဲ့။ တပ်မ ၂၂ နဲ့ ၄၄ ကလည်း စစ်ကူလိုက်လာတယ် လေယာဉ်တွေ သုံးမယ်လို့လဲ ကြားနေရတယ်။ လို့ ပြောပြသွားပါတယ်။

လက်နက်ငယ် ၂ လက် ရလိုက်တဲ့ ဗိုလ်တဲခီးအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ က နအဖ စစ်တပ်ရဲ့ အလစ်အငိုက်တိုက်ခိုက်ခြင်းကို ခံလိုက်ရတဲ့
ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ အရာရှိတဦးဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ အရှင်ဖမ်းမိသွားတဲ့ ရဲဘော် ၆ ဦးကိုလည်း နအဖ အဖွဲ့မှ သတ်ပြစ်လိုက်ပြီလို့
ခိုင်လုံတဲ့သက်သေအထောက်အထားများ လည်း တွေ့ရှိနေပြီဖြစ်ပါတယ်။

“သတိကြီးကြီးထား အင်အားကို တသားတည်းပြသရမယ့်အချိန်”

Posted by admin on December 8th, 2010

အခုအချိန်မှာတော့ မြန်မာနိုင်ငံပြည်သူလူထု ကြီးက တိုင်းပြည်ကို ဘယ်သူဦးစီးခေါင်း ဆောင်စေချင်တယ်ဆိုတာ၊ ဘာကို ပြင်းပြင်းထန်ထန် လိုလားတောင်းတ


နေတယ်ဆို တာ မြင်သာထင်ရှားဖြစ်လာပါပြီ။ တိုင်းပြည်တပြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍမှာပါ ၀င်ချင်တယ်ဆိုရင် ပါဝင်နိုင်လောက်တဲ့ အရည်အချင်း
ကိုယ်ကျိုးစွန့်အနစ်နာခံမှု တရား မျှတမှု မေတ္တာတရား သစ္စာတရား တွေရှိရပါမယ်။အဓိကကတော့ တိုင်းပြည်တပြည် ရဲ့ အာဏာစီးဆင်းရာ၊ အာဏာရဲ့
မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုကြီးရဲ့ နှစ်လိုမှု ယုံကြည် ထောက်ခံမှုပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချက်ကိုရယူဖို့ ဆိုတာလည်း ပထမအချက်
တွေမရှိဘဲမရနိုင်ပါဘူး။ ဘယ်နှစ်ရာနှုံးပေးရမယ်ဆိုပြီး လက်နက်အားကိုးနဲ့ အတင်းယူ ရင်တော့ ဓားပြတိုက်တာပါပဲ။ ဓားပြဟာဓားပြပဲ ဖြစ်ပါတယ်။

အခုကျနော်တို့မြန်မာနိုင်ငံမှာ အဲဒီလိုအခြေအနေကို ဘယ်သူရရှိထားပါသလဲ။ စုံစမ်းရေး ကော်မရှင်ဖွဲ့နေစရာ မလိုပါဘူး။ကြည့်သောသူသည်မြင်၏ ဖြစ်ပါတယ်။


တိုင်းပြည်တ ပြည်ရဲ့အာဏာကို လက်နက်အင်အားနဲ့လုယူပြီးပြည်သူလူထုကြီးတရပ်လုံးကို သေနတ် မိုးအုပ်ချုပ် ကိုယ့်နဲ့သဘောထားဆန့်ကျင်ကွဲလွဲသူတွေကို
တရားလက်လွတ် နှိပ်စက် ညှင်းပန်းပြားပြားမှောက်နေရအောင်လုပ်နေတဲ့ လုပ်ရပ်ကတော့ ဘယ်ခေတ်ဘယ် အခါ ကပဲဖြစ်ဖြစ် အဓမ္မ မှုသာဖြစ်ပါတယ်။
လူသားတွေရဲ့ ဂုဏ်သိင်္ခါအရ အလွန်ရိုင်းပြ မဖွယ် ရာတဲ့အပြုအမူ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့မင်္ဂလာတရားတော်နဲ့မညီညွတ်သလို အဆုံးအမသြ၀ါ ဒတွေနဲ့လည်း
မညီညွတ်ပါဘူး။ လူရိုင်းတွေ လူရမ်းကားတွေ လူမိုက်တွေရဲ့ လုပ်ရပ်ပါ။ အဲဒီလုပ်ရပ်တွေကို စဉ်ဆက်မပြတ်လုပ်နေသူတွေဟာ ဘယ်သူတွေပါလဲ။ ဒါကို ကျနော်
တို့တိုင်းပြည်ကတိုင်းရင်းသားလူမျိုးစုတွေအပါအ၀င် ပြည်သူလူထုအားလုံးက မျက်ဝါး ထင် ထင်တွေ့မြင်ခဲ့ကြ၊ တွေ့မြင်နေရဆဲဖြစ်ပါတယ်။ ဘယ်သူကမှားလို့
ဘယ်သူတွေက မှန်ပါသလဲ။ သာမန်အသိတရားနဲ့တင် မြင်သာထင်ရှားဖြစ်ပါတယ်။

ဘယ်သူ့ဘက်ကရပ်ကြမှာပါလဲ။

ကျနော်တို့ရဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးတဲ့နောက် ပြည်သူလူထုကြီးရဲ့ ကြိုဆိုလက်ခံပုံ ထောက်ခံအားပေးပုံ


ဆန္ဒသဘောထားပြသကြပုံ တွေကို တွေ့ရတဲ့အခါ တိုင်းပြည်အတွက် အပြောင်းအလဲတခုကို တကယ်တန်းပြောင်း လဲလို့ ရနိုင်လောက်အောင်
အင်အားကောင်းတယ်ဆိုတာကို တွေ့ရပါတယ်။ ပြည်သူလူ ထုကိုပြောကြားလိုက်တဲ့ လူထုခေါင်းဆောင်ရဲ့စကားဟာလည်း အင်မတန်မှန်ကန်ထိ ရောက်
တိကျပါတယ်။ ဒီမိုကရေစီဟာ တဦးတယောက်တည်းအတွက် တဦးတယောက် ထဲက လုပ်လို့မရပါဘူး။ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှ ရပါမယ်။
ပါဝင်ဆောင်ရွက် ကြပါ၊ ထောက်ခံနေရုံနဲ့မရပါဘူး။

ကိုယ်လိုလားတဲ့အရာကို ရအောင်လုပ်ရဲမှ၊ လုပ်တတ်မှ၊ လုပ်မှလည်းရနိုင်ပါလိမ့်မယ်လို့ ပြောသွားခဲ့တာပါ။ ဒါကို ကျနော်တို့ ပြည်သူလူထုတွေ နားလည်ကြမှာပါ။


အားတက်စရာ တွေမြင်ရကြားရသလို အားပျက်စရာ စိတ်ပျက်စရာတွေကိုလည်းတွေ့ရ ကြားရပါတယ်။ ရွေးကောက်ပွဲကြိုကာလက ဒေါ်အောင်ဆန်းစုကြည်နဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမ၀င်၊ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ ပြည်သူလူထုကို တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ
ပါတီခေါင်းဆောင်တဦးတည်းရဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး၊ ဗဟိုအလုပ်အမှု ဆောင် ကော်မီတီဝင်တွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ လူများစုသဘောထား ဆုံးဖြတ်ချက်
ဖြစ်ပါတယ်။

ပြည်သူလူထုကတော့ အသိတရားအတွေးအခေါ်အရ၊ လူတန်းစားစရိုက်သဘာဝအရ ပကတိရှိနေတဲ့အခြေအနေအရ ကွဲပြားကြလို့ အားလုံးမဲမပေးရေးဆိုတာကို


မရနိုင်ပေ မယ့် မဲမပေးရေးလှုပ်ရှားမှုဟာ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ပါတီ တခုထဲက တကယ်တန်းတာဝန်ကြီးသူတွေ၊ အတိုင်းအတာတခုထိ
လူထုရှေ့က ရပ် တည် ဦးဆောင်ခဲ့သူတွေကိုယ်တိုင်က ရွေးကောက်ပွဲဝင်ဖို့ ပါတီခွဲထောင်လားထောင်ရဲ့၊ တချို့ပါတီခေါင်းဆောင်ဆိုသူတွေကလည်း
လူထုကိုမဲပေးဖို့၊ မဲမပေးရင်ဘဲ ရထားတဲ့အ ခွင့်အရေးကိုအဆုံးရှုံးခံလိုက်သလို တိုက်တွန်းပြောဆိုခဲ့တာတွေ ကြားခဲ့မြင်ခဲ့ရပါတယ်။
ဒါဟာဘာကိုပြနေခဲ့သလဲဆိုရင်….

တိုင်းပြည်စစ်အာဏာရှင် လက်အောက်ကလွတ်မြောက်ဖို့ ယုံကြည်အားထားထိုက်တဲ့ ဦးဆောင်ပါတီနဲ့ ပါတီခေါင်းဆောင် လူထုခေါင်းဆောင်တယောက်ရဲ့


တိုက်ပွဲလမ်းညွှန်မှု ကို မနာခံမလိုက်နာတာကို ပြသတာပါပဲ။ တကယ်လို့များ အားလုံးတညီတညွတ်တည်း ရွေးကောက်ပွဲမှာ တင်းခံ မဲမပေးဘဲနေခဲ့ကြမယ်ဆိုရင်
အကျိုးရလဒ်ဟာ အနေအထား တမျိုးဖြစ်သွားမှာဖြစ်သလို နိုင်ငံရေးအခင်းအကျင်းလည်းပြောင်းလဲသွားမှာဖြစ်ပါတယ်။ တိုက်ပွဲပုံသဏ္ဍန်လည်း ပြောင်းလဲကြရမှာ
ဖြစ်ပါတယ်။ ဒါပေမယ့်…

ခုတကြိမ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ကပြည်သူလူထု ယုံ ကြည်ရွေးကောက်တင်မြှောက်ခဲ့တဲ့ ကိုယ်စလှယ်ကြီးတွေ


တိုင်းရင်းသားကိုယ်စလှယ် ခေါင်းဆောင်တွေက ဒုတိယပင်လုံလို့ခေါ်နိုင်တဲ့ လူမျိုးစုံညီလာခံကြီးတခု ဖြစ်မြောက် အောင်မြင်အောင်ကျင်းပပြီး
ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက် ဖို့ တာဝန်ပေးလိုက်ပါတယ်။ လွတ်မြောက်ခါစပဲရှိသေးပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ ကောင်းမွန်တဲ့
လုပ်ငန်းဖြစ်လို့ တာဝန်ဟာကြီးမားလေးလံလှပေမယ့် တတ်နိုင်သမျှကြိုး စားလုပ်ဆောင်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးစကား ပြောကြားခဲ့ပါတယ်။

အလွန်ခေါင်းဆောင်ကောင်းပီသသလို ရဲရင့်ပြတ်သားပါတယ်။ ဒါဟာ စစ်အာဏာရှင် တွေ ဆတ်ဆတ်ထိမခံတဲ့ကိစ္စဖြစ်မှန်း လူထုခေါင်းဆောင်ကသိပါတယ်။


သိသိကြီးနဲ့ကို ဒီတာဝန်ကိုလက်ခံခဲ့တာပါ။ ဒီတာဝန်ဟာ တကယ်လည်းခက်ခဲ အန္တရယ်များပါတယ်။ အလွန်သတိထားပြင်ဆင်ဆောင်ရွက်ရမယ့်ကိစ္စပါ။ ဒါပေမယ့်
မဖြစ်နိုင်ဘူးတော့မဟုတ် ပါဘူး။ ဖြစ်အောင်အားလုံးတညီတညွတ်တည်းဝိုင်းဝန်းဆောင်ရွက်ကြရမှာပါ။ဒီအချိန်မှာ ပဲ ရွေးကောက်ပွဲဝင်တိုင်းရင်းသားပါတီတခုက
ခေါင်းဆောင်တစုက အချိန်မတိုင်သေး ဘူး စောသေးတယ်လို့ ထုတ်ဖော်ပြောဆိုလာတာကို တွေ့လာရပါတယ်။

တချို့ရွေး ကောက်ပွဲဝင်ပါတီခေါင်းဆောင်တချို့ကလည်းပြောလာပါတယ် အကြောင်းပြ ချက်တွေ ကိုယ်စီနဲ့ပေါ့လေ။ စစ်အစိုးရက ဦးဆောင်ပြီးပင်လုံညီလာခံလို


ညီလာခံမျိုး ကျင်းပပေးမယ့် အချိန်ကိုစောင့်မှာလား။ စစ်အရေခွံလဲ အစိုးရသစ်ရဲ့လွှတ်တော်ထဲ ရောက်မှ အသနားခံပြီးပြောကြမှာလား၊ ခုတော့
လွှတ်တော်ထဲမှာဘာမလုပ်ရ လုပ်ရင် ထောင်ဒဏ် ဘယ် လောက်ဆိုတာ စတွေ့လာရပါပြီ။ ရွေးကောက်ပွဲဝင်ပါတီတွေ၊ အနိုင်ရ ပါတီတွေ ကိုယ်စ
လှယ်ဆိုသူတွေစဉ်းစားကြပါလေ။

ကျနော်တို့လုပ်သင့်လုပ်ထိုက်တာကို လုပ်တတ်မှ လုပ်ရဲမှ လုပ်မှ ရမယ်ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။ အလွန်မှန်ကန်ပါတယ်။ အဲဒီအတွက်


အချိန်ကိုက်ဆုံးဖြတ် တတ်မှလည်းဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီမနက် အယ်လ်ဂျာဇီးယား သတင်းဌာရဲ့အစီအစဉ်တခုမှာ Procrastination အကြောင်းခေါင်းစဉ်တင်ပြီး ပညာရှင်များဆွေးနွေးသွားတာကို


တပိုင်း တစနားထောင်လိုက်ရပါတယ်။ မှတ်သားစရာတွေပါပဲ။ စကားပုံလာအတိုင်းကတော့…

“Procrastination is the thief of time.” ဖြစ်ပါတယ်။

ကျနော်ရေးခဲ့ဖူးတဲ့ဆောင်းပါးတပုဒ်မှာလည်း (ခေါင်းစဉ်တော့မမှတ်မိတော့ပါ) တော်လှန် ရေးခေါင်းဆောင်ကြီးတယောက်ရဲ့ အဆိုအမိန့်တခုကို


သတိပြုဆင်ခြင်နိုင်ကြဖို့ ပြန်ပြီး ဖော်ပြပေးခဲ့ဖူးပါတယ်။
“ဆုံးဖြတ်တတ်ခြင်းသည် သားကောင်ကို ကုတ်ယူသောသိန်းငှက်၏ အချိန်ကိုက်ထိုး သုတ်ခြင်းနှင့်တူသည်။”

အဲဒီစကားပါ။

စိုးနေလင်း

http://www.naytthit.net/

လှိုင်းဘွ-ဲ ကော့ကရိတ် ကားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းတွင် ဥယျာဉ် ခြံနှင့် လူနေအိမ်များ ဖျက်ဆီးခံရ

Submitted by Karen Information Center on Wednesday, 8 December 2010No Comment

ဒီဇင်ဘာလ ၈ရက်။ နန်းထူးစံ (ကေအိုင်စ)ီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှ ကော့ကရိတ်မြို့နယ်ကို ဖောက်လုပ်လျှက်ရှိသည့် ကားလမ်းအသစ် စီမံကိန်းကြောင့် လမ်းတစ် လျှောက်ရှိ ကျေးရွာများမှ


ဒေသခံများ၏ ဥယျာဉ်ခြံများနှင့် လူနေအိမ်များ ဖြိုဖျက်ခံလိုက်ရသည်ဟု ဒေသခံများ၏ ပြောပြချက်များ အရ သိရသည်။

အဆိုပါကားလမ်းကို လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာအနီးရှိ နအဖ ခမရ(၂၀၃)တပ်ရင်းနေရာမှ စတင် ဖောက်လုပ်ခြင်းဖြစ်ပြီး ယခု အချိန်တွင် လမ်းကြောမှာ
ထီလုံရွာနှင့် ဒညင်းကုန်းကျေးရွာကို ကျော်လွန်နေပြီဖြစ်သည့်အတွက် ၎င်းရွာများမှ လူနေအိမ်များမှာ ဖြို ဖျက်ပြောင်းရွှေ့လိုက်ရကြောင်း ကိုယ်တိုင်
မြင်တွေ့ခဲ့သူတစ်ဦးက ယခုလို ပြောသည်။

သူက “ဒီလမ်းဖောက်ဖို့အတွက် မိုးကုန်ကတည်းက အိမ်တွေဖျက်နေရတာ။ ရွာထဲကို လမ်းကြောဖြတ်သန်းခံရတဲ့ ရွာတွေက နေအိမ်တွေ အများကြီး


ဖြိုဖျက်ခံရတယ်။ ထီလုံကုလားစုမှာတော့ အိမ် ၂၅လုံး ဖျက်ရတယ်။”ဟု ဆိုသည်။

ဖြိုဖျက်ခံရသည့် လူနေအိမ်များထဲတွင် တိုက်အိမ်များ၊ ပျဉ်ထောင်အိမ်များကဲ့သို့သော အိမ်ကြီးအိမ်ကောင်းများ ပါဝင်ပြီး အိမ်ပိုင်ရှင် များမှာ ထိုင်းနိုင်ငံတွင်


အလုပ်လုပ်ကိုင်နေသည့် သားသမီးများမှ ငွေပို့ကာ ဆောက်လုပ်ထားခြင်းဖြစ်သည့်အတွက် ထပ်မံ ဆောက် လုပ်ရန် မတတ်နိုင်ကြောင်း အမည်မဖော်လိုသူ
အိမ်ရှင်တစ်ဦးက ယခုလို ပြောသည်။

“အိမ်တချို့ဆိုရင် သားသမီးတွေက ထိုင်းနိုင်ငံမှာ ကျွန်အဖြစ် အလုပ်လုပ်ပြီး ရှိစုမဲ့စု ငွေလေးနဲ့ အိမ်ဆောက်ကြတာ။ တချို့အိမ်ဆို အိမ်ဆောက်တာ
အကြွေးတောင် မကျေသေးဘူး။ ဒီလို အိမ်အဖျက်ခံရတော့ တချို့အိမ်ရှင် အမျိုးသမီးတွေဆိုရင် မျက်ရည်မျက် ခွက်ပဲ။ အိမ်ဖျက်ခံရတဲ့ လူတွေကတော့ တော်တော်
စိတ်ထိခိုက်ကြတယ်။”ဟု သူက ပြောသည်။

အကျယ် ပေ ၂၄၀၊ အရှည် ၅၇မိုင်ရှိသည့် အဆိုပါလမ်းမှာ လှိုင်းဘွဲမြို့နယ်ရှိ ထီလုံ၊ ဒညင်းကုန်း၊ မီးသွေးဖို၊ ကော့ပေါ၊ နောင်ဘိုရွာ ကြီးနှင့် ကော့ကရိတ်မြို့နယ်
မြပဒိုင်ရွာမှ အောက်ဘိုတဲအထိ ကျေးရွာပေါင်း ၂၀ကျော်ကို ဖြတ်သန်းသွားသဖြင့် လူနေအိမ်များအ ပြင် ဥယျာဉ်ခြံများလည်း လမ်းနေရာအဖြစ်
သိမ်းဆည်းခံလိုက်ရပြီး ခြံပိုင်ရှင်များကိုယ်တိုင် မိမိတို့၏ ဥယျာဉ်ခြံပင်များကို ခုတ်လှဲ ပေးရကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြေလမ်းအကြမ်းသာ ဖောက်လုပ်နေဆဲဖြစ်သည့် ၎င်းလမ်းကို ရွှေကဆုန်ကုမ္ပဏီက တာဝန်ယူထားရပြီး ဆက် လက်၍ ကျောက်ခင်း၊


ကတ္တရာခင်း လုပ်ငန်းများကိုမူ အခြားကုမ္ပဏီများက လာရောက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပုဂ္ဂလိက ပိုင် ရွှေကဆုန်ကုမ္ပဏီမှ လမ်းအင်ဂျင်နီယာတစ်ဦးက
ပြောသည်။

အဆိုပါအင်ဂျင်နီယာက “လမ်းက အာရှလမ်းမတော့ မဟုတ်သေးဘူး။


လမ်းစီမံကိန်းကို ၂၀၁၀ခုနှစ် ဇူလိုင်လက စတင် ရေးဆွဲ ထားတာ။ လမ်းကြောမှာထိတဲ့ အိမ်တွေ၊ ခြံတွေနဲ့ ပတ်သက်လို့ အစိုးရအာဏာပိုင်တွေနဲ့ပဲ ဆိုင်ပါတယ်။
ကျနော်တို့က ကန်ထရိုက် ယူတာပဲ။”ဟု ပြောဆိုသည်။

ထိုလမ်းစီမံကိန်းနှင့် ပတ်သက်၍ ကရင်ပြည်နယ် ဆောက်လုပ်ရေးရုံးကို ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ ရုံးဝန်ထမ်းတဦးက “ကျနော်တို့ကတော့ လူထုတွေ


သွားလာရေး လွယ်ကူအောင် ဖောက်လုပ်ပေးတာပါ။ လမ်းက မပြီးသေးပါဘူး။ ဘယ်အချိန် လောက် ပြီးမယ်ဆိုတာ ကျနော်လည်း အတိအကျ မသိဘူး။
ကျနော်တို့ကတော့ ဆောက်လုပ်တဲ့အပိုင်းနဲ့ပဲ ဆိုင်တယ်။ ရွာသူရွာ သားတွေရဲ့ ခြံ၊ အိမ်တွေ ဆုံးရှုံးတဲ့ကိစ္စက ဒေသခံ အာဏာပိုင်တွေနဲ့ပဲ ဆိုင်တယ်။”ဟု
ပြန်လည်ဖြေကြားခဲ့သည်။

သို့သော် ဒေသခံအာဏာပိုင်များအနေဖြင့် ပျက်စီးဆုံးရှုံးသွားသည့် ရွာသူရွာသားများ၏ ခြံများ၊ အိမ်များ၏ တန်ဖိုးကို ပြန်ပေးရန် ယခုအချိန်ထိ ညှိနှိုင်းဆောင်ရွက်မှု
တစုံတရာ မလုပ်သေးသည့်အပြင် လမ်းဖောက်လုပ်ရေးအတွက် ဒေသခံများက လုပ်အားပေး နေရသည်ဟုလည်း သိရသည်။
ကေအဲန်အယ်လ်အေ၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် နအဖ ၆ဦးကျဆုံး ကာ ၄ဦး ထိခိုက်

Submitted by Karen Information Center on Tuesday, 7 December 2010No Comment

ဒီဇင်ဘာလ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စ)ီ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောနယ်မြေတ၀ိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖ(KNLA)က


ွဲ့ နအဖ လှုပ်ရှားတပ်ဖွဲ့များအား ဒီဇင်ဘာလ
၅ရက်နေ့မှ ယနေ့အထိ ၄ကြိမ် ပြောက်ကျားတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၆ဦး ကျဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏
သတင်းအရ သိရသည်။

ထိုသုံးရက်အတွင်း ကေအဲန်ယူ တပ်မဟာ(၇) တပ်ရင်း(၂၀၂)မှ ဒုရင်းမှူး ဗိုလ်မှူးစောတာမလာ ဦးဆောင်သည့် တပ်စုတစုနှင့် ကေအဲန်ယူ တပ်မဟာ(၅)အခြေစိုက်
ကေအဲန်အယ်လ်အေ အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ နအဖ အရှေ့တောင် တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၃၈)၊
စအရတပ်ရင်း(၉၁၅)နှင့် ခလရ(၂၈)တပ်ရင်းအား လှိုင်းဘွဲမြို့နယ်ရှိ မာ နယ်ပလော(ယခင် ကေအဲန်ယူ ဗဟိုဌာနချုပ်ဟောင်း) ဒေသတွင်
ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ် အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို အတည်ပြု ပြောဆိုခဲ့သည်။

၎င်းက “၅ရက်နေ့ နေ့လယ် ၁၂း၀၀ နာရီအချိန်မှာ ဆင်ဖြူတောင်(ကဆောဝါးလေး)မှာ ခမရ(၃၃၈)ကို ကျနော်တို့တပ်တွေ သွားတိုက်တာ မိနစ်


၂၀လောက်တော့ကြာတယ်။ အဲဒီမှာ နအဖဘက်က ၅ယောက် ကျတယ်။ MA-11 သေနတ်တလက် ကျနော်တို့ ရခဲ့တယ်။ အဲဒီနေ့မွန်းလွဲ ၃း၀၀လောက်မှာပဲ
ခြောက်ဘီးကားနှစ်စီးနဲ့ တက်လာတဲ့ စစ်အင်ဂျင်နီယာတပ်ရင်း (၉၁၅)ကို ကြယ်ပြောင်ကုန်းမှာ တိုက်ခိုက်တော့ ကားက မိုင်းထိသွားတဲ့အတွက် ကားတစီး လုံးဝ
ပျက်စီးသွားပြီး ၃ယောက် ဒဏ်ရာရသွားတယ်။”ဟု ဆိုသည်။

တပ်မဟာ (၇) KNLA တပ်ဖွဲ့ဝင်များ

ဆက်လက်၍ ဗိုလ်မှူးစောအဲဆဲဆဲက “၆ရက်နေ့ မနက် ၁၁နာရီကျတော့ ထီးသေ့ခီးမှာ နအဖ ခမရ(၂၈)တပ်ရင်းကို ကျနော် တို့လူတွေ သွားတိုက်တာ
နအဖဘက်က တပ်ကြပ်ကြီး ၁ယောက် ဒဏ်ရာပြင်းထန်ပြီး ကျဆုံးပေမဲ့ ထိခိုက်မှုကိုတော့ ကျနော် တို့မသိရဘူး။ ဒီနေ့ နေ့လည် ၁၁း၂၀နာရီမှာက နအဖ
ခမရ(၃၃၈)ကို ကြယ်ပြောင်ကုန်းမှာ တခါထပ်ပစ်တာ နအဖ ၁ယောက် ဒဏ်ရာရတယ်။”ဟု ကေအိုင်စီကို ယနေ့ ပြောဆိုသည်။

ယင်းသို့ မာနယ်ပလောနယ်မြေရှိ နအဖ စစ်တပ်ကို သွားရောက်ပစ်ခတ်ရာတွင် နအဖဘက်မှ တပ်ကြပ်တဦးနှင့် ဒုတပ်ကြပ် တစ်ဦး ထိခိုက်ကျဆုံးမှုတွင် ပါဝင်ခဲ့ပြီး
ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်ကျဆုံးမှု တစုံတရာ မရှိကြောင်း ဗိုလ်မှူးစောအဲဆဲ ဆဲက ပြောသည်။

ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားရာ ၎င်းဒေသတွင် နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် (၁၀၁၁)တပ်ရင်းနှင့် ဗိုလ် မှူးသန်းရွှေ ဦးစီးသည့်
(၁၀၁၂)တပ်ရင်း၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားရာဒေသဖြစ်သော်လည်း ၎င်းက ပစ်ခတ်မှုတွင် ပါဝင်ပတ် သက်မှုမရှိကြောင်း ကေအဲန်အယ်လ်အေက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် ကေအဲန်ယူအနေဖြင့် မာနယ်ပလောဒေသကို ပြန်လည် ထိန်းချုပ်နိုင်ခြင်း ရှိမရှိ ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်များထံ


ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေ ကြားခဲ့သည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်း နအဖနှင့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွား နေသလို ကေအဲန်ယူ
တပ်မဟာ(၆)နယ်မြေဘက်တွင်လည်း နိုဝင်ဘာလ ၈ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲ အခြေအနေများမှာလည်း
ယခုအချိန်ထိ ပြင်းထန်လျှက်ရှိသည်ဟု သိရသည်။

နအဖ ရိက္ခာသယ်ယူနေသည့် သစ်တံတားငယ် ၇စင်းကို ကေအဲန်ယူ မီးရှို့ခဲ့

Submitted by Karen Information Center on Tuesday, 7 December 2010No Comment

ဒီဇင်ဘာလ ၇ရက်။ စောခါးစူးညား (ကေအိုင်စ)ီ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကမမောင်းရွာအကြားရှိ နအဖတပ်များ ရိက္ခာသယ်ယူနေသည့် သစ်သားတံတားငယ် ၇စင်းကို နယ်မြေခံ


ကရင်အမျိုးသားလွတ်မြောက်တပ်ဖွဲ့(KNLA)တပ်များက နိုဝင်ဘာလဆန်းပိုင်းက မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရ သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ရက်နေ့မှစ၍ အဆိုပါ တံတားငယ် ၇စင်းကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဟိနောလော်၊ နိုခဲလော်၊ ထွိသီးအုလော်၊ ခုလာ့လော်၊ ခွချိလော်၊
ခေါလော်ကလိုး၊ မောမောလော်တံတားတို့ ဖြစ်သည်ဟု ဖာပွန်ခရိုင် တပ်မဟာ(၅) KNLA ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ကေအိုင်စီကို ယခုလို ပြောသည်။

သူက “ကျနော်တို့ဖျက်တဲ့ တံတားတွေက ဖာပွန်နှင့် ကမမောင်းရွာကြားမှာရှိတဲ့ ကတဲတိ(ကတိုင်တ)ိ ရွာအောက်က တံတား ၂စင်း၊ ကတိုင်တိရွာအထက်က ၄စင်း၊
မာ့ထောင်းနဲ့ ကူးဆိပ်ရွာကြားက ၁စင်းပေါ့နော်။ ကျနော်တို့ ဒီလိုဖျက်ရတာလည်း ဒီလို မျိုး ဆောင်းတွင်း စပါးရိတ်သိမ်းချိန်မှာ နအဖ တပ်တွေ တက်လာပြီး
အဲဒီမှာရှိတဲ့ တောင်ယာနဲ့ လယ်ယာစပါးခင်းတွေကို မီးရှို့ ဖျက်ဆီးတာ ရှိတယ်။ နောက် သူတို့ လိုအပ်တဲ့ ရိက္ခာတွေ ဒီလမ်းကြောင်းကနေပဲ သုံးတယ်လေ။
ဒါကြောင့် ကျနော် ဖျက်ပစ်ရ တာပါ။”ဟု ပြောသည်။

အဆိုပါနယ်မြေရှိ ဒေသခံ ရွာသားတဦးကလည်း “ကော်သူးလေ(KNLA)တပ်တွေ ဒီလို တံတားတွေ ဖျက်ပစ်တာ ကျနော်တို့ တော့ ဘာမှကန့်ကွက်စရာ
အကြောင်းမရှိဘူး။ အရင်နှစ်တွေတုန်းကဆိုရင် ကျနော်တို့ လယ်စပါးခင်း၊ တောင်ယာစပါးခင်းတွေ ကို သူတ(ို့ နအဖစစ်တပ်)လာပြီး မီးရှို့တာ လုပ်နေကျပဲဟာ။”ဟု
ပြောသည်။

လက်ရှိအချိန်တွင် မီးရှို့ခံရသော တံတားအချို့ကို ပြန်လည်ပြုပြင်ရန်အတွက် အချို့ကျေးရွာများမှ ရွာသူရွာသားများကို နအဖ လှုပ်ရှားတပ်များက သစ်ခုတ်၊


သစ်ဖြတ် စသည့်လုပ်ငန်းများတွင် လုပ်အားပေးများ ခေါ်ယူခိုင်းစေလျှက်ရှိကြောင်း သိရသည်။

တံတားဖျက်ဆီးခံသော နယ်မြေတွင် ဝေါ့သမို၊ သာ့အော့ပလေ၊ ပဟိကလား၊ ၀ါ့သိုးခို့၊ မောလော်ကလိုး၊ ဘောကျို့ထာ့၊ ကတဲ တေ့(ကတိုင်တ)ိ ၊ တောသူးကလား၊
ဖားလိုး၊ ထီးကချောမဲ၊ ထွိသီးအုထာ့၊ မာ့ထောင်း၊ ကူးဆိပ်၊ ဝေဆာ၊ ဝေမို၊ တံခွန်တိုင် စသည့်ရွာများရှိပြီး လက်ရှိ ထိုဒေသတွင် အင်အား တထောင်ကျော်ရှိ နအဖ
စကခ(၄) လက်အောက်ခံ ဖြစ်သည့် ခမရ(၇၀၂)၊ (၇၀၃)၊ (၇၀၇)၊ ခလရ(၉၆)နှင့် KNLA (၁၀၂)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၀၉ခုနှစ် စက်တင်ဘာလကလည်း ကေအဲန်ယူက ကမမောင်းနှင့် ဖာပွန်မြို့ သွားလာသည့်လမ်းများကို ပိတ်ဆို့ ထားပြီး တံတားအချို့ကိုလည်း
ဖျက်ဆီးကာ နအဖ စစ်တပ်များ၏ ရိက္ခာသယ်ယူရေးလမ်းကြောင်းကို ဟန့်တားခဲ့သေးသည်။

http://www.kicnews.org/

ဥရောပ ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုမိန့်ခွန်း ပေးပို့

2010-12-08

နိုင်ငံတကာ အကူအညီတွေ ပေးနေတဲ့ တိုင်းပြည်တွေအနေနဲ့ လူမှုအဖွဲ့အစည်းကို အားကောင်းတောင့်တင်း လာစေမယ့် မူဝါဒမျိုးတွေ ချမှတ်ပြီး


အကူအညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။

(Photo: AFP)

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ပြည်သူများအား မိန့်ခွန်းပြောကြားစဉ်။ (Photo: AFP)

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဒီဇင်ဘာ ၇ ရက် အင်္ဂါနေ့က ကျင်းပတဲ့ “ဥရောပ ဖွံ့ဖြိုးရေးညီလာခံ” ပိတ်ပွဲ အခမ်းအနားကို ပေးပို့တဲ့ ဗီဒီယို
သတင်းစကားမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့တာပါ။

စီးပွားရေး တိုးတက်ဖို့အတွက် ဖွံ့ဖြိုးရေးမူဝါဒတွေ ချမှတ်ကြရသလို လူမှုအဖွဲ့အစည်း အားကောင်းလာရေး အတွက်လည်း ဖွံ့ဖြိုးရေး မူဝါဒတွေ


ချမှတ်နိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ အစိုးရတရပ် ပေါ်ထွန်းလာဖို့ တွန်းအားတွေ ရရှိလာနိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဆက်လက်ပြီး လူမှုအဖွဲ့အစည်းမှာ ငွေကြေးနဲ့ပညာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် စီးပွားရေးကဏ္ဍမှာတင် မကပဲ နိုင်ငံရေး နယ်ပယ်မှာပါ တာဝန်ခံ မှုရှိခြင်း၊
ပွင့်လင်းမြင်သာ ရှိခြင်းဆိုတဲ့ ရလဒ်ကောင်းတွေ ရရှိလာနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တရပ် ထူထောင်ဖို့ ကြိုးပမ်း နေကြတဲ့ မိမိတို့အနေနဲ့ “လောကနိဗ္ဗာန် ထူထောင်မယ်”
ဆိုတဲ့ လက်တွေ့မကျတဲ့ အမြင်မျိုးတွေ မရှိကြောင်း၊ ပြည်သူတွေ မိမိတို့ရဲ့ ကိုယ်ပိုင်ဘဝ ပိုမို ကောင်းမွန်လာဖို့အတွက် လွတ်လွတ်လပ်လပ် တာဝန်သိသိ
လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိစေမဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာဖို့အတွက် ကြိုးပမ်းနေတာဖြစ်ကြောင်း ဗီဒီယို မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဥရောပ ဖွံ့ဖြိုးရေး မဟာမင်းကြီးက အခမ်းအနားမှာ အဲဒီ ဗီဒီယို တိပ်ခွေကို ဖွင့်မပြခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး မိတ်ဆက် ပြောကြားရာမှာ
ဒေါ်အောင်ဆန်းစုကြည်ကို “ဒီကမာမြေမှာ အကျော်ကြားဆုံး အမျိုးသမီး ၊ ဒါမှမဟုတ် အရဲရင့်ဆုံး ပုဂ္ဂိုလ်တွေထဲမှာ တဦး အပါအဝင် အဖြစ် ရည်ညွန်းး ပြောဆို
ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပုံတူဖယောင်းရုပ်တု ထိုင်းပြတိုက်မှာ ပြသ

2010-12-08

ထိုင်းနိုင်ငံ ဗန်ကောက်မြို့လယ်မှာ တည်ရှိတဲ့ Siam Discovery ကုန်တိုက်ကြီးမှာ ပြသတဲ့ Madame Tussauds ပြခန်းမှာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူရုပ်ထုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက စတင်ပြသထားတယ်လို့ သိရပါတယ်။
(screenshot from Madame Tussauds Bangkok Museum website)

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၄ ရက်မှ စတင်ဖွင့်လှစ်သော မဒမ် တူးဆိုး ဗန်ကောက်ပြတိုက်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ
ဖယောင်းရုပ်တုကို ပြသထားပါသည်။ (screenshot from Madame Tussauds Bangkok Museum website)

ဒီပြတိုက်ဟာ နိုင်ငံတကာက ကဏ္ဍပေါင်းစုံမှာ ထူးချွန် ထင်ပေါ်ကျော်စောတဲ့ ပုဂ္ဂိုလ်တွေကို ဖယောင်းရုပ်တုတွေ ထုလုပ်ပြီး ပြသထားတာ ဖြစ်ပါတယ်။

ဒီပြခန်းကို ဒီဇင်ဘာ ၄ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီးတော့ အာရှတိုက်မှာ ဟောင်ကောင်နဲ့ ရှန်ဟိုင်းပြီးရင် တတိယမြောက် ပြတိုက်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ ဒီလိုပြတိုက်ပေါင်း ၁၂ ခု ရှိပြီး ဖယောင်းရုပ်ထု တခုအတွက် ဘတ် ၁ သန်းခန့် ကုန်ကျတယ်လို့ သိရပါတယ်။

ဒီပြခန်းမှာ အင်္ဂလန်ဘုရင်မကြီး၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ဘေးချင်းယှဉ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တုကို ပြသထားပါတယ် ။ ပြီးတော့


အမေရိကန်သမတ အိုဘားမားတို့ ဇနီးမောင်နှံ ပုံတူတို့နဲ့ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးဖခင် မဟတ္တမဂန္ဒီ ပုံတူကိုလည်း ပြသထားပါတယ်။

စစ်တပ်ကဖမ်းသွားသည့် KNU-KNLA တပ်သား ၆ ဦးအသတ်ခံရ

2010-12-08

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်အစိုးရတပ်တွေ ဖမ်းဆီးသွားတဲ့ KNU-KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားပြီ
ဖြစ်ကြောင်း၊ သူတို့အားလုံးကို စစ်အစိုးရတပ်က သတ်ဖြတ်လိုက်တာ ဖြစ်ကြောင်း KNU-KNLA ငြိမ်းချမ်းရေး ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တင်မိုသီ က
RFA ကို ဒီဇင်ဘာ ၈ ရက် ဒီကနေ့ အတည်ပြု ပြောပါတယ်။

(Photo: AFP)

တိုင်းရင်းသား ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP)

ဒီတပ်ဖွဲ့ဝင် ၆ ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဖလူးကလေးဒေသမှာ စစ်အစိုးရတပ် ခမရ ၂၄၀ က ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

သူ့တို့အားလုံးကို ခမရ ၂၄၀ ရဲ့ ဗျူဟာမှူးအမိန့်နဲ့ သတ်ဖြတ်လိုက်တာဖြစ်ကြောင်း၊ ကရင် ငြိမ်းချမ်းရေးကောင်စီအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို
အရေးယူ ဆောင်ရွက်ပေးဖို့ စစ်အစိုးရ အထက်အာဏာပိုင်တွေထံ တင်ပြသွားမယ်လို့လည်း ဗိုလ်မှူးချုပ် တင်မိုသီ က ပြောပါတယ်။

ဗိုလ်ချုပ်ကြီး စောထိန်မောင် ဦးဆောင်တဲ့ KNU-KNLA ငြိမ်းချမ်းရေးကောင်စီဟာ ၂၀၀၇ ခုနှစ်အတွင်း KNU ကရင်အမျိုးသား အစည်းအရုံးကနေ ခွဲထွက်ပြီး
စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တာ ဖြစ်ပါတယ်။ အခုလို KNU-KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီး သတ်ဖြတ်ခံရမှု အပါအဝင် စစ်အစိုးရနဲ့
ကရင် ငြိမ်းချမ်းရေးကောင်စီကြား ဆက်ဆံရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် စောတင်မိုသီနဲ့ RFA မှ
ဦးကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဗို
လ်
မှူးခ
င်မို
သီ
နှင့်

က်
သွ
ယ်
မေး
မြန်
းချ
က်။

သံ
ဖိုင်
ယူ
ရန်
အလားတူပဲ ကရင်ပြည်နယ်က တခြားဒေသတွေမှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မာနယ်ပလော နယ်မြေအတွင်းမှာ
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) လက်အောက်ခံတပ်ဖွဲ့တွေနဲ့ စစ်အစိုးရ တပ်ဖွဲ့ဝင်တွေအကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်
ဖြစ်ပွားနေပါတယ်။

ဒီအကြောင်းအသေးစိတ်ကို RFA သတင်းထောက် ကိုမိုးကျော်က ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။



င်




ပို့


က



ံဖို
င်

ူရ
န်
တချိန်တည်းမှာလည်း ကရင်ပြည်နယ်က စစ်ရေးအခြေနေတွေနဲ့ ပတ်သက်လို့ KNU ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ကို RFA မှ ကိုဉာဏ်ဝင်းအောင်က
ဆက်သွယ် မေးမြန်းထားပါတယ်။

ဦး

န်ြး
ငိ
မ်း



င်
နှ
င့်

က




်ေ
မြး

န်း
ချ
က


ံဖို
င်

ူရ
န်

ဒုတိယပင်လုံညီလာခံအား စစ်အစိုးရသတင်းစာဝေဖန်

2010-12-08

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ဆောင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်လို့ တိုက်ရိုက် ဝေဖန်တဲ့
သတင်းဆောင်းပါးတပုဒ် ကို ဒီကနေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ ရေးသားထားပါတယ်။

(Photo: RFA / Tyler Chapman)

ပြည်ထောင်စု ဖြိုခွဲမည့်သူမှန်သမျှကို ချေမှုန်းမည်ဟူသော စစ်အစိုးရ၏ ဝါဒဖြန့် ဆိုင်းဘုတ်ကြီးတခု ဖြစ်ပါသည်။ (Photo: RFA / Tyler Chapman)

ဆောင်းပါးရှင် ဗညားအောင်ရဲ့ “နိုင်ငံရေးအတွေး မမှားစေချင်ပါ” ဆောင်ပါးမှာ တပ်မတော်မပါပဲ တိုင်းရင်းသားအရေး ဖြစ်တဲ့ ပင်လုံညီလာခံ ခေါ်ဖို့
ကြိုးစားတာမျိုးဟာ အန္တရာယ်ကြီးကြောင်း၊ ရေးသား ဝေဖန်ထားပါတယ်။ ဒီဝေဖန်ချက်နဲ့ ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို အခုလို
ပြောပါတယ်။

“ကျွန်တော် ပြောနိုင်တာ တခုကတော့ တပ်က မပါရဘူးလို့ ကျွန်တော်တို့ မီဒီယာမှာ ပြောထားတာ မရှိဘူး။ နောက်တခုက ဒီလို ပင်လုံ ညီလာခံလို
တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ဖို့ လုပ်တာ အန္တရာယ်ကြီးတယ်ဆိုတာ ကျွန်တော်တို့ ကောင်းအောင်လုပ်တာ ဘာလို့ အန္တရာယ်ကြီးလဲ ကျွန်တော်တို့တော့
နားမလည်ဘူးဗျ။ တပ်မတော် မပါရဘူးလို့ ကျွန်တော်တို့ဆီက အရိပ်အယောင်တောင် မထွက်ပါဘူး။ ဘယ်တုန်းကမှလဲ မပြောခဲ့ပါဘူး။ အားလုံး အဖွဲ့အစည်း၊
တိုင်းရင်းသားအားလုံး၊ နိုင်ငံသူနိုင်ငံသား အားလုံး ပါဝင်ပြီးတော့ ဆောင်ရွက်ရင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အကောင်းဆုံး ဖြစ်မဲ့ ခြေလှမ်းတလှမ်းလို့
ကျွန်တော်တို့ ဒီလိုပဲ မြင်ပါတယ်။”

ဒီဆောင်းပါးမှာ တပ်မတော်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေ မပါဝင်ပဲ ပင်လုံညီလာခံပုံစံ ကျင်းပမယ်ဆိုတဲ့ အယူအဆဟာ အပေါစားနိုင်ငံရေး စတန့်ထက်
မပိုကြောင်း၊ စေတနာကောင်းနဲ့ ကျင်းပတာ ဖြစ်လင့်ကစား ဒီညီလာခံဟာ အစိုးရကို ဆန့်ကျင်တဲ့၊ မူဝါဒ လမ်းပြမြေပုံ ၇ ချက်ကို ပျက်အောင် ဖျက်နေသူတွေရဲ့
အသုံးချခံ ဖြစ်သွားနိုင်ကြောင်း ရေးသား ဝေဖန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏အလှူသို့ သံဃာတော် ၇၅၀ ကျော် ကြွရောက်

2010-12-08

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ NLD အဖွဲ့ဝင်တွေက သံဃာတော်တွေနဲ့ သီလရှင်တွေကို သင်္ကန်းနဲ့ ဝတ္ထုငွေတွေ ဒီဇင်ဘာ ၈ ရက်
ဒီကနေ့ ဆက်ကပ်လှူဒါန်းရာမှာ သံဃာတော် အပါး ၇၅၀ ကျော် ကြွရောက် အလှူခံတယ်လို့ သိရပါတယ်။

(Photo: AFP)

ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့တွင် ဒီဇင်ဘာ ၈ ရက်နေ့က သံဃာများနှင့် သီလရှင်များကို ဒေါ်အောင်ဆန်းစုကြည်
(အလယ်) သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ရွှေဂုံတိုင်လမ်းအဖွဲ့ချုပ်ရုံးရှေ့မှာ ဒီကနေ့ မနက် ၈ နာရီက စတင် လှူဒါန်းတဲ့ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“သင်္ကန်းဆက်ကပ်လှူဒါန်းဖို့ ဆောင်ရွက်ရတဲ့ ကိစ္စကတော့ ဒေါ်စု ထောင်ကျနေစဉ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်မှာ အင်္ဂါနေ့တိုင်း အဖွဲ့ချုပ် ဗဟို အမျိုးသမီး
လုပ်ငန်းအဖွဲ့ကနေပြီးတော့ ဆွမ်းလောင်းလှူပွဲ လုပ်ခဲ့တယ်။ အဲဒီ ဆွမ်းလောင်းလှူပွဲမှာ လာရောက်ပြီးတော့ ချီးမြှင့်တော်မူတဲ့ သံဃာတော်တွေကို ရည်ရွယ်ပြီးတော့
သင်္ကန်း လှူဒါန်းတာ ဖြစ်တယ်၊ သင်္ကန်းတစုံစီ။” “နောက်ပိုင်းမှာ ကြွရောက်တဲ့ သံဃာတော်တွေက များလာတဲ့အခါကျတော့ နောက်ပိုင်း တချို့သံဃာတွေကိုတော့
ဝတ္ထုငွေပဲ လှူဒါန်းနိုင်တော့တယ်။ အလှူခံတဲ့ သံဃာတော် ခုနစ်ရာနဲ့ ငါးဆယ့်ရှစ်ပါး၊ အဲ သံဃာတော်တွေ ပြီးတဲ့အခါကျတော့ သီလရှင် ဆရာလေးတွေကိုလည်းပဲ
မျက်နှာသုတ် တဘက်တွေ ဆက်ကပ်လောင်းလှူတယ်။ အဲဒီမှာလည်း သီလရှင်ဆရာလေး တရာ တဆယ့်နဲ့ ကိုးပါး လှူဒါန်းခဲ့တယ်။ သံဃာတော်တွေကလည်း
အလွန် ကြည်နူးဝမ်းမြောက်ကြပြီးတော့ ဆုတောင်းမေတ္တာ ပို့သကြတယ်။”

သံဃာတော်တွေကို သင်္ကန်းကပ်လှုပွဲကို ကြိုတင် ရောက်ရှိနေတဲ့ Paris Match ဆိုတဲ့ မဂ္ဂဇင်းက ဓာတ်ပုံရိုက်ယူခဲ့တဲ့အပြင် မဂ္ဂဇင်းသတင်းထောက်က
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် သက်ရှိထင်ရှား ရှိနေတဲ့ ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ဓာတ်ပုံတွေကို စာအုပ်ထုတ်ဝေဖ စီစဉ်နေတဲ့ ဂျပန်ဓာတ်ပုံဆရာ မစ္စတာ အူဆုအိဆိုသူက အလှူပွဲ
ဓာတ်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ပုံရိုက်ပြီးနောက် ၁၀ မိနစ်ကြာ တွေ့ဆုံစကားပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းထားတဲ့ NHK ဂျပန်သတင်းဌာနနဲ့ ဒေါ်စုက တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်ခဲ့တယ်လို့လည်း
သိရပါတယ်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်ဆွေးနွေး

2010-12-08

ရွေးကောက်ပွဲဝင် ပါတီတခုဖြစ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ဒီဇင်ဘာ ၈ ရက် ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အနာဂတ်မှာ
ပူးပေါင်းဆောင်ရွက်နိုင်မဲ့ လုပ်ငန်းတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)

၇ နှစ်ကြာ နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီး နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့မှ လူထု ပရိသတ်ကို ဒေါ်အောင်ဆန်းစုကြည်
နှုတ်ဆက်စကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီလိုတွေ့ရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဖက်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ ဦးအုန်းကြိုင်တို့ တက်ရောက်ပြီး ဒီငြိမ်းအဖွဲ့က ဒုတိယ ဥက္ကဋ္ဌ
ဦးတင်ထွေး၊ ဦးဘမင်းမောင်နဲ့ ဦးကျော်ဇင်ဌေးတို့ တက်ရောက်တယ်လို့ သိရပါတယ်။

ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ NLD ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

“သူတို့က ခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် အလွန်ဝမ်းမြောက်ကြောင်း ပြောပါတယ်။ အဲဒီနောက်တော့ သူတို့ ရွေးကောက်ပွဲ ဝင်ဖို့ သူတို့
စဉ်းစား ဆုံးဖြတ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့၊ နောက် ရွေးကောက်ပွဲမှာ သူတို့ ရရှိခဲ့တဲ့ အတွေ့အကြုံ၊ အဲဒါတွေကို သူတို့ ပြောပါတယ်။ အဲလို
ပြောပြီးတဲ့နောက် နှစ်ဖက်ပေါ့လေ၊ ဒီ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အထွေထွေ အခြေအနေတွေကို အမြင်ချင်း ဖလှယ်ကြပါတယ်။”

“အဲဒီနောက် သူတို့ဖက်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကြိုးပမ်းမယ်လို့ ပြည်သူလူထုကို


ပြောတဲ့အတွက်ကြောင့် ဝမ်းမြောက်တဲ့အကြောင်း၊ သူတို့လည်းပဲ အမျိုးသား ပြန်လည်သင်မြတ်ရေးကို စိတ်ဝင်စားတဲ့အကြောင်း၊ အဲဒီတော့
အဖွဲ့ချုပ်နဲ့အတူပေါ့လေ၊ ပါဝင်ဆောင်ရွက်နိုင်တဲ့ ကဏ္ဍတွေမှာ အတူလက်တွဲပြီး ဆောင်ရွက်ဖို့ အဆင်သင့် ရှိပါတယ်ဆိုတဲ့အကြောင်း အဲဒါတွေ ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီးကတည်းက ရွေးကောက်ပွဲ ဝင်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ရော တသီးပုဂ္ဂလ


ကိုယ်စားလှယ်လောင်းတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

မနေ့ကလည်း တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ဖြစ်တဲ့ ဦးကောင်းမြတ်ထွတ်၊ ဒေါက်တာစောနိုင်တို့နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် ဒုလက်ထောက်ဝန်ကြီးနှင့် ပါတီအချို့ တွေ့ဆုံဆွေးနွေး

2010-12-08

အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Josep Yun ဟာ မြန်မာနိုင်ငံကို ရောက်ပြီး နာရီပိုင်းအတွင်းမှာပဲ ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတချို့နဲ့တွေ့ဆုံခဲ့ပါတယ်။
(Photo: AFP)

စစ်အစိုးရက ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ကိုယ်စားလှယ်လောင်းတဦး အောက်တိုဘာ ၅ ရက်နေ့က
ရန်ကုန်မြို့ ဆင်ခြေဖုံး တနေရာတွင် မဲဆွယ် စည်းရုံးနေပုံ ဖြစ်ပါသည်။ (Photo: AFP)

တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ ဒေါ်ချိုချိုကျော်ငြိမ်းကို RFA မှ


မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး တကမာလုံး စောင့်ကြည့်ဖို့ အမေရိကန် အမတ် တောင်းဆို

2010-12-08

မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို တစိုက်မတ်မတ် ထောက်ခံအားပေးနေတဲ့ အမေရိကန် ဒီမိုကရက် အောက်လွှတ်တော်အမတ် Joseph


Crowley က ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကို နိုင်ငံတကာက စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

(Photo: AFP)

နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ်
ဝိုင်းဝန်းဆီးကြိုသော လူထု ပရိသတ်နှင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

အောက်လွှတ်တော်အမတ် Joseph Crowley ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၇ ရက် မနေ့ က တယ်လီဖုန်းနဲ့ နှုတ်ခွန်းဆက်စကား ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြန်အလှန် စကားပြောဆိုခဲ့ရာမှာ မြန်မာပြည်သူတွေ ရင်ဆိုင်ရုန်းကန်နေရတဲ့ အခြေအနေတွေအကြောင်းလည်း ပါဝင်တယ်လို့


ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က လွှတ်ပေးလိုက်တာ မှန်ပေမဲ့ စစ်အစိုးရအနေနဲ့ လုပ်ဆောင်သင့်တဲ့အချက်တွေ အများကြီး ဆောင်ရွက်ဖို့


လိုနေသေးတယ်လို့ Joseph Crowley က ပြောပါတယ်။

ဒ့ါအပြင် ကမာ့ အသိုင်းအဝိုင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကို အထူးအလေးထား စောင့်ကြည့် ပေးကြဖို့ Joseph Croley က


တိုက်တွန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ အပေါ် အဓိက ရည်ရွယ်ခဲ့တဲ့ ၂၀၀၃ ဒီပဲယင်း လုပ်ကြံမှုကို သူရဲ့ကြေညာချက်မှာ
ထောက်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတကြိမ် လွတ်မြောက်မှုဟာ မြန်မာပြည် တိုးတက်ပြောင်းလဲဖို့ ပထမ ခြေလှမ်းအဖြစ် တည်မြဲနေဖို့ လိုအပ်တယ်လို့လည်း


ဖော်ပြထားပါတယ်။

ကမာ့ကျော် ခေါင်းဆောင်တွေကို ချီးမြှင့်တဲ့ အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်ဖို့ ဆောင်ရွက်ခဲ့သူတွေထဲမှာ


အမေရိကန် အောက်လွှတ်တော်အမတ် Joseph Crowley ဟာ တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ပါတယ်။

နေပြည်တော်ကျောက်မျက်ပြပွဲမှ ဒေါ်လာ သန်းထောင်ချီရ

2010-12-08

ပြီးခဲ့တဲ့ နိုဝင်ဘာလက နေပြည်တော်မှာ ၁၃ ရက်ကြာ ပြုလုပ်ခဲ့တဲ့ ကျောက်မျက်ရတနာ ပြပွဲမှာ စုစုပေါင်း ကျောက်မျက်ရတနာ အမေရိကန်ဒေါ်လာ သန်း ၁,၄၀၀
ကျော်ဖိုး ရောင်းချခဲ့ရကြောင်း အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
(Photo: AFP)

စစ်အစိုးရက ရန်ကုန်မြို့တွင် ၂၀ဝ၈ ခုနှစ် မတ်လက ကျင်းပခဲ့သည့် ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်ကုန်သည်တဦး အရည်အသွေး ကြည့်ရှု စစ်ဆေးနေပုံ
ဖြစ်ပါသည်။ (Photo: AFP)

ဒါဟာ ၁၉၆၄ ခုနှစ် နောက်ပိုင်းမှာ တကြိမ်တည်းနဲ့ ရောင်းရငွေ ပမာဏ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပြပွဲကို နိုင်ငံတကာက ကျောက်ကုန်သည် ၄ ထောင်
အပါအဝင် စုစုပေါင်း ကျောက်ကုန်သည် ၆၇၀၀ လောက် လာရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကျောက်မျက်ရတနာပြပွဲကနေ ရောင်းရငွေ ပမာဏကို စစ်အစိုးရက ထုတ်ဖော် ပြောဆိုတာဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း
သတင်းမှာ ဖော်ပြပါတယ်။

မြန်မာစစ်အစိုးရကို စီးပွားရေး ပိတ်ဆို့ အရေးယူတဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ


အရောင်းအဝယ် လုပ်တာကို တားမြစ်ထားပေမဲ့ မြန်မာစစ်အစိုးရဟာ ကျောက်မျက်ရတနာ ရောင်းချရာကနေ ဝင်ငွေ အကြီးအကျယ် ရရှိနေတယ်လို့ ဆိုပါတယ်။

ကမာ့ ပတ္တမြားနဲ့ ကျောက်စိမ်း ၉၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက ထွက်ရှိတာ ဖြစ်ပြီး ကျောက်စိမ်းတွင်း နဲ့ တခြား အဖိုးတန်ကျောက်တွင်း အကုန်လုံးနီးပါးကို
စစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီး ဌာန အပါအဝင် စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကသာ လုပ်ကိုင်နေတယ်လို့လည်း
သတင်းမှာ ဖော်ပြထားပါတယ်။

မွန်ပြည်သစ်ပါတီနယ်မြေမှာ စစ်အစိုးရတပ်များ တိုးမြှင့်ချထား

2010-12-08

ထိုင်းနဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာ မွန်ပြည်နယ် ဘုရားသုံးဆူဂိတ်ကို ၄ နှစ်လောက် ပိတ်ထားခဲ့ရာကနေ ဒီဇင်ဘာ ၇ ရက် မနေ့က ပြန်လည်
ဖွင့်လှစ်ပေးလိုက်ပေမဲ့ အခုရက်ပိုင်းအတွင်း အဲဒီ နယ်မြေတလျှောက်မှာ စစ်အစိုးရတပ်ဖွဲ့တွေ တပ်ရင်းတွေ အလိုက် ထပ်ပြီးတိုးမြင့် ချထားလိုက်တယ်လို့
သိရပါတယ်။

(Photo: AFP

ထိုင်း-မြန်မာနယ်စပ်တွင် တပ်စွဲထားသော မြန်မာ စစ်အစိုးရ တပ်စခန်းတခုမှ စစ်သားများ ထိုင်းပိုင်နက် နယ်မြေထဲသို့ မှန်ပြောင်းဖြင့် ကြည့်ရှုနေပုံ ဖြစ်ပါသည်။
(Photo: AFP)

အထူးသဖြင့် သံဖြူဇရပ်နဲ့ ဘုရားသုံးဆူအကြား ဇမီးချောင်း ရေလမ်းနဲ့ ကုန်းလမ်းတွေကနေ စစ်အစိုးရ တပ်ဖွဲ့တွေကို နေစဉ်လိုလို ပို့ဆောင်နေတယ်လို့
မွန်ပြည်သစ် ပါတီ (NMSP) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာရဲ့ ပြောဆိုချက်အရ သိရပါတယ် ။

အဲဒီလို စစ်အစိုးရတပ်ဖွဲ့တွေ တိုးမြှင့်ချထားတာဟာ စောလှပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ (DKBA) ခွဲထွက်တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ စစ်ကူပို့တာ
ဖြစ်နိုင်သလို ၊ တဖက်ကလည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ ငြင်းဆန်နေတဲ့ သူတို့ တပ်ဖွဲ့တွေကို ဖိအားပေး ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တယ်လို့
မွန်ပြည်သစ်ပါတီ (NMSP) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက RFA ကို ပြောပါတယ်။

“ဒါ ကျွန်တော်တို့ကို ဘာ ရည်ရွယ်တဲ့ အင်အား တိုးချဲ့မှု ဖြစ်မလားတော့ ဒါ အတိအကျတော့ ပြောလို့ မရသေးဘူးပေါ့။ ဖြစ်လဲ ဖြစ်နိုင်တာပေါ့ဗျာ။ ဒါပေမဲ့
သတိထားနေပါတယ်။ သတိထားသွားမှာပါ။ သဘောကတော့ တခုပြီးတခု လုပ်မဲ့ ပုံစံမျိုး၊ အဲဒီလိုလားတော့ မပြောတတ်ဖူးပေါ့ဗျာ။ တခုပြီးတခု ဆိုတာက သူတို့
ရန်သူကို တိုက်တဲ့ နေရာမှာ တချိန်တည်းမှာ ရန်သူ သုံး၊ လေးဦးကို တပြိုင်တည်း တိုက်တဲ့ ပုံစံမျိုး မဟုတ်ပဲနဲ့ ဦးတည်ချက် တခုပြီးမှ တခုပေါ့ဗျာ၊ အဲဒီ ပုံစံမျိုးကို
ဆိုလိုတာပါ။”

ဒီအကြောင်းနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ (NMSP) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနဲ့ RFA မှ ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယသံအမတ်ကြီး ဖိတ်ကြားဆွေးနွေး

2010-12-08

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး V. S. Seshadri က ရန်ကုန်တိုင်း ဒဂုံမြို့နယ် သံတမန်လမ်းမှာ


ရှိတဲ့ သူရဲ့နေအိမ်ကို ဖိတ်ကြားပြီး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)

၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိသော နှစ် ၂၀ မြောက် အထိမ်းအမှတ်အဖြစ် မေလ ၂၇
ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီလို တွေ့ဆုံတာနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပြန်ကြားရေးကော်မတီဝင် ဦးအုန်းကြိုင်က RFA ကို အခုလိုပြောပါတယ်။

“ဒီနေ့ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့မှာ ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးရဲ့ ဖိတ်ကြားချက်အရ
သွားရောက်ပြီးတော့ တွေ့ဆုံ ဆွေးနွေးပါတယ်။ သံအမတ်ကြီးနဲ့ ဆွေးနွေးချက် အသေးစိတ်ကို ကျွန်တော်တို့ မထုတ်ပြန်နိုင်သေးပါဘူးခင်ဗျာ။ မသိရသေးပါဘူး။
အဲဒီနောက်ပိုင်း အခုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မက်ဒလင်း အောလ်ဘရိုက်က တယ်လီဖုန်းဆက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့
ပြောပါတယ်။ ကျွန်တော်တို့ ဖုန်းပြောနေတုန်းပါခင်ဗျ။ မက်ဒလင်း အောလ်ဘရိုက်နဲ့ ဆက်သွယ်ပြောဆိုနေတုန်းပဲ ရှိပါတယ်။ အဲဒါလည်း ဘာတွေ
ပြောဆိုတယ်ဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး။”

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယသံအမတ်ကြီးက ဖိတ်ကြားတွေ့ဆုံတာဟာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့ပြီးချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံသလို ဒီမိုကရေစီရေး
ဆောင်ရွက်နေသူတွေကိုလည်း ထောက်ခံအားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်တွန်းခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မြန်မာပြည်ဆိုင်ရာ သဘောထားတွေပေါ် NLD ပါတီက ဘယ်လို ရှုမြင်တယ် ဆိုတာကိုတော့ ဦးအုန်းကြိုင်က ခုလို ထပ်ပြောပါတယ်။

“တကယ်တော့ဗျာ၊ အိန္ဒိယနိုင်ငံဆိုတာ ဟိုး လွတ်လပ်ရေးအကြိုခေတ်ကတည်းက လွတ်လပ်ရေး တိုက်ပွဲတွေမှာလည်း အတော် တရင်းတနှီးပေါ့ဗျာ၊ ဆက်ဆံခဲ့တဲ့


နိုင်ငံဖြစ်ပါတယ်။ အကျိုးတူ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးတော့လည်း မစ္စတာ နေရူးတို့၊ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် မစ္စတာ နေရူးတို့
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းတို့ ဆိုတာလည်း တကဲ့ကို အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေလို့ ကျွန်တော်တို့ သမိုင်းမှာ ရှာတွေ့ရပါတယ်။
အဲတော့ကာ အိန္ဒိယနိုင်ငံနဲ့ ကျွန်တော်တို့ဟာ အိမ်နီးချင်းကောင်းတွေ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ
အိန္ဒိယနိုင်ငံက အခုထက် ပိုပြီးတော့ တက်တက်ကြွကြွပေါ့ဗျာ ကူညီလိမ့်မယ်လို့ ကျွန်တော်တို့ကတော့ မျှော်လင့်နေတာပါပဲ။”

ဒီကနေ့ ညနေပိုင်းမှာပဲ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Madeleine Albright ကလည်း တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ NLD
ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
http://burmese.dvb.no/

You might also like