You are on page 1of 18

နှစ်သစ်မှာမင်္ဂလာအပေါင်းနှင့်ခညောင်းပါစေလို့ရဲရင့်ငယ်ဘလော့မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူ၏ ခံစားမှုပုံရိပ် ပန်းချီကားပြပွဲ သို့တက်ရောက်ကြည့်ရှု့(ဓာတ်ပ)ုံ


ဓာတ်ပုံများ AP

ယနေ့ ဇန္နဝါရီလ တစ်ရက်နေ့ဟာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူရဲ့ဇနီး မမြင့်မြင့်ခင်ဖေ(ခ) မရွှေဇီးကွက်ရဲ့ ၅၂နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်...။
Posted by ဒီမိုဝေယံ at Saturday, January 01, 2011
သီရိမင်္ဂလာဈေးသားတစ်ဦးရဲ့ ...ပေးပို့လာတဲ့စာ
သီရိမင်္ဂလာဈေး ဓာတ်ပုံ မဇ္ဈိမ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၄)ရက်နေ့က ဖွင့်လှစ်ခဲ့တ.ဲ့ သီရိမင်္ဂလာဈေးသစ်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ပေးပို့လာတဲ့ စာကို ဖော်ပြလိုက်ပါတယ်.။ ဈေးဖွင့်တာ
တစ်ပတ်ပဲရှိပါသေးတယ်..။ အသံတွေကတော့ ကြားနေရပါပြီ။

ကိုဒီမိုရေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၄)ရက်နေ့က ဖွင့်လှစ်လိုက်တဲ့ သီရိမင်္ဂလာဈေးသစ်က နောက် (၃)နှစ်ပြည့်တာနဲ့ ၀ါးတစ်ရာဘက်ကို ထပ်ပြောင်းပေးရမယ်လို့ ပြောနေပြန်ပါပြီ..။
အဲဒီဘက်ကို ဧရာဝတီတိုင်းကနေ ရထားလမ်းဖောက်နေတာ ပြီးရင် ပြောင်းပေးရဦးမယ်တဲ့ဗျာ..။ နေရာကတော့ အတိအကျမသိသေးဘူး ကိုဒီမိုရေ..။ အဲဒီအတွက် အခု ဈေးကိုလဲ
ယာယီသဘောပဲ လုပ်ထားတယ်။ သိတဲ့အတိုင်းပေါ့ အာဏာပိုင်တွေရဲ့ သေချာလုပ်ပါတယ်ဆိုတဲ့ ဈေးတွေတာင် အခြေအနေမကောင်းတာ ယာယီဈေးဆို ပြောမနေနဲ့တော့။
ဂျီအက်စ်အမ်တွေ သုံးစားလို့မရ ..လိုင်းမမိလို့ ဈေးထဲကလူတွေ ငါးသိန်းဖုံး အပြေးအလွှားဝယ်နေရတယ်ဗျို့..။

ကြိုးဖုန်းကလဲ ကားလမ်းမကြီးပေါ်တက်ပြီးဆက်မှ ရှိတာလေ။ ကြိုးဖုန်းဆိုလို့ အများကြီးရှိတယ် ... မထင်နဲ့ဦး မြန်မာ့ဆက်သွယ်ရေးက လိုင်းဖုန်းလေး ၄/၅ လုံးကို ၀ိုင်းခေါ်နေရတယ်။
ဈေးရဲ့ဘေးဘက်မှာ ပိတောက်ချောင်း ရဲစခန်းရှိပေမယ်.့ . ဒုစရိုက်မှုတွေအစုံ ဖြစ်ပွားနေတယ်လေ...။ စိတ်ညစ်လွန်းလို့ တစ်ခုချင်းတော့ ပြောမနေတော့ပါဘူး။ ရဲစခန်းရှိတာတောင်
ဖြစ်နေတာနော် ဘာအမှုတွေလဲဆိုတာ စဉ်းစားသာကြည်.့ .. ။ ဘေးဘက်ဆိုတာ သီရိမင်္ဂလာဈေးသစ်ကြီးကို ကားလမ်းမဘက်နေ မျက်နှာမှုကြည့်လိုက်ရင် ညာဘက်မှာ ကပ်ရပ်
ပိတောက်ချောင်း ရဲစခန်းဝင်းရှိတယ်။ ကမာရွတ်မြို့နယ်ရဲ့ စခန်းခွဲပေါ့။ ဘယ်ဘက်မှာ အသစ်ဆောက်ပြီး မကြာသေးခင်ကမှ ဖွင့်တဲ့ဆီဆိုင်ရှိတယ်..။ octane နဲ့ ဒီဇယ်ပဲရောင်းတယ်..။
ဝင်ဝင်ချင်းဘယ်ညာမှာ ကား parking ရှိတယ် မပြီးသေးဘူး လုပ်နေတုံး.. ဆိုင်ခန်းတွေ အပိုလုပ်ထားတာ အများကြီးပဲ...။ ထုံးစံအတိုင်းပေါ့ တပ်ချုပ်ကြီးအတွက် ကဘယ် နှစ်ခန်း
ဒုချုပ်အတွက်ဘယ်နှစ်ခန်း.. ဒါမျိုးတွေရှိတယ်။ သူတို့အတွက် ဆိုင်ခန်းအနည်းဆုံး ၁၀၀ ကျော်တယ်..။ အပို ထွက်လာမယ့်ပုံမရှိဘူး...။ အကြမ်းဖျင်းပြောရရင် ၀င်သွားတာနဲ့ ကားလမ်း ပေါ့
...။ ကားလမ်းဘေး ဘယ်ညာက ကားပတ်ကင် ပြီးတာနဲ့ ဘယ်ကနေ ညာကို ...က ခ ဂ ရုံသုံးရုံ.. သူ့နောက်မှာ စ ဆ ဇ ဆိုပြီး ရုံသုံးရုံ ..။ သူ့နောက်မှာ တစ်ရုံကျန်တယ်။ အခုဈေးရဲ့
ဘယ်ဘက်က ကွက်လပ်ကိုလဲ ... ငါးဈေး သစ်ကြီးဆောက်နေတယ်။ ကြည့်မြင်တိုင်ကမ်းနားက ငါးဈေးလဲ အဲဒီကိုပြောင်းရမယ်။ ဆောက်တာတော့ အခုမှမြေကြီးထဲပဲ ရှိပါသေးတယ်။

ဆိုင်ပိုင်ရှင်တွေကတော့ ဈေးဟောင်းကိုပဲ လွမ်းကြတာပေါ့.. ဘယ်တတ်နိုင်မလဲ.. ။ ပျံကျဈေးသည်တွေ ဘဝကသနားဖို့ကောင်းပါတယ်..။ ဈေးဖွင့်ပွဲနေ့က ပျံကျဈေးသည်နှစ်ဦး


မြို့တော်ဝန် အောင်သိန်းလင်း ကားရှေ့မှောက်အိပ်လို့ ပြသနာတက်ကြတယ်လေ..။ အဲ့နေ့မတိုင်မှီ ညထဲကဖြစ်နေတာ.. အဖမ်းခံရတဲ့ သူတွေလည်းရှိတယ်..။ လွတ်မလွတ်တော့
မသိပါဘူးကိုဒီမိုရာ .။ လူတွေက တော့ သိတဲ့အတိုင်းပေါ့ ထားရာနေ စေရာသွားပေါ့ ... ။ နအဖခေတ် ဟိုပြောင်းရ ဒီသိမ်းရနဲ့ အသားကျနေပါပြီ။ အသားကျတော့ အရိုးပဲကျန်တော့တယ်
ဆိုသလိုပေါ့ဗျာ။ ဘာမှမပြောင်းလဲနိုင်တဲ့ နှစ်သစ်ကို အဟောင်းလေးတွေနဲ့ပဲ ခိုင်ထူးသီချင်းလိုပဲ ပျော်သလိုသာနေလိုက်ကျ ငိုရင် လူဖြစ်ရှုံးမယ်ဆိုသလိုပေါ့..။ လောလောဆယ်
ကျွန်တော်တို့ သီရိမင်္ဂလာဈေးသားတွေရဲ့ အခြေအနေလေးပါ။ အများသိအောင်ပေါ့.. နောက်ပိုင်းတော့ မျှော်ဆိုသလိုပါပဲ.။ ထူးခြားရင်တော့ ဆက်ရေးပို့ပါဦးမယ်။

သီရိမင်္ဂလာဈေးသားတစ်ဦး
Posted by ဒီမိုဝေယံ at Saturday, January 01, 2011
http://www.demowaiyan.co.cc/

ရသ
" ရောင်နီလာ နံနက်ခင်းဆီသို့”-
အပိုင်း ( ၁ ) - ( မောင်မောင်ဝမ်း ) jan 01,2011

ကျနော်တို့ လူထု တော်တော်များများ မျှော်လင့်နေကြတာ ဒီမိုကရေစီနိုင်ငံတော်ကြီး ထူထောင်လိုက်ပြီဆိုရင်ကို နေ့ချင်းညချင်း တိုင်းပြည်ဟာ ၀ုန်းကနဲ ဖွံ့ဖြိုးတိုးတက်
သာယာသွားလိမ့်မယ်လို့ ထင်ကြတာကိုး၊။

ဒီလို ထင်မြင်ယူဆချက်များကိုလည်း အဆိုး မဆိုသာပါဘူး၊ကျနော်တို့နိုင်ငံမှာက နိုင်ငံရေးနဲ့ပတ်သက်လာရင် သားကြောဖြတ်ခံထားရတာဆိုတော့ နိုင်ငံရေး သဘောတရားအရာမှာ


အားနည်းရှာတယ်၊ယနေ့လူငယ်ထုရဲ့ရိုက်ခတ်လာတဲ့ အသံတွေကို နားစွင့်ကြည့်မယ်ဆို သိသာတယ်၊သူတို့က ရိုးရိုးသားသားပဲ ၊ နိုင်ငံရေး နားမလည်ဘူး၊။မသိဘူး၊။ဒါပေမယ့်
မခံချင်စိတ်တော့ရှိတယ်၊။

လူငယ်တွေ ကျနော်တို့နိုင်ငံ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရရှိရေးနဲ့စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်မှု့တိုက်ပွဲမှာ စိတ်ပါဝင်စားလာတာဟာ နိုင်ငံအတွက်


အလားအလာကောင်းတရပ်လို့ ယုံကြည်မိပါတယ်။ဒါကို အတွေ့အကြုံရှိတဲ့ လူကြီးတွေက နွေးထွေးစွာ လက်ကမ်းကြိုဆိုရမယ်၊ကောင်းမွန် မှန်ကန်တဲ့လမ်းကြောင်းတွေကို
လမ်းညွှန်ပေးနိုင်ရမယ်။

ကျနော်ငယ်ငယ်က နိုင်ငံရေးကို စ စိတ်ဝင်စားကာစ...မသိလို့ သိတဲ့လူတွေတချို့ဆီ လိုက်လံဆည်းပူးခဲ့ ဖူးတယ်၊စလာကတည်းက သမားဂုဏ်တွေပြပြီး ကျနော်နားမလည်နိုင်တဲ့


စကားလုံးကြီးတွေနဲ့ ထုတော့ စိတ်တွေ အရမ်းပျက်သွားခဲ့ဖူးတယ်။

”အော်..နိုင်ငံရေးဆိုတာ ဒီလောက်တောင် ခက်ခဲနက်နဲပါလား..ငါ လိုက်လို့မမှီနိုင်ပါဘူးလေ..”ဆိုတဲ့ သိမ်ငယ်စိတ်တွေ ၀င်ခဲ့ဖူးတယ်။ အဲသလိုလူတွေက သူတို့သိထားတဲ့ အရာတွေ အခြား
လူသိအောင် လက်ဆင့်ကမ်းချင်တာက နည်းနည်း။ သူတို့တော်ကြောင်း၊တတ်ကြောင်းကို တနည်းအားဖြင့် သွယ်ဝိုက် ကြွားနေတာတွေက များနေလု
..ရှေ
ိ့ာင်ခဲ့ရဖူးတယ်။

ဒီသင်ခန်းစာတွေအပေါ်ကိုကြည့်ပြီး ယနေ့လူငယ်တွေအပေါ် ကိုယ်ချင်း စာတယ်၊။ဒါ့ကြောင့် နားအလွယ်ဆုံး စကားလုံးတွေ ဥပမာတွေကို အချိန်ယူပြီး စဉ်းစားတယ်၊ပြီးတော့


ရိုးစင်းတဲ့ရှင်းလင်းချက် တွေနဲ့ ရှင်းပြပေးချင်တယ်၊

တချို့က ဒီမိုကရေစီကို လွဲမှားစွာ ခံယူနေတာတွေလည်းရှိတယ်၊။ကျနော်သိသလောက် အလွယ်ကူဆုံး ရှင်းလင်းချက်တွေနဲ့ရှင်းပြချင်တယ်။လူငယ်တွေ နားမဆန့်တဲ့စာတွေနဲ့ရှင်းပြမယ်ဆို


သူတို့က “ဟင်”ကနည်းဆို လှည့်ထွက်သွားတတ်ကြ တာမဟုတ်လား၊ ကျနော်ရှင်းပြမယ့်သဘောက ဆယ်တန်းအောင်ခဲ့တဲ့ ကျောင်းသားတစ်ယောက်က ဆယ်တန်းဖြေမယ့်
ကျောင်းသားငယ်ကို လမ်းညွှန်ပေးတဲ့ အဆင့်လောက်ပါ၊ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊။ကျနော့်ရဲ့ရည်ရွှယ်ချက်က မျိုးဆက်သစ်လူငယ်တွေ နိုင်ငံရေးကို တစိတ်တဒေသ
နားလည်စေချင်လို့၊ နိုင်ငံတနိုင်ငံမှာ အဲဒီလူထုဟာ နိုင်ငံရေးကို နားမလည်ဘူး၊ နားမလည်လို့ စိတ်မ၀င်စားဘူးဆိုရင် အုပ်ချုပ်သူ အစိုးရ အဆက်ဆက်ဟာ သူလုပ်ချင်ရာ လုပ်မှာပဲ၊။
ဒါကလည်း ရှင်းပါတယ်..။ တန်ဘိုးကို နားလည်မှ တန်ဘိုးဆိုတာ ထားတတ်တာကိုး၊ တန်ဘိုးနားမလည်တော့ တန်ဘိုးထားရကောင်းမှန်းမသိတော့ဘူး ၊။

” အော်..ငါတို့ရသင့်တာ ဒီလောက်ပါပဲလား..ဘုရားပေးသလောက်ပေါ့ ” ဆိုတဲ့အတွေးအခေါ်တွေနဲ့ရပ်တည်နေကြမှာ အမှန်ပဲ။ ပမာပြောရရင်..ကျနော့်ရှေ့တည့်တည့်မှာ


အရမ်းတန်ဘိုးကြီးပါတယ်...ဆိုတဲ့ကျောက်စိမ်းအရိုင်းတုံးကြီးတတုံး လာပစ်ချထားကြည်.့ .။ ဒီကျောက်တုံးကြီးကလည်း ရှုတ်လိုက်တာ ဆို ကျနော်ကန်ထုတ်ပစ်လိုက်မှာ အမှန်ပဲ..
ကျနော်မှ အဲဒီတန်ဘိုးကိုဖြတ်နိုင်တဲ့ အသိ မရှိတာ..။ တန်ဘိုးကို သိတဲ့သူများကျ အသည်းအသန်ကို တူးဖော်ထုတ်လုပ်နေကြတာ မဟုတ်လား၊

နောက်တခုက နိုင်ငံရေးမှာ အယူအဆမှားရင် အလုပ်မှားတယ် ။ အလုပ်မှားရင် အကုန်လိုက်လွဲကုန်တော့တာပဲ။ အဲဒါ သိပ် အန္တရာယ်များတယ်။ ကျနော် ဒီဆောင်းပါးကို ရေးနေရင်းကနေ
မေးခွန်းတချို့ထုတ်ကြည့်ချင်တယ်…..။

-ကျနော်တို့ မြန်မာနိုင်ငံသားတွေ နအဖ အပါအ၀င် အာဏာရှင်စနစ်ကို ဘာလို့ အလိုမရှိတာလဲ ?

- ကျနော်တို့ လိုချင် ဖြစ်ချင်နေတာတွေက ဘာလဲ ?

အဲဒီ မေးခွန်းနှစ်မျိုး ကျနော်တော်တော်များများကို မေးကြည့်ခဲ့ဖူးတယ်၊။ နအဖ စစ်အာဏာရှင်ကို ဘာ့ကြောင့် အလိုမရှိတာ လဲ၊ မကြိုက်တာလဲ ဆိုတဲ့ အရာအပေါ်မှာ တော်တော်ပြောနိုင်
ဖြေနိုင်ကြပေမယ့် လို့ ကျနော်တို့လိုချင်တာ ဖြစ်ချင်နေတာ ဘာလဲ ဆိုတဲ့မေးခွန်းအပေါ်မှာ တော်တော်များများကေ၀၀ါးသွားကြတာ များတယ်။

နိုင်ငံရေးဆိုတဲ့ပြဿနာကို ဖြေရှင်းရာမှာ အရပ်ပြော ဇာတ်ပြောတွေနဲ့ ပြောလို့မရတော့ဘူး၊။ စနစ်ကျရတယ်၊။ စံချိန်စံညွှန်း ဥပဒေသတွေနဲ့ ညီညွှတ်ရတယ်၊။ကျနော်တို့


တော်တော်များများက နိုင်ငံရေးလို့ပြောလိုက်တာနဲ့ အစိုးရကို ဆန့်ကျင်မယ်၊အစိုးရဆန့်ကျင်ရေးစကားတွေချည်းပြောကြမယ်၊ရေးကြမယ် ဒီလောက်တွေပဲများကြတယ်၊ဒီထက်ကျော်ပြီး
စဉ်းစားကြတာနည်းတယ်၊။နအဖစစ်အာဏာရှင် မကောင်းကြောင်းပြောရတာ ကတ္တရာစေးပေပါကို အိုးမဲ သွားသွားခြစ်နေရသလိုပဲ။(နဂိုကတည်းက မဲပြီးသား ...ကိုယ်က
အိုးမဲသွားခြစ်လည်း ထူး မဲမလာတော့ပါဘူး။) ၊မပြောမဖြစ်လို့ ပြောရတဲ့အခါကြတော့လည်း တမျိုးပေါ့၊။။။။။

ကျနော်တင်ပြချင်တဲ့အချက်ထဲမှာ ကျနော်တို့လိုချင်နေတာ..ဖြစ်ချင်နေတာ ဘာလဲဆိုတာကို အလေးပေး တင်ပြသွားချင်တယ်…. ဒါမှ ကျနော် အထက်မှာရေးသားထားခဲ့သလိုပဲ


တန်ဘိုးကို သိနားလည်လာလိမ့်မယ်လို့ ယုံကြည်တယ်၊ တန်ဘိုးကို သိမှ လိုချင်လာမယ်၊ လိုချင်လာရင် အားထုတ်လာကြမယ်။

ကျနော်တို့အားလုံး သိထားတာက..စစ်အာဏာရှင်ပဲဖြစ်ဖြစ် ...ရိုးရိုးအာဏာရှင်ပဲဖြစ်ဖြစ်....မကြိုက်ဘူး။။၊ကြုံတုန်းပြောချင် သေးတယ်။အာဏာရှင်ဆိုတဲ့နေရာမှာ


စစ်အာဏာရှင်တစ်ခုထဲကို မရည်ညွှန်းပါနဲ့။ အားလုံးသောအာဏာရှင်ကို ရည်ညွှန်းပါတယ်။ တိုက်ထုတ်ပါ၊ စစ်အာဏာရှင် မဟုတ်ဘဲ အရပ်သားအစိုးရထဲမှာ
အရပ်သားအာဏာရှင်တွေလည်းရှိတယ် ။

ဥပမာ-ဖိလစ်ပိုင်နိုင်ငံက ဖယ်ရှားခံလိုက်ရတဲ့ သမ္မတဟောင်း မားကို့စ် လိုမျိုး ။(ပြမယ်ဆိုရင်တော့ အများကြီးပေါ့)၊ နောက် တစ်ပါတီအာဏာရှင် ဘယ်အာဏာရှင်ကိုမှ လက်မခံပါနဲ့၊
ဘယ်အာဏာရှင်မှ လူထုကောင်းကျိုးမပေးဘူး၊ကျနော်ဘာ့ကြောင့်ဒီလိုပြောနေရသလဲဆိုရင် ကျနော်တို့လိုချင်နေတဲ့ အရာထဲမှာ ဒီမိုကရေစီအရေခွံခြုံလာပြီး အာဏာရှင်စနစ်ကို
ပြန်အသက်သွင်းချင်နေတဲ့သူတွေ အဖွဲ့အစည်းတွေရှိနေလို့ ဒီလိုခွဲခွဲခြားခြားပြောပြရတာဖြစ်ပါတယ်။

ကျနော့်သဘောကို ပြတ်ပြတ်သားသား ထပ်ပြောချင်တယ်၊စစ်အာဏာရှင်မှ မဟုတ်ဘူး။ဘယ်အာဏာရှင်မှ မကြိုက်ဘူး။ အလိုမရှိဘူး၊အမြဲဆန့်ကျင်တိုက်ထုတ်သွားမယ်။

ကျနော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လိုချင်တယ်။ ဒီမိုကရေစီဆိုတာဘာလဲ။လူ့အခွင့်ရေးဆိုတာဘာ လဲ ?

ခြေတလှမ်း လှမ်းတက်ကြည့်ရအောင်။ ဒီမိုကရေစီလိုချင်တယ်လို့အကြမ်းဖျင်းအားဖြင့် ဖြေကြည့်လိုက်ပါ…။

စစ်အစိုးရက ပြောလာလိမ့်မယ် သေချာတယ်…။

” ခင်ဗျားတို့လိုချင်နေတဲ့ ဒီမိုကရေစီ ကျနော်တို့ပေးပါမယ်..လို့ အာမခံ ရုံမက..၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတောင် ပြဌာန်းပြီးပြီလေ..စည်းကမ်းပြည့်ဝသောဒီမိုကရေစီဆိုတာ…


ဒီမိုကရေစီပဲလေ…ပေးပါမယ်..”လို့ ပြောနေတဲ့ဟာ ဘာလို့တောင်းနေရသေးတာလဲ..။ ကဲ...ဒါကို ဘယ်လိုပြန်ပြောကြမလဲ ။

ကျနော်တို့လိုချင်တာ.... စစ်မှန်သောဒီမိုကရေစီ…။
ဒါဆို .. စစ်မှန်တဲ့ ဒီမိုကရေစီရဲ့သဘောတရားက ဘာလဲ၊ သူ့ရဲ့ ၀ိသေသ လက္ခဏာရပ်တွေက ဘာတွေလဲ၊

။ဒီတော့ ကျနော်တို့ ကွဲကွဲပြားပြားဖြစ်ဖို့ လိုပြီ… ဒီမိုကရေစီဆိုရုံနဲ့ မလုံလောက်တော့ဘူး၊

စစ်အစိုးရကလည်း ဒီမိုကရေစီပြောနေတာပဲ၊
ကွန်မြူနစ်ကလည်း ပြည်သူ့ဒီမိုကရေစီ..တဲ့၊
မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)တုန်းကလည်း ဒီမိုကရေစီကျင့်သုံးပါတယ်..တဲ့၊

ကျနော်တို့လိုချင်တာ ဘယ်လို ဒီမိုကရေစီပုံစံလ?ဲ ဒီမိုကရေစီဆိုတာ-------။

တခါက ကျနော့်ဒေသမှာ ”အမှတ်တရ” ဆိုတဲ့ လဘက်ရည်ဆိုင်လေးတစ်ဆိုင်ရှိတယ် ။ အဲဒီဆိုင်က ပိုင်ရှင်ကလည်း ကျနော်နဲ့နိုင်ငံ ရေး ဆွေးနွေးဖော် ဆွေးနွေးဘက်ဆိုတော့
ကျနော်အားတဲ့အချိန်မှာ အမှတ်တရ လဘက်ရည်ဆိုင်ကို လာလာထိုင်တယ်လေ။ များသောအားဖြင့် ကျနော်တို့နိုင်ငံရေးလှုပ်ရှားသူ အများစု စုဝေးရာ နေရာလေးဆိုလည်း မမှားပါဘူး၊။
ဆိုင်ရဲ့ဖွဲ့စည်းပုံကလည်း ကျယ်တယ် ။ စားပွဲခုံက အပုလေးတွေ ။ ခုံသေးလေးတွေနဲ့ဝိုင်းဖွဲ့ထိုင်ကြရတာ ။ စားပွဲတ၀ိုင်းနဲ့တ၀ိုင်းကလည်း ကပ်မနေဘူး။ အဲဒီတော့ ဆွေးနွေးစရာရှိတဲ့
ကိစ္စတွေဆို လွတ်လွတ်လပ်လပ် စုပေါင်းဆွေးနွေးလို့ကောင်းတယ်…..။၁၉၈၈ နောက်ပိုင်းမှာ ဒီ လဘက်ရည်ဆိုင်လေးဟာ လူပိုစည်လာတယ် ပြောလို့ရမလား မသိဘူး၊။
ထောက်လှမ်းရေးများကလည်း အချိန်ပြည့် မျက်စိ ဒေါက်ထောက်ကြည့်တတ်တဲ့နေရာပေါ့၊

ကျနော်တို့နိုင်ငံရေးအင်အားစုများသာ ပျောက်တဲ့သူ ပျောက်သွားလိုက် ...။ ပေါ်တဲ့သူပေါ်လာလိုက်နဲ့ဖြစ်နေပေမယ့် ဆိုင်လေးကတော့ ပြောင်းလဲ မသွားဘူး ။ကျနော်လည်း


ထောင်ထဲဝင်သွားပြီး ပြန်ထွက်လာတော့ မကြာခဏဆိုသလို အမှတ်တရ လဘက်ရည်ဆိုင်လေးကို ရောက်ဖြစ်ပါတယ်။ ဒီတခါထူးခြားတာက ဒီဆိုင်လေးမှာ ကျနော်နဲ့ နိုင်ငံရေးအကြောင်း
ဆွေးနွေးကြတဲ့သူတွေဟာ အရင်သူတွေမဟုတ်တော့ဘူး။နောက်ထပ်မျိုးဆက်သစ်လူငယ်တွေဖြစ်လာ ကြတယ်။ကျနော်လာတတ်တဲ့အချိန်လောက်ဆိုရင် သူတို့တတွေလည်း
ရောက်ရောက်လာတတ်ကြတယ်။မြို့ကလည်းမြို့ သေးလေးဆိုတော့ ဘယ်သူဘာလဲ ဆိုတာ သဲသဲကွဲကွဲ သိသာပါတယ်။

အခု ကျနော်နဲ့လာရောက်ဆုံစည်းတဲ့ လူငယ်တွေ ဘယ်သူဘယ်ဝှာဆိုတာကိုလည်း ကျနော်သဘောပေါက်ပြီးသားပါ၊ ကျနော်နဲ့ အမြဲစကားဝိုင်းဖွဲ့လာတတ်တဲ့ ပင်တိုင် လူငယ်


လေးဦးရှိတယ် ။သူတို့က ချမ်းမြေ့၊ထက်အောင်၊စန်းမောင်ရယ်။ ကိုသွေးရယ်။ (ကိုသွေးဆိုတာ သူ့ကလောင်နာမည်ပါ။ကျနော်တို့က တော့ သူ့ကို နာမည်အရင်းဖျောက်ပြီး ကိုသွေးပဲ
ခေါ်ကြတယ် ။)

အားလုံးက မြို့မှာရှိတဲ့ ကောလိပ်မှာ တက်နေတဲ့ ကျောင်းသားတွေ၊သူတို့မှာချစ်စရာကောင်းတာက စာအုပ်စာပေတွေ ဖတ်တတ်တဲ့အကျင့်ရှိတာရယ်၊ရိုးသားတာရယ်၊


အများအကျိုးသယ်ပိုးလို စိတ်ရှိတာရယ်က လူငယ်တွေကြားမှာ နည်းနည်းထူးခြားနေသလိုပဲ။သူတို့သိချင်တာကိုလည်း နှိုက်နှိုက်ချွတ်ချွတ် မေးတတ်သလို မသိရင်လည်း ရိုးသားစွာ
မသိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောတတ်ကြတယ်။

တနေ့ကျနော်နဲ့ အမှတ်တရ လဘက်ရည်ဆိုင်လေးထဲမှာ သူတို့လေးဦးနဲ့ ဆုံစည်းမိရာက အစ… ကိုသွေးက စကား စလာတယ်….။

“အကို.....ဒီမိုကရေစီဆိုတာကို အလွယ်ဆုံးနဲ့နားလည် အလွယ်ဆုံး ရှင်းပြပေးပါလား”

သူတို့သိချင်နေတဲ့အကြောင်းအရာကို စမေးလာတယ် ။ အားလုံးရဲ့အာရုံပြုမှု့တွေက ကျနော့်ဆီ စုပြုံရောက်လာရင်း……

“တတ်နိုင်သလောက်တော့ ရှင်းပြပေးပါ့မယ်…ဒါပေမယ့် ငါရှင်းပြချင်တဲ့ဟာတွေက ဘာမှနိုင်ငံရေးကို နားမလည်တဲ့သူတွေကို ဦး တည်ချင်တယ်…တော်လို့ သိလို့တော့


မဟုတ်ဘူးနော်..ငါသိသလောက်ကို ဖောက်သည်ချတဲ့ သဘောပါ..မင်းမေးလို့..ငါပြောပြမယ့် ဒီမိုကရေစီသဘောတရားဆိုတာကို အခြေခံအဆင့်လောက်က စကြတာပေါ့ကွာ”

“ကောင်းတာပေါ့ အကိုရာ..ကျနော်တို့က လုံးလုံးကို နားမလည်တာပါ..ဒါပေမယ့် နိုင်ငံရေးကို စိတ်ဝင်စားတယ်..ကိုယ့်နိုင်ငံကို တိုးတက်စေချင်တဲ့ ဆန္ဒတွေရှိတယ်..ဒါပေမယ့်


ကျနော်တို့ကို ကောင်းကောင်းရှင်းပြနိုင်တဲ့သူတွေနဲ့ကလည်း အလှမ်းဝေး နေတယ်လေ..စာတွေလိုက်ဖတ်ပြန်တော့လည်း.. ကောင်းကောင်းနားမလည်ဘူးဗျ..ရေးထားတဲ့စာတွေက
အရမ်းမြင့်တယ်”

ကျနော်သဘောပေါက်ပါတယ်။ဒီနေ့လူငယ်ထုမှာဖြစ်နေတဲ့ပြဿနာက အဲဒီဟာပါ၊

“ဒီလိုက.ွ .အဟမ်း..အဟမ်း..”

ကျနော်ချောင်းတချက်ဟန့်လိုက်တော့ နားထောင်နေတဲ့အထဲက ချမ်းမြေ့ဆိုတဲ့လူငယ်လေးက...

“ အကို.. ဆရာကြီးဂိုက်တွေ မပါစေနဲ့နော်.. ကျနော်တို့ မှီမှာ မဟုတ်ဘူး”

သူက ကျနော့်ကို လှမ်းနောက်လိုက်တယ်။

“မပါပါဘူးကွ..စိတ်ချပါ…ဒါပေမယ့် ပဲကိုင်တာလောက်တော့ ရှိကောင်းရှိမှာပေါ့ကွာ..(ပဲကိုင်ဆိုတဲ့ ဘန်းစကားက အိုင်တင်ခံတာကို ပြောတာပါ။) ဒါက တို့နိုင်ငံရေးလောကမှာ


စတိုင်တမျိုးဖြစ်နေတာကိုးကွ… ”

အားလုံး ၀ိုင်းရီသံတွေ ဆူညံသွားကြတယ်။

“ဒီမိုကရေစီ ဘာလို့ ပေါ်ပေါက်လာတာလည်းဆိုတော့….ဟိုတုန်းက နိုင်ငံတွေ အရပ်ဒေသတွေမှာ အုပ်ချုပ်တဲ့သူတွေက..အာဏာကို သူတို့စိတ်ကြိုက်


အသေဆုတ်ကိုင်ထားတတ်ကြတယ်။ အစဉ်အဆက်လည်း သူတို့သဘောကျပဲ လွှဲပြောင်းပေးတယ်…။ ဥပမာ..ဘုရင်စနစ်ကွာ…။ဖအေက အာဏာကို ဆုတ်ကိုင်ထားပြီး
သူသေတော့လည်း..သားတို့...ညီတို့ စသဖြင့်ပေါ့...လက်သင့်ရာ လွှဲပြောင်းပေးသွားတာ..ပြည်သူလူထုဆိုတာ..အုပ်ချုပ်သူမင်းများရဲ့ ပြုသမျှခံ ဘ၀ပဲ...။လူထုဆန္ဒဆိုတာ ဘာမှကို
မရှိတာ...။ အုပ်ချုပ်သူ ဘုရင်က ဒါဆို ဒါပဲ..ဒါလုပ်ဆို ဒါလုပ်ပဲ။ မှားမှားမှန်မှန.် .သူက သေစေဆို သေစေပဲ..။ရှင်စေဆို ရှင်စေပဲ..။ကောင်းစားစေဆို ကောင်းစားစေပဲ..”

ကျနော်ပြောအပြီး......ကိုသွေးက ထပ်မေးတယ်။

“အဲဒီခေတ်အခါက..ဟစ်တိုင်တို့ ဘာတို့ ရှိတယ်လို့တော့ ကြားဖူးတယ်..။လူထုက ပြောစရာ..ရင်ဖွင့်စရာတွေရှိရင်..အဲဒီဟစ်တိုင်ကနေ သွားအော်ပေါ့..။အဲဒါကိုလည်း ရှင်းပြပေးပါလား”

“အဲဒါက အားလုံးသောသူတွေ မဟုတ်ပါဘူး..အမြော်အမြင်ကြီးမားတဲ့ဘုရင်ပဲ ပြောပြော...အုပ်ချုပ်သူပဲ ပြောပြော..သူတို့က ခွင့်ပြုထားတာပါ…။တနည်းအားဖြင့် ဒါဟာ


ဒီမိုကရေစီရဲ့အစလို့လည်း ပြောမယ်ဆို ပြောနိုင်ပါတယ်”

အားလုံး ငြိမ်သက်စွာ နားထောင်နေကြတယ်။စိတ်ဝင်တစားရှိနေကြတာ သိရတော့ ကျနော်လည်း တော်တော် အားတက်လာတယ်။

“လူထုရဲ့ဆန္ဒကို အုပ်ချုပ်သူက အသိမှတ်ပြုလာရတော့တာပေါ့ကွာ…ဒါပေမယ့်လည်း သက်ဦးဆံပိုင် အုပ်ချုပ်သူတော်တော်များများကတော့ မရပါဘူး..သူတို့လုပ်ရပ်


မှန်မှန်မှားမှား..သူတို့နဲ့ဆန့်ကျင်ဘက်ဖြစ်လာရင်..အရေးယူအပြစ်ပေးတာပဲ..။ဝေဖန်လို့မရဘူး..။ ပဒေသရာဇ် အာဏာရှင်စနစ်ပ.ဲ .တချက်လွှတ်အမိန့်ပ.ဲ .အာဏာက သူ့တို့ပါးစပ်ဝမှာလေ”

“ဒါဆို အခု နအဖ စစ်အာဏာရှင်များလိုပေါ့”

စကားတလုံးမှ ၀င်မပြောဘဲ ငြိမ်နားထောင်နေတဲ့ ထက်အောင်က အခုမှ ၀င်မေးလာ တော့..ကျနော်က ထက်အောင်ဘက်ကို လှည့်ကြည့်ရင်း…..

“ သေချာတာပေါ့… နအဖ ဗိုလ်ချုပ်မှုးကြီးကိုယ်တိုင်က ဘုရင်ကြောင်..ကြောင်နေတာကိုး.. သူတို့အတွေးအခေါ်တွေက လွန်ခဲ့တဲ့ နှစ်ရာနဲ့ချီ ကျန်ရစ်နေပြီကွာ..နအဖကို ခဏထားပါဦး။


အဲဒီကို မရောက်သေးဘူး”

ဘေးနားမှာရှိတဲ့ချမ်းမြေ့က ထက်အောင်ကို တံတောင်နဲ့အသာလေး လှမ်းတွတ်လိုက်တယ်..။ မင်းကလည်း လျှာကိုရှည်တယ်ဆိုတဲ့သဘော။

“ဒါပေမယ့် အဲဒီ့ သက်ဦးဆံပိုင် ဘုရင်ကို မကြိုက်လို့ ပုန်ကန်ခြားနားတဲ့သူတွေလည်းရှိတယ်…ခက်တဲ့တချက်က အဲဒီပုန်ကန်ခြားနားသူများက အာဏာကို


ဆုပ်ကိုင်လိုက်ပြီဆ.ို .သူတို့လည်း ဘာမှထူးမလာဘူး..။အရင်အုပ်ချုပ်သူ ဘုရင်လိုပဲ ဖြစ်လာတော့ တယ်..။ အစားထိုးစရာ စနစ်မရှိဘူး..။ဒါနဲ့ပဲ သံသရာလည်နေတာ..။ အဲဒီစနစ်နေရာမှာ
အစားထိုးဖို့ တော်လှန်တဲ့အတွေးအခေါ် သူတို့မှာမရှိကြဘူး..။ အာဏာမှန်သမျှကို အုပ်ချုပ်သူကပဲ ချုပ်ကိုင်ထားတယ်လေ”

သောက်လက်စ မီးသေနေတဲ့ဆေးပေါ့လိပ်တိုလေးကို မီးညှိလိုက်ရင်း သုံးဖွာလောက် ဖွာထုတ်ပစ်လိုက်တယ်။တန်းလန်းဖြစ်သွားတဲ့ စကားစကို ပြန်ကောက်ရင်းက…..

“နောက်တော့ ဘီစီ၅၀၈လောက်မှာ ဂရိနိုင်ငံ အေသင်မြို့သားတွေက တော်လှန်တဲ့အတွေးအခေါ်တရပ်ကို စတင်ခဲ့ကြတယ်ကွ…။အဲဒါကတော့ ..ဒီမိုကရေစီအတွေးအခေါ် အစပေါ့…။


သဘောကတော့ကွာ..အာဏာကို အုပ်ချုပ်သူတွေဆီမှာ ပုံအပ်ထားတဲ့ အစဉ်အလာကြီးကို ရိုက်ချိုးပစ်ပြီး အာဏာကို ပြည်သူကပဲ ပိုင်စိုးရမယ် ဆိုတာကို ပုံဖော်ခဲ့ကြတာလေ ။
ပြည်သူအားလုံး တန်းတူညီမျှမှု့ရှိရမယ်၊ ပြည်သူအားလုံး လွတ်လပ်မှု့ရှိရမယ်ဆိုတဲ့ အခြေခံတရားတွေပါ ပေါ်ထွန်းလာခဲ့တယ် ”

ငြိမ်နားထောင်နေတဲ့ ချမ်းမြေ့ဆီက စကားသံထွက်လာတယ်…..


“ ကျနော် သိပ်မရှင်းဘူး ဖြစ်နေတယ် အကိုရ… အာဏာကို ပြည်သူက ဘယ်လိုပိုင်စိုးရမှာလဲ…”

“အရင်တုန်းက တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ပဲ ပြောပြော။ အုပ်ချုပ်သူပဲ ပြောပြော ။ သူက အထွတ်အထိပ် အာဏာကို သူလိုချင်သလို သုံးစွဲခဲ့တယ် ။ သူ့သဘော သူ့ဆန္ဒ သူ့အလိုကျ
ကနေ..ပြောင်းပြန်ဖြစ်သွားတယ်ပေါ့ကွာ။ တိုင်းပြည်မှာရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်သူကပဲဆုံးဖြတ်ပေးရမယ်…ပြည်သူကပဲ တာဝန်ခံပေးရမယ်..အုပ်ချုပ်သူဆိုတာ..ပြည်သူခိုင်းတာပဲ
လုပ်ရမယ်..အုပ်ချုပ်သူက သူ့သဘော သူ့ဆန္ဒနဲ့ သူလုပ်ချင်ရာ လုပ်လို့မရဘူးလို့ ဆိုလိုတာ.. အဲဒါကို ဒီမိုကရေစီလို့ ခေါ်တာ.. ဒီမိုကရေစီရဲ့အဓိပ္ပါယ်ကိုက ပြည်သူ့အုပ်ချုပ်ရေး...တဲ့ ”

ငြိမ်နားထောင်နေတဲ့ စန်းမောင်ဆီက စကားသံ ထွက်လာတယ်…..။


“ ပြည်သူက အများကြီး ။ ဘယ်လို လုပ် အုပ်ချုပ်မှာလဲ အကိုရ.. ။ အကုန်လုံး အုပ်ချုပ်လုပ်ကိုင်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ..။ ဒီ လူအများကြီး ရဲ့တူညီတဲ့သဘောဆန္ဒတွေကို ရဖို့ …
ဘယ်လို စုရုန်းကြမလဲ.. ဘယ်လို ဆုံးဖြတ်လုပ်ကိုင်ကြမလဲ.. တခုခု လုပ်မယ်ကြံတိုင်း..လူတွေအများကြီး လာကြ ဆွေးနွေးကြ....တိုင်ပင်ကြ..ဆုံးဖြတ်ကြဆိုတာ..ဒီနေ့လို ခေတ်မှာ သန်း
ပေါင်းများစွာ ရှိတဲ့ လူတွေနဲ့ဆို ဘယ်လွယ်လိမ့်မလဲ..အဲဒါ ဘယ်လိုလုပ်ကြတာတုန်း”

ကျနော် တော်တော်ဝမ်းသာသွားတယ် ။ စန်းမောင် ရဲ့အမေးဟာ သိပ်ထိမိတဲ့အမေး…။ သူ့ရဲ့ပုခုံးကို လှမ်းပုတ်ရင်း…

“လူငယ်ဆိုတာ..ဒီလိုမှက.ွ .ကိုယ်သိချင်တာကို ရိုးရိုးသားသား..မေးနိုင်ရမယ်..။ဒါမှသိမှာ..။ငါမဖြေနိုင်ဘူးဆိုရင်..ဖြေနိုင် အောင် စာတွေလိုက်ရှာကြည့်မယ်..။လူပုဂ္ဂိုလ်တွေ


လိုက်မေးကြည့်မယ်..။ ပြီးရင် ငါပြန်ပြောပြမယ်..။ငါလည်း မသိတာကို သိချင်ဟန် ဆောင်ရတာ မုန်းတယ်……ငါလည်း အများကြီးတော့ မသိပါဘူးကွာ..အမေရိကန် သမ္မတကနေဒီ
ပြောသွား သလိုပါပဲ…။
လောကမှာ ကျနော် မသိတာဟာ သမုဒ္ဒရာကြီးဆိုရင်.. ကျနော်သိတာဟာ ရွက်လှေလေးတစ်စီးပါ..တဲ့။

“ ဒီမိုကရေစီဆိုတဲ့ အတွေးအခေါ်တရပ် မွေးဖွားနိုင်လိုက်တဲ့အခါ..တိုက်ရိုက်ဒီမိုကရေစီနဲ့ ကိုယ်စားပြုဒီမိုကရေစီဆိုတာ တခါထပ်ပြီး ရှိလာပြန်တယ် ”

ချမ်းမြေ့က လှုပ်လှုပ်ရွရွ ဖြစ်လာပြီး မေးမယ်အလုပ.် ......။

“ချမ်းမြေ့......မင်းမေးမှာ ငါသိတယ်တယ်...ဆက်ပြောပါ့မယ်..။ တိုက်ရိုက်ဒီမိုကရေစီဆိုတာကတော့….ဆုံးဖြတ်လုပ်ကိုင်ရမယ့်ကိစ္စ တွေကို လူထုကြီးက စုဝေးပြီး


လုပ်ဆောင်တဲ့အရာပေါ့ကွာ။ ဒါပေမယ့် လူဦးရေ နည်းနည်းလေးသာ ရှိတဲ့နေရာတွေအတွက် ပြဿနာ မရှိပေမယ့် .....ဒို့နိုင်ငံလို လူဦးရေ အများကြီး ရှိနေတဲ့ အခါကျတော့
ပြဿနာရှိတာပေါ့ ။ ဘယ်လိုလုပ် လူတွေ စုဝေးနိုင်လိမ့်မလဲ…။ တခါ တိုင်းရေးပြည်ရာ ကိစ္စဆိုတာကလည်း တခါတည်းနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ဘူးလေ ။ အမြဲတန်းလောက်ရှိနေတာပဲ..။
အဲဒီအခါမှာ အခက်အခဲတွေ ရှိလာ တယ်………။ အဲဒီလိုဆိုတော့ ကိုယ်စားလှယ်တွေ ရွေးချယ်ရတော့တာပေါ့..။ အုပ်စုလိုက် ဒါမှမဟုတ် ဒေသအလိုက် ကိုယ်စားလှယ်တွေကို လူထုက
ရွေးပေးရတယ်..။ လူထုကလည်း သူ့ကို တာဝန်ခံ ရွေးပေးရသလို ကိုယ်စားလှယ် လုပ်သူကလည်း လူထုအတွက် လူထုဖြစ်စေချင်တဲ့ဆန္ဒတွေကို အကောင်ထည်ဖော်ပေးရတယ်..။
ကိုယ်စားလှယ်ဆိုတာ လူထုအများကြီးကို ကိုယ်စားပြုပေးရတဲ့ အနည်းစုလေး ဖြစ်သွားတာပေါ့။ အဲသလို လုပ်လိုက်တော့ လူတွေ အများကြီး စုရုံးစုဝေး စရာမလိုတော့ဘူးပေါ့ကွာ..။

နောက်သဘော တခုက တို့ရပ်ကွက်ထဲမှာ သာရေးနာရေးလုပ်ဖို့  ရပ်ကွက်က ဆင့်ခေါ်လို့သွားပြီဆိုပါတော့ မင်းတို့ တအိမ်လုံး သွားကြမှာလား..မလိုပါဘူး။ ကိုယ့်အိမ်မိသားစုထဲက
တစ်ယောက်ကို လုပ်ပိုင်ခွင့်ပေးလွှတ်လိုက်တာပဲ မဟုတ်လား..။ သူက မင်းတို့မိသားစုရဲ့ ကိုယ်စားလှယ်ပေါ့”

“ရှင်းသွားပြီ..အကိုရေ...ရှင်းပြီ..အာဏာရှင်စနစ်များနဲ့တော့ကွာပါ့နော်..အာဏာရှင်စနစ်တွေက အုပ်ချုပ်သူတွေတင် မကဘူး။သူ့ဆွေစဉ်မျိုးဆက်ပါ ဘာမဆိုင်ညာမဆိုင်န.ဲ့ .အာဏာကို


ဖဲ့သုံးနေကြတာ…။နအဖပဲ ကြည့်လေ...ဗိုလ်ချုပ်မှုးကြီးက သူတင် မကဘူး..အာဏာကို သူ့မိန်းမရော..သားတွေ သမီးတွေရော..နောက်ဆုံးမြေး အထိပါ ပေးထားတာ..။သူတို့ကို
ဘယ်လူထုက ရွေးချယ်တင်မြှောက် အာဏာအပ်နှင်းထားလို့လဲ”

ကိုသွေးက စကားကို ထောက်ခံပြောရင်း ဒေါသသံတွေတောင် ပါလာတယ်။

“ဒါ့ကြောင့် အာဏာရှင်မှန်သမျှဟာ ဒီမိုကရေစီကို ကြောက်ကြတာပေါ့….. ငါကြားဖူးတာလေးတော့ ရှိတယ်က.ွ . ” ဘေးနားမှာ မျက်လုံးလေးမှေးပြီး နားထောင်နေတဲ့ ထက်အောင်က
ဝင်လာတယ်။

“ တခါက .. ဒေသတခုမှာ ပွဲတော်ကျင်းပတော့.. ဥပဒေတခုထုတ်တယ်တ.ဲ့ . ။ အဲဒီ ဥပဒေက .. ဤပွဲတော်အတွင်း မည်သူမျှ အရက်သေစာသောက်စားပြီး.. မူးယစ်ရမ်းကား ခွင့်မပြု...။
ပြုလုပ်လာပါက..ဥပဒေအရ ပြင်းပြင်းထန်ထန်..ထိပ်တုန်းခပ်ခံရမည်။
ပုံ…….သူကြီးသား သူငယ်ချင်း .....တဲ့။

ဒီလိုပဲပေါ့ကွာ”

အားလုံး ၀ါးကနဲ ပွဲကျသွားကြတယ်။အညာနေရဲ့ ပူပြင်းလှတဲ့ အပူရှိန်အောက်မှာ ကျနော်တို့ရဲ့ဆွေးနွေးပွဲ လဘက်ရည်ဝိုင်းလေးကတော့ အပူထဲက အိုအေစစ်လေးတခုလိုပါပဲ ။


ကျနော်တို့ဆွေးနွေးနေတာ အဆင့်မြင့်နိုင်ငံရေးကြီးတွေ မဟုတ်ပါဘူး ၊။ သို့သော် အဲဒီလို ဒီမိုကရေစီအခြေခံသဘောတရားလေးတွေကိုတောင်မှ လူငယ်တွေအတွက်..သိဖို
့အခွင့်အလမ်းတွေက နည်းနေတာ မဟုတ်လား၊။ နည်းနည်းလေးပဲ သိသွားပါစေဦး။ ကျနော် ကျေနပ်ပါတယ်။ သုညထက်စာရင် တစ် ဖြစ်လာတာပေါ့၊။

(ကိုးကားချက်-) http://vansangva.com/

အပိုင်း ( ၂ ) ဆက်ပါဦးမည်။

အားလုံးကို လေးစားစွာဖြင့်-

( မောင်မောင်ဝမ်း )
ပြည်သူ့နိုင်ငံရေး လူမှုရေး ကွန်ယက် ထူထောင်ဖို့ နှစ်သစ်မှာ ဒေါ်စုတိုက်တွန်း
သောကြာ, 31 ဒီဇင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်နှုတ်ခွန်းဆက် ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ်
ပြန်လည် နိုးထလာဖို့ အတွက် ပြည်သူ့နိုင်ငံရေး လူမှုရေး ကွန်ယက်ကြီးတရပ် ထူထောင်ရမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
နိုင်ငံရေးရည်မှန်းချက်တွေ ကြိုးပမ်းချက်တွေအတွက် ထောက်ခံ အားပေးတဲ့ ပြည်တွင်းပြည်ပ အစိုးရတွေ အဖွဲ့အစည်းတွေ ပြည်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြပါတယ်။
လာမယ့် နှစ်မှာလည်း ခွန်သစ် အားသစ် လုပ်ငန်းပုံစံသစ်နဲ့ ဆက်ပြီး ပူးပေါင်း ဆောင်ရွက် သွားကြဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဗွီအိုအေ မြန်မာပိုင်းကတဆင့် နှစ်သစ်
နှုတ်ခွန်းဆက် ပြောကြား ထားပါတယ်။
“နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ချိန်တွင် ကျမ၏ နိုင်ငံရေးဘ၀ဖြတ်သန်းမှုကို ပြန်လည် သုံးသပ် ကြည့်သောအခါ ပြည်သူလူထု၏ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက်
ကြိုးပမ်းသည့်ကာလ နေအိမ် အကျယ်ချုပ် ကျခံနေရသည့်ကာလ၊ ပြန်လည်လွတ်မြောက် လာသည့်ကာလ ဟူ၍ ကာလသုံးပါးကို တွေ့မြင် ရပါသည်။ ယင်းကာလ သုံးပါးစလုံးတွင်
ကျမအတွက်လည်းကောင်း၊ ကျမ၏ ရည်မှန်းချက်များအတွက် လည်းကောင်း၊ ကျမ၏ ကြိုးပမ်းဆောင်ရွက်မှုများ အတွက်လည်းကောင်း၊ ထောက်ခံသူ အားပေးသူ ကူညီသူ
အမြောက်အများ ရှိပါသည်။ နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင်များ အပါအ၀င် ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ စသည်စသည် ပါဝင်သော အဖွဲ့အစည်းများ၊ အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံ အများအပြားမှ နိုင်ငံသူ နိုင်ငံသားများ၊ ပြည်တွင်းပြည်ပမှ
ကျမတို့ တိုင်းရင်းသားပြည်သူများ ပါဝင်ကြပါသည်။ ထိုသူများ၏ ကာယကံ အားဖြင့်၊ ၀စီကံအားဖြင့်၊ မနောကံအားဖြင့် ရိုင်းပင်းကူညီခဲ့မှုများအတွက် ကျမက အထူးတလည် ကျေးဇူး
ဥပကာရ တင်ရှိပါကြောင်း အလေးအနက် ဖော်ပြအက်ပါသည်။ အထူးအားဖြင့် ယခုတကြိမ် ပြန်ရောက်လာ ရာတွင် ပိုမိုတက်ကြွနေသော ကျမတို့ လူငယ်များ အပါအ၀င် ပြည်သူများက
အင်တိုက်အားတိုက် ထောက်ခံ အားပေးမှုကြောင်း ကျမ အလွန်ဝမ်းမြောက် ကြည်နူးရပါသည်။ အမျိုးသား ပြန်လည်သင့်မြတ်မှုရရှိရေး၊ စစ်မှန်သော ပြည်ထောင်စု စိတ်ဓါတ် တဖန်
နိုးထရှင်သန်လာရေးတို့အတွက် ပြည်သူ့နိုင်ငံရေး ကွန်ယက်ကြီး တရပ် ထူထောင်ခြင်းဖြင့် ကျမတို့ မဖြစ်မနေ ကြိုးပမ်းရပါဦးမည်။ မင်္ဂလာနှစ်သစ်တွင် ခွန်သစ်အားသစ် လုပ်ငန်း
ပုံစံသစ်ဖြင့် တိုင်းရင်းသားပြည်သူ အားလုံး လက်တွဲလုပ်ဆောင်ကြပါစို့လို့ နှိုးဆော်ရင်း နုတ်ခွန်း ဆက်သ လိုက်ပါသည်။ ဒီမိုကရေစီရေး မုချ အောင်မြင်ရမည်။”
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဗွီအိုအေ မြန်မာပိုင်းကနေတဆင့် နှစ်သစ် နှုတ်ခွန်း ဆက်သခဲ့တာ ဖြစ်ပါတယ်။
နှစ်သစ်ကို ကမ္ဘာတ၀ှမ်းကြိုဆို
သောကြာ, 31 ဒီဇင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ဒီကနေ့ဟာ ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ဖြစ်တာမိုလို့ ကမ္ဘာတ၀ှမ်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပ၊ ကောင်းကင်ပေါ်မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်လို့ နှစ်သစ်ကို
ကြိုဆိုနေကြပါတယ်။ ကမ္ဘာ့နိုင်ငံတွေထဲမှာတော့ ပစိဖိတ် သမုဒ္ဒရာထဲက ကီရီဘာတီ ကျွန်းနိုင်ငံလေးက အစောဆုံး နှစ်သစ်ကို ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံသားတွေလည်း အော်ကလန်မြို့တော် အပါအ၀င် နိုင်ငံတ၀ှမ်း မြို့တွေမှာ ရင်သက်ရှုမောဖွယ် မီးရှူးမီးပန်းတွေနဲ့ ၂၀၁၁ ခုနှစ်ကို ကြိုဆိုခဲ့ကြတာပါ။
သြစတြေးလျနိုင်ငံမှာတော့ ဆစ်ဒနီမြို့မှာဆိုရင် ဟာဗာ တံတားပေါ်က မီးရှူးမီးပန်း အလှပြ ပစ်ဖောက်မှုကို လူ ၁ သန်းခွဲမက လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဒူဘိုင်းနိုင်ငံမှာဆိုရင်လည်း ည
၁၂ နာရီရောက်တာနဲ့ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော် အဆောက်အဦးရဲ့ ဘက်ပေါင်းစုံကနေ မီးရှူးတွေကို ပစ်ဖောက်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာတော့ နှစ်သစ်ကူး မတိုင်ခင် ရက်မှာပဲ သမ္မတ
ဟူးကျင်းတောင်က သူ့နိုင်ငံသူနိုင်ငံသားတွေကို မိန့်ခွန်းပြောခဲ့ပြီး နိုင်ငံရဲ့ ပြည်ပထွက်ကုန်ကို အမှီပြုတဲ့စီးပွားရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရင်းနဲ့ နိုင်ငံတကာနဲ့ ပိုပြီးတော့
ငြိမ်းချမ်းတဲ့ ဆက်ဆံရေး တည်ဆောက်မယ်လို့ ကတိပြုသွားပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာတော့ ရင်ပြင်နီမှာ ၂၀၁၁ ခုနှစ်ကို ကြိုဆိုခဲ့ကြပြီး နောက်သိပ်မကြာခင်မှာပဲ နှစ်သစ်ကူးချိန်ကို ရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံက လန်ဒန်မြို့တော့ သိမ်း
မြစ်ကမ်းမှာ လူထုက ဘိတ်ဘန် နာရီစင်ကြီးက ၁၂ ချက်တီးသံနဲ့အတူ မီးရှူးမီးပန်းတွေကို အားပေးခဲ့ကြပါတယ်။ ဗာတီကန်စီးတီးမှာတော့ စိန့်ပီတာ ရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီး
ဘန်းနဒစ် က ၀တ်ပြုဆုတောင်းပွဲ ကျင်းပပေးခဲ့ပြီး နှစ်ဆန်း ၁ ရက်နေ့မှာလည်း စုပေါင်း ၀တ်ပြုဆုတောင်းကြဦးမှာပါ။
ကမ္ဘာ့ အကျော်ကြားဆုံး နှစ်သစ်ကူး ပွဲတော်ကတော့ နှစ်သစ်ကူးချိန်ကျရောက်ဖို့ ၆ နာရီလောက်လိုသေးတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ တိုင်းမ်
စကွဲယား ရင်ပြင်မှာ လူပေါင်း ၁ သန်း လာရောက်စုဝေးပြီး မိုးပေါ်ကကျလာမယ့် အရောင်တလက်လက်ထနေတဲ့ ဘောလုံးတွေကို စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။

လွတ်လပ်ရေးကျိန်စာ
By ဦးအောင်ခင် & မညိုညိုလွင် သောကြာ, 31 ဒီဇင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
လာမယ့် အင်္ဂါနေ့ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတာ (၆၃) နှစ် ရှိသွားပါပြီ။ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား လွတ်လပ်ရေးရတာလည်း အနှစ် (၆၀) ကျော်ပါပြီ။ မလေးရှားကတော့
၁၉၅၇ မှာ လွတ်လပ်ရေးရတာမို့ ဗမာထက် (၉) နှစ်ကျော် နောက်ကျပါတယ်။ အခုတော့ ဒီနိုင်ငံတွေအားလုံး မြန်မာပြည်ထက် အများကြီး သာနေတာကို တွေ့ရပါတယ်။ ကိုလိုနီခေတ်ရဲ့ 
လူမှုဒုက္ခတွေဟာ အခုလောက် မဆိုးကြောင်း အင်္ဂလိပ်ခေတ်မှီလိုက်ကြတဲ့ လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ လွတ်လပ်တဲ့နိုင်ငံသားတွေက ကိုလိုနီခေတ်ကို
ပြန်လည်တမ်းတနေတာဖြစ်လို့ လွတ်လပ်ရေးရတာဟာ ကျိန်စာသင့်သလို ဖြစ်နေပါတယ်။
လွတ်လပ်တဲ့ မြန်မာပြည်ရဲ့  ထင်ရှားတဲ့ အသွင်လက္ခဏာတခုက မိမိအာဏာတည်မြဲရေးကို အဓိကထားတာပါ။ ဒီနေရာမှာ ဗမာမင်းလက်ထက်နဲ့ အတော်တူနေပါတယ်။ သီပေါမင်းဟာ
မိမိအာဏာတည်မြဲဖို့ဆိုရင် လူကြီးကလေးပါမကျန် သတ်ပစ်ပါတယ်။ မင်းအဆက်ဆက် အသစ်တက်တိုင်း အန္တရာယ်ပေးနိုင်တဲ့ ပြိုင်ဘက်တွေအားလုံး အသတ်ခံရတာ မြန်မာ့ဓလေ့ပဲလို့
အင်္ဂလိပ်အရာရှိ Sir J.G. Scott က လွန်ခဲ့တဲ့ အနှစ်တရာကျော်လောက်က သုံးသပ်ခဲ့ပါတယ်။ အခုခေတ် မြန်မာပြည်မှာတော့ အန္တရာယ်ပေးနိုင်တဲ့ မင်းလောင်းတွေကို အရင်လို
သတ်မပစ်ဘဲ ထောင်သွင်းအကျဉ်းချပြီး နှိပ်စက်ညှဉ်းပန်းပါတယ်။
ကိုလိုခေတ်မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေချမ်းသာပြီး မြန်မာပြည်သူပြည်သားတွေ ဆင်းရဲကြပါတယ်။ ရန်ကုန်စီးပွားရေးလောကကို အိန္ဒိယအနွယ်ဝင်တွေ လွှမ်းမိုကြပြီး
မန္တလေးစီးပွားရေးလောကကို တရုတ်တွေကြီးစိုးကြပါတယ်။ အခုခေတ် မန္တလေးဟာလည်း တရုတ်မြို့ တော် ဖြစ်နေသလို ကိုလိုနီခေတ် ရန်ကုန်ဟာ ဟိန္ဒိုမြို့ တော် ဖြစ်ခဲ့ပါတယ်။
ဟိန္ဒိုစကားမတတ်ရင် ရန်ကုန်မြို့ မှာ လူရာမဝင်ပါဘူး။ ကိုလိုနီခေတ် မြန်မာပြည်ကို အင်္ဂလိပ်အရာရှိတစုက အုပ်ချုပ်ပြီး ယနေ့မြန်မာပြည်ကို ဗမာစစ်ဗိုလ်တစုက အုပ်ချုပ်ပေမယ့်
အနှစ်သာရကတော့ အတူတူပါ။ လူတစု ကြီးပွားချမ်းသာရေးအတွက် ပြည်သူလူထုအများစု အနစ်နာခံနေကြရပြီး နိုင်ငံခြားကုမ္မဏီတွေနဲ့ အစိုးရအသိုင်းအဝိုင်းသာ
ကြီးပွားချမ်းသာနေကြပါတယ်။
တိုင်းသူပြည်သားတွေ မလွတ်လပ်ရင် လွတ်လပ်ရေးမရသေးဘူးလို့ ဗိုလ်ချုပ်အောင်ဆန်းက ယုံကြည်ပါတယ်။ ဂျပန်ခေတ် ၁၉၄၄ သြဂုတ်လ (၁) ရက်နေ့ ရန်ကုန်ဂျူဗလီခန်းမမှာ
ကျင်းပခဲ့တဲ့ လွတ်လပ်ရေးနှစ်လည်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့မိန့်ခွန်းဟာ အခုခေတ်ကို ပြောသလို ဖြစ်နေတာကို တွေ့ရပါတယ်။ “တိုင်းသူပြည်သားတွေဟာ
လွတ်လပ်ရေးအရသာကို မခံစားရသေးဘူး၊ ခံစာရသူတွဟာ လူနည်းစုသာဖြစ်တယ်။ အဲဒီလူနည်းစုဟာ ဘယ်သူတွေလည်းဆိုရင် ကျနော်အပါအဝင် အထက်ပိုင်းက
အစိုးရအရာရှိကြီးတွေ၊ ဒီလူတွေကို ကပ်မြှောင်နေပြီး စားသောက်နေသူတွေ၊ အမြတ်အစွန်း ကြီးကြီးယူပြီး လူတွေရဲ့  ဒုက္ခကို ရင်းနှီးပြီး စီးပွားရှာနေတဲ့ ခေတ်ပျက်သူဌေးတွေ၊
ဒီလူတွေလောက်ပဲ လွတ်လပ်ရေးအရသာကို ခံစားရတယ်။ လွတ်လပ်ရေးဟာ အများသိကြတဲ့အတိုင်း စာပေါ်မှာ ရေးထားတဲ့ လွတ်လပ်ရေးပဲ ရှိသေးတယ်။ ကျုပ်တို့ရှေ့ ဆက်ပြီး
စခန်းသွားနိုင်၊ စွန့်စားနိုင်မှ လွတ်လပ်ရေး အကောင်အထည်ကို မြင်ရလိမ့်မယ်” လို့ ဂျပန်စစ်တပ်အောက်က လွတ်လပ်ရေးအကြောင်း ပြောသွားခဲ့ပါတယ်။
လက်တစုပ်စာ လူနည်းစုက ပြည်သူလူထုအများစုကို အုပ်ချုပ်တဲ့အခါ စစ်တပ်ကို အားကိုးရပါတယ်။ ကိုလိုနီအစိုးရအဖို့ တိုင်းပြည်တပြည်လုံး ငြိမ်ဝပ်ပြီး ပိပြားနေပြီး
ကိုယ်လိုချင်တာကိုရဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ မြန်မာပြည်ကို ခေတ်မီနိုင်ငံဖြစ်အောင်လုပ်ဖို့ စိတ်မကူးပါဘူး။ မြန်မာတပြည်လုံးကို သိမ်းပိုက်လိုက်တဲ့ ၁၈၈၅ ခုနှစ်ကစပြီး ၁၉၄၇
ခုနှစ်မှာ ဂျပန်ရောက်လာတဲ့အထိ နှစ်ပေါင်း (၆၀) နီးပါး ကျင့်သုံးခဲ့တဲ့ အင်္ဂလိပ်အုပ်ချုပ်ရေးစနစ်ဟာ စစ်အုပ်ချုပ်ရေးတမျိုး ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်သုံးပြီး လူ့အဖွဲ့အစည်းတွေကို
အနိုင်ကျင့်တာဟာ ကိုလိုနီဓလေ့သာ ဖြစ်ပါတယ်။ ကိုလိုနီစစ်တပ်ရဲ့  တာဝန်ဟာ ကိုလိုနီအရှင်သခင်တွေရဲ့  အမိန့်ကို နာခံဖို့သာ ဖြစ်ပါတယ်။
ယနေ့ လွတ်လပ်ရေးရတာ အနှစ် (၆၀) ကျော်လာပေမယ့် မြန်မာပြည်သူပြည်သားတွေဟာ မလွတ်လပ်သေးကြောင်း နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော်က သက်သေပြနေပါတယ်။
ဗမာစစ်အစိုးရဟာ ဗေဒင်၊ ယတြာ၊ အတိတ်နိမိတ်တွေကို ယုံကြည်ပြီး လက်နက်အားကိုးနဲ့ ကြီးစိုးနေတုန်း ဖြစ်ပါတယ်။ အတတ်ပညာရှင်၊ အသိပညာရှင်တွေရဲ့  အကြံဥာဏ်ကို
မလေးစားဘဲ ဘိုးတော်နဲ့ ဗေဒင်ပညာကို အားကိးနေတဲ့ ဗမာစစ်အစိုးရပါ။ ကွဲလွဲတဲ့ သဘောထားရှိသူတွေကို စစ်အစိုးရက ရန်သူလို သဘောထားတတ်ပါတယ်။ ကိုလိုနီအစိုးရအဖို့
တပြည်လုံး ငြိမ်ဝပ်ပိပြားနေပြီး ကိုယ်လိုချင်တာကိုရဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။
ကိုလိုနီအစိုးရနဲ့ ဖက်ဆစ်ဂျပန်အဖို့ အာဏာဆိုတာ အထက်ကလာတဲ့ အမိန့်ပါ။ အမိန့်နာခံအောင် ပြည်သူလူထုကို သွေးဆောင်ဖြားယောင်းမယ်၊ ကြောက်အောင်လုပ်မယ်၊
မဖြစ်ဖြစ်တဲ့နည်းနဲ့ ငြိမ်ဝပ်ပိပြားအောင် အမိန့်နာခံအောင် လုပ်တာဟာ အင်္ဂလိပ်နယ်ချဲ့ နဲ့ ဂျပန်ဖက်ဆစ်ရဲ့  နည်း ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာဟာ ပြည်သူလူထုဆီက လာတယ်ဆိုတာကို
အင်္ဂလိပ်နယ်ချဲ့  နဲ့ ဂျပန်ဖက်ဆစ်တွေက လက်မခံနိုင်ပါဘူး။ ဗမာစစ်အစိုးရလည်း လက်မခံနိုင်တာမို့ မြန်မာပြည်သားတွေ မလွတ်လပ်သေးဘူးလို့ ပြောနိုင်ပါတယ်။

http://www.voanews.com/burmese/news/burma/

ကျပ်နှင့် ဒေါ်လာလဲနှုန်း စံချိန်တင်ကျ


မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန္န၀ါရီ ၁၊ ၂၀၁၁
ယခု သီတင်းပတ်အတွင်း ကျပ်နှင့်ဒေါ်လာလဲလှယ်နှုန်း တရက်ထက်တရက် ကျဆင်းလာရာမှ သီတင်းပတ်မကုန်ဆုံးမီ သောကြာနေ့တွင် ကန်တဒေါ်လာ ကို ၈၆၀
ကျပ်အထိကျဆင်းခဲ့သည်ကို တွေ့ရသည်။ သီတင်းပတ် အစတွင် တဒေါ်လာ ၈၇၅ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ နေ့စဉ်ရက်ဆက် တဖြည်းဖြည်းခြင်း ကျဆင်းလာနေခြင်း ဖြစ်သည်။
ဒေါ်လာလဲလှယ်နှုန်း ကျဆင်းသကဲ့သို့ အက်ဖ်အီးစီ တယူနစ်လဲလှယ်နှုန်းလည်း ၈၀၀ ကျပ်ဝန်းကျင်တွင်သာရှိနေသည်ဟု သိရသည်။
ဒေါ်လာနှင့် အက်ဖ်အီးစီ စံချိန်တင်ကျဆင်းမှုများကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့သူများ၊ ဆန်စပါး တင်ပို့သူများနှင့် နိုင်ငံခြားငွေဖြင့်
လစာသတ်မှတ်ထားသူ နိုင်ငံတကာအန်ဂျီအိုများမှ ၀န်ထမ်းများအထိ ထိခိုက်လျက်ရှိနေပြီး နောက်ထပ်ကျဆင်းမည့် အရိပ်လက္ခဏာများလည်း ရှိနေသလို ပြည်တွင်းဈေးကွက်တွင်လည်း
ယခင်ကလို ဒေါ်လာဖြင့်ပေးချေလျင် မျက်နှာပန်းမလှတော့ဟု နိုင်ငံခြားသား ခရီးသည်လမ်းညွှန်တဥိးက ပြောသည်။
နိုင်ငံတကာမှာလည်း ဒေါ်လာတန်ဖိုး ကျဆင်းနေသော်လည်း မြန်မာကျပ်ငွေနဲ့ လဲလှယ်သည့်တန်ဖိုးက အခြားနိုင်ငံငွေကြေးတွေထက် ပိုပြီး ကျဆင်းနေသည်။ နှစ်စက တဒေါ်လာ
ကျပ် ၁ထောင်ကျော်ရှိရာကနေ နှစ်ကုန်ချိန်မှာ ၈၅၀ ကျပ်ဝန်းကျင်သာရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၁၅-၂၀ ၀န်းကျင် ကျဆင်းလာသည်ကို တွေ့ရသည်။
အမေရိကန်ဒေါ်လာ အားပျော့နေခြင်း၊ နိုင်ငံရဲ့ သယံဇာတရောင်းရသည့် နိုင်ငံခြားငွေများ စီးဝင်နေခြင်း၊ ရေအားလျှပ်စစ်၊ ရေနက်ဆိပ်ကမ်း၊ ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှု အစရှိသည့်
ရင်းနှီးမြှုပ်နှံမှုများ စတင် ၀င်ရောက်လျက်ရှိခြင်း၊ ကျောက်မျက်များ ရောင်းချနေသည့် ဈေးကွက်များထံမှ နိုင်ငံခြားငွေ စီးဝင်နေတဲ့ အချက်နှင့် ပြည်တွင်း စီပွားရေးများ နှေးကွေးနေပြီး
ဝယ်လိုအားများ ကျဆင်းနေခြင်း စသည့် အချက်တွေကြောင့် မြန်မာငွေတန်ဖိုးမြင့်မားစေသည့် အကြောင်းအရင်းများ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ပတ်သက်သည့် အချက်အလက်များ ရရှိရန် ခက်ခဲပြီး စနစ်တကျ စုဆောင်းထားရှိခြင်းလည်း မရှိသဖြင့် ကျပ်ငွေတန်ဖိုး တက်လာခြင်းအကြောင်းရင်းကို
မည်သည့် စီးပွားရေး ပညာရှင်လေ့လာသူမျှ တိကျသည့် ကောက်ချက်မထုတ်နိုင်သော်လည်း မြန်မာနိုင်ငံစီးပွားရေး ဦးတည်နေသည့် လမ်းကြောင်းကို ကြည့်ပြီး အထက်ပါ
ကောက်ချက်ချကြခြင်း ဖြစ်သည်ဟု စီးပွားရေး သတင်းအယ်ဒီတာ တဦးကပြောသည်။
ဒေါ်လာငွေနဲ့ သတ်မှတ်ပြီး လစာပေးသည့် နိုင်ငံတကာ အန်ဂျီအိုအချို့မှာမူ တဒေါ်လာ ကျပ် ၁ထောင်နှုန်းထားပြီး အပိုဆောင်းပေးခြင်း ၊ လစာပေးသည့်ငွေကို ကျပ် ၁ထောင်ဖြင့်
အရှုံးခံဝယ်ယူပေးခြင်း တို့လုပ်ဆောင်ပေးနေကြရသည်ဟု နိုင်ငံတကာ အန်ဂျီအိုမှ တာဝန်ရှိသူတဦးက ပြောသည်။
“ မြန်မာပြည်တွင်းမှာ အစိုးရရဲ့ လက်ဝါးကြီးအုပ်စီးပွားရေးကလွဲရင် အခြား ပုဂ္ဂလိကလုပ်ငန်းလည်ပတ်မှုတွေ၊ ထုတ်လုပ်မှုတွေ နည်းပါးတယ်။ ပြည်သူလူထု အများစုဟာ လက်ဝါးကြီးအုပ်
စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေရဲ့ လက်ဝေခံတွေဖြစ်နေတယ်။ ဒေါ်လာက လုပ်ငန်းရှင်ကြီးများနဲ့ စစ်အုပ်စုလက်ထဲမှာ လည်ပတ်နေပြီးတော့ ပြည်သူလူထုတွေက ဒေါ်လာက
လဲပေးလိုက်တဲ့ မြန်မာငွေစက္ကူကို သုံးစွဲနေရတဲ့ လက်ဝေခံ လူတန်းစားဘ၀ကို ရောက်နေပြီ။ မြန်မာငွေစက္ကူဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်ရေးကို ပြည်တွင်း ပြည်ပ ကုန်ကူးသန်း
ရောင်းဝယ်မှုတွေ ထုတ်လုပ်မှုတွေက လွတ်လပ်စွာ ပြဋ္ဌာန်းဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။”
ဟု ငွေစက္ကူ အရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်သူ ငွေပွဲစားတဦးက မှတ်ချက်ပေးသည်။
မြန်မာနိုင်ငံတွင် ဒေါ်လာနှင့် ကျပ်ငွေ တရားဝင် လဲလှယ်နှုန်းမှာ ၆ကျပ် ခွဲဝန်းကျင်ရှိပြီး အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များတွင်မူ ကျပ် ၁ထောင် သတ်မှတ်ကောက်ခံလျက်ရှိသည်။
အစိုးရက အမေရိကန် တဒေါ်လာနှင့် ညီမျှသည်ဟု ဆိုပြီးထုတ်ဝေထားသည့် အက်ဖ်အီးစီဈေးနှုန်းမှာ ဒေါ်လာငွေထက် လျော့နည်းနေပြီး ယခုလက်ရှိ အချိန်တွင် တစ်ယူနစ် ကျပ်
၈၀၀သာ ရှိသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် အဓိက အတားအဆီးတခုမှာ တရားဝင်ငွေလဲနှုန်းနှင့် ပြင်ပငွေလဲနှုန်း အဆပေါင်းရာချီကွာဟ
နေခြင်းဖြစ်သည်ဟု ပြည်ပရင်းနှီးမြှုပ်နှံသူများက ထောက်ပြကြသည်။

ကျနော်နှင့် ညိုမြ
မျိုးမြင့်ချို
ဒီဇင်ဘာ ၃၁၊ ၂၀၁၀
ဦးညိုမြ လက်ဘက်ရည်ဆိုင်ထိုင်လေ့ရှိမရှိနှင့် လက်ဘက်ရည်ကြိုက်မကြိုက်ကို ကျနော် အသေအချာမပြောနိုင်ပါ။ သူနှင့်ရင်းနှီး ကျွမ်းဝင်ဖို့မဆိုနှင့် လူချင်းတောင်တခါမှမတွေ့ဖူးပါ။ သြော်
… ဒါဆိ ... ဦးညိုမြကိုများ "ကျနော်နှင့်ညိုမြ" ဆိုတဲ့ခေါင်းစဉ်နဲ့ နင်တလုံး ငါတလုံး ပြောရအောင်မင်းကဘာကောင်မို့လို့လဲ စသဖြင်.့ . ထင်စရာရှိပါသည်။ တကယ်တော့ ကျနော် သူနှင့်
အမှန်ပင် အဆက်အစပ် အပတ်အသက်ရှိခဲ့ဖူးပါသည်။
ဒုတိယအကြိမ် ရေကြည်အိုင်ကိုပြန်ရောက်တော့ ၄၈၂၈ အမှုတွဲများတွင် ကျနော်က နောက်ဆုံးအဖမ်းခံရသူဟု ထင်မိပါခဲ့သည်။ သို့သော် ထိုအထင်မမှန်ကြောင်းကို ကိုဗေဒါ (ခေါ်)
ကိုမောင်မောင်အေးနှင့် အဖမ်းခံရက်တွေအကြောင်း စကားစပ်မိတော့မှ သိလိုက်ရပါသည်။ ထားတော့။ ကျနော်ပြောချင်သည်က အဖမ်းခံရစောခြင်း/နောက် ကျခြင်းအကြောင်းမဟုတ်ပါ။
ညိုမြ အကြောင်းဖြစ်ပါသည်။
ကျနော့်ကို စစ်ကြောရေးမှာထားပြီး မေးသည်။ မြန်းသည်။ စစ်ကြောရေးလုပ်သည်။ "နှိပ်စက်ညှဉ်းပမ်းခြင်း" ဆိုသည့်ဝေါဟာရ အစား အခြားတခုခုရှိလျှင်
အပြောင်းအလဲလေးဖြစ်အောင် သုံးချင်ပါသည်။ "နောက်ဆုံးလူမို့ သူခိုး ရိုးစရာ" လည်းမကျန်တော့ပါ။ သို့နှင့်တိုင် မောင်မင်းကြီးသားများက အားမရ။ ကြံဖတ်မှသကြားချက်လို့
ရသေးသည်ဟုထင်နေပုံပေါ်သည်။
တနေ့၊ ည ၁၀ နာရီလောက်ရှိမည်ထင်သည်။ ကျနော့်ကို စစ်ကြောရေးအခန်းသို့ ခေါ်ထုတ်လာပြီးနောက် အရာရှိဖြစ်ဟန် ရှိသူတယောက်က “မင်း...သိန်းတင်ကိုသိလား” ဟု
ထပ်တလဲလဲမေးသည်။ ကျနော်က မသိကြောင်းဖြေသည်။ သူက မကျေနပ်။ “မင်းနဲ့ သိန်းတင် ဘယ်နေ့ ဘယ်အချိန် ဘယ်လက်ဘက်ရည်ဆိုင်မှာဆုံခဲ့တယ်..
ဘာတွေပြောခဲ့ကြတယ်ဆိုတာ ငါတို့ အကုန် သိထားပြီးသား.ပြော..မပြောရင်နာမယ်”ဟု ကြိမ်းသည်။ ကျနော်ကလည်း မသိကြောင်း၊ မဟုတ်ကြောင်းသာ တွင်တွင်ငြင်းသည်။
နောက်တော့ သူ စိတ်တိုလာပြီး သူ့လူများအား တခုခုအချက်ပြလိုက်ပုံရသည်။ ကျနော့်လည်း လူစင်စစ်မှ ငါးဖယ်ဖြစ်သွားသည်။
အတေခံနေစဉ်မှာပဲ..
“မင်းဆွေထဲမျိုးထဲမှာ၊ မင်းသူငယ်ချင်းတွေထဲမှာ၊ မင်းနဲ့နိုင်ငံရေးလုပ်ကြတဲ့သူတွေထဲမှာ၊ မင်းအသိ တွေထဲမှာ သိန်းတင်ဆိုတဲ့ နာမည်နဲ့ကောင် တကောင်ကောင်တော့
ရှိကိုရှိရမယ်..ပြောပါ.. မင်းအခုမပြောလည်း နောက်တော့ ပြောလာရလိမ့်မယ်...မင်းတို့လို ကိုင်းဖျားကိုင်းနားတွေမပြောနဲ့ မင်းတို့ဆရာကြီးတွေတောင် ဒို့ရှေ့ရောက်ရင် အကုန် အန်ထုတ်
ပေးသွားကြရချည်းပဲ..ကဲ..ပြောတော့” တဲ။့
နောက်ဆုံး ကျနော်လည်း မခံနိုင်တော့။
“ကျနော်သိတဲ့ သိန်းတင်တယောက်တော့ ရှိပါတယ်”
ဟု ပြောလိုက်ရတော့သည်။
လူလည်း ကုလားထိုင်ပေါ်ပြန်ရောက်လာသည်။
“အဲလိုလုပ်စမ်းပါကွာ... ဟေ့ကောင်တွေ ရေလေးဘာလေးတိုက်လိုက်”
ဟု စကားသံအဆုံးမှာ ကျနော်ရေတခွက်ရသည်။
“ကဲ...ပြော.. အခု အဲဒီ သိန်းတင် ဘယ်မှာလဲ..”
ကျနော်က...
“အဲဒါတော့ ကျနော် မပြောတတ်ဘူး...”
“ဒါဆိုလည်း မင်းသိသမျှပြောကွာ” ဟုပြောပြီး ခေါင်းစွပ်လည်းချွတ်ပေးခိုင်းပါသည်။
“ကျနော်သိတဲ့ သိန်းတင်က ညိုမြပါ..” ကျနော့်စကားမဆုံးသေး၊
“အေး..ငါတို့လည်းသိတယ်။ ငါတို့လည်းသိတယ်..အဲဒီ ညိုမြဆိုတဲ့ ကောင်က.ို . အဲဒီ ယူဂျီကောင်တွေ နာမည်အမျိုးမျိုး မှတ်ပုံတင်အမျိုးမျိုးကိုင်ထားတာ.. ဟုတ်ပြီဆက်ပြော..”
ဆိုတော့ ကျနော်က ဆက်ပြော သည်။
“သူ..သေတာကြာပါပြီ”
“ဘယ်သူသတ်လို့လည်း”
“ဘယ်သူမှမသတ်ပါဘူး.. သူ့ဟာ သူသေတာပါ..”
“ဘယ်တုန်း လောက်ကလဲ...”
“ကျနော်လည်း အသေချာတော့မမှတ်မိတော့ပါဘူး..ကြာတော့ကြာပြီ”
“ခွေးမသား..လုပ်လာပြန်ပြီ.. ဟေ့ကောင်တွေ...”
ဟု ဆိုသည့် စကားသံပင်မဆုံးလိုက်... ငါးဖယ်ဖြစ်သွားပြန်သည်။
ကျနော်က..
“တကယ်ပြောတာပါဗျာ.. သူ သေပါပြီ...သူက နတ်ဝါသနာပါလို့ သူ့မိတ်ဆွေတချို့က သူသေတော့ နတ်ဖြစ်ပါစေတော့ဆိုပြီး သံလျင်ကျောက်တန်းဘက်မှာ သူ့ အတွက်
နတ်ကွန်းလေးတောင် ဆောက်ထားပေးတယ်လို့ ကြားဖူးပါတယ်”
ဆိုကာ ဗလုံးဗထွေးတွေပြန်ဖြေနေသည်။
နောက်တော့ ဘာတွေဆက်ဖြစ်လည်း ကျနော်မသိတော့။
တရေးနိုးတာလိုလိုဘာလိုလို အိပ်ချင်မူးတူးဖြင့်ပြန်နိုးလာတော့ ကျနော့်အခန်းလေး ထဲပြန်ရောက်နေသည်။ လူလည်းနာကျင်နေသည်။
ထိုနေ့မှာပဲ စစ်ကြောရေးကနေ ထောင်သို့ပို့သည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ထောင်ထဲမှာ အခြားသူတွေလို ကျနော်လည်း စစ်ကြောထပ်ခံရပါ၏။ သို့သော် သိန်းတင်အကြောင်း
မေးလည်းမမေး။ ပါလည်းမပါတော့။ ကျနော်ကသာ ထို သိန်းတင်ကို သိချင်နေသည်။
နောက်တော့ စစ်ဗိုလ်ကြီး ၃ ဦးနှင့်ဖွဲ့ထားသည့် နွားထီး ၅ ကျပ် နွားမ ၅ ကျပ်၊ ၅ မိနစ် တရားသို့ရုံးတင်သည်။ တရားခွင်မှာ တရားလိုထောက်လှမ်းရေးအရာရှိက
တရားသူကြီးများအားဖတ်ပြသည့် စွဲချက်များထဲတွင.် . ကျနော်နှင့်သိန်းတင် ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်က ဘယ်လက်ဘက်ရည်ဆိုင်တွင်ဆုံပြီး အစိုးရဆန့်ကျင်ရေးတွေ၊
ယူဂျီလုပ်ငန်းတွေ တိုင်ပင်ကြသည်...။ ကျနော့်ကို သိန်းတင်က ဘာညွှန်ကြားချက်တွေပေးပြီး တောထဲပြန်သွားသည်...။ မပြန်ခင်မှာ ကျနော့်ကို သူ့ကျန်းမာရေး
လည်းမကောင်းတော့ကြောင်း... တရားထိုင် တရားမှတ်တွေလုပ်နေကြောင်း ပြောသွားခဲ့သည် ... စတာတွေပါလာတော့မှ ကျနော်လည်း သဘောပေါက်တော့သည်။ ကျနော်
ရယ်ချင်နေသည်။ မရယ်ရဲ။
ဦးညိုမြခမျာ လက်နက်ကိုင်တော်လှန်သည့်ကွန်မြူနစ်တစ်ဦး ဖြစ်ခဲ့ရရုံမျှမကသေး ကျနော့်ကို အစိုးရဆန့်ကျင်ရေးနှင့် ယူဂျီ (မြေအောက်တော်လှန်ရေး)လုပ်ငန်းသဘောတရားများ
ပို့ချခဲ့သည့်အပြင် ဘယ်ကနေဘယ်လို တရားထိုင်တရားမှတ်ရင်း နတ်ဇာတ်အသွင်းခံရမှန်းလည်းမသိ အသွင်းခံလိုက်ရသေးသည်။
ကျနော်တို့ကား တရားလက်ကိုင်မရှိသူတို့၏ ဓါးမ(ဒါးမ)အောက်တွင် လက်ဘက်ရည်ဆိုင် အတူထိုင်ဖက်များ။
၁၉၈၅ခု စက်တင်ဘာလ ၂၉ရက်နေ့တွင် မြန်မာပြည်၏ စာနယ်ဇင်းအကျော်အမော်၊ စာရေးဆရာကြီး ဦးညိုမြ (လူအမည် - ဦးသိန်းတင်) ကွယ်လွန်ခဲ့ပြီးဖြစ်သည်။

ရင်ထဲကဆည်းဆာရိပ်
သန်းမြင့်အောင်
ဒီဇင်ဘာ ၃၁၊ ၂၀၁၀
နှင်းဆီအိမ်ဆိုတဲ့ ခြံတခါးဝကဆိုင်းဘုတ်ကလေးကိုမြင်လိုက်တာနဲ့ “ပြင်ဦးလွင်မြို့ကိုရောက်ရင်တခြားဘာမှမလုပ်နဲ့ ဆည်းဆာရိပ်အကြောင်း ကို အရင်ရေးဟာ။ အဲဒီဆောင်းပါး
မရေးဖြစ်မချင်း ညီမ မပြန်နဲ့” ဆိုတဲ့ မမဝင်း(ဆရာမကြီးဒေါ်ကလျာ)ရဲ့စကားကို ဖျတ်ကနဲ သတိရ လိုက်ပါတယ်။
@font-face { font-family: "Times New Roman"; }@font-face { font-family: "Zawgyi-One"; }@font-face { font-family: "Calibri"; }p.MsoNormal, li.MsoNormal,
div.MsoNormal { margin: 0in 0in 10pt; line-height: 115%; font-size: 11pt; font-family: Calibri; }table.MsoNormalTable { font-size: 10pt; font-family: "Times New
Roman"; }div.Section1 { page: Section1; }

ကွှန်မက အစ်မကြီးတွေ မမဦး(ဆရာမကြီး ဒေါ်ခင်ဆွေဦး) မမဝင်းကို ဇူလိုင်လမှာပြင်ဦးလွင်မြို့ကို လိုက်ပို့ပေးမယ်ဆိုတဲ့ ကတိအတိုင်း ခုတော့ရောက်ခဲ့ပါပြီ။ မန္တလေးနဲ့ပြင်ဦးလွင်မြို့
လာစရာကိစ္စတွေကလည်း သုံးမျိုးထက်မနည်းရှိနေလေတော့ တစ်ချက်ခုတ် လေးချက်ပြတ်လို့ပဲ ပြောရလေမလားဘဲ။
ကျွန်မနဲ့ညီမစုထား (Dr ထားထား) တို့ သုခရိပ်မြုံကိစ္စအတွက် သွားလာတွေ့ဆုံဆွေးနွေးစရာတွေ၊
ကျွန်မ၏မိသားစု ကိုယ်ရေးကိုယ်တာကိစ္စ၊
မန္တလေးက ညီမကြီးဝင်း၏ တူမသမီး၊ ကျွန်မတို့၏တူမလေး စုရတနာ၏မင်္ဂလာကိစ္စ၊
ပြင်ဦးလွင်မြို့က လူမှုရေးလုပ်ဖေါ်ကိုင်ဘက်မောင်နှမများနှင့်တွေ့ဆုံရန်စတဲ့ အကြောင်းကြောင်းတွေကြောင့် အစ်မနှစ်ယောက်ကို ယခုတော့ ပြင်ဦးလွင်မြို့သို့ပို့ဖြစ်ခဲ့ပါပြီ။
ပြန်ခေါ်လာပါမည်ဟု ကတိမရှိခဲ့ပါဟူသော အကြောင်းပြချက်ဖြင့် သူတို့ပြင်ဦးလွင်မြို့တွင်နေပြီးစာရေးကြမည့် တစ်ပတ်(သို့မဟုတ)် ၁၀ ရက်ကိုဖြင့် ကျွန်မစောင့်နိုင်တော့ဘဲ နှစ်ရက်နှင့်
ရန်ကုန်ပြန်ပြေးရပေတော့မည်။ ကျွန်မနှင့်စုထား နှစ်ယောက်လုံးက သုခရိပ်မြုံဂေဟာနှင့်ဆည်းဆာရိပ်ဂေဟာမှ ရက်ရှည်ခွာ၍မရသောသူများ….။
ကျွန်မတို့ ခရီးစထွက်ခဲ့သည့် ၂၂-၇-၂၀၁၀ နေ့တွင် သုခရိပ်မြုံမှ သားလေးသုံးယောက်က ဝေဘာဂီဆေးရုံတွင် ဆေးရုံတင်ထားရပြီး ဆည်းဆာရိပ်မှအဖွားအိုတစ်ယောက်ကိုလည်း
မြောက်ဥက္ကလာပဆေးရုံတွင် တင်ထားဆဲဖြစ်သည်။
မလာမဖြစ်သောကိစ္စများကြောင့်သာ ထွက်လာရသော်လည်း နှစ်နေရာလုံးကို စိတ်ကရောက်နေသည်။ အထူးသဖြင့် ယခုမှစတင်ဆဲဖြစ်သောဆည်းဆာရိပ်မှ အဖိုးနှင့်အဖွားများ..။

”ဆည်းဆာရိပ်” က သက်တမ်းအလွန်နုနယ်ပါသေးသည်။
စေတနာမေတ္တာကြီးမားသော အလှူရှင်မိသားစုများ၏ပံ့ပိုးမှုကြောင့်သာ ကျွန်မတို့ စတင်အကေင်အထည်ဖေါ်နိုင်ကြခြင်းဖြစ်သည်။ ဒါတောင် သံလျှင်ကမြေနေရာကလေးကို မြေညှိ ခြံခတ်၊
မီးသွယ်ထားနိုင်ရုံမျှသာရှိသေးပြီး အဆောက်အဦးမဆောက်နိုင်သေးပါ။
ကလျာမဂ္ဂဇင်းတွင် ပါဝင်သောဆောင်းပါးနှင့်ဂျာနယ်သတင်းများကြောင့် အလှူရှင်များနှင့် အကူအညီ တောင်းသူများက ဆက်သွယ်လာသောအခါ ကျွန်မတို့အမြန်အကောင်အထည်ဖေါ်ဖို့
ကြိုးစားရပါတော့သည်။ ကျွန်မ၏စိတ်ကူးအိပ်မက်ကို အကောင်အထည်ဝိုင်းဖေါ်ကြသော ကျွန်မ၏ချစ်လှစွာသော သူငယ်ချင်းများနှင့်စာပေမောင်နှစ်မ၊ ညီအစ်မများကိုဖြင့်
အထူးပင်ကျေးဇူး တင်စကားပြောကြား၍ ကုန်အံ့မထင်တော့ပါ။
ယခုအချိန်မှာတော့ အလွယ်တကူအလျှင်အမြန်အကောင်အထည်ဖေါ်နိုင်သည့် ဆည်းရိပ်(၂) မြေနေရာအမှတ် ၃၀၃/၃၀၅ မဟော်သဓာလမ်း (၁၂) ရပ်ကွက် အရှေ့ဒဂုံ၊ ဖုန်း ၇၃၀၁၈၀၀၇
တွင် ၃၀ပေ × ၄၅တစ်ထပ် အဆောက်အဦးကလေးကို ကိုသက်ချိုဦး + မယဉ်ယဉ်ကြည်မော် မိသားစုကဆောက်လုပ်လှူဒါန်းသဖြင့် ၂၀၁၀ ဧပြီလမှ စတင်၍ ခိုကိုးရာမဲ့ နာမကျန်းဘိုးဘွား
၈ ဦးကို စတင်လက်ခံပြုစုနေပြီဖြစ်ပါသည်။
လာရောက်ခေါ်ယူပြုစုစောင့်ရှောက်ရန် ကျွန်မတို့ထံသတင်းပေးကြသော ဦးရေမှာမနည်းလှပါ။ သို့သော် သင့်တင့်သောအဆောက်အဦး၊ ဝန်ထမ်းအင်အား၊
နေရာထိုင်ခင်းအခက်အခဲကြောင့် သတင်းပေးလာသော ဦးရေထဲမှ အဖွဲ့လိုက်နေရာအရောက် သွားရောက်ကြည့်ရှူစစ်ဆေးပြီး အလိုအပ်ဆုံးနှင့်အခြေအနေအဆိုးဆုံး အဘိုးအဘွားများကို
ကိုယ်တိုင် သယ်ယူလာပြီး ပြုစုစောင့်ရှောက်ဖြစ်နှင့်သည်။
ခိုကိုးရာမဲ့နာမကျန်း ဆိုသည့်အတိုင်း သားထောက်သမီးခံမရှိ၊ နေစရာအိမ်မရှိ၊ စားစရာအစားအစာမရှိ၊ ကုသစရာဆေးဝါးမရှိကြသည်ကို သနားကြင်နာပါလျှက်
ပြုစုစောင့်ရှောက်နိုင်စွမ်းမရှိကြသော အမြင်မတော်သူများ၏ လာရောက်သတင်းပေးသည့်ကျေးဇူးဖြင့် ကျွန်မတို့တစ်တွေ အမေစား၊ အဖေစား၊ အဘွားအစားရနေကြပါပြီ။
သို့သော်လည်း ကျွန်မတို့ အားချည်းပဲဖြင့်တော့လည်း မစွမ်းဆောင်နိုင်ပါ။ အချိန်တန်ရေချိုးပေးရသော၊ လိုအပ်လျှင်ထမင်းခွံ့ကျွေးရသော၊ အညစ်အကြေး
သုတ်သင်ရှင်းလင်းလျှော်ဖွပ်ပေးရသော၊ အချိန်မှန်မှန်ဆေးတိုက် ကျွေးရသော၊ ဆရာဝန်ကြီးများ၊ သမားတော်ကြီးများချိန်းသော ရက်ချိန်းအတိုင်းမှန်မှန်ဆေးကုသမှုသွားရောက်
ခံယူရသော တာဝန် ဝတ္တရားတွေကိုဖြင်(့ ဗော်လံတီယာ) ဘော်လံဒီယာ လုပ်အားပေးများနှင့်ဝန်ထမ်းများက မနားမနေတာဝန်ယူထမ်းဆောင်ရပါသည်။
အသက် အရွယ်အိုမင်းရင့်ရော်လာသည်နှင့်အမျှ ဦးနှောက်သိမ်လှီကျုံ့ဝင်သွားတတ်သည်ဟု ဆေးပညာရှင်များ၏ ပြောစကားများအတိုင်း အဘိုး အဘွားများကိုကြည့်ရင်း ကျွန်မ
အကြွင်းမဲ့ယုံကြည်လက်ခံမိသည်။ စကားမပြောနိုင်၍မပြောသော်လည်း သူတို့၏လိုအင်ဆန္ဒတစ်ခုခုကို တောင့်တနေသောအမူအရာနှင့်အခြေအနေ(ဥပမာ..ကျွန်မ
အနားကနေထသွားတော့မည်ပြုသောအခါ ကျွန်မ၏ထဘီကို လက်ဖြင့် တင်းကျပ်စွာ မလွတ်တမ်းဆုပ်ယူဆွဲကိုင်ထားနေခြင်း)၊ စကားပြောနိုင်သောသူက ပြောပြီးသားစကားကို
မပြောရသေးဘူးထင်ပြီး ထပ်တလဲလဲပြောနေမှုများကို သီးခံနားလည်စာနာပေးရသည်။ ဘဝတစ်ခုကို နေရသောသက်တမ်းဟု အဓိပ္ပါယ်ဖွင့်ဆိုလျှင် ထို သက်တမ်း သည်ကား
အချိန်ပင်ဖြစ်ပေလိမ့်မည်။

သာမန်လူတစ်ယောက်အတွက် အချိန်တိုင်းသည် အရေးကြီးချင်မှကြီးပေလိမ့်မည်။ မေ့မေ့လျော့လျာ့ ပေါ့ပေါ့တန်တန် နေကောင်းနေဖြစ်ကြပါလိမ့်မည်။ သို့သော်


ခိုကိုးရာမဲ့နာမကျန်းဟူသော ဂီလာနများအတွက်ကတော့ မိနစ်တိုင်း စက္ကန့်တိုင်းသည် ရောဂါဝေဒနာ၏နှိပ်စက်ကလူပြုမှုကို အလူးအလဲခံနေကြရသည့်အချိန်မို့
အလွန်အရေးကြီးသည်ကား အမှန်ပင်ဖြစ်ပါသည်။
ကျွန်မတို့၏လူ့ဘဝ လူ့အဖွဲ့အစည်းတွင် ကံမကောင်းအကြောင်းမလှစွာဖြင့် လူ့လောကထဲသို့စတင်ဝင်ရောက်ခဲ့ပြီးမှ မိဘမဲ့သွားရှာသော မိဘ စောင့်ရှောက်နိုင်စွမ်းမရှိသည့်
ကလေးသူငယ်များ၏အနာဂတ်ကို ပြုစုပျိုးထောင်ပေးရန် ကျွန်မတို့မှာ တာဝန်ရှိသကဲ့သို့ လူ့ဘဝ၏နေဝင်ချိန် အိုမင်းမစွမ်းမကျန်းမာ၍ ခိုကိုးရာမဲ့နေသော မိအိုဘအို
ဘိုးဘွားများကိုလည်းနောက်ဆုံးထွက်သက်ထိ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဘဝကူးသွားစေနိုင်ရန်လည်း ဝိုင်းဝန်းကူညီကုသိုလ်ယူကြဖို့ ကျွန်မတို့အားလုံးတွင်တာဝန်ရှိသည်ဟု ယူဆမိပါသည်။
ကျွန်မတို့ ကိုယ်တိုင်ကော သက်ကြီးရွယ်အိုဖြစ်လာလျှင်၊
သတိချွတ်ယွင်းလာလျှင်၊
ရောဂါဝေဒနာတစ်ခုခု၏ဖိစီးမှုဒဏ်ကြောင့် စိတ်သွားတိုင်းကိုယ် မပါဘဲ အားမလိုအားမရဖြစ်လာလျှင်၊
အငြူစူခံ၊ အပစ်ပယ်ခံဘဝဆိုးမျိုးနှင့် ဘဝနေဝင်ချိန်ကို ဆင်းရဲပင်ပန်းကြီးစွာဖြတ်သန်းကြရပါလျှင်…..။
ကျွန်မမတွေးရဲပါ။
အစားထိုး၍မရနိုင်သောအရာများတွင် မိဘများရှေ့ဆုံးကပါဝင်ကြောင်း ကျွန်မပြောစရာပင်လိုမည်မထင်ပါ။
မိခင်ဖခင်များ ကွယ်လွန်သွား၍ အစားထိုးပြုစုချင်သူများ၊ မိဘများကျန်းမာသန်စွမ်းသေးပြီး သူတို့အတွက်ပြီးပြည့်စုံ၍ အချိန်ပိုကိုတန်ဖိုးရှိစွာ အသုံးချလိုသူများ
ဆည်းဆာရိပ်မှဘိုးဘွားများကို အချိန်ပိုင်းလာရောက်ပြုစုနိုင်ကြပါသည်။
ဆည်းဆာရိပ်တွင် အဘိုးဆောင်နှင့် ဘိုးဘွားများ အတွက်အဆောက်အဦးမလုံလောက်သေးဘဲ နောက်ထပ်အဆောင်တစ်ခု ဆောက်လုပ်ဆဲမို့ လတ်တလောအခြေအနေတွင်
အဘွားဆောင် တွင်ခေတ္တနေရာပေးထားရသော လေဖြတ်ဝေဒနာသည် အဘိုးတစ်ယောက်နှင့် မျက်မမြင်အဘွားနှစ်ယောက်၊ ပေါင်ကျိုးနေသောအဘွား တစ်ယောက်၊
ခါးရိုးကောက်ပြီးသူငယ်ပြန်လုလု အဘွားတစ်ယောက်၊ လေးဘက်နာ၊ ဆီးချို၊ သွေးချို၊ သွေးတိုးနှလုံးနှင့် အာဟာရ ပြတ်ပြီးချိနဲ့နေသောအဘွား ခုနှစ်ယောက်ရှိပါသည်။
နောက်အဆောင်တစ်ခုပြီးလျှင်တော့ စာရင်းပေးထားသော အဘိုးအဘွားများအား ထပ်မံခေါ်ယူပြုစုရပေလိမ့်ဦးမည်။
ကျွန်မတို့၏ဘိုးဘွားများသည် အားအင်ချိနဲ့ကာ လမ်းလျှောက်နိုင်စွမ်းမရှိကြပါ။ အခုတော့ သုခ ကုသိုလ်ဖြစ်ဆေးခန်းမှသမားတော်ကြီး၏
ကုသပေးမှုကိုခံယူဆဲဖြစ်ပြီးအချို့မှာကိုယ်တိုင်ထမင်းလုပ်ကိုယူစားနိုင်ပြီး အချို့မှာအထောက် အကူ ပြုလမ်းလျှောက်တုတ်ဖြင့်လမ်းပင် စမ်းလျှောက်နိုင်နေပြီမို့
ကျွန်မတို့မှာဝမ်းသာရပါသည်။ နာရေးကူညီမှုအသင်း၏ သုကုသိုလ်ဖြစ် ဆေးခန်းနှင့်အထွေထွေကုသမားတော်ကြီး ဒေါက်တာဦးအုန်းမြင့်အားလည်း အထူးကျေးဇူးတင်မိပါသည်။
အမေတစ်ယောက်မှာ ကျွန်မတို့ ခေါ်လာစဉ်အခါကတည်းကပေါင်ကျိုးပြီးလမ်းမလျှောက်နိုင်ရုံမက ခြေထောက်ပင်ဆန့်မရတော့ဘဲ ညည်းညူနေသောကာလမှာ သုံး လကျော်
ခဲ့ပြီဟုဆိုပါသည်။ အသက် ၇၃ နှစ်ရှိပြီဖြစ်သော ထိုအမေအားလည်း သူ၏ဆန္ဒအတိုင်း ကျိုးနေသောပေါင်ရိုးအား ခက်ခက်ခဲခဲခွဲစိတ်၍ စတီးလ်ရိုးဖြင့်အစားထိုးကုသပေးသော
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးဒေါက်တာစိုင်းဇော်ဝင်းနိုင်နှင့်အဖွဲ့အား အထူး ကျေးဇူးတင်ရပါသည်။
မျက်စိမမြင်သော အမေနှစ်ယောက်ကတော့ဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများ၏ စမ်းသပ်စစ်ဆေးချက်အရ ခွဲစိတ်ကုသခြင်းဖြင့်လည်း
ပြန်လည်မြင်နိုင်စွမ်းရှိတော့မည်မဟုတ်တော့သဖြင့်သည်အတိုင်းပင် ပြုစုနေရပါသည်။ အမေတစ်ဦးက တုတ်ဖြင့် စမ်းသပ်၍သွားနိုင်သည့်တိုင် အသက် ၈၅
နှစ်ရှိပြီဖြစ်သည့်အမေတစ်ဦးကတော့ ကျောက်ကပ်နှစ်ဖက်စလုံး အလုပ်မလုပ်တော့ဟုဆိုသဖြင့် ဘဝတွင်နေရမည့်ကာလနည်းပါးနေပြီမို့ ကျွန်မတို့ စိတ်လက်မချမ်းမသာဖြစ်ရပါသည်။
သူ့ကို ပိုပြီးဂရုစိုက်ရပါသည်။ ကျွန်မကခရီးစဉ် ခပ်များများမို့ ကျွန်မခရီးသွားခါနီးလျှင် “ဘယ်တော့ပြန်လာမှာလဲ။ မြန်မြန်ပြန်လာနော်” ဟု ပြိုင်တူလိုလိုပြောတတ်သည့်အမေများကို
စာရေးရင်း ကျွန်မသတိရနေပါသည်။
ညီမ စုထားကတော့ ကျွန်မထက်အရင်ပြန်နှင့်ပြီမို့ အမေတို့ နည်းနည်းအားရှိသွားမှာသေချာပါသည်။ ကျွန်တို့ရှိစဉ်ရော ခရီးထွက်နေစဉ်ရော အမေများဘိုးဘွားများကို
အလှည့်ကျတစ်ရံမလပ်ဂရုစိုက်ကြသည့် ကျွန်မတို့ဆည်းဆာရိပ်အဖွဲ့မှ သူငယ်ချင်းလုပ်ဖေါ်ကိုင်ဘက်များ၊ (ဗော်လံတီယာ) ဘော်လံဒီယာများ၊ ဝန်ထမ်းမိသားစုများ၊ အပတ်စဉ်အလှည့်ကျ
ဘိုးဘွားကိုလာရောက်ပြုစုကြသော ဇဗ္ဗူသီရိပရဟိတလူငယ်အဖွဲ့၊ မေတ္တာတံခွန်အဖွဲ့နှင့် ဆည်းဆာရိပ်အပေါ် စိတ်ဝင်တစားအားပေးကူညီ ကြသူများ၊ အလှူရှင်များအား
အထူးကျေးဇူးတင်ရှိပါကြောင်း…..။
သန်းမြင့်အောင်(ခေတ္တပြင်ဦးလွင်)
(မိုးမခ မှတ်ချက် - စာရေးဆရာမ သန်းမြင့်အောင်မှာ နာရေးကူညီမှုအသင်းတွင် တက်ကြွစွာ ဦးဆောင်နေသော ထင်ရှားသည့် စေတနာဝန်ထမ်းတဦး ဖြစ်သည်။ စာရေးဆရာတဦးလည်း
ဖြစ်သည်။ သုခရိပ်မြုံ နှင့် ဆည်းဆာရိပ် အပါအ၀င် စေတနာ့ဝန်ထမ်းလူမှုလုပ်ငန်းများစွာကို တက်ကြွစွာဖြင့် မိမိ၏ အချိန်နှင့် စွမ်းအင်များကို မြှပ်နှံ ဆောင်ရွက်နေသူတဦး ဖြစ်သည်)

= ယခုစာမူကို မြန်မာပြည်တွင်းထုတ်၊ ကလျာမဂ္ဂဇင်း အောက်တိုဘာ ၂၀၁၀ က ပြန်လည်ကူးယူဖော်ပြသည် =

http://www.moemaka.com/

ဒေါ်အောင်ဆန်းစုကြည့် တက်ရောက်ခဲ့တဲ့ မင်္ဂလာအခမ်းအနားတခု


Posted by admin on January 1, 2011 0 Comment
ယနေ့ နံနက်ပိုင်းမှာ ရန်ကုန်တိုင်း တာမွေမြို့နယ်အတွင်းရှိ မဟာသန္တိသုခ ဗုဒ္ဓသာသနစင်တာတွင်
ကျင်းပသော မောင် မင်းဆုမွန် နှင့် မခင်ဝါ၀ါလှိုင်တို့ မင်္ဂလာဆွမ်းကြွေးအခမ်းနားသို့ (DASSK) နှင့် ဦးတင်ဦး တို့မှ ကြွရောက်ချီးမြှင့်ကြောင်း၊ မောင်မင်းဆုမွန် ဟာ အဆိုတော် ထူးအိမ်သင်
ရဲ့ ညီငယ်ဖြစ်ပြီး DASSK နှင့် ရင်နှီးသော မိသားစုတခုဖြစ်ကြောင်း သိရပါ တယ်။

Tags: DawAungSanSuKyi

တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ဝေါ်လေဒေသထဲမှာ ဒီကေဘီအေ တပ်ဖွဲ့က နအဖ တပ်သား တဦးကို မနေ့က ဖမ်းဆီးရရှိခဲ့ပါတယ်။
နအဖ တပ်သားကို ဖမ်းဆီးမိတဲ့ နေရာက အော့ကလေးထရွာ ပတ်ဝန်းကျင်က မော်သုထတောင်ကျောနေရာမှာ ဖြစ်ပြီး ဒီကေဘီအေ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့ တပ်ဖွဲ့က
ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ နအဖ တပ်သာရဲ့ ဒီကေဘီကေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး ဆန်းအောင် မှ ခုလို ပြောပြပါ တယ်။
မနေ့ ညနေပိုင်းက နအဖ တပ်မ ၅၂၅၊ စကခ ၁၉၊ ခလရ ၂၉၉၊ တပ်ခွဲ ၂ ၊ တပ်စု ၂ မှ ကိုယ်ပိုင်အမှတ် တ/ ၄၁၉ ၅၃၂ တပ်သား ဘာဘူ အသက် ၂၃ နှစ်ဟာ သူတို့ တပ်စခန်း
တည်ဆောက်ရေးအေတွက် သစ်ဝါးခုတ်နေတုန်း ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့အဖွဲ့က ဖမ်းဆီးခဲ့တာပါ။ သူ့ကို မေးမြန်းကြည့်တော့ ထမင်းမစားရတာ သုံးရက်တောင်ရှိပြီ
လို့လဲပြောတယ်။ သူတို့တပ်မှာ စားရေးသောက်ရေးအတွက် ရိက္ခာပြတ်လပ်လာတော့ ခုဆိုရင် ရွာသားတွေရဲ့ တောင်ယာ တွေမှာ သိမ်းထားတဲ့ စပါးတွေလည်း လိုက်ရှာပြီး
ထောင်းစားနေရတယ်။ သူ့တပ်ထဲမှာလဲ ဗိုလ်ကျော်အေးဖြိုး နဲ့ ဗိုလ်ရဲလုကျော် ဆိုတဲ့ အရာရှိ နှစ်ယောက်ရဲ့ နာမည်ကိုပဲ သိတယ်။ လို့ ပြောပြသွားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ဒီကေဘီအေတပ်ဖွဲ့မှ စစ်ပြေပြင်မှာ ဖမ်းဆီးရရှိခဲ့တဲ့ နအဖတပ်မှ G3 တာဝန်းကို ထမ်းဆောင် နေတဲ့ ဗိုလ်ကြီး သက်နိုင် ကိုလည်း ကောင်းမွန်စွာ စစ်ဆေးမေးမြန်းပြီး
မြန်မာပြည် မြဝတီဘက်ကမ်းကို ချောမောစွာနဲ့ ပြန်လည်ပို့ဆောင်ပေးလိုက်ကြောင်း သိရှိရပါတယ်။

http://www.naytthit.net/
ယဉ်ကျေးမှုမတူတဲ့ အကျင့်ပျက်ခြစားမှုများ
Saturday, 01 January 2011 05:46 ရဲမြင့်ကျော်

ဂျာဒစ်ရှ် ဘဂ၀ါတီ
မကြာခင်ကမှ အိန္ဒိယက ကျနော် ပြန် လာခဲ့သည်။ သမ္မတအိုဘားမား မိန့် ခွန်း ခြွေခဲ့တဲ့ အန္ဒိယပါလီမန် ခန်းမထဲ မှာပင် ကျနော်
လက်ချာပေးခဲ့ရသည်။ အိန္ဒိယ တစ်ပြည်လုံးမှာ အကျင့်ပျက် ခြစားမှု အပုတ်နံ့များက တထောင်းထောင်း ဖြစ်နေသည်။
ရိုက်စား ဧရာမ မိုလ်ဘိုင်းဖုန်း ကုမ္ပဏီကြီးတစ်ခုဆိုရင် ဒေါ်လာ ဘီလီယံ များစွာ နိုင်ငံရေးသမားတစ်ယောက်ကို ကဲ့ဝှက်ပေးခဲ့သည်။
ပုံမှန်အားဖြင့် အိုဘားမားရဲ့ အိန္ဒိယပါလီမန်တွင် ပြောတဲ့ မိန့်ခွန်းမှာ ရဲရင့်ပြတ်သားပြီး ချီးကျုးဖို့ ကောင်းပါသည်။ သို့သော်
အိန္ဒိယပါလီမန်အမတ်အများစုက အိုဘားမား စကားပြောစဉ် မမြင်နိုင်တဲ့ စကားထောက် ကရိယာတစ်ခုအကူယူပြီး ဖတ်ပြနေတာကို
တွေ့သွားတော့ အံ့ဩနေကြသည်။ ပရိတ်သတ်ကို လက်တန်း ပြောနေဟန် အိုဘားမား သရုတ်ဆောင်သွားခြင်း ဖြစ်သည်။
အိန္ဒိယပါလီမန်မှာ မိန့်ခွန်း လက်တန်း ပြောရတာက နိုင်ငံရေးသမားတစ်ဦးရဲ့ အရည်အချင်းအဖြစ် အစဉ်အလာရှိတာ မဟုတ်လား။
မိုလ်ဘိုင်း ကုမ္ပဏီကြီး လာဘ်ထိုးတာနဲ့ အိုဘားမားစကားပြောတာ အဲဒီဖြစ်ရပ်နှစ်ခုစလုံးမှာ အဂတိလိုက်စားမှုပုံစံကိုယ်စီ ရှိနေသည်။
ပထမတစ်ခုက ငွေကြေးပါဝင်နေသည်။ နောက်တစ်ခုက လှည့်စားခြင်း ဖြစ်သည်။ လောကထုံးတမ်းကို ဖောက်ဖျက်တဲ့ ဖြစ်ရပ်နှစ်ခုတွင်
ကျင့်ဝတ်ဆိုင်ရာ ယုတ်မာပုံခြင်းတော့ မတူနိုင်။ သို့သော် လူ့အဖွဲ့အစည်းတစ်ခု ဘယ်လိုခြစားနေတယ်ဆိုတာ သုံးသပ်ရာမှာ အိုဘားမားရဲ့
ဖြစ်ရပ်က ယဉ်ကျေးမှုနယ်နမိတ်ဖြတ်ကျော်ပြီး အရေးကြီးတဲ့ ခြားနားချက်ကို ဖော်ပြနေသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ TransparencyInternational နဲ့ ကမ္ဘာ့ဘဏ်တို့က နိုင်ငံအသီးသီးရဲ့ အဂတိလိုက်စားမှုကို
အဆင့်အလိုက် နှစ်စဉ် တန်းစီဖော်ပြတတ်ကြသည်။ အဲဒီသတ်မှတ်ချက်ကိုကြည့်ပြီး မီဒီယာတွေက မရပ်မနား ဖော်ထုတ်ကြသည်။
ဒါပေမဲ့ တိုင်းပြည်အသီးသီးကြားရှိ ယဉ်ကျေးမှုကွာခြားချက်က ခုနက အဖွဲ့ကြီးနှစ်ဖွဲ့ရဲ့ အဂတိလိုက်စားမှု စံသတ်မှတ် ချက်ကို မပြည့်စုံသေးကြောင်း ဖော်ညွန်းပြနေသည်။ အိုဘားမား
မိန့်ခွန်းပေးသလိုမျိုးက အမေရိကန် ပြည်ထောင်စုတွင် လုပ်နေကြထုံးစံပင်။ တစ်စုံတစ်ဦးက အိုဘားမားရဲ့ စကားပြောအတတ်ကို အစွမ်းကုန် မျှော့်လင့်ထားသော်လည်း သူတို့ယဉ်ကျေးမှု
ကျင့်သုံးမှုအတိုင်း လုပ်သွားခြင်းဖြစ်သည်။ ဒါမျိုးကို အိန္ဒိယနိုင်ငံရေးက လက်မခံ၊ ၀ိုင်းဝန်းရှုတ်ချစရာ ဖြစ်သည်။ လက်တန်းစကားပြောခြင်းမှာ နိုင်ငံရေးသမားတစ်ယောက်အတွက် တက္ကနိ
ဖြစ်ရမည်။
သေချာပါသည်။ အိန္ဒိယသည်လည်း အခြားနိုင်ငံတိုင်းလိုပင် ခြစားမှုများ ရှိနေသည်။ အိန္ဒိယ နေ့စဉ်လူမှုဘ၀တွင် လူတိုင်းဟာ ခြစားပြီးသားဟု သူတို့ကိုယ်တိုင်
ယေဘူယျလက်ခံထားကြတဲ့ ယဉ်ကျေးမှု အစဉ်အလာ ရှိနေပြန်သည်။ အိန္ဒိယ မျက်မမြင်တစ်ယောက်ကတောင် “အဲဒီလူ လာဘ်ယူတာ ကျုပ်မျက်စိနဲ့ ကိုယ်တိုင် မြင်တာ” လို့
Transparency International အဖွဲ့ကို ပြောပြသည်ဆိုပဲ။ ထင်ရှားတဲ့ အိန္ဒိယဗျူရိုကရက် တစ်ဦးကတော့ ကျနော်ကို သူ့အမေပြောတာ ပြန်ပြောပြသည်။ “ဘယ်သူဘာစွဲစွဲ၊
ငါ့သားလာဘ်မစားဘူးဆိုတာ အမေယုံတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မင်းက ငါ့သားမလို့ပဲ” ဟု။
ဒါကြောင့် တစ်ယောက်ယောက်က အိန္ဒိယသားတွေကို သူတို့အစိုးရအုပ်ချုပ်ရေးမှာ အကျင့်ပျက်လာဘ်စားမှု ရှိပါသလားလို့မေးရင်၊ ‘ရှိပါတယ်’ လို့ အားပါးတရ ပြန်ဖြေကြမည်ပင်။
ကမ္ဘာ့ဘဏ်က သူ့တို့အစိုးရခြစားသလားလို့ အိန္ဒိယလူထုကို မေးတိုင်း သူတို့က တက်တက်ကြွကြွ အမြဲဝန်ခံလိမ့်မည်။ သူ့လူထုရဲ့ နှစ်ထောင်းအားရ အဖြေကြောင့်ပင် ကမ္ဘာ့
အဂတိလိုက်စားမှုအဆင့် ထိပ်ဆုံးပိုင်းမှာ အိန္ဒိယ အမြဲစာရင်းတို့ခံရခြင်း ဖြစ်သည်။
နောက်ဖြစ်ရပ်တစ်ခုမှာ ၁၉၉၇ ခုနှစ် အာရှငွေကြေး အကျပ်အတည်းတုန်းကဖြစ်သည်။ သက်ဆိုင်ရာ အာရှနိုင်ငံများမျာ ‘ဆွေးမျိုးမိတ်သဟာ ကောင်းစားရေးစနစ်’ (crony capitalism)
ကြောင့် သူတို့စီးပွားရေး ပြိုလဲကုန်ရသည်ဟု အပြစ်တင်ခံရသည်။ တနည်းဆိုရရင် အရှေ့အာရှ ခေါင်းဆောင်များနဲ့ ပေါင်းသင်းလုပ်ကိုင် နေကြသူ များမှာ ‘ခရိုနီကြီးများ’ ဖြစ်ကြသည်။
ဒါဆို အာရှခေါင်းဆောင်များနဲ့ ပေါင်းသင်းခဲ့တဲ့ ခရိုနီကြီးတွေက ဘယ်သူတွေလည်း။ အမေရိကန် ခေါင်းဆောင်ပိုင်းက အဓိက ဖြစ်နေမည်။
အမှန်တကယ်က ၁၉၉၇ ငွေကြေးအကျပ်အတည်း မဖြစ်မီအထိ အာရှခေါင်းဆောင်များနဲ့ လုံးနေတာက နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နဲ့ အမေရိကန်
ဘဏ္ဍာရေးဝန်ကြီးဌာနဖြစ်သည်။ စီးပွားရေးတံခါးကို သူတို့ အတင်း ဖွင့်ခိုင်းခဲ့တာ ဖြစ်သည်။ လွတ်လပ်သော ကုန်သွယ်မှုစနစ်နဲ့ အချိုးညီတဲ့ အရင်းစီးဆင်းမှု မရှိသေးတာကို နားမလည်ဘဲ၊
ငွေလုံးငွေရင်းများ ချေးငှားလွှဲပြောင်းဖို့ တိုက်တွန်းခဲ့သည်။
ဆုပ်ဆုပ်ကိုင်ကိုင် ခြစားမှုကြီးဖြစ်လာတော့ အမေရိကန်က သူမဟုတ်သလိုရှိသည်။ အရှေ့အာရှနိုင်ငံများရဲ့ ပေါ်လစီအမှားများကြောင့်ဟု အားလုံးထင်မှတ်ခဲ့ကြသည်။ တရားခံက IMF နဲ့
US Treasury ဖြစ်နေတာ နောက်တော့ ပညာရှင်တွေကြား ရှင်းသွားခဲ့သည်။ ခြစားတာ အရှေ့အာရှပဲ၊ အမေရိကမပါဟု ထင်အောင် သူတို့ယဉ်ကျေးမှုပုံစံက အကာအကွယ်ပေးထားခြင်း
ဖြစ်သည်။
၁၉၅၀ ပြည့်နှစ်များမှာ အိန္ဒိယ အရပ်ဖက်ရုံးလုပ်ငန်းများနဲ့ နိုင်ငံရေးအဆင့်အတန်းကို ကမ္ဘာက လေးစား အားကျခဲ့ရသည်။ ယနေ့ဆို အဲဒီ ဆုံးရှုံးသွားတဲ့ အမွန်အမြတ်များကို
ခြေရာခံဖို့တောင် ခက်နေသည်။ သွင်းကုန် ထုတ်ကုန် ရင်းနှီးမြှုပ်နှံမှု ဧရာမ လိုင်စင်ပါမစ်အားလုံးနီးပါးကို အဆင့်မြင့် ဗျူရိုကရက်များက ကိုင်ထားသည်။ နိုင်ငံရေးသမားများကို
ငွေများများပေါက် ကပ်နိုင်သူမှသာ လုပ်ငန်းခွင့်ပြုချက် ကျမည်။ ဒီတော့ ကြားပွဲစားများက ခြေရှုပ်နေသည်။
အာဏာရနိုင်ငံရေးသမားနဲ့ အဆင့်မြင့်ဗျူရိုကရက်ကနေ အောက်ခြေစာရေးစာချီအထိ စနစ်ကြီးတစ်ခုလုံးတွင် စာရိတ္တမဏ္ဍိုင် ခြစားမှုကြီး ကြုံနေရသည်။ သူတို့လက်ထဲ ချောဆီ
ငွေထည့်မပေးရင် စာရေးက ဖိုင်ထုတ်မပေး။ မွေးစာရင်းကိုင်သူက စာရင်းသွင်းမပေး။ မြေစာရင်းဌာနက မြေပုံထုတ်မပေး။ လူဝင်မှုဌာနက နိုင်ငံသားမပေး။
ပေါ်လစီတွေကြောင့် အဂတိလိုက်စားမှု ဖြစ်နေရသလို၊ ဆိုးရွားတဲ့ အဂတိလိုက်စားမှုကြောင့် မူဝါဒတွေ တည်မရ ဖြစ်နေသည်။ စာရိတ္တယိုယွင်းမှုက အဆိုးကြော့စက်ကွင်းအောက်
မိနေသည်။ အိန္ဒိယရော အင်ဒိုနီးရှားမှာပါ ခြစားမှုတွေ များနေပြီး၊ မူဝါဒတွေက အစိုးအရရှိတွေ မိုနိုပိုလီ ဖြစ်လာအောင် ဖန်တီးပေးနေသည်။
အဲဒီ အကျင့်ပျက်ခြစားမှုတွေနဲ့ သူ့ကို ဖန်တီးပေးတဲ့ မူဝါဒတွေက ရရှိပြီးသား စီးပွားရေး တိုးတက်မှုကို ဖျက်ဆီးပစ်နေသည်။ တရုတ်ရဲ့ အဂတိလိုက်စားမှုကတော့ ဆန့်ကျင်ဖက်မျိုး
ဖြစ်သည်။ နိုင်ငံပိုင်လုပ်ငန်းကော၊ ကုမ္ပဏီတွေမှာပါ ပါတီဝင် မိသားစုတွေရဲ့ ရှယ်ယာအမြတ်တွေ ရှိနေသည်။ လုပ်ငန်း အမြတ်တက်လာတာနဲ့ အမျှ သူတို့ဝင်ငွေမြင့်လာကြသည်။
တရုတ်ခြစားမှုက စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးသည်။
ဘယ်လိုပဲဖြစ်ဖြစ် ရေရှည်တွင် အကျင့်ပျက်ခြစားမှု ပုံစံနှစ်ခုစလုံးက ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် (good governance)တွင် ရှိရမယ့် လေးစားမှု၊ ယုံကြည်မှုများကို
ဖျက်ဆီးပစ်နေသည်။ လွတ်လပ်တဲ့ စီးပွားရေးစနစ် လုပ်ငန်းများကို လှိုက်စားပစ်လိမ့်မည်။
သို့သော် နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ခြစားမှုပြဿနာကို ထိုင်ဖွင့်ဆိုရှင်းလင်းနေရုံနဲ့မပြီး။ တိုင်းပြည်အသီးသီးကြားမှ ယဉ်ကျေးမှု ခြားနာချက်ကနေ ရှိနေတဲ့ စာရိတ္တယိုယွင်းပုံတွေကို
အသေအချာ အသိအမှတ်ပြုကြည့်မှ ဖြစ်မည်။
ရည်ညွန်း။ Termites in the Trading System by Jagdish Bhagwatti
(Jagdish Bhagwatti မှာ အမေရိကန် ကိုလံဘီယာတက္ကသိုလ်မှ အိန္ဒိယနိုင်ငံသား ဘောဂဗေဒပါမောက္ခ ဖြစ်သည်။)

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ အစီအစဉ်


2011-01-01
ဒီဇင်ဘာလ ၃၁ ရက်နေ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ ဦးခင်အောင် (စင်္ကာပူ)၊ ကိုမင်းဆက်ဟိန်း (ဗြိတိန)် ၊ ကိုကြည်လင်း (ပဲခူး)၊ ဦးဇာဂရဗုဒ္ဓိ (သီရိလင်္ကာ)၊
ဒေါက်တာမြင့်ချို (သြစတြေလျ) နဲ့ ကိုစောကျော်ကျော်မင်း (ထိုင်း-မြန်မာ နယ်စပ်) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ဖြေကြားထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

(Photo: AFP)
ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့တွင် ဒီဇင်ဘာ ၈ ရက်နေ့က သံဃာများနှင့် သီလရှင်များကို ဒေါ်အောင်ဆန်းစုကြည် (အလယ်) သင်္ကန်းနှင့်
လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီဇင်ဘာ ၃၁ ရက်နေ့ အစီအစဉ်
လူထုနှင့်
ဒေါ်အောင်ဆန်းစု
ကြည် (ဒီဇင်ဘာ
၃၁)

အသံဖိုင်ယူရန်

ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်းစု
ကြည် (ဒီဇင်ဘာ
၂၄)

အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်းစု
ကြည် (ဒီဇင်ဘာ
၁၇)

အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်းစု
ကြည် (ဒီဇင်ဘာ
၁၀)

အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်
ဆန်းစုကြည်
(ဒီဇင်ဘာ ၃)

အသံဖိုင်ယူရ
န်

နိုဝင်ဘာလ ၂၆ ရက်နေ့ အစီအစဉ်


နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့ ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။
လူထုနဲ့
ဒေါ်အောင်ဆန်းစု
ကြည် (နိုဝင်ဘာ
၂၆)

အသံဖိုင်ယူရန်။

နှစ်သစ်ရက်မှာ ကျရောက်တဲ့ ဒေါ်ရွှေဇီးကွက် ၅၂ နှစ်မြောက် မွေးနေ့


Saturday, 01 January 2011 09:04 အောင်မြင်

ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ၏ လူမှုရေး လုပ်ငန်း များတွင် ပါရမီဖြည့်ဖက်အဖြစ်၊ မောင်တထမ်းမယ်တ ရွက် ဆောင်ရွက်နေသူ


ဒေါ်ရွှေဇီးကွက်ရဲ့ ၅၂ နှစ်မြောက် မွေးနေ့မင်္ဂလာမှာ ၂၀၁၁ ခုနှစ် နှစ်အစ ရက်မှာပဲ
ကျရောက်ခဲ့သည်။
ယခု နှစ်သစ် မင်္ဂလာရက်ကနေ တကယ်လိုအပ်နေတဲ့ ပြည်သူတွေရဲ့ အခက်အခဲများကို ကိုကျော်သူ့ လက်ကိုဆွဲရင်း
တက်ညီလက်ညီ ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေလို့ ဒေါ်ရွှေဇီးကွက်အတွက် မွေးနေ့ မင်္ဂလာဆုတောင်းစကားကို
မောက္ခပညာရေး သတင်းဌာနကနေ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
သရုတ်ဆောင် ကိုကျော်သူမှာ ၁၉၈၀ ဝန်းကျင်က ကျော်သူဆိုတဲ့ နာမည်တလုံးကို မြန်မာပြည်တနံတလျားတွင် စတင်မှတ်တိုင်
ထူနိုင်ခဲ့သူ ဖြစ်သည်။ ထိုအချိန်က ကျောင်းသားအများစုမှာ ကျောင်းသားဘဝ လွယ်အိတ်လေး ထုံးပြီး ကျောင်းသွားတဲ့
ကျော်သူစတိုင်ပုံ ဖမ်းခဲ့ကြပြီး၊ ကျော်သူ လွယ်အိတ်ဆိုပြီး ကျောင်းသားထုကြားတွင် စတင်ပြန့်နှံခဲ့သည်။
နောက် သရုပ်ဆောင်ပညာ ပင်ကိုယ်တော်ပါလျက်နဲ့ အစိုးရဝါဒဖြန့်ချီရေး ဇာတ်ကားများတွင် သရုပ်ဆောင်ဝင်ပါဖို့
ငြင်းခဲ့တာကြောင့် အကယ်ဒမီဆုနဲ့ နှစ်အတန်ကြာ ဝေးခဲ့ရပြီး၊ သူ့ပရိတ်သတ်က ဒေါသဖြစ်ခဲ့ရသည်။ နောက် သရုတ်ဆောင်သက်
အတော်ကြာပြီးမှ၊ တပြည်သူ မရွှေထား ဇာက်ကားဖြင့် အကယ်ဒမီဆုကို ရရှိခဲ့သည်။ သရုပ်ဆောင်ဘ၀ ဖြတ်သန်းစဉ်
ကာလတွေမှာ ဇနီးဖြစ်သူက ဘေးကနေ ကူညီအားပေးရင်း ပါရမီဖြည့်ဖက်အဖြစ် ရွှေလက် တွဲခဲ့တာ ၂၉နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။
ကိုကျော်သူတယောက် နာရေးကူညီမှုအသင်းကို အခက်အခဲတွေကြားကနေ ကြိုးစားလုပ်ကိုင်ခဲ့တော့လည်း နာရေးကူညီမှုအသင်းရဲ့ လုပ်ဆောင်ချက်တွေ၊ လှုပ်ရှားမှုတွေ၊
လိုအပ်ချက်တွေကို အများပြည်သူ လူထုကို သတင်းမဖေါ်ပြနိုင်အောင်၊ ဂျာနယ်တွေ မဂ္ဂဇင်းတွေကို တင်းကျပ်မှုအမျိုးမျိုး ဖြင့် အစိုးရမှ ဖိအားပေးခဲ့သည်။ ပိတ်ပင်တားဆီးမှုတွေကြားကနေ
ပြည်သူတွေရဲ့ လိုအပ်နေတဲ့ အခက်အခဲတွေကို ကိုကျော်သူတို့ လင်မယားနှင့် အဖွဲ့မှ အကူညီပေးခဲ့ကြသည်။
နာရေးကူညီမှုလုပ်ငန်းကနေ ဆေးကုသရေး၊ အခုအလင်းရနိုင်ဖို့ မျက်စိကုသရေးအထိ တဖြေးဖြေးနဲ့တိုးချဲ့လာခဲ့ကြသည်။
http://www.maukkha.org/

ကျော်သူရဲ့ ပန်းချီပြပွဲ ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး


2011-01-01
ဒီကနေ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ အနုပညာရှင် ဦးကျော်သူက (Kyaw Thu Art Zone) ဆိုတဲ့ အမည်နဲ့ သူကိုယ်တိုင် ဖန်တီးထားတဲ့ ပန်းချီနဲ့ ဓာတ်ပုံအနုပညာ ပြပွဲကို
သူ့နေအိမ်မှာ ပြုလုပ်ခဲ့ပြီး အဲဒီပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အားပေးခဲ့ပါတယ်။

RFA
ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ တွေ့ရသည့် ယခင် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: RFA)
ဒီပွဲမှာ ငြိမ်းချမ်းရေးကို ရည်ရွယ်တဲ့ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အမှတ်တရနဲ့ သူ ကြုံခဲ့ဖူးတဲ့ ရုပ်ရှင်လောကအကြောင်း ရေးဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ဓာတ်ပုံတွေကို
ပြသခဲ့တယ်လို့ ဦးကျော်သူ က RFA ကို ပြောပါတယ်။

“၁ ရက် ၁လ ၂၀၁၁ မှာ ကျနော့် အမျိုးသမီးရဲ့မွေးနေ့ ဆိုတော့ ကျနော် ဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြပွဲလေး Kyaw Thu Art Zone ဆိုတဲ့နာမည်နဲ့
လုပ်တယ်။ လုပ်တာကို ဒေါ်စု မနက်က လာပြီး အားပေးသွားတယ်။ ကမ္ဘာ့လူသားတွေ၊ မြန်မာပြည်သူပြည်သားတွေ ငြိမ်းချမ်းဖို့အတွက် အဓိကထားပြီး ရေးဆွဲထားတာတွေပေါ့။
စက်တင်ဘာ သံဃာ့ကိစ္စ ကျနော် အမှတ်ရတာလေးတွေ ဆွဲထားပါတယ်။ နောက် ရုပ်ရှင်လောကကို တင်စားပြီး ကျနော် Performance သဘောလေး ရုပ်ရှင်ကင်မရာနဲ့
လုပ်ထားတာလေးတွေ ပြပါတယ်”

ဦးကျော်သူရဲ့ အနုပညာပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဆီဆေးနဲ့ ကောက်ကြောင်းတချို့ ရေးဆွဲပေးသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာရောက် အားပေးတဲ့အတွက် နှစ်သစ်မှာ
မင်္ဂလာရှိပြီး အားတက်ရကြောင်းနဲ့ ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်း ကြိုးပမ်းကြဖို့ ဦးကျော်သူက လူငယ်တွေကို တိုက်တွန်းလိုက်ပါတယ်။

“အမေစုက ဆီဆေးနဲ့ ဆွဲပေးသွားတယ်။ အဲဒါကို သား ဆက်ပြီးတော့ ဆွဲလိုက်ပါ တဲ့။ ဒေါ်စုလည်း ကျနော့်ကို လာပြီး အားပေးချီးမြှင့်သွားတယ်။ အဲဒါကို ကျနော် အရမ်း ဝမ်းသာပါတယ်။
ကျနော် ပြည်သူပြည်သား အားလုံး ငြိမ်းချမ်းဖို့အတွက် လုပ်တဲ့ပွဲကို အခုလို အမေစု လာ အားပေးတာကို ကျနော် အများကြီး ကျေနပ်အားရတယ် ဝမ်းလည်းသာပါတယ်။
တိုင်းရင်းသားအားလုံး ချစ်ကြည်ညီညွတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ရရှိမယ်ဆိုရင် ဒါ တဦးတယောက်ချင်းရဲ့ ငြိမ်းချမ်းရေး ရရှိမယ်လို့ ကျနော်ယုံကြည်ပါတယ်။ အများ စည်းလုံးညီညွတ်စွာ
ငြိမ်းချမ်းဖို့အတွက် ကြိုးပမ်းကြပါလို့ ကျနော် တိုက်တွန်းလိုပါတယ်”

ရုပ်ရှင်ရိုက်ကူးခွင့်၊ ထုတ်လုပ် ဖြန့်ချိခွင့်တွေ ပိတ်ပင်ခံထားရတဲ့ ဦးကျော်သူဟာ လူမှုရေးလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေသလို အနုပညာတွေကိုလည်း ဖန်တီး ထုတ်လုပ်နေဆဲ
ဖြစ်ပါတယ်။

ပြည်သူတွေအပေါ် စစ်အစိုးရ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းသင့်


2011-01-01
အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတချို့က မြန်မာ စစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ မြန်မာ ပြည်သူလူထုကို ထိခိုက်နေတဲ့အတွက် ပြန်လည်
ရုပ်သိမ်းသင့်တယ်လို့ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တချို့ အပါအဝင် ပြည်တွင်း နိုင်ငံရေးသမားတချို့က ပြောဆိုနေကြပါတယ်။

Photo: AFP
ရန်ကုန်မြို့လယ်တွင် ချထားသော သံဆူးကြိုး အရံအတားများကြားမှာ နေ့စဉ် သွားလာ လှုပ်ရှားနေကြရသော မြန်မာ ပြည်သူများ ဖြစ်ပါသည်။ (Photo: AFP)
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း The New York Times သတင်းစာမှာ ဆောင်းပါးရှင် Philip Bowring ဆိုသူက စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပါ ဆိုတဲ့ ဆောင်းပါး
ရေးသားလာတာ တွေ့ရပါတယ်။

ဒီ အတောအတွင်းမှာပဲ စစ်အစိုးရ ကိုယ်တိုင်က မြန်မာပြည်သူတွေ အပေါ် စီးပွားရေး၊ ပညာရေး၊ လူမှုရေး ပိတ်ဆို့ထားတာတွေ ရှိနေပြီး အဲဒီ အကြောင်းကိုလည်း ထုတ်ပြောသင့်တယ်လို့
ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရတဲ့ ဥပဒေ အကြံပေး ဦးအောင်သိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

က




်ေ

ြး

န်



က
်။



ံဖို
င်

ူရ
န်

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး နှစ်သစ်ကူး ဆုတောင်းပွဲ


2011-01-01
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆုတောင်းပွဲ အခမ်းအနား တခုကို ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်း အသီးသီး စုပေါင်းပြီး
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Photo: AFP
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖြိုးမင်းသိန်း။ (Photo: AFP)
အဲဒီ အခမ်းအနားမှာ ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ဖေသန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟတ္တမဂန္ဒီကြီး တို့ နှစ်ဦးရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ယှဉ်ပြီး ဟောပြောသွားတယ်လို့
အခမ်းအနား တက်ရောက်ခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“နှစ်သစ်ကူး မင်္ဂလာအခါမှာ ဆုတောင်းပွဲလေး လုပ်တာပါ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေ
ထွန်းကားနိုင်ဖို့ ဆုတောင်းကြတာပါ။ အကျဉ်းကျခံနေဆဲ လူတွေ ပြန်လည် လွတ်မြောက်ဖို့အတွက် အဓိက ဆုတောင်းကြပါတယ်။ ပြီးတော့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ဖေသန်း
စကားပြောတယ်။ အဓိကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကူးပြောင်းနိုင်ဖို့ပေါ့။ ဂန္ဒီကြီးရဲ့ မူနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ယှဉ်ထိုးပြီး
ပြောပြသွားတာပါ”

မင်္ဂလာတောင်ညွန့်မြို့နယ် ဒေါ်သိန်းတင်လမ်း မှာရှိတဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ရဲ့ နာယက အဖြစ် ဆောင်ရွက်ခဲ့သူ ဒေါ်စမ်းစမ်းမြင့်ရဲ့ နေအိမ်မှာ ပြုလုပ်တဲ့ ဒီကနေ့ ဆုတောင်းပွဲ
အခမ်းအနားကို ၀ါရင့် နိုင်ငံရေးသမားကြီးတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒီ-ငြိမ်း ပါတီဝင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊
ကျောင်းသားလူငယ်တွေ စုစုပေါင်း ၇ဝ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်သစ်ကူး အထူးအစီအစဉ်
2011-01-01
မြန်မာ့ဇာတ်သဘင် အနုပညာရှင်တွေ ၂၀၁၀ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ၂၀၁၁ ခုနှစ် အတွက် မျှော်မှန်းချက်တွေအကြောင်း မန္တလေးမြို့က နှုတ်ခမ်းမွှေးညီနောင်
လူရွှင်တော် ဦးပါပါလေး၊ ဦးလူမော်နဲ့ မြပုဏ္ဏမာ အငြိမ့်အဖွဲ့က လူရွှင်တော် ကိုဂေါ်ဇီလာတို့ရဲ့ ပြောပြချက်တွေကို နားဆင်ရမှာပါ။

Photo: RFA / Tyler Chapman


ခေတ်နှင့် စနစ်ကို ထင်ဟပ် ပေါ်လွင်စေသည့် ပြက်လုံးများကြောင့် စစ်အစိုးရက မကြာခဏ ဖမ်းဆီးထောင်ချခြင်း ခံရသည်သာမက အနုပညာ ဖျော်ဖြေခွင့်ပါ ပိတ်ပင်ခြင်း ခံထားရသော
နှုတ်ခမ်းမွေး ညီနောင်သုံးဦး မန္ဈလေးမြို့ နေအိမ်တွင် ပရိသတ်ကို ဖျော်ဖြေနေပုံ ဖြစ်ပါသည်။ (Photo: RFA / Tyler Chapman)
RFA ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားပါတယ်။
စု


်း

င်




က
်။



ံဖို
င်

ူရ
န်

စစ်အစိုးရက စစ်တိုင်းတွေ ထပ်မံတိုးချဲ့


2011-01-01
မြန်မာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေမှာ စစ်တိုင်းတွေ မကြာခင် တိုးချဲ့တော့မယ်လို့ သိရပါတယ်။ တိုးချဲ့မယ့် စစ်တိုင်း ၂ တိုင်းကတော့ ရှမ်းပြည်နယ်နဲ့
ကချင်ပြည်နယ်မှာ ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါဟာပြည်တွင်းစစ်ကိုပဲ ဦးတည်နေတာဖြစ်ပြီး တိုင်းပြည်ပြဿနာ ပြေလည်မဲ့နည်းလမ်းမဟုတ်ဖူးလို့ လေ့လာသူတွေက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ တရုတ-် မြန်မာ နယ်စပ် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက

“ရှမ်းပြည်ရဲ့ အလယ်ပိုင်း ကျပြီးတော့ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးရဲ့ ဆုံချက်နေရာလို ဖြစ်နေတော့ အဲဒီနေရာမှာ တိုင်းတတိုင်း ဖွဲ့မယ်လို့ကြားတယ်။ အရှေ့
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ပေါ့။ အရှေ့မြောက်တိုင်း ရှိတယ်၊ အရှေ့ပိုင်းတိုင်း ရှိတယ်၊ တြိဂံတိုင်း ရှိတယ်၊ အရှေ့တောင်တိုင်းလည်း ရှိတော့ အရှေ့အလယ်ပိုင်းလို့ ခေါ်တာပေါ့။
ခိုလန်မှာ တိုင်းဌာနချုပ်ဖွဲ့မယ်။ ဒါတခုပေါ့။ နောက်တခုက တနိုင်းက ဖြစ်တယ်။ အစတုံးကတော့ ဒေသကွပ်ကဲရေး ဌာနချုပ်ပေါ့။ အခု အဲဒါကို တိုင်းအဖြစ်ပြောင်းပြီး လုပ်မယ့် သဘောပေါ့”

အခုလို စစ်တိုင်းတွေ တိုးချဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ထိန်းချုပ်ဖို့နဲ့ တိုက်ခိုက်ဖို့ ဖြစ်နိုင်သလို တခြား အကြောင်းရင်းတွေလည်း ရှိနိုင်တယ်လို့
ဦးအောင်ကျော်ဇောက ဆက်ပြောပါတယ်။

အသေးစိတ်ကို အာရ်အက်ဖ်အေ သတင်းထောက် ကိုရဲထက် သတင်းပေးပို့ထားတာကို နားဆင်နိုင်ပါတယ်။




င်




ပို့


က
်။



ံဖို
င်

ူရ
န်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်နှုတ်ခွန်းဆက်
2010-12-31
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ပြည်သူလူထု တရပ်လုံးနဲ့ တကမ္ဘာလုံးက မြန်မာ့ ဒီမိုကရေစီရေး ထောက်ခံသူ အားလုံးကို နှစ်သစ်ကူး
နှုတ်ခွန်းဆက်စကား ပြောလိုက်ပါတယ်။
(Photo: AFP)
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် စောင့်မျှော်ကြိုဆိုနေသူများကို နေအိမ်ခြံတံခါးမှ
နှုတ်ဆက်နေစဉ်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူ တရပ်လုံးရဲ့ ထောက်ခံအားပေးမှုကို အထူး ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

အခု လာမယ့် ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး လိုလားနေတဲ့ လူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီ အဆောက်အအုံတွေ တိုးပွား၊ ကြီးပွား ခိုင်မာလာနိုင်ပါစေလို့ ကျမ အနေနဲ့
ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။ ပြည်သူပြည်သား အားလုံးကလည်း စိတ်ဓာတ်အသစ်တွေနဲ့ ကိုယ့်နိုင်ငံ တိုးတက်ရေးအတွက် ဆက်လက်ပြီးတော့ ကြိုးပမ်းကြမယ်လို့လည်း ကျမ
ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ချမ်းသာကြပါစေလို့ အခု အာအက်ဖ်အေ ကနေ တဆင့် ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ်ရှင်"

မြန်မာပြည်သူ အားလုံးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆက်စကားကို နားဆင်ပါ။


ဒေ
ၚေ

ာင်

န်း
စြု
က
ည်
ရဲ့
နှု
တ်

က်

က
ား။


သံ
ဖို
င်
ယူ

န်။

http://www.rfa.org/burmese/

You might also like