You are on page 1of 47

ဗိုလ်ချုပ်မှူးကြီးရဲ့ အထ္ထုပ္ပတ္တိ

ဟန်လေး Tuesday, 25 January 2011 19:01 ကာတွန်း

စစ်အစိုးရထုတ်ရောင်းသည့် ရွှေ လူကြိုက်နည်း

ဧရာဝတီ Tuesday, 25 January 2011 12:56

သတ္တုတွင်း ၀န်ကြီးဌာနက အခေါက် ရွှေများကို ထုတ်ရောင်း သော်လည်း ရွှေချိန်လျော့ခြင်း၊ ဈေးနှုန်း မမှန်ခြင်း တို့ကြောင့် လူကြိုက်နည်း နေကြောင်း သတင်းရရှိသည်။

စစ်အစိုးရ သတ္တုတွင်း ၀န်ကြီးဌာနက ရန်ကုန်ရှိ မြန်မာ့ ကျောက်မျက်ရတနာ ပြခန်းနှင့် မန္တလေးမြို့ရှိ အစိုးရ စီးပွားရေး ဘဏ်တချို့တွင် ရွှေ အရောင်းဌာနများ ဖွင့်လှစ်ပြီး အခေါက်ရွှေများ
ထုတ်ရောင်းနေကြောင်း၊ သို့ရာတွင် ဈေးနှုန်း ကွာဟမှု ရှိခြင်းနှင့် ရွှေချိန်လျော့ကျ ခြင်းတို့ကြောင့် ဈေးကွက်တွင် အောင်မြင်မှုမရဘဲ ဝယ်သူ နည်းပါးနေကြောင်း မန္တလေးဒေသခံ
ရွှေကုန်သည်ကြီးတဦးက ပြောသည်။

“သတ္တုတွင်း ၀န်ကြီးဌာနက ၂၀၀၅-၂၀၀၆ ခုနစ် လောက်က


ရွှေဒင်္ဂါးတွေစပြီး ထုတ်ရောင်း ဖူးတယ်။ ဒါပေမယ့် ဈေးကွက်မှာ ရွှေချိန်
စံမမီတာရယ်၊ အလေးချိန် လျော့တာရယ်ကြောင့် သိပ်ပြီး
မတွင်ကျယ်လိုက်ဘူး။ အခုနောက်ပိုင်း အခေါက်ရွှေကို အပိုင်းလိုက်
ထုတ်ရောင်း လာတယ်။ ဒါပေမယ့် အစိုးရ ရွှေကို ၀ယ်သူသိပ်မရှိလှဘူး”
ဟု ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

အစိုးရ ရွှေဈေးသည် ပြင်ပဈေးထက် အနည်းငယ် လျော့သော်လည်း ၁


ကျပ်သားလျှင် ၂ ရွေးခန့် အလေးချိန်လျော့ခြင်း၊ မှတ်ပုံတင် ပြသရခြင်း၊
ရောင်းဝယ်မှု မှတ်တမ်းတွင် အမည် မှတ်တမ်း စာရင်း
သွင်းရခြင်းတို့ကြောင့် ကုန်သည်များနှင့် လုပ်ငန်းရှင်များ
ကြိုက်နှစ်သက်ခြင်း မရှိကြပေ။

“အစိုးရရွှေက ဈေးနှုန်း သက်သာရင် အလေးချိန်မမှန်ဘူး၊


အလေးချိန်မှန်ရင် ဈေးနှုန်းက မြင့်တယ်။ အဲဒီတော့ ဈေးကွက်မှာ
ဘယ်လိုမှ အလုပ်မဖြစ်ဘူး။ ဈေးကွက်မှာက ဈေးမှန်၊ အလေးချိန်မှန်မှ
တကယ် အရောင်းအ၀ယ်ဖြစ်တာ” ဟု ရွှေ သန့်စင်ရေး နှင့်
ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။

စစ်အစိုးရ အရာရှိ မိသားစုများ ကိုယ်တိုင်ပင်လျှင် အစိုးရရွှေကို ၀ယ်ယူခြင်းမရှိဘဲ ပြင်ပ ဈေးကွက်မှသာ ၀ယ်ယူ စုဆောင်း သည်ဟု ရွှေကုန်သည်များထံမှ သိရသည်။

“အစိုးရ ရွှေဆိုင်ဆိုတာက တကယ်အလုပ်မဖြစ်ဘူး။ အမည်ခံ သက်သက်ပေါ့။ အစိုးရက ဈေး သက်သက်သာသာနဲ့ ရွှေရောင်းပေးတယ်ဆိုတဲ့ ဂုဏ်ပုဒ်တခုအတွက် လုပ်ထားတာ။
တကယ့်ဈေးကွက်ကို ဘာအထောက်အကူမှ မပြုဘူး” ဟု ရွှေဘုံသာလမ်းမှ ရွှေကုန်သည်တဦးက ဆိုသည်။
အစိုးရတရပ်က ရွှေထုတ်ရောင်းခြင်းသည် ငွေကြေးဖောင်းပွမှုကို ကာကွယ်လိုခြင်း၊ ဈေးကွက်တွင် ရွှေဈေး တည်ငြိမ်မှုရှိရန် ထိန်းသိမ်းလိုခြင်း များကြောင့်ဖြစ်ကြောင်း၊ သို့ရာတွင် စစ်အစိုးရ
အာဏာပိုင် အဆင့်ဆင့်၏ ညံ့ဖျင်းမှုများကြောင့်ထို ရည်ရွယ်ချက်များ ပျောက်ကွယ်နေရကြောင်း အငြိမ်းစား အစိုးရဘဏ်မန်နေဂျာ တဦးက ပြောသည်။

ယခုလက်ရှိတွင် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားအတွက် ကျပ် ၆ သိန်း ၃ သောင်းနှင့် ၆ သိန်း ၄ သောင်းအကြားတွင် အပြောင်းအလဲ အတက်အကျ ရှိနေသည်။

စစ်အစိုးရသည် ရွှေဈေးနှုန်းကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းကို ၂၀၀၂ ခုနှစ်တွင် စတင် ဖွဲ့စည်း ခဲ့သည်။

၅ သိန်းတန်ဖုန်းကို ဆက်သွယ်ရေးက စစ်ဆေး ဖြတ်တောက်ခွင့်ရှိ

ဧရာဝတီ Tuesday, 25 January 2011 16:17

ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်းများတွင် အင်တာနက်သုံးခြင်း၊ ဖုန်းပြောခြင်း တို့ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အချိန်မရွေး ကြားဖြတ်၍ တရားဝင် စစ်ဆေးကာ
ဖြတ်တောက် ပိတ်ပင်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဦးတေဇပိုင် E-light tech ကုမ္ပဏီတို့


ပူးပေါင်း ရောင်းချသော ကျပ် ၅ သိန်းတန် ဖုန်းများတွင် အင်တာနက်
အသုံးပြုခွင့်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့မှစ၍ တရားဝင် ခွင့်ပြုခဲ့
သောကြောင့် ရန်ကုန်တွင် လျှောက်ထားသူ များပြားလျှက် ရှိကြောင်း၊
ထိုသို့ လျှောက်ထား သူတိုင်းကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက
အချက် ၁၅ ချက် ပါဝင်သော စည်းကမ်းချက် စာရွက်အား လျှောက်လွှာနှင့်
အတူ ပေးအပ်ပြီး လက်မှတ်ရေးထိုး သဘောတူမှသာလျှင် အင်တာနက်
အသုံးပြုခွင့် ပေးကြောင်း သိရသည်။

“စည်းကမ်းချက် အမှတ်စဉ် ၉ မှာ ငှားရမ်း အသုံးပြုသူ၏ ၀ါယာလက်စ်


အော်တို တယ်လီဖုန်းကို ဌာနအနေနှင့် အချိန်မရွေး ၀င်ရောက်
စစ်ဆေးရန် ငှားရမ်း အသုံးပြုသူက သဘောတူညီပါသည် ဆိုတဲ့
အချက်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ
အင်ဂျင်နီယာတဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တယ်လီဖုန်း ဆက်သွယ်မှုကို


အချိန်မရွေးဖြတ်တောက် ထားနိုင်ကြောင်း၊ ဆက်သွယ်မှု
ပြတ်တောက်ချို့ယွင်းမှုကြောင့် ဖုန်းကိုင်ဆောင်အသုံးပြုသူတွင် ဆုံးရှုံးမှု၊
၅ ( - Popular News) ပျက်စီးမှု တစုံတရာအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင်
တာဝန်မရှိကြောင်း ဆိုသည့် အချက်များလည်း စည်းကမ်းချက်ထဲတွင်
ပါဝင်သည်။

စစ်အစိုးရက တယ်လီဖုန်းလိုင်း သိန်းချီချထားပေးခြင်း၊ အင်တာနက်လိုင်းများ တိုးချဲ့ချထားပေးခြင်းများ ပြုလုပ်နေသော်လည်း အသုံးပြုသော အများပြည်သူအတွက် လုံခြုံစိတ်ချရမှု


မရှိကြောင်း ပြည်တွင်း ပုဂ္ဂလိကမီဒီယာကြီး တခုမှ အမှုဆောင် အယ်ဒီတာတဦးက ပြောသည်။

“ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ အရဆိုရင်တော့ ဘယ်လိုမှ လုံခြုံမှု မရှိဘူးလို့ပဲပြောရမယ်။ တဦးချင်း လွတ်လပ်ခွင့်လည်း ဆုံးရှုံးသလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ကျပ် ၅ သိန်းတန် တယ်လီဖုန်းအသုံးပြုသော ရန်ကုန်မြို့ခံ အများစုမှာ စည်းကမ်းချက်များကို ဂရုတစိုက် ဖတ်ရှုခြင်း မရှိသည့် အတွက် မိမိဖုန်းပြောနေစဉ်နှင့် အင်တာနက်အသုံးပြုစဉ်
မြန်မာ့ဆက်သွယ်ရေးက ကြားဖြတ် နားထောင်နိုင်သည် ဆိုသော အချက်ကို သတိမထားမိကြပေ။

ရန်ကုန်မြို့မှ အထက်တန်းရှေ့နေတဦးက စစ်အစိုးရသည် ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းပြီဟု ကြွေးကြော်နေသော်လည်း ဒီမိုကရေစီကျင့်စဉ်များကို ကျင့်သုံးခြင်းမရှိဘဲ


မျက်ကွယ်ပြုထားသည်ဟု ဆိုသည်။

“ဖုန်းတွေ ကြားဖြတ်နားထောင်တယ်ဆိုတာ သာမန်လုပ်ရိုးလုပ်စဉ်လို့တောင် ပြောလို့ရတယ်။ ဒီထက်ဆိုးတဲ့ ကိစ္စတွေ လုပ်နေတာပဲ။ ဥပမာ-လယ်သိမ်းတယ်၊ မြေသိမ်းတယ်၊


အတင်းအဓမ္မ လုပ်အားပေးခိုင်းတယ်၊ ကလေးစစ်သားတွေ သုံးတယ်၊ မီဒီယာလွတ်လပ်ခွင့် မပေးဘူး၊ တရားရုံးတွေ၊ ရဲတွေလာဘ်စားတယ်၊ စီးပွားရေးမှာ လက်လှမ်းသင့်ရာ
စီးပွားရေးပုံစံနဲ့ လုပ်တယ်၊ ဆွေမျိုးသားသမီး ကောင်းစားရေးလုပ်ကြတယ်၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့ မညီတဲ့ လုပ်ရပ်တွေ အများကြီးဖြစ်ခဲ့တယ်။ ဖြစ်နေတုန်းပဲ” ဟု ၎င်းက ဆက်ပြောသည်။

ပြည်တွင်းတွင် လက်ရှိအသုံးပြုနေသော CDMA ဖုန်းဖြင့် အင်တာနက် အသုံးပြုခြင်း စနစ်သည် တရုတ် Huawei ကုမ္ပဏီမှ တင်သွင်းထားသော နည်းပညာနှင့် စက်ပစ္စည်းများကို
အသုံးပြုထားခြင်းဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ဖုန်းလိုင်းအရေအတွက် ၂ သန်းကျော်ရှိပြီး ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လိုင်း ၂၅၀၀၀၀၊ GSM ဖုန်းလိုင်း ၄၈၅၁၀၀ အပါအ၀င် မိုဘိုင်းလ်ဖုန်း အရေအတွက်
၁၄၃၅၂၅၀ ရှိကြောင်း စစ်အစိုးရက ထုတ်ပြန်ထားသည်။

DKBA နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ KNU နှင့် ပူးပေါင်း

ဧရာဝတီ Tuesday, 25 January 2011 18:54

ကရင်ပြည်နယ် မြ၀တီခရိုင် တောင်အုပ်ရွာ အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) မှ တပ်ခွဲမှူးတဦး အပါအ၀င်
တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်များနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၇) သို့ ယမန်နေ့က လာရောက်ပူးပေါင်းခဲ့သည်။

KNU နှင့် လာရောက် ပူးပေါင်းသည့် DKBA နယ်ခြားစောင့် တပ်ခွဲမှူး


စောနေဘလူးထူးက “DKBA ခေါင်းဆောင်တွေက သူတို့ကိုယ်ကျိုး
အတွက် ကျနော်တို့ကို နအဖဆီ တဖက်လှည့်နဲ့ ရောင်းလိုက်ပြီး
နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်။ သူတို့သာ ကြီးပွား ချမ်းသာသွားပြီး
အောက်ခြေ ရဲဘော်တွေကတော့ နအဖ ကျွန်ဖြစ်နေတာပဲ
အဖတ်တင်တယ်။ ကိုယ့်အမျိုးသားရေး အတွက် ဘာမှ လုပ်ပိုင်ခွင့်
မရှိတော့တဲ့အပြင် အခု ကရင်အချင်းချင်း ပြန်တိုက် နေရတယ်။ ဒါ့ကြောင့်
KNU နဲ့ ပြန်လာပေါင်းတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

လာရောက် ပူးပေါင်းသည့် အဆိုပါတပ်ဖွဲ့ဝင် ၁၇ ဦးအနက် ၁၆ ဦးသည်


KNU တပ်မဟာ ၇ နှင့် အတူ တိုက်ပွဲဝင်ရန် ကရင်ပြည်နယ်
လှိုင်းဘွဲ့မြို့နယ်ရှိ မာနယ်ပလော ဒေသသို့ မကြာမီ ရက်ပိုင်းအတွင်း
ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

KNU တပ်မဟာ ၇ မှ ဗိုလ်ကြီး မျိုးမင်းသူက “ပြန်လည်


ပူးပေါင်းလာသူတွေရဲ့ ဆန္ဒအတိုင်းပဲ အကူအညီ ပေးပါတယ်။ သာမန် အရပ်သားလို နေချင်လည်း ရတယ်။ တပ်ထဲမှာပဲ ပြန်လုပ်ချင်လည်း ရတယ်။ သူတို့သဘောဆန္ဒ အတိုင်းပါပဲ”ဟု
ပြောသည်။

ယခုနှစ်ဆန်းမှစ၍ KNU တပ်မဟာ (၇) သို့လာရောက်ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၂၆) ဦးအထိ ရှိနေပြီဖြစ်ပြီး လာ ရောက်ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့်
မာနယ်ပလောတိုက်ပွဲမှ ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာ၂၉ ဦးတို့ကို အကူ အညီများ ပေးခဲ့သည်ဟု ဗိုလ်ကြီးမျိုးမင်းသူက ဆက်လက်ပြောဆိုသည်။

ချင်းပြည်နယ်သို့ NLD ဆန်လှူ

ရန်ပိုင် Tuesday, 25 January 2011 16:57

ကြွက်အန္တရာယ်ကြောင့် အငတ်ဘေး ကြုံနေသည့် ချင်းပြည်နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးစီးပြီး ယနေ့ ဆန်လှူဒါန်းကြောင်း NLD ကပြောသည်။

NLD ပါတီမှ ဦးအောင်မြင့် (ဖျာပုံနီလုံဦး)၊ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်တို့က ဦးဆောင် ပြီး ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့နယ်ရှိ
ကျေးရွာ ၅၀ ကို ငွေကျပ် သိန်း ၂၁၀ တန်ဖိုးရှိ ဆန်အိတ်ပေါင်း ၁၂၅၀ ဝေငှ မည် ဖြစ်သည်ဟု ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်ကပြောပြသည်။

“ကန်ပက်လက် အာဏာပိုင်ကို ဝေမယ့်ရွာနဲ့ လူဦးရေ စာရင်းပေးပြီးပြီ၊ ခွင့်မပြုသေးဘူး၊ ဒီနေ့တော့ မပြုလည်း ဝေရမှာပဲ”ဟု ၎င်းက ဆိုသည်။

ယမန်နေ့ကတည်းက ဝေငှရန်စီစဉ် ထားသော်လည်း ကန်ပက်လက်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီက ဝေငှ ခွင့် မပေးသေးကြောင်း၊ ရာသီဥတုအခြေအနေလည်း
ကောင်းမွန်သည့် အတွက် ယနေ့တွင် ဝေငှမည်ဖြစ်ကြောင်း၊ တခြားသောမြို့ နယ်များကိုလည်း ဝေငှရန် လေ့လာမှုများ ပြုလုပ်နေကြောင်း ဦးအုန်းကြိုင်က ဆက်လက်ပြောပြသည်။

အလားတူ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးနေဖူးဗဆွေ၊ ဇိုမီး အမျိုးသား ကွန်ဂရက် မှ ဦးအင်ဇာခိုင်၊ NLD ပါတီမှ ကိုအေးမင်းစိုး တို့က ဦးဆောင်ပြီး မြောက်ပိုင်း ထန်တလန်မြို့နယ်
လူဦးရေ ၇၅၀ ခန့်ရှိသည့် ကျေးရွာ ၂ ရွာအတွက် ကျပ်သိန်း ၃၀ တန်ဖိုးရှိ ဆန် အိတ်များ ဝေငှခြင်းနှင့် ဖလမ်း မြို့နယ်တွင် ကျပ်သိန်း ၆၀ ခန့်အကုန်အကျခံ၍ သောက်သုံးရေ ရရှိရေး
ဆောင်ရွက်မှုများကို ပြု လုပ်နေကြောင်း လည်း သိရသည်။

စစ်အစိုးရက ချင်းပြည်နယ်တွင် အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများကြောင့် ချင်းတိုင်းရင်းသားအများစုသည် အိန္ဒိယ၊ မလေးရှားနှင့်


အမေရိကန်ပြည်ထောင်စုတို့တွင် ဒုက္ခသည်များအဖြစ် သွားရောက်နေထိုင်နေရသည်။

၂၀၀၈-၂၀၀၉ ခုနှစ်က ချင်းပြည်နယ်တွင် သီးနှံစိုက်ခင်းများကို ကြွက်များ ဖျက်ဆီးခဲ့သဖြင့် စားနပ်ရိက္ခာရှားပါးသည်အထိ ဆိုးရွား ခဲ့သည်။

NLD ပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီထပ်မံ မှတ်ပုံတင်ခြင်း မပြုသောကြောင့်၂၀၁၀ ရွေးကောက်ပွဲကော်မရှင် က တရားဝင် ရပ်တည်ခွင့်မရှိကြောင်း
ကြေညာခဲ့သော်လည်း လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း၊ ပါတီရပ်တည်ခွင့်နှင့် ပတ်သက်ပြီး စစ်အစိုးရ၏ နေပြည်တော် တရားရုံးချုပ်တွင် ကြားနာစစ်ဆေးမှုများကို
ရင်ဆိုင်နေရကြောင်း၊ ယမန်နေ့ကလည်း ပါတီ ရှေ့နေကြီး ဦးဉာဏ်ဝင်း၊ ဦးကျော်ဟိုးတို့က နေပြည်တော်သို့ သွားရောက်ပြီး ပါတီရပ်တည်ခွင့် အတွက် လျှောက်လဲချက် ပေးခဲ့ကြောင်း
သိရသည်။

ထိုအမှုကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံး ယာယီတာဝန်ခံက ပါတီ ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဝင်းထိန်၊ ဦးအုန်းကြိုင်တို့အား ယနေ့နံနက်ပိုင်းက
လာရောက် တွေ့ဆုံမေးမြန်းခဲ့သည်ဟု ဦးအုန်းကြိုင်က ဆက်လက်ပြောသည်။

သာသနာရေး ၀န်ကြီးဌာနပိုင် မြေနေရာ တရားမ၀င် ငှားရမ်း

သင်းအောင် Tuesday, 25 January 2011 16:25

ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း သာသနာရေး ၀န်ကြီးဌာန သာသနာရေး ပုံနှိပ်ခန်း၏ အနောက်ဘက်ရှိ ဂိုဒေါင်နှင့် မြေနေရာကို ပုဂ္ဂလိက လုပ်ငန်းတခုအား ငှားရမ်းခွင့် ပြုလိုက်သည့်
အပေါ် ၀န်ထမ်းများ စိတ်မသက်မသာ ဖြစ်ကြရသည်ဟု သိရသည်။

၎င်းဂိုဒေါင်သည် ၄၀ x ၆၀ ပေ အကျယ်အ၀န်းရှိပြီး Yangon Publishing & Printing Group(YPPG)သို့ တလ ကျပ် ၈ သိန်း ဖြင့် တနှစ် စာချုပ် အငှား ချထားလိုက်ခြင်းဖြစ်သည်။

ထို့အပြင် သာသနာရေး ပုံနှိပ်ခန်းမှ ကိုမိုရီ အမျိုးအစား 2 UNIT အော့ဖ်ဆက် ပုံနှိပ်စက် အသစ်တလုံး၊ ဓားစက် တလုံးကိုပါ ပုဂ္ဂလိ က သို့ ငှားရမ်းခွင့်ပြုလိုက်ခြင်းကြောင့်
ဝန်ထမ်းများအကြား ယခုကဲ့သို့ မကျေနပ်မှုများ ဖြစ်ပေါ်လာရခြင်းဖြစ် သာသနာရေး ၀န်ထမ်း များက ပြောသည်။

“၂၀၁၀ စက်တင်ဘာမှာ Yangon Media Group က ကိုက(ို စက်မှု တက္ကသိုလ)် နဲ့ အဖွဲ့ဂိုဒေါင်ကိုလာကြည့်တယ်။ သူတို့ပိုင် ပုံနှိပ် စက်တွေထား ဖို့ ၀န်ကြီးနဲ့ ညှိတယ်။ နိုဝင်ဘာမှာ YPPG
ဒါရိုက်တာ ဦးအောင်သန်းချစ်က လာရောက် စာချုပ်တာပဲ”ဟု သာသနာ တော် ထွန်းကားပြန့်ပွားရေး အရာထမ်း တဦးက ဆိုသည်။

ထို့ကြောင့် အလုပ်ခန်းနေရာ ဦးစွာ လာရောက်လေ့လာသူ Yangon Media Group နှင့် ငှားရမ်းသူ Yangon Publishing & Printing Group တနည်းနည်း ပတ်သက်ဆက်နွှယ်နေရမည်ဟု
ဝန်ထမ်းများအကြား ပြောဆိုနေကြသည်။

“အခု ၂၀၁၁ ဇန်န၀ါရီ လဆန်းမှာ YPPG ရဲ့စက်နှစ်လုံး ရောက်လာပြီ။ သာသနာရေးက ငှားရမ်းထားတဲ့ စက်တလုံးနဲ့ ပေါင်း ၃ လုံး လည်ပတ်နိုင်ဖို့ စက်တွေ စတင်တပ်ဆင်နေပြီ။
ဌာနတွင်းဆိုတော့ မီးမှန်တယ်။ လုပ်ငန်း နေ့ ည လည်ပတ်လို့ ရတယ်”ဟု YPPG ၏ ပုံနှိပ်စက် ဆရာတဦးက ပြောဆိုသည်။

သာသနာရေး ၀န်ကြီးဌာနပိုင် ကိုမိုရီ အော့ဖ်ဆက်၊ ဓားစက်များကို ယခုကဲ့သို့ ငှားရမ်းခွင့်ပြုလိုက်ခြင်းကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များပင်
မသိရှိလိုက်ကြဟုလည်း ဆိုသည်။

“စက္ကူအခက်အခဲကြောင့် အသုံးမပြုဘဲ ရပ်ထားတဲ့ 4 UNIT ကိုမိုရီကို ငှားလိုက်တယ်ပဲ ထင်နေကြတာ။ ဌာနမှာ လက်ရှိ လည်ပတ် နေတဲ့ ကိုမိုရီ ၅ လုံးအနက် အကောင်းဆုံးစက်ကို
အခုလို ငှားလိုက်တာ။ အဲဒီစက်က ၂၀၀၉ ခုနှစ်တုန်းက ထိုင်ဝမ်ဘုန်းကြီး `ဆင်တောက်´ကနေ သာသနာရေးကို လှူဒါန်းထားတဲ့ စက်ပါ”ဟု သာသနာရေး ဦးစီးဌာန ၀န်ထမ်းများက
ပြောသည်။

သာသနာရေး အရာထမ်း တဦးကလည်း“ဒီအပေါ် ၀န်ထမ်းသက်သာ ရန်ပုံငွေအဖြစ် သတ်မှတ်ငှားရမ်းခြင်းမျိုး မဟုတ်ဘူး။ သက်သာ ရန်ပုံ ငွေ နဲ့ ပတ်သက်တဲ့ ညှိနိုင်းမှု၊ ညွှန်ကြားမှု၊
စာရွက်စာတမ်း ဘာမှ မရှိဘူး”ဟု ပြောသည်။

ထို့အပြင် သာသနာရေးဝန်ကြီးဌာန ၀န်ကြီးသည် ၎င်း၏ ကိုယ်ကျိုးအတွက် ပြီးခဲ့သည့် ၂ နှစ်ခန့်မှ ယနေ့အထိ သာသနာရေးရုံးဝင်း အတွင်း KMD ကွန်ပျူတာ သင်တန်းအား
နေရာပေးငှားရမ်းခဲ့ကြောင်း သိရသည်။

KMD သင်တန်းသားဝင်ကြေး၏ ၃၀ ရာခိုင်နှုန်းကို လစဉ်ပေးအပ်ရန် ညှိနှိုင်းမှုအရ ၀န်ကြီး၏ တလ၀င်ငွေသည် ကျပ် ၁၀ သိန်းနှင့် အထက် ရှိနိုင်သည်ဟု ၀န်ထမ်းများက
ထင်ကြေးပေးနေကြသည်။

ထို့အပြင် ကမ္ဘာအေးဘုရား လမ်းမပေါ်ရှိ ၀ိသကြုံ သင်္ကန်း ပရိက္ခရာဆိုင်၊ မကြာမီက ဖွင့်လှစ်လိုက်သည့် ပန်းပျိုးပင် အရောင်းဆိုင် တို့၏ ငှားရမ်းခများကိုလည်း ဌာနတွင်း
စာရင်းရှင်းလင်းခြင်း မရှိဘဲ ၀န်ကြီး၏ လစဉ်ဝင်ငွေအတွင်း ရောက်ရှိသွားကြသည်ဟု ၀န်ထမ်း များက ဆိုသည်။
“၀န်ကြီးဌာန သက်သာရန်ပုံငွေဆို ၀န်ထမ်းအားလုံး သိနေရမယ်။ အခုလို မြေငှား၊ စက်ငှား၊ ညွှန်ချုပ်၊ ညွှန်မှူးတွေနဲ့ ညှိနှိုင်းမှုတွေ ရှိရမယ်။ အခုတော့ နေပြည်တော်၊ ရန်ကုန်ရှိ
သာသနာရေးဝန်ကြီးဌာန၊ ဌာနကြီး ၄ ခုက လူကြီးနဲ့ ညှိနှိုင်းမှု မရှိဘဲ ၀န်ကြီးက သူ့သဘောနဲ့သူ လုပ်တာ။ ဒါဟာ ဌာနတွင်း လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး”ဟု နေပြည်တော်ရှိ သာသနာရေး
ဦးစီးဌာန အရာထမ်းတဦး က ပြောဆိုသည်။

ကမ္ဘာအေး ဘုရားလမ်း ပုံနှိပ်ဝန်ထမ်းများမှာမူ လက်ကျန် စက်အဟောင်း ၄ လုံးဖြင့် ဌာန၏ လုပ်ငန်းများ လည်ပတ်ရတော့မည်ဖြစ်ပြီး လုပ်ငန်းနှောင့်နှေးနိုင်မည်ဟု ခန့်မှန်းနေကြသည်။

ဝန်ထမ်းတချို့ကမူ“၂၀၁၀ ခုနှစ်ထဲမှာ ရဲစခန်း၊ မီးသတ်ရှေ့တွေက ၀န်ထမ်းသက်သာ ဆိုင်ခန်းတွေ ဖျက်သိမ်းခဲ့တယ်။၂၀၁၁ နှစ် ဦး မှာ ပါရမီ လမ်းမပေါ်က ၀န်ထမ်းသက်သာ
ဆိုင်ခန်းတွေ ဖျက်ခဲ့တယ်။ အဲဒီလို ဖျက်သိမ်းနေတာကို သိလျက်နဲ့ ၀န်ကြီးက ရုံးပိုင် အဆောက်အအုံ မြေနေရာတွေ ငှားရမ်းနေခြင်းဟာ စဉ်းစားစရာဖြစ်နေတယ်”ဟု ပြောဆိုနေကြသည်။

စီးပွားရေး ပညာရှင်တဦးက“နိုင်ငံပိုင်လုပ်ငန်းတွေကို အပြီးအပိုင် ရောင်းချခြင်း၊ တ၀က်တပျက် ရောင်းချခြင်း၊ အချိန်ကာလ သတ် မှတ်၍ အငှားချထားခြင်း စတဲ့ပိုင်ဆိုင်မှုတွေ
လွှဲပြောင်းပေးခြင်းဟာ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီအပေါ် တာဝန်ရှိ ပုဂ္ဂိုလ် ဟာ အောက်ခြေနဲ့ ညှိနှိုင်းရပါတယ်။ အထက်ကို တင်ပြရပါတယ်။ အားလုံးခွင့်ပြုမှ ပုဂ္ဂလိကပိုင်
ပြုလုပ်လို့ ရပါတယ်။ ဌာနတွင်း အကြီး အကဲတွေတောင် မသိဘဲ အခုလိုလုပ်ခြင်းဟာ ၀န်ကြီးရဲ့ကိုယ်ကျိုးရှာမှုသက်သက် ဖြစ်နိုင်ပါတယ်”ဟု ဝေဖန်သည်။

သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး သူရ ဦးမြင့်မောင်သည် အသက် ၇၀ ကျော် ရှိနေပြီဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ၏ ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် တဦးဖြစ်သည်။

MAI လေကြောင်း အိမ်နီးချင်း ၃ နိုင်ငံ တိုးချဲ့ပျံသန်းမည်

ဟိန်းသူ Tuesday, 25 January 2011 11:36

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်သည့် MAI (Myanmar Airways International) သည် အိမ်နီးချင်း ၃ နိုင်ငံနှင့် လေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲတော့မည်
ဖြစ်ကြောင်း သိရသည်။

MAI သည် ကမ္ဘောဒီးယား၊ တရုတ် ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တိုက် ရိုက် လေကြောင်းပြေးဆွဲရန် သဘောတူညီမှုရရှိခဲ့ပြီး
ဖြစ်သော်လည်း လေကြောင်းခရီးစဉ်များကိုမူ သတင်းမထုတ်ပြန်နိုင်သေး ကြောင်း MAI မှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၀၉ ခု အောက်တိုဘာ လကုန်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ဆေးရောင်အသစ် ပြောင်းလဲ ပြင်ဆင်ထားသည့် MAI လေယာဉ် တစီးကို တွေ့ရစဉ် (ဓာတ်ပုံ - W.T.
Liew. Ex-Adria)

“ကျနော်တို့ ကမ္ဘောဒီးယားခရီးစဉ်နဲ့ တရုတ်ခရီးစဉ်တွေကိုတော့ ရက်တွေသတ်မှတ်ပြီး စတင်ပြေးဆွဲတော့မှာပါ။ ဘင်္ဂလားဒေ့ရှ် ကို ပြေးဆွဲဖို့တော့ ကျနော်တို့ နောက်မှ
သတင်းထုတ်ပြန်မှာပါ”ဟု ၎င်း က ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုန(ီ Dipu Moni) က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် သဘောတူညီမှုရရှိခဲ့သည်ဟု
ဘင်္ဂလားဒေ့ရှ် Daily Star သတင်းစာက ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ် ရိ(ပ်) နှင့် တိုက်ရိုက်လေကြောင်းလိုင်းသစ်ကို ဖေဖော်ဝါရီလ၂၃ ရက်နေ့တွင် တပတ်လျှင်၂ ကြိမ် စတင် ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၃ ရက်နေ့တွင်စတင်ကာ တိုက်ရိုက်လေကြောင်းလိုင်းသစ်အဖြစ် တရုတ်နိုင်ငံ ကန်တုံမြို့ ဂွမ်ဇူး(Guangzhou)နှင့် ချိတ် ဆက် ကာ တပတ်လျှင် ၂ ကြိမ်
ပျံသန်းတော့မည်ဖြစ်သည်။

MAI လေကြောင်းလိုင်းမှာ ပြည်ပ တိုက်ရိုက်ခရီးစဉ်များအဖြစ် မလေးရှား၊ ထိုင်း၊ စင်္ကာပူနှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ပြေးဆွဲလျက် ရှိနေပြီး တဆင့်ခရီးစဉ်များအဖြစ် ဟောင်ကောင်၊ ဂျပန်၊
တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ပြေးဆွဲနေသည်။

MAI ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ကမ္ဘောဇဘဏ် လီမိတက်မှ လွှဲပြောင်းရယူပြီး Air Kanbawza လေကြောင်းလိုင်း အမည်ဖြင့် ပြေးဆွဲရန် အစီအစဉ်ရှိကြောင်းလည်း ကမ္ဘောဇ
စီးပွားရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ကမ္ဘောဇဘဏ် လီမိတက်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI)ကို လွှဲပြောင်းရယူပြီးနောက် ကမ္ဘောဇမှ ၀န်ထမ်း များ MAI ၀န်ထမ်းများနှင့် ပူးတွဲလုပ်ကိုင်နေကြောင်း
သိရှိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းနှင့် ပြည်ပလေကြောင်း လိုင်းများကို MAI နှင့် Air Bagan တို့ကပြေးဆွဲနေပြီး Air Mandalay နှင့် Asian Wings တို့မှာ ပြည်တွင်းလေကြောင်းလိုင်းများကို
ပြေးဆွဲနေသည်။
Air Bagan ပိုင်ရှင် ဦးတေဇ သည် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် Sun Far Travels & Tours Co., Ltd ကုမ္ပဏီနှင့် ပူးပေါင်း၍ Asian Wings ဟု အမည်ရှိ လေကြောင်းလိုင်းအသစ်ကို
ပြီးခဲ့သည့် ၂၀၁၀ အောက်တိုဘာလက ဖွင့်လှစ်ခဲ့သည်။

ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်သော Yangon Airways သည် လေယာဉ်ပျံသန်းခွင့် မရသဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ လ ၃ ရက်နေ့ မှ စတင်ကာ ရပ်နားခဲ့ရသည်။

ပြည်ပ လေကြောင်းလိုင်းများဖြစ်သည့် Air Asia, Air China, Bangkok Airway,Thai Airway တို့သည်လည်း မြန်မာနိုင်ငံသို့ ပြေး ဆွဲလျက်ရှိသည်။

ကုန်တင်ယာဉ် အလေးချိန် ကန့်သတ်၍ ကုန်ဈေးနှုန်းမြင့်တက်

ခိုင်သွယ် Tuesday, 25 January 2011 14:08

ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး ကဏ္ဍတွင် အာဏာပိုင်များက ကုန်တင်ယာဉ်များအား ကုန်ပစ္စည်းတင်ပို့မှု အလေးချိန် ကန့်သတ်လိုက် ခြင်းကြောင့် အခြေခံ စားသောက်ကုန် ပစ္စည်းများ၊
ဆောက်လုပ်ရေး ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းတချို့ဈေးမြင့် တက် လာကြောင်း သိရှိရသည်။

ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်လျက်ရှိသော


မော်တော်ယာဉ်များ၏ ကုန်တင်ပို့မှု အလေးချိန်နှုန်းကို ဇန်န၀ါရီ
လဆန်းပိုင်းတွင် စတင်ကန့်သတ် လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့
ဘုရင့်နောင် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းသမားများက ပြော ဆိုသည်။

“အရင်က တန် ၆၀ လောက် ခွင့်ပြုနေတာကနေ အခု ၂၅ တန်ထိအပဲ


ခွင့်ပြုတော့တယ်၊ လမ်းတွေ ပျက်စီးတဲ့ အတွက်လို့ ပြောတယ်၊ အဲဒီတော့
ကုန်ပစ္စည်းကို လျှော့တင်ရတော့ ကားခလည်း ဈေးနည်းနည်း
တက်ယူလိုက်ရတယ်”ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တဦးက
ပြောသည်။

အာဏာပိုင်များက အာဆီယံ စံညွှန်းနှင့် ညီရန်ဟု ဆိုကာ ယခင်က ၆


ဘီကား တစီးလျှင် တန် ၂၀ တင်နေရာမှ ယခု ၁၆ တန်၊ ၁၀
ဘီးကားတစီးလျှင် ၃၅ တန် တင်နေရာမှ ယခု ၂၁ တန်၊ ၁၂
ဘီးကားတစီးလျှင် တန် ၄၀ တင်နေရာမှ ယခု ၂၅ တန်သာ တင်ခွင့်ပြု
သည့်အတွက် ကုန်ပစ္စည်း ဈေးနှုန်းများမြင့်တက်လာရခြင်း ဖြစ်ကြောင်း
ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောသည်။

( - mmcybermedia.com) ယင်းသို့ ကန့်သတ်လိုက်သောကြောင့် ကားခများ ဈေးတက်ပြီး၊


ကုန်တင်ကားများအနေဖြင့်လည်း ခေါက်ရေတိုးစွဲ နေရကြောင်း
ကားသမားများနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ အတွက် စီးပွားရေးအရ တွက်ခြေကိုက်ကြောင်း ကုန်စည် လုပ်ငန်းများထံမှ သိရှိရသည်။

ယခင် ရန်ကုန်-မန္တလေး ကုန်စည် ပို့ခနှုန်းမှာ တပိဿာလျှင် ကျပ် ၄၀၊ ၄၅ နှုန်းရှိရာမှ ကုန်တင်ကန့်သတ်လိုက်သည့် အတွက် တပိဿာ လျှင် တင်ပို့ခ ၈၅ ကျပ်မှ ၁၀၀ အထိ
မြင့်တက်သွားကြောင်း သိရှိရသည်။

“မန္တလေးကနေ တင်ပို့နေတဲ့ အခြေခံ စားသောက်ကုန်တွေမှာလည်း အရင်က တခေါက်လောက်နဲ့ ပြီးတယ်၊ အခု ကန့်သတ် လိုက် တော့၂ ခေါက် ခွဲသယ်ရတဲ့အပြင် ဈေးကလည်း နှစ်ဆ၊
သုံးဆလောက် တက်သွားတော့ အရင်နှုန်းတွေနဲ့ မကိုက်တော့ဘူး ဈေး တက် ယူရတော့တာပဲ”ဟု ဘုရင့်နောင်ဈေးမှ စားသောက်ကုန် ရောင်းသည့် ကုန်သည်ကြီးတဦးက ပြောသည်။

ရန်ကုန်မှ ရှမ်းပြည် အောင်ပန်းသို့ ကားဖြင့် သယ်ယူပို့ဆောင်ခမှာ ယခင် ဆန်တအိတ် ၁၂၀၀ ကျပ်ကို ယခု ၃၅၀၀ ကျပ် ဖြစ်၍ ၃ဆခန့် ဈေးနှုန်း ဖြစ်သွားကြောင်း အောင်ပန်းမြို့မှ
ကုန်တင်ယာဉ် ပိုင်ရှင် ဦးရဲမြင့်သိန်းက ပြောသည်။

“ကားသမားတွေကိုတော့ ထိခိုက်မှု မရှိဘူး၊ စားသုံးသူနဲ့ ကုန်ပစ္စည်း ထုတ်လုပ်သူတွေကို ထိခိုက်တာ ၊ အရင်က ဘိလပ်မြေ တအိတ် ၁၂၀၀ ကျပ် နဲ့ရတယ်၊ အခု ၃၅၀၀ ကျပ်
ပေးဝယ်ရတယ်၊ သုံးဆ လောက် တက်သွားတယ်၊ ဆန်ဈေးကတော့ ပျမ်းမျှ တအိတ် ၂၀၀၀ လောက်တက်တယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မှ အောင်ပန်းသို့ သွားရာ လမ်းတလျှောက်တွင် လမ်းအသုံးပြူခ ကောက်ခံသည့် ဂိတ်ပေါင်း အနည်းဆုံး ၁၀ ခု ခန့်ရှိပြီး ကားတစီး အတွက် တဂိတ်လျှင် ကျပ် ၈၀၀၀ ခန့်
ပေးရကြောင်းလည်း ဦးရဲမြင့်သိန်းက ပြောပြသည်။

မြန်မာနိုင်ငံတွင် နေရာဒေသ တခုမှ တခုသို့ ကုန်စည်တင်ပို့ရာတွင် မော်တော်ယာဉ်များကိုသာ အများဆုံး အသုံးပြုလျက် ရှိသောကြောင့် မော်တော်ယာဉ်တင်ဆောင်ခ
ဈေးနှုန်းမြင့်တက်လာပါက ကုန်ပစ္စည်းဈေးနှုန်းများလည်း မြင့်တက်လေ့ရှိကြောင်း သိရ သည်။

ဇန်န၀ါရီလ ဒုတိယပတ်မှစတင်ပြီး ရန်ကုန်ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များဖြစ်ကြသော ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ သကြား၊ အချိုမှုန့် စသည့် ဈေးနှုန်းတို့မှာ
ယခင်ကထက် သိသိသာသာဈေးမြင့်တက်လာကြောင်း ထို့အပြင် အိမ်ဆောက် ပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ သံ၊ သွပ် စသည်တို့မှာလည်း ဈေးမြင့်တက်လာကြောင်း ကုန်သည်များက
ပြော သည်။

“ဆန်တအိတ်ကို ကျပ် ၃၀၀၀ လောက် တက်လာတယ်၊ ကြက်သွန်၊ အာလူး အကုန်လုံး ဈေးတက်လာတယ်၊ ခေါက်ဆွဲခြောက်တို့ ၊ ကော်ဖီစေ့ တို့လည်း ဈေးတက်ကုန်တယ်”ဟု ရန်ကုန်
ညောင်ပင်လေး ဈေးမှ ကုန်သည်ကြီး တဦးက ပြောသည်။

ထို့အပြင် နယ်စပ် ကုန်သွယ်ရေးမှ တဆင့် တင်သွင်းနေသော ကုန်ပစ္စည်းများဖြစ်သည့် စက် ပစ္စည်းများ၊ ဆန် စက်ပစ္စည်း၊ အင်ဂျင်များ၊ ဖယောင်းကုန်ကြမ်းများ၊ တရုတ်
စားသောက်ကုန်များမှာမူ ယခင်ဈေးနှုန်းထက် ၄၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လျက် ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ကုန်တင်ယာဉ်များကို ၎င်းတို့တင်ဆောင်နေကျ
ကုန်အလေးချိန်ထက် လျှော့၍ တင်ဆောင်ရန် ညွှန်ကြားသည့် အတွက်ကြောင့် တန်ဆာခ များ မြင့်တက်လာခြင်း ဖြစ်ကြောင်း တရုတ်ပြည်ဘက်သို့ ကုန်စည်များ ပို့ဆောင်နေကျ
ကုန်ကားမောင်းနှင်သူ တဦးက ပြောသည်။

မြန်မာနှင့် အင်ဒိုနီးရှားကို အိန္ဒိယ ဆိုက်ရောက်ဗီဇာ ပေးမည်

ဧရာဝတီ Tuesday, 25 January 2011 18:38 သတင်းတိုများ

မြန်မာနှင့်အင်ဒိုနီးရှား နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာထုတ်ပေးရန် အိန္ဒိယအစိုးရက ယနေ့ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း Newkerala သတင်းတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇန်န၀ါရီ ၁
ရက်နေ့က အာရှနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား ၊ လာအို ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာပေးခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မာနှင့် အင်ဒိုနီးရှားကို ပေးရန်
အိန္ဒိယ အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း၊ ယမန်နှစ် ဇန်န၀ါရီ ၁ ရက်နေ့ကလည်း ဂျပန် ၊ စင်ကာပူ ၊ ဖင်လန် ၊ လူဇင်ဘတ်နှင့် နယူးဇီလန် နိုင်ငံ သားများအား ဆိုက်ရောက်ဗီဇာ
ထုတ်ပေးခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
စစ်အစိုးရ လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်ဟု HRW ထုတ်ပြန်

ဧရာဝတီ Tuesday, 25 January 2011 18:38 သတင်းတိုများ

စစ်အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေကြောင်း အမေရိကန် လူ့အခွင့်အရေး စောင့်ကြည့် လေ့ လာရေး အဖွဲ့(HRW)က ပြောဆိုလိုက်သည်။ အဓမ္မ
လုပ်ပေးခိုင်းစေခြင်း၊ ဥပဒေမဲ့ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်း၊ အဓမ္မ ရွှေ့ပြောင်းခိုင်းခြင်း၊ အမျိုးသမီးများအပေါ် အဓမ္မ ပြုကျင့်ခြင်းများကို ကျူးလွန်ကြောင်း၊ အထူးသဖြင့်
မြန်မာနိုင်ငံအရှေ့ပိုင်း စစ်မက်ဖြစ်ပွားရာ ဒေသများရှိ ဒေသခံ ၅၀၀၀၀၀ ခန့်သည် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များအဖြစ် တိမ်းရှောင်နေရကြောင်း၊ ထိုင်းနိုင် ငံ ဒုက္ခသည်
စခန်းများတွင် မြန်မာ ဒုက္ခသည် ၁၄၀၀၀၀ ခန့် ရောက်ရှိနေကြောင်း ယမန်နေ့က ထုတ်ပြန် သည့် HRW ၏ အစီရင် ခံစာ ၌ ဖော်ပြထားသည်။

ယခုလ ၂၇ ရက်တွင်
ဝန်ကြီးများ ရာထူးမှ
နုတ်ထွက်မည်

ယခုလ ၂၇ ရက်နေ့တွင် လက်ရှိ တာဝန်


ထမ်းဆောင်နေသော အစိုးရအဖွဲ့ဝန်ကြီးများ ရာထူးမှ
နုတ်ထွက်မည် ဖြစ်ကြောင်း သိရသည်။ ရာထူး
နုတ်ထွက်ပြီးသည့် ဝန်ကြီးများထဲမှ ရွေးကောက်ပွဲ
အနိုင်ရသူများမှာ လွှတ်တော်သို့ တက်ရမည် ဖြစ်ကြောင်း
အထွေထွေ အုပ်ချုပ်ရေးဌာနမှ အရာရှိတဦးက ပြောသည်။
ဝန်ကြီးများ အနားယူပြီးလျှင် ၎င်းရာထူးများကို မည်သူတို့က
ယာယီ တာဝန်ယူမည်ကိုမူ မသိရသေးပေ။

မြန်မာအလုပ်သမားများ တောင်းဆိုမှု ထိုင်းအလုပ်ရှင် လိုက်လျော

ဧရာဝတီ Tuesday, 25 January 2011 11:29 သတင်းတိုများ

ထိုင်းနိုင်ငံတောင်ပိုင်း လပ်ဘူရီမြို့ရှိ VAK နာနတ်သီး စည်သွတ်ဘူး စက်ရုံမှ မြန်မာ အလုပ်သမားများ အလုပ်သမား ရပိုင်ခွင့်များ အတွက် ယမန်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ရာ
လုပ်ငန်းရှင်က လိုက်လျော ခဲ့သဖြင့် ယနေ့ လုပ်ငန်းခွင် ပြန်ဝင်နေကြပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာ အလုပ်သမားအားလုံး စည်းလုံးမှုဖြင့် အကြမ်းမဖက် တောင်းဆိုခဲ့ခြင်း၊ သတင်း
မီဒီယာများက ၀ိုင်းဝန်းပေးခြင်း တို့ကြောင့် ထိုင်းလုပ်ငန်းရှင်က တောင်းဆိုချက်များကို လိုက်လျောပေးခြင်း ဖြစ်ကြောင်း မြန်မာအလုပ်သမား ခေါင်းဆောင် တဦးက ပြောသည်။

http://www.bur.irrawaddy.org/

Tuesday, January 25, 2011

Global Fund ရဲ့ လုပ်ငန်းတွေမှာ ရန်ပုံငွေ ဘုံးမှုတွေ ပေါ်

ဆယ်လီဘရစ်တီတွေ စုပေါင်းပြီး လှူထားတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၁.၇ ဘီလီယံထဲက သုံးပုံ နှစ်ပုံလောက်ဟာ ကုလသမဂ္ဂရဲ့ ဗျူရိုကရေစီ ယန္တယားအတွင်းမှာ
အဘုံးခံထားရတယ်လို့ အေပီသတင်းဌာနက ဖော်ထုတ်ရေးသားလိုက်ပါတယ်။ အများစုကတော့ လာဘ်စားမှုပါတဲ့။

AIDS, တီဘီရောဂါနဲ့ ငှက်ဖျားရောဂါတွေကို တိုက်ဖျက်ဖို့ ဖွဲ့ထားတဲ့ Global Fund ကို စစ်ဆေးရေးပြုလုပ်ရာမှာ ပါဝင်သူတဦးက “စာရင်းအင်း မခိုင်မာတာ၊ ကိုယ့်အိတ်ထဲ
ကိုယ်ထည့်တာတွေ တွေ့ရတယ်” လို့ ပြောထားပါတယ်။ လှူထားတဲ့ ဆေးတွေဟာလည်း မှောင်ခိုဈေးကွက်ထဲ ရောက်ကုန်ပါသတဲ့။

မော်ရီတေးနီးယားနိုင်ငံမှာ AIDS တိုက်ဖျက်ရေးအတွက်ဆိုပြီး ရန်ပုံငွေ ၆၇ ရာခိုင်နှုန်းလောက်ကို တလွဲသုံးထားပါတယ်။ မာလီနိုင်ငံမှာ ငှက်ဖျားတိုက်ဖျက်ရေးအတွက် ၃၆ ရာခိုင်နှုန်း၊


ဒီဘူတီနိုင်ငံမှာတော့ ၃၀ ရာခိုင်နှုန်း အသီးသီး တလွဲတချော်တွေ သုံးစွဲထားတာ တွေ့ရပါတယ်။

နိုင်ငံတွေမှာ လုပ်နေတဲ့ လောလောဆယ်မှာ လာဘ်စားကြောင်းတွေ့ထားရတဲ့ ပရောဂျက်တွေကို ရပ်ဆိုင်းခိုင်းထားပါပြီ။ တလွဲသုံးထားတဲ့ ငွေတွေကိုလည်း ပြန်ပေးကြဖို့


တောင်းဆိုထားပါတယ်။

Global Fund ဟာ စစ်အစိုးရက လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ကို ချုပ်ချယ်ကန့်သတ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၀၅ ခုနှစ်မှာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပါတယ်။

ခက်ထန်
Ref: The New York Times

ဂျပန်က မြန်မာနိုင်ငံတွင် ကားထုတ်လုပ်မည်

ဂျပန်-မြန်မာ ပူးပေါင်းကားထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်း အစည်းအဝေးကို ဇန်ဇဝါရီလ ၁၈ ရက်နေ့က


ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုစီမံကိန်းလုပ်ငန်းစဉ်တွင် ဂျပန် ကားကုမ္ပဏီကြီးများဖြစ်သော ဟွန်ဒါ၊ စူဇူကီး အော်တိုတို့မှ အဖွဲ့ဝင်ပေါင်း


၄၀၀ ကျော်၊ မြန်မာ့ကားထုတ်လုပ် လုပ်ငန်းရှင် ၇၃ ဦးတက်ရောက်ခဲ့သည်။

လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံတွင်အခြေစိုက်ပြီး အိမ်နီးချင်း နိုင်ငံများကို လက်လီ


ပြန်ရောင်းချနိုင်ရေးဖြစ်သည်။

စူဇူကီး ဂျပန်ကားကုမ္ပဏီ ဥက္ကဋ္ဌ Tokushige Shimada က ဤ လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံတွင်


အကောင်အထည်ဖော် လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက အစီအစဉ် ရှိခဲ့ကြောင်း၊ မြန်မာတွင် အခြေစိုက်၍
အိမ်နီးချင်းဖြစ်သော ဘင်္ဂလားဒေရှ်နှင့် အင်ဒိုနီးရှားတို့အား အဓိက ပစ်မှတ်ထားကြောင်း၊
နောက်တချက်ကတော့ မြန်မာတွင် လုပ်ငန်းအတွက် လုပ်အားခ သက်သာကြောင်း ပြောသွားသည်။

မြန်မာလုပ်ငန်းရှင်တဦးက “ဒီမှာက လုပ်အားခကို တခြားနိုင်ငံမှာ ယှဉ်လိုက်ရင် အများကြီး


သက်သာတယ်လေ။ နောက်တခုက မြို့ကြီးတွေမှာ မော်တော်ယာဉ်တွေက လက်ရှိလူဦးရေနဲ့ဆို
မမျှဘူးဖြစ်နေတယ်။ သူတို့လာလုပ်မယ်ဆိုရင် အနာဂတ်အတွက် အကျိုးမြတ်တွေ အများကြီးရနိုင်တယ်” ဟု
ဆိုသည်။

ဝင်းလက်
Ref: www.cnfol.com
http://www.irrawaddyblog.com/
ဒေါက်တာစိန်ထွန်း ကွယ်လွန်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၁၀ မိနစ်

ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှူးဟောင်း ပါမောက္ခ ဒေါက်တာစိန်ထွန်း အသက် ၇၁ နှစ်တွင် ရန်ကုန်၌ မနေ့က ကွယ်လွန်သွားသည်။

နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) အသိအမှတ်ပြု ပညာရှင်၊ အက်တမ်နှင့် အနုမြူ ရူပဗေဒနယ်ပယ် သုတေသနပညာရှင် ဒေါက်တာစိန်ထွန်းသည် ရန်ကုန်တက္ကသိုလ်တွင်
သုတေသန ဓာတ်ပြုစက် (Research Reactor) လည်ပတ်အောင် ကြိုးစားခဲ့သည်ဟု တက္ကသိုလ် ရူပဗေဒအသင်း အတွင်းရေးမှူး လုပ်ခဲ့ဖူးသည့် တပည့်တဦးက ပြောသည်။

ရန်ကုန် စိန်ပေါလ် သာသနာပြုကျောင်းမှ ၁၉၅၈


တက္ကသိုလ်ဝင်တန်းတွင် ပထမဆင့်၊ ရန်ကုန် တက္ကသိုလ်မှ ရူပဗေဒသိပ္ပံ (ဂုဏ်ထူး) (၁၉၆၂)၊ ဗြိတိန်နိုင်ငံ
ဆာရေးတက္ကသိုလ်မှ မဟာသိပ္ပံ (၁၉၆၇)၊ ပါရဂူ (၁၉၇၃) ဘွဲ့များနှင့် MInstP IOP Lond,1968;CPhys FInstP Lond,
1982; CSci 2004,London ပညာရေး သဟာယ အဖွဲ့များတွင် ပါဝင်ခဲ့သည်။

အင်္ဂလိပ်-မြန်မာဘာသာများဖြင့် ပညာရပ်စာတမ်း စာအုပ်များ၊ ကျောင်းသုံးစာအုပ်များ ပြုစုခဲ့သည်။ နောက်ဆုံး


ထွက်စာအုပ်မှာ၂ဝ၁ဝ တွင် မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံ ပညာရှင်များအသင်းမှ ထွက်သည့် "Nuclear Physics in a Nutshell:
Graduate Lectures on Physics" စာအုပ်ဖြစ်သည်။ ၁၉၉၄ မှစ၍ ရန်ကုန်တက္ကသိုလ်တွင်
ရလေတီဗတီနှင့် ကွမ်တမ်သီအိုရီ ပညာရပ် ပါရဂူဘွဲ့ယူ သုတေသနများကို ကြီးကြပ်ပေးခဲ့သည်။ တက္ကသိုလ်ဝင်တန်း
ရူပဗေဒသင်ရိုးကိုလည်း မြှင့်တင်ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရူပဗေဒပါမောက္ခအဖြစ် ၂ဝဝ၆ ထိ ဆောင်ရွက်ခဲ့သည်။

Comments:A peep behind the curtain of Myanmar education system (Burma Digest's article): ဟု
Facebook မှတ်စုရေး၍ မြန်မာနိုင်ငံ ပါရဂူဘွဲ့ယူ သင်တန်းများဘက်မှ ခုခံပြောဆိုခဲ့သည်။

“ပညာရပ်ကို တန်ဖိုးထားတဲ့ သူလိုလူမျိုးရှားတယ်၊ ဆရာခ (ဒေါက်တာမောင်မောင်ခ)၊ ဦးစံသာအောင်တို့ တပည့်


မြန်မာပြည်ရဲ့ နောက်ဆုံးပညာရှင်အစစ်မျိုးဆက်ပါပဲ” ဟုလည်း တပည့်ဟောင်းက ပြောကြားခဲ့သည်။

ဦးလှညွန့် (IAEA)၊ ဒေါက်တာဖရယ်ဒီဘလှီ (အသုံးချသုတေသနဌာန)၊ ပါမောက္ခ ဒေါက်တာတင်အောင်၊


ဦးသိန်းဦးဘိုးစော၊ ပါမောက္ခဒေါက်တာတင်လှိုင် (ဘိုးလှိုင)် စသူတို့မှာ အစောပိုင်း မြန်မာအဏုမြူ ရူပဗေဒပညာရှင်များ
ဖြစ်သည်။

ဒေါက်တာစိန်ထွန်းသည် သမီးတော်ဇာဘော်လီ ဦးဘသိန်း၏ သမက်လည်း ဖြစ်သည်။

မြန်မာအလုပ်သမား ၉၆ ဦး ပါမစ်တုမိ

ကျော်သောင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၂၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဘန်ကောက်မြို့ တောင်ဘက် မဟာချိုင်မြို့ အထည်တံဆိပ် ချုပ်လုပ်သည့်စက်ရုံမှ မြန်မာအလုပ်သမား ၉၆ ဦး အလုပ်လုပ်ခွင့် ပါမစ်အတွက် ပေးထားသည့်
ငွေများ အလုပ်ရုံ စာရေးက လိမ်သွားကြောင်း မြန်မာလုပ်သား ခေါင်းဆောင်များက ပြောဆိုကြသည်။

မဟာချိုင်မြို့၊ ဖလန်ဆောင်လမ်းမကြီး၊ မိုန်းမိုင်ဈေးကြီးအနီး SAN SON ၉ဝဝ လမ်းသွယ်ရှိ Dc Embroidery Co,Ltd နှင့် Ptk Polypack Co,Ltd ဟု အမည် ၂ ခု ထိုးထားသော
အဝတ်အထည်တံဆိပ် ထုတ်လုပ်သည့် အလုပ်ရုံမှ ထိုင်းအမျိုးသမီးစာရေးမ ချာလဒါက ငွေလိမ်သွားသည်ဟု ဆိုသည်။

လုပ်ငန်းရှင်က အလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်နှင့် စာရွက်စာတမ်းကိစ္စ၊ အလုပ်သမားများ အဝင်အထွက်နှင့် လိုအပ်သည့်အလုပ်သမား ရှာဖွေခြင်းလုပ်ငန်းတို့ကို


စာရေးအမျိုးသမီးကို မျက်နှာလွှဲ လုပ်ကိုင်ခဲ့ရာမှ သူက မြန်မာအလုပ်သမား ၉၆ ဦးထံမှ ၂ နှစ်စာ
အလုပ်လုပ်ခွင့် ပါမစ်ကြေးအဖြစ် တဦးလျှင် ၃၇ဝဝ ဘတ် (စုစုပေါင်း ၃၅၅,၂ဝဝ ဘတ်)
ကောက်ယူကာ စာရွက်စာတမ်း အတုများပေးပြီး ထွက်ပြေးခြင်း ဖြစ်သည်။

လိမ်လည်မှုနှင့် ပတ်သတ်၍ အလုပ်သမားများက အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့်


ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (Burmese Association In
Thailand-B.A.T) သို့ အကူအညီ တောင်းခံခဲ့သည်။

“အပြင်သွားတော့ ပုလိပ်က စစ်ပြီး Work Permit လျှောက်ထားတဲ့ စာရွက်တွေ အတု


တွေလို့ပြောတယ်။ ကျနော်တို့ မယုံလို့ လဝကရုံးကိုသွားပြတော့ တကယ် အတု ဖြစ်နေတယ်။
ကျနော်တို့လည်း ကြံရာမရဖြစ်နေလို့ B.A.T ကို ဆက်သွယ် အကူအညီ တောင်းထားတယ်” ဟု
အလုပ်သမားခေါင်းဆောင် ကိုစိုင်းဆိုင်က မဇ္ဈိမကို ပြောသည်။

B.A.T မှ အမျိုးသမီးရေးရာ ဌာနမှူး ဒေါ်သက်သက်ဦး နှင့် အလုပ်သမားခေါင်းဆောင် ၃ ဦးတို့


ပြီးခဲ့သည့်
ဇန်နဝါရီလ
၂ဝ ရက်က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ စာရွက် စာတမ်းအတုများနှင့်တကွ
အဖြစ်အပျက်များကို သွားရောက် တင်ပြခဲ့ကြသည်။

ဘန်ကောက်မြန်မာသံရုံး ပထမအတွင်းဝန် ဦးနိုင်ထွန်းက တင်ပြချက်ကို လက်ခံ၍ ဖြစ်ရပ်ကို


အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြပေးမည် ဖြစ်ပြီး ဌာနဆိုင်ရာ တင်ပြချက် မိတ္တူကို B.A.T သို့
ပြန်ပို့ပေးမည်ဟု တုံ့ပြန်ကြောင်း အလုပ်သမားများက ပြောသည်။

ယမန်နေ့က B.A.T နှင့် အလုပ်သမားအချို့က မဟာချိုင်မြို့ အစိုးရ အလုပ်အကိုင်ရှာဖွေရေးရုံး


(ကျဟာငန်း)သို့  သွားရောက်တင်ပြရာ ရုံးအရာရှိတဦးက လုပ်ငန်းရှင်သူဌေး ထံသို့ ဖုန်းဆက်ပြီး
တိုက်ရိုက် မေးမြန်းစုံစမ်းခဲ့သည်။ လုပ်ငန်းရှင်သူဌေးက စာရေးမထံက ဘတ်ငွေ ၅ဝဝဝဝ နုတ်ယူထားလိုက်ပြီ ဖြစ်ကြောင်း အရာရှိကို ပြန်လည်ပြောဆိုပြီး အသစ်ပြန်လည်လုပ်ပေးရန်
ကတိပြုခဲ့သည်ဟု အလုပ်သမားများက ပြောသည်။

သို့သော် လက်ရှိတွင် အလုပ်သမားများအနေဖြင့် တရားဝင် ဆက်လက်လုပ်ကိုင်ခွင့် အရေးကြီးနေသဖြင့် မိမိတို့ ကိုယ်ပိုင်ငွေဖြင့် အလုပ်လုပ်ခွင့်ပါမစ် ထပ်မံလျှောက်ထားရမည်ဟB.A.T

မှ ဒေါ်သက်သက်ဦးက မဇ္ဈိမကို ပြောသည်။

“အလုပ်သမားတွေ ဆုံးရှုံးတဲ့ငွေကတော့ နောက်မှ တရားစွဲသင့် စွဲရမှာပေါ့ နော်။ လောလောဆယ်က ငွေထပ်စိုက်ပြီး Work Permit ပြန်လုပ်ရမှာပါ။ မလုပ်ရင် အလုပ်လုပ်ဖို့ တရားမဝင်
ဖြစ်သွားမယ်။ တရားစွဲဖို့ကလည်း နေထိုင် အလုပ်လုပ်ကိုင်ခွင့် အပြည့်အစုံရှိဖို့ လိုပါတယ်”ဟု သူမက ရှင်းပြသည်။

ယခုကိစ္စ ဖြစ်ပွားသည့် စက်ရုံတွင် မြန်မာအလုပ်သမား ၂ဝဝ ဝန်းကျင်ခန့် ရှိသည်။ အလိမ်ခံရသည့် အလုပ်သမား ၉၆ ဦးအနက် အများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြသည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂ သန်းထက်မနည်း ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက သုံးသပ်ထားသည်။

ထိုင်း-မြန်မာနယ်စပ် စခန်း ၃ ခုတွင် ၂ဝဝ၉ နှစ်မှ ၂ဝ၁ဝ ခုနှစ် အကုန်အထိ နှစ်နိုင်ငံ အစိုးရ သဘောတူညီချက်ဖြင့် ထုတ်ပေးခဲ့သည့် ယာယီ ပတ်စပို့ စာအုပ်ပေါင်း ၃ သိန်းခန့် ရှိကြောင်း
ဘန်ကောက်အခြေစိုက် ပတ်စပို့ကုမ္ပဏီများ၏ စာရင်းဇယားများအရ သိရသည်။

KIO နှင့် KNO သဘောထားပြန်ညှိပြီး

ဖနိဒါ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၂ မိနစ်

ချင်းမိုင(် မဇ္စျိမ) ။ ။ ကချင် အမျိုးသားအခွင့်အရေး ရရှိရေးအတွက် ပြည်တွင်းမှ နယ်ခြားစောင့်တပ် ပြောင်းလဲရေး လက်မခံသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့်
ပြည်ပအခြေစိုက် KNO အဖွဲ့ သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။

၁၂ နှစ်ကြာ နိုင်ငံရေးလှုပ်ရှားမှုများတွင် အပြိုင်အဆိုင် သဘောလုပ်ဆောင်မှုများ ရှိခဲ့ပြီး ကချင်လူထုအကြား မတူညီသည့် သဘောကွဲလွဲမှုများ မရှိစေရန် ထိပ်ပိုင်းခေါင်းဆောင်များ ယခုလ
၂၁ ရက်နှင့် ၂၂ ရက်များတွင် တွေ့ဆုံကာ သဘောတူ လက်မှတ်ထိုးရကြောင်း ဒုဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်းက ပြောသည်။

“အရင်ကတော့ မတူညီတဲ့အချို့အပိုင်းတွေ ရှိတယ်ခင်ဗျ၊ နှစ်ဖွဲ့


ယှဉ်ပြိုင်ပြီးလုပ်တဲ့ အနေအထားမျိုး ဖြစ်လို့ရှိရင် မတူညီတဲ့ သဘောမျိုးလို သူများအမြင်မှာ မရှင်းသလိုဖြစ်ခဲ့တာတွေ
ရှိတယ်။ ဒီလိုမဖြစ်အောင် အမျိုးသားအရေးမှာ အတူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ သဘောထား ပြန်ညှိနှိုင်းတယ်”ဟု
သူက မဇ္စျိမကို ပြောသည်။

KIO အနေဖြင့် လက်လှမ်းမမီနိုင်သည့် လုပ်ငန်းများကို KNO က နိုင်ငံရေးအရ နိုင်ငံတကာနှင့် ဆက်သွယ်နိုင်ရေးအတွက်


တည်ထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် KIO နှင့် KNO အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာသဖြင့်
ပြန်လည် နားလည်မှု ယူခြင်းဟု ဆိုသည်။

လက်တွေ့ မည်သည့်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ချက်မချရသေးသော်လည်း


တခြားတိုင်းရင်းသားနှင့် ဒီမိုကရေစီလှုပ်ရှားသူများနှင့်အတူ ပူးပေါင်းကာ မြန်မာပြည် ဖက်ဒရယ် ပြည်ထောင်စု
ပေါ်ထွန်းရန် လုပ်ဆောင်သွားမည်ဟု သိရသည်။

ထိုသဘောတူညီမှု စာချွန်လွှာ Memorandum of Understanding- MOU တွင် အမျိုးသားရေးကို အတူလက်တွဲ


ဆောင်ရွက်သွားရန်၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေးအတွက် နိုင်ငံရေး ဖြေရှင်းသွားရန်၊ ဗမာ၊ ချင်း၊ ကချင်၊
ကရင်၊ ကယား၊ မွန်၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားများ ပါဝင်သည့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု
ပေါ်ပေါက်လာရေး ကြိုးပမ်းသွားရန် သဘောတူခဲ့ကြသည်။

KNO ကို ကချင်လူထု လွတ်လပ်ရေးနှင့် လူ့အခွင့်အရေး ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု


တည်ဆောက်ရေး၊ ဒီမိုကရေစီရရှိရေး စသည့် ရည်ရွယ်ချက်များနှင့် ၁၉၉၉ ဇန်နဝါရီ ၉ ရက်တွင် ကချင်
ကျောက်စိမ်းလုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။
KIO KNO
အဓိကအားဖြင့် စစ်အစိုးရ ပြုလုပ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြမှုများ၊ ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်း ဆန့်ကျင်ရေးများကို
နိုင်ငံတကာရောက် ကေအန်အိုအဖွဲ့များ ဦးဆောင်လှုပ်ရှားကြသည်။

KNO က ကချင်အမျိုးသားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရေးမူကို ချမှတ်၍ အခြား ဒီမိုကရေစီ လိုလားသူများနှင့် တခြားတိုင်းရင်းသားအဖွဲ့အစည်းများနှင့်အတူ စစ်မှန်သော
ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာရေး နိုင်ငံတကာနှင့် ဆွေးနွေးတင်ပြသည်ဟု KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ် လရော်က ပြောသည်။

“ကချင်အမျိုးသား လူထုအားလုံးကိုယ်စားပြုပြီးတော့ စစ်အစိုးရအောက်မှာ ဖြစ်ပျက်နေတာတွေကို နိုင်ငံတကာသိအောင် တင်ပြတယ်။ ဒုက္ခဖြစ်နေတဲ့ အခြေအနေကနေ လွှတ်မြောက်ဖို့


ဆိုတာ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို မြန်မာပြည်မှာ လုပ်နိုင်မှ အေးချမ်းနိုင်မယ်ဆိုတာတွေ အဓိက တင်ပြပြောဆိုတာပါ”ဟု ပြောသည်။

နိုင်ငံတကာရောက်ရှိနေသော ကချင်ဒုက္ခသည်များ၏ အခြေအနေ အခက်အခဲများကို စောင့်ကြည့်နေပြီး အကယ်၍ ဒုက္ခရောက်နေသူ ကချင်ဒုက္ခသည်များအတွက် KNO က UNHCR ကို
စာရေးအကြောင်းကြားကာ ကူညီ ဖြေရှင်းပေးခဲ့သည်။ မနှစ် ဇွန်လက မလေးရှားနိုင်ငံ ဒုက္ခသည်စခန်းမှ ရိုးမေးနီးယားနိုင်ငံ ရောက်ရှိသွားသော ကချင်ဒုက္ခသည် ၃၈ ဦးအရေးကိုလည်း
ဖြေရှင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်များ ပေါ်ထွက်ခဲ့သည်။

အမျိုးသားရေးကို ပူးပေါင်းဆောင်ရွက်သွားရန် ကေအိုင်အို ဒုဗိုလ်ချုပ်ကြီး အင်ဘန်လအောင်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂေါင်ရီ ဇော်ဆိုင်း၊ ဗဟိုကော်မတီအဖွဲ့ဝင် ဦးလဖိုင်လနှင့် ကေအန်အို
နာယက ဦးဟိုဝါလဂျာ၊ ဥက္ကဋ္ဌ ဦးဘောမ်ဝမ်လရော်နှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာ လထော် နော်လောန်တို့ ၆ ဦး သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

စစ်အစိုးရက KIO ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မလုပ်သည့်အတွက် ယခင် ၁၉၉၄ မတိုင်မီ ကာလသို့ ရောက်သွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ကေအိုင်အိုကို
“သောင်းကျန်းသူများအဖွဲ့”ဟု စွတ်စွဲ ပြောဆိုခဲ့သည်။

အမေရိကန်၊ ဂျပန်၊ သြစတေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်၊ တရုတ်နှင့် ထိုင်း စသည့် နိုင်ငံများတွင် KNO အဖွဲ့များ ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ စစ်အစိုးရနှင့် KIO အကြား ဆက်ဆံရေး ပြတ်တောက်ခဲ့ရာ ယနေ့ထိ ထူးခြားသည့် အခြေအနေ မရှိသေးပေ။

၁၉၆၁ ဖေဖော်ဝါရီ ၅ တွင် ကချင်တမျိုးသားလုံး တန်းတူအခွင့်အရေး ရရှိရန် ကချင်ကျောင်းသား ဇော်တူးနှင့် ဇော်ဆိုင်း တို့ ဦးဆောင်ကာ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှု
ပေါ်ပေါက်ခဲ့သည်။

လာမည့် နှစ် ၅ဝ ပြည့် ကချင်တော်လှန်ရေးနေ့ကို ဇင်းမယ်တွင် ကျင်းပသွားမည် ဖြစ်သည်။ အခြား နိုင်ငံအသီးသီးတွင်လည်း နှစ်စဉ် ကျင်းပခဲ့ကြသည်။
လူထု နိုင်ငံရေး ပါဝင်ခွင့်မရှိသေးဟု စောင့်ကြည့်အဖွဲ့ ဝေဖန်

ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆက်လက် ဆိုးရွားနေပြီး စစ်အစိုးရက လူထု၏ နိုင်ငံရေး လှုပ်ရှားပါဝင်နိုင်ခွင့်ကို ဆက်လက် ငြင်းဆိုနေသည်ဟု
အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က မနေ့က ဝေဖန်လိုက်သည်။

စစ်တပ်ထောက်ခံသည့် ပါတီများအနိုင်ရရေးကို ရည်ရွယ်ထုတ်ပြန်ထားသည့် ဥပဒေများဖြင့် လူတဦးချင်း၏ ထင်မြင်ယူဆခွင့်၊ အသင်းပင်းဖွဲ့စည်းခွင့်၊ သတင်းရေးသား ထုတ်ပြန်ခွင့် စသည့်
အခြေခံအခွင့်အရေးများကို တင်းကျပ်ထားပြီးမှ ရွေးကောက်ပွဲ ကျင်းပခဲ့သည်ဟု အဖွဲ့၏ ယခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုစဉ်က နေအိမ်အကျယ်ချုပ်ကျခံနေရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဝင်နိုင်ရေးသာမက ပါတီဝင်အဖြစ်ပင် မရပ်တည်နိုင်ရန် ရွေးကောက်ပွဲ


ဥပဒေဖြင့် “ကြိုတင်တားဆီး” ခဲ့သည်ဟု HRW က စွပ်စွဲထားသည်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” မှ အခန်း ၁ ပုဒ်မ ၂-(ဌ)၊ နှင့် အခန်း ၂ ပုဒ်မ ၄-(င)
တို့တွင် ထောင်ဒဏ်ကျခံနေရသူ၊ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော
ထောင်ဒဏ်ကျခံနေရဆဲသူများကို ပါတီဝင်အဖြစ် လက်မခံရန် ဖော်ပြထားသည်။

ထို့ပြင် ပါတီများ မဲဆွယ်စည်းရုံးရာတွင်လည်း စစ်တပ်နှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို


မဝေဖန်ရန်၊ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများတွင် ဟောပြောပွဲမလုပ်ရဟု
ထုတ်ပြန်သည့် စည်းကမ်းများကို အခွင့်အရေးချိုးဖောက်မှုများအဖြစ် ထောက်ပြထားသည်။

မမျှတသည့် ယှဉ်ပြိုင်မှုအဖြစ် HRW က ထောက်ပြထားသည့် အခြားတချက်မှာ စစ်အစိုးရ


ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၂၇ ဦး မနှစ် ဧပြီလက စစ်တပ်ရာထူးများမှ နှုတ်ထွက်ပြီး
“လူမှုရေးအသင်း” အဖြစ် ဖွဲ့စည်းခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ပါတီအသွင်ပြောင်း ဦးဆောင်၍
အသင်းပိုင်ရန်ပုံငွေနှင့် ပစ္စည်းများကို အမွေဆက်ခံခဲ့သည့်ကိစ္စဖြစ်သည်။

ထို့ပြင် စစ်အစိုးရနှင့် သဘောထားမတိုက်ဆိုင်သော လက်နက်ကိုင်တိုင်းရင်းသားပြည်နယ် ကချင်၊


ကယား၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ် ၃၂ ခုတွင်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲမကျင်းပခဲ့ကြောင်း HRW က ထောက်ပြသည်။

နိုဝင်ဘာရွေးကောက်ပွဲသည် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် မကိုက်ညီဟု HRW က ထောက်ပြသကဲ့သို့ ရန်ကုန်အခြေစိုက် အတိုက်အခံအဖွဲ့တခုဖြစ်သော


“လူ့အခွင့်အရေးမြန်မာ့ကွန်ယက်” အဖွဲ့ကလည်း စစ်အစိုးရ၊ ကော်မရှင်နှင့် ကြံ့ဖွံ့ပါတီတို့၏ ရွေးကောက်ပွဲကာလ အဂတိလိုက်စားခြင်း၊ ဥပဒေဖောက်ဖျက်ခြင်း တို့ကို
အချက်အလက်များနှင့်တကွ စာတမ်းတစောင် ထုတ်ပြန်ထားသည်။

လူ့အခွင့်အရေးမြန်မာ့ကွန်ယက်၏ စာတမ်းတွင် မဲစာရင်းပြုစုခြင်း၊ မတရားမဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲ၊ ကိုယ်စားပြုမဲ၊ ဘက်လိုက်မှုများ၊ မဲရေတွက်ထုတ်ပြန်ခြင်း၊


ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်ခြင်းအပါအဝင် အပိုင်း ၁၂ ခုခွဲ၍ မှတ်တမ်းများဖြင့် ထောက်ပြထားသည်။

၁၉၈၃ နောက်ပိုင်း တိကျသည့် သန်းခေါင်စာရင်းကောက်ယူမှုမရှိပဲနှင့် ကော်မရှင်က ကြေညာခဲ့သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော်ဆိုသည်ကို “ဆန္ဒမဲပေးနိုင်သည့် လူဦးရေ
စာရင်း” အတိအကျ ဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲသည်ဟု အဖွဲ့က မဲစာရင်းပြုစုပုံနှင့် ပတ်သက်၍ ကွန်ယက်က ထောက်ပြထားသည်။

စစ်အစိုးရဝန်ကြီးများသည် နိုင်ငံပိုင်ငွေများဖြင့် မဲဆွယ်ခဲ့ခြင်း၊ ကြိုတင်မဲမသမာမှုများ၊ မဲရုံမှူး ကိုယ်တိုင်မဲခြစ်ပေးခြင်း၊ မဲလက်မှတ်များကို တကြိမ်ထက်ပိုထုတ်ခြင်းများ၊ ဘာသာရေး


အဆောက်အဦးများ၌ မဲဆွယ်စည်းရုံးခွင့်မရှိဟု သတ်မှတ်ထားသော်လည်း ကြံ့ဖွံ့ပါတီကိုမူ ခွင့်ပြုခြင်း၊ ဥပဒေအတိုင်း အများပြည်သူရှေ့ မဲရေတွက်ခြင်း မပြုခြင်းတို့ကို
အချက်အလက်နှင့်တကွ ထောက်ပြထားသည်။

ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ် ၂ နှင့် ဆွမ်ပရာဘွမ် မဲဆန္ဒနယ် ၂ သည် ပယ်ဖျက်ထားသည့် မဲဆန္ဒနယ်များဖြစ်သော်လည်း ကြံ့ဖွံ့ပါတီက အနိုင်ရသည်ဟု နိုင်ငံပိုင်သတင်းစာမှ
ကြေညာခဲ့ပြီးနောက် မဟုတ်မှန်ကြောင်း အမှားပြင်ဆင်ချက် ပြန်ထည့်ပေးရခြင်းကိုထောက်ပြ၍ ကြံ့ဖွံ့ မဲအနိုင်စာရင်းများမှာ တိကျသေချာမှု မရှိကြောင်း ဖော်ပြသည်။

ထို့ပြင် ယနေ့အထိ မဲမသမာမှုများနှင့် ပတ်သက်၍ ကြံ့ဖွံ့ပါတီနှင့် အခြားပါတီများ အပြန်အလှန် တရားစွဲဆိုမှုများကိုလည်း ထောက်ပြသည်။

ထို့ပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် ကန့်ကွက်သည့် အဆိုကို နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ရာ ထောက်ခံသူ ၉၆ နိုင်ငံ၊ ကန့်ကွက်သူ ၂၈၊ ကြားနေ ၆ဝ ရှိသည်ကို
ကြည့်ခြင်းဖြင့် စစ်အစိုးရက လူထုဆန္ဒကို မျက်ကွယ်ပြုခဲ့သည်မှာ ထင်ရှားသည်ဟု ယင်းစာတမ်းက ထောက်ပြလိုက်သည်။

လက်သီးထိုးခံရသဖြင့် မြန်မာအလုပ်သမားများ ဆန္ဒပြ

အောင်မြတ်စိုး | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၀၁ မိနစ်

(မဇ္စ္ဈိမ) ။ ။ အလုပ်ကြပ်က လက်သီးဖြင့်ထိုးရာမှ အစပြု၍ ထိုင်းနိုင်ငံ အလယ်ပိုင်း လပ်ဘူရီခရိုင်၊ ဘန်ခါမြို့နယ် ပါဝိုင်ဒေသရှိ နာနတ်သီးစက်ရုံတွင် မြန်မာအလုပ်သမား ၈၀၀ ကျော်က
ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်။

မြန်မာအလုပ်သမားတဦးကို ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အလုပ်ကြပ်ဖြစ်သူက ဆိုင်ကယ်ဖြင့် တိုက်မိခဲ့ပြီးနောက် ၎င်းကပင် ထပ်မံထိုးကြိတ်သဖြင့် မခံမရပ်နိုင်သည့်
မြန်မာလုပ်သား ၈၀၀ ကျော်က နောက်တနေ့တွင် အလုပ်သမား အခွင့်အရေးများ အတွက် တောင်းဆိုဆန္ဒပြခြင်း ဖြစ်သည်။

“ဆိုင်ကယ်နဲ့ တိုက်မိတော့ အတိုက်ခံရတဲ့သူက ကြည့်တယ်။ အဲဒါကို ဘာကြည့်တာလဲဆိုပြီးတော့ လိုက်ထိုးတာ၊ အခန်းထိလိုက်ထိုးတာ။ ဘာသာပြန်တဲ့လူက သူ့ကို ဘာလို့ ထိုးရတာလဲ
မေးတော့ သူပါ ထပ်ထိုးခံရတယ်။ အထိုးခံရတဲ့သူက ယောင်ကိုင်းသွားတယ်” ဟု ဆန္ဒ္ဒပြခေါင်းဆောင်တဦးဖြစ်သူ ကိုမောင်မောင်က မဇ္စ္ဈိမကို ပြောသည်။

စက်ရုံတွင် ပုတ်ပြတ်နှင့် နေ့စားဟူ၍ မြန်မာအလုပ်သမား ၂ မျိုးရှိရာ ပုတ်ပြတ်သမားများက ယင်းတို့အလုပ်ဆင်းချိန် ယမန်နေ့ မနက်အစောပိုင်း ၂ နာရီမှစ၍ အလုပ်မဆင်းဘဲ နေကြပြီး
မနက် ၈ နာရီတွင် အလုပ်ဝင်ရမည့် နေ့စားအလုပ်သမားများကလည်း အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသည်ဟု သူက ပြောသည်။

နေ့လည် ၁၁ နာရီခန့်တွင် လဝက၊ အလုပ်သမားရုံး၊ ရဲ၊ စစ်သား ဦးရေ ၄၀ ခန့်နှင့် မီးသတ်ကား ၂ စီး၊ ဆေးရုံကား ၃ စီး၊ ရပ်ကွက်နှင့် မြို့နယ် တာဝန်ရှိသူများ အပါအဝင်
ထိုင်းသတင်းဌာနများ ဆန္ဒပြသည့် နေရာသို့ ရောက်ရှိလာခဲ့ကြသည်။

မြန်မာအလုပ်သမားများက အလုပ်သမား အခွင့်အရေး ၈ ချက် တင်ပြတောင်းဆိုပြီး ယမန်နေ့ တနေ့လုံး ဆန္ဒ္ဒပြကြရာ ည ၈ နာရီခန့်တွင် နိုင်ငံခြားရောက်နေသည့် စက်ရုံပိုင်ရှင်ကိုယ်စား
သူ၏ ညီမဖြစ်သူက အလုပ်သမားကိုယ်စားလှယ် ၉ ဦးနှင့် ညှိနှိုင်းပြီး တောင်းဆိုထားသည့် အခွင့်အရေး အားလုံးကို လိုက်လျောပေးလိုက်ကြောင်း သိရသည်။

စက်ရုံတွင် ယခင်ကာလကတည်းက ထိုကဲ့သို့ ထိုင်းအလုပ်သမားများမှ မြန်မာအလုပ်သမားကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှုများ ရှိကြောင်းလည်း သူက ဆက်ပြောသည်။ “ဘေးက
ဖြတ်သွားလို့ မထင်ရင် မထင်သလို ဒုတ်နဲ့ ရိုက်တာ” ဟု ဆိုသည်။

“ညနေ ၄ နာရီကနေ ည ၈ နာရီအထိ ညှိနှိုင်းတယ်။ တောင်းဆိုချက်တွေ အကုန်လုံး သူတို့လိုက်လျောပါတယ်” ဟု အလုပ်သမား ကိုယ်စားလှယ် ကိုယ်မောင်မောင်က မဇ္စ္ဈိမကို
ရှင်းပြသည်။

(၁) ထိုင်းနှင့် မြန်မာ အလုပ်သမားများကို ညီတူမျှတူ ခိုင်းရန် (၂) လုပ်အားခများ စနစ်တကျ ရှင်းရန် (၃) ထိုင်းတို့က မြန်မာအလုပ်သမားများကို ကိုယ်ထိလက်ရောက် မကျူးလွန်ရန် (၄)
ငွေထုတ်ပါက ဖြတ်ပိုင်းပေးရန် (၅) ငွေဖြတ်ပါက အကြောင်းရင်း ကြိုပြောရန် (၆) အိမ်သာကို လုံလောက်စွာ ထားပေးရန် (၇) သန့်ရှင်းရေးအဖွဲ့ လူတိုးပေးပြီး အလုပ်သမား
ကျန်းမာရေးအတွက် လိုအပ်လျင် ကား၊ ဆိုင်ကယ် ကူညီရန် (၈) ပုတ်ပြတ်သမားများကို တန်းတူအခွင့်အရေးပေးရန် စသည့် အချက် ၈ ချက်ကို သဘောတူ စာချုပ်ချုပ်ခဲ့ကြောင်း
အလုပ်သမား ကိုယ်စားလှယ်များက ဆိုသည်။

“ကျနော်တို့ ကိုယ်စားလှယ် ၉ ယောက်နဲ့ သူတို့ဘက်က တာဝန်ရှိသူတွေ လက်မှတ်ထိုးပြီး၊ မိတ္တူတွေကို ကိုယ်စီကိုယ်စီ သိမ်းထားလိုက်ကြတယ်။ ကျနော်တို့ဘက်ကလည်း ကျနော်တို့
သိမ်းထားတယ်” ဟု ကိုမောင်မောင်က ရှင်းပြသည်။

စက်ရုံတွင် မြန်မာအလုပ်သမားများအတွက် အိမ်သာမှာ ၃ လုံးသာ ပေးထားပြီး ၁ လုံး ပျက်နေကြောင်းနှင့် အိမ်သာသွားချိန် ၁၀ မိနစ်ထက် ကျော်လွန်ပါက ဒဏ်ကြေးဆောင်ရကြောင်း
အလုပ်သမားများက ပြောဆိုသည်။

ဘန်ခါမြို့နယ် ပါဝိုင်ဒေသ ရပ်ကွက် ၇ အမှတ် ၉၉/၉ ရှိ V&K ခေါ် အဆိုပါ နာနတ်သီးစက်ရုံရှိ လုပ်သား ၁၀၀၀ အနက် ၈၀၀ မှာ မြန်မာအလုပ်သမားများ ဖြစ်သည်။

တိုင်းရင်းသားတွေ တိုက်ပွဲဝင် တောင်းဆိုနေတာ ဖက်ဒရယ်ပါပဲ။ ခွဲထွက်ရေး မဟုတ်ပါဘူး

ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၁၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် စစ်အစိုးရကို လက်နက်ကိုင် တိုက်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်အမျိုးသားအစည်းအရုံး
KNU၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ မနှစ် နိုဝင်ဘာတွင် စုပေါင်း၍ ဖက်ဒရယ်
ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီ (Committee for Emergence of Federal Union-CEFU) ဖွဲ့စည်းခဲ့ကြသည်။

ယင်းကော်မတီက ကျယ်ပြန့်သည့် တိုင်းရင်းသား ညီလာခံကြီးတခု ခေါ်ယူနိုင်ရန် ကြိုးစားနေသည်။ ကော်မတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဤညီလာခံသည် ပြည်တွင်း၌
NLD နှင့် တိုင်းရင်းသားပါတီများ ကြိုးစားနေသည့် ဒုတိယ ပင်လုံ ညီလာခံ ဘောမျိုးမဟုတ်ဟု ဆိုသည်။

အကြောင်းစုံကို သိရှိနိုင်ရန် မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ နိုင်ဟံသာ ကို မဇ္ဈိမက မေးမြန်းထားသည်။


--------------------------------------------------------------------
ဆရာတို့ တိုင်းရင်းသားတွေ စုပြီး ညီလာခံလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကNLD ပြောတဲ့ ဒုတိယ ပင်လုံ ညီလာခံဆိုတာနဲ့ရော ဘယ်လို ကွာခြားမှု ရှိမလဲခင်ဗျာ။

ပြည်တွင်းမှာ ဒုတိယပင်လုံညီလာခံကျင်းပဖို့ တောင်းဆိုနေတာက


ဟိုတုန်းက ဗမာကိုယ်စားလှယ် နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ တွေ့ပြီးတော့ သဘောတူညီမှု ယူကြတဲ့ ၄၇ ခုက
အဖြစ်ပျက်မျိုး ဒီနေ့အနေအထားမှာ ဗမာတွေနဲ့ တိုင်းရင်းသားတွေအကြား အရင်ကချမှတ်ခဲ့တဲ့ သဘောတူညီမှုအပေါ်မှာ
အခြေပြုပြီး ပြန်လည်အကောင်အထည်ဖော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လို့ ကျနော်တို့ နားလည်တာလေ။ ဒါက အတွင်းပိုင်းက
သူတို့ လုပ်နိုင်တဲ့ အဆင့်က နေပြီးတော့ လုပ်ကြတာပါ။

ကျနော်တို့ကတော့ အဲဒီလို မဟုတ်ဘူးဗျ။ ကျနော်တို့ ဒီနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေက များသောအားဖြင့်


လက်နက်ကိုင် တိုက်ပွဲဝင်နေကြတာပါ။ အဲဒါကလဲ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အတွက်ပေါ့လေ။

ကနေ့အနေအထားမှာ စစ်အစိုးရက အရင်က အပစ်အခတ်ရပ်စဲထားခြင်းကို ဖျက်ဆီးပြီှး ထိုးစစ်ဆင်ဖို့


ပြင်ဆင်လာတဲ့အပေါ်မှာ အပစ်ရပ်ထားတဲ့ အဖွဲ့တွေရော မရပ်တဲ့ အဖွဲ့တွေရော အားလုံးပေါင်းပြီးတော့ ဒီဟာတွေကို
ကာကွယ်ဖို့ပေါ့နော်။ တဖက်က ကျနော်တို့ တိုင်းရင်းသား အားလုံး လိုလားတိုက်ပွဲဝင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု
ပေါ်ထွန်းလာဖို့အတွက် အကောင်အထည် ဖော်ရာမှာ တိုင်းရင်းသားအချင်းချင်း ညီညွတ်ကြဖို့လိုတယ်။ တသံထဲ
ထွက်ဖို့လိုတယ်။ စုစုစည်းစည်းနဲ့ စစ်အစိုးရရဲ့ ထိုးစစ်ကိုလဲ ခုခံနိုင်မယ်။ နိုင်ငံရေးအရလဲ ပြောတာဆိုတာ တစုတစည်းထဲ
ဖြစ်လာမယ်ဆိုရင် ကျနော်တို့အတွက် အားရှိလာမယ်။ အားရှိလာမယ့်အပေါ်မှာ တဖက်က ကျနော်တို့ တောင်းဆိုနေတဲ့
သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာရင်လဲ တိုင်းရင်းသားတွေရဲ့ ဒေါင့်ကနေပြီးတော့ တစုတစည်းထဲနဲ့ ကိုယ်စားပြု
ပြောလို့ရမယ်။ အဲဒီအတွက် ကျနော်တို့ ပြင်ဆင်နေတာပါ။

ဒါဆိုရင် ပြည်တွင်းက ပါတီဖွဲ့ထားတဲ့ တိုင်းရင်းသားတွေရောပါဖို့ ရည်မှန်းထားပါသလား။

ပြည်တွင်းမှာရှိနေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကတော့ ကျနော်တို့နဲ့ လာပူးပေါင်းနိုင်မှာ မဟုတ်ဘူး ထင်တယ်လေ။


သူတို့ရပ်တည်နိုင်တဲ့ အနေအထားအရ အတွင်းမှာပဲ သူတို့ လှုပ်ရှားကြတယ်။ အခုဆိုရင် ဒုတိယပင်လုံညီလာခံ (photo ::
ခေါ်ယူရေးပေါ့ဗျာ။ အဲဒီပုံစံနဲ့ သူတို့က လှုပ်ရှားနေကြတယ်။ ကျနော်တို့နဲ့တော့ မတူပါဘူး။
www.kaowaw.org)
တိုင်းရင်းသား ၆ ဖွဲ့ပေါင်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီက ကျယ်ပြန့်တဲ့ တိုင်းရင်းသားညီလာခံခေါ်ဖို့ ကြိုးစားနေတာက ဘယ်အဆင့်ရောက်နေပြီလဲ ခင်ဗျ။

အဲဒါကို လုပ်ဖို့က အဓိကအားဖြင့်ကတော့ တိုင်းရင်းသားတွေရဲ့ အစုအဖွဲ့ တပ်ပေါင်းစုတွေဖြစ်တဲ့ NDF၊ ENC ရယ်၊ နောက် UNLD-LA အဲဒီအဖွဲ့တွေနဲ့ ကျနော်တို့ ညှိနှိုင်းပြီှး လုပ်သွားဖို့၊
တူညီတဲ့ ကိုယ်စားလှယ် အရေအတွက်နဲ့ ကျင်းပရေး ကော်မတီဖွဲ့ပြီးတော့မှ အဲဒီကျင်းပရေး ကော်မတီက လိုတဲ့ ပြင်ဆင်မှုတွေ လုပ်သွားဖို့ပေါ့လေ။

အဲဒီကော်မတီရဲ့ တာဝန်ကျတော့ရော ဘယ်လိုရှိပါသလဲ ခင်ဗျာ။

အဲဒါက ပြင်ဆင်နေတုန်း စီစဉ်နေတုန်းပဲ ဆိုပါစို့ဗျာ။ အဲဒီမှာ အကြံဉာဏ်တွေ စုဆောင်းထားမယ်၊ ညီလာခံအတွက် ပြင်ဆင်ထားမယ်၊ အဲဒီကော်မတီက တာဝန်ယူပြီးတော့ ဖိတ်မယ်။
ညီလာခံကို ဦးဆောင်သွားမယ်။ အဲဒီပုံစံမျိုးပေါ့ဗျာ။

NDF တို့ ENC တို့က အရင်တုန်းကလဲ လက်နက်ကိုင်တိုင်းရင်းသားတွေအကြားမှာ တသံထဲ ထွက်ဖို့ဆိုပြီးတော့ ဖွဲ့ကြတာပဲ မှတ်လား ဆရာ။ အခုရော ဘာကွာမှာလဲခင်ဗျာ။

အဲဒီလို ရည်ရွယ်ရင်းနဲ့ပေါ့ဗျာ။ လုပ်ရင်းလုပ်ရင်းနဲ့ ကနေ့ဆိုရင် NDF ကလဲ သီးခြားဖြစ်နေတယ်။ ENC ကလဲ သီးခြားဖြစ်နေတယ်။ ဒီနှစ်ခုကို ကျနော်တို့က တဖက်က စုစည်းပြီးတော့မှ
တပုံစံထဲ ဖြစ်ဖို့ဆိုတဲ့ဟာမှာလဲ သူ့မူနဲ့ သူ့အခြေခံနဲ့ မတူညီတဲ့ဟာတွေ ဖြစ်နေတယ်။ အဲဒါတွေ ရှိနေတဲ့အပေါ်မှာ ကနေ့ လောလောလတ်လတ် အပစ်အခတ် ရပ်စဲရေးတွေ ပျက်ပြီး
စစ်ရေးအတွက် ပြင်ဆင်နေရတဲ့ ကာလမှာ ကျနော်တို့က ပုံစံသစ်နဲ့ တဖက်ကလဲ စစ်ရေးအရ ပြင်ဆင်ဖို့ လိုအပ်သလို နိုင်ငံရေးအရလဲ စုစည်းဖို့ လိုအပ်တယ်။ အဲဒီတော့ အရင်ကရှိတဲ့
တပ်ပေါင်းစုတွေမှာ သူတို့ အခြေခံအချက်အလက်တွေပေါ်မှာ ပြုလို့ပြင်လို့ ခက်တဲ့အနေ အထားမှာ အသစ်တခု ဖော်ထုတ်ပြီးတော့ အားလုံးစုစည်းနိုင်တဲ့ နည်းလမ်းကို ရှာတာပါ။

လက်နက်ကိုင် တိုင်းရင်းသားတွေ အများကြီးရှိတဲ့ကြားက လက်ရှိ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီမှာတောင် ၆ ဖွဲ့ပဲ ပါတယ်ပေါ့။ သူတို့ကို ထပ်ပြီး စုစည်းဖို့
ဘယ်လိုလုပ်မလဲခင်ဗျ။

အခုက NDF နဲ့ရော ENC နဲ့ရော စုပေါင်းပြီး အဲဒီ ကွန်ဖရင့်ကြီးကို ကျင်းပတဲ့အခါကျရင် တခြားတိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေ၊ စစ်ရေးရော နိုင်ငံရေးရောရှိတဲ့အဖွဲ့အစည်းတွေ
ဒါတွေအားလုံးပါဝင်နိုင်ဖို့ ကျနော်တို့ ဖိတ်ခေါ်မယ်။ သူတို့ပါ အဲဒီမှာ ဆွေးနွေးကြမယ်ပေါ့ဗျာ။ ကျနော်တို့ ရည်ရွယ်ထားတာကတော့ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး
တစုတစည်းထဲဖြစ်ဖို့ ဦးတည်တာပါ။

၁၉၉၇-၉၈ လောက်က တိုင်းရင်းသားတွေအကြားမှာ မဲသရောထ သဘောတူညီချက်ဆိုတာလဲ ရှိတယ်နော်။ အဲဒါနဲ့ရော အဆက်အစပ်ရှိလား။

အဆက်အစပ်ရှိပါတယ်။ ၉၇ ခုနှစ်တုန်းက မဲသရောထမှာ တိုင်းရင်းသားတွေ စုပေါင်းပြီးတော့ နှီးနှော ဖလှယ်ပွဲတခု လုပ်ခဲ့တယ်။ ဟိုတုန်းကတော့ နှီးနှောဖလှယ်ပွဲအဆင့်ပေါ့ဗျာ။
Seminar အဆင့်ပေါ့လေ။ အခုက အဆင့်မြှင့်ပြီးတော့ Conference ညီလာခံအဆင့်ကိုလုပ်ဖို့ ရည်ရွယ် ထားပါတယ်။ အဲဒီတုန်းကလဲ ဖက်ဒရယ်ပါပဲ။

တိုင်းရင်းသားတွေ စုစည်းဖို့ ကြိုးစားတာ အရင်တုန်းက မဲသရောထ တခုပဲလား။ တခြားရှိသေးလားခင်ဗျာ။

ကျနော်မှတ်မိသလောက် ဟိုး ၇၆ ခုမှာ တခါရှိခဲ့ဖူးတယ်ဗျ။ ဟိုတုန်းကတော့ မာနယ်ပလောမှာ လုပ်ပါတယ်။ အဲဒီမှာ ၁၃ ဖွဲ့တက်ကြတယ်ဗျာ။ အဲဒီကနေပဲ NDF ဆိုတာ ပေါ်လာတာလေ။
ကနေ့အထိ ကျနော်တို့ တိုင်းရင်းသားတွေ တိုက်ပွဲဝင်နေတာ၊ လှုပ်ရှားနေတာ၊ တောင်းဆိုနေတာ ဖက်ဒရယ် ပါပဲခင်ဗျ။ ခွဲထွက်ရေး မဟုတ်ပါဘူး။

၁၉၆၁ ခုမှာ တောင်ကြီးမှာလုပ်တဲ့ တိုင်းရင်းသားညီလာခံကိစ္စရော သိသလောက် ပြောပြပေးပါ လားခင်ဗျာ။

၆၁ မှာ တောင်ကြီးမှာ ကွန်ဖရင့်လုပ်တာက အဓိကအားဖြင့် ဖက်ဒရယ်မူကို အကောင်အထည်ဖော် ဖို့ပေါ့ဗျာ။ လွတ်လပ်ရေးတိုက်ပွဲမှာ တိုင်းရင်းသားတွေလဲ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်။
လွတ်လပ်ရေးရခါနီးမှာ မြေပြန့် ပြည်မနဲ့ တောင်တန်းဒေသက ချင်း၊ ကချင်၊ ရှမ်းတို့ စုစည်းပြီး ပင်လုံသဘောတူညီချက်ရခဲ့တယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ အဲဒီသဘောတူ
ညီချက်တွေ အခွင့်အရေးတွေ လုံးဝမပေါ်ပဲနဲ့ တိုင်းရင်းသားတွေဟာ ဗမာတွေရဲ့လက်အောက်မှာ ကျသွားတဲ့သဘော ဗမာတွေရဲ့ ကိုလိုနီသဘော ရောက်သွားတာကို မကျေနပ်လို့၊
အဲလိုမဖြစ်စေချင်လို့၊ တိုင်းရင်းသားတွေအကြား ညီညွတ်ရေး ပြိုကွဲနေမယ် အရင်ပြောခဲ့တဲ့ စကားအရ လွတ်လပ်ရေးရရင် ညီချင်းအကိုချင်း တန်းတူနေသွားမယ်ဆိုတဲ့ သဘောထားကို
အကောင်ထည် ဖော်ချင်လို့ တောင်ကြီးညီလာခံမှာ ဖက်ဒရယ်မူ တင်တာပါပဲ။

ဆရာတို့ရဲ့ မွန်ပြည်သစ်ပါတီက အပစ်ရပ်ထားတာပေါ့နော်။ အခု လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေနဲ့ လာပူးပေါင်းတော့ ဆရာတို့နယ်မြေထဲမှာရော စစ်ရေးတင်းမာမှုရှိနေလား ခင်ဗျာ။

ကျနော်တို့နဲ့ စစ်အစိုးရက ၂ဝ၁ဝ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အပစ်အခတ်ရပ်စဲရေး က ပျက်သွားပြီ။ သူတို့ဘက်ကလဲ အသိအမှတ်မပြုတော့ဘူး။ ကျနော်တို့ဘက်ကလဲ သူတို့ကို
တရားဝင် အသိအမှတ် မပြုတဲ့အပေါ်မှာ ကျနော်တို့ကလဲ ကျနော်တို့ဟန်နဲ့ ကျနော်တို့ ရပ်တည်ပြီး ဘဝတူမဟာမိတ်တွေနဲ့ ပေါင်းတာပေါ့ဗျာ။

တိုင်းရင်းသားတွေ စုစည်းမယ်လို့ ပြောကြတဲ့အခါမှာ ဗမာကလဲ တိုင်းရင်းသားတခု အနေနဲ့ ပါရမယ်လို့ ပြောနေတာတွေရှိတော့ ဆရာတို့ကရော ဗမာက တိုင်းရင်းသားတခုအနေနဲ့ ရှိရမယ်လို့
ယူဆလား။ ဗမာတိုင်းရင်းသားရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုမြင်ပါလဲ။

အဖွဲ့အစည်း တခုခုက ဗမာတိုင်းရင်းသားတွေအနေနဲ့ ကိုယ်စားပြုပြီး ဒီကိစ္စမှာ ပါဝင်ပူးပေါင်းမယ် ဆိုရင် ကျနော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ လက်ရှိ ကျနော်တို့နဲ့ နီးစပ်တဲ့
အဖွဲ့အစည်းတွေက ဗမာတိုင်းရင်းသားကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းရယ်လို့ မရှိသလို ဗမာအမျိုးသား အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်း ဆိုတာလဲ မရှိဘူးဗျ။ သူတို့ကတော့
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ကိုပဲ တိုက်ပွဲဝင်နေကြတာလေ။ ဒါကလဲ သူ့အခြေအနေအရ ပေါ့ဗျာ။ သူတို့မှာ အမျိုးသားရေးဆိုင်ရာ အဖိနှိပ်ခံရမှုတို့၊ ဝါးမျိုခံရမှုတို့ မရှိတော့ဘူးလေ။
စစ်အာဏာရှင်စနစ်ကိုပဲ သူတို့ တိုက်နေရတာပါ။ ကျနော်တို့လို အမျိုးသား လွတ်မြောက်ရေး၊ အမျိုးသား အခွင့်အရေးအတွက် တိုက်နေရတဲ့ အနေအထားမျိုးလဲမရှိတော့ သူတို့မှာ
အမျိုးသားရေးအတွက် ရပ်တည်စုဖွဲ့ထားတဲ့ အစုအဖွဲ့မျိုး မရှိတော့ဘူးဗျ။

တခြား ဆရာ ပြောလိုတာများ ရှိရင်လဲ ပြောပါခင်ဗျာ။

ကျနော်တို့ တိုင်းရင်းသားတွေ စုစည်းပြီးတော့ ဖက်ဒရယ်မူကိုပဲ တောင်းဆိုမှာပါ။ ကျနော်တို့နိုင်ငံ တိုင်းရင်းသားတွေကြားမှာ ဖြစ်ရှိနေတဲ့ မညီညွတ်မှုကို စစ်ရေးနည်းနဲ့
ဖြေရှင်းလို့မရနိုင်ဘူးလို့ ကျနော်မြင်တယ်။ စစ်ရေးနည်းနဲ့ ဖြေရှင်းလာတာ နှစ်ပေါင်း ၆ဝ ကျော်လာပြီဗျ။ ဘယ်အင်အားစု တခုကိုမှ စစ်ရေးနည်းနဲ့ ချေမှုန်းလို့မရနိုင်ပါဘူး။
ဒီလိုကွဲပြဲနေတာကို ဟိုတုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့ ၄၇ ပင်လုံညီလာခံမှာ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အပေါ်မှာ စုစည်းခဲ့ကြတာလေ။ အဲဒီလိုပုံစံနဲ့ တကယ်လို့
ပြန်လည်စုစည်းမယ်ဆိုရင်တော့ အားလုံးကတော့ ကြိုဆိုလက်ခံနေလျက်ပါ။

နယ်စည်းမခြား ဆရာဝန်ရုံး မီးလောင်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၁၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက် သံလွင်လမ်းသွယ် အမှတ် ၈ဝ G1 ရှိ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ရုံးစိုက်ရာတွင် ယနေ့နံနက်က
မီးလောင်မှု ဖြစ်ပွားခဲ့သည်။

နယ်စည်းမခြား ရုံးခြံဝင်းအတွင်းရှိ ဆီဂိုဒေါင် ပြုလုပ်ထားသည့် (၂ဝ x ၈) ပေ ကွန်တိန်နာမှ စတင် လောင်ကျွမ်းသည့် မီးလောင်မှုကို ဗဟန်း၊ တာမွေ၊ သင်္ကန်းကျွန်း၊ ရန်ကုန်တိုင်း
ဗဟိုမီးသတ်ဦးစီး တို့မှ မီးသတ်ကား ၁၀ စီးခန့် လာရောက် ငြှိမ်းသတ်ခဲ့ကြသည်။

ကွန်တိန်နာ ဂိုထောင်အတွင်း ဆီကို ပလပ်စတစ်ပုံးတပုံးမှ တပုံးသို့ ပြောင်းထည့်ရာမှ မီးကူးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနမှ သတ်မှတ်သည်။

"ပူပြင်းတဲ့ရာသီမှာ ပလပ်စတစ်ပုံးကို ဆီထည့်ပြီးသုံးတော့ ပြင်ပအပူဓာတ်နဲ့ ဓါတ်ပြုပြီးတော့ မီးလောင်မှု ဖြစ်ပါတယ်။" ဟု မီးသတ်ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

မီးလောင်မှုဖြစ်ကြောင့် လုံခြုံရေးတာဝန်ယူထားသူ ဦးထွန်းထွန်းဝင်းခေါ်စောဒေးဗစ်ကို ပေါ့ဆ မီးလောင်ကျွမ်းစေမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဗဟန်းမြို့နယ် ရဲစခန်းက
အတည်ပြုသည်။

လွှတ်တော်သတင်းအတွက် CPC တင်ပြ

မျိုးသန့် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ လွှတ်တော် အစည်းအဝေးပွဲ သတင်းများရယူရန် ပုဂ္ဂလိက စာနယ်ဇင်းများ ဖွံ့ဖြိုးရေး ကော်မတီ (CPC) က စာပေစိစစ်ရေးထံ တင်ပြတောင်းဆိုထားသော်လည်း
အကြောင်းပြန်ကြားချက် တစုံတရာ မရသေးကြောင်း CPC ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင် ပါဝင် တက်ရောက်သော အစည်းအဝေး တခုကို CPC က ဇန်နဝါရီ ၁၈
ရက်နေ့က ကျင်းပခဲ့သည်။
“သတင်းရယူဖို့နဲ့ ပတ်သက်ပြီး ဘာမှအကြောင်းမကြားသေးဘူး၊ သတင်းရယူဖို့နဲ့ပတ်သက်ပြီး ဘာမှ မူဝါဒ မရှိသေးဘူး၊ တက်ရမလား မတက်ရမလား ဘာမှမပြောသေးဘူး၊” ဟု
ဦးကိုကိုက ပြောသည်။

ဗိုလ်မှူးဟောင်း တဦးဖြစ်သူ ဦးမျိုးမြင့်မောင်သည် CPC ၏ အတွင်းရေးမှူး အဖြစ်လည်း ဆောင်ရွက်နေသည်။

CPC သည် မြန်မာ့ ပုဂ္ဂလိကစာနယ်ဇင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်ဟု ၁၈ ရက်နေ့က ထုတ်ပြန်သည့်
ကော်မတီကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် အစိုးရ ကိုယ်စားပြုသူများ ပါဝင်နေသဖြင့် CPC ကို လွတ်လပ်သော အသင်းအဖွဲ့တခု ဖြစ်မည်မဟုတ် ဟု ဝေဖန်သူများက ပြောသည်။

CPC တွင် ဥက္ကဌ ဦးကိုကိုနှင့် စာပေစီစစ်ရေးမှ ဦးမျိုးမြင့်မောင်အပြင် ဂျာနယ်ကိုယ်စားပြုသူ ၁၅ ဦး၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ (MWJA) အမှုဆောင်နှင့် စာနယ်ဇင်းသမား
စုစုပေါင်း ၅ဦး၊ ပြင်ပ အလွတ် သတင်းစာဆရာ ၃ ဦး စုစုပေါင်း ၂၅ ဦး ပါဝင်သည်။

ထိုင်းနိုင်ငံရောက် ဒုက္ခသည်တွေအတွက် ရိက္ခာလျှော့မည်

By မအေးအေးမာ အင်္ဂါ, 25 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ထိုင်းနိုင်ငံထဲမှာ ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေအတွက် အကူအညီတွေကို လျှော့ချရတော့မယ်လို့ ကူညီထောက်ပံ့ ပေးနေတဲ့ အဖွဲ့တွေက ကြေညာလိုက်ပါတယ်။
စားသောက်ကုန် ဈေးနှုန်းတွေ တက်လာတာ၊ ငွေကြေးလဲလည်နှုန်းတွေမှာ အပြောင်းအလဲတွေ ရှိလာတဲ့အတွက် ဒီလို ရိက္ခာ ထောက်ပံ့မှုတွေကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ရတာလို့ ဒုက္ခသည်
အကူအညီ ပေးနေတဲ့ TBBC အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်တွင်းက မြန်မာစစ်အစိုးရ တပ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား တိုက်ပွဲတွေဟာ နေ့စဉ်လိုလို ဖြစ်ပေါ်နေတာကြောင့်
စိုးရိမ်ပူပန်မှုတွေနဲ့ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံမှာ ယာယီ ခိုလှုံနေကြသူတွေကို ဆန်ကလွဲလို့ တခြားရိက္ခာတွေ ထောက်ပံ့တော့မှာ မဟုတ်ဘူးလို့ ကယ်ဆယ်ရေး အဖွဲ့တွေက
ပြောပါတယ်။

အကူအညီ ပေးနေတဲ့ အဖွဲ့တွေရဲ့ စာရင်းဇယားအရ လူဦးရေ ၁၀,၀၀၀ နီးပါးလောက်အထိ ရှိနေတဲ့ ဒီဒုက္ခသည်တွေဟာ ၂ နိုင်ငံကြားက သောင်ရင်းမြစ် နံဘေးနဲ့ နီးစပ်ရာ နေရာတွေမှာ
ခိုလှုံနေကြရတာဖြစ်ပြီး သူတို့ကို ဒုက္ခသည်တွေကို အဓိက စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတာကတော့ Thailand Burma Border Consortium (TBBC) အဖွဲ့ ဖြစ်ပါတယ်။

ဒီအထဲကမှ မကြာသေးခင်ကမှ မြန်မာနိုင်ငံက ထွက်ပြေးပြီး ထိုင်းနိုင်ငံထဲမှာ ယာယီ ခိုလှုံနေသူတွေဟာလည်း အတည်တကျ မရှိတဲ့အတွက် ထောက်ပံ့မှုတွေမှာ ကန့်သတ်ရတာလို့
ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ မဲဆောက်တာဝန်ခံ ဆရာနေဦးက အခုလို ပြောပါတယ်။

“အားလုံးပေါင်း ၉ လကျော်ပြီ။ ကိုယ်ဝန်ဆောင်က ဘယ်နှစ်ယောက်ရှိတယ်၊ ၅ နှစ်အောက်က ဘယ်လောက်ရှိတယ်၊ အဲဒါတွေ ကျနော်တို့ လုပ်ထားပါတယ်။ အခုလောလောဆယ်
မဲဆောက်ခွင်ကျတော့ အခက်အခဲတော့ သိပ်မရှိဘူး။ ဟိုဘက်မှာကျတော့ အခက်အခဲရှိတယ်။”

စားသောက်ကုန် ဈေးနှုန်းတွေ တက်လာတာ၊ ငွေကြေးလဲလှယ်နှုန်းတွေမှာ အပြောင်းအလဲတွေ ရှိလာတဲ့အတွက် ထိုင်းနိုင်ငံမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေအတွက်


ရိက္ခာထောက်ပံ့မှုတွေကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ရတာတွေ ရှိတယ်လို့ TBBC က ပြောပါတယ်။ နေရာဒေသ အမျိုးမျိုးကနေ ပုံစံမျိုးစုံနဲ့ ရောက်လာကြပြီး ထိန်းချုပ်ဖို့ ခက်ခဲတဲ့
အခြေအနေတွေ ရှိနေတဲ့အတွက် ဒါတွေကို လုံလောက်အောင် ထောက်ပံ့ရာမှာ အခက်အခဲတွေ ရှိတယ်လို့ TBBC အဖွဲ့ရဲ့ ဒုတိယ အလုပ်အမှုဆောင် ဒါရိုက်တာ မစ်စ် ဆယ်လီ
သော်မဆင်က ပြောပါတယ်။

သူပြောသွားတဲ့ အထဲမှာ ဒုက္ခသည်တွေဟာ နေရာပေါင်းစုံက လာကြတယ်၊ နေရာ တကွဲတပြားစီက လာကြတဲ့အတွက် ထိန်းချုပ်ဖို့လည်း ခက်ခဲတယ်၊ ဒါတွေကို ဝေငှပြီး
နေရာချထားပေးနေရတာ ဖြစ်တယ်၊ အထောက်အပံ့ ပေးနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအထဲက ဒုက္ခသည်တွေဟာ သူတို့ရွာကို ပြန်သွားလိုက်၊ ပြန်လာလိုက်လည်း
လုပ်နေတဲ့အတွက် သူတိုကို ထိန်းချုပ်ဖို့လည်း ခက်ခဲတယ်၊ သူတိုရွာတွေကတော့ ပျက်စီးနေပြီး တချို့အိမ်တွေကတော့ ကျန်နေသေးတယ်၊ ဒါပေမဲ့ သူတို့ရဲ့ အခြေခံ
လိုအပ်ချက်တွေကိုတော့ ဖြည့်ဆည်းပေးနေသေးတယ်လို့ ပြောသွားပါတယ်။

အခုဆိုရင် လွန်ခဲ့တဲ့ ၂ ပတ်ခန့်က လူဦးရေ ၈,၂၀၀ ကျော်သာ ရှိပေမဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာနဲ့အမျှ အခုဆိုရင် ကိုယ်ဝန်ဆောင် မိခင်တွေ၊
ကလေးငယ်တွေ အပါအ၀င် လူဦးရေ ၉,၉၀၀ ကျော်တောင် ရှိနေပြီလို့လည်း TBBC နဲ့ ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရှိနေပြီးသား ဒုက္ခသည် ၁၄၀,၀၀၀ ကျော် အတွက်လည်း TBBC က ဆန်ဝေငှမှုတွေကို ၂၀% လျှော့သွားမယ်လို့
ပြောပါတယ်။ နောက်ထပ်လည်း ဆီ၊ ဆား၊ ငရုတ်သီးနဲ့ သကြား စတဲ့ ရိက္ခာဝေငှမှုတွေကိုလည်း လျှော့ချမှာ ဖြစ်တယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

လွှတ်တော်အကြို နေပြည်တော်မှာ ဈေးဆိုင်တွေ စောစောပိတ်ဖို့ အမိန့်ထုတ်

By မသင်းသီရိ အင်္ဂါ, 25 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ လွှတ်တော်စတင်ဖို့ ရက်ပိုင်းပဲ လိုတော့ချိန်မှာ လုံခြုံရေးတွေကို တိုးမြှင့်ထားသလို ဈေးဆိုင်တွေကိုလည်း အချိန်စောပြီး ပိတ်ခိုင်းနေပါတယ်။ အခုလို
နေပြည်တော်မှာ နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေကို ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ၃၁ ရက်နေ့ကျရင် လွှတ်တော်ကျင်းပမယ့် နေပြည်တော်မှာ ဒီရက်ပိုင်းတွေ အတွင်းကစလို့ လုံခြုံရေး တင်းကျပ်မှုတွေ အတော်လေး စတင်နေပါပြီ။ လာမယ့် ကြာသပတေး
ဇန်န၀ါရီ ၂၇ ရက်နေ့ကစလို့ နေပြည်တော်၊ ပျဉ်းမနားမြို့တွေမှာရှိတဲ့ စားသောက်ဆိုင်နဲ့ တခြားအရောင်းဆိုင်တွေ အားလုံးကို ညနေ ၆ နာရီနောက်ပိုင်း ပိတ်ဖို့ အာဏာပိုင်တွေက
အကြောင်းကြားထားတယ်လို့ ပျဉ်းမနားက စားသောက်ဆိုင် ပိုင်ရှင်တဦးက ပြောပါတယ်။

“၂၇ ရက်နေ့ကစပြီး ညနေ ၆ နာရီ ပိတ်ရမယ်လို့ အကြောင်းကြားထားပါတယ်။ ပျဉ်းမနားဘက်ရော၊ နေပြည်တော် မြို့မဈေးတို့၊ သပြေကုန်းဈေးတို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဆိုင်တွေအားလုံး။
ပြန်ဖွင့်ရမယ့် ရက်ကိုတော့ အကြောင်းကြားမယ်လို့ ပြောတယ်။ အခုထိ မပြောသေးတော့ လွှတ်တော်ပြီးမှပဲ ပြန်ဖွင့်ရမယ့် အခြေအနေပါပဲ။ နေပြည်တော်မှာက အဲဒီလို ဆိုင်ပိတ်ဆိုရင်
ညမထွက်ရ အမိန့်လိုပဲ မထွက်ကြတာ ထုံးစံလို ဖြစ်နေပါပြီ။ တခုခု ပိတ်ဆိုတာနဲ့ နေပြည်တော်က လူတွေက ညမထွက်ရဲတော့ဘူး၊ မထွက်ကြတော့ဘူး။ အိမ်ထဲပဲ နေလိုက်ကြတာပဲ။
အဲဒီလို ထုံးစံဖြစ်နေပါပြီ။”

တခါ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစလို့ လုံခြုံရေးကားတွေ မြို့တွင်းလှည့်လည်မှုတွေ စတင်နေပြီ ဖြစ်သလို မြို့ဝင်မြို့ထွက် ဂိတ်တွေကိုလည်း အထူးစစ်ဆေးပြီး ညဘက်ဆို
ဧည့်စာရင်းတွေ စစစ်နေပြီလို့ သူက ပြောပါတယ်။

“ရဲကားတစီးမှာ ရဲ ၃၀ လောက်ဆန့်တဲ့ကား ၄ စီးလောက်ရယ်၊ ရှေ့က ၀ါယာလက်ကားရယ်၊ ရဲမော်တော်ဆိုင်ကယ် ၂ စီး၊ ၃ စီးရယ်က ပြီးခဲ့တဲ့ ၄ ရက်လောက်ကစပြီး ည ၉ နာရီဆို
မြို့ထဲမှာ စပတ်ပါတယ်။ မြို့ထဲမှာ အမှတ် ၁ ရဲစခန်းရှေ့က ထွက်တယ်။ ရာဇသင်္ဂဟလမ်းပေါ် တက်တယ်။ ပြီးတော့ ရာဇဌာနီလမ်းကိုသွား၊ ဟိုး နေပြည်တော် ကားဝင်းကို ပြန်၊ ပြီးတော့မှ
အရှေ့ဘက်ကနေ ပျဉ်းမနားမြို့ထဲကို ပြန်ဝင်၊ ပျဉ်းမနားမြို့ထဲမှာ တပတ် ပတ်ပြီးတော့မှ နေပြည်တော် အမှတ် ၁ ရဲစခန်းကို ပြန်ဝင်သွားတာပေါ့။ ဧည့်စာရင်းကတော့ ရပ်ကွက်တိုင်းမှာ
တော်တော်ကြီးကို ပိုက်စိတ်တိုက် စစ်နေပါတယ်။”

ဒီလို လုံခြုံရေး လှည့်ကင်းတွေ၊ တခါ ညနေ ၆ နာရီနောက်ပိုင်း ဆိုင်မဖွင့်ရ ဆိုတဲ့အတွက် မြို့ခံတွေဟာ ညဘက်မှာ အပြင်မထွက်ရဲကြတော့ဘဲ သွားလာမှုတွေ နည်းသွားကြပါတယ်။ ဒီလို
အခြေအနေတွေကြောင့် ညပိုင်းဖွင့်ကြတဲ့ ကျူရှင်တွေ၊ စာကျက်ဝိုင်းတွေ ဒီရက်ပိုင်းတွေအတွင်း ပိတ်ထားမယ် ဆိုတာကြောင့် စာမေးပွဲ နီးလာပြီဖြစ်တဲ့ ၁၀ တန်းကျောင်းသားတွေ
အခက်အခဲ ဖြစ်ကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လွှတ်တော်ကျင်းပမယ့် နေပြည်တော်မှာ အခုလို လုံခြုံရေး တင်းကျပ်နေသလို လွှတ်တော် ၃ ရပ်အတွက် တက်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ကန့်သတ်ချက်တွေ
ထုတ်ထားပါတယ်။ လုံခြုံရေးအရ လွှတ်တော်တွင်း မယူရဆိုတဲ့ ပစ္စည်းတွေ စာရင်းကို လွှတ်တော်တက်ဖို့ ဖိတ်စာနဲ့ တခါတည်း ပူးတွဲ ပေးပို့ထားတာတွေ ရှိပါတယ်။ အခု
လွှတ်တော်တက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ ကိုယ်စားလှယ် တချို့ထဲက အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) ပါတီရဲ့ ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကတော့
သူနောက်ဆုံးသိရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အဓိကကတော့ လက်ကိုင်ဖုန်းပေါ့၊ ကွန်ပျူတာ၊ ပြီးတော့ လက်ဆွဲအိတ်၊ လွယ်အိတ်၊ ခေါင်းပေါင်းဘူး၊ ကျန်တာကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေလည်း ပါတဲ့အခါကြတော့
လက်နက် မယူရဘူး၊ လက်နက် ခဲယမ်းမီးကျောက် အဲဒါတွေ မယူရဘူး။ ကန့်သတ်ချက်ကတော့ ကင်မရာပေါ့၊ အဲဒါပါပဲ။ အဲဒီ ပန်ကြားလွှာက ဖိတ်စာနဲ့အတူတူတွဲပြီး ပါတာပါ။
ဖိတ်စာနဲ့တကွပေါ့။ အထဲမှာ ပန်ကြားထားတာ ဖြစ်ပါတယ်။ ထပ်ပြီးတော့ ထပ်မံ ကန့်သတ်တာမျိုး မရှိပါဘူး။”

NDF ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ပြောပြခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၃၁ ရက်နေ့ လွှတ်တော်ကျင်းပတဲ့အခါ သတင်းသမားတွေ သတင်းသွားယူခွင့် ရမလား၊ မရဘူးလားဆိုတဲ့ ကိစ္စကတော့ ဒီနေ့ထိ အတိအကျ မသိရသေးပါဘူး။ နိုင်ငံခြား
သတင်းဌာနတွေနဲ့ နိုင်ငံခြား သတင်းဌာနတွေအတွက် အလုပ်လုပ်ပေးနေကြတဲ့ ပြည်တွင်းသတင်းထောက်တွေ စာရင်းကိုတော့ ပြန်ကြားရေးဌာနက မနက်ဖြန်လောက်
အကြောင်းကြားနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ပြည်တွင်း သတင်းဂျာနယ်တွေ အတွက်တော့ အခုရက်ထိ စာရင်းတောင်းတာ၊ အကြောင်းကြားတာမျိုး မရှိသေးတာမို့
သတင်းသွားယူခွင့် ရှိမရှိ ဆိုတာတောင် မသိရသေးဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

သတ်မှတ်တန်ချိန် ပိုမတင်ရ စည်းမျဉ်းကြောင့် သယ်ယူပို့ဆောင် စရိတ်တက်

By ဦးမိုးဇော် အင်္ဂါ, 25 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ဒီလလယ်လောက်က စတင်ပြီး ကုန်တင်ယာဉ်တွေ တင်ဆောင်တဲ့ ကုန်ပစ္စည်း အလေးချိန်ကို အာဆီယံ စံနှုန်းအတိုင်း တင်ဆောင်ဖို့ သတ်မှတ်လိုက်တဲ့ နောက်ပိုင်း တန်ချိန်ပိုတဲ့
ယာဉ်တွေကို လမ်းတံတား ဖြတ်သန်းခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒါကြောင့် ကုန်ပစ္စည်း တင်ဆောင်ခတွေဟာ ၂ ဆလောက်ထိ မြင့်တက်သွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဒီအခြေအနေကြောင့် ကုန်ပစ္စည်း ဈေးနှုန်းတွေ တက်လာနေသလို နောက်ပိုင်းမှာ ကုန်တင်ယာဉ် မလုံလောက်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေကြတဲ့အကြောင်း ဗွီအိုအေ
ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အာဆီယံ စံနှုန်းနဲ့အညီ ကုန်တင်ဆောင်တဲ့ စနစ်ကို ဇန်န၀ါရီလ အတွင်းမှာ စတင် အကောင်အထည် ဖော်မယ်လို့ ဒီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီစနစ်အရ
ကုန်တင်ယာဉ်တွေဟာ အရင်က တင်ဆောင်နေတဲ့ အလေးချိန်ထက် ထက်ဝက်လောက် လျော့ကျသွားတာကြောင့် ကုန်ပစ္စည်း တင်ဆောင်ခတွေဟာ ၂ ဆလောက်
မြင့်တက်သွားတယ်လို့ ရန်ကုန် ဘုရင့်နောင် ပွဲရုံတန်းက ဆန်ကုန်သည် တယောက်က ပြောပါတယ်။

“ကားခတွေက အရင် တန်ပိုတွေ မသတ်မှတ်ဘူးပေါ့နော်။ အဲဒီအချိန်တုန်းက ဈေးနဲ့ အခုလက်ရှိ ဈေးနဲ့ ၂ ဆလောက် တက်သွားတယ်။ မန္တလေးဆိုရင် အရင်တုန်းက ၁,၅၀၀၊ ၁,၆၀၀၊
၁,၇၀၀ ပေါ့နော်။ အခုဆိုရင် မန္တလေးဆိုရင် ၃,၀၀၀။ ကျနော်တို့ ဆန်တအိတ်ကို သယ်ယူစရိတ် ကားခပေါ့။ အရင်တုန်းက ၁၀ ဘီးတစီးကို ဆန်အိတ် ၇၀၀-၈၀၀ တင်တယ်ခင်ဗျ။
အခုဟာက ၁၀ ဘီးတစီးကို အိတ် ၃၀၀ ပဲ တင်လို့ရတယ်။ လမ်းက တန်ချိန် သတ်မှတ်လိုက်တာကိုး။ ကားသမားတွေကလည်း မကိုက်တဲ့ အခါကျ ကားခ တိုးတောင်းတာပေါ့။”

ဒီလို တန်ဆာခ တက်တာကြောင့် ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာသလို ဆန်ဈေးကွက်လည်း အရောင်းအ၀ယ် ကျဆင်းလာတယ်လို့ သူက ဆက်ပြောပါတယ်။

“ကုန်ဈေးနှုန်းတွေပါ တက်သွားတာပေါ့။ အရင်ဈေးနဲ့ ခုဈေးနဲ့ဆို တန်ဆာခက ၂ ဆ ဖြစ်သွားတာကိုး။ ကုန်ဈေးနှုန်း အပြောင်းအလဲကြောင့် လက်ရှိ အနေအထား အရတော့ တောင်ပေါ်က
လူတွေကလည်း ဈေးတွေတက်တော့ သိပ်မ၀ယ်နိုင်ကြဘူးပေါ့နော်။”

မကွေးတိုင်း ရေနံချောင်းမြို့က ကြက်သွန်ပွဲစား တယောက်ကတော့ တန်ဆာခ ဈေးတက်တာထက် နောက်ပိုင်းမှာ ကုန်တင်ယာဉ် ရှားပါးတဲ့ ပြဿနာပါ ကြုံတွေ့နိုင်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ဆီမှာ အရင်တုန်းက ကားခက တန်ဆာခ ၄၀ လောက် ရှိတဲ့ဟာက အခုက ၉၀ ကျပ် ဖြစ်သွားတာပေါ့၊ တပိဿာကို။ ကုန်ဈေးနှုန်း အပြောင်းအလဲက ဈေးကတော့
တက်ရောင်းရတာပေါ့။ စရိတ်က တက်သွားတာကို။ စရိတ်က တပိဿာ ၅၀ တက်တဲ့အခါကျတော့ ရောင်းတဲ့နေရာလည်း အဲဒီ ကုန်ကျစရိတ်ပါ ထည့်တွက်ပြီးတော့ ရောင်းကြရတာပေါ့။
တက်ပါတယ်။

“ကုန်ဈေးနှုန်းတက်တဲ့ ပြဿနာထက် ကုန်စည်စီးဆင်းမှု မချောမွေ့မယ့် ပြဿနာကို ပိုပြီး စိုးရိမ်ရမယ်လို့ ကျနော်ထင်တယ်။ နောက်ပိုင်းကျရင်လေ။ ကားက ဥပမာပေါ့ နဂိုရှိတာ အစီး
၁၀၀။ ဒါပေမဲ့ အခုလို ၂ ခေါက်ခွဲလောက် သွားရမယ့် အခါက ကားအစီး ၂၅၀ လောက် လိုမယ်။ အဲဒီမှာ ကားက အဆင်သင့် မဖြစ်သေးဘူး ဆိုတဲ့အခါကျတော့ အဲဒီပြဿနာက
နောက်ပိုင်းကျရင် ဖြည်းဖြည်းချင်းကျရင် ဖြစ်လာမယ်လို့ ကျနော်ထင်တယ်ခင်ဗျ။”

ရန်ကုန်က သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ တခုကလည်း အခုအခါ အရင်ကထက် တန်ဆာခ ၂ ဆကနေ ၃ ဆထိ တိုးမြှင့်ယူထားကြောင်း ပြောပါတယ်။ အရင်ကဆို ကုန်မရတာကြောင့်
သူတို့ကားတွေ ရပ်နားထားတာတွေ ရှိတဲ့အတွက် ကားမလုံလောက်တဲ့ ပြဿနာတော့ မရှိနိုင်ဘူးလို့ ပြောပါတယ်။

စီးပွားရေးပညာရှင် ဒေါက်တာ ခင်မောင်ညိုကတော့ ကုန်ပစ္စည်း အလေးချိန် ကန့်သတ်လိုက်တဲ့ အပေါ်မှာ အခုလို ရှုမြင်ပါတယ်။

“နှစ်မျိုးပေါ့ဗျာ။ တခုကတော့ တန်ဆာခတွေ တက်တာပေါ့။ နောက်တခုကတော့ အကောင်းဘက်က ပြောရရင်တော့ ဟိုတုန်းကလည်း excess weight၊ over weight တွေ
တင်ကြတာပေါ့။ တင်တဲ့အခါမှာ ပုဂ္ဂလိက အကျိုးရှိတယ်။ ဒါပေမဲ့ လမ်းတွေပျက်တာတို့၊ တံတားတွေ ပျက်တာတို့ ပြင်ရတာက အများပြည်သူရဲ့ ရန်ပုံငွေထဲက သွားတာပေါ့လေ။
အခုကတော့ အဲဒီ စရိတ်တွေကို ပုဂ္ဂလိက ကလည်း ကျခံခိုင်းလိုက်တဲ့ သဘောမျိုးပါပဲ။”

အာဆီယံ စံအရဆိုရင် မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ၆ ဘီးကား တစီးဟာ ယာဉ်နဲ့ကုန် စုစုပေါင်း ၁၆ တန်၊ ၁၀ ဘီးကား ၂၁ တန်၊ ၁၂ ဘီးကား ၂၅ တန်၊ ၁၄ ဘီးကား ၃၄ တန်၊ ၁၈
ဘီးကား ၄၆ တန်နဲ့ ၂၂ ဘီးကား ၅၅ တန်အထိသာ တင်ကြရမှာဖြစ်ပြီး တန်ပိုတင်တဲ့ ကားတွေကတော့ စစ်ဆေးရေးဂိတ်မှာ ပိုနေတဲ့ ကုန်တွေကို ချပြီးမှသာ ဖြတ်သန်းခွင့်ပြုမှာ
ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေအကြား ကုန်သွယ်မှု တိုးမြှင့်လုပ်ဆောင်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ တစိတ်တပိုင်းအဖြစ် စံချိန် စံညွှန်းတွေ သတ်မှတ်လာတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး
ဒေသတွင်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေကို တိုးချဲ့ဖို့ ရည်ရွယ်ပြီး အာဆီယံ အသင်းဝင် နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့က နိုင်ငံခြားရေး ၀န်ကြီးတွေဟာ
ယူနန်ပြည်နယ် ကူမင်းမြို့မှာ တွေ့ဆုံနေကြပါတယ်။

ကမ္ဘောဒီးယားနဲ့ နယ်စပ်ပြဿနာ ကိုင်တွယ်ဖို့ ထိုင်းဆန္ဒပြသူတွေ တောင်းဆို

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 25 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ထိုင်း၊ ကမ္ဘောဒီးယား နယ်နိမိတ် အငြင်းပွားမှုကို ထိုင်းအစိုးရက အခုထက်ပိုပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ရေး ဆိုတဲ့ ကြွေးကြော်သံအောက်မှာ အင်္ကျီအ၀ါဝတ် သို့မဟုတ်
ပြည်သူ့ဒီမိုကရေစီ မဟာမိတ်များ (PAD) အဖွဲ့ဝင် ၃,၀၀၀ ကျော်က ဒီကနေ့ ဘန်ကောက်မြို့တော်မှာ ဆန္ဒပြနေကြပါတယ်။

အစိုးရအဖွဲ့ရုံးနားက Ratchadamnoen-nok လမ်းမကြီးဟာ ဆန္ဒပြသူတွေနဲ့ ပိတ်ဆို့သွားခဲ့ပါတယ်။ Mkhawan လမ်းဆုံမှာတော့ အင်္ကျီအ၀ါဝတ် PAD အဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေက
လူထုစည်းဝေးပွဲတရပ် ပြုလုပ်ကြပြီး PAD ခေါင်းဆောင် Pipop Thongchai က ထိုင်း၊ ကမ္ဘောဒီးယား နယ်နိမိတ် အငြင်းပွားမှု ခေါင်းစဉ်အောက်မှာ အဓိက ဟောပြောခဲ့ပါတယ်။

ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးရဲ့ ကမ္ဘာ့အမွေအနှစ်များ ထိန်းသိမ်းရေး ကော်မတီက ထိုင်း၊ ကမ္ဘောဒီးယား နယ်နိမိတ် အငြင်းပွားနေတဲ့ နယ်မြေပေါ်က ၁၆ ရာစုကတည်းက တည်ရှိခဲ့တဲ့
ဖရားဝိဟာရ ဟိန္ဒူဘုရားကျောင်းရဲ့ ပရ၀ုဏ်မြေကို ကမ္ဘောဒီးယားပိုင်အဖြစ် သတ်မှတ်ထားပါတယ်။

ဒီလိုသတ်မှတ်မှုကို ၂၀၀၀ ခုနှစ်မှာ ထိုင်း၊ ကမ္ဘောဒီးယား အာဏာပိုင်တွေက နှစ်နိုင်ငံ နားလည်မှု စာချွန်မှာ လက်မှတ်ရေးထိုး အသိအမှတ် ပြုထားတာကို ၀န်ကြီးချုပ် အဘီဆစ်
ဝိတ်ချာချီဝ (Abhisit Vejjajiva) ရဲ့ ထိုင်းအစိုးရက ပြန်လည်ရုပ်သိမ်းရေး၊ နှစ်နိုင်ငံ အငြင်းပွားနေတဲ့ နယ်မြေပေါ်က ကမ္ဘောဒီးယား နိုင်ငံသားတွေကို နှင်ထုတ်ပေးရေးတို့ကို
အင်္ကျီအ၀ါဝတ် PAD အဖွဲ့က ထိုင်းအစိုးရကို တောင်းဆိုနေပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်တွေကို ထိုင်းအစိုးရက အကောင်အထည် မဖော်မချင်း သူတို့ရဲ့ ဆန္ဒပြပွဲတွေကို ရပ်မှာမဟုတ်ဘူးလို့ PAD ခေါင်းဆောင်တဦးဖြစ်တဲ့ Jamrong Srimuang က
ပြောပါတယ်။

အင်္ကျီအ၀ါဝတ် PAD အဖွဲ့ရဲ့ ဆန္ဒပြပွဲကို တန်ပြန် ဆန္ဒပြမယ်လို့ အစိုးရ ဆန့်ကျင်ရေး အင်္ကျီအနီဝတ် အဖွဲ့က ကြေညာထားတာကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၄,၀၀၀ နီးပါးက
ဘန်ကောက်မြို့ရဲ့ အချက်အချာ နေရာတွေမှာ နေရာယူထားကြပါတယ်။

တနင်္လာနေ့ညကတော့ အင်္ကျီအ၀ါဝတ်တွေရဲ့ လူထုစည်းဝေးပွဲ လုပ်မယ့်နေရာမှာ ဗုံးတလုံး တပ်ဆင်နေသူတဦးကို ဖမ်းမိခဲ့ပြီး နောက်ထပ် ၄ ဦးကို ရော့ကက်လောင်ချာတွေ၊
ဗုံးသီးတွေနဲ့အတူ အိမ်တအိမ်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြပါတယ်။

ဘာသာရေး ဖိနှိပ်မှုအတွက် ဗီယက်နမ်အပေါ် လူ့အခွင့်အရေးအဖွဲ့ ဝေဖန်

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 25 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ဗီယက်နမ်နိုင်ငံဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အဆက်မပြတ် ချိုးဖောက်နေတာကြောင့် အမေရိကန် အစိုးရရဲ့ ဘာသာရေး လွတ်လပ်ခွင့်များအား ချိုးဖောက်နေသည့်
စိုးရိမ်ရသော နိုင်ငံများ စာရင်းထဲကနေ ဖြုတ်ပယ်ထားတဲ့ ဗီယက်နမ်နိုင်ငံကို ဒီစာရင်းထဲမှာ ပြန်ပြီးထည့်သွင်းဖို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး
(Human Rights Watch) အဖွဲ့ကြီးက ဒီကနေ့ အင်္ဂါနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၉၀ ကျော်က လူ့အခွင့်အရေး အခြေအနေတွေဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာ HRW အဖွဲ့က
သတင်းကြေညာချက် ထပ်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံက သီးခြားလွတ်လပ်တဲ့ ဘာသာရေး အဖွဲ့အစည်းတွေဟာ ရဲတပ်ဖွဲ့ရဲ့ အဆက်မပြတ် ဖိနှိပ် နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်နေကြရပြီး ဘာသာရေးခေါင်းဆောင်
များစွာဟာလည်း ဖမ်းဆီးထိန်းသိမ်းတာ ခံနေကြရပါတယ်။

ဗီယက်နမ်က ဘာသာရေး နှိပ်ကွပ်မှုဟာ စနစ်တကျနဲ့ ရက်စက်စွာ ပြုလုပ်နေတာ ဖြစ်ပြီးတော့ နှိပ်ကွပ်မှုတွေဟာ တနေ့တခြား ပိုပြီး ဆိုးလာနေတယ်လို့ HRW အဖွဲ့ရဲ့
သတင်းကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် အစိုးရရဲ့ ဘာသာရေး လွတ်လပ်ခွင့်များအား ချိုးဖောက်နေသည့် စိုးရိမ်ရသော နိုင်ငံများ စာရင်းထဲကနေ ဗီယက်နမ်နိုင်ငံကို ၂၀၀၆ ခုနှစ်က အမေရိကန် အစိုးရက
ဖြုတ်ပယ်ခဲ့တာပါ။ ဒီစာရင်းထဲမှာတော့ မြန်မာ၊ တရုတ်၊ အီရီထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်နဲ့ ဥဇဘက်ကစ္စတန် နိုင်ငံတွေ ဆက်ပြီး ပါရှိနေပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မြန်မာနိုင်ငံမှာ ဆိတ်သုဉ်း၊Article 19 အဖွဲ့ ဝေဖန်

By ဦးသားညွန့်ဦး တနင်္လာ, 24 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တည်ဆဲဥပဒေတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် အတော်များများဟာ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်တွေ၊ သတင်းလွတ်လပ်ခွင့်တွေကို
ချုပ်ချယ် တားမြစ်ထားတယ်လို့ လန်ဒန်အခြေစိုက် Article 19 လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီလို ဥပဒေမျိုးတွေကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်း
မကျခဲ့သလို နောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေ အတွက်လည်း ဒီဥပဒေတွေက အတားအဆီး ဖြစ်နေဦးမယ်လို့ ဝေဖန်ပါတယ်။ Ariticle 19 အဖွဲ့ဟာ
ဒီအစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို ပေးပို့ပြီး ဒီကိစ္စကို လာမယ့် ဇန်န၀ါရီလ ၂၇ ရက်နေ့ မြန်မာ့လူ့အခွင့်အရေး အခြေအနေ သုံးသပ်စိစစ်မှုမှာ
ထည့်သွင်း ဆွေးနွေးပေးဖို့ ပန်ကြားနေပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အခြေအနေကို လူ့အခွင့်အရေးကောင်စီ အလုပ်အဖွဲ့ အနေနဲ့ အခု ၂၇ ရက်နေ့ လူ့အခွင့်အရေး သုံးသပ်မှုတွေ လုပ်တဲ့အခါ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို
ကန့်သတ်ပိတ်ဆို့နေတဲ့ ဥပဒေတွေ ဖျက်သိမ်းပေးရေးကိစ္စ ဖိအားပေးကြဖို့ ဒီအစည်းအဝေးကို တက်မယ့် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေကို Article 19 အဖွဲ့က
အခု ဂျီနီဗာမှာ လိုက်လံတွေ့ဆုံ တိုက်တွန်းနေပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တွေ ပိတ်ပင်တဲ့ကိစ္စမှာ ကမ္ဘာ့နိုင်ငံတွေအကြား အဆိုးဆုံးနိုင်ငံ တနိုင်ငံ ဖြစ်နေသလို သတင်းမီဒီယာတွေအပေါ် ကန့်သတ်ချုပ်ချယ်မှု
အတင်းကျပ်ဆုံး နိုင်ငံလည်း ဖြစ်နေတယ်လို့ Article 19 အဖွဲ့က ထောက်ပြပါတယ်။ အဓိက အချက်ကတော့ အခုလက်ရှိ ဖွဲ့စည်းပုံပါ အချက်အချို့ဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို
ထိထိရောက်ရောက် ပိတ်ပင်ထားသလို ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေး အတွက်လည်း အနှောင့်အတား ဖြစ်စေတယ်လို့ Article 19 အဖွဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ အိုလီဗာ စပန်ဆာ (Oliver
Spencer) က ပြောပါတယ်။

“အခုလက်ရှိ ဖွဲ့စည်းပုံပါ ပုဒ်မ ၆၊ ပုဒ်မ ၃၈၂၊ ပုဒ်မ ၂၀(င)၊ ပုဒ်မ ၃၆၄၊ ပုဒ်မ ၂၆၅၊ ဒီပုဒ်မ ၅ ခုဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်ထားပါတယ်။”

ဒီအချက်တွေကို အစီရင်ခံစာ ပြုစုပြီးတော့ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေကို လိုက်လံရှင်းပြနေတယ်လို့ အိုလီဗာ စပန်ဆာက ပြောပါတယ်။
ဒီဥပဒေတွေကြောင့်ပဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်း မကျခဲ့ဘူးလို့လည်း သူက ထောက်ပြပါတယ်။

“ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ တရပ်အတွက် လိုအပ်ချက်တွေ၊ နောက် ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို အခြေခံပြီး ထောက်ပြထားပါတယ်။ ဒီဥပဒေတွေ အားလုံးဟာ လွတ်လပ်စွာ
ဖော်ထုတ်ရေးသားခွင့်တွေနဲ့ မီဒီယာ လွတ်လပ်ခွင့်တွေကို ကန့်သတ် ထိန်းချုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ မဖြစ်ခဲ့ပါဘူး။ မီဒီယာတွေရော
နိုင်ငံရေးသမားတွေပါ လွတ်လပ်စွာ ပြောဆိုခွင့်တွေ မရခဲ့ပါဘူး။”

အခု Universal Periodic Review (UPR) ဟာ ပထမဆုံး အကြိမ်အဖြစ် မြန်မာ့အရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ NCGUB အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ
ဒေါက်တာသောင်းထွန်းကတော့ UPR ဆွေးနွေးပွဲကနေ တစုံတရာ အဖြေမထုတ်နိုင်ပေမဲ့ လာမယ့် လူ့အခွင့်အရေးကောင်စီ ညီလာခံ မြန်မာ့အရေး ဆုံးဖြတ်ချက်အတွက် အဓိက
ဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်။

“အခုဆိုရင် နိုင်ငံတွေက ကြိုတင်မေးထားတဲ့ မေးခွန်းတွေ ထွက်နေပါပြီ။ ဒါကို နအဖအနေနဲ့ ဖြေကြားရမယ်။ အဲဒီလို ဖြေကြားပြီးတဲ့ နောက်ပိုင်းမှာ ညှိနှိုင်းရေးအဖွဲ့ကနေပြီးတော့
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ သုံးသပ်ချက် မူကြမ်းတစောင်ကို သူတို့ ပြုစုမယ်၊ အကြံပြုချက်တွေလည်း ပါမယ်ပေါ့။ ဒါပေမဲ့ ဒီမူကြမ်းကို ဇွန်လမှာလုပ်မယ့်
အစည်းအဝေးကျမှပဲ အတည်ပြုမှာ ဖြစ်ပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရော အရင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကပါ ဆုံးဖြတ်ချက်တွေ အတန်တန် ချမှတ်ခဲ့ဖူးပေမဲ့
မြန်မာအစိုးရဘက်ကတော့ ဒါတွေအားလုံးကို လျစ်လျူပြုခဲ့ပါတယ်။ Article 19 အဖွဲ့က အိုလီဗာကတော့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ဆိုရင်
အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းချက်တွေထက် ဒေသတွင်း ကြိုးပမ်းချက်တွေက ပိုအရေးကြီးမယ်လို့ ယူဆပါတယ်။

“တကယ်တမ်း အပြောင်းအလဲတွေ လုပ်နိုင်ဖို့ ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ဒေသတွင်း နိုင်ငံတကာ အသိုင်းအ၀ိုင်းပဲ ဖြစ်ပါလိမ့်မယ်။ နည်းလမ်း ၃ သွယ် ရှိပါတယ်။
တခုကတော့ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာနဲ့ ပိုထိစပ်ပြီး လူ့အခွင့်အရေးကိစ္စ ဖိအားပေးဖို့ပါ။ ဒုတိယနည်းကတော့ တရုတ်အနေနဲ့ နိုင်ငံတကာမှာ ဦးဆောင်မှု ပေးနိုင်တဲ့ နိုင်ငံအဖြစ်
ရပ်တည်ပြီး မြန်မာနဲ့ မြောက်ကိုရီးယားလို နိုင်ငံတွေကို အကာအကွယ် ပေးတာတွေ ရပ်တန့်ဖို့ပါ။

“တတိယနည်းကတော့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံပါ။ အင်ဒိုနီးရှားအနေနဲ့ သူ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူတဲ့အချိန်မှာ လူ့အခွင့်အရေး ကိစ္စတွေကို ပိုပြီး
ဦးစားပေးမယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအရေးဟာ အာဆီယံအတွက် အရှက်ရစေတဲ့ ကိစ္စပါ။”

ဒါပေမဲ့လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ ကိုယ်တိုင်က ပြည်တွင်းမှာ ပြဿနာတွေ ရင်ဆိုင်နေရသလို အိန္ဒိယနိုင်ငံကလည်း အာရှနိုင်ငံတွေနဲ့၊ အထူးသဖြင့် မြန်မာနဲ့
သံတမန် ဆက်ဆံရေးပိုင်းမှာ လူ့အခွင့်အရေး ကိစ္စတွေကို သိပ်မပြောလိုတော့ပါဘူး။ အာဆီယံ အသင်းကြီးက မကြာခင်က ပြဋ္ဌာန်းလိုက်တဲ့ အာဆီယံ ပဋိညာဉ်ထဲမှာ လူ့အခွင့်အရေးနဲ့
ပတ်သက်တဲ့ အချက်အလက်တွေ ထည့်သွင်းထားပေမဲ့လည်း အာဆီယံအသင်းဝင် နိုင်ငံအများစုဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျယ်ကျယ်လောင်လောင် ပြောလေ့မရှိပါဘူး။

ဒါကြောင့်လည်း အခု မြန်မာ့အရေး UPR အစည်းအဝေးအတွက် မေးခွန်းတွေ ထုတ်ထားတဲ့ နိုင်ငံတွေကို ကြည့်ရင် အနောက်နိုင်ငံတွေ အများစု ဖြစ်နေတာ တွေ့ရပြီး မေးမြန်းတဲ့
အာရှနိုင်ငံ အချို့ကလည်း ဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အရေးတွေကိုပဲ အလေးပေး ဆွေးနွေးထားကြပါတယ်။

http://www.voanews.com/burmese/

ဒုကာကွယ် ရေး ဦးစီးချုပ် တာဝန်မှ အနားယူ

January 25, 2011 freedom news group Leave a comment Go to comments

25
0

i
မဲပေးပါ

Senior General Maung Aye Quit Job

လက်ရှိ ရာထူးတာဝန် အကုန် လုံးမှ အနား ယူသွားသည့်  စစ်အစိုးရအဖွဲ့ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး AP-Photo

ဒုတိယ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှုးကြီး မောင်အေး ဟာ ဇန်န၀ါ
ရီလ ၂၄ ရက်နေ့ မှာ လက်ရှိ ရာထူးတာဝန် ဖြစ်တဲ့ နိုင်ငံတော် အေးချမ်းသာ ယာ ရေး နဲ့ ဖွံ့ ဖြိုး
ရေးကောင်စီ ဒုဥက္ကဌ အဖြစ်က ၎င်း၊ ဒု ကာကွယ်ရေး ဦးစီးချုပ် နေရာ ကနေ ၎င်း နှုတ် ထွက်
လိုက်ပြီး အသစ် ပေါ်ထွက် လာမယ့် အစိုးရ အဖွဲ့ မှာ လည်း ဘာတာဝန် မှ မယူတော့ ဘူး
လို့ သတင်းရရှိ ပါတယ်။

Freedom News အနေ နဲ့ ဒီသတင်း ကို အတည် ပြု ဖို့ ခက်ခဲပေမယ့် နေပြည်တော်
ကာကွယ်ရေး ၀န်ကြီးဌာန က အကြီးတန်း အရာ ရှိ တစ်ဦးက တော့ ” ဒီသတင်း ကို
မနေ့ ညက စကြားတယ် ၊ နှစ် ရက် လောက် ဆိုရင် တော့ သဲသဲ ကွဲကွဲ သိရပြီ ၊ လွတ်
လပ်ရေး နေ့ ညစာ စား ပွဲ မှာ ကတည်း က သူက မတ် လ ၂၇ ရက်နေ့ ကျွန်တော့် ရဲ့ 
နောက်ဆုံး ညစာစား ပွဲ ပဲ လို့ ပြောသွားတယ်” ဟု အဆိုပါ ဗိုလ်မှုးကြီးက ပြောသည်။

ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး က ရာထူးကနှုတ် ထွက် သွားပေမယ့် ဗိုလ်ချုပ်ကြီး သူရ


ရွှေမန်းကတော့ မကြာခင် ပေါ်ပေါက် လာမယ့် စစ်တပ် ကြီးစိုး မယ့် အစိုးရ သစ် ရဲ့ 
သမ္မတ အဖြစ် ရာနှုန်း ပြည့် ရာထား ခံထားရတယ် လို့ သိရပါတယ်။

ဗိုလ်ချုပ် မှုးကြီး မောင်အေး ကတော့ သူဟာ အရပ် ၀တ် ကို လဲဝတ် လို စိတ် မရှိ
ဘူး လို့ လွတ်လပ်ရေးနေ့ (သီးသန် )့ ညစာ စား ပွဲ မှာ ပြောခဲ့တယ် လို့ သိရပါတယ်။

ဒီသတင်း တွေ နဲ့  ဆက်လက်ပြီး သိရတဲ့ သတင်း တစ်ခု ကတော့ တိုင်းမှုး အသစ်


တွေ ဖြစ်တဲ့ ဗိုလ်မှုးချုပ် ရဲအောင် ၊ ဗိုလ်မှုးချုပ် စိုးလွင်၊ ဗိုလ်မှုးချုပ် မောင်မောင်အေး
ဗိုလ်မှုးချုပ် ဇေယျာအောင် စ တဲ့ တိုင်းမှုး အသစ် တွေ အား လုံး ကို ယခင် က လို
ဗိုလ်ချုပ် ရာထူး တိုးပေးမှာ မဟုတ်တော့ ဘူး လို့ သိရပါတယ်။

မြန်မာ နိုင်ငံ ရဲ့ ဒုတိယ စစ်ခေါင်းဆောင် အဖြစ် တာဝန် ယူ ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး


မောင်အေး ကို ၁၉၃၇ ခုနှစ် ဒီဇင်ဘာ လ မှ စစ်ကိုင်း တိုင်း ကန့် ဘလူ မြို့ နယ်
မှာ မွေးဖွား ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ စစ်တပ်ထဲ ၀င်ရောက် ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မေ
မြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ် စဉ် ၁ ကနေ အောင်မြင် ခဲ့ပါတယ်။
၁၉၈၆ ခုနှစ် မှာ အရှေ့ မြောက် ပိုင်း စစ်ဌာနချုပ် တိုင်းမှုး အဖြစ် တာဝန် ယူ ခဲ့ပြီး
အဲဒီအချိန် က တိုင်းမှုး အဖြစ် တာဝန် ယူရ သူတွေ ထဲ မှာ သူတစ်ဦး တည်း
စစ်ခေါင်းဆောင် နေရာကို တက်လှမ်း နိုင် ခဲ့ခြင်း ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ် မှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)


ရာ ထူးရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ ဒု ကာကွယ်ရေး ဦးစီးချုပ် ရာထူး နဲ့  နိုင်ငံတော်
အေးချမ်းသာ ယာ ရေး နဲ့ ဖွံ့ ဖြိုး ရေးကောင်စီ ဒုဥက္ကဌ ရာထူး ကို ရယူခဲ့ပါတယ်။

သူ့ ရဲ့ ဇနီး ဖြစ်သူ ဒေါ်မြမြစန်း ဟာ ကာကွယ်ရေး ၀န်ကြီးဌာန မှာ ပဲ ဗိုလ်


မှုး အဆင့် ထိ တာဝန် ယူခဲ့ပါတယ်။

မြန်မာ ဘဏ်ဈေးကွက် မငြိမ်မသက် ဖြစ်

January 24, 2011 freedom news group Leave a comment Go to comments

18
6

i
မဲပေးပါ

K ခိုင၊် ၊ သမ၀ါယမဘဏ် (CB Bank)၊ မြ၀တီ ဘဏ် နဲ့ ၊ ရန်ကုန် မြို့ တော် စည်ပင်
သာယာရေး ကော်မတီ ရဲ့ မြို့ တော် ဘဏ်တို့ မှာ ငွေ အပ်နှံ ထား သူတွေက သူတို့ ရဲ့ 
အပ်နှံငွေ တွေ ကို စတင် ထုတ် ယူနေတယ်လို့ သတင်း ရရှိပါတယ်။

ပြည်ထောင်စု ကြံ့ ခိုင်ရေး နဲ့ ဖွံ့ ဖြိုးရေး ပါတီ (ကြပ်ဖွတ်) က ရွေးကောက်ပွဲ မဲဆွယ်


တုန်း က သုံးတဲ့ ငွေ တွေ ကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့  အမိန့် နဲ့  မြ၀တီ ဘဏ်
ကနေ ထုတ်ယူခဲ့တာကြောင့် စစ်အစိုး ရ ပိုင် မြ၀တီ ဘဏ်မှ အပ်နှံငွေ တွေ ကို
စစ်အရာရှိ တွေ ကိုယ်တိုင် ထုတ် ယူနေတာ ဖြစ်တယ်လို့  ရန်ကုန် မြို့ က မြ၀တီ
ဘဏ်မှာ ငွေ အပ်နှံ သူ တစ်ဦးက Freedom News ကိုပြောပါတယ်။

ကြပ်ဖွတ် က အခု ရောင်တော်ဖွင့် အစီအစဉ် အနေနဲ့  နိုင်ငံတ၀ှမ်း က ဘုရား


စေတီ တွေ ကို ပြန်လည် ပြုပြင်မယ့် သူတွေ ကို လည်း ငွေကျပ် သန်း ၅၀၀
စီ ထုတ်ချေးနေတာ လည်း မြ၀တီဘဏ်က နေ ပဲ ဖြစ်တယ် လို့ ဘဏ်ဝန်
ထမ်း တစ်ဦး ကပြောပါတယ်။ နောက်ပြီး ကြပ်ဖွတ် ရဲ့ စိတ်ဓာတ် မြှင့်တင် ရေး
သင်တန်း အတွက် လို အပ် တဲ့ ငွေကျပ် သိန်း ကိုး ထောင် ကျော် ကို တော့
ဒေါ်ကြိုင်ကြိုင် က မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်း ကို အမိန့် ပေး
ခဲ့တာ ကြောင့် မြို့ တော် ဘဏ်က လည်းငွေကြေး စိုက်ထုတ် ပေးခဲ့ရတယ်
လို့ ဆိုပါတယ်။

မင်္ဂလာဈေး မီးလောင် မှု ကြောင့် နစ်နာ ခဲ့ရတဲ့ ဈေးသူ ဈေးသား များ ကို


လည်း မြို့ တော် ဘဏ်က ငွေ ချေးမယ်လို့ ကြေငြာ ထားပြီး အချိန် ဆွဲ နေ
တာကြောင့် ဈေး သူဈေး သား တွေ ဟာ ယခင် က မြို့ တော် ဘဏ် နဲ့ 
ချိတ် ဆက် ပြီး နယ်မြို့ တွေ ကို လွှဲပြောင်း ဖို့ အပ် နှံ ထား တဲ့ ငွေ တွေ ကို
အခု စတင် ထုတ် နေကြ ပြီ လို့ သိရပါတယ်။

သမ၀ါယမ ဘဏ်ကတော့ အာဏာ ရ အသိုင်းအ၀ိုင်း ရဲ့ မျက် မုန်း ကျိုးတာ


ခံရတာကြောင့် ဘဏ်မှ အပ်နှံ ငွေတွေ ကို ပြန်လည် ထုတ်ယူကြတာ လို့ 
ဆိုပါတယ်။

တရုတ် နှစ် သစ် ကူး နဲ့  နီးနေတာ ကြောင့် ရန်ကုန် မြို့ မှာ အရောင်း အ၀ယ်
တွေ စည်ကား နေပေမယ့် တရုတ် နှစ် သစ် ကူးချိန် မှာတော့ အရောင်း
အ၀ယ်တွေ နည်းသွား မှာကြောင့် ဒေါ်လာ ဈေး ကျဖို့ ရှိပေမယ့် ဘဏ်
မှာ ငွေ ထုတ်ပြီး ဒေါ်လာ ၀ယ်သူတွေ ၊ အိမ်ခြံမြေ ၀ယ်သူတွေ များ လာ
တာကြောင့် အိမ်ခြံမြေ နဲ့  အမေရိကန် ဒေါ်လာဈေးတွေ ကလည်း တက်ရိပ်
ပြနေ ပါတယ်။

http://freedomnewsgroup.com/

အကယ်ဒမီ ဘီရုမာ - အလှည့်ကျပေးမည် အကယ်ဒမီ၊ ဆက်ပြီး ဖားနေဖို့သာ လိုပါသည်


ဇန်န၀ါရီ ၂၅၊ ၂၀၁၁
မစ်ရှီဂန်မှပေးသောစာ(၅၁)
အောင်ဝေး
ဇန်န၀ါရီ ၂၅၊ ၂၀၁၁

reuters photo

"---အခုအချိန်မှာ ကျနော်တို့ ပြည်သူ လူထုတွေဟာ ဘာကိုမှ တွေဝေ ငေးမောမနေကြပါနဲ့တော့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့် မှန်ကန်၊ ခိုင်မာ ထက်မြက်တဲ့ ဦးဆောင်မှု နောက်မှာ
ယုံယုံ ကြည်ကြည် မမှိတ်မသုန် လိုက်ပါနိုင်ဖို့ပဲ အရေးကြီးပါတယ်---"

မိတ်ဆွေကြီးကိုဒေါင်း-

ကျန်းခံ့သာလို့ မာကြမယ် ထင်ပါရဲ့။ ပြက္ခဒိန် တနှစ်ကူးပြီ ဆိုတော့ နှစ်သစ်မှာ အဖြစ်သစ်တွေနဲ့ ကြုံတွေ့ရတော့မှာ ဖြစ်သလို၊ ၂၀၁၁ နှစ်သစ်မှာ စိန်ခေါ်မှုအသစ်တွေနဲ့လည်း
ကျနော်တို့ အများကြီး ရင်ဆိုင်ကြရဦးမှာပဲ မဟုတ်လား။

ကျနော်တို့တိုင်းပြည်အနေနဲ့ အဓိကအကျဆုံး စစ်အာဏာရှင်စနစ်ကြီးရဲ့ စိန်ခေါ်မှုကနေ၊ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် အန္တရာယ် လုံခြုံရေး အတွက်
ပြည်သူ တရပ်လုံးရဲ့ စိုးရိမ်ပူပန်မှု အလယ်၊ နယ်စပ်ဒေသက တိုင်းရင်းသားတွေ အမြောက်အမြား၊ စစ်ကြောင့် အိုးမဲ့အိမ်မဲ့ ပြေးလွှား ရှောင်တိမ်းရင်း အတိ ဒုက္ခရောက်နေကြတဲ့
အကြောင်းတွေ အဆုံး၊ ကိုဒေါင်းရေ၊ နှစ်သစ်မှာ ၂၀၁၁မှာ စိန်ခေါ်မှု အသစ်တွေကို ကျနော်တို့ တိုင်းသူ ပြည်သားတွေ မလွဲမသွေ ကြုံတွေ့ ရင်ဆိုင်ကြရဦးမှာပါ။

ပြည်တွင်းကပြည်သူတွေပဲ ဖြစ်ဖြစ်၊ ပြည်ပရောက် ပြည်သူတွေပဲ ဖြစ်ဖြစ်၊ ၂၀၁၁ နှစ်သစ်မှာတော့ တွေ့ကြုံလာရမယ့် စိန်ခေါ်မှု အသစ်တွေကို၊ ဘာဖြစ်သလဲ၊ ကျနော်တို့
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရဲရဲရင့်ရင့် ပြေးတွေ့ ရင်ဆိုင်လိုက်ကြရုံပါပဲ။ နောက်တွန့်စရာ မလိုပါဘူး ကိုဒေါင်း။

ကျနော်တို့ အခု မမှိတ်မသုန် ဦးတည် ချီတက်နေတဲ့ ပန်းတိုင်က လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးပဲ မဟုတ်လား။ ဗြိတိသျှနယ်ချဲ့နဲ့ ဖက်ဆစ်ဂျပန်တွေရဲ့
လက်အောက်ကနေ တိုင်းပြည် လွတ်မြောက်အောင် အမျိုးသား တော်လှန်ရေးကြီး ဆင်နွှဲခဲ့ကြတုန်းကလည်း ကျနော်တို့ ပြည်သူလူထုရဲ့ ပန်းတိုင်က လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊
ငြိမ်းချမ်းရေးပါ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်ပေးပြီး ရယူပေးခဲ့တဲ့ လွတ်လပ်ရေးဟာ ၊ နောက်ပိုင်းမှာ အမျိုးသား စည်းလုံး ညီညွတ်မှု ပျက်သုဉ်းပြီး၊
အယူစွဲ၊ ၀ါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲ၊ ပုဂိုလ်စွဲ၊ အာဃာတတရား အမျိုးမျိုးအောက်မှာ ပြည်တွင်းစစ်မီးလျှံကြီး ၀ုန်း ဆို ထတောက်ပြီး၊ လွတ်လပ်ရေးရဲ့ အရသာဟာ ခါးတူး
ပျောက်ဆုံးခဲ့ရတာပါ။

ပြည်တွင်းစစ်မီးလျှံကြားမှာပဲ တက်လာတဲ့ အရပ်သားအစိုးရ၊ အဲဒီတုန်းကအခေါ် နိုင်ငံရေး အစိုးရ လက်ထက်မှာလည်း ဒီမိုကရေစီ ဆိုတာ ထွန်းကားသင့်သလောက်
ထွန်းကားမလာခဲ့ပြန်ဘူး။ ပိုဆိုးတာက ၁၉၅၈ နဲ့ ၁၉၆၂တွေမှာ စစ်တပ်က အာဏာသိမ်းတာကို ခံခဲ့ရပြန်တာပါပဲ။

ကိုဒေါင်းရေ၊ လွတ်လပ်ရေးကလည်း ပျောက်ဆုံး၊ ဒီမိုကရေစီကလည်း အပြည့်အ၀ ထွန်းကား မလာ၊ အဲဒီလို အခြေအနေမျိုးမှာ ပြည်တွင်းစစ်ကြီးနဲ့ ရင်ဆိုင်တိုးနေရတဲ့
တိုင်းပြည်ဟာ ဘယ်မှာလာပြီး ငြိမ်းချမ်းနိုင်ပါတော့မလဲ။ “ဆရာမသေခင် ငြိမ်းချမ်းရေးအစစ် ရတာကို မြင်သွားချင်တယ်” အဲဒီလို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကိုယ်တိုင်တောင်
ကြေကြေကွဲကွဲ တမ်းတခဲ့ရတဲ့ ခေတ်ပါဗျာ။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ဆင်နွှဲခဲ့တဲ့ ပထမ လွတ်လပ်ရေး တိုက်ပွဲရဲ့ ဦးတည်ချက် ပန်းတိုင် ဖြစ်တဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ကြွေးကြော်သံဟာ မဆလ
တပါတီ အာဏာရှင် စနစ် ကြီးစိုးခဲ့တဲ့ (၂၆) နှစ်တာ ကာလအတွင်းမှာ မှေးမှိန် ပျောက်ကွယ်သွားခဲ့ရတာပဲ မဟုတ်လား ကိုဒေါင်း။

အခုအချိန်ဟာ ကျနော်တို့ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဆင်နွှဲနေတဲ့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကို ဖြတ်သန်းနေကြတာပါ။ ကျနော်တို့ဟာ ၁၉၈၈-
ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ မဆလ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကိုတော့ အမြစ် မဖြတ်နိုင်ခဲ့တဲ့ အတွက်၊ ရှစ်လေးလုံး
အရေးတော်ပုံကြီးလည်း စစ်တပ်က လက်နက်နဲ့ ဖြိုခွင်း အာဏာသိမ်းတာကို ခံခဲ့ရပြန်တယ်။

အဲဒီမှာ န၀တစစ်အာဏာရှင်စနစ်ပြန်ပြီးအသက်ဝင်လာခဲ့တာပဲ။ န၀တ ကနေ နအဖ ဆိုပြီး စစ်အာဏာရှင်စနစ်ဟာ သက်ဇိုး ရှည်လာခဲ့တာပဲ။ ဒီကနေ့ဆိုရင် အဲဒီ န၀တ-နအဖ
စစ်အာဏာရှင်စနစ်ကို ကျနော်တို့ ပြည်သူတွေ ဆက်လက် ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြတာ နှစ်ပေါင်း (၂၀) ကို ကျော်လာခဲ့ကြပြန်ပြီ ကိုဒေါင်း။
ဒီတခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကတော့၊ ဗိုလ်ချုပ် အောင်ဆန်းတို့ခေတ်က နယ်ချဲ့နဲ့ ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲတွေထက် ပိုပြီး
ခက်ခဲ၊ ပိုပြီး နက်နဲတယ် ဆိုတာ လူတိုင်းအသိပါ ကိုဒေါင်း။

ပထမလွတ်လပ်ရေးတိုက်ပွဲတုန်းက ကျနော်တို့ ဘိုးဘွားတွေဟာ နယ်ချဲ့နဲ့ ဖက်ဆစ်၊ တိုင်းတပါးသား လူမျိုးခြား၊ ဗြိတိသျှနဲ့ ဂျပန်တွေကို ရင်ဆိုင်ခဲ့ကြရတာပါ။ အဲဒီတုန်းက
ဘုံရန်သူက လူမျိုးခြား တိုင်းတပါးက ဖြစ်နေလေတော့၊ ဖိနှိပ် ချုပ်ချယ်ခံနေရတဲ့ ကိုယ့်တိုင်းရင်းသား လူမျိုး ပေါင်းစုံရဲ့ သွေးစည်းညီညွတ်မှုက၊ အမျိုးသားေ ရးစိတ်ဓာတ်ကြီး စုခဲ အုံကျစ်ပြီး
မာကြော ပြတ်သားနေခဲ့တာပေါ့ဗျာ။

အဲဒီတုန်းက လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ကျနော်တို့ တိုင်းရင်းသားပြည်သူ အပေါင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုနောက်မှာ တခဲနက် ယုံယုံကြည်ကြည်
လိုက်ပါခဲ့ကြတာပဲ မဟုတ်လား။ ပင်လုံညီလာခံလို အမျိုးသား စည်းလုံးညီညွတ်မှု အထွတ်အထိပ် ရောက်လာတဲ့ အချိန်မှာ ဗြိတိသျှ နယ်ချဲ့အစိုးရဟာ ကျနော်တို့ တိုင်းပြည်ကို
လွတ်လပ်ရေး မပေးဘဲနေလို့ မရတော့ပါဘူး။

အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဆင်နွှဲနေတဲ့ ဒုတိယလွတ်လပ်ရေး တိုက်ပွဲကတော့ ပထမ လွတ်လပ်ရေးတိုက်ပွဲနဲ့ မတူတော့ဘူး။ အခြေခံကစပြီး ပြောင်းသွားပြီ။ ဒီတစ်ခါ
ရင်ဆိုင်နေရတဲ့ ဘုံရန်သူက တိုင်းတပါးသား လူမျိုးခြား၊ နယ်ချဲ့လည်း မဟုတ်တော့ဘူး၊ ဖက်ဆစ်လည်း မဟုတ်တော့ဘူး။ ကိုယ့်အမျိုးသားချင်း ဖြစ်နေတာပဲ။ ကိုယ့်အမျိုးသားအချင်းချင်း
ဖိနှိပ် အုပ်ချုပ် စစ်ကျွန်ဇာတ် သွင်းနေတဲ့ ဟာပဲ။

ဒီတော့ ကိုဒေါင်းရယ် - အမျိုးသားချင်း ပြန်လည် ရင်ဆိုင် ဖြေရှင်းရတဲ့ တိုက်ပွဲ ဆိုတာ ပိုပြီး ခက်ခဲ ရှုပ်ထွေး၊ ပိုပြီးနက်နဲ သိမ်မွေ့တာပေါ့ဗျာ။ ဒီအချိန်မှာ ကိုယ်ရင်ဆိုင်နေရတဲ့
တဖက်လူနဲ့ ကိုယ်ရဲ့၊ သူ့ဘက် ကိုယ့်ဘက် သေနင်္ဂဗျူဟာ အနေအထားက ဘယ်လိုရှိမလဲ။ ကိုယ်က သေနင်္ဂ ဗျူဟာ ခံစစ်မှာလား။ ဒါမှမဟုတ် သူနဲ့ကိုယ်နဲ့ သေနင်္ဂဗျူဟာ တန်းတူရည်တူ
အဆင့်မှာ ရှိသလား။ ဒီလိုမှမဟုတ် ကိုယ်က အသာစီးရနေတဲ့ သေနင်္ဂဗျူဟာ ထိုးစစ်မှာ ရောက်နေပြီလား။

ရိုးသားတဲ့ အောက်ခြေက တိုင်းရင်းသား ပြည်သူ လူထုကြီးကတော့ နိုင်ငံရေးသမား အရင့်အမာကြီးတွေ မဟုတ်ကြပါဘူး။ လူထုကို ဦးဆောင်နေတဲ့ နိုင်ငံရေး
ခေါင်းဆောင်တွေကပဲ ဒီအဖြေကို ပေးနိုင်ကြပါလိမ့်မယ်။ အခုအချိန်မှာ ကျနော်တို့ ပြည်သူ လူထုတွေဟာ ဘာကိုမှ တွေဝေ ငေးမောမနေကြပါနဲ့တော့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့်
မှန်ကန်၊ ခိုင်မာ ထက်မြက်တဲ့ ဦးဆောင်မှု နောက်မှာ ယုံယုံ ကြည်ကြည် မမှိတ်မသုန် လိုက်ပါနိုင်ဖို့ပဲ အရေးကြီးပါတယ်။

၂၀၁၁ တိုက်ပွဲအလံကို မြှင့်နိုင်ဖို့ဆိုရင် ဒီအချက်က အဓိက အကျဆုံးပါ ကိုဒေါင်း။

အားလုံး နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ပျော်ရွှင် ချမ်းမြေ့နိုင်ကြပါစေ။

အောင်ဝေး

ဒီဇင်ဘာ ၂၅ -၂၀၁၀။

မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

စစ်မှုထမ်းဥပဒေဖြင့် တိုင့်းပြည်ကို စစ်ကျွန်ပြုမည်


မျိုးမြင့်ချို
ဇန်န၀ါရီ ၂၅၊ ၂၀၁၁
အခုတလော လူပြောအများဆုံးဖြစ်မည်ထင်သည့် ပြည်တွင်းသတင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းဖြစ်ဖို့များမည်။ ကမ္ဘာကြီး ရွာဖြစ်သွားပြီ၊ ကမ္ဘာကြီး ပြားသွားပြီ၊
ကမ္ဘာမှုပြုခြင်းဖြစ်နေပြီ စသည်ဖြင့် ပြောဆိုသံများထောင်းလမောင်းထမည်မျှပင် ထထ၊ အချုပ်အခြာအာဏာဆိုသည်နှင့် ပတ်သက်လျှင်ကား ထို အကောက်အယူများမှန်ကန်ကြောင်း
ထောက်ပြနိုင်စရာ “အရွေ့” များများစားစားမယ်မယ်ရရ ဘာတခုမရှိသေးသည်မှာ သေချာဆဲပင်ဖြစ်သည်။
အင်တာနက် နှင့်ခေတ်သစ်နည်းပညာများက နိုင်ငံတို့၏နယ်နမိတ်တို့ကိုဖြုတ်ချလိုက်ပြီဟု ဘယ်သို့ပင်ဆိုဆို သက်ဆိုင်ရာအစိုးရတို့က သူတို့မကြည့်စေ မမြင်စေချင်သည့်
အင်တာနက်ဝက်ဘ်ဆိုက်များကို ကန့်ထား ပိတ်ထား ဆို့ထားနေသည်မှာလည်း အထင်အရှားပင်ဖြစ်သည်။

နိုင်ငံတို့၏ နယ်နမိတ်များ၊ စည်းများ ဖျက်ချလို့ မရနိုင်သေး။ နိုင်ငံအချို့ဆိုလျှင် ခြံစည်းရိုးပင်ခတ်လိုက်သေး၏။ ဘာတတ်နိုင်သနည်း။ ဘာမှမတတ်နိုင်။ သူ့အခြေအနေ
သူ့အကျိုးအကြောင်း အဆက် အစပ်တို့ အထင်အရှားရှိနေသည်မှာလည်း မျက်မြင်ပင်ဖြစ်သည်။ နိုင်ငံတို့၏ “အချူပ်အခြာအာဏာနှင့်နယ်နမိတ်စည်းများ” ရှိနေဆဲပင်ဖြစ်သည်။
ဖျက်လို့မရနိုင်သေး၊ ဖျက်လို့မဖြစ်နိုင်သေး။
နိုင်ငံသားတိုင်းစစ်မှုထမ်းရမည်ဆိုခြင်း ဥပဒေအကြောင်းပြောလျှင် နိုင်ငံတကာနှုန်းစံတန်ဖိုးတွေနှင့် ချိန်ကြည့်ကြရမည်ထင်သည်။ နိုင်ငံတကာစံဆိုသည့်
အထိုင်ပေါ်မှပြောမှလည်း ခြုံမိမည်ထင်၏။ ကမ္ဘာ့နိုင်ငံတော်တော်များများတွင် နိုင်ငံသားတိုင်းစစ်မှုထမ်းရန်လိုသည် ဆိုသည့်ဥပဒေများရှိတတ်ကြသည်။ ဥပဒေဆိုသည့်အတိုင်း
ခြွင်းချက်များလည်းရှိ၏။ မထူးဆန်း။ ထိုသို့ဆိုက ဒါဆိုလျှင် ဒီကိစ္စဟာ “စကားလုပ်ပြောနေစရာအကြောင်းမရှိဘူးလား” ဟု တွေးစရာ ရှိပါမည်။ ရှိပါသည်။
နိုင်ငံတကာစံများအကြောင်းထက် ဗမာပြည်၏လက်ရှိထုတ်ပြန်လိုက်သည့် စစ်မှုထမ်းဥပဒေအကြောင်း၊ ထိုဥပဒေလိုအပ်/မလိုအပ်။ ဘာကြောင့် ထိုဥဒေထုတ်ပြန်ရ
အကျိုးဆက်ဘာတွေဖြစ် စသည်တို့ကား မပြောမဖြစ်ပြောရမည့်ကိစ္စဖြစ်သည်ဟု ယူဆမိသည်။
နိုင်ငံသားတိုင်းစစ်မှုထမ်းရန်လိုအပ်သည် ဆိုသည့်ဥပဒေကို ယင်းတို့၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥဒေများတွင် ပြဋ္ဌာန်းထားသောသက်ဆိုင်ရာနိုင်ငံတို့သည်
ယင်းနိုင်ငံသားတို့အား အမြဲတမ်းအချိန်ပြည့်စစ်သည်တော်များအဖြစ် ကာလအကန့်အသတ်ဖြင့် ပုံမှန်တပ်မတော်များတွင် အမှုထမ်းခိုင်းခြင်းမှာ အလွန်နည်း ပါး ပါသည်။ “ကမ္ဘာနှင့်ချီ၍
စစ်ရိပ်စစ်ငွေ့များသန်းလာချိန်၊ တနိုင်ငံကတနိုင်ငံကိုကျူးကျော်စစ်ပြုရန် စစ်ပြင်ချိန်၊ တနိုင်ငံငံ၏ ကျူးကျော်စစ်အား တွန်းလှန်ရန် ခုခံစစ်ပြင်ချိန်” စသည့်အချိန်များတွင်ကား
အစိုးရတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ဆိုသည့် ဝှက်ဖဲအားထုတ်သုံးကြရတော့သည်။ သာမန် အချိန်တွင် သာမန်ပြည်သူတို့ သတိပင်မထားမိသည့်အချက်ဖြစ်၏။
ကမ္ဘာပေါ်တွင်အကန့်အသတ်နှင့်ဖြစ်နေသည့် စစ်ပူရာဒေသများရှိနေသည် မှန်သော်လည်း တကမ္ဘာလုံးနှင့်ချီ၍ စစ်ဖြစ်မည့်အလားအလာများ လက်တွေ့တွင် မရှိသေးပါ။
ဗမာပြည်သည် ကမ္ဘာ့အစိတ်အပိုင်းဖြစ်ပါသည်။ ကမ္ဘာနှင့်ချီ၍ စစ်ပူနေခြင်းမရှိသေးသလို စစ်ရိပ်စစ်ငွေ့များလည်းမတွေ့ရသေးပါ။ ကမ္ဘာစစ်ကြီး ဆိုသည့်လှန့်လုံးဖြင့်
ထိုဥပဒေပြဋ္ဌာန်းရမည့်အချိန်မဟုတ်ပါ။ မရောက်သေးပါ။ မလိုပါ။
ဗမာပြည်၏ပကတိအခြေအနေအရ တိုင်းတပါးကိုကျူးကျော်စစ်ဆင်နွှဲရန် အကြောင်းတရားအရရော လက်တွေအနေအထားအရရော ဘာမှပြစရာမရှိပါ။
လက်ဆုပ်လက်ကိုင်လည်း ပြမရပါ။ စစ်အင်အား၊ နည်းပညာ၊ စစ်ရေးလေ့ကျင့်မှုတို့တွင်လည်း တိုင်းတပါးအားကျူးကျော်ချင်ဦးတော့ အဖက်ဖက်မှာ နိမ့်နေသေးသည်။
အရည်အသွေးပြည့်ဝသည့်ခေတ်မီတပ်မတော်မဖြစ်သေး။ ခေတ်မီတပ်မတော်များနှင့်မယှဉ်နိုင်သေး။ ထို့အတွက် တိုင်းတပါးအား ကျူးကျော်ရန်ဟူ၍ စစ်သားသစ်စုဆောင်းစရာ၊
ထိုဥပဒေပြဋ္ဌာန်းစရာအကြောင်းမမြင်ပါ။ မရှိပါ။မလိုပါ။
ပတ်လည်နိုင်ငံများကဖြစ်ဖြစ် အဝေးတိုင်းပြည်များကဖြစ်ဖြစ် ဗမာပြည်အားကျူးကျော်စစ် ဆင်နွှဲရန်စစ်ပြင်နေသည့် လက္ခဏာဘာတခုမှမရှိ။ ထိုနိုင်ငံများမှ ငွေကြေး၊
နည်းပညာ၊ အရင်းအနှီး၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုတ်နှံမှုများသာ ဒလဟောဝင်လာနေသည်။ စစ်ဝင်လာခြင်းမရှိ။ ထို့အတွက် ခုခံစစ်အတွက်၊ “အမျိုးသားရေးတို့၊
အချူပ်အခြာအာဏာကိုကာကွယ်ရန်တို့” ဆိုပြီးစစ်သားသစ် သိမ်းသွင်းယူစရာမလိုအပ်။ တပ်တိုးချဲ့ရန်မလိုအပ်။ နောက်တခုကလည်း သန်း ၅ဝ သောပြည်သူအတွက်
စစ်တပ်အင်အားယခုထက်ပိုရှိနေလည်း “အမျိုးသားသွေးစည်းညီညွတ်မှု” မရှိလျှင် ဘာမှလုပ်မရ။ ဘယ်တော့မှတွန်းလှန်မရ။ အမျိုးသားသွေးစည်းညီညွတ်မှုအတွက်
အကောင်းဆုံးပြယုဂ်မှာ ဗမာ့မျိုးချစ်တပ်မတော်၏ အစပင်ဖြစ်သည်။ ဘီအိုင်အေကို ဗိုလ်တေဇဦးဆောင်ပြီး ဝင်လာချိန်က ဗမာပြည်တွင် “အမျိုးသားအမြဲတမ်းမတော်” မရှိ။
ကိုယ့်ထမင်းကိုယ်စား ကိုယ့်လက်နက်ကိုယ်ရှာပြီး စစ်သားဖြစ်လာသူတွေသာများ၏။ အမျိုးသားသွေးစည်းညီညွတ်မှုဖြင့်သာ လွတ်လပ်ရေးရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အမြင်တချို့က ယခုလုပ်ဆောင်ချက်အား န.အ.ဖ လက်ထက်တွင် တပ်အင်အားတွေတိုးချဲ့လာသည်။ တပ်တွေမှာ နံပတ်တွေသာတိုးလာသော်လည်း ဖွဲ့စည်းပုံမပြည့်၊
တပ်သားအင်အားနှင့်အရာရှိအချိုးအစားကမညီ ထို့ကြောင့် တပ်ဖွဲ့စည်းပုံဖြည့်ရန်နှင့် အချိုးမညီသည်ကိုညီအောင်လုပ်ခြင်းဖြစ်သည်၊ “ဖွဲ့စည်းပုံပြည့်ရေးနှင့်အချိုးညီရေး” လောက်သာ
လုပ်ခြင်းဖြစ်သည်၊ ထို့ထက်မပို ဟုဆိုသည်။ သည့်ထက်ပိုမတွေးချင်တာလား မတွေးမိတာလားမပြောတတ်။ ထိုမျှနှင့် အတွေးရပ်သွားသည်မှာလည်း မသင့်ဟုထင်သည်။
နောက်အမြင်တခုက မငြိမ်းသေးသည့်ပြည်တွင်းစစ်ကို စစ်ဖြင့်အပြီးငြှိမ်းရန်(တနည်းပြောရလျှင် အပြုတ်တိုက်ရန်) တပ်အင်အားတိုးချဲ့ခြင်းဖြစ်သည်။ ကြီးထွား
လာမည့်တပ်အင်အားကြီးဖြင့် “ပြည်တွင်းစစ်ကိုအပြုတ်တိုက်ပြီး နယအ.ဖ က ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ပြရန်” ရည်ရွယ်ခြင်းဖြစ်သည် ဟု ဆိုသည်။ စစ်ပွဲကို သို့မဟုတ်
စစ်ပွဲတပွဲကို စစ်ဖြင့်အနိုင်တိုက်၍ရပါသည်။ စစ်ပွဲနိုင်ရုံမျှဖြင့် ငြိမ်းချမ်းရေးကိစ္စပြီးမြောက်သွားသည်ဟု အဓိပ္ပါယ်မထွက်ပါ။ စစ်ပွဲနောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
တသီကြီးရှိနေပါသည်။ စစ်မတိုင်မီ (သို့မဟုတ)် စစ်အတွင်း (သို့မဟုတ)် စစ်အပြီးတွင် စားပွဲဝိုင်း ဆွေးနွေးမှုများဖြင့် မျှမျှတတအပေးအယူများ ရှိရပါမည်။ ထိုသို့မဟုတ်မူကား
နောက်ထပ်စစ်ပွဲများစွာ လိုက်နေပါလိမ့်မည်။
နောက်အမြင်တခုက “နိုင်ငံသားတိုင်းစစ်ပညာတတ်မြောက်ထားဖို့” လိုသည်။ တတ်ထားလျှင်ကောင်းသည်။ စစ်ဖြစ်လျှင် “ရော့သေနတ်” ဆိုပြီးပေးလိုက်ရုံ ဖြင့်ပွဲပြီးသည်
ဟုဆိုသည်။ စစ်ပညာတတ်မြောက်ထားလျှင်၊ သင်ယူထားနိုင်လျှင်၊ သင်ပေးထားနိုင်လျှင်ကောင်းပါသည်။ သို့သော် “စစ်ပညာတတ်မြောက်
ထားရန်လိုခြင်း”နှင့်“မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်း”တွင် ကွာခြားချက်တွေအများကြီးရှိသည်။ မတူ။ ယခုကိစ္စက စစ်ပညာသင်ပေးခြင်း၊ သင်ယူခြင်းမဟုတ်။
မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်းဖြစ်သည်။ ကွဲကွဲပြားပြားရှိရန်၊ မြင်ရန်လိုမည်ထင်သည်။
သို့ဆိုလျှင် ဘာကြောင့် ဒီအချိန်မှာ ဒီဥဒေကိုတိုးတိုးတိတ်တိတ် ထုတ်ပြန်ရသနည်း။ စဉ်းစားစရာရှိလာပြီဖြစ်သည်။ န.အ.ဖ အနေဖြင့် နိုင်ငံသားတိုင်းကို
သေနတ်ကိုင်ထားသည့် (သို့မဟုတ)် ပစ်တတ်ခတ်တတ်သည့်သူများ(တနည်း စစ်သားများ) အဖြစ်မခံနိုင်ပါ။ စစ်သားဆိုသည်မှာ အမိန့်နာခံခြင်းဆိုသည်နှင့် အသေတုတ်ထားခံရသည့်
လူသားများဖြစ်သည်။ လူချင်းလည်းအတူတူ၊ သူရောကိုယ်ပါသေနတ်တလက်စီ ကိုင်ထားတာလည်းအတူတူ၊ အဘယ်ကြောင့် အခြားသူတယောက်၏အမိန့်ကို အခြားသူတယောက်က
အသက်ပေး၍လိုက်နာနေကြရသနည်း။ ထို အရာသည် “အမိန့်နာခံခြင်း” ပင်ဖြစ်သည်။ မိမိဆန္ဒ အလျှောက် စစ်သားဖြစ်လာသူနှင့် မထမ်းမနေရအမိန့်ကြောင့် စစ်သားဖြစ်ရသူမှာ
အလွန်ခြားနားပါသည်။ ဆန္ဒအလျှောက်စစ်သားလုပ်သူမှာ စစ်သားမဖြစ်မီ ကပင် စစ်သားဖြစ်လျှင်ဘယ်လိုနေရ ကျင့်ကြံရမည်ကိုကြိုတွေပြီးသား ဖြစ်နေတတ်သည်။ တနည်းပြောရလျှင်
အပိုးကျိုးပြီးသား အမိန့်နာခံလိုစိတ်မွေးပြီးသူ များဖြစ်နေသည်။ မထမ်းမနေရကြောင့် စစ်သားဖြစ်ရသူမှာကား ထိုသို့မဟုတ်။ ကိုယ့်ကိုယ်ကိုအပိုးချိုးမထား၊ အမိန့်နာခံရန်အဆင်သင့်မဖြစ်။
အမိန့်နာခံလို စိတ်လည်းမရှိတတ်။
သို့အတွက် စစ်သားခြင်းအတူတူမှန်သော်လည်း ကိုင်တွယ်ရပုံမှာခြားနားလာသည်။ ခွဲခြားကိုင်တွယ်ရသည်။ တတန်းတည်းထားလို့မရ။ မဖြစ်။ သည်တော့
မထမ်းမနေရစစ်သားကို အမိန့်ဆိုသည့်ကြိုးဖြင့် နေရာတကာမှာချုပ်လို့မရ။ အလျှော့အတင်းရှိရသည်။ ထားရသည်။ ကိုင်ရတွယ်ရခက်လာသည်။ သေစမ်း သတ်စမ်းဟူ၍
အမိန့်ဖြင့်ထိန်းချုပ်ခိုင်းစေရသည့်နယ်ပယ်တွင် “အမိန့်နာခံရေး/မနာခံရေး”ဆိုသည်ထက် ကြီးသောပြဿနာဆိုသည်မှာမရှိ။ သည်တော့ တပ်တွင်းမှာ ပြဿနာတွေတက်လာသည်။
လျော့တိလျောရဲတွေဖြစ်လာသည်။ အာဏာဖီဆန်တာတွေ အမိန့်မနာခံတာတွေဖြစ်လာသည်။ သည်မှာတင် အမိန့်ဆိုသည်ကြိုးသည် ကောင်းကောင်းအမြဲနိုင်တော့။ စစ်တပ်သည်
စစ်တပ်နှင့်မတူတော့။ န.အ.ဖသည် သူစိတ်တိုင်းကျထူထောင်သည့်တပ်အား ထို အဖြစ်မျိုးအရောက်မခံနိုင်။ အရောက်ခံလို့မရ။ “စစ်တပ်ဖြင့်ထူထောင်ထားသည့်အာဏာ” သည်
စစ်မိန့်အတိုင်းမသွားတော့လျှင် အာဏာလက်ဆုပ်ပြေမည်။ န.အ.ဖက အာဏာလက်ဆုပ်ဖြေချင်သူမဟုတ်။
န.အ.ဖ ပြချင်သည်က ၂ ခု ဖြစ်မည်။ သူ့စိတ်တိုင်းကျရွေးကောက်ပွဲလည်းပြီးပြီ။ သူလိုချင်တာလည်းရပြီ။ ရွေးကောက်ပွဲဝင်သူတိုင်းကလည်း ၂ဝဝ၈
ဖွဲ့စည်းပုံကိုသစ္စာထားပါမည်ဟု အတိအလင်းပြောပြီးပြီ။ စစ်တပ်က တိုက်ရိုက်လာမည့် စစ်ဗိုလ်ကိုယ်စားလှယ်တွေလည်း လွှတ်တော်ထဲဝင်ရန်အသင့်ဖြစ်ပြီ။
အကုန်အစင်ပြီးပြီလားဆိုတော့မပြီးသေး “ငါတို့နောက်ကိုဒီအတိုင်းလုပ်သွားတော့မယ်” ဆိုသည်ကို ချပြထားရဦးမည်။ ဤတွင် ယခုဥပဒေရေးပြီး တိုးတိုး တိတ်တိတ်ချပြထားရသည်။
“မင်းတို့ လွှတ်တော်ထဲကကောင်တွေက၊ ငါတို့ရေးပေးလိုက်တာကို ဥပဒေဖြစ်လာအောင်လုပ်၊ အတည်ပြုပြဋ္ဌာန်းပေး၊ မင်းတို့ ခြင်း နည်းနည်းပါးပါးငြင်းစရာ ခုန်စရာဖြစ်မှာလေးတွေ
မသိမသာလေးထည့်ပေးထားမယ်။ အဲဒါလေးတွေကို ငြင်းကြခုန်ကြပေါ့၊ ပြီးရင်ဖြုတ်လိုက်ကွာ၊ လူကြားလည်းကောင်း အမြင်လည်းတင့်တယ်တာပေါ့၊ နောက်နောင်လည်း
ဒီအတိုင်းသွားကြတာပေါ့” ဆိုသည်ကို လုပ်ပြခြင်းဖြစ်သည်။ ဒါက “အနာဂတ် မြန်မာနိုင်ငံတော်တွင် တပ်မတော်၏အမျိုးသားရေးဦးဆောင်မှုကဏ္ဍ” ဆိုသည်မှာ
ဒီအတိုင်းပင်ဖြစ်ကိုဖြစ်ရမည်ဆိုသည်ကို နိုင်ငံရေးလက်ဦးမှုယူပြီး အစီ အစဉ်ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိ၊ ခြေလှမ်းရှိရှိ လုပ်ပြခြင်းဖြစ်သည်။
နောက်တကြောင်းက န.အ.ဖ အနေဖြင့် မြောက်ကိုးရီးယားလို “စစ်တပ်ပထမတိုင်းပြည်” တည်ဆောက်မည်ဆိုလျှင် စစ်သားများအားတိုင်းပြည်၏ ကုန်ထုတ်
စွမ်းအားစုထဲတွင်ပါဝင်စေရမည်။ တပြိုင်နက်တည်းတွင် စစ်သားသည် စစ်သားလည်းဖြစ် အလုပ်သမားလည်းဖြစ်နေရမည်။ ထိုသို့ဆိုလျှင် တိုင်းပြည်သည် စစ်ဝန်ကိုအထမ်းရသက်သာ၏။
စစ်အင်အားကြီးထွားခြင်းဆိုသည်မှာ စစ်သည်များကိုမှီခိုနေရသည့် မိသားစုဝင်များပါကြီးထွားလာခြင်းဖြစ်သည်။ စစ်သားများ နှင့်ယင်းတို့၏မိသားစုများသည်
ကုန်ထုတ်စွမ်းအားစုတွင်မပါပါက တိုင်းပြည်အတွက် “ဝန်ထုံ့ဝန်ပို” ဖြစ်သည်။ ရေရှည်မှာမထမ်းနိုင်။ ဝန်ပိပြီးပြိုမည်။ ထိုသို့လည်း အပြိုမခံနိုင်၊ သူတပ်သားတွေကိုလည်း
အလုပ်သမားအဖြစ်မခံနိုင်သည့် န.အ.ဖ အနေဖြင့် အခြားတလမ်းကိုစဉ်းစားလာရသည်။ ဤလမ်းမှာ တိုင်းသူပြည်သားတိုင်း စစ်သားဖြစ်ရေးမဟုတ်။ စစ်သားများနှယ် စစ်မိန့်မှန်သမျှ
နာခံရမည့်၊ နာခံရသည့်၊ နာခံတတ်သည့်အရပ်သားများ မွေးမြူရေး ဖြစ်လာသည်။ “စစ်မိန့်နာခံသည့်ပြည်သူများတိုင်းပြည်” ကိုထူထောင်လိုခြင်းဖြစ်သည်။
ဤအကြောင်း ၂ ရပ်အတွက် ဤဥဒေကို ဤအချိန်အတွင်း လက်သိပ်ထိုးပြဋ္ဌာန်းလိုက်ခြင်းဖြစ်မည်ဟုထင်၏။
(၁၊ ၂၃၊ ၂၀၁၁)
တံထွေးအဆွတ်ခံနေရသော လူငယ်ထု၏နားရွက်များ
မောင်မောင်ဝမ်း
ဇန်န၀ါရီ ၂၅၊ ၂၀၁၁
မအောင်မြင်လျှင်ကယောင်ချောက်ချား ဖြစ်တတ်သလို အောင်ပွဲရသည့်အခါမှာ ဣနြေ္ဒမရ၊ သူတစ်ပါး မျက်စိ နောက်လောက်အောင် မဏ္ဍပ်တိုင် တက်ပြတတ်သူတွေ
အများပင်ရှိသည်။ ရှုံးနိမ့်ချိန်မှာ စိတ် မထိန်းနိုင်လျှင် ပို၍ ရှုံးတတ်သကဲ့သို့ အောင်ပွဲခံချိန် ဣနြေ္ဒမရလျှင်လည်း အရှုံးကို ဖိတ်ခေါ် သလို ဖြစ်သွားတတ်သည်။( ဆရာ-ဖေမြင့် )
အခုရက်ပိုင်းမှာ နအဖ ကထုတ်ပြန်ကြေငြာလိုက်တဲ့ စစ်မှု့ထမ်း ဥပဒေကြောင့် လူတွေတော်တော်များများလှုတ်လှုတ်ရွရွဖြစ်ကုန်ကြတယ်။အထူးသဖြင့်
ပညာတတ်လူငယ်အပိုင်းမှာ စိုးရိမ်ကြောင့်ကြမှု့များ တုန်လှုတ်မှုများတော်တော်လေးကို ဖြစ်နေကြတာကိုတွေ့တော့ ကျနော် တကယ်ကို စိတ်မကောင်းဖြစ်မိတာအမှန်ပဲ။

အရွယ်ရောက်သူ နိုင်ငံသားတိုင်း စစ်မှု့မထမ်းမနေရ စနစ် ပြဌာန်းလိုက်ခြင်းဟာ..လက်ရှိ ကျနော်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊စီးပွားရေး၊လူမှု့ရေး စတဲ့


အထွေထွေသောအခြေနေတွေနဲ့ လိုက်လျှောညီထွေဖြစ်ပါရဲ့လား၊ တကယ်တော့ နိုင်ငံရေး၊ စီးပွားရေး၊လူမှု့ရေး တစုံတရာပြေလည်ခြင်းမရှိသေးပဲနဲ့ ဒီလို
ဥပဒေထုတ်လိုက်ခြင်းဟာ..အတော်ကို မလျှော်ကန်မသင့်မြတ်တဲ့ အစီအစဉ်တခုဖြစ်နေယုံမျှမကပဲ၊လူထုကို စိမ်ခေါ်မှု့တရပ်လို့ ယုံကြည်မိတယ်။
အဲဒီတော့ ကျနော်သွားစဉ်းစားမိတာလေးတခုရှိတယ်… ကျနော်တို့ အားလုံးသိနေကြတဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမတိုင်ခင်ကပေါ့..ငွေစက္ကူတွေကို တရားမ၀င်ဘူးဆိုပြီး
သတ်မှတ်လိုက်တဲ့ကိစ္စ၊အသက် ၃၀ ကျော်အရွှယ်လူလတ်ပိုင်းလောက်ဆို မှတ်မိနေဦးမှာပါ.. ပထမတကြိမ် ရာတန်လားမသိဘူး တရားမ၀င်သတ်မှတ်လိုက်တဲ့ အခါတုန်းက..
အချိုးကျနဲ့ပြန်လဲပေးသေးတယ်။ နောက်ထပ်တခါ ၇၅ ကျပ်တန်တွေကိုလည်း သိမ်းလိုက်ရော..လုံးလုံးကိုပြန်လဲမပေးတော့ဘူး……ပြည်သူတွေပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို
ဓါးပြတိုက်ယူလိုက်သလိုပဲ….ကျနော်က အဲဒီအချိန်မှာ ရန်ကုန်တက္ကသိုလ်တက်နေတဲ့ အချိန် အမေလွှဲလိုက်တဲ့ ၇၅ ကျပ်တန်လေး လေးရွက် မှတ်မိသေးတယ်…သွားထုတ်အပြီး
မသုံးရသေးဘူး။ နောက်ထပ် ၂ ရက်လောက်အကြာမှာ အခုလို တရားမ၀င်ငွေစက္ကူပါဆို ကျေညာလိုက်တော့မစားရက်မသောက်ရက်ငွေလေး..ဆုံးပါလေရော့လား။
ကျောင်းသားတွေက မခံရပ်နိုင်ဖြစ်လို့ ဆန္ဒတွေပြကြ၊တက္ကသိုလ်ဝန်းထဲမှာထားပေးတဲ့ မီးစက်ကြီးကိုပါ မီးရှို့ပစ်လိုက်ကြတယ်၊အဲဒါနဲ့ ချက်ခြင်းဆိုသလို
ကျောင်းကိုပိတ်ပစ်လိုက်ပြီး ကျနော်တို့ နယ်ကျောင်းသားတွေကိုလည်း ချက်ခြင်းအိမ်ပြန်ခိုင်းတယ်။ အိမ်ပြန်ဘို့ဆို အဆောင်မှာ ကျနော်တို့ကို လမ်းစရိတ်တွေထုတ်ပေးတယ်လေ။
ကျနော်မြို့ကိုပြန်ရောက်တော့ ထူးခြားမှု့တွေကိုစတင်တွေ့လာရတယ်..အဲဒါကတော့ တသက်လုံး တပါတီအာဏာရှင် မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ကို
မိမိအသက်ထက်တောင်မြတ်နိုးယုံကြည်လှပါချည်ရဲ့ဆိုတဲ့ သူတွေကိုယ်တိုင် ပေါက်ကွဲမှုတွေ စလာတော့တယ်…မယုံကြည်မှု့တွေ..ဆန့်ကျင်မှု့တွေ စကိန်းဝပ်လာတော့တယ်။
ကျနော့်သူငယ်ချင်းမိဘများဆို သူ့သားကို ကျနော်နဲ့ပေါင်းတာမကြိုက်ကြဘူး ဘာဖြစ်လို့လည်းဆိုတော့ ကျနော်က မကြာခဏဆိုသလို အစိုးရဆန့်ကျင်ရေးစကားတွေ၊
အတွေးအခေါ်တွေကို သူငယ်ချင်းဖြစ်တဲ့သူ့သားနဲ့ပြောတတ်ဆွေးနွေးတတ်တာ သိနေကြတာကို…။ ဒါပေမဲ့ သူငယ်ချင်းဖြစ်သူက သူ့မိဘစကားကိုနားမထောင်ဘူး ကျနော်နဲ့
ပေါင်းတာပဲ..အဲဒီအချိန်က မဆလ တပါတီ အစိုးရဆိုလည်း သူတို့က ဘုရားတဆူဂူတလုံးကိုးကွယ်တာ..မြို့မှာရှိတဲ့ ပါတီ၊ကောင်စီလူကြီးတွေဆိုတာ သူ့တို့အိမ်ကို စားအိမ်သောက်အိမ်
သဘောထား ၀င်ထွက်သွားလာနေကြတာလေ။
အဲ…..ငွေစက္ကူတွေကို တရားမ၀င်ငွေစက္ကူဖြစ်ကြောင်းလည်းကြေညာလိုက်ရော အဖွားကြီးဆို အိပ်ရာထဲ..လဲသွားလိုက်တာ တော်တော်ကြာသွားတယ်.
ငွေတော်တော်များများ ဘာမှလည်း မလုပ်ရမကိုင်ရနဲ့ ဆုံးရှုံးသွားတာ တော်တော်များတယ်လို့ သိလိုက်ရတယ်...
စိတ်တွေတောင်ကယောက်ကယက်ဖြစ်သွားရှာတယ်…..အဲဒီနောက်ပိုင်းကစလို့ သူငယ်ချင်းမိသားစု စစ်အစိုးရ၊ စစ်အာဏာရှင်အဆက်ဆက်ကိုမုန်းတီးသွားလိုက်တာ
အခုထိပဲဆိုပါတော့…. အဲဒီလိုလူမျိုးတွေ အများကြီးပေါ်ပေါက်လာခဲ့တယ်။
ငွေစက္ကူတွေကို တရားမ၀င် အဖြစ်သတ်မှတ်လိုက်လို့ မစားရက်မသောက်ရက် ဆုံးရှုံးနစ်နာသွားတဲ့ ပြည်သူလူထုကြီးဆိုတာ နည်းရော့လား၊အိမ်တိုင်းနီးပါးမျှ
အနည်းနဲ့အများဆိုသလို ခံလိုက်ရတယ်လေ၊ ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးဖြစ်ပွားပြီး တောနေ လှေအောင်း မြင်းဇောင်းမကျန် လူထုတရပ်လုံး ပါဝင်လာခဲ့တဲ့ အချက်ထဲမှာ
ငွေစက္ကူတွေ အသိမ်းခံရလို့ နာကျဉ်းနေခဲ့တဲ့ အချက်ကလည်း ကြီးစွာသော အရေးပါမှု့တခုဖြစ်ခဲ့ပါတယ်။
အခု မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေဆိုတာ ပေါ်ပေါက်လာတော့…လူထုကိုစစ်တမ်း ကောက်ကြည့်လိုက်ပါ..ဘယ်သူများ စစ်တပ်ထဲ.. စိတ်ပါလက်ပါ ၀င်ချင်တဲ့သူရှိလိမ့်မလဲ
ဆိုတာ…….စစ်မှု့ထမ်းရအောင်လည်း လက်ရှိမြန်မာ့တပ်မတော်က လေးစား အားကျလောက်အောင် … လူငယ်ထုကို သိမ်းသွင်းစိတ်ပါလာနိုင်လောက်အောင် စွဲဆောင်မှု့တွေရှိနေလို့လား။
စစ်မှု့ထမ်းဥပဒေအရ စစ်မှု့ထမ်းပါပြီတဲ့ … မိမိဘ၀အနာဂါတ်အတွက် ဘယ်လောက်လုံခြုံမှု့တွေ ပေးနိုင်မှာတဲ့လဲ။ ယောကျာင်္းတွေကို အသက် ၄၅နှစ် အထိတိုင်အောင်
သတ်မှတ်ထားတော့ အဲဒီ့အသက်ရွယ်ရောက်ခါနီးမှ စစ်တပ်ထဲဝင် အမှုထမ်းရမယ်ဆိုတာ ထမင်းချက် ဟင်းချက်အဆင့်ကလွဲလို့ … ဘာလုပ်နိုင်တော့မှာလဲ။ နောက်တခါ
ငွေကြေးဥစ္စာတွေနဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်များ ဆိုပါတော့.. သူတို့စီးပွားရေးလုပ်ငန်းတွေကို စွန့်ခွာပြီး … ဆင်းဆင်းရဲရဲနဲ့ ရှင်သန်နေရတဲ့တပ်မတော်ထဲ စိတ်ဓါတ်အပြည့်နဲ့
ဝင်ရောက်လာလိမ့်မယ်လို့ ထင်ပါသလား…… စဉ်းစားစရာတွေအများကြီးပါ၊
တပ်မတော်ကိုအင်အားဖြည့်တင်းဘို့စစ်မှု့ထမ်းဥပဒေပြဌာန်းတယ်ဆိုရအောင်…ဘယ်သူတွေကို တိုက်မှာမို့လဲ။ ဘယ်မှာလဲ ပြည်ပရန်။ ကိုယ့်တိုင်းရင်းသားအချင်းချင်း
ဗိုလ်ကျစိုးမိုးဖို့ သတ်ဖြတ်တဲ့အဆင့်ထက် မပိုတဲ့စစ်တပ်ကို ဘယ်သူကများ ဘ၀ကိုမြှုပ်နှံပြီး ၀င်ရောက်လာချင်ကြမလဲ။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာဆို
ကိုယ့်တိုင်းရင်းသားညီအကိုအချင်းချင်းတွေ ပြန်သတ်ဖြတ်ရမယ့်ကိစ္စ… အားလုံးအလေးနက်ထား စဉ်းစားကြစေလိုပါတယ်။
ဒီကိစ္စကိုပြီးပြီးရောဆိုပြီးမေ့မေ့လျှော့လျှော့ သဘောထားနေကြမယ်ဆိုရင် ..ခေါင်းကို ဆင်နင်းခံရမှာအမှန်ပါပဲ။ တချို့ကလည်း စစ်တပ်ထဲဝင်ရောက်ပြီး သူတို့လက်နှက်နဲ့
သူတို့ပြန်တိုက်မယ်ဆိုတဲ့ အယူအဆရှိခဲ့မယ် ဆိုရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။ နအဖစစ်အာဏာရှင်များ အဲသလောက် အတွေးမတိမ်ဘူး။ ကြိုတင်စီမံချက်တွေရှိနေမှာပါ။
ကျနော် အထက်မှာတင်ပြခဲ့တဲ့ ငွေစက္ကူကိစ္စလိုပဲ လူထုအားလုံး ခံရမဲ့အဖြစ်ပါ။ ငွေစက္ကူကိစ္စမှာတုန်းကတော့ လူထုက ခေါင်းငုံ့မခံခဲ့ဘူး ။ ပြန်လှန်တုန့်ပြန်ခဲ့တယ်….
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှာ သိသာတယ်။ ငွေစက္ကူကိစ္စတုန်းက ငွေပဲ ဆုံးခဲ့ရတာ။ စစ်မှု့ထမ်းကိစ္စကတော့ ဆင်းရဲဒုက္ခတွေနဲ့ အရင်းတည်ပြီး အဆင်မသင့်ရင် ဘ၀တွေပျက်၊
အသက်ပါဆုံး ရှုံးသွားနိုင်ပါတယ်။
ကျနော်တင်ပြနေတာ … အခြားအခြားသော စစ်မှု မထမ်းမနေရ တိုင်းပြည်တွေအတွက် မဟုတ်ဘူး.. အမိမြန်မာပြည်တခုထဲကိုပဲ
ရည်ညွန်းပြောဆိုတင်ပြနေခြင်းပဲဖြစ်ပါတယ်။ ဒီလောက် မွဲတေပြီး လူစဉ်မမှီတဲ့ စစ်တပ်ထဲကို ၀င်ရောက် အမှုထမ်းဖို့ဟာကို ငြိမ်ခံနေကြမယ်ဆိုရင်….ပြုသမျှ နုလိုက်ကြဘို့ပဲရှိပါတော့တယ်။
ဒီကိစ္စဟာ ကျနော့်အမြင်ပြောရရင် သူတို့လက်ကိုင်တုတ.် .ကြံ့ဖွတ်ပါတီ လူငယ်ထုမှာတောင် ဂယက်ထနိုင်ပါတယ်။ ( ရှစ်လေးလုံးအရေးတော်ပုံကြီး မှာတောင်
လမ်းစဉ်လူငယ်တွေပါလာတာအများကြီးပါ။ အဲဒီတုန်းက လမ်းစဉ်လူငယ်တွေဟာ အခုလောက် မခံရနိုင်လောက်ဘူးလို့ ထင်ပါတယ်။ ) ကြော့ကြော့လေး နဲ့ အခွင့်ရေးရမလားဆို
ဝင်ရောက်လာခဲ့ပြီးခါမှ၊ မုန့်မရဘဲ တုတ်ရမဲ့ ကိန်းပါ။ သူတို့ဘ၀တွေဟာ ရင်နာစရာကောင်းလှပါတယ်။
ဒီကိစ္စဟာ နအဖအတွက် မြတ်မလိုလိုနဲ့ အရှုံးပေါ်မယ့်အရာလို့ပဲ မြင်မိပါတယ်။ စစ်မှု့ထမ်းဥပဒေအတွက် ထိန်းသိမ်းကိုင်တွယ်ရမယ့် အာဏာပိုင်များအတွက်ကတော့
ပွပေါက်ကြီးတခုဖြစ်လာနိုင်ပေမယ့် မီးပွားလေးတစ ပွင့်ထွက်လာတာနဲ့ တပြိုင်ထဲမှာ ရင်ထဲမှာအခံရှိနေတဲ့လူထုကြီးက ၀ုန်းကနဲ အုံကြွထွက်လာမှာ မလွဲပါဘူး။ ဘယ်လိုမှ
လက်ခံနိုင်စရာမရှိတဲ့ ဥပဒေမို့ပါ။ လူငယ်ထုအတွက် အညွန့်တုံးစေမဲ့ ဥပဒေပါ။
အတိုက်အခံအင်အားစုများအနေနဲ့ သမိုင်းသင်ခန်းစာများကိုယူပြီး စနစ်တကျ ကိုင်တွယ်တတ်မယ်ဆိုရင် စစ်အာဏာရှင်များအနေနဲ့ တူနီးရှား အာဏာရှင်လို ဆော်ဒီကို
ထွက်ပြေးချိန်ရမှာ မဟုတ်ပါဘူး…နေပြည်တော်မှာပဲ….အဆုံးသတ်သွားရမဲ့ဘ၀တွေပါ။
စစ်အာဏာရှင်များရဲ့စစ်မှုထမ်းဥပဒေကတော့…အားလုံးသော လူငယ်ထုကြီးရဲ့နားရွက်များကို တံထွေးဆွတ်လိုက်ပါပြီ။ လူငယ်ထုကြီးက ဘယ်လိုတုန့်ပြန်ကြမလဲ။
ကမ္ဘာ့သမိုင်းမှာ ပထမဆုံး စစ်မှု့မထမ်းမနေရစနစ်ကို ပြဌာန်းခဲ့တဲ့ စစ်ဘုရင် နပိုလီယံကတော့ နောက်ဆုံးမှာ အကျဉ်းသားစစ်ရှုံးဘ၀နဲ့ နိဂုံးချုပ်သွားရတာကို သတိရမိရင်း …
မြန်မာဆိုတာ ကိုယ့်နားရွက်ကို တံထွေးအဆွတ်ခံရင် အသဲနာတတ်တဲ့ အမျိုးဆိုတာ စစ်အာဏာရှင်ကြီးများ ဂရုထားမိပါလေစ။

နေပြည်တော်မှ ပေးသောစာ- ၂
ဘီရုမာ
ဇန်န၀ါရီ ၂၅၊ ၂၀၁၁

ကျန်းခံ့သာလို့ မာပါစဗျာ။

ဒီတပတ်တော့ နေပြည်တော် ရွှေမြို့တော်ကြီးမှာ ပူပူနွေးနွေး ကျင်းပသွားတဲ့ ဓာတ်ရှင်အကယ်ဒမီပွဲ အကြောင်းလေး ပြောချင်တယ်ဗျာ။ ဒီတနှစ်အနေနဲ့ကတော့ ခင်ဗျားတို့ရော၊
ကျုပ်တို့ အပါအဝင် အကယ်ဒမီကို ဘယ်သူမှ ဟုတ်တိပတ်တိ ရင်ခုန်လိုက်ကြမယ် မထင်ပါဘူးဗျာ။ စစ်မှုမထမ်း မနေရ ဥပဒေ ဆိုတာကြီးကမှ ပို ရင်ခုန်ဖို့ ကောင်းနေသေးတယ်
မဟုတ်လား ကိုကျီး။

ဒီနှစ်မှာလည်း ၂၀၀၇ အတွက် အကယ်ဒမီပေးပွဲတုန်းကလို သရုပ်ဆောင် မင်းသမီးဆု မပါဝင်လို့ ဓာတ်ရှင်မင်းသမီးတွေလည်း မျက်ရည်အစစ်တွေ ကျနေကြရတယ်လို့
ကြားရတယ်ဗျာ။ စိတ်မကောင်းပါဘူး။ ကျုပ်သာဆို ဒီအကယ်ဒမီရုပ်တွေ အားလုံးကို မင်းသမီးတွေချည်းပဲ ပေးပစ်လိုက်မယ်ဗျာ … နော။ ဒါပေမယ့် ဒီ ၂၀၀၉ ခုနှစ်အကယ်ဒမီမှာတော့
မင်းသမီးဇာတ်ပို့ဆုလေး တခု ပါသွားလို့ တပ်ချုပ်မှူးကြီး ယတြာ ချေတာတော့ မဖြစ်နိုင်ဘူးဟလို့ ဖြေတွေး တွေးကြသူတွေလည်း ရှိနေပြန်သေးတယ် ကိုကျီး။

“…ဓာတ်ရှင်မင်းသမီးတွေလည်း မျက်ရည်အစစ်တွေ ကျနေကြရတယ်လို့ ကြားရတယ်ဗျာ။ စိတ်မကောင်းပါဘူး။ ကျုပ်သာဆို ဒီအကယ်ဒမီရုပ်တွေ အားလုံးကို မင်းသမီးတွေချည်းပဲ


ပေးပစ်လိုက်မယ်ဗျာ…”

အင်း … သူတို့တွေးတာလည်း ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ၂၀၀၇ အကယ်ဒမီပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို နေရာမပေးရရေးအတွက် အမျိုးသမီးတွေကို
နာမ်နှိမ်တဲ့အနေနဲ့ မင်းသမီး ဆုတွေ အကုန်လုံး ဖြုတ်ပစ်ခဲ့တာကိုး။ ကျုပ် ဒီလို ပြောလိုက်လို့ အသားလွှတ် လိုက်စွပ်စွဲနေတယ်လို့ မထင်နဲ့ဦး။ ၂၀၀၇ အကယ်ဒမီပွဲ ကျင်းပတဲ့ ၂၀၀၉
ခုနှစ်တုန်းက ဒီမိုကရေစီ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွှတ်ရမယ့်နှစ် ဖြစ်နေတယ်လေဗျာ။ ဒါကို တပ်ချုပ်ကြီးက နဲနဲလေးမှ
စိတ်မချမ်းသာဘူးဗျ။ အဲဒီမှာ သူက ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်မပေးရေး ယတြာတွေ လွှတ်ချေတော့တာပဲ ကိုကျီး။ ပထမဦးဆုံး ကြက်ဆူပင်တွေနဲ့ ကက်ကင်းရိုက်ခဲ့တာပါပဲ။

အဲဒီမှာ ကက်ကင်းအကြောင်းလေးကို နည်းနည်း ပြောပြချင်ပါတယ်။ ကျုပ်လည်း တပ်ချုပ်ကြီး လက်စွဲတော် အခါတော်ပေး ရွှေရေးပန်းကန်တက် ပုဏ္ဏားကြီးရဲ့ ဘုတ်အုပ်တွေ
ခိုးဖတ်ထားလို့ ဒီလောက် ပြန်ပြောပြနိုင်တာပါ။ ဒီလိုဗျ -

ခင်ဗျားတို့တွေ မြန်မာပြည်ကြီး ဒီမိုကရေစီရအောင်လုပ်မယ်လို့ ကြွေးကျော်ပြီး နိုင်ဂျံဂါးကို ထွက်မသွားခင်တုန်းက ခြင်္သေ့ပုံပါတဲ့ မြန်မာပိုက်ဆံတွေ


သုံးဖူးလိုက်ကြတယ်မို့လား။ မသုံးဖူးဘူးတော့ မငြင်းနဲ့နော်။ ခင်ဗျား နိုက်ကလပ်သွားဖို့ ကားခ လိုနေလို့ ဆိုပြီး ကျုပ်ဆီက တထောင်တန်နှစ်ရွက် ယူသွားပြီး ပြန် မဆပ်သွားတာ
ကျုပ်မှတ်မိနေသေးတယ်ဗျ။ အဲ.. အဲ.. ထားပါတော့လေ … ။ အဲဒီ စစ်အစိုးရထုတ် ၁၀၀-တန်၊ ၂၀၀-တန်၊ ၁၀၀၀-တန် စသဖြင့်ပေါ့ကွာ၊ အဲဒီပိုက်ဆံတွေမှာ ပါတဲ့ ခြင်္သေ့ပုံကို သေချာ
ကြည့်ဖူးလား ကိုကျီး။ ဟုတ်တယ် … ကိုကျီး။ ခြင်္သေ့ကတော့ ဘာမှ မထူးခြားပါဘူး။ ထူးခြားတာက အဲဒီခြင်္သေ့ကြီး နင်းထားတဲ့ အရာပါ။ ရုတ်တရက် ကြည့်လိုက်ရင်တော့
အဲဒီခြင်္သေ့ကောင် နင်းထားတဲ့ အရာဟာ အောက်ခံခုံတခုလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် သေချာကြည့်လိုက်ရင် ခြင်္သေ့ကောင် နင်းထားတဲ့ အရာဟာ … စီးကရက်တလိပ်ပုံပဲ ကိုကျီး။
စီးကရက်ဆိုတော့ စ-က-ရ၊ တနည်းအားဖြင့် စုကြည်ရှုံး လို့ ကက်ကင်းရိုက်ထားတာဗျ။ ဒီတော့ ဒီပိုက်ဆံတွေ လည်ပတ်နေသ၍ ဒေါ်အောင်ဆန်းစုကြည်က အမြဲ ရှုံးနေရမယ် ဆိုတဲ့
သဘောပေါ့ဗျာ။ ကျုပ်ကိုယ်တိုင် ပုဏ္ဏားကောင်က တပ်ချုပ်ကြီးကို တိုးတိုး၊ တိုးတိုးနဲ့ မြှောက်ပေးနေတာကို ယပ်ခတ်ပေးရင်း ခိုးနားထောင်ထားလို့ သိရတာဗျ။ ဒေါ်အောင်ဆန်းစုကြည်လို့
ခေါ်ရင် ကက်ကင်းရိုက်ရတာ ခက်သဗျ။ ဒါကြောင့် အစဉ်သဖြင့် သူတို့က စုကြည်၊ စုကြည်နဲ့ ခေါ်ဝေါ် သုံးနှုံးနေကြတာ ခင်ဗျားလည်း သတိထားမိမှာပေါ့ ကိုကျီး။

“…ဒီပိုက်ဆံတွေ လည်ပတ်နေသ၍ ဒေါ်အောင်ဆန်းစုကြည်က အမြဲရှုံးနေရမယ် ဆိုတဲ့ သဘောပေါ့ဗျာ…”

အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ရမှာကို တနေ့ ၂၅နာရီလောက် စိတ်ဆင်းရဲနေတဲ့ တပ်ချုပ်ကြီးက စုကြည်ပြန်မလွှတ်ရေး ကက်ကင်း၊ ယတြာကို စတင်ခဲ့ပြန်တာပေါ့။
မှတ်မိဦးမှာပေါ့ ကိုကျီး။ ကျနော်တို့ တနိုင်ငံလုံး ကလေးပါမကျန် ကြက်ဆူပင်စိုက်ကြရတာကို ပြောတာပါ။ အမှန်ကတော့ စက်မှုပညာရှင်တယောက်က ၂၀၀၅ လောက်ကတည်းက
ကြက်ဆူစေ့ကနေ၊ ဇီဝလောင်စာ ထုတ်လို့ရတယ်၊ အဲဒီလိုသာ များများထုတ်နိုင်ရင် တပ်ချုပ်ကြီးအနေနဲ့ ရေနံကုလားတွေဆီမှာ အောက်ကြို့နေစရာ မလိုတော့ဘူးဆိုပြီး စာတမ်းတွေနဲ့
တင်ပြထားတာရှိသဗျ။
အဲဒါကို ဗေဒင်ရူး ဟိုပုဏ္ဏားကောင်က တွေ့သွားပြီး ဟာ ကြက်ဆူဆိုတာ၊ ပြောင်းပြန်လှန်လိုက်ရင် စုကြည်ပဲ။ အဲဒီတော့ ကြက်ဆူပင်စိုက်တယ် ဆိုတာ။ စုကြည်ကို
ပြောင်းပြန်လှန်ပြီး မြေကြီးထဲ မြုပ်လိုက်တာပဲ လို့ တပ်ချုပ်ကြီးကို မျက်နှာ လုပ်တော့တာပေါ့။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်မှာကို သေတာထက် ပိုကြောက်ရှာတဲ့
တပ်ချုပ်ကြီးက “ကြက်ဆူအတက်၊ သန်းရွှေအချက်” ဆိုပြီးတော့ တနိုင်ငံလုံး လှည်းနေ လှေအောင်းမကျန် ရှိရှိသမျှလူတွေအားလုံး ကြက်ဆူပင် စိုက်ရမယ်လို့ အမိန့်တော်
ထုတ်ပြန်ခဲ့တာပဲ ကိုကျီး။ ကျုပ်တောင် တပ်ချုပ်ကြီး အိမ်တော်ခြံဝင်းထဲမှာ နှစ်ပင် သွားစိုက်မိလို့ နားရင်း အကန်ခံခဲ့ရသေးတယ်။ ကျုပ်လည်း မသိဘူးလေ။ သူအမိန့်ထုတ်ထားတဲ့
ကြက်ဆူဆိုတော့ မျက်နှာလို၊ မျက်နှာရ သူ့အိမ်တော်ဝင်းထဲ သွားစိုက်ပေးတာပေါ့။ သူ့အိမ်တော်ဝင်းထဲမှာက နိုင်ဂျံဂါးဖြစ် အပင်တွေပဲ စိုက်တာ …… တဲ့။ ဒီလို မြန်မာဖြစ်
လမ်းဘေးပေါက်တဲ့ ကြက်ဆူတွေ လာမစိုက်နဲ့ …... တဲ့လေ။ ဂိန်။

အဲဒီမှာ ပြောရဦးမယ်။ ပုဏ္ဏားကောင်ကသာ စွတ်ညွှန်းလိုက်တာ။ တကယ်တော့ ကြက်ဆူဆိုတာ ခင်ဗျားတို့လည်း စိုက်ဖူးလိုက်တာပဲ။ စိုက်ပြီးရင် သိပ်သန်တာဗျ။ တော်ရုံ
တန်ရုံနဲ့လည်း သေတဲ့ အပင်မဟုတ်ဘူးလေ။ ရိပ်ရိပ်၊ ရိပ်ရိပ်နဲ့ ကြီးလာတတ်တဲ့ အပင်။ အဲဒီတော့ … စုကြည်ကို ကိုယ်စားပြုတဲ့ ကြက်ဆူက နာမ်နှိမ်မသွားပဲနဲ့ တနိုင်ငံလုံးမှာ တရိပ်ရိပ်နဲ့
အင်အား ကြီးထွားလာတော့တာပဲ ဗျိုး။

“…ကြက်ဆူဆိုတာ ခင်ဗျားတို့လည်း စိုက်ဖူးလိုက်တာပဲ။ စိုက်ပြီးရင် သိပ်သန်တာဗျ။ တော်ရုံ တန်ရုံနဲ့လည်း သေတဲ့ အပင် မဟုတ်ဘူးလေ။ ရိပ်ရိပ်၊ ရိပ်ရိပ်နဲ့ ကြီးလာတတ်တဲ့ အပင်။
အဲဒီတော့ …”

အဲဒီတော့ တပ်ချုပ်ကြီးရဲ့ ကြက်ဆူကက်ကင်းကြီးက မှန်းချက်နဲ့ ဂန်းပစ်မကိုက်တော့ဘဲ ပြောင်းပြန်ကြီး ဖြစ်သွားရော မဟုတ်လားဗျာ။ ဒါကြောင့် တနိုင်ငံလုံး စိုက်ထားတဲ့
ကြက်ဆူတွေ ပြန်ခုတ်စေလို့ အမိန့်တော် ထပ်ထုတ်တာကြောင့် ကျုပ်တို့ ရုံးတွေ၊ ကျောင်းတွေမှာ ပင်ပင်ပန်းပန်း စိုက်ထားတဲ့ ကြက်ဆူပင်တွေကို ပြန်နှုတ်ကြရတာ လက်တွေတောင်
ပေါက်ကုန်ကြတယ် မဟုတ်လား ကိုကျီး။

အဲဒီမှာ အမြန်ဆုံး ယတြာနောက်တခု ထပ်လျှောက်တင်ရမယ်။ မလျှောက်တင်နိုင်ပါက ကြက်ဆူပင်တွေနဲ့ ရောခုတ်ပစ်မယ်လို့ ပုဏ္ဏားကောင်ကို ကျိန်ဆဲတော့တာကြောင့် အဲဒီ
၂၀၀၇ အကယ်ဒမီပေးပွဲမှာ မင်းသမီး(တနည်း အမျိုးသမီး) တွေကို တယောက်မှ အကယ်ဒမီ မပေးရဆိုတဲ့ ယတြာကြီးက ရုတ်ချည်းပေါ်ခဲ့ရတာပဲ ကိုကျီး။

အဲ … ဒီနှစ် ၂၀၀၉ အကယ်ဒမီပွဲမှာ မင်းသမီးသရုပ်ဆောင်ဆု မပါရတာကတော့ တပ်ချုပ်ကြီး ပယောဂ မဟုတ်တော့ဘူးဗျ။ သူ့ချစ်သမီးတော်လေး သန္တာရွှေရွှေ ရဲ့ ပယောဂလို့ပဲ
ဆိုရတော့မယ် ကိုကျီး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနှစ် ဓာတ်ရှင်မင်းသမီး သရုပ်ဆောင်ဆုက အူဝဲလို့ လူသိများတဲ့ အိန္ဒြာကျော်ဇင်လေးကို ရွေးချယ်ထားတာကြောင့်ပါပဲ။ အူဝဲနဲ့
သန္တာရွှေရွှေတို့ ရန်ဖြစ်ထားကြလို့တော့ မဟုတ်ပါဘူး။ ဒီလိုဗျ။ အူဝဲလေးက စပွန်ဆာတွေ လွှတ်ရတိုင်း အလကားဆွဲရတဲ့ ပိုးထည်တွေ၊ စိန်တွေ၊ ရွှေတွေ၊ ရတနာတွေ ၇-ပိဿာလောက်
ဝတ်ဆင်ပြီး ၆ ရက်၊ ၆ လီ၊ ၆ နေရာမှာ၊ ၆ ကြိမ်တောင် မင်္ဂလာပွဲတွေ ကျင်းပသွားခဲ့ပြီး၊ ၆ ညကြီးတောင် မင်္ဂလာဦးညသွားခဲ့တာကိုး။ အဲဒီတော့ မြန်မာနိုင်ငံမှာ ဘယ်သူ့မင်္ဂလာဆောင်မှ
သူ့မင်္ဂလာဆောင်လောက် မကြီးကျယ် မခန်းနားစေရလို့ ကြွေးကျော်ထားခဲ့တဲ့ မသန္တာရွှေရွှေလေးရဲ့ စိန်မင်္ဂလာပွဲကြီးထက် ၆ ဆလောက် သာသွားသလို ဖြစ်နေတော့တာကိုးဗျ နော် …
ကိုကျီး။ တော်ဝင်သမီးတော်လေး မင်္ဂလာဆောင်ထက် သာရမလားပေါ့နော်။ အဲဒီတော့ မသန္တာရွှေရွှေလေးက ဖဘုရားတပ်ချုပ်ကြီးဆီ အခစား ဝင်ပြီးတော့ ငိုချင်းတွေ ချတော့တာပဲ
ကိုကျီး။

“… ဒီပုံစံနဲ့သာ လျှောက်နေကြရင်တော့ ဘယ်လိုလုပ်ပြီး ဒီမိုကရေစီကို မြန်မြန်ရောက်နိုင်မလဲနော်…”

ဒါကြောင့်လည်း အူဝဲလေးခဗျာ၊ အကယ်ဒမီ ဆုဖလားကြီး ချိတ်ခဲ့ပါလျက်နဲ့ လက်ဝယ် မပိုင်ဆိုင်လိုက်ရခြင်းသာ ဖြစ်တယ်လို့ ဆိုရတော့မှာပေါ့။ မဟုတ်ဘူးလား ကိုကျီး။

အဲဒီပွဲမှာလည်း ကျုပ်အတင်းပြောစရာတွေ ကျန်သေးတယ် ကိုကျီး။ စင်ပေါ်မှာ ခြေတလှမ်း ကုဋ္ဋေတသန်းနဲ့ လျှောက်ခဲ့ကြတဲ့ ဘာကိုင် ဆိုလား၊ အဲ.. အဲ.. ဗန်းကိုင်ဆိုလား
အဲဒီကောင်မလေးတွေလေ။ ဘယ့်နှယ်ဗျာ ဟိုမှာ အကယ်ဒမီဆုယူမယ့်သူနဲ့ ဆုပေးမယ့်သူက စင်လယ်ကောင်မှာ ငုတ်တုတ်ကြီး ရောက်နေပြီ။ ရွှေစင်ရုပ် ယူလာပေးတဲ့ သူတို့က
စလိုးမိုးရှင်းနဲ့ လာနေတာ တော်တော်နဲ့ လူဆီမရောက်နိုင်ဘူး။ စိတ်မရှည်လို့ ကျုပ်လက်ထဲက ဗီစီဒီ ရီမုဒ်နဲ့ ယောင်ယောင်ပြီး ရစ်မိတယ် ခဏခဏ။ ကျုပ်တူလေးကတော့
မှတ်ချက်ပေးတယ်။ အဲဒီ မမတွေက ဘောင်းဘီချောင်နေလို့ ကျွတ်ကျမှာ စိုးလို့ ထိန်းပြီး ဖြည်းဖြည်းလေး လျှောက်နေကြတာ နေမှာပါတဲ့ ... ကဲ။ ဆင်မယဉ်သာ
လျှောက်နေလိုက်တာများ ဒီပုံစံနဲ့သာ လျှောက်နေကြရင်တော့ ဘယ်လိုလုပ်ပြီး ဒီမိုကရေစီကို မြန်မြန်ရောက်နိုင်မလဲနော်။ မဟုတ်ဘူးလား ကိုကျီး။
ပြောရဦးမယ် အမှန်ကတော့ အဲဒီစံနစ်ကလည်း တပ်ချုပ်မှူးကတော် ဒေါ်ကိုင်ကိုင်နဲ့ သားသမီးမြေးတစု ပယောဂပဲဗျ။ တပ်ချုပ်မှူးကတော်ကြီးက ဘာပြောသလဲဆိုတော့
ဒီမြန်မာ့ဓာတ်ရှင် အကယ်ဒမီပေးပွဲကြီးဟာ နိုင်ငံတကာက တကူးတက စောင့်ကြည့်ကြရတဲ့ ကမ္ဘာကျော်ပွဲကြီး တပွဲ ဖြစ်တယ်တဲ့။ အဲဒီလိုပြောတော့ သူ့မြေးတွေကလည်း မုန့်ဖိုး
ဒေါ်လာရပြီးရော ဝိုင်းထောက်ခံကြတယ်။ တပ်ချုပ်မင်းကြီးကတော့ ရွှေဘောတော်တွေ လွှတ်ကျနေတာပေါ့။ အဲဒီလို ကမ္ဘာက စိတ်ဝင်စားတဲ့ ပွဲကြီးမှာ မြန်မာလူမျိုးတွေရဲ့
ယဉ်ကျေးသိမ်မွေ့မှုနဲ့ နူးညံ့တဲ့ အမူအရာကို တင်ပြဖို့ဆိုတာ မဟာအခွင့်အရေးဖြစ်တယ် တဲ့။ ဒါကြောင့် ဗန်းကိုင်တွေ အနေနဲ့ ဒီလိုမျိုး လျှောက်ရမယ် ဆိုပြီး ဗန်းကိုင်ကောင်မလေးတွေကို
သူကိုယ်တိုင် လျှောက်ပြသွားခဲ့တာ။ အမှန်ကတော့ အဘွားကြီးက လျှောက်တဲ့အမူအယာကို ပြချင်တာပါ။ ဒါပေမယ့် အိုမင်းမစွမ်းဖြစ်နေပြီ ဆိုတော့ တုန်တုန်၊ တုန်တုန်နဲ့ ခြေတလှမ်း
လှမ်းဖို့ကို မနည်းအားယူပြီး လှမ်းနေရတာကိုး။ အဲဒီတော့ ဗန်းကိုင်လေးတွေကလည်း တုန်တုန်၊ တုန်တုန်နဲ့ အဘွားကြီး လျှောက်ပြသွားတဲ့ ပုံအတိုင်း လိုက်လျှောက်ကုန်ကြတော့တာပေါ့။
လိုက်မလျှောက်ရင်လည်း ရွှေစိတ်တော်ညိုသွားမှာ ကြောက်ကြရှာတာကိုး။ အဘွားကြီးက သူ့ဘာသာသူ လျှောက်ပြပြီးတော့ ပီတိတွေဖြစ်ပြီး ပြန်သွားတာ။ ကျန်ခဲ့ရှာတဲ့
ဗန်းကိုင်မလေးတွေခမြာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုကြီးအိုမတွေလို မနည်းကြိုးစားပြီး တုန်တုန်၊ တုန်တုန်နဲ့ စလိုးမိုးရှင်း လျှောက်နေကြရရှာတော့တယ်။

“…ဘောင်းဘီချောင်နေလို့ ကျွတ်ကျမှာ စိုးလို့ ထိန်းပြီး ဖြည်းဖြည်းလေး လျှောက်နေကြတာ နေမှာပါတဲ့…”

ခြေတလှမ်း ကုဋ္ဋေတသန်းဆိုတဲ့စကားပုံကို သူတို့ဗန်းကိုင်လေးတွေ လျှောက်တာကြည့်ပြီးတော့မှပဲ သဘောပေါက်တော့တယ်ဗျာ။ ခြေတလှမ်း၊ တလှမ်းမှာ စက္ကန့်ပေါင်း


ကုဋ္ဋေတသန်းရှိတာကို ပြောကြတာ ဖြစ်မယ်ဗျနော်။

သြော် … သူတို့နဲ့ ဘယ်လိုမှ ဆက်စပ်တွေးလို့မရတဲ့ အနုပညာပွဲထဲမှာလည်း ဝင်ပါလိုက်ကြပြန်တာပဲ ကလား။ ငယ်ငယ်က ရွာထန်းတောထဲမှာ မူးမူးနဲ့ ဆိုခဲ့တဲ့ စာဥ
သီချင်းထဲကလို - အရာရာတိုင်းမှာ သူမပါရင်မပြီး ပွဲမစည်ဘူးရယ်လို့ … ဆိုတဲ့ သီချင်းလေးသာ အသံကုန်ဟစ်လိုက်ပါရစေတော့ … ။

ကဲဖော်၊ ကဲဖက်တွေကို သတိရလျက် -

ဘီရုမာ

http://www.moemaka.com/

မွန်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ကျောက်တစ်လုံးဘုရားပွဲတော်ကျင်းပမည်

မိအိန်ပိုင်၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆုတ် ၆ရက်။ဇန်နဝါရီ ၂၅၊၂၀၁၁။
မိအိန်ပိုင(် ဇန်နဝါရီ-၂၅)။ ။ မွန်ပြည်နယ် မုဒုံမြို့နယ် အတောင်(၄၀၀)ရှိ ကမ္ဘ့ာအကြီးဆုံးလျောင်းတော်မူ ဇိနသုခမြန်အောင်ချမ်း သာဘုရားကြီး၏(၁၉)ကြိမ်မြောက်ပွဲတော်ကို
ဇန်နဝါရီလ(၂၈)ရက်နေ့မှ စတင်ကျင်းပမည်ဖြစ်ကြောင်း ပွဲတော် ဖြစ်မြောက်ရေးအတွက် စီစဉ်သူတစ်ဦးမှပြောပါသည်။

အဆိုပါဘုရားပွဲတော်၏ထူးခြားချက်မှာ ကျောက်တစ်လုံးကျောင်းတော်၏ ဦးစီးနာယက။ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တနိုင်ကေသာရ ၀င်းစိန်မွန်ဆရာတော်၏


သက်တော်(၉၀)ပြည့်နှစ် မွေးနေ့မင်္ဂလာ ပွဲတော်တစ်ခု လည်းဖြစ်ပါသည်။

ပွဲလမ်းသဘင်များအနေနှင့် မြန်မာ့ရုပ်ရှင် ဗီဒီယိုသရုပ်ဆောင် နေကျော်၊ ဒီလုံးနှင့် နာမည်ကျော်ရုပ်ရှင် မင်းသမီးနန္ဒာလှိုင်လည်း အခမဲ့လာရောက် ဖျော်ဖြေမည်ကြမည်ဟု


ပွဲတော်ကျင်းပရေးကော်မီတီဝင် တစ်ဦးမှ ပြောပါသည်။ ဟာသရှေ့ဆောင်ထူးထူးတည်ထောင်သည့် ရွှေမင်းသားလေး ဖိုးချစ်(ရန်ကုန)် ဇာတ် သဘင်မှ
လာရောက်ကပြမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။ ထို့အပြင် မွန်ရိုးရာလက်ဝှေ့ပွဲလည်း စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဟုဆိုပါသည်။

ဧည့်ခံကျွေးမွေးသည့် စတုဒီတာမဏ္ဍပ်ကိုလည်း တည်ဆောက်ထားမည်ဖြစ်ပြီး နံနက်(၉)နာရီမှ ညနေ (၅)နာရီအထိ စားသောက်နိုင်ရန် စီစဉ်ထားသည်ဟု ပွဲတော်ဖြစ်မြောက်ရေးအတွက်


စီစဉ်သူတစ်ဦးမှ ပြောပါ သည်။ ဤပွဲတော် ဖြစ်မြောက်ရေးအတွက် မုဒုံမြို့မှ ဒေါက်တာမြင့်ဦး (ခေါ် ) ကိုတုံး က ဦးဆောင်စီစဉ် ခဲ့သည်ဟု လည်းပြောပါသည်။

ဇန်နဝါရီလ(၂၈)မှ (၃၀)ထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကာလအတွင်းလုံခြုံရေးကို ခလရ (၂၁၀)တပ်ရင်းမှ တာဝန်ယူမည်ဖြစ်ကြောင်း


ပွဲတော်ကျင်းပရေးကော်မီတီဝင် တစ်ဦးမှပြောပါသည်။

စစ်တပ်ရိက္ခာသယ်ဆောင်ရန် စစ်အာဏာပိုင်များမှကားချောဆွဲ

မိစန္ဒာဦး၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆုတ် ၆ရက်။ဇန်နဝါရီ ၂၅၊၂၀၁၁။
မိစန္ဒာဦး(ဇန်နဝါရီ-၂၅)။ ။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် စစ်တပ်ရိက္ခာသယ်ဆောင်ရန်အတွက် ယမနေ့မှစ၍ယခုအချိန်ထိ စစ်တပ်မှ
ဒေသခံများပိုင်ဆိုင်သော မော်တော်ကားများကို အတင်းအဓမ္မချောဆွဲနေ သည်ဟု ဒေသခံများမှပြောပါသည်။ ကားပိုင်ရှင်များအနေနှင့် မိမိတို့၏ကားများကို လုံခြုံရာ၌၀ှက်ထားရသည်ဟု
မော်တော်ကားပိုင်ရှင်တစ်ဦးမှပြောပါသည်။

နယ်စပ် ခရီးသည်တင်မော်တော်ကား
“စစ်တပ်ကနေပြီးတော့ ကားတွေကိုရိက္ခာတင်ဖို့ဆိုပြီးတော့ အဲတာကားတွေလိုက်ဖမ်းတယ်။ ပထမ ကြားတာကတော့ ၀စ်သောက်ကားတွေလိုက်ဖမ်းသလိုလိုဘာနဲ့
နောက်တော့မဟုတ်ဘူး။ ချောကား ဆွဲတာပေါ့ နော်။ ကားတွေလဲဖွက်ထားကြတယ်။ ကားသမားတွေလဲ တချို့ကားတွေ လိုက်ဝှက်ထား တယ်ကြတယ်ပေါ့နော်။

ချောဆွဲသွားသည့် ကားအရေအတွက်မှာ (၁၅)စီးရှိနေပြီး ဘုရားသုံးဆူမြို့ ဒေသခံတပ်ရင်းမှူးမှ ကားအစီး(၃၀)ကျော်မှန်းထားသည့်အတွက် မပြည့်မီသေးဟု ကားသမားများမှပြောပါသည်။


ရိက္ခာတင်ရန် ချောဆွဲ သွားသည့်ကားများသည် မိမိစရိတ်နှင့်သွားရပြီး ဆီထည့်ပေးခြင်းမရှိဟုကားသမားများမှပြောပါသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်
တောင်စွန်းကျေးရွာတပ်စခန်းတွင်ရာက်နေသည့် တပ်စားနပ်ရိက္ခာများကို ဘုရား သုံးဆူမြို့သို့တင်ပို့ရန်အတွက် ယခုလိုကားများကိုချောဆွဲနေရသည်ဟု ကားသမားများမှပြောပါသည်။
ဘုရား သုံးဆူနှင့် သံဖြူဇရပ်မော်တော်ကားလမ်းကို ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံးကနေ (၂၀၁၀) ဒီဇင်ဘာ လဆန်းကတည်းက အဖွဲ့အစည်း၏လုံခြုံရေးအရ
ပိတ်ပင်ထားခဲ့သောကြောင့် ကားသမားများ သွားလာရ မည်မှာစိုးရွံ့နေသည်ဟုဆိုသည်။

ဘုရားသုံးဆူမြို့ခံစစ်တပ်မှ လိုအပ်သောကားအရေအတွက်ပြည့်အောင် မြို့ပြင်ထွက်ခွင့်ကို ပိတ်ပင် ထား သည် ဟု ကားသမားတစ်ဦးမှ ယခုလိုပြောပါသည်။

“ကားတစ်စီးမှမပေးထွက်ဘူးမြို့ပြင်ကို။ မြို့ထဲမှာလဲ ရဲဘော်တွေမနဲဘူး ပြည့်နေရောဘဲ။ ကားတစ်စီးမှ သူမပေးသွားဘူးဆိုတော့ ဒုက္ခရောက်တာပေါ့။


တချို့လဲခြံထဲသွားတာကားသားလေးနဲ့ မရဘူး။ မပေးသွားဘူး။ နဂါးတောင်ကတပ်က လုံးဝမပေးသွားဘူး။ မနက်ကပစ္စည်းတင်ထားတဲ့ကားတစ်စီး ဖိုးဝှီးကားတစ်စီးက ခရီးသည်
ပစ္စည်းတွေကို အဲဒီနဂါးတောင်ကဘဲဆွဲချလိုက်တယ်။ ကားကတော့ တပ်ကုန်းကို သူတို့မောင်းတက် သွားခိုင်း လိုက်တယ်။”

မိုးတွင်းကာလတွင် မော်တော်ကားလမ်းပျက်စီးနေသည့်အတွက် မြန်မာစစ်တပ်ဘက်မှရိက္ခာ ပြတ်လပ် မှုများဖြစ်ပွါးခဲ့ပြီး ဘုရားသုံးဆူဖွံ့ဖြိုးရေးကော်မီတီများမှ


ဆန်ရိက္ခာများထောက်ပံ့ပေးနေရသည်ဟု စစ်တပ်နှင့် နီးစပ် သည့်သူတစ်ဦးမှပြောပါသည်။ ယခုလိုပွင့်လင်းရာသီတွင် ရိက္ခာများစုဆောင်းပြီးပါက ကေအာန်ယူခေါ် ကရင်
အမျိုးသားအစည်းအရုံးနဲ့ ဒီကေဘီအေခေါ် တိုးတက်သောဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် တို့အပေါ်
စစ်ဆင်ရေးများတိုးပြီးလုပ်ဆောင်သွားမည့်အနေအထားတွင်ရှိနေသည်ဟု နယ်စပ်စစ်ရေးအကဲခတ် သူများမှ သုံးသပ်ပြောဆိုမှုရှိနေသည်။

အကျဉ်းသားပေါ်တာများ ဒီကေဘီအေတပ်ဖွဲ့သို့ ထွက်ပြေးရောက်ရှိလာ

ဆူးပန်း၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆုတ် ၅ရက်။ဇန်နဝါရီ ၂၄၊၂၀၁၁။
ဆူးပန်း(ဇန်နဝါရီ-၂၄)။ ။ ကရင်ပြည်နယ် နယ်စပ်ဒေသတွင် မြန်မာစစ်အစိုးရတပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ကိုလက်မခံသော ဒီကေဘီအေတပ်ဖွဲ့တို့အကြား
နေ့စဉ်ရက်ဆက်တိုက်ပွဲများ ဆက်တိုက်ဖြစ်နေခဲ့သလို စစ်မြေပြင်တွင် အကျဉ်းသား များကို ပေါ်တာဝန်ထမ်းအဖြစ်အသုံးပြုနေသည်ဟု ထွက်ပြေးလာသည့်ပေါ်တာများမှပြောပါသည်။
မြ၀တီခရိုင ဖလူးတိုက်ပွဲတွင် အကျဉ်းသားအထမ်းသမား(၅)ဦးအပါအ၀င် မြန်မာစစ်တပ်မှတပ်သားတစ်ဦးသည်လည်း ဗိုလ်မှူးချုပ်စောလားပွယ်ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့ထဲသို့
ထွက်ပြေးရောက်ရှိလာသည်ဟု ဗိုလ်မှူး ချုပ်စောလား ပွယ်မှ ယခုလိုပြောပါသည်။

“တိုက်ပွဲကတော့ ဖြစ်နေဆဲဘဲ။ တိုက်ပွဲထဲမှာ အထမ်းသမားပေါ်တာတွေက တချို့က ကော့ကရိတ် ကနေကျိုက်ဒုံ ကျိုက်ဒုံကနေတက်လာတဲ့ အဖွဲ့ထဲကနေတစ်ယောက်ပါလာတယ်။


အခုဒီကကျွန်တော်တို့နဲ့ ရင်ဆိုင်နေတဲ့ ဖလူးဘက်မှာလဲအကျဉ်းသား (၄)ယောက်ပါလာတယ်။ နအဖစစ်အစိုးရဘက်မှာလဲ ရဲဘော် တွေလည်း ထွက်ပြေးလာတာလဲရှိတယ်။
သူတို့ကိုကျွန်တော်တို့ကောင်းကောင်းစောင့်ရှာက်ထားပါတယ်။”

ပေါ်တာဝန်ထမ်းအဖြစ် အသုံးပြုခံရသည့် အကျဉ်းသားပေါ်တာများသည် စစ်တပ်မှညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်းခံနေရသည်ဟု ထွက်ပြေးလွတ်မြောက်လာသည့်


အကျဉ်းသားဝန်ထမ်းကိုဖိုးအေးကပြောပါသည်။

“ကျွန်တော်တို့က သေချင်သေပါစေဆိုပြီးထွက်ပြေးလာတာ။ တက်လာတုန်းက မထမ်းနိုင်လို့ ပြန်မယ် ဆိုပြီးထွက်သွားတဲ့သူကို သူတို့နောက်ကနေ သေနတ်နဲ့ပစ်သတ်ထားတယ်။


တစ်ယောက်သေသွားတယ်ခင်ဗျာ့။ နာမယ်တော့မသိဘူးခင်ဗျ။ မလုပ်နိုင်တဲ့သူတွေကိုဆိုလို့ရှိရင် အရိုက်နှက်ခံရတယ်။ ဆဲဆိုတယ်။ သေနတ်ဒင် တွေနဲ့ ထောင်းတယ်။
ကျွန်တော်တို့နဲ့အတူပါလာတာကတော့ မော်လမြိုင်ထောင်က(၅၀) ပုသိမ်ထောင်က(၅၀) နောက်ပြိးတော့ အင်းစိန်ထောင်က(၅၀) မန္တလေးထောင်က(၅၀) လူ(၂၀၀)
တောင်ပါလာတယ်။”

အလားတူထွက်ပြေးလာသည့်အထဲတွင် မြန်မာစစ်တပ်မှတပ်သားတစ်ဦးပါဝင်သည်ဟု အကျဉ်းသား ပေါ်တာတစ်ဦးဖြစ်သူကိုဖိုးအေးမှပြောပါသည်။ အဆိုပါ


ကျော်စွာအမည်ရှိတပ်သားသည် မြန်မာစစ်တပ်မှ အရာရှိ များ၏ နိုင်ထက်စီးနင်းလုပ်ဆောင်မှုကိုမခံနိုင်၍ ထွက်ပြေးလာသည်ဟုဆိုပါသည်။ ဗိုလ်မှူးချုပ်စောလားပွယ် ဦးစီးသည့်
ဒီကေဘီအေတပ်ဖွဲ့ထဲသို့ရောက်ရှိလာသော ပေါ်တာဝန်ထမ်းများနှင့် မြနိမာတပ်ပြေးများသည် နေရပ်သို့ မပြန်ရဲတော့ဘဲ ထိုင်းနိုင်ငံအတွင်းသာ အလုပ်အကိုင်ရှာဖွေကာ
နေထိုင်သွားမည်ဟု ပြောပါသည်။

မြန်မာစစ်အစိုးရလက်ထက်တွင် အကျဉ်းသားများနှင့် ဒေသခံကျေးရွာသားများအပေါ် ရိက္ခာထမ်း ခိုင်းခြင်း စစ်ပစ္စည်းထမ်းခိုင်းခြင်း၊ စစ်စခမ်းများဆောက်လုပ်ခိုင်းခြင်း၊


ရှေ့ပြေးမိုင်းရှင်းလင်းရေးအဖြစ် တွင်တွင် ကျယ်ကျယ် အသုံးပြုနေဆဲဟု လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့များမှ ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။

http://www.kaowao.org/
မြာက်ဦးကို ဖြတ်သန်း ဖေါက်လုပ်နေသည့် ရထားလမ်း အကန့်အသတ် မရှိ ရွှေ့ဆိုင်း

1/25/2011

Adjust font size:

ရခိုင်ရှေးဟောင်း မြို့တော် မြောက်ဦးမြို့ကို ဖြတ်သန်း ဖေါက်လုပ်နေသော ရထားလမ်းကို ယခုအခါ ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့
ရွှေ့ဆိုင်းလိုက်ရခြင်းမှာ ရထားလမ်းဖေါက်လုပ်စဉ် စစ်တပ်မှ မြေအောက်တွင် မြုပ်ထားသော အင်တာနက် Cabal လိုင်း (သို့မဟုတ)် ဆက်သွယ်ရေး ကြေးနန်းကြိုးများ ပျက်စီးသွားသဖြင့်
ယခုကဲ့သို့ ရပ်တန့်လိုက်ခြင်း ဖြစ်သည်ဟု မြောက်ဦးမြို့မှ လူငယ် တစ်ဦးက ပြောသည်။

“ အခု မြောက်ဦးမှာ ရထားလမ်းဖေါက်လုပ် နေတာကို ရပ်ဆိုင်းလိုက်ပါပြီ။ ရထားလမ်းဖေါက်လုပ်နေတဲ့ ကုမ္ပဏီလည်း ဘယ်နားကို ရောက်နေတယ်ဆိုတာ မသိတော့ပါဘူး။
ရထားလမ်းကြောင်းသစ်ကို ဆက်ဖေါက်တဲ့ အခါ စစ်တပ်က မြေကြီးထဲမှာ မြုပ်ထားတဲ့ အင်တာနက် ကွန်ယက်လိုင်း ကြိုးတွေကို မြေတူးစက်ကြီးတွေနဲ့ တူးမိပြီး ပျက်စီးသွားတဲ့ အတွက်
စစ်တပ်နဲ့ ကုမ္ပဏီ အကြား ပြဿနာ တက်ရာကနေ ခုလို ရထားလမ်း ဖေါက်လုပ်တာကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။”

၎င်းပြင် သူက “ အင်တာနက် ကွန်ယက်လိုင်း ကြိုးတွေ ဆိုတာက စစ်တပ်က မြေကြီးထဲ ၁၀ ပေ တူးပြီး မြပ်ထားတဲ့ ကြိုးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ သိတာက စစ်တပ်က နေပြီးတော့
အဲလိုင်းကြိုးတွေကို ရန်ကုန်ကနေ အမ်း၊ အမ်းကနေ စစ်တွေထိ တောက်လျောက် ပိုက်လုံးကြီးတွေနဲ့ မြုပ်ထားပါတယ်။ ဒေသအတွင်းမှာတော့ အင်တာနက် ကွန်ယက်လိုင်းကြိုးတွေ
ဆိုပြီး သိပါတယ်။ ဆက်သွယ်ရေး အတွက် လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်” ဟု ဆက်ပြောသည်။

အဆိုပါ အင်တာနက်ကွန်ယက်လိုင်းကြိုးများ ပျက်စီးသွားသဖြင့် မြောက်ဦးတွင် ရထားလမ်းဖေါက်လုပ်နေခြင်းကို ရပ်တန့်လိုက်ကြောင်းမှာ ဟုတ်မှန်ကြောင်း မြောက်ဦးမှ အစိုးရ အရာရှိ
တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။

“ အခုက ပြဿနာက နေပြည်တော်ထိ ရောက်သွားပြီး အဲဒီမှာ ဖြေရှင်းနေတယ်လို့ သိရပါတယ်။ ရထားလမ်း ဖေါက်လုပ်နေတဲ့ မြေတူးစက်ကြီးတွေက မြေတွေကို တူးဖေါ်တဲ့ အခါ
စစ်တပ်က မြေကြီးထဲမှာ မြုပ်ထားတဲ့ ကြေးနန်းကြိုးတွေ ပျက်စီးသွားတော့ ဌာနဆိုင်ရာ အချင်းချင်း ပြဿနာ တက်ပြီး ခုလို ရပ်တန့်ရတဲ့ အဆင့် အထိ ရောက်သွားရတာ ဖြစ်ပါတယ်” ဟု
ပြောသည်။

ယခု ဖေါက်လုပ်နေသည့် လမ်းကြောင်းမှာ လမ်းကြောင်း အသစ်ဖြစ်ပြီး ယခုရပ်တန့်မူမှာ ဒုတိယ အကြိမ်မြှောက် ရပ်တန့်မူ ဖြစ်ကြောင်း သိရသည်။ ယခင် ပထမ လမ်းကြောင်းကို
ဖေါက်လုပ်တုန်းကလည်း ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် ပစ္စည်းများ အကြီးအကျယ် ပျက်စီးသွားသဖြင့် ဒေသခံများ ကန့်ကွက်ရာမှ ရထားလမ်း ဖေါက်လုပ်မူကို ရပ်တန့်ကာ
လမ်းကြောင်း သစ်ကို ရွှေးချယ် ဖေါက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်း ဖေါက်လုပ်နေသော ရထားလမ်းမှာ စစ်တွေမှ အမ်းထိ ဖေါက်လုပ်နေသော လမ်း ဖြစ်သော်လည်း တိုက်ရိုက် ရထားလမ်းကို ဖေါက်လုပ်ခြင်း မဟုတ်ဘဲ အပိုင်းလိုက်
လမ်းပိုင်းများကို ဟိုတစ်ခု သည်တစ်ခု ဖေါက်လုပ်နေသဖြင့် ယခုရထားလမ်း ဖေါက်လုပ်မူ အပေါ် ဒေသခံများက သံသယဖြစ်နေကြသည်ဟု မြောက်ဦးလူငယ်မှ ဆက်ပြောသည်။

“ အခုရထားလမ်းကို ဖေါက်လုပ်တဲ့ နေရာမှာ ကျောက်တော်မှာဆိုရင် မဟာမုနိမှာ လာဖေါက်ပြီးတော့ မြောက်ဦးမှာ ဆိုရင် မြောက်ဦးမြို့ ရှေးဟောင်း ဘုရား ပုထိုးတွေ ကျုံးတွေ မြို့ရိုးတွေ
ရှိတဲ့ နေရာကို လာဖေါက်တယ်။ ရထားလမ်း အတွက် အဓိက တံတားဖြစ်တဲ့ ကုလားတန်မြစ်ကို ဖြတ်ပြီး တည်ဆောက်မယ့် တံတားက အခုတောင် နေရာ မသတ်မှတ်ရသေးဘူး။ အဓိက
တံတားကိုကျရင် မလုပ်ဘဲနဲ့ သမိုင်းဝင်နေရာတွေကိုဘဲ ရထားလမ်းဖြတ်ဖေါက်နေတယ်ဆိုတော့ ဒေသခံ ရခိုင်ပြည်သူတွေက အခု ဖေါက်လုပ်နေတဲ့ ရထားလမ်းဟာ ရိုးရိုးသားသား
လုပ်တာမှ ဟုတ်ရဲ့လားဆိုပီး အထူး သံသယ ဖြစ်နေကြပါတယ်။”

ယခုအသစ် ဖေါက်လုပ်ရန် ရွှေးချယ်ထားသည့် ရထားလမ်းကြောင်းမှာလည်း ဘုရားပုထိုး အများအပြား ပျက်စီးနိုင်ပြီး မင်းစောမွန် ယာယီ နန်းရာကုန်း အပါအ၀င် ကိုးသောင်း ဘုရားအနီးမှ
ဖြတ်သန်း ဖေါက်လုပ်မည် ဖြစ်သဖြင့် ရထားလမ်း တုန်ခါမူကြောင့် ကိုးသောင်းဘုရားကိုပါ ရေရှည်တွင် ပျက်စီးစေနိုင်သည်ဟု ဒေသအတွင်းက သုတေသီ တစ်ဦးက ပြောသည်။

ကျောက်ဖြူတွင် တည်ဆောက်မည့် ဘိုးဘွားရိပ်သာ အကူအညီများ လိုအပ်နေ

1/25/2011

Adjust font size:

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့တွင် ဘိုးဘွားရိပ်သာတခုကို ထူထောင်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိရာ အဆိုပါ ဘိုးဘွားရိပ်သာအတွက် အကူအညီများ လိုအပ်နေကြောင်း
သတင်း ရရှိသည်။

ဒေသအတွင်း စေတနာရှင်များက ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး ကော်မတီတခုကို ဖွဲ့စည်းပြီး ယခုအခါ ဘိုးဘွားရိပ်သာအား စတင် အကောင်အထည်ဖေါ် ဆောင်ရွက် နေကြောင်းနှင့်
အဆောက်အဦး ပြီးမြောက်ရန် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ကျောက်ဖြူ ဘိုးဘွားရိပ်သာ အဆောက်အအုံကို ကျောက်ဖြူမြို့ ဥပစာ ကောလိပ်ဟောင်း အနီး မြေဧက ၅ ဒသမ ၂ ဧကရှိမြေပေါ်တွင် ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့မှာ ရခိုင်ပြည်နယ်မှ ဒုတိယ အကြီးဆုံး ခရိုင်မြို့ကြီး တမြို့ဖြစ်သော်လည်း ဘိုးဘွားရိပ်သာ မရှိသေးသဖြင့် အသက် အရွယ် ကြီးမြင့်ပြီး ခိုကိုးရာမဲ့ နေသူ
အဘိုးအဘွားများအား ကူညီစောင့်ရှောက်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ခိုကိုးရာမဲ့ သက်ကြီးအဘိုးအဘွားများအား စစ်တွေမြို့ ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာ၊ တောင်ကုတ်မြို့ ဘိုးဘွားရိပ်သာ၊ သံတွဲမြို့ ဘိုးဘွားရိပ်သာ များ ထူထောင်
ထားရှိပြီး ကူညီစောင့်ရှောက်ခြင်းလုပ်ငန်းများ ပြုလုပ်နေကြသည်။

ကျောက်ဖြူမြို့တွင် သက်ကြီးရွယ်အိုများ နားနားနေနေ လာရောက်တရားသီလ ဆောက်တည်နိုင်သည့် တရားစခန်းအသွင် ရိပ်သာတစ်ခုသာ ရှိပြီး တခြား စောင့်ရှောက်မည့် နေရာ
မရှိသဖြင့် ဘိုးဘွားရိပ်သာ တစ်ခု ပေါ်ပေါက်လာမည်ဆိုပါ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများ အတွက် အထူး ကျေးဇူးရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့ ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းလိုသူများ အနေဖြင့် ကျောက်ဖြူမြို့ ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး ကော်မတီ (ဖုန်း-၀၃၄-
၄၆၈၅၇) သို့ ဆက်သွယ် ကူညီ လှူဒါန်းနိုင်ပါသည်။

http://www.narinjara.com/burmese.asp

မယ်လမုဘုရားပွဲတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တော်လှန်ရန် လှုံ့ဆော်စာများ ကြဲချ

Posted by admin on January 24, 2011

ယနေ့ ၂၃-၁-၂၀၁၁ ည ရး၃၀ နာရီခန့်က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ မယ်လမုဘုရားပွဲ အတွင်း လူစည်းကား ချိန်မှာ စစ်ဆန့်ကျင်ရေး လူငယ်များအစည်းအရုံး အမည်ဖြင့်
ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်တော်လှန် ကြရန် လှုံ့ ဆော်စာများ ကြဲဝေသွားသည်။ ကြဲဝေသွားသည့် လှုံ့ဆော်စာများကို လူငယ်များ စိတ်အားထက် သန်စွာ လိုက်လံ ကောက်ယူ
ဖတ်ရှုနေကြကြောင်းပါ တွေ့မြင်ရသည်။

ကြဲဝေသွားသည့်စာမှာ အောင်ပါအတိုင်း ရေးသားထားသည်။

လူငယ်အပေါင်းတို့ …

လူငယ်အပေါင်းတို့ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာ တို့လူငယ်တွေကို စစ်အာဏာပိုင်တွေလက်အောက် အဓမ္မ လက် မြှောက်အရှုံးပေးခိုင်းပြီး အညွန့်ချိုးတဲ့ ဥပဒေဖြစ်တာမို့ တိုလူငယ်တိုင်း
ဆန့်ကျင်တော်လှန်ကြပါ။

တို့တိုင်းရင်းသားမောင်နှမတွေရဲ့ ဘဝအိုးအိမ်တွေကို ဖျက်ဆီးရိုက်ချိုးသတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ထိုးစစ်တွေ မှာ တို့လူငယ်တွေရဲ့ သန့်စင်တဲ့ လက်တွေကို သွေးစွန်းစေမှာမို့ ဒီ
ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်တော်လှန်ကြပါ။

တို့ပြည်သူတွေရဲ့ ဘဝကို လုံခြုံပြည့်စုံစေမယ့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို နှိပ်ကွပ်ချေမှုန်းမယ့် ပြည်သူ့စစ်မှု ထမ်း ဥပဒေနဲ့အတူ အတုအယောင် လွှတ်တော်အစိုးရကို
ဆန့်ကျင်တော်လှန်ကြပါ။

စစ်ဆန့်ကျင်ရေး လူငယ်များ http://www.naytthit.net

နအဖ တပ်သားငယ် ၂ဦး ကေအဲန်ယူထံ ထွက်ပြေးလာ

Submitted by Karen Information Center on Tuesday, 25 January 2011No Comment

ဇန်န၀ါရီလ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စ)ီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KNU တပ်မဟာ(၆)သို့ နအဖ စကခ(၅)လက်အောက်ခံတပ်ရင်း ခမရ(၅၄၃)မှ တပ်သားနှစ်ဦးဖြစ်သူ မောင်ဝဏ္ဏ ၁၈နှစ်နှင့် မောင်ဝင်းဘို
၂၀နှစ်တို့သည် ဇန်န၀ါရီ ၂၃ရက်နေ့က နယ်မြေခံ KNLA တပ်ရင်း (၁၇)ထံ ထွက်ပြေးရောက်ရှိလာသည်ဟု သိရှိရသည်။

ထွက်ပြေးရောက်ရှိလာသည့် မောင်ဝင်းဘိုက “ကျနော်က စစ်သားမလုပ်ချင်ဘဲ အတင်းအဓမ္မ စစ်တပ်အတွင်း အသွင်းခံရ တာပါ။ လက်ဖက်ရည်ဆိုင်မှာ အဆွဲခံရပြီး မေမြို့
စစ်သင်တန်းကျောင်းက ဆင်းလာတာနဲ့ ဒီကို အပို့ခံရတယ်။ ဒီရှေ့တန်းနယ် မြေကို ရောက်လာတာ ၇ရက်ပဲ ရှိပါသေးတယ်။ စစ်သားမလုပ်ချင်တော့လို့ အသက်စွန့်ပြီး
ထွက်ပြေးလာတာပဲ။”ဟု ကေအိုင်စီ ကို ပြောသည်။

ယင်းသို့ ထွက်ပြေးလွတ်မြောက်လာသည့် တပ်သားနှစ်ဦးကို KNLA တပ်ရင်း(၁၇)က ကေအဲန်ယူ၊ ဒူးပလာယာခရိုင်သို့ တာဝန် လွဲပေးခဲ့သည်။

ကေအဲန်ယူ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရေးမှူး(၂) စောအဲ့ဒို့က “အခုရောက်လာတဲ့ သူတို့နှစ်ဦးဟာ သူတို့ရဲ့ ခေါင်းဆောင် နာမည်မေးတာတောင် မသိဘူး။
တကယ့် တပ်သားသစ်တွေပဲ။ သူတို့ကတော့ အလုပ်ပဲ ပြန်လုပ်မယ် လို့ ပြောတယ်။ ကျနော်တို့က သူတို့သွားချင်တဲ့ နေရာကို အတတ်နိုင်ဆုံး ပို့ဆောင်ပေးသွားမယ်။”ဟု ဆိုသည်။

ယခု ထွက်ပြေးလာသည့် နအဖတပ်သားနှစ်ဦးနှင့်အတူ MA-3 သေနတ် ၂လက်၊ ကျည်အတောင့် ၄၀၀၊ နင်းမိုင်း ၁လုံးနှင့် လက်ပစ်ဗုံး ၁လုံး ပါလာခဲ့သည်ဟု ကေအဲန်ယူဘက်က
ပြောဆိုသည်။

လက်ရှိ KNU တပ်မဟာ(၆) ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နအဖ စကခ(၅)လက်အောက်ခံ ခမရ(၅၄၃) အပါအ၀င် နည်းဗျူ ဟာ(၂) လက်အောက်ခံ ခမရ(၂၈၃)၊ (၂၈၄)နှင့် (၃၂)တို့
လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

http://www.kicnews.org/
Monday, January 24, 2011

ပြည်ပ ခရီးသည် အလာနည်းတာ စီးပွားရေး ပိတ်ဆို့မှုကြောင့်လား၊ နအဖကြောင့်လား။


မြန်မာနိုင်ငံကို

ပြည်ပခရီးသည် ၀င်ရောက်မှု နည်းပါးနေတာဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့်လို့ လူအများက ထင်ထားကြပါတယ် ။ အမှန်တရားကို လူအများက အတ္တများနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး
ကိုယ့်ဘက် ဆွဲတွေးနေရုံနဲ့တော့ အမှန်တရားက ပြောင်းလဲ သွားမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုပထမဦးဆုံး အနေနဲ့ လက်ခံစေချင်ပါတယ် ။

ကမ္ဘာ့မြေပုံပေါ်မှာ အရမ်းကို ချစ်စရာ ကောင်းတဲ့ ကချေသည်လေး တစ်ယောက် ကကြိုးကကွက် ဆင်လို့ အသက်ဝင်နေတဲ့ ပုံပမာ လှပနေရှာတဲ့ ဗမာ့နိုင်ငံမြေပုံလေးက မြင်သူတိုင်း
နှစ်ခြိုက်စရာ ကောင်းသလို ရေမြေတောတောင် သယံဇာတတွေ ပြည့်လျှမ်းနေတဲ့ ဗမာနိုင်ငံရဲ့ မြေပေါ်ကို အလည်တစ်ခေါက် လာရောက် လည်ပတ်လိုသူတွေ အများကြီး
ဆိုတာကတော့ သေချာလွန်းလှပါတယ် ။ အင်မတန်မှ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီး သုံးယောက်ပမာ အလှည့်ကျ ၀င်ရောက် ကူညီ ဖျော်ဖြေပေးနေတဲ့ နွေမိုးဆောင်း ကလည်း
အခြားတိုင်းပြည်များနဲ့ ကွာခြားချက်က စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ် ။ ရွက်ဟောင်းတွေ ကြွေကြလို့ မိုးပေါက်လေးတွေ စတင်သက်ဆင်းလာတာနဲ့ အမေကို တွေ့လို့
ပြေးထွက်လာတဲ့ သားငယ်များပမာ အရွက်သစ်လေးတွေ ထိုးထွက်လာပုံက သက်ဝင်လုပ်ရှားလို့ မိုးရာသီရဲ့ အစများဟာ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းလွန်းလှပါတယ် ။

မိုးရေ ပက်ဖျန်းလို့ အရွယ်ရောက်လာတဲ့ စပါးပင်တွေ အချိန်လို့ ရင်မှည့်တဲ့အခါ ရွှေဝါရောင် စပါးခင်းများကြားမှာ လယ်သမားတို့ အလုပ်များတဲ့ အချိန် တော့ မိုးသားတွေကို
ရုပ်သိမ်းပြီးတဲ့ အခါ အလုပ်လုပ်နေသူတွေ အေးမြပါစေ လို့ ဆုတောင်းပြည့်တဲ့ ပုံပမာ ဆောင်းကညာရဲ့ ၀င်ရောက်လာပုံက ညက်ညောလွန်းလှပါတယ် ။ အဲဒီလို အချိန်များမှာ
အလုပ်ခွင်စောစောဝင်ကြတဲ့ လူအများက အေးမြမှုကို အန်တုဖို့ အတွက် မီးဖိုနားမှာ ၀ိုင်းစုကြပြီး ပူပူနွေးနွေး စားစရာလေးတွေကို လုပ်ကိုင်စားသောက်လေ့ ရှိတဲ့ အလေ့အထများဟာ
တိုးတက်ခေတ်မှီတဲ့ နိုင်ငံများမှာ တကူးတက လုပ်ဆောင်ကြတာကို သွားတွေ့ရပြန်တယ် ။ ဆောင်းရာသီ ကုန်ဆုံးလို့ နွေဝင်စ အချိန်အခါ သာယာလှတဲ့ မြန်မာပြည်ရဲ့ သဘာဝ
အလှဟာ ကမ္ဘာကျော် ပန်းချီဆရာ တွေရဲ့ စိတ်ကူးယဉ် ပန်းချီးကားထက် အများကြီးသာတာပေါ့ဗျာ ။

နိုင်ငံတကာက ကမ္ဘာလှည့် ခရီးသည်တွေကို လာရောက် လည်ပတ်နိုင်အောင် အစိုးရက အဓိက လုပ်ဆောင်ပေးရမှာက တရားမျှတမှု နှင့် လုံခြုံရေးပါဘဲ ။ 2007 ရွှေဝါရောင်မှာ
ဂျပန်နိုင်ငံက သတင်းထောက်ကို လူတွေ စောင့်ကြည့်နေတဲ့ အချိန်မှာတောင် ဖြစ်ချင်တာ ဖြစ် ပစ်သာပစ်ကွာ ဆိုပြီး တည့်တည့်ကြီး ဆော်ပစ်လိုက်တဲ့ အချက်က ကမ္ဘာလှည့်
ခရီးသွားတွေ ရင်ထဲကို စိုးရိမ်စိတ်တွေ ၀င် လာစေတာ အမှန်ပါဘဲ ။ ဒီလို အဖြစ်အပျက်တွေဟာ သတ်ဖြတ်ခြင်း အလုပ်မှာ ယဉ်ပါးနေတဲ့ စစ်သားတွေ အတွက် သိပ်မဆန်းဘူး
ထင်ရပေမယ့်
မြန်မာနိုင်ငံကို
လာရောက်လိုတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ နောက်တွန့်သွားစေခဲ့တယ် ဆိုတာ အုပ်ချုပ်ရေးပိုင်းက လူတွေ သိထားစေချင်သလို လက်ခံထားစေချင်ပါတယ် ။

တိုင်းတပါးသား ကို အသာထား ကိုယ့်နိုင်ငံသား အချင်းချင်း တောင် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်မရဘဲ အစစ်ဆေး အမေးမြန်းထူလွန်းတဲ့ အချက်များက အပန်းဖြေ အနားယူဖို့
လာရောက်ကြတဲ့ ခရီးသွားများ စိတ်ရှုပ်ဖွယ်ရာ ခံစားသွားရတာလည်း သတိထားပြီး ပြင်စေချင်ပါတယ် ။ဝမ်းစာအရေးကို ခက်နေသေးတဲ့ ပြည်သူ့ဝန်ထမ်းများကလည်း ဂွင်မပါရင်
ဘယ်အခါမှ အလုပ်မလုပ်ချင်တော့လို့ စီမံချက်ဟူ၍ တမျိုး ၊ ဥပဒေထုတ်၍ တဖုံ လုပ်စားနေတာကို ကြုံရတဲ့ ခရီးသွားက စိတ်ပျက်လို့ ညည်းညူသွားကြတာ အမှန်ပါဘဲ.....။

အချို့ ကမ္ဘာလှည့် ခရီးသည်တွေ ကြတော့လည်း အားနည်းချက်တွေကို ခဏမေ့ထားပြီး ရောက်ဖူးချင်ဇော အားကြီးလို့ လာရောက်ပြီး နောက်တခါ မြန်မာနိုင်ငံဆို လှည့်မကြည့်ချင်
လောက်အောင် ဖြစ်သွားတတ်တဲ့ မြန်မာနိုင်ငံသားတို့ရဲ့ အကျင့်ဆိုးလေးတွေကိုလည်း ထင်ရှားလွန်းလှပါပေတယ် ။ ။ သူများနိုင်ငံသားတွေက ဂျင်ပေါ်က ထုံး ဆိုရင်
ဗမာနိုင်ငံသားတွေက ထုံးပေါ်က လေပွေလို့ ခေါ်ရလောက် အောင် လိမ်လည် လှည့်ဖျားခြင်း အတတ် မှာ ပါရဂူမြောက်နေတဲ့ ကောက်ကျစ်တဲ့လုပ်ရပ်လေးတွေကိုလည်း
ကိုယ်ကျင့်တရားလေးနဲ့ ပြန်ထိန်းပေးစေချင်ပါတယ် ။

နောက်တစ်ချက်က သဘာဝကို စနစ်ကျစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ လည်း အထူး လိုအပ်ပါတယ် ။ ခန္စာကိုယ်မှာ သွေးကုန်ခမ်းလို့ ခြောက်နွမ်းသွားသလို ဖြစ်သွားတဲ့
အင်းလေးကန်ကြီး က ညီးတွား နေရှာတဲ့ ပုံရိပ်တခုဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စနစ် ကို ညွှန်းဆိုပြနေတယ် ဆိုတာ မမေ့ပါနဲ့အုံး ။ ကမ္ဘာမှာ ခြေနဲ့လှေလှော်ကြတဲ့
အလေ့အထ နဲ့ ရေပြင်အလယ်မှာ တည်ထားတဲ့ အင်းလေး ဖော်တော်ဦး စေတီတော်ကို ကို မြင်ဘူးချင်လို့ လာရောက် ရှုစားကြတဲ့ လူအများ တွေ့မြင်ရလိုက်တဲ့ ရေခန်းနေတဲ့
အင်းလေးအိုင်ရဲ့ အက်ကွဲနေတဲ့ မြေသားတွေက ကမ္ဘာလှည့် ခရီးသွားတွေကို နောက်တခါ မလာမိအောင် သတိထားဖို့ အသိပေးလိုက်သလို ဖြစ်သွားပါတယ် ။

ပုံမှန်စီးဆင်းနေတဲ့ ရေစီးအားက အမှိုက်သရိုက်နဲ့ အညစ်အကြေးတွေကို သယ်ဆောင်သွားနိုင်ပေမယ့် သူတို့ခွန်အားများကို ဖြတ်တောက်ထားတဲ့ မြစ်ကြီးလေးသွယ်က


သူတို့ကိုယ်တောင် အနိုင်နိုင်နဲ့ ချီတက်နေကြတာကြောင့် မြစ်ကြမ်းပြင် မြင့်တက်လာတာကို ထည့်မတွက်ခဲ့ကြတာ သိပ်ကို မှားသွားပါတယ် ။ ချောင်းတွေ့ရင် ဆည်ဆောက် ၊
မြစ်တွေ့ရင် တံတားဖောက် ဆိုတဲ့ စီမံချက်တွေက ထိုးနှက်ချက်က သူတို့သားသမီးတွေကို မောင်ပိုင်စီးခံရလို့ အရင်က ငြိမ့်ညောင်းခဲ့သလောက် အခုတော့ ဒေါသပြင်းပြသွားတဲ့
မြစ်ကြီးလေးသွယ်ရဲ့ ကြုံးဝါးသံတွေက အမုန်းလှိုင်းသံတွေ ဆူညံလာခဲ့တဲ့ အကျိုးဆက်ကို ပိုးစိုးပက်စက် ခံနေရတဲ့ ပြည်သူလူထု ဘ၀ကလည်း တကယ့်ကို သနားစရာပါ ။

အင်မတန်မှ နုပျိုလှပတဲ့ မိန်းကလေးတစ်ဦးကို လောဘရမ္မက်အားကြီးသူတွေက သူတို့ အလိုဆန္ဒ ပြည့်ဝစေဖို့ အနိုင်ကျင့် ခံလိုက်ရနေတာကြောင့် ဘ၀ အလှ ညစ်နွမ်းသွား ရတဲ့
မြစ်ဆုံအလှ ကို မြင်တွေ့လိုက်ရတဲ့ ကမ္ဘာလှည့် ခရီးသွားတိုင်းက သူတို့ တိုင်းပြည်ကို ပြန်အရောက်မှာ မြန်မာနိုင်ငံဆိုတာ လူသားတွေတင် အနိုင်ကျင့်ခံရတာ
မဟုတ်ဘူး.........သဘာဝ အလှကိုပါ ဖျက်စီးနေတဲ့ လူသားတွေ အုပ်ချုပ်တဲ့ တိုင်းပြည်ပါလို့ ပြောကြားလိုက်တဲ့ စကားသံတွေက အတင်းပြောတာ မဟုတ်ပေမယ့် နောက်ထပ်လာဖို့
စိတ်ကူးထားတဲ့ ခရီးသွားတွေ ခြေဦးမလှည့်ချင်အောင် ဖြစ်သွားတတ်ကြတာကို အသိပေးချင်တယ်ဗျာ..။

တချိန်တခါက ညို့မှောင် အုပ်ဆိုင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ရိုးမကြီးတွေ အလှဟာ ကိုယ်ကျိုးအတ္တ အတွက် လူအများက တရားဝင် တဖုံ ၊ မတရား နည်းလမ်းသဖွယ် စီးပွားရှာလိုက်တဲ့
ဒဏ်များ အပြင် ကိုယ့်နိုင်ငံက သယံဇတကို ကိုယ်တိုင် ပြန်လည် အသုံးမချရဘဲ ထင်းမီးနဲ့ မီးသွေးကို အားကိုးနေရတဲ့ပြည်သူလူထုက လည်း အသုံးချခံရတော့ အင်မတန်မှ
တကယ့်ကို နှမြောစရာ ကောင်းလွန်းပါတယ် ။

ဆံပင်ရှည်လေးနဲ့ကျက်သရေ ရှိလှတဲ့မိန်းကလေးတစ်ယောက်ကို ခေတ်မှီအောင် ဆံပင်တိုပေးလိုက်တာ အားမရလို့ အခု ဂတုံးလုပ်ပေးဖို့ ကြိုးစားနေတာကို ရှက်လွန်းအားကြီးလို့


ရိုးမကြီးတွေ ငိုက်ရှိုက်နေရင်း အသိပေးတာက ဥတုရာသီ တောကိုမှီဆိုတဲ့စကားလေးကို သတိထားကြပါအုံးတဲ့ဗျာ... ။

နိုင်ငံတကာမှာ ရှေးဟောင်း ယှဉ်ကျေးမှုကို အမြတ်တနိုး တန်ဖိုးထားကြတာကို ကန့်လန့်တိုက်တာဘဲလား ၊ မသိလို့ဘဲ တမင်တကာ လုပ်တာလား မသေချာပေမယ့်
သေချာတာတခုကတော့ အသက်အရွယ်အိုမင်းနေတဲ့ အဖွားအိုကို မိတ်ကပ်တွေ အတင်းချယ်ပြီး မော်ဒယ်ပမာ ပွဲထုတ်ချင်နေကြတဲ့ ညဏ်မပါနဲ့ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေး
ပုံစံတွေ ကို စိတ်ပျက်နေရှာတဲ့ သမိုင်းဝင် အဆောက်အဦးတွေ က ပြောလိုက်တဲ့ မင်းတို့ လက်ထက်ကြမှ လုပ်ရပ်လေခြင်း ဆိုတဲ့ စကားသံကို ဟစ်ကြွေးနေသယောင် ခံစားမိတယ်ဗျာ ။

ဒီနေ့ ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ နိုင်ငံတော်တော်များများကို သတိထားကြည့်မယ်ဆိုရင် ပို့ဆောင်ဆက်သွယ်ရေး အခန်းဂဏ္ဍကို မေ့ထားလို့ မရပေမယ့် ကျနော်တို့
နိုင်ငံက ဥာဏ်ကြီး ရှင်များက ကျန်းမာရေးနဲ့ ညီညွတ်အောင် အစာကြေမယ် ၊ ရင်ချောင်စေအောင် လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ အလိုက်တသိ မွမ်းမံပေးထားတာ နေသားကျနေတဲ့
ကျနော်တို့ အတွက် မသိသာလှပေမယ့် ခရီးသွားတွေ စိတ်ပျက်သွားစေတာ အမှန်ပါဘဲဗျာ ။ နိုင်ငံတကာ ခရီးသည်တွေကို အသာထား ကိုယ့်နိုင်သားတွေတောင် တိကျတဲ့ ဈေးနှုန်းနဲ့
ဘယ်တော့မှ မတွေ့ဆုံရတဲ့ ပို့ဆောင်ဆက်သွယ်ရေး အခန်းဂဏ္ဍ က ပညာပြပုံလေးတွေ က မှတ်သားလောက်ပါပေတယ် ။

ကျနော်ရေးခဲ့တဲ့ အရာတွေဟာ အမှန်တွေလား အမှားတွေလား မြန်မာနိုင်ငံ အနှံ့အပြားမှာ မှီတင်းနေထိုင်ကြတဲ့ လူအများက အထူးကြိုးစားပြီး ဖြေကြားစရာ မလို မျက်တောင်
တချက်ခတ်လိုက် တိုင်း အားနည်း ချက် တချက်ကို တွေ့ရလောက်အောင် အဘက်ဘက်က ပြိုကျပျက်စီးနေတဲက မြန်မာနိုင်ငံက ခရီးသွားတွေကို မစွဲဆောင်နိုင်လို့ ခရီးသည်
အလာနည်းတာလား ၊ စီးပွားရေး ပိတ်ဆို့မှု ကြောင့် ခရီးသည် အလာနည်းတာလား စာဖတ်သူမှာ အသိဥာဏ် ရှိရင် စဉ်းစားကြည့် တာနဲ့ သိသာ ထင်ရှားနေပါတယ် ။ အခု ကျနော်
ပြောဆိုခဲ့တဲ့ ချို့ယွင်းနေတဲ့ အချက်တွေကို ပြည်လည် ပြင်ဆင်ပြီး စစ်မှန်တဲ့ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းမှု တွေ ပြန်လုပ်ရင် အရင်က သဘာဝ အလှနဲ့ ထင်ပေါ်ကျော်ကြားတဲ့
ကျနော်တို့ မြန်မာပြည်ကို မလာပါနဲ့လို့ အတင်း ဆွဲထားရင်တောင် ဇွတ်အတင်းဝင်လာမယ့် ကမ္ဘာလှည့် ခရီးသွားတွေ များလာမှာ မြင်ယောင်မိပါတယ် လို့ လေးစားစွာ
အကြံပြုတင်ပြချင်ါတယ် ။ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်ဘက်က ချို့ယွင်းချက်ကို မပြင်ဘဲ ခရီးသည် အလာနည်းတာ စီးပွားရေး ပိတ်ဆို့မှု ကြောင့်ပါလို့ မျက်လုံး စုံမှိတ်ပြီး အော်ရတာကို
ကြည်နူးနေကြသူများနဲ့ သူများယောင်တိုင်း လိုက်ယောင်တတ်တဲ့ လူအများလည်း ဆက်လက်ပြီး များများ အော်မယ်လို့ စဉ်းစားရင် ငါ့မှာ လူသားတို့ရဲ့ အသိဥာဏ် ရှိရဲ့လားလို့
နှိုင်းယှဉ် စဉ်းစားကြည့် နိုင်ပါစေ.။

ခင်မင်လေးစားလျှက်

ဗမာ့သွေး။
လူ့အခွင့်အရေးတိုးတက်ဖို့ အာဏာရှင် အစိုးရများကို ဖိအားပေးဖို့ လိုအပ်

2011-01-25

လက်ရှိ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ပြောင်းလဲလာဖို့ ဆိုရင် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရတွေအနေနဲ့ အာဏာရှင် အစိုးရတွေကို ထိရောက်တဲ့ ဖိအားတွေ
ပေးကြဖို့ လိုအပ်တယ်လို့ ဇန်နဝါရီ ၂၄ ရက် မနေ့က ထုတ်ပြန်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (HRW) ရဲ့ ၂၀၁၁ ခုနှစ် အစီရင်ခံစာက
တိုက်တွန်းလိုက်ပါတယ်။

Photo: Courtesy of Free Burma Rangers)

စစ်အစိုးရတပ်ဖွဲ့များနှင့် ၎င်းတို့ အဓမ္မ အလုပ်ခိုင်းစေသဖြင့် အထုပ်အပိုးများ ထမ်းနေရသော ပေါ်တာများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)

မနှစ်က လူ့အခွင့်အရေး အခြေအနေတွေကို ကြည့်ရင် ဥဇဘက်ကစ္စတန်၊ တပ်ခ်မန်နစ္စတန်နဲ့ အာဖရိကတိုက်က အာဏာရှင် နိုင်ငံတွေအပေါ် အနောက်နိုင်ငံတွေရဲ့ ပျော့ပျောင်းတဲ့
ဆက်ဆံရေးမူဝါဒဟာ သက်ဆိုင်ရာ အစိုးရ တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မတားဆီးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားတဲ့ နိုင်ငံစာရင်းထဲမှာ
မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး HRW ရဲ့ မူဝါဒရေးရာ ညွန်ကြားရေးမှူး Tom Malinowski က RFA ကို အခုလို ပြောပါတယ်။

လူ့အခွင့်အရေး အခြအနေကို ပြောမယ်ဆိုရင် တချို့နိုင်ငံတွေက တိုးတက်လာပေမဲ့ တချို့နိုင်ငံတွေက မတိုးတက်ပါဘူး။ မြန်မာနိုင်ငံက အခြေအနေဆိုရင် ရေဒီယို သောတရှင်တွေက
ပိုပြီးတောင်သိနေမှာပါ။ စစ်အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်အတွက် အထောက်အကူ မဖြစ်ခဲ့ပါဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပေမဲ့ အဓိက
အပြောင်းအလဲ ဖြစ်လာဖို့ စစ်အစိုးရက ဆက်လက် လုပ်ဆောင်တာ မတွေ့ရပါဘူးလို့ သူက ပြောသွားပါတယ်။

လူ့အခွင့်အရေး မြှင့်တင်ရေး အနောက်နိုင်ငံတွေရဲ့ကြိုးပမ်းချက် အထူးသဖြင့် ဥရောပသမဂ္ဂရဲ့ အခန်းကဏ္ဍမှာ အားနည်းချက်တွေ အများကြီး ရှိနေတယ်ဆိုတာ ဒီနှစ် အစီရင်ခံစာက
အဓိကေ ထာက်ပြထားပါတယ်လို့ Tom Malinowski က ဆိုပါတယ်။

HRW ရဲ့ ၂၁ ကြိမ်မြောက် နှစ်ပတ်လည် အစီရင်ခံစာမှာ နိုင်ငံပေါင်း ၉၀ ကျော်က လူ့အခွင့်အရေး အခြေအနေတွေကို သုတေသနပြု မှတ်တမ်းတွေနဲ့ ဖော်ပြထားပါတယ်။

စစ်ကြောရေးမှာ စိတ်ကြွဆေးသုံးမှုများ စုံစမ်းရေး အာရှ လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

2011-01-25

နိုင်ငံရေးမှုနဲ့ ဖမ်းထားသူတွေကို စစ်အစိုးရက စစ်ဆေး မေးမြန်းချိန်မှာ မူးယစ်ဆေးဝါး လျှို့ဝှက် တိုက်ပြီး ဖွင့်ဟ ဝန်ခံခိုင်းသလို၊ အဲဒီဝန်ခံချက်ကို တရားရုံးတင် အမိန့်ချတယ်ဆိုတဲ့
တိုင်ကြားချက်တွေနဲ့ ပတ်သက်ပြီး ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က ဝင်ရောက်စစ်ဆေးဖို့ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်မှာ
တိုက်တွန်းလိုက်ပါတယ်။

(Photo: AFP)

ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှု သုံးနှစ်မြောက် အထိမ်းအမှတ်အဖြစ် ဖိလိပိုင်နိုင်ငံ၊ မနီလာမြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး
အကျဉ်းသားများ လွတ်မြောက်ရေးနှင့် မြန်မာ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတို့အတွက် စက်တင်ဘာ ၂၄ ရက်က ကြွေးကြော် ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)

ဒီကိစ္စနဲ့ ပတ်သက်လို့ AHRC အဖွဲ့က မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးမင်းလွင်ဦးက RFA ကို အခုလို ပြောပါတယ်။

“နိုင်ငံရေးမှုတွေနဲ့ အဖမ်းခံရတဲ့ သန်းမြင့်အောင်တို့၊ ကိုညီညီထွန်းတို့ အဲဒီလို လူတွေကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက စစ်ကြော မေးမြန်းတဲ့အခါမှာ စိတ်ကို ပြောင်းလဲစေတတ်တဲ့
ဆေးဝါးတွေကို တိုက်ကျွေးပြီးတော့မှ စစ်ဆေး မေးမြန်းတယ်လို့ ကျွန်တော်တို့ သိရတယ်။ တချို့ဆိုလို့ရှိရင် ဒီ တရားရုံးမှာ စစ်ဆေးခံနေတဲ့အချိန်မှာပဲ ဆေးဝါးတွေရဲ့ အရှိန်ကြောင့်
ဆက်လက်ပြီးတော့ တရားစစ်ဆေး မစီရင်ပဲနဲ့ တရားခွင်ကို ရပ်လိုက်ရတဲ့ အခြေအနေထိ ဖြစ်တာကို ကျွန်တော်တို့ သိရတယ်။”

“ဒါတွေကို ICRC လို့ခေါ်တဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ဝင်ရောက် စစ်ဆေး မေးမြန်းပေးဖို့ ခွင့်ပြုသင့်တယ်၊ နောက်ပြီးတော့ လိုအပ်တဲ့ ဆေးဝါးတွေနဲ့ ဆေးကုသမှု ပေးသင့်တယ်
ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ဒီနေ့ ထုတ်ပြန် ကြေညာရခြင်း ဖြစ်ပါတယ်။”

AHRC ထုတ်ပြန်ချက် မိတ္တူကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အခြား နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကိုလည်း ပေးပို့ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အဖွဲ့တွေ အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စစ်အစိုးရ အာဏာပိုင်တွေကို ဆက်သွယ် မေးမြန်း ဆောင်ရွက်ဖို့ကိုလည်း အဲဒီပန်ကြားချက်မှာ ထည့်သွင်း
ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်မှာ စစ်ဌာနချုပ်အသစ်ဖွင့်ရန် လယ်ယာမြေများသိမ်းယူ

2011-01-25

စစ်အစိုးရက ရှမ်းပြည်နယ်တွင်းမှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသစ်ကို ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီး နောက်ပိုင်း ဒေသခံတွေရဲ့ လယ်ယာခြံမြေတွေ
အသိမ်းဆည်း ခံနေရတာကြောင့် ဒေသခံတွေ ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေး လာနေကြတယ်လို့ သိရပါတယ် ။

Photo: RFA / Tyler Chapman)

ရှမ်းပြည်နယ် ကျေးရွာတခုမှ သာမန်ပြည်သူများ နေ့စဉ်ဘဝ သွားလာလှုပ်ရှားနေပုံ ဖြစ်ပါသည်။ (Photo: RFA / Tyler Chapman)

အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှမ်းပြည်အလယ်ပိုင်းနဲ့ တောင်ပိုင်း နယ်နိမိတ်ကြား မြို့တွေဖြစ်တဲ့ ကွန်ဟိန်း၊ မိုင်းရှူးနဲ့ နမ့်ဆမ်မြို့တွေကို ရွေးချယ်ထားပြီး အဲဒီမြို့နယ်တွင်းက
လယ်ယာတွေကို သိမ်းဆည်းနေတာ ဖြစ်ကြောင်း ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးစိန်ကြည်က ပြောပါတယ်။

“အဲ သူတို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လာပြီးတော့ ရုံးစိုက်ဖို့၊ နောက်ပြီးတော့ ပညာရေး၊ ကျန်းမာရေး တခြားဌာနတွေရော လာပြီးတော့ ရုံးစိုက်ဖို့၊ နောက်ပြီးတော့ သူတို့ရဲ့ စစ်တပ်တွေ
ဘာတွေ လာထားဖို့ အထူးသဖြင့် တာလိမှာ အရှေ့အလယ်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်ရုံးကို အကြီးအကျယ် တိုးချဲ့နေတယ်၊ ပြင်ဆင်နေတယ်။”

“သူတို့ တိုးချဲ့ ဆောက်လုပ်နေတဲ့ နေရာတွေမှာ ဒေသခံလူထု၊ ကျေးလက် လူထုရဲ့ လယ်ယာ ခြံမြေတွေ အများကြီး ဧကပေါင်း ရာဂဏန်း အသိမ်းခံရတယ်၊ အဲဒါကြောင့် ဒီ
သုံးလေးမြို့နယ်က ကျေးလက် လူထုတချို့လည်း ထိုင်းနယ်စပ်တွေဖက်ကို ထွက်ပြေးလာတာ အများကြီးပဲ။ အခု တပတ် နှစ်ပတ်အတွင်းမှာ တရာ နှစ်ရာလောက် ရှိပြီ။”

စစ်အစိုးရရဲ့ စစ်ဌာချုပ်တွေ ရှိတဲ့ ဒေသတဝိုက်မှာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပြီး ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာဆိုရင် အခြေအနေတွေ ပိုမိုဆိုးဝါးကြောင်း
လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာတွေက ဆိုပါတယ်။

အခုလို စစ်တိုင်းဌာနချုပ်အသစ် တိုးချဲ့ဖွင့်လှစ်ဖို့ ပြင်ဆင်နေရတဲ့ အကြောင်းတွေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှမ်းသံတော်ဆင့်သတင်းစဉ်
အယ်ဒီတာ ဦးစိန်ကြည်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်းထားပါတယ်။

ကုမ္ပဏီသိမ်း ကျောင်းမြေကိစ္စ ယူနီဆက်ဖ်ကို အကြောင်းကြား

2011-01-25

ပုဂ္ဂလိက ကုမ္ပဏီတခုနဲ့ အာဏာပိုင်တို့ ပေါင်းပြီး သိမ်းယူထားတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က အမက (၂၆) မူလတန်းကျောင်း မြေနေရာ ပြန်ရရေးကိစ္စကို NLD ဗဟို ဥပဒေ
အထောက်အကူပြု အဖွဲ့က ယူနီဆက်ဖ်ခေါ် အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ဆီကို တင်ပြလိုက်တယ်လို့ သိရပါတယ်။

(Photo: AFP)

ကုလသမဂ္ဂ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဖြစ်သည့် စက်တင်ဘာ ၈ ရက်က ဘုန်းကြီးကျောင်းတခုမှ စာသင်ခန်းတွင် သင်ကြားနေသော ဆရာမနှင့် ပညာသင်ယူနေသော
ကျောင်းသားများကို ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

ရွှေဟိန်းထက်ကုမ္ပဏီက တရုတ်နိုင်ငံကို တင်ပို့မဲ့ ကျောက်စိမ်းတွေ ခွဲစိတ်တဲ့ အလုပ်ရုံအတွက် အဲဒီ ကျောင်းမြေနေရာ ၂ ဧကလောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ သိမ်းယူထားတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ လိုက်လံ ဆောင်ရွက်ပေးနေတဲ့ NLD အဖွဲ့ချုပ်ဝင် ဦးသက်ဝေက RFA ကို အခုလို ပြောပါတယ်။

“အမက ၂၆ ရဲ့ မြေပေါ့ဗျာ၊ အိုးအိမ်မှာလည်း မူလတန်းကျောင်းပိုင်မြေ ဆိုတာ ထွက်ထားပြီးသား။ ဒါပေမဲ့ အဲဒီမှာ ကုမ္ပဏီ လုပ်ငန်းပိုင်ရှင် တဦးကနေပြီးတော့ မြို့နယ် စည်ပင်သာယာရေး
ကော်မတီနဲ့ ပေါင်းပြီးတော့ အဲဒီ ၂ ဧကကျော်ကိုပေါ့ဗျာ၊ သူတို့ မတရား သိမ်းပိုက်လိုက်တယ်။ အဲဒါ ကျောင်းကနေပြီးတော့ တိုင်တာဗျာ၊ မြို့နယ် ပညာရေးမှူး၊ တိုင်းပညာရေးမှူး အဲလို
ပညာရေး ဝန်ကြီးဌာန တိုင်ပေမဲ့ ဘာမှ အရေးယူ ဆောင်ရွက်မှု မရှိဘူး။ မရှိတဲ့အခါကျတော့ အဲဒါနဲ့ ကျွန်တော်တို့ အဖွဲ့ချုပ်ကို လာပြီးတော့ အကူအညီ တောင်းတယ်။
တောင်းတဲ့အခါကျတော့ ဗဟိုက ဒီနေ့ပေါ့ဗျာ၊ ဘဘ ဦးတင်ဦးကနေ ဗဟို ဥပဒေ အထောက်အကူပြု အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ တင်ပြတဲ့ အထောက်အထားတွေ
ခိုင်လုံတဲ့အတွက် ဒီ ပညာရေးနဲ့ ပတ်သက်တဲ့အတွက် သူက ယူနီဆက်ဖ်က education section ကို ပို့တယ်။ ယူနီဆက်ဖ်က ဌာနေကိုယ်စားလှယ်ဆီကိုလည်း ပို့တယ်။”

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး လက်မှတ်ထိုးပြီး ဒီကနေ့ ယူနီဆက်ဖ်ကို တင်ပြလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ကျောင်းမြေနေရာကို အရင်က ကလေးတွေအတွက် ကျောင်း အားကစားကွင်း
ပြုလုပ်ထားတာပါ။ အဲဒီနေရာဟာ အဝေးပြေး လမ်းမပေါ်မှာ တည်ရှိပြီး စီးပွားရေး အကွက်အကွင်း ကောင်းတဲ့အတွက် အခုလို သိမ်းဆည်း ခံလိုက်ရတာလို့ ဆိုပါတယ်။

ဒီကိစ္စကို မိဘဆရာအသင်းနဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေကလဲ မကျေနပ်ကြဘူးလို့ သိရပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတတ်နိုင်ဆုံး တရားဥပဒေအရ
ရပ်တည်ပေးသွားမယ်လို့ ပြော ပါတယ်။
ဒီကျောင်းမြေနေရာပြန်ပေးဖို့ ပညာရေးဝန်ကြီးဌာန လက်အောက်ခံ အခြေခံပညာ(၃) ကလည်း ကုမ္ပဏီကို စာပို့ထားပေမဲ့ ကုမ္ပဏီက ခုချိန်ထိ ပြန်မရုပ်သိမ်းသေးဘူးလို့ သိရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို NLD လူငယ်ကန့်ကွက်

2011-01-25

စစ်အစိုးရရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ ပြည်တွင်းစစ် ဖြစ်နေတဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ ပြဌာန်းဖို့ မသင့်သေးတဲ့ ဥပဒေတရပ် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
(လူငယ်) က ဇန်နဝါရီ ၂၄ ရက် မနေ့က ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

AFP

၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်ဌာနချုပ်ရုံးတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်မြောက် အခမ်းအနားတွင်
လက်ချင်းချိတ်ဆက်ထားသော NLD အဖွဲ့ဝင်များ ဖြစ်ပါသည်။

ဒီဥပဒေကြောင့် ပြည်တွင်း လူငယ်ထုကြားမှာ စိုးရိမ်သောက ရောက်နေကြပြီး၊ တိုင်းပြည်အနာဂတ် အတွက် ဆိုးဝါးစေနိုင်တယ်လို့ ဝေဖန် ထောက်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ NLD
လူငယ်တာဝန်ခံ (၁) ကိုမျိုးညွန့်က RFA ကို အခုလို ပြောပါတယ်။

“လူငယ်တွေကြားထဲမှာ ကြောက်ကြလန့်ကြတာတွေ ရှိတာပေါ့။ တချို့ကျတော့လည်း စစ်မှုမထမ်းရအောင် ထွက်ပြေးမယ်ပေါ့။ နောက်လူငယ်တွေကျတော့လည်း ဘာဖြစ်လဲ


သေနတ်ရလို့ရှိရင် သေနတ်ပြောင်း ပြန်လှည့်မယ်ပေါ့။ ပြန်ချမယ်ပေါ့။ ဒါမျိုးလေးတွေ ကျွန်တော်တို့ မြင်ရတယ်။ ဒါရှေ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မကောင်းတဲ့
လက္ခဏာလေးတွေ တွေ့ရတယ်ဗျ။ ဒီဟာကြောင့် ကျွန်တော်တို့က ဒီဥစ္စာကို ကျွန်တော်တို့အနေနဲ့ သဘောထား ကြေညာချက် ထုတ်ပြန်ရတာပါ။”

မြန်မာနိုင်ငံအတွက် စစ်မှု မထမ်းမနေရ ဥပဒေ တကယ်လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာကို ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး၊ ပညာရှင်တွေက လိုအပ်တယ်လို့ ယူဆရင်တောင်
ပြည်သူ့ဆန္ဒ တောင်းခံပြီးမှ ပြဌာန်းသင့်တယ်လို့လည်း NLD လူငယ်အဖွဲ့က ထောက်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားကြား ပဋိပက္ခ ဖြစ်လာနိုင်တဲ့ အလားအလာ တွေ့ရတယ်လို့လည်း ဝေဖန်သုံးသပ်ထားပါတယ်။

စစ်အစိုးရဟာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြည့်သူ့ စစ်မှုထမ်း ဥပဒေလို့ နာမည်တပ်ပြီး နိုင်ငံတော် ပြန်တမ်းအဖြစ် ၂၀၁၀ ဒီဇင်ဘာလ ၁၇ ရက် နေ့စွဲနဲ့
ထုတ်ပြန်ထားပါတယ်။

NLD လူငယ်တာဝန်ခံ ကိုမျိုးညွန့်နဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။


က




်ေ

ြး

န်



က



ံဖို
င်

ူရ
န်

NLD ပါတီ ရပ်တည်ခွင့်အမှု သံတမန်များ စိတ်ဝင်စား

2011-01-25

ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လည်ပိုင်းက သြစတြေးလျား သံအရာရှိတဦး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ လာရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။
(Photo: RFA)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်သည့် ၂၂ နှစ်မြောက် အထိမ်းအမှတ်ကို ၂၀၁၀ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင်
ကျင်းပစဉ် တက်ရောက်သော ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အချို့ကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA)

လာရောက် တွေ့ဆုံသူမှာ အကြီးတန်း သံအရာရှိတဦး ဖြစ်တဲ့ Ms. Ruth Steward ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလို
ပြောပါတယ်။

“အော်ဇီက သံမှူးတယောက် လာတွေ့ပါတယ်။ ရုံးမှာပါ၊ ကျွန်တော်တို့ ဦးတင်ဦးနဲ့ ဦးဝင်းတင်ကို လာတွေ့တာ၊ ကျွန်တော်နဲ့ ဦးဝင်းထိန်နဲ့လည်း ရှိပါတယ်။ ဆွေးနွေးတဲ့
အကြောင်းအရာတွေကတော့ အစုံပါပဲ၊ ဒါပေမဲ့ သူက အဓိကကတော့ NLD မနေ့ကတုန်းက ရုံးကိစ္စပေါ့ဗျာ၊ အဲဒီ ရုံးကိစ္စကို နည်းနည်း စိတ်ဝင်စားပုံ ရပါတယ်။”

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ အန်အယ်ဒီရဲ့ သဘောထားတွေကို သိရှိလိုတဲ့ အတွက် လာရောက် ဆွေးနွေး မေးမြန်းတာလို့ ဆိုပါတယ်။ အဓိက အနေနဲ့ ဗဟိုတရားရုံးမှာ
အန်အယ်ဒီ ပါတီရဲ့ တရားဝင် ရပ်တည်မှုဆိုင်ရာ အမှုကိစ္စကို အထူး စိတ်ဝင်စားပုံ ရတယ်လို့ သိရပါတယ်။

ညနေပိုင်းမှာတော့ ဗန်ကောက်မြို့က ရောက်လာတဲ့ ထိုင်းနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးနဲ့ ဇနီးကို ဒေါ်အောင်ဆန်းစုကြည်က နေအိမ်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

အလားတူ ဒီကနေ့ အန်အယ်ဒီ ရုံးချုပ်မှာ နိုင်ငံရေး အကျဉ်းသားတွေကို တဦးချင်း တာဝန်ယူရေးအတွက် မဲနှိုက်တာကို ဆက်လက် လုပ်ဆောင်လျက် ရှိပါတယ်။ အခုချိန်ထိ နိုင်ငံရေး
အကျဉ်းသား ၃၀၀ ကျော်လောက်အတွက် တာဝန်ယူမဲ့သူတွေ ရရှိထားပြီး ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။

နေပြည်တော်အသွား ကားမှောက်၍ ဂျပန်တဦးနှင့် မြန်မာအရာရှိသေဆုံး

2011-01-25

ရန်ကုန်- ပျဉ်းမနား နေပြည်တော် အမြန်လမ်းမကြီးမှာ ဇန်နဝါရီလ ၂၂ ရက် စနေနေ့ည က ကားမှောက်မှု တခုဖြစ်ပွားခဲ့ရာမှာ အတွက် ဂျပန်လူမျိုး တဦးနဲ့ မြန်မာအရာရှိတဦး
သေဆုံးသွားကြောင်း ဂျပန်တိုင်းမ်စ် သတင်းစာက ဖော်ပြပါတယ်။

(Photo: AFP)

ယာဉ်များ မောင်းနှင်သွားလာနေစဉ် နေပြည်တော်သွား အဝေးပြေးလမ်းမကြီးကို အလုပ်သမားများ ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

သူတို့ဟာ ရန်ကုန်က နေပြည်တော်ကို ကားနဲ့အသွား ကားတိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ ဂျပန်လူမျိုးဟာ ဟိဒဲကီ ဟာဆဲဂါဝ အမည်ရှိ အသက် ၄၀ ကျော်အရွယ် သွားဆရာဝန် တယောက်လို့ သိရပြီး၊ သေဆုံးသူ မြန်မာအရာရှိကတော့ ရထားပို့ဆောင်ရေး
ဝန်ကြီးဌာနက အရာရှိ တဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ကားပေါ်မှာ ပါလာသူ တခြား မြန်မာအရာရှိ နှစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံ တင်ထားရပါတယ်။

အသစ် ဖောက်လုပ်ထားတဲ့ ရန်ကုန-် နေပြည်တော် ကားလမ်းသစ်ဟာ ရန်ကုန်မြို့ ထောက်ကြံ့ကနေ ပျဉ်းမနား တပ်ကုန်းအထိ ၁၀၅ မိုင်ရှည်လျားတဲ့ ၁၂ လမ်းမောင်း ကွန်ကရစ်
အမျိုးအစား ကားလမ်း ဖြစ်ပါတယ်။ ကားလမ်း ဖောက်တာ မကြာသေးပေမဲ့ မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှု အဖြစ်များဆုံး နဲ့ လူသေဆုံးမှု အများဆုံး ကားလမ်းတခု ဖြစ်လာတယ်လို့
ဒေသခံတွေက ပြောပါတယ်။

“အဲဒီလမ်းက ဖြောင့်တယ်၊ လမ်းဘေးမှာ သတိပေး ဆိုင်းဘုတ်တွေ ရှိတယ်။ အဲဒီမှာလည်း ရေးထားတယ်၊ တနာရီ မိုင် ၆၀ မကျော်ရ၊ ၆၀ ကျော်ရင် သေမယ်ဆိုပြီးတော့။ အားလုံး
အချက်ပြတွေ ဘာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ထူးခြားတာက ညဖက်ကျရင်တော့ မောင်းလာရင် မီးမရှိဘူး။ မီးမရှိတဲ့အထဲမှာ အဓိက မှောက်တယ်။”

အဲဒီ လမ်းမှာ ကားမှောက်လို့ သေဆုံးသူတွေထဲမှာ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းရဲ့ မြေးဖြစ်သူနဲ့ အစိုးရအရာရှိကြီးတွေ မိသားစုတွေလည်း ပါဝင်ပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး
မြင့်ဆွေလည်း ရွေးကောက်ပွဲ မတိုင်ခင်က အဲဒီလမ်းမှာ ကားမှောက်လို့ ဒဏ်ရာ ရခဲ့ဖူးပါတယ်။

နေပြည်တော်ခရိုင်မှာ ၂၀၁၀ ခုနှစ်အတွင်း ယာဉ် မတော်တဆ ဖြစ်ပွားမှု ကြောင့် သေဆုံးသူ ၁၇၀ လောက် ရှိတယ်လို့ ပျဉ်းမနား နေပြည်တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ
စာရင်း အရ သိရပါတယ်။

http://www.rfa.org/burmese/

You might also like