You are on page 1of 38

Object 1

Wednesday, January 26, 2011

ယခင်ဦးပိုင် ယခုမောင်ပိုင် အကြောင်း တစေ့တစောင်း...

မြန်မာ့စီးပွားရေး လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားတဲ့ ဦးပိုင်ရဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးတင်အေးရဲ့ ချမ်းသာသမျှ ဆိုပြီး GRW မှ


အတွင်းသိ ပေးပို့လာတာကို အားလုံးသိအောင် ဖော်ပြလိုက်ရပါတယ်...

ကိုဒီမို ဘလော့(ဂ်)မှာ ဦးပိုင်အကြောင်းပါလို့ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး အကြောင်းနဲ့ အောက်ခြေ စစ်သည်တွေရဲ့ ဘဝတွေအကြောင်း


ရေးသားပေးပို့လိုက်ရပါတယ်။ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး လောက်မပြောနဲ ဦးပိုင်က အစွယ်အပွားတွေ တောင်ချမ်းသာတာ။
ဦးတင်အေးအိမ်မှာ သူတို့လက်ထဲမှာ သိန်း ၃ သောင်း အထက်ရှိတယ်။ တစ်နေ့တစ်သိန်း သုံးတယ်ထား တစ်နှစ် သိန်း၃၆၀နဲ့ နှစ်တစ်ရာကျော်
ထိုင်စားလို့ရတယ်..။ု သိန်း၃သောင်းကျော်နော် စဉ်းစားသာကြည့် သူတို့ကို နိုင်ငံတော်က ပေးထားတဲ့ ကားတင်ပဲ
သိန်း၂ထောင်ကျော်တန်တယ်..။ သူတို့စီးဖို့ပေါ့နော် အဲ့လိုမျိုး လိုင်စင်ဆို သူတို့ပဲရတာ။ လန်ခရုဆာလို အဖြူတွေ . ဦးတင်အေးက သား၂ ယောက်
သမီးတစ်ယောက်လေ...။ မိန်းမနာမည်က ဒေါ်ကြည်ကြည်အုန်း ..။ သားအငယ် ဥက္ကာအေးက အရင်တိုင်မှုး PSO ခု တော့ ဗိုလ်မှုးပေါ့..။
နောက်အကိုကြီးက ဇော်မင်းအေး သူလည်း စီးပွားရေးသမားပဲ..။ ဒါပေမယ့် နာမည်မထွက်ဘူး ရွှေမန်းသားတွေလိုတော့...။ အဲ့တော့
တွက်ကြည့်ပေါ့..။ .. ကား၊ စိန်၊ အိမ်.. သိန်း၃သောင်း အထက်ရှိတယ်။ ဦးတင်အေးတို့ အဆင့်ဆိုရင်... နှစ်တရာ စားမကုန်ဘူး.. အခုခေတ်
အလုပ်လုပ်တဲ့ သာမန် သူဋ္ဌေးတွေတောင် သိန်းကို ထောင်ဂဏန်းတော့ ရှိတယ်လေ။ နည်းနည်းပိုချမ်းသာရင် သောင်းဂဏန်းရှိမယ်..။ သူတို့က
အလကားရတဲ့ငွေတွေက သိန်းကို သိန်းချင်းထပ်နေတာ..။
အိမ်ကနေ စတွက်ကြည့်ရအောင် ဦးတင်အေးတို့နေတဲ့ ရန်ကုန်က မီးမပြတ်တဲ့ ဗိုလ်ချုပ်ရွာ အကျယ် ပေ၁၀၀ပတ်လည်.. အိမ်တွေရဲ့ ဈေးက
သိန်း ၅ထောင် လောက်တော့ရှိတယ်။ ကဲကား တွက်ကြည့်ရအောင် နိုင်ငံတော်က ပေးထားတဲ့ လောလောဆယ် ပြန်ရောင်းလို့တော့ မရတဲ့
လန်ခရုဆာလို အဖြူကားက အနည်းဆုံး သိန်း ၂၀၀၀ နီးပါးရှိတယ်..။ သူတို့ အိမ်မှာရှိတဲ့ ကားတွေ ကြည့်ရအောင် ဇူဇူကီးလေ. လက်ရှိ
အနည်းဆုံး ၂၀၀နဲ့တွက် အိမ်တိုင်းရှိတယ်။ ဗိုလ်ချုပ်အဆင့်တွေရတဲ့ ပရာဒို သိန်း ၂ ထောင်နဲ့တွက် ဆလွန်းအကောင်းစား သိန်း
၁ထောင်တန်ရှိတယ်။ အနည်းဆုံး ၄စီးနဲ့ တွက်လိုက်တယ်.......။ နေ့စဉ် အန်တီကြီးတွေ ၀တ်သောအရာများ နားကပ် သိန်း ၄၀၀ လက်စွပ်သိန်း
၂၀၀ ဆွဲသီး သိန်း ၇၀ လက်ကောက် သိန်း ၅၀ ဒါနေ့စဉ် ၀တ်တာကို တွက်ပြတာနော်...။ ဒါလက်ရှိမြင်ရတာကို တွက်ပြတာ..။ မမြင်ရတဲ့
အတွင်းပစ္စည်း ဘယ်လောက်ရှိမယ်ဆိုတာ စဉ်းစားကြည့်..။

ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်ကို ဖမ်းတုန်းက ရွှေချောင်းတွေ ဒေါ်လာတွေ ဖမ်းမိတာ အားလုံးအသိပဲလေ..။ လက်ရှိ နအဖခေတ်မှာ


သာမန် စီးပွားရေးလုပ်နေပါပီဆိုတဲ့ ကားစီးနေတဲ့ သူဌေးတစ်ယောက်မှာ သိန်း ၁ထောင်နဲ့ပဲတွက်ပြီး သူတို့မှာ ရှိတာတွေကို
တွက်ကြည့်တာလေ...။ သူရရွှေမန်းတို့ ဆိုရင်တော့ သိန်းကို သိန်းချင်းထပ်နေတာ..။ ဗိုလ်ချုပ်ကြီးတွေ ချမ်းသာတာကို ကြည့်ပြီး
ဗိုလ်ချုပ်တွေရော ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေပါ ချမ်းသာချင်ပြန်ရော.. အဲ့တော့ ၀န်ထမ်းတွေထဲက ပေးနိုင်သူကို နေရာပေးရော..။ စားရတဲ့
နေရာပေးတော့ မတရားတာလုပ်ရော ..၀န်ကြီးဌာနတွေမှာ ၀န်ကြီးထက် ဒုဝန်ကြီးတွေ ကပိုဆိုးတယ်။ အဲ့ဒီတော့ ဘယ်လိုလုပ်
ကောင်းတော့မလည်း ဒီနိုင်ငံ။

ကဲမြင်သလောက် ပြောကြရအောင် ပြီးခဲတဲ့နှစ် တောင်ကြီး သင်္ကြန်မှာ အရှေ့ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်း မဏ္ဍပ်က အစည်ဆုံးပေါ့ ..။ ရန်ကုန်က
အဆိုတော်တွေ နဲ့စည်လို့ကားလို့ အဆိုတော်တွေ အလကားတော့ မဆိုကြပါဘူး...။ အာဇာနည် ၃ရက် သိန်း၁၀၀နီးပါး ရှင်းရတယ်..။ ၃ရက်ကို
သိန်း (၃၀) နီးပါး အဆိုတော် တွေလည်းပါတယ်..။ တောင်ကြီးလိုနေရာမှာ သကြီန်အတွက်ကို သိန်း ၅၀၀ကနေ ၁၀၀၀အတွင်း သုံးတယ် .။
ဘယ်ကပိုက်ဆံလည်း အဲ့ဒါ ...စပွန်ဆာတွေ ဆီကဆိုရင် လည်း စပွန်ဆာဘယ်သူက အလကားပေးမလည်း။ ခုထိတောင်ကြီးဘက်မှာ
သစ်ခိုးထုတ်တဲ့ လမ်းတွေ ဘိန်းလမ်းကြောင်းတွေက ရှိနေတုန်းပဲ။

ကဲ အဲ့လို့ ပိုက်ဆံတွေ အကုန်ခံပြီး ပျော်ပွဲရွှင်ပွဲတွေကို စစ်တပ်ထဲမှာ ဖိနပ် တောင် သားသမီးကို မဆင်နိုင်တဲ့ စစ်သားတွေ မိသားစုတွေ....
ဆေးကုဖို့ မရှိလို့ ကင်ဆာနဲ့ ဆုံးကြတဲံ့မိသားစုတွေ၊ ကျောင်းမတတ်နိုင်လို့ ကျောင်းထွက် ထင်းခွေရတဲ့ သူတွေဟာ သူတို့ အတွက်
လိုအပ်ချက်တွေ အများအတွက် .. လိုအပ်တာတွေ မသုံးပဲ တပျော်တပါး မလိုအပ်တဲ့နေရာမှာ သုံးနေကြတာ နားမလည်နိုင်ဘူး။
စစ်သားမိန်းမတွေ မလောက်ငှလို့ ညဘက်ထွက် ညဥ့်ငှက်လုပ်နေကြသူတွေ အများကြီးပဲ။ တစ်ခါက တပ်ထဲကို စာရင်းစစ် လာမယ်ပြောလို့
စာရင်းစစ်တွေအတွက် လိုအပ်ရင် ကျွန်မတို့ကိုပဲ ခေါ်ပါလို့ ပေါ်တင်ပြောတဲ့ စစ်သားမိန်းမလေး တွေကိုမြင်ဘူးလို့ပါ..။

ဒါကလောလောဆယ် သိသမျှ ပါးပါးလေး ရေးသားလိုက်တာပါ..။ ဒီထက်ဆိုးတာတွေ အများကြီး ရှိပါသေးတယ်..။ အခုမကြာခင်


တရားမဝင်စားနေတာကနေ နောက်တစ်ပတ်လောက်ကြာရင် တရားဝင် ဥပဒေနဲ့ စားနိုင်တော့မယ်လေ..။ လွှတ်တော်ထဲ ၁၀ရာခိုင်နှုန်းတောင်
မပြည့်ချင်တဲ့ အတိုက်အခံတွေလည်း ပြည်သူ့အတွက်ပဲ ဖြစ်လာမလား ကိုဒီမိုရေးသလို အများလို အနည်းစားခြေပဲ ဖြစ်ပြီး အလိုတူ အလိုပါ
ကြံရာပါတွေပဲ ဖြစ်မလား ဆိုတာ အားလုံး စောင့်ကြည့်ကြတာပေါ့ ကိုဒီမိုရေ...နောက်အချိန်ရရင် ထပ်ပြီးပို့ပေး လိုက်ပါဦးမယ်..။

လေးစားစွာဖြင့်

GRW အတွင်းသိ...။

GRW အတွင်းသိ... ရဲ့ ဒီပဲယင်း တရားခံ စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း တစ်စေ့တစ်စောင်း.... ပြန်ဖတ်ချင်ရင်..
http://www.demowaiyan.co.cc/2010/07/generals-and-their-relatives-watchers.html

Object 2
Saturday, July 24, 2010

ဒီပဲယင်း တရားခံ စက်မ(ှု ၁) ဝန်ကြီးဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း တစ်စေ့တစ်စောင်....


စက်မှု(၁)ဝန်ကြီးအောင်သောင်း နေထိုင်တဲ့နန်းတော်သမျှ ခမ်းနားတဲ့ နေအိမ်အကြောင်းကို (Generals and their relatives watchers GRW
စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့) အတွင်းသိမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။

ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီး အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူတွေထဲက အဓိက တရားခံ


ဖြစ်တဲ့ စက်မှု(၁)ဝန်ကြီးအောင်သောင်းဟာ ပြည်သူဘဏ္ဍာငွေတွေနဲ့ မသထာရေစာစားပြီး ဆောက်လုပ် နေထိုင်တဲ့ အိမ်ကတော့ နန်းတော်တမျှ
ခမ်းနားပါတယ်။ အင်းစိန်လမ်းမပေါ်ကနေ ကြည့်လိုက်ရင် ဦးအောင်သောင်းရဲ့ အိမ်ကိုလှမ်းမြင်ရပါတယ်။ လှိုင်ရတနာမွန်အိမ်ယာရဲ့
ထိပ်ဆုံးထောင့်ကခြံပါ ... လှိုင်ရတနာမွန်အိမ်ယာ ဧရိယာရဲ့ တစ်ဝက်ကျော်လောက်ရဲ့ အကျယ်အဝန်းက ဦးအောင်သောင်းရဲ့
ခြံအကျယ်အဝန်းပါပဲ။ လမ်းရဲ့ တဘက်ခြမ်းမှာတော့ ယခင် ဘိန်းဘုရင်ဟောင်းခွန်ဆာရဲ့ အိမ်ရှိပါတယ်။ ခြံအကျယ်အဝန်းကတော့
တော်တော်လေး ကျယ်ဝန်းပါတယ်။ အုတ်တံတိုင်းကတော့ လူနှစ်ရပ်စာရှိပြီး အုတ်တံတိုင်းမှာ ကပ်ထားတာကတော့ Granite ကြွေပြားတွေပါတဲ့..
ဟိုတယ်ကြီးတွေမှာသာ အသုံးပြုနိုင်တဲ့ ကျောက်တောင်ကနေ အချပ်လိုက် ဖြိုချရယူရတဲ့ ဈေးကြီးတဲ့ ကျောက်ပြားတွေကို ခြံပတ်ပတ်လည်မှာ
ကပ်ထားပါတယ်။ ခြံတစ်ခါးကတော့ ဟိုက်ဒရောလစ်နဲ့ ဖွင့်ရပါတယ်.....။

ခြံထဲဝင်လိုက်ရင် ညာဘက်မှာ ကားဂိုဒေါင်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ အကျယ်အဝန်းဟာ မျက်နှာစာကြီးပဲ ပေ(၃၀)ရှိပါတယ်။ ကားတွေကြီးပဲ


(၁၀)စီးကျော်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ ဘေးမှာတော့ ဦးအောင်သောင်း ပျင်းရင်ရိုက်ဖို့ အတွက် ဂေါက်ကွင်းရှိပါတယ်။ ဂေါက်ကွင်းရဲ့
ဘေးမှာတော့ ဦးအောင်သောင်း မိန်းမ ဒေါ်ခင်ရီရဲ့ သစ်ခွခြံရှိပါတယ်.... ဒေါ်ခင်ရီ အလှစိုက်တဲ့ သစ်ခွခြံဟာ နိုင်ငံခြား သစ်ခွမျိုးတွေကို
မှန်လုံခန်းနဲ့ လုပ်ထားပြီး အထဲမှာ အဲယားကွန်းတွေ အပြည့်တပ်ထားပါတယ်။.. ဂေါက်ကွင်းရဲ့ ဘေးမှာတော့ တင်းနစ်ကွင်း တစ်ကွင်း
ထပ်လုပ်ထားပါတယ်။ ဒါကတော့ ဦးအောင်သောင်းရဲ့ အိမ်ဝင်ဝင်ခြင်း ညာဘက် အခြမ်းမြင်ကွင်းပါ..။

ခြံရဲ့ ဘယ်ဘက်ခြမ်းမှာတော့ ဦးအောင်သောင်းရဲ့ အိမ်ဆောက်ထားပါတယ်.. ဆင်ဝင်ပေါ်တီခုံမှာ တိုင်လုံးကြီး နှစ်တိုင်ဆောက်ထားပါတယ်။


တိုင်လုံးတွေရဲ့ ထုထည်တွေကတော့ လူနှစ်ဖက်စာရှိပြီး အောက်ခြေကနေ အိမ်ခေါင်မိုးထိ ရှိပါတယ်.. ။ အမြင့်က ပေ(၂၀)
ကျော်လောက်ရှိပါတယ်တဲ့..။ ပြီးတော့ အိမ်ရှေ့မျက်နှာစာ ပေါ်တီခုံအောက်မှာ ဈေးကြီးတဲ့ ဂရန်းနိုက်ကျောက်ပြား အနက်နဲ့
အနီအပြည့်ခင်းထားပါတယ်။ အိမ်ရှေ့တည်တည့်မှာ စိန်ပန်းပင် သုံးပင်ရှိပါတယ်..။ အိမ်ရှေ့ ခြံထောင့်မှာ အလှလုပ်ထားတဲ့ ရေတံခွန်နဲ့
ရေကန်လေး ရှိပြီးအဲ့ဒီ ရေကန်ထဲမှာ ဗျိုင်းရုပ်လေးတွေ ရှိပါတယ်...။ အဲ့ဒီရေကန်ဘေးမှာတော့ အပန်းဖြေထိုင်လို့ရတဲ့ တရုတ်ဘုံကျောင်းတွေက
ထိုင်ခုံပုံစံ တိုင်လေးလုံးနဲ့ အမိုးပါတဲ့ အပန်းဖြေစရာ နေရာလေးလုပ်ထားပါတယ်။ အိမ်ရှေ့ဆင်ဝင်ကြီးရဲ့ ခေါင်းရင်းဘက်မှာ... ရေကူးကန်
တစ်ခုရှိပါတယ်...။
ဦးအောင်သောင်းဟာ ပါဏိတာပါတာကံကို ကျူးလွန်ဖို့ ဝန်မလေးသလို အသူရာ အရက်ကိုလည်း အရမ်းကြိုက်ပါတယ်…. ဦးအောင်သောင်းရဲ့
ခမည်းခမက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးဖြစ်ပြီး ဦးအောင်သောင်းရဲ့ သားသုံးယောက်ထဲက တစ်ယောက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး
မောင်အေး ရဲ့ သမီးနန္ဒာအေးနဲ့ လက်ထပ် ထိမ်းမြားပေးထားပါတယ်။ ဦးအောင်သောင်းရဲ့ သားတွေထဲက တစ်ယောက်က မသထာရေစာ ရတဲ့
ငွေတွေနဲ့ ဘောလုံးပွဲကို အကြီးအကျယ် လောင်းလေ့ရှိပါတယ်။ ဦးအောင်သောင်းဟာ အရက်သောက်ပြီးရင် သူရဲ့ရေကူးကန်မှာ
ရေကူးလေ့ရှိပါတယ်….။ ဦးအောင်သောင်းဟာ နေပြည်တော်က ဝန်ကြီးတွေ နေတဲ့ နေရာမှာ အနေများပြီး ဒီအိမ်ကိုတော့ တစ်ခါတစ်လေမှ
ပြန်လာပါတယ်။ သူဒီအိမ်ခြံထဲမှာ နေတာကို လူမသိစေချင်သလို အိမ်အဝင်အထွက် ကိုလည်း အထူးအလေးထားပါတယ်။ ဒီအိမ်ဟာလည်း
ဦးအောင်သောင်း အငြိမ်းစားယူရင် နေဖို့ဆောက်တာပါ။ (ရန်ကုန်မှာ ရှိတဲ့ စီးပွားရေးသမားတွေကလည်း ဦးအောင်သောင်းကို
တောင်းလွန်းအားကြီးလို့ ကွယ်ရာမှာ ဦးအောင်တောင်းလို့ ခေါ်ကြပါတယ်တဲ့ မေးလ်နဲ့ လုပ်ငန်းရှင်တစ်ယောက်က ပို့လာလို့
ဖြည့်စွက်လိုက်ပါတယ်။)

ဦးအောင်သောင်းရဲ့ အိမ်ကို ဝင်သွားတဲ့ အခါမှာတော့ မျက်နှာကျက်မှာ Plaster Board အဖြူရောင် ကော်နစ် တွေနဲ့ အလှဆင်ထားပါတယ်..
အိမ်ထဲဝင်သွားတာနဲ့ ဧည့်ခံကျယ်ကြီးကို စတွေ့ရပါတယ်..။ တော်တော့်ကို ကျယ်တဲ့ ဧည့်ခန်းကျယ်ကြီးပါပဲ.. ဧည့်ခန်းကျယ်ကြီးရဲ့ ဘယ်ဘက်မှာ
သူ့သမီးတီးဖို့ စန္ဒယားအကြီးကြီး တစ်လုံးရှိပါတယ်..။ အဲ့ဒီနားမှာ အပေါ်ထပ်ကို တက်တဲ့ လှေကားကျယ်ကြီး တစ်ခုရှိပြီး အဲ့ဒီ့လှေကားရဲ့
အကျယ်အဝန်းက (၇)ပေလောက် ကျယ်ပါတယ်…။ လှေကားကိုတော့ ကျွန်းတွေနဲ့ ပြုလုပ်ထားပြီး လှေကားအထစ်ပေါင်း (၂၂)ထစ်ရှိပါတယ်…။
ကျွန်းတွေအပြည့်နဲ့ လုပ်ထားတဲ့ လှေကားအထစ် တစ်ခုရဲ့အမြင့်က လက်တစ်ထွာလောက် ရှိပါတယ်…။ အဲ့ဒီကတက်သွားပြီးရင်
အလယ်နားလောက်မှာ ကျွန်းနဲ့ကျည်းဘောင် ခွေထားတဲ့ အပြင်ကအလင်းရောင်ဝင်နိုင်တဲ့ မှန်ပြတင်းပေါက် အကြီးကြီးတစ်ခုရှိပြီး အဲ့ဒီကနေ
လှမ်းကြည့်လိုက်ရင် တင်းနစ်ကွင်း၊ သစ်ခွခြံ၊ ဂေါက်ကွင်းတွေကို လှမ်းမြင်နေရပါတယ်..။

လှေကားတက်သွားပြီးရင် လှေကားရဲ့ အဆုံးမှာတော့ အခန်းကျယ်ကြီး တစ်ခုရှိပြီး ဦးအောင်သောင်းသမီး နေတဲ့ အခန်းဖြစ်ပါတယ်...


သားတွေက အိမ်ထောင်ကျသွားလို့ အိမ်ခွဲနေနေကြပြီး လက်ရှိ သမီးဖြစ်သူသာ ကျန်ပါတော့တယ်။ အဲ့ဒီ သူ့သမီးဖြစ်သူဟာ အပေါ်ထပ်မှာနေပြီး
သူ့အတွက် အိပ်ခန်း၊ ရေချိုးခန်းနဲ့ အလှပြင်ခန်းတွေကို တစ်ခန်းချင်းဆီ သပ်သပ် လုပ်ပေးထားပါတယ်။ ဘုရားခန်းက တစ်ခုရှိပြီး အခန်းရဲ့
တစ်ဝက်ကျော်ကျော်လောက်ကို ဘုရားခန်း ပြုလုပ်ထားပါတယ်။ အဲ့ဒီဘုရားခန်းကို ဝင်သွားလိုက်တဲ့ အခါ ရုပ်ရှင်ပိတ်ကား တစ်ခုစာလောက်ရှိတဲ့
ပန်းချီကားကြီးတစ်ခုရှိပါတယ်။ ပုဂံရှေးဟောင်းဘုရား၊ စေတီပုထိုးတွေရဲ့ ဆေးရေးပန်းချီးကားဖြစ်ပြီး ဆလိုက်မီးတွေနဲ့ ထိုးထားတဲ့ အတွက်
အင်မတန်အသက်ဝင် လှုပ်ရှားနေပါတယ်။ တန်ဘိုး အင်မတန်ကြီးမယ့် ပန်းချီကားကြီးပါ...

ပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာရင် ဧည့်ခန်းရဲ့နောက်မှာ လူနှစ်ရပ် ကျော်ကျော်လောက် ရှိတဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ နံရံတစ်ခုရှိပြီး
အဲ့ဒီနံရံကို ကျောက်စိမ်းတွေနဲ့ ချည်းပဲ အလှဆင်ထားပါတယ်...။ အဲ့ဒီကျောက်စိမ်းတွေနဲ့ စီထားတဲ့နံရံရဲ့ အောက်မှာ ဦးအောင်သောင်း
အပန်းဖြေဖို့ အတွက်ကို Home Theatre တွေ Projector အိမ်တွင်းရုပ်ရှင်ပြတဲ့အခန်း ပေါ့ အထဲမှာ ရုပ်ရှင်နဲ့ ဆိုင်တာတွေ
အကုန်ဆင်ထားပါတယ်။ အဲ့ဒီအခန်းဘေးမှာတော့ ဦးအောင်သောင်းနဲ့ ဒေါ်ခင်ရီတို့ အခန်းပါပဲ...။ သူတို့အခန်းရဲ့ နံရံပတ်ချာလည်မှာ
အင်မတန်တန်ဘိုးရှိတဲ့ ကျွန်းဘီရိုတွေချည်းပဲ ထားထားပါတယ်။ အခန်းရဲ့ အကျယ်အဝန်းက ရှေ့နောက် ပေ၄၀. အကျယ် ပေ
၂၀လောက်ရှိပါတယ်။ အခန်းရဲ့ အလယ်ကောင်မှာ နှစ်ယောက်အိပ်ကုတင် ရှိပြီး ကုတင်ရဲ့ ခြေရင်းမှာ ကျွန်းဘီရိုတစ်လုံးရှိပါတယ်။
ကြည့်လိုက်ရင် ရိုးရိုး ဘီရိုပေါ့...။ တကယ်တော့ ကျွန်းဘီရိုကို ဖွင့်ပြီးဝင်သွားခဲ့ရင် မြေအောက်ခန်း ကိုဆင်းတဲ့ တံခါးပေါက် ရှိပါတယ်။
အဲ့ဒီမြေအောက်ခန်းကို သွားချင်ရင် အဲ့ဒီကျွန်းဘီရို တံခါးပေါက်ကို ဖွင့်ပြီးဝင်သွားလို့ ရပါတယ်။ နောက်ကုတင်ရဲ့ ညာဘက်ခြမ်းမှာ
ရေချိုးခန်းရှိပါတယ်... ရေချိုးခန်းက ရေပူရေအေး စံနစ်ဖြစ်ပြီး တခန်းလုံးကို ကြွေပြားအဖြူတွေ ခင်းထားပါတယ်။ ရေချိုးခန်းထဲမှာ ရေနွေးချိုးခန်း
Sauna ပါရှိပါတယ်။ ရေးချိုးခန်းထဲမှာ ရေနွေးစိမ်ချိုးတဲ့ လေးထောင့်စပ်စပ် အဖြူရောင် ရေစိမ်ကန် Bath cap ရှိပြီး သာမာန် ငွေကြေးချမ်းသာတဲ့
ရှိတဲ့သူတွေ သုံးတာထက် ထူးထူးခြားခြား ပိုကြီးနေပါတယ်။ အိမ်ထဲမှာ ဆင်တဲ့ အပြင်အဆင်တွေ အားလုံး ဦးအောင်သောင်းအမိန့်နဲ့
နိုင်ငံခြားကနေ တိုက်ရိုက်သွင်းလာတာလေ..။ ဘယ်ကုမ္ပဏီဆီကမှ ပြန်ပြီး Sponsor လုပ်ပြီး ဝယ်တာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်မှာတာပါ။
အဲ့ဒီ ရေနွေးငွေ့ကန် Sauna တွေပေါ.့.... အစေခံတန်းလျားကတော့ သူ့သမီးတီးတဲ့ စန္ဒယားရဲ့ အနောက်ဘက်က ဝင်သွားရင်
မီးဖိုချောင်ရှိတယ်။ အဲ့ဒီ မီးဖိုချောင် ထဲမှာ Micro Wave Oven ကြီးမားတဲ့ နောက်ဆုံးပေါ် ရေခဲသေတ္တာ အကုန်ရှိပြီး အဲ့ဒီမီးဖိုချောင်
အပေါ်ထပ်မှာတော့ အစေခံတန်းလျား ရှိပါတယ်။ တစ်အိမ်လုံးကို တန်ဖိုးကြီးတဲ့ Neon ပန်းဆိုင်းတွေ Crystal Light တွေ
အကုန်ဆင်ထားပါတယ်။ အင်းစိန်လမ်းမကြီးက လမ်းကြည့်လိုက်ရင် လူနှစ်ရပ်စာ မြင့်တဲ့ ခြံစည်းရိုးနဲ့ အိမ်ကသူ့အိမ်ပါပဲ.. လှိုင်ရတနာမွန်
အိမ်ယာထိပ်က ခြံပေါ့။

ဦးအောင်သောင်းကတော် ဒေါ်ခင်ရီ လည်ပင်းမှာ ဆွဲထားတဲ ရွှေဆွဲကြိုးက အတော်ကြီးပြီး လော့ကတ် နေရာမှာတော့ အင်မတန်ကြီးမားတဲ့


ပုလဲလုံးကြီးတစ်လုံးကို ချိတ်ဆွဲထားပါတယ်။
ကိုဒီမိုရေ ဒါကတော့ ကြံ့ဖွတ် စက်မှုဝန်ကြီးအောင်သောင်းရဲ့ နေအိမ်အခြေအနေ အသေးစိတ်ပါ... ကိုဒီမိုရေ ကျွန်တော်တို့ GRW အဖွဲ့ရဲ့
ဒီသတင်းတွေကိုတော့ မှတ်တမ်းတစ်ခု သိမ်းထား စေချင်ပါတယ်။ တိုင်းပြည်မှာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီရတဲ့ တစ်နေ့ စုံစမ်းစစ်ဆေးလို့
ရအောင်ပါ...။ ဟုတ်မဟုတ်သိချင်ရင် ဦးအောင်သောင်း အိမ်ရောက်ဘူးတဲ့ သူတွေနဲ့ သူ့ဆွေမျိုးတွေ သိမှာပါ... ။ ကျွန်တော်တို့
ဒီသတင်းအချက်အလက်တွေဟာ ဒီပဲယင်းမှာ ကျဆုံးသွားတဲ့ သူတွေ အသက်စွန့်သွားတဲ့ သူတွေ မတရားထောင်ချခံရတဲ့
နိုင်ငံရေးအကျဉ်းသားတွေအတွက် တန်ပြန် ပေးဆပ်တာပါ. ...။ ကိုယ့်ကိုကိုယ် လုံခြုံလှပြီထင်တဲ့ ဦးအောင်သောင်း သူ့အိမ်အခြေအနေကို
လူတစ်ယောက်က သိနေတယ်ဆိုတာ သိရင် ကျေနပ်ပါပြီ...။ အိမ်တွင်းအခြေအနေ ဟုတ်မဟုတ်က ကျွန်တော်ရယ် ဦးအောင်သောင်းရယ်
အသိဆုံးပါ...။ တစ်နေ့ ကျွန်တော်တို့ အဖွဲ့ ဘယ်သူတွေဆိုတာ ကြေငြာလို့ ရရင် ကြေငြာပေးပါမယ်။ မြေအောက်မှာပဲ နေနေ မြေပေါ်အထပ်
အမြင့်မှာပဲ နေနေ သူ့အကုသိုလ်နဲ့ သေမင်းကို ရှောင်လွှဲလို့ မရပါဘူး.. ရာဇဝတ်ဘေးလည်း ပြေးမလွတ်ပါဘူး....။ ဒီသတင်းနဲ့ ပတ်သတ်ပြီး
လေ့လာ စုံစမ်းနိုင်ပါတယ်။ သတင်းအတွက် ကျွန်တော်တို့ GRW မှ တာဝန်ယူပါသည်။ သိစေချင်တာကတော့ ပြည်တွင်းမှာ
စစ်အာဏာရှင်တွေကို မကျေနပ်တဲ့ အတွင်းသိတွေ အများကြီးဆိုတာ ပြည်တွင်းပြည်ပ ပြည်သူတွေ သိစေချင်ပါတယ်။

လေးစားလျှက်
GRW
(Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့)

ကျွန်တော်တို့ GRW ကို ဆက်သွယ်ချင်ရင်.. grwwatchers@gmail.com ကိုဆက်သွယ်နိုင်ပါတယ်။

ပြည်တွင်းGRW မှ အတွင်းသိအား ကျေးဇူးတင်ပါသည်။

အထက်ပါ အခြေအနေတွေကို ကြည့်ချင်းအားဖြင့် မြန်မာပြည်က ဝန်ကြီး တစ်ဦးရဲ့ အနေအထား အခြေအနေတွေကို ခန့်မှန်းနိုင်ပါတယ်....။


ဘယ်ကရတဲ့ ဝင်ငွေတွေနဲ့ ဘယ်လို သုံးဖြုန်းနေတယ် ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဝန်ကြီးလစာ ၁၀သိန်းကျော် နဲ့ ဒီလိုခန့်မှန်းဘို့ မတတ်နိုင်တဲ့
အိမ်တစ်အိမ်ကို ဆောက်မယ် ဆိုရင်တောင် အနှစ် ၁၀၀ ကျော်နဲ့တောင် ဆောက်နိုင်ပါ့မလားပဲ...။ ဒီလိုလူမျိုးတွေက ၂၀၁၀ ရွေးကောက်ပွဲမှာ
လွယ်လွယ်နဲ့ အာဏာကို လွဲပြောင်းပေးမပေးဆိုတာ စဉ်းစားကြည့်ကြပါ... ဒီလိုဦးအောင်သောင်းလို လူမျိုးတွေကလည်း လွယ်လွယ်ကူကူ
ကိုယ့်သေတွင်းကိုယ်တူးပြီး အာဏာကို လွယ်လွယ်ကူကူ လွှဲပေးနိုင်ပါ့မလား...။ ဒီ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်သူ့အတွက် လုပ်တာလဲဆိုတာ
အားလုံး စဉ်းစား ဆင်ခြင်နိုင်ကြပါတယ်။ ဒါဦးအောင်သောင်း အိမ်ပဲရှိပါသေးတယ်........။ ဒီထက် အဆင့်မြင့်တဲ့ အာဏာရှင်တွေ နေတဲ့ အိမ်တွေ
အဆောက်အဦးတွေဆိုရင် ဘယ်လိုနေမယ် ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။

ဆင်းရဲမွဲတေနေတဲ့ ကျွန်တော်တို့ ပြည်သူတွေ


နေထိုင်နေရတာကတော့.... ဦးအောင်သောင်းအိမ် အုတ်တံတိုင်းမှာ ကပ်ထားတဲ့ ကျောက်ပြားတစ်ချပ်ဖိုးလောက်တောင် တန်ဖိုးမရှိတဲ့
အိမ်ရယ်လို့ အမည်နာမသာရှိတဲ့ နေရာမှာ နေနေရတာပါ.....

ဒီမိုဝေယံ
အမေ့အိမ်မှ ဂုဏ်ယူစရာ ကြယ်ပွင့်လေးများ...
အမေ့အိမ်မှ ဂုဏ်ယူစရာ ကြယ်ပွင့်လေးများ
သူငယ်ချင်းတို့ရေ……..
ဒီနေ့ အမေ့အိမ် ပညာဒါနကျောင်းက ဂုဏ်ယူစရာ / ၀မ်းသာစရာ ဆုပေးပွဲလေးတစ်ခုရဲ့ မြင်ကွင်းပါ ။
SEIKO (5) မိန်းမပတ်နာရီလေးတစ်လုံးကောက်ရလို့ ဆရာမထံလာအပ်တဲ့ ကလေးနှစ်ယောက် (တတိယတန်းမှ မောင်အောင်သီဟနိုင် နှင့်
မစုစုလှိုင် ) ကို စာရိတ္တ စံပြဆု ချီးမြင့်တဲ့ အခမ်းအနားလေးပါ။
အမေ့အိမ်က အမေ့ရင်သွေးလေးတွေဟာ လူမချမ်းသာပေမယ့် စာရိတ္တချမ်းသာတဲ့ကလေးတွေမို့ တိုင်း ပြည်ရဲ့ သားကောင်းရတနာလေးတွေကို
တို့လူကြီးတွေက တန်ဘိုးထားပြီး သူတို့ရဲ့ ဘ၀တွေကို မြှင့်တင်ပေးကြပါစို့ ။
နောက်ထပ်တိုးလာတဲ့ စေတနာရှင်တွေရဲ့  ရန်ပုံငွေ လှူဒါန်းနေတဲ့ပုံတွေကိုလည်း
သာဓုခေါ်နိုင်ရန် တင် ပေးလိုက်ပါတယ် ။
မင်းတို့ရဲ့ သူငယ်ချင်း
ကိုငယ်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွန်ကြားချက်နဲ့ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်တိုင်း ၁၄ရပ်ကွက် မေခလမ်း လှိုင်သာယာရှိ အမေ့အိမ်အခမဲ့
ပညာသင်ကျောင်းမှ ဓာတ်ပုံတွေပါ.. ဓာတ်ပုံများအတွက် ကိုငယ်အား ကျေးဇူးတင်ပါသည်..။
အနာဂတ်ရဲ့ အမေ့အိမ်ကျောင်းက ရင်သွေးငယ်တွေအတွက် ဝိုင်းဝန်းကူညီပေးကြပါ...

အမေ့အိမ်မှရင်သွေးလေးများ
သူငယ်ချင်းတို့ရေ…
အမေ့အိမ်မှာ…..
တို့ရဲ့  ရင်သွေးတွေ တို့ရဲ့  သားသမီးတွေ တိုင်းပြည်ရဲ့  ရတနာလေးတွေ ရှိနေတယ် ။
သူတို့လေးတွေကို ကူညီကြပါ ။ စောင့်ရှောက်ကြပါ ။ အသိအမှတ်ပြုကြပါ ။
ဘယ်သူတွေအသိအမှတ် မပြုချင်နေပါစေ ၊ တို့တတွေက စပြီး အသိအမှတ်ပြုကြရအောင်။ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့
ရတနာလေးတွေဖြစ်လာအောင် ၀ိုင်းဝန်းပြီး
ကူညီပေးကြရအောင် ။

သူငယ်ချင်းတို့ရဲ့ 
ကိုငယ်

ဖော်ပြခွင့်ပြုတဲ့ ကိုငယ်အား ကျေးဇူး အထူးတင်ပါသည်..။ (ဒီမိုဝေယံ)


http://www.demowaiyan.co.cc/
နအဖတပ် ထိုင်းနယ်မြေမှ DKBA ကို ၀င်တိုက်

ဧရာဝတီ Wednesday, 26 January 2011 18:47

ကရင်ပြည်နယ် မြ၀တီခရိုင် ချောင့်ခက် ဒေသတွင် ယနေ့နံနက်က စတင်ကာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)
နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် နအဖ တပ်ဖွဲ့ဝင်တချို့ထိုင်းနယ်မြေဘက်မှ ၀င်ရောက် တိုက်ခိုက်မှုပြုလုပ်သည်ဟု DKBA
ကလိုထူးဘော ဗျူဟာ(၁)မှူး ဗိုလ်မှူးကြီး ကျော်သက်က ဧရာဝတီ သို့ ပြောသည်။

၎င်းက"ဒီမနက် ၇ နာရီကစပြီးကျနော်တို့
ချောင့်ခက်စခန်းရှိတဲ့နယ်မြေကို နအဖ တပ်တွေက ၁၂၀
မမ၊ ၈၁ မမ၊ လက်နက်ကြီးတွေနဲ့ပစ်တာ အလုံး ၁၀၀
ကျော်သွားပြီ၊ အခုမွန်းလွှဲ ၃ နာရီ ခွဲ ရှိပြီ၊
တိုက်ပွဲကမပြီးသေးဘူး၊ တိုက်ပွဲက ထိပ်တိုက် ရင် ဆိုင်
တိုက်ပွဲဖြစ်တယ်၊ ကျနော်တို့စခန်းကို နအဖ တပ်တွေက
အနောက်ကနေ၀င်တိုက်ဖို့ ထိုင်းဘက်ခြမ်း
ချောင့်ခက်ရွာကနေ အရပ်ဝတ်တွေနဲ့ဝင်ပြီး
တိုက်တာတွေရှိတယ်၊ တိုက်ပွဲကတော့ တိုက်နေတုန်းပဲ၊
စခန်းကိုတော့ထိန်းထားနိုင်ပါတယ်" ဟု ပြောဆိုသည်။

နအဖ တပ်ဖွဲ့ဝင်များ ထိုင်းဘက်ခြမ်းမှ ၀င်ရောက်ခဲ့မှုကို


ထိုင်း နယ်ခြားစောင့် တပ်များက တစုံတရာ ဟန့်တား
အရေးယူမှုများ ပြုလုပ်ခြင်း မရှိဟုလည်း ဗိုလ်မှူးကြီး
DKBA ၀ ( -၀ ) ကျော်သက်က ဆက်လက်ပြောကြားသည်။

တိုက်ပွဲတွင် နအဖ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၂ လက်အောက်ခံ ခမရ ၅၄၆-၅၄၈- ၅၄၉ နှင့် စကခ ၉ လက်အောက်ခံ ၃၅၆-၃၅၇
တပ်ရင်းများ၏ ပူးပေါင်းအင်အား ၂၀၀ ကျော်ပါရှိ ပြီး နအဖ ဘက်မှ တပ်ခွဲမှူးတဦး အပါအ၀င် ၁၄ ဦး ကျဆုံး၍ ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု DKBA
ဘက်က ပြောသည်။

တိုက်ပွဲ၌ ထိခိုက်ဒဏ်ရာရရှိသည့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ယနေ့တွင် တဦးမျှ ရောက်ရှိလာခြင်းမရှိဟု ထိုင်း-မြန်မာ နယ်စပ်


မဲဆောက်မြို့ဆေးရုံကြီး ထိခိုက်ဒဏ်ရာ ကုသဌာနမှ သူနာပြု တဦးက ပြောသည်။

ထိုင်းနယ်စပ် အာဏာပိုင်များက ထိုင်း- မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်နှင့် လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များအကြားဖြစ်


ပွားသည့်တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရရှိခဲ့ကြသည့် နှစ်ဘက်တပ်ဖွဲ့ဝင်များကို ထိုင်းနိုင်ငံတွင်ဆေးဝါးကုသခွင့်နှင့် ထိုင်းနယ် မှ တဆင့် မြန်မာနိုင်ငံ
ဘက်သို့ သယ်ဆောင်မှုများကို ခွင့်ပြု ထားသည်။

အဆိုပါ ဒေသတွင် တာဝန်ကျသည့် ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် တပ်ကြပ်တဦးက ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲမှာပြင်း ထန် သော်လည်း
ထိုင်းနိုင်ငံဘက်သို့လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်းမရှိကြောင်းနှင့် နအဖ တပ်ဖွဲ့ဝင်များထိုင်းဘက်မှ တဆင့် မြန်မာဘက်ကူးကာ
DKBA ကို ၀င်တိုက်သည့်ကိစ္စကိုလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

ယနေ့ဖြစ်ပွားသည့်တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းရှိ ချောင့်ခက်နှင့် အူးကလေးထာ့ ရွာများ မှ ရွာသား ၂၀၀ ကျော်ထိုင်း


နိုင်ငံ ဖုတ်တရ မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ DKBA အဖွဲ့က နအဖ တပ်ဖွဲ့ဝင် သုံ့ပန်းတချို့နှင့် လက်နက်ကြီးကျည် တချို့ဖမ်းဆီး ရမိ ထားသည်ဟု
ဗိုလ်မှူးကြီးကျော်သက်ကပြောသည်။
၅ သိန်းတန် ဖုန်းလျှောက်ရန် မှောင်ခိုဈေးကွက် ကျယ်ပြန့်

ဧရာဝတီ Wednesday, 26 January 2011 16:11

ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လျှောက်ထားခြင်းနှင့် အင်တာနက် တပ်ဆင်ရန် လျှောက်ထားပေးသော မှောင်ခိုဈေးကွက်ကြီး တခု
ဖြစ်ပေါ်နေပြီး ထိုဈေးကွက်မှ ဆက်သွယ်ရေး ၀န်ထမ်းများမှာ နေ့စဉ် ၀င်ငွေ ကျပ်သိန်းချီ ရရှိနေကြောင်း သတင်းရရှိသည်။

“ပွဲစားနဲ့ဖုန်း၊ အင်တာနက် လျှောက်မယ် ဆိုရင်


အကျိုးဆောင်ခ လူတဦးကို ကျပ် ၄ သောင်း ပေးရတယ်။
ပွဲစားတွေက ဆက်သွယ်ရေး ၀န်ထမ်းတွေကို
အကျိုးဆောင်ခ တ၀က်ခွဲပေး ရတယ်။ တရက်ကို ပွဲစားနဲ့
ဖုန်းလျှောက်၊ အင်တာနက် လျှောက်တဲ့သူ အရေ
အတွက်က ၁ ထောင် ကျော်တယ်။ မှောင်ခို ဈေးကွက်မှာ
လည်ပတ်နေတဲ့ ငွေကချည်းပဲ တရက်ကို သိန်း ၄၀၀
ကျော်ရှိတယ်” ဟု ရန်ကုန်မြို့ ရွှေဂုံတိုင် ဆက်သွယ်ရေး
ရုံးချုပ်မှ ပွဲစားတဦးက ပြောသည်။

CDMA 800 MHz ဖုန်းများကို ရန်ကုန်တိုင်း အတွင်းတွင်


နယ်မြေ အကန့်အသတ် မရှိ သယ်ယူ
အသုံးပြုနိုင်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက
ကြေညာ လိုက်သော ၂၀၁၀ ဇူလိုင်လမှ စတင်ပြီး အဆိုပါ
ဝ ( -) မှောင်ခိုဈေးကွက် ဖြစ်ပေါ်လာခြင်း ဖြစ်ကာ ယင်း
ဈေးကွက်တွင် မြန်မာ့ ဆက်သွယ်ရေး ၀န်ထမ်းအများစု ပါဝင်ပတ်သက် နေကြောင်း သိရသည်။

“ဖုန်းလာလျှောက်တဲ့သူတွေ တနေ့ တနေ့ တိုးကြိတ်နေကြတာ။ အဲဒီကစပြီး ဖုန်း အမြန်လိုချင်တဲ့ သူတွေက အကျိုးဆောင် ပွဲစားနဲ့လုပ်ရင်း
မှောင်ခို ဈေးကွက် ဖြစ်လာတာ။ အကျိုးဆောင် ပွဲစားဆိုပေမယ့် ဆက်သွယ်ရေး ၀န်ထမ်းတွေနဲ့ ချိတ်ထားတဲ့ သူတွေပါ” ဟု ၅ သိန်းတန် ဖုန်း
လျှောက်ထားပေးသော ပွဲစားတဦးက ပြောသည်။

ပုံမှန် ဖုန်းသွားရောက် လျှောက်ထားလျှင် အနည်းဆုံး ၃ ရက်ကျော် ကြာမြင့်နိုင်ပြီး တနေကုန် ဒုက္ခခံ စောင့်ဆိုင်းရကြောင်း၊ ပွဲစားနှင့်
လျှောက်ထားလျှင် ငွေပေးရုံဖြင့် ၂ ရက်အတွင်း အလုပ် မပျက်ဘဲ ဖုန်းကတ်နှင့် အင်တာနက်တပ်ဆင် နိုင်ကြောင်း၊ မှောင်ခိုဈေးကွက်သည်
နေပြည်တော်၊ မန္တလေး၊ ရန်ကုန်တို့တွင် ကြီးမားစွာဖြစ်ပေါ်နေကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး ၀န်ထမ်းများက ပွဲစားများမှတဆင့် ဖုန်းနှင့် အင်တာနက် လျှောက်ထားသူများကို ဦးစားပေး ဆောင်ရွက်သဖြင့် ပွဲစားမပါဘဲ


ကိုယ်တိုင်လာရောက် ဖုန်းလျှောက်သူများမှာ မလိုအပ်ဘဲ အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ရသည်ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သူတဦးက ပြောသည်။

“ပွဲစားတွေက ဖုန်းလျှောက်လွှာ အစောင် ၅၀၊ ၁၀၀ လောက်ယူပြီး လာကြတာဆိုတော့ ဆက်သွယ်ရေး ၀န်ထမ်းကလည်း သူတို့ကို
ငွေပေးတဲ့သူကိုပဲ ဦးစားပေးလုပ်ပေးတယ်။ ကိုယ်တိုင်လာလျှောက်တဲ့ သူတွေက မလိုအပ်ဘဲ အချိန်ကုန်ခံ စောင့်ရတယ်။ အလုပ်ပျက်၊
အကိုင်ပျက်ပဲ” ဟု သူက ဆိုသည်။

ပြည်ပ နိုင်ငံများတွင် ဖုန်းနှင့် အင်တာနက် ၀ယ်ယူအသုံးပြုလျှင် လွယ်ကူသည့်အပြင် ဈေးနှုန်းလည်း ချိုသာကြောင်း၊ မြန်မာနိုင်ငံတွင်မူ


ဖုန်းနှင့်အင်တာနက် ရရှိရန်ခက်ခဲနေဆဲဖြစ်ပြီး အသုံးပြုခွင့်ရရှိရန် လာဘ်ပေးလာဘ်ယူ ကိစ္စများ ဆောင်ရွက်ရခြင်းမှာ
လက်မခံနိုင်ဖွယ်ဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင် သွားရောက် အလုပ်လုပ်ခဲ့ဖူးသူ လူငယ် အင်ဂျင်နီယာ တဦးက ပြောသည်။

CDMA 800 MHz ဖုန်းလျှောက်ထားခြင်းအတွက် ကျပ် ၅ သိန်း အစိုးရသို့ ပေးသွင်းရပြီး အင်တာနက် တပ်ဆင်ရန် မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းသို့ ကျပ် ၃ သောင်း ပေးသွင်းရသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ထမ်းများသည် ၅ သိန်းတန် CDMA 800 MHz ဖုန်း၏ Sim Crad နှင့် ကွန်ပျူတာ ချိတ်ဆက် အင်တာနက်
အသုံးပြုရန်လိုအပ်သော တရုတ်နိုင်ငံလုပ် Modem တခုလျှင် ကျပ် ၄ သောင်းခွဲ နှုန်းဖြင့် ရောင်းချနေ သော်လည်း Modem တခု၏ တန်ဖိုးမှာ
ကျပ် ၃ သောင်း ၀န်းကျင်သာဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖုန်းလိုင်းအရေအတွက် ၂ သန်းကျော် ရှိနေပြီး ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လိုင်း ၂၅၀၀၀၀၊ GSM ဖုန်းလိုင်း
၄၈၅၁၀၀ အပါအ၀င် မိုဘိုင်းလ်ဖုန်း အရေအတွက် ၁၄၃၅၂၅၀ ရှိကြောင်း စစ်အစိုးရက ထုတ်ပြန် ထားသည်။

NLD ကို တရားဝင် အသိအမှတ်ပြုရန် အမေရိကန် အဆင့်မြင့် သံတမန်တောင်းဆို

နရီလင်းလက် Wednesday, 26 January 2011 19:53

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို တရားဝင်ပါတီ အဖြစ် အသိအမှတ် မပြုလျှင်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်မပေးလျှင်
အမေရိကန် အစိုးရအနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် စဉ်းစားမည် မဟုတ်ကြောင်း အမေရိကန် အဆင့်မြင့်
သံတမန်တဦးက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းက အင်ဒိုနီးရှား အခြေစိုက်
ဂျာကာတာပို့စ် သတင်းစာကို အင်္ဂါနေ့က အထက်ပါအတိုင်းပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၁ အတွက် အာဆီယံ ဥက္ကဌ ဖြစ်သည်။

ဂျိုးဇက် ဝိုင် ယွန်းက မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ထားခြင်းကို ရုတ်သိမ်းရန် မစဉ်းစားမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးပွဲများ
ကျင်းပရန်၊ နိုင်ငံနှင့်အ၀န်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည့် အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန် ပြောခဲ့သည်။

ဂျိုးဇက် ဝိုင် ယွန်း၏ ပြောကြားချက်သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု


ရုတ်သိမ်းပေးရေး ပြောဆိုပြီး တပတ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများတွေ့ဆုံရာ၌ “မနှစ်က မြန်မာပြည်မှာ ကျင်းပသွားတဲ့ ရွေးကောက်ပွဲနဲ့


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ ကိစ္စတွေအပေါ်မှာ အပြုသဘောဆောင်ပြီး တုန့်ပြန် သွားသင့်တယ်” ဟု ပြောခဲ့ကြကြောင်း
ဂျာကာတာပို့စ် သတင်းစာတွင် ပါရှိသည်။

ဂျာကာတာပို့စ် သတင်းစာအရ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်း ပေးရန်


ပြောကြားရာတွင် အမေရိကန် အစိုးရ၏ တောင်းဆိုချက်များကို ထုတ်ဖော်ပြောဆိုခဲ့သေးကြောင်း သိရသည်။

“အာဆီယံ ၀န်ကြီးတွေ တောင်းဆိုတာ သိပ်ကိုကောင်းတဲ့ တောင်းဆိုချက်ပါ။ ဒါကို မြန်မာအစိုးရက လေးလေးနက်နက် သဘောထားပြီး


စစ်စစ်မှန်မှန် အကောင်အထည် ဖော်သင့်တယ်လို့ ကျနော် ထင်ပါတယ်” ဟု ဂျိုးဇက် ဝိုင် ယွန်းက သတင်းစာကို ပြောသည်။

ထို့အပြင် နိုင်ငံတကာ တောင်းဆိုချက်များအတိုင်း မြန်မာအစိုးရက လိုက်လျောမှသာလျှင် အမေရိကန် အစိုးရဘက်မှ ကောင်းမွန်သည့်


တုန့်ပြန်မှုကို မျှော်လင့်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့က အမေရိကန်နိုင်ငံ ၀ါရှင်တန်တွင် အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပီ ဂျေ ခရိုးလေးအား


သတင်းထောက်များက မြန်မာနိုင်ငံ စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်၍ ရုတ်သိမ်းရန် အမေရိကန် အစိုးရ အနေနှင့် အစီအစဉ်ရှိ မရှိ
မေးမြန်းရာတွင် ၎င်းက ရုတ်သိမ်းရန် အခြေအနေ မရှိသေးကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

သူက ဆက်လက်၍ အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုများသည် မြန်မာအစိုးရနှင့် ၎င်းတို့၏ အပေါင်းအပါ စီးပွားရေး အုပ်စုများကိုသာ
ပစ်မှတ်ထား၍ ချမှတ်ထားခြင်း ဖြစ်ပြီး မြန်မာပြည်သူလူထုအပေါ် မရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

“မြန်မာပြည်သူလူထုရဲ့အရေးကို အမှန်တကယ်စိုးရိမ်ကြောင့်ကြ စိတ်တွေ ရှိပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဆိုးရွားတဲ့ စီးပွားရေး


အခြေအနေက မြန်မာအစိုးရမှာပဲ လုံးဝဥဿုံတာဝန်ရှိတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာပြည်တွင် ရှိသည့် သယံဇာတပစ္စည်းများကို မတရား ခိုးယူ ဖြုန်းတီးနေသူများမှာ စစ်အစိုးရ ခေါင်းဆောင်များသာ ဖြစ်ပြီး အကျင့်ပျက်
လာဘ်စားမှုများ ပြုလုပ်နေသည်မှာလည်း မြန်မာစစ်ခေါင်းဆောင်များသာ ဖြစ်ကြောင်း သူကပြောသည်။

“ကျနော်တို့ဘက်က စီးပွားရေးပိတ်ဆို့နေတာက မြန်မာပြည်ကို ဒီမိုကရေစီ နိုင်ငံအဖြစ် ပြုပြင် ပြောင်းလဲနိုင်ဖို့၊ အကျဉ်း သားတွေ လွတ်လာဖို့၊
စစ်အစိုးရက စပြီး ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတရပ်ကို စပြီး
အကောင်အထည်ဖော်ဖို့ပါ။ ဒါတွေအားလုံးအတွက် စစ်အစိုးရကို ဖိအားပေးဖို့ ရည်ရွယ်ချက်နဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဆက်ထိန်းထားတာပါ”
ဟု ၎င်းကဆိုသည်။

ဂျိုးဇက် ဝိုင် ယွန်းသည် NLD ပါတီကို စစ်အစိုးရက အသိအမှတ်ပြုရန် တိုက်တွန်းပြောဆိုနေသော်လည်း NLD ၏ ရှေ့နေများက
ပါတီဖျက်သိမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ တနင်္လာနေ့က အထူးအယူခံအတွက် နေပြည်တော်တွင် လျှောက်လဲချက်များ တင်ခဲ့ရသည်။
သို့သော်တရားရုံးက မည်သည့် ဆုံးဖြတ်ချက်မှ မချခဲ့ပေ။ ။

စစ်အစိုးရ နောက်ဆုံး လေးလပတ် အစည်းအဝေး ပြီးဆုံး

ရန်ပိုင် Wednesday, 26 January 2011 18:58

စစ်အစိုးရရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ်နေတဲ့ လေးလပတ် အစည်းအဝေး ဒီကနေ့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်၊ ဒီလေးလပတ်
အစည်းအဝေးဟာ လွှတ်တော် မတိုင်မီ စစ်အစိုးရရဲ့ နောက်ဆုံးလို့ ပြောလို့ရတဲ့ အစည်းအဝေးပါ။

လေးလတကြိမ် ကျင်းပတဲ့ အစည်းအဝေးမှာ အစိုးရ ၀န်ကြီးဌာနတွေရဲ့ အခြေအနေ တွေ ရှေ့လုပ် ငန်းစဉ်တွေ တင်ပြကြတဲ့ အပြင်
စစ်တပ်အတွင်းက ရာထူး အတိုးအလျော့ အပြောင်းအလဲ တွေကို ဆုံးဖြတ်ပေးတဲ့ အစည်းအဝေးလည်းဖြစ်ပါတယ်။

အစည်းအဝေးတက်ခွင့်ကိုတော့ အစိုးရ ၀န်ကြီးဌာနက ၀န်ကြီးတွေအပြင် စစ်ဖက်ဆိုင်ရာက အရာရှိကြီးတွေ အောက်ဆုံး တပ်မမှူး အဆင့်၊


စကခမှူး အဆင့်ကနေ အမြင့်ဆုံး တိုင်းမှူး ဗိုလ်ချုပ်တွေ၊ ကထစမှူးတွေအားလုံး တက်ရတဲ့ပွဲပါ။ ဒီပွဲပြီးရင် တပ်က တပ်မမှူးတွေက မိမိတို့
အောက်က တပ်ရင်းအသီးသီးကို ရှင်းလင်းမှု လုပ်ရ ပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ နောက်ဆုံး အစည်းအဝေးမှာတော့ နောင်ဖွဲ့စည်းမယ့် အစိုးရမှာ ဘယ်သူတွေပါ မယ်ဆိုတာကို တပ်မှူးတွေကို အသိပေး


ချပြခဲ့တယ်လို့ သိရတယ်၊ ဒါပေမယ့် သမ္မတ ဘယ်သူဖြစ်မယ်ဆိုတာ ကိုတော့ မပြောပြခဲ့ဘူးလို့ သိရပါတယ်။

အရင်ဝန်ကြီးတွေထဲကတော့ အမှတ(် ၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ အမှတ(် ၂) လျှပ်စစ်ဝန်ကြီး ဦးခင်မောင်မြင့်၊ ပြန်ကြားရေး ၀န်ကြီး


ဦးကျော်ဆန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ကျော်မြင့်တို့ကတော့ အရင်နေရာမှာ ဆက်လက် ကျန်ရှိ
နေမယ်လို့လည်း ပြောဆိုနေကြတယ်။

အတွင်းရေးမှူး(၁) သီဟသူရ ဦးတင်အောင်မြင့်ဦးကတော့ ဒု သမ္မတလို့ အသံထွက်လာသလို သူရ ဦးရွှေမန်း ကတော့ လွှတ်တော် ဥက္ကဋ္ဌပဲ
လွှတ်တော် ခေါ်ဖို့အတွက် ဗိုလ်မှူးကြီးတွေကို လွှတ်တော်ရုံး ညွှန်ချုပ်ရာထူး ပေးပြီး ရုံးအဖွဲ့ ဖွဲ့ပြီး လုပ်နေတယ်လို့ ဆိုတယ်။

ဒါပေမယ့် တခုထူးခြားတာကတော့ ပျောက်နေတဲ့ ရာထူး တွေဖြစ်တဲ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး
ဝန်ကြီး စတဲ့ ဒီ လေးနေရာကိုတော့ တိုင်းမှူးတွေက လုံးဝ ထုတ် မပြောကြဘူး၊ စီးပွားရေး အသိုင်းအ၀န်းက မေးမြန်း တဲ့ သူတွေကို
စောင့်ကြည့်ပါလို့ပဲ ပြန်လည် ဖြေကြားပါတယ်။

ဝန်ကြီးတွေက အရွေးချယ်ခံစရာမလိုဘူး ကြိုက်တဲ့သူကို သမ္မတ က ခန့်ပိုင်ခွင့်ရှိတယ်လို့ အခြေခံ ဥပဒေကဆိုတယ်၊၊ အလားတူပဲ


သမ္မတကိုလည်း လွှတ်တော်အတွင်း ရောက်လာမယ့် ပြည်သူ့လွှတ်တော်က ရွေးကောက်ခံ အရပ်သား ကိုယ်စားလှယ်တဖွဲ့၊
အမျိုးသားလွှတ်တော်က ရွေးကောက်ခံ အရပ်သား ကိုယ်စားလှယ် တဖွဲ့၊ အဲဒီလွှတ်တော် နှစ်ရပ်မှာ ပါဝင်နေတဲ့ တပ်မတော်သား ကိုယ်စား
လှယ်တဖွဲ့၊ အဖွဲ့သုံးဖွဲ့က ရွေးချယ်ရမှာ ဖြစ်ပါတယ်။
သမ္မတ လောင်း အမည်စာရင်း တင်သွင်းခံရသူဟာ လွှတ်တော်အမတ် ဖြစ်စရာမလိုဘူးလို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ထည့်သွင်း
ထားတယ်။

ဒါကြောင့်လည်း ဗိုလ်ချုပ်မှူးဟာ နိုင်ဖဲကိုကိုင်၊ နိုင်မြင်းကို စီးထားတယ်လို့ ဆိုကြပါတယ်။

အားလုံး စိတ်ဝင်စားတာကတော့ ဗိုလ်ချုပ်မှူးကြီး ဘယ်လဲ ဘာလဲ ဆိုတာကိုပဲ၊ တပ်ထဲက တိုင်းမှူးတွေက ဒီလို ထုတ် မပြောရဲကြ တာဟာ နံပါတ်
ဝမ်းက နံပါတ်ဝမ်းပါပဲ ဖြစ်နေလို့လား ဆိုတဲ့ သို့လော သို့လော အတွေးတွေ စစ်အစိုးရ အသိုင်းအ၀န်းထဲမှာ ဖြစ်
ပေါ် နေပါတယ်။

Asian Wings လေကြောင်း လိုင်းသစ် ပျံသန်းတော့မည်

ရန်ပိုင် Wednesday, 26 January 2011 15:40

စီးပွားရေး လုပ်ငန်းရှင် ဦးတေဇနှင့် ခရီးသွား ကုမ္ပဏီတခု ဖြစ်သည့် Sun Far Travels & Tours Co, Ltd ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်သည့်
Asian Wings အမည်ရှိ ပြည်တွင်း လေကြောင်းလိုင်းကို မနက်ဖြန်တွင် ဖွင့်လှစ်မည် ဖြစ်သည်။

အဆိုပါ လေကြောင်း လိုင်းသစ်တွင် Sun Far ကုမ္ပဏီက


စီမံခန့်ခွဲမှု အပိုင်းကို တာဝန် ယူထားပြီး
လေယာဉ်မောင်းနှင်သူ ပိုင်းလော့နှင့် လေယာဉ်မယ်
စသည့် ကဏ္ဍများတွင် ဦးတေဇပိုင် Air Bagan က
တာဝန် ယူထားကြောင်း Sun Far ကုမ္ပဏီနှင့်
နီးစပ်သူတဦးက ပြောသည်။

“မန်နေဂျင်း ဒါရိုက်တာက အစ လုပ်ပိုင်ခွင့် တော်တော်


များများကို Sun Far က တာဝန် ယူရတယ်၊ Air Bagan
က စွက်ဖက်ပိုင်ခွင့် မရှိဘူး၊ လောလော ဆယ်တော့
အဲပုဂံ ရုံးချုပ်မှာပဲ ရုံးဖွင့်ထားတယ်”ဟု ၎င်းက ဆိုသည်။

ယခု လောလောဆယ်တွင် ပြည်တွင်း ခရီးစဉ်များကိုသာ


ပျံသန်းမည် ဖြစ်ကြောင်း၊ လူ ၇၀ ဆန့် ATR 72 - 500
( - AFP) အမျိုးအစား လေယာဉ် နှစ်စီးဖြင့် ပြေးဆွဲမည် ဖြစ်ပြီး
ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ လားရှိုး၊ ကလေး၊ မြစ်ကြီးနား၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရီးစဉ်များကို
ပြေးဆွဲမည် ဖြစ်ကြောင်း Sun Far ကုမ္ပဏီနှင့် နီးစပ်သူက ဆက်လက် ပြောပြသည်။

လေယာဉ်လက်မှတ်ဈေးနှုန်းမှာ တခြားသော ပြည်တွင်းလေကြောင်းလိုင်းများနှင့် ဈေးနှုန်းတူညီကြောင်း၊ ရန်ကုန-် တာချီလိတ် ခရီး စဉ်အတွက်


နိုင်ငံခြားသားတဦးလျှင် ၁၂၈ ဒေါ်လာ၊ မြန်မာနိုင်ငံသား တဦးလျှင် တသိန်း တသောင်း နှစ်ထောင် ကျပ်ဖြင့် ရောင်းချ ကြောင်း၊ ပုံမှန်
ခရီးစဉ်များအပြင် စင်းလုံးငှား၍လည်း ရကြောင်း Sun Far လက်မှတ် အရောင်းဋ္ဌာန က ဧရာဝတီသို့ ပြောသည်။

လက်ရှိ ပြည်တွင်း၌ ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်း၊ အဲမန္တလေး နှင့် အစိုးရပိုင် မြန်မာ့လေကြောင်း(MA)တို့ ပျံသန်း နေ ပြီး Yangon
Airways လေကြောင်လိုင်းသည် ၀ ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့(UWSA)မှ ငွေကြေးထည့်ဝင်ထားသည်ဟု သံသ ယ ရှိသည့်အတွက်
လေယာဉ်ပျံသန်း ပြေးဆွဲခွင့်လက်မှတ(် Aircraft Operator Certificate)ကို အာဏာပိုင်များက ထပ်မံ ထုတ် မပေးသဖြင့် ဖျက်သိမ်းခဲ့ရသည်။

ပြည်ပပြေးဆွဲနေသည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI)ကို ၀ယ်ယူခဲ့သည့် ကမ္ဘောဇဘဏ် ကိုလည်း စစ်အစိုးရ က


ပြည်တွင်းလေကြောင်းလိုင်း အသစ်တခု ဖွင့်လှစ်ခွင့်ပြုထားသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် လေကြောင်းလိုင်းများကို ဖွင့်လှစ်ပြေးဆွဲနေသော်လည်း အမေရိကန်


ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ(EU) အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် လေယာဉ်အပိုပစ္စည်းများ ၀ယ်ယူ ရန်
ခက်ခဲသည့်အပြင် ခရီးသည်လည်း နည်းပါးသည့်အတွက် စီးပွားရေးအရ အရှုံးပေါ်နေသည်ဟု သိရသည်။

Sun Far Travels & Tours Co, Ltd ကုမ္ပဏီသည် ခရီးသွားလုပ်ငန်းအပြင် Air Bagan ၊ Air Mandalay နှင့် နိုင်ငံခြားလေကြောင်း လိုင်း တချို့
အတွက် လေယာဉ် လက်မှတ်ရောင်းချပေးနေသည့် ကုမ္ပဏီဖြစ်သည်။

Sun Far ကုမ္ပဏီကဲ့သို့ လေယာဉ် လက်မှတ်အရောင်းဌာန တခုနှင့် ဦးတေဇတို့ တွဲဖက်လုပ်ကိုင်ခြင်းသည် ဦးတေဇပိုင် Air Bagan
လေကြောင်းလိုင်းအတွက် အကျိုးမရှိနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် Sun Far ကုမ္ပဏီအနေဖြင့် ၎င်းတို့ ပူးတွဲပိုင်ဆိုင်သည့် Asian Wings
လေယာဉ်လက်မှတ်များကိုသာ ဦးစားပေး ရောင်းချမည်ဖြစ်သောကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ခရီးသွားလာရေး လုပ်ငန်းလုပ် ကိုင်နေသည့်
အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း နောက်ဆုံးအသုတ် ရောင်းချ

နရီလင်းလက် Wednesday, 26 January 2011 12:24

ဝန်ကြီးဌာန အသီးသီးရှိ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခု ကို နောက်ဆုံး အသုတ်အဖြစ် ပုဂ္ဂလိကကို ရောင်းချနေကြောင်း သိရသည်။

ယခု ရောင်းချမှုသည် ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးရေး အစီအစဉ်အရ ရောင်းချရန် ကျန်ရှိနေသည့် အဆောက်အအုံများဖြစ်ပြီး


စီးပွားရေးလုပ်ငန်းကြီးများ ပြန်လည်လုပ်ကိုင်ရန် ကောင်းမွန်သည့် မြေနေရာများ မပါဝင်ဟု ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် အသိုင်း
အ၀န်းကပြောသည်။

“နေရာကောင်းတွေ၊ အဆောက် အအုံကောင်းတွေ


အကုန်လုံးကို ဘယ်သူက ဘယ်လောက်နဲ့
ဝယ်သွားမှန်းတောင် မသိလိုက် ရဘူး။ အခု ကျန်တဲ့
အသေးအမွှား လေးတွေကို လက်ကျန် ဖြတ်ပြီး
ရောင်းနေတဲ့ သဘောမျိုး” ဟု ပုဂ္ဂလိကပိုင် ပြုလုပ်ရေး
ကော်မရှင်နှင့် နီးစပ်သည့် ဌာနဆိုင်ရာ အရာရှိ တဦးက
ပြောဆိုသည်။

ဇန်န၀ါရီ ၂၁ ရက်နေ့ သတင်းစာ၌ ဌာနဆိုင်ရာ


ဝန်ကြီးဌာန ၁၃ ခု လက်အောက်ရှိ အဆောက်အအုံနှင့်
မြေနေရာများ၊ ရုံးအဆောက် အအုံအနေနှင့်
ရှေ့နေချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံးတို့ ပါဝင်ကြောင်း
ဖော်ပြထားသည်။

() ( - ယခု လွှဲပြောင်းရောင်းချမည့်စာရင်းထဲတွင် စက်ရုံများ၊


seatheater.blogspot.com) မြေကွက်များနှင့် စက်ကိရိယာပစ္စည်းများ၊ ရုပ်ရှင်ရုံများ၊
အရက်ဖြူဆိုင် နှင့် ရောင်းချရန် ကျန်ရှိနေသေးသည့် ရုံးအဆောက်အအုံတချို့သာ ပါဝင်သည်ဟု ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်နှင့်
နီးစပ်သည့် ဌာနဆိုင်ရာ အရာရှိက ဆိုသည်။

“ရောင်းတဲ့အထဲက အများစုကို ကြည့်ရင် ဘာမဟုတ်တဲ့ အရက်ဖြူဆိုင်နဲ့ မြို့စွန်က ရုပ်ရှင်ရုံတွေ၊ နယ်ဘက်က သကြားစက်ရုံတို့ ပါတယ်။
ဘယ်သူမှမ၀ယ်လို့ ကျန်နေတဲ့ ဟာတွေပဲရှိတော့တယ်။ အဆောက်အအုံတွေကလည်း ဟောင်းနွမ်းပြီး အခွံပဲကျန်တော့တယ်။ ၀ယ်ပြီးရင် ဖြိုချ
အသစ်ပြန်ဆောက်ရမယ့်ကိန်း”ဟု အဆိုပါ အရာရှိက ဆက်ပြောသည်။

ယခုနှစ်ဆန်းပိုင်းတွင် အပြီးသတ်ရောင်းချနိုင်ရေးအတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က အဆိုပြုလွှာများခေါ်ယူ၍ အရှိန် အဟုန်မြှင့်


ရောင်းချနေသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင်၂၀၀၈ ခုနှစ် နောက်ပိုင်းမှစ၍ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံပိုင် သိမ်းဆည်းထားသော အိမ်ခြံမြေ၊ ဂိုဒေါင် များနှင့်
ဆိပ်ကမ်းနေရာများကို ပုဂ္ဂလိကပိုင်အဖြစ် ပြုလုပ်ခဲ့ရာ အရေအတွက်အားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ပုဂ္ဂလိကသို့ လွှဲ ပြောင်းပြီး ဖြစ်သည်ဟု
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် အသိုင်းအ၀ိုင်းက ဆိုသည်။

၂၀၁၀ ပြည့်နှစ်အတွင်း နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၁၁၀ ၊ နိုင်ငံပိုင် အဆောက်အအုံ ၃၂ ခု၊ နိုင်ငံပိုင် စက်သုံးဆီ အရောင်း ဆိုင် ၂၄၆ ဆိုင်နှင့်
ရန်ကုန်မြစ်ကမ်းတလျောက်ရှိ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ ဗိုလ်တထောင် ဆိပ်ကမ်း၊ ပန်းဆိုးတန်း နန်းသီတာ ဆိပ်ကမ်း၊ ကျန်းမာရေး
ဆိပ်ကမ်း၊ ဆူးလေ ဆိပ်ကမ်း၊ အလုံ ဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်း အထိ ဆိပ်ကမ်း မြေနေရာများ ကဲ့သို့သော နေရာ အများအပြားကို
ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းအများစုကို စစ်အစိုးရအတွက် အကျိုးအမြတ် အဓိက ရှာဖွေပေးနေသည့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်နှင့် ၎င်းတို့နှင့်


နီးစပ်သူများဖြစ်သည့် ဦးတေဇ၊ ဦးထွန်းမြင့်နိုင် စသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ လုပ်ပိုင်ခွင့်ရရှိထားသည်။

“အကျိုးအမြတ်အနေနဲ့ ကြည့်ရင် အစိုးရ ၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ ပြည်သူရော ရလာမယ်လို့ မြင်တယ်။ ရာခိုင်နှုန်းနဲ့ တွက် ရင်တော့ ပြည်သူတွေ
အကျိုးအမြတ်ရတဲ့နေရာက တခုပဲ ရှိတယ်။ ၀န်ဆောင်မှုပေါ့။ ဘာ ၀န်ဆောင်မှုတွေ ပိုရနိုင်လဲ။ ပို တိုးတက် လာမလဲပဲ ကြည့်ရမှာ”ဟု
စားသောက်ကုန် လုပ်ငန်း လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

အာဏာပိုင်များ၏ စီးပွားရေးဆိုင်ရာ မူဝါဒ ပြောင်းလဲမှုများအရ ပုဂ္ဂလိကသို့ တရားဝင် လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးလာခြင်း သည်
နယ်ပယ်ချဲ့ထွင်လိုသော စီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် အခွင့်အရေးတရပ်ဟု ဆိုနိုင်သော်လည်း တဖက်တွင် သမမျှတသည့်
အကျိုးအမြတ်ကိုသာ ရယူ၍ ပြည်သူလူထု အကျိုးစီးပွားကို ထည့်သွင်းစဉ်းစား လုပ်ကိုင်မှသာ ဘက် ပေါင်းစုံ မျှတမှု ရှိနိုင်မည်ဟု မြင်ကြောင်း
သူက ပြောသည်။

“ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက အမည်ခံပြီး ၀ယ်ထားတယ်။ နိုင်ငံခြားက လာရင်းနှီးမြှပ်နှံ့တဲ့ သူတွေကို ပြန် ရောင်းတယ်။ ၀ယ်ပြီး
ပြန်မရောင်းဘဲ ကိုယ်ပိုင်စီးပွားရေး လုပ်နေတဲ့ လုပ်ငန်းရှင်ကြီးတွေရှိသလို၊ ဥပမာ စက်ရုံ ဆောက်မယ့် မြေ နေရာ ကောင်းကောင်းဆို ပြည်ပက
လာဖွင့်ချင်တဲ့ ကောင်တွေကို ကြိုက်ဈေးခေါ်ပြီး ပြန်ရောင်းတဲ့ စီးပွားရေး လုပ်တာမျိုးရှိတယ်။ သတင်းစာထဲမှာ
အဆိုပြုလွှာထည့်ပြီးခေါ်တယ်ဆိုတာကလည်း နေရာကောင်းတွေဆို မြင်တောင် မမြင်လိုက် ရပါဘူး” ဟု ငွေဆောင်နှင့် ချောင်းသာတွင်
ဟိုတယ်များ ဖွင့်လှစ် လုပ်ကိုင်နေသူ လုပ်ငန်းရှင်တဦးက ဆိုသည်။

စစ်အစိုးရနှင့် နီးစပ်ပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို လွှဲပြောင်းလုပ်ကိုင်ခွင့်ရရှိနေသည့် စီးပွားရေး သမားများနှင့် နိုင်ငံ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း စီးပွားရေး ပညာရှင်များက ပြောဆိုသည်။

“သေချာတာ တခုက ဘယ်သူပဲ လုပ်ခွင့်ရနေနေ ၊ ကောင်းအောင်၊ နိုင်ငံတိုးတက်အောင်၊ ပြည်သူတွေ တကယ်အဆင်ပြေ အောင်


လုပ်ချင်စိတ်မရှိရင် ပိုင်ရှင် ပြောင်းသွားတာပဲရှိမယ်”ဟု စီးပွားရေး စာပေများရေးသားထုတ်ဝေနေသူ စာရေးဆရာ တဦး က ဆိုသည်။

စစ်အစိုးရသည် လွှတ်တော်ခေါ်ယူ၍ အစိုးရသစ်တက်ချိန်တွင် နိုင်ငံပိုင်လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိကသို့ လွှဲပြောင်းပြီး


ဖြစ်ရန်ဟူသော အစီအစဉ်ဖြင့် ၂၀၀၈ နှစ်ကုန်ပိုင်းမှ စတင်၍ ပုဂ္ဂလိကပိုင်ပြုလုပ်နေခြင်းဖြစ်သည်။

ရောင်းတယ်၊ ဝယ်တယ် ချိုကုပ်ကြီးများ မိသားစုဈေးပွဲတော်

ရန်ကုန်သားတာတေ Wednesday, 26 January 2011 18:43 ထွေရာလေးပါး


“တီဗီတွေဝယ်တယ်၊ အောက်စက်တွေ ဝယ်တယ်၊ ၃ ရက်ခံ လျှပ်စစ် ပစ္စည်းတွေ ဝယ်တယ်”
“ဓာတ်ငွေ့တွေရမယ်၊ ကျောက်စိမ်းတွေ ရမယ်၊ ရေအားလျှပ်စစ်တွေ ရမယ်၊ ကျွန်းသစ်တွေ ဈေးပေါနဲ့ ရမယ်နော်။ ဒီကိုလာ၊ ဒီကိုလာ”
“ဒန်အိုးဒန်ခွက်တွေ ဝယ်တယ်၊ ပလတ်စတစ် ပစ္စည်းအစုတ်တွေ ဈေးကြီးပေးဝယ်တယ်”
“အဆောက်အအုံ ဟောင်းတွေရမယ်၊ ရုပ်ရှင်ရုံဟောင်းတွေရမယ်၊ ဘီအီးဆိုင်တွေ ရမယ်၊ ရုံးဟောင်း ရုံးပျက်တွေ ရမယ်”

နေပြည်တော်တွင် ဈေးရောင်းပွဲတော်ကြီး တခု ခြိမ့်ခြိမ့်သည်းသည်း ကျင်းပနေသည်။ တကယ်တော့


အကယ်ဒမီပွဲလာ မင်းသားမင်းသမီးများ၏ ထူးထွေဆန်းပြားသော ဝတ်စားဆင်ယင်မှုများကို
လေ့လာချင်သည်ဟု ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က ဂျီကျသဖြင့် ဦးရုက္ခစိုးက လိုက်ပို့ရခြင်းဖြစ်သည်။ သို့သော်
အကယ်ဒမီပွဲ အပြီးတွင် ဈေးရောင်းပွဲတော်ကြီးတခုကိုပါ သူတို့ တွေ့လိုက်ရခြင်းဖြစ်သည်။

နေပြည်တော် လွှတ်တော် အဆောက်အအုံ ရှေ့က ဈေးရောင်းပွဲတော်ကြီးကို ဦးဆောင်ကျင်းပသူမှာ


ချိုကုပ်ဒူးကြီး ဖြစ်သောကြောင့် ထုံးစံအတိုင်း စပ်စုရန် အနားသို့ တိုးသွားလိုက်ကြသည်။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးကိုယ်တိုင် ဈေးရောင်းနေတာပါလား။ ဘာအတွက်လဲဗျ။

ချိုကုပ်။ ။ ဘာအတွက်ရမလဲ ဦးရုက္ခစိုးရယ်။ ဈေးရောင်းတာဟာ ပိုက်ဆံလိုချင်လို့ပေါ့။

ဖိုးရှုပ်။ ။ မဟုတ်ဘူးလေဗျာ။ သူများတွေ ဈေးရောင်းပွဲ ကျင်းပရင် ဘာအတွက်၊ ညာအတွက် ရန်ပုံငွေဆိုပြီး


ခေါင်းစဉ် တပ်တယ်လေ။ အဲဒါ ဦးရုက္ခစိုးက ခေါင်းစဉ်ကို မေးတာ။

ချိုကုပ်။ ။ သြော် … ဒါလား။ ဒေါ်အောင်ဆန်းစုကြည်တို့ကို အားကျတာနဲ့ ဈေးရောင်းပွဲ လုပ်ကြည့်တာပါ။


လွှတ်တော် မခေါ်ခင် လက်ကျန်လေးတွေ ဖြတ်ချင်တာနဲ့လေ။

ကြွက်စုတ်။ ။ ဒါဆို သူတို့လို HIV လူနာတွေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို ကူညီဖို့ပေါ့ ဟုတ်လား။

ချိုကုပ်။ ။ ဟာ HIV ဝေဒနာရှင်ဆိုတာ သေမှာပဲဟာ။ ပိုက်ဆံမလိုပါဘူး။ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကလည်း ဒုက္ခရောက်တာ


အသားကျနေပြီ၊ ငွေမလိုဘူးလေ။ ဘာလုပ်ဖို့ သူတို့အတွက် လုပ်မှာလဲ။ အခု ဈေးရောင်းပွဲက မိသားစု ဈေးရောင်းပွဲဗျ။

ရုက္ခစိုး။ ။ သြော် … မိသားစုဈေးရောင်းပွဲဆိုတော့ ချိုကုပ်ဒူးကြီးတို့ပိုင်တဲ့ ပစ္စည်းတွေ ထုတ်ရောင်းပြီး ရတာကို လှူမယ်ပေါ့ ဟုတ်လား။

ချိုကုပ်။ ။ လွဲပြန်ပြီ။ ကျုပ်တို့ပိုင်တဲ့ ပစ္စည်းတွေ ဘာလို့ရောင်းမှာလဲ။ နိုင်ငံပိုင်ပစ္စည်းတွေပဲ ရောင်းမှာပေါ့။ နိုင်ငံပိုင်ပစ္စည်း ကျုပ်ပစ္စည်းပဲဟာ။


လှူမယ် ဆိုတာတော့ မှန်တယ်။ ဘယ်သူ့ကိုလှူမလဲ ဆိုတော့ ကျုပ်ရဲ့ မိန်းမ၊ သား၊ သမီး၊ မြေးတွေကို လှူမှာ။ ကျန်တာတော့ ကျုပ်အားကိုးရတဲ့
ချိုကုပ်တွေ၊ ချိုပြုတ်တွေကို လှူမှာပေါ့။

ထိုစဉ် ချိုကုပ်ဒူးကြီး ကတော် ဒေါ်ကွိုင်ကွိုင်က “ဟောဒီက ကျောက်စိမ်း တော်ရေ့” ဟု အော်လိုက်ရာ ထောင်ကဲကြီး တယောက်က
ဒေါ်ကွိုင်ကွိုင့်ဆိုင်ခန်းဆီ ဦးတည်လျှောက်သွားသည်။

ချိုကုပ်ဒူးကြီး၏ သမီးတော်တဦးဖြစ်သော စိန်စီရွှေရွှေကလည်း အားကျမခံ “ဖွတ်တွေ၊ ပဒတ်တွေ၊ မိချောင်းတွေ ရမယ်၊ ကျားတွေ၊


ဆင်တွေရမယ်၊ ကြွက်တွေ၊ ခြင်တွေ၊ ပိုးဟပ်တွေရမယ်၊ မြွေမျိုးစုံရမယ်” ဟု အော်ပြန်သည်။

ချိုကုပ်ဒူးကြီး၏ မြေးတော်လေး ဖိုးလောက်လန်းက ဈေးမရောင်းဘဲ ပွဲစားလုပ်နေသည်။ ဈေးဝယ်သူများနှင့် ဆိုင်ခန်းများ အကြား ဟိုပြေး


သည်ပြေးဖြင့် လိုချင်သည့်ဈေးရရန် ညှိနှိုင်းပေးကာ ကြားက ပွဲခယူသည်။

ချိုကုပ်ကြီး ကတော်တဦးက “ဧရာဝတီရမယ်၊ သံလွင်ရမယ်၊ ချင်းတွင်းရမယ်” ဟု အော်နေသည်။

ရုက္ခစိုး။ ။ မြစ်တွေလည်း ရောင်းတာပဲလား။


ချိုကုပ်။ ။ သြော် ဦးရုက္ခစိုးရယ်။ လာမယ့်အစိုးရသစ် တက်ပြီးနောက်ပိုင်း အဲဒီမြစ်တွေ ခန်းကုန်ရင် အလကား ဖြစ်သွားမှာစိုးလို့ အခု
မြန်မြန်ထုတ်ရောင်းထားတာပါ။

ဖိုးရှုပ်။ ။ ရောင်းတဲ့ ပစ္စည်းကလည်း စုံနေတာပဲ။ အကောင်မျိုးစုံ၊ အပင်မျိုးစုံ။ ခေါင်ယမ်းပန်းပင်တို့၊ စက္ကူပန်းပင်တို့ပါ ပါသေးတယ်။

ချိုကုပ်။ ။ ဘာရောင်းရောင်း တရုတ်က အကုန်ဝယ်မယ်ဆိုလို့လေ။ မြက်တွေတောင် ရသလောက် ယူမယ် ပြောလို့ တနိုင်ငံလုံးရှိရှိသမျှ


မြက်တွေ ရိတ်ခိုင်းထားတယ်။ တီကောင်တွေလည်း လိုချင်တယ်ဆိုလို့ တူးနေပါပြီ။

ရုက္ခစိုး။ ။ နေပါဦး ...။ ခုနက ချိုကုပ်ဒူးကြီး အော်နေတာ ကြားလိုက်ပါတယ်။ ပလတ်စတစ် ပစ္စည်းတွေ ဝယ်တယ်၊ ၃ ရက်ခံ
လျှပ်စစ်ပစ္စည်းတွေ ဝယ်တယ်ဆိုတာကကော။

ချိုကုပ်။ ။ သြော် ဒါလား။ ရှိသမျှ ပစ္စည်းတွေအကုန် ထုတ်ရောင်းနေတော့ ပြည်သူလူထု သုံးစရာ မကျန်မှာစိုးလို့ စေတနာနဲ့
ပြန်ဝယ်ထည့်ပေး မလို့ပါ။ အဲဒါလည်း တရုတ်က သွင်းပေးတယ်လေ။

“ဟောဒီက အရက်ချက်စက်ရုံတွေရမယ်၊ အရက်ဆိုင်တွေရမယ်။ အမြန်ဝယ်ထားနော်၊ ၅၀ ရာခိုင်နှုန်း ဒစ္စကောင့် ပေးနေပြီ” ဟု


အော်သံကြားသဖြင့် အားလုံးလှည့်ကြည့်လိုက်ရာ ဒုတိယ ချိုကုပ်ဒူးကြီး မောင်ကွေး ဖြစ်နေသည်။

ကြွက်စုတ်။ ။ အရက်ဆိုင်တွေ၊ ရုပ်ရှင်ရုံအဟောင်းတွေ၊ အဆောက်အအုံဟောင်းတွေ ကျတော့ ဘယ်သူတွေ ဝယ်လဲဗျ။

ချိုကုပ်။ ။ မြန်မာပြည်ရောက်နေတဲ့ ထောင်ကဲတို့ မာမွတ်တို့ဝယ်တယ်လေ။ မြန်မာနိုင်ငံမှာ ဒါမျိုးဝယ်နိုင်တဲ့ သူဌေး ဆိုလို့ တေဂွတို့


အုပ်စုကလွဲရင် သူတို့ပဲ ရှိတာပဲ။

ထိုစဉ် ချိုကုပ်တယောက်က “လေယာဉ်ပျံတွေရမယ်၊ မီးရထားတွေရမယ်၊ ကားတွေရမယ်၊ ဆိုက်ကား၊ မြင်းလှည်း၊ ထော်လာဂျီတွေရမယ်” ဟု


အော်ရောင်းသည်။

နောက်ထပ် ချိုကုပ်တယောက်ကလည်း “ရေနံလုပ်ကွက်တွေရမယ်၊ ပတ္တမြားလုပ်ကွက်၊ ရွှေ လုပ်ကွက်တွေရမယ်၊ အထွက်တိုး စပါး လုပ်ကွက်၊


ရေနက်ကွင်းလုပ်ကွက်၊ ရေတိမ်ကွင်းလုပ်ကွက်၊ ရေမုန့်လုပ်ကွက်၊ မုန့်စိမ်းပေါင်းလုပ်ကွက်၊ မုန့်ဆီကြော် လုပ်ကွက် အကုန်ရမယ်” ဟု
အော်လိုက်ပြန်သည်။

ချိုကုပ်ဒူးကြီးက ပြုံးပြုံး ပြုံးပြုံးဖြင့် သဘောကျနေသည်။ ထိုစဉ် သူတို့နားသို့ ချိုကုပ်တဦး ရောက်လာကာ “ချိုကုပ်ဒူးကြီး မြန်မာပြည်ကတော့
ပြောင်သလောက် ရှိနေပါပြီ” ဟု သတင်းပေးသည်။

ရုက္ခစိုး။ ။ ပြောင်သလောက် ရှိနေပြီတဲ့ ဘယ်လိုလုပ်မလဲ ချိုကုပ်ဒူးကြီး။

ချိုကုပ်။ ။ သြော် ဦးရုက္ခစိုးကလည်း … ပြောင်သလောက် ရှိတာ ပြောင်တာမှ မဟုတ်သေးဘဲ။ (သတင်းလာပေးသည့် ချိုကုပ်ဘက်လှည့်၍)


ကဲကဲ ဒါဆိုလည်း ဝန်ကြီးတွေကို ထွက်ခိုင်းလိုက်တော့ လွှတ်တော်ခေါ်ဖို့က နီးနေပြီ … မြန်မြန်လုပ်။

ဖိုးရှုပ်။ ။ ဟာ … ဝန်ကြီးတွေ ထွက်မယ်ဟုတ်လား။ ဒါဆို ဘယ်သူက ဝန်ကြီးဌာနတွေကို တာဝန်ယူမှာလဲ ချိုကုပ်ဒူးကြီးရဲ့။


ကြားဖြတ်အစိုးရတွေဘာတွေ ခန့်မလို့လား။

ချိုကုပ်။ ။ ကြံကြံဖန်ဖန် ဘာလို့ ကြားဖြတ်အစိုးရ ခန့်ရမှာလဲ။

ကြွက်စုတ်။ ။ ချိုကုပ်ဒူးကြီးပဲ ဝန်ကြီးတွေ ထွက်ခိုင်းမယ်ဆို။ ခန့်တုန်းကလည်း ချိုကုပ်ဒူးကြီးပဲလေ။ လူဝတ်လဲတာဖြင့် မကြာသေးဘူး။

ရုက္ခစိုး။ ။ ဟုတ်တယ် ချိုကုပ်ဒူးကြီး။ သူတို့ လူဝတ်လဲတာဖြင့် မကြာသေးဘူး ထွက်ရမယ်ဆိုရင် ကြိုက်ပါ့မလား။


ချိုကုပ်။ ။ ခင်ဗျားတို့ ဘာတွေလာပြောနေတာလဲ။ ဝန်ကြီးတွေ ထွက်ခိုင်းလိုက်ဆိုတာက ဝတ်စုံလဲပြီး အရှေ့ကို ဈေးလာရောင်းဖို့
ထွက်ခိုင်းတာ။ နောက်ဆုံးအသုတ် ရောင်းလို့ မကုန်သေးတာလေးတွေကို လွှတ်တော်မခေါ်ခင် မကုန်ကုန်အောင် ရောင်းခိုင်းမလို့
ထွက်ခိုင်းတာဗျ။

ထိုစဉ် ဝန်ကြီးချုပ် ဦးသိန်းဂိန်ဦးဆောင်သော ဝန်ကြီးအဖွဲ့သည် မိတ်ကပ်အဖွေးသား၊ ချိတ်ထဘီ ရောင်စုံများ ဆင်မြန်း၍


“ရှောက်သီးဆေးပြားတွေ ရမယ်နော်၊ ရှောက်သီးဆေးပြား၊ ၃ ထုပ်ယူရင် သီချင်းတပုဒ်စာ ကပြမယ်” ဟု အော်ကာ ထွက်လာလေသည်။

ဖိုးရှုပ်က ဝန်ကြီး ကိုယ်ရ ဦးရွှေပန်းထံမှ ရှောက်သီးဆေးပြား ၃ ထုပ်ဝယ်လိုက်ရာ ကော်နီ၏ “ကိုကိုချစ်” သီချင်းဖြင့် ကပြလေသည်။

သို့သော် တခြားဝန်ကြီးများက သူတို့ထံမှ မဝယ်သောကြောင့် စိတ်ဆိုးပြီး ဝိုင်းလာသဖြင့် ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ သုံးဦးသားမှာ
အမြန်ဆုံးနည်းနှင့် ပန်းကန်လုံးစီး၍ ဈေးရောင်းပွဲတော်ကြီးအတွင်းမှ ထွက်ပြေးကြရ လေတော့သတည်း။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း
မဟုတ်ပါ။
http://www.bur.irrawaddy.org/

Wednesday, January 26, 2011

ဗိုလ်ချုပ်ဈေး မီးလန့်

ရန်ကုန်မြို့ရဲ့ အထင်ကရ ဈေးကြီးတခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေး (ခေါ်) စကော့ဈေးမှာ ဒီနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ ညနေပိုင်းက
မီးလန့်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်မီ မီးငြှိမ်းသက်နိုင်ခဲ့ပြီး အပျက်အစီး နည်းပါးခဲ့
တယ်လို့ သတင်းရရှိပါတယ်။

ဆိုင်ခန်းပေါင်း ၄၀၀၀ ကျော်ရှိတဲ့ ဗိုလ်ချုပ်ဈေးမှာ ဒီနေ့ ညနေ ၄ နာရီကျော် လောက်က ဖြစ်သွားတာပါ။


ဗိုလ်ချုပ်ဈေး A ရုံမှာရှိတဲ့ ဦးလေးကြီး ဂါဝန်ဆိုင် ကနေတဆင့် စလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဈေးသူဈေးသားတွေနဲ့
ဈေး စည်ပင်သာယာရေးက အချိန်မီ မီးငြှိမ်းသတ်ခဲ့တာကြောင့် ၁၅ မိနစ်လောက်ပဲ လောင်ကျွမ်းခဲ့လို့ အပျက်အစီး နည်းရတာလို့ ဈေးစည်ပင်
ဝန်ထမ်း တဦးက ပြောပါတယ်။
“ဦးလေးကြီး ဂါဝန်ဆိုင်က စဖြစ်တာ။ မီးစလောင်တာက ၀ါယာရှော့ခ်လို့ ပြောတယ်။ ဒါပေမယ့် စုံစမ်းဆဲပါ” လို့ သူက ဆိုပါတယ်။

မီး စတင်လောင်ကျွမ်းတဲ့ ညနေ ၄ နာရီကျော်လောက်မှာ ဆိုင်ခန်းအများစု ပိတ်သွားပြီး ဖြစ်ပေမယ့်


ဈေးဝယ်တဲ့ သူတွေ ရှိနေဆဲဖြစ်တာကြောင့် မီးလောင်ကျွမ်းတာကို ချက်ချင်းသိပြီး အချိန်မီ ငြှိမ်းသတ်နိုင် ခဲ့တာပါ။
“လူတွေရှိနေတော့ ချက်ချင်း ဆိုသလို မီးငြှိမ်းလိုက်နိုင်တယ်။ ဈေးပိတ်ချိန် ညပိုင်းမှာသာ ဖြစ်ရင်တော့ တဈေးလုံး ကုန်ပြီပဲ” လို့ ဗိုလ်ချုပ်ဈေး
ရတနာဆိုင် ပိုင်ရှင်တဦးက ရှင်းပြပါတယ်။

ဗိုလ်ချုပ်ဈေး မီးလောင်တယ် ဆိုတဲ့ သတင်း ရန်ကုန်မြို့တွင်း ချက်ချင်း ပျံ့နှံ့သွားတာကြောင့် ဆိုင်ပိုင်ရှင်တွေနဲ့


ဆွေမျိုးတွေ ရောက်လာပြီး ရန်ကုန်မြို့ခံတွေလည်း တော်တော်များများ ရောက်လာကြပါတယ်။

မြန်မာနိုင်ငံမှာ ဈေးမီးလောင်မှုတွေ မကြာခဏ ဆိုသလိုဖြစ်ပွားခဲ့ပြီး အများစုက ဝါယာရှော့ခ် ကြောင့် ဖြစ်တာပါ။ ပြီးတော့ တဈေးလုံး ကုန်အောင်
လောင်တာများပါတယ်။

ဗိုလ်ချုပ်ဈေးကြီးဟာ မြန်မာနိုင်ငံ၏ သမိုင်းဝင် ဈေးကြီးတဈေးဖြစ်ပြီး ရတနာဆိုင်တွေ၊ ရွှေဆိုင်တွေ၊ အထည်ဆိုင်တွေ၊ နောက်ဆုံးပေါ် အလှကုန်


ပစ္စည်းတွေအပါအ၀င် လူသုံးကုန်ပစ္စည်းတွေ ရောင်းချတဲ့ လက်လီ
လက်ကား ဈေးကြီးဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ အများဆုံးလာရောက် လည်ပတ်ဈေးဝယ်တဲ့ ဈေးကြီးလည်း ဖြစ်ပါတယ်။

Posted by yokekhasoe at 6:53 PM 1 comments


Email This BlogThis! Share to Twitter Share to Facebook Share to Google Buzz
Labels: သတင်း

မင်းတြားကြီးသန်းရွှေနဲ့ နေပြည်တော်ခိုးသား ၅၀၀ အပိုင်း ၂

ဗိုလ်ပြုတ်ဝန်ကြီး ဦးသူရရွှေမန်းငယ်စဉ်က အပေါင်းအပါတစုနှင့်အတူ

မင်းတြားကြီးအကြောင်း ဖောက်သည်ချအပြီးမှာ ယခုတဖန် အလှည့်ကျသူကတော့ အရှင်မွေး နေ့ချင်းကြီးခဲ့တဲ့ ဗိုလ်ပြုတ်ဝန်ကြီး ဦးသူရ


ရွှေမန်းအကြောင်းပဲ ဖြစ်ပါတယ်။ “အပြောကတော့ ရွှေမန်း၊ ကတော့ ချိုမိုင်မိုင်” ဇာတ်လမ်းကို ဒီမှာ ဖတ်နိုင်ပြီ ဆိုတဲ့အကြောင်း ဧရာဝတီ
ပရိသတ်ကို လက်တို့ပါရစေ။

Posted by yokekhasoe at 5:56 PM 0 comments


Email This BlogThis! Share to Twitter Share to Facebook Share to Google Buzz
Labels: ကြော်ငြာ
အဖိုးမဖြတ်နိုင်တဲ့ မြန်မာ့ကျောက် ဈေးပေါပေါနဲ့ တရုတ်ပြည်ရောက်

အမျိုးအစား ။ ။ ခိုသွေးရောင် ပတ္တမြား


အလေးချိန် ။ ။ ၆၅ ကလပ် (၁၂.၉၃၄ ဂရမ်)
ထုထည် ။ ။ ၃.၁၅ စင်တီမီတာစကွဲ
မာခြင်းအဆင့် ။ ။ ၉

အထက်ဖော်ပြပါ အချက်အလက်အရ ကမ္ဘာ့အကြီးဆုံး ခိုသွေးရောင် သန့်စင် ပတ္တမြားကို တရုတ်နိုင်ငံ ဟိုင်းခုံမြို့မှ ခေါင်းဖြူအဖိုးကြီး


ပိုင်ဆိုင်နေသည်ကို စီစီတီဗီ သတင်းဌာန ကဖော်ပြသွားသည်။

ထိုအဖိုးကြီး၏ ပြောပြချက်အရ သူသည် ၂၀၀၆ ခုနှစ် ပတ်ဝန်းကျင်လောက်တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ရန်ကုန်


ကျောက်ဈေးကွက် လေ့လာရန် ခရီးထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကျာက်ကို ရန်ကုန်ကျောက်ရောင်းဝယ်ရေး အသိုင်းအဝိုင်းမှ ရခဲ့ကြောင်း၊ ထိုအချိန်တုန်းက ခိုသွေးရောင် ပတ္တမြားမျိုးကို


မည်သူမျှစိတ်မဝင်စား၍ အမှတ်တရ ပစ္စည်း လက်ဆောင်အဖြစ် သိမ်းဆည်းရန် ဈေးပေါပေါနှင့် ရခဲ့ကြောင်း သတင်းအင်တာဗျူးတွင်
ပြောပြခဲ့သည်။

ယခု ၂၀၁၁ တွင် ကျွမ်းကျင်သူ ကျောက်ကုန်သည်ကို ပြသရာ ကုန်သည်က ချက်ချင်း ယွမ် ၁ သန်းပေးသည်။ သင်္ကာမကင်း ဖြစ်၍
သက်ဆိုင်ရာများနှင့် သုသေတီများကို ပြသရာတွင် နောက်ဆုံး၌ ကမ္ဘာအကြီးဆုံး သန့်စင် ခိုသွေးရောင် မိုးကုတ် ပတ္တမြားဖြစ်ကြောင်း
အတည်ပြုခဲ့ကြသည်။

ယခုအချိန်အထိ တန်ဖိုးဘယ်လောက် ဖြတ်ရမည်ကို မသိသေးပါ။ ပိုင်ရှင်က မရောင်းဘဲ ပြတိုက်တွင် ထားရှိရန် ရည်ရွယ်သည်ဟု သိရသည်။

(ကျနော်၏ ၂၀၀၆ ခုနှစ်ဝန်းကျင် ကျောက်ရောင်းဝယ်ရေး အတွေ့အကြုံအရ အမှန်တကယ်တွင်မူ ထိုတရုတ်အဖိုးကြီးသည် ပတ္တမြားအား


ရန်ကုန်တွင် ဝယ်ခဲ့ခြင်း မဖြစ်နိုင်၊ သူကိုင်တိုင် မိုးကုတ်သို့ သွားရောက်၍ တရားမဝင်ဝယ်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။)

ဝင်းလက်
Ref: http://news.hainan.net/ 2011-1-26 13:56:00

မင်းတြားကြီး သန်းရွှေ နဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၁)

ဧရာဝတီ Monday, 24 January 2011 19:16 ဆောင်းပါး


ဒီလကုန်ရင် နေပြည်တော်မှာ လွှတ်တော် ခေါ်တော့မယ်။ အစိုးရ အုပ်ချုပ်ရေး ပြောင်းသွားမယ်လို့ ယူဆသူ တချို့ ရှိပေမယ့် မြန်မာ လူထု
အများစုကတော့ ဘာမှ မပြောင်းဘူးလို့ ပြောနေကြတယ်။ ဗိုလ်ချုပ်မှူးကြီးနဲ့ အပေါင်းအပါ မိသားစုဝင်တွေ စိတ် ထင်တိုင်း ကျဲနေတာကို
တရားဝင်မှု ပြုပေးရုံ လွှတ်တော် အမည်ခံ သက်သက်ပဲလို့ ဆိုကြတယ်။ လာမယ့် အစိုးရသစ်ကလည်း ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်
ခေါင်းဆောင်လုပ်ရင်လုပ်၊ မလုပ်ရင် သူ့သစ္စာခံတွေကို သူကောင်းပြု ခန့်ထားမှာ လို့လည်း ပြောကြတယ်။

ဘယ်သူပဲ တက်တက် အစိုးရ အဖွဲ့ဝင်တွေဟာ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း ကြေညာရမှာ ဖြစ်ပါတယ်။
လက်ရှိ အနေအထားကတော့ အစိုးရသစ်ကို ဆက်ပြီး ဦးဆောင်မယ်လို့ သတင်းပြေးနေတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအ၀င် သီဟသူရ
ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်းနဲ့ လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် တို့ အပြင် နေပြည်တော်က စစ်အာဏာပိုင်တွေ အတွက် ဒီ ဥပဒေက
အရာမ၀င်ဖြစ်နေရတယ်။ ဥပဒေအထက်မှာ ထင်ရာဆိုင်းနေကြတဲ့ ဗိုလ်ချုပ်မှူးကြီး နဲ့ အပေါင်းအပါတွေ အကြောင်း တစေ့တစောင်းကို ဧရာဝတီ
က ဖော်ထုတ် တင်ပြအပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

ကွယ်လွန်သူ အာဏာရှင်ကြီး ဦးနေ၀င်းက နိုင်ငံတော်


အစည်း အဝေးတွေမှာ သူများထက်မြင့်တဲ့ ထိုင်ခုံနဲ့
ထိုင်လေ့ရှိပါတယ်။ လက်ရှိ စစ်အာဏာရှင်ကြီး
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာတော့ မိသားစုဝင်
တွေပါ သူများထက် ခေါင်းတလုံး ပိုမြင့်ချင်ကြတယ်။
နိုင်ငံတော် ပွဲတွေဆို ရှေ့ဆုံးမှာ နေရာယူ ကြတယ်၊၊
ပဒေသရာဇ် စိတ်ဝင်နေတဲ့ ဒီမိသားစုဟာ
ဘယ်လောက်အထိ ချမ်းသာ ကြွယ်ဝတယ်ဆိုတာ
မသိနိုင် လောက်အောင်ပါပဲ။

လေ့လာ သုံးသပ်သူတွေ အဆိုအရ နိုင်ငံတော် ဘဏ္ဍာငွေ


ရှင်းတမ်းမှာ တဒေါ်လာ ၆ ကျပ်နဲ့ စာရင်းပြထားလို့
ပိုနေတဲ့ ဘီလျံနဲ့ ချီတဲ့ ဂက်စ်ရောင်းရ ငွေတွေဟာ
စင်ကာပူ ဘဏ်တွေမှာ စာရင်းဖွင့် အပ်ထားကြောင်း
သိရတယ်။ အဲ့ဒီငွေတွေကို စာရင်းကိုင်ဖို့ ဒု ဗိုလ်ချုပ်ကြီး ၀၀၀၀ ၀ ၀ ၀၀ ၀ ဆဆဆဆဆဆဆဆဆ ဆဆဆဆဆဆဆဆဆဆဆဆဆဆဆဆဆ
တင်အေးက တာဝန်ယူရတယ်။ တရုတ်ပြည် ပီကင်းနဲ့ ( - AP)
ရှန်ဟိုင်းမှာလည်း အိမ်တွေ ၀ယ်ထားတယ်လို့ ဆိုတယ်။

ပြည်တွင်းမှာကတော့ လက်ညှိုးညွှန်ရာ အကုန်ပိုင်တယ် ဆိုတဲ့ အခြေအနေမျိုးပါ။ ကာကွယ်ရေး ၀န်ကြီးဋ္ဌာန အသိုင်းအ၀ိုင်းတွေ အဆိုအရ


ဗိုလ်ချုပ်မှူးကြီး မပါဘဲ ဒေါ်ကြိုင်ကြိုင်နဲ့ သမီးတွေ မကြာခဏ တိုင်းခန်းလှည့်လည် သလိုမျိုး ခရီးထွက် တတ်တယ်၊ သူတို့ ရောက်လာရင်လည်း
ရောက်ရာ အရပ်က တိုင်းမှူး တပ်မမှူးတွေက စိတ်ညစ်ရတယ်လို့ ဆိုတယ်၊၊ ဈေးတွေ၊ ရှော့ပင်းမောလ်တွေ၊ စူပါ မားကက်တွေကို
ရောက်ရင်လည်း လက်ညှိုထိုးပြီး ယူကြသလို၊ စိန်၊ ရွှေ လက်ဝတ်ရတနာ တွေကိုလည်း တိုင်းမှူး တပ်မမှူး ကတော် တွေက ဗန်းနဲ့ ယူပြရတယ်။
သူတို့က ကြိုက်တာရွေးပြီး တခါယူရင် အောက်ထစ် သိန်းနှစ်ထောင် ဖိုးလောက် ယူတယ်။ အဲဒီလို ယူတာတွေကို တိုင်းမှူးတွေက နောက်ကနေ
လိုက်ရှင်းပေးရတယ်။ ဒီမိသားစု စိန်ကြိုက်တတ်ပုံကိုတော့ ၂၀၀၆ ခုနှစ်မှာ လူတွေ ကျယ်ကျယ် ပြန့်ပြန့် ကြည့်လိုက်ရတဲ့ သမီးတော် သန္တာရွှေ ရဲ့
မင်္ဂလာပွဲ မှတ်တမ်းတင် ဗီဒီယို အခွေမှာ အမြည်းအစမ်း သဘောတွေ့လိုက်ကြရပါတယ်။

ရှေးမြန်မာမင်းများထုံး နှလုံးမူသလားတော့ မသိဘူး။ မကွေး၊ မုံရွာ နယ်တွေဘက်မှာရှိတဲ့ လက်ယက်ရေနံတွင်းတွေ တူးဖော်ခွင့်၊ ကောလင်း၊


ဝန်းသို၊ မုံရွာနယ်က ရွှေတူးဖော်ခွင့်တွေအားလုံးကို ချုပ်ကိုင်ထားပြီး တခြားသူတွေကို လုပ်ပိုင်ခွင့် ပြန်ချပေးတယ်။ လုပ်ပိုင်ခွင့်
လိုင်စင်တွေကိုတော့ ဒေသဆိုင်ရာ တိုင်းမှူးတွေက တဆင့်လျှောက်ရတယ်။ လိုင်စင်ကြေးကတော့ တဧက ကို သိန်း ၃၀ ပေါက်ဈေး ရှိတယ်လို့
သိရတယ်။ လုပ်ပိုင်ခွင့် ဧက ၁၀၀၀ ဆိုရင် ကျပ်ငွေ သိန်း တသောင်း။ အမေရိကန် ဒေါ်လာ ၁ သန်း နဲ့ ညီမျှတဲ့ ငွေကို နှစ်စဉ်ကြေး
ပေးကြရတယ်။ သူတို့ဆီကနေ ပြန်ပြီး လုပ်ပိုင်ခွင့်ယူတဲ့သူတွေထဲမှာတော့ မုံရွာမှာ လက်ရှိ ရေနံ တူးနေတဲ့ မန္တလေးမြို့က တရုတ်သူဌေး
ဂရိတ်ဝေါလ် အုပ်စုလို့ နာမည်ကြီးတဲ့ ဟွန်ဒါ တင်မောင်က အများဆုံး ယူထားတယ်။
နေပြည်တော်နဲ့ မေမြို့မှာလည်း အကောင်းဆုံး အိမ်တွေ ခြံတွေကို ပိုင်ဆိုင်ထားလို့ အားမရဘူး။ ရန်ကုန်မြို့က အင်းလျားကန်
အနီးတ၀ိုက်မှာရှိတဲ့ ကောင်းပေ့ညွန့်ပေ ဆိုတဲ့ နိုင်ငံတော်နဲ့ စစ်တပ်ပိုင်မြေတွေကိုလည်း ယူထားပြီးပြီလို့ သိရတယ်။ ရန်ကုန် ပြည် လမ်းနဲ့
ကမ္ဘာအေး ဘုရားလမ်းကြား၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်းမကြီးဘေးမှာရှိတဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ ၁၊ ကပစ ၄)
တပ်နေရာတွေကိုလည်း အခု ဖယ်ရှားခိုင်းပြီး သူတို့မိသားစု ယူထားတယ်လို့ သိရတယ်။

အလားတူပဲ ပြည်လမ်း ရိုးမရိပ်သာနားက အင်းလျားလမ်းထိပ်မှာရှိတဲ့ အရင် မိသားစုအမွေမှု ဖြစ်နေတဲ့အိမ(် မြို့နယ် ငြိမ်ဝပ် ပိပြား ရေး
ရုံးဟောင်း) ကို ရဟတ်ယာဉ် ပျက်ကျလို့ ကွယ်လွန်ရသူ ဗိုလ်ချုပ်ကြီးတင်ဦး ဇနီး ဒေါ်ခင်သန်းနွဲ့ကို ပေးပေမယ့် မယူတဲ့ အတွက်
ဒေါ်ကြိုင်ကြိုင်က ယူပြီး ဦးတေဇက နာမည်ခံပေး ထားရတယ်။ စီးပွားရေး အသိုင်းအ၀န်းမှာတော့ ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီး တို့ မိသားစု
စီးပွားရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ပေးနေရတဲ့ ကိုယ်စားလှယ်လို့ ပြောနေကြတယ်။ ပုဂ္ဂလိက ဆေးရုံလုပ်ဖို့ ဦးတေဇ ၀ယ်ယူလိုက်တဲ့
အင်းလျားကန်ထိပ်က ကန်သာယာဆေးရုံမှာလည်း သမီးတွေရှယ်ယာ ငွေ ပါတယ်၊ ငွေဆောင်ကမ်းခြေနဲ့ ချောင်းသာက ဦးတေဇပိုင်
ဟိုတယ်တွေမှာလည်း ရှယ်ယာထည့်ထားတယ်လို့ သိရတယ်။

ဗိုလ်ချုပ်မှူးကြီးတို့ မိသားစု စီးပွားရေး သောင်းကျန်းတာကတော့ နောက်ဆုံး ဖိုးလပြည့်တောင် မကျန်ဘူးလို့ ဆိုရမယ်။ တရားဝင်


ကုမ္ပဏီထောင်ပြီးတော့ စီးပွားရေး လုပ်တာမဟုတ်ဘဲ အဘိုး အရှိန်အ၀ါနဲ့ မာဖီးယား ဆန်ဆန် မျက်နှာပြပြီး ပွဲစားစီးပွားရေးမျိုး လုပ်နေတာပါ။

သူ့လုပ်နည်းလုပ်ဟန်က တချို့ကုမ္ပဏီတွေ တရားမ၀င် ပစ္စည်းတွေသွင်းလာရင် အကောက်ခွန်ဌာနက အစစ်အဆေးမခံရ အောင် တရားဝင်


အခွန်မဆောင်ရအောင် ဆိပ်ကမ်းမှာရှင်းပေးတယ်။ ၀န်ဆောင်မှု အနေနဲ့ကတော့ ပစ္စည်းအမျိုးအစားပေါ် မူတည် ပြီး ပိုက်ဆံယူတယ်။ ဒါ့အပြင်
ရန်ကုန်မြို့က မြေနေရာတွေမှာ အလုပ်လုပ်လိုတဲ့ လုပ်ငန်းရှင်တွေကို ၀န်ကြီးတွေ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ပေးတဲ့ ပွဲစားမျိုးလည်း
လုပ်တယ်။

အထင်ရှားဆုံးကတော့ ပြည်လမ်းနဲ့ မနော်ဟရီလမ်း အတွင်းမှာရှိတဲ့ ထိုင်းသံရုံးဘေးက ဖျာပုံမမြနွယ်ခြံလို့ လူသိများတဲ့ မြေကွက်ကြီး ကို


ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့ နိုင်ဂရု(Naing Group)က ကုလားသူဌေးတွေ ၀ယ်ယူရာမှာ မြို့တော် စည်ပင်က အတည်မပြုပေးတဲ့
အတွက် ကုမ္ပဏီက ဖိုးလပြည့်ကို ကျပ် သိန်း ၅၀၀၀ ပေးပြီး မြို့တော်ဝန် ဦးအောင်သိန်းလင်းကို နားချပေးခိုင်း တာပါ။

ဖိုးလပြည့်ဟာ စီးပွားရေးနဲ့ ပတ်သက်လာရင် ဘယ်စစ်ဗိုလ်ချုပ်သားသမီးတွေကိုမှ ဗိုလ်မထားပါဘူး။ နေရာကောင်းမှာ ဆိုင်ဖွင့်ထား တဲ့


အတွင်းရေးမှူး(၁)သီဟသူရ တင်အောင်မြင့်ဦး ရဲ့သား ဗိုလ်ကြီး ဟောင်း တေဇာစောဦး လုပ်ကိုင်နေတဲ့ “7 Lekker” ကော်ဖီ ဆိုင်ကို
နောက်လိုက်တွေ စေလွှတ်ပြီး ဖျက်ဆီးပြခဲ့သလို သူပွဲစားလုပ်နေတဲ့ ပြည်သူ့ ဥယျာဉ်ထဲက မြေကွက်နဲ့ ပတ်သက်ပြီး ကာ ကွယ်ရေး ၀န်ကြီးဌာန
ပစ္စည်းဝယ်ယူရေး(ကက ၀ယ်) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်ရဲ့သား ၀င်းထွေးလှိုင်က ၀င်လာလို့ နောက်လိုက်တွေကို
ရိုက်နှက်ဖို့ ခိုင်းစေခဲ့ဖူးပါတယ်။

အနိုင်ကျင့်တဲ့နေရာမှာတော့ အဘိုးခြေရာမီပါတယ်။ ဖိုးလပြည့်ဟာ သူ့မကောင်းကြောင်း Facebook မှာ ရေးမိတဲ့ အမေရိကားနေ


သူငယ်ချင်းတယောက်ကို မြန်မာပြည် ပြန်အလာ ရဲနဲ့ ဖမ်းခိုင်းပြီး ဒုက္ခပေးခဲ့တာကြောင့် မိဘများ အခက် ကြုံခဲ့ရတယ်။၂၀၀၉ ခုနှစ် တုန်းကလည်း
စင်ကာပူမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတယောက် အလားတူမကောင်းကြောင်း ရေးမိတဲ့ အတွက် ရန်ကုန်မြို့က အဲ့ဒီ
သူငယ်ချင်းမိဘတွေရဲ့ အိမ်ကို ခဲနဲ့ထု၊ လူတွေကို ရဲနဲ့ဖမ်းခိုင်းပြီး ဦးချတောင်းပန်ခိုင်းတဲ့အတွက် မိဘတွေမှာ သား ဇော ကြောင့် ရှက်ရှက်နဲ့ပဲ
ဦးချတောင်းပန်ခဲ့ရတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရန်ကုန်မြို့ လမ်း ၅၀ မှာရှိတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ရုံး ကားရပ်နားရာ နေရာမှာ နိုင်ငံခြား ရေး ၀န်ကြီး
ဦးဉာဏ်ဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးတဦး က ဖိုးလပြည့်ကားရှေ့မှာ ပိတ်ရပ်မိတဲ့ အတွက် အိမ်ကို ခေါ်သွားပြီး ဆုံးမသြ၀ါဒ ပေးခဲ့တာကို
အဲဒီဗိုလ်ကြီး က သတိအနေအထားနဲ့ နာယူရတယ်လို့လည်း သိရပါတယ်။
အလားတူ အဲပုဂံရဲ့ နေပြည်တော်သွား ပြည်တွင်းခရီးစဉ်တခုမှာ ဖိုးလပြည့်နဲ့ အပေါင်းအပါ အုပ်စုရောက်လာခဲ့လို့ အရင်ရောက်နှင့် နေပြီး ဗီအိုင်ပီ
အတန်းမှာ နေရာယူထားတဲ့ ဦးရွှေမန်းရဲ့သား အောင်သက်မန်း က အောင့်သက်သက်နဲ့ ရိုးရိုးတန်းကို ပြောင်းပေး လိုက်ရတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုရဲ့ မတရားမှုတွေက ဒီလောက်နဲ့တင် ရပ်မသွားပါဘူး။ အရည်အချင်း ပြည့်ဝ၏ မပြည့်ဝ၏ နောက်ထား။ အာဏာရှင်ကြီး
ဦးနေ၀င်း လက်ထက်ကတောင် မလုပ်ခဲ့တဲ့ စင်ကာပူ၊ တရုတ်နိုင်ငံက သံရုံး တွေမှာ သမီးတွေကို အကြီးတန်း သံတမန် ရာထူးတွေ
ခန့်ထားခဲ့တယ်။ သမီးတွေကတော့ သံတမန်အလုပ်ထက် သံရုံးက ကောက်ထားတဲ့ အခွန်ငွေတွေကို အချိန် မှန်လာရောက် သိမ်းတဲ့ အလုပ်ကိုပဲ
လုပ်တယ်။ သားတွေဖြစ်တဲ့ ထွန်းနိုင်ရွှေ၊ ကြိုင်ဆန်းရွှေ တို့ကတော့ နေပြည်တော်က ဟိုတယ် လုပ်ငန်းတွေနဲ့ မြန်မာပြည်အနှံ့ လက်ညှိုးထိုး
မလွဲအောင် မှိုလိုပေါက်နေတဲ့ လောင်စာဆီ ဆိုင်တွေကို ပိုင်ကြတယ်။ နာမည်ကြီး ဂျေဒိုးနတ်ဆိုလည်း ထွန်းနိုင်ရွှေ ပိုင်တာပဲ။
ကျောက်မျက်ကုမ္ပဏီ မြန်မာ ဗွီအီးအက်စ် ဆိုလည်း ကိုမိုးနီဆိုတဲ့ စီးပွားရေးသမား တယောက်နဲ့ တွဲလုပ်တယ်။ ပဲခူးမှာလည်း သစ်အချောထည်
စက်ရုံထောင်ထားသေးတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုက ဒီလို မြန်မာတပြည်လုံးမှာ ထင်သလို ချယ်လှယ်ပိုင်ခွင့်၊ ထင်ရာဆိုင်းပိုင်ခွင့်ရှိနေတာဟာ ရှေးဘ၀ ကုသိုလ် ကြောင့်
ဒီဘ၀မှာ အကျိုးပေးတာလို့ နှစ်နှစ်ကာကာ ယုံကြည်နေကြပါတယ်။ ဒါပေမယ့် ရှေးကုသိုလ်ဟာ ဗိုလ်ချုပ်မှူးကြီး ယူနီဖောင်း ချွတ်မချွတ်နဲ့
သက်ဆိုင်နေကြောင်း သူတို့ ကောင်းကောင်းကြီး သဘောပေါက်နေကြတယ်။

ဗိုလ်ချုပ်မှူးကြီး အသက်အရွယ် ထောက်လာလို့ နားချင်တယ်ဆိုတာတောင် ဒေါ်ကြိုင်ကြိုင်က နားခွင့်မပေးဘူးလို့ သိရပါတယ်။

လက်ရှိ စစ်တပ်မှာ ဗိုလ်ချုပ်မှူးကြီးဟာ နောက်တက်လာမယ့် စစ်ခေါင်းဆောင်တွေကို စိတ်မချသလို အာဏာရှင် ဦးနေ၀င်းလို ကျ


ဆုံးခန်းရောက်မှာမျိုးကို စိုးရိမ်တဲ့အတွက် သီဟ သူရ ဦးတင်အောင်မြင့်ဦးနဲ့ ဦးတင်အေးကိုလည်း လက်ရှိ စစ်တပ် ခေါင်းဆောင် ငယ်တွေကို
စိတ်ချလက်ချ လွှတ်မထားဖို့ ပြောဆိုကြောင်း သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်ထောက်ချုပ်နဲ့ စစ်ရေးချုပ်ဟာ နာမည်သာရှိပြီး
တပ်နဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်ကတော့ မရှိသေးပါဘူး။

သမ္မတကြီးပဲ လုပ်မှာလား၊ နာယက ကြီးပဲ လုပ်မှာလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ မကြာခင် ရုပ်လုံးပေါ်လာလိမ့်မယ်လို့ ယူ ဆ ရပါတယ်။
လူတွေကတော့ အနားယူတယ်ဆိုတာ အနားကပ်တော့မှ သိမ်းကျုံးယူသွားတယ်လို့ ဆိုကြတယ်။ တကယ် အနားယူတယ်ဆိုဦးတော့ မိသားစု
အနာဂတ် လုံခြုံရေး စိတ်ချရအောင် ဗိုလ်ချုပ်မှူးကြီး စီမံထားပြီးပါပြီ။ ဒီပဲယင်း အရေးအခင်းမှာ နာမည်ကြီးခဲ့ပြီး မကြာခင်က အငြိမ်းစားယူသွားတဲ့
ဗိုလ်မှူးကြီး သန်းဟန်ကို Eagle Security ဆိုတဲ့ လုံခြုံရေး ကုမ္ပဏီဖွဲ့စေပြီး မိသားစုလုံခြုံရေးကို လက်ရှိ စောင့်ရှောက် ခိုင်းထားတယ်လို့
သိရပါတယ်။

နောက်လာမယ့် အပိုင်း (၂) မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း အကြောင်း တင်ပြပါဦးမယ်။ စောင့်မျှော် အားပေးကြပါကုန်။

မင်းတြားကြီး သန်းရွှေနဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၂)

ဧရာဝတီ Wednesday, 26 January 2011 17:47 ဆောင်းပါး

ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဆိုတာ ယဉ်ကျေးတဲ့ လူအဖွဲ့ အစည်းတိုင်းရဲ့ပြဋ္ဌာန်းချက်ပါ။ ဒါပေမယ့် စစ်ထောက်လှမ်းရေးမှူး


ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အပါအ၀င် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်တွေကို လာဘ်စားမှု၊ အာဏာအလွဲသုံးစား လုပ်မှုတွေနဲ့စွပ်စွဲလို့
ဖမ်းဆီးအပြီး တပ်မတော် ထိပ်တန်းခေါင်းဆောင် နံပါတ် ၃ နေရာကို အရှင်မွေးတော့ နေချင်း ညချင်းကြီးကာ ရောက်လာသူ ဗိုလ်ချုပ်ကြီးဟောင်း
သူရ ဦးရွှေမန်း က ဒီစကားကိုပြောတော့ လူတွေက ကောက်ချက်ချကြတယ်။ “အပြောကတော့ ရွှေမန်း” တဲ့။ အခုလာမယ့် အစိုးရ
အသစ်မှာလည်း သမ္မတလား၊ လွှတ်တော် ဥက္ကဋ္ဌလား။ ရှေ့တန်းက သတင်းပြေးနေပါ တယ်။ ဘာပဲဖြစ်ဖြစ် ပစ္စည်း ဥစ္စာပိုင်ဆိုင်မှုကတော့
အတိအလင်းကြေညာရမှာပါ။ ကြေညာသည် ဆိုဦးတော့ အပြောလောက်နဲ့တင် မပြီးပါ။ မှတ်ကျောက် အတင် ခံဖို့တော့ လိုပါတယ်။
အခုထက်ထိတော့ သူရ ဦးရွှေမန်းကို အက ကတော့ ချိုမိုင်မိုင် လောက်ပဲလို့ ပြောဆို သံတွေသာ ဆူညံနေရဲ့။
လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် မြောက်ကိုရီးယား စစ်ဦးစီး
အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ
လက်မှတ် ရေးထိုးနေစဉ်

သူရ ဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)

၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ ဦးရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်ကအကြမ်း ဖက်
နှိမ်နင်းတုန်းက ဗိုလ်မှူး အဆင့်ပဲ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင်သူပုန်တွေကို တိုက်ရာမှာ အစွမ်းပြနိုင်ခဲ့လို့ သူရ ဘွဲ့တံဆိပ်ကို
ရခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အထိ ရာထူးဆက်တိုက် တိုးမြှင့်ခံခဲ့ရတယ်။ ၁၉၉၁ မှာ တပ်မ ၆၆ ရဲ့ ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ် မှာ ဗိုလ်မှူးချုပ် အဆင့်
တိုးမြှင့်ခံရပြီး ရန်ကုန်လုံခြုံရေးကို တာဝန်ယူတဲ့ တပ်မ ၁၁ ရဲ့ တပ်မမှူး ဖြစ်လာတယ်။ နောက်တနှစ် အကြာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ
အနောက်တောင်တိုင်း တိုင်းမှူးဖြစ်လာပြီး နအဖ စစ်ကောင်စီရဲ့ယာယီအဖွဲ့ဝင် ဖြစ်လာတယ်။ ၂၀၀၀ ပြည့်နှစ် မှာတော့ ဗိုလ်ချုပ်အဖြစ်
ရာထူးတိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာတော့တယ်။

အထက်အမိန့်ကို တသဝေမတိမ်းလိုက်နာပြီး အောင်မြင်အောင် အကောင်အထည်ဖော်ပေးတတ်တဲ့ သူရ ဦးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးက


မျက်စိကျသလို ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက် ကလည်း ဒေါ်ကြိုင်ကြိုင်ကို အောက်သက်ကြေအောင် ပြုစုတတ်တော့ အရှင် မွေးတော့
နေ့ချင်းကြီးတော့တာပါပဲ။ ဒေါ်ခင်လေးသက် အောက်သက်ကြေပုံကတော့ ဗိုလ်ချုပ်မှူးကြီး မြေးအစဉ်အဆက်ကို ထိန်း ပေး ခဲ့သလို၊ သမီးတွေရဲ့
ဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စတွေကို မျက်နှာအောက်ချ လုပ်ပေးခဲ့တယ်လို့ အတွင်းသိတချို့ကတော့ ပြောကြ တယ်။

တကယ်တော့ ဒီလိုအလုပ်မျိုးတွေဆိုတာ တပ်မှာ ဒေါ်ခင်လေးသက် အဆင့်နဲ့ လုပ်စရာမလိုတဲ့ ကိစ္စတွေပါ။ ဒါပေမယ်လည်း ယောက်ျား


တက်လမ်း၊ ဘ၀ တက်လမ်းအတွက် မောင်တထမ်း မယ်တရွက် ဆိုသလို အစွမ်းကုန် စွမ်းဆောင်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးတော့ ဗိုလ်ချုပ် ရွှေမန်းဟာ ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ချထားခြင်းခံရပြီး တပ်မတော်သမိုင်းမှာ တခါမှ မရှိဘူး သေးတဲ့
ရာထူးအသစ် တပ်မတော်ညှိနှိုင်း ကွပ်ကဲရေးမှူး အဖြစ် ခန့်ထားခြင်း ခံရပါတယ်။ လုပ်ပိုင်ခွင့် ဘယ်ရွေ့ဘယ်မျှ ရှိတယ် ဆို တာ တိတိကျကျ
မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး နဲ့ ဒု ဗိုလ်ချုပ်မှူးကြီး တို့ရဲ့အမိန့်တွေကို အကောင်အထည်ဖော် ကြီးကြပ်ရတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန
အသိုင်းအ၀ိုင်းက ဆိုကြတယ်။ ဒါပေမယ့် တပ်ထဲမှာတော့ သူ့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလို့ အားလုံး က သိကြတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ဦးရွှေမန်းကို ဘယ်လောက်အထိ ယုံသလဲဆိုတော့ တပ်အပေါ် သြဇာအရှိဆုံး တယောက် ဖြစ် တဲ့ စစ်တပ်ကို
ပိုက်ဆံရှာပေးနေရတဲ့ ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဟောင်းလည်းဖြစ် စစ်ထောက်ချုပ်ဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အေးနဲ့ တွဲပြီး၂၀၀၈ မှာ
စစ်လက်နက်ပစ္စည်း ၀ယ်ယူဖို့ မြောက်ကိုရီးယားကို စေလွှတ်ခြင်းခံခဲ့ရတယ်။

ဗိုလ်ချုပ်ကြီး ရွှေမန်းကလည်း တပ်အသိုင်းအ၀န်းအတွင်းမှာ လူရှိန်အောင် စမတ်ကျကျ နေတတ်တယ်၊ အနေအထိုင်ဟော့ဟော့ ရမ်းရမ်းမရှိ၊


အသောက်အစားကလည်း လူကြီး လူကောင်းဆန်ဆန်။ တပ်ထဲမှာဆိုရင် တခြားဗိုက်ပူ ဗိုလ်ချုပ်တွေနဲ့ မတူဘဲ နိုင်ငံခြားရေး ၀န်ကြီး
ဦးဉာဏ်ဝင်းနဲ့ သူ့ကို စမတ်ကျတယ်ဆိုပြီး အမှတ်ပေးကြတယ်။ ဘယ်လောက်တောင် စမတ်ကျသလဲ ဆိုရင် တခြား ဗိုလ်ချုပ်တွေလို
မိန်းမကြိုက်တတ်တာကိုတောင် သူ့ဆရာ ဗိုလ်ချုပ်မှူးကြီး မသိဘူးလို့ ပြောရမယ်။

စစ်သား စစ်ဗိုလ်ဆိုတာ မိန်းမကိစ္စနဲ့ မကင်းတာ ဓမ္မတာပါပဲ၊ ဒါပေမယ့် သူ့ရှေ့က မျိုးချစ် ဗိုလ်ချုပ်ကြီးတွေနဲ့ မတူတာကတော့ သူရ ဦးရွှေမန်း က
နိုင်ငံတကာအမြင် ပိုရှိတယ်လို့ ဆိုရမယ်။ နီးစပ်သူတွေရဲ့ အဆိုအရတော့ ဦးရွှေမန်းဟာ ပြည်တွင်း ဖြစ်ထက် ထိုင်းနဲ့ အနောက်တိုင်းသူတွေကိုမှ
ပိုပြီး အာသီသရှိသတဲ့၊ ဆက်သွယ်ရေး လမ်းကြောင်းကတော့ သူ့သား အောင်သက်မန်းရဲ့ဆရာ ဦးတေဇ ပါပဲ၊ အဲပုဂံ နဲ့ ဘန်ကောက်က
သွားပင့်လာပြီး ရန်ကုန်က ထိပ်တန်း ဟိုတယ်ကြီးတွေမှာ ပျော်ပါးသတဲ့။

ပြည်တွင်းရေးမှာလည်း ကျယ်ပြန့်တဲ့ အမြင်ရှိပါတယ်၊ အထူးသဖြင့် ဆန်စပါး စိုက်ပျိုးရေးနဲ့ နိုင်ငံခြားတင်ပို့ရေး ကဏ္ဍတွေမှာ ခေတ် မီ


ဖွံ့ဖြိုးလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံစီးပွားထက်စာရင် မိသားစု အကျိုးစီးပွားက ပိုများနေမလားပဲ။ တကယ်တမ်း လည်း
သူရဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီး သြရသ အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီ ဟာ ဧရာဝတီတိုင်း
တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက
သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂
နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလား ဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီကို ဆန်
ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။

အောင်သက်မန်းရဲ့ ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်း ဆီ၊
ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊
ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်း တွေကို လုပ်ကိုင် နေပါပြီ။
နီးစပ်သူတယောက်ကတော့ “လက်နက်ကလွဲရင် အကုန်လုပ်တယ်”လို့ ပြောပါတယ်။

မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက်အမြောက် အမြား


ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့
ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။

တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း ကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့ အဆက်အသွယ် ကောင်းကောင်းရှိတယ်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြား ထားတာ မဟုတ်လား။
ကြားရတဲ့ သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့
သိရတယ်။

လက်ရှိ စစ်ဗိုလ်ချုပ်တွေရဲ့ ပုဂ္ဂလိက ပိုင်ပြုရေး၊ နိုင်ငံ စီးပွား စီမံခန့်ခွဲမှုကို လူတွေက ခနဲ့ကြတယ်။ “အဖေနှင့် သားများ ကုမ္ပဏီ” တွေ ကြီးစိုးတဲ့
ခေတ်တဲ့။ အာဏာရှိတဲ့ အဖေတွေက သားသမီးတွေကို ကုမ္ပဏီထောင်ခိုင်းပြီး လုပ်ပိုင်ခွင့်လိုင်စင်တွေ ဖောဖောသီသီ ချပေးမှတော့
ဒီမိသားစုတွေမှ မကြီးပွားရင် ဘယ်သူ ကြီးပွားတော့မှာတုန်းတဲ့။

လတ်တလောပြီးဆုံးသွားပြီဖြစ်တဲ့ နအဖ စစ်ကောင်စီရဲ့ အစည်းအဝေးက ထွက်လာတဲ့ သတင်းအရ သူရ ဦးရွှေမန်း လွှတ်တော် ဥက္ကဋ္ဌ
တာဝန်ယူရမယ်လို့ ဆိုတယ်။ လွှတ်တော် ဥက္ကဋ္ဌ ကြီး အနေနဲ့ တကယ်လို့များ ပိုင်ဆိုင်မှုစာရင်းကို ကြေညာတဲ့အခါ“ကျနော့် သားတွေ ပိုင်တာ
ကျနော်ပိုင်တာ မဟုတ်ဘူး”လို့ အရူးကွက် နင်းမှာကိုတော့ ကြိုသိနေပါကြောင်း။ ။

နောက်လာမယ့် အပိုင်း (၃) မှာ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟ သူရ တင်အောင်မြင့်ဦး အကြောင်း တင်ပြပါဦးမယ်။ စောင့်မျှော်
အားပေးကြပါကုန်။
http://www.bur.irrawaddy.org/ NLD လူငယ်စာဖတ်ဝိုင်း တိုးချဲ့
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၀၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်စာဖတ်ဝိုင်းကို ပါတီဝင်မဟုတ်သူ လူငယ်များပါ ပါဝင်စေကာ ယနေ့
တိုးချဲ့ပြုလုပ်ခဲ့ကြောင်း ပါတီလူငယ်များ အဆိုအရ သိရသည်။

ယနေ့စာဖတ်ဝိုင်းကို နေ့လည် ၂ နာရီခန့်တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်၌ ပြုလုပ်ခဲ့ရာ ပါတီဝင်လူငယ်များ အပါအဝင်


အခြားစိတ်ပါဝင်စားသူ လူငယ် ၅ဝ ခန့် တက်ရောက်ခဲ့ကာ၊ ၎င်းတို့က ရနံ့သစ် စာအုပ်တိုက်မှ ထုတ်ဝေသော ‘ပါရာဒိုင်း လက်ခုပ်သံများနှင့်
လူငယ်များ၏ ရင်ခုန်သံ’ ဟူသည့် ဆောင်းပါးစု စာအုပ်ကို ဝိုင်းဝန်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ကြေညာထားပါတယ်။ ရုံးမှာလည်း ဘုတ်ကြီးနဲ့ ရေးထားပါတယ်။ ဒီနေ့ စာဖတ်ဝိုင်းလေးကတော့ NLD


လူငယ်တွေတင် မကဘဲနဲ့ အခြားသော လူငယ်တွေ ပါဝင်တဲ့အတွက် ထူးခြားမှုလေး တခုလို့ မြင်ပါတယ်” ဟု လူငယ်လုပ်ငန်းဖော်ဆောင်ရေး
တာဝန်ခံတဦးဖြစ်သူ ကိုမျိုးညွန့်က မဇ္ဈိမကို ပြောသည်။

ပါတီလူငယ် ကိုရာဇာက “စာဖတ်ဝိုင်းရဲ့ ပုံစံက ဝိုင်းဆွေးနွေးတယ်ဗျာ။ အားလုံးစုပြီး ဝိုင်းထိုင်လိုက်တယ်ဗျာ။ ခုံလေးတွေနဲ့ မျက်နှာချင်းဆိုင်


ထိုင်ကြတယ်။ ဆွေးနွေးမယ်ဆိုရင် လူငယ်ဖော်ဆောင်ရေးအဖွဲ့ကို စာရင်းပေးရတယ်။ ဆွေးနွေးချိန်က တယောက်ကို ၁ဝ မိနစ်ထက် မပိုရဘူးပေါ့။
ဥပမာ လူ ၂ဝ က ဆွေးနွေးတယ်ဆိုရင် ဆွေးနွေးတဲ့ အကြောင်းအရာတွေကို မုံရွာ (ဦး) အောင်ရှင်နဲ့ ဦးအောင်ကြည်ညွန့်က မှတ်ထားတယ်ဗျာ။
ပြီးတော့မှ သူတို့ရဲ့ အတွေ့အကြုံအရ ဘယ်ဟာကတော့ဖြင့် အဓိပ္ပာယ်လွဲတယ်၊ ပိုနေတယ်၊ လိုသေးတယ် အစရှိသဖြင့် ပြန်ဆွေးနွေးပေးတာပေါ့”
ဟု မဇ္ဈိမကို ရှင်းပြသည်။

ယနေ့ စာဖတ်ဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်အပြီး ပထမဆုံးပြုလုပ်သည့် စာဖတ်ဝိုင်းဖြစ်ပြီး၊


ရန်ကုန်သာမက ပဲခူးနှင့် မကွေးမြို့များမှ အသက် ၂ဝ-၂၅ နှစ်အကြား လူငယ်အများစု လာရောက်ကာ ထိုအထဲတွင် အမျိုးသမီး ၁၅ ဦးခန့်
ပါဝင်သည်။

စာဖတ်ဝိုင်း သဘာပတိအဖြစ် ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး ဆောင်ရွက်ပြီး၊ စာရေးဆရာ မုံရွာအောင်ရှင်နှင့် ချောင်းသာမြို့နယ် ၁၉၉ဝ ခုနှစ်
လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်တို့ ကြီးကြပ်ဆွေးနွေးခဲ့သည်။ ထို့ပြင် စာပေလောကမှ စာရေးဆရာ၊ ကဗျာဆရာ ၄ ဦးလည်း
ယနေ့စာဖတ်ဝိုင်းသို့ လာရောက်ခဲ့ကြသည်။

NLD လူငယ်စာဖတ်ဝိုင်းများကို ၁၉၉၅ ခုနှစ်ကတည်းက ပါတီရုံးချုပ်၌ပင် စတင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ခဲ့သည်။ ၂ဝဝ၃
မေလ ၃ဝ ရက်နေ့ ဒီပဲယင်းကိစ္စနောက်ပိုင်းတွင်မူ အခြေအနေ အရပ်ရပ်ကြောင့် ရပ်နားခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် ပြန်လည်ပြုလုပ်လာခဲ့သည်။

“ပုံမှန်လုပ်ခဲ့တာပါ။ ဒီပဲယင်း အရေးအခင်း နောက်ပိုင်းမှာ ကျနော်တို့လည်းမရှိ၊ လူငယ်တွေလည်း ပြေးဟယ်လွှားဟယ်


ရှောင်ရယ်တိမ်းရယ်နဲ့ပေါ့ဗျာ။ တော်တော်လေး ရပ်ထားလိုက်ရတယ်။ ကျနော်တို့ မရှိတဲ့နောက်ပိုင်းမှာလည်း ဒီကလေးတွေ ဆက်လုပ်လာခဲ့တာ။
သူတို့တောင် အတော်လေး ကြီးလာပြီ။ နောက် အားသစ်တွေ ထပ်မွေးတော့ လူသစ်တွေ ရောက်လာတာ ရှိပါတယ်။ အများကြီး အထောက်အကူ
ဖြစ်ပါတယ်” ဟု ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

NLD အနေဖြင့် ၂ဝ၁ဝ မှတ်ပုံတင် ဥပဒေအရ မှတ်ပုံမတင်တော့သည့် ကာလကတည်းက ရန်ကုန်ရှိ လွှတ်တော်အမတ် ဒေါ်မေနှင်းကြည်၏
နေအိမ်၌ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဖျာပုံနီလုံဦး၊ မုံရွာအောင်ရှင်၊ ဦးသိန်းထွန်းတို့ ဦးဆောင်၍ နှစ်ပတ်တကြိမ် ပြုလုပ်လာခဲ့သည်။
“အရင်တုန်းက NLD လူငယ်တွေချည်း လုပ်ခဲ့ရာကနေ ခုဆို ကျောင်းသားလူငယ်လေးတွေပါ ပါဝင်လာတဲ့အတွက် အောင်မြင်မှု တရပ်ပါပဲခင်ဗျာ။
အများကြီး အားရပါတယ်။ မြန်မာပြည် လူငယ်တွေရဲ့ အရေးကို ကွန်ယက်ကြီးသဖွယ် တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” ဟု
ကိုမျိုးညွန့်က ပြောသည်။

ယနေ့စာဖတ်ဝိုင်းကို ညနေ ၄ နာရီခန့်တွင် အဆုံးသတ်ခဲ့သည်။ နောက်ထပ် ရက်သတ္တ နှစ်ပတ်အကြာတွင် သံအမတ်ကြီးဟောင်း ဦးတင့်ဆွေ


ရေးသားသည့် ‘ဒီမိုကရေစီစိတ်ထား’ ဆိုသည့် စာအုပ်ကို ဆွေးနွေးကြဦးမည် ဖြစ်သည်။

ရန်ကုန်မြို့အပြင် အခြား မြို့နယ်များတွင်လည်း ၎င်းတို့ အခြေအနေအလိုက် လုပ်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။


ဒေါ်ဘောက်ဂျာကို ဝရမ်းမထုတ်ဟု ရှေ့နေပြော
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရကို လူသိရှင်ကြားဝေဖန်လေ့ရှိသော အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီဝင် ဒေါ်ဘောက်ဂျာကို ဖမ်းဝရမ်း
ထုတ်ထားသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း သူ၏ ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

ဒေါ်ဘောက်ဂျာသည် ယနေ့တွင် နေပြည်တော် ရွေးကောက်ပွဲကော်မရှင် ရှေ့မှောက် ကြားနာမှုပင် ပြုခဲ့သည်။ သူက NDF ကိုယ်စားလှယ်အဖြစ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဝင်ရောက်အရွေးခံရာ အဓိကပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအုန်းမြင့်က
မဲမသမာမှု ပြုလုပ်ပြီး အနိုင်ရသွားသည်ဟု ကန့်ကွက်ထားသဖြင့် ကော်မရှင်တွင် တရားဆိုင်နေခြင်း ဖြစ်သည်။

“ဖမ်းဝရန်းထုတ်ထားမယ်၊ တရားစွဲထားမယ်ဆိုရင်တော့ ဒီနေ့ ကော်မရှင်မှာလည်း ကော်မရှင် မရောက်ခင် အရေးယူတာတွေလည်း


ဖြစ်လာနိုင်တာပေါ့။ ဒီနေ့တော့ အေးအေးဆေးဆေး ကော်မရှင်ခုံရှေ့မှာလည်း ဥပဒေနဲ့အညီ ကြားနာပြီးတာနဲ့ ထွက်လာတာပဲ။ သူ့ကို
စစ်ဆေးမေးမြန်းတာ မရှိပါဘူး” ဟု ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

ယနေ့ ကော်မရှင်ခုံရုံးသို့ ဒေါ်ဘောက်ဂျာ တက်ရောက်ခဲ့သလို၊ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း (ကစထ မှူးဟောင်း) အငြိမ်းစား ဗိုလ်ချုပ်
အုန်းမြင့်လည်း တက်ရောက်ခဲ့သည်။

သို့သော် ဖားကန့်မြို့နယ် အောင်ရာရွာရှိ ဒေါ်ဘောက်ဂျာ၏ နေအိမ်သို့ ပြီးခဲ့သည့် နှစ်ပတ်ခန့်တွင် နိုင်ငံရေးမှုများကို ကိုင်တွယ်သည့်


ရဲသတင်းတပ်ဖွဲ့ဝင်များ လာရောက် မေးမြန်းမှုများ ပြုခဲ့သည်ဟု ဦးမြင့်သွင်က ဆိုသည်။ ထိုစဉ် ဒေါ်ဘောက်ဂျာမှာ နေအိမ်တွင် မရှိဘဲ
မန္တလေးမြို့သို့ သွားရောက်နေခိုက် ဖြစ်သည်။

ဒေါ်ဘောက်ဂျာကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်-မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်၏ အမိန့်အရ ယခုလ ၁၇ ရက်နေ့တွင် ဖမ်းဝရန်း


ထုတ်လိုက်သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

အလားတူ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် အမှတ် ၄ မဲဆန္ဒနယ်တွင် အနိုင်ရခဲ့သည့် NDF အမတ် ဒေါက်တာ မြတ်ဥာဏစိုးကို ကြံ့ဖွံ့ဘက်မှ
ဝင်ပြိုင်သူ စာရေးဆရာ တက္ကသိုလ်မြတ်သူ မဲမသမာမှု ပြုခဲ့သည်ဟု စွပ်စွဲကာ တရားစွဲသော အမှုကို နေပြည်တော် ကော်မရှင်က ယနေ့
ကြားနာခဲ့သေးသည်။

အမှုနှစ်ခုလုံးကို ဖေဖော်ဝါရီ ၁ဝ ရက်နေ့တွင် ဆက်လက်ကြားနာရန် ကော်မရှင်က ရုံးချိန်းသတ်မှတ်ပေးခဲ့သည်။

ဒေါ်ဘောက်ဂျာသည် စစ်အစိုးရ၏ လက်ရင်းလူယုံ သူဋ္ဌေးတဦးဖြစ်သော ဦးဋ္ဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက ဖားကန့်မြို့နယ်အတွင်း တောင်သူ ၂၄


ဦး၏ မြေများသိမ်းပိုက်မှုတွင် တောင်သူများ၏ နစ်နာကြေးရရှိရန် ကူညီဆောင်ရွက်ပေးနေသူလည်း ဖြစ်သည်။

ကုမ္ပဏီဘက်က ဦးဋ္ဌေးမြင့်တွင် တာဝန်မရှိဘဲ ကုမ္ပဏီ၏ ကချင်ပြည်နယ်တာဝန်ခံ ဦးပုကြည်နှင့်သာ သက်ဆိုင်သည်ဟု ငြင်းချက်ထုတ်ခဲ့သည်။


တောင်သူများဘက်က ဦးဋ္ဌေးမြင့်ကို ဦးတည်တရားစွဲထားသဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကချင်ပြည်နယ် တရားရုံးရှေ့မှောက်
ဦးဋ္ဌေးမြင့်အမည် ပယ်သင့်၊ မပယ်သင့် နှစ်ဖက်လျောက်လဲမည်ဟု ဦးမြင့်သွင်က ဆိုသည်။

ထိုသို့ဖြစ်ထွန်းနေချိန် လွှတ်တော်အစည်းအဝေး တက်ရန် နိုင်ငံရေးပါတီများမှ အမတ်များအချို့ နေပြည်တော် စည်ပင်တည်းခိုရိပ်သာတွင်


ရောက်ရှိနေပြီဖြစ်သည်။

အစည်းအဝေးတက်မည့် ကိုယ်စားလှယ်များ မနက်ဖြန် နောက်ဆုံးထားကာ ကော်မရှင်ကို သတင်းပို့ရမည်။


NLD ရပ်တည်ရေးအမှု ၂၈ ရက်နေ့ အမိန့်ချမည်
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပါတီဆက်လက်ရပ်တည်ရေး အထူးအယူခံ လျှောက်ထားသည့် အမှုကို ယခုလ ၂၈ ရက်နေ့တွင် အမိန့်ချမည်ဟု


သိရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ပါတီရပ်တည်ရေး နောက်ဆုံးအဆင့် အထူးအယူခံတင်သွင်းခြင်းကို နေပြည်တော် တရားရုံးချုပ်က ယခုလ ၁၃ ရက်နေ့တွင် လက်ခံခဲ့ကာ၊ ၂၄


ရက်နေ့တွင် နှစ်ဖက်ကြားနာခဲ့ပြီးနောက် ရန်ကုန် တရားရုံးချုပ် ကြိုတင်အသိပေး စာရင်းတွင် စီရင်ချက်ချမည့်အကြောင်း ဖော်ပြထားခြင်း
ဖြစ်သည်။

“ဒီနေ့ ရန်ကုန် တရားရုံးချုပ်က ကြိုတင်သတိပေးစာရင်းမှာ ကပ်ထားတာက အဲဒီအမှုကို ဒီလ ၂၈ ရက်နေ့ ၁ဝ နာရီ နေပြည်တော်
တရားရုံးချုပ်မှာ အမိန့်ချမယ် ဆိုပြီးတော့မှ စာကပ်ထားပါတယ်” ဟု ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။

ကြိုတင်အမှုခေါ်စာရင်းတွင် မည်သည့်အမှုကို လက်ခံသည်/ပယ်သည်၊ မည်သည့်အမှုကို အမိန့်ချပြီးပြီဟူသည့် သတိပေးချက်များသာ


သာမန်အားဖြင့် ကပ်လေ့ရှိပြီး အမှုတခုကို မည့်သည့်နေ့ အမိန့်ချမည်ဟု မကပ်တတ်သဖြင့် ထူးခြားသည်ဟု ဆိုသည်။

သူက “ဒီလိုကြိုတင်အမှုခေါ်စာရင်းနဲ့ ထုတ်ပြန်တယ်ဆိုတာ ဒါထူးခြားတယ်ပေါ့ဗျာ။ တခြားဘယ်အမှုမှ ဒီလိုကြိုတင်ပြီးတော့ အမိန့်ချမယ်လို့


ကြိုတင်အသိပေးတဲ့ဟာ ကျနော်တော့ တခါမှ မကြုံဖူးဘူး။ ဒီအမှုတခုပဲ ကြုံဖူးတယ်။ ဘယ်နေ့ဘယ်ရက် အမိန့်ချမယ်ဆိုပြီးတော့
ဒီလိုစာရင်းထုတ် ကြေညာတာက ဒီတခါပဲ ကျနော် ကြုံဖူးတာပေါ့။ ထူးခြားတယ်ပေါ့” ဟု ပြောဆိုသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည့် NLD သည် ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်၍
ပါတီမှတ်ပုံမတင်သဖြင့် တရားဝင်ပါတီအဖြစ်မှ ပျက်ပြယ်ကြောင်း ကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ ကြေညာချက်တွင်
ဖော်ပြခဲ့သည်။

ထိုသို့ကြေညာအပြီး NLD အထွေထွေအတွင်းရေမှူး ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ပါတီအဖြစ် ဆက်လက်တည်ရှိခွင့် ရှိကြောင်း


ပထမအကြိမ် အယူခံတင်သွင်းခဲ့သည်။ သို့သော် အယူခံကို နေပြည်တော် တရားရုံးချုပ်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင်
ပယ်ချခဲ့သေးသည်။

ယခုလ ၂၈ ရက်နေ့တွင် ချမှတ်မည့် အမိန့်အတွက် ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးကျော်ဟိုးနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်


ဦးဝင်းမြင့်တို့ နေပြည်တော် တရားရုံးချုပ်သို့ သွားရောက်ကြားနာမည်။

မြန်မာ့ရေနံတွင်းဟောင်းများကို Goldpetrol ပြန်လည် တူးဖော်


ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၁ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းရှိ ရေနံချောင်းနှင့် ချောက်မြို့မှ ရေနံတွင်းဟောင်းများကို Goldpetrol Joint
Operation ကုမ္ပဏီက ပြန်လည် တူးဖော်ထုတ်လုပ်နေပြီ ဖြစ်သည်။

Goldpetrol ကုမ္ပဏီတွင် အစုရှယ်ယာ ၆ဝ ရာခိုင်နှုန်း ပိုင်ဆိုင်သော စင်္ကာပူအခြေစိုက် Interral Resources က အစုရှယ်ယာဝင်များအတွက်


အသိပေး ထုတ်ပြန်ချက်ကို ယခုလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ကုမ္ပဏီဝဘ်ဆိုဒ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

ပြန်လည်တူးဖော်နေသည့် ရေနံချောင်းမြို့နယ် တွင်းများအနက် ၁၉၃၁ ခုနှစ်ထဲတွင် အနက်ပေ


၉ဝဝ အထိ တူးဖော်ခဲ့ပြီးမှ ဒုတိယ ကမ္ဘာစစ်အတွင်း ပိတ်ပစ်ခဲ့သည့် တွင်းအမှတ် YNG-၂၄၅၉
နှင့် ၁၉၅၆ ခုနှစ်တွင် ချောက်မြို့နယ်၌ စတင်တူးဖော်ခဲ့သည့် တွင်းအမှတ် ချောက်-၉၅ဝ
တို့လည်း ပါဝင်သည်။ ချောက်-၉၅ဝ မှာ ယခင်က ရေနံစိမ်း စည်ပေါင်း ၂ဝ၆ဝဝဝ ကျော်
ထုတ်နိုင်ခဲ့ပြီးနောက် ၁၉၈၂ ခုနှစ်မှစ၍ ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ YNG-၂၄၅၉ မှ တရက်လျှင် ရေနံစိမ်းစည် ၂၂ စည်နှင့် ချောက်-၉၅ဝ မှ တရက်လျှင်


ရေနံစိမ်း ၃၂ စည် ထွက်ရှိကြောင်း ကုမ္ပဏီထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြီးခဲ့သည့်နှစ်မှစ၍ Goldpetrol သည် ရေနံတွင်းဟောင်းများကို ပြန်လည် တူးဖော်လျက်ရှိရာ


ယခုအခါ တရက်လျှင် ရေနံစိမ်း ၉ဝ စည်အထိ ကုန်ကျစရိတ် သက်သာစွာဖြင့်
ထုတ်နိုင်ပြီဟုလည်း Interral Resources က သူ၏ အစုပိုင်ရှင်များကို အသိပေးထားသည်။

မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နှင့်အတူ


Goldpetrol သည် ရေနံချောင်းနှင့် ချောက်ရေနံမြေအတွင်း ရေနံထုတ်လုပ်ခွင့်အတွက် နှစ် ၂ဝ
စာချုပ်ထားပြီး ၂ဝ၁၇ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်သည်။

Goldpetrol က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အဓိကရုံးစိုက်သည့် Schlumberger Logelco Inc


ကုမ္ပဏီကို ငှားရမ်း၍ ၎င်းနှစ်မြို့နယ်ရှိ ရေနံမြေများတွင် အလားအလာရှိ နေရာ ၈ ခုကို ၁၉၉၆
ခုနှစ်မှစ၍ ၉ နှစ်ကြာ ကွင်းဆင်းလေ့လာမှု ပြုလုပ်ရာ ရေနံစည် သန်းပေါင်း ၁၇၁၅ မှသည်
၃၆၃၉ အထိ ထုတ်လုပ်နိုင်မည်ဟု တွေ့ရှိရကြောင်း Interral Resources က ဆိုထားသည်။
Goldpetrol Joint Operation
ဆဆဆဆဆ ဆဆဆဆဆဆဆဆဆဆဆဆဆဆဆဆဆဆဆဆဆ ဆဆဆဆ ဝ
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့
(photo :: www.energy-pedia.com)
ရှာဖွေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများကို ချုပ်ကိုင်ထားပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း ရေနံနှင့်
သဘာဝဓာတ်ငွေ့ကဏ္ဍမှ ရင်းနှီးမြှုပ်နှံငွေ အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံကျော် ရရှိထားကြောင်း ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး
ချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားသည်။

ဇာဂနာမွေးနေ့ သီးလေးသီး ဖျော်ဖြေမည်


ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၅ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အကျဉ်းကျခံ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ၏ မနက်ဖြန် ကျရောက်မည့် ၅၀ နှစ်မြောက် မွေးနေ့တွင်
သီးလေးသီး သီးညီနောင် မောင်နှမများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အငြိမ့်ပွဲ ပြုလုပ်ကာ ဖျော်ဖြေဂုဏ်ပြုမည်ဖြစ်သည်။

ချင်းမိုင်တက္ကသိုလ် အနုပညာပြတိုက်တွင် သီးလေးသီး အငြိမ့်အဖွဲ့သားများက ၎င်းတို့၏ ဆရာဖြစ်သူ ကိုဇာဂနာ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့်


အငြိမ့်သဘင် တင်ဆက်ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ကျမတို့ရဲ့ ဆရာ ဦးဇာဂနာရဲ့ ရွှေရတုမွေးနေ့ အထိမ်းအမှတ်မှာ တပည့်တွေဖြစ်တဲ့ ကျမတို့အဖွဲ့ကနေပြီးတော့ ဆရာကို ဂုဏ်ပြုတဲ့အနေနဲ့


သူကြိုက်တဲ့ အနုပညာနဲ့ ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်” ဟု သီးလေးသီး
အငြိမ့်မင်းသမီး မြစပါယ်ငုံက မဇ္ဈိမကို ပြောသည်။

လူရွှင်တော်များဖြစ်သည့် ပန်းသီး၊ ကြယ်သီး၊ ဇီးသီးနှင့် မင်းသမီး


မြစပါယ်ငုံက ဦးဆောင်ကပြကြမည်။

ဝင်ကြေးကို ထိုင်းဘတ် ၅ဝ နှင့် ၁ဝဝ သတ်မှတ်ထားပြီး ထိုင်းစံတော်ချိန်


ညနေ ၆ နာရီခွဲမှ ၉ နာရီခွဲထိ ပြုလုပ်မည်ဖြစ်ပြီး၊ မနက်ဖြန်ပွဲအတွက် ၂ လခန့်
အချိန်ယူ ပြင်ဆင်ခဲ့ကြောင်း လူရွှင်တော် ဇီးသီးက မဇ္ဈိမကို ပြောသည်။

၁၉၈၇ ခုနှစ်တွင် မြပုဏ္ဏမာအငြိမ့်ကို ကိုဇာဂနာနှင့် အရိုင်းတို့က စတင်တည်ထောင်ခဲ့ပြီးနောက် ကင်းကောင်၊ ဖိုးဖြူ၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာတို့
ပါဝင်လာခဲ့ကာ အစိုးရကို ထောက်ပြသရော်သည့် ပြက်လုံးများ ရဲဝံ့စွာ ထုတ်ဖော် တင်ဆက်ခဲ့ကြသည်။

၂ဝဝ၅ ခုနှစ်တွင် မြပုဏ္ဏမာ မျိုးဆက်သစ်အဖြစ် သီးလေးသီး ဆေးရောင်စုံ


အငြိမ့်သဘင်ကို စတင်၍ လက်ဆင့်ကမ်း ပွဲထုတ်ပေးခဲ့ပြီး၊ “ဆေးရောင်စုံ
အငြိမ့်သဘင်” သည် အာဏာပိုင်များနှင့် အတိုက်အခံများကို သရော်သည့်
ပြက်လုံးများကြောင့် ပရိသတ်အားပေးမှုကို ရရှိခဲ့သည်။

“သီးလေးသီး” ကို ဂေါ်ဇီလာ၊ စိန်သီး၊ ကြယ်သီး၊ ပန်းသီး၊ ဇီးသီးနှင့် မင်းသမီး


ချောစုမျိုး၊ မြစံပယ်ငုံတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှစ၍ ထိုင်း အပါအဝင်
နိုင်ငံတကာ၌ လှည့်လည်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။

ကိုဇာဂနာ၏ မွေးနေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ Social Action


for Women (SAW) ကျောင်းမှ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊
ကျောင်းသားများ ဦးဆောင်၍ တောရဘုန်းကြီးကျောင်းတွင် သံဃာတော်များကို
ဆွမ်းကပ်၊ ဆုတောင်းပွဲ
ပြုလုပ်မည် ဖြစ်သည်။

နာမည်ကျော် စွယ်စုံအနုပညာရှင် ဇာဂနာ (ကိုသူရ) သည် ဆိုင်ကလုန်းမုန်တိုင်း


ဒုက္ခသည်များကို ကူညီနေစဉ် ၂ဝဝ၈ ခုနှစ် ဇွန်လတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို
ခံခဲ့ရသည်။

နိုဝင်ဘာလ၌ အင်းစိန်ထောင်တွင်း ခရိုင်တရားရုံးက

တင်းနစ် အာရှချန်ပီယံပွဲ မြန်မာတွင် ကျင်းပမည်


ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၃၆ မိနစ်

ဆဆဆဆဆဆ ဆဆဆဆဆဆ ဆဆဆဆဆဆဆဆဆဆဆဆဆဆဆဆဆ


နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်၏ ၁၄ နှစ်အောက် အာရှချန်ပီယံ တင်းနစ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ယခုလ ၂၉ ရက်နေ့မှစ၍
၎ ရက်ကြာ လက်ခံကျင်းပသွားမည်ဟု မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် အဆိုအရ သိရသည်။

ယခုလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ရန်ကုန်မြို့ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပမည်ဖြစ်ကာ၊ ဤသည်မှာ မြန်မာနိုင်ငံတွင်


နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ် International Tennis Federation က တတိယအကြိမ် လာရောက်ကျင်းပခြင်း ဖြစ်သည်။

၁.
.
၃.
၎.

“International Tennis Federation သူတို့ကနေ Section ချပေးပြီးတော့ ပွဲကုန်ကျစရိတ်တွေ အကုန်အကျ ခံပြီးတော့ ကျနော်တို့
မြန်မာနိုင်ငံကနေ ကြီးမှူးကျင်းပတာပေါ့။ ၁၄ နှစ်နဲ့အောက်ပါ။ 14th and Under ၊ ၁၄ နှစ်နဲ့အောက် Asian Championships ပေါ့ Group (2)”
ဟု မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် ဒါရိုက်တာ ဦးမောင်မောင်လေးက မဇ္ဈိမကို ပြောသည်။ အုပ်စု (၁) ကို လာမည့် မတ်လတွင် အင်ဒိုနီးရှား၌
ကျင်းပမည်ဟု ဆိုသည်။

ပြိုင်ပွဲကို နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်က စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး၊ မြန်မာအပါအဝင် မလေးရှား၊ မော်လ်ဒိုက်၊ မွန်ဂိုလီးယား၊ စင်္ကာပူ၊ သီရိလင်္ကာ၊
ဘင်္ဂလားဒေ့ခ်ျ၊ ဘူတန်၊ လာအို၊ နီပေါ၊ ပါကစ္စတန်၊ ဗီယက်နမ်အပြင် West Asian Team ခေါ် အနောက်အာရှအသင်းတို့
လာရောက်ယှဉ်ပြိုင်ကြမည်။

မြန်မာနိုင်ငံမှ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ၊ ပြိုင်ပွဲအမျိုးအစား ၄ မျိုး ပါဝင်သည်။

“တဦးချင်းနဲ့ နှစ်ယောက်တွဲပါ။ အမျိုးသား ယောက်ျားလေးတွေက ၁၄ နှစ်နဲ့အောက် တဦးချင်း၊ နှစ်ယောက်တွဲ။ မိန်းကလေးကလည်း တဦးချင်း၊


နှစ်ယောက်တွဲ။ အဲဒီပြိုင်ပွဲ ၄ မျိုးပေါ့” ဟု ဦးမောင်မောင်လေးက ပြောသည်။

မြန်မာတင်းနစ်မောင်မယ်များမှာ ကျောင်းသား၊ ကျောင်းသူများဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီ တိုင်းများမှ ရွေးချယ်ထားခြင်း


ဖြစ်သည်။

“ကျောင်းသားကျောင်းသူတွေပါ။ ကျနော် သူတို့ကို ကျောင်းထားပေးတယ်။ ဒီနားက အထက ၁ တောင်ညွန့်မှာ။ အကုန်လုံး


ကျောင်းထားပေးတယ်။ နောက် တင်းနစ်လည်း ရိုက်၊ ကျောင်းလည်း ထားပေါ့။ မနက်ပိုင်းဆိုရင် ကိုယ်လက်လေ့ကျင့်ခန်းပဲ လုပ်ပြီး ကျောင်းချိန်နဲ့
တိုက်နေတာဆိုတော့။ မနက်ပိုင်းကျတော့ Physical ပဲ လုပ်ပြီးတော့ ညနေပိုင်းကျမှ တင်းနစ်ရိုက်ခိုင်းပါတယ်” ဟု ဦးမောင်မောင်လေးက
ပြောသည်။

ရွေးချယ်ထားသူများတွင် ကျောင်းသူ/ကျောင်းသား ၁၆ ဦး အပါအဝင် ပြင်ပမှ လာကစားသူ ၂၃ ဦး ရှိသည်။ ၎င်းတို့အားလုံးမှာ ၂ဝ၁၃ ခုနှစ်
ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်နေသူများလည်း ဖြစ်သည်။

ပြိုင်ပွဲကို မနက် ၈ နာရီခွဲတွင် စတင်ကျင်းပမည်ဖြစ်ပြီး ပွဲဝင်ကြေးကိုမူ အခမဲ့သတ်မှတ်ကာ မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်မည်။

ယခုပြိုင်ပွဲ အမျိုးအစားကို ၂ဝဝ၄ နှင့် ၂ဝဝ၆ ခုနှစ်များတွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပခဲ့ကာ ရွှေတံဆိပ် ၄ ခုသာ ရရှိခဲ့သည်။

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ကို ၁၉၅ဝ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကာ၊ မြန်မာ့တင်းနစ်လောကအတွက် အအောင်မြင်ဆုံးမှာ ၁၉၆၉ မှ ၁၉၇၅ ခုနှစ်
ဝန်းကျင်ဖြစ်ပြီး ပွဲစဉ်တိုင်းလိုလို ရွှေတံဆိပ်ရခဲ့သည်ဟု ထိုစဉ်က ပါဝင်ကစားခဲ့သူတဦးက မဇ္ဈိမကို ပြောသည်။

“အဲဒီ့အချိန်မှာတော့ ကျနော်တို့က အအောင်မြင်ဆုံးပါပဲ။ အဲဒီအရင်ကလည်း အောင်မြင်မှု နည်းတယ်ပေါ့လေ။ အဲဒီနောက်ပိုင်းမှာလည်း


အောင်မြင်မှုနည်းတယ်။ ဒါပေမဲ့ အဲဒီ ၆၉၊ ၇၅ က အဲဒီနှစ်တွေလောက် အောင်မြင်မှု ရှိတာတော့ တခါမှ ကျနော်တို့ မရရှိခဲ့ဖူးပါဘူး။ အဲဒီတုန်းက
ပွဲတိုင်းလိုလိုကို ရွှေတံဆိပ် ချိတ်ခဲ့တာ” သူက ဆိုသည်။
စစ်မှုထမ်း ဥပဒေအပေါ် တိုင်းရင်းသားတွေ စိုးရိမ်
By နိုင်ကွန်းအိန် ဗုဒ္ဓဟူး, 26 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us

မြန်မာပြည်တွင်းမှာ အရွယ်ရောက်တဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းဖို့ ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအပေါ် တိုင်းရင်းသား


လူမျိုးစုတွေကြားမှာ လူပြောများနေပါတယ်။ လူငယ်တွေကြားမှာ စိုးရိမ်ပူပန်နေကြသလို ဒီဥပဒေဟာ အမျိုးသမီးတွေအတွက် မသင့်တော်ဘူးလို့
ဝေဖန်တာတွေလည်း ရှိပါတယ်။ ဒီဥပဒေကို လက်တွေ့ အကောင်အထည် ဖော်တာမှာတော့ အခက်အခဲ ရှိလိမ့်မယ်လို့ နိုင်ငံရေးပါတီ
ခေါင်းဆောင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က စုစည်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အရွယ်ရောက်တဲ့ ယောက်ျား၊ မိန်းမ မှန်သမျှ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေသတင်းဟာ အခုတလော ပျံ့နှံ့မှု


ရှိနေပါတယ်။ ဒီဥပဒေ ထုတ်ပြန်ထားတာနဲ့ ပတ်သက်ပြီး လူပြောများနေတယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဖြစ်သူ
နိုင်ငွေသိန်းက ပြောပါတယ်။

“စစ်မှုထမ်းရမယ်ဆိုတာ တော်တော်လေး ပြောနေကြတယ်။ အခုက တော်တော်ပြောနေကြပြီ။ မိန်းကလေး၊ ယောက်ျားလေးရော။ အဲဒါကတော့


ကျနော်တို့ ငယ်ငယ်တုန်းက လွတ်လပ်ရေး ရခါစပေါ့ဗျာ၊ ဟိုတုန်းကတည်းက လူတိုင်း စစ်မှုထမ်းရမယ် ဆိုတာက ဟိုတုန်းကတော့
ဟုတ်ချင်လည်းဟုတ်မယ်။ အခုဆိုလို့ရှိရင် အမိန့်အရ ထုတ်ပြန်လိုက်တယ် ဆိုပေမဲ့လည်း အကောင်အထည် ဖော်တဲ့နေရာမှာ ကျနော့်အထင်
မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ကရင်၊ မွန် ဒေသမှာရှိတဲ့ ကလေးတွေဟာ စစ်ထဲဝင်မယ့်သူဆိုတာ မရှိဘူး။ ကလေးတွေ အကုန်လုံးဟာ တခြားနေရာ
ရောက်ကုန်ပြီ။ အမိန့်တော့ အမိန့်ပေါ့ဗျာ။ ဒါပေမဲ့ အကောင်အထည်ဖော်ရမှာ တအားကို အခက်အခဲရှိမယ်လို့ ကျနော်မြင်တယ်ဗျ။”

စစ်မှုမထမ်းမနေရ ဥပဒေ အမိန့်အရ လူငယ်တွေ အနေနဲ့ စစ်မှုထမ်းရမှာကို စိုးရိမ်နေတယ်လို့ ကရင်ပြည်နယ် ဘားအံမြို့နေ လူငယ်တဦးက
အခုလို ပြောပါတယ်။

“ဒီ စစ်မှုမထမ်းမနေရ သူတို့ပြောလိုက်တဲ့ အခါကျတော့ လူငယ်တွေက အထိတ်တလန့် ဖြစ်တာပေါ့။ စစ်မှုမထမ်းမနေရနဲ့ ပတ်သက်တာဟာ


လာပြီးတော့ စစ်တမ်းကောက်ယူတာ မရှိဘူးလေ။ သူတို့ဘာသာ သူတို့ လုပ်တဲ့အခါကျတော့ ကျနော်တို့ လူငယ်တွေ အနေနဲ့ သိပ်ပြီးတော့
လက်မခံဘူးပေါ့။ မဖြစ်သင့်ဘူးလို့ ကျနော်တို့ မြင်တယ်လေ။ နောက်ပြီးတော့ ကျနော်တို့နိုင်ငံမှာလည်း နိုင်ငံရေးက ကမောက်ကမ
ဖြစ်တဲ့အခါကျတော့ အကယ်၍ သူတို့လုပ်တဲ့ အခါကျတော့ တိုင်းရင်းသား အချင်းချင်းမှာပဲ လူငယ်ကို သုံးပြီးတော့ စစ်နဲ့ပတ်သက်တာ
ထိုးစစ်ဆင်တဲ့သဘော အဲဒီလိုဖြစ်တယ်လို့ ကျနော်မြင်တယ်။”

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ဖြစ်လာရင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနဲ့ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂


နှစ်ထိ စစ်မှုထမ်းရမှာ ဖြစ်သလို အစိုးရက အရေးပေါ် အခြေအနေ သတ်မှတ်ထားခဲ့ရင် ၅ နှစ်အထိ စစ်မှုထမ်းကာလကို တိုးမြှင့်သွားမယ်လို့
ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ ဒီလို စစ်မှုမထမ်းမနေရ အမိန့်ဟာ အမျိုးသမီးတွေအတွက် ဥပဒေအရ ပြဋ္ဌာန်းလို့ မသင့်တော်ဘူးလို့
မော်လမြိုင်မြို့နေ ကျောင်းဆရာမတဦးက အခုလို ပြောပါတယ်။

“ဒီသတင်းကို စစဖတ်ခြင်း နည်းနည်းတော့ စိတ်ကသိကအောက် ဖြစ်တာပေါ့နော်။ ဒီဥပဒေကို လုံးဝ လက်မခံနိုင်ဘူး။ တကယ်လို့


စိတ်ပါလို့ရှိရင်လည်း ၀င်လို့ရတယ်။ ဒီဥပဒေ အနေနဲ့တော့ မပြဋ္ဌာန်းသင့်ဘူးလို့ ထင်တယ်။”

ဒီလို စစ်မှုထမ်းဥပဒေ ထုတ်ပြန်တာဟာ လူ့အခွင့်အရေးကို တနည်းတဖုံ ကျူးလွန်နေတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ပလောင်အမျိုးသမီး


အစည်းအရုံးရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် မမိုခမ်းက အခုလို ပြောပါတယ်။

“ဒီအမျိုးသမီးတွေနဲ့ပဲ အဓိက ဦးတည်ပြောရမယ် ဆိုရင်တော့ ဒီစစ်မှုထမ်း ဥပဒေတွေက ကျမတို့ အမျိုးသမီးတွေကို နည်းလမ်းတမျိုးနဲ့


အကြမ်းဖက်တယ်လို့ပဲ ကျမကတော့ မြင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ဥပဒေအရကလည်း ဘယ်လိုမှ လိုက်နာနိုင်မှု မရှိဘူး။
ကျမတို့နိုင်ငံနဲ့ သင့်လျော် လျောက်ပတ်တဲ့ ဥပဒေ ဖြစ်မနေဘူးပေါ့နော်။ စစ်အာဏာရှင်စနစ် အုပ်ချုပ်မှုအောက်မှာပဲ ရှိနေသေးတယ်။
ဒီအုပ်ချုပ်မှုအောက်က ထွက်လာတဲ့ စစ်မှုထမ်း ဥပဒေ ဆိုတာက စစ်သားစုဆောင်းရေး ဥပဒေပဲ။ ဒါက လူ့အခွင့်အရေး ချိုးဖောက်မှု တမျိုးပဲ။
အထူးသဖြင့် အမျိုးသမီးတွေကို စစ်မှုထမ်းရမယ် ဆိုတဲ့ဟာမျိုးတွေဟာ ဒါ အမျိုးသမီးတွေ အပေါ်မှာ အကြမ်းဖက်မှု တမျိုးပဲလို့ ကျမကတော့
မြင်တာပေါ့နော်။”

ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းစာရင်း ပေးသွင်းဖို့ ပျက်ကွက်သူတွေဟာ ထောင်ဒဏ် ၃ နှစ် ကျနိုင်ပြီး ဟန်ဆောင် ရှောင်လွှဲခဲ့ရင်တော့
ထောင် ၅ နှစ်အထိ အပြစ်ပေးခံရမယ်လို့လည်း ပြဋ္ဌာန်းပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေကို မြန်မာနိုင်ငံပြန်တမ်း အမှတ်
၅၁၊ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အင်အား စုစုပေါင်း ၅၀၀,၀၀၀ ခန့် ရှိတယ်လို့ ဆိုပေမဲ့လည်း
စစ်အစိုးရ တပ်ရင်းတိုင်းမှာ သတ်မှတ်ထားတဲ့ တပ်အင်အား အရေအတွက်ထက် လျော့နည်းနေတယ်လို့ စစ်ရေးအကဲခတ်သူတွေကနေ
သုံးသပ်မှုတွေ ရှိနေပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားချက် အများအပြား စစ်ဆေး


By မသင်းသီရိ ဗုဒ္ဓဟူး, 26 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us

ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတွင်း မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေး
ပါတီတွေရဲ့ အပြန်အလှန် စွပ်စွဲချက်တွေနဲ့ တိုင်ကြားချက်တွေကို နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ကော်မရှင်ရုံးမှာ ဒီကနေ့ စစ်ဆေးမှုတွေ
ပြုလုပ်ခဲ့ပါတယ်။ တိုင်ကြားမှုတွေကို ကြားနာစစ်ဆေးတာတွေ၊ လျှောက်လွှာ ပြင်ဆင်ချက်တွေအပြင် သက်သေစစ်ဆေးမှုတွေ လုပ်ခဲ့တဲ့ ဒီကနေ့
ပြည်ထောင်စု ကော်မရှင်ရုံးက အခြေအနေတွေကို မသင်းသီရိက တင်ပြပေးထားပါတယ်။

နေပြည်တော်က ပြည်ထောင်စု ကော်မရှင်ရုံးမှာ ဒီကနေ့ အပြန်အလှန် တရားစွဲဆိုချက် ၂၉ ခုကို ခုံရုံး ၁၆ ခုနဲ့ စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ နေရာအများစုနဲ့ အနိုင်ရခဲ့တယ်ဆိုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တချို့နေရာတွေမှာ သူတို့ကို အနိုင်ရသွားတဲ့ တခြား
နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေကို ပြန်တရားစွဲထားတာတွေ ရှိပါတယ်။ တခါ တချို့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေက
မဲမသမာမှုတွေ လုပ်ခဲ့တယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ကို တိုင်ကြားထားတဲ့ အမှုတွေကို ဒီကနေ့ ပြည်ထောင်စု ကော်မရှင်ရုံးမှာ
စစ်ဆေးတာ ဖြစ်ပါတယ်။

အဲဒီမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က မန္တလေး တိုင်းဒေသကြီး လွှတ်တော်နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရခဲ့တဲ့


ဒေါ်တင်တင်မာကို သူ့ရဲ့ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးမြ၀င်းက တရားစွဲဆိုထားတဲ့ အမှုကို ဒီကနေ့ စစ်ပါတယ်။ ဒေါ်တင်တင်မာဟာ
ရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလအတွင်း ငွေကြေးပေးပြီး ထောက်ခံမှုရဖို့ စည်းရုံးခဲ့တယ်ဆိုတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ စွပ်စွဲချက်ကို ဒီကနေ့
ရုံးခေါ်သက်သေ စစ်ခဲ့တယ်လို့ ဒီတိုင်ကြားမှုအတွက် ဒေါ်တင်တင်မာဘက်ကနေ လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင်က
ပြောပါတယ်။

“ဒေါ်တင်တင်မာရဲ့ အမှုမှာ ရုံးခေါ်သက်သေကို စစ်ပြီးတဲ့အဆင့်ကို ရောက်ပါပြီ။ ရုံးခေါ်သက်သေပြီးရင် လျှောက်ထားခံရသူ


ဒေါ်တင်တင်မာဘက်က သက်သေတွေ စစ်ဖို့အတွက် ချိန်းထားပါပြီ။ ဒေါ်တင်တင်မာကိုလည်း စစ်ပြီးပါပြီ။ လျှောက်ထားခံရသူတွေ၊
သက်သေတွေ စစ်တဲ့အဆင့်ကို ရောက်နေပါပြီခင်ဗျ။”

ဒေါ်တင်တင်မာရဲ့ အမှုကို လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြန်ချိန်းထားတယ်လို့ ပြောပါတယ်။ တခါ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ
(NDF) ရဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဘောက်ချာက သူ့ရဲ့ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီက ဦးအုန်းမြင့်ဟာ
ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေနဲ့ အနိုင်ရခဲ့တဲ့အပေါ် ကန့်ကွက်လွှာကိုလည်း ဒီကနေ့ ကော်မရှင်ရုံးမှာ စစ်ဆေးပါတယ်။

“ဒေါ်ဘောက်ချာဘက်က မဲရုံမှူးတွေရယ်၊ မဲရုံ ကိုယ်စားလှယ်တွေရယ်၊ အထောက်အထားတွေ ရေးပေးထားတဲ့ လက်မှတ်တွေရယ်၊ ရထားတဲ့


စာရွက်စာတမ်းတွေနဲ့ သက်သေတွေ အရတော့ တရားမဲ့ ပြုကျင့်မှုဆိုတဲ့ ဥပဒေ ဘောင်ထဲမှာတော့ ငြိစွန်းတာ တွေ့ရတယ်ခင်ဗျ။
အဲဒီအထောက်အထားတွေ ခိုင်လုံလို့လည်း ရေးပြီးတော့ လျှောက်ထားတာ ဖြစ်ပါတယ်။ အဲဒီအမှုကတော့ ဒီနေ့မှာ စာရွက်စာတမ်းတွေ
တင်ပြီးတော့ ရုံးကောက်ချက်ထုတ်ပြီး နောက် ၁၀ ရက်နေ့ကို ဒေါ်ဘောက်ချာကို စစ်ဖို့အတွက် ချိန်းလိုက်ပါတယ်။”
NDF ပါတီက ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကိုလည်း ကြံ့ခိုင်ရေးပါတီက ဦးမြတ်သူက
တိုင်ကြားထားတဲ့ အမှုကိုလည်း ရှေ့နေ ဦးမြင့်သွင်ကပဲ လိုက်ပါ အကျိုးဆောင်ပေးခဲ့တာပါ။ အဲဒီမှာ တိုင်ကြားသူဘက်ရဲ့ သူတို့ရဲ့
လျှောက်လဲချက် ပြင်ဆင်ခွင့် ပြည်ထောင်စု ကော်မရှင်မှာ တောင်းဆိုတာကို ဒေါက်တာ မြတ်ဉာဏစိုးတို့ဘက်က ဒီကနေ့ ပြန်လည်
ကန့်ကွက်ခဲ့တယ်လို့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

“ဒီပြင်ဆင်လွှာနဲ့ ပတ်သက်တဲ့ဟာကို ကန့်ကွက်တဲ့ ထုချေလွှာ ပြန်တင်ရမှာပါ။ အခုက ရွေးကောက်ပွဲ ကော်မရှင်ရုံး ဖြစ်တဲ့အတွက်


စွပ်စွဲမယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၆၆(က) ကနေ (ဌ) အထိ ရှိတဲ့ တရားမဲ့ပြုကျင့်မှု ဆိုတဲ့ အပိုဒ်တွေနဲ့ ငြိစွန်းမှသာ
ကန့်ကွက်ခွင့် ရှိပါတယ်။ အဲဒီ တရားမဲ့ပြုကျင့်မှု ဆိုတဲ့ အပိုဒ်တွေနဲ့ မငြိစွန်းရင် ကန့်ကွက်လွှာကို ဥပဒေနဲ့အညီ ပြန်ပြီးတော့ ထုချေပြီး
ပယ်ဖို့အတွက် လျှောက်ထားလို့ ရပါတယ်။”

အလားတူ တစညပါတီ အပါအ၀င် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူတို့တိုင်ကြားထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် တချို့ကိုလည်း ဒီကနေ့


ပြည်ထောင်စု ကော်မရှင်ရုံးမှာ တွေ့ရတယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားပါတီတွေက နိုင်ထားတဲ့ ကျားဖြူ ရှမ်းပါတီကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက စွဲထားတဲ့ အမှုတွေ ရှိတယ်။ နောက် ရခိုင်ပါတီကို
ကြံ့ခိုင်ဖွံ့ဖြိုးရေးက စွဲထားတဲ့ အမှုတွေ ရှိတယ်။ ပဲခူးတိုင်းဘက်မှာဆိုရင် တစညကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက စွဲထားတဲ့ အမှုတွေ ရှိပါတယ်။ ဒီနေ့
ဒေါ်ချိုချိုကျော်ငြိမ်းတို့လည်း ပြည်ထောင်စု ကော်မရှင်ရုံးမှာ တွေ့ပါတယ်။ ဒေါ်ချိုချိုကျော်ငြိမ်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကန့်ကွက်လွှာတင်ပြီး
စွဲထားတာ ရှိပါတယ်။ သူတို့လည်း ဒီနေ့ ပြည်ထောင်စု ကော်မရှင်ရုံးမှာ ရုံးချိန်း လာကြပါတယ်။”

နိုင်ငံရေးပါတီတွေ အပြန်အလှန် တိုင်ကြားချက် တချို့အတွက် လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလာမယ့် ၃၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် လွှတ်တော်ကိုတော့ တိုင်ကြားခံထားရသူ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ရှိပြီး


တကယ်လို့ တိုင်ကြားခံရသူတွေဟာ စစ်ဆေးချက်တွေအရ ရှုံးနိမ့်ခဲ့တယ် ဆိုရင်တော့ အရည်အချင်း ပြည့်မီခြင်း မရှိဘူးဆိုပြီး ကိုယ်စားလှယ်
အဖြစ်ကနေ ထုတ်ပယ်ခံရမှာ ဖြစ်ပါတယ်။

ပုဂ္ဂလိကပိုင် ပြုလုပ်မှုကြောင့် မြန်မာ့စီးပွားရေး စစ်တပ်ထိန်းချုပ်မှု ခိုင်မြဲ


By Ron Corben's Report in Burmese အင်္ဂါ, 25 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us

မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေရဲ့ တစိတ်တပိုင်းအဖြစ် စစ်အစိုးရက နိုင်ငံပိုင်ပစ္စည်း အတော်များများကို


ပုဂ္ဂလိကလက်ထဲ လွှဲပြောင်း ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ဒီရောင်းချမှုဟာ နိုင်ငံပိုင် ပစ္စည်းတွေကို စစ်အစိုးရနောက်လိုက်
စီးပွားရေးသမားတွေ လက်ထဲ ပြောင်းပေးလိုက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးကို ထိန်းချုပ်ထားတာထက် မပိုဘူးလို့ ဝေဖန်သူတွေက
မှတ်ချက်ချပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ရွန်ကော်ဘန် (Ron Corben) သတင်းနောက်ခံ ဆောင်းပါး
ပေးပို့ထားတာကို မမိုးဖြူက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ စစ်အစိုးရရဲ့ စီးပွားရေး လက်ဝါးကြီးအုပ် ချယ်လှယ်ခံထားရတဲ့ နိုင်ငံဖြစ်ပြီး အာရှမှာ အဆင်းရဲဆုံး တိုင်းပြည်တွေထဲက


တခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်အစိုးရကတော့ တိုင်းပြည်ပိုင်ဆိုင်မှုရဲ့ ၉၀% လောက်ကို ရောင်းစားတာမျိုး အပါအ၀င် စီးပွားရေး
ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ မကြာသေးခင်က တိုင်းပြည်က ပိုင်ဆိုင်တဲ့ လေဆိပ်တွေ၊ အဆောက်အဦးတွေ၊
ဓာတ်ဆီဆိုင်နဲ့ သင်္ဘောဆိပ်နဲ့နီးတဲ့ မြေကွက်ကြီးတွေ အပါအ၀င် စီးပွားရေး ပိုင်ဆိုင်မှုပေါင်း ၄၀၀ ကျော်ကို အစိုးရက ထုတ်ရောင်းလိုက်ပြီလို့
ရန်ကုန်က သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ကမ္ဘောဒီးယား အခြေစိုက် Leopard Capital ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်ဂလပ်စ် ကလေတန် (Douglas
Clayton) က ပြည်သူပိုင် အခန်းကဏ္ဍကနေ ပုဂ္ဂလိကပိုင် လုပ်တာဟာ စီးပွားရေးအရ ပိုပြီး ထိရောက်မှုရှိတဲ့ ခြေလှမ်းတခု လှမ်းလိုက်တာ
ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီလို စီးပွားရေး ပြုပြင်ပြောင်းလဲမှုကနေ နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ အရှိန် ပိုရလာပါလိမ့်မယ်။”

ဒါပေမဲ့ တချို့ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူတွေကတော့ အခုလို ပုဂ္ဂလိကပိုင် လုပ်တာဟာ လက်ရှိ စစ်အစိုးရရဲ့ အာဏာကို ထိန်းချုပ်ထားဖို့
ကြိုးပမ်းချက် တစိတ်တပိုင်းသာ ဖြစ်တယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ အမြင်အရ အခု ပုဂ္ဂလိကပိုင် ပေးလိုက်တဲ့ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတွေဟာ
စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ထဲကို ရောက်သွားတာသာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

သြစတြေးလျ မက်ကွာရီ တက္ကသိုလ် (Macquarie University) က စီးပွားရေး ပညာရှင် အဲလစ်စန် ဗစ်ကရီ (Alison Vicary) ကတော့ အခုလို
ဝေဖန် သုံးသပ်ပါတယ်။

“နိုင်ငံပိုင် ပစ္စည်းတွေ ပုဂ္ဂလိက ကဏ္ဍကို အကြီးအကျယ် ရောင်းချပေးနေတာဟာ ရွေးကောက်ပွဲ မတိုင်ခင်က စစ်အစိုးရကို ထောက်ခံ
အားပေးခဲ့တဲ့ စီးပွားရေးသမားတွေကို အစိုးရက ပြန်ကြည့်တဲ့ သဘောပါပဲ။ ဥပမာ နိုင်ငံပိုင် လေယာဉ်ကွင်းကို ရောင်းပေးလိုက်တာဟာ
စစ်အစိုးရနဲ့ နှစ်ပေါင်းများစွာ တကြိတ်တည်း တဉာဏ်တည်း လုပ်ခဲ့တဲ့ စီးပွားရေးသမားတွေကိုပါပဲ။ ဒါကြောင့် စစ်အစိုးရ အနေနဲ့
ဒီစီးပွားရေးသမားတွေကို အိတ်ထဲထည့် စည်းရုံးထားဖို့ လုပ်တယ် ဆိုတာကတော့ ထင်ရှားပါတယ်။ နောင်အနာဂတ်မှာ စီးပွားရေး စီမံခန့်ခွဲဖို့
ဆိုတာက နောက်ကိစ္စတခုပါ။”

အခုလို ရောင်းလိုက်တဲ့ နိုင်ငံပိုင် ပစ္စည်းတွေကို ၀ယ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေထဲမှာ စစ်တပ်ရဲ့ အငြိမ်းစားလစာ ရန်ပုံငွေတွေကို
ချုပ်ကိုင်ထားတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလို၊ နိုင်ငံပိုင်ပစ္စည်း ရောင်းလို့ရတဲ့ ရန်ပုံငွေတွေကို ကြီးကြပ်ရတဲ့ မြန်မာ့စီးပွားရေး
ဦးပိုင်လီမိတက်လို စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းကြီးတွေပါ ပါနေတယ်လို့ တချို့ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူတွေက ထောက်ပြ
ဝေဖန်ကြပါတယ်။

“အခုလုပ်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်မှုတွေက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို စစ်အစိုးရနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ အပါအ၀င်


စစ်အစိုးရနောက်လိုက် စီးပွားရေးသမားတွေရဲ့ ပိုင်ဆိုင်မှု ဖြစ်လာအောင် ပြောင်းလိုက်တာပါပဲ။”

မြန်မာနိုင်ငံအကြောင်း ရေးသားနေတဲ့ ဘာတေးလ် လင့်တနာ (Bertil Lintner) ကလည်း ဒီပုဂ္ဂလိကပိုင် လုပ်မှုတွေဟာ စစ်ခေါင်းဆောင်တွေနဲ့
နောက်လိုက်တွေ အတွက်ပဲ ဆိုတာ ထောက်ခံပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လမ်းဖွင့်ပေးလိုက်တယ်လို့တော့
ယူဆပါတယ်။

“စီးပွားရေး အခွင့်အလမ်းသစ်တွေ ပေါ်လာပြီလို့ လူတွေက ပြောနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေက သိပ်ကို
ဆိုးနေတာကြောင့် ပြုပြင် ပြောင်းလဲမှုတွေတော့ လုပ်ဖို့ လိုပါလိမ့်ဦးမယ်။”

ဟောင်ကောင်မှာရှိတဲ့ တရားမ၀င် ငွေလွှဲပြောင်းမှု နှိမ်နင်းရေး အကြံပေးအဖွဲ့က ပီတာ ဂယ်လို (Peter Gallo) ကတော့ အခုလို ပုဂ္ဂလိကပိုင်
လုပ်ပေမဲ့လည်း နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်မယ်ဆိုရင် သတိကြီးကြီးထားဖို့ လိုမယ်လို့
သတိပေးလိုက်ပါတယ်။

“လက်တွေ့ပြဿနာကတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေပါပဲ။ ဒီမိုကရေစီနည်းကျ တင်မြှောက်တဲ့


အစိုးရ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်လို့ကတော့ နိုင်ငံတကာ ပြစ်တင်ရှုတ်ချတာကို
ခံရမှာပါ။”

လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒက်ဘီ စတော့တ်ဟာ့တ် (Debbie Stothard) ကတော့ ဒီပြောင်းလဲမှုတွေဟာ မြန်မာပြည်သူ အများစုရဲ့
ဘ၀တိုးတက်ဖို့ ဘာမှ လုပ်မပေးနိုင်ပါဘူးလို့ ရှင်းရှင်းလင်းလင်း အခုလို မှတ်ချက်ချပါတယ်။

“မြန်မာပြည်က ပြည်သူ အများစုဟာ လျှပ်စစ်မီး၊ သန့်ရှင်းတဲ့ သောက်ရေ၊ အခြေခံ ကျန်းမာရေးနဲ့ ပညာရေး ခံစားခွင့်တွေ ဘာမှ မရှိကြပါဘူး။
အခုလို ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နောက်လိုက်တွေရဲ့ ပိုင်ဆိုင်မှုအဖြစ် ပြောင်းလိုက်တာဟာ
ခုနပြောတဲ့ အခြေခံအခွင့်အရေး မရတဲ့ ပြည်သူအများစုအတွက် ဘာအကျိုးမှ မရှိပါဘူး။”

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးတာနဲ့ ရွေးကောက်ပွဲ ကျင်းပတာတွေဟာ


နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု တချို့ကို လုပ်တာဖြစ်တယ်လို့ အာဆီယံ ခေါင်းဆောင်တွေက ယူဆပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော် အကျဉ်းထောင်တွေထဲမှာ


ဆက်ရှိနေတဲ့ အချက်နဲ့ စစ်အစိုးရက စီးပွားရေးကို ဆက်ပြီး လက်ဝါးကြီး အုပ်ထားတဲ့ အချက်တွေကြောင့် အာဆီယံက ပြောတဲ့
ပြုပြင်ပြောင်းလဲမှု တချို့ ဆိုတာဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်ဖို့ တကယ့်လက်တွေ့မှာ အများကြီး လိုနေပါသေးတယ်လို့ လူ့အခွင့်အရေး
အဖွဲ့တွေက ထောက်ပြ သုံးသပ်ကြပါတယ်။

You might also like