You are on page 1of 8

ရေမွှေး သုံးချင်လာသူ တစ်ယောက်၏ မှတ်တမ်း

Rack No. 3 - Roll No. 2 - TRB 24 - 1425 ps

Container B – UP 6000 – 76 ps

*****************

*****************

*****************

ဒီလို ကျွန်တော် ရှေ့က Whiteboard မှာ ရေးနေတုန်း နောက်ကနေ ခြေအစုံ ဖွဖွ ချသံကြားရတယ်။
လေနီကြမ်း ဆိုပေမဲ့ ကျွန်တော် သူ့အရောင်ကို မမြင်ဖူးဘူး။ လေပြင်းတိုက်တယ် ပြောကြပေမဲ့
လေပျော့ကိုလည်း ကျွန်တော့်ရှာမတွေ့။ အခု ကျွန်တော့်နောက်က ခြေသံလေးကတော့ ခပ်ဖွဖွလေး။
ရွေ့လျားမှုကြောင့် လေမှာ ဝဲကယက်ကလေးတွေ ဖြစ်မယ် ဆိုရင်တောင်မှ အခုက နှေးကွေးလို့
ကျွန်တော့်နောက်က လေနုနု ဝဲကယက်လေးတွေသာ ဖြစ်နေမှာပဲ။

ဒီလေနုနုတွေထဲမှာ မအိပ်ရသေးလို့ ခပ်နောက်နောက် ခေါင်းကို လှုပ်နိုးလိုက်သလို ဖြစ်သွားစေတဲ့


ရနံ့တစ်မျိုးပါနေတယ်။ ဖာသိဖာသာ နဲ့ မသိမသာ ကျွန်တော် ခိုးရှိုက်ကြည့်လိုက်တော့။ ကျွန်တော်
နှစ်သက်သော သနပ်ခါးရနံ့။ မဖြစ်နိုင်တာ။ ဒီမှာ ဘယ်သူမှ သနပ်ခါးမလိမ်းကြ။ ဒါပေမဲ့
ပိုပိုသိသာလာတဲ့ ရနံ့လေးက တိုးတိုးဝင်လာတယ်။ ဒါ ရေမွှေးနံ့လား။

သိသိသာသာပဲ ကျွန်တော်လှည့်ကြည့်လိုက်တော့. . .

“ သြော်. . . ”

“ Morning . . ”

ကျွန်တော့်နောက်ရောက်နေတာက အခုမှ အလုပ်ကို အသစ်ဝင်လာတဲ့ တရုတ်မလေး။


မျက်နှာချင်းဆိုင်လိုက်တော့မှ သူ့ဆီက ရေမွှေးနံ့လေးက သိသာစွာပဲ အာရုံခံကို သူ့ဆီက
ဖြစ်ကြောင်း ဝိုင်းပြီး ထောက်ခံကြတယ်။ အဟုတ်ပဲ သူ့သုံးထားတာ သနပ်ခါးအနံ့ ရေမွှေးလေးပဲ။
ကျွန်တော့်ရင်လေး တိတ်တိတ်ကလေး ခုန်သွားတယ်။ ကျွန်တော် ပြန်နှုတ်ဆက်လိုက်တယ်။
“ Morning. . ”

“ ငါ့ကို ဒီနေ့က စပြီး ဒါတွေ ဘယ်လို ရေးရတယ် ဆိုတာ သင်ပေးမလား။ ”

“ အင်း. . ရပါတယ်။ နောက်လည်း သင်ပေးရမှာပဲလေ။ ”

သူက ကျွန်တော် ညဆိုင်းလုပ်နေတဲ့ စာရင်းနဲ့ မနက် Store Schedule တွေကို လုပ်ဖို့


အသစ်ဝင်လာတဲ့ သူ။ သူကတော့ အလုပ်ကို စောစောလာပြီး သင်နိုင်မှာ မဟုတ်။ ကျွန်တော်က
သူ့ဝင်တာနဲ့ အလုပ်ထွက်ချိန်။ ဒါပေမဲ့ သူ့ကို သင်ဖို့က ကျွန်တော် နေ့တိုင်း တစ်နာရီလောက်
နောက်ကျပြီး ပြန်ရုံမှ လွ၍
ဲ တခြားမရှိ။ ဒီလိုပဲ သင်ပေးရတော့မှာပဲ။

“ ဒီစာရင်းစာအုပ်က Store နဲ့ပဲ ဆိုင်တာ။ ဒါက Store In & Out .။ ဒါက Supplier အတွက်။ ဒါက. .
. ဒါက . . . ဒါက . . . ”

ကျွန်တော့်ဒါကတွေ ရဲ့ နောက်မှာ သူ့လက်ပေါ်ကို တင်လိုက်တဲ့ စာအုပ်လယ်ဂျာတွေကြောင့်


မျက်ခုံးလေး တွန့်ပြီး နည်းနည်းမဲ့သွားတယ်။

“ ကဲ. . စာအုပ်တွေ ပြန်ချထား။ အခု လောလောဆယ် Daily Schedule အကြောင်းစမယ်။


နေ့တစ်အတွက် အရောင်းထွက်တဲ့ ကားက ၉ စီးရှိတယ်။ ဒါကို Order ဘယ်နှစ်ယောက်
ရထားလဲပေါ်မူတည်ပြီး ခွဲရမယ်။ ဥပမာ - D.O ၁၈ စောင်ရှိတယ် ဆိုလို့ ကားတစ်စီးကို နှစ်စောင်နှုန်းနဲ့
လုပ်လို့မရပြန်ဘူး။

အဲဒီ Order ရဲ့ အနည်းအများကိုလည်း ကြည့်ရသေးတယ်။ အဲဒီတော့. . . .”

ကျွန်တော့်စာအုပ်ကို ထောက်ပြနေရာကနေ သူ့မျက်နှာကို မော့ကြည့်လိုက်တော့ သူ့လက်ထဲက


ဘောပင်နဲ့ သူ့ခေါင်းကြားကို သူက ခပ်ဖွဖွ ထိုးနေတယ်။ စိတ်ညစ်နေပြီ ထင်တယ်။
ဖြစ်နိုင်ပါတယ်လေ။ ဘာမှ မှ မသိသေးတာ။

“ ဟုတ်ပြီ။ စိတ်ညစ်သွားပြီ ထင်တယ်။ ဒီလိုလုပ် အခုလောလောဆယ် ပစ္စည်းတွေကိုပဲ လိုက်ပြမယ်။


Schedule ကတော့ နောက်မှပဲ ဖြည်းဖြည်းပေါ့။ နောက်တော့ လွယ်သွားမှာပါ။ ”

“ ဟုတ်တယ်။ အဲဒါ ကောင်းတယ်။ အခုက ဘာ ပစ္စည်း မှလည်း မသိသေးဘူးလေ။ ”


“ အိုကေ. . ဒါဆို Store ထဲလှည့်ပြီး ပစ္စည်းတွေနဲ့ သူတို့ကို ထားတဲ့ နေရာတွေ တွဲမှတ်မိအောင်
ပြမယ်။ ဒါပေမဲ့ အကြာကြီးတော့ မပြနိုင်ဘူး။ တစ်နေ့ တစ်နာရီပေါ့။ ကျန်တာတော့ ကိုယ်တိုင်လေး
ခရီးဆက် . . OK? ”

သူက ခေါင်းငြိမ့်ပြတယ်။ ခေါင်းငြိမ့်လိုက်တော့ အနီးနားက လေတွေ အပြောင်းအလဲဖြစ်ပြီး ခုနက


ယဉ်နေတဲ့ သူ့ဆီက ရေမွှေးနံ့လေးက ပြန်ရှင်လာတယ်။ ဘာကြောင့်များ သူက ကျွန်တော်
နှစ်သက်တဲ့ သနပ်ခါး ရနံ့ရေမွှေးလေးမှ သုံးတာပါလိမ့်။ အာ. . မဟုတ်သေးပါဘူး။
ကျွန်တော်ကြိုက်လို့ သူက သုံးတာမှ မဟုတ်တာ။ သူ့ဖာသာသူ ကြိုက်လို့ သုံးတာ။ တကယ်တော့
ကျွန်တော်နဲ့ အကြိုက်ချင်း လာတူနေယုံမျှသာ။

Rack တစ်ခုစာနဲ့ ပစ္စည်းထားပုံတွေကို သူ့ကို ပြပြီး ကျွန်တော် ပြန်လာတယ်။ သြော်. . . ရူးတယ်ပဲ


ပြောပြောပါ။ နောက်ဆုံး အနေနဲ့ ကျွန်တော် သူ့ဆီက သနပ်ခါးရေမွှေးနံ့လေးကိုတော့ Refrash
လုပ်ပြီး ခိုးရှူခဲ့သေးတယ်။ ဒီလိုပါပဲ ကျွန်တော်ကလည်း ရူးပြီ ဆိုရင် နည်းနည်းပိုတတ်တယ်။

~~~~~~~~@@@~~~~~~~~

ငါ ဒီနေ့ ဘလော့အတွက် ဘာပို့စ် တင်ရင် ကောင်းမလဲလို့ စဉ်းစားလိုက်တော့ ဆံပင်တွေကို


အညိုရောင်ဖျော့ဖျော့ ဆေးဆိုးထားသော မျက်နှာက ပေါ်လာတယ်။ စိတ်ကူးထဲမှာ
မျက်နှာပေါ်လာတာနဲ့ အပြင်မှာ သူသုံးနေတဲ့ သနပ်ခါးရေမွှေးနံ့လေး ရလာသလိုပဲ။

“ ဟာ . . . တော်ပြီကွာ။ ဒီနေ့ ပို့စ် မတင်တော့ဘူး။ ငါ အိပ်တော့တာပဲ ကောင်းတယ်။ ”

ဒီလို တွေးပြီး ကျွန်တော် အိပ်လိုက်တော့ အိပ်မက်ထဲတောင်မှ သနပ်ခါးရေမွှေးနံ့လေးက ထုံသင်းစွာ


လိုက်လံ မွှေးကြိုင်လို့. . .။

အင်း . . . ငါ နဲ့တော့ ခက်နေပြီ။

~~~~~~~~~@@@~~~~~~~~~~

“ တကယ်လို့ ကားတစ်စီးက ပစ္စည်းတွေ အကုန်ပဲ ပြန်လာတယ် ဆိုရင် ဒါကို နောက်နေ့ D.O ထဲ


ချက်ချင်းထည့်လိုက်။ ဒါကို အရင်ပို့ရမဲ့ စာရင်းထဲမှာ လျာထား။ ဘာလို့လည်း ဆိုတော့ ဒီလို ရက်တွေ
ဆက်သွားရင် လက်ကျန် Order က နောက်ကျန်နေလိမ့်မယ်။ တကယ်လို့ ဒါသာ Project ဆိုရင်
တစ်ရက် ဘယ်လောက်နှုန်းနဲ့ လျော်ရလိမ့်မယ်။ ”
“ ဟင်. . အဲဒီလိုကြီးလား။ ”

“ အင်းပေါ့။ အားလုံးက အချိန်နဲ့ အလုပ်လုပ်နေကြတာလေ။ ”

သူ ခေါင်းလေးပုပြီး ဖွဖွလေး ရယ်တယ်။ နေ့ဘက်မှာ နေရောင်တွေ မှိန်သွားလောက်အောင်


သူ့မျက်ဝန်းက ကြယ်စင်နှစ်စင်း အပြိုင်လင်းသလိုပါပဲ။ “ မိုးကောင်းကင်က ကြယ်နှစ်စင်း
ပျောက်နေလို့ လိုက်ရှာနေတာ အခုမှ မင်းမျက်ဝန်းထဲမှာ တွေ့တယ်။ ” ဆိုတဲ့ စကားလေးကိုတောင်မှ
သတိရမိသေးရဲ့။

“ ဝူး….ဝေါ. . ”

သူ့ကို ကျွန်တော်ရှင်းပြနေတဲ့ နေရာဘေးကနေ ပစ္စည်းတွေကို သယ်သွားတဲ့ ဖောက်ကလစ် (


Forklife ) က ဖြတ်မောင်းသွားတယ်။ အသားမကျသေးတာရယ် ၊ မိန်းကလေး ဖြစ်တာရယ်ကြောင့်
ဖောက်ကလစ်က ထွက်တဲ့ အသံနဲ့ အငွေ့တွေကြောင့် သူက နှာခေါင်းလေးပိတ်ကာ မျက်နှာကို
ရှုံတယ်။

ခဏအကြာ စက်ဆီ ရနံ့ခပ်သိုးသိုးကို ရှုရှိုက်နေရာကနေ ပျောက်သွားတော့မှ ကျွန်တော့်မှာ အနံ့


နှစ်ခုကို တပြိုက်နက် ရလိုက်တယ်။ ပထမဆုံးဝင်လာတဲ့ အနံ့က တစ်ညလုံး အလုပ်လုပ်ထားရတဲ့
ကျွန်တော့်ဆီက ပေါင်ဒါနဲ့ ကိုယ်နံ့ ၊ ဒုတိယ အနံ့ကတော့ သူ့ဆီက ပြန်လည် ဆန်းသစ်လာတဲ့
ကျွန်တော် ကြိုက်သော သနပ်ခါးရေမွှေးနံ့။

ဘဝမှာ ပထမဆုံး ကိုယ့်ကိုယ်ကိုယ် သတိထားမိပြီး ဆန်းစစ်မိတာလို့ ဝန်ခံရမယ်။

“ ငါ့ ကိုယ်က ချွေးစော်တွေများ နံနေပြီလား။ ”

~~~~~~~~@@@~~~~~~~~

“ Store ကို ပစ္စည်း ဝင်လာပြီ ဆိုရင် အလုပ်သမားတွေကို အပေါ်က ထပ်ထားတဲ့ ပစ္စည်း ၇


ခုလောက်ထိ မခိုင်းပြီး သေချာစစ်။ ၇ ခု ကျော်မှ ဆိုရင် သူတို့လည်း အပေါ်က ပစ္စည်းဝိတ်ဒဏ်ကြောင့်
မကောင်းတာကို အောက်မှာ ထားလို့ မရဘူး။ ဒါ အရေးကြီးတယ်နော်။

ဘယ်သူ့မှ အားမနာနဲ့။ ခိုင်းစရာ ရှိတာကိုလည်း ခိုင်း ၊ စစ်စရာ ရှိတာကိုလည်းစစ် ။ တကယ်လို့


ကိုယ်က သေချာ မစစ်ပဲ လက်မှတ်ထိုးပြီး ယူထားလိုက်ပြီးမှ မကောင်းတာ ပြန်လဲမယ် ဆိုရင် မရဘူး
မဟုတ်ဘူး ရတယ်။ လက်မှတ်ထိုးလိုက်တာနဲ့ သူတို့ကို ငွေပါ ဘဏ်ထဲ အကြေချေပြီးသား
ဖြစ်သွားပြီလေ။

ဒီတော့ သူတို့ဆီက ပြန်လာလဲဖို့ကို တော်တော်စောင့်ရတတ်တယ်။ အခုတွေ့ အခုပြန်လဲခိုင်းရင်


သူတို့ ပိက
ုဆံလည်း မရသေး အော်ဒါလည်း ပျက်မှာ စိုးလို့ ချက်ချင်း ပြန်လဲပေးတယ်။ ကံကောင်းရင်
တစ်နေ့တည်းတောင်မှ ပြီးတယ်။ မဟုတ်ရင်တော့ သူတို့ ပစ္စည်းပြတ်လို့ ဆိုပြီး ကြာတတ်တယ်။ ”

သူက ခေါင်းလေးကို ညိတ်ရင်း. . .

“ သြော်. . .ဒီလိုလည်း ရှိတာပဲလား။ ”

“ ရှိတာပေါ့။ အားလုံးက စီးပွားရေး လုပ်နေတာပဲလေ။ ပြန်လဲလို့ ရတာ အကြောင်း မဟုတ်ဘူး။


အဓိက က ကိုယ်အတွက် ကြန့်ကြာတာပဲ။ ဒီပစ္စည်းနဲ့ ဟိုနေရာ ခဏထား ၊ ဒီနေရာ ခဏထားနဲ့ ။
ဒါကြောင့် Suppiler ဆီက ပစ္စည်းရောက်လာတာနဲ့ တစ်ခါတည်း အပြီးစစ်။ ”

ညက ပစ္စည်းတွေ တော်တော်ဝင်တယ်။ အရောင်းထွက်တဲ့ ကားတွေက ပြန်ပါလာတဲ့ ပစ္စည်းတွေရော


၊ Suppiler တွေဆီကရော ၊ Container ကလည်း နှစ်လုံးတောင်မှ ရောက်သေး။ ညကတော့
ကျွန်တော် တော်တော် အလုပ်များတယ်။

“ သြ. . .တစ်ခု မေ့နေတယ်။ ကွန်တိန်နာ ရောက်လာပြီ ဆိုရင်လည်း ရောက်ရှိ လက်ခံ ဆိုပြီး


တန်းပြီး လက်မှတ် မထိုးပေးနဲ့။ သူတို့က ကွန်တိန်နာတစ်လုံးကို အစုန်အဆန် ပစ္စည်းပေါင်းများစွာ နဲ့
ပစ္စည်းမျိုးစုံကို ထည့်တာလေ။ ဒါကြောင့် အထဲမှာ အရင်အခေါက်က သူတို့ တင်ပို့သူရဲ့ ပစ္စည်း ၊
အနံ့အသက်တွေကို သေချာ ရှင်းလင်းပြီးရဲ့လားလို့ ဖွင့်စစ်။

ဘာလို့လဲ ဆိုတော့ ဟိုတစ်ခါက တင်တဲ့ ကွန်တိန်နာ ဆိုရင် ရောက်လာတော့ သူတို့ပထမ


တင်ခဲ့တဲ့ဆီက အနံ့အသက်တွေ ပါလာတယ်။ ဒါပေမဲ့ အတွေ့အကြုံ မရှိတော့ သတိမထားမိဘူး။
Order ကလည်း Multi Tool Box တွေဆိုတော့ တင်ရတာ လွယ်တယ် ၊ မြန်တယ်။ ဒါကြောင့်
ကွန်တိန်နာ တင်တဲ့ လူတွေကလည်း ကြာကြာ မတင်ရတော့ နံနေပေမဲ့ ဘာမှ မပြောကြဘူး။
ခဏလေးနဲ့ ပြီးသွားတော့ ကွန်တိန်နာကို ပိတ်ပြီး ပို့လိုက်တယ်။

ပို့တဲ့ ဆီက ၁၇ ရက်ကြာတော့ ရောက်သွားတယ်။ ရောက်ပြီး ချက်ချင်းပဲ ဟိုကနေ


မေးလ်ရောက်လာတယ်။ Multi Tool Box တွေဆိုတာက ပလတ်စတစ်နဲ့ လုပ်ထားတာ မဟုတ်လား။
အဲဒီတော့ ၁၇ ရက်တောင်မှ အထဲမှာ မကောင်းတဲ့ အနံ့အသက်တွေနဲ့ ပိတ်လှောင်ခံထားရတော့
ပစ္စည်းတွေ အားလုံးလည်း အနံ့တွေ စွဲကုန်တယ်။ ဒါကြောင့် ကွန်တိန်နာ ရောက်လာရင် ချက်ချင်း
လက်မခံနဲ့။

သူတို့ကို ဖွင့်ခိုင်း ပြီးရင် အထဲမှာ ရေတွေ ကျန်နေလားကြည့် ၊ အနံ့အသက်ကောင်းရဲ့လား


သွားရှူကြည့်။ မကောင်းရင် ချက်ချင်း Shipping ကို အကြောင်းကြားလိုက် ၊ သူတို့ ဖာသာ
လာကြည့်လိမ့်မယ်။ ပြီးရင် သူတို့နဲ့ သူဌေးနဲ့ ဆုံးဖြတ်လိမ့်မယ်။ အားလုံး အိုကေ တယ် ဆိုရင်တော့
လက်မှတ်ထိုး လက်ခံလိုက်။ နောက်ဆုံး တစ်ချက်ကတော့ သူတို့ဆီက Seal ကို တောင်းလိုက်ဖို့ပဲ။
ဒါမှ ကွန်တိန်နာမှာ Seal ခတ်လို့ရမယ်။ ”

“ ဟုတ.် . ၊ ”

ဘေးကနေ ခေါင်းတငြိမ့်ငြိမ့် လုပ်နေတဲ့ သူ အခုမှပဲ အသံထွက်တယ်။

“ ဒါဆို ငါပြန်တော့မယ်။ ”

“ အင်း . . . ငါ့ကို နေ့တိုင်း သင်ပေးနေရတာနဲ့ အိပ်ချိန်တောင်မှ နောက်ကျနေပြီနော်။ ”

“ ရပါတယ်။ ဒီလိုပဲပေါ့.. . ကဲ . . ပြန်ပြီ။ ”

သူ့ရဲ့ ခေါင်းအညိတ်နဲ့ သူ့ဆီက သနပ်ခါးရေမွှေးလေးကို ပြန်ခါနီးတိုင်း ခိုးရှူခဲ့တာတော့ ပြောဖို့


မလိုတော့ဘူး ထင်တယ်။ အလုပ်က ထွက်လာတော့မှ Store ထဲမှာ ဒီနေ့ တော်တော် ပူအိုက်တာကို
သတိထားမိတော့တယ်။ အပြင်ရဲ့ လေပြေ အေးအေးတွေက ရင်ဘတ်ကို ဖြန်းခနဲ ပက်တယ်။
လတ်ဆတ်တဲ့ လေပြေလေး ကျွန်တော့်ကိုယ်ကို တိုးလာပြီးမှ ကိုယ့်ဆီက ချွေးနံ့ ကိုယ့်ဖာသာ
ပြန်ရတယ်။

“ ဟာ . . ငါ့ကိုယ်က ဒီနေ့တော်တော် နံနေတာပါလား။ ”

ဟုတ်သားပဲ။ ညက ကွန်တိန်နာ နှစ်လုံး ဝင်လာတာရော ၊ Suppiler တွေရော ၊ အရောင်းကားက


ပစ္စည်းတွေရော ငါ တော်တော် Store ထဲမှာ အလုပ်ရှုပ်သွားတာကိုး။ ကိုယ့်အလုပ်ခန်းမှာ
ပြန်ထိုင်တော့ ကျွန်တော့် တကိုယ်လုံး ချွေးတွေ ရွှဲနေတာ ကျွန်တော် ပြန်သတိထားမိလိုက်တယ်။
ဒါပေမဲ့ ဒါကတော့ အလုပ်များရင် ထုံးစံပဲ ဖြစ်တယ်။ ဘာလို့ အခုမှ ကိုယ့်ချွေးနံ့ကို ကိုယ့်ဖာသာ
ပြန်ပြီး တွေးကြောက်နေရတာလဲ။
Air Con မရှိတဲ့ နေရာကို ပစ္စည်းသွားစစ်လို့ ထွက်တဲ့ ချွေးလောက်ကို အမြဲတမ်း ကြုံနေရတာ ဘာလို့
အခုမှ ကျွန်တော် ကိယ
ု့်ကိုယ်ကိုယ် မလုံမလဲ ဖြစ်နေရတာလဲ။ အရင်ကလည်း ဒီလို ချွေးထွက်ပြီး
နောက်တော့ ပြန်တိတ်သွားခဲ့တယ်။ ကိုယ်ကထွက်တဲ့ ချွေးကတော့ ကိုယ့် ရဲ့ ပင်ကိုယ်နံ့တော့
ကျန်နေမှာပေါ့။ အထူးသဖြင့် ရေမွှေး မသုံးတဲ့ ကျွန်တော့် အတွက် ချွေးထွက်လာလို့ ရေမွှေးက
ပိုပြီးတော့ ထုံသင်းလာစရာတော့ မရှိ။

သုံးနေကြ ပေါင်ဒါ နဲ့ ကိုယ်ပိုင်ကိုယ်နံ့ကတော့ ခပ်သင်းသင်း ထွက်နေမှာပဲ။ ရေမွှေးနံ့ မထွက်လို့


နံတယ်လို့ ပြောမယ် ဆိုရင်တော့ ဒါကို ပြောလို့ ရတယ်။ ငါ့ရဲ့ ကိုယ်နံ့က နံရော နံနေလား ။
တတိယအကြိမ်မြောက် ကိုယ့်ကိုယ်ကိုယ် ပြန်ငုံပြီး နမ်းကြည့်လိုက်တယ်။ ဒီလောက်လည်း
မဟုတ်ပါဘူး။ ကိုယ့်ဖာသာကိုယ် အဖြေပြန်ပေးမိတယ်။

ဟာ . . ငါ ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ အခုမှ ဒီလိုတွေ တွေးနေရတာလဲ။ ဘယ်တုန်းကမှ ရေမွှေး


မသုံးဖူးတော့ ငါ့ကိုယ်ကတော့ ရေမွှေးနံ့ ဘယ်ထွက်မလဲ။ ဘယ်သူမှလည်း ငါ့ကို နံလိုက်တာလို့
မပြောဖူးဘူး။ ဒါကို အခုမှ ဘာလို့ ကိုယ့်ကိယ
ုကိုယ် စစ်ကြောဝင်နေတာလဲ။ မဟုတ်သေးပါဘူး။
ငါ့ကိုယ်ငါ ယုံကြည်ထားတာတွေရော ဘယ်ရောက်ကုန်တာလဲ။

ကျွန်တော် မသိနားမလည်စွာ ခေါင်းခါပြီး အခန်းရောက်တော့ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။


ဒီအချိန်မှာ သူငယ်ချင်း တစ်ယောက် ရေမွှေးသွားဝယ်တုန်းက အဖော်လိုက်သွားရင်း My Ego ဆိုတဲ့
ရေမွှေးလေးကိုတော့ နှစ်သက်ဖူးတာ သွားသတိရတယ်။ ရုရှားက ထုတ်တာလို့ Made In Russia လို့
ရေးထားလို့ သိရတယ်။ အင်း . .Online က ရုရှားရောက် သူငယ်ချင်းတွေနဲ့ တွေ့တော့မှပဲ သေချာ
မေးကြည့်ဦးမှပဲ။

အခုတော့. . . ရေချိုးဦးမှ. . . ။ အရင်က ရောက်တာနဲ့ တန်းပြီး ဖွင့်နေကြ ကွန်ပျူတာလေးကိုတောင်မှ


သတိမရတော့ပဲ ကျွန်တော် ရေချိုးခန်းကို ထွက်လာခဲ့တယ်။
~~~~~~~~~@@@~~~~~~~~~~

သြော် . . . . ဒါနဲ့ စကားမစပ်ဗျာ . . . အခု စာဖတ်နေသူ “ ရေမွှေးသုံးသူများ ” ပို့စ်လေးကို


ဖတ်ပြီးပြီလား။ ဘာရယ်တော့ မဟုတ်ပါဘူး ကျွန်တော် စကားလေး တစ်ခွန်းပြောချင်လို့ပါ။

“ ကျွန်တော် Confidence ရှိအောင် ရေမွှေးသုံးတာပါဗျာ. . ။ ”

ကိုဇော် ခံစားပုံဖော်သည်။
http://www.zaw357.net
6.4.2010 – 6.12 AM

You might also like