You are on page 1of 3

ဝိညာဉ်သစ် စာအုပ်စင် (www.wntbookshelf.

com)

ပုညခင်နှင့် အင်တာဗျူး (Prefect Magazine)

အခက်အခဲဆိုတာ လူတစ်ယောက်ရဲ့ ခံနိုင်ရည်ကို စမ်းသပ်တဲ့အရာပါ။

တွေ့ကြုံရတဲ့ အခက်အခဲတွေကို ကြံကြံခံ ရင်ဆိုင်နိုင်မှသာ အောင်မြင်မှုဆိုတာကို ရယူပိုင်ဆိုင်နိုင်မှာပါ။


မိမိရဲ့ ကလောင်နာမည်တစ်ခုကို သုံးစွဲခွင့်ရရေးအတွက်တောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး အောင်မြင်မှုတစ်ခု
ရရှိနေသူက ဆရာမ ပုညခင် ပါ။
အောင်မြင်တဲ့ လုံးချင်းဝတ္ထုရေး ဆရာမ တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ ဆရာမ ပုညခင်နဲ့
စကားပြောကြည့်ဖြစ်တဲ့အခါ…။

“ပုညခင်” ဆိုတဲ့ ကလောင်နာမည်တစ်ခု တည်ထောင်နိုင်ဖို့ ဘယ်လိုကြိုးစားခဲ့ရတယ် ဆိုတာ။

စာ စရေးတဲ့အချိန်တုန်းက နယ်မှာနေတာ။ ကလောင်နာမည်တစ်ခုနဲ့ရေးတယ်။


အဲဒန
ိာမည်နဲ့ ၁၀ အုပ်လောက်ထွက်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ဒီတော့ ပုညခင် ဆိုတဲ့
ကလောင်နာမည် ရွေးတယ်။ အဲဒိနာမည်နဲ့ အောင်မြင်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ရန်ကုန်ရောက်လာတယ်။ လုံးချင်းဘက် မအောင်မြင်ခင်မှာ တခြားအလုပ်နဲ့ Stand လုပ်ရသေးတယ်။
လုံးချင်းတွေ ရေးနေရင်းကလည်း ၀တ္ထုတိုလေးတွေ ရေးတယ်။ ပထမဆုံး ၀တ္ထုတိုပါတာ Fashion
Image မှာ။ စာအုပ်တိုက် တစ်တိုက်နဲ့ ဆက်သွယ်မိပြီး လုံးချင်းတွေ ထွက်လာတယ်။ ၅ အုပ်လောက်
ထွက်လာချိန်မှာ ထုတ်ဝေသူနဲ့ အဆင်မပြေဘူး။ ဒါနဲ့ နောက်ပိုင်းမှာ လုံးချင်းတွေကို
ကိုယ်တိုင်ထုတ်တယ်။ ကိုယ်တိုင်ထုတ်တာက ဦးနှောက်စိုက်ထုတ်ရတာကလွဲလို့ ပိုအဆင်ပြေတယ်။
“စိုးမိုး” စာပေကလည်း ထုတ်ချင်တယ်လို့ ကမ်းလှမ်းလာတယ်။

တစ်ယောက်တစ်လှည့်စီ ထုတ်ဖို့ပြောတယ်။ ဒီလိုတွေဖြတ်သန်း အခက်အခဲတွေ ကျော်ဖြတ်ပြီးမှ အောင်မြင်မှုရလာတာပါ။

အခက်ခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ ဘယ်လိုစိတ်နဲ့ဖြေရှင်းခဲ့လဲ။

အခက်ခဲတစ်ခုကို ရင်ဆိုင်ရပြီဆိုရင် ဒါဟာ အခိုက်အတန့်ပဲလို့ သဘောထားတယ်။ အရမ်းဆင်းရဲ ဒုက္ခရောက်နေတယ်၊ ပင်ပန်းနေတယ်ဆိုပါတော့၊


အခိုက်အတန့်ကို ကျော်လွှားပြီး လွန်မြောက်သွားတဲ့အချိန်မှာ အောင်မြင်မှုတစ်ခုကို ရမှာပဲလို့ စိတ်ထဲမှာထားလိုက်တယ်။ လူဆိုတာ
တစ်သက်လုံးလည်း ဒုက္ခရောက်နေမှာ မဟုတ်ဘူး၊ တစ်သက်လုံးလည်း အဆင်ပြေသွားမှာ မဟုတ်ဘူး။ တကယ်တော့ အောင်မြင်တာလည်း
အခိုက်အတန့်ပဲ၊ မအောင်မြင်တာလည်း အခိုက်အတန့်ပဲ။ အောင်မြင်မှုကို တစ်သက်လုံး လောဘတကြီး ဆုပ်ကိုင်ထားလို့လဲမရဘူး။အဲဒီလို
စိတ်တွေနဲ့ပဲ ရင်ဆိုင်ဖြေရှင်းခဲ့တာပါ။

ဆရာမ အားကျအတုယူခဲ့တဲ့ စာရေးဆရာတွေကို သိပါရစေ။

ဆရာမ ဂျာနယ်ကျော်မမလေးကို အရမ်းသဘောကျတယ်။ မဂ္ဂဇင်း၊ ဂျာနယ်တွေ ထုတ်ဝေရာမှာလည်း အစွမ်းအစ ရှိတယ်။


လုံးချင်းဝတ္ထုတွေရေးရာမှာလည်း အရမ်းတော်တယ်။ လူပုဂ္ဂိုလ်အားဖြင့်လည်း သူ့ရဲ့ဘ၀ပုံရိပ်များစာအုပ်မှာ ဖတ်ရတယ်။ မိန်းမသား
တစ်ယောက်ဆိုပေမဲ့ သတ္တိရှိရှိ ဘ၀ကို ဖြတ်သန်းခဲ့တယ်။ မိန်းမ မဆန်ဘူး။ အဲဒီလို စာရေးဆရာမ တစ်ယောက် ကို အားကျမိတယ်။

ဘယ်လိုစာတွေကို ဦးစားပေးပြီး ဖတ်ဖြစ်ပါသလဲ။

ဖတ်နိုင်သရွေ့  စာစုံဖတ်တယ်။ ဟိုအရင်တုန်းက ဘာသာပြန်လည်း ဖတ်တယ်၊ သုတ၊ ရသ၊ မဂ္ဂဇင်း၊ ရတု၊ ကဗျာတွေ ဖတ်တယ်။ ဆရာဇော်ဂျီ၊
ဆရာမင်းသုဝဏ်တို့ရဲ့ ကဗျာတွေကိုလည်း ကြိုက်ပါတယ်။ ဆရာမင်းသုဝဏ်ရဲ့  “ပျဉ်းမငှက်တ”ို့ ကဗျာဆိုရင် အရမ်းကြိုက်မိတယ်။ “ငါ့ညီပြောင်ဝင်း၊
မောင်သစ်ဆင်း” နဲ့ စထားတဲ့ ဆရာဇော်ဂျီ ကဗျာတွေကိုလည်း အရမ်းကြိုက်တယ်။ အခုနောက်ပိုင်း မဂ္ဂဇင်းတွေဖတ်ဖြစ်ရင် ကဗျာတွေက
ဝိညာဉ်သစ် စာအုပ်စင် (www.wntbookshelf.com)

စပြီးဖတ်တယ်။ စာစုံဖတ်တယ်။ ကိုယ်မကျွမ်းကျင်တဲ့ Subject ကိုလည်း ဆွဲဖတ်ကြည့်ရင်း ကြိုက်သွားတာလည်း ရှိတယ်။ တရားစာအုပ်ကအစ


အကုန်ဖတ်ပါတယ်။

အခုလက်ရှိ ရောက်နေတဲ့ အနေအထားတစ်ခက


ို ဆရာမ ဘယ်လို သဘောရလဲ။

တစ်ခါတစ်ခါ ကျေနပ်တယ်။ တစ်ခါတစ်ခါ မကျေနပ်ဘူး။ အလုံးစုံ ကျေနပ်တယ်ဆိုရင်လည်း ညာရာကျတယ်။ မကျေနပ်ဘူးပြောရင်လည်း


ညာရာကျတယ်။ လူဆိုတာက ဘ၀မှာ လိုအပ်တာတွေ၊ လိုချင်တာတွေ မဆုံးနိုင်ဘူးလေ။ အရမ်းရောင့်ရဲ၊ နေပျော်ကျေနပ်သွား ပြီးတော့
အရမ်းတည်ငြိမ်သွားတဲ့ လူတစ်ယောက်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒီလောက်အောင်မြင်ပေမဲ့ ဒါထက်အောင်မြင်တာတွေ လိုချင်သေးတယ်လေ။

ခုအောင်မြင်မှုရလာဖို့ ပေးအပ်ခဲ့တာတွေက…

အချိန်တွေတော်တော်များများကို ပေးဆပ်ခဲ့ရတယ်။ ငယ်ငယ်တုန်းက လူငယ်တစ်ယောက်ဘ၀မှာ ပျော်ပါးသွားလာသောက်စားပြီး သူများတကာတွေ


လွပ်လပ်ပေါ့ပါးနေတဲ့အချိန်မှာ ကိုယ်က တကုပ်ကုပ်နဲ့ စာရေးရတယ်၊ စာဖတ်ရတယ်။ အဲဒီလို ငယ်ငယ်တုန်းက ကြိုးစားခဲ့လို့ ကြီးလာတဲ့အချိန်မှာ
အဆင်ပြေသွားတယ်။ အချိန်တွေ၊ ဥာဏ်အား၊ ခွန်အားတွေ အကုန်လုံး ပေးဆပ်ခဲ့ရတယ်။

အောင်မြင်မှုရဖို့ အနုပညာစိတ်က ဘယ်လောက်ထိ အထောက်အကူပြုနုင


ိ လ
်ဲ ဆုတ
ိာ ဆရာမရဲ့  အမြင်လေး။

အနုပညာစိတ်က အောင်မြင်မှုအတွက် ၇၀ ရာခိုင်နှုန်းအထိ အထောက်အကူ ပြုနိုင်ပါတယ်။ လူတိုင်းက အနုပညာစိတ်ရှိပေမဲ့ အလုပ်လုပ်ချင်မှ


လုပ်ဖြစ်မှာ။ ကိုယ့်မှာ အနုပညာစိတ်ရှိတယ်၊ စာရေးချင်တယ်။ ဒါပေမဲ့ စကားပဲထိုင်ပြောနေတယ်၊ လျှောက်သွားနေတယ်။ အပတ်တကုတ်
ကြိုးစားအားထုတ်မှုမရှိရင် မအောင်မြင်တာတွေ ရှိတယ်။

ငွေကြေးအောင်မြင်မှုနဲ့ အနုပညာ အောင်မြင်မှုမှာ ဘယ်အောင်မြင်မှုက ကိုယ့်အတွက် တန်ဖိုးမြင့်မားတယ်လို့ ထင်သလဲ။

ကိုယ့်ဆန္ဒကတော့ အနုပညာနဲ့ငွေကြေး မျှနေတဲ့ အောင်မြင်မှုကိုပဲ လိုချင်တယ်။ စာတွေပဲထိုင်ရေးနေပြီးဝင်ငွေလည်းမရဘူး၊ မိသားစု၊ မိဘ၊


ညီအစ်ကိုမောင်နှမကို မထောက်ပံ့နိုင်ဘူး။ ကိုယ်တိုင်လည်း မရပ်တည်နိုင်ဘူး၊ လူတန်းစေ့ မနေနိုင်ဘူးဆိုရင် အဲဒီလို အခြေအနေကို
လည်းမကြိုက်ဘူး။ ဒီလောက်ပျိုးထောင်ခဲ့ရတဲ့ အပင်က အသီလည်းသီးမလာဘူး။ အပွင့်လည်း ပွင့်မလာဘူးဆိုရင် တစ်ကိုယ်ကောင်းသိပ်ဆန်ရာ
ကျသွားတာပေါ့။ ငွေကြေးအရတော့ အောင်မြင်ပါရဲ့  ဒီဘက်က အနုပညာအရ မအောင်မြင်တာမျိုးကိုလည်း မကြိုက်ဘူး။ ဒါကြောင့်ကြိုးစားတယ်၊
သူတကာလို ပျော်ပါးသွားလာမနေဘဲ တကုပ်ကုပ်နဲ့ စာရေးတယ်။ အနုပညာအရရော ငွေကြေးအရပါ အောင်မြင်တာကို လိုချင်တယ်။

ရိုးသားမှုနဲ့ ထက်မြက်မှု နှစ်ခုမှာ အောင်မြင်မှုအတွက် ဘယ်ဟာက ပိုပြီး အရေးပါတယ်လို့ ဆရာမ ထင်လဲ။

အတူတူပါပဲ။ ငယ်ငယ်ကတည်းက ရိုးသားပြီး ထက်မြက်တဲ့ မိန်းမဖြစ်ချင်တာ။ ရိုးတော့ ရိုးသားရမယ်။ဒါပေမဲ့ ထက်မြက်ရမယ်။ တတ်နိုင်သလောက်


လူတွေကို ရိုးရိုးသားသားပဲ ဆက်ဆံတယ်။ ဒါပေမဲ့ ကိုယ့်အပေါ် မတရားလုပ်လာရင် ဘယ်လောက်ပဲ အင်အားကြီးကြီး ဘယ်တော့မှ မကြောက်ဘူး။
တုံ့ ပြန်ဖို့ ၀န်မလေးဘူး။ ကိုယ့်ရိုးသားမှုကို ခုတုံးလုပ်ရင်တော့ မနိုင် နိုင်အောင် တိုက်မှာပဲ။ ဒါကြောင်ကု
ိ့ယ့်အမြင်ကတော့ အောင်မြင်မှုအတွက်
ရိုးသားမှုနဲ့ ထက်မြက်မှုက အတူတူပဲ အရေးပါ ပါတယ်။

စာရေးဆရာ တစ်ယောက်အတွက် စာရေးခြင်းနဲ့ စာဖတ်ခြင်း တစ်ခုနဲ့ တစ်ခု ဘယ်လို အထောက်အကူ ပြုနိုင်လဲ။

စာရေးဆရာတစ်ယောက်ဟာ စာမဖတ်လို့မဖြစ်ဘူး။ စာသိပ်မဖတ်ဘဲ စာရေးနေတဲ့သူတချို့  မြင်ဖူးတယ်။ အဲဒိတော့ လူက အထုတ်ပဲရှိပြီး


အသွင်းမရှိဘူးဖြစ်သွားတာပေါ့။ ကုန်ကြမ်းမရှိတဲ့အခါ ကြာလာရင် ကုန်ချောတွေ ထွက်မှာမဟုတ်ဘူး။ အရည်အသွေး ကြသွားမှာပေါ့။ ကုန်ချော
ထုတ်တာနဲ့အမျှ ကုန်ကြမ်းက နောက်က ထပ်ထပ်ဖြည့်ရမှာပဲ။ ဒီလိုမှ မဖြည့်ရင် အတွေးအခေါ်တွေ ခေတ်မမီဘဲ နိမ့်ကျသွားမယ်။ ဘယ်လောက်ပဲ
အရေးအသား ကျွမ်းကျင်သည်ဖြစ်စေ စာတော့ ဖတ်ရမှာပဲ။

အောင်မြင်မှုဆိုတာ စွမ်းအားလား၊ ဥာဏ်ရည်လား၊ အထောက်အပံ့လား။

အောင်မြင်မှုဆိုတာ အရေးပါပေမဲ့ ဘ၀တစ်ခုလုံးအတွက်တော့ မဟုတ်ဘူး။ အောင်မြင်နေပေမဲ့ ပျော်ရွှင်ခြင်မှလည်း ပျော်ရွှင်တာ။ ပျော်ရွှင်ပြီး


မအောင်မြင်တဲ့သူတွေလည်း ရှိတာပဲ။ ဘ၀မှာ မိသားစု၊ ချစ်ခြင်းမေတ္တာ၊ ငွေကြေး၊ အောင်မြင်မှုတွေ လိုအပ်တယ်ဆိုရင် အောင်မြင်မှုက
အားလုံးထဲမှာ သုံးချိုးတစ်ချိုးလောက်တော့ အရေးပါတယ်။ ဒီတော့ အောင်မြင်မှုကို အထောက်အပံ့ တစ်ခုလို့ပဲ ပြောနိုင်ပါတယ်။

အောင်မြင်သူတစ်ဦးဖြစ်ဖို့ အလိုအပ်ဆုံးအရာ။

ခိုင်မာတဲ့ စိတ်ဓာတ်ပေါ့။ ဖြစ်ချင်တာကို ဖြစ်လာအောင် လုပ်ဖို့လိုတယ်။ ဒီပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုရင် ဘယ်လိုပဲ အခက်အခဲရရှိ


နောက်မဆုတ်ဘဲ အရောက် သွားရမယ်။
ဝိညာဉ်သစ် စာအုပ်စင် (www.wntbookshelf.com)

စာရေးဆရာအဖြစ်နဲ့ အောင်မြင်ချင်သူတွေအတွက် ဆရာမ ညွှန်းဆိုချင်တဲ့ စကားတစ်ခွန်းလောက်။

အောင်မြင်မှုဆီ သွားတဲ့လမ်းမှာ ခလုတ်ကန်သင်း၊ အဟန့်အတားနဲ့ အတားအဆီးတွေ အများကြီး ကြုံနိုင်တယ်။ အဲလို အခက်အခဲတွေ


ကြုံရတဲ့အချိန်မှာ ဒါဟာ အခိုက်အတန့်ပဲလို့ နှလုံးသွင်းနိုင်ရမယ်။ “ငါဖြစ်အောင်လုပ်မယ်” ဆိုတဲ့ ခိုင်မာတဲ့စိတ်ဓာတ်ရှိ ရမယ်။ ပြီတော့
အောင်မြင်မှုဆီသွားတဲ့ လမ်းမှာ ဖြူစင်ဖို့က အဓိကပဲ။ မဖြူစင်လည်းနေ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရောက်ရင်ပြီးရော မလုပ်ရဘူး။ မှန်ကန်တဲ့
လမ်းပေါ်မှာပဲ လျှောက်သွားရမယ်။ လမ်းကဘယ်လောက်ပဲ ဖြောင့်ဖြူးနေစေဦးတော့ မဖြူစင်တဲ့ လမ်းမျိုးဆိုရင် အစကတည်းက မရွေးချယ်မိစေဖို့
အရေးကြီးပါတယ်။

သွေး(စစ်ကိုင်း)

Credit to : Prefect Magazine (http://www.perfectmagazineonline.com/starstory/sayings/index.php?newsID=2&choice=21)

You might also like