Professional Documents
Culture Documents
olonf uAsmq&mwpfa,mufjzpfonf/
www.manorhary.net 1
ထုတ်ဝေမှုမှတ်တမ်း
ကဗျာပုဒ်ရေး ၂၉ ပုဒ်
ထုတ်ဝေနေ့စွဲး ၅-၈-၂ဝ၁ဝ
အုပ်ရေး ကန့်သတ်မထား
စုစည်းသူး မနော်ဟရီ
ပုံတူပန်းချီး ပန်ဒိုရာ
www.manorhary.net 2
မာတိကာ
ရစ်သမ်လေးတစ်ခု 4
တစ်ဝက်တစ်ပျက်မှတ်တမ်း 5
ထီးကလေး 6
ပြုစားခဲ့တ့သ
ဲူ 7
မုန့်ကြိတ်ဆုံလုပွဲ 8
သိဟ်ရာသီဝတ်ရုံ 9
တစ်နေ့တာ 10
ပူဖောင်းကွဲသူ 11
ငါ့ရဲ့ သဲကန္တာရမှတ်စု 13
ရည်းစားစာ 14
ကြာခဲ့ပြီ 15
စုန်းတိုက်ခံရတဲ့နေ့ 16
ကိုယ်ရေးကိုယ်တာ စာမေးပွဲ 17
သံဝေဂ 19
သေနေတဲ့ကဗျာ 20
သေလူ 21
အိမ္လည္ထြက္တ့ေ
ဲ န့ 22
အလကားလူတစ်ယောက်ရဲ့ စကား 23
ဒြပ်မဲ့လူ 24
နှစ်ချို့ကော်ဖီ 25
ဘက်ချင်းပြောင်းပြန်ရန်ပွဲ 26
ကျွန်တော်နှင့် ကိုသောကြာ 27
ငါ့ဖယောင်းတိုင်ကို … ဘယ်သူမီးမှုတ်သွားသလဲ 28
လျော်ကြေး 29
မြေမှုန်တောလား 30
သံဆူးကြိုး 31
တေးသွားအမှတ် ၆ နာရီ 32
ဆက်ထုံး 33
မိတ္တဗလ ဋီကာ 34
www.manorhary.net 3
ရစ်သမ်လေးတစ်ခု
(၁)
ကိုယ်မြင်းကိုယ်စိုင်းတာပဲ
စစ်ကိုင်းဟာ
စကြဝဠာအပြင်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
(၂)
ကိုယ့်လှေကိုယ်ထိုးတာပဲ
ပဲခူးဟာ
သမုဒ္ဒရာရဲ့ အခြားတစ်ဖက်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
(၃)
ကိုယ့်ဘဝကိုယ်ဆောက်တာပဲ
ပါးနွဲ့တဲ့ဆပ်ပြာပူဖောင်းကလေး ဖြစ်ခဲ့ရင်တောင်
နောက်ဆုံးအချိန်ကျမှ
ထစ်ချုန်းသံလှလှနဲ့
ပေါက်ကွဲပြသွားမယ်။
တာရာမင်းဝေ
www.manorhary.net 4
တစ်ဝက်တစ်ပျက်မှတ်တမ်း
ပထမမြောက် ရဲရင့်ခြင်းအဖြစ်
အမေက ငါ့ကိုဆွဲဖွင့်တယ်
ယမမင်းရဲ့ သြဝါဒက ပြက္ခဒိန်တွေကို ဟောင်းမြစေရဲ့ ..
ငါ့ရင်ဘတ်ထမ
ှဲာက မီးပွင့်ဖဲချပ်တွေတစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓားသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီတဲ့
ငယ်ငယ်ဝံ့ဝံ့လောကဓံနဲ့
ဆောင်းဦးလေပြေကိုပန်ချင်တဲ့ကောင်
မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့ ဝှက်ထားတဲ့ ဗြတ်စောင်းပဲ
သေနတ်တစ်လက်ရဲ့ ပြောင်းထဲမှာ
ကျည်ဆံလို ငါဂူအောင်းဖူးတယ်
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့အသံများ
နက္ခတ်ဦးလို ပျံစေသား …။
တာရာမင်းဝေ
www.manorhary.net 5
ထီးကလေး
ကျွန်တော့်ကောင်းကင်သည်မို့ပြာအုံ့မှိုင်းလျက်ရှိ၏
ကျွန်တော့်တောင်ကုန်မှာခတ္တာရနံ့တို့ ထစ်ခြုန်းပြီ။
တာရာမင်းဝေ
www.manorhary.net 6
ပြုစားခဲ့တဲ့သူ
မနေ့ကမှ ကိုယ့်ကိုယ်ကိုငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ဝင်သက်ထွက်သက်ကလေးတောင် အရပ်အတော်မြင့်ခဲ့ပြီ။
လမ်းထိပ်က သွေးနွေးသတ္တဝါတွေအတိုင်းပါပဲ
လောကဓံခန
ွ်းကြီးခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ဝူးဝူးဝါးဝါး နဲ့ လူအဖြစ် ပွင့်ခဲ့ရတာပါ။
တစ်ရံတစ်ခါလေပူအဝေ့တွေမှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါယိမ်းသွေ့ဖူးတယ်
အဲဒါကလွဲရင် သူလိုကိုယ်လို လောက်တောင် ကျွန်တော်မကွေ့ကောက်ခဲ့ပါဘူး။
တာရာမင်းဝေ
www.manorhary.net 7
မုန့်ကြိတ်ဆုံလုပွဲ
တာရာမင်းဝေ
www.manorhary.net 8
သိဟ်ရာသီဝတ်ရုံ
အမုံအဖူးတွေဖြစ်ခဲ့ပြီးမှတော့ အပွင့်ဆက်ဖြစ်ရတော့မှာပေါ့
ဒါပေမယ့် ..
အဲဒီနေ့ကို ကျွန်တော့်ရဲ့ သစ်ပင်ကလေးတွေ ပြန်ရောက်မလာကြတော့ဘူး။
၁၈း၀၀ နာရီ
ရထားဟာ လှလှပပကြီး တံခါးဖွင့် ဝင်ရောက်လာပါရဲ့
ဒါပေမယ့်
အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ ကြာပြီ။ ။
တာရာမင်းဝေ
www.manorhary.net 9
တစ်နေ့တာ
အိမ်ရောက်ပြီ
ကိုယ့္ကိုဖြင့္တ့ေ
ဲ သာ့ကလေး ကိုယ်ပြန်ကောက်ရလိုက်ပြီ
၁ ၁/၂ လ ရှိတ့သ
ဲားကလေးက ‘ အေး … အေး ” လို့ လှမ်းခေါင်းညိတ်တယ်
ချမ်းမြေ့လိုက်တာကွယ် ခုမှပဲ အမောတွေ တဗောက်ဗောက် ကွာကျတယ် ..
စိတ်ချသား
အဖေ အိမ်ကိုပြန်လာခဲ့ပြီပဲ .. တခြား ဘယ်ကိုမှ မပြန်တော့ဘူး ….။ ။
တာရာမင်းဝေ
www.manorhary.net 10
ပူဖောင်းကွဲသူ
www.manorhary.net 11
နောက်တော့လည်း ကျွန်တော်တို့တတွေ ကျွတ်ကျွတ်ရွရွ ဝေးကွာသွား
ဘဝသံသရာ သီချင်းထဲကလို ရထားကြီး မဟုတ်တော့ဘူး
အကိုင်းချင်း မတူပေမယ့် ဒီအတိုင်းပွင့်ကြလိမ့်မယ် လို့
…. ကျွန်တော် ထင်မှတ်မှား …
မြို့ကလေးကို သတိရမိတ့တ
ဲ စ်နေ့
ကိုယ့်ကိုယ်ကို သတိမရတဲ့ နယ်လွန်သားတွေပြန်လည် ဆုံတွေ့ကြ
မေမေရယ် ..
ပူဖောင်းကို မန်းမှုတ်သလို မှုတခ
်ဲ့မိတ့အ
ဲ တွက်
ကျွန်တော်ဟာ ဝလုံးတစ်လုံးစာ စိမ့်ပြီး ရှက်ခ့ရ
ဲ ပေါ့ ..။
အဲဒီမှာ ..
တချို့ဟာ ရယ်သလိုမောသလို အမှောင်ပွက်ပွက်ထ
တချို့ကျတော့လည်း
လိမ္မာပါးနပ်လွန်းတဲ့ အလင်းတန်းကြီး အမြီးနှစ်ခွနဲ့ …။
မေမေ…
အားလုံးက မမှားရအောင် ကျွန်တော်ကပဲ မှားပေးလိုက်ပါတယ်
ဘာပဲဖြစ်ဖြစ် ..အဲဒီပူဖောင်းလေးကို အသစ်ပြန်မှုတ်ဖို့
နက်ဖြန်ခါမှာ .. မြို့ကလေးဆီ ကျွန်တော်ဆက်ဆက်ပြန်လာမယ်။ ။
တာရာမင်းဝေ
www.manorhary.net 12
ငါ့ရဲ့ သဲကန္တာရမှတ်စု
တာရာမင်းဝေ
www.manorhary.net 13
ရည်းစားစာ
စာရွက်ပေါ်မှာ နင့်ကိုချစ်ရုံနဲ့တော့
ငါ့ဘဝ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။
မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ကွင်းငှက်ကို ပြေးမြင်ရင်
နင့်ကို ငါ မခေါ်ချင်ဘူး
ကျောင်းအုပ်ကြီး ဖတ်ဖို့ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ ..။
နင့်နှလုံးသားကို ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကို စာပြန်ပါ …။
တာရာမင်းဝေ
www.manorhary.net 14
ကြာခဲ့ပြီ
ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
ဘယ်သူတွေ ဘယ်လို ပြောပြော
ငါ့အတွက်တော့
နေသံ လသံ ရောနေခဲ့တာလည်း … ကြာပြီ ။
တာရာမင်းဝေ
www.manorhary.net 15
စုန်းတိုက်ခံရတဲ့နေ့
သူများ ဝတ်ထားပြီးသား
မျက်နှာအဟောင်းကြီးနဲ့တော့
ဘဝမှာ လူမလုပ်ချင်ဘူး
လံကွတ်တီစော် နံတယ် ..။
တာရာမင်းဝေ
၂၇.၅.၂ဝဝ၂
www.manorhary.net 16
ကိုယ်ရေးကိုယ်တာ စာမေးပွဲ
အဲဒီစာအုပ်က
သူ့ကိုယ်သူကဒ်ထူအင်္ကျီင်္နဲ့ပြန်ချုပ်တယ်
အဘိဓာန် နည်းနည်းလုပ်မလို့ ..တဲ့။
စီးကရက်ကပြောတယ်
သူ့ကို နှုတ်ခမ်းဖျားမှာ တပ်ရင်တပ်ပါ
တံတွေးနဲ့ လာမကပ်ပါနဲ့ ..တဲ့
(ဟုတ်တော့လည်း ဟုတ်ပါတယ်လေ)
ဖိနပ်က
လှေကားခြေရင်းမှာ ရပ်တယ်
သူ့အမေက
အလှူအိမ်တွေဖက် မသွားဖို့ မှာလိုက်တယ်။
www.manorhary.net 17
တီ … တီ …တီ
နာရီက သူ့ကိုယ်သူ နှိုးစက်ပေးချင်လှပြီ
မျက်မှန်က နိုးပြီး မျက်လုံးက မနိုးဘူး
ဆိုးလိုက်တာ။
ဂေါက်သီးရိုက်တံကလည်း
မြေကြီး ထရံမှာ သူ့ကိုချိတ်ထားလိုက်ပါ တဲ့
“ ကျင်း” တွေကို နာခံရတာ “ကျဉ်း ” တယ်ဆိုပဲ ..
ဆေးပုလင်းကို စားပွဲပေါ်တင်ထားလိုက်တော့
ဖော့ဆို့လို
ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ
အဲဒီမှာ
ခင်ဗျားအတွက် ခြေကြွခ
လျှောက်ပြလိုက်စမ်းပါ
ဆင်မ ယဉ်သာ ..
တာရာမင်းဝေ
(ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် မဂ္ဂဇင်း)
www.manorhary.net 18
သံဝေဂ
ရုပ်န့န
ဲာမ်က လက်ခုပ်တီးလိုက်လို့
ကျွန်တော်ဟာ လူအဖြစ် မြည်ဟည်းလာသလား
ကိုယ့်အသံကို တစ်ပါးသူကြားသွားမှာ
… အားနာလိုက်တာ..။
မေမေရေ ..
ကြွေရင်လည်း မြေမှုန်တွေနဲ့ ဓာတ်ပြုရတာပေါ့
ကျွန်တော်ဟာ ကိုက်ခဲညောင်းညာနေတဲ့ လောကအဝါတစ်ပွင့်ပါပဲ
ခုတော့..
လေအလာကို မျှော်လင့်ရင်း ရနံ့ချိုချိုတွေ ပွင့်ရပါဦးမယ်။ ။
တာရာမင်းဝေ
၂၀၀၂၊ ဇူလိုင်၊ ကလျာ
www.manorhary.net 19
သေနေတဲ့ကဗျာ
လွမ်းတယ်
သက်တံရဲ့ အဲဒီဘက်အခြမ်းလေးကို လွမ်းတယ်
မပြယ့်တပြယ်နဲ့ လူနံ့သင်းရတာကိုလည်း မုန်းတယ်။
ဘယ်တုန်းကမှ မဖူးပွင့်ခဲ့သလို
နှစ်တွေဟာ ပွတ်ကာသီကာ ကြာခဲ့ပြီ။
ဝန်ခံပါတယ်
ဆောင်းမြ အမှုန်တွေကို တွေ့တိုင်း တလဲ့လဲ့ ပြေးကောက်
“ တစ်ခွက်တည်းပါ ” လို့ ပြောဆိုခွင့်တောင်းပြီး
ကျွန်တော်က ပင်လယ်အဟောင်းကို ခပ်သောက်ချင်နေတုန်းပဲ။ ။
တာရာမင်းဝေ
၂ဝဝ၂၊ဇူလိုင်၊တေးကဗျာ
www.manorhary.net 20
သေလူ
ငါဟာ … မြားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ့် .. ဘယ်ဝါးကျည်တောက်ကိုမှ ဒူးမထောက်ခ့ဖ
ဲူးဘူး။
ငါဟာ.. ဓားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ့် .. ဘယ်ဓားအိမ်ထဲမှာမှ အိပ်မက်မက်မနေခဲ့ဖူးဘူး။
နောက်တော့
ငါဟာ .. အက္ခရာတစ်လုံးဖြစ်သွားတယ်
ငါ့ကိုယ်ငါ ပြန်ဖတ်လို့မရတော့ဘူး။
အဲဒီလိုနဲ့
ငါဟာ .. အရက်တစ်ပုလင်း ဖြစ်သွားတယ်
ငါ့ကို ဘယ်သူက ဝင်ပလုတ်ကျင်းမလဲဆိုတာကို
….. စောင့်နေတယ်။ ။
တာရာမင်းဝေ
၂ဝဝ၂ အိုင်ဒီယာ
www.manorhary.net 21
အိမ္လည္ထြက္တ့ေ
ဲ န့
နတ်သမီးပုံပြင်လေးပြောပြပါ
ဘာပဲပြောပြော ကြားချင်လို့ပါ …
နတ်သမီးပုံပြင်လေးပြောပြပါ
ဘာပဲပြောပြော.. မြင်ချင်လို့ပါ …
နတ်သမီးပုံပြင်လေး ပြောပြပါ
ဘာမှမရှိဘူး ဆိုပေမယ့် .. တစ်ခုခုများ ရှိမလားလို့ပါ ..။ ။
တာရာမင်းဝေ
www.manorhary.net 22
အလကားလူတစ်ယောက်ရဲ့ စကား
မကြာခင် အိမ်ပြန်တော့မှာပါ
တစ်ခွန်း နှစ်ခွန်း အနစ်မွန်းခံပြီးရင် ခြူသံပေးလိုက်ရုံပါ
သူ့လမင်းကို .. ကိုယ် လက်လှမ်း မမီကြောင်း ပြောရတာ
ပုလင်းနံပါတ် မမှတ်မိလောက်အောင်ကို ခါးတယ် ..။
ကိုယ်ထင်တယ်
ကျမ်းစာထဲမှာ မပါတာတွေ ရှိကောင်းရှိနိုင်ရဲ့
အာဒမ်က …
ဧဝ ကိုပေးခဲ့တာ …
နံရိုးတစ်ချောင်းထဲ မဟုတ်လောက်ဘူး။ ။
တာရာမင်းဝေ
www.manorhary.net 23
ဒြပ်မ့လ
ဲူ
အလင်းအလျဉ်နဲ့ ငါ ပျံသန်းသွားနေရဲ့
ဒါပေမယ့် ..
စကြဝဠာကြီးက ကျယ်လွန်းတော့
ဘယ်ကိုသွားသွားဘယ်ကိုမှ မရောက်ခဲ့သလိုပဲ …
တစ်ယောက်ယောက်က ငါ့ကို ခူးယူနေသလိုလည်း ..
.. …. …… ခံစားရတယ်
အရွေ့သုညမှာ … ငါ … ကြွေကျပေးခဲ့ပါ့မယ်။ ။
တာရာမင်းဝေ
www.manorhary.net 24
နှစ်ချို့ကော်ဖီ
နှစ်တွေကြာခဲ့ပေါ့
ဒီလောက် လောင်မီးကျခဲ့တာတောင်
အဲဒီ မျက်နှာလေးက
ငါ့အတွက် တသွင်သွင် လှပနေတုန်းပဲ။
အနမ်းတွေ ..
ငါ့အတွက်မို့ ရွာသူ ဖမ်းစားတာ ခံရလေတယ်
မြင်းတစ်ကောင်မှ မက တဲ့ ရထားလုံးအိမ်ထဲမှာ
ငါ .. ဘယ်ကိုပြေးမလဲ ..
အချစ်ဟောင်းရေ
ကိုယ်လှေစီးကြောင်းတွေလည်း ပြောင်းပြန်စီးမျောခဲ့ပေါ့
လွန်လေပြီးသော စနေနံနက်တစ်ခုကို လွမ်းမြ ရီဝေရင်း
………………. ……………… ……………
(ဒီကဗျာကို ကိုယ်ဆက်မရေးချင်တော့ဘူး)
www.manorhary.net 25
ဘက်ချင်းပြောင်းပြန်ရန်ပွဲ
သူ့မှာဖြင့် လူညွန့်တုံးရုံတင်မဟုတ်ပဲ
လူပန်း လူပွင့်ပါ ဘုန်းဘုန်းလဲပြီ တဲ့။
ကွာ…
မင်းကိုငါ .. ဘယ်နှစ်ခါ မီးဖွင့်ပေးရမလဲ
ငါလည်း အခုမှ သံချပ်ကာအကျီ င်္ ချွတ်ပြီးကာစ …
အဲဒီလိုနဲ့
ကျွန်တော်နဲ့ ကျွန်တော့်ဘဝလေး
ဓမ္မသီချင်းတစ်ပုဒ်စာ ဝေးသွားတယ်။ ။
တာရာမင်းဝေ
www.manorhary.net 26
ကျွန်တော်နှင့် ကိုသောကြာ
ကျွန်တော်စဉ်းစားတယ် …
တိတ်တဆိတ် ကခုန်လိုသူအတွက် တကယ်ဆို ဘာ “ဗုံ ”မှမလိုအပ်ပါဘူး
တချို့ ညောင်ပင်တွေလို နံရံမှာ တစ်လစ်ကြီး ချိတ်နေရတာကသာ …
စိတ်ပိန်စရာ ..။
တာရာမင်းဝေ
www.manorhary.net 27
ငါ့ဖယောင်းတိုင်ကို … ဘယ်သူမီးမှုတ်သွားသလဲ
သူတို့အယားပြေဖို့အတွက် ငါ့ကိုလာကုတ်ခြစ်ကြတာလား
ငါ့မှာသာ ခိုးခိုးခစ်ခစ်တွေ တစ်ခုပြီး တစ်ခု ဖြစ်နေရ …
ဒီနေ့အထိရောက်နေပြီးတာတောင်မှ
မနက်ဖြန်ကို လှမ်းကြည့်လို့မရနိုင်တဲ့ ဘဝမှာ
ငါ .. ဘာလုပ်ပေးရမလဲ
အစတည်းက
မြန်မာပြည်ရဲ့ အောက်ဆုံးထပ်မှာ နေခဲ့တဲ့ ကောင်ပဲ
သေချာတာက
ဧရာဝတီ တစ်စက်နှစ်စက်လောက်နဲ့တော့
သူတို့ ငါ့ကို ပက်ခွင့်ရမှာ မဟုတ်ဘူး။
မူးတယ်
တံဆိပ်ဆွဲအခွာခံလိုက်ရတဲ့ ပုလင်းလိုပဲ
တာရာမင်းဝေ
ကျမ်းကိုး .. “Who moved my cheese” by Dr Spencer Johnson
www.manorhary.net 28
လျော်ကြေး
အသင်၌
ပျိုးမကြဲသော လက်တို့သည်
ရှိကြကုန်၏ .
ငါတို့၏ ကောက်ရိတ်သိမ်းပွဲသို့
အိပ်မက်ထဲ၌ပင်
သင် … လာရန်မလို ….။ ။
တာရာမင်းဝေ
www.manorhary.net 29
မြေမှုန်တောလား
အို ဘုရားသခင် ..
မြေဆီသို့ တိုးဝင်လာပြီဖြစ်သော
သူ့ကို မြင်ပါ။
သူဟာ
လူသားအရည်ပြားနဲ့ တည်ဆောက်ထားတဲ့
နေမြင်လမြင် လူသားတစ်ယောက်ပါပဲ။
သူ့ကို
ကုလားအုတ်တွေ မိုးဝင်ခိုလိုက်ကြတယ်လေ။ ။
တာရာမင်းဝေ
www.manorhary.net 30
သံဆူးကြိုး
နားလည်ပါရဲ့ကွယ်
နှင်းဆီဖြူဆွတ်လေးတစ်ပွင့်အတွက်
ဒီလောက်တော့ ရင်နင့်ပေးရမှာပေါ့ ။
အဲဒီလိုနဲ့
သံဆူးကြိုးရသကို စိုက်ပျိုးခံစား
ငါ့တောင်ယာလေး စကားနည်းနေတုန်းပဲကွယ် ။ ။
တာရာမင်းဝေ
www.manorhary.net 31
တေးသွားအမှတ် ၆ နာရီ
ချောက်ကမ်းပါး အရင့်အမာကြီးထိပ်မှာ
သူ့ကိုယ်သူ ချောင်ပိတ်ပြီး တင်ထားလိုက်တယ်။
ပြီးတော့
ရုပ်ကို ပါးပါးမတ်မတ် “ တန်း” ပစ်လိုက်ပြီး
စိတ်ကို ချောက်ကမ်းပါးထဲ တွန်းချလိုက်တယ်။
“ အား ” လို့
လေးရိလေးတွဲ သံရှည်ဆွဲပြီး အော်ဖို့ရာ
စကားလုံးတွေမှာ ပါးစပ်ရှိပါသလား ။
(နေလောင်ဂစ်တာ ထဲကတော့
“ ဆိပ်ကမ်းဟွန်းသံ” တွေ ပွင့်ပေါက် ကျလာပြီ။
တာရာမင်းဝေ
www.manorhary.net 32
ဆက်ထုံး
မီးပြတိုက်က
ကဆုန်ပေါက်ပြီး ပြေးမလိုက်ပါဘူး ။
သူ့ရဲ့ အလင်းလဲ့မှုန်နဲ့
ပင်လယ်သားပေါက်ကလေးရဲ့ ဖွင့်ပွဲကို
….. ပြည့်စုံစေလိုက်တယ်။ ။
တာရာမင်းဝေ
၂ဝဝဝ ဖေဖော်ဝါရီ ၊ မဟေသီ
www.manorhary.net 33
မိတ္တဗလ ဋီကာ
တစ်ယောက်ယောက်က
တကျွိကျွိပြုံးလိုက်သံကို ကြားသားပဲ
ဒါပေမယ့် ငါ့ရဲ့ အ . အာ ..၏ ..ဤ အိပ်မက်လေးကို
နွားကျွေးပစ်ဖို့ ထွက်ခဲ့ရတယ်။
တစ်ခရီးတည်း ဆိုပေမယ့်
ကိုယ့်လှေကိုယ်စီးပြီး ပျံသန်းခဲ့ကြတာပါ
ငါရယ် ကောင်းကင်စော်နံတဲ့ လူတွေရယ်
နောက်ဆုံး ကွဲသွားတယ်။ ။
တာရာမင်းဝေ
www.manorhary.net 34
5.8.10 trSwfw& tjzpf raemf[&D pkpnf;onf/
www.manorhary.net 35