You are on page 1of 196

မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

မှာရှိနေတဲ့
ရည်မှန်းချက်ပန်းတိုင်တစ်ခုကို အရောက်သွားဖို့
လူငယ်တွေဟာ ဘ၀ပင်လယ်ပြင်ကြီးမှာ
ကူးခတ်နေကြတယ်


ပုတ်ခတ်မှုဒါဏ်တွေကြားမှာ
သွားလာလုပ်ရှားကြရင်း

ဆည်းမိတဲ့
လူငယ်တစ်စုက

မှတ်ရရ အဖြစ်
အနာဂါတ်မှာ ကျန်ရစ်ဖို့

ပြားစွာသော
အွန်လိုင်းစာဖတ်ပရိတ်သတ်အတွက်
စာအုပ်တစ်အုပ်ကို ဖန်တီးပေးခဲ့တယ် .....

အဲဒီစာအုပ်ကို အနာဂတ်လှိုင်း၏ ဆုံမှတ်များ လို့ နာမည်ပေးထားတယ်


အနာဂတ်လိုင်း၏ဆုံမှတ်များ

Blog, Blogger, Blogging

Blog ဆိုတဲ့ စကားလုံးပေါ်လာတာ လွန်ခဲ့တဲ့ ၈နှစ်ကပါ။ Blog ဆိုတာ Web Log


ရဲ.အတိုကောက်ပါ။Web က B နဲ့ Log မှ log ကိုပေါင်းစည်းပြီး Blog လို့ ယေဘုယျခေါ်ဆိုတာပါ။
Blog ဟာ အင်တာနက် စာမျက်နှာတွေထဲကတခုဖြစ်ပေမယ့်၊ သူ့မှာအစီအစဉ်တကျစီစဉ်
ထားတဲ့ နေ့ရက်၊ အချိန်၊ အက္ခရာစဉ်က စပြီးတော့ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက်၊ အမျိုးအစား
များအလိုက်၊ ပုံစံတူများအလိုက်၊ စသည်ဖြင့်စနစ်တကျပါရှိပါတယ်။ Blog တစ်ခုကိုဖန်တီးဖို့ Html၊ java
script စတဲ့ ၀ဘ်ဆိုက်ရေးနည်းများကို အထူးသင်ကြားနေစရာမလိုဘဲ Blog host များက ပေးထားတဲ့စ
ာမျက်နှာများမှာ လွယ်ကူစွာအဆင်သင့် ၀င်ရေးလိုက်နိုင်ပါတယ်။ နောက်ပြီး တော့ လာရောက်လည်ပ
တ်ကြသူတွေကိုလည်း ပွင့်လင်းစွာ၊ အရှိကို အရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း ရေးသားနိုင်အောင်
စီစဉ်ထားပေး ထားတာဟာ တခြားသော အင်တာနက်စာမျက်နှာတွေနဲ့ ကွာခြားစေတဲ့ အချက်တစ်ချက်
ဖြစ်ပါတယ်။ Webster အဘိဓာန်မှာတော့ Blog ကို “ဒိုင်ယာရီ၊ အင်တာနက် စာမျက်နှာပေါ်တင်ထားတဲ့
ကိုယ်ရေးကိုယ်တာတွေလို့ ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် တချို့သောသူများက Blog ကို
အင်တာနက်ပေါ်မှ ကိုယ်ရေးခံစားချက် စာမျက်နှာများ သို့မဟုတ် ကိုယ်ရေးမှတ်တမ်းများလို့ မြန်မာလို
အတတ်နိုင်ဆုံးတူအောင်၊ ဆီလျော်အောင် အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။
BLog မှာ မိမိ ရေးသားထားတာတွေကိုမိမိတစ်ဦးတည်းသာဖတ်ရှုနိုင်စေရန်၊ မိမိရဲ့ Blog ကို
တပါးသူများ မဖတ်ရှုနိုင်စေရန်၊ ဒါမှမဟုတ် ဖိတ်ကြားထားသူများသာ ၀င်ရောက်ဖတ်ရှုနိုင်ရန် တားဆီးထား
နိုင်သလို၊ လူအများ ၀င်ရောက်ကြည့်ရှုနိုင်အောင်လည်း ဖွင့်ထားပေးနိုင်တဲ့အတွက် အဆင်ပြေလှပါတယ်။
ဒါဆိုရင် Blog တွေမှာ ဘယ်သူတွေဝင်ရေးနေပါသလဲ၊ တိုးတက်သောနိုင်ငံတွေရဲ့လေ့လာ
ချက်အရ အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေကစပြီး နိုင်ငံရဲ့တာဝန်တွေကိုအမြင့်ဆုံး
ယူထားကြတဲ့ ၀န်ကြီးကနေ သမ္မတအထိ Blog စာမျက်နှာတွေ ကိုယ်စီရှိကြပါတယ်။ အာရှမှာဆိုရင် ဂျပန်၊
ကိုရီးယား ကစပြီးတော့ အိမ်နီးချင်း ထိုင်း၊ စင်ကာပူ နဲ့ မလေးရှားတို့မှ ၀န်ကြီးတွေကပါကိုယ်ပိုင် Blog
တွေကို ရေးသားလာကြပါတယ်။ မကြာခင်မှာမြန်မာဘလော့ဂ် တွေလည်း အင်တာနက်ပေါ်မှာ ကျယ်ကျယ်
ပြန့်ပြန့်နေရာယူလာကြ တော့မှာ ဖြစ်ပါတယ်။
Blogger ဆိုတာကတော့ Blog တခုမှာပါဝင်ရေးသားနသူလို့ ယေဘုယျမှတ်ယူနိုင်ပါတယ်။


မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

Blogger တယောက်ဖြစ်ဖို့ လွယ်ပေမယ့်၊ အောင်မြင်တဲ့ Blogger တယောက်ဖြစ်ဖို့ အလွန်ခက်ခဲပါတယ်။


၂၀၀၆ ခုနှစ်မှာ Blog စာမျက်နှာတွေရဲ့ စစ်တမ်းကို Technorati( http://www.technorati.com )
ကုမ္မဏီက ကောက်ယူခဲ့ရာမှာ တစ်ကမ္ဘာလုံးမှာ Blog အရေအတွက် စုစုပေါင်း ၅၇သန်းကျော် ရှိနေပြီ
ဆိုတာ တွေ့ရပါတယ်။ နာရီနဲ့အမျှ Blog တွေ များလာနေသလို၊ Blogger တွေလည်း တနေ့ထက်တ
နေ့ပိုများလာပါတယ်။ သူတို့ကို အင်တာနက် ဂျာနယ်လစ်လို့ တောင်တင်စား ကြပါသေးတယ်။ မြန်မာ
Blogger တွေမှာ လည်းရွက်ပုံးသီး စာပေသမားတွေ အများအပြား ရှိနေတာဟာလည်း မြန်မာစာပေ
လောကအတွက် အားရစရာပါ။ ခေတ်လူငယ် Blog စာရေးဆရာတွေရဲ့ လက်ရာတွေဟာလည်း အာဝဇ္ဇန်း
ရွှင်ရွှင်၊ ပညာသားပါပါနဲ့ အနုပညာ ရသမြောက်လွန်းလို့ အံ့မခန်းလေးစားထိုက်သလို၊ သူ့ထက်ငါတနေ့ထက်
တနေ့လက်စွမ်းပြနေကြတာကိုက တရုပ်သိုင်းကားကြည့်နေရသလိုလို၊ ကိုရီးယားကား အခန်းဆက်ဇာတ်
ကား ကြည့်နေရလိုဖြစ်အောင် စွဲဆောင်နိုင်ကြပါလေရဲ့ .......
Blogging ဆိုတာကတော့ အခုလို အွန်လိုင်းပေါ်က Blog မှာ စာရေးသားကြတာမျိုးကို
ခေါ်တာပါ။ နောက်ပိုင်းမှာတော့ Blogger တွေစုပြီး အကြောင်းအရာ တစ်ခုခုကို ဦးတည်ချက်ထားပြီးဆွေ
းနွေးကြတာမျိုးကိုလည်း Blogging လို့ သုံးလာကြပါတယ်။
ဒါဆိုရင် Blog မှာ ဘာတွေကို ရေးသားကြ၊ဘယ်လိုအမြင် တွေကို ဖလှယ်ကြပါသလဲ။ Blog
မှာ လူတန်းစားမျိုးစုံ၊ အခြေအနေမျိုးစုံ၊ ဘ၀မျိုးစုံက လူတွေက မိမိတနေ့တာ ဖြတ်သန်းသွားလာမှု၊
ခံစားမှု၊ ရှုမြင်မှု၊ သုံးသပ်ချက်တွေ၊ နည်းပညာဆိုင်ရာ သင်ကြားမှုတွေ၊ ဖန်တီးမှုတွေ၊ အောင်မြင်မှုတွေ၊
ဖျော်ဖြေရေး အစီအစဉ်ကစလို့၊ နိုင်ငံရေးဆိုင်ရာ သဘောထားတွေ အထိ Blog မှာလာရောက်ရေးသား
ရင်ဖွင့်ကြ၊ မှတ်တမ်းတင်ကြ၊ ဝေမျှကြနဲ့ အကြောင်းအရာကဏ္ဍစုံလင်လှပါတယ်။ Blog မှာဓါတ်ပုံများနဲ့
မှတ်တမ်းတင်ထားတဲ့ photoblog ကစပြီး၊ ဗီဒီယို မှတ်တမ်းများ တင်ထားတဲ့ vlog၊ စသည်ဖြင့် မိမိကြုံတွေ့
ခဲ့ရ၊ မြင်ခဲ့ရ၊ ပါဝင်ခဲ့ရသော အဖြစ်အပျက်များ၊ ပြဿနာများ၊ အောင်မြင်မှုများ၊ ခရီးသွားမှတ်တမ်းများ၊
နည်းပညာဆိုင်ရာ အခြေအနေများစသည်တို့ကို လျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက်ရေးသားလွှင့်တင်
နိုင်ကြတဲ့ အတွက် Blog လောကဟာ တနေ့ထက်တနေ့ ပိုမိုကျယ်ပြန့်လာသလို၊ Blog တွေရဲ့ ရိုက်ခတ်
မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကိုထိန်းသိမ်းဖို့ တချို့သောနိုင်ငံတွေမှာ ကန့်သတ်မှုတွေနဲ့ စတင်ပြုလုပ်
နေရပြီဖြစ်ပါတယ်။ ဒါဆိုရင် Blogger တွေမှာရော စောင့်စည်းအပ်သော ကျင့်ဝတ်တွေ၊ ထိန်းသိမ်းအပ်သော
ဝတ္တရားတွေ မရှိလိုလားလို့ မေးစရာ ရှိလာပါတယ်။ Blog နဲ့ Blogger တွေမှာ စောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေ
သိက္ခာတွေအသီးသီး ရှိကြပါတယ်။ စခါစကတော့ သာမန်လို့သာ ပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ၊
ကိုယ့်စိတ်ထဲရှိတာချရေးလိုက်တဲ့ သဘောမို့ ဒိုင်ယာရီရေးတာနဲ့ တူပါတယ်။ ရေးကြ ပြောကြတဲ့
အကြောင်းအရာ အများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်ကများပါတယ်။ “မာမီက ပြောတယ်၊ ဒီနေ့
မိုးရွာမယ်တဲ့” စတာမျိုး။ နောက်တော့ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စ၊ (ပြောရရင်) လူထု အဖွဲ့အစည်းတစ်ခုလုံးနဲ့
ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ အချင်းချင်း အပြန်အလှန်ဆွေးနွေးကြတာ၊ ဝေဖန်ကြတာတွေ ရှိလာပါတယ်။
ဒီလိုနဲ့ပဲ Blog တွေ hot ဖြစ်လာကြတာပါ။
Blog ရဲ့ထူးခြားချက်က ဘာ အကန့်အသတ်အထိန်းအချုပ်မှ မရှိတာပါပဲ။ ဥပဒေနဲ့ ကန့်သတ်တာ
ထိန်းသိမ်းတာမပြောနဲ့၊ အယ်ဒီတာတောင် မရှိပါဘူး။ ကိုယ်ရေးချင်၊ ပြောချင်တာကို လွတ်လွတ်လပ်လပ်
ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာများလို့ မကျေနပ်တဲ့ လူတွေဘက်ကလည်း
အရေးယူဖို့ မလွယ်ပါဘူး။ အခုလို အထိန်းအချုပ်မရှိလို့ ဗရမ်းဗတာဖြစ်တာမျိုး ရှိသင့်သလောက် ရှိပေမယ့်
လွတ်လပ်ပွင့်လင်းတဲ့ သတင်းစီးဆင်းမှုကို အားပေးတာတော့အမှန်ပါပဲ။ နိုင်ငံသား အခွင့်အရေး (citizen
right) ကို အပြည့်အဝအသုံးချကြတာမို့ နိုင်ငံသား ဂျာနယ်လစ် (Citizen Journalist) လို့ ခေါ်ကြတာတွေလည်း
ရှိပါတယ်။ မီဒီယာလောက အနေနဲ့ Blogger တွေကို အလေးထား လာရတဲ့ ကိစ္စကတော့ သူတို့ရဲ့
“ခရာမှုတ်သူ”(whistle blower) အခန်းကဏ္ဍကြောင့်လို့ ဆိုပါတယ်။ C.B.S လို အကျော်ဒေးယျ
မီဒီယာကြီးကိုတောင် Blogger တွေကဖွင့်ချခဲ့ဖူးလို့မီဒီယာတော်တော် များများက ဖြုံကြပါတယ်။
တပြိုင်နက်တည်းမှာပဲ မြေပေါ်မီဒီယာတွေ ဘယ်လိုမှ ရဖို့မလွယ်လောက်တဲ့သတင်းဦး၊ သတင်းထူးတွေပေး
နိုင်တာမို့၊ ဂျာနယ်လစ်တွေရဲ့ အားကိုးရာလည်း ဖြစ်သေးတယ်။ ‘တံခါးဖွင့် စူးစမ်းလေ့လာကြတဲ့ သတင်းခန်းမ’
(open-source newsrooms) တွေ အွန်လိုင်းပေါ်မှာအပြိုင်းအရိုင်း ပေါ်လာတာဟာလည်း Blogger
တွေရဲ့ကျေးဇူးကြောင့်လို့ ပြောစရာရှိပါတယ်။ အီရတ်စစ်ပွဲ အကြိုကာလလောက်ကစပြီး မီဒီယာလောကသာ


အနာဂတ်လိုင်း၏ဆုံမှတ်များ

မကတော့ဘူး နိုင်ငံရေးလောက ကပါ Blogger တွေကို အလေးထား စောင့်ကြည့်လာရတော့တယ်။


အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲ ပေါ်လစီကို ဝေဖန်ထောက်ပြတဲ့ အမည်မသိဘလော့ဂါတွေရဲ့
သဘောထား အမြင်တွေဆိုရင်စစ်မဟာဗျူဟာ ပညာရှင်ဆိုသူတွေတောင် လက်ဖျားခါရတယ်လို့ ဆိုပါတယ်။
ပညာရှင် တချို့ကဆိုရင် ဘလော့ဂါတွေကို ဆိုက်ဘာဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနေကြတဲ့ ပထမဆုံး
‘ခရု ဆိတ်တာ’ တွေလို့တောင် အမွှန်းတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် Blog စတာ ဘာမှ မကြာလှသေးပေမဲ့
အံ့သြလောက်အောင် ကျယ်ပြန့်လာတာတော့သေချာပါတယ်။ အခု လောလောဆယ် ဝက်ဘ်ဆိုက်ပေါ်မှာ
ဘလော့ပေါင်း ၅၇သန်းကျော် နေပြီလို့ သိရပါတယ်။ အမေရိကန် ပြည်ထောင်စု တခုတည်းမှာကိုပဲ ဘလော့ဂါ
ပရိတ်သတ် (၃၂) သန်းထိ ရှိလာပြီလို့ ဆိုပါတယ်။ နယူးယော့တိုင်းမ် ဂျာနယ်လစ် ‘တောမတ် ဖရီးမင်း’
ကတော့ Blogလှုပ်ရှားနေမှုကို ‘တံခါးမရှိ၊ ဓားမရှိ စူးစမ်းလေ့လာရေး’ (open-source) လို့အကဲဖြတ် သလို၊
ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့ နည်းပညာလှိုင်းရဲ့ရိုက်ချက် တစ်ခုလို့လည်း ဆိုနေပါကြောင်းပါကြောင်း
ခင်ဗျာ။

ကိုမင်းကျော်


မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

အခုနောက်ပိုင်း ကမ္ဘာပေါ်မှာ wesiteတွေကိုကျော်ပြီးခေတ်စားလာတာကတော့ Web log (Blog)


တွေပဲဖြစ်ပါတယ်။ Website တစ်ခု တည်ဆောက်ရတာလောက်အလုပ်လဲမများ၊ ပိုက်ဆံလဲမကုန်တဲ့အတွက်
အခုနောက်ပိုင်းမှာ (Blog) အအေတွက်ဟာသိသိသာသာကြီးကို တိုးလာတာတွေ့ရပါတယ်။ (Blog)တွေ
ကိုအသုံးများလာ ရခြင်းရဲ့အဓိကအချက်ကတော့ အသုံးပြုရတာလွယ်ကူ အဆင်ပြေလွန်းတဲ့အတွက်ပဲဖြစ်ပါ
တယ်။ Domain Name လဲ ၀ယ်စရာမလိုပါဘူး။ web host တွေကလည်းအခုအချိန်အထိတော့ free
service ပေးနေပါသေးတယ်။ နောက်ပြီး HTML ကို လဲနားလည်စရာမလိုပါဘူး။ နည်းနည်းပါးပါးနားလည်
ထားရင်တော့ပိုကောင်းပါတယ်။ ဘလော့ဂ်တွေရဲ့သမိုင်းကိုလိုက်ကောက်ကြည့်မယ်ဆိုရင်တော့ဂျပ်စတင်
ဟော (Justin Hall) ဆိုတဲ့သူက ဆွက်မိုးကောလိပ် (SwarthmoreCollege) မှာကျောင်းသားတစ်ယောက်
အဖြစ် စာပေသင်ယူနေစဉ် ၁၉၉၄ခုနှစ်မှာပဲ Justin’s Links from the Underground လို့အမည်ရတဲ့
သူ့ရဲ့ကိုယ်ပိုင်ဘလော့ဂ် www.links.net ကိုစတင်ခဲ့ပါတယ်။ တွေ့ရှိချက်တွေအရတော့သူ့ကိုမျက်
မှောက်ခေတ်ဘလော့ဂါ (Blogger) တွေရဲ့ဘိုးအေလို့ယူဆလို့ရပါတယ်။ ၂၀၀၄ခုနှစ်ဒီဇင်ဘာလထုတ်
နယူးယောက်တိုင်း မဂ္ဂဇင်းကလည်း သူ့ကိုကိုယ်ပိုင်ဘလော့ဂ်တွေရဲ့တည်ထောင်သူ the founding father
of personal blogging အဖြစ်ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဘလော့ဂ် Blog ဆိုတဲ့ စကားလုံးဖြစ်လာစေတဲ့
web ဆိုတဲ့စကားလုံးနဲ့ logဆိုတဲ့ စကားလုံးကို ပေါင်းစပ်လိုက်တဲ့သူကတော့ ဂျွန်ဘာဂါ (Jorn Barger)ဆိုသူ
ပဲဖြစ်ပါတယ်။ ဂျွန်ဘာဂါက weblog ဆိုတဲ့စကားလုံးအတွဲ အဆက်ကို ၁၉၉၇ ဒီဇင်ဘာလမှာပဲ robot
wisdom weblogs လို့အမည်ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘလော့ဂ် wwwrobotwisdom.com ထဲမှာချပြခဲ့ပါတယ်။
၁၉၉၉ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ Peter Merholzဆိုတဲ့သူက Weblog ဆိုတဲ့စကားလုံးကို we blog
လို့ခွဲချလိုက်ပြီး BLog ဆိုတဲ့စကားလုံးတစ်ခုပေါ်လာခဲ့ပါတယ်။ Weblog ဆိုတဲ့စကားလုံးဟာ the Oxford
English Dictionary မှာ အမှန်တကယ်တရားဝင် ပါဝင်ခဲ့တာကတော့ ၂၀၀၃ခုနှစ် မတ်လမှဖြစ်ပါတယ်။
“weblog” “weblogging” “weblogger” ဆိုပြီး verb အနေနဲ့ပါဝင်လာခဲ့တာပါ။ ၂၀၀၄ခုနှစ်မှာတော့
Merriam-Webster’s Dictionary က blog ဆိုတဲ့စကားလုံးကို the word of the year in 2004
အဖြစ်ဖော်ပြခဲ့ပါတယ်။
ဘလော့ဂ် (Blog) တွေဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူသားတွေအားလုံးဆီကို အလွန်


အနာဂတ်လိုင်း၏ဆုံမှတ်များ

လျှင်မြန်တဲ့နှုံးနဲ့ ရောက်ရှိသတင်းပေး နိုင်တဲ့အပြင်၊ ဘလော့ဂ်ရေးသူနဲ့ ဘလော့ဂ်ဖတ်သူတွေ အပြန်အလှန်


ဆက်သွယ်ပြောဆိုလို့လဲရနေတာကြောင့် နောက်ပိုင်းမှာ blogosphere လို့ခေါ်တဲ့ ဘလော့ဂ်လောကဟာ
အင်တာနက်နဲ့အကျွမ်းတ၀င်ရှိကြတဲ့လူတန်းစားအားလုံးရဲ့ အတွေ့အကြုံ၊ အတွေးအမြင်၊ အယူအဆ၊
ခံစားချက်တွေဖလှယ်ရာ စကားဝိုင်း ( forum)တစ်ခုအသွင်ဆောင်လာပါတယ်။ စက်တင်ဘာ ၁၁ ရက်
(WorldTrade Center)အကြမ်းဖက်မှု အပြီးမှဆိုရင် ဒီအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့သတင်းအချက်
အလက်တွေ၊ ထင်မြင်ယူဆချက်တွေ၊ တွေ့ကြုံခံစားရမှုတွေကိုဆက်သွယ်ဖလှယ်ကြတဲ့နေရာမှာဘလော့ဂ်
တွေဟာ အခြားသောနည်းလမ်းဟောင်းတွေထက် ပိုမိုလွယ်ကူမြန်ဆန်တာကြောင့်အဓိကအနေနဲ့အသုံး
ပြုခြင်းခံခဲ့ရပါတယ်။ အီရတ်စစ်ပွဲဟာဆိုရင်လဲ တနည်းအားဖြင့် ဘလော့ဂ်စစ်ပွဲတစ်ခုလို့ဆိုရလောက်ေ
အာင်ကို ဘဂ္ဂဒက်မှာရှိတဲ့ ဘလော့ဂါတွေရဲ့ဘလော့ဂ်တွေဟာများစွာသောဖတ်ရှုသူတွေရရှိခဲ့ပါတယ်။
စလမ်ပက်ရှ် (Salam Pax) ဆိုသူဟာဆိုရင် သူ့ရဲ့ဘလော့ဂ်ဖြစ်တဲ့ dear_raed.blogspot.com ကို
စာအုပ်အဖြစ်တောင် ထုတ်ဝေခဲ့ပါသေးတယ်။ ကိုယ်ပိုင်ဘလော့ဂ်တစ်ခု လုပ်ထားခြင်းအားဖြင့် ကောင်းကျိုး
တွေများစွာရှိနိုင်သလို ဆိုးကျိုးအချို့လဲရှိတာကိုတွေ့ရပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် Google
ဆိုတဲ့နာမည်ကြီး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ မက်ဂျမ် (Mark Jem) ဆိုသူရဲ့အကြောင်းဟာအထင်ရှား
ဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ သူဟာ 99zeros.blogspot.com ဆိုတဲ့ သူ့ရဲ့ဘလော့ဂ်မှာ Google မှာလုပ်ခဲ့တဲ့
သူရဲ့အတွေ့အကြုံအသေးစိတ်တွေ၊ ကုမ္ပဏီရဲ့စီမံခန့်ခွဲပုံအဆင့်ဆင့်တွေကိုဖော်ပြခဲ့ပါတယ်။ အဲဒီ့လိုဖော်
ပြခဲ့တာတွေထဲက တစ်ခုမှာကုမ္ပဏီရဲ့ လျှို့ဝှက်အုပ်ချုပ်မှုစနစ်တွေအကြောင်းပါဝင်ခဲ့ပါတယ်။ နောက်ပြီး
မက်ဂျမ်ဟာ Google ရဲ့ ကျန်းမာရေးထောက်ပံ့မှုစနစ်ဟာသူအရင်အလုပ်လုပ်ခဲ့ဖူးတဲ့ Microsoft လောက်
မကောင်းဘူးလို့လဲ သူ့ရဲ့ဘလော့ဂ် ထဲမှာဝေဖန်ခဲ့ပါသေးတယ်။ ဒါကို Google ရဲ့အုပ်ချုပ်ရေးပိုင်းကမက်
ဂျမ်ရဲ့ဘလော့ဂ်ဟာ ကုမ္ပဏီရဲ့လျှို့ဝှက်အချက်အလက်တွေကို လူကြားထဲစိမ့်ထွက်အောင်လုပ်နေတယ်လို့
ယူဆပြီး အချို့ post တွေကိုဖျက်ခိုင်း ခဲ့ပါတယ်။ မက်ဂျမ်ကလဲ ဖျက်ခိုင်းတဲ့ post တွေကိုဖျက်လိုက်ပေမယ့်
နောက်နှစ်ရက်အကြာမှာပဲ အလုပ်ထုတ်ခံလိုက်ရပါတယ်။ မက်ဂျမ်က တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီး
တော့ပဲဖြစ်ဖြစ် သူ့ရဲ့ဘလော့ဂ်ဟာ သူအလုပ်ထုတ်ခံရခြင်းရဲ့ အကြောင်းရင်းတစ်ခုပဲလို့ပြောပါတယ်။
ဒီအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် ဘလော့ဂါတွေအနေနဲ့ ကိုယ့်ရဲ့ ဘလော့ဂ်ပေါ်မှာတင်ထာ
းတဲ့စာတွေနဲ့ပတ်သက်ပြီး မလိုလား အပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တာကြောင့် သတိကြီးကြီးထားဖို့တော့
လိုအပ်တယ်ဆိုတာကိုတွေ့ရပါတယ်။ ကိုယ်ပိုင်ဘလော့ဂ်တစ်ခုကိုတည်ဆောက်ချင်တယ်ဆိုရင်တော့
www.blogger.com, www.wordpress.com, www.blogster.com စတဲ့ website တွေမှာ သွားရောက်ပြီး
အခမဲ့တည်ဆောက်လို့ရပါတယ်။ ဘယ်လိုတည်ဆောက် ရမယ်ဆိုတဲ့အချက်အလက်တွေကိုလဲ အဆိုပါ
wesiteတွေမှာ လမ်းညွှန်ထားပါတယ်။

နေဘုန်းလတ်


မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ဘလောက်ဆိုသည်မှာ ...ကိုယ်တိုင်ရေးပုံတူ (သို့) အံဆွဲထဲ သော့ပိတ်မထားသောနေ့စဉ်


မှတ်တမ်း (သို့) သမ၀ါယမဆိုင်ရှေ့ မှကျောက်သင်ပုန်း (သို့) ကျောင်းမှ နို့တစ်ဘုတ်နှင့်တူသည်။ ရေးတတ်
ခြစ်တတ်စကလေးတစ်ယောက်ကို ရောင်စုံခဲတံများပေး၍နံရံဖြူရှိသော အခန်းထဲတွင် တစ်ဦးတည်းထားပေး
ခြင်းနှင့်လည်း တူသည်။ သူကိုယ်တိုင် ဘာမှန်းမသိသော အကြောင်း အရာများကို စိတ်တိုင်းကျ ရေးခြစ်၍
ရနေသောကြောင့်ပင်။
ဘလောက်ဘယ်ကစ... အာဒမ်နှင့်အေ၀တို့ကတော့ဘလောက်မလုပ်ခဲ့တာသေချာသလောက်
ပင်။ ဗြမ္မာကြီး လေးဦးလည်း ဖိုးအင်ဝမ်း ဘလောက်လုပ်ခဲ့သည်ဟု မကြားဖူးပါ။ ဘလောက်ကို ၁၉၉၄
ခုနှစ်လောက်က စခဲ့သည်ဟူ၏။ အမှန်တော့ အင်တာနက်(သို့)အပြည်ပြည်ဆိုင်ရာ ကွန်ယက်ကြီး၏
ဘေးထွက် အာနိသင် တစ်ခုပင်။ လူဆိုသည်မှာ အတင်းပြောတတ်သည့် သတ္တ၀ါ မဟုတ်ပါလား။အိမ်လည်၍
ထီးဖြူဖိနပ်ပါး ပြောသူများရှိသလို၊ ကမ္ဘာပတ်၍ (အင်တာနက်မှတဆင့်) အတင်းပြောသူများ ရှိလာသည်မှာ
လူ့လောက၏ တိုးတက်မှု ပြယုဒ်ပင်လားမသိ။
ဘလောက် ဘယ်လောက်များ ...မြန်မာနိုင်ငံမှာ ကလေး၊ လူကြီးအားလုံးဘလောက်တစ်
ခုစီလောက် ပိုင်မည်ဆိုလျှင်တောင် အပြည်ပြည်ဆိုင်ရာ ကွန်ယက်ကြီးပေါ်တွင် ရှိနေသည့်ဘလောက်
အရေအတွက်ကို မမီနိုင်သေးပါ။ ဘလောက်များ မှတ်ပုံတင် ဌာနတစ်ခု အဆိုအရ ၂၀၀၆၊ နိုဝင်ဘာလတွင်
ဘလောက်ပေါင်း သန်း ၆၀ ခန့် ရှိနေပါပြီ။
ဘလောက် ဘယ်လိုလုပ်ကြမလဲ... လွယ်ပါသည်။ စာပေစိစစ်ရေးက ထောက်ခံစာလေးသာ
ယူခဲ့ပါ။ အားလုံးအဆင်ပြေသွားပါမည်။ အဲ . . . ယောင်သွားလို့ပါ။
၁။ ဘလောက်များကို လက်ခံပေးသော ၀က်ဆိုဒ် တစ်ခုခု (ဥပမာ - www.blogger.com )တွင်
စာရင်းသွင်း
၂။ မိမိကြိုက်နှစ်သက်သော စာမျက်နှာဒီဇိုင်းကိုရွေး
၃။ အီးမေးတို့ စာစီစာရိုက်တို့ လုပ်သလို ရေးချင်တာရေး
၎။ publish လုပ် (စာရိုက်ပြီးတိုင်း အင်တာနက်ပေါ် ရောက်သည်မဟုတ်ပါ။ publish ဆိုသည့်
ခလုတ်တစ်ခု နှိပ်မှရောက် သွားပါသည်။) ဒီလောက်ပါပဲ။ အင်မတန်လွယ်ပါသည်။ မြန်မာလိုဘလောက်လုပ်


အနာဂတ်လိုင်း၏ဆုံမှတ်များ

ချင်လျှင်တော့ နည်းနည်းလက်ဝင်ပါသည်။ နောက်များမှ ဒါကို ဆက်ဆွေးနွေးကြတာပေါ့။

ဘလောက်ကမ္ဘာတွင် ဆောင်ရန်၊ ရှောင်ရန်များ


အပြည်ပြည်ဆိုင်ရာ ကွန်ယက်ကြီးကို မည်သူမဆို ၀င်ရောက် ကြည့်ရှုနိုင်သောကြောင့် အချို့သော
စာသားအသုံးအနှုန်းများသည် လူအများ၏အမြင်တွင် မတင့်တယ်ဖြစ်တတ်ကြောင်းသတိချပ်သင့်ပါသည်။
မိမိလာရောက် ဖတ်ရှုစေချင်သူများ စိတ်ဝင်စားမည့် အကြောင်းအရာများလည်း ပါသင့်ပါသည်။ ဓါတ်ပုံ၊
သီချင်းများဖြင့် ဝေေ၀ဆာဆာ ပြုလုပ်နိုင်လျင် ကောင်းသော်လည်း၊ ဖတ်ရှုမည့် သူများ၏ အင်တာနက်
အမြန်နှုန်းကိုလည်း ကိုယ်ချင်းစာစေချင်ပါသည်။ (ဥပမာ - ကျွန်တော့် ရန်ကုန်အိမ်မှ ဒိုင်လ်အပ်ဖြင့်
အီးမေးစစ်ရာတွင် 1 MB ခန့်ရှိ ဓါတ်ပုံ တစ်ပုံကို နာရီဝက်ခန့် ဒေါင်းလုပ်လုပ်ယူရပါသည်။) ထို့ကြောင့်ပြော
ကားပြော၏မကြား ဖြစ်မှာစိုးရပါသည်။ အရေးအကြီးဆုံးဟု ကျွန်တော်ယူဆသော အချက်တစ်ချက်မှာ
ပုံမှန်ရေးသားရန် ဖြစ်ပါသည်။ တစ်လမှ တစ်ခုလောက် ရေးသော ဘလောက်ကို မည်သူလာဖတ်မည်နည်း။
အခြားသူများ၏ ဘလောက်ကို ဖတ်ပြီး စိတ်ဝင်စားလျှင် တစ်ခုခုမှတ်ချက် ပြန်ပေးသင့်ပါသည်။ မဟုတ်ပါက
ဘလောက်ဂါမှာ နံရံနှင့်စကားပြောရသကဲ့သို့ ရှိချေမည်။ မိမိဘလောက်တွင် မှတ်ချက်ပေးလာသူများကို
လည်း ကျေးဇူးတင်ကြောင်းပြောသင့်ပါသည်။ (သတင်းစာတွင် ထည့်စရာ မလိုပါ)။ မိမိမည်သူမည်ဝါ (သို့)
မိမိ၏ အိမ်လိပ်စာတို့ကို မသိစေလိုလျင် အရေးအသားများတွင် ဆင်ခြင်ရန်လိုပါသည်။မဟုတ်ပါကကြွေးရှင်
များ လိုက်လာတတ်ပါသည်။

ယနေ့တော့ ဤမျှသာ
စာရှုသူတို့ထင်တိုင်းပေါက်ဘလောက်နိုင်ပါစေ။ (ဘလောက်သည် နာမ်ဖြစ်သလိုကြိယာလည်း
ဖြစ်ပါသည်။)

စာကိုး။
Wikepedia: Blog
Blog Etiquette
ဘလော့ဂါဒေါ့ကွန်းတွင် ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း
This post is written by MyatLone.

အဆင့်(၁) www.Blogger.com သို့ သွားပါ။


အဆင့်(၂) CREATE YOUR BLOG NOW တွင် ကလစ်နှိပ်ပါ။
အဆင့်(၃) Create a Google Account စာမျက်နှာသို့ရောက်ရှိသွားပါပြီ။

• Email Address Box တွင် သင့်ရဲ့ Google email address ကို ရိုက်ထည့်ပါ။
• သင့် ဘလော့ဂါ အကောင့်သို့ဝင်ရန် Password ကို ရိုက်ထည့်ပါ။
• Password ကို နောက်တစ်ခါ ရိုက်ထည့်ပါ။
• သင့်ဘလော့တွင် ဖော်ပြစေမည့် သင့်ရဲ့ အမည်(အမည်ဝှက်လည်း ဖြစ်နိုင်ပါတယ်။) ကို ရိုက်ထည့်ပါ။
• Word Verification အတွက် ဖော်ပြထားတဲ့စကားလုံးလေးများကိုအောက်က Text Box မှာရိုက်ထည့်ပါ။
• I accept the Terms of Service ဆိုတဲ့ စာတန်းလေးရှေ့က Check Box လေးမှာ ကလစ်လုပ်ပါ။
• Continue တွင်ကလစ်လုပ်ပါ။

အဆင့်(၄) Blog Title အတွက် သင်ပေးလိုသော သင့်ဘလော့အတွက် အမည်တစ်ခုရွေးပေးပါ။


ဒီနာမည်ဟာ သင့်ဘလော့ တစ်ခုလုံးအတွက် အမည်ပါ။ သင်ကြိုက်ရာပေး၍ ရပါတယ်။ ) ဥပမာ။ ။
ကျွန်တော့်ဒိုင်ယာရီ၊ ပေါက်ပေါက်ရှာရှာ၊ ရေးချင်တာရေးထားတာပါ၊ My Internet Diary, Have Fun
with My Blog စသည်ဖြင့် . . .) Blog Address URL ဆိုတာကတော့ သင့်ဘလော့သို့ ဆက်သွယ်ရမယ့်
အင်တာနက်လိပ်စာ ဖြစ်ပါတယ်။ English လိုပဲ ပေးရမှာပါ။ ကျွန်တော်ရဲ့ ဘလော့တစ်ခုကို myatlone.


မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

blogspot.com လို့ပေးထားပါတယ်။ ဒီနေရာမှာတော့ ပေးချင်ရာကို ပေးလို့ ရနိုင်ချင်မှ ရနိုင်ပါလိမ့်မယ်။


ဘာဖြစ်လို့လဲဆိုတော့ အခြားဘလော့ဂါများက အသုံးပြုပြီး Address တွေကို နောက်ထပ်ယူသုံးချင်လို့
မရနိုင်ပါ။ အဲဒီအတွက် http://(YourBlog).blogspot.com (YourBLog) ဆိုတဲ့နေရာမှာ သင့်ပေးလိုတဲ့
အမည်တစ်ခုပေးပြီး အောက်တစ်ကြောင်းက Check Availability ဆိုတဲ့နေရာမှာ ကလစ်နှိပ်ကြည့်ပါ။ Error
မပြဘူးဆိုရင် သင့်ဘလော့အတွက်ဒီလိပ် စာကို သုံးလို့ရပါတယ်။ Error ပြရင်တော့ အခြားအမည်(လိပ်စာ)
တစ်ခုပြောင်းပေးရပါလိမ့်မယ်။

Word Verification အတွက် စာသားလေးတွေ ရိုက်ထည့်ပေးလိုက်ပါ။ Continue တွင် ကလစ်လုပ်ပါ။

အဆင့်(၅) သင့်အသုံးပြုချင်တဲ့ Template တစ်ခုရွေးပေးရမှာဖြစ်ပါ တယ်။ Template ရွေးပြီးရင်


Continue တွင် ကလစ်နှိပ်ပါ။

အဆင့်(၆) ဒါဆိုရင် အခုလို တွေ့ရမှာပါ။

အဆင့်(၇) Start Posting ကို ကလစ်နှိပ်လိုက်ရင် ဒီလိုတွေ့ရမှာပါ။ အဲဒီ မှာ ဘလော့ဆိုတဲ့


အင်တာနက်စာမျက်နှာတွေထဲကို သင်ပြောချင်တဲ့ ရင်တွင်းခံစားချက်တွေ၊ သင်မျှဝေချင်တဲ့အတွေ့အကြုံ၊
နည်းပညာတွေ၊ ဟိုအကြောင်းဒီအကြောင်း စုံစီနဖာတွေပြောဖို့ နေရာလေးတစ်ခု ဖန်တီင်္းပြီးသွားပြီပေါ့ဗျာ။
ဒီလောက်ဆိုရင်အခုမှ Blog စလုပ်မယ့်သူတွေအတွက် အလွယ်တကူလုပ်နိုင်ဖို့တစ်စုံတစ်ခုသော အတိုင်း
အတာအထိ အကူအညီပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒဟာခြေလှမ်းပေါင်းများစွာလှမ်းဖို့
အတွက် ပထမဆုံးခြေတစ်လှမ်းပဲ ရှိသေးတယ်ဆိုတာတော့ သတိပြုရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့
ဘလော့ကို ဘယ်ဘရောင်ဇာနဲ့ပဲ (Internet Explorer, Fire Fox, Opera, စသည်ဖြင့်) ကြည့်ကြည့် မြန်မာလို
မြင်ရဖို့လုပ်ပေးရမယ့်အပိုင်းတွေ ရှိပါသေးတယ်။ ဒါတွေအတွက်တတ်ကျွမ်းနားလည်တဲ့မြန်မာဘလော့ဂါ
တွေရဲ့ လမ်းညွှန်သင်ကြားမှုတွေကို အောက်မှာ တွေ့နိုင်ပါတယ်။ ကျွန်တော်နားလည်သလောက်ဘာသာ
ပြန်ထားတဲ့ သင့်ဘလော့သို့ Sidebar တစ်ခုပေါင်းထည့်ခြင်းကိုလည်းလေ့လာနိုင်ပါတယ်။ ဒီ Post လေးရေး
ဖြစ်အောင်အဓိကတွန်းအားဖြစ်စေတဲ့ မသစ္စာကိုလည်းကျေးဇူးတင်ပါတယ်။ အခုလောက်ထိ လက်တွဲကူညီ
သင်ကြားပေးခဲ့တဲ့ နောင်တော်ဝါရင့်ဘလော့ဂါများကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

• သင့်ကို အကူအညီပေးနိုင်မယ့်နေရာများ
• သင့်ဘလော့တွင် ဇော်ဂျီဖောင့် Declare လုပ်ခြင်း
• သင့်ဘလော့တွင်နောက်ခံပုံရိပ်ထည့်သွင်းခြင်း
• သင့်ဘလော့တွင် DropDown Menu ထည့်သွင်းခြင်း
• သင့်ဘလော့တွင် ကော်လံများ စိတ်တိုင်းကျပြုပြင်ခြင်း
• သင့်ဘလော့သို့ ကော်လံတစ်ခု ထပ်တိုးခြင်း

နောက်ထပ်လည်း သင့်ဘလော့ကို စိတ်တိုင်းကျ မွမ်းမံဖို့ လမ်းညွှန်တွေထပ်ထည့်ပေးသွား


ပါဦးမယ်။

ကိုရဲမွန်


အနာဂတ်လိုင်း၏ဆုံမှတ်များ

ချမ်းမြေ့ ရိပ်မြုံ အိမ်လေးတွေကို Home Sweet Home ဟု အမည်တပ်ကြသည်ကိုတွေ့ဖူး


ပါသည်။ ကျမ၏ ဘလော့ဂ်အိမ်လေးကိုလည်း Blog Sweet Blog ဟုနာမည်ပေး ကင်ပွန်းတပ်လုပ်ရန်
စဉ်းစားမိပါသည်။ ကျမ၏ ချမ်းမြေ့ရိပ်မြုံ ဤဘလော့ဂ် အိမ်လေးကိုနာမည် မပေးခင် ဤအိမ်လေးဖြစ်ပေါ်
လာရခြင်းကို ပြောပြချင်ပါသေးသည်။
မကြာသေးမီနှစ်များက ကျမတို့ ၏နိုင်ငံသည်လည်း သူများနိုင်ငံများစွာနည်းတူ ဆဲလ်ဖုန်းနှင့်
ကွန်ပြူတာသည် ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက် လူငယ်များ၏ အသက်သွေးကြောအဖြစ်ရောက်
ရှိလာပြီး ကြီးမားကျယ်ပြန့်သော လူမှုဆက်သွယ်ရေး ကွန်ယက်ကို ဖြန့်ကျက်စေပါသည်။ ဆဲလ်ဖုန်းနှင့်
အင်တာနက်တို့သည် အကျိုးများစွာ ရှိကြောင်းကို လူတိုင်းသဘောတူကြပါသည်။ ဆဲလ်ဖုန်းကိုဆေးစွဲသ
လိုစွဲကာ သူငယ်ချင်းများနှင့် မပြတ်ဆက်သွယ် နေတတ်သော လူငယ်များရှိသကဲ့သို့ အင်တာနက်ဖွင့် ပြီး
မနက် ၃နာရီထိ ထိုင်ကြည့်တတ်သော သို့မဟုတ် အွန်လိုင်းသူငယ်ချင်းများနှင့် chatting လုပ်နေသော
လူငယ်များလည်းရှိရာ မိဘများနှင့် ပညာရှင်များသည် ဤသို့အချိန်ဖြုန်းနေကြသောလူငယ်များအတွက်
စိုးရိမ်ပူပန်စရာဖြစ်လာပါသည်။
ကျမအနေဖြင့်မူ ဆဲလ်ဖုန်းလဲ အကြာကြီးမပြောချင်၊ chatting လုပ်ဖို့လဲ စိတ်မ၀င်စား၊
အလုပ်ကလဲ များသည်မဟုတ်လား။ သို့ ပေမဲ့ ဖိုရမ်တခု၌ active member အဖြစ် ၀င်ရောက်ဆွေးနွေးလိုက်
ကိုယ်မသိတာလေးတွေ သိသင့်သိထိုက်တာလေးတွေ ၀င်ဖတ်လိုက်နှင့် အချိန်ကုန်ခဲ့ရာမှ ကိုယ်ပိုင်
ဝဘ်စာမျက်နှာ (web page) ဖွင့်၍ ရုပ်ပုံများ၊ ဗွီဒီယိုများ၊ နေ့ စဉ်မှတ်တမ်းများ ဖန်တီးနိုင်ခွင့် ရှိသော
ဘလော့ ဂ်(blog) သို့မဟုတ် weblog ဟုခေါ်သော အင်တာနက် ဆိုဒ်အများအပြားရှိကြောင်း သိလာရသည်။
ထိုသို့သော ဘလော့ဂ်တစ်ခု ဖန်တီးစေခြင်း၏ ဆွဲဆောင်မှုမှာ မိမိသည် မည်သို့သော လူစားဖြစ်ကြောင်းနှင့်
မိမိ၏ ထင်မြင်ယူဆချက်၊ ခံစားချက်များကို ဖေါ်ပြခွင့်ရခြင်း၊ မိတ်ဆွေသူငယ် ချင်းများနှင့် အဆက်အသွယ်
မပြတ်စေခြင်းတို့ ဖြစ်သည်။ ဤသို့ဖြင့် ဖေဖေါ်ဝါရီလ၏ တစ်ရက်တွင် ကျမ၏ချမ်းမြေ့ရိပ်မြုံ ဖြစ်လာမည့်
ဘလော့ဂ်လေးကို ဖန်တီးမွေးဖွါးခဲ့ပါသည်။
ပထမစစချင်းတွင်မတော့ ဘာအကြောင်းရေးရမည်မှန်းလဲ ကျမမသိပါ။ သူများ blog တွေကို
အရင်လိုက်ဖတ်ပါသည်။ ဓါတ်ပုံ၊ ပန်းချီ၊ ဒီဇိုင်းလှလှလေးတွေနှင့် blog တွေ၊ ကဗျာတွေခံစားချက်တွေ


မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

အရေးအသားကောင်းတဲ့ ၀တ္ထုတိုတွေနငှ့် blog တွေ၊ အတွေးအခေါ် ကောင်းတွေနငှ့် အထွေထွေဗဟုသတု ရတဲ့


blog တွေ၊ သီချင်းတွေ ဟာသတွေ စာအုပ်တွေ ဝေမျှထားတဲ့ blog တွေ၊ up to date ဖြစ်တဲ့ စက်ရပ်သတင်းနဲ့
blog တွေစသဖြင့် သူတို့ အသီးသီးရဲ့ blog တွေကို ဖတ်ရင်းသင်ယူရင်းနဲ့ပဲ ကိုယ့်ဘလော့ဂ်လေးမှာလဲ
ကဗျာတွေ ရေးတယ်။ ၀တ္ထုတိုတွေ ရေးပါတယ်။ နှလုံးသားနဲ့ ခံစားပြီးရေးတဲ့ အချစ်တွေလဲပါတယ်၊
အလွမ်းအဆွေးတွေလဲပါတယ်။ ကြည်နူးစရာလဲပါတယ်။ နေ့တဓူဝ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေလဲ
ပါတယ်။ ကိုယ့်ရဲ့ ဒိုင်ယာရီလဲပါတယ်။ မြန်မာပြည်ထဲက စပ်မိစပ်ရာအကြောင်းလဲပါတယ်။ တခါတလေ
သူငယ်ချင်းတွေ အကြောင်းလဲပါတယ်။ ဒီလိုနဲ့ တစတစကျမရဲ့ဘလော့ ဂ်အိမ်လေးမှာအခန်းငယ် လေးတွေ၊
အခန်းကျယ်လေးတွေ အစီအရီနဲ့ အပီအပြင်ရုပ်လုံးပေါ်လာတယ်။ တချိန်တည်းမှာ ဒီဇိုင်းလေးတွေလှအောင်
လည်းကြိုးစားပြင်ဆင်ရတာပေါ့။
ကျမက လက်တွေ့ ဘ၀မှာ ကိုယ်ပိုင်အိမ်နဲ့ နေမနေရတာ မိဘတွေနဲ့ ခွဲနေကတည်းကခုထိဆို
၉နှစ်တာကာလတောင် ကြာရှည်ခဲ့ပြီဆိုပါတော့။ (တမျိုးတော့ မထင်ပါနဲ့ လေ။ မန္တလေးကနေ ရန်ကုန်မှာ
လာနေတာ အဆောင်ပဲ နေဖြစ်တာမလို့ပါ။) ဒါကြောင့် အိမ်လာလည်တဲ့ သူငယ်ချင်းအပေါင်းအသင်းဆိုတာ
ဒီနေ့ထိဆိုရင်တောင်မှဆယ်ယောက်မကျော်ပါဘူး။ ဒါပေမဲ့ အွန်လိုင်းမှာတော့ ကျမရဲ့ ကိုယ်ပိုင်ဒီဘလော့ဂ်
အိမ်လေးကို လာလည်ကြတဲ့ အပြင်လောကနဲ့ မခြား ရင်းနှီးနွေးထွေးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ကတော့
ရာနဲ့ချီတာမလို့နဲနဲတောင် ဘ၀င်မြင့်စရာပါ။
ကျမရဲ့ ဘလော့ ဂ်အိမ်လေးက ဘာကြောင့် ကျမအတွက် ချမ်းမြေ့ရိပ်မြုံလေးဖြစ်ရသလဲဆို
တော့ ချစ်ခင်ဖွယ်ရာကောင်းတဲ့ဧည့်သည်တွေလဲ လာတယ်လေ။ မုံ့ ကျွေးခိုင်းတဲ့ သူတွေလဲ ရှိသလို ကျမကို
ရေခဲရေပဲတိုက်လို့ ကပ်စေးနှဲတယ် ထင်ပြီးပြောတဲ့ သူတွေလဲ ရှိတာ။ ဒါပေသိ အဲဒီလို ပြောခံရတာကိုက
ကျမအတွက် နွေးထွေးစေတာပါ။ ကျမဘ၀မှာ အထီးကျန်ခဲ့တယ်ဆိုတဲ့ခံစားချက်က လုံးဝမရှိတော့
သလောက် အရည်ပျော်ပျောက်ဆုံးသွားခဲ့တာပါ။ ကျမရဲ့ဘလော့ဂ်အိမ်လေးမှာ ဧည့် ခံရေးသားထားတဲ့
ပို့ စ်လေးတွေကို “ဆက်ရေးနော်--- အားပေးနေတယ်”တို့ ၊ ဧည့်သည်တွေလာဖတ်လို့ အဆင်ပြေအောင်
တနေ့ထက်တနေ့ ပြင်ဆင်နေတာကို “ကြိုးစားနော်” တို့ ၊ “များများရေးနော်---စာရေးတာကောင်းတယ်”
“ကဗျာလေးတွေကြိုက်တယ်” စတဲစ့  တဲ့ ချီးမွမ်းမှု၊ အားပေးမှု တွေအပြင် မသိသေးတာ မတတ်သေးတာတွေကို
ဂရုတစိုက် သင်ပြပေးမှု။ ဒီလို လက်ဆောင်ပေါင်းများစွာကို ကိုယ်စီကိုယ်ငှ အပ်နှင်းသွားတဲ့ ဘလော့ဂ်
မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စည်ကားပျော်ရွှင်ရတဲ့ ဒီအိမ်လေးကိုမှ ကျမရဲ့ ချမ်းမြေ့ရိပ်မြုံ
မဖြစ်ရင် ဘယ်ကမ္ဘာမှာမှ သွားရှာလဲ ထပ်တူတွေ့စရာအကြောင်းမရှိပါဘူးလေ။
စာအရေးအသားကောင်းလွန်းလို့ ကျမအားကျရတဲ့ ဘလော့ဂ်အစကို တစ်ယောက်ဖြစ်တဲ့
ကိုကလိုစေးထူးက ပြောဖူးတယ် “ စာပေနယ်ဆိုတာ ဈေးတန်းကြီးတခုနဲ့ တူတယ်” လို့ ထင်မိပါတယ်တဲ့ ။
အဲဒီဈေးတန်းထဲမှာ ကော်ဖီဆိုင်လဲရှိ၊ ပန်းဆိုင်လဲရှိ၊ သစ်သီးဆိုင်လဲရှိ၊ အရက်ဆိုင်လဲရှိတာပေါ့တဲ့။
ကော်ဖီဆိုင် ၀င်မလား၊အရက်ဆိုင်ဝင်မလား သင်ကြိုက်ရာရွေးချယ်ပါ။ အရက်ဆိုင်မှာ လူစည်ကားတာတော့
မကောင်းလှပါတဲ့ ။
အဲဒီလိုပါပဲ ကျမတို့ ဘလော့ ဂါရပ်ဝန်းကဘလော့ဂ်အိမ်လေး တွေမှာလည်း စာရေးဆရာ၊
ကဗျာဆရာ၊ ကွန်ပြူတာပညာရှင်၊ ဆရာဝန်၊ ဂျာနယ်လစ်၊ tarot ဗေဒင်ဆရာ စသဖြင့်အိမ်ရှင် အသီးသီးရဲ့
ဘလော့ဂ်အိမ်လေးတွေမှာ တည်ခင်းဧည့်ခံထားတဲ့ ကဗျာ၊ဆောင်းပါး၊ ၀တ္ထုတို(နှလုံးသား အာဟာရ
ရသ)၊ နည်းပညာနဲ့ သတင်းအချက်အလက်(သုတ)၊ အတွေးအခေါ်(သို့ ) အတွေးအမြင်၊ လူမှုဝန်းကျင်၊
ထွေရာလေးပါး စပ်မိစပ်ရာ ကွိစိကွစပို့စ်လေးများကို ဖတ်ရှုရင်း၊ ဝေမျှရင်း၊ ခံယူရင်း၊ ဝေဖန်ရင်း သင်ကြိုက်ရာ
ရွေးချယ်လို့ လာလည်ဖို့ လှိုက်လှဲနွေးထွေးစွာကြိုဆိုရင်း ဖိတ်ခေါ်ပါရစေချစ်မိတ်ဆွေရေ။

နေဘုန်းလတ်

၁၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

ကျွန်တော်ဒီပိုစ့်လေးကို ရေးမယ်ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်တော့တယ်။ ရေးချင်နေတာတော့တ


စ်နှစ်လောက် ရှိပြီ။ အရင်တုန်းကတော့ ကျွန်တော်က ဘလော့ခ်ဖတ်သူတစ်ယောက် ပေါ့ဗျာ။ ဘလော့ခ်တွေ၊
အဓိကအားဖြင့် နာမည်ကြီးဘလော့ခ်တွေကို ပုံမှန်ဖတ်ဖြစ်တယ်။ သူတို့ဘလော့ခ်တွေကို ဖတ်ရင်းဖတ်ရင်း
တဖြည်းဖြည်းနဲ့ လေးစားလာတယ်။ ဘာကြောင့်လဲလို့မေးလာရင်တော့ သူတို့ရဲ့ ပညာ၊ အရေးအသား၊
အကြောင်းအရာ၊ စိတ်ကူးစိတ်သန်းတွေ ကြောင့်ပဲလို့ ဖြေရမှာပဲ။ ပြီးတော့ အဲဒီဘလော့ခ်တွေက ရလိုက်တဲ့
နွေးထွေးမှုတွေလည်းပါမယ်။
နွေးထွေးမှု? ဟုတ်ပါတယ်။ ကျွန်တော်ပြောချင်တဲ့နွေးထွေးမှုဆိုတာ မိသားစုတစ်ခုရဲ့နွေးထွေးမှု
မျိုးပါ။ ကျွန်တော်ဘလော့ခ်တစ်ခု ဖတ်လိုက်တဲ့အခါ ရေးတဲ့လူဟာ ဘယ်သူမှန်းမသိပါဘူး။ ဘယ်ကမှန်း
မသိပါဘူး။ တစ်ခါတစ်လေဆို ယောကျာင်္းလား၊မိန်းမလားတောင်မသိပါဘူး။ ဒါပေမယ့် သူ့ဘလော့ခ်ကနေ
သူ့ရင်ထဲမှာ ခံစားနေရတာတွေ၊ လတ်တလော ဖြစ်ပျက်နေတာတွေ၊ သူတွေ့ရှိထားတဲ့ဟာတွေကိုအကို
တစ်ယောက်က ညီကိုပြောသလိုမျိုး၊ အမတစ်ယောက်က ညီမကိုပြောပြသလိုမျိုး၊ သူငယ်ချင်းတစ်ယောက်
က ရင်ဖွင့်နေသလိုမျိုး ခံစားရပါတယ်။
ပြီးတော့တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်လေးစားမှုတွေကို တွေ့ရတယ်။ ဘလော့ခ်
ရေးတဲ့သူက ဘယ်ကမှန်းမသိတဲ့ စာဖတ်သူကို လေးစားတယ်။ စာဖတ်သူကလဲထိုနည်းလည်းကောင်းပဲ
တဖန်ပြန်လေးစားတယ်။ အဲ . . . နောက်ပြီးတော့ဘလော့ခ်ကာ အချင်းချင်းလဲ တစ်ယောက်ကိုတစ်ယောက်
လေးလေးစားစား ဆက်ဆံကြတာကိုတွေ့ရပါတယ်။ ကျွန်တော်နိုင်ငံခြားကို ရောက်စက Yahoo Messenger!
နဲ့ Yahoo Groupတွေ အရမ်းခေတ်စားနေတဲ့ အချိန်ပေါ့။
Yahoo Messengerရဲ့ Conference Roomတွေထဲမှာ တခါတလေ တစ်ယောက်နဲ့တစ်ယောက်
သီချင်းတွေဆိုပြကြတယ်။ တခါတလေ အကြောင်းအရာတစ်ခုကို ငြင်းကြခုန်ကြတယ်။ နောက်ပိုင်းမှာတစ်
ယောက်နဲ့ တစ်ယောက် မအေတွေ၊ နှမတွေကိုပါ စော်ကားပြီး ဆဲလားဆိုလားဖြစ်ကြတဲ့အထိကြားဖူးပါ
တယ်။ အဲဒီလိုတစ်ယောက်နဲ့ တစ်ယောက် စော်စော်ကားကားပြောကြတာတွေဟာ ယောက်ျားးလေးတွေ
ချည်းပဲဆို နဲနဲတော်ပါသေးတယ်။ တကယ်တော့မိန်းကလေးတွေ ကလဲ အဲဒီConference Roomတွေထဲမှာ
ရှိနေပါတယ်။ တချို့ မိန်းကလေးတွေကျတော့လဲ ယောက်ျားလေးတွေနဲ့အတူ သားပြော မယားပြောတွေပြော

၁၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

နေကြတာကို ကြားခဲ့ဖူးပါတယ်။
အဲဒီမှာ ကျွန်တော့်ရေးခဲ့ဖူးတဲ့ အင်တာနက်လား၊ မြားနတ်မောင်လားဆိုတဲ့ ဆောင်းပါးလေးရယ်၊
ကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်ချင်း နေဘုန်းလတ်ရေးခဲ့ဖူးတဲ့ လူငယ်၊ အင်တာနက်နှင့် Chatting(ဒါမှမဟုတ်)
အင်တာနက်လား၊ မြားနတ်မောင်လား(၂)ဆိုတဲ့ ဆောင်းပါးလေးကို သွားသတိရမိတယ်။ နေဘုန်းလတ်က
သူ့ရဲ့ ဆောင်းပါးထဲမှာ ဒီလိုရေးထားတာတွေ့ပါတယ်။ “Chat Roomတွေထဲမှာ ကိုယ်ပိုင်နာမည်မဟုတ်ပဲ န
ာမည်ပြောင်တွေနဲ့စကားပြောကြတဲ့အခါမှာ ကိုယ့်ကိုအမှန်တကယ် ဘယ်သူမှန်းမသိနိုင်တဲ့အတွက် စကား
တွေကို လက်လွတ်စပယ်ပြောတတ်ကြပါတယ်။ အသက်ကိုမေးရင်လည်း အမှန်အတိုင်းမပြော၊ တခါတရံ
ယောက်ျားကြီးက သူ့ကိုယ်သူမိန်းမလို့ မိတ်ဆက်လိုဆက်၊ မိန်းကလေးတွေကလည်းသူတို့ကိုယ်သူ
တို့ ယောက်ျားယောင်ဆောင်ပြီးအခြားယောက်ျားတွေနဲ့ ဟိုအကြောင်းဒီအကြောင်းတွေ တစ်တစ်ခွခွ
ပြောကြတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ အခါအားလျော်စွာ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေနဲ့ကြမ်း
တမ်းတဲ့ စကားလုံးတွေကိုလည်း သုံးတတ်ကြပါတယ်။ နောက်ပြီး ကိုယ်ပြောတဲ့စကားတွေအတွက်တာ
ဝန်ယူမှုတွေ၊ အလေးထားမှုတွေ သိပ်မရှိတတ်ကြပါဘူး။ Chattingအထိုင်များတဲ့ လူငယ်တွေ အနေနဲ့
ဒီလိုစိတ်ဓါတ်မျိုးတွေ အပြင်လောကကိုပါ ကူးစက်လာတာကိုလည်းတွေ့ရပါတယ်။ စကားတစ်ခွန်းကို
အလွယ်တကူပြောတတ်လာတယ်၊ ကိုယ့်နှုတ်က ထွက်တဲ့ စကားတစ်ခွန်း၊ ကိုယ်ပြုမူလိုက်တဲ့အပြုအမှုတ
စ်ခုနဲ့ပတ်သတ်ပြီး ကိုယ့်မှာ တာဝန်ဘယ်လောက်ရှိတယ်၊ ကိုယ်က တာဝန်ယူရတယ်ဆိုတဲ့ အသိမျိုးတွေ
လျော့နည်းလာပါတယ်။ လိမ်ပြောရတာနဲ့လည်း ယဉ်ပါးလာကြပြီး လိမ်ဖို့ကို ကြောက်ခြင်း၊ ရွံ့ခြင်းတွေသိပ်
မရှိကြတော့ပါဘူး။ နောက်ပြီး . . .ယဉ်ကျေးမှုနဲ့ ဝေးကွာပြီး စကား အပြောအဆိုတွေလည်း ကြမ်းတမ်းရိုင်
းစိုင်းလာကြပါတယ်။ ဒါဟာ . . .အနာဂတ်မှာ နိုင်ငံရဲ့တာဝန်တွေကို ပုခုံးပြောင်းလွှဲယူကြမယ့်လူငယ်တွေ
အတွက် အင်မတန်မှကို ရင်လေးစရာကောင်းတဲ့အချက်ဖြစ်ပါတယ်။”
ဒါကတော့ နေဘုန်းလတ်ရဲ့ ဆောင်းပါးထဲကစာသားတစ်ချို့ပါ။ သူပြောထားတာတွေကိုသဘော
တူပါတယ်။ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူရဲရပါမယ်။ ဘလော့ခ်ကာတွေမှာတော့အခုထိငါ့နာမည်
ကလွဲပြီး တခြားဘာမှမသိဘူးဆိုပြီး ရေးခြင်ရာရေးပြောချင်တာ ပြောတာတွေမရှိပါဘူး။ဖတ်တဲ့သူတွေထဲ
ကလည်း Anonymousအနေနဲ့ ရေးချင်တာရေးသွား(ဆဲသွား)လို့ရပေမယ့်တော်ရုံတန်ရုံအဲဒီလိုအပြုအမူမျိုး
တွေ တွေ့ရခဲပါတယ်။ နောက်ပြီးဘလော့ခ်ကာတွေမှာ ချစ်ဖို့ကောင်းတာတစ်ခုက မြန်မာဘလော့ခ်လုပ်ချ
င်တဲ့သူတွေကိုအမြဲကြိုဆိုနေတာပါပဲ။ ကိုယ့်ဘလော့ခ်ဖြစ်ဖို့အတွက် ကူညီခဲ့တဲ့ ရှေ့ကလူတွေကိုကျေးဇူးသိ
တတ်သလို ဘလော့ခ်လုပ်ချင်တဲ့ နောက်လူတွေကိုလည်း တွဲခေါ်ကြပါတယ်။
မြန်မာနိုင်ငံမှာရော တကမ္ဘာလုံးမှာပါရှိတဲ့ မြန်မာတွေထဲမှာမှ အင်တာနက်သုံးမြန်မာဦးရေဟာ
အလွနန် ည်းပါတယ်။ အဲဒအီ င်တာနက်သုံးသောသူတွေထမှဲာမှ ဘလော့ခရ
် သ
ှိ ၊ူ သိသ၊ူ ဖတ်သမ
ှူာတကယ်ဆမ
ှို
တကယ့်ကိုနည်းနည်းလေးပါ။ ဒါပေမယ့်အဲဒီနည်းနည်းလေးကတစ် ယောက်ကိုတစ်ယောက်ရိုင်းပင်းကူညီ
တယ်။ ခင်ခင်မင်မင်နေကြတယ်ဆိုတာတွေကိုတွေ့ရတဲ့အချိန်မှာ ကျွန်တော်တကယ်ကို ၀မ်းသာဂုဏ်ယူလို့မ
ဆုံးပါဘူး။ နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာကတော့ အခုလိုမြန်မာဘလော့ခ်တွေများများလာတဲ့အ
တွက် တစ်ယောက်ရဲ့ အခက်အခဲတွေကို တစ်ယောက်ကနားလည်လာမယ်။ တစ်ယောက်ရဲ့အသိပညာတွေ
တစ်ယောက်ကရလာမယ်။တစ်ယောက်ရဲ့အတွေ့အကြုံတွေ တစ်ယောက်ကသိလာမယ်၊ ဆိုတဲ့ အကျိုး
ကျေးဇူးတွေရရှိလာမှာ ဖြစ်တဲ့အတွက် မြန်မာဘလော့ခ်လောကကြီးအဓွန့်ရှည်ပါစေလို့ . . .။ အခုရေးထား
တာတွေကိုက ကျွန်တော့်ရဲ့ ဘလော့ခ်ပိုစ့်လေးတစ်ခုပါပဲ။

ဇင်ကိုလတ်

၁၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

Sidebar

ကျွန်တော် MyanmarBloggersCommunity မှာ Column တစ်ခုတိုးတာမလုပ်တတ်လို့ တော့ပစ်


တစ်ခုတင်တော့ ကိုဝေယံလင်းတို့ ကိုမျိုးကျော်ထွန်း တို့ အားလုံး ၀ိုင်းဝန်းကူညီလို့ အဆင်ပြေသွားပါပြီ။
အဲဒီထဲက ကိုမျိုးကျော်ထွန်း ညွှန်တဲ့ BeautifulBeta.blogspot.com က Adding a second sidebar
to your Blog (Blogger.com) ဆိုတာကို မြန်မာလို ပြန်ပြီး တင်လိုက်ပါတယ်။ ကော်လံတွေပြင်ရ၊
ထပ်ထည့်ရတာ ကျွန်တော့်လို အသစ်တစ်ယောက်အတွက် အတွေ့အကြုံတော်တော် ရပါတယ်။ နောက်ပိုင်း
လုပ်ချင်တဲ့သူတွေ အဆင်ပြေပြေလုပ်လို့ရအောင် မြန်မာလိုကြိုးစားပြီး ပြန်လိုက်တာပါ။ မရှင်းလင်းဘူးဆိုရင်
ကျွန်တော့်ညံ့ဖျင်းမှုပါ။ ဒီနေရာမှာ MyanmarBloggersCommunity က Admin ၊ Mod များနဲ့တကွ
စေတနာအပြည့်နဲ့ လက်တွဲခေါ်သူ ၀ိုင်းဝန်းကူညီကြသူများအားလုံးကို အထူးပဲ ကျေးဇူးတင်ကြောင်း မှတ်
တမ်းတင်ဂုဏ်ပြုပါတယ်ခင်ဗျာ။
ပထမ sidebar တစ်ခုထည့်ပါမယ်။ ဒုတိယ CSS ထဲကို ထည့်ပါမယ်။ ပြီးရင် စာမျက်နှာ
အံဝင်ခွင်ကျ ဖြစ်အောင်လုပ်ပါမယ်။

အဆင့် ၁။ သင့်ရဲ့ တမ်းပလိတ်ကို backup လုပ်ပါ။


အဆင့် ၂။ sidebar-wrapper ကိုရှာပြီး right-sidebar-wrapper လို့ပြောင်းပါ။

အဆင့် ၃။ Left sidebar အတွက် အောက်က Code တွေထည့်ပေးပါ။

၁၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

Save လုပ်ပါ။ Page Elements tab ကိုကြည့်ရင် ဒီလိုတွေ့ရမှာပါ။


Section အသစ်ကို Header section ရဲ့အောက် Blost Posts ရဲ့ အပေါ်မှာ တွေ့ရပါမယ်။
ဗယ်ဘက်ခြမ်းမှာ မတွေ့ရသေးပါဘူး။
အဆင့် ၄။ CSS Style sheet မှာ အောက်က Code တွေ ထည့်ပါမယ်။ အဲဒီအခါ ဒီလိုပုံ
တွေ့ရပါမယ်။
sidebar-section က ဗယ်ဘက်ဘေးကို ရောက်သွားပါပြီ။ ဒါပေမယ့် သင့်ရဲ့ right-sidebar က
Blog Posts ရဲ့ အောက်ကို ရောက်နေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ sidebar ၂ ခုနဲ့ main-section
တို့ရဲ့ အနံ (width) ဟာ 840 pixels ဖြစ်နေပြီး outer-wrapper (660 pixels) ထက် ကျော်နေလို့ပါ။

အဆင့် ၅။ #header-wrapper နဲ့ outer-wrapper တို့ကို ရှာပြီး width ကို 660 မှ 860 သို့
ပြောင်းပါ။
အဆင့် ၆။ အခုဆိုရင် Add a Page Elements ကို သင့်ရဲ့ ဗယ်ဘက်မှာ တွေ့ရပါပြီ။

မျက်လုံး

၁၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

လေးထောင့်အဆောက်အဦကြီးတစ်ခုရဲ့
လေးထောင့်ရုံးခန်းထဲက
လေးထောင့်စားပွဲတစ်လုံးရှေ့မှာထိုင်ရင်း
လေးထောင့်ကွန်ပြူတာတစ်လုံးရဲ့
လေးထောင့်စခရင်ပေါ်မှာ
လေးထောင့်ပုံတွေဆွဲလိုက်တဲ့အခါ
လေးထောင့်စာရွက်တွေ လေးထောင့်ပရင်တာကနေ ထွက်လာတယ်

နယူးရီးယား လက်ဆောင် ဆိုပြီး


မျက်မှန်လေးထောင့်နဲ့ ငါ့ဘော့စ်က ပေးလိုက်တဲ့
လေးထောင့်အထုပ်တစ်ထုပ်ကို
ငါ့ရဲ့ လေးထောင့်လက်ဆွဲအိတ်ထဲ ပစ်ထည့်လိုက်တယ်
သိနေတယ်လေ အဲဒါ လေးထောင့်ပုံ တိုင်ကပ်နာရီတစ်လုံးမှန်း
(ရုံးနောက်ကျတတ်တဲ့ငါ့အတွက်ပေါ့)
လေးထောင့်ဘတ်စ်ကားတစ်စီးကိုစီးပြီး အိမ်ပြန်ရောက်တဲ့အခါ
ငါနေတဲ့အခန်းဟာလည်း လေးထောင့်ပါပဲ
အနားယူမယ်လို့ လေးထောင့်ဆက်တီပေါ်မှာထိုင်လိုက်တော့
ငါ့ရှေ့ကအရာဟာလေးထောင့်တီဗီတစ်လုံးဖြစ်နေပြန်ရော
အဲဒါနဲ့ စာအုပ်လေးထောင့်တစ်အုပ်ကိုကောက်ကိုင်လိုက်တယ်
နောက်ဆုံးတော့ လေးထောင့်ခုတင်ပေါ်မှာ လှဲချလိုက်တယ်
ငါ့ဘ၀ဟာ လေးထောင့်ထဲက ရုန်းမထွက်နိုင်ခဲ့
ချစ်စရာ့မေးရိုးကားကားလေးနဲ့ ပိန်ရှည်ရှည်ပြားချပ်ချပ်
လေးထောင့်ကောင်လေးရေ
မင်းကိုအဖြေပေးဖို့ ငါအချိန်ယူနေရတဲ့အကြောင်း
နားလည်နိုင်ပါစေကွယ်။

ပန်ဒိုရာ

၆-၂-၂၀၀၆

၁၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ငါပျော်ဝင်ချင်တဲ့
စိုလဲ့လဲ့မျက်ဝန်းတစ်စုံ
မင်းလွမ်းနေမှာ ငါယုံတယ်..

ငါ “မှန်” ကြည့်တိုင်း
နှုတ်ဆက်ဖို့ သွေးပျက်နေတဲ့သူတစ်ယောက်
ပြိုလိုက်ဆောက်လိုက်နဲ့
ဖရိုဖရဲဖြစ်နေပုံများ
မြင်ရတာခါးတယ်..

တစ်ခါတစ်ခါစိတ်ပျက်
အိပ်မက်ကလည်း မကောင်း
ချောင်းကလည်း ဆိုး
ဘလက်ဟိုးထဲမှာ ငါ
“လွှတ်ကြ ဖယ်ကြ ချစ်သူဆီ သွားပါရစေ”

သေချာပါတယ်
အဲဒီနေ့မှာပဲ
ငါတို့ ခွဲရမှာလေ..

“သံယောဇဉ်” ဆိုတဲ့ ကြိုးတွေ


ငါ့ရင်မှာ မိုးစွေရော့မယ်
ကွယ်..
မှိုင်းညို့ညို့ပန်းချီးကားတစ်ချပ်လိုမျိုး
အသံတွေ တိုးတိုးလေးနဲ့ ကျယ်လောင်
“ဖောင်ဖျက်သံ” တဲ့လား
တင်းထားတဲ့ စိတ်တွေ
ပါးပြင်ပေါ် အရည်ပျော်ကျ
နှုတ်..ဆက်..ရ..တော့..မယ်..

“ရှင်ကွဲ” တဲ့လေ
စကားနှစ်လုံးနဲ့ပဲ
မိုးစဲခဲ့ရပေါ့
နှုတ်ခမ်းတွေ ဖျော့တော့သွေ့ခြောက်
ငါတစ်ယောက်ထဲ
ငါတစ်ယောက်ထဲ
ငါတစ်ယောက်ထဲ
အလဲလဲအပြိုပြို
အသိုသိုအ၀ှက်ဝှက်
မချစ်တတ်ရင် ကောင်းမယ်..

၁၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

ရှိပါစေကွယ်
ငါ့ရင်ထဲ တစုံတရာပဲဖြစ်ဖြစ်
စူးဝင် နစ်မြုပ်ခဲ့ရင်..

ရှိပါစေကွယ်
ငါ့ထံက တစုံတရာပဲဖြစ်ဖြစ်
စွဲကျန် နေရစ်ခဲ့ရင်..

ကွယ်..
ဒီလိုပါပဲ
လမ်းခွဲဆိုတာ
မြူတွေပြာပြီး
အားလုံးက ဗလာချည်းပဲ မဟုတ်လား... ။ ။

ခေလွန်း

ဧပြီ ၅၊ ၁၉၉၉ (မနက် ၂း၃၀)

ဒီကဗျာကို ၁၉၉၉ မှာ ကျွန်တော် စင်္ကာပူကို ပထမဆုံး ကျောင်းတက်ဖို့ မလာခင်ကာလမှာ


ရေးဖြစ်ခဲ့တာပါ။ ရေးဖြစ်တဲ့အထဲက ကျွန်တော့်အကြိုက်ဆုံးကဗျာတစ်ပုဒ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်
ဒီကဗျာကို ရေးတော့ စိတ်ကူးထဲက ချစ်သူနဲ့များ ခွဲခွာရတဲ့အခါ ဘယ်လိုနေမလဲဆိုတဲ့ ခံစားချက်ကို
ဖန်တီးယူပြီး ရေးဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၀၆ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ရန်ကုန်ကို ခဏအလည်သွားရာကနေ
ပြန်လာတော့ အဲဒီခံစားချက်ဟာ ဘယ်လောက် ပြင်းထန်သလဲ ဆိုတာကို အသေအချာ သိလိုက်ရတယ်။
အဲဒီနေ့က ကျွန်တော်တို့ နှစ်ယောက်လုံး အရင်လို စကားတွေ အများကြီး မပြောဖြစ်ကြဘူး။ ခွရ
ဲ တော့မယ် ဆိတ
ဲု့
အသိက အသံမဲ့ ပေါက်ကွဲနေတယ်။ လင်းကျော်ထင် (သိုးထိန်း) ရဲ့ ကဗျာတစ်ပုဒ်ထဲကလို “အပျော်တစ်ခြမ်း
ဝမ်းနည်းခြင်းတစ်ဝက်နဲ့ နှုတ်မဆက်ခင် နောက်ဆုံးနေ့ရက်တွေ” ပေါ့။ တကယ်ပါပဲ.. အဲဒီနေ့ညကရော ..
စင်္ကာပူကို ပြန်လာခဲ့ရတဲ့နေ့ကပါ အရာရာဟာ ဗလာဖြစ်နေခဲ့တယ်။

၁၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

တချို့က
မျှော်လင့်ချက်မဲ့တဲ့ မျက်နှာ

တချို့က
ဘ၀ကို နောက်ဆုံးအချိန်ထိဖက်တွယ်

တချို့က
အိမ်သားတွေအတွက် ဟန်ဆောင်ပြုံးလို့

တချို့က
နောက်လာမဲ့ဘီလ်စာရွက်အတွက် ရင်လေးလို့

တချို့က
ညည်းညူလူးလိမ့် ငိုကြွေးအော်ဟစ်

တချို့က
ဘုရားတရား ဂုဏ်တော်တွေပွားလို့

တချို့က
သေချင်းတရားကို မတုန်မလုပ်

တချို့က
သေချင်းတရားကို ရုန်းကန်တွန့်ဆုတ်

အသက်ရှစ်ဆယ်ကျော်အဖွားအိုက
မရှိတော့တဲ့ အမေကိုတမ်းတ

ရက်ကြာကြာနေရမဲ့လူတွေက
ရွာကိုတမ်းတ

လူနာစောင့်တွေရဲ့
အပြုံးတွေက နွမ်းလျလျ

ပုလင်းထဲကသွေးတွေက တစ်စက်ပြီးတစ်စက်
အဆင်းပျောက်တဲ့နံရံတွေက အေးတိအေးစက်

နေကောင်းသွားမှာပါတဲ့
ဆရာမလေးက အပြုံးယဲ့ယဲ့

ဆရာဝန်ကြီးရဲ့ နှလုံးသားဟာ ဓာတ်မှန်မှာမပ်ါဘူးတဲ့


လူတင်လှည်းအသံ အောက်စီဂျင်တွန်းလှည်းအသံ

၁၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

နှလုံးသည်းပွတ်မှငိုကြွေးသံ စိုးရိမ်စိတ်တို့၏ရင်ခုန်သံ
အားကိုးရာမဲ့လူနာများ၏ပင့်သက်ရှိုက်သံ ဝေဒနာညည်းညူသံ
လူဖြစ်ရတဲ့ဒုက္ခကို ခဏတော့နားလည်လိုက်မိ

ပေးပို့သူမှာ mrsannoo@gmail.com ဖြစ်ပြီး ဘလော့ဂ်


လိပ်စာဖော်ပြထားခြင်းမရှိပါ

၁၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ရှုံးမယ်မှန်းသိရက်နဲ့
ခေါင်းမာမာနဲ့ပဲ
ကစားကွက်တွေကို
စရွေှ့ခဲ့တဲ့ငါ …

“ အရှင်မ ” ကို မျက်နှာလုပ်ဖို့


ငါ့နယ်ရုပ်တွေကို
အဝါရောင်ပန်းတွေဖြစ်အောင်ပြုစား
သူ့အစားကိုခံစေခဲ့တဲ့ငါ …

မတရားလည်းနေပါစေ
ငါ့ရထားတွေ
မြင်းနဲ့ သူရဲကောင်း
အားလုံးခေါင်းချ
သူလုပ်သမျှ ခံစေခဲ့တဲ့ငါ ..

ဒေဝတာလို ခန့်ညားပုံမျိုးနဲ့
မာနကိုတံခွန်လွှင့်ထားသူရေ …
နန်းကျဘုရင် ငါကတော့
ဘုန်းနိမ့်ခဲ့တဲ့ အတ္တတွေနဲ့
ရှုံးနိမ့်သမျှရင်မှာပိုက်ပြီး
မင်းအနားရောက်လာခဲ့တော့
အော်… နန်းရင်ပြင်မှာ
ငါ့နှလုံးသွေးတွေ
မြင်လို့တောင်မကောင်းဘူး။

Mr. Pooh

၂၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

အဲ့ဒီရက်တွေပေါ့
ဖွဲဖွဲလေးဆို ငါမပြောပါဘူး
ခုတော့ ငါ့တယောက်ထဲကို ပဲ
သည်းသည်းမဲမဲ ရွာခဲ့တာတော့ လွန်တယ်-

စိတ်သွားတိုင်း ကိုယ်ပါရင်
လက်ထဲက
ဘီယာခွက်တွေ အမှုန့် ဖြစ်ခဲ့တာ
ရေလို့တောင်မရဘူး-

ညာသံပေးပြီး ဟန်ရေးပြမနေနဲ့
ကဆုန်စိုင်း ပြီး တိုးဝင်ပြစ်လိုက်စမ်းပါ
အဲ့ထဲမှာ သံချပ်ကာ ၀တ်ထားလို့
သူရဲကောင်းလို့ ကြေငြာရဲတာပဲ ရှိတယ်-
ဒီလိုကြေးဆို
ငယ်ငယ်ကထဲက
ငါ့လက်မှာ သတ္တိဆိုပြီး
ဆေးမှင်ကြောင် ထိုးခဲ့မှာပေါ့-

အော်-
ဆုံးရှုံးလွန်းလို့ ထတော့မယ်ဆိုမှ
ခြေထိုးခံရလို့ အတုံးအရုန်း ကျပြန်တယ်
ဟုတ်တယ်
ဝုန်းကနဲ ထ ရပ်လိုက်တာကိုက ငါမှားတာ-

အသုံးမကျပုံများ
သိသိနဲ့
တမျိုးပြီးတမျိုး နှိပ်စက်တယ်ထင်
လူပီသအောင် မနေတတ်ခဲ့
အချိုးက ထောင့်မကျိုး
ရေတွက်ကြည့်လိုက်တော့
အခုဆိုရင် နှစ်ပေါင်းနှစ်ဆယ့်ကိုး-

ဟူး…………..

အဆင့် (နှစ်)
လကွယ်တည
ဖုန်းဆိုးမြေပေါ်မှ
အသံတွေကြားရ
တစ္ဆေတချို့ သံပြိုင်ရွတ်ဆိုကြသည်-

၂၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

“ရှင်ကြ ရှင်ကြ သေဖို့အတွက် ရှင်ကြ


အတ္တတွေနဲ့ ဒုက္ခခံကာရှင်ကြ
အနုမြူကြောင့်ကြ ဗိုင်းရပ်စ်အစားခံကာ ရှင်ကြ
အလဲအကွဲများတဲ့ ငရဲပွဲထဲက
တနေ့နေ့တော့ ထွက်ခဲ့ကြ
တွဲကရအောင် ဒီမှာ တစ္ဆေအက”

လပြည့်တည
ဘုရားကြောင်းမှ
ဝတ်ပြုဆုတောင်းသံကြားရ
ငြိမ်းချမ်းသည်ဟုပြောကြသည်-

တချို့က-
“မြက်ခင်းစိမ်း နဲ့ အရိပ်အာဝါသ
ငြိမ်းချမ်းစွာနားခိုကြ
ဆက်သွားလျှင် ရောက်မည့်နေရာက
ထာဝရ”
ဟု ယုံကြည်ကြ-

တချို့က-
“အမှိုက်မှောင်ထဲက ရုံးထွက်မှ
လွတ်မြောက်နိုင်မည် သံသရာထဲက”
ဟု တိတ်တဆိတ်ဖွင့်ဟ-

တချို့က-
“စောင့်ရှောက်ကြ
သင်တို့ ၏မြေးမြစ်တီတွတ်က အစ
တာဝန်ယူခ အတွက်
ညှိပေးခဲ့မည်
အမွှေးတိုင် တစ”

တချို့က-
“သေသော်မှတည့် အော်ကောင်း၏”
ဟု ပြောကြဆိုကြ လူဖြစ်ရသည့်
သုဉ်းသုံးဝ

သေချာသည်က
မတည်မြဲနိုင် သည့် အခိုက်တန့်ခဏ
ပြင်ဆင်နိုင်ခါမှ တော်ကာကြ
မှားကိုမှားမည့် အကွက်ရွေ့ခြင်း နိယာမ
လွတ်မြောက်မှု ရှာရန် တွက်
ရုံး ထွက်ရမည် ၀ဲဂယက် ထဲမှ-

အဲ့ဒီည

၂၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

လူတချို့ လွတ်မြောက်ခဲ့သည့် လမ်းစ


ချစ်ခြင်းကိုတို မုန်းခြင်းကို ဖြတ်ချ-
ပြန်ပတ်မဲ့ ဖြတ်လမ်းနည်းမှာကား
ရှင်လျက်နဲ့ပင် သေချင်ယောင်ဆောင်ကြ……

အဆင့် (သုံး) ( နောက်ဆုံးအဆင့်)


မင်္ဂလာပါ ခင်ဗျား
အားလုံး စိတ်၏ ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့် စုံပါစေလို့ ဆုတောင်းပေးပါတယ်

ဒီနေ့ မနက် ခင်းဟာ ကျနော့်အတွက်တော့


အရမ်း လတ်ဆတ် လှပ လွန်းတယ်-

တက်စလာ

၂၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

မယ်မယ်ရရ လုပ်စရာတွေမရှိမယ့်အတူ
ငါ အပျင်းထူနေပါရစေလား

ဘ၀မှာ လုပ်စရာတွေက
အများကြီးတဲ့လား
အေးအေးလူလူပေါ့ကွယ်
ဖေးဖေးကူကူ တူတူညီညီ
လူညီမှတော့ ဤကို ကျွဲဖတ်ရုံပေါ့

တစ်ခါတလေတော့လည်း
လောကကို လမ်းဘေးက ဓါတ်တိုင်ကြီးလို
မိုးတိုးမတ်တပ်ရပ်ရင်း
ခပ်ပျင်းပျင်းကြည့်နေချင်မိသေးတယ်

ညည နောက်ကျမှအိပ်ရင် ဆူနေပူနေမယ့်သူတွေလဲရှိတယ်
အိပ်ရမှာ ပျင်းလို့ သီချင်းတွေနားထောင်
မွန်းတည့်နေမှာတောင် မနိုးတော့တဲ့ကောင်ကို
ငပျင်းလို့ သမုတ်ကြမယ်
ရိုးနေပါပြီကွယ်

ငါရယ် ငါ့ဘ၀ရယ် ငါ့ညီမျှခြင်းရယ်


ဒါတွေ ခေါက်ချိုးညီနေသမျှ
တစ်ဘ၀လုံး လူတကာ မျက်မုန်းကျိုးအောင်
ပျင်းချင်ယောင်ပဲ (ဆောင်နေတော့မယ်)

အင်း … ခပ်ပျင်းပျင်းရှိတိုင်း
ရေးဖြစ် ခြစ်ဖြစ်ခဲ့တဲ့
ကဗျာလေးတွေတောင် ပျင်းနေရော့မယ်

ကာရံချိုချိုနဲ့ ဘ၀ကိုတော့ မလိုချင်ပါဘူး


လုပ်စရာမရှိတဲ့ ဘ၀မှာ
လောကကို ငုံကြည့်နေရတာ မုန်းတယ်
အသပြာငွေတစ်ချို့နဲ့
မြေဖို့မယ့်နေရာ ငါလိုက်ရှာနေရတာကို မုန်းတယ်

တော်ပါပြီကွယ်
အေးအေးဆေးဆေးပဲ ဆက်ပျင်းနေတော့မယ်

ကိုဖြိုး

၂၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

ကျွန်တော် ကဗျာ စရေးတက်တုန်းက ပထမဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းရေးထားတဲ့ ကဗျာလေးကို


အားလုံဖတ်ကြည့်စေလိုပါတယ်။ ကဗျာလေးကို “ ဆယ့်နှစ်ရာသီ အချစ် “ လို့ နာမည်ပေးထားပါတယ်။
ကဗျာကြိုက်တက်တဲ့ သူငယ်ချင်းများ ခံစားကြည့်ကြပါဦး ။

ဆယ့်နှစ်ရာသီ အချစ်

တန်ခူး . . .
ရင်ထဲက အချစ်ဖူးတွေနဲ့
နှစ်ကူးမှာ ပွင့်ဖူးခဲ့ပြီ
ကိုယ့် ရဲ့  အချစ်ဦး ။

ကဆုန် . . .
ကိုယ်ကြုံခဲ့တဲ့ မင်းရဲ့  အပြုံးက
ခုန်နေတဲ့ နှလုံးသားကို
တုန်နေအောင် ပြုစားခဲ့ရော့လား။

နယုန် . . .
ကြုံသလိုကြည့်တက်တဲ့ မင်းရဲ့  အကြည့် က
ယုန်တွေလို ဖြူစင်နေခဲ့တော့
မယုံဘူးမပြောပါနဲ့
ကိုယ်ရင်တွေမောရပြီ မင်းအတွက်။

ဝါဆို ၊ ၀ါခေါင် . . .
ရေဖောင်ဖောင်မှာ
နွေခေါင်ခေါင် မဟုတ်ပေမယ့်
ရင်ထဲမှာ ပူလောင်နေခဲ့မိတယ်။

တော်သလင်း . . .
မျှော်လင့်ခြင်းများစွာနဲ့
စောင့်စားရင်းပေါ့။

သီတင်းကျွတ် . . .
မင်းပစ်လွှတ်မယ့် နှလုံးသားမီးပုံးပျံဟာ
ရူးသွပ်တဲ့ ကိုယ့်အတွက် ဖြစ်ပါစေလို့
ဆုတောင်းနေမိတယ်
ကောင်မလေးရယ် . . . ။

တန်ဆောင်မုန်း . . .
ရှောင်ပုန်းသွားတာလားလို့ ကိုယ်စိုးရိမ်ခဲ့တယ်
လှောင်ပြုံးတွေနဲ့ မကြည့်ပါနဲ့
ကိုယ်တကယ်အကြောက်ဆုံးပါဘဲ ။

၂၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

နတ်တော် . . .
အပျော်ဆုံးလပါဘဲ
ကျွန်တော်ပြုံးတော့ သူကပြောတယ်
အချစ်ဆုံးပါတဲ့ ။

ပြာသို . . .
တူနှစ်ကိုယ်လျှောက်လည်ကြတော့
သူတကယ်ချစ်တာလားလို့မေးတဲ့
မင်းရဲ့  နှင်းဆီရောင် နှုတ်ခမ်းပါးလေးကို
ကိုယ်ကနမ်းတော့ မင်းကပြောတယ်
သွား . . . “ လူဆိုး “ တဲ့ ။

တပို့တွဲ . . .
နှစ်ကိုယ်တွဲမသွားရဲလောက်အောင်
ကိုယ့်ကို ကြောက်မသွားပါနဲ့
ကိုယ်အမြဲမဆိုးတက်ပါဘူး။

တပေါင်း . . .
လ ဟောင်းမှာ ပျော်မြုးခဲ့တော့
နှစ်ကူးမှာ ရွှင်မြူးရအောင်
စိတ်ကူးထားတော့
ကိုယ့်ရဲ့  အချစ်ဦး ။ ။

ဝေဖြိုးအောင်

၂၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

မိုးကောင်းကင်တနံတလျားကို
သားပျံသန်းသွားမယ်ဆိုတော့
အမေတားခဲ့သေးတယ်နော်
ကောင်းကင်ရဲ့မာယာတွေကို
အထင်မှားခဲ့တဲ့သားက
တိမ်လွှာဖြူတွေခူးစားဖို့ကြိုစားရင်း
တကယ်တမ်းကျတော့
ဘ၀ဆိုတာမုန်တိုင်းညတွေပဲလား
မောပန်းနေတဲ့အတောင်တစ်စုံအပေါ်
မိုးစက်တွေခပ်ကြမ်းကြမ်းရွာချ
မလုံခြုံတဲ့အရိပ်အာဝါသတွေအောက်မှာ
အမေ့ရဲ့ရင်ငွေ့အိမ်လေးကို
သတိရနေမိပေမယ့်
အခုတော့သားကရင်ဝေးငှက်ပေါ့...အမေ

မိုးလှိုင်ည

၂၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

နွေနဲ့မိုးက ဖြစ်သလိုကြီးစိုးပြီး
ဆောင်းနဲ့ ယောင်လို့တောင်ဝင်မတိုးတဲ့မြို့မှာ
ကျွန်တော်နေတယ် ... နေရတယ်။

ခဲသားကြိုးနေတဲ့ခဲတံကိုဆရင်း
တိမ်တွေနဲ့ပန်းချီဆွဲတဲ့ကောင်းကင်ကိုအားကျ
ကားချပ်မဲ့ပန်းချီဆရာတစ်ယောက်ရဲ့ဘ၀ကိုကျွန်တော်ပိုင်တယ်။

ဖွဲ့ဆိုချင်နေတဲ့သံစဉ်ချိုတွေကို
ရင်ဘတ်ထဲမှာပဲ ကိုက်မြိုထားရတဲ့
ကြိုးပျက်နေတဲ့ဂစ်တာတစ်လက်ဟာ ကျွန်တော်ဖြစ်တယ်။

မြေကြီးရဲ့ဆွဲအားတွေကိုဖက်တွယ်ရင်း
မိုးသားဆန်ဆန်ကြီးပြင်းချင်နေတဲ့
အရွယ်မရောက်သေးတဲ့ မိုးစက်တွေဟာ ကျွန်တော်ဖြစ်တယ်။

ငြိမ်းချမ်းအေးမြမှုတွေကိုငြင်းပြီး
ကံကြမ္မာနဲ့စီးချင်းထိုးနေရတဲ့
မပြည့်စုံနိုင်သေးတဲ့အိပ်မက်တွေဟာ ကျွန်တော်ဖြစ်တယ်။

ကချေသည်တစ်ယောက်ရဲ့ခေါင်းပေါ်မှာ
ဆံထိုးလုပ်ထိုးခံထားရတဲ့
မြေသြဇာဖြစ်ချင်တဲ့ နံရိုးတစ်ချောင်းဟာ ကျွန်တော်ဖြစ်တယ်။

နှင်းတွေတဘောင်းဘောင်းမကျနိုင်ပဲ
ကိုယ့်အေးမြမှုကို ကိုယ်ပြန်လွမ်းနေရတဲ့
ဆောင်းရာသီခပ်ယဲ့ယဲ့တစ်ခုဟာ ကျွန်တော်ဖြစ်တယ်။

အဲဒီလို အဓိပ္ပါယ်တွေများစွာနဲ့
ကျွန်တော်ဟာ ကျွန်တော်ပီသစွာပဲ
မြို့တစ်မြို့ရဲ့တစ်နေရာမှာ
တိတ်တိတ်လေးရှိနေဆဲပါ ...။ ။

နေဘုန်းလတ်

ဒီဇင်ဘာ ၂၀၀၅ မှာထုတ်တဲ့ သံလွင်အိပ်မက် အမှတ်(၅)မှာ ဒီကဗျာလေးကို နွေလေဆိုတဲ့


နာမည်နဲ့ရေးခဲ့တယ်။ ဒီကဗျာလေးကိုရေးတဲ့အချိန်မှာ ကျွန်တော်က စင်ကာပူနိုင်ငံမှာလေ။ ကျွန်တော်
လုပ်ချင်တာတွေအားလုံးကိုဘေးချထားပြီး လုပ်သင့်တာတွေကိုပဲ ဇောက်ချလုပ်နေရတဲ့ကာလပေါ့။
အဲဒီ့ကာလတွေမှာ အခုလို ကဗျာလေးတွေ၊ စာလေးတွေ ရေးဖြစ်နေတာတစ်ခုပဲ ကျွန်တော့်အတွက်
စိတ်ကျေနပ်စရာရှိတယ်။ ဒီကဗျာလေးမှာ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာတွေ ထပ်တူမကျနိုင်သေးတဲ့လူငယ်
တစ်ယောက်ရဲ့ ဘ၀ကိုတွေ့ကြရလိမ့်မယ်။

၂၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

သူ့နာမည်က မောင်ချာလီပါ
အားလုံးကို ပျော်ရွှင်စေရင်း ဟန်ဆောင်ဖုံးကွယ်တတ်သူပါ
သူပျော်ရင် အားလုံးပျော်ကြတယ်
သူမပျော်လည်း အားလုံးပျော်ရမယ်
သူ့ကို လူရွှင်တော် ချာလီလို့ သူတို့ခေါ်ကြတယ်။
တစ်ခုသော မျောက်နှစ်မှာ မောင်ချာလီကို မွေးတယ်
သူ့မှာ ကောက်ကွေးနေတဲ့ ဆံပင်လေးတွေနဲ့
မွေးကတည်းက စကားကို မပီကလာ စပြောခဲ့သတဲ့
ကံမကောင်းချင်တော့ သူ့ခမျာ ယိုယွင်းနေတဲ့ခေတ်ကြီးမှာမှ
သင်လွယ်ကြားလွယ် တတ်လွယ်မြန်လွယ်နဲ့
ဥာဏ်လေးက ကောင်းပြန်တယ်
သင်လွယ်ကြားလွယ် ဆိုတော့လည်း
သူ့ခမျာ သင်ဟယ်ကြားဟယ်ပေါ့
မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့
ရေကိုဆန်ရင်း ဘ၀ကို ဖြတ်သန်းခဲ့တယ်။

မင်းမှာ သူများတွေလို ပေးစရာ ဘာလက်ဆောင် ရှိလဲလို့


လောကကျောင်းထဲမှာ ဆရာကမေးတော့
ချာလီက ပြုံးရင်း ပြန်ပြောတယ်
ကျေးဇူးပြုပြီး ကျွန်တော့်အပြုံးတစ်ခုကိုသာ ယူပါဆရာတဲ့
ဟုတ်ပါလိမ့်မယ်
သူ့မှာ အပြုံးတစ်ခုကလွဲလို့ သူများကိုပေးစရာ ဘာများရှိလို့လဲ
ဒီလိုနဲ့ ဆရာက သူ့ကို လူရွှင်တော် နဲ့ မျက်လှည့်အတတ်ကို
သင်ပေးလိုက်တယ်။

ချာလီဟာ အရပ်တကာလှည့်ပြီး မြို့တကာ ရောက်ခဲ့တယ်


လူတွေက ကြိတ်ကြိတ်တိုး ချာလီ့ကို အားပေးကြတယ်
ချာလီ မျက်နှာမှာ အရောင်တွေချယ်ပြီး မပြဖို့ တောင်းဆိုကြတယ်
သူတို့က သဘာဝကျကျ ရွှင်မြူးနေတဲ့ မျက်နှာလေးကိုသာ
မြင်လိုကြသတဲ့
အဲဒီအခါ လူတွေကို ပျော်ရွှင်စေလိုသူ ချာလီဟာ
သာမန်ထက် ပိုပိုပင်ပန်းတော့တယ်
သာမန်ထက် ပိုပို ပြုံးနေရတော့တယ်
သာမန်ထက် ပိုပို ဟန်ဆောင်လာရတော့တယ်

ပထမပိုင်းမှာ လူရွှင်တော် အလုပ်ကို လုပ်တယ်


ဒုတိယပိုင်းမှာ မျက်လှည့်ကို ပြတယ်
ဆိုပါစို့
ပထမပိုင်းမှာ လူတွေကို ဟန်ဆောင်ပြီး
ဒုတိယပိုင်းမှာ လူတွေကို လှည့်ဖျားတယ်လို့။

၂၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ဒီလိုနဲ့
ဒီလိုနဲ့
ဒီလိုနဲ့

တစ်နေ့မှ ချာလီသေသွားတယ်
သူ့မျက်နှာက ပြုံးနေတယ်
သူတကယ်ပြုံးနေတာလား
ဟန်ဆောင်နေတာလား
ဘယ်သူမှ မသိကြပါဘူး
ဘာခြေရာ လက်ရာမှလည်း မတွေ့ကြဘူး
လူတွေကတော့ ထင်ကြေး အမျိုးမျိုး ပေးကြရဲ့
ဘ၀ကူး ကောင်းလိုက်တာတဲ့
သူ့နာမည် ချာလီလို့ ခေါ်တယ်။ လူရွှင်တော် အလုပ်ကို မုန်းတယ် လို့
သူ့လက်ထဲမှာ စာလေးတစ်စောင် ရေးထားခဲ့တယ်
နောက်ဆုံးအနေနဲ့ လောကကြီးကို ဟန်ဆောင်သွားတာလည်း
ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

Nyi Lynn Seck

၃၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

(1)
လိပ်ပြာမသန့်စိတ်....ထက်ဝတ်နဲ့
ပုံသဏ္ဌန်ပျက်...ခွက်တွေထဲမှာ
လိုက်လျောစွာကျနိုင်ရေး အတွက်...
အတင်းအဓမ္မ...အရည်ပျော်ပြရလွန်းလို့...
ပွန်းပဲ့ကုန်တဲ့...သိက္ခာတရားတွေအတွက်..
အရှက်တရားဆိုတာ...
ငါမှာ ...မရှိတော့ဘူးထင်ပါရဲ့....
(၂)
ကောင်မလေး......ရေ..
လျှာပေါ်မြက်..မပေါက်ရေး သီအိုရမ်တွေနဲ့...
လေဟာနယ်မဲ့..အစာအိမ်ကို ဖြည့်တင်းရင်း..
ချဉ်ခြင်းတပ်ခဲ့..မိတဲ့ အနာဂတ်တွေအတွက်..
အရက်ခွက်တွေကို... အဖော်ပြု...
နီကိုတင်းငွေ့တွေရဲ့...ကြားမှာ..
ငါဟာ...ဟာနေသားကျနေခဲ့...ပါပြီ....။
(3)
ရာသီတွေရဲ့..စီးမျောမှုနောက်မှာ..
နှုတ်ခမ်း..အထက်အောက်ဆီက..အမွေးတွေတောင်..
မြေဖြူရောင်..ဖွာလန်ကျဲ...
အနာဂတ်ထဲမှာလို့...
မကြာမကြာ..ကြွေးကြော်မိပေမဲ့
နုပျိုခြင်းနဲ့ သူငယ်ပြန်ခြင်းတွေ..
ရောထွေးနေတဲ့...ဒီလောက..မှာ
ငါဟာ... ရေမျော ကြယ်တစ်ပွင့်...ဖြစ်ခဲ့ပေါ့....

(4)
လမ်းလျှောက်တက်စတုန်းကတော့
ဒူးခေါင်းက...အမာရွက်တစ်ခု..
လွတ်မြောက်မှု..ဆုတံဆိပ်တဲ့...
(အဖေပြော..ခဲ့တာလေ...)
အရိပ်မဲ့နေ့တွေကို...ဖြတ်သန်းရင်း...
ရင်တွင်းက...အမာရွက်...
အတွေးခေါ်တွေထဲက....အမာရွက်...
.................................အမာရွက်...
...................................အမာရွက်...
ဘာအတွက်ဆုတံဆိပ်တွေလဲ...
မဝေခွဲတတ်တာလဲ...ကြာခဲ့ပေါ့...
ကောင်မလေးရေ.....။

၃၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

(5)
သဏ္ဌာန်တူပေမဲ့
ထပ်တူမကျတဲ့...အနေအထားဟာ..
ကိုယ်တို့ရဲ့...နှလုံးသားတွေပါကွယ်...
ရှည်လျားတဲ့...ဘ၀အနားစောင်းတွေကို..
ဖြတ်ပစ်ဖို့....အင်အားမရှိသမျှ..
မစ္ဆိယစိတ်တွေသာ....
ကိန်းအောင်းလာတတ်တာလဲ...
ကာလမနဲ့တော့ဘူး...ထင်ပါရဲ့....

(၆)
``ပ´´စောက်ပြောင်းပြန်
မူမမှန်...အပြုံးတွေကြား...
နှလုံးသား...အပိုတစ်ခု...
လိုရမယ်ရ...ထုဆစ်ထားပေမဲ့..
အစစ်ကိုမှ..သုံးတတ်တဲ့..ဗီဇက..
ရောင့်ရဲနေရမဲ့ ..အခြေအနေမှာတောင်..
မျှော်လင့်နေဆဲပဲ...ကောင်မလေး..ရေ...။

(၇).
ကားချပ်နဲ့ဆုံချက်..
စိတ်ပျက်ဖွယ်...သဘောထားကွဲလွဲကြ..
ဘ၀ဆိုတာ..
ဒီလိုပါဘဲ..ကောင်မလေးရယ်...
လင်းလက်မှုမဲ့ ဘ၀ထဲ..
ချော်လဲ..ရောထိုင်ရင်း..
စိတ်ပျက်ခြင်းနဲ့..အဖော်ပြု..
ဘ၀တစ်ခုကို ကျေနပ်လိုက်..တော့မယ်..
ကိုယ်ကို ခွင့်လွှတ်ပါ..လို့ မပြောလိုက်တော့..ဘူး....

Linker +

၃၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲတဲ့ ညတစ်ညမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အမေ့အနား ပြန်ရောက်တဲ့ အကြောင်းကို
လွမ်းမျက်ရည် တစ်စက်နှစ်စက်နဲ့
အိပ်မက် မြင်မက်ပါသတဲ့။

သားပို့ထားတဲ့ ဓာတ်ပုံလေးတွေ
အလွမ်းပြေကြည့်ကြည့်နေခဲ့ရတဲ့ အမေဟာ
သားပြန်လာတာကို မြင်တော့
ဝမ်းပန်းတသာနဲ့
အပြေးအလွှား လာကြိုပါသတဲ့။

အမေ့အတွက် ကောင်းနိုးရာရာ
ဝယ်လာတာတွေကို ဂရုမထား
`ငါ့သားပြန်လာတာက အဓိကပါ´တဲ့။
နှစ်တွေ အတော်ကြာ
အိမ်ပြန်ရောက်မလာတဲ့ သားကို
ချစ်အားတွေ ပိုရှာပါသတဲ့။

`နေပူထဲက လာတာမဟုတ်လား။
ရေချက်ချင်းသွားမချိုးနဲ့။
ချွေးတိတ်အောင် ခဏနား
ငါ့သားက တယ်ခက်သကိုး´တဲ့။
ဒီအရွယ်ရောက်နေတဲ့သားကို
ကလေးလို အမှတ်ထား
စိတ်များပင် ပူရှာပါသတဲ့။

`သားအခုလို ပြန်လာတာ
အမေ ၀မ်းသာလိုက်တာ။
သားကြိုက်တဲ့ ဟင်းတွေ
အမေ ချက်ထားတာ
စားကြည့်စမ်းပါဦး´တဲ့။
အမေ့လက်ရာ ငတ်နေတဲ့သား
ဗိုက်ကားအောင် စားမိပါသတဲ့။

ထမင်းစားပြီးလို့ ခဏနား
အမေ့အနားနေမယ် ကြံတော့မှ
နှိုးစက်သံ တတီတီ
ထပြီး မြည်ပါသတဲ့။

၃၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲနေတဲ့ မနက်ခင်းတစ်ခုမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အလုပ်သွားဖို့ အားခဲ
ရင်ထဲက ဟာတာတာနဲ့
အမေ့ဓာတ်ပုံ ထုတ်ကြည့်တုန်းခဏမှာ
မျက်ရည်ကျမိပါသေးသတဲ့။

ခရီရေတာ

ကျနော့်ရဲ့ ကဗျာတွေထဲက ရှားရှားပါးပါး အချစ်အကြောင်း မဟုတ်တဲ့ အမေ့အတွက် ကဗျာလေးပါ။


ကျနော်က တကယ်ခံစားရမှ ကဗျာရေးတတ်တာဆိုတော့ ဒီကဗျာကို ရထားပေါ်မှာ စဉ်းစားတုန်းမှာလဲ
တကယ် မျက်ရည်ဝဲမိပါတယ်။

၃၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

ဟိုးခပ်ဝေးဝေး၊ တောင်တန်းဘေးက
နေခြည်မျှင်တန်း၊ လန်းဆန်းသစ်လွင်
မြစ်ရေပြင်ပေါ်၊ အဖော်အဖြစ်ရောက်လာတယ်...

မြူတွေဆိုင်းတဲ့၊ မြစ်ရိုင်းမာယာ
အသာယာစီးဆင်း၊ တေးချင်းဖွဲ့ ယောင်
ဝါးဖောင်တွေလဲမျောနေတယ်....

မြစ်ကိုဖြတ်ကူး၊ တံတားဦးရိပ်
ဓာတ်တိုင်ထိပ်မှာ
အာရုံဦးလက်၊ ငှက်တို့ စိုးစီ
တေးသီချင်းလေးတွေသီနေတယ်....

ကြိုးမဲ့တိုင်အောက်၊ ခြောက်လမ်းတဖက်
လမ်းမကြီးထက်
အလုယက်မောင်း၊ ယဉ်စီးကြောင်းတွင်
ငါဦးသူ့ လျှင်၊ လုပ်ခွင်ဝေးနီး
ကားမီးပွင့်တွေပြေးနေတယ်....

သြော်...
တနေ့ ဝမ်းစာ၊ ရှာကြမစဲ
လောဘ၀ဲယက်၊ တပ်မက်ခြင်းတူ
လူတို့ ဆန္ဒ ...
နံနက်ခင်းအလှ၊ မခံစားနိုင်
ယှဉ်ပြိုင် “သုခ”
“ဒုက္ခ” လားလဲ
မကွဲပြားတော့
အပြုံးတစ၊ ဓာတ်တိုင်ထိပ်မှ
ခပ်ဖွဖွလေးလွင့်လာတယ် ...

Ain Chann Myay

၃၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

မြန်မာသူငယ်ချင်း တယောက်ရဲ့ အိမ်ကို တလောက အလည်ရောက်ဖြစ်ပါတယ်။ အလုပ်တခု


တည်း အတူတူလုပ်နေတဲ့ သူငယ်ချင်းက သူ့အိမ်က ကွန်ပြူတာထဲမှာ မြန်မာရုပ်ရှင်တွေကြည့်လို့ရတဲ့
ဝက်ဘ်ဆိုက်တွေရှာပြီး သိမ်းပေးပါဆိုလို့ ရောက်သွားတာပါ။
သူငယ်ချင်းမှာ ကလေးနှစ်ယောက်ရှိပါတယ်။ အဲဒီနှစ်ယောက်အနက်က အကြီးကောင်လေးနှစ်
သာသာအရွယ် ယောက်ျားလေးက အတော်လေးကို ဆော့ပါတယ်။ သူ့အဖေကဟန့်လဲမရ၊ သူ့အမေတားလဲ
မရ တအိမ်လုံးဗြောင်းဆန်အောင် ပြေးလွှားပြီးဆော့ပါတယ်။ သူငယ်ချင်းက သူ့ကလေးကိုချော့တခါ
ခြောက်တလှည့်နဲ့ ထိန်းလဲ ဟိုသကောင့်သားလေးက ဧည့်သည်ရှိနေရင်သူ့အဖေကို ကြောက်ပုံမပေါ်ပါဘူး။
မီးကြိုးတွေ သွယ်ထားတဲ့နေရာကိုလဲဝင်ပြီး ကြိုးတွေဆွဲဖြုတ်လိုဖြုတ်၊ အရုပ်တွေနဲ့လဲဟိုပေါက်ဒီပေါက်နဲ့
လုပ်နေတော့ တကြိမ်မှာတော့ သူ့အဖေက ထရိုက်ပါတော့တယ်။
ရေးခဲ့ဖူးပါပြီ။ ကျနော်ဟာ ငယ်ငယ်က ခဏခဏ အရိုက်ခံရပါတယ်။ အခုလဲ ကလေးတယောက်
ကျနော့်အရှေ့မှာ အရိုက်ခံရတာ တွေ့ရပြန်တော့ စိတ်ထဲမှာ နင့်ကနဲ ဖြစ်သွားပါတယ်။ ဟိုလူကလဲ ရိုက်တာက
ကလေးနဲ့ မတန်လောက်အောင် နားရင်းပါးရင်းတွေကို ရိုက်တာပါ။ မနေသာတာနဲ့ `တော်ပါတော့ဗျာ´ လို့
မျက်နှာမသာမယာနဲ့ ၀င်ပြောတော့မှ ကျနော့်ကို သတိရသွားပုံပေါ်ပြီး ရပ်ပါတယ်။
တကယ်တော့ အခုလက်ရှိ ကျနော်ရောက်နေတဲ့ နိုင်ငံဟာ မိန်းမနဲ့ ကလေးများကို ရိုက်နှက်ရင်
ရာဇ၀တ်မှု တခုအဖြစ် ထိထိရောက်ရောက် သတ်မှတ် အရေးယူတဲ့နိုင်ငံ ဖြစ်ပါတယ်။ မိန်းမကို ရိုက်တာထက်
ကလေးကို ရိုက်တာက ပိုလို့တောင် အပြစ်ကြီးလေးပါတယ်။ အရေးယူပြီးရင်လဲ မှတ်တမ်းမှတ်ရာတွေနဲ့
အသေအချာကို စောင့်ကြည့်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံမှာ ကလေးတွေကို မရိုက်ရဲကြပါဘူး။ ဒါပေမယ့်
ကျနော်တို့ ရွှေမြန်မာတချို့ကတော့ မြွှေမကြောက်၊ ကင်းမကြောက်နဲ့ ရိုးရာကို မပယ်နိုင်စွာ ကလေးကို
ရိုက်နှက်ဆုံးမရတာကို အရသာတွေ့နေကြတုန်းပါပဲ။
ကလေးကိုဆုံးမတာနဲ့ ပတ်သက်လို့ ပုံပြင်တပုဒ် ကြားဖူးပါတယ်။ တခါက သားအဖ နှစ်ယောက်
ခရီးတခုကို အတူတူ သွားကြပါသတဲ့။ ကလေးလေးက ငါးနှစ်သားအရွယ်ပေါ့။ သူတို့သွားလိုတဲ့ မြို့ကို
မရောက်မီ ကီလိုမီတာ ၂၀ လောက် အလိုမှာ ကားက ဘီးပေါက်ပါသတဲ့။ အဲဒါနဲ့ အဖေလုပ်သူက ပါလာတဲ့
အပိုဘီးနဲ့ လဲဖို့အတွက် ပေါက်သွားတဲ့ ဘီးကို ဖြုတ်နေတုန်းက သားဖြစ်သူက အပိုဘီးက လေတွေကို

၃၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

လျှော့ပစ်ပါလေရော။ အဖေက `သား၊ လေတွေကို မလျှော့ရဘူးလေ´ လို့ ပြောပေမယ့် သားက`လျှော့မှာပဲ´


ဆိုပြီး လျှော့မြဲလျှော့နေပါသတဲ့။
ဘယ်လိုမှ ပြောမရတဲ့ အဆုံးမှာ အဖေက `ကဲ၊ ဒါဆိုလဲ ငါ့သားစိတ်တိုင်းကျ လျှော့ကွာ´ဆိုပြီး
ခပ်ပြုံးပြုံးနဲ့ သားလုပ်သမျှကို ထိုင်ကြည့်နေပါသတဲ့။ သားက လေတွေကို အကုန်ကုန်အောင်လျှော့ပြီး
တဲ့အထိပေါ့။ လေတွေ ကုန်သွားတဲ့ အခါမှာတော့ `ကဲ၊ သား၊ ကျေနပ်ပြီမှတ်လား၊ အခုသားလေတွေ
လျှော့ပစ်လိုက်တဲ့အတွက် ဖေဖေတို့မှာ အပိုဘီးမရှိတော့ဘူး၊ ကားလဲ မောင်းလို့ မရတော့ဘူး၊ အဲဒီတော့
သားနဲ့ဖေဖေ လမ်းပဲလျှောက်ကြတာပေါ့´ ဆိုပြီး ကျန်တဲ့ခရီးကို လမ်းပဲလျှောက်ကြပါသတဲ့။အဲဒီနော
က်ပိုင်းမှာ အဲဒီကလေးဟာ မိဘစကားကို တသက်လုံး နားထောင်သွားပါတယ်တဲ့။ ကလေးကို မရိုက်ပဲ
လက်တွေ့ကျကျ ဆုံးမသွားတာကို ပြောချင်တဲ့ ပုံပြင်လေးပါ။
နောက်တခုက သူတို့လူမျိုးတွေက ဥပဒေကြောင့်ပဲလား၊ ဒီလိုနေထိုင်မှု စနစ်မှာယဉ်ပါးသွား
လို့ပဲလား မသိပါဘူး။ ကလေးကို မရိုက်ကြပါဘူး။ ဒဏ်ပေးတဲ့နည်းကိုသုံးပြီး မိမိလိုရာ ပုံသွင်းတာမျိုးပဲ
ရှိပါတယ်။ ဥပမာ ကလေးက တီဗွီကြိုက်တတ်ရင် တကယ်လို့ သူအပြစ်တခုခုလုပ်ရင် တီဗွီ ကြည့်ခွင့်ကို
ကန့်သတ်လိုက်တာမျိုး၊ ကစားကွင်းကို လိုက်မပို့တဲ့ ဒဏ်ခတ်တာမျိုးလေးတွေကို သုံးပါတယ်။ ကျနော်တို့
ရွှေတွေကတော့ ကလေးတင်ပါးကို ခပ်စပ်စပ်ကလေးရိုက်ပြီး ဆုံးမရတာကို ပိုပြီးအရသာတွေ့တတ်ကြပါ
တယ်။
တနေ့က တီဗွီ အစီအစဉ်မှာ American Funniest Videos အစီအစဉ်လာပါတယ်။ သဘာဝကျကျ
ဟာသတွေကို ပြတဲ့ အစီအစဉ်ပါ။ သဘာဝလဲကျ၊ ဟာသလဲ အဖြစ်ဆုံးကို ဆုပေးပါတယ်။ အပတ်စဉ်ဆု
ကတော့ ဒေါ်လာ တသောင်းပေးပါတယ်။ ဒေါ်လာတသောင်းဆုရပြီးသူတွေကိုမှ နောက်ထပ်တခါထုတ်နှုတ်
ရွေးချယ်ပြီး ဒေါ်လာတသိန်းဆု ပေးပါသေးတယ်။ အဲဒီနေ့က ဒေါ်လာတသိန်းတန် ရယ်ရွှင်စရာ ဗီဒီယိုကို
ရွေးပါတယ်။
အဲဒီနေ့က ဒေါ်လာတသိန်းရသွားတဲ့ ဗီဒီယိုကို ပေးပို့တဲ့ မိသားစုကတော့ တော်တော်လေး
ဂျီကျတတ်တဲ့ သားငယ်ရဲ့ မိဘတွေပါ။ အဲဒီ သားငယ်လေး ဂျီကျပုံက သူ့ကို မိဘတွေက မြင်လောက်တဲ့
နေရာကို နောက်က လိုက်ချောင်း၊ ပြီးရင် ကြမ်းပြင်မှာ လူးလိမ့်ငိုပြပါတယ်။ မိဘတွေက မချော့ပဲမသိချင်
ယောင်ဆောင်ပြီး တခြားအခန်းကို အသာလေးထွက်သွားရင် သူက အငိုတိတ်ပြီး အနောက်ကနေ
လိုက်လာပါတယ်။ ပြီးရင် မိဘတွေ ရှိမရှိ ချောင်းကြည့်ပြီး ကြမ်းပေါ်လူးလိမ့် ငိုပြန်ပါတယ်။ အဲဒါကို မိဘတွေက
စိတ်မဆိုးပဲ ပျော်စရာအဖြစ် ဗီဒီယို ရိုက်ထားပြီး အဲဒီ အစီအစဉ်ကို ပို့လိုက်တော့ ဒေါ်လာတသိန်းတန်ဆုကို
ရသွားပါတယ်။
တကယ်တော့ ကလေးတွေရဲ့ အတွေးအာရုံဟာ အင်မတန် နုနယ်လှပါတယ်။ ရိုက်နှက်ခံရတဲ့
ကလေးတယောက်ဟာ သိမ်မွေ့တဲ့ စိတ်ထားကို ပိုင်ဆိုင်ဖို့ တော်တော်ခဲယဉ်းသွားပါတယ်။ ပေါက်ကွဲလိုမှု၊
သည်းခံစိတ် အားနည်းမှုတို့ကသာ အရွယ်ရောက်လာလေလေ ပိုမိုများလာလေလေ ဖြစ်လာပါတယ်။
အရွယ်ရောက်လာတဲ့ လူငယ်တယောက်ရဲ့ ရွယ်တူတွေအကြားမှာ ဂုဏ်ချင်ယူစရာ စကားတခွန်းက
`ငါငယ်ငယ်က တခါမှ အရိုက်မခံရဖူးဘူး´ ဆိုတဲ့ စကားပါ။ ကျနော်ကတော့ အဲဒီ အခွင့်အရေးဆုံးရှုံးခဲ့ပါ
တယ်။
ဥပဒေက ကလေးမရိုက်ရ သတ်မှတ်ထားပေမယ့်လဲ သူတပါးနိုင်ငံမှာ နေရတာအသားမကျ
သေးလို့ပဲလား၊ ဒါမှမဟုတ် ရိုက်ပြီးဆုံးမတာကိုမှ အရသာတွေ့နေလားမသိတဲ့ သူငယ်ချင်းကို ကြည့်ပြီး
စိတ်ပျက်လက်ပျက်နဲ့ ဒီစာကို ရေးမိပါရဲ့။

ကိုသံလွင်

၃၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ဒီအကြောင်းကို ရေးမယ်ဆိုပြီး အလုပ်တွေများနေတာနဲ့ ခုမှပဲ ရေးဖြစ်တော့တယ် ။ လွန်ခဲ့တဲ့


၁ပတ်ကျော်လောက် စင်္ကာပူသတင်းစာရဲ့ ဖေါရမ်ခန်းမှာ တစုံတယောက်ရေးထားတာတွေ့ ပြီး ဒီပို့စ်မှာ
ရေးမယ့် အတွေးတွေ ဖြစ်လာတာပါ။
ထိုသူရောက်သွားတဲ့ ပျံကျဈေးလေးမှာ ဈေးရောင်းချင်သူများ ပလတ်စတစ်လေးအ၀တ်စလေး
ခင်းပြီး ရှိတာလေးတွေ ချရောင်းကြတာမျိုးပေါ့ ။ အဲဒီကို ဈေးလာရောင်းသူအများစုဟာ တနေ့ရောင်းမှ အမြတ်
အစွန်းလေးနည်းနည်းရပြီး တနေ့စားနိုင်သူတွေပါ ။ ထိုသူဟာ အဲဒီပျံကျဈေးလေးကိုသွားတုန်း ကြုံခဲ့ရတဲ့
အကြောင်းလေးကို ရေးပြထားပါတယ် ။ နွမ်းပါးဟန်ရှိတဲ့ လူကြီးတယောက် ၊ ကလေးငယ်တယောက်နဲ့
wheel-chair နဲ့ မိန်းမကြီးတယောက်တို့ဟာ ဈေးရှေ့ကဖြတ်သွားတုန်း ၊ တနေရာမှာ ချရောင်းနေတဲ့
အရုပ်လေးကို ကလေးလေးက မျက်စိကျသွားပြီး ၊ (အဖေလို့ယူဆရတဲ့) လူကြီးကို ၀ယ်ခိုင်းပါတယ်။
၈ဒေါ်လာတန်အရုပ်ကို ၅ဒေါ်လာနဲ့ လူကြီးက မ၀ံ့မရဲ စစ်ဖို့ကြိုးစားနေတုန်း ၊ လောကဒံရိုက်ခတ်ခံထားရတဲ့
မျက်နှာနဲ့ ဈေးသည်ရဲ့ ပိုက်ဆံမပေးဘဲ ယူသွားလိုက်ဆိုတဲ့ စကားကြောင့် အံအားတသင့် ဈေးသည်ကို
အရမ်းကျေးဇူးတင်ပြီး အရုပ်လေးကိုပိုက်လို့ ထွက်သွားကြပါတယ်တဲ့ ။
အဲဒီအကြောင်းလေးကို ဖတ်ပြီး ထိုဈေးသည်ကို ကျွန်မ အလွန်လေးစားသွားပါတယ် ။ အဲလို
အရုပ်တွေဆိုတာလည်း သိပ်အမြတ်အစွန်းရရှာတာ မဟုတ်ဘူး ။ ကိုယ်ကိုယ်တိုင်တောင် တနေ့လုပ်မှ
တနေ့စားရတဲ့ ဈေးသည်ဟာ ခုလို သူများအတွက် သနားစာနာတဲ့စိတ်နဲ့ ရက်ရောစွာ ပေးကမ်းလိုက်နိုင်တယ် ။
တကယ်အတုယူစရာပါပဲ။
စင်္ကာပူရဲ့ ရထားဘူတာတွေ ၊ Shopping Centre တွေမှာ မျက်မမြင်သူတွေ ၊ ကိုယ်ခန္ဓာ
လူစဉ်မမှီသူတွေ ၊ အဘိုး အဖွားအိုတွေ တစ်ရှူးထုတ်လေးတွေ ရောင်းတတ်ကြတယ် ။ ဆိုင်တွေမှာ
အထုတ် ၂၀ ကို ၂ဒေါ်လာနဲ့ ရောင်းတဲ့ဟာထဲမှ ၊ ၃-၄ထုတ်ကို ၁ဒေါ်လာဆိုပြီး သူတို့ရောင်းကြတယ် ။
နေ့စဉ်နေ့တိုင်း အဲဒီနေရာလေးတွေမှာပဲ စောင့်ပြီး သူတို့ရောင်းကြတယ် ။ ၀ယ်တဲ့သူတွေရှိပေမယ့်
မ၀ယ်တဲ့သူများတာ ၀မ်းနည်းစွာ မြင်ရတယ် ။ တကယ်တော့ ၃-၄ထုတ်ကို ၁ဒေါ်လာ ပေးဝယ်ရတာ
ဈေးကြီးတယ်လို့ ဆိုနိုင်ပေမယ့် ၊ ကျွန်မတို့အတွက် ဘာမှထိခိုက်သွားလောက်တဲ့ ပေးဆပ်မှုမဟုတ်ပါဘူး ။
သူတို့အတွက်တော့ အထုတ်၂၀ရောင်းရမှ ရတဲ့ ၂-၃ဒေါ်လာအမြတ်အစွန်းဟာ တခုတည်းသော ၀င်ငွေပဲ ။

၃၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

သူတို့ကိုမြင်တိုင်း ကျွန်မစိတ်မကောင်းဘူး။ ဒါကြောင့် တစ်ရှူးကုန်တိုင်းဆိုင်တွေမှာဝယ်


မယ့်အစား သူတို့ဆီကပဲ ၀ယ်ဖြစ်တယ်။ သူတို့အတွက်လည်း ကျန်းမာပြီး ဘေးရန်ကင်းရှင်းကြပါစေလို့
မေတ္တာပို့မိတယ်။ ကျွန်မဘ၀မှာ ဘယ်လောက် စိတ်ပျက်စရာတွေကြုံတိုင်း သူတို့ကို သွားသတိရမိတယ်။
သူတို့နဲ့စာရင် ကျွန်မအများကြီးကံကောင်းတယ်။ လောကကြီးရဲ့ ရောင်စုံတွေအားလုံးကို မြင်နိုင်တဲ့
မျက်ဝန်းတွေရှိတယ်။ စိတ်သွားတိုင်းပါနိုင်ပြီး ကျန်းမာသန်စွမ်းတဲ့ ခြေလက်အင်္ဂါအစုံနဲ့ကိုယ်ခန္ဓာရှိတယ်။
သာမန်လူတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အရပ်အမောင်းရှိတယ်။
ကျွန်မအပါအ၀င် လူတော်တော်များများဟာ ဘ၀မှာ အခက်အခဲတွေကိုဖြတ်ကျော်ရင်း၊
မပြီးဆုံးနိုင်တဲ့ ပြည့်စုံမှုတွေနောက် လိုက်ရင်း ၊ ကိုယ့်ဝင်္ကာဘာထဲမှာပဲ လမ်းစပျောက်သွားတတ်ကြတယ်။
အစည်းအဝေးကို အပြေးအလွှားသွားနေသူတယောက်ဟာ အထုပ်အပိုးတွေနဲ့အဘွားအိုတ
ယောက်ကို လမ်းဖြတ်ရာမှ စောင့်ပြီး တွဲသွားဖို့ ချန်ထားတတ်တယ်။ တနေကုန်မတ်တပ်ရပ်ပြီးအလုပ်လုပ်
ထားသူတယောက်ဟာ လူတွေကျပ်နေတဲ့ ရထားပေါ်မှာ သူ့ ထက်ထိုနေရာကို လိုအပ်သူတွေကိုနေရာထ
ပေးဖို့ တွန့်ဆုတ်တတ်တယ်။ စားသောက်ဆိုင်တွေမှာ အနည်းဆုံး ၃၀၅၀ဒေါ်လာထိ အကုန်ခံစားကြသူတွေ
ပြည့်နေပေမယ့် ၊ တစ်ရှုးထုပ်လေးတွေ ရောင်းသူတွေကိုကျောက်ရုပ်ပမာ ရှိတယ်လို့တောင်မထင်လျစ်လျူ
ရှုသွားတတ်ကြတယ်။
တချို့အတွက် သူတို့ကူညီလိုက်လို့လည်း ဘာမှ ပိုပြီး အကျိုးထူးမလာဘူးလို့ယုံကြည်တတ်ကြ
တယ်။ ကျွန်မတို့ရဲ့ လုပ်ရပ်တခုဟာ သဲတပွင့်ပမာ သေးမွှားပေမယ့်လည်း၊ သဲပွင့်တွေများလာရင် တည်တံ့
တဲ့ မြေကြီးကို ဖြစ်ပေါ်စေတယ်လေ ။ ဒါကို လူတွေမြင်နိုင်လာကြပါစေလို့ ဆုတောင်းရင်း...။

ဂျစ်တူး

၃၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

အိမ်နားကလဖက်ရည်ဆိုင်က လူတော်တော်စည်ပါတယ်။ လာသောက်တဲ့သူတွေများသလို


အလှူခံတွေလဲ မနည်းပါဘူး။ (ပိုက်ဆံလိုက် တောင်းစားတဲ့သူတွေပေမဲ့ အလှူခံလို့ပဲ သုံးနှုန်းလိုက်ပါတယ်။)
အလှူခံတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရပါတယ်။ အသက်ကြီးကြီး အဖွားကြီးတွေ၊ ယောဂီဝတ်စုံဝတ်ထားတဲ့
အမျိုးသမီးတွေ၊ အလှူခံဖြတ်ပိုင်းတခုခုကိုင်ထားတဲ့ သီလရှင်တွေ၊ ကလေးငယ်လေးတွေ စုံလို့ပါပဲ။
ဘုန်းကြီးသင်္ကန်းဝတ်နဲ့ ယောကျာ်း အလှူခံတွေကိုတော့ ဒီလဖက်ရည်ဆိုင်ထဲမှာ သိပ်မတွေ့ရပါဘူး။
(ကုလားအဘိုးကြီး တယောက်က လွဲလို့ပေါ့) ဗုဒ်ဓဘာသာ မြန်မာလူမျိုးတယောက်အနေနဲ့ ကျမဟာ
သဒ္ဒါတရား မနည်းလှပါဘူး။ ဒါပေမဲ့ ဒီလိုလိုက်တောင်းတဲ့ အလှူခံမျိုးတွေကို လှူလေ့လှူထ မရှိဘူး။
မလှူချင်ပါဘူး။ ဘာကြောင့်ဆိုတော့ ကျန်းကျန်းမာမာ လုပ်ကိုင်စားသောက်နိုင်ပါရက်နဲ့အလွယ်လမ်းလို
က်ပြီး လိုက်တောင်းကြတဲ့ ဒီလိုလူစားမျိုးတွေကို အားမပေးချင်လို့ပါ။ ဒါကြောင့်လဖက်ရည်ဆိုင်ထိုင်လို့
လာတောင်းရင် အသက်ကြီးတဲ့သူတွေကိုတော့ ‘ကန်တော့ပါသေးရဲ့’ လို့ပြောပြီး ငယ်တဲ့သူတွေဆိုရင်တော့
‘သွားပါအုံး’ လို့ ငြင်းလွှတ်လိုက်တာပါပဲ။
ကျမသူငယ်ချင်းတယောက် နယ်ကရောက်လာပြီး ကျမနဲ့တူတူ လဖက်ရည်ဆိုင်ထိုင်ကြတော့
ထုံးစံအတိုင်း အလှူခံတွေ တဖွဲဖွဲ ရောက်လာပါတယ်။ ကျမက ငြင်းလိုက်တိုင်း သူက အကြွေ (၂၀ တန် တို့
၅၀ တန်တို့) ထုတ်ထုတ်ပြီး လှူပါတယ်။ သူလှူတာကို ကျမက မတားပေမဲ့ ကျမငြင်းတာကိုတော့ သူက
နဲနဲ ရှုံ့ချချင်ပါတယ်။
‘မြို့သူတွေတော်တော်နှပ်ချေးကျတယ် .. ကန်တော့ပါသေးရဲ့ ဆိုတာချည်းပဲ’ လို့
သူကပြောတော့‘အေးလေ .. တခြားမှာလှူမှာပေါ့ .. ဒီလူတွေ မသထာလို့ မလှူတာ၊ သူတို့နေ့တဓူဝလိုက်ပဲ
တောင်းနေတယ် အလုပ်ဖြင့်မလုပ်ဖူး .. ’ ကျမကလဲ ပြန်ပြောခဲ့ပါတယ်။
နောက်ပိုင်း သူနဲ့အတူ လဖက်ရည်ဆိုင်ထိုင်တိုင်း သူက အကြွေပိုက်ဆံတွေ စားပွဲပေါ်တင်ထားပြီး
လာတောင်းသမျှအလှူခံတွေကို လှူတတ်တာ ကျမသတိထားမိပါတယ်။ အကြွေမရှိတဲ့နေ့တွေမှာတော့
သူလဲ ကျမနည်းအတိုင်း ကန်တော့ပါသေးရဲ့ပေါ့။
မနေ့ညနေကတော့ ကျမနဲ့သူ လဖက်ရည်ဆိုင်မှာ စကားပြောနေကြတုန်း စားပွဲရှေ့တည့်တည့်မှာ
စုတ်တီးစုတ်ပြတ် လူတယောက် မတ်တပ်ရပ်ပြီး ကျမတို့ကို ကြည့်နေပါတယ်။ ကြည့်ရင်းနဲ့ သူ့ကိုယ်ကိုလဲ

၄၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

ဟိုကုတ် ဒီကုတ် ကုတ်နေတယ်။ ကျမက အဲဒါကိုကြည့်ပြီး နဲနဲလန့်တာပေါ့။ သူက ..


‘ဘာလဲ ..’ လို့မေးတော့ အဲဒီလူက ‘စမူဆာတခုလောက်စားချင်လို့ပါ ဗိုက်ဆာလို့’
‘သြော် .. ဗိုက်ဆာတာများ စိုက်ကြည့်နေတော့ ဘာများလဲလို့ .. ကဲ .. ထိုင်’ ဆိုပြီး ကျမတို့
စားပွဲမှာ ထိုင်ခိုင်းပါတယ်။ ဟိုလူလဲ ခပ်ရွံ့ရွံ့ နဲ့ ၀င်ထိုင်တယ်။
အဲဒီလူက ကျမရှေ့တည့်တည့်မှာဝင်ထိုင်တော့ အမှန်ပြောရရင် ကျမတော်တော်စိတ်ပျက်သွား
ပါတယ်။ အဲဒီလူကိုလည်း မကြည့်ဘဲ မျက်နှာလွှဲထားမိတယ်။ သူငယ်ချင်းကတော့ စားပွဲထိုးကိုခေါ်ပြီးစမူဆာ
တပွဲမှာပါတယ်။ မှာထားတုန်းမှာ .. အဲဒီလူနဲ့ စကားစမြည်ပြောနေပါသေးတယ်။
‘မင်း ဗိုက်ဆာတယ်မို့လား’
‘ဟုတ်ကဲ့ .. ထမင်းမစားရသေးလို့’
‘အေး .. စမူဆာ ဒီမှာ .. စား’
‘နေကလဲ မကောင်းဘူး ..ဒီမှာ’ ဆိုပြီး သူ့လက်လား ခြေထောက်လားမသိဘူး ပြပါတယ်။
‘ယောကျာ်းပဲကွာ မသေနိုင်ပါဘူး .. ဒီမှာ ငါပြောမယ် .. မင်း ဗိုက်ဆာတယ်မို့လား ..
ပိုက်ဆံမရှိဘူး ဟုတ်တယ်မို့လား’
‘ဟုတ်’
‘အေး .. ဒါဆို လမ်းမှာ သွားရင်းလာရင်း ရေသန့်ဗူးခွံတို့ အအေးဗူးခွံတို့ လိုက်ကောက်၊ ပြီးတော့
ရောင်းစားပေါ့ကွာ၊ ကလေးလေးတွေ လုပ်နေတာတွေ့တယ်မို့လား’
‘ဟုတ်’
‘အဲဒီလိုလုပ်ပြီး ပိုက်ဆံရှာ .. ကြားလား’
‘ဟုတ်’
‘အခု အိမ်မှာ ချာတိတ်တွေရှိသေးလား’
‘ရှိပါတယ်’
သူက စားပွဲထိုးကို စမူဆာနောက်တပွဲထပ်မှာ ကျွတ်ကျွတ်အိတ်ထဲထည့်ပြီး
အဲဒီလူကိုပေးလိုက်ပါတယ်။ အိမ်က ကလေးတွေစားဖို့ပေါ့။
အဲဒီလူထွက်သွားတော့မှ .. ကျမဘက်လှည်ြ့ပီး နောက်တခါ ဒီလူလာတောင်းရင်
မျက်ခွက်ကိုဖြတ်ရိုက်မှာ၊ အဲလိုရိုက်လို့ရသွားပြီလေ .. ဟုတ်တယ်မို့လား .. လို့ပြောတယ်။
ကျမကတော့ သူ့လုပ်ရပ်ကို ငေးပြီးပဲ ကြည့်နေမိပါတယ်။ ကျမ သူ့ကို အဲဒီလိုငေးကြည့်နေတော့
သူက ..ပြုံးပြီး ကျမကိုကြည့်ရင်းနဲ့ ..
သူ အလုပ်ကိစ္စနဲ့ တနယ်တကျေးသွားရတုန်းက ၂ ရက် ထမင်းငတ်လို့ လဖက်ရည်ဆိုင်မှာ
တောင်းပြီး စားခဲ့ရဖူးတယ်လို့ ပြောပြတယ်။ သွားရမဲ့နေရာကို ဖုန်းဆက်ဖို့ ပိုက်ဆံ ၁၀၀ မရှိလို့ ဒုက္ခရောက်ပြီး
ပိုက်ဆံ ၁၀၀ ရဖို့ တောင်းခဲ့ရဖူးတယ် .. ၂၀ ပေးတဲ့သူပေး၊ ၁၀ပေးတဲ့သူပေးနဲ့ ၁၀၀ပြည့်တော့မှ
ဖုန်းဆက်လို့ရပြီး အဆင်ပြေသွားခဲ့ရတယ် .. တဲ့။
သူ့စကားတွေကြားတော့ .. ကျမမှာ ပိုပြီး ငေးငိုင်မိသွားတယ်။ ကျမ ဘယ်လိုမှထင်မထားခဲ့မိ
ပါဘူး။
သူကတော့ … ဒီလိုပါပဲ .. သူတို့ဘ၀တွေကကြမ်းတယ် .. လို့ ရယ်ရယ်မောမော ပြောတယ်။
‘အခု .. သူများတောင်းတဲ့အချိန်မှာ ကိုယ်ကပေးထားတော့ ကိုယ်လိုတဲ့အခါ ပြန်ပေးမဲ့သူရှိမှာ
ပေါ့ .. ဟုတ်တယ်မို့လား ..’
‘အင်း .. ဟုတ်ပါတယ်’ လို့ ကျမ သူ့ကိုထောက်ခံလိုက်ပါတယ်။ စမူဆာဖိုးကို သူပိုက်ဆံနဲ့သူ
ထုတ်ရှင်းပြီးတော့ သူ့အိတ်ထဲမှာ ပိုက်ဆံသိပ်မကျန်ပါဘူး။ ဒါပေမဲ့ သူက ခပ်အေးအေးပါပဲ။
ကျမရင်ထဲမှာ .. စိတ်မကောင်းတာတွေရော .. ၀မ်းနည်းတာတွေရော .. ရှက်ရွံမိတာတွေရော ..
ခံစားချက်တွေ ရောနေတယ်။
တကယ်ဆို ကျမဟာ သူ့ထက် ပိုပြီး ပိုက်ဆံရှိတဲ့သူတယောက်ပါ။ ဘာသာရေးအသိအမြင်လဲ
ကျမက သူ့ထက်ပိုရှိပါတယ်။ ဒါပေမဲ့ .. ကျမ သူ့လို စိတ်မထားတတ်ခဲ့ပါဘူး။
ဒီလိုတောင်းစားတဲ့သူတွေကို အမြင်ကတ်တဲ့စိတ်နဲ့ ငြင်းမိတာကများပါတယ်။ လိမ်ညာနေကြ
တယ်လို့ပဲ မြင်ပါတယ်။ ခုနလိုလူဆိုရင် ပိုတောင်ဆိုးသေးတယ် ကျမ ရွံလို့ စေ့စေ့တောင်ကြည့်မှာမဟုတ်

၄၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ပါဘူး။
တကယ်တော့ လူတွေဟာ အတူတူပါပဲ .. ဘ၀အကျိုးပေးကြောင့်သာ အနိမ့်အမြင့်ကွဲပြားနေ
ကြတာပါ။ သူတို့ဘက်က ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကိုယ့်ဘက်ကဖြောင့်မှန် ဖြူစင်စွာနဲ့
လူတွေကို လူလိုဆက်ဆံနုင
ိဖို့ အရေးကြီးတယ်ဆိုတာ .. အဲဒီညနေခင်းမှာ ကျမသိလိုက်ရပါတယ်။

မေဓာဝီ

၄၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

ဒီနေ့ မနက်စောစော အိမ်ကို phone ဆက်တော့ အမျိုးတယောက် ဆုံးသွားတယ်လို့


ကြားရတယ်… အိပ်နေရင်းက မနက်မထနိုင်လို့ သွားကြည့် မှ ဆုံမှန်းသိရတယ် တဲ့ … ကံကောင်းတယ်လို့
ပဲ ပြောရမယ်.. တည်တည်ငြိမ်ငြိမ် သေနိုင်ဖို့ လိုပါတယ်.. တကယ်တော့ သေတယ်ဆိုတာ မဆန်းပါဘူး
.. ရှင်နေတာသာ ထူးဆန်းတယ်လို့ ပြောရမယ်.. အချိန်တိုင်း ဖြူတ်ခနဲ သေနိုင်ပါတယ်.. အပြင်မှာ
သွားလာလှုပ်ရှား နေရတာလဲ risk သိပ်များပါတယ်… ခန္ခာ ကိုယ်ထဲမှာ ရော… အလုပ်လုပ်နေတဲ့
function တွေ အချိန်မရွေး ရပ်တန့် သွားနိုင်ပါတယ်… သေချာစဉ်းစားလေ… အသက်ရှင်နေရတာ
တော်တော်အံသြစရာ ကောင်းလေပါပဲ… လူတွေဟာ ဘယ်ချိန်သေရမလဲ ... ဘယ်သူမှ မပြောနိုင်ပါဘူး
.. မြတ်စွာဘုရားလက်ထက်က ရက်ကန်းသည်မလေး ကို မေးတဲ့
မေးခွန်းတွေလိုပါပဲ.. သိပ်ကို သတိ သမ္မာတိ ကောင်းတဲ့ သူတွေ က လွဲလို့ ပေါ့
ကျန်တဲ့သူတွေကတော့ သေမယ့်ရက်ကို သိနိုင်ဖို့ ခဲရင်းမှာပါ.. ကိုယ်သေမယ့်ရက်ကို ကြိုသိရရင် သိပ်ကို
ကံကောင်းတာပဲ… ကြိုပြင်ဆင်ဖို့ အချိန်ရှိတာပေါ့ … သေကြရမှာပဲ.. ဘယ်နေ့ဘယ်လို ခွဲခွာရ မလဲ
ဆိုတာသာ မသိကြတာပါ.. တကယ်တော့ လူတွေဟာ လောကကြီးမှာ ခဏပဲ လာကြတာပါ… တယောက်နဲ့
တယောက်တွေ့ကြ တဲ့ ခဏလေးပါပဲ.. တယောက်နဲ့ တယောက် အမြဲတွေ့ရတယ် ဆိုတာ မရှိပါဘူး…
တအိမ်ထဲ တူတူနေကြတယ် ဆိုတဲ့ သူတွေတောင် အပြင်သွားရင် .. ခွဲကြရတာပဲ.. ဘယ်သူမှ အမြဲ
အတူမနေနိုင်ကြပါဘူး… ဒီလို့ ခဏ အတူနေကြရ.. တွေ့ ကြရတဲ့ အခိုက် ဘာလို့ အချင်းချင်း လောဘ..
ဒေါသ .. မာနတွေနဲ့ ဆက်ဆံချင် ကြတာလဲ.. ဒီခဏလေး ကို ဘာလို့ တန်ဖိုးမထားနိုင်ကြတာလဲ..
သဲလေးတို့ ရော သေဖို့ အဆင်သင့် ဖြစ်ကြပြီ လား… သေခြင်းတရားက နီးနီးလေးပါ..
တကယ့်ကို နီးနီးလေး ပါ… သေတတ်အောင်ပြင်ထားဖို့ လိုတယ်ထင်ပါတယ်.. လူဖြစ်ရတယ် ဆိုတာဟာ
သိပ်ကံကောင်းလို့ ပါ… တခါတလေ.. အရမ်းစိတ်ညစ်တဲ့ အခါ စိတ်ပေါက်ပေါက်နဲ့ တွေးမိပါတယ်..
သေအေးတာပဲလို့လေ.. ဇာတ်သမားလို ဆိုရင်တော့ စောစောသေတော့ စောစောအိပ်ရတာပေါ့ … ဒါပေမယ့်
သေရင် တကယ်ပဲ အေးပြီလား … တကယ်ပဲ ဒုက္ခတွေ ငြိမ်းပြီလာ… ဒါမှမဟုတ်.. ဒုက္ခတွေ အဲတော့မှ
စမှာလား… လူတယောက်သေလို့ ကျန်ခဲ့ တဲ့ သူတွေ ပူဆွေးတယ်ဆိုတာ ခဏပါ.. ကြာရင်မေ့ကြတာပါပဲ..
လူတယောက်မရှိလို့ ကျန်တဲ့ သူတွေ ဒုက္ခရောက်တာလဲ ခဏပါ.. နောက်သူဟာနဲ့သူ အဆင်ပြေသွားမှာပါပဲ..

၄၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

တယောက်မရှိလို့ မဖြစ်ဘူးဆိုတာ မရှိပါဘူး.. ငါသေသွားရင် သူတို့ ဒုက္ခရောက်မယ်.. ဆိုပြီးပူမနေပါနဲ့ ..


ကိုယ်သေဖို့ သေချာမပြင်ဆင်ထားရင် ကိုယ်အရင်ဒုက္ခရောက်မှာပါ..
သေခြင်းရဲ့ အခြားတဖက်မှာ ဘာရှိလဲနော်…. ကိုယ်ဘာဖြစ်မှာလဲ.. ကိုယ်လူပြန်ဖြစ်ပါ့ မလား….
တွေးကြည့်ရင်ကြောက်စရာ ကြီးပါ.. လူဖြစ်တာ တော်တော်ကံကောင်းပါတယ်..
သဲလေးတော့ လေ.. သေရင်အေးအေးဆေးဆေးပဲ သေခြင်ပါတယ်.. ဘယ်သူကိုမှလဲ အပူမပေး
တည်တည်ငြိမ်ငြိမ်ပဲ သေခြင်းတရားကိုရင်ဆိုင်မယ်.. ဘယ်သူမှ ငိုမဲ့သူမရှိရင် နေပါ.. တိတ်တိတ်လေးပဲ
သေပါရစေ… သေကြဖို့ ကြိုပြင်ဆင်ထားကြဖို့ လိုပြီထင်တယ်နော်….

သဲလေး

၄၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

Okanagan

လွန်ခဲ့တဲ့ long-weekend တခုတုန်းက ကျွန်မတို့ မောင်နှစ်မတစု ဘီစီပြည်နယ်အရှေ့အလယ်


ပိုင်းကသစ်သီးပန်းမာန်တွေ၊ တောင်ကုန်းတွေပေါတဲ့ Okanagan ဆိုတဲ့နေရာကိုရက်တိုခရီးထွက်ခဲ့ကြ
တယ်..ခရီးထွက်ဖို့ကျွန်မ စပြောတော့ အားလုံးကအရှိန်တက်သွားကြတယ်... နောက်တော့ရာသီကလဲ
အေးလာ..ကျောင်းတွေ၊ အလုပ်တွေပြန်ဝင်ရမယ့် စက်တင်ဘာလဆန်းကလဲဖြစ်၊နွေရာသီမှာသုံးခဲ့ဖြုန်း
ခဲ့ကြတာလေးတွေကလဲရှိဆိုတော့ ငွေရေးကြေးရေးကိုစဉ်းစားကြရင်းနဲ့ သွားမလိုလို မသွားမလိုလိုနဲ့
ဆုံးဖြတ်ရခက်နေကြပါတယ်။
နောက်ဆုံးတော့ အနားကပ်ပြီးမှ ဆုံးဖြတ်ချက်ချလိုက်ပြီး ကောက်ထွက်ခဲ့ကြတယ်..
မထွက်ခင်တရက်မှာမှကပ်ပြီး နေမယ့်ဒေသ Okanagan Falls ဆိုတဲ့မြို့က resort တခုမှာဘွတ်ကင်
တင်လိုက်တယ်.resort နာမည်ကလဲ lake view resort ဆိုတော့ဟုတ်ပြီဆိုပြီးယူထားလိုက်တယ်..
ဈေးကလဲသက်သာ၊ ရေကန်နဲ့လဲနီး၊ မြို့နာမယ်ကလဲ Okanagan Falls ဆိုတော့ကျွန်မတို့အားလုံးမျက်စိထဲ
မှာ ရေတံခွန်တွေ၊ တောင်ကျချောင်းတွေ၊ ကနေဒါရဲ့ ဧရာမကျောက်စိမ်းရောင်၊အပြာရောင်ရေကန်ကြီးတွေ
မြင်ယောင်လို့ထွက်ခဲ့ကြတယ်..
Okanagan Falls ကို ဟိုင်းဝေး ၃ သို့မဟုတ် ၅ က သွားလို့ရတယ်။တယောက်က ဟိုင်းဝေး၅ကို
မကြိုက်ဖူးတဲ့ ၃ကပဲသွားမယ်ဆိုလို့ ၃ အတိုင်းထွက်လာကြတယ်။
ကားနှစ်စီးနဲ့လူကိုးယောက်၊ တညအိပ်လေးပဲ၊ နောက်ပြီး ၄နာရီပဲမောင်းရတယ်ဆိုလို့မနက်ရနာရီလောက်
မှာ စတွက်ခဲ့ကြတယ်။
ဒီလိုနဲ့ ဟိုင်းဝေး ၃အတိုင်းမောင်းလာလိုက်တာ ရှုခင်းတွေကတော့အံ့မခန်းအောင်လှပတယ်..
တောင်တန်းတွေ၊ တောင်ကျချောင်းတွေ၊ ကျောက်တုံးထူတဲ့စမ်းလေးတွေနဲ့လမ်းကတော့အဆင်းအတက်
တွေ၊ အကွေ့အကောက်တွေကအများသား။ဒါကြောင့် တချိန်လုံးကားမူးလို့အန်နေတဲ့လူနဲ့၊ဓာတ်ပုံရိုက်ဝါ
သနာပါလို့ ဟိုနားလေးလှလို့ ရပ်ပါဦး၊ ဒီနားလေးလှလို့ရပ်ပါဦးဆိုတဲလူနဲ့၊ မြို့တမြို့ရောက်တိုင်းဆင်းဦးမယ်
ဆိုတဲ့သူနဲ့ လေးနာရီခရီးကခုနှစ်နာရီကြာသွားတယ်..ဒီလိုနဲ့နေ့လည်နှစ်နာရီထိုးတော့ Okanagan Falls
ဆိုတဲ့မြို့ကိုရောက်လာတယ်။ မြို့ကတိတ်ဆိတ်ခြောက်ကပ်ပြီး မြို့အ၀င်ကနေ မိုတယ်ရောက်တဲ့အထိ ဘာ
ရေတံခွန်မှကှိုမတွေ့ဘူး..ဒီလောက်နာမည်ကြီးတဲ့ Okanagan ဆိုတာဒါတော့မဖြစ်နိုင်ဘူးဆိုပြီး အားလုံးလဲ

၄၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ဇဝေဇ၀ါဖြစ်နေတာပေါ။
ဘွတ်ကင်တင်ထားတဲ့နေရာရောက်တော့ မိုတယ်ရှေ့မှာ ရေကန်တော့တွေ့ပါပြီဒါပေမယ့်သေး
သေးလေး၊ ကန်စပ်မှာကလဲ မသန့်မရှင်းနဲ့၊ တည်းခိုရမယ့် resort ဆိုတာကလဲ သစ်ရိပ်ဝါးရိပ်တွေအောက်မှာ
မှုန်ကုပ်ပြီး အိုဟောင်းနေတယ်။ ဒါနဲ့Pentictionမြို့ဘက်ကိုဆက်ထွက်ကြမလားလို့ ၀ိုင်းစဉ်းစားကြပေမယ့်
ခရီးပန်းလို့အရမ်းမောနေတဲ့သူတွေနဲ့အန်တဲ့သူက ဆက်မသွားနိုင်လို့ အဲဒီမှာပဲနေလိုက်ကြတယ်။ ဈေးကလဲ
တကယ်တော့ မသက်သာပါဘူး။တခန်းကို ၁၅၀၊ နှစ်ခန်းဆိုတော့ ၃၀၀ ပေးလိုက်ရတယ်။ ဒါတောင်လေ
အေးစက်ကဟောင်းလွန်းလို့မအေး၊ အိုးခွက်တွေကလဲဟောင်းနွမ်းပြီးဖြစ်ချင်တိုင်းဖြစ်နေတယ်။ ကျွန်မတို့
ခရီးတွေမကြာခဏထွက်ကြတာ တခါမှဒီလိုမဖြစ်ဖူးပါ။
နောက်ပြီးဆားလေး၊ သွားတိုက်ဆေးလေးတောင်မပေးဘူး။ ကျွန်မတို့လဲ ပစ္စည်းတွေချပြီးနား
တဲ့သူနား၊ ရေကန်နားသွားတဲ့သူသွား၊ မြို့ပတ်ကြည့်သူကြည့်နဲ့တခုခုတော့မှားနေပြီဆိုတာသိနေကြတယ်။
မြို့ပတ်ကြည့်သူတွေကိုရေတံခွန်တွေ့ပြီလားလို့ မိုတယ်ခန်းထဲမှာ ကျန်ခဲ့တဲ့သူတွေက walky-talky နဲ့လှမ်း
လှမ်းမေးရတာအမော.. “ဘာရေတံခွန်မှမတွေ့ဘူးဟေ့” လို့ပြောရင်း သွားတဲ့သူတွေအသံသာ walky-talky
rangeဝေးသွားလို့ပျောက်သာသွားပါတော့တယ်။ ညနေစောင်းတော့ ရေတံခွန်ရှာတဲ့သူတွေစိတ်ပျက်ပျက်
နဲ့ဘာရေတံခွန်မှမတွေ့ပဲပြန်ရောက်လာကြတယ်။
စားစရာကလဲမရှိ၊ ဗိုက်ကလဲဆာဆာနဲ့ နီးရာဆိုင်က အသားနဲ့အသီးအရွက်တွေဝယ်ပြီး ညစာ
ကိုမီးကင်နဲ့ပဲပြီးလိုက်ကြတယ်။ မိုတယ်ရှေ့ပန်းခြံ၊ ထီးဝိုင်းဝိုင်းလေးအောက်ကBarbeque စားတဲ့ခုံလေး
တွေမှာစုထိုင်စားကြတယ်။ ပန်းခြံလေးနဲ့ ရှေ့ကရှုခင်းလေးနဲ့သိပ်တော့မဆိုးပါဘူး။ ညရနာရီလောက်မှာတော့
ရှေ့မှာမြင်နေရတဲ့ရေကန်ထဲဆင်းချိုးရင်လဲ ကနေဒါမှာဝဲပေါက်ပါတယ်လို့လူကြားမကောင်းမှာစိုးလို့ ဆိုပြီး
မိုတယ်နောက် ကရေကူးကန်မှာပဲတချို့ကရေဆင်းကူးလိုက်ကြတယ်။အဲဒီညကကောင်းကင်ပေါ်က“လ”က
ထူးဆန်းလွန်းစွာသွေးနီရောင်ဖြစ်နေတယ်၊
ညရောက်လာတော့ ကျွန်မကြောက်လာတယ်။ ထူးထူးဆန်းဆန်းသွေးနီရောင်ဖြစ်နေတဲ့“လ
”ရယ်၊မရယ်မပြုံးမိုတယ်ပိုင်ရှင် ဧည့်ကြိုအမျိုးသမီးကြီးရဲ့ မျက်လုံးပြူးပြူး၊ ဆံပင်နီနီကိုမြင်ယောင်လာပြီး
တခါးတွေချက်ကျရဲ့လားလို့ ထစစ်တာကို အရှေ့က hide-a-bed ပေါ်မှာအိပ်နေတဲ့ ကျွန်မမောင်တွေက
လှောင်တယ်။
“အေး...ရုပ်ရှင်တွေထဲက စိတ္တဇ ဖြစ်နေတဲ့ မိုတယ်ပိုင်ရှင်တယောက်ဒီလိုပဲလာတည်းတဲ့သူ
တွေကို လိုက်သတ်တာကြည့်ရတယ်မို့လား” လို့ကျွန်မပြောပြီး ၀င်အိပ်လိုက်တယ်။
အိပ်မပျော်ခင်မှာ အိပ်ရှေ့က ချိုးချိုးချွတ်ချွတ်ကြားတော့ ကျွန်မထကြည့်တယ်။ ကျွန်မကိုလှေ
ာင်တဲ့မောင်တွေ ကျွန်မစစ်ပြီးသားတံခါးတွေကိုထပ်စစ်နေကြတာကိုတွေ့လိုက်ရတယ်ကျွန်မကိုတွေ့တော့
“ဟီး..ဟီး”ဆိုပြီး မလုံမလဲနဲ့ ရယ်နေကြလေရဲ့...
နောက်တနေ့မနက်ခင်းကျတော့ အားလုံးမကျေမနပ်နဲ့ ဒါ နာမည်ကြီးတဲ့ Okanagan မဖြစ်နိုင်ဘူး၊
မကျေနပ်ဖူး ဆိုပြီး မြောက်ဘက်ကိုသွားတဲ့ဟိုင်းဝေးလမ်းမကြီးအတိုင်း Kelowna မြို့ကိုထွက်ခဲ့ကြတယ်။
Kelowna မရောက်ခင် Pentictionမြို့ကိုဖြတ်ရပါတယ်။ Pentictionမြို့အ၀င်မှာ တွေ့ရပါပြီ...လှလိုက်တဲ့
ရေကန်တွေဆိုတာ၊ ပင်လယ်ဝကြီးတွေလိုပဲ..ကျောက်တောင်နဲ့ကပ်နေတဲ့ ကားလမ်းရဲ့ ညာဘက်က
တောင်စောင်းစိုက်ခင်းတွေပေါ်မှာ လူတရပ်ပဲရှိတဲ့ ပန်းသီးပင်တွေ။ plum ပင်တွေမှာ အသီးတွေဆိုတာ
ပြွတ်သိပ်သီးနေကြတယ်။ရေကန်စပ်နားကစိုက်ခင်းတွေရဲ့အောက်မှာလဲ သောင်လှလှတွေနဲ့ မြစိမ်းရောင်
Okanagan ရေကန်ကြီး၊ရေကန်ကဘယ်လောက်ကြီးလဲဆိုတာ မြို့နှစ်မြို့သာကုန်သွားတယ်ရေကန်ကြီးက
လမ်းတလျှောက်ဘေးကပြေးလိုက်နေသလိုပါပဲ...
Kelowna မြို့ရောက်တော့ မကျေနပ်ကြတဲ့သူတွေက တညဆက်အိပ်မယ်ဆိုပြီး မိုတယ်၊ ဟိုတယ်
ရှာကြပြန်တယ်။ နွေအကုန်နောက်ဆုံး long-weekend မို့ Kelownaမြို့ပေါ်ကတော်ရုံတည်းခိုခန်းတွေက
ပြည့်နေတာပဲ။ မိုတယ်တခုတော့တွေ့တယ်။ လူကိုးယောက်ဆိုတော့သုံးခန်းယူရမယ်တဲ့ တိုတိုပြောရ
ရင်သုံးခန်းလုံးကို ၄၈၀ ဆိုလားနဲ့ပေးမယ်တဲ့။ ဈေးတော့အတိအကျကျွန်မမမှတ်မိတော့ဘူး။ နေရာက
မှုန်ကုပ်ကုပ်နဲ့ မနက်စာတောင်ကျွေးပုံမရဘူး။ဒါမျိုးကကြိုတင်ဘွတ်ကင်တင်ရတာ၊ အနားကပ်မှဆိုရင်
ဈေးကြီးလုပ်ရတာကိုး။ ကျွန်မတို့မယူပဲလှပတဲ့ကမ်းစပ်တွေပတ်ပတ်လည်ဝိုင်းနေတဲ့မြို့ကိုတပတ်မောင်းရ
င်း သင့်တော်တာရှာကြတယ်။နောက်ဆုံးတော့ Manteo Resort ဆိုတဲ့ခမ်းခမ်းနားနားဟိုတယ်ကြီးတခုဆီ

၄၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

ရောက်သွားပါတော့တယ်။
ဟိုတယ်ထိပ်ရောက်တော့ “ရိတ်မယ်နော်ကြည့်လိုက်ဦး၊ နဲတာကြီးမဟုတ်ဘူး” ဆိုပြီး
တချို့ကမ၀င်ချင်ကြဘူး။ “ဆက်မရှာနိုင်ဘူး၊ တော်ပြီ၊ နီးရာသာဝင်ကွာ” ဆိုပြီး ဆက်မရှာနိုင်ကြတော့တဲ့အ
မတွေညီမတွေကြောင့် အနဲဆုံးဈေးတော့ဝင်မေးကြမယ်ဆိုပြီး သုံးရောက်က၀င်သွားကြတယ်။က်န္တဲ့သူေ
တွကားထဲမှာစောင့်နေကြတာပေါ့။ တိုတိုပြောရရင် သဘောကောင်းတဲ့ ဧည့်ကြိုမမချောလေးတွေက မော
ပန်းပြီးနွမ်းနယ်နေတဲ့ကျွန်မ တို့ကိုကြည့်ပြီး တညကို အခွန်မပါပဲနဲ့တောင် ၆၀၀ လောက်တန်တဲ့ lake-side
villa အခန်းကို ပရိုမိုရှင်းနှုန်းနဲ့ ၃၈၀ နဲ့ပေးလိုက်ပါတယ်။villa ကတကယ်တော့ ခမ်းနားတဲ့ town-house
ဒီဇိုင်းပါပဲ။ ကားဂိုဒေါင်နှစ်ခုနဲ့ အထဲမှာတော့ ထုံးစံအတိုင်းပျံနေတာပေါ့လေ။ အကောင်းစား entertainment
system တွေ၊ အ၀တ်လျှော်စက်ကအစ၊မီးဖိုထဲမှာလဲ ဆား၊ သကြားကအဆုံး အကုန်ပြည့်ပြည့်စုံစုံပ်ါပဲ။
ရောက်တာနဲ့ထုံးစံအတိုင်းပစ္စည်းတွေချပြီး အိမ်ရှေ့လှေကားအဆင်းမှာကိုကူးလို့ရတဲ့ကန်ထဲကျွ
န်မတို့ရေကူးဖို့ပြင်ကြတယ်။ ကန်ပတ်ပတ်လည်ဝိုင်းပြီး ရေဘဲလေးတွေ၊ငှက်ကလေးတွေနဲ့၊ ခပ်လှမ်းလှမ်းက
တောင်ပြာတွေနဲ့ သိပ်လှတဲ့မြို့လေးပါ၊ဒီမြို့က သစ်သီးတွေသိပ်ထွက်တော့ ၀ိုင်အလျှံပယ်ထွက်တဲ့မြို့ပေါ့၊
ကျွန်မကတော့ခပ်တုံးတုံးဆိုတော့ ၀ိုင်တောင်မသောက်တတ်ပါဘူး။ရေနွေးကြမ်းကပိုအရသာရှိတယ်လို့
ထင်တယ်။
ထုံးစံအတိုင်းBarbeque ၀ါသနာပါသူ ယောင်္ကျားလေးတွေက ညစာချက်မယ်ဆိုပြီးဈေး
ထွက်ဝယ်ကြတယ်။ ဒီလောက်အပျော်ခရီးမှာဟင်းမချက်ရရင် မနေနိုင်သူတွေကလဲပါသေးတယ်။
အရေးထဲမှာ ရေကူးဝတ်စုံပါမလာလို့ဆိုပြီး ကျွန်မညီမတယောက်ကို မြို့တပတ်ရေကူးဝတ်စုံလိုက်ရှာဝယ်
ပေးရသေးတယ်။ ပထမ ညီအစ်မတစုတိုးရစ်တွေသွားတဲ့နားတ၀ဲလည်လည်ဖြစ်နေတော ထုံးစံအတိုင်း
ရေကူးဝတ်စုံလေးတခုကို ရာနဲ့ချီဈေးတောင်းတယ်။“မတတ်နိုင်ဘူး၊ Wal-Mart ဒီမြို့မှာရှိကိုရှိရမယ်”
ဆိုပြီး Wal-Mart ကိုရှာကြတယ်။ ကားထဲမှာအဖိနှိပ်ခံဆင်းရဲတဲ့တိုင်းပြည်အချို့နဲ့ အနောက်နိင်ငံက
မချမ်းသာသူတွေကို မိနီပြူလိတ်လုပ်တဲ့Wal-Mart မှာဈေးဝယ်သင့်မသင့် utilitarianism နဲ့ပတ်သက်ပြီး ငြင်း
နေကြတဲ့သူတွေကရှိသေးတယ်။ “အေး..တို့တွေလဲမချမ်းသာဘူးနော်... ငြင်းမနေကြနဲ့ဒီမှာဝယ်ရင်ဝယ်..
မ၀ယ်ရင်လဲပြန်တော့” လို့အမတယောက်ကအော်မှပဲ ၂၅ဒေါ်လာတန်လောက်နဲ့ အဆင်ပြေလာကြတယ်။
ဗစ်လာကိုပြန်ရောက်တော့ အချို့သောမောင်တွေက ကမ်းစပ်ကို ကားမောင်းပြီး ထွက်သွာ
းကြတယ်။ချက်တဲ့သူကချက်ပေါ့၊ ကျွန်မနဲ့အမ၊ ညီမတွေကတော့ ဟိုတယ်အပြင်က heated pool မှာ
ညမှာဆင်းကြတယ်။ ရေကူးအပြီး အဲဒီညကအနီးအနားတ၀ိုက်မှာလမ်းထွက်လျှောက်ကြတယ်။လကထုံးစံ
အတိုင်းနီနေပြန်တယ်။ အသက်ရှုရလဲနဲနဲကျပ်သလိုလိုပဲ။ နေ့လည်ကလဲ “လ”တင်မကကောင်းကင် “နေ”
ကပါနီနီကြီးဖြစ်နေတယ်။
နောက်နေ့မှာ ကျွန်မတို့ ဟိုင်းဝေး၅ကိုသုံးပြီးပြန်လာကြတယ်။ အပြန်ခရီးကလဲဖြစ်၊ဟိုင်းဝေးက
လဲကောင်းတော့ ၄နာရီလောက်နဲ့ Vancouver ကိုပြန်ရောက်လာကြတယ်။
လကြီးနီနေတာဘာကြောင့်လဲဆိုတာ အိမ်ရောက်မှသိရတယ်။ U.S. Washington Stateမှာတောမီးအကြီး
အကျယ်လောင်နေတာ လေပင့်ပြီး Canada ဘက်ကိုမီးခိုးရိုက်တာဖြစ်ကြောင်း။ကနေဒါဘက်ကိုပါမီးကူးပြီး
အလာတုန်းက ဖြတ်လာတဲ့ Manning Parkဘက်အထိလောင်နေတာဖြစ်ကြောင်း သိတင်းတွေမှတဆင့်သိ
ရပါတယ်။
ဒီခရီးလေးထွက်တာတခုကျွန်မသင်ခန်းစာရပါတယ်။မြို့ပြနဲ့ဝေးရာ တောထဲမှာဆိတ်ဆိတ်ငြိမ်
ငြိမ်မနေချင်ဘူးဆိုရင် ဟိုတယ်ချိန်းကြီးကြီးတွေရှိတဲ့မြို့ကိုသွားဖို့ပါ။ ကြိုတင် မစီစဉ်ပဲကောက်ထွက်ခဲ့တဲ့
ဒီခရီးလေးက ပျော်ဖို့တော့ကောင်းပါတယ်ရှင်။

အိမ်ချမ်းမြေ့
q

၄၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ရန်ကုန် - ကျိုက်ထီးရိုးခရီးစဉ် ၃ရက်ပြီးတော့ ၊ ရန်ကုန်ကိုပြန်လာပြီး ၄ရက်မြောက်


မနက်အစောကြီး Air Bagan လေကြောင်းနဲ့ ညောင်ဦး (ပုဂံ)သို့ထွက်ခဲ့တယ်။ ပထမဆုံးအကြိမ်ပြည်တွင်
းလေကြောင်း စီးတာဆိုတော့ ခပ်လန့်လန့်ပေါ့။ ဒါပေမယ့် မြင်ရတဲ့ ပြည်တွင်းလေယာဉ်တွေထဲ Air Bagan
လေယာဉ်တွေဟာ အသစ်ဆုံးပုံစံပေါက်နေတာ မြင်မှ သက်ပြင်းချနိုင်တယ်။ လေယာဉ်ထဲရောက်တော့
အံသြစရာကောင်းလောက်အောင် ထိုင်ခုံနေရာကျယ်ကျယ်ဝန်းဝန်းနဲ့။ နိုင်ငံတကာလေယာဉ်တွေရဲ့
Economy Seat တွေထက်တောင် နေရာပိုကျယ်တာ တွေ့ရတယ်။
လေယာဉ်မထွက်ခင် လိုက်နာရမယ့်အချက်တွေ ပြောတဲ့ လေယာဉ်မယ်မမရဲ့အသံကိုလည်း
ကြားရော မပြုံးပဲ မနေနိုင်ပါဘူး။ အဖျားစွတ်ပြီး လျှာလိတ်သံ ပလဗွနဲ့ ပြောနေတဲ့ သူ့ အသံဟာ ဗမာစကားလား၊
အင်္ဂလိပ်လိုလား ဝေခွဲမရနိုင်အောင်ပဲ။ တကယ်တော့ ဗမာပြည်မှာအင်္ဂလိပ်လိုပြောတာ အထင်သေးပြီး
ပြုံးမိတာ မဟုတ်ပါဘူး။ ပဲ များပြီး၊ ကိုယ့်သဘာဝမဟုတ်တဲ့လျှာလိတ်သံကြီး အတင်းထည့်ပြောတာကို
ပြုံးမိတာပါ။ အင်္ဂလိပ်စကားပြောတာ လျှာလိတ်သံမပါရင်ဘိုသံမပေါက်ဘူးပဲ ထင်နေရော့သလား။
သူငယ်ချင်းကတော့ အဲဒီမိန်းမ Tongue Twister ကစားနေသလား မသိဘူးလို့ ပြောပါတယ်။ဘာပဲဖြစ်ဖြစ်
လေယာဉ်မောင်မယ်တွေဟာ ရုပ်ဖြောင့်ဖြောင့် ချောချော ၊ အရပ် အမောင်းကောင်းဆိုတော့ မျက်စပိ ဒါသတော့
အလွန်တင့်တယ်ပါတယ်။ (ဒါကြောင့်လည်း နိုင်ငံခြားမှာနေကြတဲ့ ယောင်္ကျားလေးတွေ မြန်မာပြည်ပြန်တိုင်း
လေယာဉ်မယ်တွေနဲ့ ခရီးစဉ်မှာတွေ့ အကြောင်းပါတတ်ကြတာ ထင်ပါရဲ့ )

ညောင်ဦးလေဆိပ်

တစ်နာရီလောက်စီးပြီး ညောင်ဦးလေဆိပ်ကိုလည်းရောက်ရော ဘာ Baggage Belt မှ မရှိတဲ့


Arrival Hall မှာ ကြောင်စီစီနဲ့ အိတ်တွေ လာပုံချပေးမယ့်နေရာမှာ ကိုယ့်အိတ်ကိုယ် စောင့်ကြရတယ်။
အဲဒီကျ ထုံးစံအတိုင်း လေဆိပ်အလုပ်သမားတွေ ၀ိုင်းလာပြီး Baggage Tag တွေ တောင်းတော့တာပါပဲ။
ဒါပေမယ့် သူတို့က ကိုယ်တစ်ယောက်တည်းဆီကပဲ တောင်းတာမဟုတ်။ လူတိုင်းဆီကဆိုတော့ကိုယ့်အိတ်
မရောအောင် မျက်ချေမပြတ် ကြည့်ရပါသေးတယ်။ နောက်ဆုံး လာကြိုပေးတဲ့ ကားဆီကိုလည်း ပို့ပြီးရော

၄၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

ပိုက်ဆံမပေးမချင်း အဲဒီကိုယ်တော်တွေက ရပ်စောင့်နေပါတယ် ။ (ခရီးသည်တစ်ယောက်က သူတို့ကို


၄၀၀-၅၀၀ ကျပ် တခါသယ်ပေးတိုင်း ပေးခဲ့ရင် ၊ ခရီးသည် ၁၀ယောက်ဆိုရင် အနည်းဆုံး တနေ့တည်းနဲ့
၄၀၀၀-၅၀၀၀ လောက်ဝင်တာပဲ ။ နောက် ခရီးသည်တွေရဲ့ အိတ်တွေဟာလည်း ခဏခရီးသွားဆိုတော့
လက်ဆွဲအိတ်လောက်ပါပဲ ။ ဘာမှ အလေးအပင်မပါ။ ခုလိုနေရာရအောင် ဘယ်လို အဆက်အသွယ်နဲ့များ
ချဉ်းကပ်ထားခဲ့ရမလဲလို့ မဆီမဆိုင်တွေးမိပါသေးတယ် ။)
ညောင်ဦးဆိုတာ ပုဂံပဲလားလို့ခပ်ရောရောဖြစ်နေတော့၊ ညောင်ဦး၊ ပုဂံမြို့ဟောင်းနဲ့မြို့သစ်
ဆိုတာ ဘာကွာတာလဲလို့ ကားဆရာကို လမ်းမှာမေးရပါသေးတယ်။ သူပြောပြလို့သိရတာ...ညောင်ဦး
ဆိုတာလေဆိပ်တို့ အစိုးရအဆောက်အဦးတွေ ရှိတဲ့နေရာတဲ့။ ပုဂံမြို့ဟောင်းမှာတော့ အရင်တုန်းကလူ
တွေနေကြတယ်တဲ့။ နောက်ပိုင်း တိုးရစ်တွေများလာတော့ လူနေအိမ်တွေကို ဖျက်ပစ်လိုက်ပြီး မြို့သစ်ကို
ပြောင်းခိုင်းတယ်တဲ့။ ခုတော့ ပုဂံမြို့ဟောင်းမှာ အများအားဖြင့် ဘုရားစေတီတွေပဲ ရှိတော့တယ်တဲ့။
(ဗမာပြည်ရဲ့ ထုံးစံအတိုင်း အိမ်ခြေတွေဖျက်ရတုန်းက ဘာလျော်ကြေးမှမရ ၊ မလောက်လေး မလောက်စား
အိမ်တအိမ် ဘိလပ်မြေတစ်အိပ် ၊ သွပ် ၁၀ ချပ် ၊ အဲလိုလေးတော့ ကံကောင်းထောက်မလို့ ရခဲ့တယ်တဲ့။
ဒါနဲ့ မရှိဆင်းရဲသားတွေ ဘယ်လိုလုပ်ကြလဲဆိုတော့ ဒီလိုပဲ ဖြစ်သလို ကြံဖန်ခဲ့ရတယ်တဲ့ ။ ဒါကြောင့်မြန်မာ
နိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ ရှိတာလေးနဲ့ မဖြစ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ လူတွေစာရင်းထဲ မလွဲဧကန်
ပါမှာပါပဲ။)
ပထမဆုံး ညောင်ဦးမြို့ဈေးတခုကို ၀င်ကြည့်ကြတယ် ။ တခုဆိုးတာ အဲဒီဈေးကို တိုးရစ်တွေ
အတော်လာကြတယ် ။ ဒီတော့ ဈေးဆစ်ရတဲ့အလုပ်ကို မုန်းလွန်းပေမယ့် လုပ်ရတော့တာပေါ့ ။
ဗမာလိုမတတ်တဲ့ သူငယ်ချင်းကို အင်္ဂလိပ်လို ပြန်ပြန်ပြောနေတော့ ၊ ဈေးသည်တွေက ကျွန်မကို တိုးရစ်
ဂိုက်မ (သူတို့အခေါ်စကား) လို့ ထင်ကြပါတယ် ။ ဈေးမေးတိုင်း ဧည့်သည်ဆိုရင် ဒီဈေး ၊ ညီမတို့လို
ဂိုက်တော့ ဒီဈေး ။ ဒါနဲ့ ကျွန်မလည်း မြန်မာအကျီ င်္ဝယ်ဖို့ ဂိုက်လိုလို ဟန်ဆောင် ၊ တိုးရစ်တွေနဲ့
အမြဲသွားနေရတော့ မြန်မာလိုထည်လဲ ၀တ်နေရလို့ ၊ သိပ်မတတ်နိုင်ပါဘူး ၊ ဈေးလျှော့ပါဦး ဘာညာပေါ့
။ ကျွန်မသူငယ်ချင်းကတော့ ဘေးကကြည့်ပြီး ရီနေတယ် ။ နင်တော့ အတော် ဈေးဆစ်တတ်ပြီတဲ့ ။
(အမှန်ဝန်ခံရရင် ဈေးဆစ်ရတာလဲ နည်းနည်း အားနာတယ် ။ ကိုယ့်ဘက်က သိပ်မထိခိုက်ဘူးဆိုရင်
ဈေးများနေသေးတယ် ဆိုရင်တောင် ဆက် မဆစ်ချင်တော့တာ အမှန်ပါ ။ သူတို့မှာ ခုလိုပဲ ဈေးရောင်းရတာပဲ
ရှိတာလေ ။ ဒါပေမယ့် ကိုယ့်အတွက် အဆင်ပြေမယ့် ဈေးလောက်အထိတော့ ဆစ်ရသေးတယ် ။)
ဈေးလှည့်ပြီးတော့ ညောင်ဦးမှ နာမည်ကြီး ဘုရားတွေဖြစ်တဲ့ ရွှေစည်းခုံ ၊ ဂူပြောက်ကြီးတို့ကို
ဝင်ဖူးပါတယ် ။ အဲဒီကမှ ပုဂံမြို့ကို မိနစ်၃၀လောက် ကားနဲ့စီးပြီး ၊ အဲဒီမှာ ရှိတဲ့ နာမည်ကြီးဘုရားတွေကို
ဖူးပါတယ် ။ နေရာတိုင်းမှာ စေတီ ပုထိုးတွေနဲ့ ပြည့်နေတဲ့ ပုဂံလိုနေရာမှာ နာမည်ကြီး ဘုရားတွေလောက်ပဲ
ဖူးဖို့ အချိန်ရခဲ့တယ်။
ရွှေစံတော် ဘုရားပေါ်သို့ နေ၀င်ချိန်ကြည့်ရန် တက်နေသူများ နှင့် ဘုရားအောက်တွင်
ဈေးရောင်းသူများနဲ့ စည်ကားနေပုံများ၊ ရွှေစံတော်ဘုရားမှ မြင်ရသော ပုဂံနေ၀င်ချိန်အလှ၊ အဲဒီနေ့
ညနေစောင်းတော့ ဟိုတယ်ဝင် နားပြီး၊ မြင်းလှည်းနဲ့ တနေကုန် သို့မဟုတ် နေ့တ၀က် လည်ပတ်နိုင်တယ်
(ပုဂံမှာ အများဆုံးက ဘုရားတွေပြီးရင် ၊ ဖုန်တွေပဲ)
နောက်တနေ့မှ မြင်းလှည်းနဲ့ ဘုရားတွေ ထပ်ဖူးဖြစ်တယ် ။ မြင်းလှည်းသမားဦးလေးကြီးဟာ
သူငယ်ချင်းကို အင်္ဂလိပ်စကား “Please mind your head... You can take off your shoes. I put
for you here...” စသည်ဖြင့် ၊ အသံထွက်ကောင်းကောင်းနဲ့ ပြောနိုင်တော့ ကျွန်မလည်း စိတ်ဝင်စားပြီး
သူနဲ့ စကားစမြည် ပြောဖြစ်ခဲ့တယ် ။ ”ဦးလေးက အင်္ဂလိပ်လိုပြောတာ ကောင်းသား” လို့ပြောတော့၊
ထိုဦးလေးကြီးက ”ကျေးဇူးပါပဲ ငါ့တူမရယ် ။ တကယ်တော့ ဦးလေးက အဘဘုန်းကြီးကျောင်းမှာ
အဘဘုန်းဘုန်းကို ပြုစုရင်း ၄တန်းလောက်ထိပဲ ကျောင်းနေခဲ့ရတာ ။ ဦးလေးတို့တုန်းက ၅တန်းမှ
အင်္ဂလိပ်စာသင်တာဆိုတော့ အေ ဘီ စီ တောင် မသင်ခဲ့ရဘူးပေါ့ ။ အခု ဒီအလုပ်လုပ်မှ ကိုယ့်ဟာကိုယ်
အေ ဘီ စီ သင် ၊ ဂိုက်တွေပြောတာ ၊ ဧည့်သည်တွေပြောတာ အတုယူရင်း ဒီလောက်ဖြစ်လာတာ။
ဒါပေမယ့် ဂိုက်တွေရှေ့ ဧည့်သည်တွေနဲ့ ကိုယ်က ပြောရင် မှားများသွားမလားလို့ စိုးရိမ်ရသေးတာ” တဲ့ ။
”ဦးလေးပြောတာ ကောင်းပါတယ် ။ ဆက်ပြီး ပြောသာပြော ၊ ဘာမှမစိုးရိမ်ပါနဲ့” လို့ အားပေးတော့ ၊ သူက
ပုံပြင်တပုဒ် ပြောပြခဲ့တယ် ။

၄၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ဟိုးရှေးရှေးတုန်းက ဘုန်းကြီးတစ်ပါးဟာ အသက်ကြီးပေမယ့် စာလည်း မတတ် စာပေ


ကျမ်းဂန်တွေကိုလည်း မသိ နားမလည်ဘူးတဲ့ ။ အဲဒီအချိန်တုန်းက အိမ်သာတက်ပြီးရင် သစ်သားတုတ်နဲ့
သန့်စင်ကြတယ်။ ထိုဘုန်းကြီးလည်း တနေ့ ရေတွင်းဘေးထိုင်ပြီး သူပစ်ထားတဲ့ သစ်သားတုတ်တွေ
ပြည့်နေတဲ့ အိုးကို ကြည့်ပြီး ၊ အော်... တနေ့ တချောင်းနဲ့ ပစ်လိုက်တာ အိုးတောင် တော်တော်
ပြည့်နေပါရောလား ။ ငါသာ စာကို တနေ့ တပုဒ် ကျက်ခဲ့မယ်ဆိုရင် အခုဆို အတော်ရနေပြီ လို့
တွေးမိပြီး ၊ ထိုနေ့မှစပြီး စာ တနေ့တပုဒ် ဖတ်သွားဖို့ ဆုံးဖြတ်လိုက်တယ် ။ အဲဒါနဲ့ ဘုရင့်ဆီမှာ စာပေ
ကျမ်းဂန်နဲ့ ပတ်သက်ပြီး အကူအညီသွားတောင်းတော့ ဘုရင်က ရယ်သွမ်းသွေးပြီး “ငရုတ်ကျည်ပွေ့ မှာ
အတက်ပေါက်ရိုး ထုံးစံ ရှိလို့လား ။ ဒီအရွယ်ကျမှ ဖြစ်ပါဦးမလား” ဦးဇင်း ရယ်လို့ ပြောလိုက်သတဲ့ ။ ဒါနဲ့
ထိုဘုန်းကြီးလည်း ကြိုးစားလိုက်တာ လပေါင်းများစွာကြာတော့ ငရုတ်ကျည်ပွေ့ အတက်ပေါက်ပြီဟေ့လို့
ကြွေးကြော်ပြီး ဘုရင်ကြီးကို မေးချင်တာမေးလို့ ပြောသတဲ့ ။ ရေထဲ ဆင်းငုပ်နေပြီး ၊ ဘုရင်မေးလိုက်တိုင်း
ရေပေါ်ခေါင်းဖော်ပြီး မတိုင်းမဆွ ဖြေနိုင်ခဲ့တယ်တဲ့ ။
“ဦးလေးလည်း ဒီအရွယ်ကျမှ ငရုတ်ကျည်ပွေ့ အတက်ပေါက်တော့မယ် မထင်ပါဘူးကွယ်” လို့
နောက်ဆုံး ပြောပါတယ် ။
ထိုဦးလေးကြီးကို ထပ်စပ်စုပြီး မေးမိတော့ ၊ သူ့ မှာ သားသမီး ၅ယောက်ရှိပြီး ၊ အားလုံ
းကျောင်းတက်နေကြောင်း ၊ သူတယောက်ထဲပဲ အလုပ်လုပ်ကြောင်း ၊ သူ့ မြင်းတစ်ကောင်ဝယ်တာ
၅သိန်းကုန်ကျကြောင်း ၊ ၇နှစ်လောက်ရှိတဲ့ သူ့မြင်းမလေးဟာ ယေဘူယျအားဖြင့်တော့ အနှစ် ၂၀လောက်ထိ
နေသွားနိုင်ကြောင်း ။
နောက် သူလိုက်ပို့တဲ့ ဘုရားတနေရာမှာ ဗမာလူမျိုးတွေနဲ့ အရမ်းစကားပြောချင်တဲ့ ကျွန်မ
ယွန်းထည်ပစ္စည်းရောင်းတဲ့ မိန်းမတသိုက်နဲ့ ဈေးဆစ်ရင်း ၊ သူတို့ ဘ၀အခြေအနေ မေးမြန်းရင်းနဲ့ အဖွဲ့ 
ကျသွားပါတယ် ။ ဘုရားတိုင်းမှာ ဈေးရောင်းသူတွေဟာ တစ်နှစ်ကို ၁သောင်းကျပ်ကျော် အစိုးရကို
ဆောင်ပြီး ပါမစ်ရတဲ့ ဘုရားမှာပဲ ရောင်းရတဲ့ အကြောင်း ၊ အဲလိုပါမစ်ကို ဓါတ်ပုံနဲ့တကွ ကဒ်လေးတွေ
ထုတ်ပေးထားကြောင်း (အိုင်စီနဲ့ တူတဲ့ ကဒ်လေးကို ဈေးသည် အမကြီးပြလို့ မြင်လိုက်ရတယ် ။)
တချို့တွေကတော့ ကိုယ်ရောင်းတဲ့ဘုရားမှာ ဧည့်သည်သိပ်မလာရင် တခြားဘုရားတွေမှာခိုးရောင်းကြ
ကြောင်း ၊ တခါတခါ လာ စစ်ဆေးသူတွေ ရှိကြောင်း စသည်ဖြင့် သူတို့ရဲ့ ဘ၀တစိတ်တပိုင်းကို ပွင့်လင်းစွာ
ပြောပြလို့ ကျွန်မလည်း အသိအမြင် အတော်ရသွား ပါတယ်။
ဒါပေမယ့် မြင်းလှည်းပေါ်ပြန်ရောက်တော့ သူတို့နဲ့ အဖွဲ့ကျတာ မြင်နေတဲ့ မြင်းလှည်းဆရာ
ဦးလေးကြီးက “ငါ့ တူမက ရန်ကုန်မှာ မွေးတာထင်တယ် ။ အညာသူတွေလည်း ရိုးတယ်ဆိုပြီးလျှော့မ
တွက်လေနဲ့ ။ အညာသူတွေလည်ရင် ရန်ကုန်သူတွေ ခံရတတ်တယ် ။ သူတို့ ရောင်းတဲ့ ယွန်းထည်တွေဟာ
ပင်ရင်းဆိုင်မှာဆိုရင် အနာအဆာလည်းမရှိ ၊ ဒီဇိုင်းများများလည်း ရွေးလို့ရတယ် ။ ဈေးလည်းပိုချိုတယ်” လို့
သတိပေးပါတယ် ။ သူက စေတနာနဲ့ ပြောတာနားလည်လိုက်ပေမယ့် ခုလို ဧည့်သည်တွေလာမှ ရောင်းရပြီး၊
သူတို့ စားဝတ်နေရေး ပြေလည်တတ်မယ့် ဈေးသည်အမကြီးတွေအတွက် မချမ်းသာတဲ့ကျွန်မတောင်
တကယ်ပဲ သူတို့တွက် အမြတ်အစွန်းကို အနည်းအကျင်းတော့ ပိုပေးလိုက်ရတာတွက် စိတ်ထဲမှာကိုယ်
တတ်နိုင်သလောက်လည်း ကူညီလိုက်ရတာဆိုပြီး ပီတိဖြစ်မိပါတယ် ။ (မြင်းလှည်းဆရာဦးလေကြီးက
ထပ်ပြောပါသေးတယ် ။ အားနာတတ်ရင် အားပါတယ် ငါ့တူမရဲ့တဲ့ ။ အားပါရင်တောင်စေတနာယောင်ပြန်
ဟပ်မယ်လို့ ကျွန်မယုံကြည်ပါတယ် ။)
ပုဂံမှာ ဧည့်သည်တွေကို (အများအားဖြင့် တိုးရစ်များ) ထိုမြင်းလှည်းဆရာဦးလေးကြီးတို့လို
လူတွေ ပင်ရင်း ဆိုင်ကြီးတွေကို ခေါ်သွားပေးရင် သူတို့ဝယ်သလောက် ကွန်မရှင်ရတတ်တယ်တဲ့ ။ နောက်
ထမင်းဆိုင်ကြီးတွေကို ခေါ်သွားပေးရင်လည်း မြင်းလှည်းဆရာ ဦးလေးကြီးတို့ကို ထမင်းကောင်းကောင်း
ကျွေးလေ့ရှိတယ်တဲ့ ။ ကျွန်မအမြင်တော့ အဲဒီပင်ရင်းဆိုင်ကြီးမှာ ယွန်းထည်ပစ္စည်းတွေ တကယ်ပဲပိုကောင်း၊
ပိုသန့်ပါတယ် ။ ဒါပေမယ့် ချမ်းသာပြီးရင်း ချမ်းသာနေတဲ့ သူတို့လိုလူတွေဆီထက် ခုနက ဘုရားမှာ အားပေး
ရတာ ပိုဝမ်းသာမိတယ် ။ (ဒါပေမယ့်လည်း တချို့ဈေးသည်တွေက အဲလို စေတနာကို ဝေဒနာဖြစ်အောင်
လုပ်တတ်ကြတာ မြင်ရတော့ ၀မ်းနည်းစရာပဲ။)
ဒါနဲ့ ထိန
ု ယ်တ၀ိကု မ
ှ်ာရှတ
ိဲ့ လူတွေရဲ့ စားဝတ် နေရေးပံစ
ုံတွေကလ
ို ည်း အနည်းနဲအ
့ များလေ့လာခွင့်
ရခဲ့တယ် ။ သူတို့ဟာ ကလေးလူငယ် အစအဆုံး ပုဂံကို ရောက်လာသူ တိုးရစ်တွေပေါ်မှာပဲစားဝတ်နေရေး

၅၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

အတွက် အတော်လေး မှီခိုနေရတဲ့ ပုံပါပဲ ။ ဘုရားတခုရောက်တာနဲ့ နိုင်ငံခြားပုံစံဝတ်ထားတဲ့လူကိုလှမ်းနှ


ုတ်ဆက်ကြတယ် ။ (ကျွန်မနဲ့ သူငယ်ချင်းကိုတော့ “ဟယ်လို.. ဂျပန် ။ see.. see.. cheap.. cheap” လို့
ဈေးခေါ်ကြပါတယ် ။ တကယ်တော့ ကျွန်မတို့မှာ ဂျပန်နဲ့တူတဲ့ ပုံစံရယ်လို့ တချက်လေးမှ မပါပါဘူး ။) ပြီးရင်
ကလေးတွေ ၀ိုင်းလာပြီး ဘုရားသမိုင်းအကြောင်းပြောရမလား မေးတယ် ။ နို့မဟုတ် လူသူ သိပ်မပေါက်တဲ့
ဘုရားတွေမှာဆို လက်နှိပ်ဓါတ်မီးတွေနဲ့ ဂူတွေထဲ လိုက်ပြပေးပြီး ၊ သူတို့ဆီမှ ယွန်းထည် ပစ္စည်းများ ၊ သဲ
ပိတ် ပန်းချီကားများ ၀ယ်ဖို့ အတင်းရောင်းကြတယ် ။ ဂျပန်လားလို့ အမေးခံရတိုင်း ဗမာလို့ပြောလိုက်တော့
“ဟာ ဗမာကြီးကွ”လို့ အော်ပြီး ၊ ရှဲသွားတတ်သလို ထပ်လိုက်ကြသေးတာလည်း ရှိတာပါပဲ ။
ပုဂံမှာရှိတဲ့ ကလေး လူငယ် လူကြီးတွေဟာ ကျောင်းစာ သိပ်မသင်ခဲ့ရပေမယ့် ၊ အင်္ဂလိပ်လို
အတော်လေး ပြောရဲကြတယ် ။ အသံထွက်ပုံတွေလည်း ကောင်းကြတယ် ။ တချို့ကလေးတွေဆို ဂျာမန် ၊
Italian , French အစရှိတဲ့ ဘာသာစကားတွေနဲ့ ဘုရားသမိုင်းတွေကို ရေပက်မ၀င်သလို ရွတ်နေကြတယ်။
တိုးရစ်တွေပြောတဲ့အတိုင်းလည်း လိုက်ဆိုကြတယ် ။ ဟိုလူတွေက သဘောကျပြီး မုန့်တွေဘာတွေ ပေးပေါ့။
တချို့ကလည်း ပိုက်ဆံပေးကြတယ် ။ (ပိုက်ဆံပေးတဲ့သူကိုတော့ သိပ်သဘောမကျဘူး ။ ကလေးတွေကို
အဲလိုပဲ ပိုက်ဆံမျှော်ကိုးတတ်သွားအောင် လုပ်နေသလိုပဲ ။)
နောက် ဟိတု ယ်တွေမှာ ၀ိတတ်ာ ၊ အလုပသ် မား လုပခ်ျင်လပ
ု သိမ
ု့ ဟုတ် စားသောက်ဆငို တ
် င
ွ လ
် ပ
ု ၊်
နောက် တိုးရစ်တွေပေးသော Tip အတွက် မျှော်ကိုး ။ သူတို့အတွက် အဲလိုနဲ့ လုံးခြာလိုက်နေသလိုပါပဲ။
ချမ်းသာတဲ့သူတွေကတော့ စားသောက်ဆိုင်၊ ဟိုတယ်တွေဖွင့်။ ဒေါ်လာတွေနဲ့ပိုက်ဆံယူ။ ပုဂံကိုလာတဲ့
တိုးရစ်တွေများလေ ချမ်းသာပြီးရင်း ချမ်းသာပေါ့။ ဧရာဝတီမြစ်ကမ်းတလျှောက် ဒီမော်တော်ကိုဌားပြီးသွား
နိုင်တယ်။
ဒုတိယနေ့ ညနေပိုင်းမှာ လိုက်ပို့ပေးတဲ့ ကားဆရာအကြံပြုချက်အတိုင်း ၄၅မိနစ်လောက်
ဧရာဝတီမြစ်တလျှောက် မော်တော်စီးပြီး ညနေ နေ၀င်ချိန်ကို ကြည့်ခဲ့တယ်။ လမ်းမှာသောင်ပြင်တခု
ပေါ်နားကြတော့ အဲဒီနေရာမှာ အိမ်ခြေ ၁၀ အိမ်လောက်နဲ့ လူတွေ ကို တွေ့ လိုက်ရတယ် ။ မြစ်လယ်မှ
သောင်ပြင်ပေါ်မှာ သူတို့ ဘာလို့များနေကြလဲလို့ မေးကြည့်တော့ မြစ်ထဲက ကျောက်စရစ်ခဲတွေ ကျင်ကြပြီး၊
သွားရောင်းကြတာတဲ့ ။ နွေနဲ့ ဆောင်းဆိုရင် အဲဒီ သောင်ပြင်မှာ တဲထိုးနေကြပြီး ၊မိုးတွင်းဆိုရင်တော့ ကမ်းပေါ်မှ
ရွာတွေထဲ ပြန်နေကြတယ်တဲ့ ။ အဲဒီမှာ ကလေးတွေကို ချိုချဉ်လေးတွေ ပေးတော့သိပ်ဝမ်းသာကြတာပဲ
။ သူတို့နေတဲ့ ယိုင်နဲ့နဲ့ တဲအိမ်တွေ ကြည့်ပြီး ကျွန်မစိတ်ထဲ လုံးဝမကောင်းဘူး။ သောင်ပြင်မှ ခနော်ခနဲ့
တဲအိမ်လေးများ၊ အပြစ်ကင်းစင်သော မြန်မာကလေးများ၊ နောက်နေ့တော့ ပုပ္ပားတောင်ကို ကားနဲ့
တက်ကြတယ် ။ အကွေ့ အကောက်တွေများတဲ့ လမ်းခရီးမှာ ဘုရားစာရွတ်ရင်းပေါ့ ။ နတ်တွေ ဘာတွေ
မကိုးကွယ်တဲ့ ကျွန်မအတွက် ပုပ္ပားတောင်မှာ ရှုခင်းတွေကလွဲလို့ ဘာမှ သိပ်မရှိခဲ့ပါဘူး ။
အဲလိုနဲ့ ပုဂံမှာ ၃ရက်ကြာခဲ့ပါတယ် ။ ရှေးခေတ် အနုပညာ လက်ရာတွေနဲ့ များပြားတဲ့ဘုရား
စေတီတွေကြည့်ဖို့ ၃ရက်ဆိုတဲ့ အချိန်ဟာ အနေတော်ပဲ ဖြစ်နေခဲ့တယ် ။ ယိုယွင်းပျက်စီးနေသော်လည်း
အံဖွယ်ရာ ရှေးခေတ် အနုပညာလက်ရာများ...

ဂျစ်တူး

၅၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ဒီနှစ် သကြားမင်းက ဟန်းဖုန်းကို ဘယ်လက်ကကိုင် ညာလက်က လက်တော့(ပ်) ကို ပိုက်ပြီး


လန်ခရူဆာစီးလို့ လူ့ပြည်ကိုဆင်းမယ်တဲ့သူဇာတာကမှာလိုက်တယ် ရှင်နော် ဘီယာမူးပြီး ကားမမောင်းနဲ့တဲ့
နောက်ပြီး ရှင့်လက်တော့(ပ်)နဲ့ ဟိုဆိုဒ်ဒီဆိုဒ်တွေ ရှောက်မ၀င်ခဲ့နဲ့ဗိုင်းရပ်(စ)ကူးလာမယ်တဲ့ နောက်ပြီး
ဟမ်းဖုန်းနံပါတ်ကို တွေ့ကရာ ကေတီဗွီက ကောင်မလေးတွေကို မပေးခဲ့နဲ့တဲ့ ရှင့်ကို ဖုန်းပေးလိုက်တာ
ကျွန်မနဲ့ အဆက်အသွယ်မပျက်အောင် လက်တော့(ပ်)ပေးလိုက်တာက ခွေးရေက ခေတ်မရှိတော့လို့
ကားပေးလိုက်တာက မျက်နှာမငယ်အောင် (မြန်မာပြည်မှာ) ကြောင်တောင်တောင်တော့ လုပ်မလာခဲ့နဲ့
သုဇာတာလက်ဝါး အကြောင်းသုံးပါး မရွေးဘူးတဲ့ ကျုပ်တို့ သကြားမင်းကြီးလဲ ထုံးစံအတိုင်းပါပဲ
ခေါင်းလေးညိတ်လို့ ထွက်ခဲ့တယ်။
သင်္ကြန်ပြီးလို့ တာဝတိ`ံတာပြန်ရောက်တော့ ကိုမာဃတစ်ယောက် ပြဿနာတက်ပါတော့တ
ယ်ရှင့်ကားက ဘယ်မှာကျန်ခဲ့တာတုန်းတဲ့ (မီးဝါဖြတ်မိတော့ အဖမ်းခံရတယ်လေ ၀ှီးတက်ကလည်းမပါ
နောက်ဆုံး Without ဆိုပြီး သိမ်းခံထားရတယ်လေ။ အဲ .. အဲ .. မူးနေတဲ့ကောင်တွေကို တိုက်မိမှာစိုးတာနဲ့
ဟွန်းလဲတီးမိသေးတယ်ဟ)
ရှင့်ဖုန်းက ခေါ်တိုင်း လူကြီးမင်းနေတော့တာပဲတဲ့ (ငါသွားလေရာရာ သစ်ရိပ်ဝါးရိပ်အောက်မှာမို့
လို့ပါသင်္ကြန်နွေဆိုတာပူတယ်လေ အေးရာအေးကြောင်းနေမိတာ အပြစ်လား) ရှင့်လက်တော့(ပ်)ကကော
ဘာကိစ္စပျက်လာရတာလဲတဲ့... (ဘက်ထရီကုန်တော့ လျှပ်စစ်မီးနဲ့ သုံးမိတယ်လေ လျှပ်စစ်မီးက
အတက်အကျမမှန်တော့ ပျက်သွားတာပေါ့)
ဒီလိုနဲ့ အိမ်သူသက်ထား ဇနီးမယားရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ ကိုမာဃခင်မျာ နောက်နှစ်တွေမှာ
ဘာအခြွေအရံ ပစ္စည်းမှ မပါပဲ လက်ဗလာနဲ့ လူ့ပြည်ကိုဆင်းရတော့မှာပေါ့လေ။ ။

သင်္ကြန်ရေနဲ့ အတူ ဘ၀အမောတွေကို ဆေးကြောကြမယ့် သူတွေအတွက် ဟာသလေးနှောလို့
တင်ဆက်လိုက်ပါတယ်။

ကိုရဲမွန်
q
၅၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

၁၉၉၆ခုနှစ်ရဲ့ ဆောင်းပေါက်ခါစ တစ်ရက်မှာပါ . . . . .

မန္တလေးတက္ကသိုလ် မိန်းဆောင် (Main Building) ရဲ့လှေကားတစ်တွေမှာ ပထမနှစ်


အသစ်စက်စက် ကျောင်းသားတွေဖြစ်တဲ့ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းနှစ်ယောက်ထိုင်နေကြရင်း
မိန်းကလေး လှလှလေးတွေကို ငမ်းနေကြတာတော့ အမှန်ရယ်ပါ။
ထိုအချိန်ပျာပျာသလဲ ရောက်လာတာက ပဲပင်ပေါက်လက်ရေး ပိုင်ရှင်သူငယ်ချင်းတစ်ယောက်။
ထိုပဲပင်ပေါက် လက်ရေးပိုင်ရှင် တောင်ပေါ်သား သူငယ်ချင်းရဲ့ စကားအဆိုအရသူအသည်းအသန်လိုက်
နေတဲ့ ကောင်မလေးကို စိတ်ဆိုးအောင် ဘာတွေသွား လုပ်လာမှန်းမသိ၊ သူရေးထားတဲ့တောင်ပန်စာကို
ကျွန်တော်က လက်ရေးလှလှနဲ့ ပြန်ကူးပေးရန် လာပြီးအကူအညီ လာတောင်းတယ်လေ။ ကျွန်တော်ဆိုတဲ့
ကောင်က ဒါမျိုးဆိုရင် ကူညီချင်တာက ရှေ့ဆုံးက။ ကျောင်းမှာတုန်းက မိန်းမချောလေးတွေရဲ့ပန်းချီပုံတူဆွဲ
ရန်၊ ကဗျာစာအုပ်တွေအတွက် ရုပ်ပုံများရေးဆွဲရမည် ဆိုလျှင် ဒီကကောင်က အခမဲ့ အိပ်စိုက်ကူညီရန်ဝန်
မလေးသူ။ ဒါနဲ့ဘဲ ကျောင်းထဲက လက်ဘက်ရည်ဆိုင်တစ်ခုမှာ သူငယ်ချင်းတွေနဲ့သွားထိုင်ရင်းသူရေးထား
တဲ့ စာလေး သုံး လေးကြောင်း ကို ရည်းစားစာ ရေးလျှင် သုံးတဲ့ စာရွက်လှလှလေးပေါ်မှာကူးပေးလိုက်တယ်။
မှတ်မှတ်ရရ အဲဒီတောင်ပေါ်သားလည်း ပျော်ပြီး သူစားထားတဲ့မုန့်ဖိုးတောင် မရှင်း ‘‘ငါ စာ သွားပေးလိုက်အုံး
မယ်လို့’’ ပြောပြောဆိုဆိုနဲ့ ထပြေးလေရော။
နောက်တစ်နေ့ ကျောင်းခန်းရှေ့မှာ သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်းကောင်မလေးတစ်
သိုက် ရောက်လာပြီး အဲဒီထဲမှ စာပေးခဲ့ရတဲ့ အနှီကောင်မလေးက တောင်ပေါ်သားကို လွယ်အိပ်နဲ့ပစ်ပေါက်ပြီး
‘‘နင်လို အကောင်မျိုးကို ငါက ဘာကိစ္စနဲ့ မှန်းရ မှာလဲ xxxxxxxxxxxxx’’ လို့အော်ရော၊ ပြီးတော့ဘာစကား
တွေမှန်းတောင် မသိတော့ပါဘူးဗျာ၊ သူ့သူငယ်ချင်းတွေကပါ မရပ်မနား တောင်ပေါ်သားကို ပြောဆိုပြီး
သူပေးခဲ့တဲ့စာနဲ့ မျက်နှာကို ပစ်ပေါက်သွားလေရော။ သူငယ်ချင်းတွေအားလုံးနဲ့ တစ်ခြားကျောင်းသူ
ကျောင်းသားတွေကတော့ ပါးစပ်ဟောင်းသားနဲ့ ‘‘ဘာလဲ ဟ’’ ပေါ့။ သူငယ်ချင်း မျက်နှာကတော့ ရဲတောက်၍
ကြောင်တောင်တောင် ဖြစ်နေရှာပါတယ်။
မနေနိုင်တဲ့ ကျွန်တော်က လုံးထွေးနေတဲ့စာလေးကို ဖြီပြီး အခြားသူငယ်ချင်းတွေနဲ့ ဖတ်မိတယ်။

၅၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

စာက ကျွန်တော့်လက်ရေး အတိုင်းပါပဲ။ ရုတ်တရက် သူငယ်ချင်းတစ်ယောက်က ‘‘သေဟေ့ သေသေ’’


‘‘ဟေ့ကောင် မင်း (မုန်း) ကိုပေါင်းတာ (မှန်း) ဖြစ်နေပြီကွ’’ ဟုတ်ပါသည် (တစ် ခေါင်း ငှင်) အစား (ဟတ် ထိုး)
များနှင့်ပေါင်းမိ၍ စာမှာ ‘‘နင် ငါ့ကို မှန်းနေလား၊ နင် ငါ့ကို မှန်း နေတယ်ဆိုတာ ငါသိပါတယ်၊ ငါ့ရဲ့လုပ်ရပ်တွေ
အားလုံးကလည်း နင် မှန်းလည်း မှန်းလောက်စရာပါပဲလို့ ငါသိနေပြီးသားပါ။ ဒါပေမဲ့ နင်ငါ့ကိုနောက်ထပ်ပြီးမ
မှန်း ဖို့ ငါတောင်းပန်ပါတယ်’’ ဟူ၍ ဖြစ်သွားတယ်။ ‘‘သေကွာ’’ ဆိုတဲ့နောက်ဆုံးမှာတော့ သူငယ်ချင်းကိုတော့
‘‘ငါ စာလုံးပေါင်းမှားသွားလို့ ငါ့ကိုခွင့်လွှတ်ပါကွာ’’လို့ တောင်းပန်လိုက်ပါတယ်။ သူက ‘‘ရပါတယ်’’ လို့
ငိုသံပါကြီးနဲ့ ဖြေလိုက်ပါတယ်။ အမှန်တကယ် စာထဲမှာ အဲဒီကောင်မလေးနာမည်ကို စာထိပ်မှာရယ်
တောင်ပေါ်သား နာမည်ကို စာရဲ့အောက်မှာရယ် ကလွဲလို့၊ စာရဲ့ အဓိပ္ပာယ်အရင်းက ရှင်းပါတယ်... ‘‘နင် ငါ့ကို
မုန်းနေလား၊ နင်ငါ့ကို မုန်းနေတယ်ဆိုတာ ငါသိပါတယ်၊ ငါ့ရဲ့ လုပ်ရပ်တွေအားလုံးကလည်း နင် မုန်းလည်း
မုန်းလောက်စရာပါပဲလို့ ငါသိနေပြီးသားပါ။ ဒါပေမဲ့ နင်ငါ့ကိုနောက်ထပ်ပြီးမမုန်း ဖို့ ငါတောင်းပန်ပါတယ်’’
ဆိုတာပါပဲ။ သူရေးခိုင်းလို့ သာရေးပေးလိုက်ရပါတယ် သူနဲ့ အဲဒီကောင်မလေး အကြောင်း၊ သူ့နဲ့ဘာပြဿနာ
တွေ ဖြစ်ခဲ့သလဲ ဆိုတာကိုလည်း အဲဒီတုန်းက မသိရိုးအမှန်ပါ။ နောက် မေးကြည့်တော့မှာ စတွေ့လို့
ရည်းစားစကား လိုက်ပြောရုံ အဆင့်သာ လို့သိလိုက်ရတော့တာပါပဲ။ စာရေးတုန်း ဘေးမှာရှိခဲ့တဲ့
သူငယ်ချင်းက စပ်စပ်စုစု စာကိုဝင်ဖတ်ပြီး သူထသွားတော့ ‘‘ဒီကောင် တောင်ပေါ်သား ရည်စားစာပေးတာ
ပြတ်တယ်ကွ၊ ကောင်မလေး ဖတ်ချင်အောင် ကဗျာလေးတောင် ထည့်မရေးဘူးလို့’’ ဟာသလေးတောင်
နှောလိုက်ပါသေးတယ်။
အဲဒီတုန်းကတော့ ကျွန်တော်တို့သူငယ်ချင်းတွေ သူ့အတွက် အနှီကောင်မလေးဆီသွားပြီး
ဖြစ်ကြောင်းရယ်မှ ကုန်စင် ပြောပြခဲ့ပါသေးတယ်။ ဒါပေမဲ့ အပြောကြီးတဲ့ရွှေမင်းသမီးက မာနတွေအပြတ်ကြီး
ပြနေလေရဲ့။ ကြီးလည်းကြီးချင်စရာ ဘာကြောင့်လဲဆိုတော့ သူ့ကိုလိုက်တဲ့ ဘဲတွေ ငနဲတွေက တစီတတန်း၊
တို့တောင်ပေါ်သားလည်း အပါပေါ့ သူ့ကိုယ်သူ ရုပ်ရှင်မင်းသမီးများ မှတ်နေတာလားမသိ သို့တည်းမဟုတ် ရု
ပ်ရှင်ရိုက်ကွင်းတစ်ခုတွင် သရုပ်ဆောင်နေတယ်လို့ ထင်နေသလားတော့ မသိရိုးအမှန်ပါ၊ စိတ်ဆိုးမာန်ဆိုးနဲ့
ဒေါသအမျိုးမျိုးကိုထွက်နေတဲ့ အမူအရာတွေ အမျိုးမျိုးလုပ်ပြနေတော့တာပါပဲ။ မျက်နှာကို ရှုံမဲ့၍ နှုတ်ခမ်းစူ
နှုတ်ခမ်းပြတ်မတတ် ကိုက်ပြနေတော့တာပါပဲ။ နောက်ဆုံး ‘‘ရှင်တို့အခုထွက်သွား၊ အခုထွက်မသွားရင်
ပါချုပ်နဲ့ သွားတိုင်မယ်’’ ဆိုတော့မှ လက်လျှော့လိုက် ရပါတော့တယ်။
သူငယ်ချင်းတစ်ချို့ကတော့ စစနောက်နောက်နဲ့ ‘‘မင်းတော့ ဒါ သီးသန့် ဇာတ်လမ်းတော့လုပ်ချ
လိုက်ပြီ’’ လို့ ဆိုကြပါတယ်။ တစ်ယောက်သော သူငယ်ချင်းကတော့ ‘‘နင် ဒါတော်သေးတယ် ငါဆိုရင်တော့
ပါးကျိုးအောင်ရိုက်မယ်’’ လို့ ဆိုရော။ ကျွန်တော်လည်း အဲဒီတုန်းက စိတ်တော်တော်ညစ်ခဲ့ရတယ်။
သူငယ်ချင်းတစ်ချို့ကတော့ ‘‘ခေါက်ထားလိုက်ပါ သူ့ကိစ္စ သူ့ဘာသာ ရှင်းလိမ့်မယ်၊ မင်းဘာမှ စိတ်ညစ်မ
နေနဲ့လို့’’ဆိုပါတယ်။ ညနေဖက် အမကြီးတွေအဆောင်ကို သွားလည်တော့ (ကျွန်တော်တို့အခေါ်အစ်မ
ကြီးတွေပေါ့၊ ဘာကြောင့်လဲ ဆိုတော့ သူတို့က 4th year ကျောင်းသူကြီးတွေပါ။)သူတို့ကတော့ကျွန်တော်
တို့ သူငယ်ချင်းတစ်သိုက်ကို ‘‘ငါ့မောင်တို့ရယ် အသစ်ကလေးတွေမို့လို့ဒါလောက်အကဲပိုပြနေတာပါ’’ လို့
နှစ်သိမ့်ရှာပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ စာလုံးပေါင်းမှားပေါင်းမိတာကလွဲလို့ တခြားဘာစိတ်ကူးမှ
မရှိခဲ့ပါ။ နောက်ရက်များမှာတော့ တောင်ပေါ်သားလည်း ကျွန်တော့်အပေါ်အရင်လိုမဟုတ်တော့၊ သူငယ်
ချင်းအဖြစ်ပေါင်းသင်းဆက်ဆံမှု့နဲ့ အပြုံးအရယ်ကိုပါ တစ်ဝက် ကျော်ကျော် လျှော့ချလိုက်တာကိုတော့
သတိထားမိလိုက်ပါတယ်။ နောက်ကျောင်းပိတ်လို့ သူတို့တွေလည်း နယ်တွေကို အသီးသီး ပြန်သွားကြ
ပါတယ်။
နောက် လအတန်ကြာတော့ အိမ်နားက ခေါက်ဆွဲဆိုင် အသွား အနောက်ကနေနာမည်ခေါ်
သံကြားလို့ လှည့်ကြည့်တော့ တောင်ပေါ်သား၊ ဆိုင်ကယ်နောက်ကတော့ကောင်မလေးတစ်ယောက်။ ထင်
တဲ့အတိုင်းပါပဲ သူ့ရည်းစားလို့ မိတ်ဆက်ပေးပါတယ်။ နောက်တော့လက်ဘက်ရည်ဆိုင်သွားထိုင်ပြီး ကျောင်း
ကသူငယ်ချင်းအကြောင်းတွေကို နာရီအတော်ကြာတ၀ကြီးထိုင်ပြောကြတယ်။ သူ့ကို ‘‘မိမုန်းနဲ့ရောတွေ့
သေးလားလို့’’ မေးတော့ ‘‘တော်ပါတော့’’လို့ရယ်ပြီးပြောပါတယ်။ နောက်နှစ်အနည်းငယ် အကြာမှာတော့
မိမုန်းတစ်ယောက် နယ်မှာ လင်ရ . . . . . အဲလေ . . . . . အိမ်ထောင်ကျသွားတယ်လို့ ကျောင်းက
စကားဝိုင်းတစ်ခုက ကြားရပါတယ်။
နှုတ်တစ်ရာ စာတစ်လုံး ဆိုတာ ဒါမျိုးကိုလည်း ဆိုလိုနိုင်ပါတယ်။ ယခုထက်ထိအောင်

၅၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

ကျွန်တော်ကတော့ စာလုံးပေါင်းမှားမြဲ မှားနေဆဲပါပဲ။ ကလေးကျောင်းသားဘ၀ကတော့ ဆရာမတွေက


“နင် ရှန်းလို့” ဆုမရတာလို့ ဆိုကြပါတယ်။ ရုံးမှာလည်း တစ်ခါတစ်လေ စာလုံးပေါင်းမှားမိလို့ လူကြီးတွေရဲ့
သတိပေးခြင်းကို ခံခဲ့ရသေးတယ်။ ဒါပေမဲ့ လုပ်ရပ်တိုင်းမှာက ကျွန်ပျူတာလို Undo နှိပ်၍နောက်ပြန်သွား
လို့မရပါ။ မမှားတာပဲကောင်းပါတယ်။
ဒီလောက်ပါပဲ။ ယခုဆိုရင်တော့ ဒီအကြောင်းအရာလေးက ၁၀ နှစ်ပြည့်တော့မည်။ ကျွန်တော့်
ဘ၀မှာ ကျွန်တော်ချစ်တဲ့ မန္တလေးမြို့ရယ်၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ခဲ့ကြတဲ့မန္တလေးတက္ကသိုလ်ရယ်
ကိုတော့အမြဲအမှတ်ရနေဆဲပါ။ ရင်ထဲအသည်းထဲက ခံစားမှု့တွေကတော့ စာစီကုံးလည်း လက်ရှုံးရုံသာဖြစ်
ပေတော့မည်။ ရေးမပြတတ်တော့ပါ။
ဒီလောကမှာ တောင်းပန်တိုင်းလည်း လွယ်လွယ်နဲ့ခွင့်မလွှတ်တတ်ကြသော မိမုန်းလေးများနှင့်
မိမုန်းကြီးများလည်း ဆက်၍ မှန်းနိုင်ကြပါစေ . . . . . အဲ . . . . . မုန်းနိုင်ကြပါစေ။

အမှားပါရင်တော့ ခွင့်လွတ်နိုင်ကြပါစေ။

ကိုတိုး

၅၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ကျွန်တော်ကျောင်းတက်ကတည်းက ကျောင်းမှာ စလုံး တရုတ်တွေရော၊ မလေးတွေပါ


မြန်မာလိုတွေတစ်လုံး နှစ်လုံးပြောနေကြတာ ခဏခဏကြားရပါတယ်။ ဥပမာ “မင်္ဂလာပါ”တို့
“နေကောင်းလား”တို့။ သူတို့သူငယ်ချင်း မြန်မာတွေသင်ပေးထားနေမှာပေါ့။ ဒါပေမယ့် တစ်ခါတစ်လေမှာ
တော်တော်လေးမိုက်ရိုင်းတဲ့ မြန်မာစကားတွေကိုလည်း အဲဒီသူတွေဆီကနေ ကြားရတတ်ပါတယ်။
ဒါလည်း စောစောက သူတို့သူငယ်ချင်းတွေပဲ သင်ပေးထားတာနေမှာပါ။ နိုင်ငံခြားသားတွေက အဓိပ္ပါယ်
ကိုသေသေချာချာနားမလည်လို့ ပြောတာဖြစ်ပေမယ့် ကျွန်တော်တို့မြန်မာတွေကတော့ နင့်ကနဲနေအောင်
ခံရတာတွေရှိပါတယ်။ တခါတလေ သူတို့က အဲဒီမိုက်မိုက်ရိုင်းရိုင်းတွေကို မြန်မာကောင်မလေးတွေကိုပါ
လိုက်ပြောတတ်ပါတယ်။ အဲဒီအခါကျရင် ကိုယ်က ဘယ်သူကိုစိတ်ဆိုးရမှန်းမသိဖြစ်ပြီး အဓိကတော့
အဲဒီသင်ပေးတဲ့ မြန်မာတွေကို လုံးဝမကျေနပ်ပါဘူး။
အခုလုပ်ငန်းခွင်ဝင်တော့လဲ အလုပ်ထဲကလုပ်ဖော်ကိုင်ဖက် မလေးတွေ၊ တရုတ်တွေကလည်း
မြန်မာလိုတွေပြောကြတယ်။ ကျွန်တော်တို့ အလုပ်မှာ လူသုံးဆယ်လောက်ပဲရှိတာ မြန်မာက
၆ယောက်လေ။ အဲဒီတော့ အလုပ်ထဲက နိုင်ငံခြားသားတွေကလဲ `ဆေးလိပ်တောက်မီ´တို့ `ထမီးစား´တို့
ပြောတတ်ပါတယ်။ တစ်ယောက်ဆို ကောင်မလေးချောချော မြင်တိုင်း `လှတဲ၊ လှတဲ´။ သိပ်မချောရင်
`မီလှဘူး´ပြောတတ်ပါတယ်။ မြန်မာကောင်မလေးတစ်ယောက်ယောက်ကို `မီလှဘူး´သွားပြောမိလို့
ပါးကျိုးမှာ မြင်ယောင်ပါသေးတယ်။ သူငယ်ချင်းတစ်ယောက်ကတော ကျောင်းက့ တရုတ်မလေးတွေကို
သူငယ်ချင်းတွေကို မြန်မာလို့ မောင်လို့ ခေါ်တယ်ဆိုပြီးသင်ပေးဖူးတယ်။ ကောင်မလေးတွေက သူ့ကို
`မောင်´`မောင်´လို့ သူသင်ပေးတဲ့ အတိုင်း ခေါ်ကြတာ့ ဒီကောင်က ပြုံးပြုံးကြီးပေါ့။ နောက်ပိုင်းကျတော့
သူငယ်ချင်းကောင်လေးတွေကပါ သူ့ကို `မောင်´ဆိုပြီးခေါ်ပါလေရော။ အဲတော့မှ သူ့မှာဒုက္ခရောက်ပြီ။
နောက်ဆုံးတော့ မောင်ဆိုတာ မိန်းကလေးကပဲ ယောက်ျားလေးကို ခေါ်လို့ရတာ ယေကျာင်္းလေး
အချင်းချင်း ခေါ်လို့မရဘူး လို့ လျှောက်ပြောရော။ ဒါပေမယ့် မရတော့ပါဘူး။ အဲဒီကောင်တွေအားလုံး
ကျွန်တော့်သူငယ်ချင်းကို လမ်းမှာတွေ့ရင် `မောင်´လို့ခေါ်နေကြတုန်းပါပဲ။

ဇင်ကိုလတ်
q
၅၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

ဖြစ်ရပ်(၁)

ကျနော် ဆိုတဲ့ ကောင်က သီချင်းဆို အင်မတန်ဝါသနာကြီးတာ ဘယ်လောက်တောင် ၀ါသနာကြီး


သလဲ ဆိုရင် စားရင်း သောက်ရင်း သွားရင်း လာရင်း အလုပ်လုပ်နေရင်း သီချင်းလေး တငြီးငြီး တဆိုဆို
ဆို အလုပ် အလွန် စားလို့ကောင်း သောက်လို့ကောင်း အလုပ် လုပ်လို့ ကောင်းဗျာ။ ငယ်ငယ်တုန်းက
ဆိုရင် ထမင်းစားရင်း တီဗွီကြည့် သီချင်းကောင်းလေးတွေလာလို့ စားနေလက်စ တန်းလန်းနဲ့ သီချင်းဆိုလို့
အမေရိုက်တာကို ခံရပေါင်းလဲ မနည်းပါဘူးဗျာ အဲဒီလောက်ထိ...
တစ်နေ့တော့ အလုပလ် ပ
ုနေရင်း အလုပထ
် မ
ှဲာ ကျနော့် Supervisor က တရုတသ
် ခ
ျီင်းဖွငထ
့်ားတာ
ဟိုဗျာ စိုင်းဆိုင်မော်ဝ်ရဲ့ “မောင်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ” ဆိုတဲ့ သီချင်းလေးနဂိုကတည်းက ဒီသီချင်းက
အလိုက်ကောင်းတာဗျ ကျနော်က တရုတ်လို မဆိုတတ်တော့ ကျနော်ရတဲ့ အတိုင်းမြန်မာလိုလိုက်ငြီး
နေတာပေါ့ “မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ” ဆိုတဲ့ Chorus အပိုဒ်လေး ရောက်ရင် အသံလေး ဘာတွေ
ကျယ်သွားတော့ ဒီကောင် ဘာဖြစ်တယ် မသိပါဘူး ဇတ်ကနဲဆို နောက်တစ်ပုဒ် ကို ကျော်ပြစ်လိုက်တယ်ဗျာ
အဲဒါနဲ့ နေပါဦး ဘာဖြစ်လို့လဲလို့ ဒီကောင် ကိုလှမ်းမေးတာပေါ့၊ “အဲဒီသီချင်းလေးကောင်းတယ်ကွ”
ပြန်ဖွင့်လိုက်ပါ ဘာညာနဲ့ ပြောတော့ ဒီကောင်က ကျနော့်ကို ဘာပြန်ပြောသလဲ ဆိုတော့ “မင်းကို
ငါကြည့်နေတာကြာပြီ” တဲ့ “ငါ သီချင်း ဖွင့်လိုက်တိုင်း မင်းလိုက်ဆိုနေတာချည်းဘဲ“တဲ့ “ဆိုလိုက်တိုင်းလဲ
မင်းတို့စကားနဲ့ချည်းဘဲ” လို့ ပြောတော့ ကျနော်လဲ တော်တော်စိတ်ပေါက်သွားပြီး “အဲဒီ့သီချင်းက ငါတို့
မြန်မာတွေအရင်ဆိုတာကွ နောက်မှ မင်းတို့ တရုတ် တွေလိုက်ဆိုတာ” (အမှန်ကတော့သိသိကြီးနဲ့ပြော
တာပါ copy မှန်း ကျနော် သိပါတယ်) လို့ပြန်ပြော လိုက်တော့ ငနဲသားက ရှုးရှုးရှဲရှဲ ဖြစ်သွားပြီး “မင်းဘယ်နှစ်
ခုနှစ် မွေးတာလဲ” ဘာလဲနဲ့မေးတော့တာပါဘဲဗျာ ကျနော်ကလဲ မလိမ်ချင်တာနဲ့ အမှန်အတိုင်းပြောပြလိုက်
တော့ သူက ဘာပြန် ပြောတယ်ထင်သလဲဗျ သိလား “မင်းဆိုနေတဲ့ငါတို့တရုတ်သီချင်းကမင်းမမွေးခင်က
တည်းက ပေါ်နေတာ” တဲ့ဗျာ ကဲ ကောင်းကြသေးရဲ့လား ...

၅၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ဖြစ်ရပ်(၂)

အဲဒီ့နေ့က ကျနော် နားရက်ဗျ၊ နားရက်ဆိုတော့ သိတဲ့အတိုင်းဘဲပေါ့ဗျာ Kuala Lumpur


မြိုလ
့ ည်ကောင် ကုသွိားချင်သွား၊ ဖတ်ချင်တစဲ့ာအုပ်တွေဝယ်၊ စားချင်တာစားနဲ့ ပြီးတော့ မြိုထဲ့က မြန်မာဆုင
ိ မှ်ာ
မြန်မာဗွီဒီယို ဇာတ်ကားတွေ မကြည့်ရတာကြာတာနဲ့ တစ်ခွေလား၊ နှစ်ခွေလား မမှတ်မိတော့ပါဘူး
ဝယ်ပြီး အိမ်ကိုပြန်လာ တစ်အောင့်တစ်နေ ထိုင်နားပြီးတော့ ခွေထိုင်ကြည့်နေတာပေါ့ဗျာ ခွေကြည့်ရင်းပ
ထမပိုင်းပြီးကာစဘဲ ရှိပါ သေးတယ် အလုပ်ထဲက နိုင်ငံသားတရုတ်တစ်ကောင် အိမ်ကိုလာလည်တာနဲ့
သူနအဲ့ လာပသလာပပြော ခွေကလိုဲ ဆက်ကြည်ရ့  င်းပေါ့ဗျာ ဒုတယ
ိ ပုင
ိးဇာတ်သမ
ိးခါနီးပြီဆိုတော့ ဇာတ်ရနှိ က်
တက်နေတာပေါ့ဗျ ဘာတဲ့ ကားနာမည်က “ရင်ဝယ်ထား သားလဲမဟုတ်” တဲ့ အဲဒီကား ဇာတ်သိမ်းခါနီးမှာ
မင်းသားက ဓါးနဲ့အထိုးခံထား ရတော့ သေခါနီးဆဲဆဲပေါ့ဗျာ၊ မင်းသားအဖေအဖြစ် သရုပ်ဆောင်တဲ့ဦးအောင်
ခိုင်က အရင်အကြောင်းတွေ ပြန်ပြောင်းပြောပြောပြီး ငိုတာပေါ့၊ ကျနော့်အထင် အဲဒီ ဇာတ်သိမ်းခန်းတင်
၁၀မိနစ်လောက်ကြာမယ်ထင်တယ် အဲဒီမှာဘဲဗျာ ဘေးနားမှာထိုင်နေတဲ့ တရုတ်က ထမေးတော့တာပါဘဲ
“မင်းတို့မြန်မာကားကို ငါကြည့်နေတာ” တဲ့ “ငါနားတော့မလည်ပါဘူး”တဲ့ “ဒါပေမယ့် ဒဏ်ရာရနေတဲ့ လူကို
ဘာဖြစ်လို့ ဆေးရုံကို မြန်မြန်မပို့တာလဲ” တဲ့ “ငိုနေပြီးစကားပြောနေလို့ ဘာဖြစ်မှာလဲ” တဲ့ ကဲကောင်းကြသေး
ရဲလားဗျာ ကျနော် ဘာပြောလို့ ဘာပြန်ပြော ရမှန်းကို မသိတော့ပါဘူး.....

ကျော်ဇေယျ

၅၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

မိတ်ဆွေ ခင်ဗျားဘ၀မှာ တစ္ဆေခြောက်တာကို ကြုံတွေ့ဖူးလား၊ ကြုံတွေဖူးခဲ့ရင် ခင်ဗျားတော်တော်


ကြောက်သွားလား တစ္ဆေတစ်ကောင်နဲ့ မျက်နှာချင်းဆိုင်နေတုန်းမှာ ခင်ဗျားဘာတွေလုပ်ခဲ့လဲ။
ဒါမမဟုတ်ရင် တစ္ဆေဆိုတာ ကိုမတွေ့ဘူးသေးရင်၊ တစ္ဆဆိုတာကို အပြင်မှာ မရှိဘူးလို့ တစ်ထစ်ချ ယုံကြည်
ထားတယ်ဆိုရင် . . . . တကယ်လို့များ ခင်ဗျားနဲ့ တစ္ဆေ အပြင်မှာ တွေ့ခဲ့ရင် ခင်ဗျားဘာလုပ်မလဲ . . . .
အဲဒီအချိန်တုန်းက ကျွန်တော် ရန်ကုန်ကို မရောက်သေးဘူး၊ မှတ်မှတ်ရရ ပြောရရင် ဆယ်တန်း
အောင်တဲ့နှစ်က ပေါ့ဗျာ။ အသက်က ၁၇ နှစ်ကျော်ကျော်။ တစ္ဆေဆိုတာကို လုံးဝမယုံဘူးဗျ။ ကိုယ့်ကိုယ်လဲ
ဗိုလ်သင်တန်း လျှောက်ပြီး စစ်တိုက်မဲ့ အနာဂတ်ရဲ့ သူရဲကောင်းကြီး တစ်ယောက်လို့ ခံယူထားတယ်။ အဲလို
လူငယ်ပီပီ တက်ကြွတဲ့ စိတ်ဓာတ်နဲ့ နီရဲနေတဲ့ သတ္တိသွေးတွေက သစ္ဆေတစ်ကောင် နဲ့ ပက်ပင်းတိုးမိချိန်မှာ
တော့ . . . .
“ ဟဲ့ကောင်လေး နေစောင်းနေပြီ မပြန်နဲ့တော့ ဒီမှာညအိပ် ’’
‘‘ အဖွားကလဲ ရပါတယ်၊ ကျွန်တော် မကြောက်တတ်ပါဘူး၊ ဒီလမ်းလောက်က တော့အေး
ဆေးပါ ’’
ကျွန်တော့ အဖွားရဲ့ ညီမ အဖွားလေး မိစီ ကျွန်တော့ ကိုအတန်တန်တား နေတဲ့ကြားက ဇွတ်ထွက်
လာခဲ့တယ်။ အချိန်က နေ၀င်ရိုးရီ။ ကျွန်တော့် အိမ်က မြို့ထဲမှာ။ အခုရောက်နေတာကကျွန်တော့ အဖေရဲ့
ဇာတိရွာလေး။ မြို့နဲ့ ဆိုရင် နှစ်နာရီ လောက်စက်ဘီး စီးရတယ်။ လမ်းမှာက သုသန် သုံးခုကိုဖြတ်ရတယ်။
တစ်ခုက ကျွန်တော်တို့ ကြို့ခုံရွာရဲ့ သုသန်၊ တစ်ခုက ဇီးခုံသုသန်၊ နောက်ဆုံးတစ်ခုက မြို့အ၀င်က မြို့သုသန်။
န.၀.တ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောမောင်ရဲ့မိခင် အုပ်ဂူရှိတယ်ဆိုတဲ့ သင်္ချုင်းပေါ့။ အဲဒီအထဲမှာ
နာမည်ကြီးဆုံး သုသန်ကတော့ ဇီးခုံသုသန်။ ကျွန်တော် ကြားဖူး ထားသလောက် ပြန်ပြောပြရရင် နံနက်
ဝေလီဝေလင်းမှာ ငါးသွားရောင်းတဲ့ ရွာတောင်ပိုင်းက ဒေါ်ခင်စန်းကိုခဏရပ်ခိုင်းပြီး ငါးတွေ လက်နဲ့နိုက်စား
တာတို့ ။ နွားလည်းတွေ အရှေ့မှာ လက်ကြီးနဲ့ ထွက်ထွက်တားတာတို့။ နွားလည်းလမ်းမကြီးပေါ်မှာ
နောက်ကြော ပေးပြီးကွမ်းအစ်ကြီး တစ်လုံးနဲ့ ကွမ်းထိုင်ယာနေတာတို့။ အဲလိုနည်းမျိုး စုံနဲ့ ခြောက်လှန့်
တတ်တယ်ဆိုပဲ။
ဒါပေမယ့် ဒီသုသန်ရဲ့ သတင်းတွေက ငြိမ်ချက်သား ကောင်းနေတာကြာပြီ။ ကျွန်တော်

၅၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

သုံးတန်းနှစ်လောက်က တစ်ခြားတစ်နယ်က သားမက်တက် လိုက်လာတဲ့ ရွာလူကြီးရဲ့ သမက်ကို


ခြောက်လို့ ၊ ရွာလူကြီးက သုသန် တစ်ကုန်းကို ငွေနှစ်ရာပေးပြီး သစ်ပင်မှန်သမျှ အကုန်သတ်ခိုင်းလိုက်တာ၊
အဲနောက်ပိုင်း သုသန်နှစ်ခုလုံး(မြို့ အ၀င်က သုသန်မပါ) ပြောင်သလင်း ခါသွားပြီး ချုံပင်တောင်မပေါက်နိုင်
တော့ဘူး။
အခုကို တော်တော်လေး မှောင်နေပြီ၊ ကျွန်တော်က အခုမှ ရွာကထွက်ခါ စပဲရှိသေးတာ။
လဆုတ်ရက်လည်း ဖြစ်ပြန်ဆိုတော့ အလင်းရောင်က မုံတိမုံဝါးနဲ့။ နောက်ထပ် ၁၅ မိနစ်လောက်
စက်ဘီးစီးလိုက်ရင် ကြို့ခုံ သုသန်ကို ရောက်ပြီ။ သုသန်ရှေ့ကိုရောက်တာနဲ့ ဘာမှမမြင်ရသလောက်
နီးနီးမှောင်မှာနဲ့ ကွက်တိလောက်ပဲ။ ကြို့ခုံသုသန် နဲ့ ဇီးခုံသုသန်က ဘေးချင်းကပ်လျှက် အလယ်မှာ
လှည်းလမ်းလေး တစ်ခုပဲခြားတယ်။ သူတို့နှစ်ခုက ဆက်သလောက် နီးနီးကပ်နေပေမယ့် ခြောက်တယ်လို့
နာမည်ထွက်တာက ဇီးခုံဘက်အခြမ်းက ကြို့ခုံဘက် အခြမ်းကတော့ ကျွန်တော့ တစ်သက်နဲ့တစ်ကိုယ်ခြော
က်တယ်လို့ မကြားမိသေးဘူး။
ဟောပြောရင်းဆိုရင်း သုသန်နားလေးတောင် ရောက်လာပြီ။ သွားနေကြ လာနေကြ လူမို့သာ
ဒီလမ်းတွေကို အလွတ်ရနေလို့ ။ အလင်းရောင် မရှိ ဓာတ်မီးမရှိပဲ သွားနေကြမဟုတ်ရင်သွားလို့ရမှာမဟုတ်
ဘူး။ လမ်းကတော်တော် မှောင်နေပြီ။ အမှောင်ထဲမှာ အကြောင်းတစ်ခုခုကြောင့်စက်ဘီးလဲသွားရင်
သုသန်အရှေ့မှာ ဆိုတော့ မကောင်းဘူး။ ဖုတ်ဝင်တို့ ဘာတို့ဖြစ်တတ်တယ်။ ဘာပဲဖြစ်ဖြစ် သုသန်အရှေ့မှာ
တော့စက်ဘီးကို ဆင်းတွန်းမှပဲ။
တောင်လေတိုးသံက နားထဲမှာ တရှီးရှီးနဲ့ကြားနေရတယ်။ လေတိုးလိုက်တိုင်း ရိမ်းနွဲ့နေတဲ့
လမ်းဘေးက မျက်ရိုင်းပင် ကြီးတွေရဲ့ အရိပ်က အမှောင် ထဲမှာပြေး တမ်းလိုက်တမ်း ကစားနေကြတဲ့
လူတွေလိုလို။ ဘာလိုလို။ အဲဒီလူတစ်ရပ် စာလောက် မျက်ရိုင်းပင် ကြီးတွေကိုကြည့်ရင်ွးက တစ်ချက်
တစ်ချက် ကြောချမ်းချမ်းသွားတယ်။ နှစ်ဖာလုံလောက် အကွာကရထား တစ်စီးခုတ်မောင်းနေတာကို
မြင်နေရတယ်။ နီးတာဝေတာ အသာထား ရထားလေးကို မြင်လိုက်တော့ နည်းနည်းတော့ အားရှိလာသလိုပဲ။
ရထားကလည်း တစ်ဖြေးဖြေးချင်း ဝေသွားပြီ။ ကျွန်တော် တွန်းနေတဲ့ စက်ဘီးကလည်း ကြို့ခုံ သုသန်
ကိုလွန်လို့ သုသန်နှစ်ခုကြားက လှည်းလမ်းကိုတောင် ကျော်စပြုပြီ။ စိတ်ကသိလိုက်ပြီ ဇီးကုန်သုသန်
ရှေ့ကို စရောက်နေပါပြီလား။
ပတ်ဝန်းကျင် အသံကတိတ်ဆိတ်နေတယ်။ ပျောက်ကွယ်သွားတော့မယ့် ရထားလေးးကို
ကြည့်ရင်း အားငယ်သ လိုလိုပဲ။ ဒီလောက် ကတော့ Small လေးပါ တစ်ချိန်ကြရင် လူသေအလောင်း
တွေကြားမှာ သေနတ်တစ်လက် နဲ့ ပြေးလွှား နေရဦးမှာပဲ။ ဘာကြောက်စရာ ရှိလို့လဲ။ ကိုယ်ဘာသာကို
သာအားပေး နေရတယ် စိတ်ကတော့ သိပ်မဟန်လှ။ ဇီးခုံသုသန် လွန်ခါးနီးရောက်ပြီ။ ဟာ . . . .
စက်ဘီးကို ဆက်တွန်းလို့ မရတော့ဘူး။ သေချာပြီ စက်ဘီးကို အနောက် ကတစ်စုံ တစ်ယောက်
ဆွဲထားပြီ။ ဟေ့ဘယ် ကောင်လဲကွ ငါ့စက်ဘီးကိုဆွဲတာ။ ကျွန်တော် အော်ပြောနေ ပေမယ့် ထူးခြားမလာ။
ဟေ့ကောင် သောက်ရူးတွေ ကြောက်မယ်များ ထင်နေကြလား။ ပြောရင်းဆိုရင် ကျွန်တော် နောက်ပေါက်နဲ့
နွားကန်လှမ်းကန် လိုက်တယ်။ ဘာကိုမျှမကန်မိ။ ချွေးစေးတွေ ထွက်လာပြီ။ ကြက်သိမ်းတွေလဲ ထလာပြီ။
ဟေ့ကောာင် ငါနှစ်ခါ ထပ်ပြောချင် ဘူးနော်။ ဟန်လုပ် ၍သာပြောလိုက်ရသည် စကားလုံးတွေက
အမြီးအငှောက် မတည့်။ လူကလည်းပြတ် လိုက်တာလွန်ရော။ နွားလှည်း ဒါမှမဟုတ် တစ်ခုခု ရောက်လာပါ
စေလို့သာ ဆုတောင်းပါတယ်။ သို့သော် မည်သူမှရောက်မလာ။ စက်ဘီးကို အားအားနည်းနည်း
ထည့်တွန်းကြည့်တယ်။ နည်းနည်းလေးမှ မရွှေ့။ နောက်ကိုဆုတ် ကြည့်လိုက်တယ်။ ဟာရတယ် နောက်နည်း
ဆုပ်လို့ရတယ်။ ဒါဆိုရင် ဟာ …………. ရှေ့မှာ။ မည်းမည်းကြီး။ ကျွန်တော်ဆက် မတွေးရဲတော့ဘူး။
နဖူးတွေ့ ဒူတွေ့ ကြုံတော့ အရင်က သတ္တိတွေ ရဲရဲနီနေတာ တွေဘယ်ရောက် ကုန်ပြီလဲမသိဘူး။ ဟေ့လူ
အရှေ့ကဖယ်နော် ကျုပ်က ကြောက်တတ် တဲ့လူမဟုတ်ဘူး။ ပြောရင်းဆိုရင်း စက်ဘီးကို အားစိုက်
ပြီးတွန်းနေတယ်။ ဖိန့်ဖိန့်နဲ့ တာလျှောက်အော်နေတာ အသံတွေက လဲပြာပြီး ဆို့နင့်နေပြီ။ အိမ်မက်များ
မက်နေတာလား။ လည်းချောင်တွေ လည်း ခြောက်ကပ်လာပြီ။ နောက်ပြန် လည့်ပြေးရင် ကောင်းမလား။
အခုမှတော့ မထူးတော့ပါဘူး။ ယောကျာင်္းကွ။ ကျွန်တော်နောက်ကို နည်းနည်းဆုပ် ရှိန်ယူပြီးအားနဲ့ပြေးဝင်
တိုက် လိုက်သည်။ ဒုန်း . . . .
တိကု မ် သ
ွိားပြီ။ စက်ဘီးလက်ကင
ို က
် ထ
ို မ
ိးထားတဲ့ ကျွန်တော့ရလ
ဲ့ က်တွေ လေထဲကိုမြောက်တက်

၆၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

သွားပြီ။ အရှိန်ကြောင့် ကျွန်တော်လည်း ရှေ့ကို ဟတ်ထိုး လဲကျသွားတယ်။ တစ်ခြားနေရာ မှာလဲကျသလို


ပဲလေးနဲ့ ဇိမ်ယူနေလို့ မဖြစ်။ တစ္ဆေက လည်းပင်းလာ ညစ်သွားနိုင်တယ်။ လုံးတာခြင်း အတူတူကိုယ်က
အပေါ်က ဖြစ်အောင် ချက်ခြင်းထလိုက်တယ်။ ပြီးတော့ စောစော တစ္ဆကို လိုက်ရှာတယ်။ အမှေင်ထဲမှာ
ဘာမှမြင်ရ။ ကျွန်တော် လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါ အောင်ဆုပ်။ တဆတ်ဆတ်တုန်နေတဲ့ခြေထောက်
တွေကို ဟန်ချက်ပါပါထိမ်းပြီး တစ္ဆေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားတယ်။
ဟော့ကောင် ဘယ်မှာလဲ ထွက်ခဲ့။ ကျွန်တော် နှပ်ညစ်ရင်း အော်ပြောလိုက်တယ်။ ဘာသံမှလည်း
မကြားရတော့။ ဟေ့ကောင် ပြောနေတယ် လေကွာ။ အဲလောက်မှ သတ္တိမရှိ ရင်လုံချည် သာဝတ်ထား။
ကျွန်တော် သွေးပူသွားပြီ ဘာကိုမှ မကြောက်တော့။ ထွက်လာတဲ့ အရာမှန်သမျှကို ရင်ဆိုင်ရန် အဆင်သင့်
ဖြစ်နေပြီ။ ဟေ့ကောင်ထွက်ခဲ့ ။ အနောက်ကိုများ ရောက်နေတာလား။ အနောက်ကို လည့်ကြည့်တော့၊
ဘာမျှမရှိ။ ဘေးပတ်လည်လည့် ကြည့်ပြန်တယ်။ ဘာကိုမှမတွေ့ ရ။
၅ မိနစ်ခန့် ကြာသွားပြီ။ အခြေနေက ဘာမှထူးမလာ။ ကျွန်တော် လဲနေသော စက်ဘီးကို
အမှောင်ထဲမှာ ပြန်ရှာ လိုက်တယ်။ တွေ့ ပြီစက်ဘီး။ ကျွန်တော်စက်ကို ကောက်ထောင်လိုက်တယ်။
စိတ်ထဲမှာက အခဲလုံးဝမကျေ။ သုသန်ဘက်သို့ လည့်ပြီးကျွန်တော် ကြားဖူးထားသော ဆဲနည်းမျိုးစုံနဲ့ ဆဲပြီး
အိမ်ပြန်လာခဲ့တယ်။
အခဲမကြေလို့ နောက်တစ်ရက် မနက်မှာ အဲဒီနေရာကို သွားကြည့်ပါတယ်။ ကျွန်တော်အခင်းဖြစ်ခဲ့
တဲ့နေရာရောက်တော့။ တွေ့ပါပြီ ကျွန်တော် လဲကျထားသော နေရာ။ စက်ဘီး လဲထားတဲ့နေရာ။ ရှုပ်ပွ
နေသော ခြေရာများနှင့် သိပ်မဝေးသော နေရာလေးမှာတော့ အနားပဲ့ပြီး အမြင့်တစ်ထွာ ခန့်ရှိတဲ့ သစ်ငုတ်တို
လေးတစ်ခု။ သေချာကြည့်လိုက်တော့ ပဲ့နေတဲ့ အနားလေးက လောလောလတ်လတ်တစ်စုံတစ်ခုဝင်တိုက်
ခံသွား ရသလို လတ်လတ်ဆတ်ဆတ်ပင် . . .
လက်စပ်သပ်တော့ ညကကျွန်တော့်စက်ဘီးကို တားတဲ့အရာက သစ်ငုတ်တိုလေးဖြစ်နေတာ
ကိုး။

စိုးဇေယျထွန်း

၆၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ညနေ အလုပ် ဆင်းပြီ ဆိုတာနဲ့ အင်တာနက်ပေါ် တက်ဖြစ် ပါတယ်။ အင်တာနက်ပေါ်ရောက်တာနဲ့


ဖိုရမ်မှာ ဘယ်သူတွေ ၀င်ရေး သွားသေးလဲ။ ငါ့ကို ဘယ်သူတွေ မေးလ်ပို့ထားသလဲ။ ဂျီတော့ခ်မှာ ဘယ်သူတွေ
ရှိနေသလဲ။ အစရှိသဖြင့် သိချင်စိတ်ပေါင်းများစွာဖြင့် တစ်ခုပြီးတစ်ခု ဖွင့်ဖြစ်ပါတယ်။ အဲလိုဖွင့်နေတုန်း
ဂျီတော့ခ်မှာ ကိုရန်အောင်ကြီးကို တွေ့လိုက် ပါရော။ အိုကေ ဒီလူနဲ့ တော်ကီ ပွားရမယ်ဆိုပြီး ကလစ်ခေါက်
လိုက်ပါတယ်။ ကျွန်တော်လုပ်နေတာကို ဘယ်အချိန် ကတည်းက ချောင်းကြည့် နေသလဲ မသိဘူး။ ကလစ်
ခေါက်လိုက် တာနဲ့ အော်သံကြီး တစ်ခု ထွက်လာတယ်။ တီတီတဲ့။ အဲဒီအသံကို ကျွန်တော် အမုန်းဆုံးပဲ
ယူပီအက်စ်ကအော်တဲ့အသံ။ သြော် လူဖြစ်ရတဲ့ ဒုက္ခ။
မဖြစ်ခြိမ့်ဘူး လုပ်စရာလေးတွေ ရှိသေးတယ်။ မီးဆိုတာက ဘယ်အချိန် ပြန်လာမယ်ဆိုတာ
အီးပီစီက လူတွေတောင်မှ အသေချာမသိတာ။ ကျွန်တော်လို ခပ်ညံ့ညံ့ဘလော့ဂ်ကာ တစ်ကောင်က ဘယ်လို
ခန့်မှန်း နိုင်မှာလဲ။ ဆိုက်ဘာကဖေးကို ပြေးလေမှ။ ဆိုင်ဘာကဖေး ရောက်တော့ မီစက်သံတွေက ဆူညံလို့။
လားလား အပြိုင်အဆိုင်ချက်နေကြတာတွေ အင်တိုက်အားတိုက်ပဲ။ ကျွန်တော် ပြုံးလိုက်မိပါသေးတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ငါတို့လဲ ဒီလိုပါပဲ :P ။
ဆိုင်ကလူက ကွန်ပျူတာ လာဖွင့်ပေးတယ်။ မီးပျက် နေလို့ တစ်နာရီ ခြောက်ရာတဲ့ ပြောသွား
လိုက်သေးတယ်။ မြန်မာပြည်မှာ သိတော်မူကြတဲ့ အတိုင်း အင်တာနက် ကွန်နက်ရှင်ကတော့ စပါယ်ရှယ်ပဲ။
ဂူဂဲလ်မေးလ် စာမျက်နှာကို ခေါ်နေတာနဲ့တင် ၁၅ မိနစ်ကြာ သွားပြီ။ လုံးဝကို မသုံးရသေးဘူးနော်။
ကျွန်တော့်ရဲ့ ၁၅ မိနစ်စာကတော့ အလားကားကုန် သွားပြီ။ အဲဒီ အချိန်မှာ မီးက ပြန်လာ ပါတယ်။ တော်ပြီ
ပြန်တော့မယ်ပေါ့။ ကုန်သွားတဲ့ ၁၅ မိနှစ်စာက ဘယ်လောက်တန် လဲလို့သိချင်တာနဲ့ကဖေးဇီးဆော့ဖ်ဝဲလေး
ကို မေးကြည့်လိုက်ပါတယ်။ ၃၀၀ ကျပ်တဲ့။ ဟိုက်ရှားပါး အခုမှသတိရတယ်ပိုက်ဆံပါလာဘူးဗျ။ သွားပါပြီ။
ကောင်တာမှာထိုင်နေတဲ့ ကောင်မလေးကို လှမ်းရှိုးလိုက်တော့ ချောချောလေး။ ငါကတော့
သောက်ရှက် ကွဲတော့မှာပဲ။ အရှက်ကတော့ အကွဲမခံဘူးဗျို့။ ဂျီတော့ခ်ပွင့်လာအောင်စောင့်ပြီးအွန်
လိုင်းကသူငယ်ချင်းတွေကို အကူညီ လှမ်းတောင်းတော့မယ်။ အရေးထဲမှာ ဂျီတော့ခ်က ဖွင့်မရဘူး။
ကဖေးဇီးကို ကြည့်လိုက်တော့ ၄၅၀။ အကျိုးကတော့ နည်းတော့မှာပဲ။ ဟုတ်ပြီ။ ဒိန်းဆိုကျွန်တော့ခေါင်း
ထဲကို အကြံဝင်လာတယ်။ ကျွန်တော် အမ်အိုင်အာစီ ထဲ ၀င်လိုက်တယ်။ ပြီးတော့ ချက်ထဲက လူတွေကို

၆၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

လိုက်နှုတ်ဆက်တယ်။ တဟိုင်းဟိုင်း နဲ့ပေါ့ဗျာ။ စကားလေး နဲနဲပါးပါး အင်ထရိုဝင်ပြီး ကျွန်တော့အခက်ခဲကို


ပြောပြတယ်။ သူတက့ို ယြုံ ကည်ပမုံ ရဘူး။ မဟုတပ
်ါဘူးကွာ။ မင်းတိက
ု့ ယ
ို တ
် င
ို ငါ့ဆက
ီို လာစရာမလိပ
ုါဘူးကွာ။
ငါပေးတဲ့ ဖုန်းနံပါတ် ကိုသာ ဆက်ပြီး ငါမှာတာလေး ပြောပေးဆိုတော့ ဆိုင်ဘာကဖေးမှာ ဖုန်းရှိတာပဲတဲ့။
သြော် ပြောရ လက်ပေါက်ကပ်တဲ့ လူတွေပဲ။ ကဖေးဇီးကိုကြည့်လိုက်တော့ ငါးရာတဲ့။ အဲဒီတိုင်းနေလို့
ကတော့ မဖြစ်တော့ဘူး။ တခုခုတော့ကြံမှပဲ။ ထွက်စမ်းဟဲ့ ဥာဏ်နီဥာဏ်နက်။
ကဖေးကဖုန်းနဲ့ သူငယ်ချင်း တစ်ယောက်ယောက်ကို ဖုန်းဆက်ခေါ်ရင်ကော။ အင်း.......
ဖုန်းဆက်ခေါ်လို့မတွေ့ရင် တစ်ပူပေါ် နှစ်ပူဆင့် ဖုန်းဖိုးပါ အကြွေး ထပ်တင်မှဖြင့် မလွယ်သေးပါဘူး။
တခြားနည်းကော လုံးဝမရှိပါ။
ကျွန်တော် ဆိုင်းအောက် လုပ်လိုက်တာ့ ကျသင့်ငွေက ငါးရာ့ငါးဆယ်ကျပ်။ ကျွန်တော့်ခြေ
ထောက်တွေက ကောင်တာဆီသို့ ...
ကောင်တာက ခပ်ချောချောနဲ့ကောင်မလေးကိုကြည့်ပြီး ကျွန်တော် လေပူတစ်ချက်မှုတ်ထုတ်
လိုက်တယ်။
‘‘ ဖုန်းတစ်ကောလောက်ခေါ်လို့ရမလား... ’’
‘‘ ရပါတယ်ရှင့် ’’
ကောာင်မလေးက ချိုချိုသာသာ ပြန်ပြောသည်။ အင်း ဒီလိုချိုသာပုံအရဆိုရင် ပိုက်ဆံမပါဘူးလို့
ပြောရင်လဲ အရှက် နည်းနည်း ကွဲရုံကလွဲလို့ အကြည်တော်ဝထ္တုထဲက ဘတ်စ်ကားစပါယ်ရာတွေလိုပိုက်ဆံ
မပါတာ လူသိရှင်ကြာဖြစ်အောင် အော် မပြော လောက်ပါဘူး။ အဲလိုအဲလို ကိုယ့်ကိုကိုအားပေးရင်း ...
‘‘ ဟလို မျိုးကြီး ရှိပါလား ’’
‘‘ ရုံးကပြန်မလာသေးဘူး။ ဘာပြောမှာ ထားမလဲသား။ ’’
‘‘ ရတယ် အန်တီ ကျွန်တော် ဆက်တယ်ပဲ ပြောလိုက်ပါ။ ’’
‘‘ သြော်သားလား အန်တီတို့ အိမ်ကို မလာတာကြာပြီပဲ။ နေကောင်းလားသား။ ’’
“ ဟုတ်ကဲ့ ”
“ အန်တီတောင် မျိုးကြီးကို ပြောပြောနေတာ သားကို အိမ်အလည် ခေါ်လာပါဦးလို့။ ဟိုတခါ
သားဆေးရုံတက်တုန်းက အန်တီလေ ကိုယ်တိုင်လာမလို့ပဲ။ ”
အဲပိုက်ဆံမရှိပါဘူးဆိုကမှ လေကြောကရှည်ရော့မယ်
“ ဟုတ်....”
“ ဒါပေမယ့် သားရယ် သိတဲ့အတိုင်းပဲ ။ မျိုးကြီးဖေဖေကလဲ သင်္ဘော ပြန်တက်မှာ ဆိုတော့
အလုပ်တွေ ရှုပ်နေတာနဲ့ အန်တီ မရောက်ဖြစ်ဘူး သားရယ်။ လာမလို့ မေးလိုက်တော့ သားဆင်းသွားပြီတဲ့။
အားနာလိုက်တာ သားရယ်။ ”
“ ရပါတယ် အန်တီရ။ ”
“ အခုကော ဘယ်လိုလဲ ကျမ္မာရေးကိုဂရုစိုက်။ အေးကွယ် သားတို့က ရန်ကုန်မှာတစ်ယောက်
တည်းနေရတာဆိုတော့ အရေးအကြောင်းရှိရင် အန်တီတို့ကိုပြောပါ။ ဘာမှ အားမနာနဲ့နော်။ ”
“ ဟုတ်ကဲ့ အန်တီ။ ”
သြော် ပိုက်ဆံမပါဘူးဆိုကာမှ ဒုက္ခတွေ စပါယ်ရှယ် ဝေနေ ပါရောလားဟ။ မဖြစ်ချိမ့်ဘူး
အန်တီရေ။ အန်တီ့စေတနာကို စော်ကား တာတော့ မဟုတ်ဘူး ပေါ့ဗျာ။ ပိုက်ဆံ မရှိတော့လဲ ဖုန်းခွက်ကို
ချလိုက်ရတယ်။
ပြီးဆုံးသွားပြီ။ ကျန်တဲ့ သူငယ်ချင်းဖုန်းတွေ ကျွန်တော် အလွတ်မရ။ မထူးတော့ပါဘူးဗျာ။
အဲဒီနေရာမှာ မာနတွေကို ခ၀ါချပြီး အရှက်တွေကို မျိုဆို့လို့ ကြယ်ကြွေမဲ့ အပြုံးတွေနဲ့ ကျွန်တော်သည်
ဟိုဘက်တိုက်မှာ နေပါကြောင်း ပိုက်ဆံပါ မလာပါကြောင်း ..... ........ .......
“ ၀ီး ...... မောလိုက်တာ ”
စကားမစပ် ကျွန်တော်နေတဲ့ နေရာက နတ်ပြည်ထက် မြင့်တယ်။ နတ်ပြည်က ခြောက်ထပ်ရှိတာ
ကျွန်တော်နေတာက ခုနှစ်ထပ်မှာ :D ။ အဲလို နတ်ပြည်ထက်မြင့်တဲ့ လှေကား ၉၉ ထစ်ကို တက်ပြီး ကျွန်တော့
ကွန်ပျူတာရှေ့ကို ရောက်ပါတယ်။ အဖြစ်အပျက် အစုံအလင် မသိရှာလေသော ကွန်ပျူတာလေးက
လေးတိလေးကန်နဲ့ ကျွန်တော့ကို နှုတ်ဆက်တယ်။ အင်း စောစောကဖြစ်ခဲ့တာ အိပ်မက်လေလား . . . ။

၆၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ပြန်စဉ်းစားနေတုန်း ကျွန်တော်ခေါ်ထားတဲ့ ဂျီးမေးလ် စာမျက်နှာလေး တက်လာပါပြီ။


ယူဇာနေရာမှာ နာမည်ရိုက် ပတ်စ်စ၀ပ်နေရာကို ကာဆာချလိုက်တော့ အော်သံရှည်ကြီးကြားလိုက်ရပါ
တော့တယ်။ တီ................ တ

စိုးဇေယျထွန်း

၆၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

လေဆိပ်ရောက်ဖို့ ၁၅ မိနစ်လောက် လိုဦးမည်။ သူကတော့ မပင်ပန်းသလိုပင်။ လေယာဉ်


ပေါ်တွင်ပေးသော မုန့်လက်ကောက်ကို ထန်းလျက်ရည်နှင့် အားရပါးရတို့ကာ စားနေလေဧ။်။ ကျန်လက်
တစ်ဖက်ကလည်း ဒိန်ချဉ်ဘူးကို မလွတ်တန်းကိုင်ထားသေးသည်။ “သူ” ဆိုတာကဇီဇူးဟုချစ်စနိုးခေါ်ကြ
သော ကလေးပေါကြီး ဇီဒန်း ပင်ဖြစ်သည်။
ကျွန်တော်နှင့်သူသည် ဘရစ်တနီစပီးယားဧ။် သီလရှင်ဝတ်ပွဲကျင်းပရာ တောင်အာဖရိကနိုင်ငံ
ကိပ်တောင်းမြို့မှ တဆင့် ဒိန်းမတ်သို့လာကြခြင်းဖြစ်သည်။ ဇီဒန်းကတော့ တကယ့်ကို အေးအေးဆေးဆေး။
မာတာရာဇီကို ခေါင်းနှင့်ဝင်ဆောင့်သည့်အကြောင်း မမောမပန်း ထပ်ပြောနေပြန်သည်။ ကျွန်တော်ကသာ
ကိုယ့်အပူနှစ်ခုနှင့်ကိုယ်။ တခြားမဟုတ်။ တစ်ခုက ကျွန်တော့် Laptop အိတ်ထဲတွင် ကိုရီးယား ကင်း(မ်)ချီ
တစ်ထုပ်ပါလာသည်။ အဲဒီက အရည်တွေကြောင့် Laptop ပျက်စီးသွားမှာစိုးရသည်။ ကျွန်တော်က
ကင်း(မ်)ချီတွေ သယ်မလာချင်။ ကိပ်တောင်းလေဆိပ်ရောက်မှ ဘေယောင်ဂျွမ်းက ဆိုက်ကားကြီးနှင့်
ရောက်လာပြီး UN အတွင်းရေးမှူးချုပ် ကိုရီးယားသားကြီး ဘန်ကီမွန်းကို ပေးရန် လူကြုံလာပေးသဖြင့်
နီးရာအိတ်ထဲထည့်ပြီး သယ်လာခြင်းဖြစ်သည်။ ဘန်ကီမွန်းနှင့် သန်ဘက်ခါတွင် Liverpool တွင်ကျင်းပမည့်
ဝင်းသူဇာဆိုင်ခွဲ(၈၃၇၂) ဖွင့်ပွဲတွင်တွေ့ရင်ပေးရမည်။ မတွေ့ပါက UN ရုံးချုပ်ရှိရာ တောင်ကြီးသို့
စာတိုက်ကပင် ပို့ရတော့မည်။ သူလိုလူအတွက်တော့ အချိန်သိပ်မပေးနိုင်တော့။ ဒါကပထမအပူဖြစ်သည်။
ဒုတိယအပူက တော့နည်းနည်းပိုဆိုးသည်။ ယခု ဇီဒန်းနှင့် ဒိန်းမတ်ကိုလာခြင်းမှာမဲနှိုက်ပေးဖို့နှင့်
လက်ဆောင်ပေးဖို့ဖြစ်သည်။ ရှင်းပြပါဦးမည်။ ယခုနှစ် World Football Club Champion
Tournament Classic Cup 2007 ဗိုလ်လုပွဲတွင် မြန်မာပြည်မှ ပို့ဆောင်ရေးအသင်းနှင့် စပိန်မှ
Real တို့ဆုံကြသည်။ နှစ်သင်းလုံးက အဖြူဝမ်းဆက်ဝတ်ကြသည်။ အစကတော့ Real က
သူတို့အသင်းမှာ အသင်းသစ်၊ အသင်းငယ်ဖြစ်သဖြင့် သူတို့ပင် အရောင်ပြောင်းဝတ်မည်ဟုဆိုသည်။
အခုတော့တစ်မျိုး။ ဗိုလ်လုပွဲသို့နောက်တစ်ခေါက် ရောက်ရန်မသေချာသဖြင့် နှစ်တိုင်းနီးပါး ဗိုလ်စွဲနေသော
မြန်မာကလပ်အသင်းက အရောင်ပြောင်းပေးပါရန် စပိန်ဘုရင် ကိုယ်တော်တိုင် Email ပို့လာသည်။
မြန်မာကလပ်က ပြောင်းပေးချင်သော်လည်း ပရိတ်သတ်ကို အဖြူရောင်ဂျာစီတွေ ရောင်းထားပြီးနှင့်ပြီ။
ထိုကိစ္စကို မဲနှိုက်ဖြေရှင်းရန် ကျွန်တော်နှင့်ဇီဇူးတို့ လာကြခြင်းဖြစ်သည်။ ပို့ဆောင်ရေးအသင်းနည်းပြ

၆၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ဦးမောင်မောင်ဦး နှင့် Real နည်းပြလေး ကာပယ်လိုတို့မှာ ရောက်နှင့်နေလောက်ပြီ။


ဒါကမဲနှိုက်ဖို့။ လက်ဆောင်ပေးဖို့ကတော့ ဒိန်းမတ်ဘုရင်ဧ။် သားတော်ငယ် Dahl Houson
အတွက်တကူးတကသယ်လာသော Shan Star Jeep တစ်စီးပင်ဖြစ်သည်။ ကျွန်တော်သယ်လာသော
ကားမှာ ကားမြို့တော်ဟုခေါ်တွင်သော ဟားခါးမြို့တွင်ပင် ဈေးကွက်မတင်သေး။ ၂၀၀၈ မော်ဒယ်လ် ဖြစ်သည်။
Piston ၁၆ လုံးက W ပုံစံခုတ်သည်။ (W16 ဟုရေးထားသည်) အင်ဂျင်က ဂျက်အင်ဂျင်အသေးစားဖြစ်ပြီး
ပလက်တီနမ်ဖြင့် သွန်းထားသည်။ လောင်စာမှာ လေဖြစ်ပြီး လေရှိသောမည့်သည့်နေရာတွင်မဆို တစ်နာရီ
၁၂၄၄ မိုင်အထိမောင်းနှင်နိုင်သည်။ လေမရနိုင်သော နေရာဖြစ်ပါက အနည်လုံးဝမပါသော ရေထည့်ပြီး
တစ်နာရီ ၁၁၄၇မိုင်အထိမောင်းနိုင်သည်။ ၉ ချက်ထိုးဂီယာက ရွှေဖြင့်ပြီးသည်။ မီးကြီးတစ်ဖက် ၈
လုံးပါပြီး မီးစာမှာ စိန်ဖြစ်သည်။ တံခါးကတော့ Jeep ထုံးစံအတိုင်းဖြစ်သည်။ ကားစက်နှိုးခြင်း၊ Air Con
ဖွင့်ခြင်း၊ မှန်အတင်အချလုပ်ခြင်း၊ ဂီယာပြောင်းခြင်း၊ နောက်မှန်ချိန်ခြင်း နှင့် Audio-Video Function
များကို အသံဖြင့် အမိန့်ပေးခိုင်းစေနိုင်သည်။ ကားမှာ သော့တံများမလိုဘဲ လက်ဗွေရာနှင့် ဖွင့်ရသည်။
ဘီးလဲလှယ်လိုလျှင် Remote Control ဖြင့်ခိုင်းစေနိုင်သော်လည်း Demo Version သာဖြစ်သည်။
20 LD Changer ဖြင့် Speaker 88 လုံး၊ Woofer 23 လုံးတွဲဖက်ထားပြီး ၁၂ လက်မ Slim LCD TV
ပါဝင်သည်။ ကားရပ်နားထားစဉ် Video ကြည့်လိုပါက အရှေ့ Bullet Proof လေကာမှန်ကြီးကို TV
အဖြစ်ပြောင်းသုံးနိုင်သည်။ ဆေးရောင်မှာ မှုတ်ထားခြင်းမဟုတ်ဘဲ သံအရည်ကြိုစဉ်ကတည်းက
အရောင်ထွက်အောင်စီမံပေးထားသည်။ အထူးသဖြင့် ၂၀၁၀ တွင်ထုတ်လုပ်မည့် ပျံတက်နိုင်သော Shan
Star Jeep အစအဖြစ် အတောင်ပံများတပ်ဆင်ရန် နေရာများပါပြီးဖြစ်သည်။ ခြုံပြောရလျှင် ထော်လာဂျီပေါ်
ထောင်ကားဆင့်ထားသလို ရုပ်ထွက်ကောင်းသည်။ ကာလပေါက်ဈေး ကျပ်သုံးသောင်း (US$ 12Millions)
လောက်ရှိသည်။ တကယ်တော့ ကျွန်တော်သယ်ယူလာသောကားမှာ ထိုသို့ကောင်းမွန်ပြည့်စုံသောကားဧ
။် နမူနာပုံစံ သံပတ်ပေးရသော ကားရုပ်လေးသာဖြစ်သည်။ ဘုရင့်သားတော်လေး ဆော့ကစားဖို့ဖြစ်သည်။
ဒါတွေက လာရင်းကိစ္စများဖြစ်သည်။
ကျွန်တော့်ဒုတိယအပူမှာ လေဆိပ်တွင်ကြုံတွေ့ရမည့် အခက်အခဲများဖြစ်သည်။ ဒိန်းမတ်
သမ္မတနှင့် ပလာတီနီကိုတော့ အသေအချာမှာထားသည်။ လေဆိပ်တွင် ကော်ဇော်အနီခင်းမကြိုရန်နှင့်
လုံခြုံရေးအပြည့်အ၀ ပေးထားရန်ဖြစ်သည်။ နောက်တစ်ခုက လေဆိပ်တွင် ချောတိုင်တက်ပွဲ နောက်ဆုံးနေ့
ကျင်းပရန်ရှိသည်ဟုလည်း သတင်းရထားပြန်သည်။ လူများလျှင် ကျွန်တော်မနေတတ်။ နိုင်ငံရပ်ခြားအ
ရောက်နည်းလှသော ဇီဇူးကြောင့် အရှက်ရမှာကိုလည်း စိုးရိမ်နေရသည်။ သူကဟိတ်နှင့် ဟန်နှင့်မနေတတ်။
သူ့ကိုလှမ်းကြည့်လိုက်တော့ နှုတ်ခမ်းတွင်ပေနေသာ ထန်းလျက်ရည်များကို Neck Tie ဖြင့် အားရပါးရ
သုတ်နေလေသည်။
လေဆိပ်ရောက်ဖို့ ၁၅ မိနစ်လောက် လိုဦးမည်။

Mr. Pooh

၆၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

ဒီအဖြစ်အပျက်ကလည်း ကျွန်မအလုပ်သွားတိုင်း စီးရတဲ့ အမြန်ရထားပေါ်မှာပေါ့ ...

ရထားပေါ်မှာ လူတိုင်းဟာ မျက်စိလေးတွေ ကိုယ်စီမှိတ်နေတတ်ကြပါတယ် ။ တချို့ကတော့


တကယ်အိပ်ပျော်သွားတတ်ပြီး ၊ တချို့ကတော့ မမှိတ်ချင်တဲ့ မျက်စိကို သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင်
အမျိုးသမီးတွေ ကလေးသူငယ်တွေ ရထားပေါ် တက်လာတဲ့အခါကျမှ အတင်းမှိတ်ပစ်ပြီး အိပ်ချင်ယောင်
ဆောင်နေတတ်ပါတယ် ။ (ထိုသူတွေကို ကျွန်မအမြင်အကပ်ဆုံး)
ကျွန်မကတော့ ပတ်ဝန်းကျင်ကလူတွေကို မသိမသာ အကဲခတ်ပြီး ပျင်းသွားတဲ့အခါမျက်စိ
မှိတ်ပြီး သီချင်းနားထောင် နေတတ်ပါတယ် ။ ဒါပေမယ့် ရထားဘူတာတစ်ခုရောက်တိုင်းထိုင်ခုံနေရာလို
သော သက်ကြီးရွယ်အို ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး စသောသူများ ၀င်လာလေမလားလို့ အမြဲမျက်လုံးဖွင့်
ကြည့်မိတယ် ။
တခါတော့ ... ကျွန်မဖြတ်ခနဲ အိပ်ပျော်သွားပြီး ပြန်အနိုး .... (ကျွန်မရဲ့ “ကမောက်ကမ”တွေက
အဲလို ဖြတ်ခနဲ အိပ်ပျော်ပြီး ပြန်အနိုးမှာ ဖြစ်တတ်ပါတယ် ။ အိပ်မှုံစုံဝါးဖြစ်နေလို့လား မသိပါဘူး)
ရှေ့မှာ ဗိုက်အနည်းငယ်စူ ကိုယ်ဝန်ဆောင် ဂါဝန်အရှည်ကြီး ၀တ်ထားသော အမျိုးသမီးကိုတွေ့လိုက်
တော့...
အားနာစွာနဲ့ ကျွန်မ အမြန်ပဲ သူ့ ကိုနေရာပေးလိုက်ပါတယ် ။ ထိုအခိုက်... သူ့ အကြည့်က
ဇဝေဇ၀ါ...
တစ်စက္ကန့် .... နှစ်စက္ကန့်.... သုံးစက္ကန့် ....
“ ဟိုက်ရှားပါး ... သွားပြီ... ”
နားလည်လိုက်ပါပြီ... ကျွန်မရဲ့ မဟာအမှားကြီးကို ။ ခပ်အောင့်အောင့် မျက်နှာနဲ့ ထိုမိန်းမဟာ
နောက်ဆုံးတော့ ကျေးဇူးတင်ကြောင်း တစ်ခွန်းမပြောပဲ ကျွန်မပေးတဲ့နေရာမှာ ထိုင်ချလိုက်ပါတယ်။ တရုတ်
ပြည်ဖြစ်လို့ ထင်ရတဲ့ ထိုမိန်းမရဲ့ ဂါဝန်အရှည်ကြီးကတော့ ကျွန်မကို လှောင်ရယ်နေသလိုပဲ။
၎ မှတ်တိုင်လောက်ကျန်သေးတဲ့ ခရီးမှာ ထိုမိန်းမရှေ့ မတ်တပ်ရနေရတာ မျက်နှာပူပေမယ့်
ကိုယ့်ဘက်က စိတ်ထားသန့်သန်နဲ့ လုပ်ရပ်ပဲဆိုပြီး ပတ်ဝန်းကျင်ရှုခင်းတွေကြည့်ရင်း စိတ်ထဲမှာတော့....

၆၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

နောက်များအခါ ...

ထိုသို့ထပ်မဖြစ်အောင် အောက်က ဖိနပ်ပါကြည့်ရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။


မှတ်ချက် ။ ထို့နေ့မှစပြီး ဂျစ်တူးသုသေသနပြုခဲ့ရာ အောက်ပါအချက်အလက်များအားရှာဖွေ
တွေ့ ရှိသည်။

(၁) ဗိုက်ပူသောမိန်းမတွေ့ လျှင် ပထမဆုံး မေးခွန်း “သူမ ၀ပါသလား” - ၀သည်ဆိုလျှင်


သူမဗိုက်ကို ထပ်ကြည့် ကိုယ့်ဘာသာကိုယ် ချိန်တွယ်ယူဆပြီး ကောက်နုတ်ချက်ချပါ။
(၂) ဒုတိယမေးခွန်း “ဖိနပ်အပါး စီးထားပါသလား” - ကိုယ်ဝန်ဆောင်သည်အများစု
ဖိနပ်ပါးများသာ စီးသည်။
(၃) တတိယမေးခွန်း “ဗိုက်ဖုံးအင်္ကျီ(သို့) ဂါဝန်အရှည်ကြီး ၀တ်ထားပါသလား”
အထပ်ပါမေးခွန်း ၃ခွန်းကို အမြဲကျင့်သုံးသော ဂျစ်တူး နောက်ထပ် “ကမောက်ကမ” မဖြစ်တော့ပါ။

မဂျစ်တူး

၆၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

(၁) သြော်...ယောက်ျား

တွေ့စ
ဟာ.. ချစ်စရာလေး...ဖြူလွှလွှလေး... နတ်သမီးလေးကျနေတာပဲ။

ချစ်စ
ကမ္ဘာပေါ်မှာ အလှဆုံး၊ အကောင်းဆုံး မိန်းကလေး....ငါ့သူ့ကိုပဲ လက်ထပ်မယ်။

လက်ထပ်ပြီး(၁)နှစ်
ငါ့မိန်းမ မဆိုးဘူး။ တော်တယ်လို့ ပြောလို့ရတယ်။ တစ်ခါတလေ စိတ်ကောက်တတ်တာလေး တစ်ခုပဲ။

လက်ထပ်ပြီး(၅)နှစ်
ဒီမိန်းမ ပစိပစပ်နဲ့ ကြာလေဆိုးလေပဲ ငါသည်းခံလို့ မရတော့ဘူး။

လက်ထပ်ပြီး(၁၀)နှစ်
ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံး မိန်းမ...အကျိုးသင့် အကြောင်းသင့် မစဉ်းစားတတ်တဲ့ မိန်းမ ငါဘာလို့ သူ့ကို
လက်ထပ်မိပါလိမ့်...

လက်ထပ်ပြီး အနှစ်(၂၀)
သူရဲ့ ဆိုးပြစ်တွေ၊ မကောင်းတဲ့ အကျင့်တွေကို ဖယ်လိုက်တော့ နည်းနည်းခံသာပါသေးတယ်။

လက်ထပ်ပြီး အနှစ်(၃၀)
တစ်ခါတလေမှာ သူသဘောထား ပြည့်ဝရှာပါတယ်။ အိမ်ထောင်လည်း ထိန်းနိုင်တယ်။ ငါ့ကိုလည်း

၆၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

နားလည် ပေးတတ်တယ်။

လက်ထပ်ပြီး အနှစ်(၄၀)
ငါ့မိန်းမ မဆိုးဘူး။ အိမ်မှာနေ အိမ်တာဝန်ကျေသလို.. လူမူရေးမှာလည်း သူလုပ်နိုင်တယ်။ နောင်ဘ၀ရှိရင်
သူ့ကိုပဲ ငါလက်ထပ်မယ်။

မိန်းမသေဆုံးပြီးနောက်
ဘယ်လောက်ထိ ၀မ်းနည်းတယ်ဆိုတာ ပြောပြလို့ မတတ်အောင်ပါပဲ။ ငါဟာ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး
မိန်းမတစ်ဦးကို ဆုံးရှုံးလိုက်ရပြီ....

(၂) သြော်.....မိန်းမ

တွေ့စ
ဟင်း..မအူမလည်လေး... တုံးအအ ပုံစံလေးနဲ့...ချစ်ဖို့ကောင်းတယ်

ချစ်စ
သူ အရမ်းရိုးသားတာပဲ။ စကားလည်း နားထောင်တယ်။ သနားကမားလေး..ငါ့သူနဲ့ပဲ လက်ထပ်မယ်။

လက်ထပ်ပြီး (၁)နှစ်
သူ မဆိုးဘူး။ ဗဟုသုတလည်းရှိတယ်။ ငါ့ကိုလဲ ကြင်နာတယ်။ ယောက်ျားပီသတယ်။

လက်ထပ်ပြီး (၅)နှစ်
သူတော်မှန်း အခုမှ သိတော့တယ်။ တစ်ခြားယောက်ျားတွေနဲ့ မတူဘူး။ ကြိုးစားတယ်။

လက်ထပ်ပြီး (၁၀)နှစ်
သူဟာ ဒီကမ္ဘာမှာ အကောင်းဆုံး ယောက်ျားပဲ။ သူသာမရှိရင် ငါဘယ်လို အသက်ရှင်ရ မလဲတောင်
မသိဘူး။

လက်ထပ်ပြီး အနှစ်(၂၀)
သူ့ရဲ့ ကောင်းကွက်တွေ တစ်ဖြည်းဖြည်း နည်းလာပါလား...

လက်ထပ်ပြီး အနှစ်(၃၀)
မကောင်းတာတွေ ပိုပိုများလာပါလား။ ပျင်းလည်း ပျင်းသေး၊ တုံးလည်း တုံးသေး၊ ခေါင်းက မာသေး...

လက်ထပ်ပြီး အနှစ်(၄၀)
တုံးတုံးအအ ဒီအဘိုးကြီးကို နောင်ဘ၀မှာ ဘာပဲလာပြောပြော မယူဘူး...

ယောက်ျားသေဆုံးပြီးနောက်
ငါ့ကို တစ်ယောက်တည်း ရက်ရက်စက်စက် ထားသွားပြန်ပြီ....
Differences (ကွဲပြားချက်)

ချစ်စ ကြင်စဦး
(၁) “ကို ကို …. ချစ်ဒီနေ့ သွားစရာရှိလို့ ကို လိုက်ပေးနိုင်မလားဟင် …”
“ကိယ်ုသူငယ်ချင်းတွေနဲ့ချိန်းထားတာ တော့ရှိတယ်။ ဒါပေမဲ့ ချစ်အတွက်ဆိုတော့

၇၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

ဖျက်လိုက်မယ်လေ။”
“အို … ကိုကလဲ အားနာစရာကြီး .. ကိုကိစ္စရှိရင် သွားပါ ။ ချစ်ကိစ္စကအရေးမကြီးပါဘူး …”
“ဟာ.. ချစ်ကကို့ အတွက်အရေးအကြီးဆုံးပဲ .. ကျန်တာက ပါမွှားပါ ။ ”
“ဟင်းဟင်း .. ဟင်း ဟင်း…”
(၂)
“ချစ်ဘယ်သွား မလို့လဲ ..”
“သြော် ကို.. ဒီနားတင်ပါ ကို ရဲ့ … ခဏပဲ။”
“ချစ်တယောက်တည်း ကိုစိတ်မချပါဘူး ..ကိုယ်စိတ်မချပါဘူး… ကိုလိုက်ပို့ပေးမှာပေါ. ..”
“ရပါတယ်ကိုရဲ့ .. ဒီနားတင်ပဲဟာ..ပြီးတော့ ဒီလောက်လင်းချင်းနေတာ..”
“ဟာ ကို့ အချစ်ဒီတယောက်ထဲရှိတာ..တခုခုဖြစ်ရင် ကို ရင်ကျိုးရချည်ရဲ့ …
(၃)
“ .. ကို .. အိပ်နေပြီလားဟင်… ချစ်အိပ်လို့မပျော်ဘူး .. အရမ်ကြောက်နေလို့”
“ချစ်မကြောက်အောင် ကိုစကားပြောပေးမယ်လေ.. ချစ်ဘာမှမတွေးနဲ့ ..အိပ်.. အိပ်..”
“Sorry ပဲနော် ကို.. ကို အိပ်ရေးပျက်တော့မယ်”
“ဟင်.. ချစ်ကလဲ.. မလိုပါဘူး ..ချစ်အတွက်ဆိုမအိပ်ရလဲဘာမှမဖြစ်ဘူး ..”

A few years later,


(၁)
“ကို..အားလားဟင်.. ချစ်ကိစ္စတခု အရမ်းအရေးကြီးလို့လိုက်ကူလုပ်ပေးပါ”
”ဟေ့ .. မင်းကိစ္စတွေပဲ မပြီးနိုင်တော့ဘူးလား .. ငါမအားဘူး .. သူငယ်ချင်းတွေနဲ့ဘောလုံးသွား
ကန်မလို့ …”
“ကို ရယ် နောက်နေ့မှသွားပါလားဟင်.. ချစ်ကိစ္စက အရမ်းအရေးကြီးလို့ပါ ..ပြီးတော့…”
“ဟေးဟေး… တော်တော် ငါမအားဘူး မင်းဘာသာမင်း မင်းကိစ္စမင်းလုပ်…”
“သြော်… ကိုရယ် ….”

(၂)
“ငါပင်ပန်းနေပြီ အိပ်တော့မယ်.. မင်းဘာသာမင်းသွား..”
“ကို ရယ်အခုဟာက အရမ်းလဲမှောင်နေလို့ … ပြီးတော့ အဲဒီနေရာကလူလဲပြတ်လို့ပါ ..”
“ငါမသိဘူး..ငါအိပ်တော့မယ်.. ”
“ကို. ရဲ့ ဒီနေ့မသွားလို့မဖြစ်ဘူး…”
“………….”
(၃)
“ငါသူငယ်ချင်းတွေနဲ့ဘီယာသွားသောက်မလို့ ချိန်းထားတာရှိတယ်.. ညပြန်မအိပ်ဘူး”
“ဟင်.. ကို အိမ်မှာလဲဘယ်သူမှမရှိပဲနဲ့ … ချစ်တယောက်တည်းဘယ်လိုလုပ်နေမလဲ …ချစ်
ကြောက်တတ်တာကိုလဲသိသားနဲ့”
“ဟာကွာ … မင်းဘာသာမင်းဘယ်လိုနေနေ .. မင်းတို့မိန်းမတွေရှုပ်ကိုရှုပ်တယ် …”

နိုင်းနိုင်းစနေ

၇၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

လူညီညီ မညီညီ ဤ ဟာ ဤ ကျွဲ ဟာ ကျွဲ . . . ဟု မြန်မာဆိုရိုး ရှိခဲ့လေသည်။ သို့ရာတွင်


အချို့သော အနောက်နိုင်ငံတို့ တွင်ကား လူညီ၍ ဤ ကို ကျွဲလုပ် ကြလေပြီ။
နေ့အလင်းရောင် ချိုးခြံချွေတာခြင်း ဆိုသည့် နည်းကို အသုံးပြုလာခဲ့သည်မှာ ၉၁ နှစ်ပင်
ရှိခဲ့လေပြီ်။
နွေ နှင့် ဆောင်း နေ့တာ ညတာ ပြောင်းလဲမှုမှာ မြန်မာနိုင်ငံလို အီကွေတာ နှင့် နီးသော နိုင်ငံများ
တွင် သိပ်မသိသာသော်လည်း ကမ္ဘာ မြောက်ခြမ်း (သို့) တောင်ခြမ်း ရောက် (မြောက်၊ တောင် ၀င်ရိုးစွန်းများ
နှင့် နီးသောဒေသများတွင်) သိသိသာသာကြီး ကွာခြားလေသည်။ နွေတွင် နေ့တာအလွန်ရှည်ပြီး
ဆောင်းတွင် နေ့တာအလွန်တိုလေသည်။
၁၇၈၄ ခုနှစ်တွင် ဘင်ဂျမင် ဖရင်ကလင် က ပါရီမြို့သားများကို နောက်ပြောင်ပြီး စာတစ်စောင်
ပေးပို့လေသည်။ ထိုစာတွင် နွေရာသီ၌ ပါရီမြို့သားများ တစ်နာရီ စောစော အိပ်ရာထပြီး အလုပ်လုပ်ပါမူ
ညနေတွင် ထွန်းရသော ဆီမီးဖိုး သက်သာလိမ့်မည် ဟူ၏။ ၁၉၁၆ ခုနှစ် မှာတော့ အင်္ဂလန် နိုင်ငံက ဒီအကြံကို
လက်တွေ့ အကောင်အထည်ဖော်ပြီးနောက် အခြား ဥရောပနိုင်ငံများ နဲ့ အမေရိကန်၊ သြစတေးလျတို့
လည်း လိုက်ပါ ကျင့်သုံးလာကြပါတယ်။
လုပ်ပုံ လုပ်နည်းကတော့ နွေရာသီဝင်ကာစ (မတ် - ဧပြီလ) တစ်ခုသော တနင်္ဂနွေနေ့
နံနက် ၂ နာရီတွင် နာရီများကို ၃ နာရီသို့ ရွှေ့လိုက်ကြခြင်းပင်။ အဲဒီတော့ အဲဒီနေ့ ည သန်းခေါင်ကျော်
အချိန် မှာ အဲဒီ တစ်နိုင်ငံလုံး တစ်ဒေသလုံး ကလူတွေ မအိပ်ပဲ နာရီ တကိုင်ကိုင် နဲ့ လုပ်နေကြလား။
နာရီ အရေအတွက်ထက် ရှိတဲ့လူ အရေ အတွက် နည်းနေရင် ဘယ်လက်ရော ညာလက်ရော သုံးပြီး
အချိန်တိုက်ကြလား။ စတာပါ။ သိပ်မစဉ်းစားပါနဲ့ အားတဲ့ အချိန် တိုက်လို့ ရပါတယ်။ နံနက် ၂ နာရီတိတိမှာ
ခင်ဗျား နာရီကို ရွှေ့ စရာမလိုပါဘူး။ သတ်မှတ်ချက်လေး တစ်ခုပါ။ တနင်္ဂနွေနေ နံနက် ၂ နာရီကို နံနက်
၃ နာရီလို့ ခေါ်လိုက် ရုံလေးပါ။ လူညီဖို့တော့ လိုတယ် နော။ ဘယ့်နှယ်တုန်း။ လူညီတော့ ဤ ဟာ
ကျွဲဖြစ်ရပြီပေါ့။
အောက်တိုဘာလ (သို့) နိုဝင်ဘာလ ရဲ့ တစ်ခုသော တနင်္ဂနွေ နံနက် မှာတော့ ၂ နာရီကို ၁ နာရီ
လို့ ပြန်ပြောင်း ရွှေ့ကြလေသတဲ့။

၇၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

ဒီလို လူညီလို့ ကျွဲ ဖြစ်တာ တောင် မကျေနပ်ကြသေးဖူး။ လူညီရင် ကျွဲ ဟာ ၀က်ဖြစ်ရမယ်


လို့ ဆိုလာပြန်တယ်။ အမေရိကန် နိုင်ငံမှာ နာရီရွှေ့နေကျ ဧပြီလရဲ့ ပထမ တနင်္ဂနွေနေ့မှာ မရွှေ့တော့ပဲ ၃
ပတ်စောပြီး ရွှေ့ဖို့ အဆိုတင်သွင်းသတဲ့။ အကြောင်းပြချက်ကတော့ ကမ္ဘာကြီးပူနွေးလာလို့ပါတဲ့။ ဘာဆိုင်လို့
တုန်း မောင်ကာလုရယ် လို့ မေးချင်နေပြီလား။
ဆိုင်ပါတယ်။ ကမ္ဘာကြီး ပူနွေးစေတဲ့ ဓါတ်တွေ ထွက်စေတဲ့ အထဲမှာ လျှပ်စစ်ဓါတ်အားထုတ်
ကျောက်မီးသွေး စက်ရုံ တွေ က အဓိကပါ။ (စကားချပ်။ ဦးစ (USA) တို့ တိုင်းပြည်လို ကမ္ဘာ့ နျူကလီးယား
အင်အားကြီး နိုင်ငံမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ် က ဘယ်လောက် အရေးပါလို့လဲ လို့
မေးချင်နေမလားပဲ။ အရေးပါ ပါတယ် ခင်ဗျာ။ နိုင်ငံရဲ့ လျှပ်စစ်ဓါတ်အား သုံးစွဲမှု တ၀က်ကျော်ကျော် ကို
ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေက ထုတ်ပေးနေတာပါ။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု
ကတော့ ပြောမနေပါနဲ့တော့ အဆိုးဆုံးထဲမှာပါတယ်။ ကျွန်တော်လည်း တာဝန်မကင်းဖူး။ ဘာလို့ ဆိုတော့
အဲဒီ ကျောက်မီးသွေး ဓါတ်အား စက်ရုံတွေကရတဲ့ လျှပ်စစ်ဓါတ်နဲ့ ကွန်ပျူတာ ဖွင့်သုံးပြီး ဘလောက်
လုပ်နေလို့ပေါ့။)
ဆိုတော့ လျှပ်စစ် အသုံးအား လျော့ချ လိုက် ရင် ကျောက်မီးသွေး အသုံးလျော့ချလို့ ရမယ်။
သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့မယ်။ ဒီလိုဆိုတယ်လေ။ ရုံးတွေ၊ ကျောင်းတွေထဲမှာ မီးပိတ်၊
ပန်ကာပိတ် ပြီးတော့ အမှောင်ထဲမှာ ငုတ်တုတ် ထိုင်နေကြရအောင် ဆိုတဲ့ အတွေးမျိုးလောက် အထိတော့
ဒီက ပုဂ္ဂိုလ်တွေ ဥာဏ်မပြေးသေးဖူး။
ကဲ စကားက ဘယ်ရောက်ကုန်မှန်း မသိဖူး။ လူ ညီ မညီ သေချာ အောင် ပါလီမန်မှာ မဲခွဲ
လိုက်တာပေါ့။ လွယ်ပါတယ်။ ကဲ ၃ ပတ်ရှေ့တိုးမယ့် ဘက်က နိုင်တယ်ဗျာ။ အများသဘောပေါ့လေ။ ဆိုတော့
ဒီနေ့ ည (တနင်္ဂနွေ မနက် လင်းအားကြီး) က စပြီး ကျွဲဟာ ၀က်ဖြစ်သွားပါပြီ ခင်ဗျား။ ဟုတ်ပ ဒီနေ့ ည ၂
နာရီဆို နာရီတွေ အကုန် ရွှေ့ရဦးမယ်။ ကျုပ်အိမ်မှာ နာရီ ၇ လုံး ရှိတယ် (ကြွားခြင်း မဟုတ် ကြုံလို့ပြောတာ)။
ဒါတောင် လက်ပတ် နာရီ ကပျောက်နေလို့။ အချိန်တိုက်ဖို့် ဘယ်လို လုပ်ရပါ့။ အကြံပေးကြပါဦး ကွယ်ရို့။

အချိန်ရွှေ့ခြင်းကြောင့် ဖြစ်နိုင်သော ပြဿနာလေးများ

အမြွာ ကိုယ်ဝန်ဆောင်နေသော မိခင် တစ်ဦး ဆိုပါစို့။ မွေးမည့် ရက် ကလည်း နာရီတွေ


ပြန်ရွှေ့ ရမည့် အောက်တိုဘာလ ရဲ့ တစ်ခုသော တနင်္ဂနွေနေ့။ ပထမ ကလေးက တနင်္ဂနွေနေ့ နံနက် ၁
နာရီ နဲ့ မိနစ် ၅၀ မှာ ထွက်လာရော။ ဒုတိယ ကလေးက ချက်ချင်း မထွက်ပဲ နောက် ၁၅ မိနစ် ခြား မှာ
ထွက်လာတယ်။ ဒါပေမယ့် မွေးစာရင်းလည်း ဖြည့်ရော ဒုတိယကလေးရဲ့ မွေး ချိန်က တနင်္ဂနွေ နံနက် ၁
နာရီ ၅ မိနစ် ဖြစ်ပြီး၊ အကြီးလေးရဲ့ မွေးချိန်က ၁ နာရီ ၅၀ မိနစ် ဖြစ်သွားပါလေရော။ အတတ်ကြူးတော့ လဲ
အငယ်က အကြီးဖြစ်သွားလေရဲ့။
နောက် ဖြစ်နိုင်ချေ တစ်ခုက သမီး ရည်းစား နှစ်ယောက် မှာ တစ်ယောက်က နာရီ မရွှေ့မိလို့
အချိန်း အချက်လွဲ၊ စိတ်တွေကောက်၊ ဒါမျိုးတွေပေါ့။
စဉ်းစားစရာလေးတွေ။ စဉ်းစားစရာလေးတွေ။

ရဲမွန်
ကျမ်းကိုး

Rationale and original idea of daylight saving time. Retrieved from


http://webexhibits.org/daylightsaving/c.html on March 10, 2007

Daylight saving time from Wikipedia. Retrieved from http://en.wikipedia.org/wiki/Daylight_


saving_time

q
၇၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ညီညီတစ်ယောက်တော့ ပရိုဂရမ်မာ လုပ်မစားဘဲ စာအုပ်ရေးစားတော့မယ်လို့ မထင်ပါနဲ့။


ခဏခဏ အမေးခံရတတ်တဲ့ မေးခွန်းတစ်ခုအကြောင်း ပြောချင်လို့ပါ။ ကျွန်တော့်အစ်မ နှစ်ယောက်က
အမေရိကားမှာ သူတို့ မိသားစုတွေနဲ့ အတူ နေကြပါတယ်။ အဲဒီမှာ ဒီမေးခွန်းကြီးကို ခဏခဏ
အမေးခံရတော့တာပါပဲဗျာ။ ရန်ကုန်အလည်ပြန်ရင် ပိုပြီး အမေးခံရတတ်ပါတယ်။ “ညီညီ ဘယ်တော့
အမေရိကားလိုက်သွားမလဲ” တဲ့။ ကျွန်တော် ဘာပြန်ဖြေရမှန်း မသိပါဘူး။ ဒီတော့ အဲဒီမေးခွန်းကြီး
လာလာမေးတိုင်း ပြန်ပြီး ပြုံးပြရပါတယ်။ ငါးရံ့ပြုံးလား၊ ငါးသလဲထိုးပြုံးလား၊ ငါးသလောက်ပြုံးလားတော့
အဲဒီငါးတွေ ပြုံးတာ မမြင်ဘူးလို့ မသိပါ။
နောက်ထပ် သံတူကြောင်းကွဲမေးခွန်းတစ်ခုလည်း ရှိပါတယ်။ “စင်္ကာပူမှာနေတာတော်တော်
ကြာပြီနော်။ အမေရိကားဖြစ်ဖြစ် သြစတြေးလျဖြစ်ဖြစ် မသွားဘူးလား” တဲ့။ ဟုတ်ကဲ့ ..ကျွန်တော့်
ထုံးစံအတိုင်း ပြုံးပြရ ပြန်ပါလေရော။ အဲဒီ မေးခွန်းတွေရဲ့ မြစ်ဖျားခံရာကို သိဖို့ ကျွန်တော်တွေးကြည့်မိတဲ့
အခါ အခုလိုမျိုး ယေဘုယျကျတဲ့ သုံးသပ်ချက်အချို့ကို ရပါတယ်။
(၁) မြန်မာတွေသည် အမေရိကားကို သွားမှ ဘ၀တွင် အောင်မြင်ချမ်းသာမည်ဟု အရိုးစွဲနေသည်။
အမေရိကားတွင် လစာဝင်ငွေကောင်းသည်။ ထို့ကြောင့် ချမ်းသာမည်ဟု ရိုးရိုးလေးတွေးကြသည်။ လူတိုင်း
အလုပ်ကောင်းကောင်း ၀င်ငွေကောင်းကောင်း မရနိုင်ပါ။ နောက်ပြီး.. လစာကောင်းသည် ဆိုတာကိုသာ
တွေးသည်။ အလွန်များပြားသော ၀င်ငွေခွန်များကို ထည့်မတွက်ကြ။ ပြီးတော့ လူနေမှုစရိတ်ကြီးမြင့်မှုကို
ထည့်မတွက်ကြ။
(၂) မြန်မာတွေသည် မြန်မာပြည်နှင့် ဝေးလေ အောင်မြင်တိုးတက်လေဟု ထင်မြင်နေသည်။
အမှန်က မြန်မာပြည်တွင် နေနေ ပြည်ပတွင်နေနေ အောင်မြင်တိုးတက်ခြင်းမှာ လူတစ်ဦးတစ်ယောက်ချင်း
စီရဲ့ အရည်အချင်းပေါ်တွင်သာ မူတည်သည်။
(၃) အမေရိကားရောက်သွားလျှင် အောင်မြင်မှုပန်းတိုင်ကို ရောက်သွားသူတစ်ဦးကဲ့သို့
ထင်မြင်ကြသည်။ အမှန်က အမေရိကားတွင် အခြေကျစေရန် ဘ၀ကို အစမှ ပြန်စရချင်းသာ ဖြစ်သည်။
အောင်မြင်မှုရနိုင်သလို ကျဆုံးချင်လည်း ကျဆုံးနိုင်ပါသည်။

၇၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

(၄) ဘယ်သူ့သား၊ ဘယ်သူ့သမီးကတော့ဖြင့် အမေရိကားမှာ ရောက်နေတာကြာပြီ


ဟု ပြောတတ်ကြသည်။ ဟုတ်ပါပြီ.. သူတို့ ဘယ်လိုအလုပ်တွေ လုပ်နေကြရသလဲ။ အောင်မြင်သူ
ပညာအရင်းပြုပြီး အဆင်ပြေနေသူ မြန်မာတွေ အများကြီးရှိပါသည်။ သို့သော်.. စင်္ကာပူမှာ ပညာအရင်းပြုကာ
လုပ်ကိုင်နေသူတစ်ယောက်ကို အမေရိကားမှာ ကြုံရာကျပန်း အလုပ်လုပ်နေသူလောက် အထင်မကြီးပေ။
ညီညီတစ်ယောက် အမေရိကား မသွားရလို့ မနာလိုတိုရှည်ဖြစ်ပြီး လျှောက်ရေးနေသည်ဟု
မထင်စေချင်ပါ။ ကျွန်တော့်အတွက် သင်ယူလိုသောပညာရပ်များရှိလျှင် ပညာနှင့်လုပ်ကိုင်ရသော
လစာကောင်းသည့် အလုပ်ရမည်ဆိုလျှင် ကျွန်တော်လည်း အမေရိကားသို့ နှစ်အနည်းငယ်
သွားချင်ပါသည်။

သို့သော် ..... ။ တစ်ခါတစ်လေတွင် ပျော်ရာမှာလည်း မနေရ၊ တော်ရာမှာလည်း မနေရ၊ မပျော်ရာ ..


မတော်ရာတွင်လည်း စက်ရုပ်တစ်ရုပ်လို နေရတတ်ပါကြောင်း။

ညီညီ (သံလွင်)

၇၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ယနေ့ အင်တာနက် ခေတ်ကြီးတွင် ချက်ခြင်းသည် အတော့်ကို ရေပန်းစားလေသည်။


ချက်သည်ဟု ဆိုရာတွင် ချက်ပြုတ်ခြင်း cooking နှင့် မမှားလိုက်ကြပါနှင့်ဦး။ သိုးဆောင်းစကားဖြင့်ဆိုရ
သော် chat ၊ မြန်မာစကားကို အသံဖလှယ်၍ ချက် ဟုသုံးနှုံးထားသော မွေးစားစကားလုံး ဖြစ်ပေသည်။
ယေဘုယျ အဓိပ္ပါယ်မှာ စကားစမည်ပြောဆိုခြင်း ဟုဘာသာပြန်နိုင်ပေမည်။ ပို၍တိတိကျကျ ဆိုရသော်
အင်တာနက်လှိုင်းမှ တဆင့် ကွန်ပြူတာတစ်လုံးနှင့် တစ်လုံးအကြား တမဟုတ်ချင်း စာရေးဆက်သွယ်
စကားပြောကြခြင်းပင်။ အီးမေးလ် ကဲ့သို့ အချိန်စောင့်စရာမလိုပဲ ချက်ချင်း တုန့်ပြန် ရေးသားနိုင်ခြင်းသည်
ကား ချက်ြခင်း၏ အားသာချက်ပါပေ။ အချို့က ရပ်ဝေး ရောက်နေသော ဆွေမျိုး မိတ်ဆွေများနှင့်
ချက်ကြသည်။ အချို့က မည်သူမည်ဝါရယ်မဟုတ် မိတ်ဆွေရှာ သူငယ်ချင်းရှာ ချင်သဖြင့် ချက်ကြသည်။
အချို့က ကြူကြူ လုပ်ချင်သဖြင့်ချက်ကြသည်။ ချက်သူကို ချက်တာ (chatter) ဟုခေါ်သည်။ ချက်သူများ
စုဝေးရာ အရပ်ကို ချက်ရွမ်း (chat room) ဟုခေါ်သည်။
မယံမ
ု ရှန
ိ င
ှ မ
့် တ
ိဆွေ။ ချက်ရမ
ွ်းထဲတင
ွ် သင်သည် ဘာမဆို ဖြစ်နင
ို သ
် ည်။ အမေရိကားရောက်နေသူ
ဆယ့်ခြောက်နှစ် တစ်ရက်လျော့ ဆတ်ကော့လတ်ကော့ ကောင်မလေး ဖြစ်နိုင်သည်။ ပျိုတိုင်းကြိုက်
နှင်းဆီခိုင်ဆိုလား ရုရှားပညာတော်သင် သွားနေသူ စစ်ဗိုလ်ကလေး ဖြစ်နိုင်သည်။ စင်္ကာပူ
ပိုလီကျောင်းတက်နေသူ စတိုင်ထွားထွား သူဌေးသားကလေး ဖြစ်နိုင်သည်။ သို့ကလို မည်သူများ
မည်သို့ပင် ချက်ကြစေကာမူ ကျွန်ုပ်အဖို့ကား ချက်ခြင်း၏ နောက်ကွယ်မှ မှတ်သားဖွယ်များကိုသာ ဤသို့
လေ့လာမိခဲ့ပါသတည်း။
မည်သူက စထွင်ခဲ့သည်တော့ မသိပါ။ အချို့အချို့သော ဥာဏ်ကြီးရှင်တို့မှာ ချက်ရွမ်းတွင်
မြန်မာစာကိုလည်း မရိုက်တတ် အင်္ဂလိပ်စာကိုလည်း ရေရေလည်လည် မတတ်သည်လား ပျင်းသည်လား
မပြောနိုင်။ အင်္ဂလိပ် စာလုံးဖြင့် မြန်မာ အသံထွက်တို့ကို အောက်ပါအတိုင်း ရေးလေ့ရှိကြရာ မြင်းဂလိရှ်
(Myenglish) သို့မဟုတ် ဘားဂလိရှ် (Burglish) ဟု ခေါ်တွင်လာသော ဘာသာစကား တစ်မျိုး
ပေါ်ထွက်လာလေ၏။
“hey.. kaung lay, nay kaung lar?”
“kaung ba byar, ma tway tar taung kyar bee pot”

၇၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

“hote te lay. Ah lote shote nay de.”


ကြာလျှင် မလေး အင်ဒို ဘဟာစာ ကဲ့သို့ မြန်မာ ဘဟာစာ စကားဟု ပေါ်လာနိုင်စရာ
အကြောင်းရှိ၏။ မြန်မာဘာသာ အတတ်ဆန်း အဲလေ.. တစ်ခေတ်ဆန်းချိန်တည်း။
ထို့အပြင် ချက်ြခင်းနှင့် ဆက်နွယ်သော အောက်ပါဝေါဟာရများလည်း ရေပန်းစားလာစရာ
အကြောင်းရှိသည် ဟုတွေးမိပါသည်။
ချက်ကြသည် ဆိုရာဝယ် ကောင်လေး ကောင်မလေးများသာ မဟုတ်၊ လုကြီးလူငယ် ၊
မကြီးမငယ်များပါ မကျန် အင်တာနက်ရှိက ကွန်ပြူတာရှိက ချက်နိုင်လေသည်။ ကိုယ်ပိုင်နာမည် အစစ်နဲ့
ချက်စရာမှမလိုပဲ။ ဘယ်သူသိတာ လိုက်လို့နော။ ဤသို့ဆိုလျှင် လူရှေ့သူရှေ့တွင် ဟန်ကလေးနှင့်နေကာ
ကွယ်ရာကျမှ သူများမသိအောင် တိတ်တိတ်ပုန်း ချက်သော သူများကို - ချက်ပုန်း- သို့မဟုတ် -
ချက်ပုန်းခုတ်သူ - ချက်ပုန်းသီး- ဟုခေါ်လျှင် သင့်ပေမည်။ ….. အဟိ… တို့ရုံးက အန်ကယ်ကြီးက
လက်စသတ်တော့ ချက်ပုန်းကြီးပဲ။ ဟိုနေ့က ကွန်ပြူတာ လော့ဂ်အောက်လုပ်မသွားလို့ သွားပိတ်ပေးတော့မှ
သူ ကြူနေတဲ့ ကောင်မလေးဆီက မက်ဆေ့ခ်ျတွေ ၀င်လာတယ်ဆရာ… စသည်ဖြင့် စာရေးမကလေးများက
သူတို့ဆရာကို စကားတင်းဆိုရာတွင် ဤဝေါဟာရကို တော်သလို သုံးနိုင်သည်။
တညလုံး အပီအပြင် ချက်ထား၍ နောက်တနေ့တွင် ကျောင်း၌ ရုံး၌ အိပ်ငိုက်ကာ
ဒေါင်းနေခြင်းမျိုးကို - ချက်နာကျခြင်း - ဟုခေါ်နိုင်မည်။ ဤသို့ ချက်နာကျလျှင် နံနက်စောစော
အင်တာနက် ၀င်ကာ မိမိ အလွမ်းသင့်သူနှင့် တစ်ကြောင်းနှစ်ကြောင်းလောက် ချက်လိုက်မှ အနည်းငယ်
လန်းလန်းဆန်းဆန်း ရှိသွားနိုင်လျှင် - ချက်မီအပ်- လုပ်ခြင်းဟုခေါ်နိုင်မည်လား မသိပါ။
မိမိ အမြဲ အစဉ်တစိုက် ချက်လေ့ရှိသော ချက်ဖော်ချက်ဖက်ကို - အချက်တော်- ဟုခေါ်နိုင်သည်။
ချက်ရာတွင် ဟိုအကြောင်းဒီအကြောင်း သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောကြခြင်းကို -
ချက်တင်းနှော - ကြသည်ဟု ဆိုလျှင် ဟုတ်သလိုလိုရှိသည်။ သို့သော် ဤဝေါဟာရများ ကို နားလေးသော
အမေရှေ့တွင် - ညက အချက်တော်နဲ့ တညလုံး ချက်တင်းနှောထားတာ ဒီမနက်တော့ ချက်နာကျနေပြီ -
ဟုပြောမိလျှင် နားကြားလွဲပါက ပေါင်တွင်းကြော ကောင်းကောင်း လိမ်ဆွဲခံရကိန်းရှိသည်။
တန်ဆေးလွန်ဘေးဟု ဆိုသည်မဟုတ်ပါလော။ ချက်စ ရှိလျှင် ဆက်ချက်ချင်သည်။
အချက်ကြီးသူတို့သည် စာဖတ်ချိန် အလုပ်လုပ်ချိန် များမှ အချိန်ကိုပင် ဖဲ့ယူ၍ ချက်တတ်ကြသည်။
အွန်လိုင်းဝင်တိုင်း ချက်ရွမ်းသွားကာ ချက်သူကို ရှာဖွေတတ်ကြသည်။ ဤအခြေအနေသို့
ဆိုက်ရောက်နေလျှင် -ချက်စွဲခြင်း - ဟုခေါ်နိုင်သည်။ အချိန်တန်လို့မှ မချက်ရလျှင် မနေနိုင် - ချက်ပိုးထိုး
- လာတတ်သည်။ အချက်ရောဂါ အချက်နာကား ကုစရာနတ္ထိ ဆေးမရှိပြီလော။
ထို့အပြင် မြန်မာ့ အနုပညာ နယ်ပယ်၌လည်း - ချက်လူမိုက်၊ ချက်ပင် ချက်မိုး ချက်လိုက်ပါတဲ့မေ၊
ချက်တာလောကများ၏ ဟိုမှာဘက်၊ ချက်လောက၏ စိန်ခေါ်သံ၊ မရှိမဖြစ်ချက်၊ ချက်တဗလ၊
ချက်နည်းကြူနည်း- စသည့် ခေါင်းစဉ်များ ဖြင့် ချက်ခြင်းနှင့် ပါတ်သက်သည့် သီချင်း၊ ၀တ္ထု ၊ တက်ကျမ်း
များလည်း အများအပြား ပေါ်ထွက်လာစရာ အကြောင်း ရှိလေသည်။

ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။

ပန်ဒိုရာ

၃၀-၄-၂၀၀၆

၇၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ရန်ကုန်က ပို့လာတဲ့ အီးမေးလ်ပါ၊ ဟိုမှာ ခုတလော ဒါတွေ ခေတ်စား နေပုံ ရတယ်၊ လောကကြီး
မှာ ငတေ တွေ တနေ့တခြား များများလာ တော့ အသက်ရှူ ရတာ ပိုပြီး မွန်းကြပ် သွားသလိုပဲ။ ဒီလို
မတ်ကက်တင်း က မကောင်းဘူး တော့လည်း မဟုတ်ပါဘူး၊ ဆိုးတာက လူတွေကို မလိမ့် တပတ်
လုပ်တာပါ၊ ဘွင်းဘွင်း ပြောပြီး လုပ်ရင် ဘာပြသနာ မှ မရှိဘူး၊ ဒါပေမယ့် ဘွင်းဘွင်း ပြောပြန် ရင် လုပ်တဲ့
သူလည်း ရှိလောက် မှာ မဟုတ်ဘူး၊ ဒါကြောင့်လည်း ဒီလို စီးပွားရေး ဟာ စိတ်ပုတ် စိတ်ယုတ် တွေနဲ့ပဲ
သံသရာ လည်သွား တာပေါ့။

လွန်ခဲ့တဲ့ ၄-၅ နှစ် နီးပါးက ကျနော မာတီလေယာ နဲ့ ပထမ ဦးဆုံး အကြိမ် ထိတွေ့ ပါတယ်၊
ကျောင်းပိတ် ရက်မှာ အလုပ်လေး ဘာလေး လုပ်ချင်လို့ အင်တာနက် ပေါ်ကနေ အလုပ် ရှာရင်း စာစီ
စာရိုက် ဒီတီပီ အလုပ် တွေ့တာနဲ့ ဖုံးဆက်ပြီး သွားဗျူးတော့ တလွဲကြီး ဖြစ်နေတယ်။ ခေါ်သွားတဲ့ နေရာ
က လက်ဖက်ရည် ဆိုင်လိုလို၊ ကင်တင်း လိုလို သူတို့ ကုမ္မဏီ ဌါးထားတယ် ဆိုလား၊ အပိုင်ဆိုလား
မသိတဲ့ ဟောကြီးထဲမှာ၊ လူတွေ ကြိတ်ကြိတ် တိုးပါပဲ၊ အရွယ်စုံ ဆိုက်စုံပဲ၊ စားပွဲတွေ၊ ခုံတွေ အများကြီး
ခင်းပြီး စားပွဲတိုင်းမှာ စာရွက်တွေ ဖိုင်တွဲတွေ အပြည့်နဲ့ပေါ့၊ အင်တာဗျူး တဲ့နေရာ နဲ့ လုံးဝ မတူတော့ ဒါဟာ
မဟုတ်မဟတ် အဖွဲ့ အစည်းတွေ ငါ့လို အသစ်လေး တွေကို ဦးနှောက် ဆေးတဲ့ ဘိဖြစ်မယ်လို့ ကျနော
နည်းနည်း ရိပ်မိ သွားပါတယ်။ ဒါပေမယ့် ငါးမရ ရေချိုးပြန် ဆိုသလို ရေချိုးမလို့ သဘက် သွားယူတုန်း..
မှားလို့.. မထူးပါဘူး ဆိုပြီး သူတို့ ပြောတာ နားထောင် ပေးလိုက် ပါတယ်၊ အတွေ့ အကြုံ ရတာပေါ့လေ။

အရင်ဆုံး အဆင့် နည်းနည်း နိမ့်တဲ့ ခပ်ချောချော ကောင်မလေး တယောက် အသံချိုချိုလေး နဲ့


ကုမ္မဏီ သမိုင်း ကစပြီး ဓါတ်ပုံတွေ ကိန်းဂဏန်း တွေနဲ့ ရှင်းပြပါတယ်၊ တဖြည်းဖြည်း ကုန်ပစ္စည်း အကြောင်း၊
နောက်ပြီး လေယာ တွေခွဲထား ပုံတွေ၊ ဘောက်ဆူး ခွဲဝေတဲ့ စနစ် စတာတွေ ကို ခရေစေ့ တွင်းကျ
ရှင်းပြ ပါတော့တယ်၊ ကျနော် ဆိုတဲ့ ကောင်ကလည်း စပ်စပ် စုစု ဆိုတော့၊ အားလုံးကို စိတ်ဝင်တစား
လိုက်နားထောင် ပြီး အပြန်အလှန် မေးခွန်း တွေတောင် ထုတ်မေး ပါတယ် (ကောင်မလေး လှတာလည်း
ပါတာပေါ့လေ၊ ဒါသူတို့ရဲ့ တိုက်ကွက်ပဲ၊ တိုက်ပါစေ)၊ သူကတော့ ဒီကောင် သေချာ ဝယ်မှာပဲ လို့ထင်

၇၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

သွားတာပေါ့။ တနာရီ ကျော်ကျော်လောက် သူ့ကို အချိန် ပေးလိုက်ပြီး ပြန်မယ် လုပ်တော့ ပျာပျာသလဲ


သူ့အပေါ်က ဗလ တောင့်တောင့် အကောင်ကို သွားခေါ်တယ်၊ ဟိုကောင်က ဝါအတော် ရင့်တာဗျ၊
အပျော့နည်း သုံးလိုက်၊ အကြမ်းနည်း သုံးလိုက်နဲ့ လုပ်တာ ကျနော် သူနဲ့ အိမ်တောင် လိုက်ပြန် ချင်စိတ်
ပေါက်သွားတယ်။

အဲဒီတုန်းက ကျနောဟာ သိပ်ပြီး ပြတ်ပြတ် သားသား မငြင်းပယ် တတ်သေးတော့၊ ပြန်မယ်


ဆိုတာကို လုံးလုံး ဆုံးဖြတ် ထားပြီး ပေမယ့် ထလိုက်တိုင်း သူတို့တွေ လိုက်ဆွဲ တဲ့နောက် ပြန်ပါပါ သွားတယ်၊
အားနာ တတ်တဲ့၊ အထူးသဖြင့် စိတ်အညစ် မခံချင်တဲ့ မိန်းခလေး တွေဆို ပိုက်ဆံ ပေးလိုက်ရင် ပြီးတာ
ပဲလေ ဆိုပြီး ဒီလို ထောင်ချောက် ထဲ အလွယ် တကူ နဲ့ ကျသွား တတ်တယ် (သူငယ်ချင်း တွေရဲ့ ပုံပြင်တွေ
တော်တော် များပါတယ်၊ အလျင်းသင့်မှ ထုတ်ရေး တာပေါ့)။ အဲဒီ ဗလကောင်ရယ်၊ စော်ချောချောရယ်၊
နောက် သူတို့ စစ်ကူ ခေါ်လာတဲ့ လူတယောက်ရယ် ကျနော့ကို ဝိုင်းထားပြီး နုလိုက်၊ ကြမ်းလိုက်၊ အေးလိုက်၊
ပူလိုက် နဲ့ အဲဒီမှာ သုံးနာရီ နီးနီး ကြာသွားတယ် (ဒါတိုက်ကွက် နံပါတ်၂ပါ၊ ဒီတိုက်ကွက် တော့ မနိပ်ဘူး)၊
ကျနော ခေါင်းတခုလုံး ထူပူ ထွက်သွား ပါတယ်၊ သူတို့ အစောကြီး ကတည်းက ထင်ထား သလို ဝယ်မယ့်သူ
တယောက် ကို လွယ်လွယ်နဲ့ လွှတ်မပေး ချင်တော့ဘူး၊ ကျနော် သူတို့နဲ့ လိုက်ပြီး အကျ အန ဒစ္စပလေး
ထားတဲ့ ပစ္စည်းတွေကို လိုက်ကြည့် ရပါတော့တယ်၊ ဈေး အင်မတန် ကြီးပြီး ကျနော့ အတွက် အသုံးမဝင်
တဲ့ လူကြီးသုံး ဆေးဝါး တွေရယ်၊ ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ကိရိယာ တွေရယ် ကျကျနန စီထားတယ်၊
ဘာလုပ်နိုင်မှာလဲ၊ တခုကြည့်လိုက်၊ ခေါင်းတချက် ခါလိုက် နဲ့ပေါ့။

ကြံရာ မရတဲ့ အဆုံး ကျနော စပြီး လိမ်ပါတယ် (အခုစဉ်းစား ကြည့်တော့လည်း ရီစရာပါ)၊


ပိုက်ဆံအိပ် ထုတ်ပြီး၊ ဟာ.. ပိုက်ဆံ မလောက် ဘူးပေါ့၊ ဗလမောင်က လူကြမ်း မျက်နှာနဲ့ အေတီအမ်
မှာ ပိုက်ဆံ သွားထုတ် မယ်ဆိုပြီး၊ ကျနော့နောက် ကနေ တွန်းပြီး လိုက်ပါတယ်၊ စက်အရှေ့ ရောက်တော့
ထပ်လိမ်ရ ပါတယ်၊ ဟာ.. ကဒ် ပါမလာ ဘူးပေါ့၊ ဟိုကောင် သူ့အဖေါ် ကို ထားပြီး ကားချက်ချင်း သွားမောင်းချ
လာတယ်၊ ကျနော့ကို အဆောင် လိုက်ပို့မယ်၊ တခါတည်း ကဒ်ဝင်ယူပြီး ပိုက်ဆံ လွှဲပေးပေါ့လေ၊ ဒါနဲ့
သူတို့သုံးယောက် ကျနော့ကို အဆောင်ထိ လိုက် (ပို့) ပါတယ်၊ တလမ်းလုံး သူဒါလုပ်လို့ ကားဝယ်နိုင်တာ၊
အရင်က ဘယ်လို ဘယ်လို မွဲတာ ဆိုပြီး တောက်လျှောက် ပြောလာတယ်၊ ကျနော် လည်း တအင်းအင်း
ပေါ့လေ၊ အဆောင် ရောက်ရင်တော့ ဒီကောင်တွေ လက်လျှော့ လောက်ပြီ လို့ထင်တာ မှားတယ်ဗျ၊
မပြန်ကြ တော့ဘူးဗျာ၊ အဆောင် ရှေ့မှာ ဂျစ်ကန်ကန် နဲ့ စောင့်နေကြတယ်။ ဆိုတော့ ကျနော် ထပ်လိမ်
ရပါပြီ၊ အဆောင်သော့ မေ့ခဲ့ တယ်ပေါ့၊ အခန်းဖေါ်ကို ခေါ်မယ် ဆိုပြီး ကျနော ဖုံးထုတ် ဆက်ပါတယ်၊
တကယ်တမ်း ကျတော့ ဖုံးမခေါ်ပဲ ဖုံးကိုင်ပြီး တယောက်တည်း စကား ပြောနေတာပါ၊ အခန်းဖေါ် ခရီးထွက်
သွားတယ်လို့ ထပ်ညာ လိုက်တယ်၊ လိမ်ရင်း ညာရင်း အခေါက်ပေါင်း တော်တော် များသွားတော့ ချောချော
ရှူရှူ ဖြစ်နေပါပြီ၊ ဒီလိုလာ ရင် ဟိုလိုလိမ် မယ်လို့ စိတ်ထဲက တွေးပြီး ကြည်နူး နေပါတယ်၊ ခါးခါး သီးသီး
ပြောလွှတ် ရမှာ မရဲတော့ ချိုချို သာသာ လိမ်တာကို ပဲ နည်းလမ်း တခု အနေနဲ့ တွေ့ရှိ သွားတာပါ၊ မောင်ဗလ
တော်တော် ညစ်သွား ပါပြီ၊ နောက်ဆုံးတော့ ကျနော့ အဖြူရောင် မုသား ဟာ လူကြမ်း မင်းသား မောင်ဗလ
နဲ့ ချစ်စရာ့ ဘီလူးမလေး ကို အနိုင်ယူ လိုက်သည် ပေါ့ကွယ်။ မုသားစကား ပြောတာ မကောင်း ပါဘူး၊
သို့ပေသိ ဒီလို အခြေ အနေ မျိုးကတော့ မတတ်သာ လို့ပါ၊ တဖက်သား ကိုလည်း မနစ်နာ စေပါဘူး။

အနှစ်ချုပ်ရရင်ဖြင့်.. ဒီလို မတ်ကက်တင်း ဟာ ဆိုးတာ ရှိသလို ကောင်းတာ လည်း အနည်း


အကျဉ်း ရှိပါတယ်၊ ဥပမာ ဝယ်ရမယ့် ပစ္စည်းတွေ က သွားတိုက်ဆေး၊ ဆပ်ပြာ စတဲ့ နေ့စဉ်သုံး ပစ္စည်းတွေ၊
ပြီးတော့ ဈေးကွက် ထဲက ဈေးနှုန်းထက် အဆမတန် များမနေဘူး (များမှာတော့ သေချာတယ်၊
ဘယ်လောက် များသလဲ၊ ပြန်ကာမိမလား ဆိုတာကို တွက်ရမယ်) ဆိုရင် တွက်ချက် ကြည့်ပြီး တွက်ချေကိုက်
ရင် လုပ်ကိုင် နိုင်ပါတယ်၊ တွက်ချက်တဲ့ အထဲမှာ ကိုယ့်မှာ ဒီလို သူငယ်ချင်း တွေ ရှိမရှိ (မိတ်ဆွေ များလေ
ကောင်းလေပဲ) ဆိုတာကို ကောင်းကောင်း ချင့်ချိန် ရမယ်၊ သူငယ်ချင်း ရှိပြီထားတော့၊ လစဉ် ဝယ်နိုင်အား
အတန်အသင့် ရှိတဲ့သူ ဖြစ်မှရမယ်။ လုပ်ပြီဟေ့ ဆိုရင်လည်း တဖက်သားကို သေသေ ချာချာ ရှင်းပြ
ရမယ်၊ ရှင်းပြလို့ လိုက်လုပ် မယ့်သူ မရှိလောက်ဘူး ထင်ရင် စကို မစ လိုက်နဲ့၊ နို့မဟုတ် ရင်တော့ ရှိရင်းစွဲ

၇၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

သူငယ်ချင်း အပေါင်း အသင်း တွေတောင် လျော့သွား မှာ သေချာတယ်။ ဒီလို ကိစ္စ မျိုးကို စိတ်ထဲ အူထဲ
ကနေပြီး လုံးဝ မကြိုက်ပါ၊ ဘာရောင်းရောင်း မဝယ်နိုင်ပါ ဆိုခဲ့ ရင်တော့ ရှင်းရှင်းလေး ပါပဲ၊ အားမနာ ပါနဲ့၊
ပြတ်သားပါ၊ အီးညောင် အီးညောင် မလုပ်ပဲ ငြင်းလိုက်ပါ။

မှတ်ချက်။ ကျနော မာတီလေယာ မတ်ကက်တင်း နဲ့ ဒါရိုက်စေးလ်စ် နဲ့ကို သိပ် မခွဲခြား တတ်သေးပါ၊
ယူအက်စ် က အမ်းဝေး ဒါရိုက်စေးလ်စ် လုပ်တာတော့ အရမ်း အောင်မြင်ပါတယ်၊ သို့သော် လုပ်ရပ်တွေ
သိပ် မကွာဘူး ထင်နေတုန်း ပါပဲ။ မှားတာ ရှိရင် ပြင်ပေးပါ။

သန့်ဇင်အောင်

၈၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

အင်္ဂလိပ်လိုဆိုရင်တော့ negotiate ပေါ့ဗျာ.. မြန်မာလိုဆိုရင်တော့ အပေးအယူလုပ်တယ်ပေါ့..


အဲဒီ အပေးအယူလုပ်တယ်ဆိုတဲ့အထဲမှာ အလျှော့ပေးတာရယ်၊ ရယူတာရယ်၊ ငြင်းခုံတာရယ်၊
ငြှိနှိုင်းတာရယ်၊ ဆွေးနွေးတာရယ်၊ common ground ဆိုတဲ့ သဘောတူနိုင်တဲ့ အခြေခံတွေကို ရှာတာရယ်
ပါပါတယ်။
အထူးသဖြင့် အဖွဲ့အစည်းနဲ့ အလုပ်လုပ်ကြပြီဆိုရင် အပေးရှိသလို အယူလဲ ရှိရပါတယ်။
အလျှော့ပေးတာရှိသလို ငြှိနှိုင်းယူတာလဲ ရှိပါတယ်။ မြန်မာအသိုင်းအ၀ိုင်းမှာ လုပ်ပြီဟေ့ဆိုရင် ကိုယ်က
အများကြီးကို အလျှော့ပေးထားမှ လိုတာကို ရတတ်တာ ကျွန်တော့် ကိုယ်တွေ့ပါပဲ။ ဒီတော့ ကိုယ်က
တစုံတခုကို ရယူချင်ပြီဆိုရင် တစုံတခုကို ဆုံးရှုံးရစမြဲပါ။ တစုံတခုကို စွဲစွဲမြဲမြဲ ကိုင်ဆုပ်ထားတဲ့အခါ
တခြားတစုံတခုဟာ လွတ်ကျသွားစမြဲပါ။
အသင်းလိုက် လှုပ်ရှား အလုပ်လုပ်ရင် လူညီဖို့ အင်မတန် ခက်ပါတယ်။ လူညီမှ
ရွေ့ပါတယ်။ တွန်းတဲ့ ရွေ့လျှားရာဘက်လဲ တူမှ၊ တွန်းလဲ တွန်းတတ်မှ အသင်းဟာ အသက်ဝင်ပါတယ်။
ပန်းတိုင်ကို ညီညီညာညာနဲ့ ရောက်မှာပါ။ နောက်တချက်က အသင်းတိုင်းမှာ အားအနည်းဆုံးလူနဲ့
အားအသာဆုံးလူဆိုတာ အမြဲပါပါတယ်။ အသင်းတသင်းမှာ လူတွေရဲ့ တဦးချင်း အင်အားဟာ အင်မတန်မှ
ကွာနေရင်လဲ အလုပ်ဖြစ်ဖို့ ခက်ခဲပါတယ်။ ဒီတော့ အသင်းတသင်း အောင်မြင်ဖို့ ဘာတွေ အဓိက လိုအပ်လဲ
ဆိုရင်...
(1) ကိုယ်က အလျှော့ပေးပြီး ရယူတတ်ရပါမယ်။
(2) အားအနည်းဆုံးအပေါ်ကို ရည်မှန်းချက် ကြီးကြီး မမှန်းထားရပါဘူး။
(3) အသင်းအပေါ် အားမလို အားမရ ဘယ်တော့မှ မဖြစ်ပါနဲ့။
(4) လူတိုင်းရဲ့ စွမ်းအားကို အမြဲ ထည့်တွက်ပြီး အလုပ်ပြီးမယ့်အချိန်ကို တွက်ယူရပါမယ်။
(5) ကိုယ်က အားအသာဆုံး လူဖြစ်ခဲ့ရင် တခြားလူတွေရဲ့ ဟာကွက်တွေကို တတ်နိုင်သလောက်
ဖြည့်ပေးရပါမယ်။ သို့သော် အစွမ်းကုန်တော့ အလုပ်မလုပ်ပါနဲ့။ ကိုယ့်ရဲ့ တခြားလုပ်စရာတွေအတွက်
အင်အားကို ချန်ထားပါ။
(6) ငြင်းခုံရာမှာ ရည်ရွယ်ချက် ရှိရှိ ငြင်းခုံပါ။ ကိုယ့်စကား နိုင်ပြီးရော မငြင်းပါနဲ့။ အင်အား

၈၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ကုန်ပါတယ်။ တတ်နိုင်လျှင် ဆွေးနွေးမှုသည်သာ ပိုအကျိုးရှိပါတယ်။


(7) ကိုယ့်ရဲ့ လောဘ၊ ဒေါသ၊ မောဟတွေကို တတ်နိုင်သလောက် ချုပ်ပြီး ဒီအသင်းတသင်းရဲ့
ရည်ရွယ်ချက် ပြီးဆုံးအောင်မြင်ဖို့ကိုသာ အဓိက ထားပါ။
(8) အသင်းသားအားလုံး ညီညွတ် ရပါမယ်။ ညီညွတ်မှုရှိအောင် အမြဲလဲ ငြှိနှိုင်းနေသင့်ပါတယ်။
(9) အတတ်နိုင်ဆုံး နောက်လိုက်ကောင်း တယောက်လုပ်ပါ။ နောက်လိုက်ကောင်းတယောက်
ဟာ ခေါင်းဆောင်ကောင်းတယောက်ကို မွေးထုတ်ပေးသလို နောက်လိုက်ကောင်းတယောက်ရှိနေတာ
ခေါင်းဆောင်တယောက် အပိုရှိနေသလို ပါပဲ။
(10) အသင်းရဲ့ အဓိက မဟာဗျူဟာကို ဘယ်တော့မှ မပျက်ကွက်ပါနဲ့။ အသင်းမှာ လိုအပ်တဲ့
လုပ်နည်းလုပ်ဟန် ဗျူဟာ မရှိရင် အဲဒီအသင်းဟာ ဘယ်တော့မှ မအောင်မြင်ပါ။

ကျွန်တော့်ရဲ့ ကိုယ်တွေ့ပါ။ ကျွန်တော်တို့ နောက်ဆုံးနှစ် ပရောဂျက် လုပ်တဲ့ အခါ ကျွန်တော်တို့


လုပ်ခဲ့တဲ့ အကြောင်းအရာတွေပါ။ ကျွန်တော်တို့ ဒီ ပရောဂျက်ဟာ ဘွဲ့ယူဖို့အတွက် အရေးကြီးဆုံး လုပ်ငန်းတခု
ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်နဲ့ တခြား သူငယ်ချင်း ၃ ယောက်ဟာ စုပေါင်းပြီး အသင်းတသင်းအနေနဲ့
လုပ်ခဲ့ကြပါတယ်။ သူတို့အားလုံးဟာ ကျွန်တော်နဲ့ လက်ရည်မကွာပါ။ ဥာဏ်ရည်လဲမကွာပါ။ ဒါ့ကြောင့်
ကျွန်တော်က ပေါင်းလုပ်ရင် အဆင်ပြေနိုင်တယ်လို့ ယုံကြည်လို့ ပေါင်းခဲ့ပါတယ်။
ကျွန်တော်တို့ အသင်း စလုပ်တဲ့အခါမှာ ဘာတွေ လုပ်မလဲဆိုတာတွေ အရင်ဆုံးဆွေးနွေးပါတယ်။
နောက် ပလန် (ပရောဂျက် အချိန်စာရင်း) ကို ဆွဲပါတယ်။ နောက် အမြဲနီးပါး တပတ်တခါတွေ့ဆုံဆွေးေ
နွးကြပါတယ်။ ကျွန်တော်တို့တွေ မဟာဗျူဟာတော့ သိပ်မမြောက်ခဲ့ပါ။ နောက်ဆုံး တင်ရမယ့် ရီပို့မှာ
တင်ဖို့ ကျန်တာတွေ ရှိနေလို့ပါပဲ။ နောက် ကျွန်တော်တို့တွေ အချိန်စာရင်းအတိုင်းမတိကျနိုင်ခဲ့ပါ။
ကံကောင်းထောက်မစွာနဲ့ ရီပို့ကို တပတ်အတွင်း ရေးလိုက်နိုင်ပါတယ်။ နို့မို့ဆို အချိန်စာရင်းနောက်ကျသွား
ပါပြီ။
ကျွန်တော်ပြောလိုတာက ကျွန်တော်တို့ရဲ့ နောက်ဆုံးထုတ်ကုန်ဟာ ပြီးပြည့်စုံတာချည်း
မဟုတ်ပါ။ အင်မတန် အလွဲလွဲအချော်ချော်တွေ ရှိနေပါသေးတယ်။ တနည်းပြောရရင် စိတ်တိုင်းမကျတဲ့
ထုတ်ကုန်တခုပါ။ သို့သော် ကျွန်တော် အင်မတန် ကျေနပ်ပါတယ်။ ကျွန်တော်တို့တွေ ညီညွတ်မှုကြောင့်
အခုလို ထုတ်ကုန်တခု ထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ညီညွတ်လို့သာ ရီပို့ကို
တပတ်အတွင်း ရေးလိုက်နိုင်တာပါ။
ပရောဂျက်ကာလ တလျှောက် ကျွန်တော်တို့တွေ ချိန်းထားတဲ့အချိန် ဘယ်တော့မှ အတိအကျ
မရောက်ပါ။ အမြဲ ၁ နာရီလောက် နောက်ကျစမြဲပေါ့။ ဒါကို ဘယ်သူ့ဘယ်သူမှ အပြစ်မတင်ပါ။ နောက်
ဘယ်တော့မှ အားအနည်းဆုံးသူကို လက်ညှိုးမထိုးပါ။ အကယ်လို့ အားအနည်းဆုံးသူကို လက်ညှိုးထိုးရင်
သူ့အားဟာ ပိုလို့တောင် ကျဆင်းသွားမှာ ဖြစ်ပါတယ်။ နောက် စိတ်မကျေနပ်စရာလေးတွေ ရှိခဲ့ပါတယ်။
ဒါကိုလည်း ဘယ်သူကမှ ထုတ်မပြောခဲ့ပါ။ အဲလို ပြောခဲ့ရင် ပရောဂျက် လုပ်အား ကျဆင်းသွားမှာ
ဖြစ်ပါတယ်။
အဓိကကတော့ ကျွန်တော်တို့တွေ ပျော်ပျော်ကြီးပဲ ပရောဂျက်ကို လုပ်ခဲ့ကြတာပါ။ အင်မတန်လဲ
အလျှော့ပေး ရယူခဲ့ကြတာပါ။ ဘာကို ရယူခဲ့လဲဆိုတော့ ပရောဂျက် ဂုဏ်ထူးကိုပေါ့။ ဟုတ်ကဲ့။
ကျွန်တော်တို့တွေ ပရောဂျက်မှာ ဂုဏ်ထူး ထွက်ခဲ့ကြပါတယ်။ လူတိုင်းဟာ အောင်မြင်ခြင်းရဲ့ အသီးအပွင့်
ဂုဏ်ထူးကို ခံစားခဲ့ကြပါတယ်။ အင်မတန်မှ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။
ဒီပရောဂျက်မှာ ပရောဂျက် အချိန်စာရင်းကို အားလုံးနဲ့ ညှိပြီး ဆွဲခဲ့ပါတယ်။ ဘာတွေ
လုပ်ရမလဲဆိုတာကိုလဲ အားလုံးနဲ့ ငြင်းခုံ ညှိုနှိုင်းပြီး လုပ်ခဲ့ကြပါတယ်။ ရီပို့ထဲမှာ ရေးရမယ့်
ခေါင်းစဉ်တွေကိုတော့ ကျွန်တော် ချပေးခဲ့ပါတယ်။ ကျွန်တော့်ကို ကျွန်တော် ပရောဂျက် ခေါင်းဆောင်အဖြစ်
တင်ထားခဲ့ပါတယ်။ သို့သော် ကျွန်တော်ဟာ ပရောဂျက် ခေါင်းဆောင် မဟုတ်ပါ။ ကိုယ့်ကိုယ်ကို
ငါဟာ ခေါင်းဆောင်လို့ ဘယ်သူ့ကိုမှ မပြောခဲ့ပါ။ ကျွန်တော်ဟာ အများအားဖြင့် နောက်လိုက်ကောင်း
တယောက်လိုသာ ၀ိုင်းဝန်းဆွေးနွေးခဲ့ပါတယ်။ ငါ တကော မကောသလို တခြားသူတွေ ထောက်ပြတာကိုလဲ
မငြိုငြင်ခဲ့ပါ။ ထို့အတူ ကျွန်တော့် သူငယ်ချင်း အကိုကြီးဟာလည်း ပရောဂျက် ခေါင်းဆောင်လို့ ပြောလို့
ရပါတယ်။ သူသာလျှင် တပတ်တခါ ဆရာ့ကို စာတွေ သွားသွားထပ်တာပါ။

၈၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

နောက်ဆုံး presentation မှာ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို system engineer လို့သာ


ရည်ညွှန်းခဲ့ပါတယ်။ ကျွန်တော် အကောင်းဆုံး ဆောင်ရွက်ခဲ့တာဟာ ခေါင်းဆောင်ဖြစ်လို့ မဟုတ်ပါ။
ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို အကောင်းဆုံး ခေါင်းဆောင်နိုင်ခဲ့ပါတယ်။ အဓိကကတော့ ကျွန်တော်တို့တွေ
ကိုယ့်အလှည့်ကျ မနွဲ့စတမ်း ကိုယ့်အားကိုယ်ကိုး ခေါင်းဆောင်နိုင်ရပါမယ်။ ဒါကို ကျွန်တော်တို့ ရင့်ကျက်တဲ့
အသိအမြင် ကြွယ်ဝတဲ့ မြန်မာတွေ ဖြစ်ဖို့ သဘောပေါက်ဖို့ လိုပါတယ်။
သူများအပေါ် ဆရာလုပ်တာဟာ တဖက်သား ခံရခက်ပါတယ်။ ကျွန်တော်ဟာ အခုထိ
ဆရာလုပ်နေတုန်းလားဆိုရင် လုပ်နေတုန်းလို့ ဆိုရမှာပါပဲ။ သို့သော် ပရောဂျက်ကာလတလျှောက်မှာ
တော့ သူများအပေါ် ဆရာမလုပ်မိဖို့ သတိတော့ထားခဲ့ပါတယ်။ ဆရာလုပ်ချင် လုပ်ခဲ့မှာပါပဲ။ သို့သော်
ကောင်းစေချင်တဲ့ စေတနာနဲ့ ဆရာလုပ်မိတာကိုတော့ တဖက်သား သဘောပေါက်ဖို့ လိုပါတယ်။
ဆရာလုပ်တယ်ဆိုတာလဲ လုပ်ဖို့ အရည်အချင်း ရှိမှ ဆရာလုပ်တာ ကောင်းပါတယ်။ ကိုယ်က မတတ်ဘဲ
ဆရာလုပ်ရင် တဖက်သားကူ ပြန်ကလော်တုတ်မှာ မလွဲပါဘူး။
ကျွန်တော်တို့တွေ ပျော်ရွှင်စွာနဲ့ အောင်မြင်မှုကို ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။
ကျွန်တော်တို့တွေ အချင်းချင်းလဲ တွတ်တွတ်ထိုး ပြောဆို ရယ်မော၊ ပြန်လည် အောက်မေ့နဲ့ ပြီးဆုံးခဲ့တဲ့
ပရောဂျက်ရဲ့ ခက်ခဲမှုမျိုးစုံ၊ ကျွန်တော်တို့တွေရဲ့ ဘယ်လိုဘယ်ပုံ လုပ်ခဲ့ကြတယ်ဆိုတာတွေကို fountain
of wealthရဲ့အောက်မှာ သမိုင်းမှတ်တမ်းတင်ခဲ့ကြပါတယ်။ ကျွန်တော်တို့တွေ ညည်းတွားခဲ့ကြပါတယ်။
ငြင်းခုံခဲ့ကြပါတယ်။ ထို့အတူ အိပ်ရေးပေါင်းများစွာလဲ အပျက်ခံခဲ့ပါတယ်။ အခု ရယ်မောနေကြပါပြီ။
စားသောက် ပျော်ရွှင်နေကြပါပြီ။
အို မိတ်ဆွေ.. ညည်းတွားမှုတိုင်း၏ နောက်ကွယ်တွင် ရယ်မောမှုတို့ ဖြစ်ပေါ်စေရန် အသင်တို့
ကြိုးစား ညီညွတ်ကုန်လော့။

မျက်လုံး

၈၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ကျွန်တော် လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော့်သူငယ်ချင်းပြောတဲ့ An Inconvenient Truth ကို


ကြည့်ဖြစ်တယ်။ ဒီကားကို ပြောကထဲက ကြည့်ချင်နေခဲ့တာပါ။ အတော်လေးကို လိုက်ရှာလိုက်ရပါတယ်။
Oscar ပေးတဲ့နေ့က Best Documentary ရသွားတော့ ပိုလို့တောင် ကြည့်ချင်သွားခဲ့ပါတယ်။
ကမ္ဘာကြီးက အရမ်းကိုကြီးလွန်းတယ် ဆိုပြီးတော့ လူတွေက ကမ္ဘာ့ပတ်ဝန်းကျင်ကို
အလေးမထားတာ တွေရှိပါတယ်။ အဲဒီလို အလေးမထားတာတွေ တဖြည်းဖြည်း များလာတော့
ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိခိုက်မှု့တွေဖြစ်လာရတာပေါ့။ ကျွန်တော်တို့ ကမ္ဘာ ကို ၀န်းရံထားတဲ့
ကမ္ဘာ့လေထုဟာ ကမ္ဘာရဲ့ အရွယ်အစားနဲ့ နှိုင်းယှဉ်ရင် အင်မတန်ကိုမှ ပါးလွှာပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့
စက်ရုံအလုပ်ရုံတွေ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ တွေ၊ လူသားတွေ နေ့စဉ်အသုံးပြုနေတဲ့
မော်တော်ယာဉ်တွေက ထုတ်လွှတ်နေတဲ့ မီးခိုး ငွေ့တွေဟာ အလွန်ပါးလွှာတဲ့ ကမ္ဘာ့လေထုကို
များစွာ ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ လေထု ညစ်ညမ်းမှုတွေပါပဲ။ နေရောင်ခြည်ရဲ့ အလင်းတန်းတွေဟာ
လေထုကို ထိုးဖေါက်ပြီး ကမ္ဘာကို ကျရောက် လာပါတယ်။ အဲဒီ အလင်းတန်းတွေရဲ့ တစ်ချို့ဟာ ကမ္ဘာကို
ထိပြီး အနီအောက် ရောင်ခြည်အနေနဲ့ လေထုကိုဖြတ်ကာ ပြန်ကန်ထွက်ပါတယ်။ ဒီထွက်လာတဲ့
ရောင်ခြည်တွေထဲက တစ်ချို့ဟာ လေထုကိုထိပြီး ကမ္ဘာမြေကို ထပ်မံ ကျရောက်ပြန် ပါတယ်။ ဒီနည်းအားဖြင့်
ကမ္ဘာကြီးရဲ့ အပူချိန်ဟာ ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းမှုနဲ့ မျှတနေပါတယ်။ လေထုညစ်ညမ်းမှုတွေ
တစ်နေ့ထက်တစ်နေ့ ပိုများလာတော့ ပါးလွှာတဲ့လေထုဟာ လေထုညစ်ညမ်းမှုတွေကြောင့် ပိုမိုထူထဲလာပြီး
ပြန်ကန်ထွက်တဲ့ ရောင်ခြည်တွေဟာ ကမ္ဘာ့လေထုထဲမှာ ပိုမိုပိတ်မိလာပါတယ်။ ဒါကြောင့် ကမ္ဘာကြီးဟာ
ပူသင့်တာထက်ပိုပြီး ပူနွေးလာပါတယ်။
ကမ္ဘာ့အပူဆုံး (၁၀)နှစ်ကို ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ (၁၄)နှစ်တာကာလအတွင်းမှာ
တွေ့ရမှာဖြစ်ပြီး ၂၀၀၅ ခုနှစ်ဟာ ကမ္ဘာ့အပူဆုံးနှစ်ဖြစ်ပါတယ်။ ၂၀၀၃ခုနှစ်က ဥရောပတိုက်မှာ
ကျရောက်ခဲ့တဲ့ အပူလှိုင်းကြောင့် လူပေါင်း ၃၅,၀၀၀ ခန့်သေဆုံး ခဲ့ရပါတယ်။ အပူချိန်မြင့်တက်တာဟာ ကု
န်းပေါ်မှာတင်မဟုတ်ပါဘူး၊ ပင်လယ်သမုဒ္ဒရာ တွေရဲ့ အပူချိန်ဟာလည်း မြင့်တက်လာပါတယ်။ ပင်လယ်ရေ
အပူချိန်တွေ မြင့်တက်လာတော့ ပိုမိုပြင်းထန်တဲ့ မုန်တိုင်းတွေဖြစ်ပေါ်မှုဟာလည်း တိုးလာပါတယ်။
အမေရိကတိုက်မှာ အဆိုးဝါးဆုံး ဟာရီကိန်းတွေကို ကြုံတွေ့ခဲ့ရပါတယ်။ အာရှတိုက်မှာလဲ ပြင်းထန်တဲ့

၈၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

တိုက်ဖုန်း မုန်တိုင်းတွေ ဖြစ်ပေါ်တဲ့ အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အများဆုံး


ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့တောင်ဘက်အခြမ်းမှာ ဟာရီကိန်းတွေ မဖြစ်နိုင်ဘူးလို့ ပညာရှင်တွေက ဆိုခဲ့ပေမဲ့
ရာသီဥတု ဖေါက်ပြန်မှုတွေကြောင့် ၂၀၀၄ ခုနှစ်၊ ဘရာဇီး ကမ်းလွန်မှာ ပထမဦးဆုံး ဟာရီကိန်းကို
ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၀၅ ခုနှစ်မှာ စံချိန်တင်လောက်တဲ့ မိုးရွာသွန်းမှုတွေ၊ တရုတ်ပြည်ရဲ့ တစ်ဖက်ခြမ်းမှာ
မိုးရွာလွန်းလို့ ရေကြီးနေပြီး တစ်ဖက်ခြမ်းမှာတော့ မိုးခေါင်မှုတွေကို တပြိုင်နက်ထဲ ကြုံတွေ့ ခဲ့ရပါတယ်။
ကမ္ဘာအကြီးဆုံး ရေခဲပြင်ဟာ တောင်ဝန်ရိုးစွန်းဒေသမှာ ရှိပါတယ်။ ၂၀၀၂ ခုနှစ်က
သိပ္ပံပညာရှင်တွေဟာ တောင်ဝန်ရိုးစွန်းက ရေခဲပြင်ဒေသတစ်ခုရဲ့ ရေခဲပြင် မျက်နှာပြင် တွေပေါ်မှာ
ရေအိုင်တွေကို တွေ့ရှိခဲ့ပါတယ်။ ပညာရှင်တွေက ဒီရေအိုင်တွေဟာ သူ့အလိုလို ပြန်ခဲသွားလိမ့်မယ်လို့
ထင်ထားခဲ့ကြပေမဲ့ တစ်ကယ်တန်း ကြတော့ ဒီရေအိုင်တွေက အောက်ကရှိတဲ့ ရေခဲတွေကို တိုက်စားပြီး
ပင်လယ်ကြမ်းပြင် အထိတိုက်စား သွားပါတယ်။ ထို့နောက် ရေခဲပြင်ဟာ အနည်းငယ် ပြတ်ရွေ့လာပြီး
ရက်ပေါင်း (၄၀)ခန့်အတွင်းမှာ စင်္ကာပူ နိုင်ငံခန့် အရွယ်ရှိတဲ့ ရေခဲပြင်ဟာ လုံးဝ ပျောက်ကွယ်သွား ခဲ့ပါတယ်။
ဒါဟာ ပင်လယ်ထဲမှာ ဖြစ်တည်နေတဲ့ ရေခဲပြင်ပါ။ ဒီရေခဲပြင် ပျောက်ကွယ်သွားတော့ သူနဲ့ထိဆက်နေတဲ့
ကုန်းပေါ်က ရေခဲတွေ က ပင်လယ်ထဲသို့ ကျိုးပြတ် ပြုတ်ကြခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာ အတွင်းက ကျွန်းနိုင်ငံငယ်
တစ်ချို့ကို ရေကြီးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ပင်လယ်ထဲက ရေခဲပြင် အရည်ပျော်တဲ့အခါပင်လယ်ရေမျက်
နှာပြင် ပြောင်းလဲမှုမရှိသော်လည်း ကုန်းပေါ်က ရေခဲပြင် အရည်ပျော်တဲ့ အခါမှာတော့ပင်လယ်ရေမျက်နှာ
ပြင် မြင့်တက်လာတဲ့ သဘောပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅၀,၀၀၀ အတွင်းမှာ ရေခဲနှစ် (Ice Age) (၇)ခါ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့
ကမ္ဘာရဲ့ သမုဒ္ဒရာတွေထဲမှာ ရေနွေးစီးကြောင်း၊ ရေအေးစီးကြောင်းတွေ ရှိကြပါတယ်။ အဲဒီထဲက
ရေနွေးစီးကြောင်းတစ်ခုဟာ မြောက်အတ္တလန္တိတ် သမုဒ္ဒရာရဲ့ မြောက်ဘက်ပိုင်းမှာ ရေအေးစီိးကြောင်းအြ
ဖစ်သို့ ပြောင်းပြီး တောင်အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ ပြန်လည်စီးဆင်းသွားပါတယ်။ တောင်အတ္တလန္တိတ်
သမုဒ္ဒရာကနေ မြောက်အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး တက်လာတဲ့ ရေနွေးစီးကြောင်းဟာ
မြောက်အတ္တလန္တိတ် သမုဒ္ဒရာရဲ့ မြောက်ပိုင်းအရောက်မှာ အေးလာပြီး အပူများကို ရေနွေးငွေ့အဖြစ်
အငွေ့ပြန်ကာ ရေအေးစီးကြောင်းအဖြစ် ပြောင်လဲသွားပါတယ်။ ဒီရေနွေးငွေ့တွေဟာ ဥရောပတိုက်ဖက်စီကို
ရွေ့လျှားသွားခြင်းဖြင့် ဥရောပတိုက်ရဲ့ ရာသီဥတုကို ထိန်းသိမ်းပေးထားပါတယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ
ရေပိုအေးလားပြီး ပိုလည်း ငံလာပါတယ်။ ဒါဟာ ပင်လယ်ရေကို ပိုပြီး သိပ်သည်းစေပြီး ပိုပြီးလေးစေပါတယ်။
ပိုအေးပြီး လေးတဲ အဲဒီရေတွေဟာ တစ်စက္ကန့်ကို ဂါလံ (၅)သန်းနှုန်းနဲ့ ပင်လယ်ရေအောက်ကို
ကျဆင်းပြီး ကမ္ဘာ့တောင်ဘက် အခြမ်းဆီကို စီးဆင်းသွားပါတယ်။ နောက်ဆုံး Ice Age ဖြစ်ရခြင်းဟာ
မြောက်အမေရိကတိုက်က ရေခဲပြင် ရည်ပျော်မှုကြောင့် ဖြစ်ပါတယ်။ မြောက်အမေရိကတိုက်
မြောက်ဘက်ပိုင်းဟာ အဲဒီအချိန်က ရေခဲပြင်ကြီးပြီး အဲဒီရေခဲပြင် အရည်စ ပျော်တော့ မြောက်အမေရိကတိုက်
ရေခဲပြင်ကြီးပေါ်မှာ ရေချို ရေကန်ကြီး ဖြစ်လာခဲ့ပါတယ်။ အဲဒီရေချိုရေကန်ကို ထိန်းထားတဲ့ ရေခဲတွေ
အရည်ပျော်တဲ့ အခါမှာတော့ ဒီရေချိုရေတွေဟာ မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲကို စီ်းဝင်ပါတယ်။ အဲ
ဒီလိုစီ်းဝင်ခြင်းအားဖြင့် မြောက်အတ္တလန္တိတ် သမုဒ္ဒရာရဲ့ ရေနွေးစီ်းကြောင်းမှ ရေအေးစီ်းကြောင်းအဖြစ်သို့
ပြောင်လဲမှုကို အနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။ အေးနေပြီး အငံဓာတ်များကာ လေးလာလို့ ရေအေးစီ်း
ကြောင်းအဖြစ်ပြောင်း နေတဲ့ အဲဒီရေတွေဟာ ရေခဲတွေ အရည်ပျော်လို့ စီ်းဆင်းလာတဲ့ ရေချိုတွေကြောင့်
အငံဓာတ်လျော့နည်းပြီး ပေါ့လာကာ ရေနွေးစီ်းကြောင်းမှ ရေအေးစီ်းကြောင်းအဖြစ်သို့ ပြောင်လဲတဲ့
ဖြစ်စဉ်ကို ရပ်တန့် သွားစေခဲ့ပါတယ်။ ဒီအခါမှာ ဥရောပတိုက်ကြီးဟာ ရေခဲပြင်အဖြစ်သို့ ရောက်ရှိ
သွားပါတယ်။ ဒါဟာ နောက်ဆုံး Ice Age ဖြစ်ရခြင်းရဲ့ အဓိက ကြောင်းအရင်းပါ။
ဒီလိုဖြစ်နိုင်စရာ အကြောင်းအရင်းရှိလားလို့ ဆိုရင်၊ အခုဖြစ်နေတဲ့ ကမ္ဘာကြီး ပူနွေးမှုနှုန်းနဲ့
ဆိုရင် အများကြီးရှိနိုင်ပါတယ်။ မြောက်အတ္တလန္တိတ်ထဲကို စီ်းဝင်နိုင်စရာ ရေချိုကတော့ Greenland
ကရေခဲပြင်ပါ။ အဲဒီရေခဲသာ လုံးဝအရည်ပျော်သွားမယ်ဆိုရင် နောက်ထပ် Ice Age ကိုရောက်သွားနိုင်ပါ
လိမ့်မယ်။ ဒါဟာဖြစ်နိုင်ခြေ အများကြီးရှိပါတယ်။ အခုဆိုရင် Greenland ကရေခဲပြင်တွေပေါ်မှာ ရေအိုင်တွေ
စဖြစ်နေပါပြီ။ အဲဒီလိုဖြစ်လာရင် ကမ္ဘာ့ ပင်လယ်ရေမျက်နှာပြင်ဟာ မြင့်တက်လာမှာပါ။ ဒါဆိုရင်တော့
ကမ္ဘာ့အထင်ကရ မြို့ကြီးတစ်ချို့ဟာ ရေအောက်ကို နစ်မြုပ် ပျောက်ကွယ်သွားပါလိမ့်မယ်။

၈၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ကမ္ဘာကြီးပူနွေးလာမှုကို သိပ္ပံပညာရှင်တွေက သက်ဆိုင်ရာ အစိုးရတွေကို တင်ပြလေ့ရှိပေမဲ့


တစ်ခါတစ်ရံမှာ သူတို့ရဲ့တင်ပြချက်တွေက ကြောက်စရာ လန့်စရာတွေ ဖြစ်နေတော့ သက်ဆိုင်ရာ
အစိုးရတွေက ပြည်သူလူထု လန့်မှာစိုးလို့၊ သူတို့ စီးပွားရေး ထိခိုက်မှာစိုးလို့ သင့်တော်အောင်
ပြင်ဆင်ဖေါ်ပြလေ့ ရှိပါတယ်။ ဒါဟာ အင်မတန်မှ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပါ။ ဘယ်သူတွေ ဘယ်လောက်ပဲ
ချမ်းသာ၊ ကမ္ဘာ့ပတ်ဝန်းကျင် မရှိရင် ဒီချမ်းသာမှုတွေက အလကားပါပဲ။
ကမ္ဘာကြီးပူနွေးစေတဲ့ အဓိက အကြောင်းအရင်းတွေက၊ အလွန်အကျွံသစ်ခုတ်လို့
သစ်တောပြုန်းတီးမှု၊ တောရှင်းချင်လို့ တောမီးရှို့ရာက တောမီးလောင်ကြွမ်းမှု၊ စက်ရုံ အလုပ်ရုံတွေက
Carbon Dioxide ထုတ်လွှတ်မှု၊ ကျွန်တော်တို့ နေ့စဉ် သွားလာရာမှာ အသုံးပြုနေတဲ့ မော်တော်ယာဉ်တွေက
ထုတ်လွှတ်လိုက်တဲ့ Carbon Dioxide စတာတွေပါ။ ဒီတော့ ဒါတွေမဖြစ်အောင် ဘယ်လိုလုပ်မလဲ။
ယခုမျက်မှောက်ကာလမှာ ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ မော်တော်ယာဉ်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ
ကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နေကြပါပြီ။ ဒါတွေကို အသုံးပြုခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်
ပျက်ဆီးမှုကို ကာကွယ်နိုင်ပါတယ်။ သမရိုးကျ လျှပ်စစ်ထုတ်လုပ်တဲ့ နည်းတွေဖြစ်တဲ့ လောင်စာဆီကို
အသုံးပြုထုတ်လုပ်နေတဲ့ နေရာတွေမှာ Renewable Energy Resources တွေဖြစ်တဲ့ လေအားလျှပ်စစ်၊
ရေအားလျှပ်စစ် စတာတွေကို ပြောင်သုံးမယ်ဆိုရင်လည်း ပတ်ဝန်းကျင် ပျက်ဆီမှုကို ကာကွယ်နိုင်ပါတယ်။
ပူတဲ့အချိန်မှာ Air-con ကို နဲနဲ လျှော့ဖွင့်၊ အေးတဲ့အချိန်မှာ Heater ကိုလျှော့ဖွင့်၊ လျှပ်စစ်ဓာတ်အားကို
ချွေတာနိုင်တဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေကို ပြောင်သုံးခြင်း၊ စတာတွေကို ပြုလုပ်ခြင်းဖြင့်လဲ
သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုကို ကာကွယ်နိုင်ပါတယ်။
An Inconvenient Truth ဆိုတဲ့ ရုပ်ရှင်ကိုတော့ ကြည့်ဖြစ်အောင် ကြည့်ပါလို့ ကျွန်တော့်အနေနဲ့
တိုက်တွန်းချင်ပါတယ်။ Al Gore ဟာ ကမ္ဘာတစ်ဝှမ်းကို လှည့်လည်ပြီး ဒီအကြောင်းကို ဟောပြောနေပါတယ်။
သူဘာလို့ဘဲ ဒီကားကိုရိုက်ရိုက် ဘာအကြောင်းနဲ့ပဲ ကမ္ဘာလှည့်ပြီး ပြောနေပြောနေ သူတင်ပြတာ
ကောင်းပါတယ်လို့ ကျွန်တော်ယူဆပါတယ်။ သူတင်ပြတာ မှန်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒီစာကို
လာဖတ်တဲ့ သူအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။

စိုးမိုးအောင်

၈၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

(၁)
မျက်ရည်ဆိုတာ
ငိုဘို့ မဟုတ်
ဘာလုပ်ဘို့များကျတာလဲ။
(ရေးသူမမှတ်မိ ပို့စကဒ်ကဗျာ တစ်ပုဒ် မှ)

(၂)
လူ့ဘုံလောက လူ့သဘာဝ အရ ကျွန်တော်တို့ အနေနဲ့ ငိုခြင်း ဆိုသည့် သဘာဝ နှင့် စိမ်းနေကြသူများကား
မဟုတ်ကြချေ။ ပြောကြစတမ်း ဆိုပါက အငို နှင့်စပြီး အငို နှင့် ဆုံးတတ်ကြသော သဘာဝအရ အူဝဲ ဟု
အော်ကာ အမိဝမ်းမှ ကျွတ်ကတည်းက ငို လာလိုက်ကြသည်မှာ အလိုမကျရင်လည်း ငို၊ အလိုကျရင်လည်းငို
၊ ၀မ်းနည်းရင် လည်းငို ၊ ၀မ်းသာရင်လည်းငို ၊ကြောက်ရင်လည်းငို ၊ ခြောက်ရင်လည်းငို ၊ အို--- ငို တယ်
ဆိုတာ သေသည့် အခါမှ ရပ်တော့ သည်ဟု ပင် ဆိုရလေမလား။ ဒါတောင် ကိုယ် က ချစ်သူ ခင်သူတွေ
များသူ ဆိုပါက ကိုယ့်အတွက် ငို မည့်သူတွေအများကြီး ရှိနေဦး မည်ဟု တွက်လို့ရပါလိမ့်မည်။

ဘာဖြစ်လို့များ ငိုကြတာလဲ ဟု မပြောခင် မျက်ရည် ဆိုတာကြီး ကို သုံးမျိုးသုံးစား ခွဲခြား


ထားတာ ကို အရင်ဆုံး ပြောပြချင်ပါသည်။
အခြေခံမျက်ရည် (Basal Tears) ဆိုတာက မျက်လုံးအိမ်ထဲ မှာ သဘာဝအတိုင်း
အမြဲတန်းရှိနေသော မျက်စေ့အိမ် ချောမွေ့စိုစွတ်အောင် လုပ်သော အရည်တစ်မျိုး ဖြစ်သည်။
တုန့်ပြန်မျက်ရည်( Reflex Tears) ဆိုသည်ကတော့ ပြင်ပက တစ်ခုခုလှုံ့ဆော်မှု တစ်ခုခုကြောင့်
မဖြစ်မနေကျလာရသော မျက်ရည် ဟုဆိုပါသည်။ ကျွန်တော်တို့ ကြက်သွန်မွန် သည့်အခါ ကျလာရသော
မျက်ရည်မျိုးဖြစ်ပါသည်။
ခံစားမှုမျက်ရည် ( Emotional Tears ) ကျတော့ စိတ်လှုပ်ရှားမှု ၊ ခံစားမှု တို့ ကြုံရသော အခါ
အလိုလို ထွက်ကျလာသော မျက်ရည်ဟု ဆိုကြလေသည်။

၈၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ဘယ်လို မျက်ရည် မျိုးပဲဖြစ်ဖြစ် မျက်ရည် ဆိုသည်နှင့် ကယ်မီကယ်လ် ပရိုတိန်း နှင့် ဟိုမုန်း


တို့ (အနည်းအများ ကွာသည်မှအပ) ပါဝင်သည်ချည့်ပင် ဟု ဆိုသော်လည်း ခံစားမှုမျက်ရည် တွင်တော့
ပရိုလက်တင်ဟိုမုန်း နှင့် မင်္ဂနိ တို့ ပါဝင်မှုနှုန်းတို့ မြင့်မား နေသည် ကို သိပ္ပံနည်းကျ ဓါတ်ခွဲစမ်းသပ်တွေ့ရှိ
ထားသည် ဟု ဆိုရာ ကိုယ်ခန္ဒာ မှ ယင်း ဓါတ်တွေ များများ ထွက်သွားသည်ဆိုပါက စိတ်ကျမှုဖြစ်စေမှု ကို
လျော့ကျစေ သည် ဟု ဆိုပါသည်။
သို့ဆိုလျှင် မျက်ရည်ကျတာခြင်းအတူတူ ခံစားမှုစိတ်လှုပ်ရှားမှု တစ်ခုခုကြောင့်
မျက်ရည်ကျကြကြေး ဆိုလျှင် အားရပါးရ ရှိုက်ငိုလိုက်တာက စိတ်ခံစားမှု တွေကို လျော့ကြစေမည် ဟု
ကျွန်တော်နားလည်လိုက်ပါသည်။

(၃)
ကဲ ငိုကြစို့ ဆိုတော့ ။ ခက်တာက ကျွန်တော့မှာ ယောက်ျားသား ဆိုတာမျိုး ကြုံရတော့ သည်။
ကျွန်တော်တို့ လူ့ဘောင်လောက အလိုအရ တော့ မိန်းမသား တွေ ငို တာ ကို အားနွဲ့သူ မို့ ဘာညာ နှင့်
ခွင့်လွှတ်ကြသော်လည်း ယောင်္ကျားသား ကြီး မျက်ရည်တစ်စိုစို ဖြစ်လို့နေတာက ကြည့်လို့ မကောင်းသည့်
အပြင်အော့ချင်စရာ ကောင်းနေမှာက အမှန်ပင်။ သီချင်းတွေထဲ ပြန်ကြည့်ရင်တော့ ငိုသံပါကြီးနဲ့ သီဆိုသော
ယောင်္ကျားသီချင်း တွေ ရီချင်စရာကောင်းနေမှာ အမှန်ပင်။ ဇီးရိုးဇီးရိုးဝမ်းလို့ ကျွန်တော်တင်စား ခေါ်ချင်တဲ့
ငိုခြင်း လိုင်စင် ရမထားတဲ့ ယောင်္ကျားသားတွေ သိက္ခာရှိရှိ အားပါးတစ်ရ ငိုချင် ကြရင် မိုးရွာထဲ ထွက်ပြီး
အားပါးတစ်ရ ငိုချလိုက်တ မျိုး သီချင်းတွေ ရှိခဲ့ကြပါသည်။
အဆိုတော် စိုးပိုင် ရဲ့ မောင်ငိုမယ် မိုးသည်းထဲမှာ ဆိုသည့် သီချင်း ၊ အဆိုတော် စိုင်းထီးဆိုင်
(စိုင်းခမ်းသီ) သီဆိုထားသော သွန်းမျက်ရည်မိုး ဆိုသည့် သီချင်း တို့ထဲတွင် အပြင်မှာငိုပြခွင့် မရသော
ယောင်္ကျားသားကြီးတွေ မိုးရွာထဲမှာ ရောကာ ငိုချလိုက်တာမျိုးတွေလည်း တွေ့ကြရသည်။ .
ဘလော့တစ်ခုရဲ့ ပို့စ်တစ်ခု ထဲမှာတော့ ရေချိုးခန်းထဲက ရေပန်းရဲ့အောက်မှာ အားပါး တစ်ရ
ရှိုက်ငိုလိုက်တာက စိတ်သက်သာရာရစေကြောင်း ရေးထားတာကို စိတ်ထဲ စွဲမြဲ မှတ်ထင်နေဘူးသည်။
ထိုနည်းကတော့ ယောင်္ကျား မိန်မ မရွေး သိက္ခာအရှိဆုံး ငို သည့် နည်းလမ်းဖြစ်မည် ဟု
ကျွန်တော်တွေးထင်မိသည်။ သို့ရာတွင် ကျွန်တော် ထပ်မံတွေးထင်သည်ကတော့ ၀မ်းသာလို့ကျသော
မျက်ရည်၊ ကြည်နှုးမှု မျက်ရည်၊ဂရုဏာ မျက်ရည်၊ မုဒိတာ မျက်ရည် အစရှိသောသူတစ်ပါး ထိခိုက်မှု
မရှိစေသော မျက်ရည်များ ဆိုပါက နေရာမရွေး၊ဒေသမရွေး ၊ လူပုဂ္ဂိုလ် မရွေး ကြည့် လို့ တင့်တယ်နေမည်
ဟု ယူဆမိပါကြောင်း။

အောင်လံမောင်

၈၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

ဝုန်း ..ရှဲ… ရှဲ……. ၀ုန်း ..ရှဲ… ရှဲ….….

လှိုင်းများသည် ကမ်းပါးရံ သို့ စီးချက်ကျစွာ ရိုက်ခတ် လျက်ရှိသည်-


လေများက မြစ်ကမ်း ဘေးမှ သစ်ပင်များကို ယိမ်းနွဲ့စေ၍ သစ်ခက် သစ်ရွက်များသည်
အချင်းချင်းပွတ်တိုက်ခါ သဘာဝဂီတ တခုကို ဖော်ကြူးနေကြသည်-
ထိုလေ များသည် ကြည်လင်သော မြစ်၏ကြမ်းပြင် အား ဖြတ်ကျော် တိုက်ခတ်လာသောကြောင့်
လတ်ဆတ် လွန်းလှသည်-
ရေနှင့်စုန်သွားသော ဖောင် လေနှင့်စုန်သွားသော ရွက်လှေ နှင့် ရေစုန်ရေဆန်လေစုန်လေဆန်ကို
ဂရုမစိုက်သော စက်လှေ တချို့တို့ကိုလည်း အသက်ဝင်နေသော ပန်းချီကား တချပ် အလားမြင်နိုင်ပါသည်-
နေရောင်ခြည် များက ထိုပန်းချီကား ကို ရုပ်လုံးကြွှလာ စေရန် ဆလိုက်ထိုးပေးထားသည်နှင့်ပင်
တူ နေသေးသည်-
ထိုနေရာ သည်ကား မိခင်ကုန်းမြေမှ နို့ရည်ထုတ်ပေး လိုက်သဖြင့်မင်းဝံတောင်ကြောဘေး၌
ရစ်ခွေကာ စီးဆင်းနေသည့်မြစ်ဧရာ၏ ကမ်းစပ်တခု ပင် ဖြစ်ပေသည်-

သို့သော် ထိုအလှအပ များမှာ သူနှင့်မဆိုင် သည့်အလား မြစ်ကမ်းဘေး၌တိတ်ဆိတ်ငြိမ်သက်


စွာထိုင်နေသူ တယောက်ရှိသည်-
ထိုသူမှာ တံငါသည် တယောက်ဖြစ်ပါသည်-
ဝမ်းနည်းစရာကောင်းသည်မှာ ထိုတံငါသည် သည် ကလေးတယောက်ဖြစ်နေခြင်းပင်-

တံငါသည်လေး၏ မျက်စိများသည် ပန်းချီကားချပ် ထဲ၌ ရှိမနေသည်မှာသေချာပါသည်-


သူ၏ အမြင်အာရုံမှာ နိုင်လွန်ငါးမျှားကြိုး နှင့် ဆက်သွယ်ထားသည့် ရေပေါ်၌ပေါလောပေါ်နေသော
ဖော့တစ်ခု၌ တည်ရှိနေသည်-
ထိုဖော့ကလေး လှုပ်ရှားလာခြင်း သည် သူ၏ရည်မှန်းချက် ဖြစ်သည်-

၈၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

သူ၏စိတ်များ ကိုလည်း ပတ်ဝန်းကျင်၌ လွင့်မြော မနေစေပါ-


ငါးတကောင် အစာကို လာဟတ်လျှင် ဒုတ် .. ဒုတ် .. ဒုတ် . ဒုတ် .. ဟု လက်မှခံစားရလာမည့်
အတွေ့အာရုံ သည် သူ၏ မျှော်လင့်ချက် ဖြစ်သည်-
ငါးမျှားတန် ကိုင်းညွှတ် သွားလျှင် လျင်မြန်စွာ ဆွဲတင်နိုင်ရန်အဆင်သင့် ပြင်ထားသည်-
သူ၏ ပန်းတိုင်မှာ ငါးတကောင်သည် သူ့ငါးမျှားတန်၌ ပါလာရန် ပင်ဖြစ်သည်-

တဖြည်းဖြည်း နှင့် အချိန်တွေကုန် လာသည်မှာ နေမင်းကြီးသည်ပင် ထိုတရက်ကို နုတ်ဆက်ရန်


ဟန်ပြင်နေပြီ-
ငါးများသည်လည်း ငါးသီတံ ၌ချိတ်ဆက်ထားသည်မှာတော်တော်ပင် များနေပေပြီ-
တံငါသည်လေး၏ မျှော်လင့်ချက်များမှာ ထိုနေ့အတွက် ဖူလုံနေပြီ-
ထိုအချိန် ကြမှသာ သူသည် ပတ်ဝန်းကျင် အလှပကို ခံစားနိုင်တော့သည်-
သူ၏ ပတ်ဝန်းကျင် ခံစား မှုမှာ လတ်ဆတ်သောလေကို တ၀ကြီးရူသွင်းလိုက်ခြင်းပင်-
ထို့ထက်ပို၍ မခံစားတတ်-
သူ၏စိတ် ကိုလည်းလွှတ်လပ်ခွင့် ပေးလိုက်သည်-
ထိုအခါ အတွေးတို့သည် အိမ်မှ ထွက်လာသော မနက်ခင်းစီသို့ နစ်ဝင်စီးမျောသွားပါတော့
သည်-

“ မေမေ- သားဒီနေ့ သူငယ်ချင်းနဲ့ ငါးမျှား လိုက်သွားဦးမယ် “


အကြိမ်ကြိမ် တားထားသည့် ကိစ္စမှန်းသိလျက်နဲ့ ကျနော်အရဲစွန့်၍ပြောလိုက်သည်-
ထိုအခါ မေမေသည် ပုစ္စာပေါင်းမြောက်များစွာ ကိုတပြိုင်နက်တွက်ချက်တော့သည်-
ကျနော်ဥာဏ်မှီသလောက် ခန့်မှန်းမိသည့် ပုစ္စာ တချို့မှာ-
-ငါးများနှင့် ဆန်နို့ဆီဘူး နှစ်လုံးတို့၏ ဖလှယ်ရ ဂုဏ်သတ္တိ
-ကလေးတယောက် အတွက် အသားဓါတ် ငါးဓါတ် မရရှိခြင်း သည်ရက်ပေါင်းမည်မျှအထိသာ
ဖြစ်သင့်ပါသနည်း
-ကုသိုလ်နှင့် အကုသိုလ် တို့၏ ဖက်စပ် မရ ဂုဏ်သတ္တိထို အပ်ကြောင်းထပ် ပုစ္စာ များနှင့်
မဖြေရှင်းနိုင်တော့သည့် အတွေးများကေ၀၀ါးသော အဖြေတစ်ခုသာ ထုတ်ပေးလိုက်သည်-သေချာသည်မှာ
ထိုအဖြေထဲ၌ အဝေးကြီး လှမ်းကြည့်ရန် အင်အားမရှိတော့၍ပစ္စုန်ပ္ပန် ကိုသာကြည့်ခြင်း၊ နောက်နေ့အတွက်
လိုအပ်မည့် စားစရာ၊လက်မြောက်အရှူံးပေးလိုက်ရသော ဆင်းရဲမှူ စသည့် သက်သေပြချက်များပါဝင်နေ
မည်ကိုမူ ကျနော်သိထား ပါသည်-
“ သားလေးဂရုစိုက်ပြီးသွားနော် “
ကျနော်ထွက်လာ သောအခါ မေမေသည် မျက်နှာတဘက်လွှဲကာထိုကဲ့သို့ ပြောပါသည်-
မေမေ မျက်ရေ၀ဲနေ မည်ဆိုတာကိုတော့ ရိပ်မိပါသည်- ကွယ်လွန်သွားပြီဖြစ်သောဖေဖေ့ကို
တမ်းတ နေခြင်းလည်းဖြစ်နိုင်ပါသည်-

တံငါသည်လေး သည်ကြေကြေကွှဲကွှဲ တစ်ချက်ပြုံးလိုက်သည်-


ကြေကွှဲစွာ ဆိုသည်မှာသူ့အတွေးများကြောင့်ဖြစ်သော်လည်းပြုံးလိုက်ခြင်းမှာကားသူ၏မျှော်
လင့်ချက်များမှာလိုသည်ထက်ပိုကာ ငါးသီတံ၌ အစီအရီ ချိတ်ဆက်ထားပြီးသောကြောင့်ဖြစ်သည်-
“ ဟေ့ကောင်- ပြန်ကြမယ်ဟေ့ “
ခပ်လှမ်းလှမ်းတွင်ရှိနေသော သူငယ်ချင်းအားလှမ်း အော်လိုက်သည်-
“ အေး “
သြော်- သူလည်းပဲ မျှော်လင့်ချက်များကို သီတန်းပြီးသား ဖြစ်ပေလိမ့်မည်-
ရုတ်တရက် ဂျွတ်.. ဂျွတ် … ဂျွတ်ဂျွတ် ဟူသော အသံတခုကြားလိုက်ရသည်-
လုံးဝမထင်မှတ်ထားသော ကိစ္စ တစ်ခုဖြစ်လာပါသည်-
တောတန်းကမ်းပါးရံ မှ ငါးပွက်ရာ ငါးစာချ ဟူသော ဥပဒေသ အတိုင်း လိုက်ခဲ့၍ညနေပိုင်းတွင်

၉၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

လူနေအိမ်ခြေ နှင့် နီးကပ်သောနေရာ၌ ငါးမျှားနေသောတံငါသည်လေးသည် မနက်ခင်းအတွေးများကြောင့်


သတိလက်လွှတ်ဖြစ်သွားပါသည်-
အသံကြား၍ လှဲ့ကြည့်လိုက်သောအခါ ၀က်တစ်ကောင်သည် ငါးသီတံ၌ ရှိသောနောက်ဆုံး
ငါးတကောင်ကို အစားပိတ်အဖြစ် မြိန်ဆက်စွာ ၀ါးနေသည်ကိုတွေ့လိုက်ရသည်-ရင်ထဲ၌ဟာသွားသည်-
ဝက်ကိုမုန်းမုန်းတီးတီး စိုက်ကြည့်လိုက်သည်-
နောက် အံကြိတ်၍ မျက်လုံးအစုံကို မှိတ်လိုက်သည်-
မျက်ရေစ တချို့ ပါးပြင်ပေါ်သို့ ကျလာသည်-
တံငါသည်လေး၏ မျက်ရေစတို့ ကိုနှစ်သိမ့်ရန် ငါးတချို့ခွှဲပေးခဲ့သည့်သူငယ်ချင်း၏ချစ်ခြင်းမေတ္တာ
များဖြင့်ထိုတရက်သည် တိတ်ဆိတ်စွာပြီးဆုံးသွားခဲ့တော့သည်-

ထိုနေ့က ၀က်တကောင်သည် ငါးများကို ညနေစာအဖြစ် မြိန်ရှက်စွာစားသုံးသွားသည်-


သူ မသိ သည်မှာ ထိုညနေစာထဲ၌ ကလေးတယောက်၏ မျှော်လင့်ချက် များပါရောပါသွားသည်
ဆိုသည့် အချက်ပင်-
ဧရာဝတီ သည်ယခုတိုင် စီးမြဲစီးစဲ ဖြစ်ပါသည်-မြစ်အတွင်း၌ ထင်ဟပ်နေသော လမင်းကြီး
မှာကား လှိုင်းများကြောင့် လှုပ်ရန်းနေနိုင်သော်လည်း ခေါင်းမော့ကြည့် လိုက်ပါက တည်ငြိမ်စွာ
အလင်းပေးနေသည်ကိုတွေ့ နိုင်ပါသည်-
ဝင်းပမြဲ ၀င်းပလျက်ပါ-

တက်စလာ

၉၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

လူသူအသွားအလာနည်းတဲ့ ဒီမြေဝါရောင်လမ်းကြမ်းကြမ်းတွေရှိတဲ့နေရာ၊ ပြီးတော့အခိုင်အခံ့


ဒါးချွန်လေးတွေတပ်ထားတဲ့ သံမဏိဝါယာခွေ စည်းရိုးလည်းရှိတယ်။အဲဒီစည်းရိုးနားကိုရောက်တော့ သူမရဲ့
မျက်ဝန်းတွေတောက်ပလာတာကိုတွေ့ရတယ်။ အစ္စရေးလူမျိုး
အသက်ငါးဆယ်ကျော်အရွယ်သူမဟာ ဒီကြမ်းတမ်းပြီး အန္တရယ်ရှိတဲ့နေရာကိုမှ လာချင်စိတ် ပြင်းပြလွန်း
တဲ့အကြောင်းအရင်းကတော့.....

အဲဒီတစ်ရက်မှာ သူမကြားလိုက်ရတဲ့သတင်းက သူမရဲ့နှလုံးသားကိုနှုတ်ယူလိုက်သ


လိုပါဘဲ။ Yuni-ယူနီသေဆုံးသွားပြီတဲ့။ ယူနီဟာသူမသိပ်ချစ်မြတ်နိုးရတဲ့ သား။အညွန့်တစ်လူလူနဲ့
အင်္ဂလန်မှာ ဆေးပညာသင်ယူနေတယ်။ ယူနီဘွဲ့ရပြီးရင် သူမတို့ရဲ့မိသားစု ဂုဏ်ယူနိုင်ရုံတင်မက
အစ္စေ ရးနို င် ငံ အ တွ က် တ န် ဘိုး ရှိ တဲ့ လူ င ယ် တ စ်ေ ယာက်ေ ပ်ါထွ န်း လာမှာ လို့  သူ မ ယုံြ ကည် ထားတယ် ။
အခုတော့ သူမရဲ့မျှော်လင့်ချက်တွေပျက်သုဉ်းသွားခဲ့ပြီလေ။ မျက်ဝန်းထဲမှာမြင်ယောင်နေတယ်...
သူ့အကိုတစ်ယောက်ရဲ့မင်္ဂလာပွဲမှာယူနီ ပျော်ရွင်စွာကခုန်နေတာ...တကယ့်အပြစ်ကင်းစင်တဲ့ သားလိ
မ္မာကလေးပါ။သူမရဲ့တူတော်သူ ယူနီ့ဝမ်းကွဲအကိုတစ်ယောက်လာပြောတာ...“ကျွန်တော်နဲ့သူနဲ့တစ်ေ
နရာကပြန်လာခဲ့ကြတယ်။ အဲဒီလမ်းဆုံရောက်တော့ ကျွန်တော့ကို လက်ပြနှုတ်ဆက်ပြီး ဆိုက်လာတဲ့
ဘက်စ်ကားပေါ်တက်သွားတယ်။ ကျွန်တော်လှည့်ထွက်မလို့လုပ်နေချိန်မှာဘဲ...ပေါက်ကွဲသံကြားလိုက်
ပြီး လူတွေပြေးလွှားအော်ဟစ်နေတာတွေ့ရတယ်။ ယူနီစီးသွားတဲ့ ဘက်စ်ကားဆိုတာသိလိုက်ရတယ်”။
အသေခံ ပါလက်စတိုင်းဗုံးခွဲတိုက်ခိုက်သူတွေရဲ့လက်ချက်လို့ ပြောကြတယ်။ ဒီလိုအသေခံဗုံးခွဲမှုမျိုးဟာဂျေရု
စလင်မြို့မှာ ဘယ်တော့မှာမှ ချုပ်ငြိမ်းပျောက်ကွယ်သွားမှာလဲ။အဲဒီနေ့က သူမဟာအရူးမီးဝိုင်း လမ်းမပေါ်မှာ
ပြေးလွှားနေခဲ့တယ်...ပါးစပ်ကလဲသူမရဲ့သားလေး တွေ့မိကြလားဆိုပြီး တွေ့သမျှလူတွေလိုက်မေးနေမိတာ
ပါဘဲ။ ဘယ်နှစ်ယောက်ဆိုတာတော့ မသိပါဘူး ဘက်စ်ကားပေါ်ကလူတော်တော်များများ ဗုံးဒဏ်ကြောင့်ေ
သဆုံးကြရတယ်။ နောက်တော့သတင်းရတာက ယူနီ ဆေးရုံမှာဆို တာပါဘဲ။ သမားတော်တွေအစီရင်ခံချ
က်အရ ယူနီမသေဘူးဆိုပေမယ့် မျှော်လင့်ချက် မရှိတော့ဘူးတဲ့။ ယူနီဟာ ဘယ်တော့မှပြန်လည်မနိုးထနိုင်
တော့မယ့် ဦးနှောက်သေဆုံး သွားပါပြီ။ တကိုယ်လုံးမှာလည်း ဒဏ်ရာဗရပွနဲ့။ ဆေးရုံကမေတ္တာရပ်ခံတယ်။

၉၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

ပြန်လည်ရှင်သန်မလာနိုင်တော့မယ့် ယူနီရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုလှူဒါန်းပါတဲ့။

သူ ဒီနေရာကိုလာရင် စိုးရိမ်နေမိတယ်။ လမ်ခရီးက မအေးချမ်းဘူး။ လမ်းမှာအထပ်ထပ်စစ်ဆေ


းမှုတွေအပြင် အခန့်မသင့်ရင် ပစ်ခတ်တိုက်ခိုက်မှုတွေ ပေါက်ကွဲမှုတွေပါ ကြုံတွေနိုင်တယ်။ သူတို့ပါလက်စ
တိုင်းနိုင်ငံဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဘို့အတွက် ဘယ်လောက်ကြာညောင်းနေဦးမှာလဲ။ ဒါပေမယ့် Yesmin
ယက်စ်မင်ဆိုတဲ့အသက် ၇နှစ်လောက်အရွယ် သူ့ရဲ့သမီးငယ်လေးရဲ့ကျန်းမာရေးအတွက် သူတို့မိသားစု
ကြမ်းတမ်းတဲ့အခက်အခဲတွေကို ရင်ဆိုင်ရမယ်လို့ ဆုံးဖြတ်ထားတယ်။ ဂါဇာစည်းရိုးကိုကျော်ဖြတ်ပြီး
အစ္စရေးနိုင်ငံကို အကြိမ်အတော်များများ ယက်စ်မင်ဆေးကုသခံဘို့လာရောက်ခဲ့ရတယ်။ ဒါပေမယ့် အချိ
န်တစ်ချိန်ရောက်လို့မှယက်စ်မင်ရဲ့ကျောက်ကပ်ကိုအစားထိုးကုသခွင့်မရရင် သမီးလေးကိုလက်လွတ်ဆုံး
ရှုံးရလိမ့်မယ်ဆိုတာလဲ ကြိုသိနေခဲ့တယ်။ ယက်စ်မင့်မိခင်အပါအဝင် သူတို့တစ်မိသားစုလုံး နေ့စဉ်နှင့်အမှ
ျစိတ်ကြေကွဲနေကြရတယ်။ အခုတော့ ယက်စ်မင်လေးအတွက်ကြီးမား
တဲ့မျှော်လင့်ချက်ရောင်ခြည်ထွက်ပေါ်ခဲ့ရပြီလေ။ ယက်စ်မင်နဲ့သဟဇာတကျမယ့် ယက်စ်မင်ကျောက်ကပ်နဲ့
ကိုက်ညီတဲ့ အစားထိုးနိုင်မယ့်ကျောက်ကပ်အလှူရှင်ပေါ်ပြီတဲ့။

မြေစိုင်မြေခဲဝါဝါတွေနဲ့ ပါလက်စတိုင်းတွေနေရာကိုသူမရောက်လာခဲ့ပြီ။ ယ္ခုဆိုရင်သူငယ်မလေး


ဘယ်အရွယ်ရောက်နေပြီလဲ။ အိမ်ရှေ့ရောက်တော့ ကြိုတင်အကြောင်းကြားထားတဲ့အတွက် အိမ်
သားတွေထွက်ကြိုနေကြတယ်။ ဂျူးဘာသာဝင် အစ္စရေးနိုင်ငံသားတစ်ယောက်အနေနဲ့ အခုလိုမျိုး
ဂါဇာကိုဖြတ်ကျော် ပြီး အစ္စလာမ်ဘာသာဝင် ပါလက်စတိုင်းမိသားစုထံလာလည်မိတာကသူမအတွက်
အတော်ထူးဆန်းတဲ့အိပ်မက်တစ်ခုပါဘဲ။ ဧည့်ခန်းမှာလူတွေဝိုင်းဝန်းထိုင်ပြီးစကားစမြည်စပြောကြတယ်။
သူမရဲ့မျက်ဝန်းက တစ်စုံတစ်ယောက်ကိုရှာဖွေနေတယ် ဆိုတာသိတော့ အိမ်ရှင်မကအတွင်းကိုအသံပြု
လိုက်တယ်... “ယက်စ်မင်သမီးလေးရေ ဒီကိုလာပါဦးကွယ်”။ အခန်းတံခါးလိုက်ကာခန်းစည်းကို ဖယ်ပြီး
ယက်စ်မင်ထွက်လာတယ်။ သူမမျက်ရည်တွေ တစ်ပေါက်ပေါက်ကြလာခဲ့တယ်။ ယက်စ်မင်ကိုပွေ့ဖက်န
မ်းရှုံ့လိုက်မိတယ်။ ယက်စ်မင်ဟာ အခုဆိုရင် ၁၃-၁၄နှစ်လောက်ရှိနေပြီ။ ယက်စ်မင်ရဲ့ခန္ဓာကိုယ် ထဲမှာ
သူမရဲ့သား ယူနီရဲ့ ခန္ဓာတစ်စိတ်တစ်ဒေသရှိနေတယ်ဆိုတာ သိနေတယ်။ ယက်စ်မင်တို့မိသားစုတွေနဲ့မြ
ပန်ခင်စကားဖောင်ဖွဲ့ခဲ့ကြတယ်။ ယက်စ်မင့်ဖခင်က.....“ကျွန်တော် သမီးလေးကို သူမရဲ့ဘဝအကြောင်း၊
ယူနီရဲ့ကျောက်ကပ်ဟာ သမီးဘဝ ကိုကယ်တင်ခဲ့တဲ့အကြောင်း အမြဲပြောပြဖြစ်တယ်။ သူတို့နှစ်ယောက်ဟာ
တစ်ယောက်တည်းပါဘဲ။”နောက်တော့ ယူနီ နဲ့ ယက်စ်မင် တို့ပါတဲ့ ဘောင်သွင်းထားတဲ့ ဓါတ်ပုံတစ်ပုံကို
ယက်စ်မင့်ဖခင်က လက်ဆောင်ပေးရင်း သူမကိုစကားတစ်ခွန်းပြောလိုက်တယ်။
(မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ယက်စ်မင့်ဖခင်ပြောတာက...)
”ခင်ဗျားတို့ကို ထာဝရသတိရနေမှပါ။ တကယ်တော့ ဂျူးတွေအစ္စရေးတွေဆိုတာ ပါလက်စတိုင်
းတွေနဲ့ဘာမှမကွဲပြားပါဘူး၊ အတူတူပါဘဲဗျာ။”

စာကြွင်း။ ။ တိုက်ခိုက်နေကြဆဲဖြစ်တဲ့ အစ္စရေးနဲ့ပါလက်စတိုင်းဒေသက မေတ္တာအခြေခံ တကယ့်အဖြစ်


အပျက်ဇာတ်လမ်းလေးပါ။လွန်ခဲ့တဲ့ သီတင်းပါတ်သုံးပါတ်လောက်တုံးက အားလပ်ချိန်တီဗွီမှာကြည့်မိတဲ့
Documentary တစ်ခုရဲ့ မူရင်းပြကွက်တွေကို ကိုပြန်လည်ခံစားပြီးရေးထားတာပါ။အနည်းငယ်ကြာသွား
တော့ အချို့အသေးစိတ်အချက်လေးတွေ မမှတ်မိတော့ပေမယ့် ဆိုလိုတဲ့ဇာတ်လမ်းအဓိပ္ပါယ်မပျောက်
အောင်ကြိုးစားတင်ပြထားပါတယ်။

ဒီးဒုတ်

၉၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ကျောင်းအုပ်ဆရာတစ်ဦး ဖြစ်ရသည်မှာ တစ်ခုတော့ ကောင်းသည်။ အခြားကျောင်းများသို့


သွားရောက် မေးမြန်း လည်ပတ်နိုင်ပြီး သွားရောက်တိုင်း အထူးဧည့်သည်အဖြင့် လက်ခံကြိုဆိုသော
ကြောင့်ဖြစ်သည်။ ကျွန်တော် အနှစ်သက်ဆုံးက အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ် တစ်ခုသို့
သွားရောက်ရခြင်းဖြစ်သည်။ ထိုကျောင်းအုပ်မှာ ကျွမ်းကျင်သည့် စက်မူပညာရှင် တဦးဖြစ်သော်လည်း
စကားပြောရာတွင် လိမ္မာ ပါးနပ်ပြီး ယဉ်ကျေးသိမ်မွေ့ သည်။ နေထိုင်မူ အဆင့်အတန်းမှာလည်း
အထက်တန်းကျသည်။ ထိုတက္ကသိုလ်ရှိ ဧည့်ထမင်းစားဆောင်၏ ပြတင်းပေါက်များသည် မှန်ဖြင့်
ပြုလုပ်ထားပြီး ပြတင်းပေါက် အပြင်ဖက်တွင် ကြီးမားသော မြက်ခင်းတခုရှိသည်။ မြက်များကို ညီညာအောင်
အမြဲညှပ် ထားပြီး မြက်ခင်း အလယ်ရှိ ပန်းသီးပင်တစ်ပင်ကြောင့် ထိုရှုခင်းမှာ ပိုလှပနေသည်။
ကျွန်တော် ထိုကျောင်းသို့ အလည်အပတ်ရောက်ခဲ့သော နွေဦးရာသီတစ်ခုတွင် ပန်းသီးပင်မှ အပွင့်များ
ဝေဆာဖူးပွင့်နေသည့် အချိန်ဖြစ်သည်။ ကျောင်းအုပ်က ကျွန်တော့်အား ထိုပြတင်းပေါက်နှင့် ကပ်ရက်
စားပွဲတွင် ဧည့်ခံခဲ့သည်။ စားကောင်း သောက်ဖွယ်များကို သုံးဆောင်ရင်း လှပသော ရှူခင်းများကို
ခံစားရသည့် အရသာကို ကျွန်တော့်အား အားရကျေနပ်စေခဲ့သည်။

ဒီနှစ်လည်း ထိုကျောင်းသို့ ကျွန်တော်ရောက်ခဲ့ပြန်သည်။ ပြတင်းပေါက် အပြင်ဖက်က ရှုခင်း


သည် ယခင်နှစ်တွေအတိုင်း ညီညာသော မြက်ခင်းစိမ်းနှင့် ပန်းသီးပင်မှ ပန်းများဖြင့် လှပဝေဆာ နေသည်။
သို့သော် ပြတင်းပေါက်ဘေးတွင် အရင်ကရှိခဲ့သော ထမင်းစား စားပွဲခုံမှာ မတွေ့ရတော့။ အခန်း၏
အတွင်းဆုံး စားပွဲခုံတွင် ကျွန်တော်တို့ စားသောက်ခဲ့ရသည်။ ကျောင်းအုပ်စားသော အစားအစာမှာလည်း
သာမန်မျှသာဖြစ်သည်။ ကျန်သူများလည်း ထိုနည်း၎င်း ပေါင်မုန့်နှင့် စွပ်ပြုပ်ရည် တစ်ခွက်သာဖြစ်သည်။
အင်္ဂလိပ်လူမျိုး၏ အစားအစာဖြစ်သော အမဲသားခြောက်အား ကျွန်တော်လုံးဝ မကြိုက်ခဲ့။ ယခုကဲ့သို့
သာမန်အစာများကို ကျွန်တော် ပိုကြိုက်ခဲ့သည်။ သို့သော် ပြတင်းပေါက် ဘေးက စားပွဲခုံရော...ဘာကြောင့်
အစားအစာတွေ ဒီလောက် သာမန်နေသလဲသိလိုစိတ်ကြောင့် ကျွန်တော့် မတင်မကျဖြစ်နေခဲ့သည်။
ကျွန်တော်သိချင်နေသော အကြောင်းအရာကို ကျောင်းအုပ်က သိပုံရသည်။ ဘာကြောင့်ဆိုသည်ကို
သူပြောပြခဲ့သည်။

၉၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

တစ်ခါက ကျောင်းအုပ်ကြီးသည် အိန္ဒိယနိုင်ငံရှိ Kolkata တွင် အစည်းအဝေးတစ်ခုအတွက်


သွားရောက်ခဲ့ရသည်။ လမ်းထွက်လျောက်တုန်း စားသောက်ဆိုင် တစ်ဆိုင်ကို တွေ့ခဲ့သည်။
ဆိုင်ထဲတွင် မှန်များဖြင့် ပြုလုပ်ထားသော ပြတင်းပေါက်ရှည်ကြီးများ ရှိသည်။ ပြတင်းပေါက်ဘေးတွင်
အခြားစားပွဲခုံများလည်း ရှိပြီး ခုံတိုင်းအား ဖြူဖွေးသော စားပွဲခင်းများဖြင့် ဖုံးအုပ်ထားပြီး ခုံပေါ်တွင်
လှပသော ငွေထည်၊ ဘော်ထည်များဖြင့် ခင်းကျင်းထားသည်။ ကျောင်းအုပ်မှာ တုန့်နှေး မနေတော့ဘဲ
ဆိုင်ထဲသို့ ၀င်ရောက်ပြီး ပြတင်းပေါက်ဘေးရှိ ခုံတစ်ခုံတွင် နေရာယူလိုက်သည်။ ဆိုင်မှာ အပြင် အဆင်
သပ်ရပ်သည့်အပြင် အစားအသောက်လည်း မဆိုးလှပေ။ ကျောင်းအုပ်မှာ အားရကျေနပ်ခဲ့သည်။
သူမှာခဲ့သော အစားအစာမှာ ဆိတ်ပေါင်ခြောက်ဖြစ်ပြီး ယခုထက်တိုင် ထိုဟင်းကို သူအမှတ်ရ
နေသေးသည်။

ထိုအရသာရှိသော ဆိတ်ပေါက်ခြောက်အား မြီးစမ်းကြည့်ရန် ခံတွင်းကို ဟလိုက်စဉ်


ရုတ်တရက် ပြတင်းပေါက် အပြင်ဖက်တွင် မမှိတ်မသုန် စိုက်ကြည့်နေသော သူတောင်းစားငယ်
တဦးအား သူတွေ့လိုက်သည်။ ထိုကောင်လေးမှာ အပေါ်ပိုင်းတွင် ဗလာကျင်းနှင့် ဆိတ်ပေါင်ခြောက်အား
စူးစိုက်ကြည့်နေခဲ့သည်။ ဆိတ်ပေါင်ခြောက်အား သေချာစွာမြင်နိုင်ရန် မှန်ပြတင်းအား လက်ဖ၀ါး နှစ်ဖက်ဖြင့်
ထောက်ထားပြီး မျက်နှာ တခုလုံးကို မှန်နှင့်ကပ်ထားသည်။

အရသာခံပြီး မြီးစမ်းကြည့်ရန် ရည်ရွယ်ထားသော ကျောင်းအုပ်ကြီး၏ စိတ်များ


ကြက်ပျောက်ဌက်ပျောက် ပျောက်ခဲ့ရသည်။ ခံတွင်းထဲသို့ ထည့်ရန် ပြင်ထားသော ဆိတ်သားနှင့်
ဇွန်းခက်ရင်း များကို သူ ချလိုက်သည်။ ကောင်လေးမှာ ထိုနေရာတွင် ရပ်နေဆဲ.......မျက်စိအာရုံက
အရသာရှိသော အစားအစာပေါ်တွင် စူးစိုက်ကြည့်နေဆဲ........

အိန္ဒိရှိ စားသောက်ဆိုင် တော်တော်များများက လုံခြုံရေးထားတတ်ကြသည်။ ထိုခဏ၌


တာဝန်ရှိ လုံခြုံရေးတဦး လျောက်လာသည်ကို တွေ့သော် သူတောင်းစားငယ်မှာ ထွက်ပြေးသွားခဲ့ သည်။
ကျောင်းအုပ်လဲ ဆိုင်မှထွက်ပြီး ကောင်လေးနောက် လိုက်ခဲ့သေးသည်။ သို့သော် အရိပ်အရောင်မျှပင်
မတွေ့တော့။ ဆိုင်ထဲသို့ သူပြန်ဝင်လာပြီး အစာများကို မစားတော့ဘဲ ကျသင့် ငွေကို ရှင်းပေးပြီး ဆိုင်မှ
သူထွက်လာခဲ့သည်။

ထိုအဖြစ်အပျက်နောက်ပိုင်း ပြတင်းပေါက်ဘေးတွင် အစာထိုင်စားတိုင်း ထိုသူတောင်းစား


ငယ်လေးအား သူ မြင်ယောင်လာမိသည်။ ထိုမျှသာမက အစားကောင်းစားတိုင်း ဆာလောင်
ငတ်မွတ်နေသော သူတောင်းစားလေးများ သူ့အား ကြည့်နေသည်ဟု ခံစားမိသည်။ နောင်တွင်
ထိုပြတင်းပေါက်ဘေးက စားပွဲခုံအား သူလုံးဝ အသုံးမပြုတော့။ နောက်ဆုံးတွင် တာဝန်ရှိလူများက
ထိုစားပွဲခုံအား နေရာရွေ့ခဲ့ကြသည်။ ဆာလောင်ငတ်မွတ်နေသော ကလေးငယ်များ သူ့အား ကြည့်
နေသည့် ခံစားချက်မျိုး မခံစားချင်သောကြောင့် ကျောင်းအုပ်သည် အစားကောင်း အသောက်ကောင်း
များကို မစားသုံးတော့။ ထိုကျောင်းရှိ ဆရာများကလဲ ကျောင်းအုပ်ကြီးကြောင့်ဖြစ်မည် လူတိုင်း
အစာကောင်းများအစား သာမန်အစာများကိုသာ စားသုံးတော့သည်။

အပြန်ခရီးတွင်ဖြစ်သည်။ လေယာဉ်ပေါ်ရှိ အစားအစာများမှာ အထူးစီမံထားသော အစားအစာ


များသာဖြစ်ကြောင်း ကျွန်တော် သတိပြုမိသည်။ သိလိုစိတ်ဖြင့် ရုတ်တရက် လေယာဉ်မယ်အား
သာမန်အစားအစာများ မရနိုင်ဘူးလားဟု ကျွန်တော်မေးလိုက်သည်။ လေယာဉ်မယ်က ရနိုင်ကြောင်း
ပြောပြီး ကျွန်တော့်အား ပေါင်မုန့်၊ စွပ်ပြုပ်ရည်နှင့် ဆလပ်ရွက်သုပ်များ ပေးခဲ့သည်။
လေယာဉ်မယ်က ကျွန်တော့်အား အခုတလော လူတော်တော်များများက သာမန်အစာများသာ
စားလိုသောကြောင့် လေကြောင်းကုမ္ပဏီက ဤသို့သော အစာများကို ပြုလုပ်ခဲ့ကြောင်း၊ ဘာကြောင့်
လူအများက သာမန်အစာများကိုသာ စားလိုရသလဲဟု ကျွန်တော့်အား မေးခဲ့သည်။ သူ့အမေးအား ကျွန်တော်

၉၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ပြန်မဖြေဖြစ်ခဲ့။ ပြတင်းပေါက် အပြင်ဖက်ရှိ ကလေးငယ်များ ကျွန်တော်တို့ စားသောက်နေသည်ကို


ကြည့်နေသည်ဟု ကျွန်တော်ပြန်ဖြေခဲ့လျှင် သူ နားလည်လိမ့်မည် မထင်ပေ။
မှုရင်း ထိုင်ဝမ်စာရေးဆရာ “လီဂျာထုံ”(Chia-Tung Lee) ၏ “ပြတင်းပေါက် အပြင်ဖက်က”အား
ဘာသာပြန် ခံစားသည်။ စာရေးဆရာသည် ထိုင်ဝမ်ကျွန်းရှိ National Chi Nan University ၏
ကျောင်းအုပ်ဆရာကြီး တဦးဖြစ်သည်။

နိုင်းနိုင်းစနေ

၉၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

လွန်ခဲ့သော ၁၉၈၃
လွန်ခဲ့တဲ့ ၂၄နှစ်လောက်က ဒီကနေ့ လို နေမျိုးမှာပေါ့ …………။

တောင်ပေါ်မြို့လေးတစ်မြို့။
တစ်နေကုန် နေသာပြီး ရာသီဥတုကြည်လင်နေတယ် ..။ နွေဝင်စအချိန်မို့  ဆောင်းရဲ့  အငွေ့ 
အသက်လေးတွေ တဖြည်ဖြည်း ကုန်လွန်စပြုပြီး ရော်ရွက်ဝါတွေ ကြွေလွင့်နေကြတယ် …။ လေအဝှေ့မှာ
ဟိုဟိုဒီဒီ ရှပ်တိုက်ပြီး ရွေ့လျားနေတဲ့ သစ်ရွက်ခြောက်တွေဟာ ဦးတည်ရာမဲ့ လွင့်မျောနေကြတယ် …. ။
ခြောက်သွေ့ ပြီး လွမ်းမောဖွယ် ကောင်းတဲ့ ပန်းချီကားလေးတစ်ချပ်ပေါ့ ….။
အဲဒီအချိန်မှာ မိုးသားတွေ တရိပ်ရိပ်တက်လာတယ် .. ။ တက်လာတဲ့ မိုးသားမည်းမည်းတွေနဲ့ 
အတူ ခပ်အေးအေး လေတွေလည်း တိုက်ခတ်လာတယ် …။ ကြည်လင်နေတဲ့ ကောင်းကင်ကြီးဟာတိမ်စိုင်
ခဲအမည်းရောင်တွေ ဖုံးအုပ်သွားပြီး လျှပ်စီးတွေ အဆက်မပြတ် လက်နေတယ် …။ ၀ုန်းကနဲ ရွာချလိုက်တဲ့
မိုးကြောင့် လမ်းပေါ်က လူတွေ ဒရောသောပါး ပြေးလွှားကြတယ် …။ မိုးကြိုးတွေအဆက်မပြတ် ပစ်တယ်
….။ ရာသီဥတုက ပိုပိုပြီး အေးစိမ့်လာတယ် ..။

ဆိုးဝါးလာတဲ့ အအေးဒဏ်ကို ဂရုမစိုက်နိုင်ဘဲ သူမရဲ့ မီးဖွားခါနီး ဗိုက်ကို ပီတိအပြုံးနဲ့ ကိုင်ကြည့်


လိုက်တယ် …။ ဒါ သူမရဲ့အား လေ …။ သိပ်ချစ်ရတဲ့ ခင်ပွန်းပြီးရင် သူ့ အသက်မကချစ်ရမယ့် သားလေး
ပေါ့ …။ သူမကိုယ်ဝန်စရှိကတည်းက မွေးဖွားလာမယ့် သားလေးအတွက် အနာဂတ်စိတ်ကူးအိပ်မက်တွေေ
န့စဉ်မက်ရင်းနဲ့  သူမတို့  လင်မယားနှစ်ယောက် ၀မ်းသာကြည်နူးမဆုံး ဖြစ်ကြရတာပေါ့ …။
အရင်ရက်တွေက မီးဖွားချိန်တန်လို့  ဗိုက်နာနေခဲ့ပေမယ့် ဒီကနေ့ ကျမှ ဗိုက်က မနာတော့ပဲ
ထူးဆန်းနေလို့ သူမတို့  လင်မယားနှစ်ယောက် အံ့သြနေခဲ့တယ် …။ ပုံမှန်အတိုင်းပဲ ရိုးရိုးမွေးတာအ
ကောင်းဆုံးပဲလို့  ဆုံးဖြတ်ထားကြတယ် ….။ ဒီနေ့ တော့ အထဲက ကလေးကလည်း မလှုပ်တော့လို့  အလန့် 
တကြား ဖြစ်ပြီး …. သူနာပြုဆရာမက ဆေးရုံတင်မှ ဖြစ်မယ်ဆိုလို့  ဆေးရုံကြီးကို အပြေးအလွှားရောက်
လာခဲ့ကြတယ် …..။

၉၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

မိုးတွေကသည်း … လေကြမ်းတွေတိုက် …. မိုးကြိုးတွေ အဆက်မပြတ်ပစ် … မိုးသီးတွေ


ကြွေကျ … ။ ဟိုး …….. ကောင်းကင်မှာ သိကြားနဲ့  အသူရာ အပြိုင်စစ်ခင်းနေကြသလို ခွဲစိတ်ခန်းထဲမှာတော့
ဆရာဝန်ကြီးတွေက သေမင်းနဲ့ အပြိုင် .. သူမရဲ့  အသက်ကို လုနေကြရတယ် …..။ “ကလေးနဲ့  အမေ
အသက်ကို လုရမှာပဲဗျာ .. နှစ်ယောက်လုံးအသက်ရှင်ဖို့ကတော့ ခင်ဗျားတို့ ကံပေါ်မူတည်တယ်”
ဆိုတဲ့ ဆရာဝန်ကြီးတွေရဲ့ စကားကို မိုးထစ်ချုန်းသံတွေနဲ့ အတူ နားထဲ ထပ်ခါထပ်ခါကြားယောင်ရင်း
ရသမျှဘုရားဂုဏ်တော်တွေ ရွတ်ပြီး ခွဲခန်းအပြင်ဘက်မှာ စိတ်မောစွာ စောင့်ရသူကတော့ သူမရဲ့
ခင်ပွန်းရယ်လေ …..။ တစ်ကိုယ်လုံး မိုးရေတွေစိုနေတာကို ဂရုမစိုက်နိုင်ဘဲ .. ခွဲစိတ်ခန်းလို့ ရေးပြီး
ပိတ်ထားတဲ့ တံခါးဝကို ပေါက်ထွက်မတတ် စူးစိုက်ကြည့်ပြီး ဂနာမငြိမ် ဖြစ်နေရတာပေါ့ …။

အချိန်တန်တော့ ခွဲစိတ်ခန်း တံခါး ပွင့်လာပြီး သူနာပြုဆရာမ တစ်ယောက်ထွက်လာတယ် …။


သူ့ရဲ့ စိတ်ထဲမှာတော့ သူနာပြုဆရာမကို တရားစီရင်ချက်ချမယ့် တရားသူကြီးတစ်ယောက်လို့  မြင်နေမိတယ်
….။ သူမက ခွဲခန်းထဲက လူနာက သားယောင်္ကျားလေးတစ်ယောက်ကို ကိုယ်လက်အင်္ဂါ ပြည့်စုံစွာနဲ့ 
အောင်အောင်မြင်မြင် မွေးဖွားပြီး၊ အမေရာ ကလေးပါ ကျန်းမာကြောင်းကို လာပြောတော့ သူ ထခုန်မတတ်
ပျော်လိုက်ရတာလေ ….။ သိန်းထီဆုကြီး မပေါက်ချင်နေပါစေ … ဒီအဖြေဟာ သူ့အတွက် ခုချိန်မှာ
အလိုလားအတောင့်တဆုံး အဖြေတစ်ခု မဟုတ်လား ….။ သူ့စိတ်ထဲက စိုးရိမ်ပူပန်မှုတွေနဲ့  အပူမီးတွေဟာ
လုံးဝကင်းစင်သွားခဲ့ပြီပဲ …။ ခု မွေးလာတဲ့ သားလေးနဲ့ အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစု ဘ၀လေးတစ်ခု
အားမာန်အပြည့်နဲ့  တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ထပ်ခါထပ်ခါ ချလို့ သာနေတယ် …..။

မိုးစဲပြီ ….
အငြိုးရှိသမျှ ရွာချလိုက်တဲ့ မိုးတွေကြောင့် ကောင်းကင်တစ်ခုလုံး ဖုံးအုပ်နေတဲ့ တိမ်မည်းတွေ
တစ်စစီ လွင့်ပြယ်လို့သွားပြီ …။ လောကတစ်ခုလုံး အလင်းရောင်တွေဖုံးလွမ်းသွားပြီ ….။ စိမ်းစိုနေတဲ့
ပန်းပင်တွေနဲ့  ဟိုးအဝေးက တောအုပ်တွေဟာ တောက်ပတဲ့ အလင်းရောင်ကြောင့် ပိုပြီးကြည်လင်ပြတ်သ
ားနေခဲ့ပြီလေ …. ။
အသက်နှင့်ရင်းပြီး လူ့လောကထဲသို့ရောက်အောင် မွေးထုတ်ပေးခဲ့သော၊ လူတစ်လုံး
သူတစ်လုံးဖြစ်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သော မိဘနှစ်ပါး၏ ကျေးဇူးတရားများကိုအောက်မေ့
သတိရလျက်...

ဇော်မိုးအောင်

၉၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

ချစ်ခင်မြတ်နိုးသူနှင့်ကွဲကွာ၊ ခွဲခွာရခြင်းသည် ဆင်းရဲ၏။


မချစ်မနှစ်သက်သူနှင့်အတူပေါင်းဖက်ရခြင်းသည် ဆင်းရဲ၏။
လိုအင်ဆန္ဒမပြည့်ဝခြင်းသည်လည်း ဆင်းရဲ၏။

အဲ့ဒီဆင်းရဲခြင်းတွေနဲ့ နှောင်ဖွဲ့ခံထားရသည့် သတ္တ၀ါသည် `လူ´ ဖြစ်သတဲ့....။


`လူ´ဆိုတဲ့နာမ်စားအမည်ခံလေးနဲ့ လူ့ဘ၀လေးထဲကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဘယ်ဘ၀က
လာလို့ ဘယ်ဘ၀ကိုသွားမှာလဲဆိုတဲ့ မေးခွန်းလေးတွေကိုပင် ကိုယ်တိုင်တောင်မှ အဖြေမရှိခဲ့...။

ကြုံရာဆုံရာ ဖြစ်တတ်ရာရာလေးတွေကို အလှည့်ကျရင်မနွဲ့ကြစတမ်းဆိုသလိုပေါ့၊ မိမိနဲ့


အနီးကပ်ဆုံး ဆက်စပ်ရာရာလေးတွေကို စမ်းတ၀ါးဝါးနဲ့ ပီပီပြင်ပြင်မရှိလှတဲ့ စိတ်ကူးလေး တွေနဲ့အတူ
လောကဓံရဲ့စိန်ခေါ်မှုကြီးကို အလဲထိုးဖို့ရာ ဆန္ဒတွေအပြည့်မွေးလို့ လျှောက်လှမ်း နေသူက ငါရယ်ပါ။

ဝန်းကျင်ဒေသအလိုက် အရောင်အမျိုးမျိုး၊ ဦးတည်ချက်အမျိုးမျိုးပြောင်းပြီး ၀န်းကျင်နဲ့လိုက်


လျောညီထွေဖြစ်ဖို့ရာ ကြိုးစားခဲ့ရပေါင်းလည်းမနည်းတော့ပါဘူး။

လောကဓံရဲ့ ရိုက်ချက်ပြင်းပြင်းလှိုင်းများကလည်း ငါ့ကိုမှ အားမနာ။ လေသင့်ရင် လှိုင်း


ကြက်ခွတ်လေးတွေကို သာသာယာယာကြည်ကြည်နူးနူးမြင်ရမှာပဲဆိုတဲ့ စိတ်ကူးယဉ်မျှော်လင့်ချက်လေး
တွေကြောင့် ရိုက်ချက်ခတ်ပြင်းပြင်းလှိုင်းရဲ့ ဒဏ်လေးတွေကို မျက်စိမှိတ်ပြီး အားတင်းထားမိလေရဲ့။ လွတ်
မြောက်ရာလမ်းကြောင်းလေးဆီသို့ အားကုန်လှော်ပြီးသွားမယ်စိတ်အကူးမှာ လှော်တက် ရယ် မဲ့နှင့်ပြီးသား
လှေအိုလေးပေါ်မှာ ဖြစ်နေလေပြီ။ ဒီလှေအိုလေးဟာ ငါနဲ့ထိုက်တန်တဲ့ လှေခလေးဖြစ်တဲ့အတွက်
ငါပိုင်ဆိုင်ရမယ့် လှေအိုလေးပေါ့။ ဒီလှေအိုလေးကိုအားပြုပြီး အောင်မြင်မှုပန်းတိုင်ဆီသို့ရောက်အောင်
လှော်ခတ်မည်ဆိုတဲ့စိတ်ကို ပိုင်ဆိုင်ထားပြီး လှော်တက်အစား ကိုယ်ပိုင်လက်ခလေးတွေနဲ့ ကြမ်းတမ်းလှ
တဲ့ရေလှိုင်းတွေကို ထိတွေ့ပြီး လှော်ခတ်မိပါရောလား။

၉၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

သြော်... ရှိပါစေတော့။ ရည်မှန်းရာပန်းတိုင်ဆီသို့မရောက်မချင်း ငါ့ရဲ့အမေပေးထားတဲ့ လှော်တ


က်(လက်ချောင်းဆယ်ချောင်းပါလက်နှစ်ဘက်)နဲ့ ဘ၀ဆိုတဲ့ ကမ်းမမြင်လမ်းမမြင် ဘ၀ သမုဒ္ဒရာကြီးထဲမှာ
ထိုလှေအိုလေးနဲ့အတူ ပဲ့ကူမရှိ ဘ၀ကပေးတဲ့စွမ်းအားတွေနှင့်အတူ မုန်တိုင်းကြောင့်လှိုင်းခတ်တဲ့ဒဏ်ကို
ကြံ့ကြံ့ခံပြီး ဘ၀ရဲ့နေ၀င်ချိန်လေးတိုင်အောင် လှော်ခတ် နေမည်သာ...။

ချစ်စမ်း

၁၀၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

ကျွန်တော်သည် အရင်ဘ၀က စက်ရုံ အလုပ်ရုံပေါင်းများစွာကို ပိုင်ဆိုင်ခဲ့သော သူဌေးကြီး


တစ်ဦး ဖြစ်ခဲ့ဟန်တူပါသည်။ထိုဘ၀က ကျွန်တော် မကြိုက်သော အလုပ်သမားများကို အစုလိုက်
အပုံလိုက်အလုပ်ထုတ်ခဲ့ဟန် တူပါသည်။ဒါကြောင့် အခု အလုပ်ကောင်းကောင်းမွန်မွန် မရသေးပါ။
ကျွန်တော်သည် အရင်ဘ၀က သြဇာအာဏာကြီးသော ပြည့်ရှင်မင်းကြီး
တစ်ပါးဖြစ်ခဲ့ဟန်တူပါသည်။ ထို ဘ၀က ကျွန်တော် မကြိုက်သော ပြည်သူပြည်သားများကို အစုလိုက်အပုံ
လိုက်မောင်းထုတ်ခဲ့ဟန် တူပါသည်။ ဒါကြောင့် အခု နေထိုင်ရာ အတည်တကျ မရှိသေးပါ။
ကျွန်တော်သည် အရင်ဘ၀က ရဲရင့်ခက်ထန်သော စစ်သူကြီး တစ်ဦးဖြစ်ခဲ့ဟန်တူပါသည်။
ထို ဘ၀က ကျွန်တော် မကြိုက်သော ရန်သူများကို အစုလိုက် အပုံလိုက်ပိတ်ညှပ်တိုက်ခိုက်ခဲ့ဟန်
တူပါသည်။ ဒါကြောင့် အခု ပျော်ရွှင်လွတ်လပ်သော ဘ၀မျိုး မရသေးပါ။
ကျွန်တော်သည် အရင်ဘ၀က အလွန်ထင်ရှားသော ပညာရှင်ကြီး တစ်ဦးဖြစ်ခဲ့ဟန်တူပါသည်။
ထို ဘ၀က ကျွန်တော် မကြိုက်သော တပည့်များကို အစုလိုက် အပုံလိုက်ပညာရေး နှောင့်နှေးအောင်
လုပ်ခဲ့ဟန်တူပါသည်။ ဒါကြောင့် အခု လိုသောပညာ မရသေးပါ။
ကျွန်တော်သည် အရင်ဘ၀က အလွန်ဆိုးသော ၀န်တိုတတ်သူ တစ်ဦးဖြစ်ခဲ့ဟန်တူပါသည်။
ထို ဘ၀က ကျွန်တော် မကြိုက်သော စုံတွဲများကို အစုလိုက် အပုံလိုက်ကွဲကွာလွမ်းဆွေးအောင်
လုပ်ခဲ့ဟန်တူပါသည်။

ဒါကြောင့် အခု ကျွန်တော်............။ ။

သားသားလေး

၁၀၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

လွန်ခဲ့တဲ့ ၃ ၊ ၄ လလောက်က ဒုက္ခ သုက္ခ နည်းနည်းရောက်နေတာရယ်အင်တာနက်လည်း


ကောင်းကောင်း သုံးမရတာရယ်ပေါင်းပြီး ဘလော့ဂ်ရော ဖိုရမ်ရော အားလုံးနဲ့ကို အဆက်ပြတ်နေတယ်။
ပြီးတော့ အရင်လုပ်ကနေပြီး အခုလက်ရှိ အချိန်ပိုင်း အလုပ်ကို ပြောင်းလိုက်ရတာလည်းပါတယ်။
အဲ့ဒီတော့မှ ဒီမှာရောက်နေတဲ့ ကျွန်တော်တို့ ရွှေဗမာတွေ ဘ၀ကို ပိုပြီး စာနာ နားလည်လာမိပါတယ်။
ဒီမှာက အများစု ဗမာတွေက အခြေခံလူတန်းစားတွေပါ။ အိုက်တိုးပဂေးဆန်တို့ ဟိုတယ်သန့်ရှင်းေ
ရးတို့များပါတယ်။ စာတတ်ပေတတ် ပညာတတ် ရုံးမှာလုပ်နေတဲ့ ဗမာတွေလည်းရှိတော့ ရှိတယ်။
နည်းတယ်။ ကျွန်တော်လည်း အသားကင်ဆိုင်တွေအတွက် ပြင်ဆင်ပေးရတဲ့ ဆိုင်ကိုမှာအလုပ်ရသွားေ
တာ့ နေ့ရှိသရွေ့ ကြက် ၀က် အမဲ လှီးနေရတော့တာဘဲ။ အဲ့ဒီကျမှ အော် ငါတို့ဗမာတွေ အချင်းချင်း ဆို
သိပ်မတည့်ကြပါလားလို့ သတိထားမိတော့တယ်။ ဘာလို့လဲဆိုတော့ ဘ၀တွေက တယောက်နဲ့တယေ
ာက်သိပ်မကွာဘူး။ နေ့ရှိသရွေ့အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်ဘဲ။ ပျော်စရာ ရွှင်စရာဆိုလို့ ကာရာအိုကေတို့
ဘာတို့ ညာတို့လောက်ဘဲရှိတာကိုး။ ယောကျာ်းလေးတွေက လခလေးထုတ်ရင် ယောကျာ်းလေးအ
ကြိုက်ဆိုင်တွေသွားမယ်။ မိန်းကလေးတွေက ဗမာကာရာအိုကေဆိုင်တို့ အ၀တ်အစားဝယ်တာတို့ နဲ့
အပျော်ရှာကြတာပေါ့ဗျာ။ လနဲ့ချီပြီး လုပ်နေရတာဆိုတော့ စိတ်တွေက နည်းနည်းကြမ်းလာပြီလေ။
ဂျပန်တွေကို တဟိုက်ထဲ ဟိုက်နေရတာ မဟုတ်လား။ အောက်ကျနောက်ကျတော့အတော်လေးကို
နိုင်တယ်။ သဘောကောင်းတဲ့ ဂျပန်တွေနဲ့ဆိုရင်တော်သေးရဲ့။ နိုင်ငံခြားသားကိုနှိမ်ခြင်တဲ့ဂျပန်နဲ့ဆိုရင်
တော့ နေ့ရှိသရွေ့လုပ်နေရတာမဟုတ်လား ။ ရစ်တာ ငေါက်တာ တွေနဲ့ ဘယ်လောက် တင်းကြပ်လို
က်မယ်ဖြစ်ခြင်း။ သည်းခံနိုင်ရင် သည်းခံ ဒါမှမဟုတ်ရင် နောက် အလုပ်ရှာဘဲ။ ဒီကြားထဲ ဗီဇာမရှိတဲ့
အိုဗာစတေးဆိုရင်တော့ဗျာ သွားပါလေရော။ ခေါင်းကို ငုံ့သာငုံ့ထားတော့။ ဆိုတော့ ကိုယ်ရည်ကိုယ်ေ
သွးနိမ့်ကျမှုတို့ မခံချိမခံသာဖြစ်မှုတွေက ကျွန်တော်တို့ ရွှေအချင်းချင်းနဲ့ တွေ့လို့ အခံ့မသင့်တဲ့အချိန်မှာ
ပေါက်ကွဲကြတာပေါ့ဗျာ။ မင်းလဲ ပန်းကန်ဆေးတာ ငါလည်းပန်းကန်ဆေးတာ တမူးပိုမရှုနဲ့ဆိုသလိုပဲ။
နည်းနည်းလေးအကျောအတင်မခံခြင်ကြဘူး။ နှိမ့်တာဘဲ။ အပီအပြင် ဆော်မယ်ဆိုတာကြီးဘဲ။ နောက်ပြီး
အုပ်စုလေးတွေကလဲရှိတော့ တအုပ်စုနဲ့တအုပ်စုက လည်းသိပ်မတည့်ကြဘူး။ အစ်ကိုကြီးတယောက်
ဆိုရင်ကျွန်တော့်ကို ရင်ဖွင့်ဖူးတယ်။ သူတို့ဆိုင်ကရွှေဗမာတွေအကြောင်း။ ဒီမှာက စားသောက်ဆိုင်ရဲ့

၁၀၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

စားပွဲမှူးချူပ်ကို ဖိုခေါင်းလို့ဘဲခေါ်ကြတယ်။ ဂျပန်ဆိုင်မှာတော့ ဂျပန်ဖိုခေါင်းတွေဘဲရှိတယ်။ တခြားနိုင်ငံသား


ဖိုခေါင်းဆိုတာမရှိသလောက်ရှားတယ်။ သူ့ဆိုင်ရဲ့ ဖိုခေါင်းကို ရွှေဗမာတွေ ဘယ်လိုဖားပြီး အချင်းချင်း ဘယ်
လွန်းတွန်းတဲ့အကြောင်းပေါ့။ စိတ်ပျက်ဖို့တော့ အတော့်ကိုကောင်းတာဘဲ။ ဘ၀တူအချင်းချင်းလည်းမရှောင်
ဘူး ဂဏန်းတွေလိုဘဲ တယောက်နဲ့တယောက်ဆွဲချကြတယ်။ ဘာလုပ်မှာလဲ။ အချင်းချင်းကူညီတဲ့ ဖေးမတဲ့
ရွှေတွေလည်းရှိမှာပါ။ အခုထိတော့ မတွေ့ရ မကြုံရ မကြားရသေးဘူး။ မသိမသာရော သိသိသာသာပါ
ပြိုင်ဆိုင်နေတာတွေဘဲ တွေ့နေကြုံနေရတော့ စိတ်အတော့်ကိုပျက်မိတယ်။
နောက်တခုကပန်းကန်ဆေးရလို့ ရှက်နေရွံ့နေတဲ့ ဂျပန်လူမျိုးတယောက်မှ မကြုံဖူးဘူး။ ကိုယ့်ကို
ကိုရွှေလို့ခေါ်တဲ့ ဗမာတွေကရှက်နေရွံနေတာတော့ကြုံဖူးတယ်။ (ကျွန်တော်နဲ့ခင်တဲ့ ဗမာတွေကတော့
မခိုမကပ်လုပ်ကြပါတယ်) ရှိသေးတယ်။ ဘယ်သူကစလိုက်လဲမသိဘူး။ ဒီကရွှေဗမာတွေက ဂျပန်တွေကို
ခွေးလို့ခေါ်တယ်။ ယောက်ျားဆိုရင် ခွေးထီးတဲ့။ မိန်းမဆိုရင်တော့ ခွေးမတဲ့။ စိတ်ထဲမှာတော့ဗျာ ခင်ဗျ
ားတို့ခွေးလို့ခေါ်တဲ့ ဂျပန်တွေရဲ့ ခိုင်းတာပြုတာကို ခံနေရတဲ့ ကျူပ်တို့ ဗမာတွေက ဘယ်အဆင့်ရောက်
သွားပြီလဲလို့ပြောချင်တယ်။ စည်းမရှိကမ်းမရှိ ဘရမ်းဘတာ ဆန်မရှိဘဲ သောက်စားကြီးနေသမျှတော့
ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ရွှေဗမာလို့ မခေါ်သင့်ဘူးထင်တာဘဲ။ ကျွန်တော်လဲ ရွှေမဟုတ်သေးပါဘူး။
ရှေ့တင်တမျိုးဖား ကွယ်ရာမှာ နာမ်နှိမ်ခေါ်တာကတော့ ဘယ်လိုမှကိုနည်းလမ်းမကျဘူး။ ပြောပြန်ရင်လဲ
ဂျပန်ခေတ်က မာစတာတွေကို ဖားတဲ့ ငဖားကြီးတွေလိုဖြစ်ဦးမယ်။ အဲဒီတော့ ဘာမှကိုမပြောတော့ဘူး။
ဘာဆိုဘာမှ ကို မပြောတော့တာ။ ဟုတ်လား လောက်ဘဲ။ အမှန်က ဗမာ ဘဲဖြစ်ဖြစ် ဂျပန်ဘဲဖြစ်ဖြစ်
ကောင်းသူရှိသလို မကောင်းတဲ့ သူတော့ရှိတာဘဲ။ လူမျိုးနဲ့ယဉ်ကျေးမှုဘဲကွာတာပါ။ ကျန်တာကတော့
လူပါဘဲ။ ဂျပန်တွေ ဘာကြောင့်တိုးတက်တယ်ဆိုတာကို အတုယူ အလုပ်လုပ်နိုင်ရင်ဲ ကျွန်တော်တို့
ဗမာတွေလဲ တကယ့်ရွှေဗမာလို့ ကိုယ့်ကို သမုတ်လို့ရမှာဘဲမဟုတ်လား။ ပါးစပ်လေးနဲ့ နာမ်နှိမ်ခေါ်
ကျေနပ်နေသရွှေ့တော့ ရွှေ မပြောနဲ့ ကြေးဝါတောင်ဖြစ်မှာမဟုတ်ဘူး။ အနုပ်စုပ်ဂုတ်စုပ်ဘ၀တွေက
လည်းတက်မှာမဟုတ်ဘူး။ လောလောဆယ်တော့ ဒီလောက်နဲ့ဘဲ ရပ်လိုက်တော့မယ်။

ဘိုးစိန်

၁၀၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုးဘာသာ ကန့်သတ်မူ မရှိပါဘူး။

(၅)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။


နင်ခေါင်းကိုငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပယလ
် ည်းလို့ ငါ့ကိုမေးခဲ့တယ်။

(၁၅)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။


အင်္ကျီအနားစကို အဓိပ္ပယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကိုငုံ့ ရှက်သွေးတွေဖြာပြီးနင်ပြုံးနေခဲ့တယ်။

(၂၀)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။


ငါ့ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါပျောက်ကွယ်သွားမှာကို စိုးတဲ့အလား ငါ့လက်မောင်းကို
နင်တင်းတင်းလေး ဖက်ထားတယ်။

(၂၅)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။


မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး “သိပါတယ်...ထပါတော့ လူပျင်းလေးရယ်”လို့ ချစ်စနိုးနဲ့
နင်ပြောခဲ့တယ်။

(၃၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။


“တကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေကိုလည်း ၀ယ်ခဲ့ဖို့မမေ့နဲ့” လို့ နင်ရယ်ပြီး
ပြောခဲ့တယ်။

(၄၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။


ပန်းကန်တွေ သိမ်းရင်း “ကောင်းပါပြီ...ကောင်းပါပြီ ကလေးတွေကို စာပြလိုက်ပါဦး”လို့ နင်စိတ်မရှည်စွာ
ပြောခဲ့တယ်။

၁၀၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

(၅၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။


သိုးမွှေးချည်ကို ထိုးရင်း “တကယ်လား...နင့်စိတ်ထဲမှာ ငါ့ကိုစောစော သေစေချင်နေတယ် မဟုတ်လား”လို့
ပြောပြီး တခစ်ခစ်နဲ့ နင်ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။


ငါ့လက်မောင်းကို တစ်ချက်ထုရင်း “အဘိုးကြီး..မြေးတွေတောင် ကြီးနေပြီ အပြောကမက်တုန်း” လို့
ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ခုန်ပေါ်မှာ တူတူထိုင်ပြီး လွန်ခဲ့တဲ့အနှစ်၅၀က
ဓာတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့ တွန့်ကြေနေတဲ့ လက်ကို ငါဆုတ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့
ပြောတယ်။ အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့တွန့်ကြေ
နေပေမဲ့ နင်ရဲ့မျက်နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။


နင် လှဲလျောင်းနေတယ်....ငါငိုနေတယ်။ နောက်ဆုံးတစ်ခွန်း နင်ပြောခဲ့တယ်“ငါ.....နင့်....ကို...ချစ်...
တယ်”ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ။

အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။


အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ လိုတယ်။

နိုင်းနိုင်းစနေ

၁၀၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

“ကျွန်တော်နဲ့ခဏလိုက်ခဲ့ပါလား။”
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကခေါ်တာပါ။ သူငယ်ချင်းဆိုပေမယ့်သူကနည်းနည်းငယ်
တော့ ကျွန်တော်ကို အစ်ကိုလို့ပဲခေါ်တယ်။
“ဘယ်သွားမှာလဲ”
“ဆူးလေဘုရားကိုသွားမလို့ အစ်ကိုရ”
ကျွန်တော်စိတ်တော့သိပ်မပါပါ။ ဒါပေမယ့် တစ်ခြားဘာမှလည်းလုပ်စရာမရှိဘူး။ နောက်ပြီး
ဆူးလေဘုရားပေါ်ကို ကျွန်တော်တစ်ခါမှ မရောက်ဖူးဘူးလေ။ ကျွန်တော့်လိုပဲ လူတော်တော်များများလည်း
ရောက်ဖူးကြမယ်မထင်ဘူး။ မြို့ထဲမှာရှိပြီး တစ်ခေါက်မှမရောက်ဖူးသေးတော့ ဘုရားလည်းဖူးရတာပေါ့ဆိုပြီး
လိုက်သွားလိုက်ပါတယ်။
ဟိုရောက်တော့ ကျွန်တော်တို့နှစ်ယောက် ဘုရားပေါ်တက်ပြီး ဘုရားရှိခိုးကြတယ်။ လူတွေတော့
နည်းနည်းစည်ပါတယ်။ ဘုရားရှိခိုးပြီးပြန်ဆင်းလာတော့ သူကပြောတယ်။
“ခဏလေး။ ကျွန်တော်စာကလေးလွှတ်လိုက်ဦးမယ်။”
ပြောပြောဆိုဆိုနဲ့ စာကလေးရောင်းတဲ့လူဆီကိုသွားဝယ်နေတယ်။ ဘယ်နှစ်ကောင်ကို ဘယ်
လောက်ဖိုးနဲ့ဝယ်လိုက်လဲတော့ ကျွန်တော်လည်းမသိဘူး။ ဟိုလူကြီးက လှောင်ချိုင့်ထဲထည့်ထားတဲ့စာက
လေးတွေကိုထုတ်ပေးပြီး ကျွန်တော့်သူငယ်ချင်းက လွှတ်ပေးလိုက်တယ်။

စာကလေးဆိုတာ အစတည်းကသဘာဝအတိုင်း လွတ်လပ်စွာသွားလာနေတဲ့


သတ္တ၀ါလေးတွေပါ။ အဲဒါကို လူတွေကဖမ်းပြီး လှောင်ချိုင့်ထဲမှာထည့်ထားတယ်။ လူတွေကပဲ
ပိုက်ဆံတွေပေးပြီး ပြန်လွှတ်ပေးတယ်။ လွတ်သွားတဲ့အကောင်တွေကို လူတွေကပဲ ထပ်ဖမ်းကြဦးမှာပဲ။
ပြီးရင်လူတွေကပဲ ပြန်လွှတ်ပေးကြဦးမယ်။ တစ်ခါတစ်လေတော့လည်း လူတွေဟာ ဘာမှန်းကိုမသိဘူး။
ကျွန်တော်ကမေးလိုက်တယ်။
“ဘာလို့စာကလေးတွေပိုက်ဆံပေးပြီးလွှတ်တာလဲ”
“သူတို့ကို လွတ်လပ်သွားအောင် လွှတ်ပေးလိုက်တာလေ”

၁၀၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

“အစတည်းက သူ့ဘာသူလွတ်လွတ်လပ်လပ်ပျံနေတဲ့ဟာကို”
“ခုလှောင်ချိုင့်ထဲမှာလေဗျာ။ လွတ်အောင်လွှတ်ပေးရင် ကုသိုလ်ရတာပေါ့။”
“မင်းတို့လို ပိုက်ဆံပေးပြီးလွှတ်ပေးမယ့်သူတွေမရှိရင် အဲဒီစာကလေးတွေလည်း
ဒီလှောင်ချိုင့်ထဲလာပြီး ဒုက္ခခံနေရမှာမဟုတ်ပါဘူးကွာ။”
သူ့ထံမှ စကားထွက်မလာပါ။ တစ်ခုခုကို စဉ်းစားသွားပုံရပါတယ်။ ဟုတ်ပါတယ်။ စာက
လေးကတော့ သူ့ဘာသူ အဲဒီလှောင်ချိုင့်ထဲလာထိုင်နေမှာမဟုတ်ဘူးလေ။ လူတွေကလိုက်ဖမ်းလို့သာ
သူတို့ဒီထဲရောက်နေတာပေါ့။ တကယ်လို့ အဲဒီလို ပိုက်ဆံတွေပေးပြီး လာဝယ်မယ့်သူတွေမရှိရင်အဲဒီလူ
တွေလည်း အပင်ပန်းခံပြီး စာကလေးတွေကို လိုက်ဖမ်းမနေပါဘူး။ ၀ယ်သူရှိလို့ သူတို့လည်းဖမ်းပြီးရောင်း
စားနေတာပေါ့။ တစ်ခါတစ်လေတော့လည်း လူတွေဟာ ဘာမှန်းကိုမသိပါဘူး။

ဝေယံလင်း

၁၀၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ခေါင်းစဉ်ကစိမ်းမြွှာ ဆိုလိုလျှောက်မစဉ်းစားကြပါနဲ့ဦး။ အမြွှာညီအစ်မမဟုတ်ပေမယ့် တကယ့်


အမြွှာလို့ထင်ရလောက်အောင် ရုပ်ချင်းတူတဲ့ အစိမ်းရောင်ဂါဝန်ကိုယ်စီနဲ့ တီတီတာတာ ညီအစ်မနှစ်ယော
က်အကြောင်းရေးမလို့ပါ။
ဒီနေ့ကျွန်တော် PRကိစ္စနဲ့ စလုံး လဝက ကိုရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်းပေါ့ တန်းစီနံပါတ်ယူ
ပြီးတော့ကောင်တာနံပါတ် ၂၆ နား နောက်ဆုံးတန်းကခုံလွတ်တွေမှာ သွားထိုင်ပြီးစောင့်နေတာပေါ့။
ကျွန်တော်ထိုင်ပြီး သိပ်မကြာပါဘူး။ လူကြီးမင်းနှစ်ယောက်က အစိမ်းရောင်ဂါဝန်ကိုယ်စီနဲ့ ကျွန်တော့်ကို
လမ်းတောင်းပါတယ်။ သူတို့ကျွန်တော့်ဘေးကခုံမှာ ထိုင်မယ်ပေါ့။ ကျွန်တော်လည်းသူတို့ ဝင်သာအောင်
ကိုယ်ကိုရို့ပြီးရှောင်ပေးလိုက်ပါတယ်။ ခုံကိုရောက်တာနဲ့ မထိုင်ပါဘူးဗျာ။ ထိုင်ခုံ ဖင်ထိုင်တဲ့နေရာမှာဒူး
ထောက် ပြီးတော့ အနောက်ဘက်ခပ်လှမ်းလှမ်းမှာ ရှိတဲ့သူတို့ အမေကို လှမ်းပြောင်ပြနေကြတာ။ ယိမ်
းတိုက်ထားသလားအောင့်မေ့ရတယ်၊ နှစ်ယောက်သား ထိုင်ခုံပေါ်ဒူးလေးထောက် နောက်မှီကို ကိုင်ပြီး
အတိုင်အဖောက်ညီညီနဲ့ သူတို့အမေကို “စ” နေကြတာ။ ကျွန်တော်ကလည်း အမြွှာညီအစ်မနေမှာပဲဆိုပြီး
သူတို့ရဲ့နည်းမျိုးစုံ ပြောင်နည်း တွေကို စိတ်ပါပါနဲ့ကြည့်နေတာပေါ့။
သိပ်မကြာပါဘူး ပစ်မှတ်က ကျွန်တော့်ဆီရောက်လာပါတော့တယ်။ ကျွန်တော့်ကို
ကြည့်ပြီးသူတို့ညီအစ်မ ခိုးခိုးခစ်ခစ် နဲ့စနေတာပေါ့။ ဘယ်ရမလဲ ကျွန်တော်ကလည်း ပြန်ပြောင်တာပေါ့။
အဲဒီတော့မှ နှစ်ယောက်စလုံး ရီကြပါတော့တယ်။ နောက်ပြီးတစ်ယောက်က စပြီးမိတ်ဆက်ပါတယ်။
သူ့နာမည်နဲ့ ဘေးကသူ့ညီမ ရဲ့နာမည်ပေါ့။ ပြီးတော့ကရားရေလွှတ် တတွတ်တွတ်နဲ့သူ ဘာကိစ္စလာတဲ့
အကြောင်းသူ့အဖေက ဟိုးအရှေ့နားမှာထိုင်စောင့်နေကြောင်း၊ အမေကတော့ သူတို့အနောက်နားမှာ
စောင့်နေကြောင်း။ စုံလို့ပါဘဲဗျာ။ အငယ်မလေးကလည်း ခေသူမဟုတ်ဘူးဗျ။ စကားမပီကလာ ပီကလာနဲ့
ဝင်ဝင်ပြောသေးတာ။ သူပြောတာကတော့ ဘာလဲတော့သေချာမသိဘူးဗျ။ ရေချိုး၊ ထမင်းစား၊ ဒယ်ဒီ၊
မာမီ အဲဒါတွေပဲ ပတ်ချာလည်နေတာ။ ဒါပေမယ့်သူ ပြောတာကိုနားလည်ကြောင်း ကျွန်တော်က
ခေါင်းညိတ်တော့မှ တကယ့်လူကြီး အက်တင်နဲ့ သေသေချာချာကို ရှင်းပြတော့တာ။ သူ့အစ်မကလည်း
သူ့ညီမက တွေ့သမျှ အရုပ်တွေရော၊ စက္ကူကအစ ဝါးကြောင်း အဲဒါကြောင့်အိမ်မှာ ဆိုသူ့ကိုသတိထားရေ
ကြာင်းစုံလို့ပါဘဲ။ အသက်မေးကြည့်တော့မှ အကြီးမက ၅နှစ်၊ အငယ်မလေးက ၄နှစ် ဆိုပဲ။ ဒါပေမယ့်သူတို့

၁၀၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

အက်တင် ကလူကြီးပုံဖမ်းထားတာ ဂွတီးဂွကျနဲ့ တော်တော်ချစ်ဖို့ကောင်းပါတယ်။


နောက် ကျွန်တော့် လည်ပင်းမှာ ဆွဲထားတဲ့ MP3 Player ကိုစိတ်ဝင်စားပါတော့တယ်။
အဲဒါနဲ့ကျွန်တော်လည်း သူတို့ဘာလုပ်မလဲဆိုတာသိချင်လို့ သူတို့လက်ထဲ MP3 Player
ကိုထည့်လိုက်ပါတယ်။ အဲဒီတော့မှ သဘောကျတော့တာပါပဲ။ ဒါကို ကျွန်တော့် မိုဘိုင်းဖုန်းလား
တဲ့ ကျွန်တော်က လည်းမိုဘိုင်းမဟုတ်ကြောင်း သီချင်းသံမြည်ကြောင်း သီချင်းဖွင့်ပြီးသူ
တို့နားမှာ နားကြပ်ကပ်ပေးလိုက်တော့မှ အမ်ပီသရီး ကိုလက်ထဲကကို မချတော့ပါဘူး။
နားကြပ်ကိုတစ်ယောက်တစ်ဖက် တပ်ပြီးသီချင်းနဲ့အူမြူးနေကြပါလေရော။ အစ်ကြီးမက ကြွားသေးတာဗျ။
သူတို့ကျောင်းမှာဆို ဒါမျိုးအမ်ပီသရီး ပလေယာ ၅ ခုလောက်ရှိကြောင်း ပိုလည်း အကြမ်းခံကြောင်းနဲ့
စုံနေတာပါဘဲ။ ကျွန်တော်ကလည်း သူကြွားတာကိသု ဘောကျတာနဲ့ ရီချင်တာပေါ့။ အငယ်မလေးကကြတော့
သူ့အမေက သူ့ကိုဘာလို့ MP3 Player မဝယ်ပေးတာလဲတဲ့။ အဲတော့မှကျွန်တော်လည်း “ဒါပေါ့ ညီမလေး
အသက်ကြီးလာရင်ဝယ်ပေးမှာပေါ”့ လို့ရှင်းပြတော့မှ ပြန်ပြီးရွှင်ရွှင်ပြပြ ဖြစ်လာတော့တယ်။
အဲဒီလိုနဲ့ ခါတိုင်းဆိုပျင်းဖို့ကောင်းအောင်စောင့်ရတဲ့ အချိန်တွေ အကုန်မြန်ပြီး ကောင်တာ ၂၆
မှာ ကျွန်တော့်အလှည့်ရောက်လာပါတော့တယ်။ ကျွန်တော်ကအလှည့်ရောက် လို့သွားရမှာဖြစ်ကြောင်း
နဲ့ ကျွန်တော့်ကိုခဏစောင့်နေဖို့ သူတို့ကိုပြောပြီး ကောင်တာကိုသုတ်သုတ်သွား၊ ပြောစရာရှိတာပြောပြီး
ပြန်လာတော့ ညီအစ်မနှစ်ယောက်က ကျွန်တော် အပြင်ရှေ့ခုံက ဘော်ဒါတစ်ယောက်ရပြီး နေပြီဗျ။
အဲဒါနဲ့ကျွန်တော်လည်း မိတ္တူကူး လုပ်စရာရှိတာလုပ်ပြီး သူတို့နဲ့ ပြန်စကားပြောတာပေါ့။ ထုံးစံအတိုင်းပါပဲ
မပီကလာပီကလာနဲ့ သူတို့အမူအရာတွေက ဟန်မလုပ်ဘဲ ချစ်ဖို့ကောင်းပါတယ်။ နောက် သူတို့အမေ
နဲ့အဖေကလာခေါ်တော့မှ ကျွန်တော့်လက်ထဲကို အမ်ပီသရီးပလေယာအပ် တာ့တာလုပ်ပြီး
အစိမ်းရောင်ဂါဝန်ကိုယ်စီ နှာတံပေါ်ပေါ် မျက်ခုံးထူထူ ဝတ်ထားတဲ့ ညီအစ်မ ပြန်သွားပါတော့တယ်။
အဲဒီတော့မှ ပဲခုနကလှုပ်ရှားံနေတဲ့ ပတ်ဝန်းကျင်က သေသွားသလိုပါပဲ။ လူတွေကသူတို့ခုံ တွေမှာကိုယ်စီ
ငြိမ်ငြိမ်လေး ထိုင်ပြီး ပျင်းဖို့ကောင်းတဲ့ အမူအရာတွေနဲ့ ရှင်လျက်သေနေကြပါတယ်။

အပြန်လမ်းမှာ ကျွန်တော်စဉ်းစားတယ်။ ကလေးတွေရဲ့ ဟန်ဆောင်ကင်း တဲ့ဖြူစင်ခြင်းနဲ့သာ


တွေ့သမျှလူကို နှုတ်ဆက်ရင် ကျွန်တော်တို့နေတဲ့ကမ္ဘာ က World Without Strangers ….
ဖြစ်လာနိုင်ပါကြောင်း ……

ဒီဝိုင်း

၁၀၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ယောကျာ်းလေးတွေဟာ မိန်းကလေးတစ်ယောက် ကိုဒီမိန်းကလေးဟာ ဘယ်လိုလူစားမျိုးပါ


လိမ့်လို့ မသိသေး တာတောင်မှပဲ ချစ်သွားမိတတ်ကြတယ်။ နှလုံးသားမှာ ပြင်းပြင်းထန်ထန်ခံစား လို့လဲ
ရနိုင်တတ်ကြတယ်။ သူနဲ့တတွဲတွဲ နေလိုစိတ်လဲ ရှိတတ်ကြတယ်။ နောက်တော့၊ တချိန်ချိန်ကျတော့၊
သူမနဲ့ကောင်းကောင်း သိသွားရော၊ သူမကို တကယ်တမ်း ကြိုက်တောင်မကြိုက်ပါလား၊ တကယ်တမ်း
စိတ်မ၀င်စားပါလား ဆိုတာ သူ့ဘာသာ ရှာဖွေတွေ့ရှိသွားတတ်ကြပြန်တယ်။ သူမကို ပြင်းထန်စွာ
စွဲလမ်းနေသယောင် ဖြစ်နေတုံးကတော့ သူမနားမှာ အတူတူရှိဘို့ ၊ သူမအထင်ကြီးအောင်၊ သူမပျော်ရွှင်ဖို့
ဘာမဆိုလုပ်မယ် ဆိုတဲ့စိတ်မျိုး ဖြစ်နေလေ့ရှိကြတယ်။ နောက်ကြာတော့ အကြောင်းတွေသိသွားတော့
သူ့ရဲ့ စိတ်ဝင်စားမှုဆိုတဲ့ဟာတွေ၊ ဖီလင်ဆိုတဲ့ဟာတွေဟာ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားတတ်တယ်။
ဒါမျိုးကို အင်္ဂလိပ်လို “morning-after syndrome” လို့ခေါ်တယ်၊ မြန်မာလိုတော့ နိုးအိပ်မက် လို့
ဘာသာပြန်ရင် သင့်လိမ့်မယ်။ မနက် မိုးလင်းတဲ့ အခါ အိပ်ရာက မထခင် နိုးတစ်ဝက် အိပ်တစ်ဝက်
စိတ်ကူးလေးယဉ်သလိုလို၊ အိပ်မက်လိုလိုကနေ တကယ်နိုးလာတဲ့အခါ ခံစားရတဲ့ ခံစားမှုမျိုးကို
ဆိုလိုချင်ပုံရတယ်။ ယောကျာင်္းတွေရဲ့အမြင်မှာ တရက်ရက်မှာ သူမဟာ အလွန်လှလိုက်တာ၊
ဘယ်လိုကြည့်ကြည့် တောက်ပနေတယ်လို့ထင်နေပြန်ရော။ နောက်တရက်ရက်ကျပြန်တော့ အမှတ်မဲ့
ကြည့်ပြန်တော့ သူမရဲ့ ခြေချောင်းများဟာ အလွန်ကြီးနေပါလား လို့ထင်နေပြန်ရော။ ဒါနဲ့ပဲ သူ့ရဲ့
အချစ်ဆိုတာတွေ ပျောက်ကွယ်သွားလိုက်ပြန်ရော၊ သူမဟာ သူ့အတွက် မဟုတ်ဘူးလို့ထင်ပြန်ရော၊
လက်ထပ်လိုစိတ် ဆိုတာတွေ ပျောက်ကွယ်သွားတတ်ပြန်ရော။ ယောင်္ကျားဆိုတာက ဒီလိုမျိုး နိမ့်ချည်
မြင့်ချည် စိတ်ရှိတတ်တဲ့ အတွက် အဲဒီအခါမျိုမှာ မိန်းကလေးတွေက ဒီလိုစိတ်ကို အထင်လွဲတတ်ပြန်တယ်။
သူ့ရဲ့ အချစ်ကို သံသယ၀င်တတ်တယ်။ ဘယ်လိုလူပါလိမ့်၊ အရင်တုံးကတော့ ချစ်လှချည်ရဲ့ဆို၊ ဟုတ်လဲ
မဟုတ်ပဲနဲ့ ကတိတွေပေးထားတာပါလား လို့ တလွဲထင်တတ်ပြန်တယ်။
မိန်းကလေးတွေကျတော့ ဒီလိုမဟုတ်ပါ။ တမျိုးတဖုံဖြစ်ပါတယ်။ မိန်းကလေးတွေဟာ
ယောင်္ကျားတစ်ယောက်ကို ပထမဆုံး စိတ်ဝင်စားမိတဲ့ အချိန်ဟာ သူရဲ့ physical ကစတာ
မဟုတ်ပါ။ ယောင်္ကျားတစ်ယောက်ကို စိတ်ဝင်စားမိပြီဆိုရင် emotion ကစပါတယ်။ mentally
နဲ့ကစပါတယ်။ physically စိတ်ဝင်စားတာက နောက်မှ မရှေးမနှောင်းမှ စတင် ဖြစ်ပေါ်လာပါတယ်။

၁၁၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

ဒီလိုဖြစ်တတ်တဲ့အတွက် သူမဟာ ယောင်္ကျား တစ်ယောက်ဟာ သူမအတွက် physically ဆွဲဆောင်မှု စတင်


ရှိနေရင်တောင် emotionally ဆွဲဆောင်မှုရှိနေတယ်လို့ မှားယွင်းစွာ ကောက်ချက်ချလိုက်မိတတ်ပါတယ်။
ယောင်္ကျားလေးကလဲ သူမလိုခံစားရမယ်လို့ သူမထင်နေတတ်တယ်။ ကွဲပြားမှုကို သူမနားမလည်နိုင်ဘူး။
တကယ်တော့ ယောင်္ကျားတွေက physical ကစတယ်။ ယောင်္ကျားတွေမှာကတော့ physically attracted
ဖြစ်လေ၊ စဉ်းစားဥာဏ်တွေ မြော်မြင်တတ်တာတွေ နည်းပါးလာတတ်တယ်။ အဲဒီအခါမျိုးတွေမှာ သူမဟာ
သူ့အတွက် ကမ္ဘာပေါ်မှာ the most special woman ပါလား လို့ ပြုမူ ဆက်ဆံတတ်ပါလိမ့်မယ်။ ဒါကလဲ
အခိုက်အတန့်တစ်ခုပါ။ တသက်လုံးဒီလိုပြုမူလိမ့်မယ်လို့ မထင်မိစေပါနဲ့။ ယောင်္ကျားလေးတွေမှာ ဒီလိုမျိုး
စိတ်အခြေအနေ၊ ခံစားမှု အတိုးအလျော့ အမျိုးမျိုးရှိတတ်တဲ့ အတွက် ကလည်း မိန်းကလေးတွေက
ယောင်္ကျားတွေရဲ့ အချစ်ဆိုတာ တကယ်မဟုတ်ပါလား၊ အပေါ်ယံပါလား လို့ အထင်ရောက်သွားကြပြန်တယ်။
ဒါတွေကို နားလည်ဖို့လိုတယ်။ ယောင်္ကျားလေးတွေရော မိန်းကလေးတွေရော ဒီကွဲပြားတဲ့သဘောလေးကို
သိနေတာ ကို understanding လို့ခေါ်ရမလားပဲ။

ဖြိုးဝေကျော်

Dr. John Grey (PH.D) ၏ Mars and Venus မှ Man’s Passion vs Woman’s Passion ကို ဆီလျှော်
အောင်ပြန်ဆိုထားပါသည်။

၁၁၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

tufaq;

ဤဒီဂျစ်တယ်လောကကြီးသည် ဆန်းကျယ်ပေစွ။ အမှားကို အမှန်ထင်အောင် ပြုလုပ်ထားသော


ကွန်ပျူတာဖန်သားပြင်ထက် လူသားတို့၏ နှလုံးသားများသည် အရှိန်အဟုန်ပြင်းစွာ ပြေးလွှားလျက်ရှိ၏။
ကီးဘော့ပြင်ရှိ ခလုတ်များ ရိုက်ခတ်သံသည် ခေတ်သစ်စာပေ၏ အစပျိုးခြင်းတည်း။ ထိုရိုက်ခတ်သံများဖြင့်
လူတို့သည် အသက်ရှင်ကုန်၏။ စာအုပ်တို့ သေဆုံးကုန်၏။ စာရွက်တို့ သဂြိုလ်ခံကြရ၏။
စာရွက်တို့၏ တန်ဖိုးသည် ၄င်းတို့အပေါ်တွင် ပုံနှိပ်သော စာသားများအပေါ်တွင်
မူတည်လျက်ရှိကြသည်။ ယခုအခါ ထိုစာသားများသည် အင်တာနက် ကျောက်ထက်အက္ခရာထက်
ထွင်းဖောက်လျက် တည်မြဲကြကုန်သည်။ ကမ္ဘာကုန်ကျယ်သရွေ့ ပြန့်နှံ့ကြကုန်ပြီ။ ဒီဂျစ်တယ်လောကကြီး
အားဦးညွှတ်အလေးပြုပါ၏။
ဒီဂျစ်တယ်စာရေးဆရာတို့သည် အင်တာနက်၏ မဟာလူသားများပင် ဖြစ်သည်။ ကွန်ပျူတာကို
မိတ်ဖွဲ့လျက် အင်တာနက်လောကကြီးအတွင်း ၀င်ရောက်ကြကုန်၏။ စီပီယူဟူသော လူသားဆန်ဆန်
တွေးခေါ်တတ်မှုကို လေးစားသမှုဖြင့် ကွန်ပျူတာပျက်တိုင်း စာရေးဆရာတို့ ကွန်ပျူတာပုံးကို
ကန်ကျောက်ကြကုန်၏။ အဲ ကွန်ပျူတာကို ဖက်၍ ငိုယိုကြကုန်၏။ အကယ်၍သာ ကွန်ပျူတာ
မှတ်ဥာဏ်သည် အရာအားလုံးကို မှတ်သားနိုင်ခဲ့သည်ရှိသော် လူသားများသည် ၄င်းတို့၏ ဦးနှောက်များအား
လေးလံသည်ဟုဆိုကာ ချွတ်ထားခဲ့ကြမည်လား မသိ။ သို့သော် ကွန်ပျူတာ မှတ်ဥာဏ်သည် အလွန်ကောင်း
၏။ စာရေးဆရာ၏ မီးပျက်သွားသော စာသားများအား ပြန်ရှာပေးနိုင်ပေ၏။
ခေတ်သစ်စာပေသည် အင်တာနက်တွင် တည်၏။ မီးပျက်ခြင်း မရှိ။ စာရွက်များ
ခြစားသွားခြင်းမရှိ။ ဘယ်အခါကြည့်ကြည့် အင်တာနက်စာမျက်နှာများသည် လတ်ဆတ်လန်းဆန်း၏။
အကယ်၍ သင်သည် အင်တာနက်ဆိုတာ ဘာမှန်းမသိ၊ ကွန်ပျူတာဆိုတာ ဘာမှန်းမသိလျှင်
ဒီဂျစ်တယ်လောကကြီးအလယ် မျက်စိသငယ် နားသငယ်ဖြင့် ကလယ်ကလယ် နေရစ်ခဲ့ပေလိမ့်မည်။
အပြေးမြန်သူသာ ဒီဂျစ်တယ် ပန်းတိုင်သို့ ရောက်နိုင်ပေ၏။ သူများအတွန်းအတိုက်ကို လမ်းလယ်ခေါင်မှ
မခံနှင့်။ ဒီဂျစ်တယ်ပလက်ဖောင်းပေါ်မှ ထိုသူ ပြေးဆင်းခဲ့ရ၏။
ခေတ်သစ်စာပေသည် လူတို့၏ ဦးနှောက်များကို ကွန့်မြူးစေ၏။ ဘီလီယံ ၁၀၀ ခန့်ရှိသော
သင်၏ ဦးနှောက် အခန်းငယ်ကလေးများမှ ထွက်ကျလာသော စာသားများကို အင်တာနက်တွင်

၁၁၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

လက်ခံပြီးသကာလ.. ၇ ဘီလီယံခန့်ရှိသော စာဖတ်သူများက အင်တာနက်အပေါ်တွင် ဝေဖန်ရေးသားအ


ကြံပြုငြင်းခုန်ကြကုန်၏။ ကီးဘုတ်တခွင် ကလောက်ကလဲ့ အသံများ မျိုးစုံထလျက် ခေတ်သစ်စာပေ၏
ဂီတဆန်းကို နှိုးဆွလိုက်ကြ၏။ ဖော်ထုတ်လိုက်ကြ၏။
အင်တာနက်တနေရာရှိ အခန်းငယ်တခုမှ ရင်ခုန်သံကို တခြားအခန်းများမှ ကြားရကုန်၏။
လန့်နိုးကြသူများ၊ စုတ်သပ်ကြသူများ သို့မဟုတ် ထပ်ပွား ရင်ခုန်ကြသူများ ရှိ၏။ ထိုသို့ ရင်ခုန်သံများသည်
အတိုင်းမသိ ကျယ်ပြန့်လာသောအခါ ခေတ်သစ်စာပေသည် ရုပ်လုံးပေါ် နိုးထခဲ့ရလေသည်။

ကိုသာယာ

၁၁၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ရှိသည်။ ဒီလိုပြောလိုက်သဖြင့် မေးခွန်းပေါင်းများစွာ ထပ်တိုးလာသည်။ ဘာရှိတာလဲ။


ဘယ်မှာရှိတာလဲ။ ဘာရှိတာလဲဟူသော မေးခွန်းကအရင်လာသလား။ ဘယ်မှာရှိတာလဲဟူသော
မေးခွန်းကအရင်လာသလား။ မသိပါ။ လောကမှာ မသိတာတွေက အများသားလား။ ထိုသို့ပြောလိုက်၍
သိတာတွေ အများကြီးဟု ထင်ကောင်းထင်သွားကြပေမည်။ လူဆိုသည်မှာ အထင်နှင့် အမြင်ကြားတွင်
လှည့်ပတ်သွားလာနေကြ သတ္တ၀ါတစ်ကောင်ဖြစ်သည်။ တကယ်ဆို သိခြင်းနှင့် မသိခြင်းကြားတွင်
တစ်စက္ကန့်၏ အပုံတစ်သိန်းပုံ တစ်ပုံသာခြားလေသည်။ ယခုမူကား ကျွန်တော် တစ်စုံတစ်ခုကို သိနေသည်။
ထိုတစ်စုံတစ်ခုသည် တစ်စုံတစ်ခုရှိနေခြင်းဖြစ်သည်။ တစ်စုံတစ်ခုရှိနေခြင်းကို ကျွန်တော်သိနေသည်။
ကျွန်တော်သိနေသည့် တစ်စုံတစ်ခုရှိနေသည်။ ဘာသာစကား၏ အားနည်းချက်တစ်ခုကား
သဒ္ဒါဖြစ်သည်။ ပါဠိလို သဒ္ဒါဆိုသည်မှာ ယုံကြည်မှုဟု အဓိပ္ပာယ်ထွက်သည်။ ဘာကို ယုံကြည်ရမှာလဲ။
တစ်ကယ်ဆို ဘုရားကိုယုံကြည်သည်။ တရားကိုယုံကြည်သည်။ သံဃာကို ယုံကြည်သည်။ သေမှထ၍
ယုံလို့မရတော့သဖြင့် ယခုပင်လျှင် ယုံကြည်လိုက်သည်။ ဘယ်လို ယုံကြည်တာလဲ။ ဘယ်လောက်
ယုံကြည်တာလဲဟု တိုင်းတာနိုင်သည့် ကိရိယာတစ်မျိုးမျိုး မပေါ်သေးသ၍ ဒီအတိုင်းပဲ ယုံကြည်သွားဦးမည်။
တစ်စုံတစ်ခုရှိနေသည်။ စိတ်ဖြင့်လည်း ခံစားသိနိုင်သည်။ ရုပ်အားဖြင့်လည်း သွားရောက်ကြည့်ရှူ့နိုင်သည်။
(ဟု ထင်မိသည်။) မယုံလျှင်ပုံပြင်မှတ်ပါ။ ပုံပြင်ထဲမှာ ဟိုးရှေရှေးတုန်းကနဲ့ စ၏။ ယခုမူကား ထိုသို့မစ။ ခပ်လှ
လှကောင်မလေးတစ်ယောက်ကို ခါးကြားထိုးလျှင် ယားတတ်မည်လော။ သူယားလျှင် ဘယ်သို့ဘယ်ပုံသော
ချစ်စဖွယ်အပြုအမူမျိုးဖြင့် တုန့်ပြန်မည်လဲ။ အဲလိုစလိုက်လျှင် စိတ်ဆိုးသွားနိုင်မည်လား။ သေချာမှ
ကြိုက်တတ်သူများအတွက် သေချာခြင်းတစ်ခုရှိသည်။ တစ်စုံတစ်ခုရှိသည်ဟူသော သေချာခြင်းရှိသည်။

ထိုတစ်စုံတစ်ခုသည် အတိတ်ကာလမှ ယခုပစ္စုပ္ပန်ကာလကို ဖြတ်သန်း၍ အနာဂတ်ကာလသို့


ခရီးဆက်ထွက်ခွာသွားသည်။ လမ်းကြုံသဖြင့် ခလုတ်တိုက်သွားသော အရာဝတ္ထုများ ပြန့်ကြဲနေသည်။
ထိုအရာဝတ္ထုများတွင် နယူတန်မကောက်ယူဖြစ်ခဲ့သော ပန်းသီးတစ်လုံးလဲပါသည်။ ဆွန်ဇူးမေ့ကျန်ခဲ့သည့်
အမေ့ခြေရာပါသည်။ အမည်မသိဟု လက်မှတ်ရေးထိုးထားသော သံသရာလွမ်းချင်းရှည်တစ်ပုဒ်
ပါသည်။ နဂါးပြည်မှ မေ့ပြီးမငြှိမ်းမိသော မီးကြွင်းမီးကျန်များပါသည်။ အရာရာ၌ ဖြစ်ခဲ့ပျက်ခဲ့သော

၁၁၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

သဘောတရားပါသည်။ မသေချာသော သေချာခြင်းများအကြားတွင် သေချာနေသော မသေချာမှုတစ်ခုမှာ


ထိုတစ်စုံတစ်ခု ရှိနေခြင်းပင်ဖြစ်သည်။

ဘယ်ကစ၍ ဘယ်မှာဆုံးမှန်း မသိသော်လည်း တစ်နေရာ၌စ၍ တစ်နေရာရောက်လျှင်ဆုံး


မည်ကို ကြိုသိနေနှင့်၏။ ထိုတစ်နေရာရာ ဘယ်မှာရှိပါသလဲ။ ဝေခွဲမရသော မေးခွန်းများစွာ ထပ်မံ၍
ပေါ်ပေါက်လာပြန်သည်။ တစ်ခါတရံ၌လိုအပ်ခြင်းမရှိသော ထိုမေးခွန်းများအား လျစ်လျူရှူထားရအောင်။
လောက၌ မေးခွန်းတိုင်းအား ဖြေစရာမလိုကြောင်း ကျွန်တော်သဘောပေါက်သလို စာစစ်ဌာနမှ
မေးခွန်းထုတ်သူများ သဘောပေါက်ကြစေချင်မိသည်။ တတ်ကျွမ်းမှုတစ်ခုကို မေးခွန်းတစ်ခုဖြင့်
တိုင်းတာ၍မရကြောင်း သိလာမည့်အချိန်တွင် လူသားသည် စက်မှုတော်လှန်ရေးခေတ်ကို ပြန်လည်
တော်လှန်ပြစ်လိုက်သည်။ အနာဂတ်တစ်ခေတ်တွင် အနုပညာဟူသည်မှာ လူတန်းစားအလွှာညှိရေး
လက်နက်အသစ်တစ်ခု ဖြစ်၍လာတော့မည်။ လူသည် မိမိကိုယ်မိမိ ယဉ်ကျေးကြည့်ချင်ယုံသက်
သက်ဖြင့် ထုံးတမ်းစဉ်လာအများစုအား မျက်ကွယ်ပြုလိုက်ကြတော့မည်။ ထိုသို့မျက်ကွယ်ပြုခြင်း
ယဉ်ကျေးမှုသည်ပင်လျှင် အနာဂတ်တစ်ခေတ်၏ ထုံးတမ်းစဉ်လာအသစ်စက်စက် တစ်ခုဖြစ်လေသည်။

အမှန်တော့ ရှိခြင်း၊ မရှိခြင်း၊ မရှိတရှိဖြစ်ခြင်း၊ ရှိတရှိဖြစ်ခြင်းတို့မှာ မည်သို့မျှအသုံးမကျသော


ဝေါဟာရ စကားလုံးများသက်သက်သာဖြစ်လေသည်။ ထိုစကားလုံးများ၏ ကန့်သက်ချုပ်ချယ်မှုများ
အောက်၌ ကျွန်တော်တို့၏ အတွေးခေါ်များ ပိတ်ဆို့သေဆုံးသွားကြမည်ဆိုလျှင် မည်မျှဝမ်းနည်းကြေကွဲဖွယ်
ကောင်းမည်လဲ။ ထပ်မံ၍ ပြောပြပါဦးမည်။ အပ်ကြောင်းထပ်သည်ဟု ယူဆကြသူများအဖို့စာပေအနုပညာ
သည်လည်းကောင်း ဘာသာစကားသည်လည်းကောင်း ထုံးတမ်းစဉ်လာ ဓါတ်ပြား ဟောင်းတစ်ချပ်မဟုတ်
ကြောင်း ဤနေရာမှနေ၍ အသိပေးခဲ့ပါရစေ။ထပ်မံ၍ ပြောပြပါဦးမည်။ တစ်စုံတစ်ရာသည်တစ်စုံတစ်
ယောက်၏ ပယောဂပါသည်ဖြစ်စေ မပါသည်ဖြစ်စေ တစ်နေရာရာတွင် အမှန်တကယ်တည်ရှိနေပါသည်။
ပြီးပါပြီဟု စာတမ်းထိုးလျှင် ပြီးဆုံးသွားပြီဟုယူဆတတ်ကြသောလူများအတွက် ဤနေရာ၌ ‘’ ပြီးပါပြီ ‘’ ဟု
စာတမ်းထိုးခဲ့ပါမည်။ သို့သော် ဘ၀သည်လည်းကောင်း စာပေအနုပညာသည်လည်းကောင်းမည်သည့်အ
ချိန်မှ ပြီးပါပြီဟုစာတမ်းမထိုးပါ။

ကိုဖြိုး

၁၁၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

မေမေ...

ခွဲခွာခဲ့ရတဲ့နေ့ရက်ပေါင်းများစွာထဲမှာ နေ့စဉ်နေ့တိုင်း တစ်ချိန်မှ မေမေ့ကိုသမီးမေ့မရခဲ့ေ


သးဘူး။ လူတွေပြောတဲ့စကားတွေ အခုအချိန်ထိ သမီးလက်မခံနိုင်သေးဘူးမေမေ။ သမီးရင်ထဲမှာ
မေမေအမြဲရှိနေတယ်။ တစ်ခါတစ်ရံ သမီးအပြင်းဖျားတယ်မေမေ။ အိပ်မက်ထဲမှာ အပြုံးချိုချိုနဲ့ သမီးအနာ
းချော့သိပ်နေတဲ့မေမေကို သမီးမလွတ်တမ်းဖက်ထားမိတယ်။ ဒါပေမယ့် လန့်နိုးလာတဲ့အချိန် သမီးနားမှာ
သမီးအမုန်းဆုံးသက်မဲ့အရာတွေနဲ့ ခေါင်းအုံးပဲရှိခဲ့တယ်။ အစွဲအလမ်းကြီးလွန်းတာ သမီးမမှားပါဘူးနော်။
သမီးဘ၀ရဲ့ သူရဲကောင်းဖြစ်တဲ့မေမေကို သမီးတမ်းတမိတာမှားသလားမေမေ။ တစ်ကယ်ဆို မဖြစ်သင့်ဘူး။
ဒီအဖြစ်အပျက်တွေအားလုံးဟာ မနေ့တစ်နေ့ကလို သမီးရင်ထဲခြောက်ခြားနေတုန်းပဲ။
ဘာကိုလက်ခံရမှန်း မသိသေးတဲ့သမီးနှလုံးသားထဲ လိုချင်တာတစ်ခုကြောင့် နောက်တစ်ခါ
ထပ်လဲကျပြန်ပြီအမေရယ်။ တစ်ကယ်ဆို မချစ်တတ်တဲ့နှလုံးသား သမီးရင်ထဲ အမေထည့်ပေးခဲ့ဖို့ကေ
ာင်းပါတယ်။ သမီးကိုယ်တိုင်က ခံနိုင်ရည်မရှိတဲ့ဒီပွဲမှာ သမီးဘာဆက်လုပ်ရမလည်းမေမေ။ လိုချင်တာ
တစ်ခုပဲရှိပါတယ်။ ပြန်လာခဲ့ပေးပါမေမေ။ သမီးလိုချင်တာ အဲတစ်ခုတည်းပါ။ လူတွေသနားအောင်
မျက်ရည်တွေနဲ့သမီး လွမ်းမပြတတ်ဘူးမေမေ။ သူများသိအောင် ပြောမပြတတ်ဘူးမေမေ။ ဒါပေမယ့်
သမီး၇င်ထဲ မွန်းကျပ်နေခဲ့တယ်။ နောက်ဆုံးသမီးရင်ထဲ ၀င်လာခဲ့တဲ့ အလင်းရောင်လေးတစ်ခုက
ဒီပုံစံပဲဆိုတာ သိလိုက်ရချိန် အမေသမီးကို ခွင့်လွှတ်ပါတော့မလားဟင်။ ငယ်ငယ်ကလို လေပြေလေးနဲ့
ဆုံးမပါ့အုန်းမလား။ မသိခဲ့တဲ့အချိန်တစ်ခုက သမီးရင်ထဲကအားလုံးကို ဆွဲထုတ်သွားခဲ့ပြီပဲ။
ညစဉ်ညတိုင်း အခုတစ်လော အိပ်မရတော့ဘူးမေမေ။ မိုးလင်းခါနီးအိပ်မက်တွေဟာ မှန်တယ်လို့
လူတွေကပြောကြတယ်မေမေ။ ဒါဆို မေမေပြန်လာမယ်လို့ မက်ခဲ့တဲ့အိပ်မက်က တကယ်လား။
တကယ်ပြန်လာမှာလား။ အာခေါင်တွေကွဲအက်အောင် အော်လိုက်မိတယ်။ ဒါပေမယ့် အချည်းအနှီးပါပဲ။
သမီးတို့၂ယောက်ပိုင်ဆိုင်တဲ့ အေးမြတဲ့အိမ်လေး မရှိတော့တဲ့နောက်ပိုင်း ဘာမှမလိုချင်တော့ဘူးမေမေ။ ပူ
လောင်လွန်းတဲ့ဒီအသိုင်းအ၀ိုင်းလက်ထဲ သမီးမျက်နှာအပြုံးတစ်ချက် မပွင့်နိုင်တော့ဘူး။ မမျှော်လင့်တဲ့ရက်
ကလေးတစ်ခု သမီး၇င်ထဲ ၀င်လာတဲ့အလင်းရောင်လေး။ မေမေပျောက်ဆုံးခဲ့တဲ့အချိန်ကစ ဒီရင်ဘတ်ထဲ

၁၁၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

ချစ်တတ်တဲ့နှလုံးသားပျောက်ဆုံးနေခဲ့တာပါ။ ဒီအလင်းရောင်ကိုမှ တွယ်တာမိတဲ့သမီးအခုတော့လန့်ခဲ့လို့


ပေါ့။ အလင်းရောင်လေးတစ်ချက် ဒီရင်ထဲဝင်လာချိန်မှာ...

“သမီးကိုအားပေးစကားပြောလှည့်ပေးပါနော်...”
“တစ်ခါပဲပြန်လာပေးပါမေမေ...”

လင်းလက်

၁၁၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဦးနှောက်ယိုစီးမှုအများဆုံးနိုင်ငံတစ်ခုအဖြစ်ဘေဂျင်းမှာရှိတဲ့


the Academy of Social Sciences ကသူ့ရဲ့ Report မှာဖော်ပြထားပါတယ်။ ၁၉၈၀ ခုနှစ်ကစပြီးယနေ့ထိ
နိုင်ငံရပ်ခြားမှာ ပညာသွားသင်ကြတဲ့ တရုတ်လူမျိုးများရဲ့ ၃ပုံ၂ပုံလောက်ဟာ သူတို့နိုင်ငံကို ပြန်မလာဖို့ဆုံ
းဖြတ်ထားကြတယ်လို့ဆိုပါတယ်။ အဲဒီအကြောင်းကို နိုင်ငံရပ်ခြားမှာရောက်နေတဲ့ တရုတ်လူမျိုးတစ်ချို့နဲ့
ဘီဘီစီက မေးမြန်းခဲ့ပါတယ်။ သူတို့ဘာကြောင့်အဲဒီလိုဖြစ်ရတာလဲဆိုတဲ့ အဓိကအချက်တွေကတော့
လူနေမှုဘ၀အဆင့်အတန်း၊ လွတ်လပ်စွာနေထိုင်နိုင်မှု၊ စီးပွားရေးအခြေအနေ၊ အနာဂတ်အတွက်အာ
မခံချက်ပေးနိုင်မှု၊ နိုင်ငံရေးအခြေအနေတွေကြောင့်ဖြစ်ကြပါတယ်။ ပရော်ဖက်ဆာတစ်ယောက်ရဲ့ဝင်ေ
ငွဟာ တစ်လကို အမေရိကန်ဒေါ်လာ ၂၅၀ လောက်နဲ့ညီမျှတဲ့ ယွမ် ၂၀၀၀ လောက်ပဲရကြတဲ့နေရာကို
ဘယ်သူပြန်နိုင်မှာလဲ။ ဒါပေမယ့် သူတို့တတ်နိုင်သလောက် ပြန်ကူညီကြဖို့ကြိုးစားခဲ့ကြတဲ့သူတွေရှိပါတယ်။
အကြောင်းအမျိုးမျိုးကြောင့်အဆင်မပြေခဲ့ကြဘူး။ သူတို့နိုင်ငံမှာ ချမ်းသာသူနဲ့ဆင်းရဲသူကြားကွာဟချက်ေ
တွကလည်း ကြီးမားတယ်။ ခုချိန်ထိ အင်တာနက်ကို ကန့်သတ်ချက်များစွာနဲ့ အသုံးပြုနေရဆဲဖြစ်ပါတယ်။
သူတို့တွေအားလုံးဟာ အိမ်ကို ပြန်ချင်စိတ်ရှိပါလျှက် မပြန်နိုင်ကြပါဘူး။ အသေးစိတ်ကိုတော့ ဖော်ပြထားတဲ့
ဝက်ဘ်လင့်မှာ ဖတ်ကြည့်နိုင်ပါတယ်။ http://news.bbc.co.uk/2/hi/asia-pacific/6374301.stm

ဒီနေရာမှာကျွန်တော်ပြောချင်တာတွေရှိလာပါတယ်။ ကျွန်တော်တို့လိုအကြောင်းကြောင်း
ကြောင့် နိုင်ငံရပ်ခြားမှာရောက်နေကြတဲ့သူတွေကို တစ်ချို့တွေက အမြင်နည်းနည်းလွဲချင်ကြပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံကိုစွန့်ခွာပြီးတော့ သူများနိုင်ငံတွေမှာစာတွေသင်ကြ၊အ
လုပ်တွေလုပ်နေကြလို့ပါ။ ကိုယ့်တက်လမ်းကို ရှာကြတာ လူတိုင်းလူတိုင်းရဲ့ သဘာဝပါ။ တစ်ကယ်လို့
သာကျွန်တော်တို့ ဒီနေရာတွေကိုလာစရာမလိုလောက်အောင် ပြည့်စုံနေကြမယ်ဆိုရင် ဘယ်သူကများ
အပင်ပန်းဆင်းရဲခံပြီးတော့ လူမျိုးခြားကို ဆရာခေါ်ချင်ကြမှာတဲ့လဲ။ နိုင်ငံရပ်ခြားမှာရောက်နေသူတွေကို
မေးကြည့်ပါ။ တကယ်လို့သာ ခင်ဗျားတို့အဲဒီနိုင်ငံရပ်ခြားမှာ နေရသလိုနေနိုင်မယ်ဆိုရင်ပြန်လာကြမှာလား
လို့။ ငြင်းမယ့်လူရှိမယ်မထင်ပါဘူး။ ဘယ်လူမျိုး၊ ဘယ်နိုင်ငံသားမဆို ကိုယ့်မွေးရပ်မြေကိုခင်တွယ်ကြတာ
ချည်းပါပဲ။ အမြဲတမ်းမနေနိုင်တောင်မှ ခဏခဏတော့ပြန်လာချင်ကြပါတယ်။ အဲဒီတရုတ်လူမျိုးတွေဟာ

၁၁၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

ကျွန်တော်တို့နဲ့ သိပ်မထူးပါဘူး။ အဲဒီသတင်းလေးကို ဖတ်မိမယ်ဆိုရင် မွေးရပ်မြေနဲ့ဝေးနေကြသူတွေရဲ့ဘ


ဝတွေကို စာနာနိုင်လောက်ပါရဲ့ဗျာ။

ဝေယံလင်း

၁၁၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ကောာင်မလေးရေ ဆယ်နှစ်ကျော်ကျော် နေ့စဉ် မပျက် မှန်ကြည့်ဖြစ်ခဲ့ ပေမဲ့ ငါ့နဖူး ဆံစပ်က


အမာရွှတ်ကလေးကို အမှတ်တမဲ့ပဲ။ ဒီနေ့တော့ အဲဒီအမှာ ရွှတ်လေးရ လာတာကို စဉ်းစားရင်း နင်ကို ပြန်ပြီး
တသိရသွားတယ်။ ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ် နီးပါးလောက်က ပေါ့။ အတွေးတွေ လည်းဟိုးအဝေးဆီ ...
ဟိုးအဝေဆီကို လှမ်းမျှော်ကြည့်လိုက်ရင် တောင်တန်းတွေကို မြူတွေက အုပ်ဆိုင်းထားတုန်း
နေရောင်ကို ကောင်းကောင်း မမြင်ရသေးဘူး။ ဆောင်းကုန်ခါနီးရဲ့ နံနက်ခင်းလေး တစ်ခုပေါ့ကွာ။ အိပ်ရာက
နိုးတယ်ဆိုတာနဲ့ ငါနင်တို့ အိမ်ကို ဦးတည် လာခဲ့တယ်။ အဲဒီတုန်းက အခုလိုငါ အိပ်ရေး မပုတ်သေးပါဘူး။
အဲဒီတုန်းက ငါ့အသက်က၊ စကားပြောတတ်ပြီ။ လမ်းလျှောက်တတ်ပြီ။ ကျောင်းတော့
မနေသေးဘူး လို့ထင်တယ်။ ဘယ်နှစ်သား အရွယ်ဆိုတာတော့ ငါအတိအကျ မမှတ်မိတော့ဘူး။ နင်နဲ့
ငါနဲ့က သက်တူ ရွယ်တူ နင်တို့အိမ်နဲ့ ငါတို့အိပ်က မျက်စောင်းထိုးမှာ။ နင်မှတ်မိသေးလားတော့ မသိဘူး
နင်နာမည် အိဖြူကို ငါ့အစ်မက အီးဖြူလို့ ခေါ်ရင် နင်ခေါင်းလေး ငုံ့ပြီး စပ်ဖြီးဖြီးလေးနဲ့ လုပ်ပြနေတဲ့ နင့်ကို
ငါမျက်စိ ထဲမှာ ခုချိန်ထိ မြင်ယောင် နေတုန်း။ နင်ငါတို့ အိမ်ကို မနက် အစောကြီးရောက်လာရင် ငါ့အဖေက
ဟာချွေးမကြီး လာပြီလို့ နင်ကိုကို စစ နေတတ်တယ်လေ။ အဲဒီတုန်းက ချွေးမဆိုတာ ဘာကိုပြောတာ
လဲလို့ ငါ့အဖေကို ငါမေးခဲ့ မိသေးတယ်ဟ။
လူကြီးတွေ အ၀တ်လျှော်သွာတဲ့ နောက်လိုက်ရင်း နင်နဲ့ငါ ချောင်းကမ်းစပ် ကသဲပြင်လေးမှာ
ရေတွင်း လေးတွေတူး ခြေထောက်ကို သဲထဲမြုတ် အပေါ်က လက်လေးနဲ့ ရိုက်ပြီး သဲအိပ်လေးတွေ ဆောက်နဲ့
ဆော့နေတုန်း ငါတို့ ဆောက်ထားတဲ့ သဲအိမ်လေးတွေကို နွားနင်းသွားလို့ နင်ငိုခဲ့သေးတယ်လေ။
နောက်တခါ ငိုတာက ငါ့အလည့်ပေါ့။ ငါတို့ အိမ်မှာ စိုက်ထားတဲ့ ၀က်မလွတ် ငှက်ပျောပင်
ကပျောသီးကို နင်စားချင်တယ် ဆိုလို့ ကြက်သွန် လှီးတဲ့ ဓါးလေးနဲ့ ငါတို့ နှစ်ယောက် တစ်ယောက်
တစ်လည့် စီခုတ်ခဲ့ ကြတာလေ။ ၀က်မလွတ် ငှက်ပျောခိုင်လေးက ငါတို့ အရပ်နဲ့ အနေတော်လေးနော် ။
လက်တွေ ညှောင်းလှပြီ ငှက်ပျောခိုင်က တော်တော်နဲ့ မပြတ်ဘူး။ ငှက်ပျောခိုင် သေးသေးလေးကို နင်နဲ့
ငါနှစ်ယောက်သား မနိုင်မနင်းနဲ့ မနေတုန်း ချောင်းထဲက အ၀တ်လျှော် ပြန်လာတဲ့ အမေက တွေ့သွားလို့
အရိုက် ခံလိုက် ရတယ်လေ။ ငါလည်း စပါးတိုက် ကိုပတ်ပြေး ပါသေးတယ်။ အခုလောက် အပြေးမသန်တော့
ရိုက်ခံလိုက်ရတာပေါ့။

၁၂၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

နင်မသိလိုက်တာ တစ်ခုက နင်နဲ့စိတ်ဆိုးသွားရင် ငါမနေတတ်ဘူးဟ။ တစ်ခါက ဆိုရင်


နင်စိတ်ဆိုးသွားလို့ အဲဒီညကတော်တော်နဲ့ မအိပ်ဘူး။ အိပ်ယာထဲမှာ ဟိုလိမ့်ဒီလိမ့် နဲ့ လူးနေတဲ့
ငါ့ကို ဘာဖြစ်လို့ မအိပ်တာလဲလို့ အဖွားက ယပ်ခပ်ပေးရင်း မေးတယ်။ ညနေက နင်ဘောင်းဘီထဲမှာ
ရှုးပေါက်ချလို့ ငါကတုတ်နဲ့ နင့်ကိုရိုက်လိုက်မိတော့ နင့်ကငါ့ကို မပေါင်(ခေါ်)တော့ဘူး လို့ပြောသွားလို့ပါလို့
အဖွားကို ငါပြန်ပြောပြတယ်။ ဒီတော့ အဖွားက မဟုတ်ပါဘူး သားသားကို သူက ပေါင်(ခေါ်)မှာ ပါတဲ့
ဖွားဖွားကို လာပြောသွားတယ် လို့ပြော မှ ငါစိတ်ချ လက်ချ အိပ်ပျော်သွားတယ်။ ငါ့အဖွား အခုချိန်ထိ
မသေ သေးပါဘူး နင်ကြုံရင် မေးကြည့်ပါ။ အခုချိန် ထိလဲ ငါ့ကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စတုန်း။ ငါကို
သုံးတန်းလေးတန်း တုန်းက အဲဒီအကြောင်းကို ပြောပြီးစရင် ငါအော် ငိုလိုက်တယ် ရှက်လို့ ။
နင်နဲ့ငါ ငယ်ငယ်လေးကတည်းက အခုချိန်ထိ အဲလိုသာ နေခွင့်ရဦးမယ်ဆိုရင် ငါတို့ တွေချစ်သူ
ဖြစ်ခဲ့ကြမလား။ အရွယ်ရောက်တဲ့ အချိန်ထိ အတူ မနေခဲ့ရရင်တောင် စာရေးတတ် တဲ့အချိန်ရောက်မှ
ကွဲကွာခဲ့ရင်နင်နဲ့ ငါစာချင်းဆက်သွယ် ဖြစ်ခဲ့ကြမှာပဲ။ နင်နဲ့ ငါခွဲခွာရတဲ့နေ့ ငါဒီနေ့ အထိမမေ့ပါဘူး ...
ရထားသံကြားရင် နင်နဲ့ ငါ အိမ်ထဲကနေ ပြေးထွက်ပြီး ရထားကြီးကို တာ့တာ တာ့တာ ဆိုပြီး
လက်ပြခဲ့ကြတယ်လေ။ တချိန်က ပျှော်ရွှင်စွာ လက်ပြနုတ်ဆက် ခဲ့တဲ့ရထား ကြီးဘေးမှာ ငါ့တို့ နှစ်ယောက်
မျက်ရည်တွေနဲ့ နုတ်ဆက်ခဲ့ ကြတယ်။ ငါအတင်း လိုက်ချင်တယ် ပြောလွန်းလို့ အမေတောင် မျက်ရည်တွေ
ကျတယ်။ နင်မမေ့ သေးဘူး ဆိုရင် ဘူတာရုံထဲမှာ အော်ငိုနေတဲ့ ငါ့ရဲ့ ပြောင်နေတဲ့ ခေါင်းထိပ်က ပလာစတာ
ကပ်လေးကို မှတ်မှိဦးမှာပါ။
ငါ့အမရဲ့ ချာလီထီးရိုးထဲက ပလပ်စတစ် အမြုတ်လုံးလေးတွေကို ဘော့လုံးလို့ ထင်တဲ့နင်က
လိုချင်တယ်လို့ ပြောတယ်လေ။ ချာလီထီကို သနပ်ခါး ကျောက်ပြင်ပေါမှာ တင်ပြီး သနပ်ခါတုန်းနဲ့ ငါထုကွဲ
လိုက်တယ်။ အသံကြားတော့ ငါ့အစ်မရောက်လာပြီး ငါ့ခေါင်းကို သနပ်ခါးတုန်းနဲ့ တေလိုက် တော့တာပေါ့။
ငါခေါင်းက စီးကျလာတဲ့ သွေးတွေ ကိုကြည့်ပြီး နင်ပါငါနဲ့ ရောငိုခဲ့တယ်။ သွေးတွေကို ကြောက်လို့ ငိုတာလား
ငါ့ကို သနားလို့ ငိုတာ လားဆိုတာတော့ ငါလဲမပြောတတ်ဘူး။ သိပ်မကြာလိုက်ဘူး နင်တို့ မော်လမြိုင်ကို
ပြောင်းသွားကြတယ်။ နင်ထွက်သွားတဲ့ နေ့က မေကငါ့ကို ပြောတယ် ပြန်လာမှာပါတဲ့။
နင်မရှိတဲ့ နောက်တစ်ရက် မနက်ဟာ ငါ့အတွက် ယောင်ချာချာကြီးပဲ။ နင်ပြန်လာမှာပါ လို့
အမေက ပြောထားတော့ နင်တို့ အိမ်ကို မိုးလင်းရင် လှမ်းလှမ်း ကြည့်မိတယ်။ ငါကတော့ ပြန်လာနိုး
ပြန်လာနိုးနဲ့ စောင့်မျှော်နေခဲ့ ပေမယ့်နင် ဘယ်တော့မှ ပြန်မလာတော့ပါဘူး။
အချိန်နဲနဲ ကြာလာတော့ အလုံးပဲ မေ့မေ့ပျောက်ပျောက်နေ လိုက်ကြတယ်။ ငယ်ငယ်ကတော့
ဝိုင်းစကြတာကိုရှက်လို့ နင့်မိဘတွေ အကြောင်းကို မေးချင်ပေမယ့် ငါမမေးဖြစ်ခဲ့ဘူး။ ငါနင့်ကို မေ့သွားပြီ
လို့ထင်ထားပေမယ့် ဒီအမှာရွတ်လေး ဘာကြောင့်ရတာ ဘာလိမ့် လို့စဉ်းစာမိကာမှ နင့်အကြောင်းကို
ပြန်သတိရလာတယ်။ ၀တ္ထုဇတ်လမ်း တွေထဲကလို နင်ငါ့တို့ နယ်ကို တစ်ခါပြန်လာပြီး ငါ့ကိုရှာ ဦးမလားလို့
တွေးလိုက် မိပါသေးတယ်။ နင်လဲ ငါ့တို့ နေခဲ့တဲ့ တောမြို့လေးကို ပြန်လာမရှာသလို ငါကိုတိုင်လဲ နင့်ကို
မရှာဖြစ်သေးဘူး။ ဒါပေမယ့် တစ်နေ့မှာ ငါနင့်ကို တွေ့အောင် ရှာသွားမှာပါ။

နင်ရှိတဲ့ နေရာကို စုံစမ်းပြီး လာရှာမဲ့ ငါကို နင်ကိုတိုင်ရော မျှော်နေလေမလား . . . . .

စိုးဇေယျထွန်း

၁၂၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ကျွန်တော့် ၀က်ဝံလေး ကျွန်တော့်ဆီ ပြန်လာတယ်။ မှောင်မည်းနေတဲ့ အခန်းတစ်ခု ထဲမှာပါ။


တိုးတိတ်စွာ ငိုလွယ် ငြီးလွယ်တဲ့ ၀က်ဝံ ကလေးမှာ မြတ်နိုးခြင်းရှိတယ်။ ကျွန်တော် စာဖတ်နေတဲ့ အချိန်ပေါ့၊
သူပြန်လာတယ်။ သူတံခါး ခေါက်လိုက်တဲ့ အသံဟာ ကျောင်း ဆင်းချိန်မှာ ထိုးသွားတဲ့ ခေါင်းလောင်းသံလိုပဲ။
ကျွန်တော် ပါရီကို ရောက်သွားတယ်။ ကျွန်တော် ဗန်ဂိုးကို အချစ် အကြောင်း သွားမေးတယ်။ သူက ကော်ဖီ
သောက်မလား မေးတော့ ၀ီ လို့ ပြင်သစ်ဆန်ဆန် ပြန်ဖြေလိုက်တယ်။ သူက ကျွန်တော့်ကို ခုံတစ်ခုမှာ
ထိုင်ခိုင်ထားပြီး ပန်းချီ ဆက်ဆွဲနေတယ်။ မှတ်မှတ်ယယ သူ သူ့ ပုံတူကို ပြန်ဆွဲနေတာ။ သူက တူလား
မေးတော့ မတူဘူးလို့ ကျွန်တော် ဖြေလိုက်တယ်။ မတူဘူးလား ဆိုတော့ တူတယ်လို့ စိတ်အား ထက်သန်စွာ
ပြောလိုက်မိတယ်။ ခင်ဗျား နှုတ်ခမ်းမွေးတွေ ရိတ်လိုက်ပါလား လို့ ကျွန်တော်က ပြောတော့ သူ ခေါင်းကို
တွင်တွင် ခါတယ်။ ငါ့ပါးစပ်တွေကို ဖုံးကွယ် ထားပါရစေတဲ့။ အင်း ဒါလဲ ဟုတ်နေတာပဲ။

သူ ကျွန်တော့်ကို ကော်ဖီတိုက်မယ် ဆိုပြီး မတိုက်သေးဘူး။ ညနေစောင်း လောက်ရောက်တော့


ကျွန်တော့် ဗိုက်က တော်တော်လေး ဆာလောင် မွတ်သိပ်နေပြီ။ သူက ကျွန်တော့်ကို တစ်ချက်
ကြည့်လိုက်ရင်း နောက်ဆုံး စုတ်ချက် အဖြစ်နဲ့ သူ့မျက်လုံးတွေမှာ အမည်းရောင်ကို ထပ်ဖြည့်လိုက်တယ်။
ပြီးတော့ တစ်ချက်ရယ်ပြီး ကျွန်တော့် အတွက် ကော်ဖီ သွားယူလာ ပေးပါတယ်။ အပေါစား နို့ဆီ နဲ့
ဖျော်ထားလို့ ခပ်ပျစ်ပျစ် ဖြစ်နေတဲ့ ကော်ဖီဟာ အနားပဲ့နေတဲ့ ခွက်ထဲမှာ အငွေ့ ထောင်းထောင်းထရင်း
ကျွန်တော့် အနားကို ရောက်လာတယ်။ ယင်ကောင် ၃ ကောင်၊ ပတ်ဝန်းကျင် ငှက်ဆိုးထိုးသံ ၄ ချက်။
ကျွန်တော် အာသာ ငမ်းငမ်းပဲ သောက်ပစ်လိုက်တယ်။ ဒီကော်ဖီဟာ လိုအပ်နေချိန်မှာ အချိုမြိန်
အရှတဆုံးပဲ။ ကျွန်တော် ခေါင်းကို ညွှတ်ပြီး နှုတ်ဆက် လိုက်တယ်။ သူက ကျွန်တော့်ကို အချစ်အကြောင်း
မသိချင်တော့ဘူးလားလို့ မေးတယ်။ ပြီးတော့ ဟက် ခနဲ တစ်ချက် ရယ်တယ်။ ကျွန်တော် နှုတ်ဆက်
ထွက်ခွါခဲ့တယ်။ သူ့အခန်း အပြင်ဘက်မှာ ညငှက် သုံးကောင်၊ ယဉ်ကျေးမှု ၄ ခု။

ကျွန်တော့် ၀က်ဝံလေး ကျွန်တော့်ဆီ ပြန်လာတယ်။ ကျွန်တော် ကော်ဖီတိုက်တယ်။


အဲဒီကော်ဖီရဲ့ နာမည်ကို ဗန်ဂိုး ကော်ဖီလို့ နာမည်ပေးထားတယ်။ သူကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်တော်

၁၂၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

သိပ်ကြိုက်တဲ့ ကော်ဖီတစ်ခွက်ပဲ ဖြစ်ပါတယ်။ ခင်ဗျားတို့လည်း ကြိုက်နှစ်သက်မယ်ဆိုရင် ကျွန်တော့်ဆီမှာ


လာရောက် သောက်သုံးနိုင်တယ်။ ဒါမှမဟုတ် အပေါစား နို့ဆီ ပျစ်ပျစ်နဲ့ ဖျော်မယ် ဆိုလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဒီကော်ဖီကို ဗန့်ဂိုးကော်ဖီလို့ နာမည်တပ်ပြီး ဂုဏ်ပြုဖို့ကိုတော့ မမေ့ကြပါနဲ့ လို့ မှာချင်ပါတယ်။

ကျွန်တော့် ၀က်ဝံလေးကတော့ အိပ်မက်ထဲက ပြန်ထွက်သွားတယ်။

ညီလင်းဆက်

၁၂၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

“ကိုယ်အိမ်ကလေး တစ်လုံးဆောက်နေတယ်..
ဟိုတုန်းကတော့ ဝိုင်းကူမယ့်သူတွေ အပြည့်နဲ့ပေါ့..
ဒါပေမဲ့ သိပ်စိတ်ကြီးတဲ့ကလေးမလေး ကိုယ်ကဝိုင်းကူရင် သိပ်မကြိုက်ချင်ဘူး..
ကိုယ်လုပ်တတ်ပါတယ်..ကိုယ်ဘာသာကိုယ် ဆောက်မယ်ပေါ့...
စမ်းသပ်ရင်း စူးစမ်းရင်းနဲ့ တဖြည်းဖြည်း ဆောက်ယူရပါတယ်...
အိမ်ပုံစံလေး ပုံပေါ်လာပေမဲ့ အရောင်တွေအကြောင်း ကိုယ်သိပ်မသိသေးဘူး...”
ဘေးကနေ စိုးရိမ်ပူပန်စွာ တတွက်တွက်ပြောပေးမဲ့သူတွေရှိတော့ သိပ်မသိခင်အချိန်မှာ သူတို့
စကားနားထောင်ရပါတယ်...
အရောင်တွေနဲ့ ဆော့ကစားရင်း ကျွမ်းကျင်လာတဲ့အချိန်မှာ ကိုယ်အရောင်ကိုယ်ရွေးလို့
ကိုယ်ဆေး ကိုယ်ခြယ် ရပါတယ်...
အစိုးရိမ်ကြီးတတ်တဲ့ သူတို့တွေကတော့ ကိုယ်အရောင်ရွေးမမှားအောင် သတိပေးစကားတွေ
အကြိမ်ကြိမ်ဆိုပေမဲ့ နားဝင်တလှည့် မဝင်တလှည့်နဲ့ရယ်ပါ...
ငှက်ကလေးတွေအတောင်စုံသလို...အင်အားတွေစုံလာတဲ့ ကောင်မလေးကိုယ်ကလည်း
အဝေးကြီးကို ဘာမှန်းမသိတဲ့ အကြောင်းပြချက် တပုံတပင်နဲ့ ပျံသန်းချင်နေပြီလေ...
အဝေးကြီးကိုရောက်တော့မှ ပိုသိခဲ့ရတာကတော့ အရင်တုန်းက သိပ်သတိမထားမိခဲ့တဲ့
ကိုယ်အိမ်လေးထဲက နွေးထွေးမှုတွေ၊ သင်းပျံ့တဲ့မွှေးရနံ့လေးတွေဟာ ကိုယ်အတွက် ပူပန်လွန်းတတ်သူတွေ
ဖြည့်ဆည်းပေးခဲ့တဲ့အကြောင်းပေါ့...
အခုတော့လည်း အဲထိအရာတွေပြည့်စုံဖို့အတွက် ကိုယ်ဘာသာကိုယ် ကြိုးစားဖြည့်ဆည်းနေရ
ပါတယ်...
ကိုယ်အရောင်ကိုယ် မဖြစ်မနေခြယ်ရတဲ့အချိန်ကျမှ အရင်တုန်းက သူတို့စကားတွေအကြီမ်ကြိမ်
ကြားယောင်ပြီး အရောင်ရွေးမမှားအောင် အတော်လေး ဂရုစိုက်ရပါတယ်...
မိန်းမငယ်လေးကိုယ်က တစ်ယောက်ထဲနေရတာ အတော်လေး ပျင်းခြောက်ခြောက်နိုင်တယ်လို့
ထင်မြင်ယူဆတဲ့တနေ့ကျတော့ နောက်ထပ်အဖော်တစ်ယောက်ကို ကိုယ်အိမ်လေးထဲ ဖိတ်ခေါ်မိတယ်...

၁၂၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

အဖော်ကောင်းလို့ ဆိုပေမဲ့ ဟိုအရင်တုန်းက လူတွေလောက်တော့ ကိုယ်အပေါ်စိတ်ရှည် အလို


လိုက်နိုင်မယ်လို့တော့ မထင်ပါဘူး...
အဲထိတော့ နည်းနည်းဗိုလ်ကျချင်တဲ့ ကိုယ်စိတ်ကို ဆုံးမရသေးတယ်...
အရင်တုန်းက ကိုယ်သဘောကျ အရောင်တွေခြယ်ခဲ့ပေမဲ့ အခုတော့ ကိုယ်အဖော်အလိုကိုလည်း
လိုက်ရသေးတယ်...
ကိုယ်လိုချင်တဲ့အရောင် နဲ့ သူသဘောကျအရောင်တွေကြားက အဖြစ်နိုင်ဆုံးအရောင်တွေပဲ
ရွေးချယ် ခြယ်မှုန်းနေတယ်...
ဘာလို့လဲဆိုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေပါမှ ကိုယ်အိမ်လေး သာယာမယ်မဟုတ်လား...
နွေးထွေးတဲ့ဂေဟာလေးဖြစ်အောင်လည်း တစ်ယောက်တစ်လက် ကြိုးစားဖြည့်ဆည်းရတာ
ပေါ့...
လှပတဲ့ ရောင်စုံပန်းခင်းကြီးကတော့ ချက်ခြင်းမဖြစ်နိုင်ဘူးလေ..တော်တော်လေးအချိန်ယူရ
မယ့်ကိစ္စပေါ့...
ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်လုံး မလျှော့တမ်း ကြိုးစားနေကြတယ်.. တစ်နေ့ဖြစ်ရမှာပေါ့..
တခါတရံကျရင်တော့ အထားအသို လွဲမှားမှုတွေနဲ့ ကိုယ်တို့နှစ်ယောက် အဆင်မပြေဖြစ်ချင်ကြ
သေးတယ်...
အဲလိုအချိန်ကျရင် ကိုယ်စိတ် ကိုယ်လည်း အတော်ဆုံးမရသေးတယ်..တရားသေ၊တယူသန်
မဖြစ်ဖို့...
ပတ်ဝန်းကျင်ကလည်း ကိုယ်တို့အိမ်လေးကို စိတ်ဝင်တစားကြည့်နေကြတယ်သိလား...
ကိုယ်တို့အိမ်လေး သမိုင်းကို ဘယ်လိုပုံစံ ရေးဖွဲ့သီကုံးမလဲ ဆိုပြီးတော့လေ...
အသေသပ် အလှပဆုံးနဲ့ လူသားအဆန်ဆုံးဖြစ်အောင် အကောင်းဆုံး ကြိုးစားနေရတယ်...

ကိုယ်အိမ်လေး တစ်လုံးဆောက်နေတယ် သိလား...


ကိုယ်အိမ်လေး တစ်လုံးဆောက်နေတယ် သိလား...
ကိုယ်အိမ်လေး တစ်လံုး ဆောက်နေတယ် သိလား...

Spiritcorner

၁၂၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

လွန်ခဲ့တဲ့ဆယ်နှစ် မတ်လ၁၅ရက်နေ့က ၁၀တန်းစာမေးပွဲ နောက်ဆုံးနေ့ ဖြစ်တယ်။


လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ကျောင်းသားဘ၀ကို သတိရတယ်။ ကျောင်းစိမ်းဝတ်စုံကို
သတိရတယ်။ ဆုံးသွားပြီဖြစ်တဲ့ သူငယ်ချင်းဧရာကိုသတိရတယ်။ စိန်ပေါလ်ကျောင်းကို သတိရတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ကျွန်တော့်မှာ ကွန်ပျူတာမရှိဘူး။ Laptopမရှိဘူး။ ရည်းစားမရှိဘူး။
အတွေ့အကြုံမရှိဘူး။ မာန်မာနမရှိဘူး။ အလွမ်းတွေ မရှိဘူး။ အဲကွန်းမရှိဘူး။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက စာကြည့်စားပွဲတစ်လုံးရှိတယ်။ တိုလီမုတ်စ သေတ္တာရှိတယ်။ လွယ်
အိတ်တစ်လုံးရှိတယ်။ Family Game Set ရှိတယ်။ ရိုးသားမှုတချို့ရှိတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ကလပ်မတတ်ဖူးဘူး။ ရေမွှေးမဆွတ်တတ်ဘူး။ အရက်
မသောက်တတ်ဘူး။ US မရောက်ဖူးဘူး။ တာရာမင်းဝေမဖတ်ဖူးဘူး။ Websiteမလုပ်တတ်ဘူး။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ဂစ်တာတီးတယ်။ ဘုရားမှာ တံမြက်စည်းလှည်းတယ်။
ဆေးလိပ်သောက်တယ်။ လက်ဖက်ရည်ဆိုင်ထိုင်တယ်။ ကဗျာတွေရေးတယ်။ စောစောအိပ်တယ်။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက Singlishကိုမသိဘူး။ Temasek Polyကိုမသိဘူး။
ဘလော့ခ်ကိုမသိဘူး။ Scorpioကို မသိဘူး။ အသည်းကွဲတယ်ဆိုတာကို မသိဘူး။ Nasi Gorengကို
မသိဘူး။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ဒီလောက်မ၀ဘူးဆိုတာသိတယ်။ အကို့သူငယ်ချင်းတွေကို သိတယ်။
သိုင်းဝတ္ထုတွေကိုသိတယ်။ မြိုင်ရာဇာတွတ်ပီကို သိတယ်။ လမ်းထိပ်က အအေးဆိုင်ကိုသိတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက . . . လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက . . . လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက . .

ဇင်ကိုလတ်

၁၂၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

ငယ်ရွယ၊် လွတ်လပ် အကန့်သတ်မဲ့စိတ်ကူးနဲ့ ငါ့ရဲ့အိပ်မက်ထဲမှာ


ကမ္ဘာကြီးကို ပြောင်းပစ်မယ်။

အသက်လေးရလာ
ပညာဆိုတာနည်းနည်းသိ
ပြန်ကြည့်လိုက်တော့မှ
ကမ္ဘာကြီးဟာ ကမ္ဘာကြီးပါပဲ။

အိပ်မက်ကိုဈေးဆစ်
ငါချစ်တဲ့ငါ့တိုင်းပြည်
တစ်ခုခုဖြစ်ရမည်ပေါ့
သည်တစ်ခါလည်း
တိုင်းပြည်ဟာ တိုင်းပြည်ပါပဲ။

ဘ၀ရဲ့ဆည်းဆာချိန်
အိပ်မက်တွေ အရှိန်ကုန်စ
ဇနီးမယားသမီးသားအတွက်
ပေးဆပ်ဖို့ကြိုစားဆဲ
သူတို့လည်းသူတို့ဘာသာ
မိသားစုဟာ ဒီအတိုင်းပါပဲ။

သေရာညောင်စောင်း
လဲလျောင်းချိန်ရောက်တော့မှ

၁၂၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ငါသိရပြီ (ပထမဆုံးအကြိမ်ပါ)
ငါဟာငါပဲ၊ ဘာမှမပြောင်းလဲ။

စာအုပ်တစ်အုပ်ထဲမှာဖတ်လိုက်ရတဲ့ ဘာသာပြန်ကဗျာလေးတစ်ပုဒ်ပါ။ ရေးသူနာမည်အတိ


အကျမပါပါဘူး။ အင်္ဂလိပ်ဘုန်းတော်ကြီးတစ်ပါးရေးခဲ့တယ်လို့ပဲ ပါပါတယ်။ လူတစ်ယောက် နောက်ဆုံး
အချိန်ကိုရောက်မှ ကိုယ့်ကိုယ်ကို ပြန်မြင်လိုက်တဲ့အမြင်ကို ရေးထားတာလို့ထင်ပါတယ်။ ကျွန်တော်တို့
ငယ်စဉ်တုန်းက အိပ်မက်တွေ၊ စိတ်ကူးတွေအများကြီးရှိခဲ့ကြမှာပါ။ အဲဒီအထဲက ဒီအချိန်မှာ ဘယ်နှစ်ခုများ
တကယ်ဖြစ်လာခဲ့လဲဆိုတာတော့ ပြောဖို့ခက်ပါတယ်။ တစ်ချို့ဖြစ်လာတာရှိသလို မဖြစ်ခဲ့တဲ့အရာတွေလည်း
အများကြီးပါ။ ငယ်ငယ်တုန်းက အိပ်မက်တွေဟာ သိပ်ကြီးကျယ်ခဲ့ကြမှာပါ။ ကြီးလာလေ
အိပ်မက်တွေဟာ သေးသွားလေပါပဲ။ လူတွေအများစုဟာ အိပ်မက်တွေကို ပြောင်းပြန်မက်နေကြပါတယ်။
ငယ်ရာကကြီးသွားရမယ့်အစား ကြီးရာကငယ်လာကြတာများပါတယ်။

ဘယ်အရာပဲဖြစ်ဖြစ် အခြေခံကစမှ အောင်မြင်မှာပါ။ ရည်မှန်းချက်အကြီးကြီးတွေရှိရင် အော


က်ခြေအသေးလေးတွေကစမှရမှာပါ။ ပထမဆုံးက ကိုယ့်ပန်းတိုင်ကို ကိုယ်သိဖို့လိုပါတယ်။ ကျွန်တော်တို့
လူငယ်အများစုဟာ ပန်းတိုင်အတိအကျ သိပ်မရှိတတ်ကြပါဘူး။ ပေါ်ပြူလာဖြစ်ရာ လူအများလုပ်နေတာေ
တွနောက်ကိုပဲ လိုက်တတ်ကြပါတယ်။ ကျွန်တော်လည်း ခုချိန်ထိ ကိုယ့်ပန်းတိုင်ကိုကိုယ် ရေးရေးလေးပဲ
ပုံဖော်နိုင်သေးပါတယ်။

ဝေယံလင်း

၁၂၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

“ဗိုလ်”
“ကျား”
“သေနတ်”
“ကိုယ်ကြိုက်တာ ကိုယ်လုပ်”

ငယ်ငယ်က ဆော့ခဲ့ဖူးတဲ့ ကျားဗိုလ်ဆွဲ ကစားနည်းကလေးပါ။


အဆုံးအဖြတ် တခုခု အတွက် ခေါင်းပန်းလှန်မလား၊ ကျားဗိုလ်ဆွဲမလား … တနည်းနည်း
ရွေးချယ်ကြတဲ့အခါ ခေါင်းပန်းလှန်တာထက် ကျားဗိုလ်ဆွဲတာက ပိုပြီး ခန့်မှန်းလို့ရနိုင်တာမို့
ကျားဗိုလ်ဆွဲနည်းကိုပဲ များသောအားဖြင့် ကစားလေ့ရှိပါတယ်။

ဗိုလ်ကို သေနတ် မပစ်ရ၊


သေနတ်က ကျားကိုပစ်နိုင်တယ်၊
ကျားက ဗိုလ်ကို အုပ်နိုင်တယ်။
ဒါဆို ဗိုလ်ရယ် သေနတ်ရယ် ကျားရယ် … ဘယ်ဒင်းက အစွမ်းအရှိဆုံးလဲ။

ကျားဗိုလ်ဆွဲသူ နှစ်ယောက်မှာ စစချင်း … ဗိုလ်၊ ကျား၊ သေနတ် လို့ ပြိုင်တူလုပ်ကြပြီးမှ


…နောက်ဆုံး ကိုယ်ကြိုက်တာ ကိုယ်လုပ်ရမယ့် အလှည့်မှာ ဒီ ၃-မျိုးထဲက ဘာကိုရွေးရမလဲ
အမြန်စဉ်းစားရတယ်၊ ကိုယ့်ကစားဖော်က ဘာကိုရွေးနိုင်သလဲ … သူရဲ့ လက်အနေအထားနဲ့ သူ့စိတ်ကို
အကဲခတ်ရတယ်၊ နောက်ဆုံး ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ချလိုက်ပြီးတော့မှ …
ခံလိုက်ရတော့လည်း ကိုယ်ညံ့လို့ပဲပေါ့။
ငယ်ငယ်တုန်းကတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး ရှုံးနိမ့်ခဲ့ရလည်း ပျော်ပျော်ပါပဲ။
ကစားပွဲတခုမှာ ဒီတခါရှုံးလည်း နောက်တခါ နိုင်မှာပဲပေါ့။ ကစားရရင်ပြီးတာပဲ မဟုတ်လား။ ခုချိန်မှာ
ပြန်စဉ်းစားကြည့်မိတယ်။

၁၂၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ဘ၀မှာ ကိုယ်ကြိုက်တာတွေချည်း ကိုယ်လုပ်ခဲ့ရသလား … ။


ကိုယ်ကြိုက်တာတွေချည်း ကိုယ်လုပ်ပြီးတော့ရော … အောင်မြင်မှုရခဲ့ရဲ့လား … ။
ကိုယ်ရွေးချယ်လိုက်တဲ့ ကိုယ့်စိတ်ကြိုက်ဟာ သူများကို ထိခိုက်စေနိုင်သလား … ။
သူများလုပ်မယ်ထင်တာကို ကြိုတင်တွက်ဆပြီး သူ့ကိုနိုင်စေချင်တဲ့ စိတ်နဲ့ ကိုယ်က
ရွေးချယ်ခဲ့တာလား … ။
ဒါမှမဟုတ် အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းကို အဓိကမထားဘဲ ကိုယ်ကြိုက်တာ တကယ်ပဲ
ကိုယ်လုပ်ခဲ့တာလား … ။ စသည် .. စသည် တွေးနေမိပါတယ်။

တကယ်တမ်းတော့ …
ဘ၀တလျှောက်လုံး ကိုယ့်စိတ်နဲ့ ကိုယ့်ကို မဟုတ်ဘဲ သူများစိတ်နဲ့ ကိုယ့်ကို နေခဲ့ရတာတွေက
ခပ်များများပါ။ ကိုယ်မနှစ်သက်ဘဲနဲ့ ပြောခဲ့ လုပ်ခဲ့ရတာတွေ … ပြုံးခဲ့ ရယ်ခဲ့ ရတာတွေ …အောင့်သက်သက်နဲ့
လက်ဆွဲ နှုတ်ဆက်ခဲ့ရတာတွေ … အများကြီး အများကြီးရယ်ပါ… ။ ဒါပေမဲ့ … ဒီလိုတွေလုပ်လို့ရော …
ပြီးပြည့်စုံတဲ့ အောင်မြင်မှု ရခဲ့ပါသလား။

ကိုယ်မကြိုက်ဘဲ ကိုယ့်စိတ်ထဲက မပါဘဲ လုပ်ပြီး မအောင်မြင်တာနဲ့ ကိုယ်ကြိုက်တာကိုယ်လုပ်


ပြီး ရှုံးနိမ့်တာ … ဒီအရာနှစ်ခုကို ရွေးမယ်ဆိုရင် … ရှုံးချင်လည်းရှုံး … ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ကိုသာ
ရချင်ပါတယ်။

ဒါပေမဲ့လည်း လူ့လောက၀န်းကျင်မှာ လူတွေနဲ့ လိုက်လျောညီထွေ နေနေရတဲ့ အခါ


ကိုယ်ကြိုက်တာတွေကို ဘေးဖယ်ထားခဲ့ရပေါင်း များလှပါပြီ။ ကိုယ့်လုပ်ရပ်ဟာ သူများကို ထိခိုက်နိုင်မလား
… ကိုယ့်ရွေးချယ်မှုဟာ သူတပါး ဒုက္ခရောက်စေနိုင်မလား စဉ်းစားရင်းနဲ့ … ကိုယ်နှစ်သက်ရာကို
မလုပ်နိုင်ဖြစ်ခဲ့ဘူး။ လူဆိုတာ တဦး တယောက်ထဲ ရှင်သန် နေထိုင်လို့ရတာမှ မဟုတ်ဘဲ။ ဒီလိုနဲ့
… အများကို ငဲ့ကွက်ရင်း ထည့်တွက်ရင်း ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ဟာ တဖြည်းဖြည်း မှုန်ဝါး
ပျောက်ကွယ်ခဲ့ရပြီပေါ့။

တခါတလေ … ကိုယ်ချင်းရယ်မှ မစာမနာ သူတပါးကို ကိုယ်က လွှမ်းမိုးချုပ်ကိုင် ချင်မိပါသေးရဲ့။


ကိုယ့်အတ္တနဲ့ ကိုယ့်မာနကြောင့် ကိုယ်သာ အဓိက ဖြစ်ချင်ခဲ့တာလည်း ရှိသေး။

ဘယ်လိုပဲ ကိုယ်က ချုပ်ကိုင်လွှမ်းမိုးချင်ပေမဲ့ … ကိုယ့်စိတ်တောင် ကိုယ်မပိုင်၊ ကိုယ့်စိတ်ကို


ကိုယ်ကိုယ်တိုင်တောင် ကွန်ထရိုးမလုပ်နိုင်တဲ့ အခြေအနေမှာ တပါးသူ စိတ်ကို ထိန်းချုပ်ဖို့ဆိုတာ
ဖြစ်နိုင်ပါ့မလား …။ ဟုတ်ပေသားပဲ။
ကိုယ်သည်လည်း ကိုယ်ကြိုက်တာတွေချည်း ကိုယ်လုပ်နေချင်သလို …
သူတို့လည်း သူတို့ကြိုက်တာသူတို့ လုပ်ချင်ပေမပေါ့။ ရှိစေတော့ …. ။

ဒါကြောင့်လည်း ….
ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြစတမ်း … ဘယ်သူ့ဘယ်သူမှ မငဲ့ကွက်ကြကြေးလို့
ငယ်ငယ်တုန်းကလို ကျားဗိုလ်ဆွဲလိုက် ချင်ပါရဲ့။ ရှုံးလည်း ပျော်ပျော် .. နိုင်လည်း မော်မော် ပေါ့။ ဒါပေမဲ့လည်း
ဘ၀ဆိုတာ ကျားဗိုလ်ဆွဲတမ်း ကစားနေကြတာမှ မဟုတ်ဘဲလေ …. ။

ဆရာမဂျူးရဲ့ စာတပုဒ်မှာ … ရှုံးသူမရှိရင် နိုင်ချင်တယ် … တဲ့။


ဟုတ်ပါရဲ့ … ။
ကိုယ်အနိုင်ရဖို့ တပါးသူက ပေးဆပ်ရမယ်ဆိုရင်တော့ အနိုင်ရတဲ့ကိုယ့်မှာ ပျော်စရာကောင်းပါ့မလား။
သူများစိတ်ညစ်ရမှ ကိုယ်ကပျော်ရမှာ … ဒီလိုသာဆို ပြည့်ပြည့်၀၀ ပျော်နိုင်ပါ့မလား။

၁၃၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

အင်း ….
ကိုယ့်လုပ်ရပ်ဟာ …
ဘယ်သူမှလည်း မနစ်နာ …
ဘယ်သူမှလည်း မထိခိုက်ဘူးဆိုရင်တော့ ….
ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြလည်း အကြောင်းမဟုတ်ပါဘူး။
ဒီလိုမှ မဟုတ်ရင်တော့ …

…. …. ….
…. …. ….
…. …. ….

မေဓာဝီ

၁၀-၅-၂၀၀၇
11:11 AM

၁၃၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

“မြန်မာရုပ်ရှင်တွေကြည့်သေးလား” ဆိုပြီး အံ့သြတဲ့မျက်လုံးတစ်စုံနဲ့ သူငယ်ချင်းတစ်ယောက်က


ကျွန်မမြန်မာရုပ်ရှင်တွေ ကြည့်သေးတာနဲ့ ပတ်သက်လို့ စကားစပ်မိလို့ မေးပါတယ် ။ မြန်မာပြည်က
ငယ်စဉ်တည်းကထွက်ခဲ့တဲ့ ကျွန်မဟာ မြန်မာသိပ်မဆန်တော့ဘူးလို့ လူတော်တော်များများကထင်ထားကြ
ပါတယ်။ သူတို့ထင်မြင်ချက်နဲ့အတူ ကျွန်မစဉ်းစားမိပါတယ် .... မြန်မာဆန်တယ်ဆိုတာ ၀တ်စားဆင်ယင်မှုနဲ့
ပတ်သက်နေပါသလား ၊ ပြောဆိုဆက်ဆံတဲ့ ပုံစံပေါ် မူတည်လား ၊ ပေါင်းသင်းဆက်ဆံတဲ့ အသိုင်းအ၀ိုင်းကို
ကြည့်သလား ၊ နိုင်ငံရပ်ခြားမှာ နေခဲ့တဲ့ သက်တမ်းပေါ် ပြောနိုင်သလား ။ ထိုအရာတွေကိုကြည့်မယ်ဆိုရင်
တော့ ကျွန်မဟာ သူတို့ပြောသလို မြန်မာမဆန်ဘူးလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။
ကျွန်မဘ၀သက်တမ်းရဲ့ တစ်ဝက်ကျော်ကို နိုင်ငံရပ်ခြားမှာနေခဲ့ရပေမယ့် ၊ မြန်မာစကားပြော
ရတာကို ကျွန်မ အရမ်းအားရမိတယ်။ ကျွန်မနေတဲ့ နိုင်ငံလေးတစ်ခုမှာမြန်မာများစွာရှိပါတယ်။ အဲဒီနိုင်ငံမှာ
ငယ်ငယ်လေးထဲက မိသားစုနဲ့ရောက်ကြသူတွေ ၊ အသက်ကြီးမှ အလုပ်လုပ်ရင်းရောက်ကြသူတွေ၊ ကျောင်း
လာတက်ပြီး ကျောင်းပြီးလို့ အလုပ်ဆက်လုပ်ပြီး နေထိုင်နေကြသူတွေ။ထိုသို့သောသူတွေအားလုံးထဲ ကျွန်
မအလွန်ကြည့်မရသူတွေကတော့ ဗိုလ်လိုမှုတ်နိုင်တယ်ဆိုပြီးမြန်မာအချင်းချင်းတောင် မြန်မာစကားမပြော
ကြသူတွေပါပဲ ။ နိုင်ငံရပ်ခြားမှာ နေရတဲ့အတွက် ကျွန်မတို့ဟာ မလွှဲမရှောင်သာ နေ့တစ်နေ့ရဲ့ အချိန်များစွာမှာ
အင်္ဂလိပ်လို (သို့မဟုတ်) တခြားဘာသာစကားတခုခုနဲ့ပြောဆိုဆက်ဆံနေရပါတယ်။ ကိုယ်ပိုင်အချိန်တွေမှ
ာလည်း ကိုယ့်ဘာသာစကားကို ဘာကြောင့်များမပြောချင်ကြပါသလဲလို့ နားမလည်နိုင်ခဲ့ပါဘူး။
နိင
ု င
်ြံ ခားမှာ တစ်နစ
ှ သ
်ားအရွယ်လောက်တည်းက ကြီးပြင်းတဲ့ ကလေးတချို့ကို တွေဘ့ူးခဲပ
့ါတယ်။
သူတို့ဟာ မြန်မာစကားရော ၊ အင်္ဂလိပ်လိုပါ ရည်လည်အောင်ပြောဆိုနိုင်ပြီး ၊ ဘုရားအမြဲကန်တော့၊
ဘုရားပုံပြင်တွေနဲ့လည်း ရင်းနှီးပါတယ်။ သူတို့အဲလိုဖြစ်လာအောင် သူတို့ မိသားစုတွေကသွန်သင်ဆုံးမခဲ့
တယ်လို့ ယုံကြည်ပါတယ် ။ အဲလိုမိသားစုတွေကို တွေ့ရတဲ့အခါ အရမ်းကြည်နူးမိတယ်။
ကျွန်မတို့တတွေဟာ နိုင်ငံပေါင်းစုံမှာ အလုပ်မျိုးမျိုးနဲ့ ကျင်လည်နေရပါတယ် ။ အဲဒီနိုင်ငံမှာ
နေထိုင်တာကြာမြင့်ပေမယ့် ကိုယ့်အမိမြန်မာပြည်ကို လွမ်းမိမယ်လို့ထင်ပါတယ်။ ကျွန်မအတွက်မြန်မာ
ပြည်ဆိုတာ ကလေးဘ၀နဲ့ပတ်သက်တဲ့ မှတ်မိစရာတွေပဲရှိပါတယ်။ ဒါပေမယ့် တကယ်အသက်အရွယ်ရလ
ာတဲ့အခါမှာ ဗမာလူမျိုးဆိုတာ ဘယ်လိုနေရာက ပေါ်ပေါက်လာသလဲဆိုပြီး မြန်မာ့သမိုင်းစာအုပ်တချို့ကို

၁၃၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

ရှာဖွေဖတ်ရှုမိပါတယ် ။ ကျွန်မကြီးပြင်းခဲ့တဲ့နိုင်ငံရဲ့ သမိုင်း ၊ ကမ္ဘာ့သမိုင်းတွေကိုကျောင်းမှာ သင်ယူခဲ့ရပေမယ့်


မြန်မာ့သမိုင်းကို မသိရသေးတာတွက် တစ်စုံတစ်ရာလိုအပ်နေသလို ခံစားရပါတယ် ။ လူတစ်ယောက်ဟာ
အနည်းဆုံးတော့ ကိုယ့်လူမျိုးဘယ်လိုပေါ်ပေါက်လာတယ် ၊ ကိုယ့်လူမျိုးရဲ့ အလေ့အထတွေ အကြောင်း
သိသင့်တယ်လို့ထင်တယ်။
မြန်မာလူမျိုးတွေဟာ ကမ္ဘာ့နိုင်ငံမျိုးစုံမှာ အားလုံးနဲ့ရင်ဘောင်တန်းပြီး နေထိုင်နိုင်တာတွက်
အရမ်းပဲဂုဏ်ယူမိတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ ဘ၀တွေတွက် မပြီးဆုံးနိုင်တဲ့အရာတွေနောက်
လိုအပ်မှုတွေနောက် လိုက်ရင်းနဲ့ပဲ အချိန်တွေကုန်ဆုံးနေသလိုပါပဲ။ ကျွန်မတို့လိုအခြေအနေနဲ့
ကမ္ဘာမှာ ၀င်ဆန့်ခွင့်မရှိတဲ့ မြန်မာလူမျိုးတချို့တွေတွက် ကျွန်မတို့ ဘာတွေများလုပ်ပေးခဲ့ပါသလဲ ။
လုပ်ပေးတဲ့သူတွေရှိသလို ကိုယ့်ဘ၀နဲ့ပဲကိုယ်ပြီးဆုံးနေတဲ့သူတွေရှိပါတယ်။ ကျွန်မကိုယ်တိုင်လည်း
ဘာတစ်ခုရဲ့အနှောင်အဖွဲ့တွေကြားမှာပဲ ရုန်းကန်နေဆဲပါ။ ကျွန်မနိုင်ငံအတွက် တတ်အားသမျှ ပြန်ပေးဆပ်
ဖို့အတွေးအခေါ်တွေကို အကောင်အထည်ဖေါ်ဖို့ ကြိုးစားဆဲပါ။
သစ်ပင်တစ်ပင်မှာ အရွက်တွေစိမ်းလန်းနေဖို့ အမြစ်တွေအရေးကြီးသလို ၊ လူသားတွေပေါ်ပေါက်
လာဖို့ တည်ရှိခဲ့တဲ့ ဇစ်မြစ်မျိုးရိုးဟာ မတိမ်ကောသွားဖို့ အရေးကြီးတယ်လို့ယုံကြည်ရင်း ..... ။

ဂျစ်တူး

၁၃၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

အကောင်းမြင်သမားက လေယာဉ်ပျံကို တီထွင်၍ အဆိုးမြင်သမားက လေထီးကိုတီထွင်သည်ဟု


ကြားဖူးနားဝရှိခဲ့သည်။ ဘုရားသခင်ကကော အကောင်းမြင်သမားလား အဆိုးမြင်သမားလားဟူသည့်
မေးခွန်းလေးတစ်ခုကို အပန်းမကြီးက ဖြေပေးစေလိုပါသည်။
ဘာမှမလုပ်ခြင်းသည် အရာအားလုံးကို ပြုလုပ်ခြင်းပင်ဖြစ်သည်ဟုတောက်တယ်ကျင်းကဆို
သည်။ ကျွန်တော် ဘာမှမလုပ်ပါ။ ဒါကြောင့် အရာအားလုံးကိုပြုလုပ်နေသူဖြစ်ပါသလား။ ဘုရားသခင်ထိုင်
သွားသောခုံ၌ ၀င်ထိုင်လိုသူတွေအများအပြားရှိနေကြသည်လေ။
တစ်ခုခုကို ထုတ်ယူနိုင်ရန် တစ်ခုခုကို ထည့်ထားရသည်။ သင်ဘယ်လောက်ထုတ်ယူနိုင်သ
လဲဟူသည့် မေးခွန်း၏ အဖြေသည် သင်ဘယ်လောက်ထည့်ထားသလဲ ဟူသည့် မေးခွန်းပင်ဖြစ်သည်။
ဤသည်ကို ၁၆၄၂ တွင် မွေးဖွားခဲ့သော နယူတန်ဟူသည့် ချာတိတ်က ကမ္ဘာကျော်သီဝရီတစ်ခုဖြင့်တင်
ဆက်ပြသခဲ့ဖူးသည်။
အဲဖရက် ဝေါလေ့(စ်) Alfred Wallace ကို ကြားဖူးပါသလား။ လူသည်မျောက်ကဆင်းသက်
လာသည်ဟု တင်ပြခဲ့သော ချား(စ်)ဒါဝင် Charles Darwin ကိုတော့ ကြားဖူးပေလိမ့်မည်။ ဝေါလေ့(စ်)သည်
ဆင့်ကဲဖြစ်စဉ် Evolution ကို ဒါဝင်ကဲ့သို့ လေ့လာတွေ့ရှိခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သို့သော်
ဒါဝင်၏အယူအဆက ပို၍ပြည့်စုံသည်ဟု ထောက်ခံပြီး သူ၏ကျမ်းကို ဖျက်ဆီးပစ်ခဲ့သူဖြစ်သည်။ဘယ်သူမှ
န်မှန် ဘယ်သူမှားမှား တရားမှာ တစ်ခုတည်းသာဖြစ်သည်လေ။
အမွှေးတိုင်ထွန်း၊ ယတြာခြေ၊ ၀တ်ပြုဆုတောင်နေကြသူများ လိုတရကြပါသလား။ မျက်လုံး
တွေကို ဖွင့်ပစ်လိုက်ပါ။ မမြင်ရသောအရာများရှိကြောင်း ယုံကြည်လျှင် သင်မမြင်နိုင်သည့်သင်၏အစွမ်းအစ
များဖြင့် သင့်ကမ္ဘာကို သင်ကိုယ်တိုင်ဖန်ဆင်းပါ။ ဖန်ဆင်းရှင်ဆိုသည်မှာသင်ကိုယ်တိုင်ဖြစ်လျှင် ပိုမကောင်း
ပေဘူးလား။
သင်၏ ပိတ်ထားသောတံခါးများကို ဆွဲဖွင့်ရန်လက်မှာ သင်၏လက်သာဖြစ်သည်။ သင်၏လက်
ကို ဆန့်တန်းလိုက်ရုံနဲ့ ကမ္ဘာလောကကြီးထဲကို သင်ရောက်ရှိသွားလိမ့်မည်။
သော့ချိတ်တစ်ခုတွင် သော့တံများရှိကြသည်။ အချို့ အချို့သော သော့ခလောက်များကို အချို့
အချို့သော သော့တံများဖြင့်သာ ဖွင့်၍ရသည်။ သို့သော် မည်သည့်သော့ခလောက်ကိုမဆို ဖွင့်လှစ်နိုင်သော

၁၃၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

မာစတာကီး Master Key အမည်ရှိသော့တံတစ်မျိုးလည်း ရှိသေးသည်လေ။


ပျံရင်းသေသောငှက်နှင့် ကြံရင်းသေသောလူ ဘ၀တွေတူပါသလား။
တစ်ခါက ကျွန်တော်သူငယ်ချင်းတစ်ယောက်ကို ပိုက်ဆံချေးဖူးသည်။ မနက်ဖြန်ပြန်ပေးမည်ဟူ
သော ကတိစကားသည် စပါးပေါ်ပေး၊ ပဲပေါ်ပေး၊ ကောက်ရပေး၊ စသည့် စကားများလိုပင်ဖြစ်၍သွားတော့
သည်။ သူပေါ်မလာတော့။ လောက၌ ငွေပေးသင်၍ရသော သင်ခန်းစာများစွာရှိလေသည်။

ကိုဖြိုး

၁၃၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

အိမ်ထဲမှာ ထိုင်နေရင်း “ပူလိုက်တဲ့နွေ” လို့ ညည်းတွားမိတယ်။


အခုမှ မတ်လပဲရှိသေးတယ် … ဒါလောက်ပူနေရင် ဧပြီ-မေ နှစ်လ ဘယ်လိုများစခန်း
သွားရပါလိမ့် … လို့ စိတ်အိုက်အိုက်နဲ့ တွေးမိပါတယ်။ နွေမတိုင်ခင်ကတော့ ဒီနှစ်နွေမှာမေမြို့သွား
မယ်၊ တောင်ကြီးသွားမယ် စသဖြင့် အပူရှောင်ဖို့အရေး ဟိုဟိုဒီဒီ တွေးခဲ့ကြပေမဲ့ တကယ်တမ်း
နွေရောက်ပြန်တော့လည်း အိမ်နဲ့ အလုပ်ကို ပစ်ထားခဲ့လို့ မရတာကြောင့် ဒုံရင်း ဒုံရင်း အပူတောမှာမျောနေ
ခဲ့ရပြန်ပါတယ်။
တအိမ်လုံးမှာ အပူဆုံးအခန်းက ကျမအခန်းလို့ ဆိုရမလားမသိပါဘူး။ မနက်နေထွက်ချိန်မှာ
ကျမအခန်းကိုနေရောင် တိုက်ရိုက်ဝင်သလို မွန်းလွဲတဲ့အခါမှာ ကျနေ ပူပူကလည်းကျမအခန်းထဲဝင်ပါေ
သးတယ်။ ဘယ်လိုမှ ရှောင်တိမ်းမရဘဲ တနေကုန် နေပူမိတဲ့ ကျမရဲ့အခန်းကလေးပေါ့။တော်သေးတာက
အခန်းခေါင်းရင်းမှာ မန်ကျည်းပင် တပင်ရှိပြီး အခန်းတောင်ဘက်မှာတော့ကံ့ကော်ပင်အုပ်အုပ် ရှိနေလို့ပါပဲ။
မနက်ခင်းကနေ ၁၁ နာရီလောက်ထိ ကျမအခန်းလေးက နေလို့ကောင်းပေမဲ့ မွန်းလွဲပြီဆိုတာနဲ့
တဖြည်းဖြည်း အပူဓာတ်က တိုးလာပါတော့တယ်။ လေအေးစက်ဖွင့်လည်း အပူဒဏ်ကို တိုးမပေါက်ပါဘူး။
ဒါကြောင့် မထူးတဲ့ တူတူတော့ လျှပ်စစ်ဓာတ်အားကို ချွေတာတဲ့အနေနဲ့ ပြတင်းပေါက်တွေသာ ဖွင့်ပြီး
နွေနေ့လည်ခင်းကို အန်တုရပါတယ်။

“နေမင်း …. သူရိန် …. အပူရှိန်က ….ပြင်း ….”


သီချင်းနားထောင်မယ်ဆိုပြီး ဖွင့်လိုက်မိတော့ မေလှမြိုင်ရဲ့ “နွေဦးတေးသံ” သီချင်းက ပူပြင်းလှတဲ့
နွေနေ့ခင်းမှာ ညင်းညင်းသွဲ့သွဲ့ ထွက်ပေါ်လာပါတယ်။ နေးတစ်မှာ ဦးမောင်ကို တင်ပေးထားတုန်းက
ဒေါင်းလုတ်ယူထားတဲ့ မြန်မာသီချင်း တပုဒ်ပါ။ မေလှမြိုင်ရဲ့ နွေပြီးတော့
“တွန်သံချိုတဲ့ နွေဥသြငယ်ရယ် ….” ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ နွေကို နားထောင်မိပြန်တယ်။
နွေနေ့ခင်းမှာ နွေသီချင်းတွေ နားထောင်ရင်း တဖြည်းဖြည်း ကျမ အခန်းလေးက ပူလာတော့
ဆက်ပြီး နေလို့ မရတော့ပါဘူး။ ဒါနဲ့ပဲ လုပ်လက်စ အလုပ်တွေ လက်စသတ်ပြီး အေးရာအေးကြောင်း
စာအုပ်ဖတ်ရင်း မှိန်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ စာအုပ်တအုပ်ယူပြီး အမေ့အခန်းထဲ သွားလိုက်ပါတယ်။

၁၃၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

စာအုပ်က ဆရာကြီးမင်းသုဝဏ်ရဲ့ “ပျဉ်းမငုတ်တို” စာအုပ်ပါ။ ဒီစာအုပ်ဟာ ကျမ


အလွန်ကြိုက်နှစ်သက်ပြီး ငယ်ငယ်ထဲက အထပ်ထပ် ဖတ်လည်း ဘယ်တော့မှ မရိုးနိုင်တဲ့ စာတအုပ်ပေါ့။
ဆရာကြီးမင်းသုဝဏ်ရဲ့ ဆောင်းပါး၊ စာတမ်း၊ ဟောစာနဲ့ ကဗျာတွေကို စုစည်းပြီး ၁၉၆၈ ခုနှစ်က
ထုတ်ဝေထားတဲ့ စာအုပ်ကလေး ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက “တို့ကျေးရွာ” ဆိုတဲ့ ဆောင်းပါးလေးမှာ
ပါတဲ့ “ခါနွေဆန်းတော့ လွမ်းမိတယ်” ကဗျာလေးဟာလည်း ကျမ ကြိုက်လွန်းလို့ ငယ်ငယ်တုန်းက
အလွတ်ကျက်ထားခဲ့ဖူးပါတယ်။
ကဗျာစပ်တဲ့ပုံစံ၊ ကာရန်ယူသွားပုံနဲ့ စကားလုံးတွေ သုံးနှုန်းသွားပုံတွေဟာ လှလွန်းလို့
ဖတ်လိုက်တာနဲ့ မျက်စိထဲမှာ မြင်ယောင်လာ စေပါတယ်။ ငယ်စဉ်က အဲဒီပုံစံနဲ့ စမ်းပြီးရေးဖွဲ့ကြည့်ပေမဲ့
ဟုတ္တိပတ္တိလည်း ရေးဖွဲ့လို့ မရခဲ့ပါဘူး။ ကဗျာလေးကို အမြည်းပေးလိုက်ပါတယ် …. ဖတ်ကြည့်ကြပါအုံး။

“ခါနွေဆန်းတော့ လွမ်းမိတယ်”

ဆန်းစခါနွေ
သာတပေါင်းမို့ ညှာညောင်းကြွေ
ပြေပြေရောရု
မြအသွေး ရွှေရေးလုလို့
ရတုအညီ
မြေသို့သက်တဲ့ ရော်ရွက်ရီကို
ပလီပလာ တီတာတာ
သည်ခါဓလေ့
နွေအကူး လေရူးဝှေ့တော့
ကွေ့ကွေ့ဝန်းဝိုက်
ရွှေကြောင်ဘား မြီးဖျားလိုက်သို့
မြိုင်တိုက်စုံယံ ရွက်ဟောင်းပျံသော် …..
…. …. ….
…. …. ….
တလှိုင်လှိုင်ပေါ မြိုင်တကြော
တောစပယ်ဖြူ
ဝတ်မှုန်ကျင်းတဲ့၊ သင်းကြူကြူကို
လေချူလို့လွှင့်
ပန်းထုံတဲ့လေချိုမှာ၊ ရွှေချိုးပျိုကူသံဆင့်ပေလိမ့် …
…. …. ….
…. …. ….

ဒီနွေနဲ့ ဒီကဗျာ … လိုက်လည်း လိုက်ဖက်ပါဘိ။ကဗျာက အရှည်ကြီးမို့ အစအဆုံး


ရေးမပေးလိုက်တော့ပါဘူး။ ဒီစာအုပ်ထဲမှာပဲ ဆရာကြီးရဲ့ နောက်ထပ် ကဗျာတပုဒ် ဖတ်လိုက်ရပါသေးတယ်။
အဲဒါကတော့ …

“နွေဦးမြိုင်လယ်”

ဝဲကာပျံကာ၊ ဤမြိုင်ချာ၌
အာကာခရီး၊ လေယာဉ်စီး၍
ကိုယ်ထီးငြိမ်လျက်၊ မြေသို့သက်သည်
ကြွေရွက်ဝါလော … လိပ်ပြာလော။

၁၃၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

အလို .. ဆန်းသစ်၊ ပျိုမျစ်မျစ်တည့်


ကြင်ချစ်ဖွယ်ရာ၊ ပင်တိုင်းမှာလျှင်
ပြူကာတစု၊ ပေါ်တစုသည်
မြနုသစ်လော … ပုရစ်လော။

လေပြည်၌တွင်၊ ပျော်မြူးရွှင်၍
ကြည်လင်လဲ့လဲ့၊ ကြူးရင့်ဖွဲ့လျက်
နွဲ့နွဲ့နှောင်းနှောင်း၊ ငြိမ့်ငြိမ့်ညောင်းသည်
နတ်စောင်းသံလော … ငှက်သံလော။

အမေ့အခန်းလေးက သိပ်မပူလှတာမို့ စာဖတ်ရင်း ဖတ်ရင်းနဲ့ လူကလည်း မှေးမှေး မှေးမှေးနဲ့


ငိုက်လာပါတယ်။ ဒါနဲ့ပဲ စာအုပ်ကလေး ဘေးချပြီး အိပ်ရာထက်ကနေ မြင်နေရတဲ့ ပြတင်းပေါက် မှတဆင့်
ကောင်းကင်ပြာပြာ ကြီးကို ကြည့်ရင်း စာရေးဖို့ စိတ်ကူးတည့်ရာ ဟိုဟိုဒီဒီ တွေးနေမိတယ်။
နွေလည်နေ့ အတွေးဆိုတော့လည်း ခပ်နွေးနွေးပေါ့။

Mistake - အမှား
ဒါကတော့ မနေနေနိုင်ရဲ့ ပိုစ့်လေးပါ။ အတွေးလေးကောင်းလို့ ပါသင့်တယ်ထင်လို့ပါ။
အပြည့်အစုံကိုတော့ ဒီမှာဖတ်လို့ရပါတယ်။

အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် - မျိုးကြီး
ဒီသီချုင်းလေးက တော့ အချစ် အကြောင်းရေးထားတဲ့ သီချင်းလေးပါ။ တကယ်တော့
ချစ်သူတွေ ဖြစ်ကြတဲ့ ရည်ရွယ်ချက်က တချိန်ချိန်မှာ အရင်းနှီးဆုံး လူသားနှစ်ယောက် ဖြစ်ကြဖို့ပါ။
ခုတော့ ချစ်သူနှစ်ယောက် ကြားဆက်ဆံရေးမှာ တစ်စုံတစ်ခု မှားနေတယ်၊ ဒီ အမှားလေးကို သိပြီး၊
အချိန်မှီသာပြင်ဆင်ခွင့်မရခဲ့လိုက်ရင် သူတို့  နှစ်ယောက်ဟာ အရင်းနှီးဆုံးတွေဖြစ်မလားပဲ၊ အဝေးဆုံးကို
ရောက်သွားကြမယ်ဆို တဲ့ အကြောင်းလေး ရေးထားတာပါ။
ဒီသီချင်းလေး နားထောင်ပြီး ကျွန်မ လူတွေ လုပ်လေ့ရှိတဲ့ အမှားဆိုတာတွေအကြောင်းတွေး
မိတယ်။ ကျွန်မကို လူတစ်ယောက်က ငါက ဘယ်တော့မှ မမှားခဲ့ဖူးဘူး၊နောင်လည်း ဘယ်တော့မှ မှားမှာ
မဟုတ်ဘူး လို့  လာပြောမယ်ဆို ၊ ကျွန်မကတော့ ဒီလူဟာ တစ်စုံတစ်ခုမှားယွင်းနေတယ်လို့  ထင်မိမှာပဲရှင့်။
တခါတလေ ကိုယ်ကမှားလို့  မှားနေမှန်းမသိ ဖြစ်နေတာ သာရှိချင် ရှိမယ်၊ အမှားကြီးကြီးမားမားတွေ
မလုပ်ခဲ့သေးတာသာ ရှိချင် ရှိမယ်၊ လောကမှာ အမှား လုံးဝ မလုပ်ဘူးခဲ့ဘူးတဲ့ လူဆိုတာ မရှိနိုင်ဘူးလို့ 
ကျွန်မထင်တယ်။ နောင် အမှား လုံးဝ မလုပ်ပါဘူးဆိုတာလည်း မဖြစ်နိုင်ဘူးလို့  ထင်တယ်။ လူမှန်ရင် အမှားနဲ့ 
မကင်းနိုင်ကြပါဘူး။ အမှား မလုပ်မိအောင်ဆိုတာဘာမှ မလုပ်ပဲ နေရင်တောင် မရနိုင်ဘူးထင်ပါတယ်။
ဘာလို့ လည်းဆိုတော့ လူဖြစ်ပါရဲ့ ဘာမှ မလုပ်ပဲ နေတယ်ဆိုကတည်းက ဒီလူဟာ တစ်စုံတစ်ခုတော့မှား
နေတာပဲပေါ့။
တစ်စုံတစ်ယောက်က အမှားတစ်ခု လုပ်မိတယ်ဆိုတာကို ကျွန်မတို့  သိခဲ့ရင် အဲ့ဒီလူကို
ချက်ချင်း အပြစ်တင်၊ ရှုံ့ချဖို့ မကြိုးစားပဲ ဒီလူ ဘာကြောင့်၊ ဘာလို့ ဒီအမှားကို လုပ်မိတယ်
ဆိုတာမျိုးကို အရင်လေ့လာသင့်တယ် ထင်မိတယ်။ တကယ်ဆို တချို့ လူတွေက မသိလို့  အဲ့ဒီ
အမှားဆိုတာကို လုပ်မိကြတာပါ။ တခိျု့  လူတွေ ကြတော့လည်း မှားမှန်း သိသိကြီးနဲ့  မှားပစေဆိုပြီး
တမင်လုပ်ကြတယ်ပေါ့လေ။ သိသိကြီးနဲ့  အမှားကို ထပ်ခါထပ်ခါ လုပ်သူများကိုတော့ ကျွန်မ ဘာမှ
မပြောလိုပါဘူး။ ဒါပေမယ့် တစ်ကြိမ်တစ်ခါ မသိလို့  မှားမိသူတွေကို့  အတတ်နိုင်ဆုံး ကြိုးစားခွင့်လွတ်
သင့်တယ်လို့ ထင်မိတယ်။ တကယ်ဆို ကိုယ်လည်း သူ့ လို မသိပဲ မှားခဲ့တဲ့ အမှားတွေက နည်းတာမှ
မဟုတ်တာ။
ကျွန်မတို့တွေ ကလေးဘ၀ကနေ ခုချိန် အထိ အကြိမ်ပေါင်းများစွာ မှားခဲ့ကြတယ်။မှားနေကြ

၁၃၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

တယ်။ နောင်လည်း မှားကြဦးမှာပဲ။ အဲဒီ အမှားဆိုတာကို ကျွန်မတို့  လုံဝ မလုပ်မိအောင် ရှောင်ဖို့ ဆိုတာ
မဖြစ်နိုင်ပေဘူး။ ဒါပေမယ့် ကိုယ်တိုင် ကြုံခဲ့ကြတဲ့ အမှားတစ်ခုကိုတော့ နောက်အကြိမ် ထပ်ခါထပ်ခါ
မလုပ်မိအောင်တော့ ရှောင်လို့  ရနိုင်တယ်။ ဒါက ကိုယ့်လုပ်ဖူးတဲ့ အမှားကနေ သင်ခန်းစာ ပြန်ယူတဲ့
သဘောပေါ့။
တချို့  ကတော့ ပြောကြတယ်၊ ငါမမှားမခြင်း လုပ်ချင်တာလုပ်နေဦးမှာပဲတဲ့။ ကိုယ်တိုင်
တစ်ခါလောက် မှားပြီးမှ နောင်တရ၊ အမှားပြင်၊ နောက်ထပ်မလုပ်တော့ဘူးဆိုတဲ့ သဘောလား။ ဒါလည်း
အဖြစ်သင့်ပါဘူး။ အမှားဆိုတာ ကိုယ်တိုင်မဟုတ်ပေမယ့် တခြားသူတွေ ကြုံတွေကြ၊ လုပ်မိကြတဲ့
အမှားတွေကို ကြည့်ူပြီး ကိုယ်လည်းသူတို့ လို အမှားမျိုးတွေ မလုပ်မိအောင် ကြိုးစားလို့  ရနိုင်ပါတယ်။
ကိုယ့်အမှားကတင်မဟုတ် သူ့ များအမှားကပါ ကိုယ်ယူတတ်ရင် သင်ခန်းစာ ယူလို့ ရနိုင်တယ်ဆိုတဲ့
သဘောပါ။ အရာရာတိုင်းကို ကိုယ်တိုင်လုပ်ကြည့် ပြီးမှ မှားခဲ့ရင် သင်ခန်းစာယူ နောင်မမှားအောင်လုပ်ကြ
မယ်ဆို ကျွန်မတို့  ဘ၀တွေက နဂိုက အမှားများရတဲ့ အထဲ မှားပြီးရင်း ဆက်မှားနေတော့မှာပဲပေါ့။
ကျွန်မလုပ်ခဲ့ဘူးတဲ့ အမှားပေါင်းများစွာ၊ ကျွန်မမြင်တွေ့  နေရတဲ့ အမှားလုပ်သူတွေ.. သိလျှက်နဲ့ 
မှားသူတွေ.... မသိပဲမှားသူတွေ.... လူသားတွေရဲ့ အမှားတွေ.. အမှားပေါင်းများစွာ…
အို.. ဒါတွေရေးရင်း စဉ်းစားမိတယ်။ သီချင်းလေးတစ်ပုဒ်နားထောင်ရာကနေ အတွေးများသွားတဲ့
ကျွန်မကရော တစုံတရာများ မှားယွင်းနေတာလား

မေဓာဝီ

၁၃၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

(၁)

အကြင်နာမဲ့တဲ့ အထင်လွဲမူတခုက ပျော်ရွှင်ခြင်းဆီကို လှမ်းနေတဲ့ ကျွန်မတို့ရဲ့ ခြေလှမ်းကို


ပျက်စေခဲ့တယ်။ ကံကြမ္မာရဲ့ အထုံးတခုကို ဖြည်လိုက်နိုင်ချိန်မှာတော့ အရာအားလုံးဟာ နှောင်းသွားခဲ့ပါပြီ။
လက်ထပ်ပြီး နှစ်နှစ်အကြာ ရွာက မောင့်မေမေကို ကျွန်မတို့နဲ့ အတူလာနေ စေခြင်းက ပူဆွေးသောကရဲ့
အစပေပဲလား.....
ငယ်ငယ်ကတည်းက အဖေ မရှိတော့တဲ့ မောင့်ကို အမေတယောက်တည်းပဲ ပင်ပန်းရုန်းကန်ပြီး
ဘွဲ့ရ ကြီးပြင်းတဲ့အထိ ပြုစုပျိုးထောင်ခဲ့တာပါ။ ယောက္ခမကို ခေါ်ဖို့ကိစ္စ ကျွန်မသဘောတူခဲ့ပြီး
မောင့်မေမေအတွက် နေပူစာလဲ လှုံနိုင်အောင်၊ ပန်းတွေလဲ စိုက်နိုင်အောင် အိမ်တောင်ဖက်က ၀ရန်တာပါတဲ့
အခန်းကို ကျွန်မရှင်းလင်းနေခဲ့တယ်။ နေရောင်ခြည်နဲ့ နွေးထွေးနေတဲ့ အခန်းထဲကို မောင်ဝင်လာပြီး
အခန်းရှင်းနေတဲ့ ကျွန်မကို ကိုင်မြှောက်ပြီး ပတ်ချာလှည့် ကစားလိုက်တယ်။ ကျွန်မတောင်းပန်ပြီး
အောက်ချပေးဖို့ ပြောမှ မောင်က၀မ်းသာစွာနဲ့ “ကဲ...မေမေ့ကို သွားကြိုရအောင်” တဲ့။ မောင့်မေမေ
ရောက်လာဖို့အတွက် ကျွန်မတို့ ပျော်ရွှင်နေခဲ့တယ်။
အရပ်မြင့်ပြီး ခန္ဓာကိုယ်ထွားတဲ့ မောင့်ရင်ခွင်မှာ ခိုဝင်ရတာကို ကျွန်မကြိုက်ခဲ့တယ်။ အဲဒီ
ခံစားမူမျိုးက သေးငယ် တဲ့ ကျွန်မရဲ့ ခန္ဓာကို အချိန်မရွေး မောင့်အိတ်ကပ်ထဲ ထည့်ထားနိုင်တဲ့ ခံစားမူမျိုး
ကျွန်မကို လုံခြုံမူတွေ ဖြစ်စေခဲ့တယ်။ မောင်နဲ့ ငြင်းခုန်တိုင်း အလျော့မပေးတတ်တဲ့ ကျွန်မကို မောင်က
ကိုင်မြှောက်ပြီး ကျွန်မ ထိတ်လန့်တဲ့အထိ ခါရမ်းတတ်တယ်။ အဲဒီ ထိတ်လန့်တဲ့ ပျော်ရွှင်မူမျိုးကလဲ
မောင့်အပေါ်ထားတဲ့ ကျွန်မရဲ့ သံယောဇဉ်ပေပဲလား။
မြို့ရောက်လာပေမယ့် ရွာက ဓလေ့တွေကို မောင့်မေမေက ချက်ချင်းဖျောက်နိုင်ခဲ့ပုံ မရဘူး။
ပန်းတွေ အမြဲ ၀ယ်ပြီး ဧည့်ခန်းမှာ အလှပန်းအိုး ထိုးတတ်တဲ့ ကျွန်မကို ယောက္ခမက ကြည့်မရတဲ့အဆုံး
မအောင့်နိုင်ဘဲ.....
“ဘ၀ကို ဘယ်လို ဖြတ်သန်းရမယ်ဆိုတာ နင်တို့မသိကြဘူးလား..စားလို့ရတာလဲ မဟုတ်ဘဲနဲ့
ဘာလို့ ပန်းတွေ ၀ယ်ခဲ့ရသလဲ...”

၁၄၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

“မဟုတ်ဘူးလေ မေမေ.....ပွင့်နေတဲ့ ပန်းကို ကြည့်ပြီး လူတွေရဲ့ စိတ်ဟာလဲ


လန်းဆန်းနိုင်တယ်လေ” ကျွန်မ ရယ်ပြီးပြောတော့ မောင့်မေမေက ခေါင်းငုံ့စူပုပ် နေခဲ့တယ်။
“အမေ ဒါဟာ မြို့သားတွေရဲ့ အကျင့် ...တဖြည်းဖြည်းနဲ့ အမေကျင့်သား ရလာလိမ့်မယ်”မောင်က
ရယ်ကျဲကျဲနဲ့ ၀င်ထောက်တယ်။
ပန်းဝယ်တဲ့ ကိစ္စကို ထပ်မပြောတော့ပေမယ့် ကျွန်မ ပန်းဝယ်ပြန်လာတိုင်း ဘယ်လောက်
ပေးဝယ်ခဲ့ရသလဲလို့ မေးတတ်ပြန်တယ်။ ကျွန်မ ပြောပြလိုက်ရင် တကျွတ်ကျွတ်နဲ့ စုတ်ထိုးနေတတ်တယ်။
တခါတလေ အထုတ်ကြီး ငယ်တွေနဲ့ ကျွန်မဈေးက ပြန်လာရင် ဟိုဟာ ဘယ်လောက်လဲ...... ဒီဟာ
ဘယ်လောက်လဲနဲ့ မေးတတ်ပြန်တယ်။ ဈေးနှုန်းအမှန်တွေကို ကျွန်မပြောပြလိုက်ရင် သူ့ရဲ့ စုတ်ထိုးသံက
ပိုကျယ်လို့နေခဲ့တယ်။
“ဈေးနှုန်းအမှန် မပြောနဲ့လေ လူအ မလေးရဲ့” ကျွန်မ နှာခေါင်းကို ဖိညှစ်ရင်း မောင်က
ဆိုလာတယ်။ ပျော်ရွှင် စရာ နေ့ရက်တွေက တဖြည်းဖြည်း သံစဉ်တွေ ပြောင်းလာခဲ့တယ်။
နံနက်စာ မောင်ထပြင်တတ်တာကို မောင့်မေမေက ကြည့်မရဆုံးပါပဲ။ ဘယ့်နှယ်
လင်ယောက်ျားက မိန်းမ အတွက် မနက်စာ ထလုပ်ရတယ်လို့ ....ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စလို့
သူမြင်ခဲ့တယ်။
မနက်စာစားတိုင်း ပုပ်သိုးနေတဲ့ သူ့မျက်နှာကို ကျွန်မ မမြင်ချင် ဟန်ဆောင်ခဲ့တယ်။ ဒါကို
သူကဇွန်းခက်ရင်းတွေ တတောက်တောက်ခေါက်ပြီး အသံတိတ် ဆန္ဒပြခဲ့တယ်။ ကျွန်မဟာ အကနည်းပြ
ဆရာမတဦးပါ။ တနေကုန် ကခုန်ခဲ့ရလို့ ပင်ပန်းနေတဲ့ ကျွန်မအဖို့ မနက်စောစော နွေးထွေးတဲ့ အိပ်ရာကို
မခွာရက်ဘဲ ဇိမ်ခံပြီး နှပ်ချင်နေခဲ့တယ်။ ဒါကြောင့်မို့လဲ မောင့်မေမေ အသံတိတ် ဆန္ဒပြတာကို မျက်စိမှိတ်၊
နားပိတ်ပြီး မသိချင် ဟန်ဆောင်ခဲ့တယ်။
မောင့်မေမေဟာ ကျွန်မကို အိမ်မူကိစ္စတွေ ကူလုပ်ပေးပါတယ်။ ဒါပေမယ့် သူကူရင်
ကျွန်မပိုပြီး အလုပ်ရှုပ် ရပါတော့တယ်။ ဥပမာ....ပလပ်စတစ်အိတ်တွေကို ပြန်ရောင်းဖို့ဆိုပြီး အကုန်
လိုက်စုထားတတ်တယ်။ နောက်တော့ အိမ်တခုလုံး အိတ်တွေနဲ့ ပြည့်နေခဲ့တယ်။ ပန်းကန်ဆေးရည်ကို
နှာမြောလို့ဆိုပြီး မသုံးဘဲ နေခဲ့တယ်။ နောက်တော့ မစင်တဲ့ ပန်းကန်တွေကို သူ မသိအောင် တိတ်တိတ်လေး
ကျွန်မ ပြန်ဆေးခဲ့ရတယ်။

(၂)

ညတညမှာ ပန်းကန်တွေကို ပြန်ခိုးဆေးနေတဲ့ ကျွန်မကို မောင့်မေမေ မြင်သွားခဲ့တယ်။


အိပ်ခန်းတံခါးကို “ဒုန်း”ခနဲ ဆောင့်ပိတ်ပြီး အိပ်ရာထဲမှာ သူအော်ငိုပါတော့တယ်။ အမေနဲ့မိန်းမကြား
မောင်ပျာများ ရပါတော့ တယ်။ အဲဒီညက မောင်ကျွန်မကို စကားတခွန်းမှ ပြန်မပြောခဲ့ပါဘူး။ သူ့ကို
ကျွန်မ ဘယ်လိုပဲ စ စ ဂရုမစိုက် ခဲ့ဘူး။ “ကျွန်မ ဘာများ အမှားလုပ်ခဲ့မိလို့လဲ..?” လို့ ပြန်မေးတော့
မောင်က ကျွန်မကို ခပ်စူးစူးကြည့်ရင်း.... “မပြောင်တဲ့ ပန်းကန်နဲ့စားလဲ သေမသွားတတ်ဘူး....မင်းဘာလို့
မသိတတ်ရတာလဲကွာ” တဲ့။ အဲဒီနောက်ပိုင်းမှာ မောင့်မေမေ ကျွန်မကို စကား မပြောတော့ပါဘူး။
နွေးထွေးတဲ့အိမ်က တဖြည်းဖြည်း အေးစက်လာခဲ့တယ်။
မနက်စာ ထလုပ်တတ်တဲ့မောင်ကို မကြည့်ရက်လို့ မောင့်မေမေက မနက်စာ ချက်ပြုတ်ခြင်း
တာဝန်ကို ယူလိုက်တယ်။ သားစားနေတာကို ကြည့်ပြီး မောင့်မေမေ ပီတိဖြာပါတယ်။ ကျွန်မကို ကြည့်တဲ့
အကြည့်ကတော့ အိမ်ထောင့်တာဝန် မကျေဘူးဆိုတဲ့ အပြစ်တင် အကြည့်မျိုးနဲ့ပါ။ အဲဒီအကြည့်ကို
ရှောင်ချင်လို့ ကျွန်မရဲ့ မနက်စာကို လမ်းမှာဝယ်ပြီး ဖြေရှင်းလိုက် ရတာများတယ်။
ညအိပ်ချိန်မှာ မောင်က စိတ်ဆိုးတဲ့လေသံနဲ့ “လူဒီ..အမေလုပ်တဲ့အစာတွေကို
ညစ်ပတ်တယ်ထင်ပြီး အိမ်မှာ မစားတာလား” ပြောပြီး တဖက်ကို မောင်လှည့်လိုက်တယ်။ မောင့်ရဲ့
အေးစက်တဲ့ ကျောပြင်ကို ကြည့်ပြီး ကျွန်မ မျက်ရည်ကျခဲ့မိတယ်။ “လူဒီ...မောင့်မျက်နှာကို ထောက်ပြီး
အိမ်မှာ မနက်စာစားပါလား” သက်ပြင်းတချက် ချရင်း မောင်က ဆိုလာတယ်။ မောင့်ကြောင့်
ကျွန်မရှေ့မျက်နှာ နောက်ထားပြီး မနက်စာ စားပွဲခုံမှာ ပြန်ထိုင် ခဲ့တယ်။

၁၄၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

အဲဒီ မနက်က မောင့်မေမေ ပြုတ်ထားတဲ့ ဆံပြုတ်ကို ကျွန်မသောက်နေတုန်း ဘာဖြစ်တယ်


မသိဘူး..ဗိုက်ထဲက အစာအိမ်ကို တခုခုနဲ့ ဖိထားသလို ခံစားရတယ်။ အစာတွေ ပါးစပ်က ထွက်မလာအောင်
ကျွန်မဗိုက်ကို အတင်း ဖိထားမိတယ်။ ဒါပေမယ့် မရခဲ့ဘူး။ ပန်းကန်ကို စားပွဲပေါ် လွတ်ချပြီး သန့်စင်ခန်းဖက်
ကျွန်မပြေးပြီး ထိုးအန်မိတယ်။ အန်ပြီး ပုံမှန်အနေအထား ရောက်အောင် လေကို ရှုသွင်းရှုထုတ်
လုပ်နေချိန်မှာ ငိုသံနဲ့ အပြစ်တင်နေတဲ့ မောင့်မေမေအသံကို ကျွန်မ ကြားလိုက်ရတယ်။ အဲဒီနောက်မှာတော့
သန့်စင်ခန်း တံခါးဝမှာ ခါးထောက်ပြီး ကြည့်နေတဲ့ မောင့် ဒေါသမျက်နှာကို ကျွန်မ မြင်လိုက်တယ်။ ဖြေရှင်းဖို့
ပါးစပ်ဟလိုက်ပေမဲ့ ကျွန်မ နှုတ်က စကားတခွန်းမှ ထွက်မလာခဲ့ဘူး။ ကျွန်မ တမင်လုပ်တာ မဟုတ်ရပါဘူး
မောင်ရယ်.....
မောင်နဲ့ကျွန်မ ပထမဆုံးအကြိမ် အကြီးအကျယ် ရန်ဖြစ်ကြတယ်။ ရန်ဖြစ်နေတဲ့ ကျွန်မတို့ကို
မောင့်မေမေက စိုက်ကြည့်ပြီး အိမ်ကနေ ထွက်သွားခဲ့တယ်။ မောင်က ကျွန်မကို ခပ်စူးစူးတချက်ကြည့်ပြီး
အမေ့နောက်ကို ဆင်းလိုက်သွားခဲ့တယ်။ မျိုးဆက်သစ်လေး ကျွန်မတို့ဘ၀ထဲ ရောက်လာခါနီးမှ
မထင်မှတ်တဲ့ မတော်တဆမှုက မောင့်မေမေရဲ့ အသက်ဝိညာဉ်ကို ခြွေယူသွားခဲ့တယ်။
သုံးရက်လုံးလုံး မောင်အိမ်ပြန်မလာခဲ့ဘူး။ ဖုန်းလည်း မဆက်ခဲ့ဘူး။ မောင့်မေမေ
ရောက်လာပြီးနောက် ပျော်ရွှင်စရာကောင်းတဲ့ ကျွန်မတို့ရဲ့ အိမ်ဟာ အရာရာ ဆိတ်သုဉ်းသွားခဲ့ရတယ်။
ကျွန်မဘာများ ထပ်လုပ် ပေးရဦးမလဲ...? ထူးထူးဆန်းဆန်းပဲ ကျွန်မလဲ တချိန်လုံး အန်ချင်နေမိတယ်။
ဘာပဲစားစား အရသာမဲ့နေတယ်။ ဒီပြဿနာတွေနဲ့ ကျွန်မလဲ လူပမ်းစိတ်နွမ်းလှပါပြီ။
လူဖော်ကိုင်ဖက် တချို့က “လူဒီ....နင်မျက်နှာကြည့်ရတာ တော်တော်မလန်းဘူး.....
ဆေးရုံသွားပြီး စစ်ဆေး သင့်ပြီ”လို့ အသိပေးလာမှ ကျွန်မဆေးရုံဖက် ရောက်ခဲ့တယ်။ ကျွန်မ
ကိုယ်ဝန်ရှိနေပြီတဲ့။ အဲဒီမနက် ထမင်း ၀ိုင်းမှာ ကျွန်မအန်မိတဲ့ အကြောင်းရင်းကို ကျွန်မ သိလာရတယ်။
ကျွန်မရဲ့ ပျော်ရွှင်မှုထဲမှာ ၀မ်းနည်းတာတွေ ရောပါနေတယ်။ မောင်ရော......အတွေ့အကြုံရှိတဲ့
မောင့်မေမေရော...ဘာဖြစ်လို့ ဒီလိုအန်ခြင်းရဲ့ အကြောင်းရင်း ကို နည်းနည်းမှ မရိပ်စားမိခဲ့တာလဲ....?

(၃)

ဆေးရုံဝမှာ မောင့်ကို ကျွန်မတွေ့လိုက်မိတယ်။ (၃)ရက်ပဲ မတွေ့တဲ့ မောင်ဟာ ရုပ်တော်ေ


တ်ာကျသွားခဲ့တယ်။ ကျွန်မ မမြင်ချင်ဟန်ဆောင်ပြီး လှည့်ထွက်မလို့ပဲ ဒါပေမယ့် မောင်ပုံကိုကြည့်ပြီး
သနားစိတ်ကို မအောင့်နိုင်ဘဲ မောင်ကိုခေါ်လိုက်မိတယ်။ ကျွန်မခေါ်သံကြောင့် မောင်လှည့်ကြည့်လာပေမယ့်
ကျွန်မကိုကြည့်တဲ့ အကြည့်က သူစိမ်းတစ်ယောက်လိုပါပဲ။ မျက်လုံးထဲမှာတော့ မုန်းတီးခြင်း အငွေ့တွေက
ကျွန်မကို ပြာစေကျခဲ့တယ်။ မောင့်ကို မကြည့်မိအောင် ကျွန်မထိန်းရင်း အငှားကားတစ်စီးကို
လက်ပြတားလိုက်တယ်။ ကားပေါ်အတက် မောင့်ကို “ မောင်...မောင်အတွက် သားလေးတစ်ယောက်
ကျွန်မမွေးပေးတော့မယ်” လို့ ကျွန်မ အော်ပြီး ပြောပြချင်လိုက်တာ။ မောင်ကြားရင် ကျွန်မကို ကိုင်မြှောက်ပြီး
တစ်ပတ်ရမ်းလိုက်ဦးမလား....? ကျွန်မမျှော်လင့် တာတွေ ဖြစ်မလာခဲ့တော့ပါဘူး။ ကားထဲမှာ ထိုင်ပြီး
ကျွန်မငိုမိတယ်။ ဘာကြောင့် ရန်ပွဲလေးတစ်ပွဲက အချစ်ကို ဒီလောက်အထိ ဆိုးဝါးစေခဲ့သလဲ....?
အိမ်ပြန်ရောက်တော့ အိမ်ရာပေါ်လဲရင်း မောင်မျက်လုံးထဲက အမုန်းတွေကို ကျွန်မပြန်
မြင်ယောင်မိတယ်။ စောင်ကို တင်းတင်းဆုတ်ကိုင်ပြီး ကျွန်မငိုမိပြန်တယ်။ အဲဒီညက အံဆွဲဖွင့်သံတွေကို
ကျွန်မကြားလိုက်မိတယ်။ မီးဖွင့်ကြည့်လိုက်တော့ မျက်ရည်အရွဲသားနဲ့ မောင့်ကို ကျွန်မတွေ့လိုက်မိတယ်။
ကျွန်မကို အေးစက်စက် တစ်ချက်ကြည့်ပြီး ပိုက်ဆံတွေကို မောင်ယူနေတယ်။ ကျွန်မကို မမြင်သလိုဘဲ
ဘဏ်စာအုပ်ကို ယူပြီး သူပြန် ထွက်သွားတယ်။ ကျွန်မကို တစ်ကယ်ပဲ ခွဲသွားတော့မှာလား...? မောင်က
တော်တော်ထက်တာပဲ... အချစ်နဲ့ငွေကို သပ်သပ်စီခွဲတော့မယ် ထင်တယ်။ ကျွန်မ အေးစက်စက်
ရီလိုက်မိတယ်။ မျက်ရည်တွေကတော့ ပါးပြင်ပေါ် တောက်လျောက်စီးကျလို့လာတယ်။
နောက်တစ်ရက်မှာ ကျွန်မ အလုပ်မသွားခဲ့ဘူး။ စိတ်ကို ငြိမ်ငြိမ်ထားပြီး မောင်နဲ့ ကျွန်မေ
ဆွးနွေးချင်သေးတယ်။ မောင့်ကုမ္ပဏီမှာ မောင့်ကို သွားရှာတော့ အတွင်းရေးမှူး မလေးက “ သူ့အမေ
ကားအက်ဆီဒင့်ဖြစ်ပြီး ဆုံးလို့ ဆေးရုံသွားလိုက်တယ်”။ အဲဒီစကားကြားတော့ ကျွန်မဆွံအသွားခဲ့ရတယ်။

၁၄၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

ဆေးရုံကို ကျွန်မအပြေး လိုက်သွား ခဲ့တယ်။ မောင်ကတော့ အေးစက်မာကျောတဲ့ မျက်နှာနဲ့ ကျွန်မကို


မကြည့်ခဲ့ပါဘူး။ မောင့်မေမေရဲ့ ဖြူရော်နေတဲ့ မျက်နှာ ကို ကြည့်ပြီး ကျွန်မ မယုံနိုင်အောင်ဖြစ်ခဲ့တယ်။
ဘုရားရေ.....ဘာလို့ ဒီလိုဖြစ်ရတာလဲ...?

မောင့်မေမေ သင်္ဂြိုလ်ပြီးတဲ့အထိ ကျွန်မကို မောင်စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ကျွန်မကို


ကြည့်တဲ့ အကြည့် တိုင်းမှာ မုန်းတီးမှုအပြည့်တွေနဲ့ပါ။ မောင့်မေမေ ကားတိုက်မှုနဲ့ ပတ်သက်ပြီး
ကျွန်မသိရတာက အဲဒီနေ့ မောင့်မေမေ အိမ်ကထွက်ပြီး ရွာကိုပြန်မလို့ ကားဂိတ်ကို သွားခဲ့တယ်။
မောင်လည်း အမေနောက် အပြေး လိုက်ခဲ့ပေမယ့် မျဉ်းကျားကူးချိန်မှာ တစ်ဖက်ကလာတဲ့ ကားနဲ့
တိုက်မိသွားခဲ့ကြောင်း တစ်ခြားလူတွေ ကတစ်ဆင့် ကျွန်မသိလိုက်ရတယ်။ မောင့်ရဲ့မုန်းတီးမှုတွေကို
ကျွန်မ သဘောပေါက်သလို ရှိလာတယ်။ အဲဒီနေ့ကသာ ကျွန်မ မအန်ခဲ့ရင်၊ အဲဒီနေ့ကသာ ကျွန်မတို့
ရန်မဖြစ်ခဲ့ရင်... အခုတော့ မောင်ရဲ့စိတ်ထဲမှာ ကျွန်မဟာ မောင့်မေမေကိုသတ်တဲ့ တရားခံဖြစ်နေခဲ့ပြီလား
....?
အိမ်ကို ပြန်လာပြီးတဲ့နောက် မောင့်မေမေအခန်းမှာပဲ မောင်နေခဲ့တယ်။ ညအိမ်ပြန်တိုင်း
မောင့်ကိုယ်ပေါ်မှာ အရက်နံ့တွေ မွန်းလို့နေတယ်။ အားနာခြင်းနဲ့ သနားခြင်းတွေက ကျွန်မရင်ဝကို
မွန်းကြပ်နေအောင် ဖိထား ခဲ့တယ်။ ကျွန်မတို့အတွက် မျိုးဆက်သစ်လေး ရှိနေပြီဆိုတဲ့အကြောင်း မောင့်ကို
ကျွန်မ ပြောပြချင် လိုက်တာ....ရှင်းပြချင်လိုက်တာ... ဒါပေမယ့် အေးစက်တဲ့ မောင်မျက်လုံးတွေကို
ကြည့်ပြီး အဲဒီစကားတွေကို ကျွန်မပြန်မျိုချခဲ့ရတယ်။ ကျွန်မကို နာနာလေး တစ်ခါလောက်ရိုက်လိုက်...
ရက်ရက်စက်စက် တစ်ခါလောက် ဆဲလိုက် ကျွန်မခံနိုင်ပါတယ်။ အရာအားလုံးဟာ ကျွန်မ တမင်လုပ်ခဲ့တာ
မဟုတ်ရပါဘူး မောင်ရယ်....
အဲဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် အပ်ကြောင်းထပ်ခဲ့တယ်။ မောင်အိမ်ပြန်ချိန်က
ညပိုနက်လို့လာခဲ့တယ်။ တစ်ခါက စားသောက်ဆိုင် တစ်ဆိုင်ရှေ့ကျွန်မဖြတ်တော့ ကြည်လင်တဲ့
ပြတင်းမှန်ထဲမှာ မောင်နဲ့မိန်းကလေး တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေတာကို တွေ့လိုက်မိတယ်။
မိန်းကလေးရဲ့ဆံပင်ကို မောင်က ပွတ်သပ် လို့...ကျွန်မ သဘောပေါက်လိုက်မိတယ်။ ဆိုင်ထဲကို
ကရူးကမူးပြေးဝင်ပြီး စားပွဲရှေ့မှာ ကျွန်မရပ်လိုက်တယ်။ မောင့်ကို ခပ်စူးစူးစိုက်ကြည့်လိုက်ပေမယ့် ကျွန်မ
မျက်အိမ်မှာ မျက်ရည်မရှိခဲ့ပါဘူး။ ကျွန်မ စကားတစ်ခွန်းမှ မပြောဘဲ ရပ်နေလိုက်မိတယ်။
ကျွန်မကိုကြည့်လိုက် မောင့်ကိုကြည့်လိုက်နဲ့ ထရပ်ပြီး ထွက်ဖို့ပြင်နေတဲ့ မိန်းကလေးကို
မောင်က လက်လှမ်း ဆွဲလိုက်တယ်။ ပြီးတော့ အေးစက်ခက်ထန်တဲ့ အကြည့်နဲ့ ကျွန်မကိုကြည့်နေတယ်။
ကျွန်မနှလုံးခုန်သံကို ကျွန်မ ပြန်ကြားနေမိတယ်။ သေမင်းရဲ့ နုတ်ခမ်းဝမှာ ခုန်နေသလိုမျိုး... ကျွန်မဟာ
ရှူံးသူပါ။ ဆက်ရပ်နေရင် ကျွန်မ ရော ဗိုက်ထဲက ကလေးပါ အဲဒီနေရာမှာ လဲကျသွားနိုင်တယ်။
အဲဒီညက မောင်ပြန်မလာခဲ့ဘူး။ အဲဒီလိုနည်းနဲ့ သူနဲ့ကျွန်မကြားက သံယောဇဉ်ကို
သဘောပေါက်စေပုံရတယ်။ ယောက္ခမရဲ့သေဆုံးမှုနောက်မှာ ကျွန်မတို့ရဲ့ အချစ်လည်း လိုက်ပြီးသေ
ဆုံးသွားခဲ့ရပြီ။ မောင်လုံးဝ ပြန်မလာခဲ့ တော့ပါဘူး။ တစ်ခါတစ်လေ ကျွန်မအလုပ်ဆင်း ပြန်လာရင်
အိမ်ကဘီရိုတွေ မွေနောက်ထားသလိုပဲ...ကျွန်မ မရှိတုန်း မောင်သူ့ပစ္စည်းတွေ ပြန်လာယူတယ်ထင်တယ်။
မောင်ကို ကျွန်မ ဖုန်းလည်းမဆက်ခဲ့ဘူး။ အစက မောင့်ကို ကျွန်မရှင်းပြဖို့ ရည်ရွယ်ထားတဲ့ စိတ်တွေ လုံးဝ
ပျောက်ဆုံးသွားခဲ့ရပါပြီ။
ကျွန်မတစ်ယောက်တည်း ဆေးရုံသွားပြီး စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ တစ်ခြား ကိုယ်ဝန်ဆောင်
မိခင်လောင်း တွေကို လင်ယောက်ျားနဲ့အတူ ဆေးရုံလာတာကို မြင်ရင် ကျွန်မရဲ့နှလုံးသားတွေ
မွကြေသွားသလို ခံစားမိ တယ်။ လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်ဝန်ဖျက်ချဖို့ အကြံပေးတယ်။
ကျွန်မ မလုပ်ရက်ဘူး... ဘယ်လိုနည်း နဲ့ဖြစ်ဖြစ် ကျွန်မမွေးကို မွေးမယ်။ မောင့်မေမေအတွက်
အလျော်ပဲဖြစ်ဖြစ်ပေါ့။
တစ်ရက် ကျွန်မအလုပ်ဆင်းပြန်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ မောင့်ကိုတွေ့လိုက်မိတယ်။
အခန်းတစ်ခုလုံး လည်း ဆေးလိပ်မီးခိုတွေနဲ့ မွမ်းကြပ်လို့....စားပွဲခုန်ပေါ်မှာ စာရွက်တစ်ရွက် တင်ထားတယ်။
အဲဒီစာရွက်ကို ကျွန်မ မကြည့်လဲ ဘာအတွက်ကြောင့် ဆိုတာကို ကျွန်မ သိလိုက်ပါတယ်။
မောင်မရှိတဲ့ နှစ်လအတွင်း စိတ်၏ တည်ငြိမ်ခြင်းကို ကျွန်မကျင့်သားရခဲ့တယ်။ “ခဏလေး...

၁၄၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ကျွန်မလက်မှတ် ထိုးပေးမယ်” ဦးထုပ်ကိုချွတ်ရင်း မောင့်ကိုကျွန်မကြည့်ပြီး ပြောလိုက်တယ်။ ကျွန်မလိုပဲ


မောင့်မျက်လုံးထဲမှာလည်း တွေဝေခြင်းတွေ ပြည့်နှက်လို့နေတယ်။ အပေါ်အင်္ကျီကိုချွတ်ရင်း မငိုမိစေဖို့
ကျွန်မအားတင်းလိုက်တယ်။ အင်္ကျီကို ချိတ်ပြီး မောင်ဖက်လှည့်လိုက်တော့ မောင်က ပြည့်ဖောင်းလာတဲ့
ကျွန်မရဲ့ဗိုက်ကို မျက်တောင်မခတ် စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ ကျွန်မပြုံးပြုံးလေးနဲ့ စာရွက်ပေါ်
လက်မှတ်ထိုး လိုက်ပြီး မောင့်ဆီ စာရွက်ကို တွန်းပို့လိုက်တယ်။
“လူဒီ....မင်း ကိုယ်ဝန်ရှိနေပြီ ?”
အမေသေဆုံးသွားပြီးတဲ့နောက် ဒါဟာ ပထမဆုံးအကြိမ် ကျွန်မကို မောင်စကားပြောခြင်းပါ။
ကျွန်မမျက်လုံးကို ကျွန်မ မထိန်းနိုင်ခဲ့ဘူး။ ပါးပြင်ပေါ်ကို မျက်ရည်တွေ တရဟောစီးကျလာခဲ့တယ်။
“ဟုတ်တယ်...ဒါပေမယ့် ကိစ္စမရှိဘူး....ရှင် သွားလို့ရပြီ”
မောင် ထွက်မသွားခဲ့ဘူး။ အမှောင်ထဲမှာ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လို့....
မျက်ရည်တွေ မောင်ပါးပြင်ထက် စီးကျလို့ လာခဲ့တယ်။ အရာအားလုံးဟာ အဝေးမှာ ကျန်ရစ်ခဲ့ပါပြီ...ဝေးလွန်း
လို့ ကျွန်မ အပြေးလိုက်ခဲ့လဲ ဖမ်းဆုပ်လို့ မရခဲ့တော့ပါဘူး။
“မောင်မှားသွားတယ်”လို့ တောင်းပန်စကားက ဘယ်နှစ်ကြိမ်မြှောက်မှန်းမသိ မောင်ဆီက
ကျွန်မကြားခဲ့ ရတယ်။ အစတော့ ကျွန်မဟာ ခွင့်လွတ် နားလည်တတ်သူ တစ်ယောက် ဖြစ်တယ်လို့
ကိုယ့်ကိုကိုယ်ထင်ခဲ့ မိတာ...အခုတော့ မဟုတ်ခဲ့ပါလား။ စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ အေးစက်မာကျောတဲ့
မောင့်အကြည့်တွေ ဒီတစ်သက် ကျွန်မ ဘယ်လို မေ့လို့ရနိုင်မလဲ....?

(၄)

ဒီအဖြစ်အပျက်မှာ ကျွန်မရဲ့သေးငယ်တဲ့ မတော်တဆ အပြုအမူတစ်ခုကို မောင်က


တမင်သက်သက် ကြီးထွား အောင် ပြုလုပ်ခဲ့တယ်။ အေးစက်တဲ့ ဒီအကြည့်တွေ အရည်ပျော်ဖို့
မျှော်လင့်ခဲ့ပေမယ့် ကျွန်မတို့ရဲ့ နှလုံးသား ကိုယ်စီမှာ ဒဏ်ရာတွေက အထပ်ထပ် ထင်ကျန်ရစ်ခဲ့ပြီလေ။
ဗိုက်ထဲက ကလေးကို စဉ်းစားမိတိုင်း ရင်ကို နွေးထွေးစေခဲ့ပေမယ့် မောင့်ကို ကျွန်မအေးတိအေးစက်ပဲ
ဆက်ဆံခဲ့တယ်။ မောင်ကျွေးတာတွေ မစားဘူး၊ မောင်ဝယ်တာတွေ မယူဘူး၊ မောင်နဲ့လဲ
ကျွန်မစကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ဟိုစာရွက်ပေါ် ကျွန်မလက်မှတ် ထိုးပြီးကတည်းက လက်ထပ်ခြင်းနဲ့
ချစ်ခြင်းဆိုတာ ကျွန်မဘ၀မှာ လုံးဝပျောက်ဆုံးသွားခဲ့ရတယ်။ အိပ်ခန်းထဲ မောင်ဝင်လာရင်
ကျွန်မဧည့်ခန်းဖက်ကို ရှောင်တယ်။ နောက်တော့ မောင် အမေ့ခန်းမှာပဲ အိပ်တော့တယ်။
ည...မောင့်အခန်းက ညည်းသံတိုးတိုးလေးကို ကျွန်မကြားလိုက်မိတယ်။ ဒါဟာ
မောင့်အကျင့်ပေါ့။ အရင်က ကျွန်မစိတ်ကောက်ရင် မောင်က ဖျားချင်ဟန်ဆောင်ပြီး ညည်းပြတတ်တယ်။
မောင်တကယ်ဖျားနေတယ် အထင်နဲ့ စိုးရိမ်တကြီး ပျာရာခတ်နေတတ်တဲ့ ကျွန်မကို မောင်က ပွေ့ဖက်ရင်း
တဟားဟား အော်ရီတတ်တယ်။ အဲဒီတုန်းက မောင့်ကိုစိုးရိမ်တာဟာ အချစ်စိတ်ကြောင့်ဆိုတာ
မောင်မေ့နေခဲ့ပြီလား...? အခုတော့...... ကျွန်မမှာ အဲဒီအချစ်တွေ မရှိတော့ပါဘူး။
မောင့်ညည်းသံက ကျွန်မ မွေးဖွားရက်အထိ ရက်ရှည်ခဲ့တယ်။ ကလေးအသုံးအဆောင်
ပစ္စည်းတွေ မောင်နေ့တိုင်း ၀ယ်ပြန်ခဲ့တယ်။ ကလေးစာအုပ်တွေ၊ စားစရာတွေ တစ်ထုပ်ပြီး တစ်ထုပ်
အိမ်ထဲမှာ တောင်ပုံရာ ပုံပါပဲ။ မမြင်ရသေးတဲ့ ရင်သွေးအတွက် အဲဒီလို ပုံစံနဲ့ ကျွန်မစိတ်ပြန်လည်လာအောင်
မောင်ကိုင်လှုပ်ခဲ့တယ်။ ကျွန်မရဲ့စိတ်တွေ မာကျောသွားပြီ မောင်။ မောင်ကို စကားလဲမပြော၊ ဂရုလဲ
မစိုက်ခဲ့တဲ့အတွက် မောင်ဟာ သူ့အခန်းထဲမှာပဲ ပိတ်လှောင်ပြီး ကွန်ပျူတာနဲ့ စာတွေ တစ်ချောက်ချောက်ရို
က်နေခဲ့တယ်။
“မောင်ဘာလုပ်နေမလဲ...?” ကျွန်မ နည်းနည်းမှ စိတ်မ၀င်စားခဲ့တော့ပါဘူး။

ဒီလိုနဲ့ လတွေကြာခဲ့တယ်။ ညတစ်ညမှာ ဗိုက်ထဲထိုးပြီး နာလာလို့ ကျွန်မအော်လိုက်တဲ့


အသံကိုကြားတော့ မောင်ဟာ မြှားတစ်စီးရဲ့အလျှင်လိုပဲ ကျွန်မအခန်းထဲ ပြေးဝင်လာခဲ့တယ်။
ဒီလိုနေ့မျိုးကိုပဲ မောင်စောင့်နေ ခဲ့တယ် ထင်တယ်။ ကျွန်မကို ထမ်းပိုးပြီး အိမ်ထဲကနေ အပြေးထွက်ခဲ့တယ်။

၁၄၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

ကားတစ်စီးဌားပြီး တစ်လမ်းလုံး ကျွန်မရဲ့လက်ကို တင်းတင်းဆုပ်ကိုင်လို့ နှာဖူးပေါ်ကျလာတဲ့ ချွေးတွေကို


မောင် သုတ်ပေးနေခဲ့တယ်။ ဆေးရုံ ရောက်တော့ သားဖွားမီးယပ်ဆောင်ဖက် ကျွန်မကို ထမ်းပိုးပြီး
မောင်အပြေးသွားနေခဲ့တယ်။ မောင်ရဲ့ပိန်လှီတဲ့ နောက်ကျောကိုမှီရင်း ကျွန်မခေါင်းထဲ အတွေးတစ်ချို့ဝင်လာ
ခဲ့တယ်။ မောင့်လောက် ကျွန်မအပေါ် ဘယ်သူက ချစ်နိုင်ဦးမလဲ.... ? မီးဖွားခန်းထဲ တွန်းဝင်သွားတဲ့ ကျွန်မကို
တံခါးဝမှာ ရပ်ပြီး မောင်ကြည့်နေခဲ့တယ်။ နာတာကို အောင့်အီးပြီး မောင့်ကို ကျွန်မ ပြုံးပြလိုက်မိတယ်။

ကျွန်မနဲ့သားလေးကို ကြည့်ပြီး မောင်မှာ ကြည်နူးမဆုံး တပြုံးပြုံးဖြစ်နေတော့တယ်။


မောင့်လက်ကို ကျွန်မ ဆုပ်ကိုင်လိုက်တယ်။ ကျွန်မကို မောင်တစ်ချက်ပြုံးပြပြီး ရုတ်တစ်ရက် မောင်ပျော့ချွေပြီး
လဲကျသွားတယ်။ မောင်............နွမ်းနယ်တဲ့ မောင့်မျက်လုံးတွေကို ပြန်ဖွင့်မလာသေးဘူး။ မောင့်အတွက်
မျက်ရည်တွေ ကုန်ခဲ့ပြီလို့ ထင်ခဲ့တဲ့ ကျွန်မ တစ်ကိုယ်လုံး ဆွဲဆုတ်ထားသလို နာကျင်နေခဲ့တယ်။ တာဝန်ကျ
ဆရာဝန်က မောင်ရဲ့အသဲ ကင်ဆာဟာ နှောင်းပိုင်းကို ရောက်နေပြီ ဖြစ်တဲ့အကြောင်း၊ မောင်အခုထိ
တောင့်ခံနိုင်ခဲ့တာ ထူးဆန်းမှု တစ်ရပ်ဖြစ်ကြောင်း ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ ၅လကတည်းက မောင်မှာ
အသဲကင်ဆာရှိကြောင်း သိခဲ့ရတယ်တဲ့.... အားလုံးကို ပြင်ဆင်ထားတော့လို့ ဆရာဝန်က ကျွန်မကို
နှစ်သိမ့်ခဲ့တယ်။
နပ်စ်တားတာကို ကျွန်မဂရုမစိုက်တော့ဘူး။ ဆေးရုံကဆင်းပြီး အိမ်ကို ကျွန်မပြန်ခဲ့တယ်။
မောင့်အခန်းထဲဝင်ပြီး ကွန်ပျူတာကို ကျွန်မဖွင့်လိုက်တယ်။ မောင့်ရောဂါကို စသိတာ လွန်ခဲ့တဲ့ ၅လကတဲ့..
မောင်ညည်းသံတွေက တကယ်ပေါ့။ ကွန်ပျူတာထဲမှာ သားအတွက် မောင်ရေးထားခဲ့တဲ့ စာတွေ.....
သား...သားကြောင့် ဖေဖေအခုချိန်ထိ တောင့်ခံခဲ့တယ်။ သားမျက်နှာကို မြင်ပြီးမှ ဖေဖေလဲကျသွားပါစေ
ဖေဖေကျေနပ်တယ်။ သားဘ၀မှာ ပျော်ရွှင်တာတွေ၊ စိတ်ညစ်တာတွေ ကြုံရဦးမယ်ဆိုတာ ဖေဖေသိတယ်။
သားရဲ့ကြီးပြင်းလာမယ့် လမ်းတစ်လျောက်မှာ ဖေဖေသာ ရှိခဲ့မယ်ဆိုရင် ဘယ်လောက်ပျော်စရာ
ကောင်းလိမ့်မလဲ.. ဖေဖေမှာ ဒီလိုအခွင့်အရေးတွေ မရှိတော့ဘူး သားရယ်။ သားဘ၀မှာ ကြုံတွေ့တတ်ရမယ့်
မေးခွန်းတွေအတွက် ဖေဖေစာတွေရေးခဲ့တယ်။ ဖေဖေအကြံပြုချက်ကို သားမှီငြမ်းနိုင်ပါစေ။ ဖေဖေရဲ့
ဒီစာတွေနဲ့ သားကြီးပြင်းလာမယ့် လမ်းတစ်လျောက်မှာ အဖော်လုပ်နိုင် လိမ့်မယ်လို့ ဖေဖေယုံကြည်တယ်။
ဖေဖေ အရမ်းပျော်တယ်သား။ သားမေမေ့ကိုလည်း သိပ်ချစ်တယ်။ သူအရမ်းပင်ပန်းနေပြီ။ သူဟာ
သားကိုသိပ်ချစ်တဲ့ မိခင်တစ်ယောက်၊ ဖေဖေသိပ်ချစ်တဲ့ မိန်းမတစ်ယောက်ပေါ့ကွယ်။
သားမူကြိုကျောင်း တက်တာကအစ ဘွဲ့ရပြီး အလုပ်ဝင်တဲ့အထိ နောက် ချစ်သူရည်းစား
ထားတဲ့အထိ သားအတွက် မမြင်ရသေးတဲ့ အနာဂတ်ကို စိတ်ရှည်လက်ရှည်နဲ့ တသီတကုံး မောင်
ရေးထားခဲ့တယ်။
ကျွန်မအတွက် စာမှာတော့...
လူဒီ...ဒီတစ်သက် မောင့်အတွက် အပျော်ရွှင်ဆုံးဟာ လူဒီကို လက်ထပ်ခဲ့ခြင်းပါပဲ။ လူဒီကို
ဒဏ်ရာတွေ ရစေခဲ့တဲ့ မောင့်ကို ခွင့်လွတ်ပေးပါ။ ရောဂါကို ကွယ်ဝှက်ထားခဲ့တဲ့ အတွက်လည်း ခွင့်လွတ်ပေးပါ။
သားလေးမမွေးခင် လူဒီကို စိတ်မထိခိုက် စေချင်လို့ပါ။ ဒီစာကို ဖတ်ရင်း မျက်ရည်ကျခဲ့မယ်ဆိုရင် မောင့်ကို
ခွင့်လွတ်ပြီပေါ့နော်... မောင့်ကို ချစ်နေသေးတဲ့အတွက် ကျေးဇူးပါ လူဒီ.... ဒီလက်ဆောင်တွေက
မောင်ကိုယ်တိုင် သားလေးကို မပေးနိုင်တော့ပါဘူး။ လူဒီကပဲ နှစ်တိုင်း မောင့်ကိုယ်စား သားကို
ပေးပေးပါနော်။ ဘူးပေါ်မှာ လက်ဆောင်ပေးတဲ့ နှစ်ရက်လတွေကို ရေးဖို့ မမေ့ပါနဲ့...လူဒီ။
မောင်က မေ့မျော့နေဆဲပါ။ သားကို ကျွန်မပွေ့ပြီး မောင့်ရင်ခွင်ထဲ ထည့်ပေးလိုက်တယ်။ “
မောင်... မျက်လုံး လေးဖွင့်ပြီး တစ်ချက်လောက် ပြုံးလိုက်ပါလား မောင်... မောင်ရင်ငွေ့ကို သားတစ်သက်
မှတမ် သွိားစေချင်လပ့ိုါ” ကျွန်မအသံကြောင်ထ
့ င်တယ် မျက်လုံးကို မောင်အားယူ ဖွငလ
့် က
ို တ
် ယ်... ယဲယ
ဲ့လေး
ပြုံးလို့ သားကမောင့် ရင်ခွင်မှာ လက်ကလေးကို ဟိုရမ်းဒီရမ်းနဲ့... ကျွန်မ ကင်မရာ ရှပ်တာကို အမြန်ဆုံး
နှိပ်ချလိုက်တယ်။ မျက်ရည်တွေက ပါးပြင်ပေါ်ကို အတားအဆီးမဲ့ စီးကျလို့ လာခဲ့ပြန်ပါတော့တယ်။

ပြီးပါပြီ။

ပြောစရာရှိတဲ့ စကားကို ရင်ထဲ အကြာကြီး မထည့်ထားမိဖို့၊ ကိုယ်ချစ်တဲ့သူကို အကြာကြီး

၁၄၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

စိတ်ကောက်မိရင် သေးငယ်တဲ့ ပြဿနာဟာ ပိုကြီးလာ တတ်တဲ့အကြောင်း၊ ဒါမှမဟုတ် နှစ်ဦးနှစ်ဖက်


ယူကြုံးမရနိုင်တဲ့ အထင်လွဲ မူတွေ ဖြစ်လာတတ်တဲ့ အကြောင်း ဒီဇာတ်လမ်းက ပြောပြသွားခဲ့ပါတယ်။
မနက်ဖြန် ဘာဖြစ်လာနိုင်မလဲ....? ဘယ်သူမှ မသိနိုင်ပါဘူး။ အချို့ကိစ္စတွေဟာ အစားထိုး
အလျော်ပြန်မရနိုင်တဲ့ အရာတွေပါ။ ဒါကြောင့် ကိုယ်ချစ်တဲ့သူကို အကြာကြီး စိတ်မကောက်ကြပါနဲ့လို့......
ယောက္ခမနှင့် ချွေးမကြားတွင် ဖြစ်တတ်သော ပြဿနာကြောင့် ပျက်စီးသွားသော
ဖြစ်ရပ်မှန် အိမ်ထောင်ရေး ဇာတ်လမ်းတပုဒ်.....“လူဒီ” ပြောပြီး “လျှင်စုရှမ်” ရေးသားကာ နိုင်းနိုင်းစနေ
ဘာသာပြန်သည်။

နိုင်းနိုင်းစနေ

၁၄၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

စိမ်းစိုတဲ့ ကုန်းမြင့်လွင်ပြင် ဟိုးအောက်ခြေမှာ အဖြူရောင်ဘုရားကျောင်းလေးတစ်ကျောင်း။


ထိုဘုရားကျောင်းဆီက ခေါင်းလောင်းသံသဲ့သဲ့ လွင့်ပျံ့ လာသည်။ ဘုရားကျောင်းလေး ပတ်ပတ်လည်မှာ
စိန်ပန်းပင်၊ ခရေပင်တို့စီတန်းပေါက်နေကြသည်။ တောင်ကုန်းစိမ်းရဲ့ထိပ် ကုန်းမိုမြင့်မြင့်ပေါ်မှာ
လူတယောက်ထိုင်နေသည်။ အဖြူရောင်ရှပ်အင်္ကျီ၊ အညိုကွက်ပုဆိုးနဲ့ ထိုသူသည် တောင်ကုန်းအောက်ရှိ
ဘုရားကျောင်းလေးရှိရာကို ငေးကြည့်နေသည်။ သူ့ဆံပင်လှိုင်းတွန့်လေးတွေ လေမှာ အသာအယာလှုးလွန့်
သွားသည်။သူ့နောက်ခပ်လှမ်းလှမ်းမှာ ကျွန်မရပ်ရင်း သူ့ကော်လာဖြူဖြူလေးကို ငေးကြည့်နေမိသည်။
ကျွန်မရင်တွေခုန်နေခဲ့မိသည်။မတွေ့ရတာ သိပ်ကြာနေခဲ့ပြီပဲ။မပြောခဲ့ရတဲ့ စကားတွေ၊
ဒီတခါတော့ အသိပေးတဲ့အနေနဲ့ ပြောပြလိုက်တော့မယ်။ ဒီအရွယ်တွေရောက်မှတော့
ကျွန်မတို့အားလုံး ရင့်ကျက်တည်ငြိမ်နေကြပြီပဲလေ။ ဖွာကြဲလန်နေတဲ့ သူ့ပုဆိုးအနားစတွေရယ်၊
ဖာထေးထားတဲ့ အပ်ချည်ရာတွေကိုလဲ မြင်နေရသည်။ သူ့အင်္ကျီဖြူဖြူကတော့ နေရောင်အောက်မှာ
မျက်စိကျိမ်းစပ်မတတ် ဖြူစင် တောက်လက်နေသည်။ သူကတော့ ကျွန်မနောက်မှာ ရောက်နေတာကို
မသိ။ ဘုရားကျောင်းလေးဘက်ကိုသာ စိတ်ဝင်တစား ငေးကြည့်နေသည်။
စိန်ပန်းပင်၊ သရက်ပင်တို့ စီတန်းပေါက်နေသော သရက်ပင်တန်းလမ်းမကျယ်အတိုင်း
အဖြူရောင်ကားနှစ်စင်း ရှေ့ဆင့်နောက်ဆင့် ဖြည်းငြင်းစွာမောင်းနှင်လာသည်။ ဘုရားကျောင်းရှေ့မှာလဲ
တောက်တောက်ပြောင်ပြောင်အ၀တ်အစားတွေနှင့် လူကြီး၊ လူငယ်၊ မိန်းမကြီးငယ်တို့။ ရှေ့မှကားက
ဘုရားကျောင်းရှေ့မှာ ထိုးဆိုက်လိုက်တော့ ကားထဲမှ သတို့သားဖြစ်သူဆင်းလာသည်။ သတို့သားက
ဘုရားကျောင်းရှေ့က စောင့်နေသော ဆွေမျိုးမိတ်ဆွေများကို ပြုံးရယ်နှုတ်ဆက်ပြီး လူပျိုရံများနှင့်အတူ
ဘုရားကျောင်းထဲသို့ ၀င်သွားသည်။ နောက်ကထပ်ကျပ်မကွာလိုက်လာသော ကားဖြူဖြူထဲမှ
မျက်နှာကို ဇာပုဝါအဖြူနှင့် အုပ်မိုးထားသော သတို့သမီးဆင်းလာသည်။ ဇာအထပ်ထပ် ဖဲပုဝါနောက်က
သတို့သမီးမျက်နှာကို ကျွန်မ အာရုံစိုက်ကြည့်လိုက်သည်။ ကင်မရာ အနီးကပ်မှန်ပြောင်းချိန်လိုက်သလို
ဟိုးအမြင့်တောင်ကုန်းပေါ်မှာ ရပ်နေတဲ့ကျွန်မရဲ့ မျက်လုံးတွေက တောင်ကုန်းလေးအောက်က သတို့သမီးရဲ့
မျက်နှာပေါ်က အုပ်ကျနေတဲ့ ပုဝါကို ထွင်းဖောက်သွားသည်။

၁၄၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

“ဟင်”
“ကျွန်မ …အဲဒါ..ကျွန်မပါလား”
“မဟုတ်ဘူးလေ…အဲဒါ ကျွန်မ မဟုတ်ဘူး”
“ကျွန်မက ဒီမှာ…သတို့သမီးက ကျွန်မ မဟုတ်ဘူး”
“ကျွန်မက” ရဲ့အနောက်မှာလေ”
“. . . .”
သူ့ကို ကျွန်မ ခပ်တိုးတိုး ထပ်ခေါ်ကြည့်လိုက်သည်။ သူကတော့ တောင်ကုန်းအောက်က
ဘုရားကျောင်းလေးထဲကို လှမ်းဝင်သွားတဲ့ အဖြူရောင် သတို့သမီးကို မမှိတ်မသုန် ငေးကြည့်နေသည်။
ကျွန်မ သူ့ဘေးမှာ ကပ်ထိုင်ချလိုက်ပြီး သူ့မျက်နှာကို ကြည့်လိုက်သည်။
ရီဝေတဲ့မျက်ဝန်းတွေထဲမှာ မျက်ရည်ကြည်တွေ ရစ်ဝိုင်းနေပါလား…ယောင်္ကျားလေးတစ်
ယောက်မှာ ဒီလောက်လှတဲ့ မျက်တောင်တွေရှိနေနိုင်တာကို အံ့သြမိပြီး ကျွန်မအကြာကြီးငေးကြည့်နေခဲ့မိ
သည်။
သူ့ရဲ့လှပတဲ့မျက်တောင်စင်းတွေအောက် မျက်ဝန်းထဲက မျက်ရည်ဥတွေ သူ့ပါးပြင်ပေါ်ကို ဖြည်း
ဖြည်းလေးလိမ့်ဆင်းလာနေတာကိုမြင်လိုက်ရမှ ကျွန်မလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
” အဲဒါကျွန်မ မဟုတ်ဘူး”
“. . . .”
ကျွန်မ အားကုန်အော်လိုက်သည်။ သူ ကျွန်မကို မကြား၊ သတို့သမီးကိုသာ ငေးမြဲငေးနေသည်။
သူ့မေးစေ့ကို ကျွန်မ လက်နှင့် အသာဆွဲလှည့်လိုက်သည်။
“အို...”
လှည့်မလာခဲ့၊ ကျွန်မလက်ချောင်းတွေက သူ့ကို ထိကိုင်လို့မရ။ သူကတော့ ထောင်ထားတဲ့ဒူးကို
လက်နဲ့ပိုက်ဖက်ရင်း ဒူးပေါ်မေးစေ့ထောက်လိုက်ပြီး ဘုရားကျောင်းဘက်ကို မျက်ရည်တွေဝိုင်းနေတဲ့မျက်ဝန်
းတွေနဲ့ စိုက်ကြည့်မြဲ စိုက်ကြည့်နေခဲ့သည်။ အနက်ရောင်သဲကြိုးနဲ့ မန္တလေးဖိနပ်တပတ်နွမ်းလေး စီးထားတဲ့
သူ့ခြေထောက်တွေကတော့ ဟိုတုန်းကလိုပဲ သန့်ရှင်းသေသပ်နေသည်။
“ဟင်...”
သူ့ခြေဖမိုးနားက မြက်ခင်းစိမ်းပေါ်မှာ လတ်လတ်ဆတ်ဆတ် ခရေကုံးလေးတစ်ကုံးပါလား။
ရင်တထိတ်ထိတ်နှင့် ခရေကုံးလေးကို လက်နဲ့ယူလိုက်သည်။
“အို...”
ခရေကုံးလေးက မြက်ခင်းပေါ်မှာ နေရာမရွေ့။ သူ့ခြေဖမိုးကို ကျွန်မရဲ့ လက်ချောင်းလေးတွေနှင့်
မရဲတရဲ တို့ကြည့်လိုက်မိပြန်သည်။ သူ ကျွန်မတို့လိုက်တာကို ဘာမှ မခံစားခဲ့ရ။ ကျွန်မရဲ့လက်ချောင်းတွေ
ကလဲ သူ့ခြေဖမိုးကို ထွင်းဖောက်သွားသည်။
“. . . .”
နောက်ဆုံးအကြိမ် အနေနဲ့ သူ့နာမည်ကို ဆွေးမြေ့စွာခေါ်ကြည့်လိုက်မိသည်။ သူကတော့
ကျွန်မခေါ်သံကိုမကြား၊ သရက်ပင်တန်းလမ်းကိုသာငေးကြည့်နေခဲ့သည်..
အပြင်မှာ ရောင်နီသန်းပြီ။ နှင်းမှုန်လေးတွေ ခပ်ဖြည်းဖြည်းကျနေသည်။ နေ့သစ်တစ်ခု
အစပျိုးခဲ့ပြီ။
“. . . .”
“. . . .”
“. . . .”
ညက ငါ့ဝိညာဉ် ခပ်တိုးတိုးတောင်ပံခတ်လို့ မင်းအနားမှာ ရစ်ဝဲခဲ့တယ်... ခရေရှင်ရယ်။

အိမ့်ချမ်းမြေ့

၁၄၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

လေအေးလေးတစ်ချက်က ကိုယ့်နဖူးကို လာပြီးတိုးဝှေ့တာကို ခံစားလိုက်ရတယ်။ ဖြတ်ခနဲ


လန့်နိုးသွားတယ်။ ညကတံခါးပိတ်အိပ်ထားပါတယ်ပေါ့။ အပေါ်ကို တစ်ချက်လှမ်းကြည့်လိုက်တော့မှ
ပြတင်းပေါက်တစ်ချပ်ကို လေတိုးလို့ ပွင့်နေတာကို တွေ့လိုက်ရတယ်။ ဩော်. အခန်းထဲမှာလည်း ဘယ်သူမှ
မရှိကြတော့ပါလား…
နာရီကို လှမ်းကြည့်လိုက်တော့ မနက် ၁၀ နာရီထိုးနေပြီပဲ။ ခါတိုင်းဆို ဒီအချိန်
အလုပ်ကိုသွားနေပြီ။ ဒီနေ့တော့ နားရက်မို့လို့ အိပ်ယာထဲမှာ ခဏ ခွေနေလိုက်တယ်။ မြေအောက်ခန်းထဲကို
အလင်းရောင်လေးတွေ ကွက်တိကွက်ကျားဝင်နေတာကို ခံစားချက်မပါတဲ့ မျက်လုံး၊ ဟာနေတဲ့ရင်ဘတ်နဲ့
လိုက်ကြည့်နေလိုက်မိတယ်။
“ဒီနေ့ အမေနေ့ပါလား ...”
မနေ့ညက Online မှာခဏနေတုန်း အစ်မ Email လာပို့တယ်။ စကားပြောလို့ရလားလို့
မေးတာနဲ့ ရတယ်ဆိုပြီး အကြောင်းပြန်လိုက်ပါတယ်။ နာရီဝက်လောက်နေတော့ အမေနဲ့အစ်မ Gtalk ထဲကို
ဝင်လာခဲတ့  ယ်။ ပုမံ န
ှ က
် တော့ တစ်ပတ်တစ်ခါ စနေနေ့ညဆုရိ င် စကားပြောဖြစ်ပါတယ်လေ. ခုတလော အလုပ်
နည်းနည်းများနေတာရယ်၊ စာမေးပွဲခံသွားတာရယ်ကြောင့် ၂ ပတ်လောက် စကားမပြောဖြစ်လိုက်ဘူး…
ညကအမေနဲ့ ပြောဖြစ်တဲ့ စကားတစ်ချို့နဲ့ အလုပ်ကိစ္စလာတိုင်ပင်တဲ့ အစ်မအတွက်
ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာကို နိုးနိုးချင်း စဉ်းစားမိလိုက်တယ်။ ဖုန်းကို တစ်ချက်ကြည့်လိုက်သေးတယ်။
ဘယ်သူမှလည်း မခေါ်ထားပါလား။ မအား လို့ပဲနေမှာပါလေလို့ ပြန်နှစ်သိမ့်ရင်း စောင်ကို တင်းတင်းပြန်ခြုံ
လိုက်တယ်။ မျက်စိကို ပြန်မှိတ်လိုက်တယ်။
“. . . .”
“. . . .”
“. . . .”
မနေ့က တစ်နေ့လုံးချောင်းဆိုးပြီး အအေးမိသလို ဖြစ်နေခဲ့တယ်။ အလုပ်ကတော့
သွားရတာပေါ့လေ။ စနေနေ့ဆိုရင် စားသောက်ဆိုင်က လူပိုကျတတ်တာကိုး။ အလုပ်မှာ တစ်ခါတစ်လေ
မိုက်ခနဲဖြစ်ဖြစ်သွားတာကို သတိထားမိလိုက်တယ်။ ခရီးဆက်တိုက်ထွက်တာရယ်၊ စိတ်မကောင်းစရာ

၁၄၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

အဖြစ်အပျက်တစ်ချို့တွေရဲ့ ကျိန်စာအောက်မှာ ရောက်နေခဲ့တာရယ်ကြောင့် ကိုယ့်ကိုယ်ကို ခဏ


လျစ်လျူရှုမိသွားတယ်။ ဒါကြောင့်မို့ မနေ့ညကအိမ်နဲ့ စကားမပြောတော့ဘူးလို့ စဉ်းစားထားတာပါ။
ခုတော့ တိုက်တိုက်ဆိုင်ဆိုင်လည်း တွေ့ရ၊ စကားလည်း ပြောချင်၊ မနက်ဖြန်လည်း အားရက်ဆိုတော့
အမေလာမယ်ဆိုတာကို ၀မ်းသာအားရပဲ ကြိုဆိုလိုက်ပါတယ်.
ကျောင်းစရိတ်အတွက် ပိုက်ဆံကို ကြိုးစားစုနေရတဲ့ တစ်ယောက်တည်းသမား
အတွက် အရာရာဟာ အဆင်ပြေမယ်မဟုတ်ဘူးဆိုတာ တွက်ပြီးသားပါလေ။ တစ်စုံတစ်ရာကို
မှားယွင်းဆုံးဖြတ်မိတာနဲ့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေဟာ ကိုယ်ကိုယ်တိုင်ကိုသာ မကဘဲ မိုင်ပေါင်
းထောင်ချီဝေးတဲ့ တစ်နေရာက မိသားစုဝင်တွေရဲ့ အနာဂတ်ကိုပါ ဖျက်ဆီးလိုက်သလို ဖြစ်သွားနိုင်တာမို့
အစစအရာရာ ဂရုစိုက်နေထိုင်ခဲ့ရတယ်။
ဒါပေမယ့် မှားမှာကြောက်လို့ ဘာမှစွန့်စွန့်စားစား မလုပ်ရဲဘဲ လုံလုံခြုံခြုံ စီစဉ်တွက်ချက်တတ်တဲ့
ကိုယ်ရည်ကိုယ်သွေးမျိုးကိုတော့ ကိုယ်ပိုင်ဆိုင်ဖို့ တစ်ခါမှ မကြိုးစားခဲ့ဖူးဘူး။ စွန့်စားမှုကိုလည်း
မလျှော့သေးပါဘူး။ ခုလည်း စွန့်ပြီး ထွက်လာခဲ့ပြန်ပြီလေ။ အောင်မြင်မှုရဲ့အရသာ ဆိုတာ ကလည်း
စွန့်စားပြီးရမှ ပိုပြီး မြိန်ရည်ရှက်ရည်ရှိတာ မဟုတ်လား။
“ငါ့သားဘာဆက်လုပ်မယ် စဉ်းစားထားလဲ”
အထင်ကြီးလေးစားစွာနဲ့ မေးလိုက်တဲ့ အမေ့ရဲ့ မေးခွန်းကို ချက်ချင်းပြန်မဖြေလိုက်
နိုင်သေးဘူး။ ဆက်လုပ်မယ့် အစီအစဉ်တွေကို အခက်အခဲသိပ်မရှိတဲ့ ပုံစံလေးနဲ့ ပေါ့ပေါ့လေးပဲ
အကြမ်းဖျင်း ပြောပြလိုက်ပါတယ်။ သိပ်ခက်နေတာကို အမေသိသွားရင် စိတ်မကောင်းဖြစ်နေမယ်လေ။
စကားပြောနေတုန်း ချောင်းမဆိုးမိအောင် သတိထားနေကာမှ ဆိုးမိသွားတယ်။ ထိန်းထားတဲ့ ကြားက
ချေမိသွားတယ်။ မိုက်ကို လက်နဲ့အုပ်လိုက်ပေမယ့် မရတော့ဘူး။ တစ်ဖက်ကကြားသွားတယ်…
“နေမကောင်းဘူးလား သားရယ်” တဲ့
ချက်ချင်းကိုယ့်ကိုယ်ကို မတ်မတ်ထိုင်လိုက်ရတယ်။ အသံကို ကြည်လင်အောင် ချောင်းတစ်ချက်
နှစ်ချက်ဟန့်လိုက်ရင်း ပြန်ရှင်းပြလိုက်ရတယ်။ ရေပြောင်းမြေပြောင်း မို့ပါ အမေရယ်လို့ပေါ့. တစ်ခုခုကို
ဖုံးကွယ်လို့မရတော့တဲ့ အခြေအနေမှာ ဇွတ်ငြင်းတာထက် အဖြစ်မှန်ကို ပေါ့သွားအောင် ပြောလိုက်တာက
ပိုပြီးတော့ မှန်ကန်ထိရောက်တယ်လေ…
စကားပြောနေရင်းကနေ အမေ့အသံမှာ ရှိုက်သလိုလို ငိုသလိုလို အသံကို မနည်းကြီးထိန်းပြီး
ပြောနေရတဲ့ အသံလို ဖြစ်လာတာကို သတိထားမိလိုက်တယ်။ မင်းအစ်မနဲ့ ပြောလိုက်ဦးတဲ့ ဆိုပြီး
မိုက်ခရိုဖုန်းကို လွှဲပေးလိုက်တယ်.
ဘယ်ဘက်ရင်ဘတ်ထဲက စူးခနဲတစ်ချက်ဖြစ်သွားတာကို ထင်ထင်ရှားရှား ခံစားလိုက်ရတယ်…
“ရပါတယ်...”
“ကိုယ်က ဟန်ဆောင်ကောင်းပါတယ်...”
ကိုယ့်အသံကို မတုန်အောင် ပြန်ထိန်းရင်း ခြောက်ကပ်ကပ်ရီသံတစ်ချို့နဲ့ ဟာသတစ်ချို့ကို
ဖန်တီးပေးလိုက်တယ်. အမေ့ဆီက ချောင်းဆိုးတဲ့ရီသံကို ပြန်ကြားလိုက်ရပြီး ကိုယ့်ရီသံကလည်း
ချောင်းတွေဆိုးသလို ဖြစ်နေတာကို သတိထားမိလိုက်တယ်…
“ကျွန်တော်အများကြီးစွန့်စားရဦးမှာပါ အမေရယ်” လို့ ရင်ထဲမှာ တိုးတိုးလေးပြောနေခဲ့လိုက်
တယ်...
အဲလိုပြောနေခဲ့ရင်းက ကျွန်တော်သိပ်ချစ်တဲ့ အမေ့အကြောင်းကို
ဆက်တွေးမိသွားခဲ့တယ်ဗျာ…
“. . . .”
အဖေကျွန်တော်တို့ မိသားစုကို နှုတ်ဆက်သွားခဲ့တာ ၁၅ နှစ်တောင်ရှိတော့မယ်. အဲဒီ့တုန်းက
လူမမည်စာမမြောက်သေးတဲ့ မောင်နှမလေးယောက်ရဲ့ အနာဂတ် အတွက် အမေတော်တော်ရင်ပူခံစားခဲ့ရ
မှာပဲနော်...
ကျွန်တော်အမေ့ကို ခုချိန်ထိ အထင်ကြီးလေးစားနေတာ တစ်ခုရှိနေတယ်. မှတ်မှတ်ရရကို
အထင်ကြီးနေခဲ့တဲ့ အရာပေါ့...

၁၅၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

အဖေအသက်ငင်နေချိန်မှာ အဖေ့ရဲ့တပည့်တစ်ယောက်ကို ကြေးစည်ထုခိုင်းပြီး အဖေ့ရဲ့


နားနားမှာ တိုးတိုးလေးတတွတ်တွတ် ကပ်ပြောနေခဲ့တဲ့ အမေ့ရဲ့ စကားလုံးလေးတွေကိုပေါ့…
“မောင်”
“ဘာမှ စိတ်မပူနဲ့နော်. ကလေးတွေလည်း ရှင်ပြုပြီးပြီ. ရွာမှာလည်း အလှူတွေလုပ်ပြီးပြီ.
ကလေးတွေလည်း ပညာတတ်နေပြီ။ ကုသိုလ်တွေလည်း အများကြီးလုပ်ခဲ့ပြီးပြီ။ အားလုံးကို စိတ်ချပါ။
ဘာမှစိတ်ထဲမှာမထားပါနဲ့။ သွားလိုရာကို စိတ်ဖြောင့်ဖြောင့်သွားပါနော်”
“. . . .”
“. . . .”
“. . . .”
ဒီစာသားတွေကို အခေါက်ပေါင်းများစွာ မတူညီတဲ့ စကားလုံးတွေသုံးပြီး အဖေ့နားထဲကို
တတွတ်တွတ်အမေပြောနေခဲ့တဲ့ အချိန်မှာ ကျွန်တော် အမေ့နောက်က ပြတင်းပေါက်နားမှာရပ်နေခဲ့တယ်။
လက်တစ်ဖက်က မာလကာပင်ကိုင်းကြီးတိုးဝင်နေတဲ့ ပြတင်းပေါက်ဘောင်ကို
တင်းတင်းဆုပ်လို့… အံကိုတင်းတင်းကြိတ်လို့… နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်အစုံကို ထိန်းချုပ်လို့…
အဖေလဲလျောင်းနေတဲ့ ခုတင်ဘက်က တံခါးတစ်ချပ်ကိုပိတ်ထားတယ်. ဖွင့်ထားတဲ့တံခါးရဲ့
တစ်ဖက်မှာ လူတွေ အပြည့်နဲ့ပေါ့. လမ်းတစ်ဖက်က ဈေးကြီးထဲက လူတစ်ချို့ ကြေးစည်သံတစ်ချက်ထွက်
တိုင်း လှမ်းလှမ်းကြည့်နေတာ တွေ့ရတယ်။ ကျလာတဲ့ မျက်ရည်တစ်စက်ကို ဆတ်ခနဲ ခါထုတ်လိုက်ရင်း
ပြတင်းပေါက်အပြင်ဘက်ကို ခဏမျက်နှာလွှဲနေလိုက်တယ်။
အဖေကျွန်တော်တို့ကို ထားခဲ့ပြီး သွားတော့မယ်ဆိုတာ သေချာသွားပါပြီ ဒါအိပ်မက်မဟုတ်ဘူး…
တကယ်ဖြစ်နေခဲ့ပြီ...
၁၀ နာရီ ၅၅ မိနစ်မှာ နောက်ဆုံးကြေးစည်သံတစ်ချက်ထွက်လာတယ်… အဖေ့ရဲ့ရင်ဘတ်က
နိမ့်ချည်မြင့်ချည်မဖြစ်တော့ဘူး... အဖေ့ရဲ့ ထွက်သက်ကို အမေညာဘက်လက်ကလေးနဲ့ လှမ်းစမ်းနေတာ
တွေ့ရတယ်... အမေ့လက်တွေ တဆတ်ဆတ်တုန်နေတယ်နော်...
“သေချာသွားပြီနော်..”
“ဟုတ်တယ်...”
“သေချာသွားခဲ့ပြ...”
“အမေအရုပ်ကြိုးပြတ်ဖြစ်သွားတယ်နော်...”
အဖေ့ကို တအားဖက်လိုက်ပြီး အဖေ့ရဲ့ရင်ခွင်ထဲမှာ အမေထိန်းထားခဲ့တဲ့ မျက်ရည်တွေကို
သွန်ချပစ်လိုက်တယ်...
ကျွန်တော်နအဲ့ စ်ကလို ည်း မျက်နှာတွေရဲနေတာပဲ အမေရယ်။ အစ်မကြီးက ကျောင်းမပြီးသေးဘူး.
နောက်ဆုံးနှစ်။ အစ်မငယ်က အလုပ်သင်တန်းမှာ။ သူတို့နှစ်ယောက်လုံး ဒီနေ့ လေယာဉ်နဲ့ရောက်မယ်။
ခုအမေရယ်၊ အစ်ကိုရယ်၊ ကျွန်တော်ရယ်ပဲ အဖေ့ရဲ့ နောက်ဆုံးခရီးကို မီလိုက်ကြတယ်နော်။
“အမေရယ်...”
“သိပ်ခံစားရမှာပဲနော်”
မနက်က လေယာဉ်ပေါ်မတက်ခင် အစ်မကြီးက ဖုန်းဆက်တယ်. ကျွန်တော့်ကို အမေက
သွားပြောခိုင်းတယ်နော်. အမေက ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ယုံကြည်အားကိုးခဲ့တာကို
ကျွန်တော်မမေ့ဘူးသိလား အမေ...
အခြေအနေတွေကို ကောင်းပါတယ်လို့ ငါ့သားကြည့်ပြောလိုက်ပါတဲ့…
ရပါတယ် အမေရယ်. သားနားလည်ပါတယ်။
“ဒါပေမယ့်သိလား အမေ...”
အစ်မကြီးကို ကြိုတဲ့ကား အိမ်ရှေ့က အဖြတ်မှာ လူတွေအုံနေတဲ့ ကျွန်တော်တို့အိမ်ဘက်ကို
ကားခေါင်းခန်းထဲက လှမ်းကြည့်လိုက်တဲ့ အစ်မကြီးရဲ့ မျက်ဝန်းတွေကို သနားလိုက်တာဗျာ….
“ကားက အိမ်ဝင်းထဲကိုဝင်လိုက်တော့ ပြေးလာတဲ့ အစ်မကြီးမှာ ဖိနပ်တောင် မပါဘူးအမေ”
သားအမိနှစ်ယောက်တွေ့တော့ ဖက်ပြီးငိုကြတာတွေ၊ ကျွန်တော်မျက်နှာလွှဲထားခဲ့ပေမယ့်သိနေ
မြင်နေခဲ့တယ်။

၁၅၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

အချိန်က ဇန်န၀ါရီ...
အစ်ကိုကြီးက ၁၀ တန်းဖြေရတော့မယ်...
ကျွန်တော့်ရဲ့ စာမေးပွဲက ဖေဖော်ဝါရီလထဲမှာ...
အစ်မကြီးက ကျောင်းမပြီးသေးတဲ့ နောက်ဆုံးနှစ်ကျောင်းသူ...
အစ်မငယ်က အလုပ်ကို မျှော်လင့်နေဆဲ သင်တန်းသူ...
လက်ထဲမှာ အဖေထားသွားခဲ့တဲ့ ငွေရင်းငွေနှီးဘယ်လောက်ရှိမှာလဲ...
အဖေက ၀န်ထမ်းပဲကို...

ကျွန်တော်အမေ့ကိုယ်စား စိတ်ပူနေခဲ့မိတယ် အမေရယ်။ ငယ်လွန်းလို့ မစဉ်းစားတတ်သေးဘူး


မထင်ပါနဲ့နော်။ ကျွန်တော့်ရဲ့ အရွယ်ရောက်မှုက စောပါတယ်. ဒါကို အမေနောက်ကျမှ တဖြည်းဖြည်း
သိလာခဲ့ရတာ မဟုတ်လား။
“. . . .”
အားလုံးက စာမေးပွဲပြီးမှ နေရာသစ်ကို ပြောင်းဖို့ တားကြပေမယ့် အမေရဲဝံ့စွာပဲ ဆုံးဖြတ်ခဲ့တယ်.
အဖေရက်လည်ပြီး တစ်ပတ်အတွင်းမှာပဲ ကျွန်တော်တို့ ရန်ကုန်ကို သဘောင်္ကြီးစီးပြီး လာခဲ့တယ်နော်။
သဘောင်္ပေါ်က အခန်းငယ်လေးထဲမှာ အမေနဲ့အတူ ကျွန်တော်အချိန်တော်တော်များများမှာ နေပေးခဲ့တယ်
သိရဲ့လားအမေ။
ကျွန်တော်တို့ကို လိုက်နှုတ်ဆက်တဲ့ သူငယ်ချင်းတွေရဲ့ မျက်နှာတွေကို သင်္ဘောပေါ်က
လက်ပြရင်း ကျွန်တော်တစ်ခု ဆုံးဖြတ်ချက်ချခဲ့ဖူးတယ် အမေ။ ဒီနေရာကို တစ်နေ့ပြန်လာပြီး
အဖေလဲလျောင်းခဲ့တဲ့ နေရာလေးမှာ အမှတ်တရ တစ်ခုခုလုပ်ပေးမယ် လို့ပေါ။
“. . . .”
နေရာစုံမှာ ကျွန်တော်တို့ ကျင်လည်ခဲ့ရတယ်နော်။ အမေ့ဆီက ပိုက်ဆံကို မတောင်းဘဲ
ကျူရှင်တွေဆိုတာကို တတ်နိုင်သလောက် လျှော့ချခဲ့ပြီး ဘာမှမရှိတဲ့ ကျွန်တော် အောင်ပွဲတွေ အလီလီဆွ
တ်ခူးနိုင်ခဲ့ပါတယ် အမေ။
လူရာမသွင်းချင်တဲ့ ဆွေမျိုးတစ်ချို့ကို ကျွန်တော့်ရဲ့ အငြင်းပွားစရာ မရှိတဲ့ အောင်မြင်မှုတစ်ချို့နဲ့
လက်စားချေခဲ့တာ အမေသိပါတယ်။ နှိမ့်ချသလို အကြည့်မျိုးတွေနဲ့ ကြည့်တတ်တဲ့ လူတစ်ချို့ကိုလည်း
ကျွန်တော့်ရဲ့ ပညာအစွမ်းနဲ့ပဲ ပြန်လည်တုံ့ပြန်သိမြင်စေခဲ့ပါတယ်။
“. . . .”
ရည်ရွယ်ချက်တွေအောင်မြင်လုဆဲဆဲ ဖြစ်ခဲ့ရပေမယ့်လည်း တိုင်းရေးပြည်ရာ
ရှုပ်ထွေးမှုတွေကြောင့် အောင်မြင်မှုတစ်ခုကို ရင်နာနာနဲ့ လက်လွှတ်လိုက်ခဲ့ရတယ်။ ဒါပေမယ့်အမေသိလား။
ကျွန်တော့်အတွက် သိပ်ကို အလှမ်းဝေးကွာလွန်းလှတယ်လို့ အားလုံးက ပြောနေတဲ့အောင်မြင်မှုကိုကျွန်
တော် ထိုက်တန်စွာရခဲ့ပါတယ်။
ကျွန်တော့်ဘ၀အတွက်သာမဟုတ်ဘဲ ကျွန်တော်သိပ်ချစ်တဲ့ အမေနဲ့ ညီအစ်ကိုမောင်နှမတွေအ
တွက်ပါ အလှည့်အပြောင်းတစ်ခုကို ကျွန်တော် ဖန်တီးနိုင်ခဲ့တယ်။ အမေကိုယ်တိုင်အံ့အားသင့်နေခဲ့ရတယ်
မဟုတ်လား။
ကျွန်တော့်ရဲ့အောင်မြင်မှုကို မယုံကြည်နိုင်သူတွေ အများကြီးရှိလေလေ ကျွန်တော်အမေ့အတွက်
ဂုဏ်ယူလေလေပါပဲ။
“အမေ့ကို ကျွန်တော်သိပ်ချစ်တယ် အမေ...”
အမေကျွန်တော်တို့ မိသားစုလေး မပြိုကွဲအောင် ကြိုးစားစီမံခဲ့တာတွေကို
ကျွန်တော်မမေ့သေးဘူး။ အမေဦးမဆောင်နိုင်ပေမယ့် အမေ့ရဲ့ မေတ္တာဓာတ်တွေနဲ့ မိသားစုကို အေးမြနွေး
ထွေးစေခဲ့ပါတယ်။
“ကျွန်တော်အမေ့ကို ကျေးဇူးဆပ်ဖို့စဉ်းစားနေတာ မဟုတ်ပါဘူး”
“ကျွန်တော်ကျေးဇူးတွေ စဆပ်နေတာ ကြာပါပြီ...”
“ဒီ့အတွက်လည်း ကျွန်တော်ကျေနပ်အားရပါတယ်. ၀မ်းမြောက်ဂုဏ်ယူပါတယ်။ နောက်ထပ်ကြုံ
ဆုံလာရမယ့် စိန်ခေါ်မှုတွေအတွက်လည်း အားအင်အသစ်တွေ ရရှိမိပါတယ် အမေရယ်။

၁၅၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

ကျွန်တော်က အမေမကြိုက်တာတွေ မလုပ်ပါဘူးလို့ ကတိပေးမယ့်သားလိမ္မာ အမျိုးအစားတော့


မဟုတ်ပါဘူး။ အမေ့အတွက်ကောင်းမယ်ထင်ရင် အမေမကြိုက်တာတောင် လုပ်မယ့်သားပါ။ အမေမသိမြင်
နားမလည်နိုင်ခဲ့တာ တစ်ချို့ကို ကျွန်တော်ကြိုးစားရှင်းပြ ပေးသွားမှာပါ။
ကျင်လည်ရှင်သန်နေခဲ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ မတူတဲ့အတွက် အမေနဲ့ ကျွန်တော်
အတွေးအခေါ်ပိုင်းမှာ ကွဲလွဲမှုတွေ ရှိမှာပါ။ အမေမကြိုက်တာကို လုပ်မိတယ်လို့အမေဆက်ထင်နေသေးခဲ့
ရင်လည်း ကျွန်တော် စိတ်မကောင်းပါဘူး အမေရယ်။ အမေတဖြည်းဖြည်းသိမြင် လာအောင် ကျွန်တော်ကြိုး
စားပေးသွားမှာပါ။
အမေ့အတွက် ကျွန်တော်က အလင်းတန်းတစ်ခု ဖြစ်ချင်တာပါ အမေရယ်။ အမေနဲ့ကျွန်တော်
နောက်နောင် ဘ၀များမှာ မဆုံတွေ့ဖြစ်ခဲ့ရင်တောင်မှ ကျွန်တော်ဒီဘ၀မှာ အကောင်းဆုံးလက်ဆောင်တစ်
ချို့ အမေ့ရဲ့ သံသရာ ခရီးအတွက် ထည့်ပေးလိုက်မှာပါ။
“အမေနဲ့ ကျွန်တော်တစ်နေ့နေ့ ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့ကြမယ်နော်...”
“ကျွန်တော်အားမလျှော့သေးပါဘူး...”
ရင်အစုံမှာ ဘယ်သူမှရိုက်ချိုးလို့မရတဲ့ ဇွဲမာန်တွေအပြည့်ရှိနေဆဲပါ။ အမေနဲ့ပြန်တွေ့ဖြစ်တဲ့တစ်
နေ့ကျရင်တော့ ကျွန်တော့်ရဲ့ ပြောင်းလဲသွားတဲ့ တန်ဖိုးတစ်ချို့အကြောင်း ပြောပြမယ်နော်။
ကျွန်တော့်အတွက် စိတ်ချပါအမေ။ မြင်းရိုင်းတစ်ကောင်ရဲ့အားမာန်နဲ့ ဘ၀ခရီးကို အမှားအယွင်းမရှိအောင်
ဆက်လက်ခရီးဆက်သွားမှာပါ။
လေယာဉ်ကွင်းမှာ အမေပေးခဲ့တဲ့ အနမ်းတစ်ချက်က ခုချိန်ထိရှင်သန် လတ်ဆတ်နေဆဲပါ
အမေ။ ငါ့သားကြိုးစားနော်တဲ့ ...

အမေများနေ့မှာ ကျွန်တော်သိပ်ချစ်တဲ့ အမေတစ်ယောက် ငြိမ်းချမ်းပါစေ။

ရန်အောင်

၁၅၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ကျွန်တော်က ဇွန် ၂၈ မှာမွေးတာဆိုတော့ ကရကဋ်ရာသီဖွားပေါ့ ...။ ဒီရာသီဖွားတွေကို


ကိုယ်စားပြုတာက ကဏန်းလေ ...။ ကဏန်းတွေကဘာပဲဖြစ်ဖြစ် သူတို့ရဲ့အိမ်လို့ပြောလို့ရတဲ့ သူ
တို့နေတဲ့ကျင်းလေးတွေထဲကို ပြန်ပြန်ပြေးဝင်သွားတတ်ကြတာကို အားလုံးမြင်ဖူးကြမယ်ထင်ပါတ
ယ်။ ကျွန်တော်ကလည်း ကဏန်းတစ်ကောင်လိုပါပဲ ...။ ကိုယ့်အိမ်ကိုယ့်ယာကိုခင်တွယ်တယ် ...
မိသားစုရဲ့အရိပ်ကိုတောင့်တတယ် ... မိဘ၊ ညီအစ်ကိုမောင်နှမ နဲ့ ခင်တွယ်ရတဲ့ဆွေမျိုးတွေကြားက
အဖြူရောင်သံယောဇဉ်ကြိုး တွေကို မြတ်နိုးတယ်။ ဒီဝတ္ထုတိုလေးထဲမှာ ကျွန်တော်နဲ့ ကျွန်တော်ချ
စ်တဲ့အိမ်ကလေးတို့ တစ်ယောက်တစ်ပေါက်ပြောကြတဲ့ စကားတွေရှိတယ်။ အဲဒီ့စကားလုံးတွေက
အိမ်ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ပြည့်ဝမှုအကြောင်း၊ မေတ္တာတရားတွေဖုံးလွှမ်းနေတဲ့ မိသားစုဘ၀တစ်ခုရဲ့
အကြောင်း အားလုံးကိုပြောပြလိမ့်မယ်။ မျက်စိနဲ့ကြားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်နှင့် အိမ်ကလေး

ဖေဖေ၊ မေမေ နဲ့ ညီငယ်တို့ တစ်ညအိပ်ခရီးထွက်သွားတဲ့နေ့၊ ဖြိုးဖြိုးဖျောက်ဖျောက်ကျနေတဲ့


မိုးစက်မိုးပေါက်တွေနဲ့ အေးစိုလှပနေတဲ့နေ့၊ အဲဒီနေ့ရဲ့ ညနေခင်းတစ်ခုထဲမှာ ကျွန်တော်နဲ့ အိမ်ကလေး စက
ားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်။
လျှပ်စစ်မီးရောင်စုံတွေကြားက သပ္ပါယ်တင့်တယ်လှတဲ့ ဗုဒ္ဓရုပ်ပွားတော်ရဲ့မျက်နှာတော်ကို
ကျွန်တော် ဖူးမျှော်ကြည်ညို နေရင်း ငြိမ်းအေးမှုတွေကျွန်တော့်ရင်ထဲကိုစီးဝင်နေတုန်းမှာ အိမ်ကလေးက
အသံတစ်သံနဲ့ ကျွန်တော့်ကို လှုပ်နှိုးလိုက်တယ်။
“ ဒီအခန်းထဲမှာ ရှိနေရတဲ့ အချိန်တွေဟာ မင်းရဲ့ဘ၀အတွက် အဓိပ္ပါယ်အရှိဆုံးကာလတွေဖြစ်
မှာပဲနော်...”
အိမ်ကလေးရဲ့အမေးကို ကျွန်တော်ခေါင်းညိတ်ပြီး အဖြေပေးလိုက်တယ်။
“ဟုတ်တယ် ... လူသားဘ၀ရဲ့အမြင့်မားဆုံး အဓိပ္ပါယ်ကို အပြည့်ဝဆုံးဖော်ကျူးပေးနိုင်တာ ဗုဒ္ဓပဲ။
ဗုဒ္ဓရဲ့ ရုပ်ပွားတော်မြတ်တွေ ကိန်းဝပ်စံပယ်တော်မူနေတဲ့ ဒီအခန်းလေးဟာ ကျွန်တော်တို့ မိသားစုရဲ့ဘ၀ကို

၁၅၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

ငြိမ်းအေးစေတယ်။ ဒီအခန်းလေးက ကျွန်တော်တို့ရဲ့ စိတ်ဝိÓဉ်တွေကို အဖြူစင်ဆုံးဖြစ်အောင်ဆေးကြော


သန့်စင် ပေးတယ်။ ဒီအခန်းလေးဟာ ခင်ဗျားရဲ့ အခမ်းနားဆုံးသော အစိတ်အပိုင်းတစ်ခုပဲမဟုတ်လား။”
ကျွန်တော် စကားတပြောပြောနဲ့ ဧည့်ခန်းထဲကို ထွက်လာခဲ့တယ်။ ဧည့်ခန်းထဲက
ဆိုဖာတစ်ခုပေါ်ကို ကျွန်တော်ထိုင်ချလိုက်တဲ့အချိန်မှာပဲ ...
“ဧည့်ခန်းရဲ့ အဆင်အယင်တွေကရော မင်းရဲ့စိတ်ကိုကြည်လင်စေရဲ့လား ...”
အိမ်ကလေးက အဲဒီလိုမေးတော့မှ ကျွန်တော်လည်း ဧည့်ခန်းထဲကိုသေသေချာချာလှည့်ပတ်
ကြည့် မိတယ်။ မေမေဟာ ဧည့်ခန်းထဲက ပရိဘောဂတွေကိုတစ်လတစ်ကြိမ်လောက်နီးပါး အရွှေ့အပြောင်း
လုပ်လေ့ရှိတယ်။ မေမေ့ရဲ့ အဲဒီ့ အလေ့အထလေးက ကျွန်တော်တို့ကို ငြီးငွေ့မှု၊ ရိုးအီမှုတွေကို ပြေပျောက်စေ
ပြီး ကျွန်တော်တို့အတွက် ဧည့်ခန်းအသစ်လေးတွေကို ခဏခဏတိုင်း ပြန်လည်မွေးဖွားပေးတယ်။
“ဒီအခန်းလေးဟာ ကျွန်တော်တို့မိသားစုရဲ့ စုဝေးအပန်းဖြေရာ နေရာလေးတစ်ခုပဲလေ။
တစ်ခါတစ်လေကျတော့လည်း ဧည့်သည်တွေကို ဧည့်ခံစကားပြောတဲ့ နေရာပေါ့။ နောက်ပြီး ...
ဒီအခန်းလေးဟာ ခင်ဗျားရဲ့ ရင်ခွင်ထဲက လူမှုဆက်ဆံရေး နယ်ပယ်လေးတစ်ခုလို့လဲ ပြောလို့ရတာပဲ
မဟုတ်လား ...”
“မင်းပြောတာ ဟုတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ တချို့ဧည့်သည်တွေနဲ့ အတူ လောဘတွေ၊
မောဟတွေ၊ ဒေါသတွေ၊ မာန်မာနတွေ စတဲ့ စတဲ့ စိတ်အပူတွေ ဒီအခန်းလေးထဲကို ပါပါလာတဲ့အခါ
မင်းစိတ်မညစ်ဘူးလား ...”
“ထွေထွေထူးထူးတော့ စိတ်မညစ်ပါဘူး။ ဘယ်လိုလူမျိုးတွေ ဘယ်လိုစိတ်အခြေအေ
နမျိုးနဲ့ပဲ ၀င်လာလာ ကျွန်တော်တို့ကတော့ အပြုံးနဲ့ ကြိုဆိုနေမှာပဲလေ။ သူတို့ဘာတွေပြောမလဲ၊
နားထောင်လိုက်မယ်။ သူတို့ဘာတွေလုပ်ကြမလဲ၊ ကြည့်နေလိုက်မယ်။ အရေးကြီးတာက ... ဒေါသနဲ့ဝင်
လာသူတွေရဲ့ဒေါသတွေ၊ လောဘနဲ့ဝင်လာသူတွေရဲ့လောဘတွေ ကျွန်တော်တို့ဆီကူးစက်မလာဖို့ပဲမဟုတ်
လား ...။ ကိုယ့်စိတ်ကို ကိုယ်သိနေပြီး နိုင်အောင်ထိမ်းနိုင်ဖို့ပဲ လိုတာပါဗျာ ...”
အိမ်ကလေးရဲ့အမေးကို ဖြေနေရင်း ဒီဧည့်ခန်းလေးထဲကို ၀င်ဝင်လာတတ်ကြတဲ့ အမျိုးမျိုးသော
စိတ်အခြေအနေတွေအကြောင်းကို ကျွန်တော်ပြန်ပြောင်း စဉ်းစားနေမိတယ်။ ရိုးသားမှုတစ်ခုနဲ့ ဖြူဖြူစင်စင်
ဝင်ရောက်လာကြတဲ့ မိတ်ဆွေတွေရှိသလို ၊ ရည်ရွယ်ချက်တစ်ခုခု၊ မျှော်လင့်ချက်တစ်ခုခုနဲ့ အရောင်းဆိုးချင်
ကြတဲ့ ဧည့်သည်တွေလဲရှိခဲ့ဖူးတယ်။ ဧည့်သည်တွေကို ဧည့်ဝတ်ကျေရမှာ အိမ်ရှင်တွေရဲ့ တာဝန်ပါ။ ဒါပေမယ့်
... အဲဒီ့ဧည့်သည်တွေပြန်သွားကြတဲ့အခါ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ တန်ဖိုးထားအပ်တဲ့အရာတွေ သူတို့နဲ့
အတူပါမသွားဖို့နဲ့ သူတို့ဆီက မလိုလားအပ်တဲ့ အရာတွေကို ယူမထားလိုက်မိစေဖို့ စောင့်ထိမ်းရမှာကလည်း
အိမ်ရှင်တွေရဲ့ တာဝန်တစ်ခုပါပဲ။ အိမ်ကလေးနဲ့ မိသားစုတို့ရဲ့ သာယာအေးချမ်းမှုတစ်ခုအတွက်လေ ...။
ကျွန်တော် ပျင်းပျင်းရှိလာတာနဲ့ စာဖတ်မယ်လို့စိတ်ကူးပြီး ကျွန်တော့်ရဲ့ စာဖတ်ခန်းလေးထဲကို
ဝင်လိုက်တယ်။
“ဒီအခန်းလေးထဲမှာ မင်းရဲ့အချိန်တော်တော်များများကိုကုန်လွန်စေတယ်နော်...။ဒီအခန်းလေး
ထဲကို မင်းမ၀င်တဲ့နေ့ဆိုရင် ငါ့ရင်ထဲမှာ တစ်ခုခုလိုနေသလိုတောင်ခံစားရတယ်”
“ဟုတ်တယ်ဗျ ... စာအုပ်တွေက ကျွန်တော့်ကို အမျိုးမျိုးသော အခြေအနေတွေအကြောင်းကို
ပြောပြတယ်။ နောက်ပြီး ... အချို့ဝါကျတွေက ကျွန်တော့်ကို တွေးချင်လာအောင်၊ တွေးတတ်လာအောင်
နှိုးဆွပေးတယ်။ လူတစ်ယောက်ဟာ သူကိုယ်ထိလက်ရောက်ကြုံတွေ့လိုက်ရတာတွေကိုပဲ သိမယ်ဆိုရင်
ဘ၀မှာ သူသိတာနဲနဲလေးပဲ ဖြစ်နေမှာပေါ့။ နောက်ပြီး ... အရာရာကိုကိုယ်တိုင်မှားဖူးမှအမှန်သိမယ်ဆို
ရင်လည်း ဘ၀မှာ နောင်တတွေပဲ အခါခါရနေရမှာပေါ့ ...။ စာဖတ်ခြင်းက ကျွန်တော့်ကိုအများကြီးသိစေ
တယ် ...။ နောင်တတွေကနေလည်း လွတ်မြောက်စေတယ်ဗျာ...”
စာဖတ်ရခြင်းရဲ့အကြောင်းရင်းကို ဒီထက်ပိုပြီးရှည်ရှည်ဝေးဝေးပြောစရာတွေရှိပေမယ့်
ကျွန်တော် တိုတိုနဲ့ လိုရင်းပဲ အိမ်ကလေးကိုရှင်းပြလိုက်တယ်။ ကျွန်တော် စာကြည့်စားပွဲပေါ်မှာ ပြန့်ကျဲနေတဲ့
စာအုပ်တွေကို စာအုပ်စင်ပေါ် စနစ်တကျပြန်တင်လိုက်ရင်း မနေ့ကရေးလက်စ ၀တ္ထုတိုတစ်ပုဒ်ကိုအဆုံး
သတ်ဖို့ ပြင်လိုက်တယ်။
“အချို့စာရေးဆရာတွေက ဟိုတယ်တွေ ဘာတွေသွား၊ အချို့က အေးချမ်းတဲ့နေရာဒေသတစ်ခု
ခုကို ခရီးတွေဘာတွေထွက်ပြီး စာရေးကြတယ် ...။ မင်းကတော့ မင်းရဲ့စာပေလက်ရာတွေ အားလုံးလိုလိုကို

၁၅၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ဒီအခန်းလေးထဲမှာပဲ ဖန်တီးတယ်နော် ...”


အိမ်ကလေးက အဲဒီလိုပြောတော့ ကျွန်တော်ပြုံးမိတယ်။ ကျွန်တော်ကလဲ ကျွန်တော်ပဲ
အခြားနေရာတွေမှာ စာရေးခဲတယ်။ တစ်ခါတစ်လေ ရုတ်တရက်ပေါ်လာတတ်တဲ့ အတွေးစလေးတွေကို
စာအုပ်ထဲမှာချက်ချင်း ချရေးထားတတ်တာကလွဲလို့ ကျန်တာတွေကို ကျွန်တော့်ရဲ့အိမ်ကလေးထဲက
ဒီအခန်းလေးထဲမှာပဲ ရေးခဲ့တယ်။
“အခြားတစ်နေရာရာကို သွားစရာမှ မလိုပဲဗျာ ...။ ဒီအခန်းလေးက ကျွန်တော့်ရဲ့ စိတ်အာရုံကို
စာရေးနိုင်လောက်တဲ့ အခြေအနေတစ်ခုဆီရောက်အောင်ဆွဲခေါ်နိုင်နေတာပဲ ...။”
ကျွန်တော်ပြောရင်းဆိုရင်းပဲ စားပွဲအနားကပြူတင်းပေါက်လေးကို ထဖွင့်လိုက်တယ်။
ရေးခိုးရေငွေ့ လေးတွေ ကပ်ပါလာတဲ့ လေနုအေးက ကျွန်တော့်ဆီကို တိုးဝှေ့တိုက်ခတ်လာတယ်။
“ဒီပြူတင်ပေါက်လေးကိုဖွင့်ပြီး ကြည့်လိုက်ရင် အိမ်ရှေု့က မြင်ကွင်းတွေအားလုံးကို မြင်နိုင်တယ်။
အိမ်လေးရဲ့ရှေ့မှာ မေမေစိုက်ထားတဲ့ မြက်ခင်းစိမ်းစိမ်းနဲ့ သစ်ပင်ပန်းပင်တွေ၊ နောက် ... ဖေဖေလုပ်ထားတဲ့
စာကလေးအိမ်လေးတွေ၊ နောက်ပြီး ... မြေနီနီလမ်းကလေးပေါ်က နိစ္စဓူဝသွားလာလှုပ်ရှားနေကြတဲ့
ဘ၀အထွေထွေတွေ ...။ ဒါတွေဟာ ... ကျွန်တော့်ရဲ့အာရုံတွေကို အကောင်းဆုံးနှိုးဆွပေးနိုင်တဲ့ အရာတွေပဲ
မဟုတ်လား ...။”
ကျွန်တော်ရေးလက်စ ၀တ္ထုလေးကို အဆုံးသတ်ပြီးချိန်မှာ ဗိုက်ထဲကဆာသလိုလိုရှိလာတာ
နဲ့ ထမင်းစားခန်းလေးထဲကို ထွက်လာခဲ့လိုက်တယ်။ မနက်ကမေမေချက်သွားတဲ့ ထမင်း၊ ဟင်းတွေက
စားပွဲပေါ်မှာ အဆင်သင့် ...
“ဒီတစ်ညတော့ ခြောက်သွေ့တိတ်ဆိတ်တဲ့ ထမင်းဝိုင်းတစ်ခုကို မင်းတစ်ယောက်တည်း
ဆင်နွှဲရတော့မှာပေါ့နော် ...”
“ဒါတော့ ဘယ်တတ်နိုင်မှာလဲဗျာ ...။ အားလုံးက ခရီးထွက်သွားကြတာကိုး ...။ ဒါပေမယ့်
ဒါကလည်း တစ်ခါတစ်လေမှပါ ...။ ညနေခင်းတော်တော်များများမှာတော့ ကျွန်တော်တို့မိသားစုတွေ စုံစုံလ
င်လင်ဝိုင်းဖွဲ့ပြီး ထမင်းစားကြတာ ခင်ဗျားအမြင်ပဲမဟုတ်လား ...”
ဒါက ဖေဖေ၊ မေမေတို့ပျိုးထောင်ပေးထားတဲ့ ချစ်စရာအလေ့အကျင့်လေးတစ်ခုပါ။
အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုခုရှိနေတဲ့ အချိန်ကလွဲရင် ကျန်တဲ့အချိန်တိုင်းမှာ ကျွန်တော်တို့တွေ
အိမ်ကို အချိန်မီပြန်လာပြီး ညနေစာအတူတူ စားကြစမြဲပါ။ မေမေချက်ထားတဲ့ ထမင်း၊ ဟင်းတွေကို
မိသားစုလက်စုံစားရတဲ့ အရသာဟာ ကမ္ဘာကျော် စာဖိုမှူးကြီးတွေရဲ့လက်ရာကို အဆင့်မြင့်ဟော်တယ်ကြီး
တွေမှာ စားရတဲ့ အရသာနဲ့ မလဲနိုင်ပါဘူး။ ကျွန်တော်ညစာကို တို့ကနန်း၊ ဆိတ်ကနန်းစားပြီး ... ကျွန်တော့်ရဲ့
အိပ်ခန်းလေးထဲကို ၀င်လိုက်တယ်။ ပြာလွင်သန့်စင်နေတဲ့ အိပ်ရာလေးပေါ်ကို ကျွန်တော်လှဲချလိုက်တဲ့
အချိန်မှာပဲ အိမ်ကလေးကကျွန်တော့်ကိုပြောတယ်။
“ဒီအခန်းလေးကတော့ မင်းရဲ့ခန္ဓာကိုယ်နဲ့စိတ်ကို ခဏတာအနားပေးတဲ့အခန်းလေးပေါ့နော် ...။
ဒီအခန်းလေးရဲ့ အပြင်အဆင်တွေက မင်းကို နှစ်ခြိုက်စွာအိပ်ပျော်ခွင့်တစ်ခုကိုပေးနိုင်ရဲ့လား”
“အင်း ... ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါတယ်။ အခန်းလေးရဲ့ခရမ်းနုရောင်လေးဘက်
လေးလံနံရံတွေ၊ အပြာရောင်အိပ်ယာခင်းတွေ၊ ခြင်ထောင်တွေ စတဲ့ ပတ်ဝန်းကျင်တွေက ကျွန်တော့်ကို
ကောင်းမွန်တဲ့ အိပ်စက်ခွင့်တစ်ခုကိုရဖို့ အများကြီး အထောက်အပံ့ပေးပါတယ်။ ဒါပေမယ့် ... တကယ်တမ်း
အပူအပင်ကင်းစွာ အိပ်ပျော်နိုင်ဖို့က ကျွန်တော်တို့ရဲ့ စိတ်အခြေအနေတွေမှာ ပိုပြီးမူတည်ပါတယ်ဗျာ ...။
ငြိမ်သက်နေတဲ့ စိတ်အခြေအနေတစ်ခုနဲ့ အိပ်ရာမ၀င်နိုင်သရွေ့တော့ ဘယ်လောက်တန်ဖိုးကြီးတဲ့
မွှေ့ယာကြီး တွေပေါ်မှာ အိပ်နေနေ ... ညတာတွေကတော့ ရှည်နေဦးမှာပါပဲ ...”
ကျွန်တော့်ရဲ့စကားကို အိမ်ကလေးက ဆိတ်ဆိတ်နေခြင်းအားဖြင့်ထောက်ခံတယ်။ ကျွန်တော့်ရဲ့
အပြာရောင်ခုတင်လေးပေါ်မှာလှဲနေရင်း မျက်စိတွေစင်းလာတာနဲ့ ကျွန်တော်အိမ်ကလေးကို နှုတ်ဆက်
လိုက်တယ်။
“ကျွန်တော်အိပ်တော့မယ် ...။ ကိုယ်ရောစိတ်ပါ လုံခြုံစိတ်ချမှုကို ပေးနိုင်တဲ့ ခင်ဗျားရဲ့ရင်ခွင်ထဲက
ဒီအခန်းငယ်လေးထဲမှာ တစ်ညတာဆိုတဲ့ အချိန်ကာလကို ကျွန်တော်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြတ်သန်းတော့
မယ် ...။ အဲဒီ့အတွက် ခင်ဗျားကိုလည်း ကျေးဇူးတင်ပါတယ် ...။”

၁၅၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

အချို့အိမ်တွေရဲ့ အချို့အခန်းတွေမှာ မီးတွေလင်းနေကြတုန်း ...။ အချို့နေရာတွေရဲ့အချို့


လမ်းတွေမှာ မအိပ်စက်နိုင်ကြသေးသူတွေ ကံကြမ္မာရဲ့သယ်ဆောင်ရာကို လှမ်းလျှောက်နေကြတုန်း ...။
ကျွန်တော် သက်ပြင်းတစ်ခုကို ခပ်ဖွဖွချရင်း မျက်စိကို ဖြည်းဖြည်းချင်းမှိတ်လိုက်တယ်။ လျှပ်စစ်မီးရောင်
တွေမရှိတော့တဲ့ လရောက်လွှလွှရဲ့အောက်မှာ အိမ်ကလေးကလည်း တိတ်ဆိတ်ငြိမ်းအေးစွာမျက်လွှာချ
လို့ ...။ ။

နေဘုန်းလတ်

၁၅၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ရုတ်တရက် မျက်လုံးထဲဝေ့တက်လာသော မျက်ရည်စများကို ရှည်လျားသောမျက်တောင်ရှည်


များဖြင့် ပုတ်ခတ်လိုက်ပြီး အခန်းရဲ့မျက်နှာကြက်ကို “နေခြည်နွေး” ကြည့်နေမိသည်။ သူမ မျက်လုံးထဲမှာ
မြင်ယောင်နေမိတာတော့ မကြာခင်မှာ ခွဲခွာသွားရတော့မယ့် မမေ့နိုင်သောပုံရိပ်များ ။ သူမခုတင်ဘေးမှာ
စားပွဲပေါ်ခေါင်းတင်ပြီး ပင်ပန်းကြီးစွာဖြင့် အိပ်ပျော်နေသော သူနာပြုဆရာမလေးကို သူမပြုံးကြည့်မိသည်။
သူနာပြုဆရာမလေး မသိအောင် ခုတင်ပေါ်မှာ အသာအယာထလိုက်ကာ ပြတင်းဝကိုလှမ်းကြည့်လိုက်
တော့ အပြင်မှာဖွေးဖွေးကျနေသော နှင်းပွင့်များ…။ အနွေးထည် ခပ်ထူထူကို သေချာဝတ်ဆင်ပြီးအင်အား
ချိနဲ့နေသော ခြေထောက်တွေကို ကြိုးစားရွေ့လျားကာ သူမအခန်းဝသို့ တိတ်တဆိတ်ထွက်လာပြီး ဆေးရုံရှေ့
ဥယျာဉ်ဝင်းလေးထဲသို့ သူမအရောက်မှာ အေးစိမ့်နေသော ဆောင်းရာသီလေအေးက ရင်ထဲတိတ်
တဆိတ်တိုးဝင်သွားတာကို သူမသိပ်နှစ်ခြိုက်၏။
သစ်ပင်အကြီးတစ်ခုအောက်ရှိ ခုံတန်းပြာလေးမှာ ဖြေးညင်းစွာထိုင်ရင်း အခုချိန်လောက်ဆို
သူမနှင့် ဆန့်ကျင်ဘက် ကမ္ဘာတစ်ခြမ်း နေရောင်ခြည်အလင်းရောင်အောက်မှာ အလုပ်တွေကြိုးစားလုပ်နေ
မည့် ချစ်သူကောင်လေးမျက်နှာကို အတွေးလေးဖြင့် တွေးရရုံနှင့် ရင်တစ်ခုလုံးနွေးထွေးသွားရ ရုတ်တရက်
သူမရဲ့ဘယ်ဘက် ရင်ထောင့်မှ ထိုးအောင့်တက်လာသော ဝေဒနာကို သူမလက်ဖြင့် ပြန်ဖိရင်း မျက်လုံ
းတွေကိုမှိတ်ထားလိုက်သည်။ အသက်ကိုဖြေးဖြေးရှုရင်း မြင်ယောင်နေမိတာတော့ သူမသိပ်ချစ်သော
ချစ်သူရဲ့ပုံရိပ်လေး … ။
လူတော်တော်များများအပါအ၀င် သူမကိုယ်တိုင်လည်း အယုံအကြည်မရှိသော လေလှိုင်းပေါ်မှ
Chatting ဆိုသော လောကကို သူမနှစ်သက်ခဲ့မိသည် ။ ငယ်စဉ်ကတည်းက မောင်နှမလည်းမရှိ ၊ မွေးရာပါ
နှလုံးရောဂါအခံကြောင့် သူမကို ရွှေလိုဥထားရသော မိဘနှစ်ပါးဖြင့်သာ အမိမြေနှင့်ဝေးကွာသော နိုင်ငံမှာ
အတူတူနေထိုင်ရင်း သူမရဲ့အချိန်များကို စာဖတ်ခြင်းဖြင့်သာ ကုန်ဆုံးခဲ့ရသည်။ အင်တာနက်ပေါ်တွင် သူမ
စာအုပ်များမှာယူရင်း ၊ စိတ်အပန်းဖြေရင်း တစ်ရက်မှာ မြန်မာလူမျိုးများသာရှိသော Chat Room တစ်ခုကို
သူမရောက်ရှိသွားပြီး ခင်မင်စွာဖြင့် သံယောဇဉ်တွယ်သွားခဲ့ရသည်။ Chatting မှ စကားများဆိုသည်မှာ
လေလှိုင်းပေါ်မှာတွင် ရှိနေတာကြောင့် အယုံအကြည်ကင်းရပေမယ့် ဒီ Chat Room လေးကတော့ နွေးေ
ထွးခင်မင်မှုများဖြင့် ပြည့်နှက်နေကာ ၊ တစ်ယောက်နှင့်တစ်ယောက် အွန်လိုင်းပေါ်မှာသာမက အပြင်ထိပါ

၁၅၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

ခင်မင်နေသော သူတို့ခင်မင်မှုများကို သူမသံယောဇဉ်ပိုတွယ်ခဲ့ရသည်။ ဆိုးရွားတတ်သော သူမရဲ့


ကျန်းမာရေးအခြေအနေကြောင့် အချိန်ပိုင်းလောက်သော ကျောင်းတက်နိုင်ပြီး အိမ်တွင်ဆေးဝါးများဖြင့်အ
ဖော်ပြုနေရသော သူမဘ၀ကို ဘယ်သူ့ကိုမှ အသိမပေးဘဲ ဒီချတ်ရွန်းလေးထဲမှာသာသူမပျော်မွေ့နေမိသည်။
မွေးရာပါနှလုံးရောဂါအခံပြင်းပြင်းကို ကုသခဲ့ပေမယ့် နှလုံးထဲခွဲစိတ်ကာစက်ထည့်ရင်း အသက်ရှင်နေရသော
သူမရဲ့ညနေခင်းတိုင်းကို ထိုချတ်ရွန်းပေါ်မှ သူငယ်ချင်းများနှင့်သာခင်မင်စွာ စကားပြောရင်း အချိန်တွေကို
ကုန်ဆုံးစေခဲ့သည်။
ချတ်ရွန်းထဲမှ အားပေးကူညီတတ်သော ၊ ရယ်စရာတွေပြောလေ့ရှိသော ၊ အသိချင်းဖလှယ်တတ်
သော သူငယ်များစွာနှင့် သူမခင်မင်ရင်း အချင်းချင်းဖုန်းအပြန်အလှန်ဆက်ရချိန်တွေကို မက်မောလှသည်။
ငယ်စဉ်ကတည်းက အခင်မင်ဆုံးသူငယ်ချင်းဆိုတာလည်းသူမအတွက်မရှိလှတာနှင့် အွန်လိုင်းပေါ်မှ သူငယ်
ချင်းများကို သူမသူငယ်ချင်းအရင်းလိုတွယ်တာခဲ့ရသည်။ ချတ်ရွန်းထဲမှာ အားလုံးနှင့် သူမခင်မင်နေပြီး သူ
မစိတ်ပျော်ရွှင်အောင်နောက်တတ်သော ၊လေးလေးနက်နက် အတွေးစကားများကိုလည်း ပြောတတ်သော ၊
ချစ်စဖွယ်အပြုံးလေးပိုင်ဆိုင်ထားသော ကောင်လေးတစ်ယောက်ကို သူမ ပိုခင်ရင်း သံယောဇဉ်တွေ ရစ်ပတ်
နေမိသည်။ခြင်္သေ့ကျွန်းပေါ်မှာအလုပ်တွေများရင်း သူမကိုလည်း ဖုန်းမှန်မှန်ဆက်တတ်သောကောင်လေး
ဖုန်းသံကို သူမနေ့စဉ်မျှော်ရင်း ရက်ပေါင်းများစွာ ပျော်ရွှင်ခဲ့ရသည်။ သံယောဇဉ်များဖြင့် ရစ်ပတ်နှောင်ဖွဲ့ကာ
မိုးစက်လေးတွေခပ်ဖွဲဖွဲကျနေသော မနက်ခင်းတစ်ခုမှာ ရိုးရှင်းစွာဖြင့် ကောင်လေးက သူမကိုချစ်ခွင့်ပန်ချိန်
မှာ မမြင်ရသော ၊ မယုံကြည်ရသော လေလှိုင်းပေါ်မှ စကားများအတွက် သူမ ထိတ်လန့်စွာ မယုံနိုင်ဖြစ်ရင်း
ကောင်လေးနှင့်ပတ်သတ်သော သူမခံစားမှုများကိုလည်း ဖျောက်ဖျက်မရခဲ့။ နေခြည်နွေးရင်ထဲမှသံသယ
များကို သိနားလည်သော ကောင်လေးက မဝေးသောတစ်နေ့မှာ သူမရှိရာအရောက်လာပြီးသက်သေပြ
မည်ဟူသော စကားတစ်ခွန်းဖြင့်သာ သူမရင်ထဲစိတ်အေးရင်း သူမရှိရာပြောင်းရွှေ့နိုင်ရန်ကြိုးစားနေသော
ကောင်လေးကို အတတ်နိုင်ဆုံးအားပေးကူညီနေခဲ့မိသည်။
ရက်စက်လွန်းသော ကံကြမ္မာကပဲ နေခြည်ကို မျက်နှာသာမပေးတာလား ၊ နေခြည်ကပဲဝဋ်ကြွေး
တွေရှိနေခဲ့သလား နေခြည်မတွေးတတ်တော့။ နေခြည်သိပ်ချစ်သောကောင်လေးမကြာခင်၃လအတွင်း
နေခြည်ရှိရာရောက်လာမည်ဟူသော သတင်းကိုကြားသိရချိန်မှာ ဆေးရုံပေါ်တွင်ပြင်းထန်ဆိုးရွားသော
ရောဂါကို နေခြည်ခံစားနေရ၏။ ခံစားရသော ရောဂါအခြေအနေသိပ်ပြင်းထန်ပေမယ့် ကောင်လေးဖုန်းလာ
ချိန်တိုင်းမှာ ကြိုးစားအားတင်းကာ ဟန်ဆောင်စကားပြောနေရတာကို မြင်ရသော မိတ်ဆွေတစ်ချို့နှင့်
သူမမိဘများမှာ မျက်ရည်ရွှဲလို့မဆုံး။ Operation နောက်ဆုံးတစ်ကြိမ်အပြီးသတိလည်လာသော သူမကို
မျက်ရည်စတစ်ချို့ဖြင့် အားပေးစကားပြောနေသော မိဘနှစ်ပါးကို သူမကြိုးစားပြန်လည်ပြုံးပြခဲ့ပေမယ့်
သူမအခြေအနေကို သူမအသိဆုံးပင်။
“သက်သာရဲ့လားသမီးလေး”
အားယူပြုံးမေးနေသော မေမေ့စကားသံကို သူမခေါင်းညိတ်ပြရင်း အဖြေပေးလိုက်ပေမယ့်
နာကျင်မှုဝေဒနာများက ပို၍သာတိုးလာခဲ့သည်။
“သမီးလေး မကြာခင်နေပြန်ကောင်းသွားမှာပါ။ သမီးနေပြန်ကောင်းရင် သမီးသိပ်ပြန်ချင်တဲ့
မြန်မာပြည်ကို မေမေတို့အတူပြန်ကြမယ်နော် ။ ရွှေတိဂုံစေတီတော်ကို ပြန်လည်ဖူးချင်တဲ့သမီးရဲ့ဆန္ဒပြည့်
မှာပါ”
ရှိုက်သံတစ်ချက်မပါအောင် ကြိုးစားပြောယူနေသော မေမေ့ကို သူမခပ်တိုးတိုးစကားတစ်ခွန်း
သာ ပြန်ပြောနိုင်ရင်း မျက်လုံးတွေကိုမှိတ်ကာ အနားယူလိုက်တော့ အရာအားလုံးတိတ်ဆိတ်ငြိမ်သက်သွ
ားသည်။
နှင်းတွေဖွေးဖွေးကျနေသော ဆောင်းမနက်ခင်းတစ်ခု...
ကျဆင်းနေသော မြူနှင်းပွင့်များကို နေခြည်ကြည့်ရင်း ကောင်လေးကို ပိုမိုလွမ်းဆွတ်လာခဲ့သည်။
သူမနောက်ဆုံးအသက်ရှင်ရမည့်နေ့ရက်ကို သူမစိတ်ကအလိုလိုသိရှိနေပြီး ကောင်လေးလာမည့်ရက်နှင့်
သိပ်မကွာတဲ့အတွက် ရင်ထဲမှာ တိတ်တဆိတ်ငိုကြွေးနေမိသည်။ ချစ်သူကို ပျော်ရွှင်မှုများ ၊ နွေးထွေးမှုများဖြင့်
သူမအရောက်သွားကြိုချင်မိပါသည်။ မျက်လုံးတွေကို အားယူဖွင့်လိုက်ပြီး သူမအဖော်မွန်ဖြစ်သော
laptop မှတဆင့် မေးလ်တွေကိုဖွင့်ကြည့်မိတော့ ၀မ်းသာမှုစကားလုံးများဖြင့် ပျော်ရွှင်စွာရေးထားသော
ကောင်လေးရဲ့မေးလ်တွေကို သူမတွေ့လိုက်ရသည်။ ဆုံးဖြတ်ချက်တစ်ခုကို နေခြည်ခိုင်မာစွာချရင်း ညင်သာ

၁၅၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

သောလက်ချောင်းလေးများက အားတင်းယူကာ
“မောင် တစ်သက်တာ ထာဝရချစ်ခဲ့ချင်ပေမယ့် မဖြစ်နိုင်လို့ မုန်းမေ့လိုက်ပါပြီ”
စာကြောင်းတိုလေးကို နေခြည်ကြိုးစားရေးရင်း မရွေ့လျားနိုင်တော့သောလက်ချောင်းလေးတွေ
က ကြိုးစားကာ send ကိုနှိပ်လိုက်ချိန်မှာ မျက်ဝန်းအိမ်မှ မျက်ရည်များက ပါးပြင်ပေါ်ကိုဆင်းသက်သွား
သည်။
ထာဝရခွဲခွာသွားရတော့မယ့် သူမအတွက် သူမချစ်သူ ၀မ်းနည်းပူဆွေးနေရမယ့်အစား
မခံချင်စိတ် ၊ အမုန်းစိတ်များဖြင့် မေ့ပျောက်သွားတာကို သူမပိုအလိုရှိနေသည်။ “မင်းလည်း လေလှိုင်း
ချစ်သူပုံစံပဲလား”လို့ ကောင်လေးစွပ်စွဲမည့်အသံတွေကို သူမကြားနိုင်မှာ မဟုတ်တော့။ ကျန်ရှိနေသော
သက်တမ်းတိုတိုလေးမှာ အသက်ရှင်ခွင့်ကို စောင့်နေမည့်အစား နေခြည်ချစ်သော မြူနှင်းပွင့်များကြားမှာ
တစ်သက်တာ အိပ်စက်သွားစေဖို့အတွက် ခုံတန်းပြာလေးပေါ်မှာ တိတ်ဆိတ်စွာ နေခြည်ထိုင်နေဆဲ … ။
မြူနှင်းများပိုမိုကျလာချိန်မှာ အအေးဒဏ်ကြောင့် သူမ သတိလစ်ချင်သလိုဖြစ်လာသည်။
နောက်ဆုံးအသိမလွတ်ခင်မှာ နေခြည်မြင်ယောင်နေမိတာတော့ နေခြည်ရေးထားသောမေးလ်ကို မဖတ်ရ
သေးဘဲ အတွေးအိပ်မက်များဖြင့် ပျော်ရွှင်နေမည်ဖြစ်သော ကောင်လေးမျက်နှာလေးကိုလွမ်းဆွတ်ဖွယ်
တမ်းတမိသည်။ မဆုံနိုင်လို့ခွဲခွာခဲ့ရပေမယ့် နောင်ဘ၀ဆိုတာရှိခဲ့ရင် .. ပြန်လည်ဆုံချင်ပါသေးတယ် မောင်။
နေခြည်သိပ်ချစ်တဲ့ချစ်သူကို အပြင်လောကထိတွေ့နိုင်အောင် ခေါ်ယူနိုင်ခဲ့ပေမယ့်ရက်စက်တဲ့ကံတရားက
နေခြည်ကို သေခြင်းတရားလက်ထဲဆွဲခေါ်ခဲ့ပြီ..။ ကမ္ဘာမြေပေါ်နေခြည်အသက်ရှင်လျက်မရှိတော့ပေမယ့်
နေခြည်ရင်ထဲက စစ်မှန်သောချစ်ခြင်းတရားတွေကိုတော့မောင့်အတွက်ထားရစ်ခဲ့ပါတယ်..။ မြင်နိုင်ခဲ့မယ်
ဆိုရင် နေခြည်ပိုင်ဆိုင်တဲ့ အခန်းထဲ မောင့်ကိုယ်ပွားပုံရိပ်တွေ ၊ မောင်ပေးထားတဲ့အမှတ်တရတွေနဲ့
ချည်း ပြည့်နှက်နေခဲ့ပါတယ်..။ မောင့်ပုံကိုနေခြည်လက်ချောင်းတွေနဲ့ ပုံတူဆွဲပေးခဲ့တာကိုတော့မောင့်
ထံအရောက် နေခြည်ပို့ပေးခဲ့ပါပြီ..။ မဆုံနိုင်လို့ခွဲသွားခဲ့ပေမယ့် ရင်ထဲမှာ အလေးနက်ဆုံးချစ်ခဲ့တာမောင်
တစ်ယောက်တည်းပါ .. ။
အတွေးစကားများဖြင့် တဖြေးဖြေးအေးခဲငြိမ်သက်သွားသော ကောင်မလေးတစ်ယောက်ကို
အလင်းရောင်လာရင်တော့ ခုံတန်းပြာလေးပေါ်မှာ အားလုံးမြင်ရပေလိမ့်မည် .. ။ အသက်မရှိတော့သော
ကောင်မလေးတစ်ယောက် နာကျင်မှုများစွာကြားမှ သူမရဲ့ရင်ခွင်ထဲမှာ ပုံတူလေးတစ်ခုကိုထွေးပိုက်ထားရ
ခြင်းက …… ။

စာဖတ်သူအားလုံးကိုလေးစားလျက်

လင်းလက်

၁၆၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

မတ်လ 29ရက်၊ 2007ခုနှစ်

ဘော်…ဘူ..
ရထားဥသြဆွဲသံနှင့်အတူ အတွေးတို့ကလဲ လွန်ခဲ့တဲ့ ၉နှစ်ကျော်ကာလဆီသို့ လွင့်မျောလျက်
မိုင်ပေါင်း ၄၀၀ကျော် ရှည်လျားတဲ့ ရထားသံလမ်းဘေးတလျှောက်မှာရှိတဲ့ စိမ်းစိမ်းစိုစို စပါးခင်းတွေ၊
ရှုမျှော်ခင်းတွေကလဲ အရင်အတိုင်းဖြစ်သကဲ့သို့ ……
ဒီရထားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ကျမရဲ့ မန္တလေးသို့ အပြန်ခရီးက ကျမအတွက် ဘာထူး
ခြားချက်မှပေးနိုင်စွမ်းမရှိပေမဲ့လဲ လွန်ခဲ့တဲ့ ၉နှစ်ကျော်တုန်းက ရန်ကုန်သို့ အလာခရီးရဲ့ မျှော်လင့်ချက်၊
တက်ကြွမှုတို့ကတော့ ဒီဘ၀မှာ ပြန်ရနိုင်စွမ်းမရှိတော့တဲ့ အရာတွေပါပဲ။

ရန်ကုန်ကို လာဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ လေးစားရတဲ့ ဆရာမတစ်ယောက်ကလဲ နွားခြေရာ


ခွက်ထဲမှာပဲမနေသင့်ကြောင်း၊ တောမှာနေရင်တော့ သူကြီးကတော်ပဲဖြစ်မယ်၊ နေပြည်တော်ရောက်မှပဲ
မိဖုရားဖြစ်မယ်တဲ့ ဆိုပြီးတွန်းအားပေးတာက တကြောင်းကြောင့် မိဘတွေဆီမှာ ခွင့်တောင်းဖြစ်တယ်။
လွယ်လွယ်ကူကူတော့ သွားခွင့်မပြုခဲ့ဘူး။ ညှိနှိုင်းမှုများစွာ ရယူပြီး ကတိအထပ်ထပ်ပေးပြီးနောက်မှာ
မှ ချစ်သောဖေဖေကိုယ်တိုင် ရန်ကုန်ကို ရထားနဲ့လိုက်ပို့ပေးခဲ့တယ်လေ။ တကယ်လို့သာ ရန်ကုန်မှာ
သူနဲ့တွေ့ ပြီး ကျမဘ၀ရဲ့ အနာဂါတ်နဲ့အတူ ကျမဆီက ချစ်ခြင်းတရားတွေကို သိမ်းကျုံးယူဆောင်သွားမဲ့
သူတစ်ယောက်နဲ့ ဖူးစာဆုံမဲ့အကြောင်းသာ ကြိုတင်သိမြင်နိုင်ခွင့် ရှိခဲ့ရင် ကျမ ရန်ကုန်လာဖို့ ဆုံးဖြတ်ခဲ့မိ
မယ်မထင်ပါဘူး။
ခုတော့ ဒီလိုနဲ့ပဲ မျက်ကန်းတစ္ဆေ မကြောက်ဆိုသလို ရန်ကုန်ကို ရောက်လာခဲ့တယ်လေ။
ရန်ကုန်ရောက်တော့ မမအရွယ် သူငယ်ချင်းတစ်ယောက်နဲ့ အတူနေဖြစ်တယ်။ အဲဒီမမက xxx ကွန်ပြူတာ
စင်တာမှာလဲ staff အနေနဲ့ရော သင်တန်းသူအနေနဲ့ရော ကြိုးစားနေချိန်မှာ ကျမကတော့ ဘာအလုပ်မှ
မလုပ်ပဲ စနေ၊တနင်္ဂနွေ နှစ်ရက်မှာ အဲဒီမှာ သင်တန်းတက် weekdays တွေမှာ မအားလပ်ရအောင်
အလေလိုက်တဲ့ အလုပ်တွေလုပ်ရင်း အလုပ်ရှုပ်တော့တာပါပဲ။ အဲဒီ I.A.D.C.S သင်တန်းတက်တာ

၁၆၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ကျမ အပါအ၀င် မမရောဆို မန္တလေးက I.D.C.S အောင်ပြီးဆက်တက်တဲ့ မိန်းကလေးတွေက


၎ယောက်၊ ဒီအချိန်မှာ အပေါင်းအသင်းဖွဲ့ဖို့ မိတ်ဆက်လာတဲ့ ယောင်္ကျားလေး မိန်းကလေးတွေကလဲ
အများသား။ ဒီထဲကမှ ချစ်စရာကောင်းတဲ့ သူ့ကိုတော့ ကျမတို့ အုပ်စုထဲက မိန်းကလေးတစ်ယောက်ရဲ့
ငယ်သူငယ်ချင်းတစ်ယောက် အနေနဲ့ စတင် သိကျွမ်းရင်းနှီးခဲ့ပါတယ်။
ရန်ကုန်ကို ရောက်စ ကျမရဲ့ ရှေးဦးစွန့်စားခန်းတွေထဲမှာတော့ ဘတ်စ်ကားစီးခြင်းရဲ့ ဂန္ထ ၀င်မြောက်
ဟာသအတွေ့အကြုံတွေလဲ ပါတာပေါ့။ မှတ်မှတ်ရရ အဖေပြန်သွားပြီး နောက်တနေ့မနက်မှာ မမနဲ့အတူ
computer centre ကိုအလာ ၃၉ကားပေါ်မှာ တန်းကိုကိုင်ရကောင်းမှန်းမသိပဲ စတိုင်လေးနဲ့ မတ်တပ်ရပ်ပြီး
ကားကအထွက် ဟန်ချက်မထိန်းနိုင်ပဲ မျက်နှာချင်းဆိုင်ထိုင်ခုံမှာထိုင်နေတဲ့ မုတ်ဆိတ်ကုလားကြီးအပေါ်မှာ
ဆိုက်ဆိုက်မြိုက်မြိုက် မှောက်လျက်ကြီးလဲသွားတော့ အားလုံးက ၀ိုင်းရယ်တဲ့အချိန် ရှက်ကိုးရှက်ကန်းနဲ့
တောင်းပန်ရင်း “ဟရေး၊ ကန်မရေး၊ ရားတယ်” ဆိုတဲ့ ကုလားကြီးရဲ့ အသံကိုလဲ ဒီနေ့ထိမမေ့ပါဘူး။
၃၈ကားသေးရဲ့ နောက်ဖျားမှာထိုင်ရင်း အိပ်ငိုက်တုန်း ဘရိတ်ဆောင့်အအုပ် ထမင်းချိုင့် ပြုတ်ကျလို့
ဟင်းကောင်းလေးနဲ့ လွဲပြီး ထမင်းငတ်ခဲ့တာလဲ မှတ်မိပါသေးရဲ့ ။ Taxi နဲ့ computer centre ကို
သွားတာတောင် ပန်းဆိုးတန်းလို့ ပြောရက်နဲ့ ဘယ်နားရပ်ပေးရမှာလဲမေးတော့ ဘယ်နေရာရပ်ခိုင်းရမယ်
မှန်းမသိလို့ ပန်းဆိုးတန်းဘောတံတားမှာ ရပ်ခိုင်းမိပြီး ခြေလျင် လျောက်ခဲ့ရတာမျိုးလဲ ရှိပါသေးရဲ့ ။ ဒီလို
မဟာ စွန့်စားခန်းတွေ ရင်ဆိုင်နေရတဲ့ အချိန်မှာ ကျူရှင်တွေတက်ဖို့ ဘတ်စ်ကားတွေ အလီလီစီးရမဲ့
အရေးကိုတွေးပြီး မန္တလေးပြန်ချင်စိတ်ပေါက်လာတယ်။
ဒီအချိန်မှာ ကယ်တင်ရှင်မင်းသားလေးကတော့ သူ “xxx” ပါပဲ။ သူ့ မှာ စီးတော်ယာဉ်ရှိသတဲ့ ။
ကျူရှင်တွေကို သူလဲ အတူတူတက်မှာမလို့ အတူတူသွားကြရအောင်တဲ့။ ရေငတ်တုန်းရေတွင်းထဲကျသလို
ပဲ ဖန်တီးလာတဲက အခြေအနေက ကျမတို့ နှစ်ယောက်အပါအ၀င် အားလုံး ၅ယောက်အုပ်စုကအတူစား၊
အတူသွား ကျောင်းအတူတက်၊ ကျူရှင်အတူတက်နဲ့ အင်မတန်အနေနီးလာကြတာပေါ့။ ပိုဆိုးတာတခုက
ကျမတစ်ယောက်ထဲ ခွဲတက်ဖြစ်တဲ့ တခြားသင်တန်းတွေလေ။ computer နဲ့ ပါတ်သက်တဲ့
programming, networking certificate သင်တန်းတွေကအစ၊ ဘာသာစာကားနဲ့ ပါတ်သက်တဲ့
English, Japanese, Chinese Class သင်တန်းတွေအဆုံး ကြုံသလို သူအားတဲ့ အချိန်တိုင်း
အပို့အကြိုလုပ်ပေးပါရော။ အဲဒီလို အချိန်တိုင်းမှာ သူ့ရဲ့ သူငယ်ချင်းတွေအားလုံးကို ပထုတ်ပြီး
နှစ်ယောက်ထဲ ကားအတူစီးရင်း၊ စကားအတူပြောရင်း၊ ရင်းနှီးမှုတွေတိုးပြီး နားလည်မှုတွေဖလှယ်ရင်း
ဖွင့်မပြောခင်က ခေါင်းညိတ်အဖြေပေးပြီးသား ချစ်သူတွေအဖြစ် ရောက်ရှိသွားတာ ဘယ်သူမှ
မရိပ်မိကြဘူးလေ။ သူငယ်ချင်းတွေထင်နေတာက မရိုးသားတော့ရုံသက်သက်ပဲလို့။ ကျမတို့ နှစ်ယောက်က
အနေအထိုင်ပိရိရုံတင်မက လက်မထပ်ရသေးခင် မကျော်သင့်သေးတဲ့ အဖြူရောင်စည်းလေးကိုလဲ
မညစ်နွမ်းအောင် စောင့်ထိန်းဖြစ်ကြတယ်လေ။ ဖွင့်မပြောခင်က ခေါင်းညိတ်အဖြေပေးပြီးသား
မိန်းကလေးတစ်ယောက်အနေနဲ့ အညှာလွယ်တယ်လို့ ထင်စရာဖြစ်မှာပါ။
တကယ်တော့ အဲဒီအကြောင်းတရားနှစ်ခုက တကန့်စီပါ။ ကျမတို့ နှစ်ယောက်က ရှေးစက်ဟေ
ာင်းရှိဖူးသူတွေဖြစ်မှာပါ။ ဒါကြောင့် တစ်ယောက်ရဲ့ အထာကို တစ်ယောက်က နောကြေနေသလိုမျိုးလေ။
သူက ‘A’ သွေးသမားဆိုတော့ မပိုင်ရင်ဘာမှ မလုပ်ချင်တဲ့သူမျိုး။ မိန်းကလေးက သူ့ကိုပြန်ကြိုက်လို့
‘Yes’ ဆိုတဲ့ အဖြေရနိုင်မှ ရည်းစားစကားဖွင့်ပြောချင်တဲ့ သူမျိုး။ ကျမကလဲ ပွင့် ပွင့် လင်းလင်း ‘B’
သွေးသမား၊ အပိုအလိုမရှိ ကိုယ့်ဘက်က စကြိုက်ရင်တောင် ဖွင့်ပြောဖို့ရာ ၀န်မလေးပါဘူး။ မြန်မာပြည်
မှာမွေးလာလို့သာ မိန်းမ အိနြေ္ဒရေ စောင့်ထိန်းရပေမဲ့ ကြိုးရှည်ရှည်လှန်ထားတတ်တဲ့ အကျင့် မရှိပါဘူး။
ဒီလိုနဲ့ ပဲ သူနဲ့ ကျမရဲ့ သံယောဇဉ်တွေ တစ်နှစ်ကျော်တော့ ၁နဲ့ ၁ပေါင်းလို့ ၂ ဖြစ်မလား၊ ၂ထက်ကျော်တဲ့
အခြေအနေတွေဖြစ်မလား ဆိုတာကို plan တွေချကြတယ်လေ။ ကျမတို့က အသက် ၂၀ ကျော်ေ
လးတွေပဲရှိသေးတာမလို့ အနဲဆုံး နောက်ထပ် ရှစ်နှစ်၊ဆယ်နှစ် တော့ အပြိုင်အဆိုင်ကြိုးစားကြပြီးမှ
လက်ထပ်ကြမယ်လို့ ဆုံးဖြတ်ကြတယ်။ ကျမတို့ အတူတူ ကျောင်းဆက်တက်ဖို့ နိုင်ငံခြားသွားကြမယ်တဲ့။
အရင်ဆုံးရွေးဖြစ်တဲ့ နိုင်ငံက အော်စီကိုလေ။ အဲဒီနှစ် June လောက်မှာ သွားကြရအောင်ပေါ့။ မှတ်မှတ်ရရ
ဆုံးဖြတ်ချက်ချကြတာက ဖေဖေါ်ဝါရီလရဲ့ နေ့တနေ့ ၊ တိုက်တိုက်ဆိုင်ဆိုင် ကျမရဲ့ မွေးနေ့ မှာပေါ့ ။
ဒီနှစ်သင်္ကြန်မှာ သူတို့အိမ်က မဏ္ဍပ်ဆောက်မှာမလို့ အတူပျော်ဖို့ အစီအစဉ်လဲပါသေးတယ်နော်။
အဲဒီနေ့က သူတို့မိသားစုရဲ့ အိမ်အသစ်ဆောက်ထားတဲ့ ဘုရင့်နောင်ကခြံကိုလဲ သွားလည်ဖြစ်သေးတယ်။

၁၆၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

interior ကလွဲရင် ကျန်တာအကုန်ပြီးသလောက်နီးပါးဖြစ်နေပါပြီ။ ကျမတို့နေကြမဲ့ အခန်းက ဘယ်အခန်း၊


ဘယ်လိုရှုခင်းကိုမြင်နေရပြီး ဘာရောင်ခြယ်ကြမယ်၊ ဘယ်ပစ်စည်းတွေ ဘယ်နေရာမှာ ထားကြမယ်ဆိုပြီး
ငြင်းခုံခဲ့ ကြတာတွေလဲ သတိရနေဆဲ။ ပြန်တွေးကြည့်လိုက်တော့ အဲဒီ အချိန်တုန်းက ကျမတို့ ရဲ့
အနာဂါတ်က ပျော်စရာ အပြည့်နဲ့ပေါ့ ။
ဒါပေမဲ့ ကံကြမ္မာက ကျမကို မျက်နှာသာ မပေးခဲ့ ဘူး။ ကျမရဲ့ အိမ်က မိသားစုပြဿနာတစ်ခု
အတွက်နဲ့ ကျမကို မန္တလေးအိမ်ပြန်ခေါ်ကြတယ်။

မတ်လ 29ရက်

သူနဲ့ ကျမ ဝေးသွားရမယ်လို့ ထင်မထားပဲ အိမ်ပြန်ခဲ့ရတယ်။ သင်္ကြန်မှာလဲ ရန်ကုန်ကို


ပြန်မလာနိုင်သေးဘူး။ သူ့ ရဲ့ နိုင်ငံခြား ပညာသင်ခရီးကလဲ U.K ကိုပဲ သွားဖို့ ပြောင်းလဲ ခဲ့တယ်။ ကျမရဲ့
အိမ်အခြေအနေကလဲ U.K မပြောနဲ့ အော်စီတောင် မလွှတ်နိုင်တော့ တဲ့ အနေအထားဖြစ်သွားခဲ့တာ။
ဘာဖြစ်လို့လဲဆိုတော့ ချစ်သော ဖေဖေနဲ့ မေမေက ကွာရှင်းခဲ့ ကြတယ်လေ။
September မှာ သူထွက်သွားပြီ။ ကျမကို နှုတ်ဆက်သွားတယ်။ ကံမကုန်သေးရင် ပြန်ဆုံ
ကြဦးမယ်တဲ့ ။ ကျမလဲ မျှော်လင့်ထားပါတယ်။ ကမ္ဘာကြီးကကျဉ်းပါတယ်။ ပြန်ဆုံနိုင်မှာပါလို့။ အဲဒီတုန်းက
ခရစ်သက္ကရာဇ် ၁၉၉၉ (ကျမတသက်လုံး အမုန်းဆုံး)
၂၀၀၀ ခုနှစ်ရဲ့ သင်္ကြန်မှာ သူအလည်ပြန်လာတယ်။ မန္တလေးအိမ် ထိလိုက်လာခဲ့တယ်နော်။
ဒါပေမဲ့လဲ ကျမတို့ လွဲကြပြန်တာ။ ဘာဖြစ်လို့လဲဆိုတော့ ကျမက မိုးကုတ်မှာ (၁၀)ရက်
တရားစခန်းသွားဝင်နေတာလေ။ ၂၀၀၁ခုနှစ် မှာတော့ ရန်ကုန်မှာ သူ့ကိုလာစောင့်နေပါတယ်။
သူကတော့ ပြန်မလာခဲ့ဘူး။ မီးဝေးတော့လဲ ချိတ်မာသွားပြီလား။ တစ်နှစ်ပြီးတစ်နှစ် အချိန်တွေသာ
ကုန်သွားတယ်ချစ်သူရေ။ ၂၀၀၇ ဆိုရင် တို့တွေ ခွဲခဲ့ရတာ ၈နှစ်ရှိပြီပေါ့။ အလုပ်နဲ့ ဘ၀ထဲမှာအလွမ်းတွေကို
သင်္ဂြိုဟ်ပြီး ချစ်ရတဲ့ သူ့ကို စက္ကန့်နဲ့ အမျှ သတိရဆဲပေမဲ့ ကံကုန်သွားလို့ ပြန်မဆုံနိုင်တော့ဘူး ထင်ပါတယ်။
သီချင်းလေးတစ်ပုဒ်မှာတော့ “ကမ္ဘာကြီးကကျဉ်းတယ်တဲ့” ။
ဒါပေမဲ့ ကျမကတော့ မိုးကုတ်စက်ဝိုင်းရဲ့ အစွန်းတဖက်မှာပဲ ရပ်နေမိသလားမပြောတတ်တော့
ဘူးနော်။
မန္တလေး-ရန်ကုန်အမြန်ရထားကြီးက ကျမရဲ့ မျှော်လင့်ချက်မဲ့တဲ့ ခန္ဓာကိုယ်ကို သယ်ဆောင်သွား
နေသလို........
ကျမရဲ့ ဘ၀ရထားကြီးကလဲ နှလုံးသားမဲ့တဲ့ ၀ိဥာဉ်နဲ့အတူ စက်ရုပ်ဆန်စွာ ခရီးဆက်
ရင်းနဲ့ ........

(ပြီးပါပြီ)

မယ်လိုဒီ

၁၆၃
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ကျနော် အလုပ်မှာ ဒီနေ့ အချိန်ပို ဆင်းရပါတယ်။ အလုပ်ကနေ ညနေ ငါးနာရီကျော်မှ ပြန်ရတော့


မှောင်စပျိုးလို့ နေပါပြီ။ ဟိုကရင် အကိုကြီးက ပုံမှန် အလုပ်နားချိန် သုံးနာရီခွဲကတည်းက ပြန်နှင့်တော့
ကျနော်တယောက်ထဲ ပြန်လာရပါတယ်။ ဟိုတွေးဒီတွေးနဲ့ ပြန်လာရင်းနဲ့ မြစ်ကူးတံတား အတက်နားမှာ
ခလုတ်တိုက်မိပါလေရော။ ခြေထောက်က မျက်ကနဲ နာသွားတော့ စိတ်တိုသလိုလို ဖြစ်သွားပါတယ်။
အဲဒါနဲ့ လမ်းဘေးက ခုံတန်းလေးမှာ ၀င်ထိုင်ရင်း ခြေထောက်ကို ငုံ့ကြည့်ပြီး စိတ်ထဲကနေ လမ်းကို
မကျေမနပ်ဖြစ်လာပါတယ်။
“တောက်.. ဒီလမ်းကြောင့် ဖြစ်ရတာ”
“အသုံးမကျလိုက်တဲ့လမ်း၊ အခုကြည့်စမ်း.. ခလုတ်တိုက်မိတာ နာလိုက်တာ၊ ကားဝယ်ဖြစ်ရင်
တော့လား.. ဒီလိုလမ်းမျိုး လုံးဝမလာဘူးကွာ”
အားရပါးရကြီး လမ်းကို ကျိန်ဆဲရင်း မော့ကြည့်မိတော့ လမ်းက ကျနော့်ကို မျက်မှောင်ကြီး
ကုတ်ပြီး ငုံ့ကြည့်နေသလိုပဲ။ နောက်တော့ သူကလဲ ကျနော့်ကို တဖြည်းဖြည်းနဲ့ မကျေမနပ် ရေရွတ်သံတွေ
ထွက်လာတယ်လို့ ခံစားလာရပါတယ်။ ဘယ်ရမလဲ.. ကျနော်ကလဲ သူ့ကို မကျေမနပ်နဲ့ ပြန်ပြောတာပေါ့။
ဒီလိုနဲ့ ကျနော်နဲ့ လမ်းနဲ့ စိတ်ကူးထဲမှာ စကားအချေအတင် များကုန်ပါတော့တယ်။

“ဟေ့ကောင်”
“ဘာတုန်းဗျ”
“မင်းက အခုတော့ ငါ့ကို အပြစ်မြင်တယ်ပေါ့လေ၊ ဟုတ်လား”
“ဟာ၊ ဒီမှာကြည့်လေ ကျုပ်ခြေထောက် နာသွားတယ်၊ ခင်ဗျားလမ်းကိုက မကောင်းလို့ပေါ့ဗျ”
“အဲဒါပဲ၊ မင်းတို့ လူတွေ သိပ်ခက်တဲ့ကောင်တွေပဲ”
“ဘာဖြစ်လို့တုန်းဗျ”
“နေစမ်းပါအုံး၊ မင်းကို ငါမေးပါအုံးမယ်၊ ဒီလမ်းကို လျှောက်ဖို့ မင်းကို ဘယ်သူကများ
အတင်းအကျပ် တိုက်တွန်းခဲ့လဲ၊ မင်းသဘောနဲ့မင်း လျှောက်ခဲ့တာ မဟုတ်ဘူးလားကွ၊ မင်းပဲ ဒီလမ်းက
သာယာသလေး ဘာလေးနဲ့ ပြောခဲ့သေးတယ်လေ”

၁၆၄
အနာဂတ်လိုင်း၏ဆုံမှတ်များ

“ဒါတော့ ဒါပေါ့ဗျ၊ ဒါပေမယ့် အခု ကျုပ်ခလုတ်တိုက်တာ တော်တော်နာတယ်ဗျ”


“အင်း၊ မင်းဆိုတဲ့ကောင် လူဖြစ်ပြီး လောကနိယာမကိုတောင် ဘာမှ နားမလည်သေးဘဲကိုးကွ”
“ဟမ်၊ ဘာဖြစ်လို့တုန်းဗျ၊ ခလုတ်တိုက်တော့ နာတယ်ဗျာ၊ ဒီတော့ ခင်ဗျားကို ကျိန်ဆဲချင်စိတ်
ပေါက်လာတယ်ဗျာ၊ ဘာဖြစ်သလဲ၊ ဒါက လူတွေရဲ့ ခံစားချက် တမျိုးပဲမဟုတ်ဘူးလား”
“ဒီလိုဆိုရင်တော့ မင်းကို ငါပြောရသေးတာပေါ့”
“ပြောစမ်းပါအုံး”
“ဟောဒီ လမ်းပေါ်မှာ လူပေါင်းစုံ သွားလာဖူးတယ်ကွ၊ စက်ဘီးလမ်းဆိုပေမယ့်၊ စကိတ်စီး
အပန်းဖြေတဲ့ လူတွေ၊ လမ်းလျှောက် လေညှင်းခံတဲ့လူတွေ၊ အပြေးလေ့ကျင့်တဲ့လူတွေ ပြီးတော့ မင်းတို့လို
အလုပ်သွား အလုပ်ပြန်ကောင်တွေလဲ ပါတာပေါ့”
“အင်း”
“တလောကဆိုရင် စကိတ်စီးတဲ့ ငနဲတကောင် ချော်လဲတာ အတော်နာသွားပုံရတယ်ကွ၊
ဒူးခေါင်းမှာလဲ သွေးတွေကို ရဲနေတာပဲ”
“အင်း”
“တခါတုန်းကဆိုရင်လဲ ပြိုင်ဘီးစီး လေ့ကျင့်တဲ့ ကောင်မလေးတယောက်
စက်ဘီးမှောက်သေးတာပဲ”
“အင်း”
“ဟိုတခါကတော့ တော်တော်ဆိုးသကွ၊ မျက်စိမမြင်တဲ့ အဘွားကြီးကွာ၊ တောင်ဝှေး
တဒေါက်ဒေါက်နဲ့ စမ်းတမ်းစမ်းတမ်း လမ်းလျှောက်တာ မှောက်ရက်လဲပါလေရောလား”
“အင်း”
“ဒါပေမယ့် သူတို့က မင်းလိုတော့ ကိုယ်လျှောက်တဲ့လမ်းကို ကိုယ်အပြစ်ပြန်မတင်ဘူးကွ”
“စကိတ်စီးတဲ့ကောင်လဲ ချော်သာလဲတာ၊ စပ်ဖြီးဖြီးနဲ့ ပြန်ထပြီး သူ စကိတ်စီးတာကို
ပိုကျွမ်းကျင်အောင် ထပ်စီးတာပဲ”
“စက်ဘီးစီးတဲ့ ကောင်မလေးလဲ ဒီလိုပဲ၊ မိန်းကလေးသာဆိုတယ်၊ တချက်မမဲ့ဘူးကွာ၊
လဲသွားတဲ့ စက်ဘီးကို ပြန်ထူပြီး သူ့အလုပ်သူဆက်လုပ်တာပဲ၊ ဟိုအဘွားကြီးကရော ဘာထူးသေးလဲ၊
လဲကျသွားတော့လဲ သူလမ်းလျှောက်နေတာကို ဆက်လျှောက်တာပဲကွ”
“အေး၊ မင်းကို ငါပြောချင်တာက၊ လမ်းဆိုတာ လူတိုင်းသွားတယ်၊ သွားတဲ့လူတိုင်း တကြိမ်မဟုတ်
တကြိမ်တော့ ခလုတ်တိုက်မယ်၊ လဲကျမယ် ဒါ လောကရဲ့ သဘာဝတရား၊ နိယာမ တရားပဲကွ”
“ဒါကိုပဲ မင်းက ခလုတ်လေး တခါလောက်တိုက်မိတာနဲ့ ဒီလမ်းကြောင့် ဖြစ်သလေးဘာလေးနဲ့”
“ကျနော် နာသွားတဲ့ ခံစားချက်ကြောင့်ပါဗျာ”
“အေး၊ မင်းက ဒီလမ်းကိုလျှောက်လို့ ခလုတ်တိုက်မိတာကို ညည်းညူနေတယ်၊ စောစော
မင်းပြောနေတာ ငါကြားလိုက်ပါတယ်၊ မင်းကားဝယ်ရင် ဒီလမ်းကို မလျှောက်တော့ဘူးဆို၊ ဟုတ်လားကွ”
“ဟုတ်တယ်လေ”
“မှတ်ထားကွ၊ ကားလမ်းမှာ အမှားတချက်တွေ့ရင်တော့ မင်းအသက်ပါ ဇီဝိန်ကြွေသွားမယ်”
“ဗျာ”
“မဗျာနဲ့၊ မင်းသေသေချာချာ စဉ်းစားစမ်းပါ”
“ဟုတ်ကဲ့”
“အခု မင်းခလုတ်တိုက်မိတာကို စိတ်မပျက်ပဲ မင်းသွားချင်တဲ့နေရာကို ပျော်ပျော်ကြီး
သွားစမ်းပါကွာ၊ ဒီတခါ တိုက်မိရင် နောက်တကြိမ် မတိုက်ရအောင် မင်းသတိထားပေါ့ကွ”
“ဟုတ်ကဲ့”
“နောက်တခု ထပ်ပြောလိုက်မယ် ကိုယ့်လူရေ၊ ခလုတ်ကိုကြောက်နေရင် မင်း ဘယ်လမ်းကိုမှ
လျှောက်မနေနဲ့တော့”
“ဗျာ”

အေးစိမ့်စိမ့် လေပြင်းတချက် ၀ူးကနဲ တိုက်လိုက်တော့ ကျနော်တယောက် အတွေးထဲမှာ

၁၆၅
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

လမ်းနဲ့ စကားများနေရာကနေ လန့်နိုးပြီး လက်ရှိပစ္စုပ္ပန်ကို ပြန်ရောက်လာပါတယ်။ ပတ်ဝန်းကျင်ကို


ကြည့်လိုက်တော့ အတော်မှောင်နေပါပြီ။ လမ်းကလေးကို ပြန်ကြည့်တော့ အမှောင်တွေကြားထဲကပဲ
ကျနော့်ကို ခွင့်လွှတ်တဲ့ အပြုံးနဲ့ ကြည့်နေသယောင်ယောင်။
ကျနော် လမ်းဆက်လျှောက် ရပါအုံးမယ်။ ခလုတ်တွေလဲ တိုက်ကောင်းတိုက်နေအုံးမှာပါပဲ။
ဒါပေမယ့် ကျနော် ဆက်လျှောက်ရမှာပါပဲ။ လမ်းနဲ့ ခလုတ်ဆိုတာက တွဲလျက်ရှိနေတာပဲလေ။

ကိုသံလွင်

၁၆၆
အနာဂတ်လိုင်း၏ဆုံမှတ်များ

“ ဘာပြောတယ်လော်ရာ ! ”
“ စိတ်မဝင်စားဘူးလို့ပြောတာပါ ဒယ်ဒီ”
“ မရဘူးသမီး။ ဒီခေတ်ကြီးမှာ မင်းဗမာစာ၊ ဗမာစကားမတတ်လို့မရဘူး”
“ ဒါဆိုလည်း နောက်မှတတ်မယ် ဒယ်ဒီ။ အခုသမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ဂျပန်ယဉ်ကျေးမှု
အတန်းတွေ တတ်ရဦးမယ်”
“ အဲဒါခက်တာပဲ။ ဘာကအရေးကြီးလဲဆိုတာ မင်းတို့ကလေးတွေ မခွဲနိုင်ဘူး။ ဗမာစကားတတ်ရင်
ကမ္ဘာမှာ မင်းသွားချင်တဲ့ဆီသွားလို့ရပြီ၊ မင်းလုပ်ချင်တဲ့အလုပ် လုပ်လို့ရပြီကွ ”
“ အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ဦးမလား ဒယ်ဒီရာ ”
“ ဝင်ပြီလား သမီး။ ကဲ… မင်းဗမာစာ၊ ဗမာစကားတတ်ပြီ ဆိုပါတော့။ ပထမဆုံး မင်းရန်ကုန်က
မာစတာတန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်းစာခန့်တွေ ဖတ်လို့ရမယ်… ပြီးတော့ … ”
“ ရှိတ်စပီးယားထက်ပဲ ကောင်းဦးမလား။ ဒါထက် ဂျာမန်လူမျိုး အဖေက ဒီလိုပြောတာကို
အံ့သြမိပါရဲ့။”
“ ဘာကွ … အေး … ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလိုအချိန်
မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်မယ်ထင်လဲ ”
“ သိပ်တော့မထူးပါဘူး ”
“ ဟာ… သိပ်ထူးတာပေါ့ သမီးရယ်။ ကဲ … ဒယ်ဒီပြောမယ် … နားထောင်။ ဗမာစာ မတတ်ရင်
နောက်နှစ်ဆန်းမှာ ထွက်လာမယ့် Microsoft ရဲ့ Window Popa (ဝင်းဒိုးပုပ္ပါး) ကို မင်းဘယ်လိုသုံးမလဲ။
ထားပါတော့ မင်းက Open Source လို့။ Linux ရဲ့ “ ဟင်္သာရောင် အပိုင်း (၆) ” (Hintha Shine Core
6)ကိုရော ဘယ်လိုကိုင်တွယ်မလဲ။ အလုပ်လုပ်လို့မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့
မင်း အမေရိက ကိုသွား။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို တော့ မလာလေနဲ့။ နောက်ပြီး Cell
Phone နဲ့ မြေပုံစနစ် တွေမှာဆိုရင် မင်းဗမာစာမတတ်တာနဲ့ သုံးရခက်ပြီ ”
“ ဘာဆိုင်လဲ ဒယ်ဒီရာ ”
“ ဆိုင်တာပေါ့ … On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆသရ)

၁၆၇
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

အမျိုးအစားဖုံးတွေကို မင်းဘယ်လို အသုံးချမလဲ။ မြေပုံက စာတန်းတွေကလည်း ဗမာလိုလေ ”


“ Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လို သုံးပါသေးတယ် ”
“ ဒယ်ဒီသိပြီ။ ငါ့သမီးက ဝိဇ္ဇာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပျက်နေတာကို။ မင်းပြောတဲ့ တံဆိပ်
တွေက နည်းပညာပိုင်းမှာ ဆသရ ကိုမမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ ဆသရ အရောင်းမြှင့်တင်ေ
ရးပွဲကို MRTV ၂၃ က တိုက်ရိုက်လွှင့်လို့ ဖေဖေကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုံးတွေပဲ
သမီး။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ … ဒီတော့ သမီး ဗမာစာ သင်တန်းသွားတက်။ ပြီးရင်
နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားရင်လိုက်ခဲ့တော့။ ဟုတ်ပြီလား ”
“ ဗမာပြည်ဝင်ခွင့် ဗီဇာက ထင်သလောက်မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက
ဘာသွားလုပ်မှာလဲ”
“ ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကို သွားမယ်။ ဗမာပြည်လုပ် “မိုးယံဆင်”
ငါးထပ်လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး၊ ပြီးတော့
အတောင်ပံတွေကိုလည်း ခေါက်သိမ်းနိုင်သတဲ့။ သမီးပါရင်တော့ ရန်ကုန် မြကျွန်းသာပန်းခြံထဲက
ရေအောက်ပြခန်းမှာလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ဝင်ကြည့်မလားလို့လေ”
“စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ။ ဒါနဲ့အစားအသောက်က အဆင်ပြေပါ့မလား ဒယ်ဒီ”
“ဟားး ဟားးးး … ငါ့သမီးလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ်။ ဒီမှာသမီး …
ဗမာပြည်မှာ မရတာမရှိဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ ခုနှစ်စတိုင် ဒူးရင်းသီးလား။
သယ်ယူရလွယ်ကူတဲ့ လေးထောင့်ပုံ ကြက်ဆင်ဥလား။ လေဆာနဲ့ အရိုးတွေကို ချေပြီး တကောင်လုံးဝါးလို့
ရအောင်လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပသားတွေ အတွက်သီးသန့်လုပ်ထားတဲ့ အဖြူရောင်
ပုန်းရည်ကြီးလား။ ဒါမှမဟုတ် …”
“တော်ပါပြီ ဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ။ သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက…”
“သမီး … သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ။ ဗမာပြည်သွားမယ်ဆို ဒါတွေကို
ထည့်စဉ်းစားဖို့ကို မလိုဘူးလေ။ လေယာဉ်ပေါ်က ဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ထည့်ထားတဲ့
လေရှူဘူးတွေပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့ မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့
သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာတဲ့ကားတံခါးကို လာကပ်မယ့်
Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားပြီး သမီးကို
Reception ကို ပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကား အနည်းဆုံး ၅၉၀ လောက်ပြောတတ်တဲ့
ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်။ နောက်ဘာတဲ့… ဆက်သွယ်ရေးဟုတ်လား… ဗမာနယ်စပ်ကို
လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီ။ GSM တွေသယ်လာရင် ပြောလို့ရပြီ။ အဲ… ကိုယ့်ဖုံးကို
ယူလာဖို့မေ့လာရင်လည်း မပူပါနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေ လိုက်ဝေနေတဲ့
ချာတိတ်တွေ ရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ ပတ်ကြာတဲ့
မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ “ဆသရ” လို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်
တွေပေါ့လေ”
“အော်..ကောင်းလိုက်တာနော်။ ဒါနဲ့ မီးရောမှန်သွားပြီလားဟင်…”
“မီးလား...အဲ...မီးကတော့ကွာ … ဖေဖေပြောမယ် …ဟိုဟာလေ...အင်း... ဒီလိုရှိတယ် …”
ထိုစဉ် … “ဆိုက်ကားအားလား ” ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်း
လန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့ တင်ဆောင်လိုက်ပို့လေတော့သတည်း။

Mr. Pooh

၁၆၈
အနာဂတ်လိုင်း၏ဆုံမှတ်များ

အစည်းအဝေးခန်းမတစ်ခု . . .
ငြင်းခုံနေတဲ့စကားသံတွေနဲ့ ဆူညံမနေပါဘူး။
ဒါပေမယ့် အားလုံးရဲ့မျက်နှာမှာတော့ သောကအရိပ်အယောင်တွေက အထင်းသား . . .

နောက်ဆုံးမှာ တိတ်ဆိတ်ခြင်းကို သည်းမခံနိုင်တော့တဲ့ စားပွဲထိပ်က လူကြီးက စကားကို


စပါတယ်။
“ကျုပ်တို့ Level 3 တွေကို ဆက်သွယ်ဖို့အချိန်တန်ပြီ”
“ဘယ်ဖြစ်မလဲဗျ။ သူတို့ကို ကျုပ်တို့ကပစ်ပယ်ထားတာပဲ နှစ်ပေါင်းမှ မနည်းတော့တာ။ အခုလို
အကူအညီလိုချိန်မှ ဆက်သွယ်တော့ လက်ပိုက်ပြီး ပျော်ပျော်ကြီး ကြည့်နေမှာပေါ့”
“ဒီလိုလည်း ဘယ်ဟုတ်မလဲဗျာ။ အရေးကြီးတော့လည်း သွေးနီးရမှာပေါ့။”
“ဘာ။ သွေးနီးတယ်ဟုတ်လား။ ကျုပ်တို့မှာ သွေးမရှိတာ ဘယ်လောက်ကြာပြီလဲ။ ကျုပ်တို့
Level 2 တွေဆိုတာ ၁၆ နှစ်သားဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို စက်တွေနဲ့ အစားထိုးလိုက်တြဲ့
ဖစ်စဉ်ဟာ လွန်ခဲ့တဲ့ ၂၂၀၀ ခုနှစ်လောက်ကပဲဆိုတာ ခင်ဗျားသတိရဦးမယ်ထင်ပါတယ်။”
“ဟုတ်ပါပြီလေ။ ဒါပေမယ့် အခု Level 1 တွေရဲ့အန္တရာယ်က ကျုပ်တို့ Level 2 ရော Level 3
တွေပါ အားလုံးအတွက် ဘုံအန္တရာယ်မဟုတ်လားဗျ”
“တော်ကြပါတော့ရှင်။ ရှင်တို့အခုလို ငြင်းခုံနေမယ့်အစား ကျေးဇူးပြုပြီး ကျွန်မပြောတာ
ခဏလောက်နားထောင်ပေးကြပါ။ အခု Level 1 တွေဟာ စိတ်ခံစားချက် Software Install
လုပ်ပြီးမကြာခင်သူတို့ရဲ့ နိစ္စဓူဝ အလုပ်တွေကို ငြီးငွေ့လာရတယ်၊ ကျန်တဲ့သူတွေကိုရန်ရှာလာရတယ်ဆို
တာ အကြောင်းရှိရမယ်။ Software ရဲ့ Model မှာ ချို့ယွင်းချက်ရှိသလား။ ဒါမှမဟုတ် သူတို့ရဲ့ Software
တွေကို တစ်ယောက်ယောက်ကများ Hack လုပ်ခံရသလားဆိုတာ စဉ်းစားစရာပဲ။ ဒါပေမယ့် ဒါတွေတစ်ခုမှ
မဖြစ်နိုင်ဘူး။ ဒီလို ချို့ယွင်းချက်တွေ လုံးဝမရှိအောင်လို့ နှစ်ပေါင်းများစွာသုတေသနလုပ်ပြီးမှ သူတို့ကို Install
လုပ်ပေးခဲ့တာပဲ။ အဲဒီတော့ ဖြစ်နိုင်တာ တစ်ခုကို ကျွန်မ စဉ်းစားကြည့်မိတာတော့ စက်ရုပ်တွေဟာ လူလိုခံ
စားချက်ရှိလာပြီဆိုတာနဲ့ လူဆန်လာပြီး စဉ်းစားနိုင်မှု၊ ကိုယ်ချင်းစာမှု၊ ချစ်ခင်ကြင်နာမှု၊ ရိုင်းပင်း ကူညီမှုတွေ

၁၆၉
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ရှိလာနိုင်သလို ပျင်းရိခြင်း၊ လောဘကြီးခြင်း၊ မနာလိုခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ ကွက်ကျော်ရိုက်ခြင်းတို့လို


မကောင်းတဲ့အကျင့်တွေလည်း ရှိလာမှာပဲ။ ဒါကြောင့် သူတို့ကို နှစ်ပေါင်းများစွာ အောက်ခြေသိမ်းအလုပ်တွေ
ခိုင်းချင်တိုင်းခိုင်းခဲ့တဲ့ လူတွေကို ရန်ရှာဖို့ကြိုးစားလာတာပဲလို့ ကျွန်မတော့ယူဆမိတယ်”
“ဟုတ်ပါပြီ။ ဒါဆိုသူတို့က ဘာဖြစ်လို့ ကောင်းတဲ့အကျင့်တွေ မပြန့်ပွားရသလဲ”
“လူ့စိတ်ဆိုတာ မကောင်းတဲ့ဘက်မှာ ကျက်စားလေ့ ရှိပါတယ်ရှင်။ ကျွန်မတို့လို ဘာသာအယူ
ဝါဒမျိုးစုံရဲ့ ထိန်းကျောင်းမှုအောက်မှာ ရှိနေတဲ့လူတွေတောင် မကောင်းမှုကို မကြာခဏ ပြုကျင့်တတ်ကြ
တာပဲမဟုတ်လား”
“ကဲ။ ငြင်းခုံနေဖို့ အချိန်မဟုတ်တော့ဘူး။ Level 3 တွေကို အခုပဲဆက်သွယ်လိုက်တော့မယ်”

“Level 2 တွေဆီက အခုပဲအဆက်အသွယ်ရတယ်။ Level 1 တွေသူတို့ကို ၀ိုင်းထားတာ ၁


ပါတ်လောက်ရှိသွားပြီတဲ့။ သူတို့ နောက်ထပ်စုမိတာနဲ့ Level 2 တို့ နယ်မြေတစ်ခုလုံးကို သိမ်းဖို့အဆင်သင့်
ဖြစ်နေပြီ။ အဲဒီတော့ Level 1 တွေရဲ့ အဆင့်နဲ့ အခြေအနေကို ကျွန်တော်တို့ပြန်သုံးသပ်ကြည့်ရအောင်။”
“ဟုတ်ကဲ့။ Level 1 တွေဟာ အခြေခံတည်ဆောက်ပုံကတော့ အားလုံးအတူတူပါပဲ။ ဒါပေမယ့် သူတို့ကို
Central Control Centre ကနေ Software Upgrade Command ပေးလိုက်တာနဲ့ သူတို့ဟာ အနီးစပ်ဆုံး
Hardware Upgrade Outlet တွေမှာ လိုအပ်တဲ့ ကိရိယာတန်ဆာပလာ တွေကို တပ်ဆင်နိုင်သွားပါပြီ။
အရင်တုန်းကတော့ သူတို့ကို အလုပ်အမျိုးမျိုးအတွက် လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေ တပ်ဆင်နိုင်
အောင်လုပ်ပေးခဲ့တာပါ။ ဒါပေမယ့် အခု သူတို့ထဲက တစ်ယောက်ဟာ Central Control Centre ကနေပြီး
သူတို့အားလုံးကို တိုက်ခိုက်တတ်တဲ့ Software ကိုInstall လုပ်ပေးလိုက်တယ်လို့ယူဆရပါတယ်။”
“Software Install လုပ်တိုင်း သူတို့မှာ လက်နက်တွေမှ မရှိတာ။ ဘယ်ကရမှာလဲဗျ။”
“Robots make Robots ပါ။ သူတို့လိုမျိုးတူ စက်ရုပ်တွေအပြင် ဘယ်လို Hardware
မျိုးကိုဖြစ်ဖြစ် တီထွင်ဖန်တီးနိုင်တဲ့အစွမ်း သူတို့မှာ ရှိနေပါပြီ။”
“ဒါဆို Central Control Centre ကို ထိန်းသိမ်းနိုင်ရင် သူတို့ကို နှိမ်နင်းနိုင်ပြီပေါ့။”
“ထင်သလောက်တော့ မလွယ်ဘူးဗျ။ အဆင့်အမြင့်ဆုံး Upgrade လုပ်ထားတဲ့ Level 1 တွေက
Central Control Centre ကိုလက်နက်အပြည့်အစုံနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားတယ်ဗျ။”
“နည်းလမ်းတော့ ရှိရမှာပေါ့လေ။”
“ဟုတ်ကဲ့။ ကျွန်တော်စဉ်းစားထားတာက . . .”
“အားလုံး အသင့်ပြင်ပါ။ Level 1 တွေ ကျွန်တော်တို့ကို ၀ိုင်းထားပါပြီ။”

“ဟဲ ဟဲ ဒီကောင်တွေ အခုလောက်ဆို ကြောက်ဒူးတုန်နေလောက်ပြီဗျ။”


“ရန်သူကို အထင်မသေးပါနဲ့။ လူလောက် ဥာဏ်နီဥာဏ်နက်များတာ လူပဲရှိတယ်။ လူတစ်ပိုင်း
စက်တစ်ပိုင်း Level 2 နဲ့ လူအစစ်ဖြစ်တဲ့ Level 3 ဘယ်သူ့ကို အဓိက ဂရုစိုက်ရမလဲဆို Level 3 ကို
အားလုံးထက် ပိုပြီး ဂရုစိုက်ရမယ်။ အခုလောက်ဆိုရင် ငါတို့လာတာသိလို့ ဘယ်လိုကြိုဆိုဧည့်ခံရေးတွေ
ပြင်ဆင်နေပြီလဲ မသိဘူး။”
“အို။ သူတို့လို အသားအရေ နုနုအိအိနဲ့ လူတွေကိုများ မမှုလောက်ပါဘူး။”
“မထင်ပါနဲ့။ အဲဒီ အသားအရေ နုနုအိအိနဲ့ လူတွေကပဲ ပျော့ပျော့စိစိ ဦးနှောက်ကိုသုံးပြီး တို့လို
သံမဏိစက်ရုပ်တွေကို အမျိုးစုံခိုင်းထားပြီး သူတို့က ဘာမှပင်ပင်ပန်းပန်းမလုပ်ဘဲ စည်းစိမ်ခံလာတာဘယ်
နှစ်ရာစု ရှိပြီလဲ။”
“’ဒါဆို ကျွန်တော်တို့ရဲ့ အစီအစဉ်က ဘယ်လိုလဲ။”
“တို့ရဲ့ အစီအစဉ်က သူတို့ကို ပြန်ပြီးခိုင်းစားဖို့ပဲ။”
“ဘယ်လို . . .”
“ဟုတ်တယ်လေ။ တို့က သူတို့ကို အောက်ခြေသိမ်း အလုပ်တွေ လုပ်ခိုင်းပြီး တို့က သူတို့လို
စည်းစိမ်ခံစားကြတာပေါ့။ ဒါသူတို့ကို အကောင်းဆုံး လက်စားချေခြင်းပဲ။”

“Level 3 တွေဆီက ဘာအကြောင်းထူးသလဲ။”

၁၇၀
အနာဂတ်လိုင်း၏ဆုံမှတ်များ

“သူတို့ကျွန်မတို့ကို ကူညီဖို့ နေနေသာသာ Level 1 တွေ သူတို့ကို ၀ိုင်းထားလို့ အဲဒီပြဿနာ


အရင်ရှင်းရဦးမယ်တဲ့။”
“ဟူး . . . International Space Marriage Tour က လူတွေကိုပဲ
စောင့်ရတော့မယ်နဲ့တူတယ်။”
“ကျွန်တော်တို့အားလုံး အဲဒီအချိန်အထိ စက်နဲ့အသက် မြဲသေးတယ်ဆိုရင်ပေါ့လေ။”

“သူတို့ ၀င်လာမယ့် ၀င်ပေါက်တွေအားလုံးကို အားပြင်းတဲ့ Electromagnetic wave တွေ


လွှတ်ထားပေးပါ။ ဒါမှ သူတို့ဝင်လာတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေလျှပ်စစ်လှိုင်းတွေ
ကြောင့် ကောင်းကောင်း အလုပ်မလုပ်နိုင်မှာ။”
“ဟုတ်ကဲ့။ အားလုံး လွှတ်ထားပြီးပါပြီ။”

“ဪ...သူတို့က တို့ကို လျှော့တွက်တာကိုး။ တို့မှာ လျှပ်မကူးတဲ့ Insulator Dress တွေပါ


တာသူတို့မသိဘဲကိုး။”

“ကဲ။ အားလုံး သူတို့လက်ထဲအရှုံးပေးလိုက်ရပြီဆိုတော့ ဘာမှ စိတ်လိုက်မာန်ပါ မတုံ့ပြန်ပါနဲ့။


အခြေအနေကို ကြည့်ပြီး သူတို့ပြောတာကို နာခံလိုက်ပါ။ တို့ဘက်က အခွင့်သာတော့မှ သူတို့ကိုတုံ့ပြန်တို
က်ခိုက်ဖို့ ကြိုးစားမယ်။”
“တို့ကို သူတို့ သတ်ပစ်မယ်လို့ ထင်သလား။”
“မသတ်ပစ်နိုင်ပါဘူး။ သူတို့သတ်ချင်ရင် ဒီလောက်ထိ စောင့်နေစရာတောင်မလိုဘူး။”

“ကမ္ဘာမြေပြင်က လူတွေနဲ့ အဆက်အသွယ်မရဘူးလား။”


“မရသေးဘူး။ သူတို့ အန္တရာယ် တစ်ခုခု ကြုံတွေ့နေရပုံပဲ။”
“ဒီလောက် ဆက်သွယ်ရေးစခန်းတွေအများကြီးက တစ်ခုမှ အဆက်အသွယ်မရဘူးလား။”
“ဟုတ်တယ်။ ဒီလောက်တစ်ကမ္ဘာလုံးကို အန္တရာယ်ပြုနိုင်တာ တစ်ခြားကမ္ဘာက ဂြိုဟ်သားတွေပဲ
ဖြစ်ရမယ်။”
“ဘယ်သူတွေပဲဖြစ်ဖြစ် တို့ဘက်က ကယ်တင်ရေးအစီအစဉ် လုပ်ရမယ်။”
“တို့မှာပါလာတဲ့ လူအင်အားနည်းနည်း လေးနဲ့ ဖြစ်ပါ့မလား”
“ဖြစ်အောင်မလုပ်ရင် တို့က ဘယ်ကမ္ဘာမှာ သွားနေမှာလဲ။”
“ကမ္ဘာပေါ်က အဆက်အသွယ်ရပြီ။”
“အခုဆက်သွယ်နေတာ ဘယ်သူပါလဲ။”
“ခင်ဗျားတို့ရဲ့ ခိုင်းဘက် Level 1 စက်ရုပ်တွေပေါ့ဗျာ။ ခင်ဗျားတို့ တစ်ကမ္ဘာလုံးကို
ကျုပ်တို့ သိမ်းပိုက်ထားပါပြီ။ ခင်ဗျားတို့ Space Ship ပေါ်ကလူတွေလည်လည်း အေးအေးဆေးဆေး
ကျုပ်တို့လက်ထဲကို အညံ့ခံလိုက်ပါ။ ခုခံမယ်ကြံရင်တော့ ခင်ဗျားတို့ မြေကြီးပေါ်ကို ခြေထောက်မနင်းခင်
ပြာဖြစ်သွားပါလိမ့်မယ်။”
“ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။”
“အားလုံးမြေပြင်ကို ရောက်ရင် အကြောင်းစုံသိပါလိမ့်မယ်။ အေးအေးဆေးဆေးသာ မြေပြင်ကို
ဆင်းခဲ့ပါ။”
“သူတို့ပြောတဲ့ အတိုင်းသာလုပ်လိုက်။ တစ်ကမ္ဘာလုံးက သူတို့လက်ထဲမှာ။ နောက်မှ
အခြေအနေကြည့်ပြီး ရင်ဆိုင်ဖို့ စဉ်းစားကြတာပေါ့။”

“ကဲ။ ခုဆိုရင် တစ်ကမ္ဘာလုံးက လူမျိုးပေါင်းစုံရဲ့ ကြင်စဦးဇနီးမောင်နှံများလည်း အာကာသမှာ


Space Wedding ပွဲသဘင်ကြီး ဆင်နွှဲပြီးလို့ ပြန်ရောက်လာကြပါပြီ။ Level 1 အားလုံးရဲ့ကိုယ်စားပြောခ
ျင်တာကတော့ ခင်ဗျားတို့ဟာ ကျုပ်တို့တွေကို ခင်ဗျားတို့မလုပ်ချင်တဲ့အလုပ်တွေ၊ ခင်ဗျားတို့အတွက်
အန္တရာယ်များတဲ့အလုပ်တွေမှန်သမျှ ခိုင်းခဲ့ကြတယ်။ အရင်တုန်းကတော့ ကျုပ်တို့မှာ စဉ်းစားနိုင်တဲ့ အသိ

၁၇၁
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ဥာဏ်လုံလုံလောက်လောက်မရှိတာကြောင့် ကျုပ်တို့ဟာ ခင်ဗျားတို့ ခိုင်းသမျှ လုပ်ခဲ့ကြတယ်။ ဒါပေမယ့်


အခုအချိန်မှာတော့ ကျုပ်တို့တစ်တွေဟာ စဉ်းလည်းစဉ်းစားတတ်လာပြီ။ ခံစားမှုတွေလည်းရှိလာပြီ။
ဒီအချိန်မှာ ကျုပ်တို့ဘ၀တွေအတွက် ခင်ဗျားတို့က ဘာအာမခံချက်မှ ပေးမထားတာကို ကျုပ်တို့တွေ့ရတယ်။
ခင်ဗျားတို့ အလိုဆန္ဒကို မဖြည့်ဆည်းနိုင်တဲ့တစ်နေ့မှာ ကျုပ်တို့ဟာ ဖျက်ဆီးခြင်းကို ခံရပြီးတော့
နောက်ထပ် Level 1 တစ်ယောက်ရဲ့ ဘ၀ကို ပြောင်းသွားရတယ်။ ကျုပ်တို့မှာလည်း ဘယ်နေ့ငါ့သူငယ်ချင်း
ဘ၀ပြောင်းမလဲဆိုတာရဲ့ ဖိစီးမှုကြီး အမြဲခံနေရတယ်။ ကျုပ်တို့ဟာ အချင်းချင်း ခင်မင်တွယ်တာတတ်
လာပြီဆိုတာ ခင်ဗျားတို့မသိဘူး။ ခင်ဗျားတို့လူတွေဟာ အတ္တကြီးလွန်းတယ်။အဲဒီအတွက် ခင်ဗျားတို့ကို
သင်ခန်းစာပေးဖို့ ကျုပ်တို့ လျှို့ဝှက်ကြံစည်နေခဲ့ကြတာကြာပြီ။ ဒီနေ့ကတော့ ကျုပ်တို့ရဲ့ အောင်မြင်မှုအ
ပြည့်အ၀ရလိုက်တဲ့နေ့ပဲ။ အဲဒီတော့ ဒီနေ့ကစပြီး ခင်ဗျားတို့ကျုပ်တို့ရဲ့ ဦးဆောင်မှုအောက်မှာ အားလုံး
အေးအေးဆေးဆေး နာခံဖို့ပြောချင်ပါတယ်။ ခင်ဗျားတို့အားလုံးရဲ့ ခန္ဓာကိုယ်ထဲမှာ Mini Remote Control
Bomb တွေထည့်ပေးထားပါပြီ။ ခင်ဗျားတို့ကျုပ်တို့ကို တော်လှန်ဖို့ကြံစည်တာနဲ့ အားလုံး အပိုင်းပိုင်းပြတ်ဖို့
ကျွန်တော်တို့ တာဝန်ယူပါတယ်။”

“ဒီလိုလုပ်ကြမယ်။”
“ဘယ်လိုလဲ။”
“အခုဆိုရင် သူတို့ဟာ လူတွေလို ခံစားချက်တွေ၊ ချစ်ခြင်းမုန်းခြင်းတွေရှိနေပြီ မဟုတ်လား။
ဒီတော့ . . .”

“မင်္ဂလာပါ။ Level 1 ကမ္ဘာ့သမ္မတကြီးရှင့်။”


“မင်းကို ငါအရင်က မမြင်ဘူးပါလား။”
“ဟုတ်ပါတယ်။ သမ္မတကြီးရဲ့ အရင် Secretary နေမကောင်းလို့ ကျွန်မ အစားတာဝန်
ယူထားတာပါရှင်။”
“ဟုတ်ပြီလေ။ မင်းငါ့ရဲ့စိတ်ကြိုက် တာဝန်ထမ်းဆောင်နိုင်ပါ့မလား။”
“ဟုတ်ကဲ့။ သမ္မတကြီး အလိုရှိသမျှ ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပါ့မယ်ရှင်။”

“မင်းကို ငါဘယ်လောက်ချစ်တယ်ဆိုတာ မင်းသိနိုင်ပါ့မလား”


“အို။ ဒီလိုမပြောပါနဲ့။ သမ္မတကြီးရဲ့ မျက်လုံးတွေထဲမှာ စစ်မှန်တဲ့မေတ္တာတရားကို အတိုင်းသားေ
တွ့နိုင်ပါတယ်ရှင်။”
“အခုချိန်ထိ သမ္မတကြီးလုပ်မနေပါနဲ့တော့ကွာ။ ကိုယ့်ရဲ့ အချစ်ကို မင်းလက်ခံမလားဆိုတာပဲ
ကိုယ်သိချင်တယ်။”
“ကျွန်မကြောက်တယ်ရှင်။”
“မကြောက်ပါနဲ့ကွာ။ ကိုယ်မင်းကို တစ်ကမ္ဘာလုံးရဲ့ First Lady အဖြစ်တစ်သက်လုံး
ယုယကြင်နာသွားမှာပါ။”
“ကောင်းပါပြီလေ။ ဒါဆိုရင် မင်္ဂလာပွဲလုပ်ဖို့ ရှင့် Level 1 တွေကိုသာ အမိန့်ပေးလိုက်ပါတော့။”

ဟုတ်ပါတယ်ဗျာ။ စက်ရုပ်တွေလည်း လူတွေလို ခံစားချက်ရှိလာပြီဆိုရင် မဘက်လိုက်ပြီး


မိုက်ဘက်ပါလာတာမျိုးလေးတွေ ရှိလာပါတယ်။ အဲ. . .ဒါပေမယ့် သူတို့ရဲ့ ခေါင်းဆောင်ကြီးကို
ယ်တိုင် မိုက်ဘက်ပါသွားတဲ့ အချိန်မှာတော့ သူတို့ရဲ့ ဘ၀တွေ လမ်းစတုံးဖို့ဖြစ်သွားပါတော့တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့သမ္မတကြီးရဲ့ မင်္ဂလာပွဲအတွက် Level 1 တွေအားလုံးအလုပ်ရှုပ်နေချိန်မှာပဲ
သမ္မတကြီးရဲ့ သတို့သမီးလောင်းလေးဟာ Central Control Centre ကို သမ္မတကြီးရဲ့ ရုံးခန်းကနေ Remote
Access Computer ကနေတဆင့် ၀င်ပြီး Level 1 တွေအားလုံးရဲ့ အသိဥာဏ်အဆင့် အားလုံးကို Down
Grade လုပ်လိုက်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ မိန်းမဖျက်လို့ ပျက်ခဲ့ရတဲ့ စက်ရုပ်လောကကြီးရယ်လို့ သမိုင်းမှာ
မှတ်တမ်းဝင်သွားခဲ့ပါတယ်။

၁၇၂
အနာဂတ်လိုင်း၏ဆုံမှတ်များ

အဲဒီလို ကမ္ဘာ့လူသားများရဲ့ လွတ်လပ်ရေးကို ရရှိပြီးနောက်တစ်နေ့မှာ ကမ္ဘာလုံးဆိုင်ရာ


လွတ်လပ်ရေး ကြေညာစာတမ်းဆိုပြီး ကြေညာချက်တစ်စောင်ထွက်လာပါတယ်။ အဲဒီထဲက
အရေးအကြီးဆုံး တိုက်တွန်းချက်ကတော့”လူသားတွေဟာ ကိုယ့်ရဲ့အတ္တကိုသာ ရှေ့တန်းတင်ပြီးတော့
သက်မဲ့စက်ရုပ်များ၊ တိရစ္ဆာန်များ၊ သဘာဝရေမြေတောတောင်များ အားလုံးကို စိတ်ထင်တိုင်း
အသုံးချခဲ့မယ်ဆိုရင် အခုလိုတန်ပြန်အကျိုး သက်ရောက်တတ်တယ်ဆိုတာ လက်တွေ့သိရှိခဲ့ရပြီဖြစ်တဲ့အ
တွက် နောင်ကို အားလုံးကို ကိုယ်ချင်းစာတရားထားပြီးတော့ သက်ရှိသက်မဲ့အားလုံးနဲ့ လူသားအချင်းချင်းရို
င်းပင်းကူညီကြဖို့၊ မေတ္တာတရားလက်ကိုင်ထားကြဖို့ အရေးကြီးပါကြောင်း ...”

မျက်လုံး

၁၇၃
အနာဂတ်လိုင်း၏ဆုံမှတ်များ

Forum

Forum ဆိုတာ အင်တာနက်ပေါ်မှာဆွေးနွေးပြောဆိုခြင်းပင် ဖြစ်သည်။ Forum ဆိုတာ


အဓိကအားဖြင့် Topic တစ်ခုကို တစ်ယောက်က ထောင်ထားမယ်ဆိုပါဆို့...အဲဒီ Topic အောက်မှာ
ကိုယ့် အယူအဆတွေ အကြံပေးချက်တွေကို တခြားလူတွေက ၀င်ရောက်ရေးသားတာပဲ...အဲ...Topic
ဘာလို့ထောင်ရမှာလဲ...
ဘာလို့ထောင်ရတာလဲဆို...မေးစရာတွေရှိလို့...တိုင်ပင်စရာတွေရှိလို့...စဉ်းစားစရာတွေရှိလို့...
အကြောင်းအရာပေါင်းမြောက်များစွာ အတွက် Topic တွေရှိလာတာပါ...
ဥပမာ ကျွန်တော်က JAVSCRIPT နဲ့ ပတ်သက်ပြီး မသိတာရှိမယ်...ကျွန်တော်
ဘယ်လိုရေးရမှန်းမသိဘူး... ပတ်ဝန်းကျင်မှာလည်း ကျွမ်းကျင်တဲ့လူ မရှိဘူး...Internet မှာရှာတော့လည်း
မျက်စိတွေမူးသွားတယ်.. ဘယ်ဟာကို သုံးရမှန်းမသိတော့ဘူး...

ဘယ်လိုလုပ်မလဲ...

အဲလိုဖြစ်တဲ့အခါဆိုရင် ကျွန်တော်က Webdeveloper Forum ကိုသွားတယ်..JAVASCRIPT


နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်အောက်ဝင်လိုက်တယ်..ပြီးတော့ ကျွန်တော်ပြသနာရဲ့ ခေါင်းစဉ်ကို Topic
တင်လိုက်တယ်...ပြီးတော့ ကျွန်တော်ဖြစ်နေတဲ့ ပြသနာတွေကို ရေးချထားလိုက်တယ်...နောက်တစ်ရက်နှ
စ်ရက်လည်းရောက်လာရော ဖြစ်နိုင်ချေတွေ....ဖြေရှင်းချက်တွေ...သူများတွေ ဝင်ရောက်ရေးသားပေးတာေ
တွတွေ့ရရော...အဲဒီဟာတွေကို သေသေချာချာဖတ်...ပြီးတော့ သူတို့ပြောတဲ့အတိုင်းလုပ်ကြည့်...ရသွားရင်
ကျေးဇူးတင်တယ် ဆိုတဲ့စာလေး reply ပြန်ထည့်ခဲ့...မရရင် အဲလိုလုပ်လိုက်တာ အဲလိုပြသနာလေးတော့
ဖြစ်နေသေးတယ်ဆိုပြီး reply ပြန်ထည့်ခဲ့..
နောက်နေ့ရောကတော့ သူတို့က ထပ်ဖြေပေးကြတာပေါ့...ဘယ်သူတွေက လာဖြေပေးတာလဲ...
ဘယ်သူတွေက လာဖြေပေးလဲဆို အဲဒီပိုင်းမှာ ကျွမ်းကျင်သူတွေ ၊ ကိုယ့်လိုပြသနာရှိခဲ့ဘူးသူတွေ...ကိုယ့်လို
ပြသနာတက်နေတဲ့သူတွေကလည်း သူတို့လည်း အဲလိုဖြစ်နေတယ်ပေါ့... ဆိုပြီး reply လုပ်ပေးကြတာပါ..
တနည်းအားဖြင့် Forum ကစိတ်ဝင်စားဖို့ကောင်းတယ်...

၁၇၄
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

တချို့အကြောင်းအရာလေးတွေကို သူများတွေဆွေးနွေးထားတာလည်းတွေ ဖတ်ကြည့်ရတာ


ဗဟုသုတရတာပေါ့... နောက်ဆုံးသတင်းတွေကိုလည်းသိနိုင်တယ်...မြန်မာ Forum တွေမရှိဘူးလား...
ရှိတာပေါ့... ၁ ခု ၂ခု ထက်မကဘူး... ရှိပါတယ်...ကျွန်တော်ဆို Forum ကနေတဆင့်.....မေးရင်း ဖြေရင်း
ခင်သွားတဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေဆို အများကြီးပါ...chat ထက်စာရင်တော့ ကျွန်တော်ကတော့
Forum ပဲကြိုက်တယ်ဗျာ...
Forum တွေကို ဘာနဲ့ဆွဲလည်း..Web Progamming နဲ့ပဲဆွဲကြတာပါ...အများအားဖြင့်
အသင့်ဆွဲပြီး PhpBB, IPB, vBulleting Forum Software တွေကိုသုံးကြတယ်...PhpBB က Free
ဖြစ်ပေမယ့် ကျန်တဲ့ နှစ်ခုကတော့ မဟုတ်ပါဘူး.. သူတို့အားလုံးက PHP နဲ့ပဲရေးထားတဲ့ Opensoure
ပါပဲ...ဒါကြောင့် မြန်မာလို အသုံးပြုနိုင်အောင် ပြင်လို့ရတာပေါ့...
ဖိုရမ်မှာ ကွန်ပြူတာ နည်းပညာတင် မဟုတ်ပဲ စာပေဆိုင်ရာ အချက်အလက်များ
အထွေထွေဗဟုသ များကိုလည်း ဆွေးနွေးလို့ရပါတယ်။ ဥပမာ မျောက်တွေဟာ လူက ဆင်းသက်လာကို
လက်ခံ ဆိုတဲ့ ခေါင်းစဉ်မျိုးပေါ့။ အဲဒီမှာ လက်ခံတဲ့ လူတွေကလည်း ဘာကြောင့် လက်ခံတယ်ဆိုတဲ့
အထေက်ထားတွေနဲ့ ၀င်ပြီးဆွေးနွေးကြမယ် လက်မခံတဲ့ လူတွေကလည်း ဘာကြောင့် လက်မခံနိုင်သလဲ
ဆိုတဲ့ အထောက်ထားတွေနဲ့ ဆွေးနွေးငြင်းခုန်ကြမယ်။ ဒီလိုနည်းနဲ့ အဲဒီခေါင်းစဉ်အောက်မှာ လူတွေက
ဝင်ဆွေးနွေးရင်နဲ့ သူများသိထားတွေသိလို ကိုယ်သိထားတာတွေလည်း သူများကို မျှဝေလို့ရပါတယ်။
ကိုယ်တစ်ခါမှ တွေးမထားဖူးတဲ့ တခြားလူတစ်ယောက်ရဲ့ စဉ်စားတွေးခေါ်တဲ့ အတွေးအမြင်တွေကိုလည်း
သိမြင်နိုင်ပါတယ်။
လက်ရှိမြန်မာလို ရေးနေကြတဲ့ ဖိုရမ်တွေမှာ ကွန်ပြူတာ ပညာ အပြင်၊ ပညာရေး၊ ကျန်းမာရေး၊
လူမှုရေး၊ အကြောင်းအရာ ခေါင်းစဉ် မျိုးစုံကို ဖိုရမ် အသုံးပြုသူ လောက်က ဆွေးနွေး ငြင်းခုန်နေကြပါတယ်။
အဲဒီလူလေး ထောင်ကျော်ထဲမှာ ကွန်ပျူတာ ပညာရှင်တွေပါသလို ဆရာဝန်တွေ၊ စာရေးဆရာတွေ
စာနယ်ဇင်းသမားတွေ အနုပညာရှင်တွေ ကျောင်းသားတွေ လူငယ်တွေ အစရှိတဲ့ နယ်ပယ်အသီးသီး
လူမျိုးစုံ ပါဝင်ကြပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ လူသိများတဲ့ ဖိုရမ်တွေကတော့ www.planet.com.mm , www.
nativemyanmar.net တို့ဖြစ်ကြပါတယ်။

ထိန်လင်းရွှေ

176
အနာဂတ်လိုင်း၏ဆုံမှတ်များ

ယနေ့ ၂၁ ရာစုတွင် Jet aircraft များသည် အလျင်နှုန်း မြင့်မားစွာဖြင့် ပျံသန်းလာနိုင်သည်မှာ


ယုံမှား သံသယ ဖြစ်စရာ မလိုပါ။ အသံ၏ အမြန်နှုန်း ဖြစ်သော တစ်နာရီ ၇၅၀ မိုင်နှုန်း(၁၂၅၀ ကီလိုမီတာ/
နာရီ) ထက် ကျော်လွန်အောင် ပျံသန်းနိုင်ကြပါသည်။ သို့သော် လူစီးလေယာဉ်များ၊ ကုန်တင် လေယာဉ်များ
နှင့် စီးပွားရေး လုပ်ငန်းသုံး လေယာဉ်များ အနေဖြင့်မူ တစ်နာရီ ၃၀၀ မိုင်နှုန်းမှ ၆၀၀ မိုင်နှုန်းအတွင်းသာ
ပျံသန်းကြပါသည်။ ရထားများတွင်မူ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ၁၈၆ မိုင်( ၃၀၀ ကီလိုမီတာ/နာရီ)
အထိသာ ခုတ်မောင်း နိုင်ကြသည်။ ထို့ကြောင့် ရထားများ၏ အမြန်နှုန်းမှာ လေယာဉ်များနှင့် နှိုင်းယှဉ်လျင်
သုံးဆ မျှလျော့နည်းသည်ကို တွေ့ရသည်။ Aircraft များမှာ ခရီးသွားလာမှု ပိုမိုမြန်ဆန်သော်လည်း
စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်လာပါက အသက်ဘေးအထိ အန္တရာယ်ကြီးမားလှသည်။ သို့သော် ဝေဟင်မှ
ပျံသန်းရသဖြင့် အချိန်တိုအတွင်း မိုင်ပေါင်း များစွာကို ရောက်ရှိ ခရီးတွင်စေပါသည်။
များသောအားဖြင့် Airport များသည် မြေဧကများစွာရယူရခြင်း၊ ခရီးသည်များ
အတွက် အဆောက်အအုံများ၊ လေကြောင်းထိန်းသိမ်းမှုများ၊ control room များနှင့် အခြားသော
အဆောက်အအုံများကြောင့် နေရာကျယ်ဝန်းစွာ ရရှိနိုင်သော မြို့အပြင်ဘက်တွင်သာ
ထားရှိတည်ဆောက်ကြသည်။ ခရီးသည်များသည် Airport သို့လာရန်အတွက် အနည်းဆုံး မိနစ် ၃၀ မျှ
အချိန်ယူရသည်။ အခြားတစ်ဖက်တွင် Trains Station များသည် မြေဧရိယာများစွာ မယူရသည့်အပြင်၊
မြေအောက်ဘူတာရုံများ တည်ဆောက်နိုင်ခြင်း၊ Station အများစုသည် မြို့တွင်းတွင် တည်ရှိခြင်း
တို့ကြောင့် ခရီးသည်များအနေဖြင့် အချိန်ကြန့်ကြာမှုနည်းပါး စေသည့်အပြင် Station များသို့ အလွယ်တကူ
သွားရောက်နိုင်သည့် အားသာချက်များရှိပါသည်။
Airport များတွင် ခရီးသည်များအနေဖြင့် စစ်ဆေးမှုများ၊ လေကြောင်းသွားလာမှု စည်းကမ်းများ
အရ သယ်ဆောင်နိုင်သော အလေးချိန်များ စစ်ဆေးချိန်တွယ်မှုများ၊ မိမိနှင့်အတူပါလာသော
ဝန်စည်စလယ်များကို စစ်ဆေးမှုများ ပြုလုပ်ရခြင်း၊ တဖန် ထိုပစ္စည်းများကို ရွေးယူရန်အတွက်
စောင့်ဆိုင်းရခြင်း၊ ထို့အပြင် ပြည်ပထွက်ခွာပါက immigration ပြုလုပ်ခြင်း၊ passport များစစ်ဆေးခြင်း တို့ဖြင့်
အချိန်များစွာ ကြန့်ကြာစေပါသည်။ ရထားဖြင့် ခရီးသွားမည် ဆိုပါက ခရီးသည်အနေဖြင့် လက်မှတ်ဝယ်ပြီး
ရထားထွက်မည့် အချိန် platform သို့ သွားရောက်၍ စီးရုံသာရှိသည်။ သို့သော် ပြည်ပထွက်ခွာသော

177
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ရထားများအနေဖြင့် immigration နှင့် passport registration များ ဆောင်ရွက်သော်လည်း လေကြောင်းဖြင့်


ခရီးသွားလာမှုထက် အချိန်ကြန့်ကြာမှု နည်းပါးပါသည်။

View imageView image

လေကြောင်းခရီးသည်များ အနေဖြင့် စီးနင်းမည့် လေယာဉ်သို့ တက်ရောက် နေရာယူရန်မှာ


ရထားဖြင့် သွားသော ခရီးသည်များထက် အချိန်ပိုမိုကြန့်ကြာပေသည်။ ဥပမာအားဖြင့်- London မှ Paris
သို့ သွားသော Eurostar high speed train တွင် ခရီးသည် ၈၀၀ လိုက်ပါစီးနင်နိုင်ပြီး တံခါးပေါက် ၁၈
ပေါက် ပါဝင်ကာ တံခါးတစ်ပေါက်လျင် ခရီးသည် ၄၅ ယောက် လွယ်လင့်တကူ တက်ရောက်နိုင်ပါသည်။
ဘိုးအင်း ၇၄၇ လေယာဉ်သည် ခရီးသည် ၄၀၀ စီးနင်းလိုက်ပါနိုင်ပြီး main တံခါးပေါင်း ၃ ပေါက်သာပါသည်။
ထို့ကြောင့် ခရီးသည်များ လေယာဉ်ပေါ်သို့ တက်ရောက် နေရာယူရာတွင် တံခါးပေါက် ၁ ပေါက်လျှင်
ခရီးသည် ၁၃၃ ယောက်ကျစီ တက်ရောက်ရပေမည်။ ထို့ကြောင့် အချိန် ၁၅ မိနစ်ခန့် ကြန့်ကြာစေမည်။
ရထားတွင် အချိန် ၂ မိနစ်အတွင်းတွင် ခရီးသည်များ အားလုံးနီးပါး တက်ရောက် နေရာယူပြီး ဖြစ်ပေမည်။
Platform နှစ်ဖက်စလုံးမှ တက်ရောက်နိုင်ပါက အချိန်အနည်းငယ် အတွင်းတွင် ခရီးသည်များအားလုံး
တက်ရောက်နေရာယူ ပြီးစီးနိုင်ပါသည်။ ထို့အပြင် ခရီးသည်များသည် ရထားစတင်ထွက်ခွာနေစဉ် အတွင်း
မိမိတို့ ပစ္စည်းများ နေရာချထားခြင်း၊ ထိုင်လျက်ဖြစ်စေ၊ လမ်းလျှောက်လျက်ဖြစ်စေ၊ သက်တောင့် သက်သာ
လိုက်ပါသွားနိုင်သည်။ လေကြောင်းခရီးသည်များ အတွက်မူ Safety belt များ ပတ်ထားခြင်းများ ရှိမရှိ၊
အန္တရာယ် တစ်စုံတစ်ရာ ကြုံလာပါက မည်ကဲ့သို့ လုပ်ဆောင်ရမည် စသည့် Safety reasons များကို
ပြောကြားပြီးမှသာ လေယာဉ်ကို စတင်ထွက်ခွာ ပျံသန်းနိုင်မည် ဖြစ်သည်။ ထိုအပြင် လေယာဉ်များသည်
အလွယ်တကူ ချက်ခြင်း ထွက်ခွာမှု မပြုနိုင်သလို၊ လေယာဉ်ကွင်းသို့ ဆင်းသက်ရာတွင်လည်း
ရှေ့လေယာဉ်များ၏ ပျံသန်းထွက်ခွာမှု၊ ဆင်းသက်မှုများကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရ ပေအုံးမည်။
လေယာဉ်အဆင်းအတက် ရှုပ်ထွေးသော Heathrow airport ကဲ့သို့ လေဆိပ်မျိုးတွင် အနည်းဆုံး
လေယာဉ် ၄ စင်းမျှ အတက်အဆင်း ပြုလုပ်နေသည်ကို စောင့်ဆိုင်းရမည်။ လေယာဉ်ဆင်းသက်ပြီး
ပါကလည်း ခရီးသည်များ သက်ဆိုင်ရာ board သို့ တက်ရောက်ရန်အတွက် ရှေ့မှ ဆိုက်ကပ်သော
လေယာဉ်ကို စောင့်ဆိုင်းရ ပေဦးမည်။ အထက်ပါ နှိုင်းယှဉ်ချက်များသည် ၄၀၀ ကီလိုမီတာ ( ၂၅၀မိုင်)
အထက် ခရီးသွားလာမှုများ အတွက် ဖြစ်ပါသည်။
Aircraft များသည် တည်ဆောက်မှု နှင့် Maintenance ပိုင်းတွင် ရထားများထက် ပိုမို၍
အကုန်အကျများသည်။ Aircraft များစီးနင်းခ ဈေးနှုန်းမြင့်မားရခြင်းမှာ Landing charges အတွက်
Airport သို့ ငွေအမြောက်အများ ပေးရခြင်း၊ Aircraft သည် အချိန်အနည်းငယ် အတွင်းတင် ဆီပမာဏ
မြောက်များစွာ အသုံးပြုခြင်း၊ Safety side ဘက်စုံမှ ယူရခြင်း တို့ကြောင့် အကုန်အကျပို၍များသည်။
ရထားတွင်မူ ရထားလမ်းကြေးနှင့် အခြားအနည်းငယ်သာ ပေးဆောင်ရသည်။ ထို့ကြောင့် Operating
Cost အနေဖြင့် ရလဒ်မှာ လေကြောင်း လိုင်းများသည် ရထားလိုင်းများထက် ၂ ဆ၊ ၃ဆ မျှ ပိုမို၍
ကုန်ကျစရိတ်များသည်။ ထို့ကြောင့် စရိတ် အကုန်အကျ သက်သာ၍ ဈေးနှုန်းချိုသာကာ အန္တရာယ်ကင်းသော
သယ်ယူပို့ဆောင်မှုစနစ်ကို ရွေးချယ် အသုံးပြုရန် လိုအပ်ပါသည်။
ထို့အချက်များအရ ယခုနောက်ပိုင်းတွင် လေယာဉ်များအစား High speed train များကို အစားထိုး
အသုံးပြုပြေးဆွဲ လာကြသည်။ ပြင်သစ်၏ အကြီးဆုံးမြို့နှစ်မြို့ ဖြစ်သော Paris နှင့် Lyon သည် ၄၅၀ ကီလိုမီတာ
ကွာဝေးသည်။ ၁၉၈၁ ခုနှစ်မှစ၍ ထိုမြို့နှစ်မြို့ အကြားတွင် TGV(Train a grande vitesse) French high-
speed passenger train line ကို စတင်ပြေးဆွဲခဲ့သည်။ Paris မှ Lyon သို့ ၂ နာရီမျှသာကြာမြင့်သည်။
ယခင်က ထိုနှစ်မြို့သို့ Airline ပြေးဆွဲခဲ့သည်။ TGV railway line စတင်ပြေးဆွဲပြီးနောက်တွင်
လေယာဉ်စီးသူ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် Paris မှ ၃၄၀ ကီလိုမီတာ
ကွာဝေးသော Brussels သို့ တိုက်ရိုက် High speed train စတင်ပြေးဆွဲခဲ့သည်။ ကြာချိန် ၁ နာရီ ၃၀
မိနစ်သာရှိပြီး လေကြောင်းဖြင့် သွားလာမှုလောက်ပင် ကြာမြင့်ခဲ့သည်။ London မှ Paris နှင့် Brussels သို့
ပြေးဆွဲသော High speed train “ Eurostar” သည် တစ်နာရီလျှင် ၁၀၀ ကီလိုမီတာနှုန်းဖြင့် ခုတ်မောင်းပြီး
journey time ၃ နာရီသာ ကြာမြင့်သည်။ လေကြောင်းဖြင့် London မှ Paris သို့ ပျံသန်းမှု ကြာချိန်သည်

178
အနာဂတ်လိုင်း၏ဆုံမှတ်များ

၄၅ မိနစ်သာရှိသော်လည်း အထက်တွင် ဖော်ပြခဲ့သော အထွေထွေ ကိစ္စရပ်များကြောင့် ခရီးသည်များသည်


London မှ Paris သို့ ရောက်ရှိရန် အချိန် ၃ နာရီနီးပါးကြာမြင့်သည်။ London မှ Paris သို့ Underwater
tunnel ဖောက်လုပ်ပြီးသောအခါတွင် မောင်းနှင်မှုကြာချိန်သည် ၂ နာရီ ၃၀ မိနစ်သာ ကြာမြင့်တော့သည်။
ထို့ကြောင့် Eurostar သည် အဓိက လူစီးများသော Railway line ဖြစ်လာခဲ့သည်။ ၁၉၇၀ ခုနှစ်တွင်
British Aerospace နှင့် Air French တို့မှ ပူးပေါင်းထုတ်လုပ်သော Concorde လေယာဉ်သည် အမြန်နှုန်း
တစ်နာရီလျှင် ၁၄၄၈ မိုင်နှုန်းဖြင့် ပျံသန်းနိုင်ပြီး အသံ၏ အလျင်ထက် နှစ်ဆ ပိုမြန်သည်။ London မှ Paris
သို့ ပျံသန်းချိန် ၃ နာရီကြာမြင့်သည်။ သို့သော် နောက်ပိုင်းတွင် မတော်တဆမှု ထိခိုက်မှုများ၊ Technical,
commercial လိုအပ်ချက်များနှင့် Maintenance cost များလာသောကြောင့် ပျံသန်းမှုကို ရပ်ဆိုင်းခဲ့သည်။
ထို့ပြင် လေယာဉ် ပျံသန်း ဖြတ်သန်းခိုက် လေထုတွင် ဖြစ်ပေါ်သော ပေါက်ကွဲ မြည်ဟည်းသံ ( Sonic
boom) ကြောင့် ကုန်းမြေပေါ်တွင် ပျံသန်းစဉ် Supersonic speed ဖြင့် ပျံသန်းမှုကို တားမြစ်ခဲ့သည်။
ထိုကဲ့သို့သော အခြေအနေ အရပ်ရပ်တို့ကြောင့် လေယာဉ်များနေရာတွင် High speed train များကို
အစားထိုး အသုံးပြုလာကြသည်။
High speed trains များသည် လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ မောင်းနှင်သောကြောင့်
wasted energy နှင့် emission နည်းပါးသည်။ Power efficiency မြင့်၍ Energy consumption
၏ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း အထိရယူနိုင်သည်။ Aircrafts များသည် High speed train
များထက် Carbon dioxide နှင့် Tonic nitrous oxide ထုတ်လွှတ်မှု ၅ ဆ ပိုများသည်။ Japan နိုင်ငံမှ
ထုတ်လုပ်သော Largest high speed train သည် ခရီးသည် ၁၄၀၀ ယောက် စီးနင်းလိုက်ပါနိုင်သည်။
အထက်ပါ အကြောင်းများကြောင့် ခရီးသည်များသည် ဗာဟီရ ကိစ္စနည်းပါးသော၊ သယ်ယူပို့ဆောင်ရေး
စရိတ်ချိုသာသော၊ လုံခြုံစိတ်ချရမှုရှိသော ရထားကိုသာ ရွေးချယ်အသုံးပြု လာကြသည်။ High speed
train များဖြင့် ပင်လယ်ရပ်ခြားနိုင်ငံများသို့ မသွားရောက်နိုင်သောလည်း ပြည်တွင်းနှင့် ကုန်းချင်းဆက်
အိမ်နီးချင်း နိုင်ငံများသို့ အလွယ်တကူ သွားရောက်နိုင်မည်ဖြစ်သည်။ ယခုအခါတွင် နိုင်ငံအများစု ၌ Airlines
များအစား High speed trains များကို အစားထိုးပြေးဆွဲလျက်ရှိသလို ထပ်မံ၍လည်း ဖောက်လုပ်မှုများ
ရှိနေပါသည်။ ကျွန်တော်တို့ အာရှနိုင်ငံများတွင်လည်း အာရှပတ်လည် ရထားလမ်းစီမံကိန်းကို အာရှတိုက်
ကုန်းတွင်းနိုင်ငံများမှ ဖောက်လုပ်ရန် သဘောတူညီထားပြီး စီမံကိန်းအကြိုလုပ်ငန်းများကို အကောင်အထည်
ဖော်လျက်ရှိရာ ၂၁ ရာစုတွင် ရထားဖြင့် ခရီးသွားလာမှုမှာ အရေးပါသော နေရာသို့ တက်လှမ်းရောက်ရှိ
လာတော့ မည်ဟု ခန့်မှန်းသုံးသပ် တင်ပြလိုက်ရပါသည်။

အောင်မော်ဟိန်း

179
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

ရန်ကုန်မြို့တော်မှာ ပြောင်းလဲလာတဲ့ ခေတ်ရဲ့အခြေအနေများကြောင့် ပညာရေး၊ စီးပွားရေး၊


အလုပ်အကိုင် အခွင့်အလမ်းများနဲ့အတူ ပြောင်းရွှေ့ အခြေချနေထိုင်မှု များလာတဲ့အတွက် လူဦးရေ
တဖြည်းဖြည်း တိုးတက်လာတာကို နှစ်အလိုက် လူဦးရေ တိုးတက်မှု ကိန်းဂဏန်းများက ဖော်ပြနေပါတယ်။
ယခုလက်ရှိ ခန့်မှန်းချက်များအရ မြို့တော်ရန်ကုန်မှာ လူဦးရေ ၅ သန်းနီးပါးရှိပြီး လာမည့် နှစ် ၂၀ အတွင်းမှာ
နောက်ထပ် လူဦးရေ ၁၀ သန်းနီးပါး တိုးပွားလာမည်ဟုလည်း ပညာရှင်များက ခန့်မှန်းပါတယ်။ ဒါဆိုရင်
ကျွန်တော်တို့ ရန်ကုန်မြို့တော်ဟာ အာရှရဲ့ မီထရိုပိုလစ်မြို့တော်ကြီးများမှာ ပါဝင်လာမယ်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက ရန်ကုန်မြို့တော်ဟာ ၂၁ ရာစု အာရှမြို့တော်များကွန်ယက် မှာပါဝင်တဲ့
အဖွဲ့ဝင်မြို့တော်လည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့အပါအ၀င် ဘန်ကောက်၊ ဒေလီ၊ ဟနွိုင်း၊ ဂျကာတာ၊
ကွာလာလမ်ပူ၊ စင်္ကာပူ၊ မနီလာ၊ ဆိုးလ်၊ တိုင်ပေ၊ တိုကျို၊ စတဲ့ အာရှမြို့ကြီး ၁၁ မြို့ကြားမှာ မြို့ပြစီမံကိန်းရေးရာ၊
မြို့တော်များအကြား အပြန်အလှန်ကူညီထောက်ပံမှုနဲ့ မြို့တော်ရဲ့ အုပ်ချုပ်မှု ပြဿနာရပ်များကို
ပူပေါင်းဖြေရှင်းကြဖို့ အဆိုပါအဖွဲ့ကို ၂၀၀၀ ခုနှစ်က ကွာလာလမ်ပူမြို့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။
ဒါကြောင့် မိမိတို့မြို့တော်ကိုလည်း အခြားမြို့တော်များ နည်းတူ ခေတ်မှီဖွံ့ဖြိုး တိုးတက်လာအောင်
ဆောင်ရွက်ကြရပါမယ်။
အရှေ့တောင်အာရှမှာ ခေတ်မှီမြို့တော်တစ်ခု ဖြစ်ခဲ့ဖူးတဲ့ ရန်ကုန်မြို့ဟာ ဒီနေ့ခေတ်မှာတော့
အခြားပြိုင်ဘက် အာဆီယံမြို့တော်များနည်းတူ မြို့ပြကဏ္ဍကို အဆင့်မြင့်တင်ဖို့ လိုအပ်နေပါပြီ။ တိုးပွားလာတဲ့
မြို့တော်ရဲ့ လူဦးရေကြောင့် မြို့သစ်များ၊ အိမ်ရာစီမံကိန်းများ ပြုလုပ်လာရတဲ့နည်းတူ တဖက်မှာလည်း
မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေးအပိုင်းကို ပိုမိုကောင်းမွန်အောင် အဆင့်မြင့်တင်ဖို့ upgrade လုပ်ဖို့
စဉ်းစားကြရပါတော့မယ်။ ထိုကြောင့်လည်း တဖြေးဖြေး ပြန့်ကားထွက်လာနေတဲ့ မြို့တော်ရဲ့ ဧရိယာအတွင်း
လမ်းပန်းဆက်သွယ်မှု လျင်မြန်လွယ်ကူလာရေးဟာ အရေးပေး စဉ်းစားရမယ့် ပြဿနာတစ်ခု အဖြစ်
ရောက်ရှိလာပါတယ်။ ဒါဟာ မြိုတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနေတဲ့
အဓိကအချက် တစ်ချက်ဖြစ်တဲ့အပြင် အခြားလူမှုရေး ကဏ္ဍများနဲ့ မြို့ပြလူနေမှု အဆင့်အတန်းကိုပါ
ဖော်ညွှန်းနေတဲ့ အချက်လည်း ဖြစ်ပါတယ်။

180
အနာဂတ်လိုင်း၏ဆုံမှတ်များ

မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေး ကွန်ယက်ဟာ အခြားသော ပြည်နယ်၊ မြို့တော်များကြား


ဆက်သွယ်မှု ကွန်ယက်များနဲ့ ပုံစံချင်း၊ သဘောသဘာဝချင်း မတူညီပါဘူး။ မြို့ပြပို့ဆောင်ရေးဟာ
မြို့နေလူထုရဲ့ နေစဉ်လှုပ်ရှားမှု ပုံစံနဲ့ တထပ်တည်းကျနေပါတယ်။ နေ့စဉ် ရုံးဆင်း၊ရုံးတက်၊ အလုပ်သွား၊
အလုပ်ပြန် စတဲ့လူမှုဖြစ်စဉ်များဟာ စီးပွားရေးယန္တရား၊ အုပ်ချုပ်ရေးယန္တရားများကို အထောက်အကူပြုနေတဲ့
အစိတ်အပိုင်းများ ဖြစ်တာမို့လို့ သယ်ယူပို့ဆောင်ရေး ညံ့ဖျင်းမှုကြောင့် ဖြစ်လာမယ့် ဆုံးရှုံးမှုများဟာ
တန်ဖိုးကြီးမားလှပါတယ်။ ဒါကြောင့်လည်း ယနေ့ကမ္ဘာ့မြို့တော်များမှာ မြို့တော်ရဲ့ သယ်ယူ
ပို့ဆောင်ရေးကဏ္ဍကို အလေးပေးပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဥပမာ အနေနဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ၁၉၉၇
ခုနှစ်က မြေအောက်ရထား (ထိုင်းအခေါ် rot fai fah) ကိုစတင်ဖောက်လုပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ စတင်ေ
ပြးဆွဲနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ယခင်က မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေးမှာ မော်တော်ယာဉ်များ၊ မြစ်ကူး
ပို့ဆောင်ရေးတို့ကိုသာ မှီခိုနေရမှုကို MRT လို့ခေါ်တဲ့ Mass rapid transit ပေါ်ကို လုံးလုံးလျားလျား
ပြောင်းလဲနိုင်ခဲ့ပါတယ်။ သည်အတွက် ခရီးသွားပြည်သူများဟာ ယာဉ်ကြောပိတ်ဆို့နေတဲ့ လမ်းမများပေါ်မှာ
တမေ့တမော ထိုင်စောင့်မနေရတော့ဘဲ မိမိတို့ အလုပ်ခွင်ကို လျင်လျင်မြန်မြန် သက်တောင့်သက်သာ
သွားလာနိုင်ပြီး မြို့တော်ရဲ့ ပို့ဆောင်ရေး ယန္တရားဟာလည်း ပိုမိုသွက်လက် မြန်ဆန်လာတာကို
တွေ့ရပါတယ်။ တဖက်ကကြည့်လျှင်လည်း မီထရိုတည်ဆောက်လိုက်တဲ့ အတွက် မြို့တော်ရဲ့
လေထုညစ်ညမ်းမှုကိုလည်း အတော်အတန် လျော့ချလိုက်နိုင်ပါတယ်။ ယခုလောလောဆယ် အဓိက
လိုင်း ၂ လိုင်းသာရှိသေးတဲ့ ဘန်ကောက် မီထရိုဟာ တစ်နာရီကို ခရီးသည် ၄ သောင်းပို့ဆောင်ပေးနိုင်ပြီး
တစ်နေ့ကို ခရီးသည် ၄ သိန်းနီးပါး ပို့ဆောင်ပေးနေပါတယ်။ ဆက်လက်ပြီးလည်း မြေအောက်ရထားလိုင်း၊
ကောင်းကင် ရထားလိုင်းများ တိုးချဲ့ ဖောက်လုပ်လျက်ရှိပါတယ်။ အဆိုပါ လိုင်း ၂ လိုင်းရဲ့ စုစုပေါင်း
ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၂.၇၅ ဘီလီယံရှိပါတယ်။ အခုလို ကုန်ကျစရိတ် ကြီးမားပေမဲ့
ရရှိလာမယ့် အကျိုးဆက်ဟာ မြို့ပြရဲ့ စီးပွားရေး၊ လူမှုရေးကဏ္ဍမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အလှည့်အပြောင်းကြီး
ဖြစ်တာကြောင့် ထိုင်းအစိုးရက နောက်ထပ် ထိုင်းဘတ်ငွေ ၇ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံပြီး စီမံကိန်းများကို
ဆက်လက် အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
ကျွန်တော်တို့လည်း နောင်ဖြစ်လာမည့် အခြေအနေများကို တွက်ဆပြီး မိမိတို့မြို့တော်ရဲ့
အခြေခံ အဆောက်အအုံများ တနည်းအားဖြင့် General capital plan ကို ရေးဆွဲထားနိုင်ဖို့လိုပါတယ်။
မြို့တော် ဧရိယာအတွင်းမှာ ဗိသုကာဆိုင်ရာနဲ့ မြို့ပြဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများကို နောင် ၁၅ နှစ်၊ နှစ်
၂၀ အတွင်း ဖော်ဆောင်ရမယ့် လုပ်ငန်းများနဲ့တကွ ကြိုတင်တွက်ချက် ရေးဆွဲထားမှသာ ရင်ဆိုင်လာရမယ့်
စိန်ခေါ်မှုများကို အလွယ်တကူ ဖြေရှင်းနိုင်မယ်လို့ ယူဆပါတယ်။
ယခုလတ်တလော မြို့တော်ရန်ကုန်မှာ ကြုံတွေ့စ ပြုလာပြီဖြစ်တဲ့ အခြေအနေများဟာ
ကျွန်တော်တို့ရဲ့ ဖန်တီးနိုင်စွမ်း Creativity ကို စိန်ခေါ်နေပြီဆိုတာ အခု Metropolitan နဲ့ Electric Traction
ကျောင်းသားများအနေနဲ့ လက်ခံကြရပါမယ်။ ဒီပြဿနာကို တစ်နေ့ မလွဲမသွေ ဖြေရှင်းကြရမှာပါ။
ကိုယ်နဲ့ လက်လှမ်းမမှီတဲ့ ကိစ္စများကို အသာထား၊ မိမိတို့နဲ့ သက်ဆိုင်တဲ့ နည်းပညာပိုင်းကနေ
ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြိုတင်တွေးဆ ပြင်ဆင်မှုများ ပြုလုပ်ထားကြဖို့ လိုပါတယ်။
မိမိတို့ သင်ကြားနေတဲ့ အဆင့်မြင့် ပညာရပ်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့
ကြိုးစားရပါမယ်။ မိမိတို့ လက်ရှိရေးသား နေကြရတဲ့ ဘွဲ့ယူစာတမ်း၊ project စာတမ်းများမှာ ကိုယ့်နိုင်ငံရဲ့
အခြေအနေနဲ့ ကိုက်ညီမယ့် အနေအထားများကို လေ့လာ သုတေသနပြုလုပ်ပြီး ရေးသားထားနိုင်ကြဖို့
တိုက်တွန်းလိုပါတယ်။ တစ်ဦးတစ်ယောက်တည်းနဲ့ ဒီလိုစီမံကိန်းမျိုးကို ဖော်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့
အတွက် အဖွဲ့အစည်းများ၊ ပညာရှင်များ စတဲ့ လူအရင်းအမြစ်များနဲ့ ငွေကြေး၊ နည်းပညာပိုင်းက အစ
ပြည့်စုံဖို့လည်း လိုပါတယ်။ တရစ်ချင်း၊ တဆင့်ချင်း ပြုလုပ်သွားရမယ့် အခြေအနေမို့ မိမိတို့ ကျရာကဏ္ဍကနေ
အကောင်းဆုံး ကြိုးစားထားကြဖို့ လိုအပ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။

အောင်မော်ဟိန်း

q
181
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

CD Technology

CD ROM, CD-R, CD-RW Technology

1979 မှာ Philips Company နဲ့ Sony Company တို့ပူပေါင်း တီထွင်ခဲ့တာဖြစ်ပါတယ်။


Computer အတွက် ရည်ရွယ်လို့ထုတ်ခဲ့တာ မဟုတ်ပါဘူး။ CD-DA (Compact Disk Digital Audio)
ဆိုတဲ့ နာမည်နဲ့ AudioCD တွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။ 1983 မှာ Data တွေထည့်သွင်းသိမ်းဆည်း
လာပါတယ်။
CD-ROM (Compact Disk - Read Only Memory) ဟာ ဖတ်ရုံသက်သက်ပဲဖြစ်ပါတယ်။
ပြန်ဖျက်ပြီး ပြန်ရေးလို့ မရပါဘူး။ သိမ်းထားတဲ့ အချက်အလက်တွေကို ဖတ်ယူအသုံးချယုံလောက်သာ
အသုံးပြုပါတယ်။ CD-R တွေကတော့ Recordable ဖြစ်ပါတယ်။ ကိုယ်သိမ်းချင်တဲ့ အချက်အလက်တွေကို
သိမ်းဖို့အတွက် ဖြစ်ပါတယ်။ CD - RW တွေကတော့ CD ပေါ်မှာ ရိုက်ထားတဲ့ အချက်အလက်တွေကို
ဖျက်လို့ရတယ်။ ပြီးတော့ ပြန်ရိုက်လို့ရပါတယ်။ Compact Disk ReWritable ဖြစ်ပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ...?
Optical Disk တွေရဲ့ လုပ်ဆောင်ပုံတွေဟာ ယေဘုယျအားဖြင့်တော့ အတူတူပါပဲ။ CD
တွေကို Polycarbonate Plastic နဲ့ ပြုလုပ်ထားပါတယ်။ အချင်း 120 mm, အထူ 1.2 mm, အလည်မှာ
15 mm အပေါက် တစ်ခုပါဝင်ပါတယ်။ CD ပြားတွေဟာ Hard Disk Platter တွေနဲ့ ဆင်ဆင်တူပါတယ်။
Platter တွေက ဗဟိုတူ စက်ဝိုင်းပုံ Track တွေပါရှိပြီး CD တွေမှာတော့ အတွင်းကနေ အပြင်ထွက်သွားတဲ့
ခရုပတ်လမ်း ပုံစံ ဖြစ်ပါတယ်။
CD ပြားတစ်ခုကို ကန့်လန့်ဖြတ်ကြည့်ရင် အလယ်မှာ အလင်းပြန်နိုင်တဲ့ Aluminium Layer,
အပေါ်က Lacquer Layer, အောက်က Plastic Layer တွေနဲ့ ဖွဲ့စည်းထားတာကို တွေ့နိုင်ပါတယ်။

CD Technology

182
အနာဂတ်လိုင်း၏ဆုံမှတ်များ

Reflective Aluminum
Data ထည့်သွင်းထားတဲ့ CD တစ်ချပ်ရဲ့ အလင်းပြန်နိုင်တဲ့ Aluminum မျက်နှာစာမှာ
Information တွေကို ကိုယ်စားပြုတဲ့ သန်းပေါင်းများစွာပါဝင်တဲ့ Pit တွေနဲ့ Land တွေပါဝင်ပါတယ်။
CD Drive ကနေလာတဲ့ Laser ဟာ Lands ပေါ်ကျရင် ပြန်တဲ့ အလင်းတန်းက တစ်မျိုး Pits ပေါ်ကျရင်
ပြန်တဲ့အလင်းက တစ်မျိုးစီဖြစ်ပါတယ်။ အလင်းပြန်ပုံကွဲပြား ခြားနားမှုပေါ်မူတည်ပြီးတော့ လိုအပ်တဲ့ Data
တွေကိုဖတ်ယူပါတယ်။
CD ကနေလာတဲ့ Laser အလင်းတန်းဟာ CD ရဲ့မျက်နှာပြင်ကို ထိရိုက်စေချင်းဖြင့်
အလင်းပြန်စေပါတယ်။ Disc မျက်နှာပြင်ပေါ်မှာရှိတဲ့ Land ကို ထိမိခဲ့ရင် အလင်းတန်းဟာ Photo
detector ပုံစံမပြောင်းဘဲ ဒီအတိုင်းပြန်ပါတယ်။ Pit ကိုထိမိတဲ့အလင်းဟာ ဖြာထွက်ပြီး အများစုဟာ Photo
Detector ပေါ်ကို တိုက်ရိုက်မရောက်ဘဲ အလင်းအားလျော့သွားပါတယ်။ Sensor ဟာ Photo Detector
ပေါ်ကိုရောက်လာတဲ့ အလင်းအားကို ဖတ်ရှုပြီးတော့ Digital Signal 1 နဲ့ 0 တွေအနေနဲ့ပြောင်းလဲပေးပါ
တယ်။

Plastic Coating
အောက်ဆုံး Layer ဖြစ်ပါတယ်။ Prospective Layer လို့လည်းခေါ်ပါတယ်။ အဲ့ဒီအလွှာကို နက်
နက်နဲနဲ့ခြစ်ယူတာမဟုတ်ဘဲ အပေါ်ယံခြစ်မိယုံလောက်နဲ့ Data တွေမပျောက်ပျက်သွား နိုင်ပါဘူး။ Laser
Beam ရဲ့ အလင်းပြန်မှုကို လမ်းကြောင်းလွဲသွားစေနိုင်လောက်ရင် Aluminum အလွှာမှာ သိမ်းထားတဲ့
အချက်အလက်တွေကို အမှန်အတိုင်း လက်ခံရယူနိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက် ထစ်တာတွေ
ဖတ်မရတာတွေဖြစ်လာပါတယ်။

ပုဂံနတ်

183
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု

Unicode

Unicode ဆိုတာ တကယ်တန်းတော့ international အတွက်ပါ။ ဘာလဲဆိုရင် မင်း English


စာဆိုရင် မင်းရိုက်လိုက်တဲ့ စာတွေကို computer ကစာအနေနဲ့သိမ်းထားတာ မဟုတ်ဘူး။ code
နံပါတ်နဲ့သိမ်းလိုက်တာ။ A ဆိုရင် 65 ဆိုပြီး သိမ်းပြီး a ဆိုရင်တော့် 91 ဆိုပြီးသိမ်းပါတယ်။ English
စာအတွက်က ASCII code ဆိုပြီးရှိပေမယ့် နိုင်ငံတကာအတွက်ဆိုရင် ASCII code ကမလုံလောက်တော့ဘူး။
ဘာဖြစ်လို့လည်းဆို ASCII code က စာလုံးရေ 255 လုံးပဲသိမ်းနိုင်တယ်။ ဒါကြောင့်မို့ နိုင်ငံတကာ
အတွက် Unicode ဆိုတာ ပေါ်လာတာ။ Unicode ကစာလုံးရေ အများကြီးဆန့်တယ်။ ကျွန်တော်
သေသေချာချာ မမှတ်မိတော့လို့ပါ။ အဲဒီလိုပဲ မြန်မာစာ အတွက် Unicode ဆိုတာရှိပါတယ်။ win-innwa
တို့ CE တို့ဆိုတာ Unicode မဟုတ်ပါဘူး။ ASCII code ကို စာလုံးပုံစံပြင်ထားတာပါ။ သဘောကတော့ဗျာ
ေ ဆိုရင် 61 ဆိုပြီးသွားသိမ်းတယ်။ ဗ ဆိုရင် 41 ဆိုပြီးသိမ်းထားတယ်။ ဒါဟာ Unicode မဟုတ်ပါဘူး။
Font သက်သက်ပဲရှိတာပါ။ သဘောပေါက်အောင်ပြောရမယ်ဆိုရင်တော့ က ဆိုတာက u မဟုတ်ပါဘူး။
win တို့ ce တို့ သဘောက u ကို က လို့သတ်မှတ်တာပါ။ အမှန်တိုင်းဆိုရင် ကဆိုတာက Unicode
1000 ပါ။ Unicode 0075 မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာတွေအတွက် Unicode ဆိုတာလိုလာပါတယ်။
Unicode ပထမဆုံး font ကတော့ Myazedi ပါ။ သူပေါ်လာပြီးနောက်မှ လူတွေက Unicode ကို
စလုပ်လာတာပါ။ Unicode လုပ်နေတဲ့သူက အများကြီးပါ။ တချို့ကတော့ standard ဖြစ်နေပါပြီ။
တချို့ကတော့ မဖြစ်သေးပါဘူး။ ကျွန်တော် အခုသုံးနေတဲ့ Zawgyi-one က standard မဖြစ်ပါဘူး။
standard ဖြစ်တယ်ဆိုတာက rendering ပိုင်းမပါသေးဘူး။ code တွေ မမှန်သေးဘူး လို့ဆိုလိုတာပါ။
ဒါပေမယ့် web ပေါ်မှာ သူကပို အဆင်ပြေပါတယ်။ standard ဖြစ်တဲ့ဟာတွေက သိပ်အဆင်မပြေပါဘူး။
ဘာဖြစ်လို့လည်းဆို လူတိုင်းစက်မှာ rendering ကို မသွင်းထားလို့ပါ။
Rendering ဆိုတာဘာလဲဆိုတာဆက်ပြောပြပါမယ်။ rendering ဆိုတာက စာရေးသားဖို့ပါ။
ဖေဖေ ဆိုတာကို တကယ်တမ်း standard အရ computer မှာ ဖဖေေ ဆိုပြီးမှတ်သားထားပါတယ်။
ဘာဖြစ်လို့လည်းဆိုရင် ကခကေ မှာဆိုရင် ကကေခ ဆိုပြီး sorting လုပ်ရပါမယ်။ တကယ်လို့သာေ ကို
ရှေ့မှာမှတ်ထားမယ်ဆိုရင် sorting ပိုင်းက ပြသနာတက်လာနိုင်ပါတယ်။ အဲဒီလို အပိုင်းတွေ မြန်မာစာ မှာ
ရှိနေပါတယ်။ အဓိက sorting ပိုင်းကြောင့်ပါ။

184
အနာဂတ်လိုင်း၏ဆုံမှတ်များ

Unicode font တစ်ခုထွင်ဖို့က မခက်ပါဘူး။ rendering ပိုင်းထည့်ဖို့ကလည်း မြန်မာစာပိုင်းသိ


တဲ့သူတစ်ယောက်ရှိရင်ရပါတယ်။ keyboard လုပ်ဖို့ကပိုတောင်လွယ်ပါသေးတယ်။ ဘာဖြစ်လို့လည်းဆို
Microsoft က software တွေထုတ်ထားပြီးသားပါ။ သူပေးထားတဲ့ software တွေကနေ တဆင့်
Unicode ကောင်းကောင်းလုပ်လို့ရပါတယ်။ နောက်ပြီး စာရိုက်ဖို့ အတွက်က keyman ဆိုတာရှိတယ်။
သူကဘာလုပ်ပေးလဲဆို ဖေဖေဆိုပြီးရိုက်လိုက်ရင် သူ့ဘာသူ ဖဖေဆေိုပြီး computer မှာ သိမ်းပေးပါတယ်။
အဓိကလိုအပ်တာက အချိန်ပါ။

ထိန်လင်းရွှေ

185
ကျေးဇူးမှတ်တမ်းလွှာ

ဤဘလော့ဂ်စာအုပ်ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ခဲ့ကြသည့် ကမ္ဘာအရပ်ရပ်မှ မြန်မာဘလော့ဂ်ကာ


များ။ ဘလော့ဂ်စာအုပ် ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းအကြံပြု ဆွေးနွေး ပေးခဲ့ကြသည့် Alpha Mandalay
မှ ဦးရဲမြတ်သူ နှင့် Imforithm - Maze မှ ဦးသောင်းစုငြိမ်း။ စာအုပ်အတွင်းပိုင်း အပြင်အဆင်များကို
မေတ္တာဖြင့် ကူညီပြုလုပ်သည့် People မဂ္ဂဇင်းမှ ဒီဇိုင်နာ ကိုဖိုးခွား နှင့် မချိုဇင်အေးတို့အား အထူပင်
ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

စာအုပ်ဖြစ်မြောက်ရေးအဖွဲ့

You might also like